Skip to main content

Posts

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့
Recent posts
  စိုက်ပျိုးစရိတ်၊ သွင်းအားစု ၊ မျိုးစေ့စျေးနှုန်းများကြီးမြှင့်လာသည်နှင့်အမျှ တောင်သူများသည်လည်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အလေအလွင့်မရှိစေရန် ဂရုတစိုက် လုပ်ဆောင်လာ ကြပါတယ်။ ကျွန်တော့်မိတ်ဆွေ တောင်သူဦးကြီးများနဲ့ စကားလက်ဆုံ ပြောမိခဲ့အခါမှာ ယခင်နှစ်များက ထက် မျိုးနှုန်းထား ကို လျော့ သုံးစွဲ လာကြတာကိုတွေ့ရတဲ့အတွက်များစွာ ၀မ်းသာရပါတယ်။ "ပုံမှန်ဆို ၂၊၃ တင်း ကြဲတာ အခု တော့ Seederနဲ့ ချမယ်ကွာ ၊အပင်ပေါက်လဲကောင်း လိုချင်သလိုမျိုးစေ့အထူအပါး ချိန်လို့လဲ ရတဲ့အတွက် အဆင်ပြေ တယ် " ဆို တဲ့ စကားသံတွေ ကြားသိ ခဲ့ ရပါတယ်။ ကြဲခင်း လည်း တကယ် ကောင်းရင် အထွက်ပိုနိုင်ပါတယ်။သို့သော် ကြဲခင်းမှာ ကြွက်၊ငှက် များဖျက်ဆီးမှု မှ ကာမိစေရန် မျိုးစေ့ ကိုလိုတာထက်ပိုသုံးကြပါတယ်။ ကျွန်တော် တောင်သူ တစ်ယောက် ပြောတာလေး သဘောကျ လို့ "ဦးလေးတို့က သေချာ တာ ကို ပဲ လုပ်တယ်၊မျိုးမှာ များ များ သုံး ပြီး အပင်ပေါက်စုံမှ တွက်ခြေကိုက်တယ် " ဆို တဲ့ စကားလေးပေါ့။ သူ့စကားသူ က ဟုတ်နေ သည်။ ဒါပေမယ့် မျိုးစေ့ ၁တင်း ကုန်မယ့် ကိစ္စ ၂ဆ ၃ဆ ကုန်နေတာတော့ လက်မခံပါ။ကျွန်တော်ရှင်းပြတော့မှ သဘောပေါက် ပြီး Seederနဲ့မျိုးစေ့ချမယ်ကွာ တ
 ပဲ တွေထွက်ကြသည် သို့သော် ထွက်သလောက်မရ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့်တောင်သူဘ၀ ရိတ်သိမ်းချိန်လွန်နည်းပညာဆိုတာ ရိတ်သိမ်းပြီးနောက် လယ်ယာထွက်ကုန်များကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းတို့တွင် သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ အခြေခံမူများကို အသုံးချခြင်းဖြစ်သည်။ ရိတ်သိမ်းချိန်လွန်နည်းပညာကို အရည်အသွေးမြှင့်တင်ရန်နှင့် အစားအစာများ၏ သက်တမ်းကို တိုးမြှင့်ရန်အတွက် အသုံးပြုပါသည်။ အလေအလွင့်ကို လျှော့ချရန်နှင့် အစားအသောက် ဘေးကင်းရေးကိုလည်း မြှင့်တင်ပေးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင် ရိတ်သိမ်းပြီးနောက် ကောက်ပဲသီးနှံနှင့် ပဲပင်၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုမှာ မျှမျှတတဖြစ်လေ့ရှိသည်။ အာဖရိကနှင့် လက်တင်အမေရိက၏ အချို့သောဒေသများတွင် ရိတ်သိမ်းသည့်ပမာဏ၏ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားသောနှုန်းထားများဆုံးရှုံးသည် ကို တွေ့ရှိရသည်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ရိတ်သိမ်းပြီး နောက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ် နေရသည်။ ပဲတွေထွက်ကြသည် သို့ သော် ထွက်သလောက်မရကြပါ။ဘာကြောင့်လဲဆိုတော့ မြေပြင် အခြေအနေ အရ မခြွေနိုင်သေးတဲ့ပဲပုံတ

ကောက်ရိုးတွင် ကျန်ရှိနေသောအာဟာရဓာတ်များ

စပါးခင်း/ ပဲခင်းတွေ ရိတ်သိမ်းပြီးလို့ ကျန်ခဲ့တဲ့ ကောက်ရိုး/ ပဲရိုးတွေထဲမှာ ဘယ်လိုအာဟာရဓာတ်တွေ အဓိက ကျန်နေမလဲ။  တချို့တောင်သူတွေဆိုရင် ဘယ်သီးနှံမှာ ဘာဓာတ်က ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး ဇယားတွေနဲ့ပါ ပြတာကို အားရစရာ တွေ့ရှိရပါတယ်။ တချို့လည်း ကောက်ရိုး/ ပဲရိုးတွေကို လယ်ကွက်အနှံ့ဖြန့်တယ်ဆိုတာကို ဝမ်းသာစရာ တွေ့ရပါတယ်။ တချို့ကေမန့်တွေမှာတော့ ဖျက်ပိုး/ ရောဂါကျတာမို့လို့ အာဟာရဓာတ်တွေ ပါဝင်နေတာကို သိလည်းပဲ မတတ်နိုင်ဘဲ မီးရှို့ရမှာဆိုတာကို ဖတ်လိုက်ရပါတယ်။ ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကောက်ရိုး/ပဲရိုးထဲ အဓိကကျန်နေသေးတဲ့ အာဟာရဓာတ်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ ဒါပေမဲ့ မှတ်ရလွယ်အောင် လိုတိုရှင်း ပြောရရင် ကောက်ရိုး/ပဲရိုးတွေထဲမှာ မိတ်ဆွေတို့ သီးနှံရာသီတိုင်း သေချာတွက်ချက်ပြီး ဝယ်သုံးနေရတဲ့ အများလို အာဟာရဓာတ် (၃) မျိုးလုံး ပါနေပါတယ်။  **အများလို အာဟာရဓာတ် (၃) မျိုးက ဘယ်လောက်စီ ပါတာလဲ?** လို့ တွေးနေမိပြီလား… တစ်ဧကလယ်ကွက်ကနေ ထွက်လာတဲ့ **ကောက်ရိုး**တွေမှာဆိုရင် **ပုလဲ (၁၉) ပြည်၊ တီစူပါ (၂) ပြည်၊ ၊ပိုတက်ရှ် (၂၂) ပြည်ခန့်** **ပဲရိုး/ပဲမှော်**တွေထဲမှာလည်းပဲ **ပုလဲ (၁၆) ပြည်၊ တီစူပါ (၆) ပြည

ရွက်ဖျန်းအားဆေးများ ပက်ဖျန်းလျှင် သတိပြုစေချင် .....

 သီးနှံပင်များရှင်သန်ကြီးထွားရန်အာဟာရဓာတ်(၁၆)မျိုးလိုအပ်ပါသည်။ ၎င်းဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယံ၊  ဆာလ်ဖာ၊ သံ၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မောလ်ဒီနန်၊ ကလိုရင်းဓာတ်တို့ ဖြစ်ပါသည်။ ထိုဓာတ်များထဲမှ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်တို့ကိုအများအားဖြင့် ဓာတ်မြေဩဇာ မှရရှိပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်ဓာတ်များကိုလေမှရရှိပါသည်။ ကျန်ဓာတ်များကိုတော့မြေဆီလွှာအတွင်းမှရရှိပြီး တစ်ချို့မြေဆီလွှာအတွင်း၎င်းဓာတ်များချို့တဲ့ နေလျှင်သီးသန့်ထည့်ပေးရတာလည်းရှိပါသည်။  သီးနှံပင်များအတွက်လိုအပ်သည့်ဓာတ်များကို မြေဆီလွှာအတွင်းထည့်ပေးလိုက်ပါက မြေဆီလွှာ အတွင်းမှာရှိသည့် ရေ(သို့မဟုတ်)အစိုဓာတ်နှင့်ပျော်ဝင်ပြီး ၎င်းဓာတ်များကိုအမြစ်များကစုပ်ယူကာ အပင်ကြီးထွား ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းရေးအတွက်အသုံးချပါသည်။ တစ်ခါတစ်ရံတွင် တစ်ချို့ဓာတ်များသည်မြေဆီလွှာထဲကိုထည့်ပြီး အမြစ်ကစုပ်ယူစေသည့်နည်းစနစ်ထက်အပင် အရွက် ပေါ်ကိုအရည်အဖြစ်နှင့်ဖျန်းပေးတာက အပင်ကပိုပြီးမြန်မြန်ဆန်ဆန်စုပ်ယူစားနိုင်ကြ

မွှားပင့်ကူနီအကြောင်း

 “မွှားပင့်ကူနီ”  မြန်မာအမည် - မွှားပင့်ကူနီ အင်္ဂလိပ်အမည် - Red spider mite သိပ္ပံအမည် - Tetranychus urticae   သီးနှံပင်များတွင် ဆိုးဝါးစွာကျရောက်လေ့ရှိသည့် ဖျက်ပိုးပေါင်းများစွာတွင် “မွှားပင့်ကူနီ” သည် အပါအဝင်ဖြစ်သည်။ မွှားပင့်ကူနီ ကျရောက်ပါက သီးနှံပင်များ၏ ပင်ရည်များကိုစုပ်ယူစားသောက်ပြီး အရွက်များတွန့်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း စသည်တို့ဖြစ်ပေါ်တတ်ပြီး သီးနှံပင်အရည်အသွေး ကျဆင်းကာ အထွက်နှုန်းကိုပါ လျော့ကျထိခိုက်စေနိုင်သည်။  မွှားပင့်ကူနီသည် အရွယ်အစား (၁) မီလီမီတာထက်သေးငယ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီမှာ အဝါရောင် (သို့) အဝါဖျော့ရောင် အစက်လေးများရှိသည့် ပင့်ကူငယ်လေးများဖြစ်သည်။ ၎င်းအကောင်ငယ်လေးများကို အပင်ရဲ့အရွက်အောက်မျက်နှာပြင်များတွင် အမြောက်အများတွေ့ရှိနိုင်ပါသည်။ ဆိုးရွားစွာကျရောက်ချိန်တွင် အပင်အရွက်များပေါ်တွင် ပင့်ကူမျှင်လေးများကိုပါ တွေ့ရှိနိုင်သည်။ နေ့တာတိုသည့်ဆောင်းရာသီတွင် ပိုးကောင်လေးများသည်အနီရောင်ရင့်ရင့်သို့ပြောင်းသွားပြီး ဆောင်းခိုရန်အတွက် သီးနှံပင်များကို စွန့်ခွာသွားတတ်ကြသည်။  မွှားပင့်ကူနီသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် မျိုးပွားနှုန်း နှင့် အသက်ရှင်သန်နိုင်မှု

ကြက်သွန်တွင် ကျရောက်သောရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်း "

ကြက်သွန်စိုက်ခင်းတွေမှာ ကျရောက်တတ်တဲ့ရောဂါတွေအကြောင်းကို  တောင်သူဦးကြီးများအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါ --------------------------------------------- ရောဂါဖြစ်စေသည့် သက်ရှိ  - Peronospora desturctor ရောဂါကျရောက်သည့်အချိန် - ဆောင်းရာသီ၊ မိုးရာသီ ရောဂါလက္ခဏာ ။   ။  ဒေါင်းနီးမှိုရောဂါသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် ကြက်သွန်မျိုးရင်းဝင် အပင်များတွင် ကျရောက်နိုင်ပါသည်။ အရွက်ပေါ်တွင် ရွက်ပြောက်ဖြစ်ခြင်း၊ အရွက်တစ်ခုလုံးခြောက်ခြင်းတို့ ဖြစ်ပေါ်စေသည်။ အရွက် ထိပ်ဖျားမှ စတင်၍အောက်ဖက်သို့ ဘဲဥပုံရှိစိမ်းဝါဖျော့ရောင် (သို့) မီးခိုးရောင် အကွက်ကြီးများဖြစ်လာသည်။ အရွက်ထိပ်ဖျားမှာ အရောင်ဖြူ၍လိမ်ကောက် လာပြီး အောက်သို့ငိုက်ကျလာသည်။ ၎င်းလက္ခဏာမှာအရွက်ရင့်များတွင် စတင်ဖြစ်ပေါ်သည်။ အကွက်ရှည်များထဲတွင် မီးခိုးပြာ (သို့) ခရမ်းမှိုင်းရောင် မှိုအစုအဝေးကို တွေ့နိုင်သည်။ နောက်ပိုင်းတွင် ၎င်းနေရာများဖြူ၍ ခြောက်သွား သည်။ သိုလှောင်ထားသော ကြက်သွန်များတွင် ရောဂါကျပါကပုပ်၍ ရှုံ့တွလာ သည်။ အပြင်ဘက် ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီ  အညှောင့်ပေါက်လာနိုင်သည်။ ရောဂါသံသရာ ။  ။

နောက်ပိုင်းနှစ်များတွင်နေကြာသီးနှံများတွင်ကျရောက်နိုင်ခြေများသော ပိုးမွှား

  Sunflower Headclipping Weevil Scientific Name-Haplorhynchites aeneus  ဖျက်ကောင်၏လက္ခဏာများ ရှည်လျားပြီး ကွေးညွှတ်သော နှာမောင်းနှင့် ပျော့ပျောင်းသော တောင်ပံများ ဖုံးအုပ်ထားသော 1.0 စင်တီမီတာ (1/3 လက်မ) ခန့်ရှည်သော အနက်ရောင်ပိုးဖြစ်သည်။ အပင်ပျက်စီးမှု၏ထူးခြားသောပုံစံဖြင့် ရောဂါရှာဖွေခြင်းကို အလွယ်ဆုံးပြုလုပ်သည်။ ပန်း ခွဲထားသော ပန်းပွင့်ခေါင်းများကို ပွင့်သောအခါ ဝတ်မှုန်တွင် ဖုံးအုပ်ထားသော အရွယ်ရောက်ပြီးသော ပိုးကောင်များ၏ မိတ်လိုက်သည့် အစုအဝေးများကို တွေ့ရတတ်သည်။ ဘဝစက်၀န်းနှင့် နေထိုင်စားသောက်ပုံအပြုအမူ တစ်နှစ်လျှင် မျိုးဆက်တစ်ခုသာ ရှိသေးပြီး အရွယ်ရောက်ကောင် များသည် ဇူလိုင်လတွင် မျိုးပွားမှုအဆင့်သို့ ချဉ်းကပ်လာသောကြောင့် နေကြာပန်းများပေါ်တွင် ပေါက်လေ့ရှိသည်။ ပိုးကောင်များသည် တခါတရံ အရွက်ညှာများ မပွင့်သေးပါက အရွက်များ ဖြတ်သွားတတ်ပါသည်။ ညှပ်ထားသော အပြုအမူကို အမ များသာ လုပ်ဆောင်ကြသည်။ ပိုးကောင်များသည် အချိန်နှင့် စွမ်းအင်များစွာကို သုံးစွဲကြသည်။ ပိုးကောင်အတွဲများကို အပင်မှတွဲလောင်းထားချိန်တွင် ခွဲထားသောခေါင်းများအတွင်း ဝတ်မှုန်များ မိတ်လိုက်ခြင်းနှင့် ဝတ်မှုန်များကို မကြာခဏတွေ့နိုင်သည်။ ဥမျ

မှန်းချက်နှင့် နှမ်းထွက်မကိုက်

 ရေးမယ်ဆိုပြီးမရေးဖြစ်တဲ့ဆောင်းပါး ပဲမျိုးစုံစျေးနှုန်းကောင်းလာသည်နှင့် အမျှ အများစုသောတောင်သူများဟာ ပဲမျိုးစုံသီးနှံကိုအားပြုစိုက်ပျိုးလာတာကိုတွေ့ရပါတယ်။ ကိုဇေ အသွားများ တဲ့လမ်းဘေး၀ဲယာမှာမတ်ပဲခင်းတွေစိုက်ထားပါတယ်။ ကောင်းတဲ့အခင်းတွေတော်တော်များများလည်းရှိပါတယ်။ မိုစေ့ ကျတဲ့ အခင်းတွေလည်းရှိပါတယ်။ တောင်သူတွေဆေးသုံးကြမ်းချက်ကတော့ တစ်ခင်းလုံး ၀ါ သည် အထိဆေးဖျန်းမပြတ်ပါ။ လမ်းသွားတိုင်း ဆေး နံ့ တွေ့ မွှန်ထူနေပါလေရော။ (Acephateအုပ်စုထဲက ဖြစ်မယ် ထင် ပါတယ်။) မသိလို့ပဲဖြစ်လေသလားလို့တော့မထင်ပါနဲ့ ။ တောင်သူများဟာ ကျွန်တော် တို့ မမွေးခင် ကတည်း အသက်မွေးဝမ်းကျောင်း ပြု လာ ခဲ့ သူ များ ဖြစ်သည့်အလျောက် ဘယ်အချိန်၊ဘယ်လိုရာသီမှာ ဘာပိုးကျတတ်တယ်၊ ဘာဆေးလေးတော့သုံးရမယ် အစရှိသဖြင့် ကျွန်တော် တို့ ထက် ပင် ကွင်းအကြောင်းနားလည်ကြသူများဖြစ်ပါတယ်။ မိုစေ့ရောဂါ ကို ကာကွယ်နိုင်ရန် မျိုးစေ့လူးနယ်ဆေးအသုံးပြုခြင်း၊ ခံနိုင်ရည် ရှိသောမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ သက်တမ်းအလိုက် ပိုးသတ်ဆေး၊မှိုသတ်ဆေးများ ဖျန်းပေးခြင်း အစရှိသော လုပ်ငန်းစဉ် များ ကို လည်းသိရှိ ပြီး ဆောင်ရွက် နိုင်သူက ဆောင်ရွက်ကြပါတယ်။ အချို့တောင်သူများကစိုးရ
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။