Connect with us

1878 – သီပေါမင်းသား၏ နန်းသိမ်းမိန့်

LIFE

1878 – သီပေါမင်းသား၏ နန်းသိမ်းမိန့်

၁-၁၀-၁၈၇၈ မန္တလေး

မန္တလေးမှာ လွန်ခဲ့တဲ့ ၁၅၀ လောက်က အာဏာသိမ်း/ နန်းသိမ်းကျေညာခဲ့ပုံ အခုအချိန်နဲ့ ဗရုတ်သုတ်ခနဲ့ သိပ်မကွာသလိုဘဲခင်ဗျ။ အများပြည်သူက ဘာတွေဖြစ်နေမှန်းကို အဖြစ်မှန် မသိခဲ့ကြတာ။
.
ဒီအမိန့်တွေ ထုတ်တဲ့အချိန်မှာ မင်းတုန်းမင်းက အိပ်ယာထဲလဲနေလောက်ပြီ။ တကယ်တာဝန် ရှိသူ ဘုရင်က death bed ပေါ်မှာ။ တိုင်းပြည်ကြီး ဘာဖြစ်နေမှန်း မသိနိုင်တော့ဘူး။ ဘုရင် ဖြစ်လာသူ သီပေါမင်းသား ကိုယ်တိုင်က ဘုန်းကြီးဝတ်ကြီးနဲ့။ လူမထွက်ရသေးဘူး။ ကလေးသာသာ အသက် ၁၉ လောက်နဲ့ လူကြီးတွေ ဘာလုပ်‌လို့ ဘာလုပ်နေမှန်း ကောင်းကောင်းကို နားမလည်ခဲ့တဲ့ အခြေအနေ။
.
အခုအချိန် ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရဲကြသလိုပဲ၊ မန္တလေးနန်းတွင်းမှာ မင်းညီမင်းသား မှန်သမျှ ဖမ်းခံရ သတ်ခံရမှာစိုးလို့ အိမ်ပြင်မထွက်ကြတဲ့ အချိန်။
.
ပြည်သူအများစုက ဘုရင်ပြောင်းလို့ ပြောင်းသွားမှန်းတောင် မသိလိုက်ကြဘူး။ ဘုရင်ကိုလဲ မမြင်ဖူးကြဘူး။ အဲဒီ ဗရုတ်သုတ်ခ အချိန်မှာ စုဘုရားလတ်ရဲ့ အမေ မိဘုရားကြီး ရှင်ဖြူမရှင်၊ နန်းရင်းဝန် (ခေါ် ဝန်ကြီးချုပ်) ဦးကောင်း နဲ့ အခြား ဝန်ကြီးအချို့ ပေါင်းပြီး ‌ဒီလိုအမိန့်တွေ တောက်လျှောက်… တစ်ခုပြီးတစ်ခု ထုတ်ခဲ့ကြတာ။
.
အမျိုးစုံတွေ တွေးမိ‌နေပါတယ်။ နှစ် ၁၅၀ မှာ မြန်မာနိုင်ငံ သမိုင်း တစ်ပတ်လည်တာများလား?
.
ဖတ်ကြည့်လိုက်ပါဗျာ။ အဲဒီခေတ်က မြန်မာ နန်းတွင်းအမိန့်စာ တွေကလည်း၊ အခုခေတ် နားလည်ရခက်တဲ့ အမိန့်စာတွေလိုပါပဲ။??
၁) သီပေါကို အိမ်ရှေ့မင်းသား ခန့်တဲ့အမိန့်
၂) သီပေါဘုရင် နန်းသိမ်းတဲ့ အမိန့်
.
ရက်စွဲက မြန်မာသက္ကရာဇ် ၁၂၄၀ နတ်တော်လပြည့်ကျော် ၉ ရက်တဲ့။ #zshtut – source: Cornell University မှ “လွှတ်တော် အမှတ်အသားစာအုပ်” by Taw Seinko
.
ဒီစာအုပ်ကို ရယူနိုင်တဲ့နေရာက- https://www.google.com/…/Lvhat%CA%BB_to…/mwlCAQAAMAAJ…

လွန်ခဲ့တဲ့ ၁၄၃ နှစ်က အာဏာသိမ်းပြီး ကျေညာပုံလေးက ဘယ်လိုဆိုတာ လေ့လာချင်သူများအတွက်
၁) သီပေါမင်းသား အိမ်ရှေ့နှင်းအမိန့်တော်
.
source: Cornell University မှ လွတ်တော် အမှတ်အသား စာအုပ်

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in LIFE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.