သံယုတ္တနိကာယ်

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ခန္ဓသံယုတ်

၁-နကုလပိတုဝဂ် ၁-နကုလပိတုသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နကုလပိတာသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ကြီးပါပြီ၊ အသက်ကြီးပါပြီ၊ အရွယ်သုံးပါးသို့ ရောက်ပါပြီ၊ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ နာကျင်သောကိုယ်ရှိပါ၏၊ မပြတ်နာကျင်၍ နေပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကိုလည်းကောင်း အမြဲတစေ မဖူးမြင်နိုင်တော့ပါ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

သူကြွယ် ဤစကားသည် မှန်၏၊ သူကြွယ် ဤစကားသည်ဟုတ်၏၊ သူကြွယ် ဤကိုယ်သည်နာကျင်သည်သာတည်း၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏၊ သူကြွယ် တစ်ဦးတစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင်နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းခြင်းကို ဝန်ခံပါလျှင် ထိုသူ့အား မိုက်သည့်အဖြစ်မှတစ်ပါး အခြားမရှိတော့ချေ၊ သူကြွယ် ထို့ကြောင့် ဤအရာဝယ် ''ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏စိတ်သည် နာကျင်မှုကင်းသည်ဖြစ်လတ္တံ့''ဟု ဤသို့ သင် ကျင့်အပ်၏ဟု မိန့်တော်မူ၏။

ထို့နောက် နကုလပိတာသူကြွယ်သည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လျက်နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေ ပြုပြီးလျှင် အသျှင်သာရိပုတြာထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော နကုလပိတာသူကြွယ်အား အသျှင်သာရိပုတြာသည် ဤစကားကို ဆို၏- ''သူကြွယ် သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည်လည်း စင်ကြယ်၏၊ ဖြူစင်တောက်ပ၏၊ ယနေ့ မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို နာခဲ့ရပါသလော ''ဟု ဆို၏။

အသျှင်ဘုရား အဘယ်မှာ မနာရဘဲ ရှိပါမည်နည်း၊ အသျှင်ဘုရား ယခုပင် အကျွန်ုပ်ကို မြတ်စွာဘုရားသည် တရားစကားတည်းဟူသော အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။

သူကြွယ် သင့်ကို မြတ်စွာဘုရားသည် တရားစကားတည်းဟူသော အမြိုက်ရေဖြင့် အဘယ်သို့သွန်းလောင်းလိုက်ပါ သနည်းဟု မိန့်၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ပါ၏-''အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ကြီးပါပြီ၊ အသက်ကြီးပါပြီ၊ အရွယ်သုံးပါးသို့ ရောက်ပါပြီ၊ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ နာကျင်သောကိုယ်ရှိပါ၏၊ မပြတ် နာကျင်၍ နေပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကိုလည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံး အမတော်သည် အကျွန်ုပ်အားကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏ ''ဟု လျှောက်ပါ၏၊ ဤသို့လျှောက်လတ်သော် မြတ်စွာဘုရားသည် အကျွန်ုပ်အား ဤစကားကို မိန့်တော်မူ ပါ၏-

သူကြွယ် ဤစကားသည် မှန်၏၊ သူကြွယ် ဤစကားသည်ဟုတ်၏၊ သူကြွယ် ဤကိုယ်သည်နာကျင်သည်သာတည်း၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏၊ သူကြွယ် တစ်ဦးတစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင်နေရပါလျက် တစ်ခဏမျှသော်လည်းအနာကင်းခြင်းကို ဝန်ခံပါလျှင် ထိုသူ့အား မိုက်သည့်အဖြစ်မှ တစ်ပါး အခြား မရှိတော့ချေ၊ သူကြွယ်ထို့ကြောင့် ဤအရာ ဝယ် ''ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည်နာကျင်မှုကင်းသည် ဖြစ်လတ္တံ့''ဟု ဤသို့ သင် ကျင့်အပ်၏၊ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်ကိုမြတ်စွာဘုရားသည် တရားစကားတည်း ဟူသော အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။

သူကြွယ် ''မြတ်စွာဘုရား အဘယ်မျှဖြင့် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သော စိတ်ရှိသူလည်းဖြစ်ပါသနည်း၊ အဘယ်မျှဖြင့် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်း''ဟု ထို့ထက်အလွန် မြတ်စွာဘုရားအား ပြန်လျှောက်ရန် သင့်ဉာဏ်၌ မထင်ပြီလောဟု မိန့်၏။

အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤစကား၏ အနက်ကို သိရန်အဝေးကြီးမှ သော်လည်း လာရပါကုန်၏၊ တောင်းပန်ပါ၏၊ ဤစကား၏ အနက်ကို အသျှင်သာရိပုတြာ၏ ဉာဏ်၌ သာလျှင် ထင်စေတော်မူပါလော့ဟု လျှောက်၏။

သူကြွယ် သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု နကုလပိတာသူကြွယ်သည် အသျှင်သာရိပုတြာအားပြန်ကြားလျှောက်ထား၏။ အသျှင်သာရိပုတြာသည် ဤသို့ ဟောတော်မူ၏-

သူကြွယ် အဘယ်သို့လျှင် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ် သနည်း။ သူကြွယ် ဤသာသနာတော်၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာ တရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကိုအတ္တဟူ၍ ရှု၏။ ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ''ငါသည် ရုပ်ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ''ရုပ်သည် ငါ ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သော ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။

ထိုသူအား ရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

ဝေဒနာကို အတ္တဟူ၍ ရှု၏။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ''ဝေဒနာသည် ငါ ဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ''ဝေဒနာသည် ငါဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သောထိုသူ၏ ထိုဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ဝေဒနာ၏ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

သညာကို အတ္တဟူ၍ ရှု၏။ သညာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သညာဟူ၍ သော့်လည်းကောင်း၊ သညာ၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ''သညာသည် ငါ ဖြစ်၏၊ သညာသည်ငါ၏ ဥစ္စာဖြစ်၏''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ''သညာသည် ငါ ဖြစ်၏၊ သညာသည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သော ထိုသူ၏ထိုသညာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား သညာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

သင်္ခါရတို့ကို အတ္တဟူ၍ ရှု၏။ သင်္ခါရရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သင်္ခါရတို့ဟူ၍ သော်လည်းကောင်း၊ သင်္ခါရတို့၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ''သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရ တို့သည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ''သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရတို့သည် ငါ၏ ဥစ္စာဖြစ်၏''ဟု ထကြွလွှမ်းမိုးသောအခြင်းအရာအားဖြင့် တည်သော ထိုသူ၏ ထိုသင်္ခါရတို့သည် ဖောက်ပြန်ကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်ကုန်၏။ ထိုသူအား သင်္ခါရတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ''ဝိညာဏ်သည် ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ''ဝိညာဏ်သည်ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သောထိုသူ၏ ထို ဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ဝိညာဏ်၏ ဖောက်ပြန်ခြင်းတစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ် ကုန်၏၊ သူကြွယ် ဤသို့လျှင် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သောစိတ်ရှိသူလည်း ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သော စိတ်ရှိသူ မဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာ သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ လိမ္မာသော, သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည်ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိ သော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်း ကောင်း မရှု။ ''ရုပ်သည် ငါ ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ ''ဟုထကြွလွှမ်းမိုးသော အခြင်းအရာ အားဖြင့် မတည်၊ ''ရုပ်သည် ငါ ဖြစ်၏၊ ရုပ်သည် ငါ၏ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာ အားဖြင့် မတည်သော ထိုသူ၏ ထိုရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့်စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။

ဝေဒနာကို အတ္တဟူ၍ မရှု။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ''ဝေဒနာသည် ငါ ဖြစ်၏၊ ဝေဒနာသည်ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ''ဝေဒနာသည် ငါ ဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်သော ထိုသူ၏ထိုဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံဖြစ်၏။ ထိုသူအား ဝေဒနာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။

သညာကို အတ္တဟူ၍ မရှု။ သညာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သညာဟူ၍ သော်လည်းကောင်း၊ သညာ၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ''သညာသည် ငါ ဖြစ်၏၊ သညာသည် ငါ၏့ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ''သညာသည် ငါ ဖြစ်၏၊ သညာသည်ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်သော ထိုသူ၏ ထိုသညာသည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား သညာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။

သင်္ခါရတို့ကို အတ္တဟူ၍ မရှု။ သင်္ခါရရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သင်္ခါရတို့ဟူ၍ သော်လည်းကောင်း၊ သင်္ခါရတို့၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ''သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရ တို့သည် ငါ၏ ဥစ္စာဖြစ်ကုန်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ''သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရတို့သည် ငါ၏ ဥစ္စာဖြစ်ကုန်၏ ''ဟု ထကြွလွှမ်းမိုးသောအခြင်းအရာအားဖြင့် မတည်သော ထိုသူ၏ ထိုသင်္ခါရတို့သည် ဖောက်ပြန်ကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်ကုန်၏။ ထိုသူအား သင်္ခါရတို့၏ ဖောက် ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှု တို့သည် မဖြစ်ကုန်။

ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ''ဝိညာဏ်သည် ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ''ဝိညာဏ်သည်ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏ ''ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်သောထိုသူ၏ ထို ဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ဝိညာဏ်၏ ဖောက်ပြန်ခြင်းတစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ် ကုန်။ သူကြွယ် ဤသို့လျှင် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သောစိတ်ရှိသူ မဖြစ်။

အသျှင်သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏။ နကုလပိတာသူကြွယ်သည် အသျှင်သာရိပုတြာ၏စကားကို အလွန် နှစ်သက်ဝမ်းမြောက်လေ၏။

ပဌမသုတ်။

------

၂-ဒေဝဒဟသုတ်

၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ များစွာသော ပစ္ဆာဘူမဇနပုဒ်သို့ ခရီးသွားလိုသူ ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကုန်ပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား အကျွန်ုပ်တို့သည် ပစ္ဆာဘူမဇနပုဒ်သို့သွားလိုပါကုန်၏၊ ပစ္ဆာဘူမဇနပုဒ်၌ နေလိုပါကုန်၏ ''ဟု လျှောက်ကုန်၏။

ရဟန်းတို့ သာရိပုတြာကို သင်တို့ ခွင့်ပန်ပြီးကြပြီလော၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာကို ခွင့်မပန်ကြရသေးပါ။ ရဟန်းတို့ သာရိပုတြာကို ခွင့်ပန်ကြကုန်ဦးလော့၊ ရဟန်းတို့ သာရိပုတြာသည် ပညာရှိ၏၊ သီတင်းသုံးဖော် ရဟန်းတို့ကို ချီးမြှောက်တတ်၏ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။

ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားနှင့် မနီးမဝေး ဒန့်ကျွဲချုံ မဏ္ဍပ်တစ်ခု၌ နေတော် မူ၏။

ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်ကုန်၍ နေရာမှ ထကြကာရှိခိုးပြီးလျှင် အရိုအသေ ပြု၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်လျက် အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကြကုန်ပြီးသော် အသျှင်သာရိပုတြာအား ''ငါ့သျှင်သာရိပုတြာ အကျွန်ုပ်တို့သည့်ပစ္ဆာဘူမဇနပုဒ်သို့ သွားလိုပါကုန်၏၊ ပစ္ဆာဘူမဇနပုဒ်၌ နေလိုပါကုန်၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ခွင့်ပန်ပြီးပါပြီ''ဟု လျှောက်ကုန်၏။

ငါ့သျှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားသောရဟန်းအား ပြဿနာမေးတတ်ကုန်သော မင်းပညာရှိ ပုဏ္ဏားပညာရှိ သူကြွယ်ပညာရှိ ရဟန်းပညာရှိတို့သည် ထင်ရှားရှိကြကုန်၏၊ ငါ့သျှင်တို့ ပညာရှိကုန်သော လူတို့သည် ''အသျှင်တို့၏ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒရှိပါသနည်း၊ အဘယ်ကို ဟောလေ့ရှိပါသနည်း ''ဟု စုံစမ်းတတ်ကုန်၏။ အသို့နည်း အသျှင်တို့သည် ယင်းအမေးကို ဖြေဆိုကြသော် မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ဖြစ်နိုင်လောက်အောင် မြတ်စွာဘုရားကိုမဟုတ်မမှန်သောအား ဖြင့် မစွပ်စွဲနိုင်လောက်အောင် တရားတော်အား လျော်သော တရားကိုလည်းဖြေဆိုနိုင်သည် မည်နိုင် လောက်အောင် သင်တို့၏ ဝါဒ, အနုဝါဒတို့သည် အကြောင်းနှင့် တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်း ငယ်မျှ မရောက်မရှိနိုင်ကြလောက်အောင် တရားတို့ကိုနာဖူးကြ, သင်ယူဖူးကြပါကုန်၏လော၊ နှလုံးသွင်းဖူး ကြပါကုန်၏လော၊ ဆောင်ဖူးကြပါကုန်၏လော၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိကြပါကုန်၏လောဟု (မိန့်ဆို၏)။

ငါ့သျှင် အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤစကား၏ အနက်အဓိပ္ပါယ်ကို သိကြရန်အဝေးကြီးမှပင် လာခဲ့ရပါကုန်၏၊ တောင်းပန်ပါကုန်၏၊ ဤစကား၏ အနက်အဓိပ္ပါယ်ကို အသျှင်သာရိပုတြာ၏ ဉာဏ်၌ သာလျှင် ထင်ပါစေလော့ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပြပေအံ့ဟု မိန့်တော်မူ၏။ ''ငါ့သျှင် ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်လျှောက်ကြကုန်၏၊ အသျှင်သာရိပုတြာသည် ဤစကားကိုဟောတော် မူ၏။

ငါ့သျှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားသော ရဟန်းကို မင်းပညာရှိ။ပ။ ပြဿနာ မေးတတ်ကြကုန်၏၊ ငါသျှင်တို့ ပညာရှိသော လူတို့သည် ''အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒရှိပါသနည်း။ အဘယ်ကို ဟောလေ့ရှိပါသနည်း ''ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့အမေးခံကြရသော် ''ငါတို့၏ ဆရာ မြတ်စွာဘုရားသည် လိုချင်တပ်မက်မှု'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကိုဟောလေ့ရှိ၏ ''ဟု ဤသို့ ဖြေကြားကုန်လော့။ ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း ဤမင်းပညာရှိ။ပ။ ရဟန်းပညာရှိတို့သည် တစ်ဆင့်တက်၍ ပြဿနာကို မေးတတ်ကြကုန်၏၊ ငါသျှင်တို့ ပညာရှိသော လူတို့သည် ''အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်၌ လိုချင်တပ်မက်မှု'ဆန္ဒရာဂ'ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း''ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့အမေးခံကြရသော် ''ငါတို့၏ ဆရာ မြတ်စွာဘုရားသည် ရုပ်၌ လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ် မက်မှု'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏''ဟု ဤသို့ ဖြေကြားကုန်လော့။

ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း ဤမင်းပညာရှိ။ပ။ ရဟန်းပညာရှိတို့သည် တစ်ဆင့်တက်၍ မေးတတ်ကြကုန်၏၊ ငါသျှင်တို့ ပညာရှိသော လူတို့သည် ''အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည်အဘယ်အပြစ်ကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း''ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံကြရသော် ငါ့သျှင်တို့ ရုပ်၌ တပ်စွန်းမှု မကင်းသူ, လိုချင်မှု မကင်းသူ, ခင်တွယ်မှု မကင်းသူ, မွတ်သိပ်မှု မကင်းသူ, ပူလောင်မှုမကင်းသူ, တောင့်တမှု မကင်းသူအား ထိုရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ တပ်စွန်းမှု မကင်းသူ။ပ။ တောင့်တမှု မကင်းသူအား ထိုသင်္ခါရတို့၏ ဖောက်ပြန်ခြင်း တစ်မျိုး့တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဝိညာဏ်၌ တပ်စွန်းမှု မကင်းသူ, လိုချင်မှု မကင်းသူ, ခင်တွယ်မှု မကင်းသူ, မွတ်သိပ်မှုမကင်းသူ, ပူလောင်မှု မကင်းသူ, တောင့်တမှု, မကင်းသူအား ထိုဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ငါ့သျှင်တို့ ငါတို့၏ ဆရာ မြတ်စွာဘုရားသည် ဤအပြစ်ကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိ၏၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိ၏ ''ဟု ဤသို့ ဖြေကုန်လော့။

ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း မင်းပညာရှိ ပုဏ္ဏားပညာရှိ သူကြွယ်ပညာရှိ ရဟန်းပညာရှိတို့သည်တစ်ဆင့်တက်၍ ပြဿနာကို မေးတတ်ကြကုန်၏။ ငါသျှင်တို့ ပညာရှိသော လူတို့သည် ''အသျှင် တို့၏ဆရာ မြတ်စွာဘုရားသည် အဘယ်အကျိုးကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိပါသနည်း၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ်မက်မှု 'ဆန္ဒ ရာဂ' ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိပါသနည်း''ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံကြရသော် ရုပ်၌ တပ်စွန်းမှု ကင်းသူ, လိုချင်မှု ကင်းသူ,ခင်တွယ်မှု ကင်းသူ, မွတ်သိပ်မှု ကင်းသူ, ပူလောင်မှု ကင်းသူ, တောင့်တမှု ကင်းသူအား ထိုရုပ်၏ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ တပ်စွန်းမှု ကင်းသူ, လိုချင်မှုကင်းသူ, ခင်တွယ်မှု ကင်းသူ, မွတ်သိပ်မှု ကင်းသူ, ပူလောင်မှု ကင်းသူ, တောင့်တမှု ကင်းသူအားထိုသင်္ခါရတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ဝိညာဏ် ၌ တပ်စွန်းမှု ကင်းသူ, လိုချင်မှု ကင်းသူ,ခင်တွယ်မှု ကင်းသူ, မွတ်သိပ်မှု ကင်းသူ, ပူလောင် မှုကင်းသူ, တောင့်တမှု ကင်းသူအား ထိုဝိညာဏ်၏ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ငါ့သျှင်တို့ ငါတို့၏ ဆရာ မြတ်စွာ ဘုရားသည် ဤအကျိုးကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ ရှိ၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ပယ်ဖျောက်ခြင်းကို ဟော တော်မူလေ့ရှိ၏ ''ဟု ဤသို့ဖြေကုန်လော့။

ငါ့သျှင်တို့ အကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ချမ်းသာစွာနေရခြင်း မဆင်းရဲရခြင်း ပြင်းစွာ မပင်ပန်းရခြင်း မပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌လည်း ကောင်းသော လားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ခြင်း ဖြစ်ခဲ့ပါမူ မြတ်စွာဘုရားသည် ဤအကုသိုလ်တရားတို့ကို ဤသို့ ပယ်ခြင်းကို ချီးမွမ်းတော်မမူရာ၊ ငါ့သျှင်တို့ အကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ဆင်းရဲစွာ နေရခြင်း မချမ်းမသာ နေရခြင်းပြင်းစွာ ပင်ပန်းရခြင်း ပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ခြင်းကြောင့်သာ မြတ်စွာဘုရားသည် ဤအကုသိုလ်တရားတို့ကို ပယ်ခြင်းကို ချီးမွမ်းတော်မူ၏။

ငါ့သျှင်တို့ ကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ဆင်းရဲစွာ နေရခြင်းမချမ်းမသာ နေရခြင်း ပြင်းစွာ ပင်ပန်းရခြင်း ပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌လည်း မကောင်းသော လားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ခြင်း ဖြစ်ခဲ့ပါမူမြတ်စွာဘုရားသည် ဤကုသိုလ်တရားတို့နှင့် ပြည့်စုံခြင်းကို ချီးမွမ်းတော်မမူရာ၊ ငါ့သျှင်တို့ ကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ချမ်းသာစွာ နေရခြင်း မဆင်းရဲရခြင်း ပြင်းစွာ့မပင်ပန်းရခြင်း မပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း ကောင်းသောလားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ရသောကြောင့်သာ မြတ်စွာဘုရားသည် ကုသိုလ်တရားနှင့်ပြည့်စုံခြင်းကို ချီးမွမ်းတော်မူ၏။

အသျှင်သာရိပုတြာသည် ဤစကားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ၏စကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြလေကုန်၏။

ဒုတိယသုတ်။

------

၃-ဟာလိဒ္ဒိကာနိသုတ်

၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုလဃရမြို့ တောင်ကမ်းပါးပြတ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည်အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ဤစကားကိုလျှောက်၏၊ ''အသျှင်ဘုရား အဋ္ဌကဝဂ်၌ လာသော မာဂဏ္ဍိယပြဿနာဝယ်-

''အမြဲနေရာ အိမ်ကို ပယ်၍ ယာယီအိမ်တည်းဟူသော တည်ရာ မရှိသော၊ ရွာ၌ အကျွမ်းဝင် မှုတို့ကိုမပြုသော၊ ကာမတို့မှ ကင်းဆိတ်သော၊ (ဝဋ်ကို) ရှေ့သွား မပြုသော ရဟန်းသည် လူတို့နှင့် ငြင်းခုံ၍ စကားပြောမှုကို မပြုရာ''ဟု-

 ဤစကားကို မြတ်စွာဘုရား ဟောထားပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား အကျဉ်းဟောထားသော ဤစကား၏ အကျယ်အနက်ကို အဘယ်သို့ မှတ်ရပါမည်နည်း''ဟု လျှောက်၏။

သူကြွယ် ဖောက်ပြန်မှု ရုပ်ဓာတ်သည် သိမှုဝိညာဏ်၏ အိမ်မည်၏၊ ဖောက်ပြန်မှု ရုပ်ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသော ဝိညာဏ်ကိုမူကား ''အိမ်ဟူသော တည်ရာ ရှိ၏ ''ဟု ဆိုရ၏။ သူကြွယ်ခံစားမှု 'ဝေဒနာ' ဓာတ်သည် သိမှု 'ဝိညာဏ်'၏ အိမ်မည်၏၊ ခံစားမှု 'ဝေဒနာ'ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသော ဝိညာဏ်ကိုမူကား ''အိမ်ဟူသော တည်ရာ ရှိ၏ ''ဟု ဆိုရ၏။ သူကြွယ် မှတ်သားမှု 'သညာ'ဓာတ်သည် သိမှု 'ဝိညာဏ်'၏ အိမ်မည်၏၊ မှတ်သားမှု 'သညာ'ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသောဝိညာဏ်ကိုမူကား ''အိမ်ဟူသော တည်ရာ ရှိ၏ ''ဟု ဆိုရ၏။ သူကြွယ် ပြုပြင်မှု 'သင်္ခါရ'ဓာတ်သည် သိမှု'ဝိညာဏ် '၏ အိမ်မည်၏၊ ပြုပြင်မှု 'သင်္ခါရ' ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသော ဝိညာဏ်ကိုမူကား''အိမ်ဟူသော တည်ရာ ရှိ၏ ''ဟု ဆိုရ၏။ သူကြွယ် ဤသို့လျှင် အမြဲနေရာ အိမ်ဟူသော တည်ရာရှိသူဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် အမြဲနေအိမ်ဟူသော တည်ရာမရှိသူ ဖြစ်သနည်း။ သူကြွယ် ဖောက်ပြန်မှုရုပ်ဓာတ်၌ စိတ်၏ တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှု နှစ်သက်မှုတပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြတ်စွာဘုရားကို ''အမြဲနေအိမ်ဟူသောတည်ရာ မရှိသူ''ဟု ဆိုရ၏။ သူကြွယ် ခံစားမှု 'ဝေဒနာ' ဓာတ်၌ ။ မှတ်သားမှု 'သညာ' ဓာတ်၌ ။ ပြုပြင်မှု'သင်္ခါရ' ဓာတ်၌ ။ သိမှု'ဝိညာဏ'ဓာတ်၌ စိတ်၏ တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သောလိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့်မြတ်စွာဘုရားကို ''အမြဲနေရာ အိမ်ဟူသော တည်ရာ မရှိသူ''ဟု ဆိုရ၏။ သူကြွယ် ဤသို့လျှင်အမြဲနေအိမ်ဟူသော တည်ရာ မရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ယာယီအိမ်ဟူသော တည်ရာရှိသူ ဖြစ်သနည်း။ သူကြွယ် ရူပါရုံတည်းဟူသော (ကိလေသာဖြစ်ကြောင်း) ယာယီအိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်သူတို့ကို ''ယာယီအိမ်ဟူသောတည်ရာ ရှိသူ''ဟု ဆိုရ၏။ သဒ္ဒါရုံ။ပ။ ဂန္ဓာရုံ။ ရသာရုံ။ ဖောဋ္ဌဗ္ဗာရုံ။ ဓမ္မာရုံတည်းဟူသော (ကိလေသာဖြစ်ကြောင်း) အိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်သူတို့ကို ''ယာယီအိမ်ဟူသော တည်ရာရှိသူ''ဟုဆိုရ၏။ သူကြွယ် ဤသို့ လျှင် ယာယီအိမ်ဟူသော တည်ရာရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ယာယီအိမ်ဟူသော တည်ရာမရှိသူ ဖြစ်သနည်း။ သူကြွယ် ရူပါရုံတည်းဟူသော ယာယီအိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်မှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန် မဖြစ်ခြင်းကိုပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြတ်စွာဘုရားကို''ယာယီအိမ်ဟူသော တည်ရာ မရှိသူ''ဟု ဆိုရ၏။ သဒ္ဒါရုံ။ ဂန္ဓာရုံ။ ရသာရုံ။ ဖောဋ္ဌဗ္ဗာရုံ။ ဓမ္မာရုံတည်းဟူသော ယာယီအိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်မှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန် ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန်မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ၊ နောင် အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြတ်စွာဘုရားကို''ယာယီအိမ်ဟူသော တည်ရာ မရှိသူ''ဟု ဆိုရ၏။ သူကြွယ် ဤသို့လျှင် ယာယီအိမ်ဟူသော တည်ရာမရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ရွာ၌ အကျွမ်းဝင်မှုရှိသူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည်လူတို့နှင့် ပေါင်းသင်း၍ နေ၏၊ တကွ နှစ်သက်ခြင်းရှိ၏၊ တကွ စိုးရိမ်ခြင်းရှိ၏၊ လူတို့ ချမ်းသာကြသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲကြသော် ဆင်းရဲ၏၊ ကိစ္စကြီးငယ်တို့ ဖြစ်လာကုန်လတ်သော် ထိုကိစ္စကြီးငယ်တို့၌ ကိုယ်တိုင် အားထုတ်ခြင်းသို့ ရောက်၏။ သူကြွယ် ဤသို့လျှင် ရွာ၌ အကျွမ်းဝင်မှုရှိသူဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ရွာ၌ အကျွမ်းဝင်မှု မရှိသူ ဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် မပေါင်းသင်းဘဲ နေ၏၊ တကွ နှစ်သက်ခြင်း မရှိ၊ တကွ စိုးရိမ်ခြင်း မရှိ၊ လူတို့ချမ်းသာကြသော် မချမ်းသာ၊ လူတို့ ဆင်းရဲကြသော် မဆင်းရဲ၊ ကိစ္စကြီးငယ်တို့ ဖြစ်လာကုန်လတ်သော်ထိုကိစ္စကြီးငယ်တို့၌ ကိုယ်တိုင် အားထုတ်ခြင်းသို့ မရောက်။ သူကြွယ် ဤသို့လျှင် ရွာ၌ အကျွမ်းဝင်မှုမရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ကာမတို့မှ မကင်းဆိတ်သူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည် ကာမတို့၌ စွဲမက်မှု မကင်း၊ လိုချင်မှု မကင်း၊ ခင်တွယ်မှု မကင်း၊ မွတ်သိပ်မှု မကင်း၊ ပူလောင်မှုမကင်း၊ တပ်မက်မှု မကင်း။ ဤသို့လျှင် ကာမတို့မှ မကင်းဆိတ်သူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ကာမတို့မှ ကင်းဆိတ်သူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည် ကာမတို့၌ စွဲမက်မှု ကင်း၏၊ လိုချင်မှု ကင်း၏၊ ခင်တွယ်မှု ကင်း၏၊ မွတ်သိပ်မှု ကင်း၏၊ ပူလောင်မှု ကင်း၏၊ တပ်မက်မှု ကင်း၏။ ဤသို့လျှင် ကာမတို့မှ ကင်းဆိတ်သူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် (ဝဋ်ကို) ရှေ့သွားပြုသူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့ သူအား''အနာဂတ်ကာလ၌ ဤသို့ ရုပ်ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ ခံစားမှု 'ဝေဒနာ' ရှိသူဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ မှတ်သားမှု 'သညာ'ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ပြုပြင်မှု 'သင်္ခါရ' ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ သိမှု'ဝိညာဏ် 'ရှိသူ ဖြစ်ရလို၏ ''ဟု စိတ်ဖြစ်၏။ သူကြွယ် ဤသို့လျှင် (ဝဋ်ကို) ရှေ့သွားပြုသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် (ဝဋ်ကို) ရှေ့သွား မပြုသူ ဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ အချို့သူအား ''အနာဂတ်ကာလ၌ ဤသို့ ရုပ်ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ခံစားမှု 'ဝေဒနာ' ရှိသူ ဖြစ်ရလို၏၊ ''အနာဂတ်ကာလ၌ ဤသို့ မှတ်သားမှု 'သညာ'ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ ပြုပြင်မှု 'သင်္ခါရ'ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့သိမှု'ဝိညာဏ် ' ရှိသူ ဖြစ်ရလို၏ ''ဟု စိတ် မဖြစ်။ သူကြွယ် ဤသို့လျှင် (ဝဋ်ကို) ရှေ့သွား မပြုသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် လူတို့နှင့် ငြင်းခုံ၍ စကားပြောတတ်သူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည် ဤသို့ သဘောရှိသော စကားကို ဆိုတတ်၏- ''သင်သည် ဤဓမ္မဝိနယကိုမသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည်မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ရှေ့ဆိုသင့်သည်ကို နောက်မှဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေ့ဆို၏၊ ငါ၏ စကားသည် ပြေပြစ်၏၊ သင်၏ စကားသည် မပြေပြစ်၊ သင်၏ ကြာမြင့် စွာ လေ့လာထားသော စကားသည် သင့်ဆီသို့ ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါ တင်ပြပြီ၊ သင် အရေးနိမ့်ပြီ၊ ငါ တင်ပြသော အပြစ်မှ လွတ်မြောက်ရန်ရှာကြံချေဦးလော့၊ သင့်ကို နှိမ် အပ်ပြီ၊ စွမ်းနိုင်လျှင် ဖြေဦးလော့''ဟု ဤသို့လျှင် လူတို့နှင့် ငြင်းခုံ၍ ဤသို့ သဘောရှိသော စကားကို ပြောတတ်သူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် လူတို့နှင့် ငြင်းခုံ၍ စကားပြောတတ်သူ မဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် ဤသို့ သဘောရှိသော စကားကို မပြောတတ် -''သင်သည် ဤဓမ္မဝိနယကိုမသိ။ပ။ စွမ်းနိုင်လျှင် ဖြေဦးလော့''ဟု ဤသို့လျှင် လူတို့နှင့် ငြင်းခုံ၍ ဤသို့ သဘောရှိသော စကားကိုပြောတတ်သူ မဖြစ်။

သူကြွယ် ဤသို့ အဋ္ဌကဝဂ်၌ လာသော မာဂဏ္ဍိယပြဿနာဝယ်-

''အမြဲနေရာ အိမ်ကို ပယ်၍ ယာယီအိမ်ဟူသော တည်ရာ မရှိသော၊ ရွာ၌ အကျွမ်းဝင် မှုတို့ကိုမပြုသော၊ ကာမတို့မှ ကင်းဆိတ်သော၊ (ဝဋ်ကို) ရှေ့သွား မပြုသော ရဟန်းသည် လူတို့နှင့် ငြင်းခုံ၍ စကားပြောမှုကို မပြုရာ''ဟု-

မြတ်စွာဘုရား အကျဉ်း ဟောထားတော်မူသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့မှတ်အပ်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။

------

၄-ဒုတိယ ဟာလိဒ္ဒိကာနိသုတ်

၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝနိ ္တတိုင်းကုလဃရမြို့ တောင်ကမ်းပါးပြတ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည်အသျှင်မဟာကစ္စည်းထံသို့။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဤစကားကို လျှောက်၏၊ ''အသျှင်ဘုရား သက္ကပဥှာသုတ်၌ 'တဏှာကုန်သဖြင့် ကိလေသာမှ လွတ်ကုန်သောသမဏဗြာဟ္မဏတို့သည် စင်စစ် ပြီး ဆုံးခြင်းသို့ ရောက်ကုန်၏၊ စင်စစ် ယောဂကုန်ခြင်း ရှိကုန်၏၊ စင်စစ် မြတ်သောအကျင့် ရှိကုန်၏၊ စင်စစ် သံသရာအဆုံး ရှိကုန်၏၊ နတ်,လူတို့တွင် အမြတ်ဆုံးဖြစ်ကုန်၏ 'ဟူသော ဤစကားကို မြတ်စွာဘုရား ဟောထားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျဉ်းဟောထားသော ဤစကား၏ အကျယ် ဖြစ်သော အနက်ကို အဘယ်သို့ မှတ်ရပါမည်နည်း''ဟုလျှောက်၏။

သူကြွယ် ရုပ်ဓာတ်၌ စိတ်တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှုနှစ်သက်မှု တပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ ကုန်ခြင်းကြောင့် တပ်မက်ခြင်း ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် မငြိကပ်ခြင်းကြောင့် ''စိတ်သည် ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက်၏ ''ဟု ဆိုရ၏၊ သူကြွယ် ခံစားမှု 'ဝေဒနာ'ဓာတ်၌ ။ပ။ သူကြွယ် မှတ်သားမှု 'သညာ'ဓာတ်၌ ။ သူကြွယ့်ပြုပြင်မှု 'သင်္ခါရ'ဓာတ်၌ ။ သိမှု 'ဝိညာဏ်' ဓာတ်၌ စိတ်တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ ကုန်ခြင်းကြောင့် တပ်မက်ခြင်းကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် မငြိကပ်ခြင်းကြောင့် ''စိတ်သည် ကိလေသာတို့မှကောင်းစွာ လွတ်မြောက်၏ ''ဟု ဆိုရ၏။

သူကြွယ် ဤသို့လျှင် သက္ကပဥှာသုတ်၌ ''တဏှာကုန်သဖြင့် ကိလေသာမှ လွတ်ကုန်သော သမဏဗြာဟ္မဏတို့သည် စင်စစ် ပြီးဆုံးခြင်းသို့ ရောက်ကုန်၏၊ စင်စစ် ယောဂကုန်ခြင်း ရှိကုန်၏၊ စင်စစ် မြတ်သောအကျင့် ရှိကုန်၏၊ စင်စစ် သံသရာအဆုံး ရှိကုန်၏၊ နတ်,လူတို့တွင် အမြတ်ဆုံးဖြစ်ကုန်၏ ''ဟူသော ဤစကားကို မြတ်စွာဘုရား ဟောထား၏၊ သူကြွယ် မြတ်စွာဘုရား အကျဉ်းဟောထားတော်မူသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်အပ်၏ဟု (မိန့်ဆို၏)။

စတုတ္ထသုတ်။

------

၅-သမာဓိသုတ်

၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- သာဝတ္ထိပြည် ထိုအခါ။ပ။ ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ တည်ကြည်မှု 'သမာဓိ'ကို ပွါးကုန်လော့၊ ရဟန်းတို့ တည်ကြည်သော ရဟန်းသည်ဟုတ်မှန်သည့်အတိုင်း သိ၏၊ အဘယ်ကိုဟုတ်မှန်သည့်အတိုင်း သိသနည်း။ ရုပ်၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ခံစားမှု 'ဝေဒနာ'၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ မှတ်သားမှု 'သညာ'၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ပြုပြင်မှု'သင်္ခါရ'တို့၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ သိမှု 'ဝိညာဏ်'၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း သိ၏။

ရဟန်းတို့ ရုပ်၏ ဖြစ်ပုံသည် အဘယ်နည်း၊ ခံစားမှု 'ဝေဒနာ'၏ ဖြစ်ပုံသည် အဘယ်နည်း၊ မှတ်သားမှု 'သညာ'၏ ဖြစ်ပုံသည် အဘယ်နည်း၊ ပြုပြင်မှု 'သင်္ခါရ' တို့၏ ဖြစ်ပုံသည် အဘယ်နည်း၊ သိမှု 'ဝိညာဏ် '၏ ဖြစ်ပုံသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ရဟန်းသည် နှစ်သက်၏၊ စွဲလမ်းပြောဆို၏၊ လွှမ်းမိုးဆုံးဖြတ်၍ တည်၏။

အဘယ်ကို နှစ်သက်သနည်း၊ စွဲလမ်းပြောဆိုသနည်း၊ လွှမ်းမိုးဆုံးဖြတ်၍ တည်သနည်း။ ရုပ်ကိုနှစ်သက်၏၊ စွဲလမ်းပြောဆို၏၊ လွှမ်းမိုးဆုံးဖြတ်၍ တည်၏။ ရုပ်ကို နှစ်သက်သော စွဲလမ်းပြောဆိုသောလွှမ်းမိုးဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုသည် ဖြစ်၏၊ ရုပ်၌ နှစ်သက်မှုသည် စွဲလမ်းမှုပင်ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှုဟူသော အကြောင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ခံစားမှု 'ဝေဒနာ'ကို နှစ်သက်၏။ပ။ မှတ်သားမှု 'သညာ'ကို နှစ်သက်၏။ ပြုပြင်မှု'သင်္ခါရ'တို့ကို နှစ်သက်၏။ သိမှု 'ဝိညာဏ်'ကို နှစ်သက်၏၊ စွဲလမ်းပြောဆို၏၊ လွှမ်းမိုးဆုံးဖြတ်၍ တည်၏။

ဝိညာဏ်ကို နှစ်သက်သော စွဲလမ်းပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုဖြစ်၏၊ ဝိညာဏ်၌ နှစ်သက်မှုသည် စွဲလမ်းမှုပင် ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့်ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှုဟူသောအကြောင်းကြောင့်။ပ။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ရဟန်းတို့ ဤကားရုပ်ဖြစ်ပုံတည်း။ ဤကား ခံစားမှု 'ဝေဒနာ'ဖြစ်ပုံတည်း။ ဤကား မှတ်သားမှု 'သညာ' ဖြစ်ပုံတည်း။ ဤကား ပြုပြင်မှု'သင်္ခါရ'တို့ ဖြစ်ပုံတည်း။ ဤကား သိမှု'ဝိညာဏ်' ဖြစ်ပုံတည်း။

ရဟန်းတို့ ရုပ်၏ ချုပ်ပုံသည် အဘယ်နည်း၊ ခံစားမှု 'ဝေဒနာ'၏ ချုပ်ပုံသည် အဘယ်နည်း၊ မှတ်သားမှု 'သညာ'၏ ချုပ်ပုံသည် အဘယ်နည်း၊ ပြုပြင်မှု 'သင်္ခါရ'တို့၏ ချုပ်ပုံသည် အဘယ်နည်း၊ သိမှု့'ဝိညာဏ်'၏ ချုပ်ပုံသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုးဆုံးဖြတ်၍ မတည်။ အဘယ်ကို မနှစ်သက်သနည်း၊ စွဲလမ်း၍ မပြောဆိုသနည်း၊ လွှမ်းမိုးဆုံးဖြတ်၍ မတည်သနည်း။ ရုပ်ကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုးဆုံးဖြတ်၍ မတည်။ ရုပ်ကို မနှစ်သက်သော စွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ရုပ်၌ နှစ်သက်မှုသည်ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။

ခံစားမှု 'ဝေဒနာ'ကို မနှစ်သက်၊ စွဲလန်း၍ မပြောဆို၊ ထိုလွှမ်းမိုးဆုံးဖြတ်၍ မတည်။ ခံစားမှုကိုမနှစ်သက်သော စွဲလန်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ခံစားမှု 'ဝေဒနာ'၌ နှစ်သက်မှု ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့်ဘဝချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။

မှတ်သားမှု 'သညာ'ကို မနှစ်သက်။ပ။ ပြုပြင်မှု 'သင်္ခါရ'တို့ကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုးဆုံးဖြတ်၍ မတည်။ ပြုပြင်မှု'သင်္ခါရ' တို့ကို မနှစ်သက်သော စွဲလန်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ပြုပြင်မှု 'သင်္ခါရ'တို့၌ နှစ်သက်မှု ချုပ်၏၊ နှစ်သက်မှုချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ပ။ ဤသို့လျှင်အလုံးစုံသော ဤ ဆင်းရဲအစု ချုပ်မှု ဖြစ်၏။

ဝိညာဏ်ကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုးဆုံးဖြတ်၍ မတည်။ ဝိညာဏ်ကို မနှစ်သက် သောစွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ဝိညာဏ်၌ နှစ်သက်မှု ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲ အစုချုပ်မှု ဖြစ်၏။ ရဟန်းတို့ ဤကား ရုပ်၏ ချုပ်ပုံတည်း။ ဤကား ခံစားမှု'ဝေဒနာ'၏ ချုပ်ပုံတည်း။ ဤကား မှတ်သားမှု'သညာ'၏ ချုပ်ပုံတည်း။ ဤကား ပြုပြင်မှု'သင်္ခါရ'တို့၏ ချုပ်ပုံတည်း။ ဤကားဝိညာဏ်၏ ချုပ်ပုံတည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ပဋိသလ္လာဏသုတ်

၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းမှု၌ အားထုတ်ခြင်းသို့ ရောက်ကုန်လော့၊ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းသော ရဟန်းသည်ဟုတ်မှန်သည့်အတိုင်း သိ၏၊ အဘယ်ကိုဟုတ်မှန်သည့်အတိုင်း သိသနည်း။ ရုပ်၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ခံစားမှု 'ဝေဒနာ'၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ မှတ်သားမှု'သညာ'၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ပြုပြင်မှု'သင်္ခါရ'တို့၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ဝိညာဏ်၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း (သိ၏)။ (ပဌမသုတ်အတူ ချဲ့အပ်၏)။

ဆဋ္ဌသုတ်။

------

၇-ဥပါဒါပရိတဿနာသုတ်

၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်းကိုလည်းကောင်း၊ မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားအံ့၊ နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ အဘယ်သို့လျှင် စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင် မရှိသော အရိယာတို့ကို မဖူးမြင်ဖူးသော အရိယာတရား၌ မလိမ္မာသောအရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော သူတော်ကောင်းတရား၌ မလိမ္မာသော သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။

ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် ရုပ်ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သောဝိညာဏ်ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန် ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရား အစုတို့သည် စိတ်ကို သိမ်း ကျုံး၍ တည်ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်း ခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။

ခံစားမှု'ဝေဒနာ'ကို အတ္တဟူ၍ ရှု၏။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ထိုခံစားမှု 'ဝေဒနာ'သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူ၏ ထိုဝေဒနာသည် ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် ဝေဒနာ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏၊ ထိုသူအား ဝေဒနာ ဖောက် ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ တည်ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်းခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။

မှတ်သားမှု 'သညာ'ကို အတ္တဟူ၍ ရှု၏။ပ။ ပြုပြင်မှု'သင်္ခါရ'တို့ကို အတ္တဟူ၍ ရှု၏။ ပြုပြင်မှု'သင်္ခါရ'ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ပြုပြင်မှု'သင်္ခါရ'တို့ဟူ၍ သော်လည်းကောင်း၊ ပြုပြင်မှု'သင်္ခါရ' တို့၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုပြုပြင်မှု'သင်္ခါရ'တို့သည်ဖောက်ပြန်ကုန်၏၊ တစ်မျိုး တစ်ဖုံ ဖြစ်ကုန်၏၊ ထိုသူ၏ ထိုပြုပြင်မှု'သင်္ခါရ'တို့ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် ပြုပြင်မှု 'သင်္ခါရ'တို့ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည်ဖြစ်၏၊ ထိုသူအား ပြုပြင်မှု'သင်္ခါရ'တို့ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သောတောင့်တမှု အကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ တည်ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်းခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။

ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ဝိညာဏ် ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏၊ ထိုသူအားဝိညာဏ် ဖောက်ပြန်ခြင်းသို့ အစဉ် လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ တည် ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်းခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။ ရဟန်းတို့ ဤသို့လျှင် စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင်ရှိသော အရိယာတို့ကို ဖူးမြင်ဖူးသော အရိယာတရား၌ လိမ္မာသော အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော သူတော်ကောင်းတရား၌ လိမ္မာသော သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ရုပ်ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ် မဖြစ်၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်းသို့အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှု အကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကို သိမ်းကျုံး၍ မတည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။

ခံစားမှု''ဝေဒနာ''ကို အတ္တဟူ၍ မရှု။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ထိုသူ၏ထိုခံစားမှု ''ဝေဒနာ''သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ခံစားမှု ''ဝေဒနာ''ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် ခံစားမှု ''ဝေဒနာ'' ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သောဝိညာဏ်သည် မဖြစ်၊ ထိုသူအား ခံစားမှု ''ဝေဒနာ'' ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့်ဖြစ်ကုန်သော တောင့်တမှု အကုသိုလ်တရား အစုတို့သည် စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကိုသိမ်းကျုံး၍ မတည်ခြင်းကြောင့် ထိတ်လန့်ခြင်း ရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။

မှတ်သားမှု ''သညာ''ကို။ပ။ ပြုပြင်မှု ''သင်္ခါရ''တို့ကို အတ္တဟူ၍ မရှု၊ ပြုပြင်မှု''သင်္ခါရ''ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ပြုပြင်မှု''သင်္ခါရ''တို့ဟူ၍ သော်လည်းကောင်း၊ ပြုပြင်မှု''သင်္ခါရ''တို့၌ အတ္တ ဟူ၍ သော်လည်းကောင်း မရှု။ ထိုသူ၏ ထိုပြုပြင်မှု ''သင်္ခါရ''တို့သည် ဖောက်ပြန်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်ကုန်၏၊ ထိုသူအား ပြုပြင်မှု''သင်္ခါရ''တို့ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ပြုပြင်မှု ''သင်္ခါရ''တို့ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ် မဖြစ်၊ ထိုသူအားပြုပြင်မှု''သင်္ခါရ''တို့ ဖောက် ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကို သိမ်းကျုံး၍ မတည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။

ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း။ပ။ မရှု။ ထိုသူ၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ် ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ဝိညာဏ် ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် မဖြစ်၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည်စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကို သိမ်းကျုံး၍ မတည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်းမဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။ ရဟန်းတို့ ဤသို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယ ဥပါဒါပရိတဿနာသုတ်

၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်းကိုလည်းကောင်း၊ မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားအံ့၊ ထိုတရားကိုနာကြ ကုန်လော့။ပ။ ရဟန်းတို့ အဘယ်သို့လျှင် စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို '' ဤရုပ်သည် ငါ၏ ဥစ္စာဖြစ်၏၊  ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ်တည်း''ဟု ရှု၏၊ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ ဖြစ်ကုန်၏။ ခံစားမှု''ဝေဒနာ''ကို ဤဝေဒနာသည်ငါ၏ ဥစ္စာဖြစ်၏။ပ။ မှတ်သားမှု ''သညာ''ကို ဤသညာသည် ငါ၏ ဥစ္စာဖြစ်၏။ပ။ ပြုပြင်မှု''သင်္ခါရ''တို့ကို ဤသင်္ခါရတို့သည် ငါ၏ ဥစ္စာဖြစ်ကုန်၏။ပ။ ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်တည်း''ဟု ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့်စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင်စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်ကို '' ဤရုပ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် မဟုတ် ''ဟု ရှု၏။ ထိုသူ၏ ထိုရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့်စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ မဖြစ်ကုန်။ ခံစားမှု''ဝေဒနာ''ကို ဤဝေဒနာသည် ငါ၏ ဥစ္စာ မဟုတ်။ပ။ မှတ်သားမှု ''သညာ''ကို ဤသညာသည် ငါ၏ ဥစ္စာ မဟုတ်၊ ပြုပြင်မှု ''သင်္ခါရ''တို့ကို ဤသင်္ခါရတို့သည် ငါ၏ ဥစ္စာ မဟုတ်ကုန်။ ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ၏ဥစ္စာ မဟုတ်။ ဤ ဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် မဟုတ် ''ဟု ရှု၏။

ထိုသူ၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မဖြစ်ကုန်။ ရဟန်းတို့ ဤသို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ကာလတ္တယအနိစ္စသုတ်

၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အနာဂတ်ဖြစ်သော ရုပ်သည် မမြဲ၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၏မမြဲခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာ တပည့်သည် အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ရုပ်ကိုမနှစ်သက်၊ ပစ္စုပ္ပန် ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

အတိတ်အနာဂတ်ဖြစ်သော ခံစားမှု ''ဝေဒနာ''တို့သည် မမြဲကုန်။ပ။ မှတ်သားမှု ''သညာ''တို့သည်မမြဲကုန်။ပ။ ''သင်္ခါရ''တို့သည် မမြဲ ကုန်၊ ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြား အမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော သင်္ခါရတို့၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော သင်္ခါရတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။ အတိတ်အနာဂတ်ဖြစ်သော ဝိညာဏ်သည်မမြဲ၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ မမြဲခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ဝိညာဏ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ် သော ဝိညာဏ်၌ ငြီးငွေ့ခြင်းငှါတပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ကာလတ္တယဒုက္ခသုတ်

၁၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အနာဂတ်ဖြစ်သော ရုပ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်ဖြစ်သောရုပ်၏ ဆင်းရဲခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်တို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ရုပ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။ အတိတ်အနာဂတ်ဖြစ်သော ခံစားမှု 'ဝေဒနာ'သည် ဆင်းရဲ၏။ မှတ်သားမှု 'သညာ 'သည် ဆင်းရဲ၏။ ပြုပြင်မှု'သင်္ခါရ'တို့သည် ဆင်းရဲကုန်၏၊ ဝိညာဏ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ ဆင်းရဲခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ဝိညာဏ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောဝိညာဏ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၁-ကာလတ္တယအနတ္တသုတ်

၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အနာဂတ်ဖြစ်သော ရုပ်သည်ကိုယ် 'အတ္တ'မဟုတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၏ အတ္တမဟုတ်ရာ၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သောရုပ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

အတိတ်အနာဂတ်ဖြစ်သော ခံစားမှု'ဝေဒနာ'သည် အတ္တမဟုတ်။ မှတ်သားမှု 'သညာ'သည် အတ္တမဟုတ်။ ပြုပြင်မှု'သင်္ခါရ'တို့သည် အတ္တမဟုတ်ကုန်။ ဝိညာဏ်သည် အတ္တမဟုတ်၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏အတ္တမဟုတ်ခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ဝိညာဏ်ကိုမနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်

ရှေးဦးစွာသော နကုလပိတုဝဂ် ပြီး၏။

------

၂-အနိစ္စဝဂ် ၁-အနိစ္စသုတ်

၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- သာဝတ္ထိပြည်၌ ။ ထိုအခါ။ပ။ ရဟန်းတို့ ရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ၊ သညာသည် မမြဲ၊ သင်္ခါရတို့သည် မမြဲကုန်၊ ဝိညာဏ်သည် မမြဲ။ ရဟန်းတို့ ဤသို့မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီး ငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော်တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်၏၊ (ကိလေသာမှ) လွတ်သော် (ကိလေသာမှ) လွတ်ပြီ''ဟု အသိဉာဏ်ဖြစ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ'မဂ်ကိစ္စ'အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏''ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုက္ခသုတ်

၁၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် ဆင်းရဲ၏၊ ဝေဒနာသည် ဆင်းရဲ၏၊ သညာသည် ဆင်းရဲ၏၊ သင်္ခါရတို့သည် ဆင်းရဲကုန်၏၊ ဝိညာဏ်သည် ဆင်းရဲ၏၊ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အနတ္တသုတ်

၁၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည်အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်၊ ဝိညာဏ်သည် အတ္တမဟုတ်။ ရဟန်းတို့ ဤသို့ မြင်သောအကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှုကင်း၏၊ တပ်မက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်၏၊ (ကိလေသာမှ) လွတ်သော် (ကိလေသာမှ) လွတ်ပြီဟု အသိဉာဏ်ဖြစ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီး ပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏''ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ယဒနိစ္စသုတ်

၁၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည် မမြဲ၊ မမြဲသော ဝေဒနာသည် ဆင်းရဲ၏၊ ဆင်းရဲသော ဝေဒနာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည် ငါ မဟုတ်၊ ဤဝေဒနာသည်ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ သညာသည် မမြဲ။ပ။ သင်္ခါရတို့သည် မမြဲကုန်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသောဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်းမှန်ကန် သော ပညာဖြင့် ရှုရမည်၊ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ယံဒုက္ခသုတ်

၁၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည် ဆင်းရဲ၏၊ သညာသည် ဆင်းရဲ၏။ သင်္ခါရတို့သည် ဆင်းရဲကုန်၏။ ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည်ငါ မဟုတ်။ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏့ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ယဒနတ္တာသုတ်

၁၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်းမှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည် အတ္တမဟုတ်။ သညာသည် အတ္တမဟုတ်။ သင်္ခါရတို့သည်အတ္တမဟုတ်ကုန်။ ဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ ရဟန်းတို့ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-သဟေတုအနိစ္စသုတ်

၁၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ ရုပ်ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက်အပံ့သည်လည်း မမြဲ၊ ရဟန်းတို့ မမြဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်သည်ကား အဘယ်မှာမြဲလိမ့်မည်နည်း။ ဝေဒနာသည် မမြဲ၊ ဝေဒနာဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက်အပံ့သည်လည်း မမြဲ၊ ရဟန်းတို့ မမြဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာသည် အဘယ်မှာ မြဲလိမ့်မည်နည်း။ သညာသည် မမြဲ။ သင်္ခါရတို့သည် မမြဲကုန်၊ သင်္ခါရတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက်အပံ့သည်လည်း မမြဲ၊ ရဟန်းတို့ မမြဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာကုန်သော သင်္ခါရတရားတို့သည်ကားအဘယ်မှာ မြဲကုန်လိမ့်မည်နည်း။ ဝိညာဏ်သည် မမြဲ၊ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက်အပံ့သည်လည်း မမြဲ၊ ရဟန်းတို့ မမြဲသောအကြောင်းကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်သည်ကားအဘယ်မှာ မြဲလိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-သဟေတုဒုက္ခသုတ်

၁၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် ဆင်းရဲ၏၊ ရုပ်ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက်အပံ့သည်လည်း ဆင်းရဲ၏၊ ရဟန်းတို့ ဆင်းရဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်သည်အဘယ်မှာ ချမ်းသာနိုင်အံ့နည်း။ ဝေဒနာသည် ဆင်းရဲ၏။ သညာသည် ဆင်းရဲ၏။ သင်္ခါရတို့သည်ဆင်းရဲကုန်၏၊ ဝိညာဏ်သည် ဆင်းရဲ၏၊ ဝိညာဏ် ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက်အပံ့သည်လည်းဆင်းရဲ၏၊ ရဟန်းတို့ ဆင်းရဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်သည် အဘယ်မှာချမ်းသာနိုင်ပါအံ့ နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုသိ၏ဟု (မိန့်တော် မူ၏)။

အဋ္ဌမသုတ်။

------

၉-သဟေတုအနတ္တသုတ်

၂၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရုပ်ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက် အပံ့သည်လည်း အတ္တမဟုတ်၊ ရဟန်းတို့ အတ္တမဟုတ်သော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်သည်အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ ဝေဒနာသည် အတ္တမဟုတ်။ သညာသည် အတ္တမဟုတ်။ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်။ ဝိညာဏ်သည် အတ္တမဟုတ်၊ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်းအထောက်အပံ့သည်လည်း အတ္တမဟုတ်၊ ရဟန်းတို့ အတ္တမဟုတ်သော အကြောင်းကြောင့်ဖြစ်ပေါ်လာသော ဝိညာဏ်သည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုသိ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-အာနန္ဒသုတ်

၂၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ''ြဲမတ်စွာဘုရား 'ချုပ်မှု ချုပ်မှု'ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်တရားတို့၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရပါသနည်း ''ဟု ဤစကားကို လျှောက်၏။

အာနန္ဒာ ရုပ်သည် မမြဲ၊ အပြုပြင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ ထိုရုပ်၏ ချုပ်မှုကို ချုပ်မှုဟုဆိုရ၏။ ဝေဒနာသည် မမြဲ၊ အပြုပြင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘော ရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ ထိုဝေဒနာ၏ ချုပ်မှုကိုချုပ်မှုဟု ဆိုရ၏၊ သညာသည်။ သင်္ခါရတို့သည် မမြဲကုန် အပြုပြင်ခံရကုန်၏၊ အကြောင်းကို စွဲ၍ ဖြစ်ကုန်၏၊ ကုန်ခြင်းသဘော ရှိကုန်၏၊ ပျက်ခြင်းသဘောရှိကုန်၏၊ ကင်းပြတ်ခြင်းသဘောရှိကုန်၏၊ ချုပ်ခြင်းသဘောရှိကုန်၏၊ ထိုသင်္ခါရ တို့၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရ၏။ ဝိညာဏ်သည် မမြဲ၊ အပြုပြင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ ထိုဝိညာဏ်၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရ၏။ အာနန္ဒာ ဤတရားတို့၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် အနိစ္စဝဂ် ပြီး၏။

------

၃-ဘာရဝဂ် ၁-ဘာရသုတ်

၂၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ ရဟန်းတို့ ဝန်ကိုလည်းကောင်း၊ ဝန်ဆောင်သမားကိုလည်းကောင်း၊ ဝန်ယူရကြောင်းကိုလည်းကောင်း၊ ဝန်ချထားခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားအံ့၊ ထိုတရားကို နာကုန်လော့။

ရဟန်းတို့ ဝန်ဟူသည် အဘယ်နည်း။ ''ဥပါဒါနက္ခန္ဓာငါးမျိုးတို့''ဟု ဆိုအပ်သည် ဖြစ်ရာ၏။

အဘယ်ငါးမျိုးတို့နည်း၊ ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသောဥပါဒါနက္ခန္ဓာ၊ သင်္ခါရဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝန်ဟု ဆိုအပ်သည် ဖြစ်ရာ၏။

ရဟန်းတို့ ဝန်ဆောင်သမားဟူသည် အဘယ်နည်း။ ''ပုဂ္ဂိုလ်''ဟု ဆိုအပ်သည် ဖြစ်ရာ၏၊ ဤအသျှင်ကား ဤသို့ အမည်ရှိ၏၊ ဤသို့ အနွယ်ရှိ၏ဟု ဆိုရသော ပုဂ္ဂိုလ်ပင်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုဝန်ဆောင်သမားဟု ဆိုရ၏။

ရဟန်းတို့ ဝန်ယူရကြောင်းဟူသည် အဘယ်နည်း။ ကာမ၌ တပ်မက်မှု 'ကာမတဏှာ'၊ ဘဝ၌ တပ်မက်မှု 'ဘဝတဏှာ'၊ ဘဝပြတ်ခြင်း၌ တပ်မက်မှု 'ဝိဘဝတဏှာ' ဟူသော ဘဝသစ်ကို ဖြစ်စေနိုင်သော နှစ်သက်စွဲမက်မှုနှင့် တကွဖြစ်သော ထိုထိုဖြစ်ရာ အာရုံတို့ကို အလွန်နှစ်သက်တတ်သော တဏှာပင်တည်း။ ရဟန်းတို့ ဤတဏှာကို ဝန်ယူရကြောင်းဟု ဆိုရ၏။

ရဟန်းတို့ ဝန်ချထားခြင်းဟူသည် အဘယ်နည်း၊ ထိုတပ်မက်မှု 'တဏှာ'၏သာလျှင် အကြွင်းမဲ့ကင်းပြတ်ချုပ်ငြိမ်းခြင်း စွန့်ခြင်း မကပ်ငြိခြင်း လွတ်ခြင်း မတွယ်တာခြင်းတည်း။ ရဟန်းတို့ ဤသည်ကိုဝန်ချထားခြင်းဟု ဆိုရ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးနောက် တစ်ပါးသော ဤဂါထာကို မိန့်တော်မူ ပြန်၏ -

''ခန္ဓာငါးမျိုးတို့သည် စင်စစ် ဝန်တို့တည်း။ ပုဂ္ဂိုလ်ကား ဝန်ဆောင်သမား တည်း။ ဝန်ကိုယူရခြင်းသည် လောက၌ ဆင်းရဲ၏၊ ဝန်ကို ချထားခြင်းသည် ချမ်းသာ၏။

လေးသော ဝန်ကို ချထားပြီးလျှင် တစ်ပါးသော ဝန်ကို မယူမူ၍ အမြစ်ရင်းနှင့် တကွ တဏှာကိုနုတ်ပယ်ပြီးလျှင် ဆာလောင်မှု'တဏှာ' ကင်းသည်ဖြစ်၍ အေးငြိမ်း ရ၏ ''ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၂-ပရိညသုတ်

၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပိုင်းခြားသိသင့်သော တရားတို့ကိုလည်းကောင်း၊ ပိုင်းခြားသိမှုကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ပိုင်းခြားသိသင့်သော တရားတို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ ရုပ်သည်ပိုင်းခြားသိသင့်သော တရားတည်း၊ ဝေဒနာသည် ပိုင်းခြားသိသင့်သော တရားတည်း၊ သညာသည်ပိုင်းခြားသိသင့်သော တရားတည်း၊ သင်္ခါရတို့သည် ပိုင်းခြားသိသင့်သော တရားတို့တည်း၊ ဝိညာဏ်သည်ပိုင်းခြားသိသင့်သော တရားတည်း။ ရဟန်းတို့ ဤသည်တို့ကို ပိုင်းခြားသိသင့်သော တရားတို့ဟူ၍ ဆိုရ၏။

ရဟန်းတို့ ပိုင်းခြားသိမှုဟူသည် အဘယ်နည်း။ ရဟန်းတို့ စွဲမက်မှု''ရာဂ''၏ ကုန်ခြင်း၊ အမျက်ထွက်မှု''ဒေါသ''၏ ကုန်ခြင်း၊ တွေဝေမှု''မောဟ''၏ ကုန်ခြင်းပေတည်း။ ရဟန်းတို့ ဤသည်ကို ပိုင်းခြားသိမှုဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အဘိဇာနသုတ်

၂၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်ကို အထူးမသိသည်ရှိသော် ပိုင်းခြားမသိသည်ရှိသော် စွဲမက်မှုမကင်းသည်ရှိသော် မပယ်သည်ရှိသော် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ဝေဒနာကို အထူးမသိသည်ရှိသော်ပိုင်းခြားမသိသည်ရှိသော် စွဲမက်မှု မကင်းသည်ရှိသော် မပယ်သည်ရှိသော် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ သညာကို အထူးမသိသည်ရှိသော်။ သင်္ခါရတို့ကို အထူးမသိသည်ရှိသော် ပိုင်းခြားမသိသည်ရှိသော် စွဲမက်မှုမကင်းသည်ရှိသော် မပယ်သည်ရှိသော် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ဝိညာဏ်ကို အထူးမသိသည်ရှိသော်ပိုင်းခြားမသိသည်ရှိသော် စွဲမက်မှု မကင်းသည်ရှိသော် မပယ်သည်ရှိသော် ဆင်းရဲကုန်ခြင်းငှါ မထိုက်။

ရဟန်းတို့ ရုပ်ကို အထူးသိသည်ရှိသော် ပိုင်းခြားသိသည်ရှိသော် စွဲမက်မှု ကင်းသည်ရှိသော်ပယ်စွန့်သည်ရှိသော် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဝေဒနာကို အထူးသိသည်ရှိသော်။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အထူးသိသည်ရှိသော် ပိုင်းခြားသိသည်ရှိသော် စွဲမက်မှု ကင်းသည်ရှိသော် ပယ်စွန့်သည်ရှိသော် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဆန္ဒရာဂသုတ်

၂၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ကြကုန်လော့၊ ဤသို့ပယ်သည်ရှိသော် ထိုရုပ်သည် ပယ်ပြီး ဖြစ်လတ္တံ့။ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်လတ္တံ့။ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်လတ္တံ့၊ နောက်ထပ်မဖြစ်အောင် ပြုပြီး ဖြစ်လတ္တံ့၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိသည် ဖြစ်လတ္တံ့။ ဝေဒနာ၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ကြကုန်လော့။ ဤသို့ပယ်သည်ရှိသော် ဝေဒနာသည် ပယ်ပြီး ဖြစ်လတ္တံ့။ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်လတ္တံ့၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်လတ္တံ့၊ နောက်ထပ်မဖြစ်အောင် ပြုပြီး ဖြစ်လတ္တံ့၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိသည် ဖြစ်လတ္တံ့။ သညာ၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ကြကုန်လော့။ ဤသို့ပယ်သည်ရှိသော် ထိုသညာသည် ပယ်ပြီး ဖြစ်လတ္တံ့၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်လတ္တံ့၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်လတ္တံ့၊ နောက်ထပ်မဖြစ်အောင် ပြုပြီး ဖြစ်လတ္တံ့၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိသည် ဖြစ်လတ္တံ့၊ သင်္ခါရတို့၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ကြကုန်လော့။ ဤသို့ ပယ်သည်ရှိသော် ထိုသင်္ခါရတို့သည် ပယ်ပြီး ဖြစ်ကုန်လတ္တံ့၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်ကုန် လတ္တံ့၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်ကုန်လတ္တံ့၊ နောက်ထပ် မဖြစ်အောင် ပြုပြီးဖြစ်ကုန် လတ္တံ့၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်သည် ဖြစ်ကုန်လတ္တံ့။ ဝိညာဏ်၌ လိုချင်စွဲမက်မှု''ဆန္ဒ ရာဂ''ကို ပယ်ကြကုန်လော့။ ဤသို့ ပယ်သည်ရှိသော် ထိုဝိညာဏ်သည် ပယ်ပြီးဖြစ်လတ္တံ့၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်လတ္တံ့၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်လတ္တံ့၊ နောက်ထပ်မဖြစ်အောင် ပြုပြီး ဖြစ်လတ္တံ့၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိသည် ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-အဿာဒသုတ်

၂၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် (သစ္စာလေးပါးကို) မသိမီ သစ္စာလေးပါးကို မသိသေး သောဘုရားလောင်းဖြစ်စဉ် ဤသို့ အကြံဖြစ်၏ -''ရုပ်၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကားအဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ သညာ၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ သင်္ခါရတို့၏ သာယာဖွယ်ကားအဘယ်နည်း၊ အပြစ် ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ ဝိညာဏ်၏သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း''ဟု ( ဤသို့ အကြံဖြစ်၏)။

ရဟန်းတို့ ထိုငါ့အား ရုပ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည် ရုပ်၏သာယာဖွယ်တည်း၊ ရုပ်၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်သော သဘောသည် ရုပ်၏ အပြစ်တည်း၊ ရုပ်၌ လိုချင် စွဲမက်မှု ''ဆန္ဒရာဂ''ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ခြင်းသည် ရုပ်၏ထွက်မြောက်ရာတည်း။ ဝေဒနာကို အစွဲပြု၍ ဖြစ်ပေါ်လာသောကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည်ဝေဒနာ၏ သာယာဖွယ်တည်း၊ ဝေဒနာ၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်သော သဘောသည်ဝေဒနာ၏ အပြစ်တည်း၊ ဝေဒနာ၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု''ဆန္ဒရာဂ''ကိုပယ်ခြင်းသည် ဝေဒနာ၏ ထွက်မြောက်ရာတည်း။ သညာကို အစွဲပြု၍ ဖြစ်ပေါ်လာသော။ပ။ သင်္ခါရတို့ကိုအစွဲပြု၍ ဖြစ်ပေါ်လာသောကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည် သင်္ခါရတို့၏ သာယာဖွယ်တည်း၊ သင်္ခါရတို့၏ မမြဲ သော ဆင်းရဲသော ဖောက်ပြန်သော သဘောသည် သင်္ခါရတို့၏ အပြစ်တည်း၊ ့သင်္ခါရတို့၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ခြင်းသည်သင်္ခါရတို့၏ ထွက်မြောက်ရာ တည်း။ ဝိညာဏ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသောကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုသည် ဝိညာဏ်၏ သာယာဖွယ်တည်း၊ ဝိညာဏ်၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်သောသဘောသည် ဝိညာဏ်၏ အပြစ် တည်း၊ ဝိညာဏ်၌ လိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ဖျောက်ခြင်းလိုချင်စွဲမက်မှု ''ဆန္ဒရာဂ''ကို ပယ်ခြင်းသည် ဝိညာဏ်၏ ထွက်မြောက်ရာတည်း။

ရဟန်းတို့ ဤဥပါဒါနက္ခခန္ဓာငါးမျိုးတို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်းအပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများ နှင့် တကွသော လူ့လောက၌ ''အတုမရှိသော သဗ္ဗညုတဉာဏ်ကို ရပြီ''ဟု ငါ ဝန်မခံ။ ရဟန်းတို့ ဤ ဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဤသို့ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်းအပြစ်ဟူ၍ ထွက် မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါမှသာလျှင်နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ ''အတုမရှိသော သဗ္ဗညုတဉာဏ်ကို ရပြီ''ဟု ငါ ဝန်ခံခဲ့၏။ ငါ့အား ဉာဏ်အမြင်သည်ထင်ရှားဖြစ်၏၊ ငါ၏ အရဟတ္တဖိုလ်စိတ်သည် မပျက်စီး၊ ဤဘဝကား နောက်ဆုံးဘဝတည်း၊ နောက်တစ်ဖန် ဖြစ်ခြင်းမရှိတော့ပြီဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒုတိယအဿာဒသုတ်

၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် ရုပ်၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ။ ရုပ်၏သာယာဖွယ်ကို သိခဲ့ပြီ၊ ရုပ်၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ငါသည် ရုပ်၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ၊ ရုပ်၏ အပြစ်ကို သိခဲ့ပြီ၊ ရုပ်၏ အပြစ်ရှိသမျှကိုပညာဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ရုပ်၏ ထွက်မြောက်ရာကို ရှာမှီးလျက်လှည့်လည်ခဲ့ ဖူးပြီ။ ရုပ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ ရုပ်၏ ထွက်မြောက်ရာ ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်ခဲ့ ပြီ။ ရဟန်းတို့ ငါသည် ဝေဒနာ၏။ပ။ ရဟန်းတို့ ငါသည် သညာ၏။ ရဟန်းတို့ငါသည် သင်္ခါရတို့၏။ ရဟန်းတို့ ငါသည် ဝိညာဏ်၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ၊ ဝိညာဏ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ ဝိညာဏ်၏ သာယာဖွယ် ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာမြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ဝိညာဏ်၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ဝိညာဏ်၏ အပြစ်ကိုသိခဲ့ပြီ။ ဝိညာဏ်၏ အပြစ်ရှိသမျှ ကို ပညာဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ဝိညာဏ်၏ထွက်မြောက်ရာကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ၊ ဝိညာဏ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ။ ဝိညာဏ်၏ထွက်မြောက်ရာ ရှိသမျှကို ပညာ ဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။

ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်းအပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး အတုမဲ့ သဗ္ဗညုတဉာဏ်ကို ရပြီဟု ငါ ဝန်မခံသေး။ပ။ ဝန်ခံပြီ။ပ။ ငါ့အား ဉာဏ်အမြင်သည်ထင်ရှားဖြစ်ပြီ။ ငါ၏ အရဟတ္တဖိုလ်စိတ်သည် မပျက်စီး၊ ဤဘဝကား နောက်ဆုံးဘဝတည်း၊ နောက်ထပ်တစ်ဖန် ဖြစ်ခြင်း မရှိတော့ပြီဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-တတိယ အဿာဒသုတ်

၂၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်၏ သာယာဖွယ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ရုပ်၌ မစွဲမက်ကုန်ရာ၊ ရဟန်းတို့ ရုပ်၏ သာယာဖွယ် ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ရုပ်၌ စွဲမက်ကုန်၏။

ရဟန်းတို့ ရုပ်၏ အပြစ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ရုပ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ရုပ်၏ အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ရုပ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ ရုပ်၏ ထွက်မြောက်ရာ မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ရုပ်မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ ရုပ်၏ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ရုပ်မှ ထွက်မြောက်ကြကုန်၏။ ရဟန်းတို့ ဝေဒနာ၏။ ရဟန်းတို့ သညာ၏။

ရဟန်းတို့ သင်္ခါရတို့၏ ထွက်မြောက်ရာ မရှိခဲ့ပါလျှင် သတ္တဝါတို့သည် သင်္ခါရတို့မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ သင်္ခါရတို့၏ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် သင်္ခါရတို့မှထွက်မြောက်ကြကုန်၏။ ရဟန်းတို့ ဝိညာဏ်၏ သာယာဖွယ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ မစွဲမက်ကုန်ရာ၊ ရဟန်းတို့ ဝိညာဏ်၏ သာယာဖွယ် ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ စွဲမက်ကုန်၏။ ရဟန်းတို့ ဝိညာဏ်၏ အပြစ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ဝိညာဏ်၏ အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ ငြီးငွေ့ကုန်၏။

ရဟန်းတို့ ဝိညာဏ်၏ ထွက်မြောက်ရာ မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ ဝိညာဏ်၏ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင်သတ္တဝါတို့သည် ဝိညာဏ်မှ ထွက်မြောက်ကြကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်း အပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကမှ ထွက်မြောက်ကွေကွင်း လွတ်ကင်းကုန်သည်ဖြစ်၍ အပိုင်းအခြား မရှိသော စိတ်ဖြင့် မနေရကုန်။ ရဟန်းတို့ သတ္တဝါတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်း အပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ် တိုင်းမှန်စွာ သိကြသော အခါမှသာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့်သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ထွက်မြောက်ကွေကွင်းလွတ်ကင်းကုန်သည်ဖြစ်၍ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-အဘိနန္ဒနသုတ်

၂၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်ကို နှစ်သက်သော သူသည် ဆင်းရဲကို နှစ်သက်သည် မည်၏။

ဆင်းရဲကို နှစ်သက်သော သူသည် ''ဆင်းရဲမှ မလွတ်သေး''ဟူ၍ (ငါ) ဆို၏။ ဝေဒနာကို နှစ်သက်သောသူသည်။ သညာကို နှစ်သက်သော သူသည်။ သင်္ခါရတို့ကို နှစ်သက်သော သူသည်။ ဝိညာဏ်ကို နှစ်သက်သော သူသည် ဆင်းရဲကို နှစ်သက်သည် မည်၏။ ဆင်းရဲကို နှစ်သက်သော သူသည် ''ဆင်းရဲမှ မလွတ်သေး''ဟူ၍ (ငါ) ဆို၏။

ရဟန်းတို့ ရုပ်ကို မနှစ်သက်သော သူသည် ဆင်းရဲကို မနှစ်သက်။ ဆင်းရဲကို မနှစ်သက်သော သူသည်''ဆင်းရဲမှ လွတ်၏ ''ဟူ၍ (ငါ) ဆို၏။ ဝေဒနာကို မနှစ်သက်သော သူသည်။ သညာကို မနှစ် သက်သောသူသည်။ သင်္ခါရတို့ကို မနှစ်သက်သော သူသည်။ ဝိညာဏ်ကို မနှစ်သက်သော သူသည် ဆင်းရဲကိုမနှစ်သက်။ ဆင်းရဲကို မနှစ်သက်သော သူသည် ''ဆင်းရဲမှ လွတ်၏ ''ဟု (ငါ) ဆို၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ဥပ္ပါဒသုတ်

၃၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲဖြစ်ပေါ်မှုပင်တည်း၊ ရောဂါတို့၏ တည်မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည်ဆင်းရဲ ဖြစ်ပေါ်မှုပင်တည်း၊ ရောဂါတို့၏ တည်မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။

ရဟန်းတို့ ရုပ်၏ ချုပ်မှု ငြိမ်းမှု ကင်းမှုသည် ဆင်းရဲ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင် တည်း၊ အိုခြင်း သေခြင်း၏ ကင်းမှုပင်တည်း။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ချုပ်မှု ငြိမ်းမှုကင်းမှုသည် ဆင်းရဲ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကင်းမှုပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-အဃမူလသုတ်

၃၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲ၏ အရင်းမူလကိုလည်းကောင်းဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဆင်းရဲဟူသည် အဘယ်နည်း။ ရဟန်းတို့ရုပ်သည် ဆင်းရဲတည်း၊ ဝေဒနာသည် ဆင်းရဲတည်း၊ သညာသည် ဆင်းရဲတည်း၊ သင်္ခါရတို့သည်ဆင်းရဲတို့တည်း။ ဝိညာဏ်သည် ဆင်းရဲတည်း။ ရဟန်းတို့ ဤရုပ်စသောတရားကို ဆင်းရဲဟု ဆိုရ၏။

ရဟန်းတို့ ဆင်းရဲ၏ အရင်းမူလဟူသည် အဘယ်နည်း။ ကာမ၌ တပ်မက်မှု၊ ဘဝ၌ တပ်မက်မှု၊ ဘဝပြတ်ခြင်း၌ တပ်မက်မှုဟူသော ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်မှု 'နန္ဒီရာဂ' နှင့် တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်တတ်သော တဏှာတည်း။ ရဟန်းတို့ ဤတဏှာကို ဆင်းရဲ၏အရင်းမူလဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၁-ပဘဂုင်္သုတ်

၃၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပျက်စီးခြင်းတရားကိုလည်းကောင်း၊ မပျက်စီးခြင်းတရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ပျက်စီးခြင်းတရားဟူသည် အဘယ်နည်း၊ မပျက်စီးခြင်း တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ ရုပ်သည် ပျက်စီးခြင်းတရား မည်၏၊ ထိုရုပ်၏ ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည်မပျက်စီးခြင်းတရား မည်၏။ ခံစားမှု''ဝေဒနာ''သည် ပျက်စီးခြင်းတရား မည်၏။ ထိုခံစားမှု ဝေဒနာ၏ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည် မပျက်စီးခြင်းတရား မည်၏။ မှတ်သားမှု ''သညာ''သည် ပျက်စီးခြင်းတရား မည်၏။ ပြုပြင်မှု ''သင်္ခါရ''တို့သည် ပျက်စီးခြင်းတရား မည်ကုန်၏။ ထိုပြုပြင်မှု''သင်္ခါရ''တို့၏ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည် မပျက်စီးခြင်းတရား မည်၏။ ဝိညာဏ်သည် ပျက်စီးခြင်းတရားမည်၏၊ ထိုဝိညာဏ်၏ ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည် မပျက်စီးခြင်းတရား မည်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

သုံးခုမြောက် ဘာရဝဂ် ပြီး၏။

------

၄-နတုမှာကဝဂ် ၁-နတုမှာကသုတ်

၃၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့၏ဥစ္စာမဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်ကို ပယ်ကြကုန်လော့၊ ထိုရုပ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သညာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုသညာကို ပယ်ကြကုန်လော့၊ ထိုသညာကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သင်္ခါရတို့သည် သင်တို့၏ ဥစ္စာမဟုတ်ကုန်၊ ထိုသင်္ခါရတို့ကို ပယ်ကြကုန်လော့၊ ထိုသင်္ခါရတို့ကို ပယ်သည်ရှိသော်သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ ဝိညာဏ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်း၌ မြက် ထင်း သစ်ခက် သစ်ရွက်ကို လူအပေါင်းသည် ယူဆောင်လျှင်ဖြစ်စေ၊ မီးရှို့လျှင်ဖြစ်စေ၊ အလိုရှိတိုင်း ပြုလျှင်ဖြစ်စေ ''ငါတို့ကို လူအပေါင်းသည်ယူ ဆောင်၏ဟူ၍လည်းကောင်း၊ မီးရှို့၏ဟူ၍လည်းကောင်း၊ အလိုရှိတိုင်းပြု၏ ''ဟူ၍လည်းကောင်းသင်တို့အား ဤသို့သော အထင်သည် ဖြစ်ရာသလော။ မဖြစ်ရာပါ အသျှင်ဘုရား။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် အကျွန်ုပ်တို့၏ကိုယ်လည်း မဟုတ်ပါ၊ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ်ပါဟုလျှောက်ကုန်၏။

ရဟန်းတို့ ဤအတူ ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်ကို ပယ်ကြကုန်လော့၊ ထိုရုပ်ကိုပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သညာသည် သင်တို့၏ ဥစ္စာမဟုတ်။ သင်္ခါရတို့သည် သင်တို့၏ ဥစ္စာမဟုတ်ကုန်။ ဝိညာဏ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ နတုမှာကသုတ်

၃၄။ သာဝတ္ထိနိဒါန်း။ ရဟန်တို့ သင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့၏ဥစ္စာမဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်ကိုပယ်ကြကုန်လော့၊ ထိုရုပ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်။ သညာသည် သင်တို့၏ ဥစ္စာမဟုတ်။ သင်္ခါရတို့သည် သင်တို့၏ဥစ္စာမဟုတ်ကုန်။ ဝိညာဏ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဝိညာဏ်ကိုပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့သည် ဥစ္စာမဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အညတရဘိက္ခုသုတ်

၃၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်းဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏''ဟု (လျှောက်၏)။ ရဟန်း အကြင်တရားကို အာရုံပြု၍ ကိန်းဝပ်၏၊ ထိုကိန်းဝပ်သောတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏၊ အကြင်တရားကို အာရုံပြု၍ မကိန်းဝပ်၊ ထိုမကိန်းဝပ်သောတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်ဟု ဟောတော်မူ၏။ မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား သိပါပြီ''ဟု (လျှောက်၏)။

ရဟန်း သင်သည် ငါ အကျဉ်းဟောထားသော တရား၏ အကျယ်ဖြစ်သော အနက်ကို အဘယ်သို့သိသနည်း။ အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ဝေဒနာကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ သညာကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။

သင်္ခါရတို့ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည်အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်း သို့ ရောက်၏။

အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့်ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ သညာကို အာရုံပြု၍ အကိန်းတရားသည်အကယ်၍ မကိန်းငြားအံ့။ သင်္ခါရတို့ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်ဟု မြတ်စွာဘုရား အကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ အကျွန်ုပ် သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်း သင်သည် ငါ အကျဉ်းဟောထားသော တရား၏အကျယ်ဖြစ်သော အနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည်အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်း သို့ ရောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူတွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်း သို့ ရောက်၏။

ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့်ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ရဟန်း ငါအကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်အပ်၏ဟု (မိန့်တော်မူ၏)။

ထို့နောက် ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင်မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ ထိုရဟန်းသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်ထားသော စိတ်ရှိသည် ဖြစ်၍ နေသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုကုန်သော အမျိုးသားတို့ လိုလားတောင့်တကြသည့် အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘဝ၌ ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေရ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေသတည်း။

တတိယသုတ်။

------

၄-ဒုတိယ အညတရဘိက္ခုသုတ်

၃၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို နာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့လုံ့လ ပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏''ဟု လျှောက်၏။ ရဟန်းအကြင်တရားကို အာရုံပြု၍ အကိန်းတရား ကိန်းဝပ်၏၊ ထိုတရားသည် အကိန်းတရားနှင့် တကွပျက်စီး၏။ ထိုပျက်စီး သော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ အကြင်တရားကို အာရုံပြု၍ အကိန်းတရားသည် မကိန်းဝပ်၊ ထိုတရားသည် အကိန်းတရားနှင့် တကွ မပျက်စီး။ မပျက်စီးသော ထိုအကိန်းတရားဖြင့် (တပ်မက်သူပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ် ခြင်းသို့ မရောက်ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီ''ဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောထားသည့် တရား၏ အကျယ်ဖြစ်သော အနက်အဓိပ္ပာယ်ကို သင် အဘယ် သို့သိသနည်း။ အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုရုပ်သည်အကိန်းတရားနှင့် တကွ ပျက်စီး၏။ ထိုုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူတွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုအာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုဝိညာဏ်သည် အကိန်းတရားနှင့် တကွပျက်စီး၏။ ထိုုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။

အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုရုပ်သည်အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ရုပ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုဝိညာဏ်သည် အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ဝိညာဏ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ အသျှင်ဘုရား မြတ်စွာဘုရား အကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သောအနက်ကို ဤသို့ သိပါ၏ဟု လျှောက်၏။

ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်း ငါ အကျဉ်းဟောထားသော တရား၏ အကျယ်ဖြစ်သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုရုပ်သည် အကိန်းတရားနှင့် တကွ ပျက်စီး၏။ ထိုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ရဟန်း ဝေဒနာကို။ သညာကို။ သင်္ခါရ့တို့ကို။ ရဟန်း ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုဝိညာဏ်သည်အကိန်းတရားနှင့် တကွ ပျက်စီး၏။ ထိုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။

ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုရုပ်သည် အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ရုပ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုဝိညာဏ်သည် အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ဝိညာဏ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့မရောက်။ ရဟန်း ငါ အကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်သင့်၏။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-အာနန္ဒသုတ်

၃၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏။ အာနန္ဒာ သင့်ကို ''ငါ့သျှင် အာနန္ဒာအဘယ်တရားတို့၏ ဖြစ်ပေါ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ဖောက်ပြန်မှုသည် ထင်သနည်း''ဟု အကယ်၍ မေးလာကြကုန်မူ အာနန္ဒာ ဤသို့ အမေးခံရသောသင်သည် အဘယ်သို့ ဖြေမည်နည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကယ်၍ တပည့်တော်ကို''ငါ့သျှင် အာနန္ဒာ အဘယ်တရားတို့၏ ဖြစ်ပေါ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်သနည်း''ဟု ဤသို့ မေးလာကြကုန်မူ အသျှင်ဘုရား ဤသို့အမေးခံ ရသော အကျွန်ုပ်သည် ''ငါ့သျှင်တို့ ရုပ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်၏။ ခံစားမှု ''ဝေဒနာ''၏။ မှတ်သားမှု ''သညာ''၏။

ပြုပြင်မှု ''သင်္ခါရ'' တို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သောဝိညာဏ်၏ ဖောက်ပြန်မှုသည် ထင်၏။ ငါ့သျှင်တို့ ဤတရားတို့၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည်ထင်၏၊ တည်ကုန်သော တရားတို့၏ ဖောက်ပြန်မှုသည် ထင်၏''ဟု ဖြေပါအံ့။ အသျှင်ဘုရား ဤသို့အမေးခံရသော အကျွန်ုပ်သည် ဤသို့ ဖြေပါအံ့။

အာနန္ဒာ ကောင်းပေစွ၊ ကောင်းပေစွ၊ အာနန္ဒာ ရုပ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်၏။ ခံစားမှု ''ဝေဒနာ''၏။ မှတ်သားမှု ''သညာ''၏။ ပြုပြင်မှု''သင်္ခါရ''တို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော ဝိညာဏ်၏ ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤတရားတို့၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သောတရားတို့၏ ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤသို့ အမေးခံရသော သင်သည် ဤသို့ ဖြေရာ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒုတိယ အာနန္ဒသုတ်

၃၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - အာနန္ဒာ သင့်ကို ''ငါ့သျှင်အာနန္ဒာ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့သနည်း၊ ပျက်မှုသည် ထင်ခဲ့သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့သနည်း၊ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်လတ္တံ့နည်း၊ ပျက်မှုသည် ထင်လတ္တံ့နည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့နည်း၊ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်သနည်း''ဟု မေးခဲ့ငြားအံ့၊ အာနန္ဒာ ဤသို့ အမေးခံရသော သင်သည် အဘယ်သို့ ဖြေမည်နည်း။

အသျှင်ဘုရား ''ငါ့သျှင် အာနန္ဒာ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့သနည်း၊ ပျက်မှုသည်ထင်ခဲ့သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့သနည်း၊ အဘယ်တရားတို့၏ ဖြစ်မှုသည်ထင်လတ္တံ့နည်း၊ ပျက်မှုသည် ထင်လတ္တံ့နည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့နည်း''အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်သနည်း''ဟု အကျွန်ုပ်ကို ဤသို့ မေးခဲ့ငြားအံ့။

အသျှင်ဘုရား ဤသို့ အမေးခံရသော တပည့်တော်သည် ''အကြင်ရုပ်သည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်ခဲ့ပြီ။ ပျက်မှုသည် ထင်ခဲ့ပြီ။ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်ဝေဒနာသည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုဝေဒနာ၏ ဖြစ်မှုသည်ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော ဝေဒနာ၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်သညာသည်။ အကြင် သင်္ခါရတို့သည် လွန်ခဲ့ကုန်၏၊ ချုပ်ခဲ့ကုန်၏၊ ပြောင်းလွှဲခဲ့ကုန်၏၊ ထိုသင်္ခင်္ါရတို့ ဖြစ်ပေါ်မှုသည်ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော သင်္ခါရ၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်ဝိညာဏ်သည်လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သောဝိညာဏ်၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ ငါ့သျှင်တို့ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။

ငါ့သျှင်တို့ အကြင်ရုပ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်ဝေဒနာသည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုဝေဒနာ၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သောတရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်သညာသည်။ပ။ အကြင်သင်္ခင်္ါရတို့သည်မဖြစ်ပေါ်ကုန်သေး၊ မထင်ရှားကုန်သေး၊ ထိုသင်္ခါရတို့၏ ဖြစ်ပေါ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည်ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်ဝိညာဏ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထို ဝိညာဏ်၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ဖောက်ပြန်မှုသည် ထင်လတ္တံ့။ ငါ့သျှင်တို့ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။

ငါ့သျှင်တို့ အကြင်ရုပ်သည် ဖြစ်ပေါ်၏၊ ထင်ရှား၏၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ အကြင်ဝေဒနာသည် ဖြစ်ပေါ်၏၊ ထင်ရှား ဖြစ်၏။ပ။ အကြင်သညာသည်။ အကြင်သင်္ခါရတို့သည် ဖြစ်ပေါ်ကုန်၏၊ ထင်ရှားဖြစ်ကုန်၏၊ ထိုသင်္ခါရ တို့၏ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။

အကြင်ဝိညာဏ်သည် ဖြစ်ပေါ်၏၊ ထင်ရှားဖြစ်၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည်ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ ငါ့သျှင်တို့ ဤ (ခန္ဓာငါးပါး) တရားတို့၏ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏ ''ဟု ဤသို့ ဖြေပါအံ့။ မြတ်စွာဘုရား ဤသို့ အမေးခံရသော အကျွန်ုပ်သည် ဤသို့ ဖြေပါအံ့ဟု လျှောက်၏။

အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ အကြင်ရုပ်သည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုရုပ်၏ ဖြစ်ပေါ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်ဝေဒနာသည်။ အကြင်သညာသည်။ အကြင်သင်္ခါရတို့သည်။ အကြင်ဝိညာဏ်သည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော ဝိညာဏ်၏့ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အာနန္ဒာ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။

အာနန္ဒာ အကြင်ရုပ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုရုပ်၏ ဖြစ်ပေါ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရားတို့၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်ဝေဒနာသည်။ အကြင်သညာသည်။ အကြင်သင်္ခင်္ါရတို့သည်။ အကြင်ဝိညာဏ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည်ထင်လတ္တံ့။ အာနန္ဒာ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။

အာနန္ဒာ အကြင်ရုပ်သည် ဖြစ်ပေါ်၏၊ ထင်ရှားဖြစ်၏၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည်ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ အကြင်ဝေဒနာသည်။ အကြင်သညာသည်။ အကြင်သင်္ခါရတို့သည်။ အကြင်ဝိညာဏ်သည် ဖြစ်ပေါ်၏၊ ထင်ရှားဖြစ်၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည်ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤ (ခန္ဓာငါးပါး) တရား တို့၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤသို့ အမေးခံရသော သင်သည် ဤသို့ ဖြေရာ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-အနုဓမ္မသုတ်

၃၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်သောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ ''ရုပ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏၊ ခံစားမှု'ဝေဒနာ'၌ ငြီးငွေ့ခြင်းများသည်ဖြစ်၍ နေရာ၏၊ မှတ်သားမှု'သညာ'၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏၊ ပြုပြင်မှု'သင်္ခါရ'တို့၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏၊ ဝိညာဏ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏။

ရုပ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေသော ရဟန်းသည် ခံစားမှု 'ဝေဒနာ'၌ ။ မှတ်သားမှု 'သညာ' ၌ ။ ပြုပြင်မှု 'သင်္ခါရ'တို့၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေသော ရဟန်းသည်။ ဝိညာဏ်၌ ငြီးငွေ့ခြင်းများသည်ဖြစ်၍ နေသော ရဟန်းသည် ရုပ်ကို ပိုင်းခြား သိ၏။ ခံစားမှု'ဝေဒနာ'ကို။ မှတ်သားမှု'သညာ'ကို။ ပြုပြင်မှု 'သင်္ခါရ'တို့ကို။ ဝိညာဏ်ကို ပိုင်းခြား သိ၏၊ ထိုရဟန်းသည် ရုပ်ကို ပိုင်းခြားသိသော် ခံစားမှု 'ဝေဒနာ'ကို။ မှတ်သားမှု 'သညာ'ကို။ ပြုပြင်မှု 'သင်္ခါရ'တို့ကို။ ဝိညာဏ်ကို ပိုင်းခြားသိသော် ရုပ်မှ လွတ်၏၊ ခံစားမှု'ဝေဒနာ'မှ လွတ်၏၊ မှတ်သားမှု 'သညာ' မှ လွတ်၏၊ ပြုပြင်မှု'သင်္ခါရ'တို့မှ လွတ်၏၊ ဝိညာဏ်မှလွတ်၏၊ ပဋိသန္ဓေနေမှုမှ အိုမှု သေမှုမှ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ ''ဟု (ငါ) ဟော၏။ ''

သတ္တမသုတ်။

------

၈-ဒုတိယ အနုဓမ္မသုတ်

၄၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်လေ့ရှိသောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ ''ရုပ်၌ မမြဲဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ဆင်းရဲအပေါင်းမှ လွတ်၏''ဟု (ငါ) ဟော၏။

အဋ္ဌမသုတ်။

------

၉-တတိယ အနုဓမ္မသုတ်

၄၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်လေ့ရှိသောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ ''ရုပ်၌ ဆင်းရဲတည်းဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ဆင်းရဲအပေါင်းမှ လွတ်၏ ''ဟု (ငါ) ဟော၏။

နဝမသုတ်။

------

၁၀-စတုတ္ထ အနုဓမ္မသုတ်

၄၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်သောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ ''ရုပ်၌ ကိုယ်'အတ္တ' မဟုတ်ဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ခံစားမှု'ဝေဒနာ'၌ ။ မှတ်သားမှု'သညာ'၌ ။ ပြုပြင်မှု'သင်္ခါရ'တို့၌ ။ ဝိညာဏ်၌ ကိုယ် 'အတ္တ' မဟုတ်ဟုအစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ရုပ်၌ ကိုယ် 'အတ္တ' မဟုတ်ဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေသောရဟန်းသည်။ပ။ ရုပ်ကို ပိုင်းခြား၍ သိ၏။ ခံစားမှု'ဝေဒနာ'ကို။ မှတ်သားမှု 'သညာ'ကို။ ပြုပြင်မှု'သင်္ခါရ'တို့ကို။ ဝိညာဏ်ကို ပိုင်းခြား၍ သိ၏။ ထိုရဟန်းသည် ရုပ်ကို ပိုင်းခြား၍ သိသော် ခံစားမှု 'ဝေဒနာ'ကို။ မှတ်သားမှု 'သညာ'ကို။ ပြုပြင်မှု 'သင်္ခါရ'တို့ကို။ ဝိညာဏ်ကို ပိုင်းခြား၍ သိသော် ရုပ်မှ လွတ်၏၊ ခံစားမှု'ဝေဒနာ 'မှ လွတ်၏၊ မှတ်သားမှု 'သညာ' မှ လွတ်၏၊ ပြုပြင်မှု 'သင်္ခါရ'တို့မှ လွတ်၏၊ ဝိညာဏ်မှ လွတ်၏၊ ပဋိသန္ဓေနေမှုမှ အိုမှု သေမှုမှ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မှလွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏''ဟု (ငါ) ဟော၏။

ဒသမသုတ်။

လေးခုမြောက် န တုမှာကဝဂ် ပြီး၏။

------

၅-အတ္တဒီပဝဂ် ၁-အတ္တဒီပသုတ်

၄၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မိမိကိုယ်ကိုသာ မှီခိုကြလျက် မိမိကိုယ်ကိုသာ အားထားကြလျက်အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက် တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ နေကြကုန်လော့၊ ရဟန်းတို့ မိမိကိုယ်ကိုသာ မှီခိုကြလျက် မိမိကိုယ်ကိုသာအားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ တရားကိုသာ မှီခိုကြလျက် တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ နေသူတို့သည် ''စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း''ဟု အကြောင်းကို စူးစမ်းဆင်ခြင်အပ်၏။

ရဟန်းတို့ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် အဘယ်လျှင်ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်းဟူမူ - ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော,သူတော် ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသောအတ္တဟူ၍ သော်လည်း ကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်းရှု၏။ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်၏ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ပေါ်ကုန်၏။ ဝေဒနာကို အတ္တဟူ၍ ရှု၏။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း့ရှု၏။ ထိုသူ၏ ထိုဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝေဒနာ၏ဖောက်ပြန်ခြင်း တစ်မျိုး တစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု။ပ။ ပင်ပန်းမှုတို့သည် ဖြစ်ပေါ်ကုန်၏။

သညာကို အတ္တဟူ၍ ရှု၏။ သင်္ခါရတို့ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသောအတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည် ဖောက် ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ပေါ်ကုန်၏။

ရဟန်းတို့ ရုပ်၏သာလျှင် မမြဲသည့်အဖြစ်ကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ခြင်းကိုလည်းကောင်း သိ၍ ''ရှေးကရုပ်သည်လည်းကောင်း၊ ယခုရုပ်သည်လည်းကောင်း ရုပ်အားလုံးသည်မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏''ဟု ဤသို့ ဤရုပ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ ပျောက်ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော်ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာ နေရသော ရဟန်းကို ''တစ်ခဏငြိမ်းအေးသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ဝေဒနာ၏သာလျှင် မမြဲသည့်အဖြစ်ကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်းချုပ်ခြင်းကိုလည်းကောင်း သိ၍ ''ရှေးကဝေဒနာသည်လည်းကောင်း၊ ယခုဝေဒနာသည်လည်းကောင်းဝေဒနာ အားလုံးသည် မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏ ''ဟု ဤသို့ ဤဝေဒနာကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ပျောက်ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာနေရသော ရဟန်းကို ''တစ်ခဏငြိမ်းအေးသူ''ဟု ဆိုအပ်၏။ သညာ၏။ ရဟန်းတို့ သင်္ခါရတို့၏သာလျှင်မမြဲသည့်အဖြစ်ကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ခြင်းကိုလည်းကောင်း သိ၍ ''ရှေးကသင်္ခါရတို့သည်လည်းကောင်း၊ ယခုသင်္ခါရတို့သည်လည်းကောင်း သင်္ခါရအားလုံးတို့သည် မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘောရှိကုန်၏''ဟု ဤသို့ ဤသင်္ခါရတို့ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ် ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည်ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ ပျောက် ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာ နေရသော ရဟန်းကို''တစ်ခဏငြိမ်းအေးသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ဝိညာဏ်၏သာလျှင် မမြဲသည့်အဖြစ်ကိုလည်းကောင်း ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်းချုပ်ခြင်းကိုလည်းကောင်း သိ၍ ''ရှေးကဝိညာဏ်သည်လည်းကောင်း၊ ယခုဝိညာဏ်သည်လည်းကောင်းဝိညာဏ်အားလုံးသည် မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏''ဟု ဤသို့ ဤဝိညာဏ်ကိုဟုတ်တိုင်း မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ပျောက်ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာနေရသော ရဟန်းကို ''တစ်ခဏငြိမ်းအေးသူ''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ပဋိပဒါသုတ်

၄၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ကိုလည်း့ကောင်း၊ သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ ရဟန်းတို့ သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူသည်အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မမြင်ဖူးသော,အရိယာတရား၌ မလိမ္မာ သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကိုမဖူးမြင်ဖူးသော, သူတော်ကောင်းတရား ၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသောပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိ သော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်း ကောင်း ရှု၏။ ဝေဒနာကို အတ္တဟူ၍ ရှု၏။

သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တ ဟူ၍ သော်လည်းကောင်း ရှု၏။ ရဟန်းတို့ ဤအကျင့်ကို သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့''သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့် ''ဟူသော ဤစကားကို ''ဆင်းရဲဖြစ်ပေါ်ခြင်းသို့ရောက်စေတတ်သော ရှုမှု''ဟု ဆိုအပ်၏၊ ဤသည်ပင်လျှင် ဤပုဒ်၏ အနက်တည်း။

ရဟန်းတို့ သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော,သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ဝေဒနာကို အတ္တဟူ၍ မရှု။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ရဟန်းတို့ ဤအကျင့်ကို သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ''သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်'' ဟူသော ဤစကားကို ''ဆင်းရဲချုပ်ခြင်းသို့ ရောက်စေတတ်သော ရှုမှု''ဟု ဆိုအပ်၏၊ ဤသည်ပင်လျှင် ဤပုဒ်၏ အနက်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အနိစ္စသုတ်

၄၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို '' ဤရုပ်သည် အတ္တမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့သာလျှင် ထိုရုပ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်၊ ဤသို့ ထိုရုပ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူ၏ စိတ်သည် တပ်မက်မှုကင်း၏၊ မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်၏။ ဝေဒနာသည် မမြဲ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတမဟုတ် ''ဟု ဤသို့ သာလျှင် ထိုဝိညာဏ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်၊ ဤသို့ ထိုဝိညာဏ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူ၏ စိတ်သည်တပ်မက်မှု ကင်း၏၊ မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်၏။

ရဟန်းတို့ ရုပ်ဓာတ်၌ ရဟန်း၏ စိတ်သည် အကယ်၍ တပ်မက်မှု ကင်းငြားအံ့၊ မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ ဝေဒနာဓာတ်၌ ။ပ။ သညာဓာတ်၌ ။ သင်္ခါရဓာတ်၌ ။ ရဟန်းတို့ဝိညာဏ ဓာတ်၌ ရဟန်း၏ စိတ်သည် အကယ်၍ တပ်မက်မှု ကင်းငြားအံ့၊ မစွဲလမ်းမူ၍ အာသဝေါတို့မှလွတ်၏။ လွတ်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့်မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်ဘဝ၌ ပင်လျှင် ငြိမ်းအေး၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီဟု သိ၏ ''ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ အနိစ္စသုတ်

၄၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်''ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည်မမြဲ။ သညာသည် မမြဲ။ သင်္ခါရတို့သည် မမြဲကုန်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ် ''ဟုဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ ထိုဝိညာဏ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုသော သူအား ရှေးအဖို့ကို စွဲယူသော အယူတို့သည် မဖြစ်နိုင်ကုန်၊ ရှေးအဖို့ကို စွဲယူသော အယူတို့မရှိသော် နောက်အဖို့ကို စွဲယူသော အယူတို့သည် မဖြစ်နိုင်ကုန်၊ နောက်အဖို့ကို စွဲယူသော အယူတို့မရှိသော် ဒိဋ္ဌိအားအစွမ်းသည်လည်းကောင်း၊ အမှားသုံးသပ်ခြင်းသည်လည်းကောင်း မဖြစ်နိုင်။ ဒိဋ္ဌိအားအစွမ်းသည်လည်းကောင်း၊ အမှားသုံးသပ်ခြင်းသည်လည်းကောင်း မရှိခဲ့သော် ရုပ်၌ ။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ စိတ်သည် တပ်မက်ခြင်း ကင်း၏၊ မစွဲလမ်းမူ၍ အာသဝေါတို့မှလွတ်၏။ လွတ် ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့်မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်၌ ပင်လျှင် ငြိမ်းအေး၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ ''ဟု သိ၏ဟု (မိန့်တော် မူ၏)။

စတုတ္ထသုတ်။

------

၅-သမနုပဿနာသုတ်

၄၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတ္တကို ရှုကြကုန်သော ခပ်သိမ်းသော သမဏဗြာဟ္မဏတို့သည်အတ္တကို အမျိုးမျိုး ရှုကြကုန်၏၊ ထိုသူအားလုံတို့သည် ဥပါဒါနက္ခန္ဓာငါးမျိုးကိုသော်လည်းကောင်း၊ ထိုငါးမျိုးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း ရှုကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော,အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။

ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏၊ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။

 ဤသို့ ဤရှုမှုသည် ထိုသူအား ''ငါ ဖြစ်၏ ''ဟူသော စွဲလမ်းမှု မကင်းခြင်း ဖြစ်၏၊ ရဟန်းတို့ ''ငါ့ဖြစ်၏ ''ဟူ၍ စွဲလန်းမှု မကင်းလတ်သော် စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေဟူသောဣန္ဒြေငါးမျိုးတို့၏ သက်ရောက်မှု ဖြစ်၏။ ရဟန်းတို့ စိတ်သည် ရှိ၏၊ အာရုံတရားတို့သည် ရှိကုန်၏၊ အဝိဇ္ဇာဓာတ်သည် ရှိ၏။ ရဟန်းတို့ အဝိဇ္ဇာဓာတ်နှင့် ယှဉ်သည့် တွေ့ထိမှုကြောင့် ဖြစ်သော ခံစားမှုဖြင့်တွေ့ထိအပ်သော အကြားအမြင်မရှိသော ထိုပုထုဇဉ်အား ''ငါ ဖြစ်၏ ''ဟူ၍လည်း ဖြစ်၏၊ '' ဤအရာသည်ငါ ဖြစ်၏ ''ဟူ၍လည်း ဖြစ်၏၊ ''ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း ဖြစ်၏၊ ''မဖြစ်ကုန်လတ္တံ့'' ဟူ၍လည်းဖြစ်၏၊ ''ရုပ်ရှိသည်တို့ ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း ဖြစ်၏၊ ''ရုပ် မရှိသည်တို့ ဖြစ်ကုန်လတ္တံ့''ဟူ၍လည်းဖြစ်၏၊ ''သညာရှိသည်တို့ ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း ဖြစ်၏၊ ''သညာ မရှိသည်တို့ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း ဖြစ်၏၊ ''သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်း မဟုတ်သည်တို့ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း ဖြစ်၏။

ရဟန်းတို့ ထိုခန္ဓာတို့၌ သာလျှင် ဣန္ဒြေငါးမျိုးတို့ တည်ကုန်သည်သာတည်း၊ ဤသို့ တည်သောဣန္ဒြေငါးမျိုးတို့၌ အကြားအမြင်ရှိသော အရိယာတပည့်အား အဝိဇ္ဇာ ကင်းပျောက်၏၊ ဝိဇ္ဇာဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်အား အဝိဇ္ဇာချုပ်ခြင်း ဝိဇ္ဇာဖြစ်ပေါ်လာခြင်းကြောင့် ''ငါဖြစ်၏''ဟူ၍လည်း မဖြစ်တော့ချေ၊ '' ဤအရာသည် ငါ ဖြစ်၏''ဟူ၍လည်း မဖြစ်တော့ချေ၊ ''ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း။ ''မဖြစ်ကုန်လတ္တံ့'' ဟူ၍လည်း။ ''ရုပ်ရှိသည်တို့။ ရုပ်မရှိသည်တို့။ သညာရှိသည်တို့။ သညာမရှိသည်တို့။ သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်းမဟုတ်သည်တို့ ဖြစ်ကုန်လတ္တံ့''ဟူ၍လည်း မဖြစ်တော့ချေဟု (ဟောတော်မူ၏)။

ပဉ္စသုတ်။

------

၆-ခန္ဓသုတ်

၄၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း၊ ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟု ဆိုအပ်၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော။ပ။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးကို သင်္ခါရက္ခန္ဓာဟု ဆိုအပ်၏။ အတိတ်အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏက္ခခန္ဓာဟု ဆိုအပ်၏။

ရဟန်းတို့ ဤတရားတို့ကို ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ - ရဟန်းတို့ အာသဝေါ၏ အာရုံ ဖြစ်၍ စွဲလမ်းအပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ အာသဝေါ၏ အာရုံဖြစ်၍ စွဲလမ်းအပ်သော။ပ။ အဝေး အနီးလည်းဖြစ်သော ဝေဒနာအားလုံးကို ဝေဒနုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ အာသဝေါ၏ အာရုံဖြစ်၍ စွဲလမ်းအပ်သော။ပ။ အဝေး အနီးလည်းဖြစ်သော သညာအားလုံးကို သညုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ အာသဝေါ၏အာရုံဖြစ်၍ စွဲလမ်းအပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သောဝိညာဏ်အားလုံးကို ဝိညာဏုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ ရဟန်းတို့ ဤတရားတို့ကို ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-သောဏသုတ်

၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါသူကြွယ်သား သောဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေသောသူကြွယ်သား သောဏအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

သောဏ သမဏဗြာဟ္မဏအချို့သည် မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ဖြင့်''ငါသည် အမြတ်ဆုံးဖြစ်၏''ဟူ၍လည်း ရှုကုန်၏၊ ''ငါသည် အတန်းအစားတူ ဖြစ်၏''ဟူ၍လည်းရှုကုန်၏၊ ''ငါသည် အောက်တန်းစား ဖြစ်၏ ''ဟူ၍လည်း ရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိနိုင်တော့ပြီ။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာဖြင့် ''ငါသည် အမြတ်ဆုံး ဖြစ်၏ ''ဟူ၍လည်း ရှုကုန်၏၊ ''ငါသည်အတန်းအစားတူ ဖြစ်၏'' ဟူ၍လည်း ရှုကုန်၏၊ ''ငါသည် အောက်တန်းစား ဖြစ်၏''ဟူ၍လည်းရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိတော့ပြီ။ မမြဲသော။ပ။ သညာဖြင့်။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ဖြင့်''ငါသည် အမြတ်ဆုံး ဖြစ်၏ ''ဟူ၍လည်း ရှုကုန်၏၊ ''ငါသည် အတန်းအစားတူ ဖြစ်၏''ဟူ၍လည်းရှုကုန်၏၊ ''ငါသည် အောက်တန်းစား ဖြစ်၏'' ဟူ၍လည်း ရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိတော့ချေ။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ဖြင့် ''ငါသည် အမြတ်ဆုံး ဖြစ်၏ ''ဟူ၍လည်း ရှုကုန်၏၊ ''ငါသည်အတန်းအစားတူ ဖြစ်၏ ''ဟူ၍လည်း ရှုကုန်၏၊ ''ငါသည် အောက်တန်းစား ဖြစ်၏ ''ဟူ၍လည်းရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှ တစ်ပါး အခြားဆိုဖွယ်မရှိတော့ချေ။

သောဏ သမဏဗြာဟ္မဏအချို့တို့သည် မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ဖြင့်''ငါသည် အမြတ်ဆုံး ဖြစ်၏''ဟူ၍လည်း မရှုကုန်၊ ''ငါသည် အတန်းအစားတူ ဖြစ်၏''ဟူ၍လည်းမရှုကုန်၊ ''ငါသည် အောက်တန်းစား ဖြစ်၏''ဟူ၍လည်း မရှုကုန်၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိတော့ချေ။ မမြဲသော ဝေဒနာဖြင့်။ မမြဲသော သညာဖြင့်။ မမြဲကုန်သော သင်္ခါရတို့ဖြင့်။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ဖြင့်''ငါသည် အမြတ်ဆုံး ဖြစ်၏''ဟူ၍လည်း မရှုကုန်၊ ''ငါသည် အတန်းအစားတူ ဖြစ်၏''ဟူ၍လည်းမရှုကုန်၊ ''ငါသည် အောက်တန်းစား ဖြစ်၏ ''ဟူ၍လည်း မရှုကုန်၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မြင်သည်မှ တစ်ပါး အခြားဆိုဖွယ် မရှိတော့ချေ။

သောဏ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ အတ္တတည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသောဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏အတ္တတည်း ''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သောဏ ထို့ကြောင့်ပင် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောရုပ်အားလုံးကို '' ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏အတ္တမဟုတ်''ဟုဟုတ်တိုင်း မှန်စွာ ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သောအတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သော ဝေဒနာ အားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ ဝိညာဏ်အားလုံးကို '' ဤအားလုံးသော ဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

သောဏ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် ကိလေသာမှ ''လွတ်မြောက်ပြီ ''ဟု အသိဉာဏ် ဖြစ်၏၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယ သောဏသုတ်

၅၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါသူကြွယ်သား သောဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော သူကြွယ်သား သောဏအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

သောဏ သမဏဗြာဟ္မဏ အချို့တို့သည် ရုပ်ကို မသိကုန်၊ ရုပ်ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ရုပ်ချုပ်ရာကို မသိကုန်၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ဝေဒနာကို မသိကုန်၊ ဝေဒနာဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဝေဒနာချုပ်ရာကို မသိကုန်၊ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုမသိကုန်။ သညာကို မသိကုန်။ပ။ သင်္ခါရတို့ကို မသိကုန်၊ သင်္ခါရတို့ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ သင်္ခါရတို့ ချုပ်ရာကို မသိကုန်၊ သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ဝိညာဏ်ကို မသိကုန်၊ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဝိညာဏ်ချုပ်ရာကို မသိကုန်၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ သောဏ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့တွင်လည်း သမဏဟုမသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုး ဗြာဟ္မဏဖြစ်ကျိုးကို မျက်မှောက်ဘဝ၌ ပင် ကိုယ်တိုင် ထူးသောညာဏ်ဖြင့် မျက်မှောက်ပြုကာကပ်ရောက်လျက် မနေရကုန်။

သောဏ သမဏဗြာဟ္မဏအချို့တို့သည်ကား ရုပ်ကို သိကုန်၏၊ ရုပ်ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ရုပ်ချုပ်ရာကို သိကုန်၏၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။ ဝေဒနာကို သိကုန်၏။ပ။ သညာကို သိကုန်၏။ သင်္ခါရတို့ကို သိကုန်၏။ ဝိညာဏ်ကို သိကုန်၏၊ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကိုသိကုန်၏၊ ဝိညာဏ်ချုပ်ရာကို သိကုန်၏၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။

သောဏ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည်ကားသမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ် ကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ ပင် ကိုယ်တိုင့်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက် လျက် နေရကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-နန္ဒိက္ခယသုတ်

၅၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော ရုပ်ကို ''မမြဲ''ဟု ရှု၏၊ ဤရှုမှုသည် ထိုသူ၏ မှန်ကန်သောအမြင် ဖြစ်၏၊ မှန်ကန်စွာ မြင်သော် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ်မြောက်ပြီ ''ဟု ဆိုအပ်၏။ ရဟန်းတို့ရဟန်းသည် မမြဲသည်သာ ဖြစ်သော ဝေဒနာကို ''မမြဲ''ဟု ရှု၏၊ ဤရှုမှုသည် ထိုသူ၏မှန်ကန်သောအမြင် ဖြစ်၏၊ မှန်ကန်စွာ မြင်သော် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှုကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့်လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ် မြောက်ပြီ''ဟု ဆိုအပ်၏။ ရဟန်းတို့ ရဟန်းသည်မမြဲသည်သာ ဖြစ်သော သညာကို ''မမြဲ''ဟု ရှု၏။ပ။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သောသင်္ခါရတို့ကို ''မမြဲ''ဟု ရှု၏၊ ဤရှုမှုသည် ထိုသူ၏ မှန်ကန်သောအမြင် ဖြစ်၏၊ မှန်ကန်စွာ မြင်သော်ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ်မြောက်ပြီ''ဟုဆိုအပ်၏။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော ဝိညာဏ်ကို ''မမြဲ''ဟု ရှု၏၊ ဤရှုမှုသည်ထိုသူ၏ မှန်ကန်သောအမြင် ဖြစ်၏၊ မှန်ကန်စွာ မြင်သော် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့်စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့်လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ်မြောက်ပြီ''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ နန္ဒိက္ခယသုတ်

၅၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်ကို အသင့်အားဖြင့် နှလုံးသွင်းကြကုန်လော့၊ ရုပ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ ရှုကြကုန်လော့။ ရဟန်းတို့ ရုပ်ကို အသင့်အားဖြင့် နှလုံးသွင်းသော, ရုပ်၏မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ ရှုသော ရဟန်းသည် ရုပ်၌ ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့်စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့်လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ်မြောက်ပြီ ''ဟု ဆိုအပ်၏။ ရဟန်းတို့ ဝေဒနာကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ ဝေဒနာ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ ရှုကြကုန်လော့။ ရဟန်းတို့ ဝေဒနာကို အသင့်အားဖြင့် နှလုံးသွင်းသော ဝေဒနာ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာရှုသော ရဟန်းသည် ဝေဒနာ၌ ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှုကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် လွတ်မြောက်သော စိတ်ကို''ကောင်းစွာ လွတ် မြောက်ပြီ''ဟု ဆိုအပ်၏။ ရဟန်းတို့ သညာကို။ ရဟန်းတို့ သင်္ခါရတို့ကိုအသင့်အားဖြင့် နှလုံးသွင်းကြ ကုန်လော့၊ သင်္ခါရတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာရှုကြကုန်လော့။ ရဟန်းတို့ သင်္ခါရတို့ကို အသင့်အားဖြင့် နှလုံးသွင်းသော သင်္ခါရတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ ရှုသော ရဟန်းသည် သင်္ခါရတို့၌ ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှုကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့်လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ်မြောက်ပြီ ''ဟု ဆိုအပ်၏။ ရဟန်းတို့ ဝိညာဏ်ကို့အသင့်အားဖြင့် နှလုံးသွင်းကြကုန်လော့၊ ဝိညာဏ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာရှုကြကုန်လော့။ ရဟန်းတို့ ဝိညာဏ်ကို အသင့်အားဖြင့် နှလုံးသွင်းသော ဝိညာဏ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ ရှုသော ရဟန်းသည် ဝိညာဏ်၌ ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှုကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန် ခြင်းကြောင့်လွတ်မြောက်သော စိတ်ကို ''ကောင်းစွာ လွတ်မြောက်ပြီ''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် အတ္တဒီပဝဂ် ပြီး၏။

------

(၆) ၁-ဥပယဝဂ် ၁-ဥပယသုတ်

၅၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ကပ်ရောက်သော သူသည် မလွတ်မြောက်၊ မကပ်ရောက်သောသူသည် လွတ်မြောက်၏။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံရှိသော ရုပ်လျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု 'တဏှာ' ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။ ဝေဒနာသို့ ကပ်ရောက်၍ မူလည်း။ပ။ သညာသို့ ကပ်ရောက်၍ မူလည်း။ပ။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသိုု့ ကပ်ရောက်၍ မူလည်းတည်ရာ၏၊ သင်္ခါရလျှင် အာရုံရှိသော သင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု 'တဏှာ' ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ တစ်ဦးတစ်ယောက်က ''ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့''ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။

ရဟန်းတို့ ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကိုပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာ မဖြစ်နိုင်။ ရဟန်းတို့ ဝေဒနာဓာတ်၌ ။ ရဟန်းတို့ သညာဓာတ်၌ ။ ရဟန်းတို့ သင်္ခါရဓာတ်၌ ။ ရဟန်းတို့ ရဟန်းသည် ဝိညာဏဓာတ်၌ စွဲမက်မှုကိုအကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏တည်ရာ မဖြစ်နိုင်။ တည်ရာ မရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသော သူသည်မျက်မှောက်ဘဝ၌ ပင်လျှင် ငြိမ်းအေး၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဗီဇသုတ်

၅၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျိုးစေ့တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ-အမြစ်မျိုးစေ့၊ ပင်စည်မျိုးစေ့၊ အညွန့်မျိုးစေ့၊ အဆစ်မျိုးစေ့၊ ငါးခုမြောက် အစေ့မျိုးစေ့တည်း။ ရဟန်းတို့ ဤမျိုးစေ့ငါးမျိုးတို့သည် မကျိုးကုန် မပုပ်ဆွေးကုန် လေပူနေပူ အညှဉ်းမခံရကုန် အနှစ်ရှိကုန်ကောင်းစွာ ထားအပ်ကုန်၏။ သို့သော်လည်း မြေသည်လည်းကောင်း၊ ရေသည်လည်းကောင်း မရှိခဲ့ရာ။ ဤမျိုးစေ့ငါးမျိုးတို့သည် ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာအံ့လော။ မရောက်နိုင်ပါ အသျှင်ဘုရား။ ရဟန်းတို့ မျိုးစေ့ငါးမျိုးတို့သည် မကျိုးကုန်။ပ။ ကောင်းစွာ ထားအပ်ကုန်၏။ မြေသည်လည်း့ကောင်း၊ ရေသည်လည်းကောင်း ရှိခဲ့ရာ၏။ ရဟန်းတို့ ဤမျိုးစေ့ငါးမျိုးတို့သည် ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာအံ့လော။ ရောက်နိုင်ပါသည် အသျှင်ဘုရား။ ရဟန်းတို့ မြေဓာတ်ကဲ့သို့ ဤအတူဝိညာဏ်၏ တည်ရာလေးမျိုးတို့ကို မှတ်အပ်ကုန်၏။ ရဟန်းတို့ ရေဓာတ်ကဲ့သို့ ဤအတူ နှစ်သက်စွဲမက်မှု 'နန္ဒီရာဂ' ကို မှတ်အပ်၏။ ရဟန်းတို့ မျိုးစေ့ငါးမျိုးတို့ကဲ့သို့ ဤအတူ အကြောင်းနှင့် တကွသောဝိညာဏ်ကို မှတ်အပ်၏။

ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံ ရှိသောရုပ်လျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု 'တဏှာ' ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ဝေဒနာသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏။ပ။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သညာသို့ ကပ်ရောက်၍ မူလည်းတည်ရာ၏။ပ။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ သင်္ခါရ လျှင် အာရုံရှိသော သင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု 'တဏှာ' ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ တစ်ဦးတစ်ယောက်က ''ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့''ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။ ရဟန်းတို့ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့်အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်။ ဝေဒနာဓာတ်၌ အကယ်၍ ။ သညာဓာတ်၌ အကယ်၍ ။ သင်္ခါရဓာတ်တို့၌ အကယ်၍ ။ ရဟန်းတို့ ရဟန်းသည် ဝိညာဏဓာတ်၌ စွဲမက်မှုကိုအကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏တည်ရာသည် မဖြစ်နိုင်၊ တည်ရာမရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက်ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့်ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေး၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ဥဒါနသုတ်

၅၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဥဒါန်းကို ကျူးရင့်တော်မူ၏- ''ငါမည်သောတရားသည် အကယ်၍ မရှိငြားအံ့၊ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု'ကမ္မာဘိသင်္ခါရ'မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟု ဤသို့ နှလုံးသွင်းသော ရဟန်းသည်အောက်ပိုင်းသံယောဇဉ် တို့ကို ဖြတ်နိုင်ရာ၏''ဟု ကျူးရင့်တော်မူ၏။ ဤသို့ မိန့်တော်မူသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရား အား ''အသျှင်ဘုရား အကယ်၍ ငါ မဖြစ်ငြားအံ့၊ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု'ကမ္မာဘိသင်္ခါရ' မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟု ဤသို့ နှလုံးသွင်းသော ရဟန်းသည် အောက် ပိုင်းသံယောဇဉ်တို့ကို အဘယ်သို့ ဖြတ်နိုင်ရာသနည်း''ဟုလျှောက်၏။

ရဟန်း ဤလောက၌ အကြားအမြင်မရှိသော အရိယာတို့ကို မဖူးမြင်ဖူးသော။ပ။ သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသောအတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း့ရှု၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသောအတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။

ထိုသူသည် မမြဲသော ရုပ်ကို ''မမြဲသောရုပ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော ဝေဒနာကို''မမြဲသော ဝေဒနာ''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော သညာကို ''မမြဲသော သညာ''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော သင်္ခါရတို့ကို ''မမြဲသော သင်္ခါရတို့''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော ဝိညာဏ်ကို ''မမြဲသော ဝိညာဏ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ။

ဆင်းရဲသော ရုပ်ကို ''ဆင်းရဲသော ရုပ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ ဆင်းရဲသော ဝေဒနာကို။ ဆင်းရဲသော သညာကို။ ဆင်းရဲသော သင်္ခါရတို့ကို။ ဆင်းရဲသော ဝိညာဏ်ကို ''ဆင်းရဲသော ဝိညာဏ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ။

အတ္တမဟုတ်သော ရုပ်ကို ''အတ္တမဟုတ်သော ရုပ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ် သောဝေဒနာကို ''အတ္တမဟုတ်သော ဝေဒနာ''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ်သော သညာကို''အတ္တမဟုတ်သော သညာ''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ်သော သင်္ခါရတို့ကို''အတ္တမဟုတ်သော သင်္ခါရတို့''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ်သော ဝိညာဏ်ကို ''အတ္တမဟုတ်သော ဝိညာဏ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ။

အပြုခံရသော ရုပ်ကို ''အပြုခံရသော ရုပ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အပြုခံရသော ဝေဒနာ ကို။ အပြုခံရသော သညာကို။ အပြုခံရသော သင်္ခါရတို့ကို။ အပြုခံရသော ဝိညာဏ်ကို ''အပြုခံရသောဝိညာဏ်''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ ''ရုပ်သည် ပျက်စီးလတ္တံ့''ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ ခံစားမှု 'ဝေဒနာ'သည် ပျက်စီးလတ္တံ့။ မှတ်သားမှု 'သညာ'သည် ပျက်စီးလတ္တံ့။ ပြုပြင်မှု'သင်္ခါရ'တို့သည်ပျက်စီးလတ္တံ့။ ''ဝိညာဏ်သည် ပျက်စီးလတ္တံ့''ဟုဟုတ်မှန်သည့်အတိုင်း မသိ။

ရဟန်း အကြားအမြင်ရှိသော အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော,သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ပ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။

ထိုသူသည် မမြဲေသော ရုပ်ကို ''မမြဲသော ရုပ်''ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ မမြဲသော ဝေဒနာကို။ မမြဲသော သညာကို။ မမြဲသော သင်္ခါရတို့ကို။ မမြဲသော ဝိညာဏ်ကို ''မမြဲသော ဝိညာဏ်''ဟုဟုတ်မှန်သည့်အတိုင်း သိ၏။ ဆင်းရဲသော ရုပ်ကို။ပ။ ဆင်းရဲသော ဝိညာဏ်ကို။ အတ္တမဟုတ်သော ရုပ်ကို။ပ။ အတ္တမဟုတ်သော ဝိညာဏ်ကို။ အပြုခံရသော ရုပ်ကို။ အပြုခံရသော ဝိညာဏ်ကို ''အပြုခံရသောဝိညာဏ် ''ဟုဟုတ်မှန်သည့်အတိုင်း သိ၏။ ''ရုပ်သည် ပျက်စီးလတ္တံ့''ဟုဟုတ်မှန်သည့်အတိုင်း သိ၏။

ခံစားမှု 'ဝေဒနာ'သည်။ သညာသည်။ သင်္ခါရတို့သည်။ ''ဝိညာဏ်သည် ပျက်စီးလတ္တံ့''ဟုဟုတ်မှန်သည့်အတိုင်း သိ၏။

ထိုသူသည် ရုပ်ပျက်စီးခြင်းကြောင့် ဝေဒနာပျက်စီးခြင်းကြောင့် သညာပျက်စီးခြင်းကြောင့် သင်္ခါရတို့ပျက်စီးခြင်းကြောင့် ဝိညာဏ်ပျက်စီးခြင်းကြောင့် ''ငါမည်သော တရားသည် အကယ်၍ မရှိငြားအံ့၊ ငါ့ဥစ္စာဟူ၍ ရှိသည် မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု 'ကမ္မာ ဘိသင်္ခါရ' မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့''ဟု ဤသို့ နှလုံးသွင်းသော ရဟန်းသည် အောက်ပိုင်းသံယောဇဉ်တို့ကို ဖြတ်နိုင်ရာ၏ဟု မိန့်တော်မူ၏။ အသျှင်ဘုရား မှန်ပါ၏၊ ဤသို့ နှလုံးသွင်းသော ရဟန်းသည် အောက်ပိုင်းသံယောဇဉ်တို့ကိုဖြတ်နိုင်ရာသည်သာလျှင်တည်းဟု လျှောက်၏။

အသျှင်ဘုရား အဘယ်သို့ သိသော အဘယ်သို့ မြင်သောသူအား ကာလမခြားဘဲ အာသဝေါကုန်မှုဖြစ်ပါသနည်းဟု (လျှောက်၏)။ ရဟန်း လောက၌ အကြားအမြင်မရှိသော ပုထုဇဉ်သည်မထိတ်လန့်ထိုက် သော အရာ၌ ထိတ်လန့်ခြင်းသို့ ရောက်၏။ ရဟန်း မှန်၏၊ အကယ်၍ ငါမည်သောတရား မရှိငြားအံ့၊ ငါ့ဥစ္စာဟု ရှိသည် မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု 'ကမ္မာဘိသင်္ခါရ'မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟူသော (အနည်းငယ်သော) ဤဝိပဿနာသည်အကြားအမြင်မရှိသော ပုထုဇဉ်အား ထိတ်လန့်ခြင်းပင် မည်၏။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် မထိတ်လန့်ထိုက်သော အရာ၌ ထိတ်လန့်ခြင်းသို့မရောက်။ ရဟန်း မှန်၏၊ ငါမည်သောတရား အကယ်၍ မရှိခဲ့သော် ငါ့ဥစ္စာဟူ၍ ရှိသည် မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု 'ကမ္မာ ဘိသင်္ခါရ' မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟူသော ဤဝိပဿနာသည် အကြားအမြင်ရှိသော အရိယာတပည့်အား ထိတ်လန့်ခြင်း မမည်။ ရဟန်း ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံရှိသော ရုပ်လျှင် တည်ရာရှိသောဝိညာဏ်သည် နှစ်သက်မှု 'တဏှာ' ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ရောက်ရာ၏။ ရဟန်း ဝေဒနာသို့ ကပ်ရောက်၍ မူလည်း။ ရဟန်း သညာသို့ ကပ်ရောက်၍ မူလည်း။ ရဟန်း ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ သင်္ခါရလျှင် အာရုံရှိသောသင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု 'တဏှာ' ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

ရဟန်း တစ်ဦးတစ်ယောက်က ''ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့ ''ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။

ရဟန်း ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကိုပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာ မဖြစ်နိုင်။ ရဟန်း ရဟန်းသည်ဝေဒနာဓာတ်၌ အကယ်၍ ။ ရဟန်း ရဟန်းသည် သညာဓာတ်၌ အကယ်၍ ။ ရဟန်း ရဟန်းသည်သင်္ခါရဓာတ်၌ အကယ်၍ ။ ရဟန်း ရဟန်းသည် ဝိညာဏ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည်ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်၊ တည်ရာမရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက် ကိလေသာမှလွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသော သူသည် မျက်မှောက်ဘဝ၌ သာလျှင် ငြိမ်းအေး၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ။ပ။ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ''ဟု သိ၏။ ရဟန်း ဤသို့ သိသော ဤသို့ မြင်သော သူအား ကာလမခြားဘဲ အာသဝေါကုန်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဥပါဒါနပရိပဝတ္တနသုတ်

၅၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ- ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို လေးပြန်အားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများ နှင့် တကွသော လူူ့လောက၌ ''အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ''ဟု ငါဝန်မခံ။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို လေးပြန်အားဖြင့်ဟုတ်တိုင်းမှန်စွာ သိသောအခါ၌ သာလျှင် နတ်။ပ။ မင်းများ လူများနှင့် တကွသော လူူ့လောက၌ ''အတုမရှိသောသဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ''ဟု ငါ ဝန်ခံ၏။

လေးပြန်ဟူသည် အဘယ်နည်း၊ ရုပ်ကို ထိုးထွင်း၍ သိပြီ၊ ရုပ်ဖြစ်ကြောင်းကို ထိုးထွင်း၍ သိပြီ၊ ရုပ်ချုပ်ရာကို ထိုးထွင်း၍ သိပြီ၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ထိုးထွင်း၍ သိပြီ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ထိုးထွင်း၍ သိပြီ၊ ဝိညာဏ်ဖြစ်ကြောင်းကို ထိုးထွင်း၍ သိပြီ၊ ဝိညာဏ်ချုပ်ရာကို ထိုးထွင်း၍ သိပြီ၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ထိုးထွင်း၍ သိပြီ။

ရဟန်းတို့ ရုပ်ဟူသည် အဘယ်နည်း။ မဟာဘုတ်လေးမျိုးနှင့် မဟာဘုတ်လေးမျိုးတို့ကို မှီ၍ ဖြစ်သော ရုပ်တည်း။ ရဟန်းတို့ ဤသည်ကို ရုပ်ဟု ဆိုရ၏။ အာဟာရဖြစ်ပေါ်မှုကြောင့် ရုပ်ဖြစ်ပေါ်၏၊ အာဟာရချုပ်မှုကြောင့် ရုပ်ချုပ်၏၊ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ်ဖြစ်ကြောင်းကိုအထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ရုပ်၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည်ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် ဤဓမ္မဝိနယ 'သာသနာတော် ' ၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ။ပ။ ဤသို့ ရုပ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ရုပ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့်ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း မရှိမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏။ ထိုသူတို့သည် ကောင်းစွာလွတ်မြောက်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်သူတို့သည် အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်၏။

ထိုအလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝေဒနာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၊ နားအတွေ့ကြောင့်ဖြစ်သောခံစားမှု 'ဝေဒနာ'၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၊ လျှာအတွေ့ကြောင့်ဖြစ်သောခံစားမှု 'ဝေဒနာ'၊ ကိုယ် အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၊ စိတ်အတွေ့ကြောင့်ဖြစ်သောခံစားမှု 'ဝေဒနာ' တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝေဒနာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့်ခံစားမှု 'ဝေဒနာ' ဖြစ်ပေါ်၏၊ ဖဿ ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝေဒနာချုပ်ရာသို့ရောက်ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝေဒနာကို အထူးသိ၍ ဤသို့ ဝေဒနာဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဝေဒနာ၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ'သာသနာတော် '၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝေဒနာကို အထူးသိ၍ ။ပ။ ဤသို့ ဝေဒနာချုပ် ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ။ပ။ အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲ ဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သညာဟူသည် အဘယ်နည်း။ ရဟန်းတို့ သညာအပေါင်းတို့သည် ဤခြောက်ပါးတို့ တည်း၊ အဆင်း၌ မှတ်သားမှု 'သညာ'၊ အသံ၌ မှတ်သားမှု 'သညာ'၊ အနံ့၌ မှတ်သားမှု 'သညာ'၊ အရသာ၌ ့မှတ်သားမှု 'သညာ'၊ အတွေ့၌ မှတ်သားမှု 'သညာ'၊ ဓမ္မ၌ မှတ်သားမှု 'သညာ' တို့တည်း။ ရဟန်းတို့ ဤသည်ကို သညာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် မှတ်သားမှု 'သညာ' ဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်းကြောင့် မှတ်သားမှု 'သညာ' ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သညာချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။ပ။ အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သင်္ခါရတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ စေ့ဆော်မှု စေတနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ အဆင်း၌ စေ့ဆော်မှု၊ အသံ၌ စေ့ဆော်မှု၊ အနံ့၌ စေ့ဆော်မှု၊ အရသာ၌ စေ့ဆော်မှု၊ အတွေ့အထိ၌ စေ့ဆော်မှု၊ ဓမ္မ၌ စေ့ဆော်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို သင်္ခါရတို့ဟု ဆိုအပ်၏။

ဖဿဖြစ်ပေါ်ခြင်းကြောင့် သင်္ခါရဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သင်္ခါရတို့ ချုပ်ရာသို့ရောက် ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ရောက် ကြောင်းအကျင့်ကို အထူးသိ၍ သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာကျင့်သူတို့သည် ဤဓမ္မ ဝိနယ 'သာသနာတော် ' ၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည်ကား ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ သင်္ခါရတို့၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ လွတ်မြောက်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်သူတို့သည် အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝိညာဏ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝိညာဏ်အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝိညာဏ်ဟု ဆိုရ၏။ နာမ်ရုပ်ဖြစ်ပေါ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပေါ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသောအင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဝိညာဏ်၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ'သာသနာတော် ' ၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဝိညာဏ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်း မူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက်သူတို့ဖြစ်ကုန်၏။ ထို ကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စပြီးပြီးဖြစ်ကုန် သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-သတ္တဋ္ဌာနသုတ်

၅၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ခုနစ်ဌာနတို့၌ လိမ္မာသော သုံးမျိုးအားဖြင့် ရှုသော ရဟန်းကို ဤသာသနာတော်၌ အလုံးစုံ ပြည့်စုံသူ ကျင့်သုံးပြီးသူ ယောက်ျားမြတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခုနစ်ဌာနတို့၌ လိမ္မာသနည်း၊ ရဟန်းတို့ ဤလောက၌ ရဟန်းသည် ရုပ်ကို သိ၏၊ ရုပ်ဖြစ်ကြောင်းကို သိ၏၊ ရုပ်ချုပ်ရာကို သိ၏၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ရုပ်၏သာယာဖွယ်ကို သိ၏၊ ရုပ်၏ အပြစ်ကို သိ၏၊ ရုပ်မှ ထွက်မြောက်မှုကို သိ၏။ ဝေဒနာကို သိ၏။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို သိ၏၊ ဝိညာဏ်ဖြစ်ကြောင်းကို သိ၏၊ ဝိညာဏ်ချုပ်ရာကို သိ၏၊ ဝိညာဏ် ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဝိညာဏ်၏ သာယာဖွယ်ကို သိ၏၊ ဝိညာဏ်၏အပြစ်ကို သိ၏၊ ဝိညာဏ်မှ ထွက်မြောက်မှုကို သိ၏။

ရဟန်းတို့ ရုပ်ဟူသည် အဘယ်နည်း။ မဟာဘုတ်လေးမျိုးနှင့် မဟာဘုတ်လေးမျိုးတို့ကို မှီ၍ ဖြစ်သောရုပ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ရုပ်ဟု ဆိုအပ်၏၊ အာဟာရဖြစ်ပေါ်မှုကြောင့် ရုပ်ဖြစ်ပေါ်၏၊ အာဟာရချုပ်မှုကြောင့် ရုပ်ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။ ရုပ်ကို စွဲ၍ ဖြစ်ပေါ်လာသောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ရုပ်၏ သာယာဖွယ် မည်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောသည် ရုပ်၏ အပြစ် မည်၏။ ရုပ်၌ လိုချင်စွဲမက်မှု'ဆန္ဒရာဂ'ကို ဖျောက်ခြင်းလိုချင်စွဲမက်မှု'ဆန္ဒရာဂ'ကို ပယ်ခြင်းသည် ရုပ်မှ ထွက်မြောက်မှု မည်၏။ ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ်ဖြစ်ကြောင်းကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကိုအထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ရုပ်၏ သာယာဖွယ်ကိုအထူးသိ၍ ဤသို့ ရုပ်၏ အပြစ်ကို အထူးသိ၍ ဤသို့ ရုပ်မှ ထွက်မြောက်မှုကို အထူးသိ၍ ရုပ်၌ ငြီငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ ထောက်တည်ရာရကုန်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည်ကား ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ်ဖြစ်ကြောင်းကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုအထူးသိ၍ ဤသို့ ရုပ်၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ရုပ်၏ အပြစ်ကို အထူးသိ၍ ဤသို့ ရုပ်မှထွက်မြောက်မှုကို အထူးသိ၍ ရုပ်၌ ငြီငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်း မူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာလွတ်မြောက်သူတို့ ဖြစ် ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝေဒနာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ မျက်စိအတွေ့ကြောင့် ဖြစ်သော ဝေဒနာ။ပ။ စိတ်အတွေ့ကြောင့် ဖြစ်သောဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝေဒနာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့်ဝေဒနာဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်း ကြောင့် ဝေဒနာချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သောတည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်မည်၏။ ဝေဒနာကို စွဲ၍ ဖြစ်ပေါ်လာ သောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ဝေဒနာ၏သာယာဖွယ် မည်၏။ မမြဲသော ဆင်းရဲ သော ဖောက်ပြန်ခြင်းသဘောသည် ဝေဒနာ၏ အပြစ်မည်၏။

ဝေဒနာ၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ပယ်ခြင်းသည် ဝေဒနာမှထွက်မြောက်မှု မည်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ ဝေဒနာကို အထူးသိ၍ ဤသို့ ဝေဒနာဖြစ်ကြောင်းကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ဝေဒနာ၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ဝေဒနာ၏ အပြစ်ကိုအထူးသိ၍ ဤသို့ ဝေဒနာမှ ထွက်မြောက်မှုကို အထူးသိ၍ ဝေဒနာ၌ ငြီငွေ့ခြင်းငှါ စွဲမက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။

ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ ထောက်တည်ရာ ရကုန်၏။ ရဟန်းတို့အချို့သော သမဏဗြာဟ္မဏတို့သည်ကား ဤသို့ ဝေဒနာကို အထူးသိ၍ ။ပ။ ထိုအလုံးစုံကိစ္စပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သညာဟူသည် အဘယ်နည်း။ ရဟန်းတို့ သညာအပေါင်းတို့သည် ဤခြောက်ပါးတို့ တည်း၊ အဆင်း၌ မှတ်သားမှု'သညာ'၊ အသံ၌ မှတ်သားမှု'သညာ'၊ အနံ့၌ မှတ်သားမှု'သညာ'၊ အရသာ၌ မှတ်သားမှု'သညာ'၊ အတွေ့အထိ၌ မှတ်သားမှု'သညာ'၊ ဓမ္မ၌ မှတ်သားမှု'သညာ' တို့တည်း။ ရဟန်းတို့ ဤသည်ကို သညာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် မှတ်သားမှု'သညာ' ဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်း ကြောင့် မှတ်သားမှု 'သညာ' ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သောတည်ကြည်မှုဟူသော အင်္ဂါ ရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သညာချုပ်ရာသို့ ရောက်ကြောင်းအကျင့်မည်၏။ပ။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သင်္ခါရတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ စေ့ဆော်မှု 'စေတနာ'အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ အဆင်း၌ စေ့ဆော်မှု'စေတနာ'။ပ။ ဓမ္မ၌ စေ့ဆော်မှု 'စေတနာ' တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို သင်္ခါရတို့ဟု ဆိုအပ်ကုန်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်း ကြောင့် သင်္ခါရ ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသောအင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။

သင်္ခါရတို့ကို စွဲ၍ ဖြစ်ပေါ် လာသောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် သင်္ခါရတို့၏သာယာဖွယ် မည်၏။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောသည် သင်္ခါရတို့၏ အပြစ်မည်၏။

သင်္ခါရတို့၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု'ဆန္ဒရာဂ'ကို ပယ်ခြင်းသည်သင်္ခါရတို့မှ ထွက်မြောက်မှု မည်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ။ပ။ သင်္ခါရတို့၌ ငြီငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ ထောက်တည်ရာ ရကုန်၏။ပ။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝိညာဏ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝိညာဏ်အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝိညာဏ်ဟု ဆိုအပ်၏။ နာမ်ရုပ်ဖြစ်ပေါ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပေါ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသောအင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။ ဝိညာဏ်ကိုစွဲ၍ ဖြစ်ပေါ်လာသောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ဝိညာဏ်၏ သာယာဖွယ် မည်၏၊ မမြဲ သော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောသည် ဝိညာဏ်၏ အပြစ်မည်၏။ ဝိညာဏ်၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု'ဆန္ဒရာဂ'ကို ပယ်ခြင်းသည် ဝိညာဏ်မှထွက်မြောက်မှု မည်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏ အပြစ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်မှ လွတ်မြောက်မှုကို အထူးသိ၍ ဝိညာဏ်၌ ငြီငွေ့ခြင်းငှါ စွဲမက်မှုကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။

ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ ထောက်တည်ရာ ရကုန်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည်ကား ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏အပြစ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်မှ ထွက်မြောက်မှုကို အထူးသိ၍ ဝိညာဏ်၌ ငြီငွေ့ခြင်းကြောင့်စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ လွတ်မြောက်သူတို့ ဖြစ်ကုန်၏။ ကောင်းစွာ လွတ်မြောက်ပြီးသော သူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခုနစ်ဌာနတို့၌ လိမ္မာ၏။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် သုံးမျိုးအားဖြင့် ရှုဆင်ခြင်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဓာတ်အားဖြင့် ရှု၏၊ အာယတနအားဖြင့် ရှု၏၊ ပဋိစ္စသမုပ္ပါဒ်အားဖြင့်ရှု၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သုံးမျိုးအားဖြင့် ရှုဆင်ခြင်သူ ဖြစ်၏။ ရဟန်းတို့ ခုနစ်ဌာနတို့၌ လိမ္မာသော သုံးမျိုးအားဖြင့် ရှုသော ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလုံးစုံ ပြည့်စုံသူကျင့်သုံးပြီသူ ယောက်ျားမြတ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-သမ္မာသမ္ဗုဒ္ဓသုတ်

၅၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ရုပ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့်ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသော သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏။

ရဟန်းတို့ ပညာအားဖြင့် ကိလေသာတို့မှ လွတ်မြောက်သော ရဟန်းကိုလည်း ရုပ်၌ ငြီးငွေ့ခြင်းကြောင့်စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသောပညာဝိမုတ္တရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ဝေဒနာ၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသော သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏။ ရဟန်းတို့ ပညာအားဖြင့်ကိလေသာတို့မှ လွတ်မြောက်သော ရဟန်းကိုလည်း ဝေဒနာ၌ ငြီးငွေ့ခြင်းကြောင့်။ပ။ ပညာဝိမုတ္တရဟန်းဟု ဆိုအပ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်း ကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ့လွတ်မြောက်ပြီးသော သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏။ ရဟန်းတို့ ပညာအားဖြင့် လွတ်မြောက်သောရဟန်းကိုလည်း ဝိညာဏ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ပညာဝိမုတ္တရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ ထိုနှစ်ပါးတို့တွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားနှင့် ပညာအားဖြင့် လွတ်မြောက်သော ပညာဝိမုတ္တရဟန်းနှစ်ပါးတို့၏ အထူးကား အဘယ်နည်း။ ပိုလွန်သော အားထုတ်မှုကား အဘယ်နည်း၊ ခြားနားမှုကားအဘယ်နည်းဟု မိန့်တော်မူ၏။ မြတ်စွာဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အရင်းခံ ရှိပါကုန်၏။ မြတ်စွာဘုရားသာလျှင် ရှေ့ဆောင် ဖြစ်ပါကုန်၏။ မြတ်စွာဘုရားသာလျှင်ကိုးကွယ်ရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဤစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားဉာဏ်၌ သာ ထင်စေတော်မူပါလော့၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော လမ်းကို ဖြစ်ပေါ်စေ၏၊ မဖြစ်သေးသော လမ်းကိုဖြစ်စေ၏၊ မပြောကြားဖူးသေးသော လမ်းကို ပြောကြားတော်မူ၏၊ လမ်းကို သိတော်မူ၏၊ လမ်း၌ ကျွမ်းကျင်တော်မူ၏၊ လမ်း၌ လိမ္မာတော်မူ၏၊ ရဟန်းတို့ ယခုအခါ တပည့်တို့သည် လမ်းသို့ အစဉ်လိုက်ကုန်လျက် နေကုန်၏၊ နောက်မှ ပြည့်စုံကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားနှင့် ပညာဖြင့်လွတ်မြောက်သော ရဟန်း တို့၏ အထူးကား ဤသည်ပင်တည်း၊ ပိုလွန်သော အားထုတ်မှုကား ဤသည်ပင်တည်း၊ ခြားနားမှုကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-အနတ္တလက္ခဏသုတ်

၅၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ''ရဟန်းတို့''ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏-

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်''ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။

''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်''ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ''ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်''ဟုဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့်နာကျင်ခြင်း ငှါ ဖြစ်၏။ ''ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့မဖြစ်စေလင့်''ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်း မရ။

သညာသည် အတ္တမဟုတ်။ပ။ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တ့ဖြစ်ကုန်ငြားအံ့၊ နာကျင်ခြင်းငှါ မဖြစ်ကုန်ရာ၊ ''ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်း ''ဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်ကုန်၏။ ''ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်စေ ကုန်သတည်း၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်း''ဟု သင်္ခါရတို့၌ တောင့်တမှုကိုရလည်း မရ။

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ နာကျင်ခြင်းငှါ မဖြစ်ရာ၊ ''ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်''ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။ ''ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်''ဟု ဝိညာဏ်၌ တောင့်တမှုကိုရလည်း မရ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော '' ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောအလုံးစုံသော ရုပ်ကို '' ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည် ငါ မဟုတ်၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော သညာကို။ သင်္ခါရတို့ကို '' ဤသင်္ခါရတို့သည်ငါ့ဥစ္စာ မဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ မဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် 'အတ္တ'မဟုတ်ကုန်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ဝိညာဏ်ကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာ ဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေ နေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု ဟောတော်မူ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။ ဤဂါထာမဖက် သက်သက်သောဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှလွတ်မြောက်ကုန်၏။

သတ္တမသုတ်။

------

၈-မဟာလိသုတ်

၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည်မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါမဟာလိလိစ္ဆဝီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် ဤစကားကိုလျှောက်၏-

''အသျှင်ဘုရား ပူရဏကဿပသည် သတ္တဝါတို့ ညစ်ညူးရန် အကြောင်း မရှိ၊ အထောက်အပံ့ မရှိ၊ အကြောင်း မရှိဘဲ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏။ သတ္တဝါတို့ စင်ကြယ်ရန်အကြောင်း မရှိ၊ အထောက်အပံ့ မရှိ၊ အကြောင်း မရှိဘဲ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည်စင်ကြယ်ကုန်၏ဟု ဆိုကုန်၏၊ မြတ်စွာဘုရားသည်ကား ဤအရာ၌ အဘယ်သို့ မိန့်ဆိုပါသနည်း''ဟုလျှောက်၏။

မဟာလိ သတ္တဝါတို့ ညစ်ညူးရန် အကြောင်းရှိ၏၊ အထောက်အပံ့ရှိ၏၊ သတ္တဝါတို့သည် အကြောင်းရှိကုန် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ ညစ်ညူးကုန်၏။ မဟာလိ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းရှိ၏၊ အထောက်အပံ့ရှိ၏၊ သတ္တဝါတို့သည် အကြောင်းရှိကုန်သည် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ စင်ကြယ်ကုန်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား သတ္တဝါတို့ ညစ်ညူးရန် အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း၊ သတ္တဝါတို့သည် အဘယ်အကြောင်းရှိကုန်သည် အဘယ်အထောက်အပံ့ရှိကုန်သည် ဖြစ်၍ ညစ်ညူးပါကုန်သနည်း။

မဟာလိ ဤရုပ်သည် စင်စစ် ဆင်းရဲသာ ဖြစ်ငြားအံ့၊ ဆင်းရဲသို့သာ ကျရောက်ငြားအံ့၊ ဆင်းရဲသို့ သာသက်ဝင်ငြားအံ့၊ ချမ်းသာသို့ မသက်ဝင်ငြားအံ့၊ သတ္တဝါတို့သည် ရုပ်၌ ပြင်းစွာ မစွဲမက်ကုန်ရာ။ မဟာလိ ရုပ်သည် ချမ်းသာ၏၊ ချမ်းသာသို့ ကျရောက်၏၊ ချမ်းသာသို့ သက်ဝင်၏၊ ဆင်းရဲသို့ မသက်ဝင်၊ ထို့ကြောင့် သတ္တဝါတို့သည် ရုပ်၌ ပြင်းစွာ စွဲမက်ကုန်၏၊ ပြင်းစွာ စွဲမက်ခြင်းကြောင့် ယှဉ်စပ်ကုန်၏၊ ယှဉ်စပ်ခြင်းကြောင့် ညစ်ညူးကုန်၏။ မဟာလိ ဤသည်ကား သတ္တဝါတို့ ညစ်ညူးရန် အကြောင်းတည်း၊ ညစ်ညူးရန် အထောက်အပံ့တည်း။ ဤသို့လည်း သတ္တဝါတို့သည် အကြောင်းရှိကုန်သည် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ ညစ်ညူးကုန်၏။

မဟာလိ ဤဝေဒနာသည် စင်စစ် ဆင်းရဲသာ ဖြစ်ငြားအံ့၊ ဆင်းရဲသို့သာ ကျရောက်ငြားအံ့၊ ဆင်းရဲသို့သာ သက်ဝင်ငြားအံ့၊ ချမ်းသာသို့ မသက်ဝင်ငြားအံ့၊ သတ္တဝါတို့သည် ဝေဒနာ၌ ပြင်းစွာ မစွဲမက်ကုန်ရာ။ မဟာလိ ဝေဒနာသည် ချမ်းသာ၏၊ ချမ်းသာသို့ ကျရောက်၏၊ ချမ်းသာသို့ သက်ဝင်၏၊ ဆင်းရဲသို့ မသက်ဝင်၊ ထို့ကြောင့် သတ္တဝါတို့သည် ဝေဒနာ၌ ပြင်းစွာ စွဲမက်ကုန်၏၊ ပြင်းစွာ စွဲမက်ခြင်းကြောင့် ယှဉ်စပ်ကုန်၏၊ ယှဉ်စပ်ခြင်းကြောင့် ညစ်ညူးကုန်၏။ မဟာလိ ဤသည်လည်း သတ္တဝါတို့ညစ်ညူးရန် အကြောင်းတည်း၊ ညစ်ညူးရန် အထောက်အပံ့တည်း။ ဤသို့လည်း သတ္တဝါတို့သည့်အကြောင်းရှိကုန်သည် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ ညစ်ညူးကုန်၏။

မဟာလိ သညာသည်။ပ။ မဟာလိ သင်္ခါရတို့သည် စင်စစ် ဆင်းရဲသာ ဖြစ်ကုန်ငြားအံ့၊ ဆင်းရဲ သို့သာကျရောက်ကုန်ငြားအံ့၊ ဆင်းရဲသို့သာ သက်ဝင်ကုန်ငြားအံ့၊ ချမ်းသာသို့ မသက်ဝင်ကုန်ငြားအံ့၊ သတ္တဝါတို့သည် သင်္ခါရတို့၌ ပြင်းစွာ မစွဲမက်ကုန်ရာ။ မဟာလိ သင်္ခါရတို့သည် ချမ်းသာကုန်၏၊ ချမ်းသာ္စသို့ ကျရောက်ကုန်၏၊ ချမ်းသာသို့ သက်ဝင်ကုန်၏၊ ဆင်းရဲသို့ မသက်ဝင်ကုန်၊ ထို့ကြောင့် သတ္တဝါတို့သည် သင်္ခါရတို့၌ ပြင်းစွာ စွဲမက်ကုန်၏၊ ပြင်စွာ စွဲမက်ခြင်းကြောင့် ယှဉ်စပ်ကုန်၏၊ ယှဉ်စပ်ခြင်းကြောင့် ညစ်ညူးကုန်၏။ မဟာလိ ဤသည်လည်း သတ္တဝါတို့ ညစ်ညူးရန်အကြောင်းတည်း၊ ညစ်ညူးရန် အထောက်အပံ့တည်း။ ဤသို့လည်း သတ္တဝါတို့သည်အကြောင်းရှိကုန်သည် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ ညစ်ညူးကုန်၏။

မဟာလိ ဝိညာဏ်သည် စင်စစ် ဆင်းရဲသာ ဖြစ်ငြားအံ့၊ ဆင်းရဲသို့သာ ကျရောက်ငြားအံ့၊ ဆင်းရဲသို့သာ သက်ဝင်ငြားအံ့၊ ချမ်းသာသို့ မသက်ဝင်ငြားအံ့၊ သတ္တဝါတို့သည် ဝိညာဏ်၌ ပြင်းစွာ မစွဲမက်ကုန်ရာ။ မဟာလိ ဝိညာဏ်သည် ချမ်းသာ၏၊ ချမ်းသာသို့ ကျရောက်၏၊ ချမ်းသာသို့ သက်ဝင်၏၊ ဆင်းရဲသို့မသက်ဝင်၊ ထို့ကြောင့် သတ္တဝါတို့သည် ဝိညာဏ်၌ ပြင်းစွာ စွဲမက်ကုန်၏၊ ပြင်းစွာ စွဲမက်ခြင်းကြောင့်ယှဉ်စပ်ကုန်၏၊ ယှဉ်စပ်ခြင်းကြောင့် ညစ်ညူးကုန်၏။ မဟာလိ ဤသည်လည်း သတ္တဝါတို့ ညစ်ညူးရန်အကြောင်းတည်း၊ ညစ်ညူးရန် အထောက်အပံ့တည်း။ ဤသို့လည်း သတ္တဝါတို့သည် အကြောင်းရှိကုန်သည် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ ညစ်ညူးကုန်၏။

အသျှင်ဘုရား သတ္တဝါတို့သည် စင်ကြယ်ရန် အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း၊ သတ္တဝါတို့သည် အဘယ်အကြောင်းရှိကုန်သည် အဘယ်အထောက်အပံ့ရှိကုန်သည် ဖြစ်၍ စင်ကြယ်ပါကုန်သနည်း။ မဟာလိ ဤရုပ်သည် စင်စစ် ချမ်းသာသာ ဖြစ်ငြားအံ့၊ ချမ်းသာသို့သာ ကျရောက်ငြားအံ့၊ ချမ်းသာသို့သာ သက်ဝင်ငြားအံ့၊ ဆင်းရဲသို့ မသက်ဝင်ငြားအံ့၊ သတ္တဝါတို့သည် ရုပ်၌ မငြီးငွေ့ကုန်ရာ။ မဟာလိ ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသို့ ကျရောက်၏၊ ဆင်းရဲသို့ သက်ဝင်၏၊ ချမ်းသာသို့ မသက်ဝင်၊ ထို့ကြောင့် သတ္တဝါတို့သည် ရုပ်၌ ငြီးငွေ့ကုန်၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်းကုန်၏၊ စွဲမက်မှု ကင်းခြင်းကြောင့် စင်ကြယ်ကုန်၏။ မဟာလိ ဤသည်လျှင် သတ္တဝါတို့ စင်ကြယ်ရန်အကြောင်းတည်း၊ အထောက်အပံ့တည်း။ သတ္တဝါတို့သည် ဤသို့ အကြောင်းရှိကုန်သည်အထောက်အပံ့ရှိ ကုန်သည် ဖြစ်၍ စင်ကြယ်ကုန်၏။

မဟာလိ ဝေဒနာသည် စင်စစ် ချမ်းသာသာ ဖြစ်ခဲ့ငြားအံ့။ပ။ မဟာလိ သညာသည်။ပ။ မဟာလိသင်္ခါရတို့သည် စင်စစ် ချမ်းသာသာ ဖြစ်ခဲ့ကုန်ငြားအံ့။ပ။ မဟာလိ ဝိညာဏ်သည် စင်စစ် ချမ်းသာသာဖြစ်ခဲ့ငြားအံ့၊ ချမ်းသာသို့သာ ရောက်ငြားအံ့၊ ချမ်းသာသို့သာ သက်ဝင်ငြားအံ့၊ ဆင်းရဲသို့ မသက်ဝင်ငြားအံ့၊ သတ္တဝါတို့သည် ဝိညာဏ်၌ မငြီးငွေ့ကုန်ရာ။ မဟာလိ ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသို့ကျရောက်၏၊ ဆင်းရဲသို့ သက်ဝင်၏၊ ချမ်းသာသို့ မသက်ဝင်၊ ထို့ကြောင့် သတ္တဝါတို့သည် ဝိညာဏ်၌ ငြီးငွေ့ကုန်၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်းကုန်၏၊ စွဲမက်မှု ကင်းခြင်းကြောင့် စင်ကြယ်ကုန်၏။ မဟာလိ ဤသည်လျှင် သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းတည်း၊ အထောက်အပံ့တည်း။ သတ္တဝါတို့သည် ဤသို့အကြောင်းရှိကုန်သည် အထောက်အပံ့ရှိကုန်သည် ဖြစ်၍ စင်ကြယ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-အာဒိတ္တသုတ်

၆၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် ပြောင်ပြောင် တောက်လောင်၏၊ ဝေဒနာသည် ပြောင်ပြောင် တောက်လောင်၏၊ သညာသည် ပြောင်ပြောင် တောက်လောင်၏၊ သင်္ခါရတို့သည် ပြောင်ပြောင့်တောက်လောင်ကုန်၏၊ ဝိညာဏ်သည် ပြောင်ပြောင် တောက်လောင်၏။ ရဟန်းတို့ ဤသို့ မြင်သောအကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာ မှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ''ဟုသိ၏ဟု (မိန့် တော်မူ၏)။

နဝမသုတ်။

------

၁၀-နိရုတ္တိပထသုတ်

၆၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော မစွန့်အပ်ကုန်သော မစွန့်ဖူးကုန်သော သဒ္ဒါ, အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်၊ နောင်လည်း စွန့်အပ်လိမ့်မည် မဟုတ်ကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူ-ရဟန်းတို့ လွန်ပြီး ချုပ်ပြီးဖောက်ပြန်ပြီးသော ရုပ်အား ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ပြီး''ဟူသော အမည်ကို''ဖြစ်ပြီး''ဟူ သော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့''ဟူသောအခေါ်အဝေါ်ကို မရ။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသော ဝေဒနာအား ''ဖြစ်ပြီး''ဟူသောအခေါ်အဝေါ်ကို ''ဖြစ်ပြီး''ဟူသော အမည်ကို ''ဖြစ်ပြီး''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသောအခေါ်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို မရ။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသောသညာအား။ သင်္ခါရတို့အား ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ပြီး''ဟူသော အမည်ကို''ဖြစ်ပြီး''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့'' ဟူသောအခေါ်အဝေါ်ကို မရ။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသော ဝိညာဏ်အား ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ပြီး''ဟူသော အမည်ကို ''ဖြစ်ပြီး''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို မရ။

ရဟန်းတို့ မဖြစ်သေး မထင်ရှားသေးသော ရုပ်အား ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်လတ္တံ့''ဟူသော အမည်ကို ''ဖြစ်လတ္တံ့''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို မရ။ မဖြစ်သေး မထင်ရှားသေးသော ဝေဒနာအား ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်လတ္တံ့''ဟူသော အမည်ကို ''ဖြစ်လတ္တံ့''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူ သော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို မရ။ မဖြစ်သေးမထင်ရှားသေးသော သညာအား။ သင်္ခါရတို့အား ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို''ဖြစ်လတ္တံ့'' ဟူသော အမည်ကို ''ဖြစ် လတ္တံ့''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသောအခေါ်အဝေါ်ကို မရ၊ ''ဖြစ်ပြီး'' ဟူသော အခေါ် အဝေါ်ကို မရ။ မဖြစ်သေး မထင်ရှားသေးသောဝိညာဏ်အား ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်လတ္တံ့'' ဟူသော အမည်ကို''ဖြစ်လတ္တံ့''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်ပြီး'' ဟူသောအခေါ်အဝေါ်ကို မရ။

ရဟန်းတို့ ဖြစ်နေသော ထင်ရှားနေသော ရုပ်အား ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ဆဲ''ဟူသော အမည်ကို ''ဖြစ်ဆဲ''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို မရ။ ဖြစ်နေသော ထင်ရှားနေသော ဝေဒနာအား ''ဖြစ်ဆဲ'' ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ဆဲ''ဟူသော အမည်ကို ''ဖြစ်ဆဲ''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ပြီး''ဟူသော အခေါ့်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို မရ။ ဖြစ်နေသော ထင်ရှားနေသော သညာအား။ သင်္ခါရတို့အား ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ဆဲ''ဟူသော အမည်ကို ''ဖြစ်ဆဲ''ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို မရ၊ ''ဖြစ်လတ္တံ့''ဟူသော အခေါ်အဝေါ်ကို မရ။ ဖြစ်နေသော ထင်ရှားနေသော ဝိညာဏ်အား ''ဖြစ်ဆဲ''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်ဆဲ''ဟူသောအမည်ကို ''ဖြစ်ဆဲ'' ဟူသော ပညတ်ကို ရ၏၊ ''ဖြစ်ပြီး''ဟူသော အခေါ်အဝေါ်ကို ''ဖြစ်လတ္တံ့'' ဟူသောအခေါ်အဝေါ်ကို မရ။

ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော မစွန့်အပ်ကုန်သော မစွန့်ဖူးကုန်သော သဒ္ဒါ, အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်၊ နောင်လည်း စွန့်အပ်လိမ့်မည် မဟုတ်ကုန်။ ရဟန်းတို့ အကြောင်းမရှိဟု အယူရှိကုန်သော ပြုသော်လည်း ပြုသည် မမည်ဟုအယူရှိကုန်သော အကျိုးမရှိဟု အယူရှိကုန်သော ဥက္ကလဇနပုဒ်သား ဝဿနှင့် ဘညတို့သော်မှလည်းကဲ့ရဲ့ ပုတ်ခတ် ပြစ်တင် စွပ်စွဲမည်ကို ကြောက်သောကြောင့် ဤသဒ္ဒါ, အမည်, ပညတ် သုံးမျိုးတို့ကိုကဲ့ရဲ့ဖွယ် တားမြစ်ဖွယ်ဟု မထင်ခဲ့ကုန်ဟု (မိန့်တော်မူ၏)

ဒသမသုတ်။

မဇ္ဈိမပဏ္ဏာသက၏ ရှေးဦးစွာသော ဥပယဝဂ် ပြီး၏။

------

(၇) ၂-အရဟန္တဝဂ် ၁-ဥပါဒိယမာနသုတ်

၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းတစ်းပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ယင်းတရားကို ကြားနာရသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ပြင်းစွာလုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ ''ဟု လျှောက်၏။ ရဟန်းစွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့ အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်း။ အသျှင်ဘုရား ရုပ်ကို စွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏၊ ဝေဒနာကို စွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏၊ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို စွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှလွတ်မြောက်၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သောစကား၏ အကျယ်ဖြစ်သော အနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို စွဲလမ်းသော် မာရ်သည်နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုစွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏။ ရဟန်း ငါအကျဉ်းအား ဖြင့် ဟောကြားအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်ဟုမိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ထိုရဟန်းသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ကပ်၍ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် မကြာမီပင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သောအကျင့်မြတ်ကို မျက်မှောက်ဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်လျက်နေ၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ''ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ပဌမသုတ်။

------

၂-မညမာနသုတ်

၆၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ ''ဟု လျှောက်၏။ ရဟန်း ငါဟု ထင်မှတ်သော် မာရ်သည်နှောင်ဖွဲ့အပ်၏၊ ငါဟု မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား သိပါ ပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်း။ အသျှင်ဘုရား ရုပ်ကို ငါဟု ထင်မှတ်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မထင်မှတ်သော် မာရ်မှလွှတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငါဟု ထင်မှတ်သော် မာရ်သည်နှောင်ဖွဲ့အပ်၏၊ မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏။ အသျှင်ဘုရား တပည့်တော်သည်မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သောစကား၏ အကျယ်ဖြစ်သော အနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို ငါဟု ထင်မှတ်သော် မာရ်သည် နှောင်ဖွဲ့ အပ်၏၊ မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငါဟု ထင်မှတ်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏။

ရဟန်း ငါ အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။

------

၃-အဘိနန္ဒမာနသုတ်

၆၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြု၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ ''ဟု လျှောက်၏။ ရဟန်း အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ့ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ရုပ်ကို အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟော အပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုနှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ ရဟန်း ငါအကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည်ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေ၏။

တတိယသုတ်။

------

၄-အနိစ္စသုတ်

၆၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏''ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည် မမြဲ၊ ထိုမမြဲသော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည် မမြဲပါ၊ တပည့်တော်သည် ထိုမမြဲသော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲပါ။ တပည့်တော်သည်ထိုမမြဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားအကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည် မမြဲ၊ သင်သည် ထိုမမြဲသော ရုပ်၌ လိုချင်မှုကိုပယ်ရမည်။ ဝေဒနာသည် မမြဲ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ သင်သည် ထိုမမြဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

စတုတ္ထသုတ်။

------

၅-ဒုက္ခသုတ်

၆၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ ''ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည်ဆင်းရဲ၏၊ ထိုဆင်းရဲသော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။

ဘုန်းတော် ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည် ဆင်းရဲ၏၊ တပည့်တော်သည် ထိုဆင်းရဲသော ရုပ်၌ လိုချင်မှုကို ပယ်ရပါမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ဆင်းရဲ၏။ တပည့်တော်သည် ထိုဆင်းရဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ အသျှင်ဘုရား တပည့်တော်သည်မြတ်စွာ ဘုရား အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည် ဆင်းရဲ၏၊ သင်သည် ထိုဆင်းရဲသော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ဆင်းရဲ၏၊ သင်သည်ထိုဆင်းရဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင်ဖြစ်လေ၏။

ပဉ္စမသုတ်။

------

၆-အနတ္တသုတ်

၆၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏''ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည်ကိုယ် 'အတ္တ' မဟုတ်၊ သင်သည် ထိုကိုယ် 'အတ္တ'မဟုတ်သော သဘောတရား၌ လိုချင်မှုကို ပယ်မည်ဟုမိန့်တော်မူ၏။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည်ကိုယ် 'အတ္တ' မဟုတ်ပါ၊ တပည့်တော်သည် ထိုကိုယ်'အတ္တ' မဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရပါမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ် 'အတ္တ' မဟုတ်ပါ၊ တပည့်တော်သည် ထိုကိုယ် 'အတ္တ'မဟုတ်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည်ကိုယ် 'အတ္တ' မဟုတ်၊ သင်သည် ထိုကိုယ် 'အတ္တ'မဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ် 'အတ္တ' မဟုတ်၊ သင်သည် ထိုကိုယ် 'အတ္တ'မဟုတ်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ ရဟန်း ငါ အကျဉ်းဟော အပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဆဋ္ဌသုတ်။

------

၇-အနတ္တနိယသုတ်

၆၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ နေလိုပါ၏ ''ဟု လျှောက်၏။ ရဟန်းအကြင်သဘောတရားသည်ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ ထိုကိုယ်ပိုင်ဥစ္စာ မဟုတ်သော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်ပါ၊ တပည့်တော်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်ပါ။ တပည့်တော်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်သော ထိုဝိညာဏ်၌ လိုချင်မှုကိုပယ်ရမည်။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟောအပ်သော ဤစကား၏အကျယ် ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ သင်သည် ထိုကိုယ်ပိုင် ဥစ္စာမဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ သင်သည် ထိုကိုယ်ပိုင်ဥစ္စာ မဟုတ်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

သတ္တမသုတ်။

------

၈-ရဇနီယသဏ္ဌိတသုတ်

၇၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့် တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏တရားကို နာရ၍ ။ပ။ နေလိုပါ၏''ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည်စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်၏၊ ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော သဘောတရား၌ လိုချင်မှုကို ပယ်ရမည်ဟု မိန့် တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်ပါ၏၊ တပည့်တော်သည် ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်ပါ၏။ တပည့်တော်သည် ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ အသျှင်ဘုရားတပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်၏၊ သင်သည်ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်၏၊ သင်သည် ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

အဋ္ဌမသုတ်။

------

၉-ရာဓသုတ်

၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤစကားကိုလျှောက်၏- ''အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်း ကောင်း၊ အပဖြစ်သော အာရုံအားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု 'ဒိဋ္ဌိ' ငါ့ဥစ္စာဟုတပ်မက်မှု'တဏှာ' ထောင်လွှားမှု 'မာနာနုသယ' တို့သည် မဖြစ်ပါကုန်သနည်း ''ဟု လျှောက်၏။ ရာဓအတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သောအယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို '' ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှု၏၊ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေးအနီးလည်းဖြစ်သော ဝေဒနာ။ သညာ။ သင်္ခါရ။ ဝိညာဏ်အားလုံးကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤ ဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၏။ ရာဓ ဤသို့ သိသူ ဤသို့ မြင်သူအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သော အာရုံ အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု 'ဒိဋ္ဌိ' ငါ့ဥစ္စာဟုတပ်မက်မှု'တဏှာ' ထောင်လွှားမှု 'မာနာနုသယ' တို့သည် မဖြစ်ကုန်။ပ။ အသျှင်ရာဓသည်ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

နဝမသုတ်။

------

၁၀-သုရာဓသုတ်

၇၂။ ထိုအခါ အသျှင်သုရာဓသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရားအဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သောအာရုံ အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု 'ဒိဋ္ဌိ' ငါ့ဥစ္စာဟု တပ်မက်မှု 'တဏှာ'ထောင်လွှားမှု 'မာန'မှ ကင်း သော, ထောင်လွှားခြင်းအဖို့ကို ကောင်းစွာ လွန်သော, (ကိလေသာပူပန်မှုမှ) ငြိမ်းသော, (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်သောစိတ် ဖြစ်ပါသနည်း ''ဟု လျှောက်၏။ သုရာဓအတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို'' ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၍ မစွဲလမ်းဘဲ ကိလေသာမှ လွတ်မြောက်၏။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သောအယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ ဝိညာဏ်အားလုံးကို '' ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ့မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှ)