Connect with us

1000 – မြန်မာအစ #တကောင်းက တဲ့။ ဒါဆို တကောင်းမတိုင်မီက ကျုပ်တို့က ဘာတွေလဲ?

MYANMAR HISTORY

1000 – မြန်မာအစ #တကောင်းက တဲ့။ ဒါဆို တကောင်းမတိုင်မီက ကျုပ်တို့က ဘာတွေလဲ?

မြန်မာအစ #တကောင်းက တဲ့။ ဒါဆို တကောင်းမတိုင်မီက ကျုပ်တို့က ဘာတွေလဲ? #သုဝဏ္ဏဘုမ္မိ နိုင်ငံသားလား? #ဖူနန် လား?
:
homo erectus မျောက်မျိုးနွယ်က မြန်မာပြည်မှာ အစောဆုံးတွေ့ရတာ နှစ်ပေါင်း ၇၅၀,၀၀၀ တဲ့။ Homo sapiens ဆိုတဲ့ လူသားမျိုးနွယ်တွေ ကျတော့ နှစ်ပေါင်း ၁၁,၀၀၀ ကတည်းက မြန်မာပြည်မှာ နေခဲ့ကြတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေက ရှိတယ်။ ဆက်စပ် စဉ်းစားကြည့်ရင် မြန်မာပြည်မှာ ရှေးအကျဆုံး အမွေအနှစ် ပျူမြို့ပြနိုင်ငံတွေထဲက တကောင်းမြို့ ကိုက သက်တမ်းနှစ် ၂၅၀၀ (BCE 600) လောက်ပဲ ရှေးကျသေးတယ်။ ဒါဆို သမိုင်း အထောက်အထား မတွေ့သေးတဲ့ တကောင်း ထက်စောတဲ့ သမိုင်းက နောက်ထပ် ၃ဆ၊ နှစ်ပေါင်း ၈,၅၀၀ စာလောက် သမိုင်းက ဘာမှန်းမသိ ဝါးတားတား ဖြစ်နေတယ်။
:
“တကောင်း” မတိုင်မီက ကျွန်တော်တို့က အဘိုးအဖွားတွေက ဘာလူမျိုးတွေလဲ? ဘာနိုင်ငံသားတွေလဲ? စဉ်းစားမိလားဗျာ?

“မြန်မာအစ တကောင်းက” လို့ မြန်မာစကားပုံ ရှိတယ်။ မှန်နန်းရာဇဝင် ထဲပါတာ အစောဆုံးပဲလား? သူ့ထက်စောတာ ရှိသေးလား? ပထမဆုံး ဘယ်စာဆို ပညာရှင်၊ ဘယ်စာရေးဆရာက သို့မဟုတ် ဘယ်ကျောက်စာထဲမှာလဲ ဆိုတာ သိချင်နေမိပါတယ်။ (သိတဲ့လူ ရှိရင် မှတ်ချက်ရေးသွားပေးပါဗျာ။)
:
⦿ Golden Land လို့ အဓိပ္ပါယ်ရတဲ့ “သုဝဏ္ဏဘုမ္မိ” များလား?
ငယ်ငယ်ကတည်းက Myanmar tourism promotion ဆောင်ပုဒ်အနေနဲ့ အမြဲ ကြားခဲ့ဖူးတဲ့ the Golden Land ဆိုတဲ့ မြို့/နိုင်ငံဟာ သထုံနားမှာလိုလို၊ မွန်ပြည်နယ် တစ်နေရာမှာလိုလို ခန့်မှန်းပြောဆိုနေကြပေမဲ့၊ မြန်မာ သမိုင်းပညာရှင် ရှေးဟောင်းသုတေသန ပညာရှင်တွေကော၊ ထိုင်းပညာရှင်တွေရော အခုထိ ရှာမတွေ့သေးတဲ့ ဒေသပါ။
:
ရှားပါးသမိုင်းအထောက်အထားတွေ ရှာမတွေ့သေးတဲ့ အကြောင်းတစ်ခုက မုတ်သုန်ရာသီနဲ့ မိုးများစိုစွတ်တဲ့ ဒေသဆိုတော့ ရှေးဟောင်းပစ္စည်းတွေ ကြာကြာမခံတာလည်း ပါနိုင်တာပေါ့။ တကယ် မရှာဖြစ်သေးတာလည်း ပါပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံကတော့ ဘူမိဘောဘုရင် လက်ထက်ကတည်းက “သုဝဏ္ဏဘုမ္မိ ရှာဖွေရေးစီမံကိန်း” လုပ်နေကြတာကို သိလာရပါတယ်။ အဲဒါလေး မျှဝေချင်လို့ပါ။ #SuvarnabhumiI : The Golden Land Terra Incognita စီမံကိန်း အကြောင်း ဝဗ်ဆိုက် ရှိပါတယ်။ ဒီမှာပါ >> [https://suvarnabhumi.gistda.or.th/en/products/](https://suvarnabhumi.gistda.or.th/en/products/)
:
ဒီစီမံကိန်းအကြောင်း အခမဲ့ မျှဝေထားတဲ့ စိတ်ဝင်စားစရာ ebook အင်္ဂလိပ်ဘာသာနဲ့ ၂ ခု၊ ထိုင်းဘာသာနဲ့ ၂ ခု ရှိပါတယ်။ English version ရယူနိုင်တဲ့ လင့်များကတော့ အောက်မှာပါ။
(က)- “သုဝဏ္ဏဘုမ္မိ၊ ရှာမတွေ့သေးသော ဒေသ” (အနှစ်ချုပ်) — Suvarnabhummi Terra Incognita [Executive Summary] (၄၄ မျက်နှာ)
[https://suvarnabhumi.gistda.or.th/wp-content/uploads/2020/08/Executive-Summary-Suvarnabhumi.pdf](https://suvarnabhumi.gistda.or.th/wp-content/uploads/2020/08/Executive-Summary-Suvarnabhumi.pdf)
:
(ခ) “သုဝဏ္ဏဘုမ္မိ၊ ရှာမတွေ့သေးသော ဒေသ” — Suvarnabhummi Terra Incognita (၂၃၂ မျက်နှာ)
[https://suvarnabhumi.gistda.or.th/wp-content/uploads/2020/07/Suvarnnabhumi-Terra-incognita_new.pdf](https://suvarnabhumi.gistda.or.th/wp-content/uploads/2020/07/Suvarnnabhumi-Terra-incognita_new.pdf)

:
⦿ ဖူနန် ( #Funan ) နိုင်ငံ ဆိုတာများလား?
ဒုတိယ သဲလွန်စတစ်ခု တွေ့လာရပါတယ်။ သုဝဏ္ဏဘုမ္မိ လိုပဲ အရှေ့တောင်အာရှမှာ ဘယ်နားမှာမှန်း မသိတဲ့ နောက်ထပ် နိုင်ငံကြီးတစ်ခု ရှိနေပြန်ပါသေးတယ်။ Funan နိုင်ငံပါ။ CE 100-600 လောက်အတွင်းကလို့ ယူဆကြပါတယ်။ တရုတ်မှတ်တမ်း တစ်ခုမှာ Funan ဒေသလို့ ရေးထားတာ တွေ့လို့သာ အခြား အထောက်အထား မတွေ့ခင် လောလောဆယ် “ဖူနန်” လို့ ခေါ်နေကြတဲ့ နိုင်ငံကြီးပါ။ မြို့တော် ဘယ်နားမှာမှန်း အခုထိ မသိရသေးတဲ့ ရှေးဟောင်း နိုင်ငံကြီးလို့ပဲ သုတေသန လုပ်နေကြတုန်းပါ။ loosely allied city-states လို့ ပြောကြတဲ့ ဒီနိုင်ငံကြီးကို အဲဒီနိုင်ငံသားတွေက ဘယ်လို ခေါ်ကြမှန်း မသိပါဘူးလို့ ဒီမှာ ရေးထားတယ်။ [https://factsanddetails.com/southeast-asia/Vietnam/sub5_9a/entry-6637.html](https://factsanddetails.com/southeast-asia/Vietnam/sub5_9a/entry-6637.html)
:
အရင်က “ဟန်လင်း နေတစ်ခြမ်းပြား” လို့ ခေါ်ကြတဲ့ နေထွက်နေတဲ့ ပုံနဲ့ ငွေဒင်္ဂါးတွေတွေ့ရင် ဒါ ပျူဒင်္ဂါးလို့ တန်းသဘောပေါက်ခဲ့မိတယ်။ ဒီပျူဒင်္ဂါးတွေကို ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တောင်ပိုင်းမှာပါ တူးဖော်တွေ့ရှိရတယ် ဆိုတာကို နောက်မှ သိလာရတယ်။ (Little knowledge is dangerous ဆိုတာလေးကိုလည်း သတိရပြီး ကိုယ့်ကိုကိုယ် ရှက်မိပါတယ်။) သူတို့က ဒါကို Funan coin လို့ ခေါ်ကြတယ်။ ဒီဒင်္ဂါးပြားတွေကို ပျူတွေတင် သုံးခဲ့တာ မဟုတ်ဘူးပေါ့။ နဲနဲပါးပါး တွေ့ရင် ကုန်ကူးရင်းရောက်တယ်လို့ ပြောလို့ရပေမယ့်၊ အခြား အရှေ့တောင် အာရှ နိုင်ငံတွေမှာ အများကြီးတွေ့ရပါတယ်ဆိုတော့ ကျွန်တော်တို့တွေက အရင်က တစ်နိုင်ငံတည်းများလား? ဆိုတာ သုတေသန လုပ်သင့်ပါတယ်။ ငွေသအပြာ တစ်မျိုးတည်းကိုပဲ သုံးခဲ့ကြတယ်ဆိုတော့ economy တစ်ခုတည်း ရှိခဲ့တယ်ဆိုတာ သေခြာသလောက် ရှိတယ်။ ကိုးကွယ်တဲ့ ဘာသာလည်း တူကြတယ်။ သမိုင်း ပညာရှင်တွေက ပိုသိမှာပါ။
:
bottom line ကို ပြောရရင်-
⦿ မိဘတူရင် မောင်နှမလို့ ပြောကြတယ်။ အဘိုးအဖွားတူရင် အမျိုးလို့ ခေါ်တယ်။ တရားမျှတမှုနဲ့ မတရားမှု ရန်ဖြစ်ချင် ဖြစ်ပါ။ အကျိုးရှိတယ်။ တိုးတက်မှု ရစေတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုပြီး လူမျိုးလေး ကွဲတာနဲ့ ရန်ဖြစ်နေကြတာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ သမိုင်းကို လေ့လာပါ။ ကျွန်တော်တို့ အားလုံးက အမျိုးတွေချည်းပဲ။

:
⦿ ပထမ မြန်မာနိုင်ငံတော် ပုဂံ နဲ့ ပထမထိုင်းနိုင်ငံ Sukhothai မတိုင်မီ သမိုင်းတွေက အခုထိ ဝေဝေဝါးဝါးပဲ ရှိနေတုန်းပါပဲ။ ကျွန်တော့် အယူအဆက အဲဒီခေတ်က သုဝဏ္ဏဘူမိ #Suvarnabhummi နိုင်ငံ နဲ့ ဖူနန် #Funan နိုင်ငံ ဆိုတာ တစ်ခုတည်း ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သုတေသနပိုလုပ်ပြီး ခိုင်မာတဲ့ အထောက်အထားတွေ ပိုပြည့်စုံလာရင် ကျောင်းစာထဲက မြန်မာ့သမိုင်းထဲကို ဖြည့်စွက်စေချင်မိတယ်။ #zshtut
:
မှတ်ချက်။
– အရင်က BC လို့ သုံးကြတဲ့ အသုံးအနှုန်းကို အခုနောက်ပိုင်း BCE (Before Christian Era) လို့ ပြောင်းခေါ်လာကြတယ်။
– အရင်က AD လို့ သုံးကြတဲ့ အသုံးအနှုန်းကို အခုနောက်ပိုင်း CE (Christian Era) လို့ ပြောင်းခေါ်လာကြတယ်။

Continue Reading
Advertisement
You may also like...

More in MYANMAR HISTORY


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.