ဝိနည်းပိဋက

ပါရာဇိကဏ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခန်း

။ အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည်သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့် အတူ သီတင်းသုံးနေတော်မူ၏။ (ထိုသို့ နေတော်မူသောအခါ) ဝေရဉ္ဇပုဏ္ဏားသည် (ဤဆိုလတ္တံ့သောအတိုင်း) ကြားသိရလေပြီ။ ''အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည် သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။

ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။

အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။

အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။

ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။

လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။

ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။

နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏။

သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။

ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။

ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည် သာတည်း''ဟု (ကြားသိရလေ၏)။

။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမ ဤစကားကို အကျွန်ုပ် ကြားဖူးပါသည်၊ ရဟန်းဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်း မခိုးခရီးဦးလည်း မကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်ဟု ကြားဖူးပါသည်။ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးသော စကား) သည် ထို (ကြားဖူးသည့်) အတိုင်း မှန်သည်သာတည်း၊ အသျှင်ဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်း မကြို ထိုင်ရန် နေရာဖြင့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည် မသင့်လျှော်သည်သာလျှင်တည်း''ဟု လျှောက်၏။

ပုဏ္ဏား နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌လည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောက၌လည်းကောင်း ငါသည် ရှိခိုးလည်း ရှိခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ရန်နေရာဖြင့် ဖိတ်လည်း ဖိတ်ထိုက်သောသူကို မြင်တော်မမူ၊ ပုဏ္ဏား အကြင်သူကို ငါသည် ရှိခိုးမူလည်း ရှိခိုးငြားအံ့၊ ခရီးဦးမူလည်းကြိုငြားအံ့၊ ထိုင်ရန်နေရာဖြင့် ဖိတ်မူလည်း ဖိတ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (မိန့်တော်မူ၏)။

၃။ အသျှင်ဂေါတမသည် အရသာကင်းသော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာ ကင်းသောသဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သာယာခြင်း အရသာတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၄။ ''အသျှင်ဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံသဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံတို့၌ သုံးဆောင်ခြင်းတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်းမရှိ''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်း (ဟု မိန့်တော်မူ၏)။

၅။ ''အသျှင်ဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင့် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၆။ ''အသျှင်ဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်း ပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏။ များပြားသောယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၇။ ''အသျှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟုငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏားငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းကိုလည်းကောင်း စက်ဆုပ်တော်မူ၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၈။ ''အသျှင်ဂေါတမသည် ဖျက်ဆီးတတ်၏''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဖျက်ဆီးခြင်းငှါ တရားကိုဟော၏။ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးခြင်းငှါ တရားကို ဟော၏။ ပုဏ္ဏားဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆို နိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၉။ ''အသျှင်ဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းကောင်း ပူပန်စေတတ်သော တရားတို့ဟူ၍ ဟော၏။ ပုဏ္ဏား ပူပန်စေတတ်၍ ယုတ်ညံ့ကုန်သောအကုသိုလ်တရား တို့ကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာ ကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော နောင်အခါ၌ဖြစ်ခြင်းသဘော မရှိသော သူကို ပူပန်စေတတ်သော အကျင့်ရှိသူဟု ငါဟော၏။ ပုဏ္ဏားမြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၁၀။ ''အသျှင်ဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါမထိုက်''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား နောင် တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကိုပြုပြီးသော နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိသောသူကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ။ (အဝိဇ္ဇာတဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည် သာတည်းဟု (မိန့်တော်မူ၏)။

------

ကြက်ငယ်ဥပမာ

၁၁။ ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့ အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကိုအဘယ်သို့ ဆိုအပ်သနည်း၊ အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ အကြီးဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ဤအတူပင် အဝိဇ္ဇာ၌ ရောက်သော (အဝိဇ္ဇာ)ဟူသော ဥ၌ ဖြစ်သော (အဝိဇ္ဇာဟူသောဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍ (ငါ) တစ်ဦးတည်းသာလျှင်လောက၌ အတုမဲ့လွန်မြတ်သော ကိုယ်တိုင် မှန်စွာ သိမြင်သော 'သမ္မာသမ္ဗောဓိ'ဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည်လောကထက် ကြီး၏၊ မြတ်၏။

ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိ သည်ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်' နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသောပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။

ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း'သမာဓိ' ကို ဖြစ်ပွားစေတတ်သော ကြံစည်ခြင်း 'ဝိတက်' မရှိသော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသောတည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန့်သို့ ရောက်၍ နေခဲ့ပြီ။

နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း 'သတိ'၊ ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ထိုငါသည်) ထိုတတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း,နှလုံးမသာခြင်း တို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့် ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေခဲ့ပြီ။

၁၂။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍သိသော 'ပုဗ္ဗေနိဝါသာနုဿတိဉာဏ်' အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေခဲ့ပြီ။

ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း - တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကို လည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသောပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရှိခဲ့၏။ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့ခဲ့ပြီ။

ပုဏ္ဏား ငါသည် ညဉ့်ဦး 'ပဌမ' ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။

၁၃။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို ငါသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော'စုတူပပါတဉာဏ်' အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ ''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် 'သုဂတိ' ၌ဖြစ်ပေါ်ကုန်၏''ဟု သိ၏။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သောသတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။

ပုဏ္ဏား ငါသည် သန်းခေါင် 'မဇ္ဈိမ' ယာမ်၌ ဤဒုတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံအတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ဒုတိယ ဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်၏။

၁၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော'အာသဝက္ခယ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် ဤကား ဆင်းရဲ 'ဒုက္ခ'ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း 'ဒုက္ခသမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) 'ဒုက္ခနိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤသည်တို့ကား ယိုစီးခြင်း 'အာသဝ'တို့ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသဝ' တို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း'အာသဝသမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသဝ' တို့ ချုပ်ရာ (နိဗ္ဗာန်) 'အာသဝနိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကားယိုစီးခြင်း 'အာသဝ' တို့ ချုပ်ရာ (နိဗ္ဗာန်သို့) ရောက်ကြောင်း ကျင့်စဉ် 'အာသဝနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ။ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည့်ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိခဲ့ပြီ။

ပုဏ္ဏား ငါသည် မိုးသောက် 'ပစ္ဆိမ' ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ်'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏တတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။

၁၅။ ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား-

''အသျှင်ဂေါတမသည် အကြီး ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ် ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်းအသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်း သံဃာနှင့် အတူဝေရဉ္ဇာမြို့၌ ဝါဆိုခြင်းကိုလည်း လက်ခံတော်မူပါ''ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် (ဝါကပ်ရန်) လက်ခံတော်မူ၏၊ ထိုအခါ ဝေရဉ္ဇ ပုဏ္ဏားသည်မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

------

၁။ ပုဗ္ဗေ = ရှေး၌ + နိဝါသ = နေဖူးသောဘဝ ဖြစ်ဖူးသောဘဝကို + အနုဿတိ = အောက်မေ့၍ + ဉာဏ = သိသောဉာဏ်

၂။ စုတိ = သေခြင်း + ဥပပါတ = ဖြစ်ပေါ်ခြင်း ပဋိသန္ဓေ။

ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း

၁၆။ ထိုစဉ်အခါ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသောအရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန်မလွယ်ကူချေ။

ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာမြို့၌ မိုးခိုကြကုန်၏၊ ထို (မြင်းကုန်သည်) တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား တစ်စလယ် တစ်စလယ်စီသော ရိက္ခာ မုယောဆန်ကို ဝတ်တည်ကြကုန်၏၊ ရဟန်းတို့သည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်ကြရာ ဆွမ်းမရကြကုန်သော် မြင်းဝိုင်းတို့၌ ဆွမ်းအတွက်လှည့်လည်၍ တစ်စလယ် တစ်စလယ်စီသော ရိက္ခာမုယောဆန်ကို အရံအတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံ၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။

အသျှင်အာနန္ဒာသည်ကား တစ်စလယ်သော ရိက္ခာမုယောဆန်ကို ကျောက်ပြင်ပေါ်မှာ ကြိတ်ပြီးလျှင် မြတ်စွာဘုရားအား ဆက်ကပ်၏၊ မြတ်စွာဘုရားသည် ထို (မုယောဆန်မှုန့်) ကို သုံးဆောင်တော်မူ၏။

မြတ်စွာဘုရားသည် ဆုံသံကို ကြားတော်မူ၏၊ မြတ်စွာဘုရားတို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်၊ အခါကို သိ၍ မေးတော်မူကုန်၏၊ အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏၊ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့''ဟူသောအကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ ထိုဆုံသံသည် အဘယ်ပြုသော အသံနည်း''ဟု မေးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းအရာကိုလျှောက်၏။

''အာနန္ဒာ ကောင်းစွ၊ ကောင်းစွ၊ သူတော်သူမြတ် ဖြစ်ကုန်သော သင်တို့သည် (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့လိုက်ခြင်းကို) အောင်နိုင်ကြကုန်၏၊ နောင်လာ နောက်သားများသည်ကား သလေးသားပြွမ်းဆွမ်းကိုပင် အထင်သေးကြလိမ့်ဦးမည်''ဟု (မိန့်ေတော်မူ၏)။

၁၇။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ယခုအခါ၌ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ အသျှင်ဘုရား ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင် ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မြေကြီးကို လှန်လိုပါသည်၊ ရဟန်းများသည် အောက်အပြင်ရှိ မြေဆီ မြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်''ဟု လျှောက်၏။

မောဂ္ဂလာန် မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ပြုမည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် လက်တစ်ဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်၊ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထို (မြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်) ၌ ပြောင်းရွှေ့ထားပါမည်၊ လက်တစ်ဖက်ဖြင့် မြေကြီးကို မှောက်လှန်ပါမည်ဟု (လျှောက်၏)။

မောဂ္ဂလာန် မသင့်လျော်ပေ၊ မြေကြီးကို လှန်ရန် သင် မနှစ်သက် (မလိုလား) လင့်၊ သတ္တဝါတို့သည် အထင်အမြင် ဖောက်ပြန်မှားယွင်းခြင်းသို့လည်း ရောက်ကုန်ရာသည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တောင်းပန်ပါသည် အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေဟု (လျှောက်၏)။

မောဂ္ဂလာန် မသင့်လျော်ပေ၊ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင်မနှစ်သက် (မလိုလား) လင့်ဟု (မိန့်တော်မူ၏)။

၁၈။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း နေစဉ် အသျှင်သာရိပုတြာအား-

''ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာမတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည်ကြာမြင့်စွာ တည်လေသနည်း''ဟု စိတ်အကြံသည် ဖြစ်ပေါ်၏။

ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း နေရာမှ ထ၍ မြတ်စွာဘုရား ထံသို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-

အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ဦးတည်း နေစဉ် ဘုန်းတော်ကြီးကုန်သောအဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်းဟုအကျွန်ုပ်အား စိတ်အကြံ ဖြစ်ပေါ်ပါသည်၊ အသျှင်ဘုရား ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ပါသနည်း''ဟု လျှောက်၏။

သာရိပုတြာ ဝိပဿီမြတ်စွာဘုရား၏လည်းကောင်း၊ သိခီမြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခဲ့ချေ၊ သာရိပုတြာ ကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံမြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ တည်ခဲ့၏ဟု (မိန့်တော်မူ၏)။

၁၉။ အသျှင်ဘုရား ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

သာရိပုတြာ ဝိပဿီ မြတ်စွာဘုရားသည်လည်းကောင်း၊ သိခီ မြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း ဣတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍သစ္စာလေးပါး ကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သားတပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏၊ သာရိပုတြာ ချည်မျှင်ဖြင့်မသီကုံးဘဲ ပျဉ်ပြား ပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် မသီကုံးခြင်းကြောင့်လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ဤဥပမာ အတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရား တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာ လေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း အထူး ထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့မှရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာသာလျှင် ကွယ်ပျောက်စေကုန်၏။

ဘုန်းတော်ကြီးကုန်သော ထို (သုံးဆူသော) မြတ်စွာဘုရားတို့သည် တပည့်တို့၏ စိတ်အကြံကို (မိမိ၏) စိတ်ဖြင့် သိတော်မူ၍ ဆုံးမဖို့ရန် ကြောင့်ကြစိုက်ကုန်၏။

သာရိပုတြာ ရှေး၌ ဖြစ်ဖူးသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ကြောက်မက်ဖွယ် တောအုပ်တစ်ခု၌့ (ရဟန်းတို့၏) စိတ်ကို (မိမိ) စိတ်ဖြင့် သိတော်မူ၍ ''ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍နေထိုင်ကုန်လော့''ဟု ရဟန်းတစ်ထောင်ကို သွန်သင်တော်မူ၏၊ ဆုံးမတော်မူ၏၊ သာရိပုတြာ ထိုအခါဘုန်းတော်ကြီးသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ဤသို့ သွန်သင် ဆုံးမလတ်သော် ထိုရဟန်းတစ်ထောင်၏စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကုန်၏၊ သာရိပုတြာ ထို (ကြောက်မက်ဖွယ်တောအုပ်ဟူသော စကား) ၌ ရာဂမကင်းသူ တစ်ဦးတစ်ယောက်သည် ထိုတောအုပ်သို့ ဝင်သော် များသောအားဖြင့် ကြက်သီးမွေးညှင်းတို့သည် ထကုန်၏၊ ဤ (ကြက်သီးမွေးညှင်းထခြင်း) သည် ကြောက်မက်ဖွယ်ကောင်းသော ထိုတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်တည်း။

သာရိပုတြာ ဤသည်လျှင် ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာ မတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။

၂၀။ အသျှင်ဘုရား ကကုသန် မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ တည်ခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

သာရိပုတြာ ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည်လည်းကောင်း၊ ကဿပ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြ စိုက်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်းဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် များပြားကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့ မှ ရဟန်းပြုကုန်သော နောင်လာ နောက်သားတပည့် တို့သည် ထိုသာသနာတော်ကို ကြာမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏၊ သာရိပုတြာချည်မျှင်ဖြင့် သီကုံး၍ ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် သီကုံး၍ထားခြင်းကြောင့် လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင် သကဲ့သို့၊ ဤဥပမာအတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ် ပျောက်သော အခါ၌လည်းကောင်း၊ အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကိုကြာမြင့်စွာသော ကာလ ပတ်လုံး တည်စေကုန်၏။ သာရိပုတြာ ဤသည်ကားကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။

------

၁။ သေတဋ္ဌိကာ ရှိသည့်အရ ပြန်သည်၊ သေတဋ္ဋိကာရှိလျှင် ကောက်ပင်များ ပိုးဖျက်ခံရ၏ဟုပြန်။

သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ

၂၁။ ထိုအခါ အသျှင်သာရိပုတြာသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား-

''ဤသာသနာတော် ကြာမြင့်စွာ တည်ရန် မြတ်စွာဘုရားသည် တပည့်တို့အား အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင် ပါတိမောက်ကို ပြတော်မူရာ၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားထို သိက္ခာပုဒ်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား ထိုပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ''ဟု လျှောက်၏။

သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို (သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း) ၌ အချိန်ကို သိတော်မူလိမ့်မည်၊ သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ထင်ရှား မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူချေ။

သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရှိရာကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာသော အခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သောအချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည်ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သောထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ် တော်မူ၏။ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံးဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာ ရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည်တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား၊ ဤ (သာသနာတော်) ၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကိုပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ (ယခုအခါ) ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှကင်း၏၊ အပြစ်မှကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏၊ (သီလစသော) အနှစ်၌ တည်၏၊ သာရိပုတြာ ဤရဟန်း ငါးရာတို့တွင် အညံ့ဆုံးရဟန်းသည် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

၂၂။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ခေါ်၍-

''အာနန္ဒာ (ဘုရားသျှင်တို့သည်) ပင့်ဖိတ်သူများရှိ၍ ဝါကပ်တော်မူရာဝယ် ထိုပင့်ဖိတ် သူတို့ကိုမပန်ကြားဘဲ ဇနပုဒ် (တိုင်းနိုင်ငံ) ၌ လှည့်လည်၍ ဒေသစာရီ မကြွချီခြင်းသည် ဘုရားသျှင်တို့၏အလေ့အကျက်ဖြစ်၏၊ အာနန္ဒာ လာ, သွားကြကုန်အံ့၊ ဝေရဉ္ဇပုဏ္ဏားကို ပန်ကြား ကုန်အံ့''ဟုမိန့်တော်မူ၏။

ကောင်းပါပြီအသျှင်ဘုရားဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ ထို့နောက် မြတ်စွာဘုရားသည် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် နောက်ပါရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့် အတူ ဝေရဉ္ဇပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်တော်မူ၏။

ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခု သောနေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ဝေရဉ္ဇပုဏ္ဏားအား မြတ်စွာဘုရားသည်-

''ပုဏ္ဏား သင် ပင့်ဖိတ်အပ်သည် ဖြစ်၍ ငါတို့သည် ဝါကပ်ခဲ့ကုန်ပြီ၊ သင့်ကို ပန်ကြားကုန်၏၊ ငါတို့သည် ဒေသစာရီ ကြွချီလိုကုန်၏''ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ မှန်ပါသည်၊ အကျွန်ုပ် ပင့်ဖိတ်အပ်သည်ဖြစ်၍ ဝါကပ်တော်မူခဲ့ပါသည်၊ သို့ရာတွင်လှူဖွယ်ဝတ္ထုကို မလှူရသေးပါ၊ ထို (လှူဖွယ်ဝတ္ထု) သည် မရှိသည်လည်း မဟုတ်ပါ၊ မပေးလှူလိုသည်လည်း မဟုတ်ပ ါ၊ လူ့ဘောင်၌ နေကုန်သော သူတို့သည် ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ ထိုပေးလှူခွင့်ကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ အသျှင်ဂေါတမသည် မနက်ဖြန်အတွက် အကျွန်ုပ်၏ဆွမ်းကို ရဟန်းသံဃာနှင့် အတူ လက်ခံတော်မူပါဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇပုဏ္ဏားအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှန်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် ထိုညဉ့် လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် ''အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း (ပြင်) ပြီးပါပြီ''ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။

၂၃။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကိုယူလျက် ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားအပ်သော နေရာ၌ ရဟန်းသံဃာနှင့် အတူ့ထိုင်နေတော်မူ၏၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သောခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ (ဝေရဉ္ဇပုဏ္ဏားသည်) မြတ်စွာဘုရားအားသင်္ကန်း တိစုံကို ကပ်လှူ၏၊ ရဟန်း တစ်ပါး တစ်ပါးစီအားလည်း သင်္ကန်းလျာ တစ်စုံ တစ်စုံစီကိုကပ်လှူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇပုဏ္ဏားအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့၌ မွေ့လျော်တော်မူသရွေ့ (သီတင်းသုံး) နေတော်မူပြီးလျှင် သောရေယျ သင်္ကဿ ကဏ္ဏကုဇ္ဇ (မြို့များ) သို့ မဝင်မူ၍ ပယာဂဆိပ်ကမ်းသို့ ချဉ်းကပ်ပြီးလျှင် ပယာဂဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကို ကူးတော်မူ၍ ဗာရာဏသီမြို့သို့ ရောက်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီမြို့၌ မွေ့လျော်သမျှ သီတင်းသုံးတော်မူပြီးလျှင် ဝေသာလီမြို့သို့ ဒေသစာရီကြွချီတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသော် ဝေသာလီမြို့သို့ ရောက်၍ ထိုဝေသာလီမြို့အနီးမဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူလေသတည်း။

ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခန်း မြန်မာပြန်ပြီး၏။

------

၁-ပဌမ ပါရာဇိက

သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း

၂၄။ ထိုစဉ်အခါ ဝေသာလီမြို့၏ အနီး၌ ကလန္ဒမည်သော ရွာသည် ရှိ၏၊ ထို (ကလန္ဒရွာ) ၌သုဒိန်မည်သော ကလန္ဒသူဌေးသားသည် ရှိ၏၊ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် များစွာသောသူငယ်ချင်းတို့နှင့် အတူ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဝေသာလီမြို့သို့ သွား၏၊ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ် များစွာ ခြံရံ၍ တရားဟောလျက် ထိုင်နေတော်မူ၏၊ ကလန္ဒသူဌေးသားသုဒိန်သည် ပရိသတ်များစွာ ခြံရံ၍ တရား ဟောလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကိုမြင်ပြီးနောက် ''ငါလည်း တရားနာရမူ ကောင်းလေစွ''ဟု သုဒိန်အား အကြံဖြစ်၏၊ ထိုအကြံဖြစ်ပြီးနောက် ကလန္ဒသူဌေးသား သုဒိန်သည် ပရိသတ်ရှိရာသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန် ်အား- ''ငါသည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်း ပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရပါမူ ကောင်းလေစွ''ဟုအကြံဖြစ်ပြန်၏။

ထိုအခါ မြတ်စွာဘုရားသည် တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးသော် ထိုပရိသတ်သည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွား၏။

၂၅။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ပရိသတ် ထသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန်သည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်သည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြု ပေးတော်မူပါ''ဟုလျှောက်ထား၏။

သုဒိန် သင့်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပြီးဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါခွင့်မပြုသေးပါဟု (လျှောက်၏)။

သုဒိန် မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသော သားကို ရဟန်းပြုပေးတော်မမူကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ မိဘတို့ကခွင့်ပေးအောင် ပြုပါမည်ဟု (လျှောက်၏)။

၂၆။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီမြို့၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် ကလန္ဒရွာ မိဘတို့ထံသို့ ချဉ်းကပ်ပြီးသော် မိဘတို့အား-

''မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည်ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူု့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်''ဟုပြော၏။

ဤသို့ ပြောသော် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သား သုဒိန် သင် သည်မည့်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင် သို့ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု ပြောကြကုန်၏။

နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် မိဘတို့အား-

''မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့ သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည်ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်''ဟု ပြော၏။

နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက်အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သားသုဒိန် သင်သည့်မည်သည့် ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု ပြောကြကုန်၏။

သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် မိဘတို့အား-

''မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်''ဟုပြော၏။

သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု ပြောကြကုန်၏။

၂၇။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ငါ့ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အလို့ငှါ ခွင့်မပြုကြကုန်ဟု (သိ၍) အခင်းမရှိသော မြေပေါ်၌ ''ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်ဟု'' (ဆို၍) ထိုအရပ်၌ပင်အိပ်၏။

ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ထမင်းတစ်နပ်ကိုလည်း မစား၊ ထမင်းနှစ်နပ်တို့ကိုလည်း မစား၊ ထမင်းသုံးနပ်တို့ကိုလည်း မစား၊ ထမင်းလေးနပ်တို့ကိုလည်း မစား၊ ထမင်းငါးနပ်တို့ကိုလည်း မစား၊ ထမင်းခြောက်နပ်တို့ကိုလည်း မစား၊ ထမင်းခုနစ်နပ်တို့ကိုလည်း မစား။

၂၈။ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွားစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့်ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန်အလို့ငှါ အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားသုဒိန် ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စား သောက် ပျော်ပါးကာ ကာမဂုဏ်များကိုခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါကား ငါတို့ ခွင့်မပြုနိုင်ကုန်''ဟု ပြောကြကုန်၏။

ဤသို့ ပြောကြကုန်သော် ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်ရန်အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားသုဒိန် ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့။ စား သောက် ပျော်ပါးကာ ကာမဂုဏ်များကိုခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါကား ငါတို့ ခွင့်မပြုနိုင်ကုန်''ဟု ပြောကြ ကုန်၏။

သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ် နေ၏။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည် ကလန္ဒသူဌေးသားသုဒိန်ထံ ချဉ်းကပ်ပြီးသော် ကလန္ဒသူဌေးသားသုဒိန်အား-

''အဆွေသုဒိန် သင်သည် မိဘတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက်အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ အဆွေသုဒိန် သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်၏ မိဘတို့သည် သင် သေသဖြင့်လည်း (မိဘတို့) အလို မရှိကုန်ဘဲလျက် သင်နှင့်ခွဲခွါကြရပေမည်၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါအဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ အဆွေ သုဒိန် ထလော့၊ စားလည်း စားလော့၊ သောက်လည်းသောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စား သောက် ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါကားမိဘတို့ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကုန်''ဟု ပြောကြကုန်၏။

ဤသို့ ပြောကုန်သော် ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ် နေ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည်ကလန္ဒသူဌေးသား သုဒိန်အား ဤစကားကို ပြောကြကုန်၏။ အဆွေသုဒိန်။ပ။ သုံးကြိမ်မြောက်လည်းကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ်နေ၏။

၂၉။ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့ထံသို့ ချဉ်းကပ်ကြပြီးသော် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့အား-

''မိခင် ဖခင်တို့ ဤသုဒိန်သည် အခင်းမရှိသော မြေပေါ်၌ ''ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိ်မ့်မည်''ဟု အိပ်၏။ သင်တို့ သည်သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ ခွင့်မပြုကြပါမူ ထိုနေရာ၌ပင် သေခြင်းသို့ရောက်လတ္တံ့၊ အကယ်၍ သင်တို့သည် ရဟန်းပြုရန် ခွင့်ပြုကြပါမူ ရဟန်းအဖြစ်နှင့် နေသော သုဒိန်ကိုမြင်ကြရဦးမည်၊ သုဒိန်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းပြု ပြီးမှ အကယ်၍မပျော်ပိုက်ခဲ့ပါမူ သူ့အား မိဘတို့ အိမ်မှတစ်ပါး သွားစရာ အဘယ်မှာ ရှိအံ့ နည်း၊ ဤ (အိမ်) သို့သာလျှင် တစ်ဖန် ပြန်လာပါလိမ့်မည်၊ သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန်အလို့ငှါ ခွင့်ပြုကြပါကုန်''ဟု ပြောကြကုန်၏။

(ထိုအခါ သုဒိန်၏ မိဘတို့သည်) အမောင်တို့ သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ငါတို့ ခွင့်ပြုပါကုန်၏ဟု (ပြောကြကုန်၏)။

ထိုအခါ ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည် ကလန္ဒသူဌေးသား သုဒိန်ထံ ချဉ်းကပ်ပြီးသော် အဆွေသုဒိန် ထလော့၊ သင့်ကို မိဘတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ ခွင့်ပြုကြပြီဟု ပြောကုန်၏။

၃၀။ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် ''မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ ခွင့်ပေးပြီ''ဟု ရွှင်လန်း တက်ကြွသော စိတ်ရှိသည်ဖြစ်၍ ကိုယ်ကို လက်ဖြင့် ပွတ် သပ်လျက်ထ၏။

ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် တစ်ရက် နှစ်ရက် အားယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန်သည်မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါခွင့်ပေးကြပါပြီ၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါ''ဟု လျှောက်၏။

ကလန္ဒသူဌေးသား သုဒိန်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရ၏၊ ရဟန်း အဖြစ် ကိုလည်းရ၏။

ရဟန်းဖြစ်၍ မကြာမီ အသျှင်သုဒိန်သည် ဤသို့သဘောရှိသော ကိလေသာကို ခါထုတ်ကြောင်း 'ဓုတင်' ဂုဏ်တို့ကို ဆောက်တည်၍ ကျင့်၏၊ တောကျောင်းနေခြင်း 'အာရညိက' ဓုတင်ကိုဆောင်၏၊ ဆွမ်းခံစားခြင်း 'ပိဏ္ဍပါတိက' ဓုတင်ကို ဆောင်၏၊ ပံသုကူသင်္ကန်းကို ဝတ်ခြင်း 'ပံသုကူလိက'ဓုတင်ကို ဆောင်၏၊ အိမ်စဉ်အတိုင်း ဆွမ်းရပ်ခြင်း 'သပဒါနစာရိက' ဓုတင်ကို ဆောင်၏၊ ဝဇ္ဇီတိုင်း ရွာတစ်ရွာကို အမှီပြု၍ နေ၏။

ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ၊ ထိုအခါ အသျှင်သုဒိန်အား-

''ယခုအခါ ဝဇ္ဇီတို်င်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ၊ ဝေသာလီမြို့၌ (စီးပွါးဥစ္စာ) ကြွယ်ဝသော (မြှုပ်နှံထားသည့်) ဥစ္စာပေါများသော (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာရှိသော များသော ရွှေငွေရှိသော နှစ်သက်ဖွယ်ရာ များသော အသုံးအဆောင်ရတနာရှိသော (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာ စပါးရှိသော ငါ၏ ဆွေမျိုးတို့သည် ပေါများကုန်၏၊ ငါသည် ဆွေမျိုးတို့ကို အမှီပြုနေရမူ ကောင်း လေစွ၊ ဆွေမျိုးတို့သည် ငါ့ကို အမှီပြု၍ လှူဖွယ်တို့ကို ပေးလှူကြလိမ့်မည်၊ ကောင်းမှုတို့ကို ပြုကြ လိမ့်မည်၊ ရဟန်းတို့သည်လည်း လာဘ်ကိုရရှိကြလိမ့်မည်၊ ငါသည် ဆွမ်းဖြင့် မပင်ပန်းဘဲ ရှိလိမ့် မည်''ဟု အကြံဖြစ်ပေါ်၏။

ထို့နောက် အသျှင်သုဒိန်သည် အိပ်ရာနေရာကို သိုမှီးပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီမြို့ သို့ဖဲခွါခဲ့ရာ အစဉ်အတိုင်း ဝေသာလီမြို့သို့ ရောက်၏၊ ထိုဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ၏။

အသျှင်သုဒိန်၏ ဆွေမျိုးတို့သည် ''ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီမြို့သို့ ရောက်လာ ပြီ''ဟုကြားကုန်၏၊ ထိုသူတို့သည် အသျှင်သုဒိန်အား ဆွမ်းအိုး ခြောက်ဆယ်တို့ကို ပို့ကြကုန်၏။

ထိုအခါ အသျှင်သုဒိန်သည် ထိုဆွမ်းအိုး ခြောက်ဆယ်တို့ကို ရဟန်းတို့အား စွန့်လှူ၍ (မိမိမူကား) နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက် ကလန္ဒရွာသို့ ဆွမ်းခံဝင်၏၊ ကလန္ဒရွာ၌ အိမ် စဉ်အတိုင်း ဆွမ်းခံလှည့်လည်သော် မိမိ၏ အဖအိမ်သို့ ချဉ်းကပ်မိ၏။

၃၁။ ထိုအခါ အသျှင်သုဒိန်၏ ဆွေမျိုးတို့၏ ကျွန်မသည် တစ်ညဉ့်လွန် 'သိုးလေ' ပြီးသော မုယောမုံ့ကိုစွန့်ပစ်လို၏၊ ထိုအခါ အသျှင်သုဒိန်သည် ထိုဆွေမျိုးတို့၏ ကျွန်မကို ''နှမ ထို (မုန့်) ကို အကယ်၍စွန့်ပစ်ရမည် ဖြစ်အံ့၊ ငါ၏ ဤသပိတ်၌လောင်းလော့''ဟု ပြော၏။

ထိုအခါ အသျှင်သုဒိန်၏ ဆွေမျိုးတို့၏ ကျွန်မသည် တစ်ညဉ့်လွန် 'သိုးလေ' ပြီးသော ထိုမုယော မုန့်ကိုအသျှင်သုဒိန်၏ သပိတ်၌လောင်းစဉ် လက် ခြေ အသံတို့၏ အမှတ်အသားကို မှတ်ယူပြီးနောက်အသျှင်သုဒိန်၏ မိခင်ထံသို့ ချဉ်းကပ်၍ ''အို အရှင်မ သိပါလော့၊ အရှင့်သား သုဒိန်သည် ရောက်လာပြီ''ဟု အသျှင်သုဒိန်၏ အမိကို ပြော၏၊ အို ကျွန်မ အကယ်၍ သင် အမှန်ပြောမူ သင့်ကို ကျွန်အဖြစ်မှလွှတ် မည်ဟု ဆို၏။

၃၂။ ထိုအခါ အသျှင်သုဒိန်သည် နံရံခြေတစ်ခုကို မှီ၍ တစ်ညဉ့်လွန် 'သိုးလေ' ပြီးသော ထိုမုယောမုန့်ကို သုံးဆောင်နေ၏၊ အသျှင်သုဒိန်၏ အဖလည်း အလုပ် လုပ်ရာမှ ပြန်လာသော် နံရံခြေတစ်ခုကို မှီ၍တစ်ညဉ့် လွန် 'သိုးလေ' ပြီးသော မုယောမုန့်ကို သုံးဆောင်နေသော အသျှင်သုဒိန်ကို မြင်သောကြောင့်အသျှင်သုဒိန်ထံသို့ ချဉ်းကပ်၍ အသျှင်သုဒိန်အား ''ချစ်သားသုဒိန် တစ်ညဉ့်လွန် 'သိုးလေ' ပြီးသောမုယောမုန့်ကို စားမှ စားပလေ၊ အကယ်စင်စစ် မိမိအိမ်သို့ သွားသင့်သည် မဟုတ်ပါလော့''ဟု ပြော၏။ ဒါယကာ သင့်အိမ်သို့ ရောက်ခဲ့ပြီ၊ ဤ တစ်ညဉ့်လွန် 'သိုးလေ' ပြီးသော မုယောမုန့်သည် ထို (သင့်အိမ်) မှဖြစ်၏ဟု (ပြန်ပြော၏)။

ထိုအခါ အသျှင်သုဒိန်၏ အဖသည် အသျှင်သုဒိန်၏ လက်မောင်းကို ကိုင်၍ ''ချစ်သားသုဒိန် လာလော ့၊ အိမ်သို့ သွားကုန်အံ့''ဟု အသျှင်သုဒိန်အား ပြော၏၊ ထို့နောက် အသျှင်သုဒိန်သည် မိမိ၏ အဖအိမ်သို့ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်၏၊ ထိုအခါ အသျှင်သုဒိန်၏ အဖသည် အသျှင် သုဒိန်အား-

''ချစ်သားသုဒိန် စားပါလော့''ဟု ပြော၏။ ဒါယကာ တော်ပြီ၊ ယနေ့ အကျွန်ုပ်အား ဆွမ်းကိစ္စပြီးပြီဟု (ပြန်ပြော၏)၊ ချစ်သားသုဒိန် နက်ဖြန်အတွက် ဆွမ်းကို လက်ခံပါလော့ဟု (ပြောပြန်သောအခါ) - အသျှင်သုဒိန်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံပြီးနောက် နေရာမှ ထကာ ဖဲခွါသွားလေ၏။

 

 

၃၃။ ထို့နောက် အသျှင်သုဒိန်၏ မိခင်သည် ထိုညဉ့်လွန်သော အခါ၌ မြေကြီးကို နွားချေးစိုဖြင့်လိမ်းကျံစေပြီးလျှင် ရွှေတစ်ပုံ ငွေတစ်ပုံအားဖြင့် အပုံနှစ်ပုံကို ပြုစေ၏၊ အပုံတို့သည် အလွန်ကြီးကုန်၏၊ ဤမှာဘက်၌ ရပ်သော ယောက်ျားသည် ထိုမှာဘက်၌ ရပ်သော ယောက်ျားကို မမြင်နိုင်၊ ထိုမှာဘက်၌ရပ်သော ယောက်ျားသည်လည်း ဤမှာဘက်၌ ရပ်သော ယောက်ျားကို မမြင်နိုင်၊ ထိုအပုံတို့ကို ဖျာတို့ဖြင့်ဖုံးလွှမ်းစေပြီးလျှင် အလယ်၌ နေရာခင်းစေ၍ ကန့်လန့်ကာကို ကာရံပြီးလျှင် အသျှင်သုဒိန်၏ မယားဟောင်းကို ''(ချစ်သမီး) ချွေးမ ငါ တိုက်တွန်း၏၊ ငါ့သား သုဒိန်အား ကြိုက်နှစ်သက်စေတက်သည့် အဝတ်တန်ဆာကို ဝတ်ဆင်လော့''ဟု ခေါ်၍ ပြော၏။

''အရှင်မ ကောင်းပါပြီ''ဟု အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ အမိအား ဝန်ခံ၏။

၃၄။ ထိုအခါ အသျှင်သုဒိန်သည် နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်မိမိ၏ အဖအိမ်သို့ ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်၏။

အသျှင်သုဒိန်၏ အဖသည် အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးလျှင် ထို (ရွှေ ငွေ) အပုံတို့ကို ဖွင့်လှစ်စေ၍အသျှင်သုဒိန်အား-

''ချစ်သားသုဒိန် ဤ (ရွှေ ငွေ) သည် သင့်အမိ၏ အမိဘက်မှ ပါလာသော ဥစ္စာတည်း၊ မိန်းမ သား၏ (အသုံး အဆောင်အလို့ငှါ ရအပ်သော) မိန်းမသုံး ဥစ္စာတည်း၊ အဖဘက်မှ ပါလာသော ဥစ္စာသည်တစ်ခြား ရှိသေး၏၊ အဘိုးအဘေးဘက်မှ (ဆင်းသက်) လာသော ဥစ္စာလည်း တစ်ခြား ရှိသေး၏၊ ချစ်သားသုဒိန် လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်၏၊ ချစ်သား သုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်းပြုလော့''ဟု ပြော၏။

ဖခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ရွှင်စွာ မြတ်သော အကျင့်ကို ကျင့်နေပါသည်ဟု (ပြန်၍ ပြော၏)။ နှစ်ကြိ်မ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်၏အဖသည် အသျှင်သုဒိန်အား-

''ချစ်သားသုဒိန် ဤ (ရွှေ ငွေ) သည် သင့်အမိ၏ အမိဘက်မှ ပါလာသော ဥစ္စာတည်း၊ မိန်းမသား၏ (အသုံး အဆောင်အလို့ငှါ ရအပ်သော) မိန်းမသုံးဥစ္စာတည်း၊ အဖဘက်မှ ပါလာ သော ဥစ္စာသည်တခြား ရှိသေး၏၊ အဘိုးအဘေးဘက်မှ (ဆင်းသက်) လာသော ဥစ္စာလည်း တခြားရှိသေး၏၊ ချစ်သားသုဒိန် လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်၏၊ ချစ်သားသုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့''ဟုပြော၏။

''ဒါယကာ အကယ်၍ သင် အမျက်မထွက်လျှင် သင့်ကို ပြောလို၏''ဟု (ပြောသောအခါ) ချစ်သားသုဒိန် ပြောလော့ဟု (ပြန်၍ ပြော၏)။

''ဒါယကာ သို့ဖြစ်လျှင် သင်သည် ပိုက်ဆံလျှော်အိတ် ကြီးကြီးတို့ကို ချုပ်စေပြီးလျှင် ရွှေငွေ အပြည့်ထည့်၍ လှည်းတို့ဖြင့် ထုတ်ဆောင်ကာ ဂင်္ဂါမြစ်လယ် ရေအယဉ်၌ ပစ်ချလိုက်လော့၊ ထိုသို့အဘယ့်ကြောင့် ပြုလုပ်စေရသနည်း ဆိုသော်- ဒါယကာ ထို (ဥစ္စာရှိနေခြင်းဟူသော) အကြောင်းကြောင့် သင့်အား ကြောက်ခြင်းသည်လည်းကောင်း၊ တုန်လှုပ်ခြင်းသည်လည်းကောင်း၊ ကြက်သီးမွေးညင်းထခြင်းသည်လည်းကောင်း၊ စောင့်ရှောက်ရခြင်းသည်လည်းကောင်း ဖြစ်ရလိမ့်မည်၊ (မရှိခဲ့မူ) သင့်အား ထို (ကြောက်ခြင်းစသော) အန္တရာယ်သည် မဖြစ်နိုင်တော့ပြီ၊ ထို့ကြောင့်ပင်ဖြစ်သည်''ဟု (ပြော၏)။

ဤသို့ပြောသော် အသျှင်သုဒိန်၏ အဖသည် ''သားသုဒိန်သည် အဘယ်ကြောင့်လျှင် ဤသို့ ပြောလေဘိသနည်း''ဟု နှလုံးမသာ ဖြစ်လေ၏။

၃၅။ ထို့နောက် အသျှင်သုဒိန်၏ အဖသည် အသျှင်သုဒိန်၏ မယားဟောင်းကို ''(ချစ်သမီး) ချွေးမ ငါတိုက်တွန်းပါ၏၊ သားသုဒိန်သည် သင့်ကို ချစ်လည်း ချစ်၏၊ နှစ်သက်လည်း နှစ်သက်၏၊ သားသုဒိန်သည် သင့်စကားကို လိုက်နာကောင်း လိုက်နာပေမည်''ဟု ခေါ်၍ ပြော၏။

ထိုအခါ အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ ခြေတို့ကို ကိုင်၍ အသျှင်သုဒိန်အား-

''အရှင့်သား အကြင် (နတ်သမီး) တို့ကို (ရလိုမှုဟူသော) အကြောင်းကြောင့် အရှင့်သားသည် မြတ်သောအကျင့်ကို ကျင့်၏၊ ထိုနတ်သမီးတို့ကား အဘယ်သို့သဘော ရှိပါကုန်သနည်း''ဟု မေး၏။

''နှမ ငါသည် နတ်သမီးဟူသော အကြောင်းကြောင့် မြတ်သော အကျင့်ကို ကျင့်သည် မဟုတ်ပါ''ဟု (ပြန်၍ပြော၏)။

ထိုအခါ အသျှင်သုဒိန်၏ မယားဟောင်းသည် ''ယနေ့မှစ၍ ငါ့ကို အရှင့်သားသုဒိန်သည် နှမဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုနေသည်တကား''ဟု (ဝမ်းနည်း ပူဆွေးလျက်) ထိုနေရာ၌ပင်လျှင် မိန်းမောတွေဝေ၍ လဲလေ၏။

ထိုအခါ အသျှင်သုဒိန်သည် အဖဖြစ်သူအား-

''ဒါယကာ ဆွမ်းဘောဇဉ်တို့ကို ပေးလှူမည်ဖြစ်လျှင် ပေးလှူလော့၊ အကျွန်ုပ်တို့ကို (ဥစ္စာ မိန်းမအထွေထွေကို ပြလျက်) မညှဉ်းဆဲပါလင့်''ဟု ပြော၏၊ ချစ်သားသုဒိန် သုံးဆောင်လော့ဟု (ပြန်ပြော၏)။

ထိုု့နောက် အသျှင်သုဒိန်၏ အမိအဖတို့သည် အသျှင်သုဒိန်အား မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင် လုပ်ကျွေးကုန်၏။

ထိုအခါ အသျှင်သုဒိန်၏ မိခင်သည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကိုဖယ်ပြီးသော အသျှင် သုဒိန်အား-

''ချစ်သား သုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာ ရှိ၏၊ များသော ရွှေငွေ ရှိ၏၊ နှစ်သက် ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာစပါး ရှိ၏၊ ချစ်သား သုဒိန် လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်၏၊ ချစ်သားသုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်းပြုလော့''ဟု ပြော၏။

မိခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ရွှင်စွာ မြတ်သော အကျင့်ကိုကျင့်နေပါသည်ဟု (ပြန်၍ပြော၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်၏အမိသည် အသျှင်သုဒိန်အား-

''ချစ်သားသုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာရှိ၏၊ များသော ရွှေငွေ ရှိ၏၊ နှစ်သက် ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာစပါး ရှိ၏၊ ချစ်သားသုဒိန် သို့ဖြစ်လျှင် (သား) မျိုးကိုသော်လည်း ပေးပါလော့၊ အမွေခံသား မရှိသော ငါတို့၏ပစ္စည်းဥစ္စာကို လိစ္ဆဝီ (မင်း) တို့သည် (မင်းဘဏ္ဍာတော်အဖြစ်ဖြင့်) မယူဆောင် ကြပါစေလင့်''ဟု (ပြောသောခါ) -

မိခင် ဤ (သားမျိုးပေးခြင်းကိစ္စ) ကိုမူကား ပြုလုပ်နိုင်ပါသည်ဟု (ပြန်ပြော၏)။

ချစ်သားသုဒိန် ယခုအခါ (သင်) အဘယ်မှာ နေပါသနည်းဟု (မေးသောအခါ) -

မိခင် မဟာဝုန်တောမှာ (နေပါသည်ဟု ပြော၏)။

ထို့နောက် အသျှင်သုဒိန်သည် နေရာမှ ထကာ ဖဲခွါသွားလေ၏။

၃၆။ ထိုအခါ အသျှင်သုဒိန်၏ မိခင်သည် အသျှင်သုဒိန်၏ မယားဟောင်းကို ''(ချစ်သမီး) ချွေးမ (သားရဖို့ အကြောင်း တောင်းပန်ပါရစေ) ဥတုလာ၍ (မိန်းမတို့ဓမ္မတာ) ပန်းပွင့်သော အခါ၌ ငါ့အားပြောပါလော့''ဟု ခေါ်၍ ပြော၏၊ အရှင်မ ကောင်းပါပြီဟု အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ မိခင်အား ပြန်ကြား၏။

ထို့နောက် မကြာမီပင် အသျှင်သုဒိန်၏ မယားဟောင်းအား ဥတုလာ၍ (မိန်းမတို့ ဓမ္မတာ) ပန်း ပွင့်ခဲ့၏၊ ထိုအခါ အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ မိခင်အား ''အရှင်မ အကျွန်ုပ်အားဥတုလာ၍ (မိန်းမတို့ဓမ္မတာ) ပန်း ပွင့်ပါပြီ''ဟု ပြော၏။ (ချစ်သမီး) ချွေးမ သို့ဖြစ်လျှင် ငါ့သားသုဒိန်အား ကြိုက်နှစ်သက်စေတတ်သည့် အဝတ်တန်ဆာကို ဝတ်ဆင်လော့ဟု (ပြော၏)။ အရှင်မ ကောင်းပါပြီဟု အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ မိခင်အား ပြန်ကြား၏။

ထို့နောက် အသျှင်သုဒိန်၏ မိခင်သည် အသျှင်သုဒိန်၏ မယားဟောင်းကို ခေါ်ယူ၍ မဟာဝုန်တော အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးလျင် အသျှင်သုဒိန်အား-

''ချစ်သားသုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ် သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာ ရှိ၏၊ များသော ရွှေ ငွေ ရှိ၏၊ နှစ်သက်ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များ သော ဥစ္စာစပါး ရှိ၏၊ ချစ်သားသုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန်ရနိုင်၏၊ ချစ်သား သုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့''ဟု ပြောဆိုပြန်၏။

မိခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ရွှင်စွာ မြတ်သော အကျင့်ကိုကျင့်နေပါသည်ဟု (ပြန်၍ ပြော၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်၏အမိသည် အသျှင်သုဒိန်အား-

''ချစ်သားသုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ် သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာ ရှိ၏၊ များသော ရွှေငွေ ရှိ၏၊ နှစ်သက်ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များ သော ဥစ္စာစပါး ရှိ၏၊ ချစ်သားသုဒိန် သို့ဖြစ်လျှင် (သား) မျိုးကိုသော်လည်း ပေးပါလော့၊ အမွေခံသားမရှိသော ငါတို့၏ပစ္စည်းဥစ္စာကို လိစ္ဆဝီ (မင်း) တို့သည် (မင်းဘဏ္ဍာတော်အဖြစ်ဖြင့်) မယူဆောင်ကြပါစေလင့်''ဟုပြောဆိုပြန်၏။

မိခင် ဤ (သားမျိုးပေးခြင်းကိစ္စ) ကိုမူကား ငါသည် ပြုလုပ်နိုင်ပါသည်ဟု ပြောပြီးလျှင် မယားဟောင်း၏ လက်မောင်းကိုဆွဲကိုင်၍ မဟာဝုန်တောထဲသို့ ဝင်ပြီးလျှင် (ပဌမပါရာဇိက) သိက္ခာပုဒ်တော်ကို မပညတ်ရသေးမီ (မေထုန်မှီဝဲခြင်း၌) အပြစ်မမြင်သည်ဖြစ်၍ မယားဟောင်း၌ မေထုန်အကျင့်ကို သုံးကြိမ်တိုင်အောင် ပြုကျင့်မိလေ၏၊ ထို (မယားဟောင်း) သည် ထို (မေထုန်အကျင့်ကို ပြုကျင့်ခြင်း) မျှဖြင့် ကိုယ်ဝန် ရယူလေ၏၊ ဘုမ္မစိုးနတ်တို့သည်-

''အချင်းတို့ ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှ ကင်းပေစွတကား၊ အပြစ်မှကင်းပေစွတကား၊ ကလန္ဒသူဌေးသား သုဒိန်သည် (ဒုဿီလဟူသော) အမြှုပ်ကို ဖြစ်စေခဲ့လေပြီ၊ အပြစ်ကိုဖြစ်စေခဲ့လေပြီ''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဘုမ္မစိုးနတ်တို့၏ အသံကို ကြား၍ စာတုမဟာရာဇ် နတ်တို့သည်။ပ။ တာဝတိံသာ နတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုတိသာ နတ်တို့သည်။ပ။ နိမ္မာနရတိ နတ်တို့သည်။ပ။ ပရနိမ္မိတ ဝသဝတ္တီ နတ်တို့သည်။ပ။ ဗြဟ္မာအပေါင်းတို့သည်-

''အချင်းတို့ ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှ ကင်းပေစွတကား၊ အပြစ်မှကင်းပေစွတကား၊ ကလန္ဒသူဌေးသား သုဒိန်သည် (ဒုဿီလဟူသော) အမြှုပ်ကို ဖြစ်စေခဲ့လေပြီ၊ အပြစ်ကိုဖြစ်စေခဲ့လေပြီ''ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဤသို့လျှင် ထိုတစ်ခဏချင်းဖြင့် ထိုတစ်မုဟုတ်ချင်းဖြင့် ဗြဟ္မာ့ပြည်တိုင်အောင် ကြွေးကြော်သံသည်လွှမ်း၍ တက်၏။

ထို့နောက် အသျှင်သုဒိန်၏ မယားဟောင်းသည် ထိုကိုယ်ဝန် (ပဋိသန္ဓေ)၏ ကြီးရင့်ခြင်းကို အစွဲပြု၍သား (ယောက်ျား) ကိုဖွားမြင်၏၊ ထိုအခါ အသျှင်သုဒိ်န်၏ သူငယ်ချင်းတို့သည် ထိုသူငယ်အား 'ဗီဇက'ဟုအမည်မှည့်ကုန်၏၊ အသျှင်သုဒိန်၏ မယားဟောင်းအား 'ဗီဇကမာတာ'ဟု အမည်မှည့်ကုန်၏၊ အသျှင်သုဒိန်အား 'ဗီဇကပိတာ'ဟု အမည်မှည့်ကုန်၏၊ ထို (သားအမိ) နှစ်ယောက်တို့သည် (ခုနစ်နှစ် ရှစ်နှစ်မျှကြာသော) နောက်အခါ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျက် ရဟန်းပြုကြ၍အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကုန်၏။

၃၇။ ထိုအခါ အသျှင်သုဒိန်အား ''ငါ့အား (ဈာန်စသော ကျေးဇူးတရားကို) မရလေစွတကား၊ ငါ့အား (ရှင် ရဟန်းအဖြစ်ကို) အရ မတော်လေစွတကား၊ ငါသည် (သာသနာတော်ကို) မကောင်းသဖြင့်ရအပ်ပေစွတကား၊ ငါသည် (သာသနာတော်ကို) ကောင်းစွာ ရခြင်း မဟုတ်လေစွတကား၊ အကြင် ငါသည်ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ခဲ့ပေစွတကား''ဟု နောင်တ တစ်ဖန်ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်၏၊ ထို (အသျှင်သုဒိန်) သည် ထိုနောင်တ တစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်းကြောင့် ပိန်ကြုံခဲ့လေပြီ၊ အသွေးအသား ခေါင်းပါးခဲ့လေပြီ၊ ရုပ်အဆင်းပျက်ခဲ့လေပြီ၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိခဲ့လေပြီ၊ (ကွန်ယက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသောကိုယ် ရှိခဲ့လေပြီ၊ အတွင်း (ဆွေး ဆွေးသော) စိတ်ရှိသည် ဖြစ်၍ တွန့်ဆုတ်သော စိတ်ရှိသည် ဖြစ်၍ ဆင်းရဲခြင်းရှိသည် ဖြစ်၍ စိတ်မကောင်းသည် ဖြစ်၍ နှလုံးမသာသည် ဖြစ်၍ မှိုင်တွေနေလေ၏။

၃၈။ ထိုအခါ အသျှင်သုဒိန်၏ သူငယ်ချင်းရဟန်းတို့သည် အသျှင်သုဒိန်အား-

''ငါ့သျှင်သုဒိန် သင်သည် ရှေးအခါ၌ အဆင်းလှ၏၊ ဣန္ဒြေပြည့်ဖြိုး၏၊ မျက်နှာအဆင်း ကြည်လင်၏၊ ကိုယ်ရေအဆင်း အထူးကြည်လင်၏၊ သင်သည် ယခုအခါ၌ ပိန်ကြုံ၏၊ အသွေး အသား ခေါင်းပါး၏၊ ရုပ်အဆင်းပျက်၏၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိ၏၊ (ကွန်ယက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ အတွင်း (ဆွေး ဆွေးသော) စိတ်ရှိသည် ဖြစ်၍ တွန့်ဆုတ်သောစိတ်ရှိသည် ဖြစ်၍ ဆင်းရဲခြင်းရှိသည် ဖြစ်၍ စိတ်မကောင်း သည် ဖြစ်၍ နှလုံးမသာသည် ဖြစ်၍မှိုင်တွေနေ၏၊ ငါ့သျှင်သုဒိန် အသို့နည်း၊ သင်သည် မြတ် သော အကျင့်ကို မမွေ့လျော်ဘဲ့ကျင့်နေသလော''ဟု ပြောဆိုကြကုန်၏။

ငါ့သျှင်တို့ ကျွန်ုပ်သည် မြတ်သော အကျင့်ကို မမွေ့လျော်ဘဲ ကျင့်နေသည် မဟုတ်ပါ၊ အကျွန်ုပ်ပြုလုပ်မိသော မကောင်းမှု ရှိပါသည်၊ မယားဟောင်း၌ မေထုန်အကျင့်ကို ပြုကျင့်မိပါသည်၊ ငါ့သျှင်တို့အကျွန်ုပ်အား ''ငါ့အား (ဈာန်စသော ကျေးဇူးတရားကို) မရလေစွတကား၊ ငါ့အား (ရှင်ရဟန်းဖြစ်ကို) အရ မတော်လေစွတကား၊ ငါသည် (သာသနာတော်ကို) မကောင်းသဖြင့် ရအပ်ပေစွတကား၊ ငါသည် (သာသနာတော်ကို) ကောင်းစွာ ရခြင်း မဟုတ်လေစွတကား၊ အကြင် ငါသည် ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သော အကျင့်ကို အသက်ထက်ဆုံးပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ခဲ့ပေစွတကား''ဟု နောင်တ တစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်းဖြစ်နေပါသည်ဟု (ပြန်ပြော၏)။

ငါ့သျှင်သုဒိန် သင်အား နောင်တတစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်ထိုက်ပါပေ၏၊ အကြင်သင်သည် ဤသို့ ကောင်းစွာဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သော အကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်နိုင်ရန် မတတ်နိုင်ဖြစ်တုံဘိ၏၊ ငါ့သျှင်မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကိုိုဟောတော်မမူဘဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောတော်မူသည် မဟုတ်ပါလော၊ (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် ဟောတော်မူသည် မဟုတ်ပါလော။

ငါ့သျှင် မြတ်စွာဘုရားသည် ထုိုသို့ ရာဂကင်းရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် သင်သည်ရာဂနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိ၏၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိ၏၊ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိ၏။

ငါ့သျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂကင်းခြင်းငှါ တရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဟူသော) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငါှ တဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငါှ ငြိ်မ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော။

ငါ့သျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်ပယ်မှုကို ဟောတော်မူသည်မဟုတ်ပါလော၊ ကာမဂုဏ် သညာ (စိတ်) တို့ကို ပိုင်းခြား၍ သိမှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ် မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်၌ ကြံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မှုသည် မဟုတ်ပါလော၊ ကာမဂုဏ် အပူအအိုက်တို့၏ငြိမ်းအေး မှုကို ဟောတော်မူသည် မဟုတ်ပါလော။

ငါ့သျှင် ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ။

ငါ့သျှင် အမှန်စင်စစ် ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့အားမကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညို ပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ပြောဆိုကြကုန်၏)။

၃၉။ ထို့နောက် ရဟန်းတို့သည် အသျှင်သုဒိန်ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤ (အသျှင်သုဒိန်၏ မေထုန်လွန်ကျူးမှုဟူသော) အကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်သုဒိန်ကို ''်သုဒိန် သင်သည် မယားဟောင်း၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ ''(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား (သင်၏အမှုသည်) ရဟန်းတု့ိအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည်ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သောအကျင့် ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငါှ တရားတော်ကို ဟောတော်မမူဘဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောတော်မူသည် မဟုတ်ပါလော၊ (တဏှာ ဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကိုဟောတော်မမူဘဲ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောအပ်ပါလျက် သင်သည် အဘယ့်ကြောင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိသနည်း၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိသနည်း၊ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် တရားတော်ကို ဟောအပ်ပါလျက် (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွဖြစ်ခြင်းငှါ အားထုတ်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂကင်းခြင်းငှါတရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဟူသော) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါတဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည်မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်ပယ်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ် သညာ (စိတ်) တို့ကို ပိုင်းခြား၍ သိမှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ် မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်၌ ကြံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်အပူအအိုက်တို့၏ ငြိမ်းအေးမှုကိုို ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား လျင်သောအဆိပ် ကြမ်းသောအဆိပ်ရှိသော မြွေ၏ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မိန်းမ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား မြွေဟောက်၏ ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကိုထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မိန်းမ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ရဲရဲညိ၍ ထက်ဝန်းကျင် မီးတောက်မီးလျှံ မီးရောင် နှင့်တကွ ဖြစ်သော မီးကျီးခဲ အစုအပုံ၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မိန်းမ၏အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

ထိုသို့ဖြစ်ခြင်းသည် ဘယ်ကြောင့်နည်းဆိုသော် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထို (မြွေ၏့ခံတွင်း မီးကျီးခဲ အစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါး ဆင်းရဲဒုက္ခသို့သော်လည်းကောင်း ရောက်ရာ၏၊ ထို (မြွေ၏ခံတွင်း မီးကျီးခဲ အစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော သူတို့လားရာဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ကား မရောက်နိုင်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ဤ (မိန်းမ၏ အင်္ဂါဇာတ်၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော သူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်လေရာ၏။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ထိုသို့ဖြစ်ပါလျက် သင်သည် သူတော်ကောင်း အကျင့်မဟုတ်၊ ရပ်ရွာနေသူ လူယုတ်တို့၏ အကျင့်ဖြစ်သော ရုန့်ရင်းကြမ်းတမ်းသော ရေဆေးခြင်းလျှင် အဆုံးရှိသော (လူမြင်လျှင် မတင့်တယ်၍) ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရသော ယောက်ျားမိန်းမ အစုံအစုံတွဲ၍ ပြုကျင့်ရသော မေထုန်အကျင့်ကို ပြုကျင့်တုံဘိ၏။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား သင်သည် များစွာသော အကုသိုလ်တရားတို့ကို (သူခပ်သိမ်းတို့၏) ရှေးဦးစွာ ပြုကျင့်သူဖြစ်၍ ရှေ့သွား (ခေါင်းဆောင်) ဖြစ်ပေ၏။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား အမှန်စင်စစ် ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏''ဟု (ကဲ့ရဲ့တော်မူ၏)။

ထိုု့နောက် မြတ်စွာဘုရားသည် အသျှင်သုဒိန်ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း အလိုကြီးခြင်းမရောင့်ရဲနိုင်ခြင်း အပေါင်းအဖော်၌ မက်မောခြင်း ပျင်းရိခြင်းတို့၏ ကျေးဇူးမဲ့ (စကား) ကို မိန့်တော်မူပြီး၍များစွာသော အကြောင်းဖြင့် ကိုယ်တိုင် ပြုစုမွေးမြူလွယ်ခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူလွယ်ခြင်းအလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာကို ခေါင်းပါးစေခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ရှိခြင်း ကိလေသာကို မဆည်းပူးခြင်း ဝီရိယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ်လျော်ညီသော တရားစကားကိုဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို-

------

၁။ ဆွမ်းတစ်အိုးလျှင် ဆယ်ပါးစာ ရှိသည်ဟူ၏ (အဋ္ဌကထာ)

၂။ ဥစ္စာတည်း= သနပ်ခါးပန်းဘိုးမျှရှိသေး၏ ဆိုလိုသည်။

ဝိနည်း ပညတ်ကြောင်း ၁၀-ပါး

''ရဟန်းတို့ သို့ဖြစ်လျှင်

(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်

(၂) သံဃာတော်များ ချမ်းသာစေရန်

(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်

(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကိုစောင့်စည်းရန်

(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်

(၉) သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တံ့ရန်

(၁၀) ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော

အကျိုးထူး ဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(က) ''အကြင် ရဟန်းသည် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲငြားအံ၊ ထိုရဟန်း သည် သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

သုဒိန် ရဟန်းအကြောင်း ပြဆိုရာအခန်း မြန်မာပြန်ပြီး၏။

------

မျောက်မဝတ္ထု

၄၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ မျောက်မကို အစာဖြင့်ဖြားယောင်း၍ ထိုမျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထို့နောက် ထိုရဟန်းသည် နံနက်အချိန် (သင်္ကန်း) ကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူလျက် ဝေသာလီမြို့သို့ ဆွမ်းခံဝင်၏၊ ထိုအခါ ရဟန်းများစွာတို့သည် ကျောင်းစဉ် လှည့်လည်ကုန်သော် ထိုရဟန်း၏ ကျောင်းသို့ ချဉ်းကပ်ကြကုန်၏၊ ထိုမျောက်မသည် အဝေးမှ လာကုန်သော ထို (အာဂန္တု) ရဟန်းတို့ကို မြင်ပြီးနောက် ထိုရဟန်းတို့ထံသို့ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့၏ ရှေ့၌ ခါးကိုလည်း လှုပ်ပြ၏၊ အမြီးကိုလည်း လှုပ်ပြ၏၊ ခါးကိုလည်းကွပြ၏၊ (မေထုန်အကျင့်ကို ပြုကျင့်ရန်) အရိပ်နိမိတ်ကိုလည်း ပြု၏၊ ထိုအခါ ယုံမှားဖွယ်မရှိ 'မချွတ်ဧကန်' ထိုရဟန်းသည် ဤမျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏ဟု ထို (အာဂန္တု) ရဟန်းတို့အား အကြံဖြစ်၏၊ (အကြံဖြစ်ပြီးလျှင်) တစ်ခုသော နေရာ၌ ပုန်းအောင်း (ကာ ချောင်း၍ နေကြ) ကုန်၏။ ထိုအခါ ထို (ကျောင်းနေ) ရဟန်းသည် ဝေသာလီမြို့မှ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းကို ယူ၍ ပြန်လာ၏။

၄၁။ ထိုအခါ ထိုမျောက်မသည် (ကျောင်းနေ) ရဟန်းထံသို့ ချဉ်းကပ်လာ၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်းအချို့ကို စား၍ အချို့ကို မျောက်မအား ပေး၏၊ ထိုနောက် ထိုမျောက်မသည် ဆွမ်းကို စားပြီး၍ ထိုရဟန်းအား ခါးကို ကွပေး၏၊ ထိုအခါ ထိုရဟန်းသည် ထိုမျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။

ထိုအခါ ထို (အာဂန္တု) ရဟန်းတို့သည် ထို (ကျောင်းနေ) ရဟန်းကို ''ငါ့သျှင် မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်ပြီး မဟုတ်ပါလော၊ ငါ့သျှင် သင်သည် အဘယ်ကြောင့် မျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲဘိသနည်း''ဟု ပြောဆိုကြကုန်၏။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်သည်ကား မှန်ပါ၏၊ သို့ရာတွင် ထိုသိက္ခာပုဒ်ကို လူမိန်းမ၌သာ ပညတ်တော်မူအပ်ပါသည်၊ တိရစ္ဆာန်မ၌ ပညတ်တော်မူအပ်သည် မဟုတ်ပါဟု (ပြန်၍ လျှောက်၏)၊

ငါ့သျှင် ထို (တိရစ္ဆာန်မ၌ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲခြင်း) သည် လူမိန်းမ၌ (ပြုကျင့်) မှီဝဲခြင်းနှင့် အတူတူပင် မဟုတ်ပါလော၊ ငါ့သျှင် (သင်၏ အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူ မဟုတ်၊ မအပ်၊ မပြုသင့်။ ငါ့သျှင် အဘယ်ကြောင့် သင်သည် ဤသို့ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သော အကျင့်ကိုအသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ဘိသနည်း၊ ငါ့သျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည်မဟုတ်ပါလော၊ ငါ့သျှင် ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့ိုအားကြည်ညိုစေခြင်းငှါ လည်းကောင်း၊ ကြည်ညိုပြီးသော သူတို့ိုအား တိုး၍ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ ငါသျှင် အမှန်စင်စစ် ဤ (သင်ပြုမိသော ယုတ်မာမှု) သည်မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါ လည်းကောင်း၊ ကြည်ညိုပြီးသောအချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ပြောဆိုကြကုန်၏)။

ထို့နောက် ထိုရဟန်းတို့သည် ထို (မျောက်မ၌ မေထုန်အကျင့်ကို ပြုကျင့်သော) ရဟန်းကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

၄၂။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ထိုရဟန်းကို ''ရဟန်း သင်သည် မျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏ဟူသည် မှန်သလော''ဟုစိစစ်မေး မြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)၊

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား (သင်၏ အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူ မဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည်ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား လျင်သော အဆိပ် ကြမ်းသော အဆိပ်ရှိသော မြွေ၏ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မျောက်မ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂ ါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား မြွေဟောက်၏ ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မျောက်မ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ရဲရဲညီး၍ တက်ဝန်းကျင် မီးတောက် မီးလျှံ မီးရောင်နှင့်တကွ ဖြစ်သော မီးကျီးခဲ အစုအပုံ၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မျောက်မ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

ထို့သို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဆိုသော် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားထို (မြွေ၏ခံတွင်း မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်သေခြင်း သို့သော်လည်းကောင်း သေလောက်နီးပါး ဆင်းရဲဒုက္ခသို့သော်လည်းကောင်း ရောက်ရာ၏၊ ထို (မြွေ၏ ခံတွင်း မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ကား မရောက်နိုင်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (မျောက်မ၏ အင်္ဂါဇာတ်၌ အင်္ဂါဇာတ်ကို ထည့်သွင်းခြင်းဟူသော) အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်လေရာ၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ဖြစ်ပါလျက် သင်သည် သူတော်ကောင်းအကျင့်မဟုတ် ရပ်ရွာနေသူ လူယုတ်တို့၏ အကျင့်ဖြစ်သော ရုန်းရင်းကြမ်းတမ်းသော ရေဆေးခြင်းလျှင် အဆုံးရှိသော (လူမြင်လျှင် မတင့်တယ်၍) ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရသော ယောက်ျား မိန်းမ အစုံအစုံတွဲ၍ပြုကျင့်ရသော မေထုန်အကျင့်ကို ပြုကျင့်တုံဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့ိုအား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

------

ပဌမ ပါရာဇိက ပဌမအနုပညတ် သိက္ခာပုဒ်

(ခ) ''အကြင် ရဟန်းသည် မေထုန်အကျင့်ကို အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌ သော်လည်း (ပြုကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

မျောက်မဝတ္တု ပြီး၏။

------

အနှီးဝတ်အကြောင်း ပြဆိုရာ အခန်း

၄၃။ တစ်ရံရောအခါ ဝေသာလီမြို့နေ ဝဇ္ဇီတိုင်းသား ရဟန်းများစွာတို့သည် အလိုရှိတိုင်းစား၍ အလိုရှိတိုင်း အိပ်လျက် အလိုရှိတိုင်း ရေချိုးကြပြီးလျှင် မသင့်မတင့် နှလုံးသွင်းကြကုန်ပြီးသော် သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုကြမူ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲကုန်၏။ ထိုရဟန်းတို့သည် နောက်အခါ၌ ဆွေးမျိုးတို့၏ပျက်စီးခြင်း စည်းစိမ်တို့၏ပျက်စီးခြင်း ရောဂါဟူသော ပျက်စီးခြင်းတို့နှင့် တွေ့ကြုံကုန်သည်ဖြစ်၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် -

''အသျှင်ဘုရား အာနန္ဒာ တပည့်တော်တို့သည် မြတ်စွာဘုရားကို မကဲ့ရဲ့ကြပါကုန်၊ တရား တော်ကိုမကဲ့ရဲ့ကြပါကုန်၊ သံဃာတော်ကို မကဲ့ရဲ့ကြပါကုန်၊ အသျှင်ဘုရား အာနန္ဒာ တပည့်တော် တို့သည် မိမိတို့ကိုယ်ကိုသာ ကဲ့ရဲ့ပါကုန်၏၊ သူတစ်ပါးကို မကဲ့ရဲ့ပါကုန်၊ ဤသို့ ကောင်းစွာ ဟော တော်မူအပ်သောသာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုကုန်ပြီး၍ အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ရာမတတ်နိုင်ခဲ့ကြသော တပည့်တော်တို့သာလျှင် ကျက်သရေမဲ့သူများ ဘုန်းကံ နည်းပါးသူများ ဖြစ်ပါကုန်၏။

အသျှင်ဘုရား အာနန္ဒာ ယခုအခါ၌ တပည့်တော်တို့သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ်ကိုရကြပါကုန်မူ ရဟန်းအဖြစ်ကို ရကြပါကုန်မူ ယခုအခါ၌ပင် ကုသိုလ်တရားတို့ကို အထူးသဖြင့် ရှုကုန်ပြီးလျှင် ညဉ့်ဦး 'ပဌမ' ယာမ် မိုးသောက် 'ပစ္ဆိမ' ယာမ်ပတ်လုံး မဂ်ဉာဏ်၏ အပင်းအသင်းဖြစ်ကုန်သော 'ဗောဓိပက္ခိယ' တရားတို့ကို အဖန်ဖန် ပွါးများအားထုတ်မှုကို အစဉ် ကြိုးစားလျက်နေကြပါမည်။

အသျှင်ဘုရား အာနန္ဒာ တောင်းပန်ပါကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားပါလော့''ဟု လျှောက်ကြကုန်၏။

ငါ့သျှင်တို့ ကောင်းပါပြီဟု အသျှင်အာနန္ဒာသည် ဝေသာလီမြို့နေ ဝဇ္ဇီတိုင်းသား 'ရဟန်း' တို့အားဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။

အာနန္ဒာ ဝဇ္ဇီတိုင်းသူ ဝဇ္ဇီတိုင်းသားတို့၏ အကြောင်းကြောင့် မြတ်စွာဘုရားသည် တပည့် 'သာဝက'တို့အား ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို နုတ်ပယ်ရာ၏၊ ဤသို့ နုတ်ပယ်ခြင်းသည် အကြောင်းမဟုတ်အခွင့်မဟုတ်ဟု မိန့်တော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

------

ပဌမ ပါရာဇိက ဒုတိယအနုပညတ် သိက္ခာပုဒ်

ရဟန်းတို့ အကြင် ရဟန်းသည် သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုမူ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုသူလာသော် ရဟန်းပဉ္စင်း ပြုမပေးရ၊ အကြင် ရဟန်းမူကား သိက္ခာချ၍ အားနည်းမှုကို ထင်စွာပြုပြီး မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုသူ လာသော် ရဟန်းပဉ္စင်း ပြုပေးရမည်၊ ရဟန်းတို့ ဤသို့လျှင် ဤ သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (၁) (ဂ)

၄၄။ ''အကြင် ရဟန်းသည် (အဓိသီလဟူသော) ရဟန်းတို့၏ သိက္ခာ, (သိက္ခာပုဒ်တော်ဟူသော) သာဇီဝသို့ ရောက်လျက် သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုမူ၍အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌သော်လည်း မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်း ကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ''ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

------

၁-ပဌမပါရာဇိက သိက္ခာပုဒ်အဖွင့်

၄၅။ အကြင်ဟူသည် အကြင်သို့သော အသွင် ပုံသဏ္ဌာန် သဘော အမှုကိစ္စ အမျိုး ဇာတ် အမည်အနွယ် အလေ့အကျင့် အနေအထိုင် ကျက်စားရာရှိသော မထေရ်ကြီးဖြစ်စေ ရဟန်းငယ်ဖြစ်စေ မထေရ်လတ်ဖြစ်စေ ဤပုဂ္ဂိုလ်မျိုးကို အကြင်ဟု ဆို၏။ ရဟန်း ခေါ်နိုင်ခြင်း ၁၂-ပါးရဟန်းဟူသည် (၁) (အာရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ရဟန်း၊ (၂) ဆွမ်းခံခြင်း အကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ရဟန်း၊ (၃) ဆုတ်ဖြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ရဟန်း၊ (၄) ရဟန်းဟု သမုတ်ခြင်းကြောင့် ရဟန်း (၅) ရဟန်းဟု ဝန်ခံခြင်းကြောင့် ရဟန်း၊ (၆) ရဟန်း လာလော့ 'ဧဟိ ဘိက္ခု'ဟူသော ဘုရားစကားတော်ဖြင့် ဖြစ်သောကြောင့် ရဟန်း၊ (၇) သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ရဟန်း၊ (၈) ကောင်းသော (သီလစသည်နှင့် ပြည့်စုံသော) ကြောင့် ရဟန်း၊ (၉) (သီလ စသော) အနှစ်သာရရှိသောကြောင့် ရဟန်း၊ (၁၀) (သိက္ခာကို) ကျင့်ဆဲ ဖြစ်သောကြောင့် ရဟန်း၊ (၁၁) (သိက္ခာကို) ကျင့်ပြီး ဖြစ်သောကြောင့် ရဟန်း၊ (၁၂) ညီညွတ်သော သံဃာသည် သိစေခြင်း 'ဉတ်'လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်သောကြောင့် ရဟန်း မည်၏။

ထိုတစ်ဆယ့်နှစ်မျိုးသော ရဟန်းတို့တွင် အကြင် ရဟန်းသည် ညီညွတ်သော သံဃာသည် သိစေခြင်း'ဉတ်'လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာပဉ္စင်းဖြစ်စေအပ်၏၊ ဤရဟန်းကို ဤ (ပါရာဇိက) အရာ၌ ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။

သိက္ခာဟူသည် အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာဟူ၍ သိက္ခာသုံးမျိုးရှိ၏၊ ထိုသုံးမျိုးတို့တွင် ဤအရာ၌ အဓိသီလသိက္ခာကို အလိုရှိအပ်၏။

သာဇီဝ မည်သည် အကြင်သိက္ခာပုဒ်ကို မြတ်စွာဘုရားသည် ပညတ်တော်မူအပ်၏၊ ထိုသိက္ခာပုဒ်တော်သည် သာဇီဝ မည်၏။ ထိုသိက္ခာပုဒ်တော်ဟူသော သာဇီဝ၌ ကျင့်တတ်၏၊ ထိုကြောင့် သာဇီဝ 'သိက္ခာပုဒ်တော်' သို့ ရောက်လျက်ဟူ၍ ဆိုအပ်၏။

သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုမူ၍ဟူရာ၌ ရဟန်းတို့ အားနည်းမှုကို ထင်ရှားစွာ ပြုခြင်း သာဖြစ်၍ သိက္ခာမကျသည်လည်း ရှိ၏၊ အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာကျသည်လည်း ရှိ၏၊ ရဟန်းတို့ အဘယ်သို့လျှင် အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာမကျသနည်း။ ဤသာသနာတော်၌ ရဟန်းသည် (ရဟန်းအဖြစ်၌) ဆန့်ကျင်ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက် ဥပါသကာအဖြစ်၊ အရံစောင့်အဖြစ်၊ သာမဏေအဖြစ်၊ တိတ္ထိအဖြစ်၊ တိတ္ထိ၏ တပည့်အဖြစ်၊ ရဟန်းမဟုတ်သည်၏ အဖြစ်၊ သာဝကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် ငါသည် မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟုပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာဖြစ်၍ သိက္ခာကား မကျသေး။

တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် ငါသည် တရားတော်ကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် သံဃာတော်ကို၊ သိက္ခာကို၊ ဝိနည်းကို၊ ပါတိမောက်ကို၊ ပါတိမောက်ရွတ်ခြင်းကို၊ ဥပဇ္ဈာယ်ဆရာကို၊ ဆရာငါးပါးကို၊ အတူနေ တပည့်ကို၊ အနီးနေတပည့်ကို၊ ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို၊ နိဿရည်းဆရာတူဖြစ်သူကို၊ သီတင်းသုံးဖော်ကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ ငါသည် လူဖြစ်ရမူ၊ ဥပါသကာ ဖြစ်ရမူ၊ အရံစောင့်ဖြစ်ရမူ၊ သာမဏေဖြစ်ရမူ၊ တိတ္ထိဖြစ်ရမူ၊ တိတ္ထိ၏တပည့်ဖြစ်ရမူ၊ ရဟန်း မဟုတ်သောသူ ဖြစ်ရမူ၊ ငါသည် သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကိုထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၄၆။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက်။ပ။ ငါသည် အကယ်၍ မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ အကယ်၍ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် စင်စစ် မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် စင်စစ် သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် ယခု မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် ယခု သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါအား မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု အကြံဖြစ်၏ဟု ပြော၏၊ သိစေ၏။ပ။ ငါအား သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဖြစ်ရမူ ကောင်းလိမ့်မည်ဟု အကြံဖြစ်၏ဟုပြော၏၊ သိစေ၏။ပ။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၄၇။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် အမိကို အောက်မေ့၏ဟု ပြော၏၊ သိစေ၏။ အဖကို၊ ညီ-အစ်ကိုကို၊ နှမ-အစ်မကို၊ သားကို၊ သမီးကို၊ ဇနီးကို၊ ဆွေမျိုးတို့ကို၊ မိတ်ဆွေတို့ကို၊ ရွာကို၊ နိဂုံးကို၊ လယ်ကို၊ ယာကို၊ ငွေကို၊ ရွှေကို၊ အတတ်ပညာကို၊ ရှေးက ပြုံးရွှင်ပြောဆိုမြူးထူး ကစားခဲ့ဖူးသည်ကို အောက်မေ့၏ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍သိက္ခာကား မကျသေး။

၄၈။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည် ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏အဖြစ်ကို တောင့်တလျက် ငါ့အား အမိရှိသည်၊ ထိုအမိကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အားအဖရှိသည်၊ ထိုအဖကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား ညီ အစ်ကိုရှိသည်၊ ထို ညီ အစ်ကိုကိုငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား နှမ အစ်မရှိသည်၊ ထိုနှမ အစ်မကို ငါလုပ်ကျွေးမွေးမြူထိုက်သည်။ ငါ့အား သားရှိသည်၊ ထိုသားကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား သမီးရှိသည်၊ ထိုသမီးကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား ဇနီးရှိသည်၊ ထိုဇနီးကို ငါလုပ်ကျွေးမွေးမြူထိုက်သည်။ ငါ့အား ဆွေမျိုးများ ရှိကြသည်၊ ထိုဆွေမျိုးများကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား မိတ်ဆွေများရှိကြသည်၊ ထိုမိတ်ဆွေ များကို ငါလုပ်ကျွေး မွေးမြူထိုက်သည်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာဖြစ်၍ သိက္ခာကား မကျသေး။

၄၉။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် ငါ့အား အမိရှိသည်၊ ထိုအမိသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား အဖရှိသည်၊ ထိုအဖသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား ညီ အစ်ကိုရှိသည်၊ ထို ညီ အစ်ကိုသည် ငါ့ကိုလုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား နှမ အစ်မရှိသည်၊ ထို နှမ အစ်မသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား သားရှိသည်၊ ထိုသားသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား သမီးရှိသည်၊ ထိုသမီးသည်ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား ဇနီးရှိသည်၊ ထိုဇနီးသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား ဆွေမျိုးများ ရှိကြသည်၊ ထိုဆွေမျိုးများသည် ငါ့ကို လုပ်ကျွေးမွေးမြူကြလိမ့်မည်။ ငါ့အားမိတ်ဆွေများရှိကြသည်၊ ထိုမိတ်ဆွေများသည် ငါ့ကို လုပ်ကျွေးမွေးမြူ ကြလိမ့်မည်ဟု ပြော၏၊ သိစေ၏။ ငါ့အား ရွာရှိသည်၊ ထိုရွာဖြင့် ငါ အသက်မွေးမည်။ ငါ့အား နိဂုံးရှိသည်၊ ထိုနိဂုံးဖြင့် ငါ အသက်မွေးမည်။ ငါ့အား လယ်ရှိသည်၊ ထိုလယ်ဖြင့် ငါ အသက်မွေးမည်။ ငါ့အား ယာရှိသည်၊ ထိုယာဖြင့် ငါ အသက်မွေးမည်။ ငါ့အား ငွေရှိသည်၊ ထိုငွေဖြင့် ငါ အသက်မွေးမည်။ ငါ့အား ရွှေရှိသည်၊ ထိုရွှေဖြင့် ငါ အသက်မွေးမည်။ ငါ့အား အတတ်ရှိသည်၊ ထိုအတတ်ဖြင့် ငါ အသက်မွေးမည်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤ့သို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၅၀။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည် ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် (မြတ်သော အကျင့်သည်) ခဲယဉ်း၏ဟု ပြော၏၊ သိစေ၏။ မလွယ်ကူဟု ပြော၏၊ သိစေ၏။ ကျင့်နိုင်ခဲ၏ဟု ပြော၏၊ သိစေ၏။ ကျင့်ဖို့ရာ မလွယ်ကူဟု ပြော၏၊ သိစေ၏။ မစွမ်းဆောင်နိုင်ဟု ပြော၏၊ သိစေ၏။ မရဲဝံ့ဟု ပြော၏၊ သိစေ၏။ မမွေ့လျော်ဟု ပြော၏၊ သိစေ၏။ အလွန်မမွေ့ လျော်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကိုထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၅၁။ ရဟန်းတို့ အဘယ်သို့လျှင် အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်းကျသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက်မပျော်ပိုက်သည် ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် ''မြတ်စွာဘုရားကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်း ကျ၏။

တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည် ဖြစ်၍ ရှက်နိုးသည် ဖြစ်၍ စက်ဆုပ်သည် ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် ''တရားတော်ကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''သံဃာတော်ကို စွန့်ပါ၏''ဟုပြော၏၊ သိစေ၏။ ''သိက္ခာကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''ဝိနည်းကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''ပါတိမောက်ကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''ပါတိမောက်ရွတ်ခြင်းကို စွန့်ပါ၏''ဟုပြော၏၊ သိစေ၏။ ''ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''ဆရာငါးပါးကို စွန့်ပါ၏''ဟုပြော၏၊ သိစေ၏။ ''အတူနေတပည့်ကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''အနီးနေတပည့်ကိုစွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''နိဿရည်းဆရာတူ ဖြစ်သူကို စွန့်ပါ၏''ဟု ပြော၏၊ သိစေ၏။ ''သီတင်းသုံးဖော်ကို စွန့်ပါ၏''ဟုပြော၏၊ သိစေ၏။ ''ငါ့ကို လူဟူ၍ မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ''ငါ့ကို ဥပါသကာဟူ၍ မှတ်ပါ''ဟုပြော၏၊ သိစေ၏။ ''ငါ့ကို အရံစောင့်ဟူ၍ မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ''ငါ့ကို သာမဏေဟူ၍မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ''ငါ့ကို တိတ္ထိဟူ၍ မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ''ငါ့ကို တိတ္ထိ၏တပည့်ဟူ၍ မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ''ငါ့ကို ရဟန်း မဟုတ်သူဟူ၍ မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ''ငါ့ကို သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဟူ၍ မှတ်ပါ''ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍သိက္ခာလည်း ကျ၏။

၅၂။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် ''ငါ့အား မြတ်စွာဘုရားဖြင့် အကျိုးမရှိ''ဟု ပြော၏၊ သိစေ၏။ပ။ ''ငါ့အား သီတင်းသုံးဖော်တို့ဖြင့် အကျိုးမရှိ''ဟု ပြော၏၊ သိစေ၏။ပ။ ဤသို့ ပြောဆိုသိစေလျှင် ။ပ။ တစ်နည်းသော်ကား။ပ။ ''ငါ့အား မြတ်စွာဘုရားဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ပြော၏၊ သိစေ၏။ပ။ ''ငါ့အား သီတင်းသုံးဖော် တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ပြော၏၊ သိစေ၏။ပ။ ''ငါ့အားမြတ်စွာဘုရားဖြင့် အကျိုးမဖြစ်''ဟု ပြော၏၊ သိစေ၏။ပ။ ''ငါ့အား သီတင်းသုံးဖော်တို့ဖြင့်အကျိုးမဖြစ်''ဟု ပြော၏၊ သိစေ၏။ပ။ ''ငါသည် မြတ်စွာဘုရားမှ ကောင်းစွာ လွတ်မြောက်ရပေပြီ''ဟုပြော၏၊ သိစေ၏။ပ။ ''ငါသည် သီတင်းသုံးဖော်တို့မှ ကောင်းစွာ လွတ်မြောက်ရပေပြီ''ဟု ပြော၏၊ သိစေ၏။ပ။ ရဟန်းတို့ ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍သိက္ခာလည်း ကျ၏။

၅၃။ ပြဆိုခဲ့ပြီးမှ တစ်ပါး အခြားဖြစ်ကုန်သော အကြင် မြတ်စွာဘုရား 'ဗုဒ္ဓ'၏ ဝေဝုစ် 'စကား လှယ်'၊ တရားတော် 'ဓမ္မ'၏ ဝေဝုစ်၊ သံဃာတော် 'သံဃ'၏ ဝေဝုစ်၊ သိက္ခာ၏ ဝေဝုစ်၊ ဝိနည်း၏ ဝေဝုစ်၊ ပါတိမောက်၏ ဝေဝုစ်၊ ပါတိမောက္ခုဒ္ဒေသ၏ ဝေဝုစ်၊ ဥပဇ္ဈာယ်ဆရာ၏ ဝေဝုစ်၊ ဆရာငါးပါး၏ ဝေဝုစ်၊ အတူနေတပည့်၏ ဝေဝုစ်၊ အနီးနေတပည့်၏ ဝေဝုစ်၊ ဥပဇ္ဈာယ်ဆရာတူ၏ ဝေဝုစ်၊ နိဿရည်း ဆရာ၏ဝေဝုစ်၊ သီတင်းသုံးဖော်၏ ဝေဝုစ်၊ လူ၏ ဝေဝုစ်၊ ဥပါသကာ၏ ဝေဝုစ်၊ အရံစောင့်၏ ဝေဝုစ်၊ သာမဏေ၏ဝေဝုစ်၊ တိတ္ထိ၏ ဝေဝုစ်၊ တိတ္ထိတပည့်၏ ဝေဝုစ်၊ ရဟန်းမဟုတ်သူ၏ ဝေဝုစ်၊ သာကီဝင် မင်းသားဘုရားအနွယ်တော် မဟုတ်သူ၏ ဝေဝုစ် 'စကားလှယ်' တို့သည် ရှိကုန်၏၊ ထိုအခြင်းအရာ ထိုအသွင်သဏ္ဌန် ထိုအကြောင်း ထိုနိမိတ်တို့ဖြင့် ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေလျှင်ကားအားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်း ကျ၏။

၅၄။ ရဟန်းတို့ အဘယ်သို့လျှင် သိက္ခာမကျသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ အကြင်အခြင်းအရာ အကြင် အသွင်သဏ္ဌန် အကြင် အကြောင်း နိမိတ်တို့ဖြင့် သိက္ခာချ၏၊ ထိုအခြင်းအရာထိုအသွင်သဏ္ဌန် ထိုအကြောင်း နိမိတ်တို့ဖြင့် အရူးသည် သိက္ခာချ၏၊ သိက္ခာမကျ။ အရူး၏ အထံ၌သိက္ခာချ၏၊ သိက္ခာမကျ။ စိတ်ပျံ့လွင့်သူသည် သိက္ခာချ၏၊ သိက္ခာမကျ။ စိတ်ပျံ့လွင့်သူ၏ အထံ၌ သိက္ခာချ၏၊ သိက္ခာမကျ။ ဝေဒနာ ဖိစီးသူသည် သိက္ခာချ၏၊ သိက္ခာမကျ။ ဝေဒနာဖိစီးသူ၏ အထံ၌သိက္ခာချ၏၊ သိက္ခာမကျ။ နတ်၏ အထံ၌ သိက္ခာချ၏၊ သိက္ခာမကျ။ တိရစ္ဆာန်၏ အထံ၌ သိက္ခာချ၏၊ သိက္ခာမကျ။ အရိယာတို့၏ ဝေါဟာရ 'မာဂဓဘာသာ' ဖြင့် လူရိုင်းအထံ၌ သိက္ခာချ၏၊ ထိုသူသည်နားမလည်၊ သိက္ခာ မကျ။ လူရိုင်းဘာသာဖြင့် အရိယာ၏ အထံ၌ သိက္ခာချ၏၊ ထိုအရိယာသည်နားမလည်၊ သိက္ခာမကျ။ အရိယာဘာသာဖြင့် အရိယာ၏ အထံ၌ သိက္ခာချ၏၊ ထိုအရိယာသည်နားမလည်၊ သိက္ခာမကျ။ လူရိုင်း ဘာသာဖြင့် လူရိုင်း၏ အထံ၌ သိက္ခာချ၏၊ ထိုလူရိုင်းသည် နားမလည်၊ သိက္ခာမကျ။ အဆောတလျင် 'အလျင်စလို' ဆိုမိသဖြင့် သိက္ခာချ၏၊ သိက္ခာမကျ။ ချွတ်ယွင်းဖောက်ပြန် 'မမှန်မကန်' ဆိုမိသဖြင့် သိက္ခာချ၏၊ သိက္ခာမကျ။ မကြားစေလိုဘဲ ပြောကြား၏ 'မကြားအောင် ပြော၏'၊ သိက္ခာမကျ။ ကြားစေ လိုလျက် မပြောကြား 'ကြားအောင် မပြော'၊ သိက္ခာမကျ။ နားမလည်သူအား ပြောကြား၏၊ သိက္ခာမကျ။ နားလည် သူအား မပြောကြား၊ သိက္ခာမကျ။ လုံးလုံးသော်လည်း မပြောကြား၊ သိက္ခာ မကျ။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်းသိက္ခာသည် မကျပေ။

၅၅။ မေထုန်အကျင့် မည်သည် အကြင် အကျင့်သည် မသူတော်တို့၏ အကျင့်ဖြစ်၏၊ ရပ်ရွာနေသူ လူတို့၏ အကျင့်ဖြစ်၏၊ သူယုတ်တို့၏ အကျင့်ဖြစ်၏၊ ရုန့်ရင်းကြမ်းတမ်း၏၊ ရေဆေးခြင်းကိစ္စလျှင် အဆုံးရှိ၏၊ (လူမြင်လျှင် မတင့်တယ်၍) မမြင်ကွယ်ရာ၌ ပြုအပ်၏၊ အစုံအစုံတွဲ၍ ပြုကျင့်ရ၏၊ ဤအကျင့်သည် မေထုန်အကျင့် မည်၏။

(ပြုကျင့်) မှီဝဲ၏ မည်သည် အကြင်ရဟန်းသည် မိမိ၏ နိမိတ်ဖြင့် မိန်းမ၏ နိမိတ်သို့၊ မိမိ၏ အင်္ဂါဇာတ်ဖြင့် မိန်းမ၏ အင်္ဂါဇာတ်သို့ အယုတ်ဆုံးအားဖြင့် နှမ်းတစ်လုံးမျှ ဝင်စေ၏ 'သွင်း၏'၊ ဤရဟန်းသည် (ပြုကျင့်) မှီဝဲ၏ မည်၏။

အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌သော်လည်းဟူရာ၌ တိရစ္ဆာန်မ၌ ဖြစ်စေကာမူ (နှစ်ဦးစုံ ပျော်မြူးသောအကျင့်ဟု ဆိုအပ်သော) မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသောကြောင့် ရဟန်း မဟုတ်တော့ ပေ၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ လူမိန်းမ၌ ဆိုဖွယ်ရာမရှိပြီ၊ ထို့ကြောင့်''အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌ သော်လည်း''ဟု ဆိုရ၏။

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟူရာ၌ ဥပမာသော်ကား ဦးခေါင်းပြတ်ပြီးသူသည်ထိုဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပြန်၍ ဆက်စပ်သော်လည်း အသက်ရှင်ဖို့ရာ မဖြစ်နိုင်သကဲ့သို့ ဤအတူရဟန်းသည် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲခြင်းကြောင့် ရဟန်းမဟုတ်တော့ပေ၊ သာကီဝင်မင်းသားဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် ''သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏''ဟု ဆိုရ၏။

ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်းမည်သည် အတူ တကွဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ် (ပြ) မှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤအလုံးစုံ သည်ပေါင်းသင်းခြင်း မည်၏၊ ထိုပေါင်းသင်းခြင်းသည် ထို (ပါရာဇိကကျသော) ရဟန်းနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့် ''ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ''ဟု ဆိုရ၏။

၅၆။ လူမိန်းမ နတ်မိန်းမ တိရစ္ဆာန်မိန်းမ အားဖြင့် မိန်းမသုံးမျိုး၊ လူဥဘတောဗျည်း 'လိင် နှစ်မျိုး ရှိသူ' နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်း အားဖြင့် ဥဘတောဗျည်းသုံးမျိုး၊ လူပဏ္ဍုက် 'လိင်ချို့ ငဲ့သူ'နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက်အားဖြင့် ပဏ္ဍုက်သုံးမျိုး၊ လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျားအားဖြင့် ယောက်ျားသုံးမျိုး။

လူမိန်းမ၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဟူသော လမ်းကြောင်းသုံးမျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

နတ်မိန်းမ တိရစ္ဆာန်မိန်းမ၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဟူသော လမ်းကြောင်းသုံးမျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

လူဥဘတောဗျည်း နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်း၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဟူသောလမ်းကြောင်းသုံးမျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

လူပဏ္ဍုက်၏ ဝစ္စမဂ် မုခမဂ်ဟူသော လမ်းကြောင်းနှစ်မျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက် လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်မုခမဂ်ဟူသော လမ်းကြောင်းနှစ်မျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ်သင့်၏။

၅၇။ ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' လူမိန်းမ၏ဝစ္စမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' လူမိန်းမ၏ပဿာဝမဂ် မုခမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' နတ်မိန်းမ၏ တိရစ္ဆာန်မိန်းမ၏ လူဥဘတောဗျည်း၏ နတ်ဥဘတောဗျည်း၏ တိရစ္ဆာန်ဥဘတောဗျည်း၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' လူပဏ္ဍုက်၏ ဝစ္စမဂ်မုခမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' နတ်ပဏ္ဍုက်၏တိရစ္ဆာန်ပဏ္ဍုက်၏ လူယောက်ျား၏ နတ်ယောက်ျား၏ တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ် မုခမဂ်သို့ မိမိ၏့အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

၅၈။ ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာမူ၍ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာမူ၍ ဝင်ဆဲခဏ၌ မသာယာမူ၍ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာမူ၍ ဝင်ဆဲခဏ၌ မသာယာမူ၍တည်ဆဲခဏ၌ မသာယာမူ၍ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာအံ့၊ ဝင်ဆဲခဏ၌ မသာယာအံ့၊ တည်ဆဲခဏ၌ မသာယာအံ့၊ နုတ်ဆဲခဏ၌ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၅၉။ ရန်သူရဟန်းတို့သည် နိုးသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သော လူ မိန်းမကိုသေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော 'နည်းနည်း စားပြီး သော' (အသေကောင်) လူမိန်းမကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီး သော (အသေကောင်) လူမိန်းမကို ရဟန်း၏ အထံသို့ ယူဆောင်၍ ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္ထစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နတ်မိန်းမကို တိရစ္ဆာန်မိန်းမကို လူဥဘတောဗျည်းကို နတ်ဥဘတောဗျည်းကိုတိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သောတိရစ္ဆာန်ဥဘတောဗျည်းကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) တိရစ္ဆာန် ဥဘတောဗျည်းကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့်ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်း၏ အထံသို့ ယူဆောင်၍ ဝစ္စမဂ်ဖြင့်ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည် ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် လူပဏ္ဍုက်ကို နတ်ပဏ္ဍုက်ကို တိရစ္ဆာန်ပဏ္ဍုက်ကို ရဟန်း၏ အထံသို့ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သောတိရစ္ဆာန်ပဏ္ဍုက်ကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော 'နည်းနည်း စားပြီးသော' (အသေကောင်) တိရစ္ဆာန်ပဏ္ဍုက်ကို။ပ။ ပါရာဇိက အာပတ်သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ပဏ္ဍုက်ကို ရဟန်း၏ အထံသို့ ယူဆောင်၍ဝစ္စမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါ ဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲ ခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၆၀။ ရန်သူရဟန်းတို့သည် လူယောက်ျားကို နတ်ယောက်ျားကို တိရစ္ဆာန်ယောက်ျားကို ရဟန်း၏အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲ ခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သောတိရစ္ဆာန်ယောက်ျားကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော 'နည်းနည်း စားပြီးသော' (အသေကောင်) တိရစ္ဆာန်ယောက်ျားကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍များသောအားဖြင့် ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ယောက်ျားကို ရဟန်း၏ အထံသို့ ယူဆောင်၍ ဝစ္စမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

 

 

၆၁။ ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ အနှီးဝတ်ခံသော မိန်းမ၏ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မခံသော မိန်းမ၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်ခံသော မိန်းမ၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်မခံသော မိန်းမ၏ဖြင့်

အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲ ခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သော လူ မိန်းမကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) လူမိန်းမကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီးသော (အသေကောင်) လူမိန်းမကို ရဟန်း၏ အထံသို့ ယူဆောင်၍ အနှီးဝတ်ခံသော မိန်းမ၏ ဝစ္စမဂ်ဖြင့်ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မခံသော မိန်းမ၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်ခံသော မိန်းမ၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်မခံသော မိန်းမ၏ဖြင့်

အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နတ်မိန်းမကို တိရစ္ဆာန်မိန်းမကို လူဥဘတောဗျည်းကို နတ်ဥဘတောဗျည်းကိုတိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ အနှီးဝတ်ခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်ခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်မခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဖြင့်

အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲ ခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သော တိရစ္ဆာန်ဥဘတောဗျည်းကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့်ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်း၏ အထံသို့ ယူဆောင်၍ အနှီးဝတ်ခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် အနှီးဝတ်မပတ်သော ရဟန်း၏အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်ခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်မခံသော တိရစ္ဆာန်ဥဘတောဗျည်း၏ဖြင့်

အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲ ခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၆၂။ ရန်သူရဟန်းတို့သည် လူပဏ္ဍုက်ကို နတ်ပဏ္ဍုက်ကို တိရစ္ဆာန်ပဏ္ဍုက်ကို လူယောက်ျားကိုနတ်ယောက်ျားကို တိရစ္ဆာန်ယောက်ျားကို ရဟန်း၏ အထံသို့ ယူဆောင်၍ အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်ဖြင့် မုခမဂ်ဖြင့် အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ဖြင့်

အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲ ခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သောတိရစ္ဆာန်ယောက်ျားကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေ ကောင်) တိရစ္ဆာန်ယောက်ျားကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့်ခွေးစားပြီး သော (အသေကောင်) တိရစ္ဆာန်ယောက်ျားကို ရဟန်း၏ အထံသို့ ယူဆောင်၍အနှီးဝတ်ခံသော တိရစ္ဆာန် ယောက်ျား၏ ဝစ္စမဂ်ဖြင့် မုခမဂ်ဖြင့် အနှီးဝတ်မပတ်သော ရဟန်း၏အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ဖြင့်

အနှီးဝတ်ပတ်သော ရဟန်း၏ကို

အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ဖြင့်

အနှီးဝတ်မပတ်သော ရဟန်း၏ အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲ ခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၆၃။ ရန်သူရဟန်းတို့သည် ရဟန်းကို လူမိန်းမ၏ အထံသို့ ခေါ်ဆောင်၍ (ရဟန်း၏) အင်္ဂါဇာတ်ဖြင့်ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိက အာပတ်သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် ရဟန်းကို နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့ သောလူမိန်းမ၏ အထံသို့ သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) လူမိန်းမ၏ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီးသော (အသေကောင်) လူမိန်းမ၏အထံသို့ ခေါ်ဆောင်၍ (ရဟန်း၏) အင်္ဂါဇာတ်ဖြင့် ဝစ္စမဂ်ကိုပဿာဝ မဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် ရဟန်းကို နတ်မိန်းမ၏ တိရစ္ဆာန်မိန်းမ၏ လူဥဘတောဗျည်း၏ နတ်ဥဘတောဗျည်း၏ တိရစ္ဆာန်ဥဘတောဗျည်း၏ လူပဏ္ဍုက်၏ နတ်ပဏ္ဍုက်၏ တိရစ္ဆာန်ပဏ္ဍုက်၏ လူယောက်ျား၏ နတ်ယောက်ျား၏ တိရစ္ဆာန်ယောက်ျား၏ အထံသို့ ခေါ်ဆောင်၍ (ရဟန်း၏) အင်္ဂါဇာတ်ဖြင့်ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ်သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် ရဟန်းကို နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သော တိရစ္ဆာန်ယောက်ျား၏ အထံသို့ သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) တိရစ္ဆာန်ယောက်ျား၏ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ယောက်ျား၏ အထံသို့ ခေါ်ဆောင်၍ (ရဟန်း၏) အင်္ဂါဇာတ်ဖြင့် ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၆၄။ ရန်သူရဟန်းတို့သည် ရဟန်းကို လူမိန်းမ၏ အထံသို့ ခေါ်ဆောင်၍ အနှီးဝတ်ပတ်သော ရဟန်း၏အင်္ဂါဇာတ်ဖြင့် အနှီးဝတ်မခံသော မိန်းမ၏ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော မိန်းမ၏ကို

အနှီးဝတ်ပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော မိန်းမ၏ကို

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်မခံသော မိန်းမ၏ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲ ခဏ၌သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် ရဟန်းကို နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သောလူမိန်းမ၏ အထံသို့ သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) လူမိန်းမ၏ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသော အားဖြင့် ခွေးစားပြီးသော (အသေကောင်) လူမိန်းမ၏ အထံသို့ ခေါ်ဆောင်၍ အနှီးဝတ်ပတ်သော ရဟန်း၏အင်္ဂါဇာတ်ဖြင့် အနှီးဝတ်မခံသော မိန်းမ၏ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော မိန်းမ၏ကို

အနှီးဝတ်ပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော မိန်းမ၏ကို

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်မခံသော မိန်းမ၏ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲ ခဏ၌သာယာအံ့၊ ထုလ္ထစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် ရဟန်းကို နတ်မိန်းမ၏ တိရစ္ဆာန်မိန်းမ၏ လူဥဘတောဗျည်း၏ နတ်ဥဘတောဗျည်း၏ တိရစ္ဆာန်ဥဘတောဗျည်း၏ လူပဏ္ဍုက်၏ နတ်ပဏ္ဍုက်၏ တိရစ္ဆာန်ပဏ္ဍုက်၏ လူယောက်ျား၏ နတ်ယောက်ျား၏ တိရစ္ဆာန်ယောက်ျား၏ အထံသို့ ခေါ်ဆောင်၍ အနှီးဝတ်ပတ်သောရဟန်း၏ အင်္ဂါဇာတ်ဖြင့် အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ကို

အနှီးဝတ်ပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ကို

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲ ခဏ၌သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၆၅။ ရန်သူရဟန်းတို့သည် ရဟန်းကို နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသောမေ့လျော့သော တိရစ္ဆာန်ယောက်ျား၏ အထံသို့ သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့်ခွေးမစားသေးသော (အသေကောင်) တိရစ္ဆာန်ယောက်ျား၏ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ယောက်ျား၏ အထံသို့ ခေါ်ဆောင်၍ အနှီးဝတ်ပတ်သော ရဟန်း၏ အင်္ဂါဇာတ်ဖြင့် အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ကို

အနှီးဝတ်ပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်ခံသော တိရစ္ဆာန်ယောက်ျား၏ကို

အနှီးဝတ်မပတ်သော ရဟန်း၏ဖြင့်

အနှီးဝတ်မခံသော တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စေကုန်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲ ခဏ၌သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့ကို အကျယ်ချဲ့၍ ဆိုအပ်ကုန်သကဲ့သို့၊ ဤအတူ ရန်သူမင်း ရန်သူခိုးသူ ရန်သူအပျော်ကြူးသမား ရန်သူဓားပြ လူဆိုးတို့ကိုလည်း အကျယ်ချဲ့၍ ဆိုအပ်ကုန်၏၊ (ဤ၌ကား) အကျဉ်းချုပ်၍ မြှုပ်လိုက်ပြီ။

၆၆။ လမ်းကြောင်း 'မဂ်' တစ်ခုဖြင့် လမ်းကြောင်း 'မဂ်' တစ်ခုသို့ သွင်းအံ့၊ ပါရာဇိကအာပတ် သင့်၏၊ လမ်းကြောင်း 'မဂ်' ဖြင့် လမ်းကြောင်း မဟုတ်ရာ (အမာဝ စသည်) သို့ သွင်းအံ့ ပါရာဇိကအာပတ်သင့်၏၊ လမ်းကြောင်း မဟုတ်ရာ (အမာဝစသည်) ဖြင့် လမ်းကြောင်း 'မဂ်' သို့ သွင်းအံ့၊ ပါရာဇိကအာပတ်သင့်၏၊ လမ်းကြောင်း မဟုတ်ရာ (အမာဝ စသည်) ဖြင့် လမ်းကြောင်း မဟုတ်ရာ (အမာဝ စသည်) သို့ သွင်းအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ရဟန်းသည် အိပ်ပျော်သော ရဟန်း၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်၏၊ နိုးသော ရဟန်းသည် သာယာ၏၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်၏၊ နိုးသော ရဟန်းသည် မသာယာ၊ ပြစ်မှားသော ရဟန်းကိုဖျက်ဆီးအပ်၏၊ ရဟန်းသည် အိပ်ပျော်သော သာမဏေ၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်၏၊ နိုးသောသာမဏေသည် သာယာ၏၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်၏၊ နိုးသော သာမဏေသည် မသာယာ၊ ပြစ်မှားသော ရဟန်းကို ဖျက်ဆီးအပ်၏၊ သာမဏေသည် အိပ်ပျော်သော ရဟန်း၌ ဖောက်လွဲဖောက်ပြန်ပြုကျင့်၏၊ နိုးသော ရဟန်းသည် သာယာ၏၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်၏၊ နိုးသော ရဟန်းသည် မသာယာ၊ ပြစ်မှားသော သာမဏေကို ဖျက်ဆီးအပ်၏၊ သာမဏေသည် အိပ်ပျော်သော သာမဏေ၌ဖောက်လွဲဖောက်ပြန် ပြုကျင့်၏၊ နိုးသော သာမဏေသည် သာယာ၏၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်၏၊ နိုးသော သာမဏေသည် မသာယာ၊ ပြစ်မှားသော သာမဏေကို ဖျက်ဆီးအပ်၏၊

မသိသော ရဟန်း၊ မသာယာသော ရဟန်း၊ (သည်းခြေပျက်၍) ရူးသော ရဟန်း၊ (ဘီလူးဖမ်း၍) စိတ်ပျံ့လွင့်သော ရဟန်း၊ ဝေဒနာဖိစီးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ်မသင့်။

အနှီးဝတ်အကြောင်း ပြဆိုရာ အခန်းပြီး၏။

------

၁။ ဆရာငါးပါး= ၁- ရှင်ပြုပေးသောဆရာ၊ ၂- ပဉ္စင်းခံပေးသောဆရာ၊ ၃- မှီရာနိဿရည်းဆရာ၊ ၄- စာပေပို့ချပေးသောဆရာ၊ ၅- အဆုံးအမ ဩဝါဒပေးသောဆရာ။

၂။ ဝစ္စမဂ်= ကျင်ကြီးစွန့်ရာအပေါက်၊

၃။ ပဿာဝမဂ်= ကျင်ငယ်စွန့်ရာအပေါက်၊

၄။ မုခမဂ်= ပါးစပ်ပေါက်၊

ဝိနီတဝတ္ထု ခေါင်းစဉ် မာတိကာ

မျောက်မဝတ္ထု၊ ဝဇ္ဇီတိုင်းသား ရဟန်းများဝတ္ထု၊ လူ့အသွင်ဖြင့် ကျူးလွန်သော ရဟန်းဝတ္ထု၊ အဝတ်မဝတ်ဘဲ ကျူးလွန်သော ရဟန်းဝတ္ထု၊ တိတ္ထိအသွင်ဖြင့် ကျူးလွန်သော ရဟန်းများဝတ္ထု၊ သူငယ်မဝတ္ထု၊ ဥပ္ပလဝဏ်ထေရီဝတ္ထု၊ လိင်ပြန်သူ နှစ်ပါးဝတ္ထု။

အမိသမီးနှမမယားဝတ္ထုများ၊ ကျောက်ကုန်းပျော့ေသော ရဟန်းဝတ္ထု၊ လိင်ရှည်သော ရဟန်းဝတ္ထု၊ အိုင်းအမာကို မှီဝဲသော ရဟန်းဝတ္ထုနှစ်ခု၊ ပန်းချီရုပ်ဝတ္ထု၊ သစ်သားရုပ် ဝတ္ထု။

သုန္ဒရဝတ္ထု၊ ရဟန်းလေးဦးဝတ္ထု၊ သင်းချိုင်း၌ ငါးဝတ္ထု၊ အရိုးစုဝတ္ထု၊ နဂါးမဝတ္ထု၊ ဘီလူးမဝတ္ထု၊ ပြိတ္တာမဝတ္ထု၊ ပဏ္ဍုက်ဝတ္ထု၊ ကာယပသာဒပျက်သူဝတ္ထု၊ တို့ထိသော ရဟန်းဝတ္ထု။

ဘဒ္ဒိယမြို့၌ အိပ်ပျော်သော ရဟန္တာဝတ္ထု၊ သာဝတ္ထိမြို့၌ ရဟန်းလေးပါးဝတ္ထု၊ ဝေသာလီမြို့၌ရဟန်းသုံးပါးဝတ္ထု၊ ပန်းပူဇော်သူဝတ္ထု၊ အိပ်မက်မက်ေသော ဘာရု ကစ္ဆကရဟန်းဝတ္ထု။ သုပဗ္ဗ္ဗာဝတ္ထု၊ သဒ္ဓါဝတ္ထု၊ ရဟန်းမိန်းမဝတ္ထု၊ သိက္ခမာန်ဝတ္ထု၊ သာမဏေမဝတ္ထု၊ ပြည့်တန်ဆာမဝတ္ထု၊ ပဏ္ဍုက်ဝတ္ထု၊ လူမိန်းမဝတ္ထု၊ အချင်းချင်းမှီဝဲသော ရဟန်းဝတ္ထု၊ ရဟန်းကြီးဝတ္ထု၊ သမင်မငယ်ဝတ္ထု။ ဤကား မာတိကာခေါင်းစဉ်တည်း။

------

၁။ မြတ်စွာဘုရားကိုယ်တော်တိုင် မေးမြန်းစိစစ်၍ ဆုံးဖြတ်အပ်သောဝတ္တု။

ဝိနီတ ဝတ္ထု ဖြတ်ထုံးများ

၆၇။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးဖြစ်၏၊ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁)

တစ်ရံရောအခါ ဝေသာလီမြို့နေ ဝဇ္ဇီတိုင်းသား ရဟန်းများစွာတို့သည် သိက္ခာမချ၊ အားနည်းမှုကိုထင်ရှားစွာ မပြုကုန်မူ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲကုန်၏၊ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကိုပညတ်တော်မူပြီးဖြစ်၏၊ ငါတို့သည် ပါရာဇိက ကျကုန်လေသလောဟု ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏။ပ။ ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု (ကြံစည်၍) လူ့အသွင်ဖြင့် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး ဖြစ်၏၊ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ပ။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု (မိန့်တော်မူ၏)။ (၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု အဝတ်မဆီး အချည်းနှီး 'ကိုယ်တုံးလုံး' ပြု၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု သမန်းမြက်သင်္ကန်းကို ဝတ်ရုံ၍။ လျှော်တေသင်္ကန်းကို ဝတ်ရုံ၍။ ပျဉ်ချပ်သင်္ကန်းကို ဝတ်ရုံ၍။ ဆံပင်ဖြင့် ရက်သော ကမ္ဗလာကို ဝတ်ရုံ၍။ သားမြီးဖြင့် ရက်သော ကမ္ဗလာကို ဝတ်ရုံ၍။ ခင်ပုပ်ငှက်တောင်ဖြင့်ရက်သော အဝတ်ကို ဝတ်ရုံ၍။ သစ်နက်ရေကို ဝတ်ရုံ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅-၁၁)

တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အင်းပျဉ် 'ခုံရှည်' ၌ အိပ်နေသော သူငယ်မကိုမြင်၍တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား ခြေမကို အင်္ဂါဇာတ်ထဲသို့ သွင်းလေရာ ထိုသူငယ်မသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၂)

၆၈။ တစ်ရံရောအခါ လုလင်ပျို တစ်ယောက်သည် ဥပ္ပလဝဏ်ထေရီမ၌ တပ်စွဲသောစိတ် ဖြစ်နေ၏၊ ထိုလုလင်ပျိုသည် ဥပ္ပလဝဏ်ထေရီမ ဆွမ်းခံကြွစဉ် ကျောင်းငယ်သို့ ဝင်၍ ပုန်းအောင်းနေ၏၊ ဥပ္ပလဝဏ်ထေရီမသည် ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ထွက်ခဲ့၍ ခြေဆေးပြီးလျှင် ကျောင်းငယ်သို့ ဝင်၍ ခုတင် 'ညောင်စောင်း' ငယ်၌ ထိုင်လေ၏။ ထိုအခါ ထိုလုလင်ပျို သည် ဥပ္ပလဝဏ်ထေရီမကို ဖမ်းကိုင်၍ ဖျက်ဆီးလေ၏၊ ဥပ္ပလဝဏ်ထေရီမသည် ရဟန်းမိန်းမတို့အား ဤအကြောင်းကို လျှောက်လေ၏၊ ရဟန်း မိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကုန်၏၊ ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏၊ ရဟန်းတိုု့မသာယာသော ရဟန်းမိန်းမအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၃)

၆၉။ တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဣတ္ထိလိင် 'မိန်းမအသွင်သဏ္ဌာန်' ထင်ရှားဖြစ်ပေါ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ရဟန်းတို့ ရဟန်းမိန်းမတို့နှင့် ပေါင်းသင်းနေထိုင်ရန် ထို (ယောက်ျားလက်ထက် ယူသော) ဥပဇ္ဈာယ်ထို (ယောက်ျားလက်ထက် ခံအပ်သော) ပဉ္စင်းအဖြစ် ထို (ယောက်ျားလက်ထက်ရေတွက်အပ်သော) နှစ် 'ဝါ' တို့ကိုသာလျှင် ခွင့်ပြုတော်မူ၏၊ ရဟန်း ယောက်ျားတို့၏ အကြင်အာပတ်တို့သည် ရဟန်းမိန်းမတို့နှင့် သက်ဆိုင်ကုန်၏၊ ထိုအာပတ်တို့ကို ရဟန်းမိန်းမတို့၏အထံ၌ ကုစားခြင်းငှါ ခွင့်ပြုတော်မူ၏၊ ရဟန်းယောက်ျားတို့၏ အကြင်အာပတ်တို့သည် ရဟန်းမိန်းမတို့နှင့် မသက်ဆိုင်ကုန်၊ ထိုအာပတ်တို့ဖြင့် အာပတ် မသင့်ပေဟု (မိန့်တော်မူ၏)။ (၁၄)

တစ်ရံရောအခါ ရဟန်းမိန်းမ တစ်ယောက်အား ပုလ္လိင် 'ယောက်ျားအသွင်သဏ္ဌန်' ထင်ရှားဖြစ်ပေါ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏၊ ရဟန်းတို့ ရဟန်းယောက်ျားတို့နှင့်ပေါင်းသင်းနေထိုင်ရန် ထို (မိန်းမလက်ထက်ယူသော) ဥပဇ္ဈာယ် ထို (မိန်းမလက်ထက် ခံအပ်သော) ပဉ္စင်းအဖြစ် ထို (မိန်းမလက်ထက် ရေတွက်အပ်သော) နှစ် 'ဝါ' တို့ကိုသာလျှင် ခွင့်ပြုတော်မူ၏၊ ရဟန်းမိန်းမတို့၏ အကြင် အာပတ်တို့သည် ရဟန်းယောက်ျားတို့နှင့် သက်ဆိုင်ကုန်၏၊ ထိုအာပတ်တို့ကို ရဟန်းယောက်ျားတို့၏ အထံ၌ ကုစားခြင်းငှါ ခွင့်ပြုတော်မူ၏၊ ရဟန်းမိန်းမတို့၏ အကြင်အာပတ်တို့သည့်ရဟန်း ယောက်ျားတို့နှင့် မသက်ဆိုင်ကုန်၊ ထိုအာပတ်တို့ဖြင့် အာပတ် မသင့်ပေဟု (မိန့်တော်မူ၏)။ (၁၅)

၇၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု (ကြံစည်၍) အမိ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ သမီး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ အစ်မ နှမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။ပ။ ရဟန်းသင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၆-၁၈)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မယားဟောင်း၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၉)

၇၁။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နူးညံ့သော ကျောက်ကုန်းရှိ၏၊ ကျောပျော့၏၊ ထိုရဟန်းသည် မပျော်ပိုက်ခြင်း နှိပ်စက်ရကား ပျင်းရိသဖြင့် မိမိ၏ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် စုပ်လေ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရှည်သော အင်္ဂါဇာတ်ရှိ၏၊ ထိုရဟန်းသည် မပျော်ပိုက်ခြင်းနှိပ်စက်ရကား မိမိ၏ အင်္ဂါဇာတ်ကို မိမိ၏ ဝစ္စမဂ်သို့ သွင်းလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သူသေကောင်ကို မြင်လေ၏၊ ထိုသူသေကောင်၌ အင်္ဂါဇာတ်အနီးတွင် အိုင်းအမာအနာ ရှိ၏၊ ထိုရဟန်းသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု (သူသေ၏) အင်္ဂါဇာတ်၌ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းပြီးလျှင် အိုင်းအမာအနာမှ ထုတ်၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သူသေကောင်ကို မြင်လေ၏၊ ထိုသူသေကောင်၌ အင်္ဂါဇာတ်အနီးတွင် အိုင်းအမာအနာ ရှိ၏၊ ထိုရဟန်းသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု အိုင်းအမာအနာ၌ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းပြီးလျှင် အင်္ဂါဇာတ်မှ ထုတ်၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား ပန်းချီဆေးရေးရုပ်၏ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်ဖြင့် တို့လေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား သစ်သားယဉ်မင်းရုပ်၏ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်ဖြင့် တို့လေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၅)

၇၂။ တစ်ရံရောအခါ ရာဇဂြိုဟ်မြို့မှ ရဟန်းပြုသော သုန္ဒရမည်သော ရဟန်းသည် ရထားလမ်းခရီးဖြင့် သွား၏၊ မိန်းမတစ်ယောက်သည် အသျှင်ဘုရား ခေတ္တ ဆိုင်းငံ့တော်မူပါ၊ ရှိခိုးပါရစေဟု လျှောက်ထားပြီးလျှင် ထိုမိန်းမသည် ရှိခိုးလျက် သင်းပိုင်ကိုမ၍ ပါးစပ်ဖြင့် အင်္ဂါဇာတ်ကို စုပ်လေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)၊ ရဟန်း မသာယာသူအား အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၂၆)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါဟု (လျှောက်ထား၏)။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ တပည့်တော်မ အားထုတ်ပါမည်၊ အသျှင်ဘုရား အားမထုတ်ပါလင့်၊ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု (လျှောက်ထား၏)။ ထိုရဟန်း သည် ထိုမိန်းမဆိုတိုင်း ပြု၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၇)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါဟု (လျှောက်ထား၏)။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ အသျှင်ဘုရား အားထုတ်တော်မူပါ၊ တပည့်တော်မ အားမထုတ်ဘဲ နေပါမည်၊ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု (လျှောက်ထား၏)။ ထိုရဟန်းသည် ထို မိန်းမဆိုတိုင်း ပြု၏၊ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၈)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မှုပါဟု (လျှောက်ထား၏)။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ အတွင်း၌ စေ့ဆော်အားထုတ်၍ အပြင်၌ သုက်ကို လွှတ်ပါ။ပ။ အပြင်၌ စေ့ဆော်အားထုတ်၍ အတွင်း၌ သုက်ကို လွှတ်ပါ၊ ဤသို့ ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု (လျှောက်ထား၏)။ ထိုရဟန်းသည် ထိုမိန်းမဆိုတိုင်း ပြု၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၉-၃၀)

၇၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ ခွေးမစားသေးသော သူသေကောင်ကိုမြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ များသောအားဖြင့် ခွေးမစားသေးသော သူသေကောင်ကိုမြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ များသောအားဖြင့် ခွေးစားပြီးသော သူသေကောင်ကို မြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်း အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ (၃၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ ဦးခေါင်းပြတ်ကို မြင်၍ ဟင်းလင်းပွင့်သောပါးစပ်၌ (နံပါးအစောက်ကို) ထိစေလျက် အင်္ဂါဇာတ်ကို သွင်း၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ ဦးခေါင်းပြတ်ကို မြင်၍ ဟင်းလင်းပွင့်သောပါးစပ်၌ (နံပါးအစောက်ကို) မထိစေမူ၍ အင်္ဂါဇာတ်ကို သွင်း၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃၅)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမတစ်ယောက်၌ တပ်နှစ်သက်သော စိတ်ဖြစ်နေ၏။ ထိုမိန်းမသေ၍ သင်းချိုင်း၌ စွန့်ပစ်ထားရာ အရိုးတို့သည် ပြန့်ကျဲ၍ နေကုန်၏။ ထိုရဟန်းသည် သင်းချိုင်းသို့ သွား၍ အရိုးတို့ကို စုရုံးပြီးလျှင် နိမိတ်နေရာ၌ အင်္ဂါဇာတ်ကို ကျစေ၏ 'သွင်း၏'၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နဂါးမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ နတ်မိန်းမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ ပြိတ္တာမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ ပဏ္ဍုက်အား (ဝစ္စမဂ် မုခမဂ်၌) မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ပ။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၇-၄၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကာယပသာဒ ပျက်နေ၏၊ ထိုရဟန်းသည် ''ငါသည် ကောင်းမကောင်းကို မခံစားနိုင်၊ ငါ့အား အာပတ်သင့်မည် မဟုတ်''ဟု မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ''ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ ပါရာဇိကအာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။ (၄၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲအံ့ဟု တို့ကာမျှ၌ နှလုံးမသာ ဖြစ်၏။ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၄၂)

၇၄။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဘဒ္ဒိယမြို့ မုလေး 'မြတ်လေး' တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ ထိုရဟန်း၏ အင်္ဂါကြီးငယ်တို့သည် လေကြောင့် တောင့်တင်းခိုင်မာကုန်၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း 'သဘောကျ' ပြု၍ ထွက်ခွါသွားလေ၏၊ ရဟန်းတု့ိသည် သုက်အလိမ်းလိမ်း ကပ်သည်ကို မြင်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။ ရဟန်းတို့ ရာဂကြောင့်လည်းကောင်း၊ ကျင်ကြီးကြောင့်လည်းကောင်း၊ ကျင်ငယ်ကြောင့်လည်းကောင်း၊ လေကြောင့်လည်းကောင်း၊ သုက်ပိုး 'ဥစ္စာလိင်္ဂပါဏ' ထိုးခြင်းကြောင့်လည်းကောင်း ဤအကြောင်းငါးမျိုးတို့ကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏ 'တောင့်တင်းခိုင်မာ၏'။ ရဟန်းတို့ ထို (မုလေးတော၌ အိပ်ပျော်သော) ရဟန်းအား ရာဂကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်ဖို့ရန် 'တောင့်တင်းခိုင်မာရန်' အကြောင်း မရှိနိုင်ပေ၊ ရဟန်းတို့ ထိုရဟန်းသည် ရဟန္တာပေတည်း၊ ထို ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့ အန္ဓဝန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ နွားကျောင်းသူမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာ၏၊ ဝင်ဆဲခဏ၌ သာယာ၏၊ တည်ဆဲခဏ၌ သာယာ၏၊ ထုတ်ဆဲခဏ၌ သာယာ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၄၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့ အန္ဓဝန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ ဆိတ်ကျောင်းသူမတစ်ယောက်သည် မြင်၍။ပ။ ထင်းခွေသူမ တစ်ယောက်သည်မြင်၍။ပ။ နွားချေးကောက်သူမ တစ်ယောက်သည် မြင်၍။ပ။ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာ၏၊ ဝင်ဆဲခဏ၌ သာယာ၏၊ တည်ဆဲခဏ၌ သာယာ၏၊ နုတ်ဆဲခဏ၌သာယာ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု (မိန့်တော်မူ၏)။ (၄၅-၄၇)

၇၅။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း 'သဘောကျ' ပြု၍ အနီး၌ ရယ်မောလျက် ရပ်နေ၏၊ ထိုရဟန်းသည် နိုး၍ ထိုမိန်းမအား-

ဤအမှုသည် သင့်အမှုလောဟု (မေးသောအခါ)

မှန်ပါသည်၊ တပည့်တော်မ အမှုပါဟု (လျှောက်၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) -

မြတ်စွာဘုရား တပည့်တော် မသိရပါဟု (လျှောက်ထား၏)။

ရဟန်း မသိသူအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄၈)

၇၆။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် သစ်ပင်ကို မှီ၍ ကျိန်းစက်နေ၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် အလျင်အမြန် ထလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သာယာ သလောဟု (မေးတော်မူရာ) -

မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)။

ရဟန်း မသာယာသူအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄၉)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် သစ်ပင်ကို မှီ၍ ကျိန်းစက်နေ၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် ခြေနှင့် ကန်၍ လဲစေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်လေ၏။ပ။ ရဟန်းသင်သည် သာယာသလောဟု (မေးတော်မူရာ) -

မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)။

ရဟန်း မသာယာသူအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၅၀)

၇၇။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ့သန့်စင်ရာသို့ ကပ်လျက် တံခါးကို ဖွင့်၍ လျောင်းစက်နေ၏၊ ထိုရဟန်း၏ အင်္ဂါကြီးငယ်တို့သည် လေကြောင့် တောင့်တင်းခိုင်မာကုန်၏၊ ထိုအခါ ကျောင်းကြည့်လာသောမိန်းမတို့သည် ပန်း နံ့သာကို ယူဆောင်လျက် အရံတွင်းသို့ ဝင်လာကုန်၏၊ ထိုအခါ ထိုမိန်းမတို့သည် ထိုရဟန်းကိုမြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျင် အလိုရှိတိုင်း 'သဘောကျ' ပြုကြပြီး၍ ''ဤရဟန်းကား ယောက်ျားမြတ် အာဇာနည်ပေတကား''ဟု ပြောကြပြီးနောက် ပန်းနံ့သာကို တင်၍ ထွက်သွားကုန်၏၊ ရဟန်းတို့သည် သုက်အလိမ်းလိမ်း ကပ်သည်ကို မြင်၍ မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကုန်၏။ ရဟန်းတို့ ရာဂကြောင့်လည်းကောင်း၊ ကျင်ကြီးကြောင့်လည်းကောင်း၊ ကျင်ငယ်ကြောင့်လည်းကောင်း၊ လေကြောင့် လည်းကောင်း၊ သုက်ပိုး 'ဥစ္စာလိင်္ဂပါဏ' ထိုးခြင်းကြောင့်လည်းကောင်း ဤအကြောင်း ငါးမျိုးတို့ကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏ 'တောင့်တင်းခိုင်မာ၏'။ ရဟန်းတို့ ထို (တံခါးဖွင့်၍ကျိန်းစက်သော) ရဟန်းအားရာဂကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်ဖို့ရန် 'တောင့်တင်း ခိုင်မာရန်' အကြောင်း မရှိနိုင်ပေ၊ ရဟန်းတို့ ထိုရဟန်းသည် ရဟန္တာပေတည်း၊ ထိုရဟန်းအား အာပတ်မသင့်၊ ရဟန်းတို့ နေ့အခါကျိန်းစက်သော ရဟန်းသည် တံခါးကိုပိတ်၍ ကျိန်းစက်ခြင်းငှါ ခွင့်ပြုတော်မူ၏ဟု (မိန့်တော်မူ၏)။ (၅၁)

၇၈။ တစ်ရံရောအခါ ဘာရုကစ္ဆက သင်္ဘောဆိပ်နေ ရဟန်းတစ်ပါးသည် အိပ်မက်ထဲ၌ မယားဟောင်းအား မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၍ ငါသည် ရဟန်းမဟုတ်တော့ပြီ၊ လူထွက်တော့အံ့ဟု ဘာရုကစ္ဆက သင်္ဘောဆိပ်သို့ သွားလတ်သော် လမ်းခရီး အကြား၌ အသျှင်ဥပါလိနှင့်တွေ့၍ ဤအကြောင်းကို လျှောက်ထား၏၊ အသျှင်ဥပါလိက ငါ့သျှင် အိပ်မက်ဖြင့် အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၅၂)

တစ်ရံရောအခါ ရာဇဂြိုဟ်မြို့၌ သုပဗ္ဗာခေါ် ဥပါသိကာမ 'သီတင်းသည်မ' သည် အကျိုးမရှိရာ၌ ကြည်ညိုတတ်၏၊ ထိုဥပါသိကာမသည် ''မေထုန်အကျင့်ကို လှူသော မိန်းမသည် မြတ်သော အလှူကို ပေးလှူသည် မည်၏''ဟု အယူရှိလေ၏၊ ထိုဥပါသိကာမ 'သီတင်းသည်မ' သည် ရဟန်းကိုမြင်၍-

''အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါ''ဟု (လျှောက်ထား၏)။

နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)။

အသျှင်ဘုရား ကြွလာတော်မူပါ၊ ပေါင်ကြား၌စေ့ဆော် အားထုတ်တော်မူပါ၊ ဤသို့ ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါ။ပ။ ချက်၌။ပ။ ဝမ်းပျဉ်း၌။ပ။ လက်ကတီးကြား'ချိုင်းကြား'၌။ပ။ လည်၌။ပ။ နားပေါက်၌။ပ။ ဆံထုံးခွေ၌။ပ။ လက်ချောင်းကြား၌ စေ့ဆော် အားထုတ်တော်မူပါ၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်ဖြင့် လုံ့လပြု၍ သုက်လွတ်စေပါမည်၊ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်၏၊ ထိုရဟန်းသည် ထိုဥပါသိကာမ ဆိုတိုင်းပြု၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅၃-၆၁)

၇၉။ တစ်ရံရောအခါ သာဝတ္ထိမြို့၌ သဒ္ဓါခေါ် ဥပါသိကာမ 'သီတင်းသည်မ' သည် အကျိုးမရှိရာ၌ ကြည်ညိုတတ်၏၊ ထိုဥပါသိကာမသည် ''မေထုန်အကျင့်ကို လှူသော မိန်းမသည် မြတ်သော အလှူကို ပေးလှူသည် မည်၏''ဟု အယူရှိလေ၏၊ ထိုဥပါသိကာမ 'သီတင်းသည်မ' သည် ရဟန်းကိုမြင်၍-

''အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါ''ဟု (လျှောက်ထား၏။)

နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)။

အသျှင်ဘုရား ကြွလာတော်မူပါ၊ ပေါင်ကြား၌ စေ့ဆော်အားထုတ်တော်မူပါ။ပ။ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်ဖြင့် လုံ့လပြု၍ သုက်လွတ်စေပါမည်၊ ဤသို့ ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်၏၊ ထိုရဟန်းသည် ထိုဥပါသိကာမဆိုတိုင်း ပြု၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ (၆၂-၇၀)

၈၀။ တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ ရဟန်းမိန်းမ၌ ဖောက်လွှဲဖောက်ပြန် 'မတော်မလျော်' ပြုကျင့်စေကုန်၏၊ သိက္ခမာန်မ၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ သာမဏေမ၌ ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတို့ကို ဖျက်ဆီးအပ်ကုန်၏၊ နှစ်ဦးလုံး မသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်ကုန်။ (၇၃-၇၆)

၈၁။ တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ ပြည့်တန်ဆာမ၌ ဖောက်လွှဲဖောက်ပြန် 'မတော်မလျော်' ပြုကျင့်စေကုန်၏၊ ပဏ္ဍုက်၌ ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ လူမိန်းမ၌ ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ ရဟန်းသည် သာယာအံ့၊ ရဟန်းကိုဖျက်ဆီးအပ်၏၊ ရဟန်းသည် မသာယာအံ့၊ ရဟန်းအား အာပတ် မသင့်။ (၇၇-၈၂)

တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ အချင်းချင်း ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတို့ကို ဖျက်ဆီးအပ်ကုန်၏၊ နှစ်ဦးလုံးမသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်ကုန်။ (၈၃-၈၄)

၈၂။ တစ်ရံရောအခါ ရဟန်းကြီး (ကြီးမှ ရဟန်းပြုသူ) တစ်ပါးသည် မယားဟောင်းကို ကြည့်ရှုရန် သွားလေ၏၊ ထိုမိန်းမသည် ''အသျှင်ဘုရား ကြွလာတော်မူပါ၊ လူထွက်တော်မူပါ''ဟု ပြော၍ ဖမ်းထားလေ၏၊ ထိုရဟန်းသည် နောက်ပြန်ဆုတ်ရာ ပက်လက်လန်၍ လဲကျလေ၏၊ ထိုမိန်းမသည် အဝတ်ကိုပင့်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်လေ၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားလေ၏၊ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)၊ ရဟန်း မသာယာသူအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၈၅)

၈၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တော၌ နေ၏၊ သမင်ငယ်တစ်ကောင်သည် ထိုရဟန်းကျင်ငယ် စွန့်ရာအရပ်သို့ လာ၍ ကျင်ငယ်ကိုသောက်လျက် ပါးစပ်ဖြင့် အင်္ဂါဇာတ်ကို ဖမ်းယူစုပ်လေရာ ထိုရဟန်းသည် သာယာလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားလေ၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၈၆)

ဝိနီတဝတ္ထု ဖြတ်ထုံးများ ပြီး၏။

ပဌမ ပါရာဇိက ပြီး၏။

------

၂-ဒုတိယ ပါရာဇိက

ဓနိယရဟန်းအကြောင်း ပြဆိုရာအခန်း

၈၄။ တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြင်ဖူးခါမျှမိတ်ဆွေ အတူသုံးဆောင်ဘက်မိတ်ဆွေဖြစ်ကုန်သော များစွာသော ရဟန်းတို့သည် ဣသိဂိလိတောင်နံပါး၌ မြက် (မိုး) ကျောင်းငယ်တို့ကို ပြု၍ ဝါကပ်ကုန်၏၊ အိုးထိန်းသည်၏သား အသျှင်ဓနိယသည်လည်း မြက် (မိုး) ကျောင်းငယ်ကို ပြု၍ ဝါကပ်၏၊ ထိုအခါ ရဟန်းတို့သည် သုံးလလွန်၍ ဝါကျွတ်ပြီးသော် မြက် (မိုး) ကျောင်းငယ်တို့ကို ဖျက်၍ မြက်နှင့်သစ်သားတို့ကို သိုမှီးပြီးလျှင် သွားလိုရာ ဇနပုဒ်သို့ ဖဲသွားကုန်၏၊ အိုးထိန်းသည်၏သား အသျှင်ဓနိယကား ထိုအရပ်၌သာလျှင် မိုးလပတ်လုံး နေပြီးလျှင် ဆောင်းရော နွေပါ (ဆက်လက်) နေ၏။

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ရွာသို့ ဆွမ်းခံကြွစဉ် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်သစ်သားတို့ကို ယူ၍ သွားကုန်၏၊ နှစ်ကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မြက်နှင့် သစ်သားတို့ကို စုဆောင်း၍ မြက် (မိုး) ကျောင်းငယ်ကို ပြုလုပ်၏၊ နှစ်ကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ရွာသို့ ဆွမ်းခံကြွစဉ် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်သစ်သားတို့ကို ယူ၍ သွားကုန်၏၊ သုံးကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မြက်နှင့်သစ်သားတို့ကို စုဆောင်း၍ မြက် (မိုး) ကျောင်းငယ်ကို ပြုလုပ်၏၊ သုံးကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ရွာသို့ ဆွမ်းခံ ကြွစဉ် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့် သစ်သားတို့ကို ယူ၍ သွားကုန်၏၊

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယအား-

''ငါသည် ရွာသို့ ဝင်၍ ဆွမ်းခံသွားစဉ် သုံးကြိမ်တိုင်အောင်ပင် မြက်ရိတ်သူ ထင်းခွေသူ တို့သည်မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်သစ်သားတို့ကို ယူ၍ သွားကုန်၏၊ ငါသည်ကား မိမိဆရာ့အတတ်ဖြစ်သော အိုးထိန်းသည် အလုပ်၌ ကောင်းစွာ သင်ကြားထားသူ မယုတ်လျော့သူ (အပြည့်အစုံတတ်သူ) စင်ကြယ်စွာ တတ်သူ ဖြစ်၏၊ ငါသည် ကိုယ်တိုင် ရွှံ့ကို နယ်၍ အလုံးစုံမြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို ပြုရမူ ကောင်းလိမ့်မည်''ဟု အကြံ ဖြစ်၏။

ထို့နောက် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ကိုယ်တိုင် ရွှံ့ကို နယ်၍ အလုံးစုံ မြေညက်ဖြင့်ပြီးသော ကျောင်းငယ်ကို ပြုပြီးလျှင် မြက် ထင်း နွားချေးတို့ကို စုဆောင်း၍ ထိုကျောင်းငယ်ကို (မီး) ဖုတ်၏၊ ထိုကျောင်းငယ်သည် အလွန်လှပ၏၊ ရှုဖွယ်ကောင်း၏၊ ကြည်နူးဖွယ်ကောင်း၏၊ နီရဲသောအဆင်းရှိ၏၊ သိကြား ကွမ်းသွေးကောင် နှင့်တူ၏၊ ထိုကျောင်းငယ်၏ အသံသည် ခြူ ဆည်းလည်းသံနှင့်တူ၏။

၈၅။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းများစွာတို့နှင့် အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူလာရာ အလွန်လှပသော ကြည့်ရှုဖွယ်ကောင်းသော ကြည်နူးဖွယ်ကောင်းသော နီရဲသော အဆင်းရှိသော ထိုကျောင်းငယ်ကို မြင်တော်မူသောကြောင့် ''ရဟန်းတို့ အလွန်လှပသော ကြည့်ရှုဖွယ်ကောင်းသောကြည်နူးဖွယ်ကောင်းသော နီရဲသော အဆင်းရှိသော သိကြားကွမ်းသွေးကောင်နှင့်တူသော ထိုအရာဝတ္ထုသည် အဘယ်နည်း''ဟု ရဟန်းတို့ကို မေးတော်မူ၏၊ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကုန်၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

''ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။

ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် အဘယ့်ကြောင့် အလုံးစုံ မြေညက် ဖြင့်ပြီးသော ကျောင်းငယ်ကို ပြုလေဘိသနည်း။

ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအား သတ္တဝါတို့၌ အစဉ်စောင့်ရှောက်ခြင်းအစဉ်သနားခြင်း မညှဉ်းဆဲလိုခြင်းသည် အဘယ့်ကြောင့် မဖြစ်လေဘိသနည်း။

ရဟန်းတို့ သွားကြကုန်လော့၊ ထိုကျောင်းငယ်ကို ဖျက်ဆီးကြကုန်လော့၊ နောင်လာနောက်သားများသည် သတ္တဝါများအပေါ်၌ ညှဉ်းဆဲနှိပ်စက်ခြင်းသို့ မရောက်စေလင့်။

ရဟန်းတို့ အလုံးစုံ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို မပြုလုပ်အပ်၊ ပြုလုပ်သော ရဟန်းအားဒုက္ကဋ် အာပတ် သင့်၏ဟု'' (မိန့်တော်မူ၏)။

ထိုရဟန်းတို့သည် ကောင်းပါပြီ အသျှင်ဘုရားဟု မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ထို ကျောင်းငယ် သို့ချဉ်းကပ်၍ ဖျက်ဆီးကုန်၏။

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ထိုရဟန်းတို့အား-

''ငါ့သျှင်တို့ သင်တို့သည် ငါ၏ ကျောင်းငယ်ကို အဘယ့်ကြောင့် ဖျက်ဆီးကြသနည်း''ဟု (မေးလျှောက်၏)။

ငါ့သျှင် မြတ်စွာဘုရားသည် ဖျက်စေပါသည်ဟု (ဆိုကြကုန်၏)။

ငါ့သျှင်တို့ တရားရှင် (ဘုရား) သည် အကယ်၍ ဖျက်စေပါလျှင် ဖျက်ကြပါလော့ဟု (လျှောက်၏)။

၈၆။ ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယအား ''ငါသည် ရွာတွင်းသို့ ဝင်၍ ဆွမ်းခံသွားစဉ်သုံးကြိမ်တိုင်အောင်ပင် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်ထင်းတို့ကို ယူ၍ သွားကုန်ပြီ၊ ငါဆောက်၍ ထားသော အလုံးစုံမြေညက်ဖြင့်ပြီးသောကျောင်းငယ်ကိုလည်း မြတ်စွာဘုရားက ဖျက်စေအပ်ပြီ၊ ငါ့အား သစ်တောရုံး၌ မြင်ဖူးခါမျှ ဖြစ်သောမိတ်ဆွေ သစ်ထိန်းအရာရှိ သည် ရှိပေ၏၊ ငါသည် သစ်တောရုံးရှိ သစ်ထိန်းအရာရှိထံ သစ်သားတို့ကိုတောင်းယူ၍ သစ်သား ကျောင်းငယ် ဆောက်ရမူ ကောင်းလိမ့်မည်''ဟု အကြံ ဖြစ်၏။

ထို့နောက် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် သစ်တောရုံးရှိ သစ်ထိန်းအရာရှိထံ ချဉ်းကပ်၍-

''ငါ့သျှင် (ဒါယကာ) ငါသည် ရွာတွင်းသို့ ဝင်၍ ဆွမ်းခံသွားစဉ် သုံးကြိမ်တိုင်အောင်ပင် မြက်ရိတ်သူထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်ထင်းတို့ကို ယူ၍ သွားကြပါသည်၊ ငါ ကိုယ်တိုင် ဆောက်လုပ်သော အလုံးစုံ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကိုလည်း မြတ်စွာဘုရားကဖျက်စေအပ်ပြီ၊ ငါ့သျှင် (ဒါယကာ) သစ်သားများကို ပေးလှူပါ၊ သစ်သားကျောင်းငယ်ကို ဆောက်လိုပါသည်''ဟု ပြော၏။

အသျှင်ဘုရား အသျှင်ဘုရားအား ပေးလှူဖို့ရန် သစ်သားများ မရှိပါ၊ မြို့ ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန်အလို့ငှါ ထားသော မင်း၏ သစ်တော်တို့သည် ရှိပါကုန်၏၊ ထိုသစ်တို့ကိုဘုရင်မင်းမြတ်က ပေးလှူစေပါလျှင် အသျှင်ဘုရား သယ်ယူခိုင်းတော်မူပါဟု (လျှောက်၏)။

ငါ့သျှင် (ဒါယကာ) ဘုရင်သည် ပေးလှူ ပြီးပါပြီဟု (ပြော၏)။

ထိုအခါ သစ်တောရုံးရှိ သစ်ထိန်းအရာရှိအား -

''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတော်များသည် တရားကို ကျင့် ကုန်၏၊ ညီညွတ်ငြိမ်သက်သော အကျင့်ကို ကျင့်ကုန်၏၊ မြတ်သည်ကို ကျင့်ကုန်၏၊ အမှန်ကို ဆိုလေ့ရှိ ကုန်၏၊ သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ ဘုရင်မင်းမြတ်သည်လည်း ဤရဟန်းတို့အားအလွန်ကြည်ညိုတော်မူ၏၊ မလှူသေးဘဲလျက် လှူပြီးဟု ပြောကြမည် မဟုတ်ပေ''ဟု အကြံဖြစ်၏။

ထို့နောက် သစ်တောရုံးရှိ သစ်ထိန်းအရာရှိသည် အိုးထိန်းသည်၏သား အသျှင်ဓနိယအား ''အသျှင်ဘုရား သယ်ယူခိုင်းတော်မူပါ''ဟု လျှောက်၏။

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ထိုသစ်တို့ကို အပိုင်းအပိုင်း ဖြတ်ခွဲစေပြီးလျှင် လှည်းဖြင့် ထုတ်ယူ သယ်ဆောင်စေပြီးနောက် သစ်သားကျောင်းငယ်ကို ဆောက်၏။

၈၇။ ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရ ပုဏ္ဏားသည် ရာဇဂြိုဟ်မြို့၌အမှုကြီးငယ်တို့ကို ကြည့်ရှုစစ်ဆေးရာ သစ်တောရုံးရှိ သစ်ထိန်းအရာရှိထံ ချဉ်းကပ်၍-

''အမောင် မြို့ ရွာ ပြု ပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန် အလို့ငှါ ထားသော မင်း၏သစ်တော်တို့သည် အဘယ်မှာနည်း''ဟု (မေး၏)။

အရှင် ထိုသစ်တို့ကို ဘုရင်မင်းမြတ်သည် အိုးထိန်းသည်၏ သားဖြစ်သော အသျှင်ဓနိယအား ပေးလှူလိုက်ပါသည်ဟု (ပြော၏)။

ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားအား ''ဘုရင်မင်းမြတ်သည် မြို့ ရွာပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန်အလို့ငှါ ထားသော မင်း၏ သစ်တော်တို့ကိုအဘယ့်ကြောင့် အိုးထိန်းသည်၏သား အသျှင်ဓနိယအား ပေးလှူလိုက်ဘိသနည်း''ဟု နှလုံးမသာခြင်းဖြစ်၏။

ထို့နောက် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် မဂဓတိုင်းရှင် သေနိယ မည်သောဗိမ္ဗိသာရမင်းထံ ချဉ်းကပ်၍-

''မြို့ ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန်အလို့ငှါ ထားသော မင်း၏ သစ်တော်တို့ကိုအိုးထိန်းသည်၏သား အသျှင်ဓနိယအား ဘုရင်မင်းမြတ် ပေးလှူလိုက်ပြီဟု ဆိုသည်မှာ မှန်ပါသလော''ဟု (လျှောက်တင်၏)။

ဤသို့ (သင့်အား) မည်သူက ပြောသနည်းဟု (မေး၏)။

အရှင်မင်းမြတ် သစ်တောရုံး သစ်ထိန်းအရာရှိက ပြောပါသည်ဟု (လျှောက်တင်၏)။

ပုဏ္ဏား သို့ဖြစ်လျှင် သစ်တောရုံးမှ သစ်ထိန်းအရာရှိကို ခေါ်စေရမည်ဟု (မိန့်၏)။

ထို့နောက် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် သစ်တောရုံး သစ်ထိန်း အရာရှိကိုဖမ်းဆီးချုပ်နှောင်၍ ခေါ်ဆောင်လာစေ၏။

အိုးထိန်းသည်၏သား အသျှင်ဓနိယသည် သစ်တောရုံး မှ သစ်ထိန်းအရာရှိကို ဖမ်းဆီး ချုပ်နှောင် လျက်ထုတ်ဆောင်လာသည်ကို မြင်ရကား သစ်တောရုံး သစ်ထိန်းအရာရှိအား-

''ငါ့သျှင် (ဒါယကာ) အဘယ့်ကြောင့် သင်ဖမ်းဆီးချုပ်နှောင် ထုတ်ဆောင်ခံရသနည်း''ဟု (မေး၏)။

အသျှင်ဘုရား ထိုသစ်များ ကိစ္စကြောင့် ဖြစ်ပါသည်ဟု (လျှောက်၏)။

ငါ့သျှင် (ဒါယကာ) သွားနှင့်ပါ၊ ငါလည်း လိုက်ခဲ့ပါမည်ဟု (ပြောသောအခါ) -

အသျှင်ဘုရား တပည့်တော် အသတ်မခံရမီ ကြွတော်မူခဲ့ပါဟု (ပြန်၍ လျှောက်၏)။

၈၈။ ထို့နောက် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်း၏ နန်းတော်သို့ ချဉ်းကပ်လျက် ပြင်ထားသော နေရာ၌ ထိုင်လေ၏။ ထိုအခါ မဂဓတိုင်းရှင်သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အိုးထိန်းသည်၏သား အသျှင်ဓနိယထံ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်-

''အသျှင်ဘုရား တပည့်တော်သည် မြို့ ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန် အလို့ငှါထားသော မင်း၏ သစ်တော်တို့ကို အသျှင်ဘုရားအား လှူလိုက်ပြီဟု ဆိုသည်မှာ မှန်ပါ သလော''ဟု (လျှောက်၏)။

မှန်ပေသည် မင်းမြတ်ဟု (ဆိုလတ်သော်) -

အသျှင်ဘုရား တပည့်တော်များ ဘုရင်တို့မည်သည် များသော ကိစ္စရှိကြပါသည်၊ များသောပြုဖွယ်ရှိကြပါသည်၊ လှူပြီးသော်လည်း အမှတ်မရကြပါ၊ တောင်းပန်ပါသည်၊ အသျှင်ဘုရား သတိရအောင်မိန့်တော်မူပါဟု (လျှောက်၏)။

မင်းကြီး ပဌမဦးစွာ အဘိသိက် ခံယူစဉ်က ''မြက် ထင်း ရေတို့ကို သုံးဆောင်တော်မူကြကုန်ဟု ရဟန်းပုဏ္ဏားတို့အား ပေးလှူပြီးသာလျှင် ဖြစ်၏''၊ ဤသို့ သင်မင်းမြတ် ပြောဆိုခဲ့ဖူးသော စကားကိုအမှတ်ရပါလော့ဟု (ပြောသောအခါ) -

အသျှင်ဘုရား အမှတ်ရပါပြီ၊ မကောင်းမှုကို ရှက်တတ်ကုန်သော တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိတတ်ကုန်သော သိက္ခာ (သုံးပါး) ကို အလိုရှိကုန်သော ရဟန်းပုဏ္ဏားတို့ ရှိကြပါသည်၊ ထိုရဟန်းပုဏ္ဏားတို့အား အနည်းငယ်မျှ (အပြစ်) ၌ပင် ယုံမှားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်တတ်ကြပါသည်၊ ထိုရဟန်းပုဏ္ဏားတို့ကို ရည်ရွယ်၍ တပည့်တော် ပြောခြင်းဖြစ်ပါသည်၊ ထိုသို့ ပြောဆိုခြင်းသည်လည်း တောအတွင်းဝယ် မသိမ်းပိုက်အပ်သော မြက် ထင်း ရေကိုသာ ပြောဆိုခြင်းဖြစ်ပါသည်၊ အသျှင်ဘုရားသည်ထို (စကား) အမြွက်ဖြင့် သစ်တော်တို့ကို မပေးလှူပါဘဲလျက် ဆောင်ယူရမည်ဟု ထင်မှတ်ဘိ၏၊ တပည့်တော်ကဲ့သို့သော ဘုရင်သည် နိုင်ငံတော်၌ နေသော သမဏဗြာဟ္မဏတို့ကို အဘယ့်ကြောင့် နှောင်ဖွဲ့ သတ်ပုတ် နှင်ထုတ်ရာအံ့နည်း (နှင်ထုတ်မည် မဟုတ်ပါ)၊ အသျှင်ဘုရား ကြွပါလော့၊ အသျှင်ဘုရားသည် (ရဟန်းတို့၏) အသွင်အပြင် အမွေး 'အရောင်' ကြောင့် (အပြစ်မှ) လွတ်မြောက်ရပေသည်၊ နောင် ဤကဲ့သို့သော အမှုကို မပြုပါလင့်ဟု (လျှောက်ထား၏)။

လူတို့သည်-

''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့က တရားကို ကျင့်လေ့ ရှိကုန်၏၊ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ရှိကုန်၏၊ အမှန်ကိုဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြတုံဘိ၏၊ ဤရဟန်းတို့အားရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ်သူတော် သူမြတ် အဖြစ်သည် ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ်သူတော်သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်မှကင်းကွာကုန်ပြီ၊ ဤရဟန်းတို့သည် ဘုရင်ကိုသော်မှလည်း လှည့်ဖျားကြသေး၏၊ အခြားလူများကိုကားအဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကုန်၏။

အကြင်ရဟန်းတို့သည် အလိုနည်းကုန်၏၊ ရောင့်ရဲလွယ်ကုန်၏၊ မကောင်းမှုကို ရှက်တတ်ကုန်၏၊ တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်၏၊ သိက္ခာ (သုံးပါး) ကို လိုလားကုန်၏၊ ထိုရဟန်းတို့ကလည်း''အဘယ့်ကြောင့် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မင်း၏ သစ်တော်တို့ကို မပေးလှူဘဲခိုးယူလေ ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည်။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အိုးထိန်းသည်၏သား အသျှင်ဓနိယကို-

''ဓနိယ သင်သည် မင်း၏ သစ်တော်တို့ကို မပေးဘဲ ယူ၏ ဆိုသည်မှာ မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်။ မအပ်၊ မပြုသင့်။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မင်း၏ သစ်တော်တို့ကိုမပေးလှူဘဲ ယူဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အမှန်စင်စစ် ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ကဲ့ရဲ့တော်မူ၏)။

ထိုအခါ တရားသူကြီးဟောင်းဖြစ်သော အမတ်ကြီးတစ်ယောက်သည် ရဟန်းတို့ထံ ပဉ္စင်းခံပြီး၍မြတ်စွာဘုရား အနီးဝယ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား-

''ရဟန်း အဘယ်မျှလောက်သော ဥစ္စာကို ယူခြင်းဖြင့် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ခိုးသူကို ဖမ်း၍ နှောင်ဖွဲ့ သတ်ပုတ် နှင်ထုတ်သနည်း''ဟု မေးတော်မူ၏။

မြတ်စွာဘုရား တစ်မတ် တစ်မတ်ထိုက်တန်သော ဥစ္စာ (ကို ယူခြင်း) ဖြင့် နှောင်ဖွဲ့ သတ်ပုတ်နှင်ထုတ်ပါသည်ဘုရားဟု (လျှောက်၏)။

ထိုအခါ ရာဇဂြိုဟ်မြို့၌ ငါးပဲသည် တစ်မတ် မည်၏၊ ထို့နောက် မြတ်စွာဘုရားသည် အိုးထိန်းသည်၏သား အသျှင်ဓနိယကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန်ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

------

၁။ ဣန္ဒဂေါပက၊ မိုးတွင်းအခါ၌ မြေမှထွက်တတ်သော ကတ္တီပါနီကဲ့သို့ အဆင်းရှိသော ပိုးကောင်အထူးတည်း။ နတ်သီ္မးကွမ်းသွေးကောင်လည်း ဟူ၏။

ပဌမပညတ်သိက္ခာပုဒ်

(က) ၈၉။ ''အကြင် ရဟန်းသည် ခိုးလိုသော စိတ်အစုဖြင့် မပေးအပ်သော ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘောရှိသော မပေးအပ်သော ဥစ္စာကို ယူခြင်းကြောင့် မင်းတို့သည် ခိုးသူကို ဖမ်း၍'သင်သည် ခိုးသူဖြစ်၏၊ မိုက်သူဖြစ်၏၊ တွေဝေသူ ဖြစ်၏၊ ဝှက်တတ်သူဖြစ်၏'ဟု (ပြောဆို၍) သတ်ပုတ်မူလည်း သတ်ပုတ်ကုန် ရာ၏၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏၊ နှင်ထုတ်မူလည်းနှင်ထုတ်ကုန်ရာ၏၊ ထိုသို့သဘောရှိသော မပေးအပ်သော ဥစ္စာကို ယူသော ဤ ရဟန်းသည် လည်းသာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ''ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

------

ဒုတိယပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၉၀။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ်ကို ခိုးယူကြပြီးလျှင် အရံအတွင်းသို့ ဆောင်ခဲ့၍ ခွဲဝေကုန်၏၊ ရဟန်းတို့သည်-

''ငါ့သျှင်တို့ သင်တို့သည် ဘုန်းကြီးကြပါပေသည်၊ သင်တို့အား သင်္ကန်းပေါများ ကြပါပေသည်''ဟုပြောဆိုကုန်၏။

ငါ့သျှင်တို့ ငါတို့အား အဘယ်မှာ ဘုန်းကြီးအံ့နည်း၊ ယခု ငါတို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ် ကိုခိုးခဲ့ကြပါသည်ဟု (ပြန်၍ ပြောကြကုန်၏)။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး မဟုတ်ပါလော၊ ငါ့သျှင်တို့သင်တို့သည် အဘယ့်ကြောင့် ခဝါထုပ်ကို ခိုးယူခဲ့ကြကုန်သနည်းဟု (ပြောဆိုကြကုန်၏)။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးဖြစ်သည်ကား မှန်ပါသည်၊ သို့ရာတွင်ထိုပညတ်ချက်သည် ရွာ၌သာ ဖြစ်၍ တော၌ မဟုတ်ပါဟု (ပြန်၍ ပြောကြကုန်၏)။

ငါ့သျှင်တို့ ထို (တော၌ ခိုးခြင်း) သည်လည်း ရွာ၌ ခိုးခြင်းနှင့် အတူတူပင် မဟုတ်ပါလော၊ ငါ့သျှင်တို့ (သင်တို့၏ အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ ငါ့သျှင်တို့ အဘယ့်ကြောင့် သင်တို့သည် ခဝါထုပ်ကို ခိုးယူကုန်ဘိသနည်း၊ ငါ့သျှင်တို့ဤ (သင်တို့အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ ငါ့သျှင်တို့ အမှန်စင်စစ် ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ပြောဆိုကြကုန်၏)။

ထို့နောက် ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့ကို-

''ရဟန်းတို့ သင်တို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ်ကို ခိုးယူကြသည်ဟူသည်မှာ မှန်သလော''ဟုစိစစ် မေးမြန်တော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

''(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ (သင်တို့၏ အမှုသည်) ရဟန်းတို့အား မလျေ ာ် ကန်၊ မလျေ ာက်ပတ်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူ မဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ခဝါထုပ်ကို ခိုးယူကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်းမဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ အမှန်စင်စစ် ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏''ဟု (ကဲ့ရဲ့တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန် ခက်ခဲခြင်း။ပ။ ဝိရီယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကိုမိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ် လျေ ာ်ညီသော တရားစကားကိုဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို။ပ။ ရဟန်းတို့အား သိက္ခာပုဒ်တော်ကို ပညတ်တော်မူမည်ဟုမိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၂။ (ခ) ၉၁။ ''အကြင် ရဟန်းသည် ရွာမှလည်းကောင်း၊ တောမှလည်းကောင်း ခိုးလိုသော စိတ်အစုဖြင့်မပေးအပ်သော ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘော ရှိသော မပေးအပ်သော ဥစ္စာကို ယူခြင်းကြောင့်မင်းတို့သည် ခိုးသူကို ဖမ်း၍ 'သင်သည် ခိုးသူဖြစ်၏၊ မိုက်သူဖြစ်၏၊ တွေဝေသူဖြစ်၏၊ ဝှက်တတ်သူဖြစ်၏'ဟု (ပြောဆို၍) သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာ၏၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏၊ နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာ၏၊ ထိုသို့သဘောရှိသော မပေးအပ် သော ဥစ္စာကို ယူသောဤရဟန်းသည် လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

၂-ဒုတိယ ပါရာဇိက သိက္ခာပုဒ်အဖွင့်

၉၂။ အကြင်ဟူသည် အကြင်သို့သောသဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို 'ရဟန်း'ဟု အလိုရှိအပ်၏။

ရွာ မည်သည် အိမ်တစ်လုံးရှိလည်း ရွာ၊ အိမ်နှစ်လုံးရှိလည်း ရွာ၊ အိမ်သုံးလုံးရှိလည်း ရွာ၊ အိမ်လေးလုံးရှိလည်း ရွာ၊ လူရှိလည်း ရွာ၊ လူမရှိလည်း ရွာ၊ အကာအရံရှိလည်း ရွာ၊ အကာအရံမရှိလည်းရွာ၊ နွားတို့၏ နေရာကဲ့သို့ တည်နေရာလည်း ရွာ၊ ကုန်သည်စု လေးလထက်အလွန် တည်နေရာကိုလည်း ရွာဟု ဆိုအပ်၏။

ရွာ၏ ဥပစာ မည်သည် အကာအရံရှိသော ရွာ၏ တံခါးခုံ၌ တည်သော အားအလယ်အလတ်ရှိသောယောက်ျား၏ ခဲတစ်ကျ 'ခဲတစ်ပစ်'တည်း၊ အကာအရံမရှိသော ရွာ၏ အိမ်ဥပစာ၌ တည်သောအားအလယ် အလတ်ရှိသော ယောက်ျား၏ ခဲတစ်ကျ 'ခဲတစ်ပစ်'တည်း။

တော မည်သည် ရွာ ရွာ၏ ဥပစာကို ချန်လှပ်၍ ကြွင်းကျန်သော အရပ်တည်း။

မပေးအပ်သောဥစ္စာ မည်သည် မပေးအပ် မလွှတ်အပ် မစွန့်အပ်စောင့်ရှောက်အပ် လုံခြုံစေအပ်ငါ့ဟာဟု မြတ်နိုးအပ် သူတစ်ပါး သိမ်းဆည်းအပ်သော ဥစ္စာတည်း။

ခိုးလိုသော စိတ်အစုဟူသည် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍၊ ဝှက်လိုသော စိတ်ရှိသည်ဖြစ်၍။

ယူငြားအံ့ဟူသည် ယူငြားအံ့၊ ဆောင်ယူငြားအံ့၊ ဝှက်ငြားအံ့၊ ဣရိယာပုထ်ကို ပျက်စေငြားအံ့၊ နေရာမှရွေ့စေငြားအံ့၊ အချိန်းအချက်ကို လွန်စေငြားအံ့။

အကြင်သို့သဘောရှိသော မည်သည် တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း။

မင်းတို့ မည်သည် ဧကရာဇ်မင်း ပဒေသရာဇ်မင်း နယ်စား (မြို့စား) ရွာစား တရားသူကြီးအမတ်ချုပ်တို့တည်း၊ သို့မဟုတ် ဖြတ်ခြင်း ခွဲခြင်းကို ပြု၍ ဆုံးမအုပ်ချုပ်သူဟူသမျှကို မင်းဟု ဆိုရ၏။

ခိုးသူ မည်သည် ငါးပဲ-ငါးပဲထက် အလွန် ထိုက်တန်သော ဥစ္စာကို (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူသူတည်း။

သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာ၏ဟူသည် လက် ခြေ နှင်တံ (တံဖျာ) ကြိမ်လုံး တုတ်တို့ဖြင့်သော်လည်းကောင်း၊ ဖြတ်ခြင်းဖြင့်သော်လည်းကောင်း သတ်ကုန်ရာ၏။

နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏ဟူသည်၊ ကိးဖြင့် တုပ်ခြင်း ထိတ်ခတ်ခြင်း သံခြေကျင်း ခတ်ခြင်းနှောင်အိမ်သွင်းခြင်း မြို့ချုပ်ချုပ်နှောင်ခြင်း ရွာချုပ်ချုပ်နှောင်ခြင်း နိဂုံးချုပ်ချုပ်နှောင်ခြင်း (တစ်ခုခု) တို့ဖြင့်ချုပ် နှောင် ဖွဲ့ထားကုန်ရာ၏၊ လူအစောင့်ကိုသော်လည်း ထားကုန်ရာ၏။

နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာ၏ဟူသည် ရွာမှသော်လည်းကောင်း၊ နိဂုံးမှသော် လည်းကောင်း၊ မြို့မှသော်လည်းကောင်း၊ နိုင်ငံတော်မှသော်လည်းကောင်း၊ နိုင်ငံတော် တစ်စိတ်တစ်ဒေသ (ခရိုင်) မှသော်လည်းကောင်း နှင်ထုတ်ကုန်ရာ၏။

သင်သည် ခိုးသူဖြစ်၏ မိုက်သူဖြစ်၏ တွေဝေသူဖြစ်၏ ဝှက်တတ်သူဖြစ်၏ဟူသည် ဆဲရေး ရေရွတ်သော စကားတည်း။

ထိုသို့သဘောရှိသော မည်သည် တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း။

ယူသောဟူသည် ယူသော ဆောင်ယူသော ဝှက်သော ဣရိယာပုထ်ကို ပျက်စေသော နေရာမှရွေ့စေသော အချိန်းအချက်ကို လွန်စေသော။

ဤရဟန်းသည် လည်းဟူသည်ကို ရှေး (မေထုန်ပါရာဇိကရဟန်း) ကို ထောက်၍ ဆိုအပ်၏။

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟူသည် အညှာမှ ကြွေကျသော သစ်ရွက်သည် မစိမ်းစိုနိုင်တော့သကဲ့သို့ ဤအတူ ရဟန်းသည် တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မက်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူမိသောကြောင့် ရဟန်းမဟုတ်တော့ပေ၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် ''သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏''ဟု ဆိုအပ်၏။

ရဟန်းကောင်းတို့နှင့် ပေါင်းသင်းရခြင်းမရှိဟူရာ၌ ပေါင်းသင်းခြင်းမည်သည် အတူတကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ် (ပြ) မှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုဟူသော ဤအလုံးစုံ သည်ပေါင်းသင်းခြင်း မည်၏၊ ထိုပေါင်းသင်းခြင်းသည် ထိုရဟန်းနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့်''ပေါင်းသင်းရခြင်းမရှိ''ဟု ဆိုအပ်၏။

 

 

ခေါင်းစဉ် မာတိကာ

၉၃။ မြေ၌ တည်သောဥစ္စာ၊ ကြည်း'ကုန်း'၌ တည်သောဥစ္စာ၊ ကောင်းကင်၌ တည်သောဥစ္စာ၊ ဟင်းလင်းပြင်၌ တည်သောဥစ္စာ၊ ရေ၌ တည်သောဥစ္စာ၊ လှေ၌ တည်သောဥစ္စာ၊ ယာဉ်၌ တည်သောဥစ္စာ၊ ဝန်အားဖြင့် တည်သောဥစ္စာ၊ အရံ၌တည်သောဥစ္စာ၊ ကျောင်း၌တည်သောဥစ္စာ၊ လယ်၌တည်သောဥစ္စာ၊ ယာ၌ တည်သော ဥစ္စာ၊ ရွာ၌ တည်သော ဥစ္စာ၊ တော၌ တည်သောဥစ္စာ၊ ရေဒန်ပူ၊ တောစိုးသစ်ပင်၊ ဆောင်ယူသောဥစ္စာ၊ အပ်နှံသောဥစ္စာ၊ ကင်းထားရာအရပ် 'အကောက်ဋ္ဌာန'၊ သတ္တဝါ၊ အခြေမရှိသောသတ္တဝါ၊ အခြေနှစ်ချောင်း ရှိသော သတ္တဝါ၊ အခြေလေးချောင်း ရှိသော သတ္တဝါ၊ အခြေများသောသတ္တဝါ၊ လက်ထောက်ချသူ၊ ဆောင်ယူလာသော ဥစ္စာကိုစောင့်သူ၊ တိုင်ပင်၍ ခိုးခြင်း၊ အချိန်းအချက်ပြုခြင်း၊ အမှတ်အသားပြုခြင်း၊ ဤကား မာတိကာတည်း။

မာတိကာ အဖွင့်

၉၄။ မြေ၌တည်သောဥစ္စာ မည်သည် မြေ၌ ချထား မြှုပ်ထား ဖုံးထားအပ်သော ဥစ္စာတည်း။

''မြေ၌တည်သောဥစ္စာကိုခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ အဖော်ကိုသော်လည်းကောင်း၊ ပေါက်တူးကိုသော်လည်းကောင်း၊ခြင်းတောင်းကိုသော်လည်းကောင်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုမြေ၌ဖြစ်သော ထင်းကိုသော်လည်းကောင်း၊ နွယ်ကိုသော်လည်းကောင်း ဖြတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုမြေ၌ မြေမှုန့်ကို တူးမူလည်း တူးအံ့၊ ယက်မူလည်း ယက်အံ့၊ ထုတ်မူလည်းထုတ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ (ဥစ္စာ) အိုးကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ မိမိ၏ ခွက်ကို သွင်း၍ ငါးပဲ-ငါးပဲထက် အလွန် ထိုက်တန်သော ဥစ္စာကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ့်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

မိမိခွက်သို့ ရောက်အောင်သော်လည်း ပြုအံ့၊ လက်ဆုပ်ကိုသော်လည်း ဖြတ်အံ့၊ 'လက်ဆုပ်နှင့်သော်လည်း ကုတ်ယူအံ့'၊ ပါရာဇိကအာပတ် သင့်၏။

ချည်၌ တင်အပ်သော 'ချည်ဖြင့် သီကုံးအပ်သော' ဘဏ္ဍာကိုသော်လည်းကောင်း၊ ရွှေဆောက်လုံးကြိုး 'ရွှေဆွဲကြိုး'ကိုသော်လည်းကောင်း၊ လည်ဆွဲကြိုးကိုသော်လည်းကောင်း၊ ခါးစည်းကြိုးကိုသော်လည်းကောင်း၊ အဝတ်ပုဆိုးကိုသော်လည်းကောင်း၊ ခေါင်းပေါင်းကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ အစွန်း၌ ကိုင်လျက်ကြွစေအံ့ 'မြှောက်အံ့'၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ပွတ်တိုက်လျက် ထုတ်ဆောင်အံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ အယုတ်ဆုံးအားဖြင့် တစ်ဆံခြည်ဖျားမျှ အိုးမျက်နှာဝမှ လွတ်စေအံ့၊ ပါရာဇိကအာပတ်သင့်၏။

ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ထောပတ်ကိုသော်လည်းကောင်း၊ ဆီကိုသော်လည်းကောင်း၊ ပျားရည်ကိုသော်လည်းကောင်း၊ တင်လဲကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ တစ်ကြိမ်တည်း သောက်အံ့၊ ပါရာဇိကအာပတ် သင့်၏၊ ထိုအရပ်၌ပင်လျှင် ခွဲမူလည်း ခွဲအံ့၊ စွန့်ပစ်မူ လည်းစွန့်ပစ်အံ့၊ မီးမူလည်း တိုက်အံ့၊ သုံးဆောင်မဖြစ် 'ပျက်စီး' အောင်မူလည်း ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၉၅။ ကြည်း 'ကုန်း' ၌တည်သောဥစ္စာ မည်သည် ကြည်း၌ ချထားအပ်သော ဥစ္စာတည်း။ ''ကြည်း၌တည်သော ဥစ္စာကိုခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်းသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်း အာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၉၆။ ကောင်းကင်၌တည်သောဥစ္စာ မည်သည် ကောင်းကင်သို့ ရောက်သော ဥစ္စာတည်း။ ဥဒေါင်းသည်လည်းကောင်း၊ တိုက်ငှက် 'ယစ်ဥချိုး' သည်လည်းကောင်း၊ ခါသည်လည်းကောင်း၊ ငုံးသည်လည်းကောင်း၊ အဝတ်ပုဆိုးသည်လည်းကောင်း၊ ခေါင်းပေါင်းသည်လည်းကောင်း၊ ငွေသည်လည်းကောင်း၊ ရွှေသည်လည်းကောင်း ပြတ်၍ ကျဆဲဖြစ်၏။ ''ကောင်းကင်၌ တည်သော (ယင်း) ဥစ္စာကို ခိုးအံ့''ဟုခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ သွားခြင်းကို ဖြတ် 'ရပ်'အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၉၇။ ဟင်းလင်းပြင်၌တည်သောဥစ္စာ မည်သည် ဟင်းလင်းပြင်၌ ထားသော ဥစ္စာတည်း။ ညောင်စောင်း'ခုတင်'၌သော်လည်းကောင်း၊ အင်းပျဉ် 'ခုံရှည်' ၌သော်လည်းကောင်း၊ သင်္ကန်းတန်း၌သော် လည်းကောင်း၊ သင်္ကန်းကြိုး၌သော်လည်းကောင်း၊ နံရံချိတ်၌သော်လည်းကောင်း၊ ဆင်စွယ်ကောက်၌သော် လည်းကောင်း၊ သစ်ပင်၌သော်လည်းကောင်း ဆွဲချိတ်ထားအပ်၏။ အယုတ်သဖြင့် သပိတ်ခြေ၌သော်လည်းဆွဲချိတ်ထားအပ်၏။ ''ဟင်းလင်းပြင်၌ တည်သောဥစ္စာကို ခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၉၈။ ရေ၌တည်သောဥစ္စာ မည်သည် ရေ၌ ချထားအပ်သော ဥစ္စာတည်း။ ''ရေ၌တည်သော ဥစ္စာကိုခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်းရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ထိုရေ၌ ပေါက်ရောက်ဖြစ်ပေါ်သော ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ဥပ္ပလကြာ ကိုသော်လည်းကောင်း၊ ပဒုမ္မာကြာကိုသော်လည်းကောင်း၊ ပုဏ္ဍရိက်ကြာကိုသော်လည်းကောင်း၊ ကြာစွယ်ကိုသော်လည်းကောင်း၊ ငါးကိုသော်လည်းကောင်း၊ လိပ်ကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည် ဖြစ်၍့သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိက အာပတ် သင့်၏။

၉၉။ (တစ်ဖက်ကမ်းသို့) ကူးကြောင်းဖြစ်သော ဝတ္ထုသည် လှေမည်၏။

လှေ၌တည်သောဥစ္စာ မည်သည် လှေ၌ ထားအပ်သော ဥစ္စာတည်း။ ''လှေ၌ တည်သော ဥစ္စာကို ခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစဉ်းအာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

''လှေကို ခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်းသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ လှေဖွဲ့ကြိုးကို ဖြေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှေဖွဲ့ကြိုးကို ဖြေ၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ အထက် 'အညာ' သို့သော်လည်းကောင်း၊ အောက် 'အကြေ'သို့သော်လည်းကောင်း၊ ဖီလာသို့သော်လည်းကောင်း အယုတ်သဖြင့် ဆံခြည်တစ်ဖျားမျှ ပြောင်းရွှေ့အံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၀။ ပေါင်းချုပ် ရထား လှည်း သံလျင်းသည် ယာဉ်မည်၏။

ယာဉ်၌တည်သောဥစ္စာ မည်သည် ယာဉ်၌ ထားအပ်သော ဥစ္စာတည်း။ ''ယာဉ်၌တည်သော ဥစ္စာကို ခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

''ယာဉ်ကို ခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၁။ ဦးခေါင်းဝန် ပခုံးဝန် ခါးဝန် လက်ဆွဲဝန်သည် ဝန်မည်၏။

ဦးခေါင်း၌ တည်သော ဝန်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ပခုံးသို့ ချအံ့၊ ပါရာဇိကအာပတ် သင့်၏။

ပခုံး၌ တည်သော ဝန်ကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ခါးသို့ ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ခါး၌ တည်သော ဝန်ကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ လက်ဖြင့်ယူအံ့၊ ပါရာဇိကအာပတ် သင့်၏။

လက်ဆွဲဝန်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ မြေ၌ ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ မြေမှ ကောက်ယူအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၂။ ပန်းအရံ သစ်သီးအရံသည် အရံမည်၏။

အရံ၌တည်သောဥစ္စာ မည်သည် အရံ၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ ''အရံ၌တည်သောဥစ္စာကို ခိုးအံ့''ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ထိုအရံ၌ ပေါက်ရောက်ဖြစ်ပေါ်သော ငါးပဲ-ငါးပဲထက်အလွန်ထိုက်တန်သော အမြစ်ကိုသော်လည်းကောင်း၊ အခေါက်အခွံကိုသော်လည်းကောင်း၊ အရွက်ကိုသော်လည်းကောင်း၊ အပွင့်ကိုသော်လည်းကောင်း၊ အသီးကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည်ဖြစ်၍့သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိက အာပတ် သင့်၏။

အရံကို (ရလိုမှုဖြင့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဥစ္စာရှင်အား ယုံမှားစေအံ့၊ ထုလ္လစ္စဉ်း အာပတ်သင့်၏၊ ဥစ္စာရှင်သည် ''ငါမရတော့ပြီ''ဟု ဝန်ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ ဥစ္စာရှင်ကိုရှုံးစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ မိမိ ရှုံးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

၁၀၃။ ကျောင်း၌တည်သောဥစ္စာမည်သည် ကျောင်း၌ လ