Connect with us

ဆင်ရန်ပုံငွေရှာရန် Elephant in Zoom အစီစဥ်ပြုလုပ်

TRAVEL & TOURISM

ဆင်ရန်ပုံငွေရှာရန် Elephant in Zoom အစီစဥ်ပြုလုပ်

Prev1 of 2
Use your ← → (arrow) keys to browse

Covid-19 ​ရဲ့ရိုက်ခတ်မှု​ဟာအပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်းကိုများစွာထိခိုက်သဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိဆင်စခန်း ၈၅ ခုအားပိတ်ပစ်ရန်သတင်းများအရသိရပါတယ်။ ဤအခြေအနေကိုရင်ဆိုင်ဖို့အတွက် zoom app ဖြင့် video call အစည်းအဝေးခေါ်ပြီး ရန်ပုံငွေရှာရန်ကမ်းလှမ်းခဲ့ပါတယ်။

အစီစဥ်နာမည်ကိုလည်း Elephant in Zoom လို့ပေးထားပါတယ်။ အလေးချိန်သုံးတန်ရှိတဲ့ဒီဆင်လေးတွေပါ၀င်ခြင်းက online meeting ကိုအနည်းငယ်ပျော်ရွှင်မှု ရစေဖို့စီစဥ်တာဖြစ်ပါတယ်။

zoom meeting မှာ ဆင်လေးတွေနဲ့ ၁၀မိနစ် ခေါ်ဆိုမှုအတွက် အမေရိကန်ဒေါ်လာ ၇၀ကျသင့်မှာဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၁၄၅ကုန်ကျသူအတွက်ဆိုရင်တော့ ခေါ်ဆိုသူဟာ ဆင်ထိန်းကျွမ်းကျင်သူတွေနဲ့ သုံးမိနစ်ကြာအမေးအဖြေ ပြုလုပ်လို့ရမှာဖြစ်ပါတယ်။

ဒီလိုအကြံညဏ်ကောင်းကိုပေးတာကတော့သြစတြေးလျလူမှုဖူလုံရေးဆိုင်ရာကူညီမှုဖြစ်သော Human Elephant Learning Program Foundation (H-ELP) နှင့် Golden Triangle Asian Elephant Foundation (GTAEF) တို့ဖြစ်ပြီး Anantara Golden Triangle Elephant Camp and Resort နှင့် အကျိုးအမြတ်မယူပဲပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ပြပွဲရဲ့ အဓိကသရုပ်ဆောင်လေးတွေဟာဆိုရင်
ထိုင်းနိုင်ငံမြောက်ပိုင်းအပန်းဖြေစခန်းရဲ့ဧက၂၀၀ကျော်ကိုကျင်လည်ကျက်စားနေတဲ့ဆင်၂၃ကောင်ပဲဖြစ်ပါတယ်။

ကနဦးအစီစဥ်အရတော့ zoom meeting ရဲ့မျက်နှာပြင်ပေါ်မှာ ဆင်လေးတွေပါ၀င်လာခြင်းက (အားလုံးကိုကြိုတင်စာရင်းပေးထားသူမှလွဲ၍)meetingမှာပါတဲ့သူတွေကိုအံ့အားသင့်စေဖို့အတွက်ဖြစ်ပါတယ်လို့ Anantara ရဲ့ အုပ်စုဒါရိုက်တာ John Roberts ကပြောပါတယ်

ဒီရက်ပိုင်းတွေမှာ ဆင်စခန်းဆီလာတဲ့လူတွေသိသိသာသာနည်းလာပါတယ်။ ထိုင်းနိုင်ငံဟာပိတ်ထားပေမယ့်လို့ ပြည်တွင်းမှာရှိတဲ့လာရောက်ကြည့်ရှု့ချင်တဲ့သူတွေအတွက်တော့ဖွင့်ပေးထားပါတယ်။ ဇူလိုင်လ ၁ရက်နေ့ကစလို့ လာရောက်လည်ပတ်သူအချို့တွေရှိခဲ့ပါတယ်။ဒါပေမဲ့ ၀င်ငွေအလုံလောက်တော့မရရှိခဲ့ပါဘူး လို့ Robertsကပြောပါတယ်။

Covid-19 ကြောင့်ထိုင်းနိုင်ငံရဲ့ဖမ်းဆီးရမိသောဆင် ၃၈၀၀အပေါ် ဆိုးကျိုးတွေသက်ရောက်စေခဲ့ပါတယ်။အချို့ကလည်းငွေစုဆောင်းရန်အတွက်ရုန်းကန်နေကြရသည်။ သို့သော်များစွာသောသူတွေကတော့ သူတို့ရဲ့ ဆင်လေးတွေကို ကျွေးမွေးဖို့အလုံလောက်ရရှိနိုင်တဲ့ တောရိုင်းထဲကိုပဲ ပြန်လွှတ်ပေးခဲ့ရတယ်လို့ Robertsကပြောပါတယ်။

GTAEF ကဒီစွန့်ပစ်ခံလိုက်ရတဲ့ဆင်လေးတွေကိုခေါ်ယူပေးပါတယ်။ ဆင်လေးတွေကိုဂရုစိုက်တဲ့သူတွေကို လိုအပ်တဲ့အရင်းမြစ်တွေငှားရမ်းပေးခြင်းအပြင် စောင့်ရှောက်ပေးဖို့တိရစ္ဆာန်ဆရာ၀န်၁၄ယောက်ကိုလည်းထောက်ပံ့ခဲ့ပါတယ်။

ဆင်ထိန်းသိမ်းသူတယောက်ဖြစ်တဲ့ Mahouts ဟာဆိုရင် ဆင်လေးတွေကိုကျွေးမွေးဖို့ ၁နေ့ကိုအမေရိကန်ဒေါ်လာ၂၀ခန့်လိုအပ်ကြောင်းကို Roberts ကပြောကြားခဲ့ပါသေးတယ်။

ဒီ video အစည်းအဝေးပွဲမှ မှရရှိသောရန်ပုံငွေအားလုံးကို H-ELP နှင့် GTAEF မှမျှဝေပေးသွားမှာဖြစ်ပါတယ်။

Prev1 of 2
Use your ← → (arrow) keys to browse

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in TRAVEL & TOURISM

  • TRAVEL & TOURISM

    ၇၄၇ လေယာဉ်ခြောက်စီးသည်ဒတ်ခ်ျလေဆိပ်သို့ပျံသန်းခဲ့ပြီးနောက်ထွက်ခွာနိုင်ခြင်းမရှိခဲ့ပါ

    By

    (CNN) – Lufthansa ဘိုးအင်း (၇၄၇-၄၀၀) ခြောက်စီးသည်နွေရာသီတွင်တိုင်းပြည်၏အရှေ့မြောက်ဘက်ရှိဒတ်ခ်ျလေကြောင်းအချက်အချာနေရာဖြစ်သော Twente လေဆိပ်သို့ဆင်းသက်ခဲ့သည်။ Covid-19 ဖြစ်ပွားမှုအပြီးတွင်ဂျာမန်လေကြောင်းလိုင်း၏လေယာဉ်ပျံသန်းမှုလျှော့ချမှုကြောင့်လေယာဉ်သည်ပျက်ကျခဲ့ပြီးဇွန်လနှင့်ဇူလိုင်လများအတွင်း Twente သို့ရောက်ရှိခဲ့သည်။ လေယာဉ်များသည်လေဆိပ်၏လေယာဉ်ကွင်းသို့ရောက်သောအခါဖြိုဖျက်ရန်သွားနေကြသည်ဟုကောလာဟလများထွက်ပေါ်ခဲ့သည်။ သေချာသည်မှာလေယာဉ်ခြောက်စင်းမှငါးကောင်ကိုကယ်လီဖိုးနီးယားရှိ Mojave လေဆိပ်အခြေစိုက်...

  • TRAVEL & TOURISM

    အီတလီကျေးရွာသည်စွန့်ပစ်ထားသောအိမ်များကိုယူရို ၁ ဖြင့်လေလံတင်

    By

    ဈေးနှုန်းချိုသာစွာဖြင့်အိမ်များကိုရောင်းချရန်စီစဉ်နေသည့်အထဲတွင်အီတလီ၏ရုန်းကန်နေရသောကျေးရွာများသည်၎င်းတို့ထဲမှတစ်ခုဖြစ်ပြီးစစ္စလီကျွန်း၏သာယာလှပသော Salemi ရွာသည်အိမ်ခြံမြေဟောင်းများကို espresso စျေးနှုန်းထက်နည်းသောဈေးအသက်သာဆုံးမြို့ဖြစ်သည်။လာမည့်လများအတွင်းအိမ်များပြိုလဲနေသောအိမ်များသည်ယူရိုငွေတစ်ဒေါ်လာနှင့်အထက်ဈေးနှုန်းဖြင့်လေလံတင်ရောင်းချမည်ဖြစ်သည်။မြို့တော်ဝန် Domenico Venuti သည်၎င်းအစီအစဉ်သည် Salemi ကိုဘဝအသစ်တစ်ခုရရှိမယ်လို့မျှော်လင့်ထားပြီး ဆာလီမီသည် ၁၉၆၈ ခုနှစ်တွင်စစ္စလီကျွန်းရှိ Belice ချိုင့်ဝှမ်းကိုလှုပ်ခတ်စေသောပြင်းထန်သောငလျင်ကြောင့်လူ ဦး...

  • TRAVEL & TOURISM

    အနံ့မမြည်းနိုင်တဲ့အရသာရှိတဲ့စားဖိုမှူး

    By

    (CNN) – အနံ့ဆိုးပျောက်သွားရင်ဘယ်လိုမျိုးအရသာရှိမလဲ။ ဒီနှစ်မှာတော့ဒီနှစ်အံ့သြစရာကောင်းလောက်အောင်ဖြစ်လာတဲ့မေးခွန်းပဲ ။Anosmia – ဒါမှမဟုတ် “blind blindness” ဆိုတာက ၅ ရာခိုင်နှုန်းဝန်းကျင်ကိုသက်ရောက်မှုရှိတယ်လို့ယူဆရတဲ့အခြေအနေတစ်ခုပါ။ လူ ဦး ရေ။ သို့သော်အနံ့နှင့်...

  • TRAVEL & TOURISM

    Covid-19ကြောင့်စားသောက်ဆိုင်များကိုပိတ်ထားရချိန်တွင်အဘယ်ကြောင့် Michelin ကြယ်ပွင့်အဆင့်သတ်မှတ်ချက်များသည်အရေးပါနေသလဲ

    By

    ၁၉၂၆ ခုနှစ်တွင်ပြင်သစ်နိုင်ငံနှင့်ကမ္ဘာအနှံ့တွင်မကြာသေးမီကဂုဏ်ပြုမှုများသည်အချက်အပြုတ်အနုပညာအထွတ်အထိပ်ကိုကိုယ်  စားပြုပြီးပြင်သစ်ထိုင်းကုမ္ပဏီကြီး Michelin ၏အဆင့်အတန်းကိုမြှင့်တင်ရန်ကူညီပေးခဲ့သည်။သို့သော်ယခုအချိန်သည်ကမ္ဘာတဝှမ်းဧ ည့်ဝတ်ကျေပွန်မှုလုပ်ငန်းအတွက်ခက်ခဲသောကာလဖြစ်ပြီး သောင်းနှင့်ချီသောစားသောက်ဆိုင်များပိတ်ထားရကာထောင်နှင့်ချီသောလူများကိုအလုပ်လက်မဲ့ဖြစ်နေကြသည်။ ယခုနှစ်ထူးခြားသောအခြေအနေများကြောင့်အခြားဂုဏ်ပြုဆုများသည်လည်းလှုပ်ရှားမှုကိုရပ်ဆိုင်းရန်တောင်းဆိုမှုများပြုလုပ်ပြီးဖြစ်သည်။Covid-19 သည်ယခုနှစ်တွင်စားသောက်ဆိုင်နှင့်စားဖိုမှူးအမျိုးအစားများတွင်အချက်အချာကျသောအောင်မြင်မှု၏အမှတ်အသားဖြစ်သောဂျိမ်းစ်မုတ်ဆိတ်ဆုပေးပွဲအားဖျက်သိမ်းရခြင်း၏အကြောင်းရင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်စားသောက်ဆိုင်လုပ်ငန်း၏လက်ရှိအခြေအနေအရအဘယ်ကြောင့် Michelin သည်စားသောက်ဆိုင်များကိုသုတေသနပြုရန်နှင့်ကြယ်ပွင့်ဆုများရရှိရန်ဆက်လက်စားသောက်နေသနည်း။ မရေရာမသေချာမရေရာမှုနှင့်စိတ်ဆင်းရဲမှုများရှိနေသည့်အချိန်တွင်သံ သယဖြစ်ဖွယ်ကြယ်များသည်သူတို့တစ်ချိန်ကကျော်ကြားခဲ့သောအရာကိုဆက်လက်ထိန်းသိမ်းနေကြသလားဟူသောမေးခွန်းများထွက်ပေါ်လာခဲ့သည်။လမ်းညွှန်၏နိုင်ငံတကာဒါရိုက်တာ Gwendal Poullennec...

  • TRAVEL & TOURISM

    ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်နိုင်သောနိုင်ငံတစ်ခုဖြစ်သည့် ဂါနာ

    By

    အာဖရိက၏အနောက်မြောက်တွင်ရှိသည့်ဂါနာသည်အမြဲအသစ်တီထွင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၎င်း၏ရောင်စုံယဉ်ကျေးမှု၊ တောရိုင်းတောရိုင်းနှင့်သဘာဝအလှအပတို့ကြောင့်ကျော်ကြားသောအနောက်အာဖရိကနိုင်ငံသည်ဆာဟာရတောင်ပိုင်းအာဖရိက ၏ အ လျင်အမြန်တိုးတက်နေသောစီးပွားရေးများထဲမှတစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကကိုကိုးနှင့်လတ်တလောရေနံရှာဖွေတွေ့ရှိမှုကြောင့်စီးပွားရေးတိုးတက်မှုခဲ့ပြီး အနုပညာနှင့်ဖက်ရှင်မြင်ကွင်းတွင်ဘဝအသစ်တစ်ခုထပ်မံထည့်သွင်းခြင်းအားဖြင့်စားသောက်ဆိုင်ဖွင့်ပွဲများပိုမိုများပြားလာခဲ့သည်။ ဂါနာနိုင်ငံ၏ကူးစက်ပျံ့နှံ့မှုဒဏ်ကိုသံသယဖြစ်ဖွယ်မရှိသော်လည်းတိုင်းပြည်သည်ယခင်ကကဲ့သို့ဂရုစိုက်စရာကောင်းသောနှင့်ဆွဲဆောင်မှုများရှိနေဆဲဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းနိုင်ငံတကာဟိုတယ်အမှတ်တံဆိပ်အနည်းငယ်အားဖွင့်လှစ်ခဲ့ပြီးလက်ရှိတွင်ခရီးသွားလာခြင်းကန့် သတ်ချက်များကြောင့်ထိုသို့မပြုလုပ်နိုင်မီအချိန်အနည်းငယ်ကြာမြင့်နိုင်သော်လည်းခရီးသည်များအတွက်ကြိုတင်စီစဉ်ထားခြင်းကြောင့်အန္တရာယ်မရှိနိုင်ပေ။ တေဆင်ာရိုင်းများနှင့်အတူဂါနာသို့သွားလည်ပတ်ရာတွင်ထိပ်တန်းအရာရှိအချို့ရှိသည်။ ယူနက်စကိုကမ္ဘာ့အမွေ အနှစ်နေရာဖြစ်သည့် Cape Coast...

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.