ပြည်ထောင်စုအဘိဓာန် အသုံးပြုနည်း
ဘာသာကွဲအလိုက်ရှာဖွေနည်း
- မြန်မာများအတွက် အထူးပြုလုပ်ထားသော တိုင်းရင်းသားဘာသာ ပေါင်းစုံအဘိဓာန်တွင် အလေးထားစရာ အချက်တစ်ချက် ရှိပါသည်။ ဘာသာစကား မျိုးစုံ စာလုံးများဖြင့် Multi-Lingual Search စာမျက်နှာ တွင် ဘာသာကွဲအလိုက် အတိအကျ ရှာဖွေနိုင်ပါသည်။ ဆိုလိုသည်မှာ-
- ဥပမာ- “ကဲ” ဆိုသည့် စကားလုံးသည် မြန်မာဘာသာတွင်ရော၊ ကရင် ဘာသာတွင်ရော အဓိပ္ပါယ် သီးသန့်စီ ရှိပါသည်။
- ထို့ကြောင့် ကရင်အဓိပ္ပါယ်ဖြင့် ရှာဖွေလိုလျှင်-
ပထမ ဦးစွာ Multi-Lingual Search စာမျက်နှာကို သွားပါ။
ဒုတိယ အနေဖြင့် မိမိ ရှာလိုသည့် ဘာသာစကားနှင့် သက်ဆိုင်ရာ အကွက် ကိုရှာပါ။
တတိယ အဆင့်တွင် ယခု ဥပမာအတိုင်း စကောကရင်/Sgaw Kayin ဘေးမှ အကွက်ထဲတွင် ကဲ ဟု ရိုက်ထည့်ပြီး ရှာကြည့်ပါမည်။ ရိုက်ပြီးလျှင်
စတုတ္ထ အဆင့်အနေဖြင့်၊ အောက်ဆုံးမှ Search ဆိုသည့် ခုလုတ်ကို နှိပ်လိုက်ပါ။
(အောက်ပါ screen shot ကို ကြည့်ပါ။)
- အောက်ပါပုံတွင် ပြထားသည့်အတိုင်း ကဲ ဆိုသည့် စကောကရင် ဘာသာစကားလုံး၏ အဓိပ္ပါယ် ပေါ်လာပါမည်။ မြန်မာဘာသာဖြင့် “လုပ်နိုင်ကိုင်နိုင်သော၊ တတ်နိုင်သော”၊ အင်္ဂလိပ်ဘာသာဖြင့် “able” ဟု အဓိပ္ပါယ်ကို ဖွင့်ဆို ရှင်းလင်းပြသည်ကို အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်ပါသည်။
- ဤဥပမာအတိုင်း တိုင်းရင်းသား ပါဠိ၊ အင်္ဂလိပ် အပါအဝင် ဘာသာစကား ပေါင်းစုံဖြင့် ရှာဖွေ အသုံးပြုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။
ပါဝင်သည့် အဘိဓာန်များ
- ပြည်ထောင်စုအဘိဓာန် တွင် ယခုလောလောဆယ် အောက်ပါ ဘာသာစကား အဘိဓာန်များ ပါဝင်ပါသည်။ နောက်ထပ် ဘာသာစကား အမျိုးမျိုးကိုလည်း မကြာမီ ဆက်လက် ထပ်တိုးသွားရန် ကြိုးစားလျက် ရှိနေပါသည်။
- မြန်မာ အဘိဓာန် / Myanmar Dictionary,
- ကချင် အဘိဓာန် / Kachin Dictionary / Jingpho Dictionary
- စကောကရင် အဘိဓာန် / Sgaw Kayin Dictionary
- ပိုးကရင် အဘိဓာန် / Pwo Kayin Dictionary
- ချင်း အဘိဓာန် / Chin Dictionary
- ဟားခါးချင်းအဘိဓာန် / Haka Chin Dictionary
- တီးတိန်ချင်းအဘိဓာန် / Tedim Chin Dictionary
- မွန်အဘိဓာန် / Mon Dictionary
- ရှမ်းအဘိဓာန် / Shan Dictionary
- မီဇိုချင်းအဘိဓာန် / Mizo Dictionary
- ရဝမ်vRawang Dictionary
- အခါအဘိဓာန် / Akha Dictionary
- ပါဠိအဘိဓာန် / Pali Dictionary
- ?
ပါဝင်ပူးပေါင်းကူညီပါ
ပြည်ထောင်စုအဘိဓာန် ပရောဂျက်သည် မြန်မာနိုင်ငံတွင် မရှိသေးသည့် ကွက်လပ်များ ဖြည့်ဆည်းနိုင် ပြုလုပ်သော အများအကျိုးပြု CSR အစီအစဉ် တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုအဘိဓာန် ပရောဂျက် လှူဒါန်းလိုသည် ဖြစ်စေ၊ ထပ်မံတိုးချဲ့ရန်အတွက် ပါဝင်ပူးပေါင်းကူညီလိုသူများ ရှိပါက ကျွန်တော်တို့ #MyanmarNet #မြန်မာနက် က အမြဲ လက်ကမ်းကြိုဆိုလျက် ရှိပါသည်။ အချိန်မရွေး ဆက်သွယ် နိုင်ပါတယ်။
⦿ www.မြန်မာ.net ⦿ www.Myanmars.Net ⦿ www.shwe.net