အင်္ဂုတ္တရနိကာယ်

အင်္ဂုတ္တိုရ်ပါဠိတော်

မြန်မာပြန်

ဧကာဒသကနိပါတ

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-နိဿယဝဂ် ၁-ကိမတ္ထိယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင် အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ''အသျှင်ဘုရား အပြစ်မရှိသော သီလတို့သည် အဘယ်အကျိုး ရှိပါကုန်သနည်း၊ အဘယ်အာနိသင်ရှိပါကုန်သနည်း''ဟု လျှောက်၏။ အာနန္ဒာ အပြစ်မရှိသော သီလတို့ သည် နှလုံးသာရွှင်ခြင်း 'အဝိပ္ပဋိသာရ' အကျိုးရှိကုန်၏၊ နှလုံးသာရွှင်ခြင်း 'အဝိပ္ပဋိသာရ' အာနိသင် ရှိကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား နှလုံးသာရွှင်ခြင်း 'အဝိပ္ပဋိသာရ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။ အာနန္ဒာ နှလုံးသာရွှင်ခြင်း 'အဝိပ္ပဋိသာရ' သည်ကား ဝမ်းမြောက်မှု 'ပါမောဇ္ဇ' အကျိုးရှိ၏၊ ဝမ်းမြောက်မှု 'ပါမောဇ္ဇ' အာနိသင်ရှိ၏။ အသျှင်ဘုရား ဝမ်းမြောက်မှု 'ပါမောဇ္ဇ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ ဝမ်းမြောက်မှု 'ပါမောဇ္ဇ' သည်ကား နှစ်သက်မှု 'ပီတိ' အကျိုးရှိ၏၊ နှစ်သက်မှု 'ပီတိ' အာနိသင် ရှိ၏။ အသျှင်ဘုရား နှစ်သက်မှု 'ပီတိ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ နှစ်သက်မှု 'ပီတိ' သည်ကား ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' အကျိုးရှိ၏၊ ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' အာနိသင်ရှိ၏။ အသျှင်ဘုရား ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' သည် ချမ်းသာမှု 'သုခ' အကျိုးရှိ၏၊ ချမ်းသာမှု 'သုခ' အာနိသင်ရှိ၏။ အသျှင်ဘုရား ချမ်းသာမှု 'သုခ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ ချမ်းသာမှု 'သုခ' သည်ကား တည်ကြည်မှု 'သမာဓိ' အကျိုးရှိ၏၊ တည်ကြည်မှု 'သမာဓိ' အာနိသင်ရှိ၏။ အသျှင်ဘုရား တည်ကြည်မှု 'သမာဓိ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ တည်ကြည်မှု 'သမာဓိ' သည်ကားဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတဉာဏ ဒဿန' အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတဉာဏဒဿန' အာနိသင်ရှိ၏။ အသျှင်ဘုရားဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတဉာဏဒဿန' သည်ကား အဘယ်အကျိုး ရှိပါသနည်း၊ အဘယ်အာနိသင်ရှိပါသနည်း။ အာနန္ဒာဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတဉာဏ ဒဿန' သည်ကား ငြီးငွေ့မှု 'နိဗ္ဗိဒါ' အကျိုးရှိ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ' အာနိသင်ရှိ၏။ အသျှင်ဘုရား ငြီးငွေ့မှု 'နိဗ္ဗိဒါ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ ငြီးငွေ့မှု 'နိဗ္ဗိဒါ' သည်ကား တပ်စွန်းခြင်း ကင်းမှု 'ဝိရာဂ' အကျိုး ရှိ၏၊ တပ်စွန်းခြင်း ကင်းမှု 'ဝိရာဂ' အာနိသင်ရှိ၏။ အသျှင်ဘုရား တပ်စွန်းခြင်းကင်းမှု ဝိရာဂ'သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။ အာနန္ဒာ တပ်စွန်းခြင်းကင်းမှု 'ဝိရာဂ'သည်ကား လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့် လွတ်မြောက်မှု ကို သိမြင်မှု 'ဝိမုတ္တိဉာဏဒဿန' အကျိုးရှိ၏၊ လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့် လွတ်မြောက်မှုကို သိမြင်မှု 'ဝိမုတ္တိဉာဏဒဿန' အာနိသင်ရှိ၏။ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် နှလုံးသာရွှင်မှု အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင်ရှိကုန်၏၊ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင် ရှိ၏၊ ဝမ်းမြောက်မှုသည် နှစ်သက်မှုအကျိုးရှိ၏၊ နှစ်သက်မှု အာနိသင်ရှိ၏၊ နှစ်သက်မှုသည် ငြိမ်းချမ်းမှု အကျိုးရှိ၏၊ ငြိမ်းချမ်းမှု အာနိသင်ရှိ၏၊ ငြိမ်းချမ်းမှုသည် ချမ်းသာမှုအကျိုးရှိ၏။ ချမ်းသာမှုအာနိသင် ရှိ၏။ ချမ်းသာမှုသည် တည်ကြည်မှု အကျိုးရှိ၏၊ တည်ကြည်မှုအာနိသင်ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင်ရှိ၏။ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှု အကျိုးရှိ၏၊ ငြီးငွေ့မှု အာနိသင်ရှိ၏။ ငြီးငွေ့မှုသည် တပ်စွန်းခြင်း ကင်းမှု အကျိုးရှိ၏၊ တပ်စွန်းခြင်းကင်းမှု အာနိသင်ရှိ၏၊ တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှု ဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိမြင်မှု ဝိမုတ္တိဉာဏ ဒဿန အကျိုးရှိ၏၊ လွတ်မြောက်မှုဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိမြင်မှု ဝိမုတ္တိဉာဏဒဿန အာနိသင်ရှိ၏၊ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် အစဉ် အတိုင်း အရဟတ္တဖိုလ်သို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-စေတနာကရဏီယသုတ်

၂။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား ''ငါ့အား နှလုံးသာရွှင်မှုဖြစ်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ နှလုံးသာရွှင်သူအား ''ငါ့အား ဝမ်းမြောက်မှုဖြစ်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ နှလုံးသာရွှင်သူအား ဝမ်းမြောက်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ဝမ်းမြောက်သူအား ''ငါ့အား နှစ်သက်မှုဖြစ်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ နှစ်သက်သောစိတ် ရှိသူအား ''ငါ၏ ကိုယ်သည် ငြိမ်းချမ်းပါစေ''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ နှစ်သက်သောစိတ် ရှိသူအား ကိုယ်ငြိမ်းချမ်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား ''ချမ်းသာကို ခံစားအံ့''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ကိုယ်ငြိမ်းချမ်း သူအား ချမ်းသာကို ခံစားမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ချမ်းသာသူအား''ငါ၏စိတ်သည် တည်ကြည်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ချမ်းသာသူအား စိတ်တည် ကြည်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ တည်ကြည်သူအား ''ဟုတ်တိုင်းမှန်စွာ သိအံ့ မြင်အံ့''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တည်ကြည်သူအားဟုတ်တိုင်းမှန်စွာ သိမှုမြင်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ''ဟုတ်တိုင်းမှန်စွာ သိသူမြင်သူအား ငြီးငွေ့အံ့''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူမြင်သူအား ငြီးငွေ့မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ငြီးငွေ့သူအား ''တပ်စွန်းမှုကင်းအံ့''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ငြီးငွေ့သူအား တပ်စွန်းခြင်း ကင်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ တပ်စွန်းခြင်း ကင်းသူအား လွတ်မြောက်မှုဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုအံ့''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တပ်စွန်းခြင်း ကင်းသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ ဤသို့လျှင် တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် အကျိုးရှိ၏၊ လွတ်မြောက်မှုနှင့်လွတ်မြောက်မှုကို သိသောဉာဏ်အမြင်အာနိသင် ရှိ၏။ ငြီးငွေ့မှုသည် တပ်စွန်းခြင်း ကင်းမှုအကျိုး ရှိ၏၊ တပ်စွန်းခြင်းကင်းမှုအာနိသင် ရှိ၏။ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုအကျိုး ရှိ၏၊ ငြီးငွေ့မှုအာနိသင် ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုး ရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင် ရှိ၏။ ချမ်းသာမှုသည် တည်ကြည်မှုအကျိုး ရှိ၏၊ တည်ကြည်မှုအာနိသင် ရှိ၏၊ ငြိမ်းအေးမှုသည် ချမ်းသာမှုအကျိုး ရှိ၏၊ ချမ်းသာမှုအာနိသင် ရှိ၏။ နှစ်သက်မှုသည် ငြိမ်းအေးမှုအကျိုး ရှိ၏၊ ငြိမ်းအေးမှုအာနိသင် ရှိ၏။ ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုး ရှိ၏၊ နှစ်သက်မှုအာနိသင် ရှိ၏။ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင် ရှိ၏။ အပြစ်ကင်းသော သီလတို့သည် နှလုံးသာရွှင်မှုအကျိုး ရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင် ရှိကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဤဘက်ကမ်း ဝဋ်ဆင်းရဲမှ ထိုဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကိုဖြစ်စေကုန်၏၊ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့နှင့် ပြည့်စုံစေကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ပဌမ ဥပနိသာသုတ်

၃။ ရဟန်းတို့ သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံး သာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှုမရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းချမ်းမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား တည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ တည်ကြည်မှု မရှိလတ်သော် တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုမရှိလတ်သော် ငြီးငွေ့မှု ပျက်စီးသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။

ရဟန်းတို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ရဟန်းတို့ ဤအတူပင် သီလမရှိသူ သီလပျက်သူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံး သာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့်ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းချမ်းမှု ရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသောတည်ကြည်မှု ရှိလတ်သော် ကောင်းသောတည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်သူအား ငြီးငွေ့မှုသည် အကြောင်း ပြည့်စုံ၏၊ ငြီးငွေ့မှုရှိလတ်သော် ငြီးငွေ့မှုနှင့် ပြည့်စုံသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်း ပြည့်စုံ၏၊ တပ်စွန်းခြင်းကင်းမှု ရှိလတ်သော် တပ်စွန်းခြင်းကင်းမှုနှင့် ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ရဟန်းတို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ ဥပနိသာသုတ်

၄။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''ငါ့သျှင်''ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာ သည် ဤစကားကို မိန့်ဆို၏-

ငါ့သျှင်တို့ သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းအေးမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းအေးမှု မရှိလတ်သော် ငြိမ်းအေးမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား ကောင်းသောတည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ ကောင်းသောတည်ကြည်မှု မရှိလတ်သော် ကောင်းသောတည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်း ချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှု သည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှု မရှိလတ်သော် ငြီးငွေ့မှု ပျက်စီးသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ် မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။

ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံး သာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့်ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းအေးမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းအေးမှု ရှိလတ်သော် ငြိမ်းအေးမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသော တည်ကြည်မှု ရှိလတ်သော် ကောင်းသောတည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှုနှင့် ပြည့်စုံသူအား ငြီးငွေ့မှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုရှိလတ်သော် ငြီးငွေ့မှုနှင့် ပြည့်စုံသူအား တပ်စွန်းခြင်းကင်းမှု သည် အကြောင်းပြည့်စုံ၏၊ တပ်စွန်းခြင်းကင်းမှု ရှိလတ်သော် တပ်စွန်းခြင်း ကင်းမှုနှင့် ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ် မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ပ။

စတုတ္ထသုတ်။

------

၅-တတိယ ဥပနိသာသုတ်

၅။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို မိန့်တော်မူ၏။ပ။ ငါ့သျှင်တို့ သီလမရှိသူ သီလ ပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူ အား ငြိမ်းအေးမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းအေးမှု မရှိလတ်သော် ငြိမ်းအေးမှုပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ ကောင်းသော တည်ကြည်မှုမရှိလတ်သော် ကောင်းသော တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်း ချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုမရှိလတ်သော် ငြီးငွေ့မှုပျက်စီးသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာ ရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့်ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှုရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းအေးမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းအေးမှု ရှိလတ်သော် ငြိမ်းအေးမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသော တည်ကြည်မှု ရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှုနှင့် ပြည့်စုံသူအား ငြီးငွေ့မှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုရှိလတ်သော် ငြီးငွေ့မှုနှင့် ပြည့်စုံသူအား တပ်စွန်းခြင်း ကင်းမှုသည် အကြောင်းပြည့်စုံ၏၊ တပ်စွန်းခြင်းကင်းမှု ရှိလတ်သော် တပ်စွန်းခြင်းကင်းမှုနှင့် ပြည့်စုံသူ အား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်ဆို၏ )။

ပဉ္စမသုတ်။

------

၆-ဗျသနသုတ်

၆။ (ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ရဟန်းသည် တစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့်ရှိသည်သာတည်း။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ-မရသေးသည့် တရားထူးကို မရ၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု) သော်လည်း အထင်ကြီးသူဖြစ်၏၊ မမွေ့ လျော်ဘဲသော်လည်း မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော် လည်း ရောက်ရ၏၊ သိက္ခာချ၍သော်လည်း လူထွက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါ နာကျင်မှု ကိုသော်လည်း တွေ့ထိရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေ ဝေဝေ ကွယ်လွန်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ထိုရဟန်းသည် ဤတစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည်သာတည်း)

ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ရဟန်းသည် တစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ မရောက်ရာသော အကြောင်းအခွင့် မရှိသည်သာတည်း။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ-မရသေးသည့် တရားထူးကို မရ၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု ) သော်လည်း အထင်ကြီးသူဖြစ်၏၊ မမွေ့လျော်ဘဲသော် လည်း မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော်လည်း ရောက် ရ၏၊ သိက္ခာချ၍သော်လည်း လူထွက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါနာကျင်မှုကိုသော်လည်း တွေ့ထိရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေဝေဝေ ကွယ်လွန်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ထိုရဟန်းသည် ဤတစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ မရောက်ရာသော အကြောင်းအခွင့် မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၁။ ဤကွင်း ( ) အတွင်းရှိ စာသားသည် သီဟိုဠ်မူ ယိုးဒယားမူ ကမ္ဗောဒီးယားမူ အင်္ဂလိပ်မူတို့၌ မရှိ။

၇-ပဌမ သညာသုတ်

၇။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-အသျှင်ဘုရား ရဟန်းတို့အား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူမဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံး မရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု့(မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင် တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသောဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခု မျှမရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ် ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏ )။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ အာနန္ဒာ ဤသို့ဖြစ်လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ် ရာ၊ တပါးသောလောက၌ တပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင် ရာ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောကြားအပ်သော စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားအား ရှိခိုး၍ အရိုအသေပြုပြီးလျှင် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား-ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ ငါ့သျှင်အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (ဆို၏ )။

ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။

(သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏ )။

ငါ့သျှင်အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့သျှင်အာနန္ဒာ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါ၏ဟု (မိန့်ဆို၏ )။

ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကား၊ ငါ့သျှင် ငါသည် ယခုပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤအနက်ကို မေးလျှောက်ခဲ့ပြီ၊ မြတ်စွာဘုရားကလည်း အသျှင် သာရိပုတြာကဲ့သို့ပင် ငါ့အား ထိုအက္ခရာ ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် ထိုအနက်ကို ဖြေတော်မူ၏။

ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကားဟု (ဆို၏ )။

သတ္တမသုတ်။

------

၈-မနသိကာရသုတ်

၈။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား- အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံး မသွင်းရာ၊ နားကို နှလုံးမသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံး မသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှလုံးမသွင်းရာ၊ လေကို နှလုံးမသွင်းရာ၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာ ယတနဈာန်'ကို နှလုံးမသွင်းရာ၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကို နှလုံး မသွင်းရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ အာကိဉ္စညာယတနဈာန်ကို နှလုံးမသွင်းရာ၊ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ 'နေဝသညာ နာသညာယတနဈာန်'ကို နှလုံးမသွင်းရာ၊ ဤလောကကို နှလုံးမသွင်းရာ၊ တစ်ပါးသော လောကကို နှလုံးမသွင်းရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ၊ နားကို နှလုံး မသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံးမသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှလုံးမသွင်းရာ၊ လေကို နှလုံးမသွင်းရာ၊ အဆုံး မရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာယတနဈာန်'ကို နှလုံးမသွင်းရာ၊ အဆုံး မရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကို နှလုံးမသွင်းရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'ကို နှလုံးမသွင်းရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ 'နေဝသညာ နာသညာယတနဈာန်'ကို နှလုံးမသွင်းရာ၊ ဤလောကကို နှလုံးမသွင်းရာ၊ တစ်ပါးသော လောကကို နှလုံးမသွင်းရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။

အာနန္ဒာ ဤလောက၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိ အားလုံးကို စွန့်ရာ တဏှာ ကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ နိဗ္ဗာန်တရားသည် မွန်မြတ်၏''ဟု ဤသို့ နှလုံးသွင်းသူ ဖြစ်၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းအား မျက်စိကို နှလုံး မသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-သဒ္ဓသုတ်

၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သဒ္ဓသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သဒ္ဓအား မြတ်စွာဘုရားသည်-သဒ္ဓ အာဇာနည်မြင်း၏ စဉ်းစားမှုမျိုးကို စဉ်းစားလော့၊ မြင်းယုတ်၏ စဉ်းစားမှုမျိုးကို မစဉ်းစားလင့်၊ မြင်းယုတ်၏ စဉ်းစားမှုဟူသည် အဘယ်နည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော မြင်းယုတ်သည် ''မြက် မြက်''ဟု စဉ်းစား၏။ ထိုသို့ စဉ်းစားခြင်းသည် အဘယ့်ကြောင့်နည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော ထိုမြင်းယုတ်အား ''ယနေ့ ငါ့အား မြင်းထိန်းသည် အဘယ်ပြုဖွယ်မျိုးကို ပြုလုပ်စေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအား အဘယ်ပြုဖွယ်မျိုးကို အတုံ့အပြန်ပြုရမည်နည်း''ဟု ဤသို့ အကြံမဖြစ်သော ကြောင့်တည်း။ စားကျင်း၌ ချည်ထားသော ထိုမြင်းယုတ်သည် ''မြက် မြက်''ဟုသာ စဉ်းစား၏။ သဒ္ဓ ဤအတူပင် ဤလောက၌ ယောက်ျားယုတ်သည် တောသို့ ကပ်ရောက်သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်သော်လည်းကောင်း ကာမရာဂ လွှမ်းမိုးသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက် ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ကာမရာဂကိုသာလျှင် အတွင်းပြု၍ စဉ်းစား၏၊ အထွေ ထွေ စဉ်းစား၏၊ အမြဲ စဉ်းစား၏၊ စူးစူးစိုက်စိုက်စိုက် စဉ်းစား၏။ ဖျက်ဆီးလိုမှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏။ ထိုင်းမှိုင်းမှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏။ ပျံ့လွှင့်မှု နောင်တတစ်ဖန်ပူပန်မှု လွှမ်းမိုးသော စိတ် ဖြင့် နေ၏။ ယုံမှားမှု လွှမ်းမိုးသော ယုံမှားမှုနှိပ်စက်သော စိတ်ဖြင့် နေ၏။ ဖြစ်ပေါ်လာသော ယုံမှားမှု၏ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ယုံမှားမှုကိုသာလျှင် အတွင်းပြု၍ စဉ်းစား၏၊ အထွေထွေစဉ်းစား၏၊ အမြဲစဉ်းစား၏၊ စူးစူးစိုက်စိုက် စဉ်းစား၏။ ထိုသူသည် မြေကိုလည်း မှီ၍ စဉ်းစား၏၊ ရေကိုလည်း မှီ၍ စဉ်းစား၏၊ မီးကိုလည်း မှီ၍ စဉ်းစား၏၊ လေကိုလည်း မှီ၍ စဉ်းစား၏၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာယတနဈာန်'ကိုလည်း မှီ၍ စဉ်းစား၏၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကိုလည်း မှီ၍ စဉ်းစား၏၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'ကိုလည်း မှီ၍ စဉ်းစား၏၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ 'နေဝသညာ နာသညာယတနဈာန်' ကိုလည်း မှီ၍ စဉ်းစား၏၊ ဤလောကကိုလည်း မှီ၍ စဉ်းစား၏၊ တစ်ပါးသော လောကကိုလည်း မှီ၍ စဉ်းစား၏၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ စဉ်းစား၏။ သဒ္ဓ ဤသို့လျှင် ယောက်ျားယုတ်၏ စဉ်းစားမှုသည် ဖြစ်၏။ သဒ္ဓ အဘယ်သို့လျှင် အာဇာနည်မြင်း၏ စဉ်းစားမှုသည် ဖြစ်သနည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော အာဇာနည်မြင်းကောင်းသည် ''မြက် မြက်''ဟု မစဉ်းစား၊ ထိုသို့ မစဉ်းစားခြင်းသည် အဘယ့် ကြောင့်နည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော အာဇာနည်မြင်းကောင်းအား ''ယနေ့ ငါ့အား မြင်းထိန်း သည် အဘယ်ပြုဖွယ်မျိုးကို ပြုလုပ်စေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအား အဘယ်ပြုဖွယ်မျိုးကို အတုံ့အပြန် ပြုရမည်နည်း''ဟု ဤသို့ အကြံဖြစ်သောကြောင့်တည်း။ စားကျင်း၌ ချည်ထားသော ထို အာဇာနည်မြင်းကောင်းသည် ''မြက် မြက်''ဟု မစဉ်းစား၊ သဒ္ဓအာဇာနည်မြင်းကောင်းသည် ကြွေးမြီနှင့် တူစွာ အနှောင်အဖွဲ့နှင့်တူစွာ ဆုံးရှုံးမှုနှင့်တူစွာ အပြစ်ကြီးနှင့်တူစွာ နှင်တံ၏ လွှမ်းမိုးကျရောက်ခြင်းကို ကောင်းစွာ ကြည့်ရှု၏။ သဒ္ဓ ဤအတူပင် (ဤလောက၌) အာဇာနည် ယောက်ျားကောင်းသည် တောသို့ ကပ်ရောက်သော် လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်သော်လည်းကောင်း ကာမရာဂလွှမ်းမိုးသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် မနေ၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိ၏။ ဖျက်ဆီးလိုမှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ထိုင်းမှိုင်းမှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ယုံမှားမှု လွှမ်းမိုးသော ယုံမှားမှု နှိပ်စက်သော စိတ်ဖြင့် မနေ၊ ဖြစ်ပေါ်လာသော ယုံမှားမှု၏ ထွက်မြောက် ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူသည် မြေကို မှီ၍ မစဉ်းစား၊ ရေကို မှီ၍ မစဉ်းစား၊ မီးကို မှီ၍ မစဉ်းစား၊ လေကို မှီ၍ မစဉ်းစား၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာ ယတနဈာန်'ကို မှီ၍ မစဉ်းစား၊ အဆုံးမရှိသော ဝိညာဏ်၏တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကို မှီ၍ မစဉ်းစား၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'ကို မှီ၍ မစဉ်းစား၊ သညာ ရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ 'နေဝသညာ နာသညာယတနဈာန်' ကို မှီ၍ မစဉ်းစား၊ ဤလောကကို မှီ၍ မစဉ်းစား၊ တစ်ပါးသော လောကကို မှီ၍ မစဉ်းစား၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ မစဉ်းစား၊ သို့သော်လည်း စဉ်းစားနေသည်သာတည်း၊ သဒ္ဓ ဤသို့ စဉ်းစားလေ့ရှိသော အာဇာနည် ယောက်ျားကောင်းကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့်တကွသော နတ်တို့သည် အဝေးကပင်- အို-ယောက်ျားအာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။ အို-ယောက်ျားမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။ အသျှင်ဘုရားသည် အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ်တို့ မသိကြပါကုန်ဟု ရှိခိုးကြကုန်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူလတ်သော် အသျှင်သဒ္ဓသည် မြတ်စွာဘုရားအား- အသျှင်ဘုရား အဘယ်သို့ စဉ်းစားသော ယောက်ျားကောင်းအာဇာနည်သည် မြေကို မှီ၍ မစဉ်းစားသနည်း၊ ရေကို မှီ၍ မစဉ်းစား သနည်း၊ မီးကို မှီ၍ မစဉ်းစားသနည်း၊ လေကို မှီ၍ မစဉ်းစားသနည်း၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာယတနဈာန်'ကို မှီ၍ မစဉ်းစားသနည်း၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကို မှီ၍ မစဉ်းစားသနည်း၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'ကို မှီ၍ မစဉ်းစားသနည်း၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ 'နေဝသညာနာသညာယတနဈာန်'ကို မှီ၍ မစဉ်းစားသနည်း၊ ဤလောကကို မှီ၍ မစဉ်းစား၊ တစ်ပါးသော လောကကို မှီ၍ မစဉ်းစားသနည်း၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကို မှီ၍လည်း မစဉ်းစားသနည်း၊ သို့သော်လည်း စဉ်းစားနေသည်သာ ဖြစ်သနည်း။ အသျှင်ဘုရား အဘယ်သို့ စဉ်းစားသော ယောက်ျားကောင်း အာဇာနည်ကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့် တကွသော နတ်တို့သည် အဝေးကပင်- အို ယောက်ျားအာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။ အိုု ယောက်ျားမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။ အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ် မသိကြပါကုန်ဟု (ဆို၍) ရှိခိုးကြပါကုန်သနည်းဟု လျှောက်၏။ သဒ္ဓ ဤလောက၌ ယောက်ျားကောင်းအာဇာနည်အား မြေ၌ မြေဟူသော အမှတ်သည် ထင်ရှား၏၊ ရေ၌ ရေဟူသော အမှတ်သည် ထင်ရှား၏၊ မီး၌ မီးဟူသော အမှတ်သည် ထင်ရှား၏၊ လေ၌ လေဟူသော အမှတ်သည် ထင်ရှား၏၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသနဉ္စာ ယတနဈာန်' ၌ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စယတနဈာန်'ဟူသော အမှတ်သည် ထင်ရှား၏၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'၌ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတန ဈာန်'ဟူသော အမှတ်သည် ထင်ရှား၏၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'ဟူသော အမှတ်သည် ထင်ရှား၏၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ 'နေဝသညာနာသညာယတနဈာန်'၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာ 'နေဝသညာနာသညာယတနဈာန်'ဟူသော အမှတ်သည် ထင်ရှား၏၊ ဤလောက၌ ဤလောကဟူသော အမှတ်သည် ထင်ရှား၏၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟူသော အမှတ်သည် ထင်ရှား၏၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံ၌လည်း အမှတ်သည် ထင်ရှား၏။ သဒ္ဓ ဤသို့ စဉ်းစားလေ့ရှိသော ယောက်ျား ကောင်းအာဇာနည်သည် မြေကို မှီ၍ မစဉ်းစား။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ မစဉ်းစား၊ သို့သော်လည်း (ဖလသမာပတ်ဖြင့် နိဗ္ဗာန်ကိုကား) စဉ်းစားနေသည်သာတည်း။ သဒ္ဓ ဤသို့ စဉ်းစားနေသော ယောက်ျားကောင်း အာဇာနည်ကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့် တကွသော နတ်တို့သည် အဝေးကပင်- အို ယောက်ျား အာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။ အို ယောက်ျားမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။ အသျှင်ဘုရားသည် အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ်တို့ မသိကြပါကုန်ဟု (ဆို၍) ရှိခိုးကုန်၏။

နဝမသုတ်။

------

၁၀-မောရနိဝါပသုတ်

၁၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဥဒေါင်းတို့အား အစာပေးရာ ပရိဗိုဇ်အရံ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလအစု၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိအစု၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာအစုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ ရဟန်းတို့ အခြားသော တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တန်ခိုးပြာဋိဟာ 'ဣဒ္ဓိပါဋိဟာရိယ'၊ ရည်ညွှန်းဟောပြောမှုပြာဋိဟာ 'အာဒေသနာပါဋိဟာရိယ'၊ ဆုံးမမှုပြာဋိဟာ 'အနုသာသနီ ပါဋိဟာရိယ'တို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ ရဟန်းတို့ အခြားသော တရားသုံးမျိုးတို့နှင့်လည်း ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့် ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ-မှန်ကန်သော အယူ၊ မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွတ်မြောက်မှု 'အရဟတ္တဖိုလ်'တို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာ ရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အသိဉာဏ်'ဝိဇ္ဇာ'၊ အကျင့်'စရဏ'တို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။ ရဟန်းတို့ သနင်္ကုမာရဗြဟ္မာသည်လည်း- ''လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို စိစစ်လေ့ရှိကုန်၏၊ (ထိုသူတို့တွင်) မင်းမျိုးသည် မြတ်၏၊ နတ်လူအပေါင်း၌ အကြင်သူသည် အသိဉာဏ် 'ဝိဇ္ဇာ', အကျင့် 'စရဏ'နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏''ဟူသော ထိုဂါထာကို သီဆို၏။ ရဟန်းတို့ သနကုင်္မာရဗြဟ္မာ သီဆိုအပ်သော ထိုဂါထာသည် ကောင်းစွာ သီဆိုအပ်သော ဂါထာတည်း၊ မကောင်းသဖြင့် သီဆိုအပ်သော ဂါထာ မဟုတ်၊ အကျိုးနှင့် စပ်၏၊ အကျိုးနှင့်မစပ်သည် မဟုတ်၊ ငါသည် အသိအမှတ်ပြု၏။ ရဟန်းတို့ ငါသည်လည်း ဤအတူပင် ဆို၏- ''လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို စိစစ်လေ့ရှိကုန်၏၊ (ထိုသူတို့တွင်) မင်းမျိုးသည် မြတ်၏။ နတ်လူအပေါင်း၌ အကြင်သူသည် အသိဉာဏ် 'ဝိဇ္ဇာ', အကျင့် 'စရဏ'နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏''ဟု ဆို၏။

ဒသမသုတ်။

ရှေးဦးစွာသော နိဿယဝဂ် ပြီး၏။

------

၂-အနုဿတိဝဂ် ၁-ပဌမ မဟာနာမသုတ်

၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ''သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရား သည် ဒေသစာရီကြွချီတော်မူလိမ့်မည်''ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စကို ပြုကုန်၏။ ''သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကုန်၏''ဟု သာကီဝင်မဟာနာမ်မင်းသည် ကြားသိသည်သာတည်း။

ထိုအခါ သာကီဝင်မဟာနာမ်မင်းသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-''အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်း များစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြကုန်၏ဟု ဤစကားကို အကျွန်ုပ် ကြားရပါ၏။ အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ် နေခြင်းဖြင့် နေကြရပါမည်နည်း''ဟု လျှောက်၏။ မဟာနာမ် ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် ငါဘုရားသို့ ချဉ်းကပ်၍ ''အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း''ဟု မေး လျှောက်သော စကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျှောက်ပတ်သည်သာတည်း။ မဟာနာမ် ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ ထက်သန်သောလုံ့လရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့ သူသည် မပြီးစေနိုင်။ တည်ကြည်သူသည် (မဂ်ဖိုလ်) ကို ပြီးစေနိုင်၏။ မတည်ကြည်သူသည် မပြီးစေနိုင်။ ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမရှိသူသည် မပြီးစေနိုင်။ မဟာနာမ် ဤတရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရား ခြောက်မျိုးတို့ကို ပွါးများလေလော့။

မဟာနာမ် သင်သည် မြတ်စွာဘုရားကို ''ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူ ထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့်'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ သစ္စာလေးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ဘဂဝါ မည်တော်မူ၏''ဟု အဖန်ဖန် အောက်မေ့လော ့။

မဟာနာမ် အရိယာတပည့်အား မြတ်စွာဘုရားကို အောက်မေ့သော အခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား မြတ်စွာဘုရားကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည့်ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို (ရာဂ,ဒေါသ,မောဟတိုဖြင့်) မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရားအလျဉ်သို့ ရောက်၍ မြတ်စွာဘုရား၏ ဂုဏ်တော်အောက်မေ့မှု 'ဗုဒ္ဓါနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား သင်သည် ''တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါ ပေတည်း၊ မိမိကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င ှ သိနိုင်သော တရားတော်ပါပေတည်း''ဟု တရားတော်ကို အဖန်ဖန် အောက်မေ့လေ လော့။

မဟာနာမ် အရိယာတပည့်အား တရားတော်ကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသောစိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား တရားတော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏။ ချမ်းသာသူအား စိတ်သည် တည်ကြည်၏၊ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရား အလျဉ်သို့ ရောက်၍ တရား၏ဂုဏ်တော် အောက်မေ့မှု 'ဓမ္မာနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။

မဟာနာမ် နောက်တစ်မျိုးကား သင်သည်''မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော ဤမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏''ဟု သံဃာ့ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့လေလော့။

မဟာနာမ် အရိယာတပည့်အား သံဃာ့ဂုဏ်တော်ကို အောက်မေ့သော အခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား သံဃာ့ဂုဏ်တော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရားအလျဉ်သို့ ရောက်၍ သံဃာ၏ ဂုဏ်တော်အောက်မေ့မှု 'သံဃာနုဿတိ ဘာဝနာ'ကို့ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား သင်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန် (အဖြစ်မှ) လွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ အမှား မသုံးသပ်အပ်ကုန်သော၊ တည်ကြည်မှု 'သမာဓိ'ကိုဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့လေလော့။ မဟာနာမ် အရိယာတပည့်အား သီလကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား သီလကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏။ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏။ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်း သို့ ရောက်၍ နေ၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရားအလျဉ်သို့ ရောက်၍ သီလအောက်မေ့မှု 'သီလာနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား ''ငါ့အား အရတော်လေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေ၏၊ အကြင် ငါသည် ဝန်တိုမှုအညစ်အကြေးလွှမ်းမိုးသော သတ္တဝါအပေါင်း၌ ဝန်တိုမှုအညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးပြီးသောလက် ရှိ၏။ စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ တောင်းခံထိုုက်၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်၏''ဟု သင်သည် မိမိ၏ စွန့်ကြဲမှု 'စာဂ' ကို အောက်မေ့လေလော့။

မဟာနာမ် အရိယာတပည့်အား စွန့်ကြဲမှုကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား စွန့်ကြဲမှုကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရားအလျဉ်သို့ ရောက်၍ စွန့်ကြဲမှုကိုအောက်မေ့မှု 'စာဂါနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား''စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်ထက်ဗြဟ္မာတို့သည် ထင်ရှားရှိကုန်၏၊ ယုံကြည်မှု 'သဒ္ဓါ'နှင့် ပြည့်စုံကုန်သော နတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုယုံကြည်မှု 'သဒ္ဓါ'မျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံကြသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုသီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုအကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲမှုနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုစွန့်ကြဲမှုမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏''ဟု သင်သည် နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့လေလော့။

မဟာနာမ် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏။ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်စိတ် ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏။ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရား အလျဉ်သို့ ရောက်၍ နတ်တို့ကို (သက်သေထားလျက် မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့ခြင်း 'ဒေဝတာနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ မဟာနာမသုတ်

၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာကီဝင်မဟာနာမ်မင်းသည် မကျန်းမာခြင်းမှ ထပြီးဖြစ်၏၊ နာလန်ထ၍ မကြာသေး။ ထိုအခါ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် ''မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူ လိမ့်မည်''ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ် ဆိုးခြင်းကိစ္စကို ပြုကုန်၏။ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် ''မြတ်စွာဘုရား သည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စကို ပြုကုန်၏''ဟု သာကီဝင်မဟာနာမ်မင်းသည် ကြားသိသည်သာတည်း။ ထိုအခါ သာကီဝင် မဟာ နာမ်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-''အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် 'မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ် ဆိုးခြင်းကိစ္စကို ပြုကြပါကုန်၏'ဟု ဤစကားကို အကျွန်ုပ်ကြားရပါသည်။ အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း''ဟု လျှောက်၏။ မဟာနမ် ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ''အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း''ဟု မေးလျှောက်သော စကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျောက်ပတ်သည်သာတည်း။ မဟာနာမ် ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ ထက်သန်သော လုံ့လရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့သူသည် မပြီးစေနိုင်။ တည်ကြည်သူသည် (မဂ်ဖိုလ်ကို) ပြီးစေ နိုင်၏၊ မတည်ကြည်သူသည် မပြီးစေနိုုင်။ ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမရှိသူသည် မပြီးစေနိုင်။ မဟာနာမ် သင်သည် ဤတရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရားခြောက်မျိုးတို့ကို ပွါးများလေလော့။ မဟာနာမ် သင်သည် မြတ်စွာဘုရားကို ''ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော် အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်း ကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏''ဟု အဖန်ဖန် အောက်မေ့လေလော့။

မဟာနာမ် မြတ်စွာဘုရားကို အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား မြတ်စွာဘုရားကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏၊ မဟာနာမ် သင်သည် ဤမြတ်စွာဘုရားအား အဖန်ဖန် အောက်မေ့မှုကို သွားနေစဉ်လည်း ပွါးများလေလော့၊ ရပ်နေစဉ်လည်း ပွါးများလေလော့၊ ထိုင်နေစဉ်လည်း ပွါးများလေလော့၊ အိပ်နေစဉ် လည်း ပွါးများလေလော့၊ အလုပ်ကိစ္စကို ပြုလုပ်စီမံနေစဉ်လည်း ပွါးများလေလော့၊ သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေစဉ်လည်း ပွါးများလေလော့။

မဟာနာမ် နောက်တစ်မျိုးကား သင်သည် တရားတော်ကို အောက်မေ့လေလော့။ပ။ သံဃာတော်ကို အောက်မေ့လေလော့။ပ။ မိမိ၏ သီလကို အောက်မေ့လေလော့။ပ။ မိမိ၏ စွန့်ကြဲမှုကို အောက်မေ့ လေလော ့။ပ။ ''စာတုမဟာရာဇ်နတ်။ပ။ အထက်အထက် ဗြဟ္မာတို့သည် ထင်ရှားရှိကုန်၏။ ယုံကြည်မှု 'သဒ္ဓါ'နှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အား လည်း ထိုယုံကြည်မှု 'သဒ္ဓါ'မျိုးသည် ရှိ၏။ သီလနှင့်။ သုတနှင့်။ စာဂနှင့်။ ပညာနှင့် ပြည့်စုံကုန်သော နတ်တို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏''ဟု နတ်တို့ကို (သက်သေထားလျက် မိမိ၏သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့လေလော့။

မဟာနာမ် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား နတ်တို့ကို (သက်သေထားလျက် မိမိ၏ သဒ္ဓါစသောဂုဏ်ကို) အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် သင်သည် ဤနတ်တို့ကို (သက်သေထားလျက် မိမိ၏သဒ္ဓါစသော ဂုဏ်ကို) အောက်မေ့မှုကို သွားနေစဉ်လည်း ပွါးများလေလော့၊ ရပ်နေစဉ်လည်း ပွါးများလေလော့၊ ထိုင်နေစဉ်လည်း ပွါးများလေလော့၊ အိပ်နေစဉ်လည်း ပွါးများလေလော့၊ အလုပ်ကိစ္စကို ပြုလုပ်စီမံ နေစဉ်လည်း ပွါးများလေလော့၊ သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေစဉ်လည်း ပွါးများ လေလော့ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-နန္ဒိယသုတ်

၁၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူလို၏။ နန္ဒိယ သာကီဝင်သည် ''မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်လိုမူသတတ်''ဟု တစ်ဆင့်စကား ကြားသည်သာတည်း။ ထိုအခါ နန္ဒိယသာကီဝင်အား ငါသည်လည်း သာဝတ္ထိပြည်၌ မိုးလပတ်လုံးနေရမူ ကောင်းလေစွ၊ ထို (သာဝတ္ထိပြည်) ၌ အလုပ်ကိစ္စကို ပြုလုပ်စီမံအံ့၊ ရံဖန်ရံခါ မြတ်စွာဘုရားကို ဖူးမြင်ရန် လည်း အခွင့်ရအံ့''ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူ၏၊ နန္ဒိယ သာကီဝင်သည်လည်း မိုးလပတ်လုံး သာဝတ္ထိပြည်၌ နေ၏၊ ထိုသာဝတ္ထိပြည်၌ အလုပ်ကိစ္စကိုလည်း ပြုလုပ် စီမံ၏၊ ရံဖန်ရံခါ မြတ်စွာဘုရားကို ဖူးမြင်ရန်လည်း အခွင့်ရ၏။ ထိုအခါ၌ ''သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်''ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုလုပ်ကုန်၏။ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် ''မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြ သတတ်''ဟု နန္ဒိယသာကီဝင်သည် တစ်ဆင့်စကား ကြားသည်သာတည်း။ ထိုအခါ နန္ဒိယသာကီဝင်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-- ''အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စ္ပပြီးဆုံး၍ သုံးလလွန်မြောက်လျှင် 'မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်'ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြကုန်၏ဟု ဤစကားကို အကျွန်ုပ် ကြားရပါသည်။ အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း''ဟု လျှောက်၏။ နန္ဒိယ ကောင်းပေစွ ကောင်းပေစွ၊ နန္ဒိယ သင်တို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ''အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါ မည်နည်း''ဟု မေးလျှောက်သောစကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျောက်ပတ် သည်သာတည်း။ နန္ဒိယ ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ သီလရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သီလမဲ့သူသည် မပြီးစေနိုင်၊ ထက်သန်သော လုံ့လ ရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့သူသည် မပြီးစေနိုင်။ တည်ကြည်သူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ မတည်ကြည်သူသည် မပြီးစေနိုင်။ ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမဲ့သူသည် မပြီးစေနိုင်။ နန္ဒိယ သင်သည် ဤတရားခြောက်မျိုးတို့၌ တည်၍ တရားငါးမျိုးတို့၌ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ နန္ဒိယ သင်သည် မြတ်စွာဘုရားကို ''ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ်'ဝိဇ္ဇာ' အကျင့်'စရဏ'တို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝ မနုဿာနံ မည် တော်မူ၏၊ (သစ္စာလေးပါးကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏''ဟု အဖန်ဖန် အောက်မေ့လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် မြတ်စွာဘုရားကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ နောက်တစ်မျိုးကား ''တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့်အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ အရိယာပညာရှိတို့သာ ကိုယ်စီ ကိုယ်ငှ သိနိုင်သော တရားတော်ပါပေတည်း''ဟု သင်သည် တရားတော်ကို အဖန်ဖန် အောက်မေ့ လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် တရားတော်ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေ ရမည်။

နန္ဒိယ နောက်တစ်မျိုးကား ''ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရပေစွတကား၊ ငါ၏ မိတ်ဆွေကောင်းတို့သည် သနားစောင့်ရှောက်ကုန်၏၊ အကျိုးကို လိုလားကြ၍ ဆုံးမကြ၏၊ ကံမြစ် ကြ၏''ဟု မိတ်ဆွေကောင်းတို့ကို အဖန်ဖန် အောက်မေ့လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် မိတ်ဆွေ ကောင်းတို့ကိုု အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ နောက်တစ်မျိုးကား ''ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရပေစွတကား၊ ငါသည် ဝန်တိုမှုအညစ်အကြေး လွှမ်းမိုးသော သတ္တဝါအပေါင်း၌ ဝန်တိုမှု အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်၍ နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ တောင်းခံထိုက်၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်၏''ဟု မိမိ၏ စွန့်ကြဲမှုကို အဖန်ဖန် အောက်မေ့လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် စွန့်ကြဲမှုကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ နောက်တစ်မျိုးကား ''အလုတ်အလွေးပြုရသော အစာကို စားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို လွန်မြောက်၍ စိတ်ဖြင့်ပြီးသော တစ်မျိုးမျိုးသော နတ်ဗြဟ္မာအပေါင်းသို့ ကပ်ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိအတွက် ပြုဖွယ်ကိစ္စကိုလည်းကောင်း၊ ပြုပြီးကိစ္စကို တစ်ဖန် ဆည်းပူးမ ှုကိုလည်းကောင်း မရှုကြည့်ကြကုန်၊ အခါမဲ့ လွတ်မြောက်မှုရှိသော ရဟန်းသည် မိမိ၏ ပြုဖွယ်ကိစ္စနှင့် ပြုပြီးကိစ္စကို တစ်ဖန်ဆည်းပူးမှုကို မရှုကြည့်သကဲ့သို့၊ နန္ဒိယ ဤအတူပင် အလုတ်အလွေးပြုရသော အစာကို စားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို လွန်မြောက်၍ စိတ်ဖြင့်ပြီးသော တစ်မျိုး မျိုးသော နတ်ဗြဟ္မာအပါင်းသို့ ကပ်ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိအတွက် ပြုဖွယ်ကိစ္စနှင့် ပြုပြီးကိစ္စကို တစ်ဖန်ဆည်းပူးမှုကို မရှုကြည့်ကုန်။ နန္ဒိယ ဤသို့လျှင် သင်သည် ထိုနတ်တို့ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ ဤတရားတစ်ဆယ့်တစ်မျိုးနှင့် ပြည့်စုံသော အရိယာတပည့်သည် ယုတ်ညံ့သော အကုသိုလ် တရားတို့ကို ပယ်စွန့်သည်သာတည်း၊ မစွဲယူသည်သာတည်း။ နန္ဒိယ မှောက်ထားသော အိုးသည် ရေကို အန်ထုတ်သကဲ့သို့လည်းကောင်း၊ အန်ထုတ်ပြီးသည်ကို တစ်ဖန်ပြန်မအန်ရတော့သကဲ့သို့လည်းကောင်း၊ နန္ဒိယ မြက်ခြောက် တော၌ မီးကျလတ်သော် လောင်၍သာ သွားသကဲ့သို့လည်းကောင်း၊ လောင်ပြီးရာသို့ တစ်ဖန်ပြန်မလောင်တော့သကဲ့သိုု့လည်းကောင်း နန္ဒိယ ဤအတူပင် ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်စွန့်သည်သာတည်း၊ မစွဲယူသည်သာတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-သုဘူတိသုတ်

၁၄။ ထိုအခါ အသျှင်သုဘူတိသည် သဒ္ဓရဟန်းနှင့်အတူ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သုဘူတိကို မြတ်စွာဘုရားသည် ''သုဘူတိ ဤရဟန်းသည် အဘယ်အမည်ရှိသနည်း''ဟု မေးတော်မူ၏။ အသျှင်ဘုရား ဤရဟန်းသည် သဒ္ဓ အမည်ရှိပါ၏၊ သုဒတ္တဥပါသကာ (အနာထပိဏ်သူဌေး)၏ သားဖြစ်၍့ယုံကြည်မှုဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏ဟု (လျှောက်၏)။

သုဘူတိ အသို့နည်း ယုံကြည်မှုဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော သုဒတ္တ (အနာထပိဏ်သူဌေး)၏ သား ဤသဒ္ဓရဟန်းသည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့၌ ထင်၏လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား မြတ်စွာဘုရားသည် သဒ္ဓအား သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့ကို ဟောရာ၏၊ ထိုဟောခြင်း၏ အခါပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုဟောခြင်း၏ အခါပါတည်း၊ ယခုအခါ၌ ''ဤရဟန်းသည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့၌ ထင်၏၊ သို့မဟုတ် မထင်''ဟု အကျွန်ုပ် သိရပါတော့အံ့ဟု (လျှောက်၏)။

သုဘူတိ ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်သုဘူတိသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ -

သုဘူတိ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်း၍ နေ၏။ အကျင့် 'အာစာရ' ကျက်စားရာ'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ သုဘူတိ ယင်းသို့ ရဟန်း၏ သီလရှိသူ ဖြစ်ခြင်း။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ခြင်းဟူသော ဤတရားသည် လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက် နှင့်တကွ သဒ္ဒါနှင့်တကွ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ဟော ဖော်ပြတတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားအပ်ကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ သုဘူတိ ယင်းသို့ ရဟန်း၏ အကြားအမြင်များခြင်း။ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် မိတ်ဆွေကောင်းရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ မိတ်ဆွေကောင်း၌ ကိုင်းညွတ်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ မိတ်ဆွေကောင်းရှိခြင်း၊ အပေါင်းအဖော် ကောင်းရှိခြင်း၊ မိတ်ဆွေကောင်း၌ ကိုင်းညွှတ်ခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါ တရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံ၏ သည်းခံနိုင်၏၊ အဆုံးအမကို ရိုသေစွာ ခံယူလေ့ရှိ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ ဆိုဆုံးမ လွယ်သူ ဖြစ်ခြင်း၊ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံခြင်း၊ အဆုံးအမကို သည်းခံနိုင်ခြင်း၊ ရိုသေစွာ နာယူလေ့ရှိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ ကြီးမားကုန် သေးငယ်ကုန်သော အဘယ်ဲ့သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်၏၊ ပျင်းရိမှု မရှိ၊ ထိုထို ပြုဖွယ်ကိစ္စတို့၌ အကြောင်းဥပါယ်ကို စုံစမ်းသော ဉာဏ်နှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်း နိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ သုဘူတိ ယင်းသို့ ရဟန်း၏ ကြီးမားကုန်သေးငယ်ကုန်ကုန်သော အဘယ်ဲ့သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော သီတင်းသုံးဖော်တို့၏ ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်ခြင်း၊ ပျင်းရိမှုမရှိခြင်း၊ ထိုထို ပြုဖွယ်ကိစ္စ၌ အကြောင်းဥပါယ်ကို စုံစမ်းသောဉာဏ်နှင့် ပြည့်စုံခြင်း၊ ပြုလုပ်ရန် စွမ်းနိုင်ခြင်း စီရင်ရန် စွမ်းနိုင်ခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ့လက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် တရားကို လိုလားသူဖြစ်၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော ဝမ်းမြောက်မှုရှိ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ တရားကို လိုလားသူဖြစ်ခြင်း၊ ချစ်ဖွယ်ကို ပြောဆိုတတ်ခြင်း၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော (နှစ်သက်) ဝမ်းမြောက်မှုရှိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ သုဘူတိ ယင်းသို့ ရဟန်း၏ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေခြင်း၊ အားအစွမ်းရှိခြင်း၊ မြဲမြံသော လုံ့လရှိခြင်း၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် လွန်ကဲသော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းပဲ ရ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ လွန်ကဲသော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရခြင်း၊ မငြိုငြင်ရခြင်း၊ မပင်မပန်းရခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကို လည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သောဘဝ၌ ''(ငါသည်) ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ (ထိုငါသည်) ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ တစ်ပါးမကများစွာသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်ခြင်း။ပ။ သည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု'မျက်စိဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏။ ''အချင်းတို့ ဤ သတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်'တို့နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူ ရှိကုန်၏။ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ ဖြစ်ရကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ကာယသုစရိုက်'၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'ဝစီ သုစရိုက်'၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'မနောသုစရိုက်'တို့နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံရှိကုန်၏။ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရကုန်၏''ဟု ကံအား လျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု'မျက်စိဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိနိုင်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ အထူးသဖြင့် စင်ကြယ်သော ဒိဗ္ဗစက္ခုဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိနိုင်ခြင်းသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိနောက်တစ်မျိုးကား ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်'ပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိကာ မျက်မှောက်ပြု၍ နေ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြု၍ နေခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါ တရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူလတ်သော် အသျှင်သုဘူတိသည် မြတ်စွာဘုရားအား- အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာတို့သည် ဤရဟန်းအား ရှိပါကုန်၏၊ ဤရဟန်းသည်လည်း ထိုလက္ခဏာတို့၌ ထင်ပါ၏၊

အသျှင်ဘုရား ဤရဟန်းသည် သီလရှိပါ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းနေပါ၏၊ အကျင့် 'အာစာရ' ကျက်စားရာ'ဂေါစရ'နှင့် ပြည့်စုံပါ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ ရှိပါ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ပါ၏။ အသျှင်ဘုရား ဤရဟန်းသည် အကြားအမြင် များပါ၏၊ အကြားအမြင်ကို ဆောင်ပါ၏၊ အကြား အမြင်ကို ဆည်းပူးပါ၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်နှင့် တကွ သဒ္ဒါနှင့်တကွ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောဖော်ပြ တတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ပါကုန်၏၊ ဆောင်ထား အပ်ပါကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ပါကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ပါကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ပါကုန်၏။ အသျှင်ဘုရား ဤရဟန်းသည် မိတ်ဆွေကောင်း ရှိပါ၏၊ အပေါင်းအဖော်ကောင်း ရှိပါ၏၊ မိတ်ဆွေ ကောင်း၌ ကိုင်းညွတ်ပါ၏။ အသျှင်ဘုရား ဤရဟန်းသည် ဆိုဆုံးမလွယ်သူဖြစ်ပါ၏။ပ။ အဆုံးအမကို ရိုသေစွာ နာယူလေ့ ရှိ၏။ပ။

အသျှင်ဘုရား ဤရဟန်းသည် သီတင်းသုံးဖော်တို့၏ ကြီးမားကုန်သေးငယ်ကုန်သော အဘယ်ဲ့သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်ပါ၏၊ ပျင်းရိခြင်း မရှိပါ၊ ထိုထိုအမှုကိစ္စတို့၌ အကြောင်းဥပါယ်ကို စုံစမ်းသော ဉာဏ်နှင့် ပြည့်စုံပါ၏၊ ပြုလုပ်ရန် စွမ်းနိုင်ပါ၏၊ စီရင်ရန် စွမ်းနိုင်ပါ၏။

အသျှင်ဘုရား ဤရဟန်းသည် တရားကို လိုလားသူ ဖြစ်ပါ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်ပါ၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော ဝမ်းမြောက်မှု ရှိပါ၏၊

အသျှင်ဘုရား ဤရဟန်းသည် ထက်သန်သောလုံ့လ ရှိသည်ဖြစ်၍ နေပါ၏။ပ။ အားအစွမ်း ရှိပါ၏၊ မြဲမြံသော လုံ့လရှိပါ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိပါ။

အသျှင်ဘုရား ဤရဟန်းသည် လွန်ကဲသောစိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရပါ၏၊ မငြိုမငြင်ရပါ၏၊ မပင်မပန်းဘဲ ရပါ၏။ အသျှင်ဘုရား ဤရဟန်းသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ပါ၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ် သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ပါ၏။ အသျှင်ဘုရား ဤရဟန်းသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' မျက်စိဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်ကုန်သောသတ္တဝါတို့ကို သိပါ၏။ အသျှင်ဘုရား ဤရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြု၍ နေပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာတို့သည် ဤရဟန်းအား ရှိပါကုန်၏၊ ဤရဟန်းသည်လည်း ထိုလက္ခဏာတို့၌ ထင်ပါ၏ဟု လျှောက်၏။ သုဘူတိ ကောင်းပေစွ ကောင်းပေစွ၊ သုဘူတိ ထိုသို့ဖြစ်လျှင် သင်သည် ဤသဒ္ဓရဟန်းနှင့်လည်း အတူနေလော့၊ သုဘူတိ သင်သည် အကြင်အခါ၌ မြတ်စွာဘုရားကို ဖူးမြင်ရန် အလိုရှိ၏၊ (ထိုအခါ) ဤသဒ္ဓရဟန်းနှင့်အတူ မြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်လေလော့ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-မေတ္တာသုတ်

၁၅။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အကျိုးအာနိသင် တစ်ဆယ့်တစ်မျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုးရ၏။ အိပ်မက်ဆိုးကို မမြင်မက်။ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။ နတ်,သားရဲ,ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။ နတ်တို့စောင့်ရှောက်ကုန်၏။ ထို(မေတ္တာပွါးများသော) သူအား မီး အဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။ လျင်မြန်စွာ စိတ်တည်ကြည်၏။ မျက်နှာအဆင်း အထူးကြည်လင်၏။ မတွေမဝေ သေရ၏။ အလွန်မြတ်သော (အရဟတ္တဖိုလ်တရား) ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာပြည်သို့ လားရ၏။

ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန် များစွာ ပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည် ရှိသော် ဤတစ်ဆယ့်တစ်ပါးသော အကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-အဋ္ဌကနာဂရသုတ်

၁၆။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေဠုဝရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်မြို့သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။ ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ကုက္ကုဋာရုံကျောင်း၌ ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းအား ''အသျှင်ဘုရား အသျှင်အာနန္ဒာသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံး နေတော်မူပါသနည်း၊ တပည့်တော်တို့သည် ထိုအသျှင်အာနန္ဒာကို ဖူးမြော်လိုပါကုန်၏''ဟု လျှောက်၏။ သူကြွယ် ဤအသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေဠုဝရွာငယ်၌ သီတင်းသုံးနေတော်မူပေ၏ဟု (ဆို၏)။

ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်မြို့၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးနောက် ဝေသာလီပြည် ဗေဠုဝရွာငယ် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်အာနန္ဒာအား-''အသျှင်ဘုရား အာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူသော (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော။ ယင်း တရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာ သို့လည်း ရောက်နိုင်၏၊ (ဤသို့ သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော''ဟု လျှောက်၏။ သူကြွယ် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတစ်ခုသည် ရှိပေ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာ သို့လည်း ရောက်နိုင်၏။ (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပေ၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားအာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရား တစ်ခုသည် ရှိ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက် ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ (ဤသို့သဘောရှိသော) တရားတစ်ခုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ့ကင်းဆိတ်၍သာလျှင် ကြံစည်မှု 'ဝိတက်' နှင့်တကွသော၊ သုံးသပ်မှု 'ဝိစာရ' နှင့်တကွသော၊ (နီဝရဏ) ကင်းဆိတ်မှုကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ ''ဤပဌမဈာန်သည်လည်း အပြုပြင်ခံတရား ဖြစ်၏၊စေ့ဆော် အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်သော တရားအားလုံး သည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်း သဘောရှိ၏''ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘော မရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရားတစ်ခု ဖြစ်ပေ၏။ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ် မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူ လည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက် နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်မှု 'သမာဓိ' ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်မှု 'ဝိတက်' မရှိသော၊ သုံးသပ်မှု 'ဝိစာရ' မရှိသော၊ တည်ကြည်မှု 'သမာဓိ' ကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏ ''ဤဈာန်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော် အားထုတ်မှု ကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့်ဖြစ်သော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါ တရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်း ကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောထားတော်မူသော တရားတစ်ခု ဖြစ်ပေ၏။ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော မေတ္တာနှင့် တကွ ဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ (ဆန့်ကျင်ဘက်မှ) လွတ့်မြောက်သော ဤ ''မေတ္တာစိတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်သော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရား ကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်းသိတော်မူ။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ် မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့် တကွ ဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော ဤ''ဥပေက္ခာစိတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါ တရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်း ကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို(ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနာတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ ''ကောင်းကင်သည် အဆုံးမရှိ''ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ ဤအာကာသာနဉ္စာယတန သမာပတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရား ကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည်ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို(ဗြဟ္မာ့ဘုံ)မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ထိုရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''ဝိညာဏ်သည် အဆုံးမရှိ''ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ပ။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''တစ်စုံတစ်ခုမျှမရှိ''ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ ''ဤအာကိဉ္စညာယတနဈာန့်သမာပတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်သော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်သောသဘောရှိ၏''ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည်ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို(ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ၏။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏ဟု (မိန့်ဆို၏)။

ဤသို့ မိန့်ဆိုသော် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အသျှင်အာနန္ဒာအား ဤသို့ လျှောက်၏- ''အသျှင်ဘုရားအာနန္ဒာ တစ်ခုသော ရွှေအိုး၏ မျက်နှာဝကို ရှာသော ယောက်ျားသည် တစ်ကြိမ်တည်း သာလျှင် တစ်ဆယ့်တစ်လုံးသော ရွှေအိုးတို့၏ မျက်နှာဝတို့ကို ရရာသကဲ့သို့၊ ဤအတူသာလျှင် အကျွန်ုပ် သည် တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးကို ရှာပါလျက် တစ်ကြိမ်တည်းဖြင့်သာလျှင် တစ်ဆယ့်တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးတို့ကို မှီဝဲရန် ရရှိပါပြီ။ အသျှင်ဘုရား ယောက်ျားတစ်ယောက်အား တံခါးပေါက် တစ်ဆယ့်တစ်ခုရှိသော အိမ်ရှိရာ၏၊ ထိုယောက်ျားသည် ထိုအိမ်ကို မီးလောင်သည်ရှိသော် တစ်ခုခုသော တံခါးပေါက်ဖြင့်လည်း မိမိကိုယ်ကို ချမ်းသာအောင် ပြုရန် စွမ်းနိုင်ရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူ သာလျှင် တပည့်တော်သည် ဤအမြိုက်နိဗ္ဗာန်တံခါးပေါက် တစ်ဆယ့်တစ်ခုတို့တွင် တစ်ခုခုသော အမြိုက် နိဗ္ဗာန်တံခါးပေါက်ဖြင့်ပင် မိမိကိုယ်ကို ချမ်းသာအောင် ပြုရန် စွမ်းနိုင်ပါလိမ့်မည်။ အသျှင်ဘုရား အယူ တစ်ပါးရှိကြကုန်သော ဤတိတ္ထိတို့သည်ပင် ဆရာအတွက် ဆရာစားဥစ္စာကို ရှာမှီးကြတုံဘိသေး၏၊ တပည့်တော်သည် အသျှင်မြတ် အာနန္ဒာအား ပူဇော်မှုကို အဘယ်ကြောင့်မပြုဘဲ ရှိပါအံ့နည်း''ဟု လျှောက်၏။ ထို့နောက် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ဝေသာလီပြည် ပါဋလိပုတ်မြို့နေ ရဟန်းသံဃာကို စည်းဝေးစေ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိ ကိုယ်တိုင် လုပ်ကျွေး၏၊ ရဟန်းတစ်ပါး တစ်ပါးအားလည်း သင်္ကန်းတစ်စုံစီ တစ်စုံစီ လှူဒါန်း၏၊ အသျှင် အာနန္ဒာအားလည်း သုံးထည်သော သင်္ကန်းကို လှူဒါန်း၏၊ အသျှင်အာနန္ဒာအတွက် ငါးရာတန် ကျောင်းကို ဆောက်လုပ်စေ၏။

ဆဋ္ဌသုတ်။

------

၇-ဂေါပါလသုတ်

၁၇။ ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင် ချေးဥကို မခွါတတ်၊ အနာကို မဖုံးလွှမ်းတတ်၊ မီးခိုး မတိုက်တတ်၊ ဆိပ်ကမ်းကို မသိ၊ (ရေ) သောက် ပြီး (မသောက်ရသေး) ကို မသိ၊ လမ်းခရီးကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏ မိဘ နွားတို့၏ အကြီးအကဲ ရှေ့ဆောင်ဖြစ်ကြသော နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။ ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့်တစ်မျိုးနှင့် ပြည့်စုံသော နွားကျောင်းသားသည် နွား အပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။

ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ ့'သာသနာတော်' ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်။ အဘယ်တစ်ဆယ့် တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင်ချေးဥကို မခွါတတ် (မပယ်ရှားတတ်)၊ အနာကို မဖုံးလွှမ်းတတ်၊ အခိုးကို မပြုတတ်၊ ဆိပ်ကမ်းကို မသိ၊ သောက်ရပြီးကို မသိ၊ လမ်းကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ညှစ်လေ့ရှိ၏၊ ရဟန်း ဝါရင့်သူ ရဟန်းသက်ရှည်သူဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်ကို မသိသူဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ''မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို မှီသော ဥပါဒါရုပ်''ဟူသော ရုပ်အားလုံးကိုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကို မသိသူ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လက္ခဏာ၌ မလိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ''လူမိုက်သည် (အကုသိုလ်) ကံဟူသော လက္ခဏာရှိ၏၊ ပညာရှိသည် (ကုသိုလ်) ကံဟူသော လက္ခဏာရှိ၏''ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လက္ခဏာ၌ မလိမ္မာသူ ဖြစ်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ယင်ချေးဥကို မခွါတတ်သူ (မပယ်ရှားတတ်သူ) ဖြစ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဖြစ်ပေါ်လာသော ကာမအကြံအစည် ''ကာမဝိတက်'' ကို လက်ခံထား၏၊ မပယ်စွန့်၊ မဖျောက်ဖျက်၊ ကင်းအောင်မပြု၊ နောက်ထပ် မဖြစ်ခြင်း သို့ မရောက်စေ၊ ဖြစ်ပေါ်လာသော ဖျက်ဆီးလိုသော အကြံအစည် 'ဗျာပါဒဝိတက်' ကို။ ဖြစ်ပေါ်လာသော ညှဉ်းဆဲလိုသော အကြံအစည် 'ဝိဟိံသာဝိတက်'ကို။ ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညံ့သော အကုသိုလ် တရားတို့ကို လက်ခံထား၏၊ မပယ်စွန့်၊ မဖျောက်ဖျက်၊ ကင်းအောင်မပြု၊ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ယင်ချေးဥကို မခွါတတ်သူ (မပယ်ရှားတတ်သူ) ဖြစ်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို မဖုံးလွှမ်းတတ်သူ ဖြစ်သနည်း။ ရဟန်းတိုု့ ဤ သာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း 'ရူပါရုံ' ကို မြင်သော် (မိန်းမယောက်ျားစသော) အမှတ် နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ရှိ၏၊ ယင်းအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောမှု 'အဘိဇ္ဈာ' နှလုံးမသာယာမှု 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ မကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ 'ဂန္ဓာရုံ'ကို နမ်းသော်။ လျှာဖြင့် အရသာ'ရသာရုံ'ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိသော်။ စိတ်ဖြင့် သဘော 'ဓမ္မာရုံ' ကိုသိသော် (မိန်းမ ယောက်ျားစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ ရှိ၏၊ ယင်းအကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောမှု 'အဘိဇ္ဈာ' နှလုံးမသာယာမှု 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ မကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို မဖုံးလွှမ်းတတ်သူ ဖြစ်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အခိုးကို မပြုတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကြားနာပြီး သင်ယူပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့ အား မဟော။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အခိုးကို မပြုတတ်သူ ဖြစ်၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို မသိသနည်း၊ ရဟန်းတိုု့ ဤသာသနာတော်၌ ရဟန်းသည် အကြားအမြင်များကုန်သော နှုတ်တက်အာဂုံလေ့လာပြီးကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော ရဟန်းတို့ကို အခါ အားလျော်စွာ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤသည်ကား အဘယ်သို့ပါနည်း၊ ဤပုဒ်၏ အနက် သဘောကား အဘယ်ပါနည်း''ဟု မမေးတတ်၊ ပြဿနာ မထုတ်တတ်။ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့် သေးသည်ကိုလည်း မဖွင့်ပြကုန်၊ မပေါ်လွင်သေးသည်ကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာကုန်သော ယုံမှားမှု၏တည်ရာ အကြောင်းတရားတို့၌ ယုံမှားမှုကို မပယ်ဖျောက်ကုန်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို မသိ။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သောက်ရပြီးသည်ကို မသိသနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောထားတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို ဟော လတ်သော် အနက်ကို သိနားလည်မှု မရ၊ ပါဠိကို သိနားလည်မှု မရ၊ တရားနှင့်စပ်သော ဝမ်းမြောက်မှု ကို မရ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သောက်ပြီးကို မသိ။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်ကိုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်း သည် လမ်းကို မသိ။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စားကျက်၌ မလိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကိုဟုတ်တို်င်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် စားကျက်၌ မလိမ္မာသူ ဖြစ်၏။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အကြွင်းမဲ့ ညှစ်လေ့ရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းကို ယုံကြည်မှု 'သဒ္ဓါ' ရှိကုန်သော ဒါယကာတို့သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်၏။ ရဟန်းတို့ ထိုဖိတ်ရာ၌ ရဟန်းသည် ခံယူရန် အတိုင်းအရှည်ကို မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အကြွင်းမဲ့ ညှစ်လေ့ ရှိသူ ဖြစ်၏။ (၁၀)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏ မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ ရှေ့ဆောင် မထေရ်ရဟန်းတို့၌ မျက်မှောက် မျက်ကွယ် ကာယကံ မေတ္တာကို ရှေးရှု မတည်စေ၊ ဝစီကံမေတ္တာကို ရှေးရှု မတည်စေ၊ မနောကံမေတ္တာကို ရှေးရှု မတည်စေ၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်သူ ဖြစ်၏။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသောရဟန်းသည် ဤဓမ္မဝိနယ'သာသနာတော်' ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်။

ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် ထိုက်၏။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို သိ၏၊ လက္ခဏာတို့၌ လိမ္မာ၏၊ ယင်ချေးဥကို ခွါတတ်၏၊ အနာကို ဖုံးလွှမ်းတတ်၏၊ မီးခိုး တိုက်တတ်၏၊ ဆိပ်ကမ်းကို သိ၏၊ (ရေ) သောက်ပြီး (မသောက်ရသေး) ကို သိ၏၊ လမ်းခရီးကို သိ၏၊ စားကျက်၌ လိမ္မာ၏၊ ချွင်းချန်၍ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏မိဘ နွားတို့၏အကြီးအကဲ ရှေ့ဆောင်ဖြစ်ကြသော နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်၏။ ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့် တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသား သည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင်ပြုရန် ထိုက်၏။ ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်၏။ အဘယ်တစ်ဆယ့် တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို သိ၏၊ လက္ခဏာ၌ လိမ္မာ၏၊ ယင်ချေးဥကို ခွါတတ်၏၊ အနာကို ဖုံးလွှမ်းတတ်၏၊ အခိုးတိုက်တတ်၏၊ ဆိပ်ကမ်းကို သိ၏၊ သောက် ရပြီးကို သိ၏၊ လမ်းကို သိ၏၊ စားကျက်၌ လိမ္မာ၏၊ ချွင်းချန်၍ (နို့) ညှစ်လေ့ရှိ၏၊ ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူဖြစ်ကုန်သော သံဃာ့ မိဘ သံဃာ့ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်ကို သိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ''မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို မှီသော ဥပါဒါရုပ်''ဟူသော ရုပ်အားလုံးကိုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကို သိသူ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လက္ခဏာ၌ လိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ''လူမိုက်သည် (အကုသိုလ်) ကံဟူသော လက္ခဏာရှိ၏၊ ပညာရှိသည် (ကုသိုလ်) ကံဟူသော လက္ခဏာရှိ၏''ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လက္ခဏာ၌ လိမ္မာသူ ဖြစ်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ယင်ချေးဥကို ခွါတတ်သူ ဖြစ်သနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမအကြံအစည် ''ကာမဝိတက်''ကို လက်မခံ၊ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ နောက်ထပ် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ဖျက်ဆီးလိုသော အကြံအစည် 'ဗျာပါဒဝိတက်' ကို။ ဖြစ်ပေါ်လာသော ညှဉ်းဆဲလိုသော အကြံအစည် 'ဝိဟိံသာဝိတက်' ကို။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ၊ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ နောက်ထပ် မဖြစ်ခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ယင်ချေးဥကို ခွါတတ်သူ ဖြစ်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို ဖုံးလွှမ်းတတ်သနည်း။ ရဟန်းတိုု့ ဤ သာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း 'ရူပါရုံ' ကို မြင်သော် (မိန်းမယောက်ျားစသော) အမှတ် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ ယင်းအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောမှု 'အဘိဇ္ဈာ' နှလုံးမသာမှု 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်ရှောက်၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ 'ဂန္ဓာရုံ' ကို နမ်းသော်။ လျှာဖြင့် အရသာ 'ရသာရုံ'ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိသော်။ စိတ်ဖြင့် သဘော 'ဓမ္မာရုံ' ကို သိသော် (မိန်းမယောက်ျားစသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ ယင်းအကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောမှု 'အဘိဇ္ဈာ' နှလုံး မသာယာမှု 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက် ကုန်ရာ၏၊ ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်ရှောက်၏၊ မနိန္ဒြေ၌စောင့်စည်းခြင်း သို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဖုံးလွှမ်းတတ်သူ ဖြစ်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အခိုးတိုက်တတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကြားနာပြီး သင်ယူပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောတတ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အခိုးတိုက်တတ်သူ ဖြစ်၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို သိသနည်း၊ ရဟန်းတိုု့ ဤသာသနာတော်၌ ရဟန်းသည် အကြားအမြင်များကုန်သော နှုတ်တက်အာဂုံလေ့လာပြီးကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော ရဟန်းတို့ကို အခါအားလျော်စွာ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤသည်ကား အဘယ်သို့ပါနည်း၊ အသျှင်ဘုရား ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း''ဟု မေး၏၊ ပြဿနာ ထုတ်၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်သေးသည်ကို ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည်ကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များစွာကုန်သော ယုံမှားမှု၏ တည်ရာ အကြောင်းတရားတို့၌လည်း ယုံမှားမှုကို ပယ်ဖျောက်ပေးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို သိ၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သောက်ရပြီးကို သိသနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောထားတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို ဟောလတ်သော် အနက်ကို နားလည်မှု ရ၏၊ ပါဠိကို နားလည်မှု ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သောက်ရပြီးကို သိ၏။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လမ်းကို သိ၏။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စားကျက်၌ လိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကိုဟုတ်တို်င်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် စားကျက်၌ လိမ္မာသူ ဖြစ်၏။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ချွင်းချန်၍ ညှစ်လေ့ရှိသနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းကို ယုံကြည်မှု 'သဒ္ဓါ' ရှိကုန်သော ဒါယကာတို့သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်၏။ ရဟန်းတို့ ထိုသို့ ဖိတ်ရာ၌ ရဟန်းသည် ခံယူရန် အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ချွင်းချန်၍ ညှစ်လေ့ရှိ၏။ (၁၀)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏ မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့၌ မျက်မှောက် မျက်ကွယ် ကာယကံမေတ္တာကို ရှေးရှု တည်စေ၏၊ ဝစီကံမေတ္တာကို ရှေးရှု တည်စေ၏၊ မျက်မှောက်မျက်ကွယ် မနောကံမေတ္တာကို ရှေးရှုတည်စေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်သူ ဖြစ်၏။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ 'သာသနာ တော်'၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ပဌမ သမာဓိသုတ်

၁၈။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏-အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ် ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသော တည်ကြည်မှု 'သမာဓိ'ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်း သည် အဘယ်သို့ ဖြစ်နိုင်ပါသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကိုစွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏''ဟု ဤသို့ အမှတ်ရှိသူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ် ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ် ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤ လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ဒုတိယ သမာဓိသုတ်

၁၉။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်း (မူလ) ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်မှု ရှိပါကုန်၏။ မြတ်စွာဘုရားလျှင် လည်းလျောင်းရာရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုဟောအပ်သော စကား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာ ထင်လာ ပါစေ၊ မြတ်စွာဘုရား၏ (အထံမှ) ကြားနာရသဖြင့် ရဟန်းတို့သည် ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုသို့ဖြစ်လျှင် နာကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောကြားပေအံ့ဟု (မိန့် တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ'ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးတိုု့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-တတိယ သမာဓိသုတ်

၂၀။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်ကြ၍ အသျှင် သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေကြပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြလျက် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်ကြကုန်၏- အသျှင်ဘုရား ရဟန်း အား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်ရာပါသလောဟု လျှောက်ကြကုန်၏။ ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြား အပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိ အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးတိုု့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့ရှင်တို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။

ဒသမသုတ်။

------

၁၁-စတုတ္ထ သမာဓိသုတ်

၂၁။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင် တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်ရာသလောဟု မေး၏။ ငါ့သျှင်တို့ ငါတို့သည် အသျှင်သာရိပုတြာ၏အထံသို့ ထိုဟောအပ်သောစကား၏ အနက်ကို သိရန် အဝေးမှပင် လာခဲ့ကြပါသည်၊ တောင်းပန်ပါ၏၊ ထိုဟောအပ်သော စကား၏ အနက်သည် အသျှင်သာရိပုတြာ၏ ဉာဏ်၌သာ ထင်ပါစေ၊ အသျှင်သာရိပုတြာ၏ (အထံမှ) ကြားနာရသဖြင့် ရဟန်းတို့သည် ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ထိုသို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်ဆို၏)။ ''ငါ့သျှင် ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ -ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကားဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်း သည် အဘယ်သို့လျှင် ဖြစ်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးတိုု့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ် ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာ မရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။

ဧကာဒသမသုတ်။

နှစ်ခုမြောက် အနုဿတိဝဂ် ပြီး၏။

------

၃-သာမညဝဂ်

၂၂-၂၉။ ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွား အပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင်ချေးဥကို မခွါတတ်၊ အနာကို မဖုံးလွှမ်းတတ်၊ မီးခိုး မတိုက်တတ်၊ ဆိပ်ကမ်းကို မသိ၊ (ရေ) သောက်ပြီး (မသောက်ရသေး) ကို မသိ၊ လမ်းခရီးကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏မိဘ နွားတို့၏ရှေ့ဆောင် နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော် တတ်။ ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင်ပြုရန် မထိုက်။

ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မျက်စိ၌ မမြဲဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်။ပ။ မျက်စိ၌ ဆင်းရဲဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ အစိုးမရ 'အနတ္တ'ဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ ကုန်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ပျက်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန်မထိုက်၊ မျက်စိ၌ ကင်းပြတ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ ချုပ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ တဖန် စွန့်လွှတ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်။ (၁-၈)

၃၀-၆၉။ နား၌။ နှာခေါင်း၌။ လျှာ၌။ ကိုယ်၌။ စိတ်၌။ (၉-၄၈)

၇၀-၁၁၇။ အဆင်း 'ရူပါရုံ'တို့၌။ အသံ 'သဒ္ဒါရုံ'တို့၌။ အနံ့ 'ဂန္ဓာရုံ'တို့၌။ အရသာ 'ရသာရုံ'တို့၌။

အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'တို့၌။ သဘော 'ဓမ္မာရုံ'တို့၌။ (၄၉-၉၆)

၁၁၈-၁၆၅။ စက္ခုဝိညာဏ်၌။ သောတဝိညာဏ်၌။ ဃာနဝိညာဏ်၌။ ဇိဝှါဝိညာဏ်၌။ ကာယ ဝိညာဏ်၌။ မနောဝိညာဏ်၌။ (၉၇-၁၄၄)

၁၆၆-၂၁၃။ မျက်စိအတွေ့၌။ နားအတွေ့၌။ နှာခေါင်းအတွေ့၌။ လျှာအတွေ့၌။ ကိုယ်အတွေ့၌။ စိတ် အတွေ့၌။ (၁၄၅-၁၉၂)

၂၁၄-၂၆၁။ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၌။ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၌။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၌။ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၌။ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၌။ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၌။ (၁၉၃-၂၄၀)

၂၆၂-၃၀၉။ အဆင်း 'ရူပါရုံ' အမှတ်၌။ အသံ 'သဒ္ဒါရုံ' အမှတ်၌။ အနံ့ 'ဂန္ဓာရုံ' အမှတ်၌။ အရသာ 'ရသာရုံ' အမှတ်၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' အမှတ်၌။ သဘော 'ဓမ္မာရုံ' အမှတ်၌။ (၂၄၁-၂၈၈)

၃၁၀-၃၅၇။ အဆင်း 'ရူပါရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အသံ 'သဒ္ဒါရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အနံ့ 'ဂန္ဓာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အရသာ 'ရသာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ သဘော 'ဓမ္မာရုံ'စေ့ဆော်မှု 'စေတနာ' ၌။ (၂၈၉-၃၃၆)

၃၅၈-၄၀၅။ အဆင်း 'ရူပါရုံ' တပ်မက်မှု 'တဏှာ' ၌။ အသံ 'သဒ္ဒါရုံ' တပ်မက်မှု 'တဏှာ' ၌။ အနံ့ 'ဂန္ဓာရုံ' တပ်မက်မှု 'တဏှာ' ၌။ အရသာ 'ရသာရုံ' တပ်မက်မှု 'တဏှာ' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' တပ်မက်မှု 'တဏှာ' ၌။ သဘော'ဓမ္မာရုံ' တပ်မက်မှု 'တဏှာ' ၌။ (၃၃၇-၃၈၄)

၄၀၆-၄၅၃။ အဆင်း 'ရူပါရုံ' ကြံစည်မှု 'ဝိတက်' ၌။ အသံ 'သဒ္ဒါရုံ' ကြံစည်မှု 'ဝိတက်' ၌။ အနံ့ 'ဂန္ဓာရုံ' ကြံစည်မှု 'ဝိတက်' ၌။ အရသာ 'ရသာရုံ' ကြံစည်မှု 'ဝိတက်' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ကြံစည်မှု 'ဝိတက်' ၌။ သဘော 'ဓမ္မာရုံ' ကြံစည်မှု 'ဝိတက်' ၌။ (၃၈၅-၄၃၂)

၄၅၄-၅၀၁။ အဆင်း 'ရူပါရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အသံ 'သဒ္ဒါရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အနံ့'ဂန္ဓာရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အရသာ 'ရသာရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' သုံးသပ်မှု 'ဝိစာရ' ၌။ သဘော 'ဓမ္မာရုံ' သုံးသပ်မှု 'ဝိစာရ' ၌ မမြဲဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ဆင်းရဲဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ အစိုးမရ'အနတ္တ'ဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ကုန်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ပျက်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန်၊ ကင်းပြတ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ချုပ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ တဖန် စွန့်လွှတ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်မထိုက်။ပ။ (၄၃၃-၄၈၀)

------

၄-ရာဂပေယျာလ

၅၀၂။ ရဟန်းတို့ တပ်စွန်းမှု 'ရာဂ'ကို ထူးသောဉာဏ်ဖြင့် သိရန် တရားတစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ လွတ်မြောက်သော မေတ္တာစိတ်၊ လွတ်မြောက်သော ကရုဏာစိတ်၊ လွတ်မြောက်သော မုဒိတာစိတ်၊ လွတ်မြောက်သော ဥပေက္ခာစိတ်၊ အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်တို့တည်း။ ရဟန်းတို့ တပ်စွန်းမှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရား တစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)

၅၀၃-၅၁၁။ ရဟန်းတို့ တပ်စွန်းမှု 'ရာဂ'ကို ပိုင်းခြား၍ သိရန်။ ထက်ဝန်းကျင်ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ ကင်းပြတ်ရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်လွှတ်ရန်။ ဤတရား တစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၂-၁၀)

၅၁၂-၆၇၁။ ပြစ်မှားမှု 'ဒေါသ' ကို။ပ။ တွေဝေမှု 'မောဟ' ကို။ အမျက်ထွက်မှု 'ကောဓ' ကို။ ရန်ငြိုးဖွဲ့မှု 'ဥပနာဟ' ကို။ သူ့ကျေးဇူးကို ချေဖျက်မှု 'မက္ခ'ကို။ အပြိုင်ပြုမှု 'ပဠာသ' ကို။ ငြူစူမှု 'ဣဿာ' ကို။ ဝန်တိုမှု 'မစ္ဆရိယ'ကို။ လှည့်ပတ်မှု 'မာယာ' ကို။ စဉ်းလဲမှု 'သာဌေယျ' ကို။ ခက်ထန်မှု 'ထမ္ဘ' ကို။ ခြုတ်ခြယ်မှု 'သာရမ္ဘ' ကို။ ထောင်လွှားမှု 'မာန'ကို။ အလွန်ထောင်လွှားမှု 'အတိမာန'ကို။ ယစ်မူးမှု 'မဒ'ကို။ မေ့လျော့မှု 'ပမာဒ'ကို။ ထူးသော ဉာဏ်ဖြင့် သိရန်။ပ။ ပိုင်းခြား၍ သိရန်။ ထက်ဝန်း ကျင် ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ ကင်းပြတ်ရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန် စွန့်လွှတ်ရန်။ပ။ တရားတစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁၁-၁၇၀)

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း။

ရာဂပေယျာလပြီး၏။

ဧကာဒသကနိပါတ် ပြီး၏။

အင်္ဂုတ္တရနိကာယ် မြန်မာပြန် ပြီးပြီ။

------