Connect with us

နန်းကျဘုရင် #သီပေါမင်း လခတိုးတောင်းတဲ့စာ

Uncategorized

နန်းကျဘုရင် #သီပေါမင်း လခတိုးတောင်းတဲ့စာ

၁၅-၇-၁၈၉၈ က နန်းကျဘုရင် #သီပေါမင်း လခတိုးတောင်းတဲ့စာ
.
ဒီတစ်ပတ် စနေ-တနင်္ဂနွေမှာတော့ AD. 1598-1885 အတွင်း ထုတ်ခဲ့တဲ့ ဘုရင့်အမိန့်စာ၊ နန်းတွင်းရုံးအမိန့်စာ၊ လွှတ်တော်ဆုံးဖြတ်ချက် စတာတွေ ရသမျှကို စုစည်းပြီး ထုတ်ထားတဲ့… တော်ဝင်မြန်မာနိုင်ငံပြန်တမ်း၊ အတွဲ-၉ (Royal Orders of Burma, A.D.1598-1885, Vol.9) ထဲက ၂ မျက်နှာကို ကောက်နှုတ် တင်ပြလိုက်ပါတယ်။ (လက်မှတ်နဲ့ ရေးထားတဲ့စာ လက်ရေးကို ကြည့်ရတာကတော့ စာရေးပေးတာက အခြား တစ်ယောက်လို့ ယူဆရပါတယ်။ အဲဒီခေတ်က နန်းတွင်း မြန်မာစာ အသုံးအနှုံးလည်း လေ့လာနိုင်ပါတယ်။)
.
နန်းကျဘုရင် #သီပေါ အနေနဲ့ အိန္ဒိယနိုင်ငံ၊ ရတနာဂီရီမြို့မှာ နေနေစဉ်က အင်္ဂလိပ် အစိုးရက လစဉ် အိန္ဒိယ ရူပီးငွေ တစ်လ ၃၀၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ ရူပီးငွေ တစ်လ ၃၀၀၀ ကို မလောက်လို့ အိန္ဒိယမှာ ရှိတဲ့ အင်္ဂလိပ် ဘုရင်ခံကို စာလှမ်းရေးတာလေး ဖတ်မိလိုက်လို့ စိတ်ထဲမှာ ခံစားချက် အမျိုးမျိုး ခံစားမိလိုက်ရပါတယ်။ 🙁
.
၁၈၉၈ လောက်က အိန္ဒိယမှာ ရွှေတစ်ကျပ်သား ဘယ်ဈေးလောက် ရှိမလဲ သိချင်မိတယ်။ အဲဒီခေတ်က အိန္ဒိယ ရူပီးငွေ ၃၀၀၀ က ဘယ်လောက် သုံးလို့ ရသလဲလို့ ချင့်ချိန်ချင်လို့ပါ။ သိတဲ့သူများ ရှိရင် ဗဟုသုတလေး မျှပါဗျာ။
.
စာအုပ်အမည်။ Royal Orders of Burma, A.D.1598-1885, (pp.844-1107)
ဒီစာအုပ်တွေ အားလုံးကို 1989 မှာ ဆရာကြီး ဒေါက်တာသန်းထွန်းက အင်္ဂလိပ်ဘာသာကို ပြန်ဆိုပြီး၊ ကျိုတိုတက္ကသိုလ်က ပုံနှိပ်ခဲ့ပါတယ်။ #zshtut (မှတ်ချက်။ download ရယူနိုင်မယ့် link တွေကို မှတ်ချက်ထဲမှာ နောက်မှ ထည့်လိုက်ပါ့မယ်။)

Continue Reading
Advertisement
You may also like...

More in Uncategorized

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.