Connect with us

ကန်စွန်းရွက်စိုက်ပျိုးနည်း

AGRICULTURE

ကန်စွန်းရွက်စိုက်ပျိုးနည်း

ကန်စွန်းရွက်ရဲ့မူရင်းဒေသနှင့်ပက်သက်လို့အထောက်အထားများမတွေ့ရပါဘူး။ ရှေးနှစ်ပေါင်းများစွာထဲကမြန်မာပြည်မှာတော့စိုက်ပျိုးခဲ့ကြပါတယ်။

အနောက်နိုင်ငံများမှာ ကန်စွန်းရွက်စျေးနှုန်းဟာ အာရှတိုက်မှာထက် စျေးနှုန်းမြင့်ပါတယ်။

ကန်စွန်းရွက်အမျိုးအစား၂မျိုးရှိပါတယ်။

(၁)ကန်စွန်းရိုးနီ- အရွက်နှင့်အပင်အရွယ်အစားသေးငယ်၍နူးညံ့မှုနည်းပါတယ်။ ရာသီဥတုဒဏ်ကိုပိုမိုခံနိုင်ပြီးတော့ လယ်ထဲမှာအလေ့ကျပေါက်တတ်ပါတယ်။

(၂) တရုတ်ကန်စွန်း- အရွက်နှင့်အရိုးပင်စည်မှာကြီးထွားပြီးနူးညံ့မှုရှိပါတယ်။

ရေမြေရာသီဥတု

ရေကြိုက်သီးနှံဖြစ်သောကြောင့် ရေထိန်းသိမ်းအားနည်းသော သဲမြေတို့မှာမစိုက်ပျိုးနိုင်ပါ။ ရေသိုလှောင် ထိန်းသိမ်းနိုင်သာမြေဖြစ်လျှင် ကန်စွန်းကိုစိုက်ပျိုးနိုင်ပါတယ်။

မြေပြုပြင်ခြင်း

ထပ် ၂စပ်ထိုးပြီး ထွန်(၆-၈)စပ်မွှေပေးရပါမယ်။ စိုက်ပျိုးရန်အတွက်ကန်သင်းဖော်၍ အကွက်ဖော်ရပါမယ်။ ၎င်းနောက် ရေသွင်းပြီး ညက်သည်အထိ ဆက်လက်ထွန်ဖို့လိုအပ်ပါတယ်။

မြေသြဇာအနေနဲ့ နွားချေး၊ ယူရီးယား ဖော့စဖိတ် တို့အသုံးပြုနိုင်ပါတယ်။ နွားချေး ၁၀မှ ၁၅စီး၊ ယူရီးယား ၁၁၂ပေါင် ဖော့စဖိတ် ၅၆ပေါင်တို့ကို မြေတစ်ဧကအတွက် အသုံးပြုနိုင်ပါတယ်။

စိုက်ပျိုးနည်း

ကန်စွန်းကို ကိုင်းဖြတ်စိုက်ပျိုးနိုင်သော်လည်း အညွှန့်ဖြတ်စိုက်က ပို၍ရှင်သန်နိုင်ပါတယ်။ အဆစ်အနည်းဆုံး၄ဆစ်ပါသော ကိုင်းများကို ၈မှ၁၀လက်မ အရှည်ခန်ဖြတ်ယူ၍ စိုက်ကျင်း၁ကျငိးလျှင် ၂ပင်မှ ၃ပင်စိုက်နိုင်ပါတယ်။ စိုက်ပျိုးရာတွင်လည်းစပါးစိုက်ပျိုးသကဲ့သို့ လက်ဖြင့် အောက်ခြေပိုင်းကို မြေထဲအဆစ် ၂ဆစ် ၀င်အောင်ထိုးစိုက်ပါ။ တစ်တန်းနှင့်တစ်တန်း၁ပေကွာ၊ စိုက်တန်းတွင် တစ်ပင်နှင့်တစ်ပင်၁၀လက်မခြား စိုက်ပျိုးနိုင်ပါတယ်။ မိုးတွင်းစိုက်ပျိုးပါက မိုးကြီးရိုက်၍ အပင်များပါမသွားစေရန် အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေးရန် လိုအပ်ပါတယ်။

တစ်ဧကအတွက် ပင်စည်ဖြတ်ပိုင်း ၁၀၀၀၀မှ ၁၅၀၀၀လိုအပ်ပါတယ်။

ရေသွင်းနည်း

အပင်များချစိုက်ပြီးလျှင် ၃လက်မအနက်ရအောင်တူးဖို့လိုအပ်ပါတယ်။ အပင်များကြီးထွားလာသောအခါ အခင်းထဲ၌ ရေ၃လက်မမှ ၆လက်မအထိရှိနေစေရန်ထိန်းပေးရပါမယ်။ နွေရာသီပူပြင်းသောအချိန်မျိုးတွင် အပူရှိန်ကြောင့် စိုက်ခင်းရှိရေမျပူလာ၍ အပင်ကိုထိခိုက်နိုင်သောကြောင့် တစ်ပတ်တစ်ကြိမ်ရေလဲသင့်ပါတယ်။

သတိထားရမည့်အချက်မှာ စိုက်ပြီး ၂၀မှ၃၀ ရက်အတွင်း ပေါင်းမြက်နှင့် အခြားအပင်များပေါက်လာပါက ရှင်းလင်းပေးဖို့လိုပါတယ်။

ရိတ်သိမ်းခြင်း

ကန်စွန်းကိုရိတ်သိမ်းရာတွင် ရေကိုအခင်းအတွင်း ၅လက်မလျှော့ချပြီး ကန်စွန်းပင်များကိုရိတ်သိမ်းရန်ဖြစ်ပါတယ်။ ရိတ်သိမ်းပြီးကျန်နေသောကန်စွန်းငုတ်များကို ရေပေါ်တွင် ၂လက်မမှ ၃လက်မ ပေါ်နေရန်လိုပါတယ်။ သို့မှသာ၎င်းအပင်ငုတ်များမှ ထပ်မံ၍ အတက်များထွက်လာနိုင်မှာဖြစ်ပါတယ်။ ကန်စွန်းပင်များ စိုက်ပြီးနောက် ရက်(၆၀-၁၂၀) ကြာလျှင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါတယ်။ တစ်ဧကလျှင် ကန်စွန်းပိဿာချိန် ၅၀၀-၁၀၀၀အထိထွက်နိုင်ပါတယ်။

သိုလှောင်နည်း

ကန်စွန်းပင်များကိုကြာရှည်စွာ သိုလှောင်လို့မရပါဘူး။ရိတ်သိမ်းပြီး ၁ရက်မှ ၂ရက်အတွင်း ညှိုးနွမ်းနိုင်ပါတယ်။ သို့အတွက်အမြန်ဆုံးရောင်းချဖို့အရေးကြီးပါတယ်။

သတိပြုရန်အချက်

(၁) ကန်စွန်းရွက်များစိုက်ရာတွင် အပင်များအားလုံး ရေမြှုပ်အောင်မစိုက်ရပါ။ အပင်များ​ရေမြှုပ်ပါက သေကုန်နိုင်တာကြောင့်ဖြစ်ပါတယ်။

(၂) ကန်စွန်းသည် ရေကြိုက်သဖြင့်ကန်စွန်းခင်းကို ရေမပြတ်ပေးထားရန် အရေးကြီးပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.