လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ 

                                                              (၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ။)

                                                                       ၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

                                                                       (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်) 

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ 

 

၁။ ဤဥပဒေကို လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။ 

၂။ လယ်ယာမြေဥပဒေတွင်ပါရှိသော “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့” ဆိုသည့် စကားရပ်ကို “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့” ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။ ၃။ လယ်ယာမြေဥပဒေ ပုဒ်မ ၃ တွင်(က) ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုးရမည်“(က) လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးသည့်ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟု သော်လည်းကောင်း၊ ရွှေ့ပြောင်းတောင်ယာမြေဟုသော်လည်းကောင်း သတ်မှတ်သည့် မြေများကို ဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာ နယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍

စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများမပါဝင်။” ( ခ ) ပုဒ်မခွဲ ( ဂ ) ကို အောက်ပါအတိုင်း အစားထိုးရမည်“( ဂ) မြေနုကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့ နစ်မြုပ်လေ့ရှိပြီး ရေကြောင်းအနေအထား

အရ တည်နေရာ၊ အကျယ်အဝန်း၊ မြေသားနှင့် ပုံသဏ္ဌာန် ပြောင်းလဲတတ်သည့် ခိုင်မြဲမှု

မရှိသောမြေကို ဆိုသည်။” (ဂ ) ပုဒ်မခွဲ ( ဂ )၏ နောက်တွင် ပုဒ်မခွဲ (ဃ) နှင့် (င )တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဃ) ကိုင်းကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့ နစ်မြုပ်လေ့ရှိပြီး ရေကြောင်းအနေအထား

အရ တည်နေရာ၊ အကျယ်အဝန်း၊ မြေသားနှင့် ပုံသဏ္ဌာန် မပြောင်းလဲသည့် ခိုင်မြဲမှု ရှိသောမြေကို ဆိုသည်။ (င) ရွှေ့ပြောင်းတောင်ယာမြေ ဆိုသည်မှာ တောင်ကုန်း၊ တောင်စောင်းနှင့် ကုန်းမြင့်ဒေသ

များတွင် သစ်ပင်ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်း၍ တစ်နေရာတည်းတွင် အမြဲတမ်း အတည်တကျ စိုက်ပျိုးခြင်းမရှိဘဲ အလှည့်ကျ မြေအနားပေးစနစ်ဖြင့် စိုက်ပျိုးသော မြေကို ဆိုသည်။”

(ဃ) ပုဒ်မခွဲ (ဃ)၊ (င)၊ (စ)၊ (ဆ)၊ ( ဇ ) နှင့် (ဈ) တို့ကို ပုဒ်မခွဲ (စ)၊ (ဆ)၊ ( ဇ )၊ (ဈ)၊ (ည) နှင့် (ဋ)

တို့အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။ (င) ပြောင်းလဲအမှတ်စဉ်ထားသည့် ပုဒ်မခွဲ (ဆ) ကို အောက်ပါအတိုင်း အစားထိုးရမည်“(ဆ) တောင်သူလယ်သမား ဆိုသည်မှာ အောက်ဖော်ပြပါ တစ်ရပ်ရပ်နှင့် ကိုက်ညီသူကို

ဆိုသည်(၁) မြေကိုအသုံးပြု၍သော်လည်းကောင်း၊ အခြားနည်းကိုအသုံးပြု၍သော်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် ယင်းနှစ်ရပ်လုံးကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် မိမိကိုယ်တိုင်လုပ်ကိုင်သူ သို့မဟုတ်

မိမိကိုယ်တိုင် အစဉ်တစိုက် လုပ်ကိုင်ခဲ့သူ၊ (၂) ဆိုင်ရာနှစ်တွင် မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုတွဲဖက်၍ လုပ်ကိုင်ခြင်းကိုဖြစ်စေ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်

ကြီးကြပ်လုပ်ကိုင်သူ၊ (၃) မြေကိုအသုံးပြု၍သော်လည်းကောင်း၊ အခြားနည်းကိုအသုံးပြု၍သော်လည်းကောင်း

ရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် သို့မဟုတ် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ရန်အလို့ငှာ အရင်းအနှီး မတည် စိုက်ထုတ်၍ လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်လုပ်ကိုင်သူ

သို့မဟုတ် ကြီးကြပ်စီမံ လုပ်ကိုင်သူ၊ (၄) မြေကိုအသုံးပြု၍သော်လည်းကောင်း၊ အခြားနည်းကို အသုံးပြု၍သော်လည်းကောင်း

စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ၊ (၅) စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့နှင့် ဆက်နွှယ်လျက် ရှိသော ထုတ်လုပ်မှုလုပ်ငန်းအလို့ငှာ မြေကိုအသုံးပြု၍သော်လည်းကောင်း၊ အခြားနည်းကိုအသုံးပြု၍သော်လည်းကောင်း ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့်သားပေါက်များ

ကိုယ်တိုင်ထုတ်လုပ် ရောင်းချသူ။” (စ ) ပုဒ်မခွဲ (ည) ကို ပုဒ်မခွဲ ( ဌ ) အဖြစ် အောက်ပါအတိုင်း အစားထိုးရမည်“( ဌ ) တောင်သူလယ်သမားအဖွဲ့အစည်း ဆိုသည်မှာ တောင်သူလယ်သမားအခွင့်အရေးနှင့်

အကျိုးစီးပွားများအတွက် ကိုယ်စားပြုကာကွယ်ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်နှင့်အညီ တောင်သူလယ်သမားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို

ဆိုသည် (ဆ) ပုဒ်မခွဲ (ဋ ) ကို ပုဒ်မခွဲ ( ၃ ) အဖြစ် အောက်ပါအတိုင်း အစားထိုးရမည် – *( ၃ ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း

ဝန်ကြီးဌာနကို ဆိုသည်။” ( ဇ ) ပုဒ်မခွဲ ( ဌ ) ပုဒ်မခွဲ (ပ ) အဖြစ် အောက်ပါအတိုင်း အစားထိုးရမည် –

“(ဎ) ဦးစီးဌာန ဆိုသည်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ဆိုသည်။” ၄။ လယ်ယာမြေဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)ကို အောက်ပါအတိုင်း အစားထိုးရမည်“(က)( ၂) အကြောင်းထူးမရှိလျှင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အခြေချ

နေထိုင်သူဖြစ်ရမည်။ မြေတည်ရာဒေသတွင် အခြေချနေထိုင်သည့် မြေမဲ့ ယာမဲ့

များကို ဦးစားပေးရမည်။” ၅။ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က)နှင့် (င ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် – “(က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ရာသီသီးနှံကို ပြောင်းလဲ

စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊ ( င ) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ သို့မဟုတ် အစိုးရ

အသိအမှတ်ပြုထားသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်လည်းကောင်း၊

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊” ၆။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၁၀။ ဤဥပဒေ ပုဒ်မ ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ ပြဋ္ဌာန်းချက်များသည် မြေနုကျွန်းမြေ

လုပ်ကိုင်ခွင့်ချထားခြင်း၊ ရွှေ့ပြောင်းတောင်ယာမြေစိုက်ပျိုးခြင်းတို့နှင့် မသက်ဆိုင်စေရ။” ၇။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၁ ကို အောက်ပါအတိုင်းအစားထိုးရမည်

“၁၁။ မြေနုကျွန်းမြေလုပ်ကိုင်ခွင့် ချထားခြင်းနှင့် ရွှေ့ပြောင်းတောင်ယာမြေစိုက်ပျိုးခြင်း ကိစ္စရပ်များ အတွက် ဤဥပဒေအရပြုသည့် နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရမည်။ ထိုသို့ ပြဋ္ဌာန်းရာတွင် မြေနုကျွန်းမြေ လုပ်ကိုင်ခွင့်ချထားခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုနယ်မြေအပေါ် အခြေခံရမည်။” လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ တွင်(က) ပုဒ်မခွဲ ( ခ ) ပါ “ဝန်ကြီးဌာနက စည်းကြပ်သော ”ဆိုသည့် စကားရပ်ကို “တည်ဆဲဥပဒေ

တစ်ရပ်ရပ်အရ စည်းကြပ်သော” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ (ခ) ပုဒ်မခွဲ (ဂ) ပါ “ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခ”

ဆိုသည့် စကားရပ်ကို “မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့် လယ်ယာမြေတန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရသတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်းမှတ်ပုံတင်ခ” ဆိုသည့် စကားရပ်ဖြင့်

အစားထိုးရမည်။ (ဂ) ပုဒ်မခွဲ (စ) ကို ပယ်ဖျက်ရမည်။ (ဃ) ပုဒ်မခွဲ (ဆ)၊ (ဇ)၊ (ဈ) နှင့် (ည) တို့ကို ပုဒ်မခွဲ (စ)၊ (ဆ)၊ (ဇ ) နှင့် (ဈ) တို့အဖြစ် ပြောင်းလဲ

အမှတ်စဉ်၍ ပြောင်းလဲအမှတ်စဉ်ထားသည့် ပုဒ်မခွဲ (ဆ) နှင့် (ဇ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်“(ဆ) လယ်ယာမြေကို ရာသီသီးနှံ အမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်

မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရ။ (ဇ ) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လုပ်ထားခြင်း မပြုရ။

သို့ရာတွင် လယ်ယာမြေကိုလုပ်ထားရန် အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်ပါက မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့ လုပ်ထားခြင်း

သည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်ထက် မပိုစေရ။” ၉။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၁၃။ လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု

အဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်သောအမိန့်ကို လိုက်နာရမည်။” ၁၀။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၄ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၁၄။ မည်သူမဆို လယ်ယာမြေလုပ်ပိုင်ခွင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းကိုမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊

ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ။” ၁၁။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန” ဆိုသည့် စကားရပ်ကို “လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။ ၁၂။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ ( ခ ) ၏ နောက်တွင် ပုဒ်မခွဲ ( ဂ ) နှင့် ပုဒ်မခွဲ (ဃ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်“( ဂ ) မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းရာတွင် တောင်သူလယ်သမား ကိုယ်စားလှယ်

ငါးဦး ပါဝင်ဖွဲ့စည်းရမည်။ (ဃ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းရာတွင် ရပ်မိ ရပ်ဖ

နှစ်ဦးနှင့် ဒေသခံတောင်သူလယ်သမားများမှ ရွေးချယ်ပေးသော တောင်သူလယ်သမား

ကိုယ်စားလှယ် သုံးဦးတို့ ပါဝင်ဖွဲ့စည်းရမည်။” ၁၃။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က)၊ (ဃ)၊ (စ)၊ (ဇ)၊ (ဈ) နှင့် (ည) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ်

ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်

များကို သတ်မှတ်ခြင်း၊ (ဃ) ပုဒ်မ ၁၉၊ ပုဒ်မခွဲ ( ဂ ) နှင့် (ဃ) တို့ပါ စီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ခြင်းခံရသူ၏

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း၊ ပုဒ်မ ၃၁ အရ လယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်းနှင့် ပုဒ်မ ၃၇ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၏

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း၊ ( စ ) ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့်

စာသင်ကျောင်း၊ အားကစားကွင်း၊ ကျေးရွာချင်းဆက်လမ်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန်နှင့် အခြားလိုအပ်သော အဆောက် အအုံများအတွက် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ်

ပြည်နယ်၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊ ( ဇ ) လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာ

စနစ်သို့ ကူးပြောင်းနိုင်ရန် လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းများ၊ လယ်ကြားမြောင်းများ အတွက် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊

နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်ကိုစိစစ်ပြီး အတည်ပြုခြင်း၊ (ဈ) မြေနုကျွန်းမြေ လုပ်ကိုင်ခွင့်ချထားရေးနှင့် ယင်းလုပ်ကိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးဆိုင်ရာ

မူဝါဒများ ချမှတ်ခြင်း၊ (ည) ရွှေ့ပြောင်းတောင်ယာမြေစိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ မူချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်

ကွပ်ကဲခြင်း၊” ၁၄။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ တွင် ပါရှိသော “သင့်လျော်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်” ဆိုသည့် စကားရပ်ကို “သက်ဆိုင်သည့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အား လုပ်ပိုင်ခွင့်အပ်နှင်းရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ၁၅။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ ၏ခြေဆင်းကို အောက်ပါအတိုင်းအစားထိုးရမည် –

“၁၉။ ဤဥပဒေပုဒ်မ ၁၂ အရ စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ လိုက်နာရန်ပျက်ကွက်လျှင် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက်

အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-” ၁၆။ လယ်ယာမြေဥပဒေ ပုဒ်မ ၂၀ ကို အောက်ပါအတိုင်း အစားထိုးရမည်“၂၀။ (က) ပုဒ်မ ၁၉ အရ ချမှတ်သည့်အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ

လုပ်ပိုင်ခွင့်ရရှိသူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထား

တရားစွဲဆိုနိုင်သည်။ (ခ ) ပုဒ်မ ၁၃ အရ ချမှတ်သည့်အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူမဆို ယင်းအမိန့်ပါ

သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသော် လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း

သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။” ၁၇။ လယ်ယာမြေဥပဒေ ပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၂၁။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန် ပျက်ကွက်လျှင် ထိုအခွန်အခများကို မြေခွန်မပြေ ကျန်ငွေ

ဖြစ်ဘိသကဲ့သို့ ဥပဒေနှင့်အညီ ကောက်ခံခြင်းခံရမည်။” ၁၈။ လယ်ယာမြေဥပဒေ ပုဒ်မ ၂၅ ၏ နောက်၌ ပုဒ်မ ၂၅-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက် ရမည်

“၂၅-က။ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်သည် ကျိုးကြောင်းဖော်ပြချက်နှင့်တကွ ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို

ချမှတ်သည့်နေ့မှ ခုနစ်ရက်အတွင်း အငြင်းပွားသူများ လက်ဝယ်သို့ ပေးအပ်ရမည်။” ၁၉။ လယ်ယာမြေဥပဒေ ပုဒ်မ ၂၆ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၂၆။ နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ သိမ်းယူသည့် လယ်ယာမြေနှင့် ယင်းလယ်ယာမြေပေါ်၌ အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်း အပါအဝင် မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထားသည့် ကိစ္စရပ်များအတွက် နစ်နာမှုမရှိစေရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ

ဆောင်ရွက်ရမည်။” ၂၀။ လယ်ယာမြေဥပဒေ ပုဒ်မ ၂၇ တွင် ပါရှိသော “ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရ ” ဆိုသည့် စကားရပ်ကို “ ပုဒ်မ ၁၉၊ ပုဒ်မခွဲ ( ဂ )၊ (ဃ) သို့မဟုတ် ပုဒ်မ ၃၇ အရ ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ၂၁။ လယ်ယာမြေဥပဒေ ပုဒ်မ ၂၈ တွင်(က) ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်“၂၈။ ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန်

လျှောက်ထားချက်နှင့်စပ်လျဉ်း၍ …” ( ခ ) ပုဒ်မခွဲ (က) ၌ ပါရှိသော “လယ်မြေတွင်” ဆိုသည့် စကားရပ်၏နောက်တွင် “ရာသီသီးနှံမှ”

ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။ (ဂ) ပုဒ်မခွဲ ( ခ ) ကို အောက်ပါအတိုင်း အစားထိုးရမည်*( ခ )တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် | လယ်မြေမှတစ်ပါး လယ်ယာမြေတွင် ရာသီသီးနှံမှ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးရန်

ဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုနိုင်သည်။” ၂၂။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင် ပါရှိသော “ ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်။” ဆိုသည့် စကားရပ်ကို “ယင်းလယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ၂၃။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၂ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၃၂။ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် အများပြည်သူအကျိုးအလို့ငှာ လယ်ယာမြေကို သိမ်းယူရာတွင် သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အနည်းဆုံးလိုအပ်သော

ပမာဏကိုသာ သိမ်းယူရမည်။” ၂၄။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၅ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၃၅။ မည်သူမဆို ပုဒ်မ ၁၉ အရ ချမှတ်သော အမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ

ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ၂၅။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၃၇။ မည်သူမဆို ပုဒ်မ ၁၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းအောက်မနည်းသည့် ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။” ၂၆။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မ ၃၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“၃၇-က။ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရရှိဘဲ လယ်ယာမြေကို ကျူးကျော်

လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့စည်းတစ်ခုခုက ဤဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင် ခွင့်ရရှိထားသည့် လယ်ယာမြေအပေါ် ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်သော်လည်းကောင်း ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်း

အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ၂၇။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၈ တွင် ပါရှိသော “တောင်သူလယ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်သည်။” ဆိုသည့် စကားရပ်ကို “ တောင်သူလယ်သမားအဖွဲ့အစည်းကို တောင်သူလယ်သမားများဖြင့် ဖွဲ့စည်း နိုင်သည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ၂၈။ လယ်ယာမြေဥပဒေ ပုဒ်မ ၄၀ ကို ပယ်ဖျက်ရမည်။ ၂၉။ လယ်ယာမြေဥပဒေပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ တို့ကို ပုဒ်မ ၄၀ နှင့် ပုဒ်မ ၄၁ တို့အဖြစ် ပြောင်းလဲ အမှတ်စဉ်၍ ပြောင်းလဲအမှတ်စဉ်ထားသည့် ပုဒ်မ ၄၀ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၄၀။ ပုဒ်မ ၃၇ နှင့် ပုဒ်မ ၃၇-က တို့အရ တရားစွဲဆိုသော ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။