သံယုတ္တနိကာယ်

နိဒါနဝဂ္ဂသံယုတ်ပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁-နိဒါနသံယုတ်

၁-ဗုဒ္ဓဝဂ် ၁-ပဋိစ္စသမုပ္ပါဒသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟူ၍ ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ''ရဟန်းတို့ အကြောင်းကြောင့် ဖြစ်သော 'ပဋိစ္စသမုပ္ပါဒ်'တရားကို သင်တို့အား ဟောကြားအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့''ဟု မိန့်တော်မူ၏။ ''ကောင်းပါပြီ အသျှင် ဘုရား''ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကားကို မိန့်တော်မူ၏-

ရဟန်းတို့ အကြောင်းကြောင့် ဖြစ်သော 'ပဋိစ္စသမုပ္ပါဒ်'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်ရ၏၊ သိမှု 'ဝိညာဏ်' အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံ ကြောင့် တည်ရာ 'အာယတန'ခြောက်ပါး ဖြစ်ရ၏၊ အာယတနခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်ရ၏၊ တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်ရ၏၊ ခံစားမှု 'ဝေဒနာ' အ ကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်ရ၏၊ တပ်မက်မှု 'တဏှာ' အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ့အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု 'ဇရာ'၊ သေမှု 'မရဏ'၊ စိုးရိမ်မှု 'သောက'၊ ငိုကြွေးမှု 'ပရိဒေဝ'၊ ဆင်းရဲမှု 'ဒုက္ခ'၊ နှလုံးမသာမှု 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့ ဖြစ်ကြရ ကုန်၏။ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု ဖြစ်ပွား၏။ ရဟန်းတို့ ဤတရားကို ပဋိစ္စသမုပ္ပါဒ်ဟု ဆိုအပ်၏။

မသိမှု 'အဝိဇ္ဇာ'၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ' ချုပ်ရ၏၊ ပြုစီရင်မှု 'သင်္ခါရ' ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်ရ၏၊ သိမှု 'ဝိညာဏ်' ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်ရ၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ 'အာယတန'ခြောက်ပါး ချုပ်ရ၏၊ တည်ရာ 'အာယတန'ခြောက်ပါး ချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်ရ၏၊ တွေ့ထိမှု 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်ရ၏၊ ခံစားမှု 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်မှု 'တဏှာ' ချုပ်ရ၏၊ တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် ပြင်း စွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဘဝ ချုပ်ရ၏၊ ဘဝ ချုပ်ခြင်း ကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ရ၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုမှု 'ဇရာ'၊ သေမှု 'မရဏ'၊ စိုးရိမ်မှု 'သောက'၊ ငိုကြွေးမှု 'ပရိဒေဝ'၊ ဆင်းရဲမှု 'ဒုက္ခ'၊ နှလုံးမသာမှု 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့ သည် ချုပ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု ဤတရား တော်ကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူအပ် သော တရားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်ကုန်၏။

ပဌမသုတ်။

------

၂-ဝိဘင်္ဂသုတ်

၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော 'ပဋိစ္စသမုပ္ပါဒ်' တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ''ကောင်းပါပြီ အသျှင်ဘုရား''ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏-

ရဟန်းတို့ 'ပဋိစ္စသမုပ္ပါဒ်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်ရ၏၊ သိမှု 'ဝိညာဏ်' အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ 'အာယတန' ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ 'အာယတန'ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်ရ၏၊ တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်ရ၏၊ ခံစားမှု 'ဝေဒနာ' အကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်ရ၏၊ တပ်မက်မှု 'တဏှာ' အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု 'ဇရာ'၊ သေမှု 'မရဏ'၊ စိုးရိမ်မှု 'သောက'၊ ငိုကြွေးမှု 'ပရိဒေဝ'၊ ဆင်းရဲမှု 'ဒုက္ခ'၊ နှလုံးမသာမှု 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။

ရဟန်းတို့ အိုမှု 'ဇရာ' သေမှု 'မရဏ'ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု 'ဇရာ'ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း့သေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု 'မရဏ'ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု 'ဇရာ'တည်း၊ ဤကား သေမှု 'မရဏ'တည်း၊ ရဟန်းတို့ ဤသဘောတရားကို ''ဇရာမရဏ''ဟု ဆိုအပ်၏။

ရဟန်းတို့ ပဋိသန္ဓေနေမှု 'ဇာတိ'ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို ''ဇာတိ''ဟု ဆိုအပ်၏။

ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို ''ဘဝ''ဟု ဆိုအပ်၏။

ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'တို့သည် ကာမတို့ကို ပြင်းစွာ စွဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲလမ်းမှု ''ဥပါဒါန်''ဟု ဆိုအပ်၏။

ရဟန်းတို့ တပ်မက်မှု ''တဏှာ''ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မ တဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု ''တဏှာ''ဟု ဆိုအပ်၏။

ရဟန်းတို့ ခံစားမှု ''ဝေဒနာ''ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု ''ဝေဒနာ''ဟု ဆိုအပ်၏။

ရဟန်းတို့ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿအပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊ နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊ နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊ စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု ''ဖဿ''ဟု ဆိုအပ်၏။

ရဟန်းတို့ တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ ''အာယတန'' ခြောက်ပါးဟု ဆိုအပ်၏။

ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊ နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။

ရဟန်းတို့ သိမှု 'ဝိညာဏ်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု ''ဝိညာဏ်''ဟု ဆိုအပ်၏။

ရဟန်းတို့ ပြုစီရင်မှု ''သင်္ခါရ''တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု ''သခ င်္ါရ''တို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု ''အဝိဇ္ဇာ''ဟု ဆိုအပ်၏။

ရဟန်းတို့ ဤသို့လျှင် မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏။ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။

------

၃-ပဋိပဒါသုတ်

၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ မှားယွင်းသော အကျင့် 'မိစ္ဆာပဋိပဒါ' ကိုလည်းကောင်း၊ မှန်ကန်သော အကျင့် 'သမ္မာပဋိပဒါ'ကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့။ ထို တရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ ''ကောင်း ပါပြီ အသျှင်ဘုရား''ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူ၏-

ရဟန်းတို့ မှားယွင်းသော အကျင့် 'မိစ္ဆာပဋိပဒါ' ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု ''သင်္ခါရ''တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏၊ ရဟန်းတို့ ဤသဘောတရား ကို မှားယွင်းသော အကျင့် 'မိစ္ဆာပဋိပဒါ'ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော အကျင့် 'သမ္မာပဋိပဒါ' ဟူသည် အဘယ်နည်း။ မသိမှု 'အဝိဇ္ဇာ'၏ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ''သင်္ခါရ''တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ''သင်္ခါရ''တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်ခြင်း ဖြစ်၏၊ ရဟန်းတို့ ဤသဘောတရားကို မှန်ကန်သော အကျင့် 'သမ္မာပဋိပဒါ'ဟု ဆိုအပ်၏။

တတိယသုတ်။

------

၄-ဝိပဿီသုတ်

၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား သစ္စာလေးပါးကို မသိမီ သစ္စာလေးပါးတရားကို မသိသေးသော ဘုရားလောင်းသာ ဖြစ်လျက် ဤအကြံသည် ဖြစ်၏- ''ဤသတ္တလောကသည် ဆင်းရဲခြင်းသို့ ရောက်လေစွတကား၊ ပဋိသန္ဓေလည်း နေရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ စုတေလည်း စုတေရ၏၊ တစ်ဖန် ပဋိသန္ဓေလည်း နေရ၏။ ထိုသို့ဖြစ်လျက် ဤ အိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာကို မသိနိုင်၊ အဘယ်အခါမှ့ဤအိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာသည် ထင်ရှားပါမည်နည်း''ဟု အကြံ ဖြစ်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် အိုမှု 'ဇရာ', သေမှု 'မရဏ' ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် အိုမှု 'ဇရာ', သေမှု 'မရဏ' ဖြစ်သနည်း''ဟု အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပဋိသန္ဓေ နေမှု 'ဇာတိ' ရှိသော် အိုမှုသေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုမှုသေမှု ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ဘဝ ရှိခဲ့သော် ဇာတိ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''ဘယ်တရားရှိသော် ဘဝ ဖြစ်သနည်း၊ အဘယ် အကြောင်းခံကြောင့် ဘဝ ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရား လောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ဥပါဒါန်ရှိခဲ့သော် ဘဝ ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ပြစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''တပ်မက်မှု 'တဏှာ' ရှိခဲ့သော် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏၊ တပ်မက်မှု 'တဏှာ' အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် တပ်မက်မှု 'တဏှာ' ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ခံစားမှု 'ဝေဒနာ'ရှိသော် တပ်မက်မှု 'တဏှာ' ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' အကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ခံစားမှု 'ဝေဒနာ' ဖြစ်သ နည်း၊ အဘယ်အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''တွေ့ထိမှု 'ဖဿ'ရှိသော် ခံစားမှု 'ဝေဒနာ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် တွေ့ထိမှု 'ဖဿ' ဖြစ်သ နည်း၊ အဘယ်အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) ရှိသော် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် တည်ရာ 'အာယတန'ခြောက်ပါး့ (သဠာ ယတန) ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''နာမ်ရုပ်ရှိသော် တည်ရာ 'အာယတန'ခြောက်ပါး (သဠာ ယတန) ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် နာမ်ရုပ် ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''သိမှု 'ဝိညာဏ်'ရှိသော် နာမ်ရုပ် ဖြစ်၏၊ သိမှု 'ဝိညာဏ်' အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် သိမှု 'ဝိညာဏ်' ဖြစ်သ နည်း၊ အဘယ်အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပြုစီရင်မှု 'သင်္ခါရ'တို့ ရှိသော် သိမှု 'ဝိညာဏ်' ဖြစ်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ် ကုန်သနည်း၊ အဘယ်အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်သနည်း''ဟု ဤအကြံသည် ဖြစ် ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''မသိမှု 'အဝိဇ္ဇာ'ရှိသော် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ဤသို့လျှင် မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။

ရဟန်းတို့ ''ဖြစ်ပေါ်၏၊ ဖြစ်ပေါ်၏''ဟု ဝိပဿီဘုရားလောင်းအား ရှေးက မကြားဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု 'ပညာ'သည် ထင်ရှားဖြစ်ပေါ်၏၊ ထိုးထွင်း၍ သိမှု 'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း 'အာလောက'သည် ထင်ရှားဖြစ်ပေါ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် အိုမှုဇရာ, သေမှုမရဏ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် အိုမှုဇရာ, သေမှုမရဏ ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပဋိသန္ဓေနေမှု 'ဇာတိ' မရှိသော် အိုမှုဇရာ, သေမှုမရဏ မဖြစ်၊ ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ခြင်းကြောင့် အိုမှု ဇရာ, သေမှုမရဏ ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ' မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထို့အခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ဘဝ မရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ' မဖြစ်၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် ဘဝ မဖြစ်သနည်း၊ အဘယ် တရား ချုပ်ခြင်းကြောင့် ဘဝ ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရား လောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပြင်းစွာစွဲလမ်းမှု 'ဥပါဒါန်'့မရှိသော် ဘဝ မဖြစ်၊ ပြင်းစွာစွဲလမ်းမှု 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်သနည်း''ဟု ဤ အကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''တပ်မက်မှု 'တဏှာ' မရှိသော် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' မဖြစ်၊ တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် တပ်မက်မှု 'တဏှာ' မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် တပ်မက်မှု 'တဏှာ' ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ် ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ခံစားမှု 'ဝေဒနာ' မရှိသော် တပ်မက်မှု 'တဏှာ' မဖြစ်၊ ခံစားမှု 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်မှု 'တဏှာ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် ခံစားမှု 'ဝေဒနာ' မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ် ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''တွေ့ထိမှု 'ဖဿ' မရှိသော် ခံစားမှု 'ဝေဒနာ' မဖြစ်၊ တွေ့ထိမှု 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် တွေ့ထိမှု 'ဖဿ' မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) မရှိသော် တွေ့ထိမှု 'ဖဿ' မဖြစ်၊ တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) ချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်း သည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''နာမ်ရုပ် မရှိသော် တည်ရာ 'အာယတန'ခြောက်ပါး (သဠာ ယတန) မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် နာမ်ရုပ် မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''သိမှု 'ဝိညာဏ်' မရှိသော် နာမ်ရုပ် မဖြစ်၊ သိမှု 'ဝိညာဏ်' ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် သိမှု 'ဝိညာဏ်' မဖြစ် သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပြုစီရင်မှု 'သင်္ခါရ'တို့ မရှိသော် သိမှု 'ဝိညာဏ်' မဖြစ်၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ့်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရား မရှိသော် ပြုစီရင်မှု 'သင်္ခါရ'တို့ မဖြစ်ကုန်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်သနည်း''ဟု ဤအကြံ သည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း ကြောင့် ''မသိမှု 'အဝိဇ္ဇာ' မရှိသော် ပြုစီရင်မှု 'သင်္ခါရ'တို့ မဖြစ်ကုန်၊ မသိမှု 'အဝိဇ္ဇာ' ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ဤသို့လျှင် မသိမှု 'အဝိဇ္ဇာ' ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ' ချုပ်၏၊ ပြုစီရင်မှု 'သင်္ခါရ' ချုပ်ခြင်း ကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်ရ၏။ ရဟန်းတို့ ''ချုပ်၏ ချုပ်၏''ဟု ဝိပဿီဘုရားလောင်းအား ရှေးက မကြားဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု 'ပညာ'သည် ထင်ရှားဖြစ် ပေါ်၏၊ ထိုးထွင်း၍ သိမှု 'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း 'အာလောက'သည် ထင်ရှား ဖြစ်ပေါ်၏။

စတုတ္ထသုတ်။

«ခုနစ်ဆူသော ဘုရားသျှင်တို့၏လည်း ဤအတူ ချဲ့အပ်၏»။

------

၅-သိခီသုတ်

၅။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား။ပ။

------

၆-ဝေဿဘူသုတ်

၆။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူမြတ်စွာဘုရားအား။ပ။

------

၇-ကကုသန္ဓသုတ်

၇။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန်မြတ်စွာဘုရားအား။ပ။

------

၈-ကောဏာဂမနသုတ်

၈။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကောဏာဂုံမြတ်စွာဘုရားအား။ပ။

------

၉-ကဿပသုတ်

၉။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားအား။ပ။

------

၁၀-ဂေါတမသုတ်

၁၀။ ရဟန်းတို့ သစ္စာလေးပါးကို မသိမီ သစ္စာလေးပါးတရားကို မသိသေးသော ဘုရားလောင်း သာလျှင် ဖြစ်သော ငါ့အား ဤအကြံသည် ဖြစ်၏- ''ဤသတ္တလောကသည် ဆင်းရဲခြင်းသို့ ရောက်လေစွ့တကား၊ ပဋိသန္ဓေလည်း နေရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ စုတေလည်း စုတေရ၏၊ တစ်ဖန်ပဋိသန္ဓေလည်း နေရ၏၊ ထိုသို့ဖြစ်လျက် အိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာကို မသိနိုင်၊ အဘယ်အခါမှ ဤအိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာသည် ထင်ရှားပါမည်နည်း''ဟု အကြံဖြစ်၏။

ရဟန်းတိုု့ ထိုငါ့အား ''အဘယ်တရားရှိသော် အိုမှုဇရာ, သေမှုမရဏ ဖြစ်သနည်း၊ အဘယ်တရား အကြောင်းခံကြောင့် အိုမှုဇရာ, သေမှုမရဏ ဖြစ်သနည်း''ဟု ဤသို့ အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပဋိသန္ဓေနေမှု 'ဇာတိ' ရှိသော် အိုမှုဇရာ, သေမှုမရဏ ဖြစ်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုမှုဇရာ, သေမှုမရဏ ဖြစ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုငါ့အား ''အဘယ်တရားရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်သနည်း။ပ။ ဘဝ။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'။ တပ်မက်မှု 'တဏှာ'။ ခံစားမှု 'ဝေဒနာ'။ တွေ့ထိမှု 'ဖဿ'။ တည်ရာ 'အာယတန'ခြောက် ပါး ''သဠာယတန''။ နာမ်ရုပ်။ သိမှု 'ဝိညာဏ်'။ ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်သနည်း၊ အဘယ်အကြောင်း ခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်သနည်း''ဟု ဤအကြံသည် ဖြစ်၏၊ ရဟန်းတို့ ထိုငါ့အား သင့် လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''မသိမှု 'အဝိဇ္ဇာ' ရှိသော် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်း သည် ဖြစ်၏။ ဤသို့လျှင် မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။

ရဟန်းတို့ ''ဖြစ်ပေါ်၏ ဖြစ်ပေါ်၏''ဟု ရှေးက မကြားဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိ သည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု 'ပညာ'သည် ထင်ရှား ဖြစ်ပေါ်၏၊ ထိုးထွင်းသိမှု 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း 'အာလောက' သည် ထင်ရှား ဖြစ်ပေါ်၏။

ရဟန်းတိုု့ ထိုငါ့အား ''အဘယ်တရား မရှိသော် အိုမှုဇရာ, သေမှုမရဏ မဖြစ်သနည်း၊ အဘယ် တရား ချုပ်ခြင်းကြောင့် အိုမှုဇရာ, သေမှုမရဏ ချုပ်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''ပဋိသန္ဓေနေမှု 'ဇာတိ'မရှိသော် အိုမှုဇရာ, သေမှု မရဏ မဖြစ်၊ ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ခြင်းကြောင့် အိုမှုဇရာ, သေမှုမရဏ ချုပ်၏''ဟု ပညာဖြင့် ထိုး ထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုငါ့အား ''အဘယ်တရား မရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ' မဖြစ်သနည်း။ပ။ ဘဝ။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'။ တပ်မက်မှု 'တဏှာ'။ ခံစားမှု 'ဝေဒနာ'။ တွေ့ထိမှု 'ဖဿ'။ တည်ရာ 'အာယတန' ခြောက်ပါး ''သဠာယတန''။ နာမ်ရုပ်။ သိမှု 'ဝိညာဏ်'။ ပြုစီရင်မှု 'သင်္ခါရ'တို့ မဖြစ်ကုန်သနည်း၊ အဘယ် တရား ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်သနည်း''ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ''မသိမှု 'အဝိဇ္ဇာ' မရှိသော် ပြုစီရင်မှု 'သင်္ခါရ'တို့ သည် မဖြစ်ကုန်၊ မသိမှု 'အဝိဇ္ဇာ' ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏''ဟု ပညာဖြင့် ထိုး ထွင်း၍ သိခြင်းသည် ဖြစ်၏။

ဤသို့လျှင် မသိမှု 'အဝိဇ္ဇာ' ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်၏။ ရဟန်းတို့ ''ချုပ်၏ ချုပ်၏''ဟု ရှေးက မကြားဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု 'ပညာ'သည် ထင်ရှားဖြစ် ပေါ်၏၊ ထိုထွင်းသိမှု 'ဝိဇ္ဇာ'သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း 'အာလောက'သည် ထင်ရှားဖြစ်ပေါ်၏။

ဒသမသုတ်။

ရှေးဦးစွာသော ဗုဒ္ဓဝဂ် ပြီး၏။

------

၂-အာဟာရဝဂ် ၁-အာဟာရသုတ်

၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဖြစ်ပြီး သတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီးမြှောက်ခြင်းငှါ ဆောင်တတ်သော သဘော 'အာဟာရ'တို့သည် ဤလေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်းဟူမူ- ကြမ်းတမ်းသည်လည်းဖြစ်စေ၊ နူးညံ့သည်လည်းဖြစ်စေ အလုတ် အလွေးပြု၍ မျိုအပ်သော 'ကဗဠီကာရအာဟာရ'၊ နှစ်ခုမြောက် တွေ့ထိမှု 'ဖဿာဟာရ'၊ သုံးခုမြောက် စိတ်ကို လှုံ့ဆော်မှု 'မနောသေဉ္စတနာဟာရ'၊ လေးခုမြောက် အထူးသိမှု 'ဝိညာဏာဟာရ'တို့တည်း။ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီး မြှောက်ခြင်းငှါ ဆောင်တတ်သော သဘော 'အာဟာရ'တို့သည် ဤလေးပါးတို့တည်း။

ရဟန်းတို့ ဤလေးပါးသော အာဟာရတို့သည် အဘယ်တရားလျှင် အကြောင်းရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ် တရားလျှင် အမွန်အစရှိကုန်သနည်း။ ဤလေးပါးသော အာဟာရတို့သည် တပ်မက်မှု 'တဏှာ'လျှင် အ ကြောင်းရှိကုန်၏၊ တပ်မက်မှု 'တဏှာ'လျှင် ဖြစ်ပေါ်ကြောင်းရှိကုန်၏၊ တပ်မက်မှု 'တဏှာ'လျှင် ဖြစ်ကြောင်း ရှိကုန်၏၊ တပ်မက်မှု 'တဏှာ'လျှင် အမွန်အစရှိကုန်၏။

ရဟန်းတို့ ဤတပ်မက်မှု 'တဏှာ'သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရား လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစ ရှိသနည်း။ တပ်မက်မှု 'တဏှာ'သည် ခံစားမှု 'ဝေဒနာ'လျှင် အကြောင်းရှိ၏၊ ခံစားမှု 'ဝေဒနာ'လျှင် ဖြစ်ပေါ် ကြောင်းရှိ၏၊ ခံစားမှု 'ဝေဒနာ'လျှင် ဖြစ်ကြောင်းရှိ၏၊ ခံစားမှု 'ဝေဒနာ'လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤခံစားမှု 'ဝေဒနာ' သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း။ ခံစားမှု 'ဝေဒနာ' သည် တွေ့ထိမှု 'ဖဿ'လျှင် အကြောင်းရှိ၏၊ တွေ့ထိမှု 'ဖဿ'လျှင် ဖြစ်ပေါ်ကြောင်း ရှိ၏၊ တွေ့ထိမှု 'ဖဿ'လျှင် ဖြစ်ကြောင်းရှိ၏၊ တွေ့ထိမှု 'ဖဿ'လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤတွေ့ထိမှု 'ဖဿ'သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း။ တွေ့ထိမှု 'ဖဿ'သည် တည်ရာ 'အာယတန' ခြောက်ပါးလျှင် အကြောင်းရှိ၏၊ တည်ရာ 'အာယတန' ခြောက်ပါးလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ တည်ရာ 'အာယတန' ခြောက်ပါးလျှင် ဖြစ်ကြောင်းရှိ၏၊ တည်ရာ 'အာယတန' ခြောက်ပါးလျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤတည်ရာ 'အာယတန' ခြောက်ပါးသည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရား လျှင် အမွန်အစရှိသနည်း။ တည်ရာ 'အာယတန'ခြောက်ပါးသည် နာမ်ရုပ်လျှင် အကြောင်းရှိ၏၊ နာမ်ရုပ်လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ နာမ်ရုပ်လျှင် ဖြစ်ကြောင်းရှိ၏၊ နာမ်ရုပ်လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤနာမ်ရုပ်သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ် ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း။ နာမ်ရုပ်သည် သိမှု 'ဝိညာဏ်'လျှင် အကြောင်းရှိ၏၊ သိမှု 'ဝိညာဏ်'လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ သိမှု 'ဝိညာဏ်' လျှင် ဖြစ်ကြောင်းရှိ၏၊ သိမှု 'ဝိညာဏ်'လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤသိမှု 'ဝိညာဏ်' သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း။ သိမှု 'ဝိညာဏ်'သည် ပြုစီရင်မှု 'သင်္ခါရ'လျှင် အကြောင်းရှိ၏၊ ပြုစီရင်မှု 'သင်္ခါရ'လျှင် ဖြစ်ပေါ်ကြောင်း ရှိ၏၊ ပြုစီရင်မှု 'သင်္ခါရ'လျှင် ဖြစ်ကြောင်းရှိ၏၊ ပြုစီရင်မှု 'သင်္ခါရ'လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤပြုစီရင်မှု 'သင်္ခါရ'တို့သည် အဘယ်တရားလျှင် အကြောင်းရှိကုန်သနည်း၊ အဘယ် တရားလျှင် ဖြစ်ပေါ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရား လျှင် အမွန်အစရှိကုန်သနည်း။ ပြုစီရင်မှု 'သင်္ခါရ'တို့သည် မသိမှု 'အဝိဇ္ဇာ'လျှင် အကြောင်းရှိကုန်၏၊ မသိမှု 'အဝိဇ္ဇာ'လျှင် ဖြစ်ပေါ်ကြောင်းရှိကုန်၏၊ မသိမှု 'အဝိဇ္ဇာ'လျှင် ဖြစ်ကြောင်းရှိကုန်၏၊ မသိမှု 'အဝိဇ္ဇာ'လျှင် အမွန်အစရှိကုန်၏။

ရဟန်းတို့ ဤသို့လျှင် မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီ ရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏။ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်၏။

ပဌမသုတ်။

------

၂-မောဠိယဖဂ္ဂုနသုတ်

၁၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီးမြှောက်ခြင်းငှါ ဆောင်တတ်သောသဘော 'အာဟာရ'တို့သည် ဤလေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်းဟူမူ- ကြမ်းတမ်းသည်လည်းဖြစ်စေ၊ နူးညံ့သည်လည်းဖြစ်စေ အလုတ် အလွေးပြု၍ မျိုအပ်သော 'ကဗဠီကာရအာဟာရ'၊ နှစ်ခုမြောက် တွေ့ထိမှု 'ဖဿာဟာရ'၊ သုံးခုမြောက် စိတ်ကို လှုံ့ဆော်မှု 'မနောသေဉ္စတနာဟာရ'၊ လေးခုမြောက် အထူးသိမှု 'ဝိညာဏာဟာရ' ဤလေးပါးတို့ တည်း။ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီးမြှောက်ခြင်းငှါ ဆောင်တတ်သော သဘော 'အာဟာရ'တို့သည် ဤလေးပါးတို့တည်း။

ဤသို့ ဟောတော်မူသည်ရှိသော် အသျှင်မောဠိယဖဂ္ဂုနသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား အဘယ်သူသည် သိမှုဟူသော ဆောင်တတ်သော သဘော 'ဝိညာဏာဟာရ' ကို ဆောင်ပါသနည်း''ဟု လျှောက်၏၊ ''အမေးသည် မသင့်လျော်ချေ''၊ ''ဆောင်၏''ဟူ၍ ငါ မဟော။ ''ဆောင်၏''ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ ''အသျှင်ဘုရား အဘယ်သူသည် ဆောင်ပါသနည်း''ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် ''အသျှင် ဘုရား သိမှုဟူသော ဆောင်တတ်သော သဘော 'ဝိညာဏာဟာရ'သည် အဘယ်တရား၏ အကြောင်း ဖြစ် သနည်း''ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးကား သင့်လျော်၏၊ ''ဝိညာဏာဟာရသည် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ကြောင်း ဖြစ်၏၊ ထိုဝိညာဏာဟာရ ဖြစ်သည်ရှိသော် တည်ရာ 'အာယတန'ခြောက်ပါး ဖြစ်၏၊ တည်ရာ 'အာယတန' အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏''ဟု ထိုအမေး၌ ဤအဖြေသည် သင့် လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

''အသျှင်ဘုရား အဘယ်သူသည် တွေ့ထိပါသနည်း''ဟု လျှောက်၏၊ ''အမေးသည် မသင့်လျော်ချေ''၊ ''တွေ့ထိ၏''ဟု ငါ မဟော။ ''တွေ့ထိ်၏''ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ ''အသျှင်ဘုရား့အဘယ်သူသည် တွေ့ထိပါသနည်း''ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် ''အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်ပါသနည်း''ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးကား သင့်လျော်၏၊ ''တည်ရာ 'အာယတန' ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏''ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

''အသျှင်ဘုရား အဘယ်သူသည် ခံစားပါသနည်း''ဟု လျှောက်၏၊ ''အမေးသည် မသင့်လျော်ချေ''၊ ''ခံစား၏''ဟု ငါ မဟော။ ''ခံစား၏''ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ ''အသျှင်ဘုရား အဘယ် သူသည် ခံစားပါသနည်း''ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် ''အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်ပါသနည်း''ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးကား သင့်လျော်၏၊ ''တွေ့ထိမှု 'ဖဿ' အကြောင်းခံ ကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' အကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်၏''ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

''အသျှင်ဘုရား အဘယ်သူသည် တပ်မက်ပါသနည်း''ဟု လျှောက်၏၊ ''အမေးသည် မသင့်လျော် ချေ''၊ ''တပ်မက်၏''ဟု ငါ မဟော။ ''တပ်မက်၏''ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ ''အသျှင်ဘုရား အဘယ်သူသည် တပ်မက်ပါသနည်း'' ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် ''အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်ပါသနည်း''ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးသည် သင့်လျော်၏၊ ''ခံစားမှု 'ဝေဒနာ' အကြောင်းခံကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်၏၊ တပ်မက်မှု 'တဏှာ' အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏''ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

''အသျှင်ဘုရား အဘယ်သူသည် ပြင်းစွာ စွဲလမ်းပါသနည်း''ဟု လျှောက်၏၊ ''အမေးသည် မသင့် လျော်ချေ''၊ ''ပြင်းစွာ စွဲလမ်း၏''ဟု ငါ မဟော။ ''ပြင်းစွာ စွဲလမ်း၏''ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ ''အသျှင်ဘုရား အဘယ်သူသည် ပြင်းစွာ စွဲလမ်းပါသနည်း''ဟူသော အမေးသည် သင့်လျော် သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် ''အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်ပါသနည်း''ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤ အမေးကား သင့်လျော်၏၊ ''တပ်မက်မှု 'တဏှာ' အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' အကြောင်းခံကြောင့် ဘဝ ဖြစ်၏''ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။ပ။ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု ဖြစ်ပေါ်၏။

ဖဂ္ဂုန ခြောက်ပါးသော တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန'တို့၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်၏၊ တွေ့ထိမှု 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်၏၊ ခံစားမှု 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်မှု 'တဏှာ' ချုပ်၏၊ တပ်မက်မှု 'တဏှာ' ချုပ်ခြင်း ကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ခြင်းကြောင့် အိုမှု 'ဇရာ'၊ သေမှု 'မရဏ'၊ စိုးရိမ်မှု 'သောက'၊ ငိုကြွေးမှု 'ပရိဒေဝ'၊ ဆင်းရဲမှု 'ဒုက္ခ'၊ နှလုံးမသာမှု 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ဒုတိယသုတ်။

------

၃-သမဏဗြာဟ္မဏသုတ်

၁၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မည်သည့် သမဏတို့ဖြစ်စေ၊ မည် သည့် ဗြာဟ္မဏတို့ဖြစ်စေ အိုမှု 'ဇရာ' သေမှု 'မရဏ'ကို မသိကုန်၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ဖြစ်ပေါ် ကြောင်းကို မသိကုန်၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။

ပဋိသန္ဓေနေမှု 'ဇာတိ' ကို။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိ်မှု 'ဖဿ'ကို။ တည်ရာ 'အာယတန'ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်' ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်ကို မသိကုန်။

ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ထိုဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ မသမုတ်အပ်ကုန်။ ထိုအသျှင်တို့ သည် သမဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ မည်သည့် သမဏတို့ဖြစ်စေ၊ မည်သည့် ဗြာဟ္မဏတို့ဖြစ်စေ အိုမှု 'ဇရာ',သေမှု 'မရဏ'ကို သိကုန်၏၊ အိုမှု 'ဇရာ', သေမှု 'မရဏ'၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ အိုမှု 'ဇရာ', သေမှု 'မရဏ'၏ ချုပ် ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို သိကုန်၏။

ပဋိသန္ဓေနေမှု 'ဇာတိ'ကို။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိမှု 'ဖဿ'ကို။ တည်ရာ 'အာယတန' ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်'ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို သိကုန်၏။

ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ထိုဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့ သည် သမဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ သမဏ ဗြာဟ္မဏသုတ်

၁၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မည်သည့် သမဏတို့ဖြစ်စေ၊ မည် သည့် ဗြာဟ္မဏတို့ဖြစ်စေ ဤတရားတို့ကို မသိကုန်၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဤ တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မသိကုန်။

အဘယ်တရားတို့ကို မသိကုန်သနည်း၊ အဘယ်တရားတို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို မသိကုန်သနည်း။ အိုမှု 'ဇရာ' သေမှု 'မရဏ'ကို မသိကုန်၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။

ပဋိသန္ဓေနေမှု 'ဇာတိ'ကို။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိ်မှု 'ဖဿ'ကို။ တည်ရာ 'အာယတန' ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်' ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မသိကုန်။ ဤတရားတို့ကို မသိကုန်၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။

ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ထိုဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း မျက် မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ မည်သည့် သမဏတို့ဖြစ်စေ၊ မည်သည့် ဗြာဟ္မဏတို့ဖြစ်စေ ဤတရားတို့ကို သိကုန်၏၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ဤ တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။

အဘယ်တရားတို့ကို သိကုန်သနည်း၊ အဘယ်တရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်သနည်း။ အိုမှု 'ဇရာ' သေမှု 'မရဏ'ကို သိကုန်၏၊ အိုမှု 'ဇရာ' သေမှု 'မရဏ'တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ အိုမှု 'ဇရာ' သေမှု 'မရဏ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိ ကုန်၏၊ အိုမှု 'ဇရာ' သေမှု 'မရဏ'၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။

ပဋိသန္ဓေနေမှု 'ဇာတိ'ကို။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိ်မှု 'ဖဿ' ကို။ တည်ရာ 'အာယတန' ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်'ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို သိကုန်၏။ ဤတရားတို့ကို သိကုန်၏၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ဤ တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို သိကုန်၏။

ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ထိုဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့ သည် သမဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏။

စတုတ္ထသုတ်။

------

၅-ကစ္စာန ဂေါတ္တသုတ်

၁၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ကစ္စာနဂေါတ္တသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား့ ''အသျှင်ဘုရား မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' မှန်သောအမြင် 'သမ္မာဒိဋ္ဌိ'ဟူ၍ ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' ဖြစ်ပါသနည်း''ဟု ဤစကားကို လျှောက်၏။

ကစ္စာန ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏ အဖြစ်ကိုလည်းကောင်း နှစ်ပါးကို မှီ၏။ ကစ္စာန သင်္ခါရလောက၏ ဖြစ်ပေါ်ကြောင်းကိုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ ကစ္စာန သင်္ခါရလောက၏ ချုပ်ငြိမ်းရာကိုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား (သင်္ခါရ) လောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။ ကစ္စာန ဤသတ္တဝါအပေါင်းကို ကပ်ရောက်မှု 'ဥပယ'၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'၊ နစ်မြုပ်စူးဝင်မှု 'အဘိနိဝေသ'တို့သည် သတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့အပ်၏။ ဤအရိယာတပည့်သည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု 'ဥပယ'၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို ''ငါ၏ အတ္တတည်း''ဟု မကပ်ရောက်၊ မစွဲလမ်း၊ မဆောက်တည်။ ''ဖြစ်ခဲ့သော် ဆင်းရဲသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဆင်းရဲသာ ချုပ်၏''ဟု ယုံမှားမှု မရှိ၊ တွေး တောမှု မရှိ။ ဤအရာ၌ ထိုပုဂ္ဂိုလ်အား သူတစ်ပါးကို အားထား၍ ယုံကြည်သည် မဟုတ်၊ (ကိုယ်တိုင်) သိခြင်းသာ ဖြစ်၏။ ကစ္စာန ဤမျှဖြင့် မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' ဖြစ်၏။

ကစ္စာန ''အလုံးစုံသည် ရှိ၏''ဟူသော ဤအယူသည် တစ်ခုသော အစွန်းပေတည်း၊ ''အလုံးစုံသည် မရှိ''ဟူသော ဤအယူသည်လည်း နှစ်ခုမြောက်ဖြစ်သော အစွန်းပေတည်း။ ကစ္စာန ဤနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့် မြတ်စွာဘုရားသည် တရားဟောတော်မူ၏၊ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဓမ္မကထိကသုတ်

၁၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား ကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား တရားဟောသူ 'ဓမ္မကထိက' တရားဟောသူ 'ဓမ္မကထိက'ဟူ၍ ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် တရားဟောသူ 'ဓမ္မကထိက' ဖြစ်ပါသနည်း''ဟု (လျှောက်၏)။

ရဟန်း အကယ်၍ အိုမှု 'ဇရာ' သေမှု 'မရဏ'ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် တရား ဟောခဲ့မူ ''တရားဟောသူ 'ဓမ္မကထိက'ရဟန်း''ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း အကယ်၍ အိုမှု 'ဇရာ' သေမှု 'မရဏ'ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ကျင့်ခဲ့မူ ''တရားအား လျော်သော အကျင့်ကို ကျင့်သော ရဟန်း'' ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း အိုမှု 'ဇရာ' သေမှု 'မရဏ'ကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်သည် ဖြစ် ခဲ့မူ ''မျက်မှောက်ဘဝ၌ နိဗ္ဗာန်သို့ ရောက်သော ရဟန်း''ဟူ၍ ဆိုခြင်းငှါ သင့်၏။

ရဟန်း ပဋိသန္ဓေနေမှု 'ဇာတိ'ကို။ပ။ ဘဝကို။ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိမှု 'ဖဿ'ကို။ တည်ရာ 'အာယတန' ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်'ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို။ ရဟန်း မသိမှု 'အဝိဇ္ဇာ'ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန့်ချုပ်ငြိမ်းရန် တရား ဟောခဲ့မူ ''တရားဟောသူ 'ဓမ္မကထိက'ရဟန်း''ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း မသိမှု 'အဝိဇ္ဇာ'ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ကျင့်ခဲ့မူ ''တရားအား လျော်သော အကျင့်ကို ကျင့်သော ရဟန်း''ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း မသိမှု 'အဝိဇ္ဇာ'ကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှုကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်း ကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်သူ ဖြစ်ခဲ့မူ ''မျက်မှောက်ဘဝ၌ နိဗ္ဗာန်သို့ ရောက် သော ရဟန်း''ဟူ၍ ဆိုခြင်းငှါ သင့်၏။

ဆဋ္ဌသုတ်။

------

၇-အစေလကဿပသုတ်

၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ အစေလကဿပသည် ကြွလာသော မြတ်စွာဘုရားကို အဝေးမှ မြင်လေလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံး စေပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ''အသျှင် ဂေါတမသည် အကျွန်ုပ်တို့၏ အမေးကို ဖြေကြားခြင်းငှါ ခွင့်ပြုခဲ့ပါမူ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တစ်စုံတစ်ခုသော အကြောင်းအရာကို မေးလိုပါကုန်၏''ဟု လျှောက်၏။

ကဿပ မေးချိန် မဟုတ်သေး၊ ရွာတွင်းသို့ ဝင်ဆဲ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)၊ နှစ်ကြိမ်မြောက်လည်း အစေလကဿပသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် အကျွန်ုပ်တို့၏ အမေးကို ဖြေ ကြားခြင်းငှါ ခွင့်ပြုခဲ့ပါမူ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တစ်စုံတစ်ခုသော အကြောင်းအရာကို မေး လိုပါကုန်၏''ဟု လျှောက်၏။ ကဿပ မေးချိန် မဟုတ်သေး၊ ရွာတွင်းသို့ ဝင်ဆဲ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)၊ သုံးကြိမ်မြောက်လည်း အစေလကဿပသည်။ပ။ ရွာတွင်းသို့ ဝင်ဆဲ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)၊ ဤသို့ မိန့်တော်မူသည်ရှိသော် အစေလကဿပသည် မြတ်စွာဘုရားအား ''အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို များစွာ မမေးလိုပါကုန်''ဟု လျှောက်၏၊ ကဿပ မေးလိုသော အကြောင်းအရာကို မေးလော့ဟု ခွင့်ပြုတော်မူ၏။

အသျှင်ဂေါတမ အသို့ပါနည်း၊ ဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော၊ ''ကဿပ ဤသို့ မဆို လင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသ လော၊ ''ကဿပ ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်ပါသလောဟု မေးလျှောက်ပြန်၏၊ ''ကဿပ ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ဆင်းရဲသည် ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်ပါသလော၊ ''ကဿပ ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ဆင်းရဲသည် မရှိပါသ လော၊ ကဿပ ဆင်းရဲ မရှိသည် မဟုတ်၊ ကဿပ ဆင်းရဲ ရှိသည်သာတည်း။ သို့ဖြစ်လျှင် အသျှင် ဂေါတမသည် ဆင်းရဲကို မသိ မမြင်ပါသလော၊ ကဿပ ငါသည် ဆင်းရဲကို မသိ မမြင်သည် မဟုတ်၊ ကဿပ ငါသည် ဆင်းရဲကို သိ၏၊ ဆင်းရဲကို မြင်၏။

''အသျှင်ဂေါတမ အသို့ပါနည်း၊ ဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော''ဟု ဤသို့ မေးသည်ရှိသော် ''ကဿပ ဤသို့ မဆိုလင့်''ဟု ဆိုဘိ၏၊ ''အသျှင်ဂေါတမ ဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသလော''ဟု မေးသည်ရှိသော် ''ကဿပ ဤသို့ မဆိုလင့်''ဟု ဆိုဘိ၏၊ ''အသျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင်လည်း့ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်ပါသလော''ဟု ဤသို့ မေးသည်ရှိသော် ''ကဿပ ဤသို့ မဆိုလင့်''ဟု ဆိုဘိ၏၊ ''အသျှင်ဂေါတမ ဆင်းရဲသည် ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ် သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်ပါသလော''ဟု ဤသို့ မေးသည်ရှိသော် ''ကဿပ ဤသို့ မဆိုလင့်''ဟု ဆိုဘိ၏၊ ''အသျှင်ဂေါတမ ဆင်းရဲဟူသည် မရှိပါသလော''ဟု ဤသို့ မေးသည်ရှိသော် ''ကဿပ ဆင်းရဲ သည် မရှိသည် မဟုတ်၊ ကဿပ ဆင်းရဲသည် ရှိသည်သာတည်း''ဟု ဆိုဘိ၏၊ သို့ဖြစ်လျှင် ''အသျှင် ဂေါတမသည် ဆင်းရဲကို မသိ မမြင်ပါသလော''ဟု ဤသို့ မေးသည်ရှိသော် ''ကဿပ ငါသည် ဆင်းရဲကို မသိ မမြင်သည် မဟုတ်၊ ကဿပ ငါသည် ဆင်းရဲကို သိ၏၊ ဆင်းရဲကို မြင်၏''ဟု ဆိုဘိ၏။ အသျှင် ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ဆင်းရဲကို ပြောကြားတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ဆင်းရဲကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။

ကဿပ ''ထိုသူသည် ပြု၏၊ ထိုသူသည် ခံစား၏''ဟူ၍ အစကပင် ရှိခဲ့သော် ''ဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏''ဟူ၍ ဆိုသော သူသည် သဿတအယူသို့ ရောက်၏။ ''ကဿပ သူတစ်ပါး ပြု၏၊ သူတစ်ပါး ခံစား၏''ဟု အစကပင် ရှိခဲ့သော် ဝေဒနာ နှိပ်စက်စဉ် ''ဆင်းရဲကို သူတစ်ပါး ပြုအပ်၏''ဟူ၍ ဆိုသော သူသည် ဥစ္ဆေဒဒိဋ္ဌိသို့ ရောက်၏။ ကဿပ ထိုနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ် အလတ်အားဖြင့် မြတ်စွာဘုရား တရားဟောတော်မူ၏၊ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏။ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်း ကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ဤသို့ ဟောတော်မူသည်ရှိသော် အစေလကဿပသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိစွတကား၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိစွတကား၊ အသျှင်ဘုရား မှောက်၍ ထားသောဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း။ပ။ 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြကုန်လတ္တံ့'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင် ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလို ပါ၏''ဟု လျှောက်၏။

''ကဿပ သာသနာတော်မှ တစ်ပါးသော အယူကို ယူဖူးသူသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ ရှင်အဖြစ်ကို ရလိုမူ ပဉ္စင်းအဖြစ်ကို ရလိုမူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရ၏၊ လေးလလွန်သောအခါ ရဟန်းတို့သည် နှစ်သက်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကြကုန်၏၊ ရဟန်းဖြစ်ရန် ပဉ္စင်းပြုပေးကြကုန်၏၊ စင်စစ်သော်ကား ဤအရာ၌ ငါဘုရားသည် ပုဂ္ဂိုလ်၏ ထူးခြားသည်၏ အဖြစ်ကို သိတော်မူ၏''ဟု (မိန့် တော်မူ၏)။

''အသျှင်ဘုရား သာသနာတော်မှ တစ်ပါးသော အယူကို ယူဖူးသူသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ ရှင်အဖြစ်ကို ရလိုမူ ပဉ္စင်းအဖြစ်ကို ရလိုမူ လေးလပတ်လုံး အစမ်းကျင့်သုံးရမည်၊ လေးလလွန်သောအခါ ရဟန်းတို့သည် နှစ်သက်သော စိတ်ရှိကြလျှင် အကယ်၍ ရှင်ပြုပေးကြကုန်မူ ရဟန်းဖြစ်ရန် ပဉ္စင်းပြုပေး ကြကုန်မူ အကျွန်ုပ်သည် လေးနှစ်တို့ပတ်လုံး အစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်ပြီးသောအခါ ရဟန်းတို့ သည် နှစ်သက်သော စိတ်ရှိကြလျှင် ရှင်ပြုပေးတော်မူကြပါကုန်၊ ရဟန်းဖြစ်ရန် ပဉ္စင်းပြုပေးတော်မူကြ ပါကုန်''ဟု လျှောက်၏။

အစေလကဿပသည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရလေ၏၊ ပဉ္စင်းအဖြစ်ကို ရလေ၏၊ ပဉ္စင်းဖြစ်၍ မကြာသေးသော အသျှင်ကဿပသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိလျက် နေသည်ရှိသော် ကောင်းစွာသာလျှင် အိမ်ရာထောင်သော လူ့ဘောင်မှ အိမ်ရာမထောင်သော ရဟန်းဘောင်သို့ ဝင်ရောက်ကြ သော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တ ဖိုလ်ကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ ''ပဋိသန္ဓေနေမှု 'ဇာတိ' ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (ဤမဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ''ဟု သိ၏၊ အသျှင်ကဿပသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

သတ္တမသုတ်။

------

၈-တိမ္ဗရုကသုတ်

၁၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တိမ္ဗရုကပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးသော် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော တိမ္ဗရုကပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော''ဟု လျှောက်ထား၏၊ ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသလောဟု လျှောက်ပြန်၏၊ ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်ပါသလောဟု လျှောက်ပြန်၏၊ ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်ပါသလောဟု လျှောက်ပြန်၏၊ ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ ''အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲသည် မရှိပါ သလော''ဟု လျှောက်ပြန်၏၊ တိမ္ဗရုက ချမ်းသာဆင်းရဲသည် မရှိသည် မဟုတ်၊ တိမ္ဗရုက ချမ်းသာဆင်းရဲ သည် ရှိသည်သာတည်းဟု မိန့်တော်မူ၏။ သို့ဖြစ်လျှင် အသျှင်ဂေါတမသည် ချမ်းသာဆင်းရဲကို မသိပါ သလော၊ မမြင်ပါသလောဟု လျှောက်ပြန်၏၊ တိမ္ဗရုက ငါဘုရားသည် ချမ်းသာဆင်းရဲကို မသိသည် မဟုတ်၊ မမြင်သည် မဟုတ်၊ တိမ္ဗရုက ငါဘုရားသည် ချမ်းသာ ဆင်းရဲကို သိ၏၊ ချမ်းသာဆင်းရဲကို မြင်၏ဟု မိန့်တော်မူ၏။

''အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော''ဟု ဤသို့ မေး အပ်သည်ရှိသော် ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မိန့်တော်မူဘိ၏။ ''အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသလော''ဟု မေးအပ်သည်ရှိသော် ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မိန့်တော်မူဘိ၏။ ''အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်ပါသလော''ဟု မေးသည်ရှိသော် ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မိန့်တော်မူဘိ၏။ ''အသျှင် ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြု အပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်ပါသလော''ဟု မေးလျှောက်သည်ရှိသော် ''တိမ္ဗရုက ဤသို့ မဆိုလင့်''ဟု မိန့်တော်မူဘိ၏၊ ''အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲသည် မရှိပါသလော''ဟု မေးလျှောက် သည်ရှိသော် ''တိမ္ဗရုက ချမ်းသာဆင်းရဲသည် မရှိသည် မဟုတ်၊ တိမ္ဗရုက့ချမ်းသာဆင်းရဲသည် ရှိ၏''ဟု မိန့်ဆိုတော်မူဘိ၏။ သို့ဖြစ်လျှင် အသျှင်ဂေါတမသည် ချမ်းသာဆင်းရဲကို မသိ မမြင်ပါသလော''ဟု ဤသို့ မေးလျှောက်သည်ရှိသော် ''တိမ္ဗရုက စင်စစ် ငါဘုရားသည် ချမ်းသာဆင်းရဲကို မသိသည် မဟုတ်၊ မမြင် သည် မဟုတ်၊ တိမ္ဗရုက ငါဘုရားသည် ချမ်းသာဆင်းရဲကို သိ၏၊ ချမ်းသာဆင်းရဲကို မြင်၏''ဟု မိန့်ဆို တော်မူဘိ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်အား ချမ်းသာဆင်းရဲကို ပြောကြားတော်မူပါလော့၊ အသျှင် ဂေါတမသည် အကျွန်ုပ်အား ချမ်းသာဆင်းရဲကို ဟောကြားတော်မူပါလော့ဟု လျှောက်၏။

တိမ္ဗရုက ''ထိုအရာသည်ပင် ဝေဒနာတည်း၊ ထိုဝေဒနာသည်ပင် ခံစား၏''ဟူ၍ အစကပင် ရှိခဲ့မူ ''ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏''ဟူသော အယူသည် ဖြစ်ခဲ့၏၊ ဤသို့ ထိုအရာသည်ပင် ဝေဒနာ၊ ထိုဝေဒနာသည်ပင် ခံစား၏ဟူ၍လည်း ငါ မဆို။ ''တိမ္ဗရုက ဝေဒနာသည် တခြားတည်း၊ ခံစားသူသည် တခြားတည်း''ဟူ၍ အစကပင် ရှိခဲ့မူ ဝေဒနာနှိပ်စက်မှု ဖြစ်လတ်သော် ''ချမ်းသာဆင်းရဲကို သူတစ်ပါး ပြု အပ်၏''ဟူသော အယူသည် ဖြစ်ခဲ့၏၊ ဤသို့ ဝေဒနာသည် တခြား ခံစားသူသည် တခြားတည်းဟူ၍လည်း ငါ မဆို။ တိမ္ဗရုက ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့် ငါဘုရား တရားဟောတော်မူ၏၊ အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု ဟောတော်မူ၏။

ဤသို့ ဟောကြားတော်မူသည် ရှိသော် တိမ္ဗရုကပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤသို့သော စကားကို လျှောက်၏- ''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား။ပ။ ထို အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာ တော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစ ပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့''ဟု (လျှောက်၏)။

အဋ္ဌမသုတ်။

------

၉-ဗာလ ပဏ္ဍိတသုတ်

၁၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အပိတ်ပင်ခံရသော တပ်မက်မှု 'တဏှာ'နှင့် ယှဉ်သော သူမိုက်အား ဤသို့ ဤကိုယ်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤကိုယ်လည်းကောင်း၊ အပသန္တာန်၌ နာမ်ရုပ်လည်းကောင်း ဤသို့အားဖြင့် ဤနှစ်ပါးစုံသည် ဖြစ်၏။ နှစ်ပါးစုံ ကိုလည်းကောင်း၊ အာယတနခြောက်ပါးတို့ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု 'ဖဿ' ဖြစ်၏။ ယင်းဖဿာ ယတနခြောက်ပါးတို့ဖြင့်လည်းကောင်း၊ ထိုခြောက်ပါးတို့တွင် တစ်ပါးပါးဖြင့်လည်းကောင်း တွေ့ထိသော သူမိုက်သည် ချမ်းသာဆင်းရဲကို ခံစား၏။

ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'ဖြင့် အပိတ်ပင်ခံရသော တပ်မက်မှု 'တဏှာ' နှင့် ယှဉ်သော ပညာရှိအား ဤသို့ ဤကိုယ်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤကိုယ်လည်းကောင်း၊ အပသန္တာန်၌ နာမ်ရုပ်လည်းကောင်း ဤသို့အားဖြင့် ဤနှစ်ပါးစုံသည် ဖြစ်၏။ ဤနှစ်ပါးစုံကိုလည်းကောင်း၊ အာယတနခြောက်ပါးတို့ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု 'ဖဿ' ဖြစ်၏။ ယင်းဖဿာယတနခြောက်ပါးတို့ဖြင့်လည်းကောင်း၊ ထိုခြောက် ပါးတို့တွင် တစ်ပါးပါးဖြင့်လည်းကောင်း တွေ့ထိသော ပညာရှိသည် ချမ်းသာဆင်းရဲကို ခံစား၏။

ရဟန်းတို့ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် သူမိုက်နှင့် ပညာရှိ၏ ထူးခြားချက်ကား အဘယ်နည်း၊့ကွဲလွဲချက်ကား အဘယ်နည်း၊ ထူးသော အကြောင်းကား အဘယ်နည်းဟု (မေးတော်မူ၏)၊ အသျှင်ဘုရား ဤတရားတော်တို့သည် အကျွန်ုပ်တို့အား မြတ်စွာဘုရားသာလျှင် အရင်းမူလရှိပါကုန်၏၊ မြတ်စွာဘုရားသာ လျှင် ထုတ်ဆောင်သူရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် လဲလျောင်းရာရှိပါကုန်၏၊ အသျှင်ဘုရား တောင်း ပန်ပါကုန်၏၊ ဟောတော်မူအပ်သော ထိုတရားတော်၏ အနက်ကို မြတ်စွာဘုရား၏ ဉာဏ်၌ ထင်စေတော်မူပါလော့၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ''သို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု (မိန့် တော်မူ၏)၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကြ ကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'ဖြင့် အပိတ်ပင်ခံရသော တပ်မက်မှု 'တဏှာ'နှင့် ယှဉ်သော သူမိုက်အား ဤကိုယ်သည် ဖြစ်ပေါ်လာ၏၊ သူမိုက်သည် ထိုအဝိဇ္ဇာကိုလည်း မပယ်အပ်သေး၊ ထိုတဏှာသည်လည်း မကုန်ခန်းသေး၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ- ရဟန်းတို့ သူမိုက်သည် ဝဋ်ဆင်းရဲကုန်ရန် မြတ်သောအကျင့်ကို ကောင်းစွာ မကျင့်၊ ထို့ကြောင့် သူမိုက်သည် ခန္ဓာကိုယ် ပျက်စီးသော် ခန္ဓာကိုယ်ကို ရပြန်၏၊ ထိုသူမိုက်သည် ခန္ဓာကိုယ်ကို ရသည်ရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ'၊ အိုမှု 'ဇရာ'၊ သေမှု 'မရဏ'၊ စိုးရိမ်မှု 'သောက'၊ ငိုကြွေးမှု 'ပရိဒေဝ'၊ ဆင်းရဲမှု 'ဒုက္ခ'၊ နှလုံးမသာမှု 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့မှ မလွတ်၊ ''ဆင်းရဲမှ မလွတ်မြောက်''ဟု ငါ ဆို၏။

ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'ဖြင့် အပိတ်ပင်ခံရသော တပ်မက်မှု 'တဏှာ'နှင့် ယှဉ်သော ပညာရှိအား ဤကိုယ်သည် ဖြစ်ပေါ်လာ၏၊ ပညာရှိအား ထိုအဝိဇ္ဇာကိုလည်း ပယ်အပ်ပြီးပြီ၊ ထိုတဏှာသည်လည်း ကုန် ခန်းပြီ၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင်နည်းဟူမူ- ရဟန်းတို့ ပညာရှိသည် ဝဋ်ဆင်းရဲကုန်ရန် မြတ် သောအကျင့်ကို ကောင်းစွာ ကျင့်၏၊ ထို့ကြောင့် ပညာရှိသည် ခန္ဓာကိုယ် ပျက်စီးပြီးသော် ခန္ဓာကိုယ်ကို တစ်ဖန် မရ၊ ထိုပညာရှိသည် ခန္ဓာကိုယ်ကို တစ်ဖန် မရခဲ့သည်ရှိသော် ပဋိသန္ဓေနေမှု 'ဇာတိ'၊ အိုမှု 'ဇရာ'၊ သေမှု 'မရဏ'၊ စိုးရိမ်မှု 'သောက'၊ ငိုကြွေးမှု 'ပရိဒေဝ'၊ ဆင်းရဲမှု 'ဒုက္ခ'၊ နှလုံးမသာမှု 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့မှ လွတ်၏၊ ''ဆင်းရဲမှ လွတ်မြောက်၏''ဟု ငါ ဆို၏။ ရဟန်းတို့ ဤမြတ်သော အကျင့်ကို ကျင့်သုံးခြင်းသည် သူမိုက်နှင့် ပညာရှိ၏ ထူးခြားချက်တည်း၊ ကွဲလွဲချက်တည်း၊ ထူးသော အကြောင်းတည်းဟု (ဟောတော်မူ၏)။

နဝမသုတ်။

------

၁၀-ပစ္စယသုတ်

၂၀။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သင်တို့အား အကြောင်း 'ပဋိစ္စသမုပ္ပါဒ်' တရားတို့ကိုလည်းကောင်း၊ စွဲ၍ ဖြစ်သော အကျိုး 'ပဋိစ္စသမုပ္ပန္န'တရားတို့ကိုလည်းကောင်း ဟောအံ့။ ထို တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကား ကို ဟောတော်မူ၏-

ရဟန်းတို့ အကြောင်း 'ပဋိစ္စသမုပ္ပါဒ်' တရားသည် အဘယ်နည်း။ ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံ ကြောင့် အိုမှု 'ဇရာ' , သေမှု 'မရဏ' ဖြစ်၏၊ အကြောင်းတရားတို့၏ တည်သည်၏အဖြစ် အကြောင်းတရားတို့၏ မြဲသည်၏အဖြစ် အကျိုးတို့၏ အကြောင်းတရား၏အဖြစ်ဟူသော ဤသဘောသည် မြတ်စွာဘုရားတို့ ပွင့်သော်လည်းကောင်း၊ မပွင့်သော်လည်းကောင်း တည်ရှိနေသည်သာတည်း။ ထိုအကြောင်းတရားကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူ၏၊ (ဉာဏ်ဖြင့်) သက်ဝင်တော်မူ၏၊ သိတော်မူပြီး၍့ (ဉာဏ်ဖြင့်) သက်ဝင်တော်မူ၍ ဟောကြားတော်မူ၏၊ ဟောတော်မူ၏၊ သိစေတော်မူ၏၊ ဖြစ်စေတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏၊ ''ရှုကုန်လော့''ဟူ၍လည်း ဟောတော်မူ၏။ ရဟန်းတို့ ပဋိ သန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုမှု 'ဇရာ' , သေမှု 'မရဏ' ဖြစ်၏။

ရဟန်းတို့ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်၏။ပ။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' အကြောင်းခံကြောင့် ဘဝ ဖြစ်၏။ ရဟန်းတို့ တပ်မက်မှု 'တဏှာ' အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏။ ရဟန်းတို့ ခံစားမှု 'ဝေဒနာ' အကြောင်းခံကြောင့် တပ်မက် 'တဏှာ' ဖြစ်၏။ ရဟန်းတို့ တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။ ရဟန်းတို့ တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏။ ရဟန်းတို့ နာမ်ရုပ် အကြောင်းခံ ကြောင့် တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) ဖြစ်၏။ ရဟန်းတို့ သိမှု 'ဝိညာဏ်' အကြောင်းခံ ကြောင့် နာမ်ရုပ် ဖြစ်၏။ ရဟန်းတို့ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏။ အကြောင်းတရားတို့၏ တည်သည်၏အဖြစ် အကြောင်းတရားတို့၏ မြဲသည်၏အဖြစ် အကျိုးတို့၏ အကြောင်းတရား၏အဖြစ်ဟူ သော ဤသဘောသည် မြတ်စွာဘုရားတို့ ပွင့်သော်လည်းကောင်း၊ မပွင့်သော်လည်းကောင်း တည်ရှိနေ သည်သာတည်း။ ထိုအကြောင်းတရားကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူ၏၊ (ဉာဏ်ဖြင့်) သက် ဝင်တော်မူ၏၊ သိတော်မူပြီး၍ (ဉာဏ်ဖြင့်) သက်ဝင်တော်မူပြီး၍ ဟောကြားတော်မူ၏၊ ဟောတော်မူ၏၊ သိစေတော်မူ၏၊ ဖြစ်စေတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏၊ ''ရှုကုန် လော့''ဟူ၍လည်း ဟောတော်မူ၏။ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤသို့လျှင် ''ဇာတိကြောင့် ဇရာမရဏဖြစ်၏''စသည်တို့၌ မှန်သည်၏အဖြစ် မချွတ် ယွင်းသည်၏အဖြစ် တစ်ပါးသော သဘောအားဖြင့် မဖြစ်သည်၏အဖြစ် အကျိုးတို့၏ အကြောင်းတရား၏ အဖြစ်ကို အကြောင်း 'ပဋိစ္စသမုပ္ပါဒ်' တရားဟု ဆိုအပ်၏။

ရဟန်းတို့ အကျိုး 'ပဋိစ္စသမုပ္ပန္န' တရားတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ အိုမှု 'ဇရာ' , သေမှု 'မရဏ'သည် မမြဲ၊ ပြုစီရင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ပဋိသန္ဓေနေမှု 'ဇာတိ'သည် မမြဲ၊ ပြုစီရင် ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ဘဝသည် မမြဲ၊ ပြုစီရင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်း သဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' သည်။ ရဟန်းတို့ တပ်မက်မှု 'တဏှာ' သည်။ ရဟန်းတို့ တွေ့ထိမှု 'ဖဿ' သည်။ ရဟန်းတို့ တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) သည်။ ရဟန်းတို့ 'နာမ်ရုပ်'သည်။ ရဟန်းတို့ သိမှု 'ဝိညာဏ်' သည်။ ရဟန်းတို့ ပြုစီရင်မှု 'သင်္ခါရ'တို့သည်။ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'သည် မမြဲ၊ ပြု စီရင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်း သဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ဤတရားတို့ကို အကြောင်းကို စွဲ၍ ဖြစ်သော အကျိုး 'ပဋိစ္စသမုပ္ပန္န' တရားတို့ဟူ၍ ဆိုအပ်ကုန်၏။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဤသည်ကား အကြောင်း 'ပဋိစ္စသမုပ္ပါဒ်' တရားတည်း၊ ဤသည်ကား အကျိုး 'ပဋိစ္စသမုပ္ပန္န' တရားတို့တည်းဟုဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ ထိုအခါ ထိုအရိယာတပည့်သည် ''ငါသည် လွန်ခဲ့သော ကာလက ဖြစ်ဖူးပြီလော၊ လွန်ခဲ့သော ကာလက မဖြစ်ဖူးသလော၊ လွန်ခဲ့သော ကာလက အဘယ်သို့ ဖြစ်ခဲ့သနည်း၊ လွန်ခဲ့သော ကာလက အဘယ်ပုံ ဖြစ်ခဲ့သနည်း၊ ငါသည် လွန်ခဲ့သော ကာလက အဘယ်သို့ ဖြစ်ပြီး၍့အဘယ်သို့ ဖြစ် ခဲ့သနည်း''ဟု ရှေးအဖို့သို့လည်း ပြေးဝင်လတ္တံ့။ ''ငါသည် နောင်ကာလ၌ ဖြစ်လတ္တံ့လော၊ နောင်ကာလ၌ မဖြစ်လတ္တံ့လော၊ နောင်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း၊ နောင်ကာလ၌ အဘယ်ပုံ ဖြစ်လတ္တံ့နည်း၊ ငါသည် နောင်ကာလ၌ အဘယ်သို့ ဖြစ်၍ အဘယ်သို့ ဖြစ်လတ္တံ့နည်း''ဟု နောက်အဖို့သို့လည်း ပြေးဝင် လတ္တံ့။ ''ငါသည် ဖြစ်နေသလော၊ မဖြစ်နေသလော၊ အဘယ်သို့ ဖြစ်နေသနည်း၊ အဘယ်ပုံ ဖြစ်နေ သနည်း၊ ဤသတ္တဝါသည် အဘယ်အရပ်မှ လာခဲ့သနည်း၊ ထိုသတ္တဝါသည် အဘယ်အရပ်ကို သွားလတ္တံ့ နည်း''ဟု ဤယခု မျက်မှောက်လောက၌လည်း မိမိခန္ဓာကိုယ်၌ သို့လော သို့လော (ယုံမှားခြင်း) ဖြစ် လတ္တံ့ဟူသော ထိုအကြောင်းသည် မရှိ။ ထိုသို့ မရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရိယာ တပည့်အား ဤသည်ကား အကြောင်း 'ပဋိစ္စသမုပ္ပါဒ်'တရားတည်း၊ ဤသည်တို့ကား အကျိုး 'ပဋိစ္စသမုပ္ပန္န' တရားတို့တည်းဟုဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်သောကြောင့်ပင်တည်းဟု (ဟောတော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် အာဟာရဝဂ် ပြီး၏။

------

၃-ဒသဗလဝဂ် ၁-ဒသဗလသုတ်

၂၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် အားတော် ဆယ်ပါးနှင့် ပြည့်စုံတော်မူခြင်းကြောင့်လည်းကောင်း၊ လေးပါးသော ရဲရင့်ခြင်းတို့နှင့် ပြည့်စုံတော်မူခြင်း ကြောင့်လည်းကောင်း မြတ်သောအရာ၌ တည်၏ဟု ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ခြင်္သေ့သံကဲ့သို့ ကြုံးဝါး တော်မူ၏။ မြတ်သော တရားစက်ကို လည်စေတော်မူ၏။ -

ဤသည်ကား ရုပ်တည်း၊ ဤသို့ ရုပ်ဖြစ်ပေါ်၏၊ ဤသို့ ရုပ်ချုပ်၏။ ဤသည်ကား ဝေဒနာတည်း၊ ဤသို့ ဝေဒနာဖြစ်ပေါ်၏၊ ဤသို့ ဝေဒနာချုပ်၏။ ဤသည်ကား သညာတည်း၊ ဤသို့ သညာ ဖြစ်ပေါ်၏၊ ဤသို့ သညာချုပ်၏။ ဤသည်ကား သင်္ခါရတို့တည်း၊ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကုန်၏၊ ဤသို့ သင်္ခါရတို့ ချုပ်ကုန်၏။ ဤသည်ကား ဝိညာဏ်တည်း၊ ဤသို့ ဝိညာဏ်ဖြစ်ပေါ်၏၊ ဤသို့ ဝိညာဏ်ချုပ်၏။ ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုး တရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်း ကြောင့် ဤအကျိုးတရား ချုပ်၏။

ယင်းသို့ အကြောင်းအကျိုး ဖြစ်ပုံချုပ်ပုံကား မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏။ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် (အရဟတ္တမဂ်)ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင် မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ကြုံးဝါးတော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ ဒသဗလသုတ်

၂၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် အားတော် ဆယ်ပါးနှင့် ပြည့်စုံတော်မူခြင်းကြောင့်လည်းကောင်း၊ လေးပါးသော ရဲရင့်ခြင်းတို့နှင့် ပြည့်စုံတော်မူခြင်း ကြောင့်လည်းကောင်း မြတ်သောအရာ၌ တည်၏ဟု ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ခြင်္သေ့သံကဲ့သို့ ကြုံးဝါး တော်မူ၏၊ မြတ်သော တရားစက်ကို လည်စေတော်မူ၏။ -

ဤသည်ကား ရုပ်တည်း၊ ဤသို့ ရုပ်ဖြစ်ပေါ်၏၊ ဤသို့ ရုပ်ချုပ်၏။ ဤသည်ကား ဝေဒနာတည်း၊့ဤသို့ ဝေဒနာဖြစ်ပေါ်၏၊ ဤသို့ ဝေဒနာချုပ်၏။ ဤသည်ကား သညာတည်း၊ ဤသို့ သညာဖြစ်ပေါ်၏၊ ဤသို့ သညာချုပ်၏။ ဤသည်ကား သင်္ခါရတို့တည်း၊ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကုန်၊ ဤသို့ သင်္ခါရတို့ ချုပ်ကုန်၏။ ဤသည်ကား ဝိညာဏ်တည်း၊ ဤသို့ ဝိညာဏ်ဖြစ်ပေါ်၏၊ ဤသို့ ဝိညာဏ်ချုပ်၏။ ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုး တရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်း ကြောင့် ဤအကျိုးတရား ချုပ်၏။

ယင်းသို့ အကြောင်းအကျိုး ဖြစ်ပုံချုပ်ပုံကား မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြစီရင်မှု 'သင်္ခါရ'တို့ အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု ဖြစ်၏။ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် (အရဟတ္တမဂ်)ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီ ရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ငါဘုရားသည် တရားကို ဤသို့ ကောင်းစွာ ဟောအပ်၏၊ ပေါ်လွင်စေအပ်၏၊ ဖွင့်လှစ် အပ်၏၊ အစုတ်အပြတ် အချုပ်အဖာ မရှိသော ပုဆိုးသစ်ကဲ့သို့ ဝေဖန်ပြအပ်၏၊ ရဟန်းတို့ ငါသည် ဤသို့ ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာ ဟောအပ် ပေါ်လွင်စေအပ် ဖွင့်လှစ်အပ် အစုတ်အပြတ် အချုပ်အဖာ မရှိ သော ပုဆိုးသစ်ကဲ့သို့ ဝေဖန်အပ်သည် ရှိသော် သဒ္ဓါတရားဖြင့် ရဟန်းပြုသော အမျိုးကောင်းသားသည် ''အရေ၊ အကြော၊ အရိုးသာ ကြွင်း၍ ကိုယ်၌ အသား၊ အသွေး ကုန်ခန်း ခြောက်သွေ့စေဦးတော့။ ယောက်ျားတို့၏ အားအစွမ်း၊ ယောက်ျားတို့၏ လုံ့လ၊ ယောက်ျားတို့၏ အားထုတ်မှုဖြင့် ရောက်အပ်သော အရဟတ္တဖိုလ်သို့ မရောက်မူ၍ လုံ့လ၏ ရပ်တံ့ခြင်း မဖြစ်အံ့''ဟု အားထုတ်ခြင်းငှါ သင့်သည်သာလျှင် တည်း။

ရဟန်းတို့ ပျင်းရိသော သူသည် ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ဖြင့် ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏၊ ကြီးမားလှသော မိမိအကျိုးကိုလည်း ဆုတ်ယုတ်စေ၏၊ ရဟန်းတို့ ထက်သန်သော လုံ့လရှိသူကား ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့မှလည်း ကင်းဆိတ်သည်ဖြစ်၍ ချမ်းသာစွာ နေရ၏၊ ကြီးမားလှသော မိမိအကျိုးကိုလည်း ပြည့်စုံစေ၏၊ ရဟန်းတို့ ယုတ်ညံ့သော လုံ့လဖြင့် မြင့်မြတ်သော (အရဟတ္တဖိုလ်) အဆင့်သို့ မရောက်နိုင်၊ ထက်မြက် မြင့်မြတ်သော လုံ့လဖြင့်သာ မြင့်မြတ်သော (အရဟတ္တ ဖိုလ်) အဆင့်သို့ ရောက်နိုင်၏။

ရဟန်းတို့ ဤမြတ်သော အကျင့်သည် ကြည်လင်သော သောက်ဖွယ် ဖြစ်၏၊ မြတ်စွာဘုရားသည်လည်း မျက်မှောက်ရှိ၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ မရောက်သေးသည့် အရဟတ္တဖိုလ် (နိဗ္ဗာန်) သို့ ရောက်ရန် မရသေးသည်ကို ရရန် မျက်မှောက် မပြုရသေးသည်ကို မျက်မှောက်ပြုရန် လုံ့လ ကို အားထုတ်ကြကုန်လော့၊ ''ဤသို့လျှင် ငါတို့၏ ဤရဟန်းအဖြစ်သည် ငါတို့အား မမြုံသည် အကျိုး ရှိသည် ကြီးပွားခြင်းရှိသည် ဖြစ်လတ္တံ့၊ အကြင်သူတို့၏ သင်္ကန်း, ဆွမ်း, ကျောင်းအိပ်ရာနေရာ, သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်ကို ငါတို့ သုံးဆောင်မှီဝဲအပ်ကုန်၏၊ ငါတို့၌ ပြုအပ်ကုန်သော ထိုသူတို့၏ ကောင်းမှုတို့သည်လည်း ကြီးသော အကျိုးအာနိသင် ရှိကုန်လတ္တံ့''ဟု အားထုတ်ကြကုန်လော့။ ရဟန်းတို့ ဤသို့ ကျင့်ရမည်- ရဟန်းတို့ မိမိ၏ အကျိုးကိုလည်းကောင်း၊ သူတစ်ပါးတို့၏ အကျိုးကိုလည်းကောင်း၊ မိမိအကျိုး သူတစ်ပါးအကျိုး နှစ်ပါးစုံကိုလည်းကောင်း ကောင်းစွာ မြင်သော သူသည် မမေ့မလျော့မှု အပ္ပမာဒတရားနှင့် ပြည့်စုံစေခြင်းငှါ သင့်သည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။

------

၃-ဥပနိသသုတ်

၂၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သိသောသူ မြင်သောသူအားသာ အာသဝတို့၏ ကုန်ခြင်းကို ငါ ဆို၏၊ မသိသောသူ မမြင်သောသူအား အာသဝတို့၏ ကုန်ခြင်းကို ငါ မဆို။ ရဟန်းတို့ အဘယ်ကို သိသောသူ မြင်သောသူအား အာသဝတို့ကုန်ခြင်း ဖြစ်သနည်း၊ ဤသည်ကား ရုပ် တည်း၊ ဤသို့ ရုပ်ဖြစ်ပေါ်၏၊ ဤသို့ ရုပ်ချုပ်၏။ ဤသည်ကား ဝေဒနာတည်း။ပ။ ဤသည်ကား သညာ တည်း။ ဤသည်ကား သင်္ခါရတို့တည်း။ ဤသည်ကား ဝိညာဏ်တည်း၊ ဤသို့ ဝိညာဏ်ဖြစ်ပေါ်၏၊ ဤသို့ ဝိညာဏ်ချုပ်၏ဟု ဤသို့ သိသူ ဤသို့ မြင်သူအား အာသဝတို့ ကုန်ခြင်း ဖြစ်၏။

ရဟန်းတို့ ထိုသိသူ မြင်သူအား အာသဝတို့၏ ကုန်ရာ အရဟတ္တဖိုလ် ဖြစ်လတ်သော် အာသဝတို့ ကုန်ရာ အရဟတ္တဖိုလ်၌ သိသော ပစ္စဝေက္ခဏာဉာဏ်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အ ကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ အာသဝတို့ ကုန်ရာ အရဟတ္တဖိုလ်၌ သိသော (ပစ္စဝေက္ခဏာ ဉာဏ်)၏ အကြောင်းကား အဘယ်နည်းဟု (မေးသော်) ''အာသဝတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်''ဟူ၍ ဆိုရာ၏။ ရဟန်းတို့ လွတ်မြောက်မှု အရဟတ္တဖိုလ်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အ ကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ လွတ်မြောက်မှု အရဟတ္တဖိုလ်၏ အကြောင်းကား အဘယ် နည်း၊ ''တပ်ခြင်းကင်းမှု အရဟတ္တမဂ်တည်း''။ ရဟန်းတို့ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) ကိုလည်း အ ကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်)၏ အကြောင်းကား အဘယ်နည်း၊ ''ငြီးငွေ့မှု 'နိဗ္ဗိဒါဉာဏ်'တည်း''။ ရဟန်းတို့ ငြီးငွေ့မှု 'နိဗ္ဗိဒါဉာဏ်'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ငြီးငွေ့မှု 'နိဗ္ဗိဒါဉာဏ်'၏ အကြောင်းကား အဘယ်နည်း၊ ''ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင် တည်း''။ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင်၏ အကြောင်းကား အဘယ်နည်း၊ ''တည်ကြည်မှု 'သမာဓိ'တည်း''။ ရဟန်းတို့ တည်ကြည်မှု 'သမာဓိ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ တည်ကြည်မှု 'သမာဓိ'၏ အကြောင်းကား အဘယ်နည်း၊ ''ချမ်းသာခြင်း 'သုခ' တည်း''။ ရဟန်းတို့ ချမ်းသာခြင်း 'သုခ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ချမ်းသာခြင်း 'သုခ'၏ အကြောင်းကား အဘယ်နည်း၊ ''ငြိမ်းချမ်းမှု 'ပဿဒ္ဓိ'တည်း''။ ရဟန်းတို့ ငြိမ်းချမ်းမှု 'ပဿဒ္ဓိ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ငြိမ်းချမ်းမှု 'ပဿဒ္ဓိ'၏ အကြောင်းကား အဘယ်နည်း၊ ''နှစ်သက်မှု 'ပီတိ'တည်း''။ ရဟန်းတို့ နှစ်သက်မှု 'ပီတိ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါ မဆို။ ရဟန်းတို့ နှစ်သက်မှု 'ပီတိ'၏ အကြောင်းကား အဘယ်နည်း၊ ''ဝမ်းမြောက်မှု 'ပါမောဇ္ဇ'တည်း''။ ရဟန်းတို့ ဝမ်းမြောက်မှု 'ပါမောဇ္ဇ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ဝမ်းမြောက်မှု 'ပါမောဇ္ဇ'၏ အကြောင်းကား အဘယ်နည်း၊ ''ယုံကြည်မှု 'သဒ္ဓါ' တည်း''။ ရဟန်းတို့ ယုံကြည်မှု 'သဒ္ဓါ'ကိုလည်း အကြောင်းနှင့် တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ ယုံကြည်မှု 'သဒ္ဓါ'၏ အကြောင်းကား အဘယ်နည်း၊ ''ဆင်းရဲမှု 'ဒုက္ခ'တည်း''။ ရဟန်းတို့ ဆင်းရဲမှု 'ဒုက္ခ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ထိုဆင်းရဲမှု 'ဒုက္ခ'၏ အကြောင်းကား အဘယ်နည်း၊ ''ပဋိသန္ဓေနေမှု 'ဇာတိ'တည်း''။ ရဟန်းတို့ ပဋိသန္ဓေနေမှု 'ဇာတိ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ ပဋိသန္ဓေနေမှု 'ဇာတိ'၏ အကြောင်းကား အဘယ်နည်း၊ ''ဘဝတည်း''။ ရဟန်းတို့ ဘဝကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ဘဝ၏ အကြောင်းကား အဘယ်နည်း၊ ''ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'တည်း''။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'၏ အကြောင်းကား အဘယ်နည်း၊ ''တပ်မက်မှု 'တဏှာ'တည်း''။ ရဟန်းတို့ တပ်မက်မှု 'တဏှာ'ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်း မရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ တပ်မက်မှု 'တဏှာ'၏ အကြောင်းကား အဘယ်နည်း၊ ''ခံစားမှု 'ဝေဒနာ'တည်း''။ပ။ ''တွေ့ထိမှု 'ဖဿ'တည်း''။ ''တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) တည်း''။ ''နာမ်ရုပ်တည်း''။ သိမှု 'ဝိညာဏ်'။ ပြုစီရင်မှု 'သင်္ခါရ'တို့တည်း။ ရဟန်းတို့ ပြုစီရင်မှု 'သင်္ခါရ'တို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ပြုစီရင်မှု 'သင်္ခါရ'တို့၏ အကြောင်းကား အဘယ် နည်း၊ ''မသိမှု 'အဝိဇ္ဇာ'တည်း''။

ရဟန်းတို့ ဤသို့လျှင် ပြုစီရင်မှု 'သင်္ခါရ'တို့သည် မသိမှု 'အဝိဇ္ဇာ'လျှင် အကြောင်းရှိကုန်၏၊ သိမှု 'ဝိညာဏ်'သည် ပြုစီရင်မှု 'သင်္ခါရ'တို့လျှင် အကြောင်းရှိ၏၊ နာမ်ရုပ်သည် သိမှု 'ဝိညာဏ်'လျှင် အကြောင်း ရှိ၏၊ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) သည် နာမ်ရုပ်လျှင် အကြောင်းရှိ၏၊ တွေ့ထိမှု 'ဖဿ' သည် တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) လျှင် အကြောင်းရှိ၏၊ ခံစားမှု 'ဝေဒနာ'သည် တွေ့ထိမှု 'ဖဿ'လျှင် အကြောင်းရှိ၏၊ တပ်မက်မှု 'တဏှာ'သည် ခံစားမှု 'ဝေဒနာ'လျှင် အကြောင်းရှိ၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'သည် တပ်မက်မှု 'တဏှာ'လျှင် အကြောင်းရှိ၏၊ ဘဝသည် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'လျှင် အကြောင်းရှိ၏၊ ပဋိသန္ဓေနေမှု 'ဇာတိ'သည် ဘဝလျှင် အကြောင်းရှိ၏၊ ဆင်းရဲခြင်း 'ဒုက္ခ'သည် ပဋိသန္ဓေ နေမှု 'ဇာတိ'လျှင် အကြောင်းရှိ၏၊ ယုံကြည်မှု 'သဒ္ဓါ'သည် ဆင်းရဲခြင်း 'ဒုက္ခ'လျှင် အကြောင်းရှိ၏၊ ဝမ်း မြောက်ခြင်း 'ပါမောဇ္ဇ'သည် ယုံကြည်မှု 'သဒ္ဓါ'လျှင် အကြောင်းရှိ၏၊ နှစ်သက်ခြင်း 'ပီတိ'သည် ဝမ်းမြောက်ခြင်း 'ပါမောဇ္ဇ'လျှင် အကြောင်းရှိ၏၊ ငြိမ်းအေးခြင်း 'ပဿဒ္ဓိ'သည် နှစ်သက်ခြင်း 'ပီတိ'လျှင် အကြောင်းရှိ၏၊ ချမ်းသာခြင်း 'သုခ'သည် ငြိမ်းအေးခြင်း 'ပဿဒ္ဓိ'လျှင် အကြောင်းရှိ၏၊ တည်ကြည်မှု 'သမာဓိ'သည် ချမ်းသာခြင်း 'သုခ'လျှင် အကြောင်းရှိ၏၊ ယထာဘူတဉာဏ်အမြင်သည် တည်ကြည်မှု 'သမာဓိ'လျှင် အကြောင်းရှိ၏၊ နိဗ္ဗိဒါဉာဏ်သည် ယထာဘူတဉာဏ်လျှင် အကြောင်းရှိ၏၊ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) သည် နိဗ္ဗိဒါဉာဏ် လျှင် အကြောင်းရှိ၏၊ ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) သည် တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) လျှင် အကြောင်း ရှိ၏၊ အာသဝေါတရားတို့ ကုန်ခြင်း၌ သိသော ပစ္စဝေက္ခဏာဉာဏ်သည် ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) လျှင် အကြောင်းရှိ၏။

ရဟန်းတို့ ဥပမာသော်ကား တောင်ထိပ်၌ တခဲနက် မိုးသည်းထန်စွာ ရွာသွန်းသည်ရှိသော် ထိုရေ သည် နိမ့်ရာ နိမ့်ရာသို့ စီးသွား၍ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ် မြောင်းကြီးတို့ကို ပြည့်စေ၏၊ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ် မြောင်းကြီးတို့ ပြည့်လတ်သော် အိုင်ငယ်တို့ကို ပြည့်စေကုန်၏၊ အိုင်ငယ်တို့ ပြည့်လတ်သော် အိုင်ကြီးတို့ကို ပြည့်စေကုန်၏၊ အိုင်ကြီးတို့ ပြည့်လတ်သော် မြစ်ငယ်တို့ကို ပြည့်စေကုန်၏၊ မြစ်ငယ်တို့ ပြည့်လတ်သော် မြစ်ကြီးတို့ကို ပြည့်စေကုန်၏၊ မြစ်ကြီးတို့ ပြည့်လတ်သော် မဟာသမုဒ္ဒရာကို ပြည့်စေကုန်၏။

ရဟန်းတို့ ဤဥပမာအတူသာလျှင် သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရှိကုန်၏၊ ဝိညာဏ်သည် သင်္ခါရတို့လျှင် အကြောင်းရှိ၏၊ နာမ်ရုပ်သည် ဝိညာဏ်လျှင် အကြောင်းရှိ၏၊ သဠာယတနသည် နာမ်ရုပ် လျှင် အကြောင်းရှိ၏၊ ဖဿသည် သဠာယတနလျှင် အကြောင်းရှိ၏၊ ဝေဒနာသည် ဖဿလျှင် အကြောင်း ရှိ၏၊ တဏှာသည် ဝေဒနာလျှင် အကြောင်းရှိ၏၊ ဥပါဒါန်သည် တဏှာလျှင် အကြောင်းရှိ၏၊ ဘဝသည် ဥပါဒါန်လျှင် အကြောင်းရှိ၏၊ ဇာတိသည် ဘဝလျှင် အကြောင်းရှိ၏၊ ဒုက္ခသည် ဇာတိလျှင် အကြောင်းရှိ၏၊ သဒ္ဓါသည် ဒုက္ခလျှင် အကြောင်းရှိ၏၊ ပါမောဇ္ဇသည် သဒ္ဓါလျှင် အကြောင်းရှိ၏၊ ပီတိသည် ပါမောဇ္ဇလျှင် အကြောင်းရှိ၏၊ ပဿဒ္ဓိသည် ပီတိလျှင် အကြောင်းရှိ၏၊ သုခသည် ပဿဒ္ဓိလျှင် အကြောင်းရှိ၏၊ သမာဓိ သည် သုခလျှင် အကြောင်းရှိ၏၊ ယထာဘူတဉာဏ်အမြင်သည် သမာဓိလျှင် အကြောင်းရှိ၏၊ နိဗ္ဗိဒါဉာဏ် သည် ယထာဘူတဉာဏ်အမြင်လျှင် အကြောင်းရှိ၏၊ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) သည် နိဗ္ဗိဒါဉာဏ်လျှင် အကြောင်းရှိ၏၊ ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) သည် တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) လျှင် အကြောင်းရှိ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်း၌ သိသော ပစ္စဝေက္ခဏာဉာဏ်သည် ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) လျှင် အကြောင်းရှိ၏ဟု ဟောတော်မူ၏။

တတိယသုတ်။

------

၄-အညတိတ္ထိယသုတ်

၂၄။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတ္တရာ သည် နံနက်အခါ သင်္ကန်းကို ကောင်းစွာ ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည် သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အသျှင်သာရိပုတ္တရာအား- ''ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံခြင်းငှါ အလွန်စော သေး၏၊ သာသနာတော်ပြင်ပဖြစ်သည့် တိတ္ထိပရိဗိုဇ်တို့ ကျောင်းတိုက်သို့ ငါချဉ်းကပ်ရမူ ကောင်းလေစွ''ဟု အကြံ ဖြစ်၏။

ထို့နောက် အသျှင်သာရိပုတ္တရာသည် သာသနာတော်ပြင်ပ တိတ္ထိပရိဗိုဇ်တို့ ကျောင်းတိုက်သို့ ချဉ်း ကပ်ပြီး၍ တိတ္ထိပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတ္တရာအား တိတ္ထိပရိဗိုဇ်တို့သည် ဤသို့ ဆိုကြကုန်၏-

''ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို သူတစ်ပါးပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို ကိုယ်တိုင်ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါးပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဤအရာ၌ ရဟန်း ဂေါတမသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊ အကျွန်ုပ်တို့သည် အဘယ် သို့ ပြောကြားသည်ရှိသော် ရဟန်းဂေါတမ (ဆိုသော) စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန် သနည်း၊ ရဟန်းဂေါတမကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါကုန်အံ့နည်း၊ အသျှင်ဂေါတမ၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ပါကုန်အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပါကုန်အံ့နည်း''ဟု ဆို ကြကုန်၏။

ငါ့သျှင်တို့ ဆင်းရဲဒုက္ခကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟု မြတ်စွာဘုရား ဟောတော်မူအပ်၏၊ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ တွေ့ထိမှု 'ဖဿ'ကို စွဲ၍ ဖြစ်၏၊ ဤသို့ ဆိုသောသူသည် မြတ်စွာဘုရား ဆိုသော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်၏၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်၏၊ မြတ်စွာဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့ မရောက်ဘဲ့ရှိရာ၏။

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံ ကြောင့် ဖြစ်၏။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို သူတစ်ပါး ပြုအပ်၏ဟူ၍ ပညတ် ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ဖြစ်၏။ အကြင် ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင်လည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ဖြစ်၏။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုသည်လည်း မဟုတ်၊ သူတစ်ပါးတို့ ပြုသည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ဖြစ်၏။

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် ဆင်းရဲဒုက္ခကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီ သမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု 'ဖဿ'ကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။ ဆင်းရဲဒုက္ခကို သူတစ်ပါးပြုအပ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီသမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု 'ဖဿ'ကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ဆင်းရဲဒုက္ခကို ကိုယ်တိုင်လည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု 'ဖဿ'ကို ကြဉ်ထား၍ ဆင်းရဲ ဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ဆင်းရဲဒုက္ခတို့ကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု 'ဖဿ'ကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိဟု ဟောတော်မူ၏။

အသျှင်အာနန္ဒာသည် သာသနာပြင်ပအယူရှိသော တိတ္ထိပရိဗိုဇ်တို့နှင့် အတူ အသျှင်သာရိပုတ္တရာ၏ ဤစကားပြောဟောနေသည်ကို ကြားလေသော် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်း ခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင် ပြီးသော် သာသနာတော်ပြင်ပအယူရှိသော တိတ္ထိပရိဗိုဇ်တို့နှင့် အတူ အသျှင်သာရိပုတ္တရာ၏ ပြောသမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။

အာနန္ဒာ ကောင်းစွ ကောင်းစွ၊ ကောင်းစွာ ဖြေကြားလိုသူသည် သာရိပုတ္တရာ ဖြေကြားသကဲ့သို့ ဖြေကြားရာ၏၊ အာနန္ဒာ ဆင်းရဲဒုက္ခကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါဘုရား ဟော၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ 'ဖဿ'ကို စွဲ၍ ဖြစ်၏၊ ဤသို့ ဆိုသောသူသည် ငါဘုရားဆိုသော စကား ကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် ဖြစ်ရာ၏၊ ငါဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ရာ၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့ မရောက်ဘဲ ရှိရာ၏။

အာနန္ဒာ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံ ကြောင့် ဖြစ်၏။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင်ပြုသည်လည်း မဟုတ်၊ သူတစ် ပါး ပြုသည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ဖြစ်၏၊

အာနန္ဒာ ထိုအယူလေးပါးတို့တွင် ဆင်းရဲဒုက္ခကို ကိုယ်တိုင်ပြုအပ်သည်ဟူ၍ ပညတ်ကြကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဖဿကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤ အကြောင်းသည် မရှိ၊ သမဏဗြာဟ္မဏတို့သည်။ပ။ သမဏဗြာဟ္မဏတို့သည်။ပ။ ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါးပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူ သော ဤအကြောင်းသည် မရှိ။

အာနန္ဒာ အခါတစ်ပါး၌ ငါဘုရားသည် ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ အာနန္ဒာ ထိုအခါ ငါဘုရားသည် နံနက် အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံဝင်၏၊ အာနန္ဒာ ထိုငါဘုရားအား ''ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံခြင်းငှါ အလွန်စောသေး၏၊ ငါသည် သာသနာတော်ပြင်ပအယူ ရှိကုန်သော တိတ္ထိပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူကား ကောင်းရာ၏''ဟု အကြံ ဖြစ်၏။

အာနန္ဒာ ထိုအခါ ငါဘုရားသည် သာသနာတော်ပြင်ပအယူရှိကုန်သော တိတ္ထိပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ပြီးလျှင် ထိုသာသနာတော်ပြင်ပအယူရှိကုန်သော တိတ္ထိပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ အာနန္ဒာ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ငါဘုရားအား ထိုသာသနာတော်ပြင်ပအယူရှိကုန်သော တိတ္ထိပရိဗိုဇ်တို့သည် ဤစကားကို လျှောက်ကုန်၏-

''ငါ့သျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏၊ ငါ့သျှင်ဂေါတမ ဆင်းရဲကို သူတစ်ပါး ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏၊ ငါ့သျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင် ပြုအပ် သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊ အဘယ်သို့ ပြောကြားသည်ရှိသော် အသျှင်ဂေါတမ ဆိုသောစကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်အံ့နည်း၊ အသျှင်ဂေါတမကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါကုန်အံ့နည်း၊ အသျှင်ဂေါတမ၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ပါကုန် အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့ မရောက်ဘဲ ရှိပါကုန်အံ့နည်း''ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ ဆိုအပ်သည်ရှိသော် ငါသည် သာသနာတော်ပြင်ပအယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့သော စကားကို မိန့်ဆို၏- ''ငါ့သျှင်တို့ ဆင်းရဲဒုက္ခကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါ ဟောအပ်၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ဖဿကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသော သူသည် ငါဆိုသော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါ့ကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်၏၊ ငါ၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိရာ၏''ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏၊ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်လည်း။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်လည်း။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏့ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏၊

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ဆင်းရဲကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ၊ သမဏဗြာဟ္မဏတို့သည်။ပ။ သမဏဗြာဟ္မဏတို့သည်ကား။ပ။ ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ဆင်းရဲကို ခံစား ကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိဟု ဟောတော်မူ၏။ အသျှင်ဘုရား အံ့ဖွယ်ရှိပါ၏၊ အသျှင် ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ ယင်းသို့သော အရာ၌ တစ်ခုသော ပုဒ်ဖြင့် အလုံးစုံသော အနက်ကို ဟော အပ်သည် ဖြစ်ဘိ၏၊ အသျှင်ဘုရား ဤအနက်ကိုပင်လျှင် အကျယ်အားဖြင့် ဟောသည်ရှိသော် နက်နဲသည်လည်း ဖြစ်ရာ၏၊ နက်နဲသော အသွင်ရှိသည်လည်း ဖြစ်ရာ၏ဟု လျှောက်၏။

အာနန္ဒာ သို့ဖြစ်လျှင် ဤအရာဝယ် သင့်ဉာဏ်၌ ထင်စေလော့ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်ကို ''ငါ့သျှင်အာနန္ဒာ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် အဘယ်တရားလျှင် အကြောင်းခံရှိသ နည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရား လျှင် အမွန်အစရှိသနည်း''ဟု မေးလာကြပါကုန်မူ ''ငါ့သျှင်တို့ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် စင်စစ် 'ဇာတိ'လျှင် အကြောင်းခံရှိ၏၊ ဇာတိလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ 'ဇာတိ'ကြောင့် ဖြစ်၏၊ 'ဇာတိ'လျှင် အမွန် အစရှိ၏''ဟု ဤသို့ ဖြေကြားပါအံ့။

အသျှင်ဘုရား အကျွန်ုပ်ကို ''ငါ့သျှင်အာနန္ဒာ ပဋိသန္ဓေနေမှု 'ဇာတိ'သည် အဘယ်တရားလျှင် အကြောင်းခံရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း''ဟု မေးလာကြကုန်မူ ''ပဋိသန္ဓေနေမှု 'ဇာတိ'သည် ဘဝလျှင် အကြောင်းခံ ရှိ၏၊ ဘဝလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဘဝကြောင့် ဖြစ်၏၊ ဘဝလျှင် အမွန်အစရှိ၏''ဟု ဤသို့ ဖြေကြားပါအံ့။

အသျှင်ဘုရား အကျွန်ုပ်ကို ''ငါ့သျှင်အာနန္ဒာ ဘဝသည် အဘယ်တရားလျှင် အကြောင်းခံရှိသနည်း၊ အဘယ် တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း''ဟု မေးလာကြကုန်မူ ''ဘဝသည် ဥပါဒါန်တရားလျှင် အကြောင်းခံရှိ၏၊ ဥပါဒါန်လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဥပါဒါန်ကြောင့် ဖြစ်၏၊ ဥပါဒါန်လျှင် အမွန်အစရှိ၏''ဟု ဤသို့ ဖြေကြားပါအံ့။

အသျှင်ဘုရား အကျွန်ုပ်ကို ''ငါ့သျှင်အာနန္ဒာ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'သည်။ပ။ ငါ့သျှင် တပ် မက်မှု 'တဏှာ'သည်။ပ။ ငါ့သျှင် ခံစားမှု 'ဝေဒနာ'သည်။ပ။ အသျှင်ဘုရား အကျွန်ုပ်ကို ''ငါ့သျှင်အာနန္ဒာ တွေ့ထိမှု 'ဖဿ'သည် အဘယ်တရားလျှင် အကြောင်းခံရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသ နည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း''ဟု မေးလာကြကုန်မူ ''တွေ့ထိမှု 'ဖဿ'သည် တည်ရာ 'အာယတန' ခြောက်ပါးလျှင် အကြောင်းခံရှိ၏၊ အာယတနခြောက်ပါးလျှင် ဖြစ်ပေါ်ကြောင်း ရှိ၏၊ အာယတနခြောက်ပါးကြောင့် ဖြစ်၏၊ အာယတနခြောက်ပါးလျှင် အမွန်အစရှိ၏''ဟု ဤသို့ ဖြေကြားပါအံ့။ ''ငါ့သျှင် ဖဿ၏ တည်ရာ 'အာယတန'ခြောက်ပါးတို့၏ (အရဟတ္တမဂ်ဖြင့်) အကြွင်း မဲ့ ချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်၏၊ တွေ့ထိမှု 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်၏၊ ခံစားမှု 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်မှု 'တဏှာ' ချုပ်၏၊ တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်၏၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချူပ်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' ချူပ်ခြင်းကြောင့် အိုခြင်း 'ဇရာ'၊ သေခြင်း 'မရဏ'၊ စိုးရိမ်ခြင်း 'သောက'၊ ငိုကြွေးခြင်း 'ပရိဒေဝ'၊ ဆင်းရဲခြင်း 'ဒုက္ခ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းခြင်း 'ဥပါယာသ'တို့ချူပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု ဤသို့ ဖြေကြားပါအံ့ဟု (လျှောက်၏)။

စတုတ္ထသုတ်။

------

၅-ဘူမိဇ သုတ်

၂၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဘူမိဇသည် ညနေချမ်းအခါ တစ်ပါး တည်း ကိန်းအောင်းရာမှ ထလျက် အသျှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတ္တရာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင် သာရိပုတ္တရာအား ဤစကားကို လျှောက်၏-

''ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏ ဗြာဟ္မဏအချို့တို့ ရှိကြကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်၏ဟူ၍ ပညတ် ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကြကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကြ ကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ် သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏ အချို့တို့ ရှိကြ ကုန်၏။ ငါ့သျှင်သာရိပုတ္တရာ ဤအရာ၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊ အဘယ်သို့ ပြောကြားသည်ရှိသော် မြတ်စွာဘုရား၏ ဟောသော စကား ကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်အံ့နည်း၊ မြတ်စွာဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါကုန်အံ့နည်း၊ မြတ်စွာဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ပါကုန်အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်သို့ မရောက်ဘဲ ရှိပါအံ့နည်း''ဟု လျှောက်၏။

ငါ့သျှင် ချမ်းသာဆင်းရဲကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ဖဿကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသောသူသည် မြတ်စွာဘုရား ဟောတော်မူ အပ်သော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ မြတ်စွာဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ရာ၏၊ မြတ်စွာဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြား သည် မည်ရာ၏၊ အကြောင်းနှင့်တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာကဲ့ရဲ့ဖွယ်သို့ မရောက်ဘဲ ရှိရာ၏။

ငါ့သျှင် ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏၊ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏။

ငါ့သျှင် ထိုအယူလေးပါးတို့တွင် ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကြကုန် လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကြကုန်လတ္တံ့ဟူ့သော ဤအကြောင်းသည် မရှိဟု မိန့်ဆို၏။

အသျှင်အာနန္ဒာသည် အသျှင်ဘူမိဇနှင့် အတူ အသျှင်သာရိပုတ္တရာ၏ ဟောသမျှ စကားအလုံးစုံကို ကြားလေ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး လျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ဘူမိဇနှင့် အတူ အသျှင်သာရိပုတ္တရာ၏ ပြောဟောသမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။

အာနန္ဒာ ကောင်းစွ ကောင်းစွ၊ ကောင်းစွာ ဖြေကြားလိုသူသည် သာရိပုတ္တရာ ဖြေကြားသကဲ့သို့ ဖြေကြားရာ၏၊ အာနန္ဒာ စင်စစ် ချမ်းသာဆင်းရဲကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါဟော အပ်၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ဖဿကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသောသူသည် ငါဘုရားဟော အပ်သော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ရာ၏၊ ငါဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ရာ၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြာင်းသို့ မရောက်ဘဲ ရှိရာ၏။

အာနန္ဒာ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ချမ်းသာဆင်းရဲကို ကိုယ် တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြေင်းခံကြောင့် ဖြစ်၏၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီ သမဏဗြာဟ္မဏတို့သည်ကား ဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏။

အာနန္ဒာ ထိုအယူလေးပါးတို့တွင် ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကြကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကြကုန် လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား။ပ။ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ် သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကြကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကုန်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။

အာနန္ဒာ ကိုယ် 'ကာယ' ရှိခဲ့သော် ကိုယ်၌ ဖြစ်သော စေ့ဆော်မှု 'ကာယသေဉ္စတနာ'ဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ အာနန္ဒာ နှုတ် 'ဝါစာ' ရှိခဲ့သော် နှုတ်၌ ဖြစ်သော စေ့ဆော်မှု 'ဝစီသေဉ္စတနာ'ဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ အာနန္ဒာ စိတ် 'မနော' ရှိခဲ့သော် စိတ်၌ ဖြစ်သော စေ့ဆော်မှု 'မနောသေဉ္စတနာ'ဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ ဤစေတနာသည် မသိမှု 'အဝိဇ္ဇာ' အကြောင်းကြောင့်လည်း ဖြစ်၏။

အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ကို ကိုယ်တိုင်မူလည်း ပြုစီရင်၏။ အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ကို သူတစ်ပါးတို့မူလည်း ပြုစီရင်ကုန်၏။ အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ကို ကောင်းစွာ သိသည် ဖြစ်၍မူလည်း ပြုစီရင်၏။ အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'ဟူသော အကြောင်းကြောင့်မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မူ 'ကာယသင်္ခါရ'ကို ကောင်းစွာ မသိမူ၍လည်း ပြုစီရင်၏။

အာနန္ဒာ အကြင်နှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုနှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'ကို ကိုယ်တိုင်မူလည်း ပြုစီရင်၏။ အာနန္ဒာ အကြင်နှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုနှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'ကို သူတစ်ပါးတို့မူလည်း ပြုစီရင်ကုန်၏။ အာနန္ဒာ အကြင်နှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုနှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'ကို ကောင်းစွာ သိသည် ဖြစ်၍မူလည်း ပြုစီရင်၏။ပ။ မသိမူ၍လည်း ပြုစီရင်၏။

အာနန္ဒာ အကြင်စိတ်ဖြင့် ပြုစီရင်မှု 'မနောသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုစိတ်ဖြင့် ပြုစီရင်မှု 'မနောသင်္ခါရ'ကို ကိုယ်တိုင်မူလည်း ပြုစီရင်၏၊ အာနန္ဒာ အကြင်စိတ်ဖြင့် ပြုစီရင်မှု 'မနောသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုစိတ်ဖြင့် ပြုစီရင်မှု 'မနောသင်္ခါရ'ကို သူတစ်ပါးတို့မူလည်း ပြုစီရင်ကုန်၏၊ အာနန္ဒာ အကြင် စိတ်ဖြင့် ပြုစီရင်မှု 'မနောသင်္ခါရ'ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုစိတ်ဖြင့် ပြုစီရင်မှု 'မနောသင်္ခါရ'ကို ကောင်းစွာ သိသည် ဖြစ်၍မူလည်း ပြုစီရင်၏။ပ။ မသိမူ၍လည်း ပြုစီရင်၏။

အာနန္ဒာ ဤတရားတို့၌ မသိမှု 'အဝိဇ္ဇာ'သည် ကျရောက်၏၊ အာနန္ဒာ အကြင်စေတနာကာယဟူ သော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ် ဖြင့် အကြွင်းမဲ့ ချူပ်ခြင်းကြောင့် ထိုစေတနာကာယသည် မဖြစ်။ အကြင်စေတနာဝါစာဟူသော အကြောင်း ကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချူပ်ခြင်းကြောင့် ထိုစေတနာဝါစာသည် မဖြစ်။ အကြင်မနောဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ထိုမနောကံသည် မဖြစ်။ ထိုစေတနာသည် (ချမ်းသာဆင်းရဲ၏) ပေါက်ရောက်ရာ လယ်မြေ မဟုတ်။ပ။ ထိုစေတနာသည် (ချမ်းသာဆင်းရဲ၏) တည်ရာ ယာမြေ မဟုတ်။ပ။ ထိုစေတနာသည် (ချမ်းသာဆင်းရဲ၏) တည်ရာ အာယတန မဟုတ်။ပ။ အကြင်မနောဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲ သည် ဖြစ်၏၊ ထိုစေတနာသည် ချမ်းသာဆင်းရဲ၏ အကြောင်း မဟုတ်ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဥပဝါဏသုတ်

၂၆။ သာဝတ္တိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား ဆင်းရဲကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့ ရှိကုန်၏၊ ဆင်းရဲကို သူတစ်ပါးပြုအပ်၏ဟု ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့ ရှိကုန်၏၊ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်၏ဟု ပညတ်ကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့ ရှိကုန်၏၊ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့ ရှိကုန်၏။ ဤအရာ၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊့အကျွန်ုပ်တို့သည် အဘယ်သို့ ပြောကြားသည်ရှိသော် မြတ်စွာဘုရား ဟောသော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်အံ့နည်း၊ မြတ်စွာဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါ ကုန်အံ့နည်း၊ မြတ်စွာဘုရား ဟောသော တရားနှင့် လျော်သော တရားကိုလည်း ပြောသည် မည်ပါကုန် အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်သို့ မရောက်ဘဲ ရှိပါအံ့နည်း''ဟု လျှောက်၏။

ဥပဝါဏ ဆင်းရဲကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါဘုရား ဟောတော်မူ၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ တွေ့ထိမှု 'ဖဿ'ကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသောသူသည် ငါဘုရား ဟောသော စကား ကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ရာ၏၊ ငါဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ရာ၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် ကဲ့ရဲ့ဖွယ် တစ်စုံတစ်ရာသို့ မရောက်ဘဲ ရှိရာ၏။

ဥပဝါဏ ထိုအယူလေးပါးတို့တွင် အကြင်သမဏဗြာဟ္မဏတို့သည် ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၏ဟု ပညတ်ကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည် တွေ့ထိမှု 'ဖဿ'အကြောင်းခံကြောင့် ဖြစ်၏၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏ ဗြာဟ္မဏတို့သည် ဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ် သူတစ်ပါး ပြုအပ်သည်လည်း မဟုတ် အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ဖြစ်၏။

ဥပဝါဏ ထိုအယူလေးပါးတို့တွင် ဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟု ပညတ်ကုန်သော သမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု 'ဖဿ'ကို ကြဉ်ထား၍ ဆင်းရဲကို ခံစားကြကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည် ဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ် သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် စင်စစ် တွေ့ထိမှု 'ဖဿ'ကို ကြဉ်ထား၍ ဆင်းရဲကို ခံစားကြကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ပစ္စယသုတ်

၂၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏။

ရဟန်းတို့ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့အား ထိုထိုဘုံဘဝ၌ အကြင်အိုခြင်း အိုသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ဆုတ်ယုတ်ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုခြင်း 'ဇရာ'ဟူ၍ ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း သေခြင်း ဘဝအဆုံးကို ပြုခြင်း ခန္ဓာတို့၏ ပျက်ခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော သဘောတရား ကို သေခြင်း 'မရဏ'ဟူ၍ ဆိုအပ်၏။ ဤအိုခြင်း 'ဇရာ'သည်လည်းကောင်း၊ သေခြင်း 'မရဏ'သည်လည်းကောင်း ရှိ၏။ ရဟန်းတို့ ဤသဘောတရားကို ဇရာမရဏဟူ၍ ဆိုအပ်၏။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာ မရဏ ဖြစ်ပေါ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်သည် ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤသည်ကား အဘယ်နည်း၊ မှန် ကန်သော အမြင်၊ မှန်ကန်သော အကြံ၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှု၊ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ ပဋိသန္ဓေနေမှု 'ဇာတိ'ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ တပ်မက်မှု 'တဏှာ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ ခံစားမှု 'ဝေဒနာ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှု 'ဖဿ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ တည်ရာ 'အာယတန'ခြောက်ပါးဟူသည် အဘယ်နည်း။ ရဟန်းတို့ နာမ်ရုပ်ဟူ သည် အဘယ်နည်း။ ရဟန်းတို့ သိမှု 'ဝိညာဏ်'ဟူသည် အဘယ်နည်း။

ရဟန်းတို့ ပြုစီရင်မှု 'သင်္ခါရ'တို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြုစီရင်မှု 'သင်္ခါရ'တို့သည် ဤ သုံးပါးတို့တည်း။ ကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'၊ နှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'၊ စိတ်ဖြင့် ပြုစီရင်မှု 'စိတ္တသင်္ခါရ'တို့တည်း။ ရဟန်းတို့ ဤတရားသုံးပါးတို့ကို ပြုစီရင်မှု 'သင်္ခါရ'တို့ဟူ၍ ဆိုအပ်ကုန်၏။ မသိမှု 'အဝိဇ္ဇာ' ဖြစ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်သည် သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ အရိယာတပည့်သည် ဤသို့ အကြောင်းကို သိ၏၊ ဤသို့ အကြောင်းတရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ အကြောင်းတရားတို့၏ ချုပ်ရာကို သိ၏၊ ဤသို့ အကြောင်းတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ထိုကြောင့် ဤအရိယာတပည့်ကို အယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားသို့ ရောက်လာသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားကို မြင်သူဟူ၍လည်းကောင်း၊ ကျင့်ဆဲ 'သေက္ခ' ဉာဏ်နှင့် ပြည့်စုံသူဟူလည်းကောင်း၊ ကျင့်ဆဲ 'သေက္ခ'ဝိဇ္ဇာနှင့် ပြည့်စုံသူဟူလည်းကောင်း၊ တရားအယဉ်သို့ ရောက်သူဟူ၍လည်းကောင်း၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော အရိယာပညာရှိဟူ၍လည်းကောင်း၊ အမြိုက် (နိဗ္ဗာန်) တံခါးသို့ ရောက်၍ တည်သူဟူ၍လည်းကောင်း ဆိုအပ်၏။

သတ္တမသုတ်။

------

၈-ဘိက္ခုသုတ်

၂၈။ သာဝတ္တိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌။ပ။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို သိ၏၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' ဖြစ်ပေါ်ကြောင်းကို သိ၏၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာကို သိ၏၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ပဋိသန္ဒေနေမှု 'ဇာတိ'ကို သိ၏။ပ။ ဘဝကို သိ၏။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို သိ၏။ တပ်မက်မှု 'တဏှာ'ကို သိ၏။ ခံစားမှု 'ဝေဒနာ' ကို သိ၏။ တွေ့ထိမှု 'ဖဿ'ကို သိ၏။ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ကို သိ၏။ နာမ်ရုပ်ကို သိ၏။ သိမှု 'ဝိညာဏ်'ကို သိ၏။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို သိ၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ကြောင်းကို သိ၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ် ရာကို သိ၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။

ရဟန်းတို့ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့အား ထိုထိုဘုံဘဝ၌့အိုခြင်း အိုသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ဆုတ်ယုတ်ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုခြင်း 'ဇရာ'ဟူ၍ ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထို ဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း သေခြင်း ဘဝအဆုံးကို ပြုခြင်း ခန္ဓာတို့၏ ပျက်ခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရားကို သေခြင်း 'မရဏ'ဟူ၍ ဆိုအပ်၏။ ဤအိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် ရှိ၏၊ ရဟန်းတို့ ဤတရားကို အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ဟူ၍ ဆိုအပ်၏။ ဇာတိ ဖြစ်ပေါ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်သည် ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း။ ဤသည်ကား အဘယ်နည်း။ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ ဇာတိဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဥပါဒါန်ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာဟူသည် အဘယ်နည်း။ ဝေဒနာဟူသည ်။ ဖဿဟူ သည်။ သဠာယတနဟူသည်။ နာမ်ရုပ်ဟူသည်။ ဝိညာဏ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ သင်္ခါရတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြုစီရင်မှု 'သင်္ခါရ'တို့သည် ဤသုံးပါးတို့တည်း။ ကိုယ်ဖြင့် ပြုစီရင်မှု 'ကာယသင်္ခါရ'၊ နှုတ်ဖြင့် ပြုစီရင်မှု 'ဝစီသင်္ခါရ'၊ စိတ်ဖြင့် ပြုစီရင်မှု 'စိတ္တ သင်္ခါရ'တို့တည်း။ ရဟန်းတို့ ဤသည်တိုု့ကို သင်္ခါရတို့ဟူ၍ ဆိုအပ်ကုန်၏။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ပေါ်ကုန်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာ မဂ်သည်ပင်လျှင် သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း။ ဤသည်ကား အဘယ် နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ ရဟန်းသည် ဤသို့ ဇရာမရဏကို သိ၏၊ ဤသို့ ဇရာမရဏ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ ဇရာမရဏ၏ ချုပ်ရာကို သိ၏၊ ဤသို့ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ကို သိ၏၊ ဤသို့ ဇာတိကို သိ၏။ပ။ ဘဝကို။ ဥပါဒါန်ကို။ တဏှာကို။ ဝေဒနာကို။ ဖဿကို။ သဠာ ယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို။ သင်္ခါရတို့၏ ဖြစ်ကြောင်းကို။ သင်္ခါရတို့၏ ချုပ်ရာကို။ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ရဟန်းတို့ ဤရဟန်းကို ကောင်းသော အယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်း တရားသို့ ရောက်လာသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားကို ရှုမြင်သူဟူ၍လည်းကောင်း၊ ကျင့်ဆဲ 'သေက္ခ' ဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ကျင့်ဆဲ 'သေက္ခ'ဝိဇ္ဇာနှင့် ပြည့်စုံသူဟူလည်းကောင်း၊ တရားအယဉ်သို့ ရောက်သူဟူ၍လည်းကောင်း၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော အရိယာပညာရှိဟူ၍လည်းကောင်း၊ အမြိုက် (နိဗ္ဗာန်၏) တံခါးသို့ ရောက်၍ တည်သူဟူ၍လည်းကောင်း ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-သမဏဗြာဟ္မဏသုတ်

၂၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌။ပ။ ရဟန်းတို့ အကြင်သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို မသိကုန်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာကို မသိကုန်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ပဋိသန္ဓေနေမှု 'ဇာတိ' ကို မသိကုန်။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိမှု 'ဖဿ'ကို။ တည်ရာ 'အာယတန' ခြောက်ပါး့ (သဠာယတန) ကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်'ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ကြောင်းကို။ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ရာ 'နိဗ္ဗာန်'သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ရဟန်းတို့ ထို သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ မသမုတ်အပ် ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏအဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ အကြင်သမဏတိုု့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း ဇရာမရဏကို သိကုန်၏၊ ဇရာမရဏ၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။ ဇာတိကို သိကုန်၏။ပ။ ဘဝကို။ ဥပါဒါန်ကို။ တဏှာကို။ ဝေဒနာကို။ ဖဿကို။ သဠာယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို၊ သင်္ခါရတို့၏ ဖြစ်ကြောင်းကို၊ သင်္ခါရတို့၏ ချုပ်ရာကို၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။ ရဟန်းတို့ ထိုသမဏတိုု့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏတို့ဟူ၍ သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏတို့ဟူ၍ သမုတ်အပ်ကုန်၏၊ ထိုအသျှင်တို့သည် သမဏအဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ သမဏဗြာဟ္မဏသုတ်

၃၀။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌။ပ။ ရဟန်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို မသိကုန်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာကို မသိကုန်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်၊ ထိုသမဏဗြာဟ္မဏတို့သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို လွန်၍ တည်ကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိ။ ပဋိသန္ဓေနေမှု 'ဇာတိ'ကို မသိကုန်။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို။ တပ်မက်မှု 'တဏှာ'ကို။ ခံစားမှု 'ဝေဒနာ'ကို။ တွေ့ထိမှု 'ဖဿ'ကို။ တည်ရာ 'အာယတန' ခြောက်ပါး (သဠာယတန) ကို။ နာမ်ရုပ်ကို။ သိမှု 'ဝိညာဏ်'ကို။ ပြုစီရင်မှု 'သင်္ခါရ'တို့ကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ကြောင်းကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ် ရာကို မသိကုန်၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်၊ ထိုသမဏ ဗြာဟ္မဏတို့သည် ပြုစီရင်မှု 'သင်္ခါရ'တို့ကို လွန်၍ တည်ကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ဟု ဟောတော်မူ၏။

ရဟန်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ဇရာမရဏကို သိကုန်၏၊ ဇရာမရဏ၏ ဖြစ်ပေါ် ကြောင်းကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်ကို သိကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဇရာမရဏကို လွန်၍ တည်ကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

ဇာတိကို သိကုန်၏။ပ။ ဘဝကို။ ဥပါဒါန်ကို။ တဏှာကို။ ဝေဒနာကို။ ဖဿကို။ သဠာယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို သိကုန်၏၊ သင်္ခါရတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ သင်္ခါရ့တို့၏ ချုပ်ရာကို သိကုန်၏၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် ပြုစီရင်မှု 'သင်္ခါရ'တို့ကို လွန်၍ တည်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဒသဗလဝဂ် ပြီး၏။

------

၄-ကဠာရခတ္တိယဝဂ် ၁-ဘူတသုတ်

၃၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတ္တရာကို ခေါ်တော်မူ၏၊ ''သာရိပုတ္တရာ ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌-

''(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရားရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်လည်း ကျင့်ဆဲဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့''ဟု ဤတရားစကားကို ဟောအပ်ပြီ။

သာရိပုတ္တရာ အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့ မှတ်အပ်သနည်း''ဟု မိန့်တော်မူ၏၊ ဤသို့ မိန့်တော်မူသည် ရှိသော် အသျှင်သာရိပုတ္တရာသည် ဆိတ်ဆိတ် နေ၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် အသျှင်သာရိပုတ္တရာကို မိန့်တော်မူ၏။ပ။ နှစ်ကြိမ်မြောက်လည်း အသျှင်သာရိပုတ္တရာသည် ဆိတ်ဆိတ် နေ၏၊ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရား သည် အသျှင်သာရိပုတ္တရာကို မိန့်တော်မူ၏။ ''သာရိပုတ္တရာ ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌-

''(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရား ရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်လည်း ကျင့်ဆဲဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့''ဟု ဤတရားစကားကို ဟောအပ်ပြီ။

သာရိပုတ္တရာ အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့ မှတ်အပ်သနည်း''ဟု မိန့်တော်မူပြန်၏၊ သုံးကြိမ်မြောက်လည်း အသျှင်သာရိပုတ္တရာသည် ဆိတ်ဆိတ် နေ၏။

သာရိပုတ္တရာ ''ဤသည်ကား ခန္ဓာငါးပါးတည်း''ဟု ရှုလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ''ဤ သည်ကား ခန္ဓာငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ ''ဤသည်ကား ခန္ဓာငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီး၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငါှ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ ''ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ ''ထိုခန္ဓာငါးပါးသည် အာဟာရ လျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီးလျှင် အာဟာရလျှင် ဖြစ် ကြောင်းရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏၊ ''ထိုအာဟာရ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ ''ထိုအာဟာရ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၍ ချုပ်ခြင်းသဘောရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် ကျင့်ဆဲ 'သေက္ခ' ဖြစ်ပါ၏။

အသျှင်ဘုရား အဘယ်သို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်သနည်း။ အသျှင်ဘုရား ''ဤသည် ကား ခန္ဓာငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ ''ဤသည်ကား ခန္ဓာ ငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီး၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ ''ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ ''ခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီး၍ အာဟာရလျှင် ဖြစ်ကြောင်းရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ ''ထိုအာဟာရ၏ ချုပ်ခြင်း ကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့်ရှု၏၊ ''ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်း သော ပညာဖြင့် မြင်၍ ချုပ်ငြိမ်းမှုသဘောရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်း ကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်ခြင်းသည် ဖြစ်၏။ အသျှင်ဘုရား ဤသို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်ပါ၏။ ''အရှင်ဘုရား ဤသို့လျှင် ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌-

''(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရားရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်လည်း ကျင့်ဆဲဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့''ဟု ဤတရားစကားကို ဟောအပ်ပြီ။

အသျှင်ဘုရား အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရား၏ အနက်ကို ဤသို့လျှင် အကျယ် အားဖြင့် အကျွန်ုပ် သိပါ၏''ဟု (လျှောက်၏)။

သာရိပုတ္တရာ ကောင်းစွ ကောင်းစွ၊ သာရိပုတ္တရာ ''ဤသည်ကား ခန္ဓာငါးပါးတည်း''ဟုဟုတ်မှန် သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ ''ဤသည်ကား ခန္ဓာငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ ''ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ ''ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍် အာဟာရကြောင့်ဖြစ်သော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏၊ ''ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏''ဟုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ ''ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်း သဘောရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ချုပ်ခြင်းသဘောရှိသော ခန္ဓာငါးပါး ကို ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏၊ သာရိပုတ္တရာ ဤသို့လျှင် ကျင့်ဆဲဖြစ်၏။

သာရိပုတ္တရာ အဘယ်သို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်သနည်း။ သာရိပုတ္တရာ ''ဤသည် ကား ခန္ဓာငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ ''ဤသည်ကား ခန္ဓာ ငါးပါးတည်း''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မူ ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ ''ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ ''ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏''ဟုဟုတ်မှန်သောအတိုင်း့ကောင်းသော ပညာဖြင့် မြင်၍် အာဟာရလျှင် ဖြစ်ကြောင်းရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်း ကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမှု၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ ''ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ ''ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘော ရှိ၏''ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ချုပ်ငြိမ်းမှုသဘောရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ သာရိပုတ္တရာ ဤသို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်၏။ ''သာရိပုတ္တရာ ဤသို့လျှင် ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌-

''(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရားရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည် ကျင့်ဆဲ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့''ဟု ဤတရားစကားကို ဟောအပ်ပြီ။

သာရိပုတ္တရာ အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို ဤသို့လျှင် အကျယ်အားဖြင့် မှတ်အပ်၏''ဟု (ဟောတော်မူ၏)။

ပဌမသုတ်။

------

၂-ကဠာရသုတ်

၃၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဠာရခတ္တိယမည်သော ရဟန်းသည် အသျှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတ္တရာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြော ဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတ္တရာအား ဤစကားကို လျှောက်၏၊ ''ငါ့သျှင်သာရိပုတ္တရာ မောဠိယဖဂ္ဂုနမည်သော ရဟန်း သည် သိက္ခာကို ချ၍ လူထွက်၏''ဟု လျှောက်၏၊ ထိုအသျှင်သည် ဤဓမ္မဝိနယ (သာသနာတော်) ၌ သက်သာရာကို မရခဲ့လေတကားဟု မိန့်တော်မူ၏၊ သို့ဖြစ်လျှင် အသျှင်သာရိပုတ္တရာသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ သက်သာရာကို ရပါသလောဟု (မေးလျှောက်ပြန်၏)၊ ငါ့သျှင် ငါသည် ယုံမှားမရှိဟု (မိန့်ဆို၏)၊ ငါ့သျှင် နောင်အခါ၌လည်း သက်သာရာ ရပါမည်လောဟု လျှောက်ပြန်၏၊ ငါ့သျှင် ငါသည် တွေးတောခြင်း မရှိဟု (မိန့်ဆို၏)၊ ထိုအခါ ကဠာရခတ္တိယမည်သော ရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားထံသိုု့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤသို့သော စကားကို လျှောက်၏ - ''အသျှင်ဘုရား အသျှင်သာရိပုတ္တရာသည် 'ပဋိသန္ဓေနေမှု 'ဇာတိ' ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏'ဟူ၍ အရဟတ္တဖိုုလ်ကို ပြောကြားပါ၏''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ''ရဟန်း သင်သည် လာခဲ့လော့၊ ငါဘုရား၏ စကားဖြင့် 'ငါ့သျှင်သာရိပုတ္တရာ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏'ဟု ဆို၍ သာရိပုတ္တရာကို ခေါ် ချေလော့''ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ဝန်ခံပြီး လျှင် အသျှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတ္တရာကို ''ငါ့သျှင်သာရိပုတ္တရာ မြတ်စွာဘုရား သည် သင့်ကို ခေါ်တော်မူ၏''ဟု ဤစကားကို လျှောက်၏၊ ''ငါ့သျှင် ကောင်းပြီ''ဟု အသျှင်သာရိပုတ္တရာ သည် ထိုရဟန်းအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိးခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သာရိပုတ္တရာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ''သာရိ ပုတ္တရာ သင်သည် 'ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊့ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏'ဟူ၍ အရဟတ္တဖိုုလ်ကို ပြောကြား၏ ဟူသည် မှန်သလော''ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် အဓိပ္ပါယ်ကို (တိုက်ရိုက်) မဆိုပါဟု လျှောက်၏၊ သာရိပုတ္တရာ မည်သည့်ပရိယာယ်မျိုးဖြင့်မဆို အမျိုးကောင်းသားသည် အရဟတ္တဖိုလ်ကို ပြောကြား၏၊ မည့်သို့ပင်ဖြစ်စေ ပြောကြားသည်ကို ပြောကြားသောအားဖြင့် မှတ်အပ်၏ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည်လည်း ''ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် အဓိပ္ပါယ်ကို (တိုက်ရိုက်) မသိပါဟု ဤသို့ လျှောက်ထားပြီးသည် မဟုတ်ပါလော''ဟု လျှောက်၏။

''ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိသောကြောင့် အဘယ်သို့ မြင်သောကြောင့် 'ပဋိသန္ဓေ နေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏'ဟူ၍ အရဟတ္တဖိုုလ်ကို ပြောကြားသနည်း''ဟု သင့်ကို မေးကြမူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မေးတော်မူ၏။ ''ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိ သောကြောင့် အဘယ်သို့ မြင်သောကြောင့် 'ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏'ဟူ၍ အရဟတ္တဖိုုလ်ကို ပြောကြားသနည်း''ဟု အကျွန်ုပ်ကို မေးကြကုန်မူ အကျွန်ုပ်သည် ဤဆိုလတ္တံ့သော အတိုင်း ဖြေကြားပါအံ့။ ''ငါ့သျှင်တို့ အကြင်အကြောင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်၏၊ ထိုအကြောင်း၏ ကုန်ခြင်းကြောင့် (ပဋိသန္ဓေနေမှု) ကုန်ရာ၌ (ငါသည် ပဋိသန္ဓေနေမှု) ကုန်ပြီဟူ၍ သိအပ်ပြီ၊ (ငါသည် ပဋိသန္ဓေနေမှု) ကုန်၏ဟူ၍ သိပြီးသော် 'ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိပါ၏'ဟု အကျွန်ုပ်သည် ဤသို့ ဖြေကြားပါအံ့''ဟု လျှောက်၏။

''ငါ့သျှင်သာရိပုတ္တရာ ပဋိသန္ဓေနေမှု 'ဇာတိ'သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ် တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်ကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း''ဟု ဤသို့ သင့်ကို မေးကြကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏၊ ''ငါ့သျှင် သာရိပုတ္တရာ ပဋိသန္ဓေနေမှု 'ဇာတိ' သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း။ပ။ အဘယ်တရားလျှင် အမွန်အစရှိသနည်း''ဟု ဤသို့ မေးကြကုန်မူ ''ငါ့သျှင်တို့ ပဋိသန္ဓေနေမှု 'ဇာတိ' သည် ဘဝလျှင် အ ကြောင်းရှိ၏၊ ဘဝလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဘဝကြောင့် ဖြစ်၏၊ ဘဝလျှင် အမွန်အစရှိ၏''ဟူ၍ အကျွန်ုပ် သည် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

''ငါ့သျှင်သာရိပုတ္တရာ ဘဝသည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ် ပေါ်ကြောင်းရှိသနည်း၊ အဘယ်ကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း''ဟု မေးကြ ကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မေးတော်မူ၏။ ''အသျှင်ဘုရား ငါ့သျှင်သာရိပုတ္တရာ ဘဝ သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ် ကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း''ဟု မေးကြကုန်မူ ''ငါ့သျှင်တို့ ဘဝသည် ဥပါဒါန်လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဥပါဒါန်ကြောင့် ဖြစ်၏၊ ဥပါဒါန်လျှင် အမွန်အစရှိ၏''ဟူ၍ အကျွန်ုပ်သည် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

''ငါ့သျှင်သာရိပုတ္တရာ စွဲလမ်းမှု 'ဥပါဒါန်' သည်။ပ။ ဤသို့ သင့်ကို မေးကြကုန်မူ သာရိပုတ္တရာ ''ငါ့သျှင်သာရိပုတ္တရာ တပ်မက်မှု 'တဏှာ'သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရား လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း''ဟု သင့်ကို မေးကြကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ငါ့သျှင်သာရိပုတ္တရာ တပ်မက်မှု 'တဏှာ'သည် အဘယ်တရားလျှင် အကြောင်းရှိသ နည်း၊့အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရား လျှင် အမွန်အစရှိသနည်း''ဟူ၍ မေးကြကုန်မူ ''ငါ့သျှင်တို့ တပ်မက်မှု 'တဏှာ'သည် ဝေဒနာလျှင် အ ကြောင်းရှိ၏၊ ဝေဒနာလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဝေဒနာကြောင့် ဖြစ်၏၊ ဝေဒနာလျှင် အမွန်အစရှိ၏''ဟူ၍ အကျွန်ုပ်သည် ဤသို့ ဖြေကြားပါအံ့၊ ဤသို့ မေးသည်ရှိသော် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

''ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိသောကြောင့် အဘယ်သို့ မြင်သောကြောင့် ဝေဒနာတို့၌ နှစ်သက်ခြင်း မထင်ပါသနည်း''ဟု ဤသို့ မေးကြကုန်မှု သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏။ ''ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိသောကြောင့် အဘယ်သို့ မြင်သောကြောင့် ဝေဒနာတို့၌ နှစ်သက်ခြင်း မထင်ပါသနည်း''ဟု ဤသို့ မေးကြကုန်မူ ''ငါ့သျှင်တို့ ခံစားမှု 'ဝေဒနာ'တို့ သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်းဟူမူ- သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာတို့တည်း။ ငါ့သျှင်တိုု့ ဤဝေဒနာသုံးပါးတို့သည် စင်စစ် မမြဲကုန်၊ အကြင်တရားသည် မမြဲ၊ ထိုတရား သည် ဆင်းရဲဒုက္ခတည်း၊ ဤသို့ သိသည်ရှိသော် ဝေဒနာတို့၌ နှစ်သက်ခြင်း မထင်''ဟူ၍ အကျွန်ုပ် ဤသို့ ဖြေကြားပါအံ့၊ ဤသို့ မေးသည်ရှိသော် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

သာရိပုတ္တရာ ကောင်းစွ ကောင်းစွ၊ ''ဝေဒနာဟူသမျှ အားလုံးသည် ဒုက္ခဖြစ်၏''ဟူသော ဤစကား သည် ထိုတရား၏ အနက်ကိုပင် အကျဉ်းအားဖြင့် ဖြေကြားခြင်းငှါ အကြောင်းပရိယာယ်ပင် ဖြစ်၏။

ငါ့သျှင်သာရိပုတ္တရာ ''သင်သည် အဘယ်သို့ လွတ်မြောက်ခြင်းကြောင့် 'ပဋိသန္ဓေနေမှု 'ဇာတိ' ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိပြီဟု ဤသို့ သိ၏'ဟူ၍ အရဟတ္တဖိုုလ်ကို ပြောကြားသနည်း''ဟု မေးလာကြကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏။ ''ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ လွတ်မြောက်ခြင်းကြောင့် 'ပဋိသန္ဓေနေမှု 'ဇာတိ' ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏'ဟူ၍ အရဟတ္တဖိုုလ်ကို ပြောကြားသ နည်း''ဟု မေးလာကြကုန်မူ ''ငါ့သျှင်တို့ ငါသည် အဇ္ဈတ္တသန္တာန်၌ ဖြစ်သော လွတ်မြောက်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ဟူသမျှ အားလုံးတို့၏ ကုန်ခြင်းကြောင့် အကြင်အခြင်းအရာအားဖြင့် သတိ ရှိသည်ဖြစ်၍ နေသော အကျွန်ုပ်ကို အာသဝေါတရားတို့သည် မစီးဝင်နိုင်ကုန်၊ မိမိကိုယ်ကိုလည်း အယုတ် အားဖြင့် မသိ၊ ထိုအခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသူ ဖြစ်၍ နေပါ၏''ဟုလျှောက်၏။

သာရိပုတ္တရာ ကောင်းစွ ကောင်းစွ၊ ''သမဏဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားအပ် သော အာသဝတရားတို့၌ ငါ ယုံမှား မရှိ၊ ထိုအာသဝတရားတို့ကို ငါ ပယ်ပြီးပြီလောဟူ၍လည်း တွေး တောမှု မဖြစ်''ဟူသော ဤစကားသည် ထိုတရား၏ အနက်ကိုပင် အကျဉ်းအားဖြင့် ဖြေကြားခြင်းငှါ အကြောင်းပရိယာယ် ဖြစ်ပေ၏ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီး၍ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ အသျှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ရဟန်းတို့ကို မိန့်တော်မူ၏- ''ငါ့သျှင်တို့ ဤအရာကို မေးလိမ့်မည်ဟု ကြိုတင်၍ မသိသေးသော ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို မေးတော်မူ၏၊ ထိုငါ့အား နှောင့်နှေးခြင်း ဖြစ်ခဲ့၏၊ ငါ့သျှင်တို့ ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို ဝမ်းမြောက်တော်မူ၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏၊ 'တစ်နေ့ လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်နေ့လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုး တစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့။ တစ်ညဉ့်လုံး့လည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုးတစ်မျိုးသော ပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့။ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုး တစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့။ နှစ်ညဉ့်နှစ်နေ့တို့ ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေ ကြားအံ့။ပ။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေး ငြားအံ့။ပ။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ ငါးညဉ့် ငါးနေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ ခြောက်ညဉ့်ခြောက်နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ ခြောက်ညဉ့်ခြောက် နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ ခုနစ်ညဉ့်ခုနစ်နေ့တို့ ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခုနစ်ညဉ့်ခုနစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့'ဟု အကြံ သည် ဖြစ်၏''ဟု မိန့်ဆို၏။

ထိုအခါ ကဠာရခတ္တိယရဟန်းသည် နေရာမှ ထကာ မြတ်စွာဘုရားထံသို ချဉ်းကပ်၍ မြတ်စွာဘုရား ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အသျှင်သာရိပုတ္တရာသည် ခြင်္သေ့မင်း၏ ကြုံးဝါးခြင်းကဲ့သို့ ကြုံးဝါးပါ၏၊ ငါ့သျှင်တို့ ဤ အရာကို မေးလိမ့်မည်ဟု ကြိုတင်၍ မသိသေးသော ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို မေး တော်မူ၏၊ ထိုငါ့အား နှောင့်နှေးခြင်း ဖြစ်ခဲ့၏၊ ငါ့သျှင်တို့ ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို ဝမ်းမြောက်တော်မူ၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ - 'တစ်နေ့လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်နေ့လုံးလည်း ငါသည် မြတ်စွာဘုရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့၊ တစ်ညဉ့်ပတ်လုံးလည်း။ပ။ တစ်ညဉ့်တစ် နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို။ပ။ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို။ပ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို။ပ။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း။ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း။ ခြောက်ညဉ့်ခြောက်နေ့တို့ပတ်လုံးလည်း။ ခုနစ်ညဉ့်ခုနစ်နေ့တို့ ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခုနှစ်ညဉ့်ခုနှစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရား အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့'ဟု အကြံသည် ဖြစ်၏ဟု ကြုံးဝါးပါ၏''ဟု (လျှောက်၏)။

ရဟန်း သာရိပုတ္တရာအား အကြင်ဓမ္မဓာတ်သာဝကပါရမီဉာဏ်၌ ထိုးထွင်း၍ သိသည်၏အဖြစ်ကြောင့် တစ်နေ့လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသော ပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်နေ့လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားရာ၏။ တစ် ညဉ့်ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသော ပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရား အား ထိုအနက်ကို ဖြေကြားရာ၏။ပ။ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏။ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက် ကို အကယ်၍ မေးငြားအံ့၊ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြား ရာ၏။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေး ငြားအံ့၊ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏၊ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏၊ ခြောက်ညဉ့် ခြောက်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခြောက်ညဉ့် ခြောက်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏၊ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုး တစ်မျိုးသော ပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခုနစ်ညဉ့်ခုနစ်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားရာ၏၊ ထိုဓမ္မဓာတ်သာဝကပါရမီဉာဏ်ကို ထိုးထွင်း၍ သိပြီဟု (မိန့်တော်rl\)။

ဒုတိယသုတ်

------

၃-ဉာဏဝတ္ထုသုတ်

၃၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သင်တို့အား လေးဆယ့်လေးပါးကုန် သော ဉာဏ်ဟူသော တည်ရာ 'ဉာဏဝတ္ထု'တို့ကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ -

ရဟန်းတို့ လေးဆယ့်လေးပါးကုန်သော ဉာဏ်ဟူသော တည်ရာ 'ဉာဏဝတ္ထု'တို့သည် အဘယ်တို့ နည်း၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၌ သိသောဉာဏ်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ အိုခြင်း 'ဇရာ'သေခြင်း 'မရဏ'၏ ချုပ်ရာ၌ သိသောဉာဏ်၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ ပဋိသန္ဓေနေမှု 'ဇာတိ'၌ သိသောဉာဏ်၊ ပဋိသန္ဓေ နေမှု 'ဇာတိ' ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ပဋိသန္ဓေနေမှု 'ဇာတိ'၏ ချုပ်ရာ၌ သိသောဉာဏ်၊ ပဋိသန္ဓေ နေမှု 'ဇာတိ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ ဘဝ၌့သိသောဉာဏ်၊ ဘဝ၏ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ဘဝ၏ ချုပ်ရာ၌ သိသောဉာဏ်၊ ဘဝ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်၌ သိသောဉာဏ်။ ပြင်းစွာ စွဲလန်းမှု 'ဥပါဒါန်'၌ သိသောဉာဏ်၊ ပြင်းစွာ စွဲလန်းမှု 'ဥပါဒါန်' ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ပြင်းစွာ စွဲလန်းမှု 'ဥပါဒါန်'၏ ချုပ်ရာ၌ သိသောဉာဏ်၊ ပြင်းစွာ စွဲလန်းမှု 'ဥပါဒါန်'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၌ သိသောဉာဏ်။ တပ်မက်မှု 'တဏှာ'၌ သိသော ဉာဏ်၊ တပ်မက်မှု 'တဏှာ' ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ တပ်မက်မှု 'တဏှာ'၏ ချုပ်ရာ၌ သိသော ဉာဏ်၊ တပ်မက်မှု 'တဏှာ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ ခံစားမှု 'ဝေဒနာ'၌ သိသောဉာဏ်၊ ခံစားမှု 'ဝေဒနာ' ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ခံစားမှု 'ဝေဒနာ'၏ ချုပ်ရာ၌ သိသောဉာဏ်၊ ခံစားမှု 'ဝေဒနာ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ တွေ့ထိမှု 'ဖဿ'၌ သိသောဉာဏ်။ပ။ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ၌ သိသောဉာဏ်။ နာမ်ရုပ်၌ သိသောဉာဏ်။ သိမှု 'ဝိညာဏ်'၌ သိသောဉာဏ်။ ပြုစီရင်မှု 'သင်္ခါရ'တို့၌ သိသောဉာဏ်၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ရာ၌ သိသောဉာဏ်၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို လေးဆယ့် လေးပါးကုန်သော ဉာဏ်ဟူသော တည်ရာ 'ဉာဏဝတ္ထု'တို့ဟူ၍ ဆိုအပ်ကုန်၏။

ရဟန်းတို့ အိုခြင်း 'ဇရာ' , သေခြင်း 'မရဏ'ဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့အား ထိုထို ဘုံဘဝ၌ အိုခြင်း အိုသည်၏ အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ဆုတ်ယုတ်ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုခြင်း 'ဇရာ'ဟူ၍ ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏ အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း သေခြင်း ဘဝအဆုံးကို ပြုခြင်း ခန္ဓာတို့၏ ပျက်ခြင်း ကိုယ်ကောင်ကို ပစ်ချခြင်းဟူသော သဘောကို မရဏ ဟူ၍ ဆိုအပ်၏။ ဤသည်ကား အိုခြင်း 'ဇရာ'တည်း၊ ဤသည်ကား သေခြင်း 'မရဏ'တည်း။ ရဟန်းတို့ ဤသဘောတရားကို အိုခြင်း 'ဇရာ' , သေခြင်း 'မရဏ'ဟု ဆိုအပ်၏။

ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်ခြင်းကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' ဖြစ်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ခြင်းကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အိုမှု 'ဇရာ' သေမှု 'မရဏ' ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ဖြစ်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ မှန်ကန် သော အမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ အရိယာတပည့်သည် ဤသို့ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို သိ၏၊ ဤသို့ အိုခြင်း သေခြင်း၏ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ အိုခြင်းသေခြင်း၏ ချုပ်ရာကို သိ၏၊ ဤသို့ အိုခြင်းသေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဤသည်ကား ထိုအရိယာတပည့်၏ တရား၌ သိ သော ဉာဏ်တည်း၊ ထိုအရိယာတပည့်သည် မြင်အပ် သိအပ် အခါမလင့် အကျိုးကို ပေးတတ် ရောက်အပ် ဉာဏ်ဖြင့် သက်ဝင်၍ ယူအပ်သော ဤသစ္စာလေးပါးတရားတို့ဖြင့် အတိတ်အနာဂတ်၌ နည်းကို ဆောင်၏။

လွန်လေပြီးသော 'အတိတ်'ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို သိကုန်၏၊ အိုခြင်းသေခြင်း၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ အိုခြင်းသေခြင်း၏ ချုပ်ရာကို သိကုန်၏၊ အိုခြင်း သေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ယခုအခါ၌ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကုန်၏။

နောင် 'အနာဂတ်'ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို သိကုန် လတ္တံ့၊ အိုခြင်းသေခြင်း၏ ဖြစ်ပေါ်ကြောင်းကို သိကုန်လတ္တံ့၊ အိုခြင်းသေခြင်း၏ ချုပ်ရာကို သိကုန်လတ္တံ့၊ အိုခြင်းသေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏ့အားလုံးတို့သည် ယခုအခါ၌ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကြကုန်လတ္တံ့ဟု အတိတ်အနာဂတ်တို့၌ နည်းကို ဆောင်၏၊ ဤသည်ကား ထိုအရိယာတပည့်၏ (မဂ်ဉာဏ်သို့) အစဉ်လိုက်ခြင်း၌ ဖြစ်သော ဉာဏ် တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား (သစ္စာလေးပါး) တရား၌ သိသောဉာဏ်လည်းကောင်း၊ မဂ်ဉာဏ်သို့ အစဉ်လိုက်ခြင်း၌ သိသော (ပစ္စဝေက္ခဏာ) ဉာဏ်လည်းကောင်း ဤနှစ်ပါးသော ဉာဏ်တို့ သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏။ ရဟန်းတို့ ထိုအခါ ဤအရိယာတပည့်ကို ''မှန်ကန်သောအယူနှင့် ပြည့်စုံသူ''ဟူ၍လည်းကောင်း၊ ''မှန်ကန်သောဉာဏ်အမြင်နှင့် ပြည့်စုံသူ''ဟူ၍လည်းကောင်း၊ ''ဤသူတော် ကောင်းတရားသို့ ရောက်လာသူ''ဟူ၍လည်းကောင်း၊ ''ဤသူတော်ကောင်းတရားကို မြင်သူ''ဟူ၍လည်းကောင်း၊ ''ကျင့်ဆဲ 'သေက္ခ'ဉာဏ်နှင့် ပြည့်စုံသူ''ဟူ၍လည်းကောင်း၊ ''ကျင့်ဆဲ 'သေက္ခ'ဝိဇ္ဇာနှင့် ပြည့်စုံသူ'' ဟူ၍လည်းကောင်း၊ ''တရားအယဉ်သို့ ကောင်းစွာ ရောက်သူ''ဟူ၍လည်းကောင်း၊ ''(ကိလေသာကို) ဖောက် ခွဲသော အရိယာပညာရှိ''ဟူ၍လည်းကောင်း၊ ''အမြိုက်နိဗ္ဗာန် တံခါးဝသို့ ရောက်၍ တည်သူ''ဟူ၍လည်းကောင်း ဆိုအပ်၏။

ရဟန်းတို့ ပဋိသန္ဓေနေမှု 'ဇာတိ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ တပ်မက်မှု 'တဏှာ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ ခံစားမှု 'ဝေဒနာ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှု 'ဖဿ'ဟူသည် အဘယ်နည်း။ ရဟန်းတို့ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ ရဟန်းတို့ 'နာမ်ရုပ်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှု 'ဝိညာဏ်'ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြုပြင်စီရင် မှု 'သင်္ခါရ'တို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ပြုပြင်စီရင်မှု 'သင်္ခါရ'တို့သည် ကိုယ်ဖြင့် ပြုပြင်စီရင်မှု 'ကာယသင်္ခါရ'၊ နှုတ်ဖြင့် ပြုပြင်စီရင်မှု 'ဝစီသင်္ခါရ'၊ စိတ်ဖြင့် ပြုပြင်စီရင်မှု 'စိတ္တသင်္ခါရ'တို့တည်း။ ရဟန်းတို့ ဤတရားတို့ကို သင်္ခါရတို့ဟူ၍ ဆိုအပ်ကုန်၏။

မသိမှု 'အဝိဇ္ဇာ' ဖြစ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ပေါ်၏၊ မသိမှု 'အဝိဇ္ဇာ' ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်တရားသည်ပင် ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ပြုစီရင်မှု 'သင်္ခါရ'တို့ကို သိ၏၊ ဤသို့ ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာကို သိ၏၊ ဤသို့ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ဤသည်ကား ထိုအရိယာ တပည့်၏ သစ္စာလေးပါးတရား၌ သိသောဉာဏ်တည်း။ ထိုအရိယာတပည့်သည် မြင်အပ် သိအပ် အခါမလင့် အကျိုးကို ပေးတတ် ရောက်အပ် ဉာဏ်ဖြင့် သက်ဝင်၍ ယူအပ်သော ဤသစ္စာလေးပါးတရားဖြင့် အတိတ် အနာဂတ်၌ နည်းကို ဆောင်၏။

လွန်ပြီးသော 'အတိတ်'ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် ပြုစီရင်မှု 'သင်္ခါရ'တို့ကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာကို သိကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့ သည် ယခုအခါ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကုန်၏။

နောင် 'အနာဂတ်'ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် ပြုစီရင်မှု 'သင်္ခါရ'တို့ကို သိကုန်လတ္တံ့၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်လတ္တံ့၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာကို သိကုန်လတ္တံ့၊ ပြုစီရင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့သည် ယခုအခါ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကြကုန်လတ္တံ့ဟု နည်းကို ဆောင်၏၊ ဤ သည်ကား ထိုအရိယာတပည့်၏ (မဂ်ဉာဏ်သို့) အစဉ်လိုက်ခြင်း၌ ဖြစ်သော ဉာဏ်တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား (သစ္စာလေးပါး) တရား၌ သိသော ဉာဏ်လည်းကောင်း၊ မဂ်ဉာဏ်သို့ အစဉ်လိုက်ခြင်း၌ သိသော (ပစ္စဝေက္ခဏာ) ဉာဏ်လည်းကောင်း ဤနှစ်ပါးသော ဉာဏ်တို့ သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏။ ရဟန်းတို့ ထိုအခါ ဤအရိယာတပည့်ကို ''မှန်ကန်သောအယူနှင့် ပြည့်စုံသူ''ဟူ၍လည်းကောင်း၊ ''မှန်ကန်သောဉာဏ်အမြင်နှင့် ပြည့်စုံသူ'' ဟူ၍လည်းကောင်း၊ ''ဤသူတော် ကောင်းတရားသို့ ရောက်လာသူ''ဟူ၍လည်းကောင်း၊ ''ဤသူတော်ကောင်းတရားကို မြင်သူ''ဟူ၍လည်းကောင်း၊ ''ကျင့်ဆဲ 'သေက္ခ'ဉာဏ်နှင့် ပြည့်စုံသူ''ဟူ၍လည်းကောင်း၊ ''ကျင့်ဆဲ 'သေက္ခ'ဝိဇ္ဇာနှင့် ပြည့်စုံသူ''ဟူ၍လည်းကောင်း၊ ''တရားအယဉ်သို့ ကောင်းစွာ ရောက်သူ''ဟူ၍လည်းကောင်း၊ ''(ကိလေသာကို) ဖောက်ခွဲ နိုင်သော အရိယာပညာရှိ''ဟူ၍လည်းကောင်း၊ ''အမြိုက်နိဗ္ဗာန် တံခါးဝသို့ ရောက်၍ တည်သူ''ဟူ၍လည်းကောင်း ဆိုအပ်၏ဟု (ဟောတော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယဉာဏဝတ္ထုသုတ်

၃၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သင်တို့အား ခုနစ်ဆယ့်ခုနစ်ပါးကုန် သော ဉာဏ်ဟူသော တည်ရာ 'ဉာဏဝတ္တု'တို့ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ -

ရဟန်းတို့ ခုနစ်ဆယ့်ခုနစ်ပါးသော ဉာဏ်ဟူသော တည်ရာ 'ဉာဏဝတ္ထု'တို့သည် အဘယ်တို့နည်း၊ ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' ဖြစ်၏ဟူ၍ သိသောဉာဏ်၊ ပဋိသန္ဓေ နေမှု 'ဇာတိ' မရှိခဲ့သော် အိုမှု 'ဇရာ' သေမှု 'မရဏ' မရှိဟု သိသောဉာဏ်။ လွန်ပြီး 'အတိတ်'ကာလ၌လည်း ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုမှု 'ဇရာ'သေမှု 'မရဏ' ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု 'ဇာတိ' မရှိသော် အိုမှု 'ဇရာ'သေမှု 'မရဏ' မရှိဟု သိသောဉာဏ်။ နောင် 'အနာဂတ်'ကာလ၌လည်း ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုမှု 'ဇရာ'သေမှု 'မရဏ' ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု 'ဇာတိ' မရှိသော် အိုမှု 'ဇရာ' သေမှု 'မရဏ' မရှိဟု သိသောဉာဏ်။ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာသည့် ဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်း သဘောရှိ၏ဟု သိသောဉာဏ်။

ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏ဟု သိသောဉာဏ်။ပ။ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏ဟု သိသောဉာဏ်။ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏ဟု သိသောဉာဏ်။ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏ဟု သိသောဉာဏ်။ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏ဟု သိသောဉာဏ်။ သဠာယတန အကြောင်းခံ ကြောင့် ဖဿ ဖြစ်၏ဟု သိသောဉာဏ်။ နာမ်ရုပ် အကြောင်း ခံကြောင့် သဠာယတန ဖြစ်၏ဟု သိသောဉာဏ်။ ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏ဟု သိသောဉာဏ်။ သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏ဟု သိသောဉာဏ်။ အဝိဇ္ဇာ အကြောင်းခံ ကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိသောဉာဏ်။ အဝိဇ္ဇာ မရှိခဲ့သော် သင်္ခါရတို့ မရှိကုန်ဟု သိသောဉာဏ်။ လွန်ပြီး 'အတိတ်'ကာလ၌လည်း အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိသောဉာဏ်၊ အဝိဇ္ဇာ မရှိခဲ့သော် သင်္ခါရတို့ မရှိကုန်ဟု သိသောဉာဏ်။ နောင် 'အနာဂတ်' ကာလ၌လည်း အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိသောဉာဏ်၊ အဝိဇ္ဇာ မရှိသော် သင်္ခါရတို့ မရှိကုန်ဟု သိသောဉာဏ်။ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာသည့်ဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်း သဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ဟု သိသောဉာဏ်တို့တည်း။ ရဟန်းတို့ ဤဉာဏ်တို့ကို ခုနစ်ဆယ့်ခုနစ်ပါးသော ဉာဏ်ဟူသော တည်ရာ 'ဉာဏဝတ္ထု'တို့ ဟူ၍ ဆိုအပ်ကုန်၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။

------

၅-အဝိဇ္ဇာပစ္စယသုတ်

၃၅။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏ဟု ဟောတော်မူ၏။

ဤသို့ ဟောတော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ဟူသည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာမရဏပါနည်း''ဟု ဤစကားကို လျှောက်၏။ ''အမေးပြဿနာသည် မသင့်လျော်''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် ''ဇရာမရဏဟူသည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာ မရဏပါနည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့။ ရဟန်း အကြင်သူသည် ''ဇရာမရဏသည် တစ်မျိုးတခြား တည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူ နှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် ''ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏''ဟု မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

''အသျှင်ဘုရား ဇာတိဟူသည် အဘယ်ပါနည်း၊ ဤဇာတိသည် အဘယ်သူ၏ ဇာတိပါနည်း''ဟု လျှောက်၏။ ''အမေးပြဿနာသည်ကား မသင့်လျော်''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် ''ဇာတိဟူသည် အဘယ်ပါနည်း၊ ဤဇာတိသည် အဘယ်သူ၏ ဇာတိပါနည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့၊ ရဟန်း အကြင်သူသည် ''ဇာတိသည် တစ်မျိုးတခြားတည်း၊ ဤဇာတိသည် တစ်ပါးသူ၏ ဇာတိတည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် ''ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏''ဟု မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

''အသျှင်ဘုရား ဘဝဟူသည် အဘယ်ပါနည်း၊ ဤဘဝသည် အဘယ်သူ၏ ဘဝပါနည်း''ဟု လျောက်၏။ ''အမေးပြဿနာသည်ကား မသင့်လျော်''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် ''ဘဝဟူသည် အဘယ်ပါနည်း၊ ဤဘဝသည် အဘယ်သူ၏ ဘဝပါနည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့၊ ရဟန်း အကြင်သူသည် ''ဘဝသည် တစ်မျိုးတခြားတည်း၊ ဤဘဝသည် တစ်ပါးသူ၏ ဘဝတည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ့်ရောက်မူ၍ အလယ်အလတ်ဖြင့် ''ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏''ဟူ၍ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။ ''တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏''ဟူ၍။ ''ဝေဒနာ အကြောင်းခံ ကြောင့် တဏှာ ဖြစ်၏''ဟူ၍။ ''ဖဿအ ကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏''ဟူ၍။ ''သဠာယတန အ ကြောင်းခံကြောင့် ဖဿ ဖြစ်၏''ဟူ၍။ ''နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏''ဟူ၍။ ''ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏''ဟူ၍။ ''သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏''ဟူ၍ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

''အသျှင်ဘုရား သင်္ခါရတို့သည် အဘယ်တို့ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့ပါ နည်း''ဟု လျောက်၏။ ''အမေးပြဿနာသည်ကား မသင့်လျော်''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် ''သင်္ခါရတို့ဟူသည် အဘယ်ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့ပါ နည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့၊ ရဟန်း အကြင်သူသည် ''သင်္ခါရတို့သည် တစ်မျိုးတခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း''ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း ''ထိုအသက်သည် ထိုကိုယ် ပင်တည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် ''အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏''ဟု မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

ရဟန်း မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် - ''ဇရာမရဏသည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာမရဏပါနည်း'' ဟူ၍လည်းကောင်း၊ ''ဇရာမရဏ သည် တစ်မျိုးတခြားတည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း''ဟူ၍လည်းကောင်း၊ ''ထို အသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်းကောင်း၊ ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာ အယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏။

ရဟန်း အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် - ''ဇာတိသည် အဘယ်ပါ နည်း၊ ဤဇာတိသည် အဘယ်သူ၏ ဇာတိပါနည်း''ဟူ၍လည်းကောင်း၊ ''ဇာတိသည် တစ်မျိုးတခြားတည်း၊ ဤဇာတိသည် တစ်ပါးသူ၏ ဇာတိတည်း''ဟူ၍လည်းကောင်း၊ ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်းကောင်း၊ ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင် ကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ် ကုန်၏၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏။

ရဟန်း အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်-ဘဝသည် အဘယ်နည်း။ပ။ ဥပါဒါန်သည် အဘယ်နည်း။ တဏှာသည် အဘယ်နည်း။ ဝေဒနာသည် အဘယ်နည်း။ ဖဿသည် အဘယ်နည်း။ သဠာယတနသည် အဘယ်နည်း။ နာမ်ရုပ်သည် အဘယ်နည်း။ ဝိညာဏ်သည် အဘယ် နည်း။ပ။

ရဟန်း အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် - ''သင်္ခါရတို့သည် အဘယ် ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့ပါနည်း''ဟူ၍လည်းကောင်း၊ ''သင်္ခါရတို့သည် တစ်မျိုး တခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း''ဟူ၍လည်းကောင်း၊ ''ထိုအသက်သည် ထို ကိုယ်ပင်တည်း''ဟူ၍လည်းကောင်း၊ ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်းကောင်း့ငြောင့် တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏ (ဟောတော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒုတိယ အဝိဇ္ဇာပစ္စယသုတ်

၃၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ' အကြာင်းခံကြောင့် ပြု စီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်သူသည် ''အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် အဘယ်ပါနည်း၊ ဤဇရာမရဏ သည် အဘယ်သူ၏ ဇရာမရဏနည်း''ဟူ၍မူလည်း ဆိုငြားအံ့၊ ရဟန်းတို့ အကြင်သူသည် ''ဇရာမရဏ သည် တစ်မျိုးတခြားတည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း''ဟူ၍မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်းတို့ ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်းတို့ ''အသက်သည် တခြား ကိုယ်သည် တခြားတည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်းတို့ ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် ''ပဋိသန္ဓေနေမှု 'ဇာတိ' အကြောင်းခံကြောင့် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' ဖြစ်၏''ဟု မြတ်စွာဘုရား သည် တရားကို ဟောတော်မူ၏။

ပဋိသန္ဓေနေမှု 'ဇာတိ'သည် အဘယ်နည်း။ပ။ ဘဝသည် အဘယ်နည်း။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်' သည် အဘယ်နည်း။ တပ်မက်မှု 'တဏှာ'သည် အဘယ်နည်း။ ခံစားမှု 'ဝေဒနာ'သည် အဘယ်နည်း။ တွေ့ ထိမှု 'ဖဿ'သည် အဘယ်နည်း။ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) သည် အဘယ်နည်း။ 'နာမ် ရုပ်'သည် အဘယ်နည်း။ သိမှု 'ဝိညာဏ်'သည် အဘယ်နည်း။ ရဟန်းတို့ အကြင်သူသည် ''ပြုစီရင်မှု 'သင်္ခါရ'တို့သည် အဘယ်ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့နည်း''ဟူ၍မူလည်း ဆိုငြားအံ့၊ ရဟန်းတို့ အကြင်သူသည် ''သင်္ခါရတို့သည် တစ်မျိုးတခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း''ဟူ၍မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါ သည်သာလျှင် ထူးခြား၏။ ရဟန်းတို့ ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်းတို့ ''အသက်သည် တခြား ကိုယ်သည် တခြားတည်း'' ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်းတို့ ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် ''မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ''ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏''ဟူ၍ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ''အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'သည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာမရဏပါနည်း''ဟူ၍လည်းကောင်း၊ ''ဇရာမရဏသည် တစ်မျိုးတခြားတည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း'' ဟူ၍လည်းကောင်း၊ ''ထိုအသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်းကောင်း၊ ''အသက်သည် တခြား ကိုယ် သည် တခြား''ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက် ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်အရင်းကို့အကြွင်းမဲ့ ဖြတ် အပ်ကုန်၏၊ ထန်းပင်ငုတ်သကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏။

ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ''ဇာတိသည် အဘယ်နည်း။ပ။ ဘဝသည် အဘယ်နည်း။ ဝေဒနာသည် အဘယ်နည်း။ ဖဿသည် အဘယ်နည်း။ သဠာယတနသည် အဘယ်နည်း။ နာမ်ရုပ်သည် အဘယ်နည်း။ ဝိညာဏ်သည် အဘယ်နည်း။ သင်္ခါရတို့ သည် အဘယ်တို့နည်း၊ သင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့နည်း'' ဟူ၍လည်းကောင်း၊ ''သင်္ခါရတို့ သည် တစ်မျိုးတခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း''ဟူ၍လည်းကောင်း၊ ''ထို အသက်သည် ထိုကိုယ်ပင်တည်း''ဟူ၍လည်းကောင်း၊ ''အသက်သည် တခြား ကိုယ်သည် တခြား''ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက် ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏ဟူ၍ (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-န တုမှသုတ်

၃၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဤကိုယ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သူတစ်ပါးတို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန်းတို့ ဤကိုယ်သည် ကံဟောင်းကြောင့် ဖြစ်၏၊ (အကြောင်းတရားတို့) ပြုစီရင်အပ်သော တရားတည်း၊ စေတနာကံလျှင် အရင်းခံရှိ၏၊ ခံစားမှု 'ဝေဒနာ'၏ တည်ရာဖြစ်၏ဟူ၍ မှတ်အပ်၏။

ရဟန်းတို့ ထိုအရာ၌ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုသာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏ - ''ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုး တရား ဖြစ်၏၊ ဤအကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ အကြင်မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံ ကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ မသိမှု 'အဝိဇ္ဇာ'၏သာ လျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤ သို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏''ဟု (ဟော တော်မူ၏)။

သတ္တမသုတ်။

------

၈-စေတနာသုတ်

၃၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်စေ့ဆော်မှုကို စေ့ဆော်၏၊ အကြင်ကြံစည်မှုကို ကြံစည်၏၊ အကြင်ကိန်းအောင်းတတ်သော တရားသည်လည်း ကိန်းအောင်း၏၊ ဤစေ့ ဆော်မှု စသည်သည် ဝိညာဏ်တည်ရန် အကြောင်းဖြစ်၏၊ အကြောင်းရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ် ဖြစ်၏၊ နောက်တစ်ဖန် ဘဝသစ် ဖြစ်ခြင်းရှိခဲ့သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကယ်၍ မစေ့ဆော်စေကာမူ အကယ်၍ မကြံစည်စေကာမူ အကယ်၍ (အနုသယ) ကိန်း အောင်းခဲ့ငြားအံ့၊ ဤ (အနုသယ) ကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ် ဖြစ်၏၊ နောင်တစ်ဖန် ဘဝသစ် ဖြစ်ခြင်းရှိခဲ့သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်အခါ၌ စေ့လည်း မစေ့ဆော်၊ ကြံလည်း မကြံစည်၊ (အနုသယ)လည်း မကိန်း အောင်း၊ (ထိုအခါ) ဤသို့ အနုသယ မကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း မဖြစ်၊ အကြောင်း မရှိသော် ဝိညာဏ်တည်မှု မဖြစ်၊ ထိုကမ္မဝိညာဏ် မတည်သည်ရှိသော် မစည်ပင်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ် မဖြစ်၊ နောင်တစ်ဖန် ဘဝသစ်ဖြစ်ခြင်း မရှိခဲ့သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ဒုတိယ စေတနာသုတ်

၃၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်စေ့ဆော်မှုကို စေ့ဆော်၏၊ အကြင်ကြံစည်မှုကို ကြံစည်၏၊ အကြင်ကိန်းအောင်းတတ်သော တရားသည်လည်း ကိန်းအောင်း၏၊ ဤစေ့ ဆော်မှု စသည်သည် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နာမ်ရုပ်၏ သက်ဝင်ခြင်းသည် ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) ဖြစ်၏၊ တည်ရာ 'အာယတန'ခြောက်ပါး (သဠာယတန) အကြောင်းခံကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ' အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။ပ။ တပ်မက်မှု 'တဏှာ'။ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'။ ဘဝ။ ပဋိသန္ဓေနေမှု 'ဇာတိ'။ အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကယ်၍ မစေ့ဆော်စေကာမူ အကယ်၍ မကြံစည်စေကာမူ အကယ်၍ (အနုသယ) ကိန်း အောင်းငြားအံ့၊ ဤ (အနုသယ) ကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နာမ်ရုပ်၏ သက်ဝင်ခြင်း ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်အခါ၌ စေ့လည်း မစေ့ဆော်၊ ကြံလည်း မကြံစည်၊ (အနုသယ)လည်း မကိန်း အောင်း၊ (ထိုအခါ) ဤသို့ အနုသယ မကိန်းအောင်းခြင်းသည် ဝိညာဏ်တည်ရန် အကြောင်း မဖြစ်၊ အကြောင်း မရှိသော် ဝိညာဏ်တည်မှု မဖြစ်၊ ထိုကမ္မဝိညာဏ် မတည်သည်ရှိသော် မစည်ပင်သည်ရှိသော် နာမ်ရုပ်၏ သက်ဝင်ခြင်း မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

နဝမသုတ်။

------

၁၀-တတိယ စေတနာသုတ်

၄၀။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်စေ့ဆော်မှုကို စေ့ဆော်၏၊ အကြင်ကြံစည်မှုကို ကြံစည်၏၊ အကြင်ကိန်းအောင်းတတ်သော တရားသည်လည်း ကိန်းအောင်း၏၊ ဤစေ့ ဆော်မှု စသည်သည် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် ညွတ်ခြင်း 'တဏှာ' ဖြစ်၏၊ ညွတ်ခြင်း 'တဏှာ' ရှိသော် လားရာ 'ဂတိ' ဖြစ်၏၊ လားရာ 'ဂတိ'ရှိသော် စုတိ ပဋိသန္ဓေ ဖြစ်၏၊ စုတိ ပဋိသန္ဓေရှိသော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကယ်၍ မစေ့ဆော်စေကာမူ အကယ်၍ မကြံစည်စေကာမူ အကယ်၍ (အနုသယ) ကိန်း အောင်းငြားအံ့၊ ဤအနုသယ ကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် ညွတ်ခြင်း 'တဏှာ' ဖြစ်၏၊ ညွတ်ခြင်း 'တဏှာ'ရှိသော် လားရာ 'ဂတိ' ဖြစ်၏၊ လားရာ 'ဂတိ'ရှိသော် စုတိ ပဋိသန္ဓေ ဖြစ်၏၊ စုတိ ပဋိသန္ဓေရှိသော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်အခါ၌ စေ့လည်း မစေ့ဆော်၊ ကြံလည်း မကြံစည်၊ (အနုသယ)လည်း မကိန်း အောင်း၊ ထိုအခါ ဤသို့ အနုသယ မကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း မဖြစ်၊ အကြောင်း မရှိသော် ဝိညာဏ်တည်မှု မဖြစ်၊၊ ထိုကမ္မဝိညာဏ် မတည်သည်ရှိသော် မစည်ပင်သည်ရှိသော် ညွတ်ခြင်း 'တဏှာ' မဖြစ်၊ ညွတ်ခြင်း 'တဏှာ' မဖြစ်သော် လားရာ 'ဂတိ' မရှိ၊ လားရာ 'ဂတိ' မရှိသော် စုတိ ပဋိသန္ဓေ မဖြစ်၊ စုတိ ပဋိသန္ဓေ မဖြစ်သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ကဠာရခတ္တိယဝဂ်ပြီး၏။

------

၅-ဂဟပတိဝဂ် ၁-ပဉ္စဝေရဘယသုတ်

၄၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ငါးပါးကုန်သော ဘေး၊ ငါးပါးကုန်သော ရန်တို့သည် ငြိမ်းကုန်၏၊ လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊ ထိုအခါ ထိုအရိယာတပည့်သည် အပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏၊ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် ''ငါ့အား ငရဲ၌ ကျရောက်မှု ကုန်ပြီ၊ တိရစ္ဆာန်မျိုး၌ ဖြစ်မှု ကုန်ပြီ၊ ပြိတ္တာဘုံ၌ ဖြစ်မှု ကုန်ပြီ၊ မကောင်းသော လားရာ အပါယ်ဘုံသို့ ကျရောက်မှု ကုန်ပြီ၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်းသဘော မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏''ဟု မိမိသည်ပင်လျှင် မိမိ ကိုယ်ကို ပြောကြားနိုင်ရာ၏။

အဘယ် ငါးပါးကုန်သော ဘေး၊ ငါးပါးကုန်သော ရန်တို့သည် ငြိမ်းကုန်သနည်း။ သူကြွယ် သူ့ အသက်ကို သတ်လေ့ရှိသူသည် သူ့အသက်ကို သတ်ခြင်းအကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေး ရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံး့မသာခြင်းကိုလည်း ခံစားရ၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန် သည် ငြိမ်းအေး၏။ (၁)

သူကြွယ် မပေးသည်ကို ခိုးယူလေ့ရှိသူသည် ခိုးယူခြင်း အကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၂)

သူကြွယ် ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသော သူသည် ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းအကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေး ရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ ကာမတို့၌ မှား သောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၃)

သူကြွယ် မဟုတ်မမှန်သော စကားကို ပြောလေ့ရှိသူသည် မမှန်စကားကို ပြောခြင်းအကြောင်း ကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၄)

သူကြွယ် မူးယစ်မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ရှိသူသည် မူးယစ်မေ့လျော့ ကြောင်း ဖြစ်သော သေအရက်ကို သောက်ခြင်းအကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မူးယစ်မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၅)

အဘယ်လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံသနည်း၊ သူကြွယ် ဤသာသနာတော်၌ အရိယာတပည့်သည် ''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ'မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' , အကျင့် 'စရဏ'တို့နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န'မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်း ကြောင့်လည်း 'သုဂတ'မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်း ကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏၊ သစ္စာလေးပါး တရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏''ဟု မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။ (၁)

''မြတ်စွာဘုရား ဟောထားသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေ တည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော် ပါပေတည်း၊ 'လာလှည့် ရှုလှည့်'ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင် သော တရားတော်ပါပေတည်း''ဟု တရားတော်၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။ (၂)

''မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။ အစုံအားဖြင့် လေးစုံ၊ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါး အရေ အတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကိုလည်း ပေးလှူပူဇော် ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ် ချီခြင်းငှါ ထိုက်တော်မူပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏''ဟု သံဃာတော်၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။ (၃)

မကျိုး မပေါက် မပြောက် မကျားကုန်သော တဏှာကျွန်အဖြစ်မှ လွတ်မြောက်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော တည်ကြည်မှုသမာဓိကို ဖြစ်စေတတ်ကုန် သော အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ ဤလေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏။ (၄)

ထိုပုဂ္ဂိုလ်သည် အပြစ်ကင်းသော သိအပ်သော အဘယ်မည်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်သနည်း၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်သနည်း။ သူကြွယ် ဤသာသနာတော်၌ အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုသာလျှင် ကောင်းစွာ သင့်သောအားဖြင့် နှလုံးသွင်း၏၊ ''ဤသို့ ဤအကြောင်းတရား ရှိသော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ချုပ်ခြင်း ကြောင့် ဤအကျိုးတရား ချုပ်၏၊ ယင်းအကြောင်းကြောင့် အကျိုးဖြစ်ပုံကား- မသိမှု 'အဝိဇ္ဇာ' အကြောင်း ခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ အကြောင်းခံကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။ ဤသည်ကား အရိယာတပည့်သည် ပညာဖြင့် ကောင်းစွာ မြင်အပ် ကောင်းစွာ ထိုးထွင်း၍ သိအပ်သော အပြစ်ကင်းသော တရားတည်း။

သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ဤငါးပါးကုန်သောဘေး၊ ဤငါးပါးကုန်သော ရန်တို့ သည် ငြိမ်းကုန်၏၊ လေးပါးကုန်သော ဤသောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏။ ထိုအခါ ထိုအရိယာ တပည့်သည် အလိုရှိခဲ့မူ ''ငါ့အား ငရဲကျရောက်မှု ကုန်ပြီ၊ တိရစ္ဆာန်မျိုး၌ ဖြစ်မှု ကုန်ပြီ၊ ပြိတ္တာဘုံ၌ ဖြစ်မှု ကုန်ပြီ၊ မကောင်းသောလားရာ အပါယ်ဘုံသို့ ကျရောက်မှု ကုန်ပြီ၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်း မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျင် လဲလျောင်းရာရှိ၏''ဟု မိမိသည်ပင်လျှင် မိမိ ကိုယ်ကို ပြောကြားနိုင်၏ဟု (ဟောတော်မူ၏)။

ပဌမသုတ်

------

၂-ဒုတိယ ပဉ္စဝေရဘယသုတ်

၄၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဤငါးပါးကုန်သောဘေး၊ ဤငါးပါးကုန်သောရန်တို့သည် ငြိမ်းကုန်၏၊ လေးပါးကုန်သော ဤသောတာပတ္တိ အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် အပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့်ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏၊ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် ''ငါ့အား ငရဲသို့ ကျရောက်မှု ကုန်ပြီ။ပ။ ပျက်စီး၍ ကျရောက်ခြင်း မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏''ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောကြားနိုင်ရာ၏။

အဘယ်ငါးပါးကုန်သော ဘေးရန်တို့ ငြိမ်းကုန်သနည်း၊ ရဟန်းတို့ သူ့အသက်ကို သတ်လေ့ရှိသူ သည်။ပ။ ရဟန်းတို့ မပေးသည်ကို ခိုးယူလေ့ရှိသူသည်။ ရဟန်းတို့ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသူသည်။ ရဟန်းတို့ မမှန်သော စကားကို ပြောလေ့ရှိသူသည်။ ရဟန်းတို့ မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ ရှိသူသည်။ပ။ ဤငါးပါးကုန်သော ဘေးရန်တို့သည် ငြိမ်းကုန်၏။

အဘယ်လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၌။ပ။ တရားတော်၌။ပ။ သံဃာတော်၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ဤလေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊

အပြစ်ကင်းသော သိအပ်သော အဘယ်မည်သော တရားကို ပညာဖြင့် ကောင်းစွာ မြင်အပ်သနည်း၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ် ကိုသာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏။ပ။ ဤသည်ကား ထိုအရိယာတပည့်သည် ပညာဖြင့် ကောင်းစွာ မြင်အပ် ကောင်းစွာ ထိုးထွင်း၍ သိအပ်သော အပြစ်ကင်းသော တရားတည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဤငါးပါးကုန်သော ဘေးရန်တို့သည် ငြိမ်းကုန်၏။ လေးပါးကုန်သော ဤသောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဤအပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏၊ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် ''ငါ့အား ငရဲဘုံ၌ ကျရောက်မှု ကုန်ပြီ၊ တိရစ္ဆာန်မျိုး၌ ဖြစ်မှု ကုန်ပြီ၊ ပြိတ္တာဘုံ၌ ဖြစ်မှု ကုန်ပြီ၊ မကောင်းသော လားရာ အပါယ်ဘုံသို့ ကျရောက်မှု ကုန်ပြီ၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး ၍ ကျရောက်ခြင်း မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏''ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောကြားနိုင်ရာ၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။

------

၃-ဒုက္ခသုတ်

၄၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဆင်းရဲ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ -

ရဟန်းတို့ ဆင်းရဲဖြစ်ပေါ်ခြင်းဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌မှီသော သိမှု 'စက္ခုဝိညာဏ်' ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တပ် မက်မှု 'တဏှာ' ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်ပေါ်ခြင်းတည်း။

နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ နား၌မှီသော သိမှု 'သောတဝိညာဏ်' ဖြစ်၏။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍။ပ။ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း စွဲ၍။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရား 'ဓမ္မာရုံ'တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော 'မနောဝိညာဏ်' ဖြစ်၏၊ သုံးပါး့တို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်ပေါ်ခြင်းတည်း။

ရဟန်းတို့ ဆင်းရဲချုပ်ခြင်းဟူသည် အဘယ်နည်း၊ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌ မှီသော သိမှု 'စက္ခုဝိညာဏ်' ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထို တဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ခြင်းတည်း။

နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ နား၌ မှီသော သိမှု 'သောတဝိညာဏ်' ဖြစ်၏။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍။ပ။ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း စွဲ၍။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရား 'ဓမ္မာရုံ'တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော 'မနောဝိညာဏ်' ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထိုတဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ခြင်းတည်းဟု (ဟောတော်မူ၏)။

တတိယသုတ်။

------

၄-လောကသုတ်

၄၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ လောကဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း ဟောအံ့။ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ -

ရဟန်းတို့ လောကဖြစ်ခြင်းဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌ မှီသော သိမှု 'စက္ခုဝိညာဏ်' ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တပ် မက်မှု 'တဏှာ' ဖြစ်၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊ ဇာတိ အကြောင်းခံကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤသည်ကား လောကဖြစ်ခြင်းတည်း။

နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍။ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း စွဲ၍။ စိတ်ကိုလည်းကောင်း၊ သဘောတရား 'ဓမ္မာရုံ'တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော 'မနောဝိညာဏ်' ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏။ပ။ ဇာတိ အကြောင်းခံကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း့ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤသည်ကား လောက ဖြစ်ခြင်းတည်း။

ရဟန်းတို့ လောကချုပ်ခြင်းဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌ မှီသော သိမှု 'စက္ခုဝိညာဏ်' ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထို တဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏၊ ရဟန်းတို့ ဤသည်ကား လောက ချုပ်ခြင်းတည်း။

နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်း(