Connect with us

ဆေးဖက်၀င် ဖန်ခါးသီး (myrobalan) အကြောင်းသိကောင်းစရာ

HEALTH

ဆေးဖက်၀င် ဖန်ခါးသီး (myrobalan) အကြောင်းသိကောင်းစရာ

မြန်မာအမည် – ဖန်ခါး
အင်္ဂလိပ်အမည်- Myrobalan

မူလပေါက်ရောက်ရာဒေသမှာ အာရှတိုက် အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။ အီရန်၊ ပါကစ္စတန် နီပေါ သီရိလင်္ကာ လာအို တရုတ်နှင့် ဗီယက်နမ်တို့တွင်လည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံတွင်လည်းအနှံ့အပြားပေါက်ရောက်ပြီး ဖန်ခါးသီးအစိမ်းကို တို့စရာအဖြစ်လည်းကောင်း အသီးဆားရည်စိမ်အသုပ်အဖြစ် စားသုံးခြင်း စသော ရိုးရာဓလေ့များ ရှိပါတယ်။

ဖန်ခါးသီးကို အိန္ဒိယ နိုင်ငံ ဆေးကျမ်းတွင် နှစ်ထောင်ပေါင်းများစွာကပင် အစာခြေခြင်း ဆိုင်ရာ ကိစ္စများအတွက် ဦးစားပေးအသုံးပြုခဲ့ကြပါတယ်။ ဖန်ခါးသီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အစာချေမှုကို မြှင့်တင်ပေးခြင်း၊ အူနှင့်ဆိုင်သောရောဂါများ မဖြစ်အောင်ကာကွယ်ပေးခြင်းနှင့် ကျွန်တော်တို့ စားသုံးသောအစာ၏အာဟာရစုပ်ယူမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။

ဖန်ခါးသီးထဲတွင် antioxidants ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ellagic acid, gallic acid, chebulic acid, flavonol glycosides, selenium နှင့် ဗီတာမင်စီ တို့ပါဝင်ခြင်းကြောင့်ခန္ဓာကိုယ်အတွင်း ရောဂါဖြစ်ပွားမှုနှင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ ဗိုင်းရပ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဖန်ခါးသီးကိုစားသုံးခြင်းအားဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဖန်ခါးသီးကိုထု၍ ၁ ညရေစိမ်ပြီး ထိုရေကြည်ဖြင့်မျက်စိကိုဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ဖန်ခါးရေဟာ အကိုက်အခဲပျောက်စေခြင်း၊ ရောင်ရမ်းနာကျင်ခြင်းနှင့် မျက်စိအမြှေးရောင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဆေးဘက်ဆိုင်ရာအသုံးပြုပုံ

ဖန်ခါးပြုတ်ရည်ကို ပါးစပ်ရောင် ပါးစပ်နာရောဂါ သွားဖုံးရောဂါတို့တွင် ပလုပ်ကျင်းဆေးအဖြစ် အသုံးပြုကြပါတယ်။
နာတာရှည် ၀မ်းလျှော၀မ်းပျက်ရောဂါ လေထိုးလေအောင့်ဖြစ်ခြင်း အော့အန်ခြင်း ဗိုက်ရစ်၍အောင့်ခြင်း တို့တွင်အသုံးပြုကြပါတယ်။

အန္တရာယ်ကင်းမှုနှငိ့ ဘေးထွက်ဆိုးကျိုး

ကိုယ်၀န်ဆောင်မိခင်များတွင် အသုံးမပြုသင့်ပါဘူး

စိုက်ပျိုးထုတ်လုပ်မှု

အစေ့ကို ပျိုးထောင်၍ စိုက်ပျိုးနိုင်ပါတယ်။ ပျိုးသက် ၃လ ၄လအကြာတွင် ပျိုးအိတ်သို့ ထည့်ရပီး ၁နှစ်သားခန့်တွင် မြေချ၍ စိုက်နိုင်ပါတယ်။ အပင်သက် ၆နှစ် ၇နှစ်ခန့်တွင် အသီးစတင်သီးပါတယ်။ အပင်သက်တမ်းရင့်လာပါက အသီးထွက်နှုန်း ပိုကောင်းလာပါတယ်။ အပူချိန်နှငိ့ မိုးရေချိန် အနည်းအများကို ခံနိုင်ရည်ရှိပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဤအပင်ဟာ သဘာ၀အလျောက် ပိုမိုဖြစ်ထွန်းပါတယ်။

Continue Reading
Advertisement
You may also like...

More in HEALTH

  • HEALTH

    ပရိုတိန်းအရက်ဆိုင်အားလုံးသည်ကျန်းမာနေကြခြင်းမဟုတ်ပါ,

    By

    https://www.youtube.com/watch?v=3budpplas0o [/ embed] ပရိုတိန်းအရက်ဆိုင်အားလုံးသည်ကျန်းမာနေကြခြင်းမဟုတ်ပါ။ #gundrymd #foodtierlist #proinesinbars #presinebar #allolose

  • HEALTH

    ဆရာဝန်ကထိတ်လန့်တုန်လှုပ်ဖွယ် ER လည်ပတ်မှုများကိုတုံ့ပြန်သည်

    By

    https://www.youtube.com/watch?v=UprC7ywxtka [/ embed] ယနေ့ Ovyso Odoo နှင့်စတင်ပါ။ သင်၏စီးပွားရေးကိုအဆင့်မြှင့်ပါ။ https://www.odoo.com/r/jwf သင်၏လယ်ပြင်၌မီဒီယာမည်သို့ကျွမ်းကျင်ရမည်ကိုသင်သွန်သင်မည်။ Professional ၏မီဒီယာအကယ်ဒမီတွင်စာရင်းသွင်းပါ။ https://www.professionalsmediaacady.com/ ကျွန်ုပ်၏ podcast ကိုနားထောင်ပါ,...

  • HEALTH

    သင်၏ကျန်းမာရေးကိုဗီတာမင်အတုများမည်သို့အကျိုးသက်ရောက်သည်

    By

    https://www.youtube.com/watch?v=euiljukyxh4 [/ embed] သင်၏ကျန်းမာရေးကိုဗီတာမင်အတုများမည်သို့အကျိုးသက်ရောက်သည် ဒေါက်တာ Joine သငျသညျကောင်းသောထက်ပိုမိုအန္တရာယ်များလုပ်နေတာရှိသောဗီတာမင်အတုယူနေပါသလား။ ဒေါက်တာ Janine သည် Vitamin စက်မှုလုပ်ငန်းနှင့်ပတ်သက်သောထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအမှန်တရားကိုပြောင်ပြောင်တင်းတင်းပိတ်ဆို့ခြင်း, သင်၏ကျန်းမာရေးနှင့် ပတ်သက်. ဆုံးဖြတ်ချက်ချရန်သင်သိရန်သင်ဘာသိရန်လိုအပ်ကြောင်းရှာဖွေပါ။ ဒေါက်တာ...

  • HEALTH

    သင်၏ PCOS ကိုစီမံရန်အချက်များ 6 သိကောင်းစရာများ

    By

    https://www.youtube.com/watch?v=zen3sipmuj4 [/ embed] 6 သင်၏ PCOS စီမံခန့်ခွဲရန်သိကောင်းစရာများ | ဒေါက်တာ Joine Polycystic Ovary Syndrome (PCOS) မှစိတ်ပျက်ခြင်းနှင့်လွှမ်းမိုးခြင်းကိုခံစားရန်သင်ငြီးငွေ့နေသလား။ ဒီဗီဒီယိုမှာ...

  • HEALTH

    ဗီတာမင် D, ဆိ &

    By

    https://www.youtube.com/watch?v=3c7UWVPXCM [/ embed] ဗီတာမင် D, ကလေးငယ်အိပ်စက်ခြင်း, ပန်းကန်ဆပ်ပြာ, Diy Makeup Remover Wipes | ဒေါက်တာ Joine ဒီဒေါက်တာ Joinine...

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.