Connect with us

သကြားသီး ခေါ် လေချူသီး စိုက်ပျိုးနည်း

AGRICULTURE

သကြားသီး ခေါ် လေချူသီး စိုက်ပျိုးနည်း

မြန်မာ အမည် – သကြားသီး ၊ လေချူသီး
အင်္ဂလိပ်အမည် – Sapota , Sapodilla Plum ရုက္ခဗေဒအမည် – Manilkara zapota
မူရင်းဒေသ – အိန္ဒိယ ကျွန်းစုရှိ ဂျမေကာကျွန်းမြန်မာပြည်အထက်ပိုင်း၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယ ၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်မြောက်ပိုင်းတို့ဖြစ်ပါတယ်။

မြေအမျိုးအစား

သဲဆန်သောမြေများ၊ သဲနုန်းမြေ ၊ ကျောက်ရော သဲဆန်မြေ၊ အငန်ဓာတ်မရှိသောမြေ ၊ ရေဆင်းကောင်းပြီး စိုထိုင်းဆကို ထိန်းထားပေးနိုင်သော မြေများကိုနှစ်သက်ပါတယ်။ လိုင်ချီးနှင့် ကြက်မောက်မျိုးနွယ်ဝင်များ ဖြစ်သည့်အတွက် လိုင်ချီး ၊ ကြက်မောက်ဖြစ်ထွန်းသော ဒေသများတွင် စိုက်ပျိုးနိုင်ပါတယ်။

မြေချဥ်ငံကိန်း Ph ၅.၅ မှ ၇.၅ ကြား ရှိရမည်။

ရာသီဥတု သို့မဟုတ် အပူချိန်

အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်မှ ၄၅ ဒီဂရီဖာရင်ဟိုက်ကြား၊ မိုးရေချိန် ၄၅ လက်မ မှ ၇၅ လက်မဝန်းကျင်တွင် လိုအပ်ပါတယ်။
မိုးနည်း၊ မိုးအသင့်အတင့်ရှိသောဒေသများတွင် ကိုက်ညီစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

ဥယျာဥ်တွင် စီးပွားဖြစ်စိုက်ပျိုးနည်း

– ပင်ကြားတန်းကြား ၂၀ ပေ× ၂၅ ပေ ခြားစနစ်ဖြင့် စိုက်ပျိုးနိုင်ပြီး တစ်ဧကတွင် ၈၇ ပင်ခန့် အနည်းဆုံး ဝင်ဆံ့ပါတယ်။

-အစေ့မှ စတင်စိုက်ပျိုးပါက ၅ နှစ်ကျော်အထိစောင့်ရပြီး တစ်ခါတစ်ရံ အနှစ် ၂၀ ကျော်ခန့် ကြာနိုင်ပါတယ်။

– စိုက်ကျင်းတူးရာတွင် သုံးပေပတ်လည် ကျင်းများကို သကြားမျိုးအလိုက် ၂၅ ပေ မှ ၄၅ ပေ ခြား၍ တူးကာ ကျင်းများအတွင်း ဖွဲကြမ်း ရွှေပေါ်စာတို့ကို ထည့်ကာ မီးရှိူ့ရပါတယ်။ မိုးကျသည်နှင့် စိုက်ကျင်းအတွင်း နွားချေး ပေါင် ၈၀ ခန့်နှင့် စက်ဖွဲပြာတို့ကို အပေါ်ယံမြေနှင့် ရောနှောကာ ထည့်ပေးရပါမည်။

– သကြားသီး သီးနေသော အပင်များကို မိုးဦးတွင် တစ်ကြိမ် ၊ ဆောင်းဦးတွင် တစ်ကြိမ် မြေသြဇာကျွေးနိုင်ပါတယ်။

– သကြားသီးပင်ကို ကိုင်းသေ ကိုင်းခြောက်များ ဖြတ်ပေးခြင်းမှအပ ကိုင်းများများ ဖြတ်ခြင်း မပြုလုပ်သင့်ပါဘူး။

-ပန်းပွင့်သည့်အချိန်မှ အသီးခူးဆွတ်သည့်အချိန်ထိ လေးလ၊ ငါးလခန့် ကြာမြင့်ပြီး အသီးခူးဆွတ်ပြီးချိန်ကာလအတွင်း ကိုင်းပြင် ၊ ကိုင်းဖြတ်ပြုလုပ်ပေးခြင်းဖြင့် အပင်အမြင့် ၁၀ ပေ မှ ၁၂ ပေထိထားနိုင်ပါတယ်။ သကြားသီးသည် ရာသီလွှဲသီးနှံပြုလုပ်ရန် လွယ်ကူပြီး တစ်ပင်လျှင်အပင်သက်တမ်း ၅၀ နှစ်မှ ၆၀နှစ်အထိ ခူးဆွတ်စားသုံးနိုင်ပါတယ်။

-ပျမ်းမျှ အားဖြင့် အပင်ကြီးတစ်ပင်မှ ၅၀၀ – ၁၀၀၀ကြားသီးသည်။

-အသီးခူးရာတွင် အခွံကြမ်းပြီး ညိုမှိုင်းလာမှ ခူးသင့်ပါတယ်။ အသီး ဆွတ်ပြီး ၂၅°ဖာရင် ဟိုက်တွင်ထားပါက ကောင်းစွာမှည့်နိုင်ပါတယ်

အိုးဖြင့် ပျိုးထောင်ခြင်းသူများအတွက်နည်းလမ်း

– အစေ့မှ ပျိုးထောင်လျှင် မျိုးစေ့များကို ၄ × ၁၂ ပေ ဘောင်ပေါ်တွင် ၆ လက်မ စီခြားစိုက်ပျိုးပါက တစ်လအကြာ အပင်ပေါက်လာပါတယ်။ ပျိုးသက် ၂ လခွဲတွင် ပလစ်စတစ် အိတ်များအတွင်း ရွှေ့ကာ တစ်နှစ်ခွဲသားတွင် ရွှေ့စိုက်နိုင်ပါတယ်။

သကြားသီး၏ ဆေးဖက်ဆိုင်ရာအသုံး၀င်ပုံ

ဤအသီးဟာ အစာအိမ်ရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ သွေးလေချောက်ချားစိတ်ကျရောဂါ၊ အစာမျိုလမ်းကြောင်းရောဂါတွေကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး အာရုံကြောစနစ်တွေကိုလည်း နိုးကြားစေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်။ တရုတ်ရှေးဆေးပညာသီအိုရီအရ သကြားသီးဟာ နှလုံးကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။
အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး အသားအရေကို နိုပျိုစေပါတယ်။ အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေပြီး ခံတွင်းဆိုင်ရာပြဿ နာတွေကိုလည်း ဖြေရှုင်းပေးနိုင်ပါတယ်။ ဗီတာမင် C မြင့်အားများစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

  • FARM VIDEOS

    သင်္ဘောသီးစိုက်ပျိုးနည်းနည်းပညာ – သင်္ဘောသီးစိုက်ပျိုးနည်း

    By

    သင်္ဘောသီးသည် ၎င်း၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်မှု မြင့်မားသောကြောင့် နာမည်ကြီးသော အသီးတစ်မျိုးဖြစ်သည်။ ၎င်းသည် အခြားအသီးအနှံများထက် စောထွက်ပြီး တစ်နှစ်အောက်၌ အသီးထွက်သည်။

  • FARM VIDEOS

    သခွားသီးခူးစက် – သခွားသီးချဉ် ပြုပြင်ထုတ်လုပ်သည့် စက်

    By

    လတ်ဆတ်သော သစ်သီးဝလံများ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို အက်စစ်ဓာတ်ရည် သို့မဟုတ် ရေငန်ဆားရည်အိုင်ထဲတွင် နှစ်မြှုပ်ခြင်းဖြင့် ၎င်းတို့ကို အစိမ်းလိုက် သို့မဟုတ် ပုပ်သိုးပျက်စီးရန် ခံနိုင်ရည်မရှိတော့သည့်တိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။ သခွားသီးကို ချဉ်ခြင်းအကြောင်းတွေးတဲ့အခါ...

  • FARM VIDEOS

    ပျားမွေးမြူရေးနှင့် ပျားရည် ထုတ်လုပ်ခြင်း

    By

    Manuka ပျားရည်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးပျားရည်ဖြစ်သည်။ ၎င်း၏ဆန့်ကျင်ဘက်တီးရီးယားဂုဏ်သတ္တိများအတွက်တန်ဖိုးထားသော manuka ပျားရည်ထုတ်လုပ်မှုသည်ပိုမိုအရေးကြီးပါသည်။ ပန်းဝတ်မှုန်၊ ပျားဖယောင်းနှင့် ပရိုပိုလစ်တို့ကိုလည်း ထုတ်လုပ် တင်ပို့ရောင်းချသည်။

  • FARM VIDEOS

    ဂျပန်ပဲပင်ပေါက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း

    By

    ဂျပန်နိုင်ငံရဲ့ ဧရာမ ပဲပင်ပေါက်ဟာ ရှေးခေတ်ကတည်းက လူသိများတဲ့ ဆောင်းရာသီ ဟင်းသီးဟင်းရွက် “Ohori Onsen moyashi” ဖြစ်ပါတယ်။ ၎င်းသည် ရေပူစမ်းနှင့် ရေပူစမ်းရေပူများကိုသာ အသုံးပြု၍ ရေပူစမ်းမြို့၌...

  • FARM VIDEOS

    တစ်ပတ်လျှင် ရှားစောင်းလက်ပတ်အရွက် 1.5 သန်း ရိတ်သိမ်းနည်း

    By

    နေလောင်ခြင်းကို သက်သာစေသော အသားအရေထိန်းသိမ်းမှုအထိ ရှားစောင်းလက်ပတ်ထုတ်ကုန်များသည် ရေပန်းစားလာပါသည်။ ယနေ့စက်မှုလုပ်ငန်းသည် ကန်ဒေါ်လာ ၆၂၅ သန်းရှိသည်။ သို့သော် ဈေးကွက်ရှိ ရှားစောင်းလက်ပတ် ထုတ်ကုန်အချို့တွင် ရှားစောင်းလက်ပတ် သဲလွန်စ လုံးဝ...


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.