Connect with us

Gemini ♊ မေထုန်ရာသီဖွား (မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက်)

Gemini ( ♊ ) မေထုန်ရာသီဖွား ? ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )

Uncategorized

Gemini ♊ မေထုန်ရာသီဖွား (မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက်)

Gemini ( ♊ ) မေထုန်ရာသီဖွား ?
( မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက် )

☀ ဦးစိတ်တို & ဒေါ်စိတ်တို ☀

ခန့်မှန်းရ ခက်လွန်း လို့ ဘာ ပြီးရင် ဘာ
လုပ်မယ် ဆိုပြီး ကြိုတင်မှန်းဆလို့ မရတဲ့
သူတွေ ဖြစ်ပါတယ် ။ အနေအေး ကြပြီး
ဘယ်လိုပြဿ နာမျိုး ၊ အခက်အခဲမျိုး နဲ့ပဲ
တွေ့တွေ့ ညီးတွား နေတာမျိုး မရှိဘဲ
ကိုယ့်အလုပ် ကိုယ်ပဲ တာ၀န်ကျေ
အောင် လုပ်တတ် ကြပါတယ် ။

တတ်နိုင်သလောက် တခြားသူကို သူတို့
ကြောင့် အနှောက်အယှက်မဖြစ်အောင်
နေတတ်ကြပြီး သူတို့ကို အနှောက်
အယှက် လာပေး ရင်လည်း လုံး၀
မကြိုက်ပါဘူး ။

အဆုံးစွန် သည်းခံ ပြီး သည်းမခံနိုင်တော့တဲ့
တစ်နေ့ မှာ ဒေါသတကြီးပေါက်ကွဲ ထွက်
လာပြီး လူသတ်ချင်စိတ်တောင်ပေါက်လာ
တဲ့ အထိ ဖြစ်တတ် ကြပါတယ် ။

☀ လေ့လာ တဲ့ စာပေ ☀

စက်ရုပ်တွေ ၊ ဂြိုလ်သားတွေ ၊ အာကာသတွင်း
တိုက်ပွဲတွေ ၊ အချိန် ခရီးသွား တာတွေ ၊
ခေတ်လွန် နည်းပညာတွေ အကြောင်း
ပါဝင်တဲ့ သိပ္ပံဝတ္ထုတွေ ဟာ သူတို့တွေ
အကြိုက်ပါ ။ ပင်ကိုယ် အသိဥာဏ်
ထက်မြက်ပြီး ဘာမဆို စိတ်ဝင်စား
တတ်တဲ့ သူတို့ဟာ သိပ္ပံနဲ့ဆိုင်တဲ့
ဝတ္ထုတွေ သဘောကျ
တတ်ပါတယ် ။

☀ Thinkerလေးတွေ ☀

ကိစ္စတစ်ခု ဘယ်တော့မှ တဖြောင့်တည်း
မတွေးတတ်တဲ့ ၊ ဘယ်သူ ဘာပြောပြော
အကြောင်းပြချက်ကောင်းကောင်းတောင်း
တတ်တဲ့ သူတွေ ပါ ။

ဘာပဲ လုပ်လုပ် ကိုယ်ပိုင် စိတ်ကူး နဲ့ပဲ
လုပ်ချင်ပြီး သူများ ပြောတဲ့ အတိုင်း
လိုက်လုပ် ရတာမျိုး ၊ အဆင့်တွေ
အများကြီး လုပ်နေရတာမျိုး ကို
လုံးဝ စိတ်မရှည်တဲ့ သူတွေပါ ။

ဒါကြောင့် သူတို့တွေက ကိုယ်ပိုင် အတွေး
အခေါ်၊ ထင်မြင်ယူဆချက်မျိုးနဲ့လုပ်ရတဲ့
အလုပ်မျိုးတွေမှာ ပိုပြီးပေါက်မြောက်
တတ်ကြပါတယ် ။

☀ လူမှာ အဝတ် တောင်း မှာ အကွပ် ☀

အဝတ်အစားအတွက်ပိုက်ဆံကုန်ရမှာကို
နှမြောလို့ အကုန်အကျသက်သာမယ့်
နည်းလမ်းကိုသာ အမြဲလိုလိုစဉ်းစား
နေတာပါ ။ သူတို့ ကြိုက်လွန်း မက
ကြိုက်တဲ့အဝတ်အစားမျိုး၊ မဖြစ်မနေ
ရှိဖို့ လိုအပ်တာမျိုးတွေ ကလွဲ လို့
ဘယ်လိုအပိုအဝတ်အထည်မျိုး
ကိုမှ ဝယ်ဖို့ စိတ်မကူးတဲ့
သူတွေပါ ။

ဒါကြောင့် အပြင်သွားတိုင်း တစ်မျိုး
တည်း ကိုပဲ ထပ်ခါ တလဲလဲ ဝတ်
နေလို့ ဘော်ဒါတွေ ကြားထဲ
ဒါဝတ်လို့ခေါ်ခံရတဲ့သူပေါ့ ။

☀ တပါးသူ ပျော်ပါစေကြောင်း ☀

သူတို့ကြားလိုက်ရတဲ့အကြောင်းအရာတစ်ခု
ကို ဟာသဘက် က မြင်တတ်ပြီး ရယ်စရာ
ကောင်းအောင်၊ ပျော်စရာကောင်းအောင်
ပြန်ပြောနိုင်တဲ့သူတွေပါ။ ပျင်းစရာကောင်း
နေတဲ့စကားဝိုင်းတစ်ခုကို ရယ်မောပျော်ရွှင်
ပြီးအသက်ဝင်သွားအောင်လုပ်နိုင်စွမ်းရှိ
သူတွေပေါ့ ။

☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀

သူတို့ လိုချင်တာ က လွတ်လပ်မှုပါ ။ မချုပ်ချယ်
ပါနဲ့။သူလိုချင်တဲ့ လွတ်လပ်မှုမျိုး ပေးလိုက်ပါ ။
သူ့ရဲ့ အမြင်မှာ သင် ဟာ ဘယ်သူ နဲ့ မဆို ၊
ဘယ်ကိစ္စမှာမဆို လိုက်လျောညီထွေ
နေတတ်တဲ့ သူ တစ်ယောက်
ဖြစ်နေပါစေ ။

☀ ချစ်တတ်ကြပုံ ☀

sweetie လေးတွေဖြစ်ပြီး ချစ်သူကို ပျော်ရွှင်
အံ့အား၀မ်းသာအောင် လုပ်ပေး တတ်သူ
တွေပါ ။ ကိုယ်ချစ်တဲ့သူ ကို ပျော်စေချင်
တဲ့ သူတွေပါ ။ ပျော်အောင် ဘယ်လို
လုပ်ပေးရမလဲ အမြဲ စဉ်းစားနေ
တတ်သူပါ ။

ချစ်သူကို ဘယ်လောက်ထိ ဂရုစိုက်တတ်လဲ
ဆိုတာကို အမြဲ ထုတ်ပြတတ်သူပါ။ပြဿ နာ
ပေါ်လာရင်လည်း ဖြေရှင်းတဲ့ နေရာမှာ
တော်ပါတယ်။relationships တစ်ခု
ရေရှည် တည်တံ့ ခိုင်မြဲအောင်
အထိန်း အသိမ်း တော်သူပါ ။

☀ ချစ် ကပ်ပါးကောင် ☀

စိတ်ခံစားချက်နှစ်မျိုးကို တစ်ပြိုင်တည်းပိုင်ဆိုင်
ထားသူတွေပါ။ တစ်ခါတလေချစ်သူနားကနေ
တစ်ဖဝါးမှမခွာချင်လောက်အောင် တွယ်ကပ်
တတ်သလို တစ်ခါတလေကျတော့လည်း
တစ်ယောက်တည်း နေချင်တဲ့သူတွေပါ ။

ချစ်သူကို အနားကနေတစ်ဖဝါးမှမခွာစေချင်
သလို တစ်ဖက်လူကိုလည်း မျှော်လင့်ချက်
တွေ အများကြီး ထားတတ် ပါတယ် ။

ဒါကြောင့်သူတို့ရဲ့ စိတ်ကိုကောင်းကောင်း
နားလည်ပြီး ဂရုစိုက်မှု၊ ကြင်နာမှုလေးတွေ
ပြတတ်ဖို့လိုပါတယ် ။

☀ တသသ ချစ် ☀

ချစ်သူကို အကောင်းဆုံးပံ့ပိုး ပေးနိုင်စွမ်းရှိတဲ့
သူတွေပါ။ သူတို့ဟာ ဘယ်တော့မှ အရှုံးပေး
တတ်တဲ့သူတွေမဟုတ်ပါဘူး ။

လူတိုင်းအပေါ်မှာအကောင်းဆုံး ပေးဆပ်ပြီး
အမြဲလိုလို အနစ်နာခံ တတ်တဲ့ သူတွေပါ ။
တကယ်ကို လူကြီးလူကောင်းပီသတဲ့
သူတွေဖြစ်ပါတယ် ။

ဒါကြောင့်ပဲ သူတို့ဟာ လူတွေရုန်းမထွက်နိုင်
လောက်အောင် ဆွဲဆောင်မှုရှိနေရတာ
ဖြစ်ပါတယ်။ သူတို့ရဲ့မျက်လုံးကို
မကြည့်ပါနဲ့၊ အကြည့်တွေ
အောက်မှာ တဘုန်းဘုန်း
လဲကျသွားနိုင်လို့ပါပဲ ။

☀ တိတ်တခိုး ကြိတ်ဆိုး ☀

အေးအေးဆေးဆေးနေတတ်တယ်၊
ဘယ်သူ့ ကိုမှလည်းမနှောက်ယှက်
တတ်ဘူး၊ သူငယ်ချင်း တွေအပေါ်
စိတ်ကောင်းထားတတ်တယ်၊

ဒါပေမယ့် သူတို့မကြိုက်တာ သွားလုပ်
တာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်အောင်
လုပ်တာမျိုးကိုတော့ လုံးဝသည်းမခံနိုင်ဘဲ
ထင်မှတ်မထားတဲ့ပုံစံမျိုးတွေနဲ့ တုံ့ပြန်
တတ်တယ်။

သူတို့ရဲ့အပြုံးမျက်နှာလေးနောက်ကွယ်မှာ
ဘယ်လိုစိတ်မျိုးရှိနေလဲဆိုတာ ခန့်မှန်းရ
ခက်ပြီး စိတ်တိုအောင် မလုပ်မချင်းတော့
ချစ်စရာလေးတွေလို့ ပြောရမှာပါ။

☀ ချစ်နှောင်ကြိုး က ရုန်းပြေးသူ ☀

နူးညံ့သိမ်မွေ့တဲ့သူတွေဖြစ်ပါတယ်။ နူးညံ့
သိမ်မွေ့တဲ့သူတွေဖြစ်တဲ့အလျောက် စိတ်
ပျော့မယ်လို့တော့ လုံးဝမထင်လိုက်ပါနဲ့။
အရမ်းပါးနပ်ပြီး ဥာဏ်ပြေးတဲ့သူတွေဖြစ်
တာကြောင့် သူတို့ဆန္ဒမပါတဲ့ဘယ်အရာ
ကိုမှ တိုက်တွန်းလို့ရမှာမဟုတ်ပါဘူး။
ဒါကြောင့်ပဲ သူတို့ဟာ ထိန်းချုပ်လို့
မရတဲ့၊ ချုပ်ခြယ်လို့မရတဲ့သူတွေ
ဖြစ်ပါတယ်။

☀ ချစ်တတ်လွန်းသူ ☀

စကားအရမ်းတတ်တဲ့သူတွေဖြစ်ပါတယ်။
သူတို့ရဲ့အပြောလေးတွေမှာမြောပြီး
တဖြုတ်ဖြုတ်ကြွေနေရမှာ
ဖြစ်ပါတယ် ။

စကားအရမ်းတတ်ပြီး တစ်ဖက်သားကို
ကြွေသွားအောင် ပြောတတ်တဲ့ သူတွေ
ဖြစ်တာကြောင့် သူတို့ရဲ့ချစ်သူ ကတော့
သူတို့ရဲ့အပြောချိုချိုလေးတွေအောက်မှာ
ကျဆုံးနေရမှာ ဖြစ်ပါတယ် ။

☀ ရူပါရုံ ☀

လှပတဲ့ ရုပ်ရည်သွင်ပြင် ကို ပိုင်ဆိုင်ထားတဲ့
သူတွေပါ။ သူတို့ရဲ့တက်ကြွပြီး သွက်လက်
ထက်မြက်တဲ့ ပုံစံတွေကသူတို့ကို ပိုပြီး
ဆွဲဆောင်မှုရှိစေတာ ဖြစ်ပါတယ် ။

လှပတဲ့ ရုပ်ရည်အသွင်အပြင်တွေနဲ့
အမူအရာ ၊ နေပုံထိုင်ပုံတွေက
သူတို့ကို ပိုပိုပြီးဆွဲဆောင်မှု
ရှိလာစေတာဖြစ်ပါတယ် ။

☀ ဘာမထီဘွားများ ☀

မျက်နှာချိုပြီး ခင်မင်ဖွယ်ပုံစံမျိုးရှိလို့ သူတို့
ဟာထိခိုက်ခံစားလွယ်မယ်လို့ထင်ရ
ပါတယ် ။ အဲ့ဒီလိုမဟုတ်ပါဘူး ။

သူတို့တွေကို တိုက်ရိုက်ထိခိုက်လာရင်
ဒေါသ ထွက်တတ် ပေမယ့် ဒေါသ
အလျောက် တုံ့ပြန်တာမျိုး တော့
မလုပ်တတ် ပါဘူး ။

စိတ်ထဲမှာ ထိခိုက်ပေါက်ကွဲသွားရင်တောင်
ဘာမှမဖြစ်သလိုကျော်ဖြတ်သွားပြီး
အခွင့်ကြုံတော့မှ လက်တုံ့ပြန်
တတ်တာမျိုးပါ။ ကြောက်ဖို့
ကောင်းတဲ့သူတွေပါ ။

☀ နုလုံးသား ကို ရိုက်ခပ်သော လှိုင်းလေးတွေ ☀

ကိုယ်ချစ်တဲ့ သူက ကိုယ့်လောက် မချစ်ဘူး လို့
ထင်ပြီး ခံစားနေရတတ်ပါတယ်။ အချစ်ကြောင့်
အလွန်အကျွံ ခံစား နေတတ်တဲ့ သူတို့တွေ ကို
သူငယ်ချင်းတွေ က ဒီလောက်ထိ မခံစား ဖို့
သတိပေးရင်တောင် သတိပေးတဲ့သူတွေကို
သူတို့ကပြန်စိတ်ဆိုးတတ်ပါသေးတယ် ။

အလွန်အကျွံ ခံစား နေတတ်တဲ့ သူတို့
အကြောင်း ကောင်းကောင်း သိပြီး
နားလည် လက်ခံ နိုင်တဲ့ သူမျိုး နဲ့
မတွေ့မချင်း အချစ်ရေး က
အဆင်မပြေ နိုင်ပါဘူး ။

☀ ပွင့်လင်း ဖော်ရွေ ခင်မင် သူ ☀

တစ်ဖက်သား ကို ဂရုစိုက် တတ်ပြီး ရင်ဖွင့်
စကားတွေ ကို ဂရုစိုက် နားထောင် ပေး
တတ်ကြတယ်၊ အကြံကောင်းလေးတွေ
ကိုလည်း ပေးတတ်တဲ့သူတွေ
ဖြစ်ပါတယ် ။

သူတို့ ကိုယ်တိုင်လည်း ပွင့်ပွင့် လင်းလင်း
ဆက်ဆံ တတ်တဲ့ အကျင့်ရှိပြီး ဟန်ဆောင်
ဖုံးကွယ် ထားတာမျိုး မရှိတာကြောင့် သူတို့
နဲ့ခင်မင် ရတာ စိတ် ထဲမှာ သက်တောင့်
သက်သာ ရှိလှပါတယ် ။ ကိုယ့် ကိုယ် ကို
ယုံကြည်မှုလည်း ရှိတဲ့ သူတွေ ဖြစ်လို့
တစ်ဖက်သား ကို စကား စပြော ရမှာ ၊
မိတ်ဆွေ ဖွဲ့ရမှာ မျိုးကို ဝန်မလေး
တတ်တာ ကြောင့် သူတို့တွေ ကို
စိတ်ရင်းနဲ့ခင်တဲ့သူတွေအများကြီး
ရှိနေတာပါ ။

☀ တွေးပူ ရတဲ့ အကြောင်းတရား ☀

ရှုံးမှာ ကို ကြောက်တယ်

သဘာဝအရ ပြီးပြည့်စုံလိုသူတွေ ဖြစ်ကြပြီး
ထာဝရအရှုံး ကို ကြောက်ရွံ့နေလျက် ရှိကြ
ပါတယ် ။ ယခုလို အကြောက်တရား ကပဲ
သူတို့ကို ပိုပြီး အလုပ် ကြိုးစား စေပါတယ်။
ဒါပေမယ့် ဒီလို စိတ်ပျက်စရာ ကောင်းတဲ့
စိုးရိမ်မှု ဟာ သူတို့ ကိုယ်တိုင် ကို အား
မလို အား မရ ဖြစ်နေ စေပါတယ် ။

အကောင်းဆုံး နည်းလမ်း ကတော့ အရှုံး
ဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်
လက်ခံလိုက်ပြီး အရှုံးကနေ တန်ဖိုးရှိတဲ့
သင်ခန်းစာတွေကို သင်ယူဖို့ ကြိုးစား
သင့်ပါတယ်။

☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀

စိတ်မြန်တဲ့ သူတို့တွေက တစ်ခုခု လုပ်ချင်ပြီ
ဆိုရင်လည်း ဇွတ်တရွတ် လုပ်တတ်ပြီး အဆုံး
အစ မရှိ တွေးတော တတ်တဲ့ အကျင့်လေးက
သူတို့ကို အဓိက ပင်ပန်း စေတဲ့ အကြောင်း
အရာ ဖြစ်ပါတယ် ။ သူတို့နဲ့အသင့်တော်ဆုံး
အနားယူခြင်း ကတော့ ယောဂ ကျင့်တာ ၊
တရားထိုင်တာပဲ ဖြစ်ပါတယ် ။

☀ ဒီလိုလေး ချစ်မိ တတ်တယ် ☀

ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ပုံစံ ရှိပြီး ဘာကိုမှ
အလေးအနက် မထားသလို ပုံစံမျိုး ဖြစ်နေ
ပေမယ့် ချစ်မိသွားရင် သစ္စာ မဖောက်
တတ်တဲ့ သူတွေဖြစ်ပါတယ်။

အနုအလှ စကားတွေ ထက် ချစ်သူ နဲ့
ရှေ့ဆက်မယ့်အနာဂတ်ကို လေးလေး
နက်နက်တွေးပြီး ကြိုးစားတတ်ကြတဲ့
သူတွေပါ ။ ကိုယ့် ချစ်သူ စိတ်ပျက်
စေမယ့် အပြုအမူမျိုးတွေမလုပ်
တတ်ဘဲ အကောင်းဆုံးပုံစံ
နဲ့ပဲနေတတ်တဲ့သူတွေပါ ။

ကိုယ့် အပေါ် တစ်ဖက်သား က ပေးလာတဲ့
အချစ်တွေ၊ ယုံကြည်မှုတွေကို ဘယ်တော့မှ
အလွဲသုံးစား လုပ်မှာ မဟုတ်တဲ့ ၊ ကိုယ်
ပိုင်ဆိုင်ထားတဲ့အချစ်တစ်ခုကို ပျက်စီး
စေမယ့်အရာမျိုးတွေ ဘယ်တော့မှ
လုပ်မှာမဟုတ်တဲ့ သူတွေပါပဲ ။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Uncategorized

  • Uncategorized

    Libra Horoscope အောက်တိုဘာလ 17 2023

    By

    သင်ချစ်ရတဲ့သူကို အဆိုပြုဖို့ အလေးအနက် စဉ်းစားချိန်ရောက်ပါပြီ။ အခုမလုပ်ရင် အရမ်းနောက်ကျသွားနိုင်တယ်။ တစ်ယောက်ယောက်ကို ဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ခံစားချက်တွေကို ထိန်းထားဖို့ အကြံပြုလိုပါတယ်။ မင်းရဲ့ချဉ်းကပ်မှုကို သေချာဂရုစိုက်ပါ ဒါမှမဟုတ်ရင်...

  • Uncategorized

    Pisces Horoscope အောက်တိုဘာလ 17 2023

    By

    မင်းရဲ့စိတ်ဝင်စားမှုတွေ၊ ဆန္ဒတွေ၊ ဝါသနာတွေကို မျှဝေပေးမယ့်သူတစ်ယောက်ကို မင်းဆွဲဆောင်လိမ့်မယ်။ မင်းဟာ အငွေ့အသက်အပြည့်နဲ့ ရှေ့ဆက်နေပြီး မင်းကိုရပ်တန့်သွားတဲ့အရာတိုင်းကို နာကြည်းသွားလိမ့်မယ်။ မင်းကို စိတ်အေးလက်အေးနဲ့ လိမ္မာပါးနပ်စွာ ရုန်းထွက်ဖို့ အကြံပြုလိုပါတယ်။ မင်းရဲ့...

  • Uncategorized

    Aquarius Horoscope အောက်တိုဘာ 17 2023

    By

    ယေဘူယျအားဖြင့် သင်သည် အလွန်တက်ကြွပြီး အစွမ်းထက်သည်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းရဲ့အလုပ်များတဲ့အချိန်ဇယားတွေကြောင့် ဒီနေ့ပင်ပန်းနွမ်းနယ်မှုက မင်းကို နှေးကွေးသွားစေလိမ့်မယ်။ လုံလောက်စွာ အနားယူပါ မကြာခင် နေကောင်းလာပါလိမ့်မယ်။ ဖခင်တစ်ယောက်ရဲ့ တာဝန်က...

  • Uncategorized

    Capricorn Horoscope အောက်တိုဘာလ 17 2023

    By

    ဒီနေ့တွေ့တဲ့လူတွေကို သင်က လှုံ့ဆော်ပေးပါလိမ့်မယ်။ မင်းရဲ့ တက်ကြွလန်းဆန်းတဲ့ စွမ်းအင်တွေနဲ့ မင်းပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေက သူတို့ကို လှုံ့ဆော်ပေးတယ်။ ဒီနေ့ မင်းရဲ့ လုပ်ရပ်တွေက မင်းကို ကတိကဝတ်မရှိ၊...

  • Uncategorized

    Capricorn Horoscope အောက်တိုဘာလ 17 2023

    By

    ဒီနေ့တွေ့တဲ့လူတွေကို သင်က လှုံ့ဆော်ပေးပါလိမ့်မယ်။ မင်းရဲ့တက်ကြွတဲ့စွမ်းအင်တွေနဲ့ မင်းပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေက သူတို့ကို လှုံ့ဆော်ပေးတယ်။ ဒီနေ့ မင်းရဲ့လုပ်ရပ်တွေက မင်းကို ကတိကဝတ်မရှိ၊ ဂနာမငြိမ်ဖြစ်နေလို့ ဒီနေ့ မင်းနဲ့ဆက်ဆံတဲ့သူတွေကို...

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.