Connect with us

ဘေဂျင်းတွင် ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များ ဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် ဖျက်သိမ်း

BREAKING NEWS

ဘေဂျင်းတွင် ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များ ဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် ဖျက်သိမ်း

ဘေဂျင်းတွင် Covid-19 ဖြစ်ပွားမှုအသစ် ၃၁ ခု တွေ့ရှိခဲ့ပြီးနောက်၊ ခြောက်ရက်အတွင်း ကူးစက်မှု ၁၃၇ ခုထိ ရှိခဲ့ပြီ ဖြစ်သည်။ မြို့၏အကြီးမားဆုံး  Xinfadi စားသောက်ကုန် စျေးကွက်နှင့် အဆက်အသွယ်ပြတ်သွားခြင်းသည်အဆိုးရွားဆုံး ကိစ္စ တစ်ရပ် ဖြစ်လာသည်။ မတ်လတွင် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ တရုတ်နိုင်ငံတွင် တစ်ကျော့ပြန်လာရာ၊ ဘေဂျင်းနှင့် အခြားပြည်နယ် ၄ ခုသို့ပျံ့နှံ့ပြီးဖြစ်သည်။ အစိုးရက စျေးကွက်နှင့်ချိတ်ဆက်သူများအား ခရီးသွားခြင်းမှ တားမြစ်ထားသည်။ ယခုအချိန်အထိ ဘေဂျင်းမြို့ အချို့ ဧရိယာကို အန္တရာယ်ဇုံ အဖြစ် သတ်မှတ်ထားသည်။ မြို့သားများကိုလည်း  ခရီး မသွားရန် တိုက်တွန်းထားသည်။

Residents line up at a makeshift coronavirus testing center in Beijing on June 15.

လေယာဉ်ခရီးစဉ် အများအပြား ဖျက်သိမ်း

ပေကျင်းအစိုးရက မြို့တွင်း မြို့ပြင် သယ်ယူပို့ဆောင်ရေး ဆိုင်းငံ့ထားကြောင်း ကြေငြာခြင်းမရှိသော်လည်း၊  လေဆိပ်နှစ်ခုတွင် လေယာဉ် ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရသည်။ Air China, China Eastern လေကြောင်းလိုင်းနှင့် China Southern Airlines တို့သို့မှတ်ချက်ပေးရန် ဆက်သွယ်မှု မရရှိခဲ့ပါ။

A man wearing a face mask and goggles at Beijing Capital International Airport on June 17.

ပေါ်ပေါက်လာသောသတိပေးချက်

ရောဂါဖြစ်ပွားမှုအသစ်သည် အလွန်ပြင်းထန်ကြောင်း ဘေဂျင်းမြူနီစီပယ်အစိုးရက အင်္ဂါနေ့ညတွင် ကျေညာခဲ့သည်။ မူကြိုကျောင်းများ၊ မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ အားလုံးကို ပိတ်ထားလိုက်ပြီး၊ ကျောင်းသားများအား အွန်လိုင်း သင်ကြားမှုသာ ပြုလုပ်ရန် ပြောဆိုလျက် ရှိကြသည်။

Beijing imposes soft lockdown citywide and tightens outbound travel as coronavirus infections spread

Continue Reading
Advertisement
You may also like...

More in BREAKING NEWS

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.