Connect with us

ဂရိနိုင်ငံ သိပ္ပံပညာရှင်များမှ နှစ်သန်းပေါင်း၂၀ကျော်ရှိပြီဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်အားတူးဖော်ရရှိ

BREAKING NEWS

ဂရိနိုင်ငံ သိပ္ပံပညာရှင်များမှ နှစ်သန်းပေါင်း၂၀ကျော်ရှိပြီဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်အားတူးဖော်ရရှိ

မီးတောင်ကျွန်းပေါ်ရှိဂရိသိပ္ပံပညာရှင်များကနှစ်ပေါင်းသန်း ၂၀ ကြာသက်တမ်းရှိသော ကျောင်ဖြစ်ရုပ်ကြွင်းအပင်ကို တွေ့ရှိခဲ့ပြီဟုပြောကြားခဲ့ပါတယ်။ အကိုင်းအခက်များနှင့်အမြစ်များသည်နဂိုအတိုင်းရှိနေဆဲဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းသန်းပေါင်းများစွာက​ရှိနေတဲ့အပင်ဖြစ်ပါတယ်။ ဒိီသစ်ပင်ကိုအရှေ့ပိုင်း မြေထဲပင်လယ်ကျွန်းမှာ အဝေးပြေးလမ်းမ ဖောက်လုပ်ရာမှ တူးဖော်ရရှိခဲ့တာပါ။

သစ်ပင်တစ်ပင်ကိုဤမျှကောင်းသောအခြေအနေတွင် အကိုင်းခတ်များနှင့်အမြစ်များပါရှိသည့်ပထမဆုံးအကြိမ်တွေ့ရှိမှုမှာ ၁၉၉၅ ခုနှစ်မှ စတင်၍ တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု Lesbos ၏ Petrified သစ်တောပြတိုက်၏သဘာဝသမိုင်းပြတိုက်မှပါမောက္ခ Nikos Zouros ကပြောကြားခဲ့ပါတယ်။

“ဒါဟာ ထူးခြားသောတွေ့ရှိမှုတစ်ခုဖြစ်တယ်”ဟုသူကပြောကြားခဲ့ပါတယ်။ ၎င်းသည်အလွန်ကောင်းမွန်သောအခြေအနေတွင်ထိန်းသိမ်းထားပြီးကျောက်ဖြစ်ရုပ်ကြွင်းရှိသောသစ်သားများကိုလေ့လာခြင်းမှ၎င်းအပင်၏အမျိုးအစားကိုခွဲခြားသိနိုင်မည်ဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒိီကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်အား တူးဖော်သည့်အခါ ပြာတွေဖုံးလွှမ်းနေတာတွေ့ရှိရပါတယ်။

Lesbosဟာ ကျောက်ဖြစ်ရုပ်ကြွင်းသစ်တောဖြစ်ပြီးဟက်တာ ၁၅၀၀၀ အကျယ်ရှိပါတယ်။ ယူနက်စကိုမှအကာအကွယ်ပေးထားသော ဒီီတောအုပ်ထဲမှာ နောက်ထပ် လျို၀ှက်ချက်တွေလည်းရှိလာနိုင်ပါတယ်။ လွန်ခဲ့သောနှစ်သနပေါင်း ၂၀ကမီးတောင်ပေါက်ကွဲမှုကြောင့်ချော်ရည်ထဲတွင်ကျွန်း၏အပူပိုင်းဒေသသစ်တောဂေဟစနစ်ကိုပျက်စီးစေခဲ့တာဖြစ်ပါတယ်။

၁၉ မီတာခန့်ရှည်သောဒိီကျောက်ဖြစ်ရုပ်ကြွင်းအပင်ကိုမီးတောင်ပြာများထူထပ်စွာဖုံးအုပ်နေတာကြောင့် ထိန်းသိမ်းထားရပါတယ်။ သစ်သီးသစ်ရွက်အမြောက်အများကိုလည်း တစ်နေရာထဲမှာပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။အထွေထွေဧရိယာမှတိရစ္ဆာန်အရိုးများနှင့်အတူရုပ်ပုံကိုပေါင်းထည့်တွေ့မြင်ရပါတယ်။

“တူးဖော်နေစဥ်အတွင်း လွန်ခဲ့သောနှစ်ပေါင်း ၁၇ သန်းမှ ၂၀ သန်းအကြား Lesbosတွင်ရှိခဲ့သော များပြားသည့်သစ်တောများ ဖုံးကွယ်နေမှာကိုလည်းရှာဖွေတွေ့ရှိခဲ့ပြီး ထိုကာလအတွင်းဂေဟစနစ်ကိုပြန်လည်တည်ဆောက်နိုင်တယ်” ဟု Zouros မှပြောကြားခဲ့ပါတယ်။

Continue Reading
Advertisement
You may also like...

More in BREAKING NEWS

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.