အခြေခံပညာရေးဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၄။)

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို အခြေခံပညာရေးဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် အမျိုးသားပညာရေးဥပဒေတွင်ပါရှိသည့် စကားရပ် များအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင်အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –

(က) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အခြေခံပညာရေးကောင်စီကို ဆိုသည်။ (ခ) ဦးစီးဌာန ဆိုသည်မှာ အခြေခံပညာဦးစီးဌာနကို ဆိုသည်။ ။ (ဂ) သက်ဆိုင်ရာဦးစီးဌာန ဆိုသည်မှာ အခြေခံပညာရေးလုပ်ငန်းများကို ဆောင်ရွက်ရန်

သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။ ။ (ဃ) ရုံး ဆိုသည်မှာ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး သို့မဟုတ်

ပြည်နယ်ပညာရေးမှူးရုံးနှင့် ပြည်ထောင်စုနယ်မြေ ပညာရေးမှူးရုံးကို ဆိုသည်။ (c) ပညာရေး ဆိုသည်မှာ လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့်သဘောထား

အယူအဆ အမြင်တို့ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဆောင်ရွက်သည့်ဖြစ်စဉ်ကို ဆိုသည်။ (စ) ကျောင်းသား ဆိုသည်မှာ အခြေခံပညာရေးအဆင့်တွင် သတ်မှတ်ထားသော အသိပညာ၊

အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထား အယူအဆအမြင်များကို ပညာသင်ကြား

သင်ယူမှုနည်းစနစ်များနှင့်အညီ လေ့လာဆည်းပူးသင်ယူသူအားလုံးကို ဆိုသည်။ (ဆ) တစ်သက်တာပညာရေး ဆိုသည်မှာ ကျောင်းပညာရေးတွင် ဆက်လက်ပါဝင် သင်ယူ

နိုင်ခြင်းမရှိသည့် ကျောင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက်

ကျောင်းပြင်ပပညာရေးအပါအဝင် အမျိုးမျိုးသောသင်ကြားသင်ယူမှု အစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်ပညာရေးကို ဆိုသည်။ ။ ( ဇ ) အတွင်းအရည်အသွေးအာမခံမှု ဆိုသည်မှာ အရည်အသွေးအာမခံခြင်းလုပ်ငန်းကို

ဌာနတွင်း ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဆောင်ရွက်ရာတွင် အရည်အသွေးအဆင့် သတ်မှတ်ခြင်းနှင့် အာမခံချက်ပေးခြင်းကို ဆိုသည်။ ( ဈ ) ပြင်ပအရည်အသွေးအာမခံမှု ဆိုသည်မှာ အရည်အသွေး အာမခံခြင်းလုပ်ငန်းကို ဌာနပြင်ပ

ကျွမ်းကျင်သူများဖြင့် ဆောင်ရွက်ရာတွင် အရည်အသွေးအဆင့် သတ်မှတ်ခြင်းနှင့်

အာမခံချက်ပေးခြင်းကိုဆိုသည်။ (ည) သင်ရိုးညွှန်းတမ်းအညွှန်းဘောင် ဆိုသည်မှာ သင်ရိုးညွှန်းတမ်းဆိုင်ရာ သင်ယူမှု

နယ်ပယ်များ၊ ရွေးချယ်ရသည့် နောက်ခံအကြောင်းရင်းများ၊ ရည်မှန်းချက်နှင့် ရလဒ်များ၊ သင်ရိုးဝင်အကြောင်းအရာများ၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် တတ်မြောက်မှု

စစ်ဆေးနည်းများကို ပြည့်စုံစွာရေးသားထားသော မူဘောင်ကို ဆိုသည်။ (ဋ) သင်ယူသူဗဟိုပြုချဉ်းကပ်နည်း ဆိုသည်မှာ ဆရာများက ထိရောက်သော နည်းလမ်း

အမျိုးမျိုးကို အသုံးပြု၍ သင်ယူသူများကိုယ်တိုင် သင်ယူမှုဖြစ်ထွန်းစေရန် အပြုသဘော

ဆောင်သော ဆရာကျောင်းသား ဆက်ဆံရေးဖြင့် ပံ့ပိုးဖော်ဆောင်ပေးသည့် သင်ကြား

သင်ယူမှုဖြစ်စဉ်ကို ဆိုသည်။ ။ ( ဌ) အခြေခံပညာကျောင်း ဆိုသည်မှာ အခြေခံပညာရေးစနစ်၏ အဆင့်တိုင်းအတွက်

အတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေး သင်ရိုးညွှန်းတမ်းစံများနှင့်အညီ

ပညာသင်ကြားပေးသောကျောင်းကို ဆိုသည်။ ( ၃ ) အစိုးရကျောင်း ဆိုသည်မှာ အခြေခံပညာရေးစနစ်၏ အဆင့်တိုင်းအတွက် အတည်ပြု

ပြဋ္ဌာန်းထားသော အမျိုးသားပညာရေး သင်ရိုးညွှန်းတမ်းစံများနှင့်အညီ လူတိုင်း အကျုံးဝင်၍ သာတူညီမျှ အခွင့်အလမ်းဖွင့်ပေးထားသော အခြေခံပညာရေးကို သင်ကြား

ပေးရန် အစိုးရကတည်ထောင်ဖွင့်လှစ်ထားသည့် ကျောင်းကို ဆိုသည်။ (၂) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဆိုသည်မှာ သက်ဆိုင်ရာဥပဒေနှင့်အညီ တရားဝင်

မှတ်ပုံတင်ထားသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက အခြေခံပညာကျောင်းကို ဆိုသည်။ (ဏ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆိုသည်မှာ ဘုန်းတော်ကြီးသင်ပညာရေး

ကြီးကြပ်မှုဗဟိုအဖွဲ့ ၏ သဘောတူညီချက်အရ ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အခြေခံပညာရေးအဆင့်တိုင်းအတွက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းများနှင့် အညီ သင်ကြားပေးရန် ဘုန်းတော်ကြီးများ သို့မဟုတ် သီလရှင်များက တည်ထောင်

ဖွင့်လှစ်ထားသည့်ကျောင်းကို ဆိုသည်။ (တ) သင်ယူမှုဝန်းကျင်ကောင်း ဆိုသည်မှာ ကျောင်းသားများ၏ ဘက်စုံပညာရရှိရေး

အကောင်အထည်ဖော်ရာတွင် ကျောင်း၏ ရုပ်ပိုင်းနှင့် ကျောင်းသားများ၏ ဖွံ့ဖြိုးမှု အရပ်ရပ်တိုးတက်စေရန် ပံ့ပိုးသည့်အခြေအနေများ ဖန်တီးပေးခြင်းဖြင့် အောင်မြင် ထိရောက်သော သင်ယူမှုကို ဖြစ်ထွန်းစေသည့်ဝန်းကျင်ကို ဆိုသည်။ အခန်း(၂)

အခြေခံပညာရေး၏ ရည်မှန်းချက်များ

၃။ အခြေခံပညာရေး၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် – (က) ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည်အထိ သင်ယူ

| တတ်မြောက်ရန်၊ ( ခ) အခြေခံပညာအဆင့်အလိုက် တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိပြီး

ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်ရန်၊ (ဂ) ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေး ဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကို

လေးစားလိုက်နာတတ်သည့် တာဝန်သိစိတ်၊ တာဝန်ယူစိတ်ရှိသူများဖြစ်ရန်၊ (ဃ) အမြင်ကျယ်မှုရှိပြီး စူးစမ်းရှာဖွေလေ့လာလိုသော စိတ်ဓာတ်နှင့်ပူးပေါင်း တီထွင်ကြံဆ

ဆောင်ရွက်တတ်သူများဖြစ်ရန်၊ (င) ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊

ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်း

မြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်ရန်၊ ( စ) သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးကာကွယ်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုး

တိုးတက်မှုဆိုင်ရာ အသိပညာ၊ အတတ်ပညာကို လက်ဆင့်ကမ်းနိုင်သူများဖြစ်ရန်၊ (ဆ) နိုင်ငံတကာအဆင့်မီ ပညာရပ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် ခေတ်နှင့်

လျော်ညီသော နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားသင်ယူမှု

အရည်အသွေးမြင့်မားရန်၊ ( ဇ ) အားကစားနှင့် ကာယပညာလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများတွင်

ကျောင်းသားများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အားကစား

စိတ်ဓာတ်ဖွံ့ဖြိုးလာရန်၊ (ဈ) နည်းပညာနှင့် သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိရန်၊ (ည) လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများအား နားလည်

လက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေးအခြေခံ အသိများ နှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တတ်သူများဖြစ်ရန်။

အခန်း(၃)

အခြေခံပညာရေးဆိုင်ရာအခြေခံမူများ ၄။ အခြေခံပညာရေးဆိုင်ရာအခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည် – (က) နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်နှင့်အညီ အခြေခံပညာကို နိုင်ငံသားတိုင်း သင်ယူတတ်မြောက်ရေး၊ (ခ) ကျောင်းနေအရွယ်ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက်

မသန်စွမ်းသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူနိုင်ခဲ့ခြင်း မရှိသူ များကို အခြေခံပညာရေးအဆင့်တိုင်းတွင် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်၊ အထူး ပညာရေးအစီအစဉ်၊ တစ်သက်တာပညာရေးနှင့် ပညာရေးအထူးဝန်ဆောင်မှု အစီအစဉ် များအရ ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေး တစ်ခုခုတွင် အခြေခံ

ပညာရေးကို သင်ယူနိုင်ခွင့်ရရှိရေး၊ (ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်

တိုးချဲ့ဆောင်ရွက်ရေး၊ (ဃ) အခြေခံပညာရေးအဆင့်အလိုက်နှင့် အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုး

ညွှန်းတမ်းစံများနှင့်အညီ အရည်အသွေးအာမခံမှုရှိသောစနစ်ကို အကောင်အထည်ဖော်

ဆောင်ရွက်ရေး၊ (င) ပညာလေ့လာသင်ယူရာတွင် သင်ယူသူ၏ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊

အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းမှု

အပါအဝင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ( စ) ပညာသင်ယူသူတိုင်း ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝ၍ တိုင်းရင်းသားအားလုံး၏ ဘာသာ

စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့များကို မြတ်နိုးလေးစား တန်ဖိုး ထားပြီး ထိန်းသိမ်းလိုစိတ်၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှင့်တင်လိုစိတ်တို့ အကျုံးဝင်သော တန်ဖိုးထားမှု အခြေပြုသည့် အမျိုးသားစရိုက်

လက္ခဏာများ ဖွံ့ဖြိုးရေး၊ (ဆ) အခြေခံပညာရေးကဏ္ဍတွင် သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းအပါအဝင် ထိရောက်သော

သင်နည်းများဖြင့် သင်ကြားသင်ယူမှုဖြစ်စဉ်ကို စနစ်တကျအကောင်အထည်ဖော်

ဆောင်ရွက်ရေး၊ ( ဇ ) စဉ်ဆက်မပြတ် လေ့လာသင်ယူနေသော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်

အခွင့်အလမ်းများ၊ စာကြည့်တိုက်နှင့် ဘေးကင်းလုံခြုံသော သင်ကြားသင်ယူမှု စာသင်ခန်း

များပါဝင်သည့် သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးရေး၊ (ဈ) ပညာရေးအညွှန်းကိန်းများကို စဉ်ဆက်မပြတ် စနစတက

မြင့်မားလာရန် ဆောင်ရွက်ရေး၊ (ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟိုချုပ်ကိုင်မှု

လျှော့ချသည့် အခြေခံပညာရေးစနစ်ကို ကျင့်သုံးရေး၊ ( ဋ ) ကျောင်းသားများကို ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူသားကောင်းများဖြစ်စေရန်

အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ယင်းသို့ ပြုစုပျိုးထောင်နိုင်ရေးအတွက် ဆရာအရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်ရေး၊ ( ဌ) အခြေခံပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာအသင်း၊ ကျောင်း

အကျိုးဆောင်အဖွဲ့၊ ကျောင်းသားမိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့် ရပ်ရွာ

အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ( ဍ ) အခြေခံပညာရေးဆိုင်ရာ မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော်

ဆောင်ရွက်မှုစီမံချက်၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများကိုလည်းကောင်း၊ ပညာရေးနှင့် သက်ဆိုင်သည့် ဥပဒေများ၊ အခြားလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သော သတင်း

အချက်အလက်များကိုလည်းကောင်း ပြည်သူလူထုသိရှိစေရန် ဆက်လက်ဆောင်ရွက်ပေးရေး၊ (0) အခြေခံပညာရေးကဏ္ဍအတွက် ဆရာများ ပြုစုပျိုးထောင်ပေးနိုင်ရန် ဆရာအတတ် ပညာရေးကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊

ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့်

ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ရေး၊ (တ) ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး အပြန်အလှန် ကူးပြောင်းသင်ယူနိုင်ရန်

တန်းညှိပညာရေး အစီအစဉ်ကို အကောင်အထည်ဖော်ရေး၊ (ထ) အခြေခံပညာဆိုင်ရာ အစိုးရကျောင်းများ၊ အခြားကျောင်းများနှင့် ပညာရေးအစီအစဉ်များ

အကြား အပြန်အလှန်ကူးပြောင်း သင်ကြားနိုင်ရေးအတွက် တန်းညှိပညာရေး အစီအစဉ် ဆိုင်ရာ စံနှင့်လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာကော်မတီများ၊ အဖွဲ့များနှင့် ညှိနှိုင်း

သတ်မှတ် ရေးဆွဲပြဋ္ဌာန်းရေး၊ (ဒ) ကိုယ်တိုင်သင်ယူပညာရေးအခွင့်အလမ်းများ ရရှိရန် ပံ့ပိုးကူညီပေးရေး၊ (ဓ) ပညာရေးဝန်ထမ်းအားလုံး၏ အရည်အသွေးနှင့် လူမှုဘဝမြှင့်တင်ရေးကို အလေးထား

ဆောင်ရွက်ရေး။ (န) အခြေခံပညာရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ အလေးထား လုပ်ဆောင်ရေး။

အခန်း(၄) အခြေခံပညာရေးအဆင့်များ၊ အတန်းများနှင့် ကျောင်းအမျိုးအစားများ သတ်မှတ်ခြင်း ၅။ (က) အခြေခံပညာရေးကို သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ်စုစုပေါင်း

ကာလ (၁၂) နှစ်ကို ဦးတည်၍ဆောင်ရွက်ရမည်။ ( ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်သော အခြေခံပညာရေး၏ အဆင့်များနှင့် အတန်းများမှာ

အောက်ပါအတိုင်းဖြစ်သည် – (၁) ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်းအဆင့်ပညာရေး၊ (၂) ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့်ပညာရေး၊ (၃) ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့ပါဝင်သည့် အထက်တန်းအဆင့်ပညာရေး။ ၆။ အခြေခံပညာကျောင်းများကို အောက်ပါအတိုင်း သတ်မှတ်သည် –

(က) သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများပါရှိသည့် အခြေခံပညာမူလတန်းကျောင်း၊ ( ခ) သူငယ်တန်း၊ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အတန်းများပါရှိသည့် အခြေခံ

ပညာအလယ်တန်းကျောင်း သို့မဟုတ် အလယ်တန်းအဆင့် အတန်းများသာ ပါရှိသည့်

အခြေခံပညာ အလယ်တန်းကျောင်း၊ ( ဂ ) သူငယ်တန်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းများ

ပါရှိသော အခြေခံပညာအထက်တန်းကျောင်း သို့မဟုတ် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းများပါရှိသော အခြေခံပညာအထက်တန်းကျောင်း သို့မဟုတ်

အထက်တန်းအဆင့် အတန်းများသာပါရှိသည့် အခြေခံပညာအထက်တန်းကျောင်း၊ (ဃ) လိုအပ်ချက်အရ အခါအားလျော်စွာ သတ်မှတ်ထားသည့်ကျောင်း။ ၇။ ပုဒ်မ ၅ ပါ သတ်မှတ်ချက်များနှင့်အညီ အောက်ပါကျောင်းများသည် အခြေခံပညာရေးအဆင့်နှင့် အတန်းများပါရှိသော ကျောင်းအမျိုးအစားများအဖြစ် သတ်မှတ်ရမည် –

(က) အစိုးရကျောင်းများ၊ ( ခ) အစိုးရအထောက်အပံ့ခံကျောင်းများ၊ (ဂ) ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းများ၊ (ဃ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ (င) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ( စ) ပရဟိတကျောင်းများ၊ (ဆ) အထူးပညာရေးအစီအစဉ်ကျောင်းများ၊ ( ဇ ) ရွေ့လျားနှင့်အရေးပေါ်ကျောင်းများ၊

(ဈ) ဝန်ကြီးဌာန သို့မဟုတ်သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့်ကျောင်းများ။ ၈။ ဝန်ကြီးဌာနသည် ပုဒ်မ ၇ ပါ အစိုးရကျောင်းများနှင့် အခြားကျောင်းများ အပြန်အလှန် ဆက်သွယ်ကူးပြောင်း သင်ကြားနိုင်ရေးအတွက် ကောင်စီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၅) အခြေခံပညာရေးကောင်စီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၉။ အစိုးရအဖွဲ့သည်(က) ဤဥပဒေပါ ရည်ရွယ်ချက်များနှင့် ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်

နိုင်ရေးအတွက် အခြေခံပညာရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်( ၁ ) ပြည်ထောင်စုဝန်ကြီး

ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန (၂) ဒုတိယဝန်ကြီး

ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ( ၃ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များမှ အဖွဲ့ဝင်

လူမှုရေးဝန်ကြီးများ ၊ ( ၄) ပညာရေးဆိုင်ရာ တာဝန်ခံနေပြည်တော်ကောင်စီဝင်တစ်ဦး အဖွဲ့ဝင် ( ၅ ) သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ၊ ( ၆ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဝင်

ဦးစီးအဖွဲ့တို့မှ ကိုယ်စားလှယ်များ ၊ ( ၇ ) ငါးဦးထက်မပိုသောအခြေခံပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင် ( ၈ ) သုံးဦးထက်မပိုသော အခြေခံပညာရေးဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့ဝင်

အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ၊ ( ၉ ) ငါးဦးထက်မပိုသောအခြေခံပညာဆရာများ၏ ကိုယ်စားလှယ်များ အဖွဲ့ဝင် (၁၀) ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန

အတွင်းရေးမှူး ( ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ကောင်စီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

(ဂ) ကောင်စီ၏ သက်တမ်းသည် သာမန်အားဖြင့် ငါးနှစ် ဖြစ်သည်။ ၁၀။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်ကို အစိုးရအဖွဲ့က သတ်မှတ် ပေးရမည်။ ၁၁။ ကောင်စီသည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် – (က) အခြေခံပညာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောက်

ဖော်ပြပါ လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း – (၁) အခြေခံပညာရေးကို နည်းပညာနှင့် သက်မွေးပညာရေး၊ ဆရာအတတ်ပညာရေး၊

အဆင့်မြင့်ပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးအစရှိသော ကဏ္ဍအသီးသီးတို့နှင့်

ဆက်စပ်မှုရှိရေး၊ (၂) လူတိုင်းအကျုံးဝင်ပညာရေးအရ သင်ယူခွင့်ရရှိရေး၊ (၃) နိုင်ငံတော်က သတ်မှတ်ထားသော အခမဲ့မသင်မနေရပညာရေးကို အကောင်အထည်

ဖော်ရေး၊ (၄) ရွေ့လျားနှင့် အရေးပေါ်ကျောင်းများကို ပညာရေးအထူးဝန်ဆောင်မှုအဖြစ်

အကောင်အထည်ဖော်ဆောင်ရွက်ရေး။ (ခ) အခြေခံပညာကျောင်းများဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် အဆင့်လျှော့ချ

ခြင်းများကို အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ မူဝါဒနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခြင်း၊ (ဂ) အခြေခံပညာကျောင်းများ၏ အရည်အသွေး စံသတ်မှတ်ချက်များကို အမျိုးသားပညာရေး

အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီက ချမှတ်ထားသော

စံချိန်စံညွှန်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခြင်း၊ (ဃ) အခြေခံပညာကျောင်းများတွင် ခန့်ထားမည့် ဆရာများ၏ ပညာအရည်အချင်းကို

ဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်ပေးခြင်း၊ (င) အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၏ အတည်ပြုချက်ဖြင့် ဝန်ကြီးဌာနက သတ်မှတ်

ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းကို ကျောင်းအားလုံးတွင် ထိရောက်စွာ အကောင်အထည်

ဖော်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်း၊ ( စ) ဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ခြင်း၊

ပြင်ဆင်ဖြည့်စွက်ခြင်းအား ကြပ်မတ်ခြင်း၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် သင်ရိုးညွှန်းတမ်းအဖွဲ့များ ဖွဲ့စည်းခြင်းကို

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ( ဇ) ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ ပြီးမြောက်ရေး၊ ကျောင်းနေမြဲရေးနှင့်

ကျောင်းထွက်နှုန်း လျော့ပါးရေးအပါအဝင် ပညာရေးဆိုင်ရာ လုပ်ငန်းများကို နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် လိုအပ်သလို ညှိနှိုင်း

ဆောင်ရွက်ခြင်း၊ (ဈ) ပုဒ်မ ၇ ပါ အစိုးရကျောင်းများနှင့် အခြားကျောင်းများ အပြန်အလှန် ဆက်သွယ်ကူးပြောင်း

သင်ကြားနိုင်ရေးအတွက် သင်ယူတတ်မြောက်မှု စစ်ဆေးနည်း သို့မဟုတ် ဆန်းစစ်

နည်းများကို သတ်မှတ်ပေးခြင်း။ ၁၂။ ကောင်စီသည် ပုဒ်မ ၁၁ ပါ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်

ကော်မတီများနှင့် အဖွဲ့ များကို လိုအပ်သလိုဖွဲ့စည်းပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ် ပေးနိုင်သည်။

အခန်း(၆) အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ် ကော်မတီဖွဲ့စည်းခြင်းနှင့် သင်ရိုးညွှန်းတမ်းနှင့်

ကျောင်းသုံးစာအုပ်များပြဋ္ဌာန်းခြင်း ၊ ၁၃။ ဝန်ကြီးဌာနသည် – (က) ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို

ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဦးစီးဌာန များမှ ကိုယ်စားလှယ်များ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၊ ဆရာ ကိုယ်စားလှယ်များ၊ သင်ရိုးကျွမ်းကျင် ပညာရှင်များနှင့် တိုင်းရင်းသားဘာသာကျွမ်းကျင်ပညာရှင်များကို ကော်မတီဝင်များအဖြစ်လည်းကောင်း၊ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ်များကို ဒုတိယဥက္ကဋ္ဌများအဖြစ် လည်းကောင်း ပါဝင်စေလျက် အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်

ကော်မတီကို ဖွဲ့စည်းရမည်။ ) ( ခ) နိုင်ငံ့ဝန်ထမ်းမဟုတ်သော အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်

ကော်မတီဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်ကို အစိုးရအဖွဲ့သို့တင်ပြ၍ သတ်မှတ်ပေးရမည်။ ၁၄။ ဝန်ကြီးဌာနသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားတို့၏ ဘာသာ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် အခြေခံ ပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့၏ အတည်ပြုချက် ရယူဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်ရမည်။ ၁၅။ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီသည် – (က) အမျိုးသားအဆင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ မူများ၊ စံများ၊ သတ်မှတ်ချက်များနှင့်အညီ

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် သင်ရိုးညွှန်းတမ်းစံများ၊ သင်ရိုး မာတိကာများ အသေးစိတ်ရေးဆွဲခြင်း၊ သုံးသပ်ခြင်းနှင့် ပြုပြင်ခြင်းများကို အမျိုးသား

သင်ရိုးညွှန်းတမ်းကော်မတီ၏ အတည်ပြုချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။ (ခ) ကျောင်းသုံးစာအုပ်များကို ပြဋ္ဌာန်းနိုင်ရန် စိစစ်ပြီး အမျိုးသားသင်ရိုးညွှန်းတမ်း

ကော်မတီ၏ အတည်ပြုချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။ (ဂ) သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နည်းစနစ်များကို အမျိုးသား | ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီ၏ အတည်ပြု

ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။ ) (ဃ) သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် လုပ်ငန်းတာဝန်များကို

ဆောင်ရွက်ရာတွင် အောက်ပါအဖွဲ့ငယ်များအပါအဝင် လိုအပ်သည့် အခြားအဖွဲ့ငယ်များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်သည်(၁) ဘာသာရပ်အလိုက် သို့မဟုတ် ဘာသာရပ်အုပ်စုအလိုက် အဖွဲ့ငယ်များ၊ (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း

အဖွဲ့ငယ်များ။ (င) သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်များ ပြန်လည်သုံးသပ်ခြင်းနှင့်

လိုအပ်ပါက မွမ်းမံခြင်းများကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။ ၁၆။ အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ် ကော်မတီသည် သင်ရိုးညွှန်းတမ်း အညွှန်းဘောင် ရေးဆွဲရာတွင် အောက်ပါအချက်များပါရှိစေရန် စီစဉ်ဆောင်ရွက်ရမည်

(က) သင်ရိုးညွှန်းတမ်းသည် လက်တွေ့ဘဝနှင့် ဆက်စပ်မှုရှိရေး၊ ( ခ ) မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းများ

အဆက်အစပ်ရှိရေး၊ (ဂ) ဒေသဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော အခွင့်အလမ်းများ ဖန်တီး

ပေးရေး၊ (ဃ) တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်ပြီး ဒီမိုကရေစီ အလေ့အကျင့်ကောင်းများရရှိကာ

| ဘက်စုံဖွံ့ဖြိုးသည့် လူသားကောင်းများ ဖြစ်ထွန်းလာရေး၊ (င) သင်ရိုးညွှန်းတမ်းသည် ခေတ်နှင့်လျော်ညီသော ပညာရေးအခြေအနေ လိုအပ်ချက်ကို

ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံတကာပညာရေး သင်ရိုးညွှန်းတမ်းနှင့် လိုက်လျော

ညီထွေမှုရှိရေး၊ ( စ) မြန်မာစာကို အခြေခံပညာကျောင်းများတွင်သင်ကြားရေး၊ (ဆ) အင်္ဂလိပ်စာကို မူလတန်းအဆင့်ပညာရေးမှစ၍ သင်ကြားရေး၊ ( ဇ) အခြေခံပညာအဆင့်တွင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ

စာသင်ခန်းသုံး ဘာသာစကားအဖြစ် တွဲဖက်အသုံးပြုရေး၊ (ဈ) အထက်တန်းအဆင့်ပညာရေးတွင် မြန်မာစာနှင့် အင်္ဂလိပ်စာတို့ကို သင်ကြားသင်ယူမှု

ဘာသာစကားအဖြစ် အသုံးပြုရေး၊ (ည) အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် ပညာရပ်များ ဆက်လက်

သင်ယူနိုင်မည့် အခြေခံကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သော သင်ရိုးညွှန်းတမ်း

ဖြစ်ရေး၊ (ဋ) ပြည်ထောင်စုတိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ကို

ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစား

ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေး၊ ( ဌ) မသန်စွမ်းသူများအတွက် လူတိုင်းအကျုံးဝင်ပညာရေးအရ ပညာသင်ယူခွင့်ရရှိစေရန်

အထူးပညာရေး လိုအပ်ချက်နှင့်အညီ ပေါင်းစပ်သင်ကြားနိုင်ရေး။ ၁၇။ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီသည် အခြေခံပညာရေး အဆင့်အလိုက် လေ့လာသင်ယူမှုနယ်ပယ်များကို သတ်မှတ်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်(က) ဘာသာစကား၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ်ဆိုင်ရာ နယ်ပယ်များတွင် လိုအပ်သော

အသိပညာ၊ သဘောထားများနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာ သင်ယူနိုင်ရန် စီစဉ်ခြင်း၊ (ခ) ဘက်စုံ ဖွံ့ဖြိုးမှု ရရှိရန်အတွက် ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှု နယ်ပယ်အလိုက်

လိုအပ်သော ကျွမ်းကျင်မှုများကို လေ့လာသင်ယူနိုင်ရန် စီစဉ်ခြင်း၊ | (ဂ) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ပညာများအပါအဝင် ခေတ်နှင့်လျော်ညီသော နည်းပညာများကို လေ့လာသင်ယူနိုင်ရန် စီစဉ်ခြင်း။ ၁၈။ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီသည် သင်ကြားသင်ယူမှု နည်းလမ်းများကို ရွေးချယ်ရာတွင် အောက်ပါအချက်တို့ကို အခြေခံရမည်(က) ကျောင်းသားတစ်ဦးချင်းစီ၏ ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စူးစမ်းလေ့လာမှု၊

ဆင်ခြင်စဉ်းစားနိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှု၊ ဆုံးဖြတ်နိုင်မှု၊ တီထွင်ကြံဆနိုင်မှုနှင့် တာဝန်ယူတတ်မှုတို့ကို ပြုစုပျိုးထောင်ပေးနိုင်ရန် သင်ယူသူဗဟိုပြုချဉ်းကပ်နည်း အပါအဝင် ထိရောက်သော သင်ကြားသင်ယူနည်းများဖြင့် အကောင်အထည်ဖော်

ဆောင်ရွက်ခြင်း၊ (ခ) ကျောင်းသားများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ ဘက်စုံဖွံ့ဖြိုး

တိုးတက်ရေးအတွက် ကောင်းစွာထောက်ပံ့ပေးနိုင်သော သင်ယူမှုဝန်းကျင်ကောင်းကို

စီစဉ်ဖန်တီးပေးသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ ၁၉။ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီသည် သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်နည်းများ သတ်မှတ်ရာတွင် အောက်ပါအချက်တို့ကို အခြေခံရမည်[ (က) သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းများသည် သင်ရိုးညွှန်းတမ်းကို အခြေခံ၍ သင်ယူမှု | ရလဒ်များ ပေါက်မြောက်အောင်မြင်မှု အခြေအနေကို စစ်ဆေးသည့် တတ်ကျွမ်းမှု

အခြေပြု အကဲဖြတ်နည်းစနစ်ကို ကျင့်သုံးရေး၊ ( ခ) သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းများနှင့် အတန်းကူးပြောင်းမှု စစ်ဆေးခြင်းများကို

စစ်ဆေးမှုဆိုင်ရာ နည်းပညာများနှင့်အညီ စနစ်တကျ စစ်ဆေးရေး၊ (ဂ) အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ပြီးဆုံး

ချိန်တွင် အဆင့်အလိုက် သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း နည်းစနစ်များ

နှင့်အညီ ဆောင်ရွက်ရေး။ ၂၀။ အခြေခံပညာ အထက်တန်းအဆင့် ပြီးဆုံးပါက အမျိုးသားအဆင့် ပညာရည်စစ်ဆေးအကဲဖြတ် မူဝါဒအရ သတ်မှတ်ချက်များနှင့်ညီညွတ်လျှင် ပြီးဆုံးကြောင်းလက်မှတ်ကို သတ်မှတ်ချက်များနှင့်အညီ ပေးအပ်ရမည်။

အခန်း (၇)

အရည်အသွေးအကဲဖြတ်ခြင်းနှင့် အာမခံခြင်း ၂၁။ ကောင်စီသည် ကော်မရှင်က ချမှတ်ထားသော မူဝါဒများနှင့်အညီ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီနှင့် ညှိနှိုင်းလျက် အခြေခံပညာအဆင့်အားလုံး၏ အရည်အသွေး အာမခံမှုအတွက် အတွင်းအရည်အသွေး အာမခံမှုစနစ်တစ်ရပ်ကို ထူထောင်ရမည်။ ၂၂။ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီသည် အခြေခံပညာကျောင်းများ၏ ပြင်ပအရည်အသွေးအာမခံမှု အကဲဖြတ်ခြင်းကို ဆောင်ရွက်နိုင်ရန် အဖွဲ့အစည်းတစ်ခုအား ဖွဲ့စည်း၍ တာဝန်ပေးအပ်ရမည်။ ၂၃။ (က) အခြေခံပညာကျောင်းများသည် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး

အာမခံမှုအကဲဖြတ်ကော်မတီ၏ ပြင်ပအရည်အသွေးအာမခံမှု အကဲဖြတ်ခြင်းကို ခံယူ

ရမည်။ (ခ) အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီသည်

အကဲဖြတ်ရလဒ်များကို ဝန်ကြီးဌာနသို့ ကော်မရှင်မှတစ်ဆင့် ပေးပို့ရမည့်အပြင် အများ

ပြည်သူသိရှိနိုင်ရန်လည်း စီစဉ်ထားရမည်။ ၂၄။ အခြေခံပညာကျောင်းများ၏ အတွင်းအရည်အသွေး အာမခံမှုကို အကဲဖြတ်ရာတွင် အောက်ပါ တို့ကို ဆောင်ရွက်ရမည်

(က) မိမိတို့ကျောင်းအလိုက် အကဲဖြတ်သုံးသပ်ခြင်း၊ ( ခ) အခြေခံပညာရေး အဆင့်အလိုက် အကဲဖြတ်သုံးသပ်ခြင်း၊ (ဂ) သက်ဆိုင်ရာ ဦးစီးဌာနများက တာဝန်ပေးအပ်သော ကျောင်းအရည်အသွေး အာမခံမှု

အဖွဲ့များက အကဲဖြတ်သုံးသပ်ခြင်း။ ၂၅။ အခြေခံပညာကျောင်းများ၏ အတွင်းအရည်အသွေး စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များတွင် လိုအပ်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့် ရပ်ရွာလူထုတို့ ပူးပေါင်းပါဝင်နိုင်ခွင့်ရှိသည်။ ၂၆။ ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဦးစီးဌာနများသည် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ၏ အတွင်းအရည်အသွေးအာမခံမှုအတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်(က) အခြေခံပညာကျောင်းများအတွက် အရည်အသွေးစစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များ

ရေးဆွဲသတ်မှတ်ခြင်း၊ ( ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင်

အတွင်းအရည်အသွေးအာမခံမှု အကဲဖြတ်အဖွဲ့များ ထားရှိတာဝန်ပေးအပ်ပြီး စဉ်ဆက် မပြတ် အကဲဖြတ်ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် ယင်းအဖွဲ့များ၏ တင်ပြချက်များကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ (ဂ) အခြေခံပညာကျောင်းများတွင် အတွင်းအရည်အသွေးအာမခံမှုစနစ် ထူထောင်ထားရှိ

ဆောင်ရွက်ရန် ပံ့ပိုးလမ်းညွှန်ခြင်း၊ (ဃ) အခြေခံပညာရေးကဏ္ဍ၏ အတွင်းအရည်အသွေး အာမခံမှုလုပ်ငန်းများကို ဆောင်ရွက်သည့်

ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်

ဆောင်ရွက်ခြင်း၊ (င) ပြင်ပအရည်အသွေးအာမခံမှု အကဲဖြတ်အဖွဲ့များက လိုအပ်သော အချက်အလက်များ

တောင်းခံလာပါက အခြေခံပညာကျောင်းများ၊ ရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ (စ) အရည်အသွေးအကဲဖြတ်မှု ရလဒ်ကိုအခြေပြု၍ အခြေခံပညာရေး အညွှန်းကိန်းများကို

လေ့လာသုံးသပ်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပညာရေးအရည်အသွေး ပိုမို မြင့်မားလာစေရန် ပညာရေးသုတေသနလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

အခန်း (၈)

အခြေခံပညာရေးစီမံခန့်ခွဲမှု ၂၇။ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် ကောင်စီ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုကို တာဝန်ယူ ဆောင်ရွက်

ရမည်။

၂၈။ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် အခြေခံပညာရေးကဏ္ဍ၏ စီမံခန့်ခွဲမှုကို ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်နှင့်

ကျောင်းများတွင် အဆင့်အလိုက် တာဝန်ယူဆုံးဖြတ်လုပ်ဆောင်ခွင့် ရရှိစေရန် ဆောင်ရွက်ပြီး လုပ်ပိုင်ခွင့်နှင့် တာဝန်များကို သတ်မှတ်ပေးရမည်။ ၂၉။ ဝန်ကြီးဌာနသည် နိုင်ငံတော်က သတ်မှတ်သည့် အခမဲ့မသင်မနေရ ပညာရေးအပါအဝင် အခြေခံပညာရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်များ၌ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး၊ စီစဉ် ဆောင်ရွက်ရေး၊ ပံ့ပိုးရေးနှင့်လေ့လာကြီးကြပ်ရေးတို့အတွက် ပညာရေးကော်မတီများကို နေပြည်တော်

ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းလျက် ဖွဲ့စည်းဆောင်ရွက် ရမည်။ ၃၀။ အခြေခံပညာကျောင်း အသီးသီးသည် ကျောင်းအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များပေးရန်၊ ပံ့ပိုးဆောင်ရွက်ရန်နှင့် လေ့လာကြီးကြပ်ရန် ကျောင်းစီမံခန့်ခွဲမှုကော်မတီကို ဆရာ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့တို့နှင့် ရပ်ရွာအဖွဲ့ အစည်းကိုယ်စားလှယ်များ ပါဝင်မှုဖြင့် ဖွဲ့စည်း ဆောင်ရွက်ရမည်။ ၃၁။ ဝန်ကြီးဌာနသည် ပုဒ်မ ၂၉ နှင့် ၃၀ ပါ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ပညာရေးကော်မတီများ၊ ကျောင်းစီမံခန့်ခွဲမှုကော်မတီများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်းပေးရမည်။ ) ၃၂။ ဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာနများသည် မိမိတို့၏ အခြေခံပညာကျောင်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည် – (က) သတ်မှတ်ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းကို အခြေခံပညာ ကျောင်းအားလုံးတွင်

ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် လေ့လာကြီးကြပ်ခြင်း၊ ( ခ) အခြေခံပညာကျောင်းများတွင် ကျောင်းအရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက် အညွှန်း

ဘောင်နှင့် ကိုက်ညီသော အဆောက်အအုံ၊ အသုံးအဆောင်များနှင့် လုံခြုံမှုရှိသည့်

သင်ကြားသင်ယူမှုဝန်းကျင်ဖြစ်ရန် စီမံဆောင်ရွက်ခြင်း၊ (ဂ) အခြေခံပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဝန်ထမ်းများ၏ လုပ်ငန်းအလိုက် ရာထူး

အဆင့်များနှင့် တာဝန်ဝတ္တရားများ သတ်မှတ်ရေး၊ ခန့်ထားရေး၊ ပြောင်းရွှေ့ရေး၊ ရာထူး တိုးမြှင့်ရေး၊ ရာထူးအဆင့်အလိုက် လိုအပ်သော တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးနှင့် စဉ်ဆက်မပြတ် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းညွှန်သတ်မှတ် ပေးခြင်း၊ အဆင့်အလိုက် လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုဗဟိုချုပ်ကိုင်မှု လျှော့ချ၍

သတ်မှတ်ပေးခြင်းနှင့် စီမံခန့်ခွဲမှုဆောင်ရွက်ခြင်း၊ (ဃ) အခြေခံပညာရေး အဆင့်အလိုက် အကောင်အထည်ဖော်မှုကို ပညာရေးအညွှန်းကိန်း

များဖြင့် လေ့လာကြီးကြပ်အကဲဖြတ်ခြင်း၊ (င) ပညာရေးစီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်စနစ် အကောင်အထည်ဖော်ရန်အတွက်

ကျောင်းအဆင့်မှစ၍ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်၊ ပြည်ထောင်စုနယ်မြေအဆင့်နှင့် ဦးစီးဌာနအဆင့်တို့တွင် စနစ်တကျ ကြီးကြပ် ကွပ်ကဲမှုဖြင့် တိကျမှန်ကန်သော စာရင်းအင်းများကို ကောက်ယူခြင်း၊ အဆင့်ဆင့်တင်ပြ ခြင်းနှင့် သတ်မှတ်ကာလများတွင် လိုအပ်သော စာရင်းချုပ်များနှင့် အစီရင်ခံစာများကို

ထုတ်ပြန်ကြေညာခြင်း၊ (စ) အခြေခံပညာရေးအဆင့် စီမံကိန်းနှင့် စီမံချက်များကို ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်း

များနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ ၃၃။ ဦးစီးဌာနသည် အခြေခံပညာကျောင်းများနှင့်စပ်လျဉ်းသည့် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် – (က) အခြေခံပညာကျောင်းများသို့ ကျောင်းသုံးစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ

အပါအဝင် ကျောင်းအသုံးအဆောင်နှင့် အထောက်အပံ့များကို ဖြည့်ဆည်းပေးခြင်း၊ ( ခ) သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းကို အမျိုးသားအဆင့် ပညာရည် စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း၊ (ဂ) အခြေခံပညာရေးအဆင့်အလိုက် ပြီးမြောက်ကြောင်းကို သင်ယူတတ်မြောက်မှု စစ်ဆေး

အကဲဖြတ်ခြင်း နည်းစနစ်များနှင့်အညီ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် ညှိနှိုင်း

ဆောင်ရွက်ခြင်း၊ (ဃ) အတွင်းအရည်အသွေး အကဲဖြတ်မှုများနှင့် ပြင်ပအရည်အသွေး အကဲဖြတ်မှု

အစီရင်ခံစာများအရ ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဦးစီးဌာနများနှင့်

ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း။ ၃၄။ ဝန်ကြီးဌာနက တာဝန်ပေးအပ်သော ဦးစီးဌာနသည် အခြေခံပညာရေး အဆင့်အလိုက်

ကောက်ယူသော ပညာရေးဆိုင်ရာသတင်းအချက်အလက်များကို ဝန်ကြီးဌာန၏ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်တွင် ပုံမှန်ထည့်သွင်း တွက်ချက်စိစစ် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။ ၃၅။ အခြေခံပညာရေးကဏ္ဍရှိ စီမံခန့်ခွဲသူအားလုံးသည် အစီအစဉ် ကြိုတင်ရေးဆွဲခြင်း အပါအဝင် စီမံခန့်ခွဲမှုအားလုံးကို တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပြည်သူလူထုအကျိုးရှေးရှုမှုဟူသော အခြေခံမူ များဖြင့် ဆောင်ရွက်ရမည်။ ၃၆။ အခြေခံပညာရေးကို အကောင်အထည်ဖော် သင်ကြားပေးလျက်ရှိသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကြီးကြပ်ခြင်းကို သက်ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းသည့် ကြီးကြပ်ရေးအဖွဲ့ က ဆောင်ရွက်ရမည်။

အခန်း (၉) အခြေခံပညာဆရာများ၏ အခွင့်အရေး၊ တာဝန်၊ အရည်အချင်းနှင့် စွမ်းဆောင်ရည်များ ၃၇။ ကောင်စီသည် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ဆရာများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ဆိုင်ရာ စံများကို ပညာရေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပေးရမည်။ ၃၈။ ဆရာများသည် အခြေခံပညာကျောင်းများ၏ အတွင်းအရည်အသွေးအာမခံမှု လုပ်ငန်းတစ်ရပ် အနေဖြင့် ဆရာများ၏စွမ်းဆောင်ရည်ကို ပညာရေးစီမံခန့်ခွဲသူများက အကဲဖြတ်သော လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရမည်။ ၃၉။ ဆရာများသည် အောက်ဖော်ပြပါ အခွင့်အရေးများ ရပိုင်ခွင့်ရှိသည် – (က) သတ်မှတ်ချက်နှင့်ကိုက်ညီပါက မိမိတာဝန်ထမ်းဆောင်နေသော ပညာရေးအဆင့်အတွင်း

မှာပင် ရာထူးအဆင့် တိုးမြှင့်ရရှိပိုင်ခွင့်၊ ( ခ) သင်ရိုးညွှန်းတမ်းနှင့်ကိုက်ညီသော သင်နည်းစနစ်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ (ဂ) မိမိတို့လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် အစဉ်လေ့လာသင်ယူခွင့်၊ (ဃ) တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသောအသင်းနှင့် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်၊ (င) မိမိနှစ်သက်ရာကျောင်း သို့မဟုတ် ဒေသများသို့ လွတ်လပ်စွာ လျှောက်ထားပိုင်ခွင့်၊ (စ) ဆရာများသည် ပညာရေးအဆင့်တစ်ခုမှ အခြားအဆင့်တစ်ခုသို့ ကူးပြောင်း တာဝန်

ထမ်းဆောင်လိုပါက ထိုအဆင့်အတွက် လိုအပ်သော သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ

ပါက ထမ်းဆောင်နိုင်ခွင့်၊ (ဆ) မူဝါဒများ၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ စီမံချက်များ၊ ပညာရေးဆိုင်ရာ ဥပဒေများနှင့်

အခြားလုပ်ထုံးလုပ်နည်းများအတွက် အကြံပြုခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်။ ၄၀။ ဆရာများသည် အောက်ဖော်ပြပါ တာဝန်များကို ထမ်းဆောင်ရမည်(က) မိမိလုပ်ငန်းအပေါ်တွင် တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံနိုင်သော စိတ်ဓာတ်ဖြင့်

ဆောင်ရွက်ပြီး ကျောင်းသားများအတွက် စံနမူနာကောင်းဖြစ်ရေး၊ (ခ) ကျောင်းစာသင်ချိန်အတွင်း သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများ ပြီးမြောက်သည်

အထိ သင်ကြားပေးရမည့်အပြင် ကျောင်းသားများအတွက် ခေတ်နှင့်လျော်ညီသော အသိပညာ၊ အတတ်ပညာများ၊ ကျွမ်းကျင်မှုများရရှိစေရန်နှင့် သင်ယူတတ်မြောက်မှု

စံနှင့်အညီ သင်ကြားပေးရေး၊ (ဂ) ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်းလျော့ပါးရေးနှင့်

အတန်းအလိုက် ကျောင်းပြီးဆုံးနှုန်း မြင့်မားစေရန် ပူးပေါင်းဆောင်ရွက်ရေး၊ (ဃ) နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သောအမြင်ရှိပြီး

ဒီမိုကရေစီ အလေ့အကျင့်ကိုမြတ်နိုး၍ ကာကွယ်စောင့်ရှောက်ပေးရေး၊ (င) ပညာသင်ကြားရာတွင် အပြုသဘောဆောင်သော ဆရာကျောင်းသားဆက်ဆံရေးဖြင့်

ကျောင်းသား၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဘဲ သင်ကြားပေးရေး။ ၄၁။ ဝန်ကြီးဌာနသည် အစိုးရကျောင်းများရှိ ဆရာများအား ယင်းတို့တာဝန်ထမ်းဆောင်နေသော ပညာရေးအဆင့်အတွင်း အရည်အချင်း၊ အတွေ့အကြုံ၊ စွမ်းဆောင်ရည်နှင့် ထူးချွန်မှုအလိုက် ရာထူးအဆင့် တိုးမြှင့်ခြင်း၊ ချီးမြှင့်ခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ခရိုင်နှင့် မြို့နယ်အဆင့်လိုက် ခွဲဝေတာဝန်ပေး၍ စီမံဆောင်ရွက်ရမည်။ ၄၂။ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် ဆရာများ၏ သင်ကြားမှုစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းအခြေပြု ဆရာအတတ်ပညာ အစီအစဉ်များ အပါအဝင် လေ့လာသင်ယူရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်။

အခန်း (၁၀) ၊ ကျောင်းသား၊ မိဘနှင့် ပြည်သူလူထု၏ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးနှင့်တာဝန်များ ၄၃။ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ယူနေသော ကျောင်းသားများသည် အောက် ဖော်ပြပါ အခွင့်အရေးများ ရရှိစေရမည် –  (က) အခြေခံပညာကို ပြီးမြောက်သည်အထိ သင်ယူခွင့်၊ (ခ) သက်ဆိုင်ရာအဆင့်အလိုက် တက်ရောက်နိုင်သော နည်းပညာနှင့် သက်မွေးပညာရေး

ကျောင်းများသို့ ကူးပြောင်းတက်ရောက်လိုက ကူးပြောင်းတက်ရောက်ခွင့်၊ (ဂ) ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများကို သတ်မှတ်ချက်များနှင့်အညီ လူမျိုး၊ ဘာသာ၊

အမျိုးသား၊ အမျိုးသမီးစသည့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ခံစားခွင့်၊ (ဃ) အခြေခံပညာကျောင်းများတွင် ကျောင်းကောင်စီနှင့် ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုအသင်း

အဖွဲ့ များတွင် ပါဝင်ဆောင်ရွက်ခွင့်။ ၄၄။ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ယူနေသော ကျောင်းသားများသည် အောက် ဖော်ပြပါ တာဝန်များကို ထမ်းဆောင်ရမည် – (က) နိုင်ငံတော်ကသတ်မှတ်သည့် အခမဲ့မသင်မနေရ ပညာရေးအဆင့် ပြီးမြောက်သည်

အထိ သင်ယူရေး၊ (ခ) ကျောင်းသားတိုင်းသည် ကျောင်းစည်းကမ်းများကို လိုက်နာပြီး ပညာကို ကြိုးစားလေ့လာ

သင်ယူ၍ အများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ (ဂ) ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပြည်သူ့နီတိနှင့် ဒီမိုကရေစီ အလေ့အကျင့်များ၊

လူ့အခွင့်အရေးများကို တန်ဖိုးထားသည့်အပြင် တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ စူးစမ်း ရှာဖွေလေ့လာလိုသောစိတ်နှင့် အမြင်ကျယ်မှုရှိသောသူများ ဖြစ်လာရန်အတွက် ကြိုးစား

အားထုတ်ရေး။ ၄၅။ မိဘ သို့မဟုတ် အုပ်ထိန်းသူသည် အောက်ဖော်ပြပါ အခွင့်အရေးများ ရရှိစေရမည်(က) ဤဥပဒေ ပုဒ်မ ၇ အရ တည်ထောင်ဖွင့်လှစ်ထားသော မည်သည့်ကျောင်းတွင်မဆို

သတ်မှတ်ချက်နှင့် ညီညွတ်ပါက မိမိကလေးကို ကျောင်းအပ်ပိုင်ခွင့်၊ (ခ) အခြေခံပညာကျောင်းများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း

ကျောင်းနေရေးနှင့် ကျောင်းအရည်အသွေး မြင့်မားရေးတို့အတွက် ကျောင်းနှင့်ပူးပေါင်း

ဆောင်ရွက်ပိုင်ခွင့်၊ (ဂ) ကျောင်းသားများကို တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ စူးစမ်းရှာဖွေ လေ့လာလိုသောစိတ်နှင့်

အမြင်ကျယ်မှုရှိသောသူများ ဖြစ်စေရေးနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်

မိဘဆရာအသင်း၏ လုပ်ငန်းများတွင် အကြံပြုခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်။ ၄၆။ မိဘ သို့မဟုတ် အုပ်ထိန်းသူသည် အောက်ဖော်ပြပါ တာဝန်များကို ထမ်းဆောင်ရမည် – (က) မိမိတို့၏ ကျောင်းနေအရွယ်ကလေးများကို အခြေခံပညာသင်ယူပြီးမြောက်ရေးအတွက်

သက်ဆိုင်ရာကျောင်းသို့ ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးနှင့် ယင်းပညာရေးအဆင့် ပြီးမြောက်သည်အထိ သင်ယူစေရေး၊ (ခ) သက်ဆိုင်ရာအဆင့်အလိုက် တက်ရောက်နိုင်သော နည်းပညာနှင့် သက်မွေးပညာရေး

ကျောင်းများသို့ ကူးပြောင်းတက်ရောက်လိုက ကူးပြောင်းတက်ရောက်ခွင့်၊ (ဂ) ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများကို သတ်မှတ်ချက်များနှင့်အညီ လူမျိုး၊ ဘာသာ၊

အမျိုးသား၊ အမျိုးသမီးစသည့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ခံစားခွင့်၊ (ဃ) အခြေခံပညာကျောင်းများတွင် ကျောင်းကောင်စီနှင့် ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုအသင်း

အဖွဲ့ များတွင် ပါဝင်ဆောင်ရွက်ခွင့်။ ၄၄။ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ယူနေသော ကျောင်းသားများသည် အောက် ဖော်ပြပါ တာဝန်များကို ထမ်းဆောင်ရမည် – (က) နိုင်ငံတော်ကသတ်မှတ်သည့် အခမဲ့မသင်မနေရ ပညာရေးအဆင့် ပြီးမြောက်သည်

အထိ သင်ယူရေး၊ (ခ) ကျောင်းသားတိုင်းသည် ကျောင်းစည်းကမ်းများကို လိုက်နာပြီး ပညာကို ကြိုးစားလေ့လာ

သင်ယူ၍ အများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ (ဂ) ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပြည်သူ့နီတိနှင့် ဒီမိုကရေစီ အလေ့အကျင့်များ၊

လူ့အခွင့်အရေးများကို တန်ဖိုးထားသည့်အပြင် တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ စူးစမ်း ရှာဖွေလေ့လာလိုသောစိတ်နှင့် အမြင်ကျယ်မှုရှိသောသူများ ဖြစ်လာရန်အတွက် ကြိုးစား

အားထုတ်ရေး။ ၄၅။ မိဘ သို့မဟုတ် အုပ်ထိန်းသူသည် အောက်ဖော်ပြပါ အခွင့်အရေးများ ရရှိစေရမည်(က) ဤဥပဒေ ပုဒ်မ ၇ အရ တည်ထောင်ဖွင့်လှစ်ထားသော မည်သည့်ကျောင်းတွင်မဆို

သတ်မှတ်ချက်နှင့် ညီညွတ်ပါက မိမိကလေးကို ကျောင်းအပ်ပိုင်ခွင့်၊ (ခ) အခြေခံပညာကျောင်းများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း

ကျောင်းနေရေးနှင့် ကျောင်းအရည်အသွေး မြင့်မားရေးတို့အတွက် ကျောင်းနှင့်ပူးပေါင်း

ဆောင်ရွက်ပိုင်ခွင့်၊ (ဂ) ကျောင်းသားများကို တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ စူးစမ်းရှာဖွေ လေ့လာလိုသောစိတ်နှင့်

အမြင်ကျယ်မှုရှိသောသူများ ဖြစ်စေရေးနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်

မိဘဆရာအသင်း၏ လုပ်ငန်းများတွင် အကြံပြုခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်။ ၄၆။ မိဘ သို့မဟုတ် အုပ်ထိန်းသူသည် အောက်ဖော်ပြပါ တာဝန်များကို ထမ်းဆောင်ရမည် – (က) မိမိတို့၏ ကျောင်းနေအရွယ်ကလေးများကို အခြေခံပညာသင်ယူပြီးမြောက်ရေးအတွက်

သက်ဆိုင်ရာကျောင်းသို့ ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးနှင့် ယင်းပညာရေးအဆင့် ပြီးမြောက်သည်အထိ သင်ယူစေရေး၊ (ခ) မိမိတို့ကလေးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်ဆက်မပြတ်သင်ယူမှု အခွင့်အလမ်းများ ရှိစေရန်နှင့် သင်ယူမှုဝန်းကျင်ကောင်း ဖန်တီးပေးရေးအတွက် ကျောင်းစီမံခန့်ခွဲမှု

ကော်မတီ၊ ဆရာ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့၊ သက်ဆိုင်သူများ၊

အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး။ ။ ၄၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာလူထုသည် ကျောင်းဘက်စုံဖွံ့ဖြိုးရေးအတွက် ပံ့ပိုးမှုများနှင့် အကြံဉာဏ်များပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခွင့်ရှိသည်။ ၄၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာလူထုသည် အောက်ဖော်ပြပါ လုပ်ငန်းများကို ထမ်းဆောင်ရန် တာဝန်ရှိသည်(က) မိမိရပ်ရွာဒေသရှိ ကျောင်းနေအရွယ်ကလေးများကို အခြေခံပညာပြီးမြောက်ရေးအတွက်

ဝိုင်းဝန်းကူညီရေး။ (ခ) မိမိရပ်ရွာဒေသတွင် ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးကို အကောင်

အထည်ဖော် ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးရေး၊ (ဂ) ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရန်နှင့် အသိဉာဏ်ပညာမြင့်မားစေရန် တို့အတွက် ရပ်ရွာအခြေပြုပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ရေး။

အခန်း (၁၁)

ဘဏ္ဍာရေး ၄၉။ သူငယ်တန်းပညာရေးနှင့် အခြေခံပညာရေး အဆင့်အလိုက်ပညာရေး လုပ်ငန်းများအတွက် နှစ်စဉ်ဘဏ္ဍာငွေ လိုအပ်ချက်ကို ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနများက ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြတောင်းခံရမည်။ ၅၀။ ဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနများ၊ ရုံးများနှင့် ကျောင်းများသည် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သတ်မှတ်ချက်နှင့်အညီ စိစစ်လက်ခံနိုင်သည်။ ၅၁။ ဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနများ၊ ရုံးများနှင့် ကျောင်းများသည် – (က) ဘဏ္ဍာငွေသုံးစွဲရာတွင် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သုံးစွဲပြီး | စာရင်းဇယားမှတ်တမ်းများကို အလှူရှင်နှင့် အများပြည်သူတို့ ထင်သာမြင်သာရှိစေရန်

ဆောင်ရွက်ရမည်။ ( ခ) ပုဒ်မ ၅၀ အရ လက်ခံရရှိသော ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို ပညာရေး

ကဏ္ဍဖွံ့ဖြိုးမှုအတွက် ထိရောက်စွာ သုံးစွဲရမည်။ ( ဂ ) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ

စစ်ဆေးမှုကို ခံယူရမည်။ အခန်း (၁၂)

အထွေထွေ

၅၂။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို တည်ထောင်ခွင့်ပြုခြင်းနှင့် ပညာရေးလုပ်ငန်းများ၌ ပုဂ္ဂလိကအခန်းကဏ္ဍ၏ ပူးပေါင်းပါဝင်ခြင်းတို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။ ၅၃။ ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်[ (က) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်း

များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ ( ခ) ကောင်စီ၊ ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာန

များသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။ ၅၄။ ဤဥပဒေမပြဋ္ဌာန်းမီက တည်ရှိခဲ့သော ပညာရေးဆိုင်ရာဥပဒေများအရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။ ၅၅။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံပညာရေးဥပဒေ (ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၄) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။