လိုအပ်သောပစ္စည်းများ
ကွန်တိန်နာအသေး၊ ဖာလာစေ့၊ မြေဆီလွှာ၊ အော်ဂဲနစ်မြေသြဇာ၊ ရေဖြန်းကရား
(၁) ကုန်စုံဆိုင်သို့မဟုတ်စိုက်ပျိုးရေးအထောက်အပံ့ပစ္စည်းဆိုင်များမှ ဖာလာ မျိုးစေ့များကို၀ယ်ယူပါ။ စိုက်ပျိုးရေးထောက်ပံ့ရေးကုမ္ပဏီမှ မျိုးစေ့များကို ၀ ယ်ယူလျှင်အကောင်းဆုံးဖြစ်ပါတယ်။ဤအစေ့များဟာရောဂါကင်းပြီး စိုက်ပျိုးလျှင်ရှင်သန်ရန်အခွင့်အလမ်းပိုများတာကြောင့်ဖြစ်ပါတယ်။
(၂)ကွန်တိန်နာထဲသို့ နုန်းမြေ၊ မြေနုများ ဖြည့်ပါ။ မြေဆီလွှာဟာရေဆင်းကောင်းဖို့အတွက် သဲအနည်းငယ်ပါသင့်ပါတယ်။အကယ်၍ သင်သည်ပျိုးပင်များကိုသင်၏အပြင်ပန်းဥယျာဉ်သို့ပြောင်းရွှေ့ရန်စီစဉ်ထားပါက မည်သည့်ကွန်တိန်နာအရွယ်အစားကိုမဆိုအသုံးပြုနိုင်ပါတယ်။ အကယ်၍ သင်ဟာအစေ့များကိုကွန်တိန်နာတွင်ပဲစိုက်ပျိုးမယ်ဆိုလျှင် အပင်များရင့်မှည့်လာသည့်အချိန်အတွက်လည်း အနည်းဆုံး ၁ ပေ (၀.၃၀ မီတာ) နက်ပြီး ၆ လက်မအကျယ် (၁၅ စင်တီမီတာ) အိုးကိုအသုံးပြုသင့်ပါတယ်။
(၃) အစေ့များကို ၁-၈ လက်မ (၀.၃၂ စင်တီမီတာ)မှာစိုက်ပျိုးပါ။ မျိုးစေ့အချို့ကိုကွန်တိန်နာများထဲသို့မြှုပ်ပြိး ၁-၈ လက်မ (၀.၃၂ စင်တီမီတာ) ရှိသောမြေဆီလွှာများဖြင့်ဖုံးအုပ်ပါ။ အစေ့များကိုရေ ပေး၍ မြေဆီလွှာဟာလုံးဝစိုစွတ်ရပါမယ်။
(၄) အရွက်အနည်းငယ်ထွက်လာသည်အထိ ဖာလာစေ့ကို ပျိုးထောင်ပါ။ ရက် ၃၀ မှ ၄၅ ရက်အကြာတွင်ပင်စည်ဟာ အပင်ပေါက်လာပါလိမ့်မယ်။ ဆိုလိုသည်မှာ ဖာလာစေ့ အပင်များသည်မြေကြီးပေါ်သို့တက်လာသည်ကိုသင်တွေ့ရပါလိမ့်မည်။ မြေဆီလွှာစိုစွတ်စေပြီးပျိုးပင်များပေါ်တွင်အနည်းဆုံးပထမရွက်မှန် ၂ ရွက်မတွေ့မချင်းပျိုးပင်များကိုကွန်တိန်နာထဲတွင်စိုက်ပျိုးပြီး ရေပေးပါ။
ပြောင်းရွှေ့စိုက်ပျိုးခြင်း
(၅)ဥယျာဉ်ထဲရှိရေဆင်းကောင်းသောမြေဆီလွှာကိုရွေးချယ်ပါ။အကယ်၍ မြေဆီလွှာဟာရွှံ့စေးများလွန်းပါက အပင်ကိုသေစေနိုင်ပါတယ်။ ထို့ကြောင့်ဥယျာဉ်အတွင်းရှိအခြားနေရာများကိုရှာပါသို့မဟုတ်သဲများနှင့်ရောစပ်ပေးပါ။
(၆)အပင်ကိုတစ်စိတ်တစ်ပိုင်းအရိပ်ပေးနိုင်သော နေရာတွင်စိုက်ပါ။
(၇)စိုထိုင်းဆမြင့်မားသော ဧရိယာကိုရွေးချယ်ပါ။သင်၏ဥယျာဉ်တွင် ဖာလာစေ့အပင်ရှင်သန်ရန်စိုထိုင်းဆမြင့်မားဖို့လိုအပ်ပါတယ်။ အပြင်ဘက်တွင် ဖာလာစေ့ စိုက်ပျိုးမည်ဆိုပါက စိုထိုင်းဆ ၇၅% ခန့်လိုအပ်ပါတယ်။ဖာလာစေ့များဟာအပူချိန် ၆၄ ဒီဂရီဖာရင်ဟိုက် (၁၈ ဒီဂရီစင်တီဂရိတ်) နှင့် ၉၅ ဒီဂရီဖာရင်ဟိုက် (၃၅ ဒီဂရီစင်တီဂရိတ်) အကြားကို ပိုမိုနှစ်သက်ပါတယ်။
(၈) အနက် (၂.၅- ၃.၈စင်တီမီတာ) တွင် ဖာလာစေ့ ပျိုးပင်ကို စိုက်ပါ။ ၆ မှ ၁၈ လက်မ (၁၅ မှ ၄၆ စင်တီမီတာ) အကွာအဝေးရှိသောတွင်းနက် (၂.၅ စင်တီမီတာ) တူးပါ။ တွင်း၁တွင်းစီတွင် ပျိုးပင်၁ပင်ထားစိုက်ပါ။ အမြစ်များကိုမြေဆီလွှာနှင့်ပြန်ဖုံးပေးပါ။
(၉) ကြီးထွားမည့်ရာသီအတွင်းတစ်လနှစ်ကြိမ်ဓာတ်မြေသြဇာထည့်ပါ။ ဖော့စဖောရက်ပါဝင်သောအော်ဂဲနစ်ဓာတ်မြေသြဇာကိုရွေးချယ်ပါ။ နွေရာသီဟာကြီးထွားရာသီဖြစ်သည့်အတွက်အပင်များပတ်လည်တွင်တစ်လလျှင် ၂ ကြိမ်ဖြန်းပါ။
(၁၀)မြေဆီလွှာစိုစွတ်စေရန်အပင်များကိုရေလောင်းပေးပါ။ မြေဆီလွှာတွင် အစိုဓာတ်ရှိမရှိ သေချာစေရန်မြေကြီးကိုသင်၏လက်ချောင်းများဖြင့်နေ့တိုင်းစမ်းကြည့်ပါ။ မြေဆီလွှာဟာခြောက်သွေ့မသွားသင့်သဖြင့်မြေဆီလွှာစိုစွတ်သည်အထိရေလောင်းပေးရန်သတိထားပါ။
(၁၁) အပင်ကို ၆ ပေမှ ၁၀ ပေ (၁.၈ မှ ၃.၀ မီတာ)ရောက်သည် အထိစိုက်ပျိုးပါ။ အပင်များကိုမှန်မှန်ရေလောင်းပေးပြီးလိုအပ်သလိုမြေသြဇာပေးပါ။ အပင်များကြီးထွားမှုအတွက်နှစ်အနည်းငယ်ကြာနိုင်ပါတယ်။ ကြီးထွားလာလျှင်ရိုးတံများသည် ၂ လက်မခန့် (၅.၁ စင်တီမီတာ) ရှည်ပြိီးတောက်ပသောအစိမ်းရောင်အရွက်များတန်းများပေါက်လာလိမ့်မည်။
(၁၁)ဖာလာစေ့အသီးများကိုရိတ်သိမ်းရန် ၂ နှစ်မှ ၃ နှစ်စောင့်ပါ။ အပင်များသည်ဧပြီလသို့မဟုတ်မေလမှ စတင်၍ ပန်းပွင့်မည်ဖြစ်ပြီးဇူလိုင်လသို့မဟုတ်သြဂုတ်လအထိ ဆက်၍ ပွင့်လန်းလိမ့်မည်။ အဝါရောင်ပန်းများသည်သေးငယ်ပြီးဘဲဥပုံသဏ္ဍာန်ရှိပါတယ်။ပန်းများရှိ ဖာလာအသီးတာင့်တစ်ခုတွင် ၁၅ မှ ၂၀ အထိ ဖာလာစေ့များပါရှိပါတယ်။
(၁၂) လက်ဖြင့် ဖာလာသီးတောင့်မျာကိုစုဆောင်းပါ။ ဖာလာအသီးတောင့်သည်အနည်းငယ်ခြောက်သွေ့သွားသည်နှင့်တစ်ပြိုင်နက်အလွယ်တကူကွဲထွက်ကြောင်းစမ်းကြည့်ပါ။
ဖာလာအပင်များသည်နှစ်စဉ်နှစ်တိုင်းဖာလာ မျိုးစေ့များဆက်လက်ထုတ်ပေးနိုင်ပါတယ်။
(၁၃) ဖာလာသီးတောင့်များကိုအခြောက်လှန်းပါ။ခြောက်သွေ့နည်းအမျိုးမျိုးကိုအသုံးပြုနိုင်ပါတယ်။ အသေးစားစိုက်ပျိုးမှုအတွက် ဖာလာစေ့ကိုအခင်းတစ်ခုတွင်ဖြန့်ပြီးနေဖြင့်အခြောက်လှန်းပါ။ အကြီးစားစီးပွားဖြစ်ရိတ်သိမ်းမှုများအတွက် အလွန်ပူသောမီးဖိုများကို အသုံးပြု၍ အခြောက်ခံနိုင်ပါတယ်။