အဂုင်္တ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

ဧကကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပဌမပဏ္ဏာသက

ပဌမ သုတ်ငါးဆယ်

၁-ရူပါဒိဝဂ်

 

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ ဤမိန်းမ၏ အဆင်းသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အဆင်းသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

ပထမသုတ်။

၂။ ရဟန်းတို့ ဤမိန်းမ၏ အသံသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အသံကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အသံသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃။ ရဟန်းတို့ ဤမိန်းမ၏ အနံ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အနံ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အနံ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄။ ရဟန်းတို့ ဤမိန်းမ၏ အရသာသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အရသာကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အရသာသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅။ ရဟန်းတို့ ဤမိန်းမ၏ အတွေ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အတွေ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အတွေ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆။ ရဟန်းတို့ ဤယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇။ ရဟန်းတို့ ဤယောက်ျား၏ အသံသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော အခြားတစ်ခုသော အသံကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အသံသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈။ ရဟန်းတို့ ဤယောက်ျား၏ အနံ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော အခြား တစ်ခုသော အနံ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အနံ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉။ ရဟန်းတို့ ဤယောက်ျား၏ အရသာသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အရသာကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အရသာသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀။ ရဟန်းတို့ ဤယောက်ျား၏ အတွေ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အတွေ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အတွေ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ရူပါဒိဝဂ် ပြီး၏။

------

၂-နီဝရဏပ္ပဟာနဝဂ်

၁၁။ ရဟန်းတို့ ဤသုဘနိမိတ်သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ် ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သိုု့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သုဘနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁၂။ ရဟန်းတို့ ဤပဋိဃနိမိတ်သည် မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပဋိဃနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဗျာပါဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဗျာပါဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁၃။ ရဟန်းတို့ ဤမမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်လက်ဆန့်ငင်ခြင်း ထမင်းဆီယစ်ခြင်း စိတ်၏ ဆုတ်နစ်ခြင်းသည် မဖြစ်ပေါ်သေးသော ထိန မိဒ္ဓ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိန မိဒ္ဓ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုတ်နစ်သော စိတ်ရှိသူအား မဖြစ်ပေါ်သေးသော ထိန မိဒ္ဓသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၁၄။ ရဟန်းတို့ ဤစိတ်၏ မငြိမ်းအေးခြင်းသည် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်မငြိမ်းအေးသောသူအား မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၁၅။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည်၁၀ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၁၁၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သိုု့ ဤအတူ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ် သေးသော ဝိစိကိစ္ဆာသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၁၆။ ရဟန်းတို့ ဤအသုဘနိမိတ်၁၂သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ အသုဘနိမိတ်ကို သင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၁၇။ ရဟန်းတို့ ဤမေတ္တာစေတောဝိမုတ္တိ၁၃သည် မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း မဖြစ်ပေါ် ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိ ကို သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ဗျာပါဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ် ပြီးသော ဗျာပါဒသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၁၈။ ရဟန်းတို့ ဤအာရဗ္ဘဓာတ်၁၄ နိက္ကမဓာတ်၁၅ ပရက္ကမဓာတ်၁၆သည် မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ရှိသော သူအား မဖြစ်ပေါ်သေးသော ထိနမိဒ္ဓသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၁၉။ ရဟန်းတို့ ဤစိတ်၏ ငြိမ်းအေးခြင်းသည် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သိုု့ ဤအတူ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ငြိမ်းအေးသော စိတ်ရှိသောသူအား မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၂၀။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်း၁၇သည် မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့ သိုု့ ဤအတူ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် နီဝရဏပ္ပဟာနဝဂ် ပြီး၏။

------

၁။ ရာဂဖြစ်ကြောင်း နှစ်သက်ဖွယ် အာရုံ။

၂။ ကာမဂုဏ်တို့၌ ဖြစ်ပေါ်သော လိုလားတောင့်တခြင်း။

၃။ ဒေါသဖြစ်ကြောင်း မနှစ်သက်ဖွယ် အာရုံ။

၄။ သူတစ်ပါးကို ပျက်စီးစေလိုခြင်း။

၅။ စိတ်၏ မခံ့ကျန်းခြင်း လေးလံထိုင်းမှိုင်းခြင်း။

၆။ ကိုယ်၏ မခံ့ကျန်းခြင်း လေးလံထိုင်းမှိုင်းခြင်း။

၇။ ဈာန်ဖြင့်သော်လည်းကောင်း ဝိပဿနာဖြင့်သော်လည်းကောင်း မငြိမ်းအေးစေအပ်သေးသော စိတ်။

၈။ စိတ်၏ ပျံ့လွင့်ခြင်း။

၉။ ပြုလိုက်မိသော မကောင်းမှု မပြုလိုက်မိသော ကောင်းမှုကြောင့် ဖြစ်ပေါ်သော နှလုံးမသာခြင်း။

၁၀။ အနိစ္စ၌ နိစ္စဟု ဒုက္ခ၌ သုခဟု အနတ္တ၌ အတ္တဟု အသုဘ၌ သုဘဟု မှားသောနည်းလမ်းဖြင့် စိတ်၌ ထားခြင်း။

၁၁။ ဘုရားတရား သံဃာ သိက္ခာ စသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်း။

၁၂။ ဥဒ္ဓုမာတက စသည့် အသုဘ ဆယ်ပါး၌ ဖြစ်သောအာရုံနှင့် တကွသော ပဌမဈာန်။

၁၃။ ဗျာပါဒမှ လွတ်သောစိတ်နှင့် ယှဉ်သော မေတ္တာဈာန်။

၁၄။ ဦးစွာအစ အားထုတ်ခြင်း။

၁၅။ ပျင်းရိမှုမှ လွတ်မြောက်အောင် အားထုတ်ခြင်း။

၁၆။ နိက္ကမဓာတ်ထက် လွန်ကဲအောင် အားထုတ်ခြင်း။

၁၇။ အနိစ္စ၌ အနိစ္စဟု ဒုက္ခ၌ ဒုက္ခဟု အနတ္တ၌ အနတ္တဟု အသုဘ၌ အသုဘဟု မှန်သော နည်းလမ်းဖြင့် စိတ်၌ထားခြင်း။

၃-အကမ္မနိယဝဂ်

၂၁။ ရဟန်းတို့ မပွါးများအပ်သေးသော ဤစိတ်သည် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူ သကဲ့သို့၊ ဤအတူ ပြုခြင်းငှါ မသင့်လျော် မလွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂၂။ ရဟန်းတို့ ပွါးများအပ်ပြီးသော ဤစိတ်သည် ပြုခြင်းငှါ သင့်လျော် လွယ်ကူသကဲ့သို့၊ ဤအတူ ပြုခြင်းငှါ သင့်လျော်လွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် ပြုခြင်းငှါ သင့်လျော် လွယ်ကူ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၂၃။ ရဟန်းတို့ မပွါးများအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၂၄။ ရဟန်းတို့ ပွါးများအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၂၅။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၂၆။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၂၇။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ် သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၂၈။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၂၉။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့၊ ဤအတူ ဆင်းရဲဒုက္ခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၃၀။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့၊ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် အကမ္မနိယဝဂ် ပြီး၏။

------

၁။ ဘာဝနာ၏ အစွမ်းဖြင့် မပွါးများအပ်သေး မဖြစ်စေအပ်သေးသော။

၂။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော လောကီစိတ်။

၃။ ပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့သို့ ရောက်အောင် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူ။

၄။ ဘာဝနာအစွမ်းဖြင့် ပွါးများအပ်ပြီး ဖြစ်စေအပ်ပြီးသော။

၅။ ဝဋ်ဆင်းရဲမှ ကင်းလွတ်သော လောကုတ္တရာစိတ်။

၄-အဒန္တဝဂ်

၃၁။ ရဟန်းတို့ မဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆုံးမ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၃၂။ ရဟန်းတို့ ဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုံးမအပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃၃။ ရဟန်းတို့ မလုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မလုံခြုံစေ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၃၄။ ရဟန်းတို့ လုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ လုံခြုံစေအပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၃၅။ ရဟန်းတို့ မစောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မစောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၃၆။ ရဟန်းတို့ စောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌမသုတ်။

၃၇။ ရဟန်းတို့ မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆို့ပိတ် အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၃၈။ ရဟန်းတို့ ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆို့ပိတ်အပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၃၉။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၄၀။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် အဒန္တဝဂ် ပြီး၏။

------

၅-ပဏိဟိတအစ္ဆဝဂ်

၄၁။ ရဟန်းတို့ ဥပမာသော်ကား မကောင်းသဖြင့် ထားအပ်သော သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကိုဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော် လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မကောင်းသဖြင့် ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက် မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၄၂။ ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ ထားအပ်သော သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကို ဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော်လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ကောင်းစွာ ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၄၃။ ရဟန်းတို့ ဤလောက၌ (ဒေါသကြောင့်) ပျက်စီးသော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ ငရဲသို့ ရောက်ရမည်သာလျှင် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ပျက်စီးသောကြောင့်တည်း။ ရဟန်းတို့ ဤသို့ စိတ်၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄၄။ ရဟန်းတို့ ဤလောက၌ (သဒ္ဓါတရားကြောင့်) ကြည်လင်သော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ နတ်ပြည်သို့ ရောက်ရမည်သာလျှင် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်သောကြောင့်တည်း။ ရဟန်းတို့ ဤသို့ စိတ်၏ ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၄၅။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောက်ဘက်ခတ်၏၊ ညွန်အနည် ထ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မမြင်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ရေ၏ နောက်ကျုနေခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် နောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာတို့အား လျောက်ပတ်သော ဉာဏ်အမြင် အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြု လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ စိတ်၏ နောက်ကျုနေခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၄၆။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်း ကင်း၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ရေ၏ မနောက်ကျုခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မနောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာပုဂိ္ဂုလ်တို့အား လျောက်ပတ်သော ဉာဏ်အမြင်အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ စိတ်၏ မနောက်ကျုခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၄၇။ ရဟန်းတို့ ဥပမာသော်ကား အမှတ်မရှိကုန်သော သစ်ပင်မျိုးတို့သည် ရှိကြကုန်၏၊ ထို သစ်ပင်မျိုးတို့တွင် ကြို့ပင်ကို နူးညံ့သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပြုခြင်းငှါ သင့်လျော် လွယ် ကူသည့်အဖြစ်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ဤအတူပင် ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်သကဲ့သိုု့၊ ပြုခြင်းငှါ သင့်လျော်လွယ်ကူသည်လည်း ဖြစ်သကဲ့သို့ ဤအတူ နူးညံ့သည်လည်းဖြစ်သော ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်းဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော စိတ်သည် နူးညံ့သည်လည်း ဖြစ်၏၊ ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၄၈။ ရဟန်းတို့ ဤစိတ်သည် လျင်မြန်စွာ ပြောင်းလဲသကဲ့သို့ ဤအတူ လျင်မြန်စွာ ပြောင်းလဲ တတ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲတတ်၏၊ ဥပမာပြုရန် မလွယ်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၄၉။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၅၀။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက်ပဏိဟိတအစ္ဆဝဂ် ပြီး၏။

------

၁။ စူးလတ္တံ့သော အခြင်းအရာဖြင့် ဆူးအဖျားကို အထက်သို့ ထောင်မထားခြင်းကို ဆိုသည်။

၂။ သစ္စာလေးပါးကို မသိမြင်အောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်။

၃။ မောဟမှောင်တိုက်ကို ဖောက်၍ သိမြင်သော အရဟတ္တဖိုလ်ဉာဏ်။

၆-အစ္ဆရာသင်္ဃာတဝဂ်

၅၁။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ မသိ၊ ထို့ကြောင့် ''အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်အား စိတ်ကို ပွါးများခြင်း မရှိ''ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၅၂။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်ရှိသော အရိယာသာဝကသည် ဟုတ်တိုင်းမှန်စွာ သိ၏၊ ထို့ကြောင့် ''အကြား အမြင်ရှိသော အရိယာသာဝကအား စိတ်ကို ပွါးများခြင်း ရှိ၏''ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၅၃။ ရဟန်းတိုု့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ မှီဝဲအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၅၄။ ရဟန်းတိုု့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ ပွါးများအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။

စတုတ္တသုတ်။

၅၅။ ရဟန်းတိုု့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ နှလုံးသွင်းအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၅၆။ ရဟန်းတို့ အကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော အကုသိုလ်အသင်းဝင်ဖြစ်ကုန်သော အကုသိုလ်ဟူ သမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ အကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၅၇။ ရဟန်းတို့ ကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော ကုသိုလ်အသင်းဝင်ဖြစ်ကုန်သော ကုသိုလ်ဟူသမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ ကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၅၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း 'ပမာဒ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့သောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၅၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့သောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၆၀။ ရဟန်းတို့ ဤပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သ ကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခြောက်ခုမြောက် အစ္ဆရာသင်္ဃာတဝဂ် ပြီး၏။

------

၁။ ဒိဋ္ဌိ ဝိစိကိစ္ဆာ စသော ကိလေသာတို့ဖြင့် ရစ်ပတ် ဖုံးလွှမ်းနေသော ပုဂ္ဂိုလ်။

၂။ ရဟန်းဖြစ်စေ လူဖြစ်စေ မဂ် ဖိုလ် ဆိုက်ရောက်ပြီးသော မြတ်စွာဘုရား၏ တပည့်သားအပေါင်း။

၃။ ဒုစရိုက်တရားတို့၌လည်းကောင်း ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း စိတ်ကို စွန့်လွှတ်၍ထားခြင်း၊ ကုသိုလ်တို့၏ ဖြစ်ပေါ်ခြင်းငှါ ဆန္ဒမရှိခြင်း ဆုတ်နစ်ခြင်း မေ့လျော့ခြင်း။

၇-ဝီရိယာရ မ္ဘာဒိဝဂ်

၆၁။ ရဟန်းတို့ ဤထက်သန်သောလုံံ့လ'ဝီရိယာရမ္ဘ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လရှိသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၆၂။ ရဟန်းတို့ ဤအလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ့ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၆၃။ ရဟန်းတို့ ဤအလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၆၄။ ရဟန်းတို့ ဤမရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၆၅။ ရဟန်းတို့ ဤရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆၆။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'အယောနိသော မန သိကာရ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ် ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၆၇။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'ယောနိသောမနသိကာရ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း့ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၆၈။ ရဟန်းတို့ ဤမဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်သော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၆၉။ ရဟန်းတို့ ဤဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်း တို့ ဆင်ခြင်သော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ် ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၇၀။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ် ရှိခြင်း 'ပါပမိတ္တတာ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ် ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခုနစ်ခုမြောက် ဝီရိယာရမ ္ဘာဒိဝဂ် ပြီး၏။

------

၁။ တက်ကြွ ပြည့်စုံသော သမ္မပ္ပဓာန် ဝီရိယ။

၂။ သဒ္ဓါမရှိသော, သီလမရှိသော, အကြားအမြင်နည်းသော, နှမြောဝန်တိုသော, ပညာမဲ့သော အဆွေခင်ပွန်း။

၈-ကလျာဏမိတ္တာဒိဝဂ်

၇၁။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်း ရှိခြင်း 'ကလျာဏမိတ္တတာ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ် ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ် ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၇၂။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ ကို အားမထုတ်ခြင်းကြောင့် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၇၃။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းကြောင့် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၇၄။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ မရောက်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ပြည့်စုံခြင်းသို့ မရောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့သည်လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ မရောက်ကုန်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၇၅။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့သည်လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၇၆။ ရဟန်းတို့ အကြင် ဆွေမျိုးတို့၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် အနည်း့ငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇၇။ ရဟန်းတို့ အကြင် ဆွေမျိုးတို့၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှ သာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်း တကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါးကုန်အံ့''ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၇၈။ ရဟန်းတို့ အကြင် စည်းစိမ်ဥစ္စာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤပညာ၏ ဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၇၉။ ရဟန်းတို့ အကြင် စည်းစိမ်ဥစ္စာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်း တကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါးကုန်အံ့''ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၈၀။ ရဟန်းတို့ အကြင် အခြံအရံ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှစ်ခုမြောက် ကလျာဏမိတ္တာဒိဝဂ် ပြီး၏။

------

၁။ သဒ္ဓါရှိသော, သီလရှိသော, အကြားအမြင်များသော, ပေးလှူစွန့်ကြဲတတ်သော, ပညာရှိသော အဆွေခင်ပွန်း။

၂။ ဗောဓိဉာဏ်၏ အစိတ်အပိုင်း ဗုဒ္ဓဖြစ်ကြောင်းအင်္ဂါ၊ သစ္စာလေးပါးကို သိစေတတ်သော တရား။

၉- ပမာဒါဒိဝဂ်

၈၁။ ရဟန်းတို့ အကြင် အခြံအရံ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်းတကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါး ကုန်အံ့''ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၈၂။ ရဟန်းတို့ ဤမေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာအကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၈၃။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၈၄။ ရဟန်းတို့ ဤပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၈၅။ ရဟန်းတို့ ဤထက်သန်သော လုံ့လ 'ဝီရိယာရ မ္ဘ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ 'ဝီရိယာရ မ္ဘ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၈၆။ ရဟန်းတို့ ဤအလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၈၇။ ရဟန်းတို့ ဤအလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈၈။ ရဟန်းတို့ ဤမရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၈၉။ ရဟန်းတို့ ဤရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၉၀။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'အယောနိသောမန သိကာရ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

၉၁။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'ယောနိသော မန့သိကာရ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

၉၂။ ရဟန်းတို့ ဤမဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

၉၃။ ရဟန်းတို့ ဤဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တေရသမသုတ်။

၉၄။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သ ကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စုဒ္ဒသမသုတ်။

၉၅။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'တရားသည် များစွာ အကျိုး ရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပန္နရသမသုတ်။

၉၆။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သောဠသမသုတ်။

၉၇။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တရသမသုတ်။

ကိုးခုမြောက် ပမာဒါဒိဝဂ် ပြီး၏။

------

၁၀-ဒုတိယ ပမာဒါဒိဝဂ်

၉၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း 'ပမာဒ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော အကြောင်းကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၉၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁၀၀။ ရဟန်းတို့ ဤပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၁၀၁။ ရဟန်းတို့ ဤထက်သန်သော လုံ့လ 'ဝီရိယာရ မ္ဘ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ 'ဝီရိယာရ မ္ဘ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၁၀၂-၁၀၉။ ရဟန်းတို့ ဤအလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ပ။ အလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည်။ မရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည်။ ရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည်။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'အယောနိ သောမနသိကာရ'တရားသည်။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'ယောနိသော မနသိကာရ'တရားသည်။ မဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည်။ ဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည်။

ဒွါဒသမသုတ်။

၁၁၀။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေ ခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

တေရသမသုတ်။

၁၁၁။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စုဒ္ဒသမသုတ်။

၁၁၂။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပန္နရသမသုတ်။

၁၁၃။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သောဠသမသုတ်။

၁၁၄။ ရဟန်းတို့ ဤမေ့လျော့ခြင်း 'ပမာဒ'တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း 'ပမာဒ'တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တရသမသုတ်။

၁၁၅။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌာရသမသုတ်။

၁၁၆။ ရဟန်းတို့ ဤပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဧကူနဝီသတိမသုတ်။

၁၁၇။ ရဟန်းတို့ ဤထက်သန်သော လုံ့လ 'ဝီရိယာရ မ္ဘ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ 'ဝီရိယာရ မ္ဘ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဝီသတိမသုတ်။

၁၁၈-၁၂၈။ ရဟန်းတို့ ဤအလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ပ။ အလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည်။ မရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည်။ ရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည်။ မသင့်လျော်သော အကြောင်းအား ဖြင့် နှလုံးသွင်းခြင်း 'အယောနိသော မနသိကာရ'တရားသည်။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းခြင်း 'ယောနိသော မနသိကာရ'တရားသည်။ မဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည်။ ဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည်။ အဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'တရားသည်။ အဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'တရားသည်။ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အား မထုတ်ခြင်းသည်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဧကတ္တိံသတိမသုတ်။

၁၂၉။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဗာတ္တိံသတိမသုတ်။

စတုက္ကောဋိက ပြီး၏။

------

၁၃၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မကို ''ဓမ္မ''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

တေတ္တိံသတိမသုတ်။

၁၃၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို ''အဓမ္မ''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္တိံသတိမသုတ်။

၁၃၂-၁၃၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယကို ''ဝိနယ''ဟု ပြကုန်၏။ပ။ ဝိနယကို ''အဝိနယ''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် ပြောအပ်၏''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မပြောအပ်''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို ''မြတ်စွာဘုရား အလေ့ အကျင့် ပြုအပ်၏''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို ''မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ် အပ်၏''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြ ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒွါစတ္တာလီသတိမသုတ်။

ဆယ်ခုမြောက် ဒုတိယ ပမာဒါဒိဝဂ် ပြီး၏။

------

၁။ သုတ္တန်ပရိယာယ်အားဖြင့် အကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် မဟုတ်မမှန်သော ဝတ္ထုဖြင့် စောဒနာခြင်းစသည်။

၂။ သုတ္တန်ပရိယာယ်အားဖြင့် ကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာခြင်းစသည်။

၃။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို မပယ်ခြင်း ပညာဖြင့် မဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုဝိပတ္တိ သီမာဝိပတ္တိစသည်။

၄။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို ပယ်ခြင်း ပညာဖြင့် ဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုသမ္ပပတ္တိ သီမာသမ္ပတ္တိစသည်။

၁၁-အဓမ္မဝဂ်

၁၄၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ္မကို ''အဓမ္မ''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁၄၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို ''ဓမ္မ''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁၄၂-၁၄၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယကို ''အဝိနယ''ဟု ပြကုန်၏။ပ။ ဝိနယကို ''ဝိနယ''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မပြောအပ်''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် ပြောအပ်၏''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို ''မြတ်စွာဘုရား အလေ့ အကျင့် မပြုအပ်''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို ''မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏''ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

တစ်ဆယ့်တစ်ခုမြောက် အဓမ္မဝဂ် ပြီး၏။

------

၁၂-အနာပတ္တိဝဂ်

၁၅၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်မဟုတ်သည်ကို ''အာပတ်''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁၅၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို ''အာပတ် မဟုတ်''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁၅၂-၁၅၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို ''လေးသော အာပတ်''ဟု ပြကုန်၏။ပ။ လေးသော အာပတ်ကို ''ပေါ့သော အာပတ်''ဟု ပြကုန်၏။ပ။ ရုန့်ရင်းသော အာပတ်ကို ''ရုန့်ရင်းသော အာပတ် မဟုတ်''ဟု ပြကုန်၏။ပ။ ရုန့်ရင်းသော အာပတ်မဟုတ်သည်ကို ''ရုန့်ရင်းသော အာပတ်''ဟု ပြကုန်၏။ပ။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို ''ကုစားခွင့် အကြွင်းမရှိသော အာပတ်''ဟု ပြကုန်၏။ပ။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို ''ကုစားခွင့် အကြွင်းရှိသော အာပတ်''ဟု ပြကုန်၏။ပ။ ကုစားကောင်းသော အာပတ်ကို ''မကုစားကောင်းသော အာပတ်''ဟု ပြကုန်၏။ပ။ မကုစားကောင်းသော အာပတ်ကို ''ကုစားကောင်းသော အာပတ်''ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထို ုရဟန်းတို့သည် ဤသာသနာ တော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

၁၆၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ် မဟုတ်သည်ကို ''အာပတ် မဟုတ်''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

၁၆၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို ''အာပတ်''ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုး ဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထို ့ရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

၁၆၂-၁၆၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို ''ပေါ့သော အာပတ်''ဟု ပြကုန်၏။ လေးသော အာပတ်ကို ''လေးသော အာပတ်''ဟု ပြကုန်၏။ ရုန့်ရင်းသော အာပတ်ကို ''ရုန့်ရင်းသော အာပတ်''ဟု ပြကုန်၏။ ရုန့်ရင်းသော အာပတ် မဟုတ်သည်ကို ''ရုန့်ရင်းသော အာပတ် မဟုတ်''ဟု ပြကုန်၏။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို ''ကုစားခွင့် အကြွင်းရှိသော အာပတ်''ဟု ပြကုန်၏။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို ''ကုစားခွင့် အကြွင်းမရှိသော အာပတ်''ဟု ပြကုန်၏။ ကုစားကောင်းသော အာပတ်ကို ''ကုစားကောင်းသော အာပတ်''ဟု ပြကုန်၏။ မကုစားကောင်းသော အာပတ်ကို ''မကုစားကောင်းသော အာပတ်''ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဝီသတိမသုတ်။

တစ်ဆယ့်နှစ်ခုမြောက် အနာပတ္တိဝဂ် ပြီး၏။

------

၁၃-ဧကပုဂ္ဂလဝဂ်

၁၇၀။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဉ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါး ဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဉ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

၁၇၁။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏။ အဘယ် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းနည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏ဟု (မိန့်တော်မူ၏)။ (၂)

၁၇၂။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီးလောက်သောသူ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီး လောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၃)

၁၇၃။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏။ အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းနည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက့်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ကွယ်လွန်ခြင်းတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏ဟု (မိန့်တော်မူ၏)။ (၄)

၁၇၄။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် 'ဒုတိယ' ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့် ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့် ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသူ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် 'ဒုတိယ' ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူ ရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့်ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့်ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့်မတူသူ ခပ်သိမ်းသောသတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာတူသူ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၅)

၁၇၅-၁၈၆။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အလင်း၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အရောင်၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ ခြောက်ပါးသော (ဒဿနာနုတ္တရိယ စသည့်) အတူမရှိ မြတ်သော တရားတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ လေးပါးသော ပဋိသမ္ဘိဒါဉာဏ်တို့ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်းသည် ဖြစ်၏၊ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်းသည် ဖြစ်၏၊ ဝိဇ္ဇာ ဝိမုတ္တိဖိုလ် ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ သောတာပတ္တ္တိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်တည်း။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၆-၁၇)

၁၈၇။ ရဟန်းတို့ ဤသာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သကဲ့သို့၊ ဤအတူ မြတ်စွာဘုရား လည်စေအပ်သော အတု မရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သော အခြားတစ်ဦးသော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ သာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက် ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၈)

တစ်ဆယ့်သုံးခုမြောက် ဧကပုဂ္ဂလဝဂ် ပြီး၏။

------

၁။ ပါရမီဂုဏ် ဘုန်းဂုဏ်တို့ကြောင့် ကြွင်းသော သတ္တဝါတို့နှင့် မတူမူ၍ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသဖြင့် နှစ်ဦးမြောက် ဒုတိယပုဂ္ဂိုလ် မရှိသောကြောင့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဟု ဆိုသည်။

၂။ ဖိုလ်စိတ်နှင့်ယှဉ်သောဉာဏ် ဖိုလ်ဉာဏ်။

၃။ ဖိုလ်ဉာဏ်မှ ကြွင်းသော သမ္မယုတ်တရားများ။

၁၄-ဧတဒဂ္ဂဝဂ် ၁-ပဌမဝဂ်

၁၈၈။ ရဟန်းတို့ ညဉ့်တို့ကို သိကုန် 'ရဟန်းဝါရင့်ကုန်'သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အညာသိကောဏ္ဍညသည် ရှိ၏၊ ထို အညာသိကောဏ္ဍညသည် အမြတ်ဆုံးပေတည်း။ (၁)

၁၈၉။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာရိပုတြာသည် ရှိ၏၊ ထို သာရိပုတြာသည် အမြတ်ဆုံးပေတည်း။ (၂)

၁၉၀။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာမောဂ္ဂလာန်သည် ရှိ၏၊ ထို မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးပေတည်း။ (၃)

၁၉၁။ ဓုတဂုဏ် ဓုတဝါဒဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကဿပသည် ရှိ၏၊ ထို မဟာကဿပသည် အမြတ်ဆုံးပေတည်း။ (၄)

၁၉၂။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အနုရုဒ္ဓါသည် ရှိ၏၊ ထို အနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း။ (၅)

၁၉၃။ မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကာဠိဂေါဓာအမည်ရှိသော သာကီဝင်မင်းသမီး၏သား အကြင် ဘဒ္ဒိယသည် ရှိ၏၊ ထို ဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ (၆)

၁၉၄။ သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် လကုဏ္ဍကဘဒ္ဒိယသည် ရှိ၏၊ ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ (၇)

၁၉၅။ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါး မြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိဏ္ဍောလဘာရဒွါဇသည် ရှိ၏၊ ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံးပေတည်း။ (၈)

၁၉၆။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား အကြင် ပုဏ္ဏသည် ရှိ၏၊ ထို ပုဏ္ဏသည် အမြတ်ဆုံးပေတည်း။ (၉)

၁၉၇။ အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ် သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကစ္စာနသည် ရှိ၏၊ ထို မဟာကစ္စာနသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

ပဌမဝဂ် ပြီး၏။

------

၁။ ရဟန်းဘဝဖြင့် နေခဲ့သောညဉ့်တရားရပြီး သေက္ခဘဝ ရဟန္တာဘဝနေခဲ့သော ညဉ့်တို့ကို သိကုန် ရေတွက်မှတ်သားမိကုန်သောဟု ဆိုလိုသည်။

၂။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ခြင်းသည် ဓုတဂုဏ်။

၃။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ဖျက်ဆီးရန် ဟောပြောခြင်းသည် ဓုတဝါဒမည်၏။

၁၄-ဧတဒဂ္ဂ္ဂဝဂ် ၂- ဒုတိယဝဂ်

၁၉၈။ ရဟန်းတို့ စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ (၁)

၁၉၉။ ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ (၂)

၂၀၀။ အရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာပန္ထကသည် ရှိ၏၊ ထို မဟာပန္ထကသည် အမြတ်ဆုံးပေတည်း။ (၃)

၂၀၁။ ကိလေသာကင်းသော နေခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ (၄)

၂၀၂။ မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ (၅)

၂၀၃။ တောကျောင်း၌ နေကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ခဒိရဝနိယရေဝတသည် ရှိ၏၊ ထို ခဒိရဝနိယရေဝတသည် အမြတ်ဆုံးပေတည်း။ (၆)

၂၀၄။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကင်္ခါရေဝတသည် ရှိ၏၊ ထို ကင်္ခါရေဝတသည် အမြတ်ဆုံးပေတည်း။ (၇)

၂၀၅။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ ဖြစ်သော အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ (၈)

၂၀၆။ ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသောအကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ (၉)

၂၀၇။ လာဘ်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သီဝလိသည် ရှိ၏၊ ထို သီဝလိသည် အမြတ်ဆုံးပေတည်း။ (၁၀)

၂၀၈။ သဒ္ဓါတရား အားကြီးကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝက္ကလိသည် ရှိ၏၊ ထို ဝက္ကလိသည် အမြတ်ဆုံးပေတည်း။ (၁၁)

ဒုတိယဝဂ် ပြီး၏။

------

၁။ လူဖြစ်စဉ်က တစ်ကုဋေတန်သော နားတန်ဆာကို ဝတ်ဆင်သောကြောင့် ဤအမည်ကို ရသည်။

၁၄-ဧတဒဂ္ဂဝဂ် ၃-တတိယဝဂ်

၂၀၉။ ရဟန်းတို့ အကျင့်သိက္ခာကို လိုလားကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဟုလာသည် ရှိ၏။ ထို ရာဟုလာသည် အမြတ်ဆုံးပေတည်း။ (၁)

၂၁၀။ သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလသည် ရှိ၏။ ထို ရဋ္ဌပါလသည် အမြတ်ဆုံးပေတည်း။ (၂)

၂၁၁။ စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။ (၃)

၂၁၂။ ဆန်းကြယ်သော ဉာဏ် 'ပဋိဘာန်' ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝင်္ဂီသသည် ရှိ၏။ ထို ဝင်္ဂီသသည် အမြတ်ဆုံးပေတည်း။ (၄)

၂၁၃။ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား အကြင် ဥပသေနသည် ရှိ၏။ ထို ဥပသေနသည် အမြတ်ဆုံးပေတည်း။ (၅)

၂၁၄။ ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင် ဒဗ္ဗသည် ရှိ၏၊ ထို ဒဗ္ဗသည် အမြတ်ဆုံးပေတည်း။ (၆)

၂၁၅။ နတ်တို့ ချစ်ခင်မြတ်နိုးအပ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိလိန္ဒဝစ္ဆသည် ရှိ၏၊ ထို ပိလိန္ဒဝစ္ဆသည် အမြတ်ဆုံးပေတည်း။ (၇)

၂၁၆။ လျင်မြန်စွာရသော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဗာဟိယတိုင်းသား အကြင် ဒါရုစီရိယသည် ရှိ၏၊ ထို ဒါရုစီရိယသည် အမြတ်ဆုံးပေတည်း။ (၈)

၂၁၇။ ဆန်းကြယ်စွာတရားဟောပြောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုမာရကဿပသည် ရှိ၏၊ ထို ကုမာရကဿပသည် အမြတ်ဆုံးပေတည်း။ (၉)

၂၁၈။ ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကောဋ္ဌိကသည် ရှိ၏၊ ထို မဟာကောဋ္ဌိကသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

တတိယဝဂ် ပြီး၏။

------

၁၄-ဧတဒဂ္ဂဝဂ် ၄-စတုတ္ထဝဂ်

၂၁၉။ ရဟန်းတို့ အကြားအမြင်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၁)

၂၂၀။ (ငါ၏ စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့်) သတိရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၂)

၂၂၁။ (ငါဟောအပ်သည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို) သိစွမ်းနိုင်သည့် ပညာရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၃)

၂၂၂။ (ငါ၏ စကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ငါ့ကို ဆည်းကပ်လုပ်ကျွေးခြင်းတို့၌) လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၄)

၂၂၃။ (ငါ့အား) လုပ်ကျွေးသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၅)

၂၂၄။ များသော ပရိသတ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥရုဝေလကဿပသည် ရှိ၏၊ ထို ဥရုဝေလကဿပသည် အမြတ်ဆုံးပေတည်း။ (၆)

၂၂၅။ ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကာဠုဒါယီသည် ရှိ၏၊ ထို ကာဠုဒါယီသည် အမြတ်ဆုံးပေတည်း။ (၇)

၂၂၆။ အနာရောဂါကင်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဗာကုလသည် ရှိ၏၊ ထို ဗာကုလသည် အမြတ်ဆုံးပေတည်း။ (၈)

၂၂၇။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သောဘိတသည် ရှိ၏၊ ထို သောဘိတသည် အမြတ်ဆုံးပေတည်း။ (၉)

၂၂၈။ ဝိနည်းကိုဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥပါလိသည် ရှိ၏၊ ထို ဥပါလိသည် အမြတ်ဆုံးပေတည်း။ (၁၀)

၂၂၉။ ဘိက္ခုနီမတို့ကို ဆုံးမကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒကသည် ရှိ၏၊ ထို နန္ဒကသည် အမြတ်ဆုံးပေတည်း။ (၁၁)

၂၃၀။ ဣန္ဒြေကို စောင့်စည်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒသည် ရှိ၏၊ ထို နန္ဒသည် အမြတ်ဆုံးပေတည်း။ (၁၂)

၂၃၁။ ရဟန်းယောက်ျားတို့ကို ဆုံးမတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာ ကပ္ပိနသည် ရှိ၏၊ ထို မဟာကပ္ပိနသည် အမြတ်ဆုံးပေတည်း။ (၁၃)

၂၃၂။ တေဇောဓာတ်ဝင်စားရာ၌ ကျွမ်းကျင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာဂတသည် ရှိ၏၊ ထို သာဂတသည် အမြတ်ဆုံးပေတည်း။ (၁၄)

၂၃၃။ တရားကို ထင်မြင်လွယ်သော ဉာဏ် 'ပဋိဘာန်'နှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဓသည် ရှိ၏၊ ထို ရာဓသည် အမြတ်ဆုံးပေတည်း။ (၁၅)

၂၃၄။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မောဃရာဇသည် ရှိ၏၊ ထို မောဃရာဇသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၆)

စတုတ္ထဝဂ် ပြီး၏။

------

၁။ ပဋိဝေဓပဋိဘာန်ကို ဆိုသည်။

၂။ ချည် အထည် ဆိုးရည်အားဖြင့် သုံးမျိုးလုံးညံ့သောဟု ဆိုလိုသည်။

၁၄-ဧတဒဂ္ဂဝဂ် ၅-ပဉ္စမဝဂ်

၂၃၅။ ရဟန်းတို့ ညဉ့်တို့ကို သိကုန် ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် မဟာပဇာပတိဂေါတမီသည် ရှိ၏၊ ထို မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးပေတည်း။ (၁)

၂၃၆။ ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ခေမာသည် ရှိ၏၊ ထို ခေမာသည် အမြတ်ဆုံးပေတည်း။ (၂)

၂၃၇။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဥပ္ပလဝဏ်သည် ရှိ၏၊ ထို ဥပ္ပလဝဏ်သည် အမြတ်ဆုံးပေတည်း။ (၃)

၂၃၈။ ဝိနည်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ပဋာစာရီသည် ရှိ၏၊ ထို ပဋာစာရီသည် အမြတ်ဆုံးပေတည်း။ (၄)

၂၃၉။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဓမ္မဒိန္နာသည် ရှိ၏၊ ထို ဓမ္မဒိန္နာသည် အမြတ်ဆုံးပေတည်း။ (၅)

၂၄၀။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် နန္ဒာသည် ရှိ၏၊ ထို နန္ဒာသည် အမြတ်ဆုံးပေတည်း။ (၆)

၂၄၁။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သောဏာသည် ရှိ၏၊ ထို သောဏာသည် အမြတ်ဆုံးပေတည်း။ (၇)

၂၄၂။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဗကုလာသည် ရှိ၏၊ ထို ဗကုလာသည် အမြတ်ဆုံးပေတည်း။ (၈)

၂၄၃။ လျင်မြန်စွာရအပ်သော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် ရှိ၏၊ ထို ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အမြတ်ဆုံး ပေတည်း။ (၉)

၂၄၄။ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါကာပိလာနီသည် ရှိ၏၊ ထို ဘဒ္ဒါကာပိလာနီသည် အမြတ်ဆုံးပေတည်း။ (၁၀)

၂၄၅။ မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒကစ္စာနာသည် ရှိ၏၊ ထို ဘဒ္ဒကစ္စာနာသည် အမြတ်ဆုံးပေတည်း။ (၁၁)

၂၄၆။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ကိသာဂေါတမီသည် ရှိ၏၊ ထို ကိသာဂေါတမီသည် အမြတ်ဆုံးပေတည်း။ (၁၂)

၂၄၇။ သဒ္ဓါတရားအားကြီးကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သိင်္ဂါလကမာတာသည်ရှိ၏၊ ထို သိင်္ဂါလကမာတာသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၃)

ပဉ္စမဝဂ် ပြီး၏။

------

၁။ မိထွေးတော်ဂေါတမီ၏သမီး ဇနပဒကလျာဏီပင် ဖြစ်သည်။

၂။ ရာဟုလာ၏ မယ်တော် ယသော်ဓရာတည်း။

၁၄-ဧတဒဂ္ဂဝဂ် ၆-ဆဋ္ဌဝဂ်

၂၄၈။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ်ဆည်းကပ်ခြင်း 'သရဏဂုံ' သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် တပုကဿနှင့်ဘလ္လိကကုန်သည်တို့သည် ရှိကုန်၏၊ ထို တပုဿနှင့်ဘလ္လိကကုန်သည် တို့သည် အမြတ်ဆုံးပေတည်း။ (၁)

၂၄၉။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သုဒတ္တမည်သော အကြင် အနာထပိဏ်သူကြွယ်သည် ရှိ၏၊ ထို အနာထပိဏ်သူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၂)

၂၅၀။ တရားဟောတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် မစ္ဆိကာသဏ္ဍမြို့သား အကြင် စိတ္တသူကြွယ်သည် ရှိ၏၊ ထို စိတ္တသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၃)

၂၅၁။ သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် ဟတ္ထကအာဠဝကသည် ရှိ၏၊ ထို ဟတ္ထကအာဠဝကသည် အမြတ်ဆုံးပေတည်း။ (၄)

၂၅၂။ မွန်မြတ်သောဝတ္ထုကို ပေးလှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင် မင်းမျိုးဖြစ်သော အကြင် မဟာနာမ်သည် ရှိ၏၊ ထို မဟာနာမ်သည် အမြတ်ဆုံးပေတည်း။ (၅)

၂၅၃။ နှစ်သက်ဖွယ် ဝတ္ထုကို လှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဝေသာလီပြည်သား အကြင် ဥဂ္ဂသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၆)

၂၅၄။ သံဃာကို လုပ်ကျွေးတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဟတ္ထိရွာသား အကြင် ဥဂ္ဂတသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂတသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၇)

၂၅၅။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် သုရဗန္ဓသည် ရှိ၏၊ ထို သုရဗန္ဓသည် အမြတ်ဆုံးပေတည်း။ (၈)

၂၅၆။ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အဘယမင်းသား မွေးစားအပ်သော အကြင် ဇီဝကသည် ရှိ၏၊ ထို ဇီဝကသည် အမြတ်ဆုံးပေတည်း။ (၉)

၂၅၇။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် နကုလပိတာ သူကြွယ်သည် ရှိ၏၊ ထို နကုလပိတာ သူကြွယ်သည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

ဆဋ္ဌဝဂ် ပြီး၏။

------

၁။ သုရမ္ဗဋ္ဌဟု အဋ္ဌကထာ၌ ရှိ၏။

၁၄-ဧတဒဂ္ဂဝဂ် ၇-သတ္တမဝဂ်

၂၅၈။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း 'သရဏဂုံ' သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် သေနိယသူဌေး၏သမီး အကြင် သုဇာတာသည် ရှိ၏၊ ထိုသူဌေးသမီးသုဇာတာသည် အမြတ်ဆုံးပေတည်း။ (၁)

၂၅၉။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရသူဌေး၏ အမိ အရာ၌ တည်သော အကြင် ဝိသာခါသည် ရှိ၏၊ ထို ဝိသာခါသည် အမြတ်ဆုံးပေတည်း။ (၂)

၂၆၀။ အကြားအမြင် များကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် ခုဇ္ဇုတ္တရာသည် ရှိ၏၊ ထို ခုဇ္ဇုတ္တရာသည် အမြတ်ဆုံးပေတည်း။ (၃)

၂၆၁။ မေတ္တာစိတ်ဖြင့် နေလေ့ရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သာမာဝတီသည် ရှိ၏၊ ထို သာမာဝတီသည် အမြတ်ဆုံးပေတည်း။ (၄)

၂၆၂။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် နန္ဒသတို့သား၏ မိခင် အကြင် ဥတ္တရာသည် ရှိ၏၊ ထို ဥတ္တရာသည် အမြတ်ဆုံးပေတည်း။ (၅)

၂၆၃။ မွန်မြတ်သော ဝတ္ထုကို ပေးလှူကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကောလိယမင်း၏သမီး အကြင် သုပ္ပဝါသာသည် ရှိ၏၊ ထို သုပ္ပဝါသာသည် အမြတ်ဆုံးပေတည်း။ (၆)

၂၆၄။ သူနာကို လုပ်ကျွေးပြုစုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သုပ္ပိယာ ဥပါသိကာမသည် ရှိ၏၊ ထို သုပ္ပိယာဥပါသိကာမသည် အမြတ်ဆုံးပေတည်း။ (၇)

၂၆၅။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ်ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် ကာတိယာနီသည် ရှိ၏၊ ထို ကာတိယာနီသည် အမြတ်ဆုံးပေတည်း။ (၈)

၂၆၆။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် နကုလမာတာ သူကြွယ်မသည် ရှိ၏၊ ထို နကုလမာတာ သူကြွယ်မသည် အမြတ်ဆုံးပေတည်း။ (၉)

၂၆၇။ တစ်ဆင့်စကားဖြင့် ကြည်ညိုခြင်းရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကုလဃရမြို့သူ အကြင် ကာဠီဥပါသိကာမသည် ရှိ၏၊ ထို ကာဠီဥပါသိကာမသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

သတ္တမဝဂ် ပြီး၏။

ဧတဒဂ္ဂဝဂ် ပြီး၏။

------

၁၅-အဋ္ဌာနပါဠိ၁-ပဌမဝဂ်

၂၆၈။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

၂၆၉။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂)

၂၇၀။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော တရားကို အတ္တဟုယူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော တရား ကို အတ္တဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၃)

၂၇၁။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အမိကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် အမိကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄)

၂၇၂။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဖကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် အဖကို သတ်ရာသော အကြောင်းအခွင့်ကား့ရှိ၏ဟု (မိန့်တော်မူ၏)။ (၅)

 

၂၇၃။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၆)

၂၇၄။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှား လိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

၂၇၅။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သံဃာကို သင်းကွဲစေရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် သံဃာကို သင်းကွဲစေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈)

၂၇၆။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ တစ်ပါးသော သူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ တစ်ပါးသောသူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၉)

၂၇၇။ ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားနှစ်ဆူတို့သည် မရှေး မနှောင်း ပွင့်တော်မူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁၀)

ပဌမဝဂ် ပြီး၏။

------

၁။ သဗ္ဗညုမြတ်စွာဘုရားတို့၏ ဂုဏ်တန်ခိုးတော် ကြီးကျယ်သောကြောင့်တည်း။

၁၅-အဋ္ဌာနပါဠိ ၂-ဒုတိယဝဂ်

၂၇၈။ ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်း နှစ်ပါးတို့ မရှေး မနှောင်း ဖြစ်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်း တစ်ပါးတည်းသာ ဖြစ်ပေါ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

၂၇၉။ ရဟန်းတို့ မိန်းမသည် ပူဇော်အထူးကို ခံတော်မူသော ဘုရားဖြစ်ရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းတို့ ယောက်ျားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂)

၂၈၀။ ရဟန်းတို့ မိန်းမသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ယောက်ျားသည် စကြဝတေးမင်းဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၃)

၂၈၁-၂၈၃။ ရဟန်းတို့ မိန်းမသည် သိကြားမင်း ဖြစ်ရာသော။ပ။ မာရ်မင်း ဖြစ်ရာသော။ပ။ ဗြဟ္မာကြီးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ယောက်ျားသည် သိကြားမင်း ဖြစ်ရာ သော။ပ။ မာရ်မင်းဖြစ်ရာသော။ပ။ ဗြဟ္မာကြီးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄-၆)

၂၈၄။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအမှု 'ကာယဒုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအမှု 'ကာယဒုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးသာ ဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

၂၈၅-၂၈၆။ ရဟန်းတို့ နှုတ်ဖြင့် ပြုအပ်သော မကောင်းသောအမှု 'ဝစီဒုစရိုက်'၏။ပ။ စိတ်ဖြင့် ပြု အပ်သော မကောင်းသောအမှု 'မနောဒုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ စိတ်ဖြင့် ပြုအပ်သော မကောင်းသောအမှု 'မနောဒုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈-၉)

ဒုတိယဝဂ် ပြီး၏။

------

၁၅-အဋ္ဌာနပါဠိ ၃-တတိယဝဂ်

၂၈၇။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အမှု 'ကာယသုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအမှု 'ကာယသုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေ တတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

၂၈၈-၂၈၉။ ရဟန်းတို့ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု 'ဝစီသုစရိုက်'၏။ပ။ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု 'မနောသုစရိုက်'၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ် သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု 'မနောသုစရိုက်'၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂-၃)

၂၉၀။ ရဟန်းတို့ ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယဒုစရိုက်ဟူသော) အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယ ဒုစရိုက်ဟူသော) အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄)

၂၉၁-၂၉၂။ ရဟန်းတို့ ဝစီဒုစရိုက်နှင့် ပြည့်စုံသော သူသည်။ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောဒုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ မနောဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောဒုစရိုက်) ဟူသော အကြောင်းကြောင့် ထို (မနောဒုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၅-၆)

၂၉၃။ ရဟန်းတို့ ကာယသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက် ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကာယသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယ သုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

၂၉၄-၂၉၅။ ရဟန်းတို့ ဝစီသုစရိုက်နှင့် ပြည့်စုံသော သူသည်။ပ။ မနောသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ မနော သုစရိုက်နှင့် ပြည့်စုံသော သူသည် (ထို မနောသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောသုစရိုက်) ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်း အခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈-၉)

တတိယဝဂ် ပြီး၏။

အဋ္ဌာနပါဠိ ပြီး၏။

------

၁။ ချိုသော မျိုးစေ့မှ ခါးသောအသီး ဖြစ်ရိုး မရှိသကဲ့သို့ပင်တည်း။

၁၆-ဧကဓမ္မပါဠိ ၁-ပဌမဝဂ်

၂၉၆။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာ တို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိတရားတည်း။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော ဤတစ်ခုသော (ဗုဒ္ဓါနုဿတိ) တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာ ယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

၂၉၇။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- တရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဓမ္မာနုဿတိတရားတည်း။ပ။ သံဃာ၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း သံဃာနုဿတိတရားတည်း။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း သီလာ နုဿတိတရားတည်း။ မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း စာဂါနုဿတိတရားတည်း။ နတ်တို့၏ သဒ္ဓါအစရှိသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဒေဝတာနုဿတိတရားတည်း။ ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း အာနာပါနဿတိတရားတည်း။ သေခြင်းကို အဖန်ဖန် အောက်မေ့ခြင်း မရဏဿတိတရားတည်း။ ဆံအစရှိသော ရုပ်အစုကို အောက် မေ့ခြင်း ကာယဂတာသတိတရားတည်း။ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိ့တရားတည်း။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သော ဤတစ်ခုသော တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၀)

ပဌမဝဂ် ပြီး၏။

------

၁၆-ဧကဓမ္မပါဠိ ၂-ဒုတိယဝဂ်

၂၉၈။ ရဟန်းတို့ ဤမှားသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှားသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ' အယူရှိသော သူအား မဖြစ်ပေါ် သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၂၉၉။ ရဟန်းတို့ ဤမှန်သောမြင်ခြင်း 'သမ္မာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာဖြစ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှန်သော မြင်ခြင်း 'သမ္မာဒိဋ္ဌိ' အယူရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

၃၀၀။ ရဟန်းတို့ ဤမှားသောမြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှားသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ' အယူရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

၃၀၁။ ရဟန်းတို့ ဤမှန်သောမြင်ခြင်း 'သမ္မာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှန်သော မြင်ခြင်း 'သမ္မာဒိဋ္ဌိ' အယူရှိသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)

၃၀၂။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'အယောနိသော မနသိကာရ'တရားသည် မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း့ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရားသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရားသည်လည်း တိုးပွါး၏ဟု (မိန့်တော်မူ၏)။ (၅)

၃၀၃။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'ယောနိသောမနသိကာရ'တရားသည် မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရားသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရားသည်လည်း တိုးပွါး၏ဟု (မိန့်တော်မူ၏)။ (၆)

၃၀၄။ ရဟန်းတို့ ဤမှားသောမြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ'တရားသည် သတ္တဝါတို့ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ သတ္တဝါတို့ ငရဲသို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မှားသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ' အယူရှိကုန်သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျ ရောက်ရာ ငရဲသို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။ (၇)

၃၀၅။ ရဟန်းတို့ ဤမှန်သောမြင်ခြင်း 'သမ္မာဒိဋ္ဌိ'တရားသည် သတ္တဝါတို့ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ သတ္တဝါတို့ နတ်ပြည်သို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှန်သော မြင်ခြင်း 'သမ္မာဒိဋ္ဌိ' အယူရှိကုန်သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။ (၈)

၃၀၆။ ရဟန်းတို့ မှားသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ' အယူရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့် အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုအပ်သော အကြင် ကာယကံသည်လည်းကောင်း၊ နှုတ်ဖြင့် ပြောဆို အပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း 'စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း 'ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက်တည်ခြင်း 'ပဏိဓိ'သည်လည်းကောင်း အကြင် ပြုပြင်ခြင်း 'သင်္ခါရ' တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရား တို့သည် မလိုလားခြင်းငှါ မနှစ်သက်ခြင်းငှါ နှလုံးကို မပွါးစေခြင်းငှါ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ မိစ္ဆာဒိဋ္ဌိအယူသည် ယုတ် ညံ့သည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ စိုက်ပျိုးအပ်သော တမာမျိုးစေ့သည်လည်းကောင်း၊ သပွတ်ခါးမျိုးစေ့သည်လည်းကောင်း၊ ဘူးခါးမျိုးစေ့သည်းလည်းကောင်း အကြင် မြေဩဇာကိုလည်း ယူ၏၊ အကြင် ရေဩဇာကိုလည်း ယူ၏၊ ထို အလုံးစုံသော မြေဩဇာ ရေဩဇာသည် ခါးခြင်း သက်ခြင်း မချိုခြင်းငှါ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ မျိုးစေ့သည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း။ နှုတ်ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူ အားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော စိတြ်ဖင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း 'စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း 'ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကိုဆောက်တည်ခြင်း 'ပဏိဓိ'သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း 'သင်္ခါရ' တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရားတို့သည် မလိုလားခြင်းငှါ မနှစ်သက်ခြင်းငှါ နှလုံးကို မပွါးစေခြင်းငှါ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ မိစ္ဆာဒိဋ္ဌိအယူသည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၉)

၃၀၇။ ရဟန်းတို့ မှန်သော မြင်ခြင်း 'သမ္မာဒိဋ္ဌိအယူ' ရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း၊ နှုတ် ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည် အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း 'စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း 'ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက်တည်ခြင်း 'ပဏိဓိ'သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း 'သင်္ခါရ' တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရားတို့သည် လိုလားခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကိုပွါးစေခြင်းငှါ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ သမ္မာဒိဋ္ဌိအယူသည် ကောင်းမြတ်သည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ စိုက်ပျိုး အပ်သော ကြံမျိုးစေ့သည်လည်းကောင်း၊ သလေးမျိုးစေ့သည်လည်းကောင်း၊ သပျစ်မျိုးစေ့သည်လည်းကောင်း အကြင် မြေဩဇာကိုလည်း ယူ၏၊ အကြင် ရေဩဇာကိုလည်း ယူ၏၊ ထို အလုံးစုံသော မြေဩဇာ ရေဩဇာသည် သာယာခြင်းငှါ ချိုမြိန်ခြင်းငှါ (အခြား) သွန်းလောင်းဖွယ်မရှိခြင်းငှါ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ မျိုးစေ့သည် ကောင်းသည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် မှန်သောမြင်ခြင်း 'သမ္မာဒိဋ္ဌိအယူ' ရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း။ပ။ နှုတ်ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက် တည်အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း 'စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း 'ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက် တည်ခြင်း 'ပဏိဓိ'သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း 'သင်္ခါရ' တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံ ကုန်သော ထိုတရားတို့သည် လိုလားခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကိုပွါးစေခြင်းငှါ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ သမ္မာ ဒိဋ္ဌိအယူသည် ကောင်းမြတ်သည်သာ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၀)

ဒုတိယဝဂ် ပြီး၏။

------

၁၆-ဧကဓမ္မပါဠိ ၃-တတိယဝဂ်

၃၀၈။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ဖောက်ပြန်သော အားဖြင့် မြင်တတ်သော မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို သူတော်ကောင်းတရားမှ ကင်းကွာစေ၍ မသူတော်တရား၌ တည်စေ၏။

ရဟန်းတို့ မိစ္ဆာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

၃၀၉။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- မဖောက်ပြန်သော အားဖြင့် မြင်တတ်သော သမ္မာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို မသူတော်တရားမှ ကင်းကွာစေ၍ သူတော်ကောင်းတရား၌ တည်စေ၏။ ရဟန်းတို့ သမ္မာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂)

၃၁၀။ ရဟန်းတို့ ဤမှားသောမြင်ခြင်း 'မိစ္ဆာဒိဋ္ဌိ'သည် ကြီးလေးသော အပြစ်ရှိသကဲ့သို့၊ ဤအတူ ကြီးလေးသော အပြစ်ရှိသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကြီးလေးသော အပြစ်ရှိသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

၃၁၁။ ရဟန်းတို့ ဤ(မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သော မက္ခလိဂေါသာလသည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သကဲ့သို့၊ ဤအတူ ကျင့်သော အခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ များစွာသော ငါးတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ မြစ်ဆုံမြစ်ဝ၌ မြှုံးကို ဖွဲ့နှောင်၍ ထားသကဲ့သို့၊ ဤအတူသာလျှင် များစွာ သော သတ္တဝါတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ (မဂ်ဖိုလ်မှ) အချည်းနှီးသော မက္ခလိဂေါသာလသည် လောက၌ ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။ (၄)

၃၁၂။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက်တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၅)

၃၁၃။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက် တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာ သော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရား ကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၆)

၃၁၄။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အလှူပေးပုဂ္ဂိုလ်သည် အတိုင်း အရှည်ကို သိရမည်၊ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၇)

၃၁၅။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရမည်၊ အလှူပေးပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၈)

၃၁၆။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၉)

၃၁၇။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၀)

၃၁၈။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၁)

၃၁၉။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လ ရှိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၂)

၃၂၀။ ရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီးကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ (၁၃)

၃၂၁။ ရဟန်းတို့ အနည်းငယ်မျှသော ကျင်ငယ်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော တံတွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော ပြည်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော သွေးသည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ (၁၄)

တတိယဝဂ် ပြီး၏။

------

၁၆-ဧကဓမ္မပါဠိ ၄-စတုတ္ထဝဂ်

၃၂၂။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သောမြေ သွားလာ ကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သော တောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ကြည်းကုန်း၌ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ရေ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ (၁)

၃၂၃။ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ တစ်ပါးသော အပါယ်ဘုံ၌ ဖြစ်သော သတ္တဝါတို့သည် သာ များကုန်၏။ ရဟန်းတို့ ဤအတူပင်လျှင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား တိုင်းစွန်ပြည်နား ဇနပုဒ်အရပ် သစ္စာလေးပါးကို မသိနိုင်ကုန်သော လူရိုင်း (မိလက္ခု) တို့၌ ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ (၂)

၃၂၄။ ရဟန်းတို့ ဤအတူပင်လျှင် မထိုင်းမှိုင်းကုန် မဆွံ့ မအကုန်သော ကောင်းစွာ ဆိုအပ်သော စကားမကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို သိနိုင်ကုန်သော ပညာရှိပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ထိုင်းမှိုင်းကုန် ဆွံ့အကုန်သော ကောင်းစွာ ဆိုအပ်သော စကား မကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို မသိနိုင်ကုန်သော ပညာမဲ့ပုဂ္ဂိုလ်တို့သာ များကုန်၏။ (၃)

၃၂၅။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား အဝိဇ္ဇာအမိုက်တိုက်သို့ ရောက်ကုန်၍ တွေဝေကုန်သော သတ္တဝါတို့သာ များကုန်၏။ (၄)

၃၂၆။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရားကို ဖူးမြော်ရကုန်သော သတ္တဝါတို့သည် အနည်း ငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရားကို မဖူးမြော်ရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၅)

၃၂၇။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယကို ကြားနာ ရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရား ဟောကြား အပ်သော ဓမ္မဝိနယကို မကြားနာရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၆)

၃၂၈။ ရဟန်းတို့ ဤအတူပင်လျှင် ကြားနာရ၍တရားကို ဆောင်ထားကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ကြားနာရ၍တရားကို ဆောင်မထားကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၇)

၃၂၉။ ရဟန်းတို့ ဤအတူပင်လျှင် ဆောင်ထားသော တရားတို့၏ အနက်ကို စုံစမ်း စိစစ်ကြကုန် သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ဆောင်ထားသော တရားတို့၏ အနက်ကို မစုံစမ်း မစိစစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၈)

၃၃၀။ ရဟန်းတို့ ဤအတူပင်လျှင် ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို ကျင့်ကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို မကျင့်ကြကုန်သော သတ္တဝါတို့သာ များ ကုန်၏။ (၉)

၃၃၁။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်း တို့၌ ထိတ်လန့်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်းတို့၌ မထိတ်လန့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၀)

၃၃၂။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ကုန်သည် ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားထုတ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားမထုတ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၁)

၃၃၃။ ရဟန်းတို့ ဤအတူပင်လျှင် နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ် သမာဓိကို ရကြကုန် စိတ်၏ တည် ကြည်ခြင်းကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ်သမာဓိကို မရကြကုန် စိတ်၏ တည်ကြည်ခြင်းကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၂)

၃၃၄။ ရဟန်းတို့ ဤအတူပင်လျှင် မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာတို့ကို ရကြကုန် သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာ တို့ကို မရကြကုန်မူ၍ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်းဖြင့်လည်းကောင်း၊ သစ်သီးကြီးငယ်ဖြင့်လည်းကောင်း မျှတကြရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၃)

၃၃၅။ ရဟန်းတို့ ဤအတူပင်လျှင် ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို မရကြကုန်သော သတ္တဝါတို့ သာ များကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ဤသာသနာတော်၌ ဤသို့လျှင် ''ဖိုလ်တည်းဟူသော အရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရရှိသူတို့ ဖြစ်ကြကုန်အံ့''ဟု ကျင့်ရ မည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ (၁၄)

၃၃၆-၃၃၈။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက်သောမြေ သွားလာကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သောတောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ပင် တစ်ဖန် ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်ပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၅-၁၇)

၃၃၉-၃၄၁။ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၈-၂၀)

၃၄၂-၃၄၄။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၁-၂၃)

၃၄၅-၃၄၇။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ လူ့ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၄-၂၆)

၃၄၈-၃၅၀။ ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ လူ့ဘုံတို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၇-၂၉)

၃၅၁-၃၅၃။ ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါ တို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၀-၃၂)

၃၅၄-၃၅၆။ ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၃-၃၅)

၃၅၇-၃၅၉။ ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၆-၃၈)

၃၆၀-၃၆၂။ ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး ၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၉-၄၁)

၃၆၃-၃၆၅။ ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ဟု (မိန့်တော်မူ၏)။ (၄၂-၄၄)

စတုတ္ထဝဂ် ပြီး၏။

(ဇမ္ဗုဒီပ ပေယျာလ ပြီး၏။)

------

၁၇-ပသာဒကရဓမ္မဝဂ်

၃၆၆-၃၈၁။ ရဟန်းတို့ တော၌နေသော ရဟန်း၏ အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်း ဖြစ်၏။ပ။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သော ရဟန်း၏ အဖြစ်သည်။ ပံ့သကူသင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ တိစီဝရိက်သင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ တရားဟောသော ရဟန်း၏ အဖြစ်သည်။ ဝိနည်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ အကြားအမြင်များသော ရဟန်း၏ အဖြစ်သည်။ (သိက္ခာဝါရင့်၍) ထာဝရတည်မြဲခြင်းသို့ ရောက်သော ရဟန်း၏ အဖြစ်သည်။ (ရဟန်းတို့၏) ကြည်ညိုဖွယ် အသွင်အပြင်နှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ စင်ကြယ်သော ခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ များမြတ်သော အခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ အမျိုးကောင်းသား ရဟန်း၏ အဖြစ်သည်။ ကိုယ်အဆင်းနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ ချိုသာ သော စကားရှိသော ရဟန်း၏ အဖြစ်သည်။ အလိုနည်းသော ရဟန်း၏ အဖြစ်သည်။ ကျန်းမာခြင်းနှင့် ပြည့်စုံသော ရဟန်း၏အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်းဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁-၁၆)

ပသာဒကရဓမ္မဝဂ် (ကြည်ညိုခြင်းကို ပြုတတ်သော တရားစု) ပြီး၏။

------

၁၈- အပရအစ္ဆရာသင်္ဃာတဝဂ်

၃၈၂။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း အကယ်၍ ပဌမဈာန်ကို ပွါးများငြားအံ့၊ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဉ်းခြင်း မရှိမူ၍ နေသော ရဟန်းဟူ၍ လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ စားသုံးသော ရဟန်းဟူ၍လည်းကောင်း ဆိုထိုက်၏၊ ထို ဈာန်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု (မိန့်တော်မူ၏)။ (၁)

၃၈၃-၃၈၉။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း ဒုတိယဈာန်ကို ပွါးများငြားအံ့။ပ။ တတိယဈာန်ကို ပွါးများငြားအံ့။ပ။ စတုတ္ထဈာန်ကို ပွါးများငြားအံ့။ပ။ ပျက်စီးစေလိုခြင်း 'ဗျာပါဒ'မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမေတ္တာကို ပွါးများငြားအံ့။ပ။ ညှဉ်းဆဲလိုခြင်း 'ဝိဟိံသ'မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိကရုဏာကို ပွါးများငြားအံ့။ပ။ မမွေ့လျော်ခြင်း 'အရတိ'မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမုဒိတာကို ပွါးများငြားအံ့။ပ။ တပ်မက်ခြင်း'ရာဂ' မှ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိဥပေက္ခာကို ပွါးများငြားအံ့။ပ။ (၂-၈)

၃၉၀-၃၉၃။ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ ပြင်းစွာအားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'့အောက်မေ့မှု 'သတိ' ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလျက် နေငြားအံ့။ (၉-၁၂)

၃၉၄-၃၉၇။ မဖြစ်ပေါ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ပြုလို သော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့။ အားစိုက်ငြားအံ့။ ဖြစ်ပေါ်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် ပြုလိုသော ဆန္ဒ ကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားးတို့ကို ဖြစ်ပေါ်စေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် အဖန်ဖန်ဖြစ်စေရန် ပြန့်ပြောစွာဖြစ်စေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ (၁၃-၁၆)

၃၉၈-၄၀၁။ ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန် ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ ပညာကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒိ္ဓပါဒ်ကို ပွါးများငြားအံ့။ (၁၇-၂၀)

၄၀၂-၄၀၆။ သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ (၂၁-၂၅)

၄၀၇-၄၁၁။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့၊ ဝီရိယဗိုလ်ကို ပွါးများငြားအံ့၊ သတိဗိုလ်ကို ပွါးများငြားအံ့၊ သမာဓိဗိုလ်ကို ပွါးများငြားအံ့၊ ပညာဗိုလ်ကို ပွါးများငြားအံ့။ (၂၆-၃၀)

၄၁၂-၄၁၈။ သတိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဝီရိယ သမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ (၃၁-၃၇)

၄၁၉-၄၂၆။ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသင်္ကပ္ပမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာဝါစာ မဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာကမ္မ န္တမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာအာဇီဝမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာဝါယာမမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသတိမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသမာဓိမဂ္ဂင်ကို ပွါးများငြားအံ့။ (၃၈-၄၅)

၄၂၇-၄၃၄။ မိမိသန္တာန်၌ဖြစ်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော သေးငယ်ကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော အတိုင်း အရှည်မရှိ ကြီးမားကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိ သန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်း သညာမရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော သေးငယ် သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော အတိုင်းအရှည်မရှိ ကြီးမား့ကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ကသိုဏ်းရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာ မရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ညိုကုန်သော ညိုသောအဆင်းရှိကုန်သော တခဲနက်ညိုကုန်သော အညိုရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ဝါရွှေကုန်သော ဝါရွှေသော အဆင်း ရှိကုန်သော တခဲနက်ဝါရွှေကုန်သော ဝါရွှေသော အရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာ မရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော နီကုန်သော နီသော အဆင်းရှိ ကုန်သော တခဲနက်နီကုန်သော အနီရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်း သညာ မရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ဖြူကုန်သော ဖြူသောအဆင်းရှိကုန်သော တခဲနက် ဖြူကုန်သော အဖြူရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ ''သိအံ့ မြင်အံ့''ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ (၄၆-၅၃)

၄၃၅-၄၄၂။ ရူပဈာန်ရှိသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှုငြားအံ့။ အဇ္ဈတ္တသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိမူ၍ အပသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့။ ''တင့်တယ်၏''ဟူ၍သာလျှင် နှလုံးသွင်းငြားအံ့။ ရူပါဝစရဈာန်နှင့်စပ်လျဉ်းသော ရှုမှတ်ခြင်း ရူပသညာတို့ကို အလုံးစုံ သော အခြင်းအရာဖြင့် လွန်မြောက်ခြင်းကြောင့် ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့်ဖြစ်သော ပဋိဃသညာ တို့၏ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော အာရုံ၌ ဖြစ်သော အမှတ်သညာတို့ကို နှလုံးမသွင်းခြင်းကြောင့် ''ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိ''ဟု စီးဖြန်းပြီးလျှင် အာကာသာနဉ္စာယတန ဈာန်သို့ ရောက်၍ နေငြားအံ့။ အာကာသာနဉ္စာယတန ဈာန်ကို လွန်မြောက်၍ ''ပဌမာရုပ္ပဝိညာဏ်သည် အပိုင်းအခြားမရှိ''ဟု စီးဖြန်းပြီးလျှင် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ ဝိညာဏဉ္စာယတန ဈာန်ကို အလုံးစုံသော အခြင်းအရာဖြင့် လွန်မြောက်၍ ''ပဌမာရုပ္ပ ဝိညာဏ်သည် တစ်စုံတစ်ခုမျှ မရှိ''ဟု စီးဖြန်းပြီးလျှင် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ အာကိဉ္စညာယတနဈာန်ကို အလုံးစုံ သော အခြင်းအရာဖြင့် လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ နေဝသညာနာသညာယတနဈာန်ကို အလုံးစုံသော အခြင်းအရာဖြင့် လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ခြင်းဟု ဆိုအပ်သော နိရောဓသမာပတ်သို့ ရောက်၍ နေငြားအံ့။ (၅၄-၆၁)

၄၄၃-၄၅၂။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ပွါးများငြားအံ့။ အာပေါ။ တေဇော။ ဝါယော။ နီလ။ ပီတ။ လောဟိတ။ ဩဒါတ။ အာကာသ။ ဝိညာဏကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ပွါးများငြားအံ့။ (၆၂-၇၁)

၄၅၃-၄၆၂။ မတင့်တယ်သော အာရုံ၌ ဖြစ်သော အသုဘသညာကို ပွါးများငြားအံ့။ သေခြင်းကို အာရုံပြု၍ ဖြစ်သော မရဏသညာကို ပွါးများငြားအံ့။ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အာဟာရေပဋိကူလသညာကို ပွါးများငြားအံ့။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ရှုမှတ်သော သဗ္ဗ လောကေအနဘိရတိသညာ ကို ပွါးများငြားအံ့။ ခန္ဓာငါးပါးတို့၌ အမြဲမရှိဟု ရှုမှတ်သော အနိစ္စသညာကို ပွါးများငြားအံ့။ အမြဲမရှိသော ခန္ဓာငါးပါး၌ ဆင်းရဲ၏ဟု ရှုမှတ်သော ဒုက္ခသညာကို ပွါးများငြားအံ့။ ဆင်းရဲသော ခန္ဓာငါးပါး၌ အလိုသို့လိုက်သော အတ္တမဟုတ်ဟု ရှုမှတ်သော အနတ္တသညာကို ပွါးများငြားအံ့။ ကိလေသာပယ်ခြင်းကို အာရုံပြု၍ ဖြစ်သော ပဟာနသညာကို ပွါးများငြားအံ့။ ရာဂကင်းခြင်းကို့အာရုံပြု၍ ဖြစ်သော ဝိရာဂသညာကို ပွါးများငြားအံ့။ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော နိရောဓသညာကို ပွါးများငြားအံ့။ (၇၂-၈၀)

၄၆၃-၄၇၂။ ခန္ဓာငါးပါးတို့၌ အမြဲမရှိဟု ရှုမှတ်သော အနိစ္စသညာကို ပွါးများငြားအံ့။ ခန္ဓာငါးပါး တို့၌ အလိုသို့မလိုက်ဟု ရှုမှတ်သော အနတ္တသညာကို ပွါးများငြားအံ့။ သေခြင်းကို အာရုံပြု၍ ဖြစ်သော မရဏသညာကို ပွါးများငြားအံ့။ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အာဟာရေပဋိကူလ သညာကို ပွါးများငြားအံ့။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ရှုမှတ်သော သဗ္ဗလောကေ အနဘိရတိ သညာကို ပွါးများငြားအံ့။ အရိုးစုကို အာရုံပြု၍ ဖြစ်သော အဋ္ဌိကသညာကို ပွါးများငြားအံ့။ ပိုးလောက် ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ပုဠဝကသညာကို ပွါးများငြားအံ့။ အဖြူ အနီစသည် ရောလျက် များသောအားဖြင့် ညိုသော အဆင်းရှိသည်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ဝိနီလကသညာကို ပွါးများငြားအံ့။ အလယ်၌ နှစ်ပိုင်းပြတ်လျက် စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ဝိစ္ဆိဒ္ဒကသညာကို ပွါးများငြားအံ့။ သေသည်မှ အထက် နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ဖြစ်သော ဥဒ္ဓုမာတကသညာကို ပွါးများငြားအံ့။ (၈၂-၉၁)

၄၇၃-၄၈၂။ ဘုရားဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိကို ပွါးများငြားအံ့။ တရားဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း ဓမ္မာနုဿတိကို ပွါးများငြားအံ့။ သံဃာဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း သံဃာနုဿတိကို ပွါးများငြားအံ့။ မိမိ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း သီလာနုဿတိကို ပွါးများငြားအံ့။ စွန့်ကြဲခြင်းဂုဏ်ကို အဖန် တလဲလဲ အောက်မေ့ခြင်း စာဂါနုဿတိကို ပွါးများငြားအံ့။ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဒေဝတာနုဿတိကို ပွါးများငြားအံ့။ ထွက် သက် ဝင်သက်လေကို အဖန်တလဲလဲ အောက်မေ့ခြင်း အာနာပါနဿတိကို ပွါးများငြားအံ့။ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း မရဏဿတိကို ပွါးများငြားအံ့။ ဆံစသော ရုပ်အပေါင်း၌ အဖန်တလဲလဲ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများငြားအံ့။ နိဗ္ဗာန်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဥပသမာ နုဿတိကို ပွါးများငြားအံ့။ (၉၂-၁၀၁)

၄၈၃-၄၉၂။ ပဌမဈာန်နှင့်တကွဖြစ်သော သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့။ ဝီရိယဗိုလ်ကို ပွါးများငြားအံ့။ သတိဗိုလ်ကို ပွါးများငြားအံ့။ သမာဓိဗိုလ်ကို ပွါးများငြားအံ့။ ပညာဗိုလ်ကို ပွါးများငြားအံ့။ (၁၀၂-၁၁၁)

၄၉၃-၅၆၂။ ဒုတိယဈာန်နှင့်တကွဖြစ်သော။ပ။ တတိယဈာန်နှင့်တကွဖြစ်သော။ပ။ စတုတ္ထဈာန်နှင့် တကွဖြစ်သော။ပ။ မေတ္တာဈာန်နှင့်တကွဖြစ်သော။ပ။ ကရုဏာဈာန်နှင့်တကွဖြစ်သော။ပ။ မုဒိတာဈာန်နှင့် တကွဖြစ်သော။ပ။ ဥပေက္ခာဈာန်နှင့်တကွဖြစ်သော။ပ။ သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့။ ဝီရိယဗိုလ်ကို ပွါးများငြားအံ့။ သတိဗိုလ်ကို ပွါးများငြားအံ့။ သမာဓိဗိုလ်ကို ပွါးများငြားအံ့။ ပညာဗိုလ်ကို ပွါးများငြားအံ့။ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီးမဖြစ်စေဘဲ စားသုံးသော ရဟန်းဟူ၍လည်းကောင်း ဆိုထိုက်၏။ ထို ဥပေက္ခာဈာန်နှင့် တကွဖြစ်သော ပညာဗိုလ်ကို အဖန်ဖန် အလေ့အလာ ပြုကုန်သော ရဟန်းတို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။ (၁၁၂-၁၈၁)

(အပရအစ္ဆရာသင်္ဃာတဝဂ် ပြီး၏။)

------

၁၉-ကာယဂတာသတိဝဂ်

၅၆၃။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို မဟာသမုဒ္ဒရာကို စိတ်ဖြင့် ပျံ ့နှံ့အောင် ရှုနိုင်ငြားအံ့၊ သမုဒ္ဒရာသို့ သက်ဆင်းကုန်သော မြစ်ငယ်ဟူသမျှတို့သည် ထိုသူ၏ (စိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန် သကဲ့သို့၊ ရဟန်းတို့ ထို့အတူပင်လျှင် မည်သည့်ပုဂ္ဂိုလ်မဆို ဆံစသော ရုပ်အပေါင်း၌ ဖြစ်သော ကာယ ဂတာသတိကို ပွါးများနိုင်ငြားအံ့၊ အဖန်ဖန် အလေ့အလာပြုနိုင်ငြားအံ့၊ ဝိဇ္ဇာ အဖို့ အစု၌ဖြစ်ကုန်သော ကုသိုလ်တရားဟူသမျှတို့သည် ထိုသူ၏ (ဘာဝနာစိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၅၆၄-၅၇၀။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ် အလို့ငှါ ဖြစ်၏။ ကြီးစွာသော အကျိုးကို ရရှိခြင်းငှါ ဖြစ်၏။ ကြီးစွာသော ယောဂလေးပါးကုန်ရာသို့ ရောက်ခြင်းငှါ ဖြစ်၏။ သတိသမ္ပဇဉ် အလို့ငှါ ဖြစ်၏။ ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်းငှါ ဖြစ်၏။ ဝိဇ္ဇာ ဝိမုတ္တိ ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိပေတည်း။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ်အလို့ငှါ ဖြစ်၏။ ကြီးစွာသော အကျိုးကို ရရှိခြင်းငှါ ဖြစ်၏။ ကြီးစွာသော ယောဂလေးပါးကုန်ရာသို့ ရောက်ခြင်းငှါ ဖြစ်၏။ သတိသမ္ပဇဉ်အလို့ငှါ ဖြစ်၏။ ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်၏။ ဝိဇ္ဇာ ဝိမုတ္တိ ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငါှ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂-၈)

၅၇၁။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် နာမ ကာယ ရူပကာယသည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်း ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် နာမကာယ ရူပကာယ သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ဆင်ခြင် ခြင်း 'ဝိစာရ'တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်းပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၉)

၅၇၂။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏၊ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ် အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၀)

၅၇၃။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၅၇၄။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် အဝိဇ္ဇာသည်၁၀ ကင်းပျောက်၏၊ ဝိဇ္ဇာ၁၁သည် ဖြစ်ပေါ်၏၊ အသိ္မမာန၁၂သည် ကင်းပျောက်၏၊ အနုသယ၁၃တို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏၊ သံယောဇဉ်၁၄တို့ ကင်းပျောက်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် အဝိဇ္ဇာသည် ကင်းပျောက်၏၊ ဝိဇ္ဇာသည် ဖြစ်ပေါ်၏၊ အသ္မိမာနသည် ကင်းပျောက်၏၊ အနုသယတို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏။ သံယောဇဉ်တို့သည် ကင်းပျောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၂)

၅၇၅-၅၇၆။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။ အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။ အကြောင်း ကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၃-၁၄)

၅၇၇-၅၇၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် များစွာသော ဓာတ်၁၅တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်၁၆တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍၁၇ သိနိုင်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရား ကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၅-၁၇)

၅၈၀-၅၈၃။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိပင်တည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၈-၂၁)

၅၈၄-၅၉၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာ၁၈ကို ရခြင်းငှါ ဖြစ်၏။ ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။ ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မြတ်သော ပညာအလို့ငှါ ဖြစ်၏။ ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။ ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။ နက်နဲသော ပညာအလို့ငှါ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဉ်သာ) သော ပညာအလို့ငှါ ဖြစ်၏။ မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။ ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။ လျင်သော ပညာအလို့ငှါ ဖြစ်၏။ ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။ ရွှင်သော ပညာအလို့ငှါ ဖြစ်၏။ မြန်သော ပညာအလို့ငှါ ဖြစ်၏။ ထက်သော ပညာအလို့ငှါ ဖြစ်၏။ (ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာကို ရခြင်းငှါ ဖြစ်၏။ ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။ ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မြတ်သော ပညာအလို့ငှါ ဖြစ်၏။ ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။ ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။ နက်နဲသော ပညာအလို့ငှါ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဉ်သာ) သော ပညာအလို့ငှါ ဖြစ်၏။ မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။ ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။ လျင်သော ပညာအလို့ငှါ ဖြစ်၏။ ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။ ရွှင်သော ပညာအလို့ငှါ ဖြစ်၏။ မြန်သော ပညာအလို့ငှါ ဖြစ်၏။ ထက်သော ပညာအလို့ငှါ ဖြစ်၏။ (ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂၂-၃၇)

ကာယဂတာသတိဝဂ် ပြီး၏။

------

၁။ အာပေါကသိုဏ်းစီးဖြန်းသော ဘာဝနာစိတ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ်စိတ်။

၂။ ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ်နှင့် အဘိညာဉ်ခြောက်ပါးအားဖြင့် ဝိဇ္ဇာရှစ်ပါး။

၃။ ဝိပဿနာဉာဏ် မဂ်ဉာဏ်။

၄။ ဖိုလ်ဉာဏ်လေးပါး။

၅။ နိဗ္ဗာန်။

၆။ ဒိဗ္ဗစက္ခုအဘိညာဉ်။

၇။ မဂ်ဉာဏ်။

၈။ မဂ်နှင့်ယှဉ်သော တရား။

၉။ အရဟတ္တဖိုလ်။

၁၀။ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်ကို ဆိုသည်။

၁၁။ မောဟမှောင်တိုက်ကို ထွင်းဖောက်သိမြင်နိုင်သော အရဟတ္တဖိုလ်ဉာဏ်ကို ဆိုသည်။

၁၂။ ငါ မြတ်သည် ငါ ယုတ်သည် စသည်ဖြင့် ဖြစ်သော ကိုးမျိုးသော ထောင်လွှားမှုကို ဆိုသည်။

၁၃။ ကာမရာဂစသည် ခုနစ်မျိုးသော အခြေခံ အငုတ်ဓာတ်များ။

၁၄။ ကာမရာဂစသည့် ဆယ်မျိုးသော အနှောင်အဖွဲ့ ဓာတ်များ။

၁၅။ စက္ခုစသော ၁၈-ပါးသောဓာတ်တို့၏ လက္ခဏာကိုသိခြင်း။

၁၆။ ယင်းတစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၏ အမျိုးမျိုးသော လက္ခဏာကို သိခြင်း။

၁၇။ ဤဓာတ် ပြန့်ပြောလျှင် ဤအကျိုး ဖြစ်၏ဟု ခွဲခြမ်း၍ သိခြင်း။

၁၈။ ဤမှစ၍ ၁၅-သုတ်တို့၌ လာသော ပညာဟူသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် စသည်ကို ဆိုသည်။

၂၀-အမတဝဂ်

၆၀၀။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ့သတိကို မသုံးဆောင်ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည် မည်ကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၆၀၁။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မသုံးဆောင်အပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်အပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်အပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၂)

၆၀၂။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ဆုတ်ယုတ်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ဆုတ်ယုတ်စေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မဆုတ် ယုတ်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မဆုတ်ယုတ်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၃)

၆၀၃။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ချွတ်ယွင်းစေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်းစေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မချွတ်ယွင်းစေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မချွတ်ယွင်းစေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၄)

၆၀၄။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မေ့လျော့ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မေ့လျော့သည် မည်ကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မမေ့မလျော့ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမေ့မလျော့သည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၅)

၆၀၅။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပျောက်ပျက်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပျောက်ပျက်စေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မပျောက်ပျက်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပျောက်ပျက်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၆)

၆၀၆။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မမှီဝဲအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမှီဝဲအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မှီဝဲအပ်၏ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မှီဝဲအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၇)

၆၀၇။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မပွါးများအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပွါးများအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပွါးများအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၈)

၆၀၈။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာ မပြုအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာပြုအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၉)

၆၀၉။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် မသိအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၀)

၆၁၀။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပိုင်းခြား၍ မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ မသိအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပိုင်းခြား ၍ သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၆၁၁။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မျက်မှောက် မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက် မပြုအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မျက်မှောက်ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၂)

(မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း)။

အမတဝဂ် ပြီး၏။

ဧကကနိပါတ် ပြီး၏။

------