Connect with us

အင်ဒိုနီးရှားနိုင်ငံရှိ Merapi မီးတောင်ပေါက်ကွဲပြီး ၃ ကီလိုမီတာအကွာထိပြာပူများမှုတ်ထုတ်

BREAKING NEWS

အင်ဒိုနီးရှားနိုင်ငံရှိ Merapi မီးတောင်ပေါက်ကွဲပြီး ၃ ကီလိုမီတာအကွာထိပြာပူများမှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံ၏မာရာပါတောင်သည်ကမ္ဘာပေါ်တွင်အတက်ကြွဆုံးမီးတောင်များထဲမှတစ်ခုဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင်ပေါက်ကွဲခဲ့ပါတယ်။ မီးခိုးတိမ်လိပ်တွေ လိမ့်တက်လာစေသကဲ့သို့ မီးတောင်ဝ ပတ်ပတ်လည်ကနေ ပြာမှုန်တွေလည်း မှုတ်ထုတ်လျက် ရှိနေပါတယ်။

အင်ဒိုနီးရှား၏ယဉ်ကျေးမှုဆိုင်ရာမြို့တော် Yogyakarta အနီးရှိမီးတောင်သည်တစ်နေ့လုံး အကြိမ် သုံးဆယ်မကပြင်းထန်သောပြာမှုန်များကို မှုတ်ထုတ်နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၏ဘူမိဗေဒဆိုင်ရာအေဂျင်စီအချို့က ၎င်း၏အမြင့်ဆုံး မီးတောင်၀မှ ၃ ကီလိုမီတာ (၂ မိုင်) အကွာအဝေးအထိ ပြာမှုန့်များ ရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်များကချော်ရည်စီးဆင်းမှုဖြစ်နိုင်ခြေကိုသတိပေးကာ မသွားလာရဇုန်အဖြစ်ကန့်သတ်ထားသော ၅ကီလိုမီတာအကွာအဝေး အပြင်ဘက်တွင်သာ ရှိနေရန်ဒေသခံများကိုပြောကြားခဲ့ပါတယ်။

မကြာသေးမီရက်များအတွင်းကမီးတောင်မှ အနီရောင်ချော်ရည်များကိုတွေ့မြင်ခဲ့ရသော်လည်းအာဏာပိုင်များက၎င်း၏အဆင့်ကိုဒုတိယအမြင့်ဆုံးအဆင့်တွင်သာထားရှိခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တွင် Merapiမီးတောင်၏နောက်ဆုံးပေါက်ကွဲမှုကြောင့်လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး ၂၈၀,၀၀၀ ဝန်းကျင်ရှိဒေသခံများမှထွက်ခွာခဲ့ရပါတယ်။

၎င်းသည် ၁၉၃၀ ခုနှစ်မှစ၍ အင်အားအကောင်းဆုံးမီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီးလူပေါင်း ၁၃၀၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။

အင်ဒိုနီးရှားသည်”ပစိဖိတ်မီးစက်ကွင်းဘေး” (Ring of Fire ) တွင် ပြတ်ရွေ့ကြောတွေ ပွတ်တိုက်မှုကြောင့် ငလျင်တွေ အကြိမ်ကြိမ်လှုပ်ပြီး မီးတောင်ပေါက်ကွဲမှုကြီးတွေ ဖြစ်ရတဲ့ ဘူမိဗေဒဆိုင်ရာ မတည်ငြိမ်မှုများသောနေရာအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံက တည်ရှိနေတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှကျွန်းစုတွင်မီးတောင် ၁၃၀ နီးပါးရှိပါတယ်။

AFPသတင်းဌာနမှ ကောက်နှုတ်တင်ပြပါသည်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in BREAKING NEWS

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.