Connect with us

ကြက်ဟင်းခါးသီး(Bitter Melon) စိုက်ပျိုးထုတ်လုပ်မှု

AGRICULTURE

ကြက်ဟင်းခါးသီး(Bitter Melon) စိုက်ပျိုးထုတ်လုပ်မှု

မြန်မာအမည်- ကြက်ဟင်းခါး

ရုက္ခဗေဒအမည်- Momordica charantia Linn

မျိုးရင်း- cucurbitaceae

မူရင်းဒေသ- Momordicaဆိုသည်မှာ လက်တင်ဘာသာအရ အရွက်၏အနားတွင် အဟိုက်များရှိခြင်းကို ရည်ညွှန်းပါတယ်။ ကြက်ဟင်းခါးပင်ကို အပူပ်ိုင်း အမေဇုံဒေသတွင် ရိုးရာဆေးအဖြစ် အသုံပြုမှုသမိုင်းကြောင်းရှိပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ တရုတ်ပြည်တောင်ပိုင်းတို့တွင် စတင်တွေ့ရှိခဲ့ပြီး ယခုအခါ အပူပိုင်းဒေသများ အာဖရိက၊ အာရှ၊ သြစတြေးလျနှင့် အမေဇုံဒေသတို့တွင် စိုက်ပျိုးပင် (သို့မဟုတ်) အရိုင်းပေါက်ပင်အဖြစ် တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း အနှံ့အပြား ပေါက်ရောက်ပါတယ်။

အပင်ပုံသဏ္ဍာန်

တစ်နှစ်ခံနွယ်ပင်တစ်မျိုးဖြစ်ပါတယ်။

ပင်စည်ကို အမွှေးနုများနှင့် ဖုံးအုပ်ထားပြီး နွယ်နှာမောင်းပါရှိပါတယ်။ ထိုနှာမောင်းရှိပင်စည်ရဲ့ အဆစ်မှထွက်ပါတယ်။

အရွက်မျက်နှာပြင်တို့တွင် အမွှေးများရှိပါတယ်။ အနံ့စူးရှပါတယ်။ပန်းခိုင်တို့တွင် တစ်ပွင့်ထဲ ရွက်ကြားထွက်တဲ့ ပန်းခိုင်မျိုးဖြစ်ပါတယ်။

လှပသော အ၀ါရောင်လိင်စုံပန်းများပွင့်ပါတယ်။

အဖြူရောင် သို့မဟုတ် နီညိုရောင် အစေ့များစွာပါရှိပြီး ကြက်သွေးရောင် ပျော့ဖတ်ဖြင့် ၀ိုင်းရံထားပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု

အစေ့ဟာ ငှက်စသော တိရစ္ဆာန်များအကြား ပျံ့နှံ့ပေါက်ရောက်ပါတယ်။ စိုက်ပျိုးပြီး ၂လခန့်တွင် ပန်း စတင်ပွင့်ပါတယ်။ နံနက်စောစောအချိန်ပွင့်ပါတယ်။

ရေပြတ်ခြင်းကို ခံနိုင်ရည်ရှိပြီး အပူပိုင်းရာသီဥတုတွင် ကောင်းစွာ ဖြစ်ထွန်းပါတယ်။ ယခုအခါ ကြက်ဟင်းခါးသီးဆေးတောင့်နှင့် ဆေးရည်ကို သဘာ၀ဆေးအဖြစ် အမေရိကန်နိုင်ငံတွင် အသုံးတွင်ကျယ်လာပါတယ်။

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.