Connect with us

1757 – အလောင်းမင်းတြားကိုင်ခဲ့တဲ့ Blunderbusses pistol ကြေးဝါသေနတ် နဲ့ မြန်မာပြည်ကို #Buraghmah / ဗရဟ်မာ (ဗြဟ္မာ) လို့ ခေါ်ခဲ့တဲ့ အထောက်အထား

HISTORY

1757 – အလောင်းမင်းတြားကိုင်ခဲ့တဲ့ Blunderbusses pistol ကြေးဝါသေနတ် နဲ့ မြန်မာပြည်ကို #Buraghmah / ဗရဟ်မာ (ဗြဟ္မာ) လို့ ခေါ်ခဲ့တဲ့ အထောက်အထား

၁၇၅၇ ရွှေဘိုမြို့

အလောင်းမင်းတြားကိုင်ခဲ့တဲ့ Blunderbusses pistol ကြေးဝါသေနတ် နဲ့ မြန်မာပြည်ကို #Buraghmah / ဗရဟ်မာ (ဗြဟ္မာ) လို့ ခေါ်ခဲ့တဲ့ အထောက်အထား
.
ဟုတ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ကို ဒီလို စာလုံးပေါင်းထားတဲ့ ရှေးစာအုပ်တစ်အုပ်တွေ့လို့ အတော်လေး စိတ်ဝင်စားသွားမိပါတယ်။ Burma လို့ မခေါ်ခင်က Burmah (သို့) Bermah လို့ ခေါ်တယ်။ အဲဒါမတိုင်မီက Buraghmah တဲ့ဗျ။ ? (ပုံထဲမှာ ဖတ်ကြည့်ပါ၊ underline တားပြထားပါတယ်)
.
ဒီစာအုပ်ကို ရေးသား မှတ်တမ်းတင်သူက အင်္ဂလိပ် နေမဝင်အင်ပါယာရဲ့ ပထမဆုံး hydrographer ဖြစ် ခန့်အပ်ခံရတဲ့ Alexander Darymple (1737-1808) ဖြစ်ပြီး၊ သူရေးခဲ့တဲ့အထဲက ကျွန်တော်တို့ရဲ့ မြန်မာ/ဗမာ (ဗရဟ်မာ = ဗြဟ္မာ) ဆိုတဲ့ တိုင်းပြည်ကြီး အကြောင်း အချို့အချက်တွေ မျှဝေချင်ပါတယ်။ ဒီစာအုပ် Vol.1 ထဲမှာ စာမျက်နှာ 97 ကနေ 256 အထိ မြန်မာပြည်အကြောင်းချည်းပဲ။ အများကြီး ရေးထားပါတယ်။ ဖတ်ကြည့်ကြပါ။ အခြား သမိုင်းစာအုပ်တွေထဲမှာ မတွေ့ဖူးတာတွေပါလို့ စိတ်ဝင်စားဘို့ ကောင်းပါတယ်။ မြန်မာ့သမိုင်းကို ပြန်ပြင် ဖြည့်ရေးစရာတွေ တွေ့ပါလိမ့်မယ်။
.
ဒီစာအုပ်ကို ရေးခဲ့တဲ့ အာလက်ဇမ်းဒါး ဒေရင်ပဲလ် ရဲ့အမြင် (#မာကိုပိုလို လိုပဲ မြန်မာပြည်ကို အစောဆုံး ရောက်ရှိမှတ်တမ်း တင်သူတွေဘက်က အမြင်) ကို သူတို့ရေးတဲ့ မှတ်တမ်းတွေထဲမှာ လေ့လာနိုင်ပါတယ်။
.
ဒေရင်ပဲလ် ရဲ့ မှတ်တမ်းထဲမှာ-
‘ဗမာ’လူမျိုးနဲ့ ပတ်သက်ပြီး…

– ဗမာလူမျိုးတွေရဲ့ ပုံပန်းသဏ္ဍာန်က အာရေဗီးယန်း (အာရပ်) တွေနဲ့ ရုပ်ချင်း ဆင်တယ်တဲ့ဗျ။ (ဒါဆို ပျူခေတ်က ဗမာတွေက ပျူရုပ်တွေ၊ ဘုရားတွေလိုပဲ Indian elephant ပေါ့။? သတိပြုသင့်တာက ဂျပန်ထုတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေက ဂျပန်ရုပ် ထွက်တယ်။ တရုတ် ထုရင် တရုတ်ရုပ်၊ မြန်မာထုရင် မြန်မာရုပ်၊ အိန္ဒိယမှာ ထုရင် အိန္ဒိယရုပ် ပုံစံ ထွက်တတ်တာကို သတိပြုပါ။ ပျူခေတ်က ထုခဲ့တဲ့ ဘုရားတွေက Indian elephant ဖြစ်နေခဲ့တာ ဘာကြောင့်လဲ? စဉ်းစားကြည့်ကြပါ။)

– နိုင်ငံကို Buraghmah လို့ ခေါ်တဲ့ အကြောင်း ရေးထားတယ်။ (နောင်ကြာမှ Burma ဖြစ်လာပုံရပါတယ်) Buraghmah ကို အသံ ‘ဟ’ သံထည့်ပြီး၊ ဘယ်လို အသံ ထွက်တယ်ဆိုတာကအစ စာမျက်နှာ 98 footer မှာ သေခြာရှင်းထားတာ တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ဒါက အနောက်တိုင်းသားတွေက မြန်မာနိုင်ငံကို ခေါ်တဲ့ အခေါ်ဖြစ်ပြီး၊ မြန်မာပြည်တွင်းက ဒေသခံတွေက ဒီနိုင်ငံကို ‘မြန်မာ’လို့ ခေါ်တဲ့အကြောင်း အခြား သမိုင်းအထောက် အထားတွေလည်း အများကြီး တွေ့ရပါတယ်။)

– လူမျိုးကို #Buraghmahn လို့ ခေါ်ကြောင်း ရေးသွားတယ်။ (အဲဒီကနေ နောင်ကို Birman, Burman ဖြစ်လာပုံရပါတယ်)

– ပဲခူးသားတွေထက် အသားပိုမည်းကြတယ်။
– ပေါင်မှာ ထိုးကွင်းထိုးကြတယ်။
– အသားအရောင်က ဝါညိုညို tawny အသားအရောင် ရှိကြတယ်။
– မိန်းမတွေကို (ရှေးက တရုတ် ခြေသေးမတွေကို၊ ဘင်္ဂလီတွေက မိန်းမတွေကို ချုပ်ချယ်သလိုပဲ) ဖြစ်နိုင်သမျှ အိမ်ပြင်မထွက်ခိုင်းပဲ ချုပ်ချယ်တဲ့ စနစ် drudgery ကျင့်သုံးခဲ့ကြတယ်။ ?
– ဗမာတွေ မွန်တွေကတော့ မြတ်စွာဘုရား ကိုတော့ ကိုးကွယ်ကြတယ်။ ဒါပေမဲ့ ဘုရားအကြောင်း မေးကြည့်ရင် ဘာမှ မသိကြဘူးတဲ့။ ?
– ဗမာတွေက လူသေရင် မြေမြှုပ်ပြီး၊ ဂူအပေါ်မှာ ကြက် (သို့) ဘဲ တစ်ကောင်နဲ့ ထမင်းတင်ထားပြီး၊ ပူဇော်ပသလေ့ ရှိကြတယ်။ ပြီးရင် သူနေခဲ့တဲ့ အိမ်မှာ မနေကြတော့ဘဲ အိမ်အသစ်ဆောက်နေကြတယ်။
.
(အခုမှပဲ ရှင်းသွားပါပြီ။ ကျွန်တော် တစ်သက်လုံးမေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေ ရသွားတော့တယ်။ “မြန်မာတွေက အုတ်နဲ့ဆောက်တဲ့ နည်းပညာ ရှိရဲ့သားနဲ့၊ ဘုရားကိုဘဲ အုတ်နဲ့ဆောက်ပြီး၊ ဘုရင်က အစ ဘာလို့ သစ်သား အိမ်နဲ့ပဲ နေတာလဲ” ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော် မေးတော့ အချို့ လူကြီးတွေက ရွှီးတာပေါ့။ အုတ်နဲ့ဆောက်ရင် ညကျရင် ပူလို့တို့ ဘာညာတို့။
.
အခုပဲ တန်းသတိရလိုက်တယ်။ မန္တလေးနန်းတော်ထဲမှာ မင်းတုန်းမင်းလဲ နတ်ရွာစံရော၊ ပန်းပုလက်ရာတွေ ပြည့်နေတဲ့ မင်းတုန်းမင်းနေခဲ့တဲ့ နန်းဆောင်ကို ဖျက်ပြီး၊ အပြင်ကို ရွှေ့ဆောက်လိုက်တယ်။ ပြီးတော့ ဘုန်းကြီးကို လှူလိုက်တော့ အခုကျွန်တော်တို့တတွေ၊ tourist တွေ သွားလည်နေတဲ့ ကမ္ဘာကျော် ‘ရွှေကျောင်း’ ဆိုတာ ဖြစ်လာရတယ်။ ဟုတ်ပါတယ်။ အဲဒါ အရင်က မင်းတုန်းမင်း နန်းတွင်းထဲမှာ နေခဲ့တဲ့ နန်းတော်ဆောင်ပါ ခင်ဗျာ။ ဪ ဒီဓလေ့ကြောင့် သီပေါမင်းက မင်းတုန်းမင်း ကွယ်လွန်တဲ့နန်းဆောင်ထဲမှာ ဆက်မနေပဲ ရွှေ့ပြီး အခြားအဆောင်မှာ နေခဲ့တာကိုးဗျ။)
.
‘မွန်’ လူမျိုးနဲ့ ပတ်သက်ပြီး…
– #Peguer ခေါ် ပဲခူးသား လို့ သုံးသွားတယ်။ အချို့ မှတ်တမ်းတွေက Peguan လို့ ရေးတယ်။
– လူဦးရေအရ ပဲခူးမှာဆိုရင် ၁၀၀ မှာ ၁ ယောက်လောက် လူနည်းစု ဖြစ်နေတယ်လို့ ဆိုတယ်။
– ထူးခြားတဲ့ ဂျာရစ် ဆိုလား၊ ယောင်ပေစူး ဆိုလားဗျာ။ ခေါင်းအပေါ်မှာ ဆံပင်ကို စုချည်ထားပြီး အောက်တစ်ခြမ်းကျတော့ အပြောင် ရိတ်ထားတာ အဲဒါ #မွန် ရိုးရာ ဆံပင်ပုံစံတဲ့ဗျ။ (ယောက်ျားရင့်မကြီးတွေကိုက အဲဒီဆံပင်ပုံစံနဲ့ဆို ခုခေတ်မှာ ရယ်စရာလို့ ထင်မိမှာပဲ။ ?)
.
‘ကရင်’လူမျိုးနဲ့ ပတ်သက်ပြီး…
– ရှေးက #Kayin / Karen လို့ မပေါင်းပဲ #Carianner လို့ သုံးနှုံးသွားတယ်။ (ထိုင်းမှာ အခုထိ ကရင်လူမျိုးကို ကရိရင် လို့ခေါ်ပါတယ်။)
– ဗမာတွေ မွန်တွေထက် ပိုအသားဖြူကြတယ်။ တောထဲမှာပဲ နေကြတယ်။ အများဆုံး ၁၀ အိမ် ဝန်းကျင်လောက်ပဲ ရှိတဲ့ ရွာ သေးသေးတွေထဲမှာပဲ နေကြတယ်။ ကိုးကွယ်မှု ဘာသာဆိုတာ မရှိကြသေးဘူး။
.
စိတ်ဝင်စားစရာ တချို့က-
– အင်္ဂလိပ်ထက် အများကြီးစောပြီး Dutch တွေက ဟိုင်းကြီးကျွန်း (Negrais Island) ကို ရောက်ခဲ့တယ်လို့ သိရတယ်။
– ဟိုင်းကြီးကျွန်းပေါ်မှာ AD 1607 မှာ သေသွားတဲ့ ဒတ်ချ် ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ အုတ်ဂူ အထောက်အထား ရှိတယ်။
– ဒတ်ချ်ကော၊ အင်္ဂလိပ်ကော မြန်မာပြည်ကနေ နှင်ထုတ်ခံရပြီး၊ ဒတ်ချ်တွေက မြန်မာပြည်ကို ထပ်မလာဖြစ်ခဲ့ပေမဲ့၊ အင်္ဂလိပ်တွေက နှစ်အတော်ကြာမှ ထပ်ရောက်ဖြစ်ခဲ့တယ်လို့ ဆိုတယ်။
– အလောင်းမင်းတရား ဆီမှာ ဒီပုံထဲကလို သေနတ်အတို Blunderbusses pistol ရှိခဲ့တယ်တဲ့ဗျ။ ဦးအောင်ဇေယျ က ပစ်စတို ကိုင်ခဲ့နိုင်တယ်ဆိုတဲ့ သမိုင်းအထောက် အထားပဲ။ ဘယ်လိုသိရသလဲဆိုတော့- ဒီစာအုပ် Vol.1 ရဲ့ စာမျက်နှာ 203 မှာ အရှေ့ဥရောပ ကုမ္ပဏီက Robert
Lefter က အလောင်းမင်းတရားကို ပေးတဲ့ လက်ဆောင်တွေ စာရင်းကို ဒီလိုဖော်ပြထားတယ်။ (သေနတ်ပုံစံက Pirates of the Carribbean ရုပ်ရှင်ထဲက လိုပဲ?) >>

1 Four Pound Gun and Carriage compleat. (အမြှောက်ကျည်ဆံ တစ်တောင့်ကို ၄ ပေါင်ရှိတဲ့ အမြှောက်ဆိုတော့ အကြီးကြီးပေါ့)
1 New Carriage for a Nine Pounder. ၉ ပေါင် အမြှောက် တင်တဲ့လှည်း)
2 Barrels of fine Europe Powder.
1 Pair of Brass mounted pistol Blunderbusses *
1 Fuzee brass mounted.(ဘာမှန်းမသိ)
2 Pieces of ordinary Red Broad Cloth
3 ” of Perpetuanoes Popinjay. (ဘာမှန်းမသိ)
2 ” of fine China Carpets.
10 ” of Red Silk Taffety.
2 ” of Silk Grogram.
2 ” of Cossimbuzar Handkerchiefs.
2 ” of fine striped Soosies.
2 ” of Seersuckers. (ဘာမှန်းမသိ)
.
#ရှေးဟောင်းသုတေသန
ဒစ်ဂျစ်တယ် သုတေသန လုပ်တဲ့အခါ data mining လုပ်တဲ့အခါမှာ keyword အမှန်သိဘို့က သေလောက်အောင် အရေးကြီးပါတယ်။ ရွှေဘို/မုဆိုးဘို အကြောင်း သိချင်ရင် Shwebo လို့ချည်းပဲ ရှာနေလို့ မရပါဘူး။ အခြားလူတွေ လူမျိုးတွေက ဘယ်လို စာလုံးပေါင်းသလဲဆိုတာ သိရင် သော့ရသလိုပဲ။ ရတဲ့ စာလုံးအသစ်ကို Google.com မှာ သွားရှာကြည့်ကြည့်ပါ။ ဒီစာအုပ်ထဲက သဲလွန်စအရက-
မုဆိုးဘို ကို Momchabue လို့ရေးတယ်။
ပုဂံ-ညောင်ဦး ကို Pagong-Youngeoe လို့ရေးတယ်။
.
#သမိုင်း
ကဲ။ ကျွန်တော်ကတော့ သမိုင်းကို တူးဆွဘို့နေရာကို အစလေးပဲ ဖော်လိုက်တာပါ။ ဝါသနာကြောင့် ခုန်ကျော်ဖတ်ပြီးအရင်တုန်းက မြန်မာတွေအတွက် လက်လှမ်းမမှီခဲ့တဲ့ ဒီစာအုပ်၊ စိတ်ဝင်စားစရာ နဲနဲလေးကို သဲလွန်စ မျှလိုက်ရုံပဲ ရှိပါသေးတယ်။ သမိုင်း ပညာရှင်များ ဆရာ၊ ဆရာမများ ဒီနေရာကနေ ဆက်တူးကြပါဗျာ။ အောက်မှာ လင့် ၂ခု ပေးထားပါတယ်။
.
၁၇၉၃ မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Oriental Repertory ဆိုတဲ့ စာအုပ် (ပ-တွဲ၊ ဒုတွဲ) ကို အစအဆုံး ဒီမှာ ဖတ်နိုင်/ download ရယူနိုင် ပါတယ်။ #zshtut >>
.
Vol.1 (670+ pages):
https://archive.org/details/orientalrepertor01dalr
.
Vol.2 (680+ pages):
https://books.google.com.mm/books?id=JlLhsmVz0AAC&dq=Oriental%20repertory.%20Dalrymple%2C%20Alexander&pg=PP7#v=onepage&q=Oriental%20repertory.%20Dalrymple,%20Alexander&f=false

Continue Reading
Advertisement
You may also like...

More in HISTORY

  • HISTORY OF TODAY

    ဩဂုတ်လ ၁၈ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ?

    By

    ၂၉၃ ဘီစီ ရောမမြို့၌ ဗီးနပ်စ်နတ်ဘုရားအတွက် ရည်စူးသော အစောဆုံး လူသိများသည့် ဗိမာန်ကို တည်ထောင်ခဲ့ပြီး ဗီနာလီယာ ရက်စတီကာ (စပျစ်သီးရိတ်သိမ်းပွဲတော်) အစဉ်အလာကို စတင်ခဲ့သည် ၄၄၀ စိန့်...

  • HISTORY OF TODAY

    ဩဂုတ်လ ၁၇ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ?

    By

    ၆၈၂ – လီယို ဒုတိယသည် ကက်သလစ် ပုပ်ရဟန်းမင်းအဖြစ် နန်းစတင်သည်။ ၁၁၈၀ – ဧကရာဇ် အန်တိုကုကို ထီးနန်းတင်ခဲ့သော ခီယိုမိုရို ထိုင်ရာအား ယောရီတိုမို မီနာမိုတိုက...

  • HISTORY OF TODAY

    ဩဂုတ်လ ၁၆ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ?

    By

    ဟောင်ဝူဧကရာဇ်၏ ခွင့်လွှတ်ခြင်း (၁၃၈၄)။ မင်မင်းဆက်ချုပ်ကိုင်သော တရုတ်နိုင်ငံ၏ ဟောင်ဝူဧကရာဇ်သည် ငွေစက္ကူများကို အငြင်းပွားရင်း ဆုတ်ဖြဲမိကြသော ဇနီးမောင်နှံတစ်စုံ၏ အမှုကို စစ်ဆေးသည် (ဤအပြုအမူသည် တံဆိပ်တုံးနှိပ်ထားသော အစိုးရစာရွက်စာတမ်းများကို ဖျက်ဆီးခြင်းနှင့်...

  • HISTORY OF TODAY

    ဩဂုတ် ၁၄ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ။

    By

    ၅၅၄ ခုနှစ်တွင် ရာဗင်နာသည် အီတလီ၌ ဘိုင်ဇန်တိုင်း စစ်အုပ်ချုပ်ရေးမှူး၏ ဌာနချုပ်ဖြစ်လာသည်။ ဘော့နာဂိုဝမ်တိုက်ပွဲ ၁၀၄၀ ခုနှစ်တွင် စကော့တလန်ဘုရင် ဒန်ကန် I သည် ၎င်း၏ ပထမအဆင့်ဝမ်းကွဲတော်စပ်သူနှင့်...

  • HISTORY OF TODAY

    ဩဂုတ် ၁၃ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ?

    By

    ၃၁၁၄ ဘီစီ ဩဂုတ်လ ၁၃ရက်၊ ၃၁၁၄ ဘီစီသည် Lounsbury ဆက်စပ်မှုအရ မာယာပြက္ခဒိန်၏အစဖြစ်သည် ၅၂၃ စိန့်ဂျွန်သည် ကက်သလစ်ပုပ်ရဟန်းမင်းအဖြစ် စတင်နန်းစံသည် ၁၀၉၉ Raniero သည်...


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.