ဝိနည်းပိဋက

ပါစိတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၅-ဘိက္ခုပါစိတ်အခန်း

၁-မုသာဝါဒဝဂ် ၁-မုသာဝါဒသိက္ခာပုဒ်

အသျှင်တို့ ဤကိုးဆယ့်နှစ်ပါးသော ပါစိတ်အာပတ်တို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏။

၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား ဟတ္ထကရဟန်းသည် အနိုင်ယူ၍ ပြောဆိုတတ်၏။ ထိုဟတ္ထကရဟန်းသည် တိတ္ထိတို့နှင့် အတူတကွ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန်ကို ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏။

တိတ္ထိတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဟတ္ထကရဟန်းသည် ငါတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံဘိသနည်း၊ ဝန်ခံပြီးမှ ပယ်ဘိသနည်း၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုဘိသနည်း၊ သိလျက် မဟုတ်မမှန်ကို ပြောဆိုဘိသနည်း၊ ချိန်းဆိုပြီးမှ ပျက်ကွက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ထိုတိတ္ထိတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားကို ကြားကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား ဟတ္ထကရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင်သာကီဝင်မင်းသား ဟတ္ထကရဟန်းအား ''ငါ့သျှင်ဟတ္ထက သင်သည် တိတ္ထိတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန်ကို ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏ဟူသည် မှန်သလော''ဟု မေးမြန်းကုန်၏။

ငါ့သျှင်တို့ ထိုတိတ္ထိတို့ကို မည်သည့်နည်းနှင့်မဆို အနိုင်ယူအပ်ကုန်၏။ ထိုတိတ္ထိတို့အား အောင်မြင်မှုကို မပေးသင့်ချေဟု (ဆို၏)။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဟတ္ထကရဟန်းသည် တိတ္ထိတို့နှင့် အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံဘိသနည်း၊ ဝန်ခံပြီးမှ ပယ်ဘိသနည်း၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုဘိသနည်း၊ သိလျက် မဟုတ်မမှန်ကို ပြောဆိုဘိသနည်း၊ ချိန်းဆိုပြီးမှ ပျက်ကွက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား ဟတ္ထကကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် သာကီဝင်မင်းသား ဟတ္ထကရဟန်းကို-

''ဟတ္ထက သင်သည် တိတ္ထိတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန်ကို ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား အဘယ့်ကြောင့် သင်သည် တိတ္ထိတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံဘိသနည်း၊ ဝန်ခံပြီးမှ ပယ်ဘိသနည်း၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုဘိသနည်း၊ သိလျက် မဟုတ်မမှန်ကို ပြောဆိုဘိသနည်း၊ ချိန်းဆိုပြီးမှ ပျက်ကွက်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၀။ ၁-၂။ ''သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၁-မုသာဝါဒသိက္ခာပုဒ် အဖွင့်

၃။ သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်း မည်သည် မမှန်မကန် ပြောဆိုခြင်းကို ရှေးရှုသော ရဟန်း၏စကားအသံ၊ စကားအကြောင်း၊ နှုတ်မြွက်မှု၊ နှုတ်၌ ဖြစ်သော သိစေမှုတည်း။

မမြင်သည်ကို ငါမြင်၏ဟူ၍၊ မကြားသည်ကို ငါကြား၏ဟူ၍၊ မတွေ့သည်ကို ငါတွေ့၏ဟူ၍၊ မသိသည်ကို ငါသိ၏ဟူ၍၊ မြင်သည်ကို ငါမမြင်ဟူ၍၊ ကြားသည်ကို ငါမကြားဟူ၍၊ တွေ့သည်ကိုငါမတွေ့ဟူ၍၊ သိသည်ကို ငါမသိဟူ၍ ပုထုဇဉ်တို့၏ ပြောဆိုမှုသည် ရှစ်ပါးတို့တည်း။

မမြင် မည်သည်ကား မျက်စိဖြင့် မမြင်။

မကြား မည်သည်ကား နားဖြင့် မကြား။

မတွေ့ မည်သည်ကား နှာခေါင်းဖြင့် မနံ၊ လျှာဖြင့် မလျက်၊ ကိုယ်ဖြင့် မတွေ့ထိ။

မသိ မည်သည်ကား စိတ်ဖြင့် မသိ။

မြင် မည်သည်ကား မျက်စိဖြင့် မြင်၏။

ကြား မည်သည်ကား နားဖြင့် ကြား၏။

တွေ့ မည်သည်ကား နှာခေါင်းဖြင့် နမ်း၏၊ လျှာဖြင့် လျက်၏၊ ကိုယ်ဖြင့် တွေ့ထိ၏။

သိ မည်သည်ကား စိတ်ဖြင့် သိ၏။

၄။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည် မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီးရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ ဤအကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် ဤအကြောင်းလေးမျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် ဤအကြောင်းငါးမျိုးတို့ဖြင့်မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကိုဖုံးထားလျက် ဤအကြောင်းခြောက်မျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆို့သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကိုဖုံးထားလျက် မိမိ၏ ရည်မှန်းချက်ကို ဖုံးထားလျက် ဤအကြောင်းခုနစ်မျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

၅။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါမဟုတ်မမှန် ပြောမိပြီဟု သိ၏၊ ဤအကြောင်းသုံးမျိုးတို့ဖြင့် မကြားအပ်သည်ကို ငါကြား၏ဟု။ပ။ နှာခေါင်း လျှာ ကိုယ်တို့ဖြင့် မတွေ့သည်ကို ငါတွေ့၏ဟု။ပ။ မသိသည်ကို ငါ သိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

အကြောင်းလေးမျိုးတို့ဖြင့်။ပ။ အကြောင်းငါးမျိုးတို့ဖြင့်။ပ။ အကြောင်းခြောက်မျိုးတို့ဖြင့်။ပ။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန်ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည် မဟုတ်မမှန်ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏ အယူအဆကိုဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်မိမိ၏ ရည်မှန်းချက်ကို ဖုံးထားလျက် ဤအကြောင်းခုနစ်မျိုးတို့ဖြင့် မသိအပ်သည်ကို ငါ သိ၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

၆။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ သိလည်း သိ၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်းလျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ သိလည်းသိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်းလျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ သိလည်း သိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏ သိလည်း သိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ မြင်လည်း မြင်၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏၊ သိလည်း သိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ့တွေ့လည်း တွေ့၏၊ မြင်လည်း မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ မြင်လည်း မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ ကြားလည်း ကြား၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ ကြားလည်း ကြား၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ ကြားလည်း ကြား၏၊ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်းကြား၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ (နှာခေါင်း လျှာကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်းသိ၏၊ မြင်လည်း မြင်၏၊ ကြားလည်းကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

၇။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် မမြင်။ပ။ ကြားသည်ကို ငါသည် မကြား။ပ။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် မတွေ့။ပ။ သိသည်ကို ငါသည် မသိဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

၈။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြား၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် သိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြားလည်း ကြား၏၊ သိလည်းသိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏၊ သိလည်းသိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို ငါသည် သိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို ငါသည် မြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့လည်း တွေ့၏၊ မြင်လည်း မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိ၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် ကြား၏၊ သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိလည်း သိ၏၊ ကြားလည်း ကြား၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် ကြား၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်းကြား၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်လည်း မြင်၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်းလျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

၉။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်၌ ယုံမှားရှိ၏။ မြင်သည်ကို မယုံကြည်။ မြင်သည်ကိုမအောက်မေ့မိ။ မြင်သည်ကို မေ့လျော့၏။ပ။

ကြားသည်၌ ယုံမှားရှိ၏။ ကြားသည်ကို မယုံကြည်။ ကြားသည်ကို မအောက်မေ့မိ။ ကြားသည်ကို မေ့လျော့၏။ပ။

(နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်၌ ယုံမှားရှိ၏။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည် ကိုမယုံကြည်။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို မအောက်မေ့မိ။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို မေ့လျော့၏။ပ။

သိသည်၌ ယုံမှားရှိ၏။ သိသည်ကို မယုံကြည်။ သိသည်ကို မအောက်မေ့မိ။ သိသည်ကို မေ့လျော့၏။

(သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏။ပ။ သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ ကြားလည်း ကြား၏ဟု။ပ။ သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည်သိလည်း သိ၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟု။ပ။ သိသည်ကိုမေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်းမြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

၁၀။ အကြောင်း လေးမျိုးတို့ဖြင့်။ပ။

အကြောင်း ငါးမျိုးတို့ဖြင့်။ပ။

အကြောင်း ခြောက်မျိုးတို့ဖြင့်။ပ။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည် မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် မိမိ၏ ရည်မှန်းချက်ကို ဖုံးထားလျက် ဤအကြောင်းခုနစ်မျိုးတို့ဖြင့် သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

၁၁။ အဆောတလျင် ပြောဆိုအံ့၊ ချွတ်ယွင်းပြောဆိုအံ့၊ အာပတ် မသင့်။

အဆောတလျင် ပြောဆိုအံ့ မည်သည် အလျင်အမြန် ပြောဆိုအံ့။

ချွတ်ယွင်းပြောဆိုအံ့ မည်သည် 'အကြောင်းတစ်ခုကို ပြောအံ့ဟု ရည်ရွယ်လျက် အခြားအကြောင်းတစ်ခုကို ပြောဆိုမိအံ့'။

ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ပဌမ မုသာဝါဒသိက္ခာပုဒ် ပြီး၏။

------

၁။ ကုသိုလ်စိတ်ကို လျှောကျစေတတ်သောကြောင့် ပါစိတ် မည်၏။

၁-မုသာဝါဒဝဂ် ၂-ဩမသဝါဒသိက္ခာပုဒ်

၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့နှင့်အတူ ငြင်းခုံကြသည်ရှိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို နှုတ်လှံထိုးကုန်၏၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အမှု 'အလုပ်အကိုင်'အားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်းကောင်း၊ အသွင် 'ပုံသဏ္ဌာန်' အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှု ကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့်လည်းကောင်း၊ ယုတ်ညံ့သော ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကြကုန်၏၊ ရှုတ်ချကြကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ငြင်းခုံကြသည်ရှိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို အဘယ့်ကြောင့် နှုတ်လှံထိုးကုန်ဘိသနည်း၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အမှုအားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်း ကောင်း၊ အသွင် 'ပုံသဏ္ဌာန်' အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှုကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့်လည်းကောင်း၊ ယုတ်ညံ့သောဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကုန်ဘိသနည်း၊ ရှုတ်ချကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်ကြပြီး လျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် သီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ငြင်းခုံကြသည်ရှိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို နှုတ်လှံထိုးကုန်၏၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း။ပ။ ယုတ်ညံ့သော ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကုန်၏၊ ရှုတ်ချကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ငြင်းခုံကြသည် ရှိသော်သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို အဘယ့်ကြောင့် နှုတ်လှံထိုးကုန်ဘိသနည်း၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း။ပ။ ယုတ်ညံ့သော ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကုန်ဘိသနည်း၊ ရှုတ်ချကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့အား မိန့်တော်မူ၏။

၁၃။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တက္ကသိုလ်မြို့၌ ပုဏ္ဏားတစ်ယောက်အား နန္ဒိဝိသာလအမည်ရှိသော နွားလားသည် ရှိ၏။ ထိုအခါ နန္ဒိဝိသာလနွားလားသည် ထိုပုဏ္ဏားအား ''ပုဏ္ဏား အသင်သွားချေ၊ ငါ၏ နွားလားသည် တစ်စပ်တည်း ချည်နှောင်ထားသည့် ဝန်အပြည့်တင်သော လှည်းတစ်ရာကိုလိမ့်စေနိုင်၏''ဟု သူဌေးနှင့်အတူ အသပြာတစ်ထောင် အလောင်းအစား ပြုလေလော့ဟု ဆို၏။

ရဟန်းတို့ ထိုအခါ ထိုပုဏ္ဏားသည် ငါ၏ နွားလားသည် တစ်စပ်တည်း ချည်နှောင်ထားသည့် ဝန်အပြည့်တင်သော လှည်းတစ်ရာကို လိမ့်စေနိုင်၏ဟု သူဌေးနှင့်အတူ အသပြာတစ်ထောင် အလောင်းအစား ပြုလေ၏။

ထို့နောက် ထိုပုဏ္ဏားသည် လှည်းတစ်ရာကို မြဲမြံစွာနှောင်ဖွဲ့၍ နန္ဒိဝိသာလနွားလားကို ကပြီးလျှင် ''စဉ်းလဲ ကောက်ကျစ်သော နွား သွားလော့၊ စဉ်းလဲကောက်ကျစ်သော နွား ရုန်းလော့''ဟု ဆို၏။

ရဟန်းတို့ ထိုအခါ နန္ဒိဝိသာလနွားလားသည် ထိုကသော နေရာ၌ပင် ရပ်တန့်နေလေ၏၊ ထိုပုဏ္ဏားသည်လည်း အသပြာတစ်ထောင် ဆုံးရှုံးသောကြောင့် မှိုင်တွေ၍ နေ၏။

ထိုအခါ နန္ဒိဝိသာလနွားလားသည် ထိုပုဏ္ဏားအား ''ပုဏ္ဏား သင်သည် အဘယ့်ကြောင့် မှိုင်တွေနေသနည်း''ဟု ဆို၏။

နွားလား သင်သည် ငါ့ကို အသပြာတစ်ထောင် ဆုံးရှုံးစေသောကြောင့် မှိုင်တွေနေ၏ဟု (ဆို၏)။

ပုဏ္ဏား သင်သည် မကောက်ကျစ်သော ငါ့ကို ကောက်ကျစ်သော နွားဟု အဘယ့်ကြောင့် ပြောဆိုဘိသနည်း၊ ပုဏ္ဏား သင် သွားချေဦး၊ ''ငါ၏ နွားသည် တစ်စပ်တည်း ချည်နှောင်ထားသည့် ဝန်အပြည့်တင်သော လှည်းတစ်ရာကို လိမ့်စေနိုင်၏''ဟု သူဌေးနှင့်အတူ အသပြာနှစ်ထောင် အလောင်းအစား ပြုလေဦးလော့၊ ''မကောက်ကျစ်သော ငါ့ကိုလည်း ကောက်ကျစ်၏''ဟု မဆိုလင့်ဟု ဆို၏။

ရဟန်းတို့ ထိုအခါ ပုဏ္ဏားသည် ''ငါ၏ နွားလားသည် တစ်စပ်တည်း ချည်နှောင်ထားသည့်ဝန်အပြည့်တင်သော လှည်းတစ်ရာကို လိမ့်စေနိုင်၏''ဟု သူဌေးနှင့်အတူ အသပြာနှစ်ထောင် အလောင်းအစား ပြုလေ၏။ ရဟန်းတို့ ထိုအခါ ပုဏ္ဏားသည် ဝန်အပြည့်တင်သော လှည်းတစ်ရာကို ခိုင်မြဲစွာဖွဲ့နှောင်၍ နန္ဒိဝိသာလနွားလားကို ကပြီးလျှင် ''ကောင်းသော နွားလား သွားပါလော့၊ ကောင်းသော နွားလား ရုန်းပါလော့''ဟု ပြောဆို၏။

ရဟန်းတို့ ထိုအခါ နန္ဒိဝိသာလနွားလားသည် ဝန်အပြည့်တင်သော လှည်းပေါင်းတစ်ရာကို လိမ့်စေ၏။

နှစ်သက်ဖွယ်စကားကိုသာ ပြောဆိုရာ၏၊ မနှစ်သက်ဖွယ်စကားကို တစ်ရံတစ်ခါမျှ မပြောဆိုရာ၊ (နန္ဒိဝိသာလနွားလားသည်) နှစ်သက်ဖွယ်ကို ပြောဆိုသော ပုဏ္ဏား၏ လေးလံသော (လှည်းပေါင်းတစ်ရာ) ဝန်ကိုလည်း ရွက်ဆောင်နိုင်၏၊ ထိုပုဏ္ဏားအား ဥစ္စာကိုလည်း ရစေ၏၊ ထို့ကြောင့်လည်းဝမ်းမြောက်လေ၏။

ရဟန်းတို့ နွားတိရစ္ဆာန်ဖြစ်စဉ်အခါ၌ပင် ငါဘုရားသည် ဆဲရေးခြင်း ရှုတ်ချခြင်းကို မနှစ်သက်ခဲ့ပေ၊ ယခုအခါ၌မူကား ဆဲရေးခြင်း ရှုတ်ချခြင်းကို အဘယ်မှာ နှစ်သက်ပါအံ့နည်း။ ရဟန်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၁။ ၂-၁၄။ ''ထိခိုက် နာကျင်အောင် ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၂-ဩမသဝါဒသိက္ခာပုဒ် အဖွင့်

၁၅။ ထိခိုက်နာကျင်အောင် ပြောဆိုခြင်း မည်သည် အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အလုပ်အားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်းကောင်း၊ အသွင် 'ပုံသဏ္ဌာန်'အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှု ကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့်လည်းကောင်း၊ ဆဲရေးခြင်းအားဖြင့်လည်းကောင်းဆယ်ပါးသော အခြင်းအရာတို့ဖြင့် ထိခိုက်နာကျင်အောင် ပြောဆို၏။

အမျိုးဇာတ် မည်သည် ယုတ်သော အမျိုးဇာတ် မြတ်သော အမျိုးဇာတ်ဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သော အမျိုးဇာတ် မည်သည် ဒွန်းစဏ္ဍားအမျိုးဇာတ် ဒေါင်းရွေသမား 'နှီးသမား' အမျိုး ဇာတ်မုဆိုး တံငါအမျိုးဇာတ် သားရေနယ်သမားအမျိုးဇာတ် ပန်းမှိုက်သွန်အမျိုးဇာတ်တည်း၊ ဤကားယုတ်သော အမျိုးဇာတ် မည်၏။

မြတ်သော အမျိုးဇာတ် မည်သည် မင်းမျိုးဇာတ် ပုဏ္ဏားမျိုးဇာတ်တည်း၊ ဤကား မြတ်သောအမျိုးဇာတ် မည်၏။

အမည် နာမ မည်သည် ယုတ်သော အမည် မြတ်သော အမည်ဟူ၍ နှစ်မျိုး ရှိကုန်၏။

ယုတ်သော အမည် မည်သည် ငနားရှည်အမည် ငနားပဲ့အမည် ငနားလုံးအမည် ငနားကျယ်အမည် ငမျိုးပွားအမည်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် သိအပ်သော အမည် မထီမဲ့မြင်ပြုအပ်သော အမည် စက်ဆုပ်အပ်သော အမည် နှိပ်စက်အပ်သော အမည် အလေးအမြတ်မပြုအပ်သောအမည်တည်း၊ ဤကား ယုတ်သောအမည် မည်၏။

မြတ်သောအမည် မည်သည် ဘုရားနှင့်စပ်သော အမည် တရားနှင့်စပ်သော အမည် သံဃာနှင့် စပ်သော အမည်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် မသိအပ်သော အမည် မထီမဲ့မြင်မပြုအပ်သော အမည် မစက်ဆုပ်အပ်သော အမည် အလေးအမြတ်ပြုအပ်သော အမည်တည်း၊ ဤကားမြတ်သောအမည် မည်၏။

အနွယ် မည်သည် ယုတ်သောအနွယ် မြတ်သောအနွယ်ဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သောအနွယ် မည်သည် ကောသိယအနွယ် ဘာရဒွါဇအနွယ် ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ယုတ်ညံ့သောအားဖြင့် သိအပ်သောအနွယ် မထီမဲ့မြင်ပြုအပ်သောအနွယ် စက်ဆုပ်အပ်သောအနွယ် နှိပ်စက်အပ်သောအနွယ် အလေးအမြတ်မပြုအပ်သောအနွယ်တည်း၊ ဤကား ယုတ်သောအနွယ် မည်၏။

မြတ်သောအနွယ် မည်သည် ဂေါတမအနွယ် မောဂ္ဂလာနအနွယ် ကစ္စာနအနွယ် ဝါသိဋ္ဌအနွယ်ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် မသိအပ်သောအနွယ် မထီမဲ့မြင်မပြုအပ်သောအနွယ် မစက်ဆုပ်အပ်သောအနွယ် မနှိပ်စက်အပ်သောအနွယ် အလေးအမြတ်ပြုအပ်သောအနွယ်တည်း၊ ဤကား မြတ်သောအနွယ် မည်၏။

အလုပ် မည်သည် ယုတ်သော အလုပ် မြတ်သော အလုပ်ဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သော အလုပ် မည်သည် ကျီစောင့်အလုပ် ပန်းမအလုပ် စက်ဆုပ်အပ်သော အလုပ် နှိပ်စက်အပ်သော အလုပ် အလေးအမြတ်မပြုအပ်သော အလုပ်တည်း၊ ဤကား ယုတ်သော အလုပ်မည်၏။

မြတ်သောအလုပ် မည်သည် လယ်ထွန်ခြင်းအလုပ် ကုန်သွယ်ခြင်းအလုပ် ကျွဲနွားမွေးမြူခြင်းအလုပ်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် မသိအပ်သော အလုပ် မထီမဲ့မြင်မပြုအပ်သောအလုပ် မစက်ဆုပ်အပ်သော အလုပ် မနှိပ်စက်အပ်သော အလုပ် အလေးအမြတ်ပြုအပ်သော အလုပ်တည်း၊ ဤကား မြတ်သော အလုပ်မည်၏။

အတတ် မည်သည် ယုတ်သောအတတ် မြတ်သောအတတ်ဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သောအတတ် မည်သည် ကျူထရံသည်အတတ် အိုးထိန်းသည်အတတ် ရက်ကန်းသည်အတတ် သားရေနယ်သမားအတတ် ဆတ္တာသည်အတတ်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့်သိအပ်သောအတတ် မထီမဲ့မြင်ပြုအပ်သောအတတ် စက်ဆုပ်အပ်သောအတတ် နှိပ်စက်အပ်သောအတတ် အရိုအသေမပြုအပ်သောအတတ်တည်း။ ဤကား ယုတ်သောအတတ် မည်၏။

မြတ်သောအတတ် မည်သည် လက်ချိုးရေခြင်းအတတ် ဂဏန်းဖြင့် ရေးခြင်းအတတ် စာရေးအတတ်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ အမြတ်အားဖြင့် သိအပ်သောအတတ် မထီမဲ့မြင်မပြုအပ်သောအတတ်မစက်ဆုပ်အပ်သောအတတ် မနှိပ်စက်အပ်သောအတတ် အရိုအသေပြုအပ်သောအတတ်တည်း၊ ဤကား မြတ်သောအတတ် မည်၏။

အလုံးစုံသော အနာတို့သည် ယုတ်ကုန်၏၊ သို့ရာတွင် ပျားရည်နှင့်တူသော မုတ် (ကျင်ငယ်) ကို ယိုစေတတ်သော အနာ (တူလာ သရောနာ-ဆီးချိုနာ) သည် မြတ်၏။

အသွင် 'ပုံသဏ္ဌာန်' မည်သည် ယုတ်သော အသွင် မြတ်သော အသွင်ဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သော အသွင် 'ပုံသဏ္ဌာန်' မည်သည် အလွန်ရှည်ခြင်း အလွန်တိုခြင်း 'အလွန်ပုခြင်း' အလွန်မည်းခြင်း အလွန်ဖြူခြင်းတည်း၊ ဤကား ယုတ်သော အသွင် 'ပုံသဏ္ဌာန်' မည်၏။

မြတ်သော အသွင် 'ပုံသဏ္ဌာန်' မည်သည် မရှည်လွန်း မတိုလွန်း မမည်းလွန်း မဖြူလွန်းခြင်း တည်း၊ ဤကား မြတ်သော အသွင် 'ပုံသဏ္ဌာန်' မည်၏။

အလုံးစုံသော ညစ်ညမ်းမှုကိလေသာတို့သည် ယုတ်ကုန်၏။

အလုံးစုံသော အာပတ်တို့သည် ယုတ်ကုန်၏၊ သို့ရာတွင် သောတာပတ္တိသမာပတ်သည် မြတ်၏။

ဆဲရေးခြင်း မည်သည် ယုတ်သော ဆဲရေးခြင်း မြတ်သော ဆဲရေးခြင်းဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သော ဆဲရေးခြင်း မည်သည် သင်သည် ကုလားအုပ်ဖြစ်၏၊ သိုးဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊ သင့်အား ကောင်းသော လားရာဂတိ မရှိ၊ မကောင်းသော လားရာဂတိကိုသာလျှင် သင် အလိုရှိထိုက်၏ဟူ၍လည်းကောင်း၊ ယအက္ခရာ ဘအက္ခရာဖြင့်လည်းကောင်း၊ ယောက်ျားနိမိတ် မိန်းမနိမိတ်ဖြင့်လည်းကောင်း (ဆဲရေးခြင်းတည်း) ဤကား ယုတ်သော ဆဲရေးခြင်းမည်၏။

မြတ်သော ဆဲရေခြင်း မည်သည် သင်သည် ဉာဏ်ပညာရှိသူ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သောပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောပုဂ္ဂိုလ် ဖြစ်၏၊ သင့်အား မကောင်း သောလားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိကိုသာလျှင် သင် အလိုရှိထိုက်၏ဟု (ဆဲရေးခြင်းတည်း)၊ ဤကား မြတ်သော ဆဲရေးခြင်း မည်၏။

အမျိုးဇာတ်ဖြင့် ဆဲရေးခြင်း

၁၆။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ဇာတ်ဖြင့် ယုတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားကို ဒေါင်းရွေသမား 'နှီးသမား'ကို မုဆိုးတံငါကို သားရေနယ်သမားကို ပန်းမှိုက်သွန်ကို ''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုးတံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ဇာတ်အားဖြင့် မြတ်သောဇာတ်ရှိသူကို ပြောဆို၏၊ ပုဏ္ဏားမျိုးကို မင်းမျိုးကို ''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုး တံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုးဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဇာတ်ဖြင့်ယုတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားကို ဒေါင်းရွေသမားကို မုဆိုးတံငါကို သားရေနယ်သမားကို ပန်းမှိုက်သွန်ကို ''သင်သည် မင်းမျိုး ဖြစ်၏၊ ပုဏ္ဏားမျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဇာတ်ဖြင့်မြတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို ''သင်သည် မင်းမျိုး ဖြစ်၏၊ ပုဏ္ဏားမျိုးဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

အမည်နာမဖြင့် ဆဲရေးခြင်း

၁၇။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်ညံ့သောအမည်အားဖြင့် ယုတ်ညံ့သော အမည်ရှိသူကို ပြောဆို၏၊ ငနားရှည်မည်သောသူကို ငနားပဲ့မည်သောသူကိုငနားလုံးမည်သောသူကို ငနားကျယ်မည်သောသူကို ငမျိုးပွားမည်သောသူကို ''သင်သည် ငနားရှည်ဖြစ်၏၊ ငနားပဲ့ ဖြစ်၏၊ ငနားလုံး ဖြစ်၏၊ ငနားကျယ် ဖြစ်၏၊ ငမျိုးပွား ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အမည်အားဖြင့် မြတ်သော အမည်ရှိသူကို ပြောဆို၏၊ ဗုဒ္ဓရက္ခိတမည်သောသူကို ဓမ္မရက္ခိတမည်သောသူကို သံဃရက္ခိတမည်သောသူကို ''သင်သည် ငနားရှည် ဖြစ်၏၊ ငနားပဲ့ ဖြစ်၏၊ ငနားလုံး ဖြစ်၏၊ ငနားကျယ်ဖြစ်၏၊ ငမျိုးပွား ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အမည်အားဖြင့်ယုတ်သော အမည်ရှိသူကို ပြောဆို၏၊ ငနားရှည်မည်သောသူကို ငနားပဲ့မည်သောသူကို ငနားလုံးမည်သောသူကို ငနားကျယ်မည်သောသူကို ငမျိုးပွားမည်သောသူကို ''သင်သည် ဗုဒ္ဓရက္ခိတဖြစ်၏၊ ဓမ္မရက္ခိတ ဖြစ်၏၊ သံဃရက္ခိတ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အမည်အားဖြင့် မြတ်သောအမည်ရှိသူကို ပြောဆို၏၊ ဗုဒ္ဓရက္ခိတမည်သောသူကို ဓမ္မရက္ခိတမည်သောသူကို သံဃရက္ခိတမည်သော သူကို ''သင်သည် ဗုဒ္ဓရက္ခိတ ဖြစ်၏၊ ဓမ္မရက္ခိတ ဖြစ်၏၊ သံဃရက္ခိတ ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

အနွယ်ဖြင့် ဆဲရေးခြင်း

၁၈။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအနွယ်အားဖြင့် ယုတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ကောသိယအနွယ်ရှိသူကို ဘာရဒွါဇအနွယ်ရှိသူကို ''သင်သည် ကောသိယအနွယ် ဖြစ်၏၊ ဘာရဒွါဇအနွယ် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအနွယ်အားဖြင့် မြတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ဂေါတမအနွယ်ရှိသောသူကို မောဂ္ဂလာနအနွယ်ရှိသောသူကို ကစ္စာနအနွယ်ရှိသောသူကို ဝါသိဋ္ဌအနွယ်ရှိသောသူကို ''သင်သည် ကောသိယအနွယ် ဖြစ်၏၊ ဘာရဒွါဇအနွယ် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအနွယ် အားဖြင့်ယုတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ကောသိယအနွယ်ရှိသူကို ဘာရဒွါဇအနွယ်ရှိသူကို ''သင်သည်ဂေါတမအနွယ် ဖြစ်၏၊ မောဂ္ဂလာနအနွယ် ဖြစ်၏၊ ကစ္စာနအနွယ် ဖြစ်၏၊ ဝါသိဋ္ဌအနွယ် ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအနွယ် အားဖြင့်မြတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ဂေါတမအနွယ်ရှိသူကို မောဂ္ဂလာနအနွယ်ရှိသူကို ကစ္စာနအနွယ်ရှိသူကို ဝါသိဋ္ဌအနွယ်ရှိသူကို ''သင်သည် ဂေါတမအနွယ်ဖြစ်၏၊ မောဂ္ဂလာနအနွယ်ဖြစ်၏၊ ကစ္စာနအနွယ်ဖြစ်၏၊ ဝါသိဋ္ဌအနွယ်ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

အလုပ်အကိုင်ဖြင့် ဆဲရေးခြင်း

၁၉။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အလုပ်ဖြင့်ယုတ်သော အလုပ်ရှိသူကို ပြောဆို၏၊ ကျီစောင့် ကို ပန်းမှိုက်သွန်ကို ''သင်သည် ကျီစောင့် ဖြစ်၏၊ ပန်းမှိုက်သွန် ဖြစ်၏၊''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အလုပ်အားဖြင့် မြတ်သော အလုပ်ရှိသူကို ပြောဆို၏၊ လယ်သမားကို ကုန်သည်ကို နွားမွေးမြူသူကို ''သင်သည်ကျီစောင့်ဖြစ်၏၊ ပန်းမှိုက်သွန်ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အလုပ်ဖြင့်ယုတ်သော အလုပ်ရှိသူကို ပြောဆို၏၊ ကျီစောင့်ကို ပန်းမှိုက်သွန်ကို ''သင်သည် လယ်သမား ဖြစ်၏၊ ကုန်သည် ဖြစ်၏၊ နွားမွေးမြူသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အလုပ်ဖြင့်မြတ်သော အလုပ်ရှိသူကို ပြောဆို၏၊ လယ်သမားကို ကုန်သည်ကို နွားမွေးမြူသူကို ''သင်သည်လယ်သမား ဖြစ်၏၊ ကုန်သည် ဖြစ်၏၊ နွားမွေးမြူသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။

အတတ်ပညာဖြင့် ဆဲရေးခြင်း

၂၀။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအတတ်အားဖြင့် ယုတ်သောအတတ်ရှိသူကို ပြောဆို၏၊ ကျူထရံသည်ကို အိုးထိန်းသည်ကို ရက်ကန်းသည်ကို သားရေနယ်သမားကို ဆတ္တာသည်ကို ''သင်သည် ကျူထရံသည် ဖြစ်၏၊ အိုးထိန်းသည် ဖြစ်၏၊ ရက်ကန်းသည် ဖြစ်၏၊ သားရေနယ်သမား ဖြစ်၏၊ ဆတ္တာသည် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအတတ်အားဖြင့် မြတ်သောအတတ်ရှိသူကို ပြောဆို၏၊ လက်ချိုးရေတွက်သူကို ဂဏန်းဖြင့် ရေတွက်သူကိုစာရေးတတ်သူကို ''သင်သည် ကျူထရံသည် ဖြစ်၏၊ အိုးထိန်းသည် ဖြစ်၏၊ ရက်ကန်းသည် ဖြစ်၏၊ သားရေနယ်သမား ဖြစ်၏၊ ဆတ္တာသည် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအတတ်အားဖြင့် ယုတ်သောအတတ်ရှိသူကို ပြောဆို၏၊ ကျူထရံသည်ကို အိုးထိန်းသည်ကို ရက်ကန်းသည်ကို သားရေနယ်သမားကို ဆတ္တာသည်ကို ''သင်သည် လက်ချိုးရေတွက်သူ ဖြစ်၏၊ ဂဏန်းဖြင့် ရေတွက်သူဖြစ်၏၊ စာရေး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအတတ်အားဖြင့် မြတ်သောအတတ်ရှိသူကို ပြောဆို၏၊ လက်ချိုးရေတွက်သူကို ဂဏန်းဖြင့် ရေတွက်သူကိုစာရေးကို ''သင်သည် လက်ချိုးရေတွက်သူ ဖြစ်၏၊ ဂဏန်းဖြင့် ရေတွက်သူဖြစ်၏၊ စာရေး ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

အနာရောဂါဖြင့် ဆဲရေးခြင်း

၂၁။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအနာအားဖြင့် ယုတ်သော အနာရှိသူကို ပြောဆို၏၊ နူနာရှိသူကို အိုင်းအမာနာရှိသူကို (ပွေးညှင်းတင်းတိပ်စသော) အရေပြားနာရှိသူကို ချောင်းဆိုးနာရှိသူကို ဝက်ရူးနာရှိသူကို ''သင်သည် နူနာရှိသူဖြစ်၏၊ အိုင်းအမာနာရှိသူ ဖြစ်၏၊ (ပွေးညှင်း တင်းတိပ်စသော) အရေပြားနာရှိသူ ဖြစ်၏၊ ချောင်းဆိုးနာရှိသူ ဖြစ်၏၊ ဝက်ရူးနာရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အနာဖြင့်မြတ်သော အနာရှိသူကို ပြောဆို၏၊ ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူကို ''သင်သည်နူနာရှိသူ ဖြစ်၏၊ အိုင်းအမာနာရှိသူ ဖြစ်၏၊ (ပွေးညှင်းတင်းတိပ်စသော) အရေပြားနာရှိသူ ဖြစ်၏၊ ချောင်းဆိုးနာရှိသူ ဖြစ်၏၊ ဝက်ရူးနာရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အနာဖြင့်ယုတ်သော အနာရှိသူကို ပြောဆို၏၊ နူနာရှိသူကို အိုင်းအမာနာရှိသူကို (ပွေး ညှင်း တင်းတိပ် စသော) အရေပြားနာရှိသူကို ချောင်းဆိုးနာရှိသူကို ဝက်ရူးနာရှိသူကို ''သင်သည် ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကိုဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အနာဖြင့်မြတ်သော အနာရှိသူကို ပြောဆို၏၊ ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူကို ''သင်သည်ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။

အသွင် 'ပုံသဏ္ဌာန်'ဖြင့် ဆဲရေးခြင်း

၂၂။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အသွင်ဖြင့်ယုတ်သော အသွင်ရှိသူကို ပြောဆို၏၊ အလွန်ရှည်သောသူကို အလွန်တိုသောသူကို အလွန်မည်းသောသူကို အလွန်ဖြူသောသူကို ''သင်သည် ရှည်လွန်းသူ ဖြစ်၏၊ တိုလွန်းသူ ဖြစ်၏၊ မည်းလွန်းသူဖြစ်၏၊ ဖြူလွန်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အသွင်ဖြင့်မြတ်သော အသွင်ရှိသူကို ပြောဆို၏၊ မရှည်လွန်းသူကို မတိုလွန်းသူကို မမည်းလွန်းသူကို မဖြူလွန်းသူကို ''သင်သည် ရှည်လွန်းသူ ဖြစ်၏၊ တိုလွန်းသူ ဖြစ်၏၊ မည်းလွန်းသူ ဖြစ်၏၊ ဖြူလွန်းသူ ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အသွင်ဖြင့်ယုတ်သော အသွင်ရှိသူကို ပြောဆို၏၊ အလွန်ရှည်သူကို အလွန်တိုသူကို အလွန်မည်းသူကို အလွန်ဖြူသူကို ''သင်သည် မရှည်လွန်းသူ ဖြစ်၏၊ မတိုလွန်းသူ ဖြစ်၏၊ မမည်းလွန်းသူ ဖြစ်၏၊ မဖြူလွန်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အသွင်ဖြင့်မြတ်သော အသွင်ရှိသူကို ပြောဆို၏၊ မရှည်လွန်းသူကို မတိုလွန်းသူကို မမည်းလွန်းသူကို မဖြူလွန်းသူကို ''သင်သည် မရှည်လွန်းသူ ဖြစ်၏၊ မတိုလွန်းသူ ဖြစ်၏၊ မမည်းလွန်းသူ ဖြစ်၏၊ မဖြူလွန်းသူ ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ကိလေသာဖြင့် ဆဲရေးခြင်း

၂၃။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောရာဂစသည်ဖြင့် ယုတ်သော ရာဂစသည် ရှိသူကို ပြောဆို၏၊ ရာဂထကြွသူကို ဒေါသထကြွသူကို မောဟထကြွသူကို ''သင်သည် ရာဂထကြွသူ ဖြစ်၏၊ ဒေါသထကြွသူ ဖြစ်၏၊ မောဟထကြွသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ရာဂ စသည်ဖြင့်ကိလေသာ မရှိ၍ မြတ်သောသူကို ပြောဆို၏၊ ရာဂကင်းသူကို ဒေါသကင်းသူကို မောဟကင်း သူကို ''သင်သည် ရာဂထကြွသူ ဖြစ်၏၊ ဒေါသထကြွသူ ဖြစ်၏၊ မောဟထကြွသူ ဖြစ်၏၊''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော စကားဖြင့်ယုတ်သော ရာဂစသည် ရှိသူကို ပြောဆို၏၊ ရာဂထကြွသူကို ဒေါသထကြွသူကို မောဟထကြွသူကို ''သင်သည် ရာဂကင်းသူ ဖြစ်၏၊ ဒေါသကင်းသူ ဖြစ်၏၊ မောဟကင်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော စကားဖြင့်ကိလေသာ မရှိ၍ မြတ်သောသူကို ပြောဆို၏၊ ရာဂကင်းသူကို ဒေါသကင်းသူကို မောဟကင်းသူကို ''သင်သည် ရာဂကင်းသူ ဖြစ်၏၊ ဒေါသကင်းသူ ဖြစ်၏၊ မောဟကင်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

အာပတ်ဖြင့် ဆဲရေးခြင်း

၂၄။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအာပတ်ဖြင့် ယုတ်သော အာပတ်သင့်သူကို ပြောဆို၏၊ ပါရာဇိကအာပတ်သင့်သူကို သံဃာဒိသိသ်အာပတ့်သင့်သူကို ထုလ္လစ္စဉ်းအာပတ်သင့်သူကို ပါစိတ်အာပတ်သင့်သူကို ပါဋိဒေသနီအာပတ်သင့်သူကို ဒုက္ကဋ်အာပတ်သင့်သူကို ဒုဗ္ဘာသီအာပတ်သင့်သူကို ''သင်သည် ပါရာဇိကအာပတ် သင့်သူ ဖြစ်၏၊ သံဃာဒိသိသ်အာပတ်သင့်သူ ဖြစ်၏၊ ထုလ္လစ္စဉ်းအာပတ် သင့်သူ ဖြစ်၏၊ ပါစိတ်အာပတ် သင့်သူ ဖြစ်၏၊ ပါဋိဒေသနီအာပတ်သင့်သူ ဖြစ်၏၊ ဒုက္ကဋ်အာပတ် သင့်သူ ဖြစ်၏၊ ဒုဗ္ဘာသီအာပတ် သင့်သူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အာပတ်ဖြင့် (အာပတ် မရှိ၍) မြတ်သူကို ပြောဆို၏၊ သောတာပန်ကို ''သင်သည် ပါရာဇိကအာပတ် သင့်သူဖြစ်၏။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ (အာပတ် မရှိ၍) မြတ်သော စကားဖြင့် (အာပတ်သင့်၍) ယုတ်သူကို ပြောဆို၏၊ ပါရာဇိကအာပတ် သင့်သူကို။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူကို ''သင်သည် သောတာပန် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ (အာပတ်မရှိ၍) မြတ်သောစကားဖြင့် (အာပတ်မရှိ၍) မြတ်သူကို ပြောဆို၏၊ သောတာပန်ကို ''သင်သည် သောတာပန် ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

အယုတ် အမြတ်ဆဲရေးခြင်းမျိုးဖြင့် ဆဲရေးခြင်း

၂၅။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောဆဲရေးခြင်းဖြင့် ယုတ်သောသူကို ပြောဆို၏၊ ကုလားအုပ်ကို ဆိတ်ကို နွားကို မြည်းကို တိရစ္ဆာန်ကိုငရဲသူကို ''သင်သည် ကုလားအုပ်ဖြစ်၏၊ ဆိတ်ဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊ သင့်အား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသော လားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ဆဲရေး ခြင်းဖြင့်မြတ်သောသူကို ပြောဆို၏၊ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို ''သင်သည် ကုလားအုပ်ဖြစ်၏၊ ဆိတ်ဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊ သင့်အား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသော လားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဆဲရေး ခြင်းဖြင့်ယုတ်သောသူကို ပြောဆို၏၊ ကုလားအုပ်ကို ဆိတ်ကို နွားကို မြည်းကို တိရစ္ဆာန်ကို ငရဲသူကို ''သင်သည်ပညာရှိ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဆဲရေ ခြင်းဖြင့်မြတ်သောသူကို ပြောဆို၏၊ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို ''သင်သည် ပညာရှိ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သောပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသောလားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

၂၆။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုး တံငါ သားရေနယ်သမား ပန်းမှိုက်သွန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌ အချို့သော မင်းမျိုး ပုဏ္ဏားမျိုးတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

၂၇။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌ အချို့သော ငနားရှည်မည်သောသူ ငနားပဲ့မည်သောသူ ငနားလုံးမည်သောသူ ငနားကျယ်မည်သောသူငမျိုးပွားမည်သောသူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ဗုဒ္ဓရက္ခိတမည်သောသူ ဓမ္မရက္ခိတမည်သောသူ သံဃရက္ခိတမည်သောသူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ကောသိယအနွယ် ဘာရဒွါဇအနွယ်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။ ''ဤအရပ်၌ အချို့သော ဂေါတမအနွယ် မောဂ္ဂလာနအနွယ် ကစ္စာနအနွယ် ဝါသိဋ္ဌအနွယ်တို့သည်ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ကျီစောင့် ပန်းမှိုက်သွန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော လယ်သမား ကုန်သည် နွားမွေးမြူသူတို့သည် ရှိကုန်၏''ဟု ပြော ဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ကျူထရံသည် အိုးထိန်းသည် ရက်ကန်းသည် သားရေနယ်သမား ဆတ္တာသည်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော လက်ချိုးရေတွက်တတ်သူ ဂဏန်းဖြင့် ရေတွက်တတ်သူ စာရေးတတ်သူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော နူနာရှိသူ အိုင်းအမာနာရှိသူ (ပွေးညှင်းတင်းတိပ်စသော) အရေပြားနာ ရှိသူချောင်းဆိုးနာရှိသူ ဝက်ရူးနာရှိသူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ပျားရည်နှင့်တူသော မုတ်ယိုနာ 'ဆီးချိုနာ' ရှိသူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ရှည်လွန်းသူ တိုလွန်းသူ မည်းလွန်းသူ ဖြူလွန်းသူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော မရှည်လွန်းသူ မတိုလွန်းသူ မမည်းလွန်းသူ မဖြူလွန်းသူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ရာဂထကြွသူ ဒေါသထကြွသူ မောဟထကြွသူူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ရာဂကင်းသူ ဒေါသကင်းသူ မောဟကင်းသူူူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ပါရာဇိကအာပတ်သင့်သူ။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူူူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော သောတာပန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ကုလားအုပ် ဆိတ် နွား မြည်း တိရစ္ဆာန် ငရဲသားတို့သည် ရှိကုန်၏၊ ထိုသူတို့အား ကောင်းသော လားရာဂတိ မရှိ၊ မကောင်းသော လားရာဂတိကိုသာလျှင် ထိုသူတို့အလိုရှိထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

၂၈။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌့အချို့သော ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့သည် ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

၂၉။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမား မျိုးမုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ပ။

ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

၃၀။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''ငါတို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးတံငါမျိုး မဟုတ်ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်''ဟု ပြောဆိုအံ့။ပ။

''ငါတို့ကား ပညာရှိ မဟုတ်ကုန်၊ လိမ္မာသူ မဟုတ်ကုန်၊ ထက်မြက်သော ပညာရှိ မဟုတ်ကုန်၊ အကြားအမြင်များသူ မဟုတ်ကုန်၊ တရားဟောတတ်သူ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။

၃၁။ ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအမည်ဖြင့် ယုတ်သော အမည်ရှိသူကို ပြောဆို၏။ပ။ ယုတ်သော အမည်ဖြင့် မြတ်သော အမည်ရှိသူကိုပြောဆို၏။ပ။ မြတ်သော အမည်ဖြင့် ယုတ်သော အမည်ရှိသူကို ပြောဆို၏။ပ။ မြတ်သော အမည်ဖြင့်မြတ်သော အမည်ရှိသူကို ပြောဆို၏။ပ။ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာ ရှိသူကိုအကြားအမြင်များသူကို တရားဟောတတ်သူကို ''သင်သည် ပညာရှိဖြစ်၏၊ လိမ္မာသူဖြစ်၏၊ ထက်မြက်သော ပညာရှိသူဖြစ်၏၊ အကြားအမြင်များသူဖြစ်၏၊ တရားဟောတတ်သူဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူတရားဟောတတ်သူတို့သည် ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသောလားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေ သမားမျိုးမုဆိုးတံငါမျိုး၊ သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့တည်း''ဟု ပြောဆိုအံ့။ပ။

''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူ လိမ္မာသူ ထက်မြက်သောပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''ငါတို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးတံငါမျိုး မဟုတ်ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်''ဟု ပြောဆိုအံ့။ ပ

''ငါတို့ကား ပညာရှိ မဟုတ်ကုန်၊ လိမ္မာသူ မဟုတ်ကုန်၊ ထက်မြက်သော ပညာရှိသူ မဟုတ်ကုန်၊ အကြားအမြင်များသူ မဟုတ်ကုန်၊ တရားဟောတတ်သူ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

၃၂။ ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့် ယုတ်သော အမျိုးဇာတ်အားဖြင့် ယုတ်သော အမျိုးဇာတ် ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားမျိုးကို ဒေါင်းရွေသမားမျိုးကို မုဆိုးတံငါမျိုးကို သားရေနယ်သမားမျိုးကို ပန်းမှိုက်သွန်မျိုးကို ''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုးတံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့်ယုတ်သော အမျိုးဇာတ်အားဖြင့် မြတ်သော အမျိုးဇာတ်ရှိသူကိုု ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို ''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုးတံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ်သင့်၏။

ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူး လိုသဖြင့်မြတ်သော အမျိုးဇာတ်အားဖြင့် ယုတ်သော အမျိုးဇာတ် ရှိသူကိုု ပြောဆို၏၊ ဒွန်းစဏ္ဍားမျိုးကို ဒေါင်းရွေသမားမျိုးကို မုဆိုးတံငါမျိုးကို သားရေနယ်သမားမျိုးကို ပန်းမှိုက်သွန်မျိုးကို ''သင်သည် မင်းမျိုးဖြစ်၏၊ ပုဏ္ဏားမျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့်မြတ်သော အမျိုးဇာတ်အားဖြင့် မြတ်သော အမျိုးဇာတ်ရှိသူကိုု ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို ''သင်သည် မင်းမျိုး ဖြစ်၏၊ ပုဏ္ဏားမျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့် အယုတ်ဖြင့် ယုတ်သောသူကို ပြောဆို၏။ပ။ အယုတ်ဖြင့် မြတ်သောသူကို ပြောဆို၏။ပ။ အမြတ်ဖြင့်ယုတ်သောသူကို ပြောဆို၏။ပ။ အမြတ်ဖြင့် မြတ်သောသူကို ပြောဆို၏၊ ပညာရှိသူကို လိမ္မာ သူကိုထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို ''သင်သည် ပညာရှိသူဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင်သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

၃၃။ ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့် ဤသို့ ဆို၏ ''ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုးတံငါ သားရေနယ်သမား ပန်းမှိုက်သွန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့သည် ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူး လိုသဖြင့်ဤသို့ ဆို၏ ''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုးတံငါ သားရေနယ်သမား ပန်းမှိုက်သွန်တို့တည်း''ဟု ပြောဆိုအံ့။ပ။

''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူ လိမ္မာသူ ထက်မြက် သောပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့်ဤသို့ ဆို၏ ''ငါတို့ကား ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးတံငါမျိုး သားရေနယ်သမား မျိုးပန်းမှိုက်သွန်မျိုး မဟုတ်ကုန်''ဟု ပြောဆိုအံ့။ပ။

''ငါတို့ကား ပညာရှိများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများတရားဟောတတ်သူများ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသောလားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

၃၄။ ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် အယုတ်ဖြင့် ယုတ်သောသူကို ပြောဆိုအံ့။ပ။

အယုတ်ဖြင့် မြတ်သောသူကို ပြောဆိုအံ့။ပ။ အမြတ်ဖြင့် ယုတ်သောသူကို ပြောဆိုအံ့။ပ။ အမြတ်ဖြင့်မြတ်သောသူကို ပြောဆိုအံ့၊ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို ''သင်သည် ပညာရှိသူ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သောပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသောလားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏''ဟူ၍ ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''ဤအရပ်၌ အချို့ကုန်သော ဒွန်းစဏ္ဍားများ ဒေါင်းရွေသမားများမုဆိုးတံငါများ သားရေနယ်သမားများ ပန်းမှိုက်သွန်များ ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။

''ဤအရပ်၌ အချို့သော ပညာရှိသူများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများ ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်ကုန်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားများ ဒေါင်းရွေသမားများ မုဆိုးတံငါများ သားရေနယ်သမားများ ပန်းမှိုက်သွန်များတည်း''ဟုပြောဆိုအံ့။ပ။

ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား ပညာရှိသူများလိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများတည်း၊ ထိုသူတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက့်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''ငါတို့ကား ဒွန်းစဏ္ဍားများ ဒေါင်းရွေသမားများ မုဆိုးတံငါများသားရေနယ်သမားများ ပန်းမှိုက်သွန်များ မဟုတ်ကြကုန်''ဟု ပြောဆိုအံ့။ပ။

''ငါတို့ကား ပညာရှိသူများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများတရားဟောတတ်သူများ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသောလားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။

၃၅။ အနက်ကို ရှေးရှုသော ရဟန်း၊ ပါဠိကို ရှေးရှုသော ရဟန်း၊ ဆုံးမခြင်းကို ရှေးရှုသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ဒုတိယ ဩမသဝါဒသိက္ခာပုဒ်ပြီး၏။

------

၁။ ဆဗ္ဗဂ္ဂီရဟန်းခြောက်ပါး စတင်တည်ထောင်သော အသင်းဝင်ရဟန်းတို့ကို ဆိုသည်။

၂။ တက္ကသိုလ်= အတတ်ပညာအထူးထူးကို ကြံဆလေ့ ရှိသောသူတို့၏ နေထိုင်ရာမြို့တော်ဖြစ်သည်။

၃။ နန္ဒိဝိသာလ= နှစ်သက်ဖွယ် ဦးချိုခံ့ညားခြင်းရှိသောနွား

၄။ ကောဋ္ဋကကမံ္မ ရှိလျှင် သစ်ရွှေသမား လက်သမားအလုပ် ကျောက်ဆစ်သမားအလုပ်ဟု ပြန်ဆိုရမည်။

၁- မုသာဝါဒဝဂ် ၃- ပေသုညသိက္ခာပုဒ်

၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ကြ ငြင်းခုံကြ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့ထံသို့ ချောပစ်ကုန်းတိုက်သော စကားကို ပို့ဆောင်ကြကုန်၏။

ဤရဟန်း၏ စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်၏၊ ထိုရဟန်း၏ စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်၏၊ ထိုသို့ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ကြ ငြင်းခုံကြ ဝါဒကွဲပြား ခြင်းသို့ရောက်ကြကုန်သော ရဟန်းတို့ထံသို့ ချောပစ်ကုန်းတိုက်သော စကားကို အဘယ့်ကြောင့်ပို့ဆောင်ကုန်ဘိသနည်း၊ ဤရဟန်း၏ စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်ဘိသနည်း၊ ထိုရဟန်း၏ စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်ဘိသနည်း၊ ထိုသို့ ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ခိုက်ရန် ဖြစ်ကြငြင်းခုံကြ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့အထံသို့ ချောပစ်ကုန်းတိုက်သော စကားကိုပို့ဆောင်ကုန်၏၊ ဤရဟန်း၏ စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်၏၊ ထိုရဟန်း၏ စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်၏၊ ထိုသို့ ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏ဟူသည်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် ခိုက်ရန်ဖြစ်ကြ ငြင်းခုံကြ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့ထံသို့ ချောပစ်ကုန်းတိုက်သော စကားကို အဘယ့်ကြောင့် ပို့ဆောင်ကြကုန်ဘိသနည်း၊ ဤရဟန်း၏စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်ဘိသနည်း၊ ထိုရဟန်း၏စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်ဘိသနည်း၊ ထိုသို့ ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

 

 

၅၂။ ၃-၃၇။ ''ရဟန်းတို့အား ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း ကြောင့်ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၃- ပေသုညသိက္ခာပုဒ် အဖွင့်

၃၈။ ချောပစ်ကုန်းတိုက်ခြင်း မည်သည် မိမိအား ချစ်ခင်စေလိုသောကြောင့်လည်းကောင်း၊ ကွဲပြားစေလိုသောကြောင့်လည်းကောင်း ဤအကြောင်းနှစ်ပါးတို့ဖြင့် ချောပစ်ကုန်းတိုက်၏။

အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အလုပ်အားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်းကောင်း၊ အသွင် 'ပုံသဏ္ဌာန်'အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှု ကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့် လည်းကောင်း၊ ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆယ်ပါးသောအကြောင်းတို့ဖြင့်ချောပစ်ကုန်းတိုက်သော စကားကို ပို့ဆောင်၏။

အမျိုးဇာတ် မည်သည် ယုတ်သော အမျိုးဇာတ် မြတ်သော အမျိုးဇာတ်ဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သော အမျိုးဇာတ် မည်သည် ဒွန်းစဏ္ဍားအမျိုးဇာတ် ဒေါင်းရွေသမားအမျိုးဇာတ် မုဆိုး တံငါအမျိုးဇာတ် သားရေနယ်သမားအမျိုးဇာတ် ပန်းမှိုက်သွန်အမျိုးဇာတ်တည်း၊ ဤကား ယုတ်သော အမျိုးဇာတ် မည်၏။

မြတ်သော အမျိုးဇာတ် မည်သည် မင်းမျိုးဇာတ် ပုဏ္ဏားမျိုးဇာတ်တည်း၊ ဤကား မြတ်သောအမျိုးဇာတ် မည်၏။ပ။

ဆဲရေးခြင်း မည်သည် ယုတ်သော ဆဲရေးခြင်း မြတ်သော ဆဲရေးခြင်းဟူ၍ နှစ်မျိုး ရှိ၏။

ယုတ်သော ဆဲရေးခြင်း မည်သည် (သင်သည်) ကုလားအုပ်ဖြစ်၏၊ သိုးဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊ သင့်အား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသောလားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏ဟူ၍လည်းကောင်း၊ ယအက္ခရာ ဘအက္ခရာဖြင့်လည်းကောင်း၊ ယောက်ျားနိမိတ် မိန်းမနိမိတ်ဖြင့် လည်းကောင်း (ဆဲရေးခြင်းတည်း)။ ဤကား ယုတ်သော ဆဲရေးခြင်းမည်၏။

မြတ်သော ဆဲရေးခြင်း မည်သည်ကား သင်သည် ပညာရှိသူ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက့်သော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏ဟု ဆဲရေးခြင်းတည်း၊ ဤကား မြတ်သော ဆဲရေးခြင်း မည်၏။

၃၉။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤ မည်သောရဟန်းက 'ဒွန်းစဏ္ဍားမျိုးတည်း၊ ဒေါင်းရွေသမားမျိုးတည်း၊ မုဆိုးတံငါမျိုးတည်း၊ သားရေနယ်သမားမျိုးတည်း၊ ပန်းမှိုက်သွန်မျိုးတည်း'ဟူ၍ ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'မင်းမျိုးတည်း၊ ပုဏ္ဏားမျိုးတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကိုပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ငနားရှည်မည်၏၊ ငနားပဲ့မည်၏၊ ငနားလုံးမည်၏၊ ငနားကျယ်မည်၏၊ ငမျိုးပွားမည်၏'ဟူ၍ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ဗုဒ္ဓရကိ္ခတမည်၏၊ ဓမ္မရက္ခိတမည်၏၊ သံဃရက္ခိတမည်၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကောသိယအနွယ်တည်း၊ ဘာရဒွါဇအနွယ်တည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ဂေါတမအနွယ်တည်း၊ မောဂ္ဂလာနအနွယ်တည်း၊ ကစ္စာနအနွယ်တည်း၊ ဝါသိဋ္ဌအနွယ်တည်း'ဟူ၍ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကျီစောင့်တည်း၊ ပန်းမှိုက်သွန်တည်း'ဟု ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကိုပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက လယ်သမားတည်း၊ ကုန်သည်တည်း၊ နွားမွေးမြူသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကျူထရံသည်တည်း၊ အိုးထိန်းသည်တည်း၊ ရက်ကန်းသည်တည်း၊ သားရေနယ်သမားတည်း၊ ဆတ္တာသည်တည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'လက်ချိုးရေတွက်တတ်သူတည်း၊ ဂဏန်းဖြင့် ရေတွက်တတ်သူတည်း၊ စာရေးတတ်သူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။

၄၀။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤ မည်သောရဟန်းက 'နူနာရှိသူတည်း၊ အိုင်းအမာရှိသူတည်း၊ (ပွေးညှင်း တင်းတိပ်စသော) အရေပြား နာရှိသူတည်း၊ ချောင်းဆိုးနာရှိသူတည်း၊ ဝက်ရူးနာရှိသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက် စကားကိုပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ပျားရည်နှင့်တူသော မုတ်ယိုနာ 'ဆီးချိုနာ' ရှိသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'အလွန်ရှည်၏၊ အလွန်တို၏၊ အလွန်မည်း၏၊ အလွန်ဖြူ၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'မရှည်လွန်း၊ မတိုလွန်း၊ မမည်းလွန်း၊ မဖြူလွန်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ရာဂထကြွသူ ဒေါသထကြွသူ မောဟထကြွသူ'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ရာဂကင်းသူတည်း၊ ဒေါသကင်းသူတည်း၊ မောဟကင်းသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက် စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ပါရာဇိကအာပတ် သင့်သူတည်း၊ သံဃာဒိသိသ်အာပတ် သင့်သူတည်း၊ ထုလ္လစ္စဉ်းအာပတ်သင့်သူတည်း၊ ပါစိတ်အာပတ် သင့်သူတည်း၊ ပါဋိဒေသနီအာပတ် သင့်သူတည်း၊ ဒုက္ကဋ်အာပတ် သင့်သူတည်း၊ ဒုဗ္ဘာသီအာပတ် သင့်သူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'သောတာပန်တည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကုလားအုပ်တည်း၊ သိုးတည်း၊ နွားတည်း၊ မြည်းတည်း၊ တိရစ္ဆာန်တည်း၊ ငရဲသူတည်း၊ ထိုရဟန်းအား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသော လားရာဂတိသို့သာလျှင် ထိုရဟန်း ရောက်ထိုက်၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ပညာရှိသူတည်း၊ လိမ္မာသူတည်း၊ ထက်မြက်သော ပညာရှိသူတည်း၊ အကြားအမြင်များသူတည်း၊ တရားဟောတတ်သူတည်း၊ ထိုရဟန်းအား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသောလားရာ ဂတိသို့သာလျှင် ထိုရဟန်းရောက်ထိုက်၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကိုပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

၄၁။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့သည် ရှိကုန်၏'ဟု ပြောဆို၏၊ ထိုရဟန်းသည် အခြားသူကို ဆိုသည်မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'ဤအရပ်၌ အချို့သော မင်းမျိုး ပုဏ္ဏားမျိုးတို့သည် ရှိကုန်၏'ဟု ပြောဆို၏၊ ထိုရဟန်း သည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်း သည် 'ဤအရပ်၌ အချို့သော ပညာရှိသူများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများ ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏'ဟူ၍ ပြောဆို၏၊ ထိုရဟန်းသည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ်သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေ သမားမျိုးမုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့တည်း'ဟု ပြောဆို၏၊ ထိုရဟန်း သည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူများ လိမ္မာသူများ ထက်မြက်သောပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများတည်း'ဟု ပြောဆို၏၊ ထိုရဟန်းသည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်း သည် 'ငါတို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးတံငါမျိုး မဟုတ် ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်'ဟု ပြောဆို၏၊ ထိုရဟန်း သည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'ငါတို့ကား ပညာရှိသူတို့ မဟုတ်ကုန်၊ လိမ္မာသူူတို့ မဟုတ်ကုန်၊ ထက်မြက်သော ပညာ ရှိသူူတို့မဟုတ်ကုန်၊ အကြားအမြင်များသူတို့ မဟုတ်ကုန်၊ တရားဟောတတ်သူူတို့ မဟုတ်ကုန်၊ ငါတို့ အားမကောင်းသော လားရာ ဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏'ဟူ၍ပြောဆို၏၊ ထိုရဟန်းသည် အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

၄၂။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ ရဟန်းမဟုတ်သူ အထံသို့ ချောပစ်ကုန်းတိုက် စကားကို့ပို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူတို့၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းသည် ရဟန်းမဟုတ်သူ၏ စကားကို နားထောင်၍ ရဟန်းမဟုတ်သူအထံသို့ ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၄၃။ မိမိအား မချစ်ခင်စေလိုသော ရဟန်း၊ မကွဲပြားစေလိုသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။

တတိယ ပေသုညသိက္ခာပုဒ် ပြီး၏။

------

၁- မုသာဝါဒဝဂ် ၄-ပဒသောဓမ္မသိက္ခာပုဒ်

၄၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝထ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာတို့အား တရားကိုပုဒ်ပြိုင် ပို့ချကုန်၏၊ ဥပါသကာတို့သည် ရဟန်းတို့၌ မရိုသေကုန်၊ မတုတ်ဝပ်ကုန်၊ တူသော အသက်မွေးခြင်းမရှိကုန်သည် ဖြစ်၍ နေကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာတို့အား တရားကိုပုဒ်ပြိုင် ပို့ချကုန်ဘိသနည်း၊ ဥပါသကာတို့သည် ရဟန်းတို့၌ မရိုသေကုန်၊ မတုတ်ဝပ်ကုန်၊ တူသောအသက်မွေးခြင်းမရှိကုန်သည် ဖြစ်၍ နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ဥပါသကာတို့အားတရားကို ပုဒ်ပြိုင် ပို့ချကုန်၏၊ ဥပါသကာတို့သည် ရဟန်းတို့၌ မရိုသေကုန်၊ မတုတ်ဝပ်ကုန်၊ တူသောအသက်မွေးခြင်းမရှိကုန်သည် ဖြစ်၍ နေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် ဥပါသကာတို့အား တရားကို ပုဒ်ပြိုင် အဘယ့်ကြောင့် ပို့ချကုန်ဘိသနည်း၊ ဥပါသကာတို့သည်လည်း ရဟန်းတို့၌ မရိုသေကုန်၊ မတုပ်ဝပ်ကုန်၊ တူသော အသက်မွေးခြင်းမရှိကုန်သည်ဖြစ်၍ နေကြကုန်၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည်မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၃။ ၄-၄၅။ ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား တရားကို ပုဒ်ပြိုင် ပို့ချ ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၄- ပဒသောဓမ္မသိက္ခာပုဒ် အဖွင့်

၄၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။

ရဟန်းမဟုတ်သောသူ မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမကို ချန်ထား၍ ကြွင်းကျန်သောသူသည် ရဟန်းမဟုတ်သောသူ မည်၏။

ပုဒ်ပြိုင် မည်သည် ပုဒ်ပြိုင်၊ နောက်ပုဒ်ပြိုင်၊ အက္ခရာတစ်လုံးချင်းပြိုင်၊ သဒ္ဒါအပေါင်းပြိုင်တည်း။

ပုဒ်ပြိုင် မည်သည် တစ်ပြိုင်နက် ရွတ်ဆို၍ တစ်ပြိုင်နက် ပြီးဆုံးစေ၏ 'အချီအချ ပြိုင်တူကျ၏'။

နောက်ပုဒ်ပြိုင် မည်သည် အသီးအခြား ရွတ်ဆိုပြီးမှ တစ်ပြိုင်နက် ပြီးဆုံးစေ၏ 'အချီမမျှ ပြိုင်တူချ၏'။

အက္ခရာတစ်လုံးချင်းပြိုင် မည်သည် ''ရူပံ အနိစ္စံ''ဟူ၍ ဆိုသောအခါ ရူဟူ၍ အကြား၌ ကျစေ၏ 'ရူအက္ခရာတစ်လုံးသာ သံပြိုင်ရွတ်ဆို၏'။

သဒ္ဒါအပေါင်းပြိုင် မည်သည် (ဆရာက) 'ရူပံ အနိစ္စံ'ဟူ၍ ဆိုစဉ် (လူူသာမဏေက) 'ဝေဒနာ အနိစ္စာ'ဟူ၍ အသံမြွက်ဆို၏ 'အနိစ္စပုဒ်ချင်း ပြိုင်တူ ကျ၏'။

အကြင် ပုဒ်ပြိုင်သည်လည်းကောင်း၊ နောက်ပုဒ်ပြိုင်သည်လည်းကောင်း၊ အက္ခရာတစ်လုံးချင်းပြိုင်သည်လည်းကောင်း၊ သဒ္ဒါအပေါင်းပြိုင်သည်လည်းကောင်း ရှိ၏၊ ဤအလုံးစုံသည် ပုဒ်ပြိုင် မည်၏။

တရား မည်သည် ဘုရားဟောတရား သာဝကဟောတရား ရသေ့ဟောတရား နတ်ဟောတရားအဋ္ဌကထာနှင့်စပ်သောတရား ပါဠိတော်နှင့်စပ်သော တရားတည်း။

ပို့ချငြားအံ့ဟူသည် ပုဒ်ဖြင့် ပို့ချအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။

အက္ခရာဖြင့် ပို့ချအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။

၄၇။ ရဟန်းမဟုတ်သူကို ရဟန်းမဟုတ်သူဟု အမှတ်ရှိသည်ဖြစ်၍ တရားကို ပုဒ်ပြိုင် ပို့ချအံ့၊ ပါစိတ်အာပတ် သင့်၏။

ရဟန်းမဟုတ်သူကို ယုံမှားရှိလျက် တရားကို ပုဒ်ပြိုင် ပို့ချအံ့၊ ပါစိတ်အာပတ် သင့်၏။

ရဟန်းမဟုတ်သူူကို ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ တရားကို ပုဒ်ပြိုင် ပို့ချအံ့၊ ပါစိတ်အာပတ် သင့်၏။

ရဟန်းကို ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းကို ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းကို ရဟန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၄၈။ (လူ သာမဏေနှင့်) တစ်ပြိုင်နက် ပါဠိသင်ယူအံ့၊ အာပတ် မသင့်။

(လူ သာမဏေနှင့်) တစ်ပြိုင်နက် သရဇ္ဈာယ်အံ့၊ အာပတ် မသင့်။

အများအားဖြင့် လေ့လာပြီးသော ကျမ်းဂန်ကို ရွတ်ဆိုသော လူသာမဏေအား ထောက်ပေးအံ့၊ အာပတ်မသင့်။

ကြောက်ရွံ့စွာ ပါဠိကို ရွတ်ဆိုနေဆဲ လူသာမဏေအား ထောက်ပေးအံ့၊ အာပတ် မသင့်။

ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

စတုတ္ထ ပဒသောဓမ္မသိက္ခာပုဒ် ပြီး၏။

------

၁-မုသာဝါဒဝဂ် ၅-သဟသေယျ သိက္ခာပုဒ်

၄၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူသောအခါ ဥပါသကာတို့သည် တရားနာအံ့သောငှါ ကျောင်းအရံသို့ လာကုန်၏၊ တရားဟောပြီးသောအခါမထေရ်ကြီး ရဟန်းတို့သည် မိမိတို့နေရာကျောင်းသို့ ကြွသွားကုန်၏၊ ရဟန်းငယ်တို့မှာမူကား ထိုတရားဟောရာ ဇရပ်၌ပင်လျှင် ဥပါသကာတို့နှင့်အတူ သတိလွတ်ကင်းလျက် ပညာအဆင်အခြင်မရှိဘဲ အဝတ်ကိုယ်၌ မကပ်မူ၍ ယောင်ယမ်း မြည်တမ်းကာ ကျီးသံကဲ့သို့ ဟောက်လျက် အိပ်ကုန်၏။

ဥပါသကာတို့သည် ''အဘယ့်ကြောင့် အသျှင်ကောင်းတို့သည် သတိလွတ်ကင်းလျက် ပညာအဆင်အခြင်မရှိဘဲ အဝတ်ကိုယ်၌ မကပ်မူ၍ ယောင်ယမ်း မြည်တမ်းကာ ကျီးသံကဲ့သို့ ဟောက်ကုန်လျက်အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဥပါသကာတို့၏ စကားကို ကြားကြ့သည်သာတည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် ရဟန်း မဟုတ်သော သူနှင့်အတူ အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ရဟန်းငယ်တို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ရဟန်းတို့သည် ရဟန်းမဟုတ်သော သူနှင့်အတူ အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် အဘယ့်ကြောင့် ရဟန်းမဟုတ်သူတို့နှင့်အတူ အိပ်ကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့ပင်လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(က) ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့လျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၅၀။ ထိုအခါ မြတ်စွာဘုရားသည် အာဠဝီပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီး လျှင်ကောသမ္ဗီပြည်သို့ ခရီးဒေသစာရီ ကြွချီတော်မူ၏၊ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူသည် ရှိသော်ကောသမ္ဗီပြည်သို့ ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် ထိုကောသမ္ဗီပြည် ဗဒရိကာရုံကျောင်း တိုက်၌သီတင်းသုံးနေတော်မူ၏။

ရဟန်းတို့သည် အသျှင်ရာဟုလာကို ''ငါ့သျှင်ရာဟုလာ မြတ်စွာဘုရားသည် 'ရဟန်းမဟုတ်သောသူနှင့်အတူ မအိပ်ရ'ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ငါ့သျှင်ရာဟုလာ အိပ်ရန်နေရာကို သိလော့''ဟုဆိုကုန်၏။ ထိုအခါ အသျှင်ရာဟုလာသည် အိပ်ရန် နေရာကို မရသည် ဖြစ်၍ ကျင်ကြီးစွန့်ရာ ဝစ္စကုဋီ၌အိပ်၏။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံအခါ၌ ထတော်မူ၍ ဝစ္စကုဋီသို့ ချဉ်းကပ်ပြီးလျှင် ချောင်းဟန့်တော်မူ၏၊ အသျှင်ရာဟုလာသည်လည်း ချောင်းဟန့်လေ၏။

''ဤနေရာ၌ မည်သူနည်း''ဟု (မေးတော်မူရာ)။

''မြတ်စွာဘုရား အကျွန်ုပ် ရာဟုလာပါတည်း''ဟု (လျှောက်၏)။

''ရာဟုလာ သင်သည် အဘယ့်ကြောင့် ဤနေရာ၌ နေဘိသနည်း''ဟု (မေးတော်မူ၏)။

ထိုအခါ အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ရဟန်းတို့ကို-

''ရဟန်းတို့ ရဟန်းမဟုတ်သော သူနှင့် နှစ်ညဉ့် သုံးညဉ့် အတူတကွ အိပ်ခြင်းကို ပြုခြင်းငှါခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၄။ ၅- (ခ) ၅၁။ ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူနှင့် နှစ်ညဉ့် သုံးညဉ့်ထက် အလွန် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အတူတကွ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၅-သဟသေယျသိက္ခာပုဒ် အဖွင့်

၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတိ္တစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။

ရဟန်းမဟုတ်သော သူ မည်သည် ရဟန်းကို ချန်ထား၍ ကြွင်းသော သူသည် ရဟန်းမဟုတ်သော သူမည်၏။

နှစ်ညဉ့် သုံးညဉ့်ထက် အလွန်ဟူသည် နှစ်ညဉ့် သုံးညဉ့်ထက် ပိုလွန်၍။

အတူတကွဟူသည် တစ်ပေါင်းတည်း။

အိပ်ရာ နေရာ မည်သည် အလုံးစုံအမိုး ရှိသော အလုံးစုံအကာအရံ ရှိသော၊ အများအားဖြင့် အမိုးရှိသော အများအားဖြင့် အကာအရံ ရှိသော ကျောင်းအိပ်ရာနေရာတည်း။

အိပ်ခြင်းကို ပြုငြားအံ

ဟူသည် လေးရက်မြောက်သောနေ့၌ နေဝင်သောအခါ ရဟန်းမဟုတ်သူအိပ်သည်ရှိသော် ရဟန်းသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။

ရဟန်းသည် အိပ်သည်ရှိသော် ရဟန်းမဟုတ်သူသည် လျောင်းအိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။

နှစ်ဦးလုံးမူလည်း အိပ်ကြကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။

ထ၍ အဖန်တလဲလဲ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။

၅၃။ ရဟန်းမဟုတ်သူကို ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ နှစ်ညဉ့် သုံးညဉ့်ထက် အလွန်အတူတကွ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

ရဟန်းမဟုတ်သူကို ယုံမှားရှိသည်ဖြစ်၍ နှစ်ညဉ့် သုံးညဉ့်ထက် အလွန် အတူတကွ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

ရဟန်းမဟုတ်သူကို ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ နှစ်ညဉ့် သုံးညဉ့်ထက် အလွန် အတူတကွအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

အမိုးထက်ဝက် အကာအရံထက်ဝက် ရှိသော နေရာ၌ (အတူတကွ အိပ်ငြားအံ့)၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းကို ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းကို ရဟန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၅၄။ နှစ်ညဥ့် သုံးညဉ့် နေအံ့၊ နှစ်ညဥ့် သုံးညဉ့်အောက် ယုတ်လျော့၍ နေအံ့၊ နှစ်ညဥ့်နေပြီး၍သုံးညဉ့်မြောက်၌ အရုဏ်မတက်မီ ထ၍ တစ်ဖန် နေအံ့၊ အမိုးအလုံးစုံရှိသော်လည်း အကာအရံ လုံးလုံးမရှိသော နေရာ၌ နေအံ့၊ အကာအရံအလုံးစုံ ရှိသော်လည်း အမိုးလုံးလုံး မရှိသော နေရာ၌ နေအံ့၊ အများအားဖြင့် အမိုးမရှိသော, အများအားဖြင့် အကာအရံမရှိသော နေရာ၌ နေအံ့၊ ရဟန်းမဟုတ်သူသည်အိပ်နေ၍ ရဟန်းသည် ထိုင်အံ့၊ ရဟန်းသည် အိပ်နေ၍ ရဟန်းမဟုတ်သူသည် ထိုင်အံ့၊ နှစ်ဦးစလုံးသော်လည်း ထိုင်နေကုန်အံ့၊ အာပတ် မသင့်။

ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ပဉ္စမ သဟသေယျသိက္ခာပုဒ် ပြီး၏။

------

၁-မုသာဝါဒဝဂ် ၆-ဒုတိယသဟသေယျသိက္ခာပုဒ်

၅၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ ကြွသွားရာညနေချမ်းအချိန်တွင် ကောသလတိုင်း ဇနပုဒ်ရွာတစ်ရွာသို့ ရောက်၏။

ထိုအခါ ထိုရွာ၌ မိန်းမတစ်ယောက်သည် ဧည့်သည်တည်းခိုရန် အိမ်ကို ပြုလုပ်ထား၏။ ထိုအခါအသျှင်အနုရုဒ္ဓါသည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''နှမ အကယ်၍ ဝန်မလေးပါမူကားဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဉ့်နေလို၏''ဟု ပြောဆို၏။

အသျှင်ဘုရား နေတော်မူပါလော့ဟု (လျှောက်၏)။ အခြားခရီးသည်တို့လည်း ထိုမိန်းမထံသို့ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''အရှင်မ သင့်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန်အိမ်၌ တစ်ညဉ့်မျှ တည်းခိုကြပါရစေ''ဟု ပြောဆိုကြကုန်၏။

အမောင်တို့ ဤရဟန်းသည် ရှေ့ဦးစွာ ကြွလာ၏၊ ထိုရဟန်း ခွင့်ပြုပါက နေကုန်လော့ဟု (ဆို၏)။ ထိုအခါ ထိုခရီးသည်တို့သည် အသျှင်အနုရုဒ္ဓါ မထေရ်ထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရားအသျှင်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဉ့်မျှတည်းခိုကြပါရစေ''ဟု လျှောက်ကြကုန်၏။

ဒါယကာတို့ နေကုန်လော့ဟု (မိန့်ဆို၏)။

ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို မြင်သည်နှင့် တစ်ပြိုင်နက် တပ်မက်စိတ် ဖြစ်နေ၏။ ထိုအခါထိုမိန်းမသည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည်ဤလူတို့နှင့်ရောပြွန်းသောကြောင့် ချမ်းသာစွာ နေရမည် မဟုတ်ပါ၊ အသျှင်ဘုရား တောင်းပန်ပါသည်၊ အကျွန်ုပ်သည် အသျှင်ဘုရား၏ ညောင်စောင်း 'ခုတင်' ကို အိမ်တွင်း၌ ခင်းပေးပါအံ့''ဟု လျှောက်၏။

အသျှင်အနုရုဒ္ဓါ ဆိတ်ဆိတ်နေ၍ လက်ခံလေ၏။

ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါ၏ ညောင်စောင်းကို အိမ်တွင်း၌ ခင်း၍ အဝတ်တန်ဆာကောင်းစွာ ဝတ်စားဆင်ယင်ပြီးလျှင် သင်းပျံ့မွှေးကြိုင်သော နံ့သာအနံ့တို့ဖြင့် ကြိုင်လှိုင်စေလျက် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ကောင်းလှ၏။ အကျွန်ုပ်သည်လည်း အဆင်းလှပါသည်။ ရှုချင်စဖွယ်ရှိပါသည်၊ ကြည်ညိုဖွယ်ကောင်းပါသည်။ အသျှင်ဘုရား တောင်းပန်ပါသည်၊ တပည့်တော်မသည် အသျှင်ဘုရား၏ မယားဖြစ်လိုပါ၏''ဟု လျှောက်၏။ ဤသို့ လျှောက်သောအခါ အသျှင်အနုရုဒ္ဓါမထေရ်သည်ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ်ကောင်းလှ၏၊ အကျွန်ုပ် သည်လည်း အလွန်အဆင်းလှပါသည်၊ ရှုချင်စဖွယ် ရှိပါသည်၊ ကြည်ညိုဖွယ်ကောင်းပါသည်၊ အသျှင်ဘုရား တောင်းပန် ပါသည်၊ အသျှင်သည် တပည့်တော်မနှင့် ဥစ္စာပစ္စည်းအားလုံးကို သိမ်းပိုက်ခံယူတော်မူပါ''ဟုလျောက်၏။

အသျှင်အနုရုဒ္ဓါသည် သုံးကြိမ်မြောက်လည်း ဆိတ်ဆိတ်နေ၏။

ထိုအခါ ထိုမိန်းမသည် အဝတ်ထဘီကို ချွတ်၍ အသျှင်အနုရုဒ္ဓါ၏ ရှေ့မှ စင်္ကြံလည်း လျှောက်၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် (မျက်စိအစရှိသော) ဣနြေတို့ကို အောက်သို့ချ၍ ထိုမိန်းမကို ကြည့်လည်း မကြည့်၊ စကားလည်း မပြော (နေတော်မူ၏)။

ထိုအခါ ထိုမိန်းမသည် ''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ များစွာသော လူတို့သည် ငါ့ကို အရာအထောင်သော ဥစ္စာပစ္စည်းဖြင့် စေလွှတ်၍ တောင်းရမ်းကုန်၏၊ (စေ့စပ်ကြောင်းလမ်းကြကုန်၏)။ ဤရဟန်းသည်ကား ငါကိုယ်တိုင် တောင်းပန်ပါလျက် ငါနှင့်ဥစ္စာပစ္စည်းအားလုံးကို သိမ်းပိုက်ခံယူဖို့ရန် အလိုမရှိ''ဟု ဆို၍ ထဘီကို ဝတ်ပြီးလျှင် အသျှင်အနုရုဒ္ဓါ၏ ခြေတို့၌ဦးခေါင်းဖြင့် ဝပ်လျှိုးလျက် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်မကို လွှမ်းမိုးကျရောက်ခဲ့ပါပြီ။ တပည့်တော်မသည် ဤသို့ မတော်မလျော်သော အမှုကို ပြုမိပါ၏၊ အသျှင်ဘုရား အသျှင်သည် တပည့်တော်မ၏အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရခြင်းငှါ သည်းခံတော်မူပါလော့''ဟု လျှောက်၏။

''နှမ ကောင်းပါပြီ၊ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ့်သည် သင့်ကို လွှမ်းမိုးနှိပ်စက်ခဲ့၏၊ သင်သည် ဤသို့ မတော်မလျော်သော အမှုကို ပြုမိ၏၊ နှမ သင်သည် အကြင်ကြောင့် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ ထို့ကြောင့် သင်၏ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ နှမ အကြင်သူသည် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်း၏၊ ဤသို့ ပြုခြင်းသည် ဘုရား၏အဆုံးအမ၌ ကြီးပွားကြောင်းသာလျှင် ဖြစ်၏''ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုမိန်းမသည် ထိုညဥ့်လွန်သဖြင့် အသျှင်အနုရုဒ္ဓါကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့်ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေးလျက် ဆွမ်းစားပြီး၍ သပိတ်မှလက်ဖယ်ပြီးသောအခါ အသျှင်အနုရုဒ္ဓါကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။

တစ်ခုသော နေရာ၌ ထိုင်နေသော ထိုမိန်းမကို အသျှင်အနုရုဒ္ဓါသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေ၏။

ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေအပ်ပြီးဖြစ်ရကား အသျှင် အနုရုဒ္ဓါအား-

''အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား ဥပမာသော်ကား ''မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင်အသျှင်အနုရုဒ္ဓါသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရား ထိုတပည့်တော်မသည် ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်သည်တပည့်တော်မကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသိကာမဟူ၍ မှတ်တော်မူပါ''ဟု လျှောက်၏။

ထိုအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်အနုရုဒ္ဓါသည် မာတုဂါမနှင့်အတူ အိပ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် အသျှင်အနုရုဒ္ဓါကို များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''အနုရုဒ္ဓါ သင်သည် မာတုဂါမနှင့်အတူအိပ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ အနုရုဒ္ဓါ သင်သည် အဘယ့်ကြောင့်မာတုဂါမနှင့်အတူ အိပ်ဘိသနည်း။ အနုရုဒ္ဓါ ဤ (သင်ပြုမိသောအမှု) သည်မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၅။ ၆-၅၆။ ''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၆-ဒုတိယ သဟသေယျသိက္ခာပုဒ် အဖွင့်

၅၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။

မာတုဂါမဟူသည် လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မပင် ဖြစ်စေကာမူ မာတုဂါမ မည်၏၊ ထို့ထက်ကြီးသော မိန်းမဖြစ်မူကား ဆိုဖွယ်ရာမရှိ။

အတူဟူသည် တစ်ပေါင်းတည်း။

အိပ်ရာနေရာ မည်သည် အမိုးအလုံးစုံ ရှိသော အကာအရံ အလုံးစုံရှိသော နေရာ၊ အများအားဖြင့်အမိုးရှိသော အများအားဖြင့် အကာအရံရှိသော နေရာတည်း။

အိပ်ခြင်းကို ပြုငြားအံ့ဟူသည် နေဝင်သောအခါ၌ မာတုဂါမအိပ်နေသော် ရဟန်းသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းအိပ်နေသော် မာတုဂါမသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်ဦးလုံးမူလည်း အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ ထ၍ အဖန်တလဲလဲ အိပ်ကုန်အံ့၊ ပါစိတ်အာပတ်သင့်၏။

၅၈။ မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မာတုဂါမ၌ မာတုဂါမ မဟုတ်ဟုအမှတ်ရှိသည် ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

အမိုးတစ်ဝက် အကာအရံတစ်ဝက် ရှိသော ကျောင်း၌ (အိပ်အံ့)၊ ဒုက္ကဋ်အာပတ် သင့်၏။

ဘီလူးမနှင့်သော်လည်းကောင်း၊ ပြိတ္တာမနှင့်သော်လည်းကောင်း၊ ပဏ္ဍုက်နှင့်သော်လည်းကောင်း၊ တိရစ္ဆာန်မနှင့်သော်လည်းကောင်း အတူအိပ်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူ၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၅၉။ အမိုးအလုံးစုံ ရှိ၍ အကာအရံလုံးဝ မရှိသော နေရာ၊ အကာအရံအလုံးစုံ ရှိ၍ အမိုးလုံးဝမရှိသော နေရာ၊ အများအားဖြင့် အမိုးမရှိသော အများအားဖြင့် အကာအရံမရှိသော နေရာ၌ အာပတ်မသင့်။

မာတုဂါမအိပ်သော် ရဟန်းသည် ထိုင်နေအံ့၊ ရဟန်းအိပ်သော် မာတုဂါမ ထိုင်နေအံ့၊ နှစ်ဦးလုံးမူ လည်းထိုင်နေကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်းအာပတ် မသင့်။

ဆဋ္ဌ ဒုတိယသဟသေယျသိက္ခာပုဒ် ပြီး၏။

------

၁-မုသာဝါဒဝဂ် ၇-ဓမ္မဒေသနာသိက္ခာပုဒ်

၆၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဥဒါယီသည် သာဝတ္ထိပြည်၌ အိမ်သို့ ကပ်တက်သော ရဟန်းဖြစ်၏၊ အိမ်ပေါင်းများစွာသို့ ချဉ်းကပ်၏။

အသျှင်ဥဒါယီသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် အိမ်တစ်အိမ် သို့ချဉ်းကပ်၏။ ထိုအခါ အိမ်ရှင်မသည် အိမ်တံခါးဝ၌ နေ၏၊ အိမ်ရှင်မ၏ ချွေးမကား အခန်းတံခါးဝ၌နေ၏။ ထို့နောက် အသျှင်ဥဒါယီသည် အိမ်ရှင်မထံသို့ ချဉ်းကပ်ပြီးလျှင် အိမ်ရှင်မ၏ နားရင်းသို့ ကပ်၍တရားဟော၏။ ထိုအခါ ချွေးမဖြစ်သူအား ''အသို့နည်း ထိုရဟန်းသည် ငါ့ယောက္ခမ၏ သယောက်လင် 'လင်ငယ်' လေလော၊ သို့မဟုတ် ပြက်ရယ်ပြောဆိုလေသလော''ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်ဥဒါယီ့သည် အိမ်ရှင်မ၏ နားရင်းသို့ ချဉ်းကပ်၍ တရားဟောပြီးလျှင် အိမ်ရှင်မ၏ ချွေးမထံသို့ ချဉ်းကပ်၍ချွေးမ၏ နားရင်းသို့ ကပ်၍ တရားဟော၏။ ထိုအခါ အိမ်ရှင်မအား ''အသို့နည်း ထိုရဟန်းသည်ငါ့ချွေးမ၏ သယောက်လင် 'လင်ငယ်'လေလော၊ သို့မဟုတ် ပြက်ရယ်ပြောဆိုလေသလော''ဟုအကြံဖြစ်၏။ ထို့နောက် အသျှင်ဥဒါယီသည် ချွေးမဖြစ်သူ၏ နားရင်းသို့ ကပ်၍ တရားဟောပြီးလျှင်ပြန်ကြွသွား၏။

ထိုအခါ အိမ် ရှင်မသည် ချွေးမကို ''ဟယ် ချွေးမ ဤရဟန်းသည် သင့်အား အဘယ်စကားကိုပြောဆိုဘိသနည်း''ဟု မေး၏။

အရှင်မ အကျွန်ုပ်အား တရားကို ဟောပါ၏၊ အရှင်မကိုမူကား အဘယ်စကားကို ပြောဆိုပါသ နည်းဟု (ပြန်မေး၏)။

ငြါ့ကိုလည်း တရားဟော၏''ဟု (ဆို၏)။

ထိုမိန်းမတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် နားရင်းသို့ ကပ်၍ တရားဟောဘိသနည်း၊ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တရားဟောသင့်သည် မဟုတ်ပါလော''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုမိန်းမတို့၏ စကားကို ကြားကြသည်သာတည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် မာတုဂါမအား တရားဟောဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည်အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ဥဒါယီ သင်သည် မာတုဂါမအား တရားဟော၏ဟူသည် မှန်သလော''ဟုစိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအဘယ့်ကြောင့် သင်သည် မာတုဂါမအား တရားဟောဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သောယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(က) ''အကြင်ရဟန်းသည် မာတုဂါမအား တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၆၁။ ထိုအခါ ဥပါသိကာမတို့သည် ရဟန်းတို့ကို တွေ့မြင်လျှင် ''အသျှင်ဘုရားတို့ တောင်းပန်ပါ သည်တရားဟောကြပါကုန်လော''ဟု လျှောက်ကြကုန်၏။

နှမ မာတုဂါမအား တရားဟောခြင်းငှါ မအပ်ဟု (ဆိုကြကုန်၏)။

အသျှင်တို့ တောင်းပန်ပါ၏၊ ငါးခွန်း ခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောကြပါကုန်လော့၊ ဤမျှလောက်ဖြင့် တရားကို သိခြင်းငှါ တတ်ကောင်းပါ၏ဟု (လျှောက်ကြကုန်၏)။

''နှမ မာတုဂါမအား တရားဟောခြင်းငှါ မအပ်''ဟု (ပြောဆိုပြီး) တွေးတောမူ 'သံသယကုကု္ကစ္စ'ရှိကြကုန်၍ တရားမဟောကြကုန်။

ဥပါသိကာမတို့သည် ''အဘယ့်ကြောင့် အသျှင်တို့သည် ငါတို့က တောင်းပန် တိုက်တွန်းအပ်ကုန် လျက်တရားကို မဟောကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ဥပါသိကာမတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားတို့ကို ကြားကြ့သည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ရဟန်းတို့ကို-

''ရဟန်းတို့မာတုဂါမအားငါးခွန်းခြောက်ခွန်းသော စကားတို့ဖြင့်တရားဟောခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(ခ) ''အကြင်ရဟန်းသည် မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကိုဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော် မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၆၂။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''မြတ်စွာဘုရားသည် မာတုဂါမအား ငါးခွန်းခြောက်ခွန်းသောစကားတို့ဖြင့် တရားဟောခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေ၍ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် မာတုဂါမအား တရားဟောကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မသိမလိမ္မာသောယောက်ျားကို အနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မသိမလိမ္မာသော ယောက်ျားကိုအနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၆။ ၇- (ဂ) ၆၃။ ''အကြင်ရဟန်းသည် သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ မာတုဂါမအားငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟော ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။

၇-ဓမ္မဒေသနာသိက္ခာပုဒ် အဖွင့်

၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။

မာတုဂါမ မည်သည် လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်းသောစကား မကောင်းသောစကား၊ ရုန့်ရင်းသောစကား မရုန့်ရင်းသောစကားကို သိခြင်းငှါစွမ်းနိုင်သူ လူမိန်းမတည်း။

ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့်ဟူသည် ငါးခွန်း ခြောက်ခွန်းထက် အပိုအလွန်စကားတို့ဖြင့်။

တရား မည်သည် ဘုရားဟောတရား သာဝကဟောတရား ရသေ့ဟောတရား နတ်ဟောတရားအဋ္ဌကထာနှင့်စပ်သောတရား ပါဠိတော်နှင့်စပ်သော တရားတည်း။

ဟောငြားအံ့ဟူသည် ပုဒ်ဖြင့် ဟောအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။ အက္ခရာဖြင့်ဟောအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။

သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ဟူသည် သိကြားလိမ္မာသော လူယောက်ျားကို ဖယ်ထား၍။

သိကြားလိမ္မာသူ မည်သည် ကောင်းသောစကား မကောင်းသောစကား၊ ရုန့်ရင်းသောစကားမရုန့်ရင်းသော စကားကို သိခြင်းငှါ စွမ်းနိုင်သူ လူယောက်ျားတည်း။

၆၅။ မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။

မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်းထက်ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။

မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။

ဘီလူးမအားလည်းကောင်း၊ ပြိတ္တာမအားလည်းကောင်း၊ ပဏ္ဍုက်အားလည်းကောင်း၊ လူယောင်ဆောင်သော တိရစ္ဆာန်မအားလည်းကောင်း သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်း ထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူကို မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူကို မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၆၆။ သိကြားလိမ္မာသောသူ လူယောက်ျား အနားမှာ ရှိသည်ဖြစ်၍ တရားဟောအံ့၊ ငါးခွန်းခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောအံ့၊ ငါးခွန်း ခြောက်ခွန်းအောက် ယုတ်လျော့၍တရားဟောအံ့၊ ထပြီး တစ်ဖန် ထိုင်၍ တရားဟောအံ့၊ ထပြီး တစ်ဖန် ပြန်ထိုင်သော မာတုဂါမအားတရားဟောအံ့၊ တစ်ပါးသော မာတုဂါမအား တရားဟောအံ့၊ အမေးပုစ္ဆာကို မေးအံ့၊ အမေးပုစ္ဆာမေးသည်ကို ဖြေဆိုအံ့၊ သူတစ်ပါး၏ အကျိုးငှါ ပြောဆိုသည်ကို မာတုဂါမ ကြားနာအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

သတ္တမ ဓမ္မဒေသနာသိက္ခာပုဒ် ပြီး၏။

------

၁-မုသာဝါဒဝဂ် ဂ-ဘူတာရောစနသိက္ခာပုဒ်

၆၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသောအခါ မြင်ဖူးခါမျှ မိတ်ဆွေ အတူနေ အတူစားမိတ်ဆွေဖြစ်သော များစွာသော ရဟန်းတို့သည် ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ ဝါကပ်နေထိုင်ကြကုန်၏။

ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။

ထိုအခါ ထိုရဟန်းတို့အား-

''ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ငါတို့သည်အဘယ်နည်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပါအံ့နည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိပါကုန်အံနည်း''ဟု အကြံဖြစ်၏။ အချို့သော ရဟန်းတို့က-

''ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ အမှုကြီးငယ်ကို စီရင်ကြကုန်အံ့၊ ဤသို့ စီရင်လျှင်ထိုလူတို့သည် ငါတို့အား ပေးလှူကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့ သည်အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်''ဟု ပြောဆိုကြကုန်၏။ အချို့သော ရဟန်းတို့က-

''ငါ့သျှင်တို့ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အကျိုး မရှိကြပါ၊ ငါ့သျှင်တို့ ယခု ငါတို့သည်လူတို့၏ တမန်မှုကို ဆောင်ကုန်အံ့၊ ဤသို့ဆောင်လျှင် လူတို့သည် ငါတို့အား ပေးလှူ ကြဖို့ရာအမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက် ဝမ်းသာမငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲရှိကြရပေလိမ့်မည်''ဟု ပြောဆိုကြကုန်၏။ အချို့သော ရဟန်းတို့က-

''ငါ့သျှင်တို့ မသင့်လျော်ပါ၊ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။ လူတို့၏ တမန်မှုကို ဆောင်ခြင်းဖြင့် အဘယ်အကျိုး ရှိကြပါမည်နည်း၊ ငါ့သျှင်တို့ ယခု ငါတို့သည်လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ် သောဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်အံ့၊ ''ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကို ရ၏၊ ဤအမည်ရှိသော ရဟန်းသည် ဒုတိယဈာန်ကို ရ၏၊ ဤအမည်ရှိသော ရဟန်း သည် တတိယဈာန်ကိုရ၏။ ဤအမည်ရှိသော ရဟန်းသည် စတုတ္ထဈာန်ကို ရ၏၊ ဤအမည် ရှိသော ရဟန်းသည်သောတာပန်တည်း၊ ဤအမည်ရှိသော ရဟန်းသည် သကဒါဂါမ်တည်း၊ ဤအမည်ရှိသော ရဟန်းသည်အနာဂါမ်တည်း၊ ဤအမည်ရှိသော ရဟန်းသည် ရဟန္တာတည်း၊ ဤအမည်ရှိသော ရဟန်းသည်ဝိဇ္ဇာသုံးပါးကို ရ၏၊ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏''ဟု ပြောဆိုကုန်အံ့၊ ဤသို့ ပြောဆိုကြလျှင် ထိုလူတို့သည် ငါတို့အား ပေးလှူ သင့်သည်ဟု မှတ်ထင်ကြပေလိမ့်မည်။ ဤသို့လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်''ဟု ပြောဆိုကြကုန်၏။

ငါ့သျှင်တို့ လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သောဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောခြင်းသည်သာလျှင် မြတ်၏ဟု သဘောတူညီကြလေ၏။

ထို့နောက် ထိုရဟန်းတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ''ဤအမည်ရှိသော ရဟန်းသည်ပဌမဈာန်ကို ရ၏။ပ။ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ်ခြောက်ပါးကို ရ၏''ဟု ပြောဆိုကြကုန်၏။

ထိုအခါ ထိုလူတို့သည် ''ငါတို့အား အရတော်ကြလေစွတကား၊ ငါတို့သည် ကောင်းစွာ ရကြပေစွတကား၊ အကြင်ငါတို့၏ အထံ၌ ဤကဲ့သို့သော ရဟန်းတော်များသည် ဝါကပ်တော်မူကြပေသည်တကား၊ အကျင့်သီလနှင့် ကောင်းသော တရားဓမ္မ ရှိကုန်သော ဤရဟန်းတို့ကဲ့သို့သော ရဟန်းတို့သည် ဤအခါမှ ရှေးက ငါတို့၏ အထံ၌ ဝါကပ်တော်မမူကြဖူးပေတကား''ဟု အကြင် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်မျိုးတို့ကို မိမိတို့ မသုံးဆောင်ကြ မခဲကြ မလျက်ကြ မသောက်ကြကုန်၊ မိဘ သားမယားကျွန်အမှုလုပ် မိတ်ဆွေခင်ပွန်း ဆွေမျိုး သားချင်းတို့အား မပေးကြကုန်၊ ထိုဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်တို့ကို ရဟန်းတို့အားသာ ပေးလှူကြကုန်၏။

ထိုအခါ ထိုရဟန်းတို့အား အဆင်းလှခြင်း ဣန္ဒြေပြည့်ဖြိုးခြင်း မျက်နှာအဆင်း ကြည်လင်ခြင်းကိုယ်ရေအဆင်း အထူးကြည်လင်ခြင်း ရှိကြကုန်၏။

၆၈။ ဝါမှထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမျှော်ကန်တော့ရန် ချဉ်းကပ်ကြခြင်းသည်အလေ့အထပင် ဖြစ်၏။

ထိုအခါ သုံးလလွန်မြောက်၍ ဝါမှထကုန်သော ထိုရဟန်းတို့သည် ကျောင်းအိပ်ရာနေရာကို သိုမှီးပြီးလျှင်သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီပြည်သို့ ချဉ်းကပ်ကုန်၏။ အစဉ်သဖြင့် ဝေသာလီပြည် မဟာဝုန်တောပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ တစ်ခုသော နေရာ၌ နေကြကုန်၏။

ထိုအခါ အရပ်လေးမျက်နှာတို့၌ ဝါမှထကုန်သော ရဟန်းတို့သည် ပိန်ကြုံကြကုန်၏၊ အသွေး အသားခေါင်းပါးကြကုန်၏။ မလှသော ရုပ်အဆင်း ရှိကြကုန်၏။ (ဖက်ရွက်ရော်ကဲ့သို့) ဖျော့တော့သော အဆင်းရှိကြကုန်၏၊ (ကွန်ရွက်ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသောကိုယ် ရှိကြကုန်၏၊ ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့သည်ကား လှပသော အဆင်း ရှိကြကုန်၏၊ ပြည့်ဖြိုးသော ဣန္ဒြေရှိကြကုန်၏၊ ကြည်လင်သော မျက်နှာအဆင်း ရှိကြကုန်၏၊ အထူးကြည်လင်သော ကိုယ်ရေအဆင်းရှိကြကုန်၏။

အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်းသည်ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား-

''ရဟန်းတို့ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက် ဝမ်းသာမငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြကုန်၏လော''ဟု မေးတော်မူရာ-

ကျန်းမာကြပါသည် မြတ်စွာဘုရား၊ မျှတကြပါသည် မြတ်စွာဘုရား၊ တပည့်တော်တို့သည် အညီ အညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား၊ ဆွမ်း အတွက်လည်းမပင်မပန်းဘဲ ရှိကြပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်။ အချိန်အခါကို သိ၍ မေးတော်မူကုန်၏၊ အချိန်အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည်အကျိုးနှင့်စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏။ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့''ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။ ထို့နောက်မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို ''ရဟန်းတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြကုန်သနည်း၊ ဆွမ်းအတွက်လည်းမပင်ပန်းဘဲ ရှိကြကုန်သနည်း''ဟု မေးတော်မူသောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို ပြန်ကြားလျှောက်ထားကြကုန်၏။

ရဟန်းတို့ သင်တို့အား (ဈာန်မဂ်ဖိုလ်တရား) ထင်ရှား ရှိကြပါ၏လောဟု (မေးတော်မူရာ) -

ထင်ရှားရှိပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ သင်တို့သည် ဝမ်းရေး အတွက်လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို အဘယ့်ကြောင့် ပြောဆိုကြကုန်ဘိသနည်း။ ရဟန်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၇။ ၈-၆၉။ ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြား အံ့၊ ပြောတိုင်းဟုတ်မှန်သော် (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

၈-ဘူတာရောစနသိက္ခာပုဒ် အဖွင့်

၇၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။

ရဟန်းမဟုတ်သောသူ မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမကို ချန်ထား၍ ကြွင်းသော သူသည်ရဟန်းမဟုတ်သောသူ မည်၏။

လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား မည်သည် ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်၊ ဉာဏ်အမြင်၊ မဂ်ကို ပွားများခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာကို ပယ်ခြင်း၊ စိတ်၏ အပိတ်အပင် 'နီဝရဏ' မှကင်းခြင်း၊ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌မွေ့လျော်ခြင်းတည်း။

ဈာန်ဟူသည် ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တည်း။

ဝိမောက္ခဟူသည် ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'၊ ကိလေသာ တောင့်တမှုမရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ'တည်း။

သမာဓိဟူသည် ကိလေသာ ဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ'၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'၊ ကိလေသာ တောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' တည်း။

သမာပတ်ဟူသည် ကိလေသာ ဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်'၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'၊ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' တည်း။

ဉာဏ်အမြင်ဟူသည် ဝိဇ္ဇာသုံးပါးတည်း။

မဂ်ကို ပွါးများခြင်းဟူသည် သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါးဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတည်း။

ဖိုလ်ကိုမျက်မှောက်ပြုခြင်းဟူသည် သောတာပထိ္ထဖိုလ်ကို မျက်မှောက်ပြုခြင်း၊ သကဒါဂါမိဖိုလ်ကိုမျက်မှောက်ပြုခြင်း၊ ၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်း၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းတည်း။

ကိလေသာကိုပယ်ခြင်းဟူသည် ရာဂကို ပယ်ခြင်း၊ ဒေါသကို ပယ်ခြင်း၊ မောဟကို ပယ်ခြင်းတည်း။

စိတ်၏ အပိတ်အပင် 'နီဝရဏ' မှ ကင်းခြင်းဟူသည် ရာဂမှ စိတ်၏ အပိတ်အပင် 'နီဝရဏ'ကင်းခြင်း၊ ဒေါသမှ စိတ်၏ အပိတ်အပင် 'နီဝရဏ' ကင်းခြင်း၊ မောဟမှ စိတ်၏ အပိတ်အပင် 'နီဝရဏ'ကင်းခြင်းတည်း။

ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းဟူသည် ပဌမဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌မွေ့လျော်ခြင်း၊ ဒုတိယဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊ တတိယဈာန်ဖြင့်ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊ စတုတ္ထဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းတည်း။

၇၁။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စား၏ဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားနေ၏ဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ရ၏ဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို လေ့လာ၏ဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆို သောရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ စတုတ္ထ ဈာန်ကိုဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ စတုတ္ထဈာန်ကို ရ၏၊ လေ့လာ၏၊ စတုတ္ထဈာန်ကိုငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'ကို။ပ။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'ကို။ ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ'ကို။ ကိလေသာဆိတ်သုဉ်း၍တည်ကြည်ခြင်း 'သုညတသမာဓိ'ကို။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'ကို။ ကိလေသာ တောင့်တခြင်း မရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ'ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ 'အပ္ပဏိဟိတသမာဓိ'ကို ရ၏၊ လေ့လာ၏၊ အပ္ပဏိဟိတသမာဓိကိုငါမျက်မှောက် ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ကိလေသာ ဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်' ကို။ပ။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'ကို။ ကိလေသာ တောင့်တခြင်း မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတသမာပတ်'ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ 'အပ္ပဏိဟိတသမာပတ်'ကို ရ၏၊ လေ့လာ၏၊ အပ္ပဏိဟိတသမာပတ်ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဝိဇ္ဇာသုံးပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဝိဇ္ဇာသုံးပါးကို ရ၏၊ လေ့လာ၏၊ ဝိဇ္ဇာသုံးပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သတိပဋ္ဌာန်လေးပါးတို့ကို။ပ။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ်လေးပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုရ၏၊ လေ့လာ၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဣန္ဒြေငါးပါးတို့ကို။ပ။ ဗိုလ်ငါးပါးတို့ကို ဝင်စား ခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဗိုလ်ငါးပါးတို့ကို ရ၏၊ လေ့လာ၏၊ ဗိုလ်ငါးပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ရ၏၊ လေ့လာ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား မြတ်သော မဂ္ဂင်ရှစ်ပါးကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ မြတ်သော မဂ္ဂင်ရှစ်ပါးကို ရ၏၊ လေ့လာ၏၊ မြတ်သော မဂ္ဂင်ရှစ်ပါးကို ငါ မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သောတာပတ္တိဖိုလ်ကို။ပ။ သကဒါဂါမိဖိုလ်ကို။ အနာဂါမိဖိုလ်ကို။ အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ အရဟတ္တဖိုလ်ကို ရ၏၊ လေ့လာ၏၊ အရဟတ္တဖိုလ်ကို် ငါမျက်မှောက် ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါသည် ရာဂကို စွန့်ပြီ။ပ။ ငါသည် ဒေါသကို စွန့်ပြီ၊ ငါသည် မောဟကို စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာထိတ်လန့်စေပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် ရာဂမှ အပိတ်အပင်ကင်း၏။ပ။ ငါ၏စိတ်သည် ဒေါသမှ အပိတ်အပင်ကင်း၏၊ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင်ကင်း၏ဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဆိတ်ငြိမ်ရာ၌ ပဌမဈာန်ကို။ပ။ ဒုတိယဈာန်ကို။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကိုရ၏၊ လေ့လာ၏၊ ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

၇၂။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ မျက်မှောက်ပြု အပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း။ပ။ ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ သုညတဝိမောက္ခကိုလည်းကောင်း။ပ။ အနိမိတ္တဝိမောက္ခကိုလည်းကောင်း။ အပ္ပဏိဟိတဝိမောက္ခကိုလည်းကောင်း။ သုညတသမာဓိကိုလည်းကောင်း။ အနိမိတ္တသမာဓိကိုလည်းကောင်း။ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟုပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ သုညတသမာပတ်ကိုလည်းကောင်း။ပ။ အနိမိတ္တသမာပတ်ကိုလည်းကောင်း။ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်းရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း။ပ။ သမ္မပ္ပဓာန်လေးပါးတို့ကိုလည်းကောင်း။ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်းဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်းရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း။ပ။ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်းငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သောမဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ သောတာပတိ္တဖိုလ်ကိုလည်းကောင်း။ပ။ သကဒါဂါမိဖိုလ်ကိုလည်းကောင်း။ အနာဂါမိဖိုလ်ကိုလည်းကောင်း။ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်းငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ပ။ ရာဂကိုလည်း ငါစွန့်ပြီ၊ ဒေါသကိုလည်း ငါစွန့်ပြီ၊ မောဟကိုလည်း ငါစွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာထိတ်လန့်စေပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ပ။ ငါ၏ စိတ်သည် ရာဂမှလည်း အပိတ်အပင်ကင်းပြီ၊ ငါ၏ စိတ်သည် ဒေါသမှလည်းအပိတ်အပင်ကင်းပြီ၊ ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်းပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

 

၇၃။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကိုလည်းကောင်း၊ ၊ တတိယဈာန်ကိုလည်းကောင်း။ပ။ ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊ ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်း အား ပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကိုလည်းကောင်း၊ သုညတဝိမောက္ခကိုလည်းကောင်း။ပ။ ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်းပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်းရ၏၊ လေ့လာ၏၊ ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟုပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။

မူကို အကျဉ်းချုံးအပ်ပြီ။

------

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်း၏။ ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ငါ၏ စိတ်သည် မောဟမှလည်းအပိတ်အပင်ကင်း၏။ ပဌမဈာန်ကိုလည်း ရ၏၊ လေ့လာ၏၊ ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်း၏။ ပဌမဈာန်ကိုလည်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ပ။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်း၏။ ငါ၏ စိတ်သည် ဒေါသမှလည်း အပိတ်အပင်ကင်း၏ဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။ပ။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း၊ သုညတဝိမောက္ခကိုလည်းကောင်း။ပ။ အနိမိတ္တဝိမောက္ခကိုလည်းကောင်း၊ အပ္ပဏိဟိတဝိမောက္ခကိုလည်းကောင်း၊ သုညတသမာဓိကိုလည်းကောင်း၊ အနိမိတ္တသမာဓိကိုလည်းကောင်း၊ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း၊ သုညတသမာပတ်ကိုလည်းကောင်း၊ အနိမိတ္တသမာပတ်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ မြတ်သောမဂ္ဂင်ရှစ်ပါးကိုလည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်းဝင်စားခဲ့ပြီ၊ ဝင်စားသည်။ပ။ ရာဂကိုလည်း ငါစွန့်ပြီ၊ ဒေါသကိုလည်း ငါစွန့်ပြီ၊ မောဟကိုလည်း ငါစွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ငါ၏ စိတ်သည်ရာဂမှလည်း အပိတ်အပင်ကင်းပြီ၊ ငါ၏ စိတ်သည် ဒေါသမှလည်း အပိတ်အပင် ကင်းပြီ ငါ၏ စိတ်သည်မောဟမှလည်း အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

၇၄။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်ဒုတိယဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ်သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို သုညတဝိမောက္ခကို အနိမိတ္တဝိမောက္ခကို အပ္ပဏိဟိတဝိမောက္ခကိုသုညတသမာဓိကို အနိမိတ္တသမာဓိကို အပ္ပဏိဟိတသမာဓိ်ကို သုညတသမာပတ်ကို အနိမိတ္တသမာပတ်ကိုအပ္ပဏိဟိတသမာပတ်ကို ဝိဇ္ဇာသုံးပါးတို့ကို သတိပဋ္ဌာန်လေးပါးတို့ကို သမ္မပ္ပဓာန်လေးပါးတို့ကို ဣဒ္ဓိပါဒ့်လေးပါးတို့ကို ဣန္ဒြေငါးပါးတို့ကို ဗိုလ်ငါးပါးတို့ကို ဗောဇ္ဈင်ခုနစ်ပါးတို့ကို မြတ်သော မဂ္ဂင်ရှစ်ပါးကိုသောတာပတ္တိဖိုလ်ကို သကဒါဂါမိဖိုလ်ကို အနာဂါမိဖိုလ်ကို အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ။ပ။ ရာဂကိုငါစွန့်ပြီ၊ ဒေါသကို ငါစွန့်ပြီ၊ မောဟကို ငါစွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ငါ၏ စိတ်သည် ရာဂမှ အပိတ်အပင် ကင်းပြီ၊ ငါ၏ စိတ်သည် ဒေါသမှအပိတ်အပင် ကင်းပြီ၊ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော်ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုုလိုလျက်။ပ။ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ်သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။ပ။

မူကို အကျဉ်းချုံးအပ်ပြီ။

------

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုလိုလျက် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော်ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုလိုလျက် ငါ၏ စိတ်သည် ဒေါသမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော်ဒုက္ကဋ်အာပတ် သင့်၏။ပ။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ ငါ၏ စိတ်သည် ဒေါသမှအပိတ်အပင်ကင်းပြီဟု ပြောဆိုလိုလျက် ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိ နားမလည် သော် ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုလိုလျက် ပဌမဈာန်ကို ဝင်စားပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော်ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။

၇၅။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်း၌ နေသော ရဟန်းသည်ပဌမဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ ထိုရဟန်းသည် ပဌမဈာန်ကို ရ၏။ လေ့လာ၏။ ထိုရဟန်းသည် ပဌမဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်း၌ နေသော ရဟန်းသည်ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ ထိုရဟန်းသည် စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။ ထိုရဟန်းသည် စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်း၌ နေသော ရဟန်းသည်သုညတဝိမောက္ခကို။ပ။ အနိမိတ္တဝိမောက္ခကို အပ္ပဏိဟိတဝိမောက္ခကို သုညတသမာဓိကို အနိမိတ္တသမာဓိကို အပ္ပဏိဟိတသမာဓိကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ ထိုရဟန်းသည် အပ္ပဏိဟိတသမာဓိကို ရ၏။ လေ့လာ၏။ ထိုရဟန်းသည် အပ္ပဏိဟိတသမာဓိကို် မျက်မှောက်ပြုအပ်ပြီဟုပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်း၌ နေသော ရဟန်းသည်သုညတသမာပတ်ကို။ပ။ အနိမိတ္တသမာပတ်ကို။ အပ္ပဏိဟိတသမာပတ်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ အပ္ပဏိဟိတသမာပတ်ကို ရ၏။ လေ့လာ၏၊ ထိုရဟန်းသည် အပ္ပဏိဟိတသမာပတ်ကို်မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်း၌ နေသော ရဟန်းသည် ဝိဇ္ဇာသုံးပါးတို့ကို။ပ။ သတိပဋ္ဌာန်လေးပါးတို့ကို။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ်လေးပါးတို့ကို။ ဣန္ဒြေငါးပါးတို့ကို။ ဗိုလ်ငါးပါးတို့ကို။ ဗောဇ္ဈင်ခုနစ်ပါးတို့ကို။ မြတ်သော မဂ္ဂင်ရှစ်ပါးကို။ သောတာပတိ္တဖိုလ်ကို။ သကဒါဂါမိဖိုလ်ကို။ အနာဂါမိဖိုလ်ကို။ အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ပ။ ထိုရဟန်းသည် ရာဂကို စွန့်ပြီ၊ ဒေါသကို စွန့်ပြီ၊ မောဟကို စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ထိုရဟန်း၏ စိတ်သည် ရာဂမှ အပိတ်အပင်ကင်းပြီ၊ ဒေါသမှ အပိတ်အပင် ကင်းပြီ၊ မောဟမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအားဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်း၌ နေသော ရဟန်းသည်ဆိတ်ငြိမ်ရာ၌ ပဌမဈာန်ကို။ပ။ ဒုတိယဈာန်ကို။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။ ထိုရဟန်းသည်ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ သင်္ကန်းကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ ဆွမ်းကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ ကျောင်းအိပ်ရာနေရာကို သုံးဆောင်သောရဟန်းသည်၊ သင်၏ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင်သော ရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

၇၆။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်၏ ကျောင်းကို သုံးဆောင်သော ရဟန်းသည်၊ ။ပ။ သင်၏ သင်္ကန်းကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ ဆွမ်းကို သုံးဆောင်သောရဟန်းသည်၊ သင်၏ ကျောင်းအိပ်ရာနေရာကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို သုံးဆောင်သော ရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ဝင်စားပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။

ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သင်သည် အကြင်ရဟန်းကို အကြောင်းပြု၍ကျောင်းကို ပေးလှူ၏။ပ။ သင်္ကန်းကို ပေးလှူ၏၊ ဆွမ်းကို ပေးလှူ၏။ ကျောင်းအိပ်ရာနေရာကို ပေးလှူ၏၊ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ပေးလှူ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏၊ လေ့လာ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။

၇၇။ ရဟန်းဖြစ်သူအား အမှန်ကို ပြောကြားငြားအံ့၊ အာပတ် မသင့်။ အစလက်ဦး လွန်ကျူးသောရဟန်းအားလည်း အာပတ် မသင့်။

အဋ္ဌမ ဘူတာရောစနသိက္ခာပုဒ် ပြီး၏။

------

၁။ ဒွီဟိတိကာ- နေ့သေရအံ့လော၊ ညဉ့်သေရအံ့လောဟု နှလုံးနှစ်ခွ ရှိခြင်း။

၁-မုသာဝါဒဝဂ် ၉- ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်

၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတိ္ထပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ဆဗ္ဗဂ္ဂီရဟန်းတို့နှင့် ခိုက်ရန်ဖြစ်၏။

ထိုအသျှင်ဥပနန္ဒသည် စေတနာနှင့် တကွဖြစ်သော သုက်လွှတ်မှုအာပတ်သို့ ရောက်၍ သံဃာအားထိုအာပတ်၏ ပရိဝါသ်ကို တောင်း၏၊ သံဃာသည် ထိုအသျှင်ဥပနန္ဒအား ထိုအာပတ်၏ ပရိဝါသ်ကိုပေး၏။

ထိုအခါ သာဝတ္ထိပြည်တွင် မထင်ရှားသော အသင်းတစ်ခု၌ သံဃဘတ် ရှိ၏၊ ထိုအသျှင်ဥပနန္ဒသည်ပရိဝါသ်ကျင့်သုံးနေစဉ်ဖြစ်၍ ဆွမ်းစားဇရပ်၌ အစွန်ဆုံးနေရာတွင် ထိုင်နေ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည်ထိုဥပါသကာတို့ကို ''ဥပါသကာတို့ သင်တို့ ချီးမွမ်းအပ်သော အိမ်သို့ ကပ်တတ်သော သာကီဝင်မင်းသားအသျှင်ဥပနန္ဒ ရဟန်းသည် အကြင်လက်ဖြင့်ပင် သဒ္ဓါကြည်ညို၍ လှူအပ်သော ဆွမ်းကို သုံးဆောင်၏။ ထိုလက်ဖြင့်ပင် လုံ့လပြု၍ သုက်ကို လွတ်စေ၏။ ထိုအသျှင်ဥပနန္ဒသည် စေတနာနှင့်တကွ ဖြစ်သော သုတ်လွှတ်မှု အာပတ်သို့ ရောက်၍ သံဃာအား ထိုအာပတ်၏ ပရိဝါသ်ကို တောင်း၏။ သံဃာသည် ထိုအသျှင်ဥပနန္ဒအား ထိုအာပတ်၏ ပရိဝါသ်ကို ပေး၏။ ထိုအသျှင်ဥပနန္ဒသည် ပရိဝါသ်ကျင့်သုံးနေရသော ကြောင့် အစွန်ဆုံးနေရာမှာ နေရ၏''ဟု ပြောဆိုကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူအား ပြောကြားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူ အား ပြောကြားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူအား ပြောကြားကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၈။ ၉-၇၉။ ''အကြင်ရဟန်းသည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းတို့၏ သမ္မုတိ မရဘဲ ရဟန်းမဟုတ်သူအား ပြောကြားငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၉-ဒုဋ္ဌုုလ္လာရောစနသိက္ခာပုဒ် အဖွင့်

၈၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။

ရဟန်း၏ဟူသည် အခြားသော ရဟန်း၏။

ရုန့်ရင်းသော အာပတ် မည်သည် ပါရာဇိကလေးပါး သံဃာဒိသိသ် တစ်ဆယ့်သုံးပါးတို့တည်း။

ရဟန်းမဟုတ်သူ မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမကို ချန်ထား၍ ကြွင်းကျန်သော သူသည် ရဟန်းမဟုတ်သောသူ မည်၏။

ပြောကြားငြားအံ့ဟူသည် မိန်းမအားလည်းကောင်း၊ ယောက်ျားအားလည်းကောင်း၊ လူအားလည်း ကောင်း၊ ရဟန်းအားလည်းကောင်း ပြောကြားငြားအံ့။

ရဟန်းတို့၏ သမ္မုတိ မရဘဲဟူသည် ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍။

အာပတ်အပိုင်းအခြားရှိ၍ အမျိုး 'ဒါယကာ' အပိုင်းအခြား မရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။

အမျိုး 'ဒါယကာ' အပိုင်းအခြားရှိ၍ အာပတ်အပိုင်းအခြား မရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။

အာပတ်အပိုင်းအခြားလည်းရှိ အမျိုးအပိုင်းအခြားလည်း ရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။

အာပတ်အပိုင်းအခြားလည်းမရှိ အမျိုးအပိုင်းအခြားလည်း မရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။

အာပတ်အပိုင်းအခြား မည်သည် ဤမျှသော အာပတ်တို့ဖြင့် ပြောကြားအပ်၏ဟု အာပတ်တို့ကို ပိုင်းခြား သတ်မှတ်ထားခြင်းတည်း။

အမျိုးအပိုင်းအခြား မည်သည် ဤမျှသော အမျိုးတို့၌ ပြောကြားအပ်၏ဟု အမျိုးတို့ကို ပိုင်းခြား သတ်မှတ်ထားခြင်းတည်း။

အာပတ်အပိုင်းအခြားလည်းရှိ အမျိုးအပိုင်းအခြားလည်းရှိ မည်သည် ဤမျှသော အာပတ် တို့ဖြင့် ဤမျှလောက်ကုန်သော အမျိုးတို့၌ ပြောကြားအပ်၏ဟု အာပတ်တို့ကိုလည်း ပိုင်းခြား သတ်မှတ်ထားခြင်း အမျိုးတို့ကိုလည်း ပိုင်းခြား သတ်မှတ်ထားခြင်းတည်း။

အာပတ်အပိုင်းအခြားလည်းမရှိ အမျိုးအပိုင်းအခြားလည်းမရှိ မည်သည် ဤမျှသော အာပတ်တို့ဖြင့် ဤမျှသော အမျိုးတို့၌ ပြောကြားအပ်၏ဟု အာပတ်တို့ကိုလည်း မပိုင်းခြားခြင်း အမျိုးတို့ကို လည်း မပိုင်းခြားခြင်းတည်း။

၈၁။ အာပတ်အပိုင်းအခြားရှိရာ၌ ပိုင်းခြားသတ်မှတ်၍ ထားအပ်ကုန်သော အာပတ်တို့ကို ကြဉ်၍ တစ်ပါးသော အာပတ်တို့ဖြင့် ပြောကြားအံ့၊ ပါစိတ်အာပတ် သင့်၏။

အမျိုးအပိုင်းအခြားရှိရာ၌ ပိုင်းခြားသတ်မှတ်၍် ထားအပ်ကုန်သော အမျိုးတို့ကို ကြဉ်၍ တစ်ပါးသော အမျိုးတို့၌ ပြောကြားအံ့၊ ပါစိတ်အာပတ် သင့်၏။

အာပတ်အပိုင်းအခြားလည်းရှိ အမျိုးအပိုင်းအခြားလည်းရှိရာ၌ ပိုင်းခြားသတ်မှတ်၍ ထားသော အာပတ် ပိုင်းခြားသတ်မှတ်၍ ထားသော အမျိုးတို့ကို ကြဉ်၍ တစ်ပါးသော အာပတ်တို့ဖြင့် တစ်ပါးသော အမျိုးတို့၌ ပြောကြားအံ့၊ ပါစိတ်အာပတ် သင့်၏။

အာပတ်အပိုင်းအခြားလည်းမရှိ အမျိုးအပိုင်းအခြားလည်းမရှိရာ၌ အာပတ် မသင့်။

၈၂။ ရုန့်ရင်းသော အာပတ်၌ ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းမဟုတ်သူအား ပြောကြားအံ့၊ ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍ ပါစိတ်အာပတ် သင့်၏။

ရုန့်ရင်းသော အာပတ်၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းမဟုတ်သူအား ပြောကြားအံ့၊ ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍ ပါစိတ်အာပတ် သင့်၏။

ရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းမဟုတ်သူအား ပြောကြားအံ့၊ ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍ ပါစိတ်အာပတ် သင့်၏။

မရုန့်ရင်းသော အာပတ်ကို ပြောကြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

သာမဏေ၏ ရုန့်ရင်းသော လွန်ကျူးခြင်း မရုန့်ရင်းသော လွန်ကျူးခြင်းကို ပြောကြားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

မရုန့်ရင်းသော အာပတ်ကို ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မရုန့်ရင်းသော အာပတ်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၈၃။ ဝတ္ထု (သုတ်လွှတ်မှု) ကို ပြောကြား၍ အာပတ်ကို မပြောကြားသော်လည်းကောင်း၊ အာပတ် (သံဃာဒိသိသ်) ကို ပြောကြား၍ ဝတ္ထုကို မပြောကြားသော်လည်းကောင်း အာပတ် မသင့်။ သမ္မုတိရသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

နဝမ ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ် ပြီး၏။

------

၁။ ပရိဝါသ်= ကျူးလွန်သောအပြစ် ဖုံးလွှမ်းသော ရက်အပိုင်းအခြား အားလျော်စွာ ဆောက်တည် နေထိုင်ရသော အကျင့်။

၂။ သမ္မုတိ= အာပတ်မပြတ်သင့်သော ရဟန်းအား နောင်အခါ စောင့်ရှောက်စိမ့်သောငှါ သုံးကြိမ်တိုင်တိုင် ပန်ကြား၍ သံဃာ က ပြောကြားရန် သမုတ်ခြင်း။

၁-မုသာဝါဒဂ် ၁၀-ပထဝီခဏန သိက္ခာပုဒ်

၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူ သောအခါ အာဠဝီပြည်သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကုန်သော် မြေကို ကိုယ်တိုင်လည်း တူးဆွကုန်၏၊ သူတစ်ပါးတို့ကိုလည်း တူးဆွစေကုန်၏။

လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မြေကြီးကို ကိုယ်တိုင် တူးဆွကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း တူးဆွစေကုန်ဘိသနည်း၊ သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် တစ်ခုသော ဣန္ဒြေရှိသော အသက်ကို ညှဉ်းဆဲကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ထိုလူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားတို့ကို ကြားကြသည် သာတည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အာဠဝီပြည်သား ရဟန်းတို့သည် မြေကြီး ကို ကိုယ်တိုင် တူးဆွကုန်ဘိသနည်း၊ သူတစ်ပါးတို့ကို တူးဆွစေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

ရဟန်းတို့ သင်တို့သည် မြေကြီးကို ကိုယ်တိုင် တူးဆွကုန်၏၊ သူတစ်ပါးတို့ကိုလည်း တူးဆွစေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မြေကြီးကို ကိုယ်တိုင် တူးဆွကုန်ဘိသနည်း၊ သူတစ်ပါးတို့ကို တူးဆွစေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ လူတို့သည် မြေကြီး၌ အသက် ရှိ၏ဟု ထင်မှတ်ကုန်၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၅၉။ ၁၀-၈၅။ ''အကြင်ရဟန်းသည် မြေကို တူးမူလည်း တူးငြားအံ့၊ တူးစေမူလည်း တူးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၁၀-ပထဝီခဏနသိက္ခာပုဒ် အဖွင့်

၈၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတိ္တစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။

မြေ မည်သည် မြေစစ် မြေတုဟူ၍ နှစ်မျိုး ရှိ၏။

မြေစစ် မည်သည် မြေမှုန့်သက်သက် မြေညက်သက်သက် ကျောက်ခဲအနည်းငယ် ရှိသောမြေ ကျောက်စရစ်အနည်းငယ် ရှိသောမြေ အိုးခြမ်းကွဲအနည်းငယ် ရှိသောမြေ ကျောက်ပြုတ်အနည်းငယ် ရှိသောမြေ သဲအနည်းငယ် ရှိသောမြေ မြေမှုန့်များသောမြေ မြေညက်များသောမြေတည်း၊ မီးမလောင် သော မြေကိုလည်း မြေစစ်ဟူ၍ ဆိုအပ်၏။ လေးလထက် လွန်၍ မိုးစွတ်စိုသော မြေမှုန့်အစုအပုံ မြေညက်အစုအပုံကိုလည်း မြေစစ်ဟူ၍ ဆိုအပ်၏။

မြေတု မည်သည် ကျောက်ခဲသက်သက် ကျောက်စရစ်သက်သက် အိုးခြမ်းကွဲသက်သက် ကျောက် ပြုတ်သက်သက် သဲသက်သက် မြေမှုန့်အနည်းငယ်ရှိသောမြေ မြေညက်အနည်းငယ်ရှိသောမြေ ကျောက်ခဲ များသောမြေ ကျောက်စရစ်များသောမြေ အိုးခြမ်းကွဲများသောမြေ ကျောက်ပြုတ်များသောမြေ သဲများသော မြေတည်း၊ မီးလောင်သော မြေကိုလည်း မြေတုဟူ၍ ဆိုအပ်၏။ လေးလအောက် ယုတ်လျော့၍ မိုးစွတ်စို သော မြေမှုန့်အစုအပုံ မြေညက်အစုအပုံကိုလည်း မြေတုဟူ၍ ဆိုအပ်၏။

တူးငြားအံ့ဟူသည် ကိုယ်တိုင်တူးအံ့၊ ပါစိတ်အာပတ် သင့်၏။

တူးစေငြားအံ့ဟူသည် သူတစ်ပါးကို တူးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

တစ်ကြိမ်စေခိုင်းအပ်လျက် အကြိမ်များစွာ တူးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

၈၇။ မြေကြီး၌ မြေကြီးဟု အမှတ်ရှိသည်ဖြစ်၍ တူးသော်လည်းကောင်း၊ တူးစေသော်လည်းကောင်း၊ ခွဲဖျက်သော်လည်းကောင်း၊ ခွဲဖျက်စေသော်လည်းကောင်း၊ မီးတိုက်သော်လည်းကောင်း၊ မီးတိုက်စေသော် လည်းကောင်း ပါစိတ်အာပတ် သင့်၏။

မြေကြီး၌ ယုံမှားရှိသည်ဖြစ်၍ တူးသော်လည်းကောင်း၊ တူးစေသော်လည်းကောင်း၊ ခွဲဖျက်သော် လည်းကောင်း၊ ခွဲဖျက်စေသော်လည်းကောင်း၊ မီးတိုက်သော်လည်းကောင်း၊ မီးတိုက်စေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။

မြေကြီး၌ မြေကြီးမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ တူးသော်လည်းကောင်း၊ တူးစေသော်လည်း ကောင်း၊ ခွဲဖျက်သော်လည်းကောင်း၊ ခွဲဖျက်စေသော်လည်းကောင်း၊ မီးတိုက်သော်လည်းကောင်း၊ မီးတိုက်စေ သော်လည်းကောင်း အာပတ် မသင့်။

မြေကြီးမဟုတ်သည်၌ မြေကြီးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မြေကြီးမဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မြေကြီးမဟုတ်သည်၌ မြေကြီးမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၈၈။ ''ဤမြေကို သိလော့၊ ဤမြေကို ပေးလော့၊ ဤမြေကို ဆောင်ခဲ့လော့၊ ဤမြေဖြင့် အလိုရှိ၏၊ ဤမြေကို အပ်စပ်အောင် ပြုလော့''ဟု ဆိုအံ့၊ အာပတ် မသင့်။

စေတနာ မရှိဘဲ တူးအံ့၊ သတိမေ့လျော့၍ တူးအံ့၊ အာပတ် မသင့်။

မသိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ဒသမ ပထဝီခဏနသိက္ခာပုဒ် ပြီး၏။

ပဌမ မုသာဝါဒဝဂ် ပြီး၏။

------

မုသာဝါဒဝဂ်၏ အကျဉ်းချုပ်

မဟုတ်မမှန်ရာကိုပြောသော မုသာဝါဒသိက္ခာပုဒ်၊ နှုတ်လှံထိုးသော စကားကို ဆိုသော ဩမသဝါဒသိက္ခာပုဒ်၊ ရဟန်းတို့ကို ကုန်းတိုက်သော ဘိက္ခုပေသုည သိက္ခာပုဒ်၊ ပုဒ်ပြိုင်တရားကို ပို့ချသော ပဒသောဓမ္မသိက္ခာပုဒ်၊ အတူအိပ်သော သဟ သေယျသိက္ခာပုဒ်နှစ်ပါး၊ မာတုဂါမအား တရားဟောသော ဓမ္မဒေသနာသိက္ခာပုဒ်၊ဟုတ် မှန်ရာ ပြောကြားသော ဘူတာရောစနသိက္ခာပုဒ်၊ ရုန့်ရင်းသော အာပတ်ကို ပြော ကြားသော ဒုဋ္ဌုလ္လာပတ္တိရောစနသိက္ခာပုဒ်၊ မြေကိုတူးသော ပထဝီခဏနသိက္ခာပုဒ်တို့။

ဤကား အကျဉ်းချုပ်တည်း။

------

၂-ဘူတဂါမဝဂ် ၁-ဘူတဂါမသိက္ခာပုဒ်

၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော် မူသောအခါ အာဠဝီပြည်သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကုန်သော် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်၏၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်၏။

အာဠဝီပြည်သား ရဟန်းတစ်ပါးသည်လည်း သစ်ပင်ကို ခုတ်ဖြတ်ရာ ထိုသစ်ပင်ကို စိုးအုပ်၍ နေသော နတ်သမီးသည် ထိုရဟန်းအား ''အသျှင်ဘုရား မိမိ၏ ဗိမာန်ကို ပြုလုပ်လို၍ အကျွန်ုပ်၏ ဗိမာန်ကို မခုတ်ဖြတ်ပါလင့်''ဟု ဆို၏။ ထိုရဟန်းသည် (ထိုနတ်သမီး၏စကားကို) နားမထောင်မူ၍ ခုတ်ဖြတ်မြဲ ခုတ်ဖြတ်လေရာ ထိုနတ်သမီး၏ ကလေးလက်မောင်းကို ခုတ်ဖြတ်မိ၏။ ထိုအခါ ထိုနတ်သမီးအား ''ငါသည် ဤရဟန်းကို ဤနေရာ၌ပင် သတ်ဖြတ်လိုက်ရမူ ကောင်းလေစွ''ဟု အကြံ ဖြစ်၏။

ထို့နောက် ထိုနတ်သမီးအား ''ငါသည် ဤရဟန်းကို ဤနေရာ၌ပင် သတ်ဖြတ်ခြင်းသည် မသင့် လျော်ချေ၊ စင်စစ်သော်ကား မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်ပြန်၏။

ထိုအခါ ထိုနတ်သမီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်၏။ နတ်သမီး ကောင်းလေစွ ကောင်းလေစွ၊ နတ်သမီး သင်သည် ထိုရဟန်းကို မသတ်ဖြတ်ခြင်းသည် ကောင်းမွန်လှပေစွ၊ နတ်သမီး သင်သည် ထိုရဟန်းကို အကယ်၍ သတ်ဖြတ်မိပါမူ သင့်အား မကောင်းမှု တိုးပွားလေရာ၏။ နတ်သမီး သင် သွားချေလော့၊ ဤမည်သော အရပ်၌ ရှိသော သစ်ပင်သည် (အုပ်စိုးသူ နတ်မှ) ကင်းဆိတ်၏။ ထိုသစ်ပင်ကို စွဲမှီ၍ နေလေလော့ဟု မိန့်တော်မူ၏။

လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း။ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် တစ်ခုသော ဣန္ဒြေရှိသော အသက်ကို အဘယ့်ကြောင့် ညှဉ်းဆဲကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားတို့ကို ကြားကြသည်သာ တည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အာဠဝီပြည်သား ရဟန်းတို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်၏။ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သစ်ပင်ကို ကိုယ် တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ လူတို့သည် သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကြကုန်၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၆၀။ ၁၁-၉၀။ ''ကြီးပွားပြီး ကြီးပွားဆဲဖြစ်သော မျိုးစေ့ မြက်သစ်ပင် အပေါင်းကို ခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

၁-ဘူတဂါမသိက္ခာပုဒ် အဖွင့်

၉၁။ ကြီးပွါးပြီး ကြီးပွါးဆဲဖြစ်သော မျိုးစေ့မြက်သစ်ပင်အပေါင်း မည်သည် အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့ဟူ၍ မျိုးစေ့ငါးမျိုးတည်း။

အမြစ်မျိုးစေ့ မည်သည် နနွင်း ချင်းစိမ်း လင်းလေ ဆိတ်ဖူး ဓိဝုတ် ကုလားဆောင်းမေခါး ပန်းရင်း နွားမြေရင်းတည်း၊ ထိုမှတစ်ပါး အမြစ်၌ ဖြစ်ကုန်သော အမြစ်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန် သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် အမြစ်မျိုးစေ့ မည်၏။

ပင်စည်မျိုးစေ့ မည်သည် ညောင်ဗုဒ္ဓဟေပင် ပညောင်ပင် ညောင်ကြတ်ပင် သဖန်းပင် ခအောင်းပင် ညောင်ချဉ်ပင်တည်း၊ ထိုမှတစ်ပါး ပင်စည်အကိုင်းအခက်၌ ဖြစ်ကုန်သော အကိုင်းအခက်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် ပင်စည်မျိုးစေ့ မည်၏။

အဆစ်မျိုးစေ့ မည်သည် ကြံပင် ဝါးပင် ကျူပင်တည်း၊ ထိုမှတစ်ပါး အဆစ်၌ ဖြစ်ကုန်သော အဆစ်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် အဆစ် မျိုးစေ့ မည်၏။

အညွန့်မျိုးစေ့ မည်သည် ကညို့ပင် ရုံးရိုင်းပင် (တောရုံးဖြူပင်) ပန်းမပင် (ခေါင်ရမ်းကြီးပင်) တည်း၊ ထိုမှတစ်ပါး အညွန့်၌ ဖြစ်ကုန်သော အညွန့်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင် တို့သည် ရှိကုန်၏၊ ဤအလုံးစုံသည် အညွန့်မျိုးစေ့ မည်၏။

အစေ့မျိုးစေ့ မည်သည် ကောက်စပါး ပဲတည်း၊ ထိုမှတစ်ပါး အစေ့၌ ဖြစ်ကုန်သော အစေ့ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် အစေ့မျိုးစေ့ မည်၏။

၉၂။ မျိုးစေ့၌ မျိုးစေ့ဟု အမှတ်ရှိသည်ဖြစ်၍ ဖြတ်မူလည်း ဖြတ်အံ့၊ ဖြတ်စေမူလည်း ဖြတ်စေအံ့၊ ခွဲဖျက်မူလည်း ခွဲဖျက်အံ့၊ ခွဲဖျက်စေမူလည်း ခွဲဖျက်စေအံ့၊ ချက်မူလည်း ချက်အံ့၊ ချက်စေမူလည်း ချက်စေအံ့၊ ပါစိတ်အာပတ် သင့်၏။

မျိုးစေ့၌ ယုံမှားရှိသည်ဖြစ်၍ ဖြတ်မူလည်း ဖြတ်အံ့၊ ဖြတ်စေမူလည်း ဖြတ်စေအံ့၊ ခွဲဖျက်မူလည်း ခွဲဖျက်အံ့၊ ခွဲဖျက်စေမူလည်း ခွဲဖျက်စေအံ့၊ ချက်မူလည်း ချက်အံ့၊ ချက်စေမူလည်း ချက်စေအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

မျိုးစေ့၌ မျိုးစေ့မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖြတ်မူလည်း ဖြတ်အံ့၊ ဖြတ်စေမူလည်း ဖြတ်စေအံ့၊ ခွဲဖျက်မူလည်း ခွဲဖျက်အံ့၊ ခွဲဖျက်စေမူလည်း ခွဲဖျက်စေအံ့၊ ချက်မူလည်း ချက်အံ့၊ ချက်စေမူလည်း ချက်စေအံ့၊ အာပတ် မသင့်။

မျိုးစေ့မဟုတ်သည်၌ မျိုးစေ့ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မျိုးစေ့မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မျိုးစေ့မဟုတ်သည်၌ မျိုးစေ့မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၉၃။ ''ဤမျိုးစေ့ကို သိလော့၊ ဤမျိုးစေ့ကို ပေးလော့၊ ဤမျိုးစေ့ကို ဆောင်ယူခဲ့လော့၊ ဤ မျိုးစေ့ဖြင့် အလိုရှိ၏။ ဤမျိုးစေ့ကို အပ်အောင်ပြုလော့''ဟု ဆိုအံ့၊ အာပတ် မသင့်။

စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့၍ ပြုမိသော ရဟန်း၊ မသိသော ရဟန်းး ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ပဌမ ဘူတဂါမသိက္ခာပုဒ် ပြီး၏။

------

၂-ဘူတဂါမဝဂ် ၂-အညဝါဒကသိက္ခာပုဒ်

၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ အသျှင်ဆန္နသည် မပြုကျင့်သင့်သော အရာကို ပြုကျင့်၍ သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ် အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်းပြောဆို၏။

အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်း ကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်းဟူ၍ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို အဘယ့်ကြောင့် ဖုံးလွှမ်းပြောဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ဆန္န သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ အဘယ်သူသည် အာပတ် သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ် သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုုကုန်သနည်း၊ အဘယ်ကို ပြောဆို ကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ''အဘယ်သူသည် အာပတ် သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ် သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆို ကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို အဘယ့်ကြောင့် ဖုံးလွှမ်းပြောဆိုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ဟု ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြား တော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား အညဝါဒကကံ သို့ တင်လော့ 'မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုတတ်သူ အဖြစ်၌ တည်စေလော့'။ ရဟန်းတို့ ဤဆိုလတ္တံ့သော အတိုင်း တင်အပ်၏။ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

၉၅။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤဆန္နရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို့ဖုံးလွှမ်းပြောဆို၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား အညဝါဒကကံသို့ တင်ရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤဆန္န ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း ပြောဆို၏။ သံဃာသည် ဆန္နရဟန်းအား အညဝါကကံသို့ တင်၏ 'မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုတတ်သူအဖြစ်၌ တည်စေ၏'။ ဆန္နရဟန်းအား အညဝါဒကကံသို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဆန္နရဟန်းအား အညဝါကကံသို့ တင်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်''ဟု (သိစေရမည်)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီး လျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(က) ''မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၉၆။ ထိုအခါ အသျှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ''အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုသော် အာပတ် သင့်၏''ဟု နှလုံးသွင်း၍ ဆိတ်ဆိတ် နေလျက် သံဃာကို ညှဉ်းဆဲ၏။

အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် သံဃာ၏ အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို အဘယ့်ကြောင့် ညှဉ်းဆဲဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ဆန္န သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို ညှဉ်းဆဲ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို အဘယ့်ကြောင့် ညှဉ်းဆဲဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရား စကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံ သို့ တင်လော့ 'ညှဉ်းဆဲတတ် သောသူ အဖြစ်၌ တည်စေလော့'။ ရဟန်းတို့ ဤဆိုလတ္တံ့သောအတိုင်း တင်အပ်၏။ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

၉၇။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤဆန္န ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲ၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်ရာ၏ 'ညှဉ်းဆဲတတ်သူအဖြစ်၌ တည်စေရာ၏'၊ ဤကား သိစေခြင်းတည်း။

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤဆန္နရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲ၏၊ သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်၏။ ဆန္နရဟန်းအား ဝိဟေသက ကံသို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏။ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်အပ်ပြီ 'ညှဉ်းဆဲတတ်သော သူအဖြစ်၌ တည်စေပြီ'၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၆၁။ ၁၂- (ခ) ၉၈။ ''မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ် နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

၂-အညဝါဒကသိက္ခာပုဒ် အဖွင့်

၉၉။ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း မည်သည် သံဃာ့အလယ်၌ ဝတ္ထု (အကြောင်း) ၌သော်လည်းကောင်း၊ အာပတ် (အပြစ်) ၌သော်လည်းကောင်း မေးမြန်း စိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်းဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ အကြောင်း တစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏။ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု ပြောဆို၏၊ ဤသို့ ပြောဆိုုခြင်းသည် မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း မည်၏။

သံဃာကို ညှဉ်းဆဲခြင်း မည်သည် သံဃာ့အလယ်၌ ဝတ္ထု၌သော်လည်းကောင်း၊ အာပတ်၌သော် လည်းကောင်း မေးမြန်း စိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်းဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ ဆိတ်ဆိတ် နေလျက် သံဃာကို ညှဉ်းဆဲ၏၊ ဤဆိတ်ဆိတ်နေခြင်းသည် သံဃာကို ညှဉ်းဆဲခြင်းမည်၏။

၁၀၀။ အညဝါဒကကံသို့ မတင်အပ်မီ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကို သော်လည်းကောင်း မေးမြန်း စိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်း ဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဝိဟေသကကံသို့ မတင်အပ်မီ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကိုသော်လည်း ကောင်း မေးမြန်းစိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်းဝတ္ထု, အာပတ် ကို မထင်ရှားစေလို၍ ဆိတ်ဆိတ်နေလျက် သံဃာကို ညှဉ်းဆဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အညဝါဒကကံသို့ တင်ပြီးမှ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကိုသော်လည်း ကောင်း မေးမြန်းစိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်း ဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်းပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။

ဝိဟေသကကံသို့ တင်ပြီးမှ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကိုသော် လည်းကောင်း မေးမြန်းစိစစ်သောအခါ ထိုအကြောင်း, ဝတ္ထုအာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်း, ဝတ္ထု အာပတ်ကို မထင်ရှားစေလို၍ ဆိတ်ဆိတ်နေသဖြင့် သံဃာကို ညှဉ်းဆဲအံ့၊ ပါစိတ်အာပတ် သင့်၏။

၁၀၁။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရ်ှိသည်ဖြစ်၍ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။

ဓမ္မကံ၌ ယုံမှားခြင်းရှိသည်ဖြစ်၍ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ် နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။

ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၀၂။ မသိ၍ မေးအံ့၊ (ခံတွင်း) နာ၍လည်း မပြောဆိုအံ့၊ ''သံဃာ၏ ခိုက်ရန်ဖြစ်မှု ငြင်းခုံမှု ဆန့်ကျင်သော အယူကိုယူမှု ဆန့်ကျင်သော စကားကို ပြောဆိုမှု ဖြစ်လတံ္တ့''ဟု (သိ၍) မပြောဆိုအံ့၊ သံဃာကွဲပြားခြင်းသည်လည်းကောင်း၊ သံဃာအရေးအခင်းသည်လည်းကောင်း ဖြစ်လတ္တံ့''ဟု (သိ၍) မပြောဆိုအံ့၊ ''မတရားသဖြင့်လည်းကောင်း၊ နှစ်ပါးသုံးပါးအစုဖြင့်လည်းကောင်း ကံမပြုထိုက်ဘဲလျက် ကံပြုလတ္တံ့''ဟု (သိ၍) မပြောဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ဒုတိယ အညဝါဒကသိက္ခာပုဒ် ပြီး၏။

------

၁။ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုသောကြောင့် ပြုအပ်သောကံကို အညဝါဒကံဟု ခေါ်ဆိုသည်။

၂။ သံဃာအား စကားတုံ့ မပြန်ဘဲ ဆိတ်ဆိတ်နေ၍ ညှဉ်းဆဲသောကြောင့် ပြုအပ်သောကံကို ဝိဟေသကကံဟု ခေါ်ဆိုသည်။

၂-ဘူတဂါမဝဂ်၊ ၃-ဥဇ္ဈုာပနကသိက္ခာပုဒ်

၁၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာ၏ ကျောင်းအိပ်ရာနေရာကိုလည်း ခင်း၏၊ ဆွမ်းတို့ကိုလည်း ညွှန်ကြား၏။

ထိုအခါ မေတိ္တယ ဘုမ္မဇကရဟန်း တို့သည် သီတင်းငယ်လည်း ဖြစ်ကုန်၏။ ဘုန်းကံလည်း နည်းပါးကုန်၏၊ သံဃာ၏ ယုတ်ညံ့သော ကျောင်းအိပ်ရာနေရာ၊ ယုတ်ညံ့ကုန်သော ဆွမ်းတို့သည် ထိုရဟန်း တို့အား ရောက်ကုန်၏။ ထိုမေတိ္တယ ဘုမ္မဇကရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ''မလ္လမင်း၏ သား ဒဗ္ဗသည် ချစ်သဖြင့် (ဆန္ဒာဂတိသို့ လိုက်၍) ကျောင်းအိပ်ရာနေရာကို ခင်း၏၊ ချစ်သဖြင့် (ဆန္ဒာ ဂတိသို့ လိုက်၍) ဆွမ်းတို့ကို ညွှန်ကြား၏''ဟု ရဟန်းတို့ကို ကဲ့ရဲ့စေကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် မလ္လမင်း၏ သားအသျှင်ဒဗ္ဗကို ရဟန်းတို့ကို ကဲ့ရဲ့စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို ရဟန်းတို့ကို ကဲ့ရဲ့စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မလ္လမင်း၏သား ဒဗ္ဗကို ရဟန်းတို့ကို ကဲ့ရဲ့စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(က) ''ကဲ့ရဲ့စေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏၊

၁၀၄။ ထိုအခါ မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် ''မြတ်စွာဘုရားသည် ကဲ့ရဲ့စေခြင်းကို ပယ်တော် မူ၏ဟူသော ဤစကားတော်အရဖြင့် ရဟန်းတို့သည် နှိပ်စက်ကုန်လိမ့်မည်''ဟု ရဟန်းတို့၏ အနီးအနား၌ မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ''မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ချစ်သဖြင့် (ဆန္ဒာဂတိသို့ လိုက်၍) ကျောင်းအိပ်ရာနေရာကို ခင်း၏၊ ချစ်သဖြင့် (ဆန္ဒာဂတိသို့လိုက်၍) ဆွမ်းတို့ကို ညွှန်ကြား၏''ဟု ရှုတ်ချ ပြောဆိုကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် မလ္လမင်း၏ သား အသျှင်ဒဗ္ဗကို ရှုတ်ချပြောဆိုကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို ရှုတ်ချပြောဆိုကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မလ္လမင်း၏သား ဒဗ္ဗကို ရှုတ်ချပြောဆိုကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့၊

၆၂။ ၁၃- (ခ) ၁၀၅။ ''ကဲ့ရဲ့စေခြင်း, ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၃-ဥဇ္ဈာပနကသိက္ခာပုဒ် အဖွင့်

၁၀၆။ ကဲ့ရဲ့စေခြင်း မည်သည် သံဃာသည် ကျောင်းအိပ်ရာနေရာခင်းခြင်းငှါလည်းကောင်း၊ ဆွမ်း ညွှန်းခြင်းငှါလည်းကောင်း၊ ယာဂုဝေဖန်ခြင်းငှါလည်းကောင်း၊ သစ်သီးဝေဖန်ခြင်းငှါလည်းကောင်း၊ ခဲဖွယ် ဝေဖန်ခြင်းငှါလည်းကောင်း၊ အနည်းငယ်ကို စွန့်ခြင်းငှါလည်းကောင်း သမုတ်ထားသော ရဟန်းကို ကျေးဇူးမဲ့ ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ မျက်နှာမသာမှုကို ပြုလို၍ ရဟန်းဖြစ်သော သူကို ကဲ့ရဲ့ စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ကဲ့ရဲ့စေခြင်း ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။

ဓမ္မကံ၌ ယုံမှား၍ ကဲ့ရဲ့စေခြင်း ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။

ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ကဲ့ရဲ့စေခြင်း ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏၊

ရဟန်းမဟုတ်သူကို ကဲ့ရဲ့စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

သံဃာသည် ကျောင်းအိပ်ရာနေရာခင်းခြင်းငှါလည်းကောင်း၊ ဆွမ်းညွှန်းခြင်းငှါလည်းကောင်း၊ ယာဂု ဝေဖန်ခြင်းငှါလည်းကောင်း၊ သစ်သီးဝေဖန်ခြင်းငှါလည်းကောင်း၊ ခဲဖွယ်ဝေဖန်ခြင်းငှါလည်းကောင်း၊ အနည်း ငယ်ကို စွန့်ခြင်းငှါလည်းကောင်း မသမုတ်အပ်သော ရဟန်းကို ကျေးဇူးမဲ့ ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ မျက်နှာမသာမှုကို ပြုလို၍ ရဟန်းကိုလည်းကောင်း၊ ရဟန်းမဟုတ်သူကိုလည်းကောင်း ကဲ့ရဲ့စေ ငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

သံဃာသည် ကျောင်းအိပ်ရာနေရာခင်းခြင်းငှါလည်းကောင်း၊ ဆွမ်းညွှန်းခြင်းငှါလည်းကောင်း၊ ယာဂု ဝေဖန်ခြင်းငှါလည်းကောင်း၊ သစ်သီးဝေဖန်ခြင်းငှါလည်းကောင်း၊ ခဲဖွယ်ဝေဖန်ခြင်းငှါလည်းကောင်း၊ အနည်း ငယ်ကို စွန့်ခြင်းငှါလည်းကောင်း၊ သမုတ်ထားသည်လည်းဖြစ်သော သမုတ်မထားသည်လည်းဖြစ်သော ရဟန်း မဟုတ်သူကို ကျေးဇူးမဲ့ ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ မျက်နှာမသာမှုကို ပြုလို၍ ရဟန်း ကိုလည်းကောင်း၊ ရဟန်းမဟုတ်သူကိုလည်းကောင်း ကဲ့ရဲ့စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊

၁၀၇။ ပကတိသဘောအားဖြင့် ချစ်ခြင်း (ဆန္ဒာဂတိ) ကြောင့် အမျက်ထွက်ခြင်း (ဒေါသာဂတိ) ကြောင့် တွေဝေ မိုက်မှားခြင်း (မောဟာဂတိ) ကြောင့် ကြောက်ခြင်း (ဘယာဂတိ) ကြောင့် ပြုသော ရဟန်းကို ကဲ့ရဲ့စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

တတိယ ဥဇ္ဈာပနကသိက္ခာပုဒ် ပြီး၏။

------

၁။ ဆဗ္ဗဂ္ဂီရဟန်းခြောက်ပါးတို့တွင် အပါအဝင်ဖြစ်သော မေတ္တိယမည်သောရဟန်း ဘုမ္မဇကမည်သော ရဟန်းနှစ်ပါးတို့တည်း။

၂-ဘူတဂါမဝဂ် ၄-ပဌမသေနာသနသိက္ခာပုဒ်

၁၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့သည် ဆောင်းဥတုအခါ လွင်တီးခေါင်၌ အိပ်ရာနေရာကို ခင်း၍ ကိုယ်ကို ပူနွေးစေကုန်လျက် 'နေဆာလှုံကုန်လျက်' အချိန်ကာလကို ပြောကြားသော အခါ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို မသိမ်းဆည်းကုန်၊ မသိမ်းဆည်းစေကုန်၊ မပန်ကြားမူ၍လည်း ဖဲသွားကုန်၏၊ အိပ်ရာနေရာသည် (မိုးနှင်း) စိုစွတ်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် လွင်တီးခေါင်၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းဆည်းကုန်ဘိသနည်း၊ မသိမ်းဆည်းစေကုန်ဘိသနည်း၊ မပန်ကြားမူ၍လည်း ဖဲသွားကုန်ဘိသနည်း၊ အိပ်ရာနေရာသည် (မိုးနှင်း) စိုစွတ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ထိုရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ ရဟန်းတို့သည် လွင်တီးခေါင်၌။ပ။ မပန်ကြားမူ၍လည်း ဖဲသွားကုန်၏ဟူသည် မှန်သလော''။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၆၃။ ၁၄-၁၀၉။ ''အကြင်ရဟန်းသည် သံဃာ၏ဥစ္စာ 'သံဃိက' ဖြစ်သော ညောင်စောင်း 'ခုတင်' ကိုသော်လည်းကောင်း၊ အင်းပျဉ် 'ခုံရှည်' ကိုသော် လည်းကောင်း၊ ဘုံလျှို 'ဖုံ' ကိုသော်လည်းကောင်း၊ ဖျာအခင်းကိုသော် လည်းကောင်း၊ လွင်တီးခေါင်၌ ခင်း၍လည်းကောင်း၊ ခင်းစေ၍လည်း ကောင်း ဖဲသွားသော် ထိုသံဃိကညောင်စောင်း အင်းပျဉ်စသည်ကို မသိမ်းငြားအံ့၊ မသိမ်းစေ ငြားအံ့၊ မပန်ကြားမူ၍လည်း ဖဲသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏''ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၁၁၀။ ထိုအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ နေ၍ စောစောကပင်လျှင် အိပ်ရာနေရာကို တစ်ဖန်ပြန်၍ ဆောင်ကုန်၏ 'သိမ်းဆည်းကုန်၏'။ မြတ်စွာဘုရားသည် စောစောကပင် အိပ်ရာနေရာကို တစ်ဖန်ပြန်၍ ဆောင်ကုန်သော ထိုရဟန်းတို့ကို မြင်တော်မူသဖြင့် ဤအကြောင်းအရာကြောင့် တရား စကားကို ဟောကြားတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ (မိုးနှင်း) မစိုစွတ်ဟု မှတ်အပ်သော မဏ္ဍပ်၌ သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ ကျီးငှက် သိမ်းစွန်တို့ ကျင်ကြီးမစွန့်သော အရပ်၌ သော်လည်းကောင်း ရှစ်လတို့ပတ်လုံး အိပ်ရာနေရာကို ထားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။

၄-ပဌမသေနာသနသိက္ခာပုဒ် အဖွင့်

၁၁၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။

သံဃာ၏ဥစ္စာ 'သံဃိက' မည်သည် သံဃာအား ပေးလှူအပ်သော ပစ္စည်း စွန့်လှူအပ်သော ပစ္စည်းတည်း။

ညောင်စောင်း 'ခုတင်' မည်သည် အခြေ၌ အပေါင်စွပ်သော ညောင်စောင်း၊ ထုပ်လျောက်ဖွဲ့သော 'အခြေနှင့် တစ်စပ်တည်း အပေါင်ရှိသော' ညောင်စောင်း၊ ပုစွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော ညောင်စောင်း၊ အပေါင်၌ အခြေတပ်သော ညောင်စောင်းဟူ၍ ညောင်စောင်းလေးမျိုးတို့တည်း။

အင်းပျဉ် 'ခုံရှည်' မည်သည် အခြေ၌ အပေါင်စွပ်သော အင်းပျဉ်၊ ထုပ်လျောက်ဖွဲ့သော 'အခြေနှင့် တစ်စပ်တည်း အပေါင်ရှိသော' အင်းပျဉ်၊ ပုစွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော အင်းပျဉ်၊ အပေါင်၌ အခြေတပ်သော အင်းပျဉ်ဟူ၍ အင်းပျဉ်လေးမျိုးတို့တည်း။

ဘုံလျှို 'ဖုံ' မည်သည် သားမွေးအစာသွပ်သော ဘုံလျှို၊ အဝတ်အစာသွပ်သော ဘုံလျှို၊ လျှော် အစာသွပ်သော ဘုံလျှို၊ မြက်အစာသွပ်သော ဘုံလျှို၊ သစ်ရွက်အစာသွပ်သော ဘုံလျှိုဟူ၍ ဘုံလျှိုငါးမျိုး တို့တည်း။

ဖျာအခင်း မည်သည် လျှော်ဖြင့် ပြုလုပ်သောဖျာ၊ ပန်းရင်းဖြင့် ပြုလုပ်သောဖျာ၊ ဖြူဆံမြက်ဖြင့် ပြုလုပ်သော ဖျာ၊ ပြိတ်မြက်ဖြင့် ပြုလုပ်သောဖျာတည်း၊ (ထိုဖျာအားလုံးသည်) အတွင်း၌ ခေါက်သွင်း၍ ဖွဲ့ချုပ်သည်ချည်းတည်း။

ခင်း၍ဟူသည် ကိုယ်တိုင် ခင်း၍။

ခင်းစေ၍ဟူသည် သူတစ်ပါးကို ခင်းစေ၍။ ရဟန်းမဟုတ်သူကို ခင်းစေအံ့၊ စေခိုင်းသော ရဟန်း၏့တာဝန်ဖြစ်၏၊ ရဟန်းကို ခင်းစေအံ့၊ ခင်းသော ရဟန်း၏ တာဝန်ဖြစ်၏။

ဖဲသွားသော် ထိုသံဃိက ညောင်စောင်း အင်းပျဉ်စသည်ကို မသိမ်းငြားအံဟူသည် ကိုယ်တိုင် မသိမ်းဆည်း ငြားအံ့။

မသိမ်းစေငြားအံ့ဟူသည် သူတစ်ပါးကို မသိမ်းဆည်းစေငြားအံ့။

မပန်ကြားမူ၍လည်း ဖဲသွားငြားအံ့ဟူသည် ရဟန်းကိုသော်လည်းကောင်း၊ သာမဏေကိုသော်လည်း ကောင်း၊ အရံစောင့်ကိုသော်လည်းကောင်း မပန်ကြားဘဲ အားအလတ်ရှိသော ယောက်ျား၏ ခဲတစ်ကျကို လွန်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

၁၁၂။ သံဃိက 'သံဃာပိုင်' ပစ္စည်း၌ သံဃိက 'သံဃာပိုင်' ပစ္စည်းဟု အမှတ်ရှိ၍ လွင်တီးခေါင်၌ ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုပစ္စည်းကို မသိမ်းငြားအံ့၊ မသိမ်း စေငြားအံ့၊ မပန်ကြားမူ၍သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

သံဃိက 'သံဃာပိုင်' ပစ္စည်း၌ ယုံမှားရှိသည်ဖြစ်၍။ပ။ သံဃိက 'သံဃာပိုင်' ပစ္စည်း၌ ပုဂ္ဂလိက 'ပုဂ္ဂိုလ်ပိုင်' ပစ္စည်းဟု အမှတ်ရှိသည်ဖြစ်၍ လွင်တီးခေါင်၌ ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော် လည်းကောင်း ဖဲသွားသော် ထိုပစ္စည်းကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

ပုဆိုးအခင်းကိုသော်လည်းကောင်း၊ အပေါ်လွှမ်းအခင်းကိုသော်လည်းကောင်း၊ မြေအခင်းကိုသော်လည်း ကောင်း၊ ကတ်ကျစ် (ဖျာ) အခင်းကိုသော်လည်းကောင်း၊ သားရေပိုင်းအခင်းကိုသော်လည်းကောင်း၊ ခြေသုတ် ကြိုးဝန်းကိုသော်လည်းကောင်း၊ ပျဉ်ချပ်အင်းပျဉ်ကိုသော်လည်းကောင်း၊ လွင်တီးခေါင်၌ ခင်း၍သော်လည်း ကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအခင်းစသည်ကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပုဂ္ဂလိကပစ္စည်း၌ သံဃိကပစ္စည်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပုဂ္ဂလိကပစ္စည်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပုဂ္ဂလိကပစ္စည်းကို ပုဂ္ဂလိကပစ္စည်းဟု အမှတ်ရှိရာ၌ တစ်ပါးသော ပုဂ္ဂိုလ်၏ ပစ္စည်းဖြစ်မူ ဒုက္ကဋ် အာပတ် သင့်၏။

မိမိကိုယ်ပိုင်ပစ္စည်းဖြစ်မူ အာပတ် မသင့်။

၁၁၃။ သိမ်း၍ သွားအံ့၊ သိမ်းစေ၍ သွားအံ့၊ ပန်ကြား၍ သွားအံ့၊ သွေ့ခြောက်စေလို၍ သွားအံ့၊ တစ်စုံတစ်ခုသော ဘေးရန်နှိပ်စက်၍ မသိမ်းဘဲ သွားအံ့၊ ဘေးရန်ဥပဒ် ဖြစ်ပေါ်လတ်သဖြင့် မသိမ်းဘဲ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

စတုတ္ထ ပဌမသေနာသနသိက္ခာပုဒ် ပြီး၏။

------

၁။ ရှေးဆရာကြီးများသည် ကတ်ကျစ်အခင်း ခတ်အခင်းဟု မြန်မာပြန်သည်၊ နေရာထိုင်ရာ အခင်းအထူးပင်တည်း။

၂-ဘူတဂါမဝဂ် ၅-ဒုတိယသေနာသနသိက္ခာပုဒ်

၁၁၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သတ္တရသဝဂ္ဂီရဟန်းတို့သည် အဆွေခင်ပွန်း ဖြစ်ကုန် ၏။ ထိုရဟန်းတို့သည် နေသောအခါလည်း အတူသာလျှင် နေကုန်၏၊ ဖဲသွားသောအခါလည်း အတူသာ့လျှင် ဖဲသွားကုန်၏၊ ထိုရဟန်းတို့သည် မထင်ရှားသော သံဃိကကျောင်းတစ်ကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို မသိမ်းကုန်၊ မသိမ်းစေကုန်၊ မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်၏၊ အိပ်ရာနေရာကို ခြတို့သည် ကိုက်ခဲကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''သတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို အဘယ့်ကြောင့် မသိမ်းကုန်ဘိသနည်း၊ မသိမ်းစေကုန်ဘိသနည်း၊ မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်ဘိသနည်း၊ အိပ်ရာနေရာကို် ခြတို့သည် ကိုက်ခဲကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ သတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားကုန် သော် ထိုအိပ်ရာနေရာကို မသိမ်းကုန် မသိမ်းစေကုန် မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်၏၊ အိပ်ရာ နေရာကို ခြတို့သည် ကိုက်ခဲကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။

ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် သံဃိကကျောင်း၌ အိပ်ရာ နေရာကို ခင်း၍ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို အဘယ့်ကြောင့် မသိမ်းကုန်ဘိသနည်း၊ မသိမ်းစေ ကုန်ဘိသနည်း၊ မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်ဘိသနည်း၊ အိပ်ရာနေရာကို ခြတို့သည် ကိုက်ခဲကုန်၏။ ရဟန်းတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေ ခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၆၄။ ၁၅-၁၁၅။ ''အကြင်ရဟန်းသည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းငြားအံ့၊ မသိမ်းစေ ငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့၊ (ထို ရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၅-ဒုတိယသေနာသနသိက္ခာပုဒ် အဖွင့်

၁၁၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။

သံဃိကကျောင်း မည်သည် သံဃာအား ပေးလှူအပ် စွန့်လှူအပ်သော ကျောင်းတည်း။

အိပ်ရာနေရာ မည်သည် ဘုံလျှို ပုဆိုးအခင်း အပေါ်လွှမ်းအခင်း မြေအခင်း ဖျာကြမ်းအခင်း သားရေပိုင်းအခင်း နေရာထိုင် နိသီဒိုင်အခင်း အိပ်ရာအခင်း မြက်အခင်း သစ်ရွက်အခင်းတည်း။

ခင်း၍ဟူသည် ကိုယ်တိုင် ခင်း၍။

ခင်းစေ၍ဟူသည် သူတစ်ပါးကို ခင်းစေ၍။

ဖဲသွားသော် ထိုအိပ်ရာ နေရာကို မသိမ်းငြားအံ့ဟူသည် ကိုယ်တိုင် မသိမ်းငြားအံ့။

မသိမ်းစေငြားအံ့ဟူသည် သူတစ်ပါးကို မသိမ်းစေငြားအံ့။

မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့ဟူသည် ရဟန်းကိုသော်လည်းကောင်း၊ သာမဏေ ကိုသော်လည်းကောင်း၊ အရံစောင့်ကိုသော်လည်းကောင်း မပန်ကြားမူ၍ ဝင်းခြံရှိသော ကျောင်းအရံ၌ ဝင်းခြံကို လွန်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ ဝင်းခြံမရှိသော ကျောင်းအရံ၌ ကျောင်းဥပစာကို လွန်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။

သံဃိကပစ္စည်း၌ သံဃိကပစ္စည်းဟု အမှတ်ရှိသည်ဖြစ်၍ အိပ်ရာနေရာကိုခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြား မူ၍သော်လည်း ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။

သံဃိကပစ္စည်း၌ ယုံမှားရှိသည်ဖြစ်၍ အိပ်ရာနေရာကို ကိုယ်တိုင်ခင်း၍သော်လည်းကောင်း၊ သူတစ်ပါးကို ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းငြားအံ့၊ မသိမ်းစေငြား အံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။

သံဃိကပစ္စည်း၌ ပုဂ္ဂလိကပစ္စည်းဟု အမှတ်ရှိသည် ဖြစ်၍ အိပ်ရာနေရာကို ကိုယ်တိုင်ခင်း၍သော် လည်းကောင်း၊ သူတစ်ပါးကို ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကိုု မသိမ်း ငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။

၁၁၇။ ကျောင်း၏ ဥပစာ၌သော်လည်းကောင်း၊ စည်းဝေးရာ ဇရပ်၌သော်လည်းကောင်း၊ မဏ္ဍပ်၌ သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ အိပ်ရာနေရာကို ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာ နေရာကိုု မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

ကျောင်း၌သော်လည်းကောင်း၊ ကျောင်း၏ ဥပစာ၌သော်လည်းကောင်း၊ စည်းဝေးရာ ဇရပ်၌သော် လည်းကောင်း၊ မဏ္ဍပ်၌သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ ညောင်စောင်း အင်းပျဉ်ကို ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုညောင်စောင်း အင်းပျဉ်ကို မသိမ်း ငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပုဂ္ဂလိကပစ္စည်း၌ သံဃိကပစ္စည်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပုဂ္ဂလိကပစ္စည်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပုဂ္ဂလိကပစ္စည်းကို ပုဂ္ဂလိကပစ္စည်းဟု အမှတ်ရှိရာ၌ သူတစ်ပါး၏ ပုဂ္ဂလိက 'သူတစ်ပါးပိုင်' ပစ္စည်း ဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။

မိမိ၏ ပုဂ္ဂလိက 'ကိုယ်ပိုင်' ပစ္စည်းဖြစ်မူ အာပတ် မသင့်။

၁၁၈။ သိမ်းဆည်း၍ ဖဲသွားအံ့၊ သိမ်းဆည်းစေ၍ ဖဲသွားအံ့၊ ပန်ကြား၍ ဖဲသွားအံ့၊ တစ်စုံတစ်ခုသော ဘေးရန်အနှောက်အယှက် ရှိအံ့၊ (ယနေ့လာပြီး သိမ်းဆည်းအံ့ဟု) ငဲ့ကွက်ခြင်းဖြင့် သွား၍ ထိုရောက်ရာ အရပ်၌ (ခရီးဆက်လိုပြန်သဖြင့်) ရပ်လျက် (တစ်စုံတစ်ယောက်ကို စေလွှတ်၍) ပန်ကြားအံ့၊ တစ်စုံ တစ်ရာသော ဘေးဥပဒ် အနှောင့်အယှက် ရှိအံ့ 'ပြန်မလာနိုင်အံ့'၊ ဘေးရန်ဥပဒ်ဖြစ်ပေါ်လာသဖြင့် မရုပ်သိမ်းဘဲ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။

ပဉ္စမ ဒုတိယသေနာသနသိက္ခာပုဒ် ပြီး၏။

------

၂-ဘူတဂါမဝဂ် ၆-အနုပခဇ္ဇသိက္ခာပုဒ်

၁၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်သော အိပ်ရာနေရာတို့ကို နှောင့်ယှက်ကုန်၏၊ မထေရ်ကြီးရဟန်းတို့သည် (ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို) ထစေကုန်၏၊ ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ''ငါတို့သည် အဘယ်သို့သော အကြောင်းဥပါယ်ဖြင့် ဤကျောင်း၌သာလျှင် ဝါတွင်း (သုံးလ) ပတ်လုံးနေရပါကုန်အံ့နည်း''ဟု အကြံဖြစ်၏။ ထို့နောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''ကျဉ်းမြောင်း ကျပ်တည်းသော ရဟန်းသည် ဖဲသွားလတ္တံ့''ဟု (ကြံ၍) မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန