Connect with us

နာနတ်သီးအား အိမ်တွင်အလွယ်တကူ စိုက်ပျိုးနိုင်သောနည်းလမ်း

AGRICULTURE

နာနတ်သီးအား အိမ်တွင်အလွယ်တကူ စိုက်ပျိုးနိုင်သောနည်းလမ်း

လိုအပ်သောပစ္စည်းများ

သဘာဝ နာနတ်သီး၁လုံး
ဥယျာဉ်သုံးဓား
ဖန်ခွက်တစ်လုံး
အိုးတစ်လုံး
ရေဖြန်းကရား
ဥယျာဉ်သုံး မြေအရောအနှော

မစိုက်ပျိုးခင် နာနတ်သီးနှင့်ပက်သက်လို့သိထားသင့်သည့်အချက်များ

-နာနတ်သီးအမျိုးအစားသုံးမျိုးရှိပါတယ်။
kew မျိုး၊ Queenအုပ်စု၊ Spanish အုပ်စုတို့ဖြစ်ပါတယ်။ kewမျိုးများမှာ အသားအဝါရောင်ရှိ၍ အရည်ရွှမ်းပြီးစည်သွပ်ရန်သင့်တော်သောအမျိုးအစားဖြစ်ပါတယ်။ Queen အုပ်စုမျိုးမှာ လတ်လတ်ဆတ်ဆတ်စားသုံးရန် ဖြစ်ပြီး အသီးအရွယ်အစားငယ်ပါတယ်။အရွက်နားတစ်လျှောက်မှာဆူးများပါရှိပါတယ်။ Spanishအုပ်စုတွင်ပါဝင်သောမျိုးများမှာ အသားအဖြူရောငိရှိပြီး ရောဂါဒဏ်ခံနိုင်ကြပါတယ်။ သက်တမ်းရှည်သောအမျိုးအစားဖြစ်ပြီး စည်သွပ် ရန်မသင့်တော်ပါဘူး

-နာနတ်သီးဟာ မြေသြဇာ ထက်သန်ပြီးရေစီးစိမ့်မှုကောင်းသော သဲဆန်သောမြေ၊ နုန်းမြေ၊ ဂဝံမြေနီများသည် နာနတ် စိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးမြေများ ဖြစ်ပါတယ်။ အသင့်တော်ဆုံးမြေ အချဉ်အငံဓာတ် pHမှာ (၅.၅-၆) ဖြစ်ပါတယ်။

-အသင့်တော်ဆုံး အပူချိန်မှာ (၁၅.၅-၃၂.၅) ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အမြင့် (၁၅၂၅) မီတာအထိ စိုက်ပျိုးနိုင်ပါတယ်။ အသင့်တော်ဆုံး မိုးရေချိန်မှာ (၁၅၀) စင်တီမီတာ ဖြစ်ပါတယ်။

-မျိုးပွားနိုင်သော သားတက် (၃) မျိုး ရှိပါတယ်။Slip အသီးအောက်မှထွက်လာသောသားတက်
Sucker ပင်စည်မှထွက်လာသောသားတက်
Crown အသီးပေါ်မှထွက်လာသောအပင်

ယခုဖော်ပြပေးမည့်နည်းလမ်းမှာ Crown အသီးပေါ်မှထွက်သောအပင်ကိုဖြတ်ပြီးစိုက်ပျိူးနည်းဖြစ်ပါတယ်။

(၁)ပထမဦးစွာ သဘာဝနာနတ်သီးတစ်လုံးကို ယူပါ

(၂)အသီးအပေါ်ထိပ်ပိုင်းမှ အပင်ကိုဖြတ်ပါ။
နာနတ်သီးရဲ့ ထိတ်ပိုင်းကို အနေတော်လေးဖြတ်လိုက်ပါ။ (အသီးရဲ့အပေါ် အရွက်စိမ်းတွေရဲ့အောက်ခြေနားထိဖြတ်ပေးပါ။) ကိုယ်ဖြတ်ယူထားတဲ့ နာနတ်သီးထိတ်ပိုင်းမှာ အ၀ါရောင် အရွက်တွေ၊ မှိုတက်နေတာတွေကို ဖယ်ပစ်ရပါမယ်။

(၃)မစိုက်ခင်မှာဖန်ခွက်တစ်လုံးထဲကို ရေဖြည့်လိုက်ပါ။ ဖြတ်ယူထားတဲ့ နာနတ်သီးထိတ်ပိုင်းကို ရေခွက်ထဲသို့ထည့်ထားပါ။ အမြစ်ထွက်လာတဲ့ထိထားရမှာဖြစ်ပါတယ်။

(၄)မြေဆီလွှာ 14kgမှ 15kg ထိထည့်လို့ရတဲ့ အိုးတစ်လုံးကိုယူပြီး မြေကြီးထည့်ပါ။ ထို့နောက် နာနတ်သီးထိတ်ပိုင်းကို စိုက်ပျိုးပါ။

(၅)အမြစ်ကို မြေကြီးနဲ့ သေချာဖုံးပြီးရေလောင်းပေးရပါမယ်။ ပိုကြီးတဲ့အိုးကိုအသုံးပြုနိုင်လျှင်ပိုကောင်းပါတယ်။ အိုးပိုကြီးလေ ပိုကြီးတဲ့အသီးကို ရရှိလေဖြစ်ပါတယ်။

(၆) အိုးကို နေရောင်ချည်ရသောနေရာတွင်ထားရပါမယ်။

(၇) crown အသီးပေါ်မှအပင်ကိုဖြတ်ယူစိုက်ပျိုးနည်းဟာ နာနတ်သီး ကြီးထွားမှုနှုန်းနှေးပါတယ်။ နာနတ်သီးဟာ ရေကြိုက်သောအသီးမဟုတ်ပါတဲ့အတွက် ရေအများကြီးလောင်းလို့မရပါဘူး။နာနတ်သီးရဲ့ အရွက်တွေမှာ ရေသိုလောင်ထားပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ရေအများကြီးလောင်းဘဲ နေရောင်ခြည်ရတဲ့နေရာတွင်သာထားပါ။ နာနတ်သီးသီးဖို့ ၂ နှစ်လောက်ကြာနိုင်ပါတယ်။

(၈) ခူးဆွတ်တဲ့အခါမှာသတိထားရမည့်အချက်များကိုဖော်ပြလိုက်ပါတယ်။ အပင်ကြီးလာသောအခါမှာ အသီးရဲ့အရောင်က ပြောင်းသွားနိုင်ပါတယ်။ နာနတ်သီးအရောင်မှန်ကိုရပြီဆိုရင် ခူးဆွတ်လို့ရပါပြီ။ ထို့နောက် ယခင်အတိုင်း အသီးရဲ့ထိပ်အပိုင်းကိုဖြတ်ပြီး တစ်ဖန်ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.