Connect with us

Libra ( ♎ ) တူ ရာသီဖြား (စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက်)

Libra ( ♎ ) တူ ရာသီဖြား (စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက်)

Uncategorized

Libra ( ♎ ) တူ ရာသီဖြား (စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက်)

☀ ပြေပြေလည်လည် ☀

ကိုယ်ရင်းနှီးတဲ့သူတွေ နဲ့ သဘောထား
ကွဲလွဲပြီး ငြင်းခုန်ရတာမျိုး ကို မကြိုက်တဲ့
သူတွေဖြစ်ပါတယ်။ အားလုံးရဲ့အမြင်ကို
လက်ခံပေးနိုင်တဲ့ စိတ်မျိုးရှိတဲ့သူ၊ အစွန်း
မရောက်တဲ့သူမျိုးတွေ လို့ ပြောရမှာပါ ။
နဂိုကလည်း မျှမျှတတမြင်နိုင်တဲ့ အစွမ်း
ရှိတာရယ်၊ အေးအေးဆေးဆေးနေချင်
တဲ့စိတ်ကြောင့်ရယ် ပေါင်းပြီး တတ်နိုင်
သလောက် အငြင်းမပွားအောင်
နေပါတယ် ။

☀ လေ့လာ တဲ့ စာပေ ☀

ဘာစာအုပ်မှ ရယ်လို့ တရားသေ စွဲမှတ် ထား
တာမျိုး မရှိဘဲ ဘယ်လို စာအုပ်အမျိုးအစားမဆို
မျှမျှတတ ဖတ်ရှု ချင့်ချိန်တတ်သူတွေပါ ။

အတွေးနက်တဲ့ သူတို့ဟာ လူတွေထဲ က
လူတွေအကြောင်း၊ ဝတ္ထုဆန်တဲ့ ဘဝတွေ
အကြောင်း ဖတ်ရှုရတာကို စိတ်ကူးယဉ်
ဝတ္ထုတွေထက် ပိုကြိုက်တတ်ကြပါတယ် ။

☀ ရေငုံ နှုတ်ပိတ် ဂျစ်တိုက်သူ ☀

သဘောထားမတိုက်ဆိုင်မှုတွေဖြစ်ပြီဆိုတာ
နဲ့ စကားတွေများပြီး အပြန်အလှန် ငြင်းခုန်
ရန်ဖြစ်ရတာမျိုးကို မုန်းတဲ့ သူတွေပါ ။
ဒါကြောင့် တစ်ခုခုဆို သူတို့ကပဲ
စိတ်ကောက်နေပြီး စကားမပြော
တော့ဘဲ နေတတ်ကြပါတယ် ။

သူတို့စိတ်ကောက်နေတဲ့အချိန်မှာ ဘာမှ
လာမရှင်းပြနဲ့၊ ရှင်းပြလည်းအလကားပဲ၊
အချိန်တစ်ခုလောက် တစ်ယောက်တည်း
ပေးနေလိုက်ပြီးမှ မက်ဆေ့ပို့ပြီးချော့တာ
မျိုး၊ သူတို့ကြိုက်တဲ့အစားအသောက်လေး
တွေလိုက်ကျွေးတာမျိုး စတဲ့နည်းလမ်းတွေ
နဲ့ ချော့ရင် ပြန်အဆင်ပြေနိုင်ပါတယ် ။

☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀

သူ့ကို ထိန်းချုပ်တာ၊ပြောင်းလဲဖို့ ကြိုးစားတာ
မျိုးကို မကြိုက်ပါဘူး ။ သူ့ရဲ့ အရှိ အတိုင်း
ပင်ကိုယ် သဘာ၀ ကို လက်ခံ ပေးပြီး
ချစ်နိုင်မယ့် ချစ်သူကို သူတို့
လိုချင်တာပါ ။

အနားမှာ ရှိနေချိန် တိုင်း သူ့ စိတ် ကို
သက်သောင့် သက်သာ ရှိအောင်
လုပ်ပေး နိုင်တဲ့ ချစ်သူမျိုး ကို
လိုအပ်တာ ဖြစ်ပြီး ၊ သူ့ကို
သွားပြီး ချုပ်နှောင် ၊
ပြောင်းလဲဖို့ ကြိုးစား
တာမျိုး မလုပ်ပါနဲ့ ။

☀ ချစ်တတ်ကြပုံ ☀

Romantic relationships ဆိုတာ သူတို့ဘ၀
အတွက်တော့ နံပါတ်တစ် ဦးစားပေးပါ။ချစ်သူ
ဘာ လိုအပ်နေလဲ ဆိုတာ ကို အမြဲ အရိပ်
တကြည့်ကြည့် နဲ့ ဖြည့်ဆည်း ပေးတတ်
သူပါ ။ ချစ်သူရဲ့ အနားမှာရှိနေရရင်ကိုပဲ
ကျေနပ် ပျော်ရွှင် နေတတ်သူပါ ။

SUPER cute ချစ်စရာကောင်းတဲ့ ချွဲချွဲနွဲ့နွဲ့
မက်ဆေ့ခ်ျ လေးတွေ ကို အရှည်ကြီး
တစ်သီတစ်တန်း ပို့တတ် သူပါ ။

ပင်ကိုယ်သဘာ၀ကိုက ကြင်နာတတ် ၊
စဉ်းစားတွေးခေါ်တတ်သူပါ။ဒီအချက်
ကပဲ သူ့ကို ချစ်သူကောင်း ဖြစ်လာ
စေပါတယ် ။

☀ ချစ် ကပ်ပါးကောင် ☀

တစ်ယောက်တည်း အထီးကျန် ရမှာ လုံးဝ
မလိုလားတဲ့ သူတွေပါ ။ ဘေးနားမှာလူတွေ
ဘယ်လောက်ရှိရှိ ချစ်သူမရှိရင် ပြည့်စုံတယ်
လို့မခံစားရပါဘူး။ ချစ်သူမရှိတဲ့အချိန်တွေမှာ
ဆို ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့သူတွေ
ဖြစ်ပြီး စိတ်ဓာတ်တွေကျနေတတ်သူတွေပါ။

ချစ်သူနဲ့ဖုန်းမပြောရတဲ့ညတွေဆိုအိပ်မပျော်
တာတွေ၊ အလိုလိုနေရင်းဝမ်းနည်းတာတွေ
ဖြစ်နေတတ်သူတွေပါ ။ ဒါကြောင့် ချစ်သူ
မရှိပဲမနေနိုင်တဲ့သူတို့ကို တွယ်ကပ်တယ်
လို့ မြင်တတ်ကြပါတယ် ။

☀ ခန္တီစတရား မြဲမြံသူ ☀

လူတွေကို ယုံကြည် ပေးနိုင် လွန်းပြီး ငါ့
ကိုတော့ လိမ်မှာ မဟုတ် ပါဘူး ဆိုတဲ့
အကောင်းမြင် စိတ်မျိုး အမြဲ ရှိတာ
ကြောင့် သူတို့ကို လိမ်နေ
ရင်တောင် အချိန်ကြာတဲ့
အထိ သတိမထား
မိတတ်ကြ ပါဘူး ။

တကယ်လို့ သူတို့ကို လိမ်တယ် လို့
သိသွား ရင်တောင် မှ မခေါ်နိုင်
မပြောနိုင် ဖြစ်သွား တာမျိုး
မရှိဘဲ အရင်လိုပဲ ခေါ်ပြော
နေနိုင်ကြပါတယ် ။

☀ အရိုးထဲ ထိအောင် ချစ်တတ်သူ ☀

အချစ်ကိုအရာရာထက်ပိုပြီး ဦးစားပေး
တတ်ကြပါတယ်။ အဆင်ပြေ၊ ပျော်ရွှင်
တဲ့ အချစ်ရေးကိုပိုင်ဆိုင်ဖို့အတွက်
အမြဲတမ်းကြိုးစားနေတတ်ကြပြီး

ကိုယ့်ကြောင့် ချစ်သူနဲ့ဝေးသွားမှာမျိုး လုံး၀
မဖြစ်ချင်တဲ့သူတွေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့
အကြိုက်ကိုအမြဲတမ်းစဉ်းစားပေးတတ်ပြီး
ကိုယ်အဆင်ပြေဖို့ထက် သူအဆင်ပြေဖို့
ကို ပိုလိုလားတဲ့သူတွေဖြစ်ကြပါတယ် ။

☀ သူ ကြိုက်တဲ့ ချစ်သက်လက်ဆောင် ☀

လူ အာရုံစိုက် ခံရတာမျိုး၊ အများရဲ့ အားကျ
တာမျိုးကို သ ဘောကျတတ်ကြတာကြောင့်
ဒင်နာပါတီလုပ်ပေးတာမျိုး၊ သူငယ်ချင်းတွေနဲ့
ရှိတဲ့အချိန်မှာ မွေးနေ့ပါတီလုပ်ပေးတာမျိုးကို
အလွန်အမင်းသ ဘောကျတတ်ကြပါတယ်။

☀ ရူပါရုံ ☀

ကျက်သရေရှိပြီး မဟာဆန်တဲ့၊ လှပတဲ့၊
သူတစ်ပါးကို စိုးမိုးနိုင်လွန်းတဲ့ သူတွေ
ဖြစ်ပါတယ် ။

အလှအရမ်းကြိုက်တဲ့သူတွေဖြစ်တဲ့အလျောက်
အမြဲတမ်းလှပကျော့ရှင်းနေအောင် ပြင်ပြင်
ဆင်ဆင်နေတတ်ကြပြီး ဒီလိုလှနေခြင်း
ကိုက သူတို့ကို အောင်မြင်ခြင်းလမ်းမ
ပေါ် ခေါ်ဆောင်သွားတတ်ပါတယ် ။
တကယ်ကို တစ်စိမ့်စိမ့် ကြည့်လေ
လှလေဆိုတာ သူတို့ကမှအစစ်ပါ ။

☀ ပွင့်လင်း ဖော်ရွေ ခင်မင် သူ ☀

စိတ် အရမ်း ရှည်ပြီး တစ်ဖက်သား အပေါ်
စိတ်ရင်းမှန် နဲ့ စေတနာ ထားတဲ့ နေရာမှာ
ဘယ်သူမှ မမီ ပါဘူး။ သင်လိုအပ်တဲ့အချိန်
တိုင်းမှာ လိုအပ်တဲ့ အကူအညီ ပေးဖို့
အသင့် ရှိနေတဲ့ သူမျိုး ဖြစ်တာကြောင့်
သင့်ရဲ့လျှို့ဝှက်ချက်နဲ့အခက်အခဲတွေ
ကို ဖွင့်ဟ တိုင်ပင် ဖို့ ဆုံးဖြတ်တာဟာ
အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

သင် ထိခိုက်တာ ဟာ သူတို့ ထိခိုက် တာပဲ
လို့ ခံယူ ထားတဲ့ သူမျိုးတွေ ဖြစ်တာကြောင့်
တခြား လူတွေ က သင့် ကို ထိခိုက်အောင်
လုပ်ရင် သူတို့က ကြားထဲကနေဝင်ဖြေရှင်း
ဖို့ အသင့် ရှိနေ ပါတယ် ။ ဒါတွေတင် မက
သေးပါဘူး ။ သင့် အတွက် အကျိုးရှိမယ့်
စကားတွေ၊ သတိပေးတဲ့ စကားတွေ
ကိုလည်း အမုန်းခံပြီး ပြောပေးမယ့်
သူတွေပါ ။

☀ ကျန်းမာရေး ☀

ခန္ဓာကိုယ်အရမ်းကြီးထွားနေတာမျိုး
မဟုတ်ဘဲ ကြံ့ခိုင်တဲ့ပုံစံမျိုး ရှိကြပြီး
အသက်လတ်ပိုင်း အရွယ် မှာ
ကိုယ်အလေးချိန်တက်လာ
တာမျိုး ဖြစ်တတ် ပါတယ် ။

ထိခိုက်လွယ်တဲ့ အသားအရေမျိုးရှိတာ
ကြောင့် အသားအရေပြဿနာလေးတွေ
ရှိတတ်သူ၊ သွားနဲ့ပတ်သက်တဲ့
ပြဿ နာများတတ်သူတွေ
ဖြစ်ပါတယ် ။

မိန်းကလေး ဆိုရင်

သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ
တို့ ဖြစ်နိုင်ချေ များပြီး ၊

ယောကျာ်းလေးတွေ ကတော့

အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုမျိုး ကို
ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။

☀ အချစ် နဲ့ အိမ်ထောင်ရေး ☀

အပြင်ထွက်သွားလာရတာကိုသဘော
ကျတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့
ချစ်သူမျိုးကို လိုချင်တယ် ။

မိန်းကလေးတွေ က

ရိုမန်းတစ်ဆန်တဲ့အချစ်ရေးမျိုးကိုလိုချင်ပြီး

ယောကျာ်းလေးတွေ က

သူတို့အပေါ်သစ္စာစောင့်သိတဲ့ချစ်သူမျိုး ၊
အေးချမ်းခိုင်မြဲတဲ့အချစ်ရေးမျိုး
ကိုလိုချင်ပါတယ် ။

☀ ကိုယ်ရည် ကိုယ်သွေး ☀

အရာရာ ကို ဝေဖန် ပိုင်းခြား တတ်တဲ့ ၊
လိုက်လျောညီထွေ ဖြစ်အောင်ကြိုးစား
နေတတ်တဲ့ သူတွေ ဖြစ်ပါတယ် ။

ဘက်လိုက်တဲ့စိတ်မျိုးမရှိဘဲ ကိုယ့်ခံယူချက်
အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ရဲတဲ့သူတွေ
ဖြစ်ပါတယ်။ တခြားလူတွေအတွက် အရမ်း
ရှုပ်ထွေးပြီး ဘယ်လောက်ပဲ ဖြေရှင်းရခက်
တဲ့ပြဿနာမျိုးဖြစ်ပါစေ ဖြေရှင်းနိုင်တဲ့အစွမ်း
ရှိပြီိး ကိုယ့် ဘေးက လူတွေ ဘာ
လိုအပ်တယ် ဆိုတာ ကို ကောင်း
ကောင်းသိတဲ့သူတွေဖြစ်ပါတယ် ။

☀ ရုပ်ရည် သွင်ပြင် ☀

တခြားသူတွေထက်ပိုပြီးဆွဲဆောင်မှုရှိတဲ့
သူတွေဖြစ်ပါတယ် ။ ကိုယ်တိုင်လည်း
အလှကြိုက်တတ်တဲ့ စိတ်မျိုးရှိပြီး
အလှအပကို ဂရုတစိုက်ပြင်ဆင်
ခြယ်သတတ်တဲ့သူတွေ
ဖြစ်ပါတယ် ။

ဒါပေမယ့် သူတို့ကို တခြားလူတွေ
ဘယ်လို မြင်လဲဆိုတာထက် ကိုယ့်
ကိုယ်ကို စိတ်ကျေနပ်စေမယ့်ပုံစံမျိုး
ဝတ်စားဆင်ယင်ရတာမျိုးကို
ပိုကြိုက်တဲ့သူတွေလည်း
ဖြစ်ကြပါတယ် ။

☀ လက်တကမ်း အကွာ က ပန်းတိုင် ☀

တစ်ဖက်သားရဲ့ အားသာချက်၊ အားနည်းချက်၊
ကောင်းကွက်၊ဆိုးကွက်တွေကို မြင်တတ်လွန်း
တဲ့ သူတွေပါ ။ လူတစ်ယောက် နဲ့ စကားပြော
လိုက်ရုံနဲ့ သူ့ရဲ့ စိတ်နေစိတ်ထား၊ အကျင့်
စရိုက်တွေ ကို ကောင်းကောင်း ခန့်မှန်း
နိုင်တာကြောင့် ပြိုင်ဘက်ကို အသာလေး
အနိုင် ယူနိုင်တဲ့ အစွမ်း ရှိပါတယ် ။

☀ တွေးပူ ရတဲ့ အကြောင်းတရား ☀

နာကျင် စေမှာ ကို ကြောက်တယ်

ရွင်ပျတက်ကြွမှုနဲ့ ကြင်နာမှုဟာ သူတို့တွေ
ရဲ့ သဘာဝပါ ။ အခြား တစ်ယောက် ကို
နာကျင် စေမှာ ကို စိုးရိမ် နေတတ်ပါတယ် ။
သူတို့ဟာ လူတိုင်းအတွက် စာအုပ်ကောင်း
တစ်အုပ် လို ဖြစ်ချင် နေတတ် သူတွေ
ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်
အတွက် ဘယ်သူ က စိတ်ဝင်စား ဖို့
အကောင်းဆုံးလဲ ဆိုတာ ကိုတော့
အသိအမှတ် ပြုဖို့ လေ့လာ
သင့် ပါတယ် ။

☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀

အလုပ်တွေပဲ လုပ်ပြီး ကိုယ့် အတွက်
ကိုယ် အချိန် ပေးတာ များတဲ့ သူတွေ
ဖြစ်ပါတယ် ။ ဒါကြောင့် သူငယ်ချင်း
တွေနဲ့ ချိန်းပြီး စကားလေးဘာလေး
ပြောတာလိုမျိုး Friends gathering
လိုမျိုးတွေ လုပ်တာ က သူတို့ ရဲ့
ပင်ပန်းမှုတွေ ကို ပြေပျောက်
စေပါတယ် ။

☀ တဘွစာ အာမခံ ချစ်တတ်သူ ☀

အတ္တနည်းနည်းကြီးသူလေးတွေဖြစ်ကြပြီး
သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးမယ့် ၊
သူတို့အတွက် ဂုဏ်ယူရမယ့်ချစ်သူမျိုး
ကို လိုချင်တဲ့ သူတွေပါ ။

သူတို့ကိုယ်တိုင်လည်း ကိုယ့်ချစ်သူအတွက်
အကောင်းဆုံးအကြံဉာဏ်တွေပေးတတ်ပြီး
ချစ်တဲ့ သူ ကို မျက်နှာ ငယ်အောင် မလုပ်
တတ်ပါဘူး။ ရိုးသားပြီး သစ္စာရှိတဲ့
သူတွေ ပါ ။

☀ ဝိဥာဉ်များ နဲ့ ကခုန်ခြင်း ☀

သရဲ ရှိမှန်း ကို အယုံအကြည် မရှိ သူတွေ
ဖြစ်ကြပါတယ်။ အယုံအကြည် မရှိပေမယ့်
သရဲဇာတ်လမ်းတွေ ကိုတော့ အရမ်းကြိုက်
တတ်ကြသူတွေ ဖြစ်ကြပါတယ် ။ ဒီလို
အယုံအကြည်မရှိ ၊ သရဲဇာတ်ကားတွေ
ကိုအရမ်းကြိုက်တတ်ပေမယ့်လည်း
သူတို့တွေရဲ့မသိစိတ်ထဲ မှာတော့
သရဲကြောက်တတ်ကြပါတယ်တဲ့ ။

☀ မုခ ပေလွှာ ( မ ) ☀

နူးညံ့တဲ့အလှမျိုးကိုပိုင်ဆိုင်ထားပြီး သူတို့မှာ
အလှဆုံးက မျက်လုံးတွေပါ။ လှပပြီး သစ္စာ
ရှိတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို
လက်ထပ်ခွင့် ရတဲ့ သူတွေ က
တော်တော်လေး ကံကောင်းတဲ့
သူတွေလို့ ပြောရမှာပါ ။

☀ ပေးဆပ်ခြင်း အနုပညာ ☀

တရားမမျှတမှုကိုအရမ်းမုန်းတဲ့၊ မတရားခံရတဲ့
သူတွေဘက်ကရပ်တည်တတ်တဲ့ သူတွေပါ။
ရိုးသားပြီး သူများကို ဒုက္ခ ရောက်အောင်
ချောက်တွန်း တာမျိုး ၊ နောက်ကျော ဓားနဲ့
ထိုးတဲ့အပြုအမူမျိုးတွေ မလုပ်မယ့်သူမျိုးပါ။
ကိုယ့်ကြောင့် တစ်ဖက်သားနစ်နာအောင်
လုပ်ဖို့ တွေးတောင်မတွေးဖူးတဲ့သူတွေ
ဖြစ်ပါတယ် ။

 

Credit:

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Uncategorized

  • Uncategorized

    Libra Horoscope အောက်တိုဘာလ 17 2023

    By

    သင်ချစ်ရတဲ့သူကို အဆိုပြုဖို့ အလေးအနက် စဉ်းစားချိန်ရောက်ပါပြီ။ အခုမလုပ်ရင် အရမ်းနောက်ကျသွားနိုင်တယ်။ တစ်ယောက်ယောက်ကို ဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ခံစားချက်တွေကို ထိန်းထားဖို့ အကြံပြုလိုပါတယ်။ မင်းရဲ့ချဉ်းကပ်မှုကို သေချာဂရုစိုက်ပါ ဒါမှမဟုတ်ရင်...

  • Uncategorized

    Pisces Horoscope အောက်တိုဘာလ 17 2023

    By

    မင်းရဲ့စိတ်ဝင်စားမှုတွေ၊ ဆန္ဒတွေ၊ ဝါသနာတွေကို မျှဝေပေးမယ့်သူတစ်ယောက်ကို မင်းဆွဲဆောင်လိမ့်မယ်။ မင်းဟာ အငွေ့အသက်အပြည့်နဲ့ ရှေ့ဆက်နေပြီး မင်းကိုရပ်တန့်သွားတဲ့အရာတိုင်းကို နာကြည်းသွားလိမ့်မယ်။ မင်းကို စိတ်အေးလက်အေးနဲ့ လိမ္မာပါးနပ်စွာ ရုန်းထွက်ဖို့ အကြံပြုလိုပါတယ်။ မင်းရဲ့...

  • Uncategorized

    Aquarius Horoscope အောက်တိုဘာ 17 2023

    By

    ယေဘူယျအားဖြင့် သင်သည် အလွန်တက်ကြွပြီး အစွမ်းထက်သည်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းရဲ့အလုပ်များတဲ့အချိန်ဇယားတွေကြောင့် ဒီနေ့ပင်ပန်းနွမ်းနယ်မှုက မင်းကို နှေးကွေးသွားစေလိမ့်မယ်။ လုံလောက်စွာ အနားယူပါ မကြာခင် နေကောင်းလာပါလိမ့်မယ်။ ဖခင်တစ်ယောက်ရဲ့ တာဝန်က...

  • Uncategorized

    Capricorn Horoscope အောက်တိုဘာလ 17 2023

    By

    ဒီနေ့တွေ့တဲ့လူတွေကို သင်က လှုံ့ဆော်ပေးပါလိမ့်မယ်။ မင်းရဲ့ တက်ကြွလန်းဆန်းတဲ့ စွမ်းအင်တွေနဲ့ မင်းပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေက သူတို့ကို လှုံ့ဆော်ပေးတယ်။ ဒီနေ့ မင်းရဲ့ လုပ်ရပ်တွေက မင်းကို ကတိကဝတ်မရှိ၊...

  • Uncategorized

    Capricorn Horoscope အောက်တိုဘာလ 17 2023

    By

    ဒီနေ့တွေ့တဲ့လူတွေကို သင်က လှုံ့ဆော်ပေးပါလိမ့်မယ်။ မင်းရဲ့တက်ကြွတဲ့စွမ်းအင်တွေနဲ့ မင်းပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေက သူတို့ကို လှုံ့ဆော်ပေးတယ်။ ဒီနေ့ မင်းရဲ့လုပ်ရပ်တွေက မင်းကို ကတိကဝတ်မရှိ၊ ဂနာမငြိမ်ဖြစ်နေလို့ ဒီနေ့ မင်းနဲ့ဆက်ဆံတဲ့သူတွေကို...

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.