Connect with us

1210 – ထီးလိုမင်းလို လက်ထက်ကတည်းက မြန်မာရှမ်းတွေက အာသံ၊ မဏိပူရကို ပိုင်တယ် ဆိုပါလား?

MYANMAR HISTORY

1210 – ထီးလိုမင်းလို လက်ထက်ကတည်းက မြန်မာရှမ်းတွေက အာသံ၊ မဏိပူရကို ပိုင်တယ် ဆိုပါလား?

ပုဂံဘုရင် ထီးလိုမင်းလို လက်ထက်ကတည်းက မြန်မာရှမ်းတွေက အာသံ၊ မဏိပူရကို ပိုင်တယ် ဆိုပါလား? 😮 အာသံပြည်နယ်ကို မြန်မာတွေပိုင်တုန်းက ထုတ်ခဲ့တဲ့ ငွေဒင်္ဂါ‌း ပြားတွေ မြင်ကြရအောင် မျှလိုက်ပါတယ်။
:
(အမိမြန်မာနိုင်ငံတော်ကြီးမှာ မီးပျက်လို့ ည ၈နာရီကတည်းက အစောကြီး အိပ်လိုက်တာ၊ ၇ နာရီ အိပ်ပြီးပြီဆိုတော့ မနက် ၃ နာရီ နိုးတော့တာပေါ့ဗျာ။ စာထဖတ်နေမိပါတယ်။ google ကျေးဇူးနဲ့ ကျွန်တော်တို့ သင်ဖူးဖတ်ဖူးခဲ့သမျှ မြန်မာ့သမိုင်းမှာ တစ်ခါမှ မသိခဲ့တာ တစ်ခု သွားတွေ့လို့ တော််တော် မျက်လုံး ပြူးသွားမိပါတယ်။)
:
မြန်မာပြည် အရှေ့မြောက်ပိုင်း၊ မိုင်းမောဒေသက ရှမ်းတွေတည်ထောင်ခဲ့တဲ့ အဟုန်မင်းဆက် (Ahom kingdom 1228–1826) ဆိုတာ အခုခေတ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ အနှစ် ၆၀၀ လောက်ကို ရှိခဲ့ဖူးတယ်တဲ့ခင်ဗျ။ ဒီမင်းဆက်ရဲ့ ပထမဆုံး ဘုရင်က King Sukaphaa (1228–1268) လို့ သိရပါတယ်။
:
သတိပြုသင့်တဲ့ တစ်ချက်က- ပထမဆုံး အဟုန်ဘုရင် နန်းတက်တဲ့ AD 1228 ဆိုတာ ပုဂံဘုရင် “ထီးလိုမင်းလို ဘုရင်” လက်ထက်ပဲ ရှိသေးတယ်နော် ခင်ဗျ။ 😮 ဒါဟာ သမိုင်း စာအုပ်တွေထဲ ပထမဆုံး ဖတ်ဖူးတာပဲ။
:
မြန်မာလိုလို ရှမ်းလိုလိုစာတွေပါတဲ့ ငွေဒင်္ဂါးတွေ ရိုက်နှိပ်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်း ဒင်္ဂါးတွေကသာ ဒီလို အဟုန် စာတွေနဲ့ ဖြစ်နေပြီး၊ နောက်ပိုင်း အဟုန်မင်းဆက်ရဲ့ ဒင်္ဂါးတွေက အိန္ဒိယ စာတွေပါလာတာ တွေ့ရပါတယ်။
:
မြန်မာပီပီ ဒင်္ဂါးပေါ်တွေပေါ်မှာ ခြင်္သေ့ရုပ် ဒေါင်းရုပ်တွေ ထည့်ခဲ့တာ တွေ့ရပါတယ်။ “အဟုန်” ကို အချို့က “အဆုန်” လို့ အသံထွက်ကြပြီး၊ အဲဒီကမှ “အာဆံ/အာသံ” ပြည်နယ်လို့ တွင်သွားတာလို့ ယူဆရပါတယ်။ ကုန်းဘောင် မင်းဆက် နှောင်းပိုင်းမှာ ဘိုးတော်ဘုရား ဘုရင်က အာသံ၊ မဏိပူရတို့ကို ထပ်သိမ်းထားတုန်းကလည်း Arakan coin လို့ အများပြောကြတဲ့ ဒင်္ဂါးတွေ ရှိခဲ့ပါသေးတယ်။ #zshtut
:
(ဒါနဲ့ ဒီဒင်္ဂါးပေါ်က စာတွေကို ဖတ်လို့ ရရင် ဘာလဲဆိုတာ comment ရေးထားခဲ့ပေးပါဗျာ။ pls.. ဒင်္ဂါး ပုံက အတည့်လား ဇောက်ထိုးလား မသိလို့ အဆင်ပြေသလို ထည့်ထားတာ ခွင့်လွှတ်ပါ။)
Ref:
ဒီအကြောင်းကို ဖော်ပြထားတဲ့ Coins of India စာအုပ်ကို အခမဲ့ ဒီမှာ ယူနိုင်ပါတယ်။ (စာမျက်နှာ ၁၀၀ မှာ ကြည့်ပါ) https://ia902605.us.archive.org/26/items/coinsofindia00browuoft/coinsofindia00browuoft.pdf

Continue Reading
Advertisement
You may also like...

More in MYANMAR HISTORY


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.