Oxygen | အောက်စီဂျင် ဖြည့်-ရောင်း-ငှား
List of Oxygen Cylinder Sales & Rental shops and non-profit NGOs
မှတ်ချက်။ အောက်စီဂျင်ရ နိုင်တဲ့ နေရာများကို ဖော်ပြပေးထားပါတယ်။ မြို့နယ်အမည်ကို ( ) ထဲမှာ ဖော်ပြထားပါတယ်။
- အောက်စီဂျင် ထည့်ပေးနိုင်သည့် နေရာများ စာရင်းကို ဤစာမျက်နှာတွင် နေ့စဥ် စစ်ဆေး အတည်ပြု update လုပ်ပေးလျက် ရှိပါသည်။
- အောက်စီဂျင်အိုး ငှားနိုင်/ ဝယ်နိုင်/ ဖြည့်နိုင်သော ဆိုင်များ၊ ပရဟိတ အသင်းများ၊ စေတနာရှင်အလှူရှင်များကို တတ်နိုင်သလောက် စုစည်း တင်ပြထားပါတယ်။
- ဖုန်းခေါ်ဖို့ အတွက် copy ယူစရာမလိုပဲ ဖုန်းကို တိုက်ရိုက်နှိပ်ပြီး ခေါ်လို့ ရပါတယ်။ အနီရောင် ဖြစ်နေတဲ့ ဖုန်းနံပါတ်ကို လက်နဲ့တို့လိုက်ရုံပါပဲ။ အချိန်ကုန် အလုပ်ရှုပ် သက်သာသလို၊ အချိန်နဲ့ အမျှ update လုပ်ပေးနေတာမို့ နောက်ဆုံးရ နေရာအသစ်များကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ပါတယ်။ screen shot ယူပြီး save ထားတာထက် ပိုတိကျ မှန်ကန်တဲ့ နေရာတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
- လှူဒါန်းလိုသူများကိုလည်း ကြိုဆိုပါတယ်။ အလှူရှင်များ ဆက်သွယ်လိုပါက အောက်ပါ ပရဟိတ အသင်းများသို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

#OxygenCylinder #Myanmar #oxygen #အောက်ဆီဂျင် #အောက်စီဂျင်
- ပြည်နယ်တိုင်းများတွင် အောက်စီဂျင်ရသည့် နေရာများ ကြည့်ချင်ရင် အောက်က ပြည်နယ်တိုင်း အမည်တစ်ခုခုကို နှိပ်လိုက်ပါ။
- ရန်ကုန်တိုင်း အတွင်းရှိ ဆိုင်များကို ယခုစာမျက်နှာတွင် ဖော်ပြထားပါတယ်။ အောက်စီဂျင် ဖြည့်လို့ရတဲ့နေရာ ၁၇၀ ကျော် ရှိပါတယ်။ အောက်ဆုံးမှာ ကုန်သွားရင် အနက်ရောင် ခုလုတ် စာမျက်နှာ နံပါတ်များကို ဆက်နှိပ်ကြည့်ပါ။
ဗြဟ္မစိုရ် (ကော့မှူး)
ဗြဟ္မစိုရ် လူမှုရေး ကူညီမှုအသင်း၊ကော့မှူး - အဖျောက်ကျေးရွာ
မြတ်သုခ (ကြည့်မြင့်တိုင်)
မြတ်သုခ လူမှုကူညီရေးအသင်း၊ကြည့်မြင်တိုင် သရက်တော(တောင်)
ပြည်သူ+လူရွှင်တော် (ကြည့်မြင့်တိုင်)
ပြည်သူ+လူရွှင်တော် ပရဟိတအသင်း ကြည့်မြင်တိုင်၊ ရန်ကုန်တိုင်းဒေသကြီး
ခွန်အားသစ် (တောင်ဒဂုံ)
တောင်ဒဂုံ ၇၁ရပ်ကွက် (ထွန်းတောက်အနီး)
အိုးရှိရင်လာခဲ့ပါ။ လက်ရှိ oxygenစတင်ပေးနေပါပြီ။
ပီတိရေစင် (ထန်းတပင်)
ပီတိရေစင် အောက်ဆီဂျင်နှင့်သွေး လူမှုကူညီရေးအသင်း
ရန်ကုန်ထန်းတပင် ထန်းတပင်မြို့မဈေးရှေ့ အောင်ဟိန်းကွမ်းယာဆိုင်။ စေတနာရှိသလောက် အလှူငွေထည့်နိုင်ပါသည်။
ရှင်သန်ခွင့် (တောင်ဒဂုံ)
တောင်ဒဂုံ၂၄ရပ်ကွက် free အိုးလာထားထားလို့ရသည်။ oxygen ရတာနဲ့ထည့်ပေးမည်။ အချိန်အတိအကျပြောလို့မရလို့ပါ။
ရွှေရောင်သမိုင်း (မရမ်းကုန်း)
ရွှေရောင်သမိုင်းပရဟိတ
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
ချစ်ကိုဆန်ဆိုင် (ရန်ကင်း)
ကန်ဘဲ့ဘူတာရုံအနီး ချစ်ကိုဆန်ဆိုင်မှာ ဖြည့်ပေးနေ 10L /15Lအိုးများသာ
O2 by Bo Bo Entertainment
https://www.facebook.com/BoBoEntertainmentMyanmar/photos/pcb.455361718...
NO (22/24), (101) Street, Mingalar Taung Nyunt Yangon, Myanmar, 11181
Oxygen အိုး (အောက်ဆီဂျင်အပါ) အလုံး၅၀ > ၁၇.၇.၂၀၂၁ တွင်ရောင်းချပေးပါမည် - (၁ဦးလျှင်၁လုံးသာ)
..........................................
အမှန်တကယ်လိုအပ်သူများကိုရောင်းချပေးမှာဖြစ်လို့ လိုအပ်သည့်အကြောင်းအရာအတိအကျနဲ့အတူ ပြန်လည်ဆက်သွယ်ရန်
☎️ဖုန်းနံပါတ်ကို #BoBoEntertainment message box သို့ သာပေးပို့ပါရန်
တတ်နိုင်သလောက်အားလုံးကိုကူညီချင်ပေမယ့်
ပထမအသုတ်အရေအတွက် ရတာ နည်းသည့်အတွက်
အရေးကြီးလိုအပ်သူကို ဦးစားပေးရမှာမို့ နားလည်ပေးကြပါနော်
ရောင်းပေးမည့်သူများကို ရုံးမှဖုန်းဖြင့် ဆက်သွယ်လာပါမည်။အခမဲ့ငှါးရမ်းလိုသူများလည်း Chat boxတွင်ပေးပို့ထားနိုင်ပါသည်။
chatboxသို့ msgတွေဝင်ရောက်များသဖြင့် reply မပြန်ပါက စိတ်မဆိုးကြဖို့ ကြိုတောင်းပန်ထားပါရစေနော်
https://www.facebook.com/BoBoEntertainmentMyanmar/photos/pcb.455361718...
Love Boat Hotel & Bar (ဗိုလ်တစ်ထောင်)
Vintage Luxury Yacht Hotel
ရေပေါ်ဟိုတယ်၊ ဗိုလ်တစ်ထောင်ကမ်းနား။
အိုးအသေး 10L - 15L များကို မနက်ပိုင်း refillလုပ်ပေးသွားမယ်လို့ပြောပါတယ်။ 10AM ဝန်းကျင်ပေးမှာမို့ မနက်စောစောသွားစီ လို့ရပါတယ်။
https://vintageluxuryhotel.com/
ဝေလုကျော် ဖောင်ဒေးရှင်း (သင်္ကန်းကျွန်း)
၂၇၃၊ ကံ့ကော်မြိုင် ၂ လမ်း၊ ၂၃ ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ကန်းကျွန်း၊ ရန်ကုန်
https://www.facebook.com/wlkfoundation
တိုင်းရွှေအောင်
https://www.facebook.com/wlkfoundation/posts/4803777142972242
အရေးပေါ်လိုအပ်နေသော အောက်ဆီဂျင်40 Liter ဗူးခွံများ နှင့် Flow Meter များကို တရုတ်နိူင်ငံ မှ တန်ဖိုးအနည်းဆုံး နှငိ့ ရရှိနိူင်ရန် အတွက် တတ်နိူင်သလောက် ဆောင်ရွက်ပေးနေပါတယ်။ Pre order မှာယူထားသူများအား လေးစားစွာအသိပေးလိုပါတယ်ရှင်။ အမှန်တကယ်သုံးစွဲလိုသူများနှင့် လှူဒါန်းလိုသူများအတွက် ရည်ရွယ်၍ အနည်းဆုံးဈေးနှုန်းနှင့်ရရှိနိုင်ကြရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်ရှင့်။
40L အိုးအလွတ်တစ်လုံး ၂၇၀,၀၀၀ /ကျပ်
Flow meter တစ်ခု ၅၀,၀၀၀ /ကျပ်
19.7.2021 ရက်နေ့ နောက်ဆုံးထား၍ Pre order တင်သွင်းရမည်ဖြစ်ပါသည်။
29.7.2021 ရက်နေ့ မန္တလေးမြို့
30.7.2021 ရက်နေ့ နေပြည်တော်
31.7.2021 ရက်နေ့ ရန်ကုန်မြို့ အသီးသီး သို့ပစ္စည်းရောက်ရှိနိုင်ရန် ကြိုးစားဆောင်ရွက်ထားပါသည်။
တိုင်းရွှေအောင် ( TSA ) ကုမ္ပဏီလိမီတက်
ဒေါ်ယုယုဝေ
https://www.facebook.com/wlkfoundation/posts/4803777142972242