To A Better Health Article Collection

ပြည်ထောင်စု အဘိဓာန်

ကင်ဆာ ရောဂါ အကြောင်း ဗဟုုသုုတ

ကင်ဆာ ရောဂါ အကြောင်း ဗဟုုသုုတ အပိုုင်း၁

 

ကျွန်မ လောလော ဆည် ကင်ဆာ နဲ့ ပတ်သက် လိုု့ စာအုုပ် တစ်အုုပ် ဖတ် နေ ပါ တယ်။

ခေါင်စဉ် လေး က တော့ Tripping Over The Truth ပါ တဲ့။

အဓိပ္ဗါယ် က တော့ ကင်ဆာ နဲ့ ပတ် သက် ပြီး အမှန်တရား တစ်ခုု ပေါ် မှာ အမှတ် မထင် ချော်လဲ မိသွား တာ ဖြစ် ပါ တယ်။

ကင်ဆာ ရောဂါ သည် တွေ အတွက် မြှော်လင့် ချက် ကလေး တစ်ခုု လဲ ဖြစ် ပါ တယ်။

ဘယ်သူ မ ဆိုု ရောဂါ ပျောက် ကင်း ခြင် ကြ တာ အမှန် ပါ ပဲ။

အားလုုံး သိ ကြ တဲ့ အ တိုုင်း ကင်ဆာ ရောဂါ တွေ ဟာ တစ်နေ့ တခြား အလွန် ပဲ များ ပြား လာ နေ ပါ တယ်။

ကင်ဆာ အတွက် သုုတေသန တွေ လဲ အများကြီး လုုပ် ကြ ပါ တယ်။

သိုု့ ပါ သော် လည်း သုုတေသန တွေ ဟာ ကင်ဆာ မဖြစ် လာ ဖိုု့ ထက်၊ ဖြစ် လာ တဲ့ အခါ ကုု ဖိုု့ ဆေး မျိုးစုုံ ကိုု ရှာ ဖွေ နေ ကြ တဲ့ သုုတေသန များ သာ ဖြစ် ကြ ပါ တယ်။

ဘာကြောင့် လဲ ဆိုု တော့ ဆေး တွေ ရောင်း ရ မှ အမြတ် အစွန်း အများ ကြီး ကျန် မှာ ဖြစ် ပါ တယ်။ တစ်နှစ် ကိုု ဒေါ်လာ ကုုဋေပေါင်း များစွာ ဝင် နေ တဲ့ လုုပ်ငန်း တစ် ရပ် လိုု့ ဆိုု ရင် လဲ မမှား နိုုင် ပါ။

ရောဂါ မဖြစ်ရ အောင် သုုတေသန မလုုပ် ကြ တာ က လဲ ပိုုက်ဆံ ရ တဲ့ အလုုပ် မဟုုတ် တော့ ဘယ်သူ က မှ စိတ် မဝင်စား ကြ ပါ။

ကင်ဆာ အကြောင်း ကိုု ဗဟုုသုုတ အနေ နဲ့ နည်းနည်း ခြင်း တင် ပြ သွား မှာ ဖြစ် ပါ တယ်။

တစ်ခါ တည်း အများ ကြီး ရေး မယ် ဆိုု ရင် များ သော အား ဖြင့် လူ အတော် များ များ က ဆောင်းပါး အရှည် ကြီး ကိုု ဖတ် ဖိုု့ စိတ် မဝင် စား တတ် ကြ ပါ။

အခုု ဖတ် ထား တဲ့ စာ အုုပ် အရ ကျေးဇူးတော်ရှင် မြတ်စွာဘုုရား ဟော တော် မူ ခဲ့ တာ နဲ့ လဲ ကိုုက် နေ တာ ကြောင့် ကျွန်မ အ နေ နဲ့ က တော့ ယုုံ ကြည် ပါ တယ်။

ဘာ မ ဆိုု ဖြစ် နိုုင်၊ မဖြစ် နိုုင် ကိုု ကျွန်မ က တော့ ဘုုရား ဟော နဲ့ အမြဲ တိုုက် ကြည့် ပြီး စဉ်းစား လေ့ ရှိ ပါ တယ်။

သိုု့ ပါ သော် လည်း ကျွန်မ ပြော တိုုင်း အကုုန် ယုုံ ရ မယ် လိုု့ မဆိုု လိုု ပါ။

ကင်ဆာ ဖြစ် နေ တဲ့ လူ နာ တွေ ဖက် က စဉ်းစား ကြည့် မယ် ဆိုု ရင် လဲ ဘာမှ အရှုံး မရှိ နိုုင် ပါ။

ကျွန်မ အနေ နဲ့ ဘာ မှ အာမခံ နေ တာ လဲ မဟုုတ် ပါ။

ဗဟုုသုုတ အနေ နဲ့ သာ တင် ပြ နေ ခြင်း ဖြစ် ပါ တယ်။

လိုုက်နာ မယ်၊ မ လိုုက် နာ ဘူး ဆိုု တာ က တော့ မိမိ ဆုုံးဖြတ် ချက် ဖြစ် ပါ တယ်။

 

ကင်ဆာ ဗဟုုသုုတ အပိုုင်း၂

  

အရင်ဦးဆုုံး တရား သဘော နဲ့ ကင်ဆာ ကိုု ကြည့်ကြ ရ အောင်။

ကင်ဆာ ဟာ ဆိုုးသွမ်းသောင်းကျန်း ပြီး ကလာပ်စည်း စည်းမျဉ်း တွေ ကိုု မလိုုက်နာ တဲ့ ရုုပ်တရား များ ဖြစ် ကြ ပါ တယ်။

အင်္ဂလိပ်လိုု ပြောရ ရင် rogue cells ( cells that do not conform to a desired standard )

နောက်တစ်နည်း နဲ့ ပြော ပြ ရ မယ် ဆိုု ရင် စည်းကမ်း ဘောင် ထဲ မှာ မနေ တော့ ပဲ စည်းကမ်း မဲ့ ဖြစ် နေ ကြ တဲ့ ကလာပ် စည်း တွေ ဖြစ် ပါ တယ်။

ကျွန်မ တိုု့ ကျေးဇူး တော် ရှင် မြတ်စွာဘုုရား က ကလာပ်စည်း စည်းမျဉ်း တွေ ချ ပြ ခဲ့ ပါ တယ်။

စည်းမျဉ်းချ တယ် ဆိုု တာ အဓိပ္ဗါယ် အင် မ တန် ရှိ တာ ဖြစ် ပါ တယ်။ စည်း မျဉ်း အပြင် ထွက် နိုုင် လိုု့ ဖြစ် ပါ တယ်။ စည်း နဲ့ ကမ်း နဲ့ မ နေ ရင် ဒုုက္ခရောက် တတ် ပါ တယ်။

စည်းမျဉ်း တွေ က တော့ -----

၁. ကလာပ်စည်း တွေ ဟာ ဖြစ် ချိန် တန် ရင် အတူတူ တစ် ပြိုင် တည်း ဖြစ် ရ မယ်။

၂. သေ ချိန် တန် ရင် အတူတူ တစ် ပြိုင် နက် တည်း သေ ကြ ရ မယ်။

၃. တူ သော မှီ ရာ ရှိ ရ မယ်။

ဥပါဒါ ရုုပ် တွေ က မဟာဘုုတ် ၄ ပါး ကိုု မှီ ကြ ပါ တယ်။ မဟာဘုုတ်၄ ပါး ဟာ လဲ အချင်းချင်း ပြန် မှီ နေ ကြ ပါ တယ်။

၄. ဤ အင်္ဂါ သုုံး ချက် နဲ့ ညီစွာ အတူ တကွ ဖြစ် ခြင်း။

အဘိဓမ္မာ သင်ခါ စ က တော့ အလွတ် ကျက် တာ ပေါ့။

သေသေချာချာ လဲ မ စဉ်းစား မိ ပါ။

နောက် မှ ပြန် လည် သုုံး သပ် တဲ့ အခါ အင်မတန် အဓိပ္ဗါယ် ရှိ လှ ပြီး ရောဂါ တွေ ဖြစ် ကြ ရာ မှာ ၊ အထူး သဖြင့် ကင်ဆာ ရောဂါ တွေ ဖြစ် ကြ တဲ့ အခါ လက်တွေ့ ကျကျ စဉ်းစား လိုု့ လဲ ရ၊ အသုုံးချ လိုု့ လဲ ရ တာ မိုု့ အံ့သြ လိုု့ မ ဆုုံး ပါ။

မြတ်စွာဘုုရား ဟာ ဟော လိုုက် ရင် အဓိပ္ဗါယ် က အပြည့် ပါ ပဲ။

ကိုုယ် က သာ ဘယ် လိုု နား လည် နိုုင် သလဲ ဆိုု တာ ဉာဏ်သွားရင် သွား သ လောက် စဉ်းစား ကြည့် လိုု့ ရ ပါ တယ်။

မြတ်စွာဘုုရား က တိုုက်ရိုုက် ကြီး မ ဟော ခဲ့ ပေ မဲ့ လိုု့ ဉာဏ် ချဲ့ ပြီး စဉ်း စား ရ တာ အလွန်ကောင်း လှ ပါ တယ်။

အထူး သဖြင့် ကင်ဆာ ရောဂါ တွေ ကိုု အ တော် လေး နား လည် လာ နိုုင် ပါ တယ်။

စည်းမျဉ်း အတိုုင်း သာ ရုုပ် တရား အား လုုံး က လိုုက် နာ မယ် ဆိုု ရင် စည်းမျဉ်း ဆွဲ ခဲ့ စရာ တောင် အ ကြောင်း မရှိ ဘူး လိုု့ ကျွန်မ အ နေ နဲ့ မြင် ပါ တယ်။ 

စည်း မျဉ်း ဆွဲ ခဲ့ ပေး တယ် ဆုုိ က တည်း က စည်းမျဉ်း ဘောင် က နေ လွတ် ထွက် နိုုင် တဲ့ အခြေ အ နေ မျိုး ကိုု သိ တော် မူ လိုု့ ဖြစ် ပါ လိမ့် မယ်။

ရောဂါ မဖြစ် ဖိုု့၊ ရောဂါ သက် သာ ဖိုု့ မြတ်စွာဘုုရား ဟော တော် မူ ခဲ့ တာ တွေ ကိုု အခြေခံ ပြီး နေ ထိုုင် စား သောက် သွား မယ် ဆိုု ရင် အများ ကြီး အကျိုး ရှိ မှာ ဖြစ် ပါ တယ်။

အဓိက ရုုပ် တရား တိုု့ ရဲ့ အကြောင်း က တော့ -----

ကံ

စိတ်

ဥတုု

အာဟာရ 

ဖြစ် ပါ တယ်။

ဒီဘောင်ထဲ မှာ နေ ပြီး လိုုက် နာ မယ် ဆိုု ရင် သက်သာ ရာ ရ ကြ မှာ ဖြစ် ပါ တယ်။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း ၃

 

ကင်ဆာ ဖြစ် လာ ကြ တဲ့ အခါ ၊ လူတိုုင်း လိုုလိုု ပဲ နည်း မျိုးစုုံ နဲ့ အကုုသ ခံ ကြ ရ ပါ တယ်။

များသောအားဖြင့် လူနာ အတော် များ များ က လဲ ကြောက်လန့် ပြီး အစား အသောက် အနေ အထိုုင် ကိုု ပိုု ပြီး ဂရုုစိုုက် လာ ကြ တာ ကိုု လဲ တွေ့ ရ တတ် ပါ တယ်။ 

လူ တွေ က ဖြစ် လာ တော့ မှ ကြောက် ကြ တာ လေ။ မဖြစ်ခင် က တော့ ဘယ်လိုု ပဲ ပြော ပြော သိပ် ပြီး နားမဝင် အလေး မထား လေ့ ရှိ တတ် ကြ ပါ တယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုုရား ဟော တော် မူ ခဲ့ တဲ့ အတိုုင်း ဆိုု ရင် ရုုပ်တရား တွေ ရဲ့ ဖြစ် ကြောင်း လေး မျိုး မှာ မှာ အာဟာရ က လဲ ပါ နေ တာ ကိုု တွေ့ ရ ပါ တယ်။

သဘာဂ ဖြစ် တဲ့ အာဟာရ ( ကျန်းမာရေး အတွက် အကျိုးပြု မဲ့ အာဟာရ ) တွေ စား ရင် ကျန်းမာ တဲ့ ကလာပ်စည်း အသစ် တွေ ဖြစ် မှာပါ ပဲ။

ထိုု့ အတူ ဝိသဘာဂ (ကျန်းမာရေး အတွက် အကျိုးယုုတ် စေမဲ့ အာဟာရ ) တွေ စား မယ် ဆိုု ရင် မကျန်းမာ တဲ့ ကလာပ်စည်း တွေ ဖြစ် မှာ ဖြစ် ပါ တယ်။

မကျန်းမာ တဲ့ ကလာပ်စည်း တွေ ထဲ မှာ ကင်ဆာ ကလာပ်စည်း တွေ လဲ ပါ တယ် လိုု့ ပြော လိုု့ ရ ပါ တယ်။

အထူး သဖြင့် ကင်ဆာ ဖြစ် လာ တဲ့ အခါ ဘာ တွေ စား သင့် ပြီး ဘာတွေ ရှောင် သင့် သလဲ ဆိုု တဲ့ မေးခွန်း ပေါ် လာ ပါ တယ်။

မေးသင့် မေး ထိုုက် တဲ့ မေး ခွန်း လဲ ဖြစ် ပါ တယ်။

လူတွေ မေး ကြ တာ ကိုု လဲ သတိ ပြု မိ ပါ တယ်။

ဒီ လိုု အရေး ကြီး တဲ့ မေး ခွန်း တွေ မေး လာ တဲ့ အခါ များ သော အား ဖြင့် ဆရာဝန် တွေ ဖြေ လေ့ ရှိ တာ က တော့ ကြိုက် တာ စား၊ ကိုုယ် အလေး ချိန် တက် ရင် ပြီး ရော၊ ice cream, cookies, cakes တွေ လဲ ရ တယ်။

အထူးသဖြင့် ensure စသည်ဖြင့် အား ရှိ အောင် သောက် ဆိုု တာ အမြဲ ကြား နေ ရ ပါ တယ်။

တကယ်လဲ တိုုက် တာ ကိုု မျက်မြင် ကိုုယ်တွေ့ ဖြစ် ပါ တယ်။

အချို့ဆိုု ရင် မ သောက် နိုုင် လိုု့ နှာခေါင်း ထဲ ပိုုက် ထည့် ပြီး ensure တွေ ကိုု ပိုုက် က နေ အတင်း သွင်း တာ ကိုု လဲ မျက်မြင် ကိုုယ် တွေ့ ဖြစ် ပါ တယ်။

ကင်ဆာ ဆရာဝန် ပြော တဲ့ အတိုုင်း တသွေ မတိမ်း လိုုက် နာ ကြ တာ လေ။

ဘယ် လိုုမှ နား လည် အောင် လည်း ရှင်း ပြ လိုု့ မရ တော့ ပါ။

ကျွန်မ က လဲ ကင်ဆာ အထူးကုု မဟုုတ် တော့ ကျွန်မ စကား ဟာ ဘယ်နား က ဝင် ပြီး ညာ နား က ပြန် ထွက် သွား တာ ပေါ့၊

မမေး ဘူး တော့ မဟုုတ် ပါ။ မေး တော့ မေး ပါ တယ်။

သိုု့ ပါ သော် လည်း ပြော ပြ ရ တာ မော ပြီး အချိန် ကုုန် တာ သာ အဖတ် တင် သွား ပါ တယ်။ 

တကယ် တမ်း လက်တွေ့ မှာ တော့ နား မ ထောင် ပါ ဘူး။

ကျွန်မ လဲ နား လည် ပေး ပါ တယ်။ 

နောက်ဆုုံး မ တော့ ကိုုယ် လုုပ် ချင် တာ လုုပ် ကြ တာ ပါ ပဲ။

ကင်ဆာ ဆရာဝန် တွေ ညွှန် ကြားတဲ့ အတိုုင်း တသွေ မတိမ်း လိုုက် နာ ကြ တာ ပါ ပဲ။

ကျွန်မ ပြော ပြ မှာ ကိုု သေသေချာချာ နား လည် အောင် ထပ် ပြီး ပြော ပြ ဦး မှာ ဖြစ် ပါ တယ်။

ရ တာ၊ မရတာ က တော့ ကိုုယ့် ကံ အကြောင်း တရား ပါ ပဲ။

ယုုံ တာ၊ မယုုံ တာ က လဲ ကိုုယ့် ကံ ပါ ပဲ။

ကျွန်မ က ဘာ ကိုု အခြေခံ ပြီး ပြော ရ တာ လဲ ဆိုု ရင် 

German scientist Otto Warburg 1924 က ပြော ခဲ့ တာ ရယ်

Boston University Professor Thomas Seyfried ပြောခဲ့ တာ တွေ ကိုု ပြန် ဖတ် ပြီး သုုံးသပ် တင် ပြ သွား မှာ ဖြစ် ပါ တယ်။

ဒီ ပညာရှင် နှစ်ဦး ပြော ခဲ့ တာ တွေ အခုု ပြန် ပြီး အရေး ထား လာ တာ ကြ တာ ကိုု တွေ့ ရ ပါ တယ်။

အခြေခံ က တော့ ကင်ဆာ ရောဂါ ဟာ metabolic disease ပါ တဲ့။ 

Metabolism ဆိုု တာ က လဲ ခန္ဓာကိုုယ် ထဲ မှာ ရှိ တဲ့ the sum of all the chemical reactions တွေ ဖြစ် ပါ တယ်။

လူ တွေ နား လည် ရ အောင် ရှင်း ရှင်း လေး ပြော ပါ မယ်။

သကြား ဓာတ် ( ထမင်း၊ မုုန့်ဟင်းခါး ဖတ်၊ ခေါက်ဆွဲဖတ်၊ Fructose သကြား၊ sucrose , lactose သကြား ) အာ လူး ကိုု ကင်ဆာ ကလာပ်စည်း တွေ က သူတိုု့ စွမ်းအင်၊ သူ တိုု့ ကြီး ထွား ဖိုု့၊ သူတိုု့ ပြန့် ပွား ဖိုု့ မှာ အဓိက အသုုံးချ တဲ့ လောင်စာ ဖြစ် ပါ တယ်။

ဒီ သကြားဓာတ် ကိုု စား လိုုက် ရင် ကင်ဆာ ကလာပ်စည်း တွေ က လူဆိုုးတွေ မိုု့ ( rogue cells ) ပုုံ မှန် က လာပ် စည်း တွေ က မရ ဘဲ သူ တိုု့ က အကုုန် လုုံး ယူ ပြီး အသုုံးချ ပြစ် ကြ ပါ တယ်။

သူ တိုု့ ဆက်လက်ရှင်သန် ပြီး ကြီး ထွား ဖိုု့ သုုံး ပေ မဲ့ လိုု့ ခန္ဓာကိုုယ် အတွက် စွမ်း အင် ထုုတ် တဲ့ အခါ မှာ အရာ မ ရောက် ပါ။

ကင်ဆာ ကလာပ်စည်း တွေ ဟာ အောက်စီဂျင် မသုုံး ဘဲ fermentation process နဲ့ သွား တာ ကြောင့် ရ လာဘ် က တော့ lactic acid တွေ ဖြစ် ပြီး ခန္ဓာ ကိုုယ် က acidic ဖြစ် သထက် ဖြစ် လာပြီး ကင်ဆာကလာပ်စည်း တွေ အကြိုက် ပါ ပဲ။

ဒီ လိုု မျိုး အခြေ အ နေ မှာ ကင်ဆာကလာပ်စည်း တွေ ပိုု အားရှိ လာ ပြီး ပွား သ ထက် ပွား လာ ကြ ပြီ ပေါ့။

ဒါ ကြောင့် လဲ ကင်ဆာ လူ နာ ကုုိ ကြွေး ပေ မဲ့ တ ဖြေးဖြေး အား ယုုတ် ပြီး ကလာပ်စည်း စွမ်း အင် တွေ မထုုတ် နိုုင် ကြ တော့ လူ နာ တွေ သေ ကြ တာ လေ။

ဥဏှ တေဇောဓာတ် ပြတ် သွား တာ ( ဥသ္မာ ကိုုယ်ငွေ့ တေဇော )သေခြင်း အ ကြောင်း တစ်ခုု ဖြစ် တယ် လိုု့ ကျေးဇူးတော်ရှင် မြတ်စွာဘုုရား က ဟော တော် မူ ခဲ့ ပါ တယ်။

ဒီတော့ ကာ ကင်ဆာ ရောဂါ သည် များ ဘာ ကိုု အဓိက စား သင့် သ လဲ ဆိုု တဲ့ မေး ခွန်း မေး စရာ ဖြစ် လာ ပြီ ပေါ့။

၁. အရေး အကြီးဆုုံး က၊ကဆီဓာတ် ဖြစ် တဲ့ starches, carbohydrates, sugar in any shape or form including fruits ( fructose sugar ) and milk ( lactose sugar ) တွေ ဖြတ် ပြစ် သင့် ပါ တယ်။

ice cream, cookies, cakes , all kinds of energy drinks တွေ လဲ ပါ ပါ တယ်။

သကြား စား ရင် insulin တွေ ထွက် မယ်၊ Insulin ဟာ ကင်ဆာ ကလာပ် စည်း တွေ ကြီး ထွား စေ ပါ တယ်။

Fructose သ ကြား က ပိုု တောင် ဆိုုး သေး တယ်။ 

လူနာ တွေ သောက် နေ ကြ တဲ့ အား ဆေး ရည် မှာ fructose သကြား တွေ အများ ကြီး ပါပါ တယ်။

သိ ပေ မဲ့ လိုု့ ဒါ ကိုု ဘဲ သောက် ချင် တယ် ဆိုု လဲ ကိုုယ့် သဘော ပဲ ဖြစ် ပါ တယ်။

နှာ ခေါင်း ထဲ က နေ ပိုုက် နဲ့ အတင်း ထည့် ပြီး ကင်ဆာ ကလာပ်စည်း တွေ ကိုု ကြီး ထွား သန် စွမ်း စေ ချင် တယ် ဆိုု လဲ သဘော ပါ ပဲ။

ဆေးကုုမ္ဗဏီ တွေ က ကြော်ငြာကောင်း၊ ဆရာဝန် တွေ ကိုု လဲ ကိုုယ်စားလှယ် တွေ က သွား ပြီး ဘယ် လောက် ကောင်း တယ် ဆိုု တာ ပြော၊ ဆရာဝန် တွေ က လဲ အလွန် မအား ကြ တာ ကြောင့် သူ တိုု့ ကိုုယ် တိုုင် လေ့လာ ဖိုု့ အ ချိန် မ ပေး နိုုင်၊ နောက် ဆုုံး မ တော့ ဆေး ကုုမ္ဗဏီ တွေ ပြော တဲ့ အတိုုင်း ဖြစ် တော့ တာ ပါ ပဲ။ ဒီ အား ဆေး ရည် တွေ က လဲ ဆေးကုုမ္ဗဏီတွေ က ထုုတ် တာ ဖြစ် ပါ တယ်။

ကျွန်မ အ နေ နဲ့ က တော့ ဗဟုုသုုတ အ နေ နဲ့ တင် ပြ ခြင်း သာ ဖြစ် ပါ တယ်။

သောက် ရ မယ်၊ မ သောက် ရ ဘူး ဆိုု တာ ပြော ပိုုင် ခွင့် မရှိ ပါ။

၂. ဒါ ဆိုု ရင် ကင်ဆာ သမား တွေ ဘာ စား သင့် ပါ သလဲ?

အဓိ က၊ က တော့ အဆီ ဖြစ် ပါ တယ်၊ အသား လဲ အနည်း ငယ် စား လိုု့ ရ ပါ တယ်။

အဆီ ဆိုု တာ က တော့ ထောပတ် ( သကြား မထည့် ထား တဲ့ ထော ပတ် )Margarine မဟုုတ် ပါ။

ကြက်ဥ

ထောပတ် သီး

သံလွင်ဆီ

သံလွင် သီး

အုုံးဆီ။ အုုံးသီး ( medium chain fatty acids )

အဆီ နဲ့ အသား ကိုု ratio အချိုး အဆ အား ဖြင့် 4:1 ဖြစ် ပါ တယ်။

အသား မျိုး စုုံ အနည်း ငယ် စား လိုု့ ရ ပါ တယ်။

ဘာ ဖြစ် လိုု့ အဆီ ကိုု စား ခိုုင်း ရ တာ လဲ?

အဆီ ဟာ စွမး် အင် ထုုတ် တဲ့ အခါ မှာ သကြားဓာတ် ထက် အများ ကြီး ပိုု ပြီး ထုုတ် ပေး ပါ တယ်။

သူတိုု့ ရဲ့breakdown product က ketone bodies တွေ ဖြစ် ပါ တယ်။

Ketone bodies တွေ ဟာ ကင်ဆာ ကလာပ်စည်း တွေ အတွက် ကောင်း သော ပတ် ဝန်း ကျင် မဟုုတ် ပါ။

ကင်ဆာ ကလာပ်စည်း တွေ ဟာ ketone bodies တွေ ကိုု လုုံဝ အသုုံး မ ချ နိုုင် တာ ကြောင့် သူ တိုု့ ရဲ့ ကြီးထွား ရှင် သန် ရေး မှာ ရှေ့ ဆက် ပြီး မတက် နိုုင် ကြ ပါ။

ကင်ဆာ တွေ ပွား ရ အောင် သွေးကြော အသစ် တွေ ကိုု လဲ မ ထုုတ် လုုပ် နိုုင် တော့ ပါ။

ပုုံမှန် က လာပ် စည်း တွေ က တော့ အဆီဓာတ် ၊ ပရိုုတင်း ဓာတ်၊ ketone bodies တွေ ကိုု စွမ်းအင် အ ဖြစ် ကောင်း ကောင်း အသုုံး ချ နိုုင် ကြ ပါ တယ်။

ကဆီဓာတ်၊ သကြားဓာတ် တွေ ဖြတ် ပြီး အဆီ ၊ အသား ၊ အရွက် ( အသီး မပါ ) တွေ ကိုု စား ခြင်း ဖြင့် ကင်ဆာ ကလာပ် စည်း တွေ ရဲ့ ဆက် လက် ရှင် သန် မှု ကိုု ဖျက်စီး ပြစ် တာ ဖြစ် ပါ တယ်။

ကျွန်မ ဆိုု လိုု ချင် တာ က ဆေး ကုု တာ လဲ ကုု ပေါ့။

လူနာ အနေ နဲ့ ဆေး ကုု ရာ မှာ အောင် မြင် ဖိုု့ ဝိုုင်း ကူ လိုု့ ရ တယ် ဆိုု တဲ့ အချက် ကိုု ဆွေးနွေး ပြ နေ တာ ဖြစ် ပါ တယ်။

နောက် နေ့ တွေ မှာ ဆက် ပြီး ဘာ တွေ စား ရ မယ် ဆိုု တာ ဆက် ပြီး တင် ပြ သွား မှာ ဖြစ် ပါ တယ်။

အခုု လိုု တင် ပြ သွား တာ ဟာ လဲ စဉ်းစား ကြည့် ရင် လူ နာ ဖက် က သကြား ကိုု ဖြတ် ရ တာ က လွဲ လိုု့ ဘယ် လိုု မှ အ ရှုံး မရှိ နိုုင် လိုု့ တင် ပြ နေ ရ ခြင်း ဖြစ် ပါ တယ်။

နောက် ဆုုံး မ တော့ မိမိ ရောဂါ ကိုု ကုု တဲ့ အခါ မိမိ သဘော အတိုုင်း သာ ကုု ကြ ပါ။

ကျွန်မ အ နေ နဲ့ က တော့ ဗဟုုသုုတ အ နေ နဲ့ တင် ပြ ခြင်း မျှ သာ ဖြစ် ပါ တယ်။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း ၄--------

စိတ်ဝင်စားသူ များ အတွက်သာ ရည်ညွှန်း ပါ တယ်။

နိုုင်ငံခြား မှာ နေ သူ များ အတွက် သိုု့မဟုုတ် နိုုင်ငံခြား အဆက်အသွယ် ရှိ သူ များ သေသေချာချာ ကျကျနန လိုုက်နာ ပြီး လုုပ် ကြည့် ချင် တယ် ဆိုု ရင် 

Precision Xtra Blood Glucose and Ketone Monitoring System $ 31.17 ကိုု ဝယ် ပြီး တိတိ ကျကျ လုုပ် လိုု့ ရ ပါ တယ်။ 

on line ဝယ် လိုု့ ရ ပါ တယ်။ သူ က သွေး ထဲ မှာ ရှိ တဲ့ သကြားဓာတ် ရယ် ketone bodies တွေ ကိုု တိုုင်း တဲ့ ဟာ ဖြစ် ပါ တယ်။

၁. အရေး အကြီးဆုုံး က starches ကဆီဓာတ် ကိုု လျော့ ရ မှာ ဖြစ် ပါ တယ်။

ကျွန်မ တိုု့ မြန် မာ လူ မျိုး တွေ အတွက် က တော့ ထမင်းစား နေ ကျ၊ မုုန့်ဟင်းခါး၊ ခေါက်ဆွဲ ၊ အသုုတ်စုုံ စား နေ ကျ လူ တွေ ဆိုု တော့ ခက် ပါ လိမ့် မယ်။

သိုု့ ပါ သော် လည်း နောက်ဆုုံး မ တော့ ကဆီဓာတ် ကိုု ကောင်း တယ် လိုု့ မှတ် ထား တဲ့ သညာစေတသိက် ကိုု ပြန် လည် ပြု ပြင် ပေး လိုုက် ရင် ရ ပါ တယ်။

အစဦး မှာ တော့ ခက် မှာ အမှန် ပါ ပဲ။ ကဆီဓာတ် ကိုု ဖြတ် ခိုုင်း တာ ဟာ လဲ ကင်ဆာ ကုုနေဆဲ ကာ လ၊ ကင်ဆာ ကလာပ်စည်း တွေ အစုု လိုုက် အပြုံ လိုုက် ရှိ နေ တဲ့ ကာလ ကိုု ရည် ညွှန်း ပါ တယ်။ remission ရ တဲ့ အခါ အနည်း ငယ် ပြန် စား လိုု့ ရ ပါ တယ်။

အံ့သြ ဖိုု့ ကောင်း တာ က သညာစေတသိက် ကိုု ပြု ပြင် လိုု့ ရ တယ် ဆိုု တဲ့ အချက် ပါ ပဲ။ ခန္ဓာ ကိုုယ် ကြီး ကိုု ကိုုယ် ဖြစ် စေ ချင် တဲ့ အနေ အထား အတိုုင်း ပြု ပြင် လိုု့ ရ ပါ တယ်။

သွေးထဲ မှာ ရှိ တဲ့ သကြား ဓာတ် ကိုု 70-80- mg/dl

Ketones ကိုု 2-4 millimolar လောက် ရောက် အောင် စံချိန် ထား သင့် ပါ တယ်။ ( အထက် ဖော် ပြ ပါ စက် နဲ့ တိုုင်း ကြည့် လိုု့ ရ ပါ တယ်)

ယေဘူယျ အား ဖြင့် ကျန်းမာနေ တဲ့ လူ တစ် ယောက် မှာ blood glucose 100mg/dl အောက် မှာ ရှိ ပါ တယ်။

ketone bodies တွေ မရှိ ပါ။

အခုု ရည်ရွယ်ချက် က တော့ ကင်ဆာ ကလာပ်စည်း တွေ အတွက် မနေနိုုင် တဲ့ ပတ်ဝန်း ကျင်( hostile environment ) ဖြစ် အောင် လုုပ် ပြီး ပုုံမှန် က လာပ် စည်း တွေ အ တွက် က တော့ အေး ဆေး ပါ ပဲ။

ဆိုု လိုု ချင် တာ က blood glucose 70mg/dl

ketone bodies 2-4 millimolar

ရှိ တဲ့ ခန္ဓာ ကိုုယ် ရဲ့ ပတ် ဝန်း ကျင် ဖြစ် ပါ တယ်။

သွေး ကိုု မနက် အစောကြီး ဘာ မှ မစား ခင် တစ် ခါ ဖောက်၊ နေ့လည်စာ စား ပြီး ၂နာရီ ကြာ မှာ တစ် ခါ ဖောက် စစ် လိုု့ ရ ပါ တယ်။

အရေး အကြီး ဆုုံး က တော့ caloric restriction ဖြစ် ပါ တယ်။

ယျေဘူရ အား ဖြင့် အများ ထင် နေ ကြ တာ ကင်ဆာ လူနာ ဆိုု ရင် စား နိုုင် သ လောက် ကြွေး ၊ ရှိ သမျှ အကုုန် ကြွေး ဆိုု တာ ပါ ပဲ။

ကင်ဆာ လူ နာ တိုုင်း လိုု လိုု သကြား တွေ အလွန် များ တဲ့ အာဟာရ အရည် တွေ လဲ သောက် ကြပါ တယ်။

တစ်ဖက် က ကင်ဆာ ကလာပ်စည်း တွေ ကိုု chemotherapy အဆိပ် တွေ နဲ့ သတ်၊ နောက် တစ် ဖက် က လဲ ကင်ဆာ ကလာပ် စည်း တွေ ကြီးထွား ရှင် သန် စေ မဲ့ သကြားဓာတ် မျိုးစုုံ ကိုု လဲ ကြွေး ဆိုု တော့ ဒီ လိုု မျိုး အယူအဆ နဲ့ ဆေးကုု နည်း ဟာ စဉ်းစား စရာ ပါ ပဲ။

ဒါ နဲ့ပဲ ကင်ဆာ လူ နာ အများစုု ဟာ ဖြေးဖြေး လုုံးပါးပါး ပြီး သေ ကုုန် ကြ တာ ပါ ပဲ။

မသေ တဲ့ လူ တွေ လဲ ရှိ ပါ တယ်။ ဇနကကံ မကုုန် မချင်း မ သေ ပါ။ chemotherapy ကြောင့် မသေ တာ လိုု့ ထင် ရင် မှား ပါ လိမ့် မယ်။

ကင်ဆာ အမျိုးအစား လဲ တူ၊ staging လဲတူ၊ chemotherapy ပေး တာ လဲ တူ၊ အချို့ က အစော ကြီး သေ ပြီး၊ အချို့ က မ သေ ပါ။ဒါ ကိုု ထောက် ဆ ခြင်း ဖြင့် chemotherapy ကြောင့် မဟုုတ် နိုုင် ဘူး ဆိုု တာ ရှင်း နေ ပါ တယ်။

ပဋိသန္ဓေ နေ စဉ် က ပြစ် ချ လိုုက် တဲ့ ဇနကကံ အရှိန် ကြောင့် သာ ဖြစ် ပါ တယ်။ တစ် ယောက် နဲ့ တစ် ယောက် ကံ တွေ က မတူ ကြ ပါ။

ဒါ ကြောင့် လဲ ကျေးဇူးတော် ရှင် မြတ်စွာဘုုရား က ရုုပ် တရား တွေ ရဲ့ ဖြစ် ကြောင်း က ကံ၊ စိတ်၊ဥတုု၊ အာဟာရ ပါ တဲ့။

ကျွန်မ အခုု ပြော နေ တာ က အာဟာရ ကိုု မိမိ တိုုက် နိုုင် တဲ့ ဖက် က နေ ကင်ဆာ ကလာပ် စည်း တွေ မပွား လာ ကြ ရ အောင်၊ သေ ကုုန် ကြ ရ အောင် ကူ ညီ တဲ့ နည်း တစ် မျိုး ဖြစ် ပါ တယ်။

ကင်ဆာ ဗဟုုသုုတ ဆက် ပါ ဦး မည်။

 

ကင်ဆာရောဂါ ဗဟုုသုုတ အပိုုင်း ၅ --------

စားသင့် သော အစားအသောက် အကြမ်း အား ဖြင့် guideline or ညွှန်ကြားချက် များ-----

ဟင်းသီးဟင်းရွက် များ 

၁. ကညွှတ်

၂. ပန်းဂေါ်ဖီစိမ်း

၃. ပန်းဂေါ်ဖီ အထုုပ် သေးသေး လေး များ Brussels sprouts

၄. ဂေါ်ဖီထုုတ်

၅. ဂေါ်ဖီပန်း

၆. တရုုပ်နံနံ

ရ. သခွားသီး

၈. အစိမ်းရွက် များ ( ကိုုက်လန်၊ မုုန် ညင်း စသည် ဖြင့်)

၉ . မှို

၁၀. ကဇွန်းရွက် spinach

၁၁. Zucchini (ဘူးသီး အမျိုးအနွယ် ) squash

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုုပ်ပွ အချို၊ ခရမ်းချဉ်းသီး တွေ က တော့ သကြားဓာတ် နည်းနည်း များပါ တယ်။

နောက် မှ ဖြေးဖြေး ထည့် ပြီး စား ပါ။

အသီး တွေ ဆိုု ရင် ကော?

အသီးတွေဟာ fructose သကြား တွေ အလွန် များ ပါ တယ်။ fruit sugar တွေ ဖြစ် ပါ တယ်။ သရက်သီး၊ နာနတ်သီး၊ ဖရဲသီး တွေ မှာ သကြားဓာတ် အလွန် များ ပါ တယ်။

ကင်ဆာ ရောဂါ ရှိ သူ တွေ အတွက် က ပြဿနာ တစ် ခုု ဖြစ် ပါ တယ်။

ကင်ဆာကုု နေ ချိန် မှာ မစားပဲ နေ နိုုင်ရင် အကောင်းဆုုံး ပါ ပဲ။ စား ချင် တယ် ဆိုု ရင် လဲ အချို အပေါ့ ဆုုံး အသီး များ က ပိုု ပြီး သင့် တော် ပါ တယ်။

ဥပမာ --- strawberries, blueberries

သိုု့ ပါ သော်လည်း ဒီ အသီး တွေ ဟာ ပိုုးသတ်ဆေး တွေ နဲ့ မလွတ် ကင်း နိုုင် တာ ကြောင့် မစား ရင် တော့ ပိုု ကောင်း မယ် ထင် ပါ တယ်။

ပရိုုတင်းဓာတ် ( အသားဓာတ် )

Organic အသား တွေ ဝယ် လိုု့ ရ မယ် ဆိုု ရင် တော့ အကောင်းဆုုံး ဖြစ် ပါ တယ်။

အမဲသား

ဆိပ်သား၊ သိုုးသား

ဝက်သား

ကြက်သား

ငါး

ကြက်ဥ

နွားနိုု့၊ထောပတ်၊ဒိန်ခဲ

နွားနိုု့ ထဲ မှာ lactose သကြားဓာတ် ပါ နေ ပါ တယ်။ မသောက်ပဲ နေ နိုုင် ရင် ပိုု ကောင်း ပါ လိမ့် မယ်။

ထောပတ် ၊ Ghee ဒိန်ချဉ် သကြားရည်၊ ထန်းလျက်ရည် မပါ ပဲ စား လိုု့ ရ ပါ တယ်။

Nuts and oils

Almond

Brazil nuts

အုုန်းသီး အသား

pecans

Macadamia nuts

Walnuts

Flax seeds

ထောပတ်သီး နှင့် သံလွင်သီး စား သင့် ပါ တယ်။ အဆီဓာတ် ဖြစ် ပါ တယ်။

အဆီ နှင့် ဆီ များ 

ဝက်ဆီ

ထောပတ်၊ Ghee

အုုံးဆီ

Omega3 ဆီ ငါးမြင်း၊ Salmon

သံလွင်ဆီ

သောက်ရန် အရည် များ

ရိုုးရိုုးရေ က တော့ အကောင်း ဆုုံး ဖြစ် ပါ တယ်။

လဘက်ရည်ကြမ်း

ကော်ဖီကြမ်း

club soda

အုုန်းစိမ်းရေ

တစ်နေ့တာ စား ရန် ဥပမာများ ------

Breakfast

ကြက်ဥ ၂လုုံး ကိုု ထောပတ် နဲ့ ကြိုက် သလိုု ကြော်စား

အထက်ဖော်ပြ ပါ ဟင်းရွက် ထဲ က ကြိုက် ရာ ကိုု ပြုတ် စား

Bacon စား လိုု့ ရ ပါ တယ်။ ထောပတ်သီး တစ်ခြမ်း စား

အဆီ တွေ စား တာ ကြောင့် ဗိုုက် က လဲ အတော် ပြည့် သွား ပြီး တော်တော် နဲ့ မဆာ တော့ ပါ။

Lunch နေ့လည်စာ

Salad နှင့် ထောပတ်သီး

ကြက်သား၊ ငါး ၊

Dinner ညစာ

ငါး၊ ကြက်သား စသည် ဖြင့် ကြိုက်နှစ် သက် ရာ

ဟင်းရွက် တစ်ခုုခုု ကြိုက် ရာ ပြုတ် or steam

ထောပတ် ၊ သံ လွင်ဆီ

အခုု ဖော် ပြ တဲ့ ဟာ အကြမ်းဖြင်း အား ဖြင့် သာ ဖြစ် ပါ တယ်။ မိမိ ကြိုက် ရာ တီထွင် ပြီး အကျင့် လုုပ် ပြီး စား လိုု့ ရ ပါ တယ်။

သတိ --- တတ် နိုုင် ရင် တရုုပ်ငံပြာရည်၊ ဗမာငံပြာရည်၊ ငါးပိ စိမ်းစား၊oyster sauce, mushroom sauce, sauce မျိုးစုုံ မသုုံး ရင် ကောင်း ပါ တယ်။

ဥပါဒ် ပေး တတ် လိုု့ ဖြစ် ပါ တယ်။ fructose သကြား၊ အချို မှုံ့ စ သည် ဥပါဒ် ပေး နိုုင် သည့် additives များ ပါ လိုု့ ဖြစ် ပါ တယ်။

အစား အသောက် ကိုု သူ့ သဘာဝ အတိုုင်း လေး သာ စား ကြည့် ပါ။

အလွန် အရသာ ရှိ ပြီး ကြိုက် လာ ပါ လိမ့် မယ်။

 

ကင်ဆာဗဟုုသုုတ အပိုုင်း၆ ------

ကင်ဆာ ရောဂါ ဆိုု တာ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ် ပါ တယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုုရား ဟော တော် မူ ခဲ့ ပါ တယ်။

၁ အကြောင်း တစ်ခုု တည်း ကြောင့် အကျိုး တွေ အများကြီး မဖြစ်။

၂. အကြောင်း တွေ အများကြီး ကြောင့် အကျိုး တစ်ခုု တည်း မ ဖြစ်။

၃. အကြောင်း တစ်ခုု တည်း ကြောင့် အကျိုး တစ် ခုု တည်း မ ဖြစ်။

၄. အကြောင်း တွေ အများကြီး ကြောင့် အကျိုး တွေ အများ ကြီး ဖြစ် ပါ တယ်။

ကင်ဆာ ကလာပ်စည်း တွေ ဟာ စည်းကမ်းမဲ့၊ ကလာပ်စည်း စည်းမျဉ်း တွေ ကိုု မလိုုက် နာ တဲ့ ဆိုုးသွန်း သောင်း ကျန်း နေ သော ကလာပ်စည်း များ ဖြစ် ကြ ပါ တယ်။

ပွားချင်သလိုု ပွား၊ သေချိန် တန် မသေ ကြ ပြီး နောက်ဆုုံး မ တော့ ခန္ဓာကိုုယ် က ရှိ သမျှ အာဟာ ရ တွေ ကိုု ယူ ပြီး ခန္ဓာကိုုယ် အတွက် ထိ ရောက် စွာ စွမ်းအင် မထုုတ် ပေး နိုုင် တာ ကြောင့် လူ လဲ ဥဏှတေဇောဓာတ် ပျက်ပြား ပြီး သေ ရ ခြင်း ဖြစ် ပါ တယ်။

ခေတ် မီ ဆေး ပညာရှင် သိ ထား တဲ့ အချက် တွေ က တော့-----

၁ ဗီဇ အပြောင်းအလွဲ genetic mutation ကြောင့် ကင်ဆာ ဖြစ် ရ ခြင်း

၂. စိတ် Stress ခေါ် စိတ် ဖိဆီး မှု များ တာ ကြောင့် ကင်ဆာ ဖြစ် ရ ခြင်း

၃. အာဟာရ နှင့် ပတ်ဝန်းကျင် အဆိပ် များ ကြောင့် ကင်ဆာ ဖြစ် ရ ခြင်း

ကိုု သိ ကြ ပါ တယ်။

ကျွန်မ တိုု့ ကျေးဇူးတော်ရှင် မြတ်စွာဘုုရား က တော့ ရုုပ်တရား တွေ ရဲ့ ဖြစ် ကြောင်း က -----

ကံ၊ စိတ်၊ ဥတုု၊ အာဟာရ ပါ တဲ့။

ကံ ဆိုု တာ က ပဝတ္တိ ကုုသိုုလ်၊ အကုုသိုုလ်အကျိုး ကြောင့် ကမ္မဇရုုပ် ဖြစ် တဲ့ ကာယပသာဒရုုပ် မှာ ရှိ တဲ့ ဗီဇ တွေ အပြောင်း အလွဲ ဖြစ် ခြင်း genetic mutation

စိတ် ကိုု လဲ အဓိက အကြောင်း တစ် ခုု အနေ နဲ့ ဟော ခဲ့ ပါ တယ်။

ဥတုု ကိုု အဓိက အကြောင်း တစ်ခုု အနေ နဲ့ ဟော ထား တာ ကိုု တွေ့ ရ ပါ တယ်။

ခေတ်မီ ပညာရှင် တွေ ဒီ အချက် ကိုု အလေးထား ပြီး ပြော သံ မကြား သေး ပါ။

ဥတုု ဆိုု တာ က တော့ ခန္ဓာကိုုယ်တွင်း သီတ လိုု့ ခေါ် တဲ့ အအေးဓာတ် နဲ့ ဥဏှ လိုု့ ခေါ် တဲ့ အပူဓာတ် မျှ တ နေ ခြင်း ဖြစ် ပါ တယ်။

အဓိက အပူဓာတ် က တော့ ဇိရဏတေဇောဓာတ် ဖြစ် ပါ တယ်။

ဝိသုုဒ္ဓိမ၈် အရ ဇိရဏတေဇောဓာတ် ချို့ ယွင်း ရင် ခန္ဓာကိုုယ် ခုုခံအား ကျ ဆင်း ပါ သတဲ့။

ဆိုု လိုု ချင် တာ က တော့ ခုုခံအားကျ ဆင်း ရင် ရောဂါ မျိုးစုုံဝင် မယ်

အခုုခေတ် မှာ အစုု လိုုက် အပြုံ လိုုက် ဖြစ် နေ ကြ တဲ့ B ပိုုး၊ C ပိုုး၊ TB၊ ကင်ဆာ လဲ ပါ သ ပေါ့။ 

ဘာ ကြောင့် လဲ ဆိုု တော့ ကင်ဆာ ဆိုု တာ disease of the immune system ဖြစ် ပါ တယ်။

ခုုခံ အား ကျ ဆင်း တာ နဲ့ အမျှ ကင်ဆာ ကလာပ်စည်း တွေ ကိုု ခန္ဓာကိုုယ် က မသုုတ် သင် နိုုင် တော့ ပဲ ပွား ချင် တိုုင်း ပွား ပြီ ဖြစ် ပါ တယ်။

ဇိရဏ တေဇော ဓာတ် ဆိုု တာ က လဲ thyroid hormone ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ ကင်ဆာ လူ နာ တွေ အတော် များများဟာ တေဇောဓာတ် ချို့ တဲ့ နေ တာ ကိုု တွေ့ ရ ပါ တယ်။

မျက်စိ အောက် မှာ ဖြစ် နေ ပေ မဲ့ လိုု့ မြင် တတ်၊ ကြည့် တတ် မှ မြင် တတ် ပါ တယ်။

ကျေးဇူးတော် ရှင်မြတ်စွာဘုုရား ဟာ ဘယ် တော့ မှ မမှား ပါ။

အခုု ခေတ် မှာ လဲ ခေတ် ကြီး ဟာ ပြောင်း လဲ လာ တာ နဲ့ အလိုုက် လူ အတော် များ များ ဟာ လည်း ဒီ တေဇောဓာတ် ချို့ ယွင်း လာ ကြ ပါ တယ်။

သိုု့ ပါ သော် လည်း အကြောင်း အမျိုး မျိုး ကြောင့် ထိရောက် တဲ့ ကုုသ မှု ကိုု မရ ကြ ပါ ဘူး။

ကင်ဆာ ရောဂါ တွေ ကြောက်စရာ ကောင်း လောက် အောင် များ လာ တာ အံ့သြ စရာ မရှိ တော့ ဘူး လိုု့ ထင် ပါ တယ်။

နောက်ဆုုံး အာဟာရ က တော့ အား လုုံး သိ ပြီး ဖြစ် ပါ တယ်။

မသင့် တော် တဲ့ အာဟာရ ဟာ မကျန်းမာ တဲ့ ကလာပ်စည်း ကိုု ပဲ ဖြစ် စေ မှာ ဖြစ် ပါ တယ်။

အခုု လိုု ရေး ပေး တာ ကျွန် မ ၏ သုုံးသပ် ချက် သာ ဖြစ် ပါ တယ်။

အကြွင်း မဲ့ ယုုံ ရ မယ် မ ဆိုု လိုု ပါ။

ဉာဏ် မှီ သ လောက် တင် ပြ နေ ရ ခြင်း သာ ဖြစ် ပါ တယ်။

ယုုံ တာ၊ မယုုံ တာ က တော့ မိမိ သဘော ဖြစ် ပါ တယ်။

အရေးကြီး တဲ့ အချက် ကလေး တစ် ခုု တင် ပြ ပါ ရ စေ။

အစား အစာ နည်း နည်း စား သူ ဟာ ပိုု ကျန်းမာ တယ်။

များများ စား သူ ဟာ ရောဂါ မျိုးစုုံ ဝင် တတ် ပါ တယ်။ အထူးသဖြင့် ဆိုုင် တွေ မှာ တစ် ချိန် လုုံးဝယ်စား နေ သူ များ ပေါ့။ မီးဖိုု ချောင် ထဲ မှာ သူ တိုု့ ဘာ တွေ သုုံး တယ် ဆိုု တာ လုုံးဝ မသိ နိုုင် ပါ။

ကင်ဆာ ရောဂါ သည် မိုု့ ရှိ သမျှ ဖိ ကြွေး ဆိုု တာ မဟုုတ် ပါ။ သကြား တွေ ဖိကြွေး ရင် ဒုုက္ခ ဖြစ် ပါ ပြီ။

ဘာ တွေ ကြွေး သလဲ ဆိုု တာ အများကြီး စကား ပြော ပါ တယ်။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း ၇ --------

ကင်ဆာ ရောဂါ ကိုု အပြုတ် တိုုက် မယ် ဆိုု တာ အမေရိကန် သမ္မတ President Nixon ခေတ် က ကြုံးဝါး ထား တာ နှစ် ပေါင်း များစွာ ကြာ ခဲ့ ပါ ပြီ။

သိုု့ ပါ သော် လည်း childhood leukemias များ မှ လွဲ ပြီး လုုံးဝ မ အောင် မြင် ခဲ့ ပါ။

တစ်နေ့ တခြား ကင်ဆာ ရောဂါ တွေ ဟာ များ သ ထက် များ လာ ပြီး၊ အချို့ အ လွန် ကံ ကောင်း သူ တွေ မှ လွဲ လိုု့ သေ လိုုက် ကြ တာ အတုုန်း အရုုံး ပါ ပဲ။

ဆရာဝန် ကြီး တွေ လဲ ပါ သ ပေါ့။

သူ တိုု့ သုုတေသန လုုပ် တယ် ဆိုု တာ က လဲ၊ ဖြစ် လာ ရင် ကုု ဖိုု့ ဆေး အသစ် တွေ ကိုု သာ တီထွင် ခြင်း ဖြစ် ပါ တယ်။

ကင်ဆာ မ ဖြစ် အောင် ဘာ တွေ လုုပ် သင့် တယ် ဆိုု တာ ဘယ် သူ မှ တောင် စကား ထဲ ထည့် မ ပြော ကြ ပါ။

နောက် ပိုုင်း ထွက် တဲ့ ကင်ဆာ ဆေး တွေ က စျေး မတရားကြီး ပြီး၊ ကင်ဆာ လည်း မ ပျောက်။ မသကာ၊ ကံ ကောင်း ရင် လေးလ လောက် ပိုု နေ ရ မှာ ဖြစ် ပါ တယ်။ အခုု ဆိုု ရင် ကင်ဆာ ကုု ဖိုု့ အနည်း ဆုုံး တစ်နှစ် ကိုု ဒေါ်လာ နှစ် သိန်း လောက် ကုုန် ကျ ပါ တယ်။

ဆိုု လိုု ချင် တာ က တော့ -----

Surgery ခွဲ စိတ် တာ ရယ်

Chemotherapy ရယ်

Radiation ရယ်

ဒီ လိုု ဘဲ ကုု နေ ကြ တာ အတုုန်း အရုုံး သေ နေ ကြ ပြီး၊ ကင်ဆာ ဖြစ် နှုံး က လဲ တစ်နေ့ ထက် တစ်နေ့ များ လာ တယ် ဆိုု ထဲ က၊ ဒီ နည်း ဟာ တစ် နေ ရာရာ တော့ မဟုုတ် တော့ ဘူး ဆိုု တာ ထင် ရှား နေ ပါ တယ်။

ကျွန်မ က တော့ ကျေးဇူး တော် ရှင် မြတ်စွာဘုုရား ဟော တော် မူ ခဲ့ တဲ့ ကံ၊ စိတ်၊ ဥတုု၊ အာဟာရ ပေါ် မှာ ပဲ အခြေ ခံ ပြီး နေ သွား မှာ ဖြစ် ပါ တယ်။

မြတ်စွာဘုုရား ဟော ခဲ့ တာ လုုံးဝ မ မှား နိုုင် ပါ။

အထူး သဖြင့် ဥတုု နဲ့ အာ ဟာ ရ ပေါ့။

သဘာဂ ဖြစ် တဲ့ ဥတုု နဲ့ အာဟာရ ကိုု ကြိုးစား ပြီး မ ဖြစ် မနေ လုုပ် ယူ မှာ ပေါ့။

မဖြစ်ခင် က ကာ ကွယ် တာ ကောင်း ပါ လိမ့် မယ်။ ဖြစ် လာ ပြီး မှ၊ အထူး သဖြင့် ကင်ဆာ ကလာပ်စည်း တွေ ထိန်း မနိုုင်၊ သိမ်း မရ တစ် ကိုုယ် လုုံး ပျံ့ တဲ့ အခါ မလွယ် တော့ ပါ။

ဖြစ် လာ ပြီး ရင် တော့ ကုုိယ် လဲ ပဲ Surgery, Chemotherapy, Radiation ထဲ ပါ သွား ဖိုု့ များ ပါ တယ်။

ဒီ နည်း နဲ့ ကုု ပေ မဲ့ လိုု့ သေ လိုုက် ကြ တာ အတုုန်း အရုုံး ပါ ပဲ။

မနေ့ က တောင် TV personality တစ်ယောက် ကင်ဆာ နဲ့ အသက် ၅၅ နှစ် မှာ ဆုုံး သွား ရှာ တယ်။

နောက် တစ် ယောက် က ရင်သား ကင်ဆာကိုု အဆိပ် တွေ နဲ့ ကုု နေ ဆဲ ဖြစ် ပါ တယ်။

သေသေချာချာ စဉ်းစား ကြည့် ရင် အ တော် တရား ကျ စရာ ပါ ပဲ။

အေး လေ၊ ကင်ဆာ industry ဟာ တစ်နှစ် ကိုု ဒေါ်လာ ကုုဋေပေါင်း များစွာ ဝင် တယ် ဆိုု တော့ လဲ စီးပွားရေး အရ၊ သူ တိုု့ က လဲ ဒီ အတိုုင်း ဘဲ ကုု နေ တော့ မှာ ဖြစ် ပါ တယ်။

ဒါ ကြောင့် ကိုုယ် က ဗဟုုသုုတ ရှိ ရင် နည်း နည်း ခံ သာ ပါ လိမ့် မယ်။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း ၈ ----

ကျွန်မ လဲ ဒီ နေ့ ပဲ Pancreas cancer ဖြစ် နေ တဲ့ မြန်မာပြည် မှ အမျိုး သမီး နဲ့ ထပ် ပြီး ဆက်သွယ် မိ ပါ တယ်။ သူ က လောလော ဆည် USA မှာ ရောက် နေ ပါ တယ်။

လောက ကြီး ကိုု လည်း ပိုု ပြီး ငြီးငွေ့ လာ ပါ တယ်။ လောဘ၊ ဒေါသ၊ မောဟ တွေ လေ။ ဒါ တွေ က ပဲ လွှမ်း မိုုး နေ တာ ဖြစ် ပါ တယ်။

ကျွန်မ ကိုု အကူ အညီ တောင်း ပြီး သဘာဝ ကုု တဲ့ ဆရာဝန် တွေ ကိုု စုုံစမ်း ခိုုင်း တာ အဆမတန် စျေး ကြီး တာ ကြောင့် မ တတ် နိုုင် ပါ တဲ့။

ဟုုတ် ပါ တယ်။ ဒီ သဘာဝ ဆရာဝန် တွေ က လဲ စျေး ကိုု အဆ မ တန် တင် ထား ကြ တော့ သူ တိုု့ နဲ့ စ ပြီး စကား ပြော ဖိုု့ ဟာ ဆရာဝန် နာ မည် ကြီး တဲ့ ပေါ် မှာ မူ တည် ပြီး ဒေါ်လာ ၂၀၀၀ က နေ ၃၀၀၀ ကြား မှာ ရှိ ပါ တယ်။

Initial consultation လိုု့ ခေါ် ပါ တယ်။

ဒါ နဲ့ လဲ မပြီး သေး ဘူး လေ၊ နောက် ဆက်တွဲ တွေ က အများ ကြီး လာ ဦး မှာ ဖြစ် ပါ တယ်။

သူ တိုု့ က များ သော အား ဖြင့် health insurance ကိုု လက်မခံ ကြ ပါ။ အား လုုံး အိပ် စိုုက် ကြီး ပဲ ဆိုု တော့ တော်ရုုံ လူနာ က လဲ များသော အား ဖြင့် မတတ် နိုုင် ပါ။

တော်ရုုံ ပိုုက်ဆံ နဲ့ မရ ပါ။ ငွေ ကိုု အထုုတ် လိုုက် ရှိ မှ၊ အတော် ချမ်းသာ ကြွယ်ဝ မှ တတ် နိုုင် မှာ ဖြစ် ပါ တယ်။

သူ တိုု့ တွေ ထုုတ် တဲ့ ဓာတ်စာ တွေ က လဲ အလွန် စျေးကြီး ပါ တယ်။ နောက်ဆုုံး မ တော့ အား လုုံး က ပိုုက်ဆံ ပါ ပဲ။

ဒါ နဲ့ ပဲ သူ က နာမည်ကြီး ကင်ဆာဆေးရုုံ မှာ သွား ပြ ပါ သတဲ့။

chemotherapy စ ပြီး ပေး ပါ တယ်။

ပထမ နှစ်ခါ ပေးစဉ် တုုန်း က လူ က အတော်နုုံး တာ မိုု့ အတော်လေး ခံ ရ ပါ တယ် တဲ့။

သူ က မေး ပါ တယ်။ antioxidants တွေ သောက်စရာ လိုု ပါ သလား လိုု့။

ကင်ဆာ အထူးကုု က မလိုု ပါ ဖူး လိုု့ ပြော ပါ သတဲ့။ သောက် ချင် သပ ဆိုု ရင် ရိုုးရိုုး ဗီ တာ မင် လောက် နဲ့ ရ တယ် တဲ့။

Antioxidants သောက် ထား တဲ့ လူ ဟာ chemotherapy ရ တဲ့ အခါ မှာ ပုုံမှန် ကလာပ်စည်း တွေ က ပိုု ပြီး ခံ နိုုင် ပါ တယ်။ လူ လည်း ဒီ လောက် နုုံး မကျ သွား ဖူး ပေါ့။

Chemotherapy က ကင်ဆာ ကလာပ်စည်း တွေ ရော၊ ပုုံ မှန် ကလာပ်စည်း တွေ ပါ အကုုန် လုုံး ကိုု သိမ်း ကြုံး ပြီး သတ် တော့ မှာ လေ။

အထူး သဖြင့် ရိုုး တွင်း ချဉ်ဆီ၊ အူ ထဲ မှာ ရှိ တဲ့ ကလာပ်စည်း တွေ စ သည် ဖြင့် ပေါ့။ Turnover မြန် တဲ့ ကလာပ်စည်း တွေ အထိ အနာ ဆုုံး ဖြစ် ပါ တယ်။

ကင်ဆာ ဖြစ် တယ် ဆိုု တည်း က နဂိုု ခန္ဓာကိုုယ် ခုုခံအား မ ကောင်း လိုု့ ဖြစ် တာ လေ။

ပိုု ဆိုုး တာ က Vitamin D3 level လုုံးဝ တောင် မ တိုုင်း ပါ။

အလွန် အရေးကြီး တဲ့ thyroid profile တေဇောဓာတ် လည်း မ စစ် ပါ။

ကောင်း တဲ့ ပိုုး တွေ လဲ ပါ ကုုန် မှာ ဆိုု တော့ Probiotics နဲ့ ပြန် ဖြည့် ရ မှာ ပါ ပဲ။

ခက်တာ က ကင်ဆာ အထူးကုု တွေ ဟာ သူတိုု့ ကိုု အထက် က ချ မှတ် ထား တဲ့ အတိုုင်း သာ ကုု ခွင့် ရှိ ပါ တယ်။

Guidelines, Protocols တိုု့ ပေါ့။ ဒီ က နေ အပြင် ထွက်ခွင့် မရှိ ပါ။

ဒီ နေ ရာ မှာ တည်း က စျေးကွက် ကိုု ယူ ထား လိုုက် ပြီ ဖြစ် ပါ တယ်။

နောက် ဆုုံး မ တော့ ဒါ တွေ ရဲ့ အရင်း ခံ ဟာ လဲ ကင်ဆာ ဆေး တွေ ထုုတ် တဲ့ ကုုမ္ဗဏီ ကိုုယ်စား ပါမောက္ခ ကြီး တွေ ဆီ က လာ တာ ဖြစ် ဖိုု ့များ ပါ တယ်။

သူတိုု့ တွေ ပဲ ဒီ guidelines တွေ ကိုု ရေး ကြ တာ လေ။

ဆေး တွေ သုုံး ပြန် ရင် လဲ ဒီ ဆေး တွေ ပေါ် မှာ ဆေးရုုံ ဖြစ်စေ၊ ဆေး ခန်း ဖြစ် စေ၊ ကော်မစ်ရှင် က လဲ ထပ် ရ တယ် လိုု့ ကြား ပါ တယ်။ ဖြစ် ဖိုု့ လဲ အတော် များ ပါ တယ်။

chemotherapy ကိုု ဘယ် လိုု ပြေး လိုု့ လွတ် တော့ မှာ လည်း လိုု့။

အကောင်း ဆုုံး က တော့ မဖြစ် အောင် ကြိုးစား ပြီး နေ၊ ဖြစ် လာ ရင် တော့ မလွယ်ပါ။ လူ တွေ က မဖြစ်သေး သမျျ လုုံးဝ မ ကြောက် ကြ ပါ၊ ဖြစ် လာ ပြီ ဆိုု မှ သေ အောင် ကြောက် ကြ တာ လေ။

ကျွန်မ က ဗဟုုသုုတွေ ကိုု မှန်မှန် တင် ပေး နေ ပါ တယ်။

ဒါတွေ ကိုု ကြား ချင် လိုု့ သဘာဝ ဆရာဝန် နဲ့ သွား တွေ့ ရင် ပိုုက်ဆံ တွေ အများ ကြီး ကုုန် မှာ ဖြစ် ပါ တယ်။

အလကား ရ နေ တဲ့ နေရာ သိ ရဲ့ သား နဲ့ ဖတ်ရ မှာ ပျင်း တယ်၊ စိတ်မဝင်စား ဖူး ဆိုု ရင် လဲ ကံ အကြောင်း တရား ပါ ပဲ။

ကင်ဆာ လုုပ်ငန်းရှင် တွေ ဟာ ရွှေဥ မှန်မှန် ဥ ပေး နေ တဲ့ ဘဲငန်း ကြီး ကိုု ဘယ် လိုု မှ သေ အောင် သတ် လိမ့် မယ် မ ထင် ပါ။

ကျွန်မ ပြော တာ အကြွင်း မဲ့ ယုုံ ရ မယ် လည်း မ ဆိုု လိုု ပါ။

ကျွန်မ အ နေ နဲ့ ဗဟုုသုုတ အ ဖြစ် တင် ပြ နေ ခြင်း ဖြစ် ပါ တယ်။

ကျွန်မ က တော့ ကျေးဇူး တော်ရှင် မြတ်စွာဘုုရား ဟော တော် မူ ခဲ့ တဲ့ တရား တွေ ရယ်၊ သဘာဝ နည်း တွေ ရယ် ပေါင်း စပ် ပြီး တင် ပြ နေ ခြင်း သာ ဖြစ် ပါ တယ်။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း၉

ကင်ဆာ ရောဂါ သည် များ အတွက် နောက် အရေး ကြီး တဲ့ အချက် က ခန္ဓာ ကိုုယ် မှ အဆိပ် များ ကြိုးစား ပြီး ထုုတ် ပြစ် ခြင်း ဖြစ် ပါ တယ်။ 

အင်္ဂလိပ် လိုု detoxification ဖြစ် ပါ တယ်။

မြန်မာပြည် မှာ နေ ကြ တဲ့ လူနာ တွေ အတွက် သင့် တော် မဲ့ ၊ လုုပ် နိုုင် ကြ မဲ့ နည်း တွေ ကိုု ပဲ ဖော် ပြ လိုုက် ပါ တယ်။

၁. ဝမ်း မှန်မှန် သွား ခြင်း

အရေး ကြီး ဆုုံး က တော့ ဟင်းရွက် မျိုးစုုံ အရည် သောက် ခြင်း သိုု့မဟုုတ် စား ခြင်း

ဟင်း ရွက် မျိုးစုုံ ဟာ high fiber content ကြောင့် အူမ ကြီး ထဲ မှာ အညစ် အကြေး များ နဲ့ ပေါင်း ပြီး ဝမ်းအ နေ နဲ့ ထုုတ် ပြစ် လိုုက် ပါ တယ်။

ကျင်ကြီး ဆိုု တာ က လဲ ခန္ဓာ ကိုုယ်အဆိပ် တွေ ဖြစ် ပါ တယ်။

ဝမ်းချုပ် ရင် နေမကောင်း ပါ။ 

အဆိပ် တွေ ကိုု မ ထုုတ် နိုုင် လိုု့ ဖြစ် ပါ တယ်။

ဝမ်း မှန်မှန် သွား ခြင်း ဟာ အဆိပ် တွေ ထုုတ် ပြစ် ခြင်း ဖြစ် ပါ တယ်။

( တေဇောဓာတ် ချို့ ယွင်း နေ ရင် လဲ အလွန် ဝမ်း ချုပ် တတ် ပါ တယ် )

၂. ချွေး ထွက် စေ ခြင်း

ချွေး ထွက် ခြင်း အား ဖြင့် ခန္ဓာကိုုယ် မှ အဆိပ် များ ထွက် ပါ တယ်။

သတိ ထား ကြည့် မယ် ဆိုု ရင် ကျွန်မ တိုု့ မြန်မာ လူ မျိုး တွေ ချွေး သိပ် မ ထွက် တတ် ကြ ပါ။

နေ ဘယ် လောက် ပူပူ၊ အင်္ကျ ီ လက်ရှည် ဝတ် ထား ပေ မဲ့ ချွေး ထွက် တာ ကိုု မ တွေ့ တတ် ပါ။ ဒါ ကိုု ထောက် ဆ ခြင်း အား ဖြင့် တေဇောဓာတ် ချို့ ယွင်း နေ ခြင်း ဖြစ် ပါ တယ်။

ပိုုက်ဆံ တတ် နိုုင် တဲ့ သူ တွေ ဆိုု ရင် SAUNA သုုံး ရ မှာ ဖြစ် ပါ တယ်။

လေ့ကျင့်ခန်း လုုပ် တဲ့ နေရာ တွေ မှာ ရှိ ပါ တယ်။

ကျွန်မ တိုု့ မြန်မာ တွေ သုုံးလေ့ မရှိ တာ ကိုု သတိ ထား မိ ပါ တယ်။

အကောင်း ဆုုံး အဆိပ် ထုုတ် နည်း ဖြစ် ပါ တယ်။

၃. လေ့ ကျင့် ခန်း လုုပ် ခြင်း။

လမ်း ခပ်သုုတ်သုုတ် လျောက် ခြင်း

ချွေး ထွက် လာ တဲ့ အထိ လျောက် ခြင်း ဖြစ် ပါ တယ်။

၄ နံနံပင် ဟာ လဲ အဆိပ် တွေ ထုုတ် ပေး ပါ သ တဲ့။

ချွေး ထွက် နိုုင် ကြ ပါ စေ။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း ၁၀ -----

အနာက်နိုုင်ငံ မှာ ကင်ဆာ ရောဂါ ဖြစ် လာ တဲ့ အခါ သမရိုုးကျ ကုု တဲ့ ကင်ဆာ အထူးကုု ( အများစုု ) Conventional Oncologist အ ပြင် ၊

Integrative Oncologist လိုု့ ခေါ် တဲ့ ဘက်ပေါင်းစုုံ ( chemotherapy, nutrition, antioxidants/ vitamins ) ကိုု ညှိ ပြီး အဆင်ပြေ သွား အောင် ကုု သူ များ ( လူ နည်းစုု ) လည်း ရှိ ကြ ပါ တယ်။

လူနာ အများစုု ဟာ တော့၊ ကုုရိုုးကုုစဉ် Conventional Oncologist တွေ လက် ထဲ ပဲ ရောက် သွား ကြ တာ များ ပါ တယ်။

စာဖတ်သူ၊ မေးခွန်းမေးတတ်တဲ့သူ၊ အသစ် အဆန်း တွေ စမ်း ကြည့် ရ မှာ မ ကြောက် သူ များ က တော့ ဘက်ပေါင်းစုုံ ကိုု ညှိ ပြီး၊ ကုု တဲ့ ဆရာဝန် တွေ ဆီ ရောက် သွား တတ် ပါ တယ်။

ကျွန်မ ဖတ် နေ တဲ့ စာအုုပ်၊ ကင်ဆာ အဆင့် ၄ ကိုု ကျော်လွှား နိုုင် ခဲ့ တဲ့ အမျိုး သမီး ရေး ထား တဲ့ စာ အုုပ် ထဲ က စိတ်ဝင်စားစရာ ကောက်နှုတ် ချက် ကလေးကိုု တင် ပြ ချင် ပါ တယ်။

သူမ ကိုု ၄လ သာ နေ ရ တော့ မယ် ဆိုု တော့၊ ကင်ဆာ အထူးကုု တွေ ရဲ့ ကုုရိုုးကုုစဉ် chemotherapy ကိုု ငြင်းပယ် လိုုက် ပြီး internet မှာ သုုတေသန လုုပ် ပြီး ရှာဖွေ လိုုက် တာ၊ Integrative Oncologist ကိုု တွေ့ ပြီး၊ သ ဘော ကျ တာ နဲ့ အကုုခံ ဖိုု့ သဘော တူ လိုုက် ပါ တယ်။

ကုုထုုံး အမျိုးမျိုး ထဲ က စိတ်ဝင်စားစရာ ကောင်း တဲ့ အပိုုင်း ကိုု ဖော် ပြ သွား မှာ ဖြစ် ပါ တယ်။

ကျွန်မ တိုု့ အား လုုံး သိ ကြ တာ က၊ ကင်ဆာ ကလာပ်စည်း တွေ ဟာ သကြား ကိုု သူတိုု့ ကြီးထွားရှင်သန် ဖိုု့ အလွန် နှစ် သက် တယ် ဆိုု တဲ့ အချက် ပါ ပဲ။

ရှေးဦးစွာ လူနာ ကိုု အစာမကြွေး ပဲ ထား လိုုက် ပါ တယ်။ ဆေး မသွင်းခင် တစ်နေ့ ပေါ့။

မနက် ကျ တော့ လူ နာ ရဲ့ သွေး ထဲ မှာ သကြားဓာတ် အတော် လျော့ နေ ပြီ ဖြစ် ပါ တယ်။

ဒီ အချိန် မှာ ကင်ဆာ ကလာပ်စည်း တွေ ဟာ သူ တိုု့ အစာ မရ တာ ကြောင့် ဆာ နေ ကြ ပါ ပြီ။ လှုပ်လှုပ် ရွရွ လည်း ဖြစ် လာ ကြ ပါ ပြီ။ ပုုံ မှန် ကလာပ်စည်း တွေ က သကြားမရှိ လဲ ဖြစ် တာ မိုု့ အေးအေးဆေးဆေး ပါ ပဲ။ စွမ်းအင်တွေ ကိုု ဥဏှောက်၊နှလုုံး၊ စ သည် အတွက် ချန် ထား ဖိုု့ ငြိမ်ငြိမ် လေး နေ နေ ကြ ပါ တယ်။

ဒီ အချိန် မှာ လူ နာ ကိုု Insulin အနည်းငယ် ထိုုးပေး လိုုက် ပါ တယ်။ နာရီဝက် အတွင်း လူ နာ ရဲ့ သကြားဓာတ် ဟာ ထပ် ကျ လာ ပါ တယ်။

Insulin ဟာ ကင်ဆာကလာပ်စည်း တွေ ကိုု ပိုု ပြီး ဆာ လာ စေ ပါ တယ်။ ပုုံမှန် ကလာပ်စည်း တွေ က ငိုုက်မြည်း လာ ပါ တယ်။

ဒီ အချိန် မှာ chemotherapy ဆေး ကိုု ခါ တိုုင်း သုုံးနေကျ ပမာဏ ရဲ့ ၁ဝပုုံတစ်ပုုံ ကိုု ထိုုးပေး လိုုက် ပါ တယ်။

chemotherapy ဆေး ထိုုးပေး ပြီး တာ နဲ့ တပြိုင် နက်၊ ပုုံမှန် ကလာပ်စည်း တွေ ကိုု ကာကွယ် ဖိုု့ antioxidants, antibacterial, antiviral, antifungus အကြောဆေး ကိုု ထိုုး ပေး လိုုက် ပါ တယ်။

နောက်ဆုုံးမှာ တော့ သကြား တွေ ထိုုးပေး လိုုက် ပါ တယ်။

အခုု အချိန် မှာ သကြား တွေ ကိုု အင်မတန် တောင့်တ နေ တဲ့ အချိန် မိုု့ သကြား လဲ လာ ရော၊ သကြား နဲ့ အတူ Chemo ဆေး တွေ ကိုု သိမ်းကြုံး ယူ ပြီး ကင်ဆာ ကလာပ်စည်း တွေ ပျက်စီး ခြင်း သိုု့ ရောက် ကြ ပါ တယ်။

ဒီလိုုပေး ခြင်း ဖြင့် လူနာ က ခံ နိုုင် တယ်၊ နေ မကောင်း မဖြစ်၊ မအံ ခြင်၊ ဆံပင် လည်း မကျွတ် ပါ။

အခုုလိုု ကုု နည်း ကိုု IPTLD (Insulin potentiation targeted low dose ) လိုု့ ခေါ် ပါ တယ်။ ၁၉ ၄၆ ခုု ထဲ က တီထွင် ထား တဲ့ နည်း ဖြစ် ပါ တယ်။

ဒီ အမျိုးသမီး ဟာ အခြားသဘာဝနည်း တွေ နဲ့ လည်း အကုုခံ ပါ တယ်။

အဆင့်၄ က နေ ကောင်း သွား တာ မိုု့၊ သူမ က ဆေးကုုမ္ဗဏီ တွေ ဆီ ဖုုံး ဆက် ပြီး ဒီနည်း ကိုု သုုတေသန လုုပ် ဖိုု့ တိုုက်တွန်း တဲ့ အခါ ဘာ ပြောလဲ ဆိုု တော့ ဘယ် တော့ မှ မလုုပ် ဖူး လိုု့ ဖြေ ပါ သတဲ့။

ဘာကြောင့် လဲ ဆိုု တော့ အောင်မြင်သွားရင် chemotherapy ဆေး တွေ ၁ဝပုုံ တစ်ပုုံ ပဲ ရောင်း ရ တော့ မှာ ဆိုု တော့ ဆေးကုုမ္ဗဏီ တွေ က လုုံးဝ စိတ်မဝင်စား ပါ လိုု့ ဖြေ ပါ တယ် တဲ့။

ကျွန်မ ပြော နေ ကြ စကား -------

“ ရွှေဥ၊ဥ ပေး နေ တဲ့ ဘဲငန်း ကြီး ကိုု မသတ် ပြစ် နိုုင် ပါ”

 

ကင်ဆာရောဂါ ဗဟုုသုုတ အပိုုင်း ၁၁----

ကင်ဆာ အကြောင်း ကိုု ရေး ရ တာ များ နေ တာ မိုု့ မရေး သေး ပါ ဖူး လိုု့ စိတ် ထဲ မှာ ရှိ ပေ မဲ့ ရေး ရ မဲ့ အကြောင်း က ပေါ် လာ ပြန် တော့ လဲ မိတ်ဆွေ များ ကိုု သတိ ပေး တဲ့ အနေ နဲ့ ရေး လိုုက် ပြန် ပါ ပြီ။

မြန်မာပြည် မှ အမျိုး သမီး တစ်ဦး က အဆင့်၄ ရင်သားကင်ဆာ ဖြစ် နေ တာ မိုု့ ဓာတ် ကင် တာ ၂၈ ကြိမ် ရှိ ပြီ လိုု့ ဆိုု ပါ တယ်။

မိတ်ဆွေ တစ်ဦး က အကြံ ပေး တာ နဲ့ VitaminD3 level ဖောက် ကြည့် လိုုက် တာ 7ng/ml ပဲ ရှိ ပါ တယ်။ ရှိ သင့် တာ က 70-100 or အနည်းဆုုံး 40 အထက်၊

Thyroid profile တေဇောဓာတ် ပါ ဖောက် ကြည့် ပြန် တယ်။ 

သူမ ရဲ့thyroid antibodies တွေ က တက် နေ ပြီး တေဇောဓာတ် လည်း ချို့ ယွင်း နေ တာ ကိုု သိ ရ ပါ တယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုုရား ဟော ခဲ့ တဲ့ ရုုပ်တရား တွေ ရဲ့ ဖြစ် ကြောင်း မှာ ဥတုု နဲ့ အာဟာရ က ချို့ ယွင်း နေ ပါ ပြီ။

ဓာတ်ကင် ခံ ရ တာ လဲ ၂၈ခါ ရှိ ပြီ မိုု့ စိတ်ဓာတ် မကျ ပဲ ဘယ် နေ ပါ့ မလဲ။

စိတ် ဓာတ် အ နေ နဲ့ လဲ ချို့ ယွင်း ပြီ ဖြစ် ပါ တယ်။

ကံ ကိုု ကြည့် ပြန် ရင် လဲ များ သော အား ဖြင့် ရင်သားကင်ဆာ လူ နာ တွေ မှာ ဗီဇ ဖောက်ပြန် ခြင်း တွေ လဲ ရှိ တတ် ပါ တယ်။ genetic mutation ဖြစ် ပါ တယ်။ ကံ အကြောင်း တရား လဲ ပါ ပြီ ပေါ့။

အဓိ က အကြောင်း တွေ ကိုု မပြင် သမျှ၊ ကင်ဆာ တည်း ဟူ သော အကျိုး တရား ကိုု ကုု တာ မ အောင် မြင် ပဲ ဖြစ် နေ တာ ပါ။

ကင်ဆာ ဆရာဝန် တွေ က လဲ ခွဲစိတ် တာ ရယ်၊ chemo, radiation အဓိက ထား ပြီး ကုု နေ တော့ လဲ ဘာ မှ မ တတ် နိုုင် ပါ။

ကျွန်မ က တော့ ဘုုရားစကား အကြွင်း မဲ့ ယုုံ သူ မိုု့ ၊ ဘယ်သူ တွေ ဘာ ပဲ ပြောနေ ပြောနေ၊ သူ တိုု့ ပြော နေ ကျ စကား ကိုု သုုံး ရ မယ် ဆိုု ရင် evidence based medicine ကိုု လဲ မယုုံ တော့ ပါ။

Evidence based medicine ဟာ ကိုုယ့် ကိုု ပေး သိ စေ ချင် တဲ့ အချက် တွေ ကိုု ပဲ ပေး သိ ပြီး ၊ မသိ စေ ချင် တာ တွေ ကိုု ထိန် ချန် ထား လိုု့ ရ လိုု့ ဖြစ် ပါ တယ်။

 

ကင်ဆာ ရောဂါ ဗဟုုသုုတ အပိုုင်း ၁၂ -----

ကင်ဆာ ရောဂါ ကုု ကြ တဲ့ အခါ မှာ Intermittent Fasting လိုု့ ခေါ် တဲ့ အစာမစား ပဲ မကြာခဏ နေ ပေး ခြင်း ဟာ ၊ အလွန် အထောက် အကူ ရ တယ် ဆိုု တာ မကြာခဏ ဆိုု သလိုု ဖတ် နေ ရ ပါ တယ်။

Nobel ဆုု ရ သွား တဲ့ German သိပ္ဗံပညာရှင် Otto Warburg ရဲ့ ထွက် ဆိုု ချက် ဟာ တစ်နေ့ တခြား မှန် နေ ကြောင်း သိ လာ ကြ ပြီ ဖြစ် ပါ တယ်။

ကင်ဆာကလာပ်စည်း တွေ ရဲ့ ရှင်သန် ရေး ဟာ၊ အဓိက သကြားဓာတ် ဖြစ် တာ မိုု့၊ သကြားဓာတ် ကိုု ဖြတ်ပြစ် ပြီး အဆီ နဲ့ အစားထိုုး ခိုုင်း နေ တာ ဖြစ် ပါ တယ်။

အဆီ ကိုု လောင်စာ အဖြစ် ပုုံမှန် ကလာပ်စည်း တွေ က ကောင်းစွာ အသုုံးချ နိုုင် သော် လည်း ကင်ဆာ ကလာပ်စည်း တွေ က အဆီ ကိုု အသုုံး မချ နိုုင် တာ ကြောင့်၊ အဆီ ကိုု အဓိက လောင်စာ အဖြစ် အသုုံး ပြု ခိုုင်း ခြင်း ဖြစ် ပါ တယ်။

Metabolic theory ဟာ အခုု အ တော် လေး လူ တွေ သဘော ပေါက် လာ ကြ ပြီ ဖြစ် ပါ တယ်။

ကျွန်မ တိုု့ သိ တာ က အရင်တုုန်း က ဆိုု၊ ကင်ဆာ လူ နာ ကိုု အားရှိ အောင် ဆိုု ပြီး အကုုန် ကြွေး ကြ တာ ဖြစ် ပါ တယ်။ အခုု ထိ ကြွေး တုုန်း ပါ ပဲ။

ကြွေး လေ ကင်ဆာ ကလာပ်စည်း တွေ က ပျော်ကြ လေ ပါ ပဲ။ လူနာ ခမျာ စားသာ စား တယ် တစ်နေ့ တခြား အား တွေ ယုုတ် လာ ပြီး နောက် ဆုုံး မ တော့၊ ကင်ဆာ ကလာပ်စည်း တွေ က ပဲ၊ ဖုုံးလွှမ်းသွား တာ ကိုု မြင် နေ ကျ လည်း ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ ကင်ဆာ လူနာ ကိုု ကုုတဲ့ ဆရာဝန်၊ ဘေး က စောင့် ရှောက် တဲ့ လူ ရဲ့ ကျန်းမာရေး ဗဟုုသုုတ အရေး ကြီး ပုုံ ကိုု တဖြေးဖြေး နဲ့ နား လည် လာ ပါ တယ်။

ကင်ဆာ မျိုးစေ့ ရှိ ပေ မဲ့ လိုု့ ဒီမျိုးစေ့ မရှင်သန် မပွား ရ အောင် မသင့် တော် တဲ့ မြေ ကိုု လုုပ် ပေး ဖိုု့ ဟာ လူ နာ ရဲ့ တာ ဝန် ဖြစ် ပါ တယ်။

ဘာမှ အရှုံးမရှိ တဲ့ အစားအသောက် ကိုု ပြုပြင် လိုုက် ရုုံ နဲ့ လူနာ ဖက် က နေ ပြီး၊ ကင်ဆာ ကုုသ ရေး မှာ ဝိုုင်း ဝန်း ကူ ညီ လိုု့ ရ တယ် ဆိုု တာ ထောက် ပြ ခြင်း ဖြစ် ပါ တယ်။

မိတ်ဆွေ များ အား လုုံး ပုုံး အပြင် ကိုု ကျော် ပြီး ကြည့် နိုုင် ကြ ပါ စေ။

ဗဟုုသုုတ တွေ ပြည့် ဝ ကြ ပါ စေ။

 

ကင်ဆာရောဂါ ဗဟုုသုုတ အပိုုင်း၁၃ ------

ကျွန်မ တိုု့ အားလုုံး သိ ကြ တဲ့ အတိုုင်း ကင်ဆာ ရောဂါ ဟာ တစ်နေ့ တခြား များပြား လာ နေ ပါ တယ်။

ဒီ အချက် ကိုု တော့ မည် သူ မှ ငြင်း လိုု့ မရ ပါ။

ရောဂါ ဖြစ် လာ ပြန် ရင် လည်း အဓိက အား ဖြင့် ကုု ထုုံး မှာ ------

၁. ခွဲစိတ်ခြင်း ( Surgery )

၂. chemotherapy အဆိပ် များ ဖြင့် ကင်ဆာ ကလာပ်စည်း များ ကိုု လိုုက် သတ် ခြင်း 

၃. Radiation လိုု့ ခေါ် တဲ့ ဓာတ်ကင် ခြင်း တိုု့ ဖြစ် ပါ တယ်။

ဒီ နည်း သုုံး မျိုး နဲ့ အဓိက အား ဖြင့် ကုု လာ ကြ တာ နှစ် ပေါင်း များစွာ ကြာခဲ့ ပြီ ဖြစ် ပါ တယ်။

ကံကောင်း သည့် လူနာ အချို့ မှာ တော့ remission လိုု့ ခေါ် တဲ့ ကင်ဆာ ကလာပ်စည်း များ ခေတ္တ ငြိမ်သက် နေ ခြင်း များ ဖြင့် အသက် ရှည် နေ ကြ ပါ တယ်။

သိုု့ ပါ သော် လည်း ကင်ဆာ လူနာ အများစုု မှာ က တော့ ----

ကင်ဆာ ရောဂါ ဖိဆီး ခြင်း

Chemotherapy ဘေးတွက် ဆိုုးကျိုး တွေ ကြောင့် ဝေဒနာ မျိုးစုုံ ခံ စား ရ ခြင်း

Radiation ဓာတ် ကင် ခြင်း ကြောင့် ဘေးတွက် ဆိုုးကျိုး ဝေဒနာ များ ခံ စား ရ ခြင်း

ငွေ အကုုန် အကျ အလွန် များ ခြင်း

မိမိ ၏ မိသားစုု ခြေကုုန် လက်ပန်း ကျ ခြင်း

အိမ်ထောင်ဦးစီး ဖြစ် ပါ က အလုုပ် မလုုပ် နိုုင် တော့ ခြင်း စသည် ဖြင့် စိတ် ညစ် စရာ မျိုးစုုံ နဲ့ ကြုံ တွေ့ ရ တတ် ကြ ပါ တယ်။

ဖော်ပြ ပါ အချက် အလက် များ ကိုု ထောက်ဆ ခြင်း အား ဖြင့် လက်ရှိ ကုုနည်း မှာ မဟုုတ် သေး ဖူး ဆိုု တာ ကိုု ချိန်ဆ ပြီး ကြည့် လိုု့ ရ ပါ တယ်။

သိုု့ ပါ သော် လည်း လူ အတော်များ များ ဟာ၊ ပြောသမျှ ကိုု ပဲ လက်ခံ လေ့ ရှိ ပြီး၊ ပြော သည့် အတိုုင်း တသွေ မ တိမ်း လုုပ် ကြ ပါ တယ်။

ကိုုယ့် အ နေ နဲ့ ဘာ တွေ လုုပ် လိုု့ ရ သ လဲ ဆိုု တာ ပြော ရင် လဲ သိပ် လက် မ ခံ လိုု ကြ ပါ။

ဥပမာ အာဟာရ အနေ နဲ့ ပြု ပြင် ပြောင်း လဲ နိုုင် တာ ကိုုယ့် လက် ထဲ မှာ ပဲ ရှိ နေ တာ ဖြစ် ပါ တယ်။

စဉ်းစား ကြည့် ရင် ဘာ အရှုံး မှ လဲ မ ရှိ။ 

ဒါ ကိုု ပဲ မလုုပ် နိုုင် ဖူး ဆိုု တော့ လဲ ဘယ် လိုု မှ မ တတ် နိုုင် ပါ။

၁. အဓိက အစား အသောက် ကိုု ပြင်

အချို တွေ မစား နဲ့၊ အဆီ ကိုု စား ပေး၊ ပရိုုတင်း ဓာတ် အ နည်း ငယ် နဲ့ စား၊ အရွက် များ များ စား၊ ချို သော အသီး များ ရှောင် ပါ။

၂. အရေး ကြီး တဲ့ ခန္ဓာကိုုယ် ခုုခံ အား ကောင်း စေ မဲ့ VitaminD3 သောက် ရ မှာ ဖြစ် ပါ တယ်။

Vitamin D3 လိုု့ ပြော လိုုက် ရင် ဆရာဝန် တွေ က အစ၊ လူ နာ တွေ အဆုုံး၊ သိပ် ကြောက် ကြ တာ ပဲ။

များ သွား ရင် ဘာ ဖြစ် နိုုင် လဲ ဆိုု တာ စ ပြီး မေး ကြ တယ်။ 

Chemotherapy ကိုု တော့ ကြောက် ဟန် မ တူ ပါ။

Vitamin D3 ကိုု ဘယ် သူ က စ ပြီး လှန့် ထား တယ် မသိ ပါ။ 

တစ်ယောက်စကား တစ် ယောက် ဖြန့် ပြီး ဆရာဝန် တွေ က စ ပြီး လန့် နေ ကြ ပါ တယ်။

ကျွန်မ လဲ စာ တွေ ပြန် ဖတ် ကြည့် တာ Vitamin D3 အသောက် လွန် ပြီး သေ တာ တစ်ခါ မှ မ ဖတ် ဖူး ပါ ။

များ ဖိုု့ နေ နေ သာသာ အထူး သဖြင့် မြန်မာ ပြည် မှာ ၁၀ ပတ် ဝန်း ကျင် လောက် ပဲ ရှိ ကြ ပါ တယ်။

Vitamin K2 နဲ့ တွဲ ပြီး သောက် ရင် ဘာ မှ မ ဖြစ် နိုုင် ပါ။

Vitamin K2 လိုု့ ပြော လိုုက် ရင်၊ ဆရာဝန် တွေ က အစ သိပ် ကြောက် ကြ ပါ တယ်။ သောက် နေ တဲ့ လူ တွေ ကိုု တောင် အတင်း ရပ် ခိုုင်း လေ့ ရှိ ကြ ပါ တယ်။

Vitamin D3 level 40ng/ml အထက် မှာ ရှိ သူ တွေ ဟာ invasive cancer ဖြစ် နှုံး 67% ကျ သွား ပါ သ တဲ့။

Probiotics က လဲ ခန္ဓာကိုုယ် ခုုခံအား humoral antibodies 80% ပေး တယ် ဆိုု တော့ သောက် သင့် တာ ပေါ့။

Zinc, Selenium ( ကင်ဆာ ရောဂါ သည် တွေ အတွက် အလွန် အရေး ကြီး သော သတ္တုဓာတ် ) Omega3 cod liver oil, နနွင်း

အိပ်ရေး ဝ အောင် အိပ်၊ စိတ် ဖိဆီး မှု နည်း နိုုင် သ မျှ နည်း အောင် နေ။

Iodine and Iodide တစ်ပါတ် မှာ သုုံး ခါ လောက် သောက်

Vitamin C မှန်မှန် သောက်

Thyroid hormone လျော့ နေ တယ် ဆိုု ရင် ဖြည့် ပေး လိုုက် ပါ။

ဒီ နေ ရာ မှာ တစ်ခုု ဖြည့်စွက် ချင် တာ က တော့ ပဲပိစပ် စား မယ် ဆိုု ရင် အချဉ် မ ဖောက် ထား တဲ့ ပဲပိစပ် စား သုုံး ရန် မသင့် တော် ပါ။

သူ ဟာ thyroid hormone ထုုတ် လုုပ် ရေး မှာ ပိတ် ပင် တတ် လိုု့ ဖြစ် ပါ တယ်။

Thyroid hormone ချို့ ယွင်း ရင် တကိုုယ် လုုံး ထိ ခိုုက် ပြီ ဖြစ် ပါ တယ်။

ဒီ အစား အသောက် အနေ အထိုုင် ကိုု ပြုပြင်ခြင်း ဖြင့် ဘယ် လိုု မှ လဲ ဥပါဒ် မ ပေး နိုုင် ပါ။

ကိုုယ့် အတွက် ကောင်း ကျိုး တွေ ကိုု သာ ပေး နိုုင် မဲ့ ၊ ဥပါဒ် လည်း မရှိ တဲ့ အစား အသောက် နဲ့ အနေ အထိုုင် ကိုု ပြင် လိုုက် မယ် ဆိုု ရင် အများ ကြီး အကျိုး ရှိ ပါ လိမ့် မယ်။

မိတ်ဆွေ များ အား လုုံး ဗဟုုသုုတ ကြွယ်ဝ ပြီး အမှန် တရား ကိုု စဉ်းစား တတ် သူ များ ဖြစ် ကြ ပြီး ကင်ဆာ ရောဂါ ဘေး မှ ကင်း လွတ် ကြ ပါ စေ။

အခုု လိုု ရေး ပေး နေ တာ ဟာ ကျွန်မ ၏ အယူအဆ များ ဖြစ် ပါ တယ်။

မိမိ ကိုုယ်ပိုုင်ဉာဏ် သုုံး ပြီး ချင့် ချိန် နိုုင် ပါ တယ်။

 

ကင်ဆာရောဂါ ဗဟုုသုုတ အပိုုင်း ၁၄ -----

မိတ်ဆွေ များ အားလုုံး သိ ကြ သည့် အတိုုင်း၊ ကင်ဆာ ရောဂါ ကုုရိုုးကုုစဉ် ဖြင့် ကုု သည့် နည်း ဟာ၊ ကံကောင်း သည့် လူနည်းစုု မှ လွဲ ပြီး မအောင်မြင် ပါ။

မအောင်မြင် တာ ကိုု ပဲ အတင်း ဆက် ပြီး လုုပ် နေ ကြ တာ လဲ မအံ့သြ တော့ ပါ။ အဓိက၊ က တော့ စီးပွားရေး ကြောင့် ဖြစ် ပါ တယ်။

ဥပမာ ပြော ရ ရင် -----

Tarceva ဆိုု တဲ့ ကင်ဆာ ဆေး တစ်ခုု ကိုု ကြည့် ရ အောင်။ ဒီဆေး ကိုု သုုံး ဖိုု့ FDA က အခွင့် ပေး လိုုက် တာ ၁ဝနှစ် လောက် ရှိ ပါ ပြီ။ ဘေးတွက်ဆိုုးကျိုး လဲ အတော် များ ပါ တယ်။ စျေး လဲ ကြီး တယ်။ မြန်မာ ငွေ နဲ့ ဆိုု ရင် တစ်နေ့ ကိုု တစ်သိန်း ၃ သောင်း လောက် ရှိ ပါ တယ်။ ကင်ဆာ ဆရာဝန် တွေ က လူ နာ တွေ ကိုု သေသေချာချာ မရှင်းပြ တဲ့ အချက် က တော့၊ ဒီဆေး ကိုု သောက် ခြင်း အား ဖြင့် Pancreatic cancer လူနာ တွေ မှာ ဖျမ်းမျှ ခြင်း အား ဖြင့် ၁၀ ရက် ပဲ ပိုု နေ ရ တယ် ဆိုု တဲ့ အ ချက် ပါ ပဲ။

ကင်ဆာ ဖြစ် ပြီ ဆိုုရင်၊ လူ နာ တွေ က အလွန် ကြောက် ကြ တာ မိုု့၊ ဘာ မှ လဲ မ ကြား နိုုင် တော့ တာ လဲ ပါ ပါ တယ်။

၁၀ ရက် လောက် ပဲ ပိုု နေ ရ မဲ့ ဆေး ကိုု ဒီ လောက် စျေးကြီး ပေး ပြီး၊ ဘေး တွက် ဆိုုး ကျိုး တွေ ကိုု ခံစား ခြင် တယ် ဆိုု ရင် လဲ မိမိ တိုု့ သဘော ပါ ပဲ။

ဒီနေ့ အနက် ကျန်းမာရေး သတင်း တစ်ခုု ဖတ် လိုုက် မိ ပါ တယ်။

Turkey နိုုင်ငံ မှာ ရှိ တဲ့ ကင်ဆာ အထူးကုု ဆရာဝန် တွေ ဟာ၊ ကုုနည်း တစ် မျိုး ကိုု စမ်း ကြည့် တာ အဆင့် ၃ ၊ အဆင့် ၄ ကင်ဆာ သမား တွေ မှာ တောင် အလွန် အောင် မြင် တာ တွေ့ ရ ပါ တယ် လိုု့ ပြော တယ်။

သူတိုု့ စ ပြီး ကြိုးစား ကြည့် တဲ့ နည်း က တော့ ---

၁. Chemotherapy ကိုု အများ ကြီး မ ပေး ပဲ ၊ နည်း နည်း သာ ပေး ခြင်း

လူနာ ကိုု ၂၄ နာရီ အစာ မ ကြွေး ပဲ ထား ပြီး သကြားဓာတ် ကိုု ချ ထားခြင်း၊ insulin အနည်းငယ် ထိုုး ပြီး သကြားဓာတ် ကိုု တဖန် ပြန် ချ ခြင်း။ ကင်ဆာ ကလာပ်စည်း တွေ အစာ ငတ် နေ ချိန် မှာ chemo ဆေး အနည်း ငယ် ဖြင့် ပေး ခြင်း၊

၂. Hyperbaric Oxygen therapy 

ကျွန်မ တိုု့ သိ ကြ တဲ့ အတိုုင်း ကင်ဆာ ဟာ အောက်စီဂျင် နည်း လေ၊ ကြိုက် လေ၊ ပွား လေ ဖြစ် ပါ တယ်။ အောက်စီဂျင် တွေ အများကြီး ပေး ပြီး ကင်ဆာ ကလာပ် စည်း တွေ ကိုု ထိန်း သိမ်း ခြင်း ဖြစ် ပါ တယ်။

၃. Hyperthermia

ခန္ဓာကိုုယ် ရဲ့ အပူ ချိန် ကိုု မြှင့် ပေး ခြင်း၊

ခန္ဓာကိုုယ် အပူ ချိန် အမြဲလျော့ နေ တဲ့ hypothyroid မှာ ကင်ဆာ တွေ အလွန် ဖြစ် တာ မ ဆန်း တော့ ပါ။

၄. အသည်း မှ သကြားဓာတ် မထုုတ် နိုုင် အောင် ထိန်း ပေး ထား ခြင်း၊

၅. Ketogenic diet လိုု့ ခေါ် တဲ့ သကြား လုုံးဝ ဖြတ် ပြီး၊ အဆီ အဓိက ထား ပြီး စား သုုံး ခြင်း၊ လိုု အပ် တဲ့ antioxidants များ မှီ ဝဲ ခြင်း ဖြင့်၊ ပုုံမှန် ကလာပ်စည်း တွေ ကိုု ကာကွယ် ထား ခြင်း

ဖော် ပြ ပါ နည်း နဲ့ ကုု တာ အ လွန် အောင် မြင် တယ် လိုု့ ကြား ရ ပါ တယ်။

အချို့ stage 3 ကင်ဆာ တွေ လုုံဝ ကောင်း သွား သူ တွေ လဲ ရှိ ပါ တယ် လိုု့ ပြော ပါ တယ်။

Stage 4 ၃လ လောက် နေ ရ သူ များ ၄၄လ အထိ အသက် ရှင် တယ် လိုု့ လဲ ပြော ပါ တယ်။

ဒါ ကိုု ဖတ် ပြီး ကျွန်မ ပြော ချင် တာ က တော့၊ ကင်ဆာ ရောဂါ ဖြစ် လာ ပြီ ဆိုု ရင်၊ လူ နာ ဖက် က လဲ ဝီရီယ စိုုက် ပြီး၊ အစားအသောက် ကိုု ပြု ပြင် လိုုက် ခြင်း ဖြင့် ရောဂါ ကုု တဲ့ နေ ရာ မှာ အများ ကြီး အထောက် အကူ ပြု နိုုင် မှာ ဖြစ် ပါ တယ်။

ကျွန်မ တိုု့ တ တွေ တစ်သက် လုုံး ကြိုက် လာ ကြ တဲ့ အချို တွေ ကိုု၊ ကြိုးစား ပြီး ဖြတ် ပြစ် ရ မှာ ဖြစ် ပါ တယ်။

အချို တွေ ကိုု စွဲ နေ တဲ့၊ သညာ စေတသိက် ကိုု ရ အောင် ပြင် လိုုက် ကြ ပါ။

ဒီ ဆရာဝန် တွေ ကုု ရာ မှာ လည်း သူ တိုု့ မြင် တာ က၊ စကား နား ထောင် ပြီး အချို တွေ ကိုု ဖြတ် ပြစ် တဲ့ လူ တွေ မှာ ကုုသ မှုု ပိုု ပြီး အောင် မြင် တာ တွေ ကိုု တွေ့ ရ ပါ တယ် တဲ့။

ကင်ဆာ ဖြစ် နေ တဲ့ မိတ်ဆွေ များ၊ ကုုသမှု ခံ ယူ နေ ကြ တဲ့ မိတ် ဆွေ များ၊ သေသေချာချာ စဉ်း စား ပြီး၊ မိမိ ရောဂါ ကိုု တစ် ဖက် တ လမ်း မှ ပျောက် ကင်း အောင် ကူ ညီ နိုုင် သူ တွေ ဖြစ် ကြ ပါ စေ။

 

 

စာရေးသူ - ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း

List of Articles

  1. Pyridoxal phosphate

  2. Q&A : BELL'S PALSY ( ဘယ်ဘက်ခြမ်း )

  3. Q&A : Pyridoxal Phosphate

  4. Q&A : နွားနိုု့

  5. Acid Blockers

  6. Acidic or Alkaline Medium

  7. Advanced Directives

  8. Apple cider vinegar ပန်းသီး ရှာလကာရည် ဗဟုုသုုတ----

  9. Auto immune disease

  10. Autoimmune diseases

  11. Butter and Ghee ဗဟုုသုုတ ဒါန -----

  12. Chemotherapy

  13. Cholesterol

  14. Cholesterol ချ ဆေး နဲ့ cholesterol level ကျ ချင် သူ တွေ နဲ့ ပတ် သက် လိုု့ ဗဟုုသုုတ -----

  15. CoQ10 အကြောင်း သိကောင်း စရာ ——-

  16. Cruciferous Vegetables ———

  17. D- RIBOSE

  18. Dementia

  19. Dementia, Alzheimer’s Disease

  20. Dr.ဒေါ်ခင်နွယ်ဝင်း၏ကျန်းမာရေးဟောပြောပွဲ အမေးအဖြေများမှ ဆောင်ရန်ရှောင်ရန် ကောက်နှုတ်ချက်များ

  21. Fiber ခေါ် အမြှင်ဓာတ် အကြောင်း ———

  22. Fiber ခေါ် အမြှင်ဓာတ် အကြောင်း ———

  23. Fibrocystic disease of the breasts

  24. Fibroid or Myoma

  25. Fructose သကြား အကြောင်း သိ ကောင်း စရာ------

  26. Functional Medicine

  27. Functional Medicine ကို မိတ်ဆွေ များ နားလည် အောင် ရှင်း ပြ

  28. GMO genetically modified organism

  29. Guillian- Barre Syndrome ———

  30. Heart attack ရ သွား သော ဆရာဝန်ကြီး ၏ ဇနီး အကြောင်း ——-

  31. Hepatitis B vaccine နဲ့ ပတ် သက် လိုု့ အရေး ကြီး တဲ့ ဗဟုုသုုတ -----

  32. HPV VIRUS နောက်ဆက်တွဲ

  33. Hyperthyroidism ( Thyroid hormone များ နေ ခြင်း )

  34. Hypothyroid တေဇောဓာတ်

  35. Hypothyroid နှင့် ကင်ဆာ နောက် တစ် မျိုး ————-

  36. Iodine ဆား အကြောင်း ဗဟုုသုုတ

  37. Ketogenic diet အ ကြောင်း ပြော ပြ ပါ ဆိုု လိုု့ -----

  38. Macronutrients

  39. Macula Degeneration

  40. Magnesium

  41. Melatonin နဲ့ ပတ် သက် လိုု့ -------

  42. Mercury Poisoning

  43. Metabolic advantage

  44. Monounsaturated oil , Polyunsaturated oil and Trans Fats

  45. Nutrition ခေါ် အာဟာရ -----

  46. Omega 6 & Omega 3 oils

  47. Papillary Thyroid Cancer Stage 1

  48. Parkinson’s disease အ ကြောင်း သိ ကောင်း စရာ ———

  49. Potential for Hydrogen

  50. Probiotics and Antibiotics

  51. Psoriasis

  52. Q&A : Thyroid Cancer

  53. Q&A : CEA 9 . 1

  54. Q&A : CEA 9 . 1

  55. Q&A : Coconut Oil Medium Chain Triglycerides

  56. Q&A : H1N1

  57. Q&A : H1N1

  58. Q&A : Medium chain triglyceride အုန်းဆီ

  59. Q&A : Medium chain/ Short chain

  60. Q&A : SA node

  61. Q&A : Sustan

  62. Q&A : ကင်ဆာ

  63. Q&A : ကင်ဆာရောဂါ

  64. Q&A : ကင်ဆာရောဂါ

  65. Q&A: သားအိမ်​​ခေါင်​းကင်​ဆာ

  66. Sjogren’s syndrome

  67. Starving Tumors: Fasting Boosts Cancer-Fighting Therapies

  68. Sustan ( Anabolic steroid ) အ ကြောင်း

  69. Thyroid Hormone

  70. Thyroid Hormone အ ကြောင်း

  71. Title

  72. Uterine Fibroids

  73. Vitamin D

  74. Vitamin D3 and D2

  75. Vitamin K အကြောင်း သိ ကောင်း စရာ

  76. VitaminD အကြောင်း ပြော ဖိုု့ ကျန် ပါ သေး တယ် ----

  77. VitaminD3 အကြောင်း ရေး ရ ပါ ဦး မည်.---

  78. ကင်ဆာ ကိုု အောင်နိုုင်သူ များ ဖြစ် ကြ ရန် -----

  79. ကင်ဆာ ဆိုု တာ ဘာ ကိုု ပြော တာ ပါ လဲ?

  80. ကင်ဆာ ဆေး တွေ စျေး အလွန်ကြီး တာ နဲ့ ပတ် သက် လိုု့ --------

  81. ကင်ဆာ တွေ များ လိုုက် ပုုံ က တော့ ------

  82. ကင်ဆာ ဖြစ် ကြောင်း ကျန်းမာရေး ဗဟုုသုုတ ———

  83. ကင်ဆာ မဖြစ် အောင် ကာကွယ် ကြ ရ အောင် ————-

  84. ကင်ဆာ ရောဂါ ဗဟုုသုုတ ———-

  85. ကင်ဆာ ရောဂါ များ လိုုက် ပုုံ က တော့ ———-

  86. ကင်ဆာ ရောဂါ ရှင် နောက် တစ်ဦး----

  87. ကင်ဆာ ရောဂါ သည် များ အလွန် များ ပါ လား -------

  88. ကင်ဆာ ရောဂါ အကြောင်း ဗဟုုသုုတ

  89. ကင်ဆာ လူနာ များ အတွက် စိတ်ဝင်စားစရာ

  90. ကင်ဆာ လူနာရှင် များ အတွက် ဗဟုုသုုတ ဒါန

  91. ကင်ဆာ အကြောင်း

  92. ကလီစာ အကြောင်း သိ ကောင်း စရာ ------

  93. ကလေးတွေ ကိုု ဘယ် အရွယ် မှ စ ပြီး Vitamin D တိုုက် သင့် ပါ သ လဲ?

  94. ကာကွယ်ဆေး တွေ ထိုုးရန် အားသန် နေ သူ များ အတွက် စဉ်းစား စရာ

  95. ကျန်းမာရေး ဗဟုုသုုတ ကဏ္ဍ ———-

  96. ကျန်းမာရေး ဗဟုုသုုတ ဒါန

  97. ကျန်းမာရေး အသိစိတ် ————

  98. ကျန်းမာအောင် ကြိုးစား ပြီး နေ သော် လည်း ကင်ဆာ ဖြစ် ကြ သူ များ ———

  99. ကျောက် ကပ် ကျောက် မ တည် ရ အောင် ရှောင် သင့် သော အရာ များ ------

  100. ကြက်သွန် နီ အကြောင်း ဗဟုုသုုတ ———-

  101. ခန္ဓာကိုုယ်

  102. ခန္ဓာကိုုယ် acidic or alkaline medium သိ အောင် pH strip အသုုံးပြု နေ သူ များ

  103. ခေတ်မီ တိုုးတက် လာ တာ နဲ့ အမျှ ပြောင်း လဲ သွား သော ဆေးကုုသ မှု များ ——

  104. ခေါင်းကိုုက် ခြင်း အကြောင်း

  105. ခံစားချက် များ ——-

  106. စိတ်ရောဂါ နောက်ဆက်တွဲ ---

  107. စုုပေါင်း အင်အား ကြီး သော အား -----

  108. ဆေး ဓားပြ များ ——

  109. တေဇောဓာတ် ချို့ယွင်း ခြင်း

  110. တေဇောဓာတ် ချို့ယွင်း ခြင်း

  111. ထင်ရှားသိသာ တဲ့ အစားအသောက် Macronutrients တွေ ကိုု လေ့လာ ကြည့် ကြ ရ အောင် ——-

  112. ထောပတ်သီးဗဟုုသုုတ ------

  113. ဓာတ်စာ ဗဟုုသုုတ ----

  114. ဓာတ်စာ ဗဟုုသုုတ ----

  115. ဓားပြ များ အပိုင်း ၃

  116. နွားနို့အစစ်မှပဲ သောက်သင့်တယ်ပေါ့နော်။ -----

  117. နှလုုံးသွေးကြောပိတ်ရာဂါ အကြောင်း ကျန်းမာရေး ဗဟုုသုုတ ဒါန

  118. ဘီပိုုး ကျန်းမာရေး ဗဟုုသုုတ

  119. မိတ်ဆွေ ဆရာဝန် ဇနီး မောင် နှံ အကြောင်း

  120. မှန်ကန် သင့် တော် သော ဆား

  121. ရင်သားကင်ဆာ အကြောင်း သိကောင်းစရာ ------

  122. ရင်သားကင်ဆာ အမေး အဖြေ ——-

  123. ရုုပ်တရား နဲ့ နာမ် တရား အကြောင်း လေး နည်း နည်း ပြော ပြ ချင် ပါ တယ်။

  124. ရောဂါ သက်သာ လာ သူ တွေ အတွက် ဝမ်းသာ မိ ပါ တယ်။

  125. ရောဂါ အတော် များများ ရဲ့ အခြေခံ ——-

  126. လည်ပင်း ဘာ ကြောင့် ကြီး ရ တယ်။

  127. လေးဖက်နာ ကျန်းမာရေးဗဟုုသုုတ ဒါန

  128. ဝိသုုဒ္ဓိမဂ် အ လာ ——

  129. သက်ကြီး ရွယ် အိုု တွေ ပသာဒရုုပ် များ ပြန် အား ကောင်း လာ ရ အောင် -----

  130. သက်ကြီး ရွယ်အိုု များ အစာ မစား နိုုင် ကြ ၍ အိပ်ယာ ထဲ လဲ ကြ တဲ့ အခါ ———

  131. သကြားဓာတ် များ သော အစား အစာ များ

  132. သည်းခြေကျောက်

  133. သားဥအိမ် ကင်ဆာ ရောဂါ -----

  134. သားဥအိမ် ကင်ဆာ. Ovarian cancer ———-

  135. သားဥအိမ် ရေအိပ် တည် ခြင်း ( Ovarian cyst )

  136. သံဓာတ် အကြောင်းသိ ကောင်း စရာ———-

  137. သွေး လေး ဖက် နာ ----

  138. သွေး လေးဖက်နာ ရောဂါ ရှင် များ အတွက်

  139. သွေးထဲ မှာ သကြားဓာတ် များ နေ ခြင်း နောက် ဆက် တွဲ ————-

  140. အ ဆီ စား ရ မှာ ကြောက် ကြ သောသူ များ အ တွက် —————

  141. အစားအသောက် အရေး ကြီး ပုုံ ————

  142. အဆီ ဟာ ခန္ဓာကိုုယ် အတွက် ဥပါဒ် ရှိ ၊ မရှိ --------

  143. အဆီ အ ကြောင်း သိ ကောင်း စရာ ------

  144. အဆီ အကြောင်း ဗဟုုသုုတ ကဏ္ဍ

  145. အဆီ အကြောင်း ဗဟုုသုုတ အပိုုင်း၃ ——-

  146. အဆီ အကြောင်း သိ ကောင်း စရာ ————

  147. အနာရောဂါ ကုုစား ပျောက် ကင်း နိုုင် စွမ်း ရှိ တဲ့ သဘာဝဆား ------

  148. အရိုုးပြုတ်ရေ

  149. အရွက်ရည် ရဲ့ ကောင်း ကျိုး တွေ ကိုု သိ လာ ကြ သူ များ အတွက် -------

  150. အသည်း အဆီ ဖုုံး ခြင်း ——-

  151. အသားဖြူချင်သူ များ အတွက် ဗဟုုသုုတ ဒါန --------

  152. အသီးအရွက်တွေ ဖျော်ရည်

Do you use Ooredoo ?

Which mobile telephone company (or sim card company) do you use in Myanmar? MPT, Ooredoo, Telenor, or MyTel? Please me invite you to a brief survey.

အဘိဓာန်တွင် ရှာဖွေပါ -- Search

We have 59 guests and no members online

page views so far.