Connect with us

YouTubeသည်ဗြိတိန်၏ကလေးသူငယ်များဆိုင်ရာမူဝါဒနှင့်ပတ်သက်၍တရားဝင်တရားစွဲဆိုမှုများနှင့်ရင်ဆိုင်နေရ

Google TECH

YouTubeသည်ဗြိတိန်၏ကလေးသူငယ်များဆိုင်ရာမူဝါဒနှင့်ပတ်သက်၍တရားဝင်တရားစွဲဆိုမှုများနှင့်ရင်ဆိုင်နေရ

YouTube သည်ယူကေ၏အသက် ၁၃ နှစ်အောက်ကလေးများ၏ကိုယ်ရေးအချက်အလက်ဆိုင်ရာအခွင့်အရေးများကိုချိုးဖောက်သည်ဟုစွပ်စွဲခံရနေရကာတရားစွဲဆိုမှုများနှင့်ရင်ဆိုင်နေရသည်။Googleကုမ္ပဏီအားမိဘခွင့်ပြုချက်မရှိဘဲကလေးသူငယ်အချက် အလက်များကိုကောက်ယူသည်ဟုစွပ်စွဲကာတရားရုံးချုပ်သို့တင်ပြခဲ့ပြီး ကိုယ်ရေးကိုယ်တာဆိုင်ရာကျွမ်းကျင်သူ Duncan McCann မှလည်း ယူကေနှင့်ဥရောပဥပဒေများကိုချိုးဖောက်သည်ဟုပြောဆိုခဲ့သည်။YouTube၏ပြောရေးဆိုခွင့်ရှိသူတစ် ဦး က၎င်းတို့အနေဖြင့်ဆိုင်းငံ့ထားသည့်တ ရားစွဲဆိုမှုအပေါ်မှတ်ချက်မပေးခဲ့ကြောင်းနှင့်အသက် ၁၃ နှစ်အောက်အတွက်သာအသုံးပြုနိုင်သည့်ပလက်ဖောင်းမဟုတ်ကြောင်းပြောကြားခဲ့သည်။

ဉရောပတွင်ကလေးသူငယ်များ၏ကိုယ်ရေးအချက်အလက်များနှင့်ပက်သက်၍နည်းပညာကုမ္ပဏီအားတရားစွဲဆိုခဲ့သည်ပထမဆုံးသောတရားစွဲဆိုမှုဖြစ်ခဲ့ပြီးဗြိတိန်ကလေး ၅ သန်းခန့်နှင့်၎င်းတို့၏မိဘများသို့မဟုတ်အုပ်ထိန်းသူများသည်ခန့်မှန်းခြေအားဖြင့်ပေါင် ၂ ဘီလီယံကျော်ဆုံးရှုံးနိုင်သည်ဟုMcCannမှပြောကြားခဲ့သည်။Foxglove ကင်ပိန်းအဖွဲ့နှင့်ဥပဒေအကြံပေးကုမ္ပဏီ Hausfeld တို့သည်လည်းမစ္စတာမက်ကင်န်၏အမှုကိုထောက်ခံလိမ့်မည်ဟုပြောကြားခဲ့သည်။

More in Google TECH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.