သံယုတ္တနိကာယ်

သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-သဠာယတနသံယုတ်

၁-အနိစ္စဝဂ် ၁-အဇ္ဈတ္တာနိစ္စသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည်မြတ်စွာ ဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ မျက်စိသည် မမြဲ၊ မမြဲသော မျက်စိသည် ဆင်းရဲ၏၊ ဆင်းရဲသော မျက်စိသည်ကိုယ် 'အတ္တ'မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါမဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ နားသည် မမြဲ၊ မမြဲသော နားသည်။ပ။ နှာခေါင်းသည် မမြဲ၊ မမြဲသော နှာခေါင်းသည်။ပ။ လျှာသည် မမြဲ၊ မမြဲသော လျှာသည် ဆင်းရဲ၏၊ ဆင်းရဲသော လျှာသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ'မဟုတ်သော လျှာကို '' ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ်'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ကိုယ်သည် မမြဲ၊ မမြဲသောကိုယ်သည်။ပ။ စိတ်သည် မမြဲ၊ မမြဲသော စိတ်သည် ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည်ကိုယ်'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော စိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါမဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏၊ နှာခေါင်း၌လည်း ငြီးငွေ့၏၊ လျှာ၌လည်း ငြီးငွေ့၏၊ကိုယ်၌လည်း ငြီးငွေ့၏၊ စိတ် ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းသောကြောင့် (ကိလေသာမှ) လွတ် မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-အဇ္ဈတ္တဒုက္ခသုတ်

၂။ ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ ဆင်းရဲသော မျက်စိသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ'မဟုတ်သော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ နားသည်ဆင်းရဲ၏။ပ။ နှာခေါင်းသည် ဆင်းရဲ၏။ပ။ လျှာသည် ဆင်းရဲ၏။ပ။ကိုယ်သည် ဆင်းရဲ၏။ပ။ စိတ်သည်ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော စိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု့ ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့် တော်မူ၏)။

ဒုတိယသုတ်။

------

၃-အဇ္ဈတ္တာနတ္တသုတ်

၃။ ရဟန်းတို့ မျက်စိသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' မဟုတ် ''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ နားသည်ကိုယ် 'အတ္တ' မဟုတ်။ပ။ နှာခေါင်းသည်ကိုယ် 'အတ္တ' မဟုတ်။ပ။ လျှာသည်ကိုယ် 'အတ္တ ' မဟုတ်။ပ။ကိုယ်သည်ကိုယ် 'အတ္တ'မဟုတ်။ပ။ စိတ်သည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော စိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤ စိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ်'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဗာဟိရာနိစ္စသုတ်

၄။ ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ မမြဲသော အဆင်းသည် ဆင်းရဲ၏၊ ဆင်းရဲသောအဆင်းသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို '' ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် မမြဲကုန်။ မမြဲသော သဘောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသောသဘောတရားသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော သဘောတရားကို '' ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါ မဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ်'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏၊ အသံတို့၌လည်း ငြီးငွေ့၏၊ အနံ့တို့၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ အတွေ့အထိတို့၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ဗာဟိရဒုက္ခသုတ်

၅။ ရဟန်းတို့ အဆင်းတို့သည် ဆင်းရဲကုန်၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို '' ဤအဆင်းသည် ငါ့ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော (မဂ်) ပညာဖြင့်ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ဆင်းရဲကုန်၏၊ ဆင်းရဲသော သဘောတရားသည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ'မဟုတ်သော သဘော တရားကို '' ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။

ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဗာဟိရာနတ္တသုတ်

၆။ ရဟန်းတို့ အဆင်းတို့သည်ကိုယ် 'အတ္တ' မဟုတ်ကုန်၊ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို'' ဤအဆင်းသည် ငါ့ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ'မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ကိုယ် 'အတ္တ' မဟုတ်၊ကိုယ် 'အတ္တ'မဟုတ်သော သဘောတရားကို '' ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။

ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-အဇ္ဈတ္တာနိစ္စာတီတာနာဂတသုတ်

၇။ ရဟန်းးတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည် မမြဲ၊ ပစ္စုပ္ပန်မျက်စိ၏ မမြဲမှု၌ ကားအဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ်ဖြစ်သော မျက်စိ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော မျက်စိကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောမျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည် မမြဲ။ နှာခေါင်းသည်မမြဲ။ အတိတ် အနာဂတ်ဖြစ်သော လျှာသည် မမြဲ၊ ပစ္စုပ္ပန်လျှာ၏ မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သောလျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော လျှာကို ငြီးငွေ့ခြင်းငှါစွဲမက်မှု ကင်း ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည် မမြဲ။ပ။ အတိတ် အနာဂတ်ဖြစ်သောစိတ်သည် မမြဲ၊ ပစ္စုပ္ပန် စိတ်၏ မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-အဇ္ဈတ္တဒုက္ခာတီတာနာဂတသုတ်

၈။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည် ဆင်းရဲ၏၊ ပစ္စုပ္ပန်မျက်စိ၏ ဆင်းရဲမှု၌ ကား့အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ်ဖြစ်သော မျက်စိ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော မျက်စိကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည်။ပ။ နှာခေါင်းသည်။ပ။ အတိတ် အနာဂတ်ဖြစ်သော လျှာသည် ဆင်းရဲ၏၊ ပစ္စုပ္ပန်လျှာ၏ ဆင်းရဲမှု၌ ကားအဘယ် ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ် ဖြစ်သော လျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောလျှာကို ငြီး ငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည် ဆင်းရဲ၏။ ပ၊ အတိတ်အနာဂတ်ဖြစ်သော စိတ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်စိတ်၏ ဆင်းရဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှုကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှုကင်းခြင်းငှါ ချုပ် ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-အဇ္ဈတ္တာနတ္တာတီတာနာဂတသုတ်

၉။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည်ကိုယ် 'အတ္တ' မဟုတ်၊ ပစ္စုပ္ပန်မျက်စိ၏ကိုယ် 'အတ္တ' မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော မျက်စိ၌လည်း ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သောမျက်စိကိုလည်း မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည်ကိုယ် 'အတ္တ' မဟုတ်။ပ။ နှာခေါင်းသည်ကိုယ် 'အတ္တ' မဟုတ်။ပ။ အတိတ် အနာဂတ် ဖြစ်သော လျှာသည်ကိုယ် 'အတ္တ' မဟုတ်၊ ပစ္စုပ္ပန်လျှာ၏ကိုယ် 'အတ္တ'မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော လျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော လျှာကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည်ကိုယ် 'အတ္တ' မဟုတ်။ပ။ အတိတ် အနာဂတ် ဖြစ်သော စိတ်သည်ကိုယ် 'အတ္တ' မဟုတ်၊ ပစ္စုပ္ပန်စိတ်၏ကိုယ် 'အတ္တ' မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဗာဟိရာနိစ္စာတီတာနာဂတသုတ်

၁၀။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည် မမြဲကုန်၊ ပစ္စုပ္ပန်အဆင်းတို့၏မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သောအဆင်းတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ အတိတ် အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့သည် မမြဲကုန်၊ ပစ္စုပ္ပန်သဘောတရားတို့၏မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော သဘောတရား တို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သဘောတရားတို့ကိုငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၁-ဗာဟိရဒုက္ခာတီတာနာဂတသုတ်

၁၁။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည် ဆင်းရဲကုန်၏၊ ပစ္စုပ္ပန်အဆင်း တို့၏ဆင်းရဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သောအဆင်း တို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ပ။

ဧကာဒသမသုတ်။

------

၁၂-ဗာဟိရာနတ္တာတီတာနာဂတသုတ်

၁၂။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည်ကိုယ် 'အတ္တ' မဟုတ်ကုန်၊ ပစ္စုပ္ပန်အဆင်းတို့၏ကိုယ် 'အတ္တ' မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှုကင်း၏၊ အနာဂတ်ဖြစ်ကုန်သော အဆင်းတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကိုငြီးငွေ့ခြင်းငှါ စွဲ မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့ အထိတို့သည်။ အတိတ် အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့သည်ကိုယ်'အတ္တ' မဟုတ်ကုန်၊ ပစ္စုပ္ပန် သဘောတရားတို့၏ကိုယ် 'အတ္တ' မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သောသဘောတရားတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သဘောတရား တို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ရှေးဦးစွာသော အနိစ္စဝဂ် ပြီး၏။

------

၂-ယမကဝဂ် ၁-ပဌမ ပုဗ္ဗေသမ္ဗောဓသုတ်

၁၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဉ် ငါ့အား ဤသို့ အကြံ ဖြစ်၏ - ''အဘယ်သည် မျက်စိ၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် နား၏။

အဘယ်သည် နှာခေါင်း၏။ အဘယ်သည် လျှာ၏။ အဘယ်သည်ကိုယ်၏။ အဘယ်သည် စိတ်၏သာယာဖွယ် ဖြစ်သ နည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း''ဟု အကြံ ဖြစ်၏။

ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏ -မျက်စိကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် မျက်စိ၏ သာယာဖွယ်တည်း၊ မျက်စိ၏ မမြဲခြင်း ဆင်းရဲခြင်းဖောက်ပြန်ခြင်းသဘောသည် မျက်စိ၏ အပြစ်တည်း၊ မျက်စိ၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း့ပယ်ခြင်းသည် မျက်စိ၏ ထွက်မြောက်ရာတည်း။ နားကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ နှာခေါင်းကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ လျှာကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် လျှာ၏သာယာဖွယ်တည်း၊ လျှာ၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် လျှာ၏ အပြစ်တည်း၊ လျှာ၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း ပယ်ခြင်းသည် လျှာ၏ ထွက်မြောက်ရာတည်း။ကိုယ်ကိုစွဲ၍ ဖြစ်ပေါ်လာသော။ပ။ စိတ်ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် စိတ်၏သာယာဖွယ်တည်း၊ စိတ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် စိတ်၏ အပြစ်တည်း၊ စိတ်၌ လိုချင်စွဲမက်မှု'ဆန္ဒရာဂ'ကို ဖျောက်ခြင်း ပယ်ခြင်းသည် စိတ်၏ ထွက်မြောက်ရာတည်း။

ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန'တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။

ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန'တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာ တို့ှမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ ပုဗ္ဗေသမ္မောဓ သုတ်

၁၄။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဉ် ငါ့အား ဤသို့အကြံ ဖြစ်၏-''အဘယ်သည် အဆင်းတို့၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် အသံတို့၏။ အဘယ်သည် အနံ့တို့၏။ အဘယ်သည် အရသာတို့၏။ အဘယ်သည် အတွေ့အထိတို့၏။ အဘယ်သည် သဘောတရားတို့၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း''ဟု အကြံ ဖြစ်၏။

ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပေါ်ပြန်၏- အဆင်းတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် အဆင်းတို့၏ သာယာဖွယ်တည်း၊ အဆင်းတို့၏ မမြဲခြင်းဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် အဆင်းတို့၏ အပြစ်တည်း။ အဆင်းတို့၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း ပယ်ခြင်းသည် အဆင်းတို့၏ ထွက်မြောက်ရာတည်း။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် သဘောတရားတို့၏ သာယာဖွယ်တည်း၊ သဘောတရားတို့၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် သဘောတရားတို့၏ အပြစ်တည်း။ သဘောတရားတို့၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကိုဖျောက် ခြင်း ပယ်ခြင်းသည် သဘောတရားတို့၏ ထွက်မြောက်ရာတည်း။

ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ 'ဗာဟိရာယတန' တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။

ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ 'ဗာဟိရာယတန'တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝ တည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ပဌမ အဿာဒပရိယေသနသုတ်

၁၅။ ရဟန်းတို့ ငါဘုရားသည် မျက်စိ၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏သာယာဖွယ်ကို သိခဲ့ပြီ၊ မျက်စိ၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ငါသည် မျက်စိ၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏ အပြစ်ကို သိခဲ့ပြီ၊ မျက်စိ၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် မျက်စိ၏ ထွက်မြောက်ရာကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ မျက်စိ၏ ထွက်မြောက်ရာရှိသမျှကိုပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် နား၏။ နှာခေါင်း၏။ လျှာ၏ သာယာဖွယ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏ သာယာဖွယ်ကို သိခဲ့ပြီ၊ လျှာ၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် လျှာ၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏အပြစ်ကို သိခဲ့ပြီ၊ လျှာ၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည်လျှာ၏ ထွက်မြောက် ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ လျှာ၏ထွက်မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ပ။ကိုယ်၏။ပ။ ရဟန်းတို့ ငါသည် စိတ်၏သာယာဖွယ်ကို ရှာမှီး လျက် လှည့်လည်ဖူးပြီ၊ စိတ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ စိတ်၏သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် စိတ်၏ အပြစ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ စိတ်၏ အပြစ်ကို သိခဲ့ပြီ၊ စိတ်၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် စိတ်၏ ထွက်မြောက်ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ စိတ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ စိတ်၏ ထွက်မြောက် ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။

ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန'တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး။ပ။ သိပြီးသောအခါ၌ သာလျှင်။ပ။ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်း ဖြစ်ပေါ်ခဲ့ပြီ၊ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝကားနောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေ နေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄- ဒုတိယ အဿာဒပရိယေသနသုတ်

၁၆။ ရဟန်းတို့ ငါသည် အဆင်းတို့၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏သာယာဖွယ်ကို သိခဲ့ပြီ၊ အဆင်းတို့၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အဆင်းတို့၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏ အပြစ်ကို သိခဲ့ပြီ၊ အဆင်း တို့၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အဆင်းတို့၏ထွက် မြောက်ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ အဆင်းတို့၏ထွက် မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အသံတို့၏။

အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ ရဟန်းတို့ ငါသည် သဘောတရားတို့၏ သာယာဖွယ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ သဘောတရားတို့၏ သာယာဖွယ်ကို သိခဲ့ပြီ၊ သဘောတရားတို့၏သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် သဘောတရားတို့၏အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ သဘောတရားတို့၏ အပြစ်ကို သိခဲ့ပြီ၊ သဘောတရားတို့၏အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် သဘောတရားတို့၏ထွက်မြောက်ရာကို ရှာမှီးလျက် လှည့် လည်ဖူးပြီ၊ သဘောတရားတို့၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ သဘောတရားတို့၏ ထွက်မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။

ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ 'ဗာဟိရာယတန'တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက်မြောက် ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး။ပ။ သိပြီးသောအခါ၌ သာလျှင်။ပ။ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်း ဖြစ်ပေါ်ခဲ့ပြီ၊ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝကား နောက်ဆုံးဖြစ်သောဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ပဌမ နောစေအဿာဒသုတ်

၁၇။ ရဟန်းတို့ အကယ်၍ မျက်စိ၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိ၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် မျက်စိ၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ မျက်စိ၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် မျက်စိ၌ ငြီးငွေ့ကုန်၏။

ရဟန်းတို့ အကယ်၍ မျက်စိ၏ ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိမှမထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် မျက်စိမှ ထွက်မြောက်နိုင် ကုန်၏။ ရဟန်းတို့ အကယ်၍ နား၏ သာယာဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ နှာခေါင်း၏ သာယာ ဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ လျှာ၏ သာယာဖွယ်မရှိခဲ့ပါမူ သတ္တဝါတို့သည် လျှာ၌ မစွဲလမ်း ကုန်ရာ၊ ရဟန်းတို့ လျှာ၏ သာယာဖွယ်ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် လျှာ၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ လျှာ၏ အပြစ်မရှိခဲ့ပါမူ သတ္တဝါတို့သည် လျှာ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ လျှာ၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် လျှာ၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ လျှာ၏ ထွက်မြောက်ရာ မရှိခဲ့ပါမူသတ္တဝါတို့သည် လျှာမှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ လျှာ၏ ထွက်မြောက်ရာရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် လျှာမှ ထွက်မြောက်နိုင်ကုန်၏။ ရဟန်းတို့ အကယ်၍ ကိုယ်၏့သာယာဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ စိတ်၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါ တို့သည် စိတ်၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ စိတ်၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ စိတ်၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည် စိတ်၌ မငြီး ငွေ့ကုန်ရာ၊ ရဟန်းတို့ စိတ်၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့အကယ်၍ စိတ်၏ ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် စိတ်မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ စိတ်၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်မှ ထွက်မြောက်နိုင်ကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန' တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကြသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့် မနေကြရကုန်။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန' တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်နေကြရကုန်၏ဟု (မိန့် တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒုတိယ နောစေအဿာဒသုတ်

၁၈။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါတို့သည် အဆင်းတို့၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၌ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည်အဆင်း တို့၌ စွဲလမ်းကုန်၏။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည်အဆင်းတို့၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် အဆင်းတို့၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ ထွက်မြောက်ရာမရှိခဲ့ပါမူ သတ္တဝါတို့သည် အဆင်းတို့ မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၏ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါ တို့သည် အဆင်းတို့မှ ထွက်မြောက်နိုင်ကုန်၏။

ရဟန်းတို့ အကယ်၍ အသံတို့၏။ အနံ့တို့၏။ အရသာ တို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏သာယာဖွယ်သည် မရှိခဲ့ပါမူ သတ္တဝါတို့သည် သဘော တရားတို့၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့သဘောတရားတို့၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် သဘောတရားတို့၌ စွဲလမ်းကုန်၏။ ရဟန်းတို့ အကယ်၍ သဘောတရားတို့၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည်သဘောတရားတို့၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ သဘောတရားတို့၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် သဘောတရားတို့၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ သဘောတရားတို့၏ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် သဘောတရားတို့မှ မထွက်မြောက်နိုင် ကုန်ရာ၊ ရဟန်းတို့သဘောတရားတို့၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် သဘောတရားတို့မှထွက်မြောက်နိုင်ကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ 'ဗာဟိရာယတန'တို့၏့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကြသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှကျွတ်လွတ် ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်မနေကြရကုန်။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ 'ဗာဟိရာယတန'တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်နေကြရကုန်၏ဟု (မိန့် တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ပဌမာဘိနန္ဒသုတ်

၁၉။ ရဟန်းတို့ အကြင်သူသည် မျက်စိကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ နားကို။ပ။ နှာခေါင်းကို။ပ။ အကြင်သူသည် လျှာကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကိုနှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ကိုယ်ကို။ပ။ အကြင်သူသည် စိတ်ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

ရဟန်းတို့ အကြင်သူသည်ကား မျက်စိကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ နားကို။ပ။ နှာခေါင်းကို။ပ။ အကြင်သူသည် လျှာကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည်ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ကိုယ်ကို။ပ။ အကြင်သူသည် စိတ်ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကိုမနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယာဘိနန္ဒသုတ်

၂၀။ ရဟန်းတို့ အကြင်သူသည် အဆင်းတို့ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ အကြင်သူသည်အသံတို့ကို။ပ။ အနံ့တို့ကို။ အရသာတို့ကို။ အထိအတွေ့တို့ကို။ သဘောတရားတို့ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

ရဟန်းတို့ အကြင်သူသည်ကား အဆင်းတို့ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ အကြင်သူသည် အသံတို့ကို။ပ။ အနံ့တို့ကို။ အရသာတို့ကို။ အထိအတွေ့တို့ကို။ သဘောတရားတို့ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ့်ကင်းနိုင်၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ ဒုက္ခုပ္ပါဒသုတ်

၂၁။ ရဟန်းတို့ မျက်စိ၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ နား၏။ပ။ နှာခေါင်း၏။ လျှာ၏။ကိုယ်၏။ စိတ်၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။

ရဟန်းတို့ မျက်စိ၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်း။ နား၏။ပ။ နှာခေါင်း၏။ လျှာ၏။

ကိုယ်၏။ စိတ်၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ ဒုက္ခုပ္ပါဒသုတ်

၂၂။ ရဟန်းတို့ အဆင်းတို့၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ အသံတို့၏။ပ။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်းသေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။

ရဟန်းတို့ အဆင်းတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါ တို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်း။ အသံတို့၏။ပ။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ယမကဝဂ် ပြီး၏။

------

၃-သဗ္ဗဝဂ် ၁-သဗ္ဗသုတ်

၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အလုံးစုံကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့်အသံ တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်ကို အလုံးစုံဟု ဆိုအပ်၏။

ရဟန်းတို့ ''ငါသည် ဤအလုံးစုံကို ပယ်စွန့်၍ တစ်ပါးသော အလုံးစုံကို ပညတ်မည်''ဟု တစ်ဦးတစ်ယာက်က ဆိုခဲ့ပါလျှင် ထိုသူ၏ စကားသည် အပြောမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော်ကား အပြည့်အစုံ မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့လည်း ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရာ မဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ပဟာနသုတ်

၂၄။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ ဟောမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို ပယ်ရမည်၊ အဆင်းတို့ကို ပယ်ရမည်၊ စက္ခုဝိညာဏ်ကို ပယ်ရမည်၊ စက္ခုသမ္ဖဿကို ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို ပယ်ရမည်၊ အရသာတို့ကို ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။ကိုယ်ကို ပယ်ရမည်၊ စိတ်ကို ပယ်ရမည်၊ သဘောတရားတို့ကို ပယ်ရမည်၊ မနောဝိညာဏ်ကို ပယ်ရမည်၊ မနောသမ္ဖဿကို ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။

ရဟန်းတို့ ဤသို့လျှင် အလုံးစုံကို ပယ်ခြင်းငှါ ဟောပြအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အဘိညာပရိညာပဟာနသုတ်

၂၅။ ရဟန်းတို့ အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါ သင်တို့အား တရားကို ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါဟောမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ အဆင်းတို့ကို အထူးသိ၍ ပိုင်းခြား သိ၍ ပယ်ရမည်၊ စက္ခုဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စက္ခုသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ အရသာကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ကိုယ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စိတ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ သဘောတရားတို့ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။

ရဟန်းတို့ ဤသည်လျှင် အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါ ဟောပြအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ပဌမ အပရိဇာနနသုတ်

၂၆။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ အဆင်းတို့ကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါ့နိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ စက္ခုဝိညာဏ်ကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ စက္ခုသမ္ဖဿကိုအထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ပ။ လျှာကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ အရသာတို့ကို။ပ။ ဇိဝှါဝိညာဏ်ကို။ပ။ ဇိဝှါသမ္ဖဿကို။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်းအထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်။ကိုယ်ကို။ပ။ စိတ်ကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ သဘောတရားတို့ကို။ပ။ မနောဝိညာဏ်ကို။ပ။ မနောသမ္ဖဿကို။ပ။ မနောသမ္ဖဿဟူသော အ ကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။

ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် ဤသည်ပင်တည်း။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ အဆင်းတို့ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုဝိညာဏ်ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုသမ္ဖဿကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူး သိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏၊ အရသာတို့ကို။ပ။ ဇိဝှါဝိညာဏ်ကို။ပ။ ဇိဝှါသမ္ဖဿကို။ပ။ ဇိဝှါသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ကိုယ်ကို။ပ။ စိတ်ကို အထူးသိလျှင်ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင် လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏၊ သဘောတရားကို။ပ။ မနောဝိညာဏ်ကို။ပ။ မနောသမ္ဖဿကို။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ဒုတိယ အပရိဇာနနသုတ်

၂၇။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိ သေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိလည်းကောင်း၊ အဆင်းတို့လည်းကောင်း၊ စက္ခုဝိညာဏ်လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ပ။ လျှာလည်းကောင်း၊ အရသာတို့လည်းကောင်း၊ ဇိဝှါဝိညာဏ်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ကိုယ်လည်းကောင်း၊ အတွေ့အထိတို့လည်းကောင်း၊ ကာယဝိညာဏ်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ စိတ်လည်းကောင်း၊ သဘောတရားတို့လည်းကောင်း၊ မနောဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်းတည်း။

ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် ဤသည်ပင်တည်း။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိလည်းကောင်း၊ အဆင်းတို့လည်းကောင်း၊ စက္ခုဝိညာဏ်လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ပ။ လျှာလည်းကောင်း၊ အရသာတို့လည်းကောင်း၊ ဇိဝှါဝိညာဏ်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ကိုယ်လည်းကောင်း၊ အတွေ့အထိတို့လည်းကောင်း၊ ကာယဝိညာဏ်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ စိတ်လည်းကောင်း၊ သဘောတရားတို့လည်းကောင်း၊ မနောဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်ဖြင့် သိအပ်သော သဘောတရားတို့လည်းကောင်းတည်း။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-အာဒိတ္တသုတ်

၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ၏ အနီး ဂယာသီသအရပ်၌ တစ်ထောင်သောရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ အလုံးစုံသည် ပြောင်ပြောင်တောက်လောင်၏။ ရဟန်းတို့ အဘယ်မည်သောအလုံးစုံသည် ပြောင်ပြောင်တောက်လောင်သနည်း။

မျက်စိသည် ပြောင်ပြောင်တောက်လောင်၏၊ အဆင်းတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ စက္ခုဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခုသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခု သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင် ပြောင်တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု 'ရာဂ' မီးဖြင့်,အမျက် ထွက်မှု 'ဒေါသ' မီးဖြင့်, တွေဝေမှု 'မောဟ' မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု'ပရိဒေဝ'ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ' တို့ဖြင့်ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ပ။

လျှာသည် ပြောင်ပြောင်တောက်လောင်၏၊ အရသာတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ ဇိဝှါ့ဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ ဇိဝှါသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ ဇိဝှါသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင် တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု 'ရာဂ' မီးဖြင့်,အမျက်ထွက်မှု 'ဒေါသ' မီးဖြင့်, တွေဝေမှု 'မောဟ' မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု 'ဇာတိ' အိုမှု 'ဇရာ' သေမှု'မရဏ' စိုးရိမ်မှု'သောက' ငိုကြွေးမှု'ပရိဒေဝ'ကိုယ်ဆင်းရဲမှု'ဒုက္ခ' စိတ်ဆင်းရဲမှု'ဒေါမနဿ' ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ' တို့ဖြင့်ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ပ။

စိတ်သည် ပြောင်ပြောင်တောက်လောင်၏၊ သဘောတရားတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ မနောဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင်တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု 'ရာဂ' မီးဖြင့်,အမျက်ထွက်မှု 'ဒေါသ' မီးဖြင့်, တွေဝေမှု 'မောဟ' မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု'ဇာတိ' အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု 'ပရိဒေဝ'ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ' တို့ဖြင့် ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်းငြီးငွေ့၏၊ (ငြီးငွေ့သည်ရှိသော်) မစွဲမက်၊ မစွဲမက်ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ် မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (ဟောတော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ခံယူကြလေကုန်၏။ ဤစကားပြေသက်သက်ဒေသနာကို ဟောဆဲကာလမှာပင် ထိုရဟန်းတစ်ထောင်တို့၏ စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခု သော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကြလေကုန်ပြီဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-အဒ္ဓဘူတသုတ်

၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ အလုံးစုံသည် အနှိပ်စက်ခံရ၏။ ရဟန်းတို့ အဘယ်အလုံးစုံသည် အနှိပ်စက်ခံရသနည်း။

ရဟန်းတို့ မျက်စိသည် အနှိပ်စက်ခံရ၏၊ အဆင်းတို့သည် အနှိပ်စက်ခံရကုန်၏၊ စက္ခုဝိညာဏ်သည်အနှိပ်စက်ခံရ၏၊ စက္ခုသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟု ငါ ဆို၏။ပ။

လျှာသည် အနှိပ်စက်ခံရ၏၊ အရသာတို့သည် အနှိပ်စက်ခံရကုန်၏၊ ဇိဝှါဝိညာဏ်သည် အနှိပ်စက်ခံ ရ၏၊ ဇိဝှါသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှုအိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟုငါ ဆို၏။ကိုယ်သည် အနှိပ်စက်ခံရ၏။ပ။

စိတ်သည် အနှိပ်စက်ခံရ၏၊ သဘောတရားတို့သည် အနှိပ်စက်ခံရကုန်၏၊ မနောဝိညာဏ်သည်အနှိပ်စက်ခံရ၏၊ မနောသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟု ငါ ဆို၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ် သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိ တော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-သမု ဂ္ဓါတသာရုပ္ပသုတ်

၃၀။ ရဟန်းတို့ သင်တို့အား အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော အကျင့်ကို ဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော ထိုအကျင့်သည် အဘယ်နည်း။

ရဟန်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကို အထင်မမှား၊ မျက်စိ၌ အထင်မမှား၊ မျက်စိမှအထင်မမှား၊ ငါ၏ မျက်စိဟု အထင်မမှား။ အဆင်းတို့ကို အထင်မမှား၊ အဆင်းတို့၌ အထင်မမှား၊ အဆင်းတို့မှ အထင်မမှား၊ ငါ၏ အဆင်းတို့ဟု အထင်မမှား။ စက္ခုဝိညာဏ်ကို အထင်မမှား၊ စက္ခုဝိညာဏ်၌ အထင်မမှား၊ စက္ခုဝိညာဏ်မှ အထင်မမှား၊ ငါ၏ စက္ခုဝိညာဏ်ဟု အထင်မမှား။ စက္ခုသမ္ဖဿကို အထင်မမှား၊ စက္ခုသမ္ဖဿ၌ အထင်မမှား၊ စက္ခုသမ္ဖဿမှ အထင်မမှား၊ ငါ၏စက္ခုသမ္ဖဿဟု အထင် မမှား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟု အထင် မမှား။ပ။

လျှာကို အထင်မမှား၊ လျှာ၌ အထင်မမှား၊ လျှာမှ အထင်မမှား၊ ငါ၏ လျှာဟု အထင်မမှား။ အရသာတို့ကို အထင်မမှား၊ အရသာတို့၌ အထင်မမှား၊ အရသာတို့မှ အထင်မမှား၊ ငါ၏ အရသာတို့ဟုအထင်မမှား။ ဇိဝှါဝိညာဏ်ကို အထင်မမှား၊ ဇိဝှါဝိညာဏ်၌ အထင်မမှား၊ ဇိဝှါဝိညာဏ်မှ အထင်မမှား၊ ငါ၏ ဇိဝှါဝိညာဏ်ဟု အထင်မမှား။ ဇိဝှါသမ္ဖဿကို အထင်မမှား၊ ဇိဝှါသမ္ဖဿ၌ အထင်မမှား၊ ဇိဝှါသမ္ဖဿ မှ အထင်မမှား၊ ငါ၏ ဇိဝှါသမ္ဖဿဟု အထင်မမှား။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟု အထင်မမှား။ပ။

စိတ်ကို အထင်မမှား၊ စိတ်၌ အထင်မမှား၊ စိတ်မှ အထင်မမှား၊ ငါ၏ စိတ်ဟု အထင်မမှား။ သဘောတရားတို့ကို အထင်မမှား၊ သဘောတရားတို့၌ အထင်မမှား၊ သဘောတရားတို့မှ အထင်မမှား၊ ငါ၏ သဘောတရားတို့ဟု အထင်မမှား။ မနောဝိညာဏ်ကို အထင်မမှား၊ မနောဝိညာဏ်၌ အထင်မမှား၊ မနောဝိညာဏ်မှ အထင်မမှား၊ ငါ၏ မနောဝိညာဏ်ဟု အထင်မမှား။ မနောသမ္ဖဿကို အထင်မမှား၊ မနောသမ္ဖဿ၌ အထင်မမှား၊ မနောသမ္ဖဿမှ အထင်မမှား၊ ငါ၏ မနောသမ္ဖဿဟု အထင်မမှား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်းအထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုအထင်မမှား။ အလုံးစုံကို အထင်မမှား၊ အလုံးစုံ၌ အထင်မမှား၊ အလုံးစုံမှ အထင်မမှား၊ ငါ၏အလုံးစုံးဟု အထင်မမှား။

ထိုရဟန်းသည် ဤသို့ အထင်မမှားသည် ဖြစ်၍ လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် မျက်မှောက်ဘဝ၌ ပင် ငြိမ်းအေး၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော အကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ သမု ဂ္ဓါတသပ္ပါယသုတ်

၃၁။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော အကျင့်ကို သင်တို့အားဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကို အထင်မမှား၊ မျက်စိ၌ အထင်မမှား၊ မျက်စိမှအထင်မမှား၊ ငါ၏ မျက်စိဟု အထင်မမှား။ အဆင်းတို့ကို အထင်မမှား။ပ။ စက္ခုဝိညာဏ်ကိုအထင်မမှား။ စက္ခုသမ္ဖဿကို အထင်မမှား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်းအထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။

ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ပ။

လျှာကို အထင်မမှား၊ လျှာ၌ အထင်မမှား၊ လျှာမှ အထင်မမှား၊ ငါ၏ လျှာဟု အထင်မမှား။ အရသာတို့ကို အထင်မမှား။ပ။ ဇိဝှါဝိညာဏ်ကို အထင်မမှား။ ဇိဝှါသမ္ဖဿကို အထင်မမှား။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။

ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှတစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သောသတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ပ။

စိတ်ကို အထင်မမှား၊ စိတ်၌ အထင်မမှား၊ စိတ်မှ အထင်မမှား၊ ငါ၏ စိတ်ဟု အထင်မမှား။

သဘောတရားတို့ကို အထင်မမှား။ပ။ မနောဝိညာဏ်ကို အထင်မမှား။ မနောသမ္ဖဿကို အထင်မမှား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။

ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှတစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သောသတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။

ရဟန်းတို့ ခန္ဓာ ဓာတ် အာယတနရှိသမျှကိုလည်း အထင်မမှား၊ ထိုခန္ဓာ ဓာတ် အာယတနရှိသမျှ၌လည်း အထင်မမှား၊ ထိုခန္ဓာ ဓာတ် အာယတနရှိသမျှမှလည်း အထင်မမှား၊ ငါ၏ ခန္ဓာ ဓာတ် အာယတနဟုလည်း အထင်မမှား။ ထိုရဟန်းသည် ဤသို့ အထင်မမှားသည် ဖြစ်၍ လောက၌ အဘယ်အရာကိုမျှမစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် မျက်မှောက်ဘဝ၌ ပင် ကိလေသာမှ ငြိမ်းအေး၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ)) အလိုငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု ပိုင်းခြား၍ သိ၏။

ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ သမု ဂ္ဓါတသပ္ပါယသုတ်

၃၂။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော အကျင့်ကို သင်တို့အားဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည်။ပ။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘော ရှိသော ခံစားမှုကို '' ဤခံစားမှုသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤခံစားမှုသည် ငါ ဖြစ်၏၊ ဤခံစားမှုသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။

လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ အရသာတို့သည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါသမ္ဖဿသည်။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စိတ်သည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ့ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ခံစားမှုကို '' ဤခံစားမှုသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤခံစားမှုသည် ငါ ဖြစ်၏၊ ဤခံစားမှုသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါအသျှင်ဘုရား။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။

စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟုအသိဉာဏ် ဖြစ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု ပိုင်းခြား၍ သိ၏။

ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် သဗ္ဗဝဂ် ပြီး၏။

------

၄-ဇာတိဓမ္မဝဂ် ၁-၁၀-ဇာတိဓမ္မစသောဆယ်သုတ်

၃၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ အလုံးစုံသည် ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏။ ရဟန်းတို့အဘယ်သို့လျှင် အလုံးစုံသည် ဖြစ်ခြင်း'ဇာတိ'သဘောရှိသနည်း။

မျက်စိသည် ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏၊ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာသည်လည်း ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏။ပ။ လျှာသည်။ အရသာတို့သည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါ သမ္ဖဿသည်။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏။ပ။ကိုယ်သည်။ပ။ စိတ်သည်ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏။ပ။ သဘောတရားတို့သည် ဖြစ်ခြင်း'ဇာတိ'သဘောရှိကုန်၏၊ မနောဝိညာဏ်သည် ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏၊ မနောသမ္ဖဿသည် ဖြစ်ခြင်း'ဇာတိ'သဘောရှိ၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းဖြစ်ခြင်း'ဇာတိ'သဘောရှိ၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်

------

၃၄။ ရဟန်းတို့ အလုံးစုံသည် အိုခြင်းသဘောရှိ၏။ ချုံးအပ်၏။

၃၅။ ရဟန်းတို့ အလုံးစုံသည် နာခြင်းသဘောရှိ၏။ ချုံးအပ်၏။

၃၆။ ရဟန်းတို့ အလုံးစုံသည် သေခြင်းသဘောရှိ၏။ ချုံးအပ်၏။

၃၇။ ရဟန်းတို့ အလုံးစုံသည် စိုးရိမ်ခြင်းသဘောရှိ၏။ ချုံးအပ်၏။

၃၈။ ရဟန်းတို့ အလုံးစုံသည် ညစ်ညူးခြင်းသဘောရှိ၏။ ချုံးအပ်၏။

၃၉။ ရဟန်းတို့ အလုံးစုံသည် ကုန်ခန်းခြင်းသဘောရှိ၏။ ချုံးအပ်၏။

၄၀။ ရဟန်းတို့ အလုံးစုံသည် ပျက်စီးခြင်းသဘောရှိ၏။ ချုံးအပ်၏။

၄၁။ ရဟန်းတို့ အလုံးစုံသည် ဖြစ်ပေါ်ခြင်းသဘောရှိ၏။ ချုံးအပ်၏။

၄၂။ ရဟန်းတို့ အလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏။ ချုံးအပ်၏။

ဒသမသုတ်။

လေးခုမြောက် ဇာတိဓမ္မဝဂ် ပြီး၏။

------

၅-သဗ္ဗအနိစ္စဝဂ် ၁-၉-အနိစ္စစသောကိုးသုတ်

၄၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ အလုံးစုံသည် မမြဲ။ ရဟန်းတို့ အဘယ်အလုံးစုံသည်မမြဲသနည်း။

ရဟန်းတို့ မျက်စိသည် မမြဲ၊ အဆင်းတို့သည် မမြဲကုန်၊ စက္ခုဝိညာဏ်စိတ်သည် မမြဲ၊ စက္ခုသမ္ဖဿသည် မမြဲ၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ။ပ။ လျှာသည် မမြဲ၊ အရသာတို့သည် မမြဲကုန်၊ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဇိဝှါသမ္ဖဿသည် မမြဲ၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ၊ကိုယ်သည် မမြဲ။ပ။ စိတ်သည် မမြဲ၊ သဘောတရားတို့သည်လည်း မမြဲကုန်၊ မနောဝိညာဏ်သည် မမြဲ၊ မနောသမ္ဖဿသည် မမြဲ၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌ ်လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ ''ဟုအသိဉာဏ် ဖြစ် ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၄၄။ ရဟန်းတို့ အလုံးစုံသည် ဆင်းရဲ၏။ပ။

ဒုတိယသုတ်။

------

၄၅။ ရဟန်းတို့ အလုံးစုံသည်ကိုယ်''အတ္တ'' မဟုတ်။ပ။

တတိယသုတ်။

------

၄၆။ ရဟန်းတို့အလုံးစုံသည်သိအပ်သော တရားတည်း။ပ။

စတုတ္ထသုတ်။

------

၄၇။ ရဟန်းတို့ အလုံးစုံသည် ပိုင်ခြား၍ သိအပ်သော တရားတည်း။ပ။

ပဉ္စမသုတ်။

------

၄၈။ ရဟန်းတို့ အလုံးစုံသည် ပယ်အပ်သော တရားတည်း။ပ။

ဆဋ္ဌသုတ်။

------

၄၉။ ရဟန်းတို့ အလုံးစုံသည် မျက်မှောက်ပြုအပ်သော တရားတည်း။ပ။

သတ္တမသုတ်။

------

၅၀။ ရဟန်းတို့ အလုံးစုံသည် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတည်း။ပ။

အဋ္ဌမသုတ်၊

------

၅၁။ ရဟန်းတို့ အလုံးစုံသည် အနှိပ်စက်ခံရသော တရားတည်း။ပ။

နဝမသုတ်။

------

၁၀-ဥပဿဋ္ဌသုတ်

၅၂။ ရဟန်းတို့ အလုံးစုံသည် အညှဉ်းဆဲခံရသော တရားတည်း။ ရဟန်းတို့ အဘယ်အလုံးစုံသည်အညှဉ်းဆဲခံရသနည်း။

ရဟန်းတို့ မျက်စိသည် အညှဉ်းဆဲခံရ၏၊ အဆင်းတို့သည် အညှဉ်းဆဲခံရကုန်၏၊ စက္ခုဝိညာဏ်သည်အညှဉ်းဆဲခံရ၏၊ စက္ခုသမ္ဖဿသည် အညှဉ်းဆဲခံရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဉ်းဆဲခံရ၏။ပ။ လျှာသည်အညှဉ်းဆဲခံရ၏၊ အရသာ တို့သည် အညှဉ်းဆဲခံရကုန်၏၊ ဇိဝှါဝိညာဏ်သည် အညှဉ်းဆဲခံရ၏၊ ဇိဝှါသမ္ဖဿသည် အညှဉ်းဆဲခံရ၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဉ်း ဆဲခံရ၏။ကိုယ်သည် အညှဉ်းဆဲခံရ၏။ပ။ စိတ်သည်အညှဉ်းဆဲခံရ၏၊ သဘောတရားတို့သည် အညှဉ်းဆဲ ခံရကုန်၏၊ မနောဝိညာဏ်သည် အညှဉ်းဆဲခံရ၏၊ မနောသမ္ဖဿသည် အညှဉ်းဆဲခံရ၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဉ်းဆဲခံရ၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟုအသိဉာဏ် ဖြစ် ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် သဗ္ဗအနိစ္စဝဂ် ပြီး၏။

------

(၆) ၁-အဝိဇ္ဇာဝဂ် ၁-အဝိဇ္ဇာပဟာနသုတ်

၅၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ မြတ်စွာဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်ပါသနည်း၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်ပါသနည်း''ဟု (လျှောက်၏)။

ရဟန်း မျက်စိကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု'ဝိဇ္ဇာ'ပေါ်ပေါက်နိုင်၏။ အဆင်းတို့ကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို မမြဲဟူ၍ သိသူ မြင်သူ အား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု 'ဝိဇ္ဇာ'ပေါ်ပေါက်နိုင်၏။ သဘောတရားတို့ကို။ မနော ဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက် နိုင်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-သံယောဇနပဟာနသုတ်

၅၄။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား သံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့ပျောက်ကင်းနိုင်ကြပါသနည်း။

ရဟန်း မျက်စိကို မမြဲဟု သိသူ မြင်သူအား သံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့ ပျောက်ကင်းနိုင်ကုန်၏။ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားသံယောဇဉ် 'အနှောင်အဖွဲ့' တရား တို့ ပျောက်ကင်းနိုင်ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရာတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားသံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့ ပျောက်ကင်းနိုင် ကုန်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား သံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့ ပျောက်ကင်းနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-သံယောဇနသမုဂ္ဓါတသုတ်

၅၅။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား သံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်သနည်း။

ရဟန်း မျက်စိကိုကိုယ် 'အတ္တ' မဟုတ်ဟု သိသူ မြင်သူအား သံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ အဆင်းတို့ကိုကိုယ် 'အတ္တ' မဟုတ်ဟု။ စက္ခုဝိညာဏ်ကို။ စက္ခု သမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုကိုယ်'အတ္တ' မဟုတ်ဟု သိသူ မြင်သူအား သံယောဇဉ်'အနှောင်အဖွဲ့'တရားတို့သည်ပယ်ခွါခြင်းသို့ ရောက် ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာကိုကိုယ် 'အတ္တ' မဟုတ်ဟု သိသူ မြင်သူအားသံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့သည် ပယ်ခွါ ခြင်းသို့ ရောက်ကုန်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား သံယောဇဉ် 'အနှောင်အဖွဲ့' တရားတို့သည် ပယ်ခွါခြင်းသို့ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-အာသဝပဟာနသုတ်

၅၆။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား အာသဝေါတရားတို့ ပျောက်ကင်းပါကုန်သနည်း။ပ။

စတုတ္ထသုတ်။

------

၅-အာသဝသမုဂ္ဓါတသုတ်

၅၇။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား အာသဝေါတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ပါကုန်သနည်း။ပ။

ပဉ္စမသုတ်။

------

၆-အနုသယပဟာနသုတ်

၅၈။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား အနုသယတရားတို့ ပျောက်ကင်းပါကုန်သနည်း။ပ။

ဆဋ္ဌသုတ်။

------

၇-အနုသယသမုဂ္ဓါတသုတ်

၅၉။ အဘယ်သို့။ပ။ အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ပါကုန်သနည်း။ ရဟန်း မျက်စိကိုကိုယ် 'အတ္တ' မဟုတ်ဟု သိသူ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုကိုယ်'အတ္တ' မဟုတ်ဟု သိသူ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏ဟု့ (မိန့်တော် မူ၏)။

သတ္တမသုတ်။

------

၈-သဗ္ဗုပါဒါနပရိညာသုတ်

၆၀။ ရဟန်းတို့ စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ပိုင်းခြား၍ သိခြင်းငှါ သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ပိုင်းခြား၍ သိခြင်းငှါငါဟောကြားမည့် တရားဟူသည် အဘယ်နည်း။

မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ'ဟူသောအကြောင်းကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ခံစားမှု၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်း ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် ''ငါသည်စွဲလမ်းမှု 'ဥပါဒါန်'ကို ပိုင်းခြား၍ သိအပ်ပြီး ''ဟု ပိုင်းခြား၍ သိ၏။

နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍ ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ။ကိုယ်ကိုလည်းကောင်း၊ အတွေ့ အထိတို့ကိုလည်းကောင်း စွဲ၍ ။ စိတ်ကိုလည်းကောင်း သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနော ဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့်တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် ''ငါသည် စွဲလမ်းမှု 'ဥပါဒါန်'ကို ပိုင်းခြား၍ သိအပ်ပြီ ''ဟု ပိုင်းခြား၍ သိ၏၊

ရဟန်းတို့ ဤသည်လျှင် စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ပိုင်းခြား၍ သိခြင်းငှါ ဟောကြားအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ သဗ္ဗုပါဒါနပရိယာဒါနသုတ်

၆၁။ ရဟန်းတို့ စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ကုန်ခန်းစေရန် သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ကုန်ခန်းစေရန် ငါ ဟောမည့်တရားဟူသည် အဘယ်နည်း။

မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ'ဟူသောအကြောင်းကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် ''ငါသည် စွဲလမ်းမှု့'ဥပါဒါန်'ကို ကုန်ခန်းစေအပ်ပြီ''ဟု ပိုင်းခြား၍ သိ၏။

လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရားမနော ဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ'ဟူသောအကြောင်း ကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏၊ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်းငြီးငွေ့၏၊ မနော သမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်း ကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် ''ငါသည်စွဲလမ်းမှု'ဥပါဒါန်'ကို ကုန်ခန်းစေအပ်ပြီ ''ဟု ပိုင်းခြား၍ သိ၏။

ရဟန်းတို့ ဤသည်လျှင် စွဲလမ်းမှု 'ဥပါဒါန် ' အားလုံးကို ကုန်ခန်းစေရန် ငါ ဟောကြားအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ သဗ္ဗုပါဒါနပရိယာဒါနသုတ်

၆၂။ ရဟန်းတို့ စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ကုန်ခန်းစေရန် သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု'ဥပါဒါန်' အားလုံးကို ကုန်ခန်းစေရန် ငါဟောကြားမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲ သောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည်ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည်။ပ။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။

နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော ဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ ဇိဝှါဝိညာဏ်၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘော တရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟုအသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ ဤသည်လျှင်စွဲလမ်းမှု 'ဥပါဒါန်' အားလုံးကို ကုန်ခန်းစေရန် ဟောအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော အဝိဇ္ဇာဝဂ် ပြီး၏။

------

(၇) ၂-မိဂဇာလဝဂ် ၁-ပဌမ မိဂဇာလသုတ်

၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-''အသျှင်ဘုရားတစ်ယောက် တည်း နေသူ တစ်ယောက်တည်း နေသူ''ဟု ဆိုအပ်၏၊ အဘယ်သို့ နေခြင်းဖြင့်တစ်ယောက်တည်း နေသူ ဖြစ်နိုင်ပါသနည်း၊ အဘယ်သို့ နေခြင်းဖြင့်ကား အဖော်နှင့် အတူနေသူဖြစ်ပါသနည်းဟု (လျှောက်၏)။

မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုအဆင်းကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအားနှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသော် ပြင်းစွာစွဲမက်မှု ဖြစ်၏၊ ပြင်းစွာစွဲမက်မှု ရှိသော် စပ်ယှဉ် 'နှောင်ဖွဲ့'မှုဖြစ်၏၊ မိဂဇာလ နှစ်သက်မှု သံယောဇဉ်ကြိုး အချည်ခံရသော ရဟန်းကို ''အဖေါ်နှင့် အတူနေသူ''ဟုဆို အပ်၏။ပ။

မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သောစွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုသဘောတရားကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသော် ပြင်းစွာစွဲမက်မှု ဖြစ်၏၊ ပြင်းစွာစွဲမက်မှု ရှိသော် စပ်ယှဉ် 'နှောင်ဖွဲ့' မှု ဖြစ်၏၊ မိဂဇာလနှစ်သက်မှု သံယောဇဉ်ကြိုး အချည်ခံရသော ရဟန်းကို ''အဖော်နှင့် အတူနေသူ''ဟု ဆိုအပ်၏။

မိဂဇာလ ဤသို့ နေသော ရဟန်းသည် လူသံမရှိကုန်သော ကျယ်လောင်သော အသံမရှိကုန်သောလူနံ့မရှိကုန်သော လူတို့ လျို့ဝှက်မှုကို ပြုရန်ထိုက်ကုန်သော ကိန်းအောင်းခြင်းငှါ လျောက်ပတ်ကုန်သောအလွန်ဝေးကုန်သော တော, တောအုပ်ဖြစ်ကုန်သော ကျောင်းတို့ကို အကယ်၍ မှီဝဲနေစေကာမူ ထိုရဟန်းကို ''အဖော်နှင့် အတူနေသူ''ဟုပင် ဆိုအပ်၏။ ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ တဏှာသည်ထို ရဟန်း၏ အဖော်မည်၏။ ထိုအဖော်တဏှာကို ထိုရဟန်းသည် မပယ်အပ်သေး၊ ထို့ကြောင့်''အဖော်နှင့် အတူနေသူ''ဟု ဆိုအပ်၏။

မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုုအဆင်းကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သောထိုရဟန်းအား နှစ်သက်မှုသည် ချုပ်ငြိမ်း၏၊ နှစ်သက်မှု မရှိသော် ပြင်းစွာတပ်မက်မှု မဖြစ်နိုင်၊ ပြင်းစွာတပ်မက်မှု မရှိသော် စပ်ယှဉ် 'နှောင်ဖွဲ့'မှု မဖြစ်၊ မိဂဇာလ နှစ်သက်မှု သံယောဇဉ်ကြိုး အချည်မခံရသောရဟန်းကို ''တစ်ယောက်တည်း နေသူ''ဟု ဆိုအပ်၏။ပ။

မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ် ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုသဘောတရားကို မနှစ်သက် မပြောဆို လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု့ချုပ်ငြိမ်း၏၊ နှစ်သက်မှု မရှိသော် ပြင်းစွာ တပ်မက်မှု မဖြစ်နိုင်၊ ပြင်းစွာ တပ်မက်မှု မရှိသော် စပ်ယှဉ်'နှောင်ဖွဲ့'မှု မဖြစ်၊ မိဂဇာလ နှစ်သက်မှုသံယောဇဉ်ကြိုး အချည်မခံရသော ရဟန်းကို''တစ်ယောက်တည်း နေသူ''ဟု ဆိုအပ်၏။

မိဂဇာလ ဤသို့ နေသော ရဟန်းသည် ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား,ဥပါသိကာမိန်းမ, မင်း, မင်းအမတ်ကြီး, တိတ္ထိ, တိတ္ထိတပည့်တို့နှင့် ရောကာ ရွာနီးကျောင်း၌ အကယ်၍ နေစေကာမူ ''တစ်ယောက်တည်း နေသူ''ဟုပင် ဆိုအပ်၏။ ထိုသို့ဆိုရခြင်းသည် အဘယ့်ကြောင့်နည်း၊ တဏှာသည် ထိုရဟန်း၏ အဖော်မည်၏၊ ထိုအဖော်တဏှာကို ထိုရဟန်းသည် ပယ်အပ်၏၊ ထို့ကြောင့်''တစ်ယောက်တည်း နေသူ''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ မိဂဇာလသုတ်

၆၄။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-''အသျှင်ဘုရား တောင်းပန်ပါ၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားတော်ကို ဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာ ဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်းဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့ မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိလျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ ''ဟု (လျှောက်၏)။

မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုအဆင်းကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအားနှစ်သက်မှု ဖြစ်၏၊ မိဂဇာလ နှစ်သက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဆို၏။ပ။

မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုသဘောတရားကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှုဖြစ်၏၊ မိဂဇာလ နှစ်သက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဆို၏။

မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုအဆင်းကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သောထိုရဟန်းအား နှစ်သက်မှု ချုပ်ငြိမ်း၏၊ မိဂဇာလ နှစ်သက်မှု ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟုငါ ဆို၏။ပ။

မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ် ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုသဘောတရားကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု ချုပ်ငြိမ်း၏၊ မိဂဇာလ နှစ်သက်မှု ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏။ ထို့နောက် အသျှင်မိဂဇာလသည်တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသည်ရှိသော် မကြာမီပင် လူ့ဘောင်မှရဟန်းဘောင် သို့ ဝင်ရောက်ကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမဲ့ ဖြစ်သောအကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ရောက် လျက် နေရ၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ ့ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိလေ၏၊ အသျှင်မိဂဇာလသည် ရဟန္တာ တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။

------

၃-ပဌမ သမိဒ္ဓိမာရပဥှာသုတ်

၆၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒိ္ဓသည် မြတ်စွာဘုရားထံသို့။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား ''မာရ် မာရ်''ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရားအဘယ် မျှလောက်ဖြင့် မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်းဖြစ်ပါသ နည်းဟု ( ဤစကားကို လျှောက်၏)။

သမိဒ္ဓိ မျက်စိရှိရာ အဆင်းတို့ ရှိရာ စက္ခုဝိညာဏ်ရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ နား ရှိရာအသံတို့ ရှိရာ သောတဝိညာဏ်ရှိရာ သောတဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ နှာခေါင်းရှိရာ အနံ့တို့ ရှိရာ ဃာနဝိညာဏ်ရှိရာ ဃာနဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ လျှာရှိရာ အရသာတို့ ရှိရာ ဇိဝှါဝိညာဏ်ရှိရာ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ကိုယ်ရှိရာ အတွေ့အထိတို့ ရှိရာကာယဝိညာဏ်ရှိရာ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ် အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ စိတ်ရှိရာ သဘောတရားတို့ ရှိရာမနောဝိညာဏ်ရှိရာ မနော ဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ် ပညတ်သည်လည်းကောင်း ရှိ၏။

သမိဒ္ဓိ မျက်စိ မရှိရာ အဆင်းတို့ မရှိရာ စက္ခုဝိညာဏ် မရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်းမရှိ။ နား မရှိရာ။ပ။ နှာခေါင်း မရှိရာ။ပ။ လျှာ မရှိရာ။ပ။ အရသာတို့ မရှိရာ။ ဇိဝှါဝိညာဏ် မရှိရာ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိနိုင်။ကိုယ် မရှိရာ။ပ။ စိတ် မရှိရာ သဘောတရားတို့ မရှိရာ မနောဝိညာဏ် မရှိရာ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-သမိဒ္ဓိသတ္တပဥှာသုတ်

၆၆။ အသျှင်ဘုရား ''သတ္တဝါ သတ္တဝါ'' ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့်သတ္တဝါသည်လည်းကောင်း၊ သတ္တဝါဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ပ။

စတုတ္ထသုတ်။

------

၅-သမိဒ္ဓိဒုက္ခပဥှာသုတ်

၆၇။ အသျှင်ဘုရား ''ဒုက္ခ ဒုက္ခ'' ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ဒုက္ခသည်လည်းကောင်း၊ ဒုက္ခဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ပ။

ပဉ္စမသုတ်။

------

၆-သမိဒ္ဓိလောကပဥှာသုတ်

၆၈။ အသျှင်ဘုရား ''လောက လောက'' ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့်လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ သမိဒ္ဓိ မျက်စိရှိရာ အဆင်းတို့ ရှိရာ စက္ခုဝိညာဏ်ရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသောအခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ လျှာရှိရာ။ပ။ စိတ်ရှိရာ သဘောတရားတို့ ရှိရာမနောဝိညာဏ်ရှိရာ မနောဝိညာဏ် ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ် ပညတ်သည်လည်းကောင်း ရှိ၏။

သမိဒ္ဓိ မျက်စိ မရှိရာ အဆင်းတို့ မရှိရာ စက္ခုဝိညာဏ် မရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ မရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိ။ပ။ လျှာ မရှိရာ။ပ။ စိတ် မရှိရာ သဘောတရားတို့ မရှိရာ မနောဝိညာဏ် မရှိရာ မနောဝိညာဏ်ဖြင့် သိအပ်သော သဘောတရားတို့ မရှိရာ အရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ဥပသေနအာသီဝိသသုတ်

၆၉။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်ဥပသေနတို့သည် ရာဇဂြိုဟ်ပြည် ယင်းတိုက် တော့သပ္ပသောဏ္ဍိကလိုဏ်ဂူ၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်ဥပသေန၏ကိုယ်ပေါ်၌ မြွေဆိုး (တစ်ကောင်) ကျလာ၏၊ ထိုအခါ အသျှင်ဥပသေနသည် ရဟန်းတို့ကို ''ငါ့သျှင်တို့ လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြပါကုန်''ဟု မိန့်ဆို၏။

ဤသို့ မိန့်ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်ဥပသေနအား ဤစကားကို မိန့်ဆို၏-''အသျှင်ဥပသေနကိုယ်၏ ဖောက်ပြန်ခြင်း ဣန္ဒြေတို့ ဖောက်ပြန်ခြင်းကို ငါတို့ မတွေ့မြင်ကြရကုန်၊ ထိုသို့ ဖြစ်ပါလျက် အသျှင်ဥပသေနသည် 'ငါ့သျှင်တို့ လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ဖရိုဖရဲ ကျဲမသွားမီ ငါ၏ကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြပါကုန်''ဟု ဤသို့ ပြောဆိုနေဘိ၏။ ငါ့သျှင်သာရိပုတြာ အမှန်အားဖြင့် ''ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည်စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း'' ဤကဲ့သို့ ထင်မြင်နေသူအားသာကိုယ်ဖောက်ပြန်ခြင်း၊ ဣန္ဒြေဖောက်ပြန်ခြင်း ဖြစ်ရာ၏။ ငါ့သျှင်သာရိပုတြာ ''ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည်စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း'' ငါ့အား ဤကဲ့သို့ ထင်မြင်မှုမျိုး မရှိ။ ငါ့သျှင်သာရိပုတြာ ထိုထင်မြင်မှုမျိုး မရှိသော ငါ့အား ကိုယ်ဖောက်ပြန်ခြင်းသည်လည်းကောင်း၊ ဣန္ဒြေတို့ဖောက် ပြန်ခြင်းသည်လည်းကောင်း အဘယ်မှာ ဖြစ်နိုင်မည်နည်းဟု (မိန့်တော်မူ၏)။

ထိုသို့ မဖြစ်နိုင်သောကြောင့်သာလျှင် အသျှင်ဥပသေနသည် အချိန်ကြာမြင့်စွာကပင် ငါဟု စွဲယူမှု 'ဒိဋ္ဌိ'၊ ငါ့ဥစ္စာဟု တပ်မက်မှု 'တဏှာ'၊ ငါဟု ထောင်လွှားမှု 'မာနာနုသယ'ကို ကောင်းစွာ နုတ်ပယ်ပြီး ဖြစ်၏။

ထို့ကြောင့် ''ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏ မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည် စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း'' အသျှင်ဥပသေနအား ဤကဲ့သို့ ထင်မြင်မှုမျိုး မဖြစ်နိုင်ဟု (အသျှင်သာရိပုတြာ) မိန့်ဆို၏။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်ဥပသေန၏ကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင်အပြင်သို့ ထုတ်ကြကုန်၏။ ထိုအခါ အသျှင်ဥပသေန၏ကိုယ်သည် ထိုနေရာ၌ ပင် ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲကျဲသွားလေ၏။

သတ္တမသုတ်။

------

၈-ဥပဝါဏသန္ဒိဋ္ဌိကသုတ်

၇၀။ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား ''ကိုယ်တိုင်သိမြင်နိုင်သောတရားကိုယ်တိုင် သိမြင်နိုင်သောတရား''ဟု ဆိုအပ်၏၊ အသျှင်ဘုရားအဘယ်မျှလောက်ဖြင့်ကိုယ်တိုင် သိမြင်နိုင် သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင် ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်ပါသနည်းဟု (လျှောက်၏)။

ဥပဝါဏ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူလည်းဖြစ်၏၊ အဆင်း၌ စွဲမက်သည်ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အဆင်းတို့၌ စွဲမက်မှု 'ရာဂ'ကို ''ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု 'ရာဂ' ရှိ၏''ဟုလည်း ပိုင်းခြား၍ သိ၏။

ဥပဝါဏ ယင်းသို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူလည်း ဖြစ်၏၊ အဆင်း၌ စွဲမက်မှု 'ရာဂ'ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အဆင်းတို့၌ စွဲမက်မှု 'ရာဂ'ကို့''ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု 'ရာဂ' ရှိ၏ ''ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင်သိ မြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူလည်းဖြစ်၏၊ အရသာတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အရသာတို့၌ စွဲမက်မှု 'ရာဂ'ကို ''ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု 'ရာဂ' ရှိ၏ ''ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူလည်း ဖြစ်၏၊ အရသာတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အရသာတို့၌ စွဲမက်မှု 'ရာဂ'ကို ''ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု 'ရာဂ' ရှိ၏ ''ဟုလည်း ပိုင်းခြား၍ သိ၏။

ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကိုသိသူလည်း ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကို ''ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ရှိ၏''ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူလည်း ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကို ''ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု 'ရာဂ' ရှိ၏''ဟုလည်း ပိုင်းခြား၍ သိ၏၊ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သောအခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထား ထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူကား ဖြစ်၏၊ အဆင်း၌ စွဲမက်မှု 'ရာဂ'ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အဆင်း တို့၌ စွဲမက်မှု 'ရာဂ'ကို ''ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု 'ရာဂ' မရှိ''ဟု ပိုင်းခြား၍ သိ၏၊ ဥပဝါဏယင်းသို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူကား ဖြစ်၏၊ အဆင်း၌ စွဲမက်မှု 'ရာဂ'ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အဆင်းတို့၌ စွဲမက်မှု 'ရာဂ'ကိုလည်း ''ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု 'ရာဂ' မရှိ''ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင် သော တရား ဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူကား ဖြစ်၏၊ အရသာတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အရသာ တို့၌ စွဲမက်မှု 'ရာဂ'ကိုလည်း ''ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု 'ရာဂ' မရှိ''ဟု ပိုင်းခြား၍ သိ၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူကား ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကိုလည်း ''ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု့'ရာဂ' မရှိ''ဟု ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူကား ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော သဘောတရားတို့၌ စွဲမက်မှု 'ရာဂ'ကိုလည်း ''ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု 'ရာဂ' မရှိ''ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင် ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားဖြစ်၏ဟု (မိန့် တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ ဆဖဿာယတနသုတ်

၇၁။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု 'ဖဿ'၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုမသိသော ရဟန်းသည် မြတ်သောအကျင့်ကို မကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ 'သာသနာတော်'မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -''အသျှင်ဘုရား သာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏ တည်ရာခြောက် မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ ''ဟု လျှောက်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာမဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏။ပ။

လျှာကို '' ဤလျှာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် လျှာကိုလည်း '' ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ်လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏။ပ။

စိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် စိတ်ကိုလည်း '' ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ် လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ ဆဖဿာယတနသုတ်

၇၂။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု 'ဖဿ'၏ တည်ရာ ခြောက်မျိုး တို့၏့ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုရဟန်းသည် မြတ်သော အကျင့်ကိုမကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ'သာသနာတော်'မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -''အသျှင်ဘုရား ဤသာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အလွန်ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ''ဟု လျှောက်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုသလော။ ရှုပါသည်အသျှင် ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် မျက်စိကို'' ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ'မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ရှေးဦးစွာသော တွေ့ထိမှု၏ တည်ရာကို နောင်အခါ၌ ထပ်၍ မဖြစ်ရန်ပယ်ပြီး ဖြစ်လတ္တံ့။ပ။

လျှာကို '' ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် 'အတ္တ'မဟုတ်''ဟု ရှုသလော။ ရှုပါသည် အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာခြောက်မျိုးတို့တွင် လျှာကိုလည်း '' ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ဤလေးခုမြောက်ဖြစ်သော တွေ့ထိမှု၏တည်ရာကို နောင်အခါ၌ ထပ်၍ မဖြစ်ရန် ပယ်ပြီး ဖြစ်လတ္တံ့။ပ။

စိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ'မဟုတ်''ဟု ရှုသလော။ ရှုပါသည် အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် စိတ်ကိုလည်း '' ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ် လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ဤခြောက်ခုမြောက်ဖြစ်သော တွေ့ထိမှု၏ တည်ရာကိုနောင်အခါ၌ ထပ်၍ မဖြစ်ရန် ပယ်ပြီး ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၁-တတိယ ဆဖဿာယတနသုတ်

၇၃။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု 'ဖဿ'၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုရဟန်းသည် မြတ်သော အကျင့်ကိုမကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ 'သာသနာတော်'မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -''အသျှင်ဘုရား သာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အလွန်ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ ''ဟု့လျှောက်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ်'အတ္တ'တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤစိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင် ဘုရား။

ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏၊ နှာခေါင်း၌လည်း ငြီးငွေ့၏၊ လျှာ၌လည်း ငြီးငွေ့၏၊ကိုယ်၌လည်း ငြီးငွေ့၏၊ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

နှစ်ခုမြောက် မိဂဇာလဝဂ် ပြီး၏။

------

(၈) ၃-ဂိလာနဝဂ် ၁-ပဌမ ဂိလာနသုတ်

၇၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ''မြတ်စွာဘုရား ဤမည်သောကျောင်း၌ မထင်ရှားသော ရဟန်းငယ်တစ်ပါးသည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက် လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ထို ရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါ၏''ဟုလျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် အငယ်ဟူသော စကားကိုလည်းကောင်း၊ သူနာဟူသော စကားကိုလည်းကောင်း ကြားရသဖြင့် ''သူနာရဟန်းသည် မထင်ရှားသော ရဟန်း''ဟု သိတော်မူ၍ ထိုရဟန်းထံသို့ကြွတော်မူ၏။ ထိုသူနာရဟန်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ရ၍ ညောင်စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြု၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား ''ရဟန်းမသင့်၊ သင်သည် ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့''ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ခင်းထားပြီးသောနေရာ၌ ထိုင်နေတော်မူ၏။ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည် ထိုသူနာရဟန်းအား ''ရဟန်းသင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်ပါ၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲရှိပါ၏လော''ဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်အား မခံ့ကျန်းပါ၊ မမျှတပါ၊ တပည့်တော်အား ပြင်းထန်သော ဆင်းရဲ့ဝေဒနာတို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။ ရဟန်း သင့်အား တစ်စုံတစ်ခုသော စိုးရိမ်မှု နှလုံးမသာမှုသည် ရှိသလော။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်အား စိုးရိမ်မှု နှလုံးမသာမှုသည် မနည်းလှပါ။ ရဟန်း သင့်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏လော။ အသျှင်ဘုရား တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏။ ရဟန်း သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲရှိခဲ့မူ သင်၏ စိုးရိမ်မှု နှလုံးမသာမှုကား အဘယ်နည်း။ အသျှင်ဘုရား သီလစင်ကြယ်ခြင်းအကျိုးငှါမြတ်စွာ ဘုရားသည် တရားကို ဟော၏ဟု တပည့်တော် မသိပါ။ ရဟန်း သီလစင်ကြယ်ခြင်းအကျိုးငှါငါဘုရားသည် တရားကို ဟော၏ဟု မသိခဲ့မူ အဘယ်အကျိုးငှါ ငါဘုရားသည် တရားတော်ကိုဟော၏ဟု သင် သိ သနည်း။ အသျှင်ဘုရား တပ်မက်မှု'ရာဂ' ကင်းခြင်းအကျိုးငှါ မြတ်စွာဘုရားသည်တရားတော်ကို ဟော၏ဟု တပည့်တော် သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းေပေစွ၊ ရဟန်း တပ်မက်မှု'ရာဂ' ကင်းခြင်းအကျိုးငှါ ငါဘုရားသည်တရားကို ဟောထားသည်ကို သင် ကောင်းစွာ သိ၏၊ ရဟန်း ငါဘုရားသည် တပ်မက်မှု'ရာဂ' ကင်းခြင်းအကျိုးရှိသော တရားတော်ကို ဟောအပ်၏၊ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤစိတ်ကို '' ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ်'အတ္တ'တည်း''ဟု ရှုခြင်း ငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက် ပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား၏ စကား တော်ကိုအလွန်နှစ်သက်ဝမ်းမြောက်လေပြီ။ ဤစုဏ္ဏိယစကားပြေကို ဟောပြသည်ရှိသော် ထိုသူနာရဟန်း အား''ဖြစ်ပေါ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ပျောက်ခြင်းသဘောရှိ၏ ''ဟု ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတိ ္တမဂ်ဉာဏ်'သည် ဖြစ်ပေါ်၏။

ပဌမသုတ်။

------

၂-ဒုတိယ ဂိလာနသုတ်

၇၅။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-''အသျှင်ဘုရား ဤမည်သောကျောင်း၌ မထင်ရှားသော ရဟန်းငယ်တစ်ပါးသည် အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါ၏ ''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် အငယ်ဟူသော စကားကိုလည်းကောင်း၊ သူနာဟူသော စကားကိုလည်းကောင်း ကြားရသဖြင့် ''သူနာရဟန်းသည် မထင်ရှားသော ရဟန်း''ဟု သိတော်မူ၍ ထိုရဟန်းထံသို့ ကြွတော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ရ၍ ညောင် စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြု၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား့''ရဟန်း မသင့်၊ သင်သည် ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့''ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည်ခင်းထားပြီးသော နေရာ၌ ထိုင်နေ တော်မူ၏၊ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည်ထိုသူနာရဟန်းအား ''ရဟန်း သင့်အား ခံ့ကျန်း ပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည်ဆုတ်ယုတ်ကုန်ပါ၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏ ေလော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟုထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲ ရှိပါ၏လော''ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်အားမခံ့ကျန်းပါ၊ မမျှတပါ။ပ။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင်မစွပ်စွဲနိုင်ဘဲ ရှိပါ၏။

ရဟန်း သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိခဲ့မူ သင်၏ စိုးရိမ်မှု နှလုံးမသာမှုကားအဘယ်နည်း၊ အသျှင်ဘုရား သီလစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားသည် တရားတော်ကို ဟော၏ဟုတပည့်တော် မသိပါ။ ရဟန်း သီလစင်ကြယ်ခြင်းအကျိုးငှါ ငါဘုရားသည် တရားကို ဟော၏ဟု မသိခဲ့မူအဘယ်အကျိုးငှါ ငါသည် တရားဟော၏ဟု သင် သိသနည်း။ အသျှင်ဘုရား စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းငှါ မြတ်စွာဘုရားသည် တရားတော်ကို ဟော၏ဟု တပည့်တော် သိပါ၏၊ ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းအကျိုးငှါ ငါဘုရားသည် တရားကိုဟော၏ဟု သင် ကောင်းစွာ သိပေ၏၊ ရဟန်း ငါဘုရားသည် စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းအကျိုးရှိသော တရားတော်ကို ဟောအပ်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီိ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား၏ စကား တော်ကိုအလွန်နှစ်သက်ဝမ်းမြောက်လေပြီ၊ ဤစုဏ္ဏိယစကားပြေတရားကို ဟောပြသည်ရှိသော် ထိုသူနာ ရဟန်း၏စိတ်သည် စွဲလမ်းမှု မရှိမူ၍ အာသဝေါတရားတို့မှ လွတ်၏။

ဒုတိယသုတ်။

------

၃-ရာဓအနိစ္စသုတ်

၇၆။ ထိုအခါ အသျှင်ရာဓသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဓသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော့်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ အထံမှ ယင်းတရားကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏''ဟု လျှောက်၏။

ရာဓ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။ ရာဓထိုတရား၌ လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်ဟူသော မမြဲသော တရားကား အဘယ်နည်း။ ရာဓ မျက်စိသည်မမြဲ၊ အဆင်းတို့သည် မမြဲကုန်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿ ဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ၊ ထိုမမြဲသောဝေဒနာ၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။

စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ၊ ထိုမမြဲသော ခံစားမှု 'ဝေဒနာ'၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ ရာဓ အကြင်တရားကား မမြဲ၊ ထိုမမြဲသော တရား၌ သင်သည် လိုချင်မှု'ဆန္ဒ'ကိုပယ်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ရာဓဒုက္ခသုတ်

၇၇။ ရာဓ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ ရာဓ ထိုတရား၌ သင်သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်ဟူသော ဆင်းရဲသော တရားကားအဘယ်နည်း။

ရာဓ မျက်စိသည် ဆင်းရဲ၏၊ ထိုမျက်စိ၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ ဥပေက္ခာဝေဒနာသည် ဆင်းရဲ၏၊ ထိုခံစားမှု'ဝေဒနာ'၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ပ။ ရာဓ စိတ်သည်ဆင်းရဲ၏၊ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ဆင်းရဲ၏၊ ထိုခံစားမှု'ဝေဒနာ'၌ သင်သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။

ရာဓ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ရာဓ အနတ္တသုတ်

၇၈။ ရာဓ အကြင်တရားသည်ကိုယ် 'အတ္တ' မဟုတ်၊ ထိုကိုယ် 'အတ္တ' မဟုတ်သော တရား၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ ရာဓ ထိုတရား၌ သင်သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်ဟူသောကိုယ် 'အတ္တ' မဟုတ်သော တရားကား အဘယ်နည်း။

ရာဓ မျက်စိသည်ကိုယ် 'အတ္တ' မဟုတ်၊ ထိုမျက်စိ၌ သင်သည် လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်။ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ စိတ်သည်ကိုယ် 'အတ္တ' မဟုတ်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ကိုယ် 'အတ္တ' မဟုတ်၊ ထိုခံစားမှု 'ဝေဒနာ'၌ သင်သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။

ရာဓ အကြင်တရားသည်ကိုယ် 'အတ္တ' မဟုတ်၊ ထိုကိုယ် 'အတ္တ' မဟုတ်သော တရား၌ သင်သည်လိုချင်မှု'ဆန္ဒ'ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ပဌမ အဝိဇ္ဇာပဟာနသုတ်

၇၉။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား-''အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု'အဝိဇ္ဇာ' ပျောက်၍ သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားကား ရှိပါသလော''ဟု ဤစကားကို လျှောက်၏။ ရဟန်း အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု'အဝိဇ္ဇာ' ပျောက်၍ သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် ရှိ၏။

အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ'ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် အဘယ်ပါနည်း။ ရဟန်းအကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် မသိမှု 'အဝိဇ္ဇာ' ပင်တည်း။

အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်ပါသနည်း။ ရဟန်း မျက်စိကို မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအား မသိမှု'အဝိဇ္ဇာ'ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏။ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကို မမြဲဟူ၍ သိသူမြင်သူ ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏။ပ။

စိတ်ကို မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏။

သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအားမသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူ ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ဒုတိယ အဝိဇ္ဇာပဟာနသုတ်

၈၀။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏-''အသျှင်ဘုရား အကြင်တရားကိုပယ်ခြင်းကြောင့် ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သောတစ်ခုသော တရားဟူသည် ရှိပါသလော''။ ရဟန်း အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု'အဝိဇ္ဇာ' ပျောက်၍ သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် ရှိ၏။

အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ'ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် အဘယ်နည်း။ ရဟန်း အကြင်တရားကိုပယ်ခြင်းကြောင့် ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သောတစ်ခုသော တရားဟူသည် မသိမှု 'အဝိဇ္ဇာ' ပင်တည်း။

အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်ပါသနည်း။

ရဟန်း ဤသာသနာတော်၌ ရဟန်းအား ''တရားအားလုံးတို့သည် အမှားနှလုံးသွင်းရန် မသင့် ''ဟုကြားဖူး၏။ ရဟန်း ရဟန်းအား ''တရားအားလုံးတို့သည် အမှားနှလုံးသွင်းရန် မသင့်''ဟူသော ဤစကားကို ကြားဖူးခဲ့မူ ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိသော်တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြား၍ သိသော် နိမိတ်အားလုံးတို့ကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏၊ မျက်စိကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏၊ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ပ။ စိတ်ကိုတစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုတစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူ ရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ သိမှု'ဝိဇ္ဇာ' ဖြစ်ပေါ်လာနိုင်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-သမ္ဗဟုလဘိက္ခုသုတ်

၈၁။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏- ''အသျှင်ဘုရား သာသနာ့ပြင်ပအယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် တပည့်တော်တို့အား ငါ့သျှင်တို့ ရဟန်း ဂေါတမအထံ၌ အဘယ်အကျိုးရှိသော အကျင့်မြတ်ကို ကျင့်သုံးသနည်းဟု မေးမြန်းကြပါကုန်၏။ အသျှင် ဘုရား ဤသို့အမေးခံကြရသော တပည့်တော်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အားငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏ ''ဟုဖြေဆိုကြပါကုန်၏။ အသျှင်ဘုရား ဤသို့ အမေးခံကြရသော တပည့်တော်တို့သည် ဤသို့ဖြေဆိုကြသော် မြတ်စွာဘုရား၏ ဤစကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ (မြတ်စွာဘုရား ဟောသော) တရားအား လျော်သော အကြောင်းကို ပြောဆိုမိကြပါကုန်၏လော၊ အကြောင်းနှင့် တကွ မြတ်စွာဘုရားပြောကြားသော စကားနှင့် (တပည့်တော်တို့) တစ်ဆင့် ပြောကြားသော စကားသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပါ၏လောဟု (လျှောက်ကုန်၏)။

ရဟန်းတို့ စင်စစ် ဤသို့ အမေးခံကြရသော သင်တို့သည် ဤသို့ ဖြေဆိုကြသော် ငါဘုရား၏စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ကုန်၏၊ ငါဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲဘဲရှိကြ ပေကုန်၏၊ (ငါဟောသော) တရားအား လျော်သော အကြောင်းကို ပြောဆိုကြပေကုန်၏၊ အကြောင်းနှင့် တကွ (ငါဘုရား) ပြောကြားထားသော စကားနှင့် (သင်တို့) တစ်ဆင့် ပြောကြားသောစကားသည် တစ်စုံ တစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပေ၏။ ရဟန်းတို့ (သင်တို့သည်) ဆင်းရဲကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ငါဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။

ရဟန်းတို့ အကယ်၍ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် သင်တို့အား''ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ ရဟန်းဂေါတမအထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏ဟုသင်တို့ ပြောသော ထိုဆင်းရဲကား အဘယ်နည်း ''ဟု ဤသို့ မေးမြန်းကြကုန်မူ ရဟန်းတို့ ဤသို့အမေးခံကြရသော သင်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား ဤသို့ဖြေဆိုကုန်ရာ၏ - ငါ့သျှင်တို့ မျက်စိသည် ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာ့ဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏။ အဆင်းတို့သည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ဆင်းရဲတည်း၊ ထိုဆင်းရဲသော ဝေဒနာကိုပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏။ စိတ်သည် ဆင်းရဲတည်း။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ဆင်းရဲတည်း၊ ထိုဆင်းရဲသော ဝေဒနာကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်သုံး၏။ ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်သုံး၏ဟု (ငါတို့ ပြောအပ်သော) ထိုဆင်းရဲကား ဤသည်ပင်တည်း။

ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသောပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-လောကပဥှာသုတ်

၈၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား ''လောက လောက''ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းကြောင့် ''လောက''ဟု ဆိုအပ်ပါသနည်း။ ရဟန်းပျက်စီးတတ် သောကြောင့် ''လောက''ဟု ဆိုအပ်၏။

အဘယ်သည် ပျက်စီးတတ်သနည်း၊ ရဟန်း မျက်စိသည် ပျက်စီးတတ်၏၊ အဆင်းတို့သည် ပျက်စီးတတ်ကုန်၏၊ စက္ခုဝိညာဏ်သည် ပျက်စီးတတ်၏၊ စက္ခုသမ္ဖဿသည် ပျက်စီးတတ်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ပျက်စီးတတ်၏။ပ။ လျှာသည် ပျက်စီးတတ်၏။ပ။ စိတ်သည် ပျက်စီးတတ်၏၊ သဘောတရားတို့သည်ပျက်စီးတတ်ကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်၏၊ မနောသမ္ဖဿသည် ပျက်စီးတတ်၏၊ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ပျက်စီးတတ်၏။

ရဟန်း ထိုသို့ ပျက်စီးတတ်သောကြောင့် ''လောက''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဖဂ္ဂုနပဥှာသုတ်

၈၃။ ထိုအခါ အသျှင်ဖဂ္ဂုနသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အချဲ့'ပပဉ္စ'တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကိုဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့်ပညတ်ရာ၏၊ ထိုမျက်စိသည် ရှိပါသလော။ပ။ အသျှင်ဘုရား အချဲ့'ပပဉ္စ'တရားတို့ကို ဖြတ်ပြီးကုန်သောသံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကိုလွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသောသူသည် အကြင်လျှာဖြင့် ပညတ်ရာ၏၊ ထိုလျှာသည် ရှိပါသလော။ပ။ အသျှင်ဘုရား အချဲ့'ပပဉ္စ'တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သောဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့် ပညတ်ရာ၏၊ ထိုစိတ်သည် ရှိပါသလောဟု လျှောက်၏။

ဖဂ္ဂုန အချဲ့ 'ပပဉ္စ' တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သောလွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့် ပညတ်ရာ၏၊ ထိုမျက်စိသည် မရှိ။ပ။ ဖဂ္ဂုန အချဲ့ 'ပပဉ္စ' တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဝဋ်ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်လျှာဖြင့် ပညတ်ရာ၏၊ ထိုလျှာသည် မရှိ။ပ။ ဖဂ္ဂုန အချဲ့ 'ပပဉ္စ'တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့်ပညတ်ရာ၏၊ ထိုစိတ်သည် မရှိဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဂိလာနဝဂ် ပြီး၏။

------

(၉) ၄-ဆန္နဝဂ် ၁-ပလောကဓမ္မသုတ်

၈၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ''လောကလောက''ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ''လောက''ဟုဆိုအပ်ပါသ နည်း။

အာနန္ဒာ အကြင်တရားသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဤပျက်စီးတတ်သော သဘောရှိသောတရားကို (အရိယာ) မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏။

အာနန္ဒာ ပျက်စီးတတ်သော သဘောရှိသော တရားသည် အဘယ်နည်း။ အာနန္ဒာ မျက်စိသည်ပျက်စီးတတ်သော သဘောရှိ၏၊ အဆင်းတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ စက္ခုဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ စက္ခုသမ္ဖဿသည် ပျက်စီးတတ်သော သဘောရှိ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်။ပ။ ထိုဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ပ။

လျှာသည် ပျက်စီးတတ်သော သဘောရှိ၏၊ အရသာတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ ဇိဝှါဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ ဇိဝှါသမ္ဖဿသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဇိဝှါ သမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ ထိုဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ပ။ စိတ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ သဘောတရားတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ မနောသမ္ဖဿသည်ပျက်စီးတတ်သော သဘောရှိ၏၊ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။

အာနန္ဒာ အကြင်တရားသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဤပျက်စီးတတ်သော သဘောရှိသောတရားကို (အရိယာ) မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-သုညတလောကသုတ်

၈၅။ ထိုအခါ အသျှင်အာနန္ဒာသည်။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင် ဘုရား့''လောကသည် (ဆိတ်) သုဉ်း၏၊ လောကသည် (ဆိတ်) သုဉ်း၏ ''ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်မျှလောက်သော အကြောင်းဖြင့် ''လောကသည် (ဆိတ်) သုဉ်း၏ ''ဟု ဆိုအပ်ပါသနည်း။ အာနန္ဒာငါမှလည်းကောင်းငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းသောကြောင့် ''လောကသည် (ဆိတ်) သုဉ်း၏''ဟု ဆိုအပ်၏။

အာနန္ဒာ အဘယ်အရာသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းသနည်း။ အာနန္ဒာမျက်စိသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။ အဆင်းတို့သည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းကုန်၏။ စက္ခုဝိညာဏ်သည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။ စက္ခုသမ္ဖဿသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။

အာနန္ဒာ ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းသောကြောင့် ''လောကသည် (ဆိတ်) သုဉ်း၏ ''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၁။ အတ္တမှလည်းကောင်း၊

၂။ (အတ္တ၏ ဥစ္စာ) အတ္တနိယမှလည်းကောင်း။

၃-သံခိတ္တဓမ္မသုတ်

၈၆။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- ''မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့်တရားကို ဟောတော်မူစေလိုပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကိုနာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လရှိလျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ ''ဟု လျှောက်၏။

အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါ အသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစား မှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ပ။

လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ အရသာသည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ' တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။

အာနန္ဒာ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာ မှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟုသိ၏ဟု (မိန့် တော်မူ၏)။

တတိယသုတ်။

------

၄-ဆန္နသုတ်

၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့်အသျှင်ဆန္န တို့သည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေကြကုန်၏။ ထိုအခါ အသျှင်ဆန္နသည်အနာရောဂါ နှိပ်စက် ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါအသျှင်သာရိပုတြာသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်မဟာစုန္ဒထံသို့ချဉ်းကပ်ပြီးသော် ''ငါ့သျှင်စုန္ဒ လာ, သွားကြစို့၊ အသျှင်ဆန္နထံသို့ သူနာမေးရန် ချဉ်းကပ်ကြကုန်အံ့''ဟုအသျှင်မဟာစုန္ဒ အား ဤစကားကို ဆို၏။ ''ကောင်းပါပြီ ငါ့သျှင်''ဟု အသျှင်မဟာစုန္ဒသည်အသျှင်သာရိပုတြာအား ဝန်ခံ လေ၏။

ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္နထံသို့ ချဉ်းကပ်ကြကုန်၍ ခင်းထားပြီးသော နေရာတို့၌ ထိုင်နေကြပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္နအား ''ငါ့သျှင်ဆန္နသင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲရှိပါ၏လော ''ဟု မိန့်တော်မူ၏။

ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ၊ ငါ့အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည်တို့ပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟုမထင်ပါ။ ငါ့သျှင် အားကောင်းသော ယောက်ျားသည် ထက်လှစွာသော သန်လျက်ဦးဖြင့် ဦးထိပ်၌ ထိုးသကဲ့သို့ ဤအတူ လွန်ကဲသော လေတို့သည် ဦးထိပ်၌ ထိုးကုန်၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် အားကောင်းသောယောက်ျားသည် ခိုင်မြဲသော သားရေကြိုးပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ရာသကဲ့သို့ ဤအတူ ဦးခေါင်း၌ လွန် ကဲသော ဝေဒနာ ဖြစ်နေပါကုန်၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် ကျွမ်းကျင်သောနွားသတ်သမားဖြစ်စေ၊ နွားသတ်သမား၏ တပည့်ဖြစ်စေ ထက်လှစွာသော သားလှီးဓားဦးဖြင့် ဝမ်းပိုက်ကိုထိုးဖောက်ဆွဲငင်ရာသကဲ့သို့ ဤအတူ လွန်ကဲသော လေတို့သည် ဝမ်းပိုက်ကို ထိုးဖောက်ဆွဲငင်ပါကုန်၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် အားကောင်းသောယောက်ျားနှစ်ယောက်တို့သည် အားနည်းသော ယောက်ျားကို လက်မောင်းတစ်ဖက်စီတို့၌ ဆွဲကိုင်ပြီးလျှင့်မီးကျီတွင်း၌ ကင်ကုန်သကဲ့သို့ ဤအတူ ခန္ဓာကိုယ်၌ အလွန်ပူ လောင်နေပါ၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ၊ ငါ့အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင်သာရိပုတြာ ဓားဖြင့် (အသက်ကို) ဆောင်တော့အံ့၊ အသက်ရှင်မှုကို အလိုမရှိတော့ပါဟု လျှောက်၏။

အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) မဆောင်ပါလင့်၊ အသျှင်ဆန္နသည် မျှတပါစေလော့၊ အသျှင်ဆန္န မျှတနေသည်ကို အကျွန်ုပ်တို့ လိုလားပါကုန်၏၊ အသျှင်ဆန္နအား လျောက်ပတ်သော ဘောဇဉ်များမရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နအတွက် လျောက်ပတ်သော ဘောဇဉ်များကို ရှာပေးပါအံ့၊ အသျှင်ဆန္န အား လျောက်ပတ်သော ဆေးတို့ မရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နအတွက်လျောက်ပတ်သော ဆေး တို့ကို ရှာပေးပါအံ့၊ အကယ်၍ အသျှင်ဆန္နအား သင့်လျော်သောအလုပ်အကျွေးများ မရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နကို လုပ်ကျွေးပါအံ့။ အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) မဆောင်ပါလင့်၊ အသျှင် ဆန္နသည် မျှတပါစေလော့၊ အသျှင်ဆန္န မျှတနေသည်ကိုအကျွန်ုပ်တို့ လိုလားပါကုန်၏ဟု ဆို၏။

ငါ့သျှင်သာရိပုတြာ ငါ့အား လျောက်ပတ်သော ဘောဇဉ်များ မရှိကုန်သည် မဟုတ်၊ လျောက်ပတ် သောဘောဇဉ်များ ရှိပါကုန်၏၊ ငါ့အား လျောက်ပတ်သော ဆေးတို့လည်း မရှိကုန်သည် မဟုတ်၊ လျောက်ပတ်သော ဆေးတို့ ရှိပါကုန်၏၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးတို့လည်း မရှိကုန်သည်မဟုတ်၊ သင့်လျော်သော အလုပ်အကျွေးတို့ ရှိပါကုန်၏၊ စင်စစ်အားဖြင့် ငါသည် မြတ်စွာဘုရားကိုအချိန် ကြာမြင့်စွာ နှစ်လိုဖွယ်သော အမူအရာဖြင့် လုပ်ကျွေးခဲ့ပြီ၊ မနှစ်လိုဖွယ်သော အမူအရာဖြင့်မလုပ်ကျွေးပါ။ ငါ့သျှင် မြတ်စွာဘုရားကို နှစ်လိုဖွယ်သော အမူအရာဖြင့် လုပ်ကျွေး၍ မနှစ်လိုဖွယ်သောအမူအရာဖြင့် မလုပ်ကျွေးခြင်းသည် တပည့်ဖြစ်သူအား သင့်လျော်၏၊ (ပဋိသန္ဓေနေမှုသို့) ချဉ်းကပ်ထိုက်သူ မဟုတ်သော ဆန္နရဟန်းသည် ဓားဖြင့် (အသက်ကို) ဆောင်လတ္တံ့ဟု ဤအတိုင်းမှတ်လေလော့ဟု လျှောက်၏။

အသျှင်ဆန္နသည် ပြဿနာကို ဖြေရန် အကယ်၍ ခွင့်ပြုပါမူ အကျွန်ုပ်တို့သည် အသျှင်ဆန္နအားအနည်းငယ်မျှ မေးလိုပါကုန်၏ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရသည်ရှိသော် (ဖြေနိုင်မဖြေနိုင်) သိရပါလိမ့်မည်ဟု လျှောက်၏။ ငါ့သျှင်ဆန္န မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုသလော။ပ။ ငါ့သျှင်ဆန္န လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို '' ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် 'အတ္တ'တည်း''ဟုရှုသလော။ပ။ ငါ့သျှင်ဆန္န စိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို'' ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုသလောဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤ ကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကား ငါ့ဥစ္စာမဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာစိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကား ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ဆန္န မျက်စိ၌ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကား့ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုသနည်း။ပ။ ငါ့သျှင်ဆန္န လျှာ၌ ဇိဝှါဝိညာဏ်၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုသနည်း။ပ။ ငါ့သျှင်ဆန္န စိတ်၌ မနောဝိညာဏ်၌ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ စိတ်ကို မနော ဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို'' ဤကား ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုသနည်းဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ မျက်စိ၌ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ လျှာ၌ ဇိဝှါဝိညာဏ်၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ စိတ်၌ မနောဝိညာဏ်၌ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ စိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို '' ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ရှုပါ၏ဟု (လျှောက်၏)။

ဤသို့ ပြောဆိုသည်ရှိသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္နအား ဤစကားကို ပြောဆို၏-''ငါ့သျှင်ဆန္န ထိုသို့ဖြစ်သောကြောင့်ပင် (တဏှာ မာန ဒိဋ္ဌိတို့) အမှီခံရသူအား တုန်လှုပ်၏။ အမှီ မခံရသူအား တုန်လှုပ်မှု မရှိ။ တုန်လှုပ်မှု မရှိသော် ငြိမ်းအေးမှု ဖြစ်၏၊ ငြိမ်းအေးမှု ဖြစ်သော် (တဏှာ) ညွတ်မှုမဖြစ်နိုင်၊ (တဏှာ) ညွတ်မှု မရှိသော် လာမှု သွားမှု မရှိ၊ လာမှု သွားမှု မရှိသော် သေမှု ပဋိသန္ဓေနေမှုမရှိ၊ သေမှု ပဋိသန္ဓေနေမှု မရှိသော် ဤဘဝ၌ မဖြစ်၊ တမလွန်ဘဝ၌ မဖြစ်၊ နှစ်ဘဝလုံး၌ မဖြစ်၊ ဤမဖြစ်မှုသည်ပင် ဆင်းရဲဒုက္ခ၏ အဆုံး (နိဗ္ဗာန်) မည်၏ဟူသော ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်းအမြဲကောင်းစွာ နှလုံးသွင်းအပ်၏''ဟု မိန့်ဆို၏။ ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္နအား ဤဩဝါဒစကားဖြင့် ဆုံးမ၍ နေရာမှ ထကာ ဖဲသွားကုန်၏။ ထို့နောက် အသျှင်ဆန္နသည် ထိုအသျှင်တို့ ဖဲသွား၍ မကြာမီ ဓားဖြင့် (အသက်ကို) ဆောင်လေ၏။

ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) ဆောင် အပ်၏၊ အသျှင်ဆန္န၏ လားရာကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း''ဟုလျှောက်ထား၏။ သာရိပုတြာ ဆန္နရဟန်းသည် ပဋိသန္ဓေနေမှုသို့ မချဉ်းကပ်ထိုက်သည်၏ အဖြစ်ကိုမျက်မှောက်၌ ပင် သင့်အား ပြောကြားခဲ့သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားပုဗ္ဗဝိဇ္ဇနမည်သော ဝဇ္ဇိရွာ ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္နအား မိတ်ဆွေဒါယကာ ချစ်ခင်အပ်သော ဒါယကာချဉ်းကပ်ထိုက်သော ဒါယကာတို့ ရှိကုန်၏ဟု (လျှောက်၏)။ သာရိပုတြာ ဆန္နအား မိတ်ဆွေဒါယကာချစ်ခင်အပ်သော ဒါယကာ ချဉ်းကပ်ထိုက်သော ဒါယကာတို့ ရှိကုန်သည်သာတည်း။

သာရိပုတြာ ဤမျှလောက်ဖြင့် ''ပဋိသန္ဓေနေမှုသို့ ချဉ်းကပ်ထိုက်သူ''ဟု ငါ မဆို၊ သာရိပုတြာအကြင်သူသည်ကိုယ်ကိုလည်း ပစ်ချလိုက်၏၊ တစ်ပါးသောကိုယ်ကိုလည်း စွဲယူ၏၊ ထိုသူကို ''ပဋိသန္ဓေနေမှုသို့ ချဉ်းကပ်ထိုက်သူ''ဟု ငါ ဆို၏၊ ပဋိသန္ဓေသို့ ချဉ်းကပ်မှုသည် ဆန္နရဟန်းအား မရှိ၊ သာရိပုတြာဆန္နရဟန်းသည် ပဋိသန္ဓေသို့ ချဉ်းကပ်ခြင်း မရှိဘဲ (အသက်ကို) ဆောင်လေပြီဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ပုဏ္ဏသုတ်

၈၈။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- ''အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားထံမှ တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ ''ဟု လျှောက်၏။

ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု'တဏှာ'သည် ဖြစ်၏၊ နှစ်သက်မှု 'တဏှာ' ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု (ငါဘုရား) ဟော၏။ပ။ ပုဏ္ဏ လျှာဖြင့်သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်ကုန်သော ချစ်ခင် ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သောစိတ်ဖြင့် သိအပ်သော သဘော တရားတို့သည် ရှိကုန်၏။ ပုဏ္ဏ ထိုသဘောတရားတို့ကို ရဟန်းသည်အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကို အလွန်နှစ်သက်သောစွဲလမ်းသော လွှမ်းမိုး၍ တည်သော ထို ရဟန်းအား နှစ်သက်မှု'တဏှာ'သည် ဖြစ်၏၊ နှစ်သက်မှု'တဏှာ'ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဟော၏။

ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏထိုအဆင်းကို ရဟန်းသည် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုအဆင်းကို မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု'တဏှာ' ချုပ်ငြိမ်း၏၊ နှစ်သက်မှု'တဏှာ' ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါ ဟော၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ်စိတ် နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သောစွဲမက်အပ်ကုန် သော စိတ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ပုဏ္ဏထိုသဘောတရားကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူထိုသဘောတရားကို အလွန်မနှစ်သက်သော မစွဲ လမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအားနှစ်သက်မှု'တဏှာ' ချုပ်ငြိမ်း၏၊ နှစ်သက်မှု'တဏှာ' ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါဟော၏။

ပုဏ္ဏ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် ငါဘုရား ဆုံးမအပ်ပြီးသော သင်သည် အဘယ်ဇနပုဒ်၌ နေမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား သုနာပရန္တမည်သော ဇနပုဒ်သည် ရှိပါ၏၊ ထိုဇနပုဒ်၌ တပည့်တော် နေပါမည်ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကြမ်းတမ်းကုန်၏၊ ခက်ထန်ကုန်၏။ ပုဏ္ဏသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် သင့်ကို ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- '' ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် လက်ဖြင့် ပုတ်ခတ်မှုကို မပေးကြကုန်သေး''။ ဘုန်းတော်ကြီး တော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရ န္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- '' ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည်ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ခဲဖြင့် မပစ်ခတ်ကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူတပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့-'' ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် တုတ်ဖြင့် မရိုက်နှက်ကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့-'' ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ဓားဖြင့် မခုတ်ကြကုန်''။ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူူတပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- '' ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှ မချကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို့ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှချကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့်အသက်မှ ချကြကုန်မူူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- ''ခန္ဓာကိုယ်မှလည်းကောင်းအသက်မှလည်းကောင်း ငြီးငွေ့ကုန်သည် ရှက်နိုးကုန်သည် စက်ဆုပ်ကုန်သည် ဖြစ်၍ အသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ရှာကြကုန်သော ထိုမြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ရှိကုန်၏။ ထိုအသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ငါသည် မရှာဖွေဘဲသာလျှင် ရအပ်၏''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု လျှောက်၏။

ပုဏ္ဏ ကောင်းပေစွ၊ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံမှု အအေးဓာတ်နှင့် ပြည့်စုံသည်ရှိ သော်သုနာပရန္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ သင်သည် ယခု သွားရန် အချိန်ကို သိ၏၊ သွားရန်မှာသင်၏ အလိုအတိုင်းပင် ဖြစ်၏ဟု မိန့်တော်မူ၏။

ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုလျက် အိပ်ရာနေရာကို သိုမှီသိမ်းဆည်းပြီးနောက်သပိတ်သင်္ကန်းကို ယူဆောင်၍ သုနာပရန္တဇနပုဒ်သို့ ဒေသစာရီ ကြွချီခဲ့၏၊ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သည်ရှိသော် သုနာပရန္တဇနပုဒ်သို့ ဆိုက်ရောက်၏၊ ထိုသုနာပရန္တဇနပုဒ်၌ အသျှင်ပုဏ္ဏသည် (သီတင်းသုံး) နေတော်မူ၏။ ထို့နောက် အသျှင်ပုဏ္ဏသည် ထိုဝါတွင်း၌ ပင်လျှင် ဥပါသကာ ငါးရာတို့အားသရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြားစေ၏၊ ထိုဝါတွင်း၌ ပင်လျှင် ဥပါသိကာမ ငါးရာတို့အား သရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြားစေ၏။ ထိုဝါတွင်း၌ ပင်လျှင် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၏၊ ထိုဝါတွင်း ၌ ပင်လျှင် ပရိနိဗ္ဗာန်ပြု၏။

ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်- ''အသျှင်ဘုရား ပုဏ္ဏမည်သော အမျိုးသားကို မြတ်စွာဘုရားသည် အကျဉ်းဖြစ်သောအဆုံးအမဖြင့် ဆုံးမတော်မူအပ်၏၊ ထိုပုဏ္ဏသည် သေဆုံးပါပြီ။ ထိုပုဏ္ဏ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း''ဟု လျှောက်ကုန်၏။ ရဟန်းတို့ ပုဏ္ဏအမျိုးသားသည် ပညာရှိ၏၊ အမှန်ကို ဆိုလေ့ရှိ၏၊ တရားတော်အား လျော်သော အကျင့်ကိုလည်း ကျင့်လေ့ရှိ၏၊ တရားဟူသော အကြောင်းကြောင့်လည်း ငါဘုရားကို မပင်ပန်းစေခဲ့။ ရဟန်းတို့ ပုဏ္ဏအမျိုးသားသည်ပရိနိဗ္ဗာန်ပြုလေ ပြီဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဗာဟိယသုတ်

၈၉။ ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-''အသျှင်ဘုရား မြတ်စွာဘုရားသည်တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူစေလိုပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား၏ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ ''ဟု လျှောက်၏။

ဗာဟိယ ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို '' ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါအသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော၊ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို '' ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင် ဘုရား။

ဗာဟိယ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို အရိုအသေ ပြုလျက် ဖဲသွားလေ၏။ ထို့နောက် အသျှင်ဗာဟိယသည်တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်အပ်သောစိတ်ရှိလျက် နေသော် မကြာမီပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ ''ဟု သိ၏၊ အသျှင်ဗာဟိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဆဋ္ဌသုတ်။

------

၇-ပဌမ ဧဇာသုတ်

၉၀။ ရဟန်းတို့ တဏှာသည်ကား ရောဂါတည်း၊ တဏှာသည် အိုင်းအမာတည်း၊ တဏှာသည်ငြောင့်တံသင်းတည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် တဏှာ မရှိသည်ဖြစ်၍ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏။

ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း ''တဏှာ မရှိသည်ဖြစ်၍ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ'' မျက်စိကို အထင်မမှားရာ၊ မျက်စိ၌ အထင်မမှားရာ၊ မျက်စိမှ အထင်မမှားရာ၊ မျက်စိကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အဆင်းတို့ကို အထင်မမှားရာ၊ အဆင်းတို့၌ အထင်မမှားရာ၊ အဆင်းတို့မှ အထင်မမှားရာ၊ အဆင်းတို့ကို ငါ့ဥစ္စာဟု အထင်မမှားရာ။ စက္ခုဝိညာဏ်ကိုအထင်မမှားရာ၊ စက္ခုဝိညာဏ်၌ အထင်မမှားရာ၊ စက္ခုဝိညာဏ်မှ အထင်မမှားရာ၊ စက္ခုဝိညာဏ်ကိုငါ့ဥစ္စာဟု အထင်မမှား ရာ။ စက္ခုသမ္ဖဿကို အထင်မမှားရာ၊ စက္ခုသမ္ဖဿ၌ အထင်မမှားရာ၊ စက္ခုသမ္ဖဿမှ အထင်မမှားရာ၊ စက္ခုသမ္ဖဿကို ငါ့ဥစ္စာဟု အထင်မမှားရာ။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ့ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထို ဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်းအထင်မမှားရာ။

နားကို အထင်မမှားရာ။ နှာခေါင်းကို အထင်မမှားရာ။ လျှာကို အထင်မမှားရာ၊ လျှာ၌ အထင်မမှားရာ၊ လျှာမှ အထင်မမှားရာ၊ လျှာကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အရသာတို့ကို အထင်မမှားရာ။ ဇိဝှါဝိညာဏ်ကို အထင်မမှားရာ။ပ။ ဇိဝှါဝိသမ္ဖဿကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်းအထင် မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။

ကိုယ်ကို အထင်မမှားရာ။ စိတ်ကို အထင်မမှားရာ၊ စိတ်၌ အထင်မမှားရာ၊ စိတ်မှ အထင်မမှားရာ၊ စိတ်ကို ငါ့ဥစ္စာဟု အထင်မမှားရာ။ သဘောတရားတို့ကို အထင်မမှားရာ။ မနောဝိညာဏ်ကို အထင်မမှားရာ။ မနောသမ္ဖဿကို အထင်မမှားရာ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ အလုံးစုံကို အထင်မမှားရာ၊ အလုံးစုံ၌ အထင်မမှားရာ၊ အလုံးစုံမှ အထင်မမှားရာ၊ အလုံးစုံကို ငါ့ဥစ္စာဟု အထင်မမှားရာ။

ဤသို့ အထင်မမှားသော ထိုရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ ''ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယ ဧဇာသုတ်

၉၁။ ရဟန်းတို့ တဏှာသည် ရောဂါတည်း၊ တဏှာသည် အိုင်အမာတည်း၊ တဏှာသည် ငြောင့်တံသင်းတည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် ''တဏှာ မရှိသည် ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏။

ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း ''တဏှာ မရှိသည် ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ'' မျက်စိကို အထင်မမှားရာ၊ မျက်စိ၌ အထင်မမှားရာ၊ မျက်စိမှ အထင်မမှားရာ၊ မျက်စိကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အဆင်းတို့ကို အထင်မမှားရာ။ စက္ခုဝိညာဏ်ကို အထင်မမှားရာ။ စက္ခုသမ္ဖဿကို အထင်မမှားရာ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။

ရဟန်းတို့ အကြင်မျက်စိစသည်ကို အထင်မှား၏၊ အကြင်မျက်စိစသည်၌ အထင်မှား၏၊ အကြင်မျက်စိစသည်မှ အထင်မှား၏၊ အကြင်မျက်စိစသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှားခံရသောမျက်စိစသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်လေ့ရှိသည် ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ပ။

လျှာကို အထင်မမှားရာ၊ လျှာ၌ အထင်မမှားရာ၊ လျှာမှ အထင်မမှားရာ၊ လျှာကို ငါ့ဥစ္စာဟုအထင်မမှားရာ။ အရသာတို့ကို အထင်မမှားရာ။ ဇိဝှါဝိညာဏ်ကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်းအထင်မမှားရာ၊ ထို ဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။

ရဟန်းတို့ အကြင်လျှာစသည်ကို အထင်မှား၏၊ အကြင်လျှာစသည်၌ အထင်မှား၏၊ အကြင်လျှာစသည်မှ အထင်မှား၏၊ အကြင်လျှာစသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှားခံရသောလျှာစသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့်ဖြစ်လေ့ရှိသည် ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ပ။

စိတ်ကို အထင်မမှားရာ၊ စိတ်၌ အထင်မမှားရာ၊ စိတ်မှ အထင်မမှားရာ၊ စိတ်ကို ငါ့ဥစ္စာဟုအထင်မမှားရာ။ မနောဝိညာဏ်ကို အထင်မမှားရာ။ မနောသမ္ဖဿကို အထင်မမှားရာ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်းအထင်မမှားရာ။

ရဟန်းတို့ အကြင်စိတ်စသည်ကို အထင်မှား၏၊ အကြင်စိတ်စသည်၌ အထင်မှား၏၊ အကြင်စိတ်စသည်မှ အထင်မှား၏၊ အကြင်စိတ်စသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှား ခံရသော စိတ်စသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်လေ့ရှိသည်ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။

ရဟန်းတို့ ခန္ဓာ ဓာတ် အာယတနရှိသမျှကိုလည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှ၌လည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှမှလည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ ဤသို့ အထင်မမှားသော ထိုရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏။

''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ''ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ ဒွယသုတ်

၉၂။ ရဟန်းတို့ သင်တို့အား နှစ်ခုနှစ်ခုသော အစုတရားကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ နှစ်ခုနှစ်ခုသော အစုတရားဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့် အသံတို့လည်းကောင်း၊ နှာခေါင်းနှင့် အနံ့တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤဆိုအပ်ပြီးသည်ကို နှစ်ခုနှစ်ခုသော အစုတရားဟု ဆိုအပ်၏။

ရဟန်းတို့ '' ဤနှစ်ခုနှစ်ခုသော အစုတရားကို ဖယ်ထား၍ အခြားသော နှစ်ခုနှစ်ခုသော အစု တရားကိုငါ ပညတ်မည်''ဟု တစ်ဦးတစ်ယောက်သော သူသည် ဤသို့ ဆိုခဲ့ပါမူ ထိုသူ၏ ထိုစကားသည်စကားမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော် မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့ ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ အရာမဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ ဒွယသုတ်

၉၃။ ရဟန်းတို့ နှစ်ခုနှစ်ခုသော အစုတရားကို စွဲ၍ ဝိညာဏ်ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင်နှစ်ခုနှစ်ခုသော အစုတရားကို စွဲ၍ ဝိညာဏ်ဖြစ်သနည်း။

မျက်စိနှင့် အဆင်းတို့ကို စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်၏။ မျက်စိသည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ အဆင်းတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ့ကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်းပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (မျက်စိ အဆင်းစက္ခုဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ် ဖြစ်မှုကို စက္ခုသမ္ဖဿဟု ဆိုအပ်၏။ စက္ခုသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုသမ္ဖဿ ဖြစ်ပေါ်လာရန်အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော စက္ခုသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။

ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏၊ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏၊ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ပ။

လျှာနှင့် အရသာတို့ကို စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်၏။ လျှာသည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ်၏။ အရသာတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်းပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော ဇိဝှါဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (လျှာ အရသာ ဇိဝှါဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ် ဖြစ်မှုကို ဇိဝှါသမ္ဖဿဟု ဆိုအပ်၏။ ဇိဝှါသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏၊ ဇိဝှါသမ္ဖဿ ဖြစ်ပေါ်လာရန်အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော ဇိဝှါသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။

ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏၊ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏၊ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ပ။

စိတ်နှင့် သဘောတရားတို့ကို စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်၏။ စိတ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ သဘောတရားတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်လေ့ရှိကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်း ပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောဝိညာဏ်သည်မမြဲ၊ ဖောက်ပြန်လေ့ ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသောအကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော မနောဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (စိတ် သဘောတရား မနောဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ်ဖြစ်မှုကို မနော သမ္ဖဿဟု ဆိုအပ်၏။ မနောသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောသမ္ဖဿ ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုး တစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ့ဖြစ်ပေါ်လာသော မနောသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။

ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏။ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏။

ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။

ရဟန်းတို့ ဤသို့ နှစ်ခုနှစ်ခုသော အစုကို စွဲ၍ ဝိညာဏ် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ဆန္နဝဂ် ပြီး၏။

------

(၁၀) ၅-သဠဝဂ် ၁-အဒန္တအဂုတ္တသုတ်

၉၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန' ခြောက်မျိုးတို့ကို မဆုံးမအပ်မလုံခြုံစေအပ် မစောင့်ရှောက်အပ် မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏၊ အဘယ်ခြောက်မျိုးတို့နည်း။

ရဟန်းတို့ မျက်စိတည်းဟူသော တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန'ကို မဆုံးမအပ် မလုံခြုံစေ အပ်မစောင့်ရှောက်အပ် မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ပ။ လျှာတည်းဟူသော တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန'ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ စိတ်တည်းဟူသောတွေ့ထိမှု၏ တည်ရာ 'ဖဿာယတန'ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန် သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ ရဟန်းတို့ ဤတွေ့ထိမှု၏တည်ရာ 'ဖဿာယတန' ခြောက်မျိုးတို့ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။

ရဟန်းတို့ ဤတွေ့ထိမှု၏ တည်ရာ 'ဖဿာယတန' ခြောက်မျိုးတို့ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာလုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကိုဆောင်တတ်ကုန်၏၊ အဘယ်ခြောက်မျိုးတို့နည်း။

ရဟန်းတို့ မျက်စိတည်းဟူသော တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန'ကို ကောင်းစွာ ဆုံးမအပ်ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသောချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ လျှာတည်းဟူသော တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန'ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာပိတ်ဆို့အပ် ကုန်သော် လွန်ကဲသော ချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ စိတ်တည်းဟူသောတွေ့ထိမှု၏ တည်ရာ 'ဖဿာယတန 'ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာစောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ ဤတွေ့ထိ မှု၏ တည်ရာ 'ဖဿာယတန' ခြောက်မျိုးတို့ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာလုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကိုဆောင်တတ်ကုန်၏။ မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူပြန်၏-

''ရဟန်းတို့ ဤတွေ့ထိမှု၏ တည်ရာ 'ဖဿာယတန' တို့ကား ခြောက်မျိုးတို့ တည်း။ ယင်းတရားခြောက်မျိုးတို့၌ မစောင့်စည်းသော သူသည် ဆင်းရဲသို့ ရောက် ရ၏၊ အကြင်သူတို့သည်ထိုတရားခြောက်မျိုးတို့၏ စောင့်ရှောက်မှုကို ရကုန်၏၊ သဒ္ဓါတည်းဟူသော အဖော်ရှိကုန်သောထိုသူတို့သည် (ကိလေသာမိုး) မစိုစွတ်ကုန်သည် ဖြစ်၍ နေရကုန်၏။

နှလုံးမွေ့လျော်ဖွယ်သော အဆင်းတို့ကို မြင်ရသော်လည်းကောင်း၊ သို့မဟုတ် နှလုံးမွေ့လျော်ဖွယ်မရှိသော အဆင်းတို့ကို မြင်ရသော်လည်းကောင်း နှလုံးမွေ့ လျော်ဖွယ်သော အဆင်း၌ စွဲမက်မှု 'တဏှာ' လမ်းကြောင်းကို ပယ်ဖျောက်ရာ၏၊ (နှလုံးမွေ့လျော်ဖွယ် မရှိသော အဆင်း၌ ) ငါသည်မနှစ်သက်အပ်ဟုလည်း စိတ်ကို မပျက်စီးစေရာ။

နှစ်သက်ဖွယ် မနှစ်သက်ဖွယ် နှစ်ပါးစုံဖြစ်သော အသံကို ကြားသော် နှစ်သက် ဖွယ်ဖြစ်သော အသံ၌ အလွန်တပ်မက်ခြင်း မဖြစ်ရာ၊ သို့မဟုတ် မနှစ်သက်ဖွယ် ဖြစ်သော အသံ၌ အမျက်ထွက်ခြင်းသို့ရောက်မှုကို ပယ်ဖျောက်ရာ၏၊ ငါသည် မနှစ်သက်အပ်ဟုလည်း စိတ်ကို မပျက်စီးစေရာ။

နှလုံးမွေ့လျော်ဖွယ်သော အနံ့ကို နမ်းရှူရသော်လည်းကောင်း၊ သို့မဟုတ် မနှစ် သက်ဖွယ်မစင်ကြယ်သော အနံ့ကို နမ်းရှူရသော်လည်းကောင်း မနှစ်သက်ဖွယ် သော အနံ့၌ အမျက်ထွက်မှုကိုပယ်ဖျောက်ရာ၏၊ နှစ်သက်ဖွယ်သော အနံ့၌လည်း အလို 'ဆန္ဒ'နောက်သို့ လိုက်သည် မဖြစ်ရာ။

သာယာဖွယ်ရှိသော ကောင်းသော အရသာကို စားရသော်လည်းကောင်း၊ သို့မဟုတ် တစ်ခါတစ်ရံမကောင်းသော အရသာကို စားရသော်လည်းကောင်း ကောင်းသော အရသာကို လွန်သော အာသာဖြင့်မစားရာ၊ ဆန့်ကျင်ဖက်ဖြစ်သော မကောင်းသော အရသာကို (စားရာ၌ ) စိတ်ကို မပျက်စီးစေရာ။

ချမ်းသာသော အတွေ့အထိဖြင့် တွေ့ထိသော်လည်း မမေ့လျော့ရာ၊ ဆင်းရဲသော အတွေ့ဖြင့်တွေ့ထိသော်လည်း မတုန်လှုပ်ရာ၊ ချမ်းသာဆင်းရဲဖြစ်သော အတွေ့ နှစ်မျိုးကို လျစ်လျူရှုရာ၏၊ တစ်စုံတစ်ခုနှင့်မျှ မလိုက်လျောရာ၊ မဆန့်ကျင်ရာ။

သညာရှိကုန်သော ယုတ်ညံ့သော သူတို့သည် သံသရာချဲ့တတ်သော သညာရှိ ကုန်သည် ဖြစ်၍ သံသရာကို ချဲ့ကုန်လျက် ဝဋ်ဆင်းရဲသို့ ကပ်ရောက်ရကုန်၏။ သညာရှိသော သူသည် စိတ်ဖြင့် ပြီးသောကာမဂုဏ်၌ မှီသော အကြံအစည် အားလုံးကို ပယ်နုတ်၍ ကာမဂုဏ်မှ ထွက်မြောက်မှု၌ မှီသောအကြံအစည်ကို ဖြစ်စေ၏။

ဤကဲ့သို့ စိတ်ကို အာရုံခြောက်ပါးတို့၌ ပွါးများပြီးသော အခါ တစ်စုံတစ်ခုသော အာရုံ၌ တွေ့ထိအပ်သော သူ၏ စိတ်သည် မတုန်လှုပ်။ ရဟန်းတို့ ထိုသူတို့သည် ရာဂဒေါသတို့ကိုလွှမ်းမိုးဖိနှိပ်ကုန်၍ ပဋိသန္ဓေနေခြင်း သေခြင်း၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ကြရကုန်၏ ''။

ပဌမသုတ်။

------

၂-မာလုကျပုတ္တသုတ်

၉၅။ ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်သော စိတ်ရှိလျက် နေလိုပါ၏ ''ဟု လျှောက်၏။

''ရဟန်း သင်သည် အိုမင်းသည် ကြီးသည် ရင့်ရော်သည် အရွယ်လွန်သည် နောက်ဆုံးအရွယ်သို့ရောက်နေပြီးသည် ဖြစ်ပါလျက် အကျဉ်းအားဖြင့် အဆုံးအမကို တောင်းဘိ၏၊ မာလုကျပုတ္တ ဤသို့အဆုံး အမ တောင်းရာ ယခုအခါ၌ ရဟန်းငယ်များကို အဘယ်သို့ ဆိုရပါအံ့နည်း ''ဟု မိန့်တော်မူ၏။

အသျှင် ဘုရား တပည့်တော်သည် အိုမင်းသည် ကြီးသည် ရင့်ရော်သည် အရွယ်လွန်သည်နောက်ဆုံးအရွယ်သို့ ရောက်နေပြီးသည်ကား မှန်ပါ၏၊ သို့ပါသော်လည်း တပည့်တော်အားဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရားသည် အကျဉ်းအားဖြင့် တရားကို ဟောတော်မူစေလိုပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားကိုဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား စကားတော်၏ အနက်အဓိပ္ပါယ်ကိုသိကောင်းတန်ရာပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား စကားတော်၏ အမွေခံဖြစ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။

မာလုကျပုတ္တ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် မမြင်အပ်ကုန်သော မမြင်ဖူးကုန်သော မြင်ဆဲ မဟုတ်ကုန်သော မြင်ရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (စက္ခုဝိညာဏ်ဖြင့်) သိအပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မကြားနာအပ်ကုန်သော မကြားနာဖူးကုန်သော ကြားနာဆဲ မဟုတ်ကုန်သော ကြားနာရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (သောတဝိညာဏ်ဖြင့်) သိအပ်ကုန်သော အသံတို့သည် ရှိကုန်၏။

ထိုအသံတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မနမ်းရှူအပ်ကုန်သော မနမ်းရှူဖူးကုန်သော နမ်းရှူဆဲ မဟုတ်ကုန်သော နမ်းရှူရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ဃာနဝိညာဏ်ဖြင့်) သိအပ်ကုန်သော အနံ့တို့သည် ရှိကုန်၏။ ထိုအနံ့တို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်းသင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မလျက်အပ်ကုန်သော မလျက်ဖူးကုန်သော လျက်ဆဲ မဟုတ်ကုန်သော လျက်ရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ဇိဝှါဝိညာဏ်ဖြင့်) သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မတွေ့ထိအပ်ကုန်သော မတွေ့ထိဖူးကုန်သော တွေ့ထိဆဲ မဟုတ်ကုန်သော တွေ့ထိရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ကာယဝိညာဏ်ဖြင့်) သိအပ်ကုန်သော အတွေ့အထိတို့သည် ရှိကုန်၏။

ထိုအတွေ့အထိတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မသိအပ်ကုန်သော မသိအပ်ဖူးကုန်သော သိဆဲ မဟုတ်ကုန်သော သိရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (မနောဝိညာဏ်ဖြင့်) သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်းသင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

မာလုကျပုတ္တ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ်ကုန်သော ဤအာရုံခြောက်မျိုးတို့၌ သင့်အားမြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့၊ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့၊ တွေ့ထိလျှင် တွေ့ထိကာမျှဖြစ်လတ္တံ့၊ သိလျှင် သိကာမျှ ဖြစ်လတ္တံ့။

မာလုကျပုတ္တ အကြင်အခါ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ်ကုန်သော ဤအာရုံခြောက်မျိုးတို့၌ သင့်အား မြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့၊ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့၊ တွေ့ထိလျှင် တွေ့ထိကာမျှ ဖြစ်လတ္တံ့၊ သိလျှင် သိကာမျှ ဖြစ်လတ္တံ့။ မာလုကျပုတ္တ ထိုအခါ သင်သည် ထို (စွဲမက်ခြင်းအမျက် ထွက်ခြင်း တွေဝေခြင်းဖြင့်) မဖြစ်လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ သင်သည် ထို (စွဲမက်ခြင်းအမျက် ထွက်ခြင်း တွေဝေခြင်းဖြင့်) မဖြစ်လတ္တံ့၊ မာလုကျပုတ္တ ထိုအခါ သင်သည်ထိုအာရုံခြောက်ပါးတို့၌ မတည် လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ သင်သည် ထိုအာရုံခြောက်ပါးတို့၌ မတည်လတ္တံ့၊ မာလုကျပုတ္တ ထိုအခါ သင်သည် ဤပစ္စုပ္ပန်ဘဝ၌လည်း မဖြစ်လတ္တံ့၊ တမလွန်ဘဝ၌လည်း့မဖြစ်လတ္တံ့၊ နှစ်ဘဝလုံး၌လည်း မဖြစ်လတ္တံ့၊ ဤ (ပစ္စပ္ပန်တမလွန် နှစ်တန်သော ဘဝ၌ ) မဖြစ်မှုသည်ပင်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) မည်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ဤတရားစကား၏အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် သိနားလည်ပါ၏ -

၁။ အဆင်းကို မြင်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအဆင်းအာရုံကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အဆင်းအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု'အဘိဇ္ဈာ'သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၂။ အသံကို ကြားသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအသံအာရုံကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အသံအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၃။ အနံ့ကို နမ်းရှူသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအနံ့အာရုံကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အနံ့အာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၄။ အရသာကို စားသောက်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအရသာ အာရုံကိုလည်းလွှမ်းမိုး၍ တည်၏။

ထိုသူအား အရသာအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၅။ အတွေ့အထိကို တွေ့ထိရသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအတွေ့ အထိ အာရုံကိုလည်းလွှမ်းမိုး၍ တည်၏။

ထိုသူအား အတွေ့အထိအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်း ကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၆။ သဘောတရားကို သိသော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုသဘော တရားကိုလည်း့လွှမ်းမိုး၍ တည်၏။

ထိုသူအား သဘောတရားကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု'အဘိဇ္ဈာ'သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်းကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၁။ ထိုသူသည် အဆင်းကို မြင်လတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အဆင်းတို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုအဆင်းကို လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အဆင်းကို ရှုသော်လည်းကောင်း၊ ဝေဒနာကို မှီဝဲ သော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်း အရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီး သော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၂။ ထိုသူသည် အသံကို ကြားလတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အသံ တို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုအသံကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အသံကို နားထောင်သော်လည်းကောင်း၊ ဝေဒနာကို မှီဝဲသော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၃။ ထိုသူသည် အနံ့ကို နမ်းရှူလတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အနံ့ တို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုအနံ့ကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အနံ့ကို နမ်းရှူသော်လည်းကောင်း၊ ဝေဒနာကို မှီဝဲ သော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၄။ ထိုသူသည် အရသာကို စားသောက်ရသော် ထင်သော သတိရှိသည် ဖြစ်၍ အရသာတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထို အရသာကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အရသာကို စားသောက်သော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။

၅။ ထိုသူသည် အတွေ့အထိကို တွေ့ထိရသော် ထင်သော သတိရှိသည် ဖြစ်၍ အတွေ့အထိတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထို အတွေ့အထိကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အတွေ့အထိကို တွေ့ထိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၆။ ထိုသူသည် သဘောတရားကို သိရသော် ထင်သော သတိရှိသည် ဖြစ်၍ သဘောတရားတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုသဘောတရားကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် သဘောတရားကို သိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ဤစကားတော်၏အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် နားလည်ပါ၏ဟု လျှောက်၏၊ မာလုကျပုတ္တ ကောင်းပေစွ၊ ့ကောင်းပေစွ၊ မာလုကျပုတ္တ သင်သည် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သော စကားတော်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ကောင်းစွာ သိပေ၏-

၁။ အဆင်းကို မြင်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအဆင်းကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အဆင်းကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါး ကုန်၏၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ စိတ် ပင်ပန်းမှုသည်လည်းကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏၊ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ပ။

၆။ ထိုသူသည် သဘောတရားကို သိသော် ထင်သော သတိရှိသည် ဖြစ်၍ သဘောတရားတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုသဘောတရားကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် သဘောတရားကို သိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။

မာလုကျပုတ္တ ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သော ဤစကားတော်၏ အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်အပ်၏ဟု မိန့်တော်မူ၏။

ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။ ထို့နောက်အသျှင်မာလုကျပုတ္တသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်သော စိတ်ရှိလျက် နေလတ်သော် မကြာမီပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ''ဟု သိ၏။ အသျှင်မာလုကျပုတ္တသည်လည်း ရဟန္တာတို့တွင်တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။

------

၃-ပရိဟာနဓမ္မသုတ်

၉၆။ ရဟန်းတို့ သင်တို့အား ယုတ်လျော့မှုသဘောကိုလည်းကောင်း၊ မယုတ်လျော့မှုသဘောကိုလည်းကောင်း၊ လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားတို့ကိုနာကြ ကုန်လော့။

ရဟန်းတို့ အဘယ်သို့လျှင် ယုတ်လျော့မှုသဘော ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏။ ထိုဖြစ်ပေါ်လာသော အကုသိုလ်တရားကိုရဟန်းသည် လက်ခံနေခဲ့မူ မပယ်စွန့်ခဲ့မူ မဖျောက်ဖျက်ခဲ့မူ ကင်းအောင် မပြုခဲ့မူ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် '' (ငါကား) ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟောတော်မူသောကြောင့် တည်း''ဟု သိသင့်သိထိုက်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော်။ပ။ ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာသော အကုသိုလ်တရားတို့ကို ရဟန်းသည် လက်ခံနေခဲ့မူ မပယ်စွန့်ခဲ့မူ မဖျောက်ဖျက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် '' (ငါကား) ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း''ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင်ယုတ်လျော့မှုသဘော ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မယုတ်လျော့မှုသဘော ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ရဟန်းသည်လက်မခံခဲ့မူ ပယ်စွန့်ခဲ့မူ ဖျောက်ဖျက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် '' (ငါကား) ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း''ဟု သိသင့်သိထိုက်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော်။ပ။ ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ရဟန်းသည် လက်မခံခဲ့မူ ပယ်စွန့်ခဲ့မူ ဖျောက်ဖျက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် '' (ငါကား) ကုသိုလ်တရားတို့မှမယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘ&