စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁ ။)

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ (က) ဤဥပဒေကို စကားရပ်ပြောင်းလဲသတ်မှတ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။ (ခ) ဤဥပဒေသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အာဏာတည်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ၂။ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ကြေညာချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသော “ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း ပြောင်းလဲသတ်မှတ်ရမည်။ ၃။ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်သော “ပြည်ထဲရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန” ဟု ပြင်ဆင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။