Tuesday, June 16, 2020
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ ကျောက်မဲ တစ်ခွင်
ရှမ်းပြည်နယ်ရဲ့ ဆွစ်ဇာလန် ပျောက်ဆုံးစော်ဘွားရဲ့ ပဟေဠိတွေနဲ့ သမိုင်းဝင်သီပေါ
16 MAY 2017
ရန်ကုန်၊ မေ ၁၄ - လူမသိသူမသိ ပျောက်ဆုံးသွားတဲ့ သီပေါစော်ဘွားနဲ့ စဝ်သုစန္ဒီရဲ့ လွမ်းမောဖွယ်ရာ ဇာတ်လမ်းကြားရသူ တိုင်းကို ရှမ်းပြည်နယ်၊ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် တစ်နေရာက တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ သီပေါမြို့လေးဆီအ ရောက်လာဖို့ ညှို့ငင်ဆွဲဆောင်လေ့ရှိပါတယ်။
“လူဇင်ဘတ်နိုင်ငံထက်လေးဆကြီးတယ်”
ကော်လိုရာဒိုမှာ ပညာသင်ပြီးပြန်လာတဲ့ သီပေါရဲ့ နောက်ဆုံးစော်ဘွား စဝ်ကြာဆိုင်က ကြင်ယာတော်ဖြစ်သူ ဩစတြေးလျားသူ စဝ်သု စန္ဒီကို သူ့နယ်မြေအကျယ် အဝန်းကို ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါ တယ်။
မြန်မာနိုင်ငံရဲ့ နာမည်ကျော် မြို့တွေထဲမှာ စာရင်းမဝင်တဲ့ သီပေါမြို့လေးဟာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် အင်းလေးနဲ့ မေမြို့အကူး ခရီးတစ်ထောက်နားနေစရာ မြို့တစ်မြို့ဖြစ်ခဲ့ ပါတယ်။
လူဦးရေနည်းပါးပြီး ည ၆းဝဝ နာရီ ကျော်တာနဲ့ အပြင်မထွက်ကြတော့ မြို့အသံတိတ်ဆိတ်သွားတဲ့ မြို့့ သမိုင်းထဲမှာ မဖြေရှင်းနိုင် တဲ့ ပျောက်ဆုံးစော်ဘွားနဲ့ ပဟေဠိတွေချန်ထားခဲ့နေတဲ့ မြို့ကို တဖြည်းဖြည်းနဲ့ ကမ္ဘာလှည့်ခရီး သွားတွေ မျက်စိကျလာပါတယ်။
နှစ်စဉ် နိုင်ငံခြားသားရာနဲ့ချီ လာလေ့ ရှိပြီး တစ်နှစ်ပတ်လုံး နိုင်ငံခြားသား မပြတ်တဲ့ မြို့ တစ်မြို့အဖြစ် ပြောင်းလဲလာပါ တယ်။ အများဆုံးကတော့ ဥရောပတိုက်က ခရီးသွားတွေပါ။
တောင်တွေကြားမှာ မြေပြန့်သဖွယ် တည်ရှိနေတဲ့ သီပေါမြို့ဟာ စိမ်းလန်းတဲ့ စပါးခင်းတွေ၊ ပြောင်းဖူးခင်းတွေ၊ သဘာဝရေတံခွန်တွေ၊ ရေချောင်းတွေ၊ နေကြာပန်းခင်းတွေ၊ ကြည်လင်နေတဲ့ ဒုဋ္ဌဝတီ မြစ်ရေပြင်၊ ရိုးရာအမွေကို ဆက်လက် ထိန်းသိမ်းထားတဲ့ ရှမ်းရွာလေးတွေ၊ ရိုးသားကူညီတတ်တဲ့ ဒေသခံတွေကြောင့် လူသိပိုများလာပါတယ်။
သီပေါမြို့ကို သွားမယ်ဆိုရင် မသွားမဖြစ် သွားရမယ့်နေရာတွေကတော့ ဘော်ကြိုဘုရား၊ သီပေါစော်ဘွား ဟော်နန်း၊Little Bagan ၊ ဝါးဘုရား၊ မဟာမုနိဘုရား၊ နမ့်အုမ်ရေပူစမ်း၊ နမ့် ဟူးနွံ့ရေတံခွန်၊ နမ့်တောက်ရေတံခွန်၊ Sunset Hill ၊ ချောင်းဆုံ၊ရှမ်းရွာ၊ရှမ်းပြည်နယ်ရဲ့ ဆွစ်ဇာလန်လို့ တင်စားခံရတဲ့ တောင်ပေါ်က ပလောင်တွေရဲ့ ပန်ခန်ရွာ၊ နောင်ကော်ကြီးကန်တွေပဲ ဖြစ်ပါတယ်။
နိုင်ငံခြားသားအများစုကတော့ ခြေ လျင် ဒါမှမဟုတ် စက်ဘီးတွေနဲ့ပဲ လည်ပတ်လေ့ရှိပါ တယ်။
ခရီးသွားဧည့်သည်တွေ တည်းခိုနိုင်တဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းအများစုဟာ လည်ပတ် စရာနေရာတွေရဲ့ အလယ်မှာ ရှိနေပါတယ်။ ဟိုတယ်တွေ ၊ တည်းခိုခန်းတွေမှာလည်း လည်ပတ်နိုင်မယ့်နေရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကို တိတိကျကျလမ်းညွှန်ထားတဲ့ မြေပုံတွေကို တောင်းယူနိုင်ပါတယ်။ စက်ဘီး တွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးတွေကိုလည်း ငှားနိုင်ပါတယ်။
ဧည့်လမ်းညွှန်မလိုဘဲ ကိုယ့်ဘာသာကိုယ် တောထဲမှာ ခရီးကြမ်းနှင်ပြီး ရှမ်းရွာလေးတွေဆီ ပလောင်ရွာလေးတွေဆီ အန္တရာယ်ကင်းကင်းသွားနိုင်ပါတယ်။
သီပေါစော်ဘွားဟော်နန်း
သီပေါမြို့ ဈေးကြီးကနေ သီပေါ - နမ္မတူ လမ်းမအတိုင်း စက်ဘီးနဲ့ ဆယ်မိနစ်လောက်သွားရင် ဆက်သွယ်ရေးတာဝါ တိုင်တစ်ခုကို လမ်းမဘေးမှာ တွေ့ရမှာပါ။ သူ့ရဲ့ မျက်စောင်း ထိုးမှာဆိုရင်တော့ သီပေါရဲစခန်း ရှိပါတယ်။
ဆက်သွယ်ရေးတာဝါတိုင်ရဲ့ ရှေ့က လမ်းချိုးလေးကို ချိုးဝင်ပြီး ညာဘက် လမ်းချိုးနှစ်ခု ထပ်ချိုးမယ်ဆိုရင်တော့ တစ် ချိန်က သီပေါရဲ့ နောက်ဆုံးမင်းသား စဝ်ကြာဆိုင်နဲ့ ကြင်ရာတော် စဝ်သုစန္ဒီတို့ နေထိုင်ခဲ့တဲ့ စော်ဘွားဟော်နန်းရဲ့ ဂိတ်တံခါးဝကို မြင်တွေ့ရမှာပါ။
ခြောက်သွေ့နေတဲ့ မန်ကျည်းပင်အို ကြီးတွေဟာ ဂိတ်တံခါးဝမှာ အစောင့်တွေ သဖွယ် မားမားမတ်မတ်ရပ်နေသလိုပါပဲ။
သံချေးတက်ပြီး  ဆေးရောင်တွေ ပြယ်လွင့်နေတဲ့ သံတံခါးဝကြီးမှာ ညနေ ၃းဝဝ နာရီက နေ ၅းဝဝ နာရီအထိသာ ဧည့်သည် တွေကို ဝင်ရောက်လေ့လာခွင့်ပြုသည်ဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားပါတယ်။
ညနေ၃းဝဝ နာရီမထိုးခင်ကတည်း က နိုင်ငံခြားသားတွေ ပြည်တွင်းဧည့် သည်တွေဟာ ဂိတ်တံခါးမှာ ရပ်စောင့်နေကြပါပြီ။
၃းဝဝ နာရီကွက်တိထိုးတာနဲ့ ဂိတ်တံခါးမကို ခြံစောင့်တစ်ဦးက ဖွင့်ပေးလိုက်ပါတယ်။
လူလေးယောက်လောက် ပုန်းခိုလို့ ရတဲ့ မန် ကျည်းပင်အိုတွေ၊ ညောင်ပင်ကြီး အိုတွေဟာ ခြောက်သွေ့နေတဲ့ ခြံဝင်းကျယ်ကြီးကို ဝန်းရံ ထားပါတယ်။
သစ်ပင်တွေကို ဖြတ်ပြီး လျှောက်လမ်းလေး အတိုင်း လျှောက်သွားရင် ညာဘက်မှာ ဆေးရောင်တွေမရှိတော့တဲ့ ကိုလိုနီခေတ်လက်ရာ ဒီဇိုင်းနဲ့ စော်ဘွားရဲ့ဟော်နန်းကြီးကို ထီးထီး ကြီး မြင်တွေ့ရပါတယ်။
တွေ့တွေ့ချင်းဆင်ဝင်ဘက်က ဝင်ခွင့်မပေးထားဘဲ ဟော်နန်းရှေ့က ပန်းဝိုင်းကို ပတ်ပြီး အဆောက်အအုံရဲ့ ဘက်ဘက်ခြမ်းအထိ လျှောက်သွားရပါတယ်။
ဟော်နန်းရဲ့ရှေ့မှာ အကျႌအဝါရောင် ထဘီအဝါရောင် ဝတ်ဆင်ထားပြီး သိမ်မွေ့တဲ့ အမူအရာရှိတဲ့ အမျိုးသမီးကြီးတစ်ဦး စောင့်ဆိုင်းနေပါတယ်။
ဧည့်ခန်းထဲကို ဝင်ဝင်ချင်းနံရံမှာတော့ စော်ဘွားကြီးတွေရဲ့ ပုံတွေ၊ စော်ဘွားအဆက်ဆက်
မိသားစုဆွေစဉ်မျိုးဆက် ဇယားကို ချိတ်ဆွဲထားပါတယ်။
အဲသည်အမျိုးသမီးကြီးက ဧည့်သည်တွေကို လေးလေးစားစားပဲ 'ဘယ်က လာ ပါသလဲ၊ ဘာကြောင့် ဒီကိုရောက်လာပါ သလဲ” လို့ ညင်ညင်သာသာ မေးပါတယ်။
ဧည့်သည်တွေက သူတို့ရောက်လာ တဲ့ အကြောင်းအရင်းတွေကို ပြောပြပြီးနောက်မှာတော့ ရှေ့က ဦးဆောင်ပြီး ဟော် နန်းထဲကို ခေါ်ဆောင်သွားပါတယ်။
သူကတော့ မိုင်းရယ်စော်ဘွားရဲ့ သမီး စဝ်ဆမ်ဖုန်း ဖြစ်ပါတယ်။ စဝ်ဆမ် ဖုန်းရဲ့ ဖခင်ဖြစ်သူဟာလည်း စစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင် တာကို နှစ်ရှည်လများခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဖခင်နဲ့ ဦးလေးတွေ ထောင်နှစ်ရှည်ကျခံရ ပြီး ပြန်လွတ်လာချိန်မှာတော့ စဝ်ဆမ်ဖုန်းဟာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ပြီး သည်ဟော် နန်းကို ဆက်လက်ထိန်းသိမ်းဖို့ တောင်ကြီးက နေ သီပေါမြို့ ကို ပြောင်းရွှေ့ခဲ့ပါတယ်။
သူတို့ ဆက်လက်ထိန်းသိမ်းထား တဲ့ လက် ရှိဟော်နန်းရဲ့နေရာဟာ သီပေါစော်ဘွားဟော် နန်းရဲ့ ပိုင်နက်တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။
ကျန်တဲ့မြေနေရာတွေက မီးလောင်မှု ကြောင့် ရိုးရာ ရှမ်းဟော်နန်းကြီးပျက်စီးသွားခဲ့ သလို အရင်က ဟော်နန်းရဲ့ မြေဧရိယာအကျယ် အဝန်းဟာ သီပေါ - နမ္မတူလမ်းမဘေးအထိရှိ တယ်လို့ ပြောစမှတ်တွင်ပါတယ်။
တောက်ပြောင်နေတဲ့ ကြမ်းခင်းကို နင်းဖြတ်ပြီး ဟော်နန်းဧည့်ခန်းထဲကို မဝင်ခင် မှာ ဧည့်သည်အားလုံးဟာ ဖိနပ်ချွတ်ကြရပါတယ်။
ဧည့်ခန်းထဲကို ဝင်ဝင်ချင်း နံရံမှာတော့ စော်ဘွားကြီးတွေရဲ့ ပုံတွေ၊ စော်ဘွားအဆက်ဆက် မိသားစုဆွေစဉ်မျိုး ဆက်ဇယားကို ချိတ်ဆွဲထားပါတယ်။
အခန်းရဲ့ ညာဘက်မှာ ရှေးဟောင်း ဆက်တီတွေ ချထားပြီး ဧည့်သည်တွေ ခဏတစ်ဖြုတ်ထိုင်နိုင်ပါတယ်။
အခန်းပတ်ပတ်လည်မှာ သီပေါစော်ဘွား အဆက်ဆက်က ပုံတွေ၊ ရိုးရာ ဟော် နန်းပုံတွေ၊ စော်ဘွားတန်ဆာဝတ်ဆင်ထားတဲ့ စော်ဘွားကြီးတွေရဲ့ ပုံတွေ၊ သီ ပေါစော်ဘွားအကြောင်းရေးထားတဲ့ စာအုပ်တွေ၊ အမျိုးစုံလှတဲ့ အင်္ဂလိပ်စာတွေကို ခင်းကျင်းပြသထားပါတယ်။
စဝ်ဆမ်ဖုန်းဟာ သီပေါစော်ဘွားတွေရဲ့ သမိုင်းကြောင်းတွေကို ခုနှစ်သက္ကရာဇ်တွေနဲ့ တစ်ချက်ချင်းဧည့်သည်တွေကို ရှင်း ပြပါတယ်။
အဲသည်နောက် အခန်းရဲ့ ဘယ်ဘက် ထောင့်ကို ညွှန်ပြရင်း အဲသည်နေရာဟာ စဝ်ကြာဆိုင်နဲ့ စဝ်သုစန္ဒီတို့ မင်္ဂလာပွဲ လုပ်တုန်းက ထိုင်ခဲ့တဲ့ နေရာပေါ့လို့ ပြောပါတယ်။
ရှမ်းအလံချိတ်ထားပြီး အနီရောင်ပန်းခက် နွယ်လေးတွေ ချိတ်ဆွဲထားဟန် ပါးလျတဲ့ လိုက်ကာလေးတွေကာရံထားတဲ့ နေရာဟာ အခုဆိုရင် စော်ဘွားခေတ်က ကွမ်းအစ်အချို့ ၊ အသုံးအဆောင်အချို့နဲ့ ဗီရိုတစ်ခုက နေရာယူထားပါ တယ်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်မှာ ရှမ်းပြည်နယ်ကနေ ဖမ်းဆီးချုပ်နှောင်ခံရ တဲ့ စော်ဘွားတွေ အားလုံးနီးပါး ပြန်လည်လွတ် မြောက်ခဲ့ပေမဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ သတင်းအစအန သည်က နေ့အထိ ပျောက်ဆုံး နေဆဲပါ။
ကြင်ရာတော်ဖြစ်သူ စဝ်သုစန္ဒီဟာလည်း သမီးနှစ်ယောက်နဲ့အတူ အမေရိကန်ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး သည်ဟော်နန်းထဲမှာ နှစ်နှစ်ကျော် အ ကျယ်ချုပ်ချခံခဲ့ရပါတယ်။
၁၉၄၆ ခုနှစ် ဩစတြေးလျားသံအမတ်ကြီး အကူအညီနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလွတ် မြောက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် မှာ အခြေချနေ ထိုင်နေပါပြီ။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံ ရေးအကျဉ်းသားတွေ တောင်လွတ်လာပြီ၊ ဘာကြောင့် သီပေါမင်းသားက ပျောက်ဆုံးနေရ တာလဲ၊ သူသာအသက်ရှိ ဦးမယ်ဆိုရင် အခုဆို ရင် အသက် ၉၀ ပေါ့၊ ကျွန်မအဖေနဲ့ ဦးလေးတွေတောင် လွတ်လာပြီ၊ သူကျမှ ဘာလို့ သတင်းမကြားရတာလဲ၊ အသက် ၉၀ အရွယ် အဘိုးအို တစ်ယောက်က သူတို့ရဲ့အာဏာကို ခြိမ်းခြောက်နိုင်ဖွယ်ရာလဲ မရှိတော့ပါဘူး” လို့ စဝ်ဆမ်ဖုန်းက မချင့်မရဲပြောပါတယ်။
သစ်ခြောက်ပင်တွေ၊ သစ်ရွက်ခြောက်တွေနဲ့ ပြည့်နေတဲ့ ခြံဝင်းရဲ့ အရှေ့ မှာ သီပေါစော်ဘွား စဝ်ကြာဆိုင်ရှိစဉ်က တရားထိုင်လေ့ရှိတဲ့ နှစ်ထပ်အဆောက်အအုံ ရှိပါတယ်။
အဲသည်အဆောက်အအုံဟာ အခုဆိုရင်တော့ သဘာဝဘေးဒဏ်ကြောင့် တစ်ခြမ်းပြို ကျနေပါပြီ။ ဒါ့အပြင် သူတို့မိသားစုတစ်ချိန်က အသုံးပြုခဲ့တဲ့ ရေကူးကန်ကျယ်ကြီးလည်း ရှိပါတယ်။
ဟော်နန်းပိတ်ခါနီးလေလေ နိုင်ငံခြားသား ခရီးသွားတွေက များလာလေလေပါ ပဲ။ အများစုကတော့ စဝ်သုစန္ဒီရေးသားခဲ့တဲ့ Twlight Over Burma: My Life as a Shan Princess ကို ဖတ်ပြီး စိတ်ဝင်စားကြလို့ လာရောက်တာပါ။
'သူ (စဝ်သုစန္ဒီ) က အခုအထိသူ့အမျိုးသား ဘယ်မှာလဲဆိုတာကို မေးနေတုန်းပဲ၊ စော်ဘွားကြီးပျောက်ဆုံးသွားတဲ့နေ့ ရောက်တိုင်း စာရေးပြီးမေးနေတုန်းပါပဲ၊ သမီးနှစ်ယောက်ကိုလဲ ဖခင်အကြောင်း သဲသဲကွဲကွဲမသိရခင် ဒီကိုမ လာဖို့ ပြော တယ်၊ သူ့ အမျိုးသားနဲ့ ပတ်သက် ပြီး ဘယ်တော့မှလဲ လက်မလျှော့ပါဘူး”လို့ စဝ်ဆမ်ဖုန်းက ပြောပါတယ်။
သူက ဆက်ပြီး “အခြားသူတွေကတော့ မေ့လောက်ပါပြီ၊ ကျွန်မတို့ မိသားစုတွေကတော့ စော်ဘွားကြီးကို ဘယ်တော့မှ မမေ့ဘူး”လို့ ပြောပါတယ်။
အရင်ကတော့ အာဏာရှင်တွေရဲ့ လက်အောက်မှာ သတိထားပြီး အစစအရာရာဆင် ခြင်ပြောဆိုနေထိုင်ရပေမဲ့ လက်ရှိ ဒေါ်အောင် ဆန်းစုကြည် အာဏာရလာချိန်မှာတော့ ပွင့်ပွင့်လင်းလင်းရှိလာပြီလို့ သူက ပြောပါတယ်။
သူတို့ စော်ဘွားမျိုးနွယ်တွေစုစည်းပြီး လာ မယ့်နှစ်မှာ သီပေါဟော်နန်းကြီးကို ပြင် ဆင်ဖို့ လည်း ကြိုးစားနေကြပါတယ်။ ပြင်ပဧည့်သည်တွေကလည်း ဆန္ဒရှိရင် လှူနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
Little Bagan နဲ့ ဝါးဗုဒ္ဓ
သီပေါစော်ဘွား ဟော်နန်းကနေ ပြန်ထွက်လာပြီး သီပေါ - နမ္မတူလမ်းအတိုင်း စက်ဘီးနဲ့ ငါးမိနစ်လောက် ဆက်သွားမယ်ဆိုရင် နတ်ကွန်းတစ်ခုနဲ့ မန်ကျည်းပင်အို ကြီး ရှိပါတယ်။
အဲသည်မန်ကျည်းပင်အိုကြီးရှေ့တည့်တည့်က မြေနီလမ်းကျဉ်းလေးထဲကို ဝင်သွားမယ်ဆိုရင်တော့ စိုက်ခင်းတွေ၊ ရိုးရာအိမ်လေးတွေကို ဖြတ်လျှောက်လိုက်တာနဲ့ ပုဂံမြေကို ရောက်သွားသလို ရုတ်တရက်ခံစားလိုက်ရမှာ ပါ။ အနီရောင်အုတ်တွေနဲ့ တစ်ခြမ်းပြိုကျနေတဲ့ ဘုရားဟောင်းတွေ၊ ထီးတော် ပြုတ်ကျနေ တဲ့ စေတီဟောင်းတွေကြောင့် ပုဂံအသေးစား လေးလို့ ခေါ်ကြပါတယ်။
အဲသည်စေတီဟောင်းတွေရဲ့ အလယ်မှာ နှစ်ပေါင်းသက်တမ်း ၁၅၀ ကျော် ပြီဖြစ်တဲ့ မဟာနန္ဒာကန်သာ ဝါးဗုဒ္ဓဘုန်းကြီးကျောင်းကြီး ရှိပါတယ်။
နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ဝါးဗုဒ္ဓဆင်းတုကြီးဟာ အခုဆိုရင် ရွှေသင်္ကန်း ကပ်လှူထားပါတယ်။
အဲသည်နေရာကို ရောက်ဖူးတဲ့ ဥရောပတိုက်သားတွေကတော့ မြန်မာနိုင်ငံရဲ့ အန်ကောဝပ်လို့ နာမည်မှည့်ပေးထားပါတယ်။
သမိုင်းဝင် ဘော်ကြိုဘုရား
သမိုင်းဝင်ဘော်ကြိုဘုရားကတော့ သီပေါ မြို့ရဲ့ အပြင်ဘက် ခြောက်မိုင် အကွာမှာတည်ရှိပါတယ်။ မန ္တလေး - လားရှိုးလမ်းမကြီးပေါ်မှာ ဖြစ်ပြီး သီပေါမြို့မဝင်ခင်မှာ ဘော်ကြိုဘုရားကို ရထားပေါ်ကနေရော ကားပေါ်ကပါ တွေ့ နိုင်ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ရှေးရှမ်းမိုင်း မောဝ်အင်ပါယာမှာ ရှမ်းစော်ဘွား စဝ်ဆေခန်ဖဟာ ဆယ်လန့်မြို့ကို အေဒီ ၁၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
စဝ်ဆေခန်ဖ ကွယ်လွန်ပြီးနောက်မှာ သားတော် စဝ်ဆေဟုန်ဖက ဆက်ခံခဲ့ပါတယ်။ စဝ်ဆေဟုန်ဖဟာ သားတော်တစ်ပါး၊ သမီးတော် သုံးပါးရှိပါတယ်။ အငယ်ဆုံးသမီးတော် စဝ်မွန်းလာ့ကိုတော့ အေဒီ ၁၀၄၄ မှာ ဖွားမြင်ခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၄၁၈ ခုနှစ်မှာ ပုဂံပြည့်ရှင် အနော်ရထာမင်းက တရုတ်ပြည်ကနေ စွယ်တော်ပင့်ဖို့ ရွှေလီမြစ် ကြောင်းအတိုင်း ဆန်တက်ခဲ့ပါတယ်။ ဆယ်လန့်မြို့ (နမ့်ခမ်းမြို့အနီး တရုတ်နယ်စပ်မှာ ရှိတယ်လို့ ယူဆကြ) အနီး မှာ ယာယီတဲနန်းစခန်းချခဲ့ပါတယ်။
စဝ်ဆေဟုန်ဖနဲ့ သမီးတော် စဝ်မွန်းလာ့က လက်ဆောင်ပဏ္ဍာတွေ ဆက်သချိန်မှာ အနော်ရထာမင်းက စဝ်မွန်းလာ့ကို မိဖုရားအဖြစ် ကောက်ယူခဲ့ပါတယ်။
စဝ်မွန်းလာ့ဟာ အနော်ရထာမင်းရဲ့ ချစ်မြတ်နိုးတာကိုခံရပြီး ကျန်မိဖုရားတွေရဲ့ မုန်းတီးမှုကို ခံခဲ့ရပါတယ်။ စဝ်မွန်းလာ့ ပုဂံပြည်ကို လိုက်သွားပြီးနောက်မှာ ခမည်းတော်က ရှမ်းလူမျိုးတွေရဲ့ အစားအစာဖြစ်တဲ့ မြေတွင်းအောင်းပိုး လောင်းကောင်တွေကို အခြောက်ခံပြီးပို့ပေးခဲ့ ပါတယ်။ စဝ်မွန်းလာ့က ပိုးလောင်းကောင်တွေကို  စားတာကြောင့် အခြားမိဖုရားတွေက စုန်းမလို့  စွပ်စွဲကြပါတော့တယ်။ ကာလကြာရှည်လာတော့ သံသယဝင်လာတဲ့ အ နော်ရထာမင်းဟာ စဝ်မွန်းလာ့ကို နေရပ်ကို ပြန်ခိုင်းခဲ့ပါတယ်။
စဝ်မွန်းလာ့ဟာ ပုဂံကနေ အပြန်ခရီးမှာ  ဒုဋ္ဌဝတီမြစ်လက်တက်အနီးမှာ ရွှေစာရံစေတီကို တည်ထားခဲ့ပါတယ်။ နောင်ချိုကအနီး၊ သိမ်းမြစ်အရှေ့ဘက်မှာ  စေတီတစ်ခုတည်ထားခဲ့ပြီး အဲသည်စေတီကို အခုဘော်ကြိုဘုရားဖြစ် ကြောင်း ယုံကြည်ကြပါတယ်။
ကနေ့အချိန်အထိ ဘော်ကြိုဘုရားဝင်းအတွင်းမှာ ပုဂံပြည့်ရှင် နရပတိစည်သူမင်းက ရှမ်း မြန်မာ ချစ်ကြည်ရေးအတွက် ဘုရား ၁၂ ဆူထုလုပ်ခဲ့တဲ့ စကားပင်ကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် မန္တလေးမဟာ မြတ်မုနိဘုရားမှာတွေ့ နိုင်တဲ့ ကြေးရုပ်တုတွေကို ဘုရားပရဝုဏ်အတွင်းမှာ တွေ့ရပါတယ်။
ဘော်ကြိုဘုရားပွဲကို နှစ်စဉ် တပေါင်းလပြည့်မှာပြုလုပ်လေ့ရှိပြီး စဉ့်ရေသုတ် ရိုးရာ အိုးခွက်ပန်းကန်တွေကို ခင်းကျင်းရောင်းချလေ့ ရှိပါတယ်။
နမ့်ဟူးနွဲ့ ရေတံခွန်နဲ့ နမ့်တောက် ရေတံခွန်
နမ့်ဟူးနွဲ့ ရေတံခွန်ကတော့ မန ္တ လေး - လားရှိုးလမ်းပေါ်ကနေ ဘော်ကြိုဘုရား မရောက်ခင်မှာ  တည်ရှိပါတယ်။ မြို့ထဲက နေ နမ့်ဟူးနွဲ့ရေတံခွန်ကို သွားမယ်ဆိုရင် စက်ဘီးနဲ့ သွားနိုင်သလိုဆိုင်ကယ်လည်းငှားရမ်းနိုင်တယ်။မန ္တလေး - လားရှိုးကနေ ရေတံခွန်ကို သွားတဲ့ လမ်းချိုးလိုက်တာနဲ့ မွတ်စလင်သချင်္ိုင်း တစ်ခုကို ဖြတ်ရမှာပါ။
အဲသည်သချင်္ိုင်းကိုကျော်တာနဲ့ ဘေးမှာ စပါးခင်းတွေ၊ ကြည်လင်နေတဲ့ ချောင်းငယ်တွေ ဘေးနှစ်ဖက်မှာ ကာရံထား တဲ့ လမ်းတစ် လျှောက်ဆိုင်ကယ်နဲ့ ၁၅ မိ နစ်လောက် သွားမယ်ဆိုရင် ကုန်းအမြင့်ကိုတက်ရတဲ့ အဖြူ ရောင်ဆေးတွေ သုတ်ထားတဲ့ နံရံနဲ့ ရှမ်းဘုန်း ကြီးကျောင်းတစ်ခုကို တွေ့ရပါလိမ့်မယ်။
အဲသည်ရှမ်းဘုန်းကြီးကျောင်းထဲမှာ ဆိုင်ကယ်ကို အပ်ထားရပါတယ်။ ဆိုင်ကယ်ကို အပ်ပြီး ရှေ့ကို ဆက်လျှောက်သွားမယ်ဆိုရင်တော့ မြင့်မားတဲ့တောင် ကုန်းတွေ ရှိပါတယ်။
ရှေ့ကိုမမြင်ရအောင် သစ်ပင်တွေ ပိတ်နေတဲ့ တောင်တက်လမ်းတစ်လျှောက် မိနစ်အနည်းငယ်ကြာတက်ရပါတယ်။ မတ်စောက်လွန်းတာကြောင့် သတိထားပြီး တက်ဖို့ လိုပါလိမ့်မယ်။
တောင်တက်လမ်းပြီးရင်တော့ ညာဘက်မှာ လမ်းသွယ်တစ်ခုထဲဝင်သွားမယ်ဆိုရင် မြေပြန့်လိုလွင်ပြင်အကျယ်ကြီးကို ရောက်သွားမှာပါ။ အဲသည်လွင်ပြင်ကျယ်ကနေဆိုရင် ကြည်လင်ပြီး အစိမ်းရောင်သန်းနေတဲ့ နမ့်ဟူး နွဲ့ရေတံခွန်ကို လှမ်းမြင်နိုင်ပါတယ်။
ရေတံခွန်ခြေရင်းမှာတော့ ရွာသူရွာသား တွေ ဖွင့်ထားတဲ့ဝါးတဲစားသောက်ဆိုင်လေးတွေ ရှိပြီး ခရမ်းရောင်၊ လိမ္မော်ရောင် ပန်းခင်းတွေကို အလှစိုက်ပျိုးထားပါတယ်။
နမ့်ဟူးနွဲ့ရေတံခွန်ဟာ ရေစီးမကြမ်း ဘဲ ရေတံခွန်အောက်ခြေက ပြေပြစ်တာကြောင့် ရေတံခွန်အပေါ်အထိ တက်နိုင်ပါတယ်။
သင်္ကြန်ကာလကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ဒေသခံတွေက သိပ်မလာကြတာကြောင့် အေးဆေးငြိမ်သက်ပြီး ကျေးငှက်တွေရဲ့ အသံနဲ့ ရေတံခွန်အောက်မှာ အပန်းဖြေနိုင်လို့ လူအ များက နှစ်သက် ကြပါတယ်။
ဂျပန်ခရီးသွားတွေ နှစ်သက်ကြတဲ့ နမ့်တောက်ရေတံခွန်ကတော့ နမ့်ဟူးနွဲ့ရေတံခွန် သွားတဲ့လမ်းနဲ့ ဆန့်ကျင်ဘက် တရုတ်သချင်္ိုင်းကို ဖြတ်သွားရပါတယ်။
မြင့်မားတဲ့ တရုတ်အုတ်ဂူကြီးတွေ၊ သချင်္ိုင်း အကျယ်ကြီးကို တော်တော်ကြာ ကြာဖြတ်သန်းပြီးမှ အမှိုက်တွေကို ပုံထားတဲ့ အမှိုက်ကုန်းကို ရောက်ပါတယ်။
အဲသည်အမှိုက်ကုန်းကနေ ဆင်းတဲ့ လမ်း ကတော့ ကျောက်ခဲတွေအပြည့်နဲ့ ဖြစ်ပြီး ဆိုင်ကယ်၊ စက်ဘီးစီးသွားလို့ အ ဆင်မပြေဘဲ လမ်းဆင်းလျှောက်ရပါ တယ်။
အဲသည်ကျောက်တွေအပြည့်နဲ့ ကုန်းဆင်းကြီးကိုလွန်မှ စိမ်းလန်းတဲ့ ကြက်သွန်ခင်းတွေ၊ နံနံခင်းတွေ၊ စပါးခင်းတွေကြားကို ရောက်သွားပါလိမ့်မယ်။
စိုက်ပျိုးခင်း လမ်းကျဉ်းတွေကြားက နေ ရေချောင်းတွေ ဖြတ်ပြီး တံတားငယ်တွေကို ဖြတ်ပြီး နာရီဝက်နီးပါးလောက် ဆိုင်ကယ်စီးရပါတယ်။
အဲသည်နောက်မှာတော့ ခြေတစ်ဖဝါး သွားစရာ လမ်းကျဉ်းလေးကို တွေ့ရပါ လိမ့်မယ်။ ဘေးမှာတော့ စပါးခင်းတွေ စိုက်ခင်းတွေအပြည့်ပါ။
အနီးအနားမှာဒေသခံတစ်ဦးရှိမယ်ဆိုရင်ဆက်သွားဖို့လမ်းညွှန်ပြပါလိမ့် မယ်။ သူတို့ ညွှန်ပြတဲ့အတိုင်း မိနစ်အနည်းငယ်ဆက်သွားမယ်ဆိုရင် ပြင်ပက လွယ်လွယ်ကူကူ မမြင်နိုင်တဲ့ အင်မတန်မှလှတဲ့ ရေတံခွန်အကျယ်ကြီး မြင်တွေ့ရမှာပါ။
နမ့်တောက်ရေတံခွန်ဟာ နွေရာသီမှာ ရေခန်းတတ်ပြီး တခြားရာသီတွေမှာ ရေများတာကြောင့် ပိုလှပလေ့ ရှိပါတယ်။
ချောင်းငယ်လေးတွေ လက်ဖြစ်သစ်သား တံတားတွေ ဖြတ်ရင်း စိုက်ခင်းတွေ ကြားကနေ သဘာဝကို ခံစားရင်း သွားချင်တဲ့သူတွေအတွက် သဘောကျမယ့်နေရာ ဖြစ်ပါတယ်။
ချာင်းဆုံ
သီပေါမြို့ကိုရောက်တဲ့သူတွေတိုင်း Boat Trip ကို မဖြစ်မနေသွားကြပါတယ်။ ဒုဋ္ဌဝတီမြစ်ကို နာရီဝက်ခန့် ဆန်တက်ပြီးသွားရတဲ့ ခရီးလည်းဖြစ်ပါတယ်။
ဒုဋ္ဌဝတီမြစ်ကမ်းကနေ Boat Trip သွားမယ့် ခရီးသည်တွေကို ရောင်စုံစက်လှေတွေက ဆီးကြိုနေပါတယ်။ စင်းလုံးငှားခက ကျပ် ၂၅,ဝဝဝ သာရှိပြီး အနည်းဆုံး လူ ရှစ်ယောက်လောက် စီးနိုင်ပါတယ်။ ဒေသခံတွေကတော့ ၁၀ ယောက် ကျော် စီးကြလေ့ရှိပါတယ်။
ပုံမှန်အားဖြင့် ချောင်းဆုံကို သွားတဲ့ ခရီးလမ်းမှာ ရှမ်းရွာနဲ့ တောင်တက်ခရီးစဉ်နှစ်ခုကို ထည့်သွင်းထားပါတယ်။
ဒုဋ္ဌဝတီမြစ်အတိုင်း ဆန်တက်လိုက်ရင် ကြည်လင်တဲ့ ရေပြင်က မြစ်ကြမ်းပြင်က ကျောက်ခဲတွေကိုပါ မြင်တွေ့နိုင်ပါတယ်။
အေးမြတဲ့ လေကိုရှူရှိုက်ပြီး ၁၀ မိနစ် လောက်မြစ်ကြောင်းအတိုင်း ဆန်တက်သွားမယ်ဆိုရင် ပထမနားစရာနေရာဖြစ်တဲ့ ရှမ်းရွာတွေကို စက်လှေရပ်ပေးမှာ ဖြစ် ပါတယ်။
ရေနံချေးသုတ်ထားတဲ့ ရှမ်းရိုးရာအိမ်တွေသာရှိတဲ့ မြေနီလမ်းသွယ်လေးတွေနဲ့ ဆက်သွယ်ထားတဲ့ မြစ်ကမ်းနား တောင်ကုန်းပေါ်က ရှမ်းရွာလေးတွေဟာ မြို့ပြက လာတဲ့သူတွေအတွက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတွေ ဖြစ်ပါ တယ်။
ရိုးရာအိမ်တွေ၊ စိုက်ခင်းတွေ၊ တစ်ရွာလုံးကို အမိုးသဖွယ်အုပ်မိုးထားတဲ့ သစ်ပင်တွေ၊ နှစ်ရာနဲ့ချီတဲ့ ဘုန်းကြီးကျောင်းတွေရှိပြီး မန္တ လေးကို သွားတဲ့ ရထားလမ်းရဲ့ဘေးကို သွားပြီး ပန်းခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။
Boat Trip ရဲ့ ဒုတိယနားရပ်ကတော့ စက်လှေနဲ့ နောက်ထပ်ငါးမိနစ်လောက် ဆန်တက်သွားရပါတယ်။ အဲသည်နေရာကို ရောက်တာနဲ့ မတ်စောက်တဲ့ တောင်တန်းကို မြင်တွေ့ရမှာ ဖြစ်ပြီး နိုင်ငံခြားသားအများစုကတော့ တောင် ထိပ်အထိရောက်အောင် တတ်ကြလေ့ရှိပါတယ်။
ဝါးတောတွေကို ဖြတ်ပြီး တောင်တက်နှစ် ခြိုက်တဲ့သူတွေကတော့ အဲသည် ခရီးစဉ်ကို သွားဖြစ်အောင် သွားသင့်ပါတယ်။
ဒုတိယနားရပ်ကနေ ၁၀ မိနစ်လောက် ဆက်သွားမယ်ဆိုရင်တော့ သီ ပေါရဲ့ နာမည်ကျော် ချောင်းဆုံကို ရောက်ပါပြီ။
သဘာဝအတိုင်း ကျောက်ခွက်တွေနဲ့ ပြည့်နေတဲ့ ချောင်းဆုံဟာ သဘာဝကို ချစ်မြတ်နိုးသူတွေအတွက် အံကိုက်ပါပဲ။ စိမ်းလဲ့နေတဲ့ ရေတွေဟာ ကျောက်ခွက်တွေထဲ စီးဝင်နေပြီး ငါးမျိုးစုံသွားနေတာကို မြင်တွေ့ရမှာပါ။
ချောင်းဆုံရောက်ပြီဆိုရင်တော့ အများစု ဟာ ရေထဲဆင်းပြီး ကျောက်ခွက်တွေကြား၊ ကျောက်တုံးတွေကြား သဘာဝအတိုင်းစီးဝင်နေတဲ့ အေးမြတဲ့ရေတွေထဲမှာ စိမ်ပြီးအနားယူကြပါတယ်။
လူငယ်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ရေနဲ့ပက်ကာ အော်ဟစ်ပြီး ဆော့ကစားကြပါတယ်။ ရေစီးလည်း မသန်ဘဲ ခပ်ဖြည်းဖြည်းပဲ စီးဆင်းတာကြောင့် မိဘတွေက ကလေးငယ်တွေကိုပါ ခေါ်လာကြလေ့ရှိပါ တယ်။
ပလောင်တွေရဲ့ ပန်ခန်ရွာ
ရှမ်းပြည်နယ်ရဲ့ ဆွစ်ဇာလန်လို့ တင်စားခံ ရတဲ့နေရာကတော့ သီပေါကနေ တစ်ည အိပ်လမ်းလျှောက်သွားရတဲ့ပလောင်တွေရဲ့ ပန်ခန်ရွာပဲဖြစ်ပါတယ်။ သီပေါမြို့ ပြင် နမ့်ဟူးနွဲ့ ရေတံခွန်သွားတဲ့လမ်းကနေ သွားရတာဖြစ်ပြီး ပန်ခန်ကတော့ နန့်ဟူး နွဲ့နဲ့ နမ့်တောက်ကြားက လမ်းခွဲတစ်ခုကို ဖြတ်ပြီးသွားပါတယ်။
ပန်ခန်ရွာကို သွားတဲ့ လမ်းတစ်လျှောက် အေးစိမ့်တဲ့လေတွေက တိုက်ခတ်နေပြီး ဧပြီလဆိုပေမဲ့ မနက် ၁၀းဝဝ နာရီကျမှ နေထွက်ပါတယ်။ မြူခိုးတွေနဲ့ ဝေနေတဲ့ ဒေသလေး ဖြစ်ပါတယ်။
ရွှံ့မြေထူထပ်ပြီး တောင်တွေက မြင့်မားကာ မတ်စောက်လွန်းတာကြောင့် ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် မလွယ်ကူပါဘူး။ ခြေကျင်လျှောက်သွားတာဟာ အကောင်းဆုံးပါ။
နိုင်ငံခြားသားအများစုကတော့ ဒေသခံလမ်းပြတစ်ယောက်ငှားပြီး တစ်ညအိပ် နှစ်ရက်ခရီးသွားကြပါတယ်။ မြေနီတောင်တန်းတွေ၊ လွင်ပြင်ကျယ်တွေ များစွာကို ဖြတ်သန်းပြီးရင်တော့ ပန်ခန်ရွာကို ရောက်ပါတယ်။ ပန်ခန်ရွာကို သွားတဲ့လမ်းတစ်လျှောက်မှာ လမ်းလျှောက် ဈေးဝယ်ထွက်ကြတဲ့ အထမ်းတွေနဲ့ ပလောင် လူမျိုးတွေ၊ ညအိပ်လမ်းလျှောက်ကြတဲ့ နိုင်ငံခြားသားတွေ အများအပြားနဲ့ စည်ကားနေတာပါ။
ပန်ခန်ရွာကို ဝင်တာနဲ့ ဧရာမညောင်ပင်ကြီးတွေက ဆီးကြိုနေမှာဖြစ်ပြီး ထုထည်မြင့် မားတဲ့ နွယ်တွေတက်နေတဲ့  ညောင်ပင်ကြီး တွေဟာ ရွာလမ်းမကို အုပ်မိုးထားပါတယ်။
မြေနီနဲ့ ရောင်စုံစိုက်ထားတဲ့ ပန်းခင်းတွေနဲ့ ဖော်ရွေတဲ့ ဒေသခံတွေဟာ ပြင်ပဧည့်သည်တွေနဲ့ မစိမ်းကြပါဘူး။ လာသမျှ ဧည့်သည်တွေကို အိမ်ထဲဖိတ်ခေါ်ပြီး ရေနွေးကြမ်းတိုက်ကာ စကားစမြည်ပြော နှုတ်ဆက်ကြပါတယ်။
ရွာထဲက လျှောက်သွားမယ်ဆိုရင် သဘာဝ လက်ဖက်နံ့တွေက မွှေးကြိုင်နေပြီး လက်ဖက်နယ်နေတဲ့ ပလောင်ရိုးရာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေကို မြင်တွေ့ရမှာပါ။
လမ်းလျှောက်လာကြတဲ့ ဧည့်သည်အများစုကတော့ ပန်ခန်ရွာမှာ အနည်းဆုံး တစ်ည နှစ်ညအိပ်လေ့ရှိပြီး တည်းစရာအဖြစ် ဒေသခံတွေက အိမ်တွေမှာ သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးပြီး ညအိပ်လက်ခံပေးကြပါတယ်။ ဒါ့အပြင် ဒေသရိုးရာ အစားအသောက်တွေကို ချက်ပြုတ် ကျွေးမွေးကြပါတယ်။
သူတို့ကို ငွေကြေးအနည်းငယ်သာပေးရ ပြီး အများစုကတော့ စေတနာနဲ့ လုပ်ဆောင်ပေးကြပါတယ်။
တောကြမ်းခရီးနှင်လိုသူတွေ၊ ပလောင်လူမျိုးတွေရဲ့ ဓလေ့သဘာဝကို လေ့လာချင်သူတွေ၊ တောင်တက်ချင်သူတွေအတွက်တော့ ရွေးချယ်စရာကောင်းတဲ့ခရီးစဉ် ဖြစ်ပါတယ်။
နေဝင်ချိန် တောင်ကုန်းနဲ့ နောင်ကော်ကြီးကန်
နေဝင်ချိန်တောင်ကုန်းလို့ အင်္ဂလိပ် နာ မည်ပေးထားတဲ့ တောင်ကုန်းကတော့ သီပေါ မြို့ရဲ့ တစ်ဖက်ကမ်းမှာတည်ရှိပြီး သီပေါတံတားသစ်ဖြတ်ပြီးတာနဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
Sunset Hill လို့ အင်္ဂလိပ်လို စာတန်းချိတ် ဆွဲထားတဲ့ တောင်ကုန်းကို ၁၅ မိနစ်ခန့် တက်ပြီးရင်တော့ တောင်ထိပ်ကို ရောက်ပါပြီ။
ဧည့်သည်အများစုကတော့ ညနေ  ၃း၃၀ နာရီလောက်ကတည်းက တောင်စတက်လေ့ရှိ ပြီး နေဝင်ချိန်ကို တောင်ပေါ်မှာ အချိန်ဖြုန်းရတာ နှစ်သက်ကြပါတယ်။
နေဝင်ချိန်မှာ သီပေါမြို့ကို အပေါ်စီးကနေ မြင်နိုင်တဲ့နေရာ ဖြစ်ပါတယ်။
မိုးတွင်းမှာ ရေပြည့်ပြီး ကလောမြို့လေးလို မြေနီနီတွေနဲ့ သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ လမ်းတွေရှိတဲ့ နောင်ကော်ကြီးကန်ဟာ သီပေါမြို့ကနေ ကီလိုမီတာ ၄၀ နီးပါးကွာဝေးပါတယ်။ သီပေါ-လားရှိုးသွားတဲ့လမ်းအတိုင်း သွားပြီး ၂၁ မိုင် လမ်းခွဲကနေ အာဆီယံလမ်းမကြီး အတိုင်း ဆက်ပြီးသွားရတဲ့ခရီး ဖြစ်ပါတယ်။
ရှေးဟောင်းဘုန်းကြီးကျောင်း၊ မြေနီ လမ်းနဲ့ တောအုပ်ငယ်လေးရှိတဲ့ နောင်ကော် ကြီးကန်ကို မြူတွေအုံ့ဆိုင်းတဲ့အချိန်မှာ သွားတာအကောင်းဆုံးလို့ ဒေသခံတွေက မှတ်ချက်ချပါတယ်။
မနက်ခင်း မီးခွက်ဈေး
မနက်ခင်းဈေးကို ရောက်ပြီးပြီလားလို့ သီပေါဒေသခံတွေက ဧည့်သည့်တွေကို ခဏခဏ မေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သီပေါမြို့ရဲ့ အလှပဆုံးမနက်ခင်းကို လွတ်သွားမှာ စိုးရိမ်ကြလို့ပါ။
မနက်ခင်း ၃းဝဝ နာရီလောက်မှာ မီးခွက်လေးတွေထွန်းပြီးရောင်းတဲ့ မနက် ခင်းဈေးဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ မြင်ကွင်းတွေနဲ့ ပြည့်နေပါတယ်။ ဒေသထွက်မုန့်တွေ၊ စားစရာတွေ၊ ပစ္စည်းတွေ၊ရိုးရာလက်မှုပစ္စည်းတေ∑ကို မီးခွက်တွေထွန်းပြီး မနက်လင်းအားကြီးအချိန်မှာ ဒေသခံတွေ ခင်းကျင်းရောင်းချကြပါတယ်။
အဲသည်ဈေးဟာ သီပေါမြို့ကြီးနဲ့ သိပ်မဝေးတဲ့ ဝက်ဝံဈေးနားမှာခင်းကျင်းပြီး မနက်  ၆းဝဝ နာရီလောက်ဆိုရင် မရှိ တော့ပါဘူး။
တကယ်လို့ မနက်ခင်းဈေးအတွေ့အကြံုကို ယူချင်တယ်ဆိုရင်တော့ မနက် ၂းဝဝ နာရီ လောက်ကတည်းကထပြီး ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။
ဝါးအိမ်လေး
နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တာ အသားကျနေတဲ့ သီပေါမြို့လေး မှာ ဈေး သက်သက်သာသာနဲ့ စားနိုင်တဲ့ အင်္ဂလိပ်နာမည်နဲ့ စားသောက်ဆိုင်လေးတွေ အများအပြားရှိပါတယ်။
ရာသီပေါ် သီးနှံဖျော်ရည်တွေ၊ အရွက်စုံကြော်တွေ၊ ခေါက်ဆွဲတွေဟာ တစ်ပွဲကို ကျပ် ၁၀ဝဝ နဲ့ ၁၂၀ဝ ဝန်းကျင် လောက်ပဲရှိပါတယ်။
ဒါပေမဲ့ သီပေါမြို့မှာ အစားအ သောက်အတွက် မသွားမဖြစ် သွားသင့်တဲ့နေရာ နှစ်ခုရှိပါတယ်။အဲဒါကတော့ရှမ်းရိုးရာစကောထမင်းကို ရောင်းချတဲ့ ဝါးအိမ်လေး၊ရှမ်းရိုးရာစားသောက်ဆိုင်နဲ့ Mrs.Popcorn’s Garden ပဲ ဖြစ်ပါတယ်။
သီပေါဝက်ဝံဈေးနားမှာရှိတဲ့ ဝါးအိမ်လေး ရှမ်းရိုးရာစားသောက်ဆိုင်မှာ စကောထမင်း နှစ်ယောက်စာကို ကျပ် ၁၀,ဝဝဝ ပေးရပြီး အ နည်းဆုံး လူသုံးယောက်လောက် ကောင်း ကောင်းစားလောက်တဲ့ အမယ်စုံ ပါဝင်ပါတယ်။
ရိုးရာကြက်သားလုံး၊ ဝက်ဆီဖတ်ကြော်၊ အသုတ်စုံ၊ ရှမ်းရိုးရာဟင်းရည်၊ သနပ်စုံသုတ်၊ ပဲပုတ်ထောင်းနဲ့ တို့စရာ အ မယ်စုံဟာ အဲသည် ဆိုင်ကို နောက်တစ်ခေါက်ထပ်လာဖို့ ဆွဲဆောင်နေသလိုပါပဲ။
ဒါ့အပြင် လတ်လတ်ဆတ်ဆတ် သီးနှံဖျော်ရည်တွေကိုလည်း ရနိုင်ပါတယ်။
Mrs. Popcorn’s Garden
သီပေါမြို့ကိုရောက်ဖူးတဲ့ ဧည့်သည်တိုင်း ဟာ ံMrs. Popcorn’s Garden ကို မဖြစ်မနေသွားလေ့ရှိပါတယ်။ Mrs. Popcorn’s Garden  ဟာ Little Bagan သွားတဲ့ လမ်းသွယ်ပေါ်မှာရှိပြီး ထူးခြားချက်ကတော့ ခြံဝင်းကျယ် ကြီးထဲမှာ ဝါး ထိုင်ခုံတွေနဲ့ လယ်ကွင်းတွေကို ကြည့်ပြီး အစားအသောက်စားနိုင်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ံ Mrs. Popcorn’s Garden က ဖျော်ရည်တွေ အစားအသောက်အားလုံးဟာ သဘာဝအတိုင်းပဲစိုက်ပျိုးထားတာဖြစ်လို့ လတ်ဆတ်ပြီး လူကြိုက်များပါတယ်။
Mrs. Popcorn’s Garden ကို တည်ထောင်ခဲ့တဲ့ အမျိုးသမီးကတော့ မကြာခင်ကပဲ ကွယ်လွန်သွားပါပြီ။ သူ့သမီးဖြစ် သူက သားသမီးတွေနဲ့အတူ ဆက်လက်ဖွင့်လှစ်နေပါတယ်။
ဈေးသက်သာပြီးစေတနာကောင်းတာ ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေက Mrs. Popcorn’s Garden မှာ နေ့ခင်းဘက်မှာ အချိန်ဖြုန်းကြလေ့ ရှိပါတယ်။
သီပေါမြို့ကိုလာရောက်ရင်း အချိန် ပိုတယ်ဆိုရင် သီပေါကနေ ခြောက်နာရီလောက် ဆိုင်ကယ်စီးရတဲ့ နမ့်ဆန်မြို့ကိုလည်း သွားရောက်နိုင်ပါတယ်။
နမ့်ဆန်မြို့ကိုသွားတဲ့လမ်းတွေဟာ တောင်တန်းတွေနဲ့ လက်ဖက်ခင်းတွေနဲ့ သာယာလှပတာကြောင့် အများစုကတော့ နှစ်ညအိပ်ခရီး ခြေကျင်ခရီးသွားကြလေ့ ရှိပါတယ်။
ပြည်တွင်းက ခရီးသွားတွေ သိပ်မသွားကြတဲ့ သီပေါမြို့ဟာ လူတွေ မထိတွေ့ရသေးတဲ့ သဘာဝတွေနဲ့ ပြည့်နှက် နေတာကြောင့် ပြည်ပ ခရီးတွေကတော့ ခြေချင်းထပ်အောင် လာရောက်နေကြပါတယ်။ အခုနှစ်သင်္ကြန်တွင်းမှာ ဆိုရင် လာရောက်တဲ့ နိုင်ငံခြားသား ရ၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
ကုန်ကျစရိတ်
သီပေါကို ကားနဲ့သွားမယ်ဆိုရင် အဝေးပြေးကားလက်မှတ်က ကျပ် ၁၅,ဝဝဝ လောက်ရှိတာကြောင့် အသွားအပြန် တစ်ယောက် ၃၀,ဝဝဝ လောက်ကုန်ကျ မှာ ဖြစ်ပါတယ်။
တည်းခိုခန်းတွေကတော့ မြို့လည် ကော်မှာကို တစ်ယောက်ကို ကျပ် ရ၀ဝဝ တန် လောက်ကစရှိပြီး ဟိုတယ်ဆိုရင်တော့ တစ်ယောက်ကို ၁၀,ဝဝဝ ခန့်ပေးရ မှာ ဖြစ်ပါတယ်။
နိုင်ငံခြားသားအများစုဆိုရင် ရ၀ဝဝ တန် တည်းခိုခန်းတွေမှာ တည်းခိုကြပါ တယ်။ စားသောက်စရိတ်ကတော့ တစ်နပ်ကို ကျပ် ၂၀ဝဝ၊ ကျပ် ၂၅၀ဝ  လောက် နဲ့ စားနိုင်ပါတယ်။
လည်ပတ်ဖို့ စက်ဘီးတစ်စီးကို တစ် နေ့ကို ကျပ် ၂၀ဝဝ ပေးရပြီး ဆိုင်ကယ် ဆိုရင် တစ်ရက် ကို ကျပ် ၁၀,ဝဝဝ ပါ။
ခရီးလမ်းကြောင်းတွေ
သီပေါမြို့ကို သွားမယ်ဆိုရင် အဝေးပြေးကားလမ်းကြောင်းနဲ့ ရထားလမ်းကြောင်း ကြိုက်နှစ်သက်ရွေးချယ်နိုင်ပါ တယ်။
အဝေးပြေးကားနဲ့ ရန်ကုန်မြို့ကနေ သွားမယ်ဆိုရင် အောင်မင်္ဂလာကားကွင်းမှာ ရန်ကုန် - လားရှိုးကားတွေကို ဝယ်ယူပြီး စီးနိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန် - မူဆယ်ကားတွေကိုု စီးလို့ရပါတယ်။ ဒါပေမဲ့ ယာဉ်အကူကိုတော့ သီပေါမှာဆင်းမယ် လို့ ကြိုပြောဖို့ လိုပါလိမ့်မယ်။
ရန်ကုန်ကနေ သီပေါကို ၁၃ နာရီနီးပါး ကြာမြင့်ပါတယ်။ ပြင်ဦးလွင် - ကျောက်မဲ - နောင်ချို တောင်ကြောပါ ကုန်ကားတွေနဲ့ ပိတ်နေမယ်ဆိုရင် အနည်းဆုံး တစ် နာရီကနေ တစ် နာရီခွဲလောက်လမ်းမှာ စောင့်ဆိုင်းရတတ်ပါတယ်။
ရန်ကုန်ကနေ သီပေါကို ရထားနဲ့ သွားမယ်ဆိုရင်တော့ တိုက်ရိုက်ရထားမရှိပါ ဘူး။ ရန်ကုန် - မန ္တလေးကို ရထားနဲ့တစ်ဆင့်၊ မန ္တလေးကနေ သီပေါကို တစ်ဆင့်နှစ်ဆင့် စီးရမှာဖြစ်ပါတယ်။
ရန်ကုန် - မန ္တလေးကို အနည်းဆုံး ၁၃ နာ ရီခန့်ကြာမြင့်ပြီး မန ္တလေးကနေ သီ ပေါကို အနည်းဆုံး ၁၂ နာရီ (ပြင်ဦးလွင်မှာ အနည်းဆုံး တစ်နာရီခွဲခန့် ရပ်နား) နီးပါးကြာမြင့်ပါတယ်။
ဧည့်သည်အများစုကတော့ ရန်ကုန်ကနေ မန္တလေးကို အဝေးပြေးကားစီးလေ့ ရှိပြီး ဂုတ် ထိတ်တံတားကို ဖြတ်သန်းရတဲ့ စိတ်လှုပ်ရှားမှုကို ခံစားချင်တာကြောင့် မန္တ လေးကနေ သီပေါကို ရထားစီးကြလေ့ ရှိပါတယ်။
ရန်ကုန် - မန ္တလေးရထားကတော့ သက်တောင့်သက်သာရှိပြီး သန့်ရှင်းပေမဲ့ မန ္တလေး - သီပေါရထားတွေတော့ အထူး တန်းတွေတောင် သန့်ရှင်းမှုသိပ်မရှိတာ ကြောင့် ပြင်ဦးလွင်မှာ နားဖို့ စိတ်ကူးမရှိရင် အဝေးပြေးကားလမ်း ကြောင်းကိုသော ရွေးချယ်သင့်ပါတယ်။
Author နန်းလွင်
Credit: 
https://www.kumudranews.com/news/%25e1%2580%259b%25e1%2580%25bd%25e1%2580%2599%25e1%2580%25b9%25e1%2580%25b8%25e1%2580%25bb%25e1%2580%2595%25e1%2580%258a%25e1%2580%25b9%25e1%2580%2594%25e1%2580%259a%25e1%2580%25b9%25e1%2580%259b%25e1%2580%25b2%25e1%2582%2595-%25e1%2580%2586%25e1%2580%25bc%25e1%2580%2585%25e1%2580%25b9%25e1%2580%2587%25e1%2580%25ac%25e1%2580%259c
Tuesday, January 17, 2017
၁၉၇၀ လောက်က လန်ဒန် - - ဒဂုန်ခင်ခင်လေး၏ ကမ္ဘာ့ခရီးသွားမှတ်တမ်းမှ (1973 ?)
"မြို့လန်ဒန်၏ ရှုခင်းအလှ"
"သူတို့ဆီမှာဖြင့်"
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
   ယုဝတီ                     နေရှယ်နယ်ဟိုတယ်
                                     ခေတ္တ၀ါရှင်တန်မြို့
    ယုဝတီ၏ ယုဝတီများထံသို့ ၀ါရှင်တန်မှနေ၍…..
    ဒုတိယအကြိမ်မြောက် စာရေးလိုက်ပါသည်။ ထားခဲ့တဲ့ဂတိအတိုင်း လွန်ခဲ့တဲ့အပါတ်က ဆက်ရန်မှ နေသေးတဲ့ Tower of Lodon,အကြောင်းရေးရအုံးမယ်။
    (Tower of London)တာဝါအော့(ဖ) လန်ဒန်၊ လန်ဒန်ပြတိုက်လို့ ခေါ်နေကြတဲ့ အထက်ပါ အဆောက်အဦးကြီး ကို ရောက်သွားတယ်။ ဆန်းမားဟော်လီဒေး၊ နွေဥတုရက် အားနဲ့သွားတိုးနေလို့ စည်လိုက်တဲ့ လူတွေဟာ မနည်းပါဘူး၊ မမခင်တို့ ရန်ကုန်မှာ တပေါင်းပွဲတော်ကို တောက ဘုရားဖူး လာကြရင်း ကန်တော်ကြီးတို့ တိရိစ္ဆာန်ရဲတို့ကို လျှောက်ကြည့်သလိုပေါ့။ မိန်းကလေးတွေ၊ ယောက်ျား ကလေး တွေ အဖိုးအို အဖွားအို ဘုစုခရုမကျန်လာကြတယ်။ ဟိုကြည့်သည်ကြာည့်….. တချို့ကလဲ လက်စွဲ ကင်မလာလေး တွေနဲ့ တဖြတ်ဖြတ်ရိုက်ကြတာဟာ မမောနိုင်-မပမ်းနိုင်ပါဘဲလေ။
    အဲသည်ရဲတိုက်ကြီးဟာ ရှေးက မေရီဘုရင်မတို့တံခိုးကြီးစဉ်က နေထိုင်သွားတဲ့ ရဲတိုက် နန်းတော်ေ ဟောင်းကြီးဖြစ်တယ်။ သိမ်းမြစ်ကမ်းပေါ်မှာ ကျောက်ချပ်ပြားကြီးတွေနဲ့ ခိုင်ခန့်စွာ မျှော်စဉ်ကြီးတွေ၊ အုတ်နံရံကြီးတွေ ရံဝိုင်းပြီး တဘက်ကလဲ ကျုံးမြောင်းခလုတ် ကတုတ်ရင်တားတွေ ၀ိုင်းလျက် တွေ့ရတယ်။ (bloody tower) ဘလပ်ဒီတာဝါး သွေးသောက်မျှော်စင်ဆိုတဲ့နေရာဟာ နာမည်အဆိုးဆုံးပေါ့။ အဲဒီနေရာမှာ သိမ်းမြစ်ထဲကနေပြီး ရဲတိုက်ထဲ ဒေါက်လျှောက်ဝင်နိုင်တဲ့ ရေတံခါးကြီးရှိတယ်။ ပုန်ကန်တဲ့သူတွေ အပြစ် ကြီးကျယ် တဲ့ ရာဇ၀တ်ကောင်တွေဆိုရင် ရေလမ်းကဖမ်းယူလာပြီး ဒီတံခါးကြီးကနေပြီး သွင်းရသတဲ့။
    အဲဒီရေတံခါးကသွင်းတဲ့ ရာဇ၀တ်ကောင်မှန်ရင်လဲ ဘယ်တော့မှ ပြန်လမ်းမရှိဆိုဘဲ။ နောက်မေရီ ဘုရင်မ ၏ သတ်ဖြတ်သုတ်သင်ခြင်း ခံရတဲ့ မင်းသမီး-မင်းသား၊ ဆွေတော်၊ မျိုးတော်များကို ခေါင်းဖြတ်ရာ ကျောက်ပြားကြီး ကိုလည်း အမှတ်တရ ပြသထားသေးတယ်။
    ရက်ရက်စက်စက် အုပ်ချုပ်ရတဲ့ ရှေးခေတ်တုန်းကဆိုလျှင် ဘယ်နိုင်ငံက ဘုရင်ဖြစ်ဖြစ်၊ သည်နည်း အတိုင်း အနည်းအများတော့ရှိကြတာဘဲ။
    မြန်မာပြည်က သီပေါမင်းလက်ထက်ကို အင်မတန်ဆိုးဝါးရက်စက်တယ်လို့ တချို့အင်္ဂလိပ်များက နှာခေါင်း ရှုံ့ချင်ကြလျှင် အင်္ဂလန်မှာလဲ ဒါမျိုးမကင်းတဲ့ ခေတ်ရှိခဲ့သေးတယ် ဆိုတာ ကိုယ်ချင်းစာတို့ ကောင်း ပါတယ် နော်။
    ဒီရဲတိုက်အလယ် လူသတ်ကျောက်ပြားနှင့် မနီးမဝေးမှာ မြက်ခင်းပြင်ကလေးတခုရှိတယ်။ အဲဒီ မြက်ခင်း စိမ်းလဲ့လဲ့ ကလေးပေါ်မှာ ဧရာမကျီးကန်းကြီး သုံးလေးကောင်ကို တွေ့ရသေးတယ် တကောင်လျှင် မမခင် တို့ မြန်မာပြည်က ကျီးကန်းကြီးသုံးကောင်စာလောက် ကြီးမားတယ်။ သူတို့အနီးအပါးမှာ ခိုတွေ စာကလေး တွေလဲ ရှိတယ်။
    တခါတခါ ကျိးကန်းတွေက ခိုလေးတွေ၊ စာလေးတွေကို နှုတ်သီးကြီးတွေနဲ့ ထိုးဖေါက်ပြီး စားပစ် လိုက်တာဘဲတဲ့။ ဗမာပြည်က ကျီးကန်းတွေလို ဟိုပျံလိုက်…ဒီနားလိုက် ကျီးကန်းတောင်းမှောက် မျက်လုံးမျိုး နဲ့ ပြာယီးပြာယာ ရုပ်လက္ခဏာမျိုး မရှိဘူး။ ဘေးက၀ိုင်းကြည့်တဲ့လူတွေကိုလဲ သိပ်ဂရုမစိုက်လှဘူး။ ခပ်တည်တည် ဘဲ မြက်ခင်းပေးမှာ နားနေကြတယ်။
    သူတို့ရဲ့ ထူးဆန်းတဲ့သဘောတရားကို မေးကြည့်တော့မှ….
ရှေးအခါက ရာဇ၀တ်သားတွေ သတ်ဖြတ်ပြီးတဲ့အခါ… အဲဒီ ကျီးကန်းတွေ ထိုးဖောက်စားကြမြဲဖြစ်တယ်။ ရဲတိုက်ကြီး မှာ အစဉ်အဆက်အတိုင်း မှီခိုနေထိုင်ပြီး ပေါက်ဖွားလာကြတဲ့ ကျီးမျိုးအဆက်ဖြစ်တယ်။
    ဒီရဲတိုက်မှာ ကျီးတကောင်မှမရှိလျှင် အင်္ဂလန်ထီးနန်း အဆက်ပြတ်သွားတယ်လို့ အင်္ဂလိပ်လူမျိုး တချို့ အယူသီး ကြသတဲ့….။
    ဒါကြောင့်ဒီကျီးတွေကို အမြဲတန်းခြောက်ကောင်ရှိအောင် မွေးကျွေးထားတယ်။ သူတို့ကိုကျွေးမွေးရန် သားငါး စတဲ့ စားစရိတ်နဲ့ အထိန်းတော်တယောက်ကို အမြဲလခပေးထားရ တယ်လို့ သိရတယ်။ တကောင် တလေ သေသွားရင်လည်း အစားရှာပြီး ထားရသတဲ့။
    လန်ဒန်မှာ ထူးဆန်းတာက မြို့ပေါ်မှာ ကျီးတကောင်မှမရှိဘူး။ တောဘက်မှာ သွားရှာမှ ကျီးကို တွေ့ရတယ်။ သူတို့မှာ ဘာတခုမှ လွှင့်ပစ်စရာနေရာမရှိဘူး။ အမှိုက်ပုံးထဲရောက်အောင် ထုတ်ပြီး ပို့ကြတယ်။ အမှိုက်ပုံးတွေကလည်း အဖုံး တွေနဲ့။ ဗမာပြည်မှာလို အစားအစာ အကျွင်းအကျန်တွေ စွန့်ပစ်ပုံ မသရမ်းအောင် စည်းကမ်းကြီးတယ်။
    မေခင်တို့ဆီမှာဖြင့် အမှိုက်ပုံတွေမှိုလိုပေါက်…. ကျီးတသောသော…. ခွေးဝဲစားတွေ တရုန်းရုန်း…… ယင်ကောင်တွေ တ၀ုန်းဝုန်းနဲ့……။ ဒါကြောင့် မမခင်တို့ဗမာပြည်မှာ ရောဂါအန္တရာယ် ထုပ်ထပ် ပေါများ သလောက် သူတို့ဆီမှာ လေကောင်းလေသန့်နဲ့ အစားအသောက်တွေ အချိန်မှန်မှန် အနေအထိုင် သန့်ရှင်း သပ်ရပ်ခြင်းတွေကြောင့် ရောဂါအန္တရာယ်ကင်းပြီး အသက်ရှည်ကြတယ်လို့ ဆိုင်ရင် မှားမယ် မထင်ဘူး။
    အသက်ရှည်တဲ့ လူတွေဘယ်လောက် ပေါသလဲဆိုရင် လူဦးရေရှစ်သန်းလောက်ရှိတဲ့ လန်ဒန်မြို့ တမြို့ ထဲမှာဘဲ ဘယ်နေရာသွားသွား…. ရှစ်ဆယ်ကျော် အဖွားကြီးအိုကြီးတွေကို တိုက်မိမှာဆိုးလို့ ရှောင်ရှား သွားရတာ အမောပါဘဲ။ အင်းလေ….. ရဲတိုက် အကြောင်းရေးရင်း က အမယ်ကြီးတွေဘက် လှည့်သွားလို့ မဖြစ် ချေ သေးဘူး။
    ရဲတိုက်ထဲမှာ မေရီဘုရင်မ နေထိုင်သွားတဲ့ အဆောင်တွေ တခြားနိုင်ငံက သိသမ်းပိုက်ရရှိဘူးသမျှ လက်နက် မျိုးစုံတွေ သိုလှောင်ပြသထားတဲ့ အဆောင်ကြီးတွေ၊ ဘုရားကျောင်းနှင့် မျှော်စင် အရပ်ရပ် တို့အပြင် မျှောက်စင်တခုမှာတော့ အင်္ဂလန်ပြည်မင်းတို့နှင့် ပြုလုပ်ထားသည့် သရဖူအမျိုးမျိုး အဆောင် အယောင် တံဆိပ် ဘယက်အမျိုးမျိုးတွေကို အလှပြထားသည်။
    အစောင့်အရှောက်တွေလဲ ရှေးနန်းတွင်း အ၀တ်အဆင် တိုင်းလုလင်တို့ အ၀တ်အတိုင်း ၀တ်ထားတဲ့ အတွက် သူတို့လူမျိုး နောင်လာနောက်သားလေးတွေက ရှေးဖြစ်ဟောင်းအောင့်မော့ ဘွယ်ဖြစ်လာပြီး အဲဒီ မင်းလုလင်ကြီး တွေနဲ့ ဓါတ်ပုံတွဲရိုက်တဲ့ လူမရှား၊ သူတို့ပြောဟောတဲ့ ရာဇ၀င်တွေကို စိတ်ဝင်စားစွာ စူးစိုက် နားထောင်ကြနဲ့ မမခင်တို့ ငယ်ငယ်က မန္တဘေလးနန်းတော်ကြီးထဲ ရောက်သွားတဲ့အခါ…. သက္ကလပ် အနီစလွယ် မှာ အလယ်ကကြေး ဒိုင်းခွက်ကြီးတွေနဲ့ နန်းတော်စောင့်ဗမာ ပြာတာကြီးတွေကို သွား သတိရမိတယ်။
    ဒါကမှန်ဆောင်ကွဲ့။ ဟောဒါက ပွဲကြောင့်ဆောင်ကွဲ့။ ဒီဟာက သီဟာသန ရာဇပုလ္လင်ခေါ် တယ်။ သွားမတက် နဲ့နော် ၀မ်းကျပြီး သေသွားမယ်နဲ့ မှတ်မိပါသေးရဲ့၊ အောင်ဗလလိုတော့ မကျိန်ပရစေနဲ့နော်။
    ဒါပေမဲ့ ယခုအခါ၊ ရှုစရာ၊ နန်းတော်တခုသာ ကျန်တော့တယ်ဆိုတဲ့ သီချင်းကို တော်လှန်လိုက်ပြီ ရှုစရာ နန်းတော်လဲ မရှိတော့ပြီ၊ ပြာပုံနှင့် မြို့ရိုးပျက် ကျုံးပတ်လည်မျှသာ ရှိပါတော့ကလားဟု နောက်တခေတ် လူများ အဘို့ ၀မ်းနည်းကြေကွဲစရာ ကောင်းလှပေတော့သည်။
    အဲဒီအဘိုးတန် စိန်ကျောက်ရတနာတွေ စီချယ်တဲ့ သရဖူတွေပြထားရာ၊ ပြခန်းကြီးကို ၀င်ကြည့်ရာတွင် ၀င်လိုသော လူတန်းကြီးမှာ ၂ယောက်တတွဲစီနှင့် တမျှော်တခေါ်ကြီး နေ့စဉ် နေ့စဉ် ဤသို့နှင်နှင် တည်း ဆိုသလိုပေါ့။
    နွေဥတုနားရက်ကြောင့်၊ တောလူသိုက်ကျ၍ချည်းမဟုတ်။ စာသင်ကျောင်းတွေက ကျောင်းသား တွေ ကလဲ ရာဇ၀င်သင်ခဏ်းစာကို ဆရာတွေနဲ့ လက်တွေ့ဆည်းပူးလာကြသည်မှာ တနေ့လျှင် ၄၊၅ ကျောင်း အလှည့်ကျ ပေးထားတာတောင် ကျောင်းတွေကများလွန်းတော့ ရက်မလောက်မငှ ဖြစ်ရသတဲ့၊ ဗမာနိုင်ငံ က ကျောင်းသားလေးတွေရဲ့ အခြေနဲ့မကွာဘူးလားနော်။
    ရတနာရောင်တဖြတ်ဖြတ်နဲ့ စင်းဝင်းလက်နေတဲ့ သရဖူတွေကို တအံ့တသြအထဲရောက် တဲ့အခါ မြင်ရတော့တာပါဘဲ…။ အင်္ဂလန်ပြည်မှာ တဆက်ပြီးတဆက် နန်းတက်သွားကြတဲ့ ရှင်ဘုရင်များ၏ သရဖူ တွေပေါ့။
    အဲဒီအထဲမှာ ပဉ္စမမြောက် ဂျော့ဘုရင်နဲ့ မိဖုယားဆောင်းတဲ့ သရဖူ ၂ခုကို သဘောအကျဆုံးဘဲ။ ဂျော့ဘုရင် မင်းဆက်မှာ ၀ိတိုရိယဘုရင်မကြီး လက်ထက်ကစပြီး သားဧဒွက် ဘုရင်မြေးဂျော့ဘုရင် (ပဉ္စမ) တိုင်အောင် အကြီးပွားဆုံး အတိုးတက်ဆုံးခေတ်ဖြစ်လို့ သရဖူတွေမှာ စိန်ကောင်း ကျောက်ကောင်း အလုံးကြီး တွေ အဘိုးတန်တွေ ပါဝင်တယ်လို့ ယူဆရန်ရှိတယ်။
    ယခုအချိန်မှာဆိုလျှင်။ စီးပွားရေး အခြေနိမ့်နေခိုက်ဖြစ်လို့ ဒီထက်ကောင်းတဲ့ သရဖူမျိုးကို မလုပ်နိုင်တဲ့ အတူတူ အယ်လီဇဘက် ဘုရင်မ ဘိသိတ်ခံလျှင် ဘိုးတော်ဘွားတော်များရဲ့ သရဖူကိုဘဲ တော်တဲ့ဟာ ယူဆောင်း တော့မယ်လို့ ရည်ရွယ်ထားကြသတဲ့။
ခေတ္တ၀ါရှင်တန်မြို့။
xxxxxxxxxxxxxxxxxxxxxxxx
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
    ယုဝတီ                       နေရှယ်နယ်ဟိုတယ်
                                     ခေတ္တ၀ါရှင်တန်မြို့
    နယူးယောက်မြို့ကြီးရဲ့ ရှုကွင်းအလှတွေကလဲ အံ့သြကုန်နိုင်ဘွယ်လေတည့်မှ ဆိုသလိုပါဘဲ။ အရင် တပါတ်က ကျန်နေသေးတဲ့ ရေးစရာများကို ဆက်ရေးချင်ပါသည်။ လန်ဒန်မြို့ သိမ်းမြစ် တဘက်ကမ်း မှာ ရှိတဲ့ Hampton coupt palage (ဟမ္မတန်ကုတ်ပဲလေ့စ်)ခေါ်တဲ့ နန်းတော်ဟောင်းကြီးကို သွားကြည့်  သည်
    အဌမမြောက် ဟင်နရီဘုရင်တို့အဆက် စံမြန်းခဲ့တဲ့နန်းတော်ဟောင်းကြီးပေါ့။ အင်္ဂလိပ် သက္ကရာဇ်၊ တထောင့်ငါးရာကျော်ဆီလောက်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးကြီးမှာ အခန်းခန်း အဆောင်ဆောင် အရောင် မပျက် ယခုထက်တိုင် ဖိတ်ဖိတ်လက်တွေ့ရတယ်။ နန်းတော်ကြီး၇ဲ့ ပမာဏကို မှန်းဆရမယ်ဆိုရင် မမခင်တို့ ရန်ကုန်က အတွင်းဝန်များရုံလို အဆောက်အဦးမျိုးများ ၄ခု ယှဉ်ကပ်ထားသလိုပါဘဲ။ သို့သော် လည်း ကြီးမားတဲ့ ဒုဒယ်ချင်းတော့ နန်းတော်ကြီးကပိုလိမ့်မည်။ 
    သာယာတဲ့ ပန်းမျိုးစုံ၊ သစ်ပင်ကြီးငယ် မြက်ခင်းပြင်၊ ရေယဉ်စမ်းတွေနဲ့ ကျယ်ဝန်းတဲ့ ဥယျာဉ်ကြီးကတော့ လျှောက်လို့ မဆုံးနိုင်ပါဘူး။ အကြည့်လာကြတဲ့ ပရိတ်သတ်ကလဲ တသဲသဲဘဲ။ ဥယျာဉ်ထဲမှာ စားစရာ ရောင်းတဲ့ ဟော်တယ်ကလေးကလဲ ပရိတ်သတ်ကို ဖွေးနေတာပါဘဲ။
    နန်းတော်၇ဲ့ အ၀င်ပေါက်အတွင်းဘက်မှာ ရှေးအခါက အင်မတန်လက်စွမ်းမြောက်ခဲ့တဲ့ နာရီကြီးတခုကို တွေ့ရတယ်။ နာရီလက်တန်ဟာ အချိန်ကိုပြရုံမက နေ့ရက်လရာသီ နက္ခတ်တာရာကိုပါ သိနိုင်အောင် နာရီရဲ့ မျက်နှာပြင်မှာ တခါတည်း ပြထားတယ်။
    ယခုတော့ နာရီကြီးဟာ စက်မသွားနိုင်တော့ပါဘူး။ နောက်ဟင်နရီ ဘုရင်ရဲ့စားတော်ကဲများ ချက်ပြုတ်ရာ ပွဲတော်ဖို မီးဖိုချောင်ပေါ့လေ။ အိုးတွေခွက်တွေ အသားကင်တဲ့ ကြေးတံစို့ကြီးတွေဟာ လက်ရာ ခြေရာ မပျက်သိုပြထားတယ်၊ ဘာသွားသတိရသလဲဆိုရင် ရော်ဘင်ဟုဒ်ဇာတ်ကားထဲမှာ နန်းတော် အတွင်း သောက်စားကြတဲ့ ပုံသဏ္ဍာန်တွေကို သွးသတိရမိတယ်၊ ရှင်ဘုရင်၏ ၀ိုင်အရက် သိုလှောင်ရာ အခန်းကြီးလဲ တွေ့ရသည်။
    တောကစားထွက်ရာက ပစ်ခတ်ရလာတဲ့ သားကောင်များ၏ချိုနှင့်ငှက်ကောင်လေးများ ချိတ်ဆွဲ ထားရာက အရိုးချည့်ဖြစ်နေဒါ ယခထိကြည့်နိုင်သေးတယ်။ ဟင်နရီဘုရင်ဟာ စိတ်ဆတ်သလောက် အစားလဲ ကြူးဟန်တူပါရဲ့၊ ဗမာ့ရာဇ၀င်မှာ နာမည်ကြီးခဲ့တဲ့ နရသီဟပတေ့ ဘုရင်လိုပေါ့၊ နန်းတော်ကြီး၏ အပေါ်ထပ် များမှာတော့ မရေတွက်နိုင်တော့သလောက် များပြားတဲ့ အဆောင်တွေမှာ နံရံနှင့် မျက်နှာ ချက် ရှိသမျှလူ၏ နှစ်ကိုယ်စာလောက်ရှိတဲ့ ဆေးရောင်စုံ ပန်းချီရုပ်ဇာတ်နိပါတ်နဲ့ ချည်းနှင်နှင် ရေးချယ် ထားတာ ကို အရောင်မပျက် ဖုံးမတင် မြူမကပ်ဘဲ၊ လတ်လတ်ဆတ်ဆတ် မြင်ရတော့ သူတို့ရဲ့ ရှေးကျတဲ့ သုခုမတို့ ငါ့ခုမတို့ ကွယ်ပျောက်မတတ် ဖြစ်နေလို့၊ ယခုလွတ်လပ်တဲ့၊ ဘ၀ရောက်မှ ရသမျှကလေး လိုက်လံ သိမ်းကောက်စ ပြုနေရတယ်။ 
ပန်းချီဆေးမျယ်တဲ့ နံရံတွေမှာ ဆိုရင်လဲ "ဟမ္ပတန် နန်းတော်ကြီးမှာ စံနေသွားကြတဲ့ ရှင်ဘုရင် မိဖုယား မင်းသား မင်းသမီးတွေရဲ့ ပုံတူဆီးဆေးကားတွေ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ကဗျာဆရာကြီးတွေ၊ ပန်းချီဆရာကြီးတွေရဲ့ ပုံတူဆီဆေးကားကြီးတွေလဲ ဆွဲချိတ်ထားတာ ခန်းလုံး ပြည့်ကြည့်မကုန်နိုင်ပါ။
    စက်ရာသလွန်လို့ ဗမာလိုခေါ်ကြတဲ့ သူတို့ရဲ့ရှင်ဘုရင် မိဖုယားတွေ အိပ်သွားတဲ့ သူတို့ရဲ့ ရှင်ဘုရင် မိဖုယား တွေ အိပ်သွားတဲ့ ခုတင်တွေမှာ ဟိုခေတ်အခါက အသုံးပြုသွားတဲ့ ပိုး,ဖဲ, ကတ္ထီပါ, ကမ္ဗလာ ခင်းထည်တွေ အတိုင်း ခင်းကျင်းပြင်ဆင်လျှက်သား ထိုင်သွားတဲ့ ကုလားထိုင် လှုံသွားတဲ့ မီးလင်းဖို စားသွားတဲ့ ထမင်းစားခန်း ရေးသွားတဲ့ စားပွဲနည်းတဲ့ စာတန်းတွေမဟုတ်ပါဘူး။ သူ့ဘုရင်နဲ့ သူ့မိဖုယား အမျိုးမျိုး အစားအစားပေါ့။ 
Hall ဟောလ်ခေါ်တဲ့ ခမ်းမကြီးတွေကလဲ တဋ္ဌာနပြင် ညီလာခံခန်း၊ သံတမာန်တွေ လက်ခံတဲ့အခန်း။ သံတမာန်တွေ လက်ခံတဲ့အခန်း။ လက်ဆောင်ပဏ္ဏာယူတဲ့အခန်း။ လက်နက်ဓါးလှံသေနတ် စသည်ဖြင့် ဟိုခေတ် က ရှိခဲ့သမျှ မိမိရရနှင့် အပူဓါတ်အအေးဓါတ်ပေးပြီး သကာလ၊ အခန်းတွင်မှာရှိတဲ့ အသုံးအဆောင် တို့ကို ရှေးကအရောင်အသွေးအတိုင်း မပျက်စီးမဟောင်းနွမ်းရအောင် အင်မတန်အကုန်ခံပြီး စီမံ ဖန်တီး ထား တာပါဘဲ။
    ဒါကြောင့်လဲ လန်ဒန်မြို့ကြီးဟာ ရှေးဟောင်းလက်ရာတွေ စုဝေးရာဌာနကြီး တခုအဖြစ်နဲ့ ထင်ရှား ကျော်ကြား ခဲ့ပေတာဘဲ။ 'စိန်ပေါဘုရားရှိခိုးကျောင်းကြီး'ဆိုပြန်ရင်လဲ ရှေးကအနုပညာာရှင် လက်ရာမွန် တွေ နဲ့ အခဲနက်ပြည့်စုံလှတဲ့ အဆောက်အဦးပါဘဲ။
    အဲဒီကျောင်းကြီးထဲမှာ နယ်လဆင်, ၀ယ်လင်တန်, စတဲ့ ဥရောပမှာ ရာဇ၀င်ပြောင်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေရဲ့ အလောင်းတွေ မြှုပ်နှံရာ ဌာနကြီးတခုလဲဖြစ်တယ်။ ဂူပေါ်တင် ထုလုပ်ထားတဲ့ ပူံတူ ကျောက် ရုပ်ကြီး များကလဲ လက်မြောက်ပါပေတယ်။ 
    အရိုး၊ အဆစ်အကြော၊ အရေပြားကလေးတွေများ တွန့်နေသည်မှာ တကဲ့လူနှင့် တထေရာထည်း ထပြီး စကား ပြောတော့မည့်အတိုင်းပင်။
    "၀င်ဆာရဲတိုက်ကြီး" လန်ဒန်ကနေပြီး ထိုရဲတိုက်ကြီးကို ကားနှင့် တနာရီကျော်ကျော်သွားရတယ် တောင်ကုန်မို့မို့ပေါ်မှာ ကျောက်ချပ်ပြားကြီးတွေ အထပ်ထပ်နဲ့ မြင့်မတ်တဲ့ နံရံမျှော်စင်ကြီးတွေ ခြံရံပြီး ရဲတိုက်အ၀င်ဝနားမှာ ရှိတဲ့ ၀င်ဆာဘုရားရှိခိုးကျောင်းကြီး အတွင်းမှာတော့ ဥရောပမင်းဆက်တွေရဲ့ အလောင်း မြှုပ်နှံ ဂူသွင်းထားရာ ဋ္ဌာနကြီးတခုလို့ဆိုကြပါစို့၊ ကျောင်းဆောင်တခုလုံး သွားလေသူ ဘုရင် များ ရဲ့ ဂူကျောက်ရုပ်မှတ်တိုင်၊ ကျောက်ပြားတွေ တွက်ရေမဆုံးနိုင်ပါ။
    "ပါလီမန်မှာ" ဥရောပနိုင်ငံကြီးနဲ့တကွ။ အင်ပါရာတခုလုံးကို သြဇာအာဏာဖုံးလွှမ်းရာ ဌာနကြီး တခုဖြစ်တဲ့ ပါလီမာန် အဆောက်အဦးကြီးကိုလဲ ရောက်ခဲ့တယ်။ ထိုနေ့ကလွှတ်တော် အစည်းအဝေးလဲ ရှိနေသည်နှင့် သတင်းစာ တိုက်တွေက သတင်းထောက်, ဧည့် သည်တော်များ ကိုတွေကို သူ့နေရာနှင့်သူ အသင့်ပေါ့ အက်တလီနှင့် ချာချီဟာ သူ့ပါတီသမားအမတ်တွေ ခြံရံပြီး တဘက်နှင့်တဘက် မျက်နှာချင်း ဆိုင် ထိုင်ခုံတွေမှာထိုင်လို့ လွှတ်တော်အစည်းအဝေးလဲ ရှိနေသည်နှင့် သတင်းစာတိုက်တွေက သတင်း ထောက်, ဧည့်သည်တော်များတွေကို သူ့နေရာနှင့်သူ အသင့်ပေါ့ အက်တလီနှင့် ချာချီဟာ သူ့ပါတီသမား တွေ ခြံရံပြီး တဘက်နှင့်တဘက် မျက်နှာချင်းဆိုင် ထိုင်ခုံတွေမှာ ထိုင်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးက အလယ်မှာ တဘက် နှင့်တဘက် အခြေအတင်ပြောကြနဲ့ ဦးချာချီကြီးဟာ ဆေးပြင်းလိပ်ကြီး ခဲရက်က တဘက်က ပါတီ ကိုစ,တယ် ဟိုတဘက်ကဘာမှ စကားပြန်မရှည်တော့မှ၊ သူ့,စဒါကို ဖွင့်ချပြီး ပြုံးပြုံးကြီး ပြန်ထိုင်လိုက်တယ်။ သိပ်လယ်တဲ့အဘိုးကြီးပေဘဲ။ 
    "ကြူဝါဒင်"ခေါ်တဲ့ ပန်းခြံကြီးကိုလဲ ရောက်ခဲ့ပါရဲ့။ ဖြူနီဝါပြာပန်းပဒေသာတွေ အသွေးအရောင် အကန့် အကန့် နဲ့ အကွက်ချပြီး စိုက်ပျိုးမွမ်းမံထားတဲ့ ဒီပန်းခြံကြီးကို ရောက်တော့ မမခင် ၀ါသနာအိုး…နှင်းဆီပင် ရူးများ အတွက် ပန်းခြံကြီးထဲက မထွက်နိုင်အောင်ပေါ့ ကမ္ဘာအရပ်ရပ်ကသစ်ပင် ပန်းမာလ်မျိုးတွေကိုလဲ 'မှန်အိမ်'ကြီး တွေထဲမှာ အပူငွေ့ပေးပြီး စိုက်ပျိုးပြသထားတယ်။ အုန်းပင်,ထန်းပင်,ကြီးတွေဟာ မှန်အိမ်ကြီး တွေထဲမှာ အသီးအခိုင်တွေ ထွက်လို့ဝက်မလွတ် ငှက်ပျောခိုင်ကြီးများ မှည့်ဝင်းနေလိုက်တာ ကြက် ဟင်းခါး, ဘူး, ဖရုံ, ငြုပ်, သခွါး, စားစရာတွေ မြေဇူပန်း၊ ငွေပန်းဆယ့်နှစ်ရာသီပန်းက အစသူတို့ အအေး လွှမ်းရာ နိုင်ငံ သားများ အဘို့ မမြင်ဘူးတဲ့ အပင်ထူး အပန်ဆန်းတွေပေါ့။ အတွေ့အကြုံဗဟုသုတများမှာ ဘာမှ လိုလေသေးမရှိအောင် ဖန်တီးထားရှာတဲ့ သတို့အစိုးရကို ချီးကြူးစရာဘဲ ဒါတောင်ပြည်ကို ဘယ်နေရာမှာ ရှိမှန်ခးမသိတဲ့လူတွေ အများကြီးရှိကြတယ်။
    ဒီကိစ္စကတော့ သူတို့နိုင်ငံကျောင်းတွေမှာ ပထ၀ီသင်ကြားမှု မစုံလင် ညံ့ဖျင်းသေးတယ်လို့ ယူဆရမယ်။ ဗမာပြည်က ၅တန်းကျောင်း ကျောင်းသားကလေးတွေ ဆိုရင် တကမ္ဘာလုံး ရှိတဲ့ နိုင်ငံတွေကို သိနေကြပြီ။ ဒါဟာထူးခြားမှုတရပ်။ အရှုံးထဲကအမြတ်လို့ မှတ်ကြပေတော့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"မရိုးနိုင်မအီနိုင်တဲ့ လန်ဒန်ဟင်းများ"
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
    ယုဝတီ                      ဟင်နရီဟတ်ဆင်ဟိုတယ်
                                     နယူးယောက်မြို့
    ရောက်သည့်အခိုက်ကြည့်ရှု စုံစမ်းထိုက်တန်သည်မှန်သမျှ သေချာဂန ကြည့်ရှုစုံစမ်း လှည့်ပတ် ရသည့် အလုပ် ကြောင့် ယုဝတီနှင့်အဆက်ပြတ်လျက်ရှိခဲ့ရပေသည်။
    ယခုတဖန် လန်ဒန်မြို့မှနေစဉ် တည်းခိုခဲ့ရသော ရဲင်ဗရင့်(Rembrandt)ဆိုတဲ့ ကမ္ဘာကျော် အနုပညာ သည် ပန်းချီဆရာကြီး၏ အမည်ကို အစွပြုပြီး မှည့်ခေါ်ထားတဲ့ ထို'ရဲင်ဗရင့်ဟိုတယ်'ကြီး ရဲ့ ဂုဏ်အင်္ဂါ ကို မချီးမွမ်းဘဲ မနေနိုင်သည့်အလျှောက် ရေးလိုပေသေးသည်။ ၄င်းဟိုတယ်ကြီးသည် လန်ဒန် လူထုအဘို့ ဣနြေ္ဒ အရဆုံး အငြိမ်းသက်ဆုံး ဟိုတယ်ကြီးဟု အသိအမှတ်ပြုကြလေသည်။
    လန်ဒန်မြို့သူမြို့သားတွေဟာ လူဘယ်လောက်များများ စည်းကမ်းတကျ ငြိမ်သက်တိတ်ဆိတ်စွာ နေလေ့ ရှိသည်။ အချင်းချင်းစကားပြောကြရာတွင်ပင် တီးတိုးပြောတတ်သော အလေ့ရှိသည်။ မိမိ အသံ ကျယ်မှု ကြောင့် သူတပါးအား အနှောင့်အယှက်ဖြစ်မှာ အလွန်စိုးရိမ်သည်။
    သည်မျှ တိတ်ဆိတ်ငြိမ်သက်ကြရာတွင် ရဲင့်ဗရင့်ဟိုတယ်ကြီးက ပိုလို့ပင် တိတ်ဆိတ်ငြိမ်သက်မှုကို ဂုဏ်ယူ ထားပြန်လေရာ သို့ကြောင့် အပ်ကျသည်ကိုပင် ကြားရတော့မလောက် ငြိမ်သက်လွန်းလှသဖြင့် ကမ္မဋ္ဌာန်း ထိုင်ဘို့ပင် ကောင်းလှတော့သည်။
    ထမင်းစားခန်းရှိ စားသောက်ကြရာမှာလည်း ၀တ်ကောင်းစားလှတွေ ကျကျနန၀တ်ပြီးမှ သွားစား ကြသည်။ မနက်စာ…. နေ့လည်စာ….ညစာ၊ ၃-ခါစား ၃-ခါဆင်း 3-ခါ အ၀တ်ဝတ်ရသည်မှာ နေ့စဉ်နှင့် အမျှ ဆိုတော့…. ပျင်းစရာပင် သိုကပေမင့် သူတို့မှာ မပျင်းကြပါ။ ဒါဘဲအလုပ်ရှိသည်။
    ထမင်းစားခန်း ဆင်းရှိ အဆောင်မှူးတို့ စားပွဲထိုးများခဗျာတို့မှဲာ နောက်မြီးရှည် အကျိံတွေနှင့် အင်မတန် သပ်သပ် ယပ်ယပ် စမတ်ကျကျဝတ်ထားရသည်။ စားမည့်သူအခန်းဝင်လာလျှင် ဆီးကြိုနှုတ်ဆက် ကုလားထိုင် ထိုးပေး။ 'မိနု'ခေါ်တဲ့ စားစရာစာရင်း ချပေး…. စားမည့်သူက ကြိုက်ရာမှာ လိုက်တော့သည်။
    အဲဒီ ယူလာတဲ့ စားဖွယ်သောက်ဖွယ်တို့ကတော့ အများအားဖြင့်  ဆိတ်သား ပါးပါးလွှာလွှာ နှစ်ဖတ်နှင့် ကြက်ဥကြော် တခုသော်၎င်း။
အမဲသား ပါးပါးလွှာလွှာနှင့် အာလူးအသီးအနှံတခုခုပြုတ် ခြံရံ၍ သော်၎င်း...။ အသီးအရွက်ခြံရံထားတဲ့ နှစ်လက်မခန့် ငါးသေတ္တာနှစ်ကောင်သော်၎င်း။ ၆-လက်မခန့်ရှိ ငါးကောင်လုံးကျော်သော်၎င်း။ ကြက်သား ကော်ရည်ဟင်း နှင့် ထမင်းအနည်းငယ်... စသည့် ၎င်းအစာမျိုးတွေသာ မုန့်လုံးစက္ကူကပ်သီချင်းပမာ တ၀ဲ လယ်လယ် ဖြစ်နေပြီး သည်အစား မျိုးတွေကို မ တည်လျက် ပေါင်မုန့်... ထောပတ်တု သစ်သီးပူတင်း... အိုက်စကရင်း... ဂျုံမုန့် ဆန်းကျွတ်ကျွတ်ပြင် နွားနို့...ဆွတ်ပြုတ်... စတဲ့ အဖုံးအပိတ် အစသိပ် စားစရာ တွေပါဘဲ။
စားပွဲခင်းတွေ... ဇွန်းခက်ရင်း...ငွေစလုံ...ငွေခွက်...ငွေသံလေး..အရောင်ဖွေးဖွေးလျှံလျှံ အရှိန်ဟတ်ပုံ နှင့် စာလျှင် စားရတဲ့အရသာပေါ့ပျက်ပျက်က မကာမိပါဘူး။ ဒါတွေက သူတို့ လူမျိုးများ နေ့စဉ်နှင့်အမျှ သာယာ နှစ်ချိုက် စွာ မညည်းနိုင်၊ မရိုးနိုင်အောင် စားသောက်နေထိုင်ကြတယ်။
ဗမာတွေသာဆိုရင် ဒီလောက်အမယ်နည်းတဲ့ အစာကို အချာချာတလယ်လယ်စားနေရရင် ဖြစ်နိုင်မယ် မထင်ပါ။
အမျိုးအမည် စုံလှသော ဗမာပြည်ဖြစ် အစားအစာတွင်မက တခါတခါ တရုပ်တန်းကတရုပ်စာ။ မဂိုလမ်းက ကုလား အစာတွေနဲ့ အစာနယ်ချဲ့ကြသေးသည် မဟုတ်ပါလား။
သို့ရာတွင် ဟိန္ဒူနှင့်ပုဏ္ဏားလူမျိုး ပဲနှင့်အာလားတို့ကို တသက်သုံးမရိုးနိုင်အောင် စားနိုင်သည်မှာ အချိန် မှန်မှန်နှင့် အစာခံပြီးမှစား၍ မြိန်ရေယှက်ရေစားနိုင်ကြသလိုသူတို့မှလည်း အစာကို မနက်...နေ့လည်...ည ၃-ကြိမ် ခွဲ၍ အချိန်မှန်မှန် စားသောက်ကြခြင်းကြောင့် ကန့်သတ်ထားသော အချိန်ကျလျှင် ဆာဆာနှင့် စားနိုင် သောက်နိုင်ကြခြင်းဖြစ်လေသည်။
တယောက် တယောက်ကို စားလိုက်သောက်လိုက်တာကလည်း မနည်းပါဘူး။
မစားခင်သောက်တဲ့ အရည်ကလပ်ကလည်း ဖလ်ခွက်ပေါင်း အတော်ဝင်လိမ့်မည်။ နောက် ဂျုံပြုတ်၊ ဆွတ်ပြုတ်၊ ကြိုက်ရာ သောက်လိုက်သေးသည်။ နောက်မှ ပေါင်မုန့်ကြီးတွေဖဲ့ကာ ဖဲ့ကာ လာသမျှမှာသမျှ အစာ တွေနှင့်ရော၍စား။ အားရတော့ ရေသောက်၊ ပြီးတော့ ချိုချဉ်ရသာစုံ သစ်သီးပူတင်း အိုက်စကရင်တွေ တဆက်တည်း တ၀စား။ အဲဒါနဲ့ ပြီးအုံးမလား ဆိုတော့ မပြီးသေးပါ။ ကော်ဖီနှင့် လဘက်ရည်ကြိုက်ရာကို အစာသိပ် သောက်လိုက်ကြပါသေးတယ်။
စကားတပြောပြောနှင့် အစား စားပွဲမှာ အနည်းဆုံးတနာရီကျော်လောက် အချိန်ဖြုန်းပြီးမှ စားပွဲထိုးကို တစ် ပေးပြီး ထွက်သွားကြသည်။
ဗမာပြည်မှာတော့ (ဘောက်ဆူး)ပေးတယ်ဆိုတာမျိုးပေါ့ ဗမာပြည်မှာ ပေးရမယ်လို့ စည်းကမ်း မရှိပါဘူး။ ကိုယ်သဒ္ဓါ မှ ပေးကြတာ။ သူတို့ဆီမှာတော့ မပေးလို့ကိုမဖြစ်ဘူး။ ထုံးစံကြီးတခုဘဲ။
အခန်းရှင်းတဲ့ မိတ်ကိုလည်း ပေးရတာဘဲ။ စက်လှေကား မောင်းတဲ့သူငယ်ကလည်း ခဏခဏ '  သိုင်းခရု ' လုပ်တော့ မပေးဘဲ မနေနိုင်ဘူး။ တက္ကစီးမောင်းတဲ့ဆရာကလည်း 'တစ်' လောက်ဘဲ မျှော်လင့်ချက် ထားသည်။
၎င်း ဟိုတယ်မှာ ၄-၅ရက်ခန့် ဤနည်းနှင်နှင်။ မနက်လင်းလျှင် လင်းခြင်း ရေချိုး အ၀တ်လဲ စက်လှေကား နှင့်ဆင်း ဧည့်ခန်းမှာထိုင်၊ ဧည့်သည်လာလျှင်တွေ့၊ ထမင်းစားခန်းဝင် အဆောင်မှူးက နှုတ်ဆက် သည်ကို ပြန်ဆက်၊ စားပွဲတိုင်ကြွပေးတဲ့ ကုလားထိုင်မှာဝင်ထိုင်၊ 'မိနု' ဖတ် စားစရာမှာ၊ စားနိုင် သလောက် စား၊ ကာဖီသောက်၊ တစ်ချ၊ ဧည့်ခန်းပြန်ထွက်လာ၊ စာရေးစားပွဲမှာထိုင်၊ စာရေးစရာရှိရေး၊ အပြင်ထွက် လိုကထွက်၊ မထွက်လိုက စက်လှေကားနှင့် အပေါ်ပြန်တက်၊ နေ့လည်စာ အချိန်မှာလည်း သည်နည်း။ ညစာ အချိန် မှာလည်း ထိုနည်းနှင်နှင်၊ ၃-၄ရက် လောက်ရှိတော့ အင်မတန်ညည်းငွေ့လာသည်။
ကိုယ့်ဗမာပြည်မှာတော့ မနက်မိုးလင်း ရေမချိုးချင်သေးလျှင်လည်း ခေါင်းစုတ်ဖွားနှင့်ပေမယ့် ကာဖီထိုင် သောက်ချင်သောက်နိုင်သော လွတ်လပ်သော အရသာကို ပြန်တွေးမိသည်။
သည်ဟိုတယ်ကြီးတွေမှာ လူကြီးလူကောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေ ပြုမူနေထိုင်ပုံတွေကို တွေ့မြင်နေရပြီး နောက်တနေ့မှာ 'လူထု' ခေါ်တဲ့ လုပ်စားကိုင်စား သမားတွေ စားသောက်ရာ ဆိုင်မျိုးကို ကြည့်ချင်ပြန်သည်နှင့် 'ပစ်ကားဒေလီ' ခေါ်သော အစည်ကားဆုံး ရပ်ကွက်ကို ရောက် သွားခိုက်ဖြစ်၍ 'လူထု'စားသောက်သော စားစရာဆိုင်ကိုဝင်စားကြည့်သည်။
အစားခြင်း တော့ မကွာပါ။ ၀က်ပေါင်၊ ကြက်ဥ၊ ငါးသေတ္တာ အာလူး၊ ပေါင်မုန့်၊ မာကာရိုးနီ၊ နွားနို့၊ ကာဖီ၊ ဒါတွေ ဒါတွေ အားလုံးရှိတာပါဘဲ။
တစ်မပေးရ၊ စားပွဲကုလားထိုင်ထိုးမရှိ။ ဒါဘဲကွာတယ်။
ကောင်တာရှည်ကြီးဘေးတွင်၊ ဒန်ရောင် ခြေတချောင်းနင့် သားရေထိုင်ခုံတွေမှာထိုင်၍ စားချင်ရာ မှာစား၊ အတွင်း က ရောင်းသူကသောက်ရေဖန်ခွက် ဇွန်း ခက်ရင်း စက္ကူလက်သုတ်ပုဝါ အစုံနှင့် စားစရာကို လာချ ပေးသည်။
စားစရာ ထည့်ရောင်းသော ပစ္စည်းအသုံးအဆောင် ထိုင်ခုံစားပွဲရှည်များ အရောင် ဖိတ်ဖိတ်လက် သန့်ရှင်း စင်ကြယ် လှသည်။
လူကလည်း ဆူဆူညံညံနှင့် ညစ်ညစ်ပေပေမဟုတ်၊ တိတ်ဆိတ်ငြိမ်သတ်သည်။ သန့်ပြန့်သားနား သည်။
သူတို့ အလုပ်က လက်သမား ဆေးသုတ်သမားကားမောင်းသမား အပ်ချုပ်သမား၊ ဘိနပ်တိုက်၊ တံမျက် လှည်း က အစ လမ်းဘေးက ရေခဲမုန့်ချောင်းရောင်းတဲ့ ဦးပီတာနဲ့ သတင်းစာရောင်းတဲ့ ဂျော်နီလေးတို့ အထိ ပေါ့။
ဒါကြောင့် သူတို့ဆီမှာ ဆင်းရဲချမ်းသာ မရွေးသန့်ရှင်းစွာနေထိုင်စားသောက်တတ်မှု စံနစ်ကိုတော့ ချီးကြူး ထိုက်ပါ ပေတယ်။ အလုပ်သမားများ ရတဲ့အခကြေးငွေ ဟာလည်း တော်တော်ဘဲ အီအောင် ရသည်။
တပါတ်မှာ ငါးရက်သာအလုပ်လုပ်သည်။ စနေ တနင်္ဂနွေဆိုရင် အားလပ်ခွင့် ရသလောက် လွတ်လပ်စွာ သွးလာ လည်ပတ်ကြသည်။
အစားအသောက်ကို ဟိုတယ်နှင့် ဆိုင်များ၌သာ အားထားစားသောက်နေသူများအပြင် ကိုယ်အိုး ကိုယ်အိမ်နှင့် နေထိုင်စားသောက်သူတွေအဘို့မှာ သာ၍ တွက်ခြေကိုက်ကြသည်။
အိမ်ရှင်မ မှန်လျှင် ချမ်းသာဆင်းရဲ မရွေး အလုပ်သက်သာ ချောင်ချိလှသည်။ ထင်းမခွဲရ မီးယပ်မခပ်ရ မီးမမှုတ် ရဘဲ စက်ခလုပ်နှိပ်ရုံနှင့် ကိစ္စပြီးငြိမ်းသည်။
လျှပ်စစ် ဓါတ်အား မီးဖိုကို အိမ်တိုင်းရသည်။ လျှပ်စစ်ဓါတ်အားကို ဈေးပေါပေါကြီးနှင့် သုံးနိုင်သည်။ ရေနွေး ရေအေး ပိုက်နှင့် သဘောရှိဖွင့်သုံးနိုင်ရန် မျက်နှာသစ်ခွက် ရေချိုးခန်းနှင့် မီးဖိုချောင်သုံး ရေအတွက် အိမ်ခန်း တိုင်း အသင့်တပ်ဆင်ပေးထားသည်။
ထို့ကြောင့် မီးဖိုအခန်းတိုင်းမှာ ဧည့်ခန်းကဲ့သို့ ပြောင်လက်သန့်ရှင်းလှသည်။ သား၊ ငါး အသီးအရွက် မီးဖိုသုံး ပစ္စည်း များကို မပုတ်မသိုးရန် အအေးသေတ္တာ ' ဖရယ်ဂျီဒယ် နှင့် အိမ်တိုင်းထားနိုင်သော ကြောင့် ဈေးဝယ် လျှင် တပါတ်စာ တခါတည်းဝယ်ထားနိုင်သည်။
မနက်တိုင်း ဈေးဆွဲခြင်းကိုင်ထွက်ရသော ဒုက္ခငြိမ်းလေတော့သည်။ သားသမီးများသော အိမ်ထောင်ဆိုလျှင် နွားနို့ သစ်သီး ချော့ကလက် အနွေးထည် ဆေးဝါးများ ရိုးရိုးအိမ်ထောင်ထက်ပို၍ ရသည်။
ခလေးများလေ၊ အမြတ်ထွက်လေ လူကြီးတွေအဘို့ ' ရာရှင်စံနစ် ' နှင့် ချိုးခြံစေသလောက် ခလေး များအတွက် ပစ္စည်းနှင့် အသုံးအဆောင်အစား အသောက်များကို အလကားသာသာကလေး ရနိုင် သော အခွင့်အရေး ထားပေးသည်။
ကိုယ်ဝန်ဆောင်မိန်းမဆိုလျှင် မွေးဖွားပြီးသည်အထိ အစိုးရကတာဝန်ယူလိုက်သည်။
သို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် ခလေးသူငယ် စောင့်ရှောက်မှု အမျိုးသမီးများ ကယ်ဆယ်ရေး အိမ်ရှင်မ သက်သာ ချောင်ချိရေး တို့ကို ဆောင်ရွက်သော စေတနာ့ ၀န်ထမ်းအမျိုးသမီးအသင်းတဖွဲ့ သီးခြားများ မရှိတော့ပြီ။
ရှေးမဆွ ကပင် အစိုးရက ခေါင်းမြီးချုံ တာဝန်ယူ ထားလေသည်။
ဤမျှသာယာသော တိုင်းပြည်မှာ ယခုနောက်ထပ်ပြီး ပြည်တော်သာ စီမံကိန်းနှင့် ချဲ့ထွင် ဆောင်ရွက် နေကြ ပြန်သောကြောင့် အတိုင်းနဲ့အလွန် တံခွန်ဘုရားဆိုတဲ့ စကားလို အချို့ကို သကာလောင်း နေကြ ပြန်ပါသည်။
ဗမာပြည်က ပြည်တော်သာ စီမံကိန်းကြီးထဲမှာလည်း အမျိုးသမီးအိမ်ရှင်မများ သက်သာချောင်ချိ မည်နည်း။ ခြေမွေး မီးမလောင်၊ လက်မွေးမီးမလောင် ချက်ပြုတ်နိုင်သည့် မီးဖိုချောင်သန့်ရှင်းရေးကို သက်ညှာ စောင့်ရှောက် နိုင်ပါစေ၊ မြန်မာပြည်နှင့် ထိုက်တန်လျော်ညီသော ပြုပြင်ပြောင်းလဲမှု ရရှိကြ ပါစေ။ လျှပ်စစ် ဓါတ်အား တခုကို ဖောဖောသီသီ ဈေးချိုချို သုံးနိုင်အောင် ဓါတ်အားပေးစက်ကြီး အမြန်ဆုံး ဆောက်တည် ပေးနိုင်ပါစေလို့ ဆုတေင်းကြပေတော့။
အိမ်ရှင်မနှင့် စဖိုဆောင်ကို ကျောမွဲကအစ ဓနရှင်နှင့် အစိုးရအရာရှိကြီးများ ဖြစ်ကြတဲ့ ယောက်ျား ကြီးများ၊ လူကြီးမင်း များ မကင်းနိုင်တဲ့ မှီဝဲဆည်းကပ်ရာ ဌာနကြီး တခုဖြစ်၍ သည်ဌာနကြီးက အရောင် တလက် လက် နှင့် အဆင့်အတန်း တက်လလေလေ လူကြီးမင်း လူငယ်မင်းတွေ စိတ်ချမ်းသာ ကိုယ် ကျန်းမာ နှင့် ပျော်ရွှင်စွာ နေနိုင်လေလေဖြစ်ကြပါမည်။
မီးဖိုချောင် အဆင့်အတန်းမြင့်ရေးချက်ခြင်းပြုပြင်ပေးလို့ အိမ်ရှင်မတိုင်းက မိမိတို့ မောင်တော်များ ကိုနားပူ နားဆာ လုပ်ပါလျှင် ပြည်တော်သာ မောင်မောင်များကလည်း ပြောပါများတော့ စီမံကိန်း ထဲတွင် မီးဖိုချောင် စံနစ် ကို အမြစ်ကလှဲ၍ တော်လှန်ပြောင်းလဲရန် စီမံပေးကြလိမ့်မယ်လို့ မျှော်လင့် စရာရှိပေသည်။
                        ယုဝတီများကျန်းမာကြပါစေ။
                            ဒဂုန်ခင်ခင်လေး
                        ခေတ္တ နယူးယောက်မြို့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သိမ်းမြစ်တွင်းမှ ရှုမျော်ခင်း
    ယနေ့ မနက်စောစောကပင် မိုးသဲနေသောကြောင့် အပြင်မထွက်နိုင်သေးသဖြင့် ဆက်ရန်ရှိသေးတဲ့ လက်ကျန်စာ ကို ဆဋ္ဌမအကြိမ်မြောက် ရေးလိုက်ပါသည်။
    သိမ်းမြစ်တွင်း မှ ရှုမျော်ခင်း လန်ဒန်မြို့လည်က ဖြတ်သန်းစီးဆင်းနေတဲ့ သိမ်းမြစ်ရိုးတစ် လျောက်သို့ စုန်းချည် ဆန်ချည် တနေကုန် သွားလာနေသော အပျော်ထွက် သင်္ဘောကလေးကမှာ သင်္ဘောကလေးတိုင်း လူတွေ ပြည့်ကြပ်နေတော့သည်။ 
အထက်ဆန်တဲ့ သင်္ဘောအောက်စုန်တဲ့ သင်္ဘောအနီးအနား ကမ်းခြေတလျှောက် သွားချင်းရာသွား ရော၊ အသွား အပြန် အခပေးထားရပြီး ဖြစ်လို့ နေမကုန်ခင်းပြန်ချင်းတဲ့ ပြန်ချင်တဲ့အချိန်ပြန်ချင်တဲ့ အခေါက်ကို ပြန်လိုက် လာရုံဘဲ။
    ကုန်းပတ်ပေါ်မှာ ထိုင်ခုံတွေအစီအရီနဲ့ သင်္ဘောဝမ်းထဲမှလဲ စာေးသာက်စရာဆိုင်အသင့်ပါ တယ်။ 
    သင်္ဘောစက်မောင်းတဲ့ ဆရာအနားမှာ ညွန်ပြန်တဲ့ သူတယောက်ကလဲ အသံချဲ့စက်နဲ့ သင်္ဘောစီး ပရိသက်ကို မြစ်ကမ်းဝဲယာမှမြင်၇သော အဆောက်အဦးများနှင့် အကြောင်းအရာတွေကို ပြောပြတယ်။
    လူတွေကလဲ နားထောင်လိုက်ကြည့်နဲ့ဘဲ။ ပြီးတော့မျ ကိုယ်တော်မြတ်က ဦးထုတ်ချွတ် လှန်ပြီး သဒ္ဒါကြေး လိုက်ခံပါလေရာ။ သူတို့လူတွေနဲ့ သူ့ကို ထည့်လိုက်ကြ ဒါတစ်ခေါက် တစ် ခေါက်အတော်ရဟန်တူပါရဲ့။
    ဗာပြည်မှာ အညာဘုတလင်က ဘုရားဖူးလာကြတဲ့ လူတွေ့လို၊ အများအားဖြင့် အင်္ဂလန် နိုင်ငံရှိ တောမြို့ ကလေးတွေက  နွေရာသီ အားလပ်တဲ့အခါ လန်ဒန်မြို့ကြီးတက်လာပြီး လည်ပတ် ကြတဲ့ တောသူ တောသား တွေဆို တအံ့တသြကြည့်ရှု ကြဒါဘဲ။ တောသူ တောင်သားလို့သာဆိုရ တယ်။ သူတို့ဟာ ညစ်ညစ် စုပ်စုပ်တွေမဟုတ်ကြဘူး။
    မိန်းမတွေ ကြည့်လိုက်ရင်လဲ လန်ဒန်မြို့်သူတွေနှင့် အသွေးအရာင် အ၀တ်အဆင် သိမ်မကွာပါဘူး။ ယောင်္ကျား တွေကလဲ အင်္ကျီဘောင်းဘီ ကောင်းကောင်းနှင့် ဂိုက်ထုတ်လာကြ တယ်။ အချို့အိမ်ထောင် သယ်တွေကလဲ ချာတိပ် ကလေးတွေလက်ဆွဲလို့ တချို့အားကောင်း ကောင်းနဲ့ ရုန်းကန်ထွက်တတ်တဲ့ မက်တတ် ပြေးရွယ် ကလေးများကိုတော့။ သားရေ ရင်သိုင်းကြို တပ်ပြီး ခွေးကလေးများလို ဆွဲထားရတယ်။ 
    လက်တွန်းလှည်း ထဲက နို့စို့ကလေးလဲပါလိုက်သေး။ သူတို့မွေးတဲ့ ကလေးဟာ အံ့သြစရာ ကောင်း လောက်အောင် တတုံးတခဲ တပွေ့တပိုက်ကြီးတွေသာတွေ့ရတယ်။ ပိစီကွေးလွေးရှုနာ ရှိုက်ကုန်း ကလေးမျိုး တယောက်မှ မမြင်ခဲ့ရဘူး။ အများအားဖြင့် တောသူ၊တောင်သား အရပ်သမားကလေးတွေဟာ သာပြီး ၀၀ဖြိုးဖြိုး သန်သန်စွမ်းစွမ်းကြီးတွေတွေ့ရပါသည်။  
    နွားနို့ ပေါပေါစားရလို့နဲ့တူဒါဘဲ။ သန့်ရှင်းမှုနဲ့ စည်းကမ်း၊ သေ၀ပ်မှု၊ စကာတိုးတိုးပြောမှု ဟာတော့… …….မြို့သူမြို့သားရော၊ တောသူတောသားပါ။မျဉ်းတပြေးထဲကိုက်ညီနေသလိုဘဲ။ စားပြီးတဲ့ ငှက်ပြောခွံကို အမှိုက်ပုံး ထဲထည့်ရမှထက်။ လက်နဲ့လွဲပြီး လမ်းမပေါ်ပစ်လိုက်ရမှ အရသာရှိတဲ့ခွေးနီတို့စရိုက်မျိုးရယ်။ အစီခံချည်း ကျန်တော့တဲ့ မစိန်ညွှန့်ကို မပစ်ရက်လို့ အိမ်ထရံ ကြွက်ရှောက်ပေါ် စီတန်းတင်ထားတဲ့ အရီး သားအေး တို့ ဓလေ့မျိုး။ ဟက်ခနဲ့ချွဲတန်းဟပ်ပြီး ဖတ် ကနဲ့ နေရာမရွေး ထွေးပစ်လိုက်တဲ့ ကိုဘိုးတုတ် တို့ အကျင့်မျိုး လမ်းဘေးလမ်းကြားမှလူမမြင်ပါဘူး ဆိုပြီး။ ထီးချိုင်းကြားညှပ်ရင်း  အပေါ့အပါး ထိုင်သွား တတ်တဲ့  အပ္ပနားတို့လဲ  လုံးဝမရှိတော့။ တောရောမြို့ပါတညီတညာတည်း အနံ့ဆိုးကင်းပြီး သန့်ရှင်း ကြည်လင်နေဒါဘဲ။
    တမြို့လုံးမှာ သူ့နေရာသူချထား ပေးထားတဲ့  အမှိုက်ပုံထဲမှတပါး မြေမြင်ပေါ်တွင် စက္ကူတစုပ်၊ အမှိုက် တလက်ဝါး မှ မမြင်ရခြင်းမှာ သူတို့ မြူနီစီပါယ် အမြဲတမ်းစောင့်ပြီး သိမ်းကောက်သန့်ရှင်း ပေးနေ၍ မဟုတ်။ လန်ဒန်မြို့ပေါ်နေတဲ့ လူဦးရေခုနှစ်သန်းကျော်၏ စည်းကမ်းသေ၀ပ် သန့်၇ှင်းမှု ကြောင့်သာ ဖြစ်တယ်။
    မြို့ကလူတွေကသန့်ရှင်းပြီး တောကလူတွေညစ်ပက်နေပြန်လဲ သာယာမှုမရှိပါ။ ဒါကြောင့် တောရော မြို့ပါ လူကိုယ်တိုင်စည်းကမ်းတကျ သန့်ရှင်းစွာနေထိုင်တတ်ကြဘို့ အရေးကြီးပါတယ်။ သူတို့နိုင်ငံမှာလဲ ဘိုးဘွား လက်ထက်ကစပြီး သားသမီးမြေးမြစ်တီကျွတ်အထိ အစဉ်အလာ သန့်ရှင်းမှု စည်းကမ်း ပေးလာ ခဲ့တဲ့ အလေ့အကျင့်ကြောင့်သာ ယခုလောက်လောက် ညီညွှတ်လာ ကြခြင်းဖြစ်တယ်။
    ဒါလောက်ညီညွတ်စွာ သန့်ရှင်းကြဒါတောင်မှ လန်ဒန်မြို့လမ်းပေါ်မှာ စက္ကူစုပ် အမှိုက်စုပ် ချသွားဒါ မိလျှင် တရားစွဲဒဏ်ရိုက်ရုံးတင်ခံရသေးတယ် ဆိုတော့ သည်မျှလူတွေက စည်းကမ်းရှိနေ သည်ပင် ဥပဒေ နှင့် ပညာ ရပါသေးပါကလား။
    ရန်ကုန်မြို့မှာသာ ဒီဥပဒေမျိုး ထုတ်လိုက်ရရင် အမှိုက်ဘဲ ရှင်းသွားမလား။ လွတ်လပ်စွာ အမှိုက်တွေ မပစ်ရတဲ့  အတွက်မပစ်ရတဲ့ အတွက်မကျေနပ်တဲ့ လူညစ်ပတ်တစုက အရေးဆိုပြီး အလိုမရှိ၊ အလိုမရှိ ဖဆလမ အစိုးရ အမှိုက်ရှုပ်ဘို့ အရေးချက်ခြင်းပေးနဲ့များ  စီတန်းလမ်း လျှောက်အော်ကြရင် ဒုက္ခပါဘဲ။
    သို့သော် ဗမာပြည်မှာ လူထူကို အဆင့်အတန်းမြင့်မြင့်နှင့် သန့်ရှင်းစွာ နေထိုင်တတ်မှုကို စည်းကမ်းတကျပြုပြင်ပေးလျှင် မအောင်မြင်နိုင်စရာ မရှိပါ။ အင်္ဂလိပ်မြန်မာ စာသင်ကျောင်းများ၊ လူထု ပညာရေး ဌာန၊ ကျေးရွာပြုပြင်ရေးဌာန၊ ကျမ်းမာရေးဌာန၊ စက်ရုံအလုပ်ရုံမှန်သမျှ စသည်တို့ က အရေး တကြီး သင်တန်းချပေးလျှင် ငါးနှစ်အတွင်း သီသီ သာသာပြောင်းလဲလာနိုင်စရာအ ကြောင်း ရှိပါသည်။
    အကြင်အခါ၌ ဗမာတိုင်း……..ဗမာတိုင်းသည် မိမိတို့လက်တွင်းရှိ၊ စက္ကူတစုပ် ဆေးလိပ် တတို၊ ငှက်ပျော တခွံ ကို၊ အိမ်တွင်းအမှိုက်ပုံသို့မဟုတ် လမ်းဘေးအမှိုက်ပုံ၊ အရောက်မပို့ရလျှင် ဗြဟ္မာမင်း  ဥက္ခောင်း ထားစရာ နေရာမရနိုင်သော သိကြားမင်းကဲ့သို့ နတ်သမီးတွေလက်ပြောင်း၍ ၎င်း၊ လေးလံသော ၀န်ထုတ် ၀န်းပိုးကြီး တခုကိုင်ထားရကဲ့သို့၎င်း၊ အထင်ရောက်နေအံ့၊ ထိုအခါသည် ဗမာပြည်လည်း လန်ဒန်မြို့ ကဲ့သို့ သန့်ရှင်းသာယာခြင်းဖြစ်လေတံ့ဟု၊ တတစ်ချဆိုဝံ့ ပါသည်။ 
    လမ်းမလူမြင်ကွင်းမှ သန့်ရှင်း သည်ထက် အိမ်တွင်းမှာပို၍ပင် သန့်ကြပါသေးသည်။ ချစ်သာသော လူများ အတွက်မဆိုလိုပါ။ လုပ်စားကိုင်းစားသမားတွေအတွက် ရေးနေခြင်းဖြစ်ပါ သည်။
    တောရွာကအိမ်ကလေးမှပဲဖြစ်စေ၊ မြို့ပေါ်ကအလုပ်သမား အိမ်ကလေးမှဘဲဖြစ်စေ။ ညစ်ပတ်ရှုပ်ပွေ အ၀တ်တန်း မှာ ဗလာဘွေနှင့် ဖုန်တွေဒုတတ်၍မနေပါ။ ကြည်လင်ပြောင်လက်သော မှန်ပြူတင်းမှာ ဇာဆီး ကလေးချ၊ ပန်းအိုးကလေးအလှတင်ထားလိုက် သည်။
    နံရံမှာ ဓါတ်ပုံထိုင်ခုံ၊ စာပွဲအုပ်ဆောင်းထဲမှာ မီးပွင့် အိပ်ရာစဖို၊ လိုလေသေးမရှိ၊ အိုးနှင့်ဆန် နှင့်တန်ရုံသာ အသုံး အဆောင်များမှာ ဘယ်အခါမှ ဖုန်မတင် မြူမကပ်အောင် တပါတ်တခါ လင် ရောမယားပါ ဆေးကြော သုတ်သင်လျက် အရောင်လက်အောင်ပွတ်တိုက် ပြင်ဆင်ကြတဲ့ အလေ့ရှိ တယ်။
    ကုန်တိုက် အလုပ်တိုက် ဈေးဆိုင်၊ဟော်တယ်ကြီးကြီးငယ်ငယ်တွေမှာလဲ၊ တနေ့နေ့မှာ မှန်ပြူတင်း ကြေးလက်ကိုင်ဘု၊ လှေခါးတိုင်း မီးအုပ်ဆောင်ကအစ ပန်းအိုးထဲက သစ်ရွက်ဖတ် ကလေးများအထိ မြူမှုန် မတင်အောင် သုတ်သင် သန့်ရှင်းပေးနေကြရသည်။ ညစ်ပတ်တယ်ဆိုဒါ ရှက်စရာကြီး တခုလို မှတ်ထင် ကြဒါကိုး။
    စင်စစ်တော့လဲ သန့်ရှင်းမှုဟာ ၀ါသနာလိုပါဘဲ။ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့ အပေါ်မှမ တည်ပါဘူး။ ဗမာလူမျိုးထဲမှလဲ သန့်ရှင်းတတ်တဲ့လူဟာ လယ်ကွင်းထဲမှာ တဲကလေးနဲ့ နေစေတော့ သူ့ပါတ်ဝန်းကျင် မှာ သလင်းပြောင်အောင်လှဲပြီး အစဉ်သာသာယာယာနေတတ်ပါ တယ်။
    အကွက်မပေါ်တဲ့ ၀တ်လဲတော်မျိုးလဲ မဖြစ်စေဘဲ၊ ရှိတဲ့နံငယ်ပိုင်းကလေးကိုပဲ သန့်ရှင်းစွာ  ဖွတ်လျော် တတ်တယ်။ ကိုယ်တွေ့မျက်မြင်ရှိခဲ့သလောက် ပြောရပါလျှင် ဒီလိုသန့်ရှင်းစွာ နေတတ် တဲ့လူဟာ လုလ္လ ၀ိရိယ ရှိပြီး တနေ့မှာ ကြီးးပွားချမ်းသာသွားဒါတွေ့ရပါသည်။ 
    သန့်ရှင်းရေးကို စာကြောင်းတွေတော်များများ ရေးခဲ့မိပြီ၊ အဲဒီလိုလူတွေကအနေအထိုင် အဆင့် အတန်းမြင့်တဲ့ လန်ဒန်မြို့ကြီးရဲ့ ရှေးကျတဲ့အထိအရ အဆောက်အဦးကြိးတွေ နန်းတော် ကြီးတွေ အထိမ်း အမှတ်ကြီး တွေနှင့် တကွ၊ ရှေးကယဉ်ကျေးမှုအရပ်ရပ်တို့ကို ခမ်းခမ်းနားနား စုဆောင်းသိုမှိပြီး ပြသထားတဲ့ ပြတိုက်ကြီး တွေ ဂီတကဗျာနှင့် စာအုပ်စာတမ်း ကျမ်းစာအစောင် စောင်ပန်းချီပန်းပု၊ စက်မှုလက်မှု၊ အနုရော သုခုရော၊ သောသောကြွယ်ဝနေတဲ့ သူတို့ လန်ဒန်မြို့ ကြီးအတွက် အင်္ဂလိပ်လူမျိုး တခုဟာ ကမ္ဘာကို ဂုဏ်ယူဝင့်ကြွားနိုင်ကြတယ်။
    လူမျိုးအချင်းချင်း သွေးစည်းမှု၏ အထောက်အပန့်ဖြစ်စေတယ်။ ရှေးဟောင်းကို နှစ်လိုစုံ မတ်တဲ့စိတ်၊ ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်များ ကိုယ်စီကိုယ်စီထားတတ်ကြသည်။
    ဗမာပြည်မှာလဲ  လွတ်လပ်တဲ့ တိုင်းပြည်တစ်ခု ဖြစ်လာတဲ့အတွက် ရှေးကအဆက်လက် ငုတ်လက်စများ၊ ယဉ်ကျေးမှု များ ပြန်လည်သိမ်းကောက်ပြီး ထူထောင်ကြဒါသိရတယ်။
    ယဉ်ကျေးမှုဆိုသည်မှာ ရှေးဟောင်းမပါဘဲ မဖြစ်ပါ။ ရှေးဟောင်းကိုမူတည်ပြီးမှ ခေတ်သစ် ဥာဏ်သစ် ထူလျက် နောက်တခေတ်အတွက် အသစ်အဆန်းတည်တွင်နိုင်မှု တိုးတက်ခြင်းဖြစ် တယ်။ ဘယ်ပြဇာတ်၊ ဘယ်ရုပ်ရှင် ကားတွေကို ရွှေစင်ငွေစင် ရုပ်တွေပေးနေရုံနဲ့လဲ မပြီးသေးဘူး ဆိုဒါနားလည်ပြီးသားရှိမှာပေါ့။
အင်း…………ပြဇာတ်တို့ရုပ်ရှင်းတို့နဲ့ ပါတ်သက်လာပြန်လို့ ရေးစရာတွေ ပေါ်လာပြန်ပြီ။ အထက်က ရေးခဲ့တဲ့ ယဉ်ကျေးမှုဆိုတာတွေကတည်းမှာက ဇာတ်တွေ၊ ပြန်ဇာတ်တွေ၊ ရုပ်ရှင်ကား တွေမှာရော၊ ရှေးရာဇ၀င် ဇာတ်လမ်းများ ပြတဲ့အခါ အ၀တ်အဆင်နဲ့ အယဉ်အကျေးတွေ၊ နည်းမှန် လမ်းမှန်ရစေဘို့ အရေးကြီး ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ နောင်လာနောင်သားကလေး သူငယ်များမှာ ငါတို့မြန်မာများ ရှေးကဘယ် လို ကြီးကျယ် ခမ်းနားခဲ့ကြတယ်။ အ၀တ်အဆင်ဘယ်လိုယဉ်ကျေးခဲ့တယ်။ အနေအထိုင်ဘယ်မျှ အဆင့် အတန်း မြင့်ခဲ့ကြတယ်ဆိုတာ သိရှိနားလည်ဘို့ လိုပါလိမ်မယ်။ ဒါဟာ လူမျိုးတမျိုးရဲ့ ဂုဏ်ပါ ဘဲ။
    ဥပမာ လန်ဒန်ပြတိုက်လိုဟာတွေက ရှေးရာဇ၀င် အဆောင်အယောင်အခမ်း အနားယဉ် ကျေးမှုတွေ မှုမှန်ပြ ထားတော့၊ ရုပ်ရှင်ကား ပြဇာတ်စသည်တို့ကလဲ အဲဒီမှုမှန်ကိုကြည့်ပြီး ဆင်ပြင် ၀တ်စားပြသ ရိုက်ကူးထားလေတော့အမှားမရှိဘူး။
    ဗမာပြည်မှာ ဒီလိုရှေးရာဇ၀င်အသုံးအဆောင်အခမ်းအနားအ၀တ်အစား ယဉ်ကျေးမှုများကို မှုမှန် ပုံသေ ပြမထား နိုင်လို့ စမ်းတ၀ါးဝါးနဲ့ ရမ်းကြိတ်နေကြတဲ့ ကဇာတ်ပြဇာတ်ရုပ်ရှင်ကားတွေ အတော် များများ တွေ့ ခဲ့ရ ဘူးတယ်။ 
အမှန် အားဖြင့်တော့ ၀န်ကြီးတပါးတပါးမှာ လေးစားဖွယ်ရာ အဆောင်အယောင်၊ အခမ်း အနား နဲ့နောက်လိုက် ငယ်သားတွေ ဘယ်မျှ မြောက်များစွာ ခြံရံရတယ်ဆိုတာ သိထိုက်စရာပါဘဲ။ 
ဘယ်အချိန်ဘယ်အခါတုန်းကစပြီး ကြီးပွားထွန်းကားလာခဲ့ကြတယ်ဆိုတာ အဟောင်းကို ပြန်ပြန်လှန်လှန်ပြီး အင်မတန် ဂုဏ်ယူနေကြတယ်။ သက္ကရာဇ်ကြလေ…ပါဝါရှိလေပေါ့။ ဒီတော့ဗမာ ကလဲ နည်းတဲ့ သက္ကရာဇ် မှ မဟုတ်ဘဲနဲ့။ ကြွားခွင့်ရှိသလောက်တော့ ကြွားထိုက်ပါသေးတယ်။
အဲဒါကြောင့် ယဉ်ကျေးမှု အကောင်အထည်ပေါ်ဖေါ်တဲ့ အလုပ်ဟာ အရေးတကြီးလုပ်  ထိုက်ပါတယ်လို့  မိမိတို့ လူမျိုး၏ နောက်နောက်သားမြေများအတွက် တမျိုး၊ကမ္ဘာတလွှားမှာလဲ ၀င့်ကြွားဂုဏ်ယူနိုင်စရာ တမျိုး မို့ ကြိုးစားကြပါလို့တိုက်တွန်းလိုပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမြင်ဆန်း ဘ၀င်လန်းစေသည့် ပြခန်းများ
ယခင်ဆောင်းပါအမှတ် ၆မှာ သန့်ရှင်းမှုနှင့် ယဉ်ကျေးမှုဆိုင်ရာတွင် အတော်ရှည်သွား သဖြင့် ရုပ်ရှင်နှင့် ပြဇာတ်ရုံတွေအကြောင်းကို ယခုမှရေးရတော့သည်။ လန်ဒန်မြို့မှာ ရှိသမျှရုပ်ရှင် ရုံတွေမှာ လက်မှတ် ၀ယ်ပြီး ၀င်သွားသည့်အချိန်ကစပြီး ခြေနင်းရသော နေရာမှန်သရွေ့ အမွေးဖွား ကော်ဇောကြီးတွေ အပြည့် မို့ အိမြုပ်ဝင်သွားသဖြင့် လူဘယ်လောက်သွားသွားဘိနပ်ခွါသံ တချက် တလေ မျှ မကြားရ၊ စားစရာဆိုင် ဆေးလိပ် သစ်ပင် ပန်းမာလ်များ ပန်းအိုးကြီး နှင့် စိုက်ပျိုးချယ်လယ်လျှက်၊ နေချင်စဖွယ် သာယာလှပအောင် ပြုပြင် ထားပေးသည်။ မိန်းမယောင်္ကျား အိမ်သာခန်းများ လည်း အလွန် သားနားလှသည်။ 
မျက်နှာသစ်ခွက် တွေ တစီတတန်းကြီးမှာ ဆပ်ပြာ၊ လက်သုတ်ပုဝါ၊ သို့မဟုတ် ငွေ့မှုတ် အခြောက်ခံစက်။  စက္ကူသောက်ရေခွက်၊ အလှပြင်စရာမှန် များနှင့်တကွ အိမ်သာတွေကလဲ တသီ တတန်းကြီး သန့်ပြန်စွာ ထားသည်။ အိမ်သာသုံး စက္ကူ မိန်းမများ ဆိုင်ရာ အရေးပေါ်သုံး စက္ကူ၊ ဂွမ်းစ၊ လိုရာရသည်။  ခေါင်းကိုက် ပျောက်ဆေး၊ အဖျားချွေးထုတ်ဆေး၊ အစာကြေဆေးကအစ တထိုင် တည်း ရနိုင်အောင် ပိုက်ဆံထည့်လျှင် အလိုလို ထွက်လာသော နံရံကပ် သေတ္တာငယ်ကလေးများ ရှိသည်။ 
ရုပ်ရှင်ရုံ သာမက ဟော်တယ် စားသောက်ဆိုင်၊ကုန်တိုက်ကြီးတွေအလုပ်ရုံပြတိုက်၊ ဥယျာဉ်၊ ဘူတာရုံ၊ မြေအောက် လမ်းကူး အိမ်သာ မကျန်နေရာတကာ ဤနည်းနှင်နှင်ရှိပါသည်။ တချို့လဲ ပိုက်ဆံ တကယ် ပဲယူသည်၊ အစဉ်သန့်ရှင်းပေးနေတဲ့၊ အိမ်သာဒေ၀တွေစောင့်ရသည်။ ပြဇာတ်ရုံတွေ မှာဆိုလျှင် မှန်ပြောင်း ကလေး တွေ ထိုင်ခုံတိုင်းမှာ ထားပေးသည်။ မှန်ပြောင်း ကလေးတွေ ထပ်ထား သောထိုင်ခုံ မှာ ပိုက်ဆံ ထည့် မှ ဖြုတ်လို့ရသည်။ 
လူတွေကလဲ ကြည့်ပြီး စည်းကမ်းတကျ ပြန်ထားခဲ့သည်။ ဘယ်သူမှ အပိုင် ဘုန်းမသွား ထိုင်ခုံတွေ ကိုတော့ ကတ္တီပါပန်း ကြွကြွရွရွဖေါင်ဖေါင်နှင့် ထိုင်လို့ကောင်းအောင် သပ်သပ်ယပ်ယပ် လုပ်ထားသဖြင့် ဓနရှင် အထက် တန်းစား ရုံဝင်ခ များများ ပေးနိုင်သူတွေသာ ဤ စည်းစိမ် မျိုးနှင့် ကြည့်ရသည်မဟုတ်ပါ။ မတ်တန်း အာဆောင်နီ ဆိုတဲ့ ၀င်ခအနည်းဆုံးကစပြီး သူဌေးကြီးတွေမီလျှံ နာကြီးတွေ ကြည့်တဲ့ အတန်းထိအောင် ကတ္တီပါ ထိုင်ခုံတပြေးတည်း တညီတည်း ထားပေးပါသည်။ 
နေရာရှေ့နောက်အနိမ့်အမြင့်ကိုသာ အတန်းခွဲ၍ ယူသည်။ သည်မျှခမ်းနားအောင်ပြုပြင် ထားသည်ကို ပွဲကြည့်ပရိသက်ကလဲ စည်းကမ်းတကျ သပ်ရပ်တိတ်ဆိတ်စွာ လက်ခံကြည့်ရှုကြပါ သည်။ အာဘောင်နီ မတ်တန်းနေရာ မှ မြေပဲခွံ၊ ကွာစိခွံ၊ ကွမ်းသွေးကွက်၊ တံထွေးကွက်ချခဲ့သူ တယောက်မျှ၊  မရှိပါ။ ဒါကြောင့် တပွဲနှင့် တပွဲပြောင်းမှာ ရုံခါရခြင်း၊ ဂျာဒူးဝါးသားက တံမြက်စီး လှည်းပေး ရခြင်း မရှိဘဲ မရပ်မနားဘဲ ဇာတ်ကား သတင်းကားများကို မုန့်လုံးစက္ကူကပ် သီချင်းလို လယ်နေအောင် ဆက်တိုက်ဆက်ပြသွားသည်။
ကြည့်တဲ့သူတွေကလဲ နေ့ပွဲညပွဲမှရွေးမနေ ကြည့်ချင်တဲ့အချိန်ဝင်ကြည့် ထွက်ချင်းတဲ့ အချိန်ပြန်ထွက်။ မထွက်ဘဲတနေ့လုံးထပ်တလဲလဲ ထိုင်ကြည့်ချင်လဲကြည့်နေ၊ တခါပိုက်ဆံပေးပြီးရင် သဘောတော် အတိုင်း ပါဘဲ။ ဒါပေမယ့် ထွက်လက်မှတ်တောင်းပြီး လမ်းထိပ်ခဏသွား၍ မုန့်ဟင်း ခါးစားလို့မရပါ။ ရုံအတွင်းမှာ ရှိတဲ့ ဆိုင် က ချိုချိုချဉ်ချဉ်စာချင်တာကိုဝယ်၍ စားသောက်နိုင်သည်၊ တပိုတပါး သွားနိုင်သည်။ ဆေးလိပ် ထွက် သောက်နိုင်သည်။ သည်လိုကိစ္စတွေကို အားရအောင်ပြု ပြီးတော့ ပြခန်းထဲ တကြော့ ပြန်ဝင်ကြည့် နိုင်ပါသည်။ လန်ဒန်မှာရော နယူး ယောက်မှာရော ရုပ်ရှင် ရုံတွေအားလုံး တစံနစ်ထဲပါဘဲ။
    သူတို့နိုင်ငံတွင် လူတွေများ အချိန်ကပိုတဲ့သူမှာပို။ ရှားတဲ့သူမှာဆိုတော့ နှစ်ဘက်ရ ပြုပြင်ထားသလိုဘဲ၊ ငါပိုက်ဆံပေးရဒါတွက်ခြေကိုက်အောင် တနေကုန်ထိုင်ကြည့်ပါသော်တော့ဆို တဲ့စိတ်မျိုး မထားနိုင်ကြပါဘူး။ တချို့ အချိန်ပိုလို့ဖြုန်းချင်းတဲ့ လူလဲထိုင်နေနိုင်တယ်။ ဒါကြောင့် ရုံထဲမှာ လူသစ်ဝင်လာတိုင်း နေရာ အလွတ် အသင့်ရ ဘို့မခဲယဉ်းပါ။
    ဗမာပြည်မှာဆိုရင် နီတွက်တို့ အာမက်ကလေးတို့လို ကောင်လေးမျိုးတွေ နောက်ဂျိန်ချ တဲ့ ကားကို ၃-၄ ခါထပ်ပြီး ပိုက်ဆံပေးကြည့်ရရှာတော့ လန်ဒန်ရုပ်ရှင်ရုံတွေရဲ့ ပြနည်းကို သူတို့ ကြိုက်ကြ မှဘဲ။ လိမ္မော်ခွံ ကွာစေ့ခွံ မချရတာတော့ကြိုက်ချင်မှကြိုက်မယ်။
    အဲသလို သပ်ယပ်တဲ့ ရုပ်ရှင်ရုံတွေ ပြဇာတ်တွေ မြောက်များစွာရှိတဲ့ အနက်က ရိုင်ရယ် အော်ပရာဟောက်(စ်)ဆိုတဲ့ ပြဇာတ်ရုံကြီးဟာဖြင့်  လန်ဒန်မှာ ရှိသမျှ ရုံတွေအနက် ခမ်းနားကြီး ကျယ်ရာ တွင် ထိပ်တန်း အကျဆုံးလို့ခေါ်ကြတယ်လေ။
    ၎င်းရုံကြီးမှာ နယူးယောက်စီတီဘဲလေးဆိုတဲ့ အမေရိကန်က လာကပြကြသော ဘဲလေး ပြဇာတ်ကြီးနှင့် ကြုံကြိုက်သဖြင့် မမခင်တို့သွားကြည့်သည်။ ဘဲလေးပြဇာတ်ကလဲ ဇာတိရုံကြီး ခမ်းနား ကြီးကျယ် သည်နှင့် အမျှ ပဏာရရနှင့် ကြည့်လို့ကောင်းလှသည်။
    ဇာတ်ခုံအပြင်အဆင် အခမ်းအနားတွေကလဲ တအံ့အသြမားမားကြီး ရှိတဲ့အတွက် အခမ်း အနားတွေကို သားသားနားနား အကုန်အကျခံပြီး သဘောရှိ ပြုပြင်နိုင်ဒါပဲ။ မီးရောင်ပေးတဲ့ဘက်မှာ ဆိုရင်လဲ မီးမောင်း ရောင်စုံ တွေကို လိမ္မာကျွမ်းကျင်စွာ အသုံးချထိုးပြထားနိုင်လေတော့ ကြည့်ကွင်း ကြည့်ကွက်တွေမှာပိုပြီး လေးလေး နက်နက် ရှိလာဒါဘဲ။
    ဇာတ်ရုံကြီးကျယ် သလို ဇာတ်ခုံအပြင်အဆင်တွေက လိုလေသေးမရှိသလောက် ကျွမ်းကျင် တက်မြောက် စွာ ကပြ အသုံးတော်ခံကြသူ ပညာသည်တွေစုံကြတယ်။ မိန်းမယောက်ျားတရား ကျော်လောက် လဲ ဇာတ်ရုံ နေရာ ဟာ သာသာယာယာချောင်ချောင် လယ်လယ်ကြီးပါဘဲ။ ရှုပ်ရှုပ် ထွေးထွေးနဲ့ မျက်စေ့နောက် မသွား စေရဘူး။ ဘဲလေးအကနှင့် ဇာတ်လမ်းသရုပ်ဖေါ်ထားတဲ့ (ပရိုဒီ ကယ်ဆန်း) ခေါ် သားမိုက်လေး ဇာတ်လမ်း ကလဲ အတော်ထိထိမိမိ ရှိပါသည်။ 
နောက်ဘဲလေယိမ်းလို့ ဗမာလိုဆိုကြပါစို့။
(Conceris barocco) ခေါ်တဲ့အက၊ တတိယပြကွက်က (The ried Piper) ဆိုတဲ့ အဆိုသမားက တလှည့်….။ ဘဲလေးအက တွေတလှည့် အတော်ကြည့်လို့ကောင်းတဲ့ အခန်းတိုလေးတခုပါ။ စတုတ္တပြကွင်းက [Beurree fant asque] လို့အမည်တပ်ထားတဲ့ ပြခဏ်းများဖြစ်တယ်။
    အားလုံးအခဏ်းတိုလေး ၄-ခဏ်းပြတယ်။ တခဏ်းပြပြီးရင် တီးလိုက်ကြတဲ့ခက်ခုပ်၊ တီးလိုက်ကြတဲ့ လက်ခုပ်၊ နှုတ်ဆက်ရတဲ့ မင်းသားမင်းသ္မီးများမှာလဲ ဝမ်းစမိုး…..တူးစမိုး…. သရီးစမိုး….၃ခါတွက် ခေါင်းညွတ်မှပြီးတယ်။ လက်ခုပ်သုံးခါအတီးရပ်တယ်။ အခန်းပေါင်းလေးခန်း ဆိုတော့ လက်ခုပ်သြဘာ ၁၂-ခါတီးကြတယ်။ အဲဒါ တီးဝိုင်းဆရာတွေကို ပေးတဲ့လက်ခုပ်မပါသေး ဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုက ချီးကြူးရခြင်း ဆုလာဘ်ပေါ့လေ။ မဟုတ် ဟုတ်ဟုတ်လက်ဝါးတော့ ဆယ်နှစ်ခါ ထက်မနည်း ပူသွားမှာဘဲ။
    သည်လိုသည်မျှလောက်ထိအဆိုကကောင်းနေပါစေ။ စတိတ်ဇာတ်ခုံ အပြင်အဆင် တစက်စက် စိမ့် ယိုထွက်အောင် ပြုပြင်ထားစေ။ ဇာတ်ရုံကြီးဖိတ်ဖိတ်လက်အောင် ခမ်းနားစေဦး။ ဗမာပြည် ပြဇာတ်လောက မှာဖြင့် ဤလိုအခဏ်းတိုလေး ၄-ခန်းလောက်နှင့်တော့ ငွေရပေါက်ချောင် လိမ့်မည် မထင်ပါ။
    မျိုးချစ်မှကြည့်မယ်။ ကြည်ကြည်ဌေးမှကြိုက်တယ်။ ကြယ်နီပါရဲ့လား…..ဆိုတဲ့ အသံတွေ နဲ့ ဒဂုန်ဆရာတင် တို့ ပြဇာတ်တွေ ရေရှည်ကြိတ်နေနိုင်ကြတာ တမျိုးအားဖြင့် ချိးကြူးစရာပင်။
    ရုပ်ရှင်လာကမှတော့ အိန္ဒိယရုပ်ရှင်ကားကို အင်မတန် အားကျစရာ ကောင်းနေပါသည်။ (အန်) ခေါ်တဲ့ အိန္ဒိယဆေးရောင်စုံ အသံထွက် ရုပ်ရှင်ကားပြခိုက်ဖြစ်၍ သွားကြည့်သည်။ လန်ဒန် မြို့မှာလာပြတဲ့ အိန္ဒိယ ရုပ်ရှင်ကား ကို အင်္ဂလိပ်လူမျိုးတွေ ကြိတ်ကြိတ်တိုး လာကြည့်နေပါသည်။
ပွဲကြည့် ပရိသတ်ထဲမှာ အိန္ဒိယလူမျိုးဆိုလို့ အနည်းအကျဉ်းသာ တွေ့ရသည်။ ဇာက်ကား ကလဲ လန်ဒန် မြို့ကြီး ကို  တက်ပြရဲလောက်အောင် အတန်းမြင့်လှသည်။ 
    ယခုသည်စာရေးနေချိန်တွင် ၎င်း(အန်း)ဇာတ်ကားဗမာ့ပြည်မှာပြနေကြောင်း နယူးယောက် သို့ ရောက်နေသော ဗမာ့ခေတ်သားသတင်းစာ တွင်တွေ့ရ ပါသည်။ အိန္ဒိယဇာတ်ကား (အန်း) ကဲ့သို့ လန်ဒန်မြို့ မှာ လာစွန်မည့်ဗမာ့ရုပ်ရှင်ကားများကိုလဲ တွေ့မြင်ချင်စမ်းပါဘိတော့သည်။
    ယုဝတီများကျမ်းမာချမ်းသာပါစေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မမေ့နိုင်သည့်ထမင်းစားပွဲ
    နယူးယောက်မြို့ကိုသာ ရောက်ရှိနေသော်လည်း လန်ဒန်မြို့ရဲ့ ရှုခင်းအလှတွေနဲ့ သူတို့ နိုင်ငံရဲ့ ရာသီဥတု အခြေအနေ အပြင်၊ လန်ဒန်ကို ရောက်ရှိနေကြတဲ့ မြန်မာပြည် မှ မိတ်ဆွေတစု တို့ရဲ့ အရေးအယူ ပြုစု ယုယ ဧည့်ခံမှုတွေကိုလဲ မမေ့နိုင်သော ကျေးဇူးတင်ခြင်းဖြင့်၊ မှတ်တမ်း အဖြစ် တင်လိုပေ သေးသည်။
    လန်ဒန်မြို့မှာ ပူအိုက်သော နွေရာသီဟုခေါ်စေကာမူ မမခင်တို့ ဗမာပြည် ဆောင်းဥတုရဲ့ နံနက် ချိန်လောက် အေးပါသည်။ မကြာခဏ နေရောင်ကိုမြင်ရပါ၏။ သို့နှင့်နေခြည်ဖြာပါသော် လည်း ကား တလှည့် မီးရထားတလှည့် ခြေကျင်တလှည့် မနားမနေ သွားနေကြရာတွင် မပင်ပန်းဘဲ အလွန်ခရီး တွင်ပါ ပေသည်။
    လန်ဒန်မှာ နေ့စဉ် မမခင်တို့တည်းခိုသော ဟိုတယ်မှာ ဆောက်(သ်) ကင်စင်တန် ရပ် ကွက်ရှိ၊ (ရဲင်ဗရင့်) ဟိုတယ်ဖြစ်၍ ၀ိတိုရိယ အယ်လဘတ် မြူးစီယာန် အဆောက်အဦးကြီးနှင့် မျက် နှာချင်းဆိုင် နေသော ကြောင့် ပြတိုက်ကြီးသို့ မကြာခဏ၀င်ကြည့်နိုင်သော အခွင့်အရေးတခုကို ရရှိ နေရပေသည်။
    ၎င်းဟိုတယ်မှာ ကမ္ဘာကျော် ပန်းချီဆရာကြီး(ရဲင့်ဗရင့်)ကို အစွဲပြု၍ မှည့်ခေါ်ထားသော နာမည်ကြီး စာရေးဆရာ ပန်းချီဆရာစတဲ့ အနုပညာသည်တို့ နားနေရာ တိတ်ဆိတ်ငြိမ်သက် ဣနြေ္ဒသိက္ခာရှိ လူကြီး လူကောင်း များအကြိုက် ဟိုတယ်ကြီးဖြစ်သည်ဟု အဆိုရှိသည်နှင့်ကိုက်ညီ အောင် တိတ်ဆိတ် ငြိမ်သက် လှပါ ပေသည်။
    အင်္ဂလိပ် မြန်မာမိတ်ဆွေများ၏ တလှည့်စီဘိတ်ခေါ်ကျွေးမွေးဧည့်ခံကြခြင်း။ ရောက်ထိုက်၊ ကြည့်ထိုက် သော နေရာမှန်သမျှ လိုက်လံပြသကြခြင်းကြောင့် (၁ဝ)ရက်မျှသာ ကြာခဲ့သော်လည်း လန်ဒန်မြို့ကြီးကို ခြေရာထပ် နေပြီဟုပင် အထင်မှားလောက်အောင် နေ့ရာညပါရပ်နားခြင်း မရှိခဲ့ပါ။
    ကျမ္မာရေးမှာ လန်ဒန်ရာသီဥတုနှင့် အစားအစာအသွားအလာကို ထောက်ခံနေသလို အံ့အားသင့် လောက်အောင် ကောင်းလာသည်ကို တွေ့ရပေသည်။ ရန်ကုန်တွင် နေ့စဉ်က ကြက်ဆွတ်ပြုတ်၊ ငါး ကက်ထလိပ်၊ လိမ္မော်သီး၊ ပန်းသီးလောက်နဲ့ တနေ့တကြိမ်သာ လက်ခံခဲ့သော အစာအိမ်မှာ အတော် တိုးတက် လာပါသည်။
    ဟိုတယ်မှကျွေးသော ဘရိပ်(ခ)ဖတ်(စ်)နံနက်စာ၊ လန့်(ချ)နေ့လည်စာ။ ဒင်းနားညစာ တို့ကို သုံးကြိမ် စလုံး စားနိုင်လာသည်။
    တနေ့လည် သံအမတ်ကြီး ဦးကာစီ ဘိတ်ကြားသော နေ့လည်စာတွင် အာလူးနှင့် ပေါင်မုန့်ကို အတော် ကလေး စားနိုင်သည်။ ထိုနေ့မှာပင် ညစာကို ဘီ-ဘီ-စီ-အသံလွှင့်ဌာန ဦးတင်မောင်အိမ်မှ မြန်မာထမင်း ချက်ပြုတ် ကျွေးမွေးဧည့်ခံပြန်ရာတွင် ထမင်းသာမက ဘယ်သော အခါကမှ မတဲ့သော ပြောင်းဖူးကြော် ကိုပင် တ၀ စားခဲ့မိသည်။
    နောက်နေ့ဘာမှမဖြစ် ဆေးလည်းမသောက်ရ ရန်ကုန်တုန်းကဆိုလျှင် တကြိမ်အစားမှား သွားက ဆရာဝန် ပြေးခေါ်ရ၊ ဆေးဆိုင်လွှတ်ရ၊ ဆေးပုလင်းစင်နား ရှာရဖွေရနှင့် အတော်လေး ဒုက္ခ ပေးသော အစာအိမ် ပေါ့။
    ယုဝတီဂျာနယ်နှင့် အိမ်ရှင်မများအတွက် (ဘီ-ဘီ-စီ) ဦးတင်မောင် ထမင်းပွဲအကြောင်း နဲနဲ ရေးစရာ ရှိသေးသည်။ ဦးတင်မောင်တို့ရဲ့ နေအိမ်ဟာ သိမ်းမြစ် တဘက်ကမ်းမှာရှိပြီး မမခင်တို့ တည်းခိုတဲ့ နေရာ နှင့် မိနစ်၂၀မျှ သွားရသည်။
    တယ်လီဖုံးနှင့် မမခင်တို့ရှိမရှိမေးပြီးမှ သူတို့ထမင်းစားဘိတ်ကြားခြင်းဖြစ်သည်။ လာနိုင် ပါသည်။ ယခု လာခဲ့ပါပြီဟု စကားပြန်လိုက်မှ ကောက်ခါငင်ခါ ချက်သည့် ထမင်းပွဲတဲ့။
    အငွေ့ တထောင်းထောင်းထသော ဘဲဥပုံဟင်းပန်းကန်ကြီးတွေ သယ်လာလိုက်သည်မှာ အံ့သြစရာပင် (ဘိလပ် ငါးဆီပြန်ချက် ကို ငြုတ်သီးရဲရဲနှင့် တမျိုး)၊ အုန်းသီးနှင့်ကြက်သား။ အမဲသား ခါးပတ်ကြော်၊ အလွန် ချိုသည့် ပြောင်းဖူးကြော်ဟင်းချို၊ ငါးပိချက် သီးစုံရွက်စုံ တို့စရာ တဗန်းကြီးနှင့် တခမ်းတနား တွေ့ရသည်။
    နာမည်ကျော် စားတော်ကဲကြီး ဦးတင်အောင် ကိုယ်တိုင် မိနစ်အနည်းငယ်အတွင်း ချက်ပြုတ် ဖန်တီး လိုက်သော ထမင်းပွဲကြီး ကို အတော်ချီးကျူးမိကြသည်။
    မမခင်တို့သာမဟုတ်သေး၊ ဗမာပြည်မှရောက်သည့် ဧည့်သည်တော်များဖြစ်ကြတဲ့ ဦးဘအေး၊ ဆရာဦးဘခို၊ ဆရာဦးအေးမောင်၊ ဆရာမြင့်ရှိန်စသည်ဖြင့် တပျော်တပါး စားကြသည်။ မမခင် က ဒီ ထမင်း စားပွဲ ကို အမြန်ဆုံး ဘယ်ပုံဘယ်နည်း ဖန်တီးပါသလဲ...ဟု စောဒကတက်မိရာ၊ ပြောင်းဖူး၊ ကြက်သား၊ အမဲသား၊ ငါး...အားလုံး ခုတ်ပြီးလှီးပြီးတွေကို သွတ်ဘူးကြီးတွေထဲမှာ ဖေါက်ယူပြီး ဆီသတ်ရုံလေးပါဘဲ ဟု ပြောပြတော့မှ ပြဿနာရှုင်းလေတော့သည်။
    ဗမာပြည်မှ အိမ်ရှင်မတွေရဲ့ အလွန်သနားစရာ ကောင်းသည် မီးဖိုဆောင်အခက်အခဲကို ပြေး သတိရ မိလေ တော့သည်။
    မြန်မာပြည်မှာသာ အခုလို သစ်သီးသစ်ရွက် သားငါးပုဇွန်၊ ရာသီလိုက်ပေါ်သော အစားအစာတွေကို အဲဒီလို စည်သွတ်ဗူး တွေ ပြုလုပ်ထားနိုင်မည်ဆိုပါက အိမ်ရှင်မများ ဘယ် လောက်သက်သာမလဲနော်။
    ရှားသည့်အခါလည်း အဖိုးကြီးပေးဝယ်ရသော အခက်အခဲမျိုးလည်း တွေ့ရမည်မထင်။ အချိန်မရွေး ဈေးပြေးဝယ်၍ မရနိုင်သော ဒုက္ခမျိုးလဲမရှိအောင် ပြည်တော်သာ စီမံကိန်းထဲမှာ ဒါမျိုး တွေပါ ထည့်စီစဉ် ပေးနိုင်မယ် ဆိုရင် ဗမာအိမ်ရှင်မများဟာ မီးဖိုချောင်တာဝန်အတော်ပင် ချောင် လည်လာမည်။ အချိန်ပို ရလာမည်။ စရိတ်စက သက်သာလာမည်။
    အချိန်ပိုရသည့် အတွက် တိုင်းပြည်အတွက်သော်၎င်း၊ တဖက်တလမ်းက ငွေဝင်မည့် လုပ်ငန်း တခုခု ကို၎င်း၊ ယခုထက် ဆောင်ရွက်လုပ်ကိုင်နိုင်ကြမည်ဟု မျှော်မှန်းမိပေသည်။ မမခင် တို့ လန်ဒန်ကနေပြီး ပြင်သစ်ရဲ့ မြို့တော်ပဲရစ်မြို့ကို တဖန်ကူးခဲ့ကြပြန်ရာ တည်းခိုတဲ့လမ်းမှာ စာရေးဆရာ အနုပညာ သမား များနဲ့ ပတ်သက်တဲ့လမ်းကို ရောက်ခဲ့ရပြန်သည်။
CREDIT: shwezinu ဘလော့ကနေ တဆင့် ကူးယူဖော်ပြပါတယ်။