Connect with us

သစ်ခွပန်းပင် အကြောင်းသိကောင်းစရာ

AGRICULTURE

သစ်ခွပန်းပင် အကြောင်းသိကောင်းစရာ

သစ်ခွမျိုးနွယ်အများစုဟာ သဘာဝအရ တနှစ်မှတကြိမ် ဖူးပွင့်ကြပါတယ်

သစ်ခွပင်ဟာ ပန်းပွင့်လို့ပြီးတဲ့နောက်မှာ သူရဲ့အနားယူချိန် အမြစ်ချချိန်ရှိပါတယ်။ အပင်အမျိုးအစားအလိုက် ရက်သတ္တပတ် ၅ပတ်-၆ပတ် အနည်းဆုံးအနားယူတတ်ပါတယ်။. ဒီလိုအချိန်မျိုးမှာ သူတို့အတွက် လိုအပ်တဲ့ ရေ နဲ့ အာဟာရဓာတ်အနည်းအကျဉ်းပေးရုံနဲ့လုံလောက်ပါတယ်။

သစ်ခွပင်၏ အစိတ်အပိုင်းအားလုံးတွင် အမြစ်အစိတ်အပိုင်းများ ကျန်းမာသန်စွမ်းမှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သစ်ခွပန်းဟာ သစ်ပင်ပေါ်တွင်လည်းကောင်း၊ သစ်ရွက်ဆွေး၊ မြေဆွေးကြား၊ ကျောက်ပတ်ကြားအက်များတွင် သဘာဝ အရ မှီစရာတစ်ခုခုကို တွယ်ကပ်ပြီး ပေါက်ရောက်ပြီးအစိုဓာတ်နှင့် အာဟာရကို တစ်ပင်လုံးသို့ ပေးပို့ရလို့ဖြစ်ပါတယ်။

သစ်ခွပင်၏ အမြစ်အဖွဲ့အစည်းများသည် ရေနှင့်သတ္တုဓာတ်ဆားများကို ကြီးထွားမှုအပိုင်းသို့ ပို့ ဆောင်ပေးသည့်အပြင် အပင်ကိုလည်း တည့်မတ်အောင် ထောက်ကန်ပေးထားသဖြင့် အရေးကြီးတာလည်းဖြစ်ပါတယ်။

အမြစ်ကြီးထွားသန်စွမ်းမှုကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်မှသာ သစ်ခွပင်ဟာ ကျန်းမာသန်စွမ်းပြီး အပွင့်များစွာပွင့်နိုင်မှာဖြစ်ပါတယ်။

သစ်ခွပင်အားလုံးနီးပါးသည် သစ်ကပ် သစ်ခွများဖြစ်ကြရာ ၎င်းတို့၏ မာကြောသောအမြစ်များ သည် ကျောက်ဆူးသဖွယ် သစ်ပင်များတွင် တွယ်ကပ်တတ်ကြပါတယ်။ ၎င်း၏ထူးခြားချက်မှာ ကြီးထွားဆဲအမြစ် ထိပ်ဖျားသည် စိမ်းကာနေပြီး ကလိုရိုဖီးလ်ရောင်ခြယ်ဖြင့် အပြည့်ရှိနေတာဖြစ်ပါတယ်။ အမြစ်ထိပ်ဟာ အစာချက်လုပ်နိုင်ပြီး သုတေသနပြုချက်အရ အရွက်ထက်(၃ ဆမှ ၃၆ ဆ)အထိ အစာပိုချက်နိုင်သည်ဟု ဆိုကြပါတယ်။

သဘာဝအရသစ်ခွပင်တွေဟာ နေပြောက်မျိုးလေးတွေ၊ တဆင့်ခံအလင်းလေးတွေကို ကြိုက်နှစ်သက်မှု ရှိကြပါတယ်။ မိမိတို့အိမ် ခြံတွေမှာ စိုက်ပျိုးတဲ့အခါ နေရောင်မှတဆင့်ဖြစ်ပေါ်လာတဲ့ အလင်းရောင်ကို သူတို့ကြိုက်နှစ်သက်မှု အလိုက်ထားပေးသင့်ပါတယ်။

သစ်ခွတွေဟာ နေ့အပူချိန်နဲ့ ညအပူချိန် ၁၀° ပတ်ဝန်းကျင်လောက်ကွာခြားတဲ့အချိန်မှ အဖူးဝင်ပါတယ်။ တချို့လဲ ၁၅ရက်လောက်ကြာတတ်သလို၊ တချို့ သစ်ခွများ အထူးသဖြင့်ပန်းသက်ရှည် တို့ ဆိုလျှင် ညအပူချိန် တလခွဲလောက် ကျဆင်းနေမှ အဖူးခိုင်ဝင်ပါတယ်။

စိုက်ပျိူးမည့်အိုးအတွင်းရေဆင်းကောင်းရန်လည်းလိုအပ်ပါတယ်။

ဓာတ်မြေသြဇာအတွက် N P K မှာ N(nitrogen)အချိုးများတာကို ကျွေးသင့်ပြီး သူတို့အရွယ်ရင့်စအချိန်မှာ Pအချိုးများပြီး K က N ထက်အနည်းငယ်များတာကို စတင်ကျွေးရပါမယ်။ (ဥပမာ. 10.52.17) အချိုးဖြစ်ပါတယ်။ ဒါမှသာ ပန်းပွင့်လာတဲ့အချိန်မှာ ပန်းရဲ့ တာရှည်ခံမှု၊အရောင်အသွေးလှပစိုပြေမှု နဲ့ ပန်းရိုးတံခိုင်မာမှု့ တို့ကိုဖြစ်စေမှာဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.