မြန်မာ ဘမ်းစကားများ

ပြည်ထောင်စု အဘိဓာန်

ကာလပေါ် မြန်မာ ဘမ်းစကားများ

Myanmar Slangs

မှတ်ချက်။ မူရင်း ရေးသား ပြုစုသူ အမည်မသိ၍ ခရက်ဒစ် မရေးမိလိုက်သည်ကို ခွင့်လွှတ်ပါ။ ကျေးဇူးတင်ပါသည်။ သင်ဟာ ဒါကို ဝိုင်းရေးခဲ့သူ တစ်ဦးဖြစ်ရင် ဆက်သွယ်ပါ။ ခရက်ဒစ် အမည် ဖော်ပြလိုပါသည်။



၁ ပုလင်း=၁ သောင်း
၁ ပုံး= ၁ သိန်း

က
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။
ကျွေးလိုက်ရ= ချလိုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။
ကြီးပေါ= ကြီးမှပေါသောသူ။
ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။
ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟု ခေါ်သလိုမျိုးဟု မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်)
ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ- ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်)
ကြူသည်= အီစီကလီပြောသည်။
ကူလီကူမာ = မကောင်းကြံစည်ခြင်း။
ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက္ခရောက်အောင် လုပ်သည်။ ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။
ကျွတ်ကျဲ= ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့် ကြောက်လန့်သွားခြင်း (မောင်မောင်၏ ဗလကို မြင်ရသောအခါ မမမှာ ကျွတ်ကျဲသွားလေတော့သည် (မည်သို့ကြောင့်မှန်း မိုးမြတ် မသိ)
ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။ (အေ..ဘယ်ရမလဲ ငါဒင်းကို ကလော်တုတ် ပစ်လိုက်တာပေါ့.. ဟင်း)
ကလိန်ကကျစ် = သူတစ်ပါး ဒုက်ခရောက်အောင် လိမ်လည်သည်။ လှည့်ဖျားသည်။ (ဟိုမှာလေ ဟိုချတ်ရွန်းထဲမှာ ဟိုကောင် ကလိန်ကကျစ်တွေ လုပ်နေပြန်ပြီ ဟိုကောင်မလေးတော့ ဟိုဒင်းဖြစ်တော့မယ်)
ကြွက် = ဟိုလူတွေလေ။
ကျွဲ = သင်္ဘောသား လောကမှ ကပ္ပလီ မလေးများကို ခေါ်သော နာမည်။
ကြောင်တောင်နှိုက် = ပိုင်ရှင်ရှိသော ပစ်စည်းကို ယူခြင်း။ ယူသောသူ။ (တောက် ဟိုကောင် ငါ့ရည်းစားကို ကြောင်တောင်နှိုက် သွားလေ ခြင်း (မျက်ရည်စက်ကလေးများနှင့်) )
ကြားကားဆွဲ= သူတစ်ပါးရည်းစားကို ဖြတ်ခုတ်သည်။
ကလေကချေ= အပေအတေကောင်။
ဂွမ်းတယ်……… မိတယ်၊ မိုက်တယ်
ကျိုးတော့မယ် = ဒီညနောက်ကျနေပြီ ကျိုးတော့မယ်
ကျားဖမ်းမယ်= ဘီယာသောက်မယ် (Tiger Beer)
ကြိုဆိုပါတယ် = thank you အပြောခံရတဲ့အခါ you are welcome ဟု မြန်မာလိုတုံ့ပြန်ခြင်း
ကီးကြောင်တယ်…………… အလိုက်အထိုက်မရှိ(သူ)
ကုန်းဆင်းတစ်ခွက်တိုက်မယ် … အချွန်နှင့်မမည်
ကင်တယ်……………… ?


ခိုက်သည်= ကြိုက်သည် ( ဥပမာ- မိုးမြတ် ဟို စာအရမ်းရေးတဲ့ ကောင်မလေးကို ခိုက်နေတယ် )
ချီးပေါက်သည် = ပစိပစပ်များသည်။
ချီးထုတ်ပဲ = အရှုပ်ထုတ်တွေပဲ။
ချီးကြီးသည် = -ကျယ်သည်။ ဘဝင်မြင့်သည်။
ခေါက်ထားလိုက်ပါ= အေးအေးဆေးဆေးထားလိုက်ပါ။
ခိုကြီး = အလွန်ငြီးသူ (ခိုကြီးလာနေပြီဟေ့၊ ဝေးဝေးပြေးကြ။ လူတွေ့ရင်ငြီးတော့မယ်)
ခိုကြီး= ရေသာခိုလွန်းသောသူ။
ခေါင်း= ပြည့်တန်ဆာမှုလုပ်စားသူ ခေါင်းဆောင်။
ခွက်ကျတယ်…………… ကပ်စီးနှဲတယ်။


ဂျိုနဲ့ သားရေ ပဲရှိတယ် = ငမွဲ ငတေ
ဂျော်ဒဂီး = အခြောက်
ဂျပတိုင်း= ရူးတူးတူး။ ပေါတောတောကောင်(ဂျပတိုင်းပဲကွာ)
ဂေါက်သီး= ကြောင်နေ ဂေါက်နေသောသူ။
ဂျီပုန်း = အခြောက်။ ( ပုန်းနေသော ဂျီကလေး ဟု အဓိပါယ်ရ၏။ ထပ်ကာ အနက် မဖွင့်ပါရစေနှင့်တော့)
ဂေါ်လီ = ခေတ်မီသော ခေတ်ဆန်သော ဆိုရှယ်ကျသောသူ။ မှတ်ချက်စကား။ (ဟို ကောင်မလေးကတော့ ဂေါ်လီပဲ)
ဂွင် = အခွင့်အရေး။ (ဒါကတော့ တကယ့် ဂွင်ပဲကွာ)
ဂွတ်ရှယ်ပဲ… ကောင်းမှကောင်း… ။
ဂိန်နေတယ်……………… အဆင်မပြေဘူး


ငဝိုင်း = ငဝက် = ပိုက်ဆံ ( လက်ညှိုးနှင့်လက်မကို ကွင်းပြသည် )
ငလောင် = သူများတစ်ကာကို လူပုံအလယ် အရှက်ကွဲလောက်အောင် နောက်ပြောင်တတ်သူ။
ငပွေး = နေရာတကာ ပါသောလူငယ်။
ငပနော် = မနူးမနံ့ (ငယ်သေးတယ် ကလေးငယ် ဆိုတဲ့သဘော)
ငတ = သူငယ်ချင်း အချင်းချင်းခေါ်သည်။(ဟေ့ကောင် ငတ မင်းပျောက်ချက်သားကောင်းလှချည်လား)
စမူ = မိန်းကလေး
စမာန် = အားအားယားယား အချိန်ပြည့် မိန်းမ ကိစ္စပဲ တွေးသူ။


စော်= ကောင်မလေး ( လူငယ်အချင်းချင်း သုံးသောစကား )
စရိုက်ပဲ= အပေအတေကောင်ပဲ။
စောက်ဆန်းကြီး = မြင်ဖူးသမျှတွေထဲမှာ အထူးအဆန်းဆုံး


ဆားပုလင်း= အိမ်ဖော်။ အိမ်စေ။
ဆားပုလင်းနှင်းမောင်= ကိုယ့်အိမ်က အိမ်ဖော်ကို ပြန်ကြံသူကြီး။ ( မင်းသိင်္ခတော့ ရင်ကျိူးတော့မှာဘဲ .. တတ်နိုင်ဘူး ပြောနေကြတာကို )
ဆတ်ဆလူး = နန့်သည် နှင့် အတူတူပင်။
ဆင်ဖမ်းနေတယ်= ပိုက်ဆံရတဲ့ အလုပ်တစ်ခုခုလုပ်နေတယ်


ဇယား = အရှုတ်ထုပ်။ ကောင်မလေး။ (သုံးစွဲသူကို လိုက်ကာ၊ အချိန်ကိုလိုက်ကာ ကွာ၏)


ဉာဏ်တိမ်တယ် = အတွေးအခေါ် ညံ့ခြင်း စဉ်းစားဉာဏ် မရှိခြင်း။


တေတယ်ကွာ= ရုပ်ဆိုးတယ်။ စုတ်ပြတ်တယ်။
တင်းတယ်= စိတ်ဆိုးတယ်။
တိုင်ပတ်တယ်…………… အဆင်မပြေဖြစ်သည်


ထမင်းစားပြီး ချီးမပါ= ဝသောသူများကို ခေါ်၏။
ထိတယ်ကွာ= ချက်ကောင်းကို ထိသည်။


ဒူတယ်ကွာ ( အတော်ထုံအခြင်းကို ကိုယ်စားပြု၏ )


ဓါတ်ကြိုး = အန္တာရာယ်ပေးနိုင်တဲ့သူ။ (အဲဒီမိန်းခလေးကတော့ ဓါတ်ကြိုးပဲ)
ဓါတ်တိုင်သေးပန်း = ကြုံရာ လုပ်တတ်တဲ့ကောင်။ အခြေအမြစ်မရှိတဲ့ကောင်။
ဓါတ်ကျသည်= စိတ်ဓါတ်ကျသည်။ အာရုံရောက်လွန်းသည်။
ဓာတ်ပဲ = ဘာတွေပြောနေကြတာလဲ ဓာတ်ပဲ


နလပိန်းတုန်း = ဘာမှမသိတဲ့ကောင်။ အသိဉာဏ် မရှိတဲ့ကောင်။
နွားပလာတာကျွေး= အသိဉာဏ် မရှိသောသူကို ပြောနေ သင်နေရခြင်း။
နံ့ = နန့်နန့် တက်သည်။ ဆတ်ဆလူးခါသည်။ ( ဥပမာ မပေးတော့ပါ )
နားကားသည် = ပြသနာတက်သည်။
နင်တယ် = ပြန်မပြော နိုင်လောက်အောင် ခံစားရခက်သွားသည်။ (တောက်.. နင်တယ်ကွာ (မခံချည့် မခံသာ မျက်နှာပေးလေးနှင့်))
နောက်မီးလင်း = တိတ်တိတ်ပုန်း မိန်းမ၊ ယောက်ျား ရှိနေခြင်း။
နား မုဒိန်းကျင့်တယ် = နားပူနားဆူ ပြသာနာ ရှာခြင်း
နှစ်ဖက်ချွန် = အမျိုးသားများရော အမျိုးသမီးများနှင့်ပါ sex အတွက်တွဲသူ


ပိန်းတယ်= တုံးတယ်။ အတယ်။ ထူတယ်။
ပေါက်တူး= သွားခေါနေသောသူ။
ပေခေါက်တယ်= ကပ်စီးနဲသည်။ စီးပွားရှာသည်။ ကတ်သည်။ ( ဥပမာ- ဟိုကုမ္ပဏီက အက်ဒမင်ကြီးပေါ့ သိပ်ပေခေါက်တယ်)
ပဲများ= ဟန်ပန်အမူအယာ များသည်။ (ပဲအလွန်များလျှင် သောက်ရမ်းနှင့် တွဲသုံးပါ။ သောက်ရမ်းပဲများ၏)
ပွားသည်= စကားများသည်။
ပိုက်ဘောမိ= သူများရည်းစား ကိုယ်နဲ့ ယူယူပြီးချင်း မျက်နှာမြင်ခြင်းဟု အနက်ယူ။
ပလီစိ ချောက်ချက် = (ပုတီးစေ့ ချောက်ချက်မှ လာသည်ဟု မိုးမြတ် ထင်မိ၏။ ပုတီးစိပ်သောအခါ တခါတရံ မတူညီသော သစ်သား အတိုင်းအဆကြောင့် တစ်လုံးနှင့်တစ်လုံးထိသံမှာ ချောက်ဟုမြည်လိုက် ချက်ဟုမြည်လိုက် ဖြစ်နေတတ်သည်။ ဟိုတစ်မျိုး ဒီတစ်မျိုး ပြောခြင်း)
ပစ္စည်း= မကောင်းသော မိန်းခလေး။ ဆေးခြောက် ဘိန်းဘင်း။ (ဟင်းဟင်း ဒီပစ္စည်းလေးက ဘယ်လောက်လဲဗျ ဟင်( ဦးကျောက်လုံး မျက်နှာပေး အသံလေးနှင့်))
ပွကြီး = နေရာတကာ ဝင်ပါတဲ့ကောင်။ (ဘုရင်ကြီးမေး- နတ်ဆိုး မင်းက ဖိုရမ်မှာ ပွကြီးလားကွ ဟေ) (နတ်ဆိုးဖြေ- မဟုတ်ရကြောင်းပါဘုရာ့၊ ဘုရာ့တပည့်တော် ဗျူးတီးအန်ဟဲ့တို့ ဘစ်ဇစ်နက် တို့မှာ မပါပါ့ဘုရာ့။ ဒါကြောင့် ဒီဘွဲ့ထူးကို တပည့်တော် လက်မခံပါရစေနဲ့ဘုရာ့။ ပိုပြီး နှံစပ် တတ်ကျွမ်း စုံလင် သူများကို သာ ချီးမြှင့်တော်မူပါ့)
ပတ်ကြမ်းတိုက် = ပြသနာကြီးကြီးရှာသည်။ (မိန်းမများတွင် အသုံးများ၏)
ပါလေရာလချီး = နေရာတကာ ပါတဲ့ကောင်။
ပေါက်သွားပြီ= နားလည်သွားပြီ (အင်း ငါပေါက်သွားပြီ)
ပလစ်လိုက်တယ် (ခေါက်ထားလိုက်) = တူတူသွားရမဲ့ နေရာကိုမခေါ်ပဲသူကိုထားခဲ့လိုက်တာ


ဖို့ရတယ်= ပေးရတယ်။ ကမ်းရတယ်။
ဖောသည် = အပိုစကားပြောသည်။ မဟုတ်တရုတ်ပြောသည်။
ဖီးလ်ကွေးတယ် = မျှော်လင့်သလိုဖြစ်မလာသောအခါ စိတ်ပျက်ခြင်း အားလျော့ခြင်း စိတ်ခံစားချက်မကောင်းခြင်း၊ အချိန်တို့တွင် ပြောတက်သော ဗန်းစကား ။
ဖလမ်းဖလမ်းထနေတယ်= စပ်စလူးထနေတယ်။


ဗုံးခွဲ = အတင်းတုတ်သည်။ ဖွသည်။ (ဟင်းဟင်း သိမယ်… အဲဒီအကြောင်းတွေတော့ ဗုံးပြန်ခွဲ ပစ်လိုက်ဦးမယ် ဟင်းဟင်း)
ဗုံးကျဲသည် = အီအီးပါသည်၊ အိမ်သာတက်သည် (ငါဗုံးကျဲလိုက်ဦးမယ်)
ဗုံးကျဲသည် = ဆူတယ် (ဒီဆရာမ လာပြီး ဗုံးကြဲနေတယ် … လာဆူနေတယ်)


ဘတ်တီးရိုက် = လိမ်သည်။ ညာသည်။
ဘဲဥ=ပရုတ်လုံး=အဖြူကောင်= ယာဉ်ထိန်းရဲ (နေရာဒေသလိုက်ပြီး အခေါ်အဝေါ် ကွဲပြားကြသည်)
ဘဲ = ကောင်လေး။ ရည်းစား ( လူငယ်အချင်းချင်း သုံးသောစကား )
ဘိ= မကောင်းသောနေရာ။ (ခင်ရေ ကိုယ်တော့ ဘိလေးသွားလိုက်ဦးမယ် ဆိုလျှင် ပင်လယ်ကမ်းခြေဟု မထင်လိုက်ပါနှင့် လိုက်မည်ဟုလည်း မပြောလိုက်ပါနှင့် ။ ဤကားစကားချပ်)
ဘူသည် = ကံမကောင်းခြင်း။ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း။
ဘိုင်ကျ = သုံးစွဲစရာပင် ပိုက်ဆံမရှိခြင်း။
ဘာမီတွန် = ပျင်းဖို့ကောင်းအောင် စာသင်သော ဆရာ/ဆရာမ
ဘောစိ = သူဌေး၊ ပိုက်ဆံရှိသူ
ဘဏ်ပေါ့တယ် = မရှိတဲ့ သိက်ခါ ကျသည်၊ အလေးအနက်မရှိ။ (မင်းနဲ့ စကား ပြောရတာ ဘဏ်ပေါ့တယ်။)
ဘီးဂျဲ = (အသက်ကြီးသော/ ဆရာဖြစ်သော) လူကြီး၊ အသက်အရွယ် အတွေးအခေါ် ဒိတ်အောက်နေသော ယောင်္ကျားများ


မျက်စိအစာကျွေး= မိန်းခလေးများကို အငမ်းမရ ကြည့်ခြင်း။ (ဟဲဟဲ ဒဂုံ စင်တာသွားပြီး မျက်စိအစာ သွားကျွေးလိုက်ဦးမယ်)
မိုက်တယ် = လှတယ်၊ ချောတယ်။ ( အသံလေးလေးပင်ပင်နှင့် ပြော၏ )
မောင်းထု = သတင်းဖြန့်သည် (အထူးသဖြင့် သူများအတင်းအဖျင်း)
မင်္ဂလာယူနေတယ်..။ – အသားယူနေတယ်… လို့ထင်တာပဲ.။
မြောင်းထဲရောက်သွားမယ်။ =- ဘဝပျက်သွားမယ် ..ထင်တာပဲ..။ Smiley
မြွေပဲ ထမင်းစားပြီး ချီးသွားလွှတ်တဲ့အခါကြရင် ခပ်ဝေးဝေးသွား
မီး မြင့် သည် = -ကျယ်သည်။ ဘဝင်မြင့်သည်။
မြွေဖမ်းခိုင်းတယ်=ခက်ခက်ခဲခဲလုပ်ခိုင်း
မွှေပေါ့ဟယ် = အခြေက်များမှ လက်မြှောက်သော စကား
မှည့်တယ်………… လှတယ်၊ ထွားတယ်


ယပက်လက်= ယိုးဒယားများကို မြန်မာတို့ ခေါ်သောနာမည်။


ရှဲလ်= သွား ( ရန်ဖြစ်တာ ရှဲလ်လေးချောင်း ကျွတ်သွားတယ် )
ရေမီးလင်း = ပိုက်ဆံမရှိခြင်း။ (ဥပမာ – ငါ့မှာ ရေမီးလင်းနေပြီကွာ ( ဝမ်းနည်းသော မျက်နှာပေးလေးနှင့် )
ရစ်သည်= ပွစိပွစိပြောခြင်း။ ကိစ္စတစ်ခုကို ထပ်ခါတလဲလဲ ပြောရင်း သူတစ်ပါး စိတ်ညစ်အောင်လုပ်နေခြင်း။
ရွဲသည်= ၉၀-၂၀၀၂ ခုနှစ်များဆီက စကားဖြစ်သည်။ (ရုပ်ဆိုးလွန်းအားကြီးသည်။ ဆိုးလွန်းသည်ဟု အနက်ယူပါရန်)
ရေခမ်းနေလို့ ..ဒေါင် ဆိုင်တောင် မ ညွန့် နိုင်ဘူး…. စိတ် ပိန်ရတဲ့ကြားထဲ
ရုပ်မပေါ်ဘူး=စုတ်ပြတ်သပ်နေသည်(အခု ပိုက်ဆံအနှုတ်တွေကိုပြောတာ။ ပိုက်ဆံရုပ်မပေါ်ဘူးတဲ့)
ရူးခါ = ရူးသွားလောက်အောင်ကို လှတာ
ရုပ်ပေါက်တယ် = အရှက်မရှိ ဂရုမစိုက်ပဲလုပ်ချင်ရာလုပ်သူ
ရွာပျက်တယ်……………… ?
ရုပ်ပေါက်တယ်= ငွေရှိလို့ ဘာမဆိုဖြစ်တယ်(သူဌေးရုပ်ပေါက်တယ်လို့ပြောချင်တာလားမသိဘူး)
ရှင်လို့ရတယ် (သေလို့ရတယ်နှင့် သံကွဲကြောင်းတူ)


လန်ထွက်နေတယ်= သူဝတ်တာ စားတာက လန်ထွက်နေတယ်။
လန်းသည်= စိတ်အားတက်ကြွသည်။ (မျိုးကျော့မြိုင်+ ဒိုးလုံး ရဲ့ ငါတို့လန်းတဲ့နေ့ သီချင်း )
လှည်းကြိုးထမ်း = တစ်ပါးသူအမှုကို ကိုယ်အပြစ်ခံသည်။ သူတစ်ပါးနှင့်ရသော ကိုယ်ဝန်ကို ကိုယ်နှင့်ယူပြီးမှ မွေးဖွားခြင်း
လန်ထွက်နေတာပဲ = မြင်မကောင်းအောင် ဝတ်ထားသော
လေတိုက်တယ် = ဒီအကောင်ငါကို လေလာတိုက်နေတယ် (လာကြွားနေတယ်)
လေတယ် = စိတ်ပျက်လက်ပျက်ဖြစ်ခြင်း။
လေစိမ်းတိုက်တယ်=စိမ်းကားတယ်။
လုပ်ချလိုက်ပြန်ပြီ = ချာတူးလန်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ
လော်ဒဂီး = ယောင်္ကျားလေး
လျှာတောင်တယ် = အလွန်လှပသော မိန်းကလေး တစ်ယောက်ကို မြင်ရင် ပြောတဲ့ စကား
လက်လန်တယ် = ချာတူးတို့ကတော့ လက်လန်တယ်။ (ထိန်းလို့မရ)
လန်းလန်းကြီးနဲ့ ဂွမ်းဂွမ်းကြီး = အကောင်းစားများ အရောင်တောက်တောက်များ ပြူးပြဲနေအောင် ဝတ်ဆင်ထားသောသူ


ဝါးတီးဆွဲ = ထမင်းစားသည်။
ဝ ထားလိုက်ပါ= အေးအေးဆေးဆေးထားလိုက်ပါ။


ေ(သာ)က်ရမ်း (စ) = အလွန်အကျူးတင်စားခြင်း။ (ဥပမာ- သောက်ရမ်းကောင်းတယ်)
သွားလေသလပ်ခံ= လူမြင်တိုင်း ဖြီးပြသောသူ။
သွေးထွက်သွားပြီ= ဒေါသထွက်သွားပြီ။ (တောက် ဒီတစ်ခါတော့ ငါသွေးထွက်သွားပြီ)
သဝေထိုး= လျှောက်သွားသည်။ ဖမ်းလို့မရ။ (ငါ့ရည်းစားလေး ဘယ်တွေ သဝေထိုးနေပါလိမ့်)
သွားချီးယိုးဒယားက= မေးချိတ်ကို ပယ်ပယ်နယ်နယ်အထိုးခံရခြင်း။ (ဟိုကောင်သမလိုက်တာ ဟိုကောင် သွားချီးယိုးဒယား ကသွားတယ် )
သူကြီးလဲ ပါးပါးလေးပဲ ပုတ်နိင်တယ်.. ရွာသားတွေ ငို ပြ မနေနဲ့.. ပွိုင့် တိုးမပေးဘူး …. အထူအပါးနားလည်…
သေပြီဆရာ


အမှုပဲ = ပြသနာပဲ။ (ဟာ မင်းကတော့ အမှုပဲကွာ )
အပင်လိမ် = အရာနှစ်မျိုးရောလုပ်သူ။ (အရက် နှစ်မျိုးရောသောက်ခြင်း)
အီစီကလီ= သူငယ်ချင်းမက သမီးရည်းစားမကျ။
အိုင်စီ = ဦးနှောက် သိပ်မကောင်းတဲ့သူ (မင်းကတော့ အိုင်စီပဲ) (အိုင်စီဆိုသည်မှာ စက်ပစ္စည်းများတွင် ဦးနှောက်လို့ သဘောထား၏)
အကောင်= လူယောက်ျားလေးများ၊ ပန်းပင်ကဲ့သို့ အပွင့်အခက်ဝေဆာသူ။
အာရုံရ= ထင်မြင်သည်။ ယူဆသည်။
အိတ်ဇယ်လ် (excel) = ဇယား = အရှုတ်အထွေးများတဲ့ကောင်၊ မိန်းခလေး။
အကိတ်ကြီး= ကိုယ်ကာယ ထွားကျိုင်းသူများကို ထိုသို့ခေါ်၏။
အကိတ်ကြီး = ကောင်းမလေတွေကိုတွေရင်……..(ယောကျ်ားလေးတွေပဲပြောတာ) အကိတ်ကြီးတော် (သို့) ချိုချိုအောင် တို့ ရင်ရင်လှတို့ တင်တင်ကြီးတို့ကို လမ်းမှာတွေ့ရင် တာဝန်သိ ရွာသား တစ်ယောက် အနေနဲ့ အလာပ သ လာပ နှုတ်ဆက်တာ။
အဆင်လေး=ကောင်းလေး ငယ်ငယ်ချောချောလေးတွေတွေ့တဲ့ အခါ အခြောက်တွေပြောတဲ့စကား အဆင်လေးဆိုတာ …. ကျွန်တော်လမ်းလျှောက်သွားတဲ့အချိန်မှာ မြင်လိုက်တဲ့ အမျိုးသမီးတစ်စုက (ပုပုတို့အဖွဲ့ဝင်တွေရော အပါအဝင်) ပြောသော စကားဖြစ်ပါကြောင်း …. ” ဟယ်တော့ အဆင်လေးနော် ”
အမှုတွဲတယ်=မကောင်းတာလုပ်ဖို့ အဖော်ညှိတယ်
အေးရာအေးကြောင်း = အေးအေးဆေးဆေး
အလန်းလေး = မိသည် မိုက်သည်
အားပေး= စားမယ်။ သောက်မယ်။ တစ်ခုခုလုပ်မယ်။ (ဒီည ဒင်နာကျရင် ငါသွား အားပေးလိုက်ဦးမယ်)
အမုန်းဆွဲ = အသားကုန် လုပ်သည်။

Do you use MyTel ?

Which mobile telephone company (or sim card company) do you use in Myanmar? MPT, Ooredoo, Telenor, or MyTel? Please me invite you to a brief survey.

အဘိဓာန်တွင် ရှာဖွေပါ -- Search

We have 20 guests and no members online

page views so far.