အဘိဓမ္မပိဋက

ကထာဝတ္ထုပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပုဂ္ဂလကထာ

၁-သုဒ္ဓသစ္စိကဋ္ဌ

၁-အနုလောမပစ္စနိက်

(က) ပဌမနိဂ္ဂဟ

၁။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏

သကဝါဒီ။ ။ မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့ပါမူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း သင် မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အနုလောမပဉ္စက ပြီး၏။

------

ပဋိကမ္မစတုက္က

၂။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော

သကဝါဒီ။ ။ ဪ မရအပ်ပါ

ပရဝါဒီ။ ။ မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည်ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကားသင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင် မဆိုခဲ့မူ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည်ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကားသင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

ပဋိကမ္မစတုက္က ပြီး၏။

------

နိဂ္ဂဟစတုက္က

၃။ ပရဝါဒီ။ ။ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုခဲ့သည်သာတည်း၊ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ ဤသို့ သင် (သကဝါဒီ) အောက်မေ့မှတ်ထင်ခဲ့ပါမူ ထိုအောက်မေ့မှတ်ထင်ခြင်းဟူသော အကြောင်းကြောင့် ထိုပဌမပုစ္ဆာ၌ ထိုဝန်ခံချက်ဖြင့်ပင် ဤသို့ဝန်ခံသော သင် (သကဝါဒီ) ကို ဤသို့ ဖိနှိပ်ထိုက်တော့၏၊ ထိုသို့ ဖိနှိပ်ထိုက်သော သင် (သကဝါဒီ) ကို (ငါတို့) ဖိနှိပ်ပါကုန်၏၊ သင် (သကဝါဒီ) သည် ကောင်းစွာ အဖိအနှိပ်ခံရသူလည်း ဖြစ်တော့၏။

ဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုသင့်၏။ ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည်ရှိ၏၊ (ထိုတရားမျိုးကဲ့သို့ ) ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကားသင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်မဆိုခဲ့ပါမူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

နိဂ္ဂဟစတုက္က ပြီး၏။

------

ဥပနယနစတုက္က

၄။ အရှင်သကဝါဒီ (သင့်အပေါ်၌) ငါ ပြုခဲ့သော ဤဖိနှိပ်မှုသည် မတရားသဖြင့် ဖိနှိပ်မှု ဖြစ်ခဲ့မူ ထိုအနုလောမပဉ္စက၌ ဤအတူပင် ကြည့်ရှုစမ်းပါဦးလော့။

အနုလောမပဉ္စကနှင့် နှိုင်းယှဉ်ပုံ

''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ငါ ဆိုခဲ့သည်သာတည်း၊ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့် ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား ငါ မဆိုခဲ့၊ ဤသို့ ထိုအနုလောမပဉ္စက၌ ဤအတူပင် ကြည့်ရှုစမ်းပါဦးလော့။

ထိုအနုလောမပဉ္စက၌ ဤဝန်ခံချက်ဖြင့် ဤသို့ဝန်ခံသော ငါ (ပရဝါဒီ) တို့ကို သင် (သကဝါဒီ) သည် ဤသို့မဖိနှိပ်ထိုက်ကုန်ပါဘဲလျက် ငါ့ကို ဖိနှိပ်ဘိ၏၊ ငါ (ပရဝါဒီ) တို့သည် မတရားသဖြင့် (ဤသို့) အဖိနှိပ်ခံရသူများသာ ဖြစ်ကြရပါကုန်၏-

သကဝါဒီ၏ မတရားဖိနှိပ်ပုံ၁၀

''အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါမူ ထိုအကြောင်းကြောင့်'မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍ သင် ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ 'ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါး သော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ 'မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည့်ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍ကား သင် မဆိုခဲ့မူ 'ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍လည်း သင် မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ 'ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ 'မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏'ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း''ဟု (ဖိနှိပ်ခဲ့၏)။

ဤသို့ မဖိနှိပ်ထိုက်ကုန်၊ သို့ပါလျက် (သင်သကဝါဒီသည်) ငါ့ကို ဖိနှိပ်ဘိ၏၊ ငါ (ပရဝါဒီ) တို့သည် မတရားသဖြင့် အဖိနှိပ်ခံရသူများ ဖြစ်ကြရကုန်၏။

ဥပနယနစတုက္က ပြီး၏။

------

နိဂ္ဂမနစတုက္က

အကြင်အကြောင်းကြောင့် သင် (သကဝါဒီ) သည် ငါ ပရဝါဒီကို ဤသို့ မဖိနှိပ်ထိုက်-

၅။ အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် မဆိုခဲ့ပါမူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့ပေ၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်းဟု (ဤသို့ မဖိနှိပ်ထိုက်)။

ထိုအကြောင်းကြောင့် ငါ့ကို အကြင်သို့ ဖိနှိပ်ဘိ၏၊ သင်၏ ဤဖိနှိပ်ခြင်းသည် မှား၏၊ ထိုအကြောင်းကြောင့်ပင် အကြင်ဖိနှိပ်မှုကို ပြုအပ်ပြီ၊ ထိုဖိနှိပ်မှုကို (သင်သည်) မတရားသဖြင့် ပြုအပ်၏၊ တုံ့ပြန်ဖိနှိပ်မှုကို ငါသည် ကောင်းစွာ ပြုအပ်၏၊ စကားအစဉ်၏ ပြီးဆုံးစေမှုကို ငါသည် ကောင်းစွာ ပြုအပ်၏။

နိဂ္ဂမနစတုက္က ပြီး၏။

ပဌမနိဂ္ဂဟ ပြီး၏။

------

၁။ ပရမတ္ထအားဖြင့် ရအပ်သော သစ္စိကဋ္ဌပရမတ္ထကို ရည်ရွယ်၍ မေးသည်။

၂။ ဤပုဂ္ဂလကထာ၌ ပရဝါဒီအရ သာသနာတွင်း ဝဇ္ဇိပုတ္တက, သမိတိယဂိုဏ်းဝင်တို့နှင့် သာသနာပ အညတိတ္ထိယများကို ဆိုလိုသည်။

၃။ သမ္မုတိသစ္စာအားဖြင့် ဟောသည်ကို သစ္စိကဋ္ဌပရမတ္ထဟု ရည်ရွယ်၍ ရအပ်၏ဟု ဖြေသည်။

၄။ ငါးဆယ့်ခုနစ်ပါးသော တရား၏ သစ္စိကဋ္ဌပရမတ္ထ အမျိုးအစားကဲ့သို့သော သစ္စိကဋ္ဌပရမတ္ထမျိုးကို ပုဂ္ဂိုလ်၌ ရ-မရ ထင်ရှားအောင် ပြု၍ မေးတော်မူသည်။

၅။ သကဝါဒီမေးသော ငါးဆယ့်ခုနစ်ပါးသော တရား၏ သစ္စိကဋ္ဌပရမတ္ထ အမျိုးအစားကို ပုဂ္ဂိုလ်၌ မရနိုင်သောကြောင့် ဤသို့ ပဋိက္ခေပ (ပယ်မြစ်၍) ပြု၍ ဖြေသည်။

၆။ သကဝါဒီက ပဌမပုစ္ဆာ၌ ငါဆိုသော သစ္စိကဋ္ဌပရမတ္ထနှင့် ဒုတိယပုစ္ဆာ၌ ငါဆိုသော သစ္စိကဋ္ဌ ပရမတ္ထနှစ်ပါးတို့သည် အရ အတူတူပင် ဖြစ်ပါလျက် ပရဝါဒီသည် ပဌမပုစ္ဆာ၌ ဝန်ခံခဲ့ပြီးလျှင် ဒုတိယပုစ္ဆာသို့ရောက်မှ ပယ်မြစ်ပြန်သဖြင့် ဤသို့ ဖိနှိပ်ထိုက်သော အပြစ်ရှိ၏ဟု ဆိုတော်မူသည်။

၇။ သမ္မုတိသစ္စာအားဖြင့် ရအပ်သော သစ္စိကဋ္ဌပရမတ္ထကို ရည်ရွယ်၍ မေးသည်။

၈။ ပရမတ္ထသစ္စာအားဖြင့် ရအပ်သော သစ္စိကဋ္ဌပရမတ္ထကို ရည်ရွယ်၍ ဖြေသည်။

၉။ ပရဝါဒီက 'အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော'ဟု ဟောသော သမ္မုတိသစ္စာ သစ္စိကဋ္ဌပရမတ္ထမျိုးကဲ့သို့ သော သစ္စိကဋ္ဌပရမတ္ထပုဂ္ဂိုလ်မျိုး ရ-မရကို ထင်ရှားအောင် ပြု၍ မေးသည်၊ သကဝါဒီက ပရဝါဒီမေးသော သမ္မုတိသစ္စာ သစ္စိကဋ္ဌပရမတ္ထမျိုးကား ရနိုင်သောကြောင့် ဤသို့ ပဋိက္ခေပပြု၍ ဖြေသည်။

၁၀။ အနုလောမပဉ္စက၌လာသော စကားရပ်အတိုင်း ပရဝါဒီက ပြောသည်။

၁-သုဒ္ဓသစ္စိကဋ္ဌ

၂-ပစ္စနီကာနုလောမ

(ခ) ဒုတိယနိဂ္ဂဟ

၆။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ မရအပ်ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင့်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင် မဆိုခဲ့မူ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည်ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကားသင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

ပစ္စနီကပဉ္စက ပြီး၏။

------

ပဋိကမ္မစတုက္က

၇။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံကား

အရှင်ပရဝါဒီပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင် ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် မဆိုခဲ့မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

ပဋိကမ္မစတုက္က ပြီး၏။

------

နိဂ္ဂဟစတုက္က

၈။ သကဝါဒီ။ ။ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုခဲ့သည်သာတည်း၊ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင် ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ ဤသို့ သင် (ပရဝါဒီ) အောက်မေ့မှတ်ထင်ခဲ့ပါမူ ထိုအောက်မေ့မှတ်ထင်ခြင်းဟူသော အကြောင်းကြောင့် ထိုပဌမပုစ္ဆာ၌ ဤဝန်ခံချက်ဖြင့် ဤသို့ဝန်ခံသော သင် (ပရဝါဒီ) ကို ဤသို့ ဖိနှိပ်ထိုက်တော့၏၊ ထိုသို့ ဖိနှိပ်ထိုက်သော သင် (ပရဝါဒီ) ကို ငါတို့ ဖိနှိပ်ပါကုန်၏၊ သင်ပရဝါဒီသည် ကောင်းစွာ အဖိနှိပ်ခံရသူလည်း ဖြစ်တော့၏-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင် စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် မဆိုခဲ့မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်ငါးဆယ့်ခုနစ်ပါးသော တရားသည် ရှိ၏၊ ထိုငါးဆယ့်ခုနစ်ပါးသော တရားကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

နိဂ္ဂဟစတုက္က ပြီး၏။

------

ဥပနယနစတုက္က

၉။ အရှင်ပရဝါဒီ (သင့်အပေါ်၌) ငါ ပြုခဲ့သော ဤဖိနှိပ်မှုသည် မတရားသဖြင့် ဖိနှိပ်မှု ဖြစ်ခဲ့မူ ထိုပစ္စနီကပဉ္စက၌ ဤအတူပင် ကြည့်ရှုစမ်းပါဦးလော့။ ပစ္စနီကပဉ္စကနှင့် နှိုင်းယှဉ်ပုံ

''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ငါ ဆိုခဲ့သည်သာတည်း၊ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား ငါ မဆိုခဲ့၊ ဤသို့ထိုပစ္စနီကပဉ္စက၌ ဤအတူပင် ကြည့်ရှုစမ်းပါဦးလော့။

ထိုပစ္စနီကပဉ္စက၌ ဤဝန်ခံချက်ဖြင့် ဤသို့ဝန်ခံသော ငါ (သကဝါဒီ) တို့ကို သင် (ပရဝါဒီ) သည် ဤသို့မဖိနှိပ်ထိုက်ကုန်ပါဘဲလျက် ငါ့ကို ဖိနှိပ်ဘိ၏၊ ငါ (သကဝါဒီ) တို့သည် မတရားသဖြင့် (ဤသို့) အဖိအနှိပ်ခံရသူများသာ ဖြစ်ကြရပါကုန်၏-

ပရဝါဒီ၏ မတရားဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ မရအပ်ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟု ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟု သင် မဆိုခဲ့ပါမူ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးတို့ကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်းဟု (ဖိနှိပ်ခဲ့၏)။

ဤသို့ မဖိနှိပ်ထိုက်ကုန်ပါဘဲလျက် သင် ငါ့ကို ဖိနှိပ်ဘိ၏၊ ငါ (သကဝါဒီ) တို့သည် မတရားသဖြင့် အဖိအနှိပ်ခံရသူများ ဖြစ်ကြရကုန်၏။

ဥပနယနစတုက္က ပြီး၏။

------

နိဂ္ဂမနစတုက္က

အကြင်အကြောင်းကြောင့် သင် (ပရဝါဒီ) သည် ငါသကဝါဒီကို ဤသို့ မဖိနှိပ်ထိုက်-

၁၀။ အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ မရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုး့သည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်မဆိုခဲ့ပါမူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''မှန်သောသဘော မြတ်သောသဘောဖြစ်သော အကြင်တရားမျိုးသည် ရှိ၏၊ ထိုတရားမျိုးကဲ့သို့ ထိုပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍သင် မဆိုခဲ့ပေ၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်းဟု (ဤကဲ့သို့ မဖိနှိပ်ထိုက်)။ ထိုအကြောင်းဖြင့်ပင် ဤသို့ ငါ့ကို အကြင်သို့ ဖိနှိပ်၏၊ သင်သည် ဤဖိနှိပ်မှုကို ပြုအပ်ပြီ၊ ထိုဖိနှိပ်မှုကိုသင်သည် မတရားသဖြင့် ပြုအပ်၏၊ တုံ့ပြန်ဖိနှိပ်မှုကို ငါသည် ကောင်းစွာ ပြုအပ်၏၊ (စကားအစဉ်၏) ပြီးဆုံးစေမှုကို ငါသည် ကောင်းစွာ ပြုအပ်၏။

နိဂ္ဂမနစတုက္က ပြီး၏။

ဒုတိယနိဂ္ဂဟ ပြီး၏။

------

၁။ ပဋိကမ္မစတုက္က (အပိုဒ်-၇) ၌ ပရဝါဒီအား (သကဝါဒီ) က ဖိနှိပ်ခဲ့ပုံကို ပြန်၍ ပြသည်။

၂။ ပစ္စနီကာနုလောမ (အပိုဒ်-၆) စကားရပ်အတိုင်း သကဝါဒီက ပြန်ပြောသည်။

၂-ဩကာသသစ္စိကဋ္ဌ

၁-အနုလောမပစ္စနိက်

(ဂ) တတိယနိဂ္ဂဟ

၁၁။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) ့အကြင် စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် မဆိုခဲ့မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍သာ သင်ဆိုခဲ့၏၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤ ရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

တတိယနိဂ္ဂဟ ပြီး၏။

------

၁။ ရုပ်၌ အတ္တဟု ရှုသော အပြစ်၊ ဇီဝတခြား ကိုယ်တခြားဟု အဓိပ္ပါယ်သက်ရောက်သော အပြစ် ဤအပြစ်နှစ်ခုကို မြင်သဖြင့် ပရဝါဒီပုဂ္ဂိုလ်က ပဋိက္ခေပပြု၍ ဖြေသည်။

၃-ကာလသစ္စိကဋ္ဌ

၁-အနုလောမပစ္စနိက်

(ဃ) စတုတ္ထနိဂ္ဂဟ

၁၂။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်း ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ပါမူ ထိုအကြောင်းကြောင့် ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်း ရအပ်၏''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်းရအပ်၏''ဟူ၍ကား သင် မဆို၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သော စကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်း ရအပ်၏''ဟု အကယ်၍ သင် မဆိုခဲ့လျှင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်းရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သော စကားသည် မှားသောစကားသာတည်း။ပ။

စတုတ္ထနိဂ္ဂဟ ပြီး၏။

------

၁။ ထိုသူသည်ပင် မင်းမျိုး ထိုသူသည်ပင် ပုဏ္ဏားမျိုးဖြစ်၏ဟု အဓိပ္ပါယ်သက်ရောက်သော အပြစ်၊ ပုဂ္ဂိုလ်တစ်ဦးတည်းပင် အသက်ထင်ရှားရှိစဉ်အခါနှင့် ပရိနိဗ္ဗာန်ပြုပြီးသော အခါတို့၌ အထူးမရှိဟု အဓိပ္ပါယ်သက်ရောက်သော အပြစ်ဟူသော အပြစ်နှစ်ခုကို မြင်သဖြင့် ပရဝါဒီက ဤသို့ ပဋိက္ခေပပြု၍ ဖြေသည်။

၄-အဝယဝသစ္စိကဋ္ဌ

၁-အနုလောမပစ္စနိက်

(င) ပဉ္စမနိဂ္ဂဟ

၁၃။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍သာ သင်ဆိုခဲ့၏၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကား သာတည်း။

အရှင်ပရဝါဒီ ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟု အကယ်၍ သင် မဆိုခဲ့မူ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

ပဉ္စမနိဂ္ဂဟ ပြီး၏။

------

၁။ ရုပ်၌ အတ္တ၊ စက္ခု၌ အတ္တစသည် အဓိပ္ပါယ်သက်ရောက်သော အပြစ်ကို ကြောက်လန့်သဖြင့် ပရဝါဒီပုဂ္ဂိုလ်က ပဋိက္ခေပပြု၍ ဖြေသည်။

၂-ဩကာသသစ္စိကဋ္ဌ

၂-ပစ္စနီကာနုလောမ

(စ) ဆဋ္ဌနိဂ္ဂဟ

၁၄။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ မရအပ်ပါမူ ထိုအကြောင်းကြောင့် ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့်မရအပ်''ဟု အကယ်၍ သင် မဆိုခဲ့ပါမူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့်မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍သာ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော ကိုယ် (ခန္ဓာ) ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သော စကားသည် မှားသောစကားသာတည်း။ပ။

ဆဋ္ဌနိဂ္ဂဟ ပြီး၏။

------

၃-ကာလသစ္စိကဋ္ဌ

၂-ပစ္စနီကာနုလောမ

(ဆ) သတ္တမနိဂ္ဂဟ

၁၅။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်း မရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ မရအပ်ပါမူ ထိုအကြောင်းကြောင့် ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်း မရအပ်''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့်အခါခပ်သိမ်း မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကိုသင် ဆိုဘိ၏၊ သင်၏ ဤ ရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်း မရအပ်''ဟူ၍သင် မဆိုခဲ့မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အခါခပ်သိမ်းမရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

သတ္တမနိဂ္ဂဟ ပြီး၏။

------

၄-အဝယဝသစ္စိကဋ္ဌ

၂-ပစ္စနီကာနုလောမ

(ဇ) အဋ္ဌမနိဂ္ဂဟ

၁၆။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်သကဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ မရအပ်ပါမူထိုအကြောင်းကြောင့် ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင် ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍သာ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည်မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင် မဆိုခဲ့ပါမူ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍လည်း မဆိုသင့်တော့ပေ။ ထိုပဌမပုစ္ဆာ၌ ''ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အလုံးစုံသော (ခန္ဓာအစရှိသော) တရားတို့၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

အဋ္ဌမနိဂ္ဂဟ ပြီး၏။

------

၅-သုဒ္ဓိကသံသန္ဒနာ

၁၇။ သကဝါဒီ။ ။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားလော

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ပါမူ ထိုအကြောင်းကြောင့် ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကားသင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ် သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟု အကယ်၍သင် မဆိုခဲ့ပါမူ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၁၈။ သကဝါဒီ။ ။ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ပါမူ ထိုအကြောင်းကြောင့် ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟု အကယ်၍ သင် မဆိုခဲ့မူ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၁၉။ သကဝါဒီ။ ။ စက္ခာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။ပ။ သောတာယတနကို။ ဃာနာယတနကို။ ဇိဝှါ ယတနကို။ ကာယာယတနကို။ ရူပါယတနကို။ သဒ္ဒါယတနကို။ ဂန္ဓာယတနကို။ ရသာ ယတနကို။ ဖောဋ္ဌဗ္ဗာယတနကို။ မနာယတနကို။ ဓမ္မာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။

၂၀။ စက္ခုဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။ သောတဓာတ်ကို။ ဃာနဓာတ်ကို။ ဇိဝှါဓာတ်ကို။ ကာယဓာတ်ကို။ ရူပဓာတ်ကို။ သဒ္ဒဓာတ်ကို။ ဂန္ဓဓာတ်ကို။ ရသဓာတ်ကို။ ဖောဋ္ဌဗ္ဗဓာတ်ကို။ စက္ခုဝိညာဏဓာတ်ကို။ သောတဝိညာဏဓာတ်ကို။ ဃာနဝိညာဏဓာတ်ကို။ ဇိဝှါဝိညာဏဓာတ်ကို။ ကာယဝိညာဏဓာတ်ကို။ မနောဓာတ်ကို။ မနောဝိညာဏဓာတ်ကို။ ဓမ္မဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။

၂၁။ စက္ခုန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။ သောတိန္ဒြေကို။ ဃာနိန္ဒြေကို။ ဇိဝှိန္ဒြေကို။ ကာယိန္ဒြေကို။ မနိန္ဒြေကို။ ဇီဝိတိန္ဒြေကို။ ဣတ္ထိန္ဒြေကို။ ပုရိသိန္ဒြေကို။ သုခိန္ဒြေကို။ ဒုက္ခိန္ဒြေကို။ သောမနဿိန္ဒြေကို။ ဒေါမနဿိန္ဒြေကို။ ဥပေက္ခိန္ဒြေကို။ သဒ္ဓိန္ဒြေကို။ ဝီရိယိန္ဒြေကို။ သတိန္ဒြေကို။ သမာဓိန္ဒြေကို။ ပညိန္ဒြေကို။ အနညာတညဿာမီတိန္ဒြေကို။ အညိန္ဒြေကို။ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် အညာတာဝိန္ဒြေမှ တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် အကယ်၍ ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုး တခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ အကယ်၍ သင် မဆိုခဲ့မူ ''အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းမဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၂၂။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါး အတွက်ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား အကယ်၍ ဟောအပ်ပါမူ ထိုအကြောင်းကြောင့်''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါး အတွက်ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်၏''ဟူ၍သာ သင်ဆိုခဲ့၏၊ ဤဒုတိယပုစ္ဆာ၌မူ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ အရှင်သကဝါဒီ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍ အကယ်၍ကား သင် မဆိုခဲ့လျှင် ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်၏''ဟူ၍ကား မဆိုသင့်။

ထိုပဌမပုစ္ဆာ၌ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါး အတွက်ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်၏''ဟူ၍သာ သင်ဆိုခဲ့၏၊ ဤဒုတိယပုစ္ဆာ၌မူ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၂၃။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ ဝေဒနာကို။ပ။ သညာကို။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြားလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား အကယ်၍ ဟောအပ်ပါမူ ထိုအကြောင်းကြောင့်''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏''ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ အကယ်၍ကား သင် မဆိုခဲ့မူ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရားဟောအပ်၏''ဟူ၍ကား မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ''ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား''ဟူ၍ကားသင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၂၄။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ စက္ခာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။ သောတာယတနကို။ပ။ ဓမ္မာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။ပ။

၂၅။ စက္ခုဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။ ကာယဓာတ်ကို။ပ။ ရူပဓာတ်ကို။ပ။ ဖောဋ္ဌဗ္ဗဓာတ်ကို။ပ။ စက္ခုဝိညာဏဓာတ်ကို။ပ။ မနောဝိညာဏဓာတ်ကို။ပ။ ဓမ္မဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။

၂၆။ စက္ခုန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။ သောတိန္ဒြေကို။ပ။ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ။ပ။

၂၇။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား အကယ်၍ ဟောအပ်ပါမူ ထိုအကြောင်းကြောင့် ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ကား သင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ အကယ်၍ သင်မဆိုခဲ့မူ ''အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရားဟောအပ်၏''ဟူ၍ကား မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်၏''ဟူ၍ သင်ဆိုခဲ့သည်သာတည်း၊ ဤဒုတိယပုစ္ဆာ၌မူ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ကား သင်မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

သုဒ္ဓိကသံသန္ဒနာ ပြီး၏။

------

၁။ ရုပ်သည် ပရမတ္တအားဖြင့် ရှိသကဲ့သို့ ပုဂ္ဂိုလ်သည်လည်း ပရမတ္တအားဖြင့် ရှိခဲ့မူ ရုပ်နှင့် ဝေဒနာ စသည်တို့၏ အသီးအခြား တစ်ပါးစီ ဖြစ်သကဲ့သို့ ပုဂ္ဂိုလ်သည်လည်း ရုပ်မှ အသီးအခြား ရကောင်းလေသလောဟု ဤဒုတိယပုစ္ဆာကို မေးလိုရင်း ဖြစ်သည်။

၂။ ပုဂ္ဂိုလ်ကို ရုပ်စသည်တို့မှ တစ်ပါးဟူ၍လည်းကောင်း၊ တစ်ပါးမဟုတ်ဟူ၍လည်းကောင်း မဆိုအပ်ဟူသော အယူဝါဒနှင့်လည်းကောင်း၊ အသက်သည်တခြား ကိုယ်သည်တခြားလောဟု မေးခဲ့သော် မဖြေအပ်ဟု မြတ်စွာဘုရားဟောသော သုတ်နှင့်လည်းကောင်း ဆန့်ကျင်နေသည်ကို မြင်သဖြင့် ပရဝါဒီပုဂ္ဂိုလ်က ဤသို့ ပဋိက္ခေပပြု၍ ဖြေသည်။

၆-ဩပမ္မသံသန္ဒနာ

၂၈။ သကဝါဒီ။ ။ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။

ပရဝါဒီ။ ။ ဪ တစ်မျိုးတခြား ဖြစ်ပါ၏။

သကဝါဒီ။ ။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား လော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်ခဲ့မူ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါမူ ထိုအကြောင်းကြောင့် ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍လည်းကောင်း၊ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟု သင်မဆိုခဲ့မူ ''ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍လည်းကောင်း၊ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား'ဟူ၍လည်းကောင်း၊ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၂၉။ သကဝါဒီ။ ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား၊ ဝိညာဏ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။

ပရဝါဒီ။ ။ ဪ တစ်မျိုးတခြား ဖြစ်ပါ၏။

သကဝါဒီ။ ။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား၊ ဝိညာဏ်သည် (ရုပ်မှ) တစ်မျိုးတခြားဖြစ်ခဲ့မူ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ခဲ့ပါမူထိုအကြောင်းကြောင့် ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား၊ ဝိညာဏ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍လည်းကောင်း၊ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍ လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ''ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ သင့်မဆိုခဲ့ပါမူဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား၊ ဝိညာဏ်သည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ ''ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းမဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြား၊ ဝိညာဏ်သည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကိုသင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၃၀။ သကဝါဒီ။ ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို။ပ။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၃၁။ သကဝါဒီ။ ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို။ပ။ ရုပ်ကို။ပ။ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ သညာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၃၂။ သကဝါဒီ။ ။ ဝိညာဏ်ကို။ပ။ ရုပ်ကို။ပ။ ဝေဒနာကို။ပ။ သညာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၃၃။ သကဝါဒီ။ ။ ရုပ်ကို။ပ။ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ဝိညာဏ်သည် (သင်္ခါရတို့မှ) တစ်မျိုးတခြား၊ သင်္ခါရတို့သည် (ဝိညာဏ်မှ) တစ်မျိုးတခြားတို့ ဖြစ်ကုန်သလော။

ပရဝါဒီ။ ။ ဪ တစ်မျိုးတခြားတို့ ဖြစ်ပါကုန်၏။

သကဝါဒီ။ ။ ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ကုန်သကဲ့သို့ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ဝိညာဏ်သည် (သင်္ခါရတို့မှ) တစ်မျိုးတခြား၊ သင်္ခါရတို့သည် (ဝိညာဏ်မှ) တစ်မျိုးတခြား ဖြစ်ခဲ့ပါမူဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့်ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့်ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုး တခြား၊ ပုဂ္ဂိုလ် သည် (ဝိညာဏ်မှ) တစ်မျိုး တခြားဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ဝိညာဏ်သည် (သင်္ခါရတို့မှ) တစ်မျိုးတခြား၊ သင်္ခါရတို့သည် (ဝိညာဏ်မှ) တစ်မျိုးတခြားတို့တည်းဟူ၍ လည်းကောင်း၊ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုးတခြားဟူ၍ သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီဝိညာဏ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ဝိညာဏ်မှ) တစ်မျိုး တခြားဟုအကယ်၍ သင် မဆိုခဲ့မူဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ သင်္ခါရတို့ကိုလည်း မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ကုန်၏၊ ဝိညာဏ်သည် (သင်္ခါရတို့မှ) တစ်မျိုးတခြား၊ သင်္ခါရတို့သည် (ဝိညာဏ်မှ) တစ်မျိုးတခြားတို့ဟူ၍ လည်းကောင်း၊ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ကုန်သကဲ့သို့ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ဝိညာဏ်သည် (သင်္ခါရတို့မှ) တစ်မျိုးတခြား၊ သင်္ခါရတို့သည် (ဝိညာဏ်မှ) တစ်မျိုးတခြားတို့ဟူ၍လည်းကောင်း၊ ဝိညာဏ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဝိညာဏ်သည် (ပုဂ္ဂိုလ်တို့မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်တို့သည် (ဝိညာဏ်မှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၃၄။ သကဝါဒီ။ ။ သောတာယတနကို။ပ။ ဓမ္မာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ စက္ခာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။ စက္ခာယတနကို။ပ။ မနာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဓမ္မာယတနကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၃၅။ သကဝါဒီ။ ။ သောတဓာတ်ကို။ပ။ ဓမ္မဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ စက္ခုဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။ စက္ခုဓာတ်ကို။ပ။ မနောဝိညာဏဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဓမ္မဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၃၆။ သကဝါဒီ။ ။ သောတိန္ဒြေကို။ပ။ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ စက္ခုန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။ စက္ခုန္ဒြေကို။ပ။ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုး တခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဪ တစ်မျိုးတခြား ဖြစ်ပါ၏။

သကဝါဒီ။ ။ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ''အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား ဖြစ်ခဲ့မူ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏''ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ ''အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား''ဟူ၍ ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍ သင် မဆိုခဲ့မူ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ ထို့ကြောင့်အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်းကောင်းမဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၃၇။ ပရဝါဒီ။ ။ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။

သကဝါဒီ။ ။ ဪ တစ်မျိုးတခြား ဖြစ်ပါ၏။

ပရဝါဒီ။ ။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက်ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ ''ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြားဖြစ်ခဲ့မူ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်ပါမူထိုအကြောင်းကြောင့် ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ''ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြား''ဟူ၍လည်းကောင်း၊ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရားဟောအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုး တခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည်မှားသောစကားသာတည်း။

အရှင်သကဝါဒီ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားဟု အကယ်၍သင် မဆိုခဲ့မူ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရားဟောအပ်၏ဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ''ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) ရုပ်သည် (ဝေဒနာမှ) တစ်မျိုးတခြား၊ ဝေဒနာသည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏''ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၃၈။ ပရဝါဒီ။ ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၃၉။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို။ ရုပ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၄၀။ သင်္ခါရတို့ကို။ ဝိညာဏ်ကို။ ရုပ်ကို။ ဝေဒနာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ သညာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၄၁။ ဝိညာဏ်ကို။ ရုပ်ကို။ ဝေဒနာကို။ သညာကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ကုန်၏။ပ။

၄၂။ ရုပ်ကို။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ကုန်သကဲ့သို့ ဝိညာဏ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၄၃။ သောတာယတနကို။ပ။ ဓမ္မာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ စက္ခာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။ စက္ခာယတနကို။ပ။ သောတာယတနကို။ပ။ မနာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဓမ္မာယတနကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။

၄၄။ သောတဓာတ်ကို။ပ။ ဓမ္မဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ စက္ခုဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ စက္ခုဓာတ်ကို။ပ။ မနောဝိညာဏဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ဓမ္မဓာတ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။

၄၅။ သောတိန္ဒြေကို။ပ။ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ စက္ခုန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။ပ။ သောတိန္ဒြေကို။ပ။ စက္ခုန္ဒြေကို။ပ။ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဖြစ်သလော။

သကဝါဒီ။ ။ ဪ တစ်မျိုးတခြား ဖြစ်ပါ၏။

ပရဝါဒီ။ ။ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြား ဖြစ်သလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဖြစ်ခဲ့မူ အညာတာဝိန္ဒြေကိုမှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်ခဲ့မူ ထိုအကြောင်းကြောင့် အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုး့တခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍ သင် ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ ''မိမိစီးပွါးအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏''ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ အညာတာဝိန္ဒြေသည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ အညာတာဝိန္ဒြေသည် (ပုဂိ္ဂုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟု သင် မဆိုခဲ့မူ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရသကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ 'မိမိ စီးပွားရေးအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆ္ဆ္ဆ္ဆ္ဆာ၌ အညိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏၊ (ထို့ကြောင့်) အညာတာဝိန္ဒြေသည် (အညိန္ဒြေမှ) တစ်မျိုးတခြား၊ အညိန္ဒြေသည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍လည်းကောင်း၊ အညာတာဝိန္ဒြေကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်သကဲ့သို့ မိမိစီးပွားရေးအတွက်ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။

ဤဒုတိယပုစ္ဆာ၌မူ အညာတာဝိန္ဒြေသည် (ပုဂ္ဂိလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (အညာတာဝိန္ဒြေမှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

ဩပမ္မသံသန္ဒနာ ပြီး၏။

------

 

 

၇-စတုက္ကနယသံသန္ဒနာ

၄၆။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ရုပ်သည် ပုဂ္ဂိုလ်မည်သလော

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့်ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟု ဆိုသင့်သည်သာတည်း။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟု သင် ဆိုခဲ့၏။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကား့သာတည်း။

အရှင်ပရဝါဒီ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟု သင် မဆိုခဲ့မူ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၄၇။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ရုပ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ရုပ်ကို ကြဉ်ထား၍ (ရုပ်မှတစ်ပါး) ပုဂ္ဂိုလ် ကိုရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ရုပ်ကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့်'ပုဂ္ဂိုလ်၌ ရုပ်ကို ရအပ်၏'ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍သာ သင် ဆိုခဲ့၏၊ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ ရုပ်ကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ပုဂ္ဂိုလ်၌ ရုပ်ကို ရအပ်၏ဟူ၍ သင် မဆိုခဲ့မူ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင်ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ ရုပ်ကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၄၈။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ဝေဒနာသည် ပုဂ္ဂိုလ်မည်သလော။ပ။ ဝေဒနာ၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဝေဒနာကို ကြဉ်ထား၍ (ဝေဒနာမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ဝေဒနာကို ရအပ်ပါသလော။ပ။ သညာသည် ပုဂ္ဂိုလ်မည်သလော။ပ။ သညာ၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ သညာကိုကြဉ်ထား၍ (သညာမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ သညာကို ရအပ်ပါသလော။ပ။ သင်္ခါရတို့သည် ပုဂ္ဂိုလ်မည်ပါသလော။ပ။ သင်္ခါရတို့၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ သင်္ခါရတို့ကိုကြဉ်ထား၍ (သင်္ခါရတို့မှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ သင်္ခါရတို့ကို ရအပ်ပါကုန်သလော။ပ။ ဝိညာဏ်သည် ပုဂ္ဂိုလ်မည်သလော။ပ။ ဝိညာဏ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဝိညာဏ်ကို ကြဉ်ထား၍ (ဝိညာဏ်မှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့။

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့်ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည်မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ သင် မဆိုခဲ့မူ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၄၉။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ စက္ခာယတနသည် ပုဂ္ဂိုလ်မည်သလော။ပ။ စက္ခာယတန၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ စက္ခာယတနကို ကြဉ်ထား၍ (စက္ခာယတနမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ စက္ခာယတနကို ရအပ်ပါသလော။ပ။ ဓမ္မာယတနသည် ပုဂ္ဂိုလ်မည်သလော။ပ။ ဓမ္မာယတန၌ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဓမ္မာယတနကို ကြဉ်ထား၍ (ဓမ္မာယတနမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ဓမ္မာယတနကို ရအပ်ပါသလော။ပ။

စက္ခုဓာတ်သည် ပုဂ္ဂိုလ်မည်သလော။ပ။ စက္ခုဓာတ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ စက္ခုဓာတ်ကိုကြဉ်ထား၍ (စက္ခုဓာတ်မှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ စက္ခုဓာတ်ကို ရအပ်ပါသလော။ပ။ ဓမ္မဓာတ်သည် ပုဂ္ဂိုလ်မည်သလော။ပ။ ဓမ္မဓာတ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဓမ္မဓာတ်ကို ကြဉ်ထား၍ (ဓမ္မဓာတ်မှ တစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ဓမ္မဓာတ်ကို ရအပ်ပါသလော။ပ။

စက္ခုန္ဒြေသည် ပုဂ္ဂိုလ်မည်သလော။ပ။ စက္ခုန္ဒြေ၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ စက္ခုန္ဒြေကို ကြဉ်ထား၍ (စက္ခုန္ဒြေမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ စက္ခုန္ဒြေကို ရအပ်ပါသလော။ပ။ အညာတာဝိန္ဒြေသည် ပုဂ္ဂိုလ်မည်သလော။ပ။ အညာတာဝိန္ဒြေ၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ အညာတာဝိန္ဒြေကို ကြဉ်ထား၍ (အညာတာဝိန္ဒြေမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌အညာတာဝိန္ဒြေကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို သင်ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့်'ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏'ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍သာ သင်ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟူ၍ သင် မဆိုခဲ့မူ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၅၀။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ 'မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ရုပ်သည် ပုဂ္ဂိုလ်မည်သလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟု ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟု သင်ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟူ၍ သင် မဆိုခဲ့လျှင် မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟု သင်ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟူ၍ သင် မဆို၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည်မှားသောစကားသာတည်း။ပ။

၅၁။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ 'မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ရုပ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ရုပ်ကို ကြဉ်ထား၍ (ရုပ်မှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ရုပ်ကို ရအပ်ပါသလော။ပ။ ဝေဒနာသည် ပုဂ္ဂိုလ်မည်သလော။ပ။ ဝေဒနာ၌ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဝေဒနာကို ကြဉ်ထား၍ (ဝေဒနာမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ဝေဒနာကို ရအပ်ပါသလော။ပ။ သညာသည် ပုဂ္ဂိုလ်မည်ပါသလော။ပ။ သညာ၌ ပုဂ္ဂိုလ်ကိုရအပ်ပါသလော။ပ။ သညာကို ကြဉ်ထား၍ (သညာမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌သညာကို ရအပ်ပါသလော။ပ။ သင်္ခါရတို့သည် ပုဂ္ဂိုလ်မည်သလော။ပ။ သင်္ခါရတို့၌ ပုဂ္ဂိုလ်ကို ရအပ်ပါ့သလော။ပ။ သင်္ခါရတို့ကို ကြဉ်ထား၍ (သင်္ခါရ တို့မှ တစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌သင်္ခါရတို့ကို ရအပ်ပါကုန်သလော။ပ။ ဝိညာဏ်သည် ပုဂ္ဂိုလ်မည်သလော။ပ။ ဝိညာဏ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဝိညာဏ်ကို ကြဉ်ထား၍ (ဝိညာဏ်မှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ သင် ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏ဟုသင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ သင် မဆိုခဲ့မူ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ဝိညာဏ်ကို ရအပ်၏ဟူ၍ကားသင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၅၂။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ 'မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏'ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ စက္ခာယတနသည် ပုဂ္ဂိုလ်မည်သလော။ပ။ စက္ခာယတန၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ စက္ခာယတနကို ကြဉ်ထား၍ (စက္ခာယတနမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌စက္ခာယတနကို ရအပ်ပါသလော။ပ။ ဓမ္မာယတနသည် ပုဂ္ဂိုလ်မည်သလော။ပ။ ဓမ္မာယတန၌ ပုဂ္ဂိုလ်ကိုရအပ်ပါသလော။ပ။ ဓမ္မာယတနကို ကြဉ်ထား၍ (ဓမ္မာယတနမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ဓမ္မာယတနကို ရအပ်ပါသလော။ပ။

စက္ခုဓာတ်သည် ပုဂ္ဂိုလ်မည်သလော။ပ။ စက္ခုဓာတ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ စက္ခုဓာတ်ကိုကြဉ်ထား၍ (စက္ခုဓာတ်မှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ စက္ခုဓာတ်ကို ရအပ်ပါသလော။ပ။ ဓမ္မဓာတ်သည် ပုဂ္ဂိုလ်မည်သလော။ပ။ ဓမ္မဓာတ်၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ဓမ္မဓာတ်ကို ကြဉ်ထား၍ (ဓမ္မဓာတ်မှ တစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ ဓမ္မဓာတ်ကိုရအပ်ပါသလော။ပ။

စက္ခုန္ဒြေသည် ပုဂ္ဂိုလ်မည်သလော။ပ။ စက္ခုန္ဒြေ၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ စက္ခုန္ဒြေကိုကြဉ်ထား၍ (စက္ခုန္ဒြေမှတစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ စက္ခုန္ဒြေကို ရအပ်ပါသလော။ပ။ အညာတာဝိန္ဒြေသည် ပုဂ္ဂိုလ်မည်သလော။ပ။ အညာတာဝိန္ဒြေ၌ ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ အညာတာဝိန္ဒြေကို ကြဉ်ထား၍ (အညာတာဝိန္ဒြေမှ တစ်ပါး) ပုဂ္ဂိုလ်ကို ရအပ်ပါသလော။ပ။ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုန့်ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍ သင်ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟု သင် မဆိုခဲ့လျှင် မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ မိမိစီးပွားအတွက် ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍ သင်ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ပုဂ္ဂိုလ်၌ အညာတာဝိန္ဒြေကို ရအပ်၏ဟူ၍ သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ် သောစကားသည် မှားသောစကားသာတည်း။ပ။

စတုက္ကနယသံသန္ဒနာ ပြီး၏။

------

၁။ ရုပ်ကို သစ္စိကဋ္ဌပရမတ္ထအားဖြင့် ရခဲ့ပါမူ ပုဂ္ဂိုလ်သည်လည်း ရုပ်စသော ငါးဆယ့်ခုနစ်ပါးသော တရားတို့တွင် တစ်ပါးပါးသာလျှင် ဖြစ်သင့်သည်ဟု ရည်ရွယ်၍ ဤဒုတိယပုစ္ဆာကို မေးခြင်း ဖြစ်သည်။

၂။ ရုပ်သည် ပုဂ္ဂိုလ်မည်၏ဟု ဖြေဆိုခဲ့လျှင် ရုပ်သည် ချုပ်ပျောက်ပျက်စီးသကဲ့သို့ အတ္တ, ဇီဝဟု စွဲယူထားသောပုဂ္ဂိုလ်သည်လည်း ချုပ်ပျောက်ပျက်စီး၏ဟု ဥစ္ဆေဒဒိဋ္ဌိအဖြစ်ကို ကြောက်သောကြောင့် ပရဝါဒီပုဂ္ဂိုလ်က ပဋိက္ခေပပြု၍ ဖြေသည်။

၃။ သစ္စိကဋ္ဌပရမတ္ထ ရကောင်းသော မဟာဘုတ်လေးပါးကို ကျန်မဟာဘုတ်သုံးပါးတို့က မှီသကဲ့သို့လည်းကောင်း၊ ဝတ္ထုရုပ်ကိုဝိညာဏ်က မှီသကဲ့သို့လည်းကောင်း ရုပ်၌ ပုဂ္ဂိုလ်ရကောင်းသလောဟု မေးလိုရင်း ဖြစ်သည်။

၄။ သဘာဝတရားတို့ကို ခွဲခြားဝေဖန်သောအားဖြင့် ဝေဒနာစသော တရားအားလုံးတို့ကို လည်းကောင်း၊ သို့မဟုတ် နာမ် ခန္ဓာလေးပါးတို့ကိုလည်းကောင်း နိဗ္ဗာန်ကိုလည်းကောင်း ရုပ်မှ တစ်ခြားတပါးဟု ဆိုခြင်းငှါ တတ်ကောင်းသကဲ့သို့ ပုဂ္ဂိုလ်ကိုလည်း ရုပ်မှ တစ်ခြားတစ်ပါးဟု ဆိုထိုက်ပါသလောဟူ၍ မေးလိုရင်း ဖြစ်သည်။

၅။ စိတ္တသမုဋ္ဌာနရုပ်တို့၏ မှီရာအားဖြင့် ရုပ်သည် ဝေဒနာစသည်၌ မှီ၍ ဖြစ်၏ဟု ဆိုခြင်းငှါ တတ်တောင်းသကဲ့သို့ ပုဂ္ဂိုလ်ကိုလည်း မှီရာအဖြစ်ဖြင့် ပုဂ္ဂိုလ်၌ ရုပ်ဟု ဆိုထိုက်ပါသလောဟု မေးလိုရင်း ဖြစ်သည်။

၆။ ဆိုခဲ့ပြီးသော ဥစ္ဆေဒဒိဋ္ဌိနှင့် မိမိအယူ လဒ္မိသမယမှ ဆန့်ကျင်နေသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၈-လက္ခဏယုတ္တိကထာ

၅၃။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် အကြောင်းနှင့် တကွဖြစ်၍ 'သပစ္စယ'မည်သလော။ပ။ ပုဂ္ဂိုလ်သည်အကြောင်း ကင်း၍ 'အပစ္စယ'မည်သလော။ ပုဂ္ဂိုလ်သည် ပြုပြင်စီရင်ခံရသူဖြစ်၍ 'သင်္ခတ'မည်သလော။ ပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှု ကင်း၍ 'အသင်္ခင်္တ'မည်သလော။ ပုဂ္ဂိုလ်သည် မြဲသည်ဖြစ်၍ 'သဿတ' မည်သလော။ ပုဂ္ဂိုလ်သည် မမြဲသည်ဖြစ်၍ 'အသဿတ'မည်သလော။ ပုဂ္ဂိုလ်သည် အကြောင်းနိမိတ်နှင့်တကွဖြစ်၍ 'သနိမိတ္တ'မည်သလော။ ပုဂ္ဂိုလ်သည် အကြောင်းနိမိတ် ကင်း၍ 'အနိမိတ္တ'မည်သလော

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ အကျဉ်းချုံးထား၏။

၅၄။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် မရအပ်ပါသလော။

သကဝါဒီ။ ။ ဪ မရအပ်ပါ။

ပရဝါဒီ။ ။ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် အကြောင်းနှင့်တကွ ဖြစ်၍ 'သပစ္စယ'မည်သလော။ပ။ ပုဂ္ဂိုလ်သည်အကြောင်းကင်း၍ 'အပစ္စယ'မည်သလော။ ပုဂ္ဂိုလ်သည် ပြုပြင်စီရင်ခံရသူဖြစ်၍ 'သင်္ခတ'မည်သလော။ ပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှု ကင်း၍ 'အသင်္ခင်္တ'မည်သလော။ ပုဂ္ဂိုလ်သည် မြဲသည်ဖြစ်၍ 'သဿတ'မည်သလော။ ပုဂ္ဂိုလ်သည် မမြဲသည်ဖြစ်၍ 'အသဿတ'မည်သလော။ ပုဂ္ဂိုလ်သည် အကြောင်းနိမိတ်နှင့်တကွဖြစ်၍ 'သနိမိတ္တ'မည်သလော။ ပုဂ္ဂိုလ်သည် အကြောင်းနိမိတ်ကင်း၍ 'အနိမိတ္တ'မည်သလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ အကျဉ်းချုံးထား၏

လက္ခဏယုတ္တိကထာ ပြီး၏။

------

၁။ နိဗ္ဗာန်ကို ချန်ထား၍ နိဗ္ဗာန်မှ ကြွင်းသော သစ္စိကဋ္ဌတရားဟူသမျှသည် အကြောင်းပစ္စည်းနှင့် တကွဖြစ်သောကြောင့် 'သပစ္စယ' မည်၏၊ အကြောင်းတရားတို့' ပေါင်းဆုံ၍ ပြုအပ်သည်၏ အဖြစ်ကြောင့် 'သင်္ခတ' မည်၏၊ ဖြစ်ပြီးမှ ချုပ်ပျောက်သည်ဖြစ်၍ အခါခပ်သိမ်း မရှိသောကြောင့် 'အသဿတ' မည်၏၊ ဖြစ်ခြင်း၏ အကြောင်းဟု ဆိုအပ်သော နိမိတ်ရှိသည်၏ အဖြစ်ကြောင့် 'သနိမိတ္တ' မည်၏၊ နိဗ္ဗာန်သည်ကား ဆိုအပ်ခဲ့ပြီးသည်မှ ပြန်သောအားဖြင့် 'အပစ္စယ၊ အသင်္ခတ၊ သဿတ၊ အနိမိတ္တ' မည်၏၊ ဤကား သစ္စိကဋ္ဌလက္ခဏာတည်း၊ ထို့ကြောင့် ပုဂ္ဂိုလ်သည်လည်း သစ္စိကဋ္ဌ ပရမတ္ထ ဖြစ်ခဲ့မူ တိုပုဂ္ဂိုလ်သည်လည်း သပစ္စယ စသည် ဖြစ်ရာ၏ဟု ရည်ရွယ်၍ သကဝါဒီက မေးခြင်း ဖြစ်သည်၊ ပရဝါဒီကမူကား မိမိယူဆသော ပုဂ္ဂိုလ်၏ အတ္တဇီဝနှင့် ယှဉ်သောကြောင့် ပယ်မြစ်ရလေသည်။

၂။ သမ္မုတိသစ္စာဖြင့် ပြီးသောပုဂ္ဂိုလ်အားသော်လည်း သပစ္စယ စသောအဖြစ် မရှိခဲ့၊ ထို့ကြောင့် ဟုတ်တိုင်းမှန်စွာ ယူဆသော သကဝါဒီဆရာက ပဋိက္ခေပပြု၍ ဖြေသည်၊ ပရဝါဒီကား မိမိ၏ ယုတ်ညံ့သောဝါဒ၏ အစွမ်းဖြင့် တုံ့ပြန် ဖိနှိပ်မှုကို ပြု၏။

၉-ဝစနသောဓနကထာ

၅၅။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ရအပ်သောအနက်သဘော မည်ပါသလော၊ ရအပ်သောအနက်သဘောသည် ပုဂ္ဂိုလ်မည်ပါသလော။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် ရအပ်သောအနက်သဘောမည်၏၊ ရအပ်သောအနက်သဘော အချို့ကားပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်အချို့ကား ရအပ်သောအနက်သဘော မည်သလော၊ အချို့ကား ရအပ်သော အနက်သဘော မမည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၅၆။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် မှန်သောအနက်သဘော မည်သလော၊ မှန်သောအနက်သဘော သည်ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် မှန်သောအနက်သဘော မည်၏၊ မှန်သောအနက်သဘော အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်အချို့ကား မှန်သောအနက်သဘော မည်သလော၊ အချို့ကား မှန်သောအနက်သဘော မမည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၅၇။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ထင်ရှားသောအနက်သဘော မည်သလော၊ ထင်ရှားသော အနက်သဘောသည် ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် ထင်ရှားသောအနက်သဘော မည်၏၊ ထင်ရှားသောအနက်သဘော အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်အချို့ကား ထင်ရှားသောအနက်သဘော မည်သလော၊ အချို့ကား ထင်ရှား သောအနက်သဘော မမည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၅၈။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ကောင်းစွာ ထင်ရှားသောအနက်သဘော မည်သလော၊ ကောင်းစွာထင်ရှားသောအနက်သဘောသည် ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် ကောင်းစွာ ထင်ရှားသောအနက်သဘော မည်၏၊ ကောင်းစွာ ထင်ရှား သောအနက်သဘောသည် အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် အချို့ကား ကောင်းစွာ ထင်ရှားသောအနက်သဘော မည်သလော၊ အချို့ကား ကောင်းစွာ ထင်ရှားသောအနက်သဘော မမည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၅၉။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် အရှိသဘောမည်သလော၊ အရှိသဘောသည် ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် အရှိသဘောမည်၏၊ အရှိသဘော အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကားပုဂ္ဂိုလ် မမည်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် အချို့ကား အရှိသဘောမည်သလော၊ အချို့ကား အရှိသဘော မမည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၀။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် အရှိသဘောမည်သလော၊ အရှိသဘောသည် အားလုံး ပုဂ္ဂိုလ်မမည်သလော။

ပရဝါဒီ။ ။ ဪ မမည်ပါ။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် မရှိသဘောမည်သလော၊ မရှိသဘောသည် အားလုံး ပုဂ္ဂိုလ် မမည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ အကျဉ်းချုံးထား၏

ဝစနသောဓန ပြီး၏။

------

၁။ မှန်သောသဘော၊ ထင်ရှားရှိသောသဘော၊ ကောင်းစွာ ထင်ရှားရှိသောသဘော၊ အရှိသဘော ဤလေးဋ္ဌာနကား 'ရ'အပ်သော အနက်သဘောဟူသည်နှင့် ပရိယာယ်တူပုဒ်များတည်း။

၂။ ပုဂ္ဂိုလ်သည် အရှိသဘော ဖြစ်၏၊ အရှိသဘောသည် အချို့ကား ပုဂ္ဂိုလ်မည်၏၊ အချို့ကား ပုဂ္ဂိုလ်မမည်ဟု ပရဝါဒီက ဆိုခဲ့၏၊ ထိုစကားအရ ပုဂ္ဂိုလ်သည် အရှိသဘောမည်၏၊ အရှိသဘောသည် အလုံးစုံ ပုဂ္ဂိုလ် မမည်ဟု အနက် ရောက်ခဲ့၏၊ ထိုစကားကို ဝန်ခံစေလို၍ သကဝါဒီက ပဌမအမေးကို မေးသည်၊ ပရဝါဒီကလည်းဝန်ခံ၏။ သင်ပရဝါဒီသည် မိမိအကျိုးစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟူသော စကားမျှကို အမှီပြု၍ ပုဂ္ဂိုလ်ရှိ၏ဟူသော အယူကို ယူဘိ၏၊ မြတ်စွာဘုရားသည် မိမိအကျိုးအတွက် ကျင့်သောပုဂ္ဂိုလ်ရှိ၏ဟု ဟောသကဲ့သို့ ထို့အတူ သုညတော လောကံ အဝေက္ခဿု မောဃရာဇာ သဒါသတော အစရှိသောနည်းဖြင့် ပုဂ္ဂိုလ် မရှိဟူ၍လည်း ဟောတော်မူခဲ့၏၊ ထို့ကြောင့် ပုဂ္ဂိုလ်သည် အရှိသဘောဖြစ်၏ဟူသော အနက်သဘောသည် အလုံးစုံ ပုဂ္ဂိုလ် မမည်နိုင်သကဲ့သို့ ထို့အတူ ပုဂ္ဂိုလ်သည် မရှိ၊ မရှိသော အနက်သဘောသည် အလုံးစုံသောပုဂ္ဂိုလ် မမည်ဟူသော အနက်သို့လည်း ရောက်ခဲ့၏၊ ထိုကို ဝန်ခံမည်ဟူလော ရည်ရွယ်ချက်ဖြင့် ဒုတိယပုစ္ဆာကို သကဝါဒီက မေးလေသည်၊ ပရဝါဒီကမူ ထိုအတိုင်း ဝန်မခံနိုင်သဖြင့် ပဋိက္ခေပပြု၍ ဖြေရသည်။

၁၀-ပညတ္တာနုယောဂ

၆၁။ သကဝါဒီ။ ။ ရူပဓာတ်၌ ရုပ်ရှိသော သူသည် ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ဪ မည်ပါ၏

သကဝါဒီ။ ။ ကာမဓာတ်၌ လိုချင်တပ်မက်မှု 'ကာမ'ရှိသော သူသည် ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၂။ သကဝါဒီ။ ။ ရူပဓာတ်၌ ရုပ်ရှိသော သူတို့သည် သတ္တဝါမည်ကုန်သလော

ပရဝါဒီ။ ။ ဪ မည်ကုန်၏။

သကဝါဒီ။ ။ ကာမဓာတ်၌ လိုချင်မှု 'ကာမ'ရှှိိသော သူတို့သည် သတ္တဝါမည်ကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၃။ သကဝါဒီ။ ။ အရူပဓာတ်၌ ရုပ်မရှိသော သူသည် ပုဂ္ဂိုလ်မည်သလော

ပရဝါဒီ။ ။ ဪ မည်ပါ၏။

သကဝါဒီ။ ။ ကာမဓာတ်၌ လိုချင်မှု 'ကာမ'ရှှိိသော သူသည် ပုဂ္ဂိုလ်မည်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၄။ သကဝါဒီ။ ။ အရူပဓာတ်၌ ရုပ်မရှိသော သူတို့သည် သတ္တဝါတို့ မည်ကုန်သလော။

ပရဝါဒီ။ ။ ဪ မည်ကုန်၏။

သကဝါဒီ။ ။ ကာမဓာတ်၌ လိုချင်မှု 'ကာမ'ရှိသော သူတို့သည် သတ္တဝါတို့ မည်ကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၅။ သကဝါဒီ။ ။ ရူပဓာတ်၌ ရုပ်ရှိသော သူသည် ပုဂ္ဂိုလ်မည်၏၊ အရူပဓာတ်၌ ရုပ်မရှိသော သူသည်ပုဂ္ဂိုလ်မည်၏၊ ရူပဓာတ်မှ စုတေ၍ အရူပဓာတ်သို့ ရောက်သော သတ္တဝါအချို့ ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ရုပ်ရှိသောပုဂ္ဂိုလ်သည် ပြတ်သလော၊ ရုပ်မရှိသောပုဂ္ဂိုလ်သည် ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၆။ သကဝါဒီ။ ။ ရူပဓာတ်၌ ရုပ်ရှိသော သူတို့သည် သတ္တဝါမည်ကုန်၏၊ အရူပဓာတ်၌ ရုပ်မရှိ သောသူတို့သည် သတ္တဝါမည်ကုန်၏၊ ရူပဓာတ်မှ စုတေ၍ အရူပဓာတ်သို့ ရောက်သော သတ္တဝါအချို့ရှိသလော။

ပရဝါဒီ။ ။ ဪ ရှှိိပါ၏။

သကဝါဒီ။ ။ ရုပ်ရှိသော သတ္တဝါသည် ပြတ်သလော၊ ရုပ်မရှိသော သတ္တဝါသည် ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၆၇။ သကဝါဒီ။ ။ ကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲဝေအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဖြစ်သလော၊ ဤသရီရသည် ဤကိုယ်ပင် ဖြစ်သလော၊ ကိုယ်နှင့် သရီရ, သရီရနှင့် ကိုယ်သည် တူသော အနက်ရှိသလော၊ တူသလော၊ တူသော အဖို့ရှိသလော၊ ထိုကိုယ်ကြောင့် သရီရ, ထိုသရီရကြောင့် ကိုယ်ဖြစ်သလော

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤပုဂ္ဂိုလ်သည် ဤဇီဝပင်ဖြစ်သလော၊ ဤဇီဝသည်ဤပုဂ္ဂိုလ်ပင် ဖြစ်သလော၊ ပုဂ္ဂိုလ်နှင့်, ဇီဝ, ဇီဝနှင့်, ပုဂ္ဂိုလ်သည် တူသော အနက်ရှိသလော၊ တူသလော၊ တူသော အဖို့ရှိသလော၊ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ် ဖြစ်သလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် ကိုယ်မှ တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဪ တစ်မျိုးတခြား ဖြစ်ပါ၏။

သကဝါဒီ။ ။ ဇီဝသည် သရီရမှ တစ်မျိုးတခြားလော၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ကိုယ်ဟူ၍လည်ကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည်ဤကိုယ်ပင်ဖြစ်ခဲ့မူ ကိုယ်နှင့် သရီရ၊ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိခဲ့မူ တူခဲ့မူ တူသော အဖို့ရှိသည် ဖြစ်ခဲ့မူ ထိုကိုယ်ကြောင့် သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်ခဲ့မူ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲဝေအပ်သည်ကို ပြု၍ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်ခဲ့မူ ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့် ပုဂ္ဂိုလ်သည်တူသောအနက်ရှိခဲ့မူ တူခဲ့မူ တူသောအဖို့ရှိသည် ဖြစ်ခဲ့မူ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ်ဖြစ်ခဲ့မူ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် ကိုယ်မှ တစ်မျိုးတစ်ခြား ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် ဇီဝသည် သရီရမှ တစ်မျိုးတခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍လည်ကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏။ ကိုယ်နှင့် သရီရ၊ သရီနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။ ထိုကိုယ်ကြောင့် သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏။ ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့်ပုဂ္ဂိုလ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသော အဖို့ရှိ၏။ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့်ပုဂ္ဂိုလ် ဖြစ်၏ဟူ၍လည်းကောင်း၊ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် ကိုယ်မှ့တစ်မျိုးတခြား ဖြစ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယ ပုစ္ဆာ၌မူ ဇီဝသည်သရီရမှ တစ်မျိုး တခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကား သာတည်း။

အရှင်ပရဝါဒီ ဇီဝသည် သရီရမှ တစ်မျိုးတခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ သင် မဆိုခဲ့မူကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်းကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည် ဤကိုယ်ပင် ဖြစ်၏။ ကိုယ်နှင့် သရီရ၊ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။ ထိုကိုယ်ကြောင့်သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကို မခွဲခြားအပ်သည်ကို ပြု၍ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏၊ ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့် ပုဂ္ဂိုလ်သည်တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ်ဖြစ်၏ဟူ၍လည်းကောင်း၊ (ကိုယ်သည်) ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ (ပုဂ္ဂိုလ်သည် ) ကိုယ်မှ တစ်မျိုးတခြားဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။

ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း, ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲဝေအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်၊ ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏၊ ကိုယ်နှင့် သရီရ၊ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏။ ထိုကိုယ်ကြောင့် သရီရ, ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဇီဝဟူ၍လည်းကောင်း၊ ဇီဝဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ကိုမခွဲဝေအပ် သည်ကို ပြု၍ ဤပုဂ္ဂိုလ်သည် ဤဇီဝပင်၊ ဤဇီဝသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏။ ပုဂ္ဂိုလ်နှင့် ဇီဝ၊ ဇီဝနှင့် ပုဂ္ဂိုလ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသော အဖို့ရှိ၏။ ထိုပုဂ္ဂိုလ်ကြောင့် ဇီဝ၊ ထိုဇီဝကြောင့် ပုဂ္ဂိုလ်ဖြစ်၏ဟူ၍လည်းကောင်း၊ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် ကိုယ်မှတစ်မျိုး တခြား ဖြစ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ဇီဝသည်သရီရမှ တစ်မျိုးတခြား၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည်မှားသောစကားသာတည်း။ပ။

၆၈။ ပရဝါဒီ။ ။ ကိုယ်ဟူ၍လည်းကောင်း, သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း,ကိုယ်ဟူ၍ လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင်, ဤသရီရသည်ဤကိုယ်ပင် ဖြစ်သလော၊ ကိုယ်နှင့် သရီရ, သရီရနှင့် ကို်ယ်သည် တူသောအနက်ရှိသလော၊ တူသလော၊ တူသောအဖို့ရှိသလော။ ထိုကိုယ်ကြောင့် သရီရ၊ ထိုသရီရကြောင့် ကိုယ်ဖြစ်သလော။

သကဝါဒီ။ ။ ဪ ဖြစ်ပါ၏။

ပရဝါဒီ။ ။ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ပါသလော။

သကဝါဒီ။ ။ ဪ ဟောအပ်ပါ၏။

ပရဝါဒီ။ ။ ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် (ကိုယ်မှ) တစ်မျိုးတခြား လော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ

ပရဝါဒီ။ ။ တုံ့ပြန်ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

တုံ့ပြန်ဖိနှိပ်ပုံ

အရှင်သကဝါဒီ ကိုယ်ဟူ၍လည်းကောင်း သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ ကိုယ့်ဟူ၍လည်းကောင်း ကိုယ်ကို မဝေခွဲအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဤသရီရသည်ဤကိုယ်ပင် ဖြစ်ခဲ့မူ ကိုယ်နှင့် သရီရ သရီရနှင့် ကိုယ်သည် တူသော အနက်ရှိခဲ့မူ တူခဲ့မူ တူသောအဖို့ရှိခဲ့မူ ထိုကိုယ်ကြောင့် သရီရ ထိုသရီရကြောင့် ကိုယ်ဖြစ်ခဲ့မူ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်ခဲ့မူ ထိုအကြောင်းကြောင့် ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား ပုဂ္ဂိုလ် သည် (ကိုယ်မှ) တစ်မျိုးတခြားဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍လည်ကောင်း၊ သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ ကိုယ်ဟူ၍လည်းကောင်း ကိုုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏၊ ကိုယ်နှင့် သရီရ သရီရနှင့် ကိုယ်သည် တူသော အနက် ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏၊ ထိုကိုယ်ကြောင့် သရီရ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့သည်သာတည်း။ ဒုတိယပုစ္ဆာ၌မူ ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ကိုယ်မှ) တစ်မျိုးတခြားဟူ၍ကားသင် မဆိုခဲ့၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက်မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်သကဝါဒီ ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ကိုယ်မှ) တစ်မျိုးတခြားဟု သင်မဆိုခဲ့မူ ကိုယ်ဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏၊ ကိုယ်နှင့် သရီရ သရီရနှင့် ကိုယ်သည် တူသော အနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏၊ ထိုကိုယ်ကြောင့် သရီရ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ မိမိစီးပွားအတွက်ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်း မဆိုသင့်တော့ပေ။ ထိုပဌမပုစ္ဆာ၌ ကိုယ်ဟူ၍ လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ သရီရဟူ၍လည်းကောင်း၊ ကိုယ်ဟူ၍လည်းကောင်း ကိုယ်ကို မခွဲခြားအပ်သည်ကို ပြု၍ ဤကိုယ်သည် ဤသရီရပင် ဤသရီရသည်ဤကိုယ်ပင် ဖြစ်၏။ ကိုယ်နှင့် သရီရ သရီရနှင့် ကိုယ်သည် တူသောအနက်ရှိ၏၊ တူ၏၊ တူသောအဖို့ရှိ၏၊ ထိုကိုယ်ကြောင့် သရီရ ထိုသရီရကြောင့် ကိုယ်ဖြစ်၏ဟူ၍လည်းကောင်း၊ မိမိစီးပွားအတွက် ကျင့်သောပုဂ္ဂိုလ်သည် ရှိ၏ဟု မြတ်စွာဘုရား ဟောအပ်၏ဟူ၍လည်းကောင်းဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ကိုယ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ကိုုယ်မှ) တစ်မျိုးတခြားဟူ၍ကား သင် မဆိုခဲ့ပေ၊ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ အကျဉ်းချုံးထား၏။

ပညတ္တာနုယောဂ ပြီး၏။

------

၁။ ရုပ်ရှိသည်ဟု ဆိုခဲ့သော် ရူပကာယသည် ထင်ရှားဖြစ်သင့်သောကြောင့်လည်းကောင်း၊ ထိုသို့သဘောရှိသော ရုပ်ရှိသူဟူသော ပညတ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ပရဝါဒီက ဝန်ခံသည်။

၂။ လိုချင်မှု 'ကာမ' ရှိသူဟု ဆိုအပ်သည်ရှိသော် ရာဂကင်းသူ၏ ထင်ရှားရှိသောကြောင့် လည်းကောင်း လိုချင်မှု 'ကာမ' ရှိသူဟူသော ပညတ် မရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၃။ သတ္တဝါဟူသည် ပုဂ္ဂိုလ်၏ ပရိယာယ်ပင်တည်း။

၄။ ရုပ်မရှိသူဟု ဆိုခဲ့သော် နာမ်ခန္ဓာတို့ ထင်ရှားရှိသောကြောင့်လည်းကောင်း ထိုသို့သဘောရှိသော ရုပ်မရှိသူဟူသော ပညတ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ပဌမအမေး၌ ပရဝါဒီက ဝန်ခံ၏၊ ဒုတိယအမေး၌ကား ရှေးအတိုင်းပင်တည်း။

၅။ ကာယေ ကာယာနုပဿီဟု လာသောအရာ၌ ကာယအခြားတစ်ပါး၊ ပုဂ္ဂိုလ်အခြားတစ်ပါးဟု ပရဝါဒီက အယူရှိခဲ့၏၊ ထိုအယူကို ပယ်ဖျက်လို၍ ပဌမပုစ္ဆာကို သကဝါဒီက မေးသည်၊ ပရဝါဒီက ကာယနှင့် သရီရ, သရီရနှင့် ကာယအထူးကို မမြင်သောကြောင့် အမေးသုံးချက်ကို ဝန်ခံခဲ့၏။ ဇီဝသည် သရီရမှ တစ်မျိုးတခြားလော၊ သရီရသည် ဇီဝမှ တစ်မျိုးတခြားလော ဟူသော စတုတ္ထအမေး၌မူ 'အညံ ဇီဝံ အညံ သရီရန္တိ အဗျာကတမေတံ မယာ'ဟူသော တိုက်ရိုက်ဟော အာဟစ္စဘာသိတသုတ်ကို မပယ်နိုင်သောကြောင့် ပဋိက္ခေပပြု၍ ဖြေဆိုရ၏။

၆။ ကိုယ်သည် ပုဂ္ဂိုလ်မှ တစ်မျိုးတခြားလော၊ ပုဂ္ဂိုလ်သည် ကိုယ်မှ တစ်မျိုးတခြားလောဟူသော ပရဝါဒီ၏ အမေးသည် အဖြေမပေးထိုက်သော ဌပနိယပုစ္ဆာ ဖြစ်သောကြောင့် သကဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်၊ ပရဝါဒီကမူကား ယုတ်ညံ့သောဝါဒကို မှီ၍ တုံ့ပြန်ပြစ်တင်မှုကို ပြုသည်။

၁၁-ဂတိအနုယောဂ

၆၉။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏

သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၇၀။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ အခြားပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၇၁။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်လည်းကောင်း၊ အခြားပုဂ္ဂိုလ်သည်လည်းကောင်း ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၇၂။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ထိုပုဂ္ဂိုလ်သည် လည်းမကျင်လည် (မသွားလာ) ပါသလော၊ အခြားပုဂ္ဂိုလ်သည်လည်း မကျင်လည် (မသွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၇၃။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် သွားလာပါ၏။

သကဝါဒီ။ ။ ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ထိုပုဂ္ဂိုလ်သည်ကျင်လည် (သွားလာ) ပါသလော၊ အခြားပုဂ္ဂိုလ်သည် ကျင်လည် (သွားလာ) ပါသလော၊ ထိုပုဂ္ဂိုလ်သည် လည်းကောင်း၊ အခြားပုဂ္ဂိုလ်သည်လည်းကောင်း ကျင်လည် (သွားလာ) ပါသလော၊ ထိုပုဂ္ဂိုလ်သည်မကျင်လည် (မသွားလာ) ပါသလော၊ အခြားပုဂ္ဂိုလ်သည် မကျင်လည် (မသွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၇၄။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ၏ဟူ၍ မဆိုသင့်ပါသလော။

သကဝါဒီ။ ။ ဪ မဆိုသင့်ပါ။

ပရဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည် ခုနစ်ကြိမ်အလွန် ကျင်လည် (သွားလာ) ပြီး၍ သံယောဇဉ်အားလုံးကုန်ဆုံးခြင်းကြောင့် ဆင်းရဲအဆုံးကို ပြုသူ ဖြစ်၏ဟူ၍ မြတ်စွာဘုရားသည် ဟောအပ်၏၊ ဤသို့သောသုတ္တန် (ပါဠိ) ကား ရှိသည် မဟုတ်ပါလော။

သကဝါဒီ။ ။ ဪ ရှိပါ၏။

ပရဝါဒီ။ ။ ထို့ကြောင့်ပင် ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှဤလောကသို့ ကျင်လည် (သွားလာ) ၏။

၇၅။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ၏ဟု မဆိုသင့်ပါသလော။

သကဝါဒီ။ ။ ဪ မဆိုသင့်ပါ။

ပရဝါဒီ။ ။ ရဟန်းတို့ သံသရာသည် မသိနိုင်သော အစရှိ၏၊ အဝိဇ္ဇာ ပိတ်ပင်အပ်ကုန်သည်၊ တဏှာဖြင့် ချည်နှောင်အပ်ကုန်သည် ဖြစ်၍ ကျင်လည် သွားလာကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏၊ ဤသို့သော သုတ္တန် (ပါဠိ) ကား ရှိသည်သာ မဟုတ်ပါလော။

သကဝါဒီ။ ။ ဪ ရှှိိပါ၏။

ပရဝါဒီ။ ။ ထို့ကြောင့်ပင် ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ၏။

၇၆။ သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည်သွားလာပါ၏။

သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၇၇။ သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ လူဖြစ်ပြီးနောက် နတ်ဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏

သကဝါဒီ။ ။ ထိုလူသည်ပင် ထိုနတ်ဖြစ်သလော။

ပရဝါဒီ။ ။ ထိုသို့ကား မဆိုသင့်ပါ။ပ။

၇၈။ သကဝါဒီ။ ။ ထိုလူသည်ပင် ထိုနတ်ဖြစ်သလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏

သကဝါဒီ။ ။ လူဖြစ်ပြီး၍ နတ်ဖြစ်၏၊ နတ်ဖြစ်ပြီး၍ လူဖြစ်၏၊ လူသည် (နတ်မှ) တစ်မျိုးတခြား၊ နတ်သည် (လူမှ) တစ်မျိုးတခြားတည်း၊ လူဖြစ်သော ထိုသတ္တဝါသည်ပင် ကျင်လည် (သွားလာ) ၏ဟူသော (သင် ပရဝါဒီ၏) စကားသည် မှားသောစကားသာတည်း။ပ။

ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ စုတေ၍ အခြားလောကသို့ ကျင်လည် (သွားလာ) ခဲ့ပါမူ အခြား သောပုဂ္ဂိုလ် မဟုတ်တော့ပေ၊ ဤသို့ အခြားသောပုဂ္ဂိုလ် မဟုတ်ခဲ့သော် သေခြင်း မည်သည် မဖြစ် လတ္တံ့၊ အသက်သတ်ခြင်းကိုလည်း မရနိုင်တော့ပေ၊ (ကုသိုလ်အကုသိုလ်) ကံသည် ရှိ၏၊ ကံ၏ အကျိုး သည်ရှိ၏၊ ပြုအပ်သော ကံတို့၏ အကျိုးသည် ရှိ၏၊ ကုသိုလ်အကုသိုလ်သည် အကျိုးပေးလတ်သော်ထိုပုဂ္ဂိုလ်သည် ပင် ကျင်လည် (သွားလာ) ၏ဟူသော (သင် ပရဝါဒီ၏) စကားသည် မှားသောစကားသာတည်း၁၀

၇၉။ သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည်သွားလာပါ၏။

သကဝါဒီ။ ။ လူဖြစ်ပြီး၍ ဘီလူးဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ရှိသလော၊ ပြိတ္တာဖြစ်သော၊ ငရဲသားဖြစ်သော၊ တိရစ္ဆာန်ဖြစ်သော၊ ကုလားအုတ်ဖြစ်သော၊ နွားဖြစ်သော၊ မြည်းဖြစ်သော၊ ဝက်ဖြစ်သော၊ ကျွဲဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုလူသည်ပင် ထိုကျွဲဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၈၀။ သကဝါဒီ။ ။ ထိုလူသည်ပင် ထိုကျွဲဖြစ်သလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ လူဖြစ်ပြီး၍ ကျွဲဖြစ်၏၊ ကျွဲဖြစ်ပြီး၍ လူဖြစ်၏၊ လူ သည် (ကျွဲမှ) တစ်မျိုးတခြား၊ ကျွဲသည် (လူမှ) တစ်မျိုးတခြားတည်း၊ လူဖြစ်သော ထိုသတ္တဝါသည်ပင် ကျင်လည် (သွားလာ) ၏ဟူသော (သင် ပရဝါဒီ၏) စကားသည် မှားသောစကားသာတည်း။ပ။

ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ စုတေ၍ အခြားလောကသို့ ကျင်လည် (သွားလာ) ခဲ့ပါမူ အခြား သောပုဂ္ဂိုလ် မဟုတ်တော့ပေ၊ ဤသို့ အခြားသောပုဂ္ဂိုလ် မဟုတ်ခဲ့သော် သေခြင်းမည်သည် မဖြစ်လတ္တံ့၊ အသက်သတ်ခြင်းကို မရနိုင်တော့ပေ၊ (ကုသိုလ်အကုသိုလ်) ကံသည် ရှိ၏၊ ကံ၏ အကျိုးသည် ရှိ၏၊ ပြုအပ်သော ကံတို့၏ အကျိုးသည် ရှိ၏၊ ကုသိုလ်အကုသိုလ်သည် အကျိုးပေးလတ်သော် ထိုပုဂ္ဂိုလ်သည် ပင် ကျင်လည် (သွားလာ) ၏ဟူသော (သင် ပရဝါဒီ၏) စကားသည် မှားသောစကားသာတည်း။

၈၁။ သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည် ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ မင်းဖြစ်ပြီး၍ ပုဏ္ဏားဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုမင်းသည်ပင် ထိုပုဏ္ဏားဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၈၂။ သကဝါဒီ။ ။ မင်းဖြစ်ပြီး၍ ကုန်သည်ဖြစ်သော, သူဆင်းရဲဖြစ်သော, တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုမင်းသည်ပင် ထိုသူဆင်းရဲဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၈၃။ သကဝါဒီ။ ။ ပုဏ္ဏားဖြစ်ပြီး၍ ကုန်သည်ဖြစ်သော, သူဆင်းရဲဖြစ်သော, မင်းဖြစ်သောတစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုပုဏ္ဏားသည်ပင် ထိုမင်းဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၈၄။ သကဝါဒီ။ ။ ကုန်သည်ဖြစ်ပြီး၍ သူဆင်းရဲဖြစ်သော, မင်းဖြစ်သော, ပုဏ္ဏားဖြစ်သော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုကုန်သည်သည်ပင် ထိုပုဏ္ဏားဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုုသင့်ပါ။ပ။

၈၅။ သကဝါဒီ။ ။ သူဆင်းရဲဖြစ်ပြီး၍ မင်းဖြစ်သော, ပုဏ္ဏားဖြစ်သော, ကုန်သည်ဖြစ်သော,တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသလော။

ပရဝါဒီ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုသူဆင်းရဲသည်ပင် ထိုကုန်သည်ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုုသင့်ပါ။ပ။

၈၆။ သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ လက်ပြတ်သူသည် လက်ပြတ်သူပင် ဖြစ်သလော။ ခြေပြတ်သူသည် ခြေပြတ်သူပင်ဖြစ်သလော။ လက်ပြတ်ခြေပြတ်သူသည် လက်ပြတ်ခြေပြတ်သူပင် ဖြစ်သလော။ နားပြတ်သူသည်။ နှာခေါင်းပြတ်သူသည်။ နား, နှာခေါင်းပြတ်သူသည်။ ခြေချောင်း, လက်ချောင်းပြတ်သူသည်။ ခြေမ,လက်မပြတ်သူသည်။ အကြောမ ပြတ်သူသည်။ လက်ကောက်သူသည်။ ခြေချောင်းလက်ချောင်းပူးသူသည်။ နူနာရှိသူသည်။ ထွတ်အိုင်းနာ ရှိသူသည်။ ပွေးညှင်း တင်းတိပ်နာ ရှိသူသည်။ ခယရုပ် (ချောင်းဆိုး) နာရှိသူသည်။ ဝက်ရူးနာ ရှိသူသည်။ ကုလားအုတ်သည်။ နွားသည်။ မြည်းသည်။ ဝက်သည်။ ကျွဲသည်ကျွဲပင်ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၈၇။ ပရဝါဒီ။ ။ 'ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ၏'ဟူ၍ မဆိုသင့်ပါသလော။

သကဝါဒီ။ ။ ဪ မဆိုသင့်ပါ၁၁

ပရဝါဒီ။ ။ သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ (လူ့ပြည်မှနတ်ပြည် သို့) ရောက်၏၊ ထိုနတ်လောက၌လည်း သောတာပန်ပင် ဖြစ်သည် မဟုတ်လော။

သကဝါဒီ။ ။ ဪ ဖြစ်ပါ၏၁၂

ပရဝါဒီ။ ။ အရှင်သကဝါဒီ သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ ရောက်၏၊ ထိုနတ်လောက၌လည်း သောတာပန်ပင် ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့်လည်း 'ထိုပုဂ္ဂိုလ်သည် ပင်ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ၏'ဟူ၍ဆိုသင့်၏။

၈၈။ သကဝါဒီ။ ။ သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ ရောက်၏၊ ထိုနတ်လောက၌လည်း သောတာပန်ပင် ဖြစ်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်လည်း ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ သောတာပန်ပုဂ္ဂိုလ်သည် လူ့လောကမှ စုတေ၍ နတ်လောကသို့ ရောက်၏၊ ထိုနတ်လောက၌လည်း လူပင် ဖြစ်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်လည်း ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၈၉။ သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်တစ်ပါး မဟုတ်မူ၍ မပြောင်းလွဲဘဲ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၃

၉၀။ သကဝါဒီ။ ။ ပုဂ္ဂိုလ်တစ်ပါး မဟုတ်မူ၍ မပြောင်းလွဲဘဲ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏၁၄

သကဝါဒီ။ ။ လက်ပြတ်သူသည် လက်ပြတ်သူပင် ဖြစ်ပါသလော။ ခြေပြတ်သူသည် ခြေပြတ်သူပင်ဖြစ်ပါသလော။ လက်ခြေပြတ်သူသည် လက်ခြေပြတ်သူပင် ဖြစ်ပါသလော။ နားပြတ်သူသည်။ နှာခေါင်းပြတ်သူသည်။ နား, နှာခေါင်းပြတ်သူသည်။ ခြေချောင်း, လက်ချောင်းပြတ်သူသည်။ ခြေမ, လက်မပြတ်သူသည်။ အကြောမ ပြတ်သူသည်။ လက်ကောက်သူသည်။ ခြေချောင်း, လက်ချောင်း ပူးသူသည်။ နူနာ ရှိသူသည်။ ထွတ်အိုင်းနာ ရှိသူသည်။ ပွေးညှင်းတင်းတိပ်နာ ရှိသူသည်။ ခယရုပ် (ချောင်းဆိုး) နာရှိသူသည်။ ဝက်ရူးနာ ရှိသူသည်။ ကုလားအုတ်သည်။ နွားသည်။ မြည်းသည်။ ဝက်သည်။ ကျွဲသည်ကျွဲပင် ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၁။ သကဝါဒီ။ ။ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ရုပ်နှင့်တကွ ဖြစ်၍ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၅

သကဝါဒီ။ ။ ရုပ်နှင့်တကွ ဖြစ်၍ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏၁၆

သကဝါဒီ။ ။ ထိုဇီဝသည်ပင် ထိုသရီရဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၇

သကဝါဒီ။ ။ ဝေဒနာနှင့်တကွ ဖြစ်၍။ပ။ သညာနှင့်တကွ ဖြစ်၍။ပ။ သင်္ခါရတို့နှင့်တကွ ဖြစ်၍။ပ။ ဝိညာဏ်နှင့်တကွ ဖြစ်၍ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၈

သကဝါဒီ။ ။ ဝိညာဏ်နှင့်တကွ ဖြစ်၍ ကျင်လည်သွားလာပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည်သွားလာပါ၏။

သကဝါဒီ။ ။ ထိုဇီဝသည်ပင် ထိုသရီရဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၂။ သကဝါဒီ။ ။ ထိုုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ရုပ် မရှိမူ၍ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၉

သကဝါဒီ။ ။ ရုပ် မရှိမူ၍ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏၂၀

သကဝါဒီ။ ။ ဇီဝသည် (သရီရမှ) တစ်မျိုးတခြားလော၊ သရီရသည် (ဇီဝမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဝေဒနာ မရှိမူ၍။ပ။ သညာ မရှိမူ၍။ပ။ သင်္ခါရတို့ မရှိမူ၍။ပ။ ဝိညာဏ် မရှိမူ၍ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၂၁

သကဝါဒီ။ ။ ဝိညာဏ် မရှိမူ၍ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏၂၂

သကဝါဒီ။ ။ ဇီဝသည် (သရီရမှ) တစ်မျိုးတခြားလော၊ သရီရသည် (ဇီဝမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၃။ သကဝါဒီ။ ။ ထိုုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ရုပ်သည် ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၂၃

သကဝါဒီ။ ။ ရုပ်သည် ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ထိုဇီဝသည်ပင် ထိုသရီရဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဝေဒနာသည်။ပ။ သညာသည်။ပ။ သင်္ခါရတို့သည်။ပ။ ဝိညာဏ်သည် ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဝိညာဏ်သည် ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ထိုဇီဝသည်ပင် ထိုသရီရဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၄။ သကဝါဒီ။ ။ ထိုုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားလောကသို့ အခြားလောကမှ ဤလောကသို့ ကျင်လည် (သွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ ကျင်လည် (သွားလာ) ပါ၏။

သကဝါဒီ။ ။ ရုပ်သည် မကျင်လည် (မသွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၂၄

သကဝါဒီ။ ။ ရုပ်သည် မကျင်လည် (မသွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ မကျင်လည် (မသွားလာ) ပါ။

သကဝါဒီ။ ။ ဇီဝသည် (သရီရမှ) တစ်မျိုးတခြားလော၊ သရီရသည် (ဇီဝမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဝေဒနာသည်။ပ။ သညာသည်။ပ။ သင်္ခါရတို့သည်။ပ။ ဝိညာဏ်သည် မကျင်လည် (မသွားလာ) ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဝိညာဏ်သည် မကျင်လည် (မသွားလာ) ပါသလော။

ပရဝါဒီ။ ။ ဪ မကျင်လည် (မသွားလာ) ပါ။

သကဝါဒီ။ ။ ဇီဝသည် (သရီရမှ) တစ်မျိုးတခြားလော၊ သရီရသည် (ဇီဝမှ) တစ်မျိုးတခြား လော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။ အကျဉ်းချုံးထား၏။

ခန္ဓာတို့ ပျက်စီးကုန်သည် ရှိသော် ထိုပုဂ္ဂိုလ်သည် အကယ်၍ ပျက်စီးပါမူ ပြတ်စဲခြင်းဟူသောအကြင် (ဥစ္ဆေဒ) အယူသည် ဖြစ်၏၊ (ထိုဥစ္ဆေဒအယူကို) မြတ်စွာဘုရားသည် ရှောင်ကြဉ်တော်မူ အပ်၏။ ခန္ဓာတို့ ပျက်စီးကုန်လျက် ပုဂ္ဂိုလ်ကား အကယ်၍ မပျက်စီးပါလျှင် ပုဂ္ဂိုလ်သည် မြဲသည် ဖြစ်၍ နိဗ္ဗာန်နှင့် အလွန်တူသည် ဖြစ်၏။

ဂတိအနုယောဂ ပြီး၏။

------

၁။ 'သသတ္တက္ခတ္တုပရမံ သန္ဓာဝိတွာန ပုဂ္ဂလော' ဤသို့စသော သုတ်တို့ကို နှလုံးသွင်း၍ ဝန်ခံ၏၊ ဒုတိယအမေး၌မူ ထိုပုဂ္ဂိုလ်သည်ပင် ဤလောကမှ အခြားသော လောကသို့ ပြေးသွား၏ဟု ဝန်ခံလိုက်လျှင် သဿတဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီပုဂ္ဂိုလ်က ပဋိက္ခေပပြု၍ ဖြေသည်။

၂။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် ဥစ္ဆေဒဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၃။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် ဧကစ္စသဿတဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၄။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် အမရာဝိက္ခေပဒိဋ္ဌိအဖြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၅။ သကဝါဒီ၏ ဒုတိယအမေးကို ဝန်ခံခဲ့သော် ဒိဋ္ဌိလေးမျိုးဟူသော အပြစ်မှ မလွတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၆။ ဤလောကမှ အခြားလောကသို့ ပြေးသွားသော ထိုပုဂ္ဂိုလ်သည် ဤလောက၌လည်းကောင်း၊ အခြားလောက၌လည်းကောင်း တစ်ယောက်တည်းပင် ဖြစ်လေသလောဟူသော အလိုဖြင့် သကဝါဒီက မေးရကား သဿတဒိဋ္ဌိမှ မလွတ်နိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၇။ သကဝါဒီက မြဲမြံသည်ကို ပြု၍ တစ်ဖန်နောက်ထပ် မေးမြန်းလတ်သော် ထိုပြေးသွားသော သူသည် ပုဂ္ဂိုလ်သာ ဖြစ်ခဲ့၏၊ အခြားတစ်ပါးသော အဖြစ်မရှိ။ 'သော တတော စုတော ဣဓူပပန္နော' အစရှိသော သုတ်သည်လည်း ရှိခဲ့၏ဟု နှလုံးသွင်းမိသောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။

၈။ ထိုသူသည်ပင် ထိုနတ်ဖြစ်သလောဟု မေးမြန်းရာ၌မူ လူဖြစ်သောပုဂ္ဂိုလ်၏ နတ်အဖြစ်သည် မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေပြန်သည်။

၉။ ''အဟံ တေန သမယေန သုနေတ္တောနာမ သတ္ထာ အဟောသိံ''အစရှိသော သုတ္တန်ကို နှလုံးသွင်း၍ ပရဝါဒီက ဝန်ခံ၏။

၁၀။ နတ်ဘဝ လူဘဝတို့၏ မတူ ထူးခြားသည်၏အဖြစ်ကြောင့် ပရဝါဒီစကား မှားသည်ဟု သကဝါဒီက ပြဆိုခြင်း ဖြစ်သည်။

၁၁။ လောက၌ တည်နေသူအား ပဋိသန္ဓေ၏ အစွမ်းဖြင့် အခြားလောကသို့ သွားခြင်း မရှိနိုင်သောကြောင့် သကဝါဒီက ဝန်ခံသည်။

၁၂။ သောတာပန်ပုဂ္ဂိုလ်၏ ဘဝတစ်ပါး၌လည်း သောတာပန်အဖြစ်ကို မစွန့်သောကြောင့် ဒုတိယအမေးကိုလည်း သကဝါဒီက ဝန်ခံပြန်သည်။

၁၃။ နတ်လောက၌ ပဋိသန္ဓေနေသူအား လူ၏အဖြစ် မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၁၄။ ထိုပုဂ္ဂိုလ်သည်ပင် ကျင်လည်ပြေးလွှား၏ဟူသော မိမိဝါဒဖြင့် ပရဝါဒီက ဝန်ခံပြန်၏။

၁၅။ ဤရူပကာယနှင့်တကွ အခြားလောကသို့ မသွားသည်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၁၆။ ဤနောက်အမေး၌ အန္တရာဘဝပုဂ္ဂိုလ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်၊ အန္တရာဘဝပုဂ္ဂိုလ်သည် အန္တရာဘဝရုပ်နှင့်တကွ သွား၍ အမိဝမ်းတိုက်သို့ သက်ဝင်ပြီးမှ ထိုရုပ် ပျက်၏ဟု ပရဝါဒီ အယူရှိသည်။

၁၇။ ဤလောက၌ပင် ကိုယ်ကောင်ကို ပစ်ချထားခဲ့ရသောကြောင့်လည်းကောင်း၊ ဘုရားဟောသုတ်နှင့် တိုက်ရိုက်ဆန့်ကျင်သောကြောင့်လည်းကောင်း ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၁၈။ အသညသတ်ဘဝကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်၊ အခြားဘဝကို ရည်ရွယ်၍ ဝန်ခံပြန်သည်။

၁၉။ အန္တရာဘဝကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်။

၂၀။ အရူပဘုံမှ စုတေ၍ အရူပဘုံ၌ ဖြစ်သူကို ရည်ရွယ်လျက် ပရဝါဒီက ဝန်ခံသည်။

၂၁။ သညီဘဝကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၂၂။ အသညီဘဝကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။

၂၃။ ''အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ''- ဟူ၍ သတ္တဝါတို့၏သာ ကျင်လည်ခြင်းကို ဟောတော်မူသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်၊ တစ်ဖန် နောက်ထပ်မေးမြန်းလတ်သော် ရုပ်နှင့်ကင်း၍ ပုဂ္ဂိုလ် မရှိနိုင်သောကြောင့် ပုဂ္ဂိုလ်ကျင်လည်သည်ရှိသော် ရုပ်သည်လည်း ကျင်လည်တော့သည်သာဟု နှလုံးပြု၍ ပရဝါဒီက ဝန်ခံပြန်၏၊ ဝေဒနာ စသည်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။

၂၄။ ပုဂ္ဂိုလ်ကျင်လည်သည်ရှိသော် ပုဂ္ဂိုလ်၏ စွဲမှီရာရုပ် မကျင်လည်ဟု ဆိုရန် မတတ်ကောင်းဟူသော အမှတ်ဖြင့် ပရဝါဒီက ပယ်ခဲ့၏၊ တစ်ဖန်နောက်ထပ် မေးမြန်းပြန်သော် သတ္တဝါတို့၏ ကျင်လည်ခြင်းကိုလည်း ဟောတော်မူသောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။

၁၂-ဥပါဒါပညတ္တာနုယောဂ

၉၅။ သကဝါဒီ။ ။ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ရုပ်သည် မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ့်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်းသဘော 'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော 'ဝိပရိဏာမဓမ္မ'ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည်လည်း မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်းသဘော 'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော 'ဝိပရိဏာမဓမ္မ'ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၆။ သကဝါဒီ။ ။ ဝေဒနာကို စွဲ၍။ သညာကို စွဲ၍။ သင်္ခါရတို့ကို စွဲ၍။ ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ထိုဝိညာဏ်သည် မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်းသဘော 'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ' ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည်လည်း မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်းသဘော 'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော 'ဝိပရိဏာမဓမ္မ'ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၇။ သကဝါဒီ။ ။ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ညိုသော ရုပ်ကို စွဲ၍ ညိုသောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ရွှေသောရုပ်ကို စွဲ၍။ နီသောရုပ်ကို စွဲ၍။ ဖြူသောရုပ်ကို စွဲ၍။ မြင်ခြင်းနှင့်တကွဖြစ်သော ရုပ်ကို စွဲ၍။ မြင်ခြင်း မရှိသောရုပ်ကို စွဲ၍။ ထိခိုက်ခြင်းနှင့်တကွ ဖြစ်သော ရုပ်ကို စွဲ၍။ ထိခိုက်ခြင်း မရှိသော ရုပ်ကို စွဲ၍ ထိခိုက်ခြင်း မရှိသောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၈။ သကဝါဒီ။ ။ ဝေဒနာကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ကုသိုလ်ဖြစ်သော ဝေဒနာကို စွဲ၍ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ကုသိုလ်ဖြစ်သော ဝေဒနာကို စွဲ၍ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏

သကဝါဒီ။ ။ ကုသိုလ်ဖြစ်သော ဝေဒနာသည် အကျိုးရှိသလော၊ ဝိပါကရှိသလော၊ လိုလားအပ် သောအကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ လိုလားအပ်သော အကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၉၉။ သကဝါဒီ။ ။ ဝေဒနာကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အကုသိုလ်ဖြစ်သော ဝေဒနာကို စွဲ၍ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ အကုသိုလ်ဖြစ်သော ဝေဒနာကို စွဲ၍ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အကုသိုလ်ဖြစ်သော ဝေဒနာသည် အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို မပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာရေဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို မပွားစေတတ်သောအကျိုးရှိသလော၊ (ကိလေသာရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၀။ သကဝါဒီ။ ။ ဝေဒနာကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အဗျာကတဖြစ်သော ဝေဒနာကို စွဲ၍ အဗျာကတဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ အဗျာကတဖြစ်သော ဝေဒနာကို စွဲ၍ အဗျာကတဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏

သကဝါဒီ။ ။ အဗျာကတဖြစ်သော ဝေဒနာသည် မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်းသဘော'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ' ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ အဗျာကတဖြစ်သောပုဂ္ဂိုလ်သည်လည်း မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်း သဘော'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်း့သဘော 'ဝိပရိဏာမဓမ္မ' ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၁။ သကဝါဒီ။ ။ သညာကို စွဲ၍။ သင်္ခါရတို့ကို စွဲ၍။ ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ကုသိုလ်ဝိညာဏ်ကို စွဲ၍ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ကုသိုလ်ဝိညာဏ်ကို စွဲ၍ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ကုသိုလ်ဝိညာဏ်သည် အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ လိုလားအပ်သောအကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ လိုလားအပ်သော အကျိုးရှိသလော၊ နှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို ပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) မသွန်းလောင်းအပ်သော အကျိုးရှိသလော၊ ချမ်းသာကို တိုးပွားစေတတ်သလော၊ ချမ်းသာသော အကျိုးရှှိိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၂။ သကဝါဒီ။ ။ ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အကုသိုလ်ဝိညာဏ်ကို စွဲ၍ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ အကုသိုလ်ဝိညာဏ်ကို စွဲ၍ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အကုသိုလ်ဝိညာဏ်သည် အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သောအကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်ကို မပွားစေတတ်သော အကျိုးရှိသလော၊ (ကိလေသာ ရေဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ အကုသိုလ်ဖြစ်သောပုဂ္ဂိုလ်သည်လည်း အကျိုးရှိသလော၊ ဝိပါက်ရှိသလော၊ မလိုလားအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှှိိသလော၊ စိတ်ကို မပွားစေတတ်သောအကျိုးရှိသလော၊ (ကိလေသာရေဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို တိုးပွားစေတတ်သလော၊ ဆင်းရဲသော အကျိုးရှှိိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၃။ သကဝါဒီ။ ။ ဝိညာဏ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အဗျာကတဝိညာဏ်ကို စွဲ၍ အဗျာကတဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ အဗျာကတဝိညာဏ်ကို စွဲ၍ အဗျာကတဖြစ်သောပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အဗျာကတဝိညာဏ်သည် မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်း ကိုစွဲ၍ ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်းသဘော 'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော'ဝိပရိဏာမဓမ္မ' ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ အဗျာကတဖြစ်သောပုဂ္ဂိုလ်သည်လည်း မမြဲသော 'အနိစ္စ'၊ ပြုပြင်အပ်သော 'သင်္ခတ'၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်သော 'ပဋိစ္စသမုပ္ပန္န'၊ ကုန်ခန်းခြင်းသဘော 'ခယဓမ္မ'၊ ပျက်စီးခြင်း သဘော'ဝယဓမ္မ'၊ ကင်းပြတ်ခြင်းသဘော 'ဝိရာဂဓမ္မ'၊ ချုပ်ငြိမ်းခြင်းသဘော 'နိရောဓဓမ္မ'၊ ဖောက်ပြန်ခြင်းသဘော 'ဝိပရိဏာမဓမ္မ' ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၄။ သကဝါဒီ။ ။ မျက်စိကို စွဲ၍ ''မျက်စိရှိသောပုဂ္ဂိုလ်''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ ပြောဆိုသင့်ပါ၏

သကဝါဒီ။ ။ မျက်စိချုပ်လတ်သော် ''မျက်စိရှိသောပုဂ္ဂိုလ်သည် ချုပ်၏''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ နားကို စွဲ၍။ နှာခေါင်းကို စွဲ၍။ လျှာကို စွဲ၍။ ကိုယ်ကို စွဲ၍။ စိတ်ကို စွဲ၍ စိတ်ရှိသောပုဂ္ဂိုလ်ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ ပြောဆိုသင့်ပါ၏။

သကဝါဒီ။ ။ စိတ်ချုပ်လတ်သော် ''စိတ်ရှိသောပုဂ္ဂိုလ်သည် ချုပ်၏''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မပြောဆိုသင့်ပါ။

၁၀၅။ သကဝါဒီ။ ။ မှားယွင်းသော အယူ 'မိစ္ဆာဒိဋ္ဌိ'ကို စွဲ၍ ''မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ ပြောဆိုသင့်ပါ၏။

သကဝါဒီ။ ။ မှားယွင်းသော အယူ ချုပ်လတ်သော် ''မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်သည်ချုပ်၏''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ မှားယွင်းသော အကြံအစည်ကို စွဲ၍။ မှားယွင်းသောစကားကို စွဲ၍။ မှားယွင်းသောအလုပ်ကို စွဲ၍။ မှားယွင်းသော အသက်မွေးမှုကို စွဲ၍။ မှားယွင်းသော အားထုတ်မှုကို စွဲ၍။ မှားယွင်းသော အောက်မေ့မှုကို စွဲ၍။ မှားယွင်းသော တည်ကြည်မှုကို စွဲ၍ ''မှားယွင်းသောတည်ကြည်မှု ရှိသောပုဂ္ဂိုလ်''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ ပြောဆိုသင့်ပါ၏။

သကဝါဒီ။ ။ မှားယွင်းသော တည်ကြည်မှု ချုပ်လတ်သော် ''မှားယွင်းသော တည်ကြည်မှုရှိသောပုဂ္ဂိုလ်သည် ချုပ်၏''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၀၆။ သကဝါဒီ။ ။ မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ'ကို စွဲ၍ ''မှန်ကန်သော အယူရှိသောပုဂ္ဂိုလ်''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ ပြောဆိုသင့်ပါ၏။

သကဝါဒီ။ ။ မှန်ကန်သော အယူချုပ်လတ်သော် ''မှန်ကန်သော အယူရှိသောပုဂ္ဂိုလ်သည် ချုပ်၏''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ မှန်ကန်သော အကြံအစည်ကို စွဲ၍။ မှန်ကန်သောစကားကို စွဲ၍။ မှန်ကန်သောအလုပ်ကို စွဲ၍။ မှန်ကန်သော အသက်မွေးမှုကို စွဲ၍။ မှန်ကန်သော အားထုတ်မှုကို စွဲ၍။ မှန်ကန်သောအောက်မေ့မှုကို စွဲ၍။ မှန်ကန်သော တည်ကြည်မှုကို စွဲ၍ ''မှန်ကန်သော တည်ကြည်မှုရှိသောပုဂ္ဂိုလ်''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ ပြောဆိုသင့်ပါ၏။

သကဝါဒီ။ ။ မှန်ကန်သော တည်ကြည်မှု ချုပ်လတ်သော် ''မှန်ကန်သော တည်ကြည်မှုရှိသောပုဂ္ဂိုလ်သည် ချုပ်၏''ဟူ၍ ပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၇။ သကဝါဒီ။ ။ ရုပ်ကို စွဲ၍၊ ဝေဒနာကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏

သကဝါဒီ။ ။ ခန္ဓာနှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၀

သကဝါဒီ။ ။ ရုပ်ကိုစွဲ၍၊ ဝေဒနာကို စွဲ၍၊ သညာကို စွဲ၍၊ သင်္ခါရတို့ကို စွဲ၍၊ ဝိညာဏ်ကို စွဲ၍ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ခန္ဓာငါးပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်ငါးယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၈။ သကဝါဒီ။ ။ စက္ခာယတနကို စွဲ၍၊ သောတာယတနကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အာယတနနှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ စက္ခာယတနကို စွဲ၍၊ သောတာယတနကို စွဲ၍။ပ။ ဓမ္မာယတနကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ အာယတနတစ်ဆယ့်နှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်တစ်ဆယ့်နှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၀၉။ သကဝါဒီ။ ။ စက္ခုဓာတ်ကို စွဲ၍၊ သောတဓာတ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ဓာတ်နှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ စက္ခုဓာတ်ကို စွဲ၍၊ သောတဓာတ်ကို စွဲ၍။ပ။ ဓမ္မဓာတ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်တစ်ဆယ့်ရှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၁၀။ သကဝါဒီ။ ။ စက္ခုန္ဒြေကို စွဲ၍၊ သောတိန္ဒြေကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ဣန္ဒြေနှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ စက္ခုန္ဒြေကို စွဲ၍၊ သောဘိန္ဒြေကို စွဲ၍။ပ။ အညာတာဝိန္ဒြေကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ကို စွဲ၍ ပုဂ္ဂိုလ်နှစ်ဆယ့်နှစ်ယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၁၁။ သကဝါဒီ။ ။ ဧကဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်တစ်ယောက်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ စတုဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်လေးယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဧကဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်တစ်ယောက်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ပဉ္စဝေါကာရဘဝကို စွဲ၍ ပုဂ္ဂိုလ်ငါးယောက်တို့ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဧကဝေါကာရဘဝ၌ ပုဂ္ဂိုလ်တစ်ယောက်သာ ရှိပါသလော။

ပရဝါဒီ။ ။ ဪ တစ်ယောက်သာ ရှိပါ၏။

သကဝါဒီ။ ။ စတုဝေါကာရဘဝ၌ ပုဂ္ဂိုလ်လေးယောက်တို့ ရှိကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

သကဝါဒီ။ ။ ဧကဝေါကာရဘဝ၌ ပုဂ္ဂိုလ်တစ်ယောက်သာ ရှိပါသလော။

ပရဝါဒီ။ ။ ဪ တစ်ယောက်သာ ရှိပါ၏။

သကဝါဒီ။ ။ ပဉ္စဝေါကာရဘဝ၌ ပုဂ္ဂိုလ်ငါးယောက်တို့ ရှိကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၁၂။ သကဝါဒီ။ ။ သစ်ပင်ကို စွဲ၍ အရိပ်ကို ပညတ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ သစ်ပင်ကို စွဲ၍ အရိပ်ကို ပညတ်သည် ဖြစ်ရကား သစ်ပင်သည်လည်း မမြဲ၊ အရိပ်သည်လည်း မမြဲသကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ရကား ရုပ်သည်လည်း မမြဲ၊ ပုဂ္ဂိုလ်သည်လည်း မမြဲသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၁

သကဝါဒီ။ ။ သစ်ပင်ကို စွဲ၍ အရိပ်ကို ပညတ်ရကား သစ်ပင်သည် (အရိပ်မှ) တစ်မျိုးတခြား၊ အရိပ်သည် (သစ်ပင်မှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ရကားရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၁၃။ သကဝါဒီ။ ။ ရွာကို စွဲ၍ ရွာသူ, ရွာသားကို ပညတ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ် ကိုပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ ရွာကို စွဲ၍ ရွာသူ, ရွာသားကို ပညတ်ရကား ရွာသည် (ရွာသူ, ရွာသားမှ) တစ်မျိုးတခြား၊ ရွာသူ, ရွာသားသည် (ရွာမှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ရကား ရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၁၄။ သကဝါဒီ။ ။ တိုင်းပြည်ကို စွဲ၍ မင်းကို ပညတ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကိုပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏။

သကဝါဒီ။ ။ တိုင်းပြည်ကို စွဲ၍ မင်းကို ပညတ်ရကား တိုင်းပြည်သည် (မင်းမှ) တစ်မျိုးတခြား၊ မင်းသည် (တိုင်းပြည်မှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ကို ပညတ်ရကားရုပ်သည် (ပုဂ္ဂိုလ်မှ) တစ်မျိုးတခြား၊ ပုဂ္ဂိုလ်သည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၁၅။ သကဝါဒီ။ ။ သံခြေချင်းသည် သံခြေချင်းရှိသူ မဟုတ်၊ အကြင်သူအား သံခြေချင်းသည် (ရှိ၏)၊ ထိုသူသည်သာ သံခြေချင်းရှိသူ ဖြစ်သကဲ့သို့ ဤအတူ ရုပ်သည် ရုပ်ရှိသူ မဟုတ်၊ အကြင်သူအားရုပ်သည် (ရှိ၏)၊ ထိုသူသည်သာ ရုပ်ရှိသူ ဖြစ်သလော။

ပရဝါဒီ။ ။ ဪ ဖြစ်ပါ၏။

သကဝါဒီ။ ။ သံခြေချင်းသည် သံခြေချင်းရှိသူ မဟုတ်၊ အကြင်သူအား သံခြေချင်းသည် (ရှိ၏)၊ ထိုသူသည်သာ သံခြေချင်းရှိသူဖြစ်သကဲ့သို့ သံခြေချင်းသည် (သံခြေချင်းရှိသူမှ) တစ်မျိုးတခြား၊ သံခြေချင်းရှိသူသည် (သံခြေချင်းမှ) တစ်မျိုးတခြား ဖြစ်သကဲ့သို့ ဤအတူ ရုပ်သည် ရုပ်ရှိသူ မဟုတ်၊ အကြင်သူအား ရုပ်သည် ရှိ၏၊ ထိုသူသည်သာ ရုပ်ရှိသူ ဖြစ်ရကား ရုပ်သည် (ရုပ်ရှိသူမှ) တစ်မျိုးတခြား၊ ရုပ်ရှိသူသည် (ရုပ်မှ) တစ်မျိုးတခြား ဖြစ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၁၆။ သကဝါဒီ။ ။ စိတ်တိုင်း စိတ်တိုင်း၌ ပုဂ္ဂိုလ်ကို ပညတ်ပါသလော။

ပရဝါဒီ။ ။ ဪ ပညတ်ပါ၏၁၂

သကဝါဒီ။ ။ စိတ်တိုင်း စိတ်တိုင်း၌ ပုဂ္ဂိုလ်သည် ဖြစ်ပါသလော၊ အိုပါသလော၊ သေပါသလော၊ စုတေပါသလော၊ ပဋိသန္ဓေနေပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၃

သကဝါဒီ။ ။ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ မပြောဆိုသင့်ပါ၁၄

သကဝါဒီ။ ။ ဒုတိယစိတ် ဖြစ်လတ်သော် သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း မပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ပြောဆိုသင့်ပါ၏၁၅

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း့မပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍ကား သင် ဆိုခဲ့၏။ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်းပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍လည်း ဆိုသင့်တော့၏။

ထိုပဌမပုစ္ဆာ၌ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်သတို့သားဟူ၍လည်းကောင်း၊ သတို့သမီးဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍ကား သင် ဆိုခဲ့၏။ (ဤသို့ ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။

၁၁၇။ သကဝါဒီ။ ။ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ပါသလော။

ပရဝါဒီ။ ။ ဪ မပြောဆိုသင့်ပါ။

သကဝါဒီ။ ။ ဒုတိယစိတ် ဖြစ်လတ်သော် မိန်းမဟူ၍လည်းကောင်း၊ ယောက်ျားဟူ၍လည်းကောင်းအိမ်နေသူလူဟူ၍လည်းကောင်း၊ ရဟန်းဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်းမပြောဆိုသင့် ပါသလော။

ပရဝါဒီ။ ။ ပြောဆိုသင့်ပါ၏။

သကဝါဒီ။ ။ ဖိနှိပ်ထိုက်သော အပြစ်ကို ဝန်ခံလော့-

ဖိနှိပ်ပုံ

အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်းမပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း မပြောဆိုသင့်ဟူ၍ သင် ဆိုခဲ့သည်သာတည်း။ ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍ကား သင် ဆိုခဲ့၏။ (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှား သောစကားသာတည်း။

အရှင်ပရဝါဒီ ဒုတိယစိတ် ဖြစ်လတ်သော် နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း ပြောဆိုသင့်ပါမူ ထိုအကြောင်းကြောင့် ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပြောဆိုသင့်၏ဟူ၍လည်း သင် ဆိုသင့်၏။

ထိုပဌမပုစ္ဆာ၌ ဒုတိယစိတ် ဖြစ်လတ်သော် ထိုပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ မပြောဆိုသင့်ဟူ၍လည်းကောင်း သင် ဆိုခဲ့၏။ ဤဒုတိယပုစ္ဆာ၌မူ ဒုတိယစိတ် ဖြစ်လတ်သော်နတ်ဟူ၍လည်းကောင်း၊ လူဟူ၍လည်းကောင်း၊ ပြောဆိုသင့်၏ဟူ၍လည်းကောင်း သင် ဆိုခဲ့၏။ (ဤသို့ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်သောစကားသည် မှားသောစကားသာတည်း။ပ။

၁၁၈။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်ပါသလော။

သကဝါဒီ။ ။ ဪ မဆိုသင့်ပါ၁၆

ပရဝါဒီ။ ။ အကြင်ပုဂ္ဂိုလ်သည် ကြည့်ရှု၏၊ ထိုပုဂ္ဂိုလ်သည် မြင်သည် မဟုတ်ပါလော၊ အကြင် အဆင်း'ရူပါရုံ' ကို မြင်၏၊ ထိုအဆင်းကို မြင်သည် မဟုတ်ပါလော၊ အကြင်မျက်စိဖြင့် မြင်၏၊ ထိုမျက်စိဖြင့်မြင်သည် မဟုတ်ပါလော။

သကဝါဒီ။ ။ ဪဟုတ်ပါ၏၁၇

အရှင်သကဝါဒီ အကြင်ပုဂ္ဂိုလ်သည် ကြည့်ရှု၏၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ မြင်ခဲ့ပါလျှင်အကြင်အဆင်းကို မြင်၏၊ ထိုအဆင်းကို အကယ်၍ မြင်ခဲ့ပါလျှင် အကြင်မျက်စိဖြင့် မြင်၏၊ ထိုမျက်စိဖြင့်အကယ်၍ မြင်ခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။

၁၁၉။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်ပါသလော။

သကဝါဒီ။ ။ ဪ မဆိုသင့်ပါ။

ပရဝါဒီ။ ။ အကြင်ပုဂ္ဂိုလ်သည် ကြား၏။ပ။ အကြင်ပုဂ္ဂိုလ်သည် နမ်း၏။ အကြင်ပုဂ္ဂိုလ်သည် လျက်၏။ အကြင်ပုဂ္ဂိုလ်သည် တွေ့ထိ၏။ အကြင်ပုဂ္ဂိုလ်သည် သိ၏၊ ထိုပုဂ္ဂိုလ်သည် သိသည် မဟုတ်ပါလော၊ အကြင်တရားကို သိ၏၊ ထိုတရား 'ဓမ္မာရုံ' ကို သိသည် မဟုတ်ပါလော၊ အကြင်စိတ်ဖြင့် သိ၏၊ ထိုစိတ်ဖြင့် သိသည် မဟုတ်ပါလော။

သကဝါဒီ။ ။ ဪဟုတ်ပါ၏။

ပရဝါဒီ။ ။ အရှင်သကဝါဒီ အကြင်ပုဂ္ဂိုလ်သည် သိ၏၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ သိခဲ့ပါလျှင်,အကြင်တရားကို သိ၏၊ ထိုတရားကို အကယ်၍ သိခဲ့ပါလျှင်, အကြင်စိတ်ဖြင့် သိ၏၊ ထိုစိတ်ဖြင့်အကယ်၍ သိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ ဆိုသင့်၏။

၁၂၀။ သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အကြင်ပုဂ္ဂိုလ်သည် မကြည့်ရှု၊ ထိုပုဂ္ဂိုလ်သည် မမြင်သည် မဟုတ်ပါလော၊ အကြင်အဆင်းကို မမြင်၊ ထိုအဆင်းကို မမြင်သည် မဟုတ်ပါလော၊ အကြင်မျက်စိဖြင့် မမြင်၊ ထိုမျက်စိဖြင့်မမြင် သည် မဟုတ်ပါလော၁၈

ပရဝါဒီ။ ။ ဪဟုတ်ပါ၏။

အရှင်ပရဝါဒီ။ ။ အကြင်ပုဂ္ဂိုလ်သည် မကြည့်ရှု၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ မမြင်ခဲ့ပါလျှင်, အကြင်အဆင်းကို မမြင်၊ ထိုအဆင်းကို အကယ်၍ မမြင်ခဲ့ပါလျှင်, အကြင်မျက်စိဖြင့် မမြင်၊ ထိုမျက်စိဖြင့်အကယ်၍ မမြင်ခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟု သင် မဆိုသင့်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အကြင်ပုဂ္ဂိုလ်သည် မကြား။ပ။ အကြင်ပုဂ္ဂိုလ်သည် မနမ်း။ အကြင်ပုဂ္ဂိုလ်သည် ့မလျက်။ အကြင်ပုဂ္ဂိုလ်သည် မတွေ့ထိ။ အကြင်ပုဂ္ဂိုလ်သည် မသိ၊ ထိုပုဂ္ဂိုလ်သည် မသိသည် မဟုတ်ပါလော၊ အကြင်တရား 'ဓမ္မာရုံ' ကို မသိ၊ ထိုတရား 'ဓမ္မာရုံ' ကို မသိသည် မဟုတ်ပါလော၊ အကြင်စိတ်ဖြင့်မသိ၊ ထိုစိတ်ဖြင့် မသိသည် မဟုတ်ပါလော။

ပရဝါဒီ။ ။ ဪဟုတ်ပါ၏။

သကဝါဒီ။ ။ အရှင်ပရဝါဒီ အကြင်ပုဂ္ဂိုလ်သည် မသိ၊ ထိုပုဂ္ဂိုလ်သည် အကယ်၍ မသိခဲ့ပါလျှင်,အကြင်တရားကို မသိ၊ ထိုတရားကို အကယ်၍ မသိခဲ့ပါလျှင်, အကြင်စိတ်ဖြင့် မသိ၊ ထိုစိတ်ဖြင့်အကယ်၍ မသိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ သင် မဆိုသင့်။

၁၂၁။ ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏ဟူ၍ မဆိုသင့်ပါသလော။

သကဝါဒီ။ ။ ဪ မဆိုသင့်ပါ။

ပရဝါဒီ။ ။ ''ရဟန်းတို့ ငါ (ဘုရား) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' အဘိညာဉ်ဖြင့် စုတေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်ညံ့သော သတ္တဝါ မြင့်မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာ 'ဂတိ'ရှိသော သတ္တဝါ မကောင်းသော လားရာ 'ဂတိ'ရှိသော သတ္တဝါတို့ကို မြင်တော်မူ၏၊ ကံအားလျော်စွာ ဖြစ် ပေါ်ကုန်သော သတ္တဝါတို့ကို သိတော်မူ၏''ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။

သကဝါဒီ။ ။ ဪဟုတ်ပါ၏။

ပရဝါဒီ။ ။ ထို့ကြောင့် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်၏။

၁၂၂။ သကဝါဒီ။ ။ ''ရဟန်းတို့ ငါ (ဘုရား) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' အဘိညာဉ်ဖြင့် စုတေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်ညံ့သော သတ္တဝါ မြင့်မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာ 'ဂတိ' ရှိသော သတ္တဝါ မကောင်းသော လားရာ 'ဂတိ' ရှိသောသတ္တဝါတို့ကို မြင်တော်မူ၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိတော်မူ၏''ဟူ၍မြတ်စွာဘုရား ဟောအပ်၏ဟု နှလုံးပြု၍ ထိုအကြောင်းကြောင့်ပင် ပုဂ္ဂိုလ်ကို မှန်သောသဘော မြတ်သောသဘောအားဖြင့် ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်တို့၏ မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' အဘိညာဉ်ဖြင့် အဆင်း 'ရူပါရုံ' ကို မြင်တော်မူပါသလော၊ ပုဂ္ဂိုလ်ကို မြင်တော်မူပါသလော။

ပရဝါဒီ။ ။ အဆင်း 'ရူပါရုံ' ကို မြင်တော်မူပါ၏။

သကဝါဒီ။ ။ အဆင်း 'ရူပါရုံ' သည် ပုဂ္ဂိုလ်လော၊ အဆင်းရူပါရုံသည် စုတေသလော၊ အဆင်းရူပါရုံသည် ပဋိသန္ဓေနေသလော၊ အဆင်းရူပါရုံသည် ကံအားလျော်စွာ (ထိုထိုဘဝသို့) ကပ်ရောက်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်တို့၏ မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' အဘိညာဉ်ဖြင့် အဆင်း 'ရူပါရုံ' ကို မြင်တော်မူပါသလော၊ ပုဂ္ဂိုလ်ကို မြင်တော်မူပါသလော။

ပရဝါဒီ။ ။ ပုဂ္ဂိုလ်ကို မြင်တော်မူပါသည်။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် အဆင်း 'ရူပါရုံ' လော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ အညိုလော၊ အရွှေလော၊ အနီလော၊ အဖြူလော၊ မျက်စိဖြင့် သိအပ်သူလော၊ မျက်စိ၌ ထိခိုက်သလော၊ မျက်စိအားထင်ခြင်းသို့ ရောက်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

သကဝါဒီ။ ။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' အဘိညာဉ်ဖြင့် အဆင်း 'ရူပါရုံ' ကို မြင်တော်မူပါသလော၊ ပုဂ္ဂိုလ်ကို မြင်တော်မူပါသလော။

ပရဝါဒီ။ ။ နှစ်မျိုးစလုံးကို မြင်တော်မူပါသည်။

သကဝါဒီ။ ။ နှစ်မျိုးလုံးတို့သည် အဆင်းလော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ နှစ်မျိုးလုံး တို့သည် အညိုတို့လော၊ နှစ်မျိုးလုံးတို့သည် အရွှေတို့လော၊ နှစ်မျိုးလုံးတို့သည် အနီတို့လော၊ နှစ်မျိုးလုံးတို့သည် အဖြူတို့လော၊ နှစ်မျိုးလုံးတို့ကို မျက်စိဖြင့် သိအပ်ကုန်သလော၊ နှစ်မျိုးလုံးတို့သည်မျက်စိ၌ ထိခိုက်ကုန်သလော၊ နှစ်မျိုးလုံးတို့သည် မျက်စိအား ထင်ခြင်းသို့ ရောက်ကုန်သလော၊ နှစ်မျိုးလုံးတို့သည် စုတေကုန်သလော၊ နှစ်မျိုးလုံးတို့သည် ပဋိသန္ဓေနေကုန်သလော၊ နှစ်မျိုးလုံးတို့သည်ကံအားလျော်စွာ (ထိုထိုဘဝသို့) ကပ်ရောက်ကြကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

ဥပါဒါပညတ္တာနုယောဂ ပြီး၏။

------

၁။ သစ်ပင်ကို စွဲ၍ အရိပ်ဟု ပညတ်ခြင်း၊ မီးစာကို စွဲ၍ မီးဟု ပညတ်ခြင်းကဲ့သို့ ရုပ်ကို စွဲ၍ ပုဂ္ဂိုလ်ဟု ပညတ်ခြင်းကို အလိုရှိရကား ပဌမဦးစွာဝန်ခံခဲ့၏၊ တစ်ပန် နောက်ထပ်အမေး၌လည်းဟုတ်တိုင်းမှန်စွာဝန်ခံပြီးလျှင် သစ်ပင်ကို စွဲ၍ ဖြစ်သော အရိပ်သည် သစ်ပင်ကဲ့သို့လည်းကောင်း၊ မီးစာကို စွဲ၍ဖြစ်သော မီးသည် မီးစာကဲ့သို့လည်းကောင်း မမြဲခြင်းသဘော ရှိခဲ့၏။ ရုပ်ကို စွဲ၍ ဖြစ်သောပုဂ္ဂိုလ်သည်လည်း ရုပ်ကဲ့သို့ မမြဲခြင်းသဘော ရှိသလောဟူသော အဓိပ္ပာယ်ဖြင့် မေးမြန်းလတ်သော် မိမိအယူ၌ တည်၍ ပဋိက္ခေပပြုလျက် ဖြေသည်။

၂။ ညိုသော ရုပ်နှင့်တကွ ပုဂ္ဂိုလ်၏ တစ်ခုတည်းအဖြစ်ကိုလည်းကောင်း၊ တစ်ခုသော ကိုယ်၌ များစွာကုန်သော အညို စသည်တို့၏ အစွမ်းဖြင့် ပုဂ္ဂိုလ်များသည်၏ အဖြစ်ကိုလည်းကောင်း အလိုမရှိသည် ဖြစ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။

၃။ ဝေဒနာနှင့်တကွ ပုဂ္ဂိုလ်၏ တစ်ခုတည်းသော အဖြစ်ကိုလည်းကာင်း၊ တစ်ခုတည်းသော သန္တာန်၌ များစွာကုန်သော ဝေဒနာတို့၏ အစွမ်းဖြင့် ပုဂ္ဂိုလ်များသည်၏ အဖြစ်ကိုလည်းကောင်း အလိုမရှိသည်ဖြစ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။

၄။ တစ်ဖန် နောက်ထပ် မေးမြန်းအပ်သော် မဂ္ဂကုသလော- လမ်းခရီး၌ လိမ္မာသူ၊ ဤသို့ အစရှိသောစကား၏ ထင်ရှားရှိနေသောကြောင့် လိမ္မာခြင်းအနက်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။

၅။ ထိုသို့သဘောရှိသော အကျိုးရှိသည့် ပုဂ္ဂိုလ်ဟူသော ဝေါဟာရ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၆။ သဿတ စသည်တို့၏ အစွမ်းဖြင့် အဗျာကတအဖြစ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။

၇။ ''စက္ခုမာ ဝိသမာနီဝ၊ ဝိဇ္ဇမာနေ ပရက္ကမေ။ ပဏ္ဍိတော ဇီဝလောကသ္မိံ ပါပါနိ ပရိဝဇ္ဇယေ။'' ဟူသော ဥဒါန်းပါဠိတော်၌ မျက်စိရှိသူဟူသော ဝေါဟာရ ထင်ရှား ရှိသောကြောင့် ပရဝါဒီက ဝန်ခံသည်။

၈။ စက္ခုချုပ်ကာမျှဖြင့် ပုဂ္ဂိုလ်၏ ချုပ်ခြင်းကို အလိုမရှိ၍ ဒုတိယအမေး၌ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၉။ ခန္ဓာတို့ကို စွဲ၍ ပုဂ္ဂိုလ်ဟု ပညတ်ခဲ့ရကား နှစ်ခု သုံးခု လေးခု ငါးခုသော ခန္ဓာတို့ကို စွဲ၍ ပညတ်မှုကို ဝန်ခံခဲ့၏။

၁၀။ တစ်ခုသော သန္တာန်၌ နှစ်ယောက် ငါးယောက်သော ပုဂ္ဂိုလ်တို့ မရှိကောင်းသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၁၁။ ဤမေးသော အခြင်းအရာအားဖြင့် အလိုမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မိမိအယူ၌တည်လျက်လည်းကောင်း ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၁၂။ သရာဂစသော စိတ်တို့၏ အစွမ်းအားဖြင့် သရာဂပုဂ္ဂိုလ်စသည်ကို ရည်ရွယ်၍ စိတ္တာနုပဿနာ၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံသည်။

၁၃။ ပုဂ္ဂိုလ်၏ ခဏနှင့် ယှဉ်သည်၏ အဖြစ်ကို အလိုမရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။

၁၄။ ဤပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဟူ၍လည်းကောင်း ပြောဆိုခဲ့သော် သဿတ, ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ရာသောကြောင့် မဆိုသင့်ဟု ဝန်ခံသည်။

၁၅။ သတို့သား သတို့သမီးဟု မဆိုသင့်သလောဟူသော အမေး၌မူ လာကဝေါဟာရကို ပယ်ဖျောက်ခြင်းမှ ကြောက်သောကြောင့် ဆိုသင့်၏ဟု ပရဝါဒီက ဝန်ခံသည်။

၁၆။ ပရမတ္ထသစ္စာကို ရည်ရွယ်၍ သကဝါဒီက မဆိုသင့်ဟု ဝန်ခံသည်။

၁၇။ ဒုတိယအမေး၌ သမ္မုတိသစ္စာကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။

၁၈။ ကန်းသူ, အသညသတ်သတ္တဝါ, အရူပသတ္တဝါ, နိရောဓသမာပတ်ဝင်စားသူ, မကန်းသူပင်ဖြစ်သော်လည်း မမြင်သူပင် မည်၏။

၁၃-ပုရိသကာရာနုယောဂ

၁၂၃။ ပရဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ပါကုန်သလော။

သကဝါဒီ။ ။ ဪ ရအပ်ပါကုန်၏။

ပရဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၂၄။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ပါကုန်၏ဟု နှလုံးသွင်း၍ ကောင်းမှုကံ မကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုပြုလုပ်သူ ပြုလုပ်စေသူကို (တစ်ဆင့်) ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၂၅။ သကဝါဒီ။ ။ ထိုပြုလုပ်သူ ပြုလုပ်စေသူကို (တစ်ဆင့်) ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုထိုကောင်းမှုကံ မကောင်းမှုကံကို ပြုလုပ်သူ ပြုလုပ်စေသူကို (တစ်ဆင့်) ပြုလုပ်သူ ပြုလုပ်စေသူအား ဒုက္ခ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်ဆင်းရဲ၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၂၆။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ပါကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို ရအပ်၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၂၇။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်ကို ရအပ်၏ဟု နှလုံးပြု၍ နိဗ္ဗာန်ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၂၈။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြေကြီးကို ရအပ်၏ဟု နှလုံးပြု၍ မြေကြီးကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၂၉။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မဟာသမုဒ္ဒရာကို ရအပ်၏ဟု နှလုံးပြု၍ မဟာသမုဒ္ဒရာကို ပြုလုပ်သူ ပြုလုပ်စေ သူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၀။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြင်းမိုရ်တောင်မင်းကို ရအပ်၏ဟု နှလုံးပြု၍ မြင်းမိုရ်တောင်မင်းကို ပြုလုပ်သူပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၁။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ရေကို ရအပ်၏ဟု နှလုံးပြု၍ ရေကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၂။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မီးကို ရအပ်၏ဟု နှလုံးပြု၍ မီးကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၃။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ လေကို ရအပ်၏ဟု နှလုံးပြု၍ လေကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၃၄။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြက် ထင်း တောစိုးသစ်ပင်တို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ မြက် ထင်း တောစိုးသစ်ပင်တို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၅။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံ မကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့သည် (ကောင်းမှုကံ မကောင်းမှုကံတို့ကို ပြုလုပ်သူပြုလုပ်စေသူမှ) တစ်မျိုးတခြားလော၊ ကောင်းမှုကံ မကောင်းမှုကံတို့ကို ပြုလုပ်သူ ပြုလုပ်စေသူသည် (ကောင်းမှုကံ မကောင်းမှုကံတို့မှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၆။ ပရဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဪ ရအပ်ပါ၏။

ပရဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၇။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ရအပ်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့၏ အကျိုးခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုအကျိုးခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၈။ သကဝါဒီ။ ။ ထိုအကျိုးခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုထိုကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးခံစားသူကို (တစ်ဆင့်) ခံစားသူအားဒုက္ခ၏ အဆုံးကို ပြုခြင်းသည် မရှိသလော၊ ဝဋ်ဆင်းရဲ၏ ပြတ်စဲခြင်းသည် မရှိသလော၊ (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၃၉။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ရအပ်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့၏ အကျိုးခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို ရအပ်၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၀။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ရအပ်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့၏ အကျိုးခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်ကို ရအပ်၏ဟု နှလုံးပြု၍ နိဗ္ဗာန်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၁။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ရအပ်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့၏ အကျိုးခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြေကြီးကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မဟာသမုဒ္ဒရာကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မြင်းမိုရ်တောင်မင်းကို ရအပ်၏ဟု နှလုံးပြု၍။ပ။ ရေကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မီးကို ရအပ်၏ဟုနှလုံးပြု၍။ပ။ လေကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မြက် ထင်း တောစိုးသစ်ပင်တို့ကို ရအပ်၏ဟုနှလုံးပြု၍ မြက် ထင်း တောစိုးသစ်ပင် တို့ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၂။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ရအပ်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့၏ အကျိုးခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးသည် (ကောင်းမှုကံ မကောင်းမှုကံတို့၏အကျိုးကို ခံစားသူမှ) တစ်မျိုးတခြားလော၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးကို ခံစားသူသည် (ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၃။ ပရဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဪ ရအပ်ပါ၏။

ပရဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၄။ သကဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ နတ်၌ဖြစ်သော ချမ်းသာကိုခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုနတ်၌ဖြစ်သော ချမ်းသာခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၅။ သကဝါဒီ။ ။ ထိုနတ်၌ဖြစ်သော ချမ်းသာခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုထိုနတ်၌ဖြစ်သော ချမ်းသာကို ခံစားသူကို (တစ်ဆင့်) ခံစားသူအား ဆင်းရဲ အဆုံးကိုပြုခြင်းသည် မရှိသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိသလော၊ (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၆။ သကဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ နတ်၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို ရအပ်၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၇။ သကဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ နတ်၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်ကို ရအပ်၏ဟု နှလုံးပြု၍ နိဗ္ဗာန်ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၈။ သကဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ နတ်၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြေကြီးကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မဟာသမုဒ္ဒရာကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မြင်းမိုရ်တောင်မင်းကို ရအပ်၏ဟု နှလုံးပြု၍။ပ။ ရေကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မီးကို ရအပ်၏ဟုနှလုံးပြု၍။ပ။ လေကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မြက် ထင်း တောစိုးသစ်ပင်တို့ကို ရအပ်ကုန်၏ဟုနှလုံးပြု၍ မြက် ထင်း တောစိုး သစ်ပင်တို့ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၄၉။ သကဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ နတ်၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နတ်၌ဖြစ်သော ချမ်းသာသည် (နတ်၌ဖြစ်သော ချမ်းသာကို ခံစားသူမှ) တစ်မျိုးတခြားလော၊ နတ်၌ဖြစ်သော ချမ်းသာကို ခံစားသူသည် (နတ်၌ဖြစ်သော ချမ်းသာမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၀။ ပရဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဪ ရအပ်ပါ၏။

ပရဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၁။ သကဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ လူ၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုလူ၌ဖြစ်သော ချမ်းသာခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၂။ သကဝါဒီ။ ။ ထိုလူ၌ဖြစ်သော ချမ်းသာခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုသို့ လူ၌ဖြစ်သော ချမ်းသာခံစားသူကို (တစ်ဆင့်) ခံစားသူအား ဆင်းရဲအဆုံးကိုပြုခြင်းသည် မရှိသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိသလော၊ တစ်စုံတစ်ရာကိုမျှ မစွဲလမ်းမူ၍ငြိမ်းအေး မှု (ပရိနိဗ္ဗာန်) သည် မရှိပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၅၃။ သကဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ လူ၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို ရအပ်၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၄။ သကဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ လူ၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်ကို ရအပ်၏ဟု နှလုံးပြု၍ နိဗ္ဗာန်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၅။ သကဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ လူ၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြေကြီးကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မဟာသမုဒ္ဒရာကို ရအပ်၏ဟု နှလုံးပြု၍။ မြင်းမိုရ်တောင်မင်းကို ရအပ်၏ဟု နှလုံးပြု၍။ ရေကို ရအပ်၏ဟု နှလုံးပြု၍။ မီးကို ရအပ်၏ဟု နှလုံးပြု၍။ လေကို ရအပ်၏ဟု နှလုံးပြု၍။ မြက် ထင်း တောစိုးသစ်ပင်တို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍မြက် ထင်း တောစိုးသစ်ပင်တို့ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၆။ သကဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာကို ရအပ်၏ဟု နှလုံးပြု၍ လူ၌ဖြစ်သော ချမ်းသာခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ လူ၌ဖြစ်သော ချမ်းသာသည် (လူ၌ဖြစ်သော ချမ်းသာကို ခံစားသူမှ) တစ်မျိုးတခြားလော၊ လူ၌ဖြစ်သော ချမ်းသာကို ခံစားသူသည် (လူ၌ဖြစ်သော ချမ်းသာမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၇။ ပရဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဪ ရအပ်ပါ၏။

ပရဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၈။ သကဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ အပါယ်၌ဖြစ်သောဆင်းရဲခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုအပါယ်၌ဖြစ်သော ဆင်းရဲခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၅၉။ သကဝါဒီ။ ။ ထိုအပါယ်၌ဖြစ်သော ဆင်းရဲခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုထိုအပါယ်၌ဖြစ်သော ဆင်းရဲခံစားသူကို (တစ်ဆင့်) ခံစားသူအား ဆင်းရဲ၏ အဆုံးကိုပြုခြင်းသည် မရှိပါသလော၊ ဝဋ်၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ (တစ်စုံတစ်ရာကိုမျှ) မစွဲလမ်းမူ၍ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၆၀။ သကဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ အပါယ်၌ဖြစ်သောဆင်းရဲခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို ရအပ်၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၁။ သကဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ အပါယ်၌ဖြစ်သောဆင်းရဲခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်ကို ရအပ်၏ဟု နှလုံးပြု၍ နိဗ္ဗာန်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၆၂။ သကဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ အပါယ်၌ဖြစ်သောဆင်းရဲခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြေကြီးကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မဟာသမုဒ္ဒရာကို ရအပ်၏ဟု နှလုံးပြု၍။ မြင်းမိုရ်တောင်မင်းကို ရအပ်၏ဟု နှလုံးပြု၍။ ရေကို ရအပ်၏ဟု နှလုံးပြု၍။ မီးကို ရအပ်၏ဟု နှလုံးပြု၍။ လေကို ရအပ်၏ဟု နှလုံးပြု၍။ မြက် ထင်း တောစိုးသစ်ပင်တို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍မြက် ထင်း တောစိုးသစ်ပင်တို့ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၃။ သကဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ အပါယ်၌ဖြစ်သောဆင်းရဲခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အပါယ်၌ဖြစ်သော ဆင်းရဲသည် (အပါယ်၌ဖြစ်သော ဆင်းရဲကို ခံစားသူမှ) တစ်မျိုးတခြားလော၊ အပါယ်၌ဖြစ်သော ဆင်းရဲကို ခံစားသူသည် (အပါယ်၌ဖြစ်သော ဆင်းရဲမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၄။ ပရဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဪ ရအပ်ပါ၏။

ပရဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

ပရဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ ငရဲ၌ဖြစ်သော ဆင်းရဲခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဪ ရအပ်ပါ၏။

ပရဝါဒီ။ ။ ထိုငရဲ၌ဖြစ်သော ဆင်းရဲခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၅။ သကဝါဒီ။ ။ ထိုငရဲ၌ဖြစ်သော ဆင်းရဲခံစားသူကို (တစ်ဆင့်) ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုထိုငရဲ၌ဖြစ်သော ဆင်းရဲခံစားသူကို (တစ်ဆင့်) ခံစားသူအား ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် မရှိပါသလော၊ ဝဋ်ဆင်းရဲ၏ ပြတ်စဲခြင်းသည် မရှိပါသလော၊ (တစ်စုံတစ်ရာကိုမျှ) မစွဲလမ်းမူ၍ ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၆။ သကဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ ငရဲ၌ဖြစ်သော ဆင်းရဲခံစား သူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်ကို ရအပ်၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၇။ သကဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ ငရဲ၌ဖြစ်သော ဆင်းရဲခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်ကို ရအပ်၏ဟု နှလုံးပြု၍ နိဗ္ဗာန်ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၈။ သကဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ ငရဲ၌ဖြစ်သော ဆင်းရဲခံစား သူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ မြေကြီးကို ရအပ်၏ဟု နှလုံးပြု၍။ပ။ မဟာသမုဒ္ဒရာကို ရအပ်၏ဟု နှလုံးပြု၍။ မြင်းမိုရ်တောင်မင်းကို ရအပ်၏ဟု နှလုံးပြု၍။ ရေကို ရအပ်၏ဟု နှလုံးပြု၍။ မီးကို ရအပ်၏ဟုနှလုံးပြု၍။ လေကို ရအပ်၏ဟု နှလုံးပြု၍။ မြက် ထင်း တောစိုးသစ်ပင်တို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍မြက် ထင်း တောစိုးသစ်ပင်တို့ကို ခံစားသူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၆၉။ သကဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲကို ရအပ်၏ဟု နှလုံးပြု၍ ငရဲ၌ဖြစ်သော ဆင်းရဲခံစား သူကို ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ငရဲ၌ဖြစ်သော ဆင်းရဲသည် (ငရဲ၌ဖြစ်သော ဆင်းရဲကို ခံစားသူမှ) တစ်မျိုးတခြား လော၊ ငရဲ၌ဖြစ်သော ဆင်းရဲကို ခံစားသူသည် (ငရဲ၌ဖြစ်သော ဆင်းရဲမှ) တစ်မျိုးတခြားလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၇၀။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူကိုလည်းကောင်း၊ ပြုလုပ်စေသူကိုလည်းကောင်း၊ အကျိုးခံစားသူကိုလည်းကောင်း ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုသူသည် ပြုလုပ်၍ ထိုသူသည်ပင် ခံစားသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။၁၀

၁၇၁။ သကဝါဒီ။ ။ ထိုသူသည် ပြုလုပ်၍ ထိုသူသည်ပင် ခံစားသလော။

ပရဝါဒီ။ ။ ဪ ခံစားပါ၏။၁၁

သကဝါဒီ။ ။ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၇၂။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံ့မကောင်းမှုကံတို့ကို ပြုလုပ်သူကိုလည်းကောင်း၊ ပြုလုပ်စေသူကိုလည်းကောင်း၊ အကျိုးခံစားသူကိုလည်းကောင်း ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ အခြားသူသည် ပြုလုပ်၍ အခြားသူသည် ခံစားသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၂

၁၇၃။ သကဝါဒီ။ ။ အခြားသူသည် ပြုလုပ်၍ အခြားသူသည် ခံစားသလော။

ပရဝါဒီ။ ။ ဪ ခံစားပါ၏။၁၃

သကဝါဒီ။ ။ ချမ်းသာ ဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၄

၁၇၄။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူကိုလည်းကောင်း၊ ပြုလုပ်စေသူကိုလည်းကောင်း၊ အကျိုးခံစားသူကိုလည်းကောင်း ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ပြုလုပ်ကုန်၍ ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ခံစားကုန်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၅

၁၇၅။ သကဝါဒီ။ ။ ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ပြုလုပ်ကုန်၍ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ခံစားကုန်သလော။

ပရဝါဒီ။ ။ ဪ ခံစားပါကုန်၏။

သကဝါဒီ။ ။ ချမ်းသာ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်ပါသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

 

 

၁၇၆။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူကိုလည်းကောင်း၊ ပြုလုပ်စေသူကိုလည်းကောင်း၊ အကျိုးခံစားသူကိုလည်းကောင်း ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုသူသည် မပြုလုပ်ဘဲ ထိုသူသည် မခံစားသလော၊ အခြားသူသည် မပြုလုပ်ဘဲအခြားသူသည် မခံစားသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။၁၆

၁၇၇။ သကဝါဒီ။ ။ ထိုသူသည် မပြုလုပ်ဘဲ ထိုသူသည် မခံစားသလော၊ အခြားသူသည် မပြု လုပ်ဘဲအခြားသူသည် မခံစားသလော။၁၇

ပရဝါဒီ။ ။ ဪ မခံစားပါ။

သကဝါဒီ။ ။ ချမ်းသာ ဆင်းရဲသည် ကိုယ်တိုင် မလုပ်ဘဲ သူတစ်ပါး မလုပ်ဘဲ အကြောင်းကို မစွဲမူ၍ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၇၈။ သကဝါဒီ။ ။ ကောင်းမှုကံ မကောင်းမှုကံတို့ကို ရအပ်ကုန်၏ဟု နှလုံးပြု၍ ကောင်းမှုကံမကောင်းမှုကံတို့ကို ပြုလုပ်သူကိုလည်းကောင်း၊ ပြုလုပ်စေသူကိုလည်းကောင်း၊ အကျိုးခံစားသူကိုလည်းကောင်း ရအပ်ပါသလော။

ပရဝါဒီ။ ။ ဪ ရအပ်ပါ၏။

သကဝါဒီ။ ။ ထိုသူသည် ပြုလုပ်၍ ထိုသူသည်ပင် ခံစားသလော၊ အခြားသူသည် ပြုလုပ်၍အခြားသူသည် ခံစားသလော။ ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ပြုလုပ်ကုန်၍ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ခံစားကုန်သလော။ ထိုသူသည် မပြုလုပ်ဘဲထိုသူသည် မခံစားသလော၊ အခြားသူသည် မပြုလုပ်ဘဲ အခြားသူသည် မခံစားသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၇၉။ သကဝါဒီ။ ။ ထိုသူသည် ပြုလုပ်၍ ထိုသူသည်ပင် ခံစားသလော၊ အခြားသူသည် ပြုလုပ်၍အခြားသူသည် ခံစားသလော။ ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ပြုလုပ်ကုန်၍ထိုသူသည်လည်းကောင်း၊ အခြားသူသည်လည်းကောင်း ခံစားကုန်သလော။ ထိုသူသည် မပြုလုပ်ဘဲထိုသူသည် မခံစားသလော၊ အခြားသူသည် မပြုလုပ်ဘဲ အခြားသူသည် မခံစားသလော။

ပရဝါဒီ။ ။ ဪ မခံစားပါ။

သကဝါဒီ။ ။ ချမ်းသာ ဆင်းရဲကို ကိုယ်တိုင် ပြုလုပ်အပ်သလော၊ ချမ်းသာ ဆင်းရဲကို သူတစ်ပါးပြုလုပ်အပ်သလော၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုလုပ်အပ် သူတစ်ပါးလည်း ပြုလုပ်အပ်သလော၊ ချမ်းသာ ဆင်းရဲသည် ကိုယ်တိုင် မပြုဘဲ သူတစ်ပါးမပြုဘဲ အကြောင်းကို မစွဲမူ၍ ဖြစ်သလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၈၀။ ပရဝါဒီ။ ။ ကံသည် ရှိသလော။

သကဝါဒီ။ ။ ဪ ရှိပါ၏။

ပရဝါဒီ။ ။ ကံပြုသူသည် ရှိသလော။

သကဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၈၁။ သကဝါဒီ။ ။ ကံသည် ရှိ၏ဟု နှလုံးပြု၍ ကံပြုသူသည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုကံပြုသူကို (တစ်ဆင့်) ပြုလုပ်သူသည် ရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၈၂။ သကဝါဒီ။ ။ ထိုကံပြုသူကို (တစ်ဆင့်) ပြုလုပ်သူသည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ထိုထိုကံကို ပြုလုပ်သူ (တစ်ဆင့်) ပြုလုပ်သူအား ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည်မရှိသလော၊ ဝဋ်ဆင်းရဲ၏ ပြတ်စဲခြင်းသည် မရှိသလော၊ တစ်စုံတစ်ရာကိုမျှ မစွဲလမ်းမူ၍ ငြိမ်းအေးမှု (ပရိနိဗ္ဗာန်) သည် မရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၈၃။ သကဝါဒီ။ ။ ကံသည် ရှိ၏ဟု နှလုံးပြု၍ ကံပြုသူသည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ပုဂ္ဂိုလ်သည် ရှိ၏ဟု နှလုံးပြု၍ ပုဂ္ဂိုလ်ကို ပြုလုပ်သူသည် ရှိသလော။

ပရဝါဒ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၈၄။ သကဝါဒီ။ ။ ကံသည် ရှိ၏ဟု နှလုံးပြု၍ ကံပြုသူသည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ နိဗ္ဗာန်သည် ရှိ၏ဟု နှလုံးပြု၍ နိဗ္ဗာန်ကို ပြုလုပ်သူသည် ရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၈၅။ သကဝါဒီ။ ။ ကံသည် ရှိ၏ဟု နှလုံးပြု၍ ကံပြုသူသည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ မြေကြီးသည် ရှိ၏ဟု နှလုံးပြု၍။ပ။ မဟာသမုဒ္ဒရာသည် ရှိ၏ဟု နှလုံးပြု၍။ မြင်းမိုရ်တောင်မင်းသည် ရှိ၏ဟု နှလုံးပြု၍။ ရေသည် ရှိ၏ဟု နှလုံးပြု၍။ မီးသည် ရှိ၏ဟု နှလုံးပြု၍။ လေသည် ရှိ၏ဟု နှလုံးပြု၍။ မြက် ထင်း တောစိုးသစ်ပင်တို့သည် ရှိကုန်၏ဟု နှလုံးပြု၍ မြက် ထင်းတောစိုးသစ်ပင်တို့ကို ပြလုပ်သူသည် ရှိသလော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ပ။

၁၈၆။ သကဝါဒီ။ ။ ကံသည် ရှိ၏ဟု နှလုံးပြု၍ ကံကို ပြုသူသည် ရှိသလော။

ပရဝါဒီ။ ။ ဪ ရှိပါ၏။

သကဝါဒီ။ ။ ကံသည် (ကံပြုသူမှ) တစ်မျိုးတခြားလော၊ ကံပြုသူသည် (ကံမှ) တစ်မျိုးတခြား လော။

ပရဝါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။

၁၈၇။ ပရဝါဒီ။ ။ အကျိုး'ဝိပါက်'သ