မျိုးစေ့ပြင်ဆင်ခြင်း
(၁) ကုန်စုံစတိုးဆိုင်သို့မဟုတ် စိုက်ပျိုးရေးခြံမှ Lychee အသီးများကိုဝယ်ယူပါ။ သင်၀ယ်ယူသောအသီးသည်လတ်ဆတ်ပြီးမှည့်ကြောင်းသေချာရပါမယ်။ အရေပြားသည်အနီရောင်၊ နီညိုရော၊ ခရမ်းရောင်နီးပါးရှိမည်ဖြစ်ပြီးအတွင်းရှိသကြားပမာဏတို့ကြောင့်အဖုအပိန့်များထွက်နေသောအသီးဖြစ်ရပါမယ်။ ထို့နောက် ၀ယ်ယူလာသောလိုင်ချီးသီးအထဲမှ အညိုရောင်အစေ့ကို သိမ်းထားပါ။အစေ့ကြီးများသည်သေးငယ်သောအစေ့များထက်အပင်ပေါက်ရန်ပိုကောင်းပါတယ်။
(၂) အစေ့ကိုရေ၊ စက္ကူပုဝါတို့နှင့်သန့်ရှင်းပေးပါ။ မျိုးစေ့ကိုစိုစွတ်စေပြီးစက္ကူလက်သုတ်ပုဝါနှင်ါညင်ညင်သာသာပတ်ထားပါ။
(၃)မျိုးစေ့များကို ၃- ရက်ပတ်လုံးအခန်းတွင်းအပူချိန်ဖြင့် ရေတွင်စိမ်ထားပါ။ အပင်ပေါက်ရန်အခွင့်အလမ်းပိုရစေဖို့ ရေတစ်ခွက်သို့မဟုတ်ဖလားကိုရေဖြည့်၍ မျိုးစေ့ကိုလုံးလုံးမြုပ်တဲ့အနေအထားဖြင့်စိမ်ထားပါ။ ရက်အနည်းငယ်အကြာတွင်အညိုရောင်ခွံစတင်ကွဲထွက်လာနိုင်ပါတယ်။လတ်ဆတ်နေစေဖို့ ရေနေ့တိုင်းလဲပေးဖို့လိုပါမယ်။
စိုက်ပျိုးခြင်း
(၄) အနည်းငယ်အချဥ်ဓာတ်ရှိသောမြေဆီလွှာကိုအိုးသေးတစ်ခုတွင်ဖြည့်ပါ။ ကွန်တိန်နာတစ်ခုကိုရှာပြီးကျန်းမာသောကြီးထွားမှုကိုအထောက်အကူပြုမည့်မြေမှုန်၊မြေဆီလွှာကိုဖြည့်ပါ။ အကောင်းဆုံးကတော့မြေဆီလွှာ pH ၅.၀ မှ ၅.၅ ကြားတွင်ရှိသည့်မြေမျိုးကိုဖြည့်ပါ။ ၎င်းသည် လိုင်ချီးပင်၏မူလအပူပိုင်းဒေသကျက်စားရာမြေဆီလွှာကိုတုပထားတဲ့အချိုးအစားဖြစ်ပါတယ်။
(၅)မျိုးစေ့ကိုမြေဆီလွှာထဲသို့ မြှုပ်လိုက်ပါ။ lychee အမျိုးအနွယ်ကိုမြေကြီးထဲသို့ဂရုတစိုက်ထည့်ပြီး စိုက်ပါ။ lycheeသီးအတွက်ပြီးပြည့်စုံသောအတိမ်အနက်ကိုအကြမ်းအားဖြင့် 1လက်မ (2.5 စင်တီမီတာ)ဖြစ်ပါတယ်။ အာ့ထက်ပိုနက်ပါအမှန်တကယ်ကြီးထွားနိုင်သောအပင်၏အလေးသာမှုကိုလျော့ကျစေနိုင်ပါတယ်။
(၆)အိုးကိုအရိပ်ထဲတွင်ထားပါ။ အပင်ပေါက်ရန်အတွက် အပူမလောင်စေရန်သင်၏အိုးကိုနေရောင်ခြည်တိုက်ရိုက်မထားပါနဲ့။ မီးဖိုချောင်စားပွဲပေါ်မှာတင်ထားနိုင်ပါတယ်။
အခန်း၏အပူချိန်သည် ၇၀ ဒီဂရီဖာရင်ဟိုက် (၂၁ ဒီဂရီစင်တီဂရိတ်) မှ ၈၅ ° F (၂၉ ဒီဂရီစင်တီဂရိတ်) အကြားရှိသင့်ပါတယ်။
အပင်ပြုစုခြင်း
(၇)နေ့တိုင်း ရေလောင်းပေးပါ။ အလွန်အကျွံမလောင်းမိရန်လည်းသတိထားရပါမယ်။ သင်၏ lychee အပင်ပေါက်ကိုမကြာခဏနဲ့ပုံမှန်ရေပေးရပါမယ်။ ရေဝေ့နေခြင်းက မျိုးစေ့ကိုနစ်မြုပ်စေနိုင်သော်လည်းမခြောက်သွေ့သွားစေရပါဘူး။
(၈)အပင်ပေါက်သောအခါအပင်ကိုနေသာသောနေရာသို့ရွှေ့ပါ။ မြေဆီလွှာ၏အပေါ်ဆုံးအလွှာတွင်စိမ်းလန်းသောအရွက်အနည်းငယ်သာပွင့်သည်နှင့် အိုးကိုနေရောင်ခြည်ရသောနေရာသို့ပြောင်းရန်အချိန်ရောက်လာပါပြီ။တိုက်ရိုက်နေရလျှင်အကောင်းဆုံးဖြစ်ပါတယ်။ နွေးထွေးမှုကိုခံစားနိုင်ပြီးလျင်မြန်စွာကြီးထွားလာနိုင်ပါတယ်။
အသစ်ပေါက်သောပျိုးပင်များသည် ၇ လက်မ (၁၈ စင်တီမီတာ) သို့မဟုတ် ၈ လက်မ (၂၀ စင်တီမီတာ) အထိမရောက်မချင်းသေးငယ်သောကွန်တိန်နာတစ်ခုတွင်စိုက်ပျိုးခြင်းကအဆင်ပြေပါလိမ့်မယ် ကြီးထွားမှုနှေးကွေးသည့်အခါများသောအားဖြင့်တစ်နှစ်အကြာမှာတော့ပိုကြီးတဲ့အိုးသို့ပြောင်းရန်အချိန်ရောက်ပြီဖြစ်ပါတယ်။
(၉)လိုင်ချီးပင်များသည်အမြင့် ၁၀ ပေ (၃.၀ မီတာ) အထိမြင့်တက်နိုင်ပါတယ်။ အပင်ဟာသင်၏အိမ်သို့မဟုတ်ဟင်းလင်းပြင်အတွက်မှန်ကန်သောအရွယ်အစားဖြစ်သည်နှင့်တပြိုင်နက်ထိုအပင်ကိုဆက်လက်ထိန်းသိမ်းရန်သစ်ရွက်များဖယ်ရှားပေးပါ။ အရွက်များကိုချွေ၍အကိုင်းအခက်များကိုခုတ်ပေးပါ။
(၁၀) Lychee သစ်ပင်များသည် aphids(ပျပိုး) ၊mealybugs(ပိုးကောင်), mites (မွှားပင့််ကူနိီ)နှင့်အခြားပိုးမွှားများကျရောက်တတ်ပါတယ်။ ပင့်ကူမျှင်များသို့မဟုတ်အဖြူရောင်အမှုန့်များကိုရှာဖွေပါ။ ရောဂါပိုးကူးစက်မှုလက္ခဏာကိုသင်တွေ့ပြီဆိုလျှင် အပင်တစ်ပင်မှအပင်တစ်ပင်မှအခြားအပင်ကိုမပြန့်ပွားအောင်တားဆီးပါ။
insets များကိုလက်ဖြင့်ဖယ်ရှားပြီးထိခိုက်သောအရွက် / အကိုင်းများကိုဖြတ်ပေးပါ။ ပိုးမွှားများဆက်လက်တည်ရှိပါကပိုးသတ်ဆေးဆပ်ပြာသို့မဟုတ် essential oil များကိုအသုံးပြုနိုင်ပါတယ်။ စီးပွားဖြစ်ပိုးသတ်ဆေးများကိုနောက်ဆုံးအခြေအနေမှသာအသုံးပြုပါ။
ရိတ်သိမ်းခြင်း၊ခူးဆွတ်ခြင်း
(၁၁)အသီးမှည့်ရန် အနီရောင်ပြောင်းသည်အထိစောင့်ပါ။ သစ်သီးများသည်ရာသီဥတု၊ မြေဆီလွှာအရည်အသွေးနှင့်နေရရှိနိုင်သောပမာဏအကျိုးသက်ရောက်မှုပေါ်မူတည်၍ ၅-၂၅ နှစ်အထိ အသီးထုတ်လုပ်ပေးနိုင်ပါတယ်။ မှည့်သော lychee သီး၏အချင်းဟာအနည်းဆုံး ၁ လက်မရှိနိုင်ပါတယ်။
အကိုင်းအခက်နှင့်နီးစပ်သောအသီးကိုခုတ်ပါ။ Lychee ဟာစပျစ်သီးကဲ့သို့အခိုင်လိုက်ကြီးထွားတတ်သည့်အတွက် အခိုင်လိုက်ဖြတ်နိုင်ပါတယ်။ အခိုင်လိုက်ခူးယူရာတွင်အသီးနှင့်အတူအရွက်အနည်းငယ်ပါလာလျှင်လည်းစိတ်ပူစရာမလိုပါဘူး။ အသစ်ပြန်ပေါက်နိုင်ပါတယ်။
သိုလှောင်ခြင်း
ခူးယူးထားပြီးသား လိုင်ချီးအသီးများကိုရေခဲသေတ္တာထဲတွင် ၅ ပတ်အထိသိမ်းထားနိုင်ပါတယ်။ ပိုးကောင်များစားထားသည်ဟုထင်ရသောအသီးများပါလျှင်မစားသုံးသင့်ပါဘူး။