Connect with us

Succulentsပင်အား အိမ်တွင်းစိုက်ပျိုးနည်း

AGRICULTURE

Succulentsပင်အား အိမ်တွင်းစိုက်ပျိုးနည်း

လွယ်ကူတဲ့မျိုးရွေးချယ်ခြင်း

ယခုမှစတင်စိုက်ပျိူးမည့်သူဖြစ်ပါက Zebra Plant သို့မဟုတ် Gollum Jadeမျိုးရွေးချယ်ပါ။ အရည်ရွှမ်းပင်(succulent)များဟာ အိမ်တွင်းကြီးထွားရန်အတော်အတန်လွယ်ကူသော်လည်းအချို့သောမျိုးများဟာအခြားမျိုးထက်စိုက်ပျိုးရန်ပိုမိုလွယ်ကူပါတယ်။။ မည်သည့်အမျိုးအစားများနှင့်စတင်ရမည်ကိုမသေချာလျှင် Haworthia, Jade သို့မဟုတ် Gasteria မျိုးများကိုစိုက်ပျိုးပါ။ ဤအမျိုးအစားများအားလုံးသည်အတော်အတန်မိုးခေါင်မှုကိုခံနိုင်ရည်ရှိပြီးအိမ်တွင်းပတ်ဝန်းကျင်များတွင်ကောင်းစွာကြီးထွားလေ့ရှိပါတယ်။

သင့် (succulent) ပင်ထက်အနည်းငယ်ပိုကြီးတဲ့အိုးကိုရွေးချယ်ပါ။ Terra-cotta(မြေနီအိုး)များသည်အကောင်းဆုံးဖြစ်ပါတယ်။ သူတို့ဟာလေ၀င်လေထွက် ကောင်းသောကြောင့်ခြောက်သွေ့စေနိုင်ပြီး မြေဆီလွှာမှရေကိုစုပ်ယူနိုင်တာကြောင့်ဖြစ်ပါတယ်။ သင်ကြိုက်နှစ်သက်ပါကကြွေထည်၊ သတ္တုနှင့်ပလတ်စတစ်အိုးတို့ကိုလည်းရွေးချယ်နိုင်ပါတယ်။ ရေဆင်းပေါက်ကောင်းမွန်စွာပါတဲ့အိုးတော့ဖြစ်ရပါမယ်။

ရေကောင်းစွာစီးဆင်းနိုင်ရန် ၁.၄ ၄ (၀.၆၄ စင်တီမီတာ) အမှုန်များရှိသောမြေဆီလွှာကိုရွေးပါ။ Succulents များဟာ ရေကောင်းမွန်စွာစီးဆင်းသောမြေကြီးများတွင်ရှင်သန်ကြီးထွားတာကြောင့်ဖြစ်ပါတယ်။ ရိုးရိုးဥယျာဉ်စိုက်ပျိုးမြေ၏ ၄ ပိုင်းကိုရိုးရိုးရှင်းရှင်းရောစပ်ရန်အတွက် Pumice, Perlite, သို့မဟုတ် Turface ၏အပိုင်းတစ်ပိုင်းနှင့်ရောစပ်နိုင်ပါတယ်။

succulent ပျိုးပင်အား ၀ယ်ယူပြီးသည့်နေ့မှစ၍ ၂၄ နာရီအတွင်း ပျိုးအိတ်မှဖယ်ရှားပေးပါ။ Succulents များဟာ များသောအားဖြင့်အလွန်ညံ့ဖျင်းသောမြေဆီလွှာရှိသည့်ပလတ်စတစ်အိုးငယ်များတွင်ရောင်းချလေ့ရှိပါတယ်။ သင်၏အပင်ရှင်သန်နိုင်ရန်အတွက်ထို​မြေမျိုမှ အမြန်ဆုံးထုတ်သင့်ပါတယ်။ ဖယ်ထုတ်ရာတွင်လည်းညင်ညင်သာသာဆွဲထုတ်ပါ။ အမြစ်မှဖယ်ထုတ်ရန်ကတ်ကြေးကိုသုံးပါ။

အကယ်၍ သင်ဟာ အိုးတစ်လုံးထဲတွင် ၁ ခုထက် ပို၍ စိုက်လျှင် အပင်များကိုခွဲထားပါ။ Succulentsပင်များဟာ လေကောင်းလေသန့်ရသောကာလပတ်လုံး အိုးတစ်လုံးထဲ တစ်ပင်ထက်ပိုစိုက်လည်းကိစ္စမရှိပါဘူး။ လေကောင်းကောင်းစီးဆင်းနိုင်ပြီးအပင်တစ်ပင်စီတွင်အလင်းအလုံအလောက်ရရှိစေရန်အတွက်အပင်တစ်ခုစီအား ၃-၄ (၇.၆ – ၁၀.၂ စင်တီမီတာ) ခန့်ခွာစိုက်ပါ။

တစ်နေ့လျှင်အနည်းဆုံး ၆ နာရီနေနှင့်ထားပါ။ ယေဘုယျအားဖြင့်မိုးလုံလေလုံစိုက်ပျိုးပါကsucculentပင်များဟာ အလင်းကိုကြိုက်သောကြောင့် အလင်းရလျှင်ရှင်သန်နိုင်ပါတယ်။တစ်နေ့လုံးအပြည့်မ ၀ င်လျှင်အနည်းဆုံး ၆ နာရီရရှိပါကအဆင်ပြေပါတယ်။

၁ပတ်မှ ၃ပတ်အတွင်း ရေလောင်းပေးပါ။​အိမ်တွင်းsucculent ပင်များကိုစိုက်ပျိုးရာတွင် အပင်ကိုရေအများကြီး လောင်းပါက အလွယမတကူသေစေနိုင်ပါတယ်။ ၃-၄ ရက်တိုင်းတွင်မြေဆီလွှာကိုစစ်ဆေးပါ။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.