Connect with us

ငရုတ်ကောင်းပင်စိုက်ပျိုးမည့်သူများအတွက် သိကောင်းစရာအချက်များ

AGRICULTURE

ငရုတ်ကောင်းပင်စိုက်ပျိုးမည့်သူများအတွက် သိကောင်းစရာအချက်များ

မြန်မာအမည် – ငရုတ်ကောင်း

ရုက္ခဗေဒအမည်- Piper nigrum Linn

အင်္ဂလိပ်အမည် – Black pepper

ငရုတ်ကောင်းအား ရှေးနှစ်ပေါင်းများစွာထဲက ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးအဖြစ် တန်ဖိုးထားသုံးစွဲခဲ့ကြပါတယ်။ မူလပေါက်ရောက်ရာဒေသမှာ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းဟု မှတ်ယူကြပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင်လည်းပေါက်ရောက်ပါတယ်။

အပင်ပုံသဏ္ဍာန်

နှစ်ရှည်ခံ နွယ်ပင်မျိုးဖြစ်ပြီး ၁၅ပေခန့် ရှည်ပါတယ်။ ပင်စည်ဟာ လုံး၀န်း၍ ပြောင်ချောနေပြီး အဆစ်များထူ၍ အမြစ်ထွက်ပါတယ်။

ကြီးမာသော ဘဲပုံအရွက်များ ရွက်လွဲတည်ပါတယ်။ ရွက်ထိပ်ချိန်၍ ရွက်နားညီပြီး ရွက်ပြားထူပါတယ်။

သေးငယ်သောအဖြူရောင်ပန်းပွင့် များစွာပွင့်ပါတယ်။ အသီးမှာလည်း လုံး၀န်းပြီး အခိုင်လိုက်သီးပါတယ်။ အရောင်မှာ စိမ်းရင့်ရောင်ဖြစ်ပြီး ရင့်မှည့်လျှင် လိမ္မော်နီရောင်ပြောင်းပါတယ်။ တစ်ခိုင်လျှင် အသီး၂၀မှ ၅၀ထိ ပါရှိပါတယ်။

တစ်စေ့သီးဖြစ်သည့်အတွက်ကြောင့် ခြောက်ပါက အနက်ရောင်ဖြစ်ပြီး စူးရှသောအနံ့ရှိပါတယ်။

ငရုတ်ကောင်းစိုက်ပျိုးရန် ပူအိုက်စိုစွတ်၍ မိုးရေချိန်များပြီး အရိပ်အသင့်အတင့်ရသောနေရာတွင် အကောင်းဆုံးရှင်သန်နိုင်ပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု

အဆစ်မှထွက်သော အမြစ်အားဖြင့် မျိုးပွားသကဲ့သို့ အစေ့မှလည်းစိုက်ပျိုးနိုင်ပါတယ်။ ပင်ကြားတန်းကြားကို ၈×၆ ပေ (သို့မဟုတ်) ၇×၇ (သို့မဟုတ်) ၈×၈ ပေ စသဖြင့် အလျဉ်းသင့်သလို ထားနိုင်ပါတယ်။ ၈×၆ ပေ ထားပြီး စိုက်ပျိုးမယ်ဆိုရင် တိုင်အရေအတွက် ၉၀၈ တိုင်၊ ၇×၇ ပေ ဆိုရင် တိုင်အရေအတွက် ၈၉၀ တိုင်၊ ၈×၈ ပေ အကွာအဝေးနဲ့ စိုက်ပျိုးရင်တော့ ၆၈၀ တိုင် စိုက်ပျိုးနိုင်မှာပါ။

ငရုတ်ကောင်းပင်ကို အုန်း၊ ကွမ်းသီး၊ သရက်၊ ဒူးရင်း၊ သီဟိုဠ်၊ သရက်၊ တခြား စီးပွားဖြစ်သစ်မာစိုက်ခင်းတွေနဲ့ သီးထွက်ရရှိနေတဲ့ နှစ်ရှည်ပင်စိုက်ခင်းတွေမှာ သီးညှပ်စိုက်ပျိုးနိုင်ပါတယ်။

စိုက်ကျင်းအတွက် ပြင်ဆင်ပါက အကျယ် အနက် ၂×၂×၂ ပေ ပတ်လည် ရှိရပါမယ်။ စိုက်ကျင်းအနီးအနားမှာ ငရုတ်ကောင်းပင် တွယ်တက်ဖို့နဲ့ အမြစ်ကုပ်တွယ်နိုင်ဖို့ အတွက် အသက်ရှင်လျက်ရှိတဲ့ သစ်ပင်ကြီးတွေ၊ တွယ်ပင်၊ တွယ်တိုင်တွေကို စိုက်တန်း အကွာအဝေးအလိုက် စိုက်ပျိုးပါ။ တောင်စောင်းမှာ စိုက်ပျိုးလိုတဲ့အခါ သတ်မှတ်ထားတဲ့ စိုက်ကျင်းနေရာကနေ အချင်း(၃)ပေ ရှိတဲ့ မြေပြန့်ငယ်တွေဖော်ပြီး စိုက်ကျင်းတူး စိုက်ပျိုးနိုင်ပါတယ်။

အပင်သက်တမ်း သုံးနှစ်ခန့်မှစ၍ အသီးစုဆောင်းနိုင်ပါတယ်။ ရေမြေလိုက်၍ အပင်သက်တမ်းကွာခြားမှုရှိန်ိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.