facebookမှ သူ၏နိုင်ံရေးကြော်ငြာများအပေါ်တားမြစ်ခြင်းက ယာယီသာဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲတွင်စိတ်ချရဖို့အတွက်ကူညီခြင်းသာဖြစ်တယ်လို့ပြောပါတယ်။ရွေးကောက်ပွဲအပြီးသတင်းမှားများပျံ့နှံမှုကိုကာကွယ်ရန်နိုင်ငံရေးကြော်ငြာများကိုပိတ်ပင်တာဖြစ်ပေမယ့်လို့ Georgiaနိုင်ငံမှာကျင်းပမယ့် ဆီးနိတ်လွှတ်တော်ကိုအုပ်ချုပ်မည့်သူအတွက်ရွေးကောက်ပွဲမတင်ခင် ဝေဖန်သံများထွက်ပေါ်လာပါတယ်။ Facebook ရဲ့ ကနဦးပြောကြားချက်အရ တားမြစ်ခိက်က အကန့်အသတ်မရှိဟုဆိုသော်လည်း ဗုဒ္ဓဟူးနေ့တွင် တားမြစ်ချက်ကို နောက်လအထိဆက်ရှိမည်လို့ ဘလော့၁ခုမှာတင်ခဲ့ပါတယ်။ google က သူတို့ရဲ့တားမြစ်ချက်က အနည်းဆုံး၁ပတ်ကြာမည်ဖြစ်ပြီး အဲ့ဒီထက်လည်းပိုကြာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။
ခုတလောပိတ်ပင်ခံနေရတဲ့ကြော်ငြာတွေဟာဆိုရင် Us ရဲ့ လွှတ်တော်၂ခုက သတ်မှတ်ထားတဲ့ David Perdus နဲ့ kelly Loefflerတို့ ယှဥ်ပြိုင်မှုတို့ပါ၀င်ပါတယ်။ သူတို့ကပြန်လည်ရွေးကောက်တင်မြောက်ခြင်းကို ရှာဖွေနေကြပြီး ယှဥ်ပြိုင်မှာကိုရှောင်ရှားဖို့ဆိုရင် တဥိီးစီက 50%သောဆန္ဒမဲများကိုလိုအပ်ပါတယ်။ ဒီမိုကရက်များအနေနဲ့ ထိုအမတ်နေရာ၂ခုလုံးကိုအနိုင်ရရန်လိုအပ်သောကြောင့် နောက်ဆက်တွဲရလဒ်ဟာ အလွန်အရေးကြီးပါတယ်။ အဲ့ဒီနေရာတွင်ရယူခြင်းကလွှတ်တော်မှာ 50 မှ 50 အထိလည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရက်များ အတွက် မူ၀ါဒအသစ်များချမှတ်ရန်လမ်းဖွင့်ပေးတဲ့အငြင်းပွားဖွယ်ရာမဲများကို ရွေးကောက်တင်မြောက်ခံရတဲ့ ဒုတိယသမ္မတ Kanala Harni ကပယ်ဖျက်နိုင်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဒီမိုကရက်တစ်အထက်လွှတ်တော် ကော်တီသည် Facebook နှင့် Google တို့၏ကြော်ငြာများပိတ်ပင်မှုကို မဲဆန္ဒရှင်များအားဖိနှိပ်မှုလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
Facebook ထုတ်လုပ်ရေးစီမံသူဒါရိုက်တာ Rob Leathern က လူမူရေး ကွန်ရက်သည် နိုင်ငံရေးကြော်ငြာများကို ဆက်လက် ရပ်တန့်သွားမယ်လို့ tweet မှာ ပြောကြားလိုက်ပါတယ်
ဂျော်ဂျီယာနှင့်အခြားနေရာများတွင်ရွေးကောက်ပွဲများကျင်းပရန်ကြော်ငြာများကိုချက်ချင်းမဖွင့်နိုင်ကြောင်းလူတွေစိတ်ပျက်မိကြောင်းကျွန်တော်တို့သိပါတယ်။Facebook ad library ကိုအထောက်အပံ့ပေးတဲ့အရာကိုတည်ဆောက်ဖို့နဲ့ နိုင်ငံရေးကြော်ငြာများကိုပွင့်လင်းမြင်သာမှုရှိရန် ကျွန်တော်တို့ကြိုးစားခဲ့သည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီ “ဟုLeathernကသူ၏တွစ်တာတွင်ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့မှာတိုတောင်းသောကာလတွင်း နိုင်ငံရေးအရကြော်ငြာများကိုပြည်နယ်သို့မဟုတ်ကြော်ငြာရှင်မှဖွင့်နိုင်သည့်နည်းပညာစွမ်းရည်မရှိသေးပါဘူး။ ဒါ့အပြင် ကျွန်တော်တို့လည်း နိုင်ငံရေးကြော်ငြာရှင်များအားလည်းတူညီသော၀န်ဆောင်မှုများ ပေးခွင့်ပေးသွားဖို့ကိုလည်းသဘောတူပါတယ်လို့ပြောကြားခဲ့ပါတယ်။
google ကတော့ ကင်းလွတ်ခွင့်ပေးရန်စဥ်းစားဖို့နဲ့ပက်သက်လို့ တုံ့ပြန်ခြင်းတော့မရှိခဲ့ပါဘူး