Myanmar Law Center (မြန်မာဥပဒေများ)

“ဥပဒေတွေ ရေးထားတာ ဘာတွေမှန်း မသိဘူး။ နားမလည်ဘူး” လို့ ဆင်ခြေပေးပြီး၊ ရှောင်ကွင်းနေရင်တော့ သေချာပါတယ်။ တစ်နေ့ကျရင် ဒုက္ခရောက်ဘို့ များပါတယ်။ အဲဒီလောက် မခက်ပါဘူး။ ကြိုးစား ဖတ်ကြည့်ပါ။ ၅၀% မကတော့ နားလည်ပါလိမ့်မယ်။ ဥပဒေ ဆိုတာ နိုင်ငံတစ်နိုင်ငံစီမှာ ရှိတဲ့ နေထိုင်သူတိုင်း (နိုင်ငံသား+ နိုင်ငံခြားသား တိုင်း) လိုက်နာရမယ့် စည်းကမ်းတွေ ဖြစ်ပါတယ်။ ကိုယ့် စည်းကမ်းမှ ကိုယ်မသိရင် အဲဒီတိုင်းပြည် ဘယ်လိုနေမလဲ? ဥပဒေဆိုတာ အများအားဖြင့် ချိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ပါလာတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။ မသိလိုက်လို့ ခံလိုက်ရတာမျိုး မဖြစ်အောင်၊ မသေချာလို့ သိချင်တဲ့အခါ ရှာလို့ရအောင်၊ ရည်ညွှန်းလို့ရအောင် ပြည်သူအများအတွက် ခေတ်အလိုက် ဥပဒေများကို မြန်မာနက်မှ စုစည်း တင်ပြထားပါတယ်။

Search a Myanmar law here. ဤဆိုက်တွင် ISO-10646 standard ယူနီကုဒ်ကို အသုံးပြုထားသဖြင့် ရှာလိုရာကို တိတိကျကျ ရှာဖွေပေးနိုင် ပါသည်။ မိမိ ရှာလိုသည့် စာလုံးကို ဤနေရာတွင် မြန်မာ ယူနီကုဒ်ကို အသုံးပြု၍ ရိုက်ပြီးရှာပါ။

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

ယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles.

Download here.

CSR project by Myanmars.NET

Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.

၁၈၀၀ မှ ယနေ့ထိ  မြန်မာ ဥပဒေများ (Myanmar Laws from 1800s to Today)

မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား… ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။ သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။
မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။
ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။
/ အယ်ဒီတာ

ဤကဏ္ဍတွင် ၂၀၁၆ ဧပြီလမှစ၍ NLD ပါတီ အစိုးရ လက်ထက် ထုတ်ပြန်သော ဥပဒေများကို ဤနေရာတွင် စုစည်း တင်ပြထားပါသည်။

2017-02-28 – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ (၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂။) ၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို...

2016-10-18 – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀။) ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ( ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် ) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ၁။ ဤဥပဒေကို...

2016-12-02 – ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၁။) ၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ( ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် ) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို ရပ်ကွက်...

2016-10-04 – ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ

 ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈ ။) ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ( ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် ) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ အခန်း(၁)...

2016-10-04 – အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၉ ။) ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် (၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို အရေးပေါ်စီမံမှုအက်ဥပဒေကို...

2016-08-31 – ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

 ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆။ ) ၁၃၇၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်    (၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။   ဤဥပဒေကို ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု...

2016-07-29 – မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့် ဥပဒေ

 မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့် ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅။) ၁၃၇၈ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက် ( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။  ၁။ဤ ဥပဒေကို မန္တလေးမြို့တော်...

2016-07-29 – ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ

 ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၄။) ၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက် ( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)   ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။   ၁။ဤ ဥပဒေကို ရန်ကုန်မြို့တော်...

2016-07-29 – အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၃၃။) ၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက် ( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို အဂတိလိုက်စားမှု...

2016-06-08 – တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂။) ၁၃၇၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် (၂၀၁၆ ခုနှစ်၊ ဇွန်လ ၈ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို...

2016-06-08 – အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁။) ၁၃၇၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် (၂၀၁၆ ခုနှစ်၊ ဇွန်လ ၈ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို အမျိုးသားလွှတ်တော်...

2016-06-08 – ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀။) ၁၃၇၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် (၂၀၁၆ ခုနှစ်၊ ဇွန်လ ၈ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ၁။ ဤဥပဒေကို...

2016-05-31 – ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၉။) ၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်) ၁။ ဤဥပဒေကို ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ပြည်သူ့ကောင်စီဥပဒေ (၁၉၇၄ ခုနှစ်၊...

2016-05-31 – နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၈။) ၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်) ၁။ ဤဥပဒေကို နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ နိုင်ငံတော်ကောင်စီဥပဒေ (၁၉၇၄...

2016-05-26 – နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၇။) ၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို...

2016-04-06 – နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆။) ၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် (၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်) နိဒါန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဈေးကွက်...

Our Visitor

8122633