ဝိနည်းပိဋက

ပါစိတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘိက္ခုနီဝိဘင်း

၁-ပါရာဇိကအခန်း

၅-ပဌမပါရာဇိကသိက္ခာပုဒ်

၆၅၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မိဂါရသူဌေး၏ မြေးဖြစ်သော သာဠှသည် ဘိက္ခုနီ 'ရဟန်းမိန်းမ' သံဃာ၏ ကျောင်းကို ဆောက်လုပ်လို၍ ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်ပြီးလျှင် -

''အသျှင်မတို့ အကျွန်ုပ်သည် ဘိက္ခုနီသံဃာ၏ ကျောင်းကို ဆောက်လုပ်လိုပါ၏၊ အကျွန်ုပ်အား အမှုသစ်ကို စီမံတတ်သော ဘိက္ခုနီမကို ပေးပါကုန်လော့''ဟု လျှောက်၏။

ထိုစဉ်အခါ၌ နန္ဒာ နန္ဒဝတီ သုန္ဒရီနန္ဒာ ထုလ္လနန္ဒ္ဒာ ဤညီအစ်မလေးယောက်တို့သည် ဘိက္ခုနီမ တို့ထံ၌ ရဟန်းဖြစ်ကြကုန်၏။ ထိုလေးယောက်တို့တွင် သုန္ဒရီနန္ဒာဘိက္ခုနီမသည် ငယ်စဉ်က ရဟန်း ဖြစ်၏၊ အဆင်းလှ၍ ရှုချင်ဖွယ် ကြည်ညိုဖွယ်ရှိ၏၊ ပညာရှိ၍ စွမ်းရည်သတ္တိနှင့်လည်း ပြည့်စုံ၏၊ ထက်မြက်သော ဉာဏ်ပညာလည်း ရှိ၏၊ လိမ္မာဖျတ်လတ်၍ ပျင်းရိခြင်းလည်း မရှိ၊ ထိုထိုအမှု၌ အကြောင်းကို စုံစမ်းခြင်းနှင့် ပြည့်စုံ၍ ပြုလုပ်စီမံခြင်းငှါလည်း စွမ်းနိုင်၏၊ ထိုအခါ ဘိက္ခုနီသံဃာသည် သုန္ဒရီနန္ဒာဘိက္ခုနီမကို သမုတ်ပြီးလျှင် မိဂါရသူဌေး၏မြေး သာဠှအား အမှုသစ်ပြုလုပ်မည့် ဘိက္ခုနီမကို ပေး၏။

ထိုအခါ သုန္ဒရီနန္ဒာဘိက္ခုနီမသည် ပဲခွပ်ကို ပေးလော့၊ ပုဆိန်ကို ပေးလော့၊ ဓားမကို ပေးလော့၊ ပေါက်တူးကို ပေးလော့၊ ဆောက်ကိုု ပေးလော့''ဟု (တောင်းရန်) မိဂါရသူဌေး၏မြေး သာဠှ၏ အိမ်သို့ မကြာ မကြာပင် သွား၏။ မိဂါရသူဌေး၏မြေး သာဠှသည်လည်း ပြုပြီးသော အရာ, မပြုရသေးသော အရာကို သိရန် ဘိက္ခုနီမတို့ ကျောင်းသို့ မကြာ မကြာပင် သွား၏၊ ထိုသုန္ဒရီနန္ဒာနှင့် သာဠှတို့သည် မပြတ်တွေ့မြင်ရခြင်းကြောင့် နှောင်ဖွဲ့သော (အချစ်) စိတ်ရှိကြကုန်၏။

ထို့နောက် မိဂါရသူဌေး၏မြေး သာဠှသည် သုန္ဒရီနန္ဒာဘိက္ခုနီမကို ဖျက်ဆီးရန် အခွင့်မရသဖြင့် ထိုဖျက်ဆီးရေးအလို့ငှါသာလျှင် ဘိက္ခုနီသံဃာအား ဆွမ်းလုပ်ကျွေး၏။

ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် ဆွမ်းစားဇရပ်၌ နေရာခင်းသည် ရှိသော် ''ဤမျှ လောက်သော ဘိက္ခုနီမတို့သည် အသျှင်မသုန္ဒရီနန္ဒာထက် ကြီးကုန်၏''ဟု နှလုံးသွင်း၍ တစ်ခုသော အရပ်၌ နေရာခင်းထား၏၊ ''ဤမျှလောက်သော ဘိက္ခုနီမတို့သည် အသျှင်မသုန္ဒရီနန္ဒာအောက် ငယ်ကုန်၏''ဟု နှလုံးသွင်း၍ တစ်ခုသော အရပ်၌ နေရာခင်းထား၏။ ဖုံးကွယ်သော ထောင့်ကြားနေရာ တစ်ခု၌ကား သုန္ဒရီနန္ဒာဘိက္ခုနီမအတွက် နေရာခင်းထား၏၊ ''ဘိက္ခုနီမကြီးတို့က ဘိက္ခုနီမငယ်တို့ထံ (သုန္ဒရီနန္ဒာ) ထိုင်နေ၏''ဟု သိနိုင်လောက်သော အခြင်းအရာဖြင့်လည်းကောင်း၊ ''ဘိက္ခုနီမငယ်တို့ကလည်း ဘိက္ခုနီမကြီး တို့အထံ၌ (သုန္ဒရီနန္ဒာ) ထိုင်နေ၏''ဟု သိနိုင်လောက်သော အခြင်းအရာဖြင့်လည်းကောင်း သာဠှသည် နေရာခင်းထား၏။

ထို့နောက် မိဂါရသူဌေး၏မြေး သာဠှသည် ''အသျှင်မတို့ ဆွမ်းစားချိန်တန်ပါပြီ ဆွမ်းပြင်ပြီးပါပြီ''ဟု ဘိက္ခုနီသံဃာအား အခါကို လျှောက်ကြားစေ၏။

သုန္ဒရီနန္ဒာဘိက္ခုနီမသည်ကား ''မိဂါရသူဌေး၏မြေး သာဠှသည် ကောင်းမှုကုသိုလ်ကို များစွာ လိုလား တောင့်တ၍ ဘိက္ခုနီသံဃာအား ဆွမ်းလုပ်ကျွေးသည် မဟုတ်၊ ထိုသာဠှသည် ငါ့ကို ဖျက်ဆီးလို၏၊ အကယ်၍ ငါသွားအံ့၊ ငါ့အား ဖောက်ပြန်သောအသံ ဖြစ်လတ္တံ့''ဟု (ဆင်ခြင်၍) အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမကို ''သွားချေ၊ ငါ့အတွက် ဆွမ်းကို ဆောင်ယူခဲ့လော့၊ ထိုသာဠှသည် ငါ့ကို မေးခဲ့လျှင် 'နာဖျား နေ၏'ဟူ၍ ပြောကြားလော့''ဟု (စေလွှတ်လိုက်၏)။ ''ကောင်းပါပြီ အသျှင်မ''ဟု ဆို၍ ထိုဘိက္ခုနီမ သည် သုန္ဒရီနန္ဒာဘိက္ခုနီမအား ဝန်ခံ၏။

ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် တံခါးမုခ်အပြင်၌ ရပ်လျက် ''အသျှင်မတို့ အသျှင်မ သုန္ဒရီနန္ဒာသည် အဘယ်မှာနည်း၊ အသျှင်မတို့ အသျှင်မသုန္ဒရီနန္ဒာသည် အဘယ်မှာနည်း''ဟု သုန္ဒရီနန္ဒာ ဘိက္ခုနီမကိုသာ တမေးတည်းမေးသည်ရှိသော် သုန္ဒရီနန္ဒာဘိက္ခုနီမ၏ အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမက ''ဒါယကာ နာဖျားနေပါ၏၊ ဆွမ်းကိုသာလျှင် ဆောင်ယူသွားပါအံ့''ဟု မိဂါရသူဌေး၏မြေး သာဠှအား ပြော၏။

ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် ''အသျှင်မသုန္ဒရီနန္ဒာ လာခြင်းအကျိုးငှါသာ ဘိက္ခုနီသံဃာအား ငါ ဆွမ်းလုပ်ကျွေးခြင်း ဖြစ်သည်''ဟု (နှလုံးပိုက်၍) ''ဘိက္ခုနီမအပေါင်းတို့အား ဆွမ်းလုပ်ကျွေးကြကုန်လော့''ဟု လူတို့ကို စေခိုင်းပြီးလျှင် ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်၏။

ထိုအခိုက် သုန္ဒရီနန္ဒာဘိက္ခုနီမသည် မိဂါရသူဌေး၏မြေး သာဠှကို မျှော်လင့်လျက် အရံဝ တံခါးမုခ်၌ ရပ်နေ၏၊ သုန္ဒရီနန္ဒာဘိက္ခုနီမသည် မိဂါရသူဌေး၏မြေး သာဠှ လာနေသည်ကို အဝေးကပင် မြင်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျင် ခေါင်းမြီးခြုံလျက် ညောင်စောင်းပေါ်၌ လျောင်းစက်နေ၏။

ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် သုန္ဒရီနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်မ သင်၏ မချမ်းသာခြင်းသည် အဘယ်ပါနည်း၊ သင်သည် အဘယ့်ကြောင့် လျောင်းစက်နေဘိသနည်း''ဟု သုန္ဒရီနန္ဒာဘိက္ခုနီမအား မေး၏၊ ''ဒါယကာ မလိုလားမနှစ်သက်သူကို လိုလားနှစ်သက်နေရသော မိန်းမအား ဤအတိုင်းပင် ဖြစ်တတ်ပါ၏''ဟု ပြောဆို၏။

''အသျှင်မ အကျွန်ုပ်သည် သင့်ကို အဘယ့်ကြောင့် မလိုလားမနှစ်သက်ဘဲ ရှိအံ့နည်း၊ သို့ရာတွင် အကျွန်ုပ်သည် သင့်ကို ဖျက်ဆီးရန် အခွင့်မရခဲ့ပါ''ဟု (ဆိုကာ) (ကာယသံသဂ္ဂရာဂ) စွတ်စိုသဖြင့် (ကာယသံသဂ္ဂရာဂ) စွတ်စိုသော သုန္ဒရီနန္ဒာဘိက္ခုနီမနှင့်အတူ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်၏။

ထိုစဉ်အခါ၌ အိုမင်းမစွမ်းသော ဘိက္ခုနီမကြီး တစ်ပါးသည် ခြေနာသောကြောင့် သုန္ဒရီနန္ဒာ ဘိက္ခုနီမ၏ အနီး၌ လျောင်းနေ၏။ ထိုဘိက္ခုနီမအိုကြီးသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသော မိဂါရ သူဌေး၏ မြေးသာဠှကို (ကာယသံသဂ္ဂရာဂ) စွတ်စိုသော သုန္ဒရီနန္ဒာဘိက္ခုနီမနှင့်အတူ ကိုယ်လက် နှီးနှောခြင်းသို့ ရောက်နေသည်ကို တွေ့မြင်၍ ''အဘယ့်ကြောင့် အသျှင်မသုန္ဒရီနန္ဒာသည် (ကာယ သံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ထိုအခါ ဘိက္ခုနီမအိုကြီးသည် ရဟန်းမိန်းမတို့အား ဤအကြောင်းကို ပြောကြား၏။ အလိုနည်း ကုန်သော ရောင့်ရဲလွယ်ကုန်သော ရှက်တတ်၍ ကုက္ကုစ္စရှိကုန်သော သိက္ခာသုံးပါးကို လိုလားကုန်သော ရဟန်းမိန်းမတို့သည် ''အဘယ့်ကြောင့် အသျှင်မသုန္ဒရီနန္ဒာသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည်ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ အလိုနည်းကုန်သော ရောင့်ရဲလွယ်ကုန်သော ရှက်တတ်၍ ကုက္ကုစ္စရှိကုန်သော သိက္ခာသုံးပါးကို လိုလားကုန်သော ထိုရဟန်းယောက်ျားတို့သည်လည်း ''အဘယ့်ကြောင့် သုန္ဒရီနန္ဒာ ဘိက္ခုနီမသည် (ကာယ သံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် သုန္ဒရီနန္ဒာဘိက္ခုနီမကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီး လျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို-

''ရဟန်းတို့ သုန္ဒရီနန္ဒာဘိက္ခုနီမသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) ့စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ ''ရဟန်းတို့ သုန္ဒရီနန္ဒာဘိက္ခုနီမ၏ ဤ (ပြုမိသောအမှု) သည် ဘိက္ခုနီမတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ဘိက္ခုနီမတို့၏ အပြု အမူမဟုတ်၊ မအပ်၊ မပြုသင့်။ ရဟန်းတို့ အဘယ့်ကြောင့် သုန္ဒရီနန္ဒာဘိက္ခုနီသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာဘိသနည်း။ ရဟန်းတို့ ဤ (သုန္ဒရီနန္ဒာပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသောသူတို့အားလည်း တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ် နိုင်ပေ။

ရဟန်းတို့ အမှန်စင်စစ် ဤ (သုန္ဒရီနန္ဒာပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား လည်း မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အားလည်း အကြည်ညိုပျက်စေ ခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ကဲ့ရဲ့တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရီနန္ဒာဘိက္ခုနီမကို များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင်ပြုစုမွေးမြူရန် ခက်ခဲခြင်း၊ သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း၊ အလိုကြီးခြင်း၊ မရောင့်ရဲခြင်း၊ အပေါင်းအဖော်၌ မက်မောခြင်း၊ ပျင်းရိခြင်းတို့၏ ကျေးဇူးမဲ့စကားကို မိန့်တော်မူ၍ များစွာသော အကြောင်းဖြင့် ကိုယ်တိုင် ပြုစုမွေးမြူလွယ်ခြင်း၊ သူတစ်ပါးတို့က ပြုစုမွေးမြူ လွယ်ခြင်း၊ အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ကိလေသာကို ခေါင်းပါးစေခြင်း၊ ကိလေသာကို ခါထုတ်ခြင်း၊ ကြည်ညိုဖွယ် ရှိခြင်း၊ ကိလေသာကို မဆည်းပူးခြင်း၊ ဝီရိယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ်လျော်ညီသော တရားစကားကို ဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို-

ဝိနည်းပညတ်ကြောင်း ၁၀-ပါး

''ရဟန်းတို့ သို့ဖြစ်လျှင်-

(၁) ဘိက္ခုနီမတို့အတွက် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊

(၂) သံဃာတော်များ ချမ်းသာစေရန်၊

(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ဘိက္ခုနီမတို့ ချမ်းသာစွာ နေနိုင်ရန်၊

(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်၊

(၆) နောင်ဖြစ်လတ္တံ့သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊

(၉) သူတော်ကောင်းတရား 'သာသနာ သုံးရပ်' တည်တံ့ရန်၊

(၁၀) ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူး ဆယ်ပါးတို့ကို အစွဲပြု၍ သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၅၁-၆၅၇။ ''အကြင်ဘိက္ခုနီမသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျားပုဂ္ဂိုလ်၏ (မိမိ၏) ညှပ်ရိုးအောက်နှင့် ပုဆစ်ဒူးဝန်းအထက်၌ ရှေးရှုသုံးသပ်ခြင်းကိုသော်လည်းကောင်း၊ ထိုမှ ဤမှ သုံးသပ်ခြင်းကိုသော်လည်းကောင်း၊ ကိုင်ခြင်းကိုသော်လည်းကောင်း၊ တို့ထိခြင်းကို သော်လည်းကောင်း၊ ဖိညှပ်ခြင်းကိုသော်လည်းကောင်း သာယာငြားအံ့၊ ဤဘိက္ခုနီမ သည်လည်း ပုဆစ်ဒူးဝန်းအထက်၌ သုံးသပ်သည်ကို သာယာသည် ဖြစ်၍ (ဥဗ္ဘဇာဏုမဏ္ဍလိကာမည်သော) ပါရာဇိကအာပတ် သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိ'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၅-ပဌမပါရာဇိကသိက္ခာပုဒ်အဖွင့်

၆၅၈။ အကြင်ဟူသည် အကြင်သို့သော အသွင် ပုံသဏ္ဌာန် သဘော အမှုကိစ္စ အမျိုး ဇာတ် အမည်အနွယ် အလေ့အကျင့် အနေအထိုင် ကျက်စားရာရှိသော ဆယ်ဝါရပြီးသော ဘိက္ခုနီမကြီးဖြစ်စေ ငါးဝါမရသေးသော ဘိက္ခုနီမငယ်ဖြစ်စေ ငါးဝါရ၍ ဆယ်ဝါမပြည့်သော ဘိက္ခုနီမအလတ်ဖြစ်စေ ဤအလုံးစုံ သော ဘိက္ခုနီမမျိုးကို အကြင်ဟု ဆိုအပ်၏။

ဘိက္ခုနီ 'ရဟန်းမိန်းမ' ခေါ်နိုင်ခြင်း ၁၂-ပါး

ဘိက္ခုနီမဟူသည်-

(၁) (အရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ဘိက္ခုနီမ၊

(၂) ဆွမ်းခံခြင်း အကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ဘိက္ခုနီမ၊

(၃) ဆုတ်ဖြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ဘိက္ခုနီမ၊

(၄) ဘိက္ခုနီဟု သမုတ်ခြင်းကြောင့် ဘိက္ခုနီမ၊

(၅) ဘိက္ခုနီဟု ဝန်ခံခြင်းကြောင့် ဘိက္ခုနီမ၊

(၆) ဘိက္ခုနီမ လာလော့ 'ဧဟိ ဘိက္ခုနီ'ဟူသော ဘုရားစကားတော်ဖြင့် ဖြစ်သောကြောင့်

ဘိက္ခုနီမ၊

(၇) သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ဘိက္ခုနီမ၊

(၈) ကောင်းသော (သီလ စသည်နှင့် ပြည့်စုံသော) ကြောင့် ဘိက္ခုနီမ၊

(၉) (သီလစသော) အနှစ်သာရ ရှိသောကြောင့် ဘိက္ခုနီမ၊

(၁၀) (သိက္ခာသုံးပါးကို) ကျင့်ဆဲဖြစ်သောကြောင့် ဘိက္ခုနီမ၊

(၁၁) (သိက္ခာသုံးပါးကို) ကျင့်ပြီးဖြစ်သောကြောင့် ဘိက္ခုနီမ၊

(၁၂) ညီညွတ်သော နှစ်ဖက်သံဃာသည် သိစေခြင်း 'ဉတ်' လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်သောကြောင့် ဘိက္ခုနီမ မည်၏။

ထိုတစ်ဆယ့်နှစ်မျိုးသော ဘိက္ခုနီမတို့တွင် အကြင်ဘိက္ခုနီမကို ညီညွတ်သော နှစ်ဖက်သံဃာသည် သိစေခြင်း 'ဉတ်' လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်၏၊ ဤဘိက္ခုနီမကို ဤ (ပါရာဇိက) အရာ၌ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိ အပ်၏။

စွတ်စိုသည်ဖြစ်၍ မည်သည် တပ်မက်နှစ်သက်ခြင်း ရှိသည် ဖြစ်၍ ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ ရာဂနှောင်ဖွဲ့သော အချစ်စိတ်ရှိသည် ဖြစ်၍။

စွတ်စိုသော မည်သည် တပ်မက်နှစ်သက်ခြင်း ရှိသော ငဲ့ကွက်ခြင်း ရှိသော ရာဂနှောင်ဖွဲ့သော အချစ်စိတ် ရှိသော။

ယောက်ျားပုဂိ္ဂုလ် မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ လူယောင် ဖန်ဆင်းထားသော တိရစ္ဆာန်ယောက်ျား မဟုတ်၊ ကိုယ်လက်နှီးနှောမှုကို ပြုကျင့်ခြင်းငှါ သိကြားလိမ္မာ စွမ်းနိုင်သော လူယောက်ျားသာတည်း။

ညှပ်ရိုးအောက်ဟူသည် ညှပ်ရိုးမှ အောက်ပင်တည်း။

ပုဆစ်ဒူးဝန်းအထက်ဟူသည် ပုဆစ်ဒူးဝန်းမှ အထက်ပင်တည်း။

ရှေးရှုသုံးသပ်ခြင်း မည်သည် သုံးသပ်ကာမျှတည်း။

ထိုမှဤမှသုံးသပ်ခြင်း မည်သည် ထိုမှ ဤမှ ရွေ့ရှားခြင်းတည်း။

ကိုင်ခြင်း မည်သည် ကိုင်တွယ်ကာမျှတည်း။

တို့ထိခြင်း မည်သည် ထိကာမျှတည်း။

ဖိညှပ်ခြင်းကိုလည်း သာယာငြားအံ့ဟူသည် အင်္ဂါကြီးငယ်ကို ဆုပ်ကိုင်၍ ဖိညှပ်ခြင်းကို သာယာနှစ် သက်၏၊

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးဖြစ်သော မေထုန်ပါရာဇိကစသည်တို့သို့ ရောက်သော ရဟန်းမိန်းမကို ထောက်၍ ဆိုအပ်၏။

ပါရာဇိကအာပတ် သင့်၏ဟူသည် ဥပမာအားဖြင့် ဦးခေါင်းပြတ်ပြီးသော ယောက်ျားသည် ထိုဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပြန်၍ ဆက်စပ်သော်လည်း အသက်ရှင်ဖို့ရာ မဖြစ်နိုင်သကဲ့သို့ ဤအတူ ဤ ဘိက္ခုနီမသည် ကာယသံသဂ္ဂရာဂစွတ်စိုသည်ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ညှပ်ရိုးမှ အောက် ပုဆစ်ဒူးဝန်းမှအထက်ကို ရှေးရှုသုံးသပ်ခြင်းကိုလည်းကောင်း၊ ထိုမှဤမှ သုံးသပ်ခြင်းကိုလည်း ကောင်း၊ ကိုင်ခြင်းကိုလည်းကောင်း၊ တို့ထိခြင်းကိုလည်းကောင်း၊ ဖိညှပ်ခြင်းကိုလည်းကောင်း သာယာ နှစ်သက်သောကြောင့် ဘိက္ခုနီမ မဟုတ်တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊ ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟု ဆိုရ၏။

ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိဟူရာ၌ ပေါင်းသင်းခြင်း မည်သည် အတူ တကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤအလုံးစုံ သည် ပေါင်းသင်းခြင်းမည်၏။ ထိုပေါင်းသင်းခြင်းသည် ထို (ပါရာဇိကကျသော) ဘိက္ခုနီမနှင့် အတူမ ရှိတော့ပေ၊ ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။

၆၅၉။ နှစ်ဦးနှစ်ဖက်လုံး (ကာယသံသဂ္ဂရာဂ) စွတ်စိုသည်ရှိသော် ညှပ်ရိုးအောက်နှင့် ပုဆစ် ဒူးဝန်းအထက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ပါရာဇိကအာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သောဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ် အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ညှပ်ရိုးမှ အထက် ပုဆစ်ဒူးဝန်းမှ အောက်ကို ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် ကိုယ်နှင့်စပ်သောဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၆၆၀။ တစ်ဦး တစ်ဖက်သာလျှင် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ရှိသော် ညှပ်ရိုးအောက် ပုဆစ် ဒူးဝန်း အထက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ညှပ်ရိုးအထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၆၆၁။ နှစ်ဦးနှစ်ဖက်လုံးပင်လျှင် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ရှိသော် ဘီလူး ပြိတ္တာ ပဏ္ဍုက် နှင့် လူယောင်ဖန်ဆင်းသော တိရစ္ဆာန်တို့၏ ညှပ်ရိုးအောက်နှင့် ပုဆစ်ဒူးဝန်းမှ အထက်၌ ကိုယ်ဖြင့် ကိုယ် ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ညှပ်ရိုးအထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၆၆၂။ တစ်ဦးတစ်ဖက်သာလျှင် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ရှိသော် ညှပ်ရိုးအောက်နှင့် ပုဆစ်ဒူးဝန်း အထက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့် စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ညှပ်ရိုးအထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့့်ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၆၆၃။ စိတ်စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ မသာယာသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ စိတ်ပျံ့လွင့်သော ဘိက္ခုနီမ၊ ဝေဒနာနှိပ်စက်သော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား အာပတ်မသင့်။

ပဌမ ပါရာဇိကသိက္ခာပုဒ် ပြီး၏။

------

၁။ ဘိက္ခုနီ အသာဓာရဏ ပါရာဇိကအတွက် ပဌမပင်ဖြစ်သော်လည်း သာဓာရဏ အသာဓာရဏ ပါရာဇိက (၈) ပါးတွင် (၅) ခုမြောက်ဖြစ်၍ သိက္ခာပုဒ်တွင် (၅) ဂဏန်းထိုးသည်၊ နောက်၌လည်း ဤအတူ မှတ်ပါ။

၆-ဒုတိယပါရာဇိကသိက္ခာပုဒ်

၆၆၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သုန္ဒရီနန္ဒာဘိက္ခုနီမသည် မိဂါရသူဌေး၏မြေး သာဠှ ကြောင့် ကိုယ်ဝန်ရှိ၏၊ ကိုယ်ဝန်နုစဉ် ကာလပတ်လုံး ဖုံးကွယ်၍ ထားပြီးနောက် ကိုယ်ဝန်ရင့်သောအခါ လူထွက်၍ သားဖွား၏။

ဘိက္ခုနီမတို့သည် ''အသျှင်မ သုန္ဒရီနန္ဒာသည်ကား လူထွက်၍ မကြာမြင့်မီပင်လျှင် သားဖွား၏၊ အသို့နည်း၊ ထိုသုန္ဒရီနန္ဒာသည် ဘိက္ခုနီမဖြစ်စဉ်ကပင်လျှင် ကိုယ်ဝန်ရှိလေသလော''ဟု ထုလ္လနန္ဒာ ဘိက္ခုနီမကို မေးကြကုန်၏။

အသျှင်မတို့ ဤသို့ ထင်တိုင်း မှန်ပေ၏ဟု (ဆို၏)။

အသျှင်မ သင်သည် သိပါလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို အဘယ့်ကြောင့် ကိုယ်တိုင်လည်း မစောဒနာဘိသနည်း၊ အပေါင်းအသင်း ဂိုဏ်းအားလည်း မပြောကြားဘိသနည်းဟု (ဆိုကုန်၏)။

ထိုသုန္ဒရီနန္ဒာ၏ ကျေးဇူးမဲ့သည် အကျွန်ုပ်၏ ကျေးဇူးမဲ့သာတည်း၊ ထိုသုန္ဒရီနန္ဒာ၏ အကျော် အစောမဲ့သည် အကျွန်ုပ်၏ အကျော်အစောမဲ့သာတည်း၊ ထိုသုန္ဒရီနန္ဒာ၏ အခြံအရံမဲ့သည် အကျွန်ုပ်၏ အခြံအရံမဲ့သာတည်း၊ ထိုသုန္ဒရီနန္ဒာ၏ လာဘ်မဲ့မှုသည် အကျွန်ုပ်၏ လာဘ်မဲ့မှုသာတည်း၊ အသျှင်မတို့ အကျွန်ုပ်သည် မိမိ၏ ကျေးဇူးမဲ့ကို မိမိ၏ အကျော်အစောမဲ့ကို မိမိ၏ အခြံအရံမဲ့ကို မိမိ၏ လာဘ်မဲ့မှုကို သူတစ်ပါးတို့အား အဘယ်မှာ ပြောကြားနိုင်ပါအံ့နည်းဟု (ဆို၏)။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အသျှင်မထုလ္လနန္ဒာသည် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမ ကို သိလျက် အဘယ့်ကြောင့် ကိုယ်တိုင်မူလည်း မစောဒနာဘိသနည်း၊ အပေါင်းအသင်းဂိုဏ်းအားလည်း မပြောကြားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။

ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို မိမိ ကိုယ်တိုင်လည်း မစောဒနာ၊ ဂိုဏ်းအားလည်း မပြောကြားဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို ကိုယ်တိုင်လည်း မစောဒနာ, ဂိုဏ်း အားလည်း မပြောကြားဘိသနည်း။

ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၆ - ၆၆၅။ ''အကြင်ဘိက္ခုနီမသည် သိလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို ကိုယ်တိုင်လည်း မစောဒနာငြားအံ့၊ ဂိုဏ်းအားလည်း မပြောကြားငြားအံ့၊ အကြင်အခါ၌ ထိုပါရာဇိက ကျပြီးသော ဘိက္ခုနီမသည် (မိမိအသွင်၌) တည်နေသည် သော်လည်း ဖြစ်ရာ၏၊ စုတေသည်သော်လည်း ဖြစ်ရာ၏၊ ဖျက်ဆီးအပ်သည် သော်လည်း ဖြစ်ရာ၏၊ တိတ္တိကျောင်းသို့ ပြောင်းရွှေ့သည်သော်လည်း ဖြစ်ရာ၏၊ ထိုအခါ ထိုသိသော ဘိက္ခုနီမသည် 'အသျှင်မတို့ ထိုညီမသည် ဤသို့ သဘောလည်း ရှိ၏၊ ဤသို့ သဘောလည်း ရှိ၏ဟု ရှေးဦးကပင် အကျွန်ုပ် သိခဲ့ပါ၏၊ သို့သော် လည်း ကိုယ်တိုင် မစောဒနာမိပါ၊ ဂိုဏ်းအားလည်း မပြောကြားမိပါ'ဟု နောက်မှ ပြောဆိုငြားအံ့၊ ဤဘိက္ခုနီမသည်လည်း အပြစ်ကို ဖုံးလွှမ်းသည်ဖြစ်၍ (ဝဇ္ဇ ပဋိစ္ဆာဒိကာမည်သော) ပါရာဇိကအာပတ် သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၆-ဒုတိယပါရာဇိကသိက္ခာပုဒ် အဖွင့်

၆၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကသော်လည်း ထိုဘိက္ခုနီမအား ပြော ကြားကုန်၏၊ ထို (ပါရာဇိကကျသော) ဘိက္ခုနီမကသော်လည်း ပြောကြား၏။

ပါရာဇိကအာပတ် သင့်သောဟူသည် ပါရာဇိကအာပတ် ရှစ်ပါးတို့တွင် တစ်ပါးပါးသော ပါရာဇိက အာပတ် သင့်၏။

ကိုယ်တိုင်လည်း မစောဒနာငြားအံ့ဟူသည် မိမိသည် မစောဒနာငြားအံ့။

ဂိုဏ်းအားလည်း မပြောကြားငြားအံ့ဟူသည် တစ်ပါးသော ဘိက္ခုနီမတို့အား မပြောကြား ငြားအံ့။

အကြင်အခါ၌ ထိုပါရာဇိကကျပြီးသော ဘိက္ခုနီမသည် (မိမိအသွင်၌) တည်နေသည် သော်လည်း ဖြစ်ရာ၏၊ စုတေသည်သော်လည်း ဖြစ်ရာ၏ဟူရာ၌ တည်နေသည် မည်သည် မိမိအသွင်၌ တည်နေသည်ကို ဆို၏။

စုတေသည် မည်သည် သေလွန်ခြင်းကို ဆို၏။

ဖျက်ဆီးအပ်သည် မည်သည် ကိုယ်တိုင်သော်လည်း လူထွက်၏၊ သူတစ်ပါးတို့သည်မူလည်း ဖျက်ဆီးအပ်၏ 'လူထွက်စေအပ်၏'။

တိတ္ထိကျောင်းသို့ပြောင်းရွှေ့သည် မည်သည် တိတ္ထိကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆို၏။

ထိုသိသော ဘိက္ခုနီမ မည်သည် ''အသျှင်မတို့ ထိုညီမသည် ဤသို့သဘောလည်း ရှိ၏၊ ဤသို့ သဘောလည်း ရှိ၏''ဟု ရှေးဦးကပင် ကျွန်ုပ် သိခဲ့ပါ၏ဟု နောက်မှ ဤသို့ ဆိုငြားအံ့။

သို့သော်လည်း ကိုယ်တိုင် မစောဒနာမိပါဟူသည် ကိုယ်တိုင်လည်း မစောဒနာငြားအံ့။

ဂိုဏ်းအားလည်း မပြောကြားမိပါဟူသည် တစ်ပါးသော ဘိက္ခုနီမတို့အား မပြောကြားမိပါ။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးပါရာဇိကကျသော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

ပါရာဇိက အာပတ်သင့်၏ဟူသည် ဥပမာအားဖြင့် အညှာမှကြွေကျသော သစ်ရွက်ရော်သည် တစ်ဖန် ပြန်၍ စိမ်းရှင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူ ဘိက္ခုနီမသည် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို သိလျက် ကိုယ်တိုင်သော်လည်း မစောဒနာအံ့၊ ဂိုဏ်းအားလည်း မပြောကြားအံ့ဟု ဝန်ချကာ မျှ၌ ဘိက္ခုနီမ မဟုတ်တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊ ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟု ဆိုရ၏။

ဘိက္ခုနီမကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်း မည်သည် အတူတကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤ အလုံးစုံသည် ပေါင်းသင်းခြင်းမည်၏။ ထိုပေါင်းသင်းခြင်းသည် ထိုဘိက္ခုနီမနှင့်အတူ မရှိတော့ပေ၊ ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။

၆၆၇။ ''သံဃာ၏ ခိုက်ရန်ဖြစ်မှုသော်လည်းကောင်း၊ ငြင်းခုံမှုသော်လည်းကောင်း၊ စကားအမျိုးမျိုးကို ယူခြင်းသော်လည်းကောင်း၊ စကားအမျိုးမျိုး ပြောဆိုမှုသော်လည်းကောင်း ဖြစ်လထ္တံ့''ဟု (နှလုံးသွင်း၍) မပြောကြားငြားအံ့၊ ''သံဃာ၏ ကွဲပြားမှုသော်လည်းကောင်း၊ သံဃာ၏ (ကွဲပြားရန်) အရေးသော် လည်းကောင်း ဖြစ်လတ္တံ့''ဟု (နှလုံးသွင်း၍) မပြောကြားငြားအံ့၊ ''ဤဘိက္ခုနီမသည် ခက်ထန်၏၊ ကြမ်းတမ်း၏၊ အသက်အန္တရာယ်ကိုသော်လည်းကောင်း၊ သာသနာတော်၏အန္တရာယ်ကိုသော်လည်းကောင်း ပြုလတ္တံ့''ဟု (နှလုံးသွင်း၍) မပြောကြားအံ့၊ သင့်လျော်သော အခြားဘိက္ခုနီမတို့ကို မမြင်၍ မပြော ကြားအံ့၊ မဖုံးမကွယ်လိုဘဲ မပြောကြားအံ့၊ မိမိ၏အမှုဖြင့် သာလျှင် ထင်ရှားလတ္တံ့ဟု (နှလုံးသွင်း၍) မပြောကြားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ။ပ။ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမအား အာပတ်မသင့်။

ဒုတိယ ပါရာဇိကသိက္ခာပုဒ် ပြီး၏။

------

၇-တတိယပါရာဇိကသိက္ခာပုဒ်

၆၆၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌရဟန်းသို့ အစဉ်လိုက်၏။ အလိုနည်းသော ဘိက္ခုနီမတု့ိသည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌရဟန်းသို့ အစဉ်လိုက်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ် မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌရဟန်းသို့ အစဉ်လိုက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အဘယ့်ကြောင့် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌ ရဟန်းသို့ အစဉ်လိုက်ဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာပြုမိသော အမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၇-၆၆၉။ ''အကြင်ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သော သဘော, ဝိနည်း, မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ'ဖြင့် နှင်ထုတ်ထားသော ရိုသေခြင်း မရှိသော မသွင်းရသေးသော အပေါင်းအဖော်မပြုရသေးသော ထိုရဟန်း သို့ အတုလိုက်၍ ကျင့်ငြားအံ့၊ ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့က 'အသျှင်မ ဤရဟန်းကို ညီညွတ်သော သံဃာကဟုတ်မှန်သော သဘော, ဝိနည်း, မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထား၏၊ ဤ ရဟန်းသည် ရိုသေခြင်း မရှိ၊ ဤ ရဟန်းကို (သံဃာ့ဘောင်သို့) မသွင်းရသေး၊ အပေါင်းအဖော် မပြုရသေး၊ အသျှင်မ ဤရဟန်းကို အတုလိုက်၍ မကျင့်ပါလင့်'ဟု ပြောဆိုရာ၏။ ဤသို့လျှင် ထိုဘိက္ခုနီမသည် (အခြား) ဘိက္ခုနီမတို့က ပြောဆို ထားပါလျက် ရှေးနည်း အတူသာလျှင် ချီးမြှောက်ငြားအံ့၊ ထိုဘိက္ခုနီမကို (အခြား) ဘိက္ခုနီမတို့က ထိုအယူကို စွန့်စေခြင်းငှါ သုံးကြိမ် တိုင်အောင် ဆိုဆုံးမရမည်၊ သုံးကြိမ်တိုင်အောင် ဆိုဆုံးမသည်ရှိသော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း နှင်ထုတ်ထားသော ရဟန်းသို့ အတုလိုက်ကျင့်သည် ဖြစ်၍ (ဥက္ခိတ္တာနုဝတ္တိကာ မည်သော) ပါရာဇိက အာပတ်သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြ စေကုန်လော့ဟု မိန့်တော်မူ၏)။

၇-တတိယပါရာဇိကသိက္ခာပုဒ် အဖွင့်

၆၇၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။

ညီညွတ်သော သံဃာ မည်သည် တူသော ပေါင်းသင်းခြင်းရှိသော, တစ်သိမ်တည်း၌ တည်သော သံဃာတည်း။

နှင်ထုတ်ထားသော ရဟန်း မည်သည် အာပတ်ကို မရှုခြင်း၊ မကုစားခြင်း၊ မိစ္ဆာအယူကို မစွန့်ခြင်း တို့ကြောင့် နှင်ထုတ်ထားသော ရဟန်းတည်း။

ဟုတ်မှန်သော သဘော, ဝိနည်းဖြင့်ဟူသည် အကြင်ဟုတ်မှန်သော တရားသဘောဖြင့်, အကြင် စောဒနာ သာရဏာဝိနည်းဖြင့်။

မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ'ဖြင့်ဟူသည် မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရား၏ အာဏာတော်ဟူသော ဉတ်ကမ္မဝါစာ၊ သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား ၏ အာဏာတော်ဟူသော ဉတ်ကမ္မဝါစာဖြင့်။

ရိုသေခြင်းမရှိ မည်သည် သံဃာကိုလည်းကောင်း၊ ဂိုဏ်းကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း၊ ကံကိုလည်းကောင်း မရိုသေ။

မသွင်းရသေးသော မည်သည် ဥက္ခေပနီယကံဖြင့် နှင်ထုတ်ထား၍ သံဃာ့ဘောင်သို့ မသွင်းအပ် သေးသော ရဟန်းတည်း။

အပေါင်းအဖော် မပြုရသေးသော မည်သည် အတူပေါင်းသင်းနေထိုင်ကုန်သော ရဟန်းတို့ကို အပေါင်းအဖော်ဟု ဆိုအပ်ကုန်၏၊ ထိုပေါင်းဖော်ခြင်းသည် ထိုရဟန်းတို့နှင့် အတူတကွ (ထိုရဟန်းအား) မရှိ။ ထို့ကြောင့် အပေါင်းအဖော်မပြုရသေးဟု ဆိုရ၏။

ထိုရဟန်းသို့ အတုလိုက်၍ ကျင့်ငြားအံ့ဟူသည် ထိုနှင်ထုတ်ခံရသော ရဟန်းသည် အကြင်သို့သော အယူရှိ၏၊ အကြင်သို့သော နှစ်သက်ခြင်း ရှိ၏၊ အကြင်သို့သော အလိုရှိ၏၊ ထိုဘိက္ခုနီမသည်လည်း ထိုသို့သော အယူရှိ၏၊ ထိုသို့သော နှစ်သက်ခြင်း ရှိ၏၊ ထိုသို့သော အလိုရှိ၏။

ထိုဘိက္ခုနီမသည်ဟူသည် အကြင်ဥက္ခေပနီယကံဖြင့် နှင်ထုတ်ထားသော ရဟန်းသို့ အတုလိုက်၍ ကျင့်သော ဘိက္ခုနီမတည်း။

ဘိက္ခုနီမတု့ိသည်ဟူသည် အခြားသော ဘိက္ခုနီမတို့သည်။

မြင်ကုန် ကြားကုန်သော ထိုဘိက္ခုနီမတို့သည် ''အသျှင်မ ဤရဟန်းကို ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထား၏၊ ဤရဟန်းသည် ရိုသေခြင်းမရှိ၊ မသွင်းအပ်သေး၊ အပေါင်းအဖော်မလုပ်ရသေး၊ အသျှင်မ ဤရဟန်းသို့ အတုလိုက်၍ မကျင့်ပါလင့်''ဟု ပြောဆိုရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊ အကယ်၍ စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြား၍ မပြောဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ ဤရဟန်းကို ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထား၏၊ ဤရဟန်းသည် ရိုသေခြင်းမရှိ၊ ဤရဟန်းကို မသွင်းရသေး၊ အပေါင်းအဖော်မပြုရသေး၊ အသျှင်မသည် ထိုရဟန်းသို့ အတုလိုက်၍ မကျင့်ပါလင့်''ဟု ပြောဆိုရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊ အကယ်၍ စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ထိုဘိက္ခုနီမကို ကောင်းစွာ ဆိုဆုံးမရမည်၊ ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ဆိုဆုံးမရမည်၊ ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။

၆၇၁။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား အာဏာ တော်ဟူသော 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထားသော ရိုသေခြင်းမရှိသော မသွင်းရသေးသော အပေါင်းအဖော် မပြုရသေးသော ထိုရဟန်းသို့ အတုလိုက်၍ ကျင့်၏၊ ထိုဘိက္ခုနီမသည် ထိုဝတ္ထုကို မစွန့်၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုဝတ္ထုကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား၏ အာဏာတော်ဟူသော 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထားသော ရိုသေခြင်းမရှိသော မသွင်းရသေး သော အပေါင်းအဖော် မပြုလုပ်ရသေးသော ထိုရဟန်းသို့ အတုလိုက်၍ ကျင့်၏၊ ထိုဘိက္ခုနီမ သည် ထိုဝတ္ထုကို မစွန့်၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ 'ဉတ်ကမ္မဝါစာ' ဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊ အကြင်အသျှင်မအား ဤမည်သော ဘိက္ခုနီမကို ထို ဝတ္ထုကို စွန့်ခြင်းငှါ ဆိုဆုံးမခြင်းကို နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏၊ နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။

သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤ နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

ဉတ်၏ အဆုံး၌ ဒုက္က္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာအဆုံး၌ကား ပါရာဇိကအာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးဖြစ်သော ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို ထောက် ၍ ဆိုအပ်၏။

ပါရာဇိကအာပတ် သင့်၏ဟူသည် ဥပမာအားဖြင့် ထူထဲကြီးမားသော ကျောက်ဖျာကြီးသည် နှစ်ဖျာနှစ်စိတ် ကွဲသည်ရှိသော် တစ်ဖန်ပြန်၍ မစပ်နိုင်သကဲ့သို့၊ ဤအတူသာလျှင် ဘိက္ခုနီမသည် သုံးကြိမ်မြောက်အောင် 'ဉတ်ကမ္မဝါစာ' ဖြင့် ဆိုဆုံးမသည်ရှိသော် အယူကို မစွန့်အံ့၊ ဘိက္ခုနီမ မဟုတ် တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊ ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်း သို့ ရောက်၏ဟု ဆိုရ၏။

ဘိက္ခုနီမ ကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်း မည်သည် အတူတကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤ အလုံးစုံသည် ပေါင်းသင်းခြင်းမည်၏။ ထိုပေါင်းသင်းခြင်းသည် ထိုဘိက္ခုနီမနှင့် အတူ မရှိတော့ပေ၊ ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။

၆၇၂။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါရာဇိကအာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါရာဇိကအာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိ သည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါရာဇိကအာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၆၇၃။ ဉတ်ကမ္မဝါစာဖြင့် မဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ ။ပ။ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား အာပတ် မသင့်။

တတိယ ပါရာဇိကသိက္ခာပုဒ် ပြီး၏။

------

၈-စတုတ္ထပါရာဇိကသိက္ခာပုဒ်

၆၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းအကျိုးငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ အတူလည်း ရပ်ကုန်၏၊ အတူလည်း စကားပြောကုန်၏၊ ချိန်းချက်ရာ အရပ်သို့လည်း သွားကုန်၏၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်၏၊ ဖုံးကွယ်ရာသို့လည်း လိုက်၍ ဝင်ကုန်၏၊ ကိုယ်ကိုလည်း အနီး သို့ ဆောင်ကုန်၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂ စွတ်စိုသည်ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းအကျိုးငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ အတူလည်း ရပ်ကုန်ဘိသနည်း၊ အတူလည်း ပြောဆိုကုန်ဘိသနည်း၊ ချိန်းချက်ရာ အရပ်သို့ လည်း သွားကုန်ဘိသနည်း၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ ဖုံးကွယ်ရာ အရပ်သို့လည်း လိုက်၍ ဝင်ကုန်ဘိသနည်း၊ ကိုယ်ကိုလည်း အနီးသို့ ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယသံသဂ္ဂရာဂ စွတ်စိုသော ထိုယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ အတူလည်း ရပ်ကုန်၏၊ အတူလည်း စကားပြောကုန်၏၊ ချိန်းချက်ရာ အရပ်သို့လည်း သွားကုန်၏၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်၏၊ ဖုံးကွယ်ရာအရပ်သို့လည်း လိုက်၍ ဝင်ကုန်၏၊ ကိုယ်ကိုလည်း အနီးသို့ ဆောင်ကုန်၏ဟူသည့်မှန်သလော''ဟု စိစစ် မေးမြန်းတော်မှု၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းအကျိုးငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ သင်္ကန်းစွန်း ကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ အတူလည်း ရပ်ကုန်ဘိသနည်း၊ အတူလည်း စကားပြော ကုန်ဘိသနည်း၊ ချိန်းချက်ရာ အရပ်သို့လည်း သွားကုန်ဘိသနည်း၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ ဖုံးကွယ်ရာ အရပ်သို့လည်း လိုက်၍ ဝင်ကုန်ဘိသနည်း၊ ကိုယ်ကိုလည်း အနီးသို့ ဆောင်ကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၈-၆၇၅။ ''အကြင်ဘိက္ခုနီမသည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယ သံသဂ္ဂရာဂဖြင့် စွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းငှါ လက်ကို ကိုင်ခြင်းကိုမူလည်း သာယာငြားအံ့၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုမူလည်း သာယာငြား အံ့၊ အတူမူလည်း ရပ်ငြားအံ့၊ အတူမူလည်း စကားပြောငြားအံ့၊ ချိန်းချက်ရာ အရပ်သို့မူလည်း သွားငြားအံ့၊ ယောက်ျား၏ ရှေး ရှုလာခြင်းကိုမူလည်း သာယာငြား အံ့၊ ဖုံးကွယ်ရာ အရပ်သို့မူလည်း လိုက်၍ ဝင်ငြားအံ့၊ ကိုယ်ကိုမူလည်း အနီးသို့ ဆောင်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း အကြောင်းရှစ်ပါးရှိသည် ဖြစ်၍ (အဋ္ဌဝတ္ထုကာ မည်သော) ပါရာဇိကအာပတ် သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်း သင်းရခြင်း မရှိ'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၈-စတုတ္ထပါရာဇိက သိက္ခာပုဒ် အဖွင့်

၆၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။

ကာယသံသဂ္ဂရာဂ စွတ်စိုသည်ဖြစ်၍ မည်သည် တပ်နှစ်သက်ခြင်းရှိသည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ရာဂနှောင်ဖွဲ့သော အချစ်စိတ်ရှိသည် ဖြစ်၍။

ကာယသံသဂ္ဂရာဂဖြင့် စွတ်စိုသော မည်သည် တပ်နှစ်သက်ခြင်းရှိသော ငဲ့ကွက်ခြင်းရှိသော ရာဂ နှောင်ဖွဲ့သော အချစ်စိတ်ရှိသော။

ယောက်ျားပုဂ္ဂိုလ် မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ လူယောင် ဖန်ဆင်းသော တိရစ္ဆာန်ယောက်ျား မဟုတ်၊ ကိုယ်လက်နှီးနှောမှုကို ပြုကျင့်ခြင်းငှါ သိကြားလိမ္မာစွမ်းနိုင် သော လူယောက်ျားသာတည်း။

လက်ကို ကိုင်ခြင်းကိုမူလည်း သာယာငြားအံ့ဟူရာ၌ လက် မည်သည်ကား တံတောင်ဆစ်ကို အစပြု၍ လက်သည်းဖျားတိုင်အောင်သော ကိုယ်၏ အစိတ်အပိုင်းတည်း၊ ဤမသူတော်တို့၏ အကျင့်ကို မှီဝဲခြင်းငှါ ညှပ်ရိုး အထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုင်ခြင်းကို သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

သင်္ကန်းစွန်းကို ကိုင်ခြင်းကိုမူလည်း သာယာငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ကိုယ်ဝတ်ကိုလည်းကောင်း၊ ကိုယ်ရုံကိုလည်းကောင်း ကိုင်ခြင်းကို သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

အတူမူလည်း ရပ်ငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ နှစ်တောင့်ထွာ အတွင်း၌ ရပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

အတူမူလည်း ပြောဆိုငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ နှစ်တောင့် ထွာ့အတွင်း၌ ရပ်လျက် စကားပြောဆိုငြားအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ချိန်းချက်ရာအရပ်သို့မူလည်း သွားငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျားက ''ဤမည်သော အရပ်သို့ လာပါလော့''ဟု ချိန်းချက်၍ သွားအံ့၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။ ယောက်ျား၏ နှစ်တောင့်ထွာအတွင်းသို့ ရောက်သည်ရှိသော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

ယောက်ျား၏ ရှေးရှုလာခြင်းကိုမူလည်း သာယာငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ ရှေးရှုလာခြင်းကို သာယာအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နှစ်တောင့်ထွာအတွင်းသို့ ဝင်သည် ရှိသော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

ဖုံးကွယ်ရာ အရပ်သို့မူလည်း လိုက်၍ ဝင်ငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ တစ်စုံတစ်ခုဖုံးကွယ်သော နေရာသို့ ဝင်ကာမျှ၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ကိုယ်ကိုမူလည်း အနီးသို့ ဆောင်ငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ နှစ်တောင့်ထွာအတွင်း၌ ရပ်လျက် ကိုယ်ကို (ယောက်ျား၏) အနီးသို့ဆောင်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

ပါရာဇိကအာပတ် သင့်၏ဟူသည် ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန် စည်ပင်ပြန့်ပွါးခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် ရဟန်းမိန်းမသည် ရှစ်ခုမြောက်သော အကြောင်း ဝတ္ထုကို ပြည့်စေသော် ဘိက္ခုနီမ မဟုတ်တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊ ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟု ဆိုရ၏။

ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိဟူရာ၌ အတူတကွပေါင်းသင်းခြင်း မည်သည် အတူတကွ ဝိနည်းကံ ပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤအလုံးစုံသည် ပေါင်းသင်းခြင်း မည်၏၊ ထိုပေါင်းသင်းခြင်းသည် ထိုဘိက္ခုနီမနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။

၆၇၇။ စိတ်စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ မသာယာသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ စိတ်ပျံ့လွင့်သော ဘိက္ခုနီမ၊ ဝေဒနာနှိပ်စက်သော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား အာပတ် မသင့်။

စတုတ္ထ ပါရာဇိကသိက္ခာပုဒ် ပြီး၏။

------

အသျှင်မတို့ ပါရာဇိကအာပတ်ရှစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊ အကြင် ဘိက္ခုနီမသည် ယင်းပါရာဇိကအာပတ် ရှစ်ပါးတို့တွင် အာပတ်တစ်ပါးပါးသို့ ရောက်သော် ရှေး (လူ သာမဏေမ သိက္ခမာန်ဖြစ်စဉ်) အခါ၌ ဘိက္ခုနီမတို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရသကဲ့သို့၊ ထို့အတူ ထိုဘိက္ခုနီမသည် (ပါရာဇိက ကျပြီးသော) နောက်အခါ၌လည်း ဘိက္ခုနီမတို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရ၊ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ဘိက္ခုနီမကောင်းတို့နှင့် အတူ တကွ ပေါင်းသင်းရခြင်း မရှိတော့ပေ။

ထိုပါရာဇိကအာပတ်ရှစ်ပါးတို့၌ အသျှင်မတို့ကို မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ အသျှင်မတို့သည် ဤပါရာဇိကအာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြ ပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။

ဘိက္ခုနီဝိဘင်း၌ ပါရာဇိကအခန်း ပြီး၏။

------

၂-သံဃာဒိသိသ်အခန်း

၁-ပဌမသံဃာဒိသိသ်သိက္ခာပုဒ်

အသျှင်မတို့ တစ်ဆယ့်ခုနစ်ပါးကုန်သော ဤသံဃာဒိသိသ်အာပတ်တို့သည် သရုပ်အားဖြင့် ပြဆိုအပ် သည်၏ အဖြစ်သို့ ရောက်ကုန်၏။

၆၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဥပါသကာတစ်ယောက်သည် ဘိက္ခုနီသံဃာအား ဘဏ္ဍာတိုက်ကို ပေးလှူပြီးနောက် ကွယ်လွန်သွားလေ၏၊ ထိုဥပါသကာအား သားနှစ်ယောက်ရှိသည့် အနက် တစ်ယောက်သည် သဒ္ဓါတရားမရှိ မကြည်ညို၊ တစ်ယောက်ကား သဒ္ဓါတရားရှိ၏ ကြည်ညို၏၊ ထိုသားနှစ်ယောက်တို့သည် အဖမှ လာသော ဥစ္စာနှစ်ကို ခွဲဝေကုန်၏။ ထိုအခါ သဒ္ဓါတရားမရှိသော မကြည်ညိုသော သူက သဒ္ဓါတရားရှိသော ကြည်ညိုသော သူကို ''ငါတို့အား ဘဏ္ဍာတိုက်သည် ရှိ၏၊ ထိုဘဏ္ဍာတိုက်ကို ခွဲဝေကြစို့''ဟု ပြောဆိုလာသည်ရှိသော် ထိုသဒ္ဓါတရားရှိသော ကြည်ညိုသောသူက ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသောသူကို ''အမောင် ဤသို့ မဆိုလင့်၊ ငါတို့၏ အဖသည် ဘိက္ခုနီ သံဃာအား ပေးလှူထားပြီ''ဟု ပြောဆို၏။

နှစ်ကြိမ်မြောက်လည်း ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူက ထိုသဒ္ဓါတရားရှိသော ကြည်ညိုသော သူကို ''ငါတို့အား ဘဏ္ဍာတိုက်သည် ရှိ၏၊ ထိုဘဏ္ဍာတိုက်ကို ခွဲဝေကြစို့''ဟု ဆို၏။ ထိုအခါ သဒ္ဓါတရားရှိသော ကြည်ညိုသောသူက ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသောသူကို ''အမောင် ဤသို့ မဆိုပါလင့်၊ ငါတို့၏ အဖသည် ဘိက္ခုနီသံဃာအား ပေးလှူထားပြီ''ဟု ပြောဆို၏။

သုံးကြိမ်မြောက်လည်း ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူက ထိုသဒ္ဓါတရားရှိသော ကြည်ညိုသော သူကို ''ငါတို့အား ဘဏ္ဍာတိုက်သည် ရှိ၏၊ ထိုဘဏ္ဍာတိုက်ကို ခွဲဝေကြစို့''ဟု ဆို၏။ ထိုအခါ သဒ္ဓါတရားရှိသော ကြည်ညိုသောသူက ''အကယ်၍ ငါပိုင်ဖြစ်ခဲ့ပါမူ ငါသည်လည်း ဘိက္ခုနီ သံဃာအား ပေးလှူအံ့''ဟု (နှလုံးသွင်း၍) ''ခွဲဝေကြစို့''ဟု ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူအား ပြောဆိုပြီးနောက် ခွဲဝေသောအခါ (ထိုဘဏ္ဍာတိုက်သည်) ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူထံသို့ ရောက်ခဲ့၏။

ထိုအခါ ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူသည် ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်၍ ''အသျှင်မတို့ ထွက်ကုန်လော့၊ အကျွန်ုပ်၏ ဘဏ္ဍာတိုက်တည်း''ဟု စကားဆိုသည်ရှိသော် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''အမောင် ဤသို့ မဆိုပါလင့်၊ သင်တို့၏ အဖသည် ဘိက္ခုနီသံဃာအား ပေးလှူထားပြီး ဖြစ်ပါသည်''ဟု ထိုယောက်ျားအား ပြောဆို၏။ 'လှူပြီး မလှူရသေး'ဟု ငြင်းခုံလျက် တရားဆုံးဖြတ်သော အမတ်ကြီးတို့ကို မေးသဖြင့် ''အသျှင်မတို့ ဘိက္ခုနီသံဃာအား ပေးလှူထားပြီးဟု အဘယ်သူသည် သိသနည်း''ဟု အမတ်ကြီးတို့က မေးကုန်၏။

ဤသို့ မေးသည်ရှိသော် ထုလ္လနန္ဒာဘိက္ခုနီမသည် ''အမောင်တို့ အသိသက်သေထား၍ ပေးလှူ စွန့်ကြဲသော အလှူကို သင်အမတ်ကြီးတို့သည် မြင်လည်း မြင်ဖူးသလော ကြားလည်း ကြားဖူးသလော''ဟု ထိုအမတ်ကြီးတို့အား ပြောဆို၏။

ထိုအခါ အမတ်ကြီးတို့က ''အသျှင်မတို့သည် မှန်ကန်သော စကားကို ဆိုကုန်၏''ဟု ထိုဘဏ္ဍာ တိုက်ကို ဘိက္ခုနီသံဃာပိုင် ပြုကြကုန်၏။ ထိုယောက်ျားသည် ရှုံးသောကြောင့် ဤခေါင်းတုံးဦးပြည်း အမျိုးယုတ်မတို့သည် ဘိက္ခုနီမ မဟုတ်ကုန်၊ ''အဘယ့်ကြောင့် ငါတို့၏ ဘဏ္ဍာတိုက်ကို လုယက်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ထုလ္လနန္ဒာဘိက္ခုနီမသည် အမတ်ကြီးတို့အား ဤအကြောင်းကို ပြောကြားသဖြင့် အမတ်ကြီးတို့က ထိုယောက်ျားကို ဒဏ်ထားကုန်၏။ ထိုအခါ ဒဏ်ထားခံရသော ထိုယောက်ျားသည် ဘိက္ခုနီမတို့ ကျောင်းအနီး၌ တက္ကတွန်းကျောင်းကို ဆောက်လုပ်စေ၍ တက္ကတွန်းတို့အား ''ထိုဘိက္ခုနီမတို့ကို ဆဲရေးတိုင်းထွာ ကြကုန်လော့''ဟု တိုက်တွန်း၏။ ထုလ္လနန္ဒာဘိက္ခုနီမသည် အမတ်ကြီးတို့အား ဤအကြောင်းကို ပြောကြား ပြန်သဖြင့် အမတ်ကြီးတို့က ထိုယောက်ျားကို နှောင်ဖွဲ့စေကုန်၏။

လူအပေါင်းတို့က ''ဘိက္ခုနီမတို့သည် ရှေးဦးစွာ ဘဏ္ဍာတိုက်ကို လုယက်ကုန်၏၊ နှစ်ကြိမ်မြောက် ဒဏ်ထားစေကုန်၏၊ သုံးကြိမ်မြောက် နှောင်ဖွဲ့စေကုန်၏၊ ယခုအခါ၌မူကား သတ်စေကုန်လတ္တံ့''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကုန်၏။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ငြင်းခုံရန်ပွါး (တရား တွေ့လျက်) နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ငြင်းခုံရန်ပွါး (တရားတွေ့) လျက်နေ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့်ထုလ္လနန္ဒာ ဘိက္ခုနီမသည် ငြင်းခုံရန်ပွါး (တရားတွေ့) လျက် နေဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၉။ ၁-၆၇၉။ ''အကြင်ဘိက္ခုနီမသည် သူကြွယ်နှင့်သော်လည်းကောင်း၊ သူကြွယ်သား နှင့်သော်လည်းကောင်း၊ ကျွန်နှင့်သော်လည်းကောင်း၊ အမှုလုပ်နှင့်သော်လည်း ကောင်း၊ အယုတ်အားဖြင့် ရဟန်းပရိဗိုဇ်နှင့်သော်လည်းကောင်း ငြင်းခုံရန်ပွား (တရားတွေ့၍) နေငြားအံ့၊ ဤဘိက္ခုနီမသည် ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည် ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၁-ပဌမသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၆၈၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟု အလိုရှိအပ်၏။

ငြင်းခုံရန်ပွါး (တရားတွေ့လျက်) မည်သည် တရားတွေ့ခြင်းကို ဆို၏။

သူကြွယ် မည်သည် အိမ်၌ အုပ်စိုး၍ နေသော တစ်စုံတစ်ယောက်သော သူတည်း။

သူကြွယ်၏သား မည်သည် တစ်စုံတစ်ယောက်သော သား ညီ အစ်ကိုတို့တည်း။

ကျွန် မည်သည် အိမ်၌ပေါက်ဖွားသောကျွန်၊ ငွေဝယ်ကျွန်၊ သုံ့ရကျွန်တည်း။

အမှုလုပ် မည်သည် သူရင်းငှါးဟု ဝန်ခံသော သူတည်း။

ရဟန်းပရိဗိုဇ် မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမ သိက္ခမာန် သာမဏေ သာမဏေမိန်းမမှ တစ်ပါး တစ်စုံတစ်ယောက် ပရိဗိုဇ်၌ အကျုံးဝင်သော သူတည်း။

''တရားတွေ့အံ့''ဟူ၍ အဖော်ကိုလည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ် ယောက်သော သူအား ပြောကြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဖော်အား ပြောကြားအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ တရားတွေ့ခြင်း အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။

ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူး၍ ကျင့်သည်နှင့် တစ်ပြိုင် နက် အာပတ် သင့်၏။ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ်သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်ဟူသည် သံဃာမှ နှင်ထုတ်စေတတ်၏။

သံဃာဒိသိသ် အာပတ်ဟူသည် သံဃာသည်သာလျှင် ထိုအာပတ်၏ မာနတ်ကို ပေးရ၏၊ အရင်းသို့ ငင်ရ၏၊ အဗ္ဘာန်သွင်းရ၏၊ ဘိက္ခုနီမနှစ်ပါး သုံးပါးသည်လည်းကောင်း၊ တစ်ပါးသည်လည်း ကောင်း မာနတ်ကို မပေးရ၊ အရင်းသို့ မငင်ရ၊ အဗ္ဘာန်မသွင်းရ၊ ထို့ကြောင့် သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏၊ (သံဃာဒိသိသ်ဟူသော အမည်သည်) ထိုအာပတ်အပေါင်း၏ အမည်သာလျှင်တည်း၊ ထို့ကြောင့်လည်း ''သံဃာဒိသိသ်''ဟု ဆိုအပ်၏။

၆၈၁။ လူအပေါင်းတို့က တရားသူကြီးထံသို့ ဆွဲငင်သောကြောင့် သွားအံ့၊ အစောင့်အရှောက်ကို တောင်းအံ့၊ မရည်စူးဘဲ ပြောကြားအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ပဌမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၂-ဒုတိယသံဃာဒိသိသ်သိက္ခာပုဒ်

၆၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဝေသာလီပြည်၌ လိစ္ဆဝီမင်းတစ်ဦး၏ မယားသည် လင်ကို လွန်၍ ကျင့်လေ၏ 'လင်မြှောင်ထား၍ ပျော်ပါးပြုကျင့်နေ၏'။ ထိုအခါ လိစ္ဆဝီမင်းက ''ထိုအမှုမှ ရှောင်ကြဉ်ပါလော့၊ သင်၏ အကျိုးမဲ့ကို ပြုရလိမ့်မည်''ဟု ထိုမိန်းမအား ဆို၏။ ဤသို့ ပြောဆိုပါသော် လည်း မနာယူချေ။

ထိုစဉ်အခါ ဝေသာလီပြည်၌ လိစ္ဆဝီမင်းအပေါင်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် စည်းဝေး၏။ ထိုအခါ ထိုလိစ္ဆဝီမင်းသည် ထိုလိစ္ဆဝီမင်းတို့အား ''အမောင်တို့ အကျွန်ုပ်အား တစ်ယောက်သော မိန်းမကို ခွင့်ပြုကုန်လော့''ဟု ဆို၏။

ထိုမိန်းမသည် အဘယ်အမည်ရှိသနည်းဟု (မေးကြကုန်၏)။

အကျွန်ုပ်၏ မယားသည် (အကျွန်ုပ်ကို) လွန်၍ ကျင့်နေပါ၏၊ ထိုမိန်းမကို သတ်ပါအံ့ဟု (ဆို၏)။ (သင့်မယားကို သင်ပင်) သိလော့ဟု (ဆိုကြကုန်၏)။

ထိုမိန်းမသည် ''ငါ့လင်က ငါ့ကို သတ်လိုသတတ်''ဟု ကြားသောကြောင့် အဖိုးတန်ဥစ္စာဘဏ္ဍာကို ယူ၍ သာဝတ္ထိပြည်သို့ သွားပြီးလျှင် တိတ္ထိတို့ထံသို့ ချဉ်းကပ်၍ ရဟန်းအဖြစ်ကို တောင်းလေ၏။ တိတ္ထိတို့သည် ရဟန်းပြုပေးခြင်းငှါ အလိုမရှိကုန်။ ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်၍ ရဟန်းအဖြစ်ကို တောင်း၏။ ဘိက္ခုနီမတို့ကလည်း ရဟန်းပြုပေးခြင်းငှါ အလိုမရှိကုန်။ ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဥစ္စာဘဏ္ဍာကို ပြကာ ရဟန်းအဖြစ်ကို တောင်းပြန်၏။ ထုလ္လနန္ဒာဘိက္ခုနီမသည်ကား ဥစ္စာ ဘဏ္ဍာကို ယူ၍ ရဟန်းပြုပေးလေ၏။

ထိုအခိုက်တွင် လိစ္ဆဝီမင်းသည် ထိုမိန်းမကို ရှာဖွေသည်ရှိသော် သာဝတ္ထိပြည်သို့ သွား၍ ဘိက္ခုနီမ တို့ထံ၌ ရဟန်းပြုနေသည်ကို မြင်သောအခါ ပသေနဒီကောသလမင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒီ ကောသလမင်းကြီးအား -

''မင်းမြတ် အကျွန်ုပ်၏ မယားသည် အဖိုးတန်ဥစ္စာဘဏ္ဍာကို ယူ၍ သာဝတ္ထိပြည်သို့ ရောက်နေပါ၏၊ မင်းမြတ်သည် ထိုမိန်းမကို ခွင့်ပြုတော်မူပါလော့''ဟု သံတော်ဦးတင်၏။

အချင်း သို့ဖြစ်လျှင် စုံစမ်းရှာဖွေ၍ ပြောကြားလော့ဟု (မိန့်ဆို၏)။

''မင်းမြတ် ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၍ နေသည်ကို တွေ့မြင်ပါ၏''ဟု (လျှောက်ဆို၏)။

အချင်း အကယ်၍ ဘိက္ခုနီမတို့ထံ၌ ရဟန်းပြုနေပါမူ ထိုမိန်းမကို တစ်စုံတစ်ခု ပြုလုပ်ခွင့် မရတော့ပြီ၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုဖို့ရန့်မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ပါစေဟု (ဆို၏)။

ထိုအခါ လိစ္ဆဝီမင်းသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ခိုးသူမကို ရဟန်းပြုပေးဘိသ နည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။ ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆို သော ထိုလိစ္ဆဝီမင်း၏ စကားကို ကြားကြသည်သာတည်း။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ခိုးသူမကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤ အကြောင်းကို ပြောကြားကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ခိုးသူမကို ရဟန်းပြုပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ပ။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ခိုးသူမကို ရဟန်းပြုပေးဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၀။ ၂-၆၈၃။ ''အကြင်ဘိက္ခုနီမသည် သတ်ထိုက်သူဟု ထင်ရှားသော ခိုးသူမကို သိလျက် မင်းကိုသော်လည်းကောင်း၊ သံဃာကိုသော်လည်းကောင်း၊ (အတတ်သည်) ဂိုဏ်းကိုသော်လည်းကောင်း၊ (ကောင်းမှုပြုသူ) လူအသင်းအဖွဲ့ကိုသော်လည်းကောင်း၊ (ကုန်သည်) အစည်းအရုံးကို သော်လည်းကောင်း မပန်ကြားမူ၍ ရဟန်းပြုဖူးသော မိန်းမကို ဖယ်ထား၍ ရဟန်းပြုပေးငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေ တတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၂-ဒုတိယသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၆၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။

သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကသော်လည်း ထိုရဟန်းမိန်းမအား ပြောကြားကြကုန်၏၊ ထိုခိုးသူမကသော်လည်း ပြောကြား၏။

ခိုးသူမ မည်သည် ငါးပဲ ငါးပဲထက်အလွန် ထိုက်တန်သော အရှင်မပေးသည့် ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူသော မိန်းမသည် ခိုးသူမ မည်၏။

သတ်ထိုက်သူ မည်သည် အကြင်အမှုကို ပြုသောကြောင့် သတ်ထိုက်သော အဖြစ်သို့ ရောက်သူ တည်း။

ထင်ရှားသော မည်သည် အခြားသော လူတို့ထက် ''ဤမိန်းမသည် သတ်ထိုက်၏''ဟု ထင်ရှား၏။

မပန်ကြားမူ၍ဟူသည် မပြောမကြားမူ၍။

မင်း မည်သည် အကြင်အရပ်၌ မင်းသည် ဆုံးမအုပ်ချုပ်၏၊ ထိုအရပ်၌ မင်းကို ပန်ကြားရမည်။

သံဃာ မည်သည် ဘိက္ခုနီမသံဃာကို ဆိုအပ်၏၊ ဘိက္ခုနီသံဃာကို ပန်ကြားရမည်။

ဂိုဏ်း မည်သည် အကြင်အရပ်၌ ဂိုဏ်းသည် ဆုံးမအုပ်ချုပ်၏၊ ထိုအရပ်၌ ဂိုဏ်းကို ပန်ကြား ရမည်။

အသင်းအဖွဲ့ မည်သည် အကြင်အရပ်၌ အသင်းအဖွဲ့သည် ဆုံးမအုပ်ချုပ်၏၊ ထိုအရပ်၌ အသင်း အဖွဲ့ကို ပန်ကြားရမည်။

အစည်းအရုံး မည်သည် အကြင်အရပ်၌ အစည်းအရုံးသည် အုပ်ချုပ်၏၊ ထိုအရပ်၌ အစည်းအရုံးကို ပန်ကြားရမည်။

ရဟန်းပြုဖူးသော မိန်းမကို ဖယ်ထား၍ဟူသည် ရဟန်းပြုဖူးသော မိန်းမကို ကြဉ်၍။

ရဟန်းပြုဖူးသောမိန်းမ မည်သည် တိတိ္ထတို့ဘောင်၌ ရဟန်းပြုဖူးသော မိန်းမ၊ အခြားသော ဘိက္ခုနီမတို့ ဘောင်၌ ရဟန်းပြုဖူးသော မိန်းမအားဖြင့် နှစ်ပါးတို့တည်း။

ရဟန်းပြုဖူးသော မိန်းမကို ကြဉ်၍ ''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဉတ်ထားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်ဆရာမအား သံဃာဒိသိသ်အာပတ် သင့်၏။ ဂိုဏ်းအားလည်းကောင်း၊ ကမ္မဝါစာဆရာမအားလည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးသံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမကို ထောက်၍ ဆိုအပ်၏။

ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏။ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသောကြောင့် အာပတ်သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်၏။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၆၈၅။ ခိုးသူမ၌ ခိုးသူမဟု အမှတ်ရှိလျက် ရဟန်းပြုဖူးသူကို ထား၍ ပဉ္စင်းခံပေးအံ့၊ သံဃာဒိသိသ် အာပတ် သင့်၏။ ခိုးသူမ၌ ယုံမှားရှိလျက် ရဟန်းပြုဖူးသူကို ထား၍ ပဉ္စင်းခံပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူမ၌ ခိုးသူမ မဟုတ်ဟု အမှတ်ရှိလျက် ရဟန်းပြုဖူးသူကို ထား၍ ပဉ္စင်းခံပေးအံ့၊ အာပတ် မသင့်။

ခိုးသူမ မဟုတ်သည်၌ ခိုးသူမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူမ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူမ မဟုတ်သည်၌ ခိုးသူမ မဟုတ်ဟု အမှတ်ရှိလျက် ပဉ္စင်းခံပေးအံ့၊ အာပတ် မသင့်။

၆၈၆။ မသိ၍ ပဉ္စင်းခံပေးအံ့၊ ပန်ကြား၍ ပဉ္စင်းခံပေးအံ့၊ ရဟန်းပြုဖူးသော မိန်းမကို ပဉ္စင်းခံ ပေးအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဒုတိယ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၃-တတိယသံဃာဒိသိသ်သိက္ခာပုဒ်

၆၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘဒ္ဒါကာပိလာနီ၏ အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမ သည် အခြားဘိက္ခုနီမနှင့် ခိုက်ရန်ငြင်းခုံ၍ ဆွေမျိုးရှိရာ ရွာသို့ သွားလေ၏။

ဘဒ္ဒါကာပိလာနီသည် ထိုဘိက္ခုနီမကို မမြင်သဖြင့် ''ဤမည်သော ဘိက္ခုနီမသည် အဘယ်မှာနည်း မမြင်ပါတကား''ဟု ဘိက္ခုနီမတို့အား မေးလေ၏။ အသျှင်မ (အခြား) ဘိက္ခုနီမတို့နှင့် ခိုက်ရန် ငြင်းခုံပြီး နောက် မမြင်တော့ပါဟု ဆိုသည်ရှိသော် အမိတို့ ဤမည်သော ရွာ၌ ထိုဘိက္ခုနီမ၏ ဆွေမျိုး ရှိ၏၊ ထိုရွာသို့ သွား၍ စုံစမ်းရှာ ဖွေကြကုန်လော့ဟု ဆို၏။

ဘိက္ခုနီမတို့သည် ထိုရွာသို့ သွား၍ ထိုဘိက္ခုနီမကို တွေ့မြင်သောအခါ ''အသျှင်မ သင်သည် အဘယ့်ကြောင့် တစ်ယောက်ထီးတည်း လာဘိသနည်း၊ အသို့နည်း ဖျက်ဆီးမခံရလေသလော''ဟု မေးကုန်၏။

အသျှင်မတို့ ဖျက်ဆီးခံရပါ၏ဟု (ဆို၏)။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ့ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

(က) ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားငြားအံ့၊ ဤ ဘိက္ခုနီမသည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၆၈၈။ ထိုစဉ်အခါ၌ ဘိက္ခုနီမနှစ်ယောက်တို့သည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ ခရီးရှည် သွားကုန်၏၊ လမ်းခရီး၏ အကြား၌ မြစ်ကို ဖြတ်ကူးရသဖြင့် လှေသမားတို့သို့ ချဉ်းကပ်ပြီးလျှင် ''ဒါယကာတို့ တောင်းပန်ပါ၏၊ ငါတို့ကို ကူးတို့ပို့ပါကုန်လော့''ဟု ဆိုကုန်၏။

''အသျှင်မတို့ တစ်ကြိမ်တည်း နှစ်ဦးလုံးပို့ခြင်းငှါ မတတ်နိုင်ပါ''ဟု ဆို၍ တစ်ယောက်သော လှေသမားသည် တစ်ယောက်သော ဘိက္ခုနီမကို ကူးတို့ပို့၏၊ ကူးပြီးသော လှေသမားက ကူးပြီးသော ဘိက္ခုနီမကို ဖျက်ဆီး၍ မကူးရသေးသော လှေသမားက မကူးရသေးသော ဘိက္ခုနီမကို ဖျက်ဆီး၏။

ထိုဘိက္ခုနီမနှစ်ယောက်တို့သည် နောက်၌ အတူသွား၍ (ဤသို့ အချင်းချင်း) မေးကြကုန်၏။

''အသျှင်မ ဖျက်ဆီးမခံရပါသလော''ဟု မေး၏။

အသျှင်မ ဖျက်ဆီးခံရပါသည်ဟု (ဆို၏)။

''အသျှင်မ သင့်ကိုလည်း မဖျက်ဆီးပါသလော''ဟု (မေး၏)။

အသျှင်မ ဖျက်ဆီးပါ၏ဟု (ဆို၏)။

ထိုအခါ ဘိက္ခုနီမတို့သည် သာဝတ္ထိပြည်သို့ သွား၍ ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် တစ်ယောက်ထီး တည်း မြစ်တစ်ဖက်သို့ ကူးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကုန်၏။ ရဟန်း ယောက်ျားတို့သည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့ ကူး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ပ။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့ ကူးဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

(ခ) ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ်အာပတ်သို့ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၆၈၉။ ထိုစဉ်အခါ၌ များစွာသော ဘိက္ခုနီမတို့သည် ကောသလတိုင်း သာဝတ္ထိပြည် ဇနပုဒ်တို့၌ သွားသည်ရှိသော် ညချမ်းအခါ၌ ရွာတစ်ရွာသို့ ရောက်ကုန်၏။ ထိုဘိက္ခုနီမတို့တွင် တစ်ယောက်သော ဘိက္ခုနီမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ တစ်ယောက်သော ယောက်ျားသည် ထိုဘိက္ခုနီမကို မြင်သည်နှင့်တစ်ပြိုင်နက် နှောင်ဖွဲ့သော (အချစ်) စိတ်ဖြစ်ပေါ်လာသဖြင့် ထိုဘိက္ခုနီမတို့ အတွက် အိပ်ရာခင်းပေးသည်ရှိသော် ထိုအဆင်းလှသူ ဘိက္ခုနီမအတွက်မူကား တစ်ခုသော နေရာ၌ အိပ်ရာကို ခင်းပေး၏။ ထိုအခါ ထိုဘိက္ခုနီမသည် ''ဤယောက်ျားကား ရာဂထိုးကျင့်နှိပ်စက်၏၊ ညဉ့်အခါ အကယ်၍ လာငြားအံ့၊ ငါ့အား ဖောက်ပြန်သော အသံဖြစ်လတ္တံ့''ဟု မှတ်သား၍ ဘိက္ခုနီမတို့ကို မပန် ကြားဘဲ ဒါယကာတစ်ဦးအိမ်သို့ သွား၍ အိပ်၏။

ထို့နောက် ထိုယောက်ျားသည် ညဉ့်အခါ လာ၍ ထိုအဆင်းလှသူ ဘိက္ခုနီမကို ရှာသည်ရှိသော် (အခြား) ဘိက္ခုနီမတို့ကို ထိခိုက်မိလေ၏။ ဘိက္ခုနီမတို့သည် ထိုအဆင်းလှသူ ဘိက္ခုနီမကို မမြင်ကြ သောကြောင့် ''ထိုဘိက္ခုနီမသည် မချွတ်ဧကန် ယောက်ျားနှင့်အတူ ထွက်သွားလေပြီ''ဟု ပြောဆိုကြကုန်၏။

ထိုဘိက္ခုနီမသည် ထိုညဉ့်လွန်သောအခါ (အဖော်) ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်လာရာ (အဖော်) ဘိက္ခုနီမတို့က ''အသျှင်မ အဘယ့်ကြောင့် ယောက်ျားနှင့်အတူ ထွက်သွားသနည်း''ဟု ထိုအဆင်းလှသူ ဘိက္ခုနီမအား ပြောဆိုကုန်၏။ ''အသျှင်မတို့ အကျွန်ုပ်သည်ကား ယောက်ျားနှင့်အတူ ထွက်သွားသည် မဟုတ်ပါ''ဟု ဆို၍ (အဖော်) ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ညဉ့်အခါ၌ တစ်ယောက်ထီး တည်း အဖော်နှင့် ကင်းကွာ၍ နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမသည် ညဉ့်အခါ၌ တစ်ယောက်ထီးတည်း အဖော်နှင့် ကင်းကွာ၍ နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ပ။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ညဉ့်အခါ၌ တစ်ယောက်ထီးတည်း အဖော်နှင့် ကင်းကွာ၍ နေဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီ မပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

(ဂ) ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့၊ တစ်ယောက်ထီးတည်း ညဉ့်အခါ၌ အဖော်နှင့် ကင်း၍မူလည်း နေငြားအံ့၊ ဤဘိက္ခုနီမ သည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၆၉၀။ ထိုစဉ်အခါ၌ များစွာသော ဘိက္ခုနီမတို့သည် ကောသလတိုင်း သာဝတ္ထိပြည် ဇနပုဒ်တို့၌ ခရီးရှည်သွားကုန်၏။ ထိုဘိက္ခုနီမတို့တွင် ဘိက္ခုနီမ တစ်ပါးသည် ကျင်ကြီးနှိပ်စက်လျက်ရှိသောကြောင့် တစ်ယောက်ထီးတည်း ကျန်ရစ်၍ နောက်မှ လိုက်လာ၏။ လူတို့သည် ထိုဘိက္ခုနီမကို တွေ့မြင်၍ ဖျက်ဆီး ကြကုန်၏။ ထိုအခါ၌ ထိုဘိက္ခုနီမသည် (အဖော်) ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်လာရာ (အဖော်) ဘိက္ခုနီမ တို့က ''အသျှင်မ သင်သည် အဘယ့်ကြောင့် တစ်ယောက်ထီးတည်း နောက်ချန်၍ နေသနည်း၊ သင်သည် ဖျက်ဆီးမခံရပါသလော''ဟု ထိုဘိက္ခုနီမအား မေးကုန်၏။ အသျှင်မတို့ ဖျက်ဆီးခံရပါ၏ဟု (ဆို၏)။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း အပေါင်းအသင်းမှ ချန်ရစ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း အပေါင်းအသင်းမှ ချန်ရစ်၏ဟူသည် မှန်သ လော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် တစ်ယောက်ထီးတည်း အပေါင်းအသင်းမှ ချန်ရစ်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၁။ ၃- (ဃ) ၆၉၁။ ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သော်လည်း သွားငြားအံ့၊ တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့၊ တစ်ယောက်ထီးတည်း ညဉ့်အခါ၌ အဖော်နှင့်ကင်း၍မူလည်း နေငြားအံ့၊ တစ်ယောက်ထီးတည်း အပေါင်းအသင်းမှသော်လည်း နောက်ချန်ရစ်ငြားအံ့၊ ဤ ဘိက္ခုနီမသည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၃-တတိယသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၆၉၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။

တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့ဟူသည် အရံအတားရှိသော ရွာ၏ အရံအတားကို ပဌမခြေလှမ်းကို လွန်စေသော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။ ဒုတိယခြေလှမ်း ကို လွန်စေသော ဘိက္ခုနီမအား သံဃာဒိသိသ်အာပတ် သင့်၏။ အရံအတားမရှိသော ရွာ၏ ဥပစာကို ပဌမခြေလှမ်းကို လွန်စေသော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။ ဒုတိယခြေလှမ်းကို လွန်စေသော ဘိက္ခုနီမအား သံဃာဒိသိသ်အာပတ် သင့်၏။

တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့ဟူရာ၌ မြစ်မည်သည်ကား အဝန်းသုံးပါးညီစွာ ဖုံးလွှမ်း၍ တစ်နေရာရာမှ ကူးသော ဘိက္ခုနီမ၏ ကိုယ်ဝတ်သင်းပိုင်သည် ရေစွတ်၏ (ဤအရာသည် မြစ်မည်၏)။ ပဌမခြေတစ်ဖက်ဖြင့် ကူးသော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။ ဒုတိယ ခြေတစ်ဖက်ဖြင့် ကူးသော ဘိက္ခုနီမအား သံဃာဒိသိသ်အာပတ် သင့်၏။

တစ်ယောက်ထီးတည်း ညဉ့်အခါ၌ အဖော်နှင့်ကင်း၍မူလည်း နေငြားအံ့ဟူသည် အဖော်ဘိက္ခုနီမ၏ နှစ်တောင့်ထွာအရပ်ကို စွန့်ဆဲဖြစ်သော ဘိက္ခုနီမအား အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ထုလ္လစ္စဉ်း အာပတ် သင့်၏။ စွန့်ပြီးဖြစ်လျှင် သံဃာဒိသိသ်အာပတ် သင့်၏။

တစ်ယောက်ထီးတည်း အပေါင်းအသင်းမှသော်လည်း နောက်ချန်ရစ်ငြားအံ့ဟူသည် ရွာမရှိသော တော၌ အဖော်ဘိက္ခုနီမ မြင်နိုင် ကြားနိုင်လောက်သော အရပ်ကို စွန့်ဆဲဖြစ်သော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။ စွန့်ပြီးဖြစ်လျှင် သံဃာဒိသိသ်အာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်ပြီးသော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ့်သင့်၏။ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ်သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၆၉၃။ အဖော်ဘိက္ခုနီမသည် ဖဲသွားသော်လည်းကောင်း၊ လူထွက်သော်လည်းကောင်း၊ သေသော် လည်းကောင်း၊ တိတ္ထိကျောင်းသို့ ပြောင်းရွှေ့သော်လည်းကောင်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

တတိယ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၄-စတုတ္ထသံဃာဒိသိသ် သိက္ခာပုဒ်

၆၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ စဏ္ဍကာဠီဘိက္ခုနီမသည် ငြင်းခုံ ရန်ပွါး ဆန့်ကျင်ဘက် စကားကို ဆိုတတ်သည့်ပြင် စကားများ၍ သံဃာ့အဓိကရုဏ်းကိုလည်း ပြုတတ်၏။ ထုလ္လနန္ဒာဘိက္ခုနီမ သည် ထိုဘိက္ခုနီမအား ကံပြုသည်ရှိသော် ကန့်ကွက်တားမြစ်၏။

ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရွာငယ်သို့ သွားခိုက် ဘိက္ခုနီသံဃာသည် ''ထုလ္လနန္ဒာဘိက္ခုနီမ ဖဲသွားလေပြီ''ဟု စဏ္ဍာကာဠီဘိက္ခုနီမအား အာပတ်ကို မရှု ခြင်းကြောင့် နှင်ထုတ်လေ၏။ ထုလ္လနန္ဒာဘိက္ခုနီမသည် ရွာငယ်၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေကာ တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လာလေ၏။

စဏ္ဍကာဠီဘိက္ခုနီမသည် ပြန်လာသော ထုလ္လနန္ဒာဘိက္ခုနီမအား နေရာကိုလည်း ခင်းမပေး၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကိုလည်း အနီး၌ ယူမထား၊ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်းကိုလည်း လှမ်းမယူ၊ သောက်ရေဖြင့်လည်း မမေးမြန်း၊ သောက်ရေကိုလည်း မဆက်ကပ်၊ ထုလ္လနန္ဒာဘိက္ခုနီမသည် စဏ္ဍကာဠီဘိက္ခုနီမအား-

''အသျှင်မ သင်သည် ငါလာနေပါလျက် အဘယ့်ကြောင့် နေရာကို မခင်းပါသနည်း၊ ခြေဆေးရေ ခြေဆေး အင်းပျဉ် ခြေပွတ်အိုးခြမ်းကို မထားပါသနည်း၊ ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို လှမ်းမယူပါသနည်း၊ သောက်ရေဖြင့်လည်း မမေးမြန်းပါသနည်း၊ သောက်ရေကိုလည်း မဆက်ကပ်ပါသနည်း''ဟု မေး၏။

အသျှင်မ အကျွန်ုပ်အား ကိုးကွယ်ရာမဲ့ရန် အကြောင်းဖြစ်ပေါ်လျက် ရှိပါ၏ဟု (လျှောက်၏)။

အသျှင်မ သင်သည် အဘယ့်ကြောင့် ကိုးကွယ်ရာမဲ့ ဖြစ်ရပါသနည်းဟု (မေးသောအခါ) အသျှင်မ အကျွန်ုပ်အား ဤဘိက္ခုနီမတို့က ''ဤစဏ္ဍကာဠီဘိက္ခုနီမသည် ကိုးကွယ်ရာမရှိ၊ ထင်ရှားသူမဟုတ်၊ ဤစဏ္ဍကာဠီဘိက္ခုနီမအတွက် တားမြစ်ကန့်ကွက်မည့် ဘိက္ခုနီမ တစ်စုံတစ်ယောက်မျှ မရှိတော့ပြီ''ဟု (နှလုံးပိုက်၍) အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ပါကုန်၏ဟု (လျှောက်၏)။

ထုလ္လနန္ဒာဘိက္ခုနီမက ''ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ ထိုဘိက္ခုနီမတို့သည် မလိမ္မာကုန်၊ ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်း ကိုလည်းကောင်း မသိကြကုန်၊ ငါတို့သည်ကား ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်းကိုလည်းကောင်း သိကုန်၏၊ ငါတို့သည် မပြုရသေးသော ကံကိုလည်း ပြုစေကုန်အံ့၊ ပြုထားပြီး ကံကိုလည်း ပျက်စေကုန်အံ့''ဟု ပြောဆို၍ အလျင်အမြန် ဘိက္ခုနီ သံဃာကို စည်းဝေးစေပြီးလျှင် စဏ္ဍကာဠီဘိက္ခုနီမကို သွင်းလေ၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ညီညွတ်သော သံဃာက့ဟုတ်မှန်သောသဘော ဝိနည်း၊ မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ် ထားသော ဘိက္ခုနီမကို ကံပြုသော သံဃာအား မပန်ကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်းလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော ဝိနည်း၊ မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ'ဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီမကို ကံပြုသော သံဃာ အား မပန်ကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်း၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော ဝိနည်း၊ မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီမကို ကံပြုသော သံဃာအား မပန်ကြားမူ၍ ဂိုဏ်း၏ အလိုကိုို သိအောင် မပြုဘဲ သွင်းလေဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၂။ ၄-၆၉၅။ ''အကြင်ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သော သဘော ဝိနည်း၊ မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ် ထားသော ဘိက္ခုနီမကို ကာရက သံဃာအား မပန်မကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်းငြားအံ့၊ ဤ ဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာ ဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၄-စတုတ္ထသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၆၉၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

ညီညွတ်သောသံဃာ မည်သည် အတူပေါင်းဖော်ခြင်း ရှိသော, တစ်သိမ်တည်း၌ တည်သော သံဃာ တည်း။

နှင်ထုတ်ထားသော မည်သည် အာပတ်ကို မရှုခြင်းကြောင့်လည်းကောင်း၊ မကုစားခြင်းကြောင့်လည်း ကောင်း၊ မစွန့်ခြင်းကြောင့်လည်းကောင်း နှင်ထုတ်ထားသော။

ဟုတ်မှန်သောသဘော, ဝိနည်းဟူသည် အကြင်ဟုတ်မှန်သော သဘောဖြင့်, အကြင်စောဒနာ သာရဏာ ဝိနည်းဖြင့်။

မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့်ဟူသည် မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ'၊ သစ္စာလေးပါးတရားကို သိတော်မူသော မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့်။

ကာရကသံဃာအား မပန်မကြားမူ၍ဟူသည် ကံပြုသော သံဃာအား မပန်ကြားဘဲ။

ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲဟူသည် ဂိုဏ်း၏ အလိုကို သိအောင်မပြုဘဲ။

သွင်းအံ့ဟု အပေါင်းအသင်းကိုလည်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်ပြီးသော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏၊ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ် သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၆၉၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ သွင်းအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ သွင်းအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ သွင်းအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၆၉၈။ ကံပြုသော သံဃာကို ပန်ကြား၍ သွင်းအံ့၊ ဂိုဏ်း၏ အလိုကို သိအောင် ပြု၍ သွင်းအံ့၊ ဝတ်ကျင့်ဆဲ ဘိက္ခုနီမကို သွင်းအံ့၊ ကံပြုသော သံဃာ ထင်ရှားမရှိ၍ သွင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

စတုတ္ထ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၅-ပဉ္စမသံဃာဒိသိသ်သိက္ခာပုဒ်

၆၉၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သုန္ဒရီနန္ဒာဘိက္ခုနီမသည် အဆင်းလှ၍ ရှုချင်ဖွယ် ကြည်ညိုဖွယ် ရှိ၏။ လူတို့သည် ဆွမ်းစားဇရပ်၌ သုန္ဒရီနန္ဒာဘိက္ခုနီမကို မြင်၍ ရာဂစိုစွတ်သည် ဖြစ်၍ ရာဂစိုစွတ်သော သုန္ဒရီနန္ဒာဘိက္ခုနီမအား အလွန်ကောင်းမွန်သော ဘောဇဉ်တို့ကို ပေးလှူကုန်၏။ သုန္ဒရီနန္ဒာဘိက္ခုနီမသည် အလိုရှိသလောက် သုံးဆောင်ရ၍ အခြားဘိက္ခုနီမတို့ကား စိတ်တိုင်းကျ မရကုန်။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မသုန္ဒရီနန္ဒာသည် ရာဂစိုစွတ်လျက် ရာဂစိုစွတ်သော ယောက်ျားပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲလေဘိသနည်း စားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သုန္ဒရီနန္ဒာဘိက္ခုနီမသည် ရာဂစိုစွတ်လျက် ရာဂစိုစွတ်သော ယောက်ျားပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲ၏ စား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် သုန္ဒာရီ နန္ဒာသည် ရာဂစိုစွတ်လျက် ရာဂစိုစွတ်သော ယောက်ျားပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲလေဘိသနည်း၊ စားလေဘိသနည်း။ ရဟန်းတို့ ဤ (သုန္ဒရီနန္ဒာပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၃။ ၅-၇၀၀။ ''အကြင်ဘိက္ခုနီမသည် ရာဂစိုစွတ်သည်ဖြစ်၍ ရာဂစိုစွတ်သော ယောက်ျား ပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၅-ပဉ္စမသံဃာဒိသိသ်သိက္ခ္ခာပုဒ် အဖွင့်

၇၀၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

ရာဂစိုစွတ်သည် ဖြစ်၍ မည်သည် တပ်နှစ်သက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ရာဂ နှောင်ဖွဲ့သော အချစ်စိတ်ရှိသည် ဖြစ်၍။

ရာဂစိုစွတ်သော မည်သည် တပ်နှစ်သက်သော ငဲ့ကွက်ခြင်း ရှိသော ရာဂနှောင်ဖွဲ့သော အချစ်စိတ် ရှိသော။

ယောက်ျားပုဂ္ဂိုလ် မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန် ယောက်ျား မဟုတ်၊ တပ်နှစ်သက်ခြင်းငှါ သိကြားလိမ္မာစွမ်းနိုင်သော လူယောက်ျားတည်း။

ခဲဖွယ် မည်သည် ဘောဇဉ် ငါးပါးနှင့် ရေဒန်ပူတို့ကို ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။

ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲဟူသော ဘောဇဉ်ငါးပါးတို့တည်း။

''ခဲမည် စားမည်''ဟု ခံယူအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း သံဃာဒိသိသ်အာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏၊ ဉတ်ကမ္မစာဝါဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ် သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၇၀၂။ ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ဦးတစ်ဖက်မှ ရာဂစိုစွတ်ရာ၌ ''ခဲမည် စား မည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်းအာပတ် သင့်၏။ ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

နှစ်ဦးလုံး ရာဂစိုစွတ်ရာ၌ ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်တို့၏ လက်မှ ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်း အာပတ် သင့်၏။ ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ဦးတစ်ဖက်မှ ရာဂစိုစွတ်ရာ၌ ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

၇၀၃။ နှစ်ဦးနှစ်ဖက်မှ ရာဂမစိုစွတ်ကုန်အံ့၊ ရာဂမစိုစွတ်ဟု သိသည်ဖြစ်၍ ခံယူအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ပဉ္စမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၆-ဆဋ္ဌသံဃာဒိသိသ်သိက္ခာပုဒ်

၇၀၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သုန္ဒရီနန္ဒာဘိက္ခုနီမသည် အဆင်းလှ၍ ရှုချင်ဖွယ် ကြည်ညိုဖွယ် ရှိ၏။ လူတို့သည် ဆွမ်းစားဇရပ်၌ သုန္ဒရီနန္ဒာဘိက္ခုနီမကို မြင်၍ ရာဂစိုစွတ်ကုန်သည်ဖြစ်၍ သုန္ဒရီနန္ဒာဘိက္ခုနီမအား အလွန်ကောင်းမွန်သော ဘောဇဉ်တို့ကို ပေးလှူကုန်၏။ သုန္ဒရီနန္ဒာဘိက္ခုနီမသည် ကား မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည် ဖြစ်၍ မခံယူချေ။

(အနီး၌) ကပ်လျက် ရှိနေသော ဘိက္ခုနီမသည် သုန္ဒရီနန္ဒာဘိက္ခုနီမအား ''အသျှင်မသည် အဘယ့် ကြောင့် မခံယူဘိသနည်း''ဟု ပြောဆို၏။

အသျှင်မ ရာဂစိုစွတ်သော သူတို့ပါတည်းဟု (ဆို၏)။

''အသျှင်မ သင်သည်လည်း ရာဂစိုစွတ်ပါသလော''ဟု (မေးသောအခါ)

ငါသည်ကား ရာဂမစိုစွတ်ပါဟု (ဆို၏)။

''အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စား လော့''ဟု (ဆို၏)။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့''ဟု ဆိုဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမသည် 'အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည် ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂ မစိုစွတ် သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဘိက္ခုနီမသည် အဘယ့် ကြောင့် ''အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့''ဟု ပြောဆိုဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေး သောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၄။ ၆-၇၀၅။ ''အကြင်ဘိက္ခုနီမသည် 'အသျှင်မ ဤယောက်ျားသည် ရာဂ စိုစွတ်သည် ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင် လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်း ပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့'ဟု ပြောဆိုငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည် ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၆-ဆဋ္ဌသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၇၀၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

ဤသု့ိ ပြောဆိုငြားအံ့ဟူသည် ''အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်မူလည်း ဖြစ်စေ မစိုစွတ်သည်မူလည်း ဖြစ်စေ အသင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂ မစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမ စကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်းအာပတ် သင့်၏။ စားပြီးသည့် အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏၊ ဉတ်ကမ္မစာဝါဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ် သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

ရေဒန်ပူကို ''ခံယူပါလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမ၏ စကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၇၀၇။ တစ်ဦးတစ်ဖက်မှ ရာဂဖြင့် စိုစွတ်ရာ၌ ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်တို့၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို ''ခဲပါ စားပါလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထို ဘိက္ခုနီမ၏ စကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ စားပြီးသည်၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ရေဒန်ပူကို ''ခံယူပါလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမစကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၇၀၈။ ''ရာဂမစိုစွတ်''ဟု သိသည်ဖြစ်၍ တိုက်တွန်းအံ့၊ ''အမျက်ထွက်သည်ဖြစ်၍ မခံယူ''ဟု (နှလုံးပြု၍) တိုက်တွန်းအံ့၊ ''အမျိုး 'ဒါယကာ'ကို အစဉ်သနားသဖြင့် မခံမယူ''ဟု (နှလုံးပြု၍) တိုက်တွန်း အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဆဋ္ဌ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၁၀-ဒသမသံဃာဒိသိသ် သိက္ခာပုဒ်

၇၀၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ စဏ္ဍကာဠီဘိက္ခုနီမသည် ဘိက္ခုနီမတို့နှင့် ခိုက်ရန် ဖြစ်ပြီးလျှင် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''မြတ်စွာဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤ ဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်အံ့''ဟု ပြောဆို၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'မြတ်စွာဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စ ရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမ တို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့'ဟု ဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'မြတ်စွာဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့ သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြား ဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့် တော့အံ့'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။

ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤ ဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့''ဟု ဆိုဘိသနည်း။ ရဟန်းတို့ ဤ (စဏ္ဍကာဠီပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၈။ ၁၀-၇၁၀။ ''အကြင်ဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည် သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့''ဟု ပြောငြားအံ့။ ထိုဘိက္ခုနီမကို ဘိက္ခုနီမတို့သည် 'အသျှင်မ အမျက်ထွက်၍ နှလုံးမသာသောကြောင့် ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရား သမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့ သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြား ဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့ဟု မပြောဆိုပါလင့်၊ အသျှင်မ မွေ့လျော်ပါလော့၊ မြတ်စွာ ဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူ၏၊ ဆင်းရဲ၏ အဆုံးကို ပြုရန်အလို့ငှါ အကျင့်မြတ်ကို ကောင်းစွာ ကျင့်ပါလော့'ဟု ပြောဆိုဆုံးမရာ၏၊ ဤသို့လျှင် ထိုဘိက္ခုနီမကို (အခြား) ဘိက္ခုနီမတို့က ပြောဆိုဆုံးမပါလျက် ထိုရှေးအတူသာလျှင် ချီးမြှောက်ငြားအံ့၊ ထိုဘိက္ခုနီ မကို ဘိက္ခုနီမတို့သည် သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်သည် ဖြစ်၍ ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏။ အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း သုံးကြိမ် တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်၏ အခြားမဲ့၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၁၀-ဒသမသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၇၁၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အမျက်ထွက်၍ နှလုံးမသာသောကြောင့်ဟူသည် မမွေ့လျော်သော စိတ် ရှိသည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည်ဖြစ်၍ ငြောင့်ကဲ့သို့ဖြစ်သော စိတ် ရှိသည်ဖြစ်၍။

ဤသို့ပြောဆိုငြားအံ့ဟူသည် ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင် မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ အကျင့်မြတ်ကို ကျင့်တော့အံ့ဟု ပြောဆို၏။

ထိုဘိက္ခုနီမကိုဟူသည် ဤသို့ ပြောလေ့ရှိသော ဘိက္ခုနီမကို။

ဘိက္ခုနီမတို့ကဟူသည် အခြားသော ဘိက္ခုနီမတို့သည်။

မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့သည် ''အသျှင်မ အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'မြတ်စွာဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့'ဟု မဆိုပါလင့်၊ အသျှင်မ မွေ့လျော်ပါလော့၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူ၏၊ ဆင်းရဲ၏ အဆုံးကို ပြုရန် အလို့ငှါ အကျင့်မြတ်ကို ကောင်းစွာ ကျင့်ပါလော့''ဟု ပြောဆို ဆုံးမရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြား၍ မပြောဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမကို သံဃာအလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်တော့အံ့'ဟု မဆိုပါလင့်၊ အသျှင်မ မွေ့လျော်ပါလော့၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူ၏၊ ဆင်းရဲ၏ အဆုံးကို ပြုရန်အလို့ငှါ အကျင့်မြတ်ကို ကောင်းစွာ ကျင့်ပါလော့''ဟု ပြောဆို ဆုံးမရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆုံးမရမည်။

ရဟန်းတို့ ဤသို့လျှင် ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။

၇၁၂။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည် သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်အံ့'ဟု ပြောဆို၏၊ ထိုဘိက္ခုနီမသည် ထိုဝတ္ထုကို မစွန့်၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမ သည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန် သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏အထံ၌ မြတ်သောအကျင့်ကို ကျင့်အံ့'ဟု ပြောဆို၏၊ ထိုဘိက္ခုနီမသည် ထိုဝတ္ထုကို မစွန့်၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊ ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ့်နေရာ၏၊ အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ။ ထိုအသျှင်မ သည် ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။ သံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်တို့၏အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းကုန်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်မြောက်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသောကြောင့် သင့်၏၊ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည်မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၇၁၃။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၇၁၄။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဒသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၁၁-ဧကာဒသမသံဃာဒိသိသ်သိက္ခာပုဒ်

၇၁၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ စဏ္ဍကာဠီဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိ ကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် မောဟာဂတိသို့ လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏''ဟု ပြောဆို၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီဘိက္ခုနီမသည် တစ်စုံတစ်ခု သော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့ လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏''ဟု ပြောဆိုဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် တစ်စုံ တစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏''ဟု ပြောဆိုဘိသနည်း။ ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၁၉။ ၁၁-၇၁၆။ ''အကြင်ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့ သည် မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆိုငြားအံ့၊ ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့က 'အသျှင်မ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဒေါသာဂတိ သို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏ဟု မဆိုပါလင့်၊ အသျှင်မသည် သာလျှင် ဆန္ဒာဂတိသို့လည်း လိုက်ရာ၏၊ ဒေါသာဂတိသို့လည်း လိုက်ရာ၏၊ မောဟာဂတိသို့လည်း လိုက်ရာ၏၊ ဘယာဂတိသို့လည်း လိုက်ရာ၏'ဟု ပြောဆို ဆုံးမရာ၏၊ ဤသို့လျှင် ထိုဘိက္ခုနီမ သည် (အခြား) ဘိက္ခုနီမတို့က ဆိုဆုံးမ အပ်သည် ဖြစ်လျက် ရှေးနည်း အတူသာလျှင် ပြုမူငြားအံ့၊ ထိုဘိက္ခုနီမကို ဘိက္ခုနီမတို့က သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်၏၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမ အပ်သည် ရှိသော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်၏ အဆုံး၌ သင့်သည် ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၁၁-ဧကာဒသမသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၇၁၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

တစ်စုံတစ်ခုသော အဓိကရုဏ်း၌ဟူရာ၌ အဓိကရုဏ်း မည်သည် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါ ဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းဟူ၍ အဓိကရုဏ်းလေးပါးတို့တည်း။

ရှုံးသဖြင့် မည်သည် မနိုင်သည်ကို ဆိုရ၏။

အမျက်ထွက်၍ နှလုံးမသာသောကြောင့်ဟူသည် မမွေ့လျော်သော စိတ်ရှိသည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည်ဖြစ်၍ ငြောင့်ကဲ့သို့ဖြစ်သော စိတ် ရှိသည်ဖြစ်၍။

ဤသို့ပြောဆိုငြားအံ့ဟူသည် ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမ တို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏ဟု ပြောဆိုငြားအံ့။

ထိုဘိက္ခုနီမကိုဟူသည် ဤသို့ပြောဆိုလေ့ ရှိသော ဘိက္ခုနီမကို။

ဘိက္ခုနီမတို့ကဟူသည် အခြားသော ဘိက္ခုနီမတို့သည်။

မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''အသျှင်မ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု မပြောဆိုပါလင့်၊ အသျှင်မသည်သာလျှင် ဆန္ဒာ့ဂတိသို့လည်း လိုက်ရာ၏။ပ။ ဘယာဂတိသို့လည်း လိုက်ရာ၏''ဟု ပြောဆိုဆုံးမရမည်။ နှစ်ကြိမ်မြောက် လည်း ပြောဆိုဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ အယူကို စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြား၍ မပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု မပြောဆိုပါလင့်၊ အသျှင်မသည်သာလျှင် ဆန္ဒာ ဂတိသို့လည်း လိုက်ရာ၏။ပ။ ဘယာဂတိသို့လည်း လိုက်ရာ၏''ဟု ပြောဆိုဆုံးမရမည်။ နှစ်ကြိမ် မြောက်လည်း ပြောဆိုဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ အယူကို စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်။

ရဟန်းတို့ ဤသို့လျှင် ဆိုဆုံးမရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။

၇၁၈။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆို၏၊ ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမ တို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆို၏၊ ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊ ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏၊

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။

သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။

သံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းကုန်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် သင့်၏၊ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၇၁၉။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၇၂၀။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဧကာဒသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၁၂-ဒွါဒသမသံဃာဒိသိသ်သိက္ခာပုဒ်

၇၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမ၏ အနီးနေတပည့် ဘိက္ခုနီမ တို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ 'မကောင်းသတင်း' ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် လူတို့နှင့်ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာ အား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဘိက္ခုနီမတို့သည် အဘယ့် ကြောင့် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၂၀။ ၁၂-၇၂၂။ ''ဘိက္ခုနီမတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ထိုဘိက္ခုနီမတို့ကို အခြား ဘိက္ခုနီမတို့က 'ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏'ဟု ပြောဆိုရာ၏။ ဤသို့လျှင် ထိုဘိက္ခုနီမတို့သည် အခြားသော ဘိက္ခုနီမတို့က့ပြောဆိုအပ်ပါလျက် ရှေးနည်း အတူသာလျှင် ချီးမြှောက်ပြောဆိုကုန်ငြားအံ့၊ ထိုဘိက္ခုနီမတို့ကို အခြား ဘိက္ခုနီမ တို့က သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်သော် ထိုအယူကို အကယ်၍ စွန့်ကုန်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်အံ့၊ ဤဘိက္ခုနီမတို့သည်လည်း သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာ ဖြင့် ဆိုဆုံးမသည်၏ အဆုံး၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်ကုန်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၁၂-ဒွါဒသမသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၇၂၃။ ဘိက္ခုနီမတို့သည်သာလျှင်ဟူသည် ပဉ္စင်းဖြစ်သော ဘိက္ခုနီမတို့ကို ဆိုအပ်ကုန်၏။

လူတို့နှင့်ရောနှောကာ နေကုန်၏ဟူရာ၌ ရောနှောခြင်း မည်သည် ရဟန်းတို့အား မလျောက်ပတ်သော ကိုယ်မှု နှုတ်မှုဖြင့် ရောနှော၍ နေကုန်၏။

ယုတ်မာသော အကျင့် ရှိလျက်ဟူသည် ယုတ်မာသော အကျင့်နှင့် ပြည့်စုံကုန်၏။

ယုတ်မာသော ကျော်စောသံ ရှိလျက်ဟူသည် ယုတ်မာသော ကျော်စောသံဖြင့် 'မကောင်းသတင်း' ဖြင့် ပျံ့နှံ့ ကျော်ကြားကုန်၏။

ယုတ်မာသော အသက်မွေးခြင်း ရှိလျက်ဟူသည် ယုတ်မာသော မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးခြင်းကို ပြုကုန်၏။

ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင်ဟူသည် အချင်းချင်း၏ ကံကို ပြုသည်ရှိသော် တားမြစ် ကန့်ကွက်ကုန်၏။

အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက်ဟူသည် အချင်းချင်း၏ အပြစ်ကို ဖုံးလွှမ်းကုန်၏။

ထိုဘိက္ခုနီမတို့ကိုဟူသည် လူတို့နှင့်ရောနှော၍ နေသော ဘိက္ခုနီမတို့ကို။

ဘိက္ခုနီမတို့ကဟူသည် အခြားသော ဘိက္ခုနီမတို့သည်။

မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာ သော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆိုဆုံးမရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်ကုန်အံ့၊ ဤသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြား၍ မပြောမဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ထိုဘိက္ခုနီမတို့ကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီ သံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆို ဆုံးမရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်ကုန်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမတို့ကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်။

ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ဆိုဆုံးမရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမ သည့်သံဃာကို သိစေရမည်။

၇၂၄။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည် ဤ မည်သော ဘိက္ခုနီမတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်း ချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ထိုဘိက္ခုနီမတို့သည် ထိုအယူကို မစွန့်ကုန်၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည် ဤမည်သော ဘိက္ခုနီမတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်းအပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ထိုဘိက္ခုနီမတို့သည် ထိုအယူကို မစွန့်ကုန်၊ သံဃာသည် ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊ ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။

သံဃာသည် ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ် ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်ကုန်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။

သံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမတို့အား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းကုန်၏။ နှစ်ယောက်သုံးယောက်သော ဘိက္ခုနီမတို့ကို တစ်ပြိုင်နက် ဆိုဆုံးမရမည်၊ ထို့ထက်ပိုလွန်သော ဘိက္ခုနီမတို့ကို မဆုံးမရ။

ဤဘိက္ခုနီမတို့သည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်ကုန်၏။

သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် သင့်ကုန်၏၊ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည် မဟုတ်ကုန်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။

၇၂၅။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၇၂၆။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဒွါဒသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

၁၃-တေရသမသံဃာဒိသိသ်သိက္ခာပုဒ်

၇၂၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် သံဃာက ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို-

''အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှော၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီး တခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်သော အခြား ဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏၊ ထိုဘိက္ခုနီမတို့ကိုမူကား သံဃာက တစ်စုံတစ်ရာမျှ မပြော မဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့် လည်းကောင်း၊ နိုင်ထက်စီးနင်းပြောဆိုသဖြင့်လည်းကောင်း၊ (အသျှင်မတို့က) အားနည်းသဖြင့်လည်း ကောင်း ညီမအစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု ဤသို့ ပြောဆိုသည်''ဟူ၍ ပြောဆို၏။

အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သံဃာက ဉတ် ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို အသျှင်မတို့ သင်တို့သည် လူတို့နှင့်ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ အခြား ဘိက္ခုနီမတို့သည် လည်း သံဃာ၌ ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သံဃာက ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမ တို့ကို- 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေး ခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်သော အခြား ဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏၊ ထိုဘိက္ခုနီမတို့ကိုမူကား သံဃာသည် တစ်စုံတစ်ရာမျှ မပြော မဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့် လည်းကောင်း၊ နိုင်ထက်စီးနင်းပြောဆိုသဖြင့်လည်းကောင်း၊ (အသျှင်မတို့က) အားနည်းသဖြင့်လည်း ကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်း ချင်း အပြစ်ကို ဖုံးလွှမ်းကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆိုချက်သည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သံဃာက ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို ''အသျှင်မတို့ သင်တို့ သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ အခြားဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ့နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏''ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆို ဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၂၁။ ၁၃-၇၂၈။ ''အကြင်ဘိက္ခုနီမသည် 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန် လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်း တတ်ကုန်သော အခြား ဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏၊ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစ်စုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကို သာလျှင် မထီမဲ့မြင်ပြု သဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့်လည်းကောင်း၊ နိုင်ထက်စီးနင်းပြောသဖြင့် လည်းကောင်း၊ (အသျှင်မတို့က) အားနည်းသဖြင့် လည်းကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့်ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောငြားအံ့၊ ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့က 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှော သည်ဖြစ်၍ သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်သော အခြားဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏။ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကို သာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့်လည်း ကောင်း၊ နိုင်ထက်စီးနင်းပြောသဖြင့်လည်းကောင်း (အသျှင်မတို့က) အားနည်းသဖြင့် လည်းကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ မဆိုပါလင့်ဟု ဆိုရာ၏။ ဤသို့လျှင် ထိုဘိက္ခုနီမသည် အခြား ဘိက္ခုနီမတို့က ဆိုဆုံးမအပ်ပါလျက် ရှေးနည်းအတူသာလျှင် ပြုမူငြားအံ့၊ ထိုဘိက္ခုနီမကို ဘိက္ခုနီမတို့သည် သုံးကြိမ် တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါ စာဖြင့် ဆိုဆုံးမအပ်သော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်၏ အဆုံး၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၁၃- တေရသမသံဃာဒိသိသ်သိက္ခာပုဒ် အဖွင့်

၇၂၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတိ္တစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

ဤသို့ ပြောဆိုငြားအံ့ဟူသည် အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီမသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းကုန်သော အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်၏၊ ထိုဘိက္ခုနီမတို့ကို သံဃာသည် တစ်စုံ တစ်ရာမျှ မပြောမဆို။

သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်ဟူသည် အထင်အမြင်သေးသဖြင့် 'အောက်တန်းစား အနေ ထား၍ သိခြင်းဖြင့်'။

နှိပ်စက်သဖြင့်ဟူသည် နှိပ်စက်သည့် အဖြစ်ဖြင့်။

သည်းမခံသဖြင့်ဟူသည် မျက်မုန်းကျိုးသဖြင့်။

နိုင်ထက်စီးနင်းပြောသဖြင့်ဟူသည် နိုင်ထက်စီးနင်း ပြောသည့် အဖြစ်ဖြင့်။

အားနည်းသဖြင့်ဟူသည် အသင်းအပင်းမရှိသည့် အဖြစ်ဖြင့်။

''ညီမအစ်မတို့သည်သာလျှင် လူတု့ိနှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီမသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းကုန်၏။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု သံဃာက ဆိုသည်''ဟူ၍ ပြောဆို၏။

ထိုဘိက္ခုနီမကိုဟူသည် ဤသို့ ပြောဆိုလေ့ ရှိသော ဘိက္ခုနီမကို။

ဘိက္ခုနီမတို့သည်ဟူသည် အခြားဘိက္ခုနီမတို့သည်။

မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍ သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ အခြား ဘိက္ခုနီမတို့သည် လည်း သံဃာ၌ ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု သံဃာက ဆိုသည်''ဟူ၍ မပြောဆိုပါလင့်ဟု ပြောဆိုရ မည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့စွန့်ခြင်းသည်ကောင်း၏။ အကယ်၍ အယူကိုမစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြား၍ မပြောမဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ ဤသို့ မဆိုပါလင့်၊ အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည်ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေ ကုန်လင့်၊ သံဃာ၌ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု သံဃာက ဆိုသည်ဟူ၍ မပြောဆိုပါလင့်''ဟု ဆိုဆုံးမရမည်။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုဘိက္ခုနီမကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်။

ရဟန်းတို့ ဤသို့လျှင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရမည်။ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။

၇၃၀။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမသည် သံဃာက 'ဉတ်ကမ္မဝါစာဖြင့်' ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည်ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်း တတ်သော အခြားဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏။ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစ်စုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့် လည်းကောင်း၊ သည်းမခံသဖြင့်လည်းကောင်း၊ နိုင်ထက်စီးနင်းပြောဆိုသဖြင့်လည်းကောင်း၊ (အသျှင်မ တို့က) အားနည်းသဖြင့်လည်းကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမအစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆို၏။ ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏။ ဤကား သိစေခြင်းတည်း။

အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ''ဤမည်သော ဘိက္ခုနီမသည် သံဃာက ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်သော အခြားဘိက္ခုနီမ တို့သည်လည်း သံဃာ၌ ရှိကုန်၏၊ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစ်စုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့် လည်းကောင်း၊ နိုင်ထက်စီးနင်းပြောသဖြင့်လည်းကောင်း၊ (အသျှင်မတို့က) အားနည်း သဖြင့်လည်း ကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာ သော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီး လျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆို၏။ ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမ၏၊ ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမသည်ကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မ သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆို ရာ၏။

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။

သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမ အပ်ပါပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏။ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။ သံဃာဒိသိသ်အာပတ်သို့ ရောက်သော ဘိက္ခုနီမအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်း အာပတ်တို့သည် ငြိမ်းကုန်၏။

ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။

သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် သင့်၏။ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည် မဟုတ်။

နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။

သံဃာဒိသိသ်ဟူသည် ထိုအာပတ်အတွက် သံဃာသည်သာလျှင် မာနတ်ပေးရ၏၊ အရင်းသို့ ငင်ရ၏၊ အဗ္ဘာန် သွင်းရ၏၊ ဘိက္ခုနီမနှစ်ပါး သုံးပါးသည်လည်းကောင်း၊ တစ်ဦးတစ်ယောက်သည်လည်းကောင်း မာနတ် မပေးရ၊ အရင်းသို့ မငင်ရ၊ အဗ္ဘာန် မသွင်းရ၊ ထို့ကြောင့် ''သံဃာဒိသိသ်''ဟူ၍ ဆိုအပ်၏။ (သံဃာဒိသိသ်ဟူသော အမည်သည်) ထိုအာပတ်အပေါင်း၏ အမည်သာလျှင်တည်း၊ ထို့ကြောင့်လည်း ''သံဃာဒိသိသ်''ဟူ၍ ဆိုအပ်၏။

၇၃၁။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။

၇၃၂။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

တေရသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။

------

သတ္တရသကဏ်နိဂုံး

အသျှင်မတို့ ရှေးဦးစွာ လွန်ကျူးဆဲသော ခဏ၌ သင့်ကုန်သော အာပတ် ကိုးပါး၊ သုံးကြိမ်တိုင် အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးနောက်၌ သင့်သော အာပတ် ရှစ်ပါးအားဖြင့် ဤတစ်ဆယ့်ခုနစ်ပါးသော သံဃာဒိသိသ်အာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊ ဘိက္ခုနီမသည် ယင်းတစ်ဆယ့်ခုနစ်ပါး တို့တွင် တစ်ပါးပါးသို့လည်း သင့်ရောက်၍ ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာဟူသော သံဃာနှစ်မျိုး၌ တစ်ဆယ့်ငါးရက်တို့ပတ်လုံး ကျင့်ခြင်း 'ပက္ခ္ခမာနတ်' ကို ကျင့်ရမည်။

ထိုပက္ခ္ခမာနတ် ကျင့်ပြီးသော ဘိက္ခုနီမကို ဘိက္ခုနီသံဃာ နှစ်ကျိပ်အရေအတွက်ရှိသော သိမ်၌ အဗ္ဘာန်သွင်းရမည်၊ ဘိက္ခုနီသံဃာသည် တစ်ပါးယုတ်သော နှစ်ကျိပ်ဖြင့်သော်လည်း ထိုဘိက္ခုနီမကို အဗ္ဘာန် သွင်းငြားအံ့၊ ထိုဘိက္ခုနီမသည်လည်း အဗ္ဘာန်သွင်းအပ်သည် မမည်၊ (အဗ္ဘာန်သွင်းပေးသော) ထိုဘိက္ခုနီမ တို့ကိုလည်း ကဲ့ရဲ့အပ်ကုန်၏။ ဤသည်ကား ထို (သံဃာဒိသိသ်အာပတ်သင့်ရာ) ၌ လိုက်နာရမည့် အကျင့် တည်း။

ထိုသံဃာဒိသိသ်အာပတ်တို့၌ အသျှင်မတို့ကို မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ အသျှင်မတို့သည် ဤ (တစ်ဆယ့်ခုနစ်ပါးသော သံဃာဒိသိသ် အာပတ်) တို့၌ အာပတ်မှ စင်ကြယ်ကြပါ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။

သတ္တရသကဏ် 'တစ်ဆယ့်ခုနစ်ခု' အခန်း ပြီး၏။

ဘိက္ခုနီဝိဘင်း သံဃာဒိသိသ်အခန်း ပြီး၏။

------

မှာထားချက်

ပဌမ ဒုတိယစသော အစဉ်သည် ဘိက္ခုနီအသာဓာရဏ သိက္ခာပုဒ် အစဉ်များဖြစ်သည်။ သာဓာရဏ အသာဓာရဏ အရောအားဖြင့် ဘိက္ခုနီသံဃာဒိသိသ် ၁ရပါး အစဉ်မှာ- (၁) ပဋ္ဌမ, (၂) ဒုတိယ, (၃) တတိယ, (၄) စတုတ္ထ, (၅) ပဥွ္စမ, (၆) ဆဋ္ဌ, (၇) သဉ္စရိတ္တ , (၈) ပဌမ ဒုဋ္ဌဒေါသ , (၉) ဒုတိယ ဒုဋ္ဌဒေါသ , (၁၀) ဒသမ, (၁၁) ဧကာဒသမ, (၁၂) ဒွါဒသမ, (၁၃) တေရသမ (၁၄) သံဃဘေဒ, (၁၅) ဘေဒါနုဝတိ္တက, (၁၆) ဒုဗ္ဗစ, (၁၇) ကုလဒူသိက, တို့ဖြစ်သည်။ သာဓာရဏသိက္ခာပုဒ်များကို ခယားပွင့် ပြထားသည်။

------

၃-နိဿဂ္ဂိအခန်း

၁-ပတ္တဝဂ် ၁-ပဌမသိက္ခာပုဒ်

အသျှင်မတို့ သုံးဆယ်သော ဤနိဿဂ္ဂိပါစိတ်အာပတ်တို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။

၇၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် များစွာသော သပိတ်တို့ကို စုဆောင်းကြကုန်၏။ ကျောင်းစဉ် လှည့်လည်ကြကုန်သော လူတို့သည် မြင်ကြ၍ ''ဘိက္ခုနီမတို့သည် များစွာသော သပိတ်တို့ကို အဘယ့်ကြောင့် စုဆောင်းကြကုန်ဘိသနည်း၊ ဘိက္ခုနီမတို့သည် သပိတ် ကုန်သွယ်ခြင်းကိုသော်လည်း ပြုကုန်လတ္တံ့၊ အိုးခွက်ဈေးဆိုင်ကိုသော်လည်း ခင်းကြကုန်လတ္တံ့ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း၊ အလိုနည်းသော ဘိက္ခုနီမတို့က ''ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် သပိတ်ကို အဘယ့်ကြောင့် စုဆောင်းကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် သပိတ်ကို စုဆောင်းကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် သပိတ်ကို အဘယ့်ကြောင့် စုဆောင်းကြကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၂၆။ ၁-၇၃၄။ ''အကြင်ဘိက္ခုနီမသည် သပိတ်ကို စုဆောင်းငြားအံ့၊ (ထိုဘိက္ခုနီမ အား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၁-ပဌမသိက္ခာပုဒ် အဖွင့်

၇၃၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

သပိတ် မည်သည် သံသပိတ်၊ မြေသပိတ်ဟူ၍ သပိတ်နှစ်မျိုးတို့တည်း။

သပိတ်အရွယ် ပမာဏတို့သည် အကြီးစား ဥက္ကဋ္ဌသပိတ်၊ အလတ်စား မဇ္ဈိမသပိတ်၊ အငယ်စား ဩမကသပိတ်ဟု သုံးစားတို့တည်း။

အကြီးစား ဥက္ကဋ္ဌသပိတ် မည်သည် ဆန်တစ်ခွက်ချက် ထမင်း၊ ၎င်း၏ လေးပုံတစ်ပုံ ခဲဖွယ်နှင့် ၎င်းအားလျော်သော ဟင်းလျာကို ယူနိုင်၏။

အလတ်စား မဇ္ဈိမသပိတ် မည်သည် ဆန်တစ်စလယ်ချက် ထမင်း၊ ၎င်း၏ လေးပုံတစ်ပုံ ခဲဖွယ်နှင့် ၎င်းအားလျော်သော ဟင်းလျာကို ယူနိုင်၏။

အငယ်စား ဩမကသပိတ် မည်သည် ဆန်တစ်လမယ်ချက် ထမင်း၊ ၎င်း၏ လေးပုံတစ်ပုံ ခဲဖွယ်နှင့် ၎င်းအားလျော်သော ဟင်းလျာကို ယူနိုင်၏။

ထို့ထက်ကြီးမူ သပိတ်မဟုတ်၊ ထို့အောက်ငယ်မူ သပိတ်မဟုတ်။

စုဆောင်းငြားအံ့ဟူသည် အဓိဋ္ဌာန်မတင်, ဝိကပ္ပနာမပြုဘဲ (ထားခြင်းတည်း)။

နိဿဂ္ဂိ ဖြစ်၏ဟူသည် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် စွန့်ခြင်းဝိနည်းကံ ရှိ၏၊ သံဃာအား ဖြစ်စေ ဂိုဏ်းအားဖြစ်စေ ဘိက္ခုနီမတစ်ဦးဦးအားဖြစ်စေ စွန့်ရမည်၊ ရဟန်းတို့ ဤသို့ စွန့်ရမည်။

ထိုဘိက္ခုနီမသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်လျက် ကြီးကုန်သော ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီ၍ ''အသျှင်မတို့ အကျွန်ုပ်၏ ဤသပိတ်သည် ညဉ့်လွန်သောကြောင့် စွန့်ခြင်းဝိနည်းကံ ရှိပါ၏၊ အကျွန်ုပ်သည် ဤသပိတ်ကို သံဃာအား စွန့်ပါ၏''ဟု ဆိုရာ၏။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် အာပတ်ကို ခံယူရမည်၊ စွန့်ပြီး သပိတ်ကို-

''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ဘိက္ခုနီမ၏ သပိတ်ကို စွန့်ခြင်း ဝိနည်းကံ ရှိ၍ သံဃာအား စွန့်အပ်ပါ၏၊ သံဃာအား လျောက်ပတ်သော အခါ ရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤသပိတ်ကို ဤမည်သော ဘိက္ခုနီမအား ပေးရာ၏''ဟု (ဆို၍) ပြန်ပေးရမည်။

ထိုဘိက္ခုနီမသည် များစွာသော ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ကြီးကုန်သော ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက် ''အသျှင်မတို့ အကျွန်ုပ်၏ ဤသပိတ်သည် ညဉ့်လွန်၍ စွန့်ခြင်း ဝိနည်းကံ ရှိပါ၏၊ အကျွန်ုပ်သည် ဤသပိတ်ကို အသျှင်မတို့အား စွန့်ပါ၏''ဟု ပြောဆိုရာ၏၊ စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် အာပတ်ကို ခံယူရမည်၊ စွန့်ပြီး သပိတ် ကို-

''အသျှင် မတို့ အကျွန်ု ပ် ၏ (စကား ကို) နာတော် မူလော့၊ ဤမည် သော ဘိက္ခ ုနီ မ၏ သပိတ် ကို စွန့်ြ ခင်း ဝိနည်းကံ ရှိ၍ အသျှင်မတို့အား စွန့်အပ်ပါပြီ၊ အသျှင်မတို့အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ အသျှင်မတို့သည် ဤသပိတ်ကို ဤမည်သော ဘိက္ခုနီမအား ပေးကုန်ရာ၏''ဟု (ဆို၍) ပြန်ပေးရမည်။

ထိုဘိက္ခုနီမသည် ဘိက္ခုနီမ တစ်ယောက်ထံသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်ပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက် ''အသျှင်မ အကျွန်ုပ်၏ ဤသပိတ်သည် ညဉ့်လွန်သဖြင့် စွန့်ခြင်း ဝိနည်းကံ ရှိပါ၏၊ အကျွန်ုပ်သည် ဤသပိတ်ကို အသျှင်မအား စွန့်ပါ၏''ဟု ဆိုရာ၏၊

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရမည်၊ ထိုဘိက္ခုနီမသည် အာပတ်ကို ခံယူရမည်၊ ''ဤသပိတ်ကို အသျှင်မအား ပေးပါ၏''ဟု ဆို၍ စွန့်ပြီး သပိတ်ကို ပြန်ပေးရမည်။

၇၃၆။ ညဉ့်လွန်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ညဉ့်လွန်ရာ၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ညဉ့်လွန်ရာ၌ မလွန်ဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အဓိဋ္ဌာန် မတင်ရသေးသည်၌ အဓိဋ္ဌာန် တင်ပြီးဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဝိကပ္ပနာ မပြုရသေးသည်၌ ဝိကပ္ပနာပြုပြီးဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မစွန့်ရသေး သည်၌ စွန့်ပြီးဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မပျောက်ပျက်ရာ၌ ပျောက်ပျက်၏ဟု အမှတ် ရှိအံ့၊ မပျက်စီးရာ၌ ပျက်စီး၏ဟု အမှတ်ရှိအံ့၊ မကွဲမကျေရာ၌ ကွဲကျေ၏ဟု အမှတ်ရှိအံ့၊ မလုယက်ရာ၌့လုယက်၏ဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ခြင်း ဝိနည်းကံ ရှိသော သပိတ်ကို မစွန့်ဘဲ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ညဉ့် မလွန်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ညဉ့်မလွန်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ညဉ့်မလွန်ရာ၌ မလွန်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၇၃၇။ အရုဏ်၏ အတွင်း၌ အဓိဋ္ဌာန် တင်အံ့၊ ဝိကပ္ပနာပြုအံ့၊ စွန့်အံ့၊ ပျောက်ပျက်အံ့၊ ပျက်စီးအံ့၊ ကွဲအံ့၊ လုယက်၍ ယူကုန်အံ့၊ အကျွမ်းဝင်၍ ယူကုန်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ထိုအခါ၌ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် စွန့်ပြီး သပိတ်ကို ပြန်၍ မပေးကုန်၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ ရဟန်းတို့ စွန့်ပြီး သပိတ်ကို ပြန်ပေးရမည်၊ ပြန်မပေးသော ဘိက္ခုနီမအား ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။

ပဌမသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၂-ဒုတိယသိက္ခာပုဒ်

၇၃၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ များစွာသော ဘိက္ခုနီမတို့သည် ရွာကျောင်း၌ ဝါမှ ထပြီးကုန်သော် ဝတ်အကျင့် ဣရိယာပုထ်နှင့် ပြည့်စုံကြကုန်လျက် အဝတ်ညစ်နွမ်း သင်္ကန်းလည်း ခေါင်းပါးကုန်သည် ဖြစ်၍ သာဝတ္ထိပြည်သို့ သွားကုန်၏။ ဒါယကာတို့သည် ထိုဘိက္ခုနီမတို့ကို မြင်၍ ''ဤ ဘိက္ခုနီမတို့သည် ဝတ်အကျင့်နှင့်လည်း ပြည့်စုံကုန်၏၊ ဣရိယာပုထ်နှင့်လည်း ပြည့်စုံကုန်၏၊ အဝတ် လည်း ညစ်နွမ်းကုန်၏၊ သင်္ကန်းလည်း ခေါင်းပါးကုန်၏၊ ဤဘိက္ခုနီမတို့သည် အလုယက်ခံရသူများ ဖြစ်ကြပေမည်''ဟု (နှလုံးသွင်း၍) ဘိက္ခုနီသံဃာအား အခါမဲ့သင်္ကန်းကို ပေးလှူကုန်၏။

ထုလ္လနန္ဒာဘိက္ခုနီမသည် ''ငါတို့အား ကထိန်ခင်းထားပြီးဖြစ်၍ အခါတွင်းသင်္ကန်းတည်း''ဟု ဆောက်တည်ကာ ဝေဖန်စေ၏။ ဒါယကာတို့သည် ထိုဘိက္ခုနီမတို့ကို မြင်၍ ''အသျှင်မတို့သည် သင်္ကန်း ကို ရပါ၏လော''ဟု မေးကုန်၏။ ဒါယကာတို့ ငါတို့သည် သင်္ကန်းကို မရပါ၊ အသျှင်မထုလ္လနန္ဒာသည် ''ငါတို့အား ကထိန်ခင်းထားပြီးဖြစ်၍ အခါတွင်းသင်္ကန်းတည်း''ဟု ဆောက်တည်ကာ ဝေဖန်စေပြီဟု ပြောဆိုကုန်၏။

ဒါယကာတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဒါယကာတို့၏ စကားကို ကြားကြ သည်သာတည်း။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခါမဲ့ သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်း ယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၂၇။ ၂-၇၃၉။ ''အကြင်ဘိက္ခုနီမသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။

၂-ဒုတိယသိက္ခာပုဒ် အဖွင့်

၇၄၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခါမဲ့သင်္ကန်း မည်သည် ကထိန်မခင်းသည် ရှိသော် တစ်ဆယ့်တစ်လအတွင်း၌ ဖြစ်ပေါ်သော သင်္ကန်းတည်း၊ ကထိန်ခင်းသည် ရှိသော် ခုနစ်လအတွင်း၌ ဖြစ်ပေါ်သော သင်္ကန်းတည်း၊ အခါတွင်း၌ သော်လည်း ရည်စူး၍ လှူသော သင်္ကန်းတည်း၊ ဤသို့သော သင်္ကန်းသည် အခါမဲ့သင်္ကန်း မည်၏။

အခါမဲ့သင်္ကန်းကို အခါတွင်းသင်္ကန်းဟု ဆောက်တည်၍ ဝေဖန်စေအံ့၊ လုံ့လပယောဂတိုင်း ဒုက္ကဋ် အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော် လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်၊ ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤအခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ အကျွန်ုပ်ဝေဖန် စေအပ်သောကြောင့် စွန့်ခြင်းဝိနည်းကံ ရှိပါ၏။ အကျွန်ုပ်သည် ဤသင်္ကန်းကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၄၁။ အခါမဲ့သင်္ကန်းကို အခါမဲ့သင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ ''အခါတွင်းသင်္ကန်း''ဟု ဆောက် တည်ကာ ဝေဖန်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အခါမဲ့သင်္ကန်းကို ယုံမှားရှိသည်ဖြစ်၍ ''အခါတွင်းသင်္ကန်း''ဟု ဆောက်တည်ကာ ဝေဖန်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အခါမဲ့သင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိသည် ဖြစ်၍ ''အခါတွင်းသင်္ကန်း''ဟု ဆောက်တည်ကာ ဝေဖန်စေအံ့၊ အာပတ် မသင့်။

အခါတွင်းသင်္ကန်းကို အခါမဲ့သင်္ကန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အခါတွင်းသင်္ကန်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အခါတွင်းသင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၇၄၂။ အခါမဲ့သင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ ဝေဖန်စေအံ့၊ အခါတွင်းသင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ ဝေဖန်စေအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဒုတိယသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၃-တတိယသိက္ခာပုဒ်

၇၄၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြား ဘိက္ခုနီမ တစ်ယောက်နှင့် အတူ သင်္ကန်းဖလှယ်၍ သုံးဆောင်၏။ ထိုအခါ ထိုဘိက္ခုနီမသည် ထိုသင်္ကန်းကို ခေါက်၍ ထား၏။ ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဘိက္ခုနီမကို ''အသျှင်မ ငါနှင့်သင် ဖလှယ်ထားသော သင်္ကန်းသည် အဘယ်မှာနည်း''ဟု ဆို၏။

ထိုအခါ ဘိက္ခုနီမသည် သင်္ကန်းကို ထုတ်၍ ထုလ္လနန္ဒာဘိက္ခုနီမအား ပြ၏။ ထုလ္လနန္ဒာဘိက္ခုနီမက ''အသျှင်မ သင်၏ သင်္ကန်းကို ယူလော့၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့လော့၊ သင်၏ သင်္ကန်းသည် သင့်ဥစ္စာ သာ ဖြစ်၍ ငါ၏ သင်္ကန်းသည်လည်း ငါ့ဥစ္စာသာတည်း၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့လော့၊ မိမိသင်္ကန်းကို ပြန်ယူလော့''ဟု ထိုဘိက္ခုနီမအား ပြောဆို၍ (သင်္ကန်းကို) လုယူလေ၏။

ထို့နောက် ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။ အလိုနည်း သော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခြားဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ လုယက်ယူငင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ လုယက် ယူငင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတောာ်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြား ဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ လုယက်ယူငင်ဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၂၈။ ၃-၇၄၄။ ''အကြင်ဘိက္ခုနီမသည် အခြား ဘိက္ခုနီမနှင့် အတူ သင်္ကန်းကို ဖလှယ်ပြီးနောက် 'အသျှင်မ သင်၏ သင်္ကန်းကို ယူလော့၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့လော့၊ သင်၏ သင်္ကန်းသည် သင့်ဥစ္စာသာဖြစ်၍၊ ငါ၏ သင်္ကန်းသည်လည်း ငါ့ဥစ္စာသာလျှင်တည်း၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့ လော့၊ မိမိသင်္ကန်းကို ပြန်ယူလော့'ဟု ပြောဆို၍ (သင်္ကန်းကို) လုယူမူလည်း လုယူငြားအံ့၊ လုယူစေမူလည်း လုယူစေ ငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၃-တတိယသိက္ခာပုဒ် အဖွင့်

၇၄၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတိ္တစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

ဘိက္ခုနီမနှင့်အတူဟူသည် အခြားဘိက္ခုနီမနှင့်အတူ။

သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံးအားဖြင့် ဝိကပ္ပနာလောက်သော သင်္ကန်း တစ်မျိုးမျိုးတည်း။

ဖလှယ်၍ဟူသည် သင်္ကန်းအနည်းငယ်ဖြင့် သင်္ကန်းအများကိုလည်းကောင်း၊ သင်္ကန်းအများဖြင့် သင်္ကန်းအနည်းကိုလည်းကောင်း ဖလှယ်၏။

လုယူငြားအံ့ဟူသည် ကိုယ်တိုင် လုယက်ယူငင်ငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

လုယူစေငြားအံ့ဟူသည် အခြားသူကို စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ကြိမ်သာ စေခိုင်းပါ လျက် အကြိမ်များစွာ လုယက်ယူငင်အံ့၊ စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်း အားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤသင်္ကန်းသည် ဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ အကျွန်ုပ် လုယက့်ယူငင်ထားသောကြောင့် စွန့်အပ်ပါသည်၊ အကျွန်ုပ်သည် သံဃာအား ဤသင်္ကန်းကို စွန့်ပါ၏''ဟု (ဆို၍) စွန့်ရမည်။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၄၆။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမူလည်း လုယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းကို ဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမှုလည်း လုယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ဘိက္ခုနီမ၌ ဘိက္ခုနီမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကို ဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမူလည်း လုယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပရိက္ခရာကို ဖလှယ်ပြီးမှ လုယူအံ့၊ လုယူစေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဘိက္ခုနီမ မဟုတ်သော သူနှင့်အတူ သင်္ကန်းကိုဖြစ်စေ အခြားပရိက္ခရာကိုဖြစ်စေ ဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမှုလည်း လုယူစေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၇၄၇။ ထိုဘိက္ခုနီမကမူလည်း ပေးအံ့၊ ထိုဘိက္ခုနီမနှင့် အကျွမ်းဝင်၍မူလည်း ယူအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

တတိယသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၄-စတုတ္ထသိက္ခာပုဒ်

၇၄၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် နာဖျား၏။ ထိုအခါ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်မ သင့်အား အဘယ်သို့ သော မချမ်းသာခြင်း ဖြစ်ပါသနည်း၊ အဘယ်အရာကို ယူဆောင်ခဲ့ရမည်နည်း''ဟု ထုလ္လနန္ဒာဘိက္ခုနီမ အား ပြောဆို၏။ ဒါယကာ ငါသည် ထောပတ်ကို အလိုရှိ၏ဟု (ဆို၏)။

ထိုအခါ ဥပါသကာသည် ဈေးသည်တစ်ဦး၏ အိမ်မှ အသပြာဖြင့် ထောပတ်ကို ယူဆောင်လာခဲ့၍ ထုလ္လနန္ဒာဘိက္ခုနီမအား ပေးလှူ၏။ ထုလ္လနန္ဒာဘိက္ခုနီမသည် ''ဒါယကာ ငါသည် ထောပတ်ကို အလိုမရှိ ဆီကိုသာ အလိုရှိ၏''ဟု ဆိုပြန်၏။

ထိုအခါ ဥပါသကာသည် ဈေးသည်ထံသို့ ချဉ်းကပ်ပြန်၍ ထိုဈေးသည်ကို ''အမောင် အသျှင်မ ထုလ္လနန္ဒာက ထောပတ်ကို အလိုမရှိ ဆီကိုသာ အလိုရှိသတတ်၊ သင်၏ ထောပတ်ကို ပြန်ယူလော့၊ အကျွန်ုပ်အား ဆီကိုသာ ပေးလော့''ဟု ဆို၏။ အမောင် အကျွန်ုပ်တို့သည် ရောင်းပြီးသော ဘဏ္ဍာကို အကယ်၍ တစ်ဖန် ပြန်ယူအံ့၊ အဘယ်အခါ အကျွန်ုပ်တို့ ဘဏ္ဍာကို ရောင်းရတော့အံ့နည်း၊ ထောပတ်ဖိုး ဖြင့် ထောပတ်ကို ယူပြီးပြီ၊ ဆီဖိုး ယူခဲ့ပါ၊ ဆီကို ရပါလိမ့်မည်ဟု (ဈေးသည်က) ဆို၏။

ထိုအခါ ထိုဥပါသကာသည် အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းလေဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။ ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုူတ်ချ အပြစ်ပြ ပြောဆိုသော ထိုဥပါသကာ၏ စကားကို ကြားကြသည်သာတည်း။

အလိုနည်းသော ဘိက္ခုနီမတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ထိုအခါ ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်း ယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းပြန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းလေဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၂၉။ ၄-၇၄၉။ ''အကြင်ဘိက္ခုနီမသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့် တော်မူ၏)။

၄-စတုတ္ထသိက္ခာပုဒ် အဖွင့်

၇၅၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတိ္တစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားဝတ္ထုကို တောင်းပြီးမှဟူသည် တစ်စုံတစ်ခုသော ဝတ္ထုကို တောင်းပြီး၍။

အခြားဝတ္ထုကို တောင်းငြားအံ့ဟူသည် ထိုတ္ထုမှတစ်ပါး အခြားဝတ္ထုကို တောင်းအံ့၊ အားထုတ်ခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအား သော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်၊ ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤဝတ္ထုသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို အကျွန်ုပ် တောင်းသော ကြောင့် စွန့်အပ်ပါသည်၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု (ဆို၍) စွန့်ရမည်။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၅၁။ အခြားဝတ္ထု၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို တောင်းအံ့၊ နိဿဂိ္ဂပါစိတ်အာပတ် သင့်၏။

အခြားဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို တောင်းအံ့၊ နိဿဂိ္ဂပါစိတ်အာပတ် သင့်၏။

အခြားဝတ္ထု၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို တောင်းအံ့၊ နိဿဂိ္ဂပါစိတ်အာပတ် သင့်၏။

အခြားဝတ္ထု မဟုတ်သည်၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို တောင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားဝတ္ထု မဟုတ်သည်၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို တောင်းအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

အခြားဝတ္ထု မဟုတ်သည်၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၇၅၂။ ထို (တောင်းရင်း) ဝတ္ထုကိုသာလျှင် (ထပ်မံ) တောင်းအံ့၊ (တောင်းရင်းဝတ္ထုမှတစ်ပါး) အခြားဝတ္ထုကိုလည်း တောင်းပြန်အံ့၊ အကျိုးအာနိသင်ကို ပြ၍ တောင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ်မသင့်။

စတုတ္ထသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၅-ပဉ္စမသိက္ခာပုဒ်

၇၅၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် နာဖျား၏။

ထိုအခါ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်မ ကျန်းမာပါ၏လော၊ မျှတပါ၏လော''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား မေး၏။ ဒါယကာ မကျန်းမာပါ၊ မမျှတပါဟု (ပြောဆို၏)။ အသျှင်မ ဤမည်သော ဈေးသည်၏ အိမ်၌ အသပြာကို ထားပါအံ့၊ ထိုဈေးသည် အိမ်မှ အလိုရှိရာ ဝတ္ထုကို ဆောင်ယူစေပါလော့ဟု (ဆို၏)။

ထုလ္လနန္ဒာဘိက္ခုနီမသည် ''သိက္ခမာန်မ သွားချေ၊ ဤမည်သော ဈေးသည်၏ အိမ်မှ အသပြာဖြင့် ဆီကို ဆောင်ယူခဲ့လော့''ဟု သိက္ခမာန်မတစ်ယောက်ကို စေလွှတ်လိုက်၏။ ထိုအခါ သိက္ခမာန်မသည် ထိုဈေးသည်၏ အိမ်မှ အသပြာဖြင့် ဆီကို ဆောင်ယူခဲ့၍ ထုလ္လနန္ဒာဘိက္ခုနီမအား ပေး၏။ ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''သိက္ခမာန်မ ငါသည် ဆီကို အလိုမရှိ၊ ငါသည် ထောပတ်ကို အလိုရှိ၏''ဟု ဆို၏။

ထိုအခါ ထိုသိက္ခမာန်မသည် ထိုဈေးသည်ထံသို့ ချဉ်းကပ်ပြီးလျှင် ''ဒါယကာ အသျှင်မသည် ဆီကို အလိုမရှိ၊ ထောပတ်ကိုသာ အလိုရှိသတတ်၊ သင်၏ ဆီကို ပြန်ယူလော့၊ ငါ့အား ထောပတ်ကို ပေးလော့''ဟု ထိုဈေးသည်အား ပြောဆို၏။ အသျှင်မ အကျွန်ုပ်တို့သည် ရောင်းပြီး ဘဏ္ဍာကို အကယ်၍ တစ်ဖန် ပြန်ယူအံ့၊ အဘယ်အခါ အကျွန်ုပ်တို့ ဘဏ္ဍာကို ရောင်းရတော့အံ့နည်း၊ ဆီဖိုးဖြင့် ဆီကို ယူပြီးပြီ၊ ထောပတ်ဖိုး ယူခဲ့ပါ၊ ထောပတ်ကို ရပါလိမ့်မည်ဟု (ဆို၏)။

ထိုအခါ သိက္ခမာန်မသည် ငိုလျက် ရပ်နေ၏။ ဘိက္ခုနီမတို့သည် ထိုသိက္ခမာန်မကို ''သိက္ခမာန်မ သင်သည် အဘယ့်ကြောင့် ငိုဘိသနည်း''ဟု မေးကုန်၏။ ထိုအခါ ထို သိက္ခမာန်မသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေပြန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေပြန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေပြန်ဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၃၀။ ၅-၇၅၄။ ''အကြင်ဘိက္ခုနီမသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၅-ပဉ္စမသိက္ခာပုဒ် အဖွင့်

၇၅၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတိ္တစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားဝတ္ထုကို ဝယ်စေပြီးမှဟူသည် တစ်စုံတစ်ခုသော ဝတ္ထုကို ဝယ်စေပြီး၍။

အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ထိုဝတ္ထုမှတစ်ပါး အခြားဝတ္ထုကို ဝယ်စေအံ့၊ လုံ့လ ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအား သော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော် လည်းကောင်းစွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤဝတ္ထုသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို အကျွန်ုပ် ဝယ်စေသော ကြောင့် စွန့်အပ်ပါသည်၊ အကျွန်ုပ်သည် သံဃာအား ဤဝတ္ထုကို စွန့်ပါ၏''။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၅၆။ အခြားဝတ္ထု၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂိ္ဂပါစိတ်အာပတ် သင့်၏။

အခြားဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂိ္ဂပါစိတ်အာပတ် သင့်၏။

အခြားဝတ္ထု၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂိ္ဂပါစိတ်အာပတ် သင့်၏။

အခြားဝတ္ထုမဟုတ်ရာ၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို ဝယ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို ဝယ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားဝတ္ထုမဟုတ်ရာ၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဝယ်စေအံ့၊ အာပတ် မသင့်။

၇၅၇။ ထို (ဝယ်စေရင်း) ဝတ္ထုကိုသာလျှင် (ထပ်မံ) ဝယ်စေအံ့၊ (ဝယ်စေရင်းဝတ္ထုမှ တစ်ပါး) အခြား ဝတ္ထုကိုလည်း (တစ်ဖန်) ဝယ်စေအံ့၊ အကျိုးအာနိသင်ကို ဟောပြ၍ ဝယ်စေအံ့၊ အာပတ် မသင့်။

ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ပဉ္စမသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ်၊ ၆-ဆဋ္ဌသိက္ခာပုဒ်

၇၅၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဥပါသကာတို့သည် ဘိက္ခုနီသံဃာ၏ သင်္ကန်းအလို့ငှါ သဘောတူ စုဆောင်းပြီးနောက် အထည်သည်တစ်ဦး၏ အိမ်၌ ပရိက္ခရာကို ထားပြီးလျှင် ဘိက္ခုနီမတို့ ထံသို့ ချဉ်းကပ်ပြီး၍ ''အသျှင်မတို့ ဤမည်ရှိသော အထည်သည်၏ အိမ်၌ သင်္ကန်းအလို့ငှါ ပရိက္ခရာကို ထားပြီးပါပြီ၊ ထိုအိမ်မှ သင်္ကန်းကို ဆောင်ယူစေ၍ ခွဲဝေကုန်လော့''ဟု လျှောက်ကုန်၏။

ဘိက္ခုနီမတို့သည် ထိုပရိက္ခရာဖြင့် ဆေးကို ဝယ်စေပြီးလျှင် သုံးဆောင်ကုန်၏။ ဥပါသကာတို့သည် သိ၍ ''အဘယ့်ကြောင့် ဘိက္ခနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဥပါသကာတို့၏ စကားကို ကြားကြ သည်သာတည်း။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားပစ္စည်း အတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၃၁။ ၆-၇၅၉။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိက ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၆-ဆဋ္ဌသိက္ခာပုဒ် အဖွင့်

၇၆၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထု ပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။

သံဃိကဟူသည် သံဃာအား လှူသော ပစ္စည်းတည်း၊ ဂိုဏ်းအား လှူသော ပစ္စည်းမဟုတ်၊ ဘိက္ခုနီမတစ်ယောက်အား လှူသော ပစ္စည်းမဟုတ်။

အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍ လှူသော ပစ္စည်းဝတ္ထုမှတစ်ပါး အခြားပစ္စည်း ဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမ တစ်ယောက်အားသော်လည်း ကောင်း စွန့်ရမည်။

ရဟန်းတိုု့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ တစ်ခုသော ပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် အခြားဝတ္ထုကို အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ်ပါ၏။ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၆၁။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၇၆၂။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဆဋ္ဌသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၇-သတ္တမသိက္ခာပုဒ်

၇၆၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဥပါသကာတို့သည် ဘိက္ခုနီသံဃာ၏ သင်္ကန်းအလို့ငှါ သဘောတူ စုဆောင်းပြီးနောက် အထည်သည်တစ်ဦး၏ အိမ်၌ ပရိက္ခရာကို ထားပြီးလျှင် ဘိက္ခုနီမတို့ ထံသို့ ချဉ်းကပ်ပြီး၍ ''အသျှင်မတို့ ဤမည်သော အထည်သည်၏ အိမ်၌ သင်္ကန်းအလို့ငှါ ပရိက္ခရာကို ထားပြီးပါပြီ၊ ထိုအိမ်မှ သင်္ကန်းကို ဆောင်ယူစေ၍ ခွဲဝေကုန်လော့''ဟု လျှောက်ကြကုန်၏။

ဘိက္ခုနီမတို့သည် ထိုပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း ဆေးကို ဝယ်စေပြီးလျှင် သုံးဆောင်ကုန်၏။ ဥပါသကာတို့သည် သိ၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း၊ အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်း သော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၃၂။ ၇-၇၆၄။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်း ကောင်း အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။

၇-သတ္တမသိက္ခာပုဒ် အဖွင့်

၇၆၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။

သံဃိကဟူသည် သံဃာအား လှူသော ပစ္စည်းတည်း၊ ဂိုဏ်းအား လှူသော ပစ္စည်း မဟုတ်၊ ဘိက္ခုနီမတစ်ယောက်အား လှူသောပစ္စည်း မဟုတ်။

ကိုယ်တိုင် တောင်းသောဟူသည် ကိုယ်တိုင် တောင်း၍။

အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍လှူသော ပစ္စည်းဝတ္ထုမှတစ်ပါး အခြားပစ္စည်း ဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏၊ ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်း ကောင်း စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်း ကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ် ပါ၏၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၆၆။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ် ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၇၆၇။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

သတ္တမသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၈-အဋ္ဌမသိက္ခာပုဒ်

၇၆၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသင်းတစ်ခု၏ ပရိဝုဏ်၌ နေသော ဘိက္ခုနီမတို့ သည် ယာဂုဖြင့် ပင်ပန်းကုန်၏ 'ယာဂုရှားပါးကုန်၏'။

ထိုအခါ ထိုအသင်းသည် ဘိက္ခုနီမတို့၏ ယာဂုအလို့ငှါ သဘောတူစုဆောင်းပြီးနောက် ဈေးသည် တစ်ဦး၏ အိမ်၌ ပရိက္ခရာကို ထားပြီးလျှင် ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်ပြီး၍ ''အသျှင်မတို့ ဤမည်သော ဈေးသည့်အိမ်၌ ယာဂုအလို့ငှါ ပရိက္ခရာကို ထားအပ်ပြီးပါပြီ၊ ထိုအိမ်မှ ဆန်ကို ယူဆောင်စေပြီးလျှင် ယာဂု ချက်၍ သုံးဆောင်ကုန်လော့''ဟု လျှောက်၏။

ဘိက္ခုနီမတို့သည် ထိုပရိက္ခရာဖြင့် ဆေးကို ဝယ်စေ၍ သုံးဆောင်ကုန်၏။ ထိုအခါ ထိုအသင်းသည် သိ၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၃၃။ ၈-၇၆၉။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီအား) နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၈-အဋ္ဌမသိက္ခာပုဒ် အဖွင့်

၇၇၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။

အများပိုင်ဟူသည် ဂိုဏ်းအဖွဲ့အား လှူသော ပစ္စည်းတည်း၊ သံဃာအား လှူသော ပစ္စည်း မဟုတ်၊ ဘိက္ခုနီမတစ်ယောက်အား လှူသော ပစ္စည်း မဟုတ်။

အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍ လှူသော ပစ္စည်းဝတ္ထုမှတစ်ပါး အခြားပစ္စည်း ဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း ဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက် အားသော်လည်းကောင်း စွန့်ရမည်။

ရဟန်းတို့ ဤသို့စွန့်ရမည်။ပ။

''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့် အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ်ပါ၏။ အကျွန်ုပ်သည် သံဃာအား ဤဝတ္ထုကို စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၇၁။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိ်အံ့၊ အာပတ် မသင့်။

၇၇၂။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

အဋ္ဌမသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၉-နဝမသိက္ခာပုဒ်

၇၇၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသင်းတစ်ခု၏ ပရိဝုဏ်၌ နေသော ဘိက္ခုနီမ တို့သည် ယာဂုဖြင့် ပင်ပန်းကုန်၏ 'ယာဂုရှားပါးကုန်၏'။

ထိုအခါ ထိုအသင်းသည် ဘိက္ခုနီမတို့၏ ယာဂုအလို့ငှါ သဘောတူစုဆောင်းပြီးနောက် ဈေးသည် တစ်ဦး၏ အိမ်၌ ပရိက္ခရာကို ထားပြီးလျှင် ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်၍ ''အသျှင်မတို့ ဤမည်သော ဈေးသည်အိမ်၌ ယာဂုအလို့ငှါ ပရိက္ခရာကို ထားအပ်ပါပြီ၊ ထိုဈေးသည်၏ အိမ်မှ ဆန်ကို ဆောင်ယူစေ၍ ယာဂုချက်ပြီးလျှင် သုံးဆောင်ကုန်လော့''ဟု လျှောက်၏။

ဘိက္ခုနီမတို့သည် ထိုပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း ဆေးကို ဝယ်စေ၍ သုံးဆောင်ကုန်၏။ ထိုအသင်းသည် သိ၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြား ပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာ ဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။ပ။

''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင် တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၃၄။ ၉-၇၇၄။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင် တောင်းသော ပရိက္ခရာဖြင့် လည်းကောင်း အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။

၉-နဝမသိက္ခာပုဒ် အဖွင့်

၇၇၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။

အများပိုင်ဟူသည် ဂိုဏ်းအဖွဲ့အား လှူသော ပစ္စည်းတည်း၊ သံဃာအား လှူသော ပစ္စည်း မဟုတ်၊ ဘိက္ခုနီမတစ်ယောက်အား လှူသော ပစ္စည်း မဟုတ်။

ကိုယ်တိုင်တောင်းသောဟူသည် ကိုယ်တိုင်တောင်း၍။

အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍ လှူသော ပစ္စည်းဝတ္ထုမှတစ်ပါး အခြားပစ္စည်း ဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမ တစ်ယောက်အားသော်လည်း ကောင်း စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ်ပါ၏၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးရာကုန်၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၇၆။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

၇၇၇။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

နဝမသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၁၀-ဒသမသိက္ခာပုဒ်

၇၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်သတ္တိ ရှိ၏၊ များစွာသော လူတို့သည် ထုလ္လနန္ဒာ ဘိက္ခုနီမကို ဆည်းကပ်ကုန်၏။

ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမ၏ ပရိဝုဏ်သည် ပျက်စီးသဖြင့် လူတို့သည် ထုလ္လနန္ဒာဘိက္ခုနီမကို ''အသျှင်မ အဘယ့်ကြောင့် သင်၏ ပရိဝုဏ်သည် ပျက်စီးသနည်း''ဟု မေးကုန်၏။ ဒါယကာတို့ ပေးလှူ မည့် သူတို့လည်း မရှိကုန်၊ ပြုပြင်ပေးမည့် သူတို့လည်း မရှိကုန်ဟု ဆို၏။ ထိုအခါ ထိုလူတို့သည် ထုလ္လနန္ဒာဘိက္ခုနီမ၏ ပရိဝုဏ်အလို့ငှါ သဘောတူစုဆောင်းပြီးနောက် ထုလ္လနန္ဒာဘိက္ခုနီမအား ပရိက္ခရာကို ပေးလှူကုန်၏။

ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်း ကောင်း ဆေးကို ဝယ်စေ၍ သုံးဆောင်၏။ လူတို့သည် သိ၍ ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာ ဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေ၏ဟူသည့်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင် တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။

၃၅။ ၁၀-၇၇၉။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိက ပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်း ကောင်း အခြား ဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။

၁၀-ဒသမသိက္ခာပုဒ် အဖွင့်

၇၈၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။

အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။

ပုဂ္ဂလိကဟူသည် ဘိက္ခုနီမတစ်ယောက်အား လှူသော ပစ္စည်းတည်း၊ သံဃာအား လှူသော ပစ္စည်း မဟုတ်၊ ဂိုဏ်းအား လှူသော ပစ္စည်း မဟုတ်။

ကိုယ်တိုင်တောင်းသောဟူသည် ကိုယ်တိုင်တောင်း၍။

အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍ လှူသော ဝတ္ထုပစ္စည်းမှတစ်ပါး အခြား ပစ္စည်းဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း ဝိနည်းကံ ရှိ၏။ သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အား သော်လည်းကောင်း စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာဖြင့်လည်း ကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ် ပါ၏၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။

၇၈၁။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအကျိုးငှါ လှူအပ်သော ဝတ္ထုမဟုတ်ဟု အမှတ် ရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အခြားပစ္စည်းအကျိုးငါှ လှူအပ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအကျိုးငါှ လှူအပ်သော ဝတ္ထု မဟုတ်ဟု အမှတ်ရှိ်အံ့၊ အာပတ် မသင့်။

၇၈၂။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။

ဒသမသိက္ခာပုဒ် ပြီး၏။

------

၁-ပတ္တဝဂ် ၁၁-ဧကာဒသမသိက္ခာပုဒ်

၇၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်သတ္တိ ရှိ၏။

ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ချမ်းအေးသော အခါ၌ အဖိုးများစွာ ထိုက်သော ကမ္ဗလာ ကို ခြုံကာ ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခု သော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းကြီးကို ထုလ္လနန္ဒာဘိက္ခုနီမသည် တရားစကား ဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏။

ထိုအခါ ထုလ္လနန္ဒာဘိက္ခုနီမက တရားစကားဖြင့် (အကျိုးစီးပွါကို) သိမြင်စေ၍ (တရားကို) ဆောက် တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် ပသေနဒီကောသလမင်းကြီးသည် ''အသျှင်မ အလိုရှိရာ ဝတ္ထုကို ပြောဆိုပါလော့''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား လျှောက်၏။ ''မင်းမြတ် သင်သည် အကျွန်ုပ်အား အကယ်၍ လှူလိုပါမူ ဤကမ္ဗလာ 'သက္ကလတ်'ကို ပေးလှူလော့''ဟု ဆိုသဖြင့် ပေးလှူခဲ့ပြီးနောက် နေရာမှ ထပြီးလျှင် ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားလေ၏။

လူတို့သည် ''ဤဘိက္ခုနီမတို့သည် အလိုကြီးကုန်၏၊ မရောင့်ရဲကုန်၊ အဘယ့်ကြောင့် မင်းကြီး၏ ကမ္ဗလာကို တောင်းကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။ အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် မင်းကြီး၏ ကမ္ဗလာကို တောင်းလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် မင်းကြီး၏ ကမ္ဗလာကို တောင်း၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် မင်းကြီး၏ ကမ္ဗလာကို တောင်းလေဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်&