မဇ္ဈိမနိကာယ်
မဇ္ဈိမပဏ္ဏာသပါဠိတော်
မြန်မာပြန်
------
နမော
တဿ ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
၁-ဂဟပတိဝဂ်
၁-ကန္ဒရကသုတ်
၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
စမ္ပာမြို့ ဂဂ္ဂရာရေကန်ကမ်းနား၌
များမြတ်သော
ရဟန်းသံဃာနှင့်အတူ
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ဆင်ထိန်း၏သား
ပေဿသည်လည်းကောင်း၊
ကန္ဒရကပရိဗိုဇ်သည်လည်းကောင်း
မြတ်စွာဘုရားထံ
ချဉ်းကပ်ကြကုန်၏၊
ချဉ်းကပ်ပြီး၍
ဆင်ထိန်း၏သား
ပေဿသည်
မြတ်စွာဘုရားကို
ရိုသေစွာရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေ၏။
ကန္ဒရကပရိဗိုဇ်သည်ကား
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ကန္ဒရကပရိဗိုဇ်သည်
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆိုပြီးဆုံးစေပြီးလျှင်
တစ်ခုသောနေရာ၌
ရပ်ပြီးသော်
တိတ်တိတ်ဆိတ်ဆိတ်နေသော
ရဟန်းအပေါင်းကို
လှည့်လည်ကြည့်ရှုပြီးလျှင်
မြတ်စွာဘုရားအား-
''အသျှင်ဂေါတမ
အံ့ဖွယ်ရှိပေစွ၊
အသျှင်ဂေါတမ
မဖြစ်စဖူးဖြစ်ပေစွ၊
အသျှင်ဂေါတမသည်
ရဟန်းအပေါင်းကို
အလွန်လျှင်
ကောင်းစွာ
သွန်သင်ထားပေ၏။
ယခုအခါ
အသျှင်ဂေါတမသည်
ရဟန်းအပေါင်းကို
သွန်သင်ထားသကဲ့သို့ပင်
အတိတ်ကာလ၌ ပွင့်တော်မူသော
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာသိတော်မူသော
ဘုရားသျှင်တို့သည်လည်း
ဤအတိုင်းသာလျှင်
ရဟန်းအပေါင်းကို
ကောင်းစွာ
သွန်သင်တော်မူခဲ့ကြကုန်ပြီ။
အသျှင်ဂေါတမ
ယခုအခါအသျှင်ဂေါတမသည်
ရဟန်းအပေါင်းကို
သွန်သင်ထားသကဲ့သို့
အနာဂတ်ကာလ၌
ပွင့်တော်မူကြမည့်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောဘုရားသျှင်တို့သည်လည်း
ဤအတိုင်းသာလျှင်
ရဟန်းအပေါင်းကို
ကောင်းစွာသွန်သင်တော်မူကြပေကုန်လတ္တံ့''ဟု
လျှောက်၏။
၂။
ကန္ဒရက
ဤစကားသည်
မှန်၏၊
ကန္ဒရက
ဤစကားသည်
မှန်၏၊
ယခုအခါ
ငါဘုရားသည်ရဟန်းအပေါင်းကို
သွန်သင်ထားသကဲ့သို့ပင်
အတိတ်ကာလ၌ ပွင့်တော်မူသော
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော ဘုရားသျှင်တို့သည်လည်း
ဤအတိုင်းသာလျှင်
ရဟန်းအပေါင်းကို
ကောင်းစွာ
သွန်သင်တော်မူကြကုန်ပြီ။
ယခုအခါ
ငါဘုရားသည်ရဟန်းအပေါင်းကို
သွန်သင်ထားသကဲ့သို့ပင်
အနာဂတ်ကာလ၌
ပွင့်တော်မူကြမည့်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ဘုရားသျှင်တို့သည်လည်း
ဤအတိုင်းသာလျှင်
ရဟန်းအပေါင်းကို
သွန်သင်တော်မူကြပေကုန်လတ္တံ့။
ကန္ဒရက
ဤရဟန်းအပေါင်း၌
အာသဝေါကုန်ပြီးသော
မဂ်အကျင့်ကို
ကျင့်သုံးပြီးသော
ပြုဖွယ်ကိစ္စကိုပြုပြီးသော
ဝန်ထုပ်ကို
ချထားပြီးသော
(အရဟတ္တဖိုလ်ဟူသော)
ကိုယ်ကျိုး
ကိုယ့်စီးပွါးကို
ရပြီးသောဘဝသံယောဇဉ်
ကုန်ခန်းပြီးသော
ကောင်းစွာ
သိ၍
လွတ်မြောက်ပြီးသော
ရဟန္တာဖြစ်ကြသောရဟန်းတို့လည်း
ရှိကြကုန်၏၊
ကန္ဒရက ဤရဟန်းအပေါင်း၌
မြဲသောသီလ
မြဲသောအသက်မွေးမှုရှိကြသော
ရင့်ကျက်သောပညာ
ရင့်ကျက်သောအသက်မွေးမှု
ရှိကြသော
ကျင့်ဆဲ
'သေက္ခ'
ဖြစ်သောရဟန်းတို့လည်း
ရှိကြကုန်၏၊
ထိုရဟန်းတို့သည်
သတိပဋ္ဌာန်လေးပါးတို့၌
ကောင်းစွာ
တည်နေသောစိတ်ရှိကြကုန်သည်
ဖြစ်၍
နေထိုင်ကြကုန်၏။
အဘယ်လေးပါးတို့နည်းဟူမူ-ကန္ဒရက
ဤသာသနာတော်၌
ရဟန်းသည်
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌
အဘိဇ္ဈာ
ဒေါမနဿကို
ပယ်ဖျောက်၍
ရုပ်အပေါင်း၌
ရုပ်အပေါင်းကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌အဘိဇ္ဈာ
ဒေါမနဿကို
ပယ်ဖျောက်၍
ဝေဒနာတို့၌
ဝေဒနာတို့ကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌
အဘိဇ္ဈာ
ဒေါမနဿကို
ပယ်ဖျောက်၍
စိတ်၌ စိတ်ကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌အဘိဇ္ဈာ
ဒေါမနဿကို
ပယ်ဖျောက်၍
သဘောတရားတို့၌
သဘောတရားတို့ကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်
ဖြစ်၍ နေ၏ဟု
(မိန့်တော်မူ၏)။
၃။
ဤသို့
မိန့်တော်မူသော်
ဆင်ထိန်းသားဖြစ်သော
ပေဿသည်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
အံ့ဖွယ်ရှိပေစွ၊
အသျှင်ဘုရား မဖြစ်စဖူးဖြစ်ပေစွ၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
သတ္တဝါတို့၏
(သန္တာန်၌)
ကိလေသာစင်ကြယ်ရန်၊
စိုးရိမ်ပူပန်ခြင်း
ငိုကြွေးခြင်းတို့ကို
လွန်မြောက်ရန်၊
ကိုယ်ဆင်းရဲစိတ်ဆင်းရဲတို့
ချုပ်ငြိမ်းရန်၊
အရိယမဂ်ကို
ရရန်၊
နိဗ္ဗာန်ကို
မျက်မှောက်ပြုရန်
ဤသတိပဋ္ဌာန်လေးပါးတို့ကို
အလွန်လျှင်
ကောင်းစွာ
ပညတ်ထားတော်မူပါပေ၏။
အသျှင်ဘုရား
အဝတ်ဖြူဝတ်သည့်
လူဖြစ်သော
တပည့်တော်တို့ပင်သော်မှလည်း
ရံခါ ရံခါ ဤသတိပဋ္ဌာန်တရား
လေးပါးတို့၌
ကောင်းစွာ တည်နေသော
စိတ်ရှိကြကုန်သည်ဖြစ်၍
နေထိုင်ကြပါကုန်အံ့။
အသျှင်ဘုရား
ဤလောက၌
အကျွန်ုပ်တို့သည်
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌
အဘိဇ္ဈာ
ဒေါမနဿကို
ပယ်ဖျောက်၍
ရုပ်အပေါင်း၌ရုပ်အပေါင်းကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍
နေကြပါကုန်အံ့။
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌အဘိဇ္ဈာ
ဒေါမနဿကို
ပယ်ဖျောက်၍
ဝေဒနာတို့၌
ဝေဒနာတို့ကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍နေကြပါကုန်အံ့။
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌အဘိဇ္ဈာဒေါမနဿကို
ပယ်ဖျောက်၍
စိတ်၌ စိတ်ကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍
နေကြပါကုန်အံ့။
ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍
သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
လောက၌အဘိဇ္ဈာဒေါမနဿကို
ပယ်ဖျောက်၍
သဘောတရားတို့၌
သဘောတရားတို့ကို
အကြိမ်ကြိမ်
ရှုလေ့ရှိသည်ဖြစ်၍
နေကြပါကုန်အံ့။
အသျှင်ဘုရား
အံ့ဖွယ်ရှိပေစွ၊
အသျှင်ဘုရား
မဖြစ်စဖူးဖြစ်ပေစွ၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်ဤသို့
လူတို့၏သန္တာန်၌ဖြစ်သော
ကိလေသာအစွဲအလမ်း,
လူတို့၏သန္တာန်၌ဖြစ်သောကိလေသာအရှုပ်
အထွေး,
လူတို့၏သန္တာန်၌ဖြစ်သော
စဉ်းလဲခြင်းသည်
ရှိနေသည်ဖြစ်ပါလျက်
(ထို)
သတ္တဝါတို့၏
အကျိုး
စီးပွါးရှိ
မရှိကို
အလွန်လျှင်
သိတော်မူနိုင်ပါပေ၏။
အသျှင်ဘုရား
လူတို့သည်
ရှုပ်ပွေလှပါ၏၊
အသျှင်ဘုရား
တိရစ္ဆာန်တို့သည်
ပေါ်လွင်လှပါ၏။
အသျှင်ဘုရား
အကျွန်ုပ်သည်ဆင်ရိုင်းကို
သင်ကြားဆုံးမ
နိုင်သူဖြစ်ပါ၏၊
ဆင်ရိုင်းသည်
စမ္ပာမြို့သို့
အသွားအပြန်
ပြုလုပ်ရသည့်အချိန်အတွင်း၌
အလုံးစုံသော
ထိုစဉ်းလဲကောက်ကျစ်မှုတို့ကို
ထင်ရှားစွာ
ပြုလုပ်ပြသပါလတ္တံ့။
အသျှင်ဘုရား
လူတို့သည်ကား
အကျွန်ုပ်တို့၏
ကျေးကျွန်
အစေခံ
အလုပ်သမားတို့သည်ပင်
ကိုယ်ဖြင့်
တစ်မျိုးတစ်ဖုံ
ပြုတတ်ကြပါ၏၊
နှုတ်ဖြင့်
တစ်မျိုးတစ်ဖုံ
ပြောတတ်ကြပါကုန်၏၊
လူတို့၏
စိတ်ကားတစ်မျိုး
တစ်ဖုံသာ ဖြစ်ပါသည်။
အသျှင်ဘုရား
အံ့ဖွယ်ရှိပေစွ၊
အသျှင်ဘုရား
မဖြစ်စဖူးဖြစ်ပေစွ၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ဤသို့ လူတို့၏သန္တာန်၌ဖြစ်သော
ကိလေသာအစွဲအလမ်း,
လူတို့၏သန္တာန်၌ဖြစ်သော
ကိလေသာအရှုပ်အထွေး,
လူ့တို့၏သန္တာန်၌ဖြစ်သော
စဉ်းလဲခြင်းသည်ရှိနေသည်ဖြစ်ပါလျက်
(ထို) သတ္တဝါတို့၏
အကျိုးစီးပွါးရှိ
မရှိကို
သိတော်မူနိုင်ပါပေ၏၊
အသျှင်ဘုရားလူတို့သည်
ရှုပ်ပွေလှပါ၏၊
အသျှင်ဘုရား
တိရစ္ဆာန်တို့သည်
ပေါ်လွင်လှပါ၏''ဟု
(လျှောက်၏)။
၄။
ပေဿ ဤစကားသည်
(သင်ပြောတိုင်း)
မှန်ပေ၏၊ ပေဿ
ဤစကားသည်
(သင်ပြောတိုင်း)
မှန်ပေ၏၊ ပေဿ
လူတို့သည်
ရှုပ်ပွေလှ၏၊
ပေဿ
တိရစ္ဆာန်တို့သည်
ပေါ်လွင်လှ၏။
ပေဿလောက၌
ဤပုဂ္ဂိုလ်လေးမျိုးတို့သည်
ထင်ရှားရှိကုန်၏။
အဘယ်လေးမျိုးတို့နည်းဟူမူ-
ပေဿ
လောက၌
အချို့သောပုဂ္ဂိုလ်သည်
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်၏၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်၏။
ပေဿ
လောက၌
အချို့သော
ပုဂ္ဂိုလ်သည်
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်၏၊
သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်၏။
ပေဿ
လောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မိမိကိုယ်ကိုလည်း
ပူပန်ဆင်းရဲစေတတ်၏၊
မိမိကိုယ်ကိုပူပန်ဆင်းရဲစေမှု၌လည်း
အဖန်တလဲလဲ ပြုကျင့်အားထုတ်၏၊
သူတစ်ပါးကိုလည်း
ပူပန်ဆင်းရဲစေတတ်၏၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌လည်း
အဖန်တလဲလဲ
ပြုကျင့်အားထုတ်၏။
ပေဿ
လောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သူလည်း
မဟုတ်၊ မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူလည်း
မဟုတ်၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သူလည်း
မဟုတ်၊ သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း
မဟုတ်။
ထိုသူသည်
မိမိကိုယ်ကိုလည်း
မပူပန်မဆင်းရဲစေတတ်,
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်သည်
ဖြစ်၍
မျက်မှောက်သော
ကိုယ်၏ အဖြစ်၌သာလျှင်
ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည်
ငြိမ်းချမ်းသည်
အေးမြသည်
ချမ်းသာသုခကို
ခံစားရသည်
ဖြစ်၍
မြတ်သောကိုယ်ဖြင့်
နေထိုင်ရ၏။
ပေဿ
ဤပုဂ္ဂိုလ်လေးမျိုးတို့တွင်
အဘယ်ပုဂ္ဂိုလ်သည်
သင်၏ စိတ်ကို
နှစ်သိမ့်စေဘိသနည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သော
သူသည်လည်း အကျွန်ုပ်၏
စိတ်ကို
မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်၍
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သော
သူသည်လည်း
အကျွန်ုပ်၏
စိတ်ကို
မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သော
သူဖြစ်သည့်ပြင်၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်၍
သူတစ်ပါးကိုပူပန်ဆင်းရဲစေ
မှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
သူသည်လည်း
အကျွန်ုပ်၏
စိတ်ကိုမနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား
မိမိကိုယ်ကို
မပူပန်မဆင်းရဲစေတတ်ဘဲ၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သူလည်း
မဟုတ်သည့်ပြင်၊
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်ဘဲ၊
သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ ပြုကျင့်အားထုတ်သူမဟုတ်သော
ပုဂ္ဂိုလ်သည်သာလျှင်
မိမိကိုယ်ကိုလည်းမပူပန်
မဆင်းရဲစေတတ်ဘဲ
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍
မျက်မှောက်သောကိုယ်၏
အဖြစ်၌သာလျှင်
ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည်
ငြိမ်းချမ်းသည်
အေးမြသည် ချမ်းသာသုခကို
ခံစားရသည်
ဖြစ်၍
မြတ်သော ကိုယ်ဖြင့်
နေထိုင်ရ၏။
ဤပုဂ္ဂိုလ်သည်သာလျှင်
အကျွန်ုပ်၏စိတ်ကို
နှစ်သိမ့်စေနိုင်ပါသည်ဟု
(လျှောက်၏)။
၅။
ပေဿ
ဤပုဂ္ဂိုလ်သုံးယောက်တို့သည်
အဘယ်ကြောင့်
သင့်စိတ်ကို
မနှစ်သိမ့်စေနိုင်ဘိသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သောသူသည်
ချမ်းသာကို
အလိုရှိ၍
ဆင်းရဲကို
စက်ဆုပ်သော
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေပါ၏၊
အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊
ဤအကြောင်းကြောင့်
ဤပုဂ္ဂိုလ်သည်
အကျွန်ုပ်၏
စိတ်ကိုမနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်၍
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သော
သူသည်လည်း
ချမ်းသာကို
အလိုရှိ၍
ဆင်းရဲကို
စက်ဆုပ်သော
သူတစ်ပါးကိုပူပန်ဆင်းရဲစေပါ၏၊
အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊
ဤအကြောင်းကြောင့်
ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏
စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား
မိမိကိုယ်ကိုလည်း
ပူပန်ဆင်းရဲစေတတ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်
တလဲလဲပြုကျင့်အားထုတ်သော,
သူတစ်ပါးကိုလည်း
ပူပန်ဆင်းရဲစေတတ်၍
သူတစ်ပါးကို
ပူပန်ဆင်းရဲစေ
မှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
သူသည်လည်း
ချမ်းသာကို
အလိုရှိ၍
ဆင်းရဲကို
စက်ဆုပ်သောမိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း
ပူပန်ဆင်းရဲစေပါ၏၊
အဖန်တလဲလဲ
ပူပန်ဆင်းရဲစေပါ၏၊
ဤအကြောင်းကြောင့်
ဤပုဂ္ဂိုလ်သည်
အကျွန်ုပ်၏
စိတ်ကို
မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား
မိမိကိုယ်ကိုလည်း
မပူပန်မဆင်းရဲစေတတ်ဘဲ၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူလည်း
မဟုတ်သည့်ပြင်၊
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်ဘဲ၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူလည်းမဟုတ်သော
ပုဂ္ဂိုလ်သည်ကားမိမိကိုယ်ကိုလည်း
မပူပန်
မဆင်းရဲစေတတ်၊
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍၊
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌သာလျှင်
ကိလေသာဆာလောင်မွတ်သိပ်ခြင်းမရှိသည်
ငြိမ်းချမ်းသည်အေးမြသည်
ချမ်းသာသုခကို
ခံစားရသည်
ဖြစ်၍
မြတ်သောကိုယ်ဖြင့်
နေထိုင်ရ၏။
ထိုသူသည်
ချမ်းသာကို
လိုလား၍
ဆင်းရဲကို
စက်ဆုပ်သော
မိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း
ပူပန်စေသူမဟုတ်
ဆင်းရဲစေသူမဟုတ်ပါ၊
ဤအကြောင်းကြောင့်
ဤသို့သော
ပုဂ္ဂိုလ်သည်
အကျွန်ုပ်၏
စိတ်ကိုနှစ်သိမ့်စေပါ၏။
အသျှင်ဘုရား
ယခုအခါ အကျွန်ုပ်တို့
သွားပါကုန်အံ့၊
အကျွန်ုပ်တို့သည်
များသောကိစ္စများသောပြုဖွယ်
ရှိပါကုန်၏ဟု
(လျှောက်၏)။
ပေဿ
ယခုအခါ၌
သွားရန်အချိန်ကို
သင်သိ၏
(သွားရန်မှာ
သင်၏
အလိုအတိုင်းဖြစ်၏)ဟု
(မိန့်တော်မူ၏)။
ထိုအခါ
ဆင်ထိန်း၏သား
ပေဿသည်
မြတ်စွာဘုရားဟောတော်မူအပ်သော
စကားကို
ဝမ်းမြောက်ဝမ်းသာ
လွန်စွာနှစ်သက်၍
နေရာမှ ထကာ
မြတ်စွာဘုရားကို
ရှိခိုး၍
အရိုအသေပြုပြီးလျှင်
ဖဲခွါသွားလေ၏။
၆။
ထိုအခါ
မြတ်စွာဘုရားသည်
ဆင်ထိန်း၏သား
ပေဿ ဖဲခွါသွား၍
မကြာမီပင်လျှင်
ရဟန်း
တို့ကို-
''ရဟန်းတို့
ဆင်ထိန်း၏သား
ပေဿသည်
ပညာရှိပေ၏၊
ကြီးမြတ်သော
ပညာရှိပေ၏၊
ရဟန်းတို့ဆင်ထိန်း၏သား
ပေဿသည် အကယ်၍
ပုဂ္ဂိုလ်လေးယောက်တို့ကို
အကျယ်ဝေဖန်၍
ဟောပြီးသည့်တိုင်အောင်
တစ်ခဏမျှ
ထိုင်နေခဲ့ပါလျှင်
များစွာသော
အကျိုးစီးပွါးကို
ရလေရာ၏၊
ရဟန်းတို့
ဆင်ထိန်း၏သား
ပေဿသည် ဤမျှဖြင့်လည်း
များစွာသော
အကျိုးစီးပွါးကို
ရပေပြီ''ဟု
မိန့်တော်မူ၏။
ဘုန်းကြီးတော်မူသောမြတ်စွာဘုရား
ပုဂ္ဂိုလ်လေးမျိုးတို့ကို
အကျယ်အားဖြင့်
ဝေဖန်ဟောကြားတော်မူရန်
အခါတန်ပါပြီ၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရား
ပုဂ္ဂိုလ်လေးမျိုးတို့ကိုအကျယ်အားဖြင့်
ဝေဖန်ဟောကြားတော်မူရန်
အခါတန်ပါပြီ၊
ပုဂ္ဂိုလ်လေးမျိုးတို့ကို
အကျယ်အားဖြင့်ဝေဖန်ဟောကြားတော်မူမည့်
မြတ်စွာဘုရား၏
တရားတော်ကို
ကြားနာကြရသည်ရှိသော်
ရဟန်းတို့သည်ဆောင်ရွက်မှတ်သားကြရပါကုန်လတ္တံ့ဟု
(လျှောက်ကုန်၏)။
ရဟန်းတို့
သို့ဖြစ်လျှင်
နာကြားကြကုန်လော့၊
ကောင်းစွာ
နှလုံးသွင်းကြကုန်လော့၊
(ငါဘုရား)
့ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''ကောင်းလှပါပြီ
အသျှင်ဘုရား''ဟု
ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏၊
မြတ်စွာဘုရားသည်
ဤစကားကို မိန့်တော်မူ၏-
၇။
ရဟန်းတို့
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သော
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်အဝတ်မဝတ်ဘဲနေ၏၊
လူ့အကျင့်ကို
စွန့်၍
(ရပ်လျက်
ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသည်ကို)
ကျင့်၏၊
လက်ဖြင့်
(မစင်ကို)
သုတ်၏၊
အသျှင် လာလော့ဟု
ဆိုသူ၏
ဆွမ်းကို
မခံ၊ အသျှင်
ရပ်လော့ဟု
ဆိုသူ၏ဆွမ်းကို
မခံ၊
ရှေးရှုဆောင်လာသော
ဆွမ်းကို
မခံ၊ ရည်စူး၍
ပြုသောဆွမ်းကို
မခံ၊
ပင့်ဖိတ်ဆွမ်းကိုမခံ၊
အိုးဝမှ ခူးလှူသော
ဆွမ်းကို
မခံ၊
တောင်းဝမှ
ခူးလှူသော
ဆွမ်းကို မခံ၊
တံခါးခုံ
ခြား၍လှူသောဆွမ်းကို
မခံ၊ တုတ်ခြား၍
လှူသောဆွမ်းကို
မခံ၊
ကျည်ပွေ့ခြား၍
လှူသောဆွမ်းကို
မခံ၊
နှစ်ယောက်စားစဉ်
လှူသောဆွမ်းကို
မခံ၊
ကိုယ်ဝန်ဆောင်မိန်းမ
လှူသောဆွမ်းကို
မခံ၊
နို့တိုက်ဆဲ
မိန်းမလှူသောဆွမ်းကို
မခံ၊
ယောက်ျားနှင့်
နှီးနှောနေသော
မိန်းမ၏
ဆွမ်းကို
မခံ၊ ဆော်ဩ၍
လှူသောဆွမ်းကို
မခံ၊ ခွေးမျှော်ရာ
ဆွမ်းကို
မခံ၊
ယင်အုံရာ
ဆွမ်းကို မခံ၊
ငါးမစား၊
အမဲမစား၊
သေမသောက်၊
အရက်မသောက်၊
ဖွဲ၌
မြှုပ်သော
ဆေးရည်မသောက်၊
တစ်အိမ်၌သာ
ဆွမ်းခံ၏၊
တစ်လုတ်သာ
စား၏၊ နှစ်အိမ်၌သာ
ဆွမ်းခံ၏၊
နှစ်လုတ်သာ
စား၏။ပ။ ခုနစ်အိမ်၌သာ
ဆွမ်းခံ၏၊ ခုနစ်လုတ်သာ
စား၏၊
ခွက်ငယ်တစ်ခုဖြင့်လည်း
ရောင့်ရဲ၏၊
ခွက်ငယ်နှစ်ခုဖြင့်လည်း
ရောင့်ရဲ၏။ပ။
ခွက်ငယ်
ခုနစ်ခုဖြင့်လည်းရောင့်ရဲ၏၊
တစ်ရက်ခြားလည်း
အစာစား၏၊
နှစ်ရက်ခြားလည်း
အစာစား ၏။ပ။
ခုနစ်ရက်ခြားလည်းအစာစား၏၊
ဤနည်းဖြင့်
ဤသို့သဘောရှိသော
လဝက်တစ်ကြိမ်
အစာစား
ခြင်းအကျင့်ကို
ကျင့်နေ၏။
ထိုပုဂ္ဂိုလ်သည်
ဟင်းရွက်စိမ်းကိုသော်လည်း
စား၏၊
ဆန်စိမ်းကိုသော်လည်း
စား၏၊ မြက်သီးဆန်ကိုသော်လည်း
စား၏၊
သားရေပတ်ကိုသော်လည်း
စား၏၊
မှော်ကိုသော်လည်း
စား၏၊ ဆန်ကွဲကိုသော်လည်း
စား၏၊
ထမင်းချိုးကိုသော်လည်း
စား၏၊
နှမ်းမှုန့်ညက်ကိုသော်လည်း
စား၏၊
မြက်ကိုသော်လည်း
စား၏၊
နွားချေးကိုသော်လည်း
စား၏၊
တောသစ်မြစ်
သစ်သီးလျှင်
အစာရှိသည်ဖြစ်၍
ကြွေကျသော
သစ်သီးကို
စားလေ့ရှိ၏၊
ထိုပုဂ္ဂိုလ်သည်
ပိုက်ဆံလျှော်အဝတ်တို့ကိုသော်လည်း
ဆောင်၏၊
ပိုက်ဆံလျှော်ဖြင့်
ရောနှောရက်သော
အဝတ်တို့ကိုသော်လည်း
ဆောင်၏၊ သူသေကောင်အဝတ်တို့ကိုသော်လည်းဆောင်၏၊
ပံ့သကူအဝတ်တို့ကိုသော်လည်း
ဆောင်၏၊
သစ်ခေါက်အဝတ်တို့ကိုသော်လည်း
ဆောင်၏၊
သစ်နက်ရေကိုသော်လည်း
ဆောင်၏၊
သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း
ဆောင်၏၊
သမန်းမြက်အဝတ်ကိုသော်လည်း
ဆောင်၏၊
လျှော်တေအဝတ်ကိုသော်လည်း
ဆောင်၏၊
ပျဉ်ချပ်အဝတ်ကိုသော်လည်းဆောင်၏၊
ဆံခြည်ကမ္ဗလာကိုသော်လည်း
ဆောင်၏၊
သားမြီးကမ္ဗလာကိုသော်လည်း
ဆောင်၏၊
ခင်ပုပ်ငှက်
တောင်အဝတ်ကိုသော်လည်း
ဆောင်၏၊
ဆံမုတ်ဆိတ်ကိုသော်လည်း
နုတ်၏၊
ဆံမုတ်ဆိတ်နုတ်ခြင်းအမှု
ကိုသော်လည်း
ပြုနေ၏၊
နေရာကို ပယ်၍
မတ်မတ်ရပ်၍သော်လည်း
နေ၏၊
ဆောင့်ကြောင့်သော်လည်း
ထိုင်၏၊ ဆောင့်ကြောင့်ထိုင်ခြင်းအမှုကိုသော်လည်း
ပြုနေ၏၊
ဆူးအခင်းပေါ်၌သော်လည်း
နေ၏၊
ဆူးအခင်း
ပေါ်၌ အိပ်၏၊
ညနေချမ်းလျှင်
သုံးကြိမ်မြောက်
ရေသို့သက်ဆင်းခြင်းအမှုကိုသော်လည်း
ပြုနေ၏။
ဤဆိုအပ်ပြီးသောနည်းဖြင့်
ဤသို့
သဘောရှိသောများစွာသော
ကိုယ်ခန္ဓာကို
ပူပန်စေမှု
အဖန်ဖန်
ဆင်းရဲစေမှု၌
အားထုတ်သည်ဖြစ်၍
နေထိုင်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်မျိုးကို
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေ
တတ်သော မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်တတ်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
၈။
ရဟန်းတို့
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သော
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်
တလဲလဲပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်သိုးသတ်သမားဖြစ်၏၊
ဝက်သတ်သမားဖြစ်၏၊
ငှက်သတ်သမားဖြစ်၏၊
သားသတ်သမား
ဖြစ်၏၊
ကြမ်းကြုတ်သူ
ဖြစ်၏၊ တံငါသည်ဖြစ်၏၊
သူခိုးဖြစ်၏၊
သူခိုးသတ်သမားဖြစ်၏၊
နွားသတ်သမား
ဖြစ်၏၊
ထောင်ပိုင် အာဏာမှူး
အာဏာသားဖြစ်၏၊
ထိုမှတစ်ပါး
ကြမ်းကြုတ်သော
အမှုတို့ကို ပြုလုပ်သူအားလုံးတို့ပေတည်း။
ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို
သူတစ်ပါးတို့ကို
ပူပန်ဆင်းရဲစေတတ်သော
သူတစ်ပါးတို့ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
၉။
ရဟန်းတို့
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင်၊
သူတစ်ပါးကိုလည်း
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း။
ရဟန်းတို့ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
ရေမြေကို အစိုးရ၍
ထိပ်ထက်၌
အဘိသိက်သွန်းလောင်းအပ်သော
ဘုရင်မင်းမြတ်သော်လည်း
ဖြစ်၏၊ များစွာသော
ဥစ္စာနှစ်ရှိသော
ဗြာဟ္မဏမျိုး
(ပုဏ္ဏားမျိုး)
သော်လည်းဖြစ်၏၊
ထိုသို့သဘောရှိသော
ပုဂ္ဂိုလ်မျိုးသည်
မြို့၏
အရှေ့မျက်နှာအရပ်၌
ယဇ်ပူဇော်ရာ
အိမ်သစ်ကိုဆောက်လုပ်စေ၍
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်ပြီးလျှင်
ခွါနှင့်တကွသော
သစ်နက်ရေကို
ဝတ်ရုံပြီးနောက်ထောပတ်ဆီတို့ဖြင့်
ကိုယ်ကို
သုတ်လိမ်း၍
သားကောင်ဦးချိုဖြင့်
ကျောက်ကုန်းကို
အယားဖျောက်လျက်မိဖုရားကြီး
ပုရောဟိတ်ပုဏ္ဏားကြီးတို့နှင့်အတူ
ယဇ်ပူဇော်ရာ
အိမ်သစ်သို့
ဝင်၏။
ထိုမင်းသည် ထိုယဇ်ပူဇော်ရာ
အိမ်သစ်၌
နွားချေးစိုဖြင့်
လိမ်းကျံထားသည့်
အခင်းမရှိသော
မြေ၌ အိပ်၏။
အဆင်းအရောင်အားဖြင့်
အမိနှင့်တူသော
သားငယ်ရှိသော
တစ်ကောင်သော
နွားမ၏
နို့တစ်တိုင်မှ
ထွက်သော
နို့ရည်ဖြင့်မင်းသည်
မျှတ၏၊
ဒုတိယနို့တိုင်မှ
ထွက်သော
နို့ရည်ဖြင့်
မိဖုရားကြီးသည်
မျှတ၏။ တတိယ
နို့တိုင်မှထွက်သော
နို့ရည်ဖြင့်
ပုရောဟိတ်ပုဏ္ဏားကြီးသည်
မျှတ၏။
စတုတ္ထ
နို့တိုင်မှ
ထွက်သော
နို့ရည်ဖြင့်မီးပူဇော်၏။
ကြွင်းကျန်သော
နို့ရည်ဖြင့်
နွားငယ်သည်
မျှတရ၏။
ထိုမင်းသည်
ဤသို့ မိန့်ဆို၏-''ယဇ်ပူဇော်ခြင်းအကျိုးငှါ
ဤမျှသော
နွားလားတို့ကို
သတ်ကြကုန်လော့၊
ယဇ်ပူဇော်ခြင်းအကျိုးငှါ
ဤမျှသော
နွားပေါက်တို့ကို
သတ်ကြကုန်လော့၊
ယဇ်ပူဇော်ခြင်း
အကျိုးငှါ
ဤမျှသော
နွားမတမ်းတို့ကိုသတ်
ကြကုန်လော့၊
ယဇ်ပူဇော်ခြင်းအကျိုးငှါ
ဤမျှသော
ဆိတ်တို့ကို
သတ်ကြကုန်လော့၊
ယဇ်ပူဇော်ခြင်း
အကျိုးငှါ
ဤမျှသော
သိုးတို့ကို
သတ်ကြကုန်လော့၊
ယဇ်ပူဇော်ခြင်းအကျိုးငှါ
ဤမျှသောမြင်းတို့ကို
သတ်ကြကုန်လော့၊
ယဇ်ပူဇော်ခြင်းအကျိုးငှါ
ဤမျှသော
သစ်ပင်တို့ကို
ခုတ်ဖြတ်ကြကုန်လော့၊
အကာအရံ
ပြုခြင်း
ယဇ်မြေပြင်၌
ခင်းခြင်းအလို့ငှါ
ဤမျှသော
မြေဇာမြက်တို့ကို
ရိတ်ကြကုန်လော့''ဟု
(မိန့်ဆို၏)။
ထိုမင်း၏
ကျေးကျွန်
အစေခံ
အလုပ်သမားတို့သည်လည်း
အပြစ်ဒဏ်ဖြင့်လည်းကောင်း၊
ဘေးဖြင့်လည်းကောင်း
အခြိမ်းအခြောက်
ခံကြရကုန်သည်ဖြစ်၍
မျက်ရည်ပြည့်သော
မျက်နှာဖြင့်
ငိုကြွေးကုန်လျက်အမှုကြီးငယ်တို့ကို
ပြုလုပ်ကြရကုန်၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင်
သူတစ်ပါးကိုလည်း
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
၁၀။
ရဟန်းတို့
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သူ
မဟုတ်သည့်ပြင်
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေ
မှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူ
မဟုတ်သည်သာမက
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သူမဟုတ်သည့်ပြင်
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားမထုတ်သော
ပုဂ္ဂိုလ်မျိုးဖြစ်သော
မိမိကိုယ်ကိုလည်း
မပူပန်မဆင်းရဲစေတတ်,
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်သောသူဖြစ်၍
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌သာလျှင်
ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည်
ငြိမ်းချမ်းသည်
အေးမြသည်
ချမ်းသာသုခကို
ခံစားရသည်
ဖြစ်၍
မြတ်သောကိုယ်ဖြင့်
နေထိုင်ရသော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤလောက၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့်
ပြည့်စုံတော်မူသော၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော၊
လောကကို
သိတော်မူသော၊
ဆုံးမထိုက်သောသူကို
ဆုံးမတတ်သည့်အတုမဲ့လွန်မြတ်သော
ပုဂ္ဂိုလ်ဖြစ်တော်မူသော၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော၊
သစ္စာလေးပါးတရားတို့ကို
ကိုယ်တိုင်
သိ၍
သူတစ်ပါးကို
သိစေတော်မူသော၊
ဘုန်းတန်ခိုးကြီးတော်မူသော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏၊
ထိုမြတ်စွာဘုရားသည်
နတ်နှင့်
တကွသော
မာရ်နတ်နှင့်တကွသော
ဗြဟ္မာနှင့်တကွသော
ဤဩကာသလောကကိုလည်းကောင်း
သမဏဗြာဟ္မဏ
မင်းများ လူများနှင့်တကွသော
ဤသတ္တလောကကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုလျက်
ဟောကြားတော်မူ၏၊
ထိုမြတ်စွာဘုရားသည်
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏
ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော
သဒ္ဒါနှင့်ပြည့်စုံသော
တရားကို
ဟောတော်မူ၏၊
အလုံးစုံပြည့်စုံသော
စင်ကြယ်သောမြတ်သော
အကျင့်ကို
ပြတော်မူ၏။
ထိုတရားတော်ကို
သူကြွယ်သည်လည်းကောင်း၊
သူကြွယ်သားသည်လည်းကောင်
အခြားဇာတ်တစ်မျိုးမျိုး၌
ဖြစ်သောသူသည်လည်းကောင်း
ကြားနာရ၏၊
ထိုသူသည်
ထိုတရားတော်ကို
ကြားနာရ၍မြတ်စွာဘုရား၌
ယုံကြည်မှုကိုရ၏၊
ထိုသူသည်
ထိုယုံကြည်မှုကို
ရသည်ဖြစ်၍
ဤသို့
ဆင်ခြင်၏-''လူ့ဘောင်၌
နေရခြင်းသည်
ကျဉ်းမြောင်း၏၊
(ကိလေသာ)
မြူထရာ
လမ်းကြောင်းဖြစ်၏၊
ရဟန်းအဖြစ်သည်
လွင်ပြင်နှင့်
တူ၏၊
လူ့ဘောင်၌
နေသူသည် ဤမြတ်သော
အကျင့်ကို
စင်စစ်ပြည့်စုံစွာ
စင်စစ်စင်ကြယ်စွာ
ခရုသင်းပွတ်သစ်နှင့်
တူစွာ
ကျင့်ခြင်းငှါ
မလွယ်၊ ငါသည်
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရမှု
ကောင်းလေစွ''ဟု
(ဆင်ခြင်၏)။
ထိုသူသည်
နောင်အခါ
နည်းသောဥစ္စာစုကို
စွန့်၍ဖြစ်စေ၊
များသောဥစ္စာစုကို
စွန့်၍ဖြစ်စေ၊
နည်း
သောဆွေမျိုးစုကို
စွန့်၍ဖြစ်စေ၊
များသောဆွေမျိုးစုကို
စွန့်၍ဖြစ်စေ
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏။
၁၁။
ထိုသူသည်
ဤသို့ ရဟန်း
ပြုပြီးသည်ရှိသော်
ရဟန်းတို့၏
(ရဟန်းအကျင့်,
ရဟန်းအသက်ဟူသော)
သိက္ခာ,
သာဇီဝသို့
ရောက်သည်ဖြစ်၍
အသက်သတ်ခြင်းကို
ပယ်၏၊
အသက်သတ်ခြင်းမှရှောင်ကြဉ်၏၊
တုတ်ကို
ချထားပြီးဖြစ်၏၊
လက်နက်ကို
ချထားပြီးဖြစ်၏၊
ရှက်ခြင်းရှိ၏၊
သနားတတ်၏၊
ခပ်သိပ်းသောသတ္တဝါတို့၏
အစီးအပွါးကို
လိုလားလျက်
နေ၏။
မပေးသည်ကိုယူခြင်းကို
ပယ်၍
မပေးသည်ကို ယူခြင်းမှ
ရှောင်ကြဉ်၏၊
ပေးသည်ကိုသာ
ယူ၏၊ ပေးသည်ကိုသာ
အလိုရှိ၏၊
မခိုးမဝှက်
စင်ကြယ်သော
ကိုယ်ဖြင့်
နေ၏။
မမြတ်သောအကျင့်ကို
ပယ်၍
မြတ်သောအကျင့်ကို
ကျင့်၏၊
ယုတ်သောအကျင့်ကို
ကျင့်လေ့မရှိ၊
ရွာသူတို့၏
အလေ့ဖြစ်သော
မေထုန်အကျင့်မှ
ရှောင်ကြဉ်၏။
မဟုတ်မမှန်
ပြောခြင်းကို
ပယ်၍
မဟုတ်မမှန်
ပြောခြင်းမှ
ရှောင်ကြဉ်၏၊
အမှန်ကိုသာ ဆိုလေ့ရှိ၏၊
မှန်သော
စကားချင်း
ဆက်စပ်စေ၏၊
တည်သော
စကားရှိ၏၊
ယုံကြည်ထိုက်သော
စကားရှိ၏၊
လောက ကို
လှည့်စားတတ်သူ
မဟုတ်။
ကုန်းစကားကို
ပယ်၍
ကုန်းစကားမှ
ရှောင်ကြဉ်၏၊
ဤသူတို့ထံမှ
နားထောင်၍
(ထိုသူတို့နှင့်)
ဤသူတို့
ကွဲပြားခြင်းငှါ
ထိုသူတို့ထံ၌
မပြောတတ်၊
ထိုသူတို့ထံမှ
နားထောင်၍ ဤသူတို့နှင့်
ထိုသူတို့ကွဲပြားခြင်းငှါ
ဤသူတို့ထံ၌
မပြောတတ်၊
ဤသို့
ကွဲပြားသူတို့ကိုလည်း
စေ့စပ်တတ်၏၊
ညီညွတ်သူတို့ကိုလည်း
အားပေးတတ်၏၊
ညီညွတ်ခြင်း၌
မွေ့လျော်၏၊
ညီညွတ်ခြင်း၌
ပျော်ပိုက်၏၊
ညီညွတ်ခြင်းကိုနှစ်သက်၏၊
ညီညွတ်ခြင်းကို
ပြုသောစကားကို
ဆိုလေ့ရှိ၏။
ကြမ်းသော
စကားကို ပယ်၍
ကြမ်းသော
စကားမှ ရှောင်ကြဉ်၏၊
အကြင်စကားသည်
အပြစ်ကင်း ၏၊
နားချမ်းသာ၏၊
နှစ်လိုဖွယ်ရှိ၏၊
နှလုံးသို့
သက်၏၊ ယဉ်ကျေး၏၊
လူအများ
နှစ်သက်၏၊
လူအများနှစ်ခြိုက်၏၊
ထိုသို့သဘောရှိသော
စကားကိုသာ
ဆို၏။
ပြိန်ဖျင်းသော
စကားကို ပယ်၍
ပြိန်ဖျင်းသော
စကားမှ
ရှောင်ကြဉ်၏၊
(သင့်သော)
အခါ၌သာဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ
ဆိုလေ့ရှိ၏၊
အကျိုးနှင့်
စပ်သည်ကိုသာ
ဆိုလေ့ရှိ၏၊
တရားနှင့်စပ်သည်ကိုသာ
ဆိုလေ့ရှိ၏၊
အဆုံးအမနှင့်စပ်သည်ကိုသာ
ဆိုလေ့ရှိ၏၊
(သင့်သော)
အခါအကြောင်းနှင့်တကွသော
အပိုင်းအခြားရှိသော
အစီးအပွါးနှင့်စပ်သော
မှတ်သားလောက်သော
စကားကိုသာ
ဆိုလေ့ရှိ၏။
ထိုပုဂ္ဂိုလ်သည်
မျိုးစေ့အပေါင်း
အပင်အပေါင်းကို
ဖျက်ဆီးခြင်းမှ
ရှောင်ကြဉ်၏၊
ဆွမ်းတစ်နပ်သာစားလေ့ရှိ၏၊
ညစာစားခြင်းမှ
ရှောင်ကြဉ်၏၊
နေလွဲစားခြင်းမှ
ရှောင်ကြဉ်၏၊
ကခြင်း
သီခြင်း
တီးမှုတ်ခြင်း
(သူတော်ကောင်းတရား၏)
ဆူးငြောင့်ဖြစ်သော
ပွဲကြည့်ခြင်းမှ
ရှောင်ကြဉ်၏၊
ပန်းပန်ခြင်း
နံ့သာခြယ်ခြင်း
နံ့သာပျောင်းလိမ်းခြင်းမှ
ရှောင်ကြဉ်၏၊
မြင့်သောနေရာ
မြတ်သောနေရာမှ
ရှောင်ကြဉ်၏၊
ရွှေငွေ ကို
ခံယူခြင်းမှ
ရှောင်ကြဉ်၏၊
ကောက်စိမ်းကို
ခံယူခြင်းမှ
ရှောင်ကြဉ်၏၊
အသားစိမ်းကိုခံယူခြင်းမှ
ရှောင်ကြဉ်၏၊
မိန်းမအို
မိန်းမပျိုကို
ခံယူခြင်းမှ
ရှောင်ကြဉ်၏၊
ကျွန်မိန်းမ
ကျွန်ယောက်ျားကိုခံယူခြင်းမှ
ရှောင်ကြဉ်၏၊
ဆိတ်နှင့်
သိုးကို
ခံယူခြင်းမှ
ရှောင်ကြဉ်၏၊
ကြက် ဝက်ကို
ခံယူခြင်းမှရှောင်ကြဉ်၏၊
ဆင် နွား
မြင်း
မြည်းကို
ခံယူခြင်းမှ
ရှောင်ကြဉ်၏၊
လယ်နှင့်
ယာကို
ခံယူခြင်းမှရှောင်ကြဉ်၏၊
တမန်အမှု
အစေအပါးအမှုကို
ဆောင်ရွက်ခြင်းမှ
ရှောင်ကြဉ်၏၊
ဝယ်မှု
ရောင်းမှုမှရှောင်ကြဉ်၏၊
ချိန်စဉ်းလဲ
အသပြာစဉ်းလဲ
ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ
ရှောင်ကြဉ်၏၊
တံစိုးယူခြင်းလှည့်ဖြားခြင်း
အတုပြုခြင်း
တည်းဟူသော
ကောက်ကျစ်ခြင်းမှ
ရှောင်ကြဉ်၏၊
ဖြတ်ခြင်း
သတ်ခြင်းနှောင်ဖွဲ့ခြင်း
(ခရီးသွားတို့ကို)
လုယက်ခြင်း
(ရွာနိဂုံးတို့ကို)
ဖျက်ဆီးခြင်း
ဓားပြတိုက်ခြင်းမှရှောင်ကြဉ်၏။
ထိုရဟန်းသည်
ကိုယ်ကိုမျှတစေနိုင်ရုံသော
သင်္ကန်းဖြင့်
ဝမ်းကိုမျှတစေနိုင်ရုံသော
ဆွမ်းဖြင့်
ရောင့်ရဲ ၏။
ထိုရဟန်းသည်
သွားလေရာရာသို့
(ကိုယ်နှင့်အတူ
ပါမြဲပရိက္ခရာမျှသာ
ရှိသဖြင့်)
တပါတည်း
ယူပြီးဖြစ်၍သာလျှင်
သွား၏။
ဥပမာသော်ကား
အတောင်ရှိသော
ငှက်သည်
ပျံလေရာရာသို့
မိမိအတောင်သာဝန်ရှိသည်ဖြစ်၍
ပျံသကဲ့သို့
ဤအတူ
ရဟန်းသည်
ကိုယ်ကိုမျှတစေနိုင်ရုံသော
သင်္ကန်းဖြင့်
ဝမ်းကိုမျှတစေနိုင်ရုံသော
ဆွမ်းဖြင့်
ရောင့်ရဲ၏။
ထိုရဟန်းသည်
သွားလေရာရာသို့
(ကိုယ်နှင့်အတူ
ပါမြဲပရိက္ခရာမျှသာရှိသဖြင့်)
တပါတည်း
ယူပြီးဖြစ်၍သာလျှင်
သွား၏။
ထိုရဟန်းသည်
ဤမြတ်သော
သီလအစုနှင့်
ပြည့်စုံသည်ဖြစ်၍
အတွင်းအဇ္ဈတ္တသန္တာန်၌
အပြစ်မရှိသော
ချမ်းသာကို
ခံစားရ၏။
၁၂။
ထိုရဟန်းသည်
မျက်စိဖြင့်
အဆင်း 'ရူပါရုံ'
ကို မြင်သော်
(မိန်းမယောက်ျားစသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့မရှိ၊
(လက်ခြေစသော အင်္ဂါ
ပြုံးဟန်ရယ်ဟန်စသော
အမူအရာ) အမှတ်လက္ခဏာကိုစွဲယူလေ့မရှိ၊
အကယ်၍
စက္ခုန္ဒြေကို
မစောင့်စည်းဘဲနေလျှင်
ယင်း (စက္ခုန္ဒြေကို
မစောင့်စည်းခြင်းဟူသော)
အကြောင်းကြောင့်
မက်မောခြင်း
'အဘိဇ္ဈာ'
နှလုံးမသာခြင်း
'ဒေါမနဿ'
ဟူသော
ယုတ်ညံ့သောအကုသိုလ်တရားတို့သည်
ထိုမစောင့်စည်းသူကို
လိုက်၍ နှိပ်စက်ကုန်ရာ၏၊
(ထို့ကြောင့်
ရဟန်းသည်)
ထိုစက္ခုန္ဒြေကို
စောင့်စည်းခြင်းငှါ
ကျင့်၏၊
စက္ခုန္ဒြေကို
စောင့်ရှောက်၏၊
စက္ခုန္ဒြေ၌
စောင့်စည်းခြင်းသို့ရောက်၏။
နားဖြင့် အသံ
'သဒ္ဒါရုံ'
ကို ကြားသော်။ပ။
နှာခေါင်းဖြင့်
အနံ့ 'ဂန္ဓာရုံ'
ကို
နမ်းသော်။ပ။
လျှာဖြင့်
အရသာ 'ရသာရုံ'
ကို
လျက်သော်။ပ။
ကိုယ်ဖြင့်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'ကို
တွေ့ထိသော်။ပ။
စိတ်ဖြင့်
သဘော
'ဓမ္မာရုံ'
ကို သိသော်
(မိန်းမ
ယောက်ျားစသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့မရှိ၊
(လက် ခြေစသော
အင်္ဂါ
ပြုံးဟန်ရယ်ဟန်စသော
အမူအရာ)
အမှတ်လက္ခဏာကို
စွဲယူလေ့မရှိ၊
အကယ်၍
မနိန္ဒြေကို
မစောင့်စည်းဘဲနေလျှင်
ယင်း
(မနိန္ဒြေကို
မစောင်စည်းခြင်းဟူသော)
အကြောင်းကြောင့်မက်မော
ခြင်း
'အဘိဇ္ဈာ'
နှလုံးမသာခြင်း
'ဒေါမနဿ'
ဟူသော
ယုတ်ညံ့သော
အကုသိုလ်တရားတို့သည်ထိုမစောင့်
စည်းသူကို လိုက်၍
နှိပ်စက်ကုန်ရာ၏၊
(ထို့ကြောင့်
ရဟန်းသည်)
ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ
ကျင့်၏၊
မနိန္ဒြေကို
စောင့်ရှောက်၏၊
မနိန္ဒြေ၌
စောင့်စည်းခြင်းသို့
ရောက်၏။ ထို
(ရဟန်း) သည် ဤ
မြတ်သော ဣန္ဒြေကို
စောင့်စည်းခြင်းနှင့်
ပြည့်စုံသည်ဖြစ်၍
မိမိသန္တာန်၌
ကိလေသာနှင့်
မရောသော
ချမ်းသာကို
ခံစားရ၏။
ထိုရဟန်းသည်
ရှေ့သို့တက်ရာ
နောက်သို့ဆုတ်ရာ၌
ဆင်ခြင်လျက်
ပြုလေ့ရှိ၏၊
တူရူကြည့်ရာတစောင်းကြည့်ရာ၌
ဆင်ခြင်လျက်
ပြုလေ့ရှိ၏၊
ကွေးရာ
ဆန့်ရာ၌
ဆင်ခြင်လျက်
ပြုလေ့ရှိ၏၊
ဒုကုဋ်သပိတ်သင်္ကန်းကို
ဆောင်ရာ၌ ဆင်ခြင်လျက်
ပြုလေ့ရှိ၏၊
စားရာ
သောက်ရာ ခဲရာ
လျက်ရာ၌
ဆင်ခြင်လျက်
ပြုလေ့ရှိ၏၊
ကျင်ကြီး
ကျင်ငယ်
စွန့်ရာ၌
ဆင်ခြင်လျက်
ပြုလေ့ရှိ၏၊
သွားရာ ရပ်ရာ
ထိုင်ရာအိပ်ရာ
နိုးရာ
ပြောရာ
ဆိတ်ဆိတ်နေရာ၌
ဆင်ခြင်လျက်
ပြုလေ့ရှိ၏။
၁၃။
ထိုရဟန်းသည်
ဤမြတ်သော
သီလအစုနှင့်လည်း
ပြည့်စုံသည်ဖြစ်၍
ဤမြတ်သော
ရောင့်ရဲခြင်းနှင့်လည်း
ပြည့်စုံသည်ဖြစ်၍
ဤမြတ်သော
ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်း
ပြည့်စုံသည်ဖြစ်၍
ဤမြတ်သော
သတိသမ္ပဇဉ်နှင့်လည်း
ပြည့်စုံသည်ဖြစ်၍
တော၊
သစ်ပင်ရင်း၊
တောင်၊
ချောက်၊
တောင်ခေါင်း၊
သင်းချိုင်း၊
တောအုပ်၊
လွင်ပြင်၊
ကောက်ရိုးပုံဟူသော
ဆိတ်ငြိမ်သော
အိပ်ရာနေရာကို
မှီဝဲ၏။
ထိုရဟန်းသည်
ဆွမ်းခံရာမှ
ပြန်ခဲ့၍
ဆွမ်းစားပြီးနောက်
ထက်ဝယ်ဖွဲ့ခွေပြီးလျှင်
ကိုယ်ကို
ဖြောင့်မတ်စွာ
ထား၍
ကမ္မဋ္ဌာန်းသို့ရှေးရှု
သတိကို
ဖြစ်စေလျက်
ထိုင်၏၊
ထိုရဟန်းသည်
(ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော)
လောက၌
မက်မောခြင်း
'အဘိဇ္ဈာ' ကို
ပယ်၍
မက်မောခြင်း
'အဘိဇ္ဈာ' မှ
ကင်းသောစိတ်ဖြင့်
နေ၏၊
မက်မောခြင်း
'အဘိဇ္ဈာ' မှ
စိတ်ကို စင်ကြယ်စေ၏။
ပျက်စီးစေလိုသော
ဒေါသကို ပယ်၍မပျက်စီးစေလိုသော
စိတ်ရှိသည်
ဖြစ်၍
ခပ်သိမ်းသော
သတ္တဝါတို့၏
အစီးအပွါးကို
လိုလားလျက်
နေ၏၊ ပျက်စီးစေလိုသော
ပြစ်မှားမှုမှ
စိတ်ကို
စင်ကြယ်စေ၏၊
လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ'
ကို
ပယ်၍လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ' မှ
ကင်းသည်ဖြစ်၍
အလင်းရောင်ကို
မှတ်ခြင်းရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍
နေ၏၊ လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ' မှ
စိတ်ကို
စင်ကြယ်စေ၏။
ပျံ့လွင့်ခြင်း'ဥဒ္ဓစ္စ'
နောင်တတစ်ဖန်
ပူပန်ခြင်း
'ကုက္ကုစ္စ'ကို
ပယ်၍
အတွင်းသန္တာန်၌
ငြိမ်သက်သော
စိတ်ရှိသည်ဖြစ်၍
မပျံ့လွင့်သည်ဖြစ်၍
နေ၏၊ ပျံ့လွင့်ခြင်း
'ဥဒ္ဓစ္စ' နောင်တ
တစ်ဖန်
ပူပန်ခြင်း
'ကုက္ကုစ္စ'
မှ စိတ်ကိုစင်ကြယ်စေ၏။
ယုံမှားခြင်း
'ဝိစိကိစ္ဆာ'
ကိုပယ်၍
ယုံမှားခြင်
'ဝိစိကိစ္ဆာ'
ကို လွန်မြောက်သည်ဖြစ်၍
ကုသိုလ်တရားတို့၌
သို့လော
သို့လော
မရှိသည်ဖြစ်၍
နေ၏၊
ယုံမှားခြင်း
'ဝိစိကိစ္ဆာ'
မှ စိတ်ကို
စင်ကြယ်စေ၏။
ထိုရဟန်းသည်
စိတ်ညစ်ညူးခြင်းကို
ဖြစ်စေတတ်ကုန်သော၊
ပညာ၏
အားနည်းခြင်းကို
ပြုတတ်ကုန်သော
နီဝရဏတရားငါးပါးတို့ကို
ပယ်ဖျောက်၍
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း
'ဝိတက်' နှင့်
တကွဖြစ်သော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ' နှင့်
တကွဖြစ်သော၊
(နီဝရဏ)
ကင်းခြင်းကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'ချမ်းသာခြင်း
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏။
ဝိတက်
ဝိစာရငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကို
ကြည်လင်စေတတ်သော၊
စိတ်၏ တည်ကြည်
ခြင်း'သမာဓိ'
ကို
ဖြစ်ပွါးစေတတ်သော၊
ကြံစည်ခြင်း
'ဝိတက်'
မရှိသော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'
မရှိသော၊
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ရှိသော
ဒုတိယဈာန်သို့
ရောက်၍ နေ၏။
နှစ်သိမ့်ခြင်း
'ပီတိ'ကိုလည်း
မတပ်မက်ခြင်းကြောင့်
အောက်မေ့ခြင်း
'သတိ'
ဆင်ခြင်ခြင်း
'သမ္ပဇဉ်'
နှင့်ပြည့်စုံသည်ဖြစ်၍
လျစ်လျူရူလျက်
နေ၏၊
ချမ်းသာခြင်း
'သုခ'ကိုလည်း
ကိုယ်ဖြင့်
ခံစား၏၊
အကြင့်တတိယဈာန်ကြောင့်
ထိုသူ့ကို
''လျစ်လျူရှုသူ
သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ''ဟု
အရိယာပုဂ္ဂိုလ်တို့သည်
ပြောကြားကုန်၏၊
ထိုတတိယဈာန်သို့
ရောက်၍ နေ၏။
ချမ်းသာဆင်းရဲကို
ပယ်ခြင်းကြောင့်လည်းကောင်း၊
ရှေးဦးကပင်လျှင်
ဝမ်းသာခြင်း
နှလုံးမသာခြင်း
တို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း
ဆင်းရဲချမ်းသာမရှိသော
လျစ်လျူရှုမှု
'ဥပေက္ခာ'
ကြောင့်ဖြစ်သည့်သတိ၏
စင်ကြယ်ခြင်းရှိသော
စတုတ္တဈာန်သို့
ရောက်၍ နေ၏။
၁၄။
ဤသို့
တည်ကြည်သော
စိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ထို (ရဟန်း)
သည်
ရှေး၌ဖြစ်ဖူးသော
ဘဝကို
အောက်မေ့နိုင်သော
'ပုဗ္ဗေနိဝါသာနုဿတိ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏။
ထို (ရဟန်း)
သည် များပြားသော
ရှေး၌ဖြစ်ဖူးသောဘဝကို
အောက်မေ့နိုင်၏၊
ဤသည်ကား
အဘယ်နည်း။
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း၊
သုံးဘဝတို့ကိုလည်းကောင်း၊
လေးဘဝတို့ကိုလည်းကောင်း၊
ငါးဘဝတို့ကိုလည်းကောင်း၊
ဆယ်ဘဝတို့ကိုလည်းကောင်း၊
ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊
ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊
ဘဝလေးဆယ်တို့ကိုလည်းကောင်း၊
ဘဝငါးဆယ်တို့ကိုလည်းကောင်း၊
ဘဝတစ်ရာကိုလည်းကောင်း၊
ဘဝတစ်ထောင်ကိုလည်းကောင်း၊
ဘဝတစ်သိန်းကိုလည်းကောင်း၊
များပြားသော
ပျက်ကပ်တို့ကိုလည်းကောင်း၊
များပြားသော
ဖြစ်ကပ်တို့ကိုလည်းကောင်း၊
များပြားသောပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း
''ဤမည်သောဘဝ၌
ငါသည် ဤသို့သော
အမည်ရှိခဲ့၏၊
ဤသို့သောအနွယ်ရှိခဲ့၏၊
ဤသို့သော
အဆင်းရှိခဲ့၏၊
ဤသို့သော အစာရှိခဲ့၏၊
ဤသို့သော
ချမ်းသာဆင်းရဲကို
ခံစားခဲ့၏၊
ဤသို့သော
အသက်အပိုင်းအခြား
ရှိခဲ့၏၊
ထိုငါသည်
ထိုဘဝမှသေခဲ့၍
ဤမည်သောဘဝ၌
ဖြစ်ပြန်၏၊
ထိုဘဝ၌လည်း
ဤသို့သော
အမည်ရှိခဲ့၏၊
ဤသို့သော
အနွယ်ရှိခဲ့၏၊
ဤသို့သော
အဆင်းရှိခဲ့၏၊
ဤသို့သော အစာရှိခဲ့၏၊
ဤသို့သော
ချမ်းသာဆင်းရဲကို
ခံစားခဲ့၏၊
ဤသို့သော
အသက်အပိုင်းအခြားရှိခဲ့၏၊
ထိုငါသည်
ထိုဘဝမှသေခဲ့၍
ဤဘဝ၌ ဖြစ်ပြန်၏''ဟု
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်အမည်အနွယ်နှင့်တကွ
များပြားသော
ရှေး၌ဖြစ်ဖူးသောဘဝကို
အောက်မေ့၏။
၁၅။
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်
သော်ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြု
တိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ထို (ရဟန်း) သည်
သတ္တဝါတို့၏
သေခြင်း
ဖြစ်ခြင်းကို
သိသော
'စုတူပပါတ'ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏၊
ထို (ရဟန်း)
သည် အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်
သာလွန်သော
နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသော
သတ္တဝါတို့ကို
မြင်၏၊
ကံအလျောက်ဖြစ်သော
သတ္တဝါတို့ကို
သိ၏။
အချင်းတို့
ဤသတ္တဝါတို့သည်
ကိုယ်ဖြင့်ပြုသော
မကောင်းသော
အကျင့်
'ကာယဒုစရိုက်'
နှင့်ပြည့်စုံကုန်၏၊
နှုတ်ဖြင့်ပြုသော
မကောင်းသော
အကျင့်
'ဝစီဒုစရိုက်'
နှင့်
ပြည့်စုံကုန်၏၊
စိတ်ဖြင့်ပြုသောမကောင်းသော
အကျင့်
'မနောဒုစရိုက်'
နှင့် ပြည့်စုံကုန်၏၊
အရိယာတို့ကို
စွပ်စွဲကုန်၏၊
မှားသောအယူရှိကုန်၏၊
မှားသော
အယူဖြင့်ပြုသော
ကံရှိကုန်၏၊
ထိုသတ္တဝါတို့သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ချမ်းသာကင်းသော
မကောင်းသဖြင့်လားရာ
ဖရိုဖရဲကျရောက်ရာ
ငရဲ၌
ဖြစ်ပေါ်ကုန်၏။
အချင်းတို့
ဤသတ္တဝါတို့သည်ကား
ကိုယ်ဖြင့်ပြုသော
ကောင်းသော
အကျင့်
'ကာယသုစရိုက်'
နှင့်
ပြည့်စုံကုန်၏၊
နှုတ်ဖြင့်ပြုသော
ကောင်းသော
အကျင့်
'ဝစီသုစရိုက်'
နှင့် ပြည့်စုံကုန်၏၊
စိတ်ဖြင့်ပြုသော
ကောင်းသောအကျင့်
'မနောသုစရိုက်'
နှင့်
ပြည့်စုံကုန်၏၊
အရိယာတို့ကို
စွပ်စွဲခြင်းမှ
ကင်းကုန်၏၊
မှန်သောအယူရှိ့ကုန်၏၊
မှန်သောအယူဖြင့်ပြုသော
ကံရှိကုန်၏၊
ထို (သတ္တဝါ)
တို့သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာ
လူ့ပြည်
နတ်ပြည်
သုဂတိ၌
ဖြစ်ပေါ်ကုန်၏ဟု
ဤသို့လျှင်
အထူးသဖြင့်စင်ကြယ်သော
လူတို့၏ မျက်စိထက်
သာလွန်သော
နတ်မျက်စိနှင့်
တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါအဆင်းမလှသော
သတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသောသတ္တဝါတို့ကို
မြင်၏၊
ကံအလျောက်ဖြစ်သော
သတ္တဝါတို့ကို
သိ၏။
၁၆။
ဤသို့
တည်ကြည်သော စိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ထို (ရဟန်း)
သည်
အာသဝေါတရားတို့ကို
ကုန်စေသော
'အာသဝက္ခယ'
ဉာဏ်အလို့ငှါ
စိတ်ကို ရှေးရှုညွတ်စေ၏။
ထို (ရဟန်း)
သည် ဤကား
ဆင်းရဲ
'ဒုက္ခ'ဟုဟုတ်မှန်သောအတိုင်းသိ၏၊
ဤကား
ဆင်းရဲဖြစ်ပေါ်ခြင်း၏
အကြောင်း
'ဒုက္ခသမုဒယ'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ ဤကား
ဆင်းရဲချူပ်ရာ
နိဗ္ဗာန်
'ဒုက္ခ
နိရောဓ'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ ဤကား ဆင်းရဲချူပ်ရာနိဗ္ဗာန်သို့
ရောက်ကြောင်း
ကျင့်စဉ်
'ဒုက္ခ နိရောဓ
ဂါမိနီ
ပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း
သိ၏။
ဤသည်တို့ကား
ယိုစီးခြင်း
'အာသဝ' တို့ဟုဟုတ်မှန်သောအတိုင်း
သိ၏၊
ဤကားယိုစီးခြင်း
'အာသဝ' တို့
ဖြစ်ပေါ်ခြင်း၏
အကြောင်း 'အာသဝသမုဒယ'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ ဤကား ယိုစီးခြင်း
'အာသဝ' တို့
ချူပ်ရာ
နိဗ္ဗာန် 'အာသဝနိရောဓ'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ ဤကား
အာသဝတို့ချုပ်ရာ
နိဗ္ဗာန်သို့
ရောက်
ကြောင်း
ကျင့်စဉ်
'အာသဝနိရောဓဂါမိနီ
ပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊
ဤသို့သိသော်
ဤသို့ မြင်သော်
ထို (ရဟန်း) ၏
စိတ်သည်ကာမာသဝမှလည်း
လွတ်မြောက်၏၊
ဘဝါသဝမှလည်း
လွတ်မြောက်
၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊
လွတ်မြောက်ပြီးလတ်သော်
''လွတ်မြောက်လေပြီ''ဟု
အသိဉာဏ်
ဖြစ်ပေါ်၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
(မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်) ကိစ္စအလို့ငှါတစ်ပါးသော
ပြုဖွယ်
မရှိတော့ပြီ''ဟု
သိ၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်မျိုးကို
မိမိကိုယ်ကို
မပူပန်မဆင်းရဲစေတတ်ဘဲ၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူ
မဟုတ်သည့်ပြင်
သူတစ်ပါးတို့အား
မပူပန်မဆင်းရဲစေတတ်ဘဲ၊
သူတစ်ပါးတို့အား
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူ
မဟုတ်သော
ပုဂ္ဂိုလ်ဖြစ်သည့်ပြင်
မိမိကိုယ်ကိုလည်း
မပူပန်မဆင်းရဲစေတတ်,
သူတစ်ပါးကိုလည်း
မပူပန်မဆင်းရဲစေတတ်သည်
ဖြစ်၍မျက်မှောက်သော
ကိုယ်၏
အဖြစ်၌သာလျှင်
ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည်
ငြိမ်းချမ်းသည်
အေးမြသည်
ချမ်းသာသုခကို
ခံစားရသည်
ဖြစ်၍
မြတ်သောကိုယ်ဖြင့်
နေထိုင်ရသူဟူ၍
ဆိုရ၏ဟု
မြတ်စွာဘုရားသည်
ဤတရားတော်ကို
ဟောတော်မူ၏။
ထိုရဟန်းတို့သည်
မြတ်စွာဘုရား
ဟောတော်မူသောတရားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
ရှေးဦးစွာသော
ကန္ဒရကသုတ်
ပြီး၏။
------
၂-အဋ္ဌကနာဂရသုတ်
၁၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
အသျှင်အာနန္ဒာသည်
ဝေသာလီပြည်
ဗေလုဝရွာငယ်၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါအဋ္ဌကမြို့သား
ဒသမသူကြွယ်သည်
ပါဋလိပုတ်ပြည်သို့
တစ်စုံတစ်ခုသော
ပြုဖွယ်ကိစ္စဖြင့်
ရောက် လာ၏။
ထိုအခါ
အဋ္ဌကမြို့သား
ဒသမသူကြွယ်သည်
ကုက္ကုဋာရုံကျောင်း
ရဟန်းတစ်ပါးထံသို့
ချဉ်းကပ်ပြီး
လျှင်ထိုရဟန်းကို
ရှိခိုး၍ သင့်တင့်လျောက်ပတ်သော
အရပ်၌ နေလျက်
ထိုရဟန်းအား-
''အသျှင်ဘုရား့အသျှင်အာနန္ဒာသည်
ယခုအခါ
အဘယ်အရပ်၌
သီတင်းသုံးနေတော်မူပါသနည်း၊
တပည့်တော်တို့သည်ထိုအသျှင်အာနန္ဒာကို
ဖူးမြော်လိုပါကုန်၏''ဟု
လျှောက်၏။
သူကြွယ်
ဤအသျှင်အာနန္ဒာသည်
ဝေသာလီပြည်
ဗေလုဝရွာငယ်၌
သီတင်းသုံးနေတော်မူပေ၏ဟု
(မိန့်ဆို၏)။
ထိုအခါ
အဋ္ဌကမြို့သား
ဒသမသူကြွယ်သည်
ပါဋလိပုတ်ပြည်၌
ပြုဖွယ်ကိစ္စကို
ပြီးဆုံးစေပြီးနောက်ဝေသာလီပြည်
ဗေလုဝရွာငယ်
အသျှင်အာနန္ဒာထံသို့
ချဉ်းကပ်၍
အသျှင်အာနန္ဒာကို
ရိုသေစွာ
ရှိခိုးပြီးလျှင်တစ်ခုသော
နေရာ၌
ထိုင်နေ၏။
၁၈။
တစ်ခုသော
နေရာ၌
ထိုင်ပြီးသော်
အဋ္ဌကမြို့သား
ဒသမသူကြွယ်သည်
အသျှင်အာနန္ဒာအား-''အသျှင်ဘုရားအာနန္ဒာ
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော၊
(အလုံးစုံသောတရား
တို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော ထိုမြတ်စွာဘုရားသည်ဟောကြားထားတော်မူသော
(ဤသို့
သဘောရှိသော)
တရားတစ်ခုသည်
ရှိပါသလော၊
ယင်းတရား၌မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသောရဟန်းအား
မလွတ်မြောက်သေးသော
စိတ် သည်လည်း
လွတ်မြောက်ရ၏၊
မကုန်ခန်းသေးသောအာသဝေါတို့သည်မူလည်း
ကုန်ခန်းခြင်းသို့
ရောက် ကုန်၏၊
မရောက်ရသေးသော
အတုမဲ့သောယောဂ၏ကုန်ရာသို့လည်း
ရောက်နိုင်၏၊
(ဤသို့သဘောရှိ
သော တရားတစ်ခုသည်
ရှိပါသလော'')ဟုလျှောက်၏။
သူကြွယ်
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော၊
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားထားတော်မူသော
(ဤသို့သဘောရှိသော)
တရားတစ်ခုသည်
ရှိပေ၏၊
ယင်းတရား၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော ရဟန်းအား
မလွတ်မြောက်သေးသော
စိတ်သည်လည်းလွတ်မြောက်ရ၏၊
မကုန်ခန်းသေးသော
အာသဝေါတို့သည်မူလည်း
ကုန်ခန်းခြင်းသို့
ရောက်ကုန်၏၊
မရောက်ရသေးသော
အတုမဲ့သော
ယောဂ၏ကုန်ရာသို့လည်း
ရောက်နိုင်၏၊
ဤသို့သဘောရှိသောတရားတစ်ခုသည်
ရှိပေ၏ဟု
(မိန့်ဆို၏)။
အသျှင်ဘုရားအာနန္ဒာ
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားထားတော်မူသောတရားတစ်ခုသည်
အဘယ်ပါနည်း၊
ယင်းတရား၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍နေသော
ရဟန်းအား
မလွတ်မြောက်သေးသော
စိတ်သည်လည်းလွတ်
မြောက်ရ၏၊
မကုန်ခန်းသေးသော
အာသဝေါတို့သည်မူလည်း
ကုန်ခန်းခြင်းသို့
ရောက်ကုန်၏၊ မရောက်ရ
သေးသော
အတုမဲ့သော
ယောဂ၏ကုန်ရာသို့လည်း
ရောက်နိုင်၏၊
(ဤသို့သဘောရှိသောတရားတစ်ခုဟူ
သည်
အဘယ်ပါနည်းဟု
လျှောက်၏)။
၁၉။
သူကြွယ်
ဤသာသနာတော်၌
ရဟန်းသည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်ခြင်း
'ဝိတက်' နှင့်တကွဖြစ်သော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'နှင့်တကွဖြစ်သော၊
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'ချမ်းသာခြင်း
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏။
ထိုပုဂ္ဂိုလ်သည်
ဤသို့ဆင်ခြင်၏-
''ဤပဌမဈာန်သည်လည်း
အပြုပြင်ခံ
တရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏၊
ယင်းအပြုပြင်ခံတရား,
စေ့ဆော်အားထုတ်မှု
ကြောင့်ဖြစ်သော
တရားအားလုံးသည်
အမြဲမရှိ၊
ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု
သိ၏။
ထိုရဟန်းသည်
ထိုတရား၌တည်လျက်
အာသဝေါကုန်ခြင်းသို့
ရောက်၏။
အကယ်၍
အာသဝေါကုန်ခြင်းသို့
မရောက်သေးသည်
ဖြစ်အံ့၊
ထိုတရား၌ တပ်မက်ခြင်းဖြင့်
ထိုတရား၌
နှစ်သက်ခြင်းဖြင့်အောက်
(ကာမ) ဘုံ၌
(ပဋိသန္ဓေ)
နေခြင်းအဖို့ရှိကုန်သော
သံယောဇဉ်ငါးပါးတို့
ကုန်ခြင်းကြောင့်
(ဗြဟ္မာ့ဘုံ၌)
ဥပပါတ်
(ပဋိသန္ဓေ)
နေသူ ဖြစ်၏၊
ထို (ဗြဟ္မာ့)
ဘုံ၌သာ
ပရိနိဗ္ဗာန်စံရ၏၊
ထို (ဗြဟ္မာ့)
ဘုံမှ
ပြန်လည်တတ်သော
သဘောမရှိ။
သူကြွယ်
ဤတရားသည်လည်း
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားထားတော်မူသော
တရားတစ်ခုဖြစ်ပေ၏၊
ယင်းတရား၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍နေသော
ရဟန်းအား
မလွတ်မြောက်သေးသော
စိတ်သည်လည်းလွတ်
မြောက်ရ၏၊
မကုန်ခန်းသေးသော
အာသဝေါတို့သည်မူလည်း
ကုန်ခန်းခြင်းသို့
ရောက်ကုန်၏၊
မရောက်ရ
သေးသော
အတုမဲ့
ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့လည်း
ရောက်နိုင်၏။
(၁)
၂၀။
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည် ဝိတက်ဝိစာရ
ငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကိုကြည်လင်စေတတ်သော။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့ဆင်ခြင်၏-ဤဒုတိယဈာန်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏။ပ။
အတုမဲ့ယောဂကုန်ရာ
(ဘေးကင်းရာ) သို့လည်း
ရောက်နိုင်၏ဟု
(ဆင်ခြင်၏)။ (၂)
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည်
နှစ်သိမ့်ခြင်း
'ပီတိ'
ကိုလည်း
မတပ်မက်ခြင်းကြောင့်။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့ဆင်ခြင်၏-
ဤတတိယဈာန်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏။ပ။
အတုမဲ့
ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့လည်း ရောက်နိုင်၏ဟု
(ဆင်ခြင်၏)။ (၃)
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည်
ချမ်းသာဆင်းရဲကို
ပယ်ခြင်းကြောင့်
လည်းကောင်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့
ဆင်ခြင်၏-
ဤစတုတ္ထဈာန်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏။ပ။
အတုမဲ့ ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့ လည်း
ရောက်နိုင်၏ဟု
(ဆင်ခြင်၏)။ (၄)
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည်
ချမ်းသာစေလိုခြင်းမေတ္တာနှင့်ယှဉ်သောစိတ်ဖြင့်
တစ်ခု
သောအရပ်မျက်နှာကို
ပျံ ့နှံ့စေ၍
နေ၏။ ထို့အတူ
နှစ်ခုမြောက်
အရပ်မျက်နှာကို။
သုံးခုမြောက်အရပ်မျက်နှာကို။
လေးခုမြောက်
အရပ်မျက်နှာကို
ပျံ ့နှံ့စေ၍
နေ၏။ ဤနည်းဖြင့်
အထက်
အောက်ဖီလာ
အရပ်မျက်နှာကို
ပျံ ့နှံ့စေ၍
နေ၏။
အလုံးစုံသော
အရပ်မျက်နှာတို့၌ရှိသော
သတ္တဝါအားလုံးကိုမိမိနှင့်အတူပြု၍
သတ္တဝါအားလုံး
ပါဝင်သော
သတ္တလောကကို
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်ခြင်းမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ ့နှံ့စေ၍
နေ၏။
ထိုရဟန်းသည်
ဤသို့
ဆင်ခြင်၏-
''မေတ္တာဟူသော
ဤလွတ်မြောက်သော
စိတ်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏၊
ယင်းအပြုပြင်ခံတရား,
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်လာသော
တရားအားလုံးသည်
အမြဲမရှိ၊
ချုပ်ပျောက်ခြင်း
သဘော ရှိ၏''ဟု
သိ၏၊
ထိုရဟန်းသည်
ထိုတရား၌
တည်လျက်။ပ။
အတုမဲ့
ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့လည်း
ရောက်နိုင်၏။
(၅)
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည်
သနားခြင်း
'ကရုဏာ'
နှင့်တကွဖြစ်သော
စိတ်ဖြင့်။ပ။
ဝမ်းမြောက်ခြင်း
'မုဒိတာ'
နှင့်တကွဖြစ်သော
စိတ်ဖြင့်။ပ။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်တကွဖြစ်သောစိတ်
ဖြင့်
တစ်ခုသော အရပ်မျက်နှာကို
ပျံ ့နှံ့စေ၍
နေ၏။ ထို့အတူ နှစ်ခုမြောက်
အရပ်မျက်နှာကို။
သုံးခု
မြောက်
အရပ်မျက်နှာကို။
လေးခုမြောက်
အရပ်မျက်နှာကို
ပျံ ့နှံ့စေ၍
နေ၏။
ဤနည်းဖြင့်အထက်
အောက် ဖီလာ
အရပ်မျက်နှာကို
ပျံ ့နှံ့စေ၍
နေ၏။
အလုံးစုံသော အရပ်မျက်နှာတို့၌ရှိသောသတ္တဝါ
အားလုံးကို
မိမိနှင့်
အတူပြု၍
သတ္တဝါအားလုံးပါဝင်သော
သတ္တလောကကို
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်ခြင်းမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သောစိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
ထိုရဟန်းသည်
ဤသို့ ဆင်ခြင်၏-
''ဥပေက္ခာဟူသောဤလွတ်မြောက်သော
စိတ် သည်လည်း
အပြုပြင်ခံတရား
ဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်ဖြစ်ပေါ်၏၊
ယင်းအပြုပြင်ခံတရား,
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်လာသော
တရားအားလုံးသည်အမြဲမရှိ
ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု
သိ၏။
ထိုရဟန်းသည်
ထိုတရား၌
တည်လျက်။ပ။ အတုမဲ့ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့လည်း ရောက်နိုင်၏။
(၆-၇-၈)
သူကြွယ်
နောက်
တစ်မျိုးကား
ရဟန်းသည်
ရူပသညာတို့ကို
လုံးဝလွန်မြောက်၍
ပဋိဃသညာတို့လုံးဝချုပ်သည့်ပြင်
နာနတ္တသညာတို့ကို
လုံးဝနှလုံးမသွင်းမူ၍
''ကောင်းကင်သည်
အဆုံးမရှိ''ဟု
(နှလုံးသွင်းလျက်)
အာကာသာနဉ္စာယတနသမာပတ်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့ဆင်ခြင်၏-
''ဤအာကာသာ
နဉ္စာယတနသမာပတ်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏၊
ယင်းအပြုပြင်ခံတရား,
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်သော
တရားအားလုံးသည်
အမြဲမရှိ
ချုပ်ပျောက်ခြင်းသဘော
ရှိ၏''ဟု သိ၏။
ထိုရဟန်းသည်
ထိုတရား၌
တည်လျက်။ပ။
အတုမဲ့ ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့
ရောက်နိုင်၏။
(၉)
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည်
အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍''ဝိညာဉ်သည်
အဆုံးမရှိ''ဟု
နှလုံးသွင်းလျက်
ဝိညာဏဉ္စာယတနသမာပတ်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့
ဆင်ခြင်၏- ''ဤဝိညာဏဉ္စာယတနသမာပတ်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏၊
ယင်းအပြုပြင်ခံတရား,
စေ့ဆော်အားထုတ်မှုကြောင့်ဖြစ်ပေါ်သော
တရားအားလုံးသည်
အမြဲမရှိ၊
ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု
သိ၏။
ထိုရဟန်းသည်ထိုတရား၌
တည်လျက်။ပ။
အတုမဲ့
ယောဂကုန်ရာသို့
ရောက်နိုင်၏။
(၁၀)
သူကြွယ်
နောက်တစ်မျိုးကား
ရဟန်းသည်
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''တစ်စုံတစ်ခုမျှ
မရှိ''ဟု
(နှလုံးသွင်းလျက်)
အာကိဉ္စညာယတနသမာပတ်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်ဤသို့
ဆင်ခြင်၏-
''ဤအာကိဉ္စညာယတနသမာပတ်သည်လည်း
အပြုပြင်ခံတရားဖြစ်၏၊
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်၏၊
ယင်းအပြုပြင်ခံတရား,
စေ့ဆော်အားထုတ်မှုကြောင့်
ဖြစ်ပေါ်သောတရား
အားလုံးသည်
အမြဲမရှိ၊
ချုပ်ပျောက်ခြင်းသဘောရှိ၏''ဟု
သိ၏။
ထိုရဟန်းသည်
ထိုတရား၌
တည်လျက်
အာသဝေါကုန်ခြင်းသို့
ရောက်၏၊
အကယ်၍
အာသဝေါကုန်ခြင်းသို့
မရောက်သေးသည်
ဖြစ်အံ့၊
ထိုတရား၌ တပ်မက်ခြင်းဖြင့်,
ထိုတရား၌
နှစ်သက်ခြင်းဖြင့်အောက်
(ကာမဘုံ၌
ပဋိသန္ဓေနေခြင်း)
အဖို့ရှိကုန်သော
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
(ဗြဟ္မာ့) ဘုံ၌
ဥပပါတ်
(ပဋိသန္ဓေ)
နေသူ ဖြစ်၏၊
ထို (ဗြဟ္မာ့)
ဘုံ၌သာ
ပရိနိဗ္ဗာန်စံရ၏၊
ထို (ဗြဟ္မာ့)
ဘုံမှ
ပြန်လည်တတ်သော
သဘောမရှိ။
သူကြွယ်
ဤတရားသည်လည်း
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားတော်မူသော
တရားတစ်ခု
ဖြစ်ပေ၏၊
ယင်းတရား၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စေလွှတ်
အပ်သော စိတ်ရှိသည်ဖြစ်၍နေသော
ရဟန်းအား
မလွတ်မြောက်သေးသော
စိတ်သည်လည်းလွတ်မြောက်
ရ၏၊ မကုန်ခန်းသေးသော
အာသဝေါတို့သည်မူလည်း
ကုန်ခန်းခြင်းသို့
ရောက်ကုန်၏၊
မရောက်ရသေး
သော အတုမဲ့
ယောဂကုန်ရာ
(ဘေးကင်းရာ)
သို့လည်း
ရောက်နိုင်၏ဟု
(မိန့်ဆို၏)။
(၁၁)
၂၁။
ဤသို့
မိန့်ဆိုတော်မူသော်
အဋ္ဌကမြို့သား
ဒသမသူကြွယ်သည်
အသျှင်အာနန္ဒာအား-''အသျှင်ဘုရားအာနန္ဒာ
တစ်ခုသော
ရွှေအိုး၏ မျက်နှာဝကို
ရှာသော ယောက်ျားသည်
တစ်ကြိမ်တည်း့သာလျှင်
တစ်ဆယ့်
တစ်လုံးသော
ရွှေအိုးတို့၏
မျက်နှာဝတို့ကို
ရရာသကဲ့သို့၊
ဤအတူသာလျှင်အကျွန်ုပ်
သည် တစ်ခုသော
အမြိုက်နိဗ္ဗာန်တံခါးကို
ရှာပါလျက်
တစ်ကြိမ်တည်းဖြင့်သာလျှင်တစ်ဆယ့်တစ်ခုသော
အမြိုက်နိဗ္ဗာန်တံခါးတို့ကို
ပွါးများရန်
ရရှိပါပြီ။
အသျှင်ဘုရား
ယောက်ျားတစ်ယောက်အား
တံခါးတစ်ဆယ့်တစ်ပေါက်ရှိသော
အိမ်သည်
ရှိရာ၏၊ ထိုယောက်ျားသည်
ထိုအိမ်ကို
မီးလောင်သည်ရှိသော်
တစ်ပေါက်ပေါက်သော
တံခါးဖြင့်လည်း
မိမိကိုယ်ကိုချမ်းသာအောင်
ပြုခြင်းငှါ
စွမ်းနိုင်ရာသကဲ့သို့၊
အသျှင်ဘုရား
ဤအတူသာလျှင်
တပည့်တော်သည်
ဤအမြိုက်နိဗ္ဗာန်တံခါး
တစ်ဆယ့်တစ်ပေါက်တို့တွင်
တစ်ပေါက်ပေါက်သော
အမြိုက်နိဗ္ဗာန်တံခါးဖြင့်ပင်
မိမိကိုယ်ကို
ချမ်းသာအောင်
ပြုခြင်းငှါ
စွမ်းနိုင်ပါလတ္တံ့။
အသျှင်ဘုရား
သာသနာတော်မှတစ်ပါး
အခြားအယူဝါဒရှိကြကုန်သော
ဤတိတ္ထိတို့သည်ပင်
(ဆရာ့အတွက်)
ဆရာစား
ဥစ္စာကို
ရှာမှီးကြတုံသေး၏၊
တပည့်တော်သည်
အသျှင်မြတ်အာနန္ဒာအား
ပူဇော်မှုကိုအဘယ်ကြောင့်
မပြုဘဲ
ရှိပါအံ့နည်း''ဟု
လျှောက်၏။
ထို့နောက်
အဋ္ဌကမြို
့သား
ဒသမသူကြွယ်သည်
ပါဋလိပုတ်ပြည်နှင့်
ဝေသာလီပြည်နေ
ရဟန်း သံဃာကိုစည်းဝေးစေ၍
မွန်မြတ်သော
ခဲဖွယ်ဘောဇဉ်ဖြင့်
ရောင့်ရဲသည့်တိုင်အောင်
တားမြစ်သည့်တိုင်
အောင်မိမိကိုယ်တိုင်
လုပ်ကျွေး၏၊
ရဟန်းတစ်ပါးတစ်ပါးကိုလည်း
တစ်စုံစီ
တစ်စုံစီသော
သင်္ကန်းဖြင့်ဖုံးလွှမ်း
(လှူဒါန်း) ၏။
အသျှင်အာနန္ဒာကို
သုံးထည်သော
သင်္ကန်းဖြင့်
ဖုံးလွှမ်း
(လှူဒါန်း) ၏၊
အသျှင်အာနန္ဒာအတွက်
ငါးရာတန်ကျောင်းကို
ဆောက်လုပ်စေသတည်း။
နှစ်ခုမြောက်
အဋ္ဌကနာဂရသုတ်
ပြီး၏။
------
၃-သေခသုတ်
၂၂။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သက္ကတိုင်း ကပိလဝတ်ပြည်
နိဂြောဓာရုံကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသာတို့မှာ
ရဟန်းဖြစ်စေ၊
ပုဏ္ဏားဖြစ်စေ၊
လူဖြစ်စေ
တစ်စုံတစ်ယောက်မျှ
မသုံးဆောင်ရဖူးသေးသော
ဆောက်လုပ်ပြီးစ
မင်းကွန်းသစ်သည်
ရှိလေ၏။
ထိုအခါ ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြပြီးလျှင်မြတ်စွာဘုရားကို
ရိုသေစွာရှိခိုး၍
တစ်ခုသောနေရာ၌
ထိုင်ကြပြီးသော်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့မှာ
ရဟန်းဖြစ်စေ၊
ပုဏ္ဏားဖြစ်စေ၊
လူဖြစ်စေတစ်စုံတစ်ယောက်မျှ
မသုံးဆောင်ရဖူးသေးသော
ဆောက်လုပ်ပြီးစ
မင်းကွန်းသစ်သည်
ရှိပါ၏။
အသျှင်ဘုရား မြတ်စွာဘုရားသည်
ထိုမင်းကွန်းကို
ရှေးဦးစွာ
သုံးဆောင်တော်မူပါလော့၊
မြတ်စွာဘုရားသည်
ရှေးဦးစွာ
သုံးဆောင်တော်မူပြီးသည့်နောက်မှ
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့သုံးဆောင်ကြပါကုန်လတ္တံ့၊
ထိုသို့
မြတ်စွာဘုရား
ရှေးဦးစွာ
သုံးဆောင်တော်မူခြင်းသည်
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့အား
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးဖြစ်ခြင်းငှါ
ချမ်းသာခြင်းငှါဖြစ်ရာပါ၏''ဟု
လျှောက်ကုန်၏။
မြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေတော်မူခြင်းဖြင့်
လက်ခံတော်မူ၏၊
ထိုအခါ
ကပိလဝတ်ပြည်သားသာကီဝင်မင်းသားတို့သည်
မြတ်စွာဘုရား
လက်ခံတော်မူခြင်းကို
သိသဖြင့်
နေရာမှ ထကာ
မြတ်စွာဘုရားကို
ရှိခိုးလျက်
အရိုအသေပြုကာ
မင်းကွန်းဆီသို့
ချဉ်းကပ်ကြကုန်ပြီး၍
မင်းကွန်း၌
ခင်းနှီးအပြည့်ခင်းခြင်း
ထိုင်နေစရာတို့ကို
ပြင်ထားခြင်း
ရေပြည့်အိုးကြီးကို
တည်ထားခြင်း
ဆီမီးထွန်းထားခြင်းတို့ကိုပြုပြီးလျှင်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြပြန်ကုန်၏၊
ချဉ်းကပ်ပြီး၍
မြတ်စွာဘုရားကို
ရှိခိုးလျက်တစ်ခုသော
နေရာ၌
ရပ်ပြီးသော်
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့သည်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
မင်းကွန်း၌
ခင်းနှီးအပြည့်
ခင်းပြီးပါပြီ၊
ထိုင်နေစရာတို့ကိုလည်း
ပြင်ထားပြီးပါပြီ၊
ရေပြည့်အိုးကြီးကိုလည်း
တည်ထားပြီးပါပြီ၊
ဆီမီးကိုလည်း
ထွန်းထားပြီးပါပြီ၊
အသျှင်ဘုရား
ယခုအခါကြွတော်မူရန်
အချိန်ကို
မြတ်စွာဘုရား
သိတော်မူပါသည်
(ကြွရန်မှာ
မြတ်စွာဘုရား၏
အလိုအတိုင်းပင်ဖြစ်ပါသည်)''ဟု
လျှောက်ကုန်၏။
ထိုအခါ
မြတ်စွာဘုရားသည်
သင်္ကန်းကို
ပြင်ဝတ်တော်မူ၍
သပိတ်သင်္ကန်းကို
ယူလျက် ရဟန်းသံဃာနှင့်အတူ
မင်းကွန်းဆီသို့
ချဉ်းကပ်တော်မူပြီးလျှင်
ခြေဆေးတော်မူ၍
မင်းကွန်းသို့
ဝင်ပြီးသော်အလယ်တိုင်ကို
မှီလျက်
အရှေ့အရပ်သို့
မျက်နှာမူကာ
ထိုင်နေတော်မူ၏။
ရဟန်းသံဃာသည်လည်း
ခြေဆေး၍
မင်းကွန်းသို့
ဝင်ပြီးသော်
အနောက်ဘက်နံရံကို
မှီလျက်အရှေ့အရပ်သို့
မျက်နှာမူကာ
မြတ်စွာဘုရားကိုသာလျှင်
ရှေ့ထား၍
ထိုင်နေ၏။
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့သည်လည်း
ခြေဆေးကုန်၍
မင်းကွန်းသို့
ဝင်ကုန်ပြီးသော်အရှေ့ဘက်နံရံကို
မှီလျက် အနောက်အရပ်သို့
မျက်နှာမူကာ
မြတ်စွာဘုရားကိုသာလျှင်
ရှေ့ထား၍ထိုင်နေကုန်၏။
ထိုအခါ
မြတ်စွာဘုရားသည်
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့ကို
ကြာမြင့်စွာ
ညဉ့်အချိန်ပတ်လုံး
တရားစကားဖြင့်
(အကျိုးစီးပွါးကို)
သိမြင်စေလျက်
(တရားကို) ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်စေတော်မူပြီးလျှင်
အသျှင်အာနန္ဒာအား-''အာနန္ဒာ
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့အား
သေက္ခတို့၏
အကျင့်ကို
ထင်ရှားစေလော့၊
ငါဘုရား
ကျောညောင်းတော်မူ၏၊
ငါသည်ကျောဆန့်ဦးအံ့''ဟု
မိန့်တော်မူ၏။
''မြတ်စွာဘုရား
ကောင်းပါပြီ''ဟူ၍
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၏။
ထိုအခါ
မြတ်စွာဘုရားသည်
လေးထပ်ခေါက်ထားသော
သင်္ကန်းကြီးကို
ခင်းပြီးလျှင်
လကျ်ာနံတောင်းဖြင့်
(လကျ်ာ)
ခြေတော်၌ (လက်ဝဲ)
ခြေတော်ကို
စဉ်းငယ်လွန်ကာ
တင်ထား၍ အောက်မေ့ခြင်း'သတိ'
ဆင်ခြင်ခြင်း
'သမ္ပဇဉ်'နှင့်
ပြည့်စုံသည်ဖြစ်၍
ထအံ့ဟု
အမှတ်သညာကို
နှလုံးသွင်းလျက်မြတ်သောအိပ်ခြင်းကို
ပြုတော်မူ၏။
၂၃။
ထိုအခါ
အသျှင်အာနန္ဒာသည်
မဟာနာမ်သာကီဝင်မင်းသားကို
မိန့်တော်မူ၏-
မဟာနာမ် ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည်
သီလနှင့်ပြည့်စုံ၏၊
ဣန္ဒြေတို့၌
စောင့်စည်းအပ်သောတံခါးရှိ၏၊
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိ၏၊
နိုးကြားမှု၌
အားထုတ်၏၊
သူတော်ကောင်းတရားခုနစ်ပါးတို့နှင့်
ပြည့်စုံ၏၊
အထူးစင်ကြယ်သော
စိတ်၌
အပါအဝင်ဖြစ်ကုန်သော
မျက်မှောက်ကိုယ်၌ချမ်းချမ်းသာသာ
နေမှုဖြစ်ကုန်သော
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရသူ
မငြိုမငြင်ရသူ
မပင်မပန်းရသူဖြစ်၏။
၂၄။
မဟာနာမ်
အဘယ်သို့လျှင်
မြတ်စွာဘုရား၏
တပည့်သည်
သီလနှင့်ပြည့်စုံသနည်း-
မဟာနာမ်ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည်
သီလနှင့်ပြည့်စုံ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက်
နေ၏၊
အာစာရသီလ,
ဂေါစရသီလနှင့်
ပြည့်စုံ၏၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ကြောက်မက်ဖွယ်ဘေးဟု
ရှုလေ့ရှိသည်ဖြစ်၍
သိက္ခာပုဒ်တို့၌
ကောင်းစွာ
ဆောက်တည်၍ကျင့်၏၊
မဟာနာမ်
ဤသို့လျှင်
မြတ်စွာဘုရား၏
တပည့်သည်
သီလနှင့်ပြည့်စုံ၏။
(၁)
မဟာနာမ်
အဘယ်သို့လျှင်
မြတ်စွာဘုရား၏
တပည့်ဖြစ်သူသည်
ဣန္ဒြေတို့၌
စောင့်စည်းအပ်သောတံခါးရှိသနည်း-
မဟာနာမ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည်
မျက်စိဖြင့်
အဆင်း'ရူပါရုံ'ကို
မြင်သော်
(မိန်းမယောက်ျားစသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့ မရှိ၊
(လက်
ခြေစသောအင်္ဂါ,
ပြုံးဟန်
ရယ်ဟန်စသော
အမူအရာ)
အမှတ်လက္ခဏာကို
စွဲယူလေ့
မရှိ၊ (အကယ်၍)
စက္ခုန္ဒြေကိုမစောင့်စည်းဘဲနေလျှင်
ယင်း
(စက္ခုန္ဒြေကို
မစောင့်စည်းခြင်းဟူသော)
အကြောင်းကြောင့်
မက်မောခြင်း
'အဘိဇ္ဈာ'
နှလုံးမသာခြင်း
'ဒေါမနဿ'
ဟူသော
ယုတ်ညံ့သော
အကုသိုလ်တရားတို့သည်ထိုမစောင့်စည်း
သူကို
လိုက်၍နှိပ်စက်ကုန်ရာ၏၊
ထို့ကြောင့်
ထိုမြတ်စွာဘုရား၏
တပည့်သည်ထိုစက္ခုန္ဒြေကို
စောင့်စည်း
ခြင်းငှါ
ကျင့်၏၊
စက္ခုန္ဒြေကို
စောင့်စည်း၏၊
စက္ခုန္ဒြေ၌
စောင့်စည်းခြင်းသို့ရောက်၏။
နားဖြင့် အသံ
'သဒ္ဒါရုံ'ကို
ကြားသော်။ပ။
နှာခေါင်းဖြင့်
အနံ့
'ဂန္ဓာရုံ'
ကို
နမ်းသော်။ပ။
လျှာဖြင့်
အရသာ 'ရသာရုံ'
ကို
လျက်သော်။ပ။
ကိုယ်ဖြင့် အတွေ့အထိ
'ဖောဋ္ဌဗ္ဗာရုံ'
ကို
ထိသော်။ပ။ စိတ်ဖြင့်
သဘော
'ဓမ္မာရုံ'
ကို သိသော်
(မိန်းမ ယောက်ျားစသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့
မရှိ၊ (လက် ခြေစသော
အင်္ဂါ,
ပြုံးဟန်
ရယ်ဟန်စသော
အမူအရာ)
အမှတ်လက္ခဏာကို
စွဲယူလေ့မရှိ၊
(အကယ်၍) မနိန္ဒြေကို
မစောင့်စည်းဘဲ
နေလျှင် ယင်း
(မနိန္ဒြေကို
မစောင့်စည်းခြင်းဟူသော)
အကြောင်းကြောင့်
မက်မောခြင်း
'အဘိဇ္ဈာ'
နှလုံး မသာခြင်း
'ဒေါမနဿ'
ဟူသော
ယုတ်ညံ့သောအကုသိုလ်တရားတို့သည်
ထိုမစောင့်စည်းသူကို
လိုက်၍
နှိပ်စက်ကုန်
ရာ၏၊
(ထို့ကြောင့်ထိုမြတ်စွာဘုရား၏
တပည့်သည်)
ထိုမနိန္ဒြေကို
စောင့်စည်းခြင်းငှါ
ကျင့်၏၊
မနိန္ဒြေကို
စောင့်စည်း၏၊
မနိန္ဒြေ၌
စောင့်စည်းခြင်းသို့
ရောက်၏။ မဟာနာမ်
ဤသို့လျှင်
မြတ်စွာဘုရား၏
တပည့်ဖြစ်သူသည်ဣန္ဒြေတို့၌
စောင့်စည်းအပ်သော
တံခါးရှိ၏။
(၂)
မဟာနာမ်
အဘယ်သို့လျှင်
မြတ်စွာဘုရား၏
တပည့်သည်
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိသနည်း-မဟာနာမ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည်
သင့်လျော်သော
အကြောင်း
အားဖြင့်ဆင်ခြင်၍
အာဟာရကို
သုံးဆောင်၏။
မြူးထူးရန် မဟုတ်၊
မာန်ယစ်ရန်
မဟုတ်၊ (အသား)
ပြည့်ဖြိုးရန်မဟုတ်၊
(အရေအဆင်း)
ကြည်လင်ရန်
မဟုတ်။ ဤကိုယ်သည်
တည်တံ့ရန်မျှသာ
မျှတရန်မျှသာဆာလောင်မွတ်သိပ်ခြင်းကို
ပယ်ဖျောက်ရန်မျှသာ
မြတ်သောအကျင့်ကို
အားထုတ်ရန်မျှသာ
အာဟာရကိုသုံးဆောင်၏၊
ဤသို့
မှီဝဲခြင်းဖြင့်
ဝေဒနာဟောင်းကိုလည်း
ပယ်ဖျောက်အံ့၊
ဝေဒနာသစ်ကို
လည်းမဖြစ်စေအံ့၊
ငါ့အား
မျှတခြင်းသည်လည်းကောင်း၊
အပြစ်မရှိခြင်းသည်လည်းကောင်း၊
ချမ်းသာစွာနေရခြင်းသည်လည်းကောင်း
ဖြစ်လတ္တံ့ဟု
(ဆင်ခြင်၍)
အာဟာရကို
သုံးဆောင်၏။
မဟာနာမ်
ဤသိုု့လျှင်
မြတ်စွာဘုရား၏
တပည့်သည်
ဘောဇဉ်၌ အတိုင်းအရှည်ကို
သိ၏။ (၃)
မဟာနာမ်
အဘယ်သို့လျှင်
မြတ်စွာဘုရား၏
တပည့်သည်
နိုးကြားခြင်းကို
အားထုတ်သနည်း-မဟာနာမ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည် နေ့အခါ၌
စင်္ကြံသွားခြင်း
ထိုင်ခြင်းဖြင့်ကုသိုလ်တရားတို့ကို
ပိတ်ပင်တတ်သော
နီဝရဏတရားတို့မှ
စိတ်ကို
သုတ်သင်၏၊
ညဉ့်ဦးယံ၌
စင်္ကြံသွားခြင်း
ထိုင်ခြင်းဖြင့်
ကုသိုလ်တရားတို့ကို
ပိတ်ပင်တတ်သော
နီဝရဏတရားတို့မှ
စိတ်ကို
သုတ်သင်၏၊ သန်းခေါင်ယံ၌
လက်ယာနံတောင်းဖြင့်
(လက်ယာ) ခြေ၌
(လက်ဝဲ)
ခြေကို
စဉ်းငယ်လွန်ကာ
တင်ထား၍သတိ,
ဆင်ခြင်ဉာဏ်နှင့်
ပြည့်စုံသည်ဖြစ်၍
ထအံ့ဟု
အမှတ်သညာကို
နှလုံးသွင်းလျက်
မြတ်သောအိပ်ခြင်းကို
ပြု၏၊
မိုးသောက်ယံ၌
စောစောထ၍
စင်္ကြံသွားခြင်း
ထိုင်ခြင်းဖြင့်
ကုသိုလ်တရားတို့ကိုပိတ်ပင်တတ်သော
နီဝရဏတရားတို့မှ
စိတ်ကို သုတ်သင်၏၊
မဟာနာမ်
ဤသိုု့လျှင်
မြတ်စွာဘုရား၏တပည့်သည်
နိုးကြားခြင်းကို
အားထုတ်၏။ (၄)
၂၅။
မဟာနာမ်
အဘယ်သို့လျှင်
မြတ်စွာဘုရား၏
တပည့်သည်
သူတော်ကောင်းတရားခုနစ်ပါး
တို့နှင့်ပြည့်စုံသနည်း-
မဟာနာမ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည်-
(၁)
ယုံကြည်မှု
'သဒ္ဓါ'
တရားနှင့်
ပြည့်စုံ၏၊ ''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်း
ကြောင့်လည်း
'အရဟံ' မည်တော်မူ၏၊
(အလုံးစုံသောတရားတိုု့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်း
'သမ္မာသမ္ဗုဒ္ဓ'
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'အကျင့်
'စရဏ' နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
'ဝိဇ္ဇာစရဏသမ္ပန္န'
မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
'သုဂတ'
မည်တော်မူ၏၊
လောကကို
သိတော်မူ သော
အကြောင်းကြောင့်လည်း
'လောကဝိဒူ'
မည်တော်မူ၏၊
ဆုံးမထိုက်သူကိုဆုံးမတတ်သည့်
အတုမဲ့
လွန်မြတ်သော
ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
'အနုတ္တရောပုရိသဒမ္မသာရထိ'
မည်တော် မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း'သတ္ထာ
ဒေဝမနုဿာနံ'
မည်တော်မူ၏ (သစ္စာလေးပါးတရားတို့ကို)
ကိုယ်တိုင်သိ၍
သူတစ်ပါးတို့ကိုလည်းသိစေတော်မူသော
အကြောင်းကြောင့်
လည်း
'ဗုဒ္ဓ'မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း
'ဘဂဝါ'မည်တော်မူ၏''ဟု
မြတ်စွာဘုရား၏
ဗောဓိဉာဏ်ကို
ယုံကြည်၏။
(၂)
ရှက်တတ်သူဖြစ်၏၊
ကာယဒုစရိုက်ကိုလည်းကောင်း၊
ဝစီဒုစရိုက်ကိုလည်းကောင်း၊
မနောဒုစရိုက်ကိုလည်းကောင်း
ရှက်တတ်၏၊
ယုတ်ညံ့သော
အကုသိုလ်တရားတို့သို့
ရောက်ခြင်းမှရှက်တတ်၏။
(၃)
ကြောက်လန့်တတ်သူ
ဖြစ်၏၊
ကာယဒုစရိုက်ကိုလည်းကောင်း၊
ဝစီဒုစရိုက်ကိုလည်းကောင်း၊
မနောဒုစရိုက်ကိုလည်းကောင်း
ကြောက်လန့်တတ်၏၊
ယုတ်ညံ့သောအကုသိုလ်တရားတို့သို့
ရောက်ခြင်းမှ
ကြောက်လန့်တတ်၏။
(၄)
အကြား
အမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
စုဆောင်း၏၊
အစ၏ကောင်းခြင်း
အလယ်၏
ကောင်းခြင်း
အဆုံး၏ကောင်းခြင်း
ရှိကုန်သော
အနက်,
သဒ္ဒါနှင့်
ပြည့်စုံသည်ဖြစ်၍
ထက်ဝန်းကျင်
ပြည့်စုံလျက်
စင်ကြယ်သော
မြတ်သောအကျင့်ကို
ပြတတ်ကုန်သော
တရားတို့ကိုများစွာကြားနာဖူးကုန်၏၊
နှုတ်ဖြင့်
ဆောင်ဖူးကုန်၏၊
လေ့ကျက်ဖူးကုန်၏၊
စိတ်ဖြင့်
ဆင်ခြင်ဖူးကုန်၏၊
ပညာဖြင့်
ထိုးထွင်း၍
သိဖူးကုန်၏။
(၅)
အကုသိုလ်
တရားတို့ကို
ပယ်ဖျောက်ခြင်းငှါ
ကုသိုလ်တရားတို့ကို
ပြည့်စုံစေခြင်းငှါ
လုံ့လအားထုတ်သည်ဖြစ်၍
နေ၏၊
ကုသိုလ်တရားတို့၌
အားထုတ်နိုင်စွမ်း၏၊
မြဲမြံသော
လုံ့လရှိ၏၊
ဝန်ကိုမချထား။
(၆)
အောက်မေ့ခြင်း
သတိရှိ၏၊
မြတ်သော
ရင့်ကျက်သည့်
သတိနှင့်
ပြည့်စုံ၏၊
ကြာမြင့်စွာကပြုလုပ်ပြောဆိုဖူးသည်ကိုလည်း
အောက်မေ့နိုင်၏၊
အဖန်ဖန်
အောက်မေ့နိုင်၏။
(၇)
ပညာရှိ၏၊
ဖြစ် ပျက်ကို
သိစွမ်းနိုင်သော,
မြတ်သော,
ဖောက်ထွင်းနိုင်သော,
ဒုက္ခကင်းရာနိဗ္ဗာန်သို့
ကောင်းစွာ ရောက်စေတတ်သော
ပညာနှင့်
ပြည့်စုံ၏၊
မဟာနာမ်
ဤသို့လျှင်
မြတ်စွာဘုရား၏တပည့်သည်
သူတော်ကောင်းတရား
ခုနစ်ပါးတို့နှင့်
ပြည့်စုံ၏။
(၅-၁၁)
၂၆။
မဟာနာမ်
အဘယ်သို့လျှင်
မြတ်စွာဘုရား၏
တပည့်သည် အထူးစင်ကြယ်သောစိတ်၌
အပါ
အဝင်ဖြစ်ကုန်သော
မျက်မှောက်ကိုယ်၌
ချမ်းချမ်းသာသာ
နေမှုဖြစ်ကုန်သော
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရသူ
မငြိုမငြင်ရသူ
မပင်မပန်းရသူ
ဖြစ်သနည်း -
မဟာနာမ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍နေ၏။
ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကို
ကြည်လင်စေတတ်သော။ပ။
ဒုတိယဈာန်သို့
ရောက်၍နေ၏။
နှစ်သိမ့်ခြင်း
'ပီတိ'
ကိုလည်း
မတပ်မက်ခြင်းကြောင့်။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
ချမ်းသာ
ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊
ရှေးဦးကပင်လျှင်ဝမ်းသာခြင်း
နှလုံးမသာခြင်းတို့၏
ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍နေ၏။
မဟာနာမ်
ဤသို့လျှင်
မြတ်စွာဘုရား၏
တပည့်သည် အထူးစင်ကြယ်သောစိတ်၌
အပါအဝင်ဖြစ်ကုန်သောမျက်မှောက်ကိုယ်၌
ချမ်းချမ်းသာသာ
နေမှုဖြစ်ကုန်သော
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရသူ
မငြိုမငြင်ရသူ
မပင်မပန်းရသူ
ဖြစ်၏။ (၁၂-၁၅)
၂၇။
မဟာနာမ်
အကြင့်ကြောင့်
မြတ်စွာဘုရား၏
တပည့်သည်
ဤသို့
သီလနှင့်
ပြည့်စုံ၏၊
ဤသို့ဣန္ဒြေတို့၌
စောင့်စည်းအပ်သော
တံခါးရှိ၏၊
ဤသို့
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိ၏၊ ဤသို့နိုးကြား
မှု၌
အားထုတ်၏၊
ဤသို့ သူတော်ကောင်းတရားခုနစ်ပါးတို့နှင့်
ပြည့်စုံ၏၊
ဤသို့အထူးစင်ကြယ်သော
စိတ်၌
အပါအဝင်ဖြစ်ကုန်သော
မျက်မှောက်ကိုယ်၌
ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော
ဈာန်လေးပါး
တို့ကို အလိုရှိတိုင်းရသူ
မငြိုမငြင်ရသူ
မပင်မပန်းရသူ
ဖြစ်၏။
မဟာနာမ်
(ထို့ကြောင့်)
ဤမြတ်စွာ
ဘုရား၏
တပည့်ကို
''သေခအကျင့်မြတ်နှင့်
ပြည့်စုံသောသူ''ဟူ၍ဆိုရ၏။
မပုပ်သော
ဥကဲ့သို့
ကိလေသာ
တို့ဖြင့်
ပုပ်ခြင်းမရှိသော
ဝိပဿနာဉာဏ်နှင့်
ပြည့်စုံသည်ဖြစ်၍အဝိဇ္ဇာတည်းဟူသော
ဥခွံကို
ဖောက်ခွဲခြင်း
ငှါ ထိုက်၏၊
သစ္စာလေးပါးကို
ထိုးထွင်း၍
သိခြင်းငှါထိုက်၏၊
အတုမဲ့
ယောဂကုန်ရာ
နိဗ္ဗာန်ကို
ရခြင်းငှါ
ထိုက်၏။ မဟာနာမ်
ကြက်မ၌ရှစ်လုံးသော်လည်းကောင်း၊
ဆယ်လုံးသော်လည်းကောင်း၊
တစ်ဆယ့်နှစ်လုံး
သော်လည်းကောင်း
ဥတို့သည်ရှိကုန်ရာ၏၊
ထိုဥတို့ကို
ကြက်မသည်
ကောင်းစွာ ဝပ်အပ်ကုန်၏၊
ထက်ဝန်းကျင်မှ
ကောင်းစွာအငွေ့ပေးအပ်ကုန်၏၊
ထက်ဝန်းကျင်မှ
ကောင်းစွာ
(ကြက်နံ့ကို)
ထုံစေအပ်
ကုန်၏၊
ထိုကြက်မအား''ကြက်ငယ်တို့သည်
ခြေသည်းဖျား
နှုတ်သည်းဖျားဖြင့်
ဥခွံကို
ဖောက်ခွဲ၍
ချမ်းသာစွာထွက်မြောက်ပေါက်ဖွားလာကြပါကုန်မူကား
ကောင်းလေစွ''ဟု
ဤသို့သော အလိုဆန္ဒသည်မရှိငြားသော်လည်း
အမှန်အားဖြင့်
ထိုကြက်ငယ်တို့သည်
ခြေသည်းဖျား
နှုတ်သည်းဖျားဖြင့်
ဥခွံကိုဖောက်ခွဲ၍
ချမ်းသာစွာ
ထွက်မြောက်ပေါက်ဖွားခြင်းငှါ
ထိုက်ကြကုန်သကဲ့သို့
မဟာနာမ်
ဤအတူသာလျှင်အကြင့်ကြောင့်
မြတ်စွာဘုရား၏
တပည့်သည်
ဤသို့
သီလနှင့်
ပြည့်စုံ၏၊
ဤသို့ ဣန္ဒြေတို့၌စောင့်စည်း
အပ်သော
တံခါးရှိ၏၊
ဤသို့
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိ၏၊ ဤသို့ နိုးကြားမှု၌အားထုတ်၏၊
ဤသို့
သူတော်ကောင်းတရားခုနစ်ပါးနှင့်
ပြည့်စုံ၏၊
ဤသို့
အထူးစင်ကြယ်သောစိတ်၌အပါအဝင်ဖြစ်
ကုန်သော
မျက်မှောက်ကိုယ်၌
ချမ်းချမ်းသာသာ
နေမှုဖြစ်ကုန်သော
ဈာန်လေးပါးတို့ကိုအလိုရှိတိုင်းရသူ
မငြိုမငြင်ရသူ
မပင်မပန်းရသူ
ဖြစ်၏။
မဟာနာမ်
(ထို့ကြောင့်)
ဤမြတ်စွာဘုရား၏တပည့်ကို
''သေခ
အကျင့်မြတ်နှင့်
ပြည့်စုံသောသူ''
ဟူ၍ ဆိုရ၏။
မပုပ်သောဥကဲ့သို့
ကိလေသာတို့ဖြင့်ပုပ်ခြင်းမရှိသော
ဝိပဿနာဉာဏ်နှင့်
ပြည့်စုံသည်ဖြစ်၍
အဝိဇ္ဇာတည်းဟူသော
ဥခွံကို ဖောက်ခွဲခြင်းငှါထိုက်၏၊
သစ္စာ
လေးပါးကို ထိုးထွင်း၍
သိခြင်းငှါ
ထိုက်၏၊
အတုမဲ့ ယောဂကုန်ရာ
နိဗ္ဗာန်ကို
ရခြင်းငှါထိုက်၏။
၂၈။
မဟာနာမ်
ထိုမြတ်စွာဘုရား၏
တပည့်သည်
အတုမဲ့သော
ဥပေက္ခာကြောင့်ဖြစ်သည့်
ဤ
သတိ၏စင်ကြယ်ခြင်း
(စတုတ္ထဈာန်သမာဓိ)
ကိုသာလျှင်
အစွဲပြု၍
များပြားသော
ရှေး၌ဖြစ်ဖူးသောဘဝကိုအောက်မေ့နိုင်၏။
ဤသည်တို့ကား
အဘယ်နည်း-
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များပြားသော
ရှေး၌ဖြစ်ဖူးသော
ဘဝကို
အောက်မေ့နိုင်၏။
ဤ (ပုဗ္ဗေ နိဝါသာနုဿတိဉာဏ်)
သည်ကား
ကြက်ငယ်သည်
ဥခွံအတွင်းမှ
ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့
(အဝိဇ္ဇာဥခွံမှ)
ထိုသူ၏
ရှေးဦးစွာ
(ပဌမ) ဖောက်ခွဲထွက်ပေါ်လာခြင်း
ဖြစ်၏။ (၁)
မဟာနာမ်
ထိုမြတ်စွာဘုရား၏
တပည့်သည်
အတုမဲ့သော
ဥပေက္ခာကြောင့်ဖြစ်သည့်
ဤသတိ၏စင်ကြယ်ခြင်း
(စတုတ္ထဈာန်သမာဓိ)
ကိုသာလျှင်
အစွဲပြု၍
အထူးသဖြင့်
စင်ကြယ်သော လူတို့၏မျက်စိထက်
သာလွန်သော
နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသော
သတ္တဝါတို့ကို
မြင်၏။ပ။
ကံအားလျော်စွာ
ဖြစ်သောသတ္တဝါတို့ကို
သိ၏။ ဤ
(ဒိဗ္ဗစက္ခုဉာဏ်)
သည်ကား
ကြက်ငယ်သည်
ဥခွံတွင်းမှ
ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့
(အဝိဇ္ဇာဥခွံမှ)
ထိုသူ၏ နှစ်ကြိမ်မြောက်
(ဒုတိယ) ဖောက်ခွဲထွက်ပေါ်လာခြင်း
ဖြစ်၏။ (၂)
မဟာနာမ်
ထိုမြတ်စွာဘုရား၏
တပည့်သည်
အတုမဲ့သော
ဥပေက္ခာကြောင့်ဖြစ်သည့်
ဤသတိ၏စင်ကြယ်ခြင်း
(စတုတ္ထဈာန်သမာဓိ)
ကိုသာလျှင်
အစွဲပြု၍
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်အာသဝေါ
ကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို ယခု
ဘဝ၌ပင်လျှင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။ ဤ
(အာသဝက္ခယ
ဉာဏ်) သည်ကား
ကြက်ငယ်သည်
ဥခွံအတွင်းမှ
ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့
(အဝိဇ္ဇာဥခွံမှ)
ထိုသူ၏
သုံးကြိမ်မြောက်
(တတိယ)
ဖောက်ခွဲထွက်ပေါ်လာခြင်း
ဖြစ်၏။ (၃)
၂၉။ မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်
သီလနှင့်
ပြည့်စုံ၏၊ ဤ
(သီလနှင့်)
ပြည့်စုံခြင်းသည်လည်း
ထိုသူ၏
(နိဗ္ဗာန်ရောက်ကြောင်း)
စရဏတည်း။
မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်ဣန္ဒြေတို့၌
စောင့်စည်းအပ်သော
တံခါးရှိ၏၊ ဤ
(ဣန္ဒြေတို့ကို
စောင့်စည်းခြင်း)
သည်လည်း ထိုသူ၏
(နိဗ္ဗာန်ရောက်ကြောင်း)
စရဏတည်း။
မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိ၏၊ ဤ
(ဘောဇဉ်၌
အတိုင်းအရှည်ကို
သိခြင်း)
သည်လည်း
ထိုသူ၏
(နိဗ္ဗာန်ရောက်ကြောင်း)
စရဏတည်း။
မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်
နိုးကြားမှု၌
အားထုတ်၏၊ ဤ
(နိုးကြားမှု၌အားထုတ်ခြင်း)
သည်လည်း ထိုသူ၏
(နိဗ္ဗာန်ရောက်ကြောင်း)
စရဏတည်း။
မဟာနာမ်
မြတ်စွာဘုရား၏တပည့်သည်
သူတော်ကောင်းတရားခုနစ်ပါးတို့နှင့်
ပြည့်စုံ၏၊ ဤ
(သူတော်ကောင်းတရားခုနစ်ပါးတို့နှင့်ပြည့်စုံခြင်း)
သည်လည်း
ထိုသူ၏
(နိဗ္ဗာန်ရောက်ကြောင်း)
စရဏတည်း။
မဟာနာမ်
မြတ်စွာဘုရား၏တပည့်သည်
အထူးစင်ကြယ်သောစိတ်၌
အပါအဝင်ဖြစ်ကုန်သော
မျက်မှောက်ကိုယ်၌
ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော
ဈာန်လေးပါတို့ကို
အလိုရှိတိုင်းရသူ
မငြိုမငြင်ရသူ
မပင်မပန်းရသူ
ဖြစ်၏၊
(ဤဈာန်လေးပါးရခြင်း)
သည်လည်း
ထိုသူ၏
(နိဗ္ဗာန်ရောက်ကြောင်း)
စရဏတည်း။
မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်
များပြားသော
ရှေး၌ဖြစ်ဖူးသော
ဘဝကို
အောက်မေ့၏။
ဤသည်တို့ကား
အဘယ်နည်း-
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များပြားသော
ရှေး၌ဖြစ်ဖူးသော
ဘဝကိုအောက်မေ့၏။
ဤ
(ပုဗ္ဗေနိဝါသာနုဿတိဉာဏ်)
သည်လည်း
ထိုသူ၏ ဝိဇ္ဇာဖြစ်၏။
မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်သာလွန်သော
နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့် သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသော
သတ္တဝါတို့ကို
မြင်၏။ပ။
ကံအားလျော်စွာ
ဖြစ်သော
သတ္တဝါတို့ကိုသိ၏၊
ဤ
(ဒိဗ္ဗစက္ခုဉာဏ်)
သည်လည်း
ထိုသူ၏
ဝိဇ္ဇာဖြစ်၏။
မဟာနာမ်
မြတ်စွာဘုရား၏
တပည့်သည်
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါကင်း သောလွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့် လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်လျှင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။ ဤ
(အာသဝက္ခယဉာဏ်)
သည်လည်း
ထိုသူ၏
ဝိဇ္ဇာဖြစ်၏။
မဟာနာမ်
ဤသို့သဘောရှိသော
မြတ်စွာဘုရား၏
တပည့်ကို
ဝိဇ္ဇာနှင့်ပြည့်စုံသောသူဟူ၍လည်း
ကောင်း၊
စရဏနှင့်ပြည့်စုံသော
သူဟူ၍လည်းကောင်း၊
ဝိဇ္ဇာစရဏနှင့်ပြည့်စုံသော
သူဟူ၍လည်းကောင်း
ဆိုရ၏။
၃၀။
မဟာနာမ်
သနင်္ကုမာရဗြဟ္မာသည်လည်း
ဤဂါထာကို
ဆို၏-
လူအပေါင်း၌
အကြင်သူတို့သည်
အမျိုးအနွယ်ကို
အားကိုးလေ့ရှိကုန်၏၊
(ထိုသူ
တို့တွင်) မင်းမျိုးသည်မြတ်၏၊
နတ်လူအပေါင်း၌
(အကြင်သူသည်)
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့် ပြည့်စုံ၏၊
ထိုသူသည်
မြတ်၏ဟု
(ဆို၏)။
မဟာနာမ်
သနင်္ကုမာရဗြဟ္မာသည်
ထိုဂါထာကို
ကောင်းစွာ
သီဆိုပေ၏၊
မကောင်းသဖြင့်
သီဆိုသည်မဟုတ်ပေ။
ကောင်းစွာ
ရွတ်ဆိုပေ၏၊
မကောင်းသဖြင့်
ရွတ်ဆိုသည်
မဟုတ်ပေ။
အကျိုးနှင့်
စပ်ပေ၏၊
အကျိုးနှင့်
မစပ်သည်
မဟုတ်ပေ။
မြတ်စွာဘုရားသည်
သဘောတူတော်မူ၏ဟု
(ဆို၏)။
ထိုအခါ
မြတ်စွာဘုရားသည်
ထတော်မူ၍
အသျှင်အာနန္ဒာအား
''အာနန္ဒာ
ကောင်းပေစွ၊
ကောင်း ပေစွ၊
အာနန္ဒာ
သင်သည်
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့အား
သေက္ခပုဂ္ဂိုလ်တို့၏
အကျင့်
ကိုကောင်းစွာသာလျှင်
ဟောကြားပေ၏''ဟု
မိန့်တော်မူ၏။
အသျှင်အာနန္ဒာသည်
ဤတရားစကားကို
ဟောတော်မူ၏၊
မြတ်စွာဘုရားသည်လည်း
ခွင့်ပြုတော်မူ၏၊
ကပိလဝတ်ပြည်သား
သာကီဝင်မင်းသားတို့သည်
အသျှင်အာနန္ဒာဟောသော
တရားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
သုံးခုမြောက်
သေခသုတ်
ပြီး၏။
------
၄-ပေါတလိယသုတ်
၃၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
(မဟီမြစ်၏
မြောက်ဘက်)
အင်္ဂတိုင်း
အာပဏနိဂုံး၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကိုယူလျက်
အာပဏနိဂုံးသို့
ဆွမ်းအလို့ငှါ
ဝင်တော်မူ၏၊
အာပဏနိဂုံး၌
ဆွမ်းအလို့ငှါ
လှည့်လည်ပြီး၍ဆွမ်းခံရွာမှ
ဖဲခဲ့ပြီးနောက်
တစ်ခုသော
တောအုပ်သို့
နေ့သန့်စင်ရန်
ချဉ်းကပ်၏၊
ထိုတောအုပ်သို့
သက်ဝင်၍
တစ်ခုသော သစ်ပင်ရင်း၌
နေ့သန့်စင်ရန်
ထိုင်တော်မူ၏။
ပေါတလိယသူကြွယ်သည်လည်း
ပြည့်စုံသော
အဝတ်အရုံရှိသည်ဖြစ်၍
ထီးဆောင်းကာ
ဖိနပ်စီးလျက်အညောင်းပြေ
လမ်းလျှောက်လှည့်လည်သော်
တောအုပ်ဆီသို့
ချဉ်းကပ်ပြီးလျှင်
တောအုပ်အတွင်းသို့သက်ဝင်၍
မြတ်စွာဘုရားထံသို့
ချဉ်းကပ်လျက်
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို ပြောဆိုပြီးဆုံးစေပြီးနောက်
တစ်ခုသောနေရာ၌
ရပ်တည်၏၊
တစ်ခုသော
နေရာ၌
ရပ်နေသော ပေါတလိယသူကြွယ်အား
မြတ်စွာဘုရားသည်''သူကြွယ်
နေရာတို့သည်
များစွာရှိကုန်၏၊
အလိုရှိမူ
ထိုင်လော့''ဟု
မိန့်တော်မူ၏။
ဤသို့
မိန့်တော်မူသော်
ပေါတလိယသူကြွယ်သည်
''ရဟန်းဂေါတမသည်
ငါ့ကို
သူကြွယ်ဟူသောအခေါ်အဝေါ်ဖြင့်
ခေါ်ဝေါ်ပြောဆိုဘိသည်''ဟု
အမျက်ထွက်လျက်
နှလုံးမသာသည်ဖြစ်၍
(စကားမပြောဘဲ)
ဆိတ်ဆိတ်နေ၏။
နှစ်ကြိမ်မြောက်လည်း
မြတ်စွာဘုရားသည်။ပ။
သုံးကြိမ်မြောက်လည်း
မြတ်စွာဘုရားသည်ပေါတလိယသူကြွယ်ကို
''သူကြွယ်
နေရာတို့သည်
များစွာရှိကုန်၏၊
အလိုရှိမူ
ထိုင်လော့''ဟု
မိန့်တော်မူ၏။
ဤသို့
မိန့်တော်မူသော်
ပေါတလိယသူကြွယ်သည်
''ရဟန်းဂေါတမသည်
ငါ့ကို သူကြွယ်ဟူသောအခေါ်အဝေါ်ဖြင့်
ခေါ်ဝေါ်ပြောဆိုဘိသည်''ဟု
အမျက်ထွက်လျက်
နှလုံးမသာသည်ဖြစ်၍
မြတ်စွာဘုရားအား-
''အသျှင်ဂေါတမ
အသျှင်ဂေါတမသည်
အကျွန်ုပ်ကို
သူကြွယ်ဟူသော
အခေါ်အဝေါ်ဖြင့်
ခေါ်ဝေါ်ပြောဆိုခြင်းသည်
မသင့်တင့်
မလျောက်ပတ်ပါ''ဟု
လျှောက်၏။
သူကြွယ်
သင်၏ အမူအရာ
အသွင်အပြင်
ပုံပန်းတို့သည်
သူကြွယ်ကဲ့သို့ပင်
ဖြစ်ပေသည်ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
အကျွန်ုပ်သည်
ခပ်သိမ်းသော
လူမှုကိစ္စတို့ကို
ပယ်ထားပြီးပြီ၊
ခပ်သိမ်းသောလူ့အသုံး
အနှုန်းတို့ကို
ဖြတ်တောက်ထားပြီးပါပြီဟု
(လျှောက်၏)။
သူကြွယ်
အဘယ်သို့လျှင်
သင်သည်
ခပ်သိမ်းသော
လူမှုကိစ္စတို့ကို
ပယ်ထားသနည်း၊
အဘယ်သို့လျှင်
ခပ်သိမ်းသော
လူ့အသုံးအနှုန်းတို့ကို
ဖြတ်တောက်ထားသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကျွန်ုပ်မှာရှိသော
ဥစ္စာ စပါး
ငွေ
ရွှေအားလုံးကို
သားသမီးတို့အား
အမွေပေးထားပြီးပြီ၊
ထိုဥစ္စာစု၌
အကျွန်ုပ်သည်
ဆုံးမခြင်းမရှိ
ပြစ်တင်ပြောဆိုခြင်း
မရှိဘဲ
စားလောက်ရုံ
ဝတ်လောက်ရုံမျှအတိုင်းအရှည်ဖြင့်သာ
နေပါ၏။
အသျှင်ဂေါတမ
ဤသို့လျှင်
အကျွန်ုပ်သည်
ခပ်သိမ်းသော
လူမှုကိစ္စတို့ကို
ပယ်ထားပြီးပါပြီ၊
လူ့အသုံးအနှုန်းတို့ကို
ဖြတ်တောက်ထားပြီးပါပြီဟု
(လျှောက်၏)။
သူကြွယ်
သင်ကား
လူ့အသုံးအနှုန်းဖြတ်တောက်ပုံကို
တစ်မျိုးအားဖြင့်
ပြောဆို၏၊
(ငါ)
ဘုရားအဆုံးအမ၌ကား
လူ့အသုံးအနှုန်း
ဖြတ်တောက်ပုံသည်
တစ်မျိုးဖြစ်၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရားအဘယ်သို့လျှင်
မြတ်စွာဘုရား
အဆုံးအမ၌
လူ့အသုံးအနှုန်း
ဖြတ်တောက်ပုံ
ဖြစ်ပါသနည်း၊
တောင်းပန်ပါသည်
မြတ်စွာဘုရား၊
မြတ်စွာဘုရား၏
အဆုံးအမတော်၌
လူ့အသုံးအနှုန်း
ဖြတ်တောက်မှု
ဖြစ်ပုံတရားတော်ကို
အကျွန်ုပ်အား
ဟောကြားတော်မူပါဟု
(လျှောက်၏)။
သူကြွယ်
သို့ဖြစ်လျှင်
နားထောင်လော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''ကောင်းပါပြီ
မြတ်စွာဘုရား''ဟု
ပေါတလိယသူကြွယ်သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်
ထား၏။
၃၂။
မြတ်စွာဘုရားသည်
ဤဆိုလတ္တံ့သော
တရားတော်ကို
ဟောတော်မူ၏-
သူကြွယ်
မြတ်စွာဘုရား၏
အဆုံးအမ၌
ရှစ်ပါးသော
ဤတရားတို့သည်
လူ့အသုံးအနှုန်းဖြတ်ခြင်းငှါ
ဖြစ်ကုန်၏။
အဘယ်ရှစ်ပါးတို့နည်း
ဟူမူ-
အသက်မသတ်ခြင်းကို
မှီ၍
အသက်သတ်ခြင်းကို
ပယ်ရမည် (၁)။
ပေးသောဥစ္စာယူခြင်းကို
မှီ၍ မပေးသောဥစ္စာယူခြင်းကို
ပယ်ရမည် (၂)။
မှန်ကန်သောစကားကို
မှီ၍
မမှန်ကန်သောစကားကို
ပယ်ရမည် (၃)။
ကုန်းမတိုက်သောစကားကို
မှီ၍
ကုန်းတိုက်သောစကားကို
ပယ်ရမည် (၄)။
မတပ်မက်မလိုချင်မှုကို
မှီ၍
တပ်မက်လိုချင်မှုကို
ပယ်ရမည် (၅)။
မကဲ့ရဲ့မခြုတ်ခြယ်ခြင်းကို
မှီ၍ ကဲ့ရဲ့ခြုတ်ခြယ်ခြင်းကို
ပယ်ရမည် (၆)။
အမျက်မထွက်ခြင်း
မပင်ပန်းခြင်းကို
မှီ၍ အမျက်ထွက်ခြင်း
ပင်ပန်းခြင်းကို
ပယ်ရမည် (၇)။
လွန်စွာမာန်မမူခြင်းကို
မှီ၍
လွန်စွာမာန်မူခြင်းကို
ပယ်ရမည် (၈)။
သူကြွယ်
အကျဉ်းအားဖြင့်
ဟောကြား၍
အကျယ်အားဖြင့်
မဝေဖန်ရသေးသော
ဤတရားရှစ်ပါးတို့သည်
မြတ်စွာဘုရား
အဆုံးအမ၌
လူ့အသုံးအနှုန်း
ဖြတ်ခြင်းငှါ
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အကျဉ်းအားဖြင့်
ဟောကြား၍ အကျယ်အားဖြင့်
မဝေဖန်ရသေးသော
ဤတရားရှစ်ပါးတို့သည်
မြတ်စွာဘုရား
အဆုံးအမ၌
လူ့အသုံးအနှုန်း
ဖြတ်ခြင်းငှါ
ဖြစ်ကုန်၏၊
အသျှင်ဘုရားတောင်းပန်ပါ၏၊
မြတ်စွာဘုရားသည်
တပည့်တော်အား
အစဉ်သနားသည်ကို
အကြောင်းပြု၍
ဤတရားရှစ်ပါးတို့ကို
အကျယ်ချဲ့ကာ
ဝေဖန်တော်မူပါဟု
(လျှောက်၏)။
သူကြွယ်
ထိုသို့ဖြစ်လျှင်
နားထောင်လော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောပြပေအံ့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ပေါတလိယသူကြွယ်သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၏။
မြတ်စွာဘုရားသည်
ဤတရားတော်ကို
ဟောတော်မူ၏-
၃၃။
''အသက်မသတ်ခြင်းကို
မှီ၍
အသက်သတ်ခြင်းကို
ပယ်ရမည်''
ဟူသော
စကားကို
(ငါဘုရား)
ဟောထား၏၊
ထိုစကားကို
အဘယ်ကို
အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာတော်၌မြတ်စွာဘုရား၏
တပည့်သည်
ဤသို့ဆင်ခြင်၏-
ငါသည် အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏အကြောင်းကြောင့်
အသက်ကို
သတ်လေ့ရှိသူ
ဖြစ်ရာ၏၊ ငါသည်
ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကိုပယ်ခြင်း
အကြွင်းမဲ့ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍ ငါသည်
အသက်သတ်လေ့ရှိသူ
ဖြစ်အံ့၊
အသက်
သတ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏၊
အသက်သတ်ခြင်း
တည်း ဟူသော
အကြောင်းကြောင့်
ငါ့ကို
ပညာရှိ သူတော်ကောင်းတို့သည်လည်းဆင်ခြင်
နှိုင်းချိန်
စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏၊
အသက်သတ်ခြင်းတည်းဟူသော
အကြောင်းကြောင့်ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
မကောင်းသောလားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
့ဤအသက်သတ်ခြင်းသည်ပင်လျှင်
(အနှောင် အဖွဲ့)
သံယောဇဉ်ဖြစ်၏၊
ဤအသက်သတ်ခြင်းသည်ပင်လျှင်ပိတ်ပင်တားဆီးတတ်သော
နီဝရဏဖြစ်၏၊ အသက်သတ်ခြင်းတည်းဟူသော
အကြောင်းကြောင့်ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်
ခြင်းတရားတို့သည်
အသက်သတ်ခြင်းမှရှောင်ကြဉ်သောသူအား
မဖြစ်ပေါ်ကြကုန်။
''အသက်မသတ်ခြင်း
ကို မှီ၍
အသက်သတ်ခြင်းကိုပယ်ရမည်''
ဟူသော
ထိုစကားကို ဤ
(ဆိုခဲ့ပြီးသော)
အကြောင်းကို
စွဲ၍
ဟောထား၏။
၃၄။
''ပေးသောဥစ္စာယူခြင်းကို
မှီ၍ မပေးသောဥစ္စာယူခြင်းကို
ပယ်ရမည်''
ဟူသော
စကားကို (ငါဘုရား)
ဟောထား၏၊
ထိုစကားကို
အဘယ်ကို အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
ငါသည် အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏
အကြောင်းကြောင့်
မပေးသောဥစ္စာကို
ခိုးယူလေ့ရှိသူ
ဖြစ်ရာ၏၊
ငါသည်
(ထိုအနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်းငှါ
အကြွင်းမဲ့ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍
ငါသည်
မပေးသော
ဥစ္စာကို
ခိုးယူလေ့ရှိသူ
ဖြစ်အံ့၊
မပေးသော
ဥစ္စာကို
ခိုးယူခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏၊
မပေးသော
ဥစ္စာကို
ခိုးယူခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ပညာရှိ
သူတော်ကောင်းတို့သည်လည်း
ဆင်ခြင်နှိုင်းချိန်
စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏၊
မပေးသော
ဥစ္စာကို
ခိုးယူခြင်းတည်းဟူသော
အကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌ မကောင်းသောလားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
ဤမပေးသောဥစ္စာကို
ခိုးယူခြင်းသည်ပင်လျှင်
(အနှောင်အဖွဲ့)
သံယောဇဉ်ဖြစ်၏၊
ဤမပေးသော
ဥစ္စာကိုခိုးယူခြင်းသည်ပင်လျှင်
ပိတ်ပင်တားဆီးတတ်သော
နီဝရဏဖြစ်၏၊
မပေးသော
ဥစ္စာကို
ခိုးယူခြင်းတည်းဟူသော
အကြောင်းကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်
မပေးသော
ဥစ္စာကို
ခိုးယူခြင်းမှ
ရှောင်ကြဉ်သောသူအား
မဖြစ်ပေါ်ကြကုန်။
''ပေးသောဥစ္စာယူခြင်းကို
မှီ၍ မပေးသောဥစ္စာယူခြင်းကို
ပယ်ရမည်''
ဟူသော ထိုစကားကို
ဤ
(ဆိုခဲ့ပြီးသော)
အကြောင်းကိုအစွဲပြု၍
ဟောထား၏။
၃၅။
''မှန်ကန်သောစကားကို
မှီ၍
မမှန်ကန်သောစကားကို
ပယ်ရမည်''
ဟူသော
စကားကို
(ငါဘုရား) ဟောထား၏၊
ထိုစကားကို
အဘယ်ကို
အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာ
တော်၌မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
ငါသည် အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏အကြောင်းကြောင့်
မမှန်ကန်သော
စကားကို
ပြောဆိုလေ့ရှိသူ
ဖြစ်ရာ၏၊
ငါသည် ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်း
အကြွင်းမဲ့ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍
ငါသည်ပင်လျှင်
မမှန်ကန်သောစကားကို
ပြောဆိုလေ့ရှိသူ
ဖြစ်အံ့၊
မမှန်ကန်သောစကားကိုပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏၊
မမှန်ကန်သောစကားကို
ပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ပညာရှိ သူတော်ကောင်းတို့သည်လည်းဆင်ခြင်နှိုင်းချိန်
စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏။
မမှန်ကန်သောစကားကို
ပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
မကောင်းသောလားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
ဤမမှန်ကန်သောစကားကို
ပြောဆိုခြင်းသည်ပင်လျှင်
(အနှောင်အဖွဲ့)
သံယောဇဉ်ဖြစ်၏၊
ဤမမှန်ကန်သောစကားကိုပြောဆိုခြင်းသည်ပင်လျှင်
ပိတ်ပင်တားဆီးတတ်သော
နီဝရဏဖြစ်၏၊
မမှန်ကန်သောစကားကိုပြောဆိုခြင်းတည်းဟူသော
အကြောင်း
ကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်
မမှန်ကန်သောစကား
ကို
ပြောဆိုခြင်းမှ
ရှောင်ကြဉ်သောသူအားမဖြစ်ပေါ်နိုင်ကုန်။
''မှန်ကန်သောစကားကို
မှီ၍
မမှန်ကန်သော
စကားကို
ပယ်ရမည်''
ဟူသောထိုစကားကို
ဤ (ဆိုခဲ့ပြီးသော)
အကြောင်းကို
အစွဲပြု၍
ဟောထား၏။
၃၆။
''ကုန်းမတိုက်သောစကားကို
မှီ၍ ကုန်းတိုက်သောစကားကို
ပယ်ရမည်''
ဟူသော
စကားကို (ငါဘုရား)
ဟောထား၏၊
ထိုစကားကို
အဘယ်ကို
အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
ငါသည် အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏
အကြောင်းကြောင့်
ကုန်းတိုက်သောစကားကို
ဆိုသူဖြစ်ရာ၏၊
ငါသည် ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်း
အကြွင်းမဲ့ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍
ငါသည်
ကုန်းတိုက်သောစကားကို
ပြောဆိုသူ
ဖြစ်အံ့၊
ကုန်းတိုက်သောစကားကို
ပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏၊
ကုန်းတိုက်သောစကားကိုပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ပညာရှိ
သူတော်ကောင်းတို့သည်လည်း
ဆင်ခြင်နှိုင်းချိန်စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏။
ကုန်းတိုက်သောစကားကို
ပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
မကောင်းသောလားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
ဤကုန်းတိုက်သော
စကားသည်ပင်လျှင်
(အနှောင်အဖွဲ့)
သံယောဇဉ်
ဖြစ်၏၊
ဤကုန်းတိုက်သောစကားသည်ပင်လျှင်
ပိတ်ပင်တားဆီးတတ်သော
နီဝရဏဖြစ်၏။
ကုန်းတိုက်သောစကားကို
ပြောဆိုခြင်းတည်းဟူသော
အကြောင်းကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်
ကုန်းတိုက်သော
စကားမှ
ရှောင်ကြဉ်သူအား
မဖြစ်ပေါ်နိုင်ကုန်။
''ကုန်းမတိုက်သောစကားကို
မှီ၍ကုန်းတိုက်သောစကားကို
ပယ်ရမည်''
ဟူသော ထိုစကားကို
ဤ
(ဆိုခဲ့ပြီးသော)
အကြောင်းကို
အစွဲပြု၍ဟောထား၏။
၃၇။
''မတပ်မက်
မလိုချင်မှုကို
မှီ၍ တပ်မက် လိုချင်မှုကို
ပယ်ရမည်''
ဟူသော
စကားကို (ငါဘုရား)
ဟောထား၏။
ထိုစကားကို
အဘယ်ကို
အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာ
တော်၌မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏- ငါသည်
အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏
အကြောင်းကြောင့်
တပ်မက်မှု
လိုချင်မှုရှိသူ
ဖြစ်ရာ၏၊
ငါသည် ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်း
အကြွင်းမဲ့ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍
ငါသည်
တပ်မက်လိုချင်မှု
ရှိသူဖြစ်အံ့၊
တပ်မက်လိုချင်မှုတည်းဟူသော
အကြောင်းကြောင့်ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏၊
တပ်မက်လိုချင်မှုတည်းဟူသော
အကြောင်းကြောင့်
ငါ့ကို
ပညာရှိသူတော်ကောင်းတို့သည်လည်း
ဆင်ခြင်နှိုင်းချိန်စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏။
တပ်မက်လိုချင်မှုတည်းဟူသော
အကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
မကောင်းသောလားရာရှိသည်သာဧကန်ဖြစ်ရမည်။
ဤတပ်မက်လိုချင်မှုသည်ပင်လျှင်
အနှောင်အဖွဲ့
သံယောဇဉ်
ဖြစ်၏၊
ဤတပ်မက်လိုချင်မှုသည်ပင်လျှင်ပိတ်ပင်တားဆီးတတ်သော
နီဝရဏ ဖြစ်၏၊
တပ်မက်လိုချင်မှုတည်းဟူသော
အကြောင်းကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်
တပ်မက်လိုချင်မှုမှ
ကြဉ်ရှောင်သောသူအား
မဖြစ်ပေါ်နိုင်ကုန်။
''မတပ်မက်
မလိုချင်မှုကို
မှီ၍
တပ်မက်လိုချင်မှုကို
ပယ်ရမည်''
ဟူသော
ထိုစကားကို ဤ
(ဆိုခဲ့ပြီးသော)
အကြောင်းကို
အစွဲပြု၍
ဟောထား၏။
၃၈။
''မကဲ့ရဲ့
မခြုတ်ခြယ်ခြင်းကို
မှီ၍ ကဲ့ရဲ့
ခြုတ်ခြယ်ခြင်းကို
ပယ်ရမည်''
ဟူသော စကားကို
(ငါဘုရား) ဟောထား၏၊
ထိုစကားကို
အဘယ်ကို
အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
ငါသည် အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏
အကြောင်းကြောင့်
ကဲ့ရဲ့ခြုတ်ခြယ်တတ်သော
အလေ့ရှိသူ
ဖြစ်ရာ၏။
ငါသည်
ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်း
အကြွင်းမဲ့
ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
ငါသည်ကဲ့ရဲ့ခြုတ်ခြယ်တတ်သော
အလေ့ရှိသူ ဖြစ်အံ့၊
ကဲ့ရဲ့ခြုတြ်ခယ်ခြင်းတည်းဟူသော
အကြောင်း
ကြောင့်ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏။
ငါ့ကို
ကဲ့ရဲ့ခြုတ်ခြယ်ခြင်းတည်း
ဟူသောအကြောင်းကြောင့်ပညာရှိသူတော်ကောင်းတို့သည်လည်း
ဆင်ခြင်နှိုင်းချိန်စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏။
ကဲ့ရဲ့ခြုတ်ခြယ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
မကောင်းသော
လားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
ဤကဲ့ရဲ့ခြတ်ခြယ်ခြင်းသည်ပင်လျှင်
(အနှောင်အဖွဲ့)
သံယောဇဉ်
ဖြစ်၏၊
ဤကဲ့ရဲ့ခြုတ်ခြယ်ခြင်းသည်ပင်လျှင်
ပိတ်ပင်တားဆီးတတ်သော
နီဝရဏ ဖြစ်၏၊
ကဲ့ရဲ့ခြုတ်ခြယ်ခြင်းတည်းဟူသောအကြောင်းကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်ကဲ့ရဲ့ခြုတ်ခြယ်လေ့မရှိသူတို့
အား
မဖြစ်ပေါ်နိုင်ကုန်။
''မကဲ့ရဲ့
မခြုတ်ခြယ်ခြင်းကို
မှီ၍ကဲ့ရဲ့ခြျတ်ခြယ်ခြင်းကို
ပယ်ရမည်''
ဟူသော ထို
စကားကို ဤ
(ဆိုခဲ့ပြီးသော)
အကြောင်းကို
အစွဲပြု၍ဟောထား၏။
၃၉။
''အမျက်မထွက်ခြင်း
မပင်ပန်းခြင်းကို
မှီ၍
အမျက်ထွက်ခြင်း
ပင်ပန်းခြင်းကို
ပယ်ရမည်''
ဟူသောစကားကို
(ငါဘုရား)
ဟောထား၏၊
ထိုစကားကို
အဘယ်ကို
အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
ငါသည် အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏
အကြောင်းကြောင့်
အမျက်ထွက်လေ့ရှိသူ
ပင်ပန်းလေ့ရှိသူ
ဖြစ်ရာ၏။
ငါသည်
ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်း
အကြွင်းမဲ့
ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍ ငါသည်
အမျက်ထွက်လေ့ရှိသူ
ပင်ပန်းလေ့ရှိသူ
ဖြစ်အံ့၊
ငါ့ကို
ငါကိုယ်တိုင်လည်း
စွပ်စွဲရာ၏၊
ငါ့ကို
အမျက်ထွက်ခြင်း
ပင်ပန်းခြင်းတည်းဟူသော
အကြောင်းကြောင့်
ပညာရှိသူတော်ကောင်းတို့သည်လည်း
ဆင်ခြင်နှိုင်းချိန်
စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏။
အမျက်ထွက်ခြင်း
ပင်ပန်းခြင်းတည်းဟူသောအကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
မကောင်းသော လားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
ဤ
အမျက်ထွက်ခြင်း
ပင်ပန်းခြင်းသည်ပင်လျှင်
(အနှောင်အဖွဲ့)
သံယောဇဉ်ဖြစ်၏၊
ဤအမျက်ထွက်ခြင်း
ပင်ပန်းခြင်းသည်ပင်လျှင်
ပိတ်ပင်တားဆီးတတ်သော
နီဝရဏ ဖြစ်၏၊
အမျက်ထွက်ခြင်းပင်ပန်းခြင်းတည်းဟူသော
အကြောင်းကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်
အမျက်ထွက်လေ့မရှိသူ
ပင်ပန်းလေ့မရှိသူတို့အား
မဖြစ်ပေါ်နိုင်ကုန်။
''အမျက်မထွက်ခြင်းမပင်ပန်းခြင်းကို
မှီ၍
အမျက်ထွက်ခြင်း
ပင်ပန်းခြင်းကို
ပယ်ရမည်''
ဟူသော
ထိုစကားကို ဤ
(ဆိုခဲ့ပြီးသော)
အကြောင်းကို
အစွဲပြု၍
ဟောထား၏။
၄၀။
''လွန်စွာ
မာန်မမူခြင်းကို
မှီ၍ လွန်စွာ
မာန်မူခြင်းကို
ပယ်ရမည်''
ဟူသော
စကားကို (ငါဘုရား)
ဟောထား၏၊
ထိုစကားကို
အဘယ်ကို အစွဲပြု၍
ဟောထားသနည်း-
သူကြွယ်
ဤသာသနာတော်၌မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏- ငါသည်
အကြင်
(အနှောင်အဖွဲ့)
သံယောဇဉ်တို့၏
အကြောင်းကြောင့်
လွန်စွာ
မာန်မူလေ့ရှိသူ
ဖြစ်ရာ၏။
ငါသည်
ထို
(အနှောင်အဖွဲ့)
သံယောဇဉ်တို့ကို
ပယ်ခြင်း
အကြွင်းမဲ့
ဖြတ်ခြင်းငှါ
ကျင့်ကြံနေ၏။
အကယ်၍ ငါသည်
လွန်စွာ
မာန်မူခြင်းရှိသူ
ဖြစ်အံ့၊
လွန်စွာ
မာန်မူခြင်းတည်းဟူသော
အကြောင်းကြောင့်ငါ့ကို
ငါကိုယ် တိုင်လည်း
စွပ်စွဲရာ၏၊
ငါ့ကို
လွန်စွာ
မာန်မူခြင်းတည်းဟူသော
အကြောင်းကြောင့်ပညာရှိ
သူတော်ကောင်းတို့သည်လည်း
ဆင်ခြင်နှိုင်းချိန်စိစစ်ကြကုန်၍
ကဲ့ရဲ့ကုန်ရာ၏။
လွန်စွာမာန်မူခြင်းတည်း
ဟူသော
အကြောင်းကြောင့်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌မကောင်းသောလားရာရှိသည်သာ
ဧကန်ဖြစ်ရမည်။
ဤလွန်စွာ
မာန်မူခြင်းသည်ပင်လျှင်
(အနှောင်အဖွဲ့)
သံယောဇဉ်
ဖြစ်၏၊
ဤလွန်စွာ
မာန်မူခြင်းသည်ပင်လျှင်
ပိတ်ပင်တားဆီးတတ်သော
နီဝရဏဖြစ်၏၊
လွန်စွာ
မာန်မူခြင်းတည်းဟူသော
အကြောင်းကြောင့်
ဖြစ်ပေါ်လာမည့်
အာသဝေါတရား,
ပင်ပန်းခြင်း,
ပူပန်ခြင်းတရားတို့သည်
လွန်စွာ
မာန်မူခြင်း့မရှိသူအား
မဖြစ်ပေါ်နိုင်ကုန်။
''လွန်စွာ
မာန်မမူခြင်းကို
မှီ၍ လွန်စွာ
မာန်မူခြင်းကို
ပယ်ရမည်''
ဟူသောထိုစကားကို
ဤ (ဆိုခဲ့ပြီးသော)
အကြောင်းကို
အစွဲပြု၍ ဟောထား၏။
၄၁။
သူကြွယ်
အကျဉ်းအားဖြင့်
ဟောကြား၍ အကျယ်အားဖြင့်
ဝေဖန်ထားသော
အကြင်တရားရှစ်ပါးတို့သည်
မြတ်စွာဘုရား
အဆုံးအမ၌
လူ့အသုံးအနှုန်း
ဖြတ်ခြင်းငှါ
ဖြစ်ကုန်၏။
ထိုတရားရှစ်ပါးတို့ဟူသည်
ဤသည်တို့ပင်တည်း။
ထိုမျှလောက်ဖြင့်
မြတ်စွာဘုရား
အဆုံးအမ၌
အခါခပ်သိမ်း
လုံးဝအသုံးအနှုန်းပြတ်သည်
မဟုတ်သေးသည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အဘယ်သို့သော
အခြင်းအရာအားဖြင့်
မြတ်စွာဘုရား၏
အဆုံးအမ၌
အခါခပ်သိမ်းလုံးဝအသုံးအနှုန်းပြတ်ခြင်းသည်
ဖြစ်ပါသနည်း။
အသျှင်ဘုရား
တောင်းပန်ပါ၏၊
မြတ်စွာဘုရားသည်မြတ်စွာဘုရား
အဆုံးအမ၌
အခါခပ်သိမ်း
လုံးဝအသုံးအနှုန်းပြတ်ခြင်း
ဖြစ်ပုံတရားတော်ကို
အကျွန်ုပ်အားဟောတော်မူပါဟု
(လျှောက်၏)။
သူကြွယ်
ထိုသို့ဖြစ်လျှင်
နာလော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောပြပေအံ့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ပေါတလိယသူကြွယ်သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၏။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောကြားတော်မူ၏။
ကာမဂုဏ်တိုု့၏
အပြစ်ကို
ဆိုရာစကား
၄၂။
သူကြွယ်
ဥပမာသော်ကား
မွတ်သိပ်ဆာလောင်သဖြင့်
အားနည်း၍
နေသော
ခွေးသည် နွားတို့ကိုသတ်ဖြတ်ရာ
စဉ်းတီတုံးအနီး၌
ရှေးရှုတည်နေသည်
ဖြစ်ရာ၏။
ကျွမ်းကျင်သော
နွားသတ်သမားသည်လည်းကောင်း၊
နွားသတ်သမား၏
တပည့်သည်လည်းကောင်း
ကောင်းစွာ
ခြစ်ယူခြင်းဖြင့်ခြစ်ယူထားပြီးသော
အသားမရှိသော
သွေးသာလိမ်းကျံနေသော
အရိုးကို ထိုခွေး၏
အနီးသို့ပင်
ပစ်ပေးရာ၏။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း-
ထိုခွေးသည်
ကောင်းစွာ
ခြစ်ယူခြင်း ဖြင့်ခြစ်ယူထားပြီးသော
အသားမရှိ
သွေးသာ လိမ်းကျံနေသော
ဤအရိုးကို
လျက်သော်
မွတ်သိပ်ဆာလောင်သဖြင့်
အားနည်းခြင်းကို
ပယ်ဖျောက်နိုင်ပါမည်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မပယ်ဖျောက်နိုင်ပါ၊
အဘယ်ကြောင့်နည်း၊
အသျှင်ဘုရား
ဤအရိုးသည်
ကောင်းစွာ
ခြစ်ယူခြင်းဖြင့်
ခြစ်ယူထား၍
အသားမရှိ,
သွေးသာ
လိမ်းကျံနေသောကြောင့်တည်း။
အမှန်အားဖြင့်
ထိုခွေးသည်
ပင်ပန်းရုံနွမ်းနယ်ရုံမျှသာ
ဖြစ်ရာပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ဤအတူသာလျှင်
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
''ကာမဂုဏ်တို့သည်
အရိုးနှင့်
တူကုန်၏၊
များစွာ ဆင်းရဲခြင်း
ရှိကုန်၏၊
များစွာ
ပင်ပန်းခြင်း
ရှိကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်သည် များပြားလှ၏''ဟု
မြတ်စွာဘုရားသည်
ဟောကြားတော်မူ၏။
ဤသို့
ထိုကာမဂုဏ်ငါးပါးတို့ကိုဟုတ်မှန်သည့်အတိုင်း
ကောင်းသော
ပညာဖြင့်
မြင်၍
အထူးထူး
သောသဘောရှိသော
အထူးထူးသော
သဘောကို
မှီသော
ဥပေက္ခာမျိုးကို
ရှောင်ကြဉ်၍
တစ်ခုတည်း
သောသဘောရှိသော
တစ်ခုတည်းသော
သဘောကို
မှီသော အခါခပ်သိမ်း
လောကသားများ
တပ်မက် စရာ
(ကာမဂုဏ်ငါးပါး)
တို့ကို
စွဲလမ်းခြင်း
'ဆန္ဒရာဂ'
အကြွင်းမဲ့
ချုပ်ရာဖြစ်သော
ဥပေက္ခာမျိုးကိုသာလျှင်ပွါးများ၏။
၄၃။
သူကြွယ်
ဥပမာအားဖြင့်
လင်းတသည်လည်းကောင်း၊
ဘုံမတီးငှက်သည်လည်းကောင်း၊
စွန်ရဲသည်လည်းကောင်း
သားတစ်ကို
ချီ၍
ပျံသွားရာ၏၊
ထိုသားတစ်ကို
ချီ၍ ပျံသော
ငှက်သို့ လင်းတတို့သည်လည်းကောင်း၊
ဘုံမတီးငှက်တို့သည်လည်းကောင်း၊
စွန်ရဲတို့သည်လည်းကောင်း
အစဉ်တစိုက်လိုက်ကုန်
လိုက်ကုန်၍
ထိုးဆိတ်ကြကုန်ရာ၏၊
သားတစ်ကို
လွှတ်ချစေကုန်ရာ၏၊
သူကြွယ်
ထိုစကားကိုသင်အဘယ်သို့
မှတ်ထင်သနည်း။
အကယ်၍
လင်းတသည်လည်းကောင်း၊
ဘုံမတီးငှက်သည်လည်းကောင်း၊
့စွန်ရဲသည်လည်းကောင်း
ထိုအစာသားတစ်ကို
လျင်စွာသာလျှင်
မစွန့်လွှတ်ငြားအံ့၊
ထိုသားတစ်ချီယူသောငှက်သည်
ထိုငှက်အပေါင်းတို့က
လုယူထိုးဆိတ်ကြခြင်း
တည်းဟူသော အကြောင်းကြောင့်
သေခြင်းသို့သော်လည်းကောင်း၊
သေလောက်သော
ဆင်းရဲသို့သော်လည်းကောင်း
ရောက်ရာသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ဤအတူသာလျှင်
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
''ကာမဂုဏ်တို့သည်
သားတစ်နှင့်
တူကုန်၏၊
များစွာ
ဆင်းရဲခြင်း
ရှိကုန်၏၊
များစွာ
ပင်ပန်းခြင်း
ရှိကုန်၏၊
ဤကာမဂုဏ်
စည်းစိမ်တို့၌
အပြစ်သည်
များပြားလှ၏''ဟု
မြတ်စွာဘုရားသည်
ဟောကြားတော်မူ၏၊
ဤသို့
ထိုကာမဂုဏ်တို့ကိုဟုတ်မှန်သည့်အတိုင်း
ကောင်းသောပညာဖြင့်
မြင်၍
အထူးထူးသော
သဘောရှိသော
အထူးထူးသော
သဘောကို
မှီသော
ဥပေက္ခာမျိုးကို
ရှောင်ကြဉ်၍
တစ်ခုတည်းသော
သဘောရှိသော
တစ်ခုတည်းသော
သဘောကို
မှီသော
အခါခပ်သိမ်း
လောကသားများ
တပ်မက်စရာ
(ကာမဂုဏ်ငါးပါး)
တို့ကို
စွဲလမ်းခြင်း
'ဆန္ဒရာဂ'
အကြွင်းမဲ့
ချုပ်ရာဖြစ်သော
(စတုတ္ထဈာန်)
ဥပေက္ခာမျိုးကိုသာလျှင်ပွါးများ၏။
၄၄။
သူကြွယ်
ဥပမာတစ်နည်းသော်ကား
ယောက်ျားသည်
တောက်လောင်နေသော
မြက်မီးရှူးကိုကိုင်ယူ၍
လေညာသို့
သွားလေရာ၏။
သူကြွယ်
ထိုစကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း။
အကယ်၍ ထိုယောက်ျားသည်
တောက်လောင်နေသော
ထိုမြက်မီးရှူးကို
လျင်မြန်စွာသာလျှင်
မစွန့်လွှတ်ငြားအံ့၊
ထိုတောက် လောင်နေသော
မြက်မီးရှူးသည်
ထိုယောက်ျား၏
လက်ကိုသော်လည်း
လောင်ရာ၏၊
လက်ရုံးကိုသော်လည်း
လောင်ရာ၏
အင်္ဂါကြီးငယ်
တစ်ခုခုကိုသော်လည်း
လောင်ရာ၏၊
ထိုယောက်ျားသည်
ထိုမြက်မီးရှူးလောင်မြိုက်ခြင်းတည်းဟူသော
အကြောင်းကြောင့်သေခြင်းသို့သော်လည်းကောင်း၊
သေ လောက်သော
ဆင်းရဲသို့သော်လည်းကောင်း
ရောက်ရာသည်မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင် ဘုရား
မှန်ပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ဤအတူသာလျှင်မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-''ကာမဂုဏ်တို့သည်
မြက်မီးရှူးနှင့်
တူကုန်၏၊
များစွာ ဆင်းရဲခြင်းရှိကုန်၏၊
များစွာ
ပင်ပန်း
ခြင်းရှိကုန်၏၊
ဤကာမဂုဏ်တို့၏
အပြစ်သည်များပြားလှ၏''ဟု
မြတ်စွာဘုရားသည်
ဟောကြားတော်
မူ၏၊
ဤသို့ဟုတ်မှန်သည့်အတိုင်းကောင်းသောပညာဖြင့်
မြင်၍။ပ။ (စတုတ္ထဈာန်)
ဥပေက္ခာမျိုးကိုသာ
လျှင် ပွါးများ၏။
၄၅။
သူကြွယ်
ဥပမာတစ်နည်းသော်ကား
ကင်းသော မီးတောက်
မီးခိုးရှိကုန်သော
ယောက်ျား၏
အရပ်တသူ
(လက်ခုပ်တစ်ဖောင်)
အတိုင်းအရှည်ရှိကုန်သော
မီးကျီးခဲတို့ဖြင့်
ပြည့်သော
မီးကျီးတွင်းသည်ရှိလေရာ၏။
ထိုအခါ
အသက်ရှည်လို
မသေလိုသော
ချမ်းသာခြင်းကို
အလိုရှိသော
ဆင်းရဲမှုကို
စက်ဆုပ်သော
ယောက်ျားတစ်ယောက်သည်
ရောက်လာရာ၏။
ထိုယောက်ျားကို
အားရှိကုန်သော
ယောက်ျားနှစ်ယောက်တို့သည်
လက်ရုံးတို့ကို
အသီးအသီးကိုင်လျက်
မီးကျီးတွင်းသို့
ဆွဲငင်ကုန်ရာ၏။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
အမှန်အားဖြင့်
ထိုယောက်ျားသည်
ထိုသို့ဤသို့
ကိုယ်ကို
ရုန်းကန်ရာသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏၊
အဘယ့်ကြောင့်နည်း၊
အသျှင်ဘုရား
ထိုယောက်ျားသည်
''ငါသည်
မီးကျီးတွင်းသို့
ကျအံ့၊
ထိုသို့
ကျရောက်ခြင်းကြောင့်
သေခြင်းသို့သော်လည်းကောင်း၊
သေလောက်သော
ဆင်းရဲခြင်းသို့သော်လည်းကောင်းရောက်လေရာ၏''ဟု
သိသောကြောင့်ပါတည်းဟု
(လျှောက်၏)။
သူကြွယ်
ဤအတူသာလျှင်
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
''ဤကာမဂုဏ်တရားတို့သည်
မီးကျီးတွင်းနှင့်
တူကုန်၏၊
များစွာ ဆင်ရဲခြင်း
ရှိကုန်၏၊
များစွာ
ပင်ပန်းခြင်း
ရှိကုန်၏၊
ဤကာမဂုဏ်တရား
ငါးပါးတို့၌
အပြစ်သည်
များပြားလှ၏''ဟု
မြတ်စွာဘုရားသည်
ဟောကြားတော်မူ၏၊
ဤသို့ဟုတ်မှန်သည့်အတိုင်း
ကောင်းသောပညာဖြင့်
မြင်၍။ပ။
(စတုတ္ထဈာန်)
ဥပေက္ခာ
မျိုးကိုသာ့လျှင်
ပွါးများးရာ၏။
၄၆။
သူကြွယ်
ဥပမာတစ်နည်းသော်ကား
ယောက်ျားသည်
မွေ့လျော်ဖွယ်သော
အရံမွေ့လျော်ဖွယ်
သောတောအုပ်
မွေ့လျော်ဖွယ်သော
မြေအပြင် မွေ့လျော်ဖွယ်သော
ရေကန်ကို
အိပ်မက်မြင်မက်ရာ၏၊
ထိုယောက်ျားသည်
နိုးသည်ရှိသော်
တစ်စုံတစ်ခုကိုမျှ
မမြင်မတွေ့ရာသကဲ့သို့၊
သူကြွယ်
ဤအတူသာလျှင်မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-''ကာမဂုဏ်တရားတို့သည်
အိပ်မက်နှင့်
တူကုန်၏၊
များစွာ
ဆင်ရဲခြင်း ရှိကုန်၏၊
များစွာ
ပင်ပန်းခြင်း
ရှိကုန်၏၊
ဤကာမဂုဏ်
တရားတို့၌
အပြစ်သည်များပြားလှ၏''ဟု
မြတ်စွာဘုရားသည်
ဟောကြားတော်မူ၏။ပ။
(စတုတ္ထဈာန်)
ဥပေက္ခာမျိုးကိုသာလျှင်ပွါးများ၏။
၄၇။
သူကြွယ်
ဥပမာတစ်နည်းသော်ကား
ယောက်ျားသည်
ငှါးရမ်းထားသော
ဥစ္စာဖြစ်သော
ယာဉ်, ယောက်ျားအား
ထိုက်တန်သော
မြတ်သော
ပတ္တမြားနားဍောင်းကို
ငှါးရမ်း၍
ထိုငှါးရမ်ထားသောဥစ္စာတို့ဖြင့်
ဝတ်ဆင်
ဗန်းပြလျက်
ဈေးတွင်းသို့
သွားရာ၏၊
ထိုယောက်ျားကို
လူအပေါင်းသည်
မြင်၍-''အချင်းတို့
ဤယောက်ျားသည်
ဥစ္စာရှိပေစွတကား၊
ဥစ္စာရှိသူတို့သည်
ဥစ္စာတို့ကို
ဤသို့ပင်
ခံစားကြကုန်၏''ဟု
ပြောဆိုရာ၏။
ထိုယောက်ျားကို
ဥစ္စာရှင်တို့သည်
တွေ့လေရာရာအရပ်၌သာလျှင်
မိမိပိုင် ဥစ္စာတို့ကို
ယူကုန်ရာ၏။ သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
ထိုယောက်ျားအားတစ်မျိုးတစ်ဖုံ
ဖြစ်နိုင်ပါမည်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဖြစ်နိုင်ပါ၏။
အဘယ်ကြောင့်နည်း၊
အသျှင်ဘုရား
ဥစ္စာရှင်တို့သည်
မိမိပိုင် ဥစ္စာတို့ကို
ယူကုန်သောကြောင့်ပါတည်းဟု
(လျှောက်၏)။
သူကြွယ်
ဤအတူသာလျှင်
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့ ဆင်ခြင်၏-''ကာမဂုဏ်တရားတို့သည်
ခေတ္တခဏမျှ
ငှါးရမ်းထားသော
စည်းစိမ်ဥစ္စာနှင့်
တူကုန်၏၊
များစွာဆင်ရဲခြင်း
ရှိကုန်၏၊
များစွာ ပင်ပန်းခြင်း
ရှိကုန်၏၊
ဤကာမဂုဏ်တရားတို့၌
အပြစ်သည်များပြားလှ၏''ဟု
မြတ်စွာဘုရားသည်
ဟောကြားတော်မူ၏။ပ။
(စတုတ္ထဈာန်)
ဥပေက္ခာမျိုးကိုသာလျှင်ပွါးများ၏။
၄၈။
သူကြွယ်
ဥပမာတစ်နည်းသော်ကား
ရွာ၏သော်လည်းကောင်း
နိဂုံး၏သော်လည်းကောင်း
မနီးမဝေး၌
ထူထပ်သော
တောအုပ်သည်
ရှိရာ၏၊
ထိုတောအုပ်၌
သစ်ပင်တစ်ပင်သည်
ချိုမြိန်ကောင်းမြတ်သော
အသီးလည်း
ရှိရာ၏၊
များပြားသော
အသီးလည်း
ရှိရာ၏၊ မြေ၌
ကျွေကျသော
တစ်စုံတစ်ခုသော
အသီးမျှလည်း
မရှိရာ။
ထိုအခါ
အသီးကို
အလိုရှိသည်ဖြစ်၍
အသီးရှာသော
ယောက်ျားသည်အသီးရှာ
လှည့်လည်လာရာ၏၊
ထိုယောက်ျားသည်
ထိုတောအုပ်သို့
သက်ဝင်၍
ချိုမြိန်ကောင်းမြတ်သောအသီးများသော
အသီးရှိသော
ထိုသစ်ပင်ကို
မြင်လေရာ၏၊
ထိုယောက်ျားအား
ဤသို့သော အကြံအစည်သည်
ဖြစ်ရာ၏-''ဤသစ်ပင်သည်
ချိုမြိန် ကောင်းမြတ်သော
အသီးလည်း
ရှိ၏၊
များသော အသီးလည်း
ရှိ၏၊ မြေ၌
ကျွေကျသော
တစ်စုံတစ်ခုသော
အသီးမျှလည်း
မရှိ၊ ငါသည်
သစ်ပင်သို့
တက်ရန်
နားလည်၏၊
ဤသစ်ပင်သို့
တက်၍
အလိုရှိတိုင်းစား၍ခါးပိုက်ကိုလည်း
ပြည့်စေရမူ
ကောင်းလေစွ''ဟု
(အကြံအစည်ဖြစ်ရာ၏)။
ထိုသူသည်
ထိုသစ်ပင်သို့တက်
၍ အလိုရှိတိုင်လည်း
စားရာ၏၊
ခါးပိုက်ကိုလည်း
ပြည့်စေရာ၏။
ထို့နောက်
အသီးကို
အလိုရှိသည်ဖြစ်၍
အသီးကိုရှာသော
ဒုတိယယောက်ျားသည်
ထက်လှစွာသောဓားမကို
ယူ၍
အသီးရှာလှည့်လည်လာရာ၏၊
ထိုဒုတိယယောက်ျားသည်
ထိုတောအုပ်သို့
သက်ဝင်၍ချိုမြိန်သော
အသီး,
များသောအသီးရှိသော
ထိုသစ်ပင်ကို
မြင်လေရာ၏၊
ထိုယောက်ျားအား
ဤသို့သောအကြံအစည်ဖြစ်၏
''ဤသစ်ပင်သည်
ချိုမြိန်သော
အသီးလည်း
ရှိ၏၊
များသော
အသီးလည်း
ရှိ၏၊ မြေ၌
ကျွေကျသော
တစ်စုံတစ်ခုသော
အသီးမျှလည်း
မရှိ၊ ငါသည်
သစ်ပင်သို့
တက်ရန်
နားမလည်၊
ငါသည် ဤသစ်ပင်ကို
အရင်းမှ
ဖြတ်ပြီးလျှင်
အလိုရှိတိုင်းစား၍
ခါးပိုက်ကိုလည်း
ပြည့်စေရမူ့ကောင်းလေစွ''ဟု
(အကြံအစည်ဖြစ်၏)။
ထိုသူသည်
ထိုသစ်ပင်ကို
အရင်းကသာလျှင်
ဖြတ်လေရာ၏။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
ရှေးဦးစွာ
သစ်ပင်တက်သော
ဤ မည်သောယောက်ျားသည်
အကယ်၍
လျင်မြန်စွာ
မဆင်းသက်ငြားအံ့၊
ထိုသစ်ပင်
လဲသည်ရှိသော်
ယောက်ျား၏လက်သည်မူလည်း
ကျိုးရာ၏၊
ခြေထောက်သည်မူလည်း
ကျိုးရာ၏၊
အင်္ဂါကြီးငယ်
တစ်ခုခု သည်လည်းကျိုးပဲ့ပျက်စီးရာ၏။
ထိုရှေးဦးစွာ
သစ်ပင်တက်နှင့်သော
ယောက်ျားသည်
သစ်ပင်လဲခြင်း
ကြောင့်သေဆုံးခြင်းသို့သော်လည်းကောင်း၊
သေလောက်သော
ဆင်းရဲသို့သော်လည်းကောင်း
ရောက်ရာ
သည်မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ဤအတူသာလျှင်
မြတ်စွာဘုရား၏
တပည့်သားသည်
ဤသို့
ဆင်ခြင်၏-
''ကာမဂုဏ်တို့သည်
ချိုမြိန်ကောင်းမြတ်သော
အသီးရှိသော
သစ်ပင်နှင့်
တူကုန်၏၊
များစွာ
ဆင်းရဲခြင်း
ရှိကုန်၏၊
များစွာ ပင်ပန်းခြင်း
ရှိကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်သည်
များပြားလှ၏''ဟု
မြတ်စွာဘုရားသည်ဟောကြားတော်မူ၏။
ဤသို့
ထိုကာမဂုဏ်တို့ကိုဟုတ်မှန်သည့်အတိုင်း
ကောင်းသောပညာဖြင့်
မြင်၍
အထူးထူးသောသဘောရှိသော
အထူးထူးသော
သဘောကို
မှီသော ဥပေက္ခာမျိုးကို
ရှောင်ကြဉ်၍
တစ်ခုတည်းသောသဘောရှိသော
တစ်ခုတည်းသော
သဘောကို
မှီသော
အခါခပ်သိမ်း
လောကသားများ
တပ်မက်စရာ
(ကာမဂုဏ်ငါးပါး)
တို့ကို
စွဲလမ်းခြင်း
'ဆန္ဒရာဂ'
အကြွင်းမဲ့
ချုပ်ငြိမ်းရာဖြစ်သော
(စတုတ္ထဈာန်)
ဥပေက္ခာမျိုးကိုသာလျှင်
ပွါးများ၏။
၄၉။
သူကြွယ်
ထိုမြတ်စွာဘုရား၏
တပည့်သားသည်
အတုမဲ့သော
ဥပေက္ခာကြောင့်ဖြစ်သည့်
ဤသတိ၏စင်ကြယ်ခြင်း
(စတုတ္ထဈာန်သမာဓိ)
ကိုသာလျှင်
အစွဲပြု၍
များပြားသော
ရှေး၌နေခဲ့ဖူးသောဘဝ
(ခန္ဓာအစဉ်)
ကို အောက်မေ့နိုင်၏၊
ဤရှေး၌
နေခဲ့ဖူးသော
ဘဝဟူသည် အဘယ်နည်း။
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
အမည်အနွယ်နှင့်တကွ
ရှေး၌
နေခဲ့ဖူးသော
ဘဝ
(ခန္ဓာအစဉ်) ကို
အောက်မေ့နိုင်၏။
သူကြွယ်
ထိုမြတ်စွာဘုရား၏
တပည့်သားသည်
အတုမဲ့သော
ဥပေက္ခာကြောင့်ဖြစ်သည့်
ဤသတိ၏စင်ကြယ်ခြင်း
(စတုတ္ထဈာန်သမာဓိ)
ကိုသာလျှင်
အစွဲပြု၍
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်
သာလွန်သော
နတ်မျက်စိနှင့်
တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
စုတေဆဲသတ္တဝါ
ပဋိသန္ဓေနေဆဲသတ္တဝါယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသော
လားရာရှိသော
သတ္တဝါတို့ကို
မြင်၏၊ ။ပ။
မိမိတို့
ကံအားလျော်စွာကပ်ရောက်ကြရကုန်သော
သတ္တဝါတို့ကို
သိ၏။
သူကြွယ်
ထိုမြတ်စွာဘုရား၏
တပည့်သားသည်
အတုမဲ့သော
ဥပက္ခာကြောင့်ဖြစ်သည့်
ဤသတိ၏စင်ကြယ်ခြင်း
(စတုတ္ထဈာန်သမာဓိ)
ကိုသာလျှင် အစွဲပြု၍
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်အာသဝေါ
တရား မရှိသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုလျက်
ပြည့်စုံစေ၍နေ၏။
သူကြွယ် ဤ ဆိုအပ်ပြီးသော
အတိုင်းအရှည်ဖြင့်သာလျှင်
မြတ်စွာဘုရား၏
အဆုံးအမ၌အခါခပ်သိမ်း
လုံးဝအသုံး
အနှုန်းပြတ်ခြင်းသည်
ဖြစ်ပေ၏။
၅၀။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
မြတ်စွာဘုရား၏
အဆုံးအမ၌အခါခပ်သိမ်း
လုံးဝအသုံးအနှုန်းပြတ်မှု
ဖြစ်ပုံနည်းလမ်းအားဖြင့်
အသုံးအနှုန်းပြတ်ပုံကို
သင်သည်
မိမိသန္တာန်၌
တွေ့မြင်ပါ၏လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
တပည့်တော်သည်
ဘယ်လိုအစား
ဖြစ်ပါသနည်း၊
မြတ်စွာဘုရား
အဆုံးအမတော်၌အခါခပ်သိမ်း
လုံးဝအသုံးအနှုန်းပြတ်မှုသည်
ဘယ်လိုအစား
ဖြစ်ပါမည်နည်း။
အသျှင်ဘုရား
တပည့်တော့်သည်
မြတ်စွာဘုရား၏
အဆုံးအမတော်၌
အခါခပ်သိမ်း
လုံးဝအသုံးအနှုန်းပြတ်ခြင်းမှ
ဝေးကွာလှပါ၏။
အသျှင်ဘုရား
တပည့်တော်တို့သည်
ရှေးအခါက အယူတစ်မျိုးရှိကုန်သော
ပရိဗိုဇ်တို့ကို
မသိသူများဖြစ်ကုန်လျက်
သိသူများဟု
အောက်မေ့ခဲ့ကြပါကုန်၏၊
မသိသူများဖြစ်ပါလျက်
သိသူများအား
ကျွေးမွေးထိုက်သော
ဘောဇဉ်ကို
ကျွေးမွေးခဲ့မိကြပါကုန်၏။
မသိသူများဖြစ်ပါလျက်
သိသူများအရာ၌
ထားခဲ့မိကြပါကုန်၏။
အသျှင်ဘုရား
တပည့်တော်တို့သည်
ရဟန်းတို့ကိုကား
သိသူများ
ဖြစ်ကြပါကုန်လျက်
မသိ သူများဟုအောက်မေ့ကြပါကုန်၏၊
သိသူများဖြစ်ပါလျက်
မသိသူများအား
ကျွေးမွေးထိုက်သော
ဘောဇဉ်ကိုကျွေးမွေးခဲ့မိကြပါကုန်၏။
သိသူများ
ဖြစ်ပါကုန်လျက်
မသိသူများ၏
အရာ၌ ထားခဲ့မိကြပါကုန်၏။
အသျှင်ဘုရား
ယခုအခါ၌
တပည့်တော်တို့သည်
အယူတစ်မျိုးရှိကုန်သော
ပရိဗိုဇ်တို့ကို
မသိ
သူများသာဖြစ်ကုန်၍
မသိသူများဟု
သိရပါကုန်တော့အံ့၊
မသိသူများသာ
ဖြစ်ကုန်၍
မသိသူများအားကျွေးမွေးထိုက်သော
ဘောဇဉ်ကို
ကျွေးမွေးကြပါကုန်တော့အံ့၊
မသိသူများသာ
ဖြစ်ကုန်၍
မသိသူများ၏အရာ၌သာလျှင်
ထားပါကုန်တော့အံ့။
အသျှင်ဘုရား
တပည့်တော်တို့သည်
ရဟန်းတို့ကို
သိသူများသာဖြစ်ကုန်၍
သိသူများဟု
သိကြရကုန်တော့အံ့၊
သိသူများသာ
ဖြစ်ကုန်၍
သိသူများအား
ကျွေးမွေးထိုက်သော
ဘောဇဉ်ကို
ကျွေးမွေးကြပါကုန်တော့အံ့၊
သိသူများသာဖြစ်ကုန်၍
သိသူများ၏
အရာ၌ ထားကြပါကုန်တော့အံ့။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ရဟန်းတို့၌
ရဟန်းဟု
ချစ်ခြင်းကိုလည်းကောင်း၊
ရဟန်းတို့၌
ရဟန်းဟု
ကြည်ညိုခြင်းကိုလည်းကောင်း၊
ရဟန်းတို့၌
ရဟန်းဟု
ရိုသေခြင်းကိုလည်းကောင်းသိစေတော်မူပါပေ၏။
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါ၏၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါ၏၊
အသျှင်ဘုရား
ဥပမာသော်ကား
မှောက်ထားသော
ဝထ္ထုကို
လှန်ဘိသကဲ့သို့လည်းကောင်း၊
ဖုံးလွှမ်းထားသော
ဝထ္ထုကို
ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်သောသူအားလမ်းမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်
'မျက်စိရှိသော
သူတို့သည်
အဆင်းတို့ကို
မြင်ကြလိမ့်မည်'ဟု
အမိုက်မှောင်၌
ဆီမီးတန်ဆောင်ကို
ဆောင်ပြဘိသကဲ့သို့လည်းကောင်း
အသျှင်ဘုရား
ဤအတူသာလျှင်
မြတ်စွာဘုရားသည်
အကြောင်းအမျိုးမျိုးဖြင့်
တရားတော်ကို
ပြတော်မူ၏၊
အရှင်ဘုရားအကျွန်ုပ်သည်
အသျှင်ဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
အကျွန်ုပ်ကိုယနေ့မှစ၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်သော
ဥပါသကာဟူ၍
မှတ်တော်မူပါဟု
(လျှောက်၏)။
လေးခုမြောက်
ပေါတလိယသုတ်
ပြီး၏။
------
၅-ဇီဝကသုတ်
၅၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
အဘယမင်းသား
မွေးစားသော
ဇီဝက၏သရက်ဥယျာဉ်၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အဘယမင်းသား
မွေးစားသော
ဇီဝကသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေပြီးသော်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
တပည့်တော်သည်
ဤသို့သော
စကားကို
ကြားဖူးပါ၏-'ရဟန်းဂေါတမကိုရည်ညွှန်း၍
သတ္တဝါကို
သတ်ကြကုန်၏၊
ရည်ညွှန်း၍
ပြုသော မိမိကိုစွဲ၍
ပြုသော
ထိုအသားကို
ရဟန်းဂေါတမသည်
သိလျက်
သုံးဆောင်စားသောက်၏'ဟု
ကြားရပါသည်။
အသျှင်ဘုရား
'ရဟန်းဂေါတမကို့ရည်ညွှန်း၍
သတ္တဝါကို
သတ်ကြကုန်၏၊
ရည်ညွှန်း၍
ပြုသော
မိမိကိုစွဲ၍
ပြုသော
ထိုအသားကိုရဟန်းဂေါတမသည်
သိလျက်
သုံးဆောင်စားသောက်၏'ဟု
ဤသို့ပြောဆိုသော
သူတို့သည် မြတ်စွာဘုရား၏
စကားအရ
ပြောဆိုသူများ
ဖြစ်ကြပါကုန်၏လော၊
မြတ်စွာဘုရားကို
မဟုတ်မမှန်သောအားဖြင့်မစွပ်စွဲဘဲလည်း
ရှိကြပါကုန်၏လော၊
အကြောင်းမှန်ကိုလည်း
အကြောင်းမှန်အား
လျော်စွာပြောကြားကြပါ
ကုန်၏လော၊ မြတ်စွာဘုရား၏
စကားကို
လိုက်၍
ပြောဆိုခြင်းသည်သူတစ်ပါးကဲ့ရဲ့အပ်သော
အကြောင်း
ရှိသည်ဖြစ်၍
ကဲ့ရဲ့စရာအကြောင်းသည်
အနည်းငယ်မျှမဖြစ်ပါသလော''ဟု
လျှောက်၏။
၅၂။
ဇီဝက
''ရဟန်းဂေါတမကို
ရည်ညွှန်း၍
သတ္တဝါကို
သတ်ကြကုန်၏၊
ရည်ညွှန်း၍
ပြုသော မိမိကိုစွဲ၍ပြုသော
ထိုအသားကို
ရဟန်းဂေါတမသည်
သိလျက်
သုံးဆောင်စားသောက်၏''ဟု
ပြော ဆိုကြသောသူတို့သည်
ငါ၏ စကားကို
လိုက်၍
ပြောဆိုသူများ
မဟုတ်ကုန်၊
ငါ့ကို
မဟုတ်မမှန်သော
အားဖြင့်စွပ်စွဲကြကုန်၏။
ဇီဝက
သုံးပါးသော
အကြောင်းတို့ဖြင့်
အသားကို
မသုံးဆောင်ကောင်းဟူ၍
ငါဟောကြား၏။
မြင်ခြင်း၊
ကြားခြင်း၊
ယုံမှားခြင်းဟူသော
ဤသုံးပါးသော
အကြောင်းတို့ဖြင့်
အသားကိုမသုံးဆောင်ကောင်းဟူ၍
ငါ ဟောကြား၏။
ဇီဝက
သုံးပါးသော
အကြောင်းတို့ဖြင့်
အသားကို
သုံးဆောင်ကောင်း၏ဟူ၍
ငါ ဟောကြား၏။
မမြင်ခြင်း၊
မကြားခြင်း၊
ယုံမှားမရှိခြင်း
ဟူသော
ဤသုံးပါးသောအကြောင်းတို့ဖြင့်
အသားကို
သုံးဆောင်ကောင်း၏
ဟူ၍ ငါ ဟောကြား၏။
၅၃။
ဇီဝက
ဤသာသနာတော်၌
ရဟန်းသည်
တစ်ခုခုသော
ရွာကိုလည်းကောင်း
နိဂုံးကိုလည်း
ကောင်းမှီ၍
နေ၏၊ ထိုရဟန်းသည်
ချစ်ခြင်း
'မေတ္တာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသောအရပ်ကို
ပျံ့နှံ့
စေ၍နေ၏၊
ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းဖြင့်အထက်အောက်ဖီလာ
အရပ်ကို
ပျံ့နှံ့စေ၍
နေ၏။
အလုံးစုံသောအရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအားလုံးပါရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသောရန်မရှိ
သော
ကြောင့်ကြမရှိသော
မေတ္တာနှင့်
ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
ထိုရဟန်းကို
သူကြွယ်သည်လည်းကောင်း၊
သူကြွယ်၏သားသည်လည်းကောင်း
ချဉ်းကပ်၍
နက်ဖြန်အတွက်
ဆွမ်းစားပင့်၏၊
ဇီဝကရဟန်းသည်
အလိုရှိသည်ဖြစ်၍သာလျှင်
လက်ခံ၏။ ထိုရဟန်းသည်ထိုညဉ့်ကို
လွန်သဖြင့်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်လျက်
သပိတ်သင်္ကန်းကို
ယူ၍
သူကြွယ်၏လည်းကောင်း၊
သူကြွယ်
သား၏လည်းကောင်း
အိမ်သို့
ချဉ်းကပ်ပြီးလျှင်
ခင်းထားသော
နေရာ၌ ထိုင်နေ၏။
ထိုရဟန်းကို
ထိုသူကြွယ်သည်လည်းကောင်း၊
ထိုသူကြွယ်၏သားသည်လည်းကောင်း
မွန်မြတ်သောဆွမ်းဖြင့်
လုပ်ကျွေး၏၊
ထိုရဟန်းအား
''ငါ့အား
ဤသူကြွယ်သည်လည်းကောင်း၊
သူကြွယ်၏သားသည်လည်းကောင်း
မွန်မြတ်သောဆွမ်းဖြင့်
လုပ်ကျွေးပါမူ
ကောင်းလေစွ''ဟု
ဤသို့သော
အကြံသည်
မဖြစ်၊
''ငါ့အား
ဤသူကြွယ်သည်လည်းကောင်း၊
ဤသူကြွယ်၏သားသည်လည်းကောင်း
နောင်အခါ၌လည်း
ဤသို့သော မွန်မြတ်သော
ဆွမ်းဖြင့်
လုပ်ကျွေးပါမူ
ကောင်းလေစွ''ဟု
ဤသို့လည်း
ထိုရဟန်းအား
အကြံသည်မဖြစ်၊
ထိုရဟန်းသည်
ထိုဆွမ်းကို
မတပ်မက်
မတွေဝေ
မစွဲလမ်းမူ၍
အပြစ်ကို
ရှုလေ့ရှိသည်ဖြစ်၍
လွတ်မြောက်ကြောင်း
အဆင်အခြင်ရှိသည်ဖြစ်၍
သုံးဆောင်၏။
ဇီဝက
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း၊
ထိုရဟန်းသည်
ထိုအခါ၌
မိမိဆင်းရဲခြင်းငှါလည်း
စေ့ဆော်သလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
စေ့ဆော်သလော၊
မိမိသူတစ်ပါး
နှစ်ဦးလုံးဆင်းရဲခြင်းငှါလည်း
စေ့ဆော်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား မစေ့ဆော်ပါဟု
(လျှောက်၏)။
ဇီဝက
ထိုရဟန်းသည်
ထိုအခါ၌
အပြစ်မရှိသည်သာလျှင်ဖြစ်သော
အာဟာရကို
သုံးဆောင်သည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါသည်ဟု
(လျှောက်၏)။
အသျှင်ဘုရား
''ဗြဟ္မာသည်မေတ္တာဖြင့်
နေလေ့ရှိ၏''ဟူသော
ဤစကားကို
တပည့်တော်
ကြားဖူးပါသည်၊
အသျှင်ဘုရား
ထိုဗြဟ္မာကြီး့ဟူသည်
ဤသည်ပင်တည်းဟု
မြတ်စွာဘုရားကို
အကျွန်ုပ်
မျက်မြင်တွေ့ရပါသည်၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
မေတ္တာဖြင့်
နေလေ့ရှိတော်မူပါပေသည်ဟု
(လျှောက်၏)။
ဇီဝက
အကြင်ရာဂကြောင့်လည်းကောင်း၊
ဒေါသကြောင့်လည်းကောင်း၊
မောဟကြောင့်လည်းကောင်းဆင်းရဲဖြစ်ရာ၏၊
ငါဘုရားသည်
ထိုရာဂ ဒေါသ
မောဟကို
ပယ်ပြီးပြီ၊
အမြစ်ကို
အကြွင်းမဲ့
ဖြတ်ပြီးပြီ၊
(နုတ်ပြီးသော)
ထန်းပင်ရာကဲ့သို့
ပြုပြီးပြီ၊
(အသစ်) မဖြစ်ခြင်းကို
ပြုပြီးပြီ၊
နောင်အခါ
ဖြစ်ခြင်းသဘောမရှိတော့ချေ။
ဇီဝက သင်သည်
ဤသဘောကို
ရည်ရွယ်လျက်
အကယ်၍
ပြောဆိုသည်ဖြစ်အံ့၊
''ငါဘုရားသည်
သင်၏ ထိုစကားကို
ခွင့်ပြု၏''ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
တပည့်တော်သည်
ဤသဘောကိုသာလျှင်
ရည်ရွယ်၍
ပြောဆိုပါ၏ဟု
(လျှောက်၏)။
၅၄။
ဇီဝက
ဤသာသနာတော်၌
ရဟန်းသည်
တစ်ခုခုသော
ရွာကိုလည်ကောင်း၊
နိဂုံးကိုလည်း
ကောင်းအမှီပြု၍
နေ၏၊
ထိုရဟန်းသည်
သနားခြင်း 'ကရုဏာ'
နှင့်ယှဉ်သော
စိတ်ဖြင့်။ပ။
ဝမ်းမြောက်ခြင်း
'မုဒိတာ'
နှင့် ယှဉ်သော
စိတ်ဖြင့်။ပ။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်
ယှဉ်သော
စိတ်ဖြင့်
တစ်ခုသောအရပ်ကို
ပျံ့နှံ့စေ၍
နေ၏။ ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းဖြင့်
အထက်အောက် ဖီလာ
အရပ်ကို
ပျံ့နှံ့စေ၍
နေ၏။
အလုံးစုံသော
အရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအား
လုံးပါရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ' နှင့်ယှဉ်သော
စိတ်ဖြင့်ပျံ့နှံ့စေ
၍ နေ၏။
ထိုရဟန်းကို
သူကြွယ်သည်လည်းကောင်း၊
သူကြွယ်၏သားသည်လည်းကောင်း
ချဉ်းကပ်၍
နက်ဖြန်အတွက်
ဆွမ်းစားပင့်၏၊
ဇီဝက
ရဟန်းသည်
အလိုရှိသည်ဖြစ်၍သာလျှင်
လက်ခံ၏။
ထိုရဟန်းသည်ထိုညဉ့်ကို
လွန်သဖြင့် နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်လျက်
သပိတ်သင်္ကန်းကို
ယူ၍
သူကြွယ်၏လည်းကောင်း၊
သူကြွယ်
သား၏လည်းကောင်း
အိမ်သို့
ချဉ်းကပ်ပြီးလျှင်
ခင်းထားသော
နေရာ၌
ထိုင်နေ၏။
ထိုရဟန်းကို
ထိုသူကြွယ်သည်လည်းကောင်း၊
ထိုသူကြွယ်၏သားသည်လည်းကောင်း
မွန်မြတ်သောဆွမ်းဖြင့်
လုပ်ကျွေး၏၊
ထိုရဟန်းအား
''ငါ့အား
ဤသူကြွယ်သည်လည်းကောင်း၊
ဤသူကြွယ်၏သားသည်လည်းကောင်း
မွန်မြတ်သောဆွမ်းဖြင့်
လုပ်ကျွေးပါမူ
ကောင်းလေစွ''ဟု
ဤသို့သော
အကြံသည်
မဖြစ်၊ ''ငါ့အား
ဤသူကြွယ်သည်လည်းကောင်း၊
ဤသူကြွယ်၏သားသည်လည်းကောင်း
နောင်အခါ၌လည်း
ဤသို့သော မွန်မြတ်သောဆွမ်းဖြင့်
လုပ်ကျွေးပါမူ
ကောင်းလေစွ''ဟု
ဤသို့လည်း
ထိုရဟန်းအား
အကြံမဖြစ်၊
ထိုရဟန်းသည်
ထိုဆွမ်းကို
မတပ်မက် မတွေဝေ
မစွဲလမ်းမူ၍
အပြစ်ကို
ရှုလေ့ရှိသည်ဖြစ်၍
လွတ်မြောက်ကြောင်း
အဆင်အခြင်ရှိသည်ဖြစ်၍
သုံးဆောင်၏။
ဇီဝက
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း၊
ထိုရဟန်းသည်
ထိုအခါ၌
မိမိဆင်းရဲခြင်းငှါလည်း
စေ့ဆော်သလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
စေ့ဆော်သလော၊
မိမိသူတစ်ပါးနှစ်ဦးလုံးဆင်းရဲခြင်း
ငှါလည်း
စေ့ဆော်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားမစေ့ဆော်ပါ
(ဟု
လျှောက်၏)။
ဇီဝက
ထိုရဟန်းသည်
ထိုအခါ၌
အပြစ်မရှိသည်သာလျှင်ဖြစ်သောအာဟာရကို
သုံးဆောင်သည်
မဟုတ် လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါသည် (ဟု
လျှောက်၏)။ အသျှင်ဘုရား
''ဗြဟ္မာသည်
ဥပေက္ခာဖြင့်
နေလေ့ရှိ၏''
ဟူသောဤစကားကို
တပည့်တော်
ကြားဖူးပါသည်၊
အသျှင်ဘုရား
ထိုဗြဟ္မာ
ကြီးဟူသည်
ဤသည်ပင်တည်းဟုမြတ်စွာဘုရားကို
အကျွန်ုပ်
မျက်မြင်တွေ့ရပါသည်၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ဥပေက္ခာဖြင့်နေလေ့ရှိတော်မူပါပေသည်ဟု
(လျှောက်၏)။
ဇီဝက
အကြင်
ရာဂကြောင့်လည်းကောင်း
ဒေါသကြောင့်လည်းကောင်း
မောဟကြောင့်လည်းကောင်းဆင်းရဲခြင်း
မမွေ့လျော်ခြင်း
အမျက်ထွက်ခြင်း
ဖြစ်ရာ၏၊
ငါဘုရားသည်
ထို ရာဂ ဒေါသ
မောဟကို့ပယ်ပြီးပြီ၊
အမြစ်ကို
အကြွင်းမဲ့
ဖြတ်ပြီးပြီ၊
(နုတ်ပြီးသော)
ထန်းပင်ရာကဲ့သို့
ပြုပြီးပြီ၊
(အသစ်)
မဖြစ်ခြင်းကို
ပြုပြီးပြီ၊
နောင်အခါ ဖြစ်ခြင်းသဘော
မရှိတော့ချေ။
ဇီဝက သင်သည်
ဤသဘောကို
ရည်ရွယ်၍
အကယ်၍ ပြောဆိုသည်
ဖြစ်အံ့၊
''ငါဘုရားသည်
သင်၏ ထိုစကားကို
ခွင့်ပြု၏''ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
တပည့်တော်သည်
ဤသဘောကိုသာလျှင်
ရည်ရွယ်၍
ပြောဆိုပါ၏ဟု
(လျှောက်၏)။
၅၅။
ဇီဝက
မြတ်စွာဘုရားကိုလည်းကောင်း
မြတ်စွာဘုရား၏
တပည့်သားကိုလည်းကောင်း
ရည်ညွှန်း၍
သတ္တဝါကို
သတ်ဖြတ်ညှဉ်းဆဲသော
ထိုသူကြွယ်သည်
ငါးပါးသော
အကြောင်းတို့ဖြင့်
များစွာသောမကောင်းမှုကို
ဖြစ်ပွါးစေ၏။
ထိုသူကြွယ်
သည်
''သွားကြလေကုန်၊
ဤမည်သော
သတ္တဝါကို
ဆောင်ယူခဲ့ကြကုန်''ဟု
ဤသို့
ပြောဆိုသော
ဤရှေးဦးစွာသော
အကြောင်းဖြင့်
များစွာသော
မကောင်းမှုကို
ဖြစ်ပွါးစေ၏။
ထိုသူသည်
လည်ပင်း၌
ဖွဲ့ချည်၍
အဆောင်ခံရသော
သတ္တဝါ၏ ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲခံစားရခြင်းဟူသော
ဤနှစ်ခုမြောက်သော
အကြောင်းဖြင့်
များစွာသော
မကောင်းမှုကို
ဖြစ်ပွါးစေ၏။
ထိုသူသည် ''သွားကြကုန်၊
ဤသတ္တဝါကို
သတ်ခဲ့ကြလေကုန်''ဟု
ဤသို့
ပြောဆိုသော
ဤသုံးခုမြောက်အကြောင်းဖြင့်
များစွာသော
မကောင်းမှုကို
ဖြစ်ပွါးစေ၏။
ထိုသူသည်
အသတ်ခံရသော
သတ္တဝါ၏
ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲ
ခံစားရခြင်းဟူသော
ဤလေးခု
မြောက်အကြောင်းဖြင့်
များစွာသော
မကောင်းမှုကိုဖြစ်ပွါးစေ၏။
ထိုသူသည်
မြတ်စွာဘုရားကိုလည်းကောင်း၊
မြတ်စွာဘုရား၏
တပည့်သားကိုလည်းကောင်းမအပ်သော
အသားမျိုးဖြင့်
အရှိန်အစော်မဲ့စေခြင်းဟူသော
ဤငါး
ခုမြောက်
အကြောင်းဖြင့်
များစွာသောမကောင်းမှုကို
ဖြစ်ပွါးစေ၏။
ဇီဝက
မြတ်စွာဘုရားကိုလည်းကောင်း
မြတ်စွာဘုရား၏
တပည့်သားကိုလည်းကောင်း
ရည်ညွှန်း၍
သတ္တဝါကို
သတ်ဖြတ်ညှဉ်းဆဲသောသူသည်
ဤငါးပါးသော
အကြောင်းတို့ဖြင့်များစွာသော
မကောင်းမှုကို
ဖြစ်ပွါးစေ၏။
ဤသို့
မိန့်တော်မူသော်
အဘယမင်းသား
မွေးစားသော
ဇီဝကသည်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
အံ့ဖွယ်ရှိပါပေစွ၊
အသျှင်ဘုရား
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
အသျှင်ဘုရား
အပ်သော အာဟာရကိုသာလျှင်
ရဟန်းတော်တို့သည်
သုံးဆောင်ကြပေကုန်စွတကား။
အသျှင်ဘုရား
ရဟန်းတော်တို့သည်
အပြစ်မရှိသော
အာဟာရကိုသာလျှင်
သုံးဆောင်ကြပေကုန်စွတကား။
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။
မြတ်စွာဘုရားသည်
တပည့်တော်ကို
ယနေ့မှ အစပြု၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်တတ်သော
ဥပါသကာဟူ၍
မှတ်တော်မူပါဟု
(လျှောက်ထားလေ၏)။
ငါးခုမြောက်
ဇီဝကသုတ်
ပြီး၏။
------
၆-ဥပါလိသုတ်
၅၆။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
နာဠန္ဒာမြို့
ပါဝါရိကသူဌေး၏
သရက်ဥယျာဉ်၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ နာဋ၏သား
နိဂဏ္ဌသည်
နာဠန္ဒာမြို့၌
များစွာသော
နိဂဏ္ဌပရိသတ်နှင့်အတူ
နေ၏။
ထိုအခါ
ဒီဃတပဿီနိဂဏ္ဌသည်
နာဠန္ဒာမြို့၌
ဆွမ်းအလို့ငှါ
လှည့်လည်၍
ဆွမ်းခံရာမှ
ဖဲခွါကာဆွမ်းစားပြီးနောက်
ပါဝါရိကသူဌေး၏
သရက်ဥယျာဉ်
(ရှိရာ)
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကိုပြောဆိုပြီးဆုံးစေ၍
တစ်ခုသော
နေရာ၌
ရပ်နေ၏။
တစ်ခုသော
နေရာ၌ ရပ်နေသော
ဒီဃတပဿီနိဂဏ္ဌကို
မြတ်စွာဘုရားသည်
''ဒီဃတပဿီ
နေရာတို့သည်
ရှိကုန်၏၊
အကယ်၍ အလိုရှိမူ
ထိုင်လော့''ဟုမိန့်တော်မူ၏။
ဤသို့မိန့်တော်မူသော်
ဒီဃတပဿီနိဂဏ္ဌသည်
နိမ့်သော
နေရာတစ်ခုကို
ယူ၍
သင့်လျော်စွာထိုင်နေ၏၊
သင့်လျော်စွာ
ထိုင်နေပြီးသော
ဒီဃတပဿီနိဂဏ္ဌကို
မြတ်စွာဘုရားသည်
''တပဿီ
နာဋ၏သား
နိဂဏ္ဌသည်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
အဘယ်မျှလောက်ကုန်သော
ကံတို့ကိုပညတ်သနည်း''ဟု
မေးတော်မူ၏။
ငါ့သျှင်ဂေါတမ
''ကံ ကံ''ဟု
ပညတ်ခြင်းသည်
နာဋ၏သား
နိဂဏ္ဌ၏အလေ့အကျင့်မဟုတ်၊
ငါ့သျှင်ဂေါတမ
''ဒဏ် ဒဏ်''ဟု
ပညတ်ခြင်းသည်သာ
နာဋ၏သား
နိဂဏ္ဌ၏အလေ့ အကျင့်ဖြစ်၏ဟု
(လျှောက်၏)။
တပဿီ
နာဋ၏သား
နိဂဏ္ဌသည်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
အဘယ်မျှလောက်ကုန်သော
ဒဏ်တို့ကို
ပညတ်သနည်း''ဟု
(မေးတော်မူ၏)။
ငါ့သျှင်ဂေါတမ
နာဋ၏သား နိဂဏ္ဌသည်မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
ဒဏ်သုံးပါးတို့ကို
ပညတ်ပါ၏။ အဘယ်သုံးပါးတို့နည်းဟူမူ-
ကာယဒဏ်၊
ဝစီဒဏ်၊
မနောဒဏ်တို့တည်းဟု
(လျှောက်၏)။
တပဿီ
ကာယဒဏ်ဟူသည်
တခြားတစ်ပါးသာလော၊
ဝစီဒဏ်ဟူသည်
တခြားတစ်ပါးသာလော၊
မနောဒဏ်
ဟူသည် တခြား
တစ်ပါးသာလောဟု
(မေးတော်မူ၏)။
ငါ့သျှင်ဂေါတမ
ကာယဒဏ်ဟူသည်တခြားတစ်ပါးသာတည်း၊
ဝစီဒဏ်ဟူသည်
တခြားတစ်ပါးသာတည်း၊
မနောဒဏ်ဟူသည်
တခြားတစ်ပါးသာတည်းဟု
(လျှောက်၏)။
တပဿီ
ဤသို့
ကွဲပြားထူးခြားကုန်သော
ဤဒဏ်သုံးပါးတို့တွင်
မကောင်းမှု
ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌
အဘယ်ဒဏ်ကို
အပြစ်အကြီးဆုံးဟူ၍
နာဋ၏သား
နိဂဏ္ဌသည်
ပညတ်သနည်း။
ကာယဒဏ်ကိုလော၊
သို့မဟုတ်
ဝစီဒဏ်ကိုလော၊
သို့မဟုတ်
မနောဒဏ်ကိုလောဟု
(မေးတော်မူ၏)။
ငါ့သျှင်ဂေါတမဤသို့
ကွဲပြားထူးခြားကုန်သော
ဤဒဏ်သုံးပါးတို့တွင်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌ကာယဒဏ်ကို
အပြစ်အကြီးဆုံးဟူ၍
နာဋ၏သား
နိဂဏ္ဌသည်
ပညတ်ပါ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်ကိုထိုကဲ့သို့
မပညတ်ပါဟု
(လျှောက်၏)။
တပဿီ
''ကာယဒဏ်တည်း''ဟု
ဆိုသလော။
ငါ့သျှင်ဂေါတမ
''ကာယဒဏ်တည်း''ဟု
ဆိုပါ၏။ တပဿီ
''ကာယဒဏ်တည်း''ဟု
ဆိုသလော။
ငါ့သျှင်ဂေါတမ
''ကာယဒဏ်တည်း''ဟု
ဆိုပါ၏။ တပဿီ
''ကာယဒဏ်တည်း''ဟု
ဆိုသလော။
ငါ့သျှင်ဂေါတမ
''ကာယဒဏ်တည်း''ဟု
ဆိုပါ၏။
ဤသို့လျှင်
မြတ်စွာဘုရားသည်
ဒီဃတပဿီနိဂဏ္ဌကို
ဤစကားအရာ၌
သုံးကြိမ်တိုင်အောင်တည်စေတော်မူ၏။
၅၇။
ဤသို့မိန့်တော်မူသော်
ဒီဃတပဿီနိဂဏ္ဌသည်
မြတ်စွာဘုရားအား
''ငါ့သျှင်ဂေါတမသင်သည်ကား
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
အဘယ်မျှလောက်သော
ဒဏ်တို့ကို
ပညတ်ပါသနည်း''ဟု
လျှောက်၏။
တပဿီ ''ဒဏ် ဒဏ်''
ဟူ၍ ပညတ်ခြင်းသည်
ငါဘုရား၏
အလေ့အကျင့်မဟုတ်။
တပဿီ ''ကံ ကံ''
ဟူ၍
ပညတ်ခြင်းသည်သာ
ငါဘုရား၏ အလေ့အကျင့်
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ငါ့သျှင်ဂေါတမ
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
အဘယ်မျှလောက်သော
ကံတို့ကိုသင်
ပညတ်သနည်းဟု
(လျှောက်၏)။
တပဿီ
မကောင်းမှု
ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ကံသုံးပါးတို့ကို
ငါဘုရား
ပညတ်၏၊
အဘယ်ကံသုံးပါးတို့နည်း
ဟူမူ- ကာယကံ၊
ဝစီကံ၊
မနောကံတို့တည်းဟု
(မိန့်တော်
မူ၏)။
ငါ့သျှင်ဂေါတမ
ကာယကံဟူသည်
တခြားတစ်ပါးလော၊
ဝစီကံဟူသည်
တခြားတစ်ပါးလော၊
မနောကံဟူသည်
တခြားတစ်ပါးလောဟု
(လျှောက်၏)။
တပဿီ
ကာယကံဟူသည်
တခြားတစ်ပါးသာတည်း၊
ဝစီကံဟူသည်
တခြားတစ်ပါးသာတည်း၊
မနောကံဟူသည်
တခြားတစ်ပါးသာတည်းဟု
(မိန့်တော်မူ၏)။
ငါ့သျှင်ဂေါတမ
ဤသို့ ကွဲပြားထူးခြားကုန်သော
ဤကံသုံးပါးတို့တွင်
မကောင်းမှု
ပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌
အဘယ်ကံကို
အပြစ်အကြီးဆုံးဟူ၍
သင်
ပညတ်ပါသနည်း၊
ကာယကံကိုလော၊
့သို့မဟုတ်
ဝစီကံကိုလော၊
သို့မဟုတ်
မနောကံကိုလောဟု
(လျှောက်၏)။
တပဿီ ဤသို့
ကွဲပြားထူးခြားကုန်သော
ဤကံသုံးပါးတို့တွင်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
မနောကံကို
အပြစ်အကြီးဆုံးဟု
ငါဘုရား
ပညတ်၏၊
ကာယကံနှင့်
ဝစီကံကို ထိုကဲ့သို့
မပညတ်ဟု
(မိန့်တော်မူ၏)။
ငါ့သျှင်ဂေါတမ
''မနောကံတည်း''ဟု
ဆိုသလော။ တပဿီ
''မနောကံတည်း''ဟု
ဆို၏။
ငါ့သျှင်ဂေါတမ
''မနောကံတည်း''ဟု
ဆိုသလော။
တပဿီ
''မနောကံတည်း''ဟု
ဆို၏။
ငါ့သျှင်ဂေါတမ''မနောကံတည်း''ဟု
ဆိုသလော။
တပဿီ ''မနောကံတည်း''ဟု
ဆို၏ဟု
(မိန့်တော်မူ၏)။
ဤသို့လျှင်ဒီဃတပဿီနိဂဏ္ဌသည်
မြတ်စွာဘုရားကို
ဤစကားအရာ၌
သုံးကြိမ်တိုင်အောင်
တည်စေ၍ နေရာမှထကာ
နာဋ၏သား
နိဂဏ္ဌထံသို့
ချဉ်းကပ်လေ၏။
၅၈။
ထိုအခါ
နာဋ၏သား
နိဂဏ္ဌသည်
ဥပါလိသူကြွယ်
အမှူးရှိသော
ဗာလကိနိရွာသား
ပရိသတ်ဖြစ်သော
များစွာသော
လူပရိသတ်နှင့်
အတူ နေ၏။
နာဋ၏သား
နိဂဏ္ဌသည် အဝေးကလာသောဒီဃတပဿီ
နိဂဏ္ဌကို
မြင်၍ ဒီဃတပဿီနိဂဏ္ဌအား
''တပဿီ သင်သည်
ယခုနေ့ခင်းကြောင်တောင်မှာ
ဘယ်အရပ်က
လာခဲ့သနည်း''ဟု
မေး၏။ အသျှင်
အကျွန်ုပ်သည်ရဟန်းဂေါတမ၏
အထံမှ လာခဲ့ပါ၏ဟု
(ဆို၏)။
တပဿီ
သင့်မှာ
ရဟန်းဂေါတမနှင့်အတူ
တစ်စုံတစ်ခုသော
စကားပြောဟောမှုသည်
ဖြစ်ခဲ့ပါ၏လောဟု
(မေး၏)။
အသျှင်
အကျွန်ုပ်မှာ
ရဟန်းဂေါတမနှင့်အတူ
တစ်စုံတစ်ခုသော
စကားပြောဟောမှုသည်ဖြစ်ခဲ့ပါ၏ဟု
(ဆို၏)။
တပဿီ
သင့်မှာ
ရဟန်းဂေါတမနှင့်အတူ
အဘယ်သို့လျှင်
စကားပြောဟောမှု
ဖြစ်ခဲ့ပါသနည်းဟု
(မေး၏)။
ထိုအခါ
ဒီဃတပဿီနိဂဏ္ဌသည်
မြတ်စွာဘုရားနှင့်အတူ
စကားပြောဟောမှု
ဖြစ်ခဲ့သမျှအားလုံးကို
နာဋ၏သား
နိဂဏ္ဌအား
ပြောကြားလေ၏။
ဤသို့ပြောဆိုသော်
နာဋ၏သား
နိဂဏ္ဌသည်
ဒီဃတပဿီနိဂဏ္ဌအား
''တပဿီ
ကောင်းလေစွ၊
ကောင်းလေစွ၊
အကြားအမြင်
ဗဟုသုတရှိသော
ဆရာ၏ အဆုံးအမကို
ကောင်းစွာသာလျှင်
သိသောတပည့်၏
ထုံးတမ်းစဉ်လာအတိုင်းသာလျှင်
ဒီဃတပဿီနိဂဏ္ဌသည်
ရဟန်းဂေါတမအား
ပြောကြားခဲ့ပေ၏၊
ဤသို့
ကြီးကျယ်သော
ကာယဒဏ်ကို
ထောက်၍
သေးငယ်သော
မနောဒဏ်သည်
အဘယ်မှာ
ပြောပလောက်မည်နည်း၊
အမှန်အားဖြင့်
ကာယဒဏ်သည်သာလျှင်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှု
ဖြစ်ခြင်း၌
ကြီးကျယ်သော
အပြစ်ရှိ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်သည် ထိုကဲ့သို့
မကြီးကျယ်ဟု
(ဆို၏)။
၅၉။
ဤသို့ဆိုသော်
ဥပါလိသူကြွယ်သည်
နာဋ၏သား
နိဂဏ္ဌကို-
''အသျှင်ဘုရား
ဒီဃတပဿီ
သည်ကောင်းလေစွ၊
ကောင်းလေစွ၊
အကြားအမြင်
ဗဟုသုတရှိသော
ဆရာ၏
အဆုံးအမကို
ကောင်းစွာသာလျှင်
သိသော တပည့်၏
ထုံးတမ်းစဉ်လာအတိုင်းသာလျှင်
တပဿီအသျှင်ကောင်းသည်ရဟန်းဂေါတမ
အား
ဖြေကြားခဲ့ပေ၏၊
ဤသို့ကြီးကျယ်သော
ကာယဒဏ်ကို
ထောက်ဆ၍သေးငယ်သော
မနောဒဏ် သည်
အဘယ်မှာ
ပြောပလောက်မည်နည်း။
အမှန်အားဖြင့်ကာယဒဏ်သည်သာလျှင်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
ကြီးကျယ်သော
အပြစ်ရှိ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်သည်
ထိုကဲ့သို့
မကြီးကျယ်။
အသျှင်ဘုရား
အကျွန်ုပ်
ယခု
သွားပါအံ့၊
ဤစကားအရာ၌
ရဟန်းဂေါတမအား
အပြစ်တင်ချေပါအံ့။
တပဿီအသျှင်ကောင်းသည်
တည်စေအပ်သကဲ့သို့
ထို့အတူ ရဟန်းဂေါတမသည်
အကျွန်ုပ်အား
အကယ်၍
တည်စေလတ္တံ့သည်
ဖြစ်ငြားအံ့၊
အားရှိသော
ယောက်ျားသည်
အမွေးရှည်သောသိုးကို
အမွေးတို့၌
ကိုင်တွယ်၍
ရှေးရှုဆွဲငင်ရာသကဲ့သို့၊
ထက်ဝန်းကျင်မှ
ဆွဲငင်ရာသကဲ့သို့၊
ထိုမှဤမှ
ဆွဲငင်ရာသကဲ့သို့၊
ဤအတူသာလျှင်
အကျွန်ုပ်သည်
ရဟန်းဂေါတမကို
မိမိ၏ အယူဝါဒဖြင့်
ရဟန်းဂေါတမ၏
အယူဝါဒကို
ရှေ့ရှုဆွဲငင်ပါအံ့၊
ထက်ဝန်ကျင်မှ့ဆွဲငင်ပါအံ့။
ထိုမှ ဤမှ
ဆွဲငင်ပါအံ့။
ဥပမာ
တစ်နည်းသော်ကား
ခွန်အားရှိသော
သေတင်းကုပ်၌
အမှုကိစ္စကို
လုပ်သော
ယောက်ျားသည်
ကြီးစွာသော
သေတင်းကုပ်၌
ခင်းထားသော
ဖျာကို
နက်လှစွာသော
ရေအိုင်၌ ချ၍
အစွန်း၌ကိုင်လျက်
ရှေးရှု
ဆွဲငင်ရာသကဲ့သို့လည်းကောင်း၊
ထက်ဝန်းကျင်မှ
ဆွဲငင်ရာသကဲ့သို့လည်းကောင်း၊
ထိုမှဤမှ
မွှေ့ရမ်း
ဆွဲငင်ရာသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အကျွန်ုပ်သည်
ရဟန်းဂေါတမကို
မိမိအယူဝါဒဖြင့်
ရဟန်းဂေါတမ၏
အယူဝါဒကို
ရှေးရှုဆွဲငင်ပါအံ့၊
ထက်ဝန်းကျင်မှ
ဆွဲငင်ပါအံ့၊
ထိုမှ
ဤမှဆွဲငင်ပါအံ့။
ဥပမာ
တစ်နည်းသော်ကား
ခွန်အားရှိသော
သေသောက်ကြူးသည်
ခွက်ကို
အစွန်း၌
ကိုင်တွယ်၍အောက်သို့နှိပ်၍
ပွတ်တိုက်ရာသကဲ့သို့လည်းကောင်း၊
အထက်သို့မြှောက်၍
ပွတ်တိုက်ရာသကဲ့သို့လည်းကောင်း၊
ခါတွက်ရာသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အကျွန်ုပ်သည်
ရဟန်းဂေါတမကို
မိမိ၏အယူဝါဒဖြင့်
ရဟန်းဂေါတမ၏
အယူဝါဒကို
အောက်သို့နှိပ်၍
ပွတ်တိုက်ပါအံ့၊
အပေါ်သို့မြှောက်၍
ပွတ်တိုက်ပါအံ့၊
ခါတွက် မွှေ့ရမ်းပါအံ့။
ဥပမာ
တစ်နည်းသော်ကား
အသက်ခြောက်ဆယ်ရှိ၍
ယုတ်သော
အားရှိသော
င်ပြောင်ကြီးသည်
နက်လှစွာသော
လေးထောင့်ရေကန်သို့
သက်ဆင်း၍
သာဏဓောဝိကမည်သော
ကစားမျိုးကို
ကစားလေရာသကဲ့သို့
ထို့အတူသာလျှင်
အကျွန်ုပ်သည်
ရဟန်းဂေါတမကို
သာဏဓောဝိက
ကစားမျိုးနှင့်
တူသော
ကစားခြင်းကို
ကစားပေအံ့။
အသျှင်ဘုရား
အကျွန်ုပ်
ယခု
သွားပါအံ့၊
ဤစကားအရာ၌
ရဟန်းဂေါတမအား
အပြစ်တင်ပါချေအံ့ဟု
(ဆို၏)။ သူကြွယ်
သင်သွားလော့၊
ဤစကားအရာ၌
ရဟန်းဂေါတမအားအပြစ်တင်ချေလော့။
သူကြွယ်
ရဟန်းဂေါတမအား
ငါသည်သော်လည်းကောင်း၊
ဒီဃတပဿီ
နိဂဏ္ဌသည်သော်လည်းကောင်း၊
သင်သည်သော်လည်းကောင်း
အပြစ်တင်ရာ၏ဟု
ဆို၏။
၆၀။ ဤသို့
ဆိုသော်
ဒီဃတပဿီနိဂဏ္ဌသည်
နာဋ၏သား နိဂဏ္ဌအား-
''အသျှင်ဘုရား
ရဟန်းဂေါတမအား
ဥပါလိသူကြွယ်
အပြစ်တင်မည်ကို
အကျွန်ုပ်မနှစ်သက်ပါ။
အသျှင်ဘုရား
ရဟန်းဂေါတမသည်
လှည့်ပတ်တတ်ပါ၏၊
စိတ်ညှို့၍
လှည့်ပတ်ခြင်းအတတ်ကို
တက်ပါ၏၊
ယင်းအတတ်ဖြင့်
အယူတစ်မျိုးရှိသော
သူတို့၏
တပည့်တို့ကို
ညှို့တတ်ပါ၏''ဟု
ဆို၏။ တပဿီ
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့ဥပါလိသူကြွယ်
ရောက်ရာသော
အကြောင်းအခွင့်သည်
မရှိ။
ဥပါလိသူကြွယ်၏
တပည့်အဖြစ်သို့
ရဟန်းဂေါတမသာ
ရောက်ရာ,
ဖြစ်နိုင်ရာသော
အကြောင်းအခွင့်သည်
ရှိ၏။
သူကြွယ် သင်
သွားလော့၊
ဤစကားအရာ၌
ရဟန်းဂေါတမအား
အပြစ်တင်ချေလော့။
သူကြွယ်
ရဟန်းဂေါတမအား
ငါသည်သော်လည်းကောင်း၊
ဒီဃတပဿီ
နိဂဏ္ဌသည်သော်လည်းကောင်း၊
သင်သည်သော်လည်းကောင်း
အပြစ်တင်ရာ၏ဟု
(ဆို၏)။
နှစ်ကြိမ်မြောက်လည်း
ဒီဃတပဿီနိဂဏ္ဌသည်။ပ။
သုံးကြိမ်မြောက်လည်း
ဒီဃတပဿီနိဂဏ္ဌ
သည်နာဋ၏သား
နိဂဏ္ဌအား-
''အသျှင်ဘုရား
ရဟန်းဂေါတမအား
ဥပါလိသူကြွယ်
အပြစ်တင်မည်ကိုအကျွန်ုပ်မနှစ်သက်ပါ။
အသျှင်ဘုရား
ရဟန်းဂေါတမသည်
လှည့်ပတ်တတ်ပါ၏၊
စိတ်ညှို့၍
လှည့်ပတ်ခြင်းအတတ်ကို
တတ်ပါ၏၊
ယင်းအတတ်ဖြင့်
အယူတစ်မျိုးရှိသော
သူတို့၏
တပည့်တို့ကို
ညှို့တတ်ပါ၏''ဟုဆို၏။
တပဿီ
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ဥပါလိသူကြွယ်
ရောက်ရာသော
အကြောင်းအခွင့်သည်
မရှိ။
ဥပါလိသူကြွယ်၏
တပည့်အဖြစ်သို့
ရဟန်းဂေါတမသာ
ရောက်ရာ,
ဖြစ်နိုင်ရာသောအကြောင်းအခွင့်သည်
ရှိ၏။
သူကြွယ် သင်
သွားလော့၊
ဤစကားအရာ၌
ရဟန်းဂေါတမအား
အပြစ်တင်ချေလော့။
သူကြွယ်
ရဟန်းဂေါတမအား
ငါသည်သော်လည်းကောင်း၊
ဒီဃတပဿီနိဂဏ္ဌသည်သော်လည်းကောင်း၊
သင်သည်သော်လည်းကောင်း
အပြစ်တင်ရာ၏ဟု
လွှတ်လိုက်၏။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ဥပါလိသူကြွယ်သည်
နာဋ၏သား
နိဂဏ္ဌ၏စကားကို
ဝန်ခံပြီး၍့နေရာမှ
ထလျက်
ရှိခိုးပြီးလျှင်
အရိုအသေ ပြုကာ
ပါဝါရိကသူဌေး၏
သရက်ဥယျာဉ်၌
သီတင်းသုံးနေသော
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၏၊
ချဉ်းကပ်ပြီးသော်
ရိုသေစွာရှိခိုး၍
သင့်လျော်ရာ၌
ထိုင်ကာမြတ်စွာဘုရားအား-''အသျှင်ဘုရား
ဒီဃတပဿီနိဂဏ္ဌသည်
ဤအရပ်သို့
လာပါသလော''ဟု
လျှောက်၏။
သူကြွယ်
ဒီဃတပဿီနိဂဏ္ဌသည်
ဤအရပ်သို့
လာ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား
အသျှင်ဘုရားအား
ဒီဃတပဿီနိဂဏ္ဌနှင့်
တစ်စုံတစ်ခုသော
စကားပြောဟောမှုသည်
ဖြစ်ပါသလောဟု
(လျှောက်၏)။
သူကြွယ်
ငါ့အား
ဒီဃတပဿီနိဂဏ္ဌနှင့်
တစ်စုံတစ်ခုသော
စကားပြောဟောမှုသည်
ဖြစ်ခဲ့၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရားအား
ဒီဃတပဿီနိဂဏ္ဌနှင့်အတူ
အဘယ်သို့လျှင်
စကားပြောဟောမှု
ဖြစ်ပါသနည်းဟု
(လျှောက်၏)။
ထိုအခါ
မြတ်စွာဘုရားသည်
ဒီဃတပဿီနိဂဏ္ဌနှင့်အတူ
စကားပြောဟောမှု
ဖြစ်သမျှအားလုံးကို
ဥပါလိသူကြွယ်အား
မိန့်ဆို၏။
၆၁။
ဤသို့မိန့်ဆိုသော်
ဥပါလိသူကြွယ်သည်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
တပဿီသည်ကောင်းလေစွ
ကောင်းလေစွ၊
အကြားအမြင်
ဗဟုသုတရှိသော
ဆရာ၏
အဆုံးအမကို
ကောင်းစွာသာလျှင်
သိသော တပည့်၏
ထုံးတမ်းစဉ်လာအတိုင်းသာလျှင်
ဒီဃတပဿီနိဂဏ္ဌသည်
မြတ်စွာဘုရားအား
ပြောကြားပါပေ၏၊
ဤသို့သဘောရှိသော
ဤသို့
ကြီးကျယ်သော
ကာယဒဏ်ကိုထောက်ဆ၍
သေးငယ်သော
မနောဒဏ်သည် အဘယ်မှာ
ပြောပလောက်မည်နည်း။
အမှန်အားဖြင့်ကာယဒဏ်သည်သာလျှင်
မကောင်းမှု
ပြုခြင်း၌
မကောင်းမှု
ဖြစ်ခြင်း၌
ကြီးကျယ်သော
အပြစ်ရှိ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်သည်
ထိုကဲ့သို့
မကြီးကျယ်ဟု
(လျှောက်၏)။
သူကြွယ်
သင်သည်မှန်ကန်သောသစ္စာ၌
တည်၍ အကယ်၍
ပြောဆိုငြားအံ့၊
ဤအကြောင်းအရာ၌
ငါတို့စကား
ဆွေးနွေးမှုဖြစ်နိုင်ရာ၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်
သည် မှန်ကန်သောသစ္စာ၌
တည်၍ပြောဆိုပါအံ့၊
ဤအကြောင်းအရာ၌
အကျွန်ုပ်တို့
စကားဆွေးနွေးမှု
ဖြစ်ပါစေဟု
(လျှောက်၏)။
၆၂။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
နိဂဏ္ဌတစ်ယောက်သည်
အနာနှိပ်စက်
နေ၏၊
ဆင်းရဲရောက်၏၊
ပြင်းစွာနာ၏၊
ရေအေးကို
ပယ်၍
ရေနွေးကိုသာ
သုံးဆောင်လေ့ရှိ၏၊
ထိုနိဂဏ္ဌသည်
ရေအေးကို
မရသည်ဖြစ်၍
သေလေရာ၏။
သူကြွယ်
နာဋ၏သား
နိဂဏ္ဌသည်
ဤသေသူနိဂဏ္ဌကို
အဘယ်အရပ်၌
ဖြစ်၏ဟု ပညတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား စိတ်စွဲလမ်း၍ဖြစ်သော
နတ်မည်သည်
ရှိပါ၏၊
ထိုနတ်မျိုးတို့
၌ ထိုနိဂဏ္ဌသည်
ဖြစ်ပါ၏။
ထိုသို့ဖြစ်ခြင်းသည်
အဘယ်ကြောင့်နည်း။
အသျှင်ဘုရား
ထိုသူသည် စိတ်စွဲလမ်း၍
သေသောကြောင့်ပါတည်းဟု
(လျှောက်၏)။
သူကြွယ်
စဉ်းစားလော့၊
သူကြွယ်
စဉ်းစား၍ သင်ပြောလော့၊
သင်၏
ရှေ့စကားနှင့်
နောက်စကားသည်လည်းကောင်း၊
နောက်စကားနှင့်
ရှေ့စကားသည်လည်းကောင်း
မစပ်ဟပ်မိဘဲ
ရှိချေ၏။ သူကြွယ်သင်သည်
''အသျှင်ဘုရား
အကျွန်ုပ်သည်
မှန်ကန်သော
သစ္စာ၌ တည်၍
ပြောဆိုပါအံ့၊
ဤအကြောင်းအရာ၌
အကျွန်ုပ်တို့
စကားဆွေးနွေးမှုဖြစ်ပါစေ''ဟု
ဤစကားကို ပြောခဲ့သည်
မဟုတ်လောဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ဤသို့ မိန့်ထားသော်လည်း
အမှန်အားဖြင့်
မကောင်းမှုပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
ကာယဒဏ်သည်သာလျှင်
ကြီးကျယ်သော
အပြစ်ရှိ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်သည်
ထိုကဲ့သို့
မကြီးကျယ်ပါဟု
(လျှောက်၏)။
၆၃။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
နာဋ၏သား
နိဂဏ္ဌသည်စောင့်စည်းခြင်း
လေးမျိုးဖြင့်
စောင့်စည်းနေ၏၊
အလုံးစုံသော
ရေအေးကို
ပယ်၏၊
အလုံးစုံသောမကောင်းမှု
တားမြစ်ခြင်းကို
အားထုတ်နေ၏၊
အလုံးစုံသော
မကောင်းမှုကို
တားမြစ်ခြင်းဖြင့်
ခါတွက်ထား၏၊
အလုံးစုံသော
မကောင်းမှုကို
တားမြစ်ခြင်းဖြင့်
ပျံ့နှံ့နေ၏။
ထိုနာဋ၏သား
နိဂဏ္ဌသည်
ရှေ့သို့သွားသည်ရှိသော်
နောက်သို့
ဆုတ်သည်ရှိသော်
များစွာသော
သတ္တဝါငယ်တို့ကို
သေကျေပျက်စီးခြင်းသို့
ရောက်စေ၏။
သူကြွယ်
နာဋ၏သား
နိဂဏ္ဌသည် ဤသေကျေပျက်စီးခြင်းသို့
ရောက်စေသော
သူ၏့အကျိုးကို
အဘယ်အကျိုးဟု
ပညတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
နာဋ၏သား
နိဂဏ္ဌသည် စေ့ဆော်ခြင်း
'စေတနာ'
မရှိသည်ဖြစ်၍
ကြီးသော
အပြစ်ရှိ၏ဟု
မပညတ်ပါဟု
(လျှောက်၏)။
သူကြွယ်
အကယ်၍
စေတနာရှိငြားအံ့၊
အဘယ်သို့
ဖြစ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်
ဘုရားကြီးသော
အပြစ်ရှိပါ၏ဟု
(လျှောက်၏)။
သူကြွယ်
စေ့ဆော်မှု 'စေတနာ'
ကို နာဋ၏သား
နိဂဏ္ဌသည်အဘယ်ဒဏ်ဟု
ပညတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
စေ့ဆော်မှု 'စေတနာ'
ကိုမနောဒဏ်ဟု
ပညတ်ပါ၏ဟု
(လျှောက်၏)။
သူကြွယ်
စဉ်းစားလော့၊
သူကြွယ်
စဉ်းစား၍
သင်ပြောကြားလော့။
သင်၏
ရှေ့စကားနှင့်
နောက်စကားသည်လည်းကောင်း၊
နောက်စကားနှင့်
ရှေ့စကားသည်လည်းကောင်း
မစပ်ဟပ်မိဘဲ
ရှိချေ၏။
သူကြွယ်
သင်သည်
''အသျှင်ဘုရား
အကျွန်ုပ်သည်
မှန်ကန်သောသစ္စာ၌
တည်၍
ပြောဆိုပါအံ့၊
ဤအကြောင်းအရာ၌
အကျွန်ုပ်တို့
စကားဆွေးနွေးမှု
ဖြစ်ပါစေ''ဟုဤစကားကို
ပြောခဲ့သည်
မဟုတ်ပါလောဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ဤသို့မိန့်ကြားသော်လည်း
အမှန်အားဖြင့်
မကောင်းမှုပြုခြင်း၌
မကောင်းမှုဖြစ်ခြင်း၌
ကာယဒဏ်သည်သာလျှင်ကြီးကျယ်သော
အပြစ်ရှိ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်သည်
ထိုကဲ့သို့
မကြီးကျယ်ပါဟု
(လျှောက်၏)။
၆၄။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
ဤနာဠန္ဒာမြို့သည်
စည်ပင်သည်ဝပြောသည်
များစွာသော
လူရှိသည်
စည်ကားသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားမှန်ပါ၏၊
ဤနာဠန္ဒာမြို့သည်
စည်ပင်ပါ၏၊
ဝပြောပါ၏၊
များစွာသော
လူရှိပါ၏၊
လူစည်ကားပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
ယောက်ျားတစ်ယောက်သည်
သန်လျက်မိုး၍
လာရာ၏၊
ထိုယောက်ျားသည်
''ငါသည်
ဤနာဠန္ဒာမြို့၌
ရှိသမျှသတ္တဝါတို့ကို
တစ်ခဏချင်း
တစ်မုဟုတ်ချင်းဖြင့်
တစ်ခုတည်းသော
အသားစု
အသားပုံဖြစ်အောင်
ပြုပါအံ့''ဟု
ဆိုရာ၏။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း၊
ထိုယောက်ျားသည်
ဤနာဠန္ဒာမြို့၌
ရှိသမျှသတ္တဝါတို့ကို
တစ်ခဏချင်း
တစ်မုဟုတ်ချင်းဖြင့်
တစ်ခုတည်းသော
အသားစု
အသားပုံဖြစ်အောင်ပြုခြင်းငှါ
စွမ်းနိုင်ပါမည်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ယောက်ျားတို့သည်
ဆယ်ယောက်ဖြစ်စေ၊
နှစ်ဆယ်ဖြစ်စေ၊
သုံးဆယ်ဖြစ်စေ၊
လေးဆယ်ဖြစ်စေ၊
ငါးဆယ်ဖြစ်စေ
ဤနာဠန္ဒာမြို့၌
ရှိသမျှသတ္တဝါတို့ကို
တစ်ခဏချင်း
တစ်မုဟုတ်ချင်းဖြင့်
တစ်ခုတည်းသော
အသားစု
အသားပုံဖြစ်အောင်ပြုခြင်းငှါ
မစွမ်းနိုင်ပါကုန်၊
အနည်းငယ်သော
တစ်ယောက်တည်းသော
ယောက်ျားသည်
အဘယ်မှာပြောပလောက်ပါမည်နည်းဟု
(လျှောက်၏)။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
တန်ခိုးရှိသော
စိတ်တန်ခိုးရှိသည့်
အဖြစ်သို့
ရောက်သော
သမဏသည်သော်လည်းကောင်း၊
ဗြာဟ္မဏသည်သော်လည်းကောင်း
လာရာ၏၊
ထိုသူသည်
'ငါသည်
ဤနာဠန္ဒာမြို့ကို
တစ်ကြိမ်
စိတ်ဆိုးကာမျှဖြင့်ပြာဖြစ်အောင်ပြုအံ့'ဟု
ဆိုရာ၏။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
တန်ခိုးရှိသော
စိတ်တန်ခိုးရှိသည့်
အဖြစ်သို့ရောက်သော
ထိုသမဏဗြာဟ္မဏသည်
ဤနာဠန္ဒာမြို့ကို
တစ်ကြိမ်
စိတ်ဆိုးကာမျှဖြင့်
ပြာဖြစ်အောင်ပြုခြင်းငှါ
စွမ်းနိုင်ရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
နာဠန္ဒာမြို့
ဆယ်မြို့တို့ကိုဖြစ်စေ၊
မြို့နှစ်ဆယ်တို့ကိုဖြစ်စေ၊
မြို့သုံးဆယ်တို့ကိုဖြစ်စေ၊
မြို့လေးဆယ်တို့ကိုဖြစ်စေ၊
မြို့ငါးဆယ်တို့ကိုဖြစ်စေ
တန်ခိုးရှိသော
စိတ်တန်ခိုးရှိသည့်
အဖြစ်သို့ရောက်သော
ထိုသမဏဗြာဟ္မဏသည်
တစ်ကြိမ်
စိတ်ဆိုးကာမျှ
ဖြင့်
ပြာဖြစ်အောင်
ပြုခြင်းငှါ
စွမ်းနိုင်၏။
သေးငယ်သော
တစ်ခုတည်းသော
နာဠန္ဒာမြို့ကိုကား
အဘယ်မှာ
ပြောပလောက်မည်နည်းဟု
(လျှောက်၏)။
သူကြွယ်
ထိုသို့ဖြစ်လျှင်
စဉ်းစားလော့၊
သူကြွယ် စဉ်းစား၍
သင်
ပြောလော့။
သင်၏
ရှေ့စကား
နှင့်နောက်စကားသည်လည်းကောင်း၊
နောက်စကားနှင့်
ရှေ့စကားသည်လည်းကောင်း
မစပ်ဟပ်မိဘဲ
ရှိချေ၏။
သူကြွယ်
သင်သည်
''အသျှင်ဘုရား
အကျွန်ုပ်သည်
မှန်ကန်သောသစ္စာ၌
တည်၍
ပြောဆိုပါအံ့၊
ဤ့အကြောင်းအရာ၌
အကျွန်ုပ်တို့
စကားဆွေးနွေးမှု
ဖြစ်ပါစေ''ဟု ဤစကားကို
ပြောဆိုခဲ့သည်
မဟုတ်ပါလောဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မြတ်စွာဘုရား
ဤသို့
မိန့်ကြားသော်လည်း
မကောင်းမှုပြုခြင်း၌
မကောင်းမှု
ဖြစ်ခြင်း၌
ကာယဒဏ်သည်သာလျှင်
ကြီးကျယ်သောအပြစ်ရှိ၏၊
ဝစီဒဏ်နှင့်
မနောဒဏ်သည်
ထိုကဲ့သို့ မကြီးကျယ်ပါဟု
(လျှောက်၏)။
၆၅။
သူကြွယ်
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း။
သင်သည်
ဒဏ္ဍကီတိုင်း
ကာလိင်္ဂတိုင်း
မဇ္ဈတိုင်း
မာတင်္ဂတိုင်းကို
တောအတိဖြစ်နေသည်ဟု
ကြားဖူးပါ၏လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါသည်၊
ဒဏ္ဍကီတိုင်း
ကာလိင်္ဂတိုင်း
မဇ္ဈတိုင်း
မာတင်္ဂတိုင်းကို
တောအတိ
ဖြစ်နေသည်ဟု
ကြားဖူးပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ထိုစကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း၊
အဘယ်သို့လျှင်
သင်ကြားဖူးပါသနည်း၊
အဘယ်အကြောင်းကြောင့်
ဒဏ္ဍကီတိုင်း
ကာလိင်္ဂတိုင်း
မဇ္ဈတိုင်းမာတင်္ဂတိုင်းကို
တောအတိ
ဖြစ်နေသည်ဟု
ကြားဖူးသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်သည်
ရသေ့တို့၏
စိတ်ဆိုးခြင်းကြောင့်
ထိုဒဏ္ဍကီတိုင်း
ကာလိင်္ဂတိုင်း
မဇ္ဈတိုင်း
မာတင်္ဂတိုင်းသည်တောအတိ
ဖြစ်နေသည်ဟု
ကြားဖူးပါ၏ဟု
(လျှောက်၏)။
သူကြွယ်
ထိုသို့
ဖြစ်လျှင်
စဉ်းစားလော့၊
သူကြွယ်
စဉ်းစား၍
သင်ပြောကြားလော့။
သင်၏ရှေ့စကားနှင့်
နောက်စကားသည်လည်းကောင်း
နောက်စကားနှင့်
ရှေ့စကားသည်လည်းကောင်း
မစပ်ဟပ်မိဘဲ
ရှိချေ၏။ သူကြွယ်
သင်သည်
''အသျှင်ဘုရား
အကျွန်ုပ်သည်
မှန်ကန်သောသစ္စာ၌
တည်၍
ပြောဆိုပါအံ့၊
ဤအကြောင်းအရာ၌
အကျွန်ုပ်တို့
စကားဆွေးနွေးမှု
ဖြစ်ပါစေ''ဟု
ဤစကားကို
ပြောဆိုခဲ့သည်မဟုတ်ပါလောဟု
(မိန့်တော်မူ၏)။
၆၆။
အသျှင်ဘုရား
အကျွန်ုပ်သည်
ရှေးဦးစွာသော
ဥပမာဖြင့်ပင်လျှင်
မြတ်စွာဘုရား၏
စကားကို
နှစ်သက်ဝမ်းမြောက်လှပါပြီ၊
သို့သော်လည်း
အကျွန်ုပ်သည်
မြတ်စွာဘုရား၏
ဤဆန်းကြယ်လှစွာသောပြဿနာ
ဖြေကြားတော်မူခြင်းကို
ကြားနာလို၍
မြတ်စွာဘုရားကို
ဤဆိုခဲ့တိုင်း
ဆန့်ကျင်ဘက်ကဲ့သို့
မထီမဲ့မြင်
ပြုမိပါ၏။
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါ၏၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါ၏၊
အသျှင်ဘုရား
ဥပမာသော်ကား
မှောက်ထားသော
ဝတ္ထုကို
လှန်ဘိသကဲ့သို့လည်းကောင်း၊
ဖုံးလွှမ်းထားသော
ဝတ္ထုကို
ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်သော
သူအားလမ်းမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်း၊
''မျက်စိရှိသော
သူတို့သည်
အဆင်းတို့ကို
မြင်ကြလိမ့်မည်''ဟု
အမိုက်မှောင်၌
ဆီမီးတန်ဆောင်ကို
ဆောင်ပြဘိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
မြတ်စွာဘုရားသည်
အကြောင်းအမျိုးမျိုးဖြင့်
တရားတော်ကို
ပြတော်မူ၏၊
အကျွန်ုပ်သည်
အသျှင်ဂေါတမကိုကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကို
လည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ယနေ့မှစ၍အသက်ထက်ဆုံး
ရတနာသုံးပါးကို
ကိုးကွယ်သော
ဥပါသကာဟု
မှတ်တော်မူပါဟု
(လျှောက်၏)။
၆၇။
သူကြွယ် စူးစမ်းဆင်ခြင်၍
ပြုလော့၊
သင်တို့ကဲ့သို့
ထင်ရှားကျော်စောသော
သူတို့အားစူးစမ်းဆင်ခြင်၍
ပြုခြင်းသည်
ကောင်း၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မြတ်စွာဘုရားသည်အကျွန်ုပ်ကို
''သူကြွယ်
စူးစမ်းဆင်ခြင်၍
ပြုလော့၊
သင်တို့ကဲ့သို့
ထင်ရှားကျော်စောသော
သူတို့အားစူးစမ်းဆင်ခြင်၍
ပြုခြင်းသည်
ကောင်း၏''ဟု
မိန့်တော်မူ၏။
ဤစကားဖြင့်လည်း
အကျွန်ုပ်သည်မြတ်စွာဘုရားအား
အတိုင်းထက်အလွန်
ဝမ်းမြောက်ပါ၏၊
နှစ်သက်ပါ၏၊
အသျှင်ဘုရား
တစ်ပါးသောအယူရှိသော
တိတ္ထိတို့သည်
အကျွန်ုပ်ကဲ့သို့သော
တပည့်ကို
ရခဲ့သော်
''ဥပါလိမည်သော
သူကြွယ်သည်ငါတို့၏
တပည့်
အဖြစ်သို့
ရောက်၏''ဟု
နှလုံးသွင်းကာ
နာဠန္ဒာတစ်မြို့လုံးကို
တံခွန်အောင်လံ
စိုက်ဆောင်ကုန်ရာ၏၊
ထိုသို့
ဖြစ်ပါလျက်လည်း
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
''သူကြွယ်
စူးစမ်းဆင်ခြင်၍့ပြုလော့၊
သင်တို့ကဲ့သို့
ထင်ရှားကျော်စော
သော
သူတို့အား
စူးစမ်းဆင်ခြင်၍
ပြုခြင်းသည်
ကောင်း၏''ဟု
မိန့်တော်မူ၏။
အသျှင်ဘုရား
ထိုအကျွန်ုပ်သည်
နှစ်ကြိမ်မြောက်လည်း
မြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကို လည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ယနေ့မှ
စ၍အသက်ထက် ဆုံး
ရတနာသုံးပါးကို
ဆည်းကပ်သော
ဥပါသကာဟု
မှတ်တော်မူပါဟု
(လျှောက်၏)။
၆၈။
သူကြွယ်
ရှည်စွာသော
နေ့ညဉ့်ပတ်လုံး
သင်၏ အိမ်သည်
နိဂဏ္ဌတို့၏
ရေတွင်းသဖွယ်
ဖြစ်ခဲ့သောကြောင့်
ကပ်ရောက်လာသော
ထိုနိဂဏ္ဌတို့အား
ဆွမ်းလှူရမည်ကို
အောက်မေ့လော့ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
''သူကြွယ်
ရှည်စွာသော
နေ့ညဉ့်ပတ်လုံး
သင်၏အိမ်သည်
နိဂဏ္ဌတို့၏
ရေတွင်းသဖွယ်
ဖြစ်ခဲ့သောကြောင့်
ကပ်ရောက်လာသော
ထိုနိဂဏ္ဌတို့အား
ဆွမ်းလှူရမည်ကို
အောက်မေ့လော့''ဟု
မိန့်တော်မူ၏၊
ဤစကားဖြင့်လည်း
မြတ်စွာဘုရားအား
အတိုင်းထက်အလွန်
ဝမ်းမြောက်ပါ၏၊
နှစ်သက်ပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
ဤစကားကို
ကြားဖူးပါသည်-ရဟန်းဂေါတမသည်
''ငါ့အား
သာလျှင်
အလှူကို
ပေးလှူအပ်၏၊
တစ်ပါးသော
သူတို့အား
အလှူကိုမပေးလှူအပ်၊
ငါ၏
တပည့်သားတို့အားသာလျှင်
အလှူကို ပေးလှူအပ်၏၊
တစ်ပါးသော
သူတို့၏တပည့်သားတို့အား
အလှူကို
မပေးလှူအပ်၊
ငါ့အား
လှူသော အလှူသည်သာလျှင်
အကျိုးကြီး၏၊
တစ်ပါးသော
သူတို့အား
လှူသောအလှူသည်
အကျိုးမကြီး၊
ငါ၏
တပည့်သားတို့အား
လှူသော
အလှူသည်သာလျှင်
အကျိုးကြီး၏၊
တစ်ပါးသောသူတို့၏
တပည့်သားတို့အား
လှူသောအလှူသည်
အကျိုးမကြီး''ဟု
ဟောတော်မူ၏
ဟူသောစကားကို
ကြားဖူးပါသည်၊
ထိုသို့ဖြစ်လျက်လည်း
မြတ်စွာဘုရားသည်အကျွန်ုပ်ကို
နိဂဏ္ဌတို့၌လည်း
ပေးလှူခြင်း၌
ဆောက်တည်စေ၏၊
အသျှင်ဘုရား
စင်စစ်သော်ကားအကျွန်ုပ်တို့သည်
ထိုအလှူပေးခြင်း၌
အခါကာလကို သိပါကုန်အံ့၊
အသျှင်ဘုရား
ထိုအကျွန်ုပ်သည်သုံးကြိမ်မြောက်လည်း
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ယနေ့မှစ၍
အသက်ထက်ဆုံး
ရတနာသုံးပါးကို
ဆည်းကပ်သော
ဥပါသကာဟုမှတ်တော်မူပါဟု
(လျှောက်၏)။
၆၉။
ထိုအခါ
မြတ်စွာဘုရားသည်
ဥပါလိသူကြွယ်အား
အစဉ်အတိုင်းသော
တရားစကားကိုဟောတော်မူ၏၊
ဤသည်ကား
အဘယ်နည်း၊
ဒါနနှင့်စပ်သော
စကားကိုလည်းကောင်း၊
သီလနှင့်စပ်သောစကားကိုလည်းကောင်း၊
နတ်ပြည်နှင့်စပ်သော
စကားကိုလည်းကောင်း၊
ကာမဂုဏ်တို့၏
အပြစ်ကိုလည်းကောင်း၊
ယုတ်ညံ့ခြင်းကိုလည်းကောင်း၊
ညစ်ညူးခြင်းကိုလည်းကောင်း၊
(ကာမဂုဏ်တို့မှ)
ထွက်မြောက်ခြင်း
၌ အကျိုးကိုလည်းကောင်း
ပြတော်မူ၏။
မြတ်စွာဘုရားသည်
ဥပါလိသူကြွယ်၌သင့်လျော်သောစိတ်
နူးညံ့သောစိတ်
အပိတ်အပင်'နီဝရဏ'
မှ ကင်းသောစိတ်
တက်ကြွသောစိတ်ယုံကြည်သောစိတ်
ရှိသည်ကို
သိတော်မူသောအခါ
မြတ်စွာဘုရားတို့၏
ကိုယ်တိုင်ထုတ်ဖော်သိမြင်ပြီးသော
'သာမုက္ကံသိက'
တရား
ဒေသနာတော်ကို
ဟောကြားတော်မူလျက်ဆင်းရဲ
'ဒုက္ခ'ကိုလည်းကောင်း၊
ဆင်းရဲဖြစ်ကြောင်း
'သမုဒယ' ကို
လည်းကောင်း၊
ဆင်းရဲချုပ်ရာ'နိရောဓ'ကိုလည်းကောင်း၊
ဆင်းရဲချုပ်ရာသို့
ရောက်ကြောင်းလမ်းစဉ်
'မဂ္ဂ'
ကိုလည်းကောင်းပြတော်မူ၏၊
မည်းညစ်ခြင်းကင်းသော
ဖြူစင်သော
အဝတ်သည်
ဆိုးရည်ကို
ကောင်းစွာ
ခံယူသကဲ့သို့၊
ထို့အတူ
ဥပါလိသူကြွယ်အား
ထိုနေရာ၌ပင်လျှင်
''ဖြစ်ခြင်းသဘောရှိသော
တရားအလုံးစုံ
သည်ချုပ်ခြင်းသဘောရှိ၏''ဟု
ကိလေသာမြူ
အညစ်အကြေးကင်းသော
မျက်စိ 'သောတာပတ္တိမဂ်ဉာဏ်'
သည်ဖြစ်ပေါ်၏၊
ထိုအခါ ဥပါလိသူကြွယ်သည်
တရားကို
မြင်ပြီးသည်
ဖြစ်၍
တရားသို့
ရောက်ပြီးသည်
ဖြစ်၍့တရားကို
သိပြီးသည်ဖြစ်၍
တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍
ယုံမှားခြင်းကို
ကူးမြောက်ပြီး
သည်ဖြစ်၍သို့လော
သို့လော (တွေးတောခြင်း)
ကင်းပြီးသည်ဖြစ်၍
မြတ်စွာဘုရားသာသနာ၌
ရဲရင့်ခြင်းသို့ရောက်သည်ဖြစ်၍
သူတစ်ပါးကို
အားထားယုံကြည်သည်မဟုတ်ဘဲ
မိမိကိုယ်တိုင်ပင်
သိမြင်ပြီးသည်ဖြစ်၍မြတ်စွာဘုရားအား
''အသျှင်ဘုရား
ယခုအခါ
အကျွန်ုပ်တို့
သွားပါကုန်အံ့၊
အကျွန်ုပ်တို့သည်
များသောကိစ္စများသော
ပြုဖွယ်ရှိပါကုန်၏''ဟု
လျှောက်၏။
သူကြွယ်
ယခုအခါ၌
သွားရန်
အချိန်ကို
သင်သိ၏
(သွားရန်မှာ သင်၏
အလိုအတိုင်းပင်
ဖြစ်၏)ဟု
(မိန့်တော်မူ၏)။
၇၀။
ထိုအခါ
ဥပါလိသူကြွယ်သည်
မြတ်စွာဘုရား၏
စကားကို
နှစ်သက်ဝမ်းမြောက်၍
နေရာမှ
ထလျက်မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုး၍
အရိုအသေပြုကာ
မိမိအိမ်သို့
ချဉ်းကပ်ပြီးလျှင်
တံခါးစောင့် ကိုပြောဆို၏
''အချင်း
တံခါစောင့်
ယနေ့ကို အစပြု၍
နိဂဏ္ဌယောက်ျား
နိဂဏ္ဌမိန်းမတို့အတွက်
တံခါးကိုပိတ်ထား၏၊
မြတ်စွာဘုရား၏
ရဟန်းယောက်ျား
ရဟန်းမိန်းမ
ဒါယကာ
ဒါယိကာမတို့အတွက်
တံခါးကိုဖွင့်ထား၏၊
အကယ်၍
တစ်စုံတစ်ယောက်သော
နိဂဏ္ဌသည် လာငြားအံ့၊
ထိုနိဂဏ္ဌကို
သင်သည်
ဤသို့ပြောကြားလော့-'အသျှင်
ရပ်ဦးလော့၊
မဝင်ပါလင့်၊
ယနေ့မှစ၍
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ်ရောက်၏၊
နိဂဏ္ဌယောက်ျား
နိဂဏ္ဌမိန်းမတို့အတွက်
တံခါးကို
ပိတ်ထား၏၊
မြတ်စွာဘုရား၏
ရဟန်းယောက်ျား
ရဟန်းမိန်းမ
ဒါယကာ
ဒါယိကာမတို့အတွက်
တံခါးကို
ဖွင့်ထား၏၊
အသျှင်
အသျှင်သည်
အကယ်၍
ဆွမ်းအလိုရှိငြားအံ့၊
ဤနေရာ၌သာလျှင်
ရပ်ပါလော့၊
ဤနေရာ၌ပင်လျှင်
အသျှင်တို့အတွက်
ဆောင်ယူလာပါကုန်လတ္တံ့'ဟု
ဤသို့
ပြောကြားလော့''ဟု
(ပြောဆို၏)။
''အသျှင်ကောင်းပါပြီ''ဟု
တံခါးစောင့်သည်
ဥပါလိသူကြွယ်၏
စကားကို
ဝန်ခံ၏။
၇၁။
''ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ်ရောက်လေပြီတဲ့''ဟု
ဒီဃတပဿီနိဂဏ္ဌသည်
ကြားလေ၏။
ထိုအခါ
ဒီဃတပဿီ
နိဂဏ္ဌသည်
နာဋ၏သား
နိဂဏ္ဌထံသို့
ချဉ်း
ကပ်၍နာဋ၏သား
နိဂဏ္ဌကို
''အသျှင် ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ်ရောက်လေပြီတဲ့''ဟု
အကျွန်ုပ်
ကြားရပါ၏ဟု
ပြောကြား၏။
တပဿီ
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ရောက်ရာသော အကြောင်း
အခွင့်သည်
မရှိ။
ရဟန်းဂေါတမသည်သာဥပါလိ
သူကြွယ်၏
တပည့်အဖြစ်သို့
ရောက်ရာသော
အကြောင်း
အခွင့်သည် ရှိ၏ဟု
(ပြောဆို၏)။
နှစ်ကြိမ်
မြောက်လည်း
ဒီဃတပဿီနိဂဏ္ဌသည်။ပ။
သုံးကြိမ်မြောက်လည်း
ဒီဃတပဿီနိဂဏ္ဌသည်နာဋ၏သား
နိဂဏ္ဌကို
အသျှင်
အကျွန်ုပ်သည်
ဤစကားကို
ကြားရပါ၏။ပ။
ရဟန်းဂေါတမသည်သာလျှင်ဥပါလိ
သူကြွယ်၏
တပည့်အဖြစ်သို့
ရောက်ရာသော
အကြောင်း
အခွင့်သည် ရှိ၏ဟု
(ပြောဆို၏)။
အသျှင်
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ်ရောက်သည်
မကပ်ရောက်သည်ကို
သိရအောင်
အကျွန်ုပ်
ယခု
သွားပါအံ့ဟု
(ဆို၏)။ တပဿီ
ဥပါလိ
သူကြွယ်သည်
ရဟန်းဂေါတမ၏တပည့်အဖြစ်သို့
ကပ်ရောက်သည်
မကပ်ရောက်သည်ကို
သိရအောင် သင်
သွားလော့ဟု
(ဆို၏)။
၇၂။
ထိုအခါ
ဒီဃတပဿီနိဂဏ္ဌသည်
ဥပါလိသူကြွယ်၏အိမ်သို့
ချဉ်းကပ်လေ၏။
တံခါးစောင့်
သည်အဝေးမှပင်
လာနေသော
ဒီဃတပဿီနိဂဏ္ဌကို
မြင်လျှင်
ဒီဃတပဿီ
နိဂဏ္ဌအား
''အသျှင်
ရပ်ဦးလော့၊
မဝင်ပါလင့်၊
ယနေ့မှစ၍
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ် ရောက်၏၊
နိဂဏ္ဌယောက်ျား
နိဂဏ္ဌမိန်းမတို့အတွက်
တံခါးကို
ပိတ်ထား၏၊
မြတ်စွာဘုရား၏
ရဟန်း
ယောက်ျားရဟန်းမိန်းမ
ဒါယကာ
ဒါယိကာမတို့အတွက်
တံခါးကို
ဖွင့်ထား၏၊
အသျှင်
အသျှင်တို့သည်
အကယ်၍ဆွမ်းအလိုရှိငြားအံ့၊
ဤနေရာ၌သာလျှင်
ရပ်ပါလော့၊
ဤနေရာ၌ပင်လျှင်
အသျှင်တို့အတွက်ဆောင်ယူလာပါကုန်လတ္တံ့''ဟု
(ဆို၏)။
''ငါ့သျှင်တံခါးစောင့်
ငါ ဆွမ်းအလိုမရှိ''ဟု
ဆို၍
ထိုအရပ်မှ
ပြန်ခဲ့ပြီးလျှင်
နာဋ၏သား
နိဂဏ္ဌထံသို့ချဉ်းကပ်၍
နာဋ၏သား
နိဂဏ္ဌအား-''အသျှင်
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့ကပ်ရောက်သည်မှာ
အမှန်ပင်
ဖြစ်၏။
အသျှင်
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမအား
အပြစ်တင်မည်ကို
အကျွန်ုပ်မနှစ်သက်ပါ၊
အသျှင် ရဟန်းဂေါတမသည်
လှည့်ပတ်တတ်ပါ၏၊
စိတ်ညှို့၍
လှည့်ပတ်ခြင်းအတတ်ကို
တတ်ပါ၏၊
ယင်းအတတ်ဖြင့်
အယူတစ်မျိုးရှိသော
သူတို့၏
တပည့်တို့ကို
ညှို့တတ်ပါ၏ဟု
ဤသို့
သင့်အား အကျွန်ုပ်သည်
တားမြစ်ပါလျက်
မရခဲ့ပါလေတကား။
အသျှင် သင်၏
ဥပါလိသူကြွယ်ကို
ရဟန်းဂေါတမသည်
စိတ်ညှို့လှည့်ပတ်ခြင်းဖြင့်
လှည့်ပတ်ထားလေပြီတကား''ဟု
(ပြောဆို၏)။ တပဿီ
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ရောက်ရာသောအကြောင်း
အခွင့်သည်
မရှိ။
ရဟန်းဂေါတမသည်သာ
ဥပါလိသူကြွယ်၏
တပည့်အဖြစ်သို့ရောက်ရာသော
အကြောင်း
အခွင့်သည်
ရှိ၏ဟု
(ပြောဆို၏)။
နှစ်ကြိမ်မြောက်လည်း
ဒီဃတပဿီနိဂဏ္ဌသည်
နာဋ၏သား
နိဂဏ္ဌကို
ဤသို့
ပြောကြား၏။ပ။
အမှန်ပင်ဖြစ်ခဲ့၏။ပ။
ရဟန်းဂေါတမသည်သာလျှင်
ဥပါလိသူကြွယ်၏
တပည့်အဖြစ်သို့
ရောက်ရာသောအကြောင်းအခွင့်သည်
ရှိ၏ဟု
(ပြောဆို၏)။
သုံးကြိမ်မြောက်လည်း
ဒီဃတပဿီနိဂဏ္ဌသည်
နာဋ၏သားနိဂဏ္ဌအား
ဤစကားကို
ပြောဆို၏။ပ။
အမှန်ပင်
ဖြစ်ခဲ့၏။ပ။
ရဟန်းဂေါတမသည်သာ
ဥပါလိသူကြွယ်၏တပည့်အဖြစ်သို့
ရောက်ရာသော
အကြောင်းအခွင့်သည်
ရှိ၏ဟု (ပြောဆို၏)။
တပဿီ
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ်ရောက်သည်
မကပ်ရောက်သည်ကို
ကိုယ်တိုင်
သိရအောင်ယခု
ငါသွားချေအံ့ဟု
(ဆို၏)။
ထိုအခါ
နာဋ၏သား
နိဂဏ္ဌသည် များစွာသော
နိဂဏ္ဌပရိသတ်နှင့်အတူဥပါလိသူကြွယ်၏အိမ်သို့
ချဉ်းကပ်လေ၏။
တံခါးစောင့်သည်
အဝေးမှပင်
လာနေသော နာဋ၏သားနိဂဏ္ဌကို
မြင်လျှင်
နာဋ၏သား နိဂဏ္ဌအား
''အသျှင်
ရပ်ဦးလော့၊
မဝင်ပါလင့်၊
ယနေ့မှစ၍
ဥပါလိသူကြွယ်သည်
ရဟန်းဂေါတမ၏
တပည့်အဖြစ်သို့
ကပ်ရောက်၏၊
နိဂဏ္ဌယောက်ျား
နိဂဏ္ဌမိန်းမတို့အတွက်
တံခါးကို
ပိတ်ထား၏၊
မြတ်စွာဘုရား၏
ရဟန်းယောက်ျား
ရဟန်းမိန်းမ
ဒါယကာ
ဒါယိကာမတို့အတွက်
တံခါးကို
ဖွင့်ထား၏၊
အသျှင်
အသျှင်တို့သည်
အကယ်၍
ဆွမ်းအလိုရှိ
ငြားအံ့၊
ဤနေရာ၌သာ
ရပ်ပါလော့၊
ဤနေရာ၌ပင်လျှင်
အသျှင်တို့အတွက်
ဆောင်ယူလာပါကုန်လတ္တံ့''ဟု
(ပြောကြား၏)။
အချင်းတံခါးစောင့်
သို့ဖြစ်ပါမူ
ဥပါလိသူကြွယ်ထံသို့
ချဉ်းကပ်၍
''အသျှင်နာဋ၏သား
နိဂဏ္ဌသည်များစွာသော
နိဂဏ္ဌပရိသတ်နှင့်
အတူ
တံခါးမုခ်၏
ပြင်ပ၌ ရပ်လျက်
ရှိပါ၏၊
ထိုနာဋ၏သား
နိဂဏ္ဌသည်အသျှင့်အား
တွေ့မြင်လိုပါသတတ်''ဟု
ပြောကြားပါလော့ဟု
(ဆို၏)။
''အသျှင်
ကောင်းပါ
ပြီ''ဟုတံခါးစောင့်သည်
နာဋ၏သား
နိဂဏ္ဌအား
ပြန်ပြော၍
ဥပါလိသူကြွယ်ထံသို့
ချဉ်းကပ်ပြီးလျှင်ဥပါလိသူကြွယ်အား-
''အသျှင်နာဋ၏သား
နိဂဏ္ဌသည်
များစွာသော
နိဂဏ္ဌပရိသတ်နှင့်အတူ
တံခါးမုခ်ပြင်ပ၌
ရပ်လျက်ရှိပါ၏၊
ထိုနာဋ၏သား
နိဂဏ္ဌသည်
အသျှင့်အား
တွေ့မြင်လိုပါ၏''ဟု
ပြောကြား၏။
အချင်းတံခါးစောင့်
သို့ဖြစ်မူ အလယ်တံခါးမုခ်၌
နေရာတို့ကို
ခင်းထားလော့ဟု
(ဆို၏)။
''အသျှင်ကောင်း
ပါပြီ''ဟု
တံခါးစောင့်သည်
ဥပါလိသူကြွယ်၏
စကားကို
ဝန်ခံ၍ အလယ်တံခါးမုခ်၌
နေရာတို့ကိုခင်းထား
ပြီးလျှင်
ဥပါလိသူကြွယ်ထံသို့
ချဉ်းကပ်၍
''အသျှင် အလယ်တံခါးမုခ်၌
နေရာတို့ကိုခင်းထားပြီးပါပြီ၊
သွားရန် အချိန်ကို
သင် သိ၏
(သွားရန်မှာ
အသျှင်၏
အလိုအတိုင်းပင်
ဖြစ်၏)''ဟု
(ပြော၏)။
၇၃။
ထိုအခါ
ဥပါလိသူကြွယ်သည်
အလယ်တံခါးမုခ်သို့
ချဉ်းကပ်၍
ထိုအရပ်ရှိ
အဦး အထွတ် အမြတ်အကောင်းမွန်ဆုံးဖြစ်သော
နေရာ၌ ကိုယ်တိုင်
ထိုင်ပြီးလျှင်
တံခါးစောင့်ကို
ခေါ်၍
ပြောဆို၏
-''အချင်းတံခါးစောင့်
သို့ဖြစ်မူ
နာဋ၏သား
နိဂဏ္ဌထံသို့
ချဉ်းကပ်၍
အသျှင် အကယ်၍
အလိုရှိပါမူအတွင်းသို့
ဝင်ခဲ့ပါလော့ဟု
ဥပါလိသူကြွယ်သည်
ပြောလိုက်ပါ၏ဟု
ပြောကြားလော့''ဟု
(ဆို၏)။
''အသျှင် ကောင်းပါပြီ''ဟု
တံခါးစောင့်သည်
ဥပါလိသူကြွယ်၏
စကားကို
ဝန်ခံ၍
နာဋ၏သား
နိဂဏ္ဌထံသို့
ချဉ်းကပ်ပြီးလျှင်
ဤစကားကို
ပြောဆို၏။
''အသျှင်
အလိုရှိပါမူ အတွင်းသို့
ဝင်ခဲ့ပါလော့ဟု
ဥပါလိသူကြွယ်သည်
ပြောလိုက်ပါ၏''ဟု
(ပြောဆို၏)။
ထိုအခါ
နာဋ၏သား
နိဂဏ္ဌသည်
များစွာသော
နိဂဏ္ဌပရိသတ်နှင့်အတူ
အလယ်တံခါးမုခ်သို့
ချဉ်းကပ်လေ၏။
ထိုအခါ
ဥပါလိသူကြွယ်သည်
ရှေးအခါက
နာဋ၏သား
နိဂဏ္ဌ
အဝေးမှ လာသည်ကိုမြင်ရာအရပ်မှ
ခရီးဦးကြိုဆို၍
ထိုအရပ်ရှိ
အဦး အထွတ်
အမြတ်
အကောင်းမွန်ဆုံးဖြစ်သော
နေရာကိုကိုယ်ဝတ်
အပေါ်ရုံဖြင့်
ပွတ်တိုက်၍
ဖေးမကိုင်တွယ်၍
ထိုင်နေစေ၏၊
ယခုအခါ၌ကား
ထိုသူကြွယ်သည်ထိုအရပ်ရှိ
အဦးအထွတ်အမြတ်
အကောင်းမွန်ဆုံးဖြစ်သော
နေရာ၌ ကိုယ်တိုင်
ထိုင်လျက်
နာဋ၏သားနိဂဏ္ဌကို
''အသျှင်
နေရာတို့သည်
ရှိပါကုန်၏၊
အကယ်၍
အလိုရှိပါမူ
ထိုင်ပါလော့''ဟု
ဆို၏။
ဤသို့ဆိုသော်
နာဋ၏သား
နိဂဏ္ဌသည်
ဥပါလိသူကြွယ်အား-
''သူကြွယ် သင်
ရူးသလော၊
သူကြွယ်သင်
မိုက်သလော၊
'အသျှင်
အကျွန်ုပ်
သွားပါအံ့၊
ရဟန်းဂေါတမအား
အပြစ်တင်ချေပါအံ့'ဟု
ဆို၍သွားပါလျက်
များစွာသော
ဝါဒအပေါင်းဖြင့်
အစွပ်ခံ၍ ပြန်လာခဲ့၏။
သူကြွယ်
ဥပမာသော်ကား
ဝှေးသင်းသမား
ယောက်ျားတစ်ယောက်သည်
သွား၍
ဝှေးစေ့ အထုတ်ခံရလျက်
ပြန်လာရသကဲ့သို့၊
သူကြွယ် ဥပမာတစ်နည်းသော်ကား
မျက်လုံးထုတ်သမား
ယောက်ျားတစ်ယောက်သည်
သွား၍
မျက်လုံးအထုတ်ခံရလျက်
ပြန်လာရသကဲ့သို့၊
သူကြွယ်
သင်သည် ဤ
ဥပမာများအတူသာလျှင်
'အသျှင် အကျွန်ုပ်သွားပါအံ့၊
ရဟန်းဂေါတမအား
အပြစ်တင်ချေပါအံ့'ဟု
ဆို၍
သွားပါလျက်
များစွာသော
ဝါဒအပေါင်းဖြင့်အစွပ်ခံ၍
ပြန်လာခဲ့၏။
သူကြွယ်
သင့်ကို
ရဟန်းဂေါတမသည်
စိတ်ညှို့၍
လှည့်ပတ်ခြင်းဖြင့်
လှည့်ပတ်ထားချေပြီတကား''ဟု
ပြောဆို၏။
၇၄။
အသျှင်
စိတ်ညှို့၍
လှည့်ပတ်ခြင်းသည်
အလွန်ကောင်းမွန်ခြင်း
ရှိပါ၏၊
အသျှင် စိတ်ညှို့၍
လှည့်ပတ်ခြင်းသည်
မွန်မြတ်ခြင်း
ရှိပါ၏၊
အသျှင်
အကျွန်ုပ်၏
ချစ်လှစွာသော
ဆွေမျိုးသားချင်းတို့သည်
ဤ စိတ်ညှို့၍
လှည့်ပတ်ခြင်းဖြင့်
အညှို့ခံရကုန်ငြားအံ့၊
အသျှင်
အကျွန်ုပ်၏
ချစ်လှစွာကုန်သော
ဆွေမျိုးသားချင်းတို့မှာလည်း
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးချမ်းသာခြင်းငှါ
ဖြစ်ကုန်ရာပါ၏၊
အသျှင်အလုံးစုံသော
မင်းတို့သည်လည်း
ဤစိတ်ညှို့၍
လှည့်ပတ်ခြင်းဖြင့်
အညှို့ခံရကုန်ငြားအံ့၊
အလုံးစုံသောမင်းတို့မှာလည်း
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးချမ်းသာခြင်းငှါ
ဖြစ်ကုန်ရာပါ၏။
အသျှင်
အလုံးစုံသော
ပုဏ္ဏားတို့သည်လည်း။ပ။
ကုန်သည်တို့သည်လည်း။ပ။
ဆင်းရဲသားတို့သည်လည်း
ဤစိတ်ညှို ့၍
လှည့်ပတ်ခြင်းဖြင့်
အညှို
့ခံရကုန်ငြားအံ့၊
အလုံးစုံသော
ဆင်းရဲသားတို့မှာလည်း
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးချမ်းသာခြင်းငှါ
ဖြစ်ကုန်ရာပါ၏။
အသျှင် နတ်
မာရ်နတ်ဗြဟ္မာနှင့်
တကွသော
ဩကာသလောကသည်လည်းကောင်း၊
သမဏ ဗြာဟ္မဏ
မင်းများ
လူများနှင့်တကွသော
သတ္တလောကသည်လည်းကောင်း၊
ဤစိတ်ညှို့ ၍
လှည့်ပတ်ခြင်းဖြင့်
အညှို့ခံရကုန်ငြားအံ့၊
နတ် မာရ်နတ်
ဗြဟ္မာနှင့်တကွသော
ဩကာသလောကမှာလည်းကောင်း၊
သမဏ ဗြာဟ္မဏ
မင်းများ
လူများနှင့်
တကွသော
သတ္တလောကမှာလည်းကောင်း
ရှည်မြင့်စွာသောကာလပတ်လုံး
စီးပွါးချမ်းသာခြင်းငှါ
ဖြစ်ကုန်
ရာပါ၏။
ထို့ကြောင့်သာလျှင်
အသျှင်
သင့်အားဥပမာပြုပါအံ့၊
ဤလောက၌
အချို့ကုန်သော
ပညာရှိ
ယောက်ျားတို့သည်
ဥပမာဖြင့်လည်း
စကား၏
အနက်သဘောကို သိကြကုန်၏။
၇၅။
အသျှင် ရှေးကဖြစ်ဖူးသည်ကား
အိုမင်း
ရင့်ရော်
ကြီးမြင့်သော
အရွယ်သို့
ရောက်ပြီးသော
ပုဏ္ဏားတစ်ယောက်အား
ပျိုမျစ်နုနယ်
ငယ်စွာသော
ကိုယ်ဝန်အရင့်အမာ
သားဖွားခါနီးဖြစ်သော
မယားသည်
ရှိ၏၊ ထိုအခါ
ထိုသတို့သမီးငယ်သည်
ထိုပုဏ္ဏားအိုကြီးကို
''ပုဏ္ဏားအိုကြီး
သင်သည်
သွားပါချေ၊
ဈေးမှ မျောက်ရုပ်ငယ်ကို
ဝယ်၍
ဆောင်ယူခဲ့ပါလော့၊
ယင်းမျောက်ရုပ်ငယ်သည်
အကျွန်ုပ်သားငယ်၏
ကစားဖွယ်ဖြစ်လတ္တံ့''ဟု
ဆို၏။
ဤသို့
ဆိုသည်ရှိသော်
ထိုပုဏ္ဏားအိုကြီးသည်
ထိုသူငယ်မကို
''အိုရှင်မ
သားဖွားသည့်တိုင်အောင်
ဆိုင်းဦးလော့၊
သင်သည်
သားယောက်ျားကို
ဖွားမြင်အံ့၊
သင့်သားငယ်၏
ကစားဖွယ်ရာဖြစ်သော
မျောက်ထီးရုပ်ကို
ဈေးမှ ဝယ်၍ ဆောင်ယူခဲ့ပါအံ့၊
သင်သည်
သမီးမိန်းမကို
ဖွားမြင်အံ့၊
သင့်သမီးငယ်၏
ကစားဖွယ်ရာဖြစ်သော
မျောက်မရုပ်ကို
ဈေးမှ ဝယ်၍
ဆောင်ယူခဲ့ပါအံ့''ဟု
ဆို၏။
အသျှင်
နှစ်ကြိမ်မြောက်လည်း
ထိုသတို့သမီးငယ်သည်။ပ။
အသျှင်
သုံးကြိမ်မြောက်လည်း
ထိုသတို့သမီးငယ်သည်
ထိုပုဏ္ဏားအိုကြီးကို
''ပုဏ္ဏားအိုကြီး
သင်သည်
သွားပါချေ၊
ဈေးမှ မျောက်ရုပ်ငယ်ကိုဝယ်၍
ဆောင်ယူခဲ့ပါလော့၊
ယင်းမျောက်ရုပ်ငယ်သည်
အကျွန်ုပ်သားငယ်၏
ကစားဖွယ်ဖြစ်လတ္တံ့''ဟုဆို၏။
အသျှင်
ထိုအခါ
ထိုပုဏ္ဏားအိုကြီးသည်
ထိုသတို့သမီးငယ်၌
တပ်မက်စွဲလမ်းသော
စိတ်ရှိသည်ဖြစ်၍
ဈေးမှ
မျောက်ရုပ်ငယ်ကို
ဝယ်ယူ ဆောင်လာခဲ့၍
ထိုသတို့သမီးငယ်အား
''ရှင်မ ဤမျောက်ရုပ်ငယ်ကိုဈေးမှ
ဝယ်၍
ဆောင်ယူခဲ့ပြီ၊
ယင်းမျောက်ရုပ်ငယ်သည်
သင့်သားငယ်၏
ကစားဖွယ်
ဖြစ်လတ္တံ့''ဟုဆို၏။
အသျှင်
ဤသို့ဆိုသော်
ထိုသတို့သမီးသည်
ထိုပုဏ္ဏားအိုကြီးကို
''ပုဏ္ဏားအိုကြီး
အသင်သည်
သွားပါချေ၊
ဤမျောက်ရုပ်ငယ်ကို
ယူဆောင်၍
ရတ္တပါဏိမည်သော
ပန်းဆိုးသမား၏
သားထံသို့
ကပ်၍အဆွေ
ရတ္တပါဏိ
ငါသည်
ဤမျောက်ရုပ်ငယ်ကို
ရိုက်နှက်ဖွပ်လျှော်၍
နှစ်ဖက်လုံး
ချောမွေ့အောင်
ပြု၍
အဝါရောင်ဆေးဖြင့်
ဆိုးထားသည်ကို
အလိုရှိ၏ဟူ၍
ပြောဆိုလေ''ဟု
ပြောဆို၏။
အသျှင် ထိုအခါပုဏ္ဏား
အိုကြီးသည်
ထိုသတို့သမီးငယ်၌
တပ်မက်စွဲလမ်းသော
စိတ်ရှိသည်ဖြစ်၍
ထိုမျောက်ရုပ်ငယ်ကိုယူဆောင်
ကာ
ရတ္တပါဏိမည်သော
ပန်းဆိုးသမား၏
သားထံသို့
ချဉ်းကပ်၍
ရတ္တပါဏိမည်သောပန်းဆိုးသမား
သားကို ''အဆွေ
ရတ္တပါဏိ
ငါသည်
ဤမျောက်ရုပ်ငယ်ကို
ရိုက်နှက်ဖွပ်လျှော်၍နှစ်ဖက်လုံး
ချောမွေ့
အောင် ပြု၍
အဝါရောင်ဆေးဖြင့်
ဆိုးထားသည်ကို
အလိုရှိပါ၏''ဟု
ပြောဆို၏။
အသျှင်
ဤသို့ပြောဆို
သော်
ရတ္တပါဏိမည်သော
ပန်းဆိုးသမား၏
သားသည်
ထိုပုဏ္ဏားအိုကြီးကို''အသျှင်ပုဏ္ဏားအိုကြီး
သင်၏
မျောက်ရုပ်ငယ်သည်
အဆိုးကား
ခံနိုင်ပါ၏၊
ရိုက်နှက်ဖွပ်လျှော်မှုကိုမခံနိုင်ပါ၊
ပွတ်တိုက်ခြင်းကို
မခံနိုင်
ပါ''ဟု ပြောဆို၏။
အသျှင်
ဤအတူသာလျှင်
မိုက်ကုန်သော
နိဂဏ္ဌတို့၏
အယူဝါဒသည်
သူမိုက်တို့၏
အစွဲအလမ်း ကိုသာခံနိုင်၏၊
ပညာရှိတို့၏
အစွဲအလမ်းကို
မခံနိုင်၊
အစိစစ်ကို
မခံနိုင်၊
အစမ်းသပ်ကို
မခံနိုင်။
အသျှင်ထိုပုဏ္ဏားအိုကြီးသည်
နောက်အခါ၌ ပုဆိုးသစ်အစုံကို
ယူဆောင်၍
ရတ္တပါဏိမည်သော
ပန်းဆိုး
သမား၏သားထံသို့
ချဉ်းကပ်၍
ရတ္တပါဏိမည်သော
ပန်းဆိုးသမား၏
သားကို ''အဆွေ
ရတ္တပါဏိ
ငါသည်ဤပုဆိုးသစ်အစုံကို
ရိုက်နှက်ဖွပ်လျှော်၍
နှစ်ဖက်လုံး
ချောမွေ့အောင်
ပြု၍
အဝါရောင်ဆေးဖြင့်ဆိုးထားသည်ကို
အလိုရှိ၏''ဟု
ပြောဆို၏။
အသျှင် ဤသို့
ပြောဆိုသော်
ရတ္တပါဏိမည်သော
ပန်းဆိုးသမား၏
သားသည်
ထိုပုဏ္ဏားအိုကြီးကို
''အသျှင်ပုဏ္ဏားအိုကြီး
သင်၏
ဤပုဆိုးအစုံသည်
အဆိုးကိုလည်း
ခံနိုင်ပါ၏၊
အရိုက်အနှက်
အဖွပ်အလျှော်ကိုလည်း
ခံနိုင်ပါ၏၊
အပွတ်အတိုက်ကိုလည်း
ခံနိုင်ပါ၏''ဟု
ပြောဆို၏။
အသျှင်
ဤအတူသာလျှင်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရား၏
အယူဝါဒသည်
ပညာရှိတို့၏
အစွဲအလမ်းကို
ခံနိုင်၏။
သူမိုက်တို့၏
အစွဲအလမ်းကို
မခံနိုင်၊
အစိစစ်ကိုလည်း
ခံနိုင်၏၊
အစမ်းသပ်ကိုလည်း
ခံနိုင်၏ဟု
(ဆို၏)။
သူကြွယ်
သင့်ကို
မင်းနှင့်
တကွသော
ပရိသတ်သည်
''ဥပါလိသူကြွယ်သည်
နာဋ၏သား
နိဂဏ္ဌ၏တပည့်တည်း''ဟု
သိ၏။ သူကြွယ်
(ယခုအခါ)
သင့်ကို
မည်သူ၏
တပည့်ဟု မှတ်ကြရပါကုန်အံ့နည်းဟု
(မေး၏)။
ဤသို့ဆိုသော်
ဥပါလိသူကြွယ်သည်
နေရာမှ ထ၍
ပခုံးတစ်ဖက်၌
ကိုယ်ဝတ်ကို
စံပယ်တင်လျက်
မြတ်စွာဘုရား
ရှိတော်မူရာအရပ်သို့
လက်အုပ်ချီကာ
နာဋ၏သား
နိဂဏ္ဌကို
''အသျှင်
ထိုသို့ဖြစ်မူ့
အကျွန်ုပ်သည်
မည်သူ၏ တပည့်ဖြစ်သည်ကို
နားထောင်လော့''ဟု
ဆိုလေ၏ -
၇၆။
အကျွန်ုပ်သည်
မြဲမြံသောပညာရှိတော်မူသော၊
မောဟကင်းဝေးတော်မူ
ပြီးသော၊
ငြောင့်တံသင်းတို့ကို
ဖျက်ဆီးတော်မူပြီးသော၊
အောင်ပြီးသော
အောင်ပွဲရှိ
တော်မူသော၊
ဆင်းရဲကင်းဝေးတော်မူပြီးသော၊
ညီမျှသော
စိတ်ရှိတော်မူသော၊
ကြီးပွားသောအကျင့်သီလရှိတော်မူသော၊
ကောင်းမြတ်သော
ပညာရှိတော်မူသော၊
ရာဂအစရှိသော
အဆိပ်ကိုလွန်မြောက်တော်မူပြီးသော၊
ရာဂအညစ်အကြေး
ကင်းဝေးတော်မူပြီးသော
ထို မြတ်စွာဘုရား၏တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
တွေးတော
ယုံမှားခြင်း
ကင်းတော်မူသော၊
နှစ်သက်သောစိတ်ရှိ
တော်မူသော၊
လောကသားတို့၏
တပ်မက်စရာတို့ကို
ပျို့အန်တော်မူပြီးသော၊
မုဒိတာတရားရှိတော်မူသော၊
ပြုပြီးသောရဟန်းကိစ္စရှိတော်မူသော၊
လူတွင်ထူးကဲ
တစ်ယောက်တည်းသာ
ဖြစ်တော်မူသော၊
အဆုံးဘဝကိုယ်ကာယကို
ဆောင်တတ်
သော၊ ထူးမြတ်သောလူ
ဖြစ်တော်မူသော၊
ခိုင်းနှိုင်းစရာဥပမာရှိတော်မမူသော၊
ကိလေသာမြူကြေး
ကင်းဝေးတော်မူသော
ထိုမြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
ယုံမှားရှိတော်မမူသော၊
လိမ္မာယဉ်ကျေးတော်မူသော၊
သတ္တဝါတို့ ၏
ရှေ့ဆောင်တစ်ဆူဖြစ်တော်မူသော၊
မြတ်သော
ရထားထိန်းဖြစ်တော်မူသော၊
မိမိထက်
ကဲလွန်သူ
ရှိတော်မမူသော၊
စင်ကြယ်သော
တရားရှိတော်မူသော၊
ယုံမှား
ခြင်းကင်းတော်မူပြီးသော၊
ပညာတော်ရောင်ဖြင့်ထွန်းပြောင်တောက်ပတော်မူပြီး
သော၊
မာန်တံခွန်ကို
ကုန်စင်အောင်
ဖြတ်တော်မူပြီးသော၊
လုံ့လဝီရိယရှိတော်မူ
သော
ထိုမြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
ရဲရင့်သူတို့တွင်
ပြိုင်ဘက်ကင်းတော်မူသော၊
နှိုင်းယှဉ်အပ်သောသူ
ရှိတော်မမူသော၊
နက်နဲသော
ဂုဏ်ရှိတော်မူသော၊
အရဟတ္တမဂ်ဉာဏ်သို့
ရောက်
တော်မူပြီးသော၊
ဘေးမဲ့ခြင်းကိုပြုတော်မူတတ်သော၊
ဉာဏ်နှင့်
ပြည့်စုံတော်မူပြီးသော
တရားတော်၌သာ
တည်တော်မူသော၊
စောင့်စည်းထားသော
ကိုယ်စိတ်ရှိ
တော်မူသော၊
ရာဂအစရှိသော
ကပ်ငြိခြင်းကိုလွန်မြောက်တော်မူပြီးသော၊
ကိလေသာရန်အပေါင်းမှ
ကောင်းကောင်းကြီး
လွတ်မြောက်တော်မူပြီးသောထို
မြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
အကြောင်းလေးပါးတို့ဖြင့်
အပြစ်ကင်းတော်မူသော၊
ဆိတ်ငြိမ်သော
ကျောင်းနေရာ၌
သာနေတော်မူသော၊
ကုန်ပြီးသော
သံယောဇဉ်ရှိတော်မူသော၊
ခပ်သိမ်းသော
ဆင်းရဲမှ
လွတ်မြောက်တော်မူပြီးသော၊
တိုင်ပင်သင့်သော
ပညာရှိတော်မူသော၊
ခါတွက်အပ်ပြီးသော
ကိလေသာရှိတော်မူသော၊
ချထားပြီးသော
မာန်တံခွန်ရှိတော်မူသော၊
ရာဂကင်းတော်မူပြီးသော၊
ယဉ်ကျေးတော်မူပြီးသော၊
ပပဉ္စတရားတို့ကို
ပယ်ရှားတော်မူပြီးသော
ထိုမြတ်စွာဘုရား၏တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
(ဝိပဿီစသော)
ဘုရားသျှင်တို့တွင်
ခုနစ်ဆူမြောက်
ဖြစ်တော်မူသော၊
ကောက်ကျစ်စဉ်းလဲခြင်းမှ
ကင်းဝေးတော်မူသော၊
ဝိဇ္ဇာဉာဏ်သုံးပါးနှင့်
ပြည့်စုံတော်မူသော၊
မြတ်သောသဗ္ဗညုအဖြစ်သို့
ရောက်တော်မူသော၊
ကိလေသာ အညစ်
အကြေးတို့ကိုဆေးကြောသုတ်သင်တော်မူပြီးသော၊
ဂါထာဖွဲ့ခြင်း၌
လိမ္မာ
တော်မူထသော၊
ကိုယ်စိတ်နှစ်ပါးငြိမ်းအေးတော်မူပြီးသော၊
သိသင့်သည်ကို
သိတော်မူသော၊
ဓမ္မဒါန
အလှူတော်ကို
ဦးစွာပေးလှူတော်မူတတ်သော၊
သည်းခံခြင်းငှါ
စွမ်းနိုင်တော်မူသော
ထိုမြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
သူမြတ်ဖြစ်တော်မူသော၊
ပွါးများအပ်ပြီးသောစိတ်ရှိတော်မူသော၊
ရအပ်
ရသင့်ရောက်အပ်
ရောက်သင့်သော
ဂုဏ်ကျေးဇူးတို့ကို
ရတော်မူ
ရောက်
တော်မူပြီးသော၊
အနက်အဓိပ္ပါယ်သဘာဝတို့ကို
အကျယ်ချဲ့၍
ပြတော်မူတတ်သော၊
သတိနှင့်
ပြည့်စုံတော်မူသော၊
ထူးသောဉာဏ်ဖြင့်ရှုမြင်တော်မူတတ်သော၊
ကာမဂုဏ်တို့၌
ညွတ်ခြင်းကင်းတော်မူသော၊
ကာမဂုဏ်တို့၌တိမ်းခြင်းကင်းတော်မူ
သော၊ တဏှာမှ
ကင်းဝေးတော်မူသော၊
စိတ်တန်ခိုးရှိသည့်
အဖြစ်သို့
ရောက်တော်မူပြီးသော
ထိုမြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
ကောင်းစွာ
ထင်ရှားကျော်စောတော်မူသော၊
ဈာန်တရားကို
ဝင်စားတော်မူလေ့ရှိသော၊
ကိလေသာတို့သို့
အစဉ်မလိုက်သော
စိတ်ရှိတော်မူသော၊
ကိလေသာအညစ်အကြေးတို့မှစင်ကြယ်တော်မူသော၊
ကိလေသာတည်းဟူသော
နှောင်ဖွဲ့ခြင်းမှ
ကင်းဝေးတော်မူသော၊
အကျိုးစီးပွါးကိုပြုတော်မူသော၊
(ကိလေသာတို့မှ)
ကင်းဆိတ်တော်မူသော၊
အထွတ်အထိပ်သို့
ရောက်တော်မူပြီး
သော၊
သံသရာဝဋ်မှ ကူးမြောက်တော်မူပြီးသော၊
သတ္တဝါတို့ကို
သံသရာမှ
ကူးမြောက်စေတော်မူတတ်သောထိုမြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
ငြိမ်သက်သော
ဣန္ဒြေရှိတော်မူသော၊
မြေကြီးပမာ
ကြီးကျယ်
သောပညာရှိတော်မူသော၊
များမြတ်သော
ပညာရှိတော်မူသော၊
ကင်းဝေးသော
လောဘရှိ
တော်မူသော၊
ရှေးဘုရားသျှင်တို့နှင့်
တူစွာ
လာခြင်းဖြစ်ခြင်းရှိတော်မူသော၊
ကောင်းသောစကားကိုသာဆိုတော်မူတတ်သော၊
တုဘက်ကင်းပြီး
တစ်ဦးတည်းသော
ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသော၊
ပြိုင်ဘက်ကင်းတော်မူသော၊
ကေသရာဇာ
ခြင်္သေ့မင်းကဲ့သို့
ရဲတင်းသောစိတ်ရှိတော်မူသော၊
နူးညံ့သိမ်မွေ့သော
ပညာရှိတော်မူ
သော ထိုမြတ်စွာဘုရား၏
တပည့်ဖြစ်ပေ၏။
အကျွန်ုပ်သည်
ဖြတ်ပြီးသော
တဏှာရှိတော်မူသော၊
ညေယျဓံငါးပါးကို
သိတော်
မူပြီးသော၊ ကင်းပြီးသော
ကိလေသာအငွေ့အသက်ရှိတော်မူသော၊
တဏှာဒိဋ္ဌိတို့ဖြင့်
မလိမ်း
ကျံအပ်သော၊
အဝေးမှဆောင်ယူ၍
လှူအပ်သော
အလှူကို ခံတော်မူ
ထိုက်သော၊
ပူဇော်အပ်သော
နတ်ဖြစ်တော်မူသော၊
ပုဂ္ဂိုလ်မွန်
ပုဂ္ဂိုလ်မြတ်ဖြစ်တော်
မူသော၊
အတူရှိတော်မမူသော၊
လောကအလုံးတွင်အကြီးမြတ်ဆုံးဖြစ်တော်မူသော၊
ရောက်အပ်
ရအပ်ပြီးသော
အခြံအရံ
အကျော်အစောရှိတော်မူသောထိုမြတ်စွာ
ဘုရား၏
တပည့်ဖြစ်ပေ၏ဟု
(ဆိုလေ၏)။
၇၇။
သူကြွယ်
သင်သည်
ရဟန်းဂေါတမ၏
ဤဂုဏ်ကျေးဇူးတို့ကို
အဘယ်အခါက
ဖွဲ့ဆိုသီကုံးထားသနည်းဟု
(မေး၏)။
အသျှင်
ဥပမာသော်ကား
အထူးထူးသော
ပန်းတို့ဖြင့်
စုပေါင်းထားသော
ပန်းစုပန်းပုံသည်
ရှိလေရာ၏၊
ထိုပန်းပုံကို
ပန်းကုံးခြင်း၌
လိမ္မာသော
ပန်းသည်သည်လည်းကောင်း၊
ထိုပန်းသည်၏
တပည့်သည်လည်းကောင်း
ဆန်းကြယ်သော
ပန်းကုံးကို
သီကုံးလေရာသကဲ့သို့၊
ဤအတူသာလျှင်
ထိုမြတ်စွာဘုရားသည်
များစွာသော
ဂုဏ်ကျေးဇူးရှိတော်မူ၏၊
အရာမက
များပြားလှသော
ဂုဏ်ကျေးဇူး
ရှိတော်မူ၏။
အသျှင် ချီးကျူးထိုက်သူ၏
ဂုဏ်ကျေးဇူးကို
အဘယ်သူ
မချီးကျူးဘဲ
နေနိုင်ပါအံ့နည်းဟု
(ဆို၏)။
ထိုအခါ
မြတ်စွာဘုရားအား
ပူဇော်သကာ
ပြုသည်ကို
သည်းမခံနိုင်ရကား
ထိုနေရာ၌ပင်
နာဋ၏သား
နိဂဏ္ဌ၏ ခံတွင်းမှ
လောလောပူသော
သွေးသည်
အန်ထွက်လေ၏။
ခြောက်ခုမြောက်
ဥပါလိသုတ်
ပြီး၏။
------
၇-ကုက္ကုရဝတိကသုတ်
၇၈။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကောလိယတိုင်း
ဟလိဒ္ဒဝသနမည်သော
နိဂုံး၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ကောလိယ၏သား
နွားကျင့်ကျင့်သော
ပုဏ္ဏသည်လည်းကောင်း၊
အဝတ်မဝတ်သောခွေးကျင့်ကျင့်သော
သေနိယသည်လည်းကောင်း
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြပြီးလျှင်
ကောလိယ၏သား
နွားကျင့်ကျင့်သော
ပုဏ္ဏသည်
ရိုသေစွာ
ရှိခိုး၍
တစ်ခုသော
နေရာ၌
ထိုင်နေ၏။
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
သေနိယသည်ကား
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်း
သာ့ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို
ပြောဆိုပြီးဆုံးစေ၍
ခွေးကဲ့သို့
ခွေ၍ တစ်ခု
သောနေရာ၌
နေ၏။ တစ်ခုသော
နေရာ၌
ထိုင်နေသော
ကောလိယ၏သား
နွားကျင့်ကျင့်သော
ပုဏ္ဏ
သည်မြတ်စွာဘုရားကို-
''အသျှင်ဘုရား
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
ဤသေနိယသည်
ပြုနိုင်ခဲသည်ကို
ပြု၏၊
မြေ၌ပစ်ချထားသော
အစာကို စား၏၊
ထိုသေနိယသည်
ထိုခွေးကျင့်ကို
ရှည်မြင့်စွာသော
ကာလပတ်လုံးပြည့်စုံစွာ
ဆောက်တည်ထား၏၊
ထိုသေနိယ၏
လားရာကား
အဘယ်ပါနည်း၊
တမလွန်လောကသည်ကားအဘယ်ပါနည်း''ဟု
လျှောက်၏။
ပုဏ္ဏ
မသင့်လျော်ချေ၊
ဤပြဿနာ
ရှိစေဦးလော့၊
ငါ့ကို
ဤပြဿနာကိုမမေးလင့်ဟု
(မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်လည်း
ကောလိယ၏သား
နွားကျင့်ကျင့်သောပုဏ္ဏသည်။ပ။
သုံးကြိမ်မြောက်လည်း
ကောလိယ၏သား နွားကျင့်ကျင့်သော
ပုဏ္ဏသည်
မြတ်စွာဘုရားကို-''အသျှင်
ဘုရား
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
ဤသေနိယသည်
ပြုနိုင်ခဲသည်ကို
ပြု၏၊
မြေ၌ပစ်ချထား
သော အစာကို
စား၏၊
ထိုသေနိယသည်
ထိုခွေးကျင့်ကို
ရှည်မြင့်စွာသော
ကာလပတ်လုံးပြည့်စုံစွာ
ဆောက်တည်ထား၏၊
ထိုသေနိယ၏
လားရာကား
အဘယ်ပါနည်း၊
တမလွန်လောကသည်ကားအဘယ်ပါ
နည်း''ဟု လျှောက်၏။
၇၉။
ပုဏ္ဏ ငါသည်
သင့်အား
''ပုဏ္ဏ
မသင့်လျော်ချေ၊
ဤပြဿနာ ရှိစေဦးလော့၊
ငါ့ကို
ဤပြဿနာကို
မမေးလင့်''ဟု
ဆိုသော်လည်း
မရခဲ့၊
သို့ဖြစ်၍
သင့်အား ငါ
ဖြေကြားတော့အံ့။
ပုဏ္ဏအချို့
သောသူသည် ခွေးကျင့်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏၊
ခွေးအလေ့အထကို
ပြည့်ပြည့်စုံစုံမပြတ်မလပ်
ပွါးများ၏၊
ခွေးစိတ်ကို ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏၊
ခွေးအမူအရာကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏၊
ထိုသူသည် ခွေးကျင့်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၍ခွေးအလေ့အထကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၍
ခွေးစိတ်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၍ခွေးအမူအရာကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၍
ကိုယ်ခန္ဓာ
ပျက်ဆီး၍ သေပြီးသည်မှ
နောက်၌ခွေးတို့၏
အပေါင်းအဖော်အဖြစ်သို့
ရောက်ရလေ၏၊
ထိုသူမှာ
''ငါသည် ဤအလေ့အထ
ဤဝတ်ဤခြိုးခြံသောအကျင့်
ဤမြတ်သောအကျင့်ဖြင့်
ထင်ရှားသော
နတ်သော်လည်းကောင်း၊
မထင်ရှားသောနတ်သော်လည်းကောင်း
ဖြစ်ရအံ့''ဟု
အကယ်၍
အယူအစွဲ ရှိငြားအံ့၊
ထိုအယူ
အစွဲသည်
မှားသောအယူအစွဲဖြစ်၏။
ပုဏ္ဏ
မှားသော
အယူအစွဲရှိသောသူ၏
ငရဲ၊
သို့မဟုတ်
တိရစ္ဆာန်မျိုး
ဟူသောလားရာနှစ်မျိုးတို့တွင်
တစ်မျိုးမျိုးသော
လားရာကို
ငါဆို၏။
ပုဏ္ဏ
ဤသို့လျှင်
ခွေးကျင့်နှင့်
ပြည့်စုံလတ်သော်
ခွေးတို့၏
အပေါင်းအဖော်အဖြစ်သို့
ရောက်ရ၏၊
မပြည့်စုံလတ်သော်
ငရဲသို့
ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ဤသို့
မိန့်ကြားတော်မူလတ်သော်
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
သေနိယသည်ငို၏၊
မျက်ရည်ကျ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ကောလိယ၏သား
နွားကျင့်ကျင့်သော
ပုဏ္ဏကို
''ပုဏ္ဏ ငါသည်
သင့်အား'ပုဏ္ဏ
မသင့်လျော်ချေ၊
ဤပြဿနာ
ရှိစေဦးလော့၊
ငါ့ကို
ဤပြဿနာကို
မမေးလင့်'ဟု
ဆိုသော်လည်းမရခဲ့ချေ''ဟု
မိန့်တော်မူ၏။
''အသျှင်ဘုရား
အကျွန်ုပ်ကို
မြတ်စွာဘုရား
ဤသို့ မိန့်တော်မူသည်ကိုအကျွန်ုပ်
မငိုပါ၊ အသျှင်ဘုရား
စင်စစ်အားဖြင့်
အကျွန်ုပ်သည်
ဤခွေးကျင့်ကို
ရှည်မြင့်စွာသောကာလပတ်လုံး
ပြည့်ပြည့်စုံစုံ
ဆောက်တည်ထားမိပါ၏၊
ထို့ကြောင့်
ငိုကြွေးမိပါ၏။
အသျှင်ဘုရားကောလိယ၏
သားဖြစ်သော
ဤပုဏ္ဏသည်
နွားကျင့်ကျင့်ပါ၏၊
ထိုပုဏ္ဏသည်
ရှည်မြင့်
စွာသောကာလပတ်လုံး
နွားကျင့်ကို
ပြည့်ပြည့်စုံစုံ
ဆောက်တည်ထား
ပါ၏၊ ထိုပုဏ္ဏ၏
လားရာကားအဘယ်ပါနည်း၊
တမလွန်
လောကသည်ကား
အဘယ်ပါနည်း''ဟု
လျှောက်၏။
သေနိယ
မသင့်လျော်ချေ၊
ဤပြဿနာ
ရှိစေဦးလော့၊
ငါ့ကို
ဤပြဿနာကို
မမေးလင့်'ဟု
(မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်လည်း
အဝတ်မဝတ်သော
သေနိယသည်။ပ။
သုံးကြိမ်မြောက်လည်း
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
သေနိယသည် မြတ်စွာဘုရားကို
- ''အရှင်ဘုရား
ကောလိယ၏သား
ဤပုဏ္ဏသည်
နွားကျင့်ကျင့်ပါ၏၊
ထိုပုဏ္ဏသည်
ရှည်မြင့်စွာသော
ကာလပတ်လုံး
နွားကျင့်ကို
ပြည့်ပြည့်စုံစုံ
ဆောက်တည်ထားပါ၏၊
ထိုပုဏ္ဏ၏
လားရာကား
အဘယ်ပါနည်း၊
တမလွန်လောကသည်ကား
အဘယ်ပါနည်း''ဟုလျှောက်၏။
၈၀။
သေနိယ ငါသည်
သင့်အား
''သေနိယ
မသင့်လျော်ချေ၊
ဤပြဿနာ
ရှိစေဦးလော့၊
ငါ့ကိုဤပြဿနာကို
မမေးလင့်''ဟု
ဆိုသော်လည်း
မရခဲ့၊
သို့ဖြစ်၍
သင့်အား ငါ့ဖြေကြားတော့အံ့။
သေနိယ အချို့
သောသူသည်
နွားကျင့်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏၊
နွားအလေ့အထကိုပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏၊
နွားစိတ်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏၊
နွားအမူအရာကိုပြည့်
ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၏။
ထိုသူသည်
နွားကျင့်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၍
နွားအလေ့အထကို
ပြည့်ပြည့်စုံစုံမပြတ်မလပ်
ပွါးများ၍
နွားစိတ်ကို
ပြည့်ပြည့်စုံစုံ
မပြတ်မလပ်
ပွါးများ၍
နွားအမူအရာကို
ပြည့်ပြည့်စုံစုံမပြတ်မလပ်
ပွါးများ၍
ကိုယ်ခန္ဓာ
ပျက်စီး၍
သေပြီးသည်မှ
နောက်၌
နွားတို့၏
အပေါင်းအဖော်အဖြစ်သို့ရောက်ရ၏၊
ထိုသူမှာ
''ငါသည် ဤအလေ့အထ
ဤဝတ်
ဤခြိုးခြံသော
အကျင့်
ဤမြတ်သောအကျင့်ဖြင့်
ထင်ရှားသော
နတ်သော်လည်းကောင်း၊
မထင်ရှားသော
နတ်သော်လည်းကောင်း
ဖြစ်အံ့''ဟုအကယ်၍
အယူအစွဲ
ရှိငြားအံ့။
ထိုအယူအစွဲသည်
မှားသော
အယူအစွဲ
ဖြစ်၏။ သေနိယ
မှားသောအယူအစွဲ
ရှိသောသူ၏ ငရဲ၊
သို့မဟုတ်
တိရစ္ဆာန်မျိုးဟူသော
လားရာ
နှစ်မျိုးတို့တွင်
တစ်မျိုးမျိုးသောလားရာကို
ငါဆို၏။
သေနိယ
ဤသို့လျှင်
နွားအကျင့်နှင့်
ပြည့်စုံလတ်သော်
နွားတို့၏အပေါင်းအဖော်အဖြစ်သို့
ရောက်ရ ၏၊
မပြည့်စုံလတ်သော်
ငရဲသို့
ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ဤသို့မိန့်တော်မူသော်
ကောလိယ၏သား
နွားကျင့်ကျင့်သော
ပုဏ္ဏသည် ငို၏၊
မျက်ရည်ကျ၏။
ထိုအခါ
မြတ်စွာဘုရားသည်
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
သေနိယကို-''သေနိယ
ငါသည်သင့်အား
'သေနိယ
မသင့်လျော်ချေ၊
ဤပြဿနာ
ရှိစေဦးလော့၊
ငါ့ကို
ဤပြဿနာကို
မမေးလင့်'ဟုဆိုသော်လည်း
မရခဲ့ချေ''ဟု
မိန့်တော်မူ၏။
''အသျှင်ဘုရား
အကျွန်ုပ်ကို
မြတ်စွာဘုရား
ဤသို့ မိန့်ကြားတော်မူသည်ကို
အကျွန်ုပ်
မငိုပါ၊ အသျှင်ဘုရား
စင်စစ်အားဖြင့်
အကျွန်ုပ်သည်
ဤနွားကျင့်ကို
ရှည်မြင့်စွာသော
ကာလပတ်လုံး
ပြည့်ပြည့်စုံစုံ
ဆောက်တည်ထားမိပါ၏၊
ထို့ကြောင့်
ငိုကြွေးမိပါ၏၊
အသျှင်ဘုရား
တပည့်တော်သည်
မြတ်စွာဘုရား၌
ဤသို့
ကြည်ညိုပါ၏၊
အကျွန်ုပ်သည်
ဤနွားကျင့်ကိုစွန့်နိုင်မည့်
အခြင်းအရာအားဖြင့်,
အဝတ်မဝတ်သော
ခွေးကျင့်
ကျင့်သော
ဤသေနိယသည်လည်းထိုခွေးကျင့်ကို
စွန့်နိုင်မည့်
အခြင်းအရာအားဖြင့်
မြတ်စွာဘုရားသည်
တရားဟောခြင်းငှါ
စွမ်းနိုင်၏ဟု
(ယုံကြည်ပါ၏)''ဟု
(လျှောက်၏)။
ပုဏ္ဏ
သို့ဖြစ်လျှင်
နာလော့၊
ကောင်းစွာ နှလုံးသွင်းလော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ကောလိယ၏သား
နွားကျင့်ကျင့်သော
ပုဏ္ဏသည်
မြတ်စွာဘုရား၏စကားကို
ဝန်ခံ၏။
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏-
၈၁။
ပုဏ္ဏ
ငါကိုယ်တိုင်
ထူးသော
ဉာဏ်ဖြင့်
သိ၍ မျက်မှောက်
ပြုကာ
ဟောကြားထားသောကံတို့သည်
ဤလေးပါးတို့တည်း။
အဘယ်လေးပါးတို့နည်း-
မည်းညစ်၍
မည်းညစ်သောအကျိုးရှိသောကံ၊
ဖြူစင်၍
ဖြူစင်သော
အကျိုးရှိသောကံ၊
အမည်း အဖြူရောသည်ဖြစ်၍
အမည်း
အဖြူရောသောအကျိုးရှိသောကံ၊
အမည်းအညစ်လည်းမဟုတ်
အဖြူလည်းမဟုတ်သည်ဖြစ်၍,
အမည်းအညစ်လည်းမဟုတ်
အဖြူလည်းမဟုတ်သော
အကျိုးရှိသော
ကံကုန်ခြင်းကို
ဖြစ်စေတတ်သည့်
ကံသည် ရှိ၏၊
(ဤလေးပါးတို့တည်း)။
ပုဏ္ဏ
မည်းညစ်၍
မည်းညစ်သောအကျိုးရှိသော
ကံဟူသည်
အဘယ်နည်း-ပုဏ္ဏ
အချို့သော
သူသည့်ဆင်းရဲ
(ကြောင်းဖြစ်)
သော
ကိုယ်ဖြင့်
ပြုလုပ်မှု
'ကာယသင်္ခါရ'ကို
ပြုလုပ်၏၊
ဆင်းရဲ (ကြောင်းဖြစ်)
သော
နှုတ်ဖြင့်
ပြုလုပ်မှု
'ဝစီသင်္ခါရ'
ကို
ပြုလုပ်၏၊
ဆင်းရဲ
(ကြောင်းဖြစ်)
သော
စိတ်ဖြင့်
ပြုလုပ်မှု'မနောသင်္ခါရ'
ကို ပြုလုပ်၏။
ထိုသူသည်
ဆင်းရဲ
(ကြောင်းဖြစ်)
သော
ကိုယ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်သောကြောင့်၊
ဆင်းရဲ
(ကြောင်းဖြစ်)
သော
နှုတ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်သောကြောင့်၊
ဆင်းရဲ (ကြောင်းဖြစ်)
သော
စိတ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်သောကြောင့်
ဆင်းရဲသော
လောကသို့
ရောက်ရ၏၊
ဆင်းရဲသောလောကသို့
ရောက်ရသော
ထိုသူ့ကို
ဆင်းရဲသော
အတွေ့အထိတို့သည်
တွေ့ထိကုန်၏၊
ထိုသူသည်ဆင်းရဲသော
အတွေ့အထိတို့
တွေ့ထိသည်ရှိသော်
စင်စစ် ဆင်းရဲသော
ဝေဒနာကို
ခံစားရ၏၊
ငရဲသို့ကျခံရသော
သတ္တဝါတို့ကဲ့သို့တည်း။
ပုဏ္ဏ ဤသို့လျှင်
ကံကြောင့်
သတ္တဝါ၏
ဖြစ်ပေါ်ခြင်းသည်
ဖြစ်၏၊
ပြုလုပ်သော
ကံကြောင့်သာလျှင်
ဖြစ်ပေါ်၍
လာ၏၊
ထိုဖြစ်ပေါ်လာသော
သတ္တဝါကိုအတွေ့အထိတို့သည်
တွေ့ထိကြကုန်၏၊
ပုဏ္ဏ
ဤသို့လည်း
'သတ္တဝါတို့သည်
ကံသာလျှင်
အမွေဥစ္စာရှိကုန်၏'
ဟူ၍ ငါ ဟောကြား၏။
ပုဏ္ဏ ဤကံကို
မည်းညစ်၍
မည်းညစ်သော အကျိုးရှိသော
ကံဟူ၍ဆိုရ၏။
(၁)
ပုဏ္ဏ
ဖြူစင်၍
ဖြူစင်သောအကျိုးရှိသော
ကံဟူသည်
အဘယ်နည်း-ပုဏ္ဏ
အချို့သောသူသည်မဆင်းရဲ
(ကြောင်းဖြစ်)
သော
ကိုယ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်၏၊
မဆင်းရဲ
(ကြောင်းဖြစ်)
သော
နှုတ်ဖြင့်ပြုလုပ်မှုကို
ပြုလုပ်၏၊
မဆင်းရဲ
(ကြောင်းဖြစ်)
သော စိတ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်၏၊
ထိုသူသည်
ထိုမဆင်းရဲ
(ကြောင်းဖြစ်)
သော
ကိုယ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်သောကြောင့်၊
မဆင်းရဲ (ကြောင်းဖြစ်)
သောနှုတ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်သောကြောင့်၊
မဆင်းရဲ
(ကြောင်းဖြစ်)
သော
စိတ်ဖြင့်
ပြုလုပ်မှုကို
ပြုလုပ်သောကြောင့်
မဆင်းရဲသော
လောကသို့
ရောက်ရ၏၊
မဆင်းရဲသော
လောကသို့ ရောက်သော
ထိုသူ့ကိုမဆင်းရဲသော
အတွေ့အထိတို့သည်
တွေ့ထိကုန်၏၊
ထိုသူသည်
မဆင်းရဲသော
အတွေ့အထိတို့
တွေ့ထိသည်ရှိသော်
စင်စစ်
ချမ်းသာသော
ဝေဒနာကို ခံစားရ၏၊
သုဘကိဏှာ
ဗြဟ္မာတို့ကဲ့သို့တည်း။
ပုဏ္ဏဤသို့လျှင်
ကံကြောင့်
သတ္တဝါ၏ ဖြစ်ပေါ်လာခြင်းသည်
ဖြစ်၏။
ပြုလုပ်သော
ကံကြောင့်သာလျှင်ဖြစ်ပေါ်
၍ လာ၏၊
ထိုဖြစ်ပေါ်လာသော
သတ္တဝါကို
အတွေ့အထိတို့သည်
တွေ့ထိကုန်၏၊
ပုဏ္ဏဤသို့လည်း
'သတ္တဝါတို့သည်
ကံသာလျှင်
အမွေဥစ္စာ
ရှိကုန်၏' ဟူ၍
ငါ ဟောကြား၏။
ပုဏ္ဏ
ဤကံကိုဖြူစင်၍
ဖြူစင်သောအကျိုးရှိသော
ကံဟူ၍ ဆိုရ၏။
(၂)
ပုဏ္ဏ
အမည်းအဖြူရောသည်ဖြစ်၍
အမည်းအဖြူရောသော
အကျိုးရှိသော
ကံဟူသည် အဘယ်
နည်း-ပုဏ္ဏ
အချို့သောသူသည်
ဆင်းရဲ
(ကြောင်းဖြစ်)
သော ကိုယ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
မဆင်းရဲ
(ကြောင်းဖြစ်)
သော
ကိုယ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
ပြုလုပ်၏၊
ဆင်းရဲ
(ကြောင်းဖြစ်)
သောနှုတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
မဆင်းရဲ (ကြောင်းဖြစ်)
သော
နှုတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
ပြုလုပ်၏၊
ဆင်းရဲ
(ကြောင်းဖြစ်)
သော
စိတ်ဖြင့်ပြု
လုပ်မှုကိုလည်းကောင်း၊
မဆင်းရဲ
(ကြောင်းဖြစ်)
သောစိတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
ပြုလုပ်၏၊
ထိုသူသည်
ဆင်းရဲ (ကြောင်းဖြစ်)
သော
ကိုယ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
မဆင်းရဲ
(ကြောင်းဖြစ်)
သော ကိုယ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
ပြုလုပ်သောကြောင့်၊
ဆင်းရဲ (ကြောင်းဖြစ်)
သော
နှုတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
မဆင်းရဲ
(ကြောင့်ဖြစ်)
သောနှုတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
ပြုလုပ်သောကြောင့်၊
ဆင်းရဲ
(ကြောင်းဖြစ်)
သော စိတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း၊
မဆင်းရဲ
(ကြောင်းဖြစ်)
သော
စိတ်ဖြင့်
ပြုလုပ်မှုကိုလည်းကောင်း
ပြုလုပ်သောကြောင့်ဆင်းရဲသည်လည်းဖြစ်သော
မဆင်းရဲသည်လည်းဖြစ်သော
လောကသို့
ရောက်ရ၏၊ ဆင်းရဲသည်လည်းဖြစ်သော
မဆင်းရဲသည်လည်းဖြစ်သော
လောကသို့
ရောက်ရသော
ထိုသူ့ကို
ဆင်းရဲသည်လည်းဖြစ်သော
မဆင်းရဲသည်လည်း
ဖြစ်သော အတွေ့အထိတို့သည်
တွေ့ထိကြကုန်၏၊
ထိုသူသည်
ဆင်းရဲသည်လည်း
ဖြစ်သော
မဆင်းရဲသည်လည်း
ဖြစ်သော
အတွေ့အထိတို့
တွေ့ထိသည်ရှိသော်
ချမ်းသာ
ဆင်းရဲ့ရောပြွမ်းနေသော
ဝေဒနာတို့ကို
ခံစားရ၏၊
လူနှင့်
အချို့သောနတ်
အချို့သော
ဝိနိပါတိကအသုရာတို့ကဲ့သို့တည်း။
ပုဏ္ဏ
ဤသို့လျှင်
ကံကြောင့်
သတ္တဝါ၏
ဖြစ်ပေါ်လာခြင်းသည်
ဖြစ်၏။
ပြုလုပ်သောကံကြောင့်သာလျှင်
ဖြစ်ပေါ်၍လာ၏၊
ထိုဖြစ်ပေါ်လာသော
သတ္တဝါကို
အတွေ့အထိတို့သည်တွေ့ထိကုန်၏၊
ပုဏ္ဏ
ဤသို့လည်း
'သတ္တဝါတို့သည်
ကံသာလျှင်
အမွေဥစ္စာ ရှိကုန်၏'
ဟူ၍
ငါဟောကြား၏။
ပုဏ္ဏ ဤကံကို
အမည်း
အဖြူရောသည်ဖြစ်၍
အမည်း
အဖြူရောသော
အကျိုးရှိသောကံဟူ၍
ဆိုရ၏။ (၃)
ပုဏ္ဏ
အမည်းအညစ်လည်းမဟုတ်
အဖြူလည်းမဟုတ်သည်ဖြစ်၍,
အမည်းအညစ်လည်းမဟုတ်အဖြူလည်း
မဟုတ်သော
အကျိုးရှိသော
ကံကုန်ခြင်းကို
ဖြစ်စေတတ်သော
ကံဟူသည်
အဘယ်နည်း
-ပုဏ္ဏ မည်းညစ်၍
မည်းညစ်သောအကျိုးရှိသောကံကို
ပယ်သတ်ခြင်းငှါ
စေ့ဆော်မှု၊
ဖြူစင်၍
ဖြူစင်သောအကျိုးရှိသောကံကို
ပယ်သတ်ခြင်းငှါ
စေ့ဆော်မှု၊
အမည်းအဖြူရောသည်ဖြစ်၍
အမည်းအဖြူရောသောအကျိုးရှိသောကံကို
ပယ်သတ်ခြင်းငှါ
စေ့ဆော်မှု၊
ပုဏ္ဏ ဤစေ့ဆော်မှုမျိုးကို
အမည်းအညစ်လည်းမဟုတ်အဖြူလည်းမဟုတ်သည်
ဖြစ်၍,
အမည်းအညစ်လည်းမဟုတ်
အဖြူလည်းမဟုတ်သောအကျိုးရှိသော
ကံကုန်ခြင်းကို
ဖြစ်စေတတ်သော
ကံဟူ၍ ဆိုရ၏။
ပုဏ္ဏ ငါကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
ဟောကြားထားသော
ကံလေးပါးတို့သည်
ဤသည်တို့ပင်တည်းဟု
(မိန့်တော်မူ၏)။
(၄)
၈၂။
ဤသို့မိန့်တော်မူသော်
နွားအကျင့်ရှိသော
ကောလိယ၏သား
ပုဏ္ဏသည်
မြတ်စွာဘုရားကို-
''အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊
အသျှင်ဘုရား
ဥပမာသော်ကား။ပ။
အကျွန်ုပ်ကို
ယနေ့မှ
စ၍အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ဆည်းကပ်သော
ဥပါသကာဟု
မှတ်တော်မူပါ''ဟု
လျှောက်၏။
အဝတ်မဝတ်သော ခွေးကျင့်
ကျင့်သော
သေနိယသည်ကား
မြတ်စွာဘုရားကို-''အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ၊
အသျှင်ဘုရား
ဥပမာသော်ကား။ပ။
ပြတော်မူပါပေ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရား၏အထံတော်၌
ရှင်အဖြစ်ကို
ရလိုပါ၏၊
ရဟန်းအဖြစ်ကို
ရလိုပါ၏''ဟု
(လျှောက်၏)။
သေနိယ
သာသနာတော်မှ
တစ်ပါးသော
အယူရှိသည့် တိတ္ထိဖြစ်ဖူးသူသည်
ဤ ဓမ္မဝိနယ
'သာသနာတော်'၌
ရှင်အဖြစ်ကို
ရလိုမူ
ရဟန်းအဖြစ်ကို
ရလိုမူ
လေးလတို့ပတ်လုံး
အစမ်းကျင့်သုံးရ၏၊
လေးလလွန်သောအခါ
ရဟန်းတို့သည်
ကျေနပ်သော
စိတ်ရှိကြလျှင်
ရှင်ပြုပေးကုန်လတ္တံ့၊
ရဟန်းအဖြစ်သို့မြှင့်တင်ပေးကုန်
လတ္တံ့၊
သို့သော်
ဤအရာ၌
ငါသည်ကား
ပုဂ္ဂိုလ်တို့၏
ခြားနားသည့်အဖြစ်ကိုသိတော်မူ
၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား
သာသနာတော်မှ
တစ်ပါးသော
အယူရှိသည့်
တိတ္တိဖြစ်ဖူးသော
သူသည် ဤ
ဓမ္မဝိနယ
'သာသနာတော်' ၌
အကယ်၍
ရှင်အဖြစ်ကို
ရလိုမူ
ရဟန်းအဖြစ်ကို
ရလိုမူ
လေးလတို့ပတ်လုံးအစမ်းကျင့်သုံးကြ၍
လေးလလွန်သောအခါ
ရဟန်းတို့သည်
ကျေနပ်သောစိတ်ရှိကြလျှင်
ရှင်ပြုပေးကုန်ငြားအံ့၊
ရဟန်းအဖြစ်သို့
မြှင့်တင်ပေးကုန်ငြားအံ့၊
အကျွန်ုပ်သည်
လေးနှစ်တို့ပတ်လုံး
အစမ်းကျင့်သုံးပါမည်၊
လေးနှစ်လွန်သောအခါ
ရဟန်းတို့သည်
ကျေနပ်သောစိတ်ရှိကြလျှင်
ရှင်ပြုပေးတော်မူကြပါစေ၊
ရဟန်းအဖြစ်သို့
မြှင့်တင်ပေးတော်မူကြပါစေဟု
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
သေနိယသည်
(လျှောက်၏)။
အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော
သေနိယသည်
မြတ်စွာဘုရားအထံ၌
ရှင်အဖြစ်ကို
ရ၏၊
ရဟန်းအဖြစ်ကို
ရ၏၊ ရဟန်းဖြစ်၍
မကြာမီ
အသျှင်သေနိယသည်
တစ်ယောက်တည်း
ဆိပ်ငြိမ်ရာသို့ကပ်၍
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စိတ်ကို
စေလွှတ်၍
မကြာမြင့်မီပင်လျှင်အကြင်
အရဟတ္တဖိုလ်
အကျိုးငှါ
အမျိုးကောင်းသားတို့သည်
ကောင်းစွာသာလျှင်
အိမ်ရာတည်ထောင်လူတို့
ဘောင်မှ
(ထွက်၍) ရဟန်းဘောင်သို့
ဝင်ရောက်ကြကုန်၏၊
အတုမရှိသော
မြတ်သောအကျင့်၏အဆုံးဖြစ်
သော ထိုအရဟတ္တဖိုလ်ကို
မျက်မှောက်ဘဝ၌ပင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်မျက်မှောက်ပြုလျက်
ရောက်၍ နေ၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သော အကျင့်ကို
ကျင့်သုံးပြီးပြီ၊
မဂ်ကိစ္စကို
ပြုပြီးပြီ၊
ဤ မဂ်ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်ကိစ္စ
မရှိတော့ပြီ''ဟု
သိ၏၊
အသျှင်သေနိယသည်
ရဟန္တာတို့တွင်
တစ်ပါး
(အပါအဝင်)
ဖြစ်လေသတည်း။
ခုနစ်ခုမြောက်
ကုက္ကုရဝတိကသုတ်
ပြီး၏။
------
ဂ-အဘယရာဇကုမာရသုတ်
၈၃။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့အား
အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အဘယမင်းသားသည်
နာဋ၏သား
နိဂဏ္ဌထံသို့ချဉ်းကပ်ပြီးလျှင်
ရိုသေစွာ
ရှိခိုး၍
တစ်ခုသော
နေရာ၌
ထိုင်နေ၏။
တစ်ခုသော
နေရာ၌ ထိုင်နေသောအဘယမင်းသားကို
နာဋ၏သား နိဂဏ္ဌသည်-
''မင်းသား
လာလော့၊
သင်သည်
ရဟန်းဂေါတမကိုအပြစ်တင်ချေလော့၊
ဤသို့
အပြစ်တင်သော်
'အဘယမင်းသားသည်
ဤသို့
တန်ခိုးအာနုဘော်ကြီးသောရဟန်းဂေါတမကို
အပြစ်တင်နိုင်ပေ၏'ဟု
သင်၏
ကောင်းသော
ကျော်စောသတင်းသည်
ပျံ့နှံ့၍
ထွက်လတ္တံ့''ဟု
ပြောဆို၏။
အသျှင်
အကျွန်ုပ်သည်
ဤသို့ တန်ခိုးအာနုဘော်ကြီးသော
ရဟန်းဂေါတမကို
အဘယ်သို့
အပြစ်တင်ရပါအံ့နည်းဟု
(လျှောက်၏)။ မင်းသား
လာလော့၊
သင်သည်
ရဟန်းဂေါတမထံသို့
ချဉ်းကပ်၍''အသျှင်ဘုရား
မြတ်စွာဘုရားသည်
သူတစ်ပါးမနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကိုပြောဆိုရာ၏''ဟု
ဤသို့
ပြောဆိုလော့။
သင် ဤသို့
မေးသော်
ရဟန်းဂေါတမသည်
''မင်းသားမြတ်စွာဘုရားသည်
သူတစ်ပါး
မနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကို
ပြောဆိုရာ၏''ဟုဤသို့
အကယ်၍
ပြောဆိုငြားအံ၊
့ ထိုရဟန်းဂေါတမကို
''အသျှင်ဘုရား
ထိုသို့ဖြစ်လျှင်
ပုထုဇဉ်နှင့်အသျှင်ဘုရား၏
ခြားနားမှုသည်
အဘယ်မှာရှိပါအံ့နည်း။
မှန်ပါ၏၊
ပုထုဇဉ်သည်လည်း
သူတစ်ပါးမနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကို
ပြောဆိုရာပါ၏''ဟု
သင်
ပြောလော့၊
သင် ဤသို့မေးသော်
ရဟန်းဂေါတမသည်
''မင်းသား
မြတ်စွာဘုရားသည်
သူတစ်ပါးမနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကို
မပြောဆိုရာ''ဟု
ဤသို့ အကယ်၍
ပြောဆိုငြားအံ့။
ထိုရဟန်းဂေါတမကို
''အသျှင်ဘုရား
ထိုသို့ဖြစ်လျှင်
အဘယ့်ကြောင့်
အသျှင်ဘုရားသည်
ဒေဝဒတ်ကို'ဒေဝဒတ်သည်
အပါယ်သို့
လားမည့်သူတည်း၊
ဒေဝဒတ်သည်
ငရဲသို့
ကျမည့်သူတည်း၊
ဒေဝဒတ်သည်ငရဲ၌
တစ်ကမ္ဘာလုံး
တည်မည့်သူတည်း၊
ဒေဝဒတ်သည်
ကုစား၍
မရနိုင်သောသူတည်း'ဟုဆိုပါသနည်း၊
အသျှင်ဘုရား၏
ထိုစကားကြောင့်
ဒေဝဒတ်သည် အမျက်ထွက်ခြင်း
နှလုံးမသာယာခြင်းဖြစ်ရ၏''ဟု
သင်
ပြောလော့။
မင်းသား
ရဟန်းဂေါတမသည်
နှစ်ဖက်သောအစွန်းရှိသော
ဤပြဿနာကို
သင်
မေးသည်ရှိသော်နှစ်ဖက်အစွန်းလွတ်အောင်
မဖြေနိုင်ရာ၊
အပြစ်ကင်းအောင်
မပြောပြနိုင်ရာ၊
ဥပမာသော်ကားယောက်ျား၏
လည်မျို၌
ကပ်ငြိ၍နေသော
သံဆူးခွကို
ထိုယောက်ျားသည်
ထွေးအန်ခြင်းငှါလည်းမတတ်နိုင်၊
မျိုခြင်း
ငှါလည်း
မတတ်နိုင်သကဲ့သို့၊
မင်းသား
ဤအတူသာလျှင်
နှစ်ဖက်သောအစွန်းရှိသော
ဤပြဿနာကို
သင်
မေးသည်ရှိသော်
ရဟန်းဂေါတမသည်
နှစ်ဖက်အစွန်းလွတ်အောင့်မဖြေနိုင်ရာ၊
အပြစ်ကင်းအောင်
မပြောပြနိုင်ရာဟု
(ဆို၏)။
''အသျှင်
ကောင်းပါပြီ''ဟုအဘယမင်းသားသည်
နာဋ၏သား
နိဂဏ္ဌ၏
စကားကို ဝန်ခံ၍
နေရာမှ
ထပြီးလျှင်
နာဋ၏သားနိဂဏ္ဌကို
ရိုသေစွာ
ရှိခိုး၍
အရိုအသေပြုပြီးသော်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားကိုရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌ ထိုင်နေ၏။
၈၄။
တစ်ခုသော
နေရာ၌
ထိုင်နေသော
အဘယမင်းသားအား
နေကို မော့ကြည့်၍
''ယနေ့မြတ်စွာဘုရားကို
အပြစ်တင်ဆိုခြင်းငှါ
အခါမဟုတ်တော့ပြီ၊
နက်ဖြန်
မိမိအိမ်၌သာ
ငါသည်
မြတ်စွာဘုရားကို
အပြစ်တင်တော့အံ့''ဟု
အကြံဖြစ်၏။
အကြံဖြစ်ပြီးလျှင်
''အသျှင်ဘုရား
မြတ်စွာဘုရားသည်နက်ဖြန်
နံနက်အတွက်
တပည့်တော်၏
ဆွမ်းကို
မိမိလျှင်
လေးပါးမြောက်ဖြစ်၍
လက်ခံတော်မူပါ''ဟုလျှောက်၏။
မြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေခြင်းဖြင့်
လက်ခံတော်မူ၏။
ထိုအခါအဘယမင်းသားသည်
မြတ်စွာ
ဘုရား၏ လက်ခံတော်မူခြင်းကို
သိ၍ နေရာမှ
ထကာ မြတ်စွာဘုရားကိုရှိခိုး၍
အရိုအသေပြုပြီးလျှင်
ဖဲလေ၏။
ထို့နောက်
မြတ်စွာဘုရားသည်
ထိုညဉ့်လွန်သဖြင့်
နံနက်အချိန်၌သင်္ကန်းကို
ပြင်ဝတ်တော်မူ၍
သပိတ်သင်္ကန်းကို
ယူလျက်
အဘယမင်းသား၏
အိမ်သို့ချဉ်းကပ်တော်မူပြီးလျှင်
ပြင်ထားသော
နေရာ၌ ထိုင်နေတော်မူ၏။
ထိုအခါ
အဘယမင်းသားသည်မြတ်စွာဘုရားကို
မွန်မြတ်သော
ခဲဖွယ် ဘောဇဉ်ဖြင့်
ရောင့်ရဲသည့်တိုင်အောင်
တားမြစ်သည့်တိုင်အောင်မိမိကိုယ်တိုင်
လုပ်ကျွေး၏၊
မြတ်စွာဘုရား
ဆွမ်းဘုဉ်း
ပေးပြီး၍
သပိတ်မှ
လက်တော်ကိုဖယ်ပြီးသောအခါ
အဘယမင်းသားသည်
နိမ့်သော
ထိုင်စရာတစ်ခုကို
ယူ၍
သင့်လျော်ရာ၌
ထိုင်နေ၏။
၈၅။
သင့်လျော်ရာ၌
ထိုင်နေသော
အဘယမင်းသားသည်
မြတ်စွာဘုရားကို
''အသျှင်ဘုရားမြတ်စွာဘုရားသည်
သူတစ်ပါးမနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကို
ပြောဆိုရာပါသလော''ဟု
လျှောက်ထား၏။
''မင်းသား
ဤစကားမျိုးတို့၌
တထစ်ချအားဖြင့်
မဖြေကြားနိုင်''ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ဤပြဿနာမေးမှု၌
နိဂဏ္ဌတို့သည်
ပျက်စီးကြလေကုန်ပြီဟု
(လျှောက်၏)။
''မင်းသား
အဘယ်ကြောင့်
သင်သည်
'ဤပြဿနာမေးမှု၌
နိဂဏ္ဌတို့သည်
ပျက်စီးကြလေကုန်ပြီ'ဟုဆိုရဘိသနည်း''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်သည်
နာဋ၏သား
နိဂဏ္ဌထံသို့
ချဉ်းကပ်၍
နာဋ၏သား
နိဂဏ္ဌကို
ရိုသေစွာရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်နေပါ၏၊
အသျှင်ဘုရားသင့်လျော်ရာ၌
ထိုင်နေသော
အကျွန်ုပ်ကို
နာဋ၏သား
နိဂဏ္ဌသည် မင်းသား
လာလော့၊
သင်သည်ရဟန်းဂေါတမကို
အပြစ်တင်ချေလော့၊
ဤသို့
အပြစ်တင်သော်
''အဘယမင်းသားသည်
ဤသို့တန်ခိုးအာနုဘော်ကြီးသော
ရဟန်းဂေါတမကို
အပြစ်တင်နိုင်ပေ၏''ဟု
သင်၏ ကောင်းသောကျော်စောသတင်းသည်
ပျံ့နှံ့၍
ထွက်
လတ္တံ့ဟု
ပြောဆိုပါ၏။
အသျှင်ဘုရား
ဤသို့
ပြောဆိုသော်
အကျွန်ုပ်သည်
နာဋ၏သား
နိဂဏ္ဌကို
''အသျှင်
အကျွန်ုပ်သည်ဤသို့
တန်ခိုးအာနုဘော်ကြီးသော
ရဟန်းဂေါတမကို
အဘယ်သို့
အပြစ်တင်ရပါအံ့နည်း''ဟု
ဤသို့ပြောဆိုခဲ့ပါ၏။
မင်းသား
လာလော့၊ သင်သည်
ရဟန်းဂေါတမထံသို့
ချဉ်းကပ်၍
ရဟန်းဂေါတမကို''အသျှင်ဘုရား
မြတ်စွာဘုရားသည်
သူတစ်ပါး
မနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကိုပြောဆိုရာပါသလော''ဟု
ဤသို့
ပြောဆိုလော့။
သင် ဤသို့မေးသော်
ရဟန်းဂေါတမသည်
''မင်းသားမြတ်စွာဘုရားသည်
သူတစ်ပါး
မနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကို
ပြောဆိုရာ၏''ဟုဤသို့
အကယ်၍ ပြောဆိုငြားအံ့။
ထိုရဟန်းဂေါတမကို
''အသျှင်ဘုရား
ထိုသို့ဖြစ်လျှင်
ပုထုဇဉ်နှင့်အသျှင်ဘုရား
ခြားနားမှုသည်အဘယ်မှာ
ရှိပါအံ့နည်း၊
မှန်ပါ၏၊
ပုထုဇဉ်သည်လည်း
သူတစ်ပါး
မနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သောစကားမျိုးကို
ပြောဆိုရာပါ၏''ဟု
သင်ပြောလော့။
သင်
ဤသို့မေးသော်
ရဟန်းဂေါတမသည်
''မင်းသားမြတ်စွာဘုရားသည်
သူတစ်ပါး မနှစ်သက်ဖွယ်
မနှစ်ခြိုက်ဖွယ်ဖြစ်သော
စကားမျိုးကို
မပြောဆိုရာ''ဟု့ဤသို့
အကယ်၍ ပြောဆိုငြားအံ။
ထိုရဟန်းဂေါတမကို
''အသျှင်ဘုရား
ထိုသို့ဖြစ်လျှင်
အဘယ့်ကြောင့်
အသျှင်ဘုရားသည်
ဒေဝဒတ်ကို'ဒေဝဒတ်သည်
အပါယ်သို့လားမည့်သူတည်း၊
ဒေဝဒတ်သည်
ငရဲသို့
ကျမည့်သူတည်း၊
ဒေဝဒတ်သည်ငရဲ၌
တစ်ကမ္ဘာလုံး
တည်မည့်သူတည်း၊
ဒေဝဒတ်သည် ကုစား၍
မရနိုင်သောသူတည်း'ဟုဆိုပါသနည်း၊
အသျှင်ဘုရား၏
ထိုစကားကြောင့်
ဒေဝဒတ်သည် အမျက်ထွက်ခြင်း
နှလုံးမသာယာခြင်းဖြစ်ရ၏''ဟု
သင်
ပြောလော့။
မင်းသား
ရဟန်းဂေါတမသည်
နှစ်ဖက်အစွန်းရှိသော
ဤပြဿနာကို
သင်
မေးသည်ရှိသော်
နှစ်ဖက်အစွန်းလွတ်အောင်
မဖြေနိုင်ရာ၊
အပြစ်ကင်းအောင်
မပြောပြနိုင်ရာ၊
ဥပမာသော်ကား
ယောက်ျား၏လည်မျို၌
ကပ်ငြိ၍နေသော
သံဆူးခွကို
ထိုယောက်ျားသည်
ထွေးအန်ခြင်းငှါလည်း
မတတ်နိုင်၊ မျိုခြင်းငှါလည်း
မတတ်နိုင်သကဲ့သို့၊
မင်းသား
ဤအတူသာလျှင်
နှစ်ဖက်အစွန်းရှိသော
ဤပြဿနာကိုသင်
မေးသည်ရှိသော်
ရဟန်းဂေါတမသည်
နှစ်ဖက်အစွန်းလွတ်အောင်
မဖြေနိုင်ရာ၊
အပြစ်ကင်းအောင်မပြောပြနိုင်ရာဟု
(ပြောဆိုပါ၏ဟု
လျှောက်၏)။
၈၆။
ထိုအခါ၌
ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်တတ်သော
အရွယ်သည်
အဘယမင်းသား၏ပေါင်ပေါ်၌
နေ၏။ ထိုအခါ
မြတ်စွာဘုရားသည်
အဘယမင်းသားကို
''မင်းသား
ထိုစကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း၊
ဤကလေးငယ်သည်
သင်၏
မေ့လျော့ခြင်းကို
အစွဲပြု၍လည်းကောင်း၊
အထိန်း၏ မေ့လျော့ခြင်းကို
အစွဲပြု၍လည်းကောင်း၊
သစ်သားတိုသစ်သားစကိုဖြစ်စေ၊
ကျောက်စရစ်အိုးခြမ်းကွဲကိုဖြစ်စေ
အကယ်၍
ခံတွင်း၌
ထည့်သွင်းလေငြားအံ့၊
ထိုကလေးသူငယ်ကို
အဘယ်သို့လျှင်ပြုလုပ်ရာသနည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
ထိုကလေးငယ်၏
ပါးစပ်တွင်းရှိ
အရာကို
အကျွန်ုပ်သည်
ထုတ်ဆောင်ရာပါ၏။
အသျှင်ဘုရား
အကယ်၍ အစကပင်
ထုတ်ဆောင်ခြင်းငှါ
မတတ်နိုင်ငြားအံ့၊
လက်ဝဲလက်ဖြင့်
ဦးခေါင်းကိုသိမ်းပိုက်၍
လက်ယာလက်ဖြင့်
လက်ချောင်းကို
ကောက်ကွေး၍
သွေးထွက်ငြားသော်လည်းထုတ်ရပါတော့
အံ့၊
အဘယ့်ကြောင့်
ဟူမူ-အသျှင်ဘုရား
အကျွန်ုပ်သည်
သူငယ်အားအစဉ်သနားခြင်းရှိသောကြောင့်
ပါတည်းဟု
(လျှောက်၏)။
စကားခြောက်ခွန်း
မင်သား
ဤအတူပင်
မဟုတ်မမှန်၊
အကျိုးစီးပွါးနှင့်လည်း
မစပ်၊
သူတစ်ပါးတို့လည်း
မနှစ်သက်မနှစ်ခြိုက်၊
ထိုစကားမျိုးကို
မြတ်စွာဘုရားသည်
မပြောမဆို။ (၁)
ဟုတ်မှန်၏၊
အကျိုးစီးပွါးနှင့်ကား
မစပ်၊
သူတစ်ပါးတို့လည်း
မနှစ်သက်
မနှစ်ခြိုက်၊
ထိုစကား
မျိုးကိုမြတ်စွာဘုရားသည်
မပြောမဆို။
(၂)
ဟုတ်မှန်၏၊
အကျိုးစီးပွါးနှင့်လည်း
စပ်၏၊
သူတစ်ပါးတို့ကား
မနှစ်သက်
မနှစ်ခြိုက်၊
ထိုစကား မျိုး၌မြတ်စွာဘုရားသည်
အခါအားလျော်စွာ
ပြောဆို၏။ (၃)
မဟုတ်မမှန်၊
အကျိုးစီးပွါးနှင့်
မစပ်၊ သူတစ်ပါးတို့ကား
နှစ်သက်၏
နှစ်ခြိုက်၏၊
ထိုစကားမျိုးကိုလည်း
မြတ်စွာဘုရားသည်
မပြောမဆို။
(၄)
ဟုတ်မှန်၏၊
အကျိုးစီးပွါးနှင့်
မစပ်၊ သူတစ်ပါးတို့ကား
နှစ်သက်၏
နှစ်ခြိုက်၏၊
ထိုစကားမျိုးကို
လည်းမြတ်စွာဘုရားသည်
မပြောမဆို။
(၅)
ဟုတ်မှန်၏၊
အကျိုးစီးပွါးနှင့်လည်း
စပ်၏၊
သူတစ်ပါးတို့လည်း
နှစ်သက်၏
နှစ်ခြိုက်၏၊
ထိုစကားမျိုး၌
မြတ်စွာဘုရားသည်
အခါအားလျော်စွာ
ပြောဆို၏။ (၆)
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
မင်းသား
မြတ်စွာဘုရားအား
သတ္တဝါတို့ကို
အစဉ်သနားခြင်းရှိသောကြောင့်တည်းဟု
(မိန့်တော်မူ၏)။
၈၇။
အသျှင်ဘုရား
ပညာရှိမင်းတို့သည်လည်းကောင်း၊
ပညာရှိပုဏ္ဏားတို့သည်လည်းကောင်း၊
ပညာရှိသူကြွယ်တို့သည်လည်းကောင်း၊
ပညာရှိရဟန်းတို့သည်လည်းကောင်း
ပြဿနာကို
စီစဉ်ကုန်၍မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြကာ
မေးမြန်းကြကုန်၏။
''အသျှင်ဘုရား
အကြင်သူတို့သည်
ငါ့ထံသို့ချဉ်းကပ်၍
ဤသို့
မေးကုန်လတ္တံ့၊
ငါသည် ထိုသူတို့အား
ဤသို့မေးသော်
ဤသို့ဖြေကြားအံ့''ဟုမြတ်စွာဘုရားအား
ရှေးဦးမဆွကပင်လျှင်
စိတ်ကူးကြံစည်ထားခြင်း
ရှိပါသလော၊
သို့မဟုတ်တစ်ခဏချင်း
ဖြင့်ပင်
ထိုပြဿနာ၏
အဖြေသည်
မြတ်စွာဘုရား၏
ဉာဏ်ထဲမှာ
ထင်မြင်၍လာပါသလောဟု
(လျှောက် ၏)။
မင်းသား
ထိုသို့ဖြစ်လျှင်
ဤအရာ၌
သင်မင်းသားကိုသာလျှင်ပြန်မေးအံ့၊
သင်မင်းသား
နှစ်သက်သည့်အတိုင်း
ဖြေကြားလော့။
မင်းသား
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း၊
သင်သည် ရထား၏
အစိတ်အပိုင်းအင်္ဂါကြီးငယ်တို့၌
ကျွမ်းကျင်၏လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏၊
အကျွန်ုပ်သည်ရထား
၏
အစိတ်အပိုင်း
အင်္ဂါကြီးငယ်တို့၌
ကျွမ်းကျင်ပါ၏ဟု
(လျှောက်၏)။
မင်းသား
ထိုစကားကို
သင် အဘယ်သို့
မှတ်ထင်သနည်း၊
အကြင်သူတို့သည်
အသင်မင်းသားသို့ချဉ်းကပ်ကြကုန်၍
''ရထား၏
အင်္ဂါကြီးငယ်
အစိတ်အပိုင်းသည်
အဘယ်အမည်ရှိပါသနည်း''ဟု
ဤသို့မေးမြန်း
ကြကုန်ရာ၏၊
အကြင်သူတို့သည်
ငါ့ထံသို့
ချဉ်းကပ်၍
ဤသို့
မေးကုန်လတ္တံ့၊
ငါသည်ထိုသူတို့အား
ဤသို့မေးသော်
ဤသို့ဖြေအံ့ဟု
သင့်မှာ
ရှေးဦးမဆွကပင်လျှင်
စိတ်ကူးကြံစည်ထားခြင်းရှိပါသလော၊
သို့မဟုတ်
တစ်ခဏချင်းဖြင့်ပင်
ထိုပြဿနာ၏ အဖြေသည်
သင်၏
ဉာဏ်ထဲမှာ
ထင်မြင်၍လာရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
တပည့်တော်သည်
ရထားအတတ်
တတ်ပါ၏၊
နားလည်ပါ၏၊
ရထား၏
အင်္ဂါကြီး
ငယ်အစိတ်အပိုင်းတို့၌
ကျွမ်းကျင်ပါ၏၊
တပည့်တော်သည်
ရထား၏
အလုံးစုံသော
အင်္ဂါကြီးငယ်
အစိတ်အပိုင်းတို့ကို
ကောင်းစွာ
သိထားပါ၏၊ တစ်ခဏချင်းဖြင့်ပင်
ထိုပြဿနာ၏
အဖြေသည် အကျွန်ုပ်၏ဉာဏ်ထဲမှာ
ထင်မြင်၍
လာရာပါ၏ဟု (လျှောက်၏)။
မင်းသား
ဤအတူပင်
ပညာရှိမင်းတို့သည်လည်းကောင်း၊
ပညာရှိပုဏ္ဏားတို့သည်လည်းကောင်း၊
ပညာရှိသူကြွယ်တို့သည်လည်းကောင်း၊
ပညာရှိရဟန်းတို့သည်လည်းကောင်း
ပြဿနာစီစဉ်ကုန်၍
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြကာ
မေးမြန်းကြကုန်၏။
တစ်ခဏချင်းဖြင့်ပင်
ထိုပြဿနာ၏
အဖြေသည် မြတ်စွာဘုရား၏
ဉာဏ်ထဲမှာ
ထင်မြင်၍
လာ၏။ ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
မင်းသား
မြတ်စွာဘုရားသည်
ဓမ္မဓာတ်
(သဗ္ဗညုတဉာဏ်)
ကိုထိုးထွင်း၍
သိထား၏၊
ယင်းဓမ္မဓာတ်
(သဗ္ဗညုတဉာဏ်)
ကို
ထိုးထွင်း၍
သိထားသောကြောင့်
တစ်ခဏချင်းဖြင့်ပင်
ထိုပြဿနာ၏
အဖြေသည်
မြတ်စွာဘုရား၏
ဉာဏ်ထဲမှာ
ထင်မြင်၍
လာ၏ဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူသော်
အဘယမင်းသားသည်
မြတ်စွာဘုရားကို
''အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ။ပ။
အကျွန်ုပ်ကို
ယနေ့မှ
အစပြု၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်တတ်သော
ဥပါသကာဟူ၍
မှတ်တော်မူပါဟု
(လျှောက်၏)။
ရှစ်ခုမြောက်
အဘယရာဇကုမာရသုတ်
ပြီး၏။
------
၉-ဗဟုဝေဒနီယသုတ်
၈၈။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ပဉ္စကင်္ဂလက်သမားကြီးသည်
အသျှင်ဥဒါယီထံသို့ချဉ်းကပ်၍
အလွန်ရိုသေစွာ
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်ကာ အသျှင်ဥဒါယီကို
''အသျှင်ဥဒါယီ့မြတ်စွာဘုရား
ဟောထားသော
ခံစားမှုတို့သည်
အဘယ်မျှလောက်ရှိပါသနည်း''ဟု
လျှောက်၏။ ''လက်သမားကြီး
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်
ချမ်းသာခံစားမှု၊
ဆင်းရဲခံစားမှု၊
ဆင်းရဲမဟုတ်
ချမ်းသာ
မဟုတ်သော ခံစားမှုဟူ၍
သုံးပါးရှိ၏။
လက်သမားကြီးမြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်
ဤသုံးပါးတို့တည်း''ဟု
(မိန့်ဆို၏)။
ဤသို့
မိန့်သော်
ပဉ္စကင်္ဂလက်သမားကြီးသည်
အသျှင်ဥဒါယီကို
''အသျှင်ဥဒါယီ
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်
သုံးပါးတို့မဟုတ်၊
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်ချမ်းသာခံစားမှု၊
ဆင်းရဲခံစားမှုဟူ၍
နှစ်ပါးသာတည်း။
အသျှင်ဘုရား
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သောခံစားမှုကို
ငြိမ်သက်မွန်မြတ်သော
ချမ်းသာဟူ၍
မြတ်စွာဘုရားဟောထားပါ၏''ဟု
(လျှောက်၏)။
နှစ်ကြိမ်မြောက်လည်း
အသျှင်ဥဒါယီသည်
ပဉ္စကင်္ဂလက်သမားကြီးကို
''လက်သမားကြီး
မြတ်စွာ
ဘုရားဟောထားသော
ခံစားမှုတို့သည်
နှစ်ပါးသာ
မဟုတ်၊
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့
သည်ချမ်းသာခံစားမှု၊
ဆင်းရဲခံစားမှု၊
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သော
ခံစားမှုဟူ၍
သုံးပါးရှိ၏၊
လက်သမားကြီး
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်
ဤသုံးပါးတို့တည်း''ဟု
(မိန့်ဆို၏)။
နှစ်ကြိမ်မြောက်လည်း
ပဉ္စကင်္ဂ
လက်သမားကြီးသည်
အသျှင်ဥဒါယီကို
''အသျှင်ဥဒါယီမြတ်စွာဘုရားဟော
ထားသော
ခံစားမှုတို့သည်
သုံးပါးတို့မဟုတ်၊
မြတ်စွာဘုရားဟောထားသောခံစားမှုတို့သည်
ချမ်းသာ
ခံစားမှု၊
ဆင်းရဲခံစားမှုဟူ၍
နှစ်ပါးသာတည်း။
အသျှင်ဘုရား
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော
ခံစားမှုကို
ငြိမ်သက်မွန်မြတ်သော
ချမ်းသာဟူ၍
မြတ်စွာဘုရားဟောထားပါ၏''ဟု
(လျှောက်၏)။
သုံးကြိမ်မြောက်လည်း
အသျှင်ဥဒါယီသည်
ပဉ္စကင်္ဂလက်သမားကြီးကို
''လက်သမားကြီး
မြတ်စွာ
ဘုရားဟောထားသော
ခံစားမှုတို့သည်
နှစ်ပါးသာ
မဟုတ်၊ မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့
သည်ချမ်းသာခံစားမှု၊
ဆင်းရဲခံစားမှု၊
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သော
ခံစားမှုဟူ၍
သုံးပါးရှိ၏၊
လက်သမားကြီး
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်
ဤသုံးပါးတို့တည်း''ဟု
မိန့်ဆို၏။
သုံးကြိမ်မြောက်လည်း
ပဉ္စကင်္ဂ
လက်သမားကြီးသည်
အသျှင်ဥဒါယီကို
''အသျှင်ဥဒါယီ
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်
သုံးပါးတို့
မဟုတ်၊
မြတ်စွာဘုရားဟောထားသော
ခံစားမှုတို့သည်ချမ်းသာခံစားမှု
ဆင်းရဲခံစားမှုဟူ၍
နှစ်ပါးသာတည်း၊
အသျှင်ဘုရား ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သောခံစားမှုကို
ငြိမ်သက်မွန်မြတ်သော
ချမ်းသာဟူ၍
မြတ်စွာဘုရား
ဟောထားပါ၏''ဟု
လျှောက်၏။
အသျှင်ဥဒါယီသည်
ပဉ္စကင်္ဂလက်သမားကြီးကို
နားလည်စေရန်
မတတ်နိုင်၊
ပဉ္စကင်္ဂလက်သမားကြီးသည်လည်းအသျှင်ဥဒါယီကို
နားလည်စေရန်
မတတ်နိုင်။
၈၉။
အသျှင်အာနန္ဒာသည်
ပဉ္စကင်္ဂလက်သမားကြီးနှင့်အတူ
အသျှင်ဥဒါယီ၏
ဤစကားပြောဟောခြင်းကို
ကြားလေ၏၊
ထိုသို့ကြားသောအခါ
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍အလွန်
ရိုသေစွာ ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်ကာ ပဉ္စကင်္ဂလက်သမားကြီးနှင့်အတူ
အသျှင်ဥဒါယီ၏စကား
ပြောသမျှ
အလုံးစုံကို
လျှောက်ထား၏။
ဤသို့
လျှောက်ထားသော်
မြတ်စွာဘုရားသည်
အသျှင်အာနန္ဒာကို
''အာနန္ဒာ
ပဉ္စကင်္ဂလက်သမားကြီးသည်
ဥဒါယီ၏
စကားကို
ထင်ရှားရှိသောအကြောင်းဖြစ်လျက်
ဝမ်းမမြောက်နိုင်။
ဥဒါယီသည်လည်းပဉ္စကင်္ဂလက်သမားကြီး၏
စကားကို
ထင်ရှားရှိသောအကြောင်းဖြစ်လျက်
ဝမ်းမမြောက်နိုင်။
အာနန္ဒာ
ငါသည်
ပရိယာယ်အားဖြင့်
နှစ်ပါးသော
ခံစားမှုတို့ကိုလည်းကောင်း
သုံးပါးသော
ခံစားမှုတို့ကိုလည်းကောင်း၊
ငါးပါးသော
ခံစားမှုတို့ကိုလည်းကောင်း၊
ခြောက်ပါးသော
ခံစားမှုတို့ကိုလည်းကောင်း၊
တစ်ဆယ့်ရှစ်ပါးသော
ခံစားမှုတို့ကိုလည်းကောင်း၊
သုံးဆယ့်ခြောက်ပါးသော
ခံစားမှုတို့ကိုလည်းကောင်း၊
တစ်ရာ့ရှစ်ပါးသော
ခံစားမှုတို့ကိုလည်းကောင်း
ဟောထား၏။
အာနန္ဒာ
ဤသို့ ငါသည်
တရားတော်ကို
ပရိယာယ်အားဖြင့်
ဟောကြားထား၏။
အာနန္ဒာ
ဤသို့ငါသည်
တရားတော်ကို
ပရိယာယ်အားဖြင့်
ဟောကြားထားပါလျက်
အကြင်သူတို့သည်
အချင်းချင်းဟောဆိုပြောပြသည်ကို
ခွင့်မပြုနိုင်ကုန်ငြားအံ့၊
သဘောမတူနိုင်ကုန်ငြားအံ့၊
ဝမ်းမမြောက်နိုင်ကုန်ငြားအံ့၊
ထိုသူတို့အား
ငြင်းခုံခြင်း
ခိုက်ရန်ဖြစ်ခြင်း
ဆန့်ကျင်ခြင်းသို့
ရောက်ကြကုန်သည်ဖြစ်၍
အချင်းချင်း
နှုတ်လှံထိုးကာ
နေကြရကုန်
လတံ္တ့ဟူသော
ဤသဘောသာ ဧကန်
ဖြစ်ရမည်။
အာနန္ဒာ
ဤသို့ ငါသည်
တရားတော်ကို
ပရိယာယ်အားဖြင့်
ဟောကြားထား၏။
အာနန္ဒာ
ဤသို့ပရိယာယ်အားဖြင့်
ဟောကြားထားသည်ဖြစ်၍
အကြင်သူတို့သည်
အချင်းချင်း
ဟောဆိုပြောပြသည်ကို
ခွင့်ပြုနိုင်ကုန်ငြားအံ့၊
သဘောတူနိုင်ကုန်ငြားအံ့၊
ဝမ်းမြောက်နိုင်ကုန်ငြားအံ့၊
ထိုသူတို့အား
ညီညွတ်ကုန်သည်ဖြစ်၍
ဝမ်းမြောက်ကုန်သည်ဖြစ်၍
မငြင်းခုံကုန်သည်ဖြစ်၍
နို့နှင့်ရေကဲ့သို့
တပေါင်းတည်းဖြစ်ကုန်၍အချင်းချင်း
ချစ်ခင်နှစ်သက်သော
မျက်စိတို့ဖြင့်
ရှုကြည့်ကြကုန်လျက်
နေကြရကုန်လတံ္တ့ဟူသော
ဤသဘောသာ ဧကန်ဖြစ်ရမည်။
၉၀။
အာနန္ဒာ
ကာမဂုဏ်တရားတို့သည်
ဤငါးပါးတို့တည်း။
အဘယ်ငါးပါးတို့နည်းဟူမူ-စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်
နှစ်သက်အပ်
စိတ်နှလုံးကို
ပွါးစေတတ်
ချစ်မြတ်နိုးအပ်သော
သဘောရှိကုန်သော
ကာမတရားနှင့်
စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်
ဖြစ်ကုန်သော
ရူပါရုံတို့သည်လည်းကောင်း၊
သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော။ပ။
သဒ္ဒါရုံတို့သည်လည်းကောင်း၊
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သော။ပ။
ဂန္ဓာရုံတို့သည်လည်းကောင်း၊
ဇိဝါှဝိညာဏ်ဖြင့်
သိအပ်ကုန်သော။ပ။
ရသာရုံတို့သည်လည်းကောင်း၊
ကာယဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်
နှစ်သက်အပ်
စိတ်နှလုံးကို
ပွါးစေတတ်
ချစ်မြတ်နိုးအပ်သော
သဘောရှိကုန်သော
ကာမတရားနှင့်
စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်
ဖြစ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း
ရှိကုန်၏၊
အာနန္ဒာ
ကာမဂုဏ်တရားတို့ဟူသည်ဤငါးပါးတို့သာတည်း။
အာနန္ဒာ
ငါးပါးကုန်သော
ဤကာမဂုဏ်တရားတို့ကို
အစွဲပြု၍
အကြင်ချမ်းသာခြင်း
'သုခ'ဝမ်းမြောက်ခြင်း
'သောမနဿ' သည်
ရှိ၏၊
ဤကိုယ်ချမ်းသာ
စိတ်ချမ်းသာကို
'ကာမသုခ' ဟူ၍
ဆိုရ၏။ အာနန္ဒာ
''သတ္တဝါတို့သည်
ဤမျှလောက်သာဖြစ်သော
ကိုယ်ချမ်းသာ
စိတ်ချမ်းသာကို
ခံစားကြရကုန်၏''ဟု
တစ်ဦးတစ်ယောက်က
ဤသို့
ဆိုငြားအံ့၊
ထိုသူ၏ ဤစကားကို
ငါခွင့်မပြုနိုင်၊
အဘယ်ကြောင့်
နည်း၊
အာနန္ဒာ
ဤကာမသုခမှ
တစ်ပါးသော
သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သောသာလွန်၍
မွန်မြတ်သော
သုခရှိသေးသောကြောင့်တည်း။
အာနန္ဒာ
ဤကာမသုခမှ
တစ်ပါးသော
သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သောသုခဟူသည်
အဘယ်နည်း။
အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်
ကာမတရားတို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ဤကာမသုခမှ
တစ်ပါးသော
သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာ
''သတ္တဝါတို့သည်
ဤမျှလောက်သာဖြစ်သော
ကိုယ်ချမ်းသာ
စိတ်ချမ်းသာကိုခံစားကြရကုန်၏''ဟု
တစ်ဦးတစ်ယောက်က
ဤသို့
ဆိုငြားအံ့၊
ထိုသူ၏
ဤစကားကို
ငါခွင့်မပြုနိုင်။
အဘယ်ကြောင့်နည်း။
အာနန္ဒာ
ဤပဌမဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သောသာလွန်၍
မွန်မြတ်သော
သုခရှိသေးသောကြောင့်တည်း။
အာနန္ဒာ
ဤပဌမဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ် သောသုခဟူသည်
အဘယ်နည်း။
အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်
ဝိတက်
ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ထိုပဌမဈာန်သုခမှ
တစ်ပါးသော
သာလွန်၍နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာ
တစ်ဦး့တစ်ယောက်က
ဤသို့
ဆိုငြားအံ့။ပ။
အာနန္ဒာ
ဤဒုတိယဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
အဘယ်နည်း-
အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်
ပီတိကို စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ထိုဒုတိယဈာန်သုခမှတစ်ပါးသောသာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာတစ်ဦးတစ်ယောက်က
ဤသို့ ဆိုငြားအံ့။ပ။
အာနန္ဒာ
ဤတတိယဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည် အဘယ်နည်း-
အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည် သုခဝေဒနာကို
ပယ်ခြင်းကြောင့်။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ထိုတတိယဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာ
တစ်ဦးတစ်ယောက်က
ဤသို့
ဆိုငြားအံ့။ပ။
အာနန္ဒာ
ထိုစတုတ္ထဈာန်သုခမှ
တစ်ပါးသော သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍ မွန်မြတ်သော
သုခဟူသည်
အဘယ်နည်း
-အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်
အချင်းခပ်သိမ်း
ရုပ်၌ဖြစ်သော
ရူပသညာကို
လွန်မြောက်ခြင်းကြောင့်
ကြမ်းတမ်းသော
'ပဋိဃ'
သညာတို့၏
ချုပ်ခြင်းကြောင့်အထူးထူးသော
သညာတို့ကို
နှလုံးမသွင်းခြင်းကြောင့်
''ကောင်းကင်ပညတ်သည်
အဆုံးမရှိ''ဟု
ပွါးများလျက်
အာကာသာနဉ္စာယတန
ဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ထိုစတုတ္ထဈာန်သုခမှ
တစ်ပါးသောသာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာတစ်ဦးတစ်ယောက်က
ဤသို့
ဆိုငြားအံ့။ပ။
အာနန္ဒာ
ဤအာကာသာနဉ္စာယတနဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သောသာလွန်၍
မွန်မြတ်သော
သုခဟူသည်
အဘယ်နည်း
-အာနန္ဒာ ဤသာသနာတော်၌
ရဟန်းသည်အချင်းခပ်သိမ်း
အာကာ
သာနဉ္စာယတနဈာန်ကို
လွန်မြောက်၍
''ပဌမအရူပဝိညာဏ်သည်
အဆုံးမရှိ''ဟုပွါးများပြီးလျှင်
ဝိညာဏဉ္စာယတန
ဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ထိုအာကာသာနဉ္စာယတနဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာ
တစ်ဦးတစ်ယောက်က
ဤသို့
ဆိုငြားအံ့။ပ။
အာနန္ဒာ
ဤဝိညာဏဉ္စာယတနဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍မွန်မြတ်သော
သုခဟူသည်
အဘယ်နည်း-အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည် အချင်းခပ်သိမ်းဝိညာဏဉ္စာ
ယတနအရူပဈာန်ကို
လွန်မြောက်၍
''တစ်စုံတစ်ခု
တစိုးတစိမျှ
မရှိ''ဟု
ပွါးများ၍
အာကိဉ္စညာယတနအရူပဈာန်သို့
ရောက်၍နေ၏။
အာနန္ဒာ ထိုဝိညာဏဉ္စာယတနဈာန်သုခမှ
တစ်ပါးသောသာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာတစ်ဦးတစ်ယောက်က
ဤသို့
ဆိုငြားအံ့။ပ။
အာနန္ဒာ
ဤအာကိဉ္စညာယဘနဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန် ၍မွန်မြတ်သော
သုခဟူသည်
အဘယ်နည်း-အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်
အချင်းခပ်သိမ်းအာကိဉ္စညာ
ယဘနတတိယအရူပဈာန်ကို
လွန်မြောက်၍
ရုန့်ရင်းသောသညာကား
မရှိ,
သိမ်မွေ့သောသညာ
မရှိသည်ကား
မဟုတ်သော
နေဝသညာနာသညာယတနဈာန်သို့
ရောက်၍ နေ၏။
အာနန္ဒာ
ထိုအာကိဉ္စညာယတနဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍ မွန်မြတ်သောသုခဟူသည်
ဤသည်ပင်တည်း။
အာနန္ဒာ
''သတ္တဝါတို့သည်
ဤမျှလောက်သာဖြစ်သော
ကိုယ်ချမ်းသာ
စိတ်ချမ်းသာကို
ခံစားကြရကုန်၏''ဟု
တစ်ဦးတစ်ယောက်က
ဆိုငြားအံ့၊
ထိုသူ၏
ဤစကားကို
ငါခွင့်မပြုနိုင်။
ထိုသို့
ခွင့်မ့ပြုနိုင်ခြင်းသည်
အဘယ်ကြောင့်နည်း-
အာနန္ဒာ
ဤနေဝသညာနာသညာယတနဈာန်သုခမှ
တစ်ပါးသောသာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခရှိသေးသောကြောင့်တည်း။
အာနန္ဒာဤနေဝသညာနာသညာယတနဈာန်သုခမှ
တစ်ပါးသော
သာလွန်၍
နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍မွန်မြတ်သော
သုခဟူသည်
အဘယ်နည်း-
အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်
အချင်းခပ်သိမ်းနေဝသညာနာသညာယတနအရူပဈာန်ကို
လွန်မြောက်၍
သညာဝေဒနာတို့၏
ချုပ်ငြိမ်းရာ
နိရောဓသမာပတ်ကို
ဝင်စားနေနိုင်၏၊
အာနန္ဒာ
ထိုနေဝသညာနာသညာယတနဈာန်
သုခမှတစ်ပါးသော
သာလွန်၍နှစ်သက်ဖွယ်ဖြစ်သော
သာလွန်၍
မွန်မြတ်သော
သုခဟူသည်
ဤသည်ပင်တည်း။
၉၁။
အာနန္ဒာ
''မှတ်သားမှု
ခံစားမှုတို့၏
ချုပ်ငြိမ်းမှုကို
ရဟန်းဂေါတမသည်
ဟော၏၊
ထိုမှတ်
သားမှုခံစားမှုတို့၏
ချုပ်ငြိမ်းခြင်းကိုလည်း
ချမ်းသာဟူ၍ ပညတ်၏၊
ထိုချမ်းသာသည်
အဘယ်နည်း၊
ထိုချမ်းသာသည်
အဘယ်သို့နည်း''ဟု
အယူတစ်မျိုးရှိသော
ပရိဗိုဇ်တို့
ပြောဆိုရာသော
အကြောင်းသည်ရှိ၏။
အာနန္ဒာ
ဤသို့
ပြောဆိုကြသော
အယူတစ်မျိုးရှိကုန်သော
ပရိဗိုဇ်တို့ကို
''ငါ့သျှင်တို့
မြတ်စွာဘုရားသည်
ချမ်းသာခံစားမှုကိုသာလျှင်
ရည်ရွယ်၍
ချမ်းသာဟု
မပညတ်၊
ငါ့သျှင်တို့
စင်စစ်သော်ကားအကြင်အကြင်အရာ၌
အကြင်အကြင်သဘာဝ၌
ချမ်းသာကို
ရထိုက်၏၊
ထိုထိုအရာ
ထိုထိုသဘာဝကိုချမ်းသာဟု
ပညတ်၏''ဟု
ဤသို့
ပြောဆိုကုန်ရာ၏ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤသုတ်ကိုဟောကြားတော်မူ၏။
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရား၏
စကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ကိုးခုမြောက်
ဗဟုဝေဒနီယသုတ်
ပြီး၏။
------
၁၀-အပဏ္ဏကသုတ်
၉၂။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
များစွာသော ရဟန်းသံဃာနှင့်အတူ
ကောသလတိုင်း၌
ဒေသစာရီလှည့်လည်တော်မူလတ်သော်
သာလာအမည်ရှိသော
ကောသလတိုင်း
ပုဏ္ဏားရွာသို့
ရောက်
တော်မူ၏။
သာလာရွာသား
ပုဏ္ဏားသူကြွယ်တို့သည်
ဤသို့
ကြားသိကြလေကုန်၏-''အချင်းတို့
သာကီဝင်မင်းမျိုးမှရဟန်းပြုသော
သာကီဝင်မင်းသား
ရဟန်းဂေါတမသည်
များစွာသော
ရဟန်းသံဃာ
နှင့်အတူကောသလတိုင်း၌
ဒေသစာရီ
လှည့်လည်တော်မူရာ
သာလာရွာသို့
ရောက်တော်မူ၏။
ထိုအသျှင်ဂေါတမ၏
ကောင်းသော
ကျော်စောသတင်းသည်
ဤသို့ ပျံ့နှံ့၍
ထွက်၏-'ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
'အရဟံ'
မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
အကြောင့်ကြောင့်လည်း
'သမ္မာသမ္ဗုဒ္ဓ'
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ' အကျင့်
'စရဏ' နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
'ဝိဇ္ဇာစရဏသမ္ပန္န'မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
'သုဂတ'မည်တော်မူ၏၊
လောက ကို
သိတော်မူတတ်သော
အကြောင်းကြောင့်လည်း
'လောကဝိဒူ'
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမ
တတ်သည့် အတုမဲ့ပုဂ္ဂိုလ်
ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
'အနုတ္တရောပုရိသဒမ္မသာရထိ'
မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
'သတ္ထာဒေဝမနုဿာနံ'
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူတတ်သောအကြောင်းကြောင့်လည်း
'ဗုဒ္ဓ' မည်
တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း'ဘဂဝါ'
မည်တော်မူ၏'ဟု
(ပျံ ့နှံ့၍
ထွက်၏)။
ထိုမြတ်စွာဘုရားသည်
နတ်နှင့်တကွသော
မာရ်နတ်နှင့်တကွသော
ဗြဟ္မာနှင့်တကွသော
ဤဩကာသလောကကိုလည်းကောင်း၊
သမဏဗြာဟ္မဏတို့နှင့်တကွသော
မင်းများ
လူများနှင့်တကွသော
သတ္တဝါ့အပေါင်းကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုလျက်
ဟောကြားတော်မူ၏၊
ထိုမြတ်စွာဘုရားသည်
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
အနက်နှင့်ပြည့်စုံသော
သဒ္ဒါနှင့်
ပြည့်စုံသော
တရားကို
ဟောကြားတော်မူ၏။
အလုံးစုံပြည့်စုံသော
စင်ကြယ်သောမြတ်သော
အကျင့်ကို ပြတော်မူ၏။
ထိုသို့သဘောရှိသော
ရဟန္တာ (ပုဂ္ဂိုလ်)
တို့ကို
ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း''ဟု
(ကြားသိကြကုန်၏)။
ထိုအခါ
သာလာရွာသား
ပုဏ္ဏားသူကြွယ်တို့သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြကုန်လျက်အချို့တို့သည်
မြတ်စွာဘုရားကို
ရှိခိုး၍
လျောက်ပတ်သော
နေရာ၌
ထိုင်ကုန်၏၊ အချို့တို့သည်
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
(နှုတ်ဆက်)
ပြောဆိုကုန်၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆိုပြီးဆုံးစေ၍
လျောက်ပတ်သော
နေရာ၌ ထိုင်ကုန်၏၊
အချို့တို့သည်
မြတ်စွာဘုရားရှိရာအရပ်သို့
လက်အုပ်ချီကုန်လျက်
လျောက်ပတ်သော
နေရာ၌
ထိုင်ကုန်၏၊
အချို့တို့သည်
အမည်အနွယ်ကို
ပြောကြားလျက်
လျောက်ပတ်သော
နေရာ၌
ထိုင်ကုန်၏၊
အချို့တို့သည်
တိတ်ဆိတ်စွာလျောက်ပတ်သော
နေရာ၌ ထိုင်ကုန်၏။
၉၃။
လျောက်ပတ်သော
နေရာ၌
ထိုင်နေကြကုန်သော
သာလာရွာသား
ပုဏ္ဏား
သူကြွယ်တို့ကိုမြတ်စွာဘုရားသည်-''သူကြွယ်တို့
အကြောင်းခိုင်မာသော
ယုံကြည်မှုကို
ရစေနိုင်သော
တစ်စုံတစ်ယောက်သော
နှစ်သက်လောက်သော
ဆရာသမားသည်
သင်တို့မှာ
ရှိသလော''ဟု
မိန့်တော်မူ၏။
အသျှင်ဘုရားအကြောင်းခိုင်မာသော
ယုံကြည်မှုကို
ရစေနိုင်သော
တစ်စုံတစ်ယောက်သော
နှစ်သက်လောက်သော
ဆရာသမားသည်
အကျွန်ုပ်တို့မှာ
မရှိပါဟု
(လျှောက်ကြကုန်၏)။
သူကြွယ်တို့
သင်တို့သည်
နှစ်သက်လောက်သော
ဆရာသမားကို
မရကြသော်
ဧကန်
အကျိုးရှိသော
ဤအကျင့်တရားကို
ကောင်းစွာ
ဆောက်တည်၍ကျင့်ထိုက်၏။
သူကြွယ်တို့
ဧကန်
အကျိုးရှိသော
အကျင့်တရားကို
စွဲယူ
ဆောက်တည်ထားသော်
ထိုအကျင့်တရားသည်
သင်တို့အတွက်
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးခြင်း
ချမ်းသာခြင်းငှါဖြစ်လတ္တံ့။
သူကြွယ်တို့
ဧကန် အကျိုးရှိသော
အကျင့်တရားဟူသည်
အဘယ်နည်း-
၉၄။
သူကြွယ်တို့
''ပေးလှူခြင်းသည်
အကျိုးမရှိ၊
ယဇ်ကြီးပူဇော်ခြင်းသည်
အကျိုးမရှိ၊
ယဇ်ကလေး
(ဟုံး)
ပူဇော်ခြင်းသည်
အကျိုးမရှိ၊
ကောင်းမှု
မကောင်းမှုတို့၏
အကျိုးဝိပါက်သည်
မရှိ၊
ဤလောကသည်
မရှိ၊ တမလွန်လောကသည်
မရှိ၊ အမိ၏
ကျေးဇူးမရှိ၊
အဖ၏ ကျေးဇူးမရှိ၊
သေ၍
တစ်ဖန်ဖြစ်ပေါ်လာသော
သတ္တဝါတို့သည်
မရှိကုန်၊
ဤလောကကိုလည်းကောင်း
တမလွန်လောကကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုလျက်
ဟောကြားနိုင်ကုန်သော
ညီညွတ်ကုန်သော
ကောင်းသောအကျင့်ရှိကုန်သော
သမဏဗြာဟ္မဏတို့သည်
လောက၌
မရှိကုန်''ဟု
ဤသို့ပြောဆိုယူဆကြကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်
ရှိကုန်၏၊
သူကြွယ်တို့
ထိုသမဏဗြာဟ္မဏတို့နှင့်
ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒ
ရှိကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်-''ပေးလှူခြင်းသည်
အကျိုးရှိ၏၊
ယဇ်ကြီးပူဇော်ခြင်းသည်
အကျိုးရှိ၏၊
ယဇ်ကလေး
(ဟုံး)
ပူဇော်ခြင်းသည်အကျိုးရှိ၏၊
ကောင်းမှု
မကောင်းမှုတို့၏
အကျိုးဝိပါက်သည်
ရှိ၏၊
ဤလောကသည်
ရှိ၏၊ တစ်ပါးသောလောကသည်
ရှိ၏၊ အမိ၏
ကျေးဇူးရှိ၏၊
အဖ၏ ကျေးဇူးရှိ၏၊
သေ၍ တစ်ဖန်
ဖြစ်ပေါ်လာသောသတ္တဝါတို့သည်
ရှိကုန်၏၊
ဤလောကကိုလည်းကောင်း၊
တစ်ပါးသော
လောကကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုလျက်
ဟောကြားနိုင်ကုန်သော
ညီညွတ်ကုန်သောကောင်းသော
အကျင့်ရှိကုန်သော
သမဏဗြာဟ္မဏတို့သည်လည်း
ရှိကုန်သည်သာတည်း''ဟုပြောဆိုကြကုန်၏။
သူကြွယ်တို့
ထိုအရာကို
အဘယ်သို့
မှတ်ထင်ကုန်သနည်း၊
ဤသမဏဗြာဟ္မဏတို့သည်
အချင်းချင်း
ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒ
ရှိကြကုန်သည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင် ဘုရား
မှန်ပါ၏ဟု
(လျှောက်ကြကုန်၏)။
၉၅။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
''ပေးလှူခြင်းသည်
အကျိုးမရှိ၊
ယဇ်ကြီးပူဇော်ခြင်းသည်အကျိုးမရှိ။ပ။
ဤလောကကိုလည်းကောင်း၊
တမလွန်လောကကိုလည်းကောင်း၊
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုလျက်
ဟောကြားနိုင်ကုန်သော
ညီညွတ်ကုန်သော
ကောင်းသော
အကျင့်ရှိကုန်သော
သမဏဗြာဟ္မဏတို့သည်
မရှိကုန်''ဟု
ဤသို့ ပြောဆိုယူဆကြကုန်သော
သမဏဗြာဟ္မဏတို့အား
ကာယသုစရိုက်၊
ဝစီသုစရိုက်၊
မနောသုစရိုက်၊
ဤသုံးပါးသော
ကုသိုလ်တရားတို့ကို
ဖောက်ခွဲဖျက်ဆီး၍
ကာယဒုစရိုက်၊
ဝစီဒုစရိုက်၊
မနောဒုစရိုက်၊
ဤသုံးပါးသော
အကုသိုလ်တရားတို့ကို
ဆောက်တည်၍
ကျင့်ကြကုန်လတ္တံ့
ဟူသော
အပြစ်သာ
ဧကန်ဖြစ်ရမည်။
အဘယ်ကြောင့်နည်း၊
ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
အကုသိုလ်တရားတို့၏
အပြစ်ယုတ်ညံ့ပုံ
ညစ်ညူးပုံကို
မမြင်ကြကုန်၊
ကုသိုလ်တရားတို့၏
အကုသိုလ်မှ
ထွက်မြောက်ခြင်း၌
အကျိုးကို,
ဖြူစင်သော
အဖို့ကို
မမြင်ကြကုန်သောကြောင့်တည်း။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
မရှိ''ဟု
ထိုသူမှာအယူရှိ၏၊
ထိုသူ၏
ထိုအယူသည်
မှားသော
အယူဖြစ်၏၊
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
မရှိ''ဟု
ကြံ၏၊ ထိုသူ၏
ထိုအကြံသည်
မှားသော
အကြံဖြစ်၏၊
ထင်ရှားရှိသည်သာ
လျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
မရှိ'' ဟူသော
စကားကိုပြောဆို၏၊
ထိုသူ၏
ထိုစကားသည်
မှားသော
စကားဖြစ်၏၊
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
မရှိ''ဟု
ပြောဆို၏။
ဤသူသည်
တမလွန်လောကကိုသိကြကုန်သော
ရဟန္တာအသျှင်တို့အား
ဆန့်ကျင်ဘက်ပြု၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
မရှိ''ဟု
သူတစ်ပါးကို
သိစေ၏၊
ထိုသူ၏ ထိုသိစေခြင်းသည်
မသူတော်တရားကို
သိစေခြင်း
ဖြစ်၏၊
ထိုမသူတော်တရားကိုသိစေခြင်းဖြင့်လည်း
မိမိကိုယ်ကို
ချီးမြှောက်၏၊
သူတစ်ပါးကို
ရှုတ်ချ၏၊
ဤသို့လျှင်
ထိုသူမှာ ရှေးမဆွကပင်လျှင်
ကောင်းသောသဘောသည်
ပယ်ထားပြီးဖြစ်၏။
မကောင်းသောသဘောသည်
ရှေးရှုတည်နေ၏။
ဤမှားသောအယူ၊
မှားသောအကြံ၊
မှားသောစကား၊
အရိယာတို့နှင့်ဆန့်ကျင်ခြင်း၊
မသူတော်တရားကို
သိစေခြင်း၊ မိမိကိုယ်ကို
ချီးမြှောက်ခြင်း၊
သူတစ်ပါးကို
ရှုတ်ချခြင်း၊
ဤသို့
များစွာသော
ယုတ်မာသော
ဤအကုသိုလ်တရားတို့သည်
မှားသောအယူဟူသော
အကြောင်းကြောင့်
ထိုသူမှာ
ဖြစ်ပေါ်လာကုန်၏။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိသော
ယောက်ျားတစ်ယောက်သည်
ဤသို့
ဆင်ခြင်၏-တမလွန်လောကသည်
အကယ်၍
မရှိသည်ဖြစ်အံ့၊
ဤသို့မရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
မိမိကိုယ်ကို
ချမ်းသာအောင်
ပြုလတ္တံ့။
တမလွန်လောကသည်
အကယ်၍
ရှိသည်ဖြစ်အံ့၊
ထိုသို့ရှိခဲ့ပါမူ
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
ချမ်းသာကင်းသော
မကောင်းသော
လားရာဖြစ်သော
ဖရိုဖရဲကျရာဖြစ်သော
ငရဲသို့
ရောက်ရလတ္တံ့။
တမလွန်လောကသည်
အကယ်၍
မရှိပါနှင့်ဦး၊
ထိုအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
မှန်သည်ပင်ဖြစ်ပါစေဦး၊
ထိုသို့ပင်
ဖြစ်သော်လည်း
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သောကိုယ်၏အဖြစ်၌ပင်လျှင်
''သီလမရှိသော၊
မှားသော
အယူရှိသော၊
နတ္ထိကဝါဒရှိသောယောက်ျားတည်း''ဟု
ပညာရှိတို့
အကဲ့ရဲ့ကို
ခံရ၏။
တမလွန်လောကသည်
အကယ်၍
ရှိသည်သာလျှင်
ဖြစ်အံ့၊
ဤသို့
ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏အဖြစ်၌လည်း
ပညာရှိတို့
အကဲ့ရဲ့ခံရခြင်း၊
ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ
နောက်၌လည်း
ချမ်းသာကင်းသော
မကောင်းသော
လားရာဖြစ်သော
ဖရိုဖရဲကျရာဖြစ်သော
ငရဲသို့
ရောက်ရခြင်းအားဖြင့်
နှစ်ပါးစုံ
ဆုံးရှုံး၏၊
ဤသို့ ထိုသူ၏
မကောင်းသောအားဖြင့်
စွဲယူဆောက်တည်ထားသော
ဤဧကန်အကျိုးရှိသော
အကျင့်တရားသည်
တစ်ဖက်သတ်
နှံ့၍ တည်၏၊
ကုသိုလ်အရာကို
ကြဉ်ရှောင်၏။
၉၆။
သူကြွယ်တို့
ထို
အယူနှစ်မျိုးတို့တွင်
''ပေးလှူခြင်း၏
အကျိုးသည်
ရှိ၏။ပ။
အကြင်သမဏဗြာဟ္မဏတို့သည်
ဤလောကကိုလည်းကောင်း
တမလွန်လောကကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုလျက်
ဟောကြားကုန်၏''ဟု
ဤသို့
ပြောဆိုယူဆလေ့ရှိကုန်သော
သမဏဗြာဟ္မဏတို့မှာ
ကာယဒုစရိုက်၊
ဝစီဒုစရိုက်၊
မနောဒုစရိုက်
ဤသုံးပါးသော
အကုသိုလ်တရားတို့ကိုဖောက်ခွဲဖျက်ဆီး၍
ကာယသုစရိုက်၊
ဝစီသုစရိုက်၊
မနောသုစရိုက်
ဤသုံးပါးသော
ကုသိုလ်တရားတို့ကိုဆောက်တည်၍
ကျင့်ကုန်လတ္တံ့ဟူသော
အကျိုးသာ
ဧကန်ဖြစ်ရမည်။
အဘယ့်ကြောင့်နည်း၊
ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
အကုသိုလ်တရားတို့၏
အပြစ် ယုတ်ညံ့ပုံ
ညစ်ညူးပုံကို
မြင်ကြ၍
ကုသိုလ်တရားတို့၏
မကောင်းမှုတို့မှ
ထွက်မြောက်ခြင်း၌
အကျိုးကို
ဖြူစင်သောအဖို့ကို
မြင်ကြကုန်သောကြောင့်တည်း။
ထိုမှတစ်ပါး
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
ရှိ၏''ဟုထိုသူမှာ
အယူရှိ၏၊
ထိုသူ၏
ထိုအယူသည်
မှန်သော
အယူဖြစ်၏၊
ထင်ရှားရှိသည်သာလျှင်ဖြစ်သောတမလွန်
လောကကို
''တမလွန်လောကသည်
ရှိ၏''ဟု
ကြံ၏။ ထိုသူ၏
ထိုအကြံသည်
မှန်သော
အကြံဖြစ်၏၊
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
ရှိ၏''ဟူသောစကားကို
ဆို၏၊ ထိုသူ၏
ထိုစကားသည်
မှန်သော
စကားဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သောတမလွန်လောကကို
''တမလွန်လောကသည်
ရှိ၏''ဟု
ပြောဆို၏၊
ဤသူသည်
တမလွန်လောကကိုသိကုန်သော
ရဟန္တာပုဂ္ဂိုလ်တို့အား
ဆန့်ကျင်ဘက်မပြုလုပ်၊
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
တမလွန်လောကကို
''တမလွန်လောကသည်
ရှိ၏''ဟု
သူတစ်ပါးကို
သိစေ၏။ ထိုသူ၏
ထိုသိစေခြင်းသည်သူတော်ကောင်းတရားကို
သိစေခြင်းဖြစ်၏။
ထိုသူတော်ကောင်း
တရားကို
သိစေခြင်းဖြင့်လည်း
မိမိကိုယ်ကို
မချီးမြှောက်၊
သူတစ်ပါးကို
မရှုတ်ချ၊
ဤသို့လျှင်
ထိုသူမှာ
ရှေးမဆွကပင်လျှင်
မကောင်းသောသဘောသည်
ပယ်ထားပြီးဖြစ်၏။
ကောင်းသောသဘောသည်
ရှေးရှုတည်နေ၏။
ဤမှန်ကန်သောအယူ၊
မှန်ကန်သောအကြံ၊
မှန်ကန်သောစကား၊
အရိယာတို့နှင့်
မဆန့်ကျင်ခြင်း၊
သူတော်ကောင်းတရားကို
သိစေခြင်း၊
မိမိကိုယ်ကို
မချီးမြှောက်ခြင်း၊
သူတစ်ပါးကို
မရှုတ်ချခြင်းဤသို့
များစွာသော
ဤကုသိုလ်တရားတို့သည်
မှန်သော
အယူဟူသော
အကြောင်းကြောင့်
ထိုသူမှာဖြစ်ပေါ်လာ
ကုန်၏။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိသော
ယောက်ျားသည်
ဤသို့
ဆင်ခြင်၏-
တမလွန်လောကသည်
အကယ်၍
ရှိသည်ဖြစ်အံ့၊
ဤသို့ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာဖြစ်သော
နတ်ပြည်လောကသို့
ရောက်ရလတ္တံ့။
တမလွန်လောကသည်
အကယ်၍
မရှိပါနှင့်ဦး၊
ထိုအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
မှန်သည်ပင်ဖြစ်ပါစေဦး၊
ထိုသို့ဖြစ်သော်လည်း
ဤအသျှင်ယောက်ျားသည်
မျက်မှောက်သော
ကိုယ်၏အဖြစ်၌ပင်လျှင်''သီလ
ရှိသော၊
မှန်သော အယူရှိသော၊
ကံ,
ကံ၏အကျိုးကို
ယုံကြည်သော
ဝါဒရှိသော
ယောက်ျားပုဂ္ဂိုလ်တည်း''ဟု
ပညာရှိတို့
အချီးအမွမ်းခံရ၏။
တမလွန်လောကသည်
အကယ်၍
ရှိသည်သာလျှင်
ဖြစ်အံ့၊
ဤသို့
ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏ အဖြစ်၌ပင်လျှင်
ပညာရှိတို့
အချီးအမွမ်းခံရခြင်း၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာဖြစ်သော
နတ်ပြည်လောကသို့
ရောက်ရခြင်းအားဖြင့်
နှစ်ပါးစုံ
အောင်မြင်၏။
ဤသို့ ထိုသူ၏
ကောင်းစွာ
စွဲယူဆောက်တည်ထားသော
ဧကန်အကျိုးရှိသော
ဤအကျင့်တရားသည်
နှစ်ပါးသော
အဖို့ကို
နှံ့၍ တည်၏၊
အကုသိုလ်အရာကို
ကြဉ်ရှောင်၏။
၉၇။
သူကြွယ်တို့
''ပြုသူ
ပြုစေသူ၊
ဖြတ်သူ ဖြတ်စေသူ၊
နှိပ်စက်သူ
နှိပ်စက်စေသူ၊
ပူဆွေး
အောင်ပြုသူ
ပြုစေသူ၊
ပင်ပန်းအောင်
ပြုသူ
ပြုစေသူ၊
တုန်လှုပ်သူ
တုန်လှုပ်စေသူ၊
အသက်ကို
သတ်သူ
(သတ်စေသူ)၊
ခိုးယူသူ
(ခိုးယူစေသူ)၊
အိမ်ကို
ဖောက်ထွင်းသူ
(ဖောက်ထွင်းစေသူ)၊
တစ်အိမ် တည်းကိုတိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
ရွာကို
တိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
လမ်းခရီး၌စောင့်၍
လုယက်သူ (လုယက်စေသူ)၊
သူ့မယားကို
သွားလာသူ
(သွားလာစေသူ)၊
မဟုတ်မမှန်စကားကိုပြောသူ
(ပြောစေသူ)
များသည်
မကောင်းမှုကို
ပြုသော်လည်း
ပြုသည် မမည်၊
ဤမြေပေါ်ရှိသတ္တဝါတို့ကို
သင်တုန်းသွားစက်ဖြင့်
တစ်ခုတည်းသော
အသားစု
အသားပုံဖြစ်အောင်
အကယ်၍ပြုစေကာမူ
ထိုအကြောင်းကြောင့်
မကောင်းမှု မရှိ၊
မကောင်းမှုဖြစ်ခြင်း
မရှိ၊ အသက်ကို
သတ်လျက်သတ်စေလျက်၊
ဖြတ်လျက်
ဖြတ်စေလျက်၊
နှိပ်စက်လျက်
နှိပ်စက်စေလျက်
ဂင်္ဂါမြစ်၏တောင်ဘက်ကမ်းသို့
အကယ်၍ သွားနေလျှင်
ထို
(သတ်ခြင်းစသော)
အကြောင်းကြောင့်
မကောင်းမှု
မရှိ၊
မကောင်းမှုဖြစ်ခြင်း
မရှိ။
လှူလျက်
လှူစေလျက်၊
ပူဇော်လျက်
ပူဇော်စေလျက်
ဂင်္ဂါမြစ်၏
မြောက်ဘက်ကမ်းသို့
အကယ်၍
သွားနေလျှင်
ထိုလှူခြင်းစသော
အကြောင်းကြောင့်
ကောင်းမှု
မရှိ၊ ကောင်းမှုဖြစ်ခြင်း
မရှိ၊ အလှူပေးခြင်း
ဣန္ဒြေကိုဆုံးမခြင်း
သီလစောင့်စည်းခြင်း
အမှန်ဆိုခြင်းတို့ကြောင့်ကောင်းမှုမရှိ၊
ကောင်းမှုဖြစ်ခြင်း
မရှိ''ဟု
ဤသို့
ပြောဆိုကြံဆလေ့ရှိကုန်သော
အချို့သောသမဏဗြာဟ္မဏတို့သည်
ရှိကုန်၏၊
သူကြွယ်တို့
ထိုသမဏဗြာဟ္မဏတို့နှင့်ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒရှိသော
အချို့သော
သမဏဗြာဟ္မဏတို့သည်-
သူကြွယ်တို့
''ပြုသူ
ပြုစေသူ၊
ဖြတ်သူ ဖြတ်စေသူ၊
နှိပ်စက်သူ
နှိပ်စက်စေသူ၊
ပူဆွေးအောင်
ပြုသူပြုစေသူ၊
ပင်ပန်းအောင်
ပြုသူ ပြုစေသူ၊
တုန်လှုပ်သူ
တုန်လှုပ်စေသူ၊
အသက်ကို
သတ်သူ
(သတ်စေသူ)၊
ခိုးယူသူ
(ခိုးယူစေသူ)၊
အိမ်ကို
ဖောက်ထွင်းသူ
(ဖောက်ထွင်းစေသူ)၊
ရွာကို
တိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
တစ်အိမ်တည်းကို
တိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
ခရီးလမ်း၌
စောင့်၍
လုယက်သူ
(လုယက်စေသူ)၊
သူ့မယားကို သွားလာသူ
(သွားလာစေသူ)၊
မဟုတ်မမှန်စကားကို
ပြောသူ
(ပြောစေသူ)
များသည်
မကောင်းမှုကို
ပြုသော်လည်း
ပြုသည်မည်၏၊
ဤမြေပေါ်ရှိ
သတ္တဝါတို့
ကို သင်တုန်းသွားစက်ဖြင့်
တစ်ခုတည်းသော
အသားစု အသားပုံဖြစ်အောင်အကယ်၍
ပြုအံ့၊ ထို
အကြောင်းကြောင့်
မကောင်းမှုသည်
ရှိ၏၊
မကောင်းမှုဖြစ်ခြင်းသည်
ရှိ၏၊
အသက်ကို
သတ်လျက် သတ်
စေလျက်၊
ဖြတ်လျက်
ဖြတ်စေလျက်၊
နှိပ်စက်လျက်
နှိပ်စက်စေလျက်ဂင်္ဂါမြစ်၏
တောင်ဘက်ကမ်းသို့
အကယ်၍
သွားနေစေကာမူ
ထိုသတ်ခြင်းစသော
အကြောင်းကြောင့်မကောင်းမှုသည်
ရှိ၏၊
မကောင်းမှု
ဖြစ်ခြင်းသည်
ရှိ၏၊
လှူလျက်
လှူစေလျက်၊
ပူဇော်လျက်ပူဇော်စေလျက်
ဂင်္ဂါမြစ်၏
မြောက်ဘက်ကမ်း
သို့ အကယ်၍
သွားနေစေကာမူ
ထိုလှူခြင်းစသောအကြောင်းကြောင့်
ကောင်းမှုသည်
ရှိ၏၊
ကောင်းမှု
ဖြစ်ခြင်းသည်
ရှိ၏၊ အလှူပေးခြင်းဣန္ဒြေကိုဆုံးမခြင်း
သီလစောင့်စည်းခြင်း
အမှန်ဆိုခြင်းတို့ကြောင့်
ကောင်းမှုသည်
ရှိ၏၊
ကောင်းမှုဖြစ်ခြင်းသည်
ရှိ၏''ဟု
ဤသို့
ပြောဆို
လေ့ရှိကြ၏။
သူကြွယ်တို့
ထို အရာကို
အဘယ်သို့မှတ်ထင်ကုန်သနည်း၊
ဤသမဏဗြာဟ္မဏတို့သည်
အချင်းချင်း
ဖြောင့်ဖြောင့်
ဆန့်ကျင်ဘက်ဝါဒရှိကုန်သည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ဟု
(လျှောက်ကြကုန်၏)။
၉၈။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
''ပြုသူ
ပြုစေသူ၊
ဖြတ်သူ
ဖြတ်စေသူ၊
နှိပ်စက်သူနှိပ်စက်စေသူ၊
ပူဆွေးအောင်
ပြုသူ ပြုစေသူ၊
ပင်ပန်းအောင်
ပြုသူ
ပြုစေသူ၊
တုန်လှုပ်သူ
တုန်လှုပ်စေသူ၊
အသက်ကို
သတ်သူ
(သတ်စေသူ)၊
ခိုးယူသူ
(ခိုးယူစေသူ)၊
အိမ်ကို
ဖောက်ထွင်းသူ
(ဖောက်ထွင်းစေသူ)၊
ရွာကို
တိုက်ခိုက်
လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
တစ်အိမ်တည်းကို
တိုက်ခိုက်လုယူသူ့
(တိုက်ခိုက်လုယူစေသူ)၊
ခရီးလမ်း၌
စောင့်၍
လုယက်သူ
(လုယက်စေသူ)၊
သူ့မယားကို
သွားလာသူ
(သွားလာစေသူ)၊
မဟုတ်မမှန်စကားကို
ပြောသူ
(ပြောစေသူ)
များသည်
မကောင်းမှုကို
ပြုသော်လည်းပြုသည်မမည်၊
ဤမြေပေါ်ရှိ
သတ္တဝါတို့ကို
သင်တုန်းသွားစက်ဖြင့်
တစ်ခုတည်းသော
အသားစုအသားပုံ
ဖြစ်အောင်
အကယ်၍
ပြုစေကာမူ
ထိုအကြောင်းကြောင့်
မကောင်းမှုမရှိ၊
မကောင်းမှုဖြစ်ခြင်းမရှိ၊
အသက်ကို
သတ်လျက်
သတ်စေလျက်၊
ဖြတ်လျက်
ဖြတ်စေလျက်။ပ။
အလှူပေးခြင်းဣန္ဒြေကိုဆုံးမခြင်း
သီလစောင့်စည်းခြင်း
အမှန်ဆိုခြင်းတို့ကြောင့်
ကောင်းမှုမရှိ၊
ကောင်းမှုဖြစ်ခြင်းမရှိ''ဟု
ပြောဆိုယူဆလေ့ရှိ
ကြသော သမဏဗြာဟ္မဏတို့အား
ကာယသုစရိုက်၊
ဝစီသုစရိုက်၊
မနောသုစရိုက်၊
ဤသုံးပါးသော
ကုသိုလ်တရားတို့ကို
ဖောက်ခွဲဖျက်ဆီး၍
ကာယဒုစရိုက်၊
ဝစီဒုစရိုက်၊
မနောဒုစရိုက်၊
ဤသုံးပါးသော
အကုသိုလ်တရားတို့ကို
ဆောက်တည်၍ကျင့်ကုန်လတ္တံ့ဟူသော
အပြစ်သည်သာ
ဧကန်ဖြစ်ရမည်။
အဘယ့်ကြောင့်နည်း၊
ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
အကုသိုလ်တရားတို့၏
အပြစ်ယုတ်ညံ့ပုံ
ညစ်ညူးပုံကို
မမြင်ကြကုန်၊
ကုသိုလ်တရားတို့၏
မကောင်းမှုမှ
ထွက်မြောက်ခြင်း၌
အကျိုးကို
ဖြူစင်သော
အဖို့ကိုမမြင်ကြကုန်သောကြောင့်တည်း။
ထင်ရှားရှိသည်သာလျှင်
ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
မရှိ''ဟု
ထိုသူမှာ
အယူရှိ၏၊
ထိုသူ၏
ထိုအယူသည် မှားသော
အယူဖြစ်၏။
ထင်ရှားရှိသည်သာလျှင်
ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
မရှိ''ဟု
ကြံ၏၊ ထိုသူ၏
ထိုအကြံသည်
မှားသော
အကြံဖြစ်၏။
ထင်ရှားရှိသည်သာလျှင်
ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
မရှိ'' ဟူသော
စကားကို ပြော
ဆို၏၊ ထိုသူ၏
ထိုစကားသည်
မှားသော
စကားဖြစ်၏။
ထင်ရှားရှိသည်သာလျှင်
ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
မရှိ''ဟု
ပြောဆို၏၊
ဤသူသည်ကိရိယဝါဒအယူရှိကုန်သော
ရဟန္တာအသျှင်တို့အား
ဆန့်ကျင်ဘက်ပြု၏။
ထင်ရှားရှိသည်သာလျှင်
ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
မရှိ''ဟု
သူတစ်ပါးကို
သိစေ၏၊
ထိုသူ၏
သိစေခြင်းသည်
မသူတော်တရားကို
သိစေခြင်း
ဖြစ်၏၊
မသူတော်တရားကို
သိစေခြင်းဖြင့်လည်းမိမိကိုယ်ကို
ချီးမြှောက်၏၊
သူတစ်ပါးကို
ရှုတ်ချ၏၊
ဤသို့လျှင်
ထိုသူမှာ
ရှေးမဆွကပင်လျှင်ကောင်းသော
သဘောသည်
ပယ်ထားပြီးဖြစ်၏၊
မကောင်းသောသဘောသည်သာ
ရှေးရှုတည်နေ၏။
ဤမှားသောအယူ၊
မှားသောအကြံ၊
မှားသောစကား၊
အရိယာတို့နှင့်
ဆန့်ကျင်ခြင်း၊
မသူတော်တရားကို
သိစေခြင်း၊
မိမိကိုယ်ကို
ချီးမြှောက်ခြင်း၊
သူတစ်ပါးကို
ရှုတ်ချခြင်း
ဤသို့
များစွာသောယုတ်မာသော
ဤအကုသိုလ်တရားတို့သည်
မှားသောအယူဟူသော
အကြောင်းကြောင့်
ထိုသူမှာ
ဖြစ်ပေါ်လာကုန်၏။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိသော
ယောက်ျားသည်
ဤသို့
ဆင်ခြင်၏-ပြုလုပ်မှုသည်
အကယ်၍
မရှိသည်
ဖြစ်အံ့၊
ဤသို့ မရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌ မိမိကိုယ်ကို
ချမ်းသာအောင်
ပြုလတ္တံ့။
ပြုလုပ်မှုသည်အကယ်၍
ရှိသည်ဖြစ်အံ့၊
ဤသို့ ရှိခဲ့သော်
ဤအသျှင်
ယောက်ျားပုဂ္ဂိုလ်သည်
ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှနောက်၌
ချမ်းသာကင်းသော
မကောင်းသော လားရာဖြစ်သော
ဖရိုဖရဲ
ကျရာဖြစ်သောငရဲသို့
ရောက်ရလတ္တံ့။
ပြုလုပ်မှုသည်
အကယ်၍ မရှိပါစေနှင့်ဦး၊
ထိုအသျှင်သမဏဗြာဟ္မဏတို့၏စကားသည်
မှန်သည်ပင်ဖြစ်ပါစေဦး၊
ထိုသို့ဖြစ်သော်လည်း
ဤအသျှင်
ယောက်ျားပုဂ္ဂိုလ်သည်မျက်မှောက်သော
ကိုယ်၏အဖြစ်၌ပင်လျှင်
''သီလမရှိသော၊
မှားသောအယူရှိသော၊
အကိရိယဝါဒရှိသောယောက်ျားပုဂ္ဂိုလ်
တည်း''ဟု
ပညာရှိတို့
အကဲ့ရဲ့ကို
ခံရ၏။
ပြုအပ်သော
မကောင်းမှုသည်
အကယ်၍
ရှိသည်သာလျှင်
ဖြစ်အံ့၊
ဤသို့
ရှိခဲ့သော်
ဤအသျှင့်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌လည်း
ပညာရှိတို့
အကဲ့ရဲ့ခံရခြင်း၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌လည်း
ချမ်းသာကင်းသော
မကောင်းသောလားရာဖြစ်သော
ပျက်စီး၍ကျရောက်ရာ
ဖြစ်သော
ငရဲသို့
ရောက်ရခြင်းအားဖြင့်
နှစ်ပါးစုံ
ဆုံးရှုံး၏။
ဤသို့ ထိုသူ၏
မကောင်းသောအားဖြင့်
စွဲယူဆောက်
တည်ထားသော
ဧကန်အကျိုးရှိသော
ဤအကျင့်တရားသည်
တစ်ဖက်သတ်နှံ့၍
တည်၏၊
ကုသိုလ်အရာကို
ကြဉ်ရှောင်၏။
၉၉။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
''ပြုသူ
ပြုစေသူ၊
ဖြတ်သူ
ဖြတ်စေသူ၊
နှိပ်စက်သူ
နှိပ်စက်စေသူ၊
ပူဆွေးအောင်
ပြုသူ ပြုစေသူ၊
ပင်ပန်းအောင်
ပြုသူ
ပြုစေသူ၊
တုန်လှုပ်သူ
တုန်လှုပ်စေသူ၊
အသက်ကို
သတ်သူ
(သတ်စေသူ)၊
ခိုးယူသူ
(ခိုးယူစေသူ)၊
အိမ်ကို
ဖောက်ထွင်းသူ
(ဖောက်ထွင်းစေသူ)၊
ရွာကို
တိုက်ခိုက်
လုယူသူ (တိုက်ခိုက်လုယူစေသူ)၊
တစ်အိမ်တည်းကို
တိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
လမ်းခရီး၌
စောင့်၍
လုယက်သူ
(လုယက်စေသူ)၊
သူ့မယားကို
သွားလာသူ
(သွားလာစေသူ)၊
မဟုတ်မမှန်စကားကို
ပြောသူ (ပြောစေသူ)
များသည်
မကောင်းမှုကို
ပြုသော်ပြုသည်
မည်၏၊
ဤမြေပေါ်ရှိ
သတ္တဝါတို့ကို
သင်တုန်းသွားစက်ဖြင့်
တစ်ခုတည်းသော
အသားစုအသားပုံဖြစ်အောင်
အကယ်၍
ပြုသော်
ထိုအကြောင်းကြောင့်
မကောင်းမှုသည်
ရှိ၏၊ မကောင်းမှုဖြစ်ခြင်း
သည် ရှိ၏၊
အသက်ကို
သတ်လျက်
သတ်စေလျက်၊
ဖြတ်လျက် ဖြတ်စေလျက်၊
နှိပ်စက်လျက်
နှိပ်စက်
စေလျက်
ဂင်္ဂါမြစ်၏
တောင်ဘက်ကမ်းသို့
အကယ်၍ သွားနေစေကာမူထို
(သတ်ခြင်းစသော)
အကြောင်း ကြောင့်
မကောင်းမှုသည်
ရှိ၏၊
မကောင်းမှုဖြစ်ခြင်း
ရှိ၏၊
လှူလျက်လှူစေလျက်၊
ပူဇော်လျက်
ပူဇော်စေလျက်
ဂင်္ဂါမြစ်၏
မြောက်ဘက်ကမ်းသို့
အကယ်၍ သွားနေစေကာမူထိုလှူ
ခြင်း (စသော)
အကြောင်းကြောင့်
ကောင်းမှုသည်
ရှိ၏၊
ကောင်းမှုဖြစ်ခြင်းသည်
ရှိ၏၊
အလှူပေးခြင်း
ဣန္ဒြေကို
ဆုံးမခြင်း
သီလစောင့်စည်းခြင်း
အမှန်ဆိုခြင်းတို့ကြောင့်
ကောင်းမှုသည်
ရှိ၏၊
ကောင်းမှုဖြစ်ခြင်းသည်
ရှိ၏''ဟု ဤသို့
ပြောဆိုယူဆကြကုန်သော
သမဏဗြာဟ္မဏတို့အားကာယဒုစရိုက်၊
ဝစီဒုစရိုက်၊
မနောဒုစရိုက်၊
ဤသုံးပါးသော
အကုသိုလ်တရားတို့ကို
ဖောက်ခွဲဖျက်ဆီး၍ကာယသုစရိုက်၊
ဝစီသုစရိုက်၊
မနောသုစရိုက်၊
ဤသုံးပါးသော
ကုသိုလ်တရားတို့ကိုကျင့်ကုန်လတ္တံ့ဟူသော
အကျိုးသည်သာ
ဧကန်ဖြစ်ရမည်။
အဘယ့်ကြောင့်နည်း၊
ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
အကုသိုလ်တရားတို့၏
အပြစ်ယုတ်ညံ့ပုံ
ညစ်ညူးပုံကို
မြင်ကြကုန်၍ကုသိုလ်တရားတို့၏
မကောင်းမှုတို့မှ
ထွက်မြောက်ခြင်း၌
အကျိုးကို,
ဖြူစင်သောအဖို့ကိုမြင်ကြကုန်သောကြောင့်တည်း။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
ရှိ၏''ဟု
ထိုသူမှာ
အယူရှိ၏၊
ထိုသူ၏ထိုအယူသည်
မှန်သော
အယူဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှု
သည်ရှိ၏''ဟု
ကြံ၏။ ထိုသူ၏
ထိုအကြံသည်
မှန်သော အကြံဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သောပြုလုပ်မှုကို
''ပြုလုပ်မှုသည်
ရှိ၏''ဟူသော
စကားကို
ပြောဆို၏၊
ထိုသူ၏
ထိုစကားသည်
မှန်သောစကားဖြစ်၏။
ထင်ရှားရှိသည်
သာလျှင်ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
ရှိ၏''ဟု
ပြောဆို၏။
ဤသူသည်
ကိရိယဝါဒ
အယူရှိကုန်သော
ရဟန္တာပုဂ္ဂိုလ်တို့အား
ဆန့်ကျင်ဘက်
မပြုလုပ်။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
ပြုလုပ်မှုကို
''ပြုလုပ်မှုသည်
ရှိ၏''ဟု
သူတစ်ပါးကို
သိစေ၏၊
ထိုသူ၏
သိစေခြင်းသည်း
သူတော်ကောင်းတရားကို
သိစေခြင်းဖြစ်၏။
ထိုသူတော်ကောင်းတရားကို
သိစေခြင်းဖြင့်လည်းမိမိကိုယ်ကို
မချီးမြှောက်၊
သူတစ်ပါးကို
မရှုတ်ချ၊
ဤသို့လျှင်
ထိုသူမှာ ရှေးမဆွကပင်လျှင်
မကောင်းသောသဘောသည်
ပယ်ထားပြီးဖြစ်၏။
ကောင်းသောသဘောသည်
ရှေးရှုတည်နေ၏။
ဤမှန်ကန်သောအယူ၊
ဤမှန်ကန်သောအကြံ၊
ဤမှန်ကန်သောစကား၊
ဤအရိယာတို့နှင့်
မဆန့်ကျင်ခြင်း၊
သူတော်ကောင်းတရားကို
သိစေခြင်း၊ မိမိကိုယ်ကို
မချီးမြှောက်ခြင်း၊
သူတစ်ပါးကို
မရှုတ်ချ့ခြင်း
ဤသို့
များစွာသော
ဤကုသိုလ်တရားတို့သည်
မှန်သောအယူဟူသော
အကြောင်းကြောင့်
ထိုသူမှာဖြစ်ပေါ်လာကုန်၏။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိယောက်ျားသည်
ဤသို့
ဆင်ခြင်၏-
ပြုလုပ်မှုသည်အကယ်၍
ရှိသည်သာဖြစ်အံ့၊
ဤသို့ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်၌ ကောင်းသောလားရာဖြစ်သော
နတ်ပြည်လောကသို့
ရောက်ရလတ္တံ့။
ပြုလုပ်မှုသည်
အကယ်၍
မရှိပါနှင့်ဦး၊
ထိုအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
မှန်သည်ဖြစ်ပါစေဦး၊
ထိုသို့
ဖြစ်သော်လည်း
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌ပင်လျှင်
''သီလရှိသော၊
မှန်သော အယူရှိသော၊
ကိရိယဝါဒရှိသော
ယောက်ျားပုဂ္ဂိုလ်တည်း''ဟု
ပညာရှိတို့
အချီးအမွမ်းခံရ၏။
ပြုလုပ်မှုသည်
အကယ်၍
ရှိသည်သာလျှင်
ဖြစ်အံ့၊
ဤသို့
ရှိခဲ့သော်
ဤအသျှင်ယောက်ျား
ပုဂ္ဂိုလ်
သည်မျက်မှောက်သော
ကိုယ်၏ အဖြစ်၌ပင်လျှင်
ပညာရှိတို့
အချီးအမွမ်းခံရခြင်း၊
ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာဖြစ်သော
နတ်ပြည်လောကသို့
ရောက်ရခြင်းအားဖြင့်
နှစ်ပါးစုံအောင်မြင်၏၊
ထိုသို့
ထိုသူ၏
ဤသို့ကောင်းစွာ
စွဲယူဆောက်တည်ထားသော
ဧကန်အကျိုးရှိသော
ဤအကျင့်တရားသည်
နှစ်ပါးသော
အဖို့ကို
နှံ့၍ တည်၏၊
အကုသိုလ်အရာကို
ကြဉ်ရှောင်၏။
၁၀၀။
သူကြွယ်တို့
''သတ္တဝါတို့
ညစ်ညူးရန် အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊
အကြောင်းမရှိ
အထောက်အပံ့မရှိဘဲ
သတ္တဝါတို့သည်
ညစ်ညူးကုန်၏။
သတ္တဝါတို့ စင်ကြယ်ရန်အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊
အကြောင်း
မရှိ
အထောက်အပံ့
မရှိဘဲ
သတ္တဝါတို့သည်စင်ကြယ်ကုန်၏။
ခွန်အားသည်
မရှိ၊
လုံ့လသည်
မရှိ၊
ယောက်ျားတို့
စွမ်းအားသည်
မရှိ၊
ယောက်ျားတို့
အားထုတ်မှုသည်
မရှိ၊
အလုံးစုံသော
သတ္တဝါ
အလုံးစုံသော
သက်ရှူသတ္တဝါ
အလုံးစုံသော
ထင်ရှားဖြစ်သောသတ္တဝါ
အလုံးစုံသော
သက်ရှိအရာတို့သည်
အစွမ်းမရှိကုန်၊
ခွန်အားမရှိကုန်၊
လုံ့လမရှိကုန်၊
ဖြစ်မြဲအတိုင်း
ဆုံစည်းသည့်အတိုင်း
သဘာဝအတိုင်း
အမျိုးမျိုးဖြစ်ကုန်၍
ဇာတ်အထူး ခြောက်မျိုးတို့၌သာလျှင်
ချမ်းသာဆင်းရဲကို
ခံစားကုန်၏''ဟု
ဤသို့
ပြောဆိုယူဆကြကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်
ရှိကုန်၏။
သူကြွယ်တို့
ထိုသမဏဗြာဟ္မဏတို့နှင့်
ဖြောင့်ဖြောင့်
ဆန့်ကျင်ဘက်ဝါဒရှိကြကုန်သော
အချို့သောသမဏဗြာဟ္မဏတို့သည်
ရှိကုန်၏၊
ထိုသမဏဗြာဟ္မဏတို့သည်
''သတ္တဝါတို့
ညစ်ညူးရန်
အကြောင်းသည်
ရှိ၏၊ အထောက်အပံ့သည်
ရှိ၏၊
အကြောင်းရှိသည်ဖြစ်၍
အထောက်အပံ့ရှိသည်ဖြစ်၍
သတ္တဝါတို့သည်
ညစ်ညူးကုန်၏။
သတ္တဝါတို့
စင်ကြယ်ရန်
အကြောင်းသည်
ရှိ၏၊
အထောက်အပံ့သည်
ရှိ၏၊ အကြောင်းရှိသည်
ဖြစ်၍
အထောက်အပံ့ရှိသည်
ဖြစ်၍ သတ္တဝါတို့သည်
စင်ကြယ်ကုန်၏။
ခွန်အားသည်ရှိ၏၊
လုံ့လသည်
ရှိ၏၊ ယောက်ျားတို့
စွမ်းအားသည်
ရှိ၏၊
ထိုယောက်ျားတို့
အားထုတ်မှုသည်
ရှိ၏၊
အလုံးစုံသောသတ္တဝါ
အလုံးစုံသော
သက်ရှူ
သတ္တဝါ
အလုံးစုံသော
ထင်ရှားဖြစ်သောသတ္တဝါ
အလုံးစုံသောသက်ရှိအရာတို့သည်
အစွမ်းရှိကုန်၏၊
ခွန်အားရှိကုန်၏၊
လုံ့လရှိကုန်၏၊
ဖြစ်မြဲအတိုင်း
ဆုံစည်းသည့်အတိုင်း
သဘာဝအတိုင်း
အမျိုးမျိုးဖြစ်ကုန်၏၊
ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင်
ချမ်းသာဆင်းရဲကိုမခံစားကုန်''ဟု
ဤသို့
ပြောဆိုလေ့ရှိကုန်၏။
သူကြွယ်တို့
ထိုသဘောကို
အဘယ်သို့
မှတ်ထင်ကုန်သနည်း၊
ဤသမဏဗြာဟ္မဏတို့သည်
အချင်း ချင်းဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒရှိကုန်သည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ဟု
(လျှောက်ကြကုန်၏)။
၁၀၁။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
''သတ္တဝါတို့
ညစ်ညူးရန်
အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊
အကြောင်းမရှိ
အထောက်အပံ့မရှိဘဲ
သတ္တဝါတို့သည်
ညစ်ညူးကုန်၏။
့သတ္တဝါ တို့ စင်ကြယ်ရန်
အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊
အကြောင်းမရှိအထောက်အပံ့မရှိဘဲ
သတ္တဝါတို့သည်
စင်ကြယ်ကုန်၏။
ခွန်အားသည်
မရှိ၊
လုံ့လသည်
မရှိ၊
ယောက်ျားတို့
စွမ်းအားသည်
မရှိ၊
ယောက်ျားတို့
အားထုတ်မှုသည်
မရှိ၊
အလုံးစုံသော
သတ္တဝါအလုံးစုံသော
သက်ရှူသတ္တဝါ
အလုံး စုံသော
ထင်ရှားဖြစ်သောသတ္တဝါ
အလုံးစုံသောသက်ရှိအရာတို့သည်
အစွမ်းမရှိကုန်၊
ခွန်အားမရှိကုန်၊
လုံ့လမရှိကုန်၊
ဖြစ်မြဲအတိုင်းဆုံစည်းသည့်အတိုင်း
သဘာဝအတိုင်း
အမျိုးမျိုးဖြစ်ကုန်၍
ဇာတ်အထူး
ခြောက်မျိုးတို့၌သာလျှင်ချမ်းသာဆင်းရဲကို
ခံစားကုန်၏''ဟု
ဤသို့
ပြောဆိုယူဆကြသော
သမဏ ဗြာဟ္မဏတို့အားကာယသုစရိုက်၊
ဝစီသုစရိုက်၊
မနောသုစရိုက်၊
ဤသုံးပါးသော
ကုသိုလ်တရားတို့ကို
ဖောက်ခွဲဖျက်ဆီး၍ကာယဒုစရိုက်၊
ဝစီဒုစရိုက်၊
မနောဒုစရိုက်၊
ဤသုံးပါးသော
အကုသိုလ်တရားတို့ကို
ဆောက်တည်၍ကျင့်ကြကုန်လတ္တံ့ဟူသော
အပြစ်သည်သာ
ဧကန်ဖြစ်ရမည်။
ထိုသို့
ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
ထိုသမဏဗြာဟ္မဏတို့သည်
အကုသိုလ်တရားတို့၏အပြစ်ယုတ်ညံ့ပုံ
ညစ်ညူးပုံကို
မမြင်ကြကုန်၊
ကုသိုလ်တရားတို့၏
မကောင်းမှုမှ
ထွက်မြောက်ခြင်း၌အကျိုးကို
ဖြူစင်သောအဖို့ကို
မမြင်ကြကုန်သောကြောင့်တည်း။
ထင်ရှားရှိသည်သာလျှင်ဖြစ်သောအကြောင်းရင်းကို
''အကြောင်းရင်းသည်
မရှိ''ဟု
ထိုသူမှာ
အယူရှိ၏၊
ထိုသူ၏
ထိုအယူသည် မှားသောအယူဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
အကြောင်းရင်းကို
''အကြောင်းရင်းသည်
မရှိ''ဟု
ကြံ၏။ ထိုသူ၏
ထိုအကြံသည်
မှားသော
အကြံဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
အကြောင်းရင်းကို''အကြောင်းရင်းသည်
မရှိ'' ဟူသော
စကားကို ပြောဆို၏၊
ထိုသူ၏
ထိုစကားသည်
မှားသော စကားဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
အကြောင်းရင်းကို
''အကြောင်းရင်းသည်
မရှိ''ဟု ပြောဆို၏၊
ဤသူသည်
အကြောင်းရင်းရှိ၏ဟူသော
ဟေတုဝါဒရှိကြကုန်သော
ရဟန္တာအသျှင်တို့အား
ဆန့်ကျင်ဘက်ပြု၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
အကြောင်းရင်းကို
''အကြောင်းရင်းသည်
မရှိ''ဟု
သူတစ်ပါးတို့ကို
သိစေ၏၊
ထိုသူ၏
သိစေခြင်းသည်
မသူတော်တရားကို
သိစေခြင်းဖြစ်၏၊
ထိုမသူတော်တရားကိုသိစေခြင်းဖြင့်လည်း
မိမိကိုယ်ကို
ချီးမြှောက်၏၊
သူတစ်ပါးကို
ရှုတ်ချ၏၊
ဤသို့လျှင်
ထိုသူမှာ
ရှေးမဆွကပင်လျှင်
ကောင်းသောသဘောသည်
ပယ်ထားပြီးဖြစ်၏၊
မကောင်းသော
သဘောသည်
ရှေးရှုတည်နေ၏။
ဤမှားသောအယူ၊
မှားသောအကြံ၊
မှားသောစကား၊
အရိယာတို့နှင့်
ဆန့်ကျင်ခြင်း၊
မသူတော်တရားကို
သိစေခြင်း၊
မိမိကိုယ်ကို
ချီးမြှောက်ခြင်း၊
သူတစ်ပါးကို
ရှုတ်ချခြင်း
ဤသို့
များစွာသော
ယုတ်ညံ့သော
ဤအကုသိုလ်တရားတို့သည်
မှားသောအယူဟူသော
အကြောင်းကြောင့်
ထိုသူမှာ
ဖြစ်ပေါ်လာကုန်၏။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိယောက်ျားသည်
ဤသို့
ဆင်ခြင်၏-အကြောင်းရင်းသည်အကယ်၍
မရှိသည်ဖြစ်အံ့၊
ဤသို့ မရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ
နောက်၌ မိမိကိုယ်ကို
ချမ်းသာအောင်
ပြုလတ္တံ့။
အကြောင်းရင်းသည်
အကယ်၍
ရှိသည်ဖြစ်အံ့၊
ဤသို့ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌ချမ်းသာကင်းသော
မကောင်းသောလားရာဖြစ်သော
ဖရိုဖရဲကျရာဖြစ်သော
ငရဲသို့
ရောက်ရလတ္တံ့။
အကြောင်းရင်းသည်
အကယ်၍ မရှိပါစေနှင့်ဦး၊
ထိုအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
မှန်သည်ပင်ဖြစ်ပါစေဦး၊
ထိုသို့ဖြစ်သော်လည်း
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏အဖြစ်၌ပင်လျှင်
''သီလမရှိသော၊
မှားသောအယူရှိသော၊
အကြောင်းရင်းမရှိဟု
ယူဆသော
ယောက်ျားပုဂ္ဂိုလ်တည်း''ဟု
ပညာရှိတို့
အကဲ့ရဲ့ခံရ၏။
အကြောင်းရင်းသည်
အကယ်၍ ရှိသည်သာလျှင်
ဖြစ်အံ့၊
ဤသို့
ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌လည်း
ပညာရှိတို့အကဲ့ရဲ့ခံရခြင်း၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌လည်း
ချမ်းသာကင်းသော
မကောင်းသောလားရာဖြစ်သော
ဖရိုဖရဲကျရာဖြစ်သော
ငရဲသို့
ရောက်ရခြင်းအားဖြင့်
နှစ်ပါးစုံ
ဆုံးရှုံး၏၊
ဤသို့
ထိုသူ၏မကောင်းသောအားဖြင့်
စွဲယူဆောက်တည်ထားသော
ဧကန်အကျိုးရှိသော
ဤအကျင့်
တရားသည်တစ်ဖက်သတ်နှံ့၍
တည်၏၊
ကုသိုလ်အရာကို
ကြဉ်ရှောင်၏။
၁၀၂။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
''သတ္တဝါတို့
ညစ်ညူးရန်
အကြောင်းသည်
ရှိ၏၊
အထောက်အပံ့သည်
ရှိ၏၊ အကြောင်းရှိသည်ဖြစ်၍
အထောက်အပံ့ရှိသည်ဖြစ်၍
သတ္တဝါတို့သည်
ညစ်ညူးကုန်၏။
သတ္တဝါတို့
စင်ကြယ်ရန်
အကြောင်းသည်
ရှိ၏၊
အထောက်အပံ့သည်
ရှိ၏၊
အကြောင်းရှိသည်ဖြစ်၍
အထောက်အပံ့ရှိသည်ဖြစ်၍
သတ္တဝါတို့သည်
စင်ကြယ်ကုန်၏။
ခွန်အားသည်
ရှိ၏၊
လုံ့လသည်ရှိ၏၊
ယောက်ျားတို့
စွမ်းအားသည်
ရှိ၏၊
ယောက်ျားတို့
အားထုတ်မှုသည်
ရှိ၏၊ အလုံးစုံသောသတ္တဝါအလုံးစုံသောသက်ရှူသတ္တဝါ
အလုံးစုံသော
ထင်ရှားဖြစ်သောသတ္တဝါ
အလုံးစုံသောသက်ရှိအရာတို့သည်အစွမ်းရှိကုန်၏၊
ခွန်အားရှိကုန်၏၊
လုံ့လရှိကုန်၏၊
ဖြစ်မြဲအတိုင်း
ဆုံစည်းသည့်အတိုင်း
သဘာဝအတိုင်းအမျိုးမျိုးဖြစ်ကုန်၏၊
ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင်
ချမ်းသာဆင်းရဲကို
မခံစားကုန်''ဟု
ဤသို့ပြောဆိုယူဆကြကုန်သော
သမဏဗြာဟ္မဏတို့အား
ကာယဒုစရိုက်၊
ဝစီဒုစရိုက်၊
မနောဒုစရိုက်၊
ဤသုံးပါးသော
အကုသိုလ်တရားတို့ကို
ဖောက်ခွဲဖျက်ဆီး၍
ကာယသုစရိုက်၊
ဝစီသုစရိုက်၊
မနောသုစရိုက်၊
ဤသုံးပါးသော
ကုသိုလ်တရားတို့ကို
ဆောက်တည်၍
ကျင့်ကြကုန်
လတ္တံ့ဟူသော
အကျိုးသည်သာ
ဧကန်ဖြစ်ရမည်။
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
ထိုအသျှင်
သမဏဗြာဟ္မဏတို့သည်
အကုသိုလ်တရားတို့၏
အပြစ်ယုတ်ညံ့ပုံ
ညစ်ညူးပုံကို
မြင်ကြကုန်၍
ကုသိုလ်တရားတို့၏
မကောင်းမှုမှ
ထွက်မြောက်ခြင်း၌
အကျိုးကို
ဖြူစင်သောအဖို့ကို
မြင်ကြကုန်သောကြောင့်တည်း။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
အကြောင်းရင်းကို
''အကြောင်းရင်းသည်
ရှိ၏''ဟု
ထိုသူမှာ အယူရှိ၏၊
ထိုသူ၏
ထိုအယူသည်
မှန်သောအယူ
ဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သော
အကြောင်းရင်းကို''အကြောင်းရင်းသည်
ရှိ၏''ဟု ကြံ၏၊
ထိုသူ၏
ထိုအကြံသည် မှန်သောအကြံ
ဖြစ်၏။
ထင်ရှားရှိသည်သာ
လျှင်ဖြစ်သော
အကြောင်းရင်းကို
''အကြောင်းရင်းသည်
ရှိ၏'' ဟူသော
စကားကိုပြောဆို၏၊
ထိုသူ၏ ထိုစကားသည်
မှန်သောစကား
ဖြစ်၏။
ထင်ရှားရှိသည်သာလျှင်ဖြစ်သောအကြောင်းရင်းကို
''အကြောင်း
ရင်းသည်
ရှိ၏''ဟု
ပြောဆို၏၊
ဤသူသည် အကြောင်းရင်းရှိ၏ဟူသောဝါဒရှိကုန်သော
ရဟန္တာအသျှင်
တို့အား ဆန့်ကျင်ဘက်ကို
မပြုလုပ်။
ထင်ရှားရှိသည်သာလျှင်ဖြစ်သောအကြောင်းရင်းကို
''အကြောင်း ရင်းသည်
ရှိ၏''ဟု
သူတစ်ပါးကို
သိစေ၏၊ ထိုသူ၏
သိစေခြင်းသည်သူတော်ကောင်းတရားကို
သိစေ
ခြင်းဖြစ်၏၊
ထိုသူတော်ကောင်းတရားကို
သိစေခြင်းဖြင့်လည်းမိမိကိုယ်ကို
မချီးမြှောက်၊
သူတစ်ပါးကို
မရှုတ်ချ။
ဤသို့လျှင်
ထိုသူမှာ
ရှေးမဆွကပင်လျှင်မကောင်းသောသဘောသည်
ပယ်ထားပြီးဖြစ်၏၊
ကောင်းသော
သဘောသည်
ရှေးရှူတည်နေ၏။
ဤမှန်ကန်သောအယူ၊
မှန်ကန်သောအကြံ၊
မှန်ကန်သောစကား၊
အရိယာပုဂ္ဂိုလ်တို့နှင့်
မဆန့်ကျင်ခြင်း၊
သူတော်ကောင်းတရားကို
သိစေခြင်း၊
မိမိကိုယ်ကို
မချီးမြှောက်ခြင်း၊
သူတစ်ပါးကို
မရှုတ်ချခြင်း၊
ဤသို့ များစွာသော
ဤကုသိုလ်တရားတို့သည်
မှန်ကန်သော အယူဟူသောအကြောင်းကြောင့်
ထိုသူမှာဖြစ်ပေါ်လာကုန်၏။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိယောက်ျားသည်
ဤသို့ ဆင်ခြင်၏-အကြောင်းရင်းသည်
အကယ်၍ ရှိသည်ဖြစ်အံ့၊
ဤသို့ရှိခဲ့သော်
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာ
ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာဖြစ်သော
နတ်ပြည်လောကသို့ရောက်ရလတ္တံ့။
အကြောင်းရင်းသည်
အကယ်၍
မရှိပါနှင့်ဦး၊
ထိုအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည် မှန်
သည်ပင်ဖြစ်ပါစေဦး၊
ထိုသို့
ဖြစ်သော်လည်း
ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏့အဖြစ်၌ပင်လျှင်
''သီလရှိသော၊
မှန်သောအယူရှိသော၊
ဟေတုဝါဒရှိသော
ယောက်ျားပုဂ္ဂိုလ်တည်း''ဟုပညာရှိတို့
အချီးအမွမ်းခံရ၏။
အကြောင်းရင်းသည်
အကယ်၍ ရှိသည်သာလျှင်
ဖြစ်အံ့၊
ဤသို့
ရှိခဲ့သော်ဤအသျှင်ယောက်ျားပုဂ္ဂိုလ်သည်
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌ပင်လျှင်
ပညာရှိတို့
အချီးအမွမ်းခံရခြင်း၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာဖြစ်သော
နတ်ပြည်လောကသို့ရောက်ရခြင်းအားဖြင့်
နှစ်ပါးစုံ
အောင်မြင်၏။
ဤသို့ ထိုသူ၏
ကောင်းစွာ
စွဲယူဆောက်တည်ထားသောဧကန်အကျိုးရှိသော
ဤအကျင့်တရားသည်
နှစ်ပါးသော
အဖို့ကို
နှံ့၍ တည်၏၊
အကုသိုလ်အရာကိုကြဉ်ရှောင်၏။
၁၀၃။
သူကြွယ်တို့
''အချင်းခပ်သိမ်း
အရူပဗြဟ္မာမည်သည်
မရှိ''ဟု
ဤသို့
ပြောဆိုယူဆလေ့ရှိကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်
ရှိကုန်၏။
သူကြွယ်တို့
ထိုသမဏဗြာဟ္မဏတို့နှင့်ဖြောင့်ဖြောင့်
ဆန့်ကျင်ဘက်ဝါဒရှိကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်
''အချင်းခပ်သိမ်း
အရူပဗြဟ္မာမည်သည်
ရှိ၏''ဟု ဤသို့
ပြောဆိုကြကုန်၏။
သူကြွယ်တို့
ထိုသဘောကို
အဘယ်သိုု့
မှတ်ထင်ကုန်သနည်း၊
ဤသမဏ ဗြာဟ္မဏတို့သည်
အချင်းချင်း
ဖြောင့်ဖြောင့်
ဆန့်ကျင်ဘက်ဝါဒရှိကုန်သည်မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ဟု
(လျှောက်ကြကုန်၏)။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိယောက်ျားသည်
ဤသို့
ဆင်ခြင်၏-''ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
'အချင်းခပ်သိမ်း
အရူပဗြဟ္မာသည်
မရှိ'ဟု ဤသို့
ပြောဆိုယူဆကြကုန်၏၊
ဤအရာကို ငါ
မမြင်။
ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လည်း
'အချင်းခပ်သိမ်း
အရူပဗြဟ္မာမည်သည်ရှိ၏'ဟု
ဤသို့
ပြောဆိုကြကုန်၏။
ဤအရာကို ငါ
မသိ။
စင်စစ်အားဖြင့်
ငါသည်
မမြင်ဘဲမသိဘဲလျက်
တစ်ဖက်သတ်အားဖြင့်
ယူဆ၍ 'ဤငါ၏
စကားသည်သာလျှင်
မှန်၏၊
တစ်ပါးသူတို့၏စကားသည်
(အမှား)
အချည်းနှီးသာတည်း'ဟု
ဆိုငြားအံ့၊
ထိုဆိုခြင်းသည်
မလျောက်ပတ်ရာ။
'အချင်းခပ်သိမ်း
အရူပ
ဗြဟ္မာမည်သည်
မရှိ'ဟု ဤသို့
ပြောဆိုယူဆကြ
ကုန်သောအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
အကယ်၍
မှန်သည်ဖြစ်အံ့။
ရုပ်ရှိကုန်သော
ဈာန်စိတ်ဖြင့်ပြီးကုန်သော
နတ်ဗြဟ္မာတို့၌
ဧကန် ငါ ဖြစ်ရ
လတ္တံ့ဟူသော
ဤအကြောင်းကား
ရှိ၏။
ထိုမှတစ်ပါး
'အချင်းခပ်သိမ်း
ရုပ်မရှိသောအရူပဗြဟ္မာတို့သည်
ရှိကုန်၏'ဟု
ဤသို့
ပြောဆိုယူဆကြကုန်သော
အသျှင်သမဏဗြာဟ္မဏတို့၏
စကားသည် အကယ်၍
မှန်သည်ဖြစ်အံ့၊
ရုပ်မရှိကြကုန်သောအရူပဈာန်သညာဖြင့်
ပြီးဆုံးကုန်သော
နတ်ဗြာဟ္မာတို့၌
ဧကန် ငါ
ဖြစ်ရလတ္တံ့ဟူသောဤအကြောင်းကား
ရှိ၏။
အမှန်အားဖြင့်
ရုပ်ဟူသော အကြောင်းကြောင့်
တုတ်ကိုကိုင်ခြင်းဓားကိုကိုင်ခြင်း
ငြင်းခုံခြင်း
ခိုက်ရန်ဖြစ်ခြင်း
ဆန့်ကျင်ဘက်ပြောဆိုခြင်း
နင်နင်ဟုဆိုခြင်း
ကုန်းချောခြင်းမုသားပြောဆိုခြင်းတို့သည်
ထင်ရှားကုန်၏၊
ရုပ်မရှိသော
အရူပဗြဟ္မာဘုံ၌
အချင်းခပ်သိမ်းထိုအလုံးစုံသည်
မရှိ''ဟု
ဆင်ခြင်၏။
ထိုပညာရှိယောက်ျားသည်
ဤသို့ ပညာဖြင့်
ဆင်ခြင်၍ရုပ်တရားတို့ကိုသာလျှင်
ငြီးငွေ့ခြင်းငှါ
တပ်ခြင်း
ကင်းခြင်းငှါ
ချုပ်ငြိမ်းခြင်းငှါ
ကျင့်၏။
၁၀၄။
သူကြွယ်တို့
''အချင်းခပ်သိမ်း
ဘဝတို့၏
ချုပ်ငြိမ်းခြင်းသည်
မရှိ''ဟု
ဤသို့ ပြောဆိုယူဆကြကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်
ရှိကြကုန်၏။
သူကြွယ်တို့
ထိုသမဏဗြာဟ္မဏတို့နှင့်ဖြောင့်ဖြောင့်
ဆန့်ကျင်ဘက်အယူဝါဒရှိကုန်သော
အချို့သော
သမဏဗြာဟ္မဏတို့သည်
''အချင်းခပ်သိမ်းဘဝတို့၏
ချုပ်ငြိမ်းခြင်းသည်
ရှိ၏''ဟု
ဤသို့ ပြောဆိုကြကုန်၏။
သူကြွယ်တို့
ထိုသဘောကို
အဘယ်သိုု့
မှတ်ထင်ကြကုန်သနည်း၊
ဤသမဏဗြာဟ္မဏတို့သည်
အချင်းချင်း
ဖြောင့်ဖြောင့်
ဆန့်ကျင်ဘက်ဝါဒရှိကြကုန်သည်
မဟုတ်ကုန်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ဟု
(လျှောက်ကြကုန်၏)။
သူကြွယ်တို့
ထိုအယူနှစ်မျိုးတို့တွင်
ပညာရှိယောက်ျားသည်
ဤသို့
ဆင်ခြင်၏-''ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
'အချင်းခပ်သိမ်း
ဘဝတို့၏
ချုပ်ငြိမ်းခြင်းသည်
မရှိ'ဟု ဤသို့
ပြောဆိုယူဆ့ကြကုန်၏၊
ဤအရာကို
ငါမမြင်။
ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လည်း
'အချင်းခပ်သိမ်း
ဘဝတို့၏ချုပ်ငြိမ်းခြင်းသည်
ရှိ၏'ဟု ဤသို့
ပြောဆိုယူဆကြကုန်၏၊
ဤအရာကို
ငါမသိ။
စင်စစ်အားဖြင့်ငါသည်
မသိဘဲ မမြင်ဘဲလျက်
တစ်ဖက်သတ်အားဖြင့်
ယူဆ၍ 'ဤငါ၏
စကားသည်သာလျှင်
မှန်၏၊ တစ်ပါး
သူတို့၏
စကားသည်
(အမှား)
အချည်းနှီးသာတည်း'ဟု
ပြောဆိုငြားအံ့၊
ထိုသို့ပြောဆိုခြင်းသည်
မလျောက်ပတ်ရာ။
'အချင်းခပ်သိမ်း
ဘဝတို့၏
ချုပ်ငြိမ်းခြင်းသည်
မရှိ'ဟု
ဤသို့ပြောဆိုယူဆကြ
ကုန်သော
အသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
အကယ်၍
မှန်သည်
ဖြစ်အံ့။
ရုပ်မရှိကြကုန်သော
အရူပဈာန်သညာဖြင့်
ပြီးကုန်သော
နတ်ဗြဟ္မာတို့၌
ဧကန် ငါ
ဖြစ်ရလတ္တံ့ဟူသောဤအကြောင်းကား
ရှိ၏။
ထိုမှတစ်ပါး
'အချင်းခပ်သိမ်း
ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည်
ရှိ၏'ဟု ဤသို့
ပြောဆိုယူဆကြ
ကုန်သောအသျှင်သမဏဗြာဟ္မဏတို့၏
စကားသည်
အကယ်၍
မှန်သည်ဖြစ်အံ့၊
မျက်မှောက်သော
ကိုယ်၏အဖြစ်၌ပင်
ထက်ဝန်းကျင်
ငြိမ်းအေးရလတ္တံ့ဟူသော
ဤအကြောင်းကား
ရှိ၏။
အမှန်အားဖြင့်'အချင်းခပ်သိမ်း
ဘဝတို့၏
ချုပ်ငြိမ်းခြင်းသည်
မရှိ'ဟု ဤသို့
ပြောဆိုယူဆကြကုန်သော
အသျှင်သမဏဗြာဟ္မဏတို့၏
ဤအယူသည်
တပ်မက်ခြင်းရာဂနှင့်
တကွ ဖြစ်ခြင်းငှါ
နီး၏၊
သံယောဇဉ်နှင့်
တကွဖြစ်ခြင်းငှါ
နီး၏၊
ဝဋ်ဒုက္ခ၌
အလွန်နှစ်သက်ခြင်းငှါ
နီး၏၊
ဝဋ်ဒုက္ခ၌ မျိုသိပ်ခြင်းငှါ
နီး၏၊
ဝဋ်ဒုက္ခ၌စွဲလမ်းခြင်းငှါ
နီး၏။
'အချင်းခပ်သိမ်း
ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည်
ရှိ၏'ဟု ဤသို့
ပြောဆိုယူဆကြကုန်သော
အသျှင်သမဏဗြာဟ္မဏတို့၏
အယူသည်
တပ်မက်ခြင်း'ရာဂ'
နှင့် တကွ
မဖြစ်ခြင်းငှါ
နီး၏၊
သံယောဇဉ်ကင်းခြင်းငှါ
နီး၏၊
ဝဋ်ဒုက္ခ၌
လွန်စွာနှစ်သက်မှု
မရှိခြင်းငှါ
နီး၏၊
ဝဋ်ဒုက္ခ၌ မမျိုသိပ်ခြင်းငှါနီး၏၊
ဝဋ်ဒုက္ခ၌
စွဲလမ်းမှု
မရှိခြင်းငှါ
နီး၏''ဟု
ထိုပညာရှိ
ယောက်ျားသည်
ဤသို့
ပညာဖြင့်
ဆင်ခြင်၍ဘဝတို့ကိုသာလျှင်
ငြီးငွေ့ခြင်းငှါ
တပ်ခြင်းကင်းခြင်းငှါ
ချုပ်ငြိမ်းခြင်းငှါ
ကျင့်၏။
၁၀၅။
သူကြွယ်တို့
လောက၌
ဤပုဂ္ဂိုလ်လေးမျိုးတို့သည်
ထင်ရှားရှိကုန်၏။
အဘယ်လေးမျိုးတို့နည်း
ဟူမူ-
သူကြွယ်တို့
လောက၌ အချို့သော
ပုဂ္ဂိုလ်သည်
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်၏၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်၏။
သူကြွယ်တို့
လောက၌ အချို့သောပုဂ္ဂိုလ်သည်
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်၏၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်၏။
သူကြွယ်တို့
လောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မိမိကိုယ်ကိုလည်း
ပူပန်ဆင်းရဲစေတတ်၏၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌လည်း
အဖန်တလဲလဲ
ပြုကျင့်အားထုတ်၏။
သူတစ်ပါးကိုလည်းပူပန်ဆင်းရဲစေတတ်၏၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌လည်း
အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
သူကြွယ်တို့
လောက၌ အချို့သောပုဂ္ဂိုလ်သည်
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သူလည်း
မဟုတ်၊
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူလည်း
မဟုတ်၊
သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူလည်း
မဟုတ်၊
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူလည်းမဟုတ်၊
ထိုသူသည်
မိမိကိုယ်ကိုလည်း
မပူပန်
မဆင်းရဲစေတတ်၊
သူတစ်ပါးကိုလည်း
မပူပန်
မဆင်းရဲစေတတ်သည်ဖြစ်၍
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌သာလျှင်
ကိလေသာ
ဆာလောင်မွတ်သိပ်မှု
မရှိသည်
ငြိမ်းချမ်းသည်
အေးမြသည်
ချမ်းသာသုခကို
ခံစားရသည်ဖြစ်၍
မြတ်သောကိုယ်ဖြင့်
နေထိုင်ရ၏။
၁၀၆။
သူကြွယ်တို့
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သော
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-သူကြွယ်တို့
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်
အဝတ်မဝတ်ဘဲ
နေ၏၊
လူ့အကျင့်ကို
စွန့်၍ (ရပ်လျက်
ကျင်ကြီး
ကျင်ငယ်စွန့်ခြင်းစသည်ကို)
ကျင့်၏၊
လက်ဖြင့်
(မစင်ကို)
သုတ်၏။ပ။ ဤဆိုအပ်ပြီးသော
နည်းဖြင့်
ဤသို့သဘောရှိသောများစွာသော
ကိုယ်ခန္ဓာကို
ပူပန်စေမှု
အဖန်ဖန်ဆင်းရဲစေမှု၌
အားထုတ်သည်ဖြစ်၍
နေထိုင်၏။
သူကြွယ်တို့
ဤပုဂ္ဂိုလ်ကို
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သော
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ့ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
သူကြွယ်တို့
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သော
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်
တလဲလဲပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
သူကြွယ်တို့
ဤလောက၌
အချို့သောပုဂ္ဂိုလ်သည်
သိုးသတ်သမား
ဖြစ်၏၊
ဝက်သတ်သမား
ဖြစ်၏။ပ။ ထိုမှတစ်ပါး
ကြမ်း၊
ကတ်သော
အမှုတို့ကို
ပြုလုပ်အားထုတ်သူ
အားလုံးတည်း။
သူကြွယ်တို့
ဤပုဂ္ဂိုလ်မျိုးကို
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သော
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
သူကြွယ်တို့
ဤလောက၌
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေ
မှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင်
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍
သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌လည်း
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-သူကြွယ်တို့
ဤလောက၌
အချို့သောပုဂ္ဂိုလ်သည်
ရေမြေကို အစိုးရသည့်
ထိပ်ထက်၌
အဘိသိက်သွန်းလောင်းအပ်သော
ဘုရင်မင်းမြတ်သော်လည်း
ဖြစ်၏။ပ။ ထို
(မင်း) ၏
ကျေးကျွန်
အစေအပါး
အလုပ်သမားတို့သည်လည်း
အပြစ်ဒဏ်ဖြင့်
အခြိမ်းအခြောက်
ခံကြရကုန်သည်ဖြစ်၍
မျက်ရည်ဖြင့်ပြည့်သောမျက်နှာရှိကြကုန်လျက်
ငိုကြွေးကြကုန်လျက်
အမှုကြီးငယ်တို့ကို
ပြုလုပ်ကြရကုန်၏။
သူကြွယ်တို့
ဤပုဂ္ဂိုလ်မျိုးကို
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲပြုကျင့်အားထုတ်သူဖြစ်သည့်အပြင်
သူတစ်ပါးကိုလည်း
ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍
သူတစ်ပါးကိုပူပန်
ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
သူကြွယ်တို့
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေတတ်သူ
မဟုတ်သည့်ပြင်
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူ
မဟုတ်သည်သာမက
သူတစ်ပါးကို
ပူပန်ဆင်းရဲစေတတ်သူ
မဟုတ်သည့်ပြင်
သူတစ်ပါးကို
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သော
ပုဂ္ဂိုလ်မျိုး
မဟုတ်သောမိမိကိုယ်ကိုလည်း
မပူပန်
မဆင်းရဲစေတတ်
သူတစ်ပါးကိုလည်း
မပူပန်
မဆင်းရဲစေတတ်သူဖြစ်၍
မျက်မှောက်
အတ္တဘော၌သာလျှင်
ကိလေသာ
ဆာလောင်မွတ်သိပ်မှု
မရှိသည်
ငြိမ်းချမ်းသည်
အေးမြသည်ချမ်းသာသုခကို
ခံစားရသည်
ဖြစ်၍ မြတ်သောကိုယ်ဖြင့်
နေထိုင်ရသော
ပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
သူကြွယ်တို့
ဤလောက၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။ပ။
ထိုရဟန်းသည်
စိတ်ညစ်ညူးခြင်းကိုဖြစ်စေတတ်ကုန်သော
ပညာ၏
အားနည်းခြင်းကို
ပြုတတ်ကုန်သော
နီဝရဏတရားငါးပါးတို့ကို
ပယ်ဖျောက်၍
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်ခြင်း'ဝိတက်'
နှင့်တကွဖြစ်သော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'
နှင့်တကွဖြစ်သော၊
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ' ချမ်းသာခြင်း
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏။
ဝိတက်
ဝိစာရငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကို
ကြည်လင်စေတတ်သော၊
စိတ်၏ တည်ကြည်
ခြင်း'သမာဓိ'
ကို
ဖြစ်ပွါးစေတတ်သော၊
ကြံစည်ခြင်း
'ဝိတက်'
မရှိသော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'မရှိသော၊
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'
ရှိသောဒုတိယဈာန်သို့။ပ။
တတိယဈာန်သို့။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်တည်တံ့လတ်သော်
ထို (ရဟန်း)
သည်
ရှေး၌ဖြစ်ဖူးသောဘဝကို
အောက်မေ့နိုင်သော
'ပုဗ္ဗေနိဝါသာနုဿတိ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏၊
ထို (ရဟန်း)
သည် များပြားသော
ရှေး၌ဖြစ်ဖူးသောဘဝကို
အောက်မေ့နိုင်၏၊
ဤသည်ကား အဘယ်နည်း။
တစ်ဘဝကိုလည်းကောင်း
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
အမည်အနွယ်နှင့်တကွ
များပြားသော
ရှေး၌
ဖြစ့်ဖူးသော
ဘဝကို
အောက်မေ့၏။
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့ရောက်လတ်သော်
သတ္တဝါတို့၏
သေခြင်းဖြစ်ခြင်းကို
သိသော 'စုတူပပါတ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏၊
ထို (ရဟန်း)
သည်
အထူးသဖြင့်
စင်ကြယ်သော လူတို့၏
မျက်စိထက်
သာလွန်သောနတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခုဉာဏ်'
ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါမြတ်သော
သတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသော
လားရာရှိသောသတ္တဝါမကောင်း
သော
လားရာရှိသောသတ္တဝါတို့ကို
မြင်၏။ပ။
ကံအလျောက်ဖြစ်သော
သတ္တဝါတို့ကို
သိ၏။
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့ရောက်လတ်သော်
အာသဝေါတရားတို့ကို
ကုန်စေသော
'အာသဝက္ခယ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏။
ထို (ရဟန်း)
သည် ဤကား
ဆင်းရဲ 'ဒုက္ခ'ဟုဟုတ်မှန်သောအတိုင်း
သိ၏။ပ။
ဤကားအာသဝတို့ချုပ်ရာ
(နိဗ္ဗာန်) သို့
ရောက်ကြောင်း
ကျင့်စဉ်
'အာသဝနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်းသိ၏၊
ဤသို့သိသော်
ဤသို့မြင်သော်
ထို (ရဟန်း) ၏
စိတ်သည်
ကာမာသဝမှလည်း
လွတ်မြောက်၏၊
ဘဝါသဝမှလည်း
လွတ်မြောက်၏၊
အဝိဇ္ဇာသဝမှလည်း
လွတ်မြောက်၏၊
လွတ်မြောက်ပြီးလတ်သော်
'လွတ်မြောက်ခဲ့လေပြီ'ဟု
အသိဉာဏ်ဖြစ်ပေါ်၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
(မဂ်) ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်) ကိစ္စ
အလို့ငှါ တစ်ပါးသော
ပြုဖွယ်မရှိတော့ပြီ''ဟု
သိ၏။
သူကြွယ်တို့
ဤပုဂ္ဂိုလ်ကို
မိမိကိုယ်ကို
မပူပန်
မဆင်းရဲစေတတ်ဘဲ
မိမိကိုယ်ကို
ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူ
မဟုတ်သည့်ပြင်
သူတစ်ပါးတို့အား
မပူပန်
မဆင်းရဲစေတတ်ဘဲသူတစ်ပါးတို့အား
ပူပန်ဆင်းရဲစေမှု၌
အဖန်တလဲလဲ
ပြုကျင့်အားထုတ်သူ
မဟုတ်သော
ပုဂ္ဂိုလ်ဖြစ်သည့်ပြင်
မိမိကိုယ်ကိုလည်း
မပူပန်
မဆင်းရဲစေတတ်ဘဲ
သူတစ်ပါးကိုလည်း
မပူပန်
မဆင်းရဲစေတတ်သည်ဖြစ်၍
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌သာလျှင်
ကိလေသာ ဆာလောင်မွတ်သိပ်မှု
မရှိသည်
ငြိမ်းချမ်းသည်
အေးမြသည်
ချမ်းသာသုခကို
ခံစားရသည်ဖြစ်၍
မြတ်သောကိုယ်ဖြင့်
နေထိုင်ရသူဟူ၍ဆိုရ၏ဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူသော်
သာလာရွာသား
ပုဏ္ဏားသူကြွယ်တို့သည်
မြတ်စွာဘုရားအား
''အသျှင်
ဂေါတမ (တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏၊ အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏၊
အသျှင်ဘုရား
ဥပမာသော်ကား
မှောက်ထားသည်ကို
လှန်ဘိသကဲ့သို့လည်းကောင်း၊
ဖုံးလွှမ်းထားသည်ကို
ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း
မျက်စိလည်သောသူအား
လမ်းမှန်ကိုပြောကြားဘိသကဲ့သို့လည်းကောင်း
'မျက်စိအမြင်ရှိသော
သူတို့သည်
အဆင်းတို့ကို
မြင်ကြလိမ့်မည်'ဟုအမိုက်မှောင်၌
ဆီမီးတန်ဆောင်ကို
ဆောင်ပြဘိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အသျှင်ဂေါတမသည်
များစွာသော
အကြောင်းဖြင့်
တရားတော်ကို
ပြတော်မူပါပေ၏၊
အကျွန်ုပ်တို့သည်အသျှင်ဂေါတမကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါကုန်၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊
သံဃာ
တော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါကုန်၏၊
အသျှင်ဂေါတမသည်အကျွန်ုပ်တို့ကို
ယနေ့မှစ၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်သောဥပါသကာတို့ဟု
မှတ်တော်မူပါ''ဟု
လျှောက်ကြကုန်၏။
ဆယ်ခုမြောက်
အပဏ္ဏကသုတ်
ပြီး၏။
ရှေးဦးစွာသော
ဂဟပတိဝဂ်
ပြီး၏။
------
၂-ဘိက္ခုဝဂ်
၁-အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
၁၀၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့ကို
အစာကျွေး၍
မွေးမြူရာဖြစ်သောဝေဠုဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အသျှင်ရာဟုလာသည်လည်း
အမ္ဗလဋ္ဌိကကျောင်း၌သီတင်းသုံးနေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ညနေချမ်းအချိန်တွင်
ကိန်းအောင်းရာမှ
ထတော်မူ၍
အမ္ဗလဋ္ဌိကကျောင်း
အသျှင်ရာဟုလာထံသို့
ချဉ်းကပ်လေ၏။
အသျှင်ရာဟုလာသည်
အဝေးမှ
ကြွလာတော်မူသော
မြတ်စွာဘုရားကို
မြင်၍
နေရာကို
ခင်းထား၏၊ ခြေဆေးရေကိုလည်း
တည်ထား၏။
မြတ်စွာ
ဘုရားသည်
ခင်းထားသော
နေရာ၌
ထိုင်ပြီးလျှင်
ခြေတို့ကို
ဆေးတော်မူ၏။
အသျှင်ရာဟုလာသည်လည်း
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုး၍
လျောက်ပတ်သော
နေရာ၌
ထိုင်နေ၏။
၁၀၈။
ထိုအခါ
မြတ်စွာဘုရားသည်
အနည်းငယ်သော
ရေကြွင်းရေကျန်ကို
ရေအင်တုံ၌
ထား၍အသျှင်ရာဟုလာကို
မိန့်တော်မူ၏
''ရာဟုလာ
သင်သည် ဤအနည်းငယ်သော
ရေကြွင်းရေကျန်ကိုခြေဆေးရေအင်တုံ၌
ထားသည်ကို
မြင်၏လော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မြင်ပါ၏ဟု
(လျှောက် ၏)။
ရာဟုလာမုသား
'သိလျက်
ချွတ်ယွင်းသော'
စကားကို ပြောဆိုရာ၌
အရှက်မရှိသောရဟန်းတို့အား
ရဟန်းတရားသည်
ဤအတူ နည်းပါးလှချေ၏။
ထို့နောက်
မြတ်စွာဘုရားသည်အနည်းငယ်သော
ရေကြွင်းရေကျန်ကို
စွန့်တော်မူ၍
အသျှင်
ရာဟုလာကို
''ရာဟုလာ
အနည်းငယ်သောရေကြွင်းရေကျန်ကို
စွန့်လိုက်သည်ကို
မြင်၏လော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မြင်ပါ၏ဟု
(လျှောက်၏)။
ရာဟုလာ မုသား
'သိလျက်
ချွတ်ယွင်းသော'
စကားကို ပြောဆိုရာ၌
အရှက်မရှိသောရဟန်းးတို့အား
ရဟန်းတရားသည်
ဤအတူ
စွန့်ထားပြီးဖြစ်သည်သာတည်း။
ထို့နောက်မြတ်စွာဘုရားသည်
ထိုခြေဆေးရေအင်တုံကို
မှောက်၍
အသျှင်ရာဟုလာကို
''ရာဟုလာ
သင်သည်ဤရေအင်တုံကို
မှောက်ထားသည်ကို
မြင်၏လော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မြင်ပါ၏ဟု
(လျှောက်၏)။ ရာဟုလာ
မုသား 'သိလျက်
ချွတ်ယွင်းသော'
စကားကို
ပြောဆိုရာ၌
အရှက်မရှိသောရဟန်းတို့အား
ရဟန်းတရားသည်
ဤအတူ မှောက်
ထားပြီးဖြစ်သည်သာတည်း။
ထို့နောက်မြတ်စွာဘုရားသည်
ထိုခြေဆေးရေအင်တုံကို
လှန်၍ အသျှင်
ရာဟုလာကို
''ရာဟုလာ
သင်သည်ဤရေအင်တုံကို
အချည်းနှီး
ဘာမျှမရှိသည်ကို
မြင်၏လော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရားမြင်ပါ၏ဟု
(လျှောက်၏)။
ရာဟုလာ မုသား
'သိလျက် ချွတ်ယွင်းသော'
စကားကို
ပြောဆိုရာ၌အရှက်မရှိသော
ရဟန်းးတို့အား
ရဟန်းတရားသည်
ဤအတူ အချည်းနှီး
ဘာမျှ
မရှိသည်သာတည်း။
ရာဟုလာ
ဥပမာသော်ကား
ရထားလှည်းသန်နှင့်
အလားတူ
အစွယ်ရှိသော
စစ်မြေပြင်သို့
ဝင်ဖူးသော
ထွားကျိုင်း၍
အမျိုးကောင်းသော
မင်းစီးဆင်သည်
စစ်မြေပြင်သို့
ရောက်သော်
ရှေ့ခြေတို့ဖြင့်လည်း
အမှုကိစ္စကိုပြု၏၊
နောက်ခြေတို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
ရှေ့ကိုယ်ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နောက်ကိုယ်ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
ဦးခေါင်းဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နားရွက်တို့
ဖြင့်လည်းအမှုကိစ္စကို
ပြု၏၊
အစွယ်တို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
အမြီးဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
သို့ရာတွင်
နှာမောင်းကိုမူ
စောင့်ရှောက်သည်သာတည်း။
ထိုဆင်
ပြုလုပ်သောအရာ၌
ဆင်စီးသူရဲအား
ဤသို့သော
အကြံသည်
ဖြစ်၏-
''ရထားလှည်းသန်နှင့်
အလားတူ
အစွယ်ရှိသော
စစ်မြေပြင်သို့
ဝင်ဖူးသော
ထွားကျိုင်း၍
အမျိုးကောင်းသော
ဤမင်းစီးဆင်သည်
စစ်မြေပြင်သို့
ရောက်သော်
ရှေ့ခြေတို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နောက်ခြေတို့ဖြင့်လည်းအမှုကိစ္စကို
ပြု၏။ပ။
အမြီးဖြင့်လည်း
အမှုကိစ္စကို
ပြု၏။
သို့ရာတွင်
နှာမောင်းကိုမူ
စောင့်ရှောက်သည့်သာတည်း၊
မင်းစီးဆင်သည်
အသက်ကိုမူကား
မစွန့်နိုင်သေးချေ''ဟု
(အကြံဖြစ်၏)။
ရာဟုလာ
အကြင်အခါ၌ကား
ရထားလှည်းသန်နှင့်
အလားတူ
အစွယ်ရှိသော
စစ်မြေပြင်သို့
ဝင်ဖူးသော
ထွားကျိုင်း၍
အမျိုးကောင်းသော
မင်းစီးဆင်သည်
စစ်မြေပြင်သို့
ရောက်သော်
ရှေ့ခြေတို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နောက်ခြေတို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏။ပ။
အမြီးဖြင့်လည်း
အမှုကိစ္စကိုပြု၏၊
နှာမောင်းဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
ထိုဆင်ပြုလုပ်သောအရာ၌
ဆင်စီးသူရဲအား
ဤသို့သောအကြံသည်
ဖြစ်၏-
''ရထားလှည်းသန်နှင့်
အလားတူ
အစွယ်ရှိသော
စစ်မြေပြင်သို့
ဝင်ဖူးသော
ထွားကျိုင်း၍
အမျိုးကောင်းသော
ဤမင်းစီးဆင်သည်
စစ်မြေပြင်သို့
ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊ နောက်ခြေတို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
ရှေ့ကိုယ်ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နောက်ကိုယ်ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
ဦးခေါင်းဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နားရွက်တို့ဖြင့်လည်းအမှုကိစ္စကို
ပြု၏၊
အစွယ်တို့ဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
အမြီးဖြင့်လည်း
အမှုကိစ္စကို
ပြု၏၊
နှာမောင်းဖြင့်လည်း
အမှု ကိစ္စကို
ပြု၏၊
မင်းစီးဆင်သည်
အသက်ကိုပင်
စွန့်လွှတ်ထားပြီ။
ယခုအခါ၌မင်းစီးဆင်
မပြုလုပ်သော
အမှုမည်သည်
တစ်စုံတစ်ခုမျှ
မရှိတော့ပြီ''ဟု
(အကြံဖြစ်၏)။
ရာဟုလာ
ဤဥပမာအတူသာလျှင်
မုသား 'သိလျက်
ချွတ်ယွင်းသော'
စကားကို
ပြောဆိုရာ၌အရှက်မရှိသော
မည်သည့်ရဟန်းအားမဆို
မပြုလုပ်ဝံ့သော
အကုသိုလ်မကောင်းမှုသည်လည်း
တစ်စုံတစ်ခုမျှ
မရှိပြီဟူ၍
ငါ ဟော၏၊ ရာဟုလာ
ထို့ကြောင့်
ဤမုသာဝါဒ၌
''ရယ်ရွှင်မြူးထူးလို၍မျှလည်း
ချွတ်ယွင်းသော
စကားကို မဆိုအံ့''ဟု
ဤသို့လျှင်
သင်သည်
ကျင့်ရမည်။
၁၀၉။
ရာဟုလာ
ထိုငါဆိုမည့်စကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း။
ကြေးမုံ
'မှန်' သည်အဘယ်အကျိုးရှိသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ကြေးမုံ
'မှန်' သည်
ကြည့်ရှုရခြင်း
အကျိုးရှိပါ၏ဟု
(လျှောက်၏)။
ရာဟုလာ
ဤဥပမာအတူသာလျှင်
ကြည့်ရှု 'ဆင်ခြင်'
၍ ကြည့်ရှု
'ဆင်ခြင်' ၍
ကိုယ်အမှုကို
ပြုရမည်၊
ကြည့်ရှု
'ဆင်ခြင်' ၍
ကြည့်ရှု
'ဆင်ခြင်' ၍
နှုတ်အမှုကို
ပြုရမည်၊
ကြည့်ရှု 'ဆင်ခြင်'
၍ကြည့်ရှု
'ဆင်ခြင်' ၍
စိတ်အမှုကို
ပြုရမည်။
ရာဟုလာ
သင်သည်
အကြင်အမှုကို
ကိုယ်ဖြင့် ပြုလိုသည်ဖြစ်အံ့၊
ထိုကိုယ်အမှုကို
သင် ကြည့်ရှု'ဆင်ခြင်'
ရမည်၊ ''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြုလို၏၊ ငါ၏
ဤကိုယ်အမှုသည်
မိမိဆင်းရဲစေခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးကို
ဆင်းရဲစေခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါးနှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါလည်း
ဖြစ်ရာသလော၊
ဤကိုယ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ပွါးစေတတ်သလော၊
ဆင်းရဲသော
အကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှုဆင်ခြင်သော်
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြုလို၏၊ ငါ၏
ဤကိုယ်အမှုသည်
မိမိကိုယ်ကို
ဆင်းရဲစေခြင်းငှါလည်း
ဖြစ်ရာ၏၊
သူတစ်ပါးကို
ဆင်းရဲစေခြင်းငှါလည်းဖြစ်ရာ၏၊
မိမိ သူတစ်ပါးနှစ်ပါးစုံကို
ဆင်းရဲစေခြင်းငှါလည်း
ဖြစ်ရာ၏၊
ဤကိုယ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ပွါးစေတတ်၏၊
ဆင်းရဲသော အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ ဤသို့သဘောရှိသော
ကိုယ်အမှုကို
သင်သည်
စင်စစ်
မပြုသင့်။
ရာဟုလာ
သင်သည်
ကြည့်ရှုဆင်ခြင်သော်
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြုလို၏၊ ငါ၏
ဤကိုယ်အမှုသည်
မိမိကိုယ်ကို
ဆင်းရဲစေခြင်းငှါလည်း
မဖြစ်ရာ၊
သူတစ်ပါးကို
ဆင်းရဲစေခြင်းငှါလည်း
မဖြစ်ရာ၊
မိမိ
သူတစ်ပါးနှစ်ပါးစုံကို
ဆင်းရဲစေခြင်းငှါလည်း
မဖြစ်ရာ၊
ဤကိုယ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာမှုကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
ကိုယ်အမှုကို
သင်သည်
ပြုသင့်၏။
ရာဟုလာ
သင်သည်
ကိုယ်ဖြင့်
အမှုကို
ပြုနေဆဲဖြစ်သော်လည်း
ထိုကိုယ်အမှုကို
သင် ကြည့်ရှု့ဆင်ခြင်ရမည်-
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြု၏၊ ငါ၏ ဤကိုယ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးကို
ဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါးနှစ်ပါးစုံကိုဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
ဤကိုယ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ပွါးစေတတ်သလော၊
ဆင်းရဲသော
အကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှုဆင်ခြင်သော်
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြု၏၊ ငါ၏
ဤကိုယ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
ဤကိုယ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
ကိုယ်အမှုကို
သင်သည်ရုပ်သိမ်းလေလော့။
ရာဟုလာ
သင်သည်
ကြည့်ရှုဆင်ခြင်သော်
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြု၏၊ ငါ၏
ဤကိုယ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း
မဖြစ်၊
ဤကိုယ်အမှုသည်
ကောင်းမှုကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
ကိုယ်အမှုကိုသင်သည်
ကြိုးပမ်းလေလော့။
ရာဟုလာ
သင်သည်
ကိုယ်ဖြင့်
အမှုကို
ပြုပြီးသော်လည်း
ထိုကိုယ်အမှုကို
သင်
ကြည့်ရှုဆင်ခြင်ရမည်-
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြုမိပြီ၊
ငါ၏
ဤကိုယ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊
ဤကိုယ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်သလော၊
ဆင်းရဲသောအကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှုဆင်ခြင်သော်
''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြုမိပြီ၊
ငါ၏ ဤကိုယ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊ ဤကိုယ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
ကိုယ်အမှုကိုသင်သည်
ဆရာ့ထံ၌ဖြစ်စေ၊
ပညာရှိတို့ထံ၌ဖြစ်စေ၊
သီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ
ပြောကြားရမည်၊
ဖွင့်ပြရမည်၊
ထင်စွာ
ပြုရမည်၊
ပြောကြား၍
ဖွင့်ပြ၍
ထင်စွာ ပြု၍
နောင်အခါ၌
စောင့်ရှောက်ခြင်းသို့
ရောက်ရမည်။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
ကိုယ်ဖြင့်
ပြုမိပြီ၊
ငါ၏ဤကိုယ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
မဖြစ်၊
ဤကိုယ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ သင်သည်
ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင်
ကုသိုလ်တရားတို့၌
နေ့ရောညဉ့်ပါ
ကျင့်ကြံလျက်
နေရာ၏။
၁၁၀။
ရာဟုလာ
သင်သည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြုလိုသည်
ဖြစ်အံ့၊
ထိုနှုတ်အမှုကို
သင်
ကြည့်ရှု'ဆင်ခြင်'
ရမည် - ''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြုလို၏၊ ငါ၏
ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
ဤနှုတ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်သလော၊
ဆင်းရဲသော
အကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြုလို၏၊ ငါ၏ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာ၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာ၏၊
မိမိ့သူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်ရာ၏၊
ဤနှုတ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
နှုတ်အမှုကို
သင်သည်
စင်စစ်မပြုသင့်။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြုလို၏၊ ငါ၏
ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်ရာ၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်ရာ၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
မဖြစ်ရာ၊
ဤနှုတ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
နှုတ်အမှုကိုသင်သည်
ပြုသင့်၏။
ရာဟုလာ
သင်သည်
နှုတ်အမှုကို
ပြုနေဆဲဖြစ်သော်လည်း
ထိုနှုတ်အမှုကို
သင် ကြည့်ရှု
'ဆင်ခြင်'ရမည်၊
''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြုဆဲဖြစ်၏၊
ငါ၏
ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊
ဤနှုတ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်သလော၊
ဆင်းရဲသောအကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြု၏၊ ငါ၏
ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
ဤနှုတ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ ဤသို့သဘောရှိသော
နှုတ်အမှုကိုသင်သည်
ရုပ်သိမ်းလေလော့။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြု၏၊ ငါ၏
ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်၊
မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း
မဖြစ်၊ ဤနှုတ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
နှုတ်အမှုကို
သင်သည်ကြိုးပမ်းလေလော့။
ရာဟုလာ
သင်သည်
နှုတ်အမှုကို
ပြုပြီးသော်လည်း
ထိုနှုတ်အမှုကို
သင် ကြည့်ရှု
'ဆင်ခြင်'
ရမည်၊ ''ငါသည်
အကြင်အမှုကို
နှုတ်ဖြင့်
ပြုမိပြီ၊
ငါ၏
ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊
ဤနှုတ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်သလော၊
ဆင်းရဲသောအကျိုးရှိလေ
သလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်နှုတ်အမှုကို
ပြုမိပြီ၊
ငါ၏ ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
ဤနှုတ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ ဤသို့သဘောရှိသော
နှုတ်အမှုကို
သင်သည်ဆရာ့ထံ၌ဖြစ်စေ၊
ပညာရှိတို့
ထံ၌ဖြစ်စေ၊
သီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ
ပြောကြားရမည်၊
ဖွင့်ပြရမည်၊
ထင်စွာ
ပြုရမည်၊
ပြောကြား၍
ဖွင့်ပြ၍
ထင်စွာပြု၍
နောင်အခါ၌
စောင့်ရှောက်ခြင်းသို့
ရောက်ရမည်။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
နှုတ်ဖြင့်
အကြင်အမှုကို
ပြုမိပြီ၊
ငါ၏ ဤနှုတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်၊
မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း
မဖြစ်၊
ဤနှုတ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍ သိငြားအံ့၊
ရာဟုလာ
သင်သည်
ထိုသို့
နှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင်
ကုသိုလ်တရားတို့၌
နေ့ရောညဉ့်ပါ
ကျင့်ကြံလျက်နေရာ၏။
၁၁၁။
ရာဟုလာ
သင်သည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုလို၏၊
သင်သည်
ထိုသို့သဘောရှိသောစိတ်အမှုကို
ကြည့်ရှု
'ဆင်ခြင်'
ရမည် - ''ငါသည် အကြင်အမှုကို
စိတ်ဖြင့်
ပြုလို၏၊
ငါ၏ဤစိတ်အမှုသည်
မိမိဆင်းရဲ
ခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါး
နှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
ဤစိတ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို
ဖြစ်ပွါးစေ
တတ်သလော၊ ဆင်းရဲသော
အကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုလို၏၊
ငါ၏ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာ၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာ၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်ရာ၏၊
ဤစိတ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ ဤသို့သဘောရှိသော
စိတ်အမှုကို
သင်သည်
စင်စစ်
မပြုသင့်။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုလို၏၊ ငါ၏
ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်ရာ၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်ရာ၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
မဖြစ်ရာ၊
ဤစိတ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
စိတ်အမှုကိုသင်သည်
ပြုသင့်၏။
ရာဟုလာ
သင်သည်
စိတ်အမှုကို
ပြုနေဆဲဖြစ်သော်လည်း
ထိုစိတ်အမှုကိုသာလျှင်
သင် ကြည့်ရှု'ဆင်ခြင်'
ရမည်၊ ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့် ပြုဆဲဖြစ်၏၊
ငါ၏
ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
ဤစိတ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊
ဆင်းရဲသော
အကျိုးရှိသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုဆဲဖြစ်၏၊
ငါ၏ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
ဤစိတ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
စိတ်အမှုကိုသင်သည်
ရုပ်သိမ်းလေ
လော့။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုဆဲဖြစ်၏၊
ငါ၏ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
မဖြစ်၊
ဤစိတ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍ သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
စိတ်အမှုကိုသင်သည်
ကြိုးပမ်းလေလော့။
ရာဟုလာ
သင်သည်
စိတ်အမှုကို
ပြုလုပ်ပြီးသော်လည်း
ထိုစိတ်အမှုကို
သင်သည် ကြည့်ရှု
'ဆင်ခြင်'ရမည်၊
''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုမိပြီ၊
ငါ၏
ဤစိတ်အမှုသည်မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်ရာသလော၊
ဤစိတ်အမှုသည်
အကုသိုလ်လော၊
ဆင်းရဲကိုဖြစ်ပွါးစေတတ်သလော၊
ဆင်းရဲသော
အကျိုးရှိလေသလော''ဟု
(ကြည့်ရှုဆင်ခြင်ရမည်)။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုမိပြီ၊
ငါ၏ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊ မိမိသူတစ်ပါး့နှစ်ပါးစုံ
ဆင်းရဲခြင်းငှါလည်း
ဖြစ်၏၊
ဤစိတ်အမှုသည်
အကုသိုလ်တည်း၊
ဆင်းရဲကို
ဖြစ်ပွါးစေတတ်၏၊
ဆင်းရဲသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊
ရာဟုလာ
ဤသို့သဘောရှိသော
စိတ်အမှုကို
သင်သည်
ငြီးငွေ့ရမည်၊
ရှက်ရမည်၊
စက်ဆုပ်ရမည်၊
ငြီးငွေ့၍ ရှက်၍
စက်ဆုပ်၍
နောင်အခါ စောင့်ရှောက်ခြင်းသို့
ရောက်ရမည်။
ရာဟုလာ
သင်သည်
ကြည့်ရှု
'ဆင်ခြင်'
သော် ''ငါသည်
အကြင်အမှုကို
စိတ်ဖြင့်
ပြုမိပြီ၊
ငါ၏ ဤစိတ်အမှုသည်
မိမိဆင်းရဲခြင်းငှါလည်း
မဖြစ်၊
သူတစ်ပါးဆင်းရဲခြင်းငှါလည်း
မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း
မဖြစ်၊
ဤစိတ်အမှုသည်
ကုသိုလ်တည်း၊
ချမ်းသာကို
ဖြစ်ပွါးစေတတ်၏၊
ချမ်းသာသော
အကျိုးရှိ၏''ဟု
အကယ်၍
သိငြားအံ့၊ ရာဟုလာ
သင်သည်ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင်
ကုသိုလ်တရားတို့၌
နေ့ရောညဉ့်ပါ
ကျင့်ကြံလျက်
နေရမည်။
၁၁၂။
ရာဟုလာ
လွန်လေပြီးသောအခါက
ကိုယ်အမှုကို
သုတ်သင်ခဲ့ကြကုန်သော၊
နှုတ်အမှုကိုသုတ်သင်ခဲ့ကြကုန်သော၊
စိတ်အမှုကို
သုတ်သင်ခဲ့ကြကုန်သော
သမဏဗြာဟ္မဏအားလုံးတို့သည်
ဤသို့ကြည့်ရှု
'ဆင်ခြင်'၍
ကြည့်ရှု 'ဆင်ခြင်'
၍သာ
ကိုယ်အမှုကို
သုတ်သင်ခဲ့ကြကုန်၏၊
ကြည့်ရှု
'ဆင်ခြင်'
၍ကြည့်ရှု
'ဆင်ခြင်' ၍သာ
နှုတ်အမှုကို
သုတ်သင်ခဲ့ကြကုန်၏၊
ကြည့်ရှု
'ဆင်ခြင်' ၍ ကြည့်ရှု
'ဆင်ခြင်'
၍သာစိတ်အမှုကို
သုတ်သင်ခဲ့ကြ
ကုန်၏။
ရာဟုလာ
လာလတ္တံ့
အနာဂတ်အခါ၌
ကိုယ်အမှုကို
သုတ်သင်လတ္တံ့ဖြစ်ကုန်သော၊
နှုတ်အမှုကိုသုတ်သင်လတ္တံ့
ဖြစ်ကုန်သော၊
စိတ်အမှုကို
သုတ်သင်လတ္တံ့ဖြစ်ကုန်သော
သမဏဗြာဟ္မဏအားလုံးတို့သည်လည်း
ဤသို့
ကြည့်ရှု
'ဆင်ခြင်' ၍
ကြည့်ရှု
'ဆင်ခြင်' ၍သာ
ကိုယ်အမှုကို
သုတ်သင်ကြကုန်လတ္တံ့၊
ကြည့်ရှု
'ဆင်ခြင်' ၍
ကြည့်ရှု 'ဆင်ခြင်'
၍သာ
နှုတ်အမှုကို
သုတ်သင်ကြကုန်လတ္တံ့၊
ကြည့်ရှု
'ဆင်ခြင်'
၍ကြည့်ရှု
'ဆင်ခြင်' ၍သာ
စိတ်အမှုကို
သုတ်သင်ကြကုန်လတ္တံ့။
ရာဟုလာ
ယခုအခါ၌
ကိုယ်အမှုကို
သုတ်သင်နေကြကုန်သော၊
နှုတ်အမှုကို
သုတ်သင်နေကြကုန်
သော၊ စိတ်အမှုကို
သုတ်သင်နေကြကုန်သော
သမဏဗြာဟ္မဏအားလုံးတို့သည်လည်း
ဤသို့
ကြည့်ရှု'ဆင်ခြင်'
၍ ကြည့်ရှု
'ဆင်ခြင်' ၍သာ
ကိုယ်အမှုကို
သုတ်သင်နေကြကုန်၏၊
ကြည့်ရှု
'ဆင်ခြင်' ၍
ကြည့်ရှု'ဆင်ခြင်'
၍သာ
နှုတ်အမှုကို
သုတ်သင်နေကြကုန်၏၊
ကြည့်ရှု 'ဆင်ခြင်'
၍ ကြည့်ရှု
'ဆင်ခြင်' ၍သာ
စိတ်အမှုကို
သုတ်သင်နေကြကုန်၏။
ရာဟုလာ
ထို့ကြောင့်
ဤသာသနာတော်၌
''ကြည့်ရှု
'ဆင်ခြင်' ၍
ကြည့်ရှု
'ဆင်ခြင်' ၍
ကိုယ်အမှုကိုသုတ်သင်အံ့၊
ကြည့်ရှု
'ဆင်ခြင်' ၍
ကြည့်ရှု
'ဆင်ခြင်' ၍
နှုတ်အမှုကို
သုတ်သင်အံ့၊
ကြည့်ရှု
'ဆင်ခြင်'
၍ကြည့် ရှု
'ဆင်ခြင်' ၍
စိတ်အမှုကို
သုတ်သင်အံ့''ဟု
သင်သည်
ဤသို့သာ
ကျင့်ရမည်ဟု
မြတ်စွာဘုရားသည်
ဤတရားတော်ကို
ဟောကြားတော်မူ၏၊
အသျှင်ရာဟုလာသည်
မြတ်စွာဘုရား၏
စကားတော်ကိုနှစ်သက်ဝမ်းမြောက်လေ၏။
ရှေးဦးစွာသော
အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
ပြီး၏။
------
၂-မဟာရာဟုလောဝါဒသုတ်
၁၁၃။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်တော်မူ၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
သာဝတ္ထိပြည်သို့
ဆွမ်းအလို့ငှါ
ဝင်တော်မူ၏။
အသျှင်ရာဟုလာသည်လည်း
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
မြတ်စွာဘုရား၏
နောက်မှနောက်မှ
အစဉ်လိုက်လေ၏။
ထိုအခါ
မြတ်စွာဘုရားသည်
နောက်သို့
ပြန်ကြည့်တော်မူ၍
အသျှင်ရာဟုလာကို-
''ရာဟုလာ အတိတ်အနာဂတ်
ပစ္စုပ္ပန်လည်းဖြစ်သော
အတွင်းအဇ္ဈ
တ္တသန္တာန်၌လည်းဖြစ်သော
အပဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော
ရုန့်ရင်းကြမ်းတမ်းသည်လည်းဖြစ်သော
နူးညံ့သိမ်မွေ့သည်လည်းဖြစ်သော
ယုတ်သည်လည်းဖြစ်သော
မြတ်သည်လည်း
ဖြစ်သော
ဝေးသည်လည်းဖြစ်သော
နီးသည်လည်းဖြစ်သော
အကြင်
အလုံးစုံသောရုပ်သည်
ရှိ၏၊ ထိုအလုံးစုံသော
ရုပ်သည်
ငါပိုင်ဥစ္စာ
မဟုတ်၊
ထိုအလုံးစုံသော
ရုပ်သည်
ငါမဟုတ်၊
ထိုအလုံးစုံသော
ရုပ်သည် ငါ၏
ကိုယ် 'အတ္တ'
မဟုတ်ဟု
ဤသို့
ထိုရုပ်ကိုဟုတ်မှန်သော
အတိုင်းကောင်းသော
ပညာဖြင့်
ရှုရမည်ဟု
(မိန့်တော်မူ၏)။
ဘုန်းတော်ကြီးသော
မြတ်စွာဘုရား
ရုပ်ကိုသာလျှင်
ရှုရပါမည်လော၊
စကားကောင်းကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရား
ရုပ်ကိုသာလျှင်
ရှုရပါမည်လောဟု
(လျှောက်၏)။
ရာဟုလာ
ရုပ်ကိုလည်းရှုရမည်၊
ဝေဒနာကိုလည်း
ရှုရမည်၊
သညာကိုလည်း
ရှုရမည်၊
သင်္ခါရတို့ကိုလည်း
ရှုရမည်၊
ရာဟုလာဝိညာဏ်ကိုလည်း
ရှုရမည်ဟု
(မိန့်တော်မူ၏)။
ထိုအခါ
အသျှင်ရာဟုလာသည်
''မြတ်စွာဘုရားက
မျက်မှောက်တွင်
ဆုံးမခြင်းဖြင့်
ဆုံးမအပ်သည်ရှိသော်
အဘယ်မည်သော
သူသည် ယနေ့
ရွာသို့
ဆွမ်းအလို့ငှါဝင်တော့အံ့နည်း''ဟု
နှလုံးပြုလျက်
ထိုနေရာမှ
ပြန်လှည့်၍
သစ်တစ်ပင်ရင်း၌
ထက်ဝယ်ဖွဲ့ခွေ၍
ကိုယ်ကိုဖြောင့်စွာထားလျက်
ကမ္မဋ္ဌာန်း
သို့ရှေးရှု
သတိကိုဖြစ်စေ၍
ထိုင်နေ၏။
အသျှင်သာရိပုတြာသည်သစ်တစ်ပင်ရင်း၌
ထက်ဝယ်ဖွဲ့ခွေ၍
ကိုယ်ကို ဖြောင့်စွာ
ထားလျက်
ကမ္မဋ္ဌာန်းသို့ရှေးရှု
သတိကိုဖြစ်စေ၍ထိုင်နေသော
အသျှင်ရာဟုလာကို
မြင်၍
''ရာဟုလာ
ထွက်သက်,
ဝင်သက်၌
အောက်မေ့မှုဟူသောအာနာပါနဿတိဘာဝနာကို
ပွါးများလေလော့၊
ရာဟုလာ
ထွက်သက်,
ဝင်သက်၌
အောက်မေ့မှုဟူသောအာနာပါနဿတိဘာဝနာကို
ပွါးများသည်ရှိသော်
အကြိမ်များစွာ
လေ့လာသည်ရှိသော်
များမြတ်သောအကျိုးရှိ၏၊
များမြတ်သော
အာနိသင်ရှိ၏''ဟု
မိန့်တော်မူ၏။
၁၁၄။
ထို့နောက်
အသျှင်ရာဟုလာသည်
ညနေချမ်းအချိန်၌
ကိန်းအောင်းရာမှ
ထ၍
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
အလွန်ရိုသေစွာ
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်ပြီးသော်
''အသျှင်ဘုရား
အာနာပါနဿတိဘာဝနာသည်
အဘယ်သို့
ပွါးများအပ်သည်ရှိသော်
အဘယ်သို့
ကြိမ်ဖန်များစွာ
လေ့လာအပ်သည်ရှိသော်
များမြတ်သောအကျိုး
များမြတ်သောအာနိသင်
ရှိပါသနည်း''ဟု
လျှောက်၏။
ရာဟုလာ အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကို
စွဲ၍ဖြစ်သော
ကြမ်းတမ်းသော
ကြမ်းတမ်းခြင်းသို့
ရောက်သောအကြင်အလုံး
စုံသော
ဥပါဒိန္နမည်သော
ကံတရားသည်
အကျိုးအဖြစ်ဖြင့်
ယူအပ်သော
ရုပ်တရားသည်ရှိ၏။
ဤဥပါဒိန္န
ရုပ်တရားဟူသည်
အဘယ်နည်း
-ဆံပင်, အမွေး,
ခြေသည်း
လက်သည်း,
သွား, အရေ၊
အသား, အကြော,
အရိုး,
ရိုးတွင်းခြင်ဆီ,
အညှို့၊
နှလုံး,
အသည်း, အမြှေး,
အဖျဉ်း,
အဆုတ်၊ အူမ,
အူသိမ်,
အစာသစ်,
အစာဟောင်း။ ထို့အပြင်
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သောကိုယ်ကိုစွဲ၍ဖြစ်သော
ကြမ်း
တမ်းသော
ကြမ်းတမ်းသည်၏အဖြစ်သို့ရောက်သော
အခြားအလုံးစုံသောဥပါဒိန္နရုပ်တရားသည်
ရှိ၏၊ ရာဟုလာ
ဤဆိုအပ်ပြီးသော
အလုံးစုံသော
ရုပ်တရားကို
အဇ္ဈ တ္တသန္တာန်၌ဖြစ်သော
ပထဝီဓာတ်ဟူ၍
ဆိုအပ်ပေ၏။
အမှန်အားဖြင့်
အကြင်အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ပထဝီဓာတ်သည်လည်းကောင်း၊
အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော
ပထဝီဓာတ်သည်လည်းကောင်း
ရှိ၏၊
ထိုအလုံးစုံသော
ပထဝီဓာတ်သည်
ပထဝီဓာတ်ချင်းတူသည်သာတည်း။
''ထိုအလုံးစုံသော
ပထဝီဓာတ်သည်
ငါပိုင်ဥစ္စာ
မဟုတ်၊
ထိုပထဝီဓာတ်သည်ငါမဟုတ်၊
ထိုပထဝီဓာတ်သည်
ငါ၏ကိုယ်
'အတ္တ' မဟုတ်''
ဟူ၍ ဤသို့
ထိုနှစ်ပါးသော
ပထဝီဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုအပ်၏၊
ဤသို့ ထိုပထဝီဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သောအတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုလတ်သော်
ပထဝီဓာတ်၌ငြီးငွေ့၏၊
ပထဝီဓာတ်၌
စိတ်သည်
တပ်ခြင်းကင်း၏။
၁၁၅။
ရာဟုလာ
အာပေါဓာတ်ဟူသည်
အဘယ်နည်း- အာပေါဓာတ်သည်
အချို့ကား
အဇ္ဈ
တ္တသန္တာန်၌
ဖြစ်၏၊
အချို့ကား
ဗဟိဒ္ဓသန္တာန်၌
ဖြစ်၏၊ ရာဟုလာ
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
အာပေါဓာတ်ဟူသည်
အဘယ်နည်း-
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍ဖြစ်သော
ယိုစီးသော
ယိုစီးခြင်းသို့ရောက်သော
အကြင်ဥပါဒိန္နဓာတ်
သဘောသည်
ရှိ၏၊
ဤဥပါဒိန္နဓာတ်သဘောဟူသည်
အဘယ်နည်း။
သည်းခြေ၊
သလိပ်၊ ပြည်၊
သွေး၊ ချွေး၊
အဆီခဲ၊
မျက်ရည်၊
ဆီကြည်၊ တံတွေး၊
နှပ်၊ အစေး၊
ကျင်ငယ်။
ထို့အပြင်
အဇ္ဈ တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍ဖြစ်သော
ယိုစီးသော
ယိုစီးခြင်းသို့ရောက်သော
အခြားအလုံးစုံသော
ဥပါဒိန္နဓာတ်သဘောသည်
ရှိ၏၊ ရာဟုလာ
ဤသို့သဘောရှိသော
ဓာတ်သဘောကို
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
အာပေါဓာတ်ဟူ၍
ဆိုအပ်၏။
အမှန်အားဖြင့်
အကြင်အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
အာပေါဓာတ်သည်လည်းကောင်း၊
အကြင်ဗဟိဒ္ဓသန္တာန်၌
ဖြစ်သော
အာပေါဓာတ်သည်လည်းကောင်း
ရှိ၏၊
ဤအလုံးစုံသော
အာပေါဓာတ်သည်
အာပေါဓာတ်ချင်း
တူသည်သာတည်း။
''ထိုအလုံးစုံသော
အာပေါဓာတ်သည်
ငါပိုင်ဥစ္စာ
မဟုတ်၊
ထိုအာပေါဓာတ်သည်
ငါမဟုတ်၊
ထိုအာပေါဓာတ်သည်
ငါ၏ကိုယ်
'အတ္တ'
မဟုတ်''ဟူ၍
ဤသို့
ထိုအာပေါဓာတ်ကို
မဖောက်မပြန်ဟုတ်မှန်သောအတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုအပ်၏၊
ဤသို့
ထိုအာပေါဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သောအတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုလတ်သော်
အာပေါဓာတ်၌ငြီးငွေ့၏၊
အာပေါဓာတ်၌
စိတ်သည်
တပ်ခြင်းကင်း၏။
၁၁၆။
ရာဟုလာ
တေဇောဓာတ်ဟူသည်
အဘယ်နည်း-တေဇောဓာတ်သည်
အချို့ကား
အဇ္ဈ
တ္တသန္တာန်၌
ဖြစ်၏၊
အချို့ကား
ဗဟိဒ္ဓသန္တာန်၌
ဖြစ်၏၊
ရာဟုလာ အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
တေဇောဓာတ်ဟူသည်
အဘယ်နည်း-
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍ဖြစ်သော
ပူလောင်သော
ပူလောင်ခြင်းသို့ရောက်သော
အကြင် ဥပါဒိန္နဓာတ်သဘောသည်
ရှိ၏၊
ဤဥပါဒိန္နဓာတ်သဘောဟူသည်
အဘယ်နည်း၊
ပူလောင်ကြောင်းဖြစ်သော
ပူလောင်တတ်သော
ဓာတ်သဘော၊
ရင့်ရော်ဆွေးမြေ့ကြောင်း
ဖြစ်သောဓာတ်သဘော၊
ထက်ဝန်းကျင်
ပူလောင်ကြောင်းဖြစ်သော
ဓာတ်သဘော၊
စားအပ်
သောက်အပ်
ခဲအပ်လျက်အပ်သော
အစာအာဟာရကောင်းစွာ
ကြေကျက်ခြင်းသို့
ရောက်ကြောင်းဖြစ်သော
ဓာတ်သဘော၊
ထို့အပြင်
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍ဖြစ်သော
ပူလောင်သော
ပူလောင်ခြင်းသို့ရောက်သောအခြားအလုံးစုံသော
ဥပါဒိန္နဓာတ်သဘောသည်
ရှိ၏၊ ရာဟုလာ
ဤအလုံးစုံသော
ဓာတ်သဘောကိုအဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
တေဇောဓာတ်ဟူ၍
ဆိုအပ်၏။
အမှန်အားဖြင့်
အကြင်အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
တေဇောဓာတ်သည်လည်းကောင်း
အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော
တေဇောဓာတ်သည်လည်းကောင်း
ရှိ၏၊
ထိုအလုံးစုံသော
တေဇောဓာတ်သည်တေဇော
ဓာတ်ချင်း
တူသည်သာတည်း။
''ထိုအလုံးစုံသော
တေဇောဓာတ်သည်
ငါပိုင်ဥစ္စာ
မဟုတ်၊
ထိုတေဇော ဓာတ်သည်
ငါမဟုတ်၊
ထိုတေဇောဓာတ်သည်
ငါ၏ကိုယ်
'အတ္တ'
မဟုတ်''ဟူ၍
ဤသို့ထိုတေဇောဓာတ်ကို
မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုအပ်၏၊
ဤသို့
ထိုတေဇောဓာတ်
ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်ရှုလတ်သော်
တေဇောဓာတ်၌
ငြီးငွေ့၏၊
တေဇောဓာတ်၌
စိတ်သည်
တပ်ခြင်းကင်း၏။
၁၁၇။
ရာဟုလာ
ဝါယောဓာတ်ဟူသည်
အဘယ်နည်း- ဝါယောဓာတ်သည်
အချို့ကား
အဇ္ဈ
တ္တသန္တာန်၌
ဖြစ်၏၊
အချို့ကား
ဗဟိဒ္ဓသန္တာန်၌
ဖြစ်၏၊
ရာဟုလာ အဇ္ဈ
တ္တသန္တာန်၌ဖြစ်သောဝါယောဓာတ်
ဟူသည်
အဘယ်နည်း-
အဇ္ဈ တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍ဖြစ်သောထောက်ပံ့ခိုင်မာသော
ထောက်ပံ့
ခိုင်မာခြင်းသို့ရောက်သော
အကြင်ဥပါဒိန္နဓာတ်သဘောသည်
ရှိ၏၊
ဤဥပါဒိန္နဓာတ်သဘောသည်
အဘယ် နည်းဟူမူ-အထက်သို့
ဆန်တက်သောလေ၊
အောက်သို့စုန်ဆင်းသောလေ၊
ဝမ်း၌
တည်သောလေ၊ အူအတွင်း၌
တည်သောလေ၊
အင်္ဂါကြီး
ငယ်သို့အစဉ်လျှောက်တတ်သောလေ၊
ထွက်သက်,
ဝင်သက်လေ၊
ထို့အပြင်
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သောကိုယ်ကိုစွဲ၍ဖြစ်သော
ထောက်ပံ့ခိုင်မာသော
ထောက်ပံ့ခိုင်မာခြင်းသို့
ရောက်သော
အခြားအလုံးစုံသောဥပါဒိန္နဓာတ်
သဘောသည်
ရှိ၏၊ ရာဟုလာ
ဤအလုံးစုံသော
ဓာတ် သဘောကိုအဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ဝါယောဓာတ်
ဟူ၍ ဆိုအပ်၏။
အမှန်အားဖြင့်
အကြင်အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ဝါယောဓာတ်သည်လည်းကောင်း
အကြင် ဗဟိဒ္ဓသန္တာန်၌ဖြစ်သော
ဝါယောဓာတ်သည်လည်းကောင်း
ရှိ၏၊
ထိုအလုံးစုံသော
ဝါယောဓာတ်သည်
ဝါယောဓာတ်ချင်း
တူသည်သာတည်း။
''ထိုအလုံးစုံသော
ဝါယောဓာတ်သည်
ငါပိုင်ဥစ္စာ
မဟုတ်၊ ထို
ဝါယောဓာတ်သည်
ငါမဟုတ်၊
ထိုဝါယောဓာတ်သည်
ငါ၏ ကိုယ်
'အတ္တ' မဟုတ်''ဟူ၍
ဤသို့
ထိုဝါယောဓာတ်သဘောကို
မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့်
ရှုအပ်၏၊
ဤသို့ထိုဝါယောဓာတ်ကို
မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုလတ်သော်ဝါယောဓာတ်၌
ငြီးငွေ့၏၊
ဝါယောဓာတ်၌
စိတ်သည်
တပ်ခြင်းကင်း၏။
၁၁၈။
ရာဟုလာ
အာကာသဓာတ်ဟူသည်
အဘယ်နည်း- အာကာသဓာတ်သည်
အချို့ကားအဇ္ဈ
တ္တသန္တာန်၌
ဖြစ်၏၊
အချို့ကား
ဗဟိဒ္ဓသန္တာန်၌
ဖြစ်၏၊ ရာဟုလာ
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သောအာကာသဓာတ်ဟူသည်
အဘယ်နည်း-အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍ဖြစ်သော
မရေးမခြစ်အပ်သော
မရေးမခြစ်ခြင်းသို့
ရောက်သော အကြင်ဥပါဒိန္နအာကာသဓာတ်သည်
ရှိ၏၊
ဤဥပါဒိန္နအာကာသဓာတ်ဟူသည်
အဘယ်နည်း-
နားပေါက်၊
နှာခေါင်းပေါက်၊
ခံတွင်းပေါက်၊
စားအပ် သောက်အပ်
ခဲအပ်လျက်အပ်သော
အစာကို
မျိုချရာ
အပေါက်၊
စားအပ်
သောက်အပ်
ခဲအပ် လျက်အပ်သော
အစာတည်နေရာ
အပေါက်၊
စားအပ် သောက်အပ်
ခဲအပ်
လျက်အပ်သော
အစာ
အောက်သို့
ထွက်ရာအပေါက်၊
ထို့အပြင်
အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
ကိုယ်ကိုစွဲ၍
ဖြစ်သော
ဟင်းလင်းပြင်,
ဟင်းလင်းပြင်အဖြစ်သို့
ရောက်သော
ကောင်းကင်,
ကောင်းကင်အဖြစ်သို့
ရောက်သော
အပေါက်,
အပေါက်အဖြစ်သို့ရောက်သော
အသားအသွေးတို့နှင့်
မထိစပ်သော ကိုယ်၌
တည်သော ဤအရာ
အားလုံးကို
အဇ္ဈ တ္တသန္တာန်၌ဖြစ်သော
အာကာသဓာတ်ဟူ၍
ဆိုအပ်၏။
အမှန်အားဖြင့်
အကြင်အဇ္ဈ
တ္တသန္တာန်၌ဖြစ်သော
အာကာသဓာတ်သည်လည်းကောင်း
အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော
အာကာသဓာတ်သည်လည်းကောင်း
ရှိ၏၊
ထိုအလုံးစုံသော
အာကာသဓာတ်သည်အာကာသဓာတ်ချင်းတူသည်သာတည်း။
''ထိုအာကာသဓာတ်သည်
ငါပိုင်ဥစ္စာ
မဟုတ်၊ ထိုအာကာသဓာတ်သည်
ငါမဟုတ်၊
ထိုအာကာသဓာတ်သည်
ငါ၏ကိုယ်
'အတ္တ'
မဟုတ်''ဟူ၍
ဤသို့သာလျှင်
ထိုအာကာသဓာတ်ကို
မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုအပ်၏၊
ဤသို့
ထိုအာကာသဓာတ်ကို
မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း
ကောင်းစွာ
ဝိပဿနာဉာဏ်ဖြင့်
ရှုလတ်သော်အာကာသဓာတ်၌
ငြီးငွေ့၏၊
အာကာသဓာတ်၌
စိတ်သည်
တပ်ခြင်းကင်း၏။
၁၁၉။
ရာဟုလာ
မြေကြီးနှင့်တူစွာ
ဘာဝနာကို ပွါးများလော့၊
ရာဟုလာ
မြေကြီးနှင့်တူစွာ
ဘာဝနာကိုပွါးများသော
သင့်အား
ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကိုသိမ်းကျုံး၍
မတည်ကုန်လတ္တံ့။
ရာဟုလာ ဥပမာသော်ကား
မြေကြီး၌
စင်ကြယ်သော
ဝတ္ထုကို လည်းပစ်ချကုန်၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
ပစ်ချကုန်၏၊
ကျင်ကြီးကိုလည်း
ပစ်ချကုန်၏၊
ကျင်ငယ်ကိုလည်း
ပစ်ချကုန်၏၊
တံတွေးကိုလည်း
ပစ်ချကုန်၏၊
ပြည်ကိုလည်း
ပစ်ချကုန်၏၊
သွေးကိုလည်း
ပစ်ချကုန်၏။
မြေကြီးသည်
ထိုစင်ကြယ်သောဝတ္ထု
မစင်ကြယ်သောဝတ္ထုဖြင့်ငြီးငွေ့
ရွံရှာစက်ဆုပ်မှု
မဖြစ်။
ရာဟုလာ
သင်သည်
ဤဥပမာအတူသာလျှင်
မြေကြီးနှင့်တူစွာ
ဘာဝနာကိုပွါးများလော့၊
ရာဟုလာ
မြေကြီးနှင့်တူစွာ
ဘာဝနာကို
ပွါးများသော
သင့်အား
ဖြစ်ပေါ်လာကုန်သောနှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို
သိမ်းကျုံး၍
မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
ရေနှင့်တူစွာ
ဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
ရေနှင့်တူစွာ
ဘာဝနာကို
ပွါးများသောသင့်အား
ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို
သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
ဥပမာသော်ကား
ရေ၌
စင်ကြယ်သော
ဝတ္ထုကိုလည်းဆေးကြောကုန်၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
ဆေးကြောကုန်၏၊
ကျင်ကြီးကိုလည်းဆေးကြောကုန်၏၊
ကျင်ငယ်ကို
လည်း
ဆေးကြောကုန်၏၊
တံတွေးကိုလည်း
ဆေးကြောကုန်၏၊
ပြည်ကိုလည်း
ဆေးကြောကုန်၏၊
သွေးကိုလည်း
ဆေးကြောကုန်၏။
ရေသည်
ထိုစင်ကြယ်သောဝတ္ထုမစင်ကြယ်သောဝတ္ထုဖြင့်
ငြီးငွေ့
ရွံရှာ
စက်ဆုပ်မှု
မဖြစ်။
ရာဟုလာ
ဤဥပမာအတူ
သာလျှင်
သင်သည်ရေနှင့်တူစွာ
ဘာဝနာကို
ပွါးများလော့၊
ရာဟုလာ ရေနှင့်တူစွာ
ဘာဝနာကို
ပွါးများသော
သင့်အားဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်
သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
မီးနှင့်တူစွာ
ဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
မီးနှင့်တူစွာ
ဘာဝနာကို ပွါးများသောသင့်အား
ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို
သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
ဥပမာသော်ကား
မီးသည်
စင်ကြယ်သော
ဝတ္ထုကိုလည်း
လောင်၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
လောင်၏၊
ကျင်ကြီးကိုလည်း
လောင်၏၊
ကျင်ငယ်ကိုလည်း
လောင်၏၊
တံတွေးကိုလည်း
လောင်၏၊
ပြည်ကိုလည်း
လောင်၏၊
သွေးကိုလည်း
လောင်၏။
မီးသည်
ထိုစင်ကြယ်သောဝတ္ထု
မစင်ကြယ်သောဝတ္ထုဖြင့်
ငြီးငွေ့
ရွံရှာ
စက်ဆုပ်မှု
မဖြစ်။
ရာဟုလာ ဤဥပမာအတူသာလျှင်သင်သည်
မီးနှင့်တူစွာ
ဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
မီးနှင့်တူစွာ
ဘာဝနာကို
ပွါးများသောသင့်အား
ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို
သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
လေနှင့်တူစွာ
ဘာဝနာကို
ပွါးများလော့၊
ရာဟုလာ လေနှင့်တူစွာ
ဘာဝနာကို
ပွါးများသောသင့်အား
ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို
သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
ဥပမာသော်ကား
လေသည်
စင်ကြယ်သော
ဝတ္ထုကိုလည်း
တိုက်ခတ်၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
တိုက်ခတ်၏၊
ကျင်ကြီးကိုလည်း
တိုက်ခတ်၏၊
ကျင်ငယ်ကိုလည်းတိုက်ခတ်၏၊
တံတွေးကိုလည်း
တိုက်ခတ်၏၊
ပြည်ကိုလည်း
တိုက်ခတ်၏၊
သွေးကိုလည်း
တိုက်ခတ်၏။
လေသည်
ထိုစင်ကြယ်သော
ဝတ္ထု
မစင်ကြယ်သောဝတ္ထုဖြင့်
ငြီးငွေ့
ရွံရှာ
စက်ဆုပ်မှု
မဖြစ်။
ရာဟုလာဤဥပမာအတူသာလျှင်
သင်သည်
လေနှင့်တူစွာ
ဘာဝနာကို
ပွါးများလော့၊
ရာဟုလာ လေနှင့်
တူစွာဘာဝနာကို
ပွါးများသော
သင့်အား ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်စိတ်ကို
သိမ်းကျုံး၍
မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
ကောင်းကင်နှင့်တူစွာ
ဘာဝနာကို ပွါးများလော့၊
ရာဟုလာ
ကောင်းကင်နှင့်တူစွာ
ဘာဝနာကိုပွါးများသော
သင့်အား
ဖြစ်ပေါ်လာကုန်သော
နှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကိုသိမ်းကျုံး၍
မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ
ဥပမာသော်ကား
ကောင်းကင်သည်
တစ်စုံတစ်ခု
သောအရပ်၌
မတည်။ ရာဟုလာ
ဤဥပမာအတူသာလျှင်
သင်သည်
ကောင်းကင်နှင့်တူစွာ
ဘာဝနာကိုပွါးများလော့၊
ရာဟုလာ ကောင်းကင်နှင့်တူစွာ
ဘာဝနာကို
ပွါးများသော
သင့်အား
ဖြစ်ပေါ်လာကုန်သောနှစ်သက်ဖွယ်
မနှစ်သက်ဖွယ်
အတွေ့တို့သည်
စိတ်ကို သိမ်းကျုံး၍
မတည်နိုင်ကုန်လတ္တံ့။
၁၂၀။
ရာဟုလာ
မေတ္တာဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
မေတ္တာဘာဝနာကို
ပွါးများသောသင့်အား
အမျက်ထွက်ခြင်းဗျာပါဒ
ကင်းပျောက်လတ္တံ့။
ရာဟုလာ
ကရုဏာဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
ကရုဏာဘာဝနာကို
ပွါးများသော သင့်အား
ညှဉ်းဆဲမှုကင်းပျောက်လတ္တံ့။
ရာဟုလာ
မုဒိတာဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
မုဒိတာဘာဝနာကို
ပွါးများသော
သင့်အား မပျော်ပိုက်ခြင်း
ကင်း့ပျောက်လတ္တံ့။
ရာဟုလာ
ဥပေက္ခာဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
ဥပေက္ခာဘာဝနာကို
ပွါးများသော
သင့်အား
ထိပါးခြင်း
ကင်းပျောက်လတ္တံ့။
ရာဟုလာ
အသုဘဘာဝနာကို
ပွါးများလော့၊
ရာဟုလာအသုဘဘာဝနာကို
ပွါးများသော
သင့်အား တပ်နှစ်သက်မှုရာဂ
ကင်းပျောက်လတ္တံ့။
ရာဟုလာ
အနိစ္စသညာဘာဝနာကို
ပွါးများလော့၊
ရာဟုလာ
အနိစ္စသညာဘာဝနာကို
ပွါးများသော
သင့်အား
ငါဟူသောမာန်မာန
ကင်းပျောက်လတ္တံ့။
၁၂၁။
ရာဟုလာ
ထွက်သက်
ဝင်သက်ကို
အောက်မေ့ခြင်း
'အာနာပါနဿတိ'
ဘာဝနာကို
ပွါးများ
လော့၊ ရာဟုလာ
အာနာပါနဿတိဘာဝနာသည်
ပွါးများအပ်သည်ရှိသော်
အကြိမ်များစွာ
လေ့လာအပ်သည်ရှိသော်
သင့်အား
များမြတ်သော
အကျိုး
များမြတ်သောအာနိသင်
ရှိ၏။ ရာဟုလာ
အာနာပါနဿတိဘာဝနာသည်
အဘယ်ကဲ့သို့
ပွါးများသည်ရှိသော်
အဘယ်ကဲ့သို့
ကြိမ်ဖန်များစွာ
လေ့လာသည်ရှိသော်များမြတ်သောအကျိုး
များမြတ်သောအာနိသင်
ရှိသနည်း။
ရာဟုလာ
ဤသာသနာတော်၌
ရဟန်းသည်
တောသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊
သစ်ပင်ရင်းသို့ကပ်သည်ဖြစ်၍လည်းကောင်း၊
ဆိတ်ငြိမ်ရာအရပ်သို့
ကပ်သည်ဖြစ်၍လည်းကောင်း
တင်ပလ္လင်ခွေ၍ကိုယ်ကို
ဖြောင့်မတ်စွာ
ထားပြီးလျှင်
ကမ္မဋ္ဌာန်းသို့ရှေးရှု
သတိကိုဖြစ်စေ၍
ထိုင်နေ၏၊
ထိုရဟန်းသည်သတိနှင့်
မကင်းမူ၍သာလျှင်
ထွက်သက်ကို
ဖြစ်စေ၏၊ သတိနှင့်
မကင်းမူ၍သာလျှင်
ဝင်သက်ကိုဖြစ်စေ၏။
ရှည်စွာသော
ထွက်သက်ကို
ဖြစ်စေသည်ရှိသော်
ရှည်စွာသော
ထွက်သက်ကို
ဖြစ်စေ၏ဟု
သိ၏၊
ရှည်စွာသော
ဝင်သက်ကို
ဖြစ်စေသည်ရှိသော်
ရှည်စွာသော
ဝင်သက်ကို
ဖြစ်စေ၏ဟု
သိ၏၊
တိုသောထွက်သက်ကို
ဖြစ်စေသည်ရှိသော်
တိုသော
ထွက်သက်ကို
ဖြစ်စေ၏ဟု
သိ၏၊ တိုသော
ဝင်သက်ကိုဖြစ်စေသည်ရှိသော်
တိုသော
ဝင်သက်ကို
ဖြစ်စေ၏ဟု
သိ၏။
အစအလယ်အဆုံးဟူသော
အလုံးစုံသော
ထွက်သက်အပေါင်းကို
ထင်စွာသိလျက်
ထွက်သက်ကိုဖြစ်စေအံ့ဟု
ကျင့်၏၊
အစအလယ်အဆုံးဟူသော
အလုံးစုံသော
ဝင်သက်အပေါင်းကို
ထင်စွာသိလျက်ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
ရုန့်ရင်းသော
ကာယသင်္ခါရကို
ငြိမ်းစေလျက်
ထွက်သက်ကို ဖြစ်စေအံ့ဟု
ကျင့်၏၊
ရုန့်ရင်းသော
ကာယသင်္ခါရကို
ငြိမ်းစေလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
ပီတိကို
ထင်စွာသိလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
ပီတိကိုု
ထင်စွာသိလျက်
ဝင်သက်ကိုဖြစ်စေအံ့ဟု
ကျင့်၏။
သုခကို ထင်စွာသိလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊ သုခကိုု
ထင်စွာသိလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
စိတ္တသင်္ခါရကို
ထင်စွာသိလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟုကျင့်၏၊
စိတ္တသင်္ခါရကိုု
ထင်စွာသိလျက်
ဝင်သက်ကို ဖြစ်စေအံ့ဟု
ကျင့်၏။
ရုန့်ရင်းသော
စိတ္တသင်္ခါရကိုငြိမ်းစေလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
ရုန့်ရင်းသော
စိတ္တသင်္ခါရကိုု
ငြိမ်းစေလျက်
ဝင်သက်ကိုဖြစ်စေအံ့ဟု
ကျင့်၏။
စိတ်ကို
ထင်စွာသိလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
စိတ်ကိုု
ထင်စွာသိလျက်
ဝင်သက်ကိုဖြစ်စေအံ့ဟု
ကျင့်၏။
စိတ်ကို ဝမ်းမြောက်စေလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
စိတ်ကိုုဝမ်းမြောက်
စေလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
စိတ်ကို
ကောင်းစွာ
အာရုံ၌ထားလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
စိတ်ကိုု
ကောင်းစွာ
အာရုံ၌ထားလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
စိတ်ကို ကိလေသာမှ
လွတ်စေလျက်
ထွက်သက်ကိုဖြစ်စေအံ့ဟု
ကျင့်၏၊
စိတ်ကိုု
ကိလေသာမှ
လွတ်စေလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
အနိစ္စဟု
အဖန်တလဲလဲ
ရှုလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊
အနိစ္စဟု
အဖန်တလဲလဲ
ရှုလျက်ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
ရာဂကင်းရာ
နိဗ္ဗာန်ကို
အဖန်တလဲလဲ
ရှုလျက်
ထွက်သက်ကိုဖြစ်စေအံ့ဟု
ကျင့်၏၊ ရာဂကင်းရာ
နိဗ္ဗာန်ကို
အဖန်တလဲလဲ
ရှုလျက် ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
့ရာဂ၏ချုပ်ရာ
နိဗ္ဗာန်ကို
အဖန်တလဲလဲ ရှုလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏၊ ရာဂ၏ချုပ်ရာနိဗ္ဗာန်ကို
အဖန်တလဲလဲ
ရှုလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
ကိလေသာကို
စွန့်ရာနိဗ္ဗာန်စွန့်တတ်သောမဂ်ကို
အဖန်တလဲလဲ
ရှုလျက်
ထွက်သက်ကို
ဖြစ်စေအံ့ဟု ကျင့်၏၊
ကိလေသာကို
စွန့်ရာနိဗ္ဗာန်
စွန့်တတ်သောမဂ်ကို
အဖန်တလဲလဲ ရှုလျက်
ဝင်သက်ကို
ဖြစ်စေအံ့ဟု
ကျင့်၏။
ရာဟုလာ
ဤသို့
ပွါးများထားသော
ဤသို့ လေ့လာထားသော
အာနာပါနဿတိဘာဝနာသည်များမြတ်သောအကျိုး
များမြတ်သောအာနိသင်
ရှိ၏။ ရာဟုလာ
အာနာပါနဿတိဘာဝနာကို
ဤသို့ပွါးများထားသော်
ဤသို့
အကြိမ်များစွာ
လေ့လာထားသော်
အဆုံးဖြစ်သော
ထွက်သက်ဝင်သက်တို့သည်လည်း
ထင်ရှားကုန်၍သာလျှင်
ချုပ်ကုန်၏၊ မထင်ရှားဘဲ
ချုပ်သည်
မဟုတ်ကုန်ဟု
မြတ်စွာဘုရားသည်ဤတရားကို
ဟောတော်မူ၏။
အသျှင်ရာဟုလာသည်
မြတ်စွာဘုရား၏
တရားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်လေ၏။
နှစ်ခုမြောက်
မဟာရာဟုလောဝါဒသုတ်
ပြီး၏။
------
၃-စူဠမာလုကျသုတ်
၁၂၂။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ဆိတ်ငြိမ်ရာသို့
ကိန်းအောင်းနေသော
အသျှင်မာလုကျပုတ္တမထေရ်အား
ဤသို့
စိတ်အကြံဖြစ်ပေါ်၏-
''လောကသည်
မြဲ၏ဟူ၍လည်းကောင်း၊
လောကသည်မမြဲဟူ၍
လည်းကောင်း၊
လောကသည်
အဆုံးရှိ၏ဟူ၍လည်းကောင်း၊
လောကသည်အဆုံးမရှိဟူ၍လည်းကောင်း၊
ထိုအသက်သည်ပင်
ထိုကိုယ်တည်းဟူ၍လည်းကောင်း၊
အသက်သည်တခြားကိုယ်သည်တခြားတည်းဟူ၍
လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်၏ဟူ၍လည်းကောင်း၊
သတ္တဝါသည်
သေသည်မ
ှနောက်၌
မဖြစ်ဟူ၍လည်းကောင်း
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်လည်းဖြစ်၏၊
ဖြစ်လည်း
မဖြစ်ဟူ၍လည်းကောင်း
သတ္တဝါသည်
သေသည်မှ နောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူ၍လည်းကောင်း
မြတ်စွာဘုရား
မဟောကြားကုန်သော
တန့်ထားကုန်သောပယ်ထားကုန်သော
အယူတို့သည်
ရှိကုန်၏၊
ထိုအယူတို့ကို
မြတ်စွာဘုရားသည်
ငါ့အားဟောကြားတော်မမူ။
ယင်းအယူတို့ကို
ငါ့အား
မြတ်စွာဘုရား
မဟောကြားခြင်းကို
ငါမနှစ်သက်၊
ငါမကြိုက်။
ငါသည်
မြတ်စွာဘုရားထံ
ချဉ်း ကပ်၍ ထိုအကြောင်းကို
မေးလျှောက်အံ့၊
အကယ်၍မြတ်စွာဘုရားသည်
'လောကသည်
မြဲ၏ဟူ၍လည်း
ကောင်း၊
လောကသည်
မမြဲဟူ၍လည်းကောင်း။ပ။
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်'ဟူ၍လည်းကောင်းငါ့အား
ဟောကြားငြားအံ့၊
ဤသို့ ဟောကြားသော်
ငါသည်
မြတ်စွာဘုရားအထံတော်၌
မြတ်သောရဟန်းအကျင့်ကို
ကျင့်အံ့၊
အကယ်၍ မြတ်စွာဘုရားသည်
'လောကသည်
မြဲ၏ဟူ၍လည်းကောင်း၊
လောကသည်
မမြဲဟူ၍လည်းကောင်း။ပ။
သတ္တဝါသည်
သေပြီး
သည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်'ဟူ၍လည်းကောင်း
ငါ့အား မဟော
ကြားငြားအံ့၊
ဤသို့ မဟောကြားသော်ငါသည်
ရဟန်းသိက္ခာကို
စွန့်ပယ်၍
လူထွက်တော့အံ့''ဟု
(စိတ်
အကြံဖြစ်၏)။
၁၂၃။
ထို့နောက်
အသျှင်မာလုကျပုတ္တသည်
ညနေချမ်းအချိန်၌
ကိန်းအောင်းရာမှထ၍
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
အလွန်ရိုသေစွာ
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်နေပြီးသော်
မြတ်စွာဘုရားအားဤသို့
လျှောက်ထား၏-
၁၂၄။
အသျှင်ဘုရား
ဆိတ်ငြိမ်ရာသို့ကပ်၍
ကိန်းအောင်းသော
တပည့်တော်အား
ဤသို့ စိတ်အကြံဖြစ်ပါ၏-
''လောကသည်
မြဲ၏ဟူ၍လည်းကောင်း
လောကသည်
မမြဲဟူ၍လည်းကောင်း။ပ။
သတ္တဝါသည့်သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်''ဟူ၍လည်းကောင်း
မြတ်စွာဘုရားမဟောကြားကုန်သော
တန့်ထားကုန်သော
ပယ်ထားကုန်သော
အယူတို့သည်
ရှိကုန်၏၊
ထိုအယူတို့ကိုမြတ်စွာဘုရားသည်
ငါ့အား
ဟောကြားတော်မမူ။
ယင်းအယူတို့ကို
ငါ့အား
မြတ်စွာဘုရား
မဟောကြားခြင်းကို
ငါမနှစ်သက်၊
ငါမကြိုက်၊
ငါသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ထိုအကြောင်းကို
မေးလျှောက်အံ့၊
အကယ်၍
မြတ်စွာဘုရားသည်
'လောကသည်
မြဲ၏ဟူ၍လည်းကောင်း၊
လောကသည်
မမြဲဟူ၍လည်းကောင်း။ပ။
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်'ဟူ၍လည်းကောင်း
ငါ့အား
ဟောကြားငြားအံ့၊
ဤသို့
ဟောကြားသော်
ငါသည်မြတ်စွာဘုရားအထံတော်၌
မြတ်သော
ရဟန်းအကျင့်ကို
ကျင့်အံ့၊
အကယ်၍
မြတ်စွာဘုရားသည်'လောကသည်
မြဲ၏ဟူ၍လည်း ကောင်း
လောကသည်
မမြဲဟူ၍လည်းကောင်း။ပ။
သတ္တဝါသည်သေပြီးသည်မှ
နောက်၌
ဖြစ်သည်လည်း မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်'
ဟူ၍လည်းကောင်း
ငါ့အားမဟောကြားငြားအံ့၊
ဤသို့
မဟောကြား
သော် ငါသည်
ရဟန်းသိက္ခာကို
စွန့်ပယ်၍လူထွက်တော့အံ့''ဟု
စိတ်အကြံဖြစ်ပါ၏။
''လောကသည်
မြဲ၏'' ဟူ၍
မြတ်စွာဘုရားသည်
အကယ်၍သိတော်မူ
ငြားအံ့၊
မြတ်စွာဘုရားသည်
အကျွန်ုပ်အား
''လောကသည်
မြဲ၏'' ဟူ၍
ဟောကြားတော်မူပါ၊
''လောကသည်
မမြဲ'' ဟူ၍
မြတ်စွာဘုရားသည်
အကယ် ၍ သိတော်မူငြားအံ့၊
မြတ်စွာဘုရားသည်''လောကသည်
မမြဲ''ဟု
အကျွန်ုပ်အား
ဟောကြားတော်မူပါ၊
''လောကသည်
မြဲ၏''ဟူ၍လည်းကောင်း၊
''လောကသည် မမြဲ''
ဟူ၍လည်းကောင်း
မြတ်စွာဘုရားသည်
အကယ်၍
သိတော်မမူငြားအံ့၊
မသိသော်မမြင်သော်
မသိမမြင်ဟု
ဝန်ခံခြင်းသည်သာလျှင်
ဖြောင့်မတ်သော
သဘောဖြစ်၏။
''လောကသည်
အဆုံးရှိ၏''ဟု
မြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်အံ့၊
မြတ်စွာဘုရားသည်''လောကသည်
အဆုံးရှိ၏''ဟု
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''လောကသည်
အဆုံးမရှိ''ဟုမြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်အံ့၊
မြတ်စွာဘုရားသည်
''လောကသည်
အဆုံးမရှိ''ဟုအကျွန်ုပ်အား
ဟောကြားတော်မူပါ။
''လောကသည်
အဆုံးရှိ၏''ဟူ၍လည်းကောင်း
''လောကသည်
အဆုံးမရှိ''ဟူ၍လည်းကောင်း
မြတ်စွာဘုရားသည်
အကယ်၍ မသိသည်
ဖြစ်အံ့၊
မသိသော် မမြင်သော်
မသိမမြင်ဟု
ဝန်ခံခြင်းသည်သာလျှင်
ဖြောင့်မတ်သော
သဘောဖြစ်၏။
''ထိုအသက်သည်ပင်ထိုကိုယ်တည်း''ဟု
မြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်အံ့၊ ''ထိုအသက်သည်ပင်ထိုကိုယ်တည်း''ဟု
မြတ်စွာဘုရား
သည်
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''အသက်သည်တစ်ခြားကိုယ်သည်တစ်ခြားတည်း''ဟု
မြတ်စွာ
ဘုရားသည်
အကယ်၍
သိသည်ဖြစ်အံ့၊
''အသက်သည်တစ်ခြားကိုယ်သည်တစ်ခြားတည်း''ဟု
မြတ်စွာ
ဘုရားသည်
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''ထိုအသက်သည်ပင်
ထိုကိုယ်တည်း''ဟူ၍လည်းကောင်း၊
''အသက်သည် တစ်ခြားကိုယ်သည်တစ်ခြားတည်း''ဟူ၍လည်းကောင်း
မြတ်စွာဘုရားသည်
အကယ်၍
မသိသည်ဖြစ်အံ့၊
မသိသော်မမြင်သော်
မသိ မမြင်ဟု
ဝန်ခံခြင်းသည်သာလျှင်
ဖြောင့်မတ်သော
သဘော ဖြစ်၏။
''သတ္တဝါသည်သေသည်မှနောက်၌
ဖြစ်၏''ဟု
မြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်အံ့၊
''သတ္တဝါသည်သေသည်မှနောက်၌
ဖြစ်၏''ဟု
မြတ်စွာဘုရားသည်
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''သတ္တဝါသည်သေသည်မှနောက်၌
မဖြစ်''ဟု
မြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်အံ့၊
''သတ္တဝါသည်သေသည်မှနောက်၌
မဖြစ်''ဟု မြတ်စွာဘုရားသည်
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''သတ္တဝါသည်သေသည်မှနောက်၌
ဖြစ်၏''ဟူ၍လည်းကောင်း၊
''သတ္တဝါသည်
သေသည်မှနောက်၌
မဖြစ်''ဟူ၍လည်းကောင်း
မြတ်စွာဘုရားသည်
အကယ်၍
မသိသည်ဖြစ်အံ့၊
မသိသော်
မမြင်သော်
မသိ
မမြင်ဟုဝန်ခံခြင်းသည်သာလျှင်
ဖြောင့်မတ်သော
သဘောဖြစ်၏။
''သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်လည်းဖြစ်၏၊
ဖြစ်လည်း
မဖြစ်''ဟု
မြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်ငြားအံ့၊
''သတ္တဝါသည့်သေသည်မှနောက်၌
ဖြစ်လည်းဖြစ်၏၊
ဖြစ်လည်းမဖြစ်''ဟု
မြတ်စွာဘုရားသည်
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်၊
မဖြစ်သည်လည်းမဟုတ်''ဟုမြတ်စွာဘုရားသည်
အကယ်၍ သိသည်
ဖြစ်အံ့၊
''သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်၊
မဖြစ်သည်လည်းမဟုတ်''ဟု
မြတ်စွာဘုရားသည်
အကျွန်ုပ်အား
ဟောကြားတော်မူပါ။
''သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း
မဖြစ်''ဟူ၍လည်းကောင်း
''သတ္တဝါသည်သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်''
ဟူ၍လည်းကောင်း
မြတ်စွာဘုရားသည်
အကယ်၍
မသိသည်ဖြစ်အံ့၊
မသိသော်
မမြင်သော်
မသိ မမြင်ဟု
ဝန်ခံခြင်းသည်သာလျှင်ဖြောင့်မတ်သော
သဘောဖြစ်၏ဟု
(လျှောက်ထား၏)။
၁၂၅။
မာလုကျပုတ္တ
ငါသည်
သင့်ကို
''မာလုကျပုတ္တ
သင်လာခဲ့လော့၊
ငါဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်လှည့်လော့၊
'လောကသည်
မြဲ၏ဟူ၍လည်းကောင်း
လောကသည်မမြဲဟူ၍လည်းကောင်း
လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း
လောကသည်အဆုံးမရှိဟူ၍လည်းကောင်း
ထိုအသက်သည်ပင်
ထိုကိုယ်တည်းဟူ၍လည်းကောင်း
အသက်သည်
တခြားကိုယ်သည်
တခြားတည်းဟူ၍လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်၏ဟူ၍လည်းကောင်း၊
သတ္တဝါသည်
သေသည်မှ
နောက်၌
မဖြစ်ဟူ၍ လည်းကောင်း၊
သတ္တဝါသည်
သေသည်မှ
နောက်၌ဖြစ်လည်း
ဖြစ်၏
မဖြစ်လည်း
မဖြစ်ဟူ၍လည်း
ကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌ဖြစ်သည်လည်းမဟုတ်
မဖြစ်သည်လည်းမဟုတ်'ဟူ၍လည်း
ကောင်း သင့်အား
ငါဘုရားဟောကြားအံ့''ဟု
ဤသို့ ဆိုခဲ့ဖူးသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဆိုခဲ့ဖူးပါ
(ဟုလျှောက်၏)။
သင်ကလည်း
ငါ့ကို
''အသျှင်ဘုရား
'လောကသည် မြဲ၏ဟူ၍လည်းကောင်း၊
လောကသည်
မမြဲဟူ၍လည်းကောင်း၊
လောကသည်
အဆုံးရှိ၏ဟူ၍လည်းကောင်း၊
လောကသည်
အဆုံးမရှိဟူ၍လည်းကောင်း၊
ထိုအသက်သည်ပင်
ထိုကိုယ်တည်းဟူ၍လည်းကောင်း၊
အသက်သည်
တစ်ခြား
ကိုယ်သည်
တစ်ခြားတည်းဟူ၍လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်၏ဟူ၍လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
မဖြစ်ဟူ၍လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်လည်း
ဖြစ်၏ မဖြစ်လည်းမဖြစ်ဟူ၍လည်းကောင်း၊
သတ္တဝါသည် သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်
မဖြစ်သည်လည်းမဟုတ်'ဟူ၍လည်းကောင်း
အကျွန်ုပ်အား
မြတ်စွာဘုရား
ဟောကြားငြားအံ့၊
အကျွန်ုပ်သည်
မြတ်စွာဘုရားထံ၌
မြတ်သော ရဟန်းအကျင့်ကို
ကျင့်ပါအံ့''ဟု
ဆိုခဲ့ဖူးသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားမဆိုခဲ့ဖူးပါ
(ဟု
လျှောက်၏)။
မာလုကျပုတ္တ
ဤသို့လျှင်
ငါကလည်း
သင့်ကို ''မာလုကျပုတ္တ
သင်လာခဲ့လော့၊
ငါဘုရားအထံ၌မြတ်သော
အကျင့်ကို
ကျင့်လော့၊
'လောကသည် မြဲ၏ဟူ၍လည်းကောင်း
လောကသည် မမြဲ'
ဟူ၍လည်းကောင်း။ပ။
'သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်
မဖြစ်သည်လည်းမဟုတ်'
ဟူ၍လည်းကောင်း
သင့်အား
ငါဘုရားဟောကြားအံ့''ဟု
မဆိုခဲ့ဖူးပေ။
သင်ကလည်း
ငါ့ကို
''အသျှင်ဘုရား'လောကသည်
မြဲ၏ဟူ၍လည်းကောင်း၊
လောကသည် မမြဲ'ဟူ၍လည်းကောင်း။ပ။
'သတ္တဝါသည်သေသည်
မှ နောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်'
ဟူ၍လည်းကောင်းအကျွန်ုပ်အား
မြတ်စွာဘုရား
ဟောကြားငြားအံ့၊
အကျွန်ုပ်သည်
မြတ်စွာဘုရားအထံ၌
မြတ်သောရဟန်းအကျင့်ကို
ကျင့်ပါအံ့''
ဟူ၍လည်း မဆိုခဲ့ဖူးးပေ၊
(မဂ်ဖိုလ်မှ)
အချည်းနှီးဖြစ်သောယောက်ျားဤသို့ဖြစ်သော်
အဘယ်
သူတောင်းပန်သည်ဖြစ်၍
အဘယ်သူ့ကို
တုံ့ပြန်ပြော
ကြားရမည်နည်း။
၁၂၆။
မာလုကျပုတ္တ
''လောကသည်
မြဲ၏ဟူ၍လည်းကောင်း၊
လောကသည်
မမြဲဟူ၍လည်း
ကောင်း။ပ။
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ် မဖြစ်သည်လည်း
မဟုတ် ဟူ၍
လည်းကောင်း့မြတ်စွာဘုရားသည်
ငါ့အား
မဟောကြားသေးသမျှ
ငါသည်
မြတ်စွာဘုရားအထံ၌
မြတ်
သောရဟန်းအကျင့်ကို
မကျင့်အံ့''ဟု
အကြင်သူက
ဤသို့ ဆိုငြားအံ့၊
မာလုကျပုတ္တ
ထိုသူသည်
ထိုသို့မကျင့်ရသေးမီပင်
သေလေရာ၏၊
ထိုအကြောင်းကို
ဘုရားမဟောထားသည်သာ
ဖြစ်ရာ၏။
မာလုကျပုတ္တ
ဥပမာသော်ကား
ယောက်ျားတစ်ယောက်သည်
ထူထူထဲထဲ
လိမ်းကျံထားသောဆိပ်လူးမြားဖြင့်
အပစ်ခံရသည်
ဖြစ်ရာ၏၊
ထိုယောက်ျား၏
မိတ်ဆွေ
ခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်မြားနုတ်တတ်သော
ဆေးဆရာကို
ပင့်လာကုန်ရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''မြားပစ်သောယောက်ျားကို
'မင်းဟူ၍လည်းကောင်း
ပုဏ္ဏားဟူ၍လည်းကောင်း
ကုန်သည်ဟူ၍လည်းကောင်း
သူဆင်းရဲဟူ၍လည်းကောင်း'
မသိရသေးသမျှ
ငါသည်
ဤမြားကို
မနုတ်အံ့''ဟု
ဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''မြားပစ်သော
ယောက်ျားကို
'ဤသို့သော
အမည်ရှိ၏
ဤသို့သော
အနွယ်ရှိ၏'ဟူ၍
မသိရသေးသမျှ
ငါသည် ဤမြားကို
မနုတ်အံ့''ဟု
ဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''မြားပစ်သော
ယောက်ျားကို 'မြင့်သောသူဟူ၍လည်းကောင်း၊
နိမ့်သောသူဟူ၍လည်းကောင်း၊
အလတ်ဖြစ်
သောသူ'ဟူ၍လည်းကောင်း၊
မသိရသေးသမျှ
ငါသည်
ဤမြားကို
မနုတ်အံ့''ဟု ဆိုရာ၏။
ထိုမြားးမှန်ခံရသော
ယောက်ျားသည်
''မြားပစ်သော
ယောက်ျားကို
'မည်းနက်သောသူဟူ၍လည်းကောင်း၊
ရွှေသောသူဟူ၍လည်းကောင်း၊
ကြမ်းပိုးကျောက်ကုန်းကဲ့သို့
အဆင်းရှိသောသူ'ဟူ၍လည်းကောင်း
မသိရသေးသမျှ
ငါသည်
ဤမြားကို
မနုတ်အံံ့့''ဟု
ဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''မြားပစ်သော
ယောက်ျားကို
'ဤအမည်ရှိသော
ရွာကဟူ၍လည်းကောင်း၊
ဤအမည်ရှိသော
နိဂုံးကဟူ၍လည်းကောင်း၊
ဤအမည်ရှိသော
မြို့ကဟူ၍လည်းကောင်း'
မသိရသေးသမျှ
ငါသည် ဤမြားကိုမနုတ်အံံ့့''ဟု
ဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''ပစ်သော
လေးကို 'လင်းလေးဟူ၍လည်းကောင်း၊
ဒူးလေးဟူ၍လည်းကောင်း'
မသိရသေးသမျှ
ငါသည်
ဤမြားကို
မနုတ်အံ့''ဟု
ဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''ပစ်သောညှို့ကို
မုရိုးလျှော်ညှို့ဖြစ်သည်ကိုလည်းကောင်း၊
ဝါးလျှော်ညှို့
ဖြစ်သည်ကိုလည်းကောင်း၊
အကြောညှို့ဖြစ်သည်ကိုလည်းကောင်း၊
သင်ပန်းလျှော်ညှို့ဖြစ်သည်ကိုလည်းကောင်း
ဥမွန်းနွယ်လျှော်ညှို့ဖြစ်သည်ကိုလည်းကောင်း
မသိရသေးသမျှ
ငါသည်
ဤမြားကို
မနုတ်အံံ့့''ဟုဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်
''ပစ်သောမြားကို
စိုက်ပျိုးမထားသော
ချုံမှဖြစ်သော
မြားဟူ၍လည်းကောင်း
စိုက်ပျိုးထားသော
ချုံမှဖြစ်သော
မြားဟူ၍လည်းကောင်း
မသိရသေးသမျှငါသည်
ဤမြားကို မနုတ်အံ့''ဟု
ဆိုရာ၏။
ထိုမြားခံရသော
ယောက်ျားသည်
''ပစ်သောမြားကိုလင်းတတောင်၊
သို့မဟုတ်
ဘုံမတီးငှက်တောင်၊
သို့မဟုတ်
စွန်ရဲတောင်၊
သို့မဟုတ်
ဥဒေါင်းတောင်၊
သို့မဟုတ်
သိထိလဟနုအမည်ရှိသော
ငှက်တောင်ဖြင့်
မြားရွက်တပ်ထားသည်ဟု
မသိရသေးသမျှ
ငါသည်ဤမြားကို
မနုတ်အံ့''ဟု
ဆိုရာ၏။ ထိုမြားမှန်ခံရသော
ယောက်ျားသည်
''ပစ်သောမြားကို
နွားကြော၊
သို့မဟုတ်
ကျွဲကြော၊
သို့မဟုတ်
ဝံကြော၊
သို့မဟုတ်
မျောက်ကြောဖြင့်
ရစ်ပတ်ထားသည်ဟုမသိရသေး
သမျှ ငါသည်
ဤမြားကို
မနုတ်အံံ့့''ဟု
ဆိုရာ၏။
ထိုမြားမှန်ခံရသော
ယောက်ျားသည်''ပစ်သောမြားကို
ပကတေ့သော
မြားဟူ၍လည်းကောင်း၊
သို့မဟုတ်
သင်တုံး
သွားတပ်ထားသောမြားဟူ၍လည်းကောင်း၊
သို့မဟုတ်
နားတွင်းသို့စူးဝင်နိုင်သော
မြားဟူ၍လည်းကောင်း၊
သို့မဟုတ်အသွားတပ်သော
မြားဟူ၍ လည်းကောင်း၊
သို့မဟုတ်
လေးသောမြားဟူ၍လည်းကောင်း၊
သို့မဟုတ်ကြာမြင့်မှ
ရောက်သော မြားဟူ
၍လည်းကောင်း
မသိရသေးသမျှ
ငါသည် ဤမြားကို
မနုတ်အံံ့့''ဟုဆိုရာ၏။
မာလုကျပုတ္တ
ထိုသို့
မနုတ်ရသေးမီ
ထိုယောက်ျား
သေသော် သေရာ၏၊
ထိုအကြောင်းကိုထိုယောက်ျားသည်
မသိ နိုင်သည်
သာ
ဖြစ်လေရာ၏။ မာလုကျပုတ္တ
ဤဥပမာအတူသာလျှင်အကြင်သူသည်
''လောကသည်
မြဲ၏ဟူ၍လည်း
ကောင်း၊
လောကသည် မမြဲဟူ၍လည်းကောင်း။ပ။
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်
မဖြစ်သည်လည်း့မဟုတ်ဟူ၍လည်းကောင်း၊
မြတ်စွာဘုရားသည်
ငါ့အား
မဟောကြားသေးသမျှ
ငါသည်မြတ်စွာဘုရားအထံ၌
မြတ်သောရဟန်းအကျင့်ကို
မကျင့်အံ့ဟု
ဤသို့
ဆိုငြားအံ့၊
မာလုကျပုတ္တ
ထိုသို့မကျင့်ရသေးမီ
ထိုပုဂ္ဂိုလ်
သေလေရာ၏၊
ထိုအကြောင်းကို
ဘုရားမဟောသည်သာ
ဖြစ်ရာ၏။
၁၂၇။
မာလုကျပုတ္တ
လောကသည်
မြဲ၏ဟု
အယူရှိလတ်သော်
မြတ်သော
အကျင့်ကို
ကျင့်ခြင်း
သည်ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
လောကသည်
မမြဲဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်ခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
လောကသည်
မြဲ၏ဟု
အယူရှိလတ်သော်လည်းကောင်း၊
လောာကသည်
မမြဲဟု
အယူရှိလတ်သော်လည်းကောင်း
ပဋိသန္ဓေနေရခြင်းသည်
ရှိသည်သာတည်း၊
အိုရခြင်းသည်
ရှိသည်သာတည်း၊
သေရခြင်းသည်
ရှိသည်သာတည်း၊
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်း
စိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့သည်
ရှိကုန်သည်သာတည်း၊
ယင်းတရားတို့ကို
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌ပင်
ဖျက်ဆီးရမည်ဟု
ငါပညတ်၏။
မာလုကျပုတ္တ
လောကသည်
အဆုံးရှိ၏ဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်ခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့
အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တလောကသည်
အဆုံးမရှိဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်ခြင်းသည်ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့
အယူရှိလတ်သော်
မဖြစ်နိုင်။
မာလုကျပုတ္တ
လောကသည် အဆုံးရှိ၏ဟုအယူရှိလတ်သော်လည်းကောင်း၊
လောကသည်
အဆုံးမရှိဟု
အယူရှိလတ်သော်လည်းကောင်းပဋိသန္ဓေတည်
နေရခြင်းသည်
ရှိသည်သာ
တည်း၊
အိုရခြင်းသည်
ရှိသည်သာတည်း၊
သေရခြင်းသည်ရှိသည်သာတည်း၊
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်း
စိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့သည်ရှိကုန်သည်သာတည်း၊
ယင်းတရားတို့ကို
မျက်မှောက်သော
ကိုယ်၏
အဖြစ်၌ပင် ဖျက်ဆီးရမည်ဟုငါပညတ်၏။
မာလုကျပုတ္တ
ထိုအသက်သည်ပင်
ထိုကိုယ်တည်းဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကိုကျင့်ခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့ အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
အသက်သည်တခြားကိုယ်သည်
တခြားတည်းဟု
အယူရှိလတ်သော်
မြတ်သော
အကျင့်ကို
ကျင့်ခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့
အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
ထိုအသက်သည်ပင်
ထိုကိုယ်တည်းဟုအယူရှိလတ်သော်လည်းကောင်း၊
အသက်သည်တစ်ခြား
ကိုယ်သည်တစ်ခြားတည်းဟု
အယူရှိလတ်သော်လည်းကောင်း
ပဋိသန္ဓေတည်နေရခြင်းသည်
ရှိသည်သာလျှင်တည်း။ပ။
ဖျက်ဆီးရမည်ဟု
ငါပညတ်၏။
မာလုကျပုတ္တ
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်၏ဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်ခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့
အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
သတ္တဝါသည်သေသည်မှနောက်၌
မဖြစ်ဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်ခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့
အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
သတ္တဝါသည်
သေသည်မှ
နောက်၌ ဖြစ်ရာ၏ဟုအယူရှိလတ်သော်လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
မဖြစ်ဟု
အယူရှိလတ်သော်လည်းကောင်း
ပဋိသန္ဓေတည်နေရခြင်းသည်
ရှိသည်သာတည်း။ပ။
ယင်းတရားတို့ကို
မျက်မှောက်သော
ကိုယ်၏အဖြစ်၌ပင်
ဖျက်ဆီးရမည်ဟု
ငါ ပညတ်၏။
မာလုကျပုတ္တ
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်လည်းဖြစ်၏
ဖြစ်လည်းမဖြစ်ဟု
အယူရှိလတ် သော်မြတ်သောအကျင့်ကို
ကျင့်သုံးခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့
အယူရှိသော် မဖြစ်နိုင်။
မာလုကျပုတ္တ
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်
မဖြစ်သည်လည်းမဟုတ်ဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်သုံးခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့ အယူရှိသော်မဖြစ်နိုင်။
မာလုကျပုတ္တ
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်လည်းဖြစ်၏၊
ဖြစ်လည်းမဖြစ်ဟု
အယူရှိလတ်သော်လည်းကောင်း
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်၊
မဖြစ်သည်လည်း့မဟုတ်ဟု
အယူရှိလတ်သော်
မြတ်သောအကျင့်ကို
ကျင့်သုံးခြင်းသည်
ဖြစ်နိုင်ရာသလောဟူမူ-
ဤသို့အယူရှိသော်
မဖြစ်နိုင်။
မာလုကျပုတ္တ
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်လည်းဖြစ်၏၊
ဖြစ်လည်းမဖြစ်ဟု
အယူရှိလတ်သော်လည်းကောင်း၊
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်းမဟုတ်၊
မဖြစ်သည်လည်းမဟုတ်ဟု
အယူရှိလတ်သော်လည်းကောင်း
ပဋိသန္ဓေ
တည်နေရခြင်းသည်
ရှိသည်သာတည်း။ပ။
ယင်းတရားကို
မျက်မှောက်သောကိုယ်၏
အဖြစ်၌ပင်
ဖျက်ဆီးရမည်ဟု
ငါ ပညတ်၏။
၁၂၈။
မာလုကျပုတ္တ
ထို့ကြောင့်
ဤသာသနာတော်၌
သင်သည် ငါ
မဟောကြားသည်ကိုလည်းမဟောကြားသည့်အတိုင်း
မှတ်သားလော့၊
ငါ ဟောကြားသည်ကိုလည်း
ဟောကြားသည့်အတိုင်းမှတ်သား
လော့၊
မာလုကျပုတ္တ
ငါမဟောကြားသည်မှာ
အဘယ်နည်း-
မာလုကျပုတ္တ
လောကသည်မြဲ၏ဟု
ငါမဟောကြား၊
လောကသည်
မမြဲဟု ငါမဟောကြား၊
လောကသည်
အဆုံးရှိ၏ဟုငါမဟောကြား၊
လောကသည်
အဆုံးမရှိဟု
ငါမဟောကြား၊
ထိုအသက်သည်ပင်
ထိုကိုယ်တည်းဟုငါမဟောကြား၊
အသက်
သည်တခြား
ကိုယ်သည်တခြားဟု
ငါ မဟောကြား၊
သတ္တဝါသည်သေသည်မှနောက်၌
ဖြစ်၏ဟု ငါ
မဟောကြား၊
သတ္တဝါသည်
သေသည်မှနောက်၌
မဖြစ်ဟုငါမဟောကြား၊
သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း မဖြစ်ဟုငါမဟောကြား၊
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟုငါမဟောကြား။
မာလုကျပုတ္တ
ထိုအကြောင်းကို
အဘယ်ကြောင့်
ငါမဟောကြားသနည်း၊
မာလုကျပုတ္တထိုအကြောင်းသည်
အကျိုးစီးပွါးနှင့်
မစပ်၊
မြတ်သောသာသနာတော်၏
အစအနမျှလည်း
မဖြစ်၊
ဝဋ်ဆင်းရဲကို
ငြီးငွေ့ခြင်းငှါ
မဖြစ်နိုင်၊
ရာဂကင်းခြင်းငှါ
မဖြစ်နိုင်၊
ရာဂချုပ်ခြင်းငှါ
မဖြစ်နိုင်၊
ကိလေသာမီးငြိမ်းအေးခြင်းငှါ
မဖြစ်နိုင်၊
ထူးသောဉာဏ်ဖြင့်
သိခြင်းငှါ
မဖြစ်နိုင်၊
သစ္စာလေးပါးကို
သိခြင်းငှါ
မဖြစ်နိုင်၊
ချုပ်ငြိမ်းခြင်းငှါ
မဖြစ်နိုင်၊
ထို့ကြောင့်
ထိုအကြောင်း
အရာကို
ငါဘုရားမဟောကြား။
မာလုကျပုတ္တ
အဘယ်ကို
ငါဘုရားဟောကြားသနည်း-
မာလုကျပုတ္တ
ဤကား
ဆင်းရဲတည်းဟုငါဘုရား
ဟောကြား၏၊
ဤကား
ဆင်းရဲဖြစ်ကြောင်းတည်းဟု
ငါဘုရားဟောကြား၏။
ဤကား
ဆင်းရဲချုပ်ရာတည်းဟု
ငါဘုရားဟောကြား၏။
ဤကား
ဆင်းရဲချုပ်ရာသို့
ရောက်ကြောင်းအကျင့်တည်းဟုငါဘုရားဟောကြား၏။
မာလုကျပုတ္တ
ထိုတရားကို
အဘယ်ကြောင့်
ငါဟောကြားသနည်း-
မာလုကျပုတ္တထိုတရားသည်
အကျိုးစီးပွားနှင့်
စပ်၏၊ ထိုတရားသည်
မြတ်သောအကျင့်ဖြစ်သော
သာသနာတော်၏အစအနဖြစ်၏၊
ဝဋ်ဆင်းရဲ၌
ငြီးငွေ့ခြင်းငှါ
ရာဂကင်းခြင်းငှါ
ရာဂချုပ်ခြင်းငှါ
ကိလေသာမီးအေးငြိမ်းခြင်းငှါ
ထူးသောဉာဏ်ဖြင့်
သိခြင်းငှါ
သစ္စာလေးပါးကို
သိခြင်းငှါ
ချုပ်ငြိမ်းခြင်းငှါ
ဖြစ်၏၊
ထို့ကြောင့်
ထိုတရားကို
ငါဟောကြား၏။ မာလုကျပုတ္တ
ထို့ကြောင့်သာလျှင်
သင်တို့သည်ဤငါမဟောကြားသည်ကို
မဟောကြား
သည့်အတိုင်း
မှတ်ကြကုန်လော့၊
ငါဟောကြားသည်ကိုလည်းဟောကြားသည့်အတိုင်း
မှတ်သားကြကုန်
လော့ဟု
မြတ်စွာဘုရားသည်
ဤတရားတော်ကိုမိန့်ကြားတော်မူ၏။
အသျှင်မာလုကျပုတ္တသည်
မြတ်စွာ
ဘုရား၏
တရားတော်ကိုနှစ်ခြိုက်ဝမ်းမြောက်လေ၏။
သုံးခုမြောက်
စူဠမာလုကျသုတ်
ပြီး၏။
------
၄-မဟာမာလုကျသုတ်
၁၂၉။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
ရဟန်းတို့ဟု
ခေါ်တော်မူ၏။
ရဟန်းတို့က
အသျှင်ဘုရားဟု
ပြန်ကြားလျှောက်ထားကြကုန်၏။
မြတ်စွာဘုရားသည်
''ရဟန်းတို့သင်တို့သည်
ငါဟောကြားထားသော
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါးတို့ကို
မှတ်မိကြကုန်၏လော''ဟု
မိန့်တော်မူ၏။
ဤသို့
မိန့်တော်မူသော်
အသျှင်မာလုကျပုတ္တသည်
''အသျှင်ဘုရား
တပည့်တော်သည်
မြတ်စွာ
ဘုရားဟောကြားထားသော
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါးတို့ကို
မှတ်သားမိပါ၏''ဟု
မြတ်စွာဘုရားအား
လျှောက်ထား၏။
မာလုကျပုတ္တ
သင်သည်
အဘယ်သို့သော
အခြင်းအရာအား
ဖြင့်ငါဟောကြားထားသော
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါးတို့ကို
မှတ်သားမိ
သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်သည်
သက္ကာယဒိဋ္ဌိ
'မိမိကိုယ်ကောင်၌
ငါဟု
စွဲယူမှု'
ကိုအောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ဟု
မြတ်စွာဘုရား
ဟောထားသည်ကို
မှတ်သား
မိပါ၏။
အသျှင်ဘုရား
အကျွန်ုပ်သည်
ဝိစိကိစ္ဆာ
'ယုံမှားမှု'ကို
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ဟုမြတ်စွာဘုရား
ဟောထားသည်ကို
မှတ်သားမိပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
သီလဗ္ဗတပရာမာသ'အလေ့အကျင့်တို့၌
အမှားသုံးသပ်မှု'ကို
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ဟု
မြတ်စွာဘုရားဟောထားသည်ကို
မှတ်သားမိပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
ကာမစ္ဆန္ဒ
'ကာမဂုဏ်တို့၌လိုလားမှု'
ကို
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ဟု
မြတ်စွာဘုရား
ဟော
ထားသည်ကိုမှတ်သားမိပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
ဗျာပါဒ 'ဖျက်ဆီးလိုမှု'ကို
အောက်တန်း၌ဖြစ်စေတတ်သည့်
သံယောဇဉ်ဟု
မြတ်စွာဘုရား
ဟောထားသည်ကို
မှတ်သားမိပါ၏၊
အသျှင်ဘုရားအကျွန်ုပ်သည်
ဤသို့လျှင်
မြတ်စွာဘုရား
ဟောကြားထားသော
အောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို
မှတ်သားမိပါ၏ဟု
(လျှောက်၏)။
မာလုကျပုတ္တ
သင်သည်
အဘယ်မည်သောသူအား
ဤသို့
အောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို
ငါဟောကြားထားသည်ကို
မှတ်သားမိသနည်း။
မာလုကျပုတ္တ
အယူတစ်ပါးရှိကြသော
ပရိဗိုဇ်တို့သည်
သူငယ်လျှင်
ဥပမာရှိသော
ဤဆိုမည့်
စွပ်စွဲခြင်းဖြင့်
စွပ်စွဲကြကုန်မည်
မဟုတ်လော။
မာလုကျပုတ္တ
ပက်လက်အိပ်အရွယ်
လူမမယ်ဖြစ်သော
ကလေးသူငယ်အား
ငါ့ကိုယ်ကောင်ဟူ၍မျှလည်း
မဖြစ်သေး၊
ထိုသူငယ်အား
ငါ့ကိုယ်ကောင်၌
ငါဟု
စွဲယူမှုသည်ကား
အဘယ်မှာဖြစ်နိုင်အံ့နည်း၊
(သို့ရာတွင်)
ထိုသူငယ်အား
ငါ့ကိုယ်ကောင်၌
ငါဟု
စွဲယူမှု အကိန်းဓာတ်ကား
ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ
ပက်လက်အိပ်အရွယ်
လူမမယ်ဖြစ်သော
ကလေးသူငယ်အား
သဘာဝဓမ္မတို့
ဟူ၍မျှလည်း
မဖြစ်သေး၊
ထိုသူငယ်အား
သဘာဝဓမ္မတို့၌
ယုံမှားမှု
အဘယ်မှာ
ဖြစ်နိုင်ပါအံ့နည်း၊
(သို့ရာတွင်)
ထိုသူငယ်အား
ယုံမှားမှု
အကိန်းဓာတ်ကား
ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ
ပက်လက်အိပ်အရွယ်
လူမမယ်ဖြစ်သော
ကလေးသူငယ်အား
အလေ့ဟူ၍မျှလည်း
မဖြစ်သေး၊
ထိုသူငယ်အား
အလေ့တို့၌
အလေ့အကျင့်ကို
အမှားသုံးသပ်မှုသည်
အဘယ်မှာ
ဖြစ်နိုင်ပါအံ့နည်း၊
(သို့ရာတွင်)
ထိုသူငယ်အား
အလေ့အကျင့်တို့၌
အမှားသုံးသပ်မှု
အကိန်းဓာတ်ကား
ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ
ပက်လက်အိပ်အရွယ်
လူမမယ်ဖြစ်သော
ကလေးသူငယ်အား
ကာမဂုဏ်တို့ဟူ၍မျှလည်း
မဖြစ်သေး၊
ထိုသူငယ်အား
ကာမဂုဏ်တို့၌
လိုလားမှု
အဘယ်မှာ
ဖြစ်နိုင်ပါအံ့နည်း၊
(သို့ရာတွင်)
ထိုသူငယ်အား
ကာမဂုဏ်တို့၌
လိုလားမှု
အကိန်းဓာတ်ကား
ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ
ပက်လက်အိပ်အရွယ်
လူမမယ်ဖြစ်သော
ကလေးသူငယ်အား
သတ္တဝါတို့ဟူ၍မျှလည်း
မဖြစ်သေး၊
ထိုသူငယ်အား
သတ္တဝါတို့၌
ဖျက်ဆီးလိုမှု
အဘယ်မှာ
ဖြစ်နိုင်ပါအံ့နည်း၊
(သို့ရာတွင်)
ထိုသူငယ်အား
သတ္တဝါတို့၌
ဖျက်ဆီးလိုမှု
အကိန်းဓာတ်ကား
ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ
အယူတစ်ပါး
ရှိကြသော
ပရိဗိုဇ်တို့သည်
သူငယ်လျှင်
ဥပမာရှိသော
ဤဆိုခဲ့ပြီးသည့်
စွပ်စွဲခြင်းဖြင့်
စွပ်စွဲကြကုန်မည်
မဟုတ်လောဟု
(မေးတော်မူ၏)။
ဤသို့
မိန့်တော်မူသော်
အသျှင်အာနန္ဒာသည်
''မြတ်စွာဘုရား
အောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို
မြတ်စွာဘုရား
ဟောကြားတော်မူဖို့ရန်
အခါပါတည်း၊
ကောင်းသောစကားကိုဆိုတော်မူတတ်သော
မြတ်စွာဘုရား
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါးတို့ကို
မြတ်စွာဘုရား
ဟောကြားတော်မူဖို့ရန်
အခါပါတည်း၊
မြတ်စွာဘုရားအထံမှ
ကြားနာကြရ၍
ရဟန်းတော်တို့သည်
မှတ်သားကြရပါကုန်လတ္တံ့''ဟု
မြတ်စွာဘုရားအား
လျှောက်ထား၏။
အာနန္ဒာ
ထိုသို့ဖြစ်မူ
နာလော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ကောင်းပါပြီဟုအသျှင်
အာနန္ဒာသည်
မြတ်စွာဘုရားအား
ပြန်၍ လျှောက်ကြား၏။
မြတ်စွာဘုရားသည်
ဤသို့မိန့်တော်မူ၏-
၁၃၀။
အာနန္ဒာ
အရိယာပုဂ္ဂိုလ်တို့ကို
ပညာမျက်စိဖြင့်
မမြင်သော,
အရိယာပုဂ္ဂိုလ်တို့၏
တရား၌ မလိမ္မာသော,
အရိယာပုဂ္ဂိုလ်တို့၏
တရား၌
မဆုံးမအပ်သေးသော၊
သူတော်ကောင်းတို့ကို
မဖူးမြင်သော,
သူတော်
ကောင်းတို့၏
တရား၌
မလိမ္မာသော, သူတော်ကောင်းတို့၏
တရား၌
မဆုံးမအပ်သေးသော,
အကြားအမြင်
မရှိသော
ပုထုဇဉ်
ပုဂ္ဂိုလ်သည်
မိမိကိုယ်ကောင်၌
ငါဟု
စွဲယူမှုမြှေးယှက်နေသော
မိမိကိုယ်ကောင်၌
ငါဟု
စွဲယူမှု
ဖြစ်၍နေသော
စိတ်ဖြင့် နေထိုင်၏၊
ဖြစ်ပေါ်လာသော
သက္ကာယဒိဋ္ဌိ
'မိမိကိုယ်ကောင်၌
ငါဟု
စွဲယူမှု'၏
ထွက်မြောက်ရာကိုလည်း
ဟုတ်တိုင်းမှန်စွာ
မသိ။ ထိုပုဂ္ဂိုလ်၏
အားစွမ်းရှိနေသော
မပယ်ဖျက်ရသေးသော
ထိုမိမိကိုယ်ကောင်၌
ငါဟုစွဲယူမှုသည်
အောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်မည်၏။
ယုံမှားမှု
မြှေးယှက်နေသော
ယုံမှားမှု ဖြစ်၍နေသော
စိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသော
ဝိစိကိစ္ဆာ'ယုံမှားမှု'
၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။ ထိုပုဂ္ဂိုလ်၏
အားစွမ်းရှိနေသောမပယ်ဖျက်ရသေးသော
ထိုယုံမှားမှုသည်
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်မည်၏။
အလေ့အကျင့်၌
အမှားသုံးသပ်ခြင်းမြှေးယှက်နေသော
အလေ့အကျင့်၌
အမှားသုံးသပ်ခြင်းဖြစ်၍
နေသောစိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသော
သီလဗ္ဗတပရာမာသ
'အလေ့အကျင့်
အမှားသုံးသပ်မှု'
၏ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။ ထိုပုဂ္ဂိုလ်၏
အားစွမ်းရှိနေသော
မပယ်ဖျက်ရသေးသောထိုအလေ့အကျင့်၌
အမှားသုံးသပ်မှုသည်
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်မည်၏။
ကာမဂုဏ်တပ်မက်မှု
မြှေးယှက်နေသော
ကာမဂုဏ်တပ်မက်မှုဖြစ်၍နေသော
စိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသော
ကာမရာဂ
'ကာမဂုဏ်တပ်မက်မှု'၏
ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။
ထိုပုဂ္ဂိုလ်၏
အားစွမ်းရှိနေသော
မပယ်ဖျက်ရသေးသော
ထိုကာမဂုဏ်တပ်မက်မှုသည်
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်မည်၏။
ဖျက်ဆီးလိုမှုမြှေးယှက်နေသော
ဖျက်ဆီးလိုမှုဖြစ်၍နေသော
စိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသောဗျာပါဒ
'ဖျက်ဆီးလိုမှု'၏
ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။
ထိုပုဂ္ဂိုလ်၏
အားစွမ်းရှိနေသော
မပယ်ဖျက်ရသေးသော
ထိုဖျက်ဆီးလိုမှုသည်
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
မည်၏။
၁၃၁။
အာနန္ဒာ
အရိယာပုဂ္ဂိုလ်တို့ကို
ပညာမျက်စိဖြင့်
မြင်သော,
အရိယာပုဂ္ဂိုလ်တို့၏
တရား၌လိမ္မာသော,
အရိယာပုဂ္ဂိုလ်တို့၏
တရား၌ ဆုံးမအပ်ပြီသော၊
သူတော်ကောင်းတို့ကို
မြင်သော,
သူတော်ကောင်းတရား၌
လိမ္မာသော,
သူတော်ကောင်းတို့၏
တရား၌
ဆုံးမအပ်ပြီးသော,
အကြားအမြင်ရှိသော
အရိယာ၏
တပည့်သည်
မိမိကိုယ်ကောင်၌
ငါဟု
စွဲယူမှု
မမြှေးယှက်သော
မိမိကိုယ်ကောင်၌
ငါဟုစွဲယူမှုမဖြစ်သော
စိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသော
သက္ကာယဒိဋ္ဌိ
'မိမိကိုယ်ကောင်၌
ငါဟု
စွဲယူမှု'၏ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။
ထိုသူအား
ထိုသက္ကာယဒိဋ္ဌိ
'မိမိကိုယ်ကောင်၌
ငါဟုစွဲယူမှု'
သည် အနုသယနှင့်တကွ
ပျောက်ကင်း၏။
ယုံမှားမှု
မမြှေးယှက်သော
ယုံမှားမှုမဖြစ်သော
စိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသောဝိစိကိစ္ဆာ့'ယုံမှားမှု'၏
ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။
ထိုသူအား
ထိုဝိစိကိစ္ဆာ
'ယုံမှားမှု'
သည်အနုသယနှင့်တကွ
ပျောက်ကင်း၏။
အလေ့အကျင့်၌
အမှားသုံးသပ်မှု
မမြှေးယှက်သော
အလေ့အကျင့်၌
အမှားသုံးသပ်မှုမဖြစ်သော
စိတ်ဖြင့်နေထိုင်၏၊
ဖြစ်ပေါ်လာသော
သီလဗ္ဗတပရာမာသ
'အလေ့အကျင့်၌
အမှားသုံးသပ်မှု'
၏ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။ ထိုသူအား
ထိုသီလဗ္ဗတပရာမာသ
'အလေ့အကျင့်၌အမှားသုံးသပ်မှု'
သည်
အနုသယနှင့်
တကွ ပျောက်ကင်း၏။
ကာမဂုဏ်တပ်မက်မှု
မမြှေးယှက်သော
ကာမဂုဏ်တပ်မက်မှုမဖြစ်သော
စိတ်ဖြင့်
နေထိုင်၏၊ ဖြစ်ပေါ်လာသော
ကာမရာဂ'ကာမဂုဏ်တပ်မက်မှု'
၏
ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။
ထိုသူအား ထိုကာမရာဂ
'ကာမဂုဏ်တပ်မက်မှု'သည်
အနုသယနှင့်တကွ
ပျောက်ကင်း၏။
ဖျက်ဆီးလိုမှု
မမြှေးယှက်သော
ဖျက်ဆီးလိုမှုမဖြစ်သော
စိတ်ဖြင့်
နေထိုင်၏၊
ဖြစ်ပေါ်လာသော
ဗျာပါဒ'ဖျက်ဆီးလိုမှု'
၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။
ထိုသူအား ထိုဗျာပါဒ
'ဖျက်ဆီးလိုမှု'သည်
အနုသယနှင့်တကွ
ပျောက်ကင်း၏။
၁၃၂။
အာနန္ဒာ
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
ပယ်ဖျောက်ရန်ဖြစ်သောလမ်းကြောင်းအကျင့်ကို
မစွဲယူ
မကျင့်ကြံမူ၍
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
သိနိုင်
မြင်နိုင်
ပယ်သတ်နိုင်ရာသော
အကြောင်းသည်
မရှိသည်သာတည်း။
အာနန္ဒာ
ဥပမာသော်ကား
တည်တံ့နေသော
အနှစ်ရှိသော
သစ်ပင်ကြီး၏
အခွံနှင့်အကာကို
မဖြတ်ဘဲ
အနှစ်ကို
ဖြတ်နိုင်ရာသော
အကြောင်းသည်
မရှိနိုင်သကဲ့သို့
ဤအတူသာလျှင်
အောက်တန်း၌ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
ပယ်သတ်ရန်ဖြစ်သော
လမ်းကြောင်းအကျင့်ကို
မစွဲယူ
မကျင့်ကြံမူ၍
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
သိနိုင်
မြင်နိုင်
ပယ်သတ်နိုင်ရာသော
အကြောင်းသည်
မရှိသည်သာတည်း။
အာနန္ဒာ
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
ပယ်စွန့်ရန်ဖြစ်သောလမ်းကြောင်း
အကျင့်ကို
စွဲယူကျင့်ကြံ၍
အောက်တန်း၌ ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကိုသိနိုင်
မြင်နိုင်
ပယ်နိုင်ရာသော
အကြောင်းသည်
ရှိသည်သာတည်း။
အာနန္ဒာ
ဥပမာသော်ကား
တည်တံ့နေသော
အနှစ်ရှိသော
သစ်ပင်ကြီး၏
အခွံနှင့်
အကာကိုဖြတ်ပြီးမှသာလျှင်
အနှစ်ကို
ဖြတ်နိုင်ရာသော
အကြောင်းသည်
ရှိနိုင်ရာသကဲ့သို့
ဤအတူသာလျှင်အောက်
တန်း၌ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
ပယ်စွန့်ရန်ဖြစ်သော
လမ်းကြောင်းအကျင့်ကိုစွဲယူ
ကျင့်ကြံပြီးမှသာလျှင်
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
သိနိုင်
မြင်နိုင်ပယ်နိုင်ရာသော
အကြောင်းသည်
ရှိသည်သာတည်း။
အာနန္ဒာ
ဥပမာတစ်နည်းသော်ကား
ဂင်္ဂါမြစ်သည်
ရေပြည့်၏၊
ကမ်းနှင့်ညီမျှ၏၊
ကျီးငုံ့သောက်
နိုင်၏၊
ထိုအခါ
အားနည်းသော
ယောက်ျားတစ်ယောက်သည်
''ငါသည်
ဤဂင်္ဂါမြစ်၏
ရေအလျဉ်ကို
လက်ရုံးဖြင့်ဖြတ်၍
ဖီလာကန့်လန့်ပင်
ကမ်းတစ်ဖက်သို့
ချမ်းသာစွာ
ကူးအံ့''ဟု
ဆို၍ လာရာ၏၊
ထိုယောက်ျားသည်
ဂင်္ဂါမြစ်၏
ရေအလျဉ်ကို
လက်ရုံးဖြင့်
ဖြတ်၍
ဖီလာကန့်လန့်
ကမ်းတစ်ဖက်သို့ချမ်းသာစွာ
ကူးခြင်းငှါ
မစွမ်းနိုင်ရာသကဲ့သို့
ဤအတူသာလျှင်
မည်သည့်ပုဂ္ဂိုလ်တို့အား
မဆို
မိမိကိုယ်ကောင်ချုပ်ငြိမ်းစိမ့်သောငှါ
တရားဟောသည်ရှိသော်
စိတ်သည်
မသက်ဝင်၊ မကြည်လင်၊
ကောင်းစွာမတည်၊
လွတ်လွတ်မဝင်၊
ဤသူတို့ကို
ထိုအားနည်းသော
ယောက်ျားကဲ့သို့
မှတ်ရမည်။
အာနန္ဒာ
ဥပမာသော်ကား
ဂင်္ဂါမြစ်သည်
ရေပြည့်၏၊
ကမ်းနှင့်ညီမျှ၏၊
ကျီးငုံ့သောက်နိုင်၏၊
ထိုအခါအားကောင်းသော
ယောက်ျားတစ်ယောက်သည်
''ငါသည်
ဤဂင်္ဂါမြစ်၏
ရေအလျဉ်ကို
လက်ရုံးဖြင့်
ဖြတ်၍ဖီလာကန့်လန့်ပင်
ကမ်းတစ်ဖက်သို့
ချမ်းသာစွာ
ကူးအံ့''ဟု
ဆို၍ လာရာ၏။
ထိုယောက်ျား
သည့်ဂင်္ဂါမြစ်၏
ရေအလျဉ်ကို လက်ရုံးဖြင့်
ဖြတ်၍
ဖီလာကန့်လန့်
ကမ်းတစ်ဖက်သို့
ချမ်းသာစွာ
ကူးခြင်းငှါစွမ်းနိုင်ရာသကဲ့သို့
ဤအတူသာလျှင်
မည်သည့်ပုဂ္ဂိုလ်တို့အားမဆို
မိမိကိုယ်ကောင်
ချုပ်ငြိမ်း
စိမ့်သောငှါတရားဟောသည်ရှိသော်
စိတ်သည်
သက်ဝင်၏၊
ကြည်လင်၏၊
ကောင်းစွာတည်၏၊
လွတ်လွတ်
ဝင်၏၊
ဤသူတို့ကို ထိုအားရှိသော
ယောက်ျားကဲ့သို့
မှတ်ရမည်။
၁၃၃။
အာနန္ဒာ
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
ပယ်စွန့်ရန်လမ်းကြောင်းကား
အဘယ်နည်း၊
အကျင့်ကား
အဘယ်နည်း၊
အာနန္ဒာ
ဤသာသနာတော်၌
ရဟန်းသည်ကာမဂုဏ်
ကင်းဆိတ်ခြင်းဖြင့်
အကုသိုလ်တရားတို့ကို
ပယ်ခြင်းကြောင့်
အချင်းခပ်သိမ်း
ကိုယ်လေးတွဲခြင်းတို့၏
ငြိမ်းခြင်းကြောင့်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင်
ဝိတက်နှင့်လည်း
တကွ,
ဝိစာရနှင့်လည်း
တကွဖြစ်သော၊
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊
ပီတိ
သုခရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုသမာပတ်၌
ပါဝင်သော
ရုပ် ဝေဒနာ
သညာ သင်္ခါရ
ဝိညာဏ်တရားတို့ကိုမမြဲသောအားဖြင့်
ဆင်းရဲသောအားဖြင့်
ရောဂါအားဖြင့်
အိုင်းအမာအားဖြင့်
မြားငြောင့်အားဖြင့်
မချမ်းသာသောအားဖြင့်
အနာအားဖြင့်
သူစိမ်းပြင်ပအားဖြင့်
ပျက်စီးတတ်သောအားဖြင့်
သတ္တမှကင်းသောအားဖြင့်
အနှစ်အသားမရှိသော
အားဖြင့်
ကောင်းစွာ
ရှု၏၊
ထိုရဟန်းသည်
ထိုခန္ဓာငါးပါးတို့မှ
စိတ်ကို
ကွာစေ၏၊
ထိုရဟန်းသည်
ထိုခန္ဓာငါးပါး
တရားတို့မှ
စိတ်ကို
ကွာစေ၍
''သင်္ခါရအားလုံးတို့၏ငြိမ်းရာ
ဥပဓိအားလုံးတို့ကိုစွန့်လွှတ်ရာ
တောင့်တမှုကုန်ရာ
တပ်မက်မှုကင်းရာ
ချုပ်ငြိမ်းရာ
နိဗ္ဗာန်သည်
ငြိမ်သက်၏ မွန်မြတ်၏''ဟု
အမြိုက်ဓာတ်သို့
စိတ်ကို ရှေးရှုဆောင်၏၊
ထိုရဟန်းသည်
ထိုဝိပဿနာ၌
တည်လျက်
အာသဝေါတရားကုန်ခြင်းသို့
ရောက်၏၊ အာသဝေါကုန်ခြင်းသို့
အကယ်၍
မရောက်သည်ဖြစ်အံ့၊
ထိုဝိပဿနာတရား၌
တပ်မက်မှုဖြင့်,
ထိုဝိပဿနာတရား၌
နှစ်သက်ခြင်းဖြင့်
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်ပဋိသန္ဓေနေသော
ဗြဟ္မာဖြစ်၏၊
ထိုဗြဟ္မာ့ပြည်၌ပင်လျှင်
ပရိနိဗ္ဗာန်ပြုရ၏၊
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ခြင်းသဘောမရှိချေ။
အာနန္ဒာအောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်
ငါးပါးတို့ကို
ပယ်စွန့်ရန်
ဤသည်ကား လမ်းကြောင်းတည်း၊
ဤသည်ကား
အကျင့်တည်း။
အာနန္ဒာ
ထိုမှတစ်ပါး
ဝိတက်ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍နေ၏။ပ။
တတိယဈာန်သို့။ပ။
စတုတ္ထဈာန်သို့
ရောက်၍နေ၏၊
ထိုရဟန်းသည်
ထိုသမာပတ်၌
ပါဝင်သော
ရုပ်ဝေဒနာ
သညာ သင်္ခါရ
ဝိညာဏ်တရားတို့ကို။ပ။
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ခြင်းသဘောမရှိတော့ချေ။
အာနန္ဒာ အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါးတို့ကို
ပယ်စွန့်ရန်
ဤသည်ကား
လမ်းကြောင်းတည်း၊
ဤသည်ကား
အကျင့်တည်း။
အာနန္ဒာ
ထိုမှတစ်ပါး
ရဟန်းသည်
ခပ်သိမ်းသော
အခြင်းအရာအားဖြင့်
ရူပသညာတို့ကို
လွန်မြောက်ခြင်းကြောင့်
ပဋိဃသညာတို့၏
ချုပ်ငြိမ်းခြင်းကြောင့်
အထူးထူးသော
သညာတို့ကိုနှလုံးမသွင်းမူ၍
''ကောင်း
ကင်သည်
အဆုံးမရှိ''ဟု
ပွါးများလျက်
အာကာသာနဉ္စာယတနဈာန်သို့ရောက်၍
နေ၏။
ထိုရဟန်းသည်
ထိုသမာပတ်၌
ပါဝင်သော
ဝေဒနာ သညာ
သင်္ခါရ
ဝိညာဏ်တရားတို့ကို။ပ။
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ခြင်းသဘော
မရှိတော့ချေ။
အာနန္ဒာ
အောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို
ပယ်စွန့်ရန်
ဤသည်ကား
လမ်းကြောင်းတည်း၊
ဤသည်ကား
အကျင့်တည်း။
အာနန္ဒာ
ထိုမှတစ်ပါး
ရဟန်းသည်
အလုံးစုံအားဖြင့်
အာကာသနဉ္စာယတနဈာန်ကို
လွန်မြောက်၍''ပဌမာ
ရုပ္ပဝိညာဏ်သည်
အဆုံးမရှိ''ဟု
စီးဖြန်းလျက်
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍ နေ၏၊
ထိုရဟန်းသည်
ထိုသမာပတ်၌
ပါဝင်သော
ဝေဒနာ သညာ
သင်္ခါရ
ဝိညာဏ်တရားတို့ကို။ပ။
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ခြင်း
သဘောမရှိတော့ချေ။
အာနန္ဒာ
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်ငါးပါး့တို့ကို
ပယ်စွန့်ရန်
ဤသည်ကား
လမ်းကြောင်းတည်း၊
ဤသည်ကား
အကျင့်တည်း။
အာနန္ဒာ
ထိုမှတစ်ပါး
ရဟန်းသည်
ခပ်သိမ်းသော
အခြင်းအရာအားဖြင့်
ဝိညာဏဉ္စာယတနဈာန်ကိုလွန်မြောက်၍
''တစ်စုံတစ်ခုစိုးစဉ်းမျှ
မရှိ''ဟု
ပွါးများလျက်
အာကိဉ္စညာယတနဈာန်သို့
ရောက်၍နေ၏။
ထိုရဟန်းသည်
ထိုသမာပတ်၌ ပါဝင်သော
ဝေဒနာ သညာ
သင်္ခါရ
ဝိညာဏ်တရားတို့ကို။ပ။
ထိုဗြဟ္မာ့ပြည်
မှ
ပြန်လည်ခြင်းသဘောမရှိတော့ချေ။
အာနန္ဒာ
အောက်တန်း၌
ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို
ပယ်စွန့်ရန်
ဤသည်ကား
လမ်းကြောင်းတည်း၊
ဤသည်ကား
အကျင့်တည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အောက်တန်း၌
ဖြစ်စေတတ်သည့်
သံယောဇဉ်
ငါးပါးတို့ကို
ပယ်စွန့်ရန်
ဤသည်ပင်လမ်းကြောင်း,
ဤသည်ပင်
အကျင့်ဖြစ်ပါမူ
ဤသာသနာတော်၌
အဘယ့်ကြောင့်
အချို့သော ရဟန်းတို့သည်
စေတောဝိမုတ္တိဖြစ်ကုန်၍
အချို့သော
ရဟန်းတို့သည်
ပညာဝိမုတ္တိဖြစ်ပါကုန်သနည်းဟု
(လျှောက်၏)။
အာနန္ဒာ
ဤအရာ၌ ဣန္ဒြေထူးခြားသည်၏
အဖြစ်ကို
စွဲ၍ ဤသို့
ဖြစ်၏ဟူ၍
ငါဟော၏ဟုမြတ်စွာ
ဘုရားသည်
ဤစကားကို
မိန့်တော်မူ၏။
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရား၏
တရားတော်ကိုနှစ်ခြိုက်
ဝမ်းမြောက်လေ၏။
လေးခုမြောက်
မဟာမာလုကျသုတ်
ပြီး၏။
------
၅-ဘဒ္ဒါလိသုတ်
၁၃၄။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
''ရဟန်းတို့''ဟုခေါ်တော်မူ၏။
ထိုရဟန်းတို့သည်
''အသျှင်ဘုရား''ဟု
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကြကုန်၏။
မြတ်စွာဘုရားသည်
ဤသို့
မိန့်တော်မူ၏-
''ရဟန်းတို့
ငါသည်ကား တစ်ထပ်တည်းသောအစာကို
စား၏၊
ရဟန်းတို့
ငါသည်
တစ်ထပ်တည်းသော
အစာကို
စားသည်ရှိသော်
အနာကင်းသောအဖြစ်ကိုလည်းကောင်း၊
ကြောင့်ကြကင်းသော
အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်သော
အဖြစ်ကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းရှိသည်ကိုလည်းကောင်း
သိရ၏။
ရဟန်းတို့
လာကြကုန်လော့၊
သင်တို့လည်း
တစ်ထပ်တည်းသော
အစာကို စားကြကုန်လော့၊
ရဟန်းတို့သင်တို့လည်း
တစ်ထပ်တည်းသော
အစာကို
စားကြကုန်သည်ရှိသော်
အနာကင်းသော
အဖြစ်ကိုလည်းကောင်း၊
ကြောင့်ကြကင်းသော
အဖြစ်ကိုလည်းကောင်း၊
လျင်စွာ ထနိုင်သည့်
အဖြစ်ကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းရှိသည့်အဖြစ်ကိုလည်းကောင်း
သိကြကုန်လတ္တံ့''ဟု
မိန့်တော်မူ၏။
ဤသို့
မိန့်တော်မူသော်
အသျှင်ဘဒ္ဒါလိသည်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
အကျွန်ုပ်သည်ကား
တစ်ထပ်တည်းသော
အစာကို
စားခြင်းငှါ
မစွမ်းနိုင်ပါ၊
အသျှင်ဘုရား
တစ်ထပ်တည်းသော
အစာကိုစားခြင်းကို
စားသည်ရှိသော်
တပည့်တော်အား
တွေးတောယုံမှားမှု
ဖြစ်ရာပါ၏၊
နှလုံးမသာမှု
ဖြစ်ရာပါ၏''ဟု
လျှောက်၏။
ဘဒ္ဒါလိ
ထိုသို့ဖြစ်မူ
သင်သည် ဖိတ်ထားရာအရပ်တို့၌
တစ်စိတ်တစ်ဝက်ကို
စားပြီးလျှင်
တစ်စိတ်တစ်ဝက်ကို
ဆောင်ယူ၍သော်လည်း
စားရာ၏၊
ဘဒ္ဒါလိ
ဤသို့
စားသော်လည်း
တစ်ထပ်တည်းသော
အစာကို စားခြင်းသာဖြစ်၍
မျှတလတ္တံ့ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ဤသို့
စားခြင်းငှါလည်း
အကျွန်ုပ်
မစွမ်းနိုင်ပါ၊
အသျှင်ဘုရား
ဤသို့
စားသော်လည်း
အကျွန်ုပ်အား
တွေးတောယုံမှားမှုဖြစ်ရာပါ၏၊
နှလုံးမသာမှု
ဖြစ်ရာပါ၏ဟု
(လျှောက်၏)။
ထိုအခါ
မြတ်စွာဘုရား
သိက္ခာပုဒ်
ပညတ်တော်မူသော်
ရဟန်းအပေါင်းသည်
သိက္ခာကို
ဆောက်တည်နေပါလျက်
အသျှင်ဘဒ္ဒါလိသည်ကား
အားမထုတ့်နိုင်ခြင်းကို
ပြောကြား၏။
ထိုအခါ
အသျှင်ဘဒ္ဒါလိသည်
ထိုသုံးလပတ်လုံး
မြတ်စွာဘုရားနှင့်
လုံးဝအတွေ့အမြင်မခံတော့ပေ။
မြတ်စွာဘုရားသာသနာတော်၌
သိက္ခာကို
မဖြည့်ကျင့်သူတို့ကဲ့သို့ပင်တည်း။
၁၃၅။
ထိုအခါ
များစွာသော
ရဟန်းတို့သည်
''သင်္ကန်းကိစ္စပြီးဆုံးလတ်သော်
သုံးလလွန်သော
အခါ၌မြတ်စွာဘုရားသည်
ဒေသစာရီကြွတော်မူလတ္တံ့''ဟု
နှလုံးသွင်းကာ
မြတ်စွာဘုရား၏
သင်္ကန်းကိစ္စကိုပြုကြကုန်၏။
ထိုအခါ
အသျှင်ဘဒ္ဒါလိသည်
ရဟန်းတို့ရှိရာအရပ်သို့
ချဉ်းကပ်၍
ထိုရဟန်းတို့နှင့်
အတူ ထိုင်နေ၏၊
သင့်လျော်ရာ၌
ထိုင်နေသော
အသျှင်ဘဒ္ဒါလိကို
ထိုရဟန်းတို့က-
''ငါ့သျှင်ဘဒ္ဒါလိ
မြတ်စွာဘုရား၏အကျိုးငှါ
သင်္ကန်းကိစ္စကို
ပြု၍
သင်္ကန်းကိစ္စပြီးဆုံးလတ်သော်
သုံးလလွန်သောအခါ၌
မြတ်စွာဘုရားသည်ဒေသစာရီ
ကြွတော်မူလတ္တံ့၊
ငါ့သျှင်ဘဒ္ဒါလိ
ငါတို့
တိုက်တွန်း၏၊
ထိုအပြစ်ကို
ကောင်းစွာနှလုံးသွင်းလော့၊
နောက်မှ သင့်အား
အခက်ကြုံခြင်း
မဖြစ်စေလင့်''ဟု
ပြောဆိုကြကုန်၏။
အသျှင်ဘဒ္ဒါလိသည်
''ငါ့သျှင်တို့
ကောင်းပါပြီ''ဟု
ထိုရဟန်းတို့အား
ပြန်ကြား၍
မြတ်စွာဘုရားရှိတော်မူရာသို့
ချဉ်းကပ်ပြီးလျှင်
မြတ်စွာဘုရားကို
ရိုသေစွာရှိခိုးလျက်
သင့်လျော်ရာ၌
ထိုင်နေ၏၊
သင့်လျော်ရာ၌
ထိုင်နေပြီးသော်
အသျှင်ဘဒ္ဒါလိသည်
မြတ်စွာဘုရားအား-''အသျှင်ဘုရား
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
တပည့်တော်အား
အပြစ်သည်
လွှမ်းမိုးလျက်ရှိပါ၏၊
မြတ်စွာဘုရား
သိက္ခာပုဒ်ပညတ်တော်မူသော်
ရဟန်းအပေါင်းသည်
သိက္ခာပုဒ်ကို
ဆောက်တည်နေပါလျက်
တပည့်တော်သည်ကား
အားမထုတ်နိုင်ခြင်းကို
လျှောက်ထားခဲ့မိပါ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ထိုတပည့်တော်၏
အပြစ်ကို
နောင်အခါ
စောင့်စည်းခြင်းအကျိုးငှါ
အပြစ်အားဖြင့်
သည်းခံတော်မူပါဘုရား''ဟု
လျှောက်၏။
ဘဒ္ဒါလိ
သင်သည်
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
အပြစ်
သည်လွှမ်းမိုးခြင်းသို့
ရောက်၏၊ ငါ
သိက္ခာပုဒ်
ပညတ်သည်ရှိသော်
ရဟန်းအပေါင်းသည်
သိက္ခာပုဒ်ကိုဆောက်တည်
နေပါလျက်
သင်သည်
အားမထုတ်နိုင်ခြင်းကို
ပြောကြားဘိ၏။
ဘဒ္ဒါလိ
သင်သည်
အကြောင်းကိုမျှလည်း
မသိနိုင်လေ၊
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်၌နေတော်မူ၏၊
မြတ်စွာဘုရားသည်လည်း
ငါ့ကို
''ဘဒ္ဒါလိမည်သော
ရဟန်းသည်
မြတ်စွာဘုရား
အဆုံးအမသိက္ခာပုဒ်၌
ဖြည့်ကျင့်ခြင်း
မရှိ''ဟု
သိတော်မူနိုင်ရာသော
ဤအကြာင်းကိုလည်း
မသိနိုင်လေ။
ဘဒ္ဒါလိ
သင်သည်
အကြောင်းကိုမျှလည်း
မသိနိုင်လေ၊
များစွာကုန်သော
ရဟန်းတို့သည်
သာဝတ္ထိပြည်၌ဝါကပ်ကြကုန်၏၊
ထိုရဟန်းတို့သည်လည်း
ငါ့ကို
''ဘဒ္ဒါလိမည်သော
ရဟန်းသည်
မြတ်စွာ
ဘုရားအဆုံးအမ
သိက္ခာပုဒ်၌
ဖြည့်ကျင့်ခြင်း
မရှိ''ဟု
သိနိုင်ကုန်ရာသော
ဤအကြာင်းကိုလည်း
မသိနိုင် လေ။
ဘဒ္ဒါလိ
သင်သည်
အကြောင်းကိုမျှလည်း
မသိနိုင်လေ၊
များစွာကုန်သော
ဘိက္ခုနီမတို့သည်သာဝတ္ထိပြည်၌
ဝါကပ်ကြကုန်၏၊
ထိုဘိက္ခုနီမတို့သည်လည်း
ငါ့ကို
''ဘဒ္ဒါလိမည်သော
ရဟန်းသည်မြတ်စွာဘုရား
အဆုံးအမသိက္ခာပုဒ်၌
ဖြည့်ကျင့်ခြင်း
မရှိ''ဟု
သိနိုင်ကုန်ရာသော
ဤအကြာင်းကိုလည်းမသိနိုင်လေ။
ဘဒ္ဒါလိ
သင်သည်
အကြောင်းကိုမျှလည်း
မသိနိုင်လေ၊
များစွာကုန်သော
ဥပါသကာတို့သည်သာဝတ္ထိပြည်၌
နေကြကုန်၏၊
ထိုဥပါသကာတို့သည်လည်း
ငါ့ကို ''ဘဒ္ဒါလိမည်သော
ရဟန်းသည်
မြတ်စွာဘုရား
အဆုံးအမသိက္ခာပုဒ်၌
ဖြည့်ကျင့်ခြင်း
မရှိ''ဟု သိနိုင်ကုန်ရာသော
ဤအကြာင်းကိုလည်း
မသိနိုင်လေ။
ဘဒ္ဒါလိ
သင်သည်
အကြောင်းကိုမျှလည်း
မသိနိုင်လေ၊
များစွာကုန်သော
ဥပါသိကာမတို့သည်သာဝတ္ထိပြည်၌
နေကြကုန်၏၊
ထိုဥပါသိကာမတို့သည်လည်း
ငါ့ကို ''ဘဒ္ဒါလိမည်သော
ရဟန်းသည်မြတ်စွာဘုရား
အဆုံးအမ
သိက္ခာပုဒ်၌
ဖြည့်ကျင့်ခြင်း
မရှိ''ဟု သိနိုင်ကုန်ရာသော
ဤအကြာင်းကိုလည်း့မသိနိုင်လေ။
ဘဒ္ဒါလိ
သင်သည်
အကြောင်းကိုမျှလည်း
မသိနိုင်လေ၊
များစွာကုန်သော
အသီးသီးသော
အယူဝါဒရှိကြကုန်သော
ရဟန်းပုဏ္ဏားတို့သည်
သာဝတ္ထိပြည်၌
နေကြကုန်၏၊
ထိုအသီးသီးသော
အယူဝါဒရှိကုန်သော
ရဟန်းပုဏ္ဏားတို့သည်လည်း
ငါ့ကို
''ရဟန်းဂေါတမ၏
တပည့်ဖြစ်သော
မထေရ်တို့တွင်
တစ်ပါးအပါအဝင်ဖြစ်သော
ဘဒ္ဒါလိမည်သော
ရဟန်းသည် ရဟန်းဂေါတမ၏
အဆုံးအမသိက္ခာပုဒ်၌
ဖြည့်ကျင့်ခြင်းမရှိ''ဟု
သိနိုင်ကုန်ရာသော
ဤအကြာင်းကိုလည်း
မသိနိုင်လေဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
အပြစ်သည်တပည့်တော်ကို
လွှမ်းမိုးခဲ့ပါ၏။
မြတ်စွာဘုရား
သိက္ခာပုဒ်
ပညတ်တော်မူသော်
ရဟန်းအပေါင်းသည်သိက္ခာပုဒ်ကို
ဆောက်တည်နေပါလျက်
တပည့်တော်သည်ကား
အားမထုတ်နိုင်ခြင်းကို
လျှောက်ထားခဲ့မိပါ၏၊
အသျှင်ဘုရား
ထိုအကျွန်ုပ်၏
အပြစ်ကို နောင်အခါ
စောင့်စည်းခြင်းအကျိုးငှါ
အပြစ်အားဖြင့်
သည်းခံတော်မူပါဘုရားဟု
(လျှောက်၏)။
ဘဒ္ဒါလိ
ကြံအောက်မေ့လော့၊
သင်သည်
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
အပြစ်သည်
လွှမ်းမိုးခြင်းသို့
ရောက်ခဲ့၏၊
ငါသိက္ခာပုဒ်ပညတ်သော်
ရဟန်းအပေါင်းသည်သိက္ခာပုဒ်ကို
ဆောက်တည်နေပါလျက်
သင်သည်
အားမထုတ်နိုင်ခြင်းကို
လျှောက်ထားဘိ၏။
၁၃၆။
ဘဒ္ဒါလိ
ထိုငါဆိုမည့်စကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း၊
ဤသာသနာတော်၌
ရဟန်းသည်ရူပကာယ
နာမကာယနှစ်ပါးစုံမှ
လွတ်မြောက်သော
ရဟန်းဖြစ်၏၊
ထိုရဟန်းကို
''ရဟန်း
လာခဲ့လော့၊
သင်သည်
ညွန်ပျောင်း၌
ငါ၏
တံတားဖြစ်လော့''ဟု
ဆိုရာ၏၊
ထိုရဟန်းသည်
တံတား
ဖြစ်ရာသလော၊
ကိုယ်ကိုတခြားသို့သော်လည်း
တိမ်းရှောင်သွားရာသလော၊
တံတားမဖြစ်နိုင်ဟူ၍လည်း
ဆိုရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဖြစ်နိုင်ပါဟု
(လျှောက်၏)။
ဘဒ္ဒါလိ
ထိုငါဆိုမည့်စကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း၊
ဤသာသနာတော်၌
ရဟန်းသည်ပညာဖြင့်
ကိလေသာမှ
လွတ်မြောက်သူ
'ပညာဝိမုတ္တ'
ဖြစ်ရာ၏၊
ခန္ဓာငါးပါး၌
ဝိပဿနာရှု၍
မဂ်ဖိုလ်သို့ရောက်သူ
'ကာယသက္ခီ'
ဖြစ်ရာ၏၊
ပညာအမြင်ပြဋ္ဌာန်းသည်ဖြစ်၍
မဂ်ဖိုလ်သို့
ရောက်သူ
'ဒိဋ္ဌိပ္ပတ္တ'၊
သဒ္ဓါ
ပြဋ္ဌာန်း၍
ကိလေသာမှ
လွတ်သူ 'သဒ္ဓါဝိမုတ္တ'၊
သင်္ခါရတရားသို့
အစဉ်လျှောက်ကာ
ဝိပဿနာရှု၍မဂ်ဖိုလ်သို့
ရောက်သူ
'ဓမ္မာနုသာရီ'၊
သဒ္ဓါရှေ့သွားရှိသည်ဖြစ်၍
မဂ်ဖိုလ်သို့
ရောက်သူ
'သဒ္ဓါနုသာရီ'ဖြစ်ရာ၏၊
ထိုရဟန်းကို
ငါသည် ''ရဟန်း
လာခဲ့လော ့၊
သင်သည်
ညွန်ပျောင်း၌
ငါ၏
တံတားဖြစ်လော့''ဟု
ဆိုရာ၏။
ထိုရဟန်းသည်
တံတားဖြစ်ရာသလော၊
ကိုယ်ကို
တခြားသို့သော်လည်း
တိမ်းရှောင်သွားရာသလော၊
တံတားမဖြစ်နိုင်ဟူ၍လည်း
ဆိုရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဖြစ်နိုင်ပါ
(ဟုလျှောက်၏)။
ဘဒ္ဒါလိ
ထိုငါဆိုမည့်စကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း၊
ဘဒ္ဒါလိ သင်သည်
ထိုအခါ၌
ရူပကာယ
နာမကာယ
နှစ်ပါးစုံမှ
လွတ်မြောက်သူ
ဖြစ်သလော၊
သို့မဟုတ်
ပညာဖြင့်
ကိလေသာမှ
ထွက်မြောက်သူ၊
သို့မဟုတ် ခန္ဓာငါးပါး၌
ဝိပဿနာရှု၍
မဂ်ဖိုလ်သို့
ရောက်သူ၊
သို့မဟုတ်
ပညာအမြင်ပြဋ္ဌာန်းသည်
ဖြစ်၍
မဂ်ဖိုလ်သို့
ရောက်သူ၊
သို့မဟုတ် သဒ္ဓါပြဋ္ဌာန်း၍
ကိလေသာမှ
လွတ်သူ၊
သို့မဟုတ်သင်္ခါရတရားသို့
အစဉ်လျှောက်ကာ
ဝိပဿနာရှု၍
မဂ်ဖိုလ်သို့
ရောက်သူ၊
သို့မဟုတ်
သဒ္ဓါရှေ့သွားရှိသည်ဖြစ်၍
မဂ်ဖိုလ်သို့
ရောက်သူ
ဖြစ်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဖြစ်နိုင်ပါဟု
(လျှောက်၏)။
ဘဒ္ဒါလိ
သင်သည်
ထိုအခါ၌
အချည်းနှီး ဘာမျှမရှိ
ချွတ်ချော်နေသူ
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား မှန်ပါ၏
(ဟု
လျှောက်၏)။
အသျှင်ဘုရား
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
တပည့်တော်ကိုအပြစ်သည်
လွှမ်းမိုးခဲ့ပါ၏၊
မြတ်စွာဘုရား
သိက္ခာပုဒ်ပညတ်တော်မူသော်
ရဟန်းအပေါင်းသည့်သိက္ခာပုဒ်ကို
ဆောက်တည်နေပါလျက်
တပည့်တော်သည်
အားမထုတ်နိုင်ခြင်းကို
လျှောက်ထားခဲ့မိပါ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ထိုအကျွန်ုပ်၏
အပြစ်ကို
နောင်အခါ စောင့်စည်းခြင်းအကျိုးငှါ
အပြစ်အားဖြင့်
သည်းခံတော်မူပါ
ဘုရားဟု
(လျှောက်၏)။
ဘဒ္ဒါလိ အမှန်အားဖြင့်
သင်သည်
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
အပြစ်သည်
လွှမ်းမိုးခဲ့၏၊
ငါ
သိက္ခာပုဒ်ကိုပညတ်သည်ရှိသော်
ရဟန်းအပေါင်းသည်
သိက္ခာပုဒ်ကို
ဆောက်တည်နေပါလျက်
သင်သည်
အားမထုတ်နိုင်ခြင်းကို
လျှောက်ထားခဲ့၏။
ဘဒ္ဒါလိ
သင်သည်
အပြစ်ကို
အပြစ်ဟု သိမြင်၍
တရားအားလျော်စွာကုစား၏၊
သင်၏ ထိုအပြစ်ကို
အပြစ်ဟု
ငါတို့ လက်ခံကုန်၏။
ဘဒ္ဒါလိ
အပြစ်ကို
အပြစ်ဟု သိမြင်၍တရားအားလျော်စွာ
ကုစား၏၊
နောက်နောင်အခါ
စောင့်စည်းခြင်းသို့
ရောက်၏၊
ဤသို့ စောင့်စည်းခြင်းသို့
ရောက်ခြင်းသည်
အရိယာ 'ဘုရား'
၏
အဆုံးအမသာသနာတော်၌
ကြီးပွါးခြင်းတိုးတက်ခြင်း၏အကြောင်းဖြစ်ပေ၏။
၁၃၇။
ဘဒ္ဒါလိ
အချို့သော
ရဟန်းသည်
မြတ်စွာဘုရားသာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်လေ့မရှိ၊
ထိုရဟန်းအား
''ငါသည် ဆိတ်ငြိမ်ရာဖြစ်သော
ကျောင်းသို့လည်းကောင်း၊
တောသို့လည်းကောင်း၊
သစ်ပင်ရင်းသို့လည်းကောင်း၊
တောင်သို့လည်းကောင်း၊
ချောက်သို့လည်းကောင်း၊
တောင်ခေါင်းသို့လည်းကောင်း၊
သုသာန်သို့လည်းကောင်း၊
တောအုပ်သို့လည်းကောင်း၊
လွင်တီးခေါင်သို့လည်းကောင်း၊
ကောက်ရိုး
ပုံသို့လည်းကောင်း
ကပ်ရောက်၍
နေရမူ ငါသည်
လူတို့၏
ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော၊
ကိလေသာကို
ဖျက်ဆီးခြင်းငှါ
စွမ်းနိုင်သော၊
မြတ်သော ဉာဏ်အမြင်ထူးကိုမျက်မှောက်ပြုနိုင်တန်ရာ
၏''ဟု
ဤသို့သော
အကြံသည်
ဖြစ်၏၊
ထိုရဟန်းသည်
ဆိတ်ငြိမ်ရာဖြစ်သောကျောင်းသို့လည်းကောင်း၊
တောသို့လည်းကောင်း၊
သစ်ပင်ရင်းသို့လည်းကောင်း၊
တောင်သို့လည်းကောင်း၊
ချောက်သို့လည်းကောင်း၊
တောင်ခေါင်းသို့လည်းကောင်း၊
သုသာန်သို့လည်းကောင်း၊
တောအုပ်သို့လည်းကောင်း၊
လွင်တီးခေါင်သို့
လည်းကောင်း
ကောက်ရိုးပုံသို့လည်းကောင်း
ဆည်းကပ်၏၊
ထိုသို့သော
အခြင်းအရာဖြင့်
ဆိတ်ငြိမ်ရာ
အရပ်သို့
ကပ်သည်ဖြစ်၍
နေသော
ထိုရဟန်းကိုမြတ်စွာဘုရားသည်လည်း
စွပ်စွဲ၏၊
သီတင်းသုံးဖော်
ပညာရှိသူတော်ကောင်းတို့သည်လည်း
စိစစ်၍စွပ်စွဲကုန်၏၊
နတ်တို့သည်လည်း
စွပ်စွဲကုန်၏၊
ကိုယ်တိုင်
လည်း
မိမိကိုယ်ကို
စွပ်စွဲ၏။
ထိုရဟန်းသည်မြတ်စွာဘုရား
အစွပ်စွဲခံရ၍
သီတင်းသုံးဖော်
ပညာရှိ
သူတော်ကောင်းတို့
စိစစ်ကာ
အစွပ်စွဲခံရ၍
နတ်တို့အစွပ်စွဲခံရ၍
ကိုယ်တိုင်လည်း
မိမိကိုယ်ကို
စွပ်စွဲ
သည်ဖြစ်၍
လူတို့၏
ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော၊
ကိလေသာကို
ဖျက်ဆီးခြင်းငှါ
စွမ်းနိုင်
သော၊ မြတ်သော
ဉာဏ်အမြင်ထူးကိုမျက်မှောက်မပြုနိုင်။
ထိုသို့
ဖြစ်ခြင်းသည်
အဘယ်ကြောင့်နည်း
ဟူမူ- ဘဒ္ဒါလိ
မြတ်စွာဘုရားသာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်လေ့မရှိသော
သူအား ဖြစ်မြဲဓမ္မတာ
အတိုင်း
ဤသို့သာဖြစ်ရသောကြောင့်တည်း။
၁၃၈။
ဘဒ္ဒါလိ
အချို့သော
ရဟန်းသည်
မြတ်စွာဘုရားသာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်လေ့
ရှိ၏၊
ထိုရဟန်းအား
''ငါသည်
ဆိတ်ငြိမ်ရာဖြစ်သော
ကျောင်းသို့လည်းကောင်း၊
တောသို့လည်းကောင်း၊
သစ်ပင်ရင်းသို့လည်းကောင်း၊
တောင်သို့လည်းကောင်း၊
ချောက်သို့လည်းကောင်း၊
တောင်ခေါင်းသို့လည်းကောင်း၊
သုသာန်သို့လည်းကောင်း၊
တောအုပ်သို့လည်းကောင်း၊
လွင်တီးခေါင်သို့လည်းကောင်း၊
ကောက်ရိုး
ပုံသို့လည်းကောင်း
ချဉ်းကပ်ရမူ
ငါသည်
လူတို့၏ ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော၊
ကိလေသာကို
ဖျက်ဆီးခြင်းငှါ
စွမ်းနိုင်သော၊
မြတ်သော
ဉာဏ်အမြင်ထူးကိုမျက်မှောက်ပြုနိုင်တန်ရာ
၏''ဟု
ဤသို့သော
အကြံသည်
ဖြစ်၏၊ ထိုရဟန်းသည်
ဆိတ်ငြိမ်ရာဖြစ်သောကျောင်းသို့လည်းကောင်း၊
တောသို့လည်းကောင်း၊
သစ်ပင်ရင်းသို့လည်းကောင်း၊
တောင်သို့လည်းကောင်း၊
ချောက်သို့လည်းကောင်း၊
တောင်ခေါင်းသို့လည်းကောင်း၊
သုသာန်သို့လည်းကောင်း၊
့တောအုပ်သို့လည်းကောင်း၊
လွင်တီးခေါင်သို့
လည်းကောင်း၊
ကောက်ရိုးပုံသို့လည်းကောင်း
ချဉ်းကပ်၏၊
ထိုသို့သော
အခြင်းအရာအားဖြင့်
ဆိတ်ငြိမ်ရာ အရပ်သို့ကပ်သည်ဖြစ်၍
နေသော
ထိုရဟန်းကိုမြတ်စွာဘုရားသည်လည်း
မစွပ်စွဲ၊
သီတင်းသုံးဖော်
ပညာရှိသူတော်ကောင်းတို့သည်လည်း
စိစစ်၍မစွပ်စွဲကုန်၊
နတ်တို့သည်လည်း
မစွပ်စွဲကုန်၊
ကိုယ်တိုင်
လည်း
မိမိကိုယ်ကို
မစွပ်စွဲ။
ထိုရဟန်းသည်မြတ်စွာဘုရား
အစွပ်စွဲမခံရသည်ဖြစ်၍
သီတင်းသုံးဖော်
ပညာရှိသူတော်ကောင်းတို့
စိစစ်ကာအစွပ်စွဲမခံရသည်ဖြစ်၍
နတ်တို့အစွပ်စွဲကိုလည်း
မခံရသည်ဖြစ်၍
ကိုယ်တိုင်လည်း
မိမိကိုယ်ကိုမစွပ်စွဲသည်ဖြစ်၍
လူတို့၏ကုသိုလ်ကမ္မပထတရားထက်
လွန်မြတ်သော၊
ကိလေသာကို ဖျက်ဆီးခြင်းငှါစွမ်းနိုင်သော၊
မြတ်သော
ဉာဏ်အမြင်ထူးကို
မျက်မှောက်ပြုနိုင်၏။
ထိုရဟန်းသည်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း
'ဝိတက်'
နှင့်တကွဖြစ်သော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'
နှင့်တကွဖြစ်သော၊
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍နေ၏။
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း
ဟူမူ- ဘဒ္ဒါလိ
မြတ်စွာဘုရား
သာသနာတော်၌သိက္ခာကို
ကောင်းစွာ
ဖြည့်ကျင့်လေ့ရှိသော
ရဟန်းအား
ဖြစ်မြဲဓမ္မတာအတိုင်း
ဤသို့သာဖြစ်ရသောကြောင့်တည်း။
၁၃၉။
ဘဒ္ဒါလိ
တစ်ဖန်
ထို့ပြင်လည်း
ဝိတက်
ဝိစာရငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကိုကြည်လင်စေတတ်သော၊
စိတ်တည်ကြည်ခြင်း
'သမာဓိ' ကို
ဖြစ်ပွားစေတတ်သော၊
ကြံစည်ခြင်း
'ဝိဘက်'မရှိသော၊
သုံးသပ်ဆင် ခြင်ခြင်း
'ဝိစာရ'
မရှိသော၊
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ရှိသော
ဒုတိယဈာန်သို့
ရောက်၍ နေ၏။
ထိုသို့
ဖြစ်ခြင်းသည်အဘယ်
ကြောင့်နည်း
ဟူမူ- ဘဒ္ဒါလိ
မြတ်စွာဘုရား
သာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်လေ့ရှိသူအားဖြစ်မြဲ
ဓမ္မတာအတိုင်း
ဤသို့သာ
ဖြစ်ရသောကြောင့်တည်း။
ဘဒ္ဒါလိ
တစ်ဖန်
ထို့ပြင်လည်း
ရဟန်းသည် နှစ်သိမ့်ခြင်း
'ပီတိ' ကိုလည်း
မတပ်မက်ခြင်းကြောင့်သတိရှိသည်ဖြစ်၍
ပညာအဆင်ခြင်ရှိသည်ဖြစ်၍
လျစ်လျူရှုလျက်
နေ၏၊
ချမ်းသာခြင်း
'သုခ'
ကိုလည်းကိုယ်ဖြင့်
ခံစား၏၊
အကြင်တတိယဈာန်ကြောင့်
ထိုသူကို
အရိယာသူတော်ကောင်းတို့သည်
''လျစ်လျူရှုတတ်သူ
သတိရှိသူ
ချမ်းသာစွာ
နေလေ့ရှိသူ''ဟူ၍
ချီးကျူးကြကုန်၏၊
ထိုတတိယဈာန်သို့
ရောက်၍နေ၏။
ထိုသို့ဖြစ်ခြင်းသည်
အဘယ်ကြောင့်နည်း
ဟူမူ- ဘဒ္ဒါလိ
မြတ်စွာဘုရား
သာသနာတော်၌သိက္ခာကို
ဖြည့်ကျင့်လေ့
ရှိသူအား
ဖြစ်မြဲဓမ္မတာအတိုင်း
ဤသို့သာ
ဖြစ်ရသောကြောင့်တည်း။
ဘဒ္ဒါလိ
တစ်ဖန်
ထို့ပြင်လည်း
ရဟန်းသည် သုခကို
ပယ်ခြင်းကြောင့်လည်းကောင်း၊
ဒုက္ခကိုပယ်ခြင်းကြောင့်လည်းကောင်း
ရှေးမဆွကပင်လျှင်
သောမနဿ
ဒေါမနဿတို့၏
ချုပ်နှင့်ခြင်းကြောင့်သုခလည်းမဟုတ်
ဒုက္ခမဟုတ်သော
ဥပေက္ခာကြောင့်ဖြစ်သည့်
သတိ၏ စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း
ဟူမူ-ဘဒ္ဒါလိ
မြတ်စွာဘုရား
သာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်လေ့ရှိသူအား
ဖြစ်မြဲဓမ္မတာအတိုင်း
ဤသို့သာ
ဖြစ်ရသောကြောင့်တည်း။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်း
ကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အကျိုးငှါ
စိတ်ကို
ရှေးရှု
ညွတ်စေ၏။
ထိုရဟန်းသည်
များသော
အစီအရင်ရှိသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏၊
ဤအောက်မေ့နိုင်သော
ခန္ဓာအစဉ်သည်
အဘယ်နည်း
ဟူမူ -
တစ်ခုသော
ဘဝကိုလည်းကောင်း
နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များသောအစီအရင်ရှိသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏။
ထိုသို့ဖြစ်ခြင်းသည့်အဘယ်ကြောင့်
နည်းဟူမူ-
ဘဒ္ဒါလိ
မြတ်စွာဘုရားသာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်လေ့ရှိသူအားဖြစ်မြဲဓမ္မတာ
အတိုင်း ဤသို့သာ
ဖြစ်ရသောကြောင့်တည်း။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
သတ္တဝါတို့၏
စုတိပဋိသန္ဓေကို
သိသောဉာဏ်အကျိုးငှါ
စိတ်ကို
ရှေးရှု
ညွတ်စေ၏။
ထိုရဟန်းသည်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်သာလွန်သော
နတ်မျက်စိနှင့်
တူသော'ဒိဗ္ဗစက္ခု'
ဉာဏ်မျက်စိဖြင့်
စုတေဆဲသတ္တဝါ
ပဋိသန္ဓေနေဆဲသတ္တဝါ
အယုတ်ဖြစ်သောသတ္တဝါအမြတ်ဖြစ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသော
လားရာရှိသောသတ္တဝါတို့ကို
မြင်၏၊
ကံအားလျော်စွာ
ကပ်ရောက်ကြသောသတ္တဝါတို့ကို
''အချင်းတို့
ဤသတ္တဝါတို့သည်
အမှန်အားဖြင့်
ကာယဒုစရိုက်နှင့်
ပြည့်စုံကြကုန်၏။ပ။
ဖရိုဖရဲကျရာ
ငရဲရွာသို့
ကပ်ရောက်
ကြရကုန်၏။
အချင်းတို့
ဤသတ္တဝါတို့သည်ကား
ကာယသုစရိုက်နှင့်ပြည့်စုံကြကုန်၏။ပ။
ကောင်းမြတ်သူတို့
လားရောက်ရာဖြစ်သော
မြတ်သော
ရူပါရုံစသည်တို့၏
တည်ရာဖြစ်သော
နတ်ရွာလောကသို့
ကပ်ရောက်ကြရကုန်၏''ဟု
အမှန်အတိုင်း
သိ၏။ ဤသို့
အထူးသဖြင့်စင်ကြယ်သော
လူတို့၏ မျက်စိထက်သာလွန်သော
နတ်မျက်စိနှင့်တူသော
ဒိဗ္ဗစက္ခုဉာဏ်မျက်စိဖြင့်။ပ။
ကံအားလျော်စွာ
ကပ်ရောက်ကြရကုန်သော
သတ္တဝါတို့ကို
အမှန်အတိုင်း
သိမြင်၏။
ထိုသို့ဖြစ်ခြင်းသည်အဘယ့်ကြောင့်နည်းဟူမူ
- ဘဒ္ဒါလိ
မြတ်စွာဘုရား
သာသနာတော်၌
သိက္ခာကို ဖြည့်ကျင့်လေ့ရှိသူအားဖြစ်မြဲဓမ္မတာအတိုင်း
ဤသို့သာ
ဖြစ်ရသောကြောင့်တည်း။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်း
ကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
အာသဝေါတရားတို့
ကုန်ခြင်းငှါ
စိတ်ကို ရှေးရှု
ညွတ်စေ၏။
ထိုရဟန်းသည်
ဤကား ဒုက္ခတည်းဟု
မှန်သောအတိုင်း
သိ၏၊ ဤကား
ဒုက္ခ၏
ဖြစ်ကြောင်းတည်းဟုမှန်သောအတိုင်း
သိ၏၊ ဤကား
ဒုက္ခ၏
ချုပ်ရာ
နိဗ္ဗာန်တည်းဟု
မှန်သောအတိုင်း
သိ၏၊
ဤကားဒုက္ခ၏ချုပ်ရာ
နိဗ္ဗာန်သို့
ရောက်ကြောင်း
အကျင့်တည်းဟု
မှန်သောအတိုင်း
သိ၏၊
ဤသည်တို့ကားအာသဝေါတရားတို့တည်းဟု
မှန်သောအတိုင်း
သိ၏၊ ဤကား
အာသဝေါတရားတို့၏
ဖြစ်ကြောင်းတည်းဟု
မှန်သောအတိုင်း
သိ၏၊ ဤကား
အာသဝေါတရားတို့ချုပ်ရာ
နိဗ္ဗာန်တည်းဟု
မှန်သောအတိုင်းသိ၏၊
ဤကား
အာသဝေါတရားတို့ချုပ်ရာ
နိဗ္ဗာန်သို့
ရောက်ကြောင်း
အကျင့်တည်းဟု
မှန်သောအတိုင်းသိ၏၊
ဤသို့သိသော်
ဤသို့မြင်သော်
ထိုရဟန်းအား
ကာမာသဝမှလည်း
စိတ်သည်
လွတ်၏၊
ဘဝါသဝမှလည်းစိတ်သည်
လွတ်၏၊
အဝိဇ္ဇာသဝမှလည်း
စိတ်သည်
လွတ်၏၊
လွတ်ပြီးသည်၌
လွတ်ပြီဟု
ဆင်ခြင်ဉာဏ်ဖြစ်၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ် (မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်) ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်မရှိပြီ''ဟု
သိ၏။ ထိုသို့
ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း
ဟူမူ -
ဘဒ္ဒါလိ မြတ်စွာဘုရား
သာသနာတော်၌
သိက္ခာကို
ဖြည့်ကျင့်
လေ့ရှိသူအား
ဖြစ်မြဲဓမ္မတာအတိုင်း
ဤသို့သာ
ဖြစ်ရသောကြောင့်တည်း။
၁၄၀။
ဤသို့
မိန့်တော်မူသော်
အသျှင်ဘဒ္ဒါလိသည်
မြတ်စွာဘုရားအား
ဤသို့
လျှောက်ထား၏
-''အသျှင်ဘုရား
အချို ့သော
ရဟန်းကို
နှိပ်စက်၍
နှိပ်စက်၍
ညှဉ်းပန်းမှုကို
ပြုကြသော
အကြောင်းကားအဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါနည်း၊
အသျှင်ဘုရား
အချို့သော
ရဟန်းကို
ထိုသို့သောအခြင်းအရာအားဖြင့်
နှိပ်စက်၍
နှိပ်စက်၍
ညှဉ်းပန်းမှုကို
မပြုကြသော
အကြောင်းကား
အဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါနည်း''ဟု
(လျှောက်ထား၏)။
ဘဒ္ဒါလိ
အချို
့သောရဟန်းသည်
မပြတ် အာပတ်သင့်၏၊
အာပတ်များသူဖြစ်၏၊
ထိုရဟန်းသည်တစ်ပါးသော
ရဟန်းတို့က
ဆိုဆုံးမသည်ရှိသော်
အကြောင်းတစ်ပါးဖြင့်
အကြောင်းတစ်ပါးကို
ဖုံးလွှမ်း၏၊
အပသို့
စကားကို
ရောက်စေ၏၊ အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာ ပြု၏၊
ကောင်းစွာမကျင့်၊
လျော်စွာမကျင့်၊
အာပတ်မှ
ထွက်မြောက်ကြောင်းအကျင့်ကို
မကျင့်၊
သံဃာနှစ်သက်သောအမှုကို
ပြုပါအံ့ဟု
မဆို။
ဘဒ္ဒါလိ
ထိုသို့ဖြစ်ရာ၌
ရဟန်းတို့အားဤသို့
ပြောဆိုခြင်းသည်
ဖြစ်၏၊
''ငါ့သျှင်တို့
ဤရဟန်းသည်
မပြတ်အာပတ်သင့်၏၊
အာပတ်များသူဖြစ်၏၊
ထိုရဟန်းသည်
တစ်ပါးသော
ရဟန်းတို့က
ဆိုဆုံးမသည်ရှိသော်
အကြောင်းတစ်ပါးဖြင့်အကြောင်းတစ်ပါးကို
ဖုံးလွှမ်း၏၊
အပသို့
စကားကို
ရောက်စေ၏၊
အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာပြု၏၊
ကောင်းစွာမကျင့်၊
လျော်စွာမကျင့်၊
အာပတ် မှ ထွက်မြောက်ကြောင်း
အကျင့်ကို
မကျင့်၊ သံဃာနှစ်သက်သော
အမှုကို
ပြုပါအံ့ဟု
မဆို။ အသျှင်
ဘုရားတို့
တောင်းပန်ပါ၏၊
ဤရဟန်း၏ အဓိကရုဏ်း
လျင်စွာ
မငြိမ်းအေးနိုင်မည့်
နည်းလမ်းကိုစူးစမ်း
ကြကုန်လော့''ဟု
(ဤသို့ ပြောဆိုခြင်းသည်
ဖြစ်၏)။
ဘဒ္ဒါလိ
ဤသို့လျှင်
ရဟန်းတို့သည်ထိုရဟန်း၏
အဓိကရုဏ်း
လျင်စွာ
မငြိမ်းအေးနိုင်မည့်
နည်းလမ်းကို
စူးစမ်းကြကုန်၏။
၁၄၁။
ဘဒ္ဒါလိ
ဤသာသနာတော်၌
အချို့သော
ရဟန်းသည်
မပြတ်အာပတ်သင့်၏၊
အာပတ်များ
သူဖြစ်၏၊
ထိုရဟန်းသည်
တစ်ပါးသော
ရဟန်းတို့က
ဆိုဆုံးမသည်ရှိသော်
အကြောင်းတစ်ပါးဖြင့်အကြောင်းတစ်ပါးကို
မဖုံးကွယ်၊
အပသို့ စကားကို
မရောက်စေ၊
အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာမပြု၊
ကောင်းစွာကျင့်၏၊
လျော်စွာကျင့်၏၊
အာပတ်မှ
ထွက်မြောက်ကြောင်း
အကျင့်ကို
ကျင့်၏၊
သံဃာနှစ်သက်သောအမှုကို
ပြုပါအံ့ဟု
ဆို ၏။
ဘဒ္ဒါလိ
ထိုသို့ဖြစ်ရာ၌
ရဟန်းတို့အား
ဤသို့ ပြောဆိုခြင်းသည်
ဖြစ်၏-
''ငါ့သျှင်တို့
ဤရဟန်း
သည်မပြတ်အာပတ်သင့်၏၊
အာပတ်များသူဖြစ်၏၊
ထိုရဟန်းသည်
တစ်ပါးသော
ရဟန်းတို့က
ဆိုဆုံးမသည်ရှိသော်
အကြောင်းတစ်ပါးဖြင့်
အကြောင်းတစ်ပါးကို
မဖုံးကွယ်၊
အပသို့ စကားကို
မရောက်စေ၊
အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာ မပြု၊
ကောင်းစွာ
ကျင့်၏၊
လျော်စွာ
ကျင့်၏၊
အာပတ်မှ
ထွက်မြောက်ကြောင်း
အကျင့်ကို
ကျင့်၏၊
သံဃာနှစ်သက်သော
အမှုကို
ပြုပါအံ့ဟု
ဆို၏။ အသျှင်ဘုရားတို့
တောင်းပန်ပါ၏၊
ဤရဟန်း၏အဓိကရုဏ်း
လျင်စွာ
ငြိမ်းအေးနိုင်မည့်
နည်းလမ်းကိုလည်း
စူးစမ်းကြကုန်လော့''ဟု
(ဤသို့
ပြောဆိုခြင်းသည်
ဖြစ်၏)။
ဘဒ္ဒါလိ ဤသို့လျှင်
ရဟန်းတို့သည်
ထိုရဟန်း၏
အဓိကရုဏ်းလျင်စွာ
ငြိမ်းအေးနိုင်မည့်
နည်းလမ်းကို
စူးစမ်း
ကြကုန်၏။
၁၄၂။
ဘဒ္ဒါလိ
ဤသာသနာတော်၌
အချို့သော
ရဟန်းသည်
ရံခါသာ
အာပတ်သင့်၏၊
အာပတ်
များသူမဟုတ်ပေ။
ထိုရဟန်းသည်
တစ်ပါးသော
ရဟန်းတို့က
ဆိုဆုံးမသည်ရှိသော်
တစ်ပါးသောအကြောင်းဖြင့်
တစ်ပါးသော
အကြောင်းကို
ဖုံးလွှမ်း၏၊
အပသို့
စကားကို
ရောက်စေ၏၊
အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာ ပြု၏၊
ကောင်းစွာမကျင့်၊
လျော်စွာမကျင့်၊
အာပတ်မှ ထွက်မြောက်ကြောင်း
အကျင့်ကို မကျင့်၊
သံဃာနှစ်သက်သော
အမှုကို
ပြုပါအံ့ဟု
မဆို။
ဘဒ္ဒါလိ
ထိုသို့ဖြစ်ရာ၌
ရဟန်းတို့အား
ဤသို့ပြောဆိုခြင်းသည်
ဖြစ်၏ -
''ငါ့သျှင်တို့
ဤရဟန်းသည်
ရံခါသာ
အာပတ်သင့်၏၊
အာပတ်များသူမဟုတ်ပေ၊
ထိုရဟန်းသည်
တစ်ပါးသောရဟန်း
တို့က
ဆိုဆုံးမသည်ရှိသော်
တစ်ပါးသော
အကြောင်းဖြင့်တစ်ပါးသောအကြောင်းကို
ဖုံးကွယ်၏၊
အပသို့ စကားကို
ရောက်စေ၏၊
အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာ ပြု၏၊
ကောင်းစွာမကျင့်၊
လျော်စွာမကျင့်၊
အာပတ်မှ
ထွက်မြောက်ကြောင်း
အကျင့်ကို
မကျင့်၊
သံဃာနှစ်သက်သော
အမှုကို့ပြုပါအံ့ဟု
မဆို။
အသျှင်ဘုရားတို့
တောင်းပန်ပါ၏၊
ဤရဟန်း၏
အဓိကရုဏ်း လျင်စွာမငြိမ်းအေးနိုင်မည့်
နည်းလမ်းကို
စူးစမ်းကြကုန်လော့''ဟု
(ဤသို့
ပြောဆိုခြင်း
သည် ဖြစ်၏)။
ဘဒ္ဒါလိဤသို့လျှင်
ထိုရဟန်းတို့သည်
ထိုရဟန်း၏
အဓိကရုဏ်း
လျင်စွာ မငြိမ်းအေး
နိုင်မည့်နည်းလမ်းကိုစူးစမ်းကြကုန်၏။
၁၄၃။
ဘဒ္ဒါလိ ဤသာသနာတော်၌
အချို့သော
ရဟန်းသည်
ရံခါသာ အာပတ်သင့်၏၊
အာပတ်
များသူမဟုတ်ပေ။
ထိုရဟန်းသည်
တစ်ပါးသောရဟန်းတို့က
ဆိုဆုံးမသည်ရှိသော်
တစ်ပါးသော
အကြောင်းဖြင့်တစ်ပါးသောအကြောင်းကို
မဖုံးကွယ်၊
အပသို့
စကားကို မရောက်စေ၊
အမျက်ကိုလည်း
ကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာ မပြု၊
ကောင်းစွာကျင့်၏၊
လျော်စွာကျင့်
၏၊ အာပတ်မှ
ထွက်မြောက်ကြောင်း
အကျင့်ကို
ကျင့်၏၊
သံဃာနှစ်သက်သော
အမှုကိုပြုပါအံ့ဟု
ဆို၏။
ဘဒ္ဒါလိ
ထိုသို့ဖြစ်ရာ၌
ရဟန်းတို့အား
ဤသို့
ပြောဆိုခြင်းသည်
ဖြစ်၏ -
''ငါ့သျှင်တို့
ဤရဟန်းသည်
ရံခါသာ
အာပတ်သင့်၏၊
အာပတ်များသူ
မဟုတ်ပေ၊
ထိုရဟန်းသည်
တစ်ပါးသောရဟန်းတို့ကဆိုဆုံးမသည်ရှိသော်
တစ်ပါးသောအကြောင်းဖြင့်
တစ်ပါးသောအကြောင်းကို
မဖုံးကွယ်၊
အပသို့
စကားကိုမရောက်စေ၊
အမျက်ကိုလည်းကောင်း၊
ဒေါသကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်စွာမပြု၊
ကောင်းစွာကျင့်၏
လျော်စွာကျင့်
၏၊ အာပတ်မှ
ထွက်မြောက်ကြောင်း
အကျင့်ကို ကျင့်၏၊
သံဃာနှစ်သက်သော
အမှုကို
ပြုပါအံ့ဟု
ဆို၏။
အသျှင်ဘုရားတို့
တောင်းပန်ပါ၏၊
ဤရဟန်း၏
အဓိကရုဏ်းလျင်စွာ
ငြိမ်းအေးနိုင်မည့်
နည်းလမ်းကို
စူးစမ်းကြကုန်လော့''ဟု
(ဤသို့
ပြောဆိုခြင်းသည်
ဖြစ်၏)။
ဘဒ္ဒါလိ ဤသို့လျှင်
ရဟန်းတို့သည်
ထိုရဟန်း၏
အဓိကရုဏ်း
လျင်စွာငြိမ်းအေးနိုင်မည့်
နည်းလမ်းကိုစူးစမ်းကြကုန်၏။
၁၄၄။
ဘဒ္ဒါလိ
ဤသာသနာတော်၌
အချို့သော
ရဟန်းသည်
ယုံကြည်ကာမျှဖြင့်
ချစ်နှစ်သက်
ကာမျှဖြင့်
(သာသနာ့ဝန်ကို)
ရွက်ဆောင်၏၊
ဘဒ္ဒါလိ
ထိုသို့ရွက်ဆောင်ရာ၌
ရဟန်းတို့အား
ဤသို့
ပြောဆိုခြင်းသည်ဖြစ်၏
-''ငါ့သျှင်တို့
ဤရဟန်းသည်
ယုံကြည်ကာမျှ
ဖြင့်
ချစ်နှစ်သက်ကာမျှဖြင့်
ရွက် ဆောင်၏၊
ငါတို့သည်
ဤရဟန်းကို
နှိပ်စက်၍
နှိပ်စက်၍ ညှဉ်းပန်းမှုကို
အကယ်၍
ပြုကုန်ငြားအံ့၊
ဖြစ်ပေါ်နေသောယုံကြည်ခြင်းမျှ
ချစ်နှစ်သက်ခြင်းမျှသည်လည်း
ယုတ်လျော့ရာ၏၊
ထိုယုံကြည်ခြင်းမျှ
ချစ်ခင်နှစ်သက်ခြင်းမျှမှလည်း
မဆုတ်ယုတ်ပါစေလင့်''ဟု
(ဤသို့
ပြောဆိုခြင်းသည်
ဖြစ်၏)။
ဘဒ္ဒါလိ
ဥပမာသော်ကား
ယောက်ျားတစ်ယောက်အား
မျက်စိတစ်လုံးသာ
ရှိရာ၏၊
ထိုယောက်ျား၏အဆွေခင်ပွန်းဆွေမျိုးသားချင်းတို့သည်
''ထိုယောက်ျားအား
မျက်စိတစ်လုံးသာရှိ၏၊
ထိုမျက်စိတစ်လုံးမှလည်း
မဆုတ်ယုတ်ပါစေလင့်''ဟု
ထိုမျက်စိတစ်လုံးကိုပင်
စောင့်ရှောက်ကုန်ရာသကဲ့သို့၊
ဤအတူသာလျှင်အချို့သော
ရဟန်းသည်
ယုံကြည်ကာမျှဖြင့်
ချစ်နှစ်သက်ကာမျှဖြင့်
ရွက်ဆောင်၏။
ဘဒ္ဒါလိ ထိုသို့ဆောင်ရွက်ရာ၌
ရဟန်းတို့အား
ဤသို့ ပြောဆိုခြင်းသည်
ဖြစ်၏ -
''ငါ့သျှင်တို့
ဤရဟန်းသည်
ယုံကြည်ကာမျှ
ဖြင့် ချစ်နှစ်သက်ကာမျှဖြင့်
ရွက်ဆောင်၏၊
အကယ်၍
ငါတို့သည်
ဤရဟန်းကို
နှိပ်စက်၍နှိပ်စက်၍
ညှဉ်းပန်းမှုကို
ပြုကုန်ငြားအံ့၊
ဖြစ်ပေါ်နေသော
ယုံကြည်ခြင်းမျှ
ချစ်နှစ်သက်ခြင်းမျှသည်လည်းယုတ်လျော့
ရာ၏၊
ထိုယုံကြည်ခြင်းမျှ
ချစ်နှစ်သက်ခြင်း
မျှမှလည်း မဆုတ်ယုတ်ပါစေလင့်''ဟု
(ဤသို့ပြောဆိုခြင်း
ဖြစ်ပါ၏)။
ဘဒ္ဒါလိ
အချို့သော
ရဟန်းကို
နှိပ်စက်၍
နှိပ်စက်၍
ညှဉ်းပန်းမှုကိုပြုသောအကြောင်းကား
ဤသည်ပင်တည်း၊
အထောက်အပံ့ကား
ဤသည်ပင်တည်း။
ဘဒ္ဒါလိအချို့သောရဟန်းကို
ထိုသို့သော
အခြင်းအရာအားဖြင့်
နှိပ်စက်၍
နှိပ်စက်၍
ညှဉ်းပန်းမှုကို
မပြုကြသောအကြောင်းကား
ဤသည်ပင်
တည်း၊
အထောက်အပံ့ကား
ဤသည်ပင်တည်းဟု
(မိန့်တော်မူ၏)။
၁၄၅။
အသျှင်ဘုရား
ရှေးအခါက
သိက္ခာပုဒ်များ
အလွန်နည်းပါးပါကုန်လျက်
များစွာသောရဟန်း
တို့၏့အရဟတ္တဖိုလ်၌
တည်ကြသော
အကြောင်းကား
အဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါ နည်း၊
အသျှင်ဘုရား
ယခုအခါ၌
သိက္ခာပုဒ်များ
အလွန်များပါကုန်လျက်
အလွန်နည်းပါးသော
ရဟန်းတို့
၏အရဟတ္တဖိုလ်၌
တည်ကြသော
အကြောင်းကား
အဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါနည်းဟု
(လျှောက်၏)။
ဘဒ္ဒါလိ
ဤသို့သာ
ဖြစ်ရ၏၊
သတ္တဝါတို့
ကိုယ်ကျင့်တရား
ဆုတ်ယုတ်ကုန်သည်ရှိသော်
သူတော်ကောင်းတရား
ကွယ်ခါနီးလတ်သော်
သိက္ခာပုဒ်တို့သည်
များပြားကုန်၏၊
သို့ရာတွင်
အလွန်နည်းပါးသောရဟန်းတို့သည်သာ
အရဟတ္တဖိုလ်၌
တည်ကြကုန်၏။ ဘဒ္ဒါလိ
အာသဝေါတရားလျှင်
တည်ရာရှိကုန်သောအချို့သော
(လွန်ကျူးမှု)
တရားတို့သည်
သံဃာ၌
ထင်ရှားမဖြစ်ပေါ်သေးသမျှကာလပတ်လုံး
မြတ်စွာဘုရားသည်
တပည့်တို့အား
သိက္ခာပုဒ်ကို
ပညတ်တော်မမူသေး။
ဘဒ္ဒါလိ ဤ
(သာသနာတော်)
၌အာသဝေါတရားလျှင်
တည်ရာရှိကုန်သော
အချို့သော
လွန်ကျူးမှုတရားတို့သည်
သံဃာ၌
ထင်ရှားဖြစ်ပေါ်လာသော
အခါ အာသဝေါတရားလျှင်
တည်ရာရှိသော
ထိုလွန်ကျူးမှုတရားတို့ကို
ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင်
မြတ်စွာဘုရားသည်
တပည့်တို့အား
သိက္ခာပုဒ်ကို
ပညတ်တော်မူ၏။
ဘဒ္ဒါလိ
သံဃာသည်
များပြားသောအဖြစ်သို့
မရောက်သေးသမျှကာလပတ်လုံး
ဤသာသနာတော်၌အာသဝေါတရားလျှင်
တည်ရာရှိကုန်သော
အချို့သော လွန်ကျူးမှုတရားတို့သည်
သံဃာ၌
ထင်ရှားမဖြစ်ပေါ်ကုန်သေး။
ဘဒ္ဒါလိ
သံဃာများပြားသည်၏အဖြစ်သို့
ရောက်သောအခါ၌မူကား
ဤသာသနာတော်၌အာသဝေါတရားလျှင်
တည်ရာရှိကုန်သော
အချို့သော
လွန်ကျူးမှု
တရားတို့သည် သံဃာ၌
ထင်ရှားဖြစ်ပေါ်လာကုန်၏၊
ထိုအခါ ထိုအာသဝေါတရားလျှင်
တည်ရာရှိကုန်သော
အချို့သော
လွန်ကျူးမှုတရားတို့ကို
ပယ်ဖျောက်ရန်အကျိုး
ငှါသာလျှင်
မြတ်စွာဘုရားသည်
တပည့်တို့အား
သိက္ခာပုဒ်ကို
ပညတ်တော်မူ၏။
ဘဒ္ဒါလိ
သံဃာသည်
လာဘ်ပေါများသည်၏အဖြစ်သို့
မရောက်သေးသမျှကာလပတ်လုံး
ဤသာသနာတော်၌
အာသဝေါတရားလျှင်
တည်ရာရှိကုန်သော
အချို့သော
လွန်ကျူးမှုတရားတို့သည်
သံဃာ၌
ထင်ရှားမဖြစ်ပေါ်ကုန်သေး၊
အခြံအရံများပြားသည်၏အဖြစ်။
အကြားအမြင်
များပြားသည်၏အဖြစ်။
ညဉ့်အပိုင်းအခြားကို
သိသောရဟန်း
များပြားသည်၏အဖြစ်သို့
မရောက်သေးသမျှကာလပတ်လုံး
ဤသာသနာတော်၌
အာသဝေါတရားလျှင်
တည်ရာရှိကုန်သော
အချို့သောလွန်ကျူးမှုတရားတို့သည်
သံဃာ၌ထင်ရှားမဖြစ်ပေါ်ကုန်သေး။
ဘဒ္ဒါလိ
သံဃာသည်
ညဉ့်အပိုင်းအခြားကို
သိသောရဟန်း
များပြားသည်၏အဖြစ်သို့
ရောက်သော
အခါဤသာသနာတော်၌
အာသဝေါတရား၏
တည်ရာဖြစ်ကုန်သော
အချို့သော
လွန်ကျူးမှုတရား
တို့သည်သံဃာ၌
ထင်ရှားဖြစ်ပေါ်ကုန်၏၊
ထိုအခါ
အာသဝေါတရားတို့၏
တည်ရာဖြစ်ကုန်သော
အချို့
သောလွန်ကျူးမှုတရားတို့ကို
ပယ်ဖျောက်ရန်အကျိုးငှါသာလျှင်
မြတ်စွာဘုရားသည်
တပည့်တို့အား
သိက္ခာပုဒ်ကိုပညတ်တော်မူ၏။
၁၄၆။
ဘဒ္ဒါလိ
သင်တို့အား
အာဇာနည်မြင်းငယ်ဥပမာရှိသော
တရားကို ငါ
ဟောစဉ်က
သင်တို့
သည်အနည်းငယ်မျှသာ
ဖြစ်ကုန်၏၊
ဘဒ္ဒါလိ
ထိုတရားကို
သင်မှတ်မိသေး၏လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မမှတ်မိပါဟု
(လျှောက်၏)။
ဘဒ္ဒါလိ ထိုမမှတ်မိရာ၌
အဘယ်အကြောင်းကို
ယုံကြည်ဘိသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
တပည့်တော်သည်
မြတ်စွာဘုရား
သာသနာတော်၌
ရှည်မြင့်စွာသော
ကာလပတ်လုံး
သိက္ခာပုဒ်ကို
ဖြည့်ကျင့်လေ့မရှိခဲ့သောကြောင့်
ဖြစ်တန်ရာပါ၏ဟု
(လျှောက်၏)။
ဘဒ္ဒါလိ
အမှန်အားဖြင့်
ဤသည်သာလျှင်
အကြောင်းမဟုတ်သေး၊
ဤသည်သာလျှင်
အထောက်အပံ့မဟုတ်သေး။
ဘဒ္ဒါလိ
ငါသည်
သင့်ကို
ရှည်မြင့်စွာသော
ကာလပတ်လုံး
စိတ်ဖြင့် စိတ်ကို
ပိုင်းခြား၍''ဤမဂ်ဖိုလ်မှ
အချည်းနှီးသောသူသည်
ငါ
တရားဟောသည်ရှိသော်
အရိုအသေ ပြု၍
နှလုံးသွင်းပြီးလျှင့်အလုံးစုံကို
စိတ်ဝင်စားကာ
နားစိုက်လျက်
တရားမနာ''ဟု သိ၏။
သို့ရာတွင်
သင့်အား
ငါသည်အာဇာနည်မြင်းငယ်
ဥပမာရှိသော
တရားကို
ဟောကြားပေအံ့၊
ထိုတရားကို
ကောင်းစွာ နာယူလော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ကောင်းပါပြီဟုအသျှင်ဘဒ္ဒါလိသည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၏။
မြတ်စွာဘုရားသည်
ဤသို့
ဟောကြားတော်မူ၏
-
၁၄၇။
ဘဒ္ဒါလိ
ဥပမာသော်ကား
ကျွမ်းကျင်သော
မြင်းဆရာသည်
အာဇာနည်မြင်းကောင်းကိုရသည်ရှိသော်
ရှေးဦးစွာ
ဇက်ခွံ့ရာ၌
ညှဉ်းပန်းမှုကို
ပြုစေ၏၊
ထိုဇက်ခွံ့ရာ၌
ညှဉ်းပန်းမှုအ
ပြုခံရသောထိုအာဇာနည်မြင်းအား
အနည်းအကျဉ်းသော
ဆိုးသွမ်းမှု
ကြမ်းတမ်းမှု
လှုပ်ရှားမှုတို့သည်
ဖြစ်ပေါ်လာကုန်သည်သာတည်း၊
ထိုသို့
ဖြစ်ခြင်းသည်
ရှေး၌ မပြုလုပ်စေခဲ့ဖူးသေးသော
ညှဉ်းဆဲမှုကို
အပြုခံရသော
သတ္တဝါ၏
ထုံးတမ်းအတိုင်းပင်တည်း။
ထိုမြင်းသည်
မပြတ်ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်အစဉ်အတိုင်း
ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်
ထိုမယဉ်ကျေးသောအရာ၌
ကြမ်းတမ်းမှုသည်ငြိမ်း၏။
ဘဒ္ဒါလိ
အကြင်အခါ၌
အာဇာနည်မြင်းကောင်းသည်
မပြတ်ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်အစဉ်အတိုင်း
ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်
ထိုမယဉ်ကျေးသော
အရာ၌
ကြမ်းတမ်းမှုသည်ငြိမ်း၏၊
ထိုမြင်းအာဇာနည်ကို
မြင်းဆရာသည်
ထို့ထက်အလွန်
ယာဉ်တပ်ခြင်း၌
ညှဉ်းဆဲမှုကို
ပြုစေပြန်၏၊
ယာဉ်တပ်ခြင်း၌
ညှဉ်းဆဲမှုအပြုခံရသော
ထိုမြင်းအား
အနည်းအကျဉ်းသော
ဆိုးသွမ်းမှု
ကြမ်းတမ်းမှု
လှုပ်ရှားမှုတို့သည်
ဖြစ်ပေါ်လာကုန်သည်သာတည်း၊
ထိုသို့ဖြစ်ခြင်းသည်
ရှေး၌
မပြုလုပ်စေခဲ့ဖူးသေးသော
ညှဉ်းဆဲမှုကို
အပြုခံရသော
သတ္တဝါ၏
ထုံးတမ်းအတိုင်းပင်တည်း။
ထိုမြင်းသည်
မပြတ်ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်
အစဉ်အတိုင်း
ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်
ထိုမယဉ်ကျေးသောအရာ၌
ကြမ်းတမ်းမှုသည်
ငြိမ်း၏။
ဘဒ္ဒါလိ
အကြင်အခါ၌
အာဇာနည်မြင်းကောင်းသည်
မပြတ်ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်အစဉ်အတိုင်း
ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်
ထိုမယဉ်ကျေးသော
အရာ၌
ကြမ်းတမ်းမှုသည်ငြိမ်း၏။
ထိုမြင်းကို
မြင်းဆရာသည်
ထို့ထက်အလွန်
ညှဉ်းဆဲမှုကို
ပြုစေပြန်၏၊
ခုန်လွှားခြင်း၌လည်းကောင်း၊
လုံးနေအောင်ပြေးခြင်း၌လည်းကောင်း၊
ခွာဖျားထောက်၍
ပြေးခြင်း၌လည်းကောင်း၊
ကောင်းစွာ
ဆောင်နိုင်ခြင်း၌လည်းကောင်း၊
မထိတ်မလန့်
စစ်ပွဲသို့ဝင်ခြင်း၌လည်းကောင်း၊
မင်းသိစေရန်
ဂုဏ်ပြုနိုင်ခြင်း၌လည်းကောင်း၊
ရာဇဝင်တွင်အောင်
ဆောင်ရွက်ခြင်း၌လည်းကောင်း၊
အသာလွန်ဆုံး
လျင်မြန်ခြင်း၌လည်းကောင်း၊
အကောင်းဆုံးမြင်း
ဖြစ်စေခြင်း၌လည်းကောင်း၊
အသိမ်မွေ့ဆုံးသော
စကားဖြင့်
စေခိုင်းရခြင်း၌လည်းကောင်း၊
ညှဉ်းဆဲမှုကို
ပြုစေ၏၊ အသာလွန်ဆုံး
လျင်မြန်ခြင်း၌လည်းကောင်း၊
အကောင်းဆုံး
မြင်း
ဖြစ်စေခြင်း၌လည်းကောင်း၊
အသိမ်မွေ့ဆုံးသော
စကားဖြင့်စေခိုင်းရခြင်း၌လည်းကောင်း
ညှဉ်းဆဲမှု အပြုခံရသော
ထိုမြင်းအား
အနည်းအကျဉ်းသော
ဆိုးသွမ်းမှုကြမ်းတမ်းမှု
လှုပ်ရှားမှုတို့သည်
ဖြစ်ပေါ်
လာကုန်သည်သာလျှင်တည်း၊
ထိုသို့ဖြစ်ပေါ်ခြင်းသည်
ရှေး၌မပြုလုပ်စေခဲ့ဖူးသော
ညှဉ်းပန်းမှုကို
အ ပြုခံရသော
သတ္တဝါ၏
ထုံးတမ်းအတိုင်းပင်တည်း။
ထိုမြင်းသည်မပြတ်ညှဉ်းဆဲခြင်း
ဟူသော
အကြောင်း
ကြောင့်
အစဉ်အတိုင်း
ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်ထိုမယဉ်ကျေးသော
အရာ၌
ကြမ်းတမ်းမှု
သည် ငြိမ်း၏။
ဘဒ္ဒါလိ
အကြင်အခါ၌
အာဇာနည်မြင်းကောင်းသည်
မပြတ်ညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်အစဉ်အတိုင်းညှဉ်းဆဲခြင်းဟူသော
အကြောင်းကြောင့်
ထိုမယဉ်ကျေးသော
အရာ၌ ကြမ်းတမ်းမှုသည်ငြိမ်း၏။
ထိုမြင်းကို
မြင်းဆရာသည်
ထို့ထက်အလွန်
မင်းနှင့်သာထိုက်သော
အစာကိုလည်းကောင်း၊
့မင်းနှင့်သာထိုက်သော
ရေကိုလည်းကောင်း
ကျွေး၏။
ဘဒ္ဒါလိ ဆယ်ပါးကုန်သောဤအကြောင်းအင်္ဂါတို့နှင့်
ပြည့်စုံသော
အာဇာနည်မြင်းကောင်းသည်
မင်းနှင့်ထိုက်တန်၏၊
မင်းတို့သုံးဆောင်သင့်၏၊
မင်း၏ အင်္ဂါ
ဟူ၍သာ
ရေတွက်ခြင်းသို့
ရောက်၏။
ဘဒ္ဒါလိ
ဤအတူသာလျှင်
ဆယ်ပါးကုန်သောတရားတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အဝေးမှဆောင်ယူ၍
လှူအပ်သော
အလှူကို
ခံထိုက်၏၊
ဧည့်သည်တို့အား
ရည်မှတ်၍
ထားသော
အလှူကိုခံထိုက်၏၊
မြတ်သော အလှူကို
ခံထိုက်၏၊
လက်အုပ်ချီခြင်းကို
ခံထိုက်၏၊
သတ္တဝါအပေါင်း၏
ကုသိုလ်မျိုးစေ့တို့
စိုက်ပျိုးရာ
အတုမရှိ
မြတ်သော လယ်ယာမြေကောင်းသဖွယ်
ဖြစ်၏။
ဆယ်ပါးသော
တရားတို့ဟူသည်
အဘယ်နည်း -
ဘဒ္ဒါလိ
ဤသာသနာတော်၌
ရဟန်းသည်ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသော
ဉာဏ်အမြင်နှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သောကောင်းသော
အကြံနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသော
စကားနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသောအမှု
ပြုခြင်းနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သောကောင်းသော
အသက်မွေးခြင်းနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသော
အားထုတ်ခြင်းနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသော
သတိနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသော
တည်ကြည်မှု
'သမာဓိ'နှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသောဉာဏ်အမြင်နှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
ဥစ္စာဖြစ်သော
ကောင်းသော
လွတ်မြောက်ခြင်း
'ဝိမုတ္တိ'နှင့်ပြည့်စုံ၏။
ဘဒ္ဒါလိ
ဤဆယ်ပါးသော
အင်္ဂါတို့နှင့့်
ပြည့်စုံသော
ရဟန်းသည်
အဝေးမှ
ဆောင်ယူ၍
လှူအပ်သောအလှူကို
ခံထိုက်၏၊
ဧည့်သည်တို့အား
ရည်မှတ်၍
ထားအပ်သော
အလှူကို
ခံထိုက်၏၊ မြတ်သောအလှူကို
ခံထိုက်၏၊
လက်အုပ်ချီခြင်းကို
ခံထိုက်၏၊
သတ္တဝါအပေါင်း၏
ကုသိုလ်မျိုးစေ့တို့
စိုက်ပျိုးရာအတုမရှိ
မြတ်သော လယ်ယာမြေကောင်းဖြစ်ပေ၏ဟု
ဆိုရ၏ ဟူ၍
မြတ်စွာဘုရားသည်
ဤတရားတော်ကိုဟောကြားတော်မူ၏။
အသျှင်ဘဒ္ဒါလိသည်
မြတ်စွာဘုရား၏
တရားစကားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ငါးခုမြောက်
ဘဒ္ဒါလိသုတ်
ပြီး၏။
------
၆-လဋုကိကောပမသုတ်
၁၄၈။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
အဂုင်္တ္တရာပတိုင်း
အာပဏမည်သော
နိဂုံး၌
သီတင်းသုံးနေတော်မူ၏၊
ထိုအခါ
မြတ်စွာဘုရားသည်
နံနက်အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူတော်မူပြီးလျှင်
အာပဏနိဂုံးသို့
ဆွမ်းအလို့ငှါ
ဝင်တော်မူ၏၊
အာပဏနိဂုံးသို့
ဆွမ်းခံလှည့်လည်၍
ဆွမ်းခံရာမှဖဲခဲ့ကာ
ဆွမ်းစားပြီးနောက်
တောအုပ်တစ်ခုသို့
နေ့သန့်စင်တော်မူရန်
ဝင်ရောက်၍
သစ်တစ်ပင်ရင်း၌နေ့သန့်စင်တော်မူ၏။
အသျှင်ဥဒါယီသည်လည်း
နံနက်အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူူပြီးလျှင်အာပဏနိဂုံးသို့
ဆွမ်းအလို့ငှါ
ဝင်လေ၏၊
အာပဏနိဂုံး၌
ဆွမ်းအလို့ငှါ
လှည့်လည်၍
ဆွမ်းခံရာမှ
ဖဲခဲ့ကာဆွမ်းစားပြီးနောက်
ထိုတောအုပ်ရှိရာသို့
နေ့သန့်စင်ရန်
ဝင်ရောက်၍ သစ်တစ်ပင်ရင်း၌
နေ့သန့်စင်နေလေ၏။
ထိုအခါ
ဆိတ်ငြိမ်ရာသို့
ကပ်၍
ကိန်းအောင်းနေသော
အသျှင်ဥဒါယီအား
''မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
ဆင်းရဲတရားတို့ကို
စင်စစ်
ပယ်ဖျောက်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
ချမ်းသာတရားတို့ကို
စင်စစ်
ရှေးရှုဆောင်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏့များစွာသော
အကုသိုလ်တရားတို့ကို
စင်စစ်
ပယ်ဖျောက်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
ကုသိုလ်တရားတို့ကို
စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏''ဟု
စိတ်အကြံဖြစ်ပေါ်၏။
ထို့နောက်
အသျှင်ဥဒါယီသည်
ညချမ်းအခါ
ကိန်းအောင်းရာမှ
ထလျက်
မြတ်စွာဘုရားရှိတော်မူရာသို့ချဉ်းကပ်၍
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်နေ၏။
၁၄၉။
သင့်လျော်ရာ၌
ထိုင်နေပြီးသော
အသျှင်ဥဒါယီသည်
မြတ်စွာဘုရားအား
ဤသို့ လျှောက်ထား၏
-
''အသျှင်ဘုရား
ဆိတ်ငြိမ်ရာသို့
ကပ်၍ ကိန်းအောင်းနေသော
တပည့်တော်အား'မြတ်စွာဘုရား
သည် ငါတို့၏
များစွာသော
ဆင်းရဲတရားတို့ကို
စင်စစ်
ပယ်ဖျောက်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏
များစွာသော
ချမ်းသာတရားတို့ကို
စင်စစ်
ရှေးရှုဆောင်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့ ၏
များစွာသော
အကုသိုလ်တရားတို့ကို
စင်စစ်
ပယ်ဖျောက်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏
များစွာသော ကုသိုလ်တရားတို့ကို
စင်စစ်
ရှေးရှုဆောင်တတ်ပါပေ၏'ဟုဤသို့သော
စိတ်အကြံ
ဖြစ်ပါ၏။
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
ရှေးအခါက
ညအခါ၌လည်းကောင်း၊
နံနက်အခါ၌လည်းကောင်း၊
နေ့နေလွဲအခါ၌လည်းကောင်း
စားကြပါကုန်၏။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
'ရဟန်းတို့
သင်တို့သည်
နေလွဲသောအခါ၌
စားခြင်းကိုပယ်စွန့်ကြကုန်လော့'ဟု
မိန့်တော်မူခဲ့စဉ်က
'သဒ္ဓါတရားရှိသော
သူကြွယ်တို့သည်
နေလွဲသော အခါ၌မွန်မြတ်သော
ခဲဖွယ်ဘောဇဉ်ကို
ငါတို့အား
ပေးလှူကုန်၏၊
ထိုခဲဖွယ်ဘောဇဉ်ကိုလည်း
ငါတို့အားပယ်ရမည်ဟု
မြတ်စွာဘုရားဟောတော်မူ၏၊
ထိုခဲဖွယ်ဘောဇဉ်ကိုလည်း
ငါတို့အား
စွန့်လွှတ်ရမည်ဟုမြတ်စွာဘုရား
ဟောတော်မူ၏'ဟု
အကျွန်ုပ်အား
စိတ်ပြောင်းလွဲမှု
စိတ်ဆင်းရဲမှု
ဖြစ်ခဲ့ရပါ၏။
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
မြတ်စွာဘုရား၌
ချစ်ခြင်း
ရိုသေခြင်း
ရှက်ခြင်း ကြောက်ခြင်းတို့ကို
ကောင်းစွာ
ထောက်မြော်ကြလျက်
ဤသို့လျှင်
ထိုနေ့နေလွဲအခါ၌
စားခြင်းကို
ပယ်စွန့်ကြပါကုန်၏။
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
ညဉ့်အခါ၌လည်း
စားပါကုန်၏၊
နံနက်အခါ၌လည်း
စားပါ ကုန်၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
'ရဟန်းတိုု့
သင်တို့သည်
ဤညဉ့်အခါ၌
စားခြင်းကိုပယ်စွန့်ကြကုန်လော့'ဟု
မိန့်တော်မူခဲ့စဉ်က
'ငါတို့၏
ဤနှစ်ထပ်သော
အစာတို့တွင်သာလွန်မြတ်သည်ဟု
ဆိုရသော ညဉ့်စာကိုလည်း
ငါတို့အား
ပယ်ရမည်ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ထိုမြတ်သော
ညဉ့်စာကိုလည်း
ငါတို့အား
စွန့်ရမည်'ဟု မြတ်စွာဘုရားဟောတော်မူ၏ဟု
အကျွန်ုပ်အားစိတ်ပြောင်းလွဲမှု
စိတ်ဆင်းရဲမှု
ဖြစ်ခဲ့ရပါ၏။
အသျှင်ဘုရား
ရှေးကဖြစ်ဖူးသည်မှာ
တစ်ယောက်သော
ယောက်ျားသည်
နေ့အခါ၌
ဟင်းလျာကို
ရ၍'ဤဟင်းလျာကို
ထားကြကုန်လော့၊
ညချမ်းအခါ
ငါတို့အားလုံး
တစ်စုတစ်ရုံးတည်း
စားကြကုန်အံ့'ဟုဆို၏။
အသျှင်ဘုရား
အထူးပြုပြင်ထားသော
ခဲဖွယ်တို့သည်
ညဉ့်အခါ၌သာ
အားလုံးစုံလင်၍
နေ့အခါ၌ကား အနည်းငယ်သာ
ဖြစ်ပါကုန်၏။
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
မြတ်စွာဘုရား၌
ချစ်ခြင်းရိုသေခြင်း
ရှက်ခြင်း
ကြောက်ခြင်းတို့ကို
ကောင်းစွာ
ထောက်မြော်ကြလျက်
ဤသို့လျှင်
ညဉ့်အခါ၌စားခြင်းကို
ပယ်ခဲ့ကြပါကုန်၏။
အသျှင်ဘုရား
ရှေးကဖြစ်ဖူးသည်မှာ
ရဟန်းတို့သည်
ညဉ့်မှောင်မိုက်၌
ဆွမ်းခံလှည့်လည်ကြကုန်သည်ရှိသော်
အညစ်အကြေးစွန့်ရာသို့လည်း
ဝင်မိကြကုန်၏၊
ညွန်တွင်းသို့လည်း
ကျကြကုန်၏၊
ဆူးရှိသော
တွင်းကိုလည်း
နင်းမိကြကုန်၏၊
အိပ်နေသော
နွားမကိုလည်း
တက်နင်းမိကြကုန်၏၊
ခိုးခဲ့ပြီးသောသူခိုး
မခိုးရသေးသော
သူခိုးတို့နှင့်လည်း
တွေ့ဆုံမိကြကုန်၏၊
မာတုဂါမသည်မူလည်း
ထိုရဟန်းကိုမေထုန်အကျင့်ဖြင့်
ဖိတ်၏
'မေထုန်ကျင့်ရန်
ပြောဆို၏'။
အသျှင်ဘုရား
ရှေးကဖြစ်ဖူးသည်မှာ
တပည့်တော်သည်
ညဉ့်မှောင်မိုက်၌
ဆွမ်းအလို့ငှါ
လှည့်လည်၏၊
အသျှင်ဘုရား
ခွက်ဆေးကြောနေသော
မိန်းမတစ်ယောက်သည်
လျှပ်စစ်ပြက်သော
အခိုက်၌
အကျွန်ုပ်
ကို့မြင်၍
'အမလေး ကိုယ်ကျိုးနဲပါပေါ့၊
ဘီလူးကြီးပါတကား'ဟု
လန့်အော်ပါ၏။
အသျှင်ဘုရား
ဤသို့လန့်အော်သော်
တပည့်တော်သည်
'နှမ ငါသည်
ဘီလူးမဟုတ်ပါ၊
ဆွမ်းရပ်နေသော
ရဟန်းပါ'ဟု
ထိုမိန်းမကို
ပြောဆိုခဲ့ပါ၏၊
'ရဟန်းအား မိဘမဲ့လေယောင်တကား၊
ရဟန်းအားမိဘမဲ့လေယောင်
တကား၊ ရဟန်း
ထက်လှစွာသော
ဓားငယ်ဖြင့် သင်၏
ဝမ်းဗိုက်ကို
ထိုးဖောက်ခြင်းကမြတ်သေး၏၊
ညဉ့်မှောင်မိုက်၌
ဝမ်းဟူသောအကြောင်းကြောင့်
ဆွမ်းခံလှည့်လည်ခြင်းသည်မမြတ်သည်သာ
တည်း'ဟု
ထိုမိန်းမက ဆိုပါ၏။
အသျှင်ဘုရား
ထိုအကြောင်းကို
ပြန်အောက်မေ့သော
အကျွန်ုပ်အား
'မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
ဆင်းရဲတရားတို့ကို
စင်စစ်
ပယ်ရှားတော်မူတတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
ချမ်းသာတရားတို့ကို
စင်စစ်
ရှေးရှုဆောင်တတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
အကုသိုလ်
တရားတို့ကို
စင်စစ် ပယ်ရှားတတ်ပါပေ၏၊
မြတ်စွာဘုရားသည်
ငါတို့၏များစွာသော
ကုသိုလ်တရားတို့ကို
စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏'ဟူ၍
ဤသို့
အကြံဖြစ်ပါ၏''ဟု
(လျှောက်၏)။
၁၅၀။
ဥဒါယီ
ဤသို့သာ
ဖြစ်ကြကုန်၏၊
အချို့သော
အချည်းနှီးသော
ယောက်ျားတို့ကို
''ဤ
အရာကိုပယ်ကြကုန်လော့''ဟု
ငါက
ဆိုသည်ရှိသော်
ထိုရဟန်းတို့သည်
''ဤနည်းနည်းပါးပါးကလေးမှာအဘယ်ပြောပလောက်သနည်း၊
ဤရဟန်းသည်
ခေါင်းပါးခြင်း၌
ကြောင့်ကြစိုက်လွန်းသည်သာတည်း''ဟုဆိုကုန်၏။
ထိုရဟန်းတို့သည်
ထိုအရာကိုလည်း
မစွန့်ကုန်၊
ငါ၌လည်းကောင်း၊
သိက္ခာသုံးပါးကို
လိုလားကုန်
သောရဟန်းတို့၌လည်းကောင်း
မကျေနပ်မှုဖြစ်ကြကုန်၏။
ဥဒါယီ
ထိုအချည်းနှီးသော
ယောက်ျားတို့
အားထိုနည်းနည်း
ပါးပါးကလေးသည်ပင်
အားကြီးသော
အနှောင်အဖွဲ့
မြဲမြံသော
အနှောင်အဖွဲ့
ခိုင်ခံ့
သောအနှောင်အဖွဲ့
မဆွေးမြေ့သော
အနှောင်အဖွဲ့
ဖြစ်၏၊
ကြီးစွာသော
သစ်သားတောက်လည်း
ဖြစ်နေ၏။
ဥဒါယီ
ဥပမာသော်ကား
ဘီလုံးငှက်ငယ်သည်
နွယ်ပုတ်အနှောင်အဖွဲ့ဖြင့်
ဖွဲ့မိသော်
ထိုအရပ်၌သာ
လျှင်ညှဉ်းဆဲခံရခြင်းသို့လည်းကောင်း၊
အဖမ်းခံရခြင်းသို့လည်းကောင်း၊
သေဆုံးခြင်းသို့လည်းကောင်းရောက်၏။
ဥဒါယီ ''အနှောင်အဖွဲ့ခံရသဖြင့်
ထိုအရပ်၌ပင်
ထိုဘီလုံးငှက်ငယ်၏
ညှဉ်းဆဲခံရခြင်း
အဖမ်းခံရခြင်း
သေဆုံးခြင်းသို့
ရောက်ကြောင်းဖြစ်သော
နွယ်ပုတ်အနှောင်အဖွဲ့သည်ကား
ထိုဘီလုံးငှက်ငယ်အတွက်
အားမရှိသော
အနှောင်အဖွဲ့
အားနည်းသော
အနှောင်အဖွဲ့
ဆွေးမြေ့သော
အနှောင်အဖွဲ့
အနှစ်မရှိသော
အနှောင်အဖွဲ့သာ
ဖြစ်၏''ဟု
ဆိုငြားအံ့၊
ထိုသူ၏
ပြောဆိုချက်သည်
ကောင်းစွာ
ပြောဆိုခြင်းဖြစ်ပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဖြစ်ပါ၊
အသျှင်ဘုရား
အနှောင်အဖွဲ့ခံရသဖြင့်
ထိုအရပ်၌ပင်
ထိုဘီလုံးငှက်ငယ်၏
ညှဉ်းဆဲခံရခြင်း
အဖမ်းခံရခြင်း
သေဆုံးရခြင်းသို့
ရောက်ကြောင်းဖြစ်သော
နွယ်ပုတ်အနှောင်အဖွဲ့သည်ကား
ထိုဘီလုံးငှက်ငယ်အတွက်
အားကြီးသော
အနှောင်အဖွဲ့
မြဲမြံသောအနှောင်အဖွဲ့
ခိုင်ခံ့သော
အနှောင်အဖွဲ့
မဆွေးမြေ့သော
အနှောင်အဖွဲ့
ဖြစ်၏၊
ကြီးစွာသော
သစ်သားတောက်လည်း
ဖြစ်ပါ၏ဟု (လျှောက်၏)။
ဥဒါယီ
ဤအတူသာလျှင်
ဤသာသနာတော်၌
အချို့သော
အချည်းနှီးသော
ယောက်ျားတို့ကို''ဤအရာကို
စွန့်ကြကုန်လော့''ဟု
ငါက
ဆိုသည်ရှိသော်
''ဤနည်းနည်းပါးပါးကလေးမှာ
အဘယ်ပြောပလောက်သနည်း၊
ဤရဟန်းသည်
ခေါင်းပါးခြင်း၌
ကြောင့်ကြစိုက်လွန်းသည်သာတည်း''ဟု
ဆိုကြကုန်၏။
ထိုရဟန်းတို့သည်
ထိုအရာကိုလည်း
မစွန့်ကုန်၊
ငါ၌လည်းကောင်း၊
သိက္ခာသုံးပါးကို
လိုလားကုန်သောရဟန်းတို့၌လည်းကောင်း
မကျေနပ်မှု
ဖြစ်ကြကုန်၏။
ဥဒါယီ
ထိုအချည်းနှီးသော
ယောက်ျားတို့အား
ထိုနည်းနည်းပါးပါးကလေးသည်ပင်
အားကြီးသောအနှောင်အဖွဲ့
မြဲမြံသော
အနှောင်အဖွဲ့
ခိုင်ခံ့သော
အနှောင်အဖွဲ့
မဆွေးမြေ့သော
အနှောင်အဖွဲ့
ဖြစ်၏၊
့ကြီးစွာသော
သစ်သားတောက်လည်း
ဖြစ်၏။
၁၅၁။
ဥဒါယီ
ဤသာသနာတော်၌
အချို့သော
အမျိုးကောင်းသားတို့ကို
''ဤအရာကို
ပယ်ကြကုန်လော့''ဟု
ငါက
ဆိုသည်ရှိသော်
ထိုအမျိုးကောင်းသားတို့သည်
''မြတ်စွာဘုရားက
ငါတို့အား
ပယ်ရမည်စွန့်ရမည်ဟု
ဟောထားသော
ဤနည်းနည်းပါးပါးကလေးမျှ
ဖြစ်သော
ပယ်စရာသည် အဘယ်မှာမပြောပလောက်ဘဲရှိအံ့နည်း''ဟု
ဆိုကြကုန်၏။
ထိုသူတို့သည်
ထိုအရာကိုလည်း
ပယ်ကြကုန်၏၊
ငါ၌လည်းကောင်း၊
သိက္ခာသုံးပါးကို
အလိုရှိကြကုန်သော
ရဟန်းတို့၌လည်းကောင်း
မကျေနပ်မှု
မဖြစ်ကြကုန်၊
ထိုရဟန်းတို့သည်
ထိုအရာကို
ပယ်စွန့်ကြ၍
ကြောင့်ကြမစိုက်ကြဘဲ
မာန်ကျကုန်လျက်
သူတစ်ပါးပေးသောဝတ္ထုဖြင့်
အသက်မွေးကြကာသားသမင်သဖွယ်
စိတ်ထားဖြင့်
နေကြကုန်၏၊
ဥဒါယီ
ထိုရဟန်းတို့အား
ထိုအရာသည်
အားမရှိသောအနှောင်အဖွဲ့အားနည်းသော
အနှောင်အဖွဲ့
ဆွေးမြေ့သော
အနှောင်အဖွဲ့
အနှစ်မရှိသော
အနှောင်အဖွဲ့ဖြစ်၏။
ဥဒါယီ
ဥပမာသော်ကား
လှည်းသန်နှင့်အလားတူ
အစွယ်ရှိသော
ထွားကျိုင်း၍
အမျိုးကောင်းသောစစ်မြေပြင်သို့
ဝင်ဖူးသော
မင်းစီးဆင်သည်
မြဲမြံသော
ကြိုးအနှောင်အဖွဲ့တို့ဖြင့်
အနှောင်အဖွဲ့ခံရသော်အနည်းငယ်မျှသာ
ကိုယ်ကို
ညွတ်စေ၍
ထိုအနှောင်အဖွဲ့တို့ကို
ဖြတ်လျက်
ကောင်းစွာ
ဖျက်ဆီး၍
အလိုရှိရာအရပ်သို့
ဖဲသွားလေ၏။
ဥဒါယီ
''လှည်းသန်နှင့်
အလားတူ
အစွယ်ရှိသော ထွားကျိုင်း၍
အမျိုးကောင်းသော
စစ်မြေပြင်သို့ဝင်ဖူးသော
မင်းစီးဆင်သည်
မြဲမြံသော
ကြိုးအနှောင်အဖွဲ့တို့ဖြင့်
အနှောင်အဖွဲ့ခံရသော်
အနည်းငယ်သာကိုယ်ကို
ညွတ်စေ၍
ထိုအနှောင်အဖွဲ့တို့ကို
ဖြတ်၍
ကောင်းစွာ
ဖျက်ဆီး၍
အလိုရှိရာအရပ်သို့ဖဲထွက်လေရာသော
အနှောင်အဖွဲ့သည်ကား
ထိုဆင်အတွက်
အားရှိသော အနှောင်အဖွဲ့
မြဲမြံသောအနှောင်
အဖွဲ့
ခိုင်ခံ့သော
အနှောင်အဖွဲ့
မဆွေးမြေ့သော
အနှောင်အဖွဲ့
ဖြစ်၏၊
ကြီးစွာသောသစ်သားတောက်
လည်း
ဖြစ်၏''ဟု
ဆိုငြားအံ့၊
ထိုသူ၏
ပြောဆိုချက်သည်
ကောင်းစွာ
ပြောဆိုခြင်းဖြစ်ပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဖြစ်ပါ။
အသျှင်ဘုရား
လှည်းသန်နှင့်
အလားတူ အစွယ်ရှိသော
ထွားကျိုင်း၍
အမျိုးကောင်းသော
စစ်မြေပြင်သို့
ဝင်ဖူးသော
မင်းစီးဆင်သည်
မြဲမြံသော
ကြိုးအနှောင်အဖွဲ့တို့ဖြင့်
အနှောင်အဖွဲ့ခံရသော်
စဉ်းငယ်သာလျှင်
ကိုယ်ကိုညွတ်စေ၍
ထိုအနှောင်အဖွဲ့တို့ကို
ဖြတ်လျက်
ကောင်းစွာ
ဖျက်ဆီး၍
အလိုရှိရာ
အရပ်သို့
ဖဲသွားလေရာသော
အနှောင်အဖွဲ့သည်ကား
အားနည်းသော
အနှောင်အဖွဲ့။ပ။
အနှစ်မရှိသောအနှောင်အဖွဲ့
ဖြစ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ဤအတူသာလျှင်
ဤသာသနာတော်၌
အချို့သော
အမျိုးကောင်းသားတို့ကို
''ဤအရာကိုစွန့်ပယ်ကြကုန်လော့''ဟု
ငါက
ဆိုသည်ရှိသော်
ထို အမျိုးကောင်းသားတို့သည်
''မြတ်စွာဘုရားက
ငါတို့အား
ပယ်ရမည်
စွန့်ရမည်ဟု
ဟောထားသော
ဤနည်းနည်းပါးပါးကလေးဖြစ်သော
ပယ်စရာသည်အဘယ်မှာ
မပြောပလောက်ဘဲ
ရှိအံ့နည်း''ဟု
ဆိုကြကုန်၏။
ထိုသူတို့သည်
ထိုအရာကိုလည်း
ပယ်ကြကုန်၏၊
ငါ၌လည်းကောင်း၊
သိက္ခာသုံးပါးကို
အလိုရှိကြကုန်သော
ရဟန်းတို့၌လည်းကောင်း၊
မကျေနပ်မှု
မဖြစ်ကြကုန်၊
ထိုသူတို့သည်
ထိုအရာကို ပယ်စွန့်ကြ၍ကြောင့်ကြ
မစိုက်ကြဘဲ
မာန်ကျကုန်လျက်
သူတစ်ပါးပေးသောဝတ္ထုဖြင့်
အသက်မွေးကြကာ
သားသမင်သဖွယ်
စိတ်ထားဖြင့်
နေကြကုန်၏။
ဥဒါယီ
ထိုရဟန်းတို့အား
ထိုအရာသည် အားမရှိသောအနှောင်အဖွဲ့
အားနည်းသော
အနှောင်အဖွဲ့
ဆွေးမြေ့သော
အနှောင်အဖွဲ့
အနှစ်မရှိသော
အနှောင်အဖွဲ့ဖြစ်၏။
၁၅၂။
ဥဒါယီ
ဥပမာသော်ကား
ကိုယ်ပိုင်ဥစ္စာမရှိ၍
စည်းစိမ်ကင်းသော
သူဆင်းရဲယောက်ျားသည်
ရှိ၏၊
့ထိုယောက်ျားအား
ဖရိုဖရဲပျက်စီး၍
ကျီးတသောသောနေသော
စုတ်နုပ်သော
အိမ်တစ်ဆောင်ရှိ၏၊
ဖရိုဖရဲပျက်စီး၍
ထန်းလျှော်ခက်ထားသော
စုတ်နုပ်သော
ခုတင်
တစ်ခုသည်လည်း
ရှိ၏၊
အိုးတစ်လုံး၌ထည့်ထားသော
ညံ့ဖျင်းသော
လူးစပါး
ဘူးစေ့
ဖရုံစေ့သည်လည်း
ရှိ၏၊
အကျည်းတန်သော
မယားတစ်ယောက်လည်း
ရှိ၏။
ထိုသူဆင်းရဲယောက်ျားသည်
လက်ခြေတို့ကို
ဆေးကြောပြီးလျှင်
နှစ်သက်ဖွယ်ဘောဇဉ်ကို
သုံးဆောင်ပြီးနောက်
အေးချမ်းသောအရိပ်၌
သမထဝိပဿနာကို
အားထုတ်ကာ
အရံတွင်းမှာနေသော
ရဟန်းကို
မြင်လေရာ၏။
ထိုသူဆင်းရဲအား
''အိုအချင်းတို့
ရဟန်း၏အဖြစ်သည်
ချမ်းသာလေစွ၊
အိုအချင်းတို့ရဟန်း၏အဖြစ်သည်
အနာကင်းလေစွ၊
ငါသည် ဆံမုတ်ဆိတ်ကို
ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံ၍
အိမ်ရာထောင်သော
လူ့ဘောင်မှ
အိမ်ရာမထောင်သော
ရဟန်းဘောင်၌
ရဟန်းပြုရမူ
ထိုသူမျိုးဖြစ်လေရာ၏''ဟု
အကြံဖြစ်၏။
ထိုသူဆင်းရဲယောက်ျားသည်
ဖရိုဖရဲပျက်စီး၍
ကျီးတသောသောနေသော
စုတ်နုပ်သော
အိမ်တစ်ဆောင်ကို
စွန့်ပယ်၍လည်းကောင်း၊
ဖရိုဖရဲပျက်စီး၍
ထန်းလျှော်ခက်ထားသော
စုတ်နုပ်သော
ခုတင်တစ်ခုကို
ပယ်စွန့်၍လည်းကောင်း၊
အိုးတစ်လုံး၌
ထည့်ထားသော
ညံ့ဖျင်းသော
လူးစပါး
ဘူးစေ့ဖရုံစေ့ကို
ပယ်စွန့်၍လည်းကောင်း၊
အကျည်းတန်သော
မယားတစ်ယောက်ကို
ပယ်စွန့်၍လည်းကောင်း၊
ဆံမုတ်ဆိတ်
ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းတို့ကို
ဝတ်ရုံ၍
အိမ်ရာထောင်သောလူ့ဘောင်မှ
အိမ်ရာမထောင်သော
ရဟန်းဘောင်၌
ရဟန်းပြုခြင်းငှါ
မတတ်နိုင်လေရာ။
ဥဒါယီ
''ဖရိုဖရဲ
ပျက်စီး၍
ကျီးတသောသောနေသော
စုတ်နုပ်သော
အိမ်တစ်ဆောင်ကို
ပယ်၍လည်းကောင်း၊
ဖရိုဖရဲပျက်စီး၍
ထန်းလျှော်ခက်ထားသော
စုတ်နုပ်သော
ခုတင်တစ်ခုကို
ပယ်စွန့်၍လည်းကောင်း၊
အိုးတစ်လုံး၌
ထည့်ထားသော
ညံ့ဖျင်းသော
လူးစပါး
ဘူးစေ့ ဖရုံစေ့ကို
ပယ်စွန့်၍လည်းကောင်း၊
အကျည်းတန်သော
မယားတစ်ယောက်ကို
ပယ်စွန့်၍လည်းကောင်း
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းတို့ကို
ဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်၌
ထိုယောက်ျား
ရဟန်းပြုရန်
မတတ်နိုင်အောင်
နှောင်ဖွဲ့ထားသော
အနှောင်အဖွဲ့ကား
ထိုယောက်ျားအတွက်
အားမရှိသောအနှောင်အဖွဲ့
အားနည်းသော
အနှောင်အဖွဲ့
ဆွေးမြေ့သော
အနှောင်အဖွဲ့
အနှစ်မရှိသော
အနှောင်အဖွဲ့သာ
ဖြစ်၏''ဟု
ဆိုငြားအံ့၊
ထိုသူ၏
ဆိုခြင်းသည်
ကောင်းစွာ
ဆိုခြင်းဖြစ်ပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မဖြစ်ပါ။
အသျှင်ဘုရား
''ဖရိုဖရဲ
ပျက်စီး၍
ကျီးတသောသောနေသော
စုတ်နုပ်သော
အိမ်တစ်ဆောင်ကိုပယ်စွန့်၍လည်းကောင်း၊
ဖရိုဖရဲ
ပျက်စီး၍
ထန်းလျှော်ခက်ထားသော
စုတ်နုပ်သော
ခုတင်တစ်ခုကိုပယ်စွန့်၍လည်းကောင်း၊
အိုးတစ်လုံး၌
ထည့်ထားသော
ညံ့ဖျင်းသော
လူးစပါး ဘူးစေ့
ဖရုံစေ့ကိုပယ်စွန့်၍လည်းကောင်း
အကျည်းတန်သော
မယားတစ်ယောက်ကို
ပယ်စွန့်၍လည်းကောင်းဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းတို့ကို
ဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်၌ထိုယောက်ျား
ရဟန်းပြုခြင်းငှါ
မစွမ်းနိုင်အောင်
နှောင်ဖွဲ့ထားသော
အနှောင်အဖွဲ့ကား
ထိုသူအတွက်အားရှိသော
အနှောင်အဖွဲ့
မြဲမြံသော
အနှောင်အဖွဲ့
ခိုင်ခံ့သော
အနှောင်အဖွဲ့
မဆွေးမြေ
့သောအနှောင်အဖွဲ့
ဖြစ်၏၊ ကြီးစွာသော
သစ်သားတောက်လည်း
ဖြစ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ဤအတူသာလျှင်
အချို့သော
အချည်းနှီးသော
ယောက်ျားတို့ကို
''ဤအရာကို
စွန့်ပယ်ကြကုန်လော့''ဟု
ငါက
ဆိုသည်ရှိသော်
''ဤနည်းနည်းပါးပါးကလေးမှာ
အဘယ်ပြောပလောက်သနည်း၊
ဤရဟန်းသည်
ခေါင်းပါးခြင်း၌
ကြောင့်ကြစိုက်လွန်းသည်သာတည်း''ဟု
ဆိုကုန်၏။
ထိုရဟန်းတို့သည်
ထိုအရာကိုလည်း
မစွန့်ကြကုန်၊
ငါ၌လည်းကောင်း
သိက္ခာသုံးပါးကို
လိုလားသော
ရဟန်းတို့၌လည်းကောင်းမကျေနပ်မှု
ဖြစ်ကြကုန်၏။
ဥဒါယီ
ထိုအချည်းနှီးသော
ယောက်ျားတို့အား
ထိုနည်းနည်းပါးပါးကလေ့သည်
အားကြီးသော
အနှောင်အဖွဲ့
မြဲမြံသော
အနှောင်အဖွဲ့
ခိုင်ခံ့သော
အနှောင်အဖွဲ့
မဆွေးမြေ့သောအနှောင်အဖွဲ့
ဖြစ်ပါ၏၊
ကြီးစွာသော
သစ်သားတောက်လည်း
ဖြစ်ပါ၏။
၁၅၃။
ဥဒါယီ
ဥပမာသော်ကား
ကြွယ်ဝသော
များသော
ဥစ္စာရှိသော
များသော
စည်းစိမ်ရှိသောအရာမကသော
ရွှေနိက္ခအပေါင်း
အရာမကသော
စပါးအပေါင်း
အရာမကသော
လယ်မြေအပေါင်း
အရာမကသော ယာမြေအပေါင်း
အရာမကသော
မယားအပေါင်း
အရာမကသော
ကျွန်ယောက်ျားအပေါင်းအရာမကသော
ကျွန်မိန်းမအပေါင်းတို့ကို
ဆည်းပူးထားသော
သူကြွယ်သည်သော်လည်းကောင်း၊
သူကြွယ်၏သားသည်သော်လည်းကောင်း
ရှိ၏။
ထိုသူကြွယ်
သို့မဟုတ်
သူကြွယ်၏သားသည်
လက်ခြေတို့ကိုဆေးကြောပြီးလျှင်
နှစ်သက်ဖွယ်
ဘောဇဉ်ကို သုံးဆောင်ပြီးနောက်
အေးချမ်းသောအရိပ်၌
သမထဝိပဿနာကို
အားထုတ်ကာ
အရံတွင်းမှာ
နေသော
ရဟန်းကို
မြင်လေရာ၏။
ထိုသူကြွယ်
သို့မဟုတ်
သူကြွယ်၏သားအား
''အချင်းတို့
ရဟန်း၏အဖြစ်သည်
ချမ်းသာလေစွ
တကား၊
အချင်းတို့
ရဟန်း၏အဖြစ်သည်
အနာကင်းလေစွတကား၊
ငါသည်
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းကို
ဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုရမူ
ထို
သူမျိုးဖြစ်လေရာ၏''ဟု
အကြံဖြစ်ရာ၏။
ထိုသူကြွယ်
သို့မဟုတ်
သူကြွယ်၏သားသည်
အရာမကသော
ရွှေနိက္ခအပေါင်း
အရာမကသောစပါးအပေါင်း
အရာမကသော
လယ်မြေအပေါင်း
အရာမကသော ယာမြေအပေါင်း
အရာမကသော
မယားအပေါင်း
အရာမကသော
ကျွန်ယောက်ျားအပေါင်း
အရာမကသော
ကျွန်မိန်းမအပေါင်းတို့ကို
ပယ်စွန့်၍ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းတို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်း ပြုခြင်းငှာ
စွမ်းနိုင်လေရာ၏။
ဥဒါယီ
''အရာမကသော
ရွှေနိက္ခအပေါင်း
အရာမကသော
စပါးအပေါင်း
အရာမကသော
လယ်မြေအပေါင်း
အရာမကသော
ယာမြေအပေါင်း
အရာမကသော
မယားအပေါင်း
အရာမကသော
ကျွန်ယောက်ျားအပေါင်း
အရာမကသော
ကျွန်မိန်းမအပေါင်းတို့ကို
ပယ်စွန့်၍
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းတို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ထိုသူကြွယ်,
သို့မဟုတ်သူကြွယ်၏သား
ရဟန်းပြုခြင်းငှါ
စွမ်းနိုင်အောင်
နှောင်ဖွဲ့ထားသော
အနှောင်အဖွဲ့ကား
ထိုသူကြွယ်,
သို့မဟုတ် သူကြွယ်၏သားအတွက်
အားရှိသော
အနှောင်အဖွဲ့
မြဲမြံသော
အနှောင်အဖွဲ့
ခိုင်ခံ့သောအနှောင်အဖွဲ့
မဆွေးမြေ့သော
အနှောင်အဖွဲ့
ဖြစ်၏၊
ကြီးစွာသော
သစ်သားတောက်လည်း
ဖြစ်၏ဟုဆိုငြားအံ့။
ထိုသူ၏
ဆိုခြင်းသည်
ကောင်းစွာဆိုခြင်း
ဖြစ်ပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားမဖြစ်ပါ။
အသျှင်ဘုရား
အရာမကသော
ရွှေနိက္ခအပေါင်း
အရာမကသော
စပါးအပေါင်း
အရာမကသောလယ်မြေအပေါင်း
အရာမကသော
ယာမြေအပေါင်း
အရာမကသော မယားအပေါင်း
အရာမကသော
ကျွန်ယောက်ျားအပေါင်း
အရာမကသော
ကျွန်မိန်းမအပေါင်းတို့ကို
ပယ်စွန့်၍
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော
အဝတ်သင်္ကန်းတို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ထိုသူကြွယ်,
သို့မဟုတ်သူကြွယ်၏သား
ရဟန်းပြုခြင်းငှါ
စွမ်းနိုင်အောင်
နှောင်ဖွဲ့ထားသော
အနှောင်အဖွဲ့ကား
ထိုသူကြွယ်,
သို့မဟုတ် သူကြွယ်၏သားအတွက်
အားမရှိသော အနှောင်အဖွဲ့
အားနည်းသော
အနှောင်အဖွဲ့
ဆွေးမြေ့သော
အနှောင်အဖွဲ့
အနှစ်မရှိသော
အနှောင်အဖွဲ့
ဖြစ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ဤအတူသာလျှင်
အချို့သော
အမျိုးကောင်းသားတို့ကို
''ဤအရာကို
ပယ်စွန့်ကြကုန်
လော့''ဟုငါက
ဆိုသည်ရှိသော်
ထိုအမျိုးကောင်းသားတို့သည်
''မြတ်စွာဘုရားက
ငါတို့အား
ပယ်ရမည်စွန့်ရမည်ဟု
ဟောသော ဤနည်းနည်းပါးပါးကလေးမျှဖြစ်သော
ပယ်စရာသည်
အဘယ်မှာ
မပြောပလောက်ဘဲ
ရှိအံ့နည်း''ဟု
ဆိုကြကုန်၏။
ထိုအမျိုးကောင်းသားတို့သည်
ထိုအရာကိုလည်း
ပယ်စွန့်ကြကုန်၏၊
ငါ၌လည်းကောင်း၊
သိက္ခာသုံးပါးကို
အလိုရှိကြကုန်သော
ရဟန်းတို့၌လည်းကောင်း
မကျေနပ်မှု
မဖြစ်ကြကုန်။
ထိုသူတို့သည်ထိုအရာကို
ပယ်စွန့်ကြ၍
ကြောင့်ကြမစိုက်ကြဘဲ
မာန်ကျကုန်လျက်
သူတစ်ပါးပေးသောဝတ္ထုဖြင့်
အသက်မွေးကြကာ
သားသမင်သဖွယ်
စိတ်ထားဖြင့်
နေကြကုန်၏၊
ဥဒါယီ
ထိုရဟန်းတို့အား
ထိုအရာသည်အားမရှိသော
အနှောင်အဖွဲ့
အားနည်းသော အနှောင်အဖွဲ့
ဆွေးမြေ့သော
အနှောင်အဖွဲ့
အနှစ်မရှိသောအနှောင်အဖွဲ့
ဖြစ်ပေ၏။
၁၅၄။
ဥဒါယီ
လေးယောက်ကုန်သော
ဤပုဂ္ဂိုလ်တို့သည်
လောက၌
ထင်ထင်ရှားရှားရှိကုန်၏၊
အဘယ်လေးယောက်တို့နည်းဟူမူ
-ဥဒါယီ
အချို့သော
ပုဂ္ဂိုလ်သည်
ဥပဓိ
'ခန္ဓုပဓိစသော
ဥပဓိလေးပါး'ကို
ပယ်ခြင်းငှါ
ဥပဓိ
'ခန္ဓုပဓိစသော
ဥပဓိလေးပါး'
ကို စွန့်ခြင်းငှါ
ကျင့်ကြံ၏။
ဥပဓိ
'ခန္ဓုပဓိစသောဥပဓိလေးပါး'
ကို
ပယ်ခြင်းငှါ
ဥပဓိ 'ခန္ဓုပဓိစသော
ဥပဓိလေးပါး'
ကို
စွန့်လွှတ်ခြင်းငှါ
ကျင့်ကြံသောထိုပုဂ္ဂိုလ်ကို
ဥပဓိနှင့်
စပ်ယှဉ်ကုန်သော
စိတ်ကူးခြင်း
ကြံစည်ခြင်းတို့သည်
လွှမ်းမိုးလာကုန်၏။
ထိုပုဂ္ဂိုလ်သည်
ထိုဥပဓိနှင့်
စပ်ယှဉ်ကုန်သော
စိတ်ကူးခြင်း
ကြံစည်ခြင်းတို့ကို
လက်ခံ၏၊
မစွန့်လွှတ်၊
မပယ်ဖျောက်၊
ကင်းပျောက်အောင်
မပြု၊ တစ်ဖန်
မဖြစ်ခြင်းသို့
မရောက်စေ။
ဥဒါယီ ငါသည်
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်ကို
ဥပဓိနှင့်
ယှဉ်သူဟူ၍
ဟောကြား၏၊
ဥပဓိနှင့်
မယှဉ်သူဟူ၍
မဟောကြား။
ထိုသို့
မဟောကြားခြင်းသည်
အဘယ့်ကြောင့်နည်း၊
ဥဒါယီ ငါသည်
ဤပုဂ္ဂိုလ်၌
ဣန္ဒြေထူးခြားသည့်အဖြစ်ကို
သိသောကြောင့်တည်း။
ဥဒါယီ
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ဥပဓိကို
ပယ်ခြင်းငှါ
ဥပဓိကို
စွန့်ခြင်းငှါကျင့်ကြံ၏၊
ဥပဓိကို
ပယ်ခြင်းငှါ
ဥပဓိကို
စွန့်ခြင်းငှါ
ကျင့်ကြံသော
ထိုပုဂ္ဂိုလ်ကို
ဥပဓိနှင့်
စပ်ယှဉ်ကုန်သော
စိတ်ကူးခြင်း
ကြံစည်ခြင်းတို့သည်
လွှမ်းမိုးလာကုန်၏။
ထိုပုဂ္ဂိုလ်သည်
ထိုဥပဓိနှင့်
စပ်ယှဉ်ကုန်သော
စိတ်ကူးခြင်း
ကြံစည်ခြင်းတို့ကို
လက်မခံ၊
စွန့်လွှတ်၏၊
ပယ်ဖျောက်၏၊
ကင်းပျောက်အောင်ပြု၏၊
တစ်ဖန်
မဖြစ်ခြင်းသို့
ရောက်စေ၏။
ဥဒါယီ
ငါသည် ဤသို့
သဘောရှိသော
ပုဂ္ဂိုလ်ကိုလည်း
ဥပဓိနှင့်
ယှဉ်သူဟူ၍
ဟောကြား၏၊
ဥပဓိနှင့်မယှဉ်သူဟူ၍
မဟောကြား။
ထိုသို့
မဟောကြားခြင်းသည်
အဘယ်ကြောင့်နည်း၊
ဥဒါယီ
ငါသည်ဤပုဂ္ဂိုလ်၌
ဣန္ဒြေထူးခြားသည့်အဖြစ်ကို
သိသောကြောင့်တည်း။
ဥဒါယီ
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ဥပဓိကို
ပယ်ခြင်းငှါ
ဥပဓိကို
စွန့်ခြင်းငှါ
ကျင့်၏၊
ဥပဓိကို ပယ်ခြင်းငှါ
ဥပဓိကို
စွန့်ခြင်းငှါ
ကျင့်သော
ထိုပုဂ္ဂိုလ်ကို
တစ်ရံတစ်ခါ
သတိမေ့လျော့ခြင်းကြောင့်
ဥပဓိနှင့်
စပ်ယှဉ်ကုန်သော
စိတ်ကူးခြင်း
ကြံစည်ခြင်းတို့သည်
လွှမ်းမိုးလာကုန်၏၊
ဥဒါယီသတိဖြစ်ခြင်းသည်
နှေးသေး၏၊
စင်စစ်
ထိုစိတ်ကူးခြင်း
ကြံစည်ခြင်းကို
လျင်စွာသာလျှင်
စွန့်လွှတ်၏၊
ပယ်ဖျောက်၏၊
ကင်းပျောက်အောင်
ပြု၏၊ တစ်ဖန်
မဖြစ်ခြင်းသို့
ရောက်စေ၏။
ဥဒါယီ
ဥပမာသော်ကား
ယောက်ျားတစ်ယောက်သည်
တစ်နေ့ပတ်လုံး
လောလောပူသော
သံအိုးခင်း၌နှစ်ပေါက်
သုံးပေါက်သော
ရေတို့ကို
ချရာ၏။ ဥဒါယီ
ရေပေါက်တို့၏
ကျခြင်းသည်
နှေး၏၊
စင်စစ်ထိုရေပေါက်သည်
လျင်စွာသာလျှင်
ကုန်ခန်းခြင်းသို့
ရောက်သကဲ့သို့
ဤအတူသာလျှင်
ဤသာသနာတော်၌
အချို့
သောပုဂ္ဂိုလ်သည်
ဥပဓိကို
ပယ်ခြင်းငှါ
ဥပဓိကို စွန့်ခြင်းငှါ
ကျင့်ကြံ၏။
ဥပဓိကို
ပယ်ခြင်းငှါ
ဥပဓိကို
စွန့်ခြင်းငှါ
ကျင့်သော
ထိုပုဂ္ဂိုလ်ကို
တစ်ရံတစ်ခါ သတိမေ့လျော့ခြင်းကြောင့်
ဥပဓိနှင့်စပ်ယှဉ်ကုန်သော
စိတ်ကူးခြင်း
ကြံစည်ခြင်းတို့သည်
လွှမ်းမိုးလာကုန်၏။
သတိဖြစ်ခြင်းသည်
နှေး၏၊
စင်စစ်
ထိုစိတ်ကူးခြင်း
ကြံစည်ခြင်းကို
လျင်စွာသာလျှင်
စွန့်လွှတ်၏၊
ပယ်ဖျောက်၏၊
ကင်းပျောက်အောင်
ပြု၏၊ တစ်ဖန်
မဖြစ်ခြင်းသို့
ရောက်စေ၏။
ဥဒါယီ ငါသည်
ဤသို့
သဘောရှိသောပုဂ္ဂိုလ်ကိုလည်း
ဥပဓိနှင့်
ယှဉ်သူဟူ၍
ဟောကြား၏၊
ဥပဓိနှင့်
မယှဉ်သူဟူ၍
မဟောကြား။
ထိုသို့မဟောကြားခြင်းသည်
အဘယ်ကြောင့်နည်း၊
ဥဒါယီ ငါသည်
ဤပုဂ္ဂိုလ်၌
ဣန္ဒြေထူးခြားသည့်အဖြစ်ကိုသိသောကြောင့်တည်း။
ဥဒါယီ
ဤ သာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ဥပဓိသည်
ဒုက္ခ၏
အကြောင်းရင်းတည်းဟုဤသို့
သိ၍
ဥပဓိကင်း၏၊
ဥပဓိကုန်ရာ၌
စိတ်သက်ဝင်၏။
ဥဒါယီ ဤသို့
သဘောရှိသော
ပုဂ္ဂိုလ်ကိုဥပဓိနှင့်
မယှဉ်သူဟူ၍
ဟောကြား၏၊
ဥပဓိနှင့် ယှဉ်သူဟူ၍
မဟောကြား။
ထိုသို့
မဟောကြားခြင်းသည်အဘယ်ကြောင့်နည်း၊
ဥဒါယီ ငါသည်
ဤပုဂ္ဂိုလ်၌
ဣန္ဒြေထူးခြားသည့်အဖြစ်ကို
သိသောကြောင့်တည်း။
ဥဒါယီ
လေးယောက်ကုန်သော
ဤပုဂ္ဂိုလ်တို့သည်
လောက၌ ထင်ရှားရှိကုန်၏။
၁၅၅။
ဥဒါယီ
ဤငါးပါးသော
ကာမဂုဏ်တို့သည်
ရှိကုန်၏။
အဘယ်ငါးပါးတို့နည်းဟူမူ
- စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်
နှစ်သက်အပ်
စိတ်နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ရူပါရုံတို့သည်လည်းကောင်း၊
သောတဝိညာဏ်
ဖြင့်
သိအပ်ကုန်သော။ပ။
သဒ္ဒါရုံတို့သည်လည်းကောင်း၊
ဃာနဝိညဏ်ဖြင့်သိအပ်ကုန်သော။ပ။
ဂန္ဓာရုံတို့သည်လည်းကောင်း၊
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော။ပ။
ရသာရုံတို့သည်လည်းကောင်း၊
ကာယဝိညဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်
နှစ်သက်အပ်
စိတ်နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်
စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သောဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း
ရှိကြကုန်၏။
ဥဒါယီ
အမှန်အားဖြင့်
ကာမဂုဏ်တရားတို့ကား
ဤငါးပါးတို့တည်း။
ဥဒါယီ
ဤငါးပါးသော
ကာမဂုဏ်တို့ကို
စွဲ၍ အကြင်
ကိုယ်ချမ်းသာခြင်း
စိတ်ချမ်းသာခြင်းသည်
ဖြစ်၏၊
ဤသို့သဘောရှိသော
ကိုယ်ချမ်းသာခြင်း
စိတ်ချမ်းသာခြင်းကို
ကာမသုခဟူ၍, မစင်နှင့်တူသော
သုခဟူ၍,
ပုထုဇဉ်
သုခဟူ၍, အရိယာမဟုတ်သူတို့၏သုခဟူ၍
ဆိုရ၏၊
မမှီဝဲအပ်၊
မပွါးများအပ်၊
မလေ့ လာအပ်၊
ထိုသုခမှ
ကြောက်အပ်၏
ဟူ၍ ငါ ဟော၏။
၁၅၆။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ကာမတရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေ၏။
ဝိတက်ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏။ ပီတိကိုလည်း
မတပ်မက်ခြင်းကြောင့်။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
သုခကိုပယ်ခြင်းကြောင့်လည်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ဤသို့သဘောရှိသော
ဈာန်ချမ်းသာသုခကို
ကာမမှလွတ်မြောက်နေသော
သုခဟူ၍, (ဂဏ,
ကိလေနှစ်ထွေ
မွေ့လျော်ရာမှ)
ကင်းဆိတ်သော
သုခဟူ၍,
ငြိမ်းအေးသောသုခဟူ၍,
အမှန်သိမှုကို
ဖြစ်စေနိုင်သော
သုခဟူ၍
ဆိုရ၏၊ မှီဝဲအပ်၏၊
ပွါးများအပ်၏၊
လေ့လာအပ်၏၊
ထိုသုခမျိုးမှ
မကြောက်အပ်ဟု
ငါဟော၏။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ကာမတရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့ရောက်၍
နေ၏။ ဥဒါယီ
ဤပဌမဈာန်ကို
တုန်လှုပ်တတ်သော
တရားဟူ၍
ငါဟော၏၊
ထိုပဌမဈာန်၌အဘယ်သည်
တုန်လှုပ်တတ်သနည်း၊
ထိုပဌမဈာန်၌
ဝိတက် ဝိစာရတို့သည်
မချုပ်သေးကုန်၊
ဤဝိတက်ဝိစာရသည်ပင်
ထို ပဌမဈာန်၌ တုန်လှုပ်တတ်သော
တရားဖြစ်ပေ၏။
ဥဒါယီ ဤသာသနာတော်၌
ရဟန်းသည်
ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏။ ဥဒါယီ
ဤဒုတိယဈာန်ကိုလည်း
တုန်လှုပ်တတ်သော
တရားဟူ၍
ငါဟော၏။
ထိုဒုတိယဈာန်၌
အဘယ်သည် တုန်လှုပ်တတ်သနည်း။
ထိုဒုတိယဈာန်၌
ပီတိသုခသည်
မချုပ်သေး၊
ဤပီတိသုခသည်ပင်လျှင်
ထိုဒုတိယဈာန်၌တုန်လှုပ်တတ်သော
တရားဖြစ်ပေ၏။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ပီတိကို စက်ဆုပ်ခြင်းကြောင့်လည်း။ပ။
တတိယဈာန်သို့ရောက်၍နေ၏။
ဥဒါယီ
ဤတတိယဈာန်ကိုလည်း
တုန်လှုပ်တတ်သော
တရားဟူ၍
ငါဟော၏။
ထိုတတိယဈာန်၌
အဘယ်သည် တုန်လှုပ်တတ်သနည်း၊
ထိုတတိယဈာန်၌
ဥပေက္ခာသုခသည်
မချုပ်သေး၊
့ဤ
ဥပေက္ခာသုခသည်ပင်လျှင်
ထိုတတိယဈာန်၌
တုန်လှုပ်တတ်သော
တရားဖြစ်ပေ၏။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
သုခကို
ပယ်ခြင်းကြောင့်လည်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ဥဒါယီ
ဤစတုတ္ထဈာန်ကို
မတုန်လှုပ်တတ်သော
တရားဟူ၍
ငါဟော၏။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ကာမတရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့ရောက်၍
နေ၏။ ဥဒါယီ
ဤပဌမဈာန်ကို
ငြိတွယ်သင့်သော
တရားမဟုတ်ဟု
ငါ ဟော၏၊
ပယ်စွန့်ကြကုန်ဟု
ငါဟော၏၊
လွန်မြောက်ကြကုန်ဟု
ငါဟော၏။ ထိုပဌမဈာန်ကို
လွန်မြောက်ကြောင်း
တရားကားအဘယ်နည်း
- ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ဝိတက်ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယ
ဈာန်သို့
ရောက်၍နေ၏။
ဤဒုတိယဈာန်တရားသည်
ထိုပဌမဈာန်သုခကိုလွန်မြောက်ကြောင်းတရား
တည်း။ ဥဒါယီ
ဤဒုတိယဈာန်ကိုလည်း
ငြိတွယ်သင့်သော
တရားမဟုတ်ဟုငါဟော၏၊
ပယ်စွန့်ကြ
ကုန်ဟု
ငါဟော၏၊
လွန်မြောက်ကြကုန်ဟု
ငါဟော၏။
ထိုဒုတိယဈာန်ကိုလွန်မြောက်ကြောင်းတရားကား
အဘယ်နည်း -
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ပီတိကိုစက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။
တတိယဈာန်သို့
ရောက်၍နေ၏။
ဤတတိယဈာန်သည်ထိုဒုတိယဈာန်ကို
လွန်မြောက်ကြောင်းတရား
တည်း။ ဥဒါယီ
ဤတတိယဈာန်ကိုလည်း
ငြိတွယ်သင့်သောတရားမဟုတ်ဟု
ငါဟော၏၊
ပယ်စွန့်ကြ
ကုန်ဟု
ငါဟော၏၊
လွန်မြောက်ကြကုန်ဟု
ငါဟော၏။
ထိုတတိယဈာန်ကို
လွန်မြောက်ကြောင်း
တရား ကား
အဘယ်နည်း -
ဥဒါယီ
ဤသာသနာတော်၌ရဟန်းသည်
သုခကို
ပယ်ခြင်းကြောင့်လည်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍နေ၏၊
ဤစတုတ္ထဈာန်သည်ထိုတတိယ
ဈာန်ကို
လွန်မြောက်ကြောင်းတရား
တည်း။ ဥဒါယီ
ဤစတုတ္ထဈာန်ကိုလည်းငြိတွယ်သင့်သော
တရားမဟုတ်ဟု
ငါဟော၏၊
ပယ်စွန့်ကြ
ကုန်ဟု
ငါဟော၏၊
လွန်မြောက်ကြကုန်ဟုငါဟော၏။
ထိုစတုတ္ထဈာန်ကို
လွန်မြောက်
ကြောင်းတရားကား
အဘယ်နည်း -
ဥဒါယီဤသာသနာတော်၌
ရဟန်းသည်
အချင်းခပ်သိမ်း
ရူပသညာတို့ကို
လွန်မြောက်
ခြင်းကြောင့်ပဋိဃသညာတို့၏
ချုပ်ခြင်းကြောင့်
အထူးထူးသော
သညာတို့ကို
နှလုံးမသွင်းခြင်းကြောင့်''ကောင်းကင်ပညတ်သည်
အဆုံးမရှိ''ဟု
စီးဖြန်းလျက်
အာကာသာနဉ္စာယတနဈာန်သို့
ရောက်၍ နေ၏။
ဤအာကာသာနဉ္စာယတနဈာန်သည်
ထိုစတုတ္ထဈာန်ကို
လွန်မြောက်ကြောင်းတရားတည်း။
ဥဒါယီဤအာကာသာနဉ္စာယတနဈာန်ကိုလည်း
ငြိတွယ်သင့်သော
တရားမဟုတ်ဟု
ငါဟော၏၊
ပယ်စွန့်ကြကုန်ဟုငါဟော၏၊
လွန်မြောက်ကြကုန်ဟု
ငါဟော၏။
ထိုအာကာသာနဉ္စာယတနဈာန်ကို
လွန်မြောက်ကြောင်းတရားကား
အဘယ်နည်း -
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
အချင်းခပ်သိမ်း
အာကာသာနဉ္စာယတနဈာန်ကို
လွန်မြောက်၍
''ဝိညာဏ်သည်
အဆုံးမရှိ''ဟု
စီးဖြန်းလျက်
ဝိညာဏဉ္စာယတနဈာန်သို့ရောက်၍နေ၏၊
ဤဝိညာဏဉ္စာယတန
ဈာန်သည်
ထိုအာကာသာနဉ္စာယတနဈာန်ကို
လွန်မြောက်ကြောင်းတရားတည်း။
ဥဒါယီ
ဤဝိညာဏဉ္စာယတန
ဈာန်ကိုလည်း
ငြိတွယ်သင့်သော
တရားမဟုတ်ဟုငါဟော၏၊
ပယ်စွန့်ကြကုန်ဟု
ငါဟော၏၊
လွန်မြောက်ကြကုန်ဟု
ငါဟော၏။
ထိုဝိညာဏဉ္စာယတနဈာန်ကို
လွန်
မြောက်ကြောင်းတရားကား
အဘယ်နည်း -
ဥဒါယီဤသာသနာတော်၌
ရဟန်းသည်
ခပ်သိမ်းသော
အခြင်းအရာအားဖြင့်
ဝိညာဏဉ္စာယတနဈာန်ကိုလွန်မြောက်၍
''စိုးစဉ်းမျှ
အကြွင်းမရှိ''ဟု
စီးဖြန်းလျက်
အာကိဉ္စညာယတနဈာန်သို့
ရောက်၍ နေ၏။
ဤအာကိဉ္စညာယတန
ဈာန်သည်
ထိုဝိညာဏဉ္စာယတနဈာန်
ကို
လွန်မြောက်ကြောင်းတရားတည်း။
ဥဒါယီ
ဤအာကိဉ္စညာယတနဈာန်ကိုလည်း
ငြိတွယ်သင့်သော
တရားမဟုတ်ဟု
ငါဟော၏၊
ပယ်စွန့်ကြကုန်ဟု
ငါဟော၏၊ လွန်မြောက်ကြကုန်၏ဟု
ငါဟော၏။
ထိုအာကိဉ္စညာယတနဈာန်ကို
လွန်မြောက်ကြောင်း
တရားကား အဘယ်နည်း
- ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည် ခပ်သိမ်းသော
အခြင်းအရာအားဖြင့်
အာကိဉ္စညာယနဈာန်ကို
လွန်မြောက်၍
နေဝသညာနာသညာယတနဈာန်သို့
ရောက်၍့နေ၏။
ဤနေဝသညာ
နာသညာယတနဈာန်သည်
ထိုအာကိဉ္စညာယတနဈာန်ကို
လွန်မြောက်ကြောင်းတရားတည်း။
ဥဒါယီ
ဤနေဝသညာနာသညာယတနဈာန်ကိုလည်း
ငြိတွယ်သင့်သော
တရားမဟုတ်ဟု
ငါ ဟော၏၊
ပယ်စွန့်ကြကုန်ဟု
ငါ ဟော၏၊
လွန်မြောက်ကြကုန်ဟု
ငါ ဟော၏။ ထို
နေဝသညာ
နာသညာယတနဈာန်ကို
လွန်မြောက်ကြောင်းတရားကား
အဘယ်နည်း-
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်ခပ်သိမ်းသော
အခြင်းအရာအားဖြင့်
နေဝသညာနာသညာယတနဈာန်ကို
လွန်မြောက်၍
သညာ
ဝေဒနာတို့၏
ချုပ်ရာ
နိရောဓသမာပတ်သို့
ရောက်၍ နေ၏။
ဤတရားကား
ထိုနေဝသညာနာသညာယတနဈာန်ကို
လွန်မြောက်ကြောင်းတရားတည်း။
ဥဒါယီ
ဤသို့လျှင်
နေဝသညာနာသညာယတနဈာန်ကိုလည်းပယ်ရမည်ဟု
ငါဟော၏။
ဥဒါယီ
မပယ်ရဟု ငါ
ဟောသော
ကြီးကြီးငယ်ငယ်သော
သံယောဇဉ်ကိုသင်မြင်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မမြင်ပါဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူ၏။
အသျှင်ဥဒါယီသည်
မြတ်စွာဘုရား၏
တရားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ခြောက်ခုမြောက်
လဋုကိကောပမသုတ်
ပြီး၏။
------
၇-စာတုမသုတ်
၁၅၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
စာတုမရွာ ရှစ်ရှားတော၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါအသျှင်သာရိပုတြာ
အသျှင်မဟာမောဂ္ဂလာန်
အမှူးရှိကုန်သော
ငါးရာသော
ရဟန်းတို့သည်
မြတ်စွာဘုရားကို
ဖူးမြင်ရန်
စာတုမရွာသို့
ရောက်လာကြကုန်၏။
ထိုဧည့်သည်ရဟန်းတို့သည်
ကျောင်းနေရဟန်းတို့နှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
စကားပြောကြားကုန်သည်ရှိသော်
ကျောင်းအိပ်ရာနေရာတို့ကို
ခင်းကုန်သည်ရှိသော်
သပိတ်သင်္ကန်းတို့ကို
သိုမှီးသိမ်းဆည်းကုန်သည်ရှိသော်
ကျယ်သောအသံ
ဆူညံသောအသံတို့သည်ဖြစ်ကုန်၏။
ထိုအခါ
မြတ်စွာဘုရားသည်-
''အာနန္ဒာ
ငါးစိမ်းသည်များ
ငါးရောင်းရာ၌ကဲ့သို့
ဤကျယ်လောင်
သောအသံ
ဆူညံသောအသံတို့ကား
အဘယ်အသံတို့နည်း''ဟု
အသျှင်အာနန္ဒာကို
(မေးတော်မူ၏)။
အသျှင်ဘုရား
အသျှင်သာရိပုတြာ
အသျှင်မောဂ္ဂလာန်
အမှူးရှိကုန်သော
ဤငါးရာသော
ရဟန်းတို့သည်မြတ်စွာဘုရားကို
ဖူးမြင်ရန်
စာတုမရွာသိုု့
ရောက်လာကြပါကုန်၏။
ထိုဧည့်သည်ရဟန်းတို့သည်
ကျောင်းနေရဟန်းတို့နှင့်
အတူ
ဝမ်းမြောက်ဝမ်းသာ
စကားပြောဆိုကြကုန်သည်
ဖြစ်၍
ကျောင်းအိပ်ရာနေရာတို့ကိုခင်းကြကုန်သည်
ဖြစ်၍
သပိတ်သင်္ကန်းတို့ကို
သိုမှီးသိမ်းဆည်းကြကုန်သည်
ဖြစ်၍
ကျယ်လောင်သောအသံ
ဆူညံသောအသံတို့
ဖြစ်ကြပါကုန်၏ဟု
(လျှောက်၏)။
အာနန္ဒာ
သို့ဖြစ်ပါမူ
ငါ့စကားဖြင့်
''မြတ်စွာဘုရားသည်
အသျှင်ဘုရားတို့ကို
ခေါ်တော်မူ၏''ဟု
ထိုရဟန်းတို့ကို
ခေါ်ချေလော့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
အသျှင်အာနန္ဒာ
သည်မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၍
ထိုရဟန်းတို့ထံသို့
ချဉ်းကပ်ပြီးလျှင်
''အသျှင်ဘုရား
တို့ကိုမြတ်စွာဘုရား
ခေါ်တော်မူ၏''ဟု
ထိုရဟန်းတို့ကို
ဤသို့
ပြောကြားလေ၏။
''ငါ့သျှင်
ကောင်းပါပြီ''ဟု
ထိုရဟန်းတို့သည်
အသျှင်အာနန္ဒာအား
ပြန်ကြားလျှောက်ထားကြ၍မြတ်စွာဘုရားထံတော်သို့
ချဉ်းကပ်ပြီးလျှင်
အလွန်ရိုသေစွာ
ရှိခိုး၍
သင့်လျော်ရာ၌
ထိုင်နေကြကုန်၏၊
သင့်လျော်ရာ၌
ထိုင်နေကြသော
ထိုဧည့်သည်ရဟန်းတို့ကို
မြတ်စွာဘုရားသည်
''ရဟန်းတို့
သင်တို့သည်အဘယ့်ကြောင့်
တံငါသည်များ
ငါးရောင်းရာ၌ကဲ့သို့
ကျယ်သောအသံ
ဆူညံသောအသံ
ရှိကြကုန်သနည်း''ဟု
မိန့်တော်မူ၏။
အသျှင်ဘုရား
အသျှင်သာရိပုတြာ
အသျှင်မောဂ္ဂလာန်
အမှူးရှိကုန်သော
ဤငါးရာသော
ရဟန်းတို့
သည်မြတ်စွာဘုရားကို
ဖူးမြင်ရန်
စာတုမရွာသို့
ရောက်လာကြပါကုန်၏။
ထိုဧည့်သည်ရဟန်းတို့သည်ကျောင်းနေ
ရဟန်းတို့နှင့်
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်စကား
ပြောကြားကြကုန်သည်ဖြစ်၍
အိပ်ရာနေရာတို့ကို
ခင်းကြကုန်သည်ဖြစ်၍
သပိတ်သင်္ကန်းကို
သိုမှီးဆိမ်းဆည်းကြကုန်သည်ဖြစ်၍
ကျယ်လောင်သောအသံ
ဆူညံသောအသံ
ရှိကြပါကုန်၏ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
သွားကြကုန်၊
သင်တို့ကို
နှင်ထုတ်၏၊
သင်တို့သည်
ငါ၏ အထံ၌
မနေသင့်ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကြ၍
နေရာမှ ထကာ
ရိုသေစွာ
ရှိခိုးပြီးလျှင်
အရိုအသေပြု၍
ကျောင်းအိပ်ရာနေရာကို
သိုမှီးဆိမ်းဆည်းပြီးလျှင်
သပိတ်သင်္ကန်းကို
ယူကာ
ဖဲသွားကြလေကုန်၏။
၁၅၈။
ထိုအခါ
စာတုမရွာ၌
နေကြကုန်သော
သာကီဝင်မင်းတို့သည်
မင်းကွန်း၌
တစ်စုံတစ်ခုသောပြုဖွယ်ကိစ္စဖြင့်
စည်းဝေးကြကုန်၏။
စာတုမရွာ၌
နေကြကုန်သော
သာကီဝင်မင်းတို့သည်
အဝေးမှကြွလာကုန်သော
ထိုရဟန်းတို့ကို
မြင်ကြကုန်၏၊
မြင်ကြ၍
ထိုရဟန်းတို့ထံသို့
ချဉ်းကပ်ကြပြီးလျှင်''အသျှင်ဘုရားတို့
ယခု အဘယ်အရပ်သို့
ကြွတော်မူကုန်အံ့နည်း''ဟု
ထိုရဟန်းတို့ကို
မေးလျှောက်ကြကုန်၏။
ငါ့သျှင်ဒါယကာတို့
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
နှင်ထုတ်တော်မူ၏ဟု
(ပြောကြကုန်၏)။
အသျှင်ဘုရားတို့
ထိုသို့ဖြစ်ပါမူ
တစ်ခဏမျှ
ဆိုင်းငံ့နေတော်မူကြပါကုန်ဦးလော့၊
တပည့်တော်တို့
သည်
မြတ်စွာဘုရားကို
ကျေနပ်စေခြင်းငှါ
စွမ်းနိုင်ကောင်း
စွမ်းနိုင်ကြပါလိမ့်မည်ဟု
(လျှောက်ကြ
ကုန်၏)။
''ငါ့သျှင်ဒါယကာတို့
ကောင်းပြီ''ဟု
ထိုရဟန်းတို့သည်
စာတုမရွာသားသာကီဝင်မင်းတို့အား
ပြန်ကြား
ပြောဆိုကြကုန်၏။
ထိုအခါ
စာတုမရွာသား
သာကီဝင်မင်းတို့သည်
မြတ်စွာဘုရားရှိတော်မူရာသို့
ချဉ်းကပ်ကြ၍
ရိုသေစွာရှိခိုးကြပြီးလျှင်
သင့်လျော်ရာ၌
ထိုင်နေကြကုန်၏၊
ထိုင်နေကြပြီးသော်
စာတုမရွာသား
သာကီဝင်မင်းတို့သည်
မြတ်စွာဘုရားကို
''အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
ကျေနပ်
တော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
ဆုံးမတော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရှေးအခါက
ရဟန်းအပေါင်းကို
ချီးမြှောက်တော်မူသကဲ့သို့၊
ဤအတူ
မြတ်စွာဘုရားသည်ယခုအခါ၌လည်း
ရဟန်းအပေါင်းကို
ချီးမြှောက်တော်မူပါလော့၊
အသျှင်ဘုရား
ဤရဟန်းအပေါင်း၌ရဟန်းပြု၍
မကြာသေးကုန်သော
ယခုမှ ဤသာသနာတော်သို့
ရောက်လာကြကုန်သော
အသစ်ဖြစ်သောရဟန်းတို့သည်
ရှိပါကုန်၏၊
ထိုအသစ်ဖြစ်သော
ရဟန်းတို့သည်
မြတ်စွာဘုရားကို
မဖူးမြင်ကြရကုန်သည်ရှိသော်
စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာပါ၏၊
အသျှင်ဘုရား
ဥပမာသော်ကား
နုနယ်သောမျိုးသစ်ပင်တို့သည်
ရေကို
မရကုန်သည်ရှိသော်
ပြောင်းလွဲခြင်း
ဖောက်ပြန်ခြင်း
ဖြစ်ရာသကဲ့သို့၊
အသျှင်ဘုရား
ဤအတူသာလျှင် ဤရဟန်းအပေါင်း၌
ရဟန်းပြု၍
မကြာသေးကုန်သော
ယခုမှဤသာသနာတော်
သို့ ရောက်လာကြကုန်သော
အသစ်ဖြစ်သော
ရဟန်းတို့သည်
ရှိပါကုန်၏၊
ထိုအသစ်ဖြစ်သော
ရဟန်းတို့သည်
မြတ်စွာဘုရားကို
မဖူးမြင်ကြရကုန်သည်ရှိသော်
စိတ်ပြောင်းလွဲခြင်းစိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာပါ၏။
အသျှင်ဘုရား
ဥပမာတစ်နည်းသော်ကား
နုနယ်သော
နို့စို့နွားငယ်သည်အမိကို
မမြင်ရ
သည်ရှိသော်
စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာသကဲ့သို့၊
အသျှင်ဘုရားဤအတူ
သာလျှင် ဤရဟန်းအပေါင်း၌
ရဟန်းပြု၍
မကြာသေးသော
ယခုမှ
ဤသာသနာတော်သို့ရောက်လာကြကုန်သော
အသစ်ဖြစ်သော
ရဟန်းတို့သည်
ရှိပါကုန်၏၊
ထိုအသစ်ဖြစ်သော
ရဟန်းတို့သည်မြတ်စွာဘုရားကို
မဖူးမြင်ကြရကုန်သည်ရှိသော်
စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာပါ၏။
အသျှင်ဘုရား
မြတ်စွာ
ဘုရားသည် ရဟန်းအပေါင်းကို
ကျေနပ်တော်မူပါလော့၊
အသျှင်ဘုရားမြတ်စွာဘုရားသည်
ရဟန်း
အပေါင်းကို
ပြောဆိုဆုံးမတော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရားသည့်ရှေးအခါက
ရဟန်းအပေါင်း
ကို
ချီးမြှောက်တော်မူသကဲ့သို့၊
ဤအတူ
မြတ်စွာဘုရားသည်ယခုအခါ၌လည်း
ရဟန်းအပေါင်းကို
ချီးမြှောက်တော်မူပါလော့''ဟု
လျှောက်ကြကုန်၏။
၁၅၉။
ထိုအခါ
သဟမ္ပတိဗြဟ္မာသည်
မိမိစိတ်ဖြင့်
မြတ်စွာဘုရား၏
စိတ်အကြံကို
သိ၍ အားရှိသောယောက်ျားသည်
ကွေး၍ထားသော
လက်မောင်းကို
ဆန့်တန်းသကဲ့သို့လည်းကောင်း၊
ဆန့်တန်း၍ထားသော
လက်မောင်းကို
ကွေးသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
ဗြဟ္မာ့ပြည်၌
ကွယ်ခဲ့၍ မြတ်စွာဘုရား၏
ရှေ့တော်၌
ထင်ရှားဖြစ်ပေါ်လာ၏။
ထိုအခါ
သဟမ္ပတိဗြဟ္မာသည်
လက်ဝဲတစ်ဖက်
ပခုံးထက်၌ကိုယ်ဝတ်စံပယ်
တင်သည်ကို ပြု၍
မြတ်စွာဘုရားရှိတော်မူရာ
အရပ်သို့
လက်အုပ်ကို
ညွတ်စေ၍
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
ကျေနပ်တော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
ပြောဆိုဆုံးမတော်မူပါလော့၊
အသျှင်ဘုရား မြတ်စွာဘုရားသည်
ရှေးအခါက
ရဟန်းအပေါင်းကို
ချီးမြှောက်တော်မူသကဲ့သို့၊
ဤအတူ
ယခုအခါ၌လည်းရဟန်းအပေါင်းကို
ချီးမြှောက်တော်မူပါလော့။
အသျှင်ဘုရား
ဤရဟန်းအပေါင်း၌
ရဟန်းပြု၍
မကြာသေးကုန်သော
ယခုမှ
ဤသာသနာတော်သို့
ရောက်လာကြကုန်သော
အသစ်ဖြစ်သော
ရဟန်းတို့သည်ရှိပါကုန်၏၊
ထိုအသစ်ဖြစ်သော
ရဟန်းတို့သည်
မြတ်စွာဘုရားကို
မဖူးမြင်ကြရကုန်သည်ရှိသော်
စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာပါ၏။
အသျှင်ဘုရား
ဥပမာသော်ကား
နုနယ်သော
မျိုးသစ်ပင်တို့သည်
ရေကို မရကုန်သည်ရှိသော်
ပြောင်းလွဲခြင်း
ဖောက်ပြန်ခြင်း
ဖြစ်ရာသကဲ့သို့၊
အသျှင်ဘုရားဤအတူသာလျှင်
ဤရဟန်းအပေါင်း၌
ရဟန်းပြု၍
မကြာသေးကုန်သော
ယခုမှ
ဤသာသနာတော်သို့ရောက်လာကုန်သော
အသစ်ဖြစ်သော
ရဟန်းတို့သည်
ရှိပါကုန်၏၊
ထိုအသစ်ဖြစ်သော
ရဟန်းတို့သည်မြတ်စွာဘုရားကို
မဖူးမြင်ကြရကုန်သည်ရှိသော်
စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာပါ၏။
အသျှင်ဘုရား
ဥပမာတစ်နည်းသော်ကား
နုနယ်သော
နို့စို့နွားငယ်သည်
အမိကို
မမြင်ရသည်ရှိသော်စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာသကဲ့သို့၊
အသျှင်ဘုရား
ဤအတူသာလျှင်
ဤရဟန်းအပေါင်း၌
ရဟန်းပြု၍
မကြာသေးကုန်သော
ယခုမှ
ဤသာသနာတော်သို့
ရောက်လာကြကုန်သောအသစ်ဖြစ်သော
ရဟန်းတို့သည်
ရှိပါကုန်၏၊
ထိုအသစ်ဖြစ်သော
ရဟန်းတို့သည်
မြတ်စွာဘုရားကိုမဖူးမြင်ကြရကုန်သည်ရှိသော်
စိတ်ပြောင်းလွဲခြင်း
စိတ်ဖောက်ပြန်ခြင်း
ဖြစ်ရာပါ၏။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
ကျေနပ်တော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
ပြောဆိုဆုံးမတော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရှေးအခါက ရဟန်းအပေါင်းကို
ချီးမြှောက်တော်မူသကဲ့သို့၊
ဤအတူ
မြတ်စွာဘုရားသည်
ယခုအခါ၌လည်း
ရဟန်းအပေါင်းကိုချီးမြှောက်တော်မူပါလော့''ဟု
လျှောက်လေ၏။
၁၆၀။
စာတုမရွာသား
သာကီဝင်မင်းသားတို့သည်လည်းကောင်း၊
သဟမ္ပတိ
ဗြဟ္မာသည်လည်း
ကောင်း၊
မြတ်စွာဘုရားကို
မျိုးသစ်ပင်ငယ်ဥပမာဖြင့်လည်းကောင်း၊
နွားငယ်ဥပမာဖြင့်လည်းကောင်း
ကျေနပ်စိမ့်သောငှါ
စွမ်းနိုင်ကြလေကုန်၏။
ထိုအခါ
အသျှင်မဟာမောဂ္ဂလာန်မထေရ်သည်
ရဟန်းတို့ကို''ငါ့သျှင်တို့
ထကြကုန်လော့၊
သပိတ်သင်္ကန်းကို
ယူကြကုန်လော့၊
မြတ်စွာဘုရားကို
စာတုမရွာသားသာကီဝင်မင်းသားတို့သည်လည်းကောင်း၊
သဟမ္ပတိဗြဟ္မာသည်လည်းကောင်း၊
မျိုးသစ်ပင်ငယ်ဥပမာဖြင့်လည်းကောင်း၊
နွားငယ်ဥပမာဖြင့်လည်းကောင်း
ကျေနပ်စေပြီ''ဟု
မိန့်တော်မူ၏။
''ငါ့သျှင်
ကောင်းပါပြီ''ဟု
ထိုရဟန်းတို့သည်
အသျှင်မဟာမောဂ္ဂလာန်အား
ပြန်ကြားလျှောက်ထားကြကုန်၍
နေရာမှ
ထကြပြီးလျှင်
သပိတ်သင်္ကန်းကို
ယူကြကာ
မြတ်စွာဘုရားရှိတော်မူရာ
အရပ်သို့ချဉ်းကပ်ကြကုန်၍
ရိုသေစွာ
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်ကြကုန်၏၊
သင့်လျော်ရာ၌
ထိုင်နေသောအသျှင်သာရိပုတြာကို
မြတ်စွာဘုရားသည်
''သာရိပုတြာ
ရဟန်းအပေါင်းကို
ငါနှင်ထုတ်စဉ်က
သင့်အားအဘယ်သို့သော
စိတ်အကြံဖြစ်လေသနည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
အကျွန်ုပ်အား
''မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
နှင်ထုတ်တော်မူပြီ၊
ယခုအခါမြတ်စွာဘုရားသည်
ကြောင့်ကြမဲ့
မျက်မှောက်သော
ကိုယ်၏အဖြစ်၌
ချမ်းသာစွာနေခြင်းကိုအားထုတ်တော်
မူလျက်
နေတော်မူလတ္တံ့၊
ယခုအခါ
ငါတို့သည်လည်း
ကြောင့်ကြမဲ့
မျက်မှောက်သောကိုယ်၏အဖြစ်၌
ချမ်းသာစွာ
နေထိုင်မှုကို
အားထုတ်ကုန်လျက်
နေကြကုန်တော့အံ့''ဟု
ဤသို့အကြံဖြစ်ပါ၏ဟု
(လျှောက် ၏)။
သာရိပုတြာ
သင်ဆိုင်းငံ့ဦးလော့၊
သာရိပုတြာ
မျက်မှောက်သောကိုယ်၏အဖြစ်၌
ချမ်းသာစွာနေခြင်း
ကို
သင်ဆိုင်းငံ့ဦးလော့ဟု
(မိန့်တော်မူ၏)။
ထို့နောက်
မြတ်စွာဘုရားသည်
အသျှင်မဟာမောဂ္ဂလာန်ကို
''မောဂ္ဂလာန်
ရဟန်းအပေါင်းကို
ငါနှင်ထုတ်စဉ်က
သင့်အား
အဘယ်သို့သော
စိတ်အကြံဖြစ်လေသနည်း''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်အား
''မြတ်စွာဘုရားသည်
ရဟန်းအပေါင်းကို
နှင်ထုတ်တော်မူပြီ၊
ယခုအခါမြတ်စွာဘုရားသည်
ကြောင့်ကြမဲ့
မျက်မှောက်သော
ကိုယ်၏အဖြစ်၌
ချမ်းသာစွာနေတော်မူခြင်းကိုအားထုတ်လျက်
နေတော်မူ
လတ္တံ့၊
ယခုအခါ
ငါသည်လည်းကောင်း၊
အသျှင်သာရိပုတြာသည်လည်းကောင်း
ရဟန်းအပေါင်းကို
ဆောင်
ကြကုန်တော့အံ့''ဟု
ဤသို့သောအကြံဖြစ်ပါ၏ဟု
(လျှောက်၏)။
မောဂ္ဂလာန်
ကောင်းပေစွ
ကောင်းပေစွ၊
မောဂ္ဂလာန်
ငါသည်လည်းကောင်း၊
သာရိပုတြာ
မောဂ္ဂလာန်တို့သည်လည်ကောင်း
ရဟန်းအပေါင်းကို
ဆောင်ကြကုန်အံ့ဟု
(မိန့်တော်မူ၏)။
၁၆၁။
ထို့နောက်
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
မိန့်တော်မူ၏-ရဟန်းတို့
ရေသို့ သက်ဆင်းသောသူ၌
လေးပါးသော
ဤဘေးတို့သည်
မချွတ်ဖြစ်ရကုန်မည်။
အဘယ်လေးပါးတို့နည်းဟူမူ-
လှိုင်းတံပိုးဘေး၊
မိကျောင်းဘေး၊
ဝဲဘေး၊
ငါးမန်းဘေးတို့တည်း။
ရဟန်းတို့
ရေသို့သက်ဆင်းသောသူ၌လေးပါးကုန်သော
ဤဘေးတို့သည်
မချွတ်ဖြစ်ရကုန်မည်။
ရဟန်းတို့
ဤအတူသာလျှင် ဤသာသနာတော်၌
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုသော
အချို့သော
ပုဂ္ဂိုလ်၌
လေးပါးသော
ဤဘေးတို့သည်
မချွတ်ဖြစ်ရကုန်မည်။
အဘယ်လေးပါးတို့နည်း
ဟူမူ-လှိုင်းတံပိုးဘေး၊
မိကျောင်းဘေး၊
ဝဲဘေး၊
ငါးမန်းဘေးတို့တည်း။
၁၆၂။
ရဟန်းတို့
လှိုင်းတံပိုးဘေးဟူသည်
အဘယ်နည်း-ရဟန်းတို့
ဤသာသနာတော်၌
အချို့ သောအမျိုးကောင်းသားသည်
''ပဋိသန္ဓေနေခြင်း
အိုခြင်း
သေခြင်း
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့၌
နစ်မြုပ်နေရ၏၊
ဒုက္ခတွင်း၌
နစ်မြုပ်နေရ၏၊
ဒုက္ခအနှိပ်စက်ခံနေရ၏၊
ဤဆင်းရဲတုံးသက်သက်ကို
ဆုံးအောင်ပြုနိုင်မှုသည်
ထင်ကောင်းတန်ရာ၏''ဟုကြံ၍
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြု၏။ ထိုသို့သော
အခြင်းအရာအားဖြင့်ရဟန်းပြုသော
ထိုရဟန်းကို
သီတင်းသုံးဖော်တို့သည်
''သင်သည်
ဤသို့
ရှေ့သို့
တက်ရမည်။
သင်သည် ဤသို့
နောက်သို့
ဆုတ်ရမည်၊
သင်သည် ဤသို့
တူရူကြည့်ရမည်၊
သင်သည်
ဤသို့တစောင်း
ကြည့်ရမည်၊
သင်သည် ဤသို့
ကွေးရမည်၊ သင်သည်
ဤသို့
ဆန့်ရမည်၊
သင်သည်
ဤသို့ဒုကုဋ်
သပိတ်သင်္ကန်းကို
ဆောင်ရမည်''ဟု
သွန်သင်
ဆုံးမကြကုန်၏။
ထိုရဟန်းအား
''ရှေးလူဖြစ်စဉ်အခါက
ငါတို့သည် သူတစ်ပါးတို့ကို
သွန်သင်ဆုံးမကြကုန်၏၊
ငါတို့၏
သားလောက်
မြေးလောက်သာရှိကြကုန်သော
ဤရဟန်းတို့သည်ကား
ငါတို့ကို
သွန်သင်ဆုံးမထိုက်သည်ဟု
မှတ်ထင်နေကြကုန်၏''ဟုဤသို့သော
အကြံဖြစ်၏။
ထိုရဟန်းသည်
ရဟန်းသိက္ခာကို
စွန့်ပယ်၍
လူထွက်၏။
ရဟန်းတို့
ဤရဟန်းကို
ဤသို့သဘောရှိသော
လှိုင်းတံပိုးဘေးကို
ကြောက်သည်ဖြစ်၍
ရဟန်းသိက္ခာကို
စွန့်ပယ်၍လူထွက်သောပုဂ္ဂိုလ်ဟု
ဆိုရ၏။
ရဟန်းတို့
'လှိုင်းတံပိုးဘေး'ဟူသော
ဤအမည်သည်
ပြင်းထန်သောအမျက်ဒေါသ၏
အမည်တည်း။
၁၆၃။
ရဟန်းတို့
မိကျောင်းဘေးဟူသည်
အဘယ်နည်း-
ရဟန်းတို့
အချို့သော
အမျိုး့ကောင်းသားသည်
''ပဋိသန္ဓေနေခြင်း
အိုခြင်း
သေခြင်း
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်း
စိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့၌
နစ်မြုပ်နေရ၏၊
ဒုက္ခတွင်း၌
နစ်မြုပ်နေရ၏၊
ဒုက္ခ အနှိပ်စက်ခံနေရ၏၊
ဤဆင်းရဲတုံးသက်သက်ကို
ဆုံးအောင်
ပြုနိုင်မှုသည်
ထင်ကောင်းတန်ရာ၏''ဟု
ကြံ၍
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြု၏။
ထိုသို့သော
အခြင်းအရာဖြင့်
ရဟန်းပြုသော
ထိုရဟန်းကို
သီတင်းသုံးဖော်တို့သည်
''ဤအစာကို
သင်ခဲရ
စားရမည်၊
ဤအစာကို သင်
မခဲရ မစားရ၊
ဤအစာကို သင်
သုံးဆောင်ရမည်၊
ဤအစာကို သင်
မသုံးဆောင်ရ၊
ဤလျက်ဖွယ်ကို
သင်
လျက်ရမည်၊
ဤလျက်ဖွယ်ကို
သင် မလျက်ရ၊ ဤသောက်ဖွယ်ကို
သင်
သောက်ရမည်၊
ဤသောက်ဖွယ်ကို
သင်မသောက်ရ၊
အပ်သော
ခဲဖွယ်ကို
သင် ခဲရစားရမည်၊
မအပ်သော
ခဲဖွယ်ကို
သင် မခဲရ မစားရ၊
အပ်သော
သုံးဆောင်ဖွယ်တို့ကို
သင် သုံးဆောင်ရမည်၊
မအပ်သော
သုံးဆောင်ဖွယ်
တို့ကို သင်
မသုံးဆောင်ရ၊
အပ်သော
လျက်ဖွယ်ကို သင်
လျက်ရမည်၊
မအပ်သော
လျက်ဖွယ်ကို
သင် မလျက်ရ၊
အပ်သော
သောက်ဖွယ်ကို
သင်
သောက်ရမည်၊
မအပ်သော
သောက်ဖွယ်ကို
သင် မသောက်ရ၊
နံနက်ကာလ၌
သင်
ခဲရစားရမည်၊ နေလွဲကာလ၌
သင်
မခဲရမစားရ၊
နံနက်ကာလ၌
သင်သုံးဆောင်ရမည်၊
နေလွဲကာလ၌
သင်
မသုံးဆောင်ရ၊
နံနက်ကာလ၌
သင်
လျက်ရမည်၊
နေလွဲကာလ၌သင်
မလျက်ရ၊
နံနက်ကာလ၌ သင်
သောက်ရမည်၊
နေလွဲကာလ၌
သင်
မသောက်ရ''ဟူ၍သွန်သင်ဆုံးမကြကုန်၏။
ထိုရဟန်းအား
''ရှေးလူဖြစ်စဉ်အခါက
ငါတို့သည်
အလိုရှိရာကို
ခဲရစားရကုန်၏၊
အလိုမရှိရာကို
မခဲရမစားရကုန်၊
အလိုရှိရာကို
သုံးဆောင်ရကုန်၏၊
အလိုမရှိရာကို
မသုံးဆောင်ရကုန်၊
အလိုရှိရာကိုလျက်ရကုန်၏၊
အလိုမရှိရာကို
မလျက်ရကုန်၊
အလိုရှိရာကို
သောက်ရကုန်၏၊
အလိုမရှိရာကို
မသောက်ရကုန်၊
အပ်သည်ကိုလည်း
ခဲရစားရကုန်၏၊
မအပ်သည်ကိုလည်း
ခဲရစားရကုန်၏၊
အပ်သည်ကိုလည်းသုံးဆောင်ရကုန်၏၊
မအပ်သည်ကိုလည်း
သုံးဆောင်ရကုန်၏၊
အပ်သည်ကိုလည်း
လျက်ရကုန်၏၊
မအပ်သည်ကိုလည်း
လျက်ရကုန်၏၊
အပ်သည်ကိုလည်း
သောက်ရကုန်၏၊
မအပ်သည်ကိုလည်း
သောက်ရကုန်၏။
နံနက်ကာလ၌လည်း
ခဲရစားရကုန်၏၊
နေလွဲကာလ၌လည်း
ခဲရစားရကုန်၏၊
နံနက်ကာလ၌လည်းသုံးဆောင်ရကုန်၏၊
နေလွဲကာလ၌လည်း
သုံးဆောင်ရကုန်၏၊
နံနက်ကာလ၌လည်း
လျက်ရကုန်၏၊
နေလွဲ ကာလ၌လည်း
လျက်ရကုန်၏၊
နံနက်ကာလ၌လည်း
သောက်ရကုန်၏၊
နေလွဲကာလ၌လည်းသောက်ရ
ကုန်၏၊
သဒ္ဓါတရားရှိကြသော
သူကြွယ်တို့သည်
နေ့အခါ
နေလွဲအခါ၌
မွန်မြတ်လှစွာသောခဲဖွယ်ဘောဇဉ်
ကိုလည်း
ငါတို့အား
ပေးလှူကြကုန်၏၊
ထိုခဲဖွယ်ဘောဇဉ်၌လည်း
ဤ
ရဟန်းတို့သည်နှုတ်ပိတ်မှုကို
ပြုကြလေယောင်
တကား''ဟု ဤသို့
အကြံဖြစ်၏။
ထိုရဟန်းသည်
သိက္ခာကိုစွန့်လွှတ်၍
လူထွက်၏၊
ရဟန်းတို့
ဤရဟန်းကို
မိကျောင်းဘေးကို
ကြောက်သဖြင့်
ရဟန်းသိက္ခာကိုစွန့်လွှတ်၍
လူထွက်သော
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့
'မိကျောင်းဘေး'ဟူသော
ဤအမည်သည်ဝမ်းရေးကို
ကြောင့်ကြစိုက်ခြင်း
၏ အမည်တည်း။
၁၆၄။
ရဟန်းတို့
ဝဲဘေးဟူသည်
အဘယ်နည်း-ရဟန်းတို့
ဤသာသနာတော်၌
အချို့သောအမျိုးကောင်းသားသည်
''ပဋိသန္ဓေနေခြင်း
အိုခြင်း
သေခြင်း
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့၌
နစ်မြုပ်နေရ၏၊
ဒုက္ခတွင်း၌
နစ်မြုပ်နေရ၏၊
ဒုက္ခ
အနှိပ်စက်ခံနေရ၏၊
ဤ ဆင်းရဲတုံးသက်သက်ကို
ဆုံးအောင်
ပြုနိုင်မှုသည်
ထင်ကောင်းတန်ရာ၏''ဟုသဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြု၏။
ထိုသူသည်
ဤသို့
ရဟန်းပြုပြီးသော်နံနက်အခါ၌
သင်္ကန်း ကို
ပြင်ဝတ်၍ သပိတ်သင်္ကန်းကို
ယူ၍
ကိုယ်ကိုလည်းကောင်း၊
နှုတ်ကိုလည်းကောင်း
မစောင့်စည်းဘဲသာ
လျှင်
သတိမထားဘဲ
ဣန္ဒြေတို့ကို
မစောင့်စည်းဘဲ့ရွာသို့ဖြစ်စေ၊
နိဂုံးသို့ဖြစ်စေ
ဆွမ်းအလို့ငှါ
ဝင်၏။
ထိုရဟန်းသည်
ရွာနိဂုံးတို့၌
ကာမဂုဏ်ငါးပါးတို့ဖြင့်ပြည့်စုံကုံလုံလျက်
စံစားနေသော
သူကြွယ်ကိုသော်
လည်းကောင်း၊
သူကြွယ်၏သားကိုသော်လည်းကောင်းမြင်လေ၏။
ထိုရဟန်းအား
''ငါတို့သည်
ရှေးလူဖြစ်စဉ်အခါက
ငါးပါးသောကာမဂုဏ်တို့နှင့်
ပြည့်စုံကုံလုံလျက်စံစားခဲ့
ဖူးကုန်၏၊
ငါ၏ အိမ်၌
စည်းစိမ်ချမ်းသာတို့သည်
ရှိကုန်သည်သာတည်း၊
စည်းစိမ်ချမ်းသာတို့ကိုစံစားခြင်းငှါလည်းကောင်း၊
ကောင်းမှုကုသိုလ်တို့ကို
ပြုခြင်းငှါလည်းကောင်းတတ်ကောင်းသည်သာတည်း''ဟု
ဤသို့
အကြံဖြစ်၏။
ထိုရဟန်းသည်
သိက္ခာကို စွန့်လွှတ်၍လူထွက်၏။
ရဟန်းတို့ ဤရဟန်းကို
ဝဲဘေးမှ
ကြောက်သဖြင့်
ရဟန်းသိက္ခာကို
စွန့်လွှတ်၍လူထွက်သောပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့
'ဝဲဘေး'ဟူသော
ဤအမည်သည်
ငါးပါးကုန်သောကာမဂုဏ်တို့၏
အမည်တည်း။
၁၆၅။
ရဟန်းတို့
ငါးမန်းဘေးဟူသည်
အဘယ်နည်း-ရဟန်းတို့
ဤသာသနာတော်၌
အချို့သောအမျိုးကောင်းသားသည်
''ပဋိသန္ဓေနေခြင်း
အိုခြင်း
သေခြင်း
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့၌
နစ်မြုပ်နေရ၏၊
ဒုက္ခတွင်း၌
နစ်မြုပ်နေရ၏၊
ဒုက္ခ အနှိပ်စက်ခံနေရ၏၊
ဤဆင်းရဲတုံးသက်သက်ကို
ဆုံးအောင်
ပြုနိုင်မှုသည်
ထင်ကောင်းတန်ရာ၏''ဟုသဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြု၏၊
ထိုအမျိုးကောင်းသားသည်
ဤသို့ရဟန်းပြုပြီးသော်
နံနက် အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူ၍
ကိုယ်ကိုလည်းကောင်း၊
နှုတ်ကိုလည်းကောင်း
မစောင့်စည်းဘဲသာလျှင်
သတိမထားဘဲ
ဣန္ဒြေတို့ကို
မစောင့်စည်းဘဲ
ရွာသို့ဖြစ်စေ၊
နိဂုံးသို့ဖြစ်စေ
ဆွမ်း
အလို့ငှါ
ဝင်၏။
ထိုရဟန်းသည်
ထိုရွာနိဂုံးတို့၌
သေသေသပ်သပ်ကျစ်ကျစ်လျစ်လျစ်
ဝတ်ရုံမထားသော
မာတုဂါမကို
မြင်လေ၏၊
သေသေသပ်သပ်
ကျစ်ကျစ်
လျစ်လျစ်ဝတ်ရုံမထားသော
မာတုဂါမကို
မြင်သော်
ထိုသူ၏
စိတ်ကို တပ်နှစ်သက်မှု'ရာဂ'သည်
ဖျက်ဆီး၏၊
ထိုရဟန်းသည် ရာဂအဖျက်ဆီးခံရသော
စိတ်ကြောင့်
ရဟန်းသိက္ခာကို
စွန့်လွှတ်၍
လူထွက်၏။
ရဟန်းတို့
ဤသို့သဘောရှိသော
ရဟန်းကို ငါးမန်းဘေးမှ
ကြောက်သဖြင့်
ရဟန်းသိက္ခာကို
စွန့်လွှတ်၍လူထွက်သော
ပုဂ္ဂိုလ်ဟု
ဆိုရ၏။
ရဟန်းတို့
'ငါးမန်းဘေး'ဟူသော
ဤအမည်သည်
မာတုဂါမ၏အမည်တည်း။
ရဟန်းတို့
ဤသာသနာတော်၌
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုသောအချို့သောပုဂ္ဂိုလ်အား
ဤဘေးလေးပါးတို့သည်
မချွတ်ဖြစ်ရ
ကုန်မည်ဟု မြတ်စွာဘုရားသည်
ဤသုတ်ကိုဟောတော်မူ၏။
ထိုရဟန်းတို့သည်
မြတ်စွာဘုရား၏
စကားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
ခုနစ်ခုမြောက်
စာတုမသုတ်
ပြီး၏။
------
ဂ-နဠကပါနသုတ်
၁၆၆။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကောသလတိုင်း
နဠကပါနရွာ
ပေါက်တော၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အသျှင်အနုရုဒ္ဓါ
အသျှင်ဘဒ္ဒိယ
အသျှင်ကိမိလ
အသျှင်ဘဂု
အသျှင်ကောဏ္ဍည
အသျှင်ရေဝတ
အသျှင်အာနန္ဒာ
ဤသို့
ထင်ရှားကုန်
ထင်ရှားကုန်သော
များစွာကုန်သော
အမျိုးကောင်းသားတို့သည်
မြတ်စွာဘုရားကို
ရည်စူး၍ သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြကုန်၏၊
ထိုမှတစ်ပါး
ထင်ရှားကုန်
ထင်ရှားကုန်သော
အခြားအမျိုးကောင်းသားတို့သည်လည်း
ရဟန်းဘောင်၌ရဟန်း
ပြုကြကုန်၏။ ထိုအခါ၌
မြတ်စွာဘုရားသည်
ရဟန်းအပေါင်းခြံရံလျက်
လွင်တီးခေါင်၌သီတင်းသုံး
နေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ထို
အမျိုးကောင်းသားတို့ကို
အစွဲပြု၍''ရဟန်းတို့
အကြင်
အမျိုးကောင်းသားတို့သည်
ငါ့ကို
ရည်စူး၍
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ့ရဟန်းဘောင်၌
ရဟန်း
ပြုကြကုန်၏။
အသို့နည်း၊
ထိုရဟန်းတို့သည်
ဤမြတ်သော
အကျင့်၌မွေ့လျော်ကြကုန်၏လော''ဟု
ရဟန်းတို့ကို
မိန့်တော်မူ၏။
ဤသို့
မိန့်တော်မူသော်
ထိုရဟန်းတို့သည်
ဆိတ်ဆိတ်နေကြကုန်၏။
နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည်
ထိုအမျိုးကောင်းသားတို့ကို
အစွဲပြု၍
''ရဟန်းတို့
အကြင်အမျိုးကောင်းသားတို့သည်ငါ့ကို
ရည်စူး၍
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြကုန်၏။
အသို့နည်း၊
ထိုရဟန်းတို့သည်
ဤမြတ် သောအကျင့်၌
မွေ့လျော်ကြကုန်၏လော''ဟု
ရဟန်းတို့ကို
မိန့်တော်မူ၏။
နှစ်ကြိမ်မြောက်လည်း
ထိုရဟန်းတို့သည်
ဆိတ်ဆိတ်နေကြကုန်၏။
သုံးကြိမ်မြောက်လည်း
မြတ်စွာဘုရားသည်
ထိုအမျိုးကောင်းသားတို့ကို
အစွဲပြု၍
''ရဟန်းတို့
အကြင်
အမျိုးကောင်းသားတို့သည်
ငါ့ကိုရည်စူး၍
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြကုန်၏။
အသို့နည်း၊
ထိုရဟန်းတို့သည်
ဤမြတ်သောအကျင့်၌
မွေ့လျော်ကြကုန်၏လော''ဟု
ရဟန်းတို့ကို
မိန့်တော်မူ၏။
သုံးကြိမ်မြောက်လည်း
ထိုရဟန်းတို့သည်
ဆိတ်ဆိတ်နေကြကုန်၏။
၁၆၇။
ထိုအခါ
မြတ်စွာဘုရားအား
''ငါသည်
ထိုအမျိုးကောင်းသားတို့ကို
တိုက်ရိုက်မေးရမူကောင်းလေရာ၏''ဟု
အကြံတော်
ဖြစ်၏။
ထိုအခါ
မြတ်စွာဘုရားသည်
''အနုရုဒ္ဓါတို့
အသို့နည်း၊
သင်တို့သည်
မြတ်သောအကျင့်၌
မွေ့လျော်ကြကုန်၏လော''ဟု
အသျှင်အနုရုဒ္ဓါကို
မိန့်တော်မူ၏။
အသျှင် ဘုရား
အကျွန်ုပ်တို့သည်
မြတ်သောအကျင့်၌
စင်စစ်
မွေ့လျော်ကြပါကုန်၏ဟု
(လျှောက်၏)။
အနုရုဒ္ဓါတို့
ကောင်းပေစွ
ကောင်းပေစွ၊ အနုရုဒ္ဓါတို့
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြကုန်
သော အမျိုးကောင်းသားဖြစ်သော
သင်တို့အား
မြတ်သောအကျင့်၌
မွေ့လျော်ခြင်းသည်သင့်မြတ်လှ၏၊
အနုရုဒ္ဓါတို့
သင်တို့သည်
ကောင်းမြတ်သော
ပဌမအရွယ်နှင့်
ပြည့်စုံကုန်လျက်မည်းနက်သော
ဆံရှိကုန်
သည်ဖြစ်၍
ကာမဂုဏ်တို့ကို
သုံးဆောင်ခံစားသင့်ကုန်ရာ၏။
အနုရုဒ္ဓါတို့သင်တို့သည်
ထိုကောင်းမြတ်
သော
ပဌမအရွယ်နှင့်
ပြည့်စုံကုန်သည်ဖြစ်၍
မည်းနက်သောဆံရှိသည်သာဖြစ်ပါကုန်လျက်လည်း
လူ့ ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြကုန်ဘိ၏။
အနုရုဒ္ဓါတို့
သင်တို့သည်
မင်း
နှိပ်စက်ပို့ဆောင်၍
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြသည်မဟုတ်ကုန်၊
ခိုးသူ
နှိပ်စက်ပို့ဆောင်၍
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြသည်
မဟုတ်ကုန်၊
ကြွေးမြီနှိပ်စက်၍
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြသည်
မဟုတ်ကုန်၊
ဘေးရန်နှိပ်စက်၍လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြသည်
မဟုတ်ကုန်၊
အသက်မွေးမှုကြပ်တည်း၍
လူ့ဘောင်မှရဟန်းဘောင်၌
ရဟန်းပြုကြသည်
မဟုတ်ကုန်၊
စင်စစ်သော်ကား
ငါသည် ပဋိသန္ဓေနေခြင်း
အိုခြင်းသေခြင်း
ပူဆွေးခြင်း
ငိုကြွေးခြင်း
ကိုယ်ဆင်းရဲခြင်း
စိတ်ဆင်းရဲခြင်း
ပြင်းစွာပင်ပန်းခြင်းတို့၌
နစ်မြုပ်နေရ၏၊
ဒုက္ခတွင်း၌
နစ်မြုပ်နေရ၏၊
ဒုက္ခ
အနှိပ်စက်ခံနေရ၏၊
ဤဆင်းရဲတုံးသက်သက်ကို
ဆုံးအောင်
ပြုနိုင်မှုသည်လည်း
ထင်ကောင်းတန်ရာ၏ဟု
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုကြသည်မဟုတ်ကုန်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ (ဟု
လျှောက်ကြကုန်၏)။
အနုရုဒ္ဓါတို့
ဤသို့ ရဟန်း
ပြုသော
အမျိုးကောင်းသားသည်
အဘယ်အမှုကို
ပြုသင့်သနည်း-အနုရုဒ္ဓါတို့
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်သော
အကုသိုလ်တရားတို့မှ
ကင်းဆိတ်သော
ပီတိသုခကိုလည်းကောင်း၊
ထို့ထက်
သာလွန်မွန်မြတ်သော
တစ်ပါးသောချမ်းသာကိုလည်းကောင်း
မရငြားအံ့။
အဘိဇ္ဈာသည်လည်း
ထိုသူ၏
စိတ်ကို
သိမ်းကျုံး၍
တည်၏၊ ဗျာပါဒသည်လည်း
စိတ်ကို
သိမ်းကျုံး၍တည်၏၊
ထိနမိဒ္ဓသည်လည်း
စိတ်ကို
သိမ်းကျုံး၍
တည်၏၊
ဥဒ္ဓစ္စကုက္ကုစ္စသည်လည်း
စိတ်ကို သိမ်းကျုံး၍
တည်၏၊
ဝိစိကိစ္ဆ
ာသည်လည်း
စိတ်ကို
သိမ်းကျုံး၍
တည်၏၊
မမွေ့လျော်ခြင်းသည်လည်းစိတ်ကို
သိမ်းကျုံး၍ တည်၏၊
ပျင်းရိခြင်းသည်လည်း
စိတ်ကို သိမ်းကျုံး၍
တည်၏၊
အနုရုဒ္ဓါတို့ထိုသူသည်
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်သော
အကုသိုလ်တရားတို့မှ
ကင်းဆိတ်သော
ပီတိသုခကို့လည်းကောင်း
ထို့ထက်
သာလွန်မွန်မြတ်သော
တစ်ပါးသောချမ်းသာကိုလည်းကောင်း
မရနိုင်။
အနုရုဒ္ဓါတို့
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်သော
အကုသိုလ်တရားတို့မှ
ကင်းဆိတ်သောပီတိသုခကိုလည်းကောင်း
ထို့ထက်သာလွန်မွန်မြတ်သော
တစ်ပါးသောချမ်းသာကိုလည်းကောင်း
ရငြားအံ့။
အဘိဇ္ဈာသည်လည်း
ထိုသူ၏ စိတ်ကို
သိမ်းကျုံး၍
မတည်နိုင်၊
ဗျာပါဒသည်လည်း
စိတ်ကို
သိမ်းကျုံး၍မတည်နိုင်၊
ထိနမိဒ္ဓသည်လည်း
စိတ်ကို
သိမ်းကျုံး၍
မတည်နိုင်၊
ဥဒ္ဓစ္စကုက္ကုစ္စသည်လည်း
စိတ်ကိုသိမ်းကျုံး၍
မတည်နိုင်၊
ဝိစိကိစ္ဆ
ာသည်လည်း
စိတ်ကို
သိမ်းကျုံး၍
မတည်နိုင်၊
မမွေ့လျော်ခြင်းသည်လည်း
စိတ်ကို သိမ်းကျုံး၍
မတည်နိုင်၊
ပျင်းရိခြင်းသည်လည်း
စိတ်ကို
သိမ်းကျုံး၍
မတည်နိုင်။
အနုရုဒ္ဓါတို့
ထိုသူသည်
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်သော
အကုသိုလ်တရားတို့မှ
ကင်းဆိတ်သောပီတိသုခကိုလည်းကောင်း၊
ထို့ထက်သာလွန်မွန်မြတ်သော
တစ်ပါးသောချမ်းသာကိုလည်းကောင်း
ရနိုင်၏။
၁၆၈။
အနုရုဒ္ဓါတို့
ငါ့အပေါ်၌
သင်တို့ အဘယ်ကဲ့သို့
မှတ်ထင်သနည်း-
''ညစ်ညူးစေတတ်ကုန်
သောတစ်ဖန်ဘဝသစ်ကိုဖြစ်စေတတ်ကုန်သော
ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော
ဆင်းရဲကျိုးကို
ဖြစ်စေတတ်ကုန်သော
နောင်အခါ၌
ပဋိသန္ဓေနေမှု
အိုမှု
သေမှုကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့ကိုမြတ်စွာဘုရားသည်
မပယ်ရသေး။
ထို့ကြောင့်
မြတ်စွာဘုရားသည်
အချို့ကို
ဆင်ခြင်၍
မှီဝဲ၏၊
အချို့ကိုဆင်ခြင်၍
သည်းခံ၏၊
အချို့ကို
ဆင်ခြင်၍
ကြဉ်ရှောင်၏၊
အချို့ကို
ဆင်ခြင်၍ ပယ်ဖျောက်၏ဟု
ထင်လေသလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
''ညစ်ညူးစေတတ်ကုန်သော
တစ်ဖန်ဘဝသစ်ကို
ဖြစ်စေတတ်ကုန်သော
ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော
ဆင်းရဲကျိုးကို
ဖြစ်စေတတ်ကုန်သော
နောင်အခါ၌
ပဋိသန္ဓေနေမှု
အိုမှု
သေမှုကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့ကို
မြတ်စွာဘုရားသည်
မပယ်ရသေး။
ထို့ကြောင့်
မြတ်စွာဘုရားသည်
အချို့ကို
ဆင်ခြင်၍
မှီဝဲ၏၊
အချို့ကို ဆင်ခြင်၍
သည်းခံ၏၊
အချို့ကို
ဆင်ခြင်၍ ကြဉ်ရှောင်၏၊
အချို့ကို
ဆင်ခြင်၍
ပယ်ဖျောက်၏''ဟု
ဤသို့
မြတ်စွာဘုရားအပေါ်၌
အကျွန်ုပ်တို့
မထင်ပါ။
အသျှင်ဘုရား
''ညစ်ညူးစေတတ်ကုန်သော
တစ်ဖန်ဘဝသစ်ကို
ဖြစ်စေတတ်ကုန်သော
ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော
ဆင်းရဲကျိုးကို
ဖြစ်စေတတ်ကုန်သော
နောင်အခါ၌
ပဋိသန္ဓေနေမှု
အိုမှု သေမှုကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့ကို
မြတ်စွာဘုရားသည်
ပယ်ပြီးဖြစ်ကုန်၏။
ထို့ကြောင့်မြတ်စွာဘုရားသည်
အချို့ကို
ဆင်ခြင်၍
မှီဝဲ၏၊
အချို့ကို ဆင်ခြင်၍
သည်းခံ၏၊
အချို့ကို
ဆင်ခြင်၍ကြဉ်ရှောင်၏၊
အချို့ကို
ဆင်ခြင်၍
ပယ်ဖျောက်၏''ဟု
မြတ်စွာဘုရားအပေါ်၌
အကျွန်ုပ်တို့
ထင်ပါကုန်၏ဟု
(လျှောက်၏)။
အနုရုဒ္ဓါတို့
ကောင်းပေစွ
ကောင်းပေစွ၊
အနုရုဒ္ဓါတို့
မြတ်စွာဘုရားအား
ညစ်ညူးစေတတ်ကုန်သောတစ်ဖန်ဘဝသစ်ကို
ဖြစ်စေတတ်ကုန်သော
ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော
ဆင်းရဲကျိုးကို
ဖြစ်စေတတ်ကုန်သော
နောင်အခါ၌ ပဋိသန္ဓေနေမှု
အိုမှု
သေမှုကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့သည်ပယ်ပြီးဖြစ်ကုန်၏၊
အမြစ်ပြတ်ပြီး
ဖြစ်ကုန်၏၊
ထန်းပင်ငုတ်ကဲ့သို့
ပြုပြီးဖြစ်ကုန်၏၊
တစ်ဖန်
မဖြစ်အောင်ပြုပြီးဖြစ်ကုန်၏၊
နောင်တစ်ဖန်
ဖြစ်ပေါ်ခြင်းသဘောမရှိတော့ချေ။
အနုရုဒ္ဓါတို့
ဥပမာသော်ကားလည်ဆစ်
ပြတ်ပြီးသော
ထန်းပင်သည်
တစ်ဖန်
ကြီးပွါးစည်ပင်ခြင်းငှါ
မထိုက်သကဲ့သို့၊
ဤအတူသာလျှင်မြတ်စွာ
ဘုရားသည်
ညစ်ညူးစေတတ်ကုန်သော
တစ်ဖန်
ဘဝသစ်ကို
ဖြစ်စေတတ်ကုန်သောပူလောင်ခြင်းနှင့်
တကွဖြစ်ကုန်သော
ဆင်းရဲကျိုးကို
ဖြစ်စေတတ်ကုန်သော
နောင်အခါ၌
ပဋိသန္ဓေနေမှုအိုမှု
သေမှုကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့သည်
ပယ်ပြီးဖြစ်ကုန်၏၊
အမြစ်ပြတ်ပြီးဖြစ်ကုန်၏၊
ထန်းပင်
ငုတ်ကဲ့သို့
ပြုပြီးဖြစ်ကုန်၏၊
တစ်ဖန် မဖြစ်အောင်
ပြုပြီးဖြစ်ကုန်၏၊
နောင်တစ်ဖန်ဖြစ်ခြင်းသဘော
မရှိ တော့ချေ။
ထို့ကြောင့်
မြတ်စွာဘုရားသည်
အချို့ကို
ဆင်ခြင်၍
မှီဝဲ၏၊
အချို့ကိုဆင်ခြင်၍
သည်းခံ၏၊
အချို့ကို
ဆင်ခြင်၍
ကြဉ်ရှောင်၏၊
အချို့ကို
ဆင်ခြင်၍
ပယ်ဖျောက်၏။
အနုရုဒ္ဓါတို့
ထို
ငါဆိုမည့်စကားကို
အဘယ်သို့
မှတ်ထင်ဘိသနည်း၊
အဘယ်သို့ အကျိုးထူးကိုကောင်းစွာ
မြင်၍
မြတ်စွာဘုရားသည်
ကွယ်လွန်ကုန်ပြီးသော
သေဆုံးကုန်ပြီးသော
တပည့်သာဝကတို့ကိုဤမည်သော
သူသည် ဤမည်သောဘဝ၌
ဖြစ်၏၊
ဤမည်သောသူသည်
ဤမည်သောဘဝ၌ ဖြစ်၏ဟုပဋိသန္ဓေတည်နေ
ဖြစ်ပေါ်မှုတို့၌
ဟောကြားဘိသနည်း။
အသျှင်ဘုရား
အကျွန်ုပ်တို့အား
တရားဓမ္မဟူသမျှတို့သည်
မြတ်စွာဘုရားလျှင်
အရင်းမူလရှိကြပါကုန်၏၊
မြတ်စွာဘုရားလျှင်
ရှေ့ဆောင်ရှိကြပါကုန်၏၊
မြတ်စွာဘုရားလျှင်
လဲလျောင်းရာရှိကြပါကုန်၏၊
အသျှင်ဘုရား
တောင်းပန်ပါ၏၊
ထိုဟောတော်မူအပ်သောတရားတော်၏
အနက်သည် မြတ်စွာဘုရားအားသာလျှင်
ထင်ရှားတော်မူပါစေလော့။
မြတ်စွာဘုရား၏အထံတော်မှ
ကြားနာကြရ၍
ရဟန်းတော်တို့သည်
ဆောင်ထားကြပါကုန်လတ္တံ့ဟု
(လျှောက်ကုန်၏)။
အနုရုဒ္ဓါတို့
မြတ်စွာဘုရားသည်
လူအများအံ့ဩစေခြင်းငှါလည်းကောင်း
လူအများချီးမွမ်းစေခြင်းငှါလည်းကောင်း
လာဘ်ပူဇော်သကာ
အကျော်အစောဟူသော
အကျိုးငှါလည်းကောင်း
'လူအပေါင်းသည်ဤသို့
ငါ့ကို
သိစေသတည်း' ဟူ၍လည်းကောင်း
ကွယ်လွန်ကုန်ပြီးသော
သေဆုံးကုန်ပြီးသော
တပည့်သာဝကတို့ကို
ဤမည် သောသူသည်
ဤမည်သောဘဝ၌
ဖြစ်၏၊
ဤမည်သောသူသည်
ဤမည်သောဘဝ၌
ဖြစ်၏ဟု
ပဋိသန္ဓေတည်
နေဖြစ်ပေါ်မှုတို့၌
မဟောကြား။
အနုရုဒ္ဓါတို့
သဒ္ဓါတရားရှိကုန်သော
များစွာနှစ်သက်ခြင်း
ဝမ်းမြောက်ခြင်းရှိကုန်သော
အမျိုးကောင်းသားတို့သည်
ရှိကုန်၏၊
ထိုအမျိုးကောင်းသားတို့သည်
ထိုတရားကို
ကြားနာကြရကုန်သည်ရှိသော်
ထိုအကျိုးငှါ
စိတ်ကို ညွတ်စေကုန်လတ္တံ့၊
အနုရုဒ္ဓါတို့
ထိုအမျိုးကောင်းသားတို့အား
ထိုစိတ်ညွတ်စေမှုသည်
ရှည်မြင့်စွာသော
ကာလပတ်လုံးစီးပွါးခြင်းငှါ
ချမ်းသာခြင်းငှါ
ဖြစ်၏။
၁၆၉။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ရဟန်းသည် ''သေလွန်ပြီးဖြစ်သော
ဤမည်သော
ရဟန်းကိုအရဟတ္တဖိုလ်၌
တည်၏'' ဟူ၍
မြတ်စွာဘုရား
ဟောကြားထားသည်ကို
ကြားသိရသော
ရဟန်းသည်ထိုသေ
လွန်သောအသျှင်ကို
''ထိုအသျှင်သည်
ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊
ဤသို့တရားအကျင့်ရှိ
၏ဟူ၍လည်းကောင်း၊
ဤသို့ ပညာရှိ၏ဟူ၍လည်းကောင်း၊
ဤသို့နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှ
လွတ်၏'' ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်းတွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး ၏။
ထိုတွေ့မြင်
ကြားသိဖူးသော
ရဟန်းသည်ထိုကွယ်လွန်သော
ရဟန်း၏ သဒ္ဓါ
သီလ သုတ စာဂ
ပညာတို့ကို
အောက်မေ့လျက်ထိုသဒ္ဓါစသည်ဖြစ်ခြင်း
အကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤ သို့လည်း
ရဟန်းအား
ချမ်းသာစွာနေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ရဟန်းသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ရဟန်းကို'အောက်အဖို့၌
ဖြစ်စေတတ်သော
သံယောဇဉ်
ငါးပါးကုန်ခြင်းကြောင့်
ဗြဟ္မာ့ပြည်၌
ဖြစ်၏၊ ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်စံ၏၊
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ဆုတ်နစ်ခြင်းသဘော
မရှိတော့ပြီ'ဟူ၍''မြတ်စွာဘုရား
ဟော
ကြားထားသည်ကို
ကြားသိရသော
ရဟန်းသည်
ထိုကွယ်လွန်သော
အသျှင်ကို''ထိုအသျှင်သည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း
ဤသို့
တရားအကျင့်ရှိ၏။ပ။
ဤသို့
ပညာရှိ၏၊ ဤသို့
နေလေ့ရှိ၏၊
ဤသို့ ကိလေသာမှ
လွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး ၏။
ထိုတွေ့မြင်
ကြားသိဖူးသော
ရဟန်းသည် ထိုကွယ်လွန်သော
ရဟန်း၏သဒ္ဓါ
သီလ သုတ စာဂ
ပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်
ဖြစ်ခြင်းအကျိုးငှါ
စိတ်ကိုညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤ သို့လည်း
ရဟန်းအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ရဟန်းသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ရဟန်းကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ရာဂ ဒေါသ
မောဟတို့၏
ခေါင်းပါးခြင်းကြောင့်တစ်ကြိမ်
မျှသာ
ဤလူ့ရွာလောကသို့လာ၍
ဆင်းရဲ၏အဆုံးကို
ပြုလတ္တံ့ဖြစ်သော
သကဒါဂါမ်ပုဂ္ဂိုလ်'ဟူ၍''
မြတ်စွာ
ဘုရား ဟောကြားထားသည်ကို
ကြားသိရသော
ရဟန်းသည်ထိုသေလွန်သောအသျှင်ကို
''ထိုအသျှင်သည်
ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း
ဤသို့တရားအကျင့်ရှိ၏။ပ။
ဤသို့
ပညာရှိ၏၊
ဤသို့
နေလေ့ရှိ၏၊
ဤသို့
ကိလေသာမှလွတ်၏''
ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်ကြားသိဖူးသော
ရဟန်းသည်
ထိုကွယ်လွန်သော
ရဟန်း၏ သဒ္ဓါ
သီလ သုတ
စာဂပညာတို့ကို
အောက်မေ့လျက်
ထို
သဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့ဤသို့လည်း
ရဟန်းအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ရဟန်းသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော ရဟန်းကို'သုံးပါးသောသံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ဖရိုဖရဲ
ကျခြင်းသဘောမရှိသော
ကိန်းသေမြဲသောအထက်
မဂ်
အထက်ဖိုလ်လျှင်
လဲလျောင်းရာရှိသော
သောတာပန်ပုဂ္ဂိုလ်'
ဟူ၍''
မြတ်စွာဘုရားဟောကြားထား
သည်ကို
ကြားသိရသော
ရဟန်းသည်
ထိုသေလွန်သော
အသျှင်ကို
''ထိုအသျှင်သည်ဤသို့
သီလရှိ၏
ဟူ၍လည်းကောင်း၊
ဤသို့
တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း။ပ။
ဤသို့
ပညာရှိ၏၊
ဤသို့ နေလေ့ရှိ
၏၊ ဤသို့
ကိလေသာမှ
လွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကား
လည်း
ကြားဖူး၏၊
ထိုတွေ့မြင်ကြားသိဖူးသော
ရဟန်းသည်
ထိုသေလွန်သော
ရဟန်း၏သဒ္ဓါ
သီလ သုတ စာဂ
ပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်
ဖြစ်ခြင်းအကျိုးငှါ
စိတ်ကိုညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်း
ရဟန်းအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
၁၇၀။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဘိက္ခုနီမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သောဘိက္ခုနီမကို
အရဟတ္တဖိုလ်၌
တည်၏''ဟူ၍
မြတ်စွာဘုရား
ဟောကြားထားသည်ကို
ကြားသိရသောဘိက္ခုနီမသည်
ထိုသေလွန်သော
အသျှင်မကို
''ထိုအသျှင်မသည်
ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
တရားအကျင့်ရှိ၏
ဟူ၍လည်းကောင်း၊
ဤသို့
ပညာရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှ
လွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏၊
ထိုတွေ့မြင်ကြားသိဖူးသော
ဘိက္ခုနီမသည်
ထိုသေလွန်သောဘိက္ခုနီမ၏သဒ္ဓါ
သီလ သုတ စာဂ
ပညာတို့ကို အောက်မေ့လျက်
ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်း
ဘိက္ခုနီမအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဘိက္ခုနီမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဘိက္ခုနီမကို'အောက်အဖို့၌
ဖြစ်စေတတ်သော
သံယောဇဉ် ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဗြဟ္မာ့ပြည်၌ဖြစ်၏၊
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်စံ၏၊
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ဆုတ်နစ်ခြင်း
သဘောမရှိ'ဟူ၍''
မြတ်စွာဘုရားဟောကြားထားသည်ကို
ကြားသိရသော
ဘိက္ခုနီမသည်
ထိုသေလွန်သောဘိက္ခုနီမကို
''ထိုညီမသည်ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း
ဤသို့
တရားအကျင့်ရှိ၏။ပ။
ဤသို့
ပညာရှိ၏၊
ဤသို့
နေလေ့ရှိ၏၊
ဤသို့ ကိလေသာမှ
လွတ်၏''
ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်းကြားဖူး၏၊
ထိုတွေ့မြင်
ကြားသိဖူးသော
ဘိက္ခုနီမသည်
ထိုသေလွန်သော
ဘိက္ခုနီမ၏
သဒ္ဓါ သီလသုတ
စာဂ
ပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်း
ဘိက္ခုနီမအား
ချမ်းသာစွာ
နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဘိက္ခုနီမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဘိက္ခုနီမကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ရာဂ ဒေါသ မောဟတို့၏
ခေါင်းပါးခြင်းကြောင့်တစ်ကြိမ်
မျှသာ
ဤလူ့ရွာလောကသို့လာ၍
ဆင်းရဲ၏အဆုံးကို
ပြုလတ္တံ့ဖြစ်သောသကဒါဂါမ်ပုဂ္ဂိုလ်'
ဟူ၍''
မြတ်စွာဘုရား
ဟောကြားထားသည်ကို
ကြားသိရသော
ဘိက္ခုနီမသည်ထိုသေလွန်သော
ဘိက္ခုနီမကို
''ထိုညီမသည်
ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း
ဤသို့တရားအကျင့်ရှိ၏။ပ။
ဤသို့
ပညာရှိ၏၊
ဤသို့
နေလေ့ရှိ၏၊
ဤသို့
ကိလေသာမှလွတ်၏''
ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်ကြားသိဖူးသော
ဘိက္ခုနီမသည်
ထိုသေလွန်သောဘိက္ခုနီမ၏
သဒ္ဓါ သီလ သုတ
စာဂပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ ၏။
အနုရုဒ္ဓါတို့ဤသို့လည်း
ဘိက္ခုနီမအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဘိက္ခုနီမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သောဘိက္ခုနီမကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ဖရိုဖရဲကျခြင်းသဘောမရှိသော
ကိန်းသေမြဲသောအထက်
မဂ် အထက်ဖိုလ်လျှင်
လဲလျောင်းရာရှိသော
သောတာပန်ပုဂ္ဂိုလ်'
ဟူ၍''
မြတ်စွာဘုရားဟောကြားထား
သည်ကို
ကြားသိရသော
ဘိက္ခုနီမသည်
ထိုသေလွန်သော
ဘိက္ခုနီမကို
''ထိုညီမသည်ဤသို့
သီလရှိ၏
ဟူ၍လည်းကောင်း၊
ဤသို့
တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့ပညာရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှလွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်ကြားသိဖူးသော
ဘိက္ခုနီမသည်
ထိုသေလွန်
သော
ဘိက္ခုနီမ၏
သဒ္ဓါ သီလ သုတ
စာဂပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့ဤသို့လည်း
ဘိက္ခုနီမအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
၁၇၁။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဥပါသကာသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဥပါသကာကို 'အောက်အဖို့၌
ဖြစ်စေတတ်သော
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဗြဟ္မာ့ပြည်၌ဖြစ်၏၊
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်စံ၏၊
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်
ဆုတ်နစ်ခြင်းသဘော
မရှိ'ဟူ၍''
မြတ်စွာဘုရားဟောကြားထားသည်ကို
ကြားသိရသော
ဥပါသကာသည်
ထိုသေလွန်သော
ဥပါသကာကို''ထိုအသျှင်သည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း
ဤသို့
တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း
ဤသို့ပညာရှိ၏ဟူ၍
လည်းကောင်း၊
ဤသို့
နေလေ့ရှိ၏''ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှလွတ်၏
ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏၊
ထိုတွေ့မြင်ကြားသိဖူးသော
ဥပါသကာ သည်
ထိုသေလွန်သော
ဥပါသကာ၏
သဒ္ဓါ သီလ သုတ
စာဂ
ပညာတို့ကိုအောက်မေ့လျက်
ထိုသဒ္ဓါ
စသည်ဖြစ်ခြင်း
အကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်းဥပါသကာအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဥပါသကာသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဥပါသကာကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ရာဂ ဒေါသ
မောဟတို့၏ ခေါင်းပါးခြင်းကြောင့်တစ်ကြိမ်မျှသာ
ဤလူ့ရွာလောကသို့
လာ၍
ဒုက္ခ၏အဆုံးကို
ပြုလတ္တံ့သော
သကဒါဂါမ်ပုဂ္ဂိုလ်'ဟူ၍''မြတ်စွာဘုရား
ဟောကြားထားသည်ကို
ကြားသိရသော
ဥပါသကာသည်
ထိုသေလွန်သော
ဥပါသကာကို''ထိုအသျှင်သည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း
ဤသို့
တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့ပညာရှိ၏ဟူ၍လည်းကောင်း၊
ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှ လွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်
ကြားသိဖူးသော
ဥပါသကာသည်
ထိုသေလွန်သော
ဥပါသကာ၏
သဒ္ဓါ သီလ သုတ
စာဂ
ပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်ဖြစ်ခြင်း
အကျိုးငှါ
စိတ်ကို
ညွတ်စေ၏။ အနုရုဒ္ဓါတို့
ဤသို့လည်း
ဥပါသကာအားချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဥပါသကာသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဥပါသကာကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ဖရိုဖရဲကျခြင်းသဘောမရှိသော
ကိန်းသေမြဲသောအထက်မဂ်
အထက်ဖိုလ်လျှင်
လဲလျောင်းရာရှိသော
သောတာပန်ပုဂ္ဂိုလ်'
ဟူ၍''
မြတ်စွာဘုရား့ဟောကြား
ထားသည်ကို
ကြားသိရသော
ဥပါသကာသည်
ထိုသေလွန်သောဥပါသကာကို''ထိုအသျှင်သည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း၊
ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ပညာရှိ၏ဟူ၍လည်း
ကောင်း၊
ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှလွတ်၏''
ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်
ကြားသိဖူးသော
ဥပါသကာ သည်
ထိုသေလွန်သော
ဥပါသကာ၏
သဒ္ဓါ သီလ သုတ
စာဂပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါ စသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ၏။ အနုရုဒ္ဓါတို့ဤသို့လည်း
ဥပါသကာအား
ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
၁၇၂။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဥပါသိကာမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သောဥပါသိကာမကို
'အောက်အဖို့၌
ဖြစ်စေတတ်သော
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်ဗြဟ္မာ့ပြည်၌ဖြစ်
၏၊
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်စံ၏၊
ထိုဗြဟ္မာ့ပြည်မှ
ပြန်လည်ဆုတ်နစ်ခြင်းသဘောမရှိ'
ဟူ၍'' မြတ်စွာ
ဘုရား
ဟောကြားထားသည်ကို
ကြားသိရသော
ဥပါသိကာမသည်ထိုသေလွန်သော
ဥပါသိကာမကို
''ထိုညီမသည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း၊
ဤသို့တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့ ပညာရှိ၏ဟူ၍လည်းကောင်း၊
ဤသို့နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှ
လွတ်၏''ဟူ၍
လည်းကောင်း
ကိုယ်တိုင်လည်းတွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်ကြားသိဖူး
သော
ဥပါသိကာမသည်ထိုသေလွန်သော
ဥပါသိကာမ၏
သဒ္ဓါ သီလ သုတ
စာဂ
ပညာတို့ကို
အောက်မေ့လျက်ထိုသဒ္ဓါစသည်ဖြစ်ခြင်း
အကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်း
ဥပါသိကာမအားချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဥပါသိကာမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဥပါသိကာမကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ရာဂ ဒေါသ
မောဟတို့၏ခေါင်းပါးခြင်းကြောင့်
တစ်ကြိမ်မျှသာ
ဤလူ့ရွာလောကသို့လာ၍
ဒုက္ခ၏အဆုံးကို
ပြုလတ္တံ့သော
သကဒါဂါမ်ပုဂ္ဂိုလ်'
ဟူ၍''မြတ်စွာဘုရား
ဟောကြားထားသည်ကို
ကြားသိရသော
ဥပါသိကာမသည်
ထိုသေလွန်သောဥပါသိကာမကို
''ထိုညီမသည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း၊
ဤသို့တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ပညာရှိ၏ဟူ၍
လည်းကောင်း၊
ဤသို့နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှ
လွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်းတွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏၊
ထိုတွေ့မြင်
ကြားသိဖူးသော
ဥပါသိကာမသည်ထိုသေလွန်သော
ဥပါသိကာမ၏
သဒ္ဓါ သီလ သုတ
စာဂ
ပညာတို့ကို
အောက်မေ့လျက်ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို
ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်း ဥပါသိကာမအားချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသာသနာတော်၌
ဥပါသိကာမသည်
''သေလွန်ပြီးဖြစ်သော
ဤမည်သော
ဥပါသိကာမ ကို'သုံးပါးသော
သံယောဇဉ်တို့၏
ကုန်ခြင်းကြောင့်
ဖရိုဖရဲကျခြင်းသဘောမရှိသော
ကိန်းသေ မြဲသောအထက်မဂ်
အထက်ဖိုလ်လျှင်
လဲလျောင်းရာရှိသော
သောတာပန်ပုဂ္ဂိုလ်'
ဟူ၍''
မြတ်စွာဘုရားဟောကြားထားသည်ကို
ကြားသိရသော
ဥပါသိကာမသည်
ထိုသေလွန်သော
ဥပါသိကာမကို
''ထိုညီမသည်
ဤသို့
သီလရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ပညာရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
နေလေ့ရှိ၏ဟူ၍လည်းကောင်း၊
ဤသို့
ကိလေသာမှ
လွတ်၏''ဟူ၍လည်းကောင်း
ကိုယ်တိုင်လည်း
တွေ့မြင်ဖူး၏၊
အဆင့်စကားလည်း
ကြားဖူး၏။
ထိုတွေ့မြင်
ကြားသိဖူးသောဥပါသိကာမသည်
ထိုသေလွန်သော
ဥပါသိကာမ၏ သဒ္ဓါ
သီလ သုတ စာဂ
ပညာတို့ကို
အောက်မေ့လျက်
ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ
စိတ်ကို ညွတ်စေ၏။
အနုရုဒ္ဓါတို့
ဤသို့လည်း
ဥပါသိကာမအား့ချမ်းသာစွာ
နေရခြင်းသည်
ဖြစ်၏။
အနုရုဒ္ဓါတို့
ဤသို့လျှင်
မြတ်စွာဘုရားသည်
လူအများ
အံ့ဩစေခြင်းငှါလည်းကောင်း၊
လူအများချီးမွမ်းစေခြင်းငှါလည်းကောင်း၊
လာဘ်ပူဇော်သကာ
အကျော်အစောဟူသော
အကျိုးငှါလည်းကောင်း၊
'ဤသို့
လူအပေါင်းသည်
ငါ့ကို သိစေသတည်း'ဟူ၍လည်းကောင်း
ကွယ်လွန်ကြကုန်ပြီးသော
သေလွန်ကုန်ပြီးသော
တပည့်သာဝကတို့ကို
''ဤမည်သော
သူသည်
ဤမည်သောဘဝ၌
ဖြစ်၏၊
ဤမည်သောသူသည်
ဤမည်သောဘဝ၌
ဖြစ်၏''ဟု
မဟောကြား။
အနုရုဒ္ဓါတို့
သဒ္ဓါတရားရှိကုန်သော
များစွာ
နှစ်သက်ခြင်း
ဝမ်းမြောက်ခြင်းရှိကုန်သော
အမျိုးကောင်းသားတို့သည်
ရှိကြကုန်၏၊
ထိုအမျိုးကောင်းသားတို့သည်
ထိုတရားကို
ကြားနာကြရကုန်သည်ရှိသော်
ထိုအကျိုးငှါ
စိတ်ကိုညွတ်စေကုန်၏။
အနုရုဒ္ဓါတို့
ထို
အမျိုးကောင်းသားတို့အား
ထိုစိတ်ညွတ်စေမှုသည်
ရှည်မြင့်စွာသောကာလပတ်လုံး
စီးပွါးချမ်းသာခြင်းငှါ
ဖြစ်၏ဟု
မြတ်စွာဘုရားသည်
ဤသုတ်ကို
ဟောတော်မူ၏။ အသျှင်အနုရုဒ္ဓါသည်
မြတ်စွာဘုရား၏တရား
စကားကို
နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ရှစ်ခုမြောက်
နဠကပါနသုတ်
ပြီး၏။
------
၉-ဂေါလိယာနိသုတ်
၁၇၃။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့ကို
အစာကျွေး၍
မွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ လျော့ပါးသော
အကျင့်ရှိသော
ဂေါလိယာနိမည်သောတောကျောင်းနေရဟန်းသည်
တစ်စုံတစ်ခုသော
ပြုဖွယ်ကိစ္စဖြင့်
သံဃာ့အလယ်သို့
ဆိုက်ရောက်လာ၏။
ထိုအခါ
အသျှင်သာရိပုတြာသည်
ဂေါလိယာနိရဟန်းကို
အကြောင်းပြု၍
ရဟန်းတို့ကို
(ဤသို့)
မိန့်တော်မူ၏-
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌ နေသော
တောကျောင်းနေရဟန်းသည်သီတင်းသုံးဖော်တို့၌
ရိုသေလေးစားခြင်းရှိသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့
သံဃာ့ဘောင်သို့ရောက်၍
သံဃာ့ဘောင်၌နေသော
တောကျောင်းနေ
ရဟန်းသည် အကယ်၍
သီတင်းသုံးဖော်တို့၌
ရိုသေလေးစားခြင်း
မရှိငြားအံ့။
ထိုရဟန်းအား
''သီတင်းသုံးဖော်တို့၌
ရိုသေလေးစားခြင်းမရှိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
သီတင်းသုံးဖော်တို့၌
ရိုသေလေးစားခြင်းရှိသည်
ဖြစ်ရာ၏။ (၁)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌နေသော
တောကျောင်းနေရဟန်းသည်
''ဤသို့နေလျှင်
မထေရ်ကြီးရဟန်းတို့ကို
တိုးဝှေ့၍နေရာလည်း
မရောက်၊
သီတင်းငယ်ရဟန်းတို့ကို
နေရာဖြင့်တားမြစ်ရာလည်းမရောက်''ဟု
နေရာ၌
လိမ္မာသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
အကယ်၍ နေရာ၌
မလိမ္မာငြားအံ့။
ထိုရဟန်းအား
''နေရာ၌
လိမ္မာခြင်း
မရှိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
နေရာ၌
လိမ္မာသည်ဖြစ်ရာ၏။
(၂)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
ဝတ်ကြီးဝတ်ငယ်ကို
ဖြည့်ကျင့်ခြင်းဟူသော
'အာဘိသမာစာရိက'ကျင့်ဝတ်ကိုလည်း
သိရမည်။
ငါ့သျှင်တို့သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌နေသော
တောကျောင်းနေရဟန်းသည်
အကယ်၍
ဝတ်ကြီး့ဝတ်ငယ်ကို
ဖြည့်ကျင့်ခြင်းဟူသော
'အာဘိသမာစာရိက'ကျင့်ဝတ်ကို
မသိရှိငြားအံ့။
ထိုရဟန်းအား''ဝတ်ကြီးဝတ်ငယ်ကို
ဖြည့်ကျင့်ခြင်းဟူသော
'အာဘိသမာစာရိက'ကျင့်ဝတ်ကို
မသိသော
ဤအသျှင်အားတစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့သည်
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
ဝတ်ကြီးဝတ်ငယ်ကို
ဖြည့်ကျင့်ခြင်းဟူသော
'အာဘိသမာစာရိက'
ကျင့်ဝတ်ကိုလည်း
သိရမည်။ (၃)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်အလွန်စောစွာ
ရွာသို့
မဝင်အပ်၊
နေမြင့်မှ
မပြန်အပ်။
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
အကယ်၍
အလွန်စောစွာ
ရွာသို့ဝင်ငြားအံ့၊
အကယ်၍အလွန်နေမြင့်မှ
ပြန်ငြားအံ့၊
ထိုရဟန်းအား
''အလွန်စောစွာ
ရွာသို့ဝင်သော
အလွန်နေမြင့်မှ
ပြန်သောဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌နေသော
တောကျောင်းနေ
ရဟန်းသည်
အလွန်စောစွာ
ရွာသို့ မဝင်အပ်၊
အလွန်နေမြင့်မှ
မပြန်အပ်။ (၄)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌
နေသော
တောကျောင်းနေ
ရဟန်းသည်ဆွမ်းမစားမီလည်းကောင်း၊
ဆွမ်းစားပြီးနောက်၌လည်းကောင်း
ဒါယကာတို့
အိမ်သို့
မလှည့်လည်အပ်။
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
ဆွမ်းမစားမီလည်းကောင်း၊
ဆွမ်းစားပြီးနောက်၌လည်းကောင်း
အကယ်၍ ဒါယကာတို့
အိမ်သို့
လှည့်လည်ငြားအံ့။
ထိုရဟန်းအား
''တစ်ယောက်တည်း
ကိုယ်စိုးကိုယ်ပိုင်နေသော
ဤတောကျောင်းနေ
အသျှင်သည်ဤနေလွဲ
သောအခါ
လှည့်လည်ခြင်းကို
လေ့လာနေပုံရ၏။
ထိုအလေ့အလာသည်
သံဃာ့ဘောင်သို့ရောက်သော်
လည်း
အကျင့်ပါလျက်ရှိ၏''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်သံဃာ့ဘောင်သို့
ရောက် ၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်ဆွမ်းမစားမီလည်းကောင်း၊
ဆွမ်းစားပြီး
နောက်၌လည်းကောင်း
ဒါယကာတို့
အိမ်သို့
မလှည့်လည်အပ်။
(၅)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်စိတ်မလေလွင့်သည်
မလျှပ်ပေါ်သည်
ဖြစ်ရာ၏။ ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌နေသော
တောကျောင်းနေရဟန်းသည်
အကယ်၍
စိတ်လေလွင့်သည်
လျှပ်ပေါ်သည်
ဖြစ်ငြားအံ့၊
ထိုရဟန်းအား
''တစ်ယောက်တည်း
ကိုယ်စိုးကိုယ်ပိုင်နေသော
ဤတောကျောင်းနေအသျှင်သည်
ဤစိတ်လေလွင့်မှု
လျှပ်ပေါ်မှုကို
လေ့လာနေပုံရ၏။
ထိုအလေ့အလာသည်
သံဃာ့ဘောင်သို့
ရောက်သော်လည်းအကျင့်ပါလျက်ရှိ၏''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
သံဃာ့ဘောင်သို့
ရောက်၍သံဃာ့ဘောင်၌
နေသော တောကျောင်းနေရဟန်းသည်
စိတ်မလေလွင့်သည်
မလျှပ်ပေါ်သည်
ဖြစ်ရာ၏။ (၆)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
နှုတ်မကြမ်းသည်
စကားဘောက်သောက်
မပြောသည် ဖြစ်ရာ၏။
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
အကယ်၍
နှုတ်ကြမ်းသည်စကားဘောက်သောက်
ပြောသည်
ဖြစ်ငြားအံ့၊
ထိုရဟန်းအား
''နှုတ်ကြမ်း၍
စကားဘောက်သောက်ပြောခြင်းရှိသော
ဤ အသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
သံဃာ့ဘောင်သို့ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်
နှုတ်မကြမ်းသည့်စကားဘောက်သောက်မပြောသည်
ဖြစ်ရာ၏။ (၇)
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍ သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်းသည်ဆိုဆုံးမလွယ်သည်
အဆွေခင်ပွန်းကောင်းရှိသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့
သံဃာ့ဘောင်သို့
ရောက်၍သံဃာ့
ဘောင်၌နေသော
တောကျောင်းနေရဟန်းသည်
အကယ်၍
ဆိုဆုံးမခက်သည်အဆွေခင်ပွန်းယုတ်ရှိသည်
ဖြစ်ငြားအံ့။
ထိုရဟန်းအား
''ဆိုဆုံးမခက်၍
အဆွေခင်ပွန်းယုတ်ရှိသောဤအသျှင်အား
တစ်ယောက်
တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်
တတ်ကုန်၏။
ထို့ကြောင့်
သံဃာ့ဘောင်သို့ရောက်၍
သံဃာ့ဘောင်၌
နေသော
တောကျောင်းနေရဟန်း
သည်
ဆိုဆုံးမလွယ်သည့်အဆွေခင်ပွန်းကောင်းရှိသည်
ဖြစ်ရာ၏။ (၈)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
ဣန္ဒြေတို့၌
လုံခြုံသော
တံခါးရှိသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့တောကျောင်းနေရဟန်းသည်
အကယ်၍
ဣန္ဒြေတို့၌
မလုံခြုံသော
တံခါးရှိသည်
ဖြစ်ငြားအံ့။
ထိုရဟန်းအား
''ဣန္ဒြေတို့၌
မလုံခြုံသည့်
တံခါးရှိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်တောကျောင်းနေရဟန်းသည်
ဣန္ဒြေတို့၌
လုံခြုံသော
တံခါးရှိသည်
ဖြစ်ရာ၏။ (၉)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိသည်
ဖြစ်ရာ၏။
ငါ့သျှင်
တို့တောကျောင်းနေရဟန်းသည်
အကယ်၍ ဘောဇဉ်၌
အတိုင်းအရှည်ကို
မသိငြားအံ့။
ထိုရဟန်းအား''ဘောဇဉ်၌
အတိုင်းအရှည်ကို
မသိသော ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်တောကျောင်းနေရဟန်းသည်
ဘောဇဉ်၌
အတိုင်းအရှည်ကို
သိသည်
ဖြစ်ရာ၏။ (၁၀)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
နိုးကြားခြင်း၌
အားထုတ်ခြင်းရှိသည်
ဖြစ်ရာ၏။ ငါ့သျှင်တို့တောကျောင်းနေရဟန်းသည်
အကယ်၍
နိုးကြားခြင်း၌
အားထုတ်ခြင်း
မရှိသည် ဖြစ်ငြားအံ့။
ထိုရဟန်းအား
''နိုးကြားခြင်းကို
အားထုတ်ခြင်းမရှိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌ကိုယ်စိုးကိုယ်ပိုင်
နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်တောကျောင်းနေရဟန်းသည်
နိုးကြားခြင်းကို
အားထုတ်ခြင်းရှိသည်
ဖြစ်ရာ၏။ (၁၁)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
အားထုတ်အပ်သော
ဝီရိယရှိသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့တောကျောင်းနေရဟန်းသည်
အကယ်၍ ပျင်းရိသည်
ဖြစ်ငြားအံ့။
ထိုရဟန်းအား
''ပျင်းရိခြင်းရှိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟုပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်
အားထုတ်သော
ဝီရိယရှိသည်
ဖြစ်ရာ၏။ (၁၂)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
ထင်သော
သတိရှိသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
အကယ်၍
လွတ်သော သတိရှိသည်
ဖြစ်ငြားအံ့။
ထိုရဟန်းအား
''လွတ်သောသတိရှိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်ထင်သော
သတိရှိသည်
ဖြစ်ရာ၏။ (၁၃)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
စိတ်တည်ကြည်သည်
ဖြစ်ရာ၏။
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
အကယ်၍
စိတ်မတည်ကြည်ငြားအံ့။
ထိုရဟန်းအား
''စိတ်မတည်ကြည်သော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်
စိတ်တည်ကြည်သည်
ဖြစ်ရာ၏။ ့
(၁၄)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
ပညာဉာဏ်ရှိသည်
ဖြစ်ရာ၏။
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
အကယ်၍
ပညာဉာဏ်မဲ့သည်
ဖြစ်ငြားအံ့။
ထိုရဟန်းအား
''ပညာဉာဏ်မဲ့သော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်
ပညာဉာဏ်ရှိသည်
ဖြစ်ရာ၏။ (၁၅)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊
ဝိနည်းပိဋကတ်၌လည်းကောင်း
အားထုတ်ခြင်းကို
ပြုအပ်၏။
ငါ့သျှင်တို့
တောကျောင်းနေရဟန်းကို
အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊
ဝိနည်းပိဋကတ်၌လည်းကောင်း၊
အမေးပု
စ္ဆာကို
မေးတတ်ကုန်သော
သူတို့သည်
ရှိကုန်၏။
ငါ့သျှင်တို့
အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊
ဝိနည်းပိဋကတ်၌လည်းကောင်း
အမေးပု
စ္ဆာကို
မေးသည်ရှိသော်
တောကျောင်းနေရဟန်းသည်
အကယ်၍
ပြည့်စုံစွာ
မဖြေဆိုနိုင်ငြားအံ့။
ထိုရဟန်းအား
''အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊
ဝိနည်းပိဋကတ်၌လည်းကောင်း
အမေးပု
စ္ဆာမေးသည်ရှိသော်
ပြည့်စုံစွာ
မဖြေကြားနိုင်သော
ဤအသျှင်အား တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊
ဝိနည်းပိဋကတ်၌လည်းကောင်း
အားထုတ်ခြင်းကို
ပြုအပ်၏။ (၁၆)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သောငြိမ်သက်သော
ဝိမောက္ခတို့၌
အားထုတ်ခြင်းကို
ပြုအပ်၏။ ငါ့သျှင်တို့
တောကျောင်းနေရဟန်းကိုကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့၌
အမေးပု စ္ဆာမေးတတ်သော
သူတို့သည်
ရှိကုန်၏။
ငါ့သျှင်တို့
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သောငြိမ်သက်သော
ဝိမောက္ခတို့၌
အမေးပု
စ္ဆာမေးသည်ရှိသော်
တောကျောင်းနေရဟန်းသည်
အကယ်၍ပြည့်စုံစွာ
မဖြေဆိုနိုင်ငြားအံ့။
ထိုရဟန်းအား
''ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သောငြိမ်သက်သော
ဝိမောက္ခတို့၌
အမေးပု
စ္ဆာမေးသည်ရှိသော်
ပြည့်စုံစွာ
မဖြေကြားနိုင်သော
ဤအသျှင်အားတစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟုပြောဆိုဖွယ်ရာ
တို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်
ကသိုဏ်းရုပ်တို့ကိုလွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့၌
အားထုတ်ခြင်းကို
ပြုအပ်၏။ (၁၇)
ငါ့သျှင်တို့
တောကျောင်းနေရဟန်းသည်
လူတို့၏
ကုသိုလ်ကမ္မပထတရားထက်
လွန်မြတ်သော
(ဈာန်မဂ်ဖိုလ်)
တရား၌
အားထုတ်ခြင်းကို
ပြုအပ်၏။
ငါ့သျှင်တို့
တောကျောင်းနေရဟန်းကို
လူတို့၏ကုသိုလ်ကမ္မပထတရားထက်
လွန်မြတ်သော
(ဈာန်မဂ်ဖိုလ်)
တရား၌ အမေးပု
စ္ဆာမေးတတ်သော
သူတို့သည် ရှိကုန်၏။
ငါ့သျှင်တို့
လူတို့၏
ကုသိုလ်ကမ္မပထတရားထက်
လွန်မြတ်သော
(ဈာန်မဂ်ဖိုလ်)
တရား၌အမေးပု
စ္ဆာမေးသည်ရှိသော်
တောကျောင်းနေရဟန်းသည်
အကယ်၍ ပြည့်စုံစွာ
မဖြေဆိုနိုင်ငြားအံ့။
ထိုရဟန်းအား
''အရဟတ္တမဂ်ဟူသော
ရဟန်းပြုခြင်း၏
အကျိုးကို
မသိသော
ဤအသျှင်အား
တစ်ယောက်တည်း
တောကျောင်း၌
ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆိုဖွယ်ရာတို့
ဖြစ်တတ်ကုန်၏။
ထို့ကြောင့်
တောကျောင်းနေရဟန်းသည်
လူတို့၏ ကုသိုလ်ကမ္မပထတရားထက်
လွန်မြတ်သော
(ဈာန်မဂ်ဖိုလ်)
တရား၌
အားထုတ်ခြင်းကို
ပြုအပ်၏။ (၁၈)
ဤသို့
မိန့်တော်မူသော်
အသျှင်မဟာမောဂ္ဂလာန်သည်
အသျှင်သာရိပုတြာအား-''သာရိပုတြာ
တောကျောင်းနေရဟန်းသည်သာ
ဤတစ်ဆယ့်ရှစ်ပါးသော
တရားတို့ကို
ဆောက်တည်
ကျင့်ကြံအားထုတ်အပ်လေသလော၊
သို့မဟုတ် ရွာနီးကျောင်းနေရဟန်းသည်လည်း
ကျင့်ကြံအားထုတ်အပ်သေးသလော''ဟုမေးလျှောက်၏။
''ငါ့သျှင်မောဂ္ဂလာန်
တောကျောင်းနေရဟန်းသော်မှလည်း
ဤတစ်ဆယ့်ရှစ်ပါးသော
တရားတို့ကိုဆောက်တည်၍
ကျင့်အပ်သေး၏၊
ရွာနီးနေရဟန်းမှာကား
အဘယ်ဆိုဖွယ်ရှိအံ့နည်း''ဟု
မိန့်တော်မူ၏။
ကိုးခုမြောက်
ဂေါလိယာနိသုတ်
ပြီး၏။
------
၁၀-ကီဋာဂိရိသုတ်
၁၇၄။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
များစွာသော ရဟန်းသံဃာနှင့်အတူ
ကာသိတိုင်းတို့၌
ဒေသစာရီလှည့်လည်တော်မူ၏။
ထိုုအခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို-
''ရဟန်းတို့
ငါသည်
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စား၏။
ရဟန်းတို့
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားသောငါသည်
အနာမရှိသည့်
အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်
အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်း
ကောင်း အားရှိသည့်
အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာနေရခြင်းကိုလည်းကောင်း
ကောင်းစွာ
သိ၏။ ရဟန်းတို့
လာကြကုန်လော့၊
သင်တို့လည်း
ညဉ့်အခါ၌စားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်
လော့။
ရဟန်းတို့
ညဉ့်စာစားခြင်းကိုကြဉ်ရှောင်၍သာလျှင်
စားကြကုန်သည်ရှိသော်
သင်တို့လည်း
အနာမရှိသည့်အဖြစ်ကို
လည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကို
လည်းကောင်း၊
လျင်စွာထနိုင်ခြင်းကို
လည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း
ကောင်းစွာသိကြကုန်လတ္တံ့''ဟု
မိန့်တော်မူ၏။
''အသျှင်ဘုရား
ကောင်းပါပြီ''
ဟူ၍သာလျှင်
ထိုရဟန်းတို့သည်မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏။
ထိုုအခါ
မြတ်စွာဘုရားသည်
ကာသိတိုင်းတို့၌
အစဉ်အတိုင်း
ဒေသစာရီလှည့်လည်တော်မူသော်
ကီဋာဂိရိမည်သော
ကာသိတိုင်းသူတို့၏
နိဂုံးသို့
ရောက်တော်မူ၍
ထိုကီဋာဂိရိနိဂုံး၌ပင်
မြတ်စွာဘုရားသည်
သီတင်းသုံးနေတော်မူ၏။
၁၇၅။
ထိုအခါ အဿဇိ
ပုနဗ္ဗသုကအမည်ရှိကုန်သော
ရဟန်းတို့သည်
ကီဋာဂိရိ၌
ကျောင်းနေရဟန်း
တို့ဖြစ်ကြကုန်၏။
ထိုအခါ၌
များစွာကုန်သော
ရဟန်းတို့သည်
အဿဇိ
ပုနဗ္ဗသုကရဟန်းတို့ရှိရာအရပ်သို့ချဉ်းကပ်ကြကုန်၍
အဿဇိ ပုနဗ္ဗသုကရဟန်းတို့အား
''ငါ့သျှင်တို့
မြတ်စွာဘုရားနှင့်
ရဟန်းသံဃာတို့သည်ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်၏။
ငါ့သျှင်တို့
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်သော
မြတ်စွာဘုရားနှင့်
ရဟန်းသံဃာတို့သည်
အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း
ကောင်းစွာ သိရှိကြကုန်၏။
ငါ့သျှင်တို့လာကြကုန်လော့၊
သင်တို့လည်း
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်လော့၊
ငါ့သျှင်တို့ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်သည်ရှိသော်
သင်တို့လည်းအနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲ
မရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာနေရခြင်းကိုလည်းကောင်း
ကောင်းစွာ
သိကြကုန်လတ္တံ့''ဟု
ပြောဆိုကြကုန်၏။
ဤသို့
ပြောဆိုသည်ရှိသော်
အဿဇိ
ပုနဗ္ဗသုကရဟန်းတို့သည်
ထိုရဟန်းတို့အား
ဤသို့
ပြောဆိုကြကုန်၏
''ငါ့သျှင်တို့
ငါတို့သည်
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါနေလွဲအခါ၌လည်းကောင်း
စားကြကုန်၏၊
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့ အခါ
နေလွဲအခါ၌လည်းကောင်း
စားကြသော ငါတို့သည်
အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲ
မရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း
ကောင်းစွာ
သိရှိကြကုန်၏။
့ငါတို့သည်
လက်ငင်း
အကျိုးကို
စွန့်လွှတ်၍
နောင်မှရရှိမည့်
အကျိုးသို့
အဘယ့်ကြောင့်လိုက်ရကုန်အံ့နည်း၊
ငါတို့သည်
ညဉ့်အခါ၌
လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါနေလွဲအခါ၌လည်းကောင်း
စားကြကုန်အံ့''ဟု
ပြောဆိုကြကုန်၏။
ထိုရဟန်းတို့သည်အဿဇိ
ပုနဗ္ဗသုကရဟန်းတို့ကို
သိနားလည်စေခြင်းငှါ
မတတ်နိုင်ကြ
ကုန်သောကြောင့်မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြကုန်ပြီးလျှင်
ရိုသေစွာ
ရှိခိုး၍
သင့်လျော်ရာ၌
ထိုင်ကြ
ပြီးသော်မြတ်စွာဘုရားအား-''အသျှင်ဘုရား
အကျွန်ုပ်တို့သည်
အဿဇိ
ပုနဗ္ဗသုကရဟန်းတို့ထံသို့
ချဉ်းကပ်ကြ၍အဿဇိ
ပုနဗ္ဗသုကရဟန်းတို့ကို
'ငါ့သျှင်တို့
မြတ်စွာဘုရားနှင့်
ရဟန်းသံဃာတို့သည်
ညဉ့်စာစားခြင်းကိုကြဉ်ရှောင်၍သာလျှင်
စားကြကုန်၏၊
ငါ့သျှင်တို့
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာ
လျှင်
စားကြသောမြတ်စွာဘုရားနှင့်
ရဟန်းသံဃာတို့သည်
အနာမရှိသည့်
အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း
ကောင်းစွာ
သိကြကုန်၏။
ငါ့သျှင်တို့
လာကြကုန်လော့၊
သင်တို့လည်း
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်လော့၊
ငါ့သျှင်တို့
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်သည်ရှိသော်
သင်တို့လည်းအနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း၊
သိကြရကုန်လတ္တံ့'ဟု
ပြောဆိုကြပါကုန်၏။
မြတ်စွာဘုရား
ဤသို့ပြောဆိုသည်ရှိသော်
အဿဇိ ပုနဗ္ဗသုကရဟန်းတို့သည်အကျွန်ုပ်တို့ကို
'ငါ့သျှင်တို့
ငါတို့သည်
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါ
နေလွဲအခါ၌လည်းကောင်း
စားကြကုန်၏၊
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါ
နေလွဲအခါ၌လည်းကောင်း
စားကြကုန်သော
ငါတို့သည်အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်
အဖြစ်ကိုလည်း
ကောင်း၊
ချမ်းသာစွာနေရခြင်းကိုလည်းကောင်း
ကောင်းစွာ
သိကြပါကုန်၏။
ထိုငါတို့သည်
လက်ငင်း
အကျိုးကို
စွန့်လွှတ်၍နောင်မှရရှိမည့်
အကျိုးသို့
အဘယ်ကြောင့်
လိုက်ရကုန်အံ့နည်း။
ငါတို့သည်
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါ
နေလွဲအခါ၌လည်းကောင်း
စားကြ
ကုန်အံ့'ဟုပြောဆိုကြပါကုန်၏။
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
အဿဇိပုနဗ္ဗသုကရဟန်းတို့ကို
သိနားလည်စေခြင်းငှါ
မတတ်နိုင်ကြသောကြောင့်
ဤအကြောင်းကို
မြတ်စွာဘုရားအား
လျှောက်ထားကြပါကုန်၏''ဟု
လျှောက်ထားကြကုန်၏။
၁၇၆။
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတစ်ပါးကို
''ရဟန်း
လာလော့၊
'အသျှင်တို့ကို
မြတ်စွာဘုရား
ခေါ်တော်မူ၏'ဟု
အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို
ငါ့စကားဖြင့်
ခေါ်ချေလော့''ဟု
မိန့်တော်မူ၏။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ထိုရဟန်းသည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၍
အဿဇိပုနဗ္ဗသုကရဟန်းတို့
ရှိရာသို့
ချဉ်းကပ်ပြီးလျှင်
''မြတ်စွာဘုရားက
အသျှင်ဘုရားတို့ကို
ခေါ်တော်မူ၏''ဟု
အဿဇိ
ပုနဗ္ဗသုက
ရဟန်းတို့ကို
ပြောလေ၏။
အဿဇိ
ပုနဗ္ဗသုကရဟန်းတို့က
''ငါ့သျှင်ကောင်းပါပြီ''ဟု
ထိုရဟန်းအား
ပြန်ကြား၍
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြပြီးလျှင်
ရိုသေစွာ
ရှိခိုး၍သင့်လျော်ရာ၌
ထိုင်နေကုန်၏။
မြတ်စွာဘုရားသည်
သင့်လျော်ရာ၌
ထိုင်နေကုန်သော
ထိုအဿဇိ
ပုနဗ္ဗသုကရဟန်းတို့ကို
''ရဟန်းတို့များစွာသော
ရဟန်းတို့သည်
သင်တို့ထံသို့
ချဉ်းကပ်၍
ဤသို့
ပြောဆိုကြသည်
မဟုတ်လော၊
'ငါ့သျှင်တို့
မြတ်စွာဘုရားနှင့်
ရဟန်းသံဃာတို့သည်
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်၏၊
ငါ့သျှင်တို့
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်သော
မြတ်စွာဘုရားနှင့်
ရဟန်း့သံဃာတို့သည်
အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်းကောင်းစွာ
သိကြရကုန်၏။
ငါ့သျှင်တို့
လာကြကုန်လော့၊
သင်တို့လည်း
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်လော့၊
ငါ့သျှင်တို့
ညဉ့်စာစားခြင်းကို
ကြဉ်ရှောင်၍သာလျှင်
စားကြကုန်သည်ရှိသော်
သင်တို့သည်လည်းအနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
ခွန်အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း
ကောင်းစွာသိကြရကုန်လတ္တံ့'ဟု
ပြောကြကုန်သည်
မဟုတ်လော။
ရဟန်းတို့
ဤသို့ပြောဆိုသည်ရှိသော်
သင်တို့သည်
ထိုရဟန်းတို့ကို
'ငါ့သျှင်တို့
ငါတို့သည်ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါ
နေလွဲအခါ၌လည်းကောင်း
စားကြကုန်၏၊
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါ
နေလွဲအခါ၌လည်းကောင်းစားကြကုန်သော
ငါတို့သည်
အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊
ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊
လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊
အားရှိသည့်အဖြစ်ကိုလည်းကောင်း၊
ချမ်းသာစွာ
နေရခြင်းကိုလည်းကောင်း
ကောင်းစွာ
သိကြပါကုန်၏။
ငါတို့သည် လက်ငင်းအကျိုးကို
စွန့်လွှတ်၍
နောင်မှရရှိမည့်အကျိုးသို့
အဘယ်ကြောင့်
လိုက်ရပါကုန်အံ့နည်း၊
ငါတို့သည်
ညချမ်းအခါ၌လည်းကောင်း၊
နံနက်စောစော၌လည်းကောင်း၊
နေ့အခါ
နေလွဲအခါ၌လည်းကောင်း
စားကြကုန်အံ့''ဟု
ဤသို့
ပြောဆိုကြသည်
မဟုတ်လော''ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏ (ဟု
လျှောက်ကြကုန်၏)။
၁၇၇။
ရဟန်းတို့
''အလုံးစုံသော
ချမ်းသာကိုလည်းကောင်း၊
ဆင်းရဲကိုလည်းကောင်း၊
ဆင်းရဲ
မဟုတ်ချမ်းသာမဟုတ်သည်ကိုလည်းကောင်း
ခံစားနေသော
ပုဂ္ဂိုလ်သတ္တဝါအား
အကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''ဟု
ဤသို့
ငါတရားဟောကြားထားသည်ကိုသင်တို့
သိကြကုန်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသိကြပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့ သဘောရှိသော
ချမ်းသာကိုခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏။
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ချမ်းသာကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏။
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ဆင်းရဲကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏။
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော ဆင်းရဲကို
ခံစားသည်ရှိသော်အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏။
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏။
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''ဟု
ဤသို့ ငါ
တရားဟောကြားထားသည်ကိုသင်တို့
သိကြကုန်သည်မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
သိကြပါ၏ဟု
(လျှောက်ကြကုန်၏)။
၁၇၈။
ရဟန်းတို့
ကောင်းပေ၏၊
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ချမ်းသာကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏''ဟူသော
ဤအကြောင်းကို
ငါမသိရ မမြင်ရ
ထင်ထင်ရှားရှားမသိရမျက်မှောက်မပြုရ
ပညာဖြင့်
မတွေ့ရသေးသည်
အကယ်၍
ဖြစ်ငြားအံ့၊
ဤသို့
မသိသေးဘဲလျက်
''ဤ့သို့သဘောရှိသော
ချမ်းသာခံစားမှုကို
ပယ်စွန့်ကြကုန်လော့''ဟု
ငါဟောကြားငြားအံ့၊
ရဟန်းတို့
ငါ၏ဤ
ဟောကြားခြင်းသည်
သင့်လျော်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသင့်လျော်ရာပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ချမ်းသာကိုခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏''ဟူသော
ဤအကြောင်းကို
ငါ သိရ မြင်ရ
ထင်ထင်ရှားရှားသိရ
မျက်မှောက်ပြုရ
ပညာဖြင့်
တွေ့ရသောကြောင့်သာလျှင်
''ဤသို့သဘောရှိသော
ချမ်းသာခံစားမှုကို
ပယ်စွန့်ကြကုန်လော့''ဟု
ငါ ဟောကြား၏။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ချမ်းသာကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''
ဟူသော
ဤအကြောင်းကို
ငါ မသိရ မမြင်ရ
ထင်ထင်ရှားရှားမသိရ
မျက်မှောက်မပြုရ
ပညာဖြင့်
မတွေ့ရသေးသည်
အကယ်၍
ဖြစ်ငြားအံ့၊
ဤသို့
ငါမသိသေးဘဲလျက်
''ဤသို့သဘောရှိသော
ချမ်းသာခံစားမှုကို
ပြည့်စုံစေ၍
နေကြကုန်လော့''ဟု
ငါ
ဟောကြားငြားအံ့၊
ရဟန်းတို့
ငါ၏
ဤဟောကြားခြင်းသည်သင့်လျော်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသင့်လျော်ရာပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့ သဘောရှိသော
ချမ်းသာကိုခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''ဟူသော
ဤအကြောင်းကို
ငါ သိရ မြင်ရ
ထင်ထင်ရှားရှားသိရ
မျက်မှောက်ပြုရ
ပညာဖြင့်
တွေ့ရသောကြောင့်သာလျှင်
''ဤသို့သဘောရှိသော
ချမ်းသာခံစားမှုကို
ပြည့်စုံစေ၍
နေကြကုန်လော့''ဟု
ငါ ဟောကြား၏။
၁၇၉။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ဆင်းရဲကိုခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏''ဟူသော
ဤအကြောင်းကို
ငါ မသိရ
မမြင်ရ ထင်ထင်ရှားရှားမသိရ
မျက်မှောက်မပြုရ
ပညာဖြင့်
မတွေ့ရသေးသည်
အကယ်၍
ဖြစ်ငြားအံ့၊
ဤသို့
ငါမသိသေးဘဲလျက်
''ဤသို့
သဘောရှိသော
ဆင်းရဲခံစားမှုကိုပယ်စွန့်ကြကုန်လော့''ဟု
ငါဟောကြားငြားအံ့၊
ရဟန်းတို့
ငါ၏ ဤဟောကြားခြင်းသည်
သင့်လျော်ရာအံ့လော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသင့်လျော်ရာပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ဆင်းရဲကိုခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏''ဟူသော
ဤအကြောင်းကို
ငါ သိရ မြင်ရ
ထင်ထင်ရှားရှားသိရ
မျက်မှောက်ပြုရ
ပညာဖြင့်
တွေ့ရသောကြောင့်သာလျှင်
''ဤသို့သဘောရှိသော
ဆင်းရဲခံစားမှုကို
ပယ်စွန့်ကြကုန်လော့''ဟု
ငါ ဟောကြား၏။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ဆင်းရဲကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''ဟူသော
ဤအကြောင်းကို
ငါ မသိရ
မမြင်ရ ထင်ထင်ရှားရှားမသိရ
မျက်မှောက်မပြုရ
ပညာဖြင့်
မတွေ့ရသေးသည်
အကယ်၍
ဖြစ်ငြားအံ့၊
ဤသို့ ငါ
မသိသေးဘဲလျက်
''ဤသို့သဘောရှိသော
ဆင်းရဲခံစားမှုကိုပြည့်စုံစေ၍
နေကြကုန်လော့''ဟု
ငါဟောကြားငြားအံ့၊
ရဟန်းတို့
ငါ၏ ဤဟောကြားခြင်းသည်သင့်လျော်ရာအံ့လော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသင့်လျော်ရာပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ဆင်းရဲကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''
ဟူသော
ဤအကြောင်းကို
ငါ သိရ မြင်ရ
ထင်ထင်ရှားရှားသိရ
မျက်မှောက်ပြုရ
ပညာဖြင့်
တွေ့ရသောကြောင့်သာလျှင်
''ဤသို့သဘောရှိသော
ဆင်းရဲခံစားမှုကို
ပြည့်စုံစေ၍
နေကြကုန်လော့''ဟု
ငါ
ဟော့ကြား၏။
၁၈၀။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ဆင်းရဲ မဟုတ်ချမ်းသာမဟုတ်သည်ကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏''ဟူသော
ဤအကြောင်းကို
ငါမသိရ
မမြင်ရ ထင်ထင်ရှားရှားမသိရမျက်မှောက်မပြုရ
ပညာဖြင့်
မတွေ့ရသေးသည်
အကယ်၍
ဖြစ်ငြားအံ့၊
ဤသို့ ငါ
မသိသေးဘဲလျက်''ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သည့်
ခံစားမှုကို ပယ်စွန့်ကြကုန်လော့''ဟု
ငါဟောကြားငြားအံ့၊
ရဟန်းတို့
ငါ၏ ဤဟောကြားခြင်းသည်
သင့်လျော်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသင့်လျော်ရာပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌အချို့သော
ပုဂ္ဂိုလ်အား
ဤသို့
သဘောရှိသော
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏''ဟူသော
ဤအကြောင်းကို
ငါ သိရ မြင်ရ
ထင်ထင်ရှားရှားသိရ
မျက်မှောက်ပြုရ
ပညာဖြင့်
တွေ့ရသောကြောင့်သာလျှင်
''ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သည့်ခံစားမှုကို
စွန့်လွှတ်ကြကုန်လော့''ဟု
ငါ ဟောကြား၏။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည့်ခံစားမှုကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''
ဟူသော
ဤအကြောင်းကို
ငါ မသိရ
မမြင်ရ
ထင်ထင်ရှားရှားမသိရမျက်မှောက်မပြုရ
ပညာဖြင့် မတွေ့ရသေးသည်
အကယ်၍
ဖြစ်ငြားအံ့၊
ဤသို့ ငါ မသိသေးဘဲလျက်''ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သည့်ခံစားမှုကို
ပြည့်စုံစေ၍
နေကြကုန်လော့''ဟုငါ
ဟောကြားငြားအံ့၊
ရဟန်းတို့
ငါ၏
ဤဟောကြားခြင်းသည်
သင့်လျော်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသင့်လျော်ရာပါဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
''ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်အား
ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို
ခံစားသည်ရှိသော်
အကုသိုလ်တရားတို့သည်
ဆုတ်ယုတ်ကုန်၏၊
ကုသိုလ်တရားတို့သည်
တိုးပွါးကုန်၏''
ဟူသော
ဤအကြောင်းကို
ငါ သိရ မြင်ရ
ထင်ထင်ရှားရှားသိရ
မျက်မှောက်ပြုရ
ပညာဖြင့်
တွေ့ရသောကြောင့်သာလျှင်
''ဤသို့သဘောရှိသော
ဆင်းရဲမဟုတ်
ချမ်းသာမဟုတ်သည့်ခံစားမှု
ကို
ပြည့်စုံစေ၍
နေကြကုန်လော့''ဟု
ငါ ဟောကြား၏။
၁၈၁။
ရဟန်းတို့
ရဟန်းအားလုံးတို့သည်ပင်
မမေ့မလျော့
ပြုရမည်ဟု ငါ
မဟောပေ။
ရဟန်းတို့ရဟန်းအားလုံးတို့သည်ပင်
မမေ့မလျော့
မပြုရဟူ၍လည်း
ငါ မဟောပေ။
ရဟန်းတို့
အာသဝေါကုန်ပြီးကုန်သော
(မဂ်)
အကျင့်ကို
ကျင့်သုံးပြီးကုန်သော
ပြုဖွယ်ကိစ္စကို
ပြုပြီးကုန်သော
ခန္ဓာဝန်ကို
ချထားပြီးကုန်သော
မိမိအကျိုးစီးပွါးကို
ရပြီး
ရောက်ပြီးကုန်သော
သံယောဇဉ်ကုန်ပြီးကုန်သော
ကောင်းစွာသိသဖြင့်ကိလေသာမှ
လွတ်ပြီးကုန်သော
ရဟန္တာ
ရဟန်းတို့သည်
ရှိကြကုန်၏။
ရဟန်းတို့ ထိုသို့သဘောရှိကုန်သော
ရဟန်းတို့အား
မမေ့မလျော့
ပြုရမည်ဟု ငါ
မဟော။
အဘယ်ကြောင့်ဟူမူ-
ထိုရဟန်းတို့သည်မမေ့မလျော့ခြင်းဖြင့်
ပြုဖွယ်ကို
ပြုပြီးပြီ၊
ထိုရဟန္တာ
ရဟန်းတို့သည်
မေ့လျော့ခြင်းငှါ
မထိုက်ကုန်ပြီဖြစ်သောကြောင့်တည်း။
ရဟန်းတို့
အရဟတ္တဖိုလ်သို့
မရောက်သေးကုန်သော
ကျင့်ဆဲ
'သေက္ခ'
ရဟန်းတို့သည်
အတုမဲ့ဖြစ် သောယောဂကုန်ရာ
နိဗ္ဗာန်ကို
တောင့်တနေကြကုန်၏။
ရဟန်းတို့
ထိုသို့သဘောရှိကုန်သော
ကျင့်ဆဲ'သေက္ခ'ရဟန်းတို့သည်
မမေ့မလျော့ ပြုရမည်ဟု
ငါ ဟော၏။
အဘယ့်ကြောင့်နည်းဟူမူ-ဤအသျှင်တို့
သည် သင့်လျော်သော
ကျောင်းတို့ကို
မှီဝဲရကုန်သည်ရှိသော်
အဆွေခင်ပွန်းကောင်းတို့ကိုဆည်းကပ်ကြရ
ကုန်သည်ရှိသော်
ဣန္ဒြေတို့ကို
အညီအမျှထားရကုန်သည်ရှိသော်
ကောင်းစွာသာလျှင့်လူ့ဘောင်မှ
ရဟန်း ဘောင်၌
ရဟန်းပြုကြသော
အမျိုးကောင်းသားများ
မျှော်လင့်ထားကြသောမြတ်သောအကျင့်၏
ဆုံးခန်း
တိုင်မှုဖြစ်သည့်
အတုမဲ့ဖြစ်သော
အရဟတ္တဖိုလ်ကျိုးကို
မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
နေနိုင်ကုန်တန်ရာ၏ဟုနှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့
မမေ့မလျော့
ခြင်း၏
အကျိုးကို
ကောင်းစွာ
မြင်သည်ဖြစ်၍ဤရဟန်းတို့သည်
မမေ့မလျော့
ပြုရမည်ဟု ငါ
ဟော၏။
၁၈၂။
ရဟန်းတို့
လောက၌
ဤခုနစ်ယောက်သောပုဂ္ဂိုလ်တို့သည်
ထင်ထင်ရှားရှား
ရှိကုန်၏၊
အဘယ်ခုနစ်ယောက်တို့နည်းဟူမူ-
ဥဘတောဘာဂဝိမုတ္တ
'ရူပကာယ
နာမကာယ
နှစ်ပါးစုံမှ
လွတ်မြောက်သော'
ပုဂ္ဂိုလ်၊
ပညာဝိမုတ္တ
'ပညာဖြင့်
လွတ်မြောက်ပြီးသော'
ပုဂ္ဂိုလ်၊
ကာယသက္ခိ
'ဈာန်ဖြင့်
ရှေးဦးစွာတွေ့၍
နောက်မှ
နိဗ္ဗာန်ကို
မျက်မှောက် ပြုခြင်းရှိသော'
ပုဂ္ဂိုလ်၊
ဒိဋ္ဌိပ္ပတ္တ
'သောတာပတ္တိမဂ်ရပြီးနောက်အရဟတ္တဖိုလ်ရောက်မည့်'
ပုဂ္ဂိုလ်၊
သဒ္ဓါဝိမုတ္တ
'သဒ္ဓါပြဋ္ဌာန်း၍
ကိလေသာမှ
လွတ်မည့်'
ပုဂ္ဂိုလ်၊
ဓမ္မာနုသာရီ
'ပညာဖြင့်
အစဉ်လျှောက်၍
မဂ်သို့
ရောက်မည့်'
ပုဂ္ဂိုလ်၊
သဒ္ဓါနုသာရီ
'သဒ္ဓါဖြင့်
အစဉ်လျှောက်၍
မဂ်သို့
ရောက်မည့်'
ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့
ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤသာသနာတော်၌အချို့သော
ပုဂ္ဂိုလ်သည်
ကသိုဏ်းရုပ်တို့ကို
လွတ်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သောဝိမောက္ခတို့ကို
ကိုယ်ဖြင့်
တွေ့၍ နေ၏၊
ထိုပုဂ္ဂိုလ်အား
ပညာဖြင့်လည်း
မြင်၍
အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ဥဘတောဘာဂဝိမုတ္တ
ပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့ ဤရဟန်းမျိုးကို
မမေ့မလျော့
ပြုရမည်ဟု ငါ
မဟောပေ။
အဘယ့်ကြောင့်နည်းဟူမူ-
ထိုရဟန်းသည်
မမေ့မလျော့ခြင်းဖြင့်
ပြုဖွယ်ကို
ပြုပြီးဖြစ်၍
မေ့လျော့ခြင်းငှါ
မထိုက်တော့ပြီဖြစ်သောကြောင့်တည်း။
(၁)
ရဟန်းတို့
ပညာဝိမုတ္တပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
အချို့သော
ပုဂ္ဂိုလ်သည်
ရုပ်တို့
ကိုလွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့ကို
ကိုယ်ဖြင့်
တွေ့၍ မနေပေ၊
ထိုပုဂ္ဂိုလ်အား
ပညာဖြင့်
မြင်၍
အာသဝေါတရားတို့သည်
ကုန်ခန်းကုန်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကိုပညာဝိမုတ္တပုဂ္ဂိုလ်
ဟူ၍ ဆိုရ၏။
ရဟန်းတို့
ဤရဟန်းမျိုးကိုလည်း
မမေ့မလျော့ ပြုရမည်ဟု
ငါ မဟောပေ။
အဘယ့်ကြောင့်နည်းဟူမူ-
ထိုရဟန်းသည်
မမေ့မလျော့ခြင်းဖြင့်
ပြုဖွယ်ကို
ပြုပြီးဖြစ်၍
မေ့လျော့ခြင်းငှါ
မထိုက်တော့ပြီဖြစ်သောကြောင့်တည်း။
(၂)
ရဟန်းတို့
ကာယသက္ခိပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤသာသနာတော်၌
အချို့သောပုဂ္ဂိုလ်သည်
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့ကိုကိုယ်ဖြင့်
တွေ့၍ နေ၏၊
ထိုပုဂ္ဂိုလ်အား
ပညာဖြင့်လည်း
မြင်၍
အချို့သော
အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ကာယသက္ခိပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့
ဤရဟန်းမျိုးကိုမမေ့မလျော့
ပြုရမည်ဟု ငါ
ဟော၏။
အဘယ့်ကြောင့်နည်းဟူမူ-
ဤအသျှင်သည်
သင့်လျော်သောကျောင်းတို့ကို
မှီဝဲရသည်ရှိသော်
အဆွေခင်ပွန်းကောင်းတို့ကို
ဆည်းကပ်ရသည်ရှိသော်
ဣန္ဒြေတို့ကိုအညီ
အမျှထားရသည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ကောင်းစွာသာလျှင်
ရဟန်းပြုကုန်သောအမျိုး
ကောင်းသားများ
မျှော်လင့်ထားကြသော
မြတ်သောအကျင့်၏
ဆုံးခန်းတိုင်မှုဖြစ်သည့်အတုမဲ့ဖြစ်သော
အရဟတ္တဖိုလ်ကျိုးကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်တန်ရာ၏ဟု
နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့ဤမမေ့မလျော့ခြင်း၏
အကျိုး ကို
ကောင်းစွာမြင်သည်ဖြစ်၍
ဤရဟန်းမျိုးကို
မမေ့မလျော့
ပြုရမည်ဟုငါ
ဟော၏။ (၃)
ရဟန်းတို့
ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤသာသနာတော်၌
အချို့သောပုဂ္ဂိုလ်သည်
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့ကို့ကိုယ်ဖြင့်
တွေ့၍ မနေ၊
ထိုပုဂ္ဂိုလ်အား
ပညာဖြင့်ကား
မြင်၍
အချို့သော
အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊
ထိုပုဂ္ဂိုလ်သည်
မြတ်စွာဘုရားဟောထားသော
တရားတို့ကို
ပညာဖြင့်
ကောင်းစွာထိုးထွင်း၍
သိ၏၊ စင်ကြယ်စွာ
ကျင့်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။ ရဟန်းတို့ဤရဟန်းမျိုးကိုလည်း
မမေ့မလျော့ ပြုရမည်ဟု
ငါ ဟော၏။
အဘယ့်ကြောင့်နည်းဟူမူ-
ဤအသျှင်သည်သင့်လျော်သော
ကျောင်းတို့ကို
မှီဝဲရသည်ရှိသော်
အဆွေခင်ပွန်းကောင်းတို့ကို
ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို
အညီအမျှထားရသည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ကောင်းစွာသာလျှင်
ရဟန်းပြုကြကုန်သော
အမျိုးကောင်းသားများ
မျှော်လင့်ထားကြသော
မြတ်သောအကျင့်၏
ဆုံးခန်းတိုင်မှုဖြစ်သည့်
အတုမဲ့ဖြစ်သော
အရဟတ္တဖိုလ်ကျိုးကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်တန်ရာ၏ဟု
နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့
ဤမမေ့မလျော့ခြင်း၏
အကျိုးကို
ကောင်းစွာမြင်သည်ဖြစ်၍
ဤရဟန်းမျိုးကို
မမေ့မလျော့
ပြုရမည်ဟုငါ
ဟော၏။ (၄)
ရဟန်းတို့
သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤသာသနာတော်၌
အချို့သောပုဂ္ဂိုလ်သည်
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့ကိုကိုယ်ဖြင့်တွေ့၍
မနေ၊ ထိုပုဂ္ဂိုလ်အား
ပညာဖြင့်ကား
မြင်၍
အချို့သော အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏။
ထိုပုဂ္ဂိုလ်သည်
မြတ်စွာဘုရား၌လည်း
ယုံကြည်ခြင်း
'သဒ္ဓါ' သည်
သက်ဝင်၏၊
အမြစ်အရင်းဖြစ်၍
တည်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့
ဤရဟန်းမျိုးကိုလည်း
မမေ့မလျော့
ပြုရမည်ဟု ငါ
ဟော၏။
အဘယ်ကြောင့်နည်း
ဟူမူ- ဤအသျှင်သည်သင့်လျော်သော
ကျောင်းတို့ကို
မှီဝဲရသည်ရှိသော်
အဆွေခင်ပွန်းကောင်းတို့ကို
ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို
အညီအမျှထားရသည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ကောင်းစွာသာလျှင်
ရဟန်းပြုကုန်သော
အမျိုးကောင်းသားများ
မျှော်လင့်ထားကြသော
မြတ်သော
အကျင့်၏
ဆုံးခန်းတိုင်မှုဖြစ်သည့်အတုမဲ့ဖြစ်သော
အရဟတ္တဖိုလ်ကျိုးကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်တန်ရာ၏ဟု
နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏
အကျိုးကို
ကောင်းစွာမြင်သည်ဖြစ်၍
ဤရဟန်းမျိုးကို
မမေ့မလျော့ ပြုရမည်ဟု
ငါ ဟော၏။ (၅)
ရဟန်းတို့
ဓမ္မာနုသာရီပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤသာသနာတော်၌
အချို့သောပုဂ္ဂိုလ်သည်
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့ကိုကိုယ်ဖြင့်
တွေ့၍ မနေ၊
ထိုပုဂ္ဂိုလ်အား
ပညာဖြင့်ကား
မြင်၍
အချို့သော
အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊
ထိုပုဂ္ဂိုလ်သည်
မြတ်စွာဘုရား
ဟောထားသော
တရားတို့ကို
ပညာဖြင့်
အနည်းငယ်မျှသာ
ရှုနိုင်၏၊
စင်စစ်သော်ကား
ထိုပုဂ္ဂိုလ်အား
သဒ္ဓိန္ဒြေ
ဝီရိယိန္ဒြေ
သတိန္ဒြေ
သမာဓိန္ဒြေ
ပညိန္ဒြေဟူသောဤတရားတို့သည်
ရှိကုန်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ဓမ္မာနုသာရီပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့ဤရဟန်းမျိုးကိုလည်း
မမေ့မလျော့
ပြုရမည်ဟု ငါ
ဟော၏။
အဘယ်ကြောင့်နည်းဟူမူ-
ဤအသျှင်သည်သင့်လျော်သော
ကျောင်းတို့ကို
မှီဝဲရသည်ရှိသော်
အဆွေခင်ပွန်းကောင်းတို့ကို
ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို
အညီအမျှထားရသည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ကောင်းစွာသာလျှင်
ရဟန်းပြုကြကုန်သော
အမျိုးကောင်းသားများ
မျှော်လင့်ထားကြသော
မြတ်သောအကျင့်၏
ဆုံးခန်းတိုင်မှုဖြစ်သည့်
အတုမဲ့ဖြစ်သော
အရဟတ္တဖိုလ်ကျိုးကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်တန်ရာ၏ဟု
နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့
ဤမမေ့မလျော့ခြင်း၏
အကျိုးကို
ကောင်းစွာမြင်သည်ဖြစ်၍
ဤရဟန်းမျိုးကို
မမေ့မလျော့
ပြုရမည်ဟုငါ
ဟော၏။ (၆)
ရဟန်းတို့
သဒ္ဓါနုသာရီပုဂ္ဂိုလ်ဟူသည်
အဘယ်နည်း-
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်သည်
ကသိုဏ်းရုပ်တို့ကို
လွန်မြောက်၍
နာမ်သမာပတ်ဖြစ်သော
ငြိမ်သက်သော
ဝိမောက္ခတို့ကိုကိုယ်ဖြင့်
တွေ့၍ မနေ၊
ထိုရဟန်းအား
ပညာဖြင့်ကား
မြင်၍
အချို့သောအာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊
ထိုရဟန်းသည်
မြတ်စွာဘုရား၌
ယုံကြည်ခြင်းမျှ
ကြည်ညိုခြင်းမျှသည်လည်း
ဖြစ်၏၊
စင်စစ်သော်ကား
ထိုပုဂ္ဂိုလ်မှာ
သဒ္ဓိန္ဒြေ
ဝီရိယိန္ဒြေ
သတိန္ဒြေ
သမာဓိန္ဒြေ
ပညိန္ဒြေဟူသော
ဤတရားတို့သည်
ရှိကုန်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
သဒ္ဓါနုသာရီပုဂ္ဂိုလ်ဟူ၍
ဆိုရ၏။
ရဟန်းတို့
ဤရဟန်းမျိုးကိုလည်း
မမေ့မလျော့
ပြုရမည်ဟု
ငါဟော၏။
အဘယ့်ကြောင့်နည်း
ဟူမူ-
ဤအသျှင်သည်
လျောက်ပတ်သော
ကျောင်းတို့ကို
မှီဝဲရသည်ရှိသော်
အဆွေခင်ပွန်းကောင်းတို့ကို
ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို
အညီအမျှထားရသည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ကောင်းစွာသာလျှင်ရဟန်းပြုကုန်သော
အမျိုး
ကောင်းသားများ
မျှော်လင့်ထားကြသော
မြတ်သော
အကျင့်၏ဆုံးခန်းတိုင်မှုဖြစ်သည့်
အတုမဲ့ဖြစ်သော
အရဟတ္တဖိုလ်ကျိုးကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
ပြည့်စုံ စေ၍
နေနိုင်တန်ရာ၏ဟုနှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့
ဤမမေ့မလျော့ခြင်း၏
အကျိုးကို
ကောင်းစွာမြင်သည်ဖြစ်၍ဤရဟန်းမျိုးကို
မမေ့မလျော့
ပြုရမည်ဟု ငါ
ဟော၏။ (၇)
၁၈၃။
ရဟန်းတို့
စလျှင်စချင်းပင်
အရဟတ္တဖိုလ်၌
တည်ခြင်းကို
ငါမဟော၊
ရဟန်းတို့
စင်စစ်သော်ကား
သိက္ခာစဉ်,
လုပ်ငန်းစဉ်,
ကျင့်စဉ်ဖြင့်
အရဟတ္တဖိုလ်၌
တည်ခြင်းသည်
ဖြစ်၏။
ရဟန်းတို့အဘယ်သို့လျှင်
သိက္ခာစဉ်,
လုပ်ငန်းစဉ်,
ကျင့်စဉ်ဖြင့်
အရဟတ္တဖိုလ်၌
တည်ခြင်းသည်ဖြစ်သနည်း
ဟူမူ-
ရဟန်းတို့ သဒ္ဓါတရားဖြစ်
သောသူသည်
အနီးသို့
ချဉ်းကပ်၏၊
အနီးသို့ချဉ်းကပ်သောသူသည်
အရို အသေဆည်းကပ်၏၊
အရိုအသေ
ဆည်းကပ်သောသူသည်
နားထောင်၏၊
နားထောင်သောသူသည်
တရား နာ၏၊
တရားနာ၍
တရားကို
ဆောင်၏၊
ဆောင်ပြီးသော
တရားတို့၏အနက်ကို
ဆင်ခြင်၏၊
အနက်ကို
ဆင်ခြင်သောသူသည်
တရားတို့ကို
ရှုနိုင်၏၊
တရားတို့ကိုရှုနိုင်သည်ရှိသော်
အလိုဆန္ဒဖြစ်ပေါ်၏၊
အလို
ဆန္ဒဖြစ်ပေါ်သောသူသည်
အားထုတ်၏၊
အားထုတ်၍နှိုင်းချိန်၏၊
နှိုင်းချိန်၍
လွန်စွာအားထုတ်၏၊
နိဗ္ဗာန်
သို့
စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍နာမကာယဖြင့်လည်း
မြတ်သော
သစ္စာကို
မျက်မှောက်ပြု၏၊
မဂ်ပညာဖြင့်လည်း
ထိုမြတ်သောသစ္စာကိုထိုးထွင်း၍
မြင်၏။
ရဟန်းတို့
ထိုသဒ္ဓါတရားမျှလည်း
မဖြစ်ပလေ၊
ထိုအနီးသို့
ချဉ်းကပ်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုအရိုအသေ
ဆည်းကပ်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုနားထောင်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုတရားနာခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုတရားကို
ဆောင်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုအနက်ကို
ဆင်ခြင်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုတရားကို
ရှုနိုင်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုအလိုဆန္ဒမျှလည်း
မဖြစ်ပလေ၊
ထိုအားထုတ်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုနှိုင်းချိန်ခြင်းမျှလည်း
မဖြစ်ပလေ၊
ထိုပြင်းထန်စွာ
အားထုတ်ခြင်းမျှလည်း
မဖြစ်ပလေ။
ရဟန်းတို့
(သင်တို့သည်)
ဖောက်ပြန်သော
အကျင့်ရှိကုန်၏၊
မှားသောအကျင့်ရှိကုန်၏။
ရဟန်းတို့
ဤအချည်းနှီးသော
ယောက်ျားတို့သည်
ဤသာသနာတော်မှ
အဘယ်မျှဝေးဝေးပြေးကြလိမ့်မည်နည်း။
၁၈၄။
ရဟန်းတို့
သစ္စာလေးပါးကို
ပြသော ဗျာကရုဏ်း၁သည်
ရှိ၏။
ယင်းဗျာကရုဏ်းကိုအကျဉ်းအားဖြင့်ပြသော်
သိကြား
လိမ္မာသော
ယောက်ျားသည်
မကြာမြင့်မီပင်လျှင်
ပညာဖြင့်
အနက်ကိုသိနိုင်ရာ၏။
ရဟန်းတို့
သင်တို့အား
ငါအကျဉ်းပြပေအံ့၊
ငါ၏ ထိုအနက်ကို
(သင်တို့)
သိနိုင်ကုန်အံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
အဘယ်လူစားတို့ဖြစ်၍
အဘယ်မှာ
တရားသိသူတို့
ဖြစ်နိုင်ပါအံ့နည်းဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ပစ္စ္စည်းလေးပါးကို
အလေးပြုနေသောပစ္စည်းလေးပါးအမွေခံနေသော
ပစ္စည်းလေးပါးတို့နှင့်
ရောယှက်နေသော
ဆရာအားသော်လည်း
''ငါတို့အား
ဤသို့ဖြစ်မူ
ထိုအမှုကို
ပြုကုန်အံ့၊
ငါတို့အား
ဤသို့ မဖြစ်မူ
ထိုအမှုကို
မပြုကုန်အံ့''ဟု
ဤသို့သဘောရှိသော
ဤဈေးဆိုခြင်း
ဈေးဆစ်ခြင်းမျိုးသည်
မဖြစ်။
ရဟန်းတို့
ပစ္စ္စည်းလေးပါးတို့နှင့်
ရောယှက်ခြင်း
အချင်းခပ်သိမ်း
ကင်း၍နေသော
မြတ်စွာဘုရားအား
အဘယ်ဆိုဖွယ်ရာ
ရှိအံ့နည်း။
ရဟန်းတို့ယုံကြည်ခြင်းရှိသော
ဆရာ့အဆုံးအမ၌
သက်ဝင်၍
ကျင့်နေသော
တပည့် 'သာဝက'
အား-
''မြတ်စွာဘုရားသည်
ဆရာတည်း၊
ငါသည်
တပည့်ဖြစ်၏၊
မြတ်စွာဘုရားသည်
သိ၏၊ ငါသည်
မသိ''ဟု
ဤသဘောသည်
ဖြစ်၏။
ရဟန်းတို့
ယုံကြည်ခြင်းရှိသော
ဆရာ့အဆုံးအမ၌
သက်ဝင်၍ ကျင့်နေသော
တပည့်သာဝကအားဆရာ့အဆုံးအမသည်
ကြီးပွါးစည်ပင်၏။
အခြေခိုင်ခံ့၏။
ရဟန်းတို့
ယုံကြည်ခြင်းရှိသောဆရာ့အဆုံးအမ၌
သက်ဝင်၍
ကျင့်နေသော
တပည့်သာဝကအား
''ကိုယ်၌
အရေသည်လည်းကောင်း၊
အကြောသည်လည်း
ကောင်း၊ အရိုးသည်လည်းကောင်း
အကယ်၍
ကြွင်းကျန်စေကာမူအသားအသွေးသည်
ခန်းခြောက်စေ
ကာမူ
ယောက်ျားတို့၏အစွမ်း
ယောက်ျားတို့၏ဝီရိယယောက်ျားတို့၏လုံ့လဖြင့်
ရအပ်ရောက်အပ်သော
အရဟတ္တဖိုလ်သို့
မရောက်သေးသမျှ
ဝီရိယ၏လျော့ပါးခြင်းသည်
မဖြစ်လတ္တံ့''
ဟူသော
ဤသဘောသည်
ဖြစ်၏။
ရဟန်းတို့
ယုံကြည်ခြင်းရှိသောဆရာ့အဆုံးအမ၌
သက်ဝင်၍
ကျင့်သောတပည့်အား
''မျက်
မှောက်ဘဝ၌ပင်
အရဟတ္တဖိုလ်လည်းကောင်း၊
ဥပါဒါန်
ကြွင်းရှိသေးမူ
အနာဂါမ်ပုဂ္ဂိုလ်အဖြစ်လည်းကောင်း''
ဤသို့
နှစ်ပါးသော
အကျိုးတို့တွင်တစ်ပါးပါးသော
အကျိုးသည်
ဧကန်ဖြစ်ရမည်ဟု
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူ၏။
ထိုရဟန်းတို့သည်
မြတ်စွာဘုရား၏
စကားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်ကြ
ကုန်၏။
ဆယ်ခုမြောက်
ကီဋာဂိရိသုတ်
ပြီး၏။
နှစ်ခုမြောက်
ဘိက္ခုဝဂ်
ပြီး၏။
------
၁။
ဗျာကရုဏ်း=
ဟောကြားချက်၊
၃-ပရိဗ္ဗာဇကဝဂ်
၁-တေဝိဇ္ဇဝစ္ဆသုတ်
၁၈၅။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည် မဟာဝုန်တောတွင်
အထွတ်တပ်သော
ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
သရက်ဖြူပင်တစ်ပင်ရှိသော
ပရိဗိုဇ်အရံ၌
နေ၏။ ထိုအခါ
မြတ်စွာဘုရားသည်
နံနက်အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကိုယူလျက်
ဝေသာလီပြည်သို့
ဆွမ်းအလို့ငှါ
ဝင်တော်မူ၏။
ထိုအခါ
မြတ်စွာဘုရားအား
''ဝေသာလီပြည်သို့ဆွမ်းအလို့ငှါ
လှည့်လည်ရန်
အလွန်စောသေး၏၊
ငါသည် သရက်ဖြူပင်တစ်ပင်ရှိသော
ဧကပုဏ္ဍရီကပရိဗိုဇ်အရံရှိ
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်ထံသို့
ချဉ်းကပ်ရမူ
ကောင်းလေရာ၏''ဟု
အကြံဖြစ်၏။
ထိုအခါမြတ်စွာဘုရားသည်
သရက်ဖြူပင်
တစ်ပင်ရှိသော
ပရိဗိုဇ်အရံရှိ
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်ထံသို့
ချဉ်းကပ်တော်မူ၏။
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
အဝေးမှပင်လျှင်
မြတ်စွာဘုရား
ကြွလာတော်မူသည်ကိုမြင်၍
မြတ်စွာဘုရားအား-''အသျှင်ဘုရား
မြတ်စွာဘုရားသည်
လာတော်မူပါလော့၊
အသျှင်ဘုရားမြတ်စွာဘုရား၏
လာခြင်းသည်
ကောင်းစွာ
လာခြင်းပါတည်း၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ဤအရပ်သို့
ကြွလာရန်
အလှည့်ကို
ကြာမြင့်မှပင်
ပြုတော်မူဘိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်ထိုင်တော်မူပါ၊
ဤနေရာကို
ခင်းထားပါ၏''ဟု
လျှောက်ထား၏။
မြတ်စွာဘုရားသည်
ခင်းထားသော
နေရာ၌ ထိုင်တော်မူ၏။
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်လည်း
တစ်ခုသော
နိမ့်သော
နေရာကို ယူ၍
လျောက်ပတ်စွာထိုင်ပြီးသော်
မြတ်စွာဘုရားအား-''အသျှင်ဘုရား
ရဟန်းဂေါတမသည်
အလုံးစုံကို
သိ၏၊
အလုံးစုံကိုမြင်၏၊
ငါ
သွားနေသည်ဖြစ်စေ၊
ရပ်နေသည်ဖြစ်စေ၊
အိပ်ပျော်နေသည်ဖြစ်စေ၊
နိုးကြားနေသည်ဖြစ်စေအမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှုထင်၏ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံ၏'' ဟူ၍
ကြားဖူးပါ၏၊
အသျှင်ဘုရား ''ရဟန်းဂေါတမသည်
အလုံးစုံကို
သိ၏၊ အလုံးစုံကို
မြင်၏၊
ငါသွားနေသည်ဖြစ်စေ၊
ရပ်နေသည်ဖြစ်စေ၊
အိပ်ပျော်နေသည်ဖြစ်စေ၊
နိုးကြားနေသည်ဖြစ်စေ
အမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှုထင်၏ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံ၏'' ဟူ၍
ပြောဆိုသောသူတို့သည်
မြတ်စွာဘုရား၏စကားအရ
ပြောဆိုသူများ
ဖြစ်ပါကုန်၏လော၊
မြတ်စွာဘုရားကို
မဟုတ်မမှန်သောအားဖြင့်မစွပ်စွဲဘဲလည်း
ရှိကြပါ ကုန်၏လော၊
အကြောင်းမှန်ကိုလည်း
အကြောင်းမှန်အားလျော်စွာပြောကြားကြပါကုန်၏လော၊
မြတ်စွာ
ဘုရား၏
စကားကို
လိုက်၍
ပြောဆိုသော
သီတင်းသုံးဖော်တစ်စုံတစ်ယောက်သည်
သူတစ်ပါးကဲ့ရဲ့
အပ်သော
အကြောင်းရှိသည်ဖြစ်၍
ကဲ့ရဲ့စရာ
အနည်းငယ်မျှမရှိဘဲ
ဖြစ်ပါသလောဟု
လျှောက်ထား၏။
''ဝစ္ဆ
ရဟန်းဂေါတမသည်
အလုံးစုံကို
သိ၏၊
အလုံးစုံကိုမြင်၏၊
ငါ
သွားနေသည်ဖြစ်စေ၊
ရပ်နေ
သည်ဖြစ်စေ၊
အိပ်ပျော်နေသည်ဖြစ်စေ၊
နိုးကြားနေသည်ဖြစ်စေအမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှု ထင်၏ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံ၏'' ဟူ၍
ပြောဆိုသောသူတို့သည်
ငါ၏ စကားအရ
ပြောဆို
သူများ
မဟုတ်ကုန်၊
ငါ့ကို မဟုတ်မမှန်သောအားဖြင့်လည်းစွပ်စွဲကြကုန်၏ဟု
(မိန့်တော်မူ၏)။
၁၈၆။
အသျှင်ဘုရား
ထိုသို့မဟုတ်မူ
အဘယ်သို့
ပြောဆိုသော
အကျွန်ုပ်တို့သည်
မြတ်စွာဘုရား၏စကားအရ
ပြောဆိုသူများ
ဖြစ်ပါကုန်သနည်း၊
မြတ်စွာဘုရားကို
မဟုတ်မမှန်သောအားဖြင့်
မစွပ်စွဲဘဲလည်း
ရှိကြပါကုန်သနည်း၊
အကြောင်းမှန်ကိုလည်း
အကြောင်းမှန်အားလျော်စွာ
ပြောကြားကြသည်ဖြစ်ပါ
ကုန်သနည်း၊
မြတ်စွာဘုရား၏
စကားကို
လိုက်၍
ပြောဆိုသော သီတင်းသုံးဖော်တစ်စုံတစ်ယောက်သည်
သူတစ်ပါးကဲ့ရဲ့အပ်သော
အကြောင်းရှိသည်ဖြစ်၍
ကဲ့ရဲ့စရာအကြောင်းသည်အနည်းငယ်မျှ
မရှိဘဲ
ဖြစ်ပါ
သနည်းဟု
(လျှောက်၏)။
ဝစ္ဆ
''ရဟန်းဂေါတမသည်
ဝိဇ္ဇာသုံးပါးရှိ၏''ဟု
ပြောဆိုသောသူသည်
အမှန်အားဖြင့်
ငါ၏ စကား
အရပြောဆိုခြင်း
ဖြစ်ရာ၏၊
ငါ့ကို
မမှန်သောအားဖြင့်လည်း
မစွပ်စွဲရာ၊
အကြောင်းမှန်ကိုလည်းအကြောင်းမှန်အားလျော်စွာ
ပြောကြားသည်
ဖြစ်ရာ၏၊ ငါ၏
စကားကို လိုက်၍
ပြောဆိုသော
သီတင်းသုံးဖော်
တစ်စုံတစ်ယောက်သည်
သူတစ်ပါးကဲ့ရဲ့အပ်သော
အကြောင်းရှိသည်ဖြစ်၍
ကဲ့ရဲ့စရာအကြောင်းလည်း
အနည်းငယ်မျှ
မရှိရာ။
ဝစ္ဆ
ငါသည်
အလိုရှိသလောက်
များသော
အပြားရှိသော
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကိုအောက်မေ့နိုင်၏။
ဤရှေး၌
နေဖူးသော
ခန္ဓာအစဉ်ဟူသည်ကား
အဘယ်နည်း၊
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များသော
အပြားရှိသော
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏။
ဝစ္ဆ
ငါသည်
အလိုရှိသလောက်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်
သာလွန်သောနတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့် စုတေဆဲသတ္တဝါ
ပဋိသန္ဓေနေဆဲသတ္တဝါ
ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသော
လားရာရှိသောသတ္တဝါမကောင်းသော
လားရာရှိသောသတ္တဝါတို့ကို
မြင်၏။ပ။
ကံအားလျော်စွာ
ကပ်ရောက်ရသောသတ္တဝါတို့ကို
အပြားအားဖြင့်
သိ၏။
ဝစ္ဆ
ငါသည်
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါတရားမရှိသော
စိတ်၏
ကိလေသာမှ့လွတ်ခြင်း
ပညာဖြင့်
ကိလေသာမှ
လွတ်ခြင်းကို
မျက်မှောက်သော
ဘဝ၌သာလျှင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိလျက်
မျက်မှောက်ပြုကာ
ရောက်၍ နေ၏။
ဝစ္ဆ
ရဟန်းဂေါတမသည်
ဝိဇ္ဇာသုံးပါးရှိ၏ဟု
ပြောဆိုသူသည်
ငါ၏ စကားအရ
ပြောဆိုခြင်း
ဖြစ်ရာ၏၊
ငါ့ကို
မဟုတ်မမှန်သောအားဖြင့်လည်း
မစွပ်စွဲရာ၊
အကြောင်းမှန်ကို
အကြောင်းမှန်အားလျော်စွာပြောကြားသည်
ဖြစ်ရာ၏၊ ငါ၏
စကားကို
လိုက်၍
ပြောဆိုသော
သီတင်းသုံးဖော်
တစ်စုံတစ်ယောက်သည်
သူတစ်ပါးကဲ့ရဲ့အပ်သော
အကြောင်းရှိသည်ဖြစ်၍
ကဲ့ရဲ့စရာအကြောင်းသည်
အနည်းငယ်မျှလည်းမရှိရာဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူသော်
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
မြတ်စွာဘုရားအား-''အသျှင်ဂေါတမ
လူတို့၏သံယောဇဉ်ကို
မပယ်မစွန့်မူ၍
ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌
ဒုက္ခအဆုံးကို
ပြုသော
တစ်စုံတစ်ယောက်သော
သူသည်
ရှိပါသလော''ဟု
(လျှောက်၏)။
ဝစ္ဆ လူတို့၏
သံယောဇဉ်ကို
မပယ်မစွန့်မူ၍ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌
ဒုက္ခ၏
အဆုံးကို
ပြုသော
တစ်စုံတစ်ယောက်သောသူသည်
မရှိသည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
လူတို့၏
သံယောဇဉ်ကို
မပယ်မစွန့်မူ၍
ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌
နတ်ပြည်သို့
ရောက်သော
တစ်စုံတစ်ယောက်သောသူသည်
ရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
''လူတို့၏
သံယောဇဉ်ကို
မပယ် မစွန့်မူ၍
ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌
နတ်ပြည်သို့ရောက်သောသူတို့သည်
တစ်ရာ နှစ်ရာ
သုံးရာ
လေးရာမက
အများအပြား
ရှိကုန်သည်သာတည်း''ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌
ဒုက္ခ၏
အဆုံးကို
ပြုသော တစ်စုံတစ်ယောက်သော
အာဇီဝကသည်
ရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌ ဒုက္ခ၏
အဆုံးကို
ပြုသော
တစ်စုံတစ်ယောက်သောအာဇီဝကသည်
မရှိသည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
ကိုယ်ခန္ဓာပျက်စီးသည်မှ
နောက်၌နတ်ပြည်သို့
ရောက်သော
တစ်စုံတစ်ယောက်သော
အာဇီဝကသည် ရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆဤကမ္ဘာမှ
ပြန်ရေသော်
ကိုးဆယ်တစ်ကမ္ဘာထက်၌
တစ်ယောက်သော
အာဇီဝကကို
ကြဉ်၍
တစ်စုံတစ်ယောက်သော
အာဇီဝကကိုမျှ
နတ်ပြည်သို့
ရောက်သည်ကို
ငါ မအောက်မေ့မိ၊
မသိမြင်ခဲ့၊
ထိုတစ်ယောက်သော
အာဇီဝကသည်လည်း
ကမ္မဝါဒီ ကိရိယဝါဒီဖြစ်သော
ငါသာလျှင်
ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ
ဤသို့ဖြစ်မူ
ဤတိတ္ထိတို့၏
အကျင့်သည်
အယုတ်ဆုံးအားဖြင့်
နတ်ပြည်သို့ရောက်ခြင်းမှလည်း
ဆိတ်သုဉ်း၏ဟု
(လျှောက်၏)။
ဝစ္ဆ
ဤတိတ္ထိတို့၏
အကျင့်သည်
အယုတ်ဆုံးအားဖြင့်နတ်ပြည်သို့
ရောက်ခြင်းမှလည်း
ဆိတ်သုဉ်း၏ဟု
မိန့်တော်မူ၏။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူ၏။
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
မြတ်စွာဘုရား၏
တရားစကားတော်ကို
နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ရှေးဦးစွာသော
တေဝိဇ္ဇဝစ္ဆသုတ်
ပြီး၏။
------
၂-အဂ္ဂိဝစ္ဆသုတ်
၁၈၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
မြတ်စွာဘုရား
ရှိတော်မူရာအရပ်သို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ် စကားကို
ပြောဆိုပြီးဆုံးစေပြီးနောက်
သင့်လျော်သော
နေရာ၌
ထိုင်ကာ
''အသျှင်ဂေါတမ
'လောကသည်
မြဲ၏၊ ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း'ဟု
အသျှင်ဂေါတမသည်
ဤသို့အယူရှိပါသ
လော'' ဟူ၍
လျှောက်ထား၏။
ဝစ္ဆ
''လောကသည် မြဲ၏၊
ဤအယူသည်သာ
မှန်၏၊
့တစ်ပါးသော
အယူ သည်
အချည်းနှီးသာတည်း''ဟု
ငါသည် ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''လောကသည်
မမြဲ၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
''လောကသည်မမြဲ၊
ဤအယူသည်သာ မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
ငါသည်
ဤသို့အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''လောကသည်
အဆုံးရှိ၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
''လောကသည်
အဆုံးရှိ၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
ငါသည်ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''လောကသည်
အဆုံးမရှိ၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
''လောကသည်
အဆုံးမရှိ၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
ငါသည်ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''ထိုအသက်သည်ပင်
ထိုကိုယ်ကောင်တည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ ''ထိုအသက်သည်ပင်
ထိုကိုယ်ကောင်တည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီး
သာတည်း''ဟု
ငါသည် ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''အသက်သည်
တခြား,
ကိုယ်ကောင်သည်
တခြားတည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ ''အသက်သည်
တခြား,
ကိုယ်ကောင်သည်
တစ်ခြားတည်း၊
ဤအယူသည်သာမှန်၏၊
တစ်ပါးသော
အယူသည် အချည်းနှီးသာတည်း''ဟု
ငါသည် ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ ဖြစ်၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါး
သောအယူသည် အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက် ၏)။
ဝစ္ဆ ''သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီးသာတည်း''ဟု
ငါသည် ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ မဖြစ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
''သတ္တဝါသည်
သေသည်မှ နောက်၌
မဖြစ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု
ငါသည် ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း
မဖြစ်၊
ဤအယူသည်သာ မှန်၏၊
တစ်ပါးသော
အယူသည် အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့အယူရှိပါ
သလောဟု
(လျှောက်၏)။
ဝစ္ဆ
''သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း
မဖြစ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''ဟု
ငါသည်ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်းမဟုတ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ ''သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်သည့်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်၊
ဤအယူသည်သာ
မှန်၏၊ တစ်ပါးသော
အယူသည်အချည်းနှီးသာတည်း''ဟု
ငါသည် ဤသို့
အယူမရှိပါဟု
(မိန့်တော်မူ၏)။
၁၈၈။
အသျှင်ဂေါတမ
''လောကသည်
မြဲ၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိသော်
''ဝစ္ဆ'လောကသည်
မြဲ၏၊ ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း'
ဟူ၍ငါသည်
ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''လောကသည်
မမြဲ၊ ဤအယူသည်သာမှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိသော်
''ဝစ္ဆ
'လောကသည် မမြဲ၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်အချည်းနှီးသာတည်း'
ဟူ၍ ငါသည်
ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''လောကသည်
အဆုံးရှိ၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိသော်
''ဝစ္ဆ'လောကသည်
အဆုံးရှိ၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း'
ဟူ၍ငါသည်
ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''လောကသည်
အဆုံးမရှိ၊
ဤအယူသည်သာမှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိသော်
''ဝစ္ဆ
'လောကသည်
အဆုံးမရှိ၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီးသာတည်း'
ဟူ၍ ငါသည်
ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''ထိုအသက်သည်ပင်
ထိုကိုယ်ကောင်တည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိသော်''ဝစ္ဆ
'ထိုအသက်သည်ပင်
ထိုကိုယ်ကောင်တည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်အချည်းနှီးသာတည်း'ဟူ၍
ငါသည် ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''အသက်သည်တခြား,
ကိုယ်ကောင်သည်
တခြားတည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟုမေးသည်ရှိသော်
''ဝစ္ဆ
'အသက်သည်တခြား,
ကိုယ်ကောင်သည်
တခြားတည်း၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည် အချည်းနှီးသာတည်း'
ဟူ၍ ငါသည်
ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ ဖြစ်၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါး
သောအယူသည် အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိ
သော်''ဝစ္ဆ
'သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်၏၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူ
သည်အချည်းနှီးသာတည်း'ဟူ၍
ငါသည် ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ မဖြစ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့
အယူရှိပါသလောဟု
မေးသည်ရှိသော်''ဝစ္ဆ
'သတ္တဝါသည်
သေသည်မှ
နောက်၌
မဖြစ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်အချည်းနှီးသာတည်း'
ဟူ၍ ငါသည်
ဤသို့ အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း
မဖြစ်၊
ဤအယူသည်သာ မှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''ဟု
အသျှင်ဂေါတမသည်
ဤသို့အယူရှိပါသလောဟု
မေးသည်ရှိသော်
''ဝစ္ဆ
'သတ္တဝါသည်
သေသည်မှ
နောက်၌
ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း
မဖြစ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း'
ဟူ၍
ငါသည်ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
''သတ္တဝါသည်
သေသည်မှ
နောက်၌ ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း့မဟုတ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''
ဟူ၍
အသျှင်ဂေါတမသည်
ဤသို့ အယူရှိပါသလောဟု
မေးသည်ရှိသော်
''ဝစ္ဆ
'သတ္တဝါသည် သေသည်မှ
နောက်၌
ဖြစ်သည်လည်း
မဟုတ်၊ မဖြစ်သည်လည်း
မဟုတ်၊
ဤအယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း'
ဟူ၍ ငါသည်
ဤသို့
အယူမရှိပါ''ဟု
ဖြေဆို၏။
အသျှင်ဂေါတမ
အဘယ်သို့သော
အပြစ်ကို ကောင်းစွာ
မြင်၍ ဤသို့
အခါခပ်သိမ်း
ဤဒိဋ္ဌိအယူတို့သို့
မကပ်ရောက်ပါသနည်းဟု
(လျှောက်၏)။
၁၈၉။
ဝစ္ဆ လောကသည်
မြဲ၏ ဟူသော
အယူသည် မိစ္ဆာအယူတည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသောတောချုံတည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
ခရီးခဲတည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
ဆူးငြောင့်တည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
တုန်လှုပ်ခြင်းတည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
သံယောဇဉ်တည်း၊
ဆင်းရဲနှင့်
တကွ ဖြစ်၏၊
ညှဉ်းဆဲခြင်းနှင့်
တကွ ဖြစ်၏၊
ပြင်းစွာပင်ပန်းခြင်းနှင့်
တကွ ဖြစ်၏၊
ပူလောင်ခြင်းနှင့်
တကွ ဖြစ်၏၊
ငြီးငွေ့ခြင်းငှါ
မဖြစ်၊
တပ်ခြင်း
ကင်းခြင်းငှါ
မဖြစ်၊
ချုပ်ခြင်းငှါ
မဖြစ်၊
ငြိမ်းခြင်းငှါ
မဖြစ်၊
အထူးသိခြင်းငှါ
မဖြစ်၊
ထိုးထွင်း၍
သိခြင်းငှါ
မဖြစ်၊ ချုပ်ငြိမ်းခြင်းငှါ
မဖြစ်။
ဝစ္ဆ
လောကသည်
မမြဲဟူသော။ပ။
ဝစ္ဆ လောကသည်
အဆုံးရှိ၏ဟူသော။ပ။
ဝစ္ဆ
လောကသည်အဆုံး
မရှိဟူသော။ပ။
ဝစ္ဆ
ထိုအသက်သည်
ထိုကိုယ်ကောင်တည်းဟူသော။ပ။
ဝစ္ဆ
အသက်သည်တခြား,
ကိုယ်ကောင်သည်
တခြားဟူသော။ပ။
ဝစ္ဆ
သတ္တဝါသည်
သေသည်မှ
နောက်၌ဖြစ်၏ဟူသော။ပ။
ဝစ္ဆ သတ္တဝါသည်
သေသည်မှ
နောက်၌
မဖြစ်ဟူသော။ပ။
ဝစ္ဆ သတ္တဝါသည်သေသည်မှ
နောက်၌
ဖြစ်လည်း
ဖြစ်၏၊
ဖြစ်လည်း
မဖြစ်ဟူသော။ပ။
ဝစ္ဆ
သတ္တဝါသည်
သေသည်မှနောက်၌
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူသော
အယူသည်
မိစ္ဆာအယူတည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
တောချုံ
တည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
ခရီးခဲတည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသောဆူးငြောင့်တည်း၊
မိစ္ဆာဒိဋ္ဌိတည်းဟူသော
တုန်လှုပ်ခြင်းတည်း၊
မိစ္ဆာဒိဋ္ဌိ
တည်းဟူသော
သံယောဇဉ်တည်း၊
ဆင်းရဲနှင့်
တကွ ဖြစ်၏၊
ညှဉ်းဆဲခြင်းနှင့်
တကွ ဖြစ်၏၊ ပြင်းစွာပင်ပန်းခြင်းနှင့်
တကွ ဖြစ်၏၊
ပူလောင်ခြင်းနှင့်
တကွ ဖြစ်၏၊
ငြီးငွေ့ခြင်းငှါ
မဖြစ်၊
တပ်ခြင်းကင်းခြင်းငှါ
မဖြစ်၊
ချုပ်ခြင်းငှါ
မဖြစ်၊
ငြိမ်းခြင်းငှါ
မဖြစ်၊
အထူးသိခြင်းငှါ
မဖြစ်၊
ထိုးထွင်း၍
သိခြင်းငှါ
မဖြစ်၊
ချုပ်ငြိမ်းခြင်းငှါ
မဖြစ်။
ဝစ္ဆငါသည်
ဤအပြစ်ကို
ကောင်းစွာ
မြင်သည်
ဖြစ်၍သာလျှင်
ဤသို့ အခါခပ်သိမ်း
ဒိဋ္ဌိအယူတို့သို့မကပ်ရောက်ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမအား
တစ်စုံတစ်ခုသော
အယူသည် ရှိပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
အယူဟူသောဤစကားကို
မြတ်စွာဘုရားသည်
ပယ်ထားအပ်ပြီ၊
ဝစ္ဆ မြတ်စွာဘုရားသည်
''ဤကား ရုပ်၊
ဤကားရုပ်၏
ဖြစ်ကြောင်း၊
ဤကား ရုပ်၏
ချုပ်ရာ။
ဤကား ဝေဒနာ၊ ဤကား
ဝေဒနာ၏
ဖြစ်ကြောင်း၊
ဤကား ဝေဒနာ၏
ချုပ်ရာ။
ဤကား သညာ၊
ဤကား သညာ၏
ဖြစ်ကြောင်း၊
ဤကား
သညာ၏ချုပ်ရာ။
ဤကား
သင်္ခါရ၊
ဤကား သင်္ခါရတို့၏
ဖြစ်ကြောင်း၊
ဤကား
သင်္ခါရတို့၏
ချုပ်ရာ။
ဤကားဝိညာဏ်၊
ဤကား ဝိညာဏ်၏
ဖြစ်ကြောင်း၊
ဤကား ဝိညာဏ်၏
ချုပ်ရာ''ဟု
ဤသဘောကိုမြင်ထားအပ်ပြီ။
ထို့ကြောင့်
မြတ်စွာဘုရားသည်
ငါ, ငါ့ဥစ္စာ,
ငါဟူသော
ထောင်လွှားမှုကိန်းဝပ်ခြင်း
(ဒိဋ္ဌိ, တဏှာ,
မာနာနုသယ)
ဟူသော
အလုံးစုံသော
ထင်မှတ်မှု,
အလုံးစုံသော
မွှေနှောက်မှုတရားတို့၏ကုန်ခြင်း
ကြောင့်
တပ်မက်ခြင်းကင်းခြင်းကြောင့်
ချုပ်ခြင်းကြောင့်
စွန့်ခြင်းကြောင့်
စွန့်လွှတ်ခြင်းကြောင့်စွဲလမ်းမှု
ဥပါဒါန်မရှိခြင်းကြောင့်
လွတ်မြောက်၏ဟု
ဆို၏ဟူ၍
(မိန့်တော်မူ၏)။
၁၉၀။
အသျှင်ဂေါတမ
ဤသို့
လွတ်မြောက်သော
စိတ်ရှိသော
ရဟန်းသည်
အဘယ်၌
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သနည်းဟု
(လျှောက်၏)။
ဝစ္ဆ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ ဟူသော
အဖြစ်သို့
မရောက်ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
ထိုသို့ဖြစ်ပါမူ
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ပါသလောဟု
(လျှောက်၏)။
ဝစ္ဆ (ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ့ထိုသို့ဖြစ်မူ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊ မဖြစ်လည်း
မဖြစ်ပါသလောဟု
(လျှောက်၏)။
ဝစ္ဆ (ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊
မဖြစ်လည်း
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ
ထိုသို့ဖြစ်ပါမူ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ပါသလောဟု
(လျှောက်၏)။
ဝစ္ဆ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်ဟု
(မိန့်တော်မူ၏)။
''အသျှင်ဂေါတမ
ဤသို့
လွတ်မြောက်သော
စိတ်ရှိသော
ရဟန်းသည်
အဘယ်၌
(ပဋိသန္ဓေအားဖြင့်)
ဖြစ်ပါသနည်း''ဟု
မေးသည်ရှိသော်
''ဝစ္ဆ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ဟူသော
အဖြစ်သို့
မရောက်''ဟုဆို၏။
''အသျှင်ဂေါတမ
ထိုသို့ဖြစ်ပါမူ
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ပါသလော''ဟု
မေးသည်ရှိသော်
''ဝစ္ဆ
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်''ဟု
ဆို၏။
''အသျှင်ဂေါတမ
ထိုသို့ဖြစ်ပါမူ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊
မဖြစ်လည်း
မဖြစ်ပါသလော''ဟု
မေးသည်ရှိသော်
''ဝစ္ဆ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊ မဖြစ်လည်း
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်''ဟုဆို၏။
''အသျှင်ဂေါတမ
ထိုသို့ဖြစ်ပါမူ
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊ မဖြစ်သည်လည်းမဟုတ်ပါသလော''ဟု
မေးသည်ရှိသော်
''ဝစ္ဆ (ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်''ဟု ဆို၏။
အသျှင်ဂေါတမ
ဤအရာ၌
အကျွန်ုပ်သည်နားမလည်ခြင်းသို့
ရောက်ခဲ့ပါ၏၊
ဤအရာ၌ အကျွန်ုပ်သည်
တွေဝေခြင်းသို့
ရောက်ခဲ့ပါ၏။
အသျှင်ဂေါတမ၏
ရှေးဦးပြောဆိုသော
စကားဖြင့်
အကျွန်ုပ်မှာ
ဖြစ်ပေါ်လာသော
ကြည်လင်ခြင်းမျှသည်လည်းယခုအခါ
ကွယ်ပျောက်ပါလေပြီဟု
(လျှောက်၏)။
ဝစ္ဆ သင် နားမလည်ခြင်းငှါ
ထိုက်ပါပေ၏၊
တွေဝေခြင်း
ငှါ
ထိုက်ပါပေ၏။
ဝစ္ဆ
ဤတရားသည်
နက်လည်း နက်နဲ၏၊
မြင်နိုင်ခဲ၏၊
လျော်စွာသိနိုင်ခဲ၏၊
ငြိမ်သက် ၏၊
မွန်မြတ်၏၊
ကြံဆ၍
သိသင့်သော
အရာမဟုတ်၊
သိမ်မွေ့၏၊ ပညာရှိတို့သာသိအပ်၏၊
ထိုတရားကို
(သာသနာတော်မှ)
တစ်ပါးသောအယူ,
တစ်ပါးသောအကြိုက်,
တစ်ပါးသောအလိုရှိသော၊
တစ်ပါးသော
အယူ၌ အားထုတ်ခြင်းရှိသော၊
(သာသနာတော်မှ)
တစ်ပါးသောတိတိ္ထဘောင်၌
ဆရာရှိနေသော
သင်သည်
သိရန်ခက်၏။
၁၉၁။
ဝစ္ဆ ထိုသို့ဖြစ်ပါမူ
ဤအရာ၌
သင့်ကိုသာလျှင်
မေးမြန်းအံ့၊
သင်သဘောကျသည့်အတိုင်းဖြေကြားလော့။
ဝစ္ဆ
ထိုငါဆိုမည့်
စကားကို
သင်အဘယ်သို့
မှတ်ထင်သနည်း၊
အကယ်၍ သင်၏
ရှေ့၌မီးတောက်နေငြားအံ့၊
''ငါ၏ ရှေ့၌
ဤမီးသည်
တောက်နေ၏''ဟု
သင်
သိရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကယ်၍
အကျွန်ုပ်၏ ရှေ့၌
မီးတောက်နေငြားအံ့၊
''င ါ၏ ရှေ့၌
ဤမီးသည်တောက်နေ၏''ဟု
အကျွန်ုပ်
သိရာပါ၏ဟု
(လျှောက်၏)။
ဝစ္ဆ
''သင်၏ ရှေ့၌
တောက်နေသော
ဤမီးသည်
အဘယ်ကို စွဲ၍
တောက်နေ
သနည်း''ဟု
သင့်ကိုအကယ်၍
မေးငြားအံ့၊
ဝစ္ဆ ဤသို့
မေးသည်ရှိသော်
သင်သည်
အဘယ်သို့
ဖြေကြားရာသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
''သင်၏ ရှေ့၌
တောက်နေသော
ဤမီးသည်
အဘယ်ကို
စွဲ၍တောက်နေသနည်း''ဟု
အကျွန်ုပ်ကို
အကယ်၍
မေးငြားအံ့၊
အသျှင်ဂေါတမ
ဤသို့ မေးသည်ရှိသော်အကျွန်ုပ်သည်
''ငါ၏ ရှေ့၌ တောက်နေသော
ဤမီးသည် မြက်
ထင်း
လောင်စာကို
စွဲ၍
တောက်နေ၏''ဟု
ဖြေကြားပါအံ့ဟု
(လျှောက်၏)။ ဝစ္ဆ
အကယ်၍ သင်၏
ရှေ့၌
ထိုမီးသည်
ငြိမ်းငြားအံ့၊
သင်သည်''ငါ၏
ရှေ့၌
ဤမီးသည်
ငြိမ်း၏''ဟု
သိရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကယ်၍အကျွန်ုပ်၏
ရှေ့၌
ထိုမီးသည်
ငြိမ်းအံ့၊
''ငါ၏ ရှေ့၌
ဤမီးသည်
ငြိမ်းပြီ''ဟု
အကျွန်ုပ်သည်
သိရာပါအံ့ဟု
(လျှောက်၏)။
ဝစ္ဆ
''သင်၏ ရှေ့၌
ငြိမ်းအေးသွားသော
မီးသည်
ဤအရပ်မှ
အဘယ်အရပ်သို့
သွားသနည်း၊
အရှေ့အရပ်သို့လည်းကောင်း၊
တောင်အရပ်သို့လည်းကောင်း၊
အနောက်အရပ်သို့လည်းကောင်း၊
မြောက့်အရပ်သို့လည်းကောင်း
သွားလေသလော''ဟု
အကယ်၍
သင့်ကို
မေးငြားအံ့၊
ဝစ္ဆ ဤသို့
မေးသည်ရှိသော်
သင်သည်
အဘယ်သို့
ဖြေကြားရာသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
သွား၏ဟူသော
အရေအတွက်သို့
မရောက်၊
အသျှင်ဂေါတမ
ထိုမီးသည်
အကြင် မြက် ထင်း
လောင်စာကို
အစွဲပြု၍
တောက်၏၊
ထိုမြက်ထင်းလောင်စာ၏
ကုန်ခြင်းကြောင့်လည်းကောင်း၊
တစ်ပါးသော
မီးလောင်စာ၏
မရှိခြင်းကြောင့်လည်းကောင်း
လောင်စာမရှိသည်ဖြစ်၍
ငြိမ်းအေးပြီဟူသောရေတွက်ခြင်းသို့သာလျှင်
ရောက်ပါ၏ဟု
(လျှောက်၏)။
၁၉၂။
ဝစ္ဆ
ဤအတူသာလျှင်
အကြင်
ရုပ်ဖြင့် သတ္တဝါဟူ၍
ပညတ်သော်
ပညတ်ရာ၏၊
ထိုရုပ်ကိုမြတ်စွာဘုရားအား
ပယ်ပြီးဖြစ်၏၊
အမြစ်ပြတ်ပြီးဖြစ်၏၊
ထန်းပင်ငုတ်ကဲ့သို့
ပြုပြီးဖြစ်၏၊
တစ်ဖန်မဖြစ်အောင်
ပြုပြီးဖြစ်၏၊
နောင်တစ်ဖန်
ဖြစ်ခြင်းသဘော
မရှိတော့ချေ။
ဝစ္ဆ
ရုပ်တို့၏
ကောင်းစွာ
ကုန်ခြင်းဖြင့်
လွတ်မြောက်ပြီးသော
မြတ်စွာဘုရားသည်
မဟာသမုဒ္ဒရာကဲ့သို့
နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊
ထက်ဝန်းကျင်
သက်ဝင်နိုင်ခဲ၏၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊ မဖြစ်လည်းမဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်။
အကြင်
ဝေဒနာဖြင့်
သတ္တဝါဟူ၍
ပညတ်သော် ပညတ်ရာ၏၊
ထိုဝေဒနာသည်
မြတ်စွာဘုရားအားပယ်ပြီး
ဖြစ်၏၊ အမြစ်ပြတ်ပြီးဖြစ်၏၊
ထန်းပင်ငုတ်ကဲ့သို့
ပြုပြီးဖြစ်၏၊
တစ်ဖန်မဖြစ်အောင်
ပြုပြီးဖြစ်၏၊
နောင်တစ်ဖန်
ဖြစ်ပေါ်ခြင်းသဘော
မရှိတော့ချေ။
ဝစ္ဆ ဝေဒနာ၏
ကောင်းစွာ
ကုန်ခြင်းဖြင့်
လွတ်မြောက်ပြီးသော
မြတ်စွာဘုရားသည်
မဟာသမုဒ္ဒရာကဲ့သို့
နက်နဲ၏၊
မနှိုင်းယှဉ်အပ်၊
ထက်ဝန်းကျင်
သက်ဝင်နိုင်ခဲ၏၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ဟူသော အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသောအဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊
မဖြစ်လည်း မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်။
အကြင်
သညာဖြင့်
သတ္တဝါဟူ၍
ပညတ်သော်
ပညတ်ရာ၏၊
ထိုသညာသည်
မြတ်စွာဘုရားအားပယ်ပြီးဖြစ်၏၊
အမြစ်ပြတ်ပြီးဖြစ်၏၊
ထန်းပင်ငုတ်ကဲ့သို့
ပြုပြီးဖြစ်၏၊
တစ်ဖန်မဖြစ်အောင်
ပြုပြီးဖြစ်၏၊
နောင်တစ်ဖန်
ဖြစ်ပေါ်ခြင်းသဘော
မရှိတော့ချေ။
ဝစ္ဆ သညာ၏
ကောင်းစွာ ကုန်ခြင်းဖြင့်
လွတ်မြောက်ပြီးသော
မြတ်စွာဘုရားသည်
မဟာသမုဒ္ဒရာကဲ့သို့
နက်နဲ၏၊
မနှိုင်းယှဉ်အပ်၊
ထက်ဝန်းကျင်သက်ဝင်နိုင်ခဲ၏၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသော အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊
မဖြစ်လည်း
မဖြစ်ဟူသောအဖြစ်သို့လည်း
မရောက်၊ (ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊ မဖြစ်သည်လည်း
မဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်။
အကြင်
သင်္ခါရတို့ဖြင့်
သတ္တဝါဟူ၍
ပညတ်သော်
ပညတ်ရာ၏၊
ထိုသင်္ခါရတို့သည်
မြတ်စွာဘုရားအားပယ်ပြီးဖြစ်၏၊
အမြစ်ပြတ်ပြီးဖြစ်၏၊
ထန်းပင်ငုတ်ကဲ့သို့
ပြုပြီးဖြစ်၏၊
တစ်ဖန်မဖြစ်အောင်
ပြုပြီး
ဖြစ်၏၊
နောင်တစ်ဖန်
ဖြစ်ပေါ်ခြင်းသဘော
မရှိတော့ချေ။
ဝစ္ဆ
သင်္ခါရတို့၏
ကောင်းစွာ
ကုန်ခြင်းဖြင့်
လွတ်မြောက်ပြီးသော
မြတ်စွာဘုရားသည်
မဟာသမုဒ္ဒရာကဲ့သို့
နက်နဲ၏၊
မနှိုင်းယှဉ်အပ်၊
ထက်ဝန်းကျင်သက်ဝင်နိုင်ခဲ၏၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊
မဖြစ်လည်း
မဖြစ်ဟူသောအဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်။
အကြင်
ဝိညာဏ်ဖြင့်
သတ္တဝါဟူ၍
ပညတ်သော်
ပညတ်ရာ၏၊ ထိုဝိညာဏ်သည်
မြတ်စွာဘုရားအားပယ်ပြီးဖြစ်၏၊
အမြစ်ပြတ်ပြီးဖြစ်၏၊
ထန်းပင်ငုတ်ကဲ့သို့
ပြုပြီးဖြစ်၏၊
တစ်ဖန်မဖြစ်အောင်
ပြုပြီးဖြစ်၏၊
နောင်တစ်ဖန်
ဖြစ်ပေါ်ခြင်းသဘော
မရှိတော့ချေ။
ဝစ္ဆ ဝိညာဏ်၏
ကောင်းစွာ ကုန်ခြင်းဖြင့်
လွတ်မြောက်ပြီးသော
မြတ်စွာဘုရားသည်
မဟာသမုဒ္ဒရာကဲ့သို့
နက်နဲ၏၊
မနှိုင်းယှဉ်အပ်၊
ထက်ဝန်းကျင်
သက်ဝင်နိုင်ခဲ၏၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်၏ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
မဖြစ်ဟူသော
အဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်လည်း
ဖြစ်၏၊ မဖြစ်လည်း
မဖြစ်ဟူသောအဖြစ်သို့လည်း
မရောက်၊
(ပဋိသန္ဓေအားဖြင့်)
ဖြစ်သည်လည်း
မဟုတ်၊
မဖြစ်သည်လည်း
မဟုတ်ဟူသော
အဖြစ်သို့လည်း
မရောက်။
ဤသို့
မိန့်တော်မူသော်
ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
မြတ်စွာဘုရားကို-
''အသျှင်ဂေါတမဥပမာသော်ကား
ရွာ၏လည်းကောင်း
နိဂုံး၏လည်းကောင်း
မနီးမဝေးသော
အရပ်၌အင်ကြင်းပင်ကြီးသည်
ရှိလေရာ၏၊
ထိုအင်ကြင်းပင်ကြီး၏
မမြဲသောသဘောကြောင့်အခက်အရွက်တို့သည်
ပျက်စီးကုန်ရာ၏၊
အခွံအပွေးတို့သည်
ပျက်စီးကုန်ရာ၏၊
အကာတို့သည်ပျက်စီးကုန်ရာ၏၊
ထိုအင်ကြင်းပင်ကြီးသည်
နောင် အခါ၌
ကင်းသော အခက်အရွက်
ကင်းသောအခွံအပွေး
ကင်းသော အကာရှိသည်ဖြစ်၍
အနှစ်သက်သက်
သာ တည်နေသကဲ့သို့၊
ဤအတူသာလျှင်အသျှင်ဂေါတမ၏
စကားသည်
အခက်အရွက်မှ
ကင်းပါပေ၏၊
အခွံအပွေးမှ
ကင်းပါပေ၏၊
အကာမှကင်းပါပေ၏၊
အနှစ်သက်သက်၌
တည်ပါပေ၏။
အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည်
ယနေ့ ကိုအစပြု၍
အသက်ရှည်သမျှ
ကာလပတ်လုံး
အကျွန်ုပ်ကို
(ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်သော
သူ'ဥပါသကာ'
ဟူ၍
မှတ်တော်မူပါလော့''ဟု
လျှောက်၏။
နှစ်ခုမြောက်
အဂ္ဂိဝစ္ဆသုတ်
ပြီး၏။
------
၃-မဟာဝစ္ဆသုတ်
၁၉၃။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့ကို
အစာကျွေးရာဖြစ်သော
ဝေဠုဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော
ပရိဗိုဇ်သည်
မြတ်စွာဘုရား
ရှိတော်မူရာအရပ်သို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆိုပြီးဆုံးစေပြီးနောက်
သင့်လျော်သော
နေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-
''အကျွန်ုပ်သည်
အသျှင်ဂေါတမနှင့်အတူ
စကားပြောဆိုရဖူးသည်မှာ
ကာလကြာပါပြီ၊
အကျွန်ုပ်
တောင်းပန်ပါ၏၊
အသျှင်ဂေါတမသည်အကျွန်ုပ်အား
အကျဉ်းအားဖြင့်
ကုသိုလ်
အကုသိုလ်ကို
ဟောကြားတော်မူပါလော့''ဟု
လျှောက်ထား၏။
ဝစ္ဆ သင့်အား
အကျဉ်းအားဖြင့်လည်း
ကုသိုလ်
အကုသိုလ်ကို
ငါ ဟောနိုင်၏၊
သင့်အား
အကျယ်အားဖြင့်လည်း
ကုသိုလ်
အကုသိုလ်ကို
ငါ ဟောနိုင်၏။
ဝစ္ဆ
သို့ရာတွင်
သင့်အား
အကျဉ်းအားဖြင့်
ကုသိုလ်အကုသိုလ်ကို
ငါ ဟောပေအံ့၊
ထိုကုသိုလ်
အကုသိုလ်ကို
နာကြားလော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''
ဟူ၍
ဝစ္ဆအနွယ်ဖြစ်သောပရိဗိုဇ်သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၏။
မြတ်စွာဘုရားသည်
ဤစကားကိုမိန့်တော်မူ၏-
၁၉၄။
ဝစ္ဆ
လိုချင်မှု
'လောဘ'သည်
အကုသိုလ်တည်း၊
မလိုချင်မှု
'အလောဘ'သည်
ကုသိုလ်
တည်း။ ဝစ္ဆ
ပြစ်မှားမှု
'ဒေါသ'သည်
အကုသိုလ်တည်း၊
မပြစ်မှားမှု
'အဒေါသ'သည်
ကုသိုလ်တည်း။
ဝစ္ဆတွေဝေမှု
'မောဟ'သည်
အကုသိုလ်တည်း၊
မတွေဝေမှု
'အမောဟ'သည်
ကုသိုလ်တည်း။
ဝစ္ဆ့ဤသို့လျှင်
ဤသုံးပါးကုန်သော
တရားတို့သည်
အကုသိုလ်တို့တည်း၊
ဤသုံးပါးကုန်သော
တရားတို့သည်ကုသိုလ်
တို့တည်း။
ဝဝ္ဆ
အသက်သတ်ခြင်းသည်
အကုသိုလ်တည်း၊
အသက်သတ်ခြင်းမှ
ရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ မပေးသော
ဥစ္စာကို
ခိုးယူခြင်းသည်
အကုသိုလ်တည်း၊
မပေးသော
ဥစ္စာကို
ခိုးယူခြင်းမှရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ ကာမဂုဏ်တို့၌
မှောက်မှားသော
အကျင့်သည် အကုသိုလ်တည်း၊
ကာမဂုဏ်တို့၌
မှောက်မှားသော
အကျင့်မှ
ရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ
မဟုတ်မမှန်
ပြောဆိုခြင်းသည်
အကုသိုလ်တည်း၊
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ
ကုန်းတိုက်စကား
ပြောဆိုခြင်းသည်
အကုသိုလ်တည်း၊
ကုန်းတိုက်စကား
ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ
ကြမ်းသော
စကားကို
ပြောဆိုခြင်းသည်
အကုသိုလ်တည်း၊
ကြမ်းသောစကားကို
ပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ
အဖျင်းပြောခြင်းသည်အကုသိုလ်တည်း၊
အဖျင်းပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်းသည်
ကုသိုလ်တည်း။
ဝစ္ဆ သူတစ်ပါးဥစ္စာကိုရှေးရှုကြံစည်ခြင်းသည်
အကုသိုလ်တည်း၊
သူတစ်ပါးဥစ္စာကို
ရှေးရှု
ကြံစည်ခြင်းမှ
ရှောင်ကြဉ်ခြင်းသည်ကုသိုလ်တည်း။
ဝစ္ဆ
သတ္တဝါတို့ကို
ပျက်စီးစေလိုခြင်းသည်
အကုသိုလ်တည်း၊
မပျက်စီးစေ လိုခြင်းသည်ကုသိုလ်တည်း။
ဝစ္ဆ မှားသော
အမြင်သည်
အကုသိုလ်တည်း၊
မှန်သော
အမြင်သည် ကုသိုလ်တည်း။
ဝစ္ဆ
ဤသို့လျှင်
ဤဆယ်ပါးသော
တရားတို့သည်
အကုသိုလ်တို့တည်း၊
ဤဆယ်ပါးသော
တရားတို့သည်
ကုသိုလ်တို့တည်း။
ဝစ္ဆ
ရဟန်းအား
တဏှာသည်
ပယ်ပြီး
အမြစ်ပြတ်ပြီး
ထန်းပင်ငုတ်ကဲ့သို့ပြုပြီး
တစ်ဖန်မဖြစ်အောင်ပြုပြီးဖြစ်သောကြောင့်
တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော
မရှိသောကြောင့်
ထိုရဟန်းသည်
ရဟန္တာ တည်း၊
ကုန်ပြီးသော
အာသဝေါရှိ၏၊
ကျင့်သုံးပြီးသော
မြတ်သောအကျင့်ရှိ၏၊
ပြုပြီးသော
အမှုရှိ၏၊
ချထားပြီးသော
ဝန်ရှိ၏၊
ရောက်ပြီး ရပြီးသော
မိမိအကျိုးစီးပွါးရှိ၏၊
ကုန်ပြီးသော
သံယောဇဉ်ရှိ၏၊
ကောင်းစွာသိ၍
ကိလေသာမှ
လွတ်ပြီဟု
(မိန့်တော်မူ၏)။
၁၉၅။
အသျှင်ဂေါတမကို
ထားပါဦး၊
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါမရှိသောလွတ်မြောက်သော
'အရဟတ္တဖိုလ်'
စိတ်နှင့် လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို မျက်မှောက်ဘဝ၌သာလျှင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်သော
အသျှင်ဂေါတမ၏
တပည့်ဖြစ်သော
တစ်ပါးသော
ရဟန်းမျှလည်း
ရှိပါ၏လောဟု
(လျှောက်၏)။
ဝစ္ဆ
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါမရှိသော
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေသော ငါ၏
တပည့်ဖြစ်သော
ရဟန်းတို့သည်
တစ်ရာ နှစ်ရာ
သုံးရာလေးရာ
ငါးရာလည်းမက
စင်စစ်အားဖြင့်
လွန်စွာ
များကုန်သည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမကို
ထားပါဦး၊
ရဟန်းတို့ကို
ထားပါဦး၊
အာသဝေါတရားတို့
ကုန်ခြင်းကြောင့်အာသဝေါမရှိသော
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'ပညာ
ကို
မျက်မှောက်
ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍နေနိုင်
သော
အသျှင်ဂေါတမ၏
တပည့်မဖြစ်သော
တစ်ယောက်သော
ရဟန်းမိန်မမျှလည်း
ရှိပါ၏လောဟု
(လျှောက်၏)။
ဝစ္ဆ
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါမရှိသော
လွတ်မြောက်သော'အရဟတ္တဖိုလ်'
စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍ နေနိုင်သော
ငါ၏တပည့်မဖြစ်သော
ရဟန်းမိန်းမတို့သည်
တစ်ရာ နှစ်ရာ
သုံးရာ လေးရာ
ငါးရာလည်းမက
စင်စစ်အားဖြင့်
လွန်စွာ
များကုန်သည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမကို
ထားပါဦး၊
ရဟန်းတို့ကို
ထားပါဦး၊
ရဟန်းမိန်းမတို့ကို
ထားပါဦး၊
အောက်
အဖို့၌ဖြစ်စေတတ်သော
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်ပဋိသန္ဓေတည်နေသော
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော
ထိုဗြဟ္မာ့ပြည်မှ
ဆုတ်နစ်ပြန်လည်ခြင်းသဘောမရှိသော
အသျှင်ဂေါတမ၏
တပည့်ဖြစ်သော
အဝတ်ဖြူကို
ဝတ်သော
မြတ်သော အကျင့်ကို
ကျင့်သော
လူဖြစ်သော တစ်ယောက်သော
ဥပါသကာမျှလည်း
ရှိပါ၏လောဟု (လျှောက်၏)။
ဝစ္ဆ
အောက်အဖို့၌
ဖြစ်စေတတ်သောသံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်ပဋိသန္ဓေတည်နေသော
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော
ထိုဗြဟ္မာ့ပြည်မှ
ဆုတ်နစ်ပြန်
လည်ခြင်းသဘောမရှိသော
ငါ၏
တပည့်ဖြစ်သော
အဝတ် ဖြူကိုဝတ်သော
မြတ်သော
အကျင့်ကို
ကျင့်သော
လူဥပါသကာတို့သည်
တစ်ရာ နှစ်ရာ
သုံးရာ
လေးရာငါးရာလည်းမက
စင်စစ်အားဖြင့်
လွန်စွာ
များကုန်သည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမကို
ထားပါဦး၊
ရဟန်းတို့ကို
ထားပါဦး၊
ရဟန်းမိန်းမတို့ကို
ထားပါဦး၊ အဝတ်ဖြူကိုဝတ်ကုန်သော
မြတ်သော
အကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာတို့ကို
ထားပါဦး၊
ဆရာ့အဆုံးအမ၌ယုံမှားခြင်းကို
လွန်မြောက်ပြီးသည်ဖြစ်၍
သို့လော
သို့လော
တွေးတောခြင်း
ကင်းသည်ဖြစ်၍
ရဲရင့်ခြင်းသို့
ရောက်သည်
ဖြစ်၍
သူတစ်ပါးကြောင့်
ယုံကြည်သူ
မဟုတ်ဘဲ
မြတ်စွာဘုရား
အဆုံးအမ၌
နေသော၊ အဝတ်ဖြူကို
ဝတ်၍
ကာမဂုဏ်ကို ခံစားလျက်
အသျှင်ဂေါတမ၏
အဆုံးအမအတိုင်း
လိုက်နာသော၊
သွန်သင်သည့်အတိုင်း
လိုက်နာသော
လူဥပါသကာတစ်ယောက်မျှလည်း
ရှိပါ၏လောဟု
(လျှောက်၏)။
ဝစ္ဆ
ဆရာ့အဆုံးအမ၌
ယုံမှားခြင်းကို
လွန်မြောက်ပြီးသည်ဖြစ်၍
သို့လော သို့လော
တွေးတောခြင်းကင်းသည်
ဖြစ်၍ ရဲရင့်ခြင်းသို့
ရောက်သည်ဖြစ်၍
သူတစ်ပါးကြောင့်
ယုံကြည်သူ
မဟုတ်ဘဲမြတ်စွာဘုရား
အဆုံး အမ၌
နေသော ငါ၏
တပည့်ဖြစ်သော၊
အဝတ်ဖြူကို
ဝတ်လျက်
ကာမဂုဏ်ကိုခံစားလျက်
အဆုံးအမ
အတိုင်း
လိုက်နာသော၊
သွန်သင်သည့်အတိုင်း
လိုက်နာသောလူဥပါသကာတို့သည်
တစ်ရာ နှစ်ရာ
သုံးရာ လေးရာ
ငါးရာလည်းမက
စင်စစ်အားဖြင့်
လွန်စွာများကုန်သည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမကို
ထားပါဦး၊
ရဟန်းတို့ကို
ထားပါဦး၊
ရဟန်းမိန်းမတို့ကို
ထားပါဦး၊ အဝတ်ဖြူကိုဝတ်သော
မြတ်သောအကျင့်ကို
ကျင့်သော
လူဥပါသကာတို့ကို
ထားပါဦး၊
အဝတ်ဖြူကို ဝတ်သောကာမဂုဏ်ကို
ခံစားသော
လူဥပါသကာတို့ကို
ထားပါဦး၊
အောက်အဖို့၌
ဖြစ်စေတတ်သော
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဗြဟ္မာ့ပြည်၌
ဥပပါတ်ပဋိသန္ဓေတည်နေသော
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော
ထိုဗြဟ္မာ့ပြည်မှ
ဆုတ်နစ်ပြန်လည်ခြင်းသဘောမရှိသော
အသျှင်ဂေါတမ၏
တပည့်မဖြစ်သော
အဝတ်ဖြူကို
ဝတ်သော
မြတ်သော
အကျင့်ကို
ကျင့်သော
လူဥပါသိကာမတစ်ယောက်မျှလည်းရှိပါ၏လောဟု
(လျှောက်၏)။
ဝစ္ဆ
အောက်အဖို့၌
ဖြစ်စေတတ်သော
သံယောဇဉ်ငါးပါးတို့၏
ကုန်ခြင်းကြောင့်
ဗြဟ္မာ့ပြည်၌ဥပပါတ်ပဋိသန္ဓေတည်နေ၍
ထိုဗြဟ္မာ့ပြည်၌
ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော
ထိုဗြဟ္မာ့ပြည်မှ
ဆုတ်နစ်ပြန်လည်ခြင်းသဘော
မရှိသော ငါ၏
တပည့်မဖြစ်သော
အဝတ်ဖြူကို
ဝတ်သော
မြတ်သော
အကျင့်ကိုကျင့်သော
လူဥပါသိကာမတို့သည်
တစ်ရာ နှစ်ရာ
သုံးရာ လေးရာ
ငါးရာလည်းမက
စင်စစ်အားဖြင့်လွန်စွာ
များကုန်သည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမကို
ထားပါဦး၊
ရဟန်းတို့ကို
ထားပါဦး၊
ရဟန်းမိန်းမတို့ကို
ထားပါဦး၊ အဝတ်ဖြူကိုဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာတို့ကို
ထားပါဦး၊ အဝတ်ဖြူကိုဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသကာတို့ကို
ထားပါဦး၊
အဝတ်ဖြူကို
ဝတ်ကုန်သောမြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသိကာမတို့ကို
ထားပါဦး၊
ဆရာ့အဆုံးအမ၌
ယုံမှားခြင်းကိုလွန်မြောက်ပြီးသည်ဖြစ်၍
သို့လော
သို့လော တွေးတောခြင်း
ကင်းသည်ဖြစ်၍
ရဲရင့်ခြင်းသို့
ရောက်သည့်ဖြစ်၍
သူတစ်ပါးကြောင့်
ယုံကြည်သူမဟုတ်ဘဲ
မြတ်စွာဘုရား
အဆုံးအမ၌
နေသော၊ အသျှင်ဂေါတမ၏တပည့်မဖြစ်သော၊
အဝတ်ဖြူကို ဝတ်၍
ကာမဂုဏ်ကို
ခံစားလျက်
အဆုံးအမအတိုင်း
လိုက်နာသော၊
သွန်သင်သည့်အတိုင်း
လိုက်နာသော
လူဥပါသိကာမတစ်ယောက်မျှလည်း
ရှိပါ၏လောဟု
(လျှောက်၏)။
ဝစ္ဆ
ဆရာ့အဆုံးအမ၌
ယုံမှားခြင်းကို
လွန်မြောက်ပြီးသည်ဖြစ်၍
သို့လော
သို့လော တွေးတောခြင်းကင်းသည်ဖြစ်၍
ရဲရင့်ခြင်းသို့
ရောက်သည်ဖြစ်၍
သူတစ်ပါးကြောင့်
ယုံကြည်သူမဟုတ်ဘဲ
မြတ်စွာဘုရားအဆုံးအမ၌
နေသော၊ ငါ၏
တပည့်မဖြစ်သေ
အဝတ်ဖြူကို
ဝတ်၍ ကာမဂုဏ်ကို
ခံစားလျက်
အဆုံးအမအတိုင်း
လိုက်နာသော၊
သွန်သင်သည့်အတိုင်း
လိုက်နာသော
လူဥပါသိကာမတို့သည်
တစ်ရာ
နှစ်ရာသုံးရာ
လေးရာ
ငါးရာလည်းမက
စင်စစ်အားဖြင့်
လွန်စွာ များကုန်သည်သာတည်းဟု
(မိန့်တော်မူ၏)။
၁၉၆။
အသျှင်ဂေါတမ
ဤတရားကို
အကယ်၍
အသျှင်ဂေါတမသာလျှင်
ပြည်စုံစေနိုင်၍
ရဟန်းတို့သည်
မပြည့်စုံစေနိုင်ကုန်ငြားအံ့၊
ထိုအကြောင်းကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့
ပြည့်စုံခြင်းမဖြစ်ရာ။
အသျှင်ဂေါတမ
ဤတရားကို
အသျှင်ဂေါတမလည်း
ပြည်စုံစေနိုင်၍
ရဟန်းတို့လည်း
ပြည့်စုံစေနိုင်ကုန်သောကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့
ပြည့်စုံ၏။
အသျှင်ဂေါတမ
ဤတရားကို
အကယ်၍
အသျှင်ဂေါတမနှင့်
ရဟန်းတို့သာ
ပြည့်စုံစေနိုင်၍
ရဟန်းမိန်းမတို့သည်
မပြည့်စုံစေနိုင်ကုန်ငြားအံ့၊
ထိုအကြောင်းကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့ပြည့်စုံ
ခြင်း
မဖြစ်ရာ။
အသျှင်ဂေါတမ
ဤတရားကို
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမတို့လည်း
ပြည်စုံစေနိုင်ကုန်သောကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့ ပြည့်စုံ၏။
အသျှင်ဂေါတမ
ဤတရားကို
အကယ်၍
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမတို့သာ
ပြည်စုံစေနိုင်ကုန်၍
အဝတ်ဖြူကို
ဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာတို့သည်မပြည့်စုံစေနိုင်ကုန်ငြားအံ့၊
ထိုအကြောင်းကြောင့်
ဤမြတ်သောအကျင့်သည်
ဤသို့
ပြည့်စုံခြင်း
မဖြစ်ရာ။
အသျှင်ဂေါတမ
ဤတရားကို
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကို
ဝတ် ကုန်သောမြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာတို့သည်လည်း
ပြည့်စုံစေနိုင်ကုန်သောကြောင့်ဤမြတ်သော
အကျင့်သည်
ဤသို့ ပြည့်စုံ၏။
အသျှင်ဂေါတမ
ဤတရားကို
အကယ်၍
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကိုဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာတို့သာ
ပြည်စုံစေနိုင်ကုန်၍
အဝတ်ဖြူကိုဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသကာတို့သည်
မပြည့်စုံစေနိုင်ကုန်ငြားအံ့၊
ထိုအကြောင်းကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့
ပြည့်စုံခြင်း
မဖြစ်ရာ။
အသျှင်ဂေါတမ
ဤတရားကို
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကို
ဝတ်ကုန်သောမြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
ကာမဂုဏ်ကို ခံစားကုန်သော
လူဥပါသကာတို့လည်း
ပြည့်စုံစေနိုင်ကုန်သောကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့
ပြည့်စုံ၏။
အသျှင်ဂေါတမ
ဤတရားကို
အကယ်၍
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကိုဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသကာတို့သာ
ပြည့်စုံစေနိုင်ကုန်၍
အဝတ်ဖြူကို
ဝတ်ကုန်သော မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသိကာမတို့သည်
မပြည့်စုံစေနိုင်ကုန်ငြားအံ့၊
ထိုအကြောင်းကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့
ပြည့်စုံခြင်း
မဖြစ်ရာ။
အသျှင်ဂေါတမ
ဤတရားကို
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကို
ဝတ်ကုန်သောမြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစား့ကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသိကာမတို့လည်း
ပြည့်စုံစေနိုင်ကုန်သောကြောင့်
ဤမြတ်သော
အကျင့်သည်
ဤသို့ ပြည့်စုံ၏။
အသျှင်ဂေါတမ
ဤတရားကို
အကယ်၍
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကိုဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို ဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သောလူဥပါသိကာမတို့သာ
ပြည့်စုံစေနိုင်ကုန်သည်ဖြစ်၍
အဝတ်ဖြူကို ဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသိကာမတို့သည်
မပြည့်စုံစေနိုင်ကုန်ငြားအံ့၊
ထိုအကြောင်းကြောင့်
ဤမြတ်သောအကျင့်သည်ဤသို့ပြည့်စုံခြင်း
မဖြစ်ရာ။
အသျှင်ဂေါတမ
ဤတရားကို
အသျှင်ဂေါတမနှင့်
ရဟန်း၊
ရဟန်းမိန်းမ၊
အဝတ်ဖြူကို
ဝတ်ကုန်သောမြတ်သောအကျင့်ကို
ကျင့်ကုန်သော
လူဥပါသကာ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသကာ၊ အဝတ်ဖြူကို
ဝတ်ကုန်သော
မြတ်သောအကျင့်ကို
ကျင့်ကုန်သောလူဥပါသိကာမ၊
အဝတ်ဖြူကို
ဝတ်ကုန်သော
ကာမဂုဏ်ကို
ခံစားကုန်သော
လူဥပါသိကာမတို့လည်းပြည့်စုံစေနိုင်ကုန်သော
ကြောင့်
မြတ်သော
အကျင့်သည်
ဤသို့
ပြည့်စုံ၏။
၁၉၇။
အသျှင်ဂေါတမ
ဥပမာသော်ကား
ဂင်္ဂါမြစ်သည်
သမုဒ္ဒရာသို့
ညွတ်၍ သမုဒ္ဒရာသို့
ကိုင်း၍သမုဒ္ဒရာသို့
ရှိုင်း၍
သမုဒ္ဒရာကို
ဦးဆိုက်၍
တည်သကဲ့သို့၊
ဤအတူ
အသျှင်ဂေါတမ၏
ရဟန်းရှင်လူနှင့်တကွသော
ဤပရိသတ်သည်
နိဗ္ဗာန်သို့
ညွတ်၏၊
နိဗ္ဗာန်သို့
ကိုင်း၏၊
နိဗ္ဗာန်သို့
ရှိုင်း၏၊ နိဗ္ဗာန်ကိုဦးဆိုက်၍
တည်၏။
အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။
ထိုအကျွန်ုပ်သည်
အသျှင်ဂေါတမကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊ ရဟန်းအပေါင်းကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
အကျွန်ုပ်သည်
အသျှင်ဂေါတမ၏
အထံ၌ရှင်အဖြစ်ကို
ရလိုပါ၏၊
ပဉ္စင်းအဖြစ်ကို
ရလိုပါ၏ဟု
(လျှောက်ထား၏)။
ဝစ္ဆ
သာသနာတော်မှတစ်ပါး
အခြားအယူဝါဒရှိသော
တိတ္ထိတို့အထံ၌
ရဟန်းပြုဖူးသော
အကြင်သူ
သည်ဤသုတ်
အဘိဓမ္မာ
ဝိနည်းတည်းဟူသော
သာသနာတော်၌
ရှင်အဖြစ်ကို
အလိုရှိငြားအံ့၊
ပဉ္စင်းအဖြစ်
ကိုအလိုရှိငြားအံ့၊
ထိုသူသည်
လေးလတို့ပတ်လုံး
(အစမ်းကျင့်သုံးမှု)
ပရိဝါသ်နေရ၏၊
လေးလလွန်သဖြင့်နှစ်သက်အားရသော
စိတ်ရှိကြကုန်သော
ရဟန်းတို့သည်
ရှင်ပြုကြကုန်လတ္တံ့၊
ရဟန်းဖြစ်ခြင်းငှါ
ပဉ္စင်းခံပေးကြကုန်လတ္တံ့၊
သို့ပင်ဖြစ်လင့်ကစား
ဤအရာ၌ ငါသည်
ပုဂ္ဂိုလ်၏ ထူးခြားသည့်
အဖြစ်ကိုသိတော်မူအပ်ပေ၏ဟု
(မိန့်တော်
မူ၏)။
အသျှင်ဘုရား
အကယ်၍
သာသနာတော်မှတစ်ပါး
အခြားအယူဝါဒရှိသော
တိတ္ထိတို့အထံ၌
ရဟန်းပြုဖူးသောသူသည်
ဤသုတ်
အဘိဓမ္မာ
ဝိနည်းတည်းဟူသော
သာသနာတော်၌
ရှင်အဖြစ်ကို
အလိုရှိကုန်လတ်သော်
ပဉ္စင်းအဖြစ်ကို
အလိုရှိကုန်လတ်သော်
လေးလတို့ပတ်လုံး
ပရိဝါသ်နေကြရကုန်ငြားအံ့၊
လေးလလွန်သဖြင့်
နှစ်သက်အားရသော
စိတ်ရှိကြကုန်သော
ရဟန်းတော်တို့သည်
ရှင်ပြု၍
ပေးကုန်ငြားအံ့၊
ရဟန်းဖြစ်ခြင်းငှါ
ပဉ္စင်းခံ၍
ပေးကုန်ငြားအံ့။
(သို့ဖြစ်ခဲ့သော်)
အကျွန်ုပ်သည်
လေးနှစ်တို့ပတ်လုံးပရိဝါသ်နေပါအံ့၊
လေးနှစ်တို့ကို
လွန်သဖြင့်
နှစ်သက်အားရသော
စိတ်ရှိကုန်သော
ရဟန်းတို့သည်
ရှင်ပြုတော်မူကြပါစေကုန်သတည်း၊
ရဟန်းဖြစ်ခြင်းငှါ
ပဉ္စင်းခံ၍
ပေးကြပါစေကုန်သတည်းဟု
(လျှောက်၏)။
ဝစ္ဆဂေါတ္တပရိဗိုဇ်သည်
မြတ်စွာဘုရား၏
အထံတော်၌
ရှင်အဖြစ်ကို
ရပြီ၊
ပဉ္စင်းအဖြစ်ကို
ရပြီ။
ရဟန်းပြု၍
မကြာမြင့်သေးသော
ပဉ္စင်းဖြစ်၍
လဝက်သာရှိသေးသော
အသျှင်ဝစ္ဆဂေါတ္တသည်
မြတ်စွာဘုရားထံ
ချဉ်းကပ်၍
ရိုသေစွာ
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်ကာ
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
ကျင့်ဆဲ'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဉာဏ်, ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဝိဇ္ဇာဖြင့် ရောက်သင့်ရောက်ထိုက်သော
တရားသို့
အကျွန်ုပ်
ကပ်ရောက်ပါပြီ၊
မြတ်စွာဘုရားသည်
အကျွန်ုပ်အား
ထို့ထက်လွန်မြတ်သော
တရားကို
ဟောတော်မူပါဦးလော့''ဟု
(လျှောက်၏)။
ဝစ္ဆ
ထိုသို့ဖြစ်မူ
သမထဘာဝနာ,
ဝိပဿနာဘာဝနာ
ဤနှစ်ပါးသော
တရားတို့ကို
သင်သည်တစ်ဆင့်တက်၍
ပွါးများလော့၊
ဝစ္ဆ သင်သည်
သမထဘာဝနာ,
ဝိပဿနာဘာဝနာဟူသော
ဤနှစ်ပါးသော
တရားတို့ကို
တစ်ဆင့်တက်၍
ပွါးများသည်ရှိသော်
များစွာသော ဓာတ်တို့ကို
ထိုးထွင်း၍
သိခြင်းငှါဖြစ်လတ္တံ့။
၁၉၈။
ဝစ္ဆ
''များသော
အစီအရင်ရှိသော
တန်ခိုးဖန်ဆင်းခြင်းကို
အဖန်ဖန်
အစဉ်ခံစားနိုင်
(ပြီးစေနိုင်)
ရာ၏၊
တစ်ယောက်တည်းဖြစ်လျက်လည်း
အများဖြစ်နိုင်ရာ၏၊
အများဖြစ်လျက်လည်း
တစ်ယောက်တည်း
ဖြစ်နိုင်ရာ၏၊
ကိုယ်ထင်ရှားဖြစ်စေနိုင်ရာ၏၊
ကိုယ်ကို
ပျောက်ကွယ်စေနိုင်ရာ၏၊
နံရံတစ်ဖက်သို့လည်းကောင်း၊
တံတိုင်းတစ်ဖက်သို့လည်းကောင်း၊
တောင်တစ်ဖက်သို့လည်းကောင်း
မထိပါးဘဲ
ကောင်းကင်၌ကဲ့သို့
သွားလာနိုင်ရာ၏၊
မြေ၌လည်း
ငုတ်ခြင်း
ပေါ်ခြင်းကို
ရေ၌ကဲ့သို့
ပြုနိုင်ရာ၏၊
ရေ၌လည်းမနစ်မြုပ်ဘဲ
မြေအပြင်၌ကဲ့သို့
သွားလာနိုင်ရာ၏၊
ကောင်းကင်၌လည်း
ထက်ဝယ်ဖွဲ့ခွေသဖြင့်
အတောင်ရှိသော
ငှက်ကဲ့သို့
သွားနိုင်ရာ၏၊
ဤသို့
ကြီးသော
တန်ခိုးကြီးသော
အာနုဘော်ရှိကုန်သော
ဤလနေတို့ကိုသော်လည်း
လက်ဖြင့်
သုံးသပ်နိုင်ရာ၏၊
ဆုပ်ကိုင်နိုင်ရာ၏၊
ဗြဟ္မာ့ပြည်တိုင်အောင်လည်း
ကိုယ်ဖြင့်
မိမိအလိုအတိုင်း
ဖြစ်စေနိုင်ရာ၏ဟု
သင်အလိုရှိသမျှသော
ထိုထို (တန်ခိုး
အမျိုးမျိုးဖန်ဆင်းခြင်း)
ရာတို့၌ပင်သတိတည်းဟူသော
အကြောင်းရှိလတ်သော်
သက်သေခံထိုက်သည့်အဖြစ်သို့
ရောက်လတ္တံ့။
(၁)
ဝစ္ဆ
''လူတို့၏
နားထက်
သာလွန်သော
အထူးသဖြင့်
စင်ကြယ်သော
နတ်တို့၏
နားနှင့်
တူသောသောတဓာတ်ဖြင့်
လူ၌ဖြစ်သောအသံ
နတ်၌ဖြစ်သောအသံ
အဝေး၌ဖြစ်သောအသံ
အနီး၌ဖြစ်သောအသံဟုဆိုအပ်ကုန်သော
အကြင်နှစ်ပါးသော
အသံတို့ကို
ကြားနိုင်ရာ၏''ဟု
သင်အလိုရှိသမျှသော
ထိုထိုအရာတို့၌ပင်
သတိတည်းဟူသော
အကြောင်းရှိလတ်သော်
သက်သေခံထိုက်သည့်အဖြစ်သို့
ရောက်လတ္တံ့။
(၂)
ဝစ္ဆ
''မိမိ၏
စိတ်ဖြင့်
တစ်ပါးသော သတ္တဝါ
တစ်ပါးသော
ပုဂ္ဂိုလ်တို့၏
စိတ်ကို
ပိုင်းခြား၍
သိနိုင်ရာ၏၊
ရာဂနှင့်
တကွဖြစ်သော
စိတ်ကိုလည်း
'ရာဂနှင့်
တကွဖြစ်သော စိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
ရာဂကင်းသော
စိတ်ကိုလည်း
'ရာဂကင်းသော
စိတ်'ဟု ပိုင်းခြား၍
သိနိုင်ရာ၏၊
ဒေါသနှင့်
တကွဖြစ်သော
စိတ်ကိုလည်း
'ဒေါသနှင့်
တကွဖြစ်သော
စိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
ဒေါသကင်းသော
စိတ်ကိုလည်း
'ဒေါသကင်းသော
စိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
မောဟနှင့်
တကွဖြစ်သော
စိတ်ကိုလည်း'မောဟနှင့်
တကွဖြစ်သော
စိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
မောဟကင်းသော
စိတ်ကိုလည်း
'မောဟကင်းသော
စိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
တွန့်သော
စိတ်ကိုလည်း
'တွန့်သော
စိတ်'ဟု
ပိုင်းခြား၍သိနိုင်ရာ၏၊
ပျံ့လွင့်သော
စိတ်ကိုလည်း
'ပျံ့လွင့်သော
စိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
မြတ်သောစိတ်ကိုလည်း
'မြတ်သောစိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏၊
အမြတ်မဟုတ်သော
စိတ်ကိုလည်း
'အမြတ်မဟုတ်သော
စိတ်'ဟု ပိုင်းခြား၍
သိနိုင်ရာ၏၊
မိမိထက်
လွန်မြတ်သော
စိတ်ရှိသော
(လောကီ)
စိတ်ကိုလည်း
'မိမိထက်
လွန်မြတ်သော
စိတ်ရှိသော
(လောကီ)
စိတ်'ဟု ပိုင်းခြား၍
သိနိုင်ရာ၏၊
မိမိထက်
လွန်မြတ်သော
စိတ်မရှိသော
လောကုတ္တရာစိတ်ကိုလည်း
'မိမိထက်
လွန်မြတ်သော
စိတ်မရှိသော
လောကုတ္တရာစိတ်'ဟု
ပိုင်းခြား၍
သိနိုင်ရာ၏။
တည်ကြည်သော
စိတ်ကိုလည်း
'တည်ကြည်သော
စိတ်'ဟုပိုင်းခြား၍
သိနိုင်ရာ၏၊
မတည်ကြည်သော
စိတ်ကိုလည်း
'မတည်ကြည်သော
စိတ်'ဟု
ပိုင်းခြား၍သိနိုင်ရာ၏။
ကိလေသာမှ
လွတ်သော
စိတ်ကိုလည်း
'ကိလေသာမှ လွတ်သော
စိတ်'ဟု
ပိုင်းခြား၍သိနိုင်ရာ၏၊
ကိလေသာမှ
မလွတ်သော
စိတ်ကိုလည်း
'ကိလေသာမှ
မလွတ်သော
စိတ်'ဟု
ပိုင်းခြား၍သိနိုင်ရာ၏''ဟု
သင်အလိုရှိသမျှသော
ထိုထိုအရာတို့၌ပင်
သတိတည်းဟူသော
အကြောင်းရှိလတ်သော်သက်သေခံထိုက်သည့်အဖြစ်သို့
ရောက်လတ္တံ့။
(၃)
ဝစ္ဆ
''များသော
အစီအရင်ရှိသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်ရာ၏၊
ဤ ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ဟူသည်
အဘယ်နည်း-
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း၊
သုံးဘဝတို့ကိုလည်းကောင်း၊
လေးဘဝတို့ကိုလည်းကောင်း၊
ငါးဘဝတို့ကိုလည်းကောင်း၊
ဆယ်ဘဝတို့ကိုလည်းကောင်း၊
နှစ်ဆယ်သော
ဘဝတို့ကိုလည်းကောင်း၊
သုံးဆယ်သော
ဘဝတို့ကိုလည်းကောင်း၊
လေးဆယ်သော
ဘဝတို့ကိုလည်းကောင်း၊
ငါးဆယ်သောဘဝတို့ကိုလည်းကောင်း၊
တစ်ရာသောဘဝကိုလည်းကောင်း၊
တစ်ထောင်သောဘဝကိုလည်းကောင်း၊
တစ်သိန်းသောဘဝကိုလည်းကောင်း၊
များစွာသောပျက်ဆဲ
'သံဝဋ္ဋ'ကပ်တို့ကိုလည်းကောင်း၊
များစွာသော
ဖြစ်ဆဲ
'ဝိဝဋ္ဋ'ကပ်တို့ကိုလည်းကောင်း၊
များစွာသောပျက်ဆဲ
ဖြစ်ဆဲ
'သံဝဋ္ဋဝိဝဋ္ဋ'ကပ်တို့ကိုလည်းကောင်း
အောက်မေ့နိုင်၏၊
'ဤမည်သော ဘဝ၌
ဤသို့သောအမည်
ဤသို့သောအနွယ်
ဤသို့သောအဆင်း
ဤသို့သောအစာ
အာဟာရရှိသည်
ဤသို့သောချမ်းသာဆင်းရဲကို
ခံစားရသည် ဤသို့သော
အသက်အပိုင်းအခြားရှိသည်
ဖြစ်ဖူးပြီ၊
ထိုငါသည်
ထိုဘဝမှစုတေခဲ့၍
ဤဘဝ၌ ကပ်ရောက်ခဲ့၏'ဟူ၍
ဤသို့ အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များစွာသော
အစီအရင်ရှိသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်ရာ
၏''ဟုသင်အလိုရှိသမျှသော
ထိုထိုအရာတို့၌ပင်
သတိတည်းဟူသော
အကြောင်းရှိလတ်သော်
သက်သေခံထိုက်သည့်
အဖြစ်သို့
ရောက်လတ္တံ့။
(၄)
ဝစ္ဆ
''လူတို့၏
မျက်စိအမြင်ထက်
သာလွန်သော
အထူးသဖြင့်
စင်ကြယ်သော နတ်မျက်စိနှင့်
တူသောဉာဏ်မျက်စိ
'ဒိဗ္ဗစက္ခု'
ဖြင့်
စုတေဆဲသတ္တဝါ
ပဋိသန္ဓေနေဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သော
သတ္တဝါအဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလာရားရှိသော
သတ္တဝါတို့ကို
မြင်ရာ၏၊ ကံအားလျော်စွာ
ကပ်ရောက်ကြရကုန်သော
သတ္တဝါတို့ကိုအပြားအားဖြင့်
သိနိုင်ရာ၏။
'အချင်းတို့
ဤသတ္တဝါတို့သည်
ကာယဒုစရိုက်နှင့်လည်း
ပြည့်စုံကုန်၏၊
ဝစီဒုစရိုက်နှင့်လည်း
ပြည့်စုံကုန်၏၊
မနောဒုစရိုက်နှင့်လည်း
ပြည့်စုံကုန်၏၊
အရိယာသူတော်သူမြတ်တို့ကို
စွပ်စွဲ
ကဲ့ရဲ့တတ်ကုန်၏၊
မှားသော
အယူရှိကုန်၏၊
မှားသောအယူ၏
အစွမ်းဖြင့်ပြုအပ်သော
ကံရှိကုန်၏၊
ထိုသတ္တဝါတို့သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ချမ်းသာကင်းသော
မကောင်းမှု
ပြုသူတို့
လားရာဖြစ်သော
ဖရိုဖရဲကျရာဖြစ်သော
ငရဲသို့
ကပ်ရောက်ကြရကုန်၏။
အချင်းတို့
ဤသတ္တဝါတို့သည်ကား
ကာယသုစရိုက်နှင့်လည်း
ပြည့်စုံကုန်၏၊
ဝစီသုစရိုက်နှင့်လည်းပြည့်စုံကုန်၏၊
မနောသုစရိုက်နှင့်လည်း
ပြည့်စုံကုန်၏၊
အရိယာသူတော်သူမြတ်တို့ကို
မစွပ်စွဲတတ်
မကဲ့ရဲ့တတ်ကုန်၊
မှန်သော
အယူရှိကုန်၏၊
မှန်သော အယူ၏
အစွမ်းဖြင့်
ပြုအပ်သောကံကို
ရှိကုန်၏၊
ထိုသတ္တဝါတို့သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းမှုကို
ပြုသောသူတို့၏
သွားရောက်ရာကောင်းမြတ်သော
ရူပါရုံ
စသည်တို့၏
တည်ရာဖြစ်သော
နတ်ပြည်သို့
ကပ်ရောက်ကြရကုန်၏'
ဟူ၍ ဤသို့
လူတို့၏မျက်စိထက်
သာလွန်သော
အထူးသဖြင့်
စင်ကြယ်သော
နတ်မျက်စိနှင့်တူသော
အဘိညာဉ်မျက်စိဖြင့်
စုတေဆဲသတ္တဝါ
ပဋိသန္ဓေနေဆဲသတ္တဝါ
ယုတ်သော
သတ္တဝါ
မြတ်သော
သတ္တဝါ အဆင်းလှသောသတ္တဝါ
အဆင်းမလှသော
သတ္တဝါ
ကောင်းသော
လားရာရှိသောသတ္တဝါ
မကောင်းသောလာရားရှိသောသတ္တဝါတို့ကို
မြင်ရာ၏၊
ကံအားလျော်စွာ
ကပ်ရောက်ကြရကုန်သော
သတ္တဝါတို့ကို
အပြားအားဖြင့်သိနိုင်
ရာ၏''ဟု သင်
အလိုရှိသမျှသော
ထိုထိုအရာတို့၌ပင်
သတိဟူသော
အကြောင်းရှိလတ်သော်သက်သေခံ
ထိုက်သည့်
အဖြစ်သို့
ရောက်လတ္တံ့။
(၅)
ဝစ္ဆ
''အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါမရှိသော
လွတ်မြောက်သော
'အရဟတ္တဖိုလ်'စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်သိ၍
မျက်မှောက်ပြုကာ
နေနိုင်ရာ၏''ဟု
သင်
အလိုရှိသမျှသော
ထိုထိုအရာတို့၌ပင်
သတိဟူသော
အကြောင်းရှိလတ်သော်
သက်သေခံထိုက်သည့်အဖြစ်သို့
ရောက်လတ္တံ့ဟု
(မိန့်တော်မူ၏)။
(၆)
၁၉၉။
ထိုအခါ
အသျှင်ဝစ္ဆဂေါတ္တသည်
ဘုရားသျှင်ဟောကြားသည်တရားကို
အလွန်နှစ်သက်ဝမ်းမြောက်၍
နေရာမှ ထကာ
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုးလျက်
အရိုအသေ ပြု၍
ဖဲသွားလေ၏။
ထို့နောက်
အသျှင်ဝစ္ဆဂေါတ္တသည်
တစ်ပါးတည်း
ဆိတ်ငြိမ်ရာသို့
ကပ်လျက်
မမေ့မလျော့လုံ့လရှိသည်ဖြစ်၍
(နိဗ္ဗာန်)
သို့ စေလွှတ်အပ်သော
စိတ်ရှိလျက်
နေသည်ရှိသော်
မကြာမြင့်မီပင်လျှင်
လူ့ဘောင်မှရဟန်းဘောင်၌
ရဟန်းပြုကုန်သော
အမျိုးကောင်းသားများ
မျှော်လင့်ထားကြသည့်
အတုမဲ့သောမြတ်သောအကျင့်၏
ဆုံးခန်းတိုင်ရောက်မှုကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုကာပြည့်စုံစေ၍
နေ၏၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကို
ပြုပြီးပြီ၊
ဤအရဟတ္တဖိုလ်ဟူသော
အကျိုးငှါ
တစ်ပါးသော
ပြုဖွယ်ကိစ္စ
မရှိပြီ''ဟု သိရှိပြီ။
အသျှင်ဝစ္ဆဂေါတ္တသည်
ရဟန္တာတို့တွင်
တစ်ပါးအပါအဝင်
ဖြစ်လေ၏။
၂၀၀။
ထိုအခါ
များစွာကုန်သော
ရဟန်းတို့သည်
မြတ်စွာဘုရားကို
ဖူးမြင်ရန်အလို့ငှါ
ကြွသွား
ကုန်၏၊
အသျှင်ဝစ္ဆဂေါတ္တသည်
အဝေးကသာလျှင်
ကြွလာကုန်သော
ထိုရဟန်းတို့ကို
မြင်လေ၏၊
မြင်သောကြောင့်
ထိုရဟန်းတို့ရှိရာ
အရပ်သို့
ချဉ်းကပ်ပြီးလျှင်
ထိုရဟန်းတို့ကို
''အသျှင်တို့
သင်တို့သည်အဘယ်အရပ်သို့
ကြွကုန်အံ့နည်း''ဟု
ဤစကားကို လျှောက်၏။
ငါ့သျှင်
ငါတို့သည်
မြတ်စွာဘုရားကိုဖူးမြင်ရန်အလို့ငှါ
သွားကုန်အံ့ဟု
(ဆိုကုန်၏)။
ထိုသို့ဖြစ်ပါမူ
အသျှင်တို့သည်
အကျွန်ုပ်၏
စကားဖြင့်မြတ်စွာဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါကုန်လော့၊
''အသျှင်ဘုရား
ဝစ္ဆဂေါတ္တရဟန်းသည်မြတ်စွာဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏၊
'အကျွန်ုပ်သည်
မြတ်စွာဘုရားကို
လုပ်ကျွေးပြီးပါပြီ၊
အကျွန်ုပ်သည်
စကား ကောင်းကိုသာ
ဆိုတော်မူတတ်သော
မြတ်စွာဘုရားကို
လုပ်ကျွေးပြီးပါပြီ'ဟုဤသို့လည်း
လျှောက်
ထားကြပါကုန်လော့''ဟု
(လျှောက်၏)။
''ငါ့သျှင်
ကောင်းပါပြီ''ဟုတိုရဟန်းတို့သည်
အသျှင်ဝစ္ဆဂေါတ္တ
အား
ပြန်ကြားကြကုန်ပြီ။
ထိုအခါ
ထိုရဟန်းတို့သည်
မြတ်စွာဘုရား
ရှိတော်မူရာအရပ်သို့
ချဉ်းကပ်ကြကုန်၍
မြတ်စွာဘုရားကိုအလွန်ရိုသေစွာ
ရှိခိုး၍
သင့်တင့်လျောက်ပတ်သော
အရပ်၌
နေပြီးသော
ထိုရဟန်းတို့သည်
မြတ်စွာဘုရားကို
''အသျှင်ဘုရား
ဝစ္ဆဂေါတ္တသည်
မြတ်စွာဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏၊
'အကျွန်ုပ်သည်မြတ်စွာဘုရားကို
လုပ်ကျွေးပြီးပါပြီ၊
အကျွန်ုပ်သည်
စကားကောင်းကိုသာ
ဆိုတော်မူတတ်သောမြတ်စွာဘုရားကို
လုပ်ကျွေးပြီးပါပြီ'ဟု
ဤသို့လည်း
လျှောက်ထားပါဦး''ဟု
မှာဆိုလိုက်ပါ၏ဟု
မြတ်စွာဘုရားအား
ဤစကားကို
လျှောက်ထားကုန်ပြီ။
ငါသည်
ရှေးဦးမဆွကပင်
ဝစ္ဆဂေါတ္တရဟန်း၏
စိတ်ကိုငါ၏
စိတ်ဖြင့်
''ဝစ္ဆဂေါတ္တရဟန်းသည်
ဝိဇ္ဇာသုံးပါးနှင့်
ပြည့်စုံ၏၊
ကြီးသောတန်ခိုး
ကြီးသောအာနုဘော်ရှိ၏''ဟု
ပိုင်းခြား၍
သိအပ်ပြီ။ နတ်တို့သည်လည်း
ငါ့အား
''အသျှင်ဘုရား
ဝစ္ဆဂေါတ္တရဟန်းသည်
ဝိဇ္ဇာသုံးပါးနှင့်
ပြည့်စုံ၏၊
ကြီးသောတန်ခိုး
ကြီးသောအာနုဘော်
ရှိ၏''ဟု
ဤအကြောင်းကို
လျှောက်ထားကြကုန်ပြီဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောကြားတော်မူပြီ။
ထိုရဟန်းတို့သည်
မြတ်စွာဘုရား၏စကားတော်ကို
ဝမ်းမြောက်ဝမ်းသာ
လွန်စွာ
နှစ်သက်ကြကုန်ပြီ။
သုံးခုမြောက်
မဟာဝစ္ဆသုတ်
ပြီး၏။
------
၄-ဒီဃနခသုတ်
၂၀၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ဂိဇ္ဈကုဋ်တောင်တွင်
သူကရခတလိုဏ်၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ဒီဃနခပရိဗိုဇ်သည်
မြတ်စွာဘုရား
ရှိတော်မူရာအရပ်သို့
ချဉ်းကပ်၍
မြတ်စွာ့ဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်သော
စကားကိုပြောဆိုပြီးဆုံးစေ၍
သင့်လျော်ရာအရပ်၌
ရပ်တည်လေပြီးသော
ဒီဃနခပရိဗိုဇ်သည်
မြတ်စွာဘုရားအား-''အသျှင်ဂေါတမ
အကျွန်ုပ်သည်
အယူအားလုံးကို
မနှစ်သက်ဟု
ဤသို့
ဆိုလေ့ရှိပါ၏၊
ဤသို့
ယူလေ့ရှိပါ၏''ဟု
လျှောက်ထား၏။
အဂ္ဂိဝေဿန
''အယူအားလုံးကို
အကျွန်ုပ်
မနှစ်သက်''
ဟူသော သင်၏
အယူကိုမျှလည်း
သင်မနှစ်သက်
သလောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ
ထိုအယူကိုလည်း
အကျွန်ုပ်နှစ်သက်ငြားအံ့
''ထိုအယူအားလုံးကို
မနှစ်သက်ဟူသော
စကားသည်လည်း
ထိုနှစ်သက်ပါသည်ဟူသောစကားနှင့်
အလားတူပင်
ဖြစ်ရာ၏၊
ထိုအယူ အားလုံးကို
မနှစ်သက်ဟူသော
စကားသည်လည်း
ထိုနှစ်သက်ပါသည်ဟူသော
စကားနှင့်
အလားတူပင်
ဖြစ်ရာ၏''ဟု
(လျှောက်ထား၏)။
အဂ္ဂိဝေဿန
လောက၌
''ထိုအယူအားလုံးကို
မနှစ်သက်ဟူသော
စကားသည်လည်း
ထိုနှစ်သက်ပါ
သည်ဟူသော
စကားနှင့်
အလားတူပင်
ဖြစ်ရာ၏၊
ထိုအယူအားလုံးကို
မနှစ်သက်ဟူသော
စကားသည် လည်းထိုနှစ်သက်ပါသည်ဟူသော
စကားနှင့်
အလားတူပင်
ဖြစ်ရာ၏''ဟု
ဆိုကြ၍
ထိုအယူကိုလည်းမစွန့်ကြဘဲ
အယူတစ်ပါးကိုလည်း
စွဲလမ်းနေသော
သူတို့သာလျှင်
အလွန့်အလွန်
များကုန်၏။
အဂိ္ဂဝေဿန
လောက၌
''ထိုအယူအားလုံးကို
မနှစ်သက်ဟူသော
စကားသည်လည်း
ထိုနှစ်သက်ပါသည်ဟူသော
စကားနှင့်
အလားတူပင်
ဖြစ်ရာ၏၊
ထိုအယူအားလုံးကို
မနှစ်သက်ဟူသော
စကားသည်လည်းထိုနှစ်သက်ပါသည်ဟူသော
စကားနှင့်
အလားတူပင်
ဖြစ်ရာ၏''ဟု
ဆိုကြ၍
ထိုအယူကို စွန့်ကာ
အယူတစ်ပါးကိုလည်း
မစွဲလမ်းကြသော
သူတို့ကား
အလွန့်အလွန်
နည်းပါးကုန်၏။
အဂ္ဂိဝေဿန
''အယူအားလုံးကို
ငါနှစ်သက်၏''ဟု
ဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သောအချို့သော
ရဟန်း
ပုဏ္ဏားတို့သည်
ရှိကုန်၏။
အဂ္ဂိဝေဿန
''အယူအားလုံးကို
ငါမနှစ်သက်''ဟုဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သော
အချို့သော
ရဟန်း
ပုဏ္ဏားတို့သည်
ရှိကြကုန်၏။
အဂ္ဂိဝေဿန
''အချို့ကို
ငါနှစ်သက်၍ အချို့ကို
ငါမနှစ်သက်''ဟု
ဤသို့ဆိုလေ့ရှိကုန်သောဤသို့ယူလေ့ရှိ
ကုန်သော
အချို့သော ရဟန်း
ပုဏ္ဏားတို့သည်
ရှိကုန်၏။
အဂ္ဂိဝေဿန
ထိုသုံးမျိုးသောပုဂ္ဂိုလ်တို့တွင်
''အယူအားလုံးကို
ငါ နှစ်သက်၏''ဟု
ဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သောသူတို့၏
ဤ အယူဝါဒသည်
ပြင်းစွာ တပ်မက်ခြင်းငှါ
နီးစပ်၏၊
သံယောဇဉ်ဖြစ်ခြင်းငှါ
နီးစပ်၏၊
လွန်စွာနှစ်သက်ခြင်းငှါ
နီးစပ်၏၊
လွှမ်းမိုးဖိစီးခြင်းငှါ
နီးစပ်၏၊
ပြင်းစွာစွဲလမ်းခြင်းငှါ
နီးစပ်၏။ အဂ္ဂိဝေဿန
ထိုသုံးမျိုးသော
ပုဂ္ဂိုလ်တို့တွင်
''အယူအားလုံးကို
ငါ မနှစ်သက်''ဟုဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သော
သူတို့၏
ဤအယူဝါဒသည်
ပြင်းစွာ
မတပ်မက်ခြင်းငှါနီးစပ်၏၊
သံယောဇဉ်မဖြစ်ခြင်းငှါ
နီးစပ်၏၊
လွန်စွာမနှစ်သက်ခြင်းငှါ
နီးစပ်၏၊
မလွှမ်းမိုး
မဖိစီးခြင်းငှါနီးစပ်၏၊
ပြင်းစွာမစွဲလမ်းခြင်းငှါ
နီးစပ်၏ဟု
(မိန့်တော်မူ၏)။
၂၀၂။
ဤသို့
မိန့်တော်မူသော်
ဒီဃနခပရိဗိုဇ်သည်
''အသျှင်ဂေါတမသည်
အကျွန်ုပ်၏
အယူကိုချီးမြှောက်၏၊
အသျှင်ဂေါတမသည်
အကျွန်ုပ်၏
အယူကို
ရွှင်လန်းစေ၏''ဟု
မြတ်စွာဘုရားကို
လျှောက်ထား၏။
အဂ္ဂိဝေဿန
ထိုသုံးမျိုးသော
ပုဂ္ဂိုလ်တို့တွင်
''အချို့ကို
ငါနှစ်သက်၏၊
အချို့ကို
ငါမနှစ်သက်''ဟု
ဤသို့
ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သော
ထိုပုဂ္ဂိုလ်တို့အား
နှစ်သက်သော
အယူသည်
ပြင်းစွာတပ်မက်ခြင်းငှါ
နီးစပ်၏၊
သံယောဇဉ်ဖြစ်ခြင်းငှါ
နီးစပ်၏၊ လွန်စွာနှစ်သက်ခြင်းငှါ
နီးစပ်၏၊
လွှမ်းမိုးဖိစီးခြင်းငှါ
နီးစပ်၏၊ ပြင်းစွာ
စွဲလမ်းခြင်းငှါ
နီးစပ်၏။
ထိုပုဂ္ဂိုလ်တို့အား
မနှစ်သက်သော
အယူသည် ပြင်းစွာမတပ်မက်ခြင်းငှါ
နီးစပ်၏၊
သံယောဇဉ်မဖြစ်ခြင်းငှါ
နီးစပ်၏၊
လွန်စွာမနှစ်သက်ခြင်းငှါနီးစပ်၏၊
မလွှမ်းမိုးမဖိစီးခြင်းငှါ
နီးစပ်၏၊
ပြင်းစွာ
မစွဲလမ်းခြင်းငှါ
နီးစပ်၏။
အဂ္ဂိဝေဿန
ထိုသုံးမျိုးသော
ပုဂ္ဂိုလ်တို့တွင်
''အယူအားလုံးကို
ငါနှစ်သက်၏''ဟု
ဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သော
ရဟန်း
ပုဏ္ဏားတို့၌
သိကြားလိမ္မာသော
ယောက်ျားသည်
ဤသို့ဆင်ခြင်၏-
''အယူအားလုံးကို
ငါနှစ်သက်၏''
ဟူသော ငါ၏
ဤအယူကိုသာလျှင်
အခိုင်အမာ
အစွဲအမြဲနှလုံးသွင်း၍
''ဤငါ၏ အယူသည်သာ
မှန်၏၊
တစ်ပါးသောအယူသည်
အချည်းနှီးသာတည်း''ဟု
ဤသို့ပြောဆိုငြားအံ့၊
နှစ်ယောက်သော
ပုဂ္ဂိုလ်တို့နှင့်
ငါ၏ ဝါဒကွဲခြင်းသည်
ဖြစ်ရာ၏၊
''အယူအားလုံးကိုငါမနှစ်သက်''ဟု
ဤသို့
ဆိုလေ့ရှိသော
ဤသို့ယူလေ့ရှိသော
ရဟန်း
ပုဏ္ဏားတို့နှင့်လည်းကောင်း
''အချို့ကို
ငါနှစ်သက်၏၊
အချို့ကို
ငါမနှစ်သက်''ဟု
ဤသို့ဆိုလေ့ရှိသော
ဤသို့ယူလေ့ရှိသော
ရဟန်းပုဏ္ဏားတို့နှင့်လည်းကောင်း
ဤနှစ်မျိုးသော
ပုဂ္ဂိုလ်တို့နှင့်
ငါ၏
ဝါဒကွဲခြင်းသည်
ဖြစ်ရာ၏၊ ဤသို့
ဝါဒကွဲခြင်းဖြစ်လတ်သော်
စကားများခြင်း
ဖြစ်ရာ၏၊
စကားများခြင်းဖြစ်လတ်သော်
စိတ်ဆင်းရဲခြင်း
ဖြစ်ရာ၏၊ စိတ်ဆင်းရဲခြင်းဖြစ်လတ်သော်
စိတ်ပင်ပန်းခြင်း
ဖြစ်ရာ၏။
ဤသို့
ထိုသူသည်
ဝါဒကွဲခြင်း
စကားများခြင်းစိတ်ဆင်းရဲခြင်း
စိတ်ပင်ပန်းခြင်းကို
မိမိ၌
ကောင်းစွာ
မြင်သည်ဖြစ်၍
ထိုအယူကိုလည်း
စွန့်၏၊
အယူတစ်ပါးကိုလည်း
မစွဲလမ်း။
ဤသို့လျှင်
ဤအယူတို့ကို
ပယ်ခြင်းသည်
ဖြစ်၏၊
ဤသို့လျှင်ဤအယူတို့ကို
စွန့်ခြင်းသည်
ဖြစ်၏။
၂၀၃။
အဂ္ဂိဝေဿန
ထိုသုံးယောက်သော
ပုဂ္ဂိုလ်တို့တွင်
''အယူအားလုံးကို
ငါမနှစ်သက်''ဟုဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သော
ရဟန်း
ပုဏ္ဏားတို့၌
သိကြားလိမ္မာသော
ယောက်ျားသည်
ဤသို့
ဆင်ခြင်၏-
''အယူအားလုံးကို
ငါမနှစ်သက်''
ဟူသော ငါ၏
ဤအယူကိုသာလျှင်
အခိုင်အမာ
အစွဲအမြဲ နှလုံးသွင်း၍
''ဤငါ၏
အယူသည်သာ
မှန်၏၊
တစ်ပါးသော
အယူသည်
အချည်းနှီးသာတည်း''ဟု
ဤသို့ ပြောဆိုငြားအံ့၊
နှစ်ယောက်သော
ပုဂ္ဂိုလ်တို့နှင့်
ဝါဒကွဲခြင်းသည်
ဖြစ်ရာ၏၊
''အယူအားလုံးကို
ငါနှစ်သက်၏''ဟု
ဤသို့ဆိုလေ့ရှိသော
ဤသို့ယူလေ့ရှိသော
ရဟန်း
ပုဏ္ဏားတို့နှင့်လည်းကောင်း
''အချို့ကို
ငါနှစ်သက်၏၊
အချို့ကို
ငါမနှစ်သက်''ဟု
ဤသို့ဆိုလေ့ရှိသော
ဤသို့ယူလေ့ရှိသော
ရဟန်း
ပုဏ္ဏားတို့နှင့်လည်းကောင်း
ဤ နှစ်မျိုးသော
ပုဂ္ဂိုလ်တို့နှင့်
ငါ၏ ဝါဒကွဲခြင်းသည်
ဖြစ်ရာ၏၊
ဤသို့
ဝါဒကွဲခြင်းဖြစ်လတ်သော်
စကားများခြင်းသည်
ဖြစ်ရာ၏၊
စကားများခြင်းဖြစ်လတ်သော်
စိတ်ဆင်းရဲခြင်းဖြစ်ရာ၏၊
စိတ်ဆင်းရဲခြင်းဖြစ်လတ်သော်
စိတ်ပင်ပန်းခြင်းဖြစ်ရာ၏။
ဤသို့
ထိုသူသည်
ဝါဒကွဲခြင်း
စကားများခြင်း
စိတ်ဆင်းရဲခြင်း
စိတ်ပင်ပန်းခြင်းကို
မိမိ၌
ကောင်းစွာ
မြင်သည်
ဖြစ်၍
ထိုအယူကိုလည်း
စွန့်၏၊
အယူတစ်ပါးကိုလည်း
မစွဲလမ်း။
ဤသို့လျှင်
ဤအယူတို့ကို
ပယ်ခြင်းသည်
ဖြစ်ရာ၏၊
ဤသို့လျှင်
ဤအယူတို့ကို စွန့်ခြင်းသည်
ဖြစ်ရာ၏။
၂၀၄။
အဂ္ဂိဝေဿန
ထိုသုံးယောက်သော
ပုဂ္ဂိုလ်တို့တွင်
''အချို့ကို
ငါနှစ်သက်၏၊
အချို့ကို
ငါမနှစ်သက်''ဟု
ဤသို့ဆိုလေ့ရှိကုန်သော
ဤသို့ယူလေ့ရှိကုန်သော
ရဟန်းပုဏ္ဏားတို့၌
သိကြားလိမ္မာသောယောက်ျားသည်
ဤသို့ ဆင်ခြင်၏-
''အချို့ကို
ငါနှစ်သက်၏၊
အချို့ကို ငါမနှစ်သက်''
ဟူသော ငါ၏
ဤအယူကိုသာလျှင်
အခိုင်အမာ
အစွဲအမြဲ
နှလုံးသွင်း၍
''ဤငါ၏ အယူသည်သာ
မှန်၏၊
တစ်ပါးသော
သူတို့၏
အယူသည် အချည်းနှီးသာတည်း''ဟု
ဤသို့
ပြောဆိုငြားအံ့၊
နှစ်ယောက်သော
ပုဂ္ဂိုလ်တို့နှင့်
ငါ၏ဝါဒကွဲခြင်းဖြစ်ရာ၏၊
''အယူအားလုံးကို
ငါနှစ်သက်၏''ဟု
ဤသို့ဆိုလေ့ရှိသော
ဤသို့ယူလေ့ရှိသောရဟန်းပုဏ္ဏားတို့နှင့်လည်းကောင်း၊
''အယူအားလုံးကို
ငါမနှစ်သက်''ဟု
ဤသို့ဆိုလေ့ရှိသော
ဤသို့ယူလေ့ရှိသော
ရဟန်းပုဏ္ဏားတို့နှင့်လည်းကောင်း
ဤနှစ်မျိုးသော
ပုဂ္ဂိုလ်တို့နှင့်
ငါ၏
ဝါဒကွဲခြင်းသည်ဖြစ်ရာ၏။
ဤသို့
ဝါဒကွဲပြားခြင်း
ဖြစ်လတ်သော်
စကားများခြင်းသည်
ဖြစ်ရာ၏၊
စကားများခြင်း
ဖြစ်လတ်သော်
စိတ်ဆင်းရဲခြင်း
ဖြစ်ရာ၏၊ စိတ်ဆင်းရဲခြင်း
ဖြစ်လတ်သော်
စိတ်ပင်ပန်းခြင်း
ဖြစ်ရာ၏၊
ဤသို့
ထိုသူသည်
ဝါဒကွဲပြားခြင်း
စကားများခြင်း
စိတ်ဆင်းရဲခြင်း
စိတ်ပင်ပန်းခြင်းကို
မိမိ၌ ကောင်းစွာမြင်သည်ဖြစ်၍
ထိုအယူကိုလည်း
စွန့်၏၊
အယူတစ်ပါးကိုလည်း
မစွဲလမ်း။
ဤသို့လျှင်
ဤအယူတို့ကိုပယ်ခြင်းသည်ဖြစ်၏၊
ဤသို့လျှင်
ဤအယူတို့ကို
စွန့်
ခြင်းသည်
ဖြစ်၏။
၂၀၅။
အဂ္ဂိဝေဿန
ရုပ်ရှိသော
လေးပါးသော
မဟာဘုတ်တို့ကို
မှီ၍ဖြစ်သော
အမိအဖတို့၏့သုက်သွေးကြောင့်ဖြစ်သော
ထမင်းမုယောမုန့်တို့ဖြင့်
ကြီးပွါးသော
အမြဲမတည်ခြင်း
ဖုံးလွှမ်းရခြင်းဆုပ်နယ်ရခြင်း
ကွဲခြင်း
ပျက်စီးခြင်း
သဘောရှိသော
ဤကိုယ်ကို
မမြဲသောအားဖြင့်
ဆင်းရဲသောအားဖြင့်ရောဂါအားဖြင့်
အိုင်းအမာအားဖြင့်
မြားငြောင့်အားဖြင့်
ဆင်းရဲအားဖြင့်
အနာအားဖြင့်သူစိမ်းပြင်ပအားဖြင့်
ပျက်စီးတတ်သောအားဖြင့်
သတ္တမှကင်းဆိတ်သောအားဖြင့်အနှစ်အသားမရှိသောအားဖြင့်
ကောင်းစွာရှု
ရမည်။
ဤခန္ဓာကိုယ်ကို
မမြဲသောအားဖြင့်မချမ်းသာသောအားဖြင့်
ရောဂါအားဖြင့်
အိုင်းအမာအားဖြင့်
မြားငြောင့်အားဖြင့်
ဆင်းရဲအားဖြင့်အနာအားဖြင့်
သူစိမ်းပြင်ပအားဖြင့်
ပျက်စီးတတ်သောအားဖြင့်
သတ္တမှကင်းဆိတ်သောအားဖြင့်အနှစ်အသားမရှိသောအားဖြင့်
ကောင်းစွာရှုသော
ထိုသူအား
ခန္ဓာကိုယ်ပေါ်
၌
တပ်မက်သောတဏှာကိုယ်၌
တွယ်တာသော
တဏှာအစေး
ကိုယ်၌
အစဉ်လိုက်တတ်သော
တဏှာ သည်
ပျောက်ကင်း၏။
အဂ္ဂိဝေဿန
ခံစားမှုတို့သည်
ချမ်းသာခံစားမှု
ဆင်းရဲခံစားမှု
ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော
ခံစားမှုဤသုံးပါးတို့တည်း။
အဂ္ဂိဝေဿန
ချမ်းသာခံစားမှုကို
ခံစားသောအခါ၌
ဆင်းရဲခံစားမှုကို
မခံစား ပေ၊
ဆင်းရဲလည်းမဟုတ်
ချမ်းသာလည်းမဟုတ်သော
ခံစားမှုကိုလည်း
မခံစားပေ၊
ထိုအခါ၌
ချမ်းသာခံစားမှုကိုသာ
ခံစား၏။
အဂ္ဂိဝေဿန
ဆင်းရဲခံစားမှုကို
ခံစားသောအခါ၌
ချမ်းသာခံစားမှုကို
မခံစားပေ၊
ဆင်းရဲလည်းမဟုတ်
ချမ်းသာလည်းမဟုတ်သော
ခံစားမှုကိုလည်း
မခံစားပေ၊
ထိုအခါ၌
ဆင်းရဲခံစားမှုကိုသာ
ခံစား၏။ အဂ္ဂိဝေဿန
ဆင်းရဲလည်းမဟုတ်
ချမ်းသာလည်းမဟုတ်သော
ခံစားမှုကိုခံစားသောအခါ၌
ချမ်းသာခံစားမှုကို
မခံစားပေ၊
ဆင်းရဲခံစားမှုကိုလည်း
မခံစားပေ၊
ထိုအခါ၌ဆင်းရဲလည်းမဟုတ်
ချမ်းသာလည်းမဟုတ်သော
ခံစားမှုကိုသာ
ခံစား၏။
အဂ္ဂိဝေဿနချမ်းသာခံစားမှုသည်လည်း
မမြဲပေ၊
ပြုပြင်အပ်၏၊
အကြောင်းကို
စွဲ၍ဖြစ်၏၊
ကုန်ခန်းတတ်သောသဘောရှိ၏၊
ပျက်စီးတတ်သော
သဘော ရှိ၏၊
တပ်မက်ဖွယ်ရာကင်းသော
သဘောရှိ၏၊
ချုပ်ပျောက်တတ်သော
သဘောရှိ၏။
အဂ္ဂိဝေဿန
ဆင်းရဲခံစားမှုသည်လည်း
မမြဲပေ၊
ပြုပြင်အပ်၏၊
အကြောင်းကို
စွဲ၍ ဖြစ်၏၊ ကုန်ခန်းတတ်သော
သဘောရှိ၏၊
ပျက်စီးတတ်သော
သဘောရှိ၏၊
တပ်မက်ဖွယ်ရာကင်းသော
သဘောရှိ၏၊
ချုပ်ပျောက်တတ်သော
သဘောရှိ၏။
အဂ္ဂိဝေဿန
ဆင်းရဲလည်းမဟုတ်
ချမ်းသာလည်းမဟုတ်သောခံစားမှုသည်လည်း
မမြဲပေ၊
ပြုပြင်အပ်၏၊
အကြောင်းကို
စွဲ၍ဖြစ်၏၊
ကုန်ခန်းတတ်သော
သဘောရှိ၏၊ ပျက်စီးတတ်သော
သဘောရှိ၏၊
တပ်မက်ဖွယ်ရာကင်းသော
သဘောရှိ၏၊
ချုပ်ပျောက်တတ်သောသဘော
ရှိ၏။
အဂ္ဂိဝေဿန
ဤသို့
မြင်လတ်သော်
အကြားအမြင်နှင့်
ပြည့်စုံသော
အရိယာတို့၏
တပည့်သည်ချမ်းသာခံစားမှု၌လည်း
ငြီးငွေ့၏၊
ဆင်းရဲခံစားမှု၌လည်း
ငြီးငွေ့၏၊
ဆင်းရဲလည်းမဟုတ်
ချမ်းသာလည်းမဟုတ်သော
ခံစားမှု၌လည်း
ငြီးငွေ့၏၊
ငြီးငွေ့သော်
တပ်ခြင်းကင်း၏၊
တပ်ခြင်းကင်းခြင်းကြောင့်
(ကိလေ သာမှ)
လွတ်၏၊
(ကိလေသာမှ)
လွတ်ရာ၌ လွတ်ပြီဟု
အသိဉာဏ်ဖြစ်၏၊
''ပဋိသန္ဓေတည်နေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကို
ပြုပြီးပြီ၊
အရဟတ္တမဂ်ဉာဏ်အကျိုးငှါ
တစ်ဖန်ပြုဖွယ်
ကိစ္စ
မရှိတော့ပြီ''ဟု
သိ၏။ အဂ္ဂိဝေဿန
ဤသို့
(ကိလေသာမှ)
လွတ်ပြီးသော
စိတ်ရှိသော
ရဟန်း သည်
တစ်စုံတစ်ယောက်နှင့်မျှ
မပြောဆို၊
တစ်စုံတစ်ယောက်နှင့်မျှ
မငြင်းခုံ၊
လောက၌
ပြောဆိုအပ်သော
စကားဖြင့်သာ
ခေါ်ဝေါ်ပြောဆို၏၊
မှားသောအားဖြင့်ကား
မသုံးသပ်တော့ပြီဟု
(မိန့်တော်မူ၏)။
၂၀၆။
ထိုအခါ
အသျှင်သာရိပုတြာသည်
မြတ်စွာဘုရား၏
နောက်မှ
မြတ်စွာဘုရားကို
ယပ်ခပ်လျက်တည်နေ၏၊
ထိုအခါ
အသျှင်သာရိပုတြာမထေရ်အား
''ငါတို့၏
မြတ်စွာဘုရားသည်
ထိုထိုတရားတို့ကိုထူးသောဉာဏ်ဖြင့်
သိ၍
ပယ်ခြင်းကို
ဟောတော်မှု၏၊
ငါတို့
မြတ်စွာဘုရားသည်
ထိုထိုတရားတို့ကို့ထူးသောဉာဏ်ဖြင့်
သိ၍
စွန့်လွှတ်ခြင်းကို
ဟောတော်မူ၏''ဟု
ဤသို့သောအကြံသည်
ဖြစ်၏၊ ဤသို့ဤတရားသဘောကို
အဖန်ဖန်
ရှုဆင်ခြင်သော
အသျှင်သာရိပုတြာမထေရ်၏
စိတ်သည်
တဏှာဒိဋ္ဌိတို့ဖြင့်တစ်စုံတစ်ခုသော
တရားကိုမျှ
မစွဲလမ်းမူ၍
အာသဝေါတရားတို့မှ
လွတ်ပြီ၊
ဒီဃနခပရိဗိုဇ်အားကား
''ဖြစ်ပေါ်လာသမျှ
တရားအလုံးစုံသည်
ချုပ်ခြင်းသဘောရှိ၏''ဟု
ကိလေသာမြူကင်းသော
ကိလေသာအညစ်အကြေးကင်းသော
တရားမျက်စိ
'သောတာပတ္တိမဂ်ဉာဏ်'
သည် ထင်ရှား
ဖြစ်ပေါ်လာပြီ။
ထိုအခါ
ဒီဃနခပရိဗိုဇ်သည်
မြင်အပ်ပြီးသောတရားရှိသည်ဖြစ်၍
ရောက်အပ်ပြီးသော
တရားရှိသည်ဖြစ်၍
သိအပ်ပြီးသော
တရားရှိသည်ဖြစ်၍
သက်ဝင်အပ်ပြီးသော
တရားရှိသည်ဖြစ်၍
ကူးမြောက်အပ်ပြီးသော
ဝိစိကိစ္ဆာရှိသည်ဖြစ်၍
သို့လော
သို့လော
တွေးတောယုံးမှားခြင်း
ကင်းသည်ဖြစ်၍
ရဲရင့်သောအဖြစ်သို့
ရောက်သည်ဖြစ်၍
သူတစ်ပါးကြောင့်
ယုံကြည်သူမဟုတ်ဘဲ
မြတ်စွာဘုရား
သာသနာတော်၌မြတ်စွာဘုရားမှတစ်ပါး
ယုံကြည်အပ်သောသူ
မရှိသည်ဖြစ်၍
မြတ်စွာဘုရားအား
''အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊
အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊
အသျှင်ဂေါတမ
ဥပမာသော်ကား
မှောက်၍
ထားအပ်သော
ဝတ္ထုကို
လှန်၍
ပြဘိသကဲ့သို့လည်းကောင်း
ဖုံးလွှမ်း၍
ထားအပ်သော
ဝတ္ထုကို
ဖွင့်လှစ်၍
ပြဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်၍
ခရီးမှားသောသူကို
ခရီးမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်း၊
'မျက်စိအမြင်ရှိသော
သူတို့သည်
ရူပါရုံတို့ကို
မြင်ကြကုန်လတ္တံ့'ဟု
အမိုက်တိုက်၌
ဆီမီးတန်ဆောင်ကို
ညှိထွန်းပြဘိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အသျှင်ဂေါတမသည်
များစွာသော
အကြောင်းဖြင့်
တရားတော်ကို
ပြတော်မူအပ်ပါပေ၏။
ထိုအကျွန်ုပ်သည်
အသျှင်ဂေါတမကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်းကောင်းရဟန်းအပေါင်းကိုလည်းကောင်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
အသျှင်ဂေါတမသည်
ယနေ့ကို
အစပြု၍
အသက်ရှည်သမျှကာလပတ်လုံး
အကျွန်ုပ်ကို
(ရတနာသုံးပါးကို)
ကိုးကွယ်ရာဟူ၍
ဆည်းကပ်တတ်သော
ဥပါသကာဒါယကာဟူ၍
မှတ်တော်မူပါလော့''ဟု
(လျှောက်၏)။
လေးခုမြောက်
ဒီဃနခသုတ်
ပြီး၏။
------
၅-မာဂဏ္ဍိယသုတ်
၂၀၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကုရုတိုင်း
ကမ္မာသဓမ္မအမည်ရှိသော
နိဂုံးတွင်
ဘာရဒွါဇဂေါတ္တပုဏ္ဏား၏
မီးတင်းကုပ်အတွင်း
မြက်အခင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည်နံနက်
အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
ကမ္မာသဓမ္မနိဂုံးသို့
ဆွမ်းအလို့ငှါဝင်တော်
မူ၏၊
ကမ္မာသဓမ္မနိဂုံးသို့
ဆွမ်းအလို့ငှါ
လှည့်လည်တော်မူ၍
ဆွမ်းခံရာမှ
ဖဲခဲ့ကာဆွမ်းစားပြီးနောက်
တစ်ခုသော တောအုပ်ဆီသို့
နေ့သန့်စင်ခြင်းငှါ
ချဉ်းကပ်လေ၏၊
ထိုတောအုပ်သို့သက်ဝင်၍
တစ်ခုသော သစ်ပင်ရင်း၌
နေ့သန့်စင်တော်မူ၏။
ထိုအခါ မာဂဏ္ဍိယပရိဗိုဇ်သည်အညောင်းပြေ
လမ်းလျှောက်လှည့်
လည်သော်
ဘာရဒွါဇဂေါတ္တပုဏ္ဏား၏
မီးတင်းကုပ်ဆီသို့ချဉ်းကပ်မိလေ၏၊
မာဂဏ္ဍိယပရိဗိုဇ်သည်
ဘာရဒွါဇဂေါတ္တပုဏ္ဏား၏
မီးတင်းကုပ်အတွင်း၌
ခင်းထားသောမြက်အခင်းကို
မြင်၍
''အဆွေဘာရဒွါဇ၏
မီးတင်းကုပ်အတွင်း၌
အဘယ်သူအတွက်
ဤမြက်အခင်းကိုခင်းထားပါသနည်း၊
ရဟန်း၏ အိပ်ရာနေရာနှင့်
တူယောင်တကား''ဟု
ဘာရဒွါဇဂေါတ္တပုဏ္ဏားကိုပြောဆိုလေ၏။
မာဂဏ္ဍိယ
သာကီဝင်မင်းသားဖြစ်သော
သာကီဝင်မင်းမျိုးမှ
ရဟန်းပြုသော
ရဟန်းဂေါတမသည်
ရှိ၏၊
''ထိုမြတ်စွာဘုရားသည်
ဤအကြောင်းကြောင့်လည်း
ပူဇော်အထူးကို
ခံတော်မူထိုက်၏၊
အလုံးစုံသောတရားတို့ကို
ကိုယ်တိုင်
မှန်စွာ
သိတော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ' နှင့်
ပြည့်စုံတော်မူ၏၊
့ကောင်းသော
စကားကို
ဆိုတော်မူတတ်၏၊
လောကကို
သိတော်မူ၏၊
ဆုံးမထိုက်သူကို
အတုမရှိ
ဆုံးမတော်မူတတ်၏၊
နတ်လူတို့၏ဆရာ
ဖြစ်တော်မူ၏။
သစ္စာလေးပါးတရားတို့ကို
သိစေတော်မူတတ်၏၊
ဘုန်းတန်ခိုးကြီးတော်မူ၏''ဟု
ဤသို့လျှင်
ထိုရဟန်းဂေါတမ၏
ကျော်စောသံသည်
ပျံ့နှံ့ ၍
တက်၏၊
ထိုအသျှင်ဂေါတမအတွက်
ဤနေရာကို
ခင်းထားပါ၏ဟု
(ဆို၏)။
အချင်းဘာရဒွါဇ
ဆိုးဝါးစွာ
မြင်အပ်သော
အရာကို
မြင်ကြရကုန်၏၊
အချင်းဘာရဒွါဇ
ဆိုးဝါးစွာမြင်အပ်သော
အရာကို
မြင်ကြရကုန်၏၊
ငါတို့သည်
အညွန့်တုံးဖြစ်သော
ထိုအသျှင်ဂေါတမ၏
အိပ်ရာကို
မြင်ကြရကုန်ဘိ၏ဟု
(ဆို၏)။
''မာဂဏ္ဍိယ
ဤစကားကို
ဆိုင်းငံ့ဦးလော့၊
မာဂဏ္ဍိယ
ဤစကားကို
ဆိုင်းငံ့ဦးလော့၊
များစွာသော
မင်းပညာရှိတို့သည်လည်းကောင်း၊
ပုဏ္ဏားပညာရှိတို့သည်လည်းကောင်း၊
သူကြွယ်ပညာရှိတို့သည်လည်းကောင်း၊
ရဟန်း
ပညာရှိတို့သည်လည်းကောင်း
ထိုအသျှင်ဂေါတမ၏
စင်ကြယ်သော
လမ်းမှန်ဖြစ်သောကုသိုလ်တရား၌
အလွန်
ကြည်ညိုကြကုန်၏၊
ဆုံးမထားပြီးဖြစ်ကုန်၏''ဟု
(တားမြစ်၏)။
အချင်းဘာရဒွါဇငါတို့သည်
ထိုအသျှင်ဂေါတမကို
မျက်မှောက်ထင်ထင်
အကယ်၍လည်း
တွေ့မြင်ကုန်ခဲ့ပါလျှင်မျက်မှောက်၌
လည်း
''ရဟန်းဂေါတမသည်
အညွန့်တုံးသူတည်း''ဟု
ထိုအသျှင်ဂေါတမကို
ဆိုဝံ့ပါကုန်၏။
အဘယ် ကြောင့်နည်းဟူမူ-
ဤသို့လျှင်
ငါတို့၏
ကျမ်းဂန်၌ လာသောကြောင့်တည်းဟု
(ဆို၏)။ အကယ်၍
အသျှင် မာဂဏ္ဍိယအား
ဝန်မလေးပါမူ
ထိုအကြောင်းကို
ရဟန်းဂေါတမအား
ပြောကြားပါအံ့ဟု
(ဆို၏)။ အသျှင်
ဘာရဒွါဇသည်
ကြောင့်ကြမှုမရှိဘဲ
(ငါ) ပြောဆိုအပ်သည့်အတိုင်းသာလျှင်
ထိုစကားကိုပြောဆိုပါလော့ဟု
(ဆို၏)။
၂၀၈။
မြတ်စွာဘုရားသည်
လူတို့၏
နားထက် သာလွန်သော
အထူးသဖြင့်
စင်ကြယ်သော
နတ် တို့၏နားနှင့်တူသောနားဖြင့်
ဘာရဒွါဇဂေါတ္တပုဏ္ဏား၏
မာဂဏ္ဍိယပရိဗိုဇ်နှင့်အတူ
ဤစကားပြောဆိုခြင်းကိုကြားတော်မူသည်သာတည်း။
ထိုအခါ
မြတ်စွာဘုရားသည်
ညနေချမ်းအခါ
ကိန်းအောင်းရာမှ
ထတော်မူလျက် ဘာရဒွါဇဂေါတ္တ
ပုဏ္ဏား၏
မီးတင်းကုပ်ရှိရာသို့
ချဉ်းကပ်တော်မူ၍
ခင်းထားသော
မြက်အခင်း၌ထိုင်နေတော်မူ၏။
ထိုအခါ
ဘာရဒွါဇဂေါတ္တပုဏ္ဏားသည်
မြတ်စွာဘုရားရှိတော်မူရာ
အရပ်သို့
ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
စကားပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အောက်မေ့ဖွယ်
စကားကိုပြောဆိုပြီးဆုံးစေပြီးနောက်
သင့်လျော်ရာ၌
ထိုင်နေ၏၊
သင့်လျော်ရာ၌
ထိုင်နေသော ဘာရဒွါဇဂေါတ္တပုဏ္ဏားကို
မြတ်စွာဘုရားက
''ဘာရဒွါဇ
သင့်အား
မာဂဏ္ဍိယပရိဗိုဇ်နှင့်အတူ
ဤမြက်အခင်းကိုသာလျှင်အကြောင်းပြု၍
တစ်စုံတစ်ခုသော
စကားပြောဆိုမှု
ဖြစ်ပါသလော''ဟု
မေးတော်မူ၏။
ဤသို့မေးတော်မူသော်
ဘာရဒွါဇဂေါတ္တပုဏ္ဏားသည်
ထိတ်လန့်ခြင်း
ကြက်သီးမွေးညင်းထခြင်းရှိသည်ဖြစ်၍
''အကျွန်ုပ်တို့သည်
ထိုအကြောင်းကိုသာလျှင်
အသျှင်ဂေါတမအား
ပြောကြားလိုကြပါကုန်၏၊
သို့ရာတွင်
အသျှင်ဂေါတမသည်
မပြောကြားမီသာလျှင်
(ထိုအကြောင်းကို)
ပြောကြားဘိ၏တကား''ဟုမြတ်စွာဘုရားအား
ဤစကားကို
လျှောက်ထား၏။
မြတ်စွာဘုရားအား
ဘာရဒွါဇဂေါတ္တပုဏ္ဏားနှင့်အတူ
ပြောဆိုသော
ဤစကားသည်
မပြီးပြတ်သေးချေ၊
ထိုအခါ
မာဂဏ္ဍိယပရိဗိုဇ်သည်
အညောင်းပြေ
လမ်းလျှောက်
လှည့်လည်၍
ဘာရဒွါဇဂေါတ္တပုဏ္ဏား၏မီးတင်းကုပ်အတွင်း
မြတ်စွာဘုရားရှိတော်မူရာသို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အောက်မေ့ဖွယ်
စကားကို
ပြောဆိုပြီးဆုံးစေပြီးနောက်
သင့်လျော်ရာ၌ထိုင်နေ၏၊
သင့်လျော်ရာ၌
ထိုင်နေသော
မာဂဏ္ဍိယပရိဗိုဇ်ကို
မြတ်စွာဘုရားသည်
ဤသို့
မိန့်တော်မူ၏-
၂၀၉။
''မာဂဏ္ဍိယ
မျက်စိသည်
ရူပါရုံ၌
မွေ့လျော်၏၊
ရူပါရုံ၌
ပျော်ပိုက်၏၊
ရူပါရုံ၌
နှစ်ခြိုက်၏၊
ထိုမျက်စိကို
မြတ်စွာဘုရားသည်
ဆုံးမထားပြီ၊
လုံအောင်ပြုထားပြီ၊
စောင့်ရှောက်ထားပြီ
ပိတ်ဆို့ထားပြီ၊
ထိုမျက်စိကို
ပိတ်ဆို့ခြင်းငှါလည်း
တရားဟော၏၊
မာဂဏ္ဍိယ
သင်သည် ဤအကြောင်းကို
ရည်ရွယ်၍ရဟန်းဂေါတမသည်
အညွန့်တုံးသူတည်းဟု
ဆိုသလော''ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
အကျွန်ုပ့်သည်
ဤအကြောင်းကိုသာ
ရည်ရွယ်၍
ရဟန်းဂေါတမသည်
အညွန့်တုံးသူတည်းဟု
ဆိုပါ၏။
အဘယ့်ကြောင့်နည်းဟူမူ-
ဤသို့လျှင်
အကျွန်ုပ်တို့၏
ကျမ်းဂန်၌လာသောကြောင့်တည်းဟု
(လျှောက်၏)။
မာဂဏ္ဍိယ
နားသည်
သဒ္ဒါရုံ၌ မွေ့လျော်၏။ပ။
မာဂဏ္ဍိယ
နှာခေါင်းသည်
ဂန္ဓာရုံ၌
မွေ့လျော်၏။
မာဂဏ္ဍိယ
လျှာသည် ရသာရုံ၌
မွေ့လျော်၏၊
ရသာရုံ၌
ပျော်ပိုက်၏၊
ရသာရုံ၌
နှစ်ခြိုက်၏၊
ထိုလျှာကိုမြတ်စွာ
ဘုရားသည်
ဆုံးမထားပြီ၊
လုံအောင်ပြုထားပြီ၊
စောင့်ရှောက်ထားပြီ၊
ပိတ်ဆို့ထားပြီ၊
ထိုလျှာကိုပိတ်ဆို့ခြင်းငှါလည်း
တရားဟော၏၊
မာဂဏ္ဍိယ
ဤအကြောင်းကို
ရည်ရွယ်၍
ရဟန်းဂေါတမသည်အညွန့်တုံးသူတည်းဟု
ဆိုပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကျွန်ုပ်သည်ဤအကြောင်းကို
သာလျှင် ရည်ရွယ်၍
ရဟန်းဂေါတမသည်
အညွန့်တုံးသူတည်းဟု
ဆိုပါ၏၊
အဘယ်ကြောင့်နည်းဟူမူ-
ဤသို့လျှင်
အကျွန်ုပ်တို့၏
ကျမ်းဂန်၌
လာသောကြောင့်တည်းဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ကိုယ်သည်
ဖောဋ္ဌဗ္ဗာရုံ၌
မွေ့လျော်၏၊
ဖောဋ္ဌဗ္ဗာရုံ၌
ပျော်ပိုက်၏။ပ။
မာဂဏ္ဍိယ
စိတ်သည်ဓမ္မာရုံ၌
မွေ့လျော်၏၊
ဓမ္မာရုံ၌
ပျော်ပိုက်၏၊
ဓမ္မာရုံ၌
နှစ်ခြိုက်၏၊
ထိုစိတ်ကို
မြတ်စွာဘုရားသည်ဆုံးမထားပြီ၊
လုံအောင်ပြုထားပြီ၊
စောင့်ရှောက်ထားပြီ၊
ပိတ်ဆို့ထားပြီ၊
ထိုစိတ်ကို
ပိတ်ဆို့
ခြင်းငှါလည်းတရားဟော၏။
မာဂဏ္ဍိယ
သင်သည်
ဤအကြောင်းကို
ရည်ရွယ်၍
ရဟန်းဂေါတမသည်
အညွန့်တုံးသူတည်းဟု
ဆိုပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကျွန်ုပ်သည်
ဤအကြောင်းကိုသာရည်ရွယ်၍
ရဟန်းဂေါတမသည်
အညွန့်တုံးသူတည်းဟု
ဆိုပါ၏၊
အဘယ်ကြောင့်နည်း
ဟူမူ-
ဤသို့လျှင်အကျွန်ုပ်တို့၏
ကျမ်းဂန်၌
လာသောကြောင့်တည်းဟု
(လျှောက်၏)။
၂၁၀။
မာဂဏ္ဍိယ
ထိုငါဆိုမည့်
စကားကို အဘယ်သို့
အောက်မေ့သနည်း-
ဤလောက၌
အချို့သောသူသည်
စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကိုပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ရူပါရုံတို့ဖြင့်
မွေ့လျော်ပျော်ပါးဖူး၏။
ထိုသူသည်
နောက်အခါ၌
ရူပါရုံတို့၏
ဖြစ်ခြင်း၊
ချုပ်ခြင်း၊
သာယာဖွယ်သဘော၊
အပြစ်၊
ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ
သိ၍၊
ရူပါရုံ၌
တပ်နှစ်သက်ခြင်းတဏှာကို
စွန့်၍၊
ရူပါရုံကြောင့်ဖြစ်သော
ပူလောင်ခြင်းကို
ပယ်ဖျောက်၍၊
ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊
အဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိသည်ဖြစ်၍
နေရာ၏။
မာဂဏ္ဍိယ
သင်သည်
ဤသူ့ကို
အဘယ်သို့ ဆိုမည်နည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဘာမျှ
ဆိုဖွယ်မရှိပါ
(ဟု လျှောက်၏)။
မာဂဏ္ဍိယ
ထိုငါဆိုမည့်
စကားကို
အဘယ်သို့အောက်မေ့သနည်း-
ဤလောက၌
အချို့သော
သူသည်သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံတို့ဖြင့်။ပ။
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သောဂန္ဓာရုံတို့ဖြင့်။
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရသာရုံတို့ဖြင့်။
ကာယဝိညာဏ်ဖြင့်
သိအပ်ကုန်သောအလိုရှိအပ်
ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သောချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သောဖောဋ္ဌဗ္ဗာရုံတို့ဖြင့်
မွေ့လျော်ပျော်ပါဖူး၏။
ထိုသူသည်
နောက်အခါ၌
ဖောဋ္ဌဗ္ဗာရုံတို့၏
ဖြစ်ခြင်း၊
ချုပ်ခြင်း၊
သာယာဖွယ်သဘော၊
အပြစ်၊
ထွက်မြောက်
ရာတို့ကိုဟုတ်တိုင်းမှန်စွာသိ၍၊
ဖောဋ္ဌဗ္ဗာရုံ၌တပ်နှစ်သက်ခြင်းတဏှာကို
ပယ်စွန့်၍၊
ဖောဋ္ဌဗ္ဗာရုံကြောင့်
ဖြစ်သော
ပူလောင်ခြင်းကို
ပယ်ဖျောက်၍၊
ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊
အဇ္ဈတ္တသန္တာန်၌
ငြိမ်း
အေးသော
စိတ်ရှိသည်ဖြစ်၍
နေရာ၏။
မာဂဏ္ဍိယ
သင်သည် ဤသူ့ကို
အဘယ်သို့
ဆိုမည်နည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမဘာမျှဆိုဖွယ်မရှိပါ
(ဟု လျှောက်၏)။
၂၁၁။
မာဂဏ္ဍိယ
ငါသည်
ရှေးလူဖြစ်စဉ်အခါက
စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကိုပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ရူပါရုံတို့
ဖြင့်လည်းကောင်း။
သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံတို့ဖြင့်လည်းကောင်း။ပ။
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ဂန္ဓာရုံတို့ဖြင့်လည်းကောင်း။
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရသာရုံတို့ဖြင့်လည်းကောင်း။
ကာယဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်းဤသို့
ငါးပါးသော
ကာမဂုဏ်တို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါးဖူး၏။
မာဂဏ္ဍိယ
ထိုငါ့အား
မိုးဥတုအခါ
စံနေရာဖြစ်သော
ပြာသာဒ်တစ်ဆောင်၊
ဆောင်းဥတုအခါ
စံနေရာဖြစ်သော
ပြာသာဒ်တစ်ဆောင်၊
နွေဥတုအခါ
စံနေရာဖြစ်သော
ပြာသာဒ်တစ်ဆောင်၊
ဤသို့သုံးဆောင်
ကုန်သော
ပြာသာဒ်တို့သည်
ဖြစ်ခဲ့ကုန်၏။
မာဂဏ္ဍိယ
ထိုငါသည်
မိုးဥတုအခါစံနေရာဖြစ်သော
ပြာသာဒ်၌
မိုးလေလတို့ပတ်လုံး
ယောက်ျား (တီးမှုတ်သူ)
ကင်းကုန်သောတူရိယာမျိုးတို့ဖြင့်
မွေ့လျော်ပျော်ပါးလျက်
ပြာသာဒ်အောက်သို့
မသက်ဆင်းပေ၊
ထိုငါသည်
နောက်အခါ၌ကာမဂုဏ်တို့၏
ဖြစ်ခြင်း၊
ချုပ်ခြင်း၊
သာယာဖွယ်သဘော၊
အပြစ်၊
ထွက်မြောက်ရာတို့ကိုဟုတ်မှန်သောအတိုင်း
သိ၍၊ ကာမဂုဏ်တို့၌
တပ်မက်မောသော
တဏှာကို
ပယ်စွန့်၍၊ ကာမဂုဏ်ကြောင့်ဖြစ်သော
ပူလောင်ခြင်းကို
ပယ်ဖျောက်၍၊
ဆာ
လောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊
အတွင်းအဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိသည်ဖြစ်၍
နေ၏။
ထိုငါသည် ကာမဂုဏ်တို့၌မကင်းသော
တပ်မက်မှုရှိကုန်သော၊
ကာမတဏှာတို့သည်
ခဲစားအပ်ကုန်သော၊
ကာမဂုဏ်ကြောင့်ဖြစ်သောပူလောင်ခြင်းဖြင့်
ထက်ဝန်းကျင်ပူလောင်ကြကုန်သော၊
ကာမဂုဏ်တို့ကို
မှီဝဲကြ
ကုန်သောတစ်ပါးသောသတ္တဝါတို့ကို
မြင်၏။
ထိုငါသည်
ထိုကာမဂုဏ်တို့ကို
မတောင့်တ၊
ထိုကာမဂုဏ်
တို့၌မမွေ့လျော်ပေ။
အဘယ့်ကြောင့်နည်း
ဟူမူ- မာဂဏ္ဍိယ
ကာမဂုဏ်တို့ကို
ကြဉ်၍သာလျှင်
အကုသိုလ်တရားတို့ကို
ကြဉ်၍သာလျှင်
နတ်၌ဖြစ်သော
ချမ်းသာကိုသော်လည်း
လွန်၍တည်သော
မွေ့လျော်ခြင်းဖြင့်မွေ့လျော်နေသည်ဖြစ်၍
ယုတ်ညံ့သော
ကာမဂုဏ်ကို
မတောင့်တတော့ပြီ၊
ထိုကာမဂုဏ်၌
မမွေ့လျော်တော့ပြီ။
၂၁၂။
မာဂဏ္ဍိယ
ဥပမာသော်ကား
ကြွယ်ဝသော
များသောဥစ္စာရှိသော
များသောစည်းစိမ်ရှိသောသူကြွယ်သည်ပင်ဖြစ်စေ၊
သူကြွယ်သားသည်ပင်ဖြစ်စေ
စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရူပါရုံတို့ဖြင့်လည်းကောင်း။ပ။
အလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း
ဤသို့ ငါးပါးသော
ကာမဂုဏ်တို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်မွေ့လျော်ပျော်ပါး
ဖူးသည်
ဖြစ်ရာ၏။
ထိုသူသည်
ကိုယ်ဖြင့်
သုစရိုက်တရားကို
ပြုကျင့်၍
နှုတ်ဖြင့်သုစရိုက်တရားကို
ပြု ကျင့်၍
စိတ်ဖြင့်
သုစရိုက်တရားကို
ပြုကျင့်၍
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသော
လားရာဖြစ်သော
နတ်ရွာလောကသို့
တာဝတိံသာနတ်တို့၏အပေါင်းအသင်းအဖြစ်သို့
ကပ်ရောက်ရာ၏။
ထိုသူသည်
တာဝတိံသာနတ်ပြည်
နန္ဒဝန် ဥယျာဉ်၌နတ်သမီးအပေါင်းခြံရံလျက်
နတ်၌ဖြစ်သော
ကာမဂုဏ်ငါးပါးတို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါးရာ၏။
ထိုသူသည်
ကာမဂုဏ်ငါးပါးတို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါးနေသော
သူကြွယ်ကိုသော်
လည်းကောင်း၊
သူကြွယ်၏သားကိုသော်လည်းကောင်းမြင်လေရာ၏။
မာဂဏ္ဍိယ
ထိုငါဆိုမည့်
စကားကို
အသို့အောက်မေ့သနည်း-
နန္ဒဝန်ဥယျာဉ်၌နတ်သမီးအပေါင်းခြံရံလျက်
နတ်ကာမ
ဂုဏ်ငါးပါးတို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်မွေ့လျော်ပျော်ပါးနေသော
ထိုနတ်သားသည်
ဤမည်သော
သူကြွယ်၏
သော်လည်းကောင်း၊
သူကြွယ့်သား၏သော်လည်းကောင်း
လူ့ကာမဂုဏ်ငါးပါးတို့ကို
တောင့်တရာသလော၊
့လူ့ကာမဂုဏ်တို့ဖြင့်လည်း
ပြန်လည်နေရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
မဖြစ်နိုင်ပါဟု
(လျှောက်၏)။ အဘယ်ကြောင့်နည်းဟူမူ-
အသျှင်ဂေါတမ
လူ့ကာမဂုဏ်တို့ထက်
နတ်ကာမဂုဏ်တို့ကသာလွန်ကုန်၏၊
မွန်လည်း
မွန်မြတ်ကုန်၏ဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ဤဥပမာအတူသာလျှင်
ငါဘုရားသည်
ရှေးလူဖြစ်စဉ်က
စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်
သောအလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ရူပါရုံတို့ဖြင့်လည်းကောင်း။
သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံတို့ဖြင့်လည်းကောင်း။ပ။
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သောဂန္ဓာရုံတို့ဖြင့်လည်းကောင်း။
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရသာရုံတို့ဖြင့်လည်းကောင်း။
ကာယဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သောချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်
ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ဗောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း
ဤသို့ကာမဂုဏ်ငါးပါးဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါးဖူး၏။
ထိုငါသည်
နောက်အခါ၌
ကာမဂုဏ်တို့၏
ဖြစ်ခြင်း၊
ချုပ်ခြင်း၊
သာယာခြင်းသဘော၊
အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ
သိ၍၊
ကာမတို့၌
တပ်မက်မောခြင်းတဏှာကို
ပယ်စွန့်၍၊
ကာမတို့ကြောင့်ဖြစ်သော
ပူလောင်ခြင်းကို
ပယ်ဖျောက်၍၊
ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊
အတွင်းအဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိသည်ဖြစ်၍
နေ၏။
ထိုငါသည်
ကာမဂုဏ်တို့၌
မကင်းသေးသောတပ်စွဲမှု
ရှိကုန်သော၊
ကာမတဏှာတို့သည်
ခဲစားအပ်ကုန်သော၊
ကာမတည်းဟူသော
ပူလောင်ခြင်းဖြင့်ထက်ဝန်း
ကျင်
ပူလောင်ကြကုန်သော၊
ကာမဂုဏ်တို့ကို
မှီဝဲကြကုန်သော
တစ်ပါးသော
သတ္တဝါတို့ကိုမြင်၏၊
ထိုငါသည်
ထိုသူတို့၏
ထိုကာမဂုဏ်တို့ကို
မတောင့်တတော့ပြီ၊
ထိုကာမဂုဏ်တို့၌မမွေ့လျော်တော့ပြီ။
အဘယ့်ကြောင့်နည်းဟူမူ-
မာဂဏ္ဍိယ
ကာမဂုဏ်တို့ကို
ကြဉ်၍သာလျှင်အကုသိုလ်တရားတို့ကို
ကြဉ်၍
သာလျှင်
နတ်၌ဖြစ်သော
ချမ်းသာကိုသော်လည်း
သာလွန်၍
တည်သောမွေ့လျော်ခြင်းဖြင့်
မွေ့လျော်နေ
သည်ဖြစ်၍
ယုတ်ညံ့သော
ကာမဂုဏ်ကို
မတောင့်တတော့ပြီ၊
ထိုကာမဂုဏ်၌
မမွေ့လျော်တော့ပြီ။
၂၁၃။
မာဂဏ္ဍိယ
ဥပမာသော်ကား
နာကျင်သောကိုယ်ရှိသော
အနာမှည့်ရင့်သောကိုယ်ရှိသော
နူနာရှိသော
ယောက်ျားသည်
ပိုးလောက်တို့
အကိုက်အခဲခံရ၍
လက်သည်းတို့ဖြင့်
အနာဝတို့ကို
ကုပ်ဖဲ့လျက်မီးကျီးစု၌
ကိုယ်ကို
ကင်ရာ၏။
ထိုနူနာရှိသော
ယောက်ျား၏
အဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်အနာကို
ကုစားတတ်သော
ဆေးဆရာကို
ပင့်လာကုန်ရာ၏။
ထိုနူနာစွဲသော
ယောက်ျားအား
ထိုအနာကိုကုစားတတ်သော
ဆေးဆရာသည်
ဆေးကုရာ၏၊
ထိုနူနာစွဲသော
ယောက်ျားသည်
ထိုဆေးကို
အစွဲပြု၍နူနာတို့မှ
လွတ်မြောက်ရာ၏။
အနာမရှိသည်ဖြစ်၍
ချမ်းသာစွာ မိမိကိုယ်ကို
အစိုးတရ
အလိုရှိတိုင်းနေရသည်
အလိုရှိတိုင်း
သွားရသည်
ဖြစ်ရာ၏။
ထိုနူနာမှ
ကင်းပြီးသော
ယောက်ျားသည်
နာကျင်သောကိုယ်ရှိသော
အနာမှည့်ရင့်သောကိုယ်ရှိသော
ပိုးလောက်တို့
အကိုက်အခဲခံနေရ၍
လက်သည်းတို့ဖြင့်အနာဝကို
ကုပ်ဖဲ့လျက်
မီးကျီးစု၌
ကိုယ်ကို
ကင်၍ နေသော
နူနာရှိသောအခြားယောက်ျားတစ်ယောက်ကို
မြင်ရာ၏။
မာဂဏ္ဍိယ
ထိုငါဆိုမည့်
စကားကို
အဘယ်သို့ အောက်မေ့ဘိသနည်း-
ထိုနူနာမှ
ကင်းပြီးသောယောက်ျားသည်
ဤမည်သော
နူနာရှိသော
ယောက်ျား၏
မီးကျီးစုကိုလည်းကောင်း
ဆေးမှီဝဲမှုကိုလည်းကောင်း
တောင့်တရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
မဖြစ်နိုင်ပါ
(ဟု
လျှောက်၏)။
အဘယ်
ကြောင့်နည်း
ဟူမူ- အသျှင်ဂေါတမ
ရောဂါရှိလတ်သော်
ဆေးဖြင့် ပြုဖွယ်ကိစ္စသည်
ဖြစ်ရာ၏၊
ရောဂါမရှိခဲ့
သော်
ဆေးဖြင့်
ပြုဖွယ်ကိစ္စသည်
မရှိဟု
(လျှောက်ထား၏)။
မာဂဏ္ဍိယ
ဤအတူသာလျှင်
ငါသည်
ရှေးလူဖြစ်စဉ်က
စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိ့အပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိ
ကုန်သောကာမနှင့်စပ်
ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ရူပါရုံတို့ဖြင့်လည်းကောင်း။
သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံတို့ဖြင့်လည်းကောင်း။ပ။
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ဂန္ဓာရုံတို့ဖြင့်လည်းကောင်း။
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရသာရုံတို့ဖြင့်လည်းကောင်း။
ကာယဝိညာဏ်ဖြင့်သိအပ်ကုန်သော
အလိုရှိအပ်ကုန်သော
နှစ်သက်အပ်ကုန်သော
နှလုံးကို
ပွါးစေတတ်ကုန်သော
ချစ်အပ်သောသဘောရှိကုန်သော
ကာမနှင့်စပ်ယှဉ်ကုန်သော
တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း
ဤသို့
ကာမဂုဏ်ငါးပါးတို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါဖူး၏။
ထိုငါသည်
နောက်အခါ၌
ကာမဂုဏ်တို့၏
ဖြစ်ခြင်း၊ ချုပ်ခြင်း၊
သာယာဖွယ်သဘော၊
အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ
သိ၍၊ ကာမဂုဏ်တို့၌
တပ်မက်မောခြင်းတဏှာကို
ပယ်စွန့်၍၊
ကာမကြောင့်ဖြစ်သော
ပူလောင်ခြင်းကို
ပယ်ဖျောက်၍၊
ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊
အတွင်းအဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိသည်ဖြစ်၍
နေ၏။
ထိုငါသည်
ကာမဂုဏ်တို့၌
မကင်းသေးသော
တပ်စွဲမှုရှိကုန်သော
ကာမတဏှာတို့သည်
ခဲစားအပ်ကုန်သော၊
ကာမတည်းဟူသော
ပူလောင်ခြင်းဖြင့်
ထက်ဝန်းကျင်
ပူလောင်ကြကုန်သော
ကာမဂုဏ်တို့ကိုမှီဝဲကြကုန်သော
အခြားသော
သတ္တဝါတို့ကို
မြင်၏။
ထိုငါသည်
ထိုသူတို့၏
ထိုကာမဂုဏ်တို့ကို
မတောင့်တတော့ပြီ၊
ထိုကာမဂုဏ်တို့၌
မမွေ့လျော်တော့ပြီ။
အဘယ်ကြောင့်နည်းဟူမူ-
မာဂဏ္ဍိယ
ကာမဂုဏ်တို့ကိုကြဉ်၍သာလျှင်
အကုသိုလ်တရားတို့ကို
ကြဉ်၍သာလျှင်
နတ်၌ဖြစ်သော
ချမ်းသာကိုသော်လည်းသာလွန်၍
တည်သော
မွေ့လျော်ခြင်းဖြင့်
မွေ့လျော်နေသည်ဖြစ်၍
ယုတ်ညံ့သော
ကာမဂုဏ်ကိုမတောင့်တတော့ပြီ၊
ထိုကာမဂုဏ်၌
မမွေ့လျော်တော့ပြီ။
၂၁၄။
မာဂဏ္ဍိယ
ဥပမာသော်ကား
နာကျင်သောကိုယ်ရှိသော
အနာမှည့်ရင့်သောကိုယ်ရှိသော
နူနာရှိသော
ယောက်ျားသည်
ပိုးလောက်တို့
အကိုက်အခဲခံရ၍
လက်သည်းတို့ဖြင့်
အနာဝကို ကုပ်ဖဲ့လျက်မီးကျီးစု၌
ကိုယ်ကို
ကင်ရာ၏။ ထိုနူနာရှိသော
ယောက်ျား၏
အဆွေခင်ပွန်းဆွေမျိုးသားချင်းတို့သည်အနာကို
ကုစားတတ်သော
ဆေးဆရာကို
ပင့်လာကုန်ရာ၏။
ထိုနူနာရှိသော
ယောက်ျားအား
ထိုအနာကိုကုစားတတ်သော
ဆေးဆရာသည်
ဆေးကုရာ၏၊
ထိုနူနာရှိသော
ယောက်ျားသည်
ထိုဆေးကို
အစွဲပြု၍နူနာတို့မှ
လွတ်မြောက်ရာ၏၊
အနာမရှိသည်ဖြစ်၍
ချမ်းသာစွာ
မိမိကိုယ်ကို
အစိုးတရ
အလိုရှိတိုင်းနေရသည်
အလိုရှိတိုင်း
သွားရသည် ဖြစ်ရာ၏။
ထိုယောက်ျားကို
အားကြီးသော
ယောက်ျားနှစ်ယောက်တို့သည်
လက်မောင်းတစ်ဖက်စီကိုင်၍
မီး
ကျီးစုသို့
ဆွဲငင်ကုန်ရာ၏။
မာဂဏ္ဍိယ
ထိုငါဆိုမည့်
စကားကို
အဘယ်သို့ အောက်မေ့ဘိသနည်း-
ထိုယောက်ျားသည်
ဤမှထိုမှကိုယ်ကို
ရုန်းကန်ရာသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
မှန်ပါ၏၊
အဘယ်ကြောင့်နည်း
ဟူမူ-
အသျှင်ဂေါတမ
ဤမီးသည်ကား
ဆင်းရဲသော
အတွေ့လည်း
ရှိပါ၏၊ ကြီးစွာသောပူခြင်းလည်း
ရှိပါ၏၊
ပြင်းထန်သော လောင်ခြင်းလည်း
ရှိပါ၏ဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ထိုငါဆိုမည့်စကားကို
အဘယ်သို့
အောက်မေ့ဘိသနည်း-
ထိုမီးသည်
ယခုမှသာလျှင်
ဆင်းရဲသော
အတွေ့လည်း
ရှိသလော၊
ကြီးစွာသော
ပူခြင်းလည်း
ရှိသလော၊ ပြင်းထန်သော
လောင်ခြင်းလည်း
ရှိသလော၊
သို့မဟုတ်
ရှေးအခါကလည်း
ထိုမီးသည်
ဆင်းရဲသော အတွေ့လည်း
ရှိသလော၊
ကြီးစွာသောပူခြင်းလည်း
ရှိသလော၊
ပြင်းထန်သော
လောင်ခြင်းလည်း
ရှိသလောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ထိုမီးသည်
ယခုအခါ၌လည်း
ဆင်းရဲသော
အတွေ့လည်း
ရှိပါ၏၊
ကြီးစွာသောပူခြင်းလည်း
ရှိပါ၏၊
ပြင်းထန်သော
လောင်ခြင်းလည်း
ရှိပါ၏၊
ရှေးအခါကလည်း
ဆင်းရဲ
သောအတွေ့လည်း
ရှိပါ၏၊
ကြီးစွာသော
ပူခြင်းလည်း
ရှိပါ၏၊
ပြင်းထန်သော
လောင်ခြင်းလည်း
ရှိပါ၏။
အသျှင်ဂေါတမ
နာကျင်သောကိုယ်ရှိသော
အနာမှည့်ရင့်သောကိုယ်ရှိသော
ပိုးလောက်တို့
အကိုက့်အခဲခံရ၍
လက်သည်းတို့ဖြင့်
အနာဝတို့ကို
ကုပ်ဖဲ့နေရသော
ဤနူနာစွဲသော
ယောက်ျားသည်ကား
ဣန္ဒြေပျက်စီးနေသည်ဖြစ်၍
ဆင်းရဲသော
အတွေ့ရှိသည်လည်းဖြစ်သော
မီး၌
ချမ်းသာ၏ဟု
ဖောက်ပြန်မှတ်မှားသော
သညာကို
ရလျက်နေပါ၏ဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ဤအတူသာလျှင်
အတိတ်ဖြစ်သော
ကာလ၌လည်း
ကာမဂုဏ်သည်
ဆင်းရဲသောအတွေ့လည်း
ရှိ၏၊
ကြီးစွာသော
ပူခြင်းလည်း
ရှိ၏၊
ပြင်းထန်သော
လောင်ခြင်းလည်း
ရှိ၏။
လာလတ္တံ့အနာဂတ်
ကာလ၌လည်း
ကာမဂုဏ်သည်
ဆင်းရဲသော
အတွေ့လည်း
ရှိ၏၊
ကြီးစွာသော
ပူခြင်းလည်းရှိ၏၊
ပြင်းထန်သော
လောင်ခြင်းလည်း
ရှိ၏။
ယခုဖြစ်ဆဲ
ပစ္စုပ္ပန်ကာလ၌လည်း
ကာမဂုဏ်သည်
ဆင်းရဲသော
အတွေ့လည်း
ရှိ၏၊
ကြီးစွာသော
ပူခြင်းလည်း
ရှိ၏၊
ပြင်းထန်သော
လောင်ခြင်းလည်း
ရှိ၏။
မာဂဏ္ဍိယ
ဤသတ္တဝါတို့ကား
ကာမဂုဏ်တရားတို့၌
မကင်းသေးသော
ရာဂရှိကုန်သည်ဖြစ်၍
ကာမတဏှာတို့သည်
ခဲစားအပ်ကုန်သည်ဖြစ်၍
ကာမအပူဖြင့်
ထက်ဝန်းကျင်
လောင်မြိုက်အပ်ကုန်သည်ဖြစ်၍ဣန္ဒြေပျက်စီးနေသည်၏အဖြစ်ကြောင့်
ဆင်းရဲသော
အတွေ့ရှိသည်သာလျှင်
ဖြစ်ကုန်သော
ကာမတို့၌ချမ်းသာ၏ဟု
ဖောက်ပြန်မှတ်မှားသော
သညာကို
ရကုန်၏။
၂၁၅။
မာဂဏ္ဍိယ
ဥပမာသော်ကား
နာကျင်သောကိုယ်ရှိသော
အနာမှည့်ရင့်သောကိုယ်ရှိသော
နူနာစွဲသော
ယောက်ျားသည်
ပိုးလောက်တို့
အကိုက်အခဲခံနေရသည်ဖြစ်၍
လက်သည်းတို့ဖြင့်
အနာဝကိုကုပ်ဖဲ့လျက်
မီးကျီးစု၌
ကိုယ်ကို
ထက်ဝန်းကျင်မှ
ကင်၏။
မာဂဏ္ဍိယ
နာကျင်သောကိုယ်ရှိသော
အနာမှည့်ရင့်ပြီးသော
ကိုယ်ရှိသော
ပိုးလောက်တို့
အကိုက်အခဲခံနေရသော
ဤနူနာရှိသော
ယောက်ျားသည်လက်သည်းတို့ဖြင့်
အနာဝကို
ကုပ်ဖဲ့လျက်
အကြင်အကြင်သို့သော
အခြင်းအရာဖြင့်
မီးကျီးစု၌
ကိုယ်ကိုထက်ဝန်းကျင်မှ
ကင်ရာ၏၊
ထိုထိုသို့သော
အခြင်းအရာဖြင့်
ထိုယောက်ျား၏
ထိုအနာဝတို့သည်
အလွန်မစင်ကြယ်ကုန်သည်လည်းကောင်း၊
အလွန်မကောင်းသော
အနံ့ရှိကုန်သည်လည်းကောင်း၊
အလွန်ပုပ်ကုန်သည်လည်းကောင်း
ဖြစ်ကုန်၏။
အနာဝတို့ကို
အယားဖျောက်ခြင်းကြောင့်ဖြစ်သော
အနည်းငယ်မျှသောသက်သာရာမျှ
သာယာကာမျှတို့သည်
ဖြစ်ကုန်၏။
မာဂဏ္ဍိယ
ဤအတူသာလျှင်
ကာမဂုဏ်တို့၌
မကင်းသေးသော
ရာဂရှိကုန်သော
ကာမတဏှာတို့
သည်ခဲစားအပ်ကုန်သော
ကာမဂုဏ်အပူဖြင့်လည်း
ထက်ဝန်းကျင်
ပူလောင်အပ်ကုန်သော
သတ္တဝါတို့သည်ကာမဂုဏ်တို့ကို
မှီဝဲကုန်၏။
မာဂဏ္ဍိယ
အကြင်အကြင်သို့သော
အခြင်းအရာအားဖြင့်
ကာမဂုဏ်တို့၌မကင်းသော
ရာဂရှိကုန်သော
ကာမတဏှာတို့သည်
ခဲစားအပ်ကုန်သော
ကာမအပူဖြင့်လည်း
ထက်ဝန်းကျင်
ပူလောင်အပ်ကုန်သော
သတ္တဝါတို့သည်
ကာမဂုဏ်တို့ကို
မှီဝဲကုန်၏။
ထိုထိုသို့သော
အခြင်းအရာအားဖြင့်
ထိုထိုသတ္တဝါတို့အား
ကာမတဏှာတို့သည်လည်း
အဖန်ဖန်တိုးပွားကုန်၏၊
ကာမအပူဖြင့်လည်းထက်ဝန်းကျင်
ပူလောင်ကုန်၏။
ကာမဂုဏ်ငါးပါးတို့ကို
အစွဲပြု၍ဖြစ်သော
သက်သာရာမျှ
သာယာကာမျှသည်သာလျှင်
ဖြစ်၏။
မာဂဏ္ဍိယ
ထိုငါဆိုမည့်စကားကို
အဘယ်သို့အောက်မေ့သနည်း-
မင်းသည်လည်းကောင်း၊
မင်း၏အမတ်သည်လည်းကောင်း
ကာမဂုဏ်ငါးပါးတို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါးလျက်
ကာမတဏှာကို
မပယ်မစွန့်မူ၍
ကာမအပူကို
မပယ်မဖျောက်မူ၍
ကင်းသော
ဆာလောင်မွတ်သိပ်ခြင်းရှိသည်ဖြစ်၍
အတွင်းအဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိလျက်
နေလည်းနေပြီ၊
နေလည်းနေဆဲ၊
နေလည်းနေလတ္တံ့ဟု
သင်မြင်မူလည်း
မြင်ဖူးသလော၊
ကြားမူလည်း
ကြားဖူးသလောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤသို့
မဖြစ်နိုင်သည်သာတည်းဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ကောင်းပါပေ၏၊
မာဂဏ္ဍိယ
မင်းသည်လည်းကောင်း၊
မင်း၏အမတ်သည်လည်းကောင်းကာမဂုဏ်ငါးပါးတို့ဖြင့်
ပြည့်ပြည့်စုံစုံ
လုံလုံလောက်လောက်
မွေ့လျော်ပျော်ပါးလျက်
ကာမတဏှာကိုမပယ်မစွန့်မူ၍
ကာမအပူကို
မပယ်ဖျောက်မူ၍
ကင်းသော
ဆာလောင်မွတ်သိပ်ခြင်းရှိသည်ဖြစ်၍
အတွင်း့အဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိသည်ဖြစ်၍
နေမူလည်း
နေခဲ့ပြီ၊
နေမူလည်း
နေဆဲ၊
နေမူလည်းနေလတ္တံ့၊
ဤသို့
ဖြစ်သည်ကို
ငါလည်း မြင်လည်း
မမြင်စဖူး၊
ကြားလည်း
မကြားစဖူးပေ။
မာဂဏ္ဍိယ
ခပ်သိမ်းကုန်သော
ရဟန်းတို့သည်လည်းကောင်း၊
ပုဏ္ဏားတို့သည်လည်းကောင်း
ကင်း
သောဆာလောင်မွတ်သိပ်ခြင်းရှိကုန်သည်ဖြစ်၍
အတွင်းအဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိကုန်သည်
ဖြစ်၍နေလည်းနေခဲ့ကုန်ပြီ၊
နေလည်းနေကုန်ဆဲ၊
နေလည်းနေကုန်လတ္တံ့၊
ခပ်သိမ်းကုန်သော
ထိုရဟန်းပုဏ္ဏားတို့သည်
ကာမဂုဏ်တရားတို့၏
ဖြစ်ခြင်း၊
ချုပ်ခြင်း၊
သာယာဖွယ်သဘော၊
အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ
သိကြကုန်၍
ကာမတဏှာတို့ကို
ပယ်စွန့်ကုန်၍
ကာမအပူကို
ပယ်ဖျောက်ကုန်၍ကင်းသော
ဆာလောင်မွတ်သိပ်ခြင်းရှိကုန်သည်ဖြစ်၍
အတွင်းအဇ္ဈတ္တသန္တာန်၌
ငြိမ်းအေးသောစိတ်ရှိကုန်သည်ဖြစ်၍
နေလည်းနေခဲ့ကြကုန်ပြီ၊
နေလည်းနေကြကုန်ဆဲ၊
နေလည်းနေကြကုန်လတ္တံ့ဟု
(မိန့်တော်မူ၏)။
ထိုအခါ
မြတ်စွာဘုရားသည်
ထိုအချိန်၌
ဤဥဒါန်းစကားကို
ကျူးရင့်မြွက်ကြားတော်မူ၏-
လာဘ်ဟူသမျှတို့တွင်
အနာကင်းခြင်းသည်
အသာဆုံးဖြစ်၏၊
ချမ်းသာဟူသမျှ
တို့တွင်
နိဗ္ဗာန်သည်အသာဆုံးဖြစ်၏၊
အမြိုက်နိဗ္ဗာန်သို့
ရောက်ကြောင်းဖြစ်သော
လမ်းခရီးတို့တွင်
အင်္ဂါရှစ်ပါးရှိသောလမ်းခရီးသည်
ဘေးကင်း၍
အမြတ်ဆုံးဖြစ်
ပေ၏ဟု
(ကျူးရင့်မြွက်ကြားတော်မူ၏)။
၂၁၆။
ဤသို့
မိန့်တော်မူသော်
မာဂဏ္ဍိယပရိဗိုဇ်သည်
မြတ်စွာဘုရားအား-
''အသျှင်ဂေါတမအံ့ဖွယ်ရှိပါပေစွ၊
အသျှင်ဂေါတမ
မဖြစ်စဖူး
ထူးကဲစွာ
ဖြစ်ပါပေစွ၊
အသျှင်ဂေါတမသည်
'လာဘ်ဟူသမျှတို့တွင်
အနာကင်းခြင်းသည်
အသာဆုံးဖြစ်၏၊
ချမ်းသာဟူသမျှတို့တွင်
နိဗ္ဗာန်သည်အသာဆုံးဖြစ်၏'ဟူ၍ကောင်းစွာပင်
မိန့်ကြားပေ၏။
အသျှင်ဂေါတမ
အကျွန်ုပ်သည်လည်း
'လာဘ်ဟူသမျှတို့တွင်
အနာကင်းခြင်းသည်
အသာဆုံးဖြစ်၏၊
ချမ်းသာဟူသမျှတို့တွင်
နိဗ္ဗာန်သည်အသာဆုံးဖြစ်၏'ဟု
ပြောဆိုလာကြသောရှေးပရိဗိုဇ်ဆရာ
အဆက်ဆက်တို့၏
စကားကို
ကြားဖူးပါ၏၊
အသျှင်ဂေါတမ
အသျှင်ဂေါတမ
မိန့်ဆိုသောဤစကားသည်
အကျွန်ုပ်
ကြားဖူးသည်နှင့်
ညီညွတ်ပါ၏''ဟု
လျှောက်ထား၏။
မာဂဏ္ဍိယ
သင်သည်
'လာဘ်ဟူသမျှတို့တွင်
အနာကင်းခြင်းသည်
အသာဆုံးဖြစ်၏၊
ချမ်းသာဟူသမျှတို့တွင်
နိဗ္ဗာန်သည်
အသာဆုံးဖြစ်၏'ဟု
ပြောဆိုလာကြသော
ရှေးပရိဗိုဇ်ဆရာအဆက်ဆက်တို့၏စကားကို
ကြားရဖူး၏၊
ထိုအနာကင်းခြင်းဟူသည်
အဘယ်နည်း၊
ထိုနိဗ္ဗာန်ဟူသည်
အဘယ်နည်းဟု (မေးတော်မူ၏)။
ဤသို့
မေးတော်မူသော်
မာဂဏ္ဍိယပရိဗိုဇ်သည်
မိမိကိုယ်ကိုသာလျှင်
လက်ဖြင့်သုံးသပ်၏၊
''အသျှင်ဂေါတမ
ထိုအနာကင်းခြင်းဟူသည်
ဤသည်ပင်တည်း၊
ထိုနိဗ္ဗာန်ဟူသည်
ဤသည်ပင်တည်း၊
အသျှင်ဂေါတမ
အကျွန်ုပ်သည်
ယခုအခါ
အနာမရှိ
ချမ်းချမ်းသာသာရှိ၏၊
စိုးစဉ်းမျှသော
ဆင်းရဲမှုသည်အကျွန်ုပ်ကို
မနှိပ်စက်နိုင်ပါ''ဟု
(လျှောက်၏)။
၂၁၇။
မာဂဏ္ဍိယ
ဥပမာသော်ကား
ဝမ်းတွင်းကန်းဖြစ်သော
ယောက်ျားသည်
ရှိ၏၊
ထိုယောက်ျား သည်မည်းသောအဆင်း
ဖြူသောအဆင်းတို့ကို
မမြင်ရာ၊
ညိုသောအဆင်းတို့ကို
မမြင်ရာ၊
ရွှေသောအဆင်းတို့ကို
မမြင်ရာ၊
နီသော
အဆင်းတို့ကို
မမြင်ရာ၊
မောင်းသောအဆင်းတို့ကို
မမြင်ရာ၊ ညီညွတ်သည်
မညီညွတ်သည်ကို
မမြင်ရာ၊
ကြယ်နက္ခတ်တာရာတို့၏
အဆင်းကို
မမြင်ရာ၊
လနေတို့ကိုမမြင်ရာ၊
ထိုဝမ်းတွင်းကန်းယောက်ျားသည်
''အချင်းတို့
အလွန်အဆင်းလှသော
အညစ်အကြေးကင်းသောစင်ကြယ်
သော
အဝတ်ဖြူသည်
ကောင်းမွန်လေစွ
တကား''ဟု
ပြောဆိုသော
မျက်စိမြင်သောသူ၏စကားကို
ကြား လေရာ၏။ ထိုဝမ်းတွင်းကန်းသည်
အဖြူရှာ
လှည့်လည်လာရာ၏။
ထိုဝမ်းတွင်းကန်းကို
တစ်ယောက်သော
ယောက်ျားသည်
ဆီချေးလိမ်းကျံသော
မည်းနက်သည့်သိုးမွေးတို့ဖြင့်
ပြုထားသော
ပုဆိုးကြမ်းဖြင့်
''အချင်းယောက်ျား
ဤပုဆိုးကား
သင့်အတွက်အလွန်အဆင်းလှ၍
အညစ်အကြေးကင်းသော
စင်ကြယ် သည့်
အဝတ်ဖြူတည်း''ဟု
လှည့်ပတ်ရာ၏။
ထိုဝမ်းတွင်းကန်းသည်
ထိုမည်းနက်သော
အဝတ်ကို
ယူရာ၏၊
ယူပြီး၍
ဝတ်ရုံရာ၏၊
ဝတ်ရုံပြီး၍့နှစ်သက်သောစိတ်ရှိလျက်
''အချင်းတို့
အလွန်အဆင်းလှ၍
အညစ်အကြေးကင်းသော
စင်ကြယ်သည့်အဝတ်ဖြူသည်
ကောင်းမွန်လေစွတကား''ဟု
နှစ်သက်သော
စကားကို
မြွက်ဆိုရာ၏။
မာဂဏ္ဍိယ
ထိုငါဆိုမည့်
စကားကို
အဘယ်သို့အောက်မေ့သနည်း-အမှန်အားဖြင့်
ဝမ်းတွင်းကန်းဖြစ်သော
ထိုယောက်ျားသည်
သိ၍ မြင်၍
ဤဆီချေးဖြင့်
လိမ်းကျံသော
မည်းနက်သည့်
သိုးမွေးတို့ဖြင့်ပြုထားသော
ပုဆိုးကြမ်းကို
ယူရာသလော၊
ယူပြီး၍ ဝတ်ရုံရာသလော၊
ဝတ်ရုံ၍
နှစ်သက်သော
စိတ်ရှိသည်ဖြစ်၍
''အချင်းတို့
အလွန်အဆင်းလှ၍
အညစ်အကြေးကင်းသော
စင်ကြယ်သည့်
အဝတ်ဖြူသည်ကောင်းမွန်လေစွတကား''ဟု
နှစ်သက်သောစကားကို
မြွက်ကြားရာသလော၊
သို့မဟုတ်
မျက်စိအမြင်ရှိသော
ယောက်ျား၏
စကားကို ယုံကြည်၍
ဆိုရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ထိုဝမ်းတွင်းကန်းယောက်ျားသည်
မသိဘဲ
မမြင်ဘဲ
ဆီချေးလိမ်းကျံသော
ဤမည်းနက်သည့်
သိုးမွေးတို့ဖြင့်ပြုထားသော
ပုဆိုးကြမ်းကို
ခံယူရာ၏၊
ခံယူပြီး၍
ဝတ်ရုံရာ၏၊
ဝတ်ရုံပြီးလျှင်
နှစ်သက်သောစိတ်ရှိလျက်
''အချင်းတို့
အလွန်
အဆင်းလှသော
အညစ်အကြေးကင်းသော
စင်ကြယ်သည့်
အဝတ်ဖြူသည်
ကောင်းမွန်လေစွတကား''ဟု
နှစ်သက်သော စကားကို
မြွက်ကြားလေရာ၏၊
မျက်စိအမြင်ရှိသော
ယောက်ျား၏
ပြောစကားကို
ယုံကြည်၍
မြွက်ကြားလေရာ၏ဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ဤအတူသာလျှင်
အယူတစ်ပါးရှိကုန်သော
ပရိဗိုဇ်တို့သည်
ကန်းကုန်၏၊
မျက်စိအမြင်မရှိကုန်၊
အနာကင်းသော
အဖြစ်ကို
မသိကုန်၊
နိဗ္ဗာန်ကို
မမြင်ကုန်၊
ထိုသို့ မသိမမြင်ကြကုန်ဘဲလျက်သာလျှင်
''လာဘ်ဟူသမျှတို့တွင်
အနာကင်းခြင်းသည်
အသာဆုံးဖြစ်၏၊
ချမ်းသာဟူသမျှတို့တွင်
နိဗ္ဗာန်သည်
အသာဆုံး
ဖြစ်၏'' ဟူ၍
ဤဂါထာကိုဆိုကုန်၏။
မာဂဏ္ဍိယ
ပူဇော်အထူးကိုခံတော်မူထိုက်ကုန်သော
ရှေးဘုရားသျှင်တို့သည်-
''လာဘ်ဟူသမျှတို့တွင်
အနာကင်းခြင်းသည်
အသာဆုံးဖြစ်၏၊
ချမ်းသာဟူသမျှ
တို့တွင်
နိဗ္ဗာန်သည်အသာဆုံးဖြစ်၏၊
အမြိုက်နိဗ္ဗာန်သို့
ရောက်ကြောင်းဖြစ်သော
လမ်းခရီးတို့တွင်
အင်္ဂါရှစ်ပါးရှိသောလမ်းခရီးသည်
ဘေးကင်း၍
အမြတ်ဆုံးဖြစ်
ပေ၏''ဟု ဤဂါထာကို
ဟောကြားတော်မူကုန်၏။
၂၁၈။
ထိုဂါထာသည်
အစဉ်အားဖြင့်
ယခုအခါ ပုထုဇဉ်တို့
ဂါထာဖြစ်၏။
မာဂဏ္ဍိယ
ဤခန္ဓာကိုယ်သည်
ရောဂါတုံးဖြစ်၏၊
အိုင်းအမာတုံးဖြစ်၏၊
ဆူးငြောင့်တုံးဖြစ်၏၊
ဆင်းရဲတုံးဖြစ်၏၊
အနာတုံးဖြစ်၏။
ထိုသင်သည်
ရောဂါတုံးဖြစ်သော
အိုင်းအမာတုံးဖြစ်သော
ဆူးငြောင့်တုံးဖြစ်သော
ဆင်းရဲတုံးဖြစ်သော
အနာတုံးဖြစ်သော
ဤခန္ဓာကိုယ်ကို
''အသျှင်ဂေါတမ
ထိုအနာကင်းခြင်းဟူသည်
ဤသည်ပင်တည်း၊
ထိုနိဗ္ဗာန်ဟူသည်
ဤသည်ပင်တည်း''ဟု
ဆို၏။
မာဂဏ္ဍိယ
အနာကင်းခြင်းကိုသိနိုင်မည်ဖြစ်သော,
နိဗ္ဗာန် ကို
မြင်နိုင်မည်ဖြစ်သော,
စင်ကြယ်သော
ဉာဏ်မျက်စိသည်
သင့်မှာ မရှိဟု
(မိန့်တော်မူ၏)။
အနာကင်းခြင်းကို
အကျွန်ုပ်
သိနိုင်မည့်နည်းလမ်းဖြင့်
နိဗ္ဗာန်ကို
အကျွန်ုပ်
မြင်နိုင်မည့်နည်းလမ်းဖြင့်
အသျှင်ဂေါတမသည်
အကျွန်ုပ်အား
တရားဟောခြင်းငှါ
စွမ်းနိုင်၏ဟု
ဤသို့
အကျွန်ုပ်သည်အသျှင်ဂေါတမ
အား ယုံကြည်ပါ၏ဟု
(လျှောက်ထား၏)။
၂၁၉။
မာဂဏ္ဍိယ
ဥပမာသော်ကား
ဝမ်းတွင်းကန်းဖြစ်သော
ယောက်ျားသည်
ရှိရာ၏၊
ထိုယောက်ျားသည်
အမည်းအဖြူ
အဆင်းတို့ကို
မမြင်ရာ၊ ညိုသောအဆင်းတို့ကို
မမြင်ရာ၊
ရွှေသောအဆင်းတို့ကို
မမြင်ရာ၊
နီသောအဆင်းတို့ကို
မမြင်ရာ၊
မောင်းသောအဆင်းတို့ကို
မမြင်ရာ၊ ညီညွတ်သည်မညီညွတ်သည်ကို
မမြင်ရာ၊
ကြယ်နက္ခတ်တာရာတို့၏
အဆင်းတို့ကို
မမြင်ရာ၊ လနေတို့ကို
မမြင်ရာ၊
ထိုဝမ်းတွင်းကန်း၏
မိတ်ဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်
မျက်စိကုစားတတ်သော
ဆေးဆရာကိုပင့်လာကုန်ရာ၏၊
ထိုဝမ်းတွင်းကန်းအား
ထိုမျက်စိ
ကုစားတတ်သော
ဆေးဆရာသည်
ဆေးကုရာ၏၊ ထိုသူကန်းသည်
ထိုဆေးကုခြင်းကို
အစွဲပြု၍ မျက်စိတို့ကို
မဖြစ်စေနိုင်ငြားအံ့၊
မျက်စိတို့ကို
မသုတ်သင်နိုင်ငြားအံ့။
မာဂဏ္ဍိယ
ထိုငါဆိုမည့်စကားကို
အဘယ်သို့အောက်မေ့သနည်း-
ထိုဆေးဆရာသည်
ပင်ပန်းရုံဆင်းရဲရုံမျှသာ
ဖြစ်ရာသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
မှန်ပါ၏ဟု
(လျှောက်၏)။
မာဂဏ္ဍိယ
ဤအတူသာလျှင်
ငါသည် သင့်အား
''အနာကင်းခြင်း
ဟူသည်
ဤသည်ပင်တည်း၊
နိဗ္ဗာန်ဟူသည်
ဤသည်ပင်တည်း''ဟု
အကယ်၍
ဟောရာ၏၊ (ဟောပါလျက်)
သင်သည်
အနာကင်းခြင်းကို
မသိငြားအံ့၊
နိဗ္ဗာန်ကို
မမြင်ငြားအံ့၊
ထိုသို့
ဖြစ်သော်
ငါ့မှာသာလျှင်
ထိုပင်ပန်းခြင်း
ထိုဆင်းရဲခြင်းသည်ဖြစ်ရာ၏ဟု
(မိန့်တော်မူ၏)။
အနာကင်းခြင်းကို
အကျွန်ုပ်သိနိုင်မည့်
နည်းလမ်းဖြင့်
နိဗ္ဗာန်ကို
အကျွန်ုပ်မြင်နိုင်မည့်
နည်းလမ်းဖြင့်
အသျှင်ဂေါတမသည်
အကျွန်ုပ်အား
တရားဟောခြင်းငှါ
စွမ်းနိုင်ပါ၏ဟု
ဤသို့အကျွန်ုပ်သည်
အသျှင်ဂေါတမအား
ယုံကြည်ပါ၏ဟု
(လျှောက်၏)။
၂၂၀။
မာဂဏ္ဍိယ
ဥပမာသော်ကား
ဝမ်းတွင်းကန်းဖြစ်သော
ယောက်ျားသည်
ရှိလေရာ၏၊
ထိုဝမ်းတွင်းကန်းယောက်ျားသည်
မည်းသောအဆင်း
ဖြူသောအဆင်းတို့ကို
မမြင်ရာ၊
ညိုသောအဆင်းတို့ကိုမမြင်ရာ၊
ရွှေသောအဆင်းတို့ကို
မမြင်ရာ၊
နီသောအဆင်းတို့ကို
မမြင်ရာ၊ မောင်းသောအဆင်းတို့ကိုမမြင်ရာ၊
ညီညွတ်သည် မညီညွတ်သည်ကို
မမြင်ရာ၊
ကြယ်နက္ခတ်တာရာတို့၏
အဆင်းတို့ကို
မမြင်ရာ၊
လနေတို့ကို
မမြင်ရာ၊
ထိုဝမ်းတွင်းကန်းယောက်ျားသည်
''အချင်းတို့
အလွန်အဆင်းလှ၍
အညစ်အကြေးကင်းသော
စင်ကြယ်သည့်အဝတ်ဖြူသည်
ကောင်းမွန်လေစွတကား''ဟု
ပြောဆိုသော
မျက်စိမြင်သောသူ၏စကားကို
ကြားလေရာ၏။
ထိုဝမ်းတွင်းကန်း
ယောက်ျားသည်
အဖြူရှာလှည့်လည်ရာ၏၊
ထိုဝမ်းတွင်းကန်း
ယောက်ျားကို
တစ်ယောက်သော
ယောက်ျားသည်
ဆီချေးလိမ်းကျံသော
မည်းနက်သည့်
သိုးမွေးတို့ဖြင့်
ပြုထားသော
ပုဆိုးကြမ်းဖြင့်
''အချင်းယောက်ျား
ဤပုဆိုးကား
သင့်အတွက်
အလွန်အဆင်းလှ၍အညစ်အကြေးကင်းသော
စင်ကြယ်သည့်
အဝတ်ဖြူတည်း''ဟု
လှည့်ပတ်ရာ၏။
ထိုဝမ်းတွင်းကန်းသည်ထိုအဝတ်ဖြူကို
ခံယူရာ၏၊
ခံယူပြီး၍
ဝတ်ရုံရာ၏၊
ထိုဝမ်းတွင်းကန်း၏
မိတ်ဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်
မျက်စိကို
ကုစားသော
ဆေးဆရာကို
ပင့်လာကြကုန်ရာ၏။
ထိုမျက်စိကို
ကုစားတတ်သော
ဆေးဆရာသည်
ထိုဝမ်းတွင်းကန်းအား
အထက်သို့
အံစေတတ်သောဆေးကိုလည်းကောင်း၊
အောက်သို့သက်စေတတ်သော
ဆေးကိုလည်းကောင်း၊
မျက်စဉ်းခတ်ခြင်းကိုလည်းကောင်း၊
မျက်စိဆေးလိမ်းခြင်းကိုလည်းကောင်း၊
နှာနှပ်ခြင်းကိုလည်းကောင်း
ဆေးအမျိုးမျိုးတို့ကိုပေးသဖြင့်
ကုသရာ၏၊
ထိုဝမ်းတွင်းကန်းသည်
ထိုဆေးတို့ကို
အစွဲပြု၍
မျက်စိတို့ကို
ဖြစ်စေရာ၏၊
မျက်စိတို့ကို
သုတ်သင်ရာ၏။
ထိုဝမ်းတွင်းကန်းမှာ
မျက်စိအမြင်
ဖြစ်သည်နှင့်
တစ်ပြိုင်နက်
ဆီချေးဖြင့်လိမ်းကျံထားသော
မည်းနက်သည့်
သိုးမွေးတို့ဖြင့်
ပြုထားသော
ဤပုဆိုးကြမ်း၌
လိုချင်တပ်မက်ခြင်းသည်ပျောက်ကင်းလေရာ၏၊
ထိုသို့သဘောရှိသော
အဝတ်ပုဆိုးကို
ပေးသော
ယောက်ျားကိုမူလည်း''အချင်းတို့
ဤယောက်ျားသည်
ငါ့ကို
'အချင်းယောက်ျား
ဤအဝတ်ပုဆိုးသည်
သင့်အတွက်အလွန်အဆင်းလှ၍
အညစ်အကြေးကင်းသော
စင်ကြယ်သည့်
အဝတ်ဖြူတည်း'ဟု
ဆီချေးလိမ်းကျံသောမည်းနက်သည့်
သိုးမွေးတို့ဖြင့်
ပြုထားသော
ပုဆိုးကြမ်းဖြင့်
ရှည်မြင့်စွာသော
ကာလပတ်လုံးလှည့်ပတ်ဖျက်ဆီးထားခဲ့
သည်တကား''ဟု
မိတ်ဆွေမဟုတ်သူ
အရာ၌လည်း
ထားရာ၏၊
ရန်သူအရာ၌လည်း
ထားရာ၏။ သတ်
သင့်သည်ဟူ၍လည်း
ထင်မှတ်ရာ၏။
မာဂဏ္ဍိယ
ဤအတူသာလျှင်
ငါသည်
သင့်အား
''အနာကင်းခြင်းဟူသည်
ဤသည်ပင်တည်း၊
နိဗ္ဗာန်ဟူသည်
ဤသည်ပင်တည်း''ဟု
အကယ်၍
တရားဟောရာ၏၊
ထိုသင်သည်
အနာကင်းခြင်းကို
သိရာ၏၊
နိဗ္ဗာန်ကို
မြင်ရာ၏။
ဤသို့
မြင်သည်ရှိသော်
ထိုသင့်အား
သိမြင်တတ်သော
ဉာဏ်မျက်စိဖြစ်သည်နှင့်တစ်ပြိုင်နက်
ငါးပါးသော
ဥပါဒါနက္ခန္ဓာတို့၌
လိုချင်တပ်မက်ခြင်း
ပျောက်ကင်းလေရာ၏၊
သင့်အား''အချင်းတို့
ငါ့ကို
ဤစိတ်သည်
ရှည်မြင့်စွာသော
ကာလပတ်လုံး
နှိပ်စက်လှည့်ပတ်
ဖျက်ဆီးထားခဲ့သည်တကား၊
ငါသည်
ရုပ်ကိုသာလျှင်
စွဲလမ်းသည်ဖြစ်၍
စွဲလမ်းဖူး၏၊
ဝေဒနာကိုသာလျှင်
စွဲလမ်းသည်ဖြစ်၍့စွဲလမ်းဖူး၏၊
သညာကိုသာလျှင်
စွဲလမ်းသည်ဖြစ်၍
စွဲလမ်းဖူး၏၊
သင်္ခါရတို့ကိုသာလျှင်
စွဲလမ်းသည်ဖြစ်၍စွဲလမ်းဖူး၏၊
ဝိညာဏ်ကိုသာလျှင်
စွဲလမ်းသည်ဖြစ်၍
စွဲလမ်းဖူး၏၊
ထိုငါ့အား
စွဲလမ်းမှု
'ဥပါဒါန်'
ဟူသောအကြောင်းကြောင့်
ဘဝသည်
ဖြစ်ပေါ်၏၊
ဘဝဟူသော
အကြောင်းကြောင့်
ဇာတိသည်
ဖြစ်ပေါ်၏၊
ဇာတိ ဟူသော
အကြောင်းကြောင့်
အိုခြင်း
'ဇရာ' သေခြင်း
'မရဏ'
ပူဆွေးခြင်း
'သောက'
ငိုကြွေးခြင်း'ပရိဒေဝ'
ကိုယ်ဆင်းရဲခြင်း
'ဒုက္ခ'
စိတ်ဆင်းရဲခြင်း
'ဒေါမနဿ'
ပြင်းစွာပင်ပန်းခြင်း
'ဥပါယာသ'
တို့သည်ဖြစ်ကုန်၏၊
ဤသို့
ထိုဆင်းရဲအစု
ဖြစ်ပေါ်ခြင်းသည်
ထင်ရှား၏''ဟူသော
အကြံဖြစ်ရာ၏ဟု
(မိန့်တော်မူ၏)။
အကျွန်ုပ်သည်
ဤနေရာမှ မကန်းဘဲ
ထနိုင်မည့်နည်းလမ်းဖြင့်
အသျှင်ဂေါတမသည်
အကျွန်ုပ်အားတရားဟောခြင်းငှါ
စွမ်းနိုင်၏ဟု
ဤသို့
အကျွန်ုပ်သည်
အသျှင်ဂေါတမအား
ယုံကြည်ပါ၏ဟု
(လျှောက်၏)။
၂၂၁။
မာဂဏ္ဍိယ
သို့ဖြစ်မူ
သင်သည်
သူတော်ကောင်းတို့ကို
ဆည်းကပ်လော့၊
မာဂဏ္ဍိယ သင်သည်သူတော်ကောင်းတို့ကို
မှီဝဲဆည်းကပ်ရသောကြောင့်
သူတော်ကောင်းတို့၏
တရားကို ကြားနာ
ရလတ္တံ့။
မာဂဏ္ဍိယ
သင်သည်
သူတော်ကောင်းတို့၏
တရားကို
ကြားနာရသောကြောင့်
လောကုတ္တရာ
တရားအားလျော်သောအကျင့်ကို
ကျင့်ရလတ္တံ့။
မာဂဏ္ဍိယ
သင်သည်
လောကုတ္တရာတရားအား
လျော်သောအကျင့်ကို
ကျင့်ရသောကြောင့်
''ဤသည်တို့ကား
ရောဂါတို့တည်း၊
အိုင်းအမာတို့တည်း၊
မြားငြောင့်တို့တည်း၊
ဤ၌
ရောဂါတို့သည်
အိုင်းအမာတို့သည်
မြားငြောင့်တို့သည်
အကြွင်းမဲ့
ချုပ်ကုန်၏။
ထိုငါ့အား
စွဲလမ်းမှု
'ဥပါဒါန်' ချုပ်ခြင်းကြောင့်
ဘဝ၏
ချုပ်ခြင်းသည်
ဖြစ်၏၊ ဘဝ၏
ချုပ်ခြင်းကြောင့်ပဋိသန္ဓေတည်နေရမှု
'ဇာတိ'
ချုပ်၏၊
ပဋိသန္ဓေတည်နေရမှု
'ဇာတိ'၏
ချုပ်ခြင်းကြောင့်
အိုရခြင်း
'ဇရာ'၊
သေရခြင်း
'မရဏ'၊
ပူဆွေးရခြင်း
'သောက'၊
ငိုကြွေးရခြင်း
'ပရိဒေဝ'၊
ကိုယ်ဆင်းရဲခြင်း
'ဒုက္ခ'၊
စိတ်ဆင်းရဲခြင်း'ဒေါမနဿ'၊
ပြင်းစွာပင်ပန်းခြင်း
'ဥပါယာသ'
တို့သည် ချုပ်ကုန်၏၊
ဤသို့
ဤဆင်းရဲတုံးသက်သက်၏ချုပ်ခြင်းသည်
ဖြစ်၏''ဟု
ကိုယ်တိုင်သာ
သိရလတ္တံ့ဟု
(မိန့်တော်မူ၏)။
၂၂၂။
ဤသို့
မိန့်တော်မူသော်
မာဂဏ္ဍိယပရိဗိုဇ်သည်
မြတ်စွာဘုရားအား
''အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ၊
အသျှင်ဂေါတမ
တရားတော်သည်
အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊
အသျှင်ဂေါတမ
ဥပမာသော်ကား
မှောက်၍ ထားအပ်သော
အရာဝတ္ထုကို
လှန်၍ပြဘိသကဲ့သို့လည်းကောင်း၊
ဖုံးလွှမ်း၍ထားအပ်သော
အရာဝတ္ထုကို
ဖွင့်လှစ်၍
ပြဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်၍
ခရီးမှားသောသူအား
ခရီးမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်း၊
'မျက်စိအမြင်ရှိသောသူတို့သည်အဆင်း
'ရူပါရုံ' တို့ကို
မြင်ကြလိမ့်မည်'ဟု
အမိုက်မှောင်၌
ဆီမီးတန်ဆောင်ကို
ညှိထွန်းဆောင်ပြဘိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အသျှင်ဂေါတမသည်
များစွာသော
အကြောင်းတို့ဖြင့်
တရားတော်ကိုဟောပြတော်မူအပ်ပါပေ၏။
ထိုအကျွန်ုပ်သည်
အသျှင်ဂေါတမကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏။
တရားတော်ကိုလည်းကောင်း၊
သံဃာတော်ကိုလည်းကောင်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏။
အကျွန်ုပ်သည်
အသျှင်ဂေါတမ၏
အထံ၌
ရှင်အဖြစ်ကို
ရလိုပါ၏၊
ရဟန်းအဖြစ်ကို
ရလိုပါ၏''ဟု
(လျှောက်၏)။
မာဂဏ္ဍိယ
အမှန်အားဖြင့်
သာသနာတော်မှ
တစ်ပါးသော
အယူကို
ယူဖူးသော
အကြင်သူသည်
ဤသုတ်အဘိဓမ္မာ
ဝိနည်းတည်းဟူသော
သာသနာတော်၌
ရှင်အဖြစ်ကို
အလိုရှိငြားအံ့၊
ရဟန်းအဖြစ်ကို
အလိုရှိငြားအံ့၊
ထိုသူသည်
လေးလတို့ပတ်လုံး
ပရိဝါသ်နေရာ၏၊
လေးလတို့ကို
လွန်သဖြင့်
နှစ်သက်အားရသောစိတ်ရှိကြကုန်သော
ရဟန်းတော်တို့သည်
ရှင်ပြု၍ ပေးကြကုန်လတ္တံ့၊
ရဟန်းဖြစ်ခြင်းငှါ
ပဉ္စင်းခံ၍
ပေးကြကုန်လတ္တံ့၊
သို့သော်လည်း
ဤအရာ၌
ပုဂ္ဂိုလ်ထူးခြား
ကွဲလွဲသော
အဖြစ်ကို
သိအပ်ပေ၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အကယ်၍
သာသနာတော်မှ
တစ်ပါးသော
အယူကို
ယူဖူးသောသူသည်
ဤသုတ်အဘိဓမ္မာ
ဝိနည်းဟူသော
သာသနာတော်၌
ရှင်အဖြစ်ကို
အလိုရှိပါမူ
ရဟန်းအဖြစ်ကို
အလိုရှိပါမူ
လေးလ့တို့ပတ်လုံး
ပရိဝါသ်နေရ၏၊
လေးလတို့ကို လွန်သဖြင့်
နှစ်သက်အားရသော
စိတ်ရှိကြကုန်သော
ရဟန်းတို့သည်
ရှင်ပြု၍
ပေးကုန်ငြားအံ့၊
ရဟန်းဖြစ်ခြင်းငှါ
ပဉ္စင်းခံ၍
ပေးကုန်ငြားအံ့။
အကျွန်ုပ်သည်
လေးနှစ်တို့
ကာလပတ်လုံး
ပရိဝါသ်နေပါအံ့၊
လေးနှစ်တို့လွန်သောအခါ
နှစ်သက်အားရသော
စိတ်ရှိကြကုန်သောရဟန်းတို့သည်
ရှင်ပြု၍ ပေးကြပါကုန်လော့၊
ရဟန်းဖြစ်ခြင်းငှါ
ပဉ္စင်းခံ၍
ပေးကြပါကုန်လော့ဟု
(လျှောက်၏)။
မာဂဏ္ဍိယပရိဗိုဇ်သည်
မြတ်စွာဘုရား၏
အထံတော်၌
ရှင်အဖြစ်ကို
ရပြီ၊
ပဉ္စင်းအဖြစ်ကို
ရပြီ။
အသျှင်မာဂဏ္ဍိယမထေရ်သည်
ရဟန်းပြု၍
မကြာမြင့်မီပင်လျှင်
တစ်ပါးတည်း
ဆိတ်ငြိမ်ရာ
အရပ်သို့ကပ်၍
မမေ့မလျော့
လုံ့လရှိသည်ဖြစ်၍
(နိဗ္ဗာန်သို့)
စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသည်ရှိသော်မကြာမြင့်မီပင်လျှင်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ကောင်းစွာသာလျှင်
ရဟန်းပြုကြကုန်သောအမျိုးကောင်း
သားများ မျှော်လင့်ထားသော
အတုမဲ့သော
မြတ်သောအကျင့်၏
ဆုံးခန်းတိုင်မှုကိုမျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေရပြီ။ ''တစ်ဖန်
ပဋိသန္ဓေနေမှု
ကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကို
ပြုပြီးပြီ၊
ဤအရဟတ္တဖိုလ်အကျိုးငှါ
တစ်ပါး သော
ပြုဖွယ်ကိစ္စ
မရှိတော့ပြီ''ဟု
သိပြီ၊
အသျှင်မာဂဏ္ဍိယသည်ရဟန္တာတို့တွင်
တစ်ပါးအပါအဝင်
ဖြစ်လေပြီတည်း။
ငါးခုမြောက်
မာဂဏ္ဍိယသုတ်
ပြီး၏။
------
၆-သန္ဒကသုတ်
၂၂၃။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
သီတင်းသုံး
နေတော် မူ၏။
ထိုအခါ
သန္ဒကပရိဗိုဇ်သည်
ငါးရာမျှသော
ပရိဗိုဇ်ပရိသတ်များနှင့်
အတူ ပိလက္ခဂူ၌
နေ၏။
ထိုအခါအသျှင်အာနန္ဒာသည်
ညနေချမ်းအခါ ကိန်းအောင်းရာမှ
ထလျက်
ရဟန်းတို့ကို
''ငါ့သျှင်တို့
လာ,
သွားကြကုန်အံ့၊
ဒေဝကတအိုင် ဂူလိုဏ်ကို
ကြည့်ရန်
ချဉ်းကပ်ကြကုန်အံ့''ဟု
မိန့်ဆို၏။
''အသျှင်ဘုရားကောင်းပါပြီ''
ဟူ၍သာလျှင်
ထိုရဟန်းတို့သည်
အသျှင်အာနန္ဒာအား
ပြန်ကြားလျှောက်ထားကုန်၏။
ထိုအခါ
အသျှင်အာနန္ဒာသည်
များစွာသော
ရဟန်းတို့နှင့်
အတူ
ဒေဝကတအိုင်သို့
ချဉ်းကပ်၏။
ထိုအခါ
သန္ဒကပရိဗိုဇ်သည်
များပြားသော
မဂ်ဖိုလ်မှ
ဖီလာဖြစ်သော
စကားကို
ပဲ့တင်ထပ်မျှပြင်းပြကျယ်လောင်သော
အသံဖြင့်
ပြောဆိုလျက်
များစွာသော
ပရိဗိုဇ်ပရိသတ်နှင့်အတူ
နေ၏။ ဤသည်ကား
အဘယ်နည်း။
မင်းနှင့်စပ်သောစကား
ခိုးသူနှင့်စပ်သောစကား
အမတ်ကြီးနှင့်စပ်သောစကားစစ်သည်နှင့်စပ်သောစကား
ကြောက်ဖွယ်နှင့်စပ်သောစကား
စစ်ထိုးခြင်းနှင့်စပ်သောစကား
စားဖွယ်နှင့်စပ်သောစကား
သောက်ဖွယ်နှင့်စပ်သောစကား
အဝတ်နှင့်စပ်သောစကား
အိပ်ရာနှင့်စပ်သောစကား
ပန်းနှင့်စပ်သောစကား
နံ့သာနှင့်စပ်သောစကား
ဆွေမျိုးနှင့်စပ်သောစကား
ယာဉ်နှင့်စပ်သောစကား
ရွာနှင့်စပ်သောစကား
နိဂုံးနှင့်စပ်သောစကား
မြို့နှင့်စပ်သောစကား
နယ်နှင့်စပ်သောစကား
မိန်းမနှင့်စပ်သောစကား
ယောက်ျားနှင့်စပ်သောစကား၁ သူရဲကောင်းနှင့်
စပ်သောစကား
လမ်းနှင့်စပ်သောစကား၂ရေခပ်ဆိပ်
နှင့်စပ်သောစကား
သေလွန်သူနှင့်စပ်သော
စကား
အထွေထွေနှင့်စပ်သောစကား
လောက (အကြောင်း)
နှင့်
စပ်သောစကား
သမုဒ္ဒရာ
(အကြောင်း) နှင့်စပ်သောစကား
ကြီးပွါးခြင်း
ဆုတ်ယုတ်ခြင်းနှင့်စပ်သော
စကားတို့တည်း။
သန္ဒကပရိဗိုဇ်သည်
ကြွလာသောအသျှင်အာနန္ဒာကို
အဝေးကပင်
မြင်လတ်သော်
''အသျှင်တို့
တိတ်ဆိတ်စွာ
နေကြပါကုန်လော့၊
အသံမပြုကုန်လင့်၊
ရဟန်းဂေါတမ၏
တပည့်ဖြစ်သော
ဤရဟန်းအာနန္ဒာသည်
ကြွလာနေ၏၊
ကောသမ္ဗီပြည်၌
နေကြသမျှသော
ရဟန်းဂေါတမ၏
တပည့်သာဝကတို့တွင်
ဤ့ရဟန်းအာနန္ဒာသည်
တစ်ပါးအပါအဝင်ဖြစ်၏၊
ထိုအသျှင်တို့သည်
တိတ်ဆိတ်ခြင်းကို
အလိုရှိကြ၏၊
တိတ်ဆိတ်ခြင်း၌
မြတ်စွာဘုရားက
ဆုံးမထားပြီးဖြစ်ကုန်၏၊
တိတ်ဆိတ်ခြင်း၏
ဂုဏ်ကို
ဆိုလေ့ရှိကုန်၏၊
ပရိသတ်အသံ
တိတ်ဆိတ်နေသည်ကို
သိလျှင် ချဉ်းကပ်သင့်သည်ဟု
အောက်မေ့တန်ရာ၏''ဟူ၍
မိမိပရိသတ်ကို
သေဝပ်စွာ
နေရန်
ပြောဆို၏။ ထိုသို့
ဆိုသော်
ထိုပရိဗိုဇ်တို့သည်
ဆိတ်ဆိတ်နေကုန်၏။
၂၂၄။
ထိုအခါ အသျှင်အာနန္ဒာသည်
သန္ဒကပရိဗိုဇ်ထံသို့
ချဉ်းကပ်လေ၏။
ထိုအခါ
သန္ဒကပရိဗိုဇ်
သည်အသျှင်အာနန္ဒာအား-
''အသျှင်အာနန္ဒာ
ကြွလာတော်မူပါလော့၊
အသျှင်အာနန္ဒာ
ကြွလာခြင်းသည်ကောင်းသော
ကြွလာခြင်းဖြစ်ပါသည်၊
အသျှင်အာနန္ဒာသည်
ဤအရပ်သို့
ကြွလာတော်မူရန်
အလှည့်ကိုကြာမြင့်မှ
ပေးတော်မူဘိ၏၊
အသျှင်အာနန္ဒာ
ထိုင်တော်မူပါ၊
ဤနေရာကို
ပြင်ထားပါသည်''ဟု
လျှောက်၏။
အသျှင်အာနန္ဒာသည်
ပြင်ထားသော
နေရာ၌
ထိုင်နေ၏။
သန္ဒကပရိဗိုဇ်သည်လည်း
နိမ့်သော
ထိုင်စရာတစ်ခုကို
ယူ၍ တစ်ခုသော
နေရာ၌
ထိုင်၏၊
တစ်ခုသော နေရာ၌
ထိုင်ပြီးသော
သန္ဒကပရိဗိုဇ်အားအသျှင်အာနန္ဒာသည်
ဤစကားကို
ပြောဆို၏ -
''သန္ဒက
ယခုအခါ
သင်တို့သည်
အဘယ်စကားဖြင့်စည်းဝေးကြကုန်သနည်း၊
သင်တို့၏ မပြီးဆုံးသေးသော
အကြားစကားသည်ကား၃
အဘယ်ပါနည်း''ဟု
(ပြောဆို၏)။
အသျှင်အာနန္ဒာ
ယခုအခါ
အကျွန်ုပ်တို့
စုဝေးထိုင်နေလျက်
ပြောဆိုနေကြသော
စကားကိုထားပါဦး၊
ဤစကားသည်
အသျှင်အာနန္ဒာအား
နောက်အခါ၌လည်း
ကြားနာရန်
ခဲယဉ်းမည်
မဟုတ်ပါ။ အသျှင်အာနန္ဒာကိုသာ
တောင်းပန်ပါ၏၊
မိမိဆရာ၏
အယူ၌
ပါဝင်သော
တရားစကားကိုအကျွန်ုပ်တို့အား
ဟောကြားပါလော့ဟု
(ပြောဆို၏)။
သန္ဒက သို့ဖြစ်မူ
နာကြားလော့၊
ကောင်းစွာနှလုံးသွင်းလော့၊
ဟော
ကြားမည်ဟု
(ပြောဆို၏)။
''အသျှင်ကောင်းပါပြီ''
ဟူ၍ သန္ဒကပရိဗိုဇ်သည်အသျှင်အာနန္ဒာအား
ပြန်ကြား
လျှောက်ထား၏။
အသျှင်အာနန္ဒာသည်
ဤစကားကို
မိန့်ဆို၏-''သန္ဒက
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်ဤမမြတ်သော
အကျင့်ကို
ကျင့်သုံးမှုလေးမျိုးတို့ကို
ဟောကြားတော်မူ၏၊
သက်သာရာကို
မရစေနိုင်သောမြတ်သော
အကျင့်လေးမျိုးတို့ကိုလည်း
ဟောကြားတော်မူ၏။
ယင်းအကျင့်၌
သိနားလည်သောယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သောကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာ''ဟု
(မိန့်ဆို၏)။
အသျှင်အာနန္ဒာ
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားထားသော
သိနားလည်သည့်
ယောက်ျားသည်
မြတ်သော အကျင့်ဟူ၍
စင်စစ်မကျင့်သုံးရာဖြစ်သော
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားတို့
မပြည့်စုံစေနိုင်ရာသောမမြတ်သော
အကျင့်ကို
ကျင့်သုံးမှုလေးမျိုးတို့ဟူသည်
အဘယ်တို့နည်းဟု
(မေးလျှောက်၏)။
၂၂၅။
သန္ဒက ဤလောက၌
အချို့သောဆရာသည်
ဤသို့ အယူဝါဒရှိ၏-''ပေးလှူခြင်းသည်
မရှိ၊၄ ယဇ်ပူဇော်ခြင်းသည်
မရှိ၊
ဟုံးပူဇော်ခြင်းသည်
မရှိ၊
ကောင်းမှု
မကောင်းမှုတို့၏
အကျိုးဝိပါက်သည်
မရှိ၊
ဤလောကသည်
မရှိ၊
တစ်ပါးသော
လောကသည်
မရှိ၊ အမိသည်
မရှိ၊၅
အဖသည် မရှိ၊
သေလွန်၍တစ်ဖန်ဖြစ်သော
သတ္တဝါတို့သည်
မရှိကုန်၊
ဤလောကကိုလည်းကောင်း၊
တစ်ပါးသောလောကကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုလျက်
ဟောကြားနိုင်ကုန်သောဖြောင့်မှန်
သော
အရိယမဂ်သို့
ရောက်ကုန်သော
ကောင်းသော
အကျင့်ရှိကုန်သောသမဏဗြာဟ္မဏတို့သည်
လောက၌
မရှိကုန်၊
ဤသတ္တဝါသည်
မဟာဘုတ်လေးပါး
အစုအဝေးဖြစ်၏၊
သေသောအခါ
မြေဓာတ်သည်
မြေဓာတ်အစုသို့
ဆိုက်၏၊
ရောက်၏၊
ရေဓာတ်သည်
ရေဓာတ်အစုသို့ဆိုက်၏၊
ရောက်၏၊
မီးဓာတ်သည်
မီးဓာတ်အစုသို့
ဆိုက်၏၊
ရောက်၏၊
လေဓာတ်သည်လေဓာတ်အစုသို့
ဆိုက်၏၊
ရောက်၏၊
နာမ်ဣန္ဒြေ
တို့သည်
ကောင်းကင်သို့
ပြောင်းရွှေ့ကုန်၏၊
့ညောင်စောင်းလျှင်
ငါးခုမြောက်ဖြစ်သော
ယောက်ျားတို့သည်
သူသေကောင်ကို
ယူ၍ သွားကုန်၏၊
သင်းချိုင်းတိုင်အောင်
သူသေကောင်တို့သည်
ထင်ကုန်၏၊
အရိုးတို့ သည်
ခိုအဆင်းကဲ့သို့
ဖြစ်ကုန်၏၊
အလှူတို့သည်
ပြာအဆုံးရှိကုန်၏၊
အလှူပေးခြင်းကို
လူမိုက်တို့က
ပညတ်ထား၏၊
အချို့သူတို့သည်ပေးလှူခြင်းစသည်
ရှိ၏ ဟူသော
ဝါဒကို ပြောဟောကုန်၏၊
ထိုသူတို့၏
စကားသည်
အချည်းနှီးဖြစ်၏၊
မှားယွင်း၏၊
ယောင်ယမ်းပြောဆိုသော
စကားဖြစ်၏၊
လူမိုက်ဖြစ်စေ၊
ပညာရှိဖြစ်စေ
ခန္ဓာကိုယ်ပျက်စီးလျှင်ပြတ်စဲကုန်၏၊
ပျက်စီးကုန်၏၊
သေသည်မှနောက်၌
မရှိကုန်''ဟု
ဤသို့
အယူရှိကုန်၏။
သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူဝါဒ၌
ဤသို့
ဆင်ခြင်၏-
ဤအသျှင်ဆရာသည်''ပေးလှူခြင်းသည်
မရှိ၊
ယဇ်ပူဇော်ခြင်းသည်
မရှိ၊ ဟုံးပူဇော်ခြင်းသည်
မရှိ၊ ကောင်းမှုမကောင်းမှုတို့၏
အကျိုးဝိပါက်သည်
မရှိ၊
ဤလောကသည်
မရှိ၊
တစ်ပါးသော
လောကသည် မရှိ၊
အမိသည် မရှိ၊
အဖသည် မရှိ၊
သေလွန်၍
တစ်ဖန်ဖြစ်သော
သတ္တဝါတို့သည်
မရှိကုန်၊
ဤလောကကိုလည်းကောင်း၊
တစ်ပါးသောလောကကိုလည်းကောင်း
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍မျက်မှောက်ပြုလျက်
ဟောကြား နိုင်ကုန်သော
ညီညွတ်ကုန်သော
ကောင်းသော အကျင့်ရှိကုန်သောသမဏဗြာဟ္မဏတို့သည်
လောက၌ မရှိကုန်၊
ဤသတ္တဝါသည်
မဟာဘုတ်လေးပါး
အစုအဝေးဖြစ်၏၊
သေသောအခါ
မြေဓာတ်သည်
မြေဓာတ် အစုသို့
ဆိုက်၏၊
ရောက်၏၊
ရေဓာတ်သည်
ရေဓာတ်အစုသို့ဆိုက်၏၊
ရောက်၏၊
မီးဓာတ်သည်
မီးဓာတ်အစုသို့
ဆိုက်၏၊
ရောက်၏၊
လေဓာတ်သည်လေဓာတ်အစုသို့
ဆိုက်၏၊
ရောက်၏၊
နာမ်ဣန္ဒြေ
တို့သည်
ကောင်းကင်သို့
ပြောင်းရွှေ့ကုန်၏၊
ညောင်စောင်းလျှင်
ငါးခုမြောက်ဖြစ်သော
ယောက်ျားတို့သည်
သူသေကောင်ကို
ယူ၍
သွားကုန်၏၊
သင်းချိုင်းတိုင်အောင်
သူသေကောင်တို့သည်
ထင်ကုန်၏၊
အရိုးတို့
သည်
ခိုအဆင်းကဲ့သို့
ဖြစ်ကုန်၏၊
အလှူတို့သည်
ပြာအဆုံးရှိကုန်၏၊
အလှူပေးခြင်းကို
လူမိုက်တို့က
ပညတ်ထား၏၊ အချို့သူတို့သည်ပေးလှူခြင်းစသည်
ရှိ၏ ဟူသော
ဝါဒကို
ပြောဟောကုန်၏၊
ထိုသူတို့၏
စကားသည်
အချည်းနှီးဖြစ်၏၊
မှားယွင်း၏၊
ယောင်ယမ်းပြောဆိုသော
စကားဖြစ်၏၊
လူမိုက်ဖြစ်စေ၊
ပညာရှိဖြစ်စေ
ခန္ဓာကိုယ်ပျက်စီးလျှင်ပြတ်စဲကုန်၏၊
ပျက်စီးကုန်၏၊
သေသည်မှနောက်၌
မရှိကုန်''ဟု
ဤသို့ ဆိုလေ့ယူလေ့ရှိ၏။
အကယ်၍
ဤအသျှင်ဆရာ၏
စကားသည်
မှန်ခဲ့ပါလျှင်
''ငါတို့
နှစ်ဦးလုံးသည်
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်အခါ၌
ပြတ်ကုန်လတ္တံ့၊
ပျက်စီးကုန်လတ္တံ့၊
သေသည်မှ
နောက်အခါ၌
မဖြစ်ကုန်လတ္တံ့''ဟု
မဆိုသော
ငါသည် ဤဆရာ၏
အယူဝါဒ၌ မပြုဘဲလျက်
ပြုပြီးဖြစ်ရာ၏၊
မကျင့်သုံးဘဲ
လျက်ကျင့်သုံးပြီး
ဖြစ်ရာ၏၊
ရဟန်းတရား၌
ငါတို့နှစ်ဦးလုံးပင်
တူမျှသည့်အဖြစ်သို့
ရောက်ကုန်၏ဟု
(ဆင်ခြင်၏)။
အဝတ်မဝတ်သော
အချည်းနှီးသော
ဦးပြည်း
(ခေါင်းတုံး)
သော ဆောင့်ကြောင့်ထိုင်သောဆံမုတ်ဆိတ်ကိုနုတ်သော
ဤအသျှင်ဆရာ၏
အကျင့်သည်
အပိုသာတည်း။
သားမယားတို့ဖြင့်
ကျဉ်းမြောင်းသော
အိမ်၌နေလျက်
ကာသိကရာဇ်တိုင်းဖြစ်
စန္ဒကူးတို့ကို
လိမ်းကျံခံစားလျက်
ပန်းနံ့သာ
နံ့သာပျောင်းတို့ကို
ဆောင်လျက် ရွှေငွေကို
သာယာလျက်
တမလွန်လောက၌
ဤအသျှင်ဆရာနှင့်
တူမျှသောလားရာရှိမည်ဖြစ်သော
ငါသည်
ဤဆရာ့ထံ၌
အဘယ်အကျိုးကို
သိသည်ဖြစ်၍
အဘယ်အကျိုးကိုမြင်သည်ဖြစ်၍
မြတ်သောအကျင့်ကို
ကျင့်ရအံ့နည်း။
ထိုသူသည် ''ဤသည်ကား
မမြတ်သော
ကျင့်သုံးမှုတည်း''ဟု
သိ၍
ထိုမြတ်သောအကျင့်မှ
ငြီးငွေ့ကာ
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကား
သိတော်မူမြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားထားသော
သိနားလည်သော
ယောက်ျားသည်
မြတ်သောအကျင့်
ဟူ၍ စင်စစ်
မကျင့်သုံးရာဖြစ်သော
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကိုမပြည့်စုံစေနိုင်ရာသော
ရှေးဦးစွာသော
မမြတ်သော
အကျင့်ကို
ကျင့်သုံးမှုပေတည်း။
၂၂၆။
သန္ဒက
နောက်တစ်မျိုးကား
ဤ လောက၌ အချို့သော
ဆရာသည် ဤသို့
ဆိုလေ့
ယူလေ့ရှိ၏-''ပြုသူ
ပြုစေသူ၊
ဖြတ်သူ
ဖြတ်စေသူ၊
နှိပ်စက်သူ နှိပ်စက်စေသူ၊
ပူဆွေးအောင်
ပြုသူ
ပြုစေသူ၊
ပင်ပန်းအောင်
ပြုသူ
ပြုစေသူ၊
တုန်လှုပ်သူ
တုန်လှုပ်စေသူ၊
အသက်ကို
သတ်သူ
(သတ်စေသူ)၊
ခိုးယူသူ
(ခိုးယူစေသူ)၊
အိမ်ကို
ဖောက်ထွင်းသူ
(ဖောက်ထွင်းစေသူ)၊
(ရွာကို)
တိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
ခရီးလမ်း၌
စောင့်၍
လုယက်သူ
(လုယက်စေသူ)၊
သူ့မယားကို
သွားလာသူ
(သွားလာစေသူ)၊
မဟုတ်မမှန်သော
စကားကို
ပြောသူ
(ပြောစေသူ)၊
များသော မကောင်းမှုကို
ပြုသော်လည်း
ပြုသည်မမည်၊
ဤမြေပေါ်ရှိ
သတ္တဝါတို့ကို
သင်တုန်းသွားစက်ဖြင့်
တစ်ခုတည်းသော
အသားစုအသားပုံဖြစ်အောင်
အကယ်၍
ပြုစေကာမူ
ထိုအကြောင်းကြောင့်
မကောင်းမှု
မရှိ၊
မကောင်းမှုဖြစ်ခြင်းမရှိ၊
အသက်ကို
သတ်လျက်
သတ်စေလျက်၊
ဖြတ်လျက်
ဖြတ်စေလျက်၊
နှိပ်စက်လျက်
နှိပ်စက်စေလျက်၊
ဂင်္ဂါမြစ်၏
တောင်ဘက်ကမ်းသို့
အကယ်၍
သွားစေကာမူ
ထို
(သတ်ခြင်းစသော)
အကြောင်းကြောင့်မကောင်းမှု
မရှိ၊ မကောင်းမှုဖြစ်ခြင်း
မရှိ၊
လှူလျက်
လှူစေလျက်၊
ပူဇော်လျက်
ပူဇော်စေလျက်၊
ဂင်္ဂါမြစ်၏
မြောက်ဘက်ကမ်းသို့
အကယ်၍
သွားစေကာမူ ထို
(လှူခြင်း
စသော) အကြောင်းကြောင့်ကောင်း
မှုမရှိ၊
ကောင်းမှုဖြစ်ခြင်း
မရှိ၊
အလှူပေးခြင်း
ဣန္ဒြေကို
ဆုံးမခြင်း
သီလစောင့်စည်းခြင်းအမှန်ဆိုခြင်း
တို့ကြောင့်
ကောင်းမှု
မရှိ၊
ကောင်းမှုဖြစ်ခြင်း
မရှိ''ဟု
(ဆိုလေ့
ယူလေ့ရှိ၏)။
သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူ၌ ဤသို့
ဆင်ခြင်၏-
ဤအသျှင်ဆရာသည်
''ပြုသူ
ပြုစေသူ၊
ဖြတ်သူ
ဖြတ်စေသူ၊
နှိပ်စက်သူ
နှိပ်စက်စေသူ၊
ပူဆွေးအောင်
ပြုသူ
ပြုစေသူ၊
ပင်ပန်းအောင်
ပြုသူ
ပြုစေသူ၊ တုန်လှုပ်သူ
တုန်လှုပ်စေသူ၊
အသက်ကို သတ်သူ
(သတ်စေသူ)၊
ခိုးယူသူ
(ခိုးယူစေသူ)၊
အိမ်ကို ဖောက်ထွင်းသူ
(ဖောက်ထွင်းစေသူ)၊
(ရွာကို) တိုက်ခိုက်လုယူသူ
(တိုက်ခိုက်လုယူစေသူ)၊
ခရီးလမ်း၌
စောင့်၍
လုယက်သူ
(လုယက်စေသူ)၊
သူ့မယားကို
သွားလာသူ
(သွားလာစေသူ)၊
မဟုတ်မမှန်သော
စကားကို ပြောသူ
(ပြောစေသူ)၊
များသော
မကောင်းမှုကို
ပြုသော်လည်းပြုသည်မမည်၊
ဤမြေပေါ်ရှိ
သတ္တဝါတို့ကို
သင်တုန်းသွားစက်ဖြင့်
တစ်ခုတည်းသော
အသားစုအသားပုံဖြစ်အောင်
အကယ်၍
ပြုစေကာမူ
ထိုအကြောင်းကြောင့်
မကောင်းမှု
မရှိ၊
မကောင်းမှုဖြစ်ခြင်းမရှိ၊
အသက်ကို
သတ်လျက်
သတ်စေလျက်၊ ဖြတ်လျက်
ဖြတ်စေလျက်၊
နှိပ်စက်လျက်
နှိပ်စက်စေလျက်၊
ဂင်္ဂါမြစ်၏
တောင်ဘက်ကမ်းသို့
အကယ်၍
သွားစေကာမူ
ထို
(သတ်ခြင်းစသော)
အကြောင်းကြောင့်မကောင်းမှု
မရှိ၊
မကောင်းမှုဖြစ်ခြင်း
မရှိ၊ လှူလျက်
လှူစေလျက်၊
ပူဇော်လျက်
ပူဇော်စေလျက်၊
ဂင်္ဂါမြစ်၏
မြောက်ဘက်ကမ်းသို့
အကယ်၍ သွားစေကာမူ
ထို (လှူခြင်း
စသော)
အကြောင်းကြောင့်
ကောင်းမှုမရှိ၊
ကောင်းမှုဖြစ်ခြင်း
မရှိ၊
အလှူပေးခြင်း
ဣန္ဒြေကို
ဆုံးမခြင်း သီလစောင့်စည်းခြင်း
အမှန်ဆိုခြင်းတို့ကြောင့်
ကောင်းမှု
မရှိ၊ ကောင်းမှုဖြစ်ခြင်း
မရှိ''ဟု
ဆိုလေ့
ယူလေ့ရှိ၏။
အကယ်၍
ဤအသျှင်ဆရာ၏
စကားသည်
မှန်ခဲ့ပါလျှင်
''နှစ်ဦးသူတို့
ပြုထားသော
မကောင်းမှုသည်ပြုသည်မမည်''ဟု
မဆိုသော
ငါသည် ဤဆရာ၏
အယူဝါဒ၌
မပြုဘဲလျက်
ပြုပြီးဖြစ်ရာ၏၊
မကျင့်သုံးဘဲလျက်
ကျင့်သုံးပြီး
ဖြစ်ရာ၏၊
ဤရဟန်းတရား၌
ငါတို့နှစ်ဦးလုံးပင်
တူမျှသောအဖြစ်သို့ရောက်ကုန်၏ဟု
(ဆင်ခြင်၏)။
အဝတ်မဝတ်သော
အချည်းနှီးသော
ဦးပြည်း (ခေါင်းတုံး)
သော
ဆောင့်ကြောင့်ထိုင်သော
ဆံမုတ်ဆိတ်ကို
နုတ်သော
ဤအသျှင်ဆရာ၏
အကျင့်သည် အပိုသာတည်း။
သားမယားတို့ဖြင့်
ကျဉ်းမြောင်းသော
အိမ်၌ နေလျက်
ကာသိကရာဇ်တိုင်းဖြစ်
စန္ဒကူးကို
လိမ်းကျံခံစားလျက်
ပန်းနံ့သာ
နံ့သာပျောင်းတို့ကို
ဆောင်လျက်
ရွှေငွေကို
သာယာလျက်
တမလွန်လောက၌
ဤအသျှင်ဆရာနှင့်
တူမျှသော
လားရာရှိမည်ဖြစ်သော
ငါသည်
အဘယ်အကျိုးကို
သိ၍
အဘယ်အကျိုးကို
မြင်၍ ဤဆရာ၌
မြတ်သောအကျင့်ကို
ကျင့်သုံးအံ့နည်း။
ထိုသူသည်
''ဤသည်ကား
မမြတ်သော
ကျင့်သုံးမှုတည်း''ဟု
သိ၍
ထိုမြတ်သော
အကျင့်မှ
ငြီးငွေ့ကာ
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကား
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရား
ဟောကြားထားသောသိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍ စင်စစ်
မကျင့်သုံးရာဖြစ်သောကျင့်သုံးသော်လည်း
နည်းလမ်း
မှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာသော
နှစ်ခုမြောက်မမြတ်သော
အကျင့်ကို
ကျင့်သုံးမှု
ပေတည်း။
၂၂၇။
သန္ဒက
နောက်တစ်မျိုးကား
ဤ လောက၌ အချို့သော
ဆရာသည် ဤသို့
ဆိုလေ့ယူလေ့ရှိ၏-''သတ္တဝါတို့
ညစ်ညူးရန်
အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊
အကြောင်းမရှိအထောက်အပံ့မရှိဘဲ
သတ္တဝါတို့
ညစ်ညူးကုန်၏။
သတ္တဝါတို့
စင်ကြယ်ရန်
အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊
အကြောင်းမရှိ
အထောက်အပံ့မရှိဘဲ
သတ္တဝါတို့သည်
စင်ကြယ်ကုန်၏။
ခွန်အားသည်
မရှိ၊ လုံ့လသည်
မရှိ၊
ယောက်ျားတို့စွမ်းအားသည်
မရှိ၊
ယောက်ျားတို့အားထုတ်မှုသည်
မရှိ၊ အလုံးစုံသောသတ္တဝါ
အလုံးစုံသော
သက်ရှူသတ္တဝါ
အလုံးစုံသော
ထင်ရှားဖြစ်သတ္တဝါ
အလုံးစုံသော
သက်ရှိအရာတို့သည်
အစွမ်းမရှိကုန်၊
ခွန်အားမရှိကုန်၊
လုံ့လမရှိကုန်၊
ဖြစ်မြဲအတိုင်း
ဆုံစည်းသည့်အတိုင်း
သဘာဝအတိုင်း
အမျိုးမျိုးဖြစ်ကုန်၍
ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင်
ချမ်းသာ
ဆင်းရဲကို
ခံစားကုန်၏''ဟု
(ဆိုလေ့
ယူလေ့ရှိ၏)။
သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူဝါဒ၌
ဤသို့
ဆင်ခြင်၏-ဤအသျှင်ဆရာသည်''သတ္တဝါတို့
ညစ်ညူးရန်
အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊ အကြောင်း
မရှိ
အထောက်အပံ့မရှိဘဲ
သတ္တဝါတို့ ညစ်ညူးကုန်၏။
သတ္တဝါတို့
စင်ကြယ်ရန်
အကြောင်းသည်
မရှိ၊
အထောက်အပံ့သည်
မရှိ၊ အကြောင်းမရှိ
အထောက်အပံ့မရှိဘဲ
သတ္တဝါတို့သည်
စင်ကြယ်ကုန်၏။
ခွန်အားသည်
မရှိ၊ လုံ့လသည်
မရှိ၊
ယောက်ျားတို့စွမ်းအားသည်
မရှိ၊ ယောက်ျားတို့အားထုတ်မှုသည်
မရှိ၊
အလုံးစုံသောသတ္တဝါ
အလုံးစုံသော
သက်ရှူသတ္တဝါ
အလုံးစုံသော
ထင်ရှားဖြစ်သတ္တဝါ
အလုံးစုံသော
သက်ရှိအရာတို့သည်
အစွမ်းမရှိကုန်၊
ခွန်အားမရှိကုန်၊
လုံ့လမရှိကုန်၊
ဖြစ်မြဲအတိုင်း
ဆုံစည်းသည့်အတိုင်း
သဘာဝအတိုင်း
အမျိုးမျိုးဖြစ်ကုန်၍
ဇာတ်အထူး
ခြောက်မျိုးတို့၌သာလျှင်
ချမ်းသာဆင်းရဲကို
ခံစားကုန်၏''ဟု
(ဆိုလေ့ ယူလေ့ရှိ၏)။
အကယ်၍
ဤအသျှင်ဆရာ၏
စကားသည် မှန်ခဲ့ပါလျှင်
''ငါတို့နှစ်ဦးသည်အကြောင်းအထောက်အပံ့မရှိဘဲ
စင်ကြယ်ကုန်လိမ့်မည်''ဟု
မဆိုသော
ငါသည် ဤဆရာ၏
အယူဝါဒ၌
မပြုဘဲလျက်
ပြုပြီးဖြစ်ရာ၏၊
မကျင့်သုံးဘဲလျက်
ကျင့်သုံးပြီးဖြစ်ရာ၏၊
ဤရဟန်းတရား၌
ငါတို့
နှစ်ဦးလုံးပင်
တူမျှသောအဖြစ်သို့
ရောက်ကုန်ရာ၏ဟု
(ဆင်ခြင်၏)။ အဝတ်မဝတ်သော
အချည်းနှီးသော
ဦးပြည်း
(ခေါင်းတုံး)
သော
ဆောင့်ကြောင့်ထိုင်သော
ဆံမုတ်ဆိတ်ကို
နုတ်သော
ဤအသျှင်ဆရာ၏
အကျင့်သည်အပို
သာတည်း။
သားမယားဖြင့်
ကျဉ်းမြောင်းသော
အိမ်၌နေလျက်
ကာသိကရာဇ်တိုင်းဖြစ်သောစန္ဒကူးကို
လိမ်းကျံခံစားလျက်
ပန်းနံ့သာ
နံ့သာပျောင်းတို့ကို
ဆောင်လျက်
ရွှေငွေကို
သာယာလျက်တမလွန်
လောက၌ ဤအသျှင်ဆရာနှင့်
တူမျှသော
လားရာရှိမည်ဖြစ်သော
ငါသည်
အဘယ်အကျိုးထူးကိုသိ၍
အဘယ်အကျိုးထူးကို
မြင်၍ ဤဆရာ၌
မြတ်သော
အကျင့်ကို
ကျင့်သုံးရအံ့နည်း။
ထိုသူသည်
''ဤသည်ကား
မမြတ်သော
ကျင့်သုံးမှုတည်း''ဟု
သိ၍
ထိုမြတ်သော
အကျင့်မှ
ငြီးငွေ့ကာ
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကား
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရား
ဟောကြားထားသောသိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ် မကျင့်သုံးရာဖြစ်သောကျင့်သုံးသော်လည်း
နည်းလမ်း
မှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာသော
သုံးခုမြောက်မမြတ်သော
အကျင့်ကို
ကျင့်သုံးမှုပေ
တည်း။
၂၂၈။
သန္ဒက တစ်ဖန်
ထို့ပြင်လည်း
ဤလောက၌ အချို့သော
ဆရာသည် ဤသို့
ဆိုလေ့ယူလေ့ရှိ၏-''ဤခုနစ်ပါးသော
အစုတို့သည်
ပြုလုပ်ထားသည်
မဟုတ်ကုန်၊
ပြုလုပ်ထားစေသည်
မဟုတ်ကုန်၊ ဖန်ဆင်းထားသည်
မဟုတ်ကုန်၊
ဖန်ဆင်းထားစေသည်
မဟုတ်ကုန်၊
မြုံကုန်၏၊
တောင်ထွတ်ကဲ့သို့တည်ကုန်၏၊
ခိုင်မြဲသော
တံခါးတိုင်ကဲ့သို့
တည်ကုန်၏၊
ထိုအစုတို့သည်
မတုန်လှုပ်ကုန်၊
မဖောက်ပြန်ကုန်၊
အချင်းချင်း
မညှဉ်းဆဲနိုင်ကုန်၊
အချင်းချင်း
ချမ်းသာရန်လည်းကောင်း၊
ဆင်းရဲရန်လည်းကောင်း၊
ချမ်းသာဆင်းရဲရန်လည်းကောင်း
မတတ်နိုင်ကုန်၊
ခုနစ်ပါးတို့ဟူသည်
အဘယ်နည်း၊
မြေအစု
ရေအစုမီးအစု
လေအစု
ချမ်းသာ
ဆင်းရဲ ခုနစ်ခုမြောက်
အသက်တို့တည်း။
ဤခုနစ်ပါးသော
အစုတို့သည်ပြုလုပ်ထားသည်
မဟုတ်ကုန်၊
ပြုလုပ်ထားစေသည်
မဟုတ်ကုန်၊
ဖန်ဆင်းထားသည်
မဟုတ်ကုန်၊
ဖန်ဆင်းထားစေသည်
မဟုတ်ကုန်၊
မြုံကုန်၏၊
တောင်ထွတ်ကဲ့သို့
တည်ကုန်၏၊
ခိုင်မြဲသော
တံခါးတိုင်ကဲ့သို့
တည်ကုန်၏၊
ထိုအစုတို့သည်
မတုန်လှုပ်ကုန်၊
မဖောက်ပြန်ကုန်၊
အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊
အချင်းချင်း
ချမ်းသာရန်လည်းကောင်း၊
ဆင်းရဲရန်လည်းကောင်း၊
ချမ်းသာဆင်းရဲရန်လည်းကောင်း
မတတ်နိုင်ကုန်၊
ထိုအစုတို့၌
သတ်သူ
သတ်စေသူ၊ ကြားသူ
ကြားစေသူ၊
သိသူ
သိစေသူများ
မရှိကုန်။
ထက်စွာသော
လက်နက်ဖြင့်
ဦးခေါင်းကို
ဖြတ်စေကာမူ
တစ်ဦးတစ်ယောက်သည်
တစ်ဦးတစ်ယောက်ကိုသတ်သည်မမည်၊
လက်နက်သည်
ခုနစ်ပါးသော
အစုတို့၏အကြား
ဟင်းလင်းပြင်သို့
ကျရောက်၏၊
ဤတစ်သန်းလေးသိန်းခြောက်ထောင့်ခြောက်ရာသော
အဓိကသတ္တဝါမျိုးများ
ငါးရာသောကံများ
ငါးပါးသောကံများ
သုံးပါးသောကံများ
(ပြည့်သော)
ကံများ
ထက်ဝက်သောကံများ
ခြောက်ဆယ့်နှစ်ပါးသော
အကျင့်များ ခြောက်ဆယ့်နှစ်ပါးသော
အန္တရကပ်များ
ခြောက်မျိုးသော
ဇာတ်အထူးများ
ရှစ်ပါးသော
ယောက်ျားတို့၏
အရွယ်များ
လေးထောင်ကိုးရာသော
တက္ကတွန်းတို့၏
အသက်မွေးမှုများ
လေးထောင်ကိုးရာသောပရိဗိုဇ်များ
လေးထောင်ကိုးရာသော
နဂါးတို့နေရာများ
နှစ်ထောင်သော
ဣန္ဒြေများ
သုံးထောင်သောငရဲများ
သုံးဆယ့်ခြောက်မျိုးသော
မြူဓာတ်
(တည်ရာ) များ
ခုနစ်မျိုးသော
သညာရှိပဋိသန္ဓေများ
ခုနစ်မျိုးသော
သညာမဲ့ပဋိသန္ဓေများ
ခုနစ်မျိုးသော
အဆစ်ပဋိသန္ဓေများ
ခုနစ်မျိုးသောနတ်များ
ခုနစ်မျိုးသောလူများ
ခုနစ်မျိုးသော
မြေဖုတ်ဘီလူးများ
ခုနစ်ခုသော
အိုင်ကြီးများ
ခုနစ်ခုသော
အဖုကြီးများ
ခုနစ်ခုသော
ချောက်ကြီးများ
ခုနစ်ရာသော
ချောက်ငယ်များ
ခုနစ်ခုသော အိပ်မက်ကြီးများ
ခုနစ်ရာသော
အိပ်မက်ငယ်များ
ရှစ်သန်းလေးသိန်းသော
မဟာကပ်များ
ရှိကုန်၏၊
ယင်း
(မဟာကပ်တို့)
ပတ်လုံး
လူမိုက်ဖြစ်စေ၊
ပညာရှိဖြစ်စေ
(တစ်ဘဝမှ
တစ်ဘဝသို့) ပြေးသွားကျင်လည်၍
ဆင်းရဲကုန်
ဆုံးခြင်းကို
ပြုကြလတ္တံ့၊
ထိုအတွင်း
(ဆင်းရဲကုန်ဆုံးခြင်း
မရှိ)။ 'ငါသည်
ဤသီလဖြင့်သော်လည်းကောင်း
ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊
ဤခြိုးခြံမှုဖြင့်သော်လည်းကောင်း၊
မြတ်သောအကျင့်ဖြင့်သော်လည်းကောင်း
မရင့်သေးသော
ကံကိုမူလည်း
ရင့်စေမည်၊
ရင့်ပြီးသော
ကံကိုမူလည်း
တွေ့၍ တွေ့၍ ပျက်စီးစေမည်'ဟုဤသို့
(ပြုပြင်နိုင်ခြင်း)
မရှိ၊
ချမ်းသာဆင်းရဲသည်
စရွတ်တောင်းဖြင့်
ခြင်ထားသကဲ့သို့
ဖြစ်၏၊
သံသရာသည်
အပိုင်းအခြား
ပြုထားပြီးဖြစ်၏၊
အတိုးအဆုတ်
မရှိ၊
အလွန်အယုတ်
မရှိ၊ ချည်လုံးကို
ပစ်လိုက်သော်
(ချည်ရှိသရွေ့သာ)
ပြေလျက်
ပြေးသွားရာသကဲ့သို့
ဤအတူ
လူမိုက်ဖြစ်စေ၊
ပညာရှိဖြစ်သော
(တစ်ဘဝမှ
တစ်ဘဝသို့)
ပြေးသွား
ကျင်လည်၍
ဆင်းရဲကုန်ဆုံးခြင်းကို
ပြုလတ္တံ့''ဟု
(ဆိုလေ့ ယူလေ့
ရှိ၏)။
သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူဝါဒ၌
ဤသို့
ဆင်ခြင်၏-ဤအသျှင်ဆရာသည်''ဤခုနစ်ပါးသော
အစုတို့သည်
ပြုလုပ်ထားသည်
မဟုတ်ကုန်၊
ပြုလုပ်ထားစေသည်
မဟုတ်ကုန်၊
ဖန်ဆင်းထားသည်
မဟုတ်ကုန်၊
ဖန်ဆင်းထားစေသည်
မဟုတ်ကုန်၊ မြုံကုန်၏၊
တောင်ထွတ်ကဲ့သို့
တည်ကုန်၏၊ ခိုင်မြဲသော
တံခါးတိုင်ကဲ့သို့
တည်ကုန်၏၊
ထိုအစုတို့သည်
မတုန်လှုပ်ကုန်၊
မဖောက်ပြန်ကုန်၊
အချင်းချင်း
မညှဉ်းဆဲနိုင်ကုန်၊
အချင်းချင်း
ချမ်းသာရန်လည်းကောင်း၊
ဆင်းရဲရန်လည်းကောင်း၊
ချမ်းသာဆင်းရဲရန်လည်းကောင်း
မတတ်နိုင်ကုန်၊
ခုနစ်ပါးတို့ဟူသည်
အဘယ်နည်း၊
မြေအစု ရေအစု
မီးအစုလေအစု
ချမ်းသာ
ဆင်းရဲ
ခုနစ်ခုမြောက်
အသက်တို့တည်း။
ဤခုနစ်ပါးသော
အစုတို့သည် ပြုလုပ့်ထားသည်
မဟုတ်ကုန်၊
ပြုလုပ်ထားစေသည်
မဟုတ်ကုန်၊
ဖန်ဆင်းထားသည်
မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည်
မဟုတ်ကုန်၊
မြုံကုန်၏၊
တောင်ထွတ်ကဲ့သို့
တည်ကုန်၏၊
ခိုင်မြဲသော
တံခါးတိုင်ကဲ့သို့တည်ကုန်၏၊
ထိုအစုတို့သည်
မတုန်လှုပ်ကုန်၊
မဖောက်ပြန်ကုန်၊
အချင်းချင်း
မညှဉ်းဆဲနိုင်ကုန်၊
အချင်းအချင်း
ချမ်းသာရန်လည်းကောင်း၊
ဆင်းရဲရန်လည်းကောင်း၊
ချမ်းသာဆင်းရဲရန်လည်းကောင်း
မတတ်နိုင်ကုန်။
ထိုအစုတို့၌
သတ်သူ
သတ်စေသူ၊
ကြားသူ
ကြားစေသူ၊
သိသူ
သိစေသူများ
မရှိကုန်။
ထက်စွာသော လက်နက်ဖြင့်
ဦးခေါင်းကို
ဖြတ်စေကာမူ
တစ်ဦးတစ်ယောက်သည်
တစ်ဦးတစ်ယောက်ကို
သတ်သည်မမည်၊
လက်နက်သည်
ခုနစ်ပါးသော
အစုတို့၏အကြား
ဟင်းလင်းပြင်သို့
ကျရောက်၏ဟု
အယူရှိ၏၊ ဤတစ်သန်းလေးသိန်းခြောက်ထောင့်ခြောက်ရာသော
အဓိကသတ္တဝါမျိုးများ၊
ငါးရာသော
ကံများငါးပါးသောကံများ
သုံးပါးသောကံများ
(ပြည့်သော)
ကံများ
ထက်ဝက်သောကံများ
ခြောက်ဆယ့်နှစ်ပါးသော
အကျင့်များ
ခြောက်ဆယ့်နှစ်ပါးသော
အန္တရကပ်များ
ခြောက်မျိုးသော
ဇာတ်အထူးများ
ရှစ်ပါးသော
ယောက်ျားတို့၏
အရွယ်များ
လေးထောင်ကိုးရာသော
တက္ကတွန်းတို့၏
အသက်မွေးမှုများလေးထောင်ကိုးရာသော
ပရိဗိုဇ်များ
လေးထောင်ကိုးရာသော
နဂါးတို့နေရာများနှစ်ထောင်သောဣန္ဒြေများ
သုံးထောင်သောငရဲများ
သုံးဆယ့်ခြောက်မျိုးသော
မြူဓာတ်
(တည်ရာ) များခုနစ်မျိုးသော
သညာရှိ
ပဋိသန္ဓေများ
ခုနစ်မျိုးသော
သညာမဲ့ပဋိသန္ဓေများ
ခုနစ်မျိုးသောအဆစ်ပဋိသန္ဓေများ
ခုနစ်မျိုးသောနတ်
များ
ခုနစ်မျိုးသောလူများ
ခုနစ်မျိုးသော
မြေဖုတ်
ဘီလူးများခုနစ်ခုသောအိုင်ကြီးများ
ခုနစ်ခုသော
အဖုကြီးများ ခုနစ်ခုသောချောက်ကြီးများ
ခုနစ်ရာသောချောက်ငယ်များ
ခုနစ်ခုသောအိပ်မက်ကြီးများ
ခုနစ်ရာသောအိပ်မက်ငယ်များ
ရှစ်သန်းလေးသိန်းသောမဟာကပ်များ
ရှိကုန်၏၊ ယင်း
(မဟာကပ်တို့)
ပတ်လုံး
လူမိုက်ဖြစ်စေ
ပညာရှိဖြစ်စေ
(တစ်ဘဝမှတစ်ဘဝသို့)
ပြေးသွားကျင်လည်၍
ဆင်းရဲကုန်ဆုံးခြင်း
ကို ပြုကြလတ္တံ့။
ထိုအတွင်း
(ဆင်းရဲကုန်ဆုံးခြင်း
မရှိ)။ 'ငါသည်
ဤသီလဖြင့်သော်လည်းကောင်း၊
ဤ ကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊
ဤခြိုးခြံမှုဖြင့်သော်လည်းကောင်း၊
ဤမြတ်သော
အကျင့်ဖြင့်သော်လည်း
ကောင်း မရင့်သေးသောကံကိုမူလည်း
ရင့်စေမည်၊
ရင့်ပြီးသော
ကံကိုမူလည်း
တွေ့၍ တွေ့၍
ပျက်စီး စေမည်'ဟုဤသို့
(ပြုပြင်နိုင်ခြင်း)
မရှိ၊ ချမ်းသာဆင်းရဲသည်
စရွတ်တောင်းဖြင့်
ခြင်ထားဘိသကဲ့သို့
ဖြစ်၏၊ သံသရာသည်
အပိုင်းအခြား
ပြုထားပြီးဖြစ်၏၊
အတိုးအဆုတ်
မရှိ၊
အလွန်အယုတ်
မရှိ၊
ချည်လုံးကိုပစ်လိုက်သော်
(ချည်ရှိသရွေ့သာ)
ပြေလျက်
ပြေးသွားရာသကဲ့သို့
ဤအတူ
လူမိုက်ဖြစ်စေ၊
ပညာရှိဖြစ်စေ
(တစ်ဘဝမှ
တစ်ဘဝသို့)
ပြေးသွားကျင်လည်၍
ဆင်းရဲကုန်ဆုံးခြင်းကို
ပြုလတ္တံ့''ဟုဆိုလေ့
ယူလေ့ရှိ၏။
အကယ်၍
ဤအသျှင်ဆရာ၏
စကားသည်
မှန်ခဲ့ပါလျှင်
''ငါတို့နှစ်ဦးသည်
တစ်ဘဝမှ
တစ်ဘဝသို့ပြေးသွားကျင်လည်၍
ဒုက္ခ၏
အဆုံးကို
ပြုကြရကုန်တော့အံ့''ဟု
မဆိုသော
ငါသည်
ဤဆရာ၏အယူဝါဒ၌
မပြုဘဲလျက်
ပြုပြီးဖြစ်ရာ၏၊
မကျင့်သုံးဘဲလျက်
ကျင့်သုံးပြီးဖြစ်ရာ၏၊
ဤရဟန်းတရား၌ငါတို့နှစ်ဦးလုံး
ပင် တူမျှသော
အဖြစ်သို့
ရောက်ကုန်၏ဟု
(ဆင်ခြင်၏)။
အဝတ်မဝတ်သောအချည်းနှီးသော
ဦးပြည်း
(ခေါင်းတုံး)
သော
ဆောင့်ကြောင့်ထိုင်သော
ဆံမုတ်ဆိတ်ကို
နုတ်သောဤအသျှင်ဆရာ၏
အကျင့်သည်
အပိုသာတည်း။
သားမယားတို့ဖြင့်
ကျဉ်းမြောင်းသော
အိမ်၌
နေလျက်ကာသိကရာဇ်တိုင်းဖြစ်
စန္ဒကူးကို
လိမ်းကျံခံစားလျက်
ပန်းနံ့သာ
နံ့
သာပျောင်းတို့ကို
ဆောင်လျက်ရွှေငွေကို
သာယာလျက် တမလွန်
လောက၌
ဤအသျှင်ဆရာနှင့်
တူမျှသော လားရာရှိမည်ဖြစ်သောငါသည်
အဘယ်အကျိုးကို
သိ၍
အဘယ်အကျိုးကို
မြင်၍ ဤဆရာ၏
အထံ၌ မြတ်သောအကျင့်ကိုကျင့်အံ့နည်း။
ထိုသူသည်
''ဤကား မမြတ်သော
ကျင့်သုံးမှုတည်း''ဟု
သိ၍
ထိုမြတ်သော
အကျင့်မှငြီးငွေ့ကာ
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကား
သိတော်မူ မြင်တော်မူ၍
ပူဇော်အထူးကို့ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင် မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားဟောကြားထားသော
သိနားလည်သော
ယောက်ျား သည်
မြတ်သောအကျင့်ဟူ၍
စင်စစ်မကျင့်သုံးရာဖြစ်သော
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာသောလေးခုမြောက်
မမြတ်သော
အကျင့်ကို
ကျင့်သုံးမှုတည်း။
သန္ဒက
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဤမမြတ်သော
အကျင့်ကိုကျင့်သုံးမှုလေးမျိုး
တို့ကို
ဟောကြားတော်မူ၏၊
ယင်းအကျင့်၌
သိနားလည်သော
ယောက်ျားသည်မြတ်သော
အကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကိုမပြည့်စုံစေနိုင်ရာဟု
(မိန့်ဆို၏)။
အသျှင်အာနန္ဒာ
အံ့ဩဖွယ်ရှိပါပေစွ၊
အသျှင်အာနန္ဒာ
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
သိတော်မူ
မြင်တော်
မူ၍ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသောထိုမြတ်စွာဘုရားသည်
ဤမမြတ်သော
အကျင့်ကို
ကျင့်သုံးမှုလေးမျိုးတို့ကို
ဟောကြားတော်မူပေ၏၊
''ယင်းအကျင့်၌
သိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာပါ''။
အသျှင်အာနန္ဒာသိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဟောကြားထားသော
''ယင်းအကျင့်၌
သိနားလည်သောယောက်ျားသည်
မြတ်သောအကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာဖြစ်သော
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာသော''
သက်သာရာကို
မရစေနိုင်ကုန်သော
မြတ်သော
အကျင့်လေးမျိုးတို့ဟူသည်
အဘယ်တို့ပါနည်းဟု
(လျှောက်၏)။
၂၂၉။
သန္ဒက ဤလောက၌
အချို့သော
ဆရာသည် အလုံးစုံကို
သိ၏၊
အလုံးစုံကို
မြင်၏၊
''ငါသွားနေသည်ဖြစ်စေ၊
ရပ်နေသည်ဖြစ်စေ၊
အိပ်ပျော်နေသည်ဖြစ်စေ၊
နိုးကြားနေသည်ဖြစ်စေ
အမြဲမပြတ်ဉာဏ်အမြင်သည်
ရှေးရှုထင်၏''ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံ၏။
ထိုဆရာသည်
ဆိတ်သုဉ်းသောအိမ်သို့လည်း
ဝင်၏၊
ဆွမ်းလည်း
မရ၊ ခွေးလည်း
ကိုက်၏၊
ကြမ်းသော
ဆင်နှင့်လည်း
တွေ့ဆုံ၏၊
ကြမ်းသော
မြင်းနှင့်လည်း
တွေ့ဆုံ၏၊
ကြမ်းသော
နွားနှင့်လည်း
တွေ့ဆုံ၏၊ မိန်းမ၏လည်းကောင်း၊
ယောက်ျား၏လည်းကောင်း၊
အမည်ကိုလည်းကောင်း၊
အနွယ်ကိုလည်းကောင်း
မေး၏၊
ရွာ၏လည်းကောင်း၊
နိဂုံး၏လည်းကောင်း၊
အမည်ကိုလည်းကောင်း၊
လမ်းခရီးကိုလည်းကောင်း
မေး၏။
ထိုဆရာသည် ''ဤ
အမှုသည်
အသို့ပါနည်း''ဟု
မေးသည်ရှိသော်
ဆိတ်သုဉ်းသော
အိမ်ကို
ငါဝင်သင့်၏၊
ထို့ကြောင့်
ဝင်၏။
ဆွမ်းကိုလည်း
မရသင့်၊
ထို့ကြောင့်
မရခဲ့။
ခွေးသည်
ကိုက်သင့်၏၊
ထို့ကြောင့်ကိုက်၏။
ကြမ်းသော ဆင်နှင့်
တွေ့ဆုံသင့်၏၊
ထို့ကြောင့်
တွေ့ဆုံ၏။
ကြမ်းသော
မြင်းနှင့်တွေ့ဆုံသင့်၏၊
ထို့ကြောင့်
တွေ့ဆုံ၏၊
ကြမ်းသော
နွားနှင့်
တွေ့ဆုံသင့်၏၊
ထို့ကြောင့်
တွေ့ဆုံ၏။ မိန်းမ၏လည်းကောင်း
ယောက်ျား၏လည်းကောင်း၊
အမည်ကိုလည်းကောင်း၊
အနွယ်ကိုလည်းကောင်းမေးသင့်၏၊
ထို့ကြောင့်
မေး၏။
ရွာ၏လည်းကောင်း၊
နိဂုံး၏လည်းကောင်း၊
အမည်ကိုလည်းကောင်း၊
လမ်းခရီးကိုလည်းကောင်း
မေးသင့်၏၊
ထို့ကြောင့်
မေး၏ဟု
(ဖြေဆို၏)။
သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူဝါဒ၌
ဤသို့
ဆင်ခြင်၏-ဤအသျှင်ဆရာသည်အလုံးစုံကို
သိ၏၊
အလုံးစုံကို
မြင်၏၊
အကြွင်းမဲ့ ဉာဏ်အမြင်ကို
ဝန်ခံ၏။ပ။
ရွာ၏လည်းကောင်း၊
နိဂုံး၏လည်းကောင်း၊
အမည်ကိုလည်းကောင်း၊
လမ်းခရီးကိုလည်းကောင်း
မေးသင့်၏၊
ထို့ကြောင့်
မေး၏ဟုဖြေဆို၏ဟု
(ဆင်ခြင်၏)။
ထိုသူသည်
''ဤသည်ကား
သက်သာရာ မရစေနိုင်သော
မြတ်သော
အကျင့်တည်း''ဟု
သိ၍ ထိုမြတ်သော
အကျင့်မှ
ငြီးငွေ့ကာ
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကား သိတော်မူ့မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူ
သော
ထိုမြတ်စွာဘုရား
ဟောကြားထားသည့်
သက်သာရာကို
မရစေနိုင်သော
ရှေးဦးစွာသောမြတ်သော
အကျင့်ပေတည်း၊
ယင်းအကျင့်၌
သိနားလည်သော
ယောက်ျားသည် မြတ်သော
အကျင့်ဟူ၍စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာ။
၂၃၀။
သန္ဒက
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
ဆရာသည်
တစ်ဆင့်ကြားသည်ကို
မှီ၍တစ်ဆင့်ကြားသည်ကို
အမှန်အားဖြင့်
ယူ၏။ ထိုဆရာသည်
''ဤသို့တဲ့
ဤသို့တဲ့''ဟု
တစ်ဆင့်ကြားဖြင့်
အစဉ်အလာအားဖြင့်
ပိဋကတ်ကျမ်းဂန်လေ့လာမှုဖြင့်
တရားဟော၏။
သန္ဒက
တစ်ဆင့်ကြားသည်ကိုမှီ၍
တစ်ဆင့်ကြားသည်ကို
အမှန်အားဖြင့်
ယူသော ဆရာအား
ကောင်းစွာ
ကြားအပ်သည်လည်း
ရှိ၏၊
မကောင်းသဖြင့်
ကြားအပ်သည်လည်း
ရှိ၏။
ထိုကြားတိုင်းလည်း
ဖြစ်နိုင်၏၊
တစ်မျိုးအားဖြင့်လည်းဖြစ်နိုင်၏။
သန္ဒက
ထိုအယူဝါဒ၌
သိနားလည်သော
ယောက်ျားသည်
ဤသို့ ဆင်ခြင်၏-ဤအသျှင်ဆရာ
သည်
တစ်ဆင့်ကြားသည်ကို
မှီ၍
တစ်ဆင့်ကြားသည်ကို
အမှန်အားဖြင့်
ယူ၏၊ ထိုဆရာသည်
''ဤသို့တဲ့
ဤသို့တဲ့''ဟု
တစ်ဆင့်ကြားဖြင့်
အစဉ်အလာအားဖြင့်ပိဋကတ်ကျမ်းဂန်လေ့လာမှုဖြင့်
တရားဟော၏၊
တစ်ဆင့်ကြားကို
မှီ၍
တစ်ဆင့်ကြားသည်ကိုအမှန်အားဖြင့်
ယူသော ဆရာအား
ကောင်းစွာ ကြားအပ်
သည်လည်း
ရှိ၏၊
မကောင်းသဖြင့်ကြားအပ်သည်လည်း
ရှိ၏၊
ထိုကြားတိုင်းလည်း
ဖြစ်နိုင်၏၊
တစ်မျိုး
အားဖြင့်လည်းဖြစ်နိုင်၏ဟု
(ဆင်ခြင်၏)။
ထိုသူသည်
''ဤကား
သက်သာရာ မရစေနိုင်သော
မြတ်သောအကျင့်တည်း''ဟု
သိ၍ ထိုမြတ်သော
အကျင့်မှ ငြီးငွေ့ကာ
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကားသိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရား
ဟောကြားထားသည့်
သက်သာရာကို
မရစေနိုင်သော
ဒုတိယမြတ်သော
အကျင့်ပေတည်း။
ယင်းအကျင့်၌
သိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာ။
၂၃၁။
သန္ဒက
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
ဆရာသည်
ကြံစည်လေ့ရှိ၏၊
စူးစမ်းလေ့ရှိ၏၊
ထိုဆရာသည်
ကြံစည်ထားသည့်အတိုင်း
စူးစမ်းမိသည့်အတိုင်း
မိမိထင်မြင်ချက်အတိုင်းတရားဟော၏။
သန္ဒက
ကြံစည်လေ့ရှိသော
စူးစမ်းလေ့ရှိသော
ဆရာအား
ကောင်းစွာ
ကြံစည်အပ်သည်လည်းရှိ၏၊
မကောင်းသဖြင့်
ကြံစည်အပ်သည်လည်းရှိ၏၊
ထိုအတိုင်းလည်း
ဖြစ်နိုင်၏၊
တစ်မျိုးအားဖြင့်လည်းဖြစ်နိုင်၏။
သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူဝါဒ၌
ဤသို့ဆင်ခြင်၏-
ဤအသျှင်ဆရာသည်
ကြံစည်လေ့ရှိ၏၊
စူးစမ်းလေ့ရှိ၏၊
ထိုဆရာသည်
ကြံစည်ထားသည့်အတိုင်း
စူးစမ်းမိသည့်အတိုင်း
မိမိထင်မြင်ချက်အတိုင်း
တရားဟော၏။
ကြံစည်လေ့ရှိသော
စူးစမ်းလေ့ရှိသော
ဆရာအားကောင်းစွာ
ကြံစည်အပ်သည်လည်းရှိ၏၊
မကောင်းသဖြင့်
ကြံစည်အပ်သည်လည်းရှိ၏။
ထိုအတိုင်းလည်းဖြစ်နိုင်၏၊
တစ်မျိုးအားဖြင့်လည်း
ဖြစ်နိုင်၏ဟု
(ဆင်ခြင်၏)။
ထိုသူသည်
''ဤသည်ကား
သက်သာရာမရစေနိုင်သော
မြတ်သော
အကျင့်တည်း''ဟု
ဤသို့ သိ၍ ထိုမြတ်သော
အကျင့်မှ
ငြီးငွေ့၍
ဖဲခွါသွားလေ၏။
သန္ဒက
ဤသည်ကား
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရား
ဟောကြားထားသည့်
သက်သာရာမရစေ
နိုင်သော
တတိယ မြတ်သော
အကျင့်ပေတည်း၊
ယင်းအကျင့်၌
သိနားလည်သောယောက်ျားသည်
မြတ် သော အကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သောကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာ။
၂၃၂။
သန္ဒက ဤလောက၌
အချို့သော
ဆရာသည်
ပညာနုံ့၏၊
တွေဝေ၏၊
ထိုဆရာသည်ပညာနုံ့သောကြောင့်
တွေဝေသောကြောင့်
ထိုထိုအရာ၌
အမေးခံရလျှင်
အဆုံးမရှိ
ပစ်လွှတ်သော
စကားကို ဆို၏
''ဤ သို့ဟူ၍လည်း
ငါမယူ၊
ထိုသို့ဟူ၍လည်း
ငါမယူ၊ အခြားသို့ဟူ၍လည်း
ငါမယူ၊ ဤသို့
ထိုသို့ အခြားသို့
မဟုတ်ဟူ၍လည်း
ငါမယူ၊ ဤသို့
ထိုသို့
အခြားသို့
မဟုတ်သည်မဟုတ်ဟူ၍လည်း
ငါမယူ''ဟု
(ဆို၏)။ သန္ဒက
သိနားလည်သော
ယောက်ျားသည်
ထိုအယူဝါဒ၌ဤသို့
ဆင်ခြင်၏- ဤ
အသျှင်ဆရာသည်
ပညာနုံ့၏၊
တွေဝေ၏၊ ထိုဆရာသည်
ပညာနုံ့သောကြောင့်တွေဝေသောကြောင့်
ထိုထို
အရာဌာန၌
အမေးခံရလျှင်
အဆုံးမရှိ
ပစ်လွှင့်သော
စကားကို
ဆို၏''ဤသို့ဟူ၍လည်း
ငါမယူ၊
ထိုသို့ ဟူ၍လည်း
ငါမယူ၊
အခြားသို့ဟူ၍လည်း
ငါမယူ၊ (ဤသို့
ထိုသို့အခြားသို့)
မဟုတ်ဟူ၍လည်း
ငါမယူ၊ (ဤသို့
ထိုသို့
အခြားသို့)
မဟုတ်သည် မဟုတ်ဟူ
၍လည်းငါမယူ''ဟု
(ဆို၏)။
ထိုသူသည်
''ဤကား သက်သာရာ
မရစေနိုင်သော
မြတ်သော
အကျင့်တည်း''ဟုသိ၍
ထိုမြတ်သော
အကျင့်မှ
ငြီးငွေ့၍
ဖဲခွါ သွားလေ၏။
သန္ဒက
ဤသည်ကား
သိတော်မူ
မြင်တော်မူ၍ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံး စုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောထိုမြတ်စွာဘုရား
ဟောကြားထားသည့်
သက်သာရာ ကို
မရစေနိုင်သော
စတုတ္ထ
မြတ်သောအကျင့်ပေတည်း၊
ယင်းအကျင့်၌
သိနားလည်သော
ယောက်ျား သည်
မြတ်သော အကျင့်ဟူ၍
စင်စစ်မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သော
ကုသိုလ်
တရားကို မပြည့်စုံစေနိုင်ရာ။
သန္ဒကဤသည်တို့ကား
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူ
ထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားဟော
ကြား ထားသည့်
သက်သာရာကိုမရစေနိုင်သော
မြတ်သော
အကျင့်လေးမျိုးတို့ပေတည်း၊
ယင်းအကျင့်တို့၌
သိနားလည်သောယောက်ျားသည်
မြတ်သောအကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်း
မှန်သောကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာဟု
(မိန့်ဆို၏)။
အသျှင်အာနန္ဒာ
အံ့ဩဖွယ်ဖြစ်ပါပေစွ၊
အသျှင်အာနန္ဒာ
မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊
သိတော်မူ
မြင်တော်
မူ၍ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောထိုမြတ်စွာဘုရားသည်
လေးမျိုးသော
မြတ်သော
အကျင့်တို့ကို
သက်သာရာကို
မရစေနိုင်၍သာလျှင်သက်
သာရာကို
မရစေနိုင်ဟု
ဟောကြားတော်မူပေ၏၊
ယင်းအကျင့်တို့၌
သိနားလည်သောယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
မကျင့်သုံးရာ၊
ကျင့်သုံးသော်လည်း
နည်းလမ်းမှန်သောကုသိုလ်တရားကို
မပြည့်စုံစေနိုင်ရာ။
အသျှင်အာနန္ဒာ
ထိုမြတ်စွာဘုရားသည်ကား
အဘယ်သို့ယူလေ့ရှိပါသနည်း၊
အဘယ် သို့
ဆိုလေ့ရှိပါသနည်း၊
ယင်းမြတ်စွာဘုရား၏
အယူဝါဒ၌
သိနားလည်သောယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
ကျင့်သုံးရာပါသနည်း၊
ကျင့်သုံးလျှင်လည်းနည်းလမ်းမှန်သော
ကုသိုလ်တရားကို
ပြည့်စုံစေနိုင်ရာပါသနည်းဟု
(လျှောက်၏)။
၂၃၃။
သန္ဒက
ပူဇော်အထူးကို
ခံတော်မူထိုက်သော၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာသိတော်မူသော၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့်
ပြည့်စုံတော်မူသော၊
ကောင်းသော
စကားကိုဆိုတော်မူတတ်သော၊
လောကကို
သိတော်မူသော၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော၊
ဘုန်းတန်ခိုးကြီးတော်မူသော
မြတ်စွာဘုရားသည်
ဤလောက၌
ပွင့်တော်မူ၏။ပ။
ထိုရဟန်းသည်
စိတ်ညစ်ညူးကြောင်း
ဖြစ်ကုန်သော
ဤအပိတ် အပင်
'နီဝရဏ' တရားငါးပါးတို့ကို
ပယ်၍
ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်ခြင်း'ဝိတက်'နှင့်တကွဖြစ်သော
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'
နှင့်တကွဖြစ်သော
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍နေ၏။
သန္ဒက
ဤသို့သဘောရှိသော
မွန်မြတ်သည့်
တရားထူးကို
တပည့်ရစေနိုင်သည့်
ဆရာ့ထံ၌သိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ် ကျင့်သုံးရာ၏၊
ကျင့်သုံးလျှင်လည်း့နည်းလမ်းမှန်သော
ကုသိုလ်တရားကို
ပြည့်စုံစေ
နိုင်ရာ၏။
သန္ဒက
တစ်ဖန်
ထို့ပြင်လည်း
ရဟန်းသည်
ဝိတက်ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယ
ဈာန်သို့ရောက်၍
နေ၏။ သန္ဒက
ဤသို့သဘောရှိသော
မွန်မြတ်သည့်
တရားထူးကို
တပည့်ရစေနိုင်
သည့်ဆရာ့ထံ၌
သိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
ကျင့်သုံးရာ၏၊
ကျင့်သုံးလျှင်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
ပြည့်စုံစေနိုင်ရာ၏။
သန္ဒက
တစ်ဖန်
ထို့ပြင်လည်း
ရဟန်းသည်
ပီတိကိုလည်း
တပ်နှစ်သက်မှု
ကင်းခြင်းကြောင့်
လျစ်လျူရှု၍
နေ၏။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
သန္ဒက
ဤသို့သဘောရှိသော
မွန်မြတ်သောတရားထူးကို
တပည့်
ရစေနိုင်သည့်
ဆရာ့ထံ၌
သိနားလည်သော
ယောက်ျားသည်
မြတ်သောအကျင့်ဟူ၍
စင်စစ် ကျင့်သုံးရာ၏၊
ကျင့်သုံးလျှင်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကိုပြည့်စုံစေနိုင်ရာ၏။
သန္ဒက
တစ်ဖန် ထို့ပြင်လည်း
ရဟန်းသည်
သုခကို
ပယ်ခြင်းကြောင့်လည်းကောင်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
သန္ဒက
ဤသို့သဘောရှိသော
မွန်မြတ်သော တရားထူးကို
တပည့်ရစေနိုင်သည့်
ဆရာ့ထံ၌ သိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
ကျင့်သုံးရာ၏၊
ကျင့်သုံးလျှင်လည်း
နည်းလမ်းမှန်သော
ကုသိုလ်တရားကို
ပြည့်စုံစေနိုင်ရာ၏။
ထို
(ရဟန်း) သည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်တည်တံ့လတ်
သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ထို (ရဟန်း)
သည် ရှေး၌
ဖြစ်ဖူးသောခန္ဓာအစဉ်ကို
အောက်
မေ့နိုင်သော
'ပုဗ္ဗေနိဝါသာနုဿတိ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏၊
ထို (ရဟန်း)
သည် များပြား
သော ရှေး၌
ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏။
ဤသည်ကားအဘယ်နည်း။
တစ်ဘဝကို
လည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များပြားသော
ရှေး၌ ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏။
သန္ဒက
ဤသို့သဘော
ရှိသော
မွန်မြတ်သော
တရားထူးကို
တပည့်ရစေနိုင်သည့်
ဆရာ့ထံ၌သိနားလည်သော
ယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ်
ကျင့်သုံးရာ၏၊
ကျင့်သုံးလျှင်လည်းနည်းလမ်းမှန်သော
ကုသိုလ်တရားကို
ပြည့်စုံစေနိုင်ရာ၏။
ထို
(ရဟန်း) သည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်တည်တံ့လတ်
သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ထို (ရဟန်း)
သည်
သတ္တဝါတို့၏
သေခြင်းဖြစ်ခြင်းကို
သိသော
'စုတူပပါတ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွှတ်စေ၏၊
ထို (ရဟန်း)
သည်အထူးသဖြင့်
စင်ကြယ် သော
လူတို့၏
မျက်စိထက်
သာလွန်သောနတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္စု' ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါမကောင်းသောလားရာရှိသောတ္တဝါတို့ကို
မြင်၏။ပ။ ကံအလျောက်ဖြစ်
သော
သတ္တဝါတို့ကို
သိ၏။ သန္ဒက
ဤသို့သဘောရှိသော
မွန်မြတ်သော
တရားကို တပည့်ရစေနိုင်သည့်
ဆရာ့ထံ၌
သိနားလည်သောယောက်ျားသည်
မြတ်သော
အကျင့်ဟူ၍
စင်စစ် ကျင့်သုံးရာ၏၊
ကျင့်သုံး
လျှင်လည်း
နည်းလမ်းမှန်သောကုသိုလ်တရားကို
ပြည့်စုံစေနိုင်ရာ၏။
ထို
(ရဟန်း) သည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ထို (ရဟန်း) သည်
အာသဝေါတရားတို့ကို
ကုန်စေနိုင့်သော
'အာသဝက္ခယ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏၊
ထို (ရဟန်း)
သည် 'ဤကား
ဆင်းရဲ'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ 'ဤကား
ဆင်းရဲဖြစ်ပေါ်ခြင်း၏
အကြောင်း'ဟုဟုတ်မှန်သောအတိုင်းသိ၏၊
'ဤကား
ဆင်းရဲချုပ်ရာ
(နိဗ္ဗာန်)'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ ဤကား
ဆင်းရဲချုပ်ရာ
(နိဗ္ဗာန်)
သို့ ရောက်ကြောင်း
အကျင့်ဟုဟုတ်မှန်သော
အတိုင်းသိ၏။
'ဤကား
အာသဝတို့'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ 'ဤကား
အာသဝတို့
ဖြစ်ပေါ်ခြင်း၏
အကြောင်း'ဟုဟုတ်မှန်သောအတိုင်းသိ၏၊
'ဤကား အာသဝတို့ချုပ်ရာ
(နိဗ္ဗာန်)'ဟုဟုတ်မှန်သောအတိုင်း
သိ၏၊ 'ဤကား
အာသဝတို့ချုပ်ရာ
(နိဗ္ဗာန်)
သို့
ရောက်ကြောင်းအကျင့်'ဟုဟုတ်မှန်သောအတိုင်း
သိ၏။ ဤသို့
သိသော်ဤသို့မြင်သော်
ထို (ရဟန်း) ၏
စိတ်သည်
ကာမာသဝမှလည်း
လွတ်မြောက်၏၊
ဘဝါသဝမှလည်း
လွတ်မြောက်၏၊
အဝိဇ္ဇာသဝမှလည်း
လွတ်မြောက်၏၊
လွတ်မြောက်ပြီးလတ်သော်
လွတ်မြောက်ခဲ့လေပြီဟုအသိ
ဉာဏ် ဖြစ်ပေါ်၏၊
''ပဋိသန္ဓေ
နေမှုကုန်ပြီ၊
မြတ်သော အကျင့်ကို
ကျင့်သုံးပြီးပြီ၊
(မဂ်) ကိစ္စကိုပြုပြီးပြီ၊
ဤ (မဂ်)
ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်မရှိတော့ပြီ''ဟု
သိ၏။ သန္ဒကဤသို့သဘောရှိသော
မွန်မြတ်သော
တရားကို တပည့်ရစေနိုင်သည့်
ဆရာ့ထံ၌
သိနားလည်သောယောက်ျားသည်
မြတ်သော အကျင့်ဟူ၍
စင်စစ်
ကျင့်သုံးရာ၏၊
ကျင့်သုံးလျှင်လည်း
နည်းလမ်းမှန်သောကုသိုလ်တရားကို
ပြည့်စုံစေ
နိုင်ရာ၏ဟု
(မိန့်ဆို၏)။
၂၃၄။
အသျှင်အာနန္ဒာ
အာသဝေါကုန်ပြီးသော
(မဂ်)
အကျင့်ကို
ကျင့်သုံးပြီးသော
ပြုဖွယ်ကိစ္စကိုပြုပြီးသော
ဝန်ကိုချထားပြီးသော
ကိုယ်ကျိုးကိုယ့်စီးပွါးကို
ယူပြီးသော
ဘဝသံယောဇဉ်
ကုန်ခန်းပြီးသောကောင်းစွာ
သိ၍ ကိလေသာမှ
လွတ်မြောက်ပြီးသော
ရဟန္တာရဟန်းသည်
ကာမဂုဏ်တို့ကို
ခံစားရာသေးသလောဟု
(လျှောက်၏)။
သန္ဒက
အာသဝေါကုန်ပြီးသော
(မဂ်)
အကျင့်ကို
ကျင့်သုံးပြီသော
ပြုဖွယ်ကိစ္စကို
ပြုပြီးသော
ဝန်ကို
ချထားပြီးသော
ကိုယ်ကျိုးကိုယ့်စီးပွါးကို
ရယူပြီးသော
ဘဝသံယောဇဉ်ကုန်ခန်းပြီးသော
ကောင်းစွာ
သိ၍ ကိလေသာမှ
လွတ်မြောက်ပြီးသော
ရဟန္တာရဟန်းသည်
ငါးပါးသောအရာဌာနတို့ကို
လွန်ကျူး၍
ကျင့်ခြင်းငှါ
မထိုက်ပြီ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်
စေတနာနှင့်တကွ
စေ့ဆော်၍
သတ္တဝါကို
သတ်ခြင်းငှါ
မထိုက်ပြီ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်
မပေးသည်ကိုခိုးလိုသော
စိတ်အစုဖြင့်
ယူခြင်းငှါ
မထိုက်ပြီ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်
မေထုန်အကျင့်ကိုမှီဝဲခြင်းငှါ
မထိုက်ပြီ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်
သိလျက်
မဟုတ်မမှန်သော
စကားကို ဆိုခြင်းငှါ
မထိုက်ပြီ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ရှေးလူဖြစ်စဉ်အခါကကဲ့သို့
ဝတ္ထုကာမဂုဏ်တို့ကိုသိုမှီး၍
မှီဝဲခြင်းငှါ
မထိုက်ပြီ။
သန္ဒက အာသဝေါကုန်ပြီးသော
(မဂ်)
အကျင့်ကို
ကျင့်သုံးပြီးသောပြုဖွယ်ကိစ္စကို
ပြုပြီးသော
ဝန်ကို ချထားပြီးသော
ကိုယ်ကျိုးကိုယ့်စီးပွါးကို
ရယူပြီးသော
ဘဝသံယောဇဉ်ကုန်ခန်းပြီးသော
ကောင်းစွာ
သိ၍ ကိလေသာမှ
လွတ်မြောက်ပြီးသော
ရဟန္တာရဟန်းသည်ဤငါးပါးကုန်သော
အရာဌာနတို့ကို
လွန်ကျူး၍
ကျင့်ခြင်းငှါ
မထိုက်ပြီ။
၂၃၅။
အသျှင်အာနန္ဒာ
အာသဝေါကုန်ပြီးသော
(မဂ်)
အကျင့်ကို
ကျင့်သုံးပြီသော
ပြုဖွယ်ကိစ္စကိုပြုပြီးသော
ဝန်ကို
ချထားပြီးသော
ကိုယ်ကျိုးကိုယ့်စီးပွါးကို
ရယူပြီးသော ဘဝသံယောဇဉ်
ကုန်ခန်းပြီးသော
ကောင်းစွာ
သိ၍ ကိလေသာမှ
လွတ်မြောက်ပြီးသော
ရဟန္တာဖြစ်သော
ရဟန်းအားသွားနေစဉ်ဖြစ်
စေ၊
ရပ်နေစဉ်ဖြစ်စေ၊
အိပ်နေစဉ်ဖြစ်စေ၊
နိုးကြားနေစဉ်ဖြစ်စေ
''ငါ့အားအာသဝေါတရားတို့သည်
ကုန်ခန်းကုန်ပြီ''ဟု
ဉာဏ်အမြင်သည်
အမြဲမပြတ်
ရှေးရှုထင်ပါသလောဟု
(လျှောက်၏)။
သန္ဒက
သို့ဖြစ်မူ
သင့်အား
ဥပမာပြအံ့၊
ဤလောက၌ ပညာရှိသော
ယောက်ျားတို့သည်ဥပမာဖြင့်
ပြောကြား
သောစကား၏
အနက်ကို
သိကြကုန်၏။
သန္ဒက ဥပမာအားဖြင့်
ယောက်ျားအားလက်ခြေတို့သည်
ပြတ် ကုန်၏၊
ထိုယောက်ျားအား
သွားနေစဉ်ဖြစ်စေ၊
ရပ်နေစဉ်ဖြစ်စေ၊
အိပ်နေစဉ်ဖြစ်စေ၊
နိုးကြားနေစဉ်ဖြစ်စေ
''ငါ၏
လက်ခြေတို့သည်
ပြတ်ကုန်ပြီ''ဟု
အမြဲမပြတ့်သိသလော။
ထိုသို့
မဟုတ်
ဆင်ခြင်မှသာ
''ငါ၏ လက်ခြေတို့သည်
ပြတ်ကုန်ပြီ''ဟု
သိသလောဟု (မေး၏)။
အသျှင်အာနန္ဒာ
ထိုယောက်ျားသည်
အမြဲ မပြတ်
''ငါ၏
လက်ခြေတို့သည်
ပြတ်ကုန်ပြီ''ဟုမသိပါ၊
စင်စစ်သော်ကား
ဆင်ခြင်မှသာ
''ငါ၏ လက်ခြေ
တို့သည်
ပြတ်ကုန်ပြီ''ဟု
သိပါ၏ဟု
(လျှောက်၏)။
သန္ဒက ဤဥပမာအတူသာလျှင်
အာသ
ဝေါကုန်ပြီး
သော (မဂ်) အကျင့်ကိုကျင့်သုံးပြီးသော
ပြုဖွယ်ကိစ္စကို
ပြုပြီးသော
ဝန်ကို
ချထားပြီးသော
ကိုယ်ကျိုး
ကိုယ့်စီးပွါးကိုရယူပြီးသော
ဘဝသံယောဇဉ်ကုန်ခန်းပြီးသော
ကောင်းစွာ
သိ၍ ကိလေသာမှ
လွတ် မြောက်ပြီးသောရဟန္တာဖြစ်သော
ရဟန်းအား
သွားနေစဉ်ဖြစ်စေ၊
ရပ်နေစဉ်ဖြစ်စေ၊
အိပ်နေစဉ်ဖြစ်စေ၊
နိုးကြားနေစဉ်ဖြစ်စေ
''ငါ့အား
အာသဝေါတရားတို့သည်
ကုန်ခန်းကုန်ပြီ''ဟု
အမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှုမထင်၊
စင်စစ်သော်ကား
ဆင်ခြင်မှသာ
''ငါ့အား
အာသဝေါတရားတို့သည်
ကုန်ခန်းကုန်ပြီ''ဟု
သိ၏ဟု
(မိန့်ဆို၏)။
၂၃၆။
အသျှင်အာနန္ဒာ
ဤဓမ္မဝိနယ
'သာသနာတော်'၌
ကျွတ်တမ်းဝင်သူတို့သည်
အဘယ်မျှများပြားပါကုန်သနည်းဟု
(လျှောက်၏)။
သန္ဒက
ဤဓမ္မဝိနယ
'သာသနာတော်'၌
ကျွတ်တမ်းဝင်သူတို့သည်
တစ်ရာလည်း
မကကုန်၊
နှစ်ရာလည်း
မကကုန်၊ သုံးရာလည်း
မကကုန်၊
လေးရာလည်းမကကုန်၊
ငါးရာလည်း
မကကုန်၊
စင်စစ်အားဖြင့်
လွန်စွာ
များကုန်၏ဟု
(မိန့်ဆို၏)။
အသျှင်အာနန္ဒာအံ့ဩဖွယ်
ရှိပါပေစွ၊
အသျှင်အာနန္ဒာ
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
မိမိတရားကို
မမြှောက်တင်
သူတစ်ပါးတရားကို
မနှိမ့်ချဘဲ
ရှိတုံဘိ၏၊ ရှည်ရှည်
လျားလျား
တရားဟောခြင်းသာ
ဖြစ်တုံဘိ၏၊
ထိုမျှလောက်များပြားသော
ကျွတ်တမ်းဝင်သူတို့လည်း
ထင်ရှားကုန်ဘိ၏၊
သားသေမိခင်၏
သားဖြစ်သော
ဤအာဇီဝကတို့သည်
မိမိကိုယ်ကိုလည်း
ချီးမြှောက်တတ်ကုန်၏၊
သူတစ်ပါးကိုလည်း
ရှုတ်ချတတ်ကုန်၏၊
ကျွတ်တမ်းဝင်သူ
သုံးယောက်တို့ကိုသာ
ပြကြကုန်၏။
ဤသူတို့ကား
အဘယ်တို့နည်း၊
နန္ဒဝစ္ဆ
ကိသသံကိစ္စ
မက္ခလိဂေါသာလတို့ပေတည်းဟု
(ပြကြကုန်၏)။
ထိုအခါ
သန္ဒကပရိဗိုဇ်သည်
မိမိပရိသတ်ကို''အချင်းတို့
သင်တို့သည်
သွားကြကုန်လော့၊
ရဟန်းဂေါတမအထံ၌
မြတ်သော
အကျင့်ကိုကျင့်သုံးမှုသည်
ရှိ၏၊
ငါတို့မူကား
ယခုအခါ၌
လာဘ်ပူဇော်သကာ
အကျော်အစောတို့ကို
စွန့်လွှတ်ရန်မလွယ်ကူပြီ''ဟု
ပြောဆို၏။
ဤသို့လျှင်
သန္ဒကပရိဗိုဇ်သည်
မိမိ၏
ပရိသတ်အား
မြတ်စွာဘုရားအထံ၌
မြတ်သော
အကျင့်ကိုကျင့်သုံးရန်
လွှတ်လိုက်လေသတည်း။
ခြောက်ခုမြောက်
သန္ဒကသုတ်
ပြီး၏။
------
၁။
ဤပါဠိတော်နှင့်
သီလက္ခန္ဓဝဂ္ဂပါဠိ
(၇) ၌ ပုရိသကထံ
မပါ (သျာ၊ ကံ၊
က) တို့၌ကား
ပါသည်။
၂။
မြို့တွင်းလမ်းကို
ဆိုလိုသည်။
၃။
ငါမလာမီ
အကြား၌
ဖြစ်သောစကား
(အဋ္ဌကထာ)
၄။
အကျိုးမရှိဟု
ဆိုလိုသည်။
၅။
အမိသည် မရှိ၊
အမိ၌
ကောင်းစွာ
ပြုခြင်း မကောင်း
ပြုခြင်း၏
အကျိုးမရှိဟု
ဆိုလိုသည်
(အဖသည် မရှိ
ဆိုရာ၌လည်း
ဤအတူပင်)။
Ã
၇-မဟာသကုလုဒါယိသုတ်
၂၃၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့အား
အစာကျွေးရာဖြစ်သော
ဝေဠုဝန့်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အလွန်ထင်ရှားကုန်သော
များစွာသော
ပရိဗိုဇ်တို့သည်ဥဒေါင်းတို့အား
အစာကျွေးရာဖြစ်သော
ပရိဗိုဇ်အရံ၌
နေကုန်၏။
ဤသည်တို့ကား
အဘယ်နည်း၊ အန္နဘာရပရိဗိုဇ်
ဝရဓရ ပရိဗိုဇ်
သကုလုဒါယီပရိဗိုဇ်နှင့်
အခြားထင်ရှားကျော်စောသော
ပရိဗိုဇ်တို့တည်း။
ထိုအခါ မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်ရာဇဂြိုဟ်ပြည်သို့
ဆွမ်းအလို့ငှါ
ဝင်တော်မူ၏။
ထိုအခါ
မြတ်စွာဘုရားအား
''ရာဇဂြိုဟ်ပြည်သို့
ဆွမ်းခံသွားရန်
အလွန်စောသေး၏၊
အကယ်၍ ငါသည်
ဥဒေါင်းတို့အား
အစာကျွေးရာဖြစ်သော
ပရိဗိုဇ်အရံရှိသကုလုဒါယီပရိဗိုဇ်ထံသို့
ချဉ်းကပ်ရမူ
ကောင်းလေရာ၏''ဟု
အကြံဖြစ်၏။
ထိုအခါ
မြတ်စွာဘုရားသည်
ဥဒေါင်းတို့အား
အစာကျွေးရာဖြစ်သော
ပရိဗိုဇ်အရံသို့
ချဉ်းကပ်တော်မူ၏။
ထိုအခါ
သကုလုဒါယီပရိဗိုဇ်သည်
များပြားသော
(မဂ်ဖိုလ်မှ)
ဖီလာစကားကို
ပဲ့တင်ထပ်မျှ
ပြင်းပြကျယ်လောင်သော
အသံဖြင့် ပြောဆိုလျက်
များစွာသော
ပရိဗိုဇ်ပရိသတ်နှင့်
အတူနေ၏။
ဤသည်ကားအဘယ်နည်း။
မင်းနှင့်စပ်
သောစကား
ခိုးသူနှင့်စပ်သောစကား
အမတ်ကြီးနှင့်စပ်သောစကား
စစ်သည်နှင့်စပ်သောစကား
ကြောက်ဖွယ်နှင့်
စပ်သောစကား
စစ်ထိုးခြင်းနှင့်စပ်သောစကား
စားဖွယ်နှင့်စပ်သောစကား
သောက်ဖွယ်နှင့်စပ်သောစကား
အဝတ်နှင့်စပ်သောစကား
အိပ်ရာနှင့်စပ်သောစကား
ပန်းနှင့်စပ်သောစကား
နံ့သာနှင့်စပ်သောစကား
ဆွေမျိုးနှင့်စပ်သောစကား
ယာဉ်နှင့်စပ်သောစကား
ရွာနှင့်စပ်သောစကား
နိဂုံးနှင့်စပ်သောစကား
မြို့နှင့်စပ်သောစကား
နယ်နှင့်စပ်သောစကား
မိန်းမနှင့်စပ်သောစကားယောက်ျားနှင့်စပ်သောစကား
သူရဲကောင်းနှင့်စပ်သောစကား
လမ်းနှင့်စပ်သောစကား
ရေခပ်ဆိပ်နှင့်စပ်သောစကား
သေလွန်သူနှင့်စပ်သောစကား
အထွေထွေနှင့်စပ်သောစကား
လောက
(အကြောင်းနှင့်)
စပ်သောစကား
သမုဒ္ဒရာ
(အကြောင်း)
နှင့်စပ်သောစကား
ကြီးပွါးဆုတ်ယုတ်ခြင်းနှင့်စပ်သောစကားတို့တည်း။
သကုလုဒါယီပရိဗိုဇ်သည်
ကြွလာသော
မြတ်စွာဘုရားကို
အဝေးကပင်
မြင်လတ်သော်
''အသျှင်တို့
တိတ်ဆိတ်စွာ
နေကြကုန်လော့၊
အသံမပြုကြကုန်လင့်၊
ဤရဟန်းဂေါတမသည်
ကြွလာနေ၏၊
ထိုအသျှင်သည်တိတ်ဆိတ်ခြင်းကို
အလိုရှိ၏၊
တိတ်ဆိတ်ရာ၏
ဂုဏ်ကို
ဆိုလေ့ရှိ၏၊
ပရိသတ်အသံ
တိတ်နေသည်ကိုသိလျှင်
ချဉ်းကပ်သင့်သည်ဟု
အောက်မေ့တန်ရာ၏''ဟု
မိမိပရိသတ်ကို
သေဝပ်စွာနေရန်
ပြောဆို၏။
ထိုသို့ဆိုသော်
ပရိဗိုဇ်တို့သည်
ဆိတ်ဆိတ်နေကုန်၏။
ထိုအခါ
မြတ်စွာဘုရားသည်
သကုလုဒါယီပရိဗိုဇ်ထံသို့
ချဉ်းကပ်တော်မူ၏။
ထိုအခါ သကုလုဒါယီပရိဗိုဇ်သည်
မြတ်စွာဘုရားအား
''ဘုန်းတော်ကြီးသော
မြတ်စွာဘုရား
ကြွလာတော်မူပါကုန်လော့၊
အသျှင်ဘုရား
မြတ်စွာဘုရား၏
ကြွလာခြင်းသည်
ကောင်းသော
ကြွလာခြင်း
ဖြစ်ပါသည်၊
အသျှင်ဘုရားမြတ်စွာ
ဘုရားသည်
ဤအရပ်သို့
ကြွလာတော်မူရန်
အလှည့်ကို
ကြာမြင့်မှ
ပေးတော်မူဘိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ထိုင်တော်မူပါ၊
ဤနေရာကို
ပြင်ထားပါ၏''ဟု
လျှောက်၏။
မြတ်စွာဘုရားသည်
ပြင်ထားသော
နေရာ၌
ထိုင်တော်မူ၏။
သကုလုဒါယီပရိဗိုဇ်သည်လည်း
နိမ့်သောထိုင်စရာတစ်ခုကို
ယူ၍ တစ်ခုသော
နေရာ၌
ထိုင်နေ၏၊
တစ်ခုသော နေရာ၌
ထိုင်နေသောသကုလုဒါယီပရိဗိုဇ်အား
မြတ်စွာ
ဘုရားသည်
ဤစကားကို မိန့်တော်မူ၏-
၂၃၈။
ဥဒါယီ ယခုအခါ
အဘယ်စကားဖြင့်
အသင်တို့
စည်းဝေးနေကြသနည်း၊
သင်တို့၏
မပြီးဆုံးသေးသော
အကြားစကားသည်
အဘယ်နည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ယခုအခါ
အကျွန်ုပ်တို့စုဝေးထိုင်နေလျက်
ပြောဆိုနေကြသော
စကားကို
ထားပါဦး၊
ဤစကားသည်
မြတ်စွာဘုရားအားနောက်အခါ၌လည်း
ကြားနာရန်
ခဲယဉ်းမည်
မဟုတ်ပါ၊
အသျှင်ဘုရား
ယခင့်ယခင်နေ့တို့၌
စကားအသစ်အဆန်း
ထောက်လှမ်း
နာကြားရာ
ဇရပ်၌
အထူးထူးသော
အယူရှိကုန်သော
သမဏဗြာဟ္မဏတို့
စုဝေးနေထိုင်ကြရာတွင်
ဤအကြားစကားသည်
ထင်ရှားဖြစ်ပါ၏-
''အချင်းတို့
အင်္ဂတိုင်း
မဂဓတိုင်းသူ
တိုင်းသားတို့အား
အရတော်ပေစွတကား၊
အချင်းတို့
အင်္ဂတိုင်း
မဂဓတိုင်းသူ
တိုင်းသားတို့အား
အလွန်အရ့တော်ပေစွတကား၊
ထိုအင်္ဂတိုင်း
မဂဓတိုင်းတို့၌
တပည့်အပေါင်းနှင့်လည်း
ပြည့်စုံသော
ဂိုဏ်းနှင့်လည်းပြည့်စုံသော
ဂိုဏ်းဆရာလည်းဖြစ်သော
ထင်ရှားသော
ကျော်စောသော
အယူဝါဒတီထွင်သူဖြစ်သောသူတော်ကောင်းဟု
လူအများက
သမုတ်ထားသော
ဤသမဏဗြာဟ္မဏတို့သည်
ဤရာဇဂြိုဟ်ပြည်သို့ဝါကပ်ရန်
ရောက်လာကုန်၏။
ဤပူရဏကဿပသည်
တပည့်အပေါင်းနှင့်
ပြည့်စုံ၏၊
ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊
ဂိုဏ်းဆရာလည်း
ဖြစ်၏၊
ထင်ရှား၏၊
ကျော်စော၏၊
အယူဝါဒတီထွင်သူ
ဖြစ်၏၊
သူတော်ကောင်းဟု
လူအများက သမုတ်ထားသူ
ဖြစ်၏၊
ထိုပူရဏကဿပသည်လည်း
ရာဇဂြိုဟ်ပြည်သို့
ဝါကပ်ရန်ရောက်လာ၏။
ဤမက္ခလိဂေါသာလသည်လည်း။ပ။
အဇိတကေသကမ္ဗလသည်။
ပကုဓကစ္စာယနသည်။
သဉ္စယဗေလဋ္ဌပုတ္တသည်။
နိဂဏ္ဌနာဋပုတ္တသည်
တပည့်အပေါင်းနှင့်
ပြည့်စုံ၏၊
ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊
ဂိုဏ်းဆရာလည်း
ဖြစ်၏၊
ထင်ရှား၏၊ ကျော်စော၏၊
အယူဝါဒတီထွင်သူ
ဖြစ်၏၊
သူတော်ကောင်းဟု
လူအများက
သမုတ်ထားသူ
ဖြစ်၏၊
ထိုနိဂဏ္ဌနာဋပုတ္တသည်လည်း
ရာဇဂြိုဟ်ပြည်သို့
ဝါကပ်ရန်
ရောက်လာ၏။
ဤရဟန်းဂေါတမသည်လည်း
တပည့်အပေါင်းနှင့်
ပြည့်စုံ၏၊
ဂိုဏ်းနှင့်လည်း
ပြည့်စုံ၏၊
ဂိုဏ်းဆရာလည်း
ဖြစ်၏၊
ထင်ရှား၏၊
ကျော်စော၏၊
အယူဝါဒတီထွင်သူ
ဖြစ်၏၊
သူတော်ကောင်းဟုလူအများက
သမုတ်ထားသူ
ဖြစ်၏၊ ထိုရဟန်းဂေါတမသည်လည်း
ရာဇဂြိုဟ်ပြည်သို့
ဝါကပ်ရန်
ရောက်လာ၏။
ထိုအင်္ဂတိုင်း
မဂဓတိုင်းတို့၌
တပည့်အပေါင်းနှင့်လည်း
ပြည့်စုံသော
ဂိုဏ်းနှင့်လည်း
ပြည့်စုံသောဂိုဏ်းဆရာလည်းဖြစ်သော
ထင်ရှားသော
ကျော်စောသော
အယူဝါဒတီထွင်သူဖြစ်သော
သူတော်ကောင်းဟုလူအများက
သမုတ်ထားသူဖြစ်သော
ဤသမဏဗြာဟ္မဏတို့သည်
ဤရာဇဂြိုဟ်ပြည်သို့
ဝါကပ်ရန်ရောက်ကုန်၏။
ဤအသျှင်သမဏဗြာဟ္မဏတို့တွင်
အဘယ်သမဏဗြာဟ္မဏသည်
တပည့်တို့၏
အရိုသေခံရ
အလေးစားခံရ
အမြတ်နိုးခံရ
အပူဇော်ခံရလေသနည်း။
အဘယ်သမဏ
ဗြာဟ္မဏကို
တပည့်တို့သည်အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကြကုန်သနည်း''ဟု
အကြားစကားသည်
ဖြစ်ပါ၏ဟု
(လျှောက်၏)။
၂၃၉။
ထိုအစည်းအဝေး၌
အချို့သော
သူတို့သည် ဤသို့
ဆိုကြကုန်၏-''ဤပူရဏကဿပသည်တပည့်အပေါင်းနှင့်လည်း
ပြည့်စုံ၏၊
ဂိုဏ်းနှင့်လည်း
ပြည့်စုံ၏၊
ဂိုဏ်းဆရာလည်း
ဖြစ်၏၊ ထင်ရှား၏၊
ကျော်စော၏၊
အယူဝါဒတီထွင်သူ
ဖြစ်၏၊ သူတော်ကောင်းဟု
လူအများက
သမုတ်ထားသူ
ဖြစ်၏၊ ထိုပူရဏကဿပသည်လည်း
တပည့်တို့၏
အရိုအသေမခံရ အလေးစားမခံရ
အမြတ်နိုးမခံရ
အပူဇော်မခံရ။
ပူရဏကဿပကိုလည်း
တပည့်တို့သည်
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကြကုန်။
ရှေးကဖြစ်ဖူးသည်ကား
ပူရဏကဿပသည်
အရာမက
များစွာသော
ပရိသတ်၌
တရားဟော၏။
ထိုပရိသတ်၌ပူရဏကဿပ၏
တပည့်တစ်ယောက်သည်
'အသျှင်တို့
သင်တို့သည်
ပူရဏကဿပကို
ဤအကြောင်းကိုမမေးကြပါကုန်လင့်၊
ဤပူရဏကဿပသည်
ဤအကြောင်းကို
မသိပါ၊
ငါတို့သည်
ဤအကြောင်းကိုသိကုန်၏၊
ငါတို့အား
ဤအကြောင်းကို
မေးကြကုန်လော့၊
ငါတို့သည်
ဤအကြောင်းကို
အသျှင်တို့အားဖြေကြားကုန်အံ့'ဟု
အသံပြု၏။
ရှေးက
ဖြစ်ဖူးသည်ကား
ပူရဏကဿပသည်
လက်မောင်းတို့ကို
မြှောက်ချီလျက်
'အသျှင်တို့တိတ်ဆိတ်စွာ
နေကြကုန်လော့၊
အသျှင်တို့
အသံကို
မပြုကြပါကုန်လင့်၊
ဤသူတို့သည်
အသျှင်တို့ကိုမမေးကြပါကုန်၊
ဤသူတို့သည်
ငါတို့ကို
မေးကြပါကုန်၏၊
ငါတို့သည်
ဤသူတို့အား
ဖြေကြားပါကုန်အံ့'ဟု
မြည်တမ်းသော်လည်း
မရပေ။
ပူရဏကဿပ၏
များစွာသော
တပည့်တို့သည်
'သင်သည်
ဤဓမ္မဝိနယကို
မသိ၊ ငါသည်
ဤဓမ္မဝိနယကို
သိ၏။ သင်သည်
ဤဓမ္မဝိနယကို
အသို့သိနိုင်အံ့နည်း၊
သင်သည်
မှားသော
အကျင့်ရှိသူဖြစ်၏၊
ငါသည်
မှန်သော
အကျင့်ရှိသူ
ဖြစ်၏၊ ငါ၏ စကားသည်
စေ့စပ်၏၊
သင်၏ စကားသည်
မစေ့စပ်၊ သင်သည်
ရှေးဦးဆိုသင့်သည်ကို
နောက်မှ
ဆို၏၊ နောက်မှ
ဆိုသင့်သည်ကို
ရှေးဦးဆို၏၊
သင်၏့ကြာမြင့်စွာ
လေ့လာထားသော
စကားသည်
(သင့်ဆီသို့)
ပြန်လှည့်၍
တည်လေပြီ၊
သင့်အယူ၌
ရှိသောအပြစ်ကို
ငါတင်ပြပြီ၊
သင်
အရေးနိမ့်ပြီ၊
(ငါတင်ပြသော)
အပြစ်မှ
လွတ်မြောက်ရန်
ရှာကြံချေဦးလော့၊
အကယ်၍ စွမ်းနိုင်လျှင်လည်း
(ယခုပင်)
ဖြေရှင်းလော့'ဟု
ဝါဒတင်၍
ဖဲခွါသွားကြကုန်၏၊
ဤသို့လျှင်ပူရဏကဿပသည်
တပည့်တို့၏
အရိုအသေမခံရ
အလေးပြုမခံရ
အမြတ်နိုးမခံရ
အပူဇော်မခံရ၊
ပူရဏကဿပကိုမူလည်း
တပည့်တို့သည်
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကြကုန်၊
ပူရဏကဿပသည်ကား
သဘာဝမှန်ဖြစ်သော
ဆဲရေးခြင်းဖြင့်
အဆဲခံရသူ
ဖြစ်၏''ဟု
(ဆိုကြကုန်၏)။
အချို့သောသူတို့သည်
ဤသို့
ဆိုကြကုန်၏
''ဤမက္ခလိဂေါသာလသည်လည်း။ပ။
အဇိတကေသကမ္ဗလသည်။
ပကုဓကစ္စာယနသည်။
သဉ္စယဗေလဋ္ဌပုတ္တသည်။
နိဂဏ္ဌနာဋပုတ္တသည်
တပည့်အပေါင်းနှင့်လည်း
ပြည့်စုံ၏၊
ဂိုဏ်းနှင့်လည်း
ပြည့်စုံ၏၊
ဂိုဏ်းဆရာလည်း
ဖြစ်၏၊
ထင်ရှား၏၊
ကျော်စော၏၊
အယူဝါဒတီထွင်သူ
ဖြစ်၏၊
သူတော်ကောင်းဟု
လူအများက
သမုတ်ထားသူ
ဖြစ်၏၊
ထိုနိဂဏ္ဌနာဋပုတ္တသည်လည်း
တပည့်တို့၏
အရိုအသေမခံရ
အလေးပြုမခံရ
အမြတ်နိုးမခံရ
အပူဇော်မခံရ။
နိဂဏ္ဌနာဋပုတ္တကိုလည်း
တပည့်တို့သည်
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကြကုန်။
ရှေးက
ဖြစ်ဖူးသည်ကား
နိဂဏ္ဌနာဋပုတ္တသည်
အရာမက
များစွာသော
ပရိသတ်၌
တရားဟော၏။
ထိုပရိသတ်၌နိဂဏ္ဌနာဋပုတ္တ၏
တပည့်တစ်ယောက်သည်
'အသျှင်တို့
နိဂဏ္ဌနာဋပုတ္တအား
ဤအကြောင်းကို
မမေးကြပါကုန်လင့်။
ဤနိဂဏ္ဌနာဋပုတ္တသည်
ဤအကြောင်းကို
မသိပါ၊
ငါတို့သည်
ဤအကြောင်းကို
သိပါကုန်၏၊
ငါတို့အား
ဤအကြောင်းကို
မေးပါကုန်လော့၊
ငါတို့သည် ဤအကြောင်းကို
အသျှင်တို့အား
ဖြေကြားကုန်အံ့'ဟု
အသံပြု၏။
ရှေးက
ဖြစ်ဖူးသည်ကား
နိဂဏ္ဌနာဋပုတ္တသည်
လက်မောင်းတို့ကို
မြှောက်ချီလျက်
'အသျှင်တို့
တိတ်ဆိတ်စွာ
နေကြပါကုန်လော့၊
အသျှင်တို့
အသံကို
မပြုကြပါကုန်လင့်၊
ဤသူတို့သည်
အသျှင်တို့ကို
မမေးကြပါကုန်၊
ဤသူတို့သည်
ငါတို့ကို
မေးပါကုန်၏၊
ငါတို့သည်
ဤသူတို့အားဖြေကြားပါကုန်အံ့'ဟု
မြည်တမ်းသော်လည်း
မရပေ။
နိဂဏ္ဌနာဋပုတ္တ၏
များစွာသော
တပည့်တို့သည်
'သင်သည်
ဤဓမ္မဝိနယကို
မသိ၊ ငါသည်
ဤဓမ္မဝိနယကို
သိ၏၊ သင်သည်
ဤဓမ္မဝိနယကို
အသို့သိနိုင်အံ့နည်း၊
သင်သည် မှားသော
အကျင့်ရှိသူဖြစ်၏၊
ငါသည် မှန်သော
အကျင့်ရှိသူ
ဖြစ်၏၊ ငါ၏
စကားသည်
စေ့စပ်၏၊
သင်၏ စကားသည်
မစေ့စပ်၊
သင်သည်
ရှေးဦး ဆိုသင့်သည်ကို
နောက်မှ
ဆို၏၊
နောက်မှ
ဆိုသင့်သည်ကို
ရှေးဦးဆို၏၊
သင်၏ကြာမြင့်စွာ
လေ့လာထားသော
စကားသည်
(သင့်ဆီသို့)
ပြန်လှည့်၍
တည်လေပြီ၊
သင့်အယူ၌
ရှိသောအပြစ်ကို
ငါတင်ပြပြီ၊
သင်အရေးနိမ့်ပြီ၊
(ငါတင်ပြသော)
အပြစ်မှ
လွတ်မြောက်ရန်
ရှာကြံချေဦးလော့၊
အကယ်၍
စွမ်းနိုင်လျှင်လည်း
(ယခုပင်)
ဖြေရှင်းလော့'ဟု
ဝါဒတင်၍ ဖဲခွါသွားကြကုန်၏။
ဤသို့လျှင်နိဂဏ္ဌနာဋပုတ္တသည်
တပည့်တို့၏
အရိုအသေမခံရ
အလေးပြုမခံရ
အမြတ်နိုးမခံရ
အပူဇော်မခံရ။
နိဂဏ္ဌနာဋပုတ္တကိုလည်း
တပည့်တို့သည်
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကြကုန်။
နိဂဏ္ဌနာဋပုတ္တသည်လည်း
သဘာဝမှန်ဖြစ်သော
ဆဲရေးခြင်းဖြင့်
အဆဲခံရသူ
ဖြစ်၏''ဟု
(ဆိုကြကုန်၏)။
၂၄၀။
အချို့သော
သူတို့သည်
ဤသို့
ဆိုကြကုန်၏-''ဤရဟန်းဂေါတမသည်လည်း
တပည့်အပေါင်းနှင့်လည်း
ပြည့်စုံ၏၊
ဂိုဏ်းနှင့်လည်း
ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း
ဖြစ်၏၊
ထင်ရှား၏၊
ကျော်စော၏၊
အယူဝါဒ
တီထွင်သူ
ဖြစ်၏၊
သူတော်ကောင်းဟု
လူအများက
သမုတ်ထားသူ
ဖြစ်၏။
ထိုရဟန်းဂေါတမသည်ကား
တပည့်တို့၏
အရိုအသေခံရ၏၊
အလေးပြုခံရ၏၊
အမြတ်နိုးခံရ၏၊
အပူဇော်ခံရ၏၊
ရဟန်းဂေါတမကိုလည်း
တပည့်တို့သည်
ရိုသေ၍
လေးစား၍
အမှီပြု၍
နေကြကုန်၏။ ရှေးကဖြစ်ဖူးသည်ကား
ရဟန်းဂေါတမသည်
အရာမက
များစွာသော
ပရိသတ်၌
တရားဟော၏။
ထိုပရိသတ်၌ရဟန်းဂေါတမ၏
တပည့်ရဟန်းတစ်ပါးသည်
ချောင်းဟန့်၏၊
ထိုချောင်းဟန့်သူကို
သီတင်းသုံးဖော်တစ်ယောက်သည်
'ငါ့သျှင်
တိတ်ဆိတ်စွာနေပါလော့၊
အသျှင်သည်
အသံမပြုပါလင့်၊
ငါတို့၏ဆရာ့မြတ်စွာ
ဘုရားသည် တရားဟောနေ၏'ဟု
ဆို၍
ဒူးဖြင့်တို့၏။
ရဟန်းဂေါတမသည်
အရာမကများပြားသော
ပရိသတ်၌ တရားဟောနေသောအခါ
ရဟန်းဂေါတမ၏
တပည့်တို့အားချေဆတ်သံသော်လည်းကောင်း
ချောင်းဟန့်သံသော်လည်းကောင်း
မဖြစ်သည်သာတည်း။
'မြတ်စွာဘုရားသည်
ငါတို့အား
ဟောမည့် တရားကို
နာကြားကြကုန်အံ့'ဟု
ထိုရဟန်းဂေါတမကိုတောင့်တသော
သဘောရှိ
သည်ဖြစ်၍
လူများ အပေါင်းသည်
ရှေးရှုတည်နေ၏။
လမ်းမကြီးလေးခုဆုံလေရာ၌
ပျားကောင်
ပျားဥမရှိသော
ပျားရည်ကို
ပေးဝေနေသည့်
ယောက်ျားကိုလူများအပေါင်းသည်
တောင့်တသော
သဘောရှိသည်ဖြစ်၍
ရှေးရှု တည်ရ
သကဲ့သို့
ဤအတူသာလျှင်ရဟန်းဂေါတမသည်
အရာမက
များစွာသော
ပရိသတ်၌
တရားဟောနေ
သောအခါ
မြတ်စွာဘုရား၏တပည့်တို့အား
ချေဆတ်သံသော်လည်းကောင်း၊
ချောင်းဟန့်သံသော်လည်း
ကောင်း
မဖြစ်သည်သာတည်း၊
'မြတ်စွာဘုရားသည်
ငါတို့အား
ဟောမည့်တရားကို
နာကြားကြကုန်အံ့'ဟု
ထိုရဟန်း
ဂေါတမကိုတောင့်တသော
သဘောရှိသည်ဖြစ်၍
လူများအပေါင်းသည်
ရှေးရှုတည်နေ၏။
ရဟန်းဂေါတမ၏
တပည့်တို့သည်
သီတင်းသုံးဖော်တို့နှင့်
မသင့်တင့်၍
သိက္ခာချလျက်
လူထွက်ကြစေကာမူ
ဘုရား၏ဂုဏ်ကိုလည်း
ပြောဆိုလေ့ရှိကုန်၏၊
တရား၏ဂုဏ်ကိုလည်း
ပြောဆိုလေ့ရှိကုန်၏၊
သံဃာ၏ဂုဏ်ကိုလည်း
ပြောဆိုလေ့ရှိကုန်၏၊
သူတစ်ပါးကို
မကဲ့ရဲ့ကုန်မူ၍
'ငါတို့သည်သာလျှင်ကျက်သရေမရှိကြကုန်၊
ငါတို့သည်
ဘုန်းကံနည်းပါးကုန်၏၊
ထိုငါတို့သည်
ဤသို့
ကောင်းစွာ
ဟောကြားထားသော
သာသနာတော်၌
ရဟန်းပြုကြပါကုန်လျက်
အသက်ထက်ဆုံး
ပြည့်ပြည့်စုံစုံ
စင်စင်ကြယ်ကြယ်မြတ်သော
အကျင့်ကို
ကျင့်ရန်
မတတ်နိုင်ကြကုန်'ဟု
မိမိကိုယ်ကိုသာလျှင်
ကဲ့ရဲ့ကြကုန်၏။
ထိုသူတို့သည်
အရံစောင့်အဖြစ်ဖြင့်သော်လည်းကောင်း၊
ဥပါသကာအဖြစ်ဖြင့်သော်လည်းကောင်း၊
ငါးပါးသီလတို့ကို
ဆောက်တည်၍
ကျင့်ကြကုန်၏။
ဤသို့လျှင်
ရဟန်းဂေါတမသည်
တပည့်တို့၏
အရိုအသေခံရ၏၊
အလေးအစားခံရ၏၊
အမြတ်အနိုးခံရ၏၊
အပူဇော်ခံရ၏။
ရဟန်းဂေါတမကိုလည်း
တပည့်တို့သည်
အရိုအသေပြု၍
အလေးအမြတ်ပြု၍
အမှီပြု၍ နေကြကုန်၏ဟု
(ဆိုကုန်၏)။
၂၄၁။
ဥဒါယီ ငါ့ကို
တပည့်များ
ရိုသေ လေးစား မြတ်နိုး
ပူဇော်ကြောင်းဖြစ်သော
အရိုအသေပြု၍အလေးပြု၍
အမှီပြု၍
နေကြောင်းဖြစ်သော
အဘယ်မျှသော
တရားတို့ကို
ငါ၌
ရှိသည်ဟုသင်မြင်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မြတ်စွာဘုရားကို
တပည့်တို့သည်
ရိုသေ လေးစားမြတ်နိုး
ပူဇော်ကြောင်းဖြစ်သော
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကြောင်းဖြစ်သော
ငါးပါးသောတရား
တို့ကို
မြတ်စွာဘုရား၌
(ရှိသည်ဟု)
အကျွန်ုပ်မြင်ပါ၏။
အဘယ်ငါးပါးတို့နည်းဟူမူ-အသျှင်ဘုရား
မြတ်စွာဘုရားသည်
အာဟာရနည်းပါး၏၊
အာဟာရနည်းပါးခြင်း၏ဂုဏ်ကိုလည်းချီးကျူးတော်မူလေ့ရှိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
အာဟာရနည်းပါး၍အာဟာရနည်းပါးခြင်း၏ဂုဏ်ကိုလည်း
ချီးကျူး
တော်မူလေ့ရှိခြင်းဟူသော
ဤပဌမတရားကိုမြတ်စွာဘုရား၌
(ရှိသည်ဟု)
အကျွန်ုပ်ကောင်းစွာ
မြင်ပါ၏၊
ယင်းတရားကြောင့်
မြတ်စွာဘုရားကိုတပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍အလေးပြု၍
အမှီပြု၍
နေကုန်၏။ (၁)
အသျှင်ဘုရား
တစ်ဖန်ထို့ပြင်လည်း
မြတ်စွာဘုရားသည်
ရရသမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့ရှိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရရသမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲ၍
ရရသမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်းချီးကျူးတော်မူလေ့ရှိခြင်းဟူသော
ဤဒုတိယတရားကို
မြတ်စွာဘုရား၌
(ရှိသည်ဟု)
အကျွန်ုပ်ကောင်းစွာမြင်ပါ၏၊
ယင်းတရားကြောင့်
မြတ်စွာဘုရားကို
တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကုန်၏။ (၂)
အသျှင်ဘုရား
တစ်ဖန်ထို့ပြင်လည်း
မြတ်စွာဘုရားသည်
ရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့ရှိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲ၍ ရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့ရှိခြင်းဟူသော
ဤတတိယတရားကို
မြတ်စွာဘုရား၌
(ရှိသည်ဟု) အကျွန်ုပ်ကောင်းစွာမြင်ပါ၏၊
ယင်းတရားကြောင့်
မြတ်စွာဘုရားကို
တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကုန်၏။ (၃)
အသျှင်ဘုရား
တစ်ဖန်ထို့ပြင်လည်း
မြတ်စွာဘုရားသည်
ရရသမျှသော
ကျောင်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသော
ကျောင်းဖြင့်
ရောင့်ရဲခြင်း၏
ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့ရှိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရရသမျှသော
ကျောင်းဖြင့်
ရောင့်ရဲ၍
ရရသမျှသော
ကျောင်းဖြင့်ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့
ရှိခြင်းဟူသော
ဤစတုတ္ထတရားကို
မြတ်စွာဘုရား၌
(ရှိသည်ဟု)
အကျွန်ုပ်ကောင်းစွာ
မြင်ပါ၏၊
ယင်းတရားကြောင့်
မြတ်စွာဘုရားကို
တပည့်တို့သည်ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုး
ကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍ အမှီပြု၍နေကုန်၏။
(၄)
အသျှင်ဘုရား
တစ်ဖန်ထို့ပြင်လည်း
မြတ်စွာဘုရားသည်
ဆိတ်ငြိမ်ရာအရပ်သို့
ကပ်တော်မူ၏၊
ဆိတ်ငြိမ်ရာအရပ်သို့
ကပ်ခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့ရှိ၏၊
အသျှင်ဘုရား
မြတ်စွာဘုရားသည်ဆိတ်ငြိမ်ရာ
အရပ်သို့ကပ်၍
ဆိတ်ငြိမ်ရာအရပ်သို့
ကပ်ခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးတော်မူလေ့ရှိခြင်းဟူသော
ဤပဉ္စမတရားကို
မြတ်စွာဘုရား၌
(ရှိသည်ဟု)
အကျွန်ုပ်ကောင်းစွာ
မြင်ပါ၏၊
ယင်းတရားကြောင့်
မြတ်စွာဘုရားကို
တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍ အမှီပြု၍
နေကုန်၏။ (၅)
အသျှင်ဘုရား
မြတ်စွာဘုရားကို
တပည့်သားတို့
ရိုသေ လေးစား
မြတ်နိုး
ပူဇော်ကြောင်းဖြစ်သောအရိုအသေပြု၍
အလေးပြု၍
အမှီပြု၍ နေကြောင်းဖြစ်သော
ဤတရားငါးပါးတို့ကို
မြတ်စွာဘုရား၌
(ရှိသည်ဟု)
အကျွန်ုပ်
ကောင်းစွာ မြင်ပါ၏ဟု
(လျှောက်၏)။
၂၄၂။
ဥဒါယီ အကယ်၍
ငါ့ကို
''ရဟန်းဂေါတမသည်
အာဟာရနည်းပါး၏၊
အာဟာရနည်းပါးခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
နှလုံးသွင်း၍
တပည့်တို့သည်
ရိုသေလေးစားကုန်
မြတ်နိုးကုန်ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကုန်ငြားအံ့၊
ဥဒါယီ
ထိုသို့ဖြစ်မူ
ဆွမ်းတစ်လောင်းစာမျှ
ဆွမ်းတစ်
လောင်းစာဝက်မျှ
ဥသျှစ်သီးမျှ
ဥသျှစ်သီးတစ်ဝက်မျှ
အာဟာရရှိကုန်သောငါ၏တပည့်တို့သည်
ရှိကုန်၏။
ဥဒါယီ ငါသည်
တစ်ခါတစ်ရံ
ဤသပိတ်ဖြင့်
အောက်နားရေးနှင့်အမျှသောဆွမ်းကိုလည်း
သုံးဆောင်၏၊
ထို့ထက်
အလွန်လည်း
သုံးဆောင်၏။
ဥဒါယီ အကယ်၍
ငါ့ကို
''ရဟန်းဂေါတမသည်
အာဟာရနည်းပါး၏။
အာဟာရနည်းပါးခြင်း၏
ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
နှလုံးသွင်း၍
တပည့်တို့သည်
ရိုသေကုန် လေးစားကုန်
မြတ်နိုးကုန်
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍အလေးပြု၍
အမှီပြု၍
နေကုန်ငြားအံ့။
ဥဒါယီ
ဆွမ်းတစ်လောင်း
စာမျှ ဆွမ်းတစ်လောင်းစာဝက်မျှဥသျှစ်သီးမျှ
ဥသျှစ်သီးတစ်ဝက်မျှ
အာဟာရရှိကုန်သော
ငါ၏
ထိုတပည့်တို့
သည်
ဤအာဟာရနည်းပါးမှုရှိသော
အကျင့်တရားဖြင့်
ငါ့ကို မရိုသေကုန်ရာ၊
မလေးစားကုန်ရာ၊
မမြတ်နိုးကုန်ရာ၊
မပူဇော်ကုန်ရာ၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကုန်ရာ။
(၁)
ဥဒါယီ
အကယ်၍ ငါ့ကို
''ရဟန်းဂေါတမသည်
ရရသမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသောသင်္ကန်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍နေကုန်ငြားအံ့၊
ဥဒါယီ
မြေမှုန့်အလိမ်းလိမ်းကပ်သော
ပံ့သကူသင်္ကန်းကို
ဆောင်ကုန်သော,
့ခေါင်းပါးသော
သင်္ကန်းကို
ဆောင်ကုန်သော
ငါ၏တပည့်တို့သည်
ရှိကုန်၏၊
ထိုတပည့်တို့သည်သုသာန်သင်းချိုင်းမှလည်း
ကောင်း၊
တံမြက်ချေးစုရာအမှိုက်ပုံမှလည်းကောင်း၊
အိမ်ဈေးမှလည်းကောင်းအဝတ်စုတ်တို့ကို
ရွေးချယ် ကာ
ဒုကုဋ်သင်္ကန်းပြု၍
ဆောင်ကုန်၏။
ဥဒါယီ ငါသည်
တစ်ရံတစ်ခါဒါယကာတို့လှူဒါန်းသော
သင်္ကန်း
တို့ကို ဆောင်၏၊
ခိုင်ခံ့ကုန်သော
ဓားဖြင့်
ဖြတ်ထားသောကြောင့်ခေါင်းပါးမှုရှိကုန်သော
ဘူးသီးမွေးနှင့်အ
တူ
နူးညံ့သည့်အမွေးရှိသော
သင်္ကန်းတို့ကိုလည်း
ဆောင်၏။
ဥဒါယီ အကယ်၍
ငါ့ကို
''ရဟန်းဂေါတမ
သည်
ရရသမျှသောသင်္ကန်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသောသင်္ကန်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍အမှီပြု၍နေကုန်ငြားအံ့။
ဥဒါယီ
ထိုသို့ဖြစ်မူ
မြေမှုန့်
အလိမ်းလိမ်းကပ်သော
ပံ့သကူသင်္ကန်းကိုဆောင်ကုန်သော
ခေါင်းပါးသော
သင်္ကန်းကို
ဆောင်ကုန်သော
သုသာန်သင်းချိုင်းမှလည်းကောင်း၊
တံမြက်ချေးစုရာအမှိုက်ပုံမှလည်းကောင်း၊
အိမ်ဈေးမှလည်းကောင်း
အဝတ်စုတ်တို့ကို
ရွေးချယ်ကာဒုကုဋ်သင်္ကန်း
ပြု၍
ဆောင်ကုန်သော
ငါ၏ထိုတပည့်တို့သည်
ငါ့ကို ဤ
သင်္ကန်း၌
ရောင့်ရဲသောအကျင့်တရားဖြင့်
မရိုသေကုန်ရာ၊
မလေးစားကုန်ရာ၊
မမြတ်နိုးကုန်ရာ၊
မပူဇော်
ကုန်ရာ၊ အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကုန်ရာ။ (၂)
ဥဒါယီ
အကယ်၍ ငါ့ကို
''ရဟန်းဂေါတမသည်
ရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသောဆွမ်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကုန်ငြားအံ့၊
ဥဒါယီ
ထိုသို့ဖြစ်မူ
ပိဏ္ဍပါတ်ဓုတင်ကို
ဆောက်တည်ကုန်သော
အိမ်စဉ်မပြတ်
ဆွမ်းရပ်သောအကျင့်'သပဒါနဓုတင်'
ကို
ဆောက်တည်ကုန်သော
သပိတ်လက်စွဲ၍
ဆွမ်းခံသောအကျင့်၌
မွေ့လျော်ကုန်သောငါ၏တပည့်တို့သည်
ရှိကုန်၏၊
ထိုတပည့်တို့သည်
ရွာတွင်းသို့
ဝင်ကုန်သည်ရှိသော်
နေရာဖြင့်
ဖိတ်သော်လည်း
မသာယာကုန်။
ဥဒါယီ ငါသည်ကား
တစ်ခါတစ်ရံ
ပင့်ဖိတ်ရာ၌လည်း
ရွေးချယ်ထားသဖြင့်
မည်းသော
စပါးလုံးမှကင်းသော
များစွာသောဟင်း
များစွာသော
ဟင်းလျာရှိသော
သလေးဆွမ်းကို
သုံးဆောင်၏။
ဥဒါယီ အကယ်၍
ငါ့ကို
''ရဟန်းဂေါတမသည်
ရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသောဆွမ်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍နေကုန်ငြားအံ့၊
ဥဒါယီ
ပိဏ္ဍပါတ်ဓုတင်ကို
ဆောက်တည်ကုန်သော
အိမ်စဉ်
မပြတ်
ဆွမ်းရပ်သောအကျင့်'သပဒါနဓုတင်'
ကို
ဆောက်တည်ကုန်သော
သပိတ်လက်စွဲ၍
ဆွမ်းခံသောအကျင့်၌
မွေ့လျော်ကုန်သောရွာတွင်းသို့
ဝင်ကုန်သည်ရှိသော်
နေရာဖြင့်
ပင့်ဖိတ်သော်လည်း
မသာယာကြကုန်သော
ငါ၏
ထိုတပည့်တို့သည်
ဤရရသမျှသော
ဆွမ်းဖြင့်
ရောင့်ရဲသော
အကျင့်ဖြင့်
ငါ့ကို
မရိုသေကုန်ရာ၊
မလေးစား ကုန်ရာ၊
မမြတ်နိုးကုန်ရာ၊
မပူဇော်ကုန်ရာ၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကုန်ရာ။
(၃)
ဥဒါယီ
အကယ်၍ ငါ့ကို
''ရဟန်းဂေါတမသည်
ရရသမျှသော
ကျောင်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသောကျောင်းဖြင့်
ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်
ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကုန်ငြားအံ့၊
ဥဒါယီ သစ်ပင်ရင်း၌နေခြင်း
'ရုက္ခမူဓုတင်'
ကို
ဆောက်တည်ကုန်သော
လွင်တီးခေါင်၌နေခြင်း
'အဗ္ဘောကာသိကဓုတင်'
ကို
ဆောက်တည်ကုန်သော
ငါ၏
တပည့်တို့သည်
ရှိကုန်၏၊
ထိုတပည့်တို့
သည်
ရှစ်လတို့ပတ်လုံး
အမိုးသို့
မချဉ်းကပ်ကုန်။
ဥဒါယီ ငါသည်
တစ်ရံတစ်ခါအတွင်းအပ
လိမ်းကျံ
ထားကုန်သော
လေမတိုက်ကုန်သော
လုံခြုံ သော
တံခါးရွက်ရှိကုန်သောပိတ်ထားသော
လေသာတံခါး
ရှိကုန်သော
အထွတ်တပ်သော
ကျောင်းတို့၌လည်း
နေ၏။ ဥဒါယီ့အကယ်၍
ငါ့ကို
''ရဟန်းဂေါတမသည်
ရရသမျှသော
ကျောင်းဖြင့်
ရောင့်ရဲ၏၊
ရရသမျှသောကျောင်းဖြင့့်ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့
ရှိ၏''ဟု
ဤတပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြား
အံ့၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍နေကုန်ငြားအံ့။
ဥဒါယီ
သစ်ပင်ရင်း၌နေခြင်း
'ရုက္ခမူ
ဓုတင်' ကို
ဆောက်တည်ကုန်သောလွင်တီးခေါင်၌နေခြင်း
'အဗ္ဘောကာသိကဓုတင်'
ကို
ဆောက်တည်ကုန်
သော
ရှစ်လတို့ပတ်လုံးအမိုးသို့မချဉ်းကပ်ကြကုန်သော
ငါ၏
ထိုတပည့်တို့သည်
ငါ့ကို
ဤရရသမျှသော
ကျောင်းဖြင့်ရောင့်ရဲသော
အကျင့်တရားဖြင့်
မရိုသေကုန်ရာ၊
မလေးစားကုန်ရာ၊
မမြတ်နိုးကုန်ရာ၊
မပူဇော်ကုန်ရာ၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
မနေကုန်ရာ။
(၄)
ဥဒါယီ
အကယ်၍ ငါ့ကို
''ရဟန်းဂေါတမသည်
ဆိတ်ငြိမ်သော
အရပ်သို့
ချဉ်းကပ်လေ့ရှိ၏၊
ဆိတ်ငြိမ်သောအရပ်သို့
ချဉ်းကပ်ခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
ဤသို့ တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်ငြားအံ့၊
အရိုအသေပြု၍
အလေးပြု၍ အမှီပြု၍
နေကုန်ငြားအံ့၊
ဥဒါယီ
တော၌သာနေခြင်း
'အရညကင်ဓုတင်'
ကို ဆောက်တည်ကုန်သော
အစွန်အဖျားဖြစ်သော
ကျောင်း၌ နေကုန်သော
ငါ၏
တပည့်တို့သည်
ရှိကုန်၏၊ ထိုတပည့်တို့သည်
လူနှင့်
မနီးမဝေးသော
တောမြိုင်ကြီးအတွင်း
အစွန်ဖြစ်သော
ကျောင်းတို့ကို
သက်ဝင်ကုန်၍
နေကြကုန်၏။
ထိုတပည့်တို့သည်
လခွဲတစ်ကြိမ်
ပါတိမောက်ပြခြင်းငှါ
သံဃာ့အလယ်သို့
ဝင်ရောက်ကြကုန်၏။
ဥဒါယီငါသည်
တစ်ခါတစ်ရံ
ရဟန်း ရဟန်းမိန်းမ
ဥပါသကာ
ဥပါသိကာမ
မင်း
မင်း၏အမတ် တိတ္ထိ
တိတ္ထိတို့၏
တပည့်တို့နှင့်
ရောနှော၍
နေ၏။ ဥဒါယီ
အကယ်၍ ငါ့ကို
''ရဟန်းဂေါတမသည်
ဆိတ်ငြိမ်ရာသို့ကပ်တတ်၏၊
ဆိတ်ငြိမ်ရာသို့
ကပ်ခြင်း၏ဂုဏ်ကိုလည်း
ချီးကျူးလေ့ရှိ၏''ဟု
တပည့်တို့သည်
ရိုသေကုန်ငြားအံ့၊
လေးစားကုန်ငြားအံ့၊
မြတ်နိုးကုန်ငြားအံ့၊
ပူဇော်ကုန်
ငြားအံ့၊ အရိုအသေပြု၍
အလေးပြု၍အမှီ
ပြု၍
နေကုန်ငြားအံ့။
ဥဒါယီ
တော၌သာနေခြင်း
'အာရညကင်ဓုတင်'ကို
ဆောက်တည်ကုန်သောအစွန်
အဖျားဖြစ်သော
ကျောင်း၌နေကုန်သော
လူနှင့်မနီး
တောမြိုင်ကြီး
အတွင်း၌
အစွန်ဖြစ်သောကျောင်းတို့
ကို
သက်ဝင်၍နေကုန်သော
လခွဲတစ်ကြိမ်
ပါတိမောက်ပြခြင်းငှါ
သံဃအ့အလယ်သို့ဝင်ရောက်ကြကုန်သော
ငါ၏
ထိုတပည့်တို့သည်
ငါ့ကို
ဤဆိတ်ငြိမ်ရာအရပ်သို့
ကပ်ရောက်သောအကျင့်တရားဖြင့်
မရိုသေ
ကုန်ရာ၊ မလေးစားကုန်ရာ၊
မမြတ်နိုးကုန်ရာ၊
မပူဇော်ကုန်ရာ၊
အရိုအသေပြု၍
အလေးပြု၍ အမှီပြု၍
မနေကုန်ရာ။
(၅)
ဥဒါယီ
ဤသို့လျှင်
ဤငါးပါးသောတရားတို့ဖြင့်
ငါ့ကို
ငါ၏တပည့်တို့သည်
ရိုသေသည်
မဟုတ်ကုန်၊
လေးစားသည်
မဟုတ်ကုန်၊
မြတ်နိုးသည်
မဟုတ်ကုန်၊
ပူဇော်သည်
မဟုတ်ကုန်၊
အရိုအသေပြု၍အလေးပြု၍
အမှီပြ၍
မနေကြကုန်။
၂၄၃။
ဥဒါယီ
ငါ၏တပည့်များ
ရိုသေ လေးစား
မြတ်နိုး
ပူဇော်ကြောင်းဖြစ်သော
အရိုအသေပြု၍အလေးပြု၍
အမှီပြု၍
နေကြောင်းဖြစ်သော
အခြား တရားငါးမျိုးတို့သည်
ရှိကုန်၏၊
အဘယ်ငါးမျိုးတို့နည်းဟူမူ
- ဥဒါယီ ငါ၏
တပည့်တို့သည်
''ရဟန်းဂေါတမသည်
သီလရှိ၏၊
လွန်မြတ်သော
သီလအစုနှင့်
ပြည့်စုံ၏''ဟု
အလွန်မြတ်သော
သီလ၌ ချီးမွမ်းကုန်၏၊
ဥဒါယီ
ငါ၏တပည့်တို့သည်''ရဟန်းဂေါတမ
သည် သီလရှိ၏၊
လွန်မြတ်သော
သီလအစုနှင့်
ပြည့်စုံ၏''ဟု
အလွန်မြတ်သော
သီလ၌ချီးမွမ်းကြခြင်းဟူ
သော
ဤတရားသည်ကား
ပဌမတရားပေတည်း၊
ယင်းတရားကြောင့်
ငါ၏တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍အလေးပြု၍
အမှီပြု၍
နေကုန်၏။
၂၄၄။
ဥဒါယီ
တစ်ဖန်လည်း
ငါ၏
တပည့်တို့သည်
''ရဟန်းဂေါတမသည်
သိသည်ဖြစ်၍သာလျှင်'သိ၏'ဟု
ဆို၏၊
ရဟန်းဂေါတမသည်
မြင်သည်ဖြစ်၍သာလျှင်
'မြင်၏'ဟု
ဆို၏၊
ရဟန်းဂေါတမသည့်အထူးသိ၍သာလျှင်
တရားဟော၏၊
အထူးမသိဘဲ
တရားဟောသည်
မဟုတ်။
ရဟန်းဂေါတမသည်အကြောင်းရှိသော
တရားကိုသာလျှင်
ဟော၏၊
အကြောင်းမရှိသော
တရားကို မဟော။
ရဟန်းဂေါတမသည်
အကြောင်းကို
ဖော်ပြ၍ တရားဟော၏၊
အကြောင်းကို
မဖော်ပြမူ၍
တရားဟောသည်
မဟုတ်''ဟုလွန်ကဲသောဉာဏ်အမြင်၌
ချီးမွမ်းကြကုန်၏၊
ဥဒါယီ ငါ၏
တပည့်တို့သည်
''ရဟန်းဂေါတမသည်
သိသည်ဖြစ်၍သာလျှင်
'သိ၏'ဟု ဆို၏၊ ရဟန်းဂေါတမသည်
မြင်သည်ဖြစ်၍သာလျှင်
'မြင်၏'ဟု
ဆို၏၊
ရဟန်းဂေါတမသည်
အထူးသိ၍သာလျှင်
တရားဟော၏၊
အထူးမသိဘဲ
တရားဟောသည်မဟုတ်။
ရဟန်းဂေါတမသည်
အကြောင်းရှိသော
တရားကိုသာ
ဟော၏၊
အကြောင်းမရှိသော
တရားကို
မဟော၊
ရဟန်းဂေါတမသည်
အကြောင်းကို
ဖော်ပြ၍
တရားဟော၏၊
အကြောင်းကို
မဖော်ပြမူ၍
တရားဟောသည်မဟုတ်''ဟု
လွန်ကဲသော
ဉာဏ်အမြင်၌
ချီးမွမ်းကြခြင်းဟူသော
ဤတရားသည်ကား
ဒုတိယတရားပေတည်း၊
ယင်းတရားကြောင့်
ငါ၏
တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍ နေကုန်၏။
၂၄၅။
ဥဒါယီ
တစ်ဖန်လည်း
ငါ၏
တပည့်တို့သည်
''ရဟန်းဂေါတမသည်
ပညာရှိ၏၊
လွန်မြတ်သောပညာအစုနှင့်
ပြည့်စုံ၏၊
ကျရောက်လာမည့်
စကားလမ်းကြောင်းကိုလည်း
မြင်လိမ့်မည်
မဟုတ်၊
ဖြစ်ပေါ်လာသော
သူတစ်ပါး၏
ပြိုင်ဆိုင်ပြောဆိုမှုကိုလည်း
အကြောင်းနှင့်တကွ
ကောင်းစွာ
နှိမ်ခြင်းဖြင့်နှိမ်နိုင်လိမ့်မည်
မဟုတ်ဟူသော
ဤအကြောင်းသည်
မရှိ''ဟု
လွန်ကဲသောပညာ၌
ချီးမွမ်းကုန်၏။
ဥဒါယီထိုငါဆိုမည့်စကားကို
အဘယ်သို့
ထင်မှတ်သနည်း၊
ငါ၏ တပည့်တို့သည်
ဤသို့
သိကုန်လျက်
ဤသို့မြင်ကုန်လျက်
ကြားညှပ်စကား
သွင်းကုန်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မသွင်းကုန်ရာပါဟု
(လျှောက်၏)။
ဥဒါယီ ငါသည်
တပည့်တို့ထံမှ
သွန်သင်မှုကို
မတောင့်တ၊
စင်စစ်အားဖြင့်
ငါ၏သွန်သင်မှုကိုသာလျှင်
တပည့်တို့သည်
တောင့်တကုန်၏။
ဥဒါယီ ငါ၏ တပည့်တို့သည်
''ရဟန်းဂေါတမသည်
ပညာရှိ၏၊ လွန်မြတ်သော
ပညာဂုဏ်နှင့်
ပြည့်စုံ၏၊
ကျရောက်လာမည့်
စကားလမ်းကြောင်းကိုလည်း
မြင်လိမ့်မည်
မဟုတ်၊
ဖြစ်ပေါ်လာသော
သူတစ်ပါး၏ ပြိုင်ဆိုင်ပြောဆိုမှုကိုလည်း
အကြောင်းနှင့်တကွ
ကောင်းစွာ
နှိမ်ခြင်းဖြင့်
နှိမ်နိုင်လိမ့်မည်
မဟုတ်ဟူသော
ဤအကြောင်းသည်
မရှိ''ဟု
လွန်ကဲသောပညာ၌
ချီးမွမ်းခြင်းဟူသော
ဤတရားသည်
တတိယတရားတည်း၊
ယင်းတရားကြောင့်
ငါ၏
တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍ အလေးပြု၍
အမှီပြု၍
နေကုန်၏။
၂၄၆။
ဥဒါယီ
တစ်ဖန်လည်း
ငါ၏တပည့်တို့သည်
တစ်စုံတစ်ခုသော
ဆင်းရဲဖြင့်
ဆင်းရဲရောက်ကြ
သော်ဆင်းရဲအနှိပ်စက်ခံကြရသော်
ငါ့ထံသို့
ချဉ်းကပ်၍
အရိယာတို့၏
ဆင်းရဲအမှန်တရား
'ဒုက္ခအရိယသစ္စာ'
ကို
မေးကြကုန်၏။
မေးသည်ရှိသော်
ငါသည်
ထိုတပည့်တို့အား
အရိယာတို့၏
ဆင်းရဲအမှန်တရားကို
ဖြေကြား၏၊
ငါသည်
အမေးကို
ဖြေကြားခြင်းဖြင့်
ထိုတပည့်တို့၏
စိတ်ကို
နှစ်သက်စေ၏။
ထိုတပည့်တို့သည်
ငါ့ကို
ဆင်းရဲဖြစ်ကြောင်း၊
ဆင်းရဲချုပ်ရာ၊
ဆင်းရဲချုပ်ရာသို့
ရောက်ကြောင်း
အရိယာတို့၏
အကျင့်မှန်တရားကို
မေးကြကုန်၏၊
မေးသည်ရှိသော်
ငါသည် ထိုတပည့်တို့အား
ဆင်းရဲချုပ်ရာသို့ရောက်ကြောင်း
အရိယာတို့၏
အကျင့်မှန်
တရားကို
ဖြေကြား၏။
ငါသည်
အမေးကို
ဖြေကြားခြင်းဖြင့်ထိုတပည့်တို့၏
စိတ်ကို
နှစ်သက်စေ၏။
ဥဒါယီ ငါ၏
တပည့်တို့သည်
တစ်စုံတစ်ခုသော
ဆင်းရဲခြင်းဖြင့်ဆင်းရဲရောက်ကြသော်
ဆင်းရဲအနှိပ်စက်ခံကြရသော်
ငါ့ထံသို့
ချဉ်းကပ်၍
အရိယာတို့၏
ဆင်းရဲအမှန်တရားကို
မေးကြကုန်၏။
မေးသည်ရှိသော်
ငါသည်
ထိုတပည့်တို့အား
အရိယာတို့၏
ဆင်းရဲအမှန်တရားကို
ဖြေကြား၏။
ငါသည်
အမေးကို
ဖြေကြားခြင်းဖြင့်
ထိုတပည့်တို့၏
စိတ်ကို
နှစ်သက်စေ၏၊
ထိုတပည့်
တို့သည်
ငါ့ကို
ဆင်းရဲဖြစ်ကြောင်း
ဆင်းရဲချုပ်ရာ
ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအရိယာတို့၏
အကျင့် မှန်တရားကို
မေးကြကုန်၏။
မေးသည်ရှိသော်
ငါသည်
ထိုတပည့်တို့အား့ဆင်းရဲချုပ်ရာသို့
ရောက်
ကြောင်း
အရိယာတို့၏
အကျင့်မှန်တရားကို
ဖြေကြား၏၊
ငါသည်
အမေးကိုဖြေကြားခြင်းဖြင့်
ထိုတပည့်
တို့၏
စိတ်ကို
နှစ်သက်စေခြင်းဟူသော
ဤတရားသည်
စတုတ္ထတရားတည်း၊
ယင်းတရားကြောင့်
ငါ၏ တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေး ပြု၍
အမှီပြု၍
နေကုန်၏။
၂၄၇။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားသောအတိုင်း
ကျင့်ကုန်သော
ငါ၏တပည့်တို့သည်
သတိပဋ္ဌာန်လေးပါးတို့ကို
ပွါးများကုန်၏။
ဥဒါယီဤသာသနာတော်၌
ရဟန်းသည်
ပြင်းပြသောလုံ့လ,
ဆင်ခြင်ဉာဏ်,
သတိနှင့်
ပြည့်စုံသည်ဖြစ်၍
လောက၌မက်မောမှု
'အဘိဇ္ဈာ'
နှလုံးမသာမှု
'ဒေါမနဿ' ကို
ပယ်ဖျောက်၍
ရုပ်အပေါင်း၌
ရုပ်အပေါင်းကို
အဖန်တလဲလဲ
ရှုလျက် နေ၏။
ဝေဒနာတို့၌
ဝေဒနာကို အဖန်တလဲလဲ
ရှုလျက် နေ၏။
စိတ်၌
စိတ်ကို
အဖန်တလဲလဲ
ရှုလျက် နေ၏။
ပြင်းပြသောလုံ့လ,
ဆင်ခြင်ဉာဏ်,
သတိနှင့်
ပြည့်စုံသည်ဖြစ်၍
လောက၌မက်မောမှု
'အဘိဇ္ဈာ'
နှလုံးမသာမှု'ဒေါမနဿ'
ကို
ပယ်ဖျောက်၍
သဘောတရားတို့၌
သဘောတရားတို့ကို
အဖန်တလဲလဲ
ရှုလျက်နေ၏။
ထိုသတိ ပဋ္ဌာန်လေးပါးကို
ရှုရာ၌
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
သမ္မပ္ပဓာန်လေးပါးတို့ကို
ပွါးများကုန်၏။
ဥဒါယီဤသာသနာတော်၌
ရဟန်းသည်
မဖြစ်ပေါ်သေးသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့ကို
မဖြစ်စေရန်အလို
'ဆန္ဒ' ကို ဖြစ်စေ၏၊
အားထုတ်၏၊
လုံ့လကို
ဖြစ်စေ၏၊
စိတ်ကို
ချီးမြှောက်၏၊
ကြိုးစား၏။
ဖြစ်ပြီးသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့ကို
ပယ်ဖျောက်ရန်
အလို 'ဆန္ဒ'
ကို ဖြစ်စေ၏၊
အားထုတ်၏၊
လုံ့လကို
ဖြစ်စေ၏၊ စိတ်ကို
ချီးမြှောက်၏၊
ကြိုးစား၏။
မဖြစ်သေးသည့်
ကုသိုလ်တရားတို့ကိုဖြစ်စေရန်
အလို 'ဆန္ဒ'
ကို ဖြစ်စေ၏၊
အားထုတ်၏၊
လုံ့လကို ဖြစ်စေ၏၊
စိတ်ကို
ချီးမြှောက်၏၊
ကြိုးစား၏၊
ဖြစ်ပြီးသော
ကုသိုလ်တရားတို့ကို
တည်တံ့စေရန်
မပျောက်ပျက်စေရန်
လွန်စွာပွါးများစေရန်ပြန့်ပြောစေရန်
ပွါးများမှုဘာဝနာ၏
ပြည့်စုံစေရန်
အလို 'ဆန္ဒ'
ကို ဖြစ်စေ၏၊
အားထုတ်၏၊
လုံ့လကိုဖြစ်စေ၏၊
စိတ်ကို
ချီးမြှောက်၏၊
ကြိုးစား၏။
ထိုသမ္မပ္ပဓာန်လေးပါးကို
ပွါးများရာ၌
များစွာကုန်သောငါ၏တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့ရောက်၍
နေကြကုန်၏။
ဥဒါယီ
တစ်ဖန်လည်း
ငါသည် တပည့်တို့အား
အကျင့်တို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏ တပည့်တို့သည်
ဣဒ္ဓိပါဒ်လေးပါးတို့ကို
ပွါးများကုန်၏။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည် ဆန္ဒလျှင်
အကြောင်းရင်းရှိသော
သမာဓိ ကြိုးစားအားထုတ်မှုဟူသောဝီရိယနှင့်
ပြည့်စုံသော
ပြည့်စုံပြီးစီးခြင်း
'ဣဒ္ဓိပါဒ်'
၏အကြောင်းကို
ပွါးများ၏။
ဝီရိယလျှင်
အကြောင်းရင်းရှိသောသမာဓိ
ကြိုးစားအားထုတ်မှုဟု
ဆိုအပ်သော
ဝီရိယနှင့်ပြည့်စုံသော
ပြည့်စုံပြီးစီးခြင်း
'ဣဒိ္ဓပါဒ်'၏အကြောင်းကို
ပွါးများ၏။
စိတ်လျှင်
အကြောင်းရင်းရှိသော
သမာဓိ
ကြိုးစားအားထုတ်မှုဟုဆိုအပ်သော
ဝီရိယနှင့်ပြည့်စုံသော
ပြည့်စုံပြီးစီးခြင်း
'ဣဒ္ဓိပါဒ်' ၏
အကြောင်းကို
ပွါးများ၏။
ဝီမံသဟူသော ပညာလျှင်
အကြောင်းရင်းရှိသော
သမာဓိ ကြိုးစားအားထုတ်မှုဟု
ဆိုအပ်သောဝီရိယနှင့်ပြည့်စုံသော
ပြည့်စုံပြီးစီးခြင်း
'ဣဒ္ဓိပါဒ်'
၏အကြောင်းကို
ပွါးများ၏။
ထိုဣဒ္ဓိပါဒ်
လေးပါးတို့ကိုပွါးများရာ၌
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍နေကြကုန်၏။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
ဣန္ဒြေငါးပါးတို့ကို
ပွါးများကုန်၏။
ဥဒါယီဤသာသနာတော်၌
ရဟန်းသည်
အေးငြိမ်းရာသို့
ရောက်စေတတ်သော
မဂ်သို့ ရောက်စေတတ်သော
သဒ္ဓိန္ဒြေကို
ပွါးများ၏။ပ။
ဝီရိယိန္ဒြေကို
ပါွးများ၏။ပ။
သတိန္ဒြေကို
ပွါးများ၏။ပ။
သမာဓိန္ဒြေကို
ပွါးများ၏။
အေးငြိမ်းရာသို့
ရောက်စေတတ်သော
မဂ်သို့
ရောက်စေတတ်သော
ပညိန္ဒြေကို
ပွါးများ၏။
ထိုဣန္ဒြေငါးပါးတို့ကို
ပွါးများရာ၌လည်း
များစွာကုန်သော
ငါ၏ တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
ဗိုလ်ငါးပါးတို့ကို
ပွါးများကုန်၏။
ဥဒါယီ ဤသာသနာတော်၌
ရဟန်းသည်
အေးငြိမ်းရာသို့
ရောက်စေတတ်သော
မဂ်သို့
ရောက်စေတတ်သောသဒ္ဓါဗိုလ်ကို
ပွါးများ၏။ပ။
ဝီရိယဗိုလ်ကို
ပါွးများ၏။ပ။
သတိဗိုလ်ကို
ပွါးများ၏။ပ။
သမာဓိဗိုလ်ကိုပွါးများ၏။
အေးငြိမ်းရာသို့
ရောက်စေတတ်သော
မဂ်သို့
ရောက်စေတတ်သော
ပညာဗိုလ်ကို
ပွါးများ၏။
ထိုဗိုလ်ငါးပါးတို့ကို
ပွါးများရာ၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
ခုနစ်ပါးသောဗောဇ္ဈင်တရားတို့ကို
ပွါးများကုန်၏။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
(နိဗ္ဗာန်ဟူသော)
ဥပဓိဝိဝေကကို
မှီသော ရာဂကင်းရာနိဗ္ဗာန်ကို
မှီသော ရာဂ၏
ချုပ်ရာ နိရောဓသစ္စာကို
မှီသော
စွန့်လွှတ်ရာ
နိဗ္ဗာန်သို့
ရှေးရှုညွတ်သောသတိသမ္ဗောဇ္ဈင်ကို
ပွါးများ၏။ပ။
ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို
ပွါးများ၏။ပ။
ဝီရိယသမ္ဗောဇ္ဈင်ကို
ပွါးများ၏။ပ။
ပီတိသမ္ဗောဇ္ဈင်ကို
ပွါးများ၏။ပ။
ပဿဒ္ဓိ
သမ္ဗောဇ္ဈင်ကို
ပွါးများ၏။ပ။
သမာဓိသမ္ဗောဇ္ဈင်ကို
ပွါးများ၏။
(နိဗ္ဗာန်ဟူသော)
ဥပဓိဝိဝေကကို
မှီသော
ရာဂကင်းရာ
နိဗ္ဗာန်ကို
မှီသော
ရာဂချုပ်ရာ
နိရောဓသစ္စာကို
မှီသော
စွန့်လွှတ်ရာ
နိဗ္ဗာန်သို့
ရှေးရှုညွတ်သော
ဥပေက္ခာ
သမ္ဗောဇ္ဈင်ကို
ပွါးများ၏။ ထိုဗောဇ္ဈင်ခုနစ်ပါးကို
ပွါးများရာ၌လည်း
များစွာကုန်သော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
မြတ်သောအင်္ဂါရှစ်ပါးရှိသော
မဂ်ကို
ပွါးများကုန်၏။
ဥဒါယီ ဤသာသနာတော်၌
ရဟန်းသည်
မှန်ကန်သော
အယူ 'သမ္မာဒိဋ္ဌိ'
ကို
ပွါးများ၏၊
မှန်ကန်သော
အကြံ 'သမ္မာ
သင်္ကပ္ပ' ကို
ပွါးများ၏၊
မှန်ကာန်သော စကား
'သမ္မာဝါစာ'
ကို
ပွါးများ၏၊
မှန်ကန်သော
အမှု 'သမ္မာကမ္မန္တ'
ကို
ပွါးများ၏၊
မှန်ကန်သော
အသက်မွေးမှု
'သမ္မာအာဇီဝ'
ကို
ပွားများ၏၊
မှန်ကန်သော
လုံ့လ
'သမ္မာဝါယာမ'
ကို
ပွားများ၏၊
မှန်ကန်သော
သတိ
'သမ္မာသတိ'
ကို
ပွါးများ၏၊
မှန်ကန်သော
တည်ကြည်ခြင်း
'သမ္မာသမာဓိ'
ကို ပွားများ၏။
ထိုမဂ္ဂင်ရှစ်ပါးကို
ပွားများရာ၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၄၈။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏။
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏ တပည့်တို့သည်
ရှစ်ပါးသော
ဝိမောက္ခတို့ကို
ပွါးများကုန်၏။
ရူပဈာန်ရှိသည်ဖြစ်၍
ရုပ်တို့ကို
ရှု၏၊ ဤကား
ပဌမဝိမောက္ခတည်း။
အတွင်းသန္တာန်၌
ရုပ်ဟူသော
အမှတ်အသား
မရှိသည်ဖြစ်၍
အပသန္တာန်၌
ရုပ်တို့ကို
ရှု၏၊ ဤကား ဒုတိယဝိမောက္ခတည်း။
တင့်တယ်၏ဟူ၍သာလျှင်
နှလုံးသွင်း၏၊
ဤကား
တတိယဝိမောက္ခတည်း။
ရူပသညာတို့ကို၁လုံးဝလွန်မြောက်၍
ပဋိဃသညာတို့၂
လုံးဝချုပ်သည့်ပြင်
နာနတ္တသညာတို့ကို၃
လုံးဝနှလုံးမသွင်းမူ၍
''ကောင်းကင်သည်
အဆုံးမရှိ''ဟု
(နှလုံးသွင်းလျက်)
အာကာသာနဉ္စာယတနဈာန်ကို
ဝင်စား၍ နေ၏၊
ဤကားစတုတ္ထဝိမောက္ခတည်း။
အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''ဝိညာဏ်သည်
အဆုံးမရှိ''ဟု
(နှလုံးသွင်းလျက်)
ဝိညာဏဉ္စာယတနဈာန်ကို
ဝင်စား၍ နေ၏၊
ဤကား
ပဉ္စမဝိမောက္ခတည်း။
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''တစ်စုံတစ်ခုမျှမရှိ''ဟု
(နှလုံးသွင်းလျက်)
အာကိဉ္စညာယတနဈာန်ကို
ဝင်စား၍ နေ၏၊
ဤကား
ဆဋ္ဌဝိမောက္ခတည်း။
အာကိဉ္စညာ
ယတနဈာန်ကို
လုံးဝလွန်မြောက်၍
နေဝသညာနာသညာယတနဈာန်ကို
ဝင်စား၍ နေ၏၊
ဤကား သတ္တမ
ဝိမောက္ခတည်း။
နေဝသညာနာသညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
သညာဝေဒနာတို့၏
ချုပ်ရာဖြစ်သော
နိရောဓသမာပတ်ကိုဝင်စား၍
နေ၏၊ ဤကား
အဋ္ဌမဝိမောက္ခတည်း။
ထိုရှစ်ပါးသော
ဝိမောက္ခတို့ကို
ပွါးများရာ၌လည်းများစွာသော
ငါ၏ တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၄၉။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
လွှမ်းမိုးကြောင်း'အဘိဘာယတန'ဈာန်
ရှစ်ပါးတို့ကို
ပွါးများကုန်၏။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်ရှိသူတစ်ယောက်သည်
အပသန္တာန်၌
အဆင်းလှ
မလှဖြစ်သည့်သေးငယ်သော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့ မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား ပဌမ
အဘိဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်ရှိသူတစ်ယောက်သည်
အပသန္တာန်၌
အဆင်းလှ
မလှဖြစ်သည့်ကြီးမားသော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့
မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား ဒုတိယ
အဘိဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
အဆင်းလှ
မလှဖြစ်သည့်သေးငယ်သော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့
မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား
တတိယအဘိဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
အဆင်းလှ
မလှဖြစ်သည့်ကြီးမားသော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့
မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား
စတုတ္ထအဘိဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
ညို၍
ညိုသောအဆင်းညိုသောအသွေး
ညိုသောအရောင်ရှိကုန်သော
ရူပါရုံတို့ကို
ဥပမာ အောင်မဲညိုပန်းသည်
ညို၍
ညိုသောအဆင်း
ညိုသောအသွေး
ညိုသောအရောင်
ရှိသကဲ့သို့လည်းကောင်း
ဗာရာဏသီတိုင်းပြည်ဖြစ်နှစ်ဖက်ချော
အဝတ်သည် ညို၍
ညိုသောအဆင်း
ညိုသောအသွေး
ညိုသောအရောင်ရှိသကဲ့သို့လည်းကောင်း
ဤအတူ သာလျှင်
အတွင်းသန္တာန်၌
ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည်အပသန္တာန်၌
ညို၍ ညိုသောအဆင်း
ညိုသောအသွေး
ညိုသောအရောင်
ရှိကုန်သော
ရူပါရုံတို့ကို
မြင်၍ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့
မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား
ပဉ္စမအဘိဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
ဝါ၍
ဝါသောအဆင်း
ဝါသောအသွေး
ဝါသောအရောင်ရှိကုန်သော
ရူပါရုံတို့ကို
ဥပမာ
မဟာလှေကားပန်းသည်
ဝါ၍
ဝါသောအဆင်း
ဝါသောအသွေး
ဝါသောအရောင်ရှိသကဲ့သို့
လည်းကောင်း၊
ဗာရာဏသီတိုင်းပြည်ဖြစ်
နှစ်ဖက်ချောအဝတ်သည်
ဝါ၍ ဝါသောအဆင်း
ဝါသောအသွေး
ဝါသောအရောင်ရှိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
ဝါ၍
ဝါသောအဆင်းဝါသောအသွေး
ဝါသောအရောင်ရှိကုန်သော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား ဆဋ္ဌအဘိ
ဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
နီ၍
နီသောအဆင်း
နီသောအသွေး
နီသောအရောင်ရှိကုန်သော
ရုပ်တို့ကို
ဥပမာ
မိုးစွေပန်းသည်
နီသကဲ့သို့
နီသောအဆင်းရှိသကဲ့သို့
နီသောအသွေးရှိသကဲ့သို့
နီသောအရောင်ရှိသကဲ့သို့လည်းကောင်း၊
ဗာရာဏသီတိုင်းပြည်ဖြစ်
နှစ်ဖက့်ချောအဝတ်သည်
နီ၍
နီသောအဆင်း
နီသောအသွေး နီသောအရောင်ရှိသကဲ့သို့လည်းကောင်းဤအတူသာ
လျှင်
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
နီ၍နီသောအဆင်း
နီသော အသွေး
နီသောအရောင်ရှိကုန်သော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့ မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား သတ္တမ
အဘိဘာယတနတည်း။
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
ဖြူ၍
ဖြူသောအဆင်းဖြူသောအသွေး
ဖြူသောအရောင်ရှိကုန်သော
ရုပ်တို့ကို
ဥပမာ
သောက်ရှူးကြယ်သည်
ဖြူ၍ ဖြူသောအဆင်း
ဖြူသောအသွေး
ဖြူသောအရောင်ရှိသကဲ့သို့လည်းကောင်း၊
ဗာရာဏသီတိုင်းပြည်ဖြစ်
နှစ်ဖက်ချောအဝတ်သည်
ဖြူ၍
ဖြူသောအဆင်း
ဖြူသောအသွေး
ဖြူသောအရောင်ရှိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အတွင်းသန္တာန်၌
ရုပ်ဟု
အမှတ်မရှိသူတစ်ယောက်သည်
အပသန္တာန်၌
ဖြူ၍
ဖြူသောအဆင်း
ဖြူသောအသွေး
ဖြူသောအရောင်ရှိကုန်သော
ရူပါရုံတို့ကို
မြင်၍
ထိုရူပါရုံတို့ကို
နှိပ်စက်လွှမ်းမိုးလျက်
သိအံ့
မြင်အံ့ဟူ၍
အမှတ်ရှိ၏၊
ဤကား
အဋ္ဌမအဘိဘာယတနတည်း။
ထို
(လွှမ်းမိုးကြောင်း)
အဘိဘာယတနကို
ပွါးများရာ၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍ နေကြကုန်၏။
၂၅၀။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏တပည့်တို့သည်
ဆယ်ပါးသော
ကသိုဏ်းအာရုံတို့ကိုပွါးများကုန်၏။
တစ်ယောက်သောပုဂ္ဂိုလ်သည်
ပထဝီကသိုဏ်းကို
အထက် အောက်
ဖီလာအရပ်၌
နှစ်မျိုးမရှိ
တစ်ခုတည်းရှိ၏၊
အတိုင်းအရှည်မရှိဟု
ကောင်းစွာ
သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်သည်
အာပေါကသိုဏ်းကို။ပ။
ကောင်းစွာ သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်သည်
တေဇောကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်သည်
ဝါယောကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်သည်
နီလကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်သည်
ပီတကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်သည်
လောဟိတကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။ တစ်ယောက်သော
ပုဂ္ဂိုလ်သည်
ဩဒါတကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။
တစ်ယောက်သော
ပုဂ္ဂိုလ်
သည်
အာကာသကသိုဏ်းကို။ပ။
ကောင်းစွာ
သိ၏။ တစ်ယောက်သောပုဂ္ဂိုလ်သည်
ဝိညာဏကသိုဏ်း
ကို အထက်
အောက်
ဖီလာအရပ်၌
နှစ်မျိုးမရှိ
တစ်ခုတည်းရှိ၏၊
အတိုင်းအရှည်မရှိဟု
ကောင်းစွာ
သိ၏။
ထိုဆယ်ပါးသော
ကသိုဏ်းကို
ပွါးရာ၌လည်း
များစွာသော
ငါ၏တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၁။
ဥဒါယီ ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
လေးပါးသော
ဈာန်တို့ကို
ပွါးများကုန်၏။
ဥဒါယီဤသာသနာတော်၌
ရဟန်းသည်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်ခြင်း
'ဝိတက်'
နှင့်တကွဖြစ်သော
သုံးသပ်ခြင်း
'ဝိစာရ'
နှင့်တကွဖြစ်သော
(နီဝရဏ) ကင်း
ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'
ရှိသောပဌမဈာန်သို့ရောက်၍
နေ၏၊ ထို
(ရဟန်း) သည်
ဤကိုယ်ကိုပင်လျှင်
(နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
(နီဝရဏ) ကင်း
ဆိတ်ခြင်းကြောင့်
ဖြစ်သော နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်ထိုရဟန်း၏
တစ်ကိုယ်လုံး
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှမရှိ၊
ဥဒါယီ
ဥပမာသော်ကားကျွမ်းကျင်သော
ရေချိုးပေးသူသည်လည်း
ကောင်း၊
ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း
ကြေးခွက်၌ရေချိုး
ကသယ်မှုန့်တို့ကို
ဖြူးပြီးလျှင်
ရေဖြင့်
ဖျန်းလျက်
ဖျန်းလျက်
အခဲပြုရာ၏၊
ထိုရေချိုးကသယ်မှုန့်ခဲသည်
အစေးဖြင့်
စိမ့်ဝင်လျက်
ရှိရာ၏၊
အစေးဖြင့်
ဖွဲ့စည်းလျက်
ရှိရာ၏၊ အတွင်းအပြင်၌့အစေးဖြင့်
နှံ့လျက်ရှိရာ၏၊
ယိုကျခြင်းလည်း
မရှိရာ၊
ဥဒါယီ ဤအတူ
ရဟန်းသည်
ဤကိုယ်ကိုသာလျှင်
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်
ဖြစ်သောနှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
ထိုရဟန်း၏
တစ်ကိုယ်လုံး၌
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှမရှိ။
ဥဒါယီ
တစ်ဖန်လည်း
ရဟန်းသည်
ကြံစည်ခြင်း
'ဝိတက်'
သုံးသပ်ခြင်း
'ဝိစာရ' တို့၏
ချုပ်ခြင်း
ကြောင့်မိမိကိုယ်၌
စိတ်ကိုကြည်လင်စေတတ်သော
စိတ်၏တည်ကြည်ခြင်း
'သမာဓိ'ကို
ဖြစ်ပါွးများစေတတ်
သောကြံစည်ခြင်း
'ဝိတက်' မရှိသော
သုံးသပ်ခြင်း
'ဝိစာရ'
မရှိသော
တည်ကြည်ခြင်း
'သမာဓိ'ကြောင့်
ဖြစ်သောနှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ရှိသော
ဒုတိယဈာန်သို့ရောက်၍
နေ၏၊
ထိုရဟန်းသည်ဤကိုယ်ကိုပင်လျှင်
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'ဖြင့်စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊ ပျံ
့နှံ့စေ၏၊
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'ဖြင့်
ထိုရဟန်း၏
တစ်ကိုယ်လုံး
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှမရှိ။
ဥဒါယီ ဥပမာသော်ကား
နက်စွာသော
စိမ့်ရေရှိသော
ရေအိုင်သည်
ရှိရာ၏၊
ထိုရေအိုင်၏
အရှေ့အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊
အနောက်အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊ မြောက်အရပ်၌လည်းရေဝင်ပေါက်
မရှိရာ၊
တောင်အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊
မိုးသည်လည်း အချိန်မှန်
သည်းထန်စွာရွာသွန်းခြင်း
မရှိရာ၊
သို့သော်လည်း
ထိုရေအိုင်မှ
အေးမြသော
ရေအယဉ်သည်
စိမ့်ထွက်၍
ထိုရေအိုင်ကိုပင်လျှင်
အေးမြသောရေဖြင့်
စိုစွတ်စေရာ၏၊
အလုံးစုံ
စိုစွတ်စေရာ၏၊
ပြည့်စေရာ၏၊
ပျံ့နှံ့စေရာ၏၊
အေးမြသောရေဖြင့်
ထိုရေအိုင်တစ်ခုလုံး၌
မပျံ့နှံ့သော
နေရာ
အနည်းငယ်မျှ
မရှိရာ၊
ဥဒါယီ
ဤအတူရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
တည်ကြည်ခြင်း
'သမာဓိ' ကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ' ချမ်းသာခြင်း'သုခ'ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
တည်ကြည်ခြင်း
'သမာဓိ'ကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'ဖြင့်
ထိုရဟန်း၏
တစ်ကိုယ်လုံး
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိ။
ဥဒါယီ
တစ်ဖန်လည်း
ရဟန်းသည်
နှစ်သိမ့်ခြင်း
'ပီတိ'
ကိုလည်း
မတပ်မက်ခြင်းကြောင့်သာလျှင်
သတိ,
သမ္ပဇဉ်နှင့်
ပြည့်စုံသည်ဖြစ်၍
လျစ်လျူရှုလျက်
နေ၏၊ ချမ်းသာခြင်း
'သုခ' ကိုလည်း
ကိုယ်ဖြင့်
ခံစား၏၊
အကြင်
တတိယဈာန်ကြောင့်
ထိုသူ့ကို
''လျစ်လျူရှုသူ
သတိရှိသူ
ချမ်းသာစွာ
နေလေ့ရှိသူ''ဟုအရိယာပုဂ္ဂိုလ်တို့သည်
ပြောကြားကုန်၏၊
ရဟန်းသည်
ထိုတတိယဈာန်သို့
ရောက်၍ နေ၏၊
ထိုရဟန်းသည်
ဤကိုယ်ကိုသာလျှင်
နှစ်သိမ့်ခြင်း
'ပီတိ'
ကင်းသော ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံစိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
နှစ်သိမ့်ခြင်း
'ပီတိ'
မရှိသော
ချမ်းသာခြင်း
'သုခ'ဖြင့်
ထိုရဟန်း၏တစ်ကိုယ်လုံး
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိ။ ဥဒါယီ
ဥပမာသော်ကား
ဥပ္ပလကြာ၄
တော၌လည်းကောင်း၊
ပဒုမ္မာကြာတော၌လည်းကောင်း၊
ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊
ဥပ္ပလကြာ
အချို့တို့သည်လည်းကောင်း၊
ပဒုမ္မာကြာ
အချို့တို့သည်လည်းကောင်း၊
ပုဏ္ဍရိက်ကြာ
အချို့တို့သည်လည်းကောင်း
ရေ၌ပေါက်ကုန်၏၊
ရေ၌
ကြီးပွါးကုန်၏၊
ရေမှ
မပေါ်ထွက်သေးကုန်၊
ရေထဲ၌ မြုပ်၍
ဖွံ့ဖြိုးကုန်၏၊
ထိုကြာတို့သည်
အဖျားအရင်းတိုင်အောင်
အေးမြသော
ရေဖြင့်
စိုစွတ်ကုန်၏၊
အလုံးစုံစိုစွတ်ကုန်၏၊
ပြည့်ကုန်၏၊
ပျံ့နှံ့
ကုန်၏၊
ထိုဥပ္ပလကြာ
ပဒုမ္မာကြာ
ပုဏ္ဍရိက်ကြာ
အလုံးစုံ၌
အေးမြသောရေဖြင့်
မပျံ့နှံ့သောနေရာအနည်းငယ်မျှ
မရှိရာ။
ဥဒါယီ ဤအတူ
ရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
နှစ်သိမ့်ခြင်း
'ပီတိ'
မရှိသောချမ်းသာခြင်း
'သုခ'ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
နှစ်သိမ့်ခြင်း
'ပီတိ'မရှိသော
ချမ်းသာခြင်း
'သုခ'ဖြင့်
ထိုရဟန်း၏
တစ်ကိုယ်လုံး
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိ။
ဥဒါယီ
တစ်ဖန်လည်း
ရဟန်းသည်
ချမ်းသာဆင်းရဲကို
ပယ်ခြင်းကြောင့်လည်းကောင်း၊
ရှေးဦးကပင့်ဝမ်းသာခြင်း
နှလုံးမသာခြင်းတို့၏
ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း
ဆင်းရဲ
ချမ်းသာမရှိသော
လျစ်လျူရှုမှု
'ဥပေက္ခာ' ကြောင့်
ဖြစ်သည့်
သတိ၏
စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်သို့
ရောက်၍ နေ၏၊
ထိုရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏၊
ထိုရဟန်း၏
တစ်ကိုယ်လုံး
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိ။ ဥဒါယီ
ဥပမာသော်ကားယောက်ျားသည်
ဖြူသောအဝတ်ဖြင့်
ဦးခေါင်းနှင့်တကွ
(တစ်ကိုယ်လုံး)
ခြုံ၍
ထိုင်နေသည်ရှိသော်
ထိုယောက်ျား၏
တစ်ကိုယ်လုံး၌
ဖြူသောအဝတ်ဖြင့်
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိရာ။
ဥဒါယီဤအတူ
ရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
သန့်ရှင်းဖြူစင်သော
စိတ်ပြင့်
ပျံ့နှံ့စေ၍နေ၏၊
ထိုရဟန်း၏တစ်ကိုယ်လုံး၌
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိ။
ထိုဈာန်လေးပါးကိုပွါးများရာ၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍နေကြကုန်၏။
၂၅၂။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကြကုန်သော
ငါ၏ တပည့်တို့သည်
ဤသို့ သိကုန်၏-''ငါ၏
ဤကိုယ်ကား
ရုပ်ရှိ၏၊
မဟာဘုတ်လေးပါး
အစုအဝေးဖြစ်၏၊
မိဘတို့မှ
ပေါက်ဖွား၏၊ ထမင်း
မုန့်တို့ဖြင့်ကြီးပွား၏၊
မမြဲခြင်း
ပွတ်သပ်ပေးရခြင်း၅
ဆုပ်နယ်ပေးရခြင်း
ပြိုကွဲခြင်း
ပျက်စီးခြင်း
သဘောရှိ၏၊
ငါ၏ဤဝိညာဉ်သည်လည်း
ဤ (ကိုယ်) ၌
မှီတွယ်၏၊ ဤ
(ကိုယ်) ၌
ဆက်စပ်၏ဟု (သိကြကုန်၏)။
ဥဒါယီဥပမာသော်ကား
အလွန်တောက်ပသော
အမျိုးမှန်သော
ရှစ်မြှောင့်ရှိသော
ကောင်းစွာ
ပြုပြင်ပြီးဖြစ်သောအရည်ကောင်းသော
အထူးကြည်လင်သော
နောက်ကျုခြင်းကင်းသော
(သွေးခြင်း
ဖောက်ခြင်းစသော)
အခြင်းအရာအားလုံးနှင့်
ပြည့်စုံသော
ဝေဠုရိယ
'ကြောင်မျက်ရွဲ'
ရတနာသည်
ရှိရာ၏၊ ထို
(ဝေဠုရိယ'ကြောင်မျက်ရွဲ'
ရတနာ) ၌
ညိုသောချည်ကိုသော်လည်းကောင်း၊
ဝါသောချည်ကိုသော်လည်းကောင်း၊
နီသော
ချည်ကိုသော်လည်းကောင်း၊
ဖြူသောချည်ကိုသော်လည်းကောင်း၊
ဝါဖျော့သောချည်ကိုသော်လည်းကောင်း
တပ်ထားရာ၏၊ ထို
(ဝေဠုရိယ
'ကြောင်မျက်ရွဲ'
ရတနာ)
ကိုမျက်စိအမြင်ရှိသော
ယောက်ျားသည်
လက်၌ တင်ထား၍
- ဤဝေဠုရိယ
ကြောင်မျက်ရွဲ
ရတနာသည်အလွန်တောက်ပ၏၊
အမျိုးမှန်၏၊
ရှစ်မြှောင့်ရှိ၏၊
ကောင်းစွာ
ပြုပြင်ပြီးဖြစ်၏၊
အရည်ကောင်း၏၊
အထူးကြည်လင်၏၊
နောက်ကျုခြင်းကင်း၏၊
(သွေးခြင်း
ဖောက်ခြင်းစသော)
အခြင်းအရာအားလုံးနှင့်ပြည့်စုံ၏၊
ထို (ဝေဠုရိယ
'ကြောင်မျက်ရွဲ'
ရတနာ) ၌ ဤ
ညိုသောချည်ကိုတပ်ထား၏ဟူ၍သော်လည်းကောင်း၊
ဤဝါသောချည်ကို
တပ်ထား၏
ဟူ၍သော်လည်း
ကောင်း၊
ဤနီသောချည်ကို
တပ်ထား၏ ဟူ၍သော်လည်းကောင်း၊
ဤဖြူသောချည်ကို
တပ်ထား၏
ဟူ၍သော်လည်းကောင်း၊
ဤဝါဖျော့သောချည်ကို
တပ်ထား၏ဟူ၍သော်လည်းကောင်း
ဆင်ခြင်ရာ၏။ ဥဒါယီဤအတူသာလျှင်
ငါသည် တပည့်တို့အား
အကျင့်တရားကို
ဟောကြားထား၏၊
ဟောကြားသည့်အတိုင်းကျင့်ကြကုန်သော
ငါ၏ တပည့်တို့သည်
ဤသို့
အပြားအားဖြင့်
သိကြကုန်၏-
''ငါ၏
ဤကိုယ်ကားရုပ်ရှိ၏၊
မဟာဘုတ်လေးပါး
အစုအဝေးဖြစ်၏၊
မိဘတို့မှ
ပေါက်ဖွား၏၊
ထမင်း
မုန့်တို့ဖြင့်
ကြီးပွား၏၊
မမြဲခြင်း
ပွတ်သပ်ပေးရခြင်း
ဆုပ်နယ်ပေးရခြင်း
ပြိုကွဲခြင်း
ပျက်စီးခြင်း
သဘောရှိ၏၊
ငါ၏
ဤဝိညာဉ်သည်လည်း
ဤ (ကိုယ်) ၌ မှီတွယ်၏၊
ဤ (ကိုယ်) ၌
ဆက်စပ်၏ဟု
သိကုန်၏၊ ထိုသို့
သိရာ၌လည်းများစွာသော
ငါ၏ တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၃။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏ တပည့်တို့သည်
ဤ (မိမိ)
ကိုယ်မှ
တစ်ပါးသော
ရုပ်ရှိသော
စိတ်ဖြင့်ပြီးသော
အဂ
င်္ါကြီးငယ်အလုံးစုံရှိသော
ဣန္ဒြေ
မချို့တဲ့သော
ကိုယ်ကို
ဖန်ဆင်းကုန်၏။
ဥဒါယီ
ဥပမာသော်ကား
ယောက်ျားသည်
ဖြူဆံမြက်မှ
အညွန့်တံကို
နုတ်ရာ၏၊
ထိုယောက်ျားအား-့''ဤကား
ဖြူဆံမြက်တည်း၊
ဤကား
အညွန့်တံတည်း၊
ဖြူဆံမြက်ကား
တခြား၊
အညွန့်တံကား
တခြားတည်း၊ ဖြူဆံမြက်မှသာလျှင်
အညွန့်တံကို
နုတ်ထား၏''ဟု
အကြံဖြစ်ရာ၏။
ဥဒါယီ
ဥပမာတစ်မျိုးသော်ကား
ယောက်ျားသည်
သန်လျက်ကို
အအိမ်မှ ထုတ်ရာ၏၊
ထို
(ယောက်ျား) အား
''ဤကားသန်လျက်တည်း၊
ဤကား
အအိမ်တည်း၊
သန်လျက်ကား
တခြား၊
အအိမ်ကား
တခြားတည်း၊
အအိမ်မှသာလျှင်
သန်လျက်ကို
ထုတ်ထား၏''ဟု
အကြံဖြစ်ရာ၏။
ဥဒါယီ
ဥပမာတစ်မျိုးသော်ကား
ယောက်ျားသည်
အရေခွံမှ
မြွေကို
ထုတ်ရာ၏၊ ထို
(ယောက်ျား)
အား- ''ဤကား
မြွေတည်း၊
ဤကား
အရေတည်း၊ မြွေကား
တခြား၊
အရေကား
တခြားတည်း၊
အရေခွံမှသာလျှင်
မြွေကို
ထုတ်ထား၏''ဟုအကြံဖြစ်ရာ၏။
ဥဒါယီ ဤဥပမာအတူပင်လျှင်
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
ဤ (မိမိ)
ကိုယ်မှ
တစ်ပါးသော
ရုပ်ရှိသော
စိတ်ဖြင့်ပြီးသော
အင်္ဂါကြီးငယ်
အလုံးစုံရှိသော
ဣန္ဒြေမချို့တဲ့သော
ကိုယ်ကို
ဖန်ဆင်းကုန်၏။
ထိုသို့
ဖန်ဆင်းရာ၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍ နေကြကုန်၏။
၂၅၄။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
များပြားသော
တန်ခိုးဖန်ဆင်းခြင်းကိုပြီးစေကုန်၏။
တစ်ယောက်တည်း
ဖြစ်လျက်လည်း
အများဖြစ်သွားကုန်၏၊
အများဖြစ်လျက်လည်းတစ်ယောက်တည်း
ဖြစ်လာ၏၊
ကိုယ်ကို
ထင်ရှားဖြစ်စေ၏၊
ကိုယ်ကို
ပျောက်ကွယ်စေ၏၊
နံရံတစ်ဖက်တံတိုင်းတစ်ဖက်
တောင်တစ်ဖက်သို့
မထိမငြိဘဲ
ကောင်းကင်၌ကဲ့သို့
သွားကုန်၏၊
မြေ၌လည်း
ငုပ်ခြင်းပေါ်ခြင်းကို
ရေ၌ကဲ့သို့
ပြုလုပ်ကုန်၏၊
ရေ၌လည်း
မကွဲစေဘဲ
မြေ၌ကဲ့သို့
သွားကုန်၏၊
ကောင်းကင်၌လည်း
ထက်ဝယ်ဖွဲ့ခွေလျက်
အတောင်ရှိသော
ငှက်ကဲ့သို့
သွားကုန်၏၊
ဤသို့
တန်ခိုးကြီးကုန်သောဤသို့
အာနုဘော်ကြီးကုန်သော
ဤ လ နေတို့ကိုလည်း
လက်ဖြင့်
သုံးသပ်ကုန်၏၊
ဆုပ်ကိုင်ကုန်၏၊
ဗြဟ္မာ့ပြည်တိုင်အောင်လည်း
ကိုယ်ကို
(မိမိ)
အလိုအတိုင်း
ဖြစ်စေကုန်၏။
ဥဒါယီ
ဥပမာသော်ကားကျွမ်းကျင်သော
အိုးထိန်းသည်သည်လည်းကောင်း၊
အိုးထိန်းသည်၏
တပည့်သည်လည်းကောင်း
မြေကိုညက်စွာနယ်ပြီးသော်
အလိုရှိရာ
အိုးခွက်အမျိုးမျိုးကို
ပြုလုပ်ရာ၏၊
ပြီးစေရာ၏၊
ဥဒါယီ ဥပမာတစ်မျိုးသော်ကား
ကျွမ်းကျင်သော
ဆင်စွယ်ပန်းပုသည်သည်လည်းကောင်း၊
ဆင်စွယ်ပန်းပုသည်၏
တပည့်သည်လည်းကောင်း
ဆင်စွယ်ကို ကောင်းစွာ
ပြုပြင်ပြီးသော်
အလိုရှိရာ ဆင်စွယ်ထည်ကို
ပြုလုပ်ရာ၏၊
ပြီးစေရာ၏။
ဥဒါယီ
ဥပမာတစ်မျိုးသော်ကား
ကျွမ်းကျင်သော
ရွှေပန်းထိမ်သည်သည်လည်းကောင်း၊
ရွှေပန်းထိမ်သည်၏
တပည့်သည်လည်းကောင်း
ရွှေကို
ကောင်းစွာ
ပြုပြင်ပြီးသော်
အလိုရှိရာ
ရွှေထည်ကို
ပြုလုပ်ရာ၏၊
ပြီးစေရာ၏၊
ဥဒါယီ
ဤဥပမာအတူပင်လျှင်
ငါသည်
တပည့်တို့အား
အကျင့်တရားကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
များပြားသော
တန်ခိုးဖန်ဆင်းခြင်းကို
ပြီးစေကုန်၏၊
တစ်ယောက်တည်း
ဖြစ်လျက်လည်း
အများဖြစ်သွားကုန်၏၊
အများဖြစ်လျက်လည်း
တစ်ယောက်တည်း
ဖြစ်လာ၏၊ ကိုယ်ကို
ထင်ရှားဖြစ်စေကုန်၏၊
ကိုယ်ပျောက်စေကုန်၏၊
နံရံတစ်ဖက်
တံတိုင်းတစ်ဖက်
တောင်တစ်ဖက်သို့
မထိမငြိဘဲ
ကောင်းကင်၌ကဲ့သို့
သွားကုန်၏၊
မြေ၌လည်းငုပ်ခြင်း
ပေါ်ခြင်းကို
ရေ၌ကဲ့သို့
ပြုကုန်၏၊
ရေ၌လည်း
မကွဲစေဘဲ
မြေ၌ကဲ့သို့
သွားကုန်၏၊
ကောင်းကင်
၌လည်း
ထက်ဝယ်ဖွဲ့ခွေလျက်
အတောင်ရှိသော
ငှက်ကဲ့သို့
သွားကုန်၏၊
ဤသို့
ကြီးသောတန်ခိုးရှိ
ကုန်သော
ဤသို့ ကြီးသော
အာနုဘော်ရှိကုန်သော
ဤ လ
နေတို့ကိုလည်းလက်ဖြင့်သုံးသပ်ကုန်၏၊
ဆုပ်ကိုင်ကုန်၏၊
ဗြဟ္မာ့ပြည်တိုင်အောင်လည်း
ကိုယ်ကို
(မိမိ)
အလိုအတိုင်းဖြစ်စေကုန်၏။
ထိုတန်ခိုး
ဖန်ဆင်းရာ၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး့ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၅။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏တပည့်တို့သည်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏နားထက်သာလွန်သော
နတ်တို့၏
နားနှင့်တူသော
'ဒိဗ္ဗသောတ'
ဉာဏ်ဖြင့်
နတ်၌လည်းဖြစ်ကုန်သော
လူ၌လည်းဖြစ်ကုန်သော
ဝေးသည်လည်းဖြစ်ကုန်သော
နီးသည်လည်း
ဖြစ်ကုန်သော
နှစ်မျိုးသော
အသံတို့ကိုကြားကုန်၏။
ဥဒါယီ
ဥပမာအားဖြင့်
အားရှိသော
ခရုသင်းမှုတ်သမားသည်
အနည်းငယ်သော
ကြောင့်ကြစိုက်ခြင်းဖြင့်
အရပ်လေးမျက်နှာတို့ကို
သိစေနိုင်ရာသကဲ့သို့
ဥဒါယီ
ဤအတူပင်လျှင်
ငါသည် တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
နားထက်သာလွန်သော
နတ်တို့၏
နားနှင့်တူသော'ဒိဗ္ဗသောတ'
ဉာဏ်ဖြင့်
နတ်၌လည်းဖြစ်ကုန်သော
လူ၌လည်းဖြစ်ကုန်သော
ဝေးသည်လည်းဖြစ်ကုန်သောနီးသည်လည်းဖြစ်ကုန်သော
နှစ်မျိုးသော
အသံတို့ကို
ကြားကုန်၏။
ထိုဒိဗ္ဗသောတအဘိညာဉ်၌လည်းများစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၆။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏ တပည့်တို့သည်
တစ်ပါးသောသတ္တဝါ
တစ်ပါးသောပုဂ္ဂိုလ်တို့၏
စိတ်ကို (မိမိ)
စိတ်ဖြင့်
ပိုင်းခြား၍
သိကုန်၏၊
စွဲမက်ခြင်း
'ရာဂ'
နှင့်တကွသော
စိတ်ကိုလည်းစွဲမက်ခြင်း
'ရာဂ' နှင့်
တကွသော
စိတ်ဟု
သိကုန်၏၊ စွဲမက်ခြင်း
'ရာဂ' ကင်းသော
စိတ်ကိုလည်း
စွဲမက်ခြင်း
'ရာဂ' ကင်းသော
စိတ်ဟု
သိကုန်၏၊ အမျက်ထွက်ခြင်း
'ဒေါသ' နှင့်
တကွသော
စိတ်ကိုလည်းအမျက်ထွက်ခြင်း
'ဒေါသ' နှင့်
တကွသော
စိတ်ဟု
သိကုန်၏၊
အမျက်ထွက်ခြင်း
'ဒေါသ'
ကင်းသောစိတ်ကို
လည်း
အမျက်ထွက်ခြင်း
'ဒေါသ'
ကင်းသော
စိတ်ဟု သိကုန်၏၊
တွေဝေခြင်း
'မောဟ'
နှင့်တကွသော
စိတ် ကိုလည်း
တွေဝေခြင်း
'မောဟ'
နှင့်တကွသော
စိတ်ဟုသိကုန်၏၊
တွေဝေခြင်း
'မောဟ'
ကင်းသော စိတ်ကိုလည်း
တွေဝေခြင်း၆ 'မောဟ'
ကင်းသော
စိတ်ဟုသိကုန်၏၊
ကျုံ့သော စိတ်ကိုလည်း
ကျုံ့သော
စိတ်ဟု
သိကုန်၏၊
ပျံ့သော
စိတ်ကိုလည်း
ပျံ့သောစိတ်ဟု
သိကုန်၏၊ မြတ်သည်၏အဖြစ်သို့
ရောက် သော
'မဟဂ္ဂုတ်' စိတ်ကိုလည်း
မြတ်သည်၏အဖြစ်သို့ရောက်သော
'မဟဂ္ဂုတ်'
စိတ်ဟု
သိကုန်၏၊
မြတ်
သည်၏အဖြစ်သို့
မရောက်သော
စိတ်ကိုလည်းမြတ်သည်၏အဖြစ်သို့
မရောက်သော
စိတ်ဟု
သိကုန်၏၊
သာလွန်သော တရားရှိသော
စိတ်ကိုလည်းသာလွန်သော
တရားရှိသော
စိတ်ဟု
သိကုန်၏၊
သာလွန် သော
တရားမရှိသော
စိတ်ကိုလည်းသာလွန်သော
တရားမရှိသော
စိတ်ဟု
သိကုန်၏၊
တည်ကြည်သော
စိတ်ကိုလည်းတည်ကြည်သောစိတ်ဟု
သိကုန်၏၊ မတည်ကြည်သော
စိတ်ကိုလည်း
မတည်ကြည်သော
စိတ်ဟုသိကုန်၏၊
လွတ်မြောက်သော
စိတ်ကိုလည်း
လွတ်မြောက်သောစိတ်ဟု
သိကုန်၏၊
မလွတ်မြောက်
သောစိတ်ကိုလည်း
မလွတ်မြောက်သော
စိတ်ဟု သိကုန်၏၊
ဥဒါယီ
ဥပမာသော်ကား
ငယ်ရွယ်သော
အလှပြင်လေ့ရှိသော
မိန်းမပျိုသည်
လည်းကောင်း၊
ယောက်ျားပျိုသည်လည်းကောင်း
သန့်ရှင်းဖြူစင်သော
မှန်၌ဖြစ်စေ၊
ကြည်လင်သော
ရေခွက်၌ဖြစ်စေ
မိမိ
မျက်နှာရိပ်ကို
ကြည့်ရှုလတ်သော်
(မှဲ့စသော)
အပြောက်အစွန်းရှိသည်ကို
(မှဲ့စသော)
အပြောက်
အစွန်းရှိ၏ဟုသိရာ၏၊
(မှဲ့စသော)
အပြောက်အစွန်းမရှိသည်ကို
(မှဲ့စသော)
အပြောက်အစွန်းမရှိဟု
သိရာ၏။ ဥဒါယီ
ဤအတူသာလျှင်
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်
အတိုင်း ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
တစ်ပါးသောသတ္တဝါ
တစ်ပါးသောပုဂ္ဂိုလ်တို့၏
စိတ်ကို
(မိမိ)
စိတ်ဖြင့်
ပိုင်းခြား၍
သိကုန်၏၊ စွဲမက်ခြင်း
'ရာဂ'
နှင့်တကွသော
စိတ်ကိုလည်းစွဲမက်ခြင်း
'ရာဂ'နှင့်
တကွသော
စိတ်ဟု
သိကုန်၏၊
စွဲမက်ခြင်း
'ရာဂ' ကင်းသော
စိတ်ကိုလည်း
စွဲမက့်ခြင်း
'ရာဂ'ကင်းသော
စိတ်ဟု
သိကုန်၏။ပ။
အမျက်ထွက်ခြင်း
'ဒေါသ' နှင့်
တကွသော
စိတ်ကိုလည်းအမျက်ထွက်ခြင်း
'ဒေါသ' နှင့်
တကွသော
စိတ်ဟု
သိကုန်၏၊ အမျက်ထွက်ခြင်း
'ဒေါသ'ကင်းသောစိတ်ကိုလည်း
အမျက်ထွက်ခြင်း
'ဒေါသ'ကင်းသော
စိတ်ဟု
သိကုန်၏၊
တွေဝေခြင်း'မောဟ'နှင့်တကွသော
စိတ်ကိုလည်း
တွေဝေခြင်း
'မောဟ'နှင့်တကွသော
စိတ်ဟု
သိကုန်၏၊
တွေဝေခြင်း
'မောဟ'ကင်းသော
စိတ်ကိုလည်း
တွေဝေခြင်း
'မောဟ'
ကင်းသော
စိတ်ဟု
သိကုန်၏၊
ကျုံ့သောစိတ်ကိုလည်း
ကျုံ့သောစိတ်ဟု
သိကုန်၏၊ ပျံ့သောစိတ်
ကိုလည်း
ပျံ့သောစိတ်ဟု
သိကုန်၏၊
မြတ်သည်၏အဖြစ်သို့
ရောက်သော
'မဟဂ္ဂုတ်'
စိတ်ကိုလည်း
မြတ်သည်၏အဖြစ်သို့
ရောက်သော
'မဟဂ္ဂုတ်'
စိတ်ဟု
သိကုန်၏၊
မြတ်သည်၏
အဖြစ်သို့
မရောက်သော
စိတ်ကိုလည်းမြတ်သည်၏အဖြစ်သို့
မရောက်သော
စိတ်ဟု
သိကုန်၏၊
သာလွန်သော
တရားရှိသော စိတ်ကိုလည်းသာလွန်သော
တရားရှိသော
စိတ်ဟု
သိကုန်၏၊
သာလွန်သော တရားမရှိသော
စိတ်ကိုလည်းသာလွန်သော
တရားမရှိသော
စိတ်ဟု
သိကုန်၏၊
တည်ကြည်သော
စိတ်ကိုလည်းတည်ကြည်သောစိတ်ဟု
သိကုန်၏၊
မတည်ကြည်သော
စိတ်ကိုလည်း
မတည်ကြည်သော
စိတ်ဟုသိကုန်၏၊
လွတ်မြောက်သော
စိတ်ကိုလည်း
လွတ်မြောက်သောစိတ်ဟု
သိကုန်၏၊ မလွတ်မြောက်သောစိတ်ကိုလည်း
မလွတ်မြောက်သော
စိတ်ဟု
သိကုန်၏၊
ထိုပရစိတ္တဝိဇာနနအဘိညာဉ်၌လည်း
များစွာသောငါ၏တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၇။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏
တပည့်တို့သည်
များပြားသော
ရှေး၌ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်ကုန်၏။
ဤသည်ကား
အဘယ်နည်း၊
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း၊
သုံးဘဝတို့ကိုလည်းကောင်း၊
လေးဘဝတို့ကိုလည်းကောင်း၊
ငါးဘဝတို့ကိုလည်းကောင်း၊
ဆယ်ဘဝတို့ကိုလည်းကောင်း၊
ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊
ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊
ဘဝလေးဆယ်တို့ကိုလည်းကောင်း၊
ဘဝငါးဆယ်တို့ကိုလည်းကောင်း၊
ဘဝတစ်ရာကိုလည်းကောင်း၊
ဘဝတစ်ထောင်ကိုလည်းကောင်း၊
ဘဝတစ်သိန်းကိုလည်းကောင်း၊
များပြားသော
ပျက်ကပ်တို့ကိုလည်းကောင်း၊
များပြားသော
ဖြစ်ကပ်တို့ကိုလည်းကောင်း၊
များပြားသော
ပျက်ကပ်
ဖြစ်ကပ်တို့ကိုလည်းကောင်း
''ဤမည်သော ဘဝ၌
(ငါသည်)
ဤသို့သော
အမည်ရှိခဲ့၏၊
ဤသို့သော
အနွယ်ရှိခဲ့၏၊
ဤသို့သော
အဆင်းရှိခဲ့၏၊
ဤသို့သော
အစာရှိခဲ့၏၊
ဤသို့သော ချမ်းသာ
ဆင်းရဲကို
ခံစားခဲ့၏၊
ဤသို့သော
အသက်အပိုင်းအခြား
ရှိခဲ့၏၊ ထို
(ငါ) သည်
ထိုဘဝမှ သေခဲ့၍
ဤမည်သော ဘဝ၌
ဖြစ်ပြန်၏၊
ထိုဘဝ၌လည်းဤသို့သော
အမည်ရှိခဲ့၏၊
ဤသို့သော
အနွယ်ရှိခဲ့၏၊
ဤသို့သော
အဆင်းရှိခဲ့၏၊
ဤသို့သော
အစာရှိခဲ့၏၊
ဤသို့သော
ချမ်းသာဆင်းရဲကို
ခံစားခဲ့၏၊
ဤသို့သော
အသက်အပိုင်းအခြား
ရှိခဲ့၏၊ ထို
(ငါ) သည်
ထိုဘဝမှ
သေခဲ့၍ ဤဘဝ၌
ဖြစ်ပြန်၏''ဟု
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည် အနွယ်)
နှင့် တကွ
များပြားသော
ရှေး၌ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်ကုန်၏။
ဥဒါယီ
ဥပမာအားဖြင့်
ယောက်ျားသည်
မိမိရွာမှ
တစ်ပါးသော
ရွာသို့
သွားရာ၏၊
ထိုရွာမှလည်းတစ်ပါးသောရွာသို့
သွားရာ၏၊
ထိုယောက်ျားသည်
ထိုရောက်သောရွာမှ
မိမိရွာသို့သာလျှင်
ပြန်လာရာ၏၊
ထိုယောက်ျားအား
''ငါသည်
မိမိနေရာရွာမှ
တစ်ပါးသော
ရွာကို
သွားခဲ့၏၊
ထိုရွာ၌လည်း
ဤသို့ရပ်ခဲ့၏၊
ဤသို့
ထိုင်ခဲ့၏၊
ဤသို့
ပြောဆိုခဲ့၏၊
ဤသို့
ဆိတ်ဆိတ်နေခဲ့၏၊
ထိုရွာမှလည်းဤမည်သောရွာသို့
သွား ခဲ့၏၊ ထိုရွာ၌လည်း
ဤသို့
ရပ်ခဲ့၏၊
ဤသို့ ထိုင်ခဲ့၏၊
ဤသို့
ပြောဆိုခဲ့၏၊
ဤသို့
ဆိတ်ဆိတ်နေခဲ့၏၊
ထိုငါသည်
ထိုရွာမှ
မိမိရွာသို့သာလျှင်
ပြန်လာ၏''ဟု
အကြံဖြစ်ရာ၏။
ဥဒါယီဤဥပမာအတူသာလျှင်
ငါသည် တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်
သော ငါ၏တပည့်တို့သည်
များသော
အစီအရင်ရှိသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်
ကုန်၏။
ဤရှေးက
နေခဲ့ဖူးသော
ခန္ဓာအစဉ်ဟူသည်အဘယ်နည်းဟူမူ-
တစ်ခုသောဘဝကိုလည်း
ကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည် အနွယ်)
နှင့်တကွ
များပြားသော
ရှေးက
ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်ကုန်၏။
ထိုပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၌လည်း
များစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံးကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၈။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏တပည့်တို့သည်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏မျက်စိထက်
သာလွန်သော
နတ်တို့၏ မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသော
သတ္တဝါတို့ကို
မြင်၏၊
ကံအားလျော်စွာဖြစ်ပေါ်
သော သတ္တဝါတို့ကို
သိ၏။
''အချင်းတို့ ဤသတ္တဝါတို့သည်
ကာယဒုစရိုက်နှင့်
ပြည့်စုံကုန်၏၊
ဝစီ
ဒုစရိုက်နှင့်
ပြည့်စုံကုန်၏၊
မနောဒုစရိုက်နှင့်
ပြည့်စုံကုန်၏၊
အရိယာတို့ကို
စွပ်စွဲကုန်၏၊
မှားသောအယူရှိကုန်၏၊
မှားသောအယူဖြင့်
ပြုသော
ကံရှိကုန်၏၊
ထို (သတ္တဝါ)
တို့သည်
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ
ပျက်စီးလျက်
ကျရောက်ရာ
ငရဲ၌ဖြစ်ပေါ်ကုန်၏၊
အချင်းတို့
ဤသတ္တဝါတို့သည်ကား
ကာယသုစရိုက်နှင့်
ပြည့်စုံကုန်၏၊
ဝစီသုစရိုက်နှင့်ပြည့်စုံကုန်၏၊
မနောသုစရိုက်နှင့်
ပြည့်စုံကုန်၏၊
အရိယာတို့ကို
မစွပ်စွဲကုန်၊
မှန်သော
အယူရှိကုန်၏၊
မှန်သော
အယူဖြင့်
ပြုသော
ကံရှိကုန်၏၊
ထို
သတ္တဝါတို့သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌ကောင်းသောလားရာ
နတ်ပြည်၌
ဖြစ်ပေါ်ကုန်၏''ဟု
ဤသို့လျှင်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏မျက်စိထက်
သာလွန်သော
နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသောသတ္တဝါတို့ကို
မြင်ကုန်၏၊
ကံအားလျော်စွာ
ဖြစ်ပေါ်သော
သတ္တဝါတို့ကို
သိကုန်၏။
ဥဒါယီ
ဥပမာအားဖြင့်
မြဲမြံစွာ
ဖွဲ့ချည်အပ်သော
တံခါးနှစ်ခုရှိသော
အိမ်သည်
ရှိရာ၏၊ ထိုအိမ်၌မျက်စိအမြင်နှင့်
ပြည့်စုံသော
ယောက်ျားသည်
အိမ်၏ အလယ်၌
ရပ်တည်လျက်
အိမ်သို့ဝင်ကုန်သောအိမ်မှထွက်ကုန်သော
ထိုမှ ဤမှ
လျှောက်ကုန်သော
ထိုမှ ဤမှ
လှည့်လည်ကုန်သော
လူတို့ကို
မြင်ရာ၏၊
ဥဒါယီ
ဤဥပမာအတူသာလျှင်
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏တပည့်တိုု့သည်
စင်ကြယ်သော
လူတို့၏
မျက်စိထက်သာလွန်
သော
နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါကောင်းသောလားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသော
သတ္တဝါတို့ကို
မြင်ကုန်၏၊
ကံအားလျော်စွာ
ဖြစ်ပေါ်သော
သတ္တဝါတို့ကို
သိကုန်၏။ပ။
ထိုဒိဗ္ဗစက္ခုအဘိညာဉ်၌လည်း
များစွာသောငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
၂၅၉။
ဥဒါယီ
တစ်ဖန်လည်း
ငါသည်
တပည့်တို့အား
အကျင့်တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သော
ငါ၏တပည့်တို့သည်
အာသဝေါတရားတို့
ကုန်ခြင်းကြောင့်အာသဝေါကင်းသော
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို
ယခုဘဝ၌ပင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍
နေကုန်၏။
ဥဒါယီဥပမာ
အားဖြင့်
တောင်ဝှမ်း၌
ကြည်လင်သန့်ရှင်း
နောက်ကျုကင်းသော
ရေအိုင်သည်
ရှိရာ၏၊
မျက်စိအမြင်ရှိ
သော
ယောက်ျားသည်
ထိုရေအိုင်၏
ကမ်း၌
ရပ်လျက် ခရု
ယောက်သွား
ကျောက်စရစ့်အိုးခြမ်း
ငါး
အပေါင်းတို့
သွားနေကြသည်ကိုလည်းကောင်း၊
ရပ်တည်နေကြသည်ကိုလည်းကောင်းမြင်ရာ၏၊
ထို
ယောက်ျားအား
ဤသို့
အကြံဖြစ်ရာ၏-
''ဤရေအိုင်သည်
ကြည်လင် သန့်ရှင်းနောက်ကျုကင်း၏၊
ထို ရေအိုင်၌
ခရု ယောက်သွား
ကျောက်စရစ်
အိုးခြမ်း
ငါးအပေါင်းတို့
သွားလည်းသွားကြကုန်၊
ရပ်လည်း ရပ်ကြကုန်၏''ဟု
သိသည်
ဖြစ်ရာ၏။
ဥဒါယီ
ဤဥပမာအတူသာလျှင်
ငါသည်တပည့်တို့အား
အကျင့်
တရားတို့ကို
ဟောကြားထား၏၊
ဟောကြားထားသည့်အတိုင်း
ကျင့်ကုန်သောငါ၏
တပည့်တို့သည်
အာသဝေါတရားတို့
ကုန်ခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော'အရဟတ္တဖိုလ်'
စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို
ယခုဘဝ၌ပင်
ထူးသောဉာဏ်ဖြင့်ကိုယ်တိုင်
မျက်မှောက်
ပြုလျက်
ရောက်၍
နေကုန်၏။ ထိုစေတောဝိမုတ္တိ
ပညာဝိမုတ္တိ၌လည်းများစွာသော
ငါ၏
တပည့်တို့သည်
အဘိညာဉ်၏အဆုံး
ကမ်းတစ်ဖက်သို့
ရောက်၍
နေကြကုန်၏။
ဥဒါယီ ဤသည်ကား
ပဉ္စမတရား
ပေတည်း၊
ယင်းတရားကြောင့်
ငါ၏
တပည့်တို့သည်
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍
အမှီပြု၍
နေကြကုန်၏။
ဥဒါယီ
ဤသည်တို့ကား
ငါးပါးသောတရားတို့တည်း။
ယင်းတရားတို့ကြောင့်
ငါ၏
တပည့်တို့သည်ငါ့ကို
ရိုသေကုန်၏၊
လေးစားကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏၊
အရိုအသေပြု၍
အလေးပြု၍အမှီပြု၍
နေကုန်၏ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောကြားတော်မူ၏။
သကုလုဒါယီ ပရိဗိုဇ်သည်
မြတ်စွာဘုရား၏
တရားတော်ကို
ဝမ်းမြောက်စွာ
ခံယူလေသတည်း။
ခုနစ်ခုမြောက်မဟာသကုလုဒါယိသုတ်
ပြီး၏။
------
၁။
ရူပသညာ-ရူပဈာန်၌
ဖြစ်သောသညာ။
၂။
ပဋိဃသညာ-စက္ခုစသော
ဝတ္ထုရုပ်ငါးပါး၌
ရူပါရုံစသော
အာရုံငါးပါးတို့
ထိခိုက်သောအခါ
ဖြစ်ပေါ်လာသော
ပဉ္စဝိညာဏ်သညာ။
၃။
ပဋိဃသညာမှ
တစ်ပါးသော
အမျိုးမျိုးသော
ကာမာဝစရသညာ။
၄။
ဥပ္ပလ ကြာဖြူ
ကြာနီ
ကြာညို။
၅။
သူငယ်နံ့သာပျောက်စေခြင်းငှါ
ငယ်စဉ်က နံ့သာဖြင့်
ပွတ်သပ်ပေးရခြင်းကို
ဆိုလိုသည်။
၆။
တွေဝေခြင်း
မောဟဟူသည်- သစ္စာလေးပါးအရာ၌
အမှန်ကို
မသိခြင်း
အမှားကို
သိခြင်းတည်း။
Ã
ဂ-သမဏမုဏ္ဍိကသုတ်
၂၆၀။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်သည်တည်ပင်အစဉ်အတန်းရှိသည့်
ဇရပ်တစ်ဆောင်သာရှိသော
အယူကို
ပြိုင်ဆိုင်ပြောဆိုရာဖြစ်သော
မလ္လိကာမိဖုရား၏အရံ၌
ငါးရာမျှ
အရေအတွက်ရှိသော
များစွာသော
ပရိဗိုဇ်ပရိသတ်နှင့်
အတူ နေ၏။
ထိုအခါပဉ္စကင်္ဂလက်သမားကြီးသည်
နေမွန်းတိမ်းအခါ၌
မြတ်စွာဘုရားကို
ဖူးမြင်ရန်
သာဝတ္ထိပြည်မှ
ထွက်၏။
ထိုအခါ
ပဉ္စကင်္ဂလက်သမားကြီးအား
''မြတ်စွာဘုရားအား
ဖူးမြင်ရန်
အခါမဟုတ်သေး၊
မြတ်စွာဘုရားသည်
ကိန်းအောင်းနေတော်မူ၏၊
နှလုံးကို
ပွါးစေတတ်သော
ရဟန်းတို့အားလည်း
ဖူးမြင်ရန်
အခါမဟုတ်သေး၊
နှလုံးကို
ပွါးစေတတ်သော
ရဟန်းတို့သည်
ကိန်းအောင်းနေတော်မူကြကုန်၏။
အကယ်၍
ငါသည်အယူကို
ပြိုင်ဆိုင်ပြောဆိုရာဖြစ်သော
တည်ပင်အစဉ်အတန်းရှိသော
တစ်ဆောင်သော ဇရပ်ရှိသောမလ္လိကာမိဖုရား၏
အရံရှိ သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်ထံ
ချဉ်းကပ်ရပါမူကား့ကောင်းလေရာ၏''ဟု
အကြံဖြစ်၏။
ထိုအခါ
ပဉ္စကင်္ဂလက်သမားကြီးသည်
အယူကို
ပြိုင်ဆိုင်
ပြောဆိုရာဖြစ်သော
တည်ပင်အစဉ်အတန်းရှိသော
ဇရပ်တစ်ဆောင်သာရှိသည့်
မလ္လိကာမိဖုရား၏
အရံရှိ သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်ထံသို့
ချဉ်းကပ်လေ၏။
ထိုအခါ
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်သည်
များပြားသော
ဖီလာစကားကိုပဲ့တင်ထပ်မျှ
ပြင်းပြကျယ်လောင်သော
အသံဖြင့် ပြောဆိုလျက်
များစွာသော
ပရိဗိုဇ်ပရိသတ်နှင့်အတူနေ၏။
ဤသည်တို့ကား
အဘယ်နည်း -
မင်းနှင့်စပ်သောစကား
ခိုးသူနှင့့်စပ်သောစကား
အမတ်ကြီးနှင့်စပ်သောစကား
စစ်သည်နှင့်စပ်သောစကား
ကြောက်မက်ဖွယ်နှင့်စပ်သောစကား
စစ်ထိုးခြင်းနှင့်စပ်သောစကား
စားဖွယ်နှင့်စပ်သောစကား
သောက်ဖွယ်နှင့်စပ်သောစကား
အဝတ်နှင့်စပ်သောစကား
အိပ်ရာနေရာနှင့်စပ်သောစကား
ပန်းနှင့်စပ်သောစကား
နံ့သာနှင့်စပ်သောစကား
ဆွေမျိုးနှင့်စပ်သောစကား
ယာဉ်နှင့်စပ်သောစကား
ရွာနှင့်စပ်သောစကား
နိဂုံးနှင့်စပ်သောစကား
မြို့နှင့်စပ်သောစကား
နယ်နှင့်စပ်သောစကား
မိန်းမနှင့်စပ်သောစကား
ယောက်ျားနှင့်စပ်သောစကား
သူရဲကောင်းနှင့်စပ်သောစကား
လမ်းနှင့်စပ်သောစကား
ရေခပ်ဆိပ်နှင့်စပ်သောစကား
သေလွန်သူနှင့်စပ်သောစကား
အထွေထွေနှင့်စပ်သောစကားလောက
(အကြောင်း)
နှင့်စပ်သောစကား
သမုဒ္ဒရာ
(အကြောင်း)
နှင့်စပ်သောစကား
ကြီးပွားခြင်းဆုတ်ယုတ်
ခြင်းနှင့်
စပ်သောစကားတို့တည်း။
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်သည်
လာနေသော
ပဉ္စကင်္ဂလက်သမားကြီးကိုအဝေးကပင်
မြင်လတ်သော်
''အသျှင်တို့
တိတ်ဆိတ်စွာ
နေကြကုန်လော့၊
အသျှင်တို့
အသံကို
မပြုကြကုန်လင့်၊
ရဟန်းဂေါတမ၏တပည့်
ပဉ္စကင်္ဂလက်သမားကြီးသည်
လာနေ၏။
သာဝတ္ထိပြည်နေ
ရဟန်းဂေါတမ၏
လူဝတ်ကြောင်
တပည့်ရှိသမျှတို့တွင်
ဤပဉ္စကင်္ဂလက်သမားကြီးသည်
တစ်ယောက်အပါအဝင်ဖြစ်၏။
ထိုအသျှင့်တပည့်တို့သည်
တိတ်ဆိတ်ခြင်းကို
အလိုရှိကြကုန်၏၊
တိတ်ဆိတ်ခြင်း၌
ဆုံးမထားပြီးဖြစ်ကြကုန်၏၊
တိတ်ဆိတ်ခြင်း၏
ဂုဏ်ကို
ချီးကျူးတတ်ကြကုန်၏။
ပရိသတ်အသံ
တိတ်ဆိတ်နေသည်ကိုသိလျှင်
ချ
ဉ်းကပ်သင့်သည်ဟု
အောက်မေ့တန်ရာ၏''
ဟူ၍
မိမိပရိသတ်ကို
သေဝပ်စွာနေရန်
ပြောဆို၏။
ထိုသို့ဆိုသော်
ထိုပရိဗိုဇ်တို့သည်
ဆိတ်ဆိတ်နေကုန်၏။
၂၆၁။
ထိုအခါ
ပဉ္စကင်္ဂလက်သမားကြီးသည်
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်
ထံသို့ချဉ်းကပ်၍
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်နှင့်
ဝမ်းမြောက်ဝမ်းသာ
စကားပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို
ပြောဆိုပြီးဆုံးစေပြီးနောက်
သင့်လျော်ရာ၌
ထိုင်နေသော
ပဉ္စကင်္ဂလက်သမားကြီးအား
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်သည်
ဤစကားကို
ပြောဆို၏ -
''သူကြွယ်
ငါသည်
တရားလေးပါးတို့နှင့်
ပြည့်စုံသော
ယောက်ျားပုဂ္ဂိုလ်ကို
ပြည့်စုံသောကုသိုလ်ရှိသူ
မြတ်သောကုသိုလ်ရှိသူ
မြတ်သောသူတို့သာ
ရောက်သင့်သော
နေရာသို့
ရောက်သူ (ဝါဒ)
စစ်ထိုး၍
မရနိုင်သူ
ရဟန်းဟူ၍
ပညတ်၏။
အဘယ်လေးပါးတို့နည်းဟူမူ
- သူကြွယ်
လောက၌ကိုယ်ဖြင့်
မကောင်းမှုကို
မပြု၊
မကောင်းသောစကားကို
မဆို၊ မကောင်းသောအကြံကို
မကြံ၊
မကောင်းသော
အသက်မွေးမှုဖြင့်
အသက်မမွေး။
သူကြွယ်
ငါသည်
ဤလေးပါးသော
တရားတို့နှင့်
ပြည့်စုံသောယောက်ျားပုဂ္ဂိုလ်ကို
ပြည့်စုံသော
ကုသိုလ်ရှိသူ
မြတ်သော
ကုသိုလ်ရှိသူ
မြတ်သောသူတို့သာ
ရောက်သင့်သော
နေရာသို့
ရောက်သူ (ဝါဒ)
စစ်ထိုး၍
မရနိုင်သူ
ရဟန်းဟူ၍
ပညတ်၏''ဟု
(ဆို၏)။
ထိုအခါ
ပဉ္စကင်္ဂလက်သမားကြီးသည်
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်၏
စကားကိုနှစ်လည်း
မနှစ်သက်၊
ပယ်လည်း
မပယ်ခဲ့ပေ၊
မနှစ်သက်ခဲ့
မပယ်ခဲ့မူ၍
''မြတ်စွာဘုရား၏
အထံတော်၌ထိုဥဂ္ဂါဟမာနဆိုသော
စကား၏ အနက်ကို
သိရအံ့''ဟု
နေရာမှ ထကာ
ဖဲသွားလေ၏။
ထိုအခါပဉ္စကင်္ဂလက်သမားကြီးသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုး
ပြီးလျှင်သင့်လျော်ရာ၌
ထိုင်လျက်
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်နှင့်အတူ
ပြောဆို
ခဲ့ရသမျှ့စကားအလုံးစုံကို
မြတ်စွာဘုရားအား
လျှောက်ထား၏။
၂၆၂။
ဤသို့
လျှောက်ထးသော်
မြတ်စွာဘုရားသည်
ပဉ္စကင်္ဂလက်သမားကြီးအား
ဤစကားကိုမိန့်တော်မူ၏
- လက်သမားကြီး
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်၏
စကားအတိုင်းဖြစ်သည်ရှိသော်
ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်
အရွယ်သည်
ပြည့်စုံသော
ကုသိုလ်ရှိသူ
မြတ်သောကုသိုလ်ရှိသူ
မြတ်သောသူတို့သာ
ရောက်သင့်သော
နေရာသို့ရောက်သူ
(ဝါဒ)
စစ်ထိုး၍
မရနိုင်သောသူ
ရဟန်းဖြစ်လိမ့်မည်။
လက်သမားကြီး
ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်မှာ
ကိုယ်ဟူ၍
သိတတ်သော
ဉာဏ်မျှလည်း
မရှိသေး၊
ကိုယ်လှုပ်ရှားကာမျှမှတစ်ပါး
အဘယ်မှာ
ကိုယ်ဖြင့်မကောင်းမှုကို
ပြုလတ္တံ
့နည်း။
လက်သမားကြီး
ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်မှာစကားဟူ၍
သိတတ်သော
ဉာဏ်မျှလည်း
မရှိသေး၊
ငိုကြွေးရုံမျှမှတစ်ပါး
မကောင်းသော
စကားကိုအဘယ်မှာ
ဆိုလိမ့်မည်နည်း။
လက်သမားကြီး
ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်မှာအကြံဟူ၍
သိတတ်သော
ဉာဏ်မျှလည်း
မရှိသေး၊
မြူးရုံမှတစ်ပါး
အဘယ်မှာ
မကောင်းသော
အကြံကိုကြံလတ္တံ
့နည်း။
လက်သမားကြီး
ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်မှာ
အသက်မွေးမှုဟူ၍သိတတ်သော
ဉာဏ်မျှလည်း
မရှိသေး၊
အမိနို့ကိုစို့ခြင်းမှတစ်ပါး
အဘယ်မှာ
မကောင်းသော
အသက်မွေးမှု
ရှိလတ္တံ
့နည်း။ လက်သမားကြီး
သမဏမုဏ္ဍိကာ၏
သားဖြစ်သော
ဥဂ္ဂါဟမာနပရိဗိုဇ်၏
စကားအတိုင်းဖြစ်သည်ရှိသော်
ကလေးသူငယ်
လူမမယ် ပက်လက်အိပ်အရွယ်သည်
ပြည့်စုံသောကုသိုလ်ရှိသူ
မြတ်သောကုသိုလ်ရှိသူ
မြတ်သော
သူတို့သာ ရောက်သင့်သော
နေရာသို့
ရောက်သူ (ဝါဒ)
စစ်ထိုး၍
မရနိုင်သူရဟန်း
ဖြစ်လတ္တံ့။
၂၆၃။
လက်သမားကြီး
ငါသည်
လေးပါးသော
တရားတို့နှင့်ပြည့်စုံသော
ယောက်ျားပုဂ္ဂိုလ်ကိုပြည့်စုံသော
ကုသိုလ်မရှိသေးသူ
မြတ်သောကုသိုလ်မရှိသေးသူ
မြတ်သောသူတို့သာ
ရောက်သင့်သောနေရာသို့
ရောက်၍ (ဝါဒ)
စစ်ထိုး၍
မရနိုင်သော
ရဟန်း
မဟုတ်သေးဟူ၍
ပညတ်၏၊ သို့ရာတွင်ဤကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်ကို
ကျော်လွန်၍ကား
တည်၏။
အဘယ်လေးပါးတို့နည်းဟူမူ-လက်သမားကြီး
ဤလောက၌ ကိုယ်ဖြင့်
မကောင်းမှုကို
မပြု၊
မကောင်းသော
စကားကို
မဆို၊
မကောင်းသောအကြံကို
မကြံ၊
မကောင်းသော
အသက်မွေးခြင်းကို
မမွေးမြူ။
လက်သမားကြီး
ငါသည်ဤလေးပါးသောတရားတို့နှင့်
ပြည့်စုံသော
ယောက်ျားပုဂ္ဂိုလ်ကို
ပြည့်စုံသော
ကုသိုလ်မရှိသေးသူ
မြတ်သော
ကုသိုလ်မရှိသေးသူ
မြတ်သောသူတို့သာ
ရောက်သင့်သော
နေရာသို့ ရောက်၍
ဝါဒစစ်ထိုး၍
မရနိုင်သူ
ရဟန်း မဟုတ်သေးဟူ၍
ပညတ်၏။
သို့ရာတွင်
ဤကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်ကိုကျော်လွန်၍ကား
တည်၏။
လက်သမားကြီး
ငါသည်
ဆယ်ပါးသော
တရားတို့နှင့်
ပြည့်စုံသော
ယောက်ျားပုဂ္ဂိုလ်ကို
ပြည့်စုံသောကုသိုလ်ရှိသူဟူ၍
မြတ်သော ကုသိုလ်ရှိသူဟူ၍
မြတ်သောသူတို့သာ
ရောက်သင့်သော
နေရာသို့ရောက်သူ
(ဝါဒ) စစ်ထိုး၍
မရနိုင်သူ
ရဟန်းဟူ၍
ပညတ်၏။ လက်သမားကြီး
ဤသည်တို့ကားမကောင်းသော
အလေ့အကျင့်တို့တည်း၊
ထိုမကောင်းသော
အလေ့အကျင့်ကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
မကောင်းသော
အလေ့အကျင့်တို့သည်
ဤအကြောင်းကြောင့်
ဖြစ်ကုန်၏၊
ထိုအကြောင်းကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤတရား၌ မကောင်းသော
အလေ့အကျင့်တို့သည်
အကြွင်းမဲ့ချုပ်ကုန်၏၊
ထိုချုပ်ရာကို
သိရမည်ဟု ငါဟော၏။
လက်သမားကြီး
ဤသို့
ကျင့်သည်ရှိသော်မကောင်းသော
အလေ့အကျင့်တို့
ချုပ်ရန် ကျင့်သည်မည်၏၊
ထိုအကျင့်ကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤသည်တို့ကား
ကောင်းသော
အလေ့အကျင့်တို့တည်း၊
ထိုကောင်းသော
အလေ့အကျင့်ကို
သိရမည်ဟု
ငါဟော၏။ လက်သမားကြီး
ကောင်းသော
အလေ့အကျင့်တို့သည်
ဤအကြောင်းကြောင့်
ဖြစ်ကုန်၏၊
ထိုအကြောင်းကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤတရား၌့ကောင်းသော
အလေ့အကျင့်တို့သည်
အကြွင်းမဲ့ချုပ်ကုန်၏။
ထိုချုပ်ရာကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤသို့ ကျင့်သည်ရှိသော်
ကောင်းသော
အလေ့အကျင့်တို့
ချုပ်ရန်
ကျင့်သည်မည်၏၊
ထိုအကျင့်ကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤသည်တို့ကား
မကောင်းသော
အကြံတို့တည်း၊
ထိုမကောင်းသော
အကြံကိုသိရမည်ဟု
ငါဟော၏။
လက်သမားကြီး
မကောင်းသော
အကြံတို့သည်
ဤအကြောင်းကြောင့်
ဖြစ်ကုန်၏၊
ထိုအကြောင်းကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤတရား၌ မကောင်းသော
အကြံတို့သည်
အကြွင်းမဲ့ချုပ်ကုန်၏၊
ထိုချုပ်ရာကို
သိရမည်ဟု
ငါဟော၏။ လက်သမားကြီး
ဤသို့
ကျင့်သည်ရှိသော်
မကောင်းသော
အကြံတို့
ချုပ်ခြင်းငှါ
ကျင့်သည် မည်၏၊
ထိုအကျင့်ကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤသည်တို့ကား
ကောင်းသောအကြံတို့တည်း၊
ထိုကောင်းသောအကြံကို
သိရမည်ဟုငါဟော၏။
လက်သမားကြီး
ကောင်းသော
အကြံတို့သည်
ဤအကြောင်းကြောင့်
ဖြစ်ကုန်၏၊
ထိုအကြောင်းကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤတရား၌
ကောင်းသော
အကြံတို့သည်အကြွင်းမဲ့
ချုပ်ကုန်၏၊
ထိုချုပ်ရာကို
သိရမည်ဟု
ငါဟော၏။
လက်သမားကြီး
ဤသို့
ကျင့်သည်ရှိသော်ကောင်းသောအကြံတို့
ချုပ်ခြင်းငှါ
ကျင့်သည်
မည်၏၊
ထိုအကျင့်ကို
သိရမည်ဟု
ငါဟော၏။
၂၆၄။
လက်သမားကြီး
မကောင်းသော
အလေ့အကျင့်တို့ဟူသည်
အဘယ်တို့နည်း-
လက်သမား
ကြီးမကောင်းသော
ကိုယ်အမူအရာလည်းကောင်း၊
မကောင်းသော
နှုတ်အမူအရာလည်းကောင်း၊
ယုတ်မာသော
အသက်မွေးမှုလည်းကောင်း
ဤတရားတို့ကို
မကောင်းသော အလေ့အကျင့်တို့ဟူ၍
ဆိုရကုန်၏။
လက်သမားကြီး
ဤမကောင်းသော
အလေ့အကျင့်တို့သည်
အဘယ်အကြောင်းကြောင့်
ဖြစ်ကုန်သနည်း။
ထိုမကောင်းသော
အလေ့အကျင့်တို့၏
ဖြစ်ကြောင်းကိုလည်း
ဟောထားပြီ၊
စိတ်လျှင်ဖြစ်ကြောင်း
ရှိကုန်၏ ဟူ၍
ဆိုရ၏။
စိတ်ဟူသည်
အဘယ်နည်း။
စိတ်သည်လည်း
များ၏၊
တစ်ပါးမကများလှ၏၊
အထူးထူးအပြားပြား
ရှိ၏၊
မကောင်းသော အလေ့အကျင့်တို့သည်
ရာဂနှင့်တကွဖြစ်သောစိတ်ဒေါသနှင့်တကွဖြစ်သောစိတ်
မောဟနှင့် တကွဖြစ်သောစိတ်တို့ကြောင့်
ဖြစ်ကုန်၏။
လက်သမားကြီး
ဤမကောင်းသော
အလေ့အကျင့်တို့သည်
အဘယ်၌
အကြွင်းမဲ့
ချုပ်ကုန်သနည်း။
ထိုမကောင်းသော
အလေ့အကျင့်တို့၏
ချုပ်ရာကိုလည်း
ဟောထားပြီ၊
လက်သမားကြီးဤသာသနာတော်၌
ရဟန်းသည်
ကာယဒုစရိုက်ကို
ပယ်၍
ကာယသုစရိုက်ကို
ပွါးများ၏၊
ဝစီဒုစရိုက်ကိုပယ်၍
ဝစီသုစရိုက်
ကို
ပွါးများ၏၊
မနောဒုစရိုက်ကို
ပယ်၍
မနောသုစရိုက်ကို
ပွါးများ၏၊
မကောင်းသော
အသက်မွေးမှုကို
ပယ်၍
ကောင်းသော
အသက်မွေးမှုဖြင့်
အသက်မွေးခြင်းကို
ပြု၏၊ ဤတရား၌
ဤမကောင်းသော
အလေ့
အကျင့်တို့သည်
အကြွင်းမဲ့
ချုပ်ကုန်၏။
လက်သမားကြီး
အဘယ်သို့
ကျင့်သောသူသည်
မကောင်းသော
အလေ့အကျင့်တို့
ချုပ်ခြင်းငှါကျင့်သောသူ
ဖြစ်သနည်း။
လက်သမားကြီး
ဤသာသနာတော်၌
ရဟန်းသည်
မဖြစ်ကုန်သေးသော
ယုတ်မာကုန်သော
အကုသိုလ်တရားတို့
မဖြစ်ပေါ်စေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကိုအားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာအားထုတ်၏။
ဖြစ်ပေါ်ကုန်ပြီးသော
ယုတ်မာကုန်သောအကုသိုလ်
တရားတို့ကို
ပယ်ခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကိုချီးမြှောက်၏၊
ပြင်းစွာအားထုတ်၏။
မဖြစ်ကုန်သေးသော
ကုသိုလ်တရားတို့
ဖြစ်ပေါ်စေခြင်းငှါ
ဆန္ဒကိုဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို ချီးမြှောက်၏၊
ပြင်းစွာ
အားထုတ်၏။
ဖြစ်ကုန်ပြီးသော
ကုသိုလ်တရားတို့၏
တည်ခြင်းငှါ
မပျောက်ပျက်ခြင်းငှါ
များစွာဖြစ်စေခြင်းငှါ
ပြန့်ပြောစေခြင်းငှါ
ပွါးများစေခြင်းငှါ
ထက်ဝန်းကျင်မှ
ပြည့်စုံစေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံးလပြု၏၊ ဝီရိယကိုအားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာ
အားထုတ်၏။
လက်သမားကြီး
ဤသို့ ကျင့်သည်ရှိသော်မကောင်းသော
အလေ့အကျင့်တို့
ချုပ်ခြင်းငှါ
ကျင့်သောသူ
ဖြစ်၏။
၂၆၅။
လက်သမားကြီး
ကောင်းသော
အလေ့အကျင့်တို့ဟူသည်
အဘယ်တို့နည်း။
လက်သမား
ကြီးကောင်းသော
ကိုယ်အမူအရာကိုလည်းကောင်း၊
ကောင်းသော
နှုတ်အမူအရာကိုလည်းကောင်း၊
စင်ကြယ်သော
အသက်မွေးမှုကိုလည်းကောင်း
အလေ့အကျင့်ဟူ၍
ငါဟော၏။
လက်သမားကြီး
ဤတရားတို့ကို
ကောင်းသော
အလေ့အကျင့်တို့ဟူ၍
ဆိုရကုန်၏။
လက်သမားကြီး
ဤကောင်းသော
အလေ့အကျင့်တို့သည်
အဘယ်အကြောင်းကြောင့်
ဖြစ်ကုန်သ
နည်း။ ထိုကောင်းသော
အလေ့အကျင့်တို့၏
ဖြစ်ကြောင်းကိုလည်း
ဟောထားပြီ။
စိတ်လျှင်ဖြစ်ကြောင်းရှိကုန်၏ဟူ၍
ဆိုရ၏၊
စိတ်ဟူသည်
အဘယ်နည်း။
စိတ်သည်
များပြား၏၊
တစ်ပါးမက
များလှ၏၊
အထူးထူးအပြားပြား
ရှိ၏၊
ကောင်းသော
အလေ့အကျင့်တို့သည်
ရာဂကင်းသောစိတ်
ဒေါသကင်းသောစိတ်
မောဟကင်းသောစိတ်တို့ကြောင့်
ဖြစ်ကုန်၏။
လက်သမားကြီး
ဤကောင်းသော
အလေ့အကျင့်တို့သည်
အဘယ်၌
အကြွင်းမဲ့
ချုပ်ကုန်သနည်း။
ထိုကောင်းသော
အလေ့အကျင့်တို့၏
ချုပ်ရာကိုလည်း
ဟောထားပြီ။
လက်သမားကြီးဤသာသနာတော်၌
ရဟန်းသည်
သီလရှိ၏၊
သီလမျှ ဖြင့်ပြီးသော
သမာဓိပညာရှိနေသည်
မဟုတ်၊ ထိုကောင်းသော
အလေ့
အကျင့်များ
အကြွင်းမဲ့
ချုပ်ရာဖြစ်သော
လွတ်မြောက်သော'အရဟတ္တဖိုလ်'
စိတ်နှင့်
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။
လက်သမားကြီး
အဘယ်သို့
ကျင့်သောသူသည်
ကောင်းသော
အလေ့အကျင့်တို့
ချုပ်ခြင်းငှါကျင့်သောသူ
ဖြစ်သနည်း။
လက်သမားကြီး
ဤသာသနာတော်၌
ရဟန်းသည်
မဖြစ်ကုန်သေးသောယုတ်မာကုန်သော
အကုသိုလ်တရားတို့ကို
မဖြစ်စေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကိုအားထုတ်၏၊
စိတ်ကို ချီးမြှောက်၏၊
ပြင်းစွာ
အားထုတ်၏။
ဖြစ်ကုန်ပြီးသော
ယုတ်မာကုန်သောအကုသိုလ်တရားတို့ကို
ပယ်ခြင်းငှါ။ပ။
မဖြစ်ကုန်သေးသော
ကုသိုလ်တရားတို့ကို
ဖြစ်စေခြင်းငှါ။ပ။
ဖြစ်ကုန်ပြီးသော
ကုသိုလ်တရားတို့ကို
တည်ခြင်းငှါ
မပျောက်ပျက်ခင်းငှါ
များစွာဖြစ်စေခြင်းငှါ
ပြန့်ပြောခြင်းငှါ
ပွါးများခြင်းငှါ
ထက်ဝန်းကျင်မှ
ပြည့်စုံစေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊ ဝီရိယကိုအားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာ
အားထုတ်၏။
လက်သမားကြီး
ဤသို့ ကျင့်သောသူသည်ကောင်းသော
အလေ့အကျင့်တို့
ချုပ်ခြင်းငှါ
ကျင့်သောသူ
ဖြစ်၏။
၂၆၆။
လက်သမားကြီး
မကောင်းသော
အကြံတို့ဟူသည်
အဘယ်တို့နည်း။
လက်သမားကြီးကာမဂုဏ်
အကြံ၊
ဖျက်ဆီးမှုအကြံ၊
ညှဉ်းဆဲမှုအကြံ၊
ဤအကြံတို့ကို
မကောင်းသော
အကြံတိုု့ဟူ၍ဆိုရကုန်၏။
လက်သမားကြီး
ဤမကောင်းသော
အကြံတို့သည်
အဘယ်အကြောင်းကြောင့်
ဖြစ်ကုန်သနည်း။
ထိုမကောင်းသော
အကြံတို့၏
ဖြစ်ကြောင်းကိုလည်း
ဟောထားပြီ။
အမှတ်အသားလျှင်
ဖြစ်ကြောင်းရှိကုန်၏
ဟူ၍ ဆိုရ၏၊
အမှတ်အသားတို့ဟူသည်
အဘယ်နည်း။
အမှတ်အသားတို့သည်
များကုန်၏၊
တစ်ပါးမက
များသော
အပြားရှိကုန်၏၊
အထူထူးအပြားပြား
များကုန်၏။
ကာမဂုဏ်အမှတ်အသား၊
ဖျက်ဆီးမှုအမှတ်အသား၊
ညှဉ်းဆဲမှု
အမှတ်အသား၊
ဤအမှတ်အသားကြောင့်
မကောင်းသော
အကြံတိုု့သည်
ဖြစ်ကုန်၏။
လက်သမားကြီး
ဤမကောင်းသော
အကြံတို့သည်
အဘယ်၌
အကြွင်းမဲ့
ချုပ်ကုန်သနည်း။
ထိုမကောင်းသော
အကြံတို့၏
ချုပ်ရာကိုလည်း
ဟောထားပြီ။
လက်သမားကြီး
ဤသာသနာတော်၌
ရဟန်းသည် ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေ၏။
ဤပဌမဈာန်၌
ထိုမကောင်းသော
အကြံတို့သည်
အကြွင်းမဲ့
ချုပ်ကုန်၏။
လက်သမားကြီး
အဘယ်သို့
ကျင့်သောသူသည်
မကောင်းသော
အကြံတို့
ချုပ်ခြင်းငှါ
ကျင့်သောသူဖြစ်သနည်း။
လက်သမားကြီး
ဤသာသနာတော်၌ ရဟန်းသည်
မဖြစ်ကုန်သေးသော
အကုသိုလ်တရား့တို့ကို
မဖြစ်စေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာအားထုတ်၏။
ဖြစ်ကုန်ပြီးသော
အကုသိုလ်တရားတို့ကို
ပယ်ခြင်းငှါ။ပ။
မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို
ဖြစ်စေခြင်းငှါ။ပ။
ဖြစ်ကုန်ပြီးသော
ကုသိုလ်တရားတို့ကို
တည်ခြင်းငှါ
မပျောက်ပျက်ခြင်းငှါ
အလွန်တိုးပွါးစေခြင်းငှါ
ပြန့်ပြောခြင်းငှါ
ပွါးများစေခြင်းငှါ
ထက်ဝန်းကျင်
ပြည့်စုံစေခြင်းငှါဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာအားထုတ်၏။
လက်သမားကြီး
ဤသို့ ကျင့်သောသူသည်
မကောင်းသော
အကြံတို့
ချုပ်ခြင်းငှါ
ကျင့်သောသူ
ဖြစ်၏။
၂၆၇။
လက်သမားကြီး
ကောင်းသော
အကြံတို့ဟူသည်
အဘယ်တို့နည်း။
ကာမဂုဏ်မှ
ထွက်မြောက်မှု
အကြံ၊
မဖျက်ဆီးမှုအကြံ၊
မညှဉ်းဆဲမှုအကြံ၊
ဤအကြံတို့ကို
ကောင်းသော
အကြံတိုု့ဟူ၍
ဆိုရကုန်၏။
လက်သမားကြီး
ဤကောင်းသော
အကြံတို့သည်
အဘယ်လျှင်
ဖြစ်ကြောင်းရှိကုန်သနည်း။
ထိုကောင်းသောအကြံတို့၏
ဖြစ်ကြောင်းကိုလည်း
ဟောထားပြီ။
အမှတ်အသားလျှင်
ဖြစ်ကြောင်းရှိကုန်၏ဟု
ဆိုရ၏။ အမှတ်အသားဟူသည်
အဘယ်နည်း။
အမှတ်အသားတို့သည်
များကုန်၏၊
တစ်ပါးမက
များကုန်၏၊
အထူထူးအပြားပြား
များကုန်၏။
ကာမဂုဏ်မှ
ထွက်မြောက်မှု
အမှတ်အသား၊
မဖျက်ဆီးမှု
အမှတ်အသား၊ မညှဉ်းဆဲမှု
အမှတ်အသား၊
ဤအမှတ်အသားတို့ကြောင့်
ကောင်းသောအကြံတိုု့သည်
ဖြစ်ကုန်၏။
လက်သမားကြီး
ဤကောင်းသော
အကြံတို့သည်
အဘယ်၌
အကြွင်းမဲ့
ချုပ်ကုန်သနည်း။
ထိုကောင်းသောအကြံတို့၏
ချုပ်ရာကိုလည်း
ဟောထားပြီ။
လက်သမားကြီး
ဤသာသနာတော်၌
ရဟန်းသည်
ဝိတက်
ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်ကို
ပြည့်စုံစေ၍
နေ၏။
ဤဒုတိယဈာန်၌ထိုကောင်းသော
အကြံတို့သည်
အကြွင်းမဲ့
ချုပ်ကုန်၏။
လက်သမားကြီး
အဘယ်သို့
ကျင့်သောသူသည်
ကောင်းသော
အကြံတို့ချုပ်ရန်
ကျင့်သောသူ
ဖြစ်သနည်း။
လက်သမားကြီး
ဤသာသနာတော်၌
ရဟန်းသည်
မဖြစ်ကုန်သေးသော
အကုသိုလ်တရားတို့ကိုမဖြစ်စေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာအားထုတ်၏။
ဖြစ်ကုန်ပြီးသော
ယုတ်ညံ့သော
အကုသိုလ်တရားတို့ကို
ပယ်ခြင်းငှါ။ပ။
မဖြစ်ကုန်သေးသော
ကုသိုလ်တရားတို့ကို
ဖြစ်စေခြင်းငှါ။ပ။
ဖြစ်ကုန်ပြီးသော
ကုသိုလ်တရားတို့ကို
တည်ခြင်းငှါမပျောက်ပျက်ခြင်းငှါ
လွန်စွာ
တိုးပွါးစေခြင်းငှါ
ပြန့်ပြောခြင်းငှါ
ပွါးများစေခြင်းငှါ
ထက်ဝန်းကျင်ပြည့်စုံစေခြင်းငှါ
ဆန္ဒကို
ဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
ပြင်းစွာအားထုတ်၏။
လက်သမားကြီး
ဤသို့ကျင့်သောသူသည်
ကောင်းသော
အကြံတို့ ချုပ်ရန်
ကျင့်သူဖြစ်၏။
၂၆၈။
လက်သမားကြီး
အဘယ်ဆယ်ပါးကုန်သော
တရားတို့နှင့်
ပြည့်စုံသော
ယောက်ျားပုဂ္ဂိုလ်ကိုပြည့်စုံသော
ကုသိုလ်ရှိသူ
မြတ်သောကုသိုလ်ရှိသူ
မြတ်သောပုဂ္ဂိုလ်တို့သာ
ရောက်သင့်သော
နေရာသို့ရောက်သူ
ဝါဒစစ်ထိုး၍
မရနိုင်သူ
ရဟန်းဟူ၍
ငါပညတ်သနည်း။
လက်သမားကြီး
ဤသာသနာတော်၌ရဟန်းသည်
ရဟန္တာတို့၏
မှန်ကန်သော
အယူနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သော
အကြံနှင့်ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သော
စကားနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သော
အမှုနှင့်ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သော
အသက်မွေးမှုနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သောအားထုတ်မှုနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သော
အောက်မေ့မှုနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သော
တည်ကြည်မှုနှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သောဉာဏ်နှင့်
ပြည့်စုံ၏၊
ရဟန္တာတို့၏
မှန်ကန်သောလွတ်မြောက်မှုနှင့်
ပြည့်စုံ၏၊
လက်သမားကြီး
ငါသည် ဤဆယ် ပါးသော
တရားတို့နှင့်
ပြည့်စုံသောယောက်ျားပုဂ္ဂိုလ်ကို
ပြည့်စုံသော
ကုသိုလ်ရှိသူ
မြတ်သောကုသိုလ်ရှိသူ
မြတ်သောပုဂ္ဂိုလ်တို့သာ
ရောက်သင့်သော
နေရာသို့
ရောက်သူ (ဝါဒ)
စစ်ထိုး၍
မရနိုင်သူ
ရဟန်းဟူ၍ ပညတ်၏ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူ၏။
ပဉ္စကင်္ဂလက်သမားကြီးသည်
မြတ်စွာဘုရား၏တရားတော်ကို
ဝမ်းမြောက်စွာ
လက်ခံလေသတည်း။
ရှစ်ခုမြောက်
သမဏမုဏ္ဍိကသုတ်
ပြီး၏။
------
၉-စူဠသကုလုဒါယိသုတ်
၂၆၉။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့အား
အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
သကုလုဒါယီပရိဗိုဇ်သည်
များစွာသော
ပရိဗိုဇ်ပရိသတ်နှင့်အတူ
ဥဒေါင်းတို့အား
အစာကျွေးရာဖြစ်သော
ပရိဗိုဇ်အရံ၌
နေ၏။ ထိုအခါ
မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
ရာဇဂြိုဟ်ပြည်သို့
ဆွမ်းအလို့ငှါဝင်တော်မူ၏။
ထိုအခါ
မြတ်စွာဘုရားအား
''ရာဇဂြိုဟ်ပြည်သို့
ဆွမ်းခံသွားရန်
အလွန်စောသေး၏၊
အကယ်၍ ငါသည်
ဥဒေါင်းတို့အား
အစာကျွေးရာဖြစ်သော
ပရိဗိုဇ်အရံ၌ရှိသော
သကုလုဒါယီပရိဗိုဇ်အထံသို့
ချဉ်းကပ်ရမူ
ကောင်းလေရာ၏''ဟု
အကြံဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည်
ဥဒေါင်းတို့အားအစာကျွေးရာဖြစ်သော
ပရိဗိုဇ်အရံသို့
ချဉ်းကပ်တော်မူ၏။
ထိုအခါ
သကုလုဒါယီပရိဗိုဇ်သည်
များပြားသော
ဖီလာစကားကို
ပဲ့တင်ထပ်မျှ
ပြင်းပြကျယ်လောင်
သောအသံဖြင့်
ပြောဆိုလျက်
များစွာသော
ပရိဗိုဇ်ပရိသတ်နှင့်အတူ
နေ၏။
ဤသည်တို့ကား
အဘယ်တို့နည်း၊
မင်းနှင့်စပ်သောစကား
ခိုးသူနှင့့်စပ်သောစကား
အမတ်ကြီးနှင့်စပ်သောစကား
စစ်သည်နှင့်စပ်သောစကား
ကြောက်မက်ဖွယ်နှင့်စပ်သောစကား
စစ်ထိုးခြင်းနှင့်စပ်သောစကား
စားဖွယ်နှင့်စပ်သောစကားသောက်ဖွယ်နှင့်စပ်သောစကား
အဝတ်နှင့်စပ်သောစကား
အိပ်ရာနှင့်စပ်သောစကား
ပန်းနှင့်စပ်သောစကားနံ့သာနှင့်စပ်သောစကား
ဆွေမျိုးနှင့်စပ်သောစကား
ယာဉ်နှင့်စပ်သောစကား
ရွာနှင့်စပ်သောစကား
နိဂုံးနှင့်စပ်သောစကား
မြို့နှင့်စပ်သောစကား
နယ်နှင့်စပ်သောစကား
မိန်းမနှင့်စပ်သောစကား
ယောက်ျားနှင့်စပ်သောစကား
သူရဲကောင်းနှင့်စပ်သောစကား
လမ်းနှင့်စပ်သောစကား
ရေခပ်ဆိပ်နှင့်စပ်သောစကားသေလွန်သူနှင့်စပ်သောစကား
အထွေထွေနှင့်စပ်သောစကား
လောက
(အကြောင်း)
နှင့်စပ်သောစကားသမုဒ္ဒရာ
(အကြောင်း)
နှင့်စပ်သောစကား
ကြီးပွားခြင်း
ဆုတ်ယုတ်ခြင်းနှင့်
စပ်သောစကားတို့တည်း။
သကုလုဒါယီပရိဗိုဇ်သည်
ကြွလာတော်မူသော
မြတ်စွာဘုရားကို
အဝေးကပင်
မြင်လတ်သော်
''အသျှင်တို့တိတ်ဆိတ်စွာ
နေကြကုန်လော့၊
အသံမပြုကြကုန်လင့်၊
ဤရဟန်းဂေါတမသည်
ကြွလာနေ၏။
ထိုအသျှင်သည်
တိတ်ဆိတ်ခြင်းကို
အလိုရှိ၏၊
တိတ်ဆိတ်ခြင်း၏ဂုဏ်ကို
ဆိုလေ့ရှိ၏၊
ပရိသတ်
အသံတိတ်ဆိတ်နေသည်ကို
သိလျှင် ချ
ဉ်းကပ်သင့်၏ဟု
အောက်မေ့တန်ရာ၏''ဟူ၍
မိမိပရိသတ်ကို
သေဝပ်စွာ
နေရန်ပြောဆို၏။
ထိုအခါ ထိုပရိဗိုဇ်တို့သည်
ဆိတ်ဆိတ်နေကုန်၏။
၂၇၀။
ထိုအခါ
မြတ်စွာဘုရားသည်
သကုလုဒါယီပရိဗိုဇ်ထံသို့
ချဉ်းကပ်တော်မူ၏။
ထိုအခါ
သကုလုဒါယီပရိဗိုဇ်သည်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
ဘုန်းတော်ကြီးသော
မြတ်စွာဘုရားသည်
ကြွလာတော်မူပါလော့၊
အသျှင်ဘုရား
မြတ်စွာဘုရား၏
ကြွလာခြင်းသည်
ကောင်းသော
ကြွလာခြင်းဖြစ်ပါသည်။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
ဤအရပ်သို့
ကြွလာရန် အလှည့်ကို
ကြာမြင့်မှ
ပေးတော်မူဘိ၏၊
အသျှင်ဘုရား
ထိုင်တော်မူပါလော့၊
ဤနေရာကို
ပြင်ထားပါ၏''ဟု
လျှောက်၏။
မြတ်စွာဘုရားသည်ခင်းထားအပ်သော
နေရာ၌
ထိုင်တော်မူ၏။
သကုလုဒါယီပရိဗိုဇ်သည်လည်း
နိမ့်သော
ထိုင်စရာတစ်ခုကိုယူ၍
တစ်ခုသော
နေရာ၌ ထိုင်နေ၏၊
တစ်ခုသောနေရာ၌
ထိုင်ပြီးသော
သကုလုဒါယီပရိဗိုဇ်အား
မြတ်စွာဘုရားသည်
''ဥဒါယီ
ယခုအခါ
အဘယ်စကားဖြင့်
သင်တို့
စည်းဝေးနေထိုင်ကြကုန်သနည်း၊
သင်တို့၏မပြီးဆုံးသေးသော
အကြားစကားသည်ကား
အဘယ်နည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
ယခုအခါ့အကျွန်ုပ်တို့
စုဝေးထိုင်နေလျက်
ပြောဆိုနေသော
စကားကို
ထားပါဦး၊
ဤစကားမျိုးသည်
မြတ်စွာဘုရားအား
နောက်အခါ၌လည်း
ကြားရန်
ခဲယဉ်းမည်မဟုတ်ပါ။
အသျှင်ဘုရား
ဤပရိသတ်သို့
အကျွန်ုပ်ချဉ်းကပ်သောအခါ
ဤပရိသတ်သည်
များစွာသော
ဖီလာစကားကို ပြောဆိုလျက်
နေပါ၏။
အသျှင်ဘုရားဤပရိသတ်သို့
အကျွန်ုပ်
ချဉ်းကပ်သောအခါ
''ရဟန်း ဥဒါယီသည်
ငါတို့အား
တရားဟောလိမ့်မည်၊
ထိုတရားကို
နားထောင်ကြကုန်အံ့''ဟု
ဤပရိသတ်သည်
အကျွန်ုပ်၏
မျက်နှာကို
မော်ကြည့်လျက်သာနေပါ၏။
အသျှင်ဘုရား
ဤပရိသတ်သို့
မြတ်စွာဘုရား
ချဉ်းကပ်သောအခါ
''ငါတို့အား
မြတ်စွာဘုရားသည်
တရားဟောလိမ့်မည်၊
ထိုတရားကို
နာကြကုန်အံ့''ဟု
အကျွန်ုပ်သည်လည်းကောင်း၊
ဤပရိသတ်သည်လည်းကောင်း
မြတ်စွာဘုရား
မျက်နှာကို
မော်ကြည့်လျက်သာ
နေကြပါကုန်၏ဟု
(လျှောက်၏)။
၂၇၁။
ဥဒါယီ
သို့ဖြစ်မူ
ငါတရားဟောရမည့်
အကြောင်းကို
သင် စ၍
ပြောလော့ဟု
(မိန့်တော်မူ ၏)။
အသျှင်ဘုရား
ယခင့် ယခင်
နေ့တို့က
''အလုံးစုံကို
သိ၏၊
အလုံးစုံကို
မြင်၏၊
ငါသွားနေသည်
ဖြစ်စေ၊
ရပ်နေသည်ဖြစ်စေ၊
အိပ်နေသည်ဖြစ်စေ၊
နိုးကြားနေသည်ဖြစ်စေ
အမြဲမပြတ်
ဉာဏ်အမြင်သည်ရှေးရှုထင်၏''ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံသောသူသည်
ရှိ၏။
ထိုပုဂ္ဂိုလ်သည်
အကျွန်ုပ်က ရှေ့အဖို့ကို
အကြောင်းပြု၍
ပြဿနာကို မေးသည်ရှိသော်
အကြောင်းတစ်ပါးဖြင့်
အကြောင်းတစ်ပါးကိုဖုံးလွှမ်း၏၊
အပသို့
စကားကို ရောက်စေ၏၊
အမျက်ထွက်ခြင်း
စိတ်ဆိုးခြင်း
နှလုံးမသာယာခြင်းကိုလည်းထင်စွာပြု၏။
ထိုအကျွန်ုပ်အား
မြတ်စွာဘုရားကိုသာလျှင်
အကြောင်းပြု၍
''ဪ
ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊
ဪ
ကောင်းသောစကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရား
မြတ်စွာဘုရားသည်ဤတရားတို့ကို
ကောင်းစွာ
ကျွမ်းကျင်တော်မူ၏''ဟု
အောက်မေ့မိပါ၏။
ဥဒါယီ
အလုံးစုံကို
သိ၏၊
အလုံးစုံကို
မြင်၏၊
ငါသွားနေသည်
ဖြစ်စေ၊
ရပ်နေသည်ဖြစ်စေ၊
အိပ်နေသည်ဖြစ်စေ၊
နိုးကြားနေသည်ဖြစ်စေ၊
အမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှုထင်၏ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံသောထိုပုဂ္ဂိုလ်သည်
သင်က
ရှေ့အဖို့ကိုအကြောင်းပြု၍
ပြဿနာကို
မေးသည်ရှိသော်
အကြောင်းတစ်ပါးဖြင့်အကြောင်းတစ်ပါးကို
ဖုံးလွှမ်း၏၊
အပသို့
စကားကို
ရောက်စေ၏၊ အမျက်ထွက်ခြင်း
စိတ်ဆိုးခြင်း
နှလုံးမသာယာခြင်းကိုလည်း
ထင်စွာ
ပြု၏ဟု (သင်
ဆို၏)။ ထိုသူသည်
အဘယ်သူနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
နာဋ၏သား
နိဂဏ္ဌပါတည်းဟု
(လျှောက်၏)။
ဥဒါယီ
အကြင်သူသည်
များစွာသော
ရှေးကနေဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့ရာ၏။
ဤသည်တို့ကား
အဘယ်နည်း၊
တစ်ခုသောဘဝကိုလည်းကောင်း
နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များသော အစီအရင်ရှိသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့ရာ၏။
ထိုသူသည်
ငါ့အား
ရှေ့အဖို့ကိုအကြောင်းပြု၍
ပြဿနာမေးခဲ့မူ
ထိုသူ့အားလည်း
ငါသည်
ရှေ့အဖို့ကိုအကြောင်းပြု၍
ပြဿနာကို
မေးအံ့၊ ထိုသူသည်လည်းငါ့အား
ရှေ့အဖို့ကိုအကြောင်းပြု၍
ပြဿနာကို
ဖြေခြင်းဖြင့်
စိတ်ကို
နှစ်သက်စေခဲ့မူ
ထိုသူ့အားလည်းငါသည်
ရှေ့အဖို့ကိုအကြောင်းပြု၍
ပြဿနာ ဖြေကြားခြင်းဖြင့်
စိတ်ကို
နှစ်သက်စေရာ၏။
ဥဒါယီ
အကြင်သူသည်
အထူးသဖြင့်
စင်ကြယ်သော လူတို့၏မျက်စိထက်
သာလွန်သော
နတ်တို့၏မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသော
လားရာရှိသောသတ္တဝါ
မကောင်းသော
လားရာရှိသောသတ္တဝါတို့ကို
မြင်၍
ကံအားလျော်စွာ
ဖြစ်ပေါ်သော
သတ္တဝါတို့ကို
သိရာ၏။
ထိုသူသည်
ငါ့အား နောက်အဖို့ကိုအကြောင်းပြု၍
ပြဿနာမေးခဲ့မူ
ငါသည်လည်း
ထိုသူ့အား
နောက်အဖို့ကိုအကြောင်းပြု၍
ပြဿနာကို
မေးအံ့။
ထိုသူသည်လည်း
ငါ့အား
နောက်အဖို့ကိုအကြောင်းပြု၍ပြဿနာဖြေကြားခြင်းဖြင့်
စိတ်ကို
နှစ်သိမ့်စေခဲ့မူ
ငါသည်လည်း
ထိုသူ့အား နောက်အဖို့ကိုအကြောင်းပြု၍
ပြဿနာကို ဖြေကြားခြင်းဖြင့်
စိတ်ကို
နှစ်သိမ့်စေရာ၏။
ဥဒါယီ
သို့ပင်ဖြစ်သော်လည်း
ရှေ့အဖို့ကို
ထားဦး၊
နောက်အဖို့ကို
ထားဦး၊
သင့်အား ''ဤအကြောင်းရှိသော်
ဤအကျိုးတရားဖြစ်၏၊
ဤအကြောင်းတရားဖြစ်ခြင်းကြောင့်
ဤအကျိုးတရားဖြစ်၏၊
ဤအကြောင်း
တရားမရှိသော်
ဤအကျိုးတရားသည်
မရှိ (မဖြစ်)၊
ဤအကြောင်းတရား
ချုပ်ခြင်းကြောင့်ဤအကျိုးတရားသည်
ချုပ်၏''ဟူသော
တရားကို
သင့်အား
ဟောပေအံ့။ အသျှင်ဘုရား
အကျွန်ုပ်သည်ဤခန္ဓာကိုယ်ဖြင့်
ခံစားဖူးသမျှ
အားလုံးကိုသော်လည်း
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
အောက်မေ့ခြင်းငှါ
မစွမ်းနိုင်ပါ။
အကျွန်ုပ်သည်
မြတ်စွာဘုရားကဲ့သို့
များစွာသော
ရှေးကနေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အဘယ်မှာ
အောက်မေ့နိုင်ပါအံ့နည်း။
ဤခန္ဓာအစဉ်ဟူသည်
အဘယ်နည်းဟူမူ
-တစ်ခုသော ဘဝ
နှစ်ခုသော
ဘဝ။ပ။ ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ် (အမည်
အနွယ်)
နှင့်တကွ
များစွာသော
များပြားသော
ရှေး၌နေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အဘယ်မှာ
အောက်မေ့နိုင်ပါအံ့နည်း။
အသျှင်ဘုရား
အကျွန်ုပ်သည်
ယခုအခါ
မြေဖုတ်ဘီလူးမျှကိုသော်လည်း
မမြင်ပါ၊
အကျွန်ုပ်သည်
မြတ်စွာဘုရားကဲ့သို့
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်
သာလွန်သော
နတ်တို့၏
မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါအဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသော
လားရာရှိသောသတ္တဝါ
မကောင်းသောလားရာရှိသော
သတ္တဝါတို့ကို
အဘယ်မှာမြင်နိုင်ပါအံ့နည်း၊
ကံအားလျော်စွာ
ဖြစ်ပေါ်သော
သတ္တဝါတို့ကိုအဘယ်မှာ
သိနိုင်ပါအံ့နည်း။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
''ဥဒါယီ
သို့ပင်ဖြစ်သော်လည်း
ရှေ့အစွန်းကို
ထားဦး၊
နောက်အစွန်းကို
ထားဦး၊ သင့်အား
'ဤအကြောင်းရှိသော်
ဤအကျိုး
ဖြစ်၏၊ ဤအကြောင်းတရားဖြစ်ခြင်းကြောင့်
ဤအကျိုးတရား
ဖြစ်၏၊
ဤအကြောင်းတရားမရှိသော်
ဤအကျိုးတရား
မဖြစ်၊
ဤအကြောင်းတရား
ချုပ်ခြင်းကြောင့်
ဤအကျိုးတရားချုပ်၏'ဟူသော
တရားကို
သင့်အား
ဟောပေအံ့''ဟု
အကျွန်ုပ်ကို
မြတ်စွာဘုရား
မိန့်တော်မူသော
စကားသည်
အကျွန်ုပ်အား
အတိုင်းထက်အလွန်မထင်မြင်နိုင်ပါ။
အသျှင်ဘုရား
အကျွန်ုပ်သည်
အကယ်၍
မိမိ၏ဆရာ့ဝါဒ၌
ပြဿနာဖြေကြားခြင်းဖြင့်မြတ်စွာဘုရား၏
စိတ်ကို
နှစ်သိမ့်စေနိုင်ကောင်းတန်ရာပါ၏ဟု
(လျှောက်၏)။
၂၇၂။
ဥဒါယီ သင်၏
ဆရာ့ဝါဒ၌
အဘယ်သို့
ဖြစ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရားအကျွန်ုပ်တို့၏
မိမိဆရာ့ဝါဒ၌
''ဤသည်ကား
လွန်မြတ်သော
အဆင်းတည်း၊ ဤသည်ကား
လွန်မြတ်သော
အဆင်းတည်း''ဟု
ဖြစ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
သင်၏
ဆရာ့ဝါဒ၌
''ဤသည်ကား
လွန်မြတ်သော အဆင်းတည်း၊
ဤသည်ကား
လွန်မြတ်သောအဆင်းတည်း''ဟု
ဖြစ်ပါ၏ဟူ၍
ဆို၏။
ထိုမြတ်သော
အဆင်းဟူသည်
အဘယ်နည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား အကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းသည်
မရှိ၊
ထိုအဆင်းသည်
မြတ်သောအဆင်း
မည်ပါ၏ဟု
(လျှောက်၏)။
အကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းမရှိသော
ထိုမြတ်သောအဆင်း
ဟူသည်အဘယ်နည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းသည်
မရှိ၊
ထိုအဆင်းသည်
မြတ်သောအဆင်း
မည်ပါ၏ဟု (လျှောက်၏)။
ဥဒါယီ
သင်၏
ဤစကားသည်
ရှည်လျားကျယ်ပြန့်လှချေ၏
''အသျှင်ဘုရား
အကြင်အဆင်းထက်သာလွန်မွန်မြတ်သော
အခြားအဆင်းသည်
မရှိ၊ ထိုအဆင်းသည်
မြတ်သောအဆင်း
မည်၏''ဟု
ဆိုဘိ၏၊
ထိုအဆင်းကိုလည်း
မပညတ်နိုင်။
ဥဒါယီ
ဥပမာအားဖြင့်
''ငါသည်
ဤတိုင်းနယ်၌
ကောင်းခြင်းပြည့်ကြွယ်တိုင်းနယ်မယ်
'ဇနပဒကလျာဏီ'
ကို
လိုချင်၏၊
ချစ်ကြိုက်၏''ဟု
ဆိုသော
ယောက်ျားသည်
ရှိရာ၏။
ထိုယောက်ျားကို
ဤသို့
မေးကုန်ရာ၏ -
''အချင်းယောက်ျား
သင်လိုချင်
ချစ်ကြိုက်သော
ကောင်းခြင်းပြည့်ကြွယ်
တိုင်းနယ်မယ်
'ဇနပဒကလျာဏီ'ကို
'မင်းအမျိုးသမီးဟူ၍လည်းကောင်း၊
ပုဏ္ဏားအမျိုးသမီးဟူ၍လည်းကောင်း၊
ကုန်သည်အမျိုးသမီးဟူ၍လည်းကောင်း၊
သူဆင်းရဲအမျိုးသမီးဟူ၍လည်းကောင်း'သိပါ၏လော''ဟု
(မေးကုန်ရာ၏)။
ဤသို့
မေးသော် မသိပါဟူ၍
ဖြေဆိုရာ၏။
ထိုယောက်ျားကို
ဤသို့မေးကုန်ပြန်ရာ၏
-
''အချင်းယောက်ျား
သင်လိုချင်
ချစ်ကြိုက်သော
ကောင်းခြင်းပြည့်ကြွယ်
တိုင်းနယ်မယ်'ဇနပဒကလျာဏီ'ကို
'ဤအမည်ရှိ၏ဟူ၍လည်းကောင်း၊
ဤအမျိုးအနွယ်ဖြစ်၏ဟူ၍လည်းကောင်း။ပ။
(အရပ်) မြင့်၏ဟူ၍လည်းကောင်း၊
(အရပ်)
နိမ့်၏ဟူ၍လည်းကောင်း၊
အလတ်စား
(မနိမ့်မမြင့်)
ဖြစ်၏ဟူ၍လည်းကောင်း၊
(အသား)
မည်း၏ဟူ၍လည်းကောင်း၊
(အသား) ဝါရွှေ၏ဟူ၍လည်းကောင်း၊
(အသား)
ညို၏ဟူ၍လည်းကောင်း'
သိပါ၏လော၊
'ဤမည်သော
ရွာ၌နေ၏ဟူ၍လည်းကောင်း၊
(ဤမည်သော) နိဂုံး၌နေ၏ဟူ၍လည်းကောင်း၊
(ဤမည်သော)
မြို ့၌
နေ၏ဟူ၍လည်းကောင်း'
သိပါ၏လော''ဟု
(မေးကုန်ပြန်ရာ၏)။
ဤသို့မေးသော်
မသိပါဟု
ဖြေဆိုရာ၏။
ထိုယောက်ျားကို
ဤသို့
မေးကုန်ပြန်ရာ၏-''အချင်းယောက်ျား
သင်သည်
မသိမမြင်ဖူးသူကို
လိုချင်ချစ်ကြိုက်နေသလော''ဟု
(မေးကုန်ပြန်ရာ၏)။
ဤသို့မေးသော်ဟုတ်ရာပါ၏ဟု
ဖြေဆိုရာ၏။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
ဤသို့ဖြစ်လျှင်
ထိုယောက်ျား၏
စကားသည် အခြေအမြစ်မရှိသောစကား၁ ဖြစ်နေသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤသို့ဖြစ်လျှင်
ထိုယောက်ျား၏
စကားသည်
အခြေအမြစ်မရှိသောစကား
မချွတ်ပင်
ဖြစ်နေပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
အသင်သည်
ဤအတူသာလျှင်
''အသျှင်ဘုရား
အကြင်အဆင်းထက်
သာလွန်မွန်မြတ်သောအခြားအဆင်းသည်
မရှိ၊
ထိုအဆင်းသည်
မြတ်သောအဆင်း
ဖြစ်၏''ဟု
ဆို၏။
ထိုအဆင်းကိုလည်းမပညတ်နိုင်ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ဥပမာအားဖြင့်
အလွန်တောက်ပသော
အမျိုးမှန်သော
ရှစ်မြှောင့်ရှိသော
ကောင်းစွာပြုပြင်ပြီးဖြစ်သော
ဝေဠုရိယ 'ကြောင်မျက်ရွဲ'
ရတနာကို
ကမ္ဗလာနီပေါ်၌
ချထားသည်ရှိသော်အရောင်ထွက်
၏၊
ထွန်းတောက်၏၊
တင့်တယ်၏၊
အတ္တသည်
ဤသို့သောအဆင်းရှိ၏၊
သေသည်မှနောက်၌
မြဲ၏ဟု
(လျှောက်၏)။
၂၇၃။
ဥဒါယီ
ထိုအရာကို
အဘယ်သို့ ထင်မှတ်သနည်း၊
အလွန်တောက်ပသော
အမျိုးမှန်သောရှစ်မြှောင့်ရှိသော
ကောင်းစွာ
ပြုပြင်ပြီးဖြစ်သော
ကမ္ဗလာနီပေါ်၌
ချထားအပ်သော
အရောင်ထွက်သော
ထွန်းတောက်သော
တင့်တယ်သော
ဝေဠုရိယကြောင်မျက်ရွဲရတနာရောင်နှင့်
မှောင်မိုက်သော
ညဉ့်အခါထွက်သော
ပိုးစုံးကြူးရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤအရောင်နှစ်မျိုးတို့တွင်
မှောင်မိုက်သော
ညဉ့်အခါ၌ (ထွက်သော)
ပိုးစုံးကြူး
ရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွက်သော)
ပိုးစုံးကြူးရောင်နှင့်
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွန်းညှိသော)
ဆီမီးရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤ အရောင်နှစ်မျိုးတို့တွင်
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွန်းညှိသော)
ဆီမီးရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွန်းညှိသော)
ဆီမီးရောင်နှင့်
မှောင်မိုက်သော
ညဉ့်အခါ၌ (တောက်လောင်သော)
မီးပုံကြီးရောင်
နှစ်မျိုးတို့တွင်အဘယ်
အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရားဤအရောင်နှစ်မျိုးတို့တွင်
မှောင်မိုက်သော
ညဉ့်အခါ၌
(တောက်လောင်သော)
မီးပုံကြီးအရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မှောင်မိုက်သော
ညဉ့်အခါ၌
(တောက်လောင်သော)
့မီးပုံကြီးရောင်နှင့်
ညဉ့်မိုးသောက်ယံအခါ၌
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
(ထွက်ပြူသော)
သောက်ရှူးကြယ်ရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤအရောင်နှစ်မျိုးတို့တွင်
ညဉ့်မိုးသောက်ယံအခါ၌
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
(ထွက်ပြူသော)
သောက်ရှူးကြယ်ရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
ညဉ့်မိုးသောက်ယံအခါ
မိုးတိမ်ကင်းသည့်ကောင်းကင်မြင့်၌
(ထွက်ပြူသော)
သောက်ရှူးကြယ်ရောင်နှင့်
တစ်ဆယ့်ငါးရက်မြောက်
ဥပုသ်နေ့
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
တည့်မတ်သော
သန်းခေါင်ယံအချိန်တွင်
(ထွန်းလင်းသော)
လရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤအရောင် နှစ်မျိုးတို့တွင်
တစ်ဆယ့်ငါးရက်မြောက်
ဥပုသ်နေ့
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
တည့်မတ်သော
သန်းခေါင်ယံအချိန်တွင်
(ထွန်းလင်းသော)
လရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
တစ်ဆယ့်ငါးရက်မြောက်
ဥပုသ်နေ့
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
တည့်မတ်သော
သန်းခေါင်ယံအချိန်တွင်
(ထွန်းလင်းသော)
လရောင်နှင့်
မိုးလတို့၏
နောက်ဆုံး
တန်ဆောင်မုန်းလအခါ
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
မွန်းမတ်မတ်တည့်ချိန်တွင်
(ထွန်းလင်းသော)
နေရောင်နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤအရောင်
နှစ်မျိုးတို့တွင်
မိုးလတို့၏
နောက်ဆုံး
တန်ဆောင်မုန်းလအခါမိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
မွန်းမတ်မတ်
တည့်ချိန်တွင်
(ထွန်းလင်းသော)
နေရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
လနေတို့၏
အလင်းရောင်ကို
မခံစားသော နတ်တို့သည်
လနေတို့၏
အလင်းရောင်ကိုခံစားသော
နတ်တို့ထက်
သာလွန်များပြားကုန်၏၊
ထိုနတ်တို့ကို
ငါသိ၏၊
ထိုသို့ပင်သိသော်လည်း''အကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းမရှိ''
ဟူ၍ ငါမဆို။
ဥဒါယီ ထိုသို့ဖြစ်လျက်''အကြင်အဆင်းသည်
ပိုးစုံးကြူး
အောက်လည်း
ယုတ်ညံ့၏၊
အောက်တန်းကျ၏၊
ထိုအဆင်းကို
မြတ်သောအဆင်း''ဟု
သင် ဆိုဘိ၏၊
ထိုအဆင်း
ကိုလည်း
မပညတ်နိုင်ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားစကားတော်သည်
အံ့ဩဖွယ်
ရှိလှပါ၏၊
ကောင်းသော
စကားကိုသ
ဆိုတော်မူတတ်သော
မြတ်စွာဘုရားစကားတော်သည်
အံ့ဩဖွယ်ရှိလှပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
သင်သည်
အဘယ်အကြောင်းကြောင့်
''မြတ်စွာဘုရား
စကားတော်သည်
အံ့ဩဖွယ်
ရှိလှပါ၏၊ ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရား
စကားတော်သည်
အံ့ဩဖွယ်
ရှိလှပါ၏''ဟုဆိုဘိသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့၏
မိမိဆရာ့အယူဝါဒ၌
''ဤ
သည်ကားလွန်မြတ်သော
အဆင်းတည်း၊
ဤသည်ကား
လွန်မြတ်သော
အဆင်းတည်း''ဟု
အယူဝါဒ
ဖြစ်ပါ၏။
အသျှင်ဘုရားထို
အကျွန်ုပ်တို့သည်
မြတ်စွာဘုရားက
မိမိဆရာ့အယူဝါဒ၌
မေးစစ်သည်ရှိသော်စိစစ်သည်ရှိသော်
ဆိုဆုံးမသည်ရှိသော်
ဆိတ်သုဉ်းကြပါကုန်၏၊
အချည်းနှီးဖြစ်ကြပါကုန်၏၊
လွဲချော်ကြပါကုန်၏ဟု
(လျှောက်၏)။
၂၇၄။
ဥဒါယီ စင်စစ်
ချမ်းသာသော
လောကသည် ရှိသလော၊
စင်စစ်
ချမ်းသာသော
လောကကိုမျက်မှောက်ပြုရန်
အထောက်အထားခိုင်လုံသော
အကျင့်သည်
ရှိပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့၏
မိမိဆရာ့အယူဝါဒ၌
''စင်စစ်
ချမ်းသာသော
လောကသည်
ရှိပါ၏၊
စင်စစ်ချမ်းသာသော
လောကကို
မျက်မှောက်ပြုရန်
အထောက်အထား
ခိုင်လုံသော
အကျင့်သည်
ရှိပါ၏''ဟု
(လျှောက်၏)။
ဥဒါယီ
စင်စစ်
ချမ်းသာသော
လောကကို
မျက်မှောက်ပြုရန်
အထောက်အထားခိုင်လုံသော
အကျင့်ဟူသည်
အဘယ်နည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ဤလောက၌
အချို့သူသည်
အသက်သတ်ခြင်းကို
ပယ်၍ အသက်သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းကို
ပယ်၍
မပေးသည်ကို
ယူခြင်းမှရှောင်ကြဉ်၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းကို
ပယ်၍
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောဆိုခြင်းကို
ပယ်၍
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏၊
ထို့အပြင်အကျင့်ဂုဏ်
တစ်မျိုးမျိုးကို
ဆောက်တည်၍
ကျင့်၏။
အသျှင်ဘုရား
ဤသည်ကား
စင်စစ် ချမ်းသာသောလောကကို
မျက်မှောက်ပြုရန်
အထောက်အထားခိုင်လုံသော
အကျင့်ပါတည်းဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
အသက်သတ်ခြင်းကို
ပယ်၍
အသက်သတ်ခြင်းမှရှောင်ကြဉ်သော
အခါ၌ ခန္ဓာကိုယ်အတ္တဘောသည်
စင်စစ်
ချမ်းသာရှိသလော၊
ချမ်းသာဆင်းရဲ
တွဲလျက်ရှိသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ချမ်းသာဆင်းရဲ
တွဲလျက်
ရှိပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မပေးသည်ကို
ယူခြင်းကို
ပယ်၍
မပေးသည်ကိုယူခြင်းမှ
ရှောင်ကြဉ်သောအခါ၌
ခန္ဓာကိုယ်အတ္တဘောသည်
စင်စစ်
ချမ်းသာရှိသလော၊
ချမ်းသာဆင်းရဲတွဲလျက်
ရှိသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ချမ်းသာဆင်းရဲ
တွဲလျက်ရှိပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းကို
ပယ်၍ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်သော
အခါ၌
ခန္ဓာကိုယ်အတ္တဘောသည်
စင်စစ်ချမ်းသာရှိသလော၊
ချမ်းသာဆင်းရဲ
တွဲလျက်ရှိသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ချမ်းသာဆင်းရဲတွဲလျက်ရှိပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မဟုတ်မမှန်
ပြောဆိုခြင်းကို
ပယ်၍ မဟုတ်မမှန်ပြောဆိုခြင်းမှ
ရှောင်ကြဉ်သောအခါ၌
စင်စစ်
ချမ်းသာရှိသလော၊
ချမ်းသာဆင်းရဲ
တွဲလျက်
ရှိသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ချမ်းသာဆင်းရဲ
တွဲလျက်
ရှိပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
အကျင့်ဂုဏ်တစ်မျို
းမျိုးကို
ဆောက်တည်၍ကျင့်သောအခါ၌
ခန္ဓာကိုယ်အတ္တဘောသည်
စင်စစ်
ချမ်းသာရှိသလော၊
ချမ်းသာဆင်းရဲ
တွဲလျက်
ရှိသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ချမ်းသာဆင်းရဲ
တွဲလျက်
ရှိပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
ရောပြွမ်းသော
ချမ်းသာ
ဆင်းရဲမှုရှိသော
အကျင့်ကိုအစွဲပြု၍
စင်စစ်
ချမ်းသာသောလောကကို
မျက်မှောက်ပြုရန်
ဖြစ်နိုင်ရာအံ့လောဟု
(မေးတော်မူ၏)။
မြတ်စွာဘုရား
စကားတော်သည်
အံ့ဩဖွယ်ကောင်းလှပါ၏၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သောမြတ်စွာဘုရား
စကားတော်သည်
အံ့ဩဖွယ်ကောင်းလှပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
သင်သည်
အဘယ်အကြောင်းကြောင့်
''မြတ်စွာဘုရား
စကားတော်သည်
အံ့ဩဖွယ်
ကောင်းလှပါ၏၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရား
စကားတော်သည်
အံ့ဩဖွယ်ကောင်းလှပါ၏''ဟု
ဆိုဘိသနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား အကျွန်ုပ်တို့၏
မိမိဆရာ့အယူဝါဒ၌''စင်စစ်
ချမ်းသာသော
လောကသည်
ရှိ၏၊ စင်စစ်
ချမ်းသာသောလောကကို
မျက်မှောက်ပြုရန်အထောက်အထား
ခိုင်လုံသော
အကျင့်သည် ရှိ၏''ဟူသော
အယူဝါဒသည်
ဖြစ်ပါ၏။
အသျှင်ဘုရားအကျွန်ုပ်တို့သည်
မြတ်စွာဘုရားက
မိမိဆရာ့အယူဝါဒ၌
မေးစစ်သည်ရှိသော်
စိစစ်သည်ရှိသော်
ဆိုဆုံးမသည်ရှိသော်
ဆိတ်သုဉ်းကြပါကုန်၏၊
အချည်းနှီးဖြစ်ကြပါကုန်၏၊
လွဲချော်ကြပါကုန်၏ဟု
(လျှောက်၏)။
၂၇၅။
အသျှင်ဘုရား
စင်စစ်
ချမ်းသာသောလောကသည်
ရှိပါသလော၊
စင်စစ်
ချမ်းသာသောလောကကို
မျက်မှောက်ပြုရန်
အထောက်အထား
ခိုင်လုံသော
အကျင့်သည်
ရှိပါသလောဟု
(လျှောက်၏)။
ဥဒါယီ စင်စစ်
ချမ်းသာသောလောကသည်
ရှိသည်သာတည်း၊
စင်စစ်ချမ်းသာသောလောကကို
မျက် မှောက်ပြုရန်
အထောက်အထား
ခိုင်လုံသော
အကျင့်သည်ရှိသည်သာတည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
စင်စစ်
ချမ်းသာသော
လောကကို မျက်မှောက်
ပြုရန်
အထောက်အထား
ခိုင်လုံသောအကျင့်ဟူသည်
အဘယ်ပါနည်းဟု
(လျှောက်၏)။
ဥဒါယီ
ဤသာသနာတော်၌
ရဟန်းသည်
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေ၏။
ဝိတက်
ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏။
ပီတိကိုလည်း
မတပ်မက်ခြင်း
(စက်ဆုပ်ခြင်း)
ကြောင့်။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
ဥဒါယီ စင်စစ်
ချမ်းသာသော
လောကကို
မျက်မှောက်
ပြုရန်အထောက်အထား
ခိုင်လုံသော
ထိုအကျင့်
ဟူသည်
ဤသည်ပင်တည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ထို
(ငါးပါးသီလ)
အကျင့်သည်
စင်စစ်
ချမ်းသာသော
လောကကို
မျက်မှောက်
ပြုရန်အထောက်အထား
ခိုင်လုံသော
အကျင့်
မဟုတ်သေးပါ၊
အသျှင်ဘုရား
ဤမျှ
အတိုင်းအရှည်ရှိသော
(တတိယဈာန်)
အကျင့်ဖြင့်
ထိုသူသည်
စင်စစ် ချမ်းသာသောလောကကို
မျက်မှောက်ပြုပြီးသာ
ဖြစ်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
ဤမျှအတိုင်းအရှည်ရှိသော
(တတိယဈာန်)
အကျင့်ဖြင့်
ထိုသူသည်
စင်စစ်ချမ်းသာ
သော လောကကို
မျက်မှောက်ပြုပြီး
မဟုတ်သေး၊ ထို
(တတိယဈာန်)
အကျင့်သည်
စင်စစ်ချမ်းသာ
သော လောကကို
မျက်မှောက်ပြုရန်
အထောက်အထား
ခိုင်လုံရုံမျှသာ
ဖြစ်သေး၏ဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူသော်
သကုလုဒါယီပရိဗိုဇ်၏
ပရိသတ်တို့သည်
''ဤအရာ၌
ငါတို့သည်
ဆရာနှင့်တကွ
ပျက်စီးကြကုန်၏၊
ဤအရာ၌
ငါတို့သည်
ဆရာနှင့်တကွ
ပျက်စီးကြကုန်၏၊
ငါတို့သည်
ဤထက်အလွန်ထူးကဲသည်ကို
မသိကြကုန်''ဟု
ပဲ့တင်ထပ်မျှ
ပြင်းပြကျယ်လောင်သော
အသံကို
ပြုကြကုန်၏။
ထိုအခါ
သကုလုဒါယီပရိဗိုဇ်သည်
တိတ်ဆိတ်အောင်
ပြု၍
မြတ်စွာဘုရားအား
''အသျှင်ဘုရားထိုသူသည်
အဘယ်သို့သော
အတိုင်းအရှည်ဖြင့်
စင်စစ်
ချမ်းသာသော
လောကကို
မျက်မှောက်ပြုပါသနည်း''ဟု
(လျှောက်၏)၊
ဥဒါယီ ဤသာသနာတော်၌
ရဟန်းသည်
သုခကို
ပယ်ခြင်းကြောင့်လည်းကောင်း။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏၊
စင်စစ်
ချမ်းသာသောလောကသို့ကပ်ရောက်ကြသော
နတ်တို့နှင့်အတူ
ကောင်းစွာတည်ရ၏၊
ကောင်းစွာ
စကားပြောရ၏၊
ဆွေးနွေးရ၏၊
ဥဒါယီ
ထိုသူသည်
ဤမျှ
အတိုင်းအရှည်ဖြင့်
စင်စစ်
ချမ်းသာသောလောကကို
မျက်မှောက်ပြု၏ဟု
(မိန့်တော်မူ၏)။
၂၇၆။
အသျှင်ဘုရား
ရဟန်းတို့သည်
စင်စစ် ဤချမ်းသာသောလောကကို
မျက်မှောက်ပြုလိုသောကြောင့်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးကြကုန်သလောဟု
(လျှောက်၏)။
ဥဒါယီ
ရဟန်းတို့သည်
စင်စစ်
ချမ်းသာသောလောကကို
မျက်မှောက်ပြုလိုသောကြောင့်
ငါ့အထံ၌မြတ်သော
အကျင့်ကို
ကျင့်ကြသည်
မဟုတ်ကုန်၊ ဥဒါယီ
သာလွန်မွန်မြတ်သော
အခြားတရားတို့သည်ရှိကုန်သေး၏၊
ယင်းတရားတို့ကို
မျက်မှောက်ပြုလိုသောကြောင့်
ရဟန်းတို့သည်
ငါ့အထံ၌မြတ်သောအကျင့်ကို
ကျင့်ကြကုန်၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ရဟန်းတို့သည်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေကြကြောင်းဖြစ်သော
မျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သော
တရားတို့ဟူသည်
အဘယ်တို့ပါနည်းဟု
(လျှောက်၏)။
ဥဒါယီ ဤလောက၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့်
'စရဏ'နှင့်
ပြည့်စုံတော်မူသော၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော၊
လောကကို
သိတော်မူသော၊
ဆုံးမထိုက်သူကိုဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်
ဖြစ်တော်မူသော၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော၊
သစ္စာလေးပါးတရားတို့ကို
သိစေတော်မူသော၊
ဘုန်းတန်ခိုးကြီးတော်မူသော
မြတ်စွာဘုရားသည်ဤလောက၌
ပွင့်တော်မူ၏။ပ။
ထိုရဟန်းသည်
စိတ်ညစ်ညူးကြောင်းဖြစ်၍
ပညာအားနည်းခြင်းကိုပြုတတ်သော
ဤနီဝရဏတရားငါးပါးတို့ကို
ပယ်၍
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
့ပဌမဈာန်သို့
ရောက်၍ နေ၏။
ဥဒါယီ
ဤသည်လည်း
ရဟန်းတို့သည်
ငါ့အထံ၌
မြတ်သောအကျင့်ကိုကျင့်သုံးနေကြကြောင်းဖြစ်သော
မျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သော
တရားပင်တည်း။
ဥဒါယီ
တစ်ဖန်
ထို့ပြင်လည်း
ဝိတက်
ဝိစာရတို့၏
ငြိမ်းခြင်းကြောင့်
ဒုတိယဈာန်။
တတိယဈာန်။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ဥဒါယီ
ဤသည်လည်း
ရဟန်းတို့သည်
ငါ့အထံ၌ မြတ်သောအကျင့်ကိုကျင့်သုံးနေကြကြောင်းဖြစ်သော
မျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သော
တရားပင်တည်း။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုခြင်းငှါသင့်လျော်လတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
ရှေး၌နေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့တတ်သောဉာဏ်အကျိုးငှါ
စိတ်ကို
ရှေးရှု
ညွတ်စေ၏၊
ထိုရဟန်းသည်
များပြားသော
ရှေး၌
နေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏။
ဤသည်ကား
အဘယ်နည်း၊
တစ်ခုသော
ဘဝကိုလည်းကောင်း၊
နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များပြားသော
ရှေး၌
နေခဲ့ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်၏။
ဥဒါယီ
ဤသည်လည်း
ရဟန်းတို့သည်ငါ့အထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေကြကြောင်းဖြစ်သော
မျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သောတရားပင်တည်း။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုခြင်းငှါသင့်လျော်လတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
သတ္တဝါတို့၏
စုတိပဋိသန္ဓေကို
သိတတ်သော
ဉာဏ်အကျိုးငှါစိတ်ကို
ရှေးရှုညွတ်စေ၏၊
ထိုရဟန်းသည်
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏
မျက်စိထက်
သာလွန်သော
နတ်တို့၏
မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသောသတ္တဝါ
ကောင်းသော
လားရာရှိသောသတ္တဝါ
မကောင်းသော
လားရာရှိသောသတ္တဝါတို့ကို
မြင်၏။ပ။
ကံအားလျော်စွာ
ဖြစ်ပေါ်သောသတ္တဝါတို့ကို
အပြားအားဖြင့်
သိ၏။ ဥဒါယီ
ဤသည်လည်း
ရဟန်းတို့သည်
ငါ့အထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေကြကြောင်းဖြစ်သော
မျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သော
တရားပင်တည်း။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေး မရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုခြင်းငှါသင့်လျော်လတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
အာသဝေါတရားတို့၏
ကုန်ရာဖြစ်သော
'အာသဝက္ခယဉာဏ်'
အလို့ငှါ
စိတ်ကို
ရှေးရှုဆောင်၏၊
ရှေးရှုညွတ်စေ၏၊
ထိုရဟန်းသည်
ဤတရားကား
ဆင်းရဲဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
ဤတရားကား
ဆင်းရဲဖြစ်ကြောင်းဟု။ပ။
ဤတရားကား
ဆင်းရဲချုပ်ငြိမ်းရာ
(နိဗ္ဗာန်)ဟု။
ဤတရားကား
ဆင်းရဲချုပ်ငြိမ်းရာ
(နိဗ္ဗာန်)
သို့
ရောက်ကြောင်းအကျင့်ဟုဟုတ်တိုင်းမှန်စွာသိ၏၊
ဤတရားတို့ကား
အာသဝေါတရားတို့ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
ဤတရားကား
အာသဝေါတရားတို့၏
ဖြစ်ကြောင်းဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
ဤတရားကား အာသဝေါတရားတို့၏
ချုပ်ရာ
(နိဗ္ဗာန်)ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
ဤတရားကား
အာသဝေါတရားတို့၏
ချုပ်ရာ
(နိဗ္ဗာန်)
သို့
ရောက်ကြောင်းအကျင့်ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
ဤသို့သိသော
ဤသို့မြင်သော
ထိုရဟန်း၏စိတ်သည်ကာမာသဝမှလည်း
လွတ်မြောက်၏၊
ဘဝါသဝမှလည်း
လွတ်မြောက်၏၊
အဝိဇ္ဇာသဝမှလည်း
လွတ်မြောက်၏၊
လွတ်မြောက်ပြီးသော
အရဟတ္တဖိုလ်၌
လွတ်မြောက်ပြီဟု
အသိဉာဏ်
ဖြစ်ပေါ်၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ် (မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်) ကိစ္စ
အလို့ငှါတစ်ပါးသော
ပြုဖွယ်ကိစ္စမရှိတော့ပြီ''ဟု
သိ၏။ ဥဒါယီ
ဤသည်လည်း
ရဟန်းတို့သည်
ငါ့အထံ၌မြတ်သော
အကျင့်ကို
ကျင့်သုံးနေကြကြောင်းဖြစ်သော
မျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သော
တရားပင်တည်း။
ဥဒါယီရဟန်းတို့သည်
ငါ့အထံ၌ မြတ်သောအကျင့်ကို
ကျင့်သုံးနေကြကြောင်းဖြစ်သောမျက်မှောက်ပြုရမည့်
သာလွန်မွန်မြတ်သော
တရားတို့ဟူသည်
ဤတရားတို့ပင်တည်းဟု
(မိန့်တော်မူ၏)။
၂၇၇။
ဤသို့
မိန့်တော်မူသည်ရှိသော်
ဥဒါယီပရိဗိုဇ်သည်
မြတ်စွာဘုရားကို
''အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါ၏၊
အသျှင်ဘုရား
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်ရှိပါ၏၊
အသျှင်ဘုရား
ဥပမာသော်ကား
မှောက်ထားသော
ဝတ္ထုကို
လှန်ဘိသကဲ့သို့လည်းကောင်း၊
ဖုံးလွှမ်းထားသော
ဝတ္ထုကို
ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်သောသူအား
လမ်းမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်း၊
'မျက်စိရှိသောသူတို့သည်
အဆင်းတို့ကို
မြင်ကြလိမ့်မည်'ဟု
အမိုက်မှောင်၌ဆီမီးတန်ဆောင်ကို
ဆောင်ပြဘိသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်
အသျှင်ဂေါတမသည်
အကြောင်းအမျိုးမျိုးဖြင့်
တရားတော်ကို
ပြတော်မူ၏၊
အကျွန်ုပ်သည်
အသျှင်ဘုရားကိုု
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရား
အထံတော်၌
ရှင်အဖြစ်ကိုရလိုပါ၏၊
ပဉ္စင်း
အဖြစ်ကို
ရလိုပါ၏ဟု
(လျှောက်၏)။
ဤသို့
လျှောက်သည်ရှိသော်
သကုလုဒါယီပရိဗိုဇ်၏
ပရိသတ်တို့သည်
သကုလုဒါယီပရိဗိုဇ်ကို''အသျှင်ဥဒါယီ
အသျှင်ဥဒါယီသည်
ရဟန်းဂေါတမအထံ၌
မြတ်သောအကျင့်ကို
မကျင့်ပါလင့်၊
အသျှင်ဥဒါယီသည်
ဆရာတစ်ဆူ
ဖြစ်ပြီးလျက်
တပည့်နေ
နေခြင်းကို
မနေပါလင့်၊
ဥပမာအားဖြင့်
အိုးစရည်းကြီးဖြစ်ပြီးလျက်
ရေသယ်အိုး
ဖြစ်ရာသကဲ့သို့
အသျှင်ဥဒါယီအားလည်း
ဖြစ်ပါလတ္တံ့။
အသျှင်ဥဒါယီသည်ရဟန်းဂေါတမအထံ၌
မြတ်သော
အကျင့်ကို
မကျင့်ပါလင့်၊
အသျှင်ဥဒါယီသည်
ဆရာတစ်ဆူ ဖြစ်ပြီးလျက်တပည့်နေ
နေခြင်းကို
မနေပါလင့်''ဟု
ပြောဆိုကြကုန်၏။
ဤသို့လျှင်
သကုလုဒါယီပရိဗိုဇ်၏
ပရိသတ်သည်
သကုလုဒါယီပရိဗိုဇ်ကို
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်ခြင်း၌
အန္တရာယ်ကို
ပြုလေသတည်း။
ကိုးခုမြောက်
စူဠသကုလုဒါယိသုတ်
ပြီး၏။
------
၁။
အပ္ပါဋိဟီရကထန္တိ
အနိယျာနိကံ
အမူလကံ နိရတ္ထကံ
သမ္ပဇ္ဇတိ
(အဋ္ဌကထာ)။
Ã
၁၀-ဝေခနသသုတ်
၂၇၈။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ ဝေခနသပရိဗိုဇ်သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို
ပြောဆိုပြီးဆုံးစေကာ
တစ်ခုသောနေရာ၌ရပ်တည်လျက်
မြတ်စွာဘုရား
အထံတော်၌
''ဤသည်ကား
လွန်မြတ်သော
အဆင်းတည်း၊
ဤသည်ကားလွန်မြတ်သော
အဆင်းတည်း''ဟု
ဥဒါန်းကျူးရင့်၏။
ကစ္စာန
အဘယ်ကြောင့်
သင်သည်
''ဤသည်ကား
လွန်မြတ်သော
အဆင်းတည်း၊
ဤသည်ကားလွန်မြတ်သော
အဆင်းတည်း''ဟု
ဆိုဘိသနည်း။
ကစ္စာန
ထိုမြတ်သောအဆင်းဟူသည်
အဘယ်နည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းသည်
မရှိ၊
ထိုအဆင်းသည်
မြတ်သောအဆင်းမည်၏ဟု
(လျှောက်၏)။
ကစ္စာန
အကြင်အဆင်းထက်သာလွန်မွန်မြတ်
သော
အခြားအဆင်းသည်
မရှိ၊
ထိုအဆင်းဟူသည်
အဘယ်နည်း။
အသျှင်ဂေါတမအကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းသည်
မရှိ၊ ထိုအဆင်းသည်
မြတ်သောအဆင်း့မည်ပါ၏ဟု
(လျှောက် ၏)။
ကစ္စာန သင်၏
ဤစကားသည်
ရှည်လျားပြန့်ကျယ်လှချေ၏၊
''အသျှင်ဂေါတမ
အကြင်အဆင်းထက်
သာလွန်မွန်မြတ်သော
အခြားအဆင်းသည်
မရှိ၊
ထိုအဆင်းသည်မြတ်သောအဆင်းမည်၏''ဟု
ဆိုဘိ၏၊
ထိုအဆင်းကိုလည်း
မပညတ်နိုင်၊
ကစ္စာန
ဥပမာအားဖြင့်''ငါသည်
ဤတိုင်းနယ်၌
ကောင်းခြင်းပြည့်ကြွယ်
တိုင်းနယ်မယ်
'ဇနပဒကလျာဏီ'ကို
လိုချင်၏၊
ချစ်ကြိုက်၏''ဟု
ဆိုသော
ယောက်ျားသည်
ရှိရာ၏။
ထိုယောက်ျားကို
''အချင်းယောက်ျား
သင်လိုချင်ချစ်ကြိုက်သော
ကောင်းခြင်းပြည့်ကြွယ်
တိုင်းနယ်မယ်
'ဇနပဒကလျာဏီ'
ကို'မင်းအမျိုးသမီးဟူ၍လည်းကောင်း၊
ပုဏ္ဏားအမျိုးသမီးဟူ၍လည်းကောင်း၊
ကုန်သည်အမျိုးသမီးဟူ၍လည်းကောင်း၊
သူဆင်းရဲအမျိုးသမီးဟူ၍လည်းကောင်း'
သိပါ၏လော''ဟု မေးကုန်ရာ၏။
ဤသို့မေးသော်
မသိပါဟူ၍
ဆိုရာ၏၊
ထိုယောက်ျားကို
''အချင်းယောက်ျား
သင်လိုချင်ချစ်ကြိုက်
သောကောင်းခြင်းပြည့်ကြွယ်
တိုင်းနယ်မယ်
'ဇနပဒကလျာဏီ'
ကို
'ဤအမည်ရှိ၏ဟူ၍လည်းကောင်း၊
ဤအမျိုးအနွယ်ဖြစ်၏ဟူ၍လည်းကောင်း။ပ။
'(အရပ်)
မြင့်၏ဟူ၍လည်းကောင်း၊
(အရပ်) နိမ့်၏ဟူ၍လည်းကောင်း၊
(အရပ်)
အလတ်စား
(မမြင့်
မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း၊
အသားမည်း၏ဟူ၍လည်းကောင်း၊
အသားဝါရွှေ၏ဟူ၍လည်းကောင်း၊
အသားညို၏ဟူ၍လည်းကောင်း'
သိပါ၏လော။
'ဤမည်သော
ရွာ၌နေ၏ဟူ၍လည်းကောင်း၊
ဤမည်သောနိဂုံး၌
နေ၏ဟူ၍လည်းကောင်း၊
ဤမည်သော
မြို့၌နေ၏ဟူ၍လည်း
ကောင်း'
သိပါ၏လော''ဟု
မေးကုန်ပြန်ရာ၏။
ဤသို့မေးသော်
မသိပါဟုဖြေဆိုရာ၏။
ထိုယောက်ျားကို
''အချင်းယောက်ျား
သင်သည်
မသိမမြင်ဖူးသူကိုလိုချင်ချစ်ကြိုက်နေသလော''ဟု
မေးကုန်ပြန်ရာ၏။
ဤသို့မေးသော်ဟုတ်ရာပါ၏ဟု
ပြောဆိုရာ၏။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
ဤသို့ဖြစ်လျှင်
ထိုယောက်ျား၏
စကားသည်အခြေအမြစ်မရှိသောစကား
ဖြစ်နေသည်မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤသို့ဖြစ်လျှင်ထိုယောက်ျား၏
စကားသည်
အခြေအမြစ်မရှိသောစကား
မချွတ်ပင်
ဖြစ်နေပါ၏ဟု
(လျှောက်၏)။ ကစ္စာန
သင်သည်
ဤအတူသာလျှင်
''အသျှင်ဘုရား
အကြင်အဆင်းထက်
သာလွန်မွန်မြတ်သောအခြားအဆင်း
သည် မရှိ၊
ထိုအဆင်းသည်
မြတ်သောအဆင်း
မည်၏''ဟု
ဆို၏။
ထိုအဆင်းကိုလည်းမပညတ်နိုင်ဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
ဥပမာအားဖြင့်
အလွန်တောက်ပသော
အမျိုးမှန်သောရှစ်မြှောင့်ရှိသော
ကောင်းစွာ
ပြုပြင်ပြီးဖြစ်သော
ဝေဠုရိယ
ကြောင်မျက်ရွဲရတနာကို
ကမ္ဗလာနီပေါ်၌ချထားသည်ရှိသော်
အရောင်ထွက်၏၊
အလွန်တောက်၏၊
တင့်တယ်၏၊
အတ္တသည်
ဤသို့သောအဆင်းရှိ၏၊
သေသည်မှ
နောက်၌
မြဲ၏ဟု
(လျှောက်၏)။
၂၇၉။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
အလွန်တောက်ပသော
အမျိုးမှန်သောရှစ်မြှောင့်ရှိသော
ကောင်းစွာ
ပြုပြင်ပြီးဖြစ်သော
ကမ္ဗလာနီပေါ်၌
ချထားအပ်သော
အရောင်ထွက်သောထွန်းတောက်သော
တင့်တယ်သော
ဝေဠုရိယ
ကြောင်မျက်ရွဲရတနာရောင်နှင့်
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွက်သော)
ပိုးစုံးကြူးရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤအရောင်နှစ်မျိုးတို့တွင်
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွက်သော) ပိုးစုံးကြူးရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွက်သော)
ပိုးစုံးကြူးရောင်နှင့်
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွန်းညှိသော)
ဆီမီးရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤအရောင်နှစ်မျိုးတို့တွင်မှောင်မိုက်သော
ညဉ့်အခါ၌
(ထွန်းညှိသော)
ဆီမီးရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မှောင်မိုက်သော
ညဉ့်အခါ၌
(ထွန်းညှိသော)
ဆီမီးရောင်နှင့်
မှောင်မိုက်သော
ညဉ့်အခါ၌
(တောက်လောင်သော)
မီးပုံကြီးရောင်
နှစ်မျိုးတို့တွင်
အဘယ့်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမဤအရောင်နှစ်မျိုးတို့တွင်
မှောင်မိုက်သော
ညဉ့်အခါ၌
(တောက်လောင်သော)
မီးပုံကြီးရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
မှောင်မိုက်သော
ညဉ့်အခါ၌
(တောက်လောင်
သော) မီးပုံကြီးရောင်နှင့်
ညဉ့်မိုးသောက်ယံအခါ
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
(ထွက်ပြူသော) သောက်ရှူးကြယ်ရောင်
နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤအရောင်နှစ်မျိုးတို့တွင်
ညဉ့်မိုးသောက်ယံအခါ
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
(ထွက်ပြူသော)
သောက်ရှူးကြယ်ရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
ညဉ့်မိုးသောက်ယံအခါ
မိုးတိမ်ကင်းသည့်ကောင်းကင်မြင့်၌
(ထွက်ပြူသော)
သောက်ရှူးကြယ်ရောင်နှင့်
တစ်ဆယ့်ငါးရက်မြောက်
ဥပုသ်နေ့
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
တည့်မတ်သော
သန်းခေါင်ယံအချိန်တွင်
ထွန်းလင်းသော
လရောင်
နှစ်မျိုးတို့တွင်
အဘယ်
အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤအရောင်နှစ်မျိုးတို့တွင်
တစ်ဆယ့်ငါးရက်မြောက်
ဥပုသ်နေ့
မိုးတိမ်ကင်းသည့်
ကောင်းကင်မြင့်၌
တည့်မတ်သော
သန်းခေါင်ယံအချိန်တွင်
ထွန်းလင်းသော
လရောင်သည်
သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ကစ္စာန
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
တစ်ဆယ့်ငါးရက်မြောက်
ဥပုသ်နေ့
မိုးတိမ်ကင်းသည့်ကောင်းကင်မြင့်၌
တည့်မတ်သော
သန်းခေါင်ယံအချိန်တွင်
ထွန်းလင်းသော
လရောင်နှင့်
မိုးလတို့၏နောက်ဆုံး
တန်ဆောင်မုန်းလအခါ
မိုးတိမ်ကင်းသည့်
မိုးကောင်းကင်မြင့်၌
မွန်းမတ်မတ်တည့်
ချိန်တွင်
(ထွန်းလင်းသော)
နေရောင်နှစ်မျိုးတို့တွင်
အဘယ်အရောင်သည်
သာလွန်ကောင်းမြတ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤအရောင်နှစ်မျိုးတို့တွင်
မိုးလတို့၏
နောက်ဆုံး တန်ဆောင်မုန်းလအခါ၌
မိုးတိမ်ကင်းသည့်
မိုးကောင်းကင်မြင့်၌
မွန်းမတ်မတ်တည့်ချိန်တွင်
(ထွန်းလင်းသော)
နေရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု
(လျှောက်၏)။
ကစ္စာန
လနေတို့၏ အလင်းရောင်ကို
မခံစားကြသော
နတ်တို့သည် လနေတို့၏
အလင်းရောင်ကို
ခံစားသော
နတ်တို့ထက်
သာလွန်များပြားကုန်၏၊
ထိုနတ်တို့ကိုငါသိ၏။
ထိုသို့ပင်
သိသော်လည်း
အကြင်အဆင်းထက်
သာလွန်
မွန်မြတ်သော
တစ်ပါးသောအဆင်းသည်မရှိဟူ၍
ငါမဆို၊
ကစ္စာန ထိုသို့ဖြစ်လျက်
အကြင်အဆင်းသည်
ပိုးစုံးကြူးအောက်လည်း
ယုတ်ညံ့၏၊
အောက်တန်းကျ၏၊
ထိုအဆင်းကို
မြတ်သော
အဆင်းဟု သင်
ဆိုဘိ၏၊ ထိုအဆင်းကိုလည်း
မပညတ်နိုင်။
၂၈၀။
ကစ္စာန
ကာမဂုဏ်တို့သည်
ဤငါးပါးတို့တည်း။
အဘယ်ငါးပါးတို့နည်းဟူမူ-
စက္ခု ဝိညာဏ်ဖြင့်သိအပ်ကုန်သော
အလိုရှိအပ်
နှစ်သက်အပ်
နှလုံးကို
ပွါးစေတတ်သည့်
ချစ်ဖွယ်သဘောရှိ၍နှစ်သက်သာယာဖွယ်
တပ်မက်ဖွယ်ဖြစ်ကုန်သော
ရူပါရုံ။
သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော။ပ။
သဒ္ဒါရုံ။
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ဂန္ဓာရုံ။
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရသာရုံ။ ကာယဝိညာဏ်ဖြင့်
သိအပ်ကုန်သော
အလိုရှိအပ်
နှစ်သက်အပ်
နှလုံးကို
ပွါးစေတတ်သည့်
ချစ်ဖွယ်သဘောရှိ၍
နှစ်သက်သာယာဖွယ်
တပ်မက်ဖွယ်ဖြစ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံ
တို့တည်း၊
ကစ္စာန
ဤသည်တို့ကား
ကာမဂုဏ်ငါးပါးတို့တည်း။
ကစ္စာန
ဤကာမဂုဏ်
ငါးပါးတို့ကို
အစွဲပြု၍
ဖြစ်ပေါ်သည့်
ချမ်းသာမှု
ဝမ်းမြောက်မှုကိုကာမချမ်းသာဟူ၍
ဆိုအပ်၏။ ဤသို့
ကာမသုခကို
ကာမဂုဏ်တို့ထက်
မြတ်၏ဟု ဆိုရ၏၊
ကာမဂ္ဂသုခ
(နိဗ္ဗာနသုခ)
ကို
ကာမသုခထက် မြတ်၏ဟု
ဆိုရ၏ဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူသော်
ဝေခနသပရိဗိုဇ်သည်
မြတ်စွာဘုရားကို
''အသျှင်ဂေါတမ
အံ့ဩဖွယ်ကောင်းလှပါ၏၊
အသျှင်ဂေါတမ
မဖြစ်ဖူးမြဲ
ဖြစ်ပါ၏၊
အသျှင်ဂေါတမသည်
'ကာမသုခကို
ကာမဂုဏ်တို့ထက်
မြတ်၏ဟု
ဆိုရ၏၊ ကာမဂ္ဂသုခ
(နိဗ္ဗာနသုခ)
ကို
ကာမသုခထက်
မြတ်၏ဟု ဆိုရ၏'
ဟူသော
ဤ့စကားကို
အလွန်ကောင်းစွာ
ပြောကြားပါပေ၏။
အသျှင်ဂေါတမ
ကာမသုခကို
ကာမဂုဏ်တို့ထက်မြတ်၏ဟု
ဆိုရပါ၏၊
ကာမဂ္ဂသုခ
(နိဗ္ဗာနသုခ)
ကို ကာမသုခထက်
မြတ်၏ဟု
ဆိုရပါ၏''ဟု
(လျှောက်၏)။
ကစ္စာန အယူအဆတခြား၊
နှစ်သိမ့်သဘော
တူညီမှုတခြား၊
နှစ်သက်ကျေနပ်မှုတခြား၊
အားထုတ်မှု
တခြား၊
ဆရာတခြားရှိသော
သင်သည်
ကာမတို့ကိုလည်းကောင်း၊
ကာမသုခကိုလည်းကောင်း၊
ကာမဂ္ဂသုခ
(နိဗ္ဗာနသုခ)
ကိုလည်းကောင်း
သိနိုင်ခဲ၏။
ကစ္စာန
အာသဝေါကုန်ပြီးသော
(မဂ်)
အကျင့်ကို
ကျင့်သုံးပြီး
သော ပြုဖွယ်ကိစ္စကို
ပြုပြီးသော
တာဝန်ကို ချထားပြီးသောကိုယ်ကျိုး
ကိုယ့်စီးပွါးကို
ရယူပြီးသော
ဘဝသံယောဇဉ်ကုန်ခန်းပြီးသော
ကောင်းစွာ
သိ၍ကိလေသာတို့မှ
လွတ်မြောက်ပြီးသော
ရဟန္တာရဟန်း
တို့သည်
ရှိကုန်၏၊
ထိုရဟန်းတို့သည်သာကာမတို့ကိုလည်းကောင်း၊
ကာမသုခကိုလည်းကောင်း၊
ကာမဂ္ဂသုခ
(နိဗ္ဗာနသုခ)
ကိုလည်းကောင်းသိကုန်ရာ၏ဟု
(မိန့်တော်မူ၏)။
၂၈၁။
ဤသို့
မိန့်တော်မူသော်
ဝေခနသပရိဗိုဇ်သည်
စိတ်ဆိုးသည်
နှလုံးမသာယာသည်ဖြစ်၍မြတ်စွာဘုရားကိုသာလျှင်
အပြစ်တင်လို၍
မြတ်စွာဘုရားကိုသာလျှင်
ရှုတ်ချလို၍
မြတ်စွာဘုရားကိုသာလျှင်ဆိုလို၍
''ရဟန်းဂေါတမအပေါ်သို့
ကျရောက်စေမည်''ဟု
(နှလုံးသွင်းကာ)
''ဤသို့သာလျှင်
ဤလောက၌အချို့သော
သမဏဗြာဟ္မဏတို့သည်
ရှေ့အစွန်းကို
မသိကုန်ဘဲလျက်
နောက်အစွန်းကို
မမြင်ကုန်ဘဲလျက်'ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကို
ပြုပြီးပြီ၊
(မဂ်)
ကိစ္စအလို့ငှါတစ်ပါးသော
ပြုဖွယ်မရှိတော့ပြီဟု
သိကုန်၏' ဟူ၍
ဝန်ခံကုန်၏၊
ထိုသမဏဗြာဟ္မဏတို့၏
စကားသည်စကားမျှသာ
ဖြစ်၏၊
ရယ်ဖွယ်သာလျှင်
ဖြစ်၏၊ အမည်မျှသာ
ဖြစ်၏၊
အကျိုးမရှိသည်သာ
ဖြစ်၏၊
အချည်းအနှီးသာ
ဖြစ်၏''ဟု
မြတ်စွာဘုရားကို
လျှောက်၏။
ကစ္စာန
ရှေ့အစွန်းကို
မသိကြကုန်ဘဲလျက်နောက်အစွန်းကို
မမြင်ကြကုန်ဘဲလျက်
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကို
ပြုပြီးပြီ၊
(မဂ်)
ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်ကိစ္စမရှိတော့ပြီဟု
သိကုန်၏''
ဟူ၍ဝန်ခံကုန်သော
သမဏဗြာဟ္မဏတို့အတွက်
ထိုနှိမ်နင်းမှုသည်
လမ်းမှန်သည်သာ
ဖြစ်၏။
ကစ္စာန
ရှေ့အစွန်းကို
ထားဦးလော့၊
နောက်အစွန်းကို
ထားဦးလော့၊
ဟန်မဆောင်
မလှည့်ပတ်ဖြောင့်မတ်သော
သဘောရှိသည့်
သိနားလည်သော
ယောက်ျားသည်
လာပါစေ၊ ငါ
ဆုံးမမည်၊ ငါ
တရားဟောမည်၊
ဆုံးမသည့်အတိုင်း
ကျင့်သုံးသူသည်
မကြာမြင့်မီပင်
ဤသို့လျှင်
အဝိဇ္ဇာအနှောင်အဖွဲ့မှ
လွတ်မြောက်ပြီဟု
ကိုယ်တိုင်သာလျှင်
သိလိမ့်မည်၊
ကိုယ်တိုင်သာလျှင်
မြင်လိမ့်မည်။
ကစ္စာန
ဥပမာအားဖြင့်ကလေးသူငယ်
လူမမယ်
ပက်လက်အိပ်အရွယ်ကို
ကြိုးအနှောင်အဖွဲ့တို့ဖြင့်
လည်ပင်းလျှင်ငါးခုမြောက်ဖြစ်
သော
နှောင်ဖွဲ့ခြင်းတို့ဖြင့်
နှောင်ဖွဲ့ထားရာ၏၊
ထိုသူငယ်၏
ကြီးပွါးခြင်းကို
အစွဲပြု၍ဣန္ဒြေတို့၏
ရင့်ခြင်းကို
အစွဲပြု၍
ထိုအနှောင်အဖွဲ့တို့သည်
ကျွတ်လွတ်ကုန်ရာ၏။
ထိုသတို့သားသည်ငါ
ကျွတ်လွတ်ခဲ့ပြီဟု
ကျွတ်လွတ်ခြင်းကိုကား
သိရာ၏၊
နှောင်ဖွဲ့ခြင်းကိုကား
မသိရာ။
ကစ္စ္စာနဤအတူသာလျှင်
ဟန်မ ဆောင်
မလှည့်ပတ်
ဖြောင့်မတ်သော
သဘောရှိသည့်
သိနားလည်သောယောက်ျားသည်
လာပါစေ၊ ငါ ဆုံးမမည်၊
ငါ
တရားဟောမည်၊
ငါ
ဆုံးမသည့်အတိုင်း
ကျင့်သုံးသူသည်မကြာမြင့်မီပင်
ဤသို့လျှင်
အဝိဇ္ဇာအနှောင်အဖွဲ့မှ
လွတ်မြောက်ပြီဟု
ကိုယ်တိုင်သာလျှင်
သိလိမ့်မည်၊
ကိုယ်တိုင်သာလျှင်
မြင်လိမ့်
မည်ဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူသော်
ဝေခနသပရိဗိုဇ်သည်
မြတ်စွာဘုရားကို
''အသျှင်ဂေါတမ
(တရားတော် သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေစွ။ပ။
အသျှင်ဂေါတမသည်
အကျွန်ုပ်ကို
ယနေ့မှစ၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ရာဟု
ဆည်းကပ်သော
ဥပါသကာဟူ၍
မှတ်တော်မူပါ''ဟု
လျှောက်ထား၏။
ဆယ်ခုမြောက်
ဝေခနသသုတ်
ပြီး၏။
သုံးခုမြောက်
ပရိဗ္ဗာဇကဝဂ်
ပြီး၏။
------
၄-ရာဇဝဂ်
၁-ဃဋိကာရသုတ်
၂၈၂။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
များစွာသော ရဟန်းသံဃာနှင့်တကွ
ကောသလတိုင်း၌
ဒေသစာရီကြွချီတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
လမ်းခရီးမှ
ဖဲခွါတော်မူ၍
တစ်ခုသောအရပ်၌
ပြုံးတော်မူ၏၊
ထိုအခါ
အသျှင်အာနန္ဒာအား
''မြတ်စွာဘုရား
ပြုံးတော်မူခြင်း၏
အကြောင်းအထောက်
အထားကားအဘယ်လေနည်း၊
မြတ်စွာဘုရားတို့သည်
အကြောင်းမရှိဘဲ
ပြုံးတော်မမူကြကုန်''ဟု
အကြံ ဖြစ်၏။
ထိုအခါ
အသျှင်အာနန္ဒာသည်
လက်ဝဲတစ်ဖက်
ပခုံးထက်၌
သင်္ကန်းကို
စံပယ်တင်၍
မြတ်စွာ ဘုရားကိုလက်အုပ်ချီကာ
''အသျှင်ဘုရား
မြတ်စွာဘုရား
ပြုံးတော်မူခြင်း၏
အကြောင်းအထောက်အထားကားအဘယ်ပါနည်း၊
မြတ်စွာဘုရားတို့သည်
အကြောင်းမရှိဘဲ
ပြုံးတော်မမူကြကုန်''ဟု
လျှောက်၏။
အာနန္ဒာရှေးအခါက
ဤအရပ်၌
ဝေဂဠိင်္ဂမည်သော
ရွာနိဂုံးရှိခဲ့ဖူး၏၊
ပြည့်လည်း
ပြည့်စုံ၏၊
စည်လည်း စည်ပင်၏၊
လူဦးရေများ၏၊
လူမျိုးစုံရောပြွမ်း၏၊
အာနန္ဒာ
ဝေဂဠိင်္ဂရွာ
နိဂုံးကို
အမှီပြု၍
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
နေတော်မူ၏။
အာနန္ဒာ
ဤအရပ်၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏
အရံကျောင်းတော်သည်
ရှိ၏။
အာနန္ဒာပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသောကဿပမြတ်စွာဘုရားသည်
ဤအရပ်၌
ထိုင်တော်မူလျက်
ရဟန်းအပေါင်းကို
ဆုံးမတော်မူ၏ဟု
(မိန့်တော်မူ၏)။
ထိုအခါ
အသျှင်အာနန္ဒာသည်
သင်္ကန်းကြီးကို
လေးထပ်ခင်း၍
မြတ်စွာဘုရားအား
''အသျှင်ဘုရားမြတ်စွာဘုရားသည်
ဤနေရာ၌
သီတင်းသုံးတော်မူပါလော့၊
ဤမြေပြင်အရပ်သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူကုန်သော
နှစ်ဆူသော
ဘုရားသျှင်တို့
သုံးဆောင်သော
မြေပြင်အရပ်
ဖြစ်ပါလိမ့်မည်''ဟု
လျှောက်ထား၏။
မြတ်စွာဘုရားသည်
ခင်းထားသော
နေရာ၌
ထိုင်တော်မူပြီးနောက်
အသျှင်အာနန္ဒာအား
ဤစကားကို
မိန့်တော်မူ၏-
အာနန္ဒာ
ရှေးအခါက
ဤအရပ်၌
ဝေဂဠိင်္ဂမည်သော
ရွာနိဂုံးရှိခဲ့ဖူး၏၊
ပြည့်လည်း
ပြည့်စုံ၏၊
စည်လည်း စည်ပင်၏၊
လူဦးရေများ၏၊
လူမျိုးစုံရောပြွမ်း၏။
အာနန္ဒာ
ဝေဂဠိင်္ဂရွာနိဂုံးကို
အမှီပြု၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
နေတော်မူ၏။
အာနန္ဒာ
ဤအရပ်၌ ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏အရံကျောင်းတော်သည်
ရှိခဲ့ဖူး ၏။
အာနန္ဒာ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိ တော်မူသော
ကဿပမြတ်စွာဘုရားသည်
ဤအရပ်၌နေတော်မူလျက်
ရဟန်းအပေါင်းကို
ဆုံးမတော်မူ၏။
၂၈၃။
အာနန္ဒာ
ဝေဂဠိင်္ဂရွာနိဂုံး၌
ဃဋိကာရမည်သော
အိုးထိန်းသည်သည်
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏မြတ်သော
အလုပ်အကျွေး
ဖြစ်၏။
အာနန္ဒာ
ဃဋိကာရအိုးထိန်းသည်အား
ဇောတိပါလမည်သော
လုလင်သည်
အချစ်ဆုံးသူငယ်ချင်း
ဖြစ်၏။
အာနန္ဒာ
ထိုအခါ
ဃဋိကာရအိုးထိန်းသည်သည်ဇောတိပါလလုလင်ကို
''အဆွေဇောတိပါလ
လာ,
သွားကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားကို
ဖူးမြင်ရန့်ချဉ်းကပ်ကြပါကုန်စို့၊
ပူဇော် အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ထိုမြတ်စွာ
ဘုရားအား
ဖူးမြင်ရခြင်းကို
အကျွန်ုပ်သည်
ကောင်းမြတ်၏ဟု
အသိအမှတ်ပြုထားပါ၏''ဟု
ပြောဆို၏။
အာနန္ဒာ
ဤသို့
ပြောဆိုသော်
ဇောတိပါလလုလင်သည်
ဃဋိကာရအိုးထိန်းသည်ကို
''အဆွေ
ဃဋိကာရတော်ပြီ၊
ထိုဦးပြည်း
ရဟန်းယုတ်ကို
ဖူးမြင်ရသဖြင့်
အဘယ်အကျိုး
ရှိအံ့နည်း''ဟု
ပြောဆို၏။ အာနန္ဒာနှစ်ကြိမ်မြောက်လည်း။ပ။
အာနန္ဒာ သုံးကြိမ်မြောက်လည်း
ဃဋိကာရအိုးထိန်းသည်သည်ဇောတိပါလလုလင်ကို
''အဆွေဇောတိပါလ
လာ
သွားကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားကို
ဖူးမြင်ရန်ချဉ်းကပ်ကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာသိတော်မူသော
ထိုမြတ်စွာဘုရားအား
ဖူးမြင်ရခြင်းကို
အကျွန်ုပ်သည်
ကောင်းမြတ်၏ဟု
အသိအမှတ်ပြုထားပါ၏''ဟု
ပြောဆို၏။
အာနန္ဒာ
သုံးကြိမ်မြောက်လည်း
ဇောတိပါလလုလင်သည်
ဃဋိကာရအိုးထိန်းသည်ကို
''အဆွေဃဋိကာရ
တော်ပြီ၊
ထိုဦးပြည်း ရဟန်းယုတ်ကို
ဖူးမြင်ရသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ပြောဆို၏။
အဆွေဇောတိပါလ
သို့ဖြစ်ပါမူ
ကြေးတွန်းဆပ်ပြာကို
ဆောင်ယူ၍
ရေချိုးရန်မြစ်သို့
သွားကြကုန်အံ့ဟု
ဆို၏။
အာနန္ဒာ
ဇောတိပါလလုလင်သည်
''အဆွေကောင်းပါပြီ''
ဟူ၍သာလျှင်
ဃဋိကာရအိုးထိန်းသည်၏
စကားကို
ရှေးရှုဝန်ခံ၏။
အာနန္ဒာ
ထိုအခါဃဋိကာရ
အိုးထိန်းသည်သည်
လည်းကောင်း၊
ဇောတိပါလလုလင်သည်လည်းကောင်းကြေးတွန်းဆပ်ပြာကို
ယူ၍ ရေချိုးရန်
မြစ်သို့
သွားကြကုန်၏။
၂၈၄။
အာနန္ဒာ
ထိုအခါ
ဃဋိကာရအိုးထိန်းသည်သည်
ဇောတိပါလလုလင်ကို
''အဆွေဇောတိပါလပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသောကဿပမြတ်စွာဘုရား၏
ဤအရံကျောင်းတော်သည်
အနီး၌
ရှိနေပါ၏၊
အဆွေဇောတိပါလ
လာ,
သွားကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားကို
ဖူးမြင်ရန်
ချဉ်းကပ်ကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားအား
ဖူးမြင်ရခြင်းကိုအကျွန်ုပ်သည်
ကောင်းမြတ်၏ဟု
အသိအမှတ်
ပြုထားပါ၏''ဟု
ပြောဆို၏။
အာနန္ဒာ
ဤသို့
ပြောဆိုသည်ရှိသော်
ဇောတိပါလလုလင်သည်
ဃဋိကာရအိုးထိန်းသည်ကို
''အဆွေဃဋိကာရ
တော်ပြီ၊
ထိုဦးပြည်းရဟန်းယုတ်ကို
ဖူးမြင်ရသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ဆို၏။
အာနန္ဒာ နှစ်ကြိမ်မြောက်လည်း။ပ။
အာနန္ဒာ
သုံးကြိမ်မြောက်လည်း
ဃဋိကာရအိုးထိန်းသည်သည်
ဇောတိပါလ
လုလင်ကို''အဆွေဇောတိပါလ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရား၏
ဤအရံသည် အနီး၌
ရှိနေပါ၏။
အဆွေဇောတိပါလလာ,
သွားကြပါ ကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပ
မြတ်စွာဘုရားကို
ဖူးမြင်ရန်
ချဉ်းကပ်ကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင် မှန်စွာ
သိတော်မူသောထိုမြတ်စွာဘုရားအား
ဖူးမြင်ရခြင်းကို
အကျွန်ုပ်သည်
ကောင်းမြတ်၏ဟု
အသိအမှတ်
ပြုထားပါ၏''ဟုပြောဆို၏။
အာနန္ဒာ
သုံးကြိမ်မြောက်လည်း
ဇောတိ
ပါလလုလင်သည်
ဃဋိကာရအိုးထိန်းသည်ကို''အဆွေဃဋိကာရ
တော်ပြီ၊
ထိုဦးပြည်း
ရဟန်းယုတ်ကို
ဖူးမြင်ရသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟုဆို၏။
အာနန္ဒာ
ထိုအခါ
ဃဋိကာရအိုးထိန်းသည်သည်
ဇောတိပါလလုလင်အား
ပုဆိုးခါးတောင်းကြိုက်ကို
ဆွဲ၍''အဆွေဇောတိပါလ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ့သိတော်မူသော
ကဿပမြတ်စွာဘုရား၏
ဤအရံသည်
အနီး၌
ရှိနေပါ၏၊
အဆွေဇောတိပါလလာ,
သွားကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားကို
ဖူးမြင်ရန်
ချဉ်းကပ်ကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားအား
ဖူးမြင်ရခြင်းကို
အကျွန်ုပ်သည်
ကောင်းမြတ်၏ဟု
အသိအမှတ်
ပြုထားပါ၏''ဟု
ဤစကားကို
ပြောဆို၏။
အာနန္ဒာထိုအခါ
ဇောတိပါလလုလင်သည်
ပုဆိုးခါးတောင်းကြိုက်ကို
ဖြေ၍ ဃဋိကာရအိုးထိန်းသည်ကို
''အဆွေဃဋိကာရ
တော်ပြီ၊
ထိုဦးပြည်း
ရဟန်းယုတ်ကို
ဖူးမြင်ရသဖြင့်
အဘယ်အကျိုးရှိအံ့နည်း''ဟု
ဆို၏။
အာနန္ဒာ
ထိုအခါ
ဃဋိကာရ
အိုးထိန်းသည်သည်
ခေါင်းလျှော်ပြီးသော
ဇောတိပါလလုလင်၏
ဆံပင်ကိုဆွဲ၍
''အဆွေဇောတိပါလ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏
ဤအရံကျောင်းတော်သည်
အနီး၌ ရှိနေပါ၏၊
အဆွေဇောတိပါလ
လာ,
သွားကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားကို
ဖူးမြင်ရန်
ချဉ်းကပ်ကြပါကုန်စို့၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားအား
ဖူးမြင်ရခြင်းကို
အကျွန်ုပ်သည်ကောင်း
မြတ်၏ဟု
အသိအမှတ်
ပြုထားပါ၏''ဟု
ပြောဆို၏။
အာနန္ဒာ
ထိုအခါ
ဇောတိပါလလုလင်အား
''အချင်းတို့
အံ့ဩဖွယ်ကောင်းလှ၏တကား၊
အချင်းတို့မဖြစ်ဖူး
မြဲ
ဖြစ်ချေ၏တကား၊
ဤဃဋိကာရအိုးထိန်းသည်သည်
ဇာတ်နိမ့်သူဖြစ်လျက်ခေါင်းလျှော်ပြီးသော
ငါတို့၏
ဆံပင်ကို
ဆွဲကိုင်သင့်သည်ဟု
အောက်မေ့ထင်မှတ်တုံဘိ၏၊
''ဤအရာသည်ကား
စင်စစ်
မယုတ်ညံ့တန်ရာ''ဟု
အကြံဖြစ်ပြီးလျှင်
ဃဋိကာရအိုးထိန်းသည်ကို''အဆွေဃဋိကာရ
သည့်လောက်ပင်
ဖူးမြင်စေလိုသ
လော''ဟု ဆို၏။
''အဆွေဇောတိပါလသည့်လောက်ပင်
ဖူးမြင်စေလိုပါ၏၊
ပူဇော်အထူးကို
ခံတော်မူထိုက်
သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားအား
ဖူးမြင်ရခြင်း
ကို
အကျွန်ုပ်သည်ကောင်းမြတ်၏ဟု
အသိအမှတ်
ပြုထားပါ၏''ဟု
(ဆို၏)။
အဆွေဃဋိကာရ
သို့ဖြစ်မူ
လွှတ်လော့၊ သွားကြကုန်အံ့ဟု
(ဆို၏)။
၂၈၅။
အာနန္ဒာ
ထိုအခါ
ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊
ဇောတိပါလလုလင်သည်လည်းကောင်း
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်
မူသော
ကဿပမြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြကုန်ပြီးလျှင်
ဃဋိကာရအိုးထိန်းသည်သည်ကား
ပူဇော်
အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပ မြတ်စွာဘုရားကို
ရှိခိုး၍
သင့်လျော်ရာ၌
ထိုင်နေ၏။
ဇောတိပါလလုလင်သည်ကား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား
နှင့် အတူ
ဝမ်းမြောက်ဝမ်းသာ
ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အောက်မေ့ဖွယ်
စကားကို
ပြောဆိုပြီးဆုံး
စေ၍
သင့်လျော်ရာ၌
ထိုင်၏။
အာနန္ဒာသင့်လျော်ရာ၌
ထိုင်ပြီးသော
ဃဋိကာရအိုးထိန်းသည်သည်
ပူဇော်
အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပ
မြတ်စွာဘုရားကို
''အသျှင်ဘုရားဤဇောတိပါလလုလင်သည်
အကျွန်ုပ်၏
အချစ်ဆုံး
သူငယ်ချင်းဖြစ်ပါ၏၊
ဤဇောတိပါလလုလင်အားမြတ်စွာဘုရားသည်
တရားဟောတော်မူပါ''ဟု
လျှောက်၏။
အာနန္ဒာ
ထိုအခါ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ဃဋိကာရအိုးထိန်းသည်ကိုလည်းကောင်း၊
ဇောတိပါလလုလင်ကိုလည်းကောင်း
တရားစကားဖြင့်
(အကျိုးစီးပွားကို)
သိမြင်စေ၏၊
(တရားကို)
ဆောက်တည်စေ့၏၊
(တရားကျင့်သုံးရန်)
ထက်သန်စေ၏၊
ရွှင်လန်းစေ၏။
အာနန္ဒာ
ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊
ဇောတိပါလ
လုလင်သည်လည်းကောင်း
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ကဿပမြတ်စွာဘုရားကတရားစကားဖြင့်
(အကျိုး
စီးပွားကို)
သိမြင်စေ၊
(တရားကို)
ဆောက်တည်စေ၊
(တရားကျင့်သုံးရန်)
ထက်သန်စေ၊
ရွှင်လန်းစေအပ်
သည်ဖြစ်၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူ သော
ကဿပမြတ်စွာဘုရား၏
တရားကိုအလွန်နှစ်သက်
ဝမ်းမြောက်လျက်
နေရာမှ
ထပြီးလျှင်
ပူဇော်
အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပ
မြတ်စွာဘုရားကို
ရှိခိုး၍အရိုအသေပြုကာ
ဖဲခွါသွားကြကုန်၏။
၂၈၆။
အာနန္ဒာ
ထိုအခါ ဇောတိပါလလုလင်သည်
ဃဋိကာရအိုးထိန်းသည်ကို
''အဆွေဃဋိကာရသင်သည်
ဤတရားကို
နာရသည် မဟုတ်ပါလော၊
ထိုသို့နာရပါလျက်
အဘယ့်ကြောင့်
လူ့ဘောင်မှရဟန်းဘောင်သို့
မဝင်ရောက် (ရဟန်းမ
ပြု)
ဘိသနည်း''ဟု
ဆို၏။
အဆွေဇောတိပါလ
မျက်မမြင်မိဘအိုတို့ကို
လုပ်ကျွေးနေရသည်ဟု
ငါ့ကို သင်
သိသည် မဟုတ်လောဟု
(ဆို၏)။
အဆွေဃဋိကာရသို့ဖြစ်ပါမူ
ငါသည်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်အံ့ဟု
(ဆို၏)။
အာနန္ဒာ
ထိုအခါ
ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊
ဇောတိပါလလုလင်သည်လည်းကောင်းပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသောကဿပ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
သင့်လျော်ရာနေရာ၌
ထိုင်နေကြကုန်၏။
သင့်လျော်ရာ၌
ထိုင်နေပြီးသော
ဃဋိကာရအိုးထိန်းသည်သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့
ကို) ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားကို
''အသျှင်ဘုရားဤဇောတိပါလလုလင်
သည်
အကျွန်ုပ်၏
အချစ်ဆုံးသူငယ်ချင်း
ဖြစ်ပါ၏၊
မြတ်စွာဘုရားဤဇောတိပါလလုလင်ကို
ရှင်ရဟန်း
ပြုပေးတော်မူပါလော့''ဟု
လျှောက်၏။
အာနန္ဒာဇောတိပါလလုလင်သည်
ပူဇော်အထူးကို
ခံတော်မူထိုက်
သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏
အထံတော် ၌
ရှင်အဖြစ်
ရဟန်းအဖြစ်ကို
ရလေသတည်း။
၂၈၇။
အာနန္ဒာ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ဝေဂဠိင်္ဂရွာနိဂုံး၌
မွေ့လျော်တော်မူသရွေ့
နေတော်မူပြီးလျှင်ဇောတိပါလလုလင်
ရဟန်းပြု၍
မကြာမြင့်မီ
လဝက်မျှ
ရှိသောအခါ
ဗာရာဏသီပြည်သို့
ဒေသစာရီကြွချီတော်မူ၏။
အစဉ်အတိုင်း
ဒေသစာရီ ကြွချီတော်မူသည်ရှိသော်
ဗာရာဏသီပြည်သို့
ရောက်လေ၏။
အာနန္ဒာ
ထိုဗာရာဏသီပြည်၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ဗာရာဏသီပြည်
ဣသိပတနမိဂဒါဝုန်တော၌
သီတင်းသုံးနေတော်မူ၏။
အာနန္ဒာ
ကိကီမည်သော
ကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ဗာရာဏသီပြည်သို့ရောက်တော်မူ၍
ဗာရာဏသီပြည်
ဣသိပတနမိဂဒါဝုန်တော၌
သီတင်းသုံးနေတော်မူသတတ်ဟု
ကြားသည်သာတည်း။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းသည်
အလွန်ကောင်းသည့်
ယာဉ်တို့ကို
ကစေ၍အလွန်ကောင်းသည့်
ယာဉ်ကို
တက်စီးပြီးလျှင်
အလွန်ကောင်းသည့်
ယာဉ်တို့ဖြင့်
ပူဇော်အထူးကိုခံတော်မူ
ထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောကဿပမြတ်စွာဘုရားကို
ဖူးမြင် ရန်
ကြီးစွာသော
မင်း၏
ကျက်သရေဖြင့်
ဗာရာဏသီပြည်မှထွက်လေ၏၊
ယာဉ်ဖြင့်
သွားနိုင်သမျှသော
အရပ်ကို
ယာဉ်ဖြင့်သွား၍
ယာဉ်မှသက်ပြီးသော့်ခြေကျင်သာလျှင်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
သင့်လျော်ရာ၌
ထိုင်နေ၏။
အာနန္ဒာ သင့်လျော်ရာ၌
ထိုင်နေသော
ကိကီမည်သော
ကာသိမင်း ကို
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောကဿပမြတ်စွာဘုရားသည်
တရားစကားဖြင့်
(အကျိုးစီးပွားကို)
သိမြင်စေတော်မူ၏၊
(တရားကို)
ဆောက်တည်စေတော်မူ၏၊
(တရားကျင့်သုံးရန်)
ထက်သန်စေတော်မူ၏၊
ရွှင်လန်းစေတော်မူ၏။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံ
သောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားက
တရားစကားဖြင့်
(အကျိုးစီးပွားကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်ရွှင်လန်းစေသည်ရှိသော်
''အသျှင်ဘုရား
မြတ်စွာဘုရားသည်
ရဟန်းသံဃာနှင့်အတူ
နက်ဖြန်အလို့ငှါ
အကျွန်ုပ်၏ဆွမ်းကို
လက်ခံတော်မူပါ''ဟု
လျှောက်ထား၏။
အာနန္ဒာ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏
လက်ခံတော်မူခြင်းကို
သိ၍
နေရာမှထကာ
ရှိခိုးလျက်
အရိုအသေပြုပြီးလျှင်
ဖဲခွါသွားလေ၏။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းသည်
ထိုညဉ့်လွန်မြောက်ပြီးနောက်
မိမိနန်းတော်၌
များသော
ဟင်းလျာရှိသည့်
မွန်မြတ်သော
လက်ရွေးစင်
ပဏ္ဍုပုဋကသလေးခဲဖွယ်ဘောဇဉ်ကို
စီရင်စေပြီးလျှင်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော ကဿပမြတ်စွာဘုရားအား
''အသျှင်ဘုရား
အချိန်တန်ပါပြီ၊
ဆွမ်းပြင်ပြီးပါပြီ''ဟု
အချိန် (တန်ကြောင်း)
ကို
လျှောက်ထားစေ၏။
၂၈၈။
အာနန္ဒာ
ထိုအခါ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူလျက် ရဟန်းသံဃာနှင့်အတူ
ကိကီမည်သော
ကာသိမင်း၏ နန်းတော်သို့
ချဉ်းကပ်ပြီးလျှင်ပြင်ထားသော
နေရာ၌
ထိုင်နေတော်မူ၏။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းကြီးသည်
ဘုရားအမှူးရှိသော
ရဟန်းသံဃာကို
မွန်မြတ်သော
ခဲဖွယ်ဘောဇဉ်ဖြင့်
ရောင့်ရဲသည့်တိုင်အောင်တားမြစ်သည့်တိုင်
အောင် မိမိကိုယ်တိုင်
လုပ်ကျွေး၏။
အာနန္ဒာ
ထိုအခါ ကိကီမည်သောကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရား
ဆွမ်းစားပြီး၍
သပိတ်မှ
လက်ကို
ဖယ်ပြီးသောအခါ
နိမ့်သောထိုင်စရာတစ်ခုကို
ယူ၍
သင့်လျော်သော
နေရာ၌ ထိုင်နေ၏။
အာနန္ဒာ
သင့်လျော်သော
နေရာ၌ထိုင်နေပြီးသော
ကိကီမည်သော
ကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပ
မြတ်စွာဘုရားကို
''မြတ်စွာဘုရားမြတ်စွာဘုရားသည်
ဗာရာဏသီပြည်၌
ဝါဆိုခြင်းကို
လက်ခံတော်မူပါ၊
သံဃာတော်အား အကျွန်ုပ်၏ဤသို့သဘောရှိသော
လုပ်ကျွေးမှုသည်
ဖြစ်ပါလိမ့်မည်''ဟု
လျှောက်ထား
၏။ မင်းကြီး
မသင့်ချေ၊
ငါသည်
ဝါဆိုခြင်းကို
ဝန်ခံပြီး
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
အာနန္ဒာ
နှစ်ကြိမ်
မြောက်လည်း။ပ။
အာနန္ဒာသုံးကြိမ်မြောက်လည်း
ကိကီမည်သော
ကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား
ကို
''မြတ်စွာဘုရားမြတ်စွာဘုရားသည်
ဗာရာဏသီပြည်၌
ဝါဆိုခြင်းကို
လက်ခံတော်မူပါ၊
သံဃာတော် အား
အကျွန်ုပ်၏ဤသို့သဘောရှိသော
လုပ်ကျွေးမှုသည်
ဖြစ်ပါလိမ့်မည်''ဟု
လျှောက်ထား၏။
မင်းကြီး
မသင့်ချေ၊
ငါသည်
ဝါဆိုခြင်းကို
ဝန်ခံပြီး
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းအား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ဗာရာဏသီပြည်၌ဝါဆိုခြင်းကို
လက်မခံဟု
စိတ်တစ်မျိုးဖြစ်ခြင်း
နှလုံးမသာခြင်းသည်
ဖြစ်သည်သာတည်း။
အာနန္ဒာထိုအခါ
ကိကီမည်သော
ကာသိမင်းသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားကို
''အသျှင်ဘုရား
အကျွန်ုပ်အပြင်
သာလွန်ထူးမြတ်သည့်
အလုပ်အကျွေးတစ်စုံတစ်ယောက်
ရှိပါသေးသလော''ဟု
လျှောက်၏။
မင်းကြီး
ဝေဂဠိင်္ဂမည်သော
ရွာနိဂုံး၌
ဃဋိကာရမည်သော
အိုးထိန်းသည်သည်
ငါ၏ အလုပ်အကျွေးပေတည်း၊
မြတ်သော
အလုပ်အကျွေးပေတည်း။
မင်းကြီး
သင်မင်းကြီးအား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်ဗာရာဏသီပြည်၌
ဝါကပ်ခြင်းကို
လက်ခံတော်မမူဟု
စိတ်တစ်မျိုးဖြစ်ခြင်း
နှလုံးမသာခြင်းသည်
ရှိသည်သာတည်း။
ထိုသဘောမျိုးသည်
ဃဋိကာရအိုးထိန်းသည်အား
မရှိသည်သာတည်း၊
ရှိလိမ့်မည်လည်း
မဟုတ်သည်သာတည်း။
မင်းကြီး
ဃဋိကာရ
အိုးထိန်းသည်သည်ကား
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏၊
တရားတော်ကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏၊
သံဃာတော်ကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏။
မင်းကြီး
ဃဋိကာရအိုးထိန်းသည်သည်ကား
အသက်သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းမှရှောင်ကြဉ်၏၊
ကာမတို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏၊
ယစ်မူးမေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
အရက်သောက်စားခြင်းမှ
ရှောင်ကြဉ်၏။
မင်းကြီးဃဋိကာရအိုးထိန်းသည်သည်
မြတ်စွာဘုရား၌
မတုန်မလှုပ်
သက်ဝင်ကြည်ညိုခြင်းနှင့်
ပြည့်စုံ၏၊
တရားတော်၌ မတုန်မလှုပ်
သက်ဝင်ကြည်ညိုခြင်းနှင့်
ပြည့်စုံ၏၊
သံဃာတော်၌
မတုန်မလှုပ်
သက်ဝင်ကြည်ညိုခြင်းနှင့်
ပြည့်စုံ၏၊
အရိယာတို့ နှစ်သက်အပ်သော
သီလတို့နှင့်
ပြည့်စုံ၏။
မင်းကြီး
ဃဋိကာရအိုးထိန်းသည်သည်
'ဒုက္ခ သစ္စာ'
၌
ယုံမှားကင်း၏၊
ဒုက္ခ၏အကြောင်း
'သမုဒယသစ္စာ'
၌
ယုံမှားကင်း၏၊
ဒုက္ခ၏ချုပ်ရာ
'နိရောဓသစ္စာ'
၌
ယုံမှားကင်း၏၊
ဒုက္ခ၏ချုပ်ရာ
(နိဗ္ဗာန်)
သို့ရောက်ကြောင်းအကျင့်
'မဂ္ဂသစ္စာ' ၌
ယုံမှားကင်း၏၊
မင်းကြီး
ဃဋိကာရအိုးထိန်းသည်သည်
တစ်ထပ်တည်းသာ
စား၏၊
မြတ်သော
အကျင့်ကို
ကျင့်လေ့ရှိ၏၊
သီလရှိ၏၊
ကောင်းသောသဘော
ရှိ၏၊
မင်းကြီး
ဃဋိကာရအိုးထိန်းသည်သည်
ပတ္တမြား
ရွှေ ငွေကို
စွန့်ပယ်ထား၏၊
ရွှေ ငွေမှ
ကင်း၏၊
မင်းကြီး
ဃဋိကာရအိုးထိန်းသည်သည်
ကျည်ပွေ့ကို
ချထားပြီးဖြစ်၏၊
မိမိလက်ဖြင့်
မြေကိုလည်းမတူးဖြို၊
ကမ်းပြိုသောမြေ
ကြွက်ကျစ်စာမြေကို
ထမ်းပိုးဖြင့်
ဆောင်ယူ၍
အိုးခွက် ပြုလုပ်ပြီးလျှင်''ဤနေရာ၌
အိုးခွက်ကို
အလိုရှိသူသည်
ဆန်အိတ်တို့ကိုဖြစ်စေ၊
ပဲနောက်အိတ်တို့ကိုဖြစ်စေ၊
ကုလားပဲအိတ်တို့ကိုဖြစ်စေ
ချထားခဲ့၍
အလိုရှိရာ
အိုးခွက်ကို ဆောင်ယူစေသတည်း''ဟု
ဆို၏။
မင်းကြီးဃဋိကာရ
အိုးထိန်းသည်
သည်
မျက်မမြင်
မိဘအိုတို့ကို
လုပ်ကျွေး၏။
မင်းကြီးဃဋိကာရအိုးထိန်းသည်သည်
အောက်ပိုင်း
သံယောဇဉ်ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်ဥပပါတ်ပဋိသန္ဓေနေခြင်း
ရှိ၏။
ထိုဗြဟ္မာ့ဘုံ၌
ပရိနိဗ္ဗာန်
ပြုလိမ့်
မည်၊
ထိုဗြဟ္မာ့ဘုံမှပြန်လည်ခြင်းသဘော
မရှိတော့ချေ။
၂၈၉။
မင်းကြီး
အခါတစ်ပါး၌
ငါသည်
ဝေဂဠိင်္ဂမည်သော
ရွာနိဂုံး၌
နေ၏၊
မင်းကြီး ထိုအခါ
ငါသည်နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
ဃဋိကာရအိုးထိန်းသည်၏မိဘတို့ထံသို့
ချဉ်းကပ်၍
ဃဋိကာရအိုးထိန်းသည်၏
မိဘတို့ကို
''ဘဂ္ဂဝအနွယ်ဖြစ်သော
ဤဃဋိကာရသည်
ယခု အဘယ်သို့
သွားလေသနည်း''ဟု
ဆိုဖူးပြီ။
အသျှင်ဘုရား အသျှင်ဘုရား၏
အလုပ်အကျွေးဖြစ်သော
ဃဋိကာရသည်
(တောသို့)
ထွက်သွားပါ၏၊
အတွင်းရှိ
ထမင်းအိုးမှ
ထမင်းကို
ခူးယူ၍ ဟင်းအိုးမှ
ဟင်းကို
ခပ်ယူသုံးဆောင်တော်မူပါလော့ဟု
(လျှောက်၏)။
မင်းကြီး
ထိုအခါ ငါသည်
(ထမင်း)
အိုးမှ့ထမင်းကို
ခူးယူ၍
ဟင်းအိုးမှ
ဟင်းကို
ခပ်ယူသုံးဆောင်ပြီးလျှင်
နေရာမှ ထကာ
ဖဲခွါသွားခဲ့ဖူးပြီ။
မင်းကြီး
ထို့နောက်
ဃဋိကာရအိုးထိန်းသည်သည်
အမိအဖတို့ထံ
ချဉ်းကပ်၍
အမိအဖတို့ကို''အဘယ်သူသည်
ထမင်းအိုးမှ
ထမင်းကို
ခူးယူ၍
ဟင်းအိုးမှ
ဟင်းကို
ခပ်ယူသုံးဆောင်ပြီးလျှင်
နေရာမှထကာ
ဖဲခွါလေသနည်း''ဟု
မေး၏။
ချစ်သား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော ကဿပမြတ်စွာဘုရားသည်
ထမင်းအိုးမှထမင်းကို
ခူးယူ၍
ဟင်းအိုးမှ
ဟင်းကို
ခပ်ယူသုံးဆောင်ပြီးလျှင်
နေရာမှ ထကာ
ဖဲခွါသွား၏ဟု
(ပြောဆိုကြကုန်၏)။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုးထိန်းသည်အား
''အရတော်လေစွတကား၊
ငါသည်ကောင်းစွာ
ရအပ်ပေစွတကား၊
ပူဇော်
အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ကဿပ
မြတ်စွာဘုရားသည်
ငါ့အား ဤသို့အလွန်အကျွမ်းဝင်တော်မူပေ၏''ဟု
အကြံဖြစ်၏။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုး
ထိန်းသည်အားတစ်ဆယ့်ငါးရက်ပတ်လုံး
အမိအဖတို့အား
ခုနစ်ရက်ပတ်လုံး
ပီတိသုခ ဖြစ်လေသတည်း။
၂၉၀။
မင်းကြီး
အခါတစ်ပါး
ငါသည်
ထိုဝေဂဠိင်္ဂမည်သော
ရွာနိဂုံး၌ပင်လျှင်
နေ၏၊ မင်းကြီး
ထိုအခါငါသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
ဃဋိကာရအိုးထိန်း
သည်၏အမိအဖတို့ထံသို့
ချဉ်းကပ်၍
ဃဋိကာရအိုးထိန်းသည်၏
အမိအဖတို့ကို
''ဘဂ္ဂဝအနွယ်ဖြစ်သောဤဃဋိကာရသည်
ယခု အဘယ်သို့
သွားလေသနည်း''ဟု
ဆိုဖူး၏။
အသျှင်ဘုရား
အသျှင်ဘုရား၏အလုပ်အကျွေး
ဃဋိကာရသည်
(တောသို့) ထွက်သွားပါ၏၊
အတွင်းရှိခြင်းတောင်းမှ
မုယောမုန့်တို့ကိုယူ၍
ဟင်းအိုးမှ
ဟင်းကို ခပ်ယူသုံး
ဆောင်တော်မူပါလော့ဟု
(လျှောက်၏)။
မင်းကြီး
ထိုအခါ ငါသည်ခြင်းတောင်းမှ
မုယောမုန့်တို့ကို
ယူ၍ ဟင်းအိုးမှ
ဟင်းကို
ခပ်ယူသုံးဆောင်ပြီးလျှင်
နေရာမှ
ထ၍ဖဲခဲ့ဖူး၏။
မင်းကြီး
ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်
မိဘတို့ထံ
ချဉ်းကပ်၍
မိဘတို့ကို
''အဘယ်သူသည်
ခြင်းတောင်းမှ
မုယောမုန့်ကို
ယူ၍
ဟင်းအိုးမှ
ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင်
နေရာမှ
ထကာဖဲခွါလေသနည်း''ဟု
မေး၏။
ချစ်သား ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ခြင်းတောင်းမှ
မုယောမုန့်တို့ကို
ယူ၍ဟင်းအိုးမှ
ဟင်းကို
ခပ်ယူသုံးဆောင်ပြီးလျှင်
နေရာမှ ထကာ
ဖဲခွါသွား၏ဟု
(ပြောဆို ကြကုန်၏)။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုးထိန်းသည်အား
''ငါ့အား
အရတော်လေစွတကား၊
ငါသည် ကောင်းစွာရအပ်ပေသည်တကား၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ငါ့အား ဤသို့
အလွန်အကျွမ်းဝင်တော်မူ၏''ဟုအကြံဖြစ်၏။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုးထိန်းသည်အား
တစ်ဆယ့်ငါးရက်ပတ်လုံး
အမိအဖတို့အားခုနစ်ရက်ပတ်
လုံး
ပီတိသုခဖြစ်လေသတည်း။
၂၉၁။
မင်းကြီး
အခါတစ်ပါး၌
ငါသည်
ထိုဝေဂဠိင်္ဂမည်သော
ရွာနိဂုံး၌သာလျှင်
နေ၏၊ ထိုအခါ
ငါ၏နေရာ
ဂန္ဓကုဋိသည်
မိုးမလုံချေ၊
မင်းကြီး
ထိုအခါ ငါသည်
ရဟန်းတို့ကို
''ရဟန်းတို့
သွားကြကုန်၊
ဃဋိကာရ
အိုထိန်းသည်၏
အိမ်၌
မြက်သက်ငယ်
(ရှိ, မရှိ) ကို
သိကြကုန်လော့''ဟု
မိန့်ခဲ့ဖူး၏။
မင်းကြီး
ဤသို့ မိန့်သည်ရှိသော်
ရဟန်းတို့သည်
ငါ့ကို ''အသျှင်ဘုရား
ဃဋိကာရအိုးထိန်းသည်၏
အိမ်၌မြက်သက်ငယ်
မရှိပါ၊
သို့ရာတွင်
ထိုအိုးထိန်းသည်၏
အလုပ်တဲ၁၌
မိုး၍ထားသော
မြက်သက်ငယ်
ရှိပါ၏''ဟု
လျှောက်ထားကြကုန်ပြီ။
ရဟန်းတို့
သွားကြကုန်၊
ဃဋိကာရအိုးထိန်းသည်၏
အလုပ်တဲကို
အမိုးခွါ၍
ယူခဲ့ကြကုန်လော့ဟု
(မိန့်ဆိုပြီ)။
မင်းကြီး
ထိုအခါ
ရဟန်းတို့သည်
ဃဋိကာရအိုးထိန်းသည်၏
အလုပ်တဲကို
အမိုးခွါကြကုန်၏။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုးထိန်းသည်၏
အမိအဖတို့သည်
ထိုရဟန်းတို့ကို
''အဘယ်သူတို့သည်
အလုပ်တဲကို
အမိုးခွါကြကုန်သနည်း''ဟု
မေးမြန်းကြကုန်၏။
အစ်မကြီးရဟန်းတို့ပေတည်း၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရား၏
ဂန္ဓကုဋိသည်
မိုးမလုံပါဟု
(ပြောဆိုကြကုန်၏)။
အသျှင်ဘုရားတို့
ဆောင်ယူတော်မူကြပါကုန်လော့၊
မျက်နှာလှသော
အသျှင်မြတ်တို့
ဆောင်ယူတော်မူကြပါကုန်လော့ဟု
(လျှောက်ကြကုန်၏)။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုးထိန်းသည်သည်
အမိအဖတို့ထံ
ချဉ်းကပ်၍
အမိအဖတို့ကို''အဘယ်သူတို့သည်
အလုပ်တဲကို
အမိုးခွါကြကုန်ဘိသနည်း''ဟု
မေးမြန်း၏။
ချစ်သား
ရဟန်းတို့ပါတည်း၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ကဿပမြတ်စွာဘုရား၏
ဂန္ဓကုဋိသည်
မိုးမလုံသတတ်ဟု
(ပြောဆိုကြကုန်၏)။
မင်းကြီး
ထိုအခါဃဋိကာရအိုးထိန်းသည်အား
''ငါ့အား
အရတော်လေစွတကား၊
ငါသည်
ကောင်းစွာရအပ်ပေသည်တကား၊
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ငါ့အား ဤသို့
အလွန်အကျွမ်း
ဝင်တော်မူဘိ၏''ဟုအကြံဖြစ်၏။
မင်းကြီး
ထိုအခါ
ဃဋိကာရအိုးထိန်းသည်အား
တစ်ဆယ့်ငါးရက်ပတ်လုံး
အမိအဖတို့အားခုနစ်ရက်ပတ်လုံး
ပီတိ
သုခဖြစ်လေသတည်း။
မင်းကြီး
ထိုအခါ
အလုပ်တဲတစ်ခုလုံးသည်ဝါတွင်းသုံးလပတ်လုံး
ကောင်းကင်လျှင်
အမိုးရှိသည်ဖြစ်၍
တည်၏၊
မိုးမစိုချေ။
မင်းကြီးဃဋိကာရအိုးထိန်းသည်သည်
ဤသို့သောသဘောရှိ၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရားဃဋိကာရအိုးထိန်းသည်အား
အရတော်လေစွတကား၊
အသျှင်ဘုရား
ဃဋိကာရအိုးထိန်းသည်သည်
ကောင်းစွာ
ရအပ်ပေသည်တကား၊
မြတ်စွာဘုရားသည်
ဤသို့ အလွန်
အကျွမ်းဝင်တော်မူဘိ၏ဟု
(လျှောက်၏)။
၂၉၂။
အာနန္ဒာ
ထိုအခါ
ကိကီမည်သော
ကာသိမင်းသည်
ဃဋိကာရအိုးထိန်းသည်ထံသို့
ပဏ္ဍုပုဋက၂ သလေးဆန်
လှည်းပေါင်းငါးရာနှင့်
ထိုအားလျောက်ပတ်သော
ဟင်းချက်စရာတို့ကို
ပို့စေ၏။
အာနန္ဒာထိုအခါ
မင်းချင်းယောက်ျားတို့သည်
ထိုဃဋိကာရ
အိုးထိန်းသည်ထံသို့
ချဉ်းကပ်၍
''အသျှင်
ဃဋိကာရပဏ္ဍုပုဋက
သလေးဆန်
လှည်းပေါင်းငါးရာနှင့်
ထိုအားလျောက်ပတ်သော
ဟင်းချက်စရာတို့ကို
ကိကီမည်သော
ကာသိမင်းက
ပို့စေပါ၏၊
အသျှင်ဃဋိကာရသည်
ထိုပစ္စည်းတို့ကို
ခံယူပါလော့''ဟုပြောဆိုကြကုန်၏။
မင်းသည်
များသော
ကိစ္စရှိ၏၊
များသော
ပြုဖွယ် ရှိ၏၊
ငါ့အား
တန်ပြီ
(တော်ပြီ)။
မင်းအားသာလျှင်
ဖြစ်ပါစေလော့ဟု
(ပယ်မြစ်၏)။
အာနန္ဒာ သင့်အား
''ထိုအခါ
ဇောတိပါလလုလင်သည်အခြားသောသူ
ဖြစ်လေသလော''ဟု
ဤသို့သော
အကြံသည်
ဖြစ်ရာသည်
မဟုတ်လော၊
အာနန္ဒာဤအရာကို
ဤသို့
မမှတ်သင့်ပေ၊
ငါသည် ထိုအခါ
ဇောတိပါလလုလင်
ဖြစ်ခဲ့လေပြီဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤတရားကို ဟောတော်မူ၏။
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရား၏
တရားတော်ကိုဝမ်းမြောက်စွာ
လက်ခံလေသတည်း။
ရှေးဦးစွာသော
ဃဋိကာရသုတ်
ပြီး၏။
------
၁။
အာဝေသနံ
သိပ္ပသာလာ အဘိဓာန်။
၂။
အစည်း စည်း၍
နေလှန်းထားသဖြင့်
ဖြော့တော့သော
အဆင်းရှိသော။
Ã
၂-ရဋ္ဌပါလသုတ်
၂၉၃။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
များစွာသော ရဟန်းသံဃာနှင့်အတူ
ကုရုတိုင်း၌
ဒေသစာရီလှည့်လည်တော်မူလတ်သော်
ထုလ္လကောဋ္ဌိကနိဂုံးသို့
ရောက်တော်မူ၏။
ထုလ္လကောဋ္ဌိကရွာသား
ပုဏ္ဏားနှင့်အမျိုးသားတို့သည်
ဤသို့
ကြားသိကြကုန်၏-
''အချင်းတို့
သာကီဝင်မင်းမျိုးမှ
ရဟန်းပြုသည့်သာကီဝင်မင်းသား
ရဟန်းဂေါတမသည်
ကုရုတိုင်းသို့
ဒေသစာရီ
လှည့်လည်တော်မူရာ
များစွာသောရဟန်းသံဃာနှင့်အတူ
ထုလ္လကောဋ္ဌိက
ရွာသို့
ရောက်တော်မူ၏။
ထိုအသျှင်ဂေါတမ၏
ကောင်းသောကျော်စောသံသည်
ဤသို့ ပျံ့နှံ့၍
ထွက်၏-
'ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း
'အရဟံ'
မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်
မူသော
အကြောင်းကြောင့်လည်း
'သမ္မာသမ္ဗုဒ္ဓ'
မည်တော်မူ၏၊
အသိဉာဏ် 'ဝိဇ္ဇာ'
အကျင့်'စရဏ'နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
'ဝိဇ္ဇာစရဏသမ္ပန္န'
မည်တော်မူ၏၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
'သုဂတ' မည်တော်မူ၏၊
လောကကို
သိတော်မူသော
အကြောင်းကြောင့်လည်း
'လောကဝိဒူ'
မည်တော်မူ၏၊
ဆုံးမထိုက်သူကိုဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်
ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
'အနုတ္တရော
ပုရိသဒမ္မသာရထိ'မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
'သတ္ထာ
ဒေဝမနုဿာနံ'မည်တော်မူ၏၊
(သစ္စာလေးပါး
တရားတို့ကို) သိစေတော်မူသော
အကြောင်းကြောင့်လည်း
'ဗုဒ္ဓ'မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်
မူသော
အကြောင်း
ကြောင့်လည်း 'ဘဂဝါ'
မည်တော်မူ၏'ဟု
(ပျံ့နှံ့၍
ထွက်၏)။
ထိုမြတ်စွာဘုရားသည်
နတ် မာရ်နတ်
ဗြဟ္မာနှင့်တကွသော
နတ်လောကနှင့်
သမဏ ဗြာဟ္မဏ
မင်းများလူများနှင့်တကွသော
လူ့လောကကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုလျက်
ဟောကြားတော်မူ၏။
ထိုမြတ်စွာဘုရားသည်
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော
သဒ္ဒါနှင့်ပြည့်စုံသော
တရားကို
ဟောတော်မူ၏၊
အလုံးစုံပြည့်စုံသော
စင်ကြယ်သောမြတ်သောအကျင့်ကို
ပြတော်မူ၏၊
ထိုသို့သဘောရှိသော
ရဟန္တာ
(ပုဂ္ဂိုလ်)
တို့ကို
ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း''ဟု
(ကြားသိကြကုန်၏)။
ထိုအခါ
ထုလ္လကောဋ္ဌိကရွာသား
ပုဏ္ဏားနှင့်
အမျိုးသားတို့သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍အချို့တို့သည်
မြတ်စွာဘုရားကို
ရှိခိုး၍
တစ်ခုသော
နေရာ၌
ထိုင်နေကုန်၏၊
အချို့တို့သည်
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆိုကုန်၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကိုပြောဆိုပြီးဆုံးစေ၍
တစ်ခုသော
နေရာ၌ ထိုင်ကုန်၏။
အချို့တို့သည်
မြတ်စွာဘုရားရှိရာသို့
လက်အုပ်ချီလျက်
တစ်ခုသော
နေရာ၌ ထိုင်ကုန်၏၊
အချို့တို့သည်
အမည်အနွယ်ကို
ပြောကြားလျက်
တစ်ခုသောနေရာ၌
ထိုင်ကုန်၏၊
အချို့
တို့သည်
တိတ်ဆိတ်စွာ
တစ်ခုသော
နေရာ၌
ထိုင်ကုန်၏။
မြတ်စွာဘုရားသည်
တစ်ခုသော
နေရာ၌
ထိုင်ကုန်သော
ထုလ္လကောဋ္ဌိကရွာသား
ပုဏ္ဏားနှင့်အမျိုးသားတို့အား
တရားစကား
ဖြင့်
(အကျိုးစီးပွားကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန် စေ
ရွှင်လန်းစေတော်မူ၏။
၂၉၄။
ထိုအခါ ထိုထုလ္လကောဋ္ဌိကနိဂုံး၌ပင်လျှင်
မြတ်သော အမျိုး၏
သားဖြစ်သော
ရဋ္ဌပါလမည်သောအမျိုးကောင်းသားသည်
ပရိသတ်၌
ထိုင်နေ၏၊
ထိုအခါ ရဋ္ဌပါလအမျိုးကောင်းသားအား-''ငါသည်မြတ်စွာဘုရား
ဟောတော်မူသည့်
တရားတော်ကို
ထိုက်သည့်အားလျော်စွာ
သိရ၏၊
ထိုသို့သိရသည့်အတိုင်း
လူ့ဘောင်၌
နေသူသည် စင်စစ်
ပြည့်စုံစင်ကြယ်၍
ခရုသင်းပွတ်သစ်နှင့်တူသော
ဤမြတ်သောအကျင့်ကို
ကျင့်ရန်
မလွယ်ကူချေ၊
ငါသည်
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုအခါထုလ္လကောဋ္ဌိကရွာသား
ပုဏ္ဏားနှင့်
အမျိုးသားတို့သည်
မြတ်စွာဘုရားက
တရားစကားဖြင့်
(အကျိုးစီးပွားကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်စေရွှင်လန်းစေပြီးသော်
မြတ်စွာဘုရား၏
တရားတော်ကို
နှစ်သက်ဝမ်းမြောက်၍
နေရာမှထကာ
မြတ်စွာဘုရားကို့ရှိခိုးပြီးလျှင်
အရိုအသေပြုလျက်
ဖဲခွါသွားကြကုန်၏။
ထို့နောက်
ရဋ္ဌပါလအမျိုးကောင်းသားသည်
ထုလ္လကောဋ္ဌိကရွာသား
ပုဏ္ဏားနှင့်
အမျိုးသားတို့
ထသွား၍မကြာမီ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်
ရှိခိုး၍
တစ်ခုသော နေရာ၌ထိုင်ကာ
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရားဟောတော်မူသည့်
တရားတော်ကို
ထိုက်သည့်အားလျော်စွာ
သိပါ၏၊
ထိုသို့ သိရသည့်အတိုင်း
လူ့ဘောင်၌
နေသူသည်
စင်စစ် ပြည့်စုံစင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော
ဤမြတ်သောအကျင့်ကို
ကျင့်ရန်
မလွယ်ကူပါ၊
အသျှင်ဘုရား
အကျွန်ုပ်သည်ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊
မြတ်စွာဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရားထံ၌
ရှင်ရဟန်းအဖြစ်ကို
ရလိုပါ၏၊
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ရဟန်းပြုတော်မူပါလော့''ဟု
လျှောက်၏။
ရဋ္ဌပါလ
သင့်ကို
အမိအဖတို့က
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်ပြုပြီးဖြစ်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားအကျွန်ုပ်ကို
အမိအဖတို့က
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်မပြုသေးပါဟု
(လျှောက်၏)။
ရဋ္ဌပါလ မြတ်စွာဘုရားတို့သည်
အမိအဖတို့က
ခွင့်မပြုသောသားကိုရဟန်းပြုပေးတော်မမူကုန်ဟု
(မိန့်
တော်မူ၏)။
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်ရန်
မိဘတို့က
ခွင့်ပေးအောင်
ပြုပါမည်ဟု
(လျှောက်၏)။
၂၉၅။
ထို့နောက်
ရဋ္ဌပါလအမျိုးကောင်းသားသည်
နေရာမှ ထကာ
မြတ်စွာဘုရားကို
ရှိခိုး၍ အရိုအသေပြုပြီးလျှင်
မိဘတို့ထံသို့
ချဉ်းကပ်ပြီးသော်
မိဘတို့အား-
''မိခင်ဖခင်တို့
အကျွန်ုပ်သည်မြတ်စွာဘုရားဟောတော်မူသည့်
တရားတော်ကို
ထိုက်သည့်အားလျော်စွာ
သိရပါ၏၊
ထိုသို့
သိရသည့်အတိုင်း
လူ့ဘောင်၌ နေသူသည်
စင်စစ်
ပြည့်စုံစင်ကြယ်၍
ခရုသင်းပွတ်သစ်နှင့်
တူသော
ဤမြတ်သောအကျင့်ကို
ကျင့်ရန်
မလွယ်ကူပါ၊
အကျွန်ုပ်သည်
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်လိုပါသည်၊
အကျွန်ုပ်ကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်ပြုကြပါကုန်''ဟု
ပြောဆို၏။
ဤသို့
ပြောသော်
ရဋ္ဌပါလအမျိုးကောင်းသား၏
မိဘတို့သည်
ရဋ္ဌပါလအမျိုးကောင်းသားအား
''ချစ်သား
ရဋ္ဌပါလ
သင်သည်
ငါတို့၏
တစ်ဦးတည်းသော
သားဖြစ်၍
ချစ်ခင်အပ်သူ
နှစ်သက်အပ်သူချမ်းသာစွာ
ကြီးပြင်းလာသူ
ချမ်းသာစွာ
မွေးမြူလာရသူ
ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ
သင်သည်
မည်သည့်
ဆင်းရဲကိုမျှ
မသိ၊
သင်သေသော်မှလည်း
ငါတို့သည်
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရကုန်အံ့၊
အသက်ရှင်နေသော
သင့်ကိုကား
ဤလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာ
ငါတို့
ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု
ပြောဆိုကြကုန်၏။
နှစ်ကြိမ်မြောက်လည်း
ရဋ္ဌပါလအမျိုးကောင်းသားသည်။ပ။
သုံးကြိမ်မြောက်လည်း
ရဋ္ဌပါလအမျိုးကောင်းသားသည်
မိဘတို့အား-
''မိခင်ဖခင်တို့
အကျွန်ုပ်သည်မြတ်စွာဘုရားဟောတော်မူသည့်
တရားတော်ကို
ထိုက်သည့်အားလျော်စွာ
သိပါ၏၊
(ထိုသို့သိရသည့်အတိုင်း)
လူ့ဘောင်၌ နေသူသည်
စင်စစ်ပြည့်စုံ
စင်ကြယ်၍
ခရုသင်းပွတ်သစ်နှင့်တူသော
ဤမြတ်သောအကျင့်ကို
ကျင့်ရန်
မလွယ်ကူပါ၊
အကျွန်ုပ်သည်
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်လိုပါသည်၊
အကျွန်ုပ်ကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်ပြုကြပါကုန်''ဟု
ပြောဆို၏။
သုံးကြိမ်မြောက်လည်း
ရဋ္ဌပါလအမျိုးကောင်းသား၏
မိဘတို့သည်
ရဋ္ဌပါလအမျိုးကောင်းသားအား-
''ချစ်သားရဋ္ဌပါလ
သင်သည်
ငါတို့၏ တစ်ဦးတည်းသော
သားဖြစ်၏၊
ချစ်ခင်အပ်သူ
နှစ်သက်အပ်သူ
ချမ်းသာစွာ
ကြီးပြင်းလာသူ
ချမ်းသာစွာ
မွေးမြူလာရသူ
ဖြစ်ပေ၏၊
ချစ်သားရဋ္ဌပါလ
သင်သည်
မည်သည့် ဆင်းရဲကိုမျှ
မသိ၊
ငါတို့သည်
သင်သေသော်မှလည်း
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရကုန်အံ့၊
အသက်ရှင်နေသော
သင့်ကိုကား
ငါတို့သည်
ဤလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာလျှင်
ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု
ပြောဆိုကြ့ကုန်၏။
၂၉၆။
ထို့နောက်
ရဋ္ဌပါလအမျိုးကောင်းသားသည်
''ငါ့ကို
မိဘတို့က
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်ရန်
ခွင့်မပြုကုန်''ဟု
သိ၍ အခင်းမရှိသော
မြေပေါ်၌
''ဤနေရာ၌သာလျှင်
ငါ့အားသေခြင်းသော်လည်းကောင်း၊
ရဟန်းအဖြစ်သော်လည်းကောင်း
ဖြစ်လိမ့်မည်''ဟု
(ဆို၍)
ထိုအရပ်၌ပင်အိပ်၏။
ထို့နောက်
ရဋ္ဌပါလအမျိုး
ကောင်းသားသည်
ထမင်းတစ်နပ်ကိုလည်း
မစား၊
ထမင်းနှစ်နပ်တို့ကိုလည်း
မစား၊
ထမင်းသုံးနပ်တို့ကိုလည်း
မစား၊ ထမင်းလေးနပ်တို့ကိုလည်း
မစား၊
ထမင်းငါးနပ်တို့ကိုလည်း
မစား၊
ထမင်းခြောက်နပ်တို့ကိုလည်း
မစား၊
ထမင်းခုနစ်နပ်တို့ကိုလည်း
မစား။
ထိုအခါရဋ္ဌပါလ
အမျိုးကောင်းသား၏
မိဘတို့သည်
ရဋ္ဌပါလအမျိုးကောင်းသားအား-
''ချစ်သားရဋ္ဌပါလ
သင်သည်ငါတို့၏
တစ်ဦးတည်းသော
သားဖြစ်၍
ချစ်ခင်အပ်သူ
နှစ်သက်အပ်သူ
ချမ်းသာစွာ
ကြီးပြင်းလာသူချမ်းသာစွာ
မွေးမြူလာရသူ
ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ
သင်သည်
မည်သည့်
ဆင်းရဲကိုမျှ
မသိ၊
ငါတို့သည်
သင်သေသော်မှလည်း
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရကုန်အံ့၊
အသက်ရှင်နေသော
သင့်ကိုကား
ငါတို့သည်
ဤလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာ
ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊
ချစ်သားရဋ္ဌပါလ
ထလော့၊
စားလည်း စားလော့၊
သောက်လည်း
သောက်လော့၊
ပျော်လည်း
ပျော်ပါးလော့၊
စားသောက်ပျော်ပါးကာ
ကာမဂုဏ်များကို
ခံစား၍
ကောင်းမှုများကို
ပြုလျက်
မွေ့လျော်လော့၊
သင့်ကို လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ငါတို့
ခွင့်မပြုနိုင်ကုန်''ဟု
ပြောဆိုကြကုန်၏။
ဤသို့
ပြောကြကုန်သော်
ရဋ္ဌပါလအမျိုးကောင်းသားသည်
ဆိတ်ဆိတ်နေ၏။
နှစ်ကြိမ်မြောက်လည်း။ပ။
သုံးကြိမ်မြောက်လည်း
ရဋ္ဌပါလအမျိုးကောင်းသား၏
အမိအဖတို့သည်
ရဋ္ဌပါလအမျိုးကောင်းသားအား-''ချစ်သား
ရဋ္ဌပါလ
သင်သည်
ငါတို့၏
တစ်ဦးတည်းသော
သားဖြစ်၍
ချစ်ခင်အပ်သူနှစ်သက်အပ်သူ
ချမ်းသာစွာ
ကြီးပြင်းလာသူ
ချမ်းသာစွာ
မွေးမြူလာရသူ
ဖြစ်ပေ၏၊
ချစ်သားရဋ္ဌပါလသင်သည်
မည်သည့်ဆင်းရဲကိုမျှ
မသိ၊ သင်သေသော်မှလည်း
ငါတို့သည်
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရကုန်အံ့၊
အသက်ရှင်နေသော
သင့်ကိုကား
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာ
ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊
ချစ်သားရဋ္ဌပါလ
ထလော့၊ စားလည်း
စားလော့၊
သောက်လည်း
သောက်လော့၊
ပျော်လည်း
ပျော်ပါးလော့၊
စားသောက်ပျော်ပါးကာ
ကာမဂုဏ်များကို
ခံစား၍ ကောင်းမှုများကိုပြုလျက်
မွေ့လျော်လော့၊
သင့်ကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ငါတို့
ခွင့်မပြုနိုင်ကုန်''ဟု
ပြောဆိုကြကုန်၏။
သုံးကြိမ်မြောက်လည်း
ရဋ္ဌပါလအမျိုးကောင်းသားသည်
ဆိတ်ဆိတ်နေ၏။
၂၉၇။
ထို့နောက်
ရဋ္ဌပါလအမျိုးကောင်းသား၏
သူငယ်ချင်းတို့သည်
ရဋ္ဌပါလ
အမျိုးကောင်းသားထံချဉ်းကပ်ပြီးသော်
ရဋ္ဌပါလအမျိုးကောင်းသားအား
''အဆွေရဋ္ဌပါလ
သင်သည်
မိဘတို့၏
တစ်ဦးတည်းသောသား
ဖြစ်၍
ချစ်ခင်အပ်သူ
နှစ်သက်အပ်သူ
ချမ်းသာစွာ
ကြီးပြင်းလာသူ
ချမ်းသာစွာ
မွေးမြူလာရသူဖြစ်ပေ၏၊
အဆွေရဋ္ဌပါလ
သင်သည်
မည်သည့်ဆင်းရဲကိုမျှ
မသိ၊ သင်၏
မိဘတို့သည်
သင်သေသော်မှလည်း
(မိဘတို့)
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရပေလိမ့်မည်၊
အသက်ရှင်နေသော
သင့်ကိုကားလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာ
ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊
အဆွေရဋ္ဌပါလထလော့၊
စားလည်း
စားလော့၊
သောက်လည်း
သောက်လော့၊ ပျော်လည်း
ပျော်ပါးလော့၊
စားသောက်ပျော်ပါးကာ
ကာမဂုဏ်များကို
ခံစား၍
ကောင်းမှုများကိုပြုလျက်
မွေ့လျော်လော့၊
သင့်ကို လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်ရန်ကား
မိဘတို့
ခွင့်ပြုနိုင်လိမ့်မည်
မဟုတ်ကုန်၊
သင်၏
မိဘတို့သည်သင်သေသော်မှလည်း
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရပေမည်၊
အသက်ရှင်နေသော
သင့်ကိုကားလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာ
ခွင့်ပြုနိုင်ကုန်အံ့နည်း''ဟု
ပြောဆိုကြကုန်၏။
ဤသို့
ပြောကုန်သော်
ရဋ္ဌပါလ
အမျိုးကောင်းသားသည်
ဆိတ်ဆိတ်နေ၏။
နှစ်ကြိမ်မြောက်
လည်း။ပ။
သုံးကြိမ်မြောက်လည်း
ရဋ္ဌပါလအမျိုးကောင်းသား၏
သူငယ်ချင်းတို့သည်
ရဋ္ဌပါလအမျိုး့ကောင်းသားအား-''အဆွေရဋ္ဌပါလ
သင်သည်
မိဘတို့၏
တစ်ဦးတည်းသော
သားဖြစ်၍
ချစ်ခင်အပ်သူနှစ်သက်အပ်သူ
ချမ်းသာစွာ
ကြီးပြင်းလာသူ
ချမ်းသာစွာ
မွေးမြူလာရသူ
ဖြစ်ပေ၏၊
အဆွေရဋ္ဌပါလသင်သည်
မည်သည့်ဆင်းရဲကိုမျှ
မသိ၊ သင်၏
မိဘတို့သည်
သင်သေသော်မှလည်း
(မိဘတို့)
အလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရပေလိမ့်မည်၊
အသက်ရှင်နေသော
သင့်ကိုကား
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်ရန်
အဘယ်မှာ
ခွင့်ပြုနိုင်ကုန်အံ့နည်း၊
အဆွေရဋ္ဌပါလ
ထလော့၊
စားလည်း
စားလော့၊
သောက် လည်း
သောက်လော့၊
ပျော်လည်း
ပျော်ပါးလော့၊
စားသောက်
ပျော်ပါးကာ
ကာမဂုဏ်များကိုခံစား၍
ကောင်းမှုများကို
ပြုလျက် မွေ့လျော်လော့။
သင့်ကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်ရန်ကား
မိဘတို့
ခွင့်ပြုနိုင်လိမ့်မည်
မဟုတ်ကုန်၊
သင်၏ မိဘတို့သည်
သင်သေသော်မှလည်းအလိုမရှိကုန်ဘဲ
သင်နှင့်
ခွဲခွါကြရပေမည်၊
အသက်ရှင်နေသော
သင့်ကိုကား
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်ရန်
အဘယ်မှာ
ခွင့်ပြုနိုင်ကုန်အံ့နည်း''ဟု
ပြောဆိုကြကုန်၏။
သုံးကြိမ်မြောက်လည်း
ရဋ္ဌပါလ
အမျိုးကောင်း
သားသည်
ဆိတ်ဆိတ်နေ၏။
၂၉၈။
ရဋ္ဌပါလအမျိုးကောင်းသား၏
သူငယ်ချင်းတို့သည်
ရဋ္ဌပါလ
အမျိုးကောင်းသား၏
မိဘတို့ထံ
သို့ချဉ်းကပ်ကြပြီးသော်
''မိခင်ဖခင်တို့
'ဤရဋ္ဌပါလသည်
အခင်းမရှိသော
မြေပေါ်ဝယ်
ဤနေရာ၌သာလျှင်ငါ့အား
သေခြင်းသော်လည်းကောင်း၊
ရဟန်းအဖြစ်သော်လည်းကောင်း
ဖြစ်လိမ့်မည်'ဟု
အိပ်၏။
သင်တို့သည်
ရဋ္ဌပါလကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်မပြုကြပါမူ
ထိုနေရာ၌ပင်
သေခြင်းသို့ရောက်လိမ့်မည်၊
အကယ်၍
သင်တို့သည် ရဟန်းပြုရန်
ခွင့်ပြုကြပါမူ
ရဟန်းအဖြစ်နှင့်နေသောရဋ္ဌပါလကို
မြင်ကြရဦးမည်၊
ရဋ္ဌပါလသည်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်၍ ရဟန်းပြုပြီးမှ
အကယ်၍မပျော်
ပိုက်ပါမူ သူ့အား
မိဘတို့
အိမ်မှတစ်ပါး
သွားစရာ
အဘယ်မှာရှိအံ့နည်း၊
ဤ (အိမ်) သို့သာလျှင်တစ်ဖန်
ပြန်လာပါလိမ့်မည်၊
ရဋ္ဌပါလကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်ခွင့်ပြုကြပါကုန်''ဟု
ပြော
ဆိုကြကုန်၏။
ထိုအခါ
ရဋ္ဌပါလ၏
မိဘတို့သည်
''အမောင်တို့
ရဋ္ဌပါလကို
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်ရန်
ငါတို့
ခွင့်ပြုပါကုန်၏၊
သို့ရာတွင်
ရဟန်းပြုပြီးနောက်
မိဘတို့ကို
အတွေ့ခံပါစေ''ဟု
(ပြောဆိုကြကုန်၏)။
ထိုအခါ
ရဋ္ဌပါလအမျိုးကောင်းသား၏
သူငယ်ချင်းတို့သည်
ရဋ္ဌပါလအမျိုးကောင်းသားထံ
ချဉ်းကပ်ကြပြီးသော်
''အဆွေရဋ္ဌပါလ
ထလော့၊
သင့်ကို
မိဘတို့သည်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်ပြုကြပြီ၊
သို့ရာတွင်
သင်သည် ရဟန်းပြုပြီးနောက်
အမိအဖတို့ကို
အတွေ့ခံရမည်''ဟု
ပြောကြကုန်၏။
၂၉၉။
ထို့နောက်
ရဋ္ဌပါလအမျိုးကောင်းသားသည်
ထ၍ အားယူကာ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-
''အသျှင်
ဘုရားအကျွန်ုပ်ကို
မိဘတို့က
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ခွင့်ပေးကြပါပြီ၊
မြတ်စွာဘုရားသည်အကျွန်ုပ်ကို
ရဟန်းပြုတော်မူပါလော့''ဟု
လျှောက်၏။
ရဋ္ဌပါလ
အမျိုးကောင်းသားသည်
မြတ်စွာဘုရားအထံ၌
ရှင့်အဖြစ်
ရဟန်းအဖြစ်ကို
ရလေ၏။ ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်ရဋ္ဌပါလ
ရဟန်းပြု၍မကြာမြင့်မီ
လခွဲမျှ
လွန်လတ်သော်
ထုလ္လကောဋ္ဌိကနိဂုံး၌
မွေ့လျော်တော်မူသမျှ
နေတော်မူ၍သာဝတ္ထိပြည်သို့
ဒေသစာရီကြွချီတော်မူ၏။
အစဉ်အတိုင်း
ဒေသစာရီကြွချီတော်မူလတ်သော်
သာဝတ္ထိပြည်သို့
ရောက်တော်မူ၏၊
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အသျှင်ရဋ္ဌပါလသည်
တစ်ပါးတည်း
ဆိတ်ငြိမ်ရာသို့
ကပ်၍ မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)
စေလွှတ်သော
စိတ်ရှိသည်ဖြစ်၍
နေလတ်သော်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သည့်
အတုမရှိသော
မြတ်သော
အကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်
အကျိုးကို
မကြာမီ
ယခုဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက့်ပြုကာ
ပြည့်စုံစေ၍
နေ၏၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊
ဤ (မဂ်)
ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်မရှိတော့ပြီ''ဟု
သိ၏။
အသျှင်ရဋ္ဌပါလသည်ရဟန္တာတို့တွင်
တစ်ပါးအပါအဝင်
ဖြစ်လေ၏။
ထိုအခါ
အသျှင်
ရဋ္ဌပါလသည်
မြတ်စွာဘုရားကို
ရှိခိုး၍
သင့်လျော်ရာ၌
ထိုင်လျက်
''အသျှင်ဘုရားအကျွန်ုပ်ကို
အကယ်၍
မြတ်စွာဘုရား
ခွင့်ပြုတော်မူပါလျှင်
အကျွန်ုပ်သည်
အမိအဖတို့ကို
အတွေ့ခံလိုပါ၏''ဟု
လျှောက်၏။ ထိုအခါ
မြတ်စွာဘုရားသည်
ရဋ္ဌပါလ
အမျိုးကောင်းသား
သိက္ခာချ၍
လူထွက်ရန်မထိုက်သည်ကို
သိတော်မူသည့်
အခြင်းအရာအားဖြင့်
အသျှင်ရဋ္ဌပါလ၏
စိတ်ကို
(မိမိ)
စိတ်တော်ဖြင့်ပိုင်းခြား၍
နှလုံးသွင်းတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်ရဋ္ဌပါလကို
''ရဋ္ဌပါလ ယခုအခါ၌အတွေ့ခံရန်
အချိန်ကို
သင် သိ၏
(အတွေ့ခံရန်မှာ
သင်၏
အလိုအတိုင်းပင်
ဖြစ်၏)''ဟု
(မိန့်တော်မူ၏)။
ထိုအခါ အသျှင်ရဋ္ဌပါလသည်
နေရာမှ ထ၍
မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင်အရိုအသေပြုကာ
ကျောင်း အိပ်ရာ
နေရာကို
သိုမှီး၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်ထုလ္လကောဋ္ဌိကနိဂုံးသို့
ဒေသစာရီကြွချီခဲ့ရာ
အစဉ်အတိုင်း
ထုလ္လကောဋ္ဌိကနိဂုံးသို့
ဆိုက်ရောက်၏၊
အသျှင်ရဋ္ဌပါလမထေရ်သည်
ထိုထုလ္လကောဋ္ဌိကနိဂုံး၌
ကောရဗျမင်း၏
မိဂစီရမည်သော
ဥယျာဉ်၌သီတင်းသုံးနေတော်မူ၏။
ထိုအခါ
အသျှင်ရဋ္ဌပါလသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
ထုလ္လကောဋ္ဌိကနိဂုံးသို့
ဆွမ်းခံဝင်လေ၏၊
ထုလ္လကောဋ္ဌိကနိဂုံး၌
အိမ်စဉ်အတိုင်းရပ်၍
ဆွမ်းခံကြွတော်မူသည်ရှိသော်
မိမိ၏
အဖအိမ်သို့
ချဉ်းကပ်မိလေ၏၊
ထိုအခါ
အသျှင်ရဋ္ဌပါလ၏
အဖသည်
အလယ်တံခါးမုခ်ဦး၌
ဆံရှင်း၍နေ၏။
အသျှင်ရဋ္ဌပါလ၏
အဖသည်
အဝေးကကြွလာသော
အသျှင်ရဋ္ဌပါလကို
မြင်၍''ဤဦးပြည်းရဟန်းယုတ်တို့သည်
ငါတို့၏ ချစ်လှစွာသော
နှလုံးကို
ပွါးစေတတ်သော
တစ်ယောက်တည်းသော
သားကို
ရဟန်းပြုပေးကြကုန်၏''ဟု
ဆို၏။ ထိုအခါ
အသျှင်ရဋ္ဌပါလသည်
မိမိအဖအိမ်မှ
အလှူဒါနမရခဲ့သည့်ပြင်
'ကန်တော့'ဟု
တုံ့ပြန်မှုဆွမ်း
(ကန်တော့ဆွမ်း)
ကိုမျှ
မရခဲ့၊
စင်စစ်သော်ကား
ဆဲရေးမှုကိုသာရခဲ့၏၊
ထိုအခါအသျှင်ရဋ္ဌပါလ၏
ဆွေမျိုးသဖွယ်ဖြစ်သည့်
(အိမ်ပေါက်)
ကျွန်မသည်
တစ်ညဉ့်လွန်
(သိုးလေ) ပြီးသော
မုယောမုန့်ကို
စွန့်ပယ်လို၏၊
ထိုအခါ အသျှင်ရဋ္ဌပါလသည်
ထိုဆွေမျိုးသဖွယ်ဖြစ်သည့်ကျွန်မကို
''နှစ်မ ထို
(မုန့်) ကို
အကယ်၍ စွန့်ပစ်ရမည်
ဖြစ်အံ့၊ ငါ၏
ဤသပိတ်၌
လောင်းလော့''ဟုပြော၏။
ထိုအခါ
အသျှင်ရဋ္ဌပါလ၏
ဆွေမျိုးသဖွယ်ဖြစ်သူ
ကျွန်မသည်
တစ်ညဉ့်လွန်
(သိုးလေ)
ပြီးသောထိုမုယောမုန့်ကို
အသျှင်ရဋ္ဌပါလ၏
သပိတ်၌
လောင်းစဉ်
လက် ခြေ
အသံတို့၏
အမှတ်အသားကို
မှတ်ယူ၏။
၃၀၀။
ထို့နောက်
အသျှင်ရဋ္ဌပါလ၏
ဆွေမျိုးသဖွယ်ဖြစ်သူ
ကျွန်မသည်
အသျှင်ရဋ္ဌပါလ၏
မိခင်ထံသို့ချဉ်းကပ်၍
''အသျှင်မ
သိပါလော့၊ အသျှင့်သား
ရဋ္ဌပါလသည်
ရောက်လာပြီ''ဟု
အသျှင်ရဋ္ဌပါလ၏အမိကို
ပြော၏။ ဟယ်
ကျွန်မ အကယ်၍
သင်အမှန်ပြောမူ
သင့်ကို
ကျွန်အဖြစ်မှ
လွှတ်ပစ်မည်ဟု
(ဆို၏)၊
ထို့နောက်
အသျှင်ရဋ္ဌပါလ၏
မိခင်သည်
အသျှင်ရဋ္ဌပါလ
ဖခင်ရှိရာသို့
ချဉ်းကပ်၍အသျှင်ရဋ္ဌပါလ၏
ဖခင် ကို
''အသျှင် သိပါလော့၊
အမျိုးကောင်းသား
အသျှင်ရဋ္ဌပါလသည်ရောက်လာပြီ''ဟု
ပြောဆို၏။
ထိုအခါ
အသျှင်ရဋ္ဌပါလသည်
နံရံခြေတစ်ခုကို
မှီ၍
တစ်ညဉ့်လွန်
(သိုးလေ)
ပြီးသော
ထိုမုယောမုန့်
ကိုသုံးဆောင်နေ၏။
ထိုအခါ
အသျှင်ရဋ္ဌပါလ၏
အဖလည်း
အသျှင်ရဋ္ဌပါလထံသို့
ချဉ်းကပ်၍
အသျှင်ရဋ္ဌပါလအား
ဤစကားကို
ပြောဆို၏-
''ချစ်သားရဋ္ဌပါလ
တစ်ညဉ့်လွန်
(သိုးလေ)
ပြီးသော
မုယောမုန့်ကိုစားမှ
စားပလေ၊
အကယ်စင်စစ်
မိမိအိမ်သို့
သွားသင့်သည်
မဟုတ်ပါလော''ဟု
ပြော၏။ ဒါယကာကြီးလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်သော
ငါတို့အား
အဘယ်မှာ
အိမ်ရှိအံ့နည်း၊
ဒါယကာကြီး့ငါတို့သည်
အိမ်မရှိကြကုန်၊
ဒါယကာကြီး
သင်၏ အိမ်သို့
ရောက်ခဲ့ပြီ၊
ထိုအိမ်မှ
အလှူဒါနမရခဲ့သည့်ပြင်
တုံ့ပြန်မှု
(ကန်တော့ဆွမ်း)
ကိုမျှ
မရခဲ့၊
စင်စစ်သော်ကား
ဆဲရေးခြင်းကိုသာ
ရခဲ့၏ဟု
(ပြော၏)။
ချစ်သား
ရဋ္ဌပါလ လာ,
အိမ်သို့
သွားကြကုန်အံ့ဟု
(ဆို၏)။
ဒါယကာကြီး တန်ပြီ၊
ယနေ့အကျွန်ုပ်အား
ဆွမ်းကိစ္စ
ပြီးပြီဟု
(ဆို၏)။ ချစ်သားရဋ္ဌပါလ
သို့ဖြစ်မူ
နက်ဖန်အတွက်
ဆွမ်းကိုလက်ခံပါလော့ဟု
(လျှောက်၏)။
အသျှင်ရဋ္ဌပါလသည်
ဆိတ်ဆိတ်နေသဖြင့်
လက်ခံတော်မူ၏။
ထိုအခါအသျှင်ရဋ္ဌပါလ၏
အဖသည်
အသျှင်ရဋ္ဌပါလ
လက်ခံသည်ကို
သိ၍
မိမိအိမ်သို့
ချဉ်းကပ်ကာ
ကြီးစွာသောရွှေပုံ
ငွေပုံကို
ပြုစေ၍
ဖျာတို့ဖြင့်
ဖုံးပြီးလျှင်
အသျှင်ရဋ္ဌပါလ၏
မယားဟောင်းတို့ကို
''ချွေးမတို့လာကြကုန်လော့၊
ရှေးအခါက
ရဋ္ဌပါလအမျိုးကောင်းသားအား
ကြိုက်နှစ်သက်စေတတ်သောအဆင်တန်ဆာကို
ဝတ်ဆင်ကြ
ကုန်လော့''ဟု
ပြောဆို၏။
၃၀၁။
ထိုအခါ
အသျှင်ရဋ္ဌပါလ၏
အဖသည် ထိုညဉ့်လွန်သဖြင့်
မိမိအိမ်၌
မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကို
စီရင်၍
အသျှင်ရဋ္ဌပါလအား
''ချစ်သားရဋ္ဌပါလ
ဆွမ်းပြင်ပြီးပြီ၊
ဆွမ်းစားရန်
အချိန်တန်ပြီ''ဟု
အချိန်ကို
ကြားလျှောက်၏။
ထိုအခါ အသျှင်ရဋ္ဌပါလသည်
နံနက်အချိန်၌
သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို
ယူပြီးလျှင်
မိမိအဖ၏
အိမ်သို့
ချဉ်းကပ်၍
ခင်းထားသော
နေရာ၌
ထိုင်၏။
ထိုအခါအသျှင်ရဋ္ဌပါလ၏
အဖသည်
ရွှေပုံ
ငွေပုံကို
ဖွင့်၍
အသျှင်ရဋ္ဌပါလအား-''ချစ်သားရဋ္ဌပါလဤ
(ရွှေငွေ) သည်
သင့်အမိ၏
အမိဘက်မှ
ပါလာသော ဥစ္စာတည်း
(မိန်းမသား၏
မိန်းမသုံးဥစ္စာတည်း၁)။
အဖဘက်မှ
ပါလာသော
ဥစ္စာသည်ကား
တစ်ခြားရှိသေး၏၊
အဘိုးအဘေးဘက်မှ
(ဆင်းသက်)
လာသော ဥစ္စာလည်း
တစ်ခြားရှိသေး၏၊
ချစ်သားရဋ္ဌပါလ
လူထွက်၍စည်းစိမ်တို့ကိုလည်း
ခံစားရန်
ကောင်းမှုတို့ကိုလည်း
ပြုရန်
ရနိုင်၏၊
ချစ်သားရဋ္ဌပါလ
လာလော့၊
လူထွက်၍
စည်းစိမ်တို့ကိုလည်း
ခံစားလော့၊
ကောင်းမှုတို့
ကိုလည်း
ပြုလော့''ဟု
ပြောဆို၏။
ဒါယကာကြီး
အကယ်၍ ငါ၏
စကားကို
လိုက်နာသည်
ဖြစ်မူ
ဤရွှေငွေတို့ကို
လှည်းတို့ဖြင့်ထုတ်ဆောင်ကာ
ဂင်္ဂါမြစ်လယ်
ရေအလျဉ်၌
ပစ်ချလိုက်လော့၊
အဘယ် ကြောင့်ဆိုသော်ထို
(ဥစ္စာဟူသော)
အကြောင်းကြောင့်
သင့်အား
ပူဆွေးရမှု
ငိုကြွေးရမှု
ကိုယ်ဆင်းရဲရမှု
စိတ်ဆင်းရဲရမှုပြင်းစွာ
ပင်ပန်းမှုတို့သည်
ဖြစ်ကုန်လိမ့်မည်ဟု
ဆို၏။
ထိုအခါ
အသျှင်ရဋ္ဌပါလ၏
မယားဟောင်းတို့သည်
အသီးအသီး
ခြေတို့ကိုကိုင်၍
အသျှင်ရဋ္ဌပါလ
အား-''အသျှင့်သား
အကြင်
(နတ်သမီး)
တို့ကို
(ရလိုမှုဟူသော)
အကြောင်းကြောင့်
အသျှင့်သားသည်မြတ်သောအကျင့်ကို
ကျင့်၏၊
ထိုနတ်သမီးတို့ကား
အဘယ်သို့သော
သဘောရှိပါကုန်သနည်း''ဟုပြောကြ
ကုန်၏။
နှမတို့
ငါသည် နတ်သမီးဟူသော
အကြောင်းကြောင့်
မြတ်သောအကျင့်ကို
ကျင့်သည်မဟုတ်ဟု
(ဆို၏)။
ထိုအခါ
အသျှင်ရဋ္ဌပါလ၏
မယားဟောင်းတို့သည်
ငါတို့ကို
အသျှင့်သားရဋ္ဌပါလသည်
နှမတို့ဟူသောခေါ်ဝေါ်ပြောဆိုခြင်းဖြင့်
ခေါ်ဝေါ်ပြောဆိုနေတော့သည်ဟု
ထိုနေရာ၌ပင်လျှင်
မိန်းမောတွေဝေ၍
လဲကုန်၏။
ထိုအခါ အသျှင်ရဋ္ဌပါလသည်
အဖဖြစ်သူအား
''ဒါယကာကြီး
ဆွမ်းဘောဇဉ်တို့ကို
ပေးလှူမည်
ဖြစ်လျှင်ပေးလှူလော့၊
အကျွန်ုပ်တို့ကို
(ဥစ္စာမိန်းမ
အထွေထွေပြလျက်)
မညှဉ်းဆဲပါလင့်''ဟု
ပြောဆို၏။
ချစ်သားရဋ္ဌပါလ
သုံးဆောင်လော့၊
ဆွမ်းပြင်ပြီးပါပြီဟု
(ဆို၏)။
ထို့နောက်
အသျှင်ရဋ္ဌပါလ၏
မိဘတို့သည်
အသျှင်ရဋ္ဌပါလအား
မွန်မြတ်သော
ခဲဖွယ်ဘောဇဉ်ဖြင့်
ရောင့်ရဲသည့်တိုင်အောင်
တားမြစ်သည့်တိုင်အောင်
မိမိကိုယ်တိုင်
လုပ်ကျွေးကုန်၏။
၃၀၂။
ထိုအခါ
အသျှင်ရဋ္ဌပါလသည်
ဆွမ်းစားပြီး၍
သပိတ်မှ
လက်ကို
ဖယ်ပြီးသော်
ရပ်လျက်သာ
လျှင်ဤဂါထာတို့ကို
ရွတ်ဆို၏ -
''ရှုစမ်းလော့၊
အနာဝအပြည့်,
ကိုယ်ဖြစ်၍
(အရိုးအကြောအသားတို့ဖြင့်)
ထက်
ဝန်းကျင့်စိုက်ဆောက်ထားသော
အမြဲကျင်နာ၍
အများသတ္တဝါတို့
ကြံစည်အပ်
(ကြံစည်ရာဖြစ်)
သောအဆန်းတကြယ်
ပြုထားသည့်
ခန္ဓာကိုယ် အတ္တဘောသည်
အမြဲတည်မှု
မရှိနိုင်ချေ။
ရှုစမ်းလော့၊
ပတ္တမြားနားတောင်းဖြင့်
ဆန်းကြယ်စွာ
ပြုပြင်ထားသော
အရိုးကို
အရေဖုံးနေသောရုပ်ပုံသည်
အဝတ်နှင့်တကွ
ဖြစ်မှသာလျှင်
တင့်တယ်ပေ၏။
ချိပ်ရည်
ဆိုးထားသော
ခြေထောက်များနှင့်
နံ့သာမှုန့်
လိမ်းကျံထားသော
မျက်နှာတို့သည်
လူမိုက်အားတွေဝေရန်
စွမ်းနိုင်၍
(နိဗ္ဗာန်)
ကမ်းတစ်ဖက်ကို
ရှာမှီးသူအား
တွေဝေရန်
မစွမ်းနိုင်ကုန်သည်သာတည်း။
ရှစ်မျိုးသော
အဖို့အစုတို့ဖြင့်
ဆင်ယင်ထုံးဖွဲ့ထားသော
ဆံပင်တို့နှင့်
မျက်ကွင်း ဆေးလိမ်းကျံထားသော
မျက်စိတို့သည်
လူမိုက်အား
တွေဝေရန်
စွမ်းနိုင်၍
(နိဗ္ဗာန်)
ကမ်းတစ်
ဖက်ကိုရှာမှီးသူအား
တွေဝေရန်
မစွမ်းနိုင်ကုန်သည်သာတည်း။
မျက်စဉ်းကျည်အဆင်းရှိသော
ဆန်းကြယ်သော
တန်ဆာဆင်ထားသော
အပုပ်
ကောင်သည်ထိုလူမိုက်အား
တွေဝေရန်
စွမ်းနိုင်၍
(နိဗ္ဗာန်)
ကမ်းတစ်ဖက်ကို
ရှာမှီး
သူအား
တွေဝေရန်မစွမ်းနိုင်သည်သာတည်း။
သားမုဆိုးသည်
ပိုက်ကို
ထောင်ထား၏၊
သားသမင်သည်
ပိုက်ကို
မထိပါးစေဘဲ
အစာကို
စားလျက်သားမုဆိုး
မြည်တမ်းစဉ်
ဖဲသွားလေသတည်း''ဟု
(ရွတ်ဆို ၏)။
ထိုအခါ
အသျှင်ရဋ္ဌပါလသည်
ရပ်လျက်သာလျှင်
ဤဂါထာတို့ကို
ရွတ်ဆိုလျက်
ကောရဗျမင်း၏မိဂစီရဥယျာဉ်သို့
ချဉ်းကပ်၍
သစ်ပင်ရင်းတစ်ခု၌
နေ့သန့်စင်နေ၏။
၃၀၃။
ထိုအခါ
ကောရဗျမင်းသည်
မိဂဝဥယျာဉ်မှူးကို
''အချင်းမိဂဝ
မိဂစီရဥယျာဉ်မြေကို
ပြင်ဆင်
လော့၊
ရှုမျှော်ခင်းကို
ကြည့်ရှုရန်
သွားကြကုန်အံ့''ဟု
မိန့်၏၊
''အသျှင်မင်းမြတ်
ကောင်းပါပြီ''ဟူ၍သာ
လျှင်မိဂဝဥယျာဉ်မှူးသည်
ကောရဗျမင်းအား
ပြန်လျှောက်ကြား၍
မိဂစီရဥယျာဉ်ကို
ပြင်ဆင်သည်ရှိသော်သစ်ပင်ရင်းတစ်ခု၌
နေ့သန့်စင်နေသော
အသျှင်ရဋ္ဌပါလကို
မြင်၍
ကောရဗျမင်းထံသို့
ချဉ်းကပ်ပြီးလျှင်''အသျှင်မင်းမြတ်
သင်၏
မိဂစီရဥယျာဉ်သည်
ပြင်ဆင်ပြီးဖြစ်ပါပြီ၊
ဤဥယျာဉ်၌
ဤထုလ္လကောဋ္ဌိကနိဂုံးမှမြတ်သော
အမျိုးသား
ဖြစ်သော
ရဋ္ဌပါလအမျိုးကောင်းသားလည်း
ရှိပါ၏၊
သင်မင်းမြတ်
မပြတ်ပြောဆိုတမ်းတနေသော
ရဋ္ဌပါလအမျိုးကောင်းသားသည်
သစ်ပင်ရင်းတစ်ခု၌
နေ့သန့်စင်နေပါ၏''ဟု
လျှောက်၏။
အချင်းမိဂဝ
သို့ဖြစ်မူ
ယခု
ဥယျာဉ်မြေကို
မကြည့်ရှုလိုတော့ပြီ၊
ထိုအသျှင်ရဋ္ဌပါလထံသို့သာလျှင်ငါတို့
ချဉ်းကပ်ကြကုန်အံ့ဟု
(ဆို၏)။
ထိုအခါ
ကောရဗျမင်းသည်
စီရင်သင့်သော
ခဲဖွယ်ဘောဇဉ်
အလုံးစုံကို
စီရင်ကြကုန်လော့ဟု
ဆို၍ကောင်းသည်ထက်
ကောင်းကုန်သော
ယာဉ်တို့ကို
ကစေ၍
ကောင်းသည်ထက်
ကောင်းသော ယာဉ်ကိုတက်စီးပြီးလျှင်
ကောင်းသည်ထက်
ကောင်းသော
ယာဉ်တို့ဖြင့်
ထုလ္လကောဋ္ဌိကနိဂုံးမှ
ကြီးကျယ်သောမင်းကျက်သရေဖြင့်
အသျှင်ရဋ္ဌပါလကို
ဖူးမြော်ရန်
ထွက်သွားလေ၏။
ယာဉ်ဖြင့်
သွားသင့်သော
အရပ်တိုင်အောင်
ယာဉ်ဖြင့်သွား၍
ယာဉ်မှ
သက်ဆင်းပြီးလျှင်
ခြေကျင်သာလျှင်
ကျော်စောထင်ရှားသောပရိသတ်ဖြင့်
အသျှင်ရဋ္ဌပါလထံသို့
ချဉ်းကပ်၍
အသျှင်ရဋ္ဌပါလနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အောက်မေ့ဖွယ်စကားကို
ပြောဆိုပြီးဆုံးစေပြီးလျှင်
သင့်လျော်ရာ၌
ရပ်လျက်အသျှင်ရဋ္ဌပါလအား-
''အသျှင်ရဋ္ဌပါလ
အသျှင်သည်
ဤဆင်ကုန်းနှီး၌
ထိုင်ပါလော့''ဟု
လျှောက်၏။
မင်းကြီး
တန်ပြီ၊
သင်ထိုင်
လော့၊ ငါသည်
မိမိနေရာ၌
ထိုင်နေ၏ဟု
(ဆို၏)။
ကောရဗျမင်းသည်ခင်းထားသော
နေရာ၌
ထိုင်ပြီး
လျှင် အသျှင်ရဋ္ဌပါလအား-
၃၀၄။
အသျှင်ရဋ္ဌပါလ
ပျက်စီးခြင်းတို့သည်
ဤလေးပါးတို့ပါတည်း၊
ယင်းပျက်စီးခြင်းတို့နှင့်ပြည့်စုံသော
သူအချို့တို့သည်သာ
ဆံမုတ်ဆိတ်ကို
ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ပြီးလျှင်လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြပါကုန်၏။
အဘယ်လေးပါးတို့နည်း
ဟူမူ-
အိုမှုဟူသော
ပျက်စီးခြင်း၊
နာမှုဟူသော
ပျက်စီးခြင်း၊
စည်းစိမ်ပျက်စီးခြင်း၊
ဆွေမျိုးပျက်စီးခြင်းတို့ပေတည်း။
အသျှင်ရဋ္ဌပါလ
အိုမှုပျက်စီးခြင်းဟူသည်
အဘယ်နည်း-
အသျှင်ရဋ္ဌပါလ
ဤလောက၌ အချို့သောသူသည်အိုမင်းကြီးမြင့်
အရွယ်ရင့်ကာ
ဆင့်ဆင့်လွန်မြောက်
နောက်ဆုံးအရွယ်သို့
ရောက်၏။
ထိုသူသည်''ယခုအခါ
ငါသည် အိုမင်းကြီးမြင့်
အရွယ်ရင့်ကာ
ဆင့်ဆင့်လွန်မြောက်
နောက်ဆုံးအရွယ်သို့
ရောက်ခဲ့ပြီ၊
ငါသည်
မရသေးသော
စည်းစိမ်ကိုရရန်
ရပြီးသော
စည်းစိမ်ကို
တိုးပွါးအောင်ပြုရန်
မလွယ်ကူချေ၊
ငါသည် အကယ်၍
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရမူ
ကောင်းလေရာ၏''ဟု
ဆင်ခြင်၏။ ထိုသူသည်
အိုမှုဟူသော
ပျက်စီးခြင်းနှင့်ပြည့်စုံသည်ဖြစ်၍
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်၏။
အသျှင်ရဋ္ဌပါလ
ဤပျက်စီးခြင်းကို
အိုမှုပျက်စီးခြင်းဟူ၍
ဆိုရ၏။ အသျှင်
ရဋ္ဌပါလမူကား
ယခုအခါ
ငယ်ရွယ်၏၊
ပျိုမျစ်၏၊
သူငယ်သာ
ဖြစ်၏၊
မည်းနက်သောဆံရှိ၏၊
ပဌမအရွယ်အားဖြင့်
ကောင်းမြတ်သော
အရွယ်နှင့်
ပြည့်စုံ၏။
အသျှင်ရဋ္ဌပါလအား
ထိုအိုမှုဟူသောပျက်စီးခြင်းသည်
မရှိ၊
အသျှင်ရဋ္ဌပါလသည်
အဘယ်အကျိုးထူးကို
သိ၍ မြင်၍
ကြား၍
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်ပါသနည်း။
(၁)
အသျှင်ရဋ္ဌပါလ
နာမှု
ပျက်စီးခြင်းဟူသည်
အဘယ်နည်း-
အသျှင်ရဋ္ဌပါလ
ဤလောက၌
အချို့သောသူသည်
အနာရှိ၏၊
ဆင်းရဲ၏၊
ပြင်းစွာနာ၏၊
ထိုသူသည်
''ယခုအခါ
ငါသည်
အနာရှိ၏၊
ဆင်းရဲ၏၊
ပြင်းစွာနာ၏၊
ငါသည်
မရသေးသော
စည်းစိမ်ကိုရရန်
ရပြီးသော
စည်းစိမ်ကို
တိုးပွါးအောင်ပြုရန်မလွယ်ကူချေ၊
အကယ်၍ ငါသည်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံလျက်
လူ့ဘောင်မှ ရဟန်းဘောင်သို့
ဝင်ရမူ
ကောင်းလေရာ၏''ဟု
ဆင်ခြင်၏။
ထိုသူသည်ထိုနာမှုပျက်စီးခြင်း
နှင့်
ပြည့်စုံသည်ဖြစ်၍
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏။
အသျှင်ရဋ္ဌပါလ
ဤပျက်စီးခြင်းကို
နာမှုပျက်စီးခြင်းဟူ၍
ဆိုရ၏။
အသျှင်ရဋ္ဌပါလမူကား
ယခုအခါ
အနာမရှိ၊ ဆင်းရဲမရှိ၊
အညီအမျှကျေကျက်စေတတ်သော
မအေးလွန်း
မပူလွန်းသော
ပါစကဓာတ်နှင့်
ပြည့်စုံ၏၊
အသျှင်ရဋ္ဌပါလအားထိုနာမှုဟူသော
ပျက်စီးခြင်း
သည် မရှိ။
အသျှင်ရဋ္ဌပါလသည်
အဘယ်အကျိုးထူးကို
သိ၍
မြင်၍ကြား၍
လူ့ဘောင်မှ
ရဟန်းဘောင်
သို့
ဝင်ရောက်ပါသနည်း။
(၂)
အသျှင်ရဋ္ဌပါလ
စည်းစိမ်ပျက်စီးခြင်းဟူသည်
အဘယ်နည်း-
အသျှင်ရဋ္ဌပါလ
ဤလောက၌
အချို့ သောသူသည်
ကြွယ်ဝ၏၊
များသော
ဥစ္စာရှိ၏၊
များသောစည်းစိမ်
ရှိ၏။ ထိုသူ၏
ထိုစည်းစိမ်တို့သည်အစဉ်အတိုင်း
ကုန်ခန်းခြင်းသို့
ရောက်ကုန်၏။
ထိုသူသည်
''ရှေးအခါက
ငါသည် ကြွယ်ဝ၏၊
များသောဥစ္စာရှိ၏၊
များသော
စည်းစိမ်ရှိ၏၊
ထိုငါ့အား
ထိုစည်းစိမ်တို့သည်
အစဉ်အတိုင်း
ကုန်ခန်းခြင်းသို့ရောက်ကုန်၏။
ငါသည် မရသေးသော
စည်းစိမ်ကိုရရန်,
ရပြီးသော
စည်းစိမ်ကို
တိုးပွါးအောင်
ပြုရန်မလွယ်ကူချေ၊
အကယ်၍ ငါသည်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရမူ
ကောင်းလေရာ၏''ဟု
ဆင်ခြင်၏။
ထိုသူသည်
ထိုစည်းစိမ်ပျက်စီးခြင်းနှင့်
ပြည့်စုံသည်ဖြစ်၍
ဆံမုတ်ဆိတ်တို့ကို
ရိတ်ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ
ဤပျက်စီးခြင်းကို
စည်းစိမ်ပျက်စီးခြင်းဟူ၍
ဆိုရ၏။ အသျှင်ရဋ္ဌပါလမူကား
ဤထုလ္လကောဋ္ဌိက
နိဂုံး၌သာလျှင်
မြတ်သော
အမျိုး၏သားဖြစ်ခဲ့၏၊
အသျှင်ရဋ္ဌပါလအား
ထိုစည်းစိမ်ပျက်စီးမှု
မရှိချေ။
အသျှင်
ရဋ္ဌပါလသည်
အဘယ်အကျိုးထူးကို
သိ၍ မြင်၍
ကြား၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ပါသနည်း။
(၃)
အသျှင်ရဋ္ဌပါလ
ဆွေမျိုးပျက်စီးခြင်းဟူသည်
အဘယ်နည်း-
အသျှင်ရဋ္ဌပါလ
ဤလောက၌
အချို့သောသူအား
များစွာသော
အဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်
ရှိကုန်၏၊
ထိုသူ၏ ထိုအဆွေအမျိုး့တို့သည်
အစဉ်အတိုင်း
ကုန်ခန်းခြင်းသို့
ရောက်ကုန်၏။
ထိုသူသည်
''ငါ့အား
ရှေးအခါက
များစွာသောအဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်
ရှိကုန်၏၊
ထိုငါ့အား
ထိုအဆွေအမျိုးတို့သည်
အစဉ်အတိုင်းကုန်ခန်းခြင်းသို့
ရောက်ကုန်၏။
ငါသည်
မရသေးသော
စည်းစိမ်တို့ကို
ရရန်, ရပြီးသော
စည်းစိမ်တို့ကိုတိုးပွါးအောင်
ပြုရန်
မလွယ်ကူချေ၊
အကယ်၍ ငါသည်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသောအဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ ရဟန်းဘောင်သို့
ဝင်ရမူ
ကောင်းလေရာ၏''ဟု
ဆင်ခြင်၏။
ထိုသူသည်
ထိုဆွေမျိုးပျက်စီးခြင်းနှင့်
ပြည့်စုံသည်
ဖြစ်၍
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏။
အသျှင်ရဋ္ဌပါလ
ဤသို့သဘောရှိသော
ပျက်စီးခြင်းကို
ဆွေမျိုးပျက်စီးခြင်းဟူ၍
ဆိုရ၏။
အသျှင်ရဋ္ဌပါလမှာမူကား
ဤထုလ္လကောဋ္ဌိကနိဂုံး၌ပင်လျှင်
များစွာသော
အဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်
ရှိပါကုန်၏၊
အသျှင်ရဋ္ဌပါလ
အား
ထိုဆွေမျိုးပျက်စီးခြင်းသည်
မရှိပါ။
အသျှင်ရဋ္ဌပါလသည်
အဘယ်အကျိုးထူးကို
သိ၍မြင်၍
ကြား၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ပါသနည်း။
(၄)
အသျှင်ရဋ္ဌပါလ
ဤသည်တို့ကား
ပျက်စီးခြင်း
လေးပါးတို့ပါတည်း၊
ယင်းပျက်စီးခြင်းတို့နှင့်
ပြည့်စုံသူအချို့တို့သည်သာ
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံပြီးလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြကုန်၏။
ထိုလေးပါးသော
ပျက်စီးခြင်းတို့သည်
အသျှင်ရဋ္ဌပါလအား
မရှိကုန်။
အသျှင်ရဋ္ဌပါလသည်
အဘယ်အကျိုးထူးကို
သိ၍ မြင်၍
ကြား၍
လူ့ဘောင်မှ ရဟန်းဘောင်သို့
ဝင်ရောက်ပါသနည်းဟု
လျှောက်၏။
၃၀၅။
မင်းကြီး
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
လေးပါးသော
တရားအကျဉ်းတို့ကိုညွှန်ပြတော်မူ၏။
ငါသည်
ယင်းတရားကို
သိ၍ မြင်၍ ကြား၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။
အဘယ်လေးပါးတို့နည်း
ဟူမူ-
မင်းကြီး ''လူအပေါင်းသည်
အိုခြင်း သေခြင်းသို့
ရောက်ရ၏၊
အမြဲမတည်''
ဟူ၍ သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ရှေးဦးစွာသော
တရားအကျဉ်းကိုညွှန်ပြတော်မူ၏။
ငါသည်
ယင်းတရားအကျဉ်းကို
သိ၍ မြင်၍
ကြား၍
လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏။
မင်းကြီး
''လူအပေါင်းသည်
ခိုကိုးရာမရှိ၊
အားထား
ရာမရှိ''ဟူ၍
သိတော်မူ
မြင်တော်မူ၍ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
နှစ်ခုမြောက်သော
တရားအကျဉ်းကို
ညွှန်ပြတော်မူ၏။
ငါသည်
ယင်းတရားကို
သိ၍မြင်၍
ကြား၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
မင်းကြီး
''လူအပေါင်းသည်
ကိုယ်ပိုင်ဥစ္စာမရှိ၊
အလုံးစုံသော
ဥစ္စာကို
စွန့်လွှတ်၍
သွားရ၏''ဟူ၍
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်သုံးခုမြောက်သော
တရားအကျဉ်းကို
ညွှန်ပြတော်မူ၏။
ငါသည်
ယင်းတရားကို
သိ၍ မြင်၍
ကြား၍လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
မင်းကြီး
''လူအပေါင်းသည်
အလိုမပြည့်၊
ယုတ်လျော့လျက်သာ
ရှိ၏၊
ရောင့်ရဲမှုမရှိ၊
တဏှာ၏ ကျွန်တည်း''ဟူ၍
သိတော်မူ မြင်တော်မူ၍
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်လေးခုမြောက်သော
တရားအကျဉ်းကို
ညွှန်ပြတော်မူ၏။
ငါသည်
ယင်းတရားကိုသိ၍
မြင်၍ ကြား၍လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
မင်းကြီး
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကိုခံတော်မူ
ထိုက်သော (အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသောထိုမြတ်စွာဘုရားသည်
ဤ လေးပါးသော
တရားအကျဉ်းတို့ကို
ညွှန်ပြတော်မူ၏။
ငါသည်ယင်းတရားလေးပါးကို
သိ၍ မြင်၍ ကြား၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏ဟု
(ဆို၏)။
၃၀၆။
''လူအပေါင်းသည်
အိုခြင်း
သေခြင်းသို့
ရောက်ရ၏၊ အမြဲ
မတည်''ဟု
အသျှင်ရဋ္ဌပါလသည်ဆို၏၊
အသျှင်ရဋ္ဌပါလဆိုသော
ဤစကား၏ သဘော
(အဓိပ္ပါယ်)
ကို အသို့
မှတ်ရပါမည်နည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
နှစ်ဆယ်ရွယ်
အစိတ်ရွယ်ဟု
ခန့်မှန်းရသော
သင်မင်းကြီးသည်
ဆင်စီးအတတ်
မြင်းစီးအတတ်
ရထားစီးအတတ်
လေးအတတ် ဓားလှံအတတ်တို့၌
တတ်မြောက်ပြီးဖြစ်၍
ပေါင်အား
လက်ရုံးအားရှိသည့်ပြင်
စစ်မြေပြင်၌
ကျင်လည်နိုင်သောအတ္တဘော
စွမ်းအားလည်း
ရှိခဲ့ဖူးသည်
မဟုတ်ပါလောဟု
(မေး၏)။
အသျှင်ရဋ္ဌပါလ
နှစ်ဆယ်ရွယ်အစိတ်ရွယ်ဟု
ခန့်မှန်းရသော
အကျွန်ုပ်သည်
ဆင်စီးအတတ်
မြင်းစီးအတတ်
ရထားစီးအတတ်လေးအတတ်
ဓားလှံ
အတတ်တို့၌
တတ်မြောက်ပြီး
ဖြစ်၍ ပေါင်အား
လက်ရုံးအားရှိသည့်ပြင်စစ်မြေပြင်၌
ကျင်လည်နိုင်သော
အတ္တဘောစွမ်းအားလည်း
ရှိခဲ့ဖူးပါ၏။
အသျှင်ရဋ္ဌပါလ
အကျွန်ုပ်သည်တစ်ခါတစ်ရံ
တန်ခိုးရှိသူကဲ့သို့
ထင်မှတ်ပါ၏၊
မိမိအားနှင့်
တူမျှသောအားရှိသူကို
မမြင်ခဲ့ပါဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
အောက်မေ့ဘိသနည်း။
သင်မင်းကြီးသည်
ယခုအခါရှေးကကဲ့သို့
ပေါင်အား
လက်ရုံးအား
ရှိသည့်ပြင်
စစ်မြေပြင်၌
ကျင်လည်နိုင်သော
အတ္တဘောစွမ်းအားရှိသေး၏လောဟု
(မေး၏)။
အသျှင်
ရဋ္ဌပါလ
မဖြစ်နိုင်တော့ပါ၊
ယခုအခါ အိုမင်းကြီးမြင့်
အရွယ်ရင့်ကာဆင့်ဆင့်
လွန်မြောက်
နောက်ဆုံး
အရွယ်သို့
ရောက်ခဲ့ပါပြီ၊
အကျွန်ုပ်သည်
ရှစ်ဆယ်ရွယ်
ရှိနေပါပြီ၊
အသျှင်ရဋ္ဌပါလ
တစ်ရံတစ်ခါ
အကျွန်ုပ် သည်
ဤအရပ်၌
ခြေချအံ့ဟု
နှလုံးသွင်းလျက်
အခြားအရပ်၌ချမိပါ၏ဟု
(လျှောက်၏)။
မင်းကြီး
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဤသည်ကို
ရည်ရွယ်၍
''လူအပေါင်းသည်အိုခြင်း
သေခြင်းသို့
ရောက်ရ၏၊
အမြဲမတည်''ဟု
ဟောတော်မူ၏။
ယင်းကို သိ၍
မြင်၍
ကြား၍အကျွန်ုပ်သည်
လူ့ဘောင်မှ ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့ပါ၏ဟု
(ဆို၏)။
အသျှင်ရဋ္ဌပါလ
အံ့ဖွယ်ရှိပါပေစွ
အသျှင်ရဋ္ဌပါလ
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
''လူအပေါင်းသည်အိုခြင်း
သေခြင်းသို့
ရောက်ရ၏၊
အမြဲမတည်''
ဟူ၍
ဟောထားသော
ဤစကားသည်အလွန်မှန်လှပေ၏။
အသျှင်ရဋ္ဌပါလ
လူအပေါင်းသည်
အိုခြင်း
သေခြင်းသို့
ရောက်ရ၏၊
အမြဲမတည်ပါချေ။
(၁)
အသျှင်ရဋ္ဌပါလ
ဤမင်းမျိုး၌
ဆင်တပ် မြင်းတပ်
ရထားတပ်
ခြေလျင်တပ်
ရှိကြပါကုန်၏၊
အကျွန်ုပ်တို့အား
ဘေးရန်ရှိသောအခါ
ဆီးတားရန်
ဖြစ်ပါကုန်လတ္တံ့။
အသျှင်ရဋ္ဌပါလသည်
''လူအပေါင်းသည်
ခိုကိုးရာမရှိ၊
မှီခိုရာ
မရှိ'' ဟူ၍
ဆို၏၊ အသျှင်ရဋ္ဌပါလဆိုအပ်သော
ဤစကား၏သဘော
(အဓိပ္ပါယ်)
ကို
အသို့မှတ်ရပါမည်နည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့မှတ်ထင်သနည်း၊
သင်မင်းကြီးအား
သက်သာရာမရအောင်
နာကျင်သောအနာတစ်စုံတစ်ခုဖြစ်ဖူး၏လောဟု
(မေး၏)။
အသျှင်ရဋ္ဌပါလ
အကျွန်ုပ်အား
သက်သာရာမရအောင်နာကျင်သောအနာ
ဖြစ်ဖူးပါ၏။
အသျှင်ရဋ္ဌပါလ
တစ်ရံတစ်ခါ အကျွန်ုပ်ကို
''ကောရဗျမင်းသည်ယခုသေလတ္တံ့၊
ကောရဗျမင်းသည်
ယခုသေလတ္တံ့''ဟု
အဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့သည်ခြံရံဝိုင်းအုံ၍
တည်ကြကုန်၏ဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
သင်မင်းကြီးသည်
ထိုအဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့ကို
''လာကြကုန်လော့၊
ငါ၏
အဆွေခင်ပွန်း
ဆွေမျိုးသားချင်းဖြစ်ကုန်သော
အမောင်တို့ငါခံစားရသည့်
ဝေဒနာပေါ့ပါးသက်သာအောင်
ထင်ရှားရှိကုန်သည့်
အားလုံးသော
သင်တို့သည်ပင်
ဤငါ၏ဝေဒနာကို
ခွဲယူ၍
ခံကြပါကုန်''ဟု
ဆို၍ ရပါလတ္တံ့လော၊
သို့မဟုတ်
သင်မင်းကြီးသည်သာလျှင်
ထို့ဝေဒနာကို
ခံစားရရာသလောဟု
(မေး၏)။
အသျှင်ရဋ္ဌပါလ
အကျွန်ုပ်သည်
အဆွေခင်ပွန်း
ဆွေမျိုးသားချင်းတို့ကို
''လာကြကုန်လော့၊
ငါ၏
အဆွေခင်ပွန်း
ဆွေမျိုးသားချင်း
ဖြစ်ကြကုန်သော
အမောင်တို့ငါခံစားရသည့်
ဝေဒနာပေါ့ပါးသက်သာအောင်
ထင်ရှားရှိသည့်
အားလုံးသော
သင်တို့သည် ဤငါ၏ဝေဒနာကို
ခွဲယူ၍
ခံကြပါကုန်''ဟု
ဆို၍ မရနိုင်ပါ၊
စင်စစ်သော်ကား
အကျွန်ုပ်သည်သာလျှင်ထိုဝေဒနာကို
ခံစားရပါ၏ဟု
(လျှောက်၏)။
မင်းကြီး
သိတော်မူမြင်တော်မူ၍
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်ဤသို့သဘောရှိ
သော
အကြောင်းကို
ရည်ရွယ်၍
''လူအပေါင်းသည်
ခိုကိုးရာမရှိ၊
အားထားရာမရှိ''ဟုဟောကြားတော်
မူ၏။ ယင်းကို
သိ၍ မြင်၍
ကြား၍
အကျွန်ုပ်သည်
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏ဟု
(ဆို၏)။
အသျှင်ရဋ္ဌပါလ
အံ့ဖွယ်ရှိပါပေစွ၊
အသျှင်ရဋ္ဌပါလ
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
သိတော်မူ
မြင်တော် မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
''လူအပေါင်းသည်
ခိုကိုးရာမရှိ၊
အားထားရာမရှိ''ဟူ၍ဟောထားသော
ဤစကား သည်
အလွန်မှန်လှပေ၏။
အသျှင်ရဋ္ဌပါလ
လူအပေါင်းသည်
ခိုကိုးရာမရှိသည်
မှန်ပါ၏၊
အားထားရာ
မရှိသည်
မှန်ပါ ၏။ (၂)
အသျှင်ရဋ္ဌပါလ
ဤမင်းမျိုး၌
မြေ၌မြှပ်ထားသည်လည်းဖြစ်သော
ဟင်းလင်းပြင်၌
ထားသည်လည်းဖြစ်သော
များစွာသော
ရွှေငွေသည်
ရှိသည်သာတည်း။
''ဤလူအပေါင်းသည်
ကိုယ်ပိုင်ဥစ္စာဟူ၍
မရှိ၊
အလုံးစုံသော
ဥစ္စာကို
စွန့်ပစ်ခဲ့၍
သွားရ၏''ဟူ၍
အသျှင်ရဋ္ဌပါလ
ဆို၏။
အသျှင်ရဋ္ဌပါလဆိုသောဤစကား၏
သဘော (အဓိပ္ပါယ်)
ကို
အသို့မှတ်ရပါမည်နည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
သင်မင်းကြီးသည်
ယခုဘဝ၌
ငါးပါးသောကာမဂုဏ်တို့ဖြင့်
ရောင့်ရဲသည်ဖြစ်၍
ပြည့်စုံသည်ဖြစ်၍
စံပယ်ခံစားသကဲ့သို့
''တမလွန်လောက၌လည်းထို့အတူသာလျှင်
ငါသည်
ဤသည့်ငါးပါးသော
ကာမဂုဏ်တို့ဖြင့်သာလျှင်
ရောင့်ရဲသည်ဖြစ်၍
ပြည့်စုံသည်ဖြစ်၍
စံပယ်ခံစားအံ့''ဟု
သင်မင်းကြီးသည်
ရနိုင်ပါမည်လော၊
ထိုသို့မဟုတ်
တစ်ပါးသော
သူတို့သည်ဤစည်းစိမ်ကို
သုံးဆောင်၍
သင်မင်းကြီးမှာမူ
ကံအားလျော်စွာ
သွားရမည်
မဟုတ်ပါလောဟု
(မေး၏)။ အသျှင်ရဋ္ဌပါလ
အကျွန်ုပ်သည်
ယခုဘဝ၌
ငါးပါးသော ကာမဂုဏ်တို့ဖြင့်
ရောင့်ရဲသည်ဖြစ်၍
ပြည့်စုံသည်ဖြစ်၍
စံပယ်ခံစားသကဲ့သို့
''တမလွန်
လောက၌လည်း
ဤအတူသာလျှင်
အကျွန်ုပ်သည်
ဤငါးပါးသော
ကာမဂုဏ်တို့ဖြင့်သာလျှင်
ရောင့်ရဲသည်ဖြစ်၍
ပြည့်စုံသည်ဖြစ်၍
စံပယ်အံ့''ဟူ၍
မရနိုင်ပါ၊
စင်စစ်သော်ကား
တစ်ပါးသောသူတို့သည်
ဤစည်းစိမ်ကို
သုံးဆောင်ကြ၍
အကျွန်ုပ်မှာမူ
ကံအားလျော်စွာသာ
သွားရပါမည်ဟု
(လျှောက်၏)။
မင်းကြီး သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဤသည်ကိုရည်ရွယ်၍
''လူအပေါင်းသည်
ကိုယ်ပိုင်ဥစ္စာဟူ၍
မရှိ၊
အလုံးစုံသော
ဥစ္စာတို့ကို
စွန့်ပစ်ခဲ့၍
တမလွန်လောကသို့
သွားရ၏''ဟု
ဟောတော်မူ၏။
ယင်းကို သိ၍
မြင်၍ ကြား၍
ငါသည်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့ပါ၏ဟု
(ဆို၏)။
အသျှင်ရဋ္ဌပါလ
အံ့ဖွယ်ရှိပါပေစွ၊
အသျှင်ရဋ္ဌပါလ
မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
''လူအပေါင်းသည်
ကိုယ်ပိုင်ဥစ္စာဟူ၍
မရှိ၊
အလုံးစုံသော
ဥစ္စာကို
စွန့်ပစ်ခဲ့၍
တမလွန်လောကသို့
သွားရ၏''ဟု
ဟောထားသော
ဤစကားသည်အလွန်
မှန်လှပါ၏၊
အသျှင်ရဋ္ဌပါလ
လူအပေါင်းသည်
ကိုယ်ပိုင်ဥစ္စာဟူ၍
မရှိသည် မှန်လှပါ၏၊
အလုံးစုံသောဥစ္စာကို
စွန့်ပစ်၍ တမလွန်လောကသို့
သွားရသည်
မှန်လှပါ၏။
(၃)
''လူအပေါင်းသည်
အလိုမပြည့်
ယုတ်လျော့လျက်သာ
ရှိ၏၊
ရောင့်ရဲမှုမရှိ၊
တဏှာ၏
ကျွန်တည်း''
ဟူ၍အသျှင်ရဋ္ဌပါလသည်
ဆို၏။
အသျှင်ရဋ္ဌပါလဆိုသော
ဤစကား၏ သဘော
(အဓိပ္ပါယ်)
ကို အဘယ်
သို့မှတ်ရပါမည်နည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့မှတ်ထင်သနည်း၊
(သင်သည်)
စည်ပင်ဝပြောသော
ကုရုတိုင်းကို
စိုးအုပ်၍
နေသည်
မဟုတ်ပါလောဟု
(မေး၏)။
အသျှင်ရဋ္ဌပါလစည်ပင်ဝပြောသော
ကုရုတိုင်းကို
(ငါ) စိုးအုပ်၍
နေသည်
မှန်ပါ၏ဟု
(လျှောက်၏)။
မင်းကြီးထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤကုရုတိုင်း၌
ယုံကြည်ထိုက်သော
ခိုင်လုံသည့်စကားရှိသောယောက်ျား
တစ်ယောက်သည်
အရှေ့အရပ်မှ
လာရောက်ပြီးလျှင်
သင်မင်းကြီးကို
ချဉ်းကပ်၍
''မင်းကြီးပြောကြား
ပါ၏၊
သိတော်မူလော့၊
အကျွန်ုပ်သည်
အရှေ့အရပ်မှ
လာခဲ့ပါ၏၊
ထိုအရှေ့အရပ်၌
ပြည့်လည်းပြည့်စုံ၍
စည်ပင်ဝပြောကာ
လူဦးရေများ၍
လူမျိုးစုံပြွမ်းသော
နယ်ပယ်ကြီးကို
မြင်ခဲ့ပါ၏၊
ထိုနယ်ပယ်၌ဆင်
အပေါင်း
မြင်းအပေါင်း
ရထားအပေါင်း
ခြေသည်သူရဲအပေါင်းတို့သည်
များကုန်၏၊
ထိုနယ်ပယ်၌ဥစ္စာ
စပါးလည်း
ပေါများပါ၏၊
ထိုနယ်ပယ်၌
ပြုလုပ်ပြီး
မပြုလုပ်ရသေးသည့်
ရွှေငွေလည်း
ပေါများပါ၏၊
ထိုနယ်ပယ်၌
သိမ်းယူသင့်သော
မိန်းမလည်း
ပေါများပါ၏၊
မင်းကြီး စစ်သည်ဗိုလ်ပါ
ရဲမက်
အနည်းငယ်မျှဖြင့်
အောင်မြင်နိုင်သည်သာ
ဖြစ်ပါ၏''ဟု
ဆိုရာ၏၊
ထိုနယ်ပယ်ကို
သင်မင်းကြီးသည်
အသို့ပြုရာသနည်းဟု
(မေး၏)။
အသျှင်ရဋ္ဌပါလ
ထိုနယ်ပယ်ကိုလည်း
အကျွန်ုပ်တို့သည်
သိမ်းပိုက်အုပ်စိုးနေပါကုန်အံ့ဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤကုရုတိုင်းသို့
အနောက်အရပ်မှ
ယောက်ျား
တစ်ယောက်သည်
လာရာ၏၊ မြောက်အရပ်မှ။
တောင်အရပ်မှ။
သမုဒ္ဒရာတစ်ဖက်ကမ်းမှ
ယုံကြည်ထိုက်သော
ခိုင်လုံသည့်စကားရှိသော
ယောက်ျားတစ်ယောက်သည်
လာရာ၏၊ ထိုယောက်ျားသည်
သင်မင်းကြီးကို
ချဉ်းကပ်၍
''မင်းကြီး
ပြောကြားပါ၏၊
သိတော်မူလော့၊
အကျွန်ုပ်သည်
သမုဒ္ဒရာတစ်ဖက်ကမ်းမှလာခဲ့ပါ၏၊
ထိုသမုဒ္ဒရာ
တစ်ဖက်ကမ်း၌
ပြည့်လည်း
ပြည့်စုံ၍
စည်ပင်ဝပြောကာ
လူဦးရေများ၍
လူမျိုးစုံပြွမ်းသော
နယ်ပယ်ကြီးကို
မြင်ခဲ့ပါ၏၊
ထိုနယ်ပယ်၌
များစွာသော
ဆင်အပေါင်း
မြင်းအပေါင်းရထားအပေါင်း
ခြေသည်သူရဲအပေါင်းတို့သည်
များကုန်၏။
ထိုနယ်ပယ်၌
ဥစ္စာစပါးလည်း
ပေါများပါ၏၊
ထိုနယ်ပယ်၌
ပြုလုပ်ပြီး
မပြုလုပ်ရသေးသည့်
ရွှေငွေလည်း
ပေါများပါ၏၊
ထိုနယ်ပယ်၌
သိမ်းယူသင့်သောမိန်းမလည်း
ပေါများပါ၏၊
မင်းကြီး
စစ်သည်ဗိုလ်ပါ
ရဲမက်အနည်းငယ်မျှဖြင့်
အောင်မြင်နိုင်သည်သာဖြစ်ပါ၏''ဟု
ဆိုရာ၏၊
ထိုနယ်ပယ်ကို
သင်မင်းကြီးသည်
အသို့ပြုရာသနည်းဟု
(မေး၏)။
အသျှင်ရဋ္ဌပါလ
ထိုနယ်ပယ်ကိုလည်း
အကျွန်ုပ်တို့သည်
သိမ်းပိုက်အုပ်စိုးနေပါကုန်အံ့ဟု
(လျှောက်၏)။
မင်းကြီးသိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ဤသည်ကိုရည်ရွယ်၍
''လူအပေါင်းသည်
အလိုမပြည့်ယုတ်လျက်
သာ ရှိချေ၏၊
ရောင့်ရဲမှုမရှိ၊
တဏှာ၏
ကျွန်တည်း''ဟု
ဟောတော်မူ၏။
ငါသည်ယင်းတရားကို
သိ၍ မြင်၍
ကြား၍ လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့ပါ၏ဟု
(ဆို၏)။
အသျှင်ရဋ္ဌပါလ
အံ့ဖွယ်ရှိပါပေ
စွ၊
အသျှင်ရဋ္ဌပါလ
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
သိတော်မူ
မြင်တော်မူ၍ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည်
''လူအပေါင်းသည်
အလိုမပြည့်
ယုတ်လျက်သာ
ရှိ၏၊ မရောင့်ရဲနိုင်၊
တဏှာ၏ကျွန်တည်း''ဟု
ဟောထားသော ဤစကား
သည်
အလွန်လျှင်
မှန်လှပေ၏။
အသျှင်ရဋ္ဌပါလလူအပေါင်းသည်
အလိုမပြည့်ပါ၊
ယုတ်လျော့လျက်သာ
ရှိပါ၏၊ မရောင့်ရဲပါ၊
တဏှာ၏
ကျွန်ပါတည်းဟု
(လျှောက်၏)။ (၄)
အသျှင်ရဋ္ဌပါလသည်
ဤစကားကို
ဟောကြား၏၊ ဤတရားစကားကို
ဟောကြားပြီးနောက်
ထိုမှတစ်ပါး
ဤဂါထာများကို
ဟောကြားပြန်၏
-
၃၀၇။
(မင်းကြီး)
လောက၌
ဥစ္စာရှိသူ
လူတို့ကို ငါ
မြင်ရသည်မှာ
မောဟဖက်၍
ရပြီး
ဥစ္စာကိုမလှူရက်ကြသည့်ပြင်
လောဘတက်၍
ဥစ္စာသိမ်းဆည်းမှုကိုသာ
ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို
တိုး၍့တိုး၍သာ
တောင့်တကြကုန်၏။
မင်းကြီးသည်ပင်
ရန်သူအပေါင်းကို
ဖိနှိပ်၍
သမုဒ္ဒရာအဆုံးရှိ
မြေပြင်အလုံးကို
အောင်နိုင်ကာမြေပြင်အလုံးကို
စိုးအုပ်ရသူဖြစ်လျက်
သမုဒ္ဒရာ၏
ဤမှာဘက်
မိမိတိုင်းပြည်ဖြင့်
ရောင့်ရဲသည့်သဘောမရှိဘဲ
သမုဒ္ဒရာ၏
ထိုမှာဘက်
သူပိုင် တိုင်းပြည်ကိုလည်း
တောင့်တသေး၏။
မင်းသည်လည်းကောင်း
အခြားလူအများသည်လည်းကောင်း
တပ်မက်မှု
မကင်း
ခြင်းဖြင့်သာသေခြင်းသို့
ရောက်ကြကုန်၏၊
အလိုဆန္ဒပြည့်ဝသည်
မရှိ၊ ယုတ်
လျော့ကုန်
လျက်သာလျှင်
ခန္ဓာကိုယ်အတ္တဘောကို
စွန့်ကြကုန်၏၊
လောက၌
ကာမဂုဏ်တို့ဖြင့်
ရောင့်ရဲမှု
မရှိသည်သာတည်း။
ထို
(သေ) သူကို
ဆွေမျိုးတို့သည်
ဆံပင်တို့ကို
ဖြန့်ကြဲလျက်
ငါတို့၏
(သားကား)
သေသွားလေပြီတကားဟု
ငိုကြွေးမြည်တမ်းကာ
ပြောဆိုကြကုန်၏၊
အဝတ်ဖြင့်
ရစ်ပတ်ထားသောထိုသူကို
ထိုသေရာအိမ်မှ
ထုတ်ဆောင်ကြပြီးလျှင်
ထင်းပုံသို့
ယူဆောင်ကာ
မီးတိုက်ကြကုန်၏။
ထိုသေသူသည်
စည်းစိမ်တို့ကိုစွန့်၍
အဝတ်တစ်ထည်တည်းဖြင့်သာ
မီးတိုက်ခံရ၏၊
တံကျင်တို့ဖြင့်အထိုးခံရ၏၊
ဆွေမျိုး
မိတ်ဆွေအပေါင်းအသင်းတို့သည်
ထို သေရသူ၏
အားထားမှီခိုရာတို့
မဖြစ်လာကြကုန်။
အမွေခံတို့သည်
ထိုသေသူ၏
အမွေဥစ္စာကို
ဆောင်ကြကုန်၏၊
သေသောသတ္တဝါ
သည်ကားကံအားလျော်စွာသာ
လားရ၏၊ သားသမီးဖြစ်စေ၊
မယားဇနီးဖြစ်စေ၊
ဥစ္စာဖြစ်စေ၊
တိုင်းနိုင်ငံဖြစ်စေမည်သည့်ဥစ္စာမဆို
သေသူ၏နောက်သို့
အစဉ်မလိုက်
ကြကုန်။
အသက်ရှည်မှုကို
ဥစ္စာပေး၍
မရနိုင်၊
စည်းစိမ်ပေးသဖြင့်လည်း
အိုခြင်းကို
မပယ်ဖျောက်နိုင်ကြကုန်၊
ပညာရှိတို့သည်
ဤအသက်ကား
နည်းငယ်တိုလျှ၏၊
အမြဲမရှိ၊
ဖောက်ပြန်တတ်သော
သဘောရှိ၏ဟုဆိုကြကုန်၏။
ကြွယ်ဝသူတို့သည်လည်းကောင်း၊
ဆင်းရဲသူတို့သည်လည်းကောင်း၊
သေခြင်း
အတွေ့ကိုတွေ့ကြရကုန်၏၊
ထို့အတူ
သူမိုက်သည်လည်းကောင်း
ပညာရှိသည်
လည်းကောင်း
သေခြင်းအတွေ့ကိုတွေ့ရမည်သာတည်း၊
သူမိုက်သည်ကား
မိုက်သည့်အဖြစ်ကြောင့်သာလျှင်
တုန်လှုပ်ချောက်ချားကာ
သေရာညောင်စောင်း၌
လျောင်းအိပ်ရ၏၊
ပညာရှိသည်သာ
သေခြင်းအတွေ့ဖြင့်
တွေ့သော်လည်း
မတုန်လှုပ်။
ထို့ကြောင့်
ပညာသည်သာ
ဥစ္စာထက်
မြတ်၏၊ ယင်းပညာဖြင့်
ကိစ္စအားလုံး
ပြီးဆုံးရာအရဟတ္တဖိုလ်ကို
ရနိုင်၏၊
မိုက်မဲတွေဝေသူတို့သည်
(ကိစ္စအားလုံး)
မပြီးဆုံးသေး
သောကြောင့်သာလျှင်
ဘဝကြီးငယ်တို့၌
ယုတ်မာမှု
အကုသိုလ်တို့ကို
ပြုမိကြကုန်၏။
ဘဝအဆက်ဆက်
ကျင်လည်၍
အမိဝမ်းတိုက်သို့လည်းကောင်း၊
တမလွန်လောက
သို့လည်းကောင်းကပ်ရောက်ရ၏၊
ထိုပညာမရှိသူ၏
စကားကို
ပညာနည်းသူသည်
အလွန်
ယုံကြည်သည်ဖြစ်၍အမိဝမ်းတိုက်သို့လည်းကောင်း၊
တမလွန်လောကသို့
လည်းကောင်း
ကပ်ရောက်ရ၏။
စည်းခြံစပ်အဝ၌
ခိုးယူတတ်သော
ယုတ်မာသော သဘောရှိသူကို
မိမိအမှုက
ညှဉ်းဆဲဘိသကဲ့သို့ထို့အတူ
တမလွန်လောက၌
အကုသိုလ်တရားယုတ်ရှိသည့်
သတ္တဝါအပေါင်းကို
မိမိအမှုကပင်ညှဉ်းဆဲလေ၏။
မင်းကြီး
ကာမဂုဏ်ငါးပါးတို့သည်
ဆန်းကြယ်ကုန်သည်သာလျှင်တည်း၊
သာယာဖွယ်ကဲ့သို့
ဖြစ်ကုန်၏၊
မွေ့လျော်ဖွယ်ကဲ့သို့
ဖြစ်ကုန်၏၊
အထူးထူးသော
သဘောဖြင့်
စိတ်ကို
မွှေနှောက်တတ်ကုန်၏၊
ကာမဂုဏ်တို့၌
အပြစ်ကို
မြင်သော
ကြောင့် ငါသည်
ရဟန်းပြု၏။
မင်းကြီး
(ငယ်ငယ်ကြီးကြီး)
သစ်သီးတို့သည်
ကြွေကျကုန်သကဲ့သို့
လုလင်ပျို
တို့သည်လည်းကောင်း၊
ငယ်ရွယ်သူတို့သည်လည်းကောင်း၊
ကြီးသူတို့သည်လည်း
ကောင်း
သေကြကုန်၏၊
ထိုအကြောင်းကိုလည်း့မြင်၍
မချွတ်မယွင်း
ဝဋ်ဆင်းရဲတွင်းမှ
ထွက်မြောက်ကြောင်းဖြစ်သော
ရဟန်းအဖြစ်သည်သာ
မြတ်လှပေ၏ဟု
နှလုံးသွင်းလျက်
ငါသည်
ရဟန်းပြုခဲ့ပေသတည်း။
နှစ်ခုမြောက်
ရဋ္ဌပါလသုတ်
ပြီး၏။
------
၁။
သနပ်ခါးဖိုး
ပန်းဖိုးမျှ
ရှိသေး၏ဟု ဆိုလိုသည်။
Ã
၃-မဃဒေဝသုတ်
၃၀၈။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
မိထိလာပြည် မဃဒေဝမင်း၏
သရက်ဥယျာဉ်၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
တစ်ခုသောအရပ်၌
ပြုံးတော်မူ၏။
ထိုအခါ
အသျှင်
အာနန္ဒာအား
''မြတ်စွာဘုရား၏
ပြုံးတော်မူခြင်း၏
အကြောင်း
အထောက်အထားကား
အဘယ်လေနည်း၊
မြတ်စွာဘုရားတို့သည်
အကြောင်းမရှိဘဲ
ပြုံးတော်မမူကြကုန်''ဟု
အကြံဖြစ်၏။
ထိုအခါ
အသျှင်အာနန္ဒာသည်
လက်ဝဲတစ်ဖက်
ပခုံးထက်၌
သင်္ကန်းကို
စံပယ်တင်၍
မြတ်စွာဘုရားကို
လက်အုပ်ချီကာ
''အသျှင်ဘုရား
မြတ်စွာဘုရား
ပြုံးတော်မူခြင်း၏
အကြောင်းအထောက်အထားကား
အဘယ်ပါနည်း၊
မြတ်စွာဘုရားတို့သည်
အကြောင်းမရှိဘဲ
ပြုံးတော်မမူကြပါကုန်''ဟု
လျှောက်၏။
အာနန္ဒာ
ဤမိထိလာပြည်၌
မဃဒေဝမည်သော
မင်းသည်
ဖြစ်ဖူးလေပြီ၊
တရားစောင့်၏၊
တရား သဖြင့်မင်းပြု၏၊
တရား၌ တည်၏၊
မြတ်သောမင်းဖြစ်၏၊
နိဂုံးတို့၌ဖြစ်စေ၊
ဇနပုဒ်တို့၌ဖြစ်စေ
ပုဏ္ဏားနှင့်အမျိုးသားတို့
အပေါ်ဝယ်
တရားကို ပြုကျင့်၏၊
တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊
လဆန်း
လဆုတ်ပက္ခ၏
ရှစ်ရက်မြောက်နေ့၌လည်းကောင်း
ဥပုသ်ကိုလည်း
ကျင့်သုံး၏။
အာနန္ဒာ
ထိုအခါ
မဃဒေဝမင်းသည်
နှစ်ပေါင်းများစွာ
နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို
လွန်သဖြင့်
ဆတ္တာသည်ကိုခေါ်၍
''အချင်းဆတ္တာသည်
ငါ၏ဦးခေါင်း၌
ဆံဖြူပေါက်သည်တို့ကို
မြင်သောအခါ
ပြောကြားလော့''ဟု
မှာထားပြောဆို၏။
''အရှင်မင်းကြီး
ကောင်းပါပြီ''
ဟူ၍
ဆတ္တာသည်သည် မဃဒေဝမင်းကြီးအား
ပြန်လျှောက်ကြား၏။
အာနန္ဒာ
ဆတ္တာသည်သည်နှစ်ပေါင်းများစွာ
နှစ်ရာပေါင်းများစွာ
နှစ်ထောင်ပေါင်းများစွာတို့ကို
လွန်သောအခါ
မဃဒေဝမင်းကြီး၏
ဦးခေါင်း၌
ဆံဖြူပေါက်သည်တို့ကို
မြင်၍
''အရှင်မင်းကြီးအား
သေမင်းတမန်တို့သည်
ထင်ရှားဖြစ်ပါကုန်ပြီ၊
ဦးခေါင်း၌
ဆံဖြူပေါက်ရောက်ခြင်းတို့သည်
ထင်ရှားပါကုန်ပြီ''ဟု
လျှောက်၏။
အချင်းဆတ္တာသည်
သို့ဖြစ်မူ
ထိုဆံဖြူတို့ကို
မွေးညှပ်ဖြင့်
ကောင်းစွာနုတ်ယူ၍
ငါ၏လက်ခုပ်၌
ထည့်လော့ဟု
ဆို၏။
အာနန္ဒာ
ဆတ္တာသည်သည်
''အရှင်မင်းကြီး
ကောင်းပါပြီ''
ဟူ၍ မဃဒေဝမင်းကြီးစကားကို
နာခံ၍ ထို
ဆံဖြူတို့ကို
မွေးညှပ်ဖြင့်
ကောင်းစွာနုတ်၍
မဃဒေဝမင်းကြီး၏
လက်ခုပ်၌ထည့်လေ၏။
၃၀၉။
အာနန္ဒာ
ထိုအခါ
မဃဒေဝမင်းကြီးသည်
ဆတ္တာသည်အား
ရွာဆုပေးပြီးလျှင်
သားတော်ကြီးအိမ်ရှေ့မင်းကို
ခေါ်စေ၍
''သားတော်မောင်
ငါ့အား
သေမင်းတမန်တို့သည်
ထင်ရှားဖြစ်ပေါ်ကုန်ပြီ၊
ဦးခေါင်း၌
ဆံဖြူပေါက်ရောက်ခြင်းတို့သည်
ထင်ရှားကုန်၏။
ငါသည်
လူ့ကာမဂုဏ်တို့ကို
ခံစားပြီးပြီ၊
နတ်ကာမဂုဏ်တို့ကို
ရှာမှီးရန်
အချိန်တန်ခဲ့ပြီ၊
သားတော်မောင်
သင်လာလော့၊
ဤတိုင်းနိုင်ငံကို
စိုးအုပ်လော့၊
ငါသည်ကား ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံပြီးလျှင်လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်တော့အံ့၊
သားတော်မောင်
သို့ဖြစ်၍
သင်သည်လည်း
ဦးခေါင်း၌
ဆံဖြူတို့
ပေါက်လာသည်ကို
မြင်သောအခါ ဆတ္တာသည်အား
ရွာဆုပေးပြီးလျှင်
သားတော်ကြီးအိမ်ရှေ့မင်းကို
မင်းကျင့်တရား၌
ကောင်းစွာ
ဆုံးမခဲ့၍
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်ကာ
ဖန်ရည်ဆိုးသောအဝတ်တို့ကို
ဝတ်လျက် လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ပါလေ၊
ငါထားခဲ့သော
ကောင်းမြတ်သည့်ဤကျင့်ဝတ်အတိုင်း
ဆက်လက်ကျင့်ပါလေ၊
သင်သည် ငါ၏ အဆုံးစွန်သော
ယောက်ျား
မဖြစ်စေလင့်။
သားတော်မောင်
အနွယ်အဆက်
ယောက်ျားကောင်း
ဖြစ်ပါလျက်
ဤသို့
သဘောရှိသောကောင်းမြတ်သည့်
ကျင့်ဝတ်တရား
ပြတ်သူသည်
ထိုသူတို့တွင်
အဆုံးစွန်သော
ယောက်ျား
ဖြစ်၏။
သားတော်မောင်
ငါထားခဲ့သော
ကောင်းမြတ်သည့်
ဤကျင့်ဝတ်အတိုင်း
ဆက်လက်ကျင့်ပါလေ၊
သင်သည်ငါ၏
အဆုံးစွန်သော
ယောက်ျား
မဖြစ်ပါစေလင့်''
ဟူသော
ဤစကားကို
သင့်အား
ငါဆို၏။
အနန္ဒာ
ထိုအခါ
မဃဒေဝမင်းကြီးသည်
ဆတ္တာသည်အား
ရွာဆုပေးပြီးလျှင်
သားတော်ကြီးအိမ်ရှေ့မင်းကို
မင်းကျင့်တရား၌
ကောင်းစွာ
ဆုံးမခဲ့၍
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်ကာ
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်၏၊
ထိုမဃဒေဝမင်းကြီးသည်
ချစ်ခြင်း
'မေတ္တာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသောအရပ်ကို
ပျံ ့နှံ့စေ၍
နေ၏၊ ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းဖြင့်
အထက်အောက်
ဖီလာအရပ်ကို
ပျံ ့နှံ့စေ၍
နေ၏၊
အလုံးစုံသောအရပ်
အလုံးစုံသော
သတ္တဝါတို့၌
မိမိနှင့်တူစွာသတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသောကြောင့်ကြမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ ့နှံ့စေ၍
နေ၏။
သနားခြင်း
'ကရုဏာ'
နှင့်ယှဉ်သောစိတ်ဖြင့်။
ဝမ်းမြောက်ခြင်း
'မုဒိတာ'
နှင့်ယှဉ်သော
စိတ်ဖြင့်။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သောစိတ်ဖြင့်
တစ်ခုသောအရပ်ကို
ပျံ ့နှံ့စေ၍
နေ၏။ ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက် အောက်
ဖီလာအရပ်ကို
ပျံ ့နှံ့စေ၍
နေ၏၊
အလုံးစုံသောအရပ်
အလုံးစုံသော
သတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော အပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ'နှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ ့နှံ့စေ၍
နေ၏။
အာနန္ဒာ
မဃဒေဝမင်းကြီးသည်
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
သူငယ်၏ ကစားခြင်းကို
ကစား၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
အိမ်ရှေ့မင်းပြု၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
မင်းပြု၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်လျက်
မြတ်သောအကျင့်ကိုကျင့်သုံး၏။
ထိုမဃဒေဝမင်းကြီးသည်
ဗြဟ္မဝိဟာရတရား
လေးပါးတို့ကို
ပွါးများလျက်ခန္ဓာကိုယ်ပျက်စီး၍
သေသည်မှ
နောက်၌
ဗြဟ္မာ့ပြည်သို့
လား၏။
၃၁၀။
အာနန္ဒာ ထိုအခါ
မဃဒေဝမင်းကြီး၏
သားတော်သည်
နှစ်ပေါင်းများစွာ
နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို
လွန်သဖြင့်
ဆတ္တာသည်ကို
ခေါ်၍
''အချင်းဆတ္တာသည်
ငါ၏ဦးခေါင်း၌ဆံဖြူပေါက်သည်တို့ကို
မြင်သောအခါ
ပြောကြားလော့''ဟု
မှာထားပြောဆို၏။
အာနန္ဒာဆတ္တာသည်သည်
''အရှင်မင်းကြီး
ကောင်းပါပြီ''
ဟူ၍သာလျှင်
မဃဒေဝမင်းကြီး၏သားတော်အားပြန်ကြားလျှောက်ထား၏။
အာနန္ဒာ
ဆတ္တာသည်သည်
နှစ်ပေါင်းများစွာ
နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို
လွန်သဖြင့်
မဃဒေဝ
မင်းကြီး၏သားတော်၏
ဦးခေါင်း၌ဆံဖြူပေါက်သည်တို့ကိုမြင်၍
မဃဒေဝမင်းကြီး၏သားတော်ကို
''အရှင်မင်းကြီးအား
သေမင်းတမန်တို့သည်ထင်ရှားဖြစ်ပါကုန်ပြီ၊
ဦးခေါင်း၌
ဆံဖြူပေါက်ရောက်ခြင်း
တို့သည်
ထင်ရှားပါကုန်ပြီ''ဟု
လျှောက်၏။
အချင်းဆတ္တာသည်
သို့ဖြစ်မူ
ထိုဆံဖြူတို့ကို
မွေးညှပ်ဖြင့်
ကောင်းစွာ နုတ်ယူ၍
ငါ၏
လက်ခုပ်၌ထည့်လော့ဟု
ဆို၏။ အာနန္ဒာ
ဆတ္တာသည်သည်
''အရှင်မင်းကြီး
ကောင်းပါပြီ''
ဟူ၍
မဃဒေဝမင်းကြီး၏သားတော်၏စကားကို
နာခံ၍
ထိုဆံဖြူတို့ကို
မွေးညှပ်ဖြင့်
ကောင်းစွာ
နုတ်၍့မဃဒေဝမင်းကြီး၏သား
တော့်လက်ခုပ်၌
ထည့်လေ၏။
အာနန္ဒာ
ထိုအခါ
မဃဒေဝမင်းကြီး၏သားတော်သည်
ဆတ္တာသည်အား
ရွာဆုပေးပြီးလျှင်
သားတော်ကြီးအိမ်ရှေ့မင်းကို
ခေါ်စေ၍ ''သားတော်မောင်
ငါ့အား
သေမင်းတမန်တို့သည်
ထင်ရှား
ဖြစ်ပေါ်ကုန်ပြီ၊
ဦးခေါင်း၌
ဆံဖြူပေါက်ရောက်ခြင်းတို့သည်
ထင်ရှားကုန်ပြီ၊
ငါသည်
လူ့ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားပြီးပြီ၊
နတ်ကာမဂုဏ်တို့ကို
ရှာမှီးရန်
အချိန်တန်ခဲ့ပြီ၊
သားတော်မောင်
သင်လာလော့၊
ဤတိုင်းနိုင်ငံကို
အုပ်စိုးလော့၊
ငါသည်ကား
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံပြီးလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်တော့အံ့။
သားတော်မောင်
ထိုသို့ဖြစ်၍
သင်သည်လည်းဦးခေါင်း၌
ဆံဖြူပေါက်လာသည်ကို
မြင်သောအခါ
ဆတ္တာသည်အား
ရွာဆုပေးပြီးလျှင်
သားတော်ကြီးအိမ်ရှေ့မင်းကို
မင်းကျင့်တရား၌
ကောင်းစွာ
ဆုံးမခဲ့၍
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်ကာ
ဖန်ရည်ဆိုးသောအဝတ်တို့ကို
ဝတ်ရုံပြီးလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ပါလေလော့၊
ငါထားခဲ့သောကောင်း
မြတ်သည့်
ဤကျင့်ဝတ်အတိုင်း
ဆက်လက်ကျင့်ပါလေ၊
သင်သည်
ငါ၏အဆုံးစွန်သောယောက်ျား
မဖြစ်ပါစေလင့်။
သားတော်မောင်
အနွယ်အဆက်
ယောက်ျားကောင်းဖြစ်ပါလျက်
ဤသို့
သဘောရှိသော
ကောင်းမြတ်သည့်
ကျင့်ဝတ်တရားပြတ်သူသည်
ထိုသူတို့တွင်အဆုံးစွန်သော
ယောက်ျား
ဖြစ်၏။
သားတော်မောင်
ငါထားခဲ့သော
ကောင်းမြတ်သည့်ဤကျင့်ဝတ်အတိုင်း
ဆက်လက်ကျင့်ပါလေ၊
သင်သည် ငါ၏
အဆုံးစွန်သော
ယောက်ျားမဖြစ်ပါစေလင့်''
ဟူသော
ဤစကားကို
သင့်အား
ငါဆိုဟု
(ဆို၏)။
အာနန္ဒာ
ထိုအခါ
မဃဒေဝမင်းကြီး၏သားတော်သည်
ဆတ္တာသည်အား
ရွာဆုပေးပြီးလျှင်
သားတော်ကြီး
အိမ်ရှေ့မင်းကို
မင်းအဖြစ်၌
ကောင်းစွာ
ဆုံးမခဲ့၍
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်ကာ
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ရောက်၏။
ထိုမဃဒေဝမင်း၏
သားတော်ရဟန်းသည်
ချစ်ခြင်း 'မေတ္တာ'
နှင့်ယှဉ်သော
စိတ်ဖြင့်တစ်ခုသောအရပ်ကို
ပျံ့နှံ့စေ၍
နေ၏၊ ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက်အောက်
ဖီလာအရပ်ကို
ပျံ့နှံ့စေ၍ နေ၏၊
အလုံးစုံသောအရပ်အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်အတူ
သတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သောအပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
သနားခြင်း
'ကရုဏာ'နှင့်ယှဉ်သော
စိတ်ဖြင့်။
ဝမ်းမြောက်ခြင်း
'မုဒိတာ'
နှင့်ယှဉ်သော
စိတ်ဖြင့်။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသော
အရပ်ကို
ပျံ့နှံ့စေ၍
နေ၏၊ ထို့အတူနှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက်အောက်ဖီလာအရပ်ကို
ပျံ့နှံ့စေ၍
နေ၏၊
အလုံးစုံသောအရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
အာနန္ဒာ
မဃဒေဝမင်းကြီး၏
သားတော်သည်
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
သူငယ်၏ကစားခြင်းကို
ကစား၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
အိမ်ရှေ့မင်းပြု၏၊
အနှစ်ရှစ်သောင်း
လေးထောင်တို့
ကာလပတ်လုံး
မင်းပြု၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
ဤမဃဒေဝသရက်
ဥယျာဉ်၌သာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်လျက်မြတ်သော
အကျင့်ကို
ကျင့်၏၊
ထိုမဃဒေဝ မင်းကြီး၏
သားတော်သည်
ဗြဟ္မဝိဟာရတရားလေးပါးတို့ကို
ပွါးများ
လျက်
ခန္ဓာကိုယ်ပျက်စီး၍
သေသည်မှ
နောက်အခါ၌
ဗြဟ္မာ့ပြည်သို့
လား၏။
၃၁၁။
အာနန္ဒာ
မဃဒေဝမင်းကြီး၏
သား မြေး အဆက်ဆက်ဖြစ်ကုန်သော
ရှစ်သောင်းလေးထောင်သော
မင်းတို့သည်
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံကြလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြကုန်၏။
ထိုရှစ်သောင်းလေးထောင်သော
မင်းတို့သည်
ချစ်ခြင်း'မေတ္တာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသောအရပ်ကို
ပျံ့နှံ့စေ၍နေ၏၊
ထို့အတူ
နှစ်ခုမြောက်
အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက်အောက်
ဖီလာအရပ်ကို
ပျံ့နှံ့စေ၍
နေကုန်၏၊
အလုံးစုံသောအရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအားလုံးရှိသော
သတ္တလောကကို ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေကုန်၏။
သနားခြင်း
'ကရုဏာ'
နှင့်ယှဉ်သောစိတ်ဖြင့်။
ဝမ်းမြောက်ခြင်း
'မုဒိတာ' နှင့်ယှဉ်သော
စိတ်ဖြင့်။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသော
အရပ်ကို
ပျံ့နှံ့စေ၍
နေကုန်၏၊
ထို့အတူနှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက်အောက်ဖီလာအရပ်ကို
ပျံ့နှံ့စေ၍
နေကုန်၏၊
အလုံးစုံသောအရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်
တူစွာသတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသောကြောင့်ကြမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ'နှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေကုန်၏။
အနှစ်
ရှစ်သောင်း
လေးထောင်တို့
ကာလပတ်လုံး
သူငယ်တို့၏
ကစားခြင်းကို
ကစားကြကုန်၏၊
အနှစ်
ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
အိမ်ရှေ့မင်း
ပြုကြကုန်၏၊
အနှစ် ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
မင်းပြုကြကုန်၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြကုန်ပြီးလျှင်
မြတ်သောအကျင့်ကို
ကျင့်ကြကုန်၏၊
ထိုရှစ်သောင်းလေးထောင်သော
မင်းတို့သည်
ဗြဟ္မဝိဟာရတရား
လေးပါးတို့ကို
ပွါးများကြလျက်
ခန္ဓာကိုယ်ပျက်စီး၍
သေသည်မှ
နောက်အခါ၌
ဗြဟ္မာ့ပြည်သို့
လားကြကုန်ပြီ။
နေမိမင်းသည်
ထိုမင်းတို့၏
နောက်ဆုံးဖြစ်၏၊
တရားစောင့်၏၊
တရားသဖြင့်
မင်းပြု၏၊
တရား၌တည်၏၊
မြတ်သော
မင်းဖြစ်၏၊
ပုဏ္ဏားနှင့်
အမျိုးသားတို့၌လည်းကောင်း၊
နိဂုံးသူ
နိဂုံးသားတို့၌လည်းကောင်း၊
ဇနပုဒ်သူ
ဇနပုဒ်သားတို့၌လည်းကောင်း
တရားသဖြင့်
ကျင့်၏၊
လဆန်းပက္ခ
လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊
ရှစ်ရက်မြောက်နေ့၌လည်းကောင်း
ဥပုသ်ကို ကျင့်သုံး၏။
၃၁၂။
အာနန္ဒာ
တာဝတိံသာနတ်တို့သည်
သုဓမ္မာသဘင်၌
အညီအညွတ်
စည်းဝေးနေကြစဉ်တစ်ခုသော
စကားသည်
ထင်ရှားဖြစ်၏-
''အချင်းတို့
ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့အား
အရတော်လေစွတကား၊
အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည်
ကောင်းစွာ
ရအပ်လေစွတကား၊
ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏
နေမိမင်းသည်
တရားစောင့်၏၊
တရားသဖြင့်
မင်းပြု၏၊
တရား၌တည်၏၊ မြတ်သော
မင်းဖြစ်၏၊
ပုဏ္ဏားနှင့်
အမျိုးသားတို့၌လည်းကောင်း၊
နိဂုံးသူ
နိဂုံးသားတို့၌လည်းကောင်း၊
ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း
တရားသဖြင့်
ကျင့်၏၊
လဆန်းပက္ခ
လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊
ရှစ်ရက်မြောက်နေ့၌လည်းကောင်း၊
ဥပုသ်ကိုလည်း
ကျင့်သုံး၏''ဟု
ဤစကားသည်
ဖြစ်၏။
အာနန္ဒာ
ထိုအခါနတ်တို့အရှင်
သိကြားမင်းသည်
တာဝတိံသာနတ်တို့ကို
''အချင်းနတ်တို့
သင်တို့သည်
နေမိမင်းကြီးကိုဖူးမြင်လိုကြပါကုန်သလော''ဟု
မေး၏။
အရှင်သိကြားမင်း
အကျွန်ုပ်တို့သည်
နေမိမင်းကြီးကို
ဖူးမြင်လိုကြပါကုန်၏ဟု
(ဆိုကြကုန်၏)။
အာနန္ဒာ ထိုအခါ
နေမိမင်းသည်
တစ်ဆယ့်ငါးရက်
မြောက်ဖြစ်သောထိုဥပုသ်နေ့၌
ဦးခေါင်းလျှော်ပြီးလျှင်
ဥပုသ်ကျင့်သုံးလျက်
မြတ်သော
ပြာသာဒ်ထက်သို့
တက်ရောက်၍နေ၏။
အာနန္ဒာ
ထိုအခါ နတ်တို့အရှင်
သိကြားမင်းသည်
အားရှိသော ယောက်ျားသည်ကွေး၍ထားသော
လက်မောင်းကို
ဆန့်တန်းရာသကဲ့သို့လည်းကောင်း၊
ဆန့်တန်း၍ထားသောလက်မောင်းကို
ကွေးရာသကဲ့ သို့လည်းကောင်း
ဤအတူသာလျှင်
တာဝတိံသာနတ်တို့၌
ကွယ်ခဲ့၍့
နေမိမင်း၏
ရှေ့၌
ထင်ရှားဖြစ်၏။
အာနန္ဒာ
ထိုအခါ
နတ်တို့အရှင်
သိကြားမင်းသည်
နေမိမင်းကို
''မင်းမြတ်
သင့်အား
အရတော် လေစွ၊
မင်းမြတ်
သင်သည်
ကောင်းစွာ
ရအပ်ပေစွ၊
မင်းမြတ် တာဝတိံသာနတ်တို့သည်
သုဓမ္မာသဘင်၌'အချင်းတို့
ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့အား
အရတော်လေစွ၊
အချင်းတို့
ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည်
ကောင်းစွာ
ရအပ်လေစွ၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏
နေမိမင်းသည်
တရားစောင့်၏၊
တရားသဖြင့်
မင်းပြု၏၊
တရား၌တည်၏၊
မြတ်သောမင်းဖြစ်၏၊
ပုဏ္ဏားနှင့်အမျိုးသားတို့၌လည်းကောင်း၊
နိဂုံးသူ
နိဂုံးသားတို့၌လည်းကောင်း၊
ဇနပုဒ်သူ
ဇနပုဒ်သားတို့၌လည်းကောင်း
တရားသဖြင့်ကျင့်၏၊
လဆန်းပက္ခ
လဆုတ်ပက္ခ၏
တစ်ဆယ့်လေးရက်
မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊
ရှစ်ရက်မြောက်နေ့၌လည်းကောင်း
ဥပုသ်ကိုလည်း
ကျင့်သုံး၏'ဟုချီးကျူးကြ
ကုန်လျက်
စည်းဝေးကြကုန်၏။
မင်းမြတ်
သင်မင်းမြတ်အား
တာဝတိံသာနတ်တို့သည်ဖူးမြင်လိုကြကုန်
၏၊ မင်းမြတ်
သင်မင်းမြတ်ထံ
အကျွန်ုပ်သည်
အာဇာနည်မြင်းတစ်ထောင်ကသောရထားကို
စေလွှတ်ပါ
အံ့၊
မင်းမြတ်
နတ်၌ဖြစ်သော
ယာဉ်ကို
မတုန်မလှုပ်
မကြောက်မရွံ့တက်စီးပါလော့''ဟု
ဆို၏။
အာနန္ဒာ
နေမိမင်းသည်
ဆိတ်ဆိတ်နေသဖြင့်
လက်ခံလေ၏။
၃၁၃။
အာနန္ဒာ
ထိုအခါ
နတ်တို့အရှင်
သိကြားမင်းသည်
နေမိမင်း၏
လက်ခံခြင်းကို
သိ၍ဥပမာအားဖြင့်
အားရှိသော
ယောက်ျားသည်
ကွေး၍ထားသော
လက်မောင်းကို
ဆန့်တန်းရာသကဲ့သို့လည်းကောင်း၊
ဆန့်တန်း၍
ထားသော
လက်မောင်းကို
ကွေးရာသကဲ့သို့လည်းကောင်း
ဤအတူသာလျှင်နေမိမင်း၏
မျက်မှောက်မှ
ကွယ်ခဲ့၍ တာဝတိံသာနတ်တို့၌
ထင်ရှားဖြစ်၏။
အာနန္ဒာ ထိုအခါ
နတ်တို့အရှင်
သိကြားမင်းသည်
လူတို့ကို
ချီးမြှောက်တတ်သော
မာတလိနတ်သားကို
''အချင်းမာတလိ
သင်လာလော့၊
အာဇာနည်မြင်းတစ်ထောင်ကသော
ရထားကို
ကပြီးလျှင်
နေမိမင်းသို့
ချဉ်းကပ်၍
'မင်းမြတ်သင်မင်းမြတ်အတွက်
အာဇာနည်မြင်းတစ်ထောင်ကသော
ဤရထားကို
နတ်တို့အရှင်
သိကြားမင်းသည်စေလွှတ်အပ်ပါ၏၊
မင်းမြတ်
နတ်၌ဖြစ်သော
ယာဉ်ကို
မကြောက်မရွံ့
တက်စီးပါလော့'ဟု
ဤသို့ဆိုပါလေ''ဟု
ပြောဆိုစေလွှတ်၏။
အာနန္ဒာ လူတို့ကို
ချီးမြှောက်တတ်သော
မာတလိနတ်သားသည်''ကောင်းပါပြီ
အရှင်သိကြားမင်း''
ဟူ၍သာလျှင်
နတ်တို့အရှင်
သိကြားမင်း၏
စကားကို
ဝန်ခံ၍အာဇာနည်မြင်း
တစ်ထောင်ကသော
ရထားကို
ကလျက်
နေမိမင်းကြီးထံသို့
ချဉ်းကပ်ပြီးလျှင်
မင်းမြတ်သင်မင်း
မြတ်အတွက်
အာဇာနည်မြင်း
တစ်ထောင်ကသော
ဤရထားကို
နတ်တို့အရှင်
သိကြားမင်းသည်စေလွှတ်ပါ၏၊
မင်းမြတ်
နတ်၌ဖြစ်သော
ယာဉ်ကို
မကြောက်မရွံ့
တက်စီပါလော့၊
မင်းမြတ်
(အကျွန်ုပ်)
သိလိုသည်မှာ
မကောင်းမှု
ရှိသူတို့သည်
မကောင်းမှုအကျိုးကို
ခံစားရာ (ငရဲ)
သို့လည်းကောင်း
ကောင်းမှုရှိသူတို့သည်
ကောင်းမှုအကျိုးကို
ခံစားရာ
(နတ်ပြည်) သို့လည်းကောင်း
သွားရာ
ခရီးနှစ်မျိုးတွင်အဘယ်ခရီးဖြင့်
သင်မင်းကြီးကို
ဆောင်ယူရပါမည်နည်း''ဟု
ပြောဆို၏။
မာတလိနတ်သား
ငါ့ကိုခရီးနှစ်မျိုးဖြင့်သာလျှင်
ဆောင်ယူလော့ဟု
(ဆို၏)။
အာနန္ဒာ လူတို့ကို
ချီးမြှောက်တတ်သော
မာတလိနတ်သားသည်
နေမိမင်းကို
သုဓမ္မာသဘင်သို့
ကောင်းစွာ
သွင်းလေသတည်း။
အာနန္ဒာ
နတ်တို့အရှင်
သိကြားမင်းသည်
အဝေးက လာသော နေမိမင်းကို
မြင်လျှင်
''မင်းမြတ်ကြွလာတော်မူပါလော့၊
မင်းမြတ်
ကောင်းသောလာခြင်း
ဖြစ်ပါပေ၏၊
မင်းမြတ်
တာဝတိံသာနတ်တို့သည်မင်းမြတ်အား
မြင်လိုကြပါကုန်၏၊
သုဓမ္မာသဘင်၌
အညီအညွတ်
စည်းဝေးကုန်လျက်
'အချင်းတို့ဝိဒေဟရာဇ်တိုင်းသူ
တိုင်းသားတို့အား
အရတော်လေစွတကား၊
အချင်းတို့
ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည်
ကောင်းစွာရအပ်
လေစွတကား၊
ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏
နေမိမင်းသည်တရားစောင့်၏၊
တရားသဖြင့်
မင်းပြု၏၊
တရား၌ တည်၏၊ မြတ်သော
မင်းဖြစ်၏၊
ပုဏ္ဏားနှင့်
အမျိုးသားတို့၌လည်းကောင်း၊
နိဂုံးသူ
နိဂုံးသားတို့၌လည်းကောင်း၊
ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း
့တရားသဖြင့်
ကျင့်၏၊
လဆန်းပက္ခ
လဆုတ်ပက္ခ၏
တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊
ရှစ်ရက်မြောက်နေ့၌လည်းကောင်း
ဥပုသ်ကိုလည်း
ကျင့်သုံး၏'ဟု
ချီးကျူးသော
သဘောရှိကြပါကုန်၏။
မင်းမြတ်
တာဝတိံသာနတ်တို့သည်
သင်မင်းကြီးအားဖူးမြင်လိုကြပါကုန်၏၊
မင်းမြတ် နတ်ပြည်၌
နတ်တို့၏
အာနုဘော်ဖြင့်
မွေ့လျော်ပါလော့''ဟု
ပြောကြားလေ၏။
အဆွေသိကြားမင်း
တော်လောက်ပြီ၊
ထိုမိထိလာပြည်သို့သာလျှင်
အကျွန်ုပ်ကို
ပြန်ပို့ပါလော့၊
ထိုရှေးနှင့်အတူ
ငါသည်
ပုဏ္ဏားနှင့်
အမျိုးသားတို့၌လည်းကောင်း
နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်းဇနပုဒ်သူ
ဇနပုဒ်သားတို့၌လည်းကောင်း၊
တရားနှင့်လျော်စွာ
ကျင့်ပါအံ့၊
လဆန်းပက္ခ
လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း
ရှစ်ရက်မြောက်နေ့၌လည်းကောင်း
ဥပုသ်ကိုလည်း
ကျင့်သုံးပါအံ့ဟု
(ပြောဆို၏)။
၃၁၄။
အာနန္ဒာ
ထိုအခါ
နတ်တို့အရှင်
သိကြားမင်းသည်
လူတို့ကို
ချီးမြှောက်တတ်သော
မာတလိနတ်သားကို
ခေါ်၍
''အချင်းမာတလိ
သင်လာခဲ့လော့၊
အာဇာနည်မြင်းတစ်ထောင်ကသော
ရထားကိုက၍
နေမိ မင်းကို
ထိုမိထိလာပြည်သို့သာလျှင်
ပြန်ပို့လေ''ဟု
ဆို၏။
အာနန္ဒာ လူတို့ကိုချီးမြှောက်တတ်
သော မာတလိ
နတ်သားသည်
''ကောင်းပါပြီ
အရှင်၏
စကားသည်ကောင်းလှပါ၏''ဟု
နတ်တို့အရှင်
သိကြားမင်း၏
စကားကို ဝန်ခံ၍
အာဇာနည်မြင်း
တစ်ထောင်ကသောရထားကို
က၍
နေမိမင်းကို
ထိုမိထိလာပြည်သို့သာလျှင်
ပြန်ပို့၏။
အာနန္ဒာ
နေမိမင်းသည်ထိုမိထိလာပြည်၌
ပုဏ္ဏားနှင့်
အမျိုးသား
တို့၌လည်းကောင်း၊
နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊
ဇနပုဒ်သူ
ဇနပုဒ်သားတို့၌လည်းကောင်း၊
တရား သဖြင့်
ကျင့်၏၊
လဆန်းပက္ခ
လဆုတ်ပက္ခ၏
တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊
တစ်ဆယ့်
ငါးရက်မြောက်နေ့၌လည်းကောင်း၊
ရှစ်ရက်မြောက်နေ့၌လည်းကောင်း
ဥပုသ်ကိုလည်း
ကျင့်သုံး၏။
အာနန္ဒာ
ထိုအခါ
နေမိမင်းသည်နှစ်ပေါင်းများစွာ
နှစ်ရာပေါင်းများစွာ
နှစ်ထောင်ပေါင်းများစွာ
လွန်သော အခါ၌
ဆတ္တာသည်ကို
ခေါ်၍''အချင်း
ဆတ္တာသည် ငါ၏
ဦးခေါင်း၌ ဆံဖြူတို့
ပေါက်ရောက်သည်တို့ကို
မြင်သောအခါ
ငါ့အားပြောကြားပါလေ''ဟု
ဆို၏။
အာနန္ဒာ ဆတ္တာသည်သည်
''အရှင်မင်းမြတ်
ကောင်း
ပါပြီ''ဟူ၍သာလျှင်နေမိမင်းအား
ပြန်လျှောက်ကြား၏။
အာနန္ဒာ
ဆတ္တာသည်သည်
နှစ်ပေါင်းများစွာ
နှစ်ရာပေါင်းများစွာ
နှစ်ထောင်ပေါင်းများစွာ
လွန်သောအခါဝယ်
နေမိမင်း၏
ဦးခေါင်း၌
ဆံဖြူပေါက်ရောက်သည်တို့ကို
မြင်လေ၍ နေမိမင်းကို
''အရှင်မင်းမြတ်အား
သေမင်းတမန်တို့သည်
ထင်ရှားဖြစ်လတ်ပါကုန်ပြီ၊
ဦးခေါင်း၌ ပေါက်ရောက်သော
ဆံဖြူတို့သည်
ထင်ပါကုန်၏''ဟု
လျှောက်တင်၏။
အချင်းဆတ္တာသည်
သို့ဖြစ်မူ
ထိုဆံဖြူတို့ကို
မွေးညှပ်ဖြင့်ကောင်းစွာ
နုတ်၍ ငါ၏
လက်ခုပ်၌
ထည့်လေလော့ဟု
(ဆို၏)။
အာနန္ဒာ
ဆတ္တာသည်သည်
''မင်းမြတ်ကောင်းပါပြီ''
ဟူ၍သာလျှင်
နေမိမင်း၏
စကားကို
ဝန်ခံ၍
ထိုဆံဖြူတို့ကို
မွေးညှပ်ဖြင့်
ကောင်းစွာ
နုတ်၍နေမိမင်း၏
လက်ခုပ်၌
ထည့်၏။
အာနန္ဒာ
ထိုအခါ
နေမိမင်းသည်
ဆတ္တာသည်အား
ရွာဆုကို
ပေး၍သားကြီးအိမ်ရှေ့မင်းကို
ခေါ်စေပြီးလျှင်
''သားတော်မောင်
ငါ့အား
သေမင်းတမန်တို့သည်
ထင်ရှားဖြစ်လတ်ကုန်ပြီ၊
ဦးခေါင်း၌ ပေါက်ရောက်သော
ဆံဖြူတို့သည်
ထင်ရှားကုန်၏၊
ငါသည်
လူ့ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားရပေပြီ၊
နတ်ကာမဂုဏ်တို့ကို
ရှာမှီးရန်
အချိန်တန်ပြီ၊
သားတော်မောင်
သင်လာလော့၊ ဤတိုင်းပြည်ကို
အုပ်စိုးလော့၊
ငါသည်ကား ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကိုဝတ်ရုံ၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်တော့အံ့၊
သားတော်မောင်
သို့ဖြစ်၍
သင်သည်လည်းဦးခေါင်း၌
ပေါက်ရောက်သော
ဆံဖြူတို့ကို
မြင်သောအခါ ဆတ္တာသည်အား
ရွာဆုကို
ပေးပြီးလျှင်သားကြီးအိမ်ရှေ့မင်းကို
မင်းကျင့်တရား၌
ကောင်းစွာ
ဆုံးမခဲ့၍
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍ ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံပြီးလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်လေလော့၊
ငါထားခဲ့သော
ကောင်းမြတ်သည့်
ဤကျင့်ဝတ်အတိုင်း
ဆက်လက်ကျင့်ပါလေ၊
သင်သည် ငါ၏
အဆုံးစွန်သောယောက်ျား
မဖြစ်ပါစေလင့်။
သားတော်မောင်
အနွယ်အဆက်၌
ယောက်ျားကောင်းဖြစ်ပါလျက်ဤသို့သဘော
ရှိသော ကောင်းမြတ်သည့်
ကျင့်ဝတ်ပြတ်သူသည်
ထိုသူတို့တွင်
အဆုံးစွန်သောယောက်ျားဖြစ်ပေ၏၊
သား
တော်မောင်
'ငါထားခဲ့သော
ကောင်းမြတ်သည့်
ဤကျင့်ဝတ်အတိုင်းဆက်လက်ကျင့်ပါလေ၊
သင်သည် ငါ၏
အဆုံးစွန်သော
ယောက်ျားမဖြစ်ပါစေလင့်'
ဟူသော''ဤစကားကို
သင့်အား ငါဆို၏ဟု
(ဆို၏)။
၃၁၅။
အာနန္ဒာ
ထိုအခါ
နေမိမင်းသည်
ဆတ္တာသည်အား
ရွာဆုကို
ပေး၍
သားကြီးအိမ်ရှေ့မင်းကိုမင်းကျင့်ဝတ်၌
ကောင်းစွာ
ဆုံးမခဲ့၍
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံကာ
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏။
ထိုနေမိမင်းသည်ချစ်ခြင်း
'မေတ္တာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသောအရပ်ကို
ပျံ့နှံ့စေ၍
နေ၏၊ ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက် အောက်
ဖီလာအရပ်ကို
ပျံ့နှံ့စေ၍
နေ၏၊
အလုံးစုံသောအရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသော
မြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
သနားခြင်း
'ကရုဏာ'
နှင့်ယှဉ်သော
စိတ်ဖြင့်။
ဝမ်းမြောက်ခြင်း
'မုဒိတာ' နှင့်ယှဉ်သော
စိတ်ဖြင့်။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သော
စိတ်ဖြင့်တစ်ခုသောအရပ်ကို
ပျံ့နှံ့စေ၍
နေ၏။ ထို့အတူ
နှစ်ခုမြောက်အရပ်ကို။
သုံးခုမြောက်အရပ်ကို။
လေးခုမြောက်အရပ်ကို။
ဤနည်းအားဖြင့်
အထက် အောက်
ဖီလာအရပ်ကို
ပျံ့နှံ့စေ၍
နေ၏။
အလုံးစုံသောအရပ်
အလုံးစုံသောသတ္တဝါတို့၌
မိမိနှင့်တူစွာ
သတ္တဝါအားလုံးရှိသော
သတ္တလောကကို
ပြန့်ပြောသောမြတ်သော
အပိုင်းအခြားမရှိသော
ရန်မရှိသော
ကြောင့်ကြမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
အာနန္ဒာ
နေမိမင်းသည်ကား
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
သူငယ်၏ ကစား
ခြင်းကိုကစား၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
အိမ်ရှေ့မင်း
ပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
မင်းပြု၏၊
အနှစ်ရှစ်သောင်းလေးထောင်တို့
ကာလပတ်လုံး
ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ပြီးလျှင်
မြတ်သောအကျင့်ကိုကျင့်သုံး
၏၊
ထိုနေမိမင်းသည်
ဗြဟ္မဝိဟာရတရား
လေးပါးတို့ကို
ပွါများ၍
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်အခါ၌ ဗြဟ္မာ့ပြည်သို့
လား၏။
အာနန္ဒာ
နေမိမင်းအား
ကဠာရဇနကမည်သောသားသည်
ရှိ၏၊
ထိုသားသည်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
မဝင်ရောက်ချေ။
ထိုကဠာရဇနကသည်ထိုကောင်းမြတ်သော
ကျင့်ဝတ်ကို
ဖြတ်လေ၏၊
(ထို့ကြောင့်)
ထိုကဠာရဇနကသည်
ထိုသူတို့တွင်အဆုံးစွန်သော
ယောက်ျား
ဖြစ်သတည်း။
၃၁၆။
အာနန္ဒာ သင့်အား
''ထိုအခါက
ဤကောင်းမြတ်သည့်
ကျင့်ဝတ်ကို
ထားခဲ့သောမဃဒေဝမင်းသည်
အခြားသူ ဖြစ်လေသလော''ဟု
အကြံဖြစ်လေရာ၏။
အာနန္ဒာ ဤအရာကို
ဤသို့မမှတ်သင့်။
ထိုအခါ ငါသည်
မဃဒေဝမင်း
ဖြစ်ခဲ့၏၊
ငါထားခဲ့သော
ထိုကောင်းမြတ်သည့်
ကျင့်ဝတ်တရားအတိုင်း
နောင်လာနောက်သားအပေါင်းသည်
ဆက်လက်၍ ကျင့်၏။
အာနန္ဒာ
ထိုကောင်းမြတ်သည့်ကျင့်ဝတ်တရားသည်
ငြီးငွေ့ရန်
တပ်မက်မှုကင်းရန်
ချုပ်ငြိမ်းရန်
ငြိမ်းအေးရန်
အထူးသိရန် ထိုးထွင်း၍သိရန်
ကောင်းစွာသိရန်
မဖြစ်၊ နိဗ္ဗာန်
အကျိုးငှါ
မဖြစ်၊
ဗြဟ္မာ့ပြည်သို့
ရောက်ရုံသာ
ဖြစ်၏။
အာနန္ဒာယခုအခါ
ငါထားခဲ့သော
ဤကောင်းမြတ်သည့်
ကျင့်ဝတ်တရားမှာမူကား
ဧကန်
ဝဋ်ဆင်းရဲ၌
ငြီးငွေ့ရန်တပ်မက်မှုကင်းရန်
ချုပ်ငြိမ်းရန်
ငြိမ်းအေးရန်
အထူးသိရန်
ထိုးထွင်း၍သိရန်
ဖြစ်၏၊
နိဗ္ဗာန်အကျိုးငှါဖြစ်၏။
အာနန္ဒာ
ယခုအခါ
ငါထားခဲ့သော
ကောင်းမြတ်သည့်
အဘယ်ကျင့်ဝတ်တရားသည်
ဧကန်
ငြီးငွေ့ခြင်းငှါတပ်မက်မှုကင်းခြင်းငှါ
ချုပ်ငြိမ်းခြင်းငှါ
ငြိမ်းအေးခြင်းငှါ
အထူးသိခြင်းငှါ
ထိုးထွင်း၍သိခြင်းငှါနိဗ္ဗာန်အကျိုးငှါ
ဖြစ်သနည်းဟူမူ-
အင်္ဂါရှစ်ပါးရှိသော
ဤအရိယမဂ်တရားပင်တည်း။
ဤအရိယမဂ်ဟူသည်အဘယ်နည်း-
မှန်စွာသိမြင်ခြင်း၊
မှန်စွာကြံစည်ခြင်း၊
မှန်စွာပြောဆိုခြင်း၊
မှန်စွာ
ပြုလုပ်ခြင်း၊
မှန်စွာအသက်မွေးခြင်း၊
မှန်စွာ
အားထုတ်ခြင်း၊
မှန်စွာအောက်မေ့ခြင်း၊
မှန်စွာတည်ကြည်ခြင်းတို့တည်း။
အာနန္ဒာ
ယခုအခါ
ငါထားခဲ့သော
ဤကောင်းမြတ်သည့်
ကျင့်ဝတ်တရားသည်
စင်စစ်ဧကန်
ငြီးငွေ့ခြင်းငှါတပ်မက်မှုကင်းခြင်းငှါ
ချုပ်ငြိမ်းခြင်းငှါ
ငြိမ်းအေးခြင်းငှါ
အထူးသိခြင်းငှါ
ထိုးထွင်း၍သိခြင်းငှါ
နိဗ္ဗာန်အကျိုးငှါ
ဖြစ်၏။
အာနန္ဒာ
ငါသည်
သင်တို့အား
ထိုအရာကို
ဤသို့
ဟောကြားပေအံ့၊
ငါထားခဲ့သော
ဤကောင်းမြတ်သည့်
ကျင့်ဝတ်အတိုင်း
ဆက်လက်ကျင့်ကြကုန်လော့၊
သင်တို့သည်
ငါ၏
အဆုံးစွန်သော
ယောက်ျားများ
မဖြစ်ကြစေကုန်လင့်၊
အာနန္ဒာ အနွယ်အဆက်
ယောက်ျားကောင်းဖြစ်ပါလျက်
ဤသို့သဘောရှိသောကောင်း
မြတ်သည့်
ကျင့်ဝတ်တရားပြတ်သူသည်
ထိုသူတို့တွင်
အဆုံးစွန်သော
ယောက်ျား
ဖြစ်ပေ၏၊
အာနန္ဒာ ငါသည်
သင်တို့အား
ဤသို့ ဟော၏-
''ငါထားခဲ့သော
ဤကျင့်ဝတ်တရားအတိုင်း
ဆက်လက်ကျင့်ကြကုန်လော့၊
သင်တို့သည်
ငါ၏
အဆုံးစွန်သော
ယောက်ျားများ
မဖြစ်ကြစေကုန်လင့်''ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏၊
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရား၏
စကားတော်ကို
ဝမ်းမြောက်စွာ
လက်ခံလေသတည်း။
သုံးခုမြောက်
မဃဒေဝသုတ်
ပြီး၏။
------
၄-မဓုရသုတ်
၃၁၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
အသျှင်မဟာကစ္စည်းသည်
မဓုရာပြည်
နွားမြေရင်းတော၌
သီတင်းသုံးနေတော်မူ၏။
အဝနိ
္တမင်း၏မြေး
မဓုရာမင်းသည်
ဤဆိုလတ္တံ့သောအတိုင်း
ကြားသိရလေပြီ
''အချင်းတို့
အသျှင်ကစ္စည်းသည်
မဓုရာပြည်
နွားမြေရင်းတော၌
နေ၏၊
ထိုအသျှင်ကစ္စည်းမထေရ်၏
ဤသို့
ကောင်းမြတ်သောကျော်စောသံသည်
ပျံ့နှံ့၍
တက်၏၊
'လိမ္မာ၏၊ ထက်မြက်၏၊
ထိုးထွင်း၍
သိနိုင်သော
ပညာရှိ၏၊ အကြားအမြင်များ၏၊
ဆန်းကြယ်စွာ
ဟောကြားတတ်၏၊
ကောင်းသောပဋိဘာန်
'ဉာဏ်' ရှိ၏၊
အသက်သိက္ခာလည်းကြီး၏၊
ရဟန္တာလည်း
ဖြစ်၏'ဟု
ပျံ့နှံ့၍
တက်၏၊
ထိုသို့သဘောရှိသော
ရဟန္တာအသျှင်တို့ကို
ဖူးမြော်ရခြင်းသည်
ကောင်းမြတ်သည်သာတည်း''ဟု
(ကြားသိရလေ၏)။
ထိုအခါ
အဝနိ
္တမင်း၏မြေး
မဓုရာမင်းသည်
ကောင်းကုန်
အလွန်ကောင်းကုန်သော
ယာဉ်တို့ကို
ကစေ၍ကောင်းသော
ယာဉ်ကို
တက်စီးပြီးလျှင်
ကောင်းကုန်
အလွန်ကောင်းကုန်သော
ယာဉ်တို့ဖြင့်
ကြီးစွာသောမင်း၏
ကျက်သရေဖြင့်
အသျှင်ကစ္စည်းမထေရ်ကို
ဖူးမြော်ရန်
မဓုရာပြည်မှ
ထွက်လေ၏၊
ယာဉ်ဖြင့်သွားနိုင်သမျှသော
အရပ်ကို
ယာဉ်ဖြင့်သွား၍
ယာဉ်မှ
သက်ပြီးသော်
ခြေကျင်သာလျှင်
အသျှင်မဟာကစ္စည်းမထေရ်ထံသို့
ချဉ်းကပ်၍
အသျှင်မဟာကစ္စည်းမထေရ်နှင့်
ဝမ်းမြောက်ဝမ်းသာ
ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အောက်မေ့ဖွယ်စကားကို
ပြောဆိုပြီးဆုံးစေပြီးနောက်
သင့်လျော်ရာ၌
ထိုင်ကာ အသျှင်ကစ္စည်းမထေရ်အား
ဤစကားကို
လျှောက်၏-
''အသျှင်ကစ္စာန
ပုဏ္ဏားတို့သည်
'ပုဏ္ဏားမျိုးသည်သာ
မြတ်ပါ၏၊
တစ်ပါးသော
အမျိုးသည် ယုတ်၏၊
ပုဏ္ဏားမျိုးသည်သာ
ဖြူစင်၏၊
တစ်ပါးသောအမျိုးသည်
မည်းညစ်၏၊
ပုဏ္ဏားတို့သည်သာလျှင်စင်ကြယ်ကုန်၏၊
ပုဏ္ဏားမဟုတ်သူတို့သည်
မစင်ကြယ်ကုန်။
ပုဏ္ဏားတို့သည်သာလျှင့်ဗြဟ္မာ၏သားရင်းတို့
ဖြစ်ကုန်၏၊
ခံတွင်းမှ
ပေါက်ဖွားသူများ
ဖြစ်ကုန်၏၊
ဗြဟ္မာမှ
ပေါက်ဖွားလာကုန်၏၊
ဗြဟ္မာဖန်ဆင်းထားသူ
တို့
ဖြစ်ကုန်၏၊
ဗြဟ္မာ၏
အမွေခံတို့
ဖြစ်ကုန်၏'ဟု
ဆိုကြကုန်၏၊
ဤပြောဆိုရာ၌
အသျှင်ကစ္စည်းသည်
အသို့ပြောဆိုလိုသနည်း''ဟု
(လျှောက်၏)။ မင်းကြီး''ပုဏ္ဏားမျိုးသာလျှင်
မြတ်၏၊ တစ်ပါးသော
အမျိုး သည်
ယုတ်၏၊
ပုဏ္ဏားမျိုးသည်သာလျှင်
ဖြူစင်၏၊
တစ်ပါးသောအမျိုးသည်
မည်းညစ်၏၊
ပုဏ္ဏားတို့
သည်သာလျှင်
စင်ကြယ်ကုန်၏၊
ပုဏ္ဏားမဟုတ်သူတို့သည်
မစင်ကြယ်ကုန်၊
ပုဏ္ဏားတို့သည်သာလျှင်
ဗြဟ္မာ၏ သားရင်းတို့
ဖြစ်ကုန်၏၊
ခံတွင်းမှပေါက်ဖွားသူများ
ဖြစ်ကုန်၏၊
ဗြဟ္မာမှ
ပေါက်ဖွားလာကုန်၏၊
ဗြဟ္မာဖန်ဆင်းထားသူတို့
ဖြစ်ကုန်၏၊
ဗြဟ္မာ၏
အမွေခံတို့
ဖြစ်ကုန်၏''
ဟူသည် လောက၌
စကားသာ လျှင်
ဖြစ်ပေ၏။ မင်းကြီး''ပုဏ္ဏားမျိုးသည်သာ
မြတ်သော အမျိုးတည်း၊
တစ်ပါးသော
အမျိုးသည်
ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့
ဖြစ်ကုန်၏''
ဟူသည် လောက၌
စကားသာလျှင်
ဖြစ်ပုံအကြောင်းကိုဤဆိုလတ္တံ့သောနည်းဖြင့်
သိသင့်၏။
၃၁၈။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
မင်းမျိုးသည်
အကယ်၍ ဥစ္စာ
စပါး ရွှေငွေတို့ဖြင့်
အလိုပြည့်ဝစေနိုင်ငြားအံ့၊
တစ်ပါးသောမင်းမျိုးလည်း
ထိုမင်းမျိုး၏
ရှေးဦးစွာ
ထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကို
နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကို
ပြောကြားရာသည်။
ပုဏ္ဏားမျိုးလည်း
ထိုမင်းမျိုး၏။
ကုန်သည်မျိုးလည်း
ထိုမင်းမျိုး၏။
သူဆင်းရဲမျိုးလည်း
ထိုမင်းမျိုး၏
ရှေးဦးစွာ
ထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကိုနာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကို
ပြောကြားရာသည်
မဟုတ်လောဟု
(မေး၏)။
အသျှင်ကစ္စာန
မင်းမျိုးသည်
အကယ်၍ ဥစ္စာ
စပါး
ရွှေငွေတို့ဖြင့်
အလိုပြည့်ဝစေ
နိုင်ငြားအံ့၊
တစ်ပါးသော
မင်းမျိုးလည်း
ထိုမင်း
မျိုး၏
ရှေးဦးစွာ
ထရာပါ၏၊
နောက်မှ
အိပ်ရာပါ၏၊
အမိန့်ကိုနာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာ ပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏။
ပုဏ္ဏားမျိုးလည်း
ထိုမင်းမျိုး၏။
ကုန်သည်မျိုးလည်း
ထိုမင်း၏။
သူဆင်းရဲမျိုးလည်း
ထိုမင်းမျိုး၏
ရှေးဦးစွာ
ထရာပါ၏၊ နောက်မှ
အိပ်ရာပါ၏၊
အမိန့်ကို
နာခံရာပါ၏၊ စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကိုပြောကြားရာပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ပုဏ္ဏားမျိုးသည်
အကယ်၍ ဥစ္စာ
စပါး ရွှေငွေတို့ဖြင့်
အလိုပြည့်ဝစေနိုင်ငြားအံ့၊
တစ်ပါးသော
ပုဏ္ဏားမျိုးလည်း
ထိုပုဏ္ဏားမျိုး၏
ရှေးဦးစွာ
ထရာသည်၊
နောက်မှ အိပ်ရာသည်၊
အမိန့်ကို
နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကိုပြောကြားရာသည်။
ကုန်သည်မျိုးလည်း
ထိုပုဏ္ဏားမျိုး၏။
သူဆင်းရဲမျိုးလည်း
ထိုပုဏ္ဏားမျိုး၏။
မင်းမျိုးလည်း
ထိုပုဏ္ဏားမျိုး၏
ရှေးဦးစွာ
ထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကို
နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကို
ပြောကြား
ရာသည် မဟုတ်လောဟု
(မေး၏)။
အသျှင်ကစ္စာန
ပုဏ္ဏားမျိုးသည်
အကယ်၍ ဥစ္စာ
စပါး ရွှေငွေတို့ဖြင့်
အလိုပြည်ဝစေနိုင်ငြားအံ့၊
တစ်ပါးသော
ပုဏ္ဏားမျိုးလည်း
ထိုပုဏ္ဏားမျိုး၏
ရှေးဦးစွာ
ထရာပါ၏၊
နောက်မှ အိပ်ရာပါ၏၊
အမိန့်ကို
နာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏။
ကုန်သည်မျိုးလည်း
ထိုပုဏ္ဏားမျိုး၏။ပ။
သူဆင်းရဲမျိုးလည်း
ထိုပုဏ္ဏာမျိုးး၏။ပ။
မင်းမျိုးလည်း
ထိုပုဏ္ဏားမျိုး၏
ရှေးဦးစွာ
ထရာပါ၏၊
နောက်မှ အိပ်ရာပါ၏၊
အမိန့်ကို
နာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ကုန်သည်မျိုးသည်
အကယ်၍ ဥစ္စာ
စပါး
ရွှေငွေတို့ဖြင့်
အလိုပြည့်ဝစေနိုင်ငြားအံ့၊
တစ်ပါးသော
ကုန်သည်မျိုးလည်း
ထိုကုန်သည်မျိုး၏
ရှေးဦးစွာထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကို
နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကိုပြောကြားရာသည်။
သူဆင်းရဲမျိုးလည်း
ထိုကုန်သည်မျိုး၏။
မင်းမျိုးလည်း
ထိုကုန်သည်မျိုး၏။
ပုဏ္ဏား့မျိုးလည်း
ထိုကုန်သည်မျိုး၏
ရှေးဦးစွာ
ထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကို
နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကို
ပြောကြားရာသည်
မဟုတ်လောဟု
(မေး၏)။
အသျှင်ကစ္စာနကုန်သည်မျိုးသည်
အကယ်၍ ဥစ္စာ
စပါး ရွှေ
ငွေတို့ဖြင့်
အလိုပြည့်ဝစေနိုင်ငြားအံ့၊
တစ်ပါးသော
ကုန်သည်မျိုးလည်း
ထိုကုန်သည်မျိုး၏
ရှေးဦးစွာ
ထရာပါ၏၊
နောက်မှ
အိပ်ရာပါ၏၊ အမိန့်ကို
နာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏။
သူဆင်းရဲမျိုးလည်း
ထိုကုန်သည်မျိုး၏။
မင်းမျိုးလည်း
ထိုကုန်သည်မျိုး၏။
ပုဏ္ဏားမျိုးလည်း
ထိုကုန်သည်မျိုး၏
ရှေးဦးစွာ
ထရာပါ၏၊
နောက်မှအိပ်ရာပါ၏၊
အမိန့်ကို
နာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
သူဆင်းရဲမျိုးသည်
အကယ်၍ ဥစ္စာ
စပါး ရွှေငွေတို့ဖြင့်
အလိုပြည့်ဝစေနိုင်ငြားအံ့၊
တစ်ပါးသော
သူဆင်းရဲမျိုးလည်း
ထိုသူဆင်းရဲမျိုး၏
ရှေးဦးစွာထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကို နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကိုပြောကြားရာသည်
မင်းမျိုးလည်း
ထိုသူဆင်းရဲမျိုး၏။
ပုဏ္ဏားမျိုးလည်း
ထိုသူဆင်းရဲမျိုး၏။ပ။
ကုန်သည်မျိုးလည်း
ထိုသူဆင်းရဲမျိုး၏
ရှေးဦးစွာ
ထရာသည်၊
နောက်မှ
အိပ်ရာသည်၊
အမိန့်ကို
နာခံရာသည်၊
စိတ်ကြိုက်ကို
လိုက်ရာသည်၊
ချစ်ဖွယ်ကို
ပြောကြားရာသည်
မဟုတ်လောဟု
(မေး၏)။ အသျှင်
ကစ္စာနသူဆင်းရဲမျိုးသည်
အကယ်၍ ဥစ္စာ
စပါး ရွှေ
ငွေတို့ဖြင့်
အလိုပြည့်ဝစေနိုင်ငြားအံ့၊
တစ်ပါးသောသူဆင်းရဲမျိုးလည်း
ထိုသူဆင်းရဲမျိုး၏
ရှေးဦးစွာ
ထရာပါ၏၊
နောက်မှ
အိပ်ရာပါ၏၊
အမိန့်ကို
နာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏၊
မင်းမျိုးလည်း
ထိုသူဆင်းရဲမျိုး၏။ပ။
ပုဏ္ဏားမျိုးလည်း
ထိုသူဆင်းရဲမျိုး၏။ပ။
ကုန်သည်မျိုးလည်း
ထိုသူဆင်းရဲ
မျိုး၏ ရှေးဦးစွာ
ထရာပါ၏၊
နောက်မှ
အိပ်ရာပါ၏၊
အမိန့်ကို
နာခံရာပါ၏၊
စိတ်ကြိုက်ကို
လိုက်ရာပါ၏၊
ချစ်ဖွယ်ကို
ပြောကြားရာပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ယင်းသို့
ဖြစ်လတ်သော်
ဤအမျိုးလေးပါး
တို့သည်တူမျှကြကုန်သလော၊
မတူမျှကြကုန်သလော၊
ဤအရာ၌
သင်မင်းကြီးအား
အဘယ်သို့သောထင်မြင်ချက်ရှိ
သနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
ဤသို့
ဖြစ်သည်ရှိသော်
စင်စစ်အားဖြင့်
ဤ
အမျိုးလေးပါးတို့သည်
တူမျှပါကုန်၏၊
ဤအရာ၌
ဤအမျိုးလေးပါးတို့၏
ခြားနားမှု
တစ်စုံတစ်ခုကိုမျှ
မမြင်ပါဟု
(လျှောက်၏)။
မင်းကြီး
''ပုဏ္ဏားမျိုးသည်သာလျှင်
မြတ်၏၊
တစ်ပါးသော
အမျိုးသည်
ယုတ်၏။ပ။
ဗြဟ္မာ၏
အမွေခံတို့
ဖြစ်ကုန်၏''ဟူသည်
လောက၌
စကားသာလျှင်
ဖြစ်ပုံအကြောင်းကို
ဤဆိုခဲ့ပြီးသောနည်းဖြင့်လည်း
သိသင့်၏ဟု
(မိန့်ဆို၏)။
၃၁၉။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌
မင်းမျိုးသည်
အသက်သတ်လေ့ရှိငြားအံ့၊
မပေးသည်ကို
ယူလေ့ရှိငြားအံ့၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်လေ့ရှိငြားအံ့၊
မဟုတ်မမှန်
ပြောဆိုလေ့ရှိငြားအံ့၊
ကုန်းတိုက်လေ့ရှိငြားအံ့၊
ကြမ်းတမ်းသော
စကားကို
ပြောဆိုလေ့ရှိငြားအံ့၊
ပြိန်ဖျင်းသော
စကားကို
ပြောဆိုလေ့ရှိငြားအံ့၊
သူတစ်ပါးစည်းစိမ်ကို
လိုချင်တပ်မက်လေ့ရှိငြားအံ့၊
သူတစ်ပါးကို
ပျက်စီးစေလိုစိတ်
ရှိငြားအံ့၊
မှားသောအယူ
ရှိငြားအံ့၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှနောက်၌
ချမ်းသာကင်းသော
မကောင်းသော
လားရာဖြစ်သော
ဖရိုဖရဲကျရာဖြစ်သော
ငရဲသို့ရောက်ရာသ
လော၊
မရောက်ရာသလော၊
ဤအရာ၌ သင့်အား
အဘယ်သို့
ထင်မြင်ချက်ရှိသနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
မင်းမျိုးသည်လည်း
အသက်သတ်လေ့ရှိငြားအံ့၊
မပေးသည်ကို
ယူလေ့ရှိငြားအံ့၊
ကာမတို့၌
မှားယွင်းစွာ
ကျင့်လေ့ရှိငြားအံ့၊
မဟုတ်မမှန်
ပြောဆိုလေ့ရှိငြားအံ့၊
ကုန်းတိုက်လေ့ရှိငြားအံ့၊
ကြမ်းတမ်း
သော စကားကို
ပြောဆိုလေ့ရှိငြားအံ့၊
ပြိန်ဖျင်းသော
စကားကို ပြောဆိုလေ့
ရှိငြားအံ့၊
သူတစ်ပါးစည်းစိမ်
ကို
လိုချင်တပ်မက်လေ့ရှိငြားအံ့၊
သူတစ်ပါးကို
ပျက်စီးစေလိုသောစိတ်
ရှိငြားအံ့၊
့မှားသောအယူ
ရှိငြားအံ့၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသောလားရာ
ဖရိုဖရဲကျရာ
ငရဲသို့သာ
ရောက်ရာပါ၏၊
ဤအရာ၌
အကျွန်ုပ်အား
ဤသို့သောထင်မြင်ချက်ရှိပါ၏၊
ဤသို့သာလျှင်
အကျွန်ုပ်သည်
ရဟန္တာတို့၏
(အထံမှ)
ဤစကားကို
ကြားဖူးပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ကောင်းစွ
ကောင်းစွ၊
မင်းကြီး သင်၏
ဤသို့သော
ထင်မြင်ချက်ကား
ကောင်းလှပေ၏။
ရဟန္တာတို့၏
(အထံမှ)
သင်ကြားရသော
ဤစကားသည်
ကောင်းလှပေ၏။
မင်းကြီး
ထိုအရာကိုအဘယ်
သို့
မှတ်ထင်သနည်း၊
ဤလောက၌
ပုဏ္ဏားမျိုးသည်။ပ။
ဤလောက၌ ကုန်သည်မျိုးသည်။ပ။
ဤ လောက၌
သူဆင်းရဲမျိုးသည်
အသက်သတ်လေ့ရှိငြားအံ့၊
မပေးသည်ကို ယူလေ့ရှိငြားအံ့။ပ။
မှားသော
အယူရှိငြားအံ့၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
ချမ်းသာကင်းသောမကောင်းသောလားရာ
ဖရိုဖရဲကျရာ
ငရဲသို့
ရောက်ရာသလော၊
မရောက်ရာသလော၊
ဤအရာ၌သင့်အား
အဘယ်သို့ ထင်မြင်
ချက်ရှိသနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
သူဆင်းရဲသည်လည်းအသက်သတ်လေ့ရှိငြားအံ့၊
မပေးသည် ကို
ယူလေ့ရှိငြားအံ့။ပ။
မှားသောအယူ
ရှိငြားအံ့၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
ချမ်းသာ
ကင်းသော
မကောင်းသောလားရာ
ဖရိုဖရဲကျရာငရဲသို့သာ
ရောက်ရာပါ၏၊
ဤအရာ၌
အကျွန်ုပ်အား
ဤသို့သော
ထင်မြင်ချက်ရှိပါ၏၊
ဤသို့သာလျှင်အကျွန်ုပ်သည်
ရဟန္တာတို့၏
အထံမှ ဤစကားကို
ကြားဖူးပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ကောင်းစွ
ကောင်းစွ၊
မင်းကြီး သင်၏
ဤသို့သော
ထင်မြင်ချက်ကား
ကောင်းလှပေ၏။
ရဟန္တာတို့၏
အထံမှ
သင်ကြားရသော
ဤစကားသည်
ကောင်းလှပေ၏။
မင်းကြီး
ထိုအရာကို အဘယ်သို့
မှတ်ထင်သနည်း၊
ယင်းသို့
ဖြစ်သည်ရှိသော်
ဤအမျိုးလေးပါးတို့သည်
တူမျှကုန်သလော၊
မတူမျှကုန်သလော၊
ဤအရာ၌
သင်မင်းကြီးအား
အဘယ်သို့သော
ထင်မြင်ချက်ရှိသနည်းဟု
(မေး၏)။
အိုကစ္စာန
ဤသို့
ဖြစ်သည်ရှိသော်
စင်စစ်အားဖြင့်
ဤအမျိုးလေးပါးတို့သည်
တူမျှကြပါကုန်၏၊
ဤအရာ၌ ထိုအမျိုးလေးပါးတို့၏
ခြားနားမှု
တစ်စုံတစ်ခုကိုမျှ
မမြင်ပါဟု
(လျှောက်၏)။
မင်းကြီး
''ပုဏ္ဏားမျိုးသည်သာ
မြတ်၏၊
တစ်ပါးသော
အမျိုးသည်
ယုတ်၏။ပ။
ဗြဟ္မာ၏
အမွေခံတို့
ဖြစ်ကုန်၏''
ဟူသည်ဤလောက၌
စကားသာလျှင်
ဖြစ်ပုံအကြောင်းကို
ဤဆိုခဲ့ပြီးသော
နည်းဖြင့်လည်း
သိသင့်၏။
၃၂၀။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌ မင်း
မျိုးသည်
အသက်သတ်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
မပေးသည်ကို
ယူခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
ကုန်းတိုက်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
ကြမ်းတမ်းသော
စကားကို
ဆိုခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
ပြိန်ဖျင်းသော
စကားကိုဆိုခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
သူတစ်ပါး
စည်းစိမ်ကို
တပ်မက်သောအားဖြင့်
မကြံစည်ငြားအံ့၊
သူတစ်ပါးကို
ပျက်စီး
စေလိုစိတ်
မရှိငြားအံ့၊
ဖြောင့်မှန်သော
အယူကို
ယူငြားအံ့၊
ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာ
နတ်ပြည်
လောကသို့
ရောက်ရာသလော၊
မရောက်ရာသလော၊
ဤအရာ၌
သင့်အား
အဘယ်သို့သော
ထင်မြင်ချက်ရှိသနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
မင်းမျိုးသည်လည်း
အသက်သတ်
ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
မပေးသည်ကို
ယူခြင်းမှကြဉ်ရှောင်ငြားအံ့၊
ကာမတို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
မဟုတ်မမှန်ပြောဆို
ခြင်းမှကြဉ်ရှောင်ငြားအံ့၊
ကုန်းတိုက်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
ကြမ်းတမ်းသော
စကားကို
ပြောဆိုခြင်းမှကြဉ်ရှောင်ငြားအံ့၊
ပြိန်ဖျင်းသော
စကားကို
ဆိုခြင်းမှ
ကြဉ် ရှောင်ငြားအံ့၊
သူတစ်ပါးစည်းစိမ်ကိုတပ်မက်သောအားဖြင့်
မကြံစည်ငြားအံ့၊
သူတစ်ပါးကို
ပျက်စီး
စေလိုသောစိတ်
မရှိငြားအံ့၊
ဖြောင့်မှန်သော
အယူရှိငြားအံ့၊
ကိုယ်ခန္ဓာ
ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာနတ်ပြည်လောကသို့
ရောက်ရာပါ၏၊
ဤအရာ၌ အကျွန်ုပ်အား
ဤသို့သော
ထင်မြင် ချက်ရှိပါ၏၊
့ဤသို့သာလျှင်
အကျွန်ုပ်သည်
ရဟန္တာတို့၏
(အထံမှ)
ဤစကားကို
ကြားဖူးပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ကောင်းစွ
ကောင်းစွ၊
မင်းကြီး သင်၏
ဤသို့သော
ထင်မြင်ချက်ကား
ကောင်းလှပေ၏။
ရဟန္တာတို့၏
(အထံမှ)
သင်ကြားရသော
ဤစကားသည်
ကောင်းလှပေ၏။
မင်းကြီး
ထိုအရာကိုအဘယ်
သို့ မှတ်ထင်သနည်း၊
ဤလောက၌
ပုဏ္ဏားမျိုးသည်။ပ။
ဤလောက၌
ကုန်သည်မျိုးသည်။ပ။
ဤ လောက၌
သူဆင်းရဲမျိုးသည်
အသက်သတ်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
မပေးသည်ကို
ယူခြင်းမှကြဉ်ရှောင်
ငြားအံ့၊
ဖြောင့်မှန်
သောအယူ
ရှိငြားအံ့၊
ကိုယ်ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌ကောင်းသော
လားရာ
နတ်ပြည်လောကသို့
ရောက်ရာသလော၊
မရောက်ရာသလော၊
ဤအရာ၌သင့်အား
အဘယ်သို့ သော
ထင်မြင်ချက်ရှိသနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
သူဆင်းရဲမျိုးသည်လည်းအသက်သတ်ခြင်းမှ
ကြဉ်ရှောင်ငြားအံ့၊
မပေးသည်ကို
ယူခြင်းမှ
ကြဉ်ရှောင်ငြားအံ့။ပ။
ဖြောင့်မှန်သောအယူ
ရှိငြားအံ့၊
ကိုယ်
ခန္ဓာပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသော
လားရာနတ်ပြည်လောကသို့
ရောက်ရာပါ၏၊
ဤအရာ၌
အကျွန်ုပ်အား
ဤသို့သော
ထင်မြင်ချက်ရှိပါ၏၊
ဤသို့သာလျှင်
အကျွန်ုပ်သည်
ရဟန္တာတို့၏
အထံမှ
ဤစကားကို ကြားဖူးပါ၏ဟု
(လျှောက်၏)။
မင်းကြီး
ကောင်းစွ
ကောင်းစွ၊
မင်းကြီး သင်၏
ဤသို့သော
ထင်မြင်ချက်ကား
ကောင်းလှပေ၏။
ရဟန္တာတို့၏
(အထံမှ)
သင်ကြားရသော
ဤစကားသည်
ကောင်းလှပေ၏။
မင်းကြီး
ထိုအရာကိုအဘယ်သို့
မှတ်ထင်သနည်း၊
ဤသို့
ဖြစ်သည်ရှိသော်
ဤ
အမျိုးလေးပါးတို့သည်
တူမျှကုန်သလော၊
မတူမျှကုန်သလော၊
ဤအရာ၌
သင့်အား
အဘယ်သို့ ထင်မြင်ချက်ရှိပါသနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
ဤသို့
ဖြစ်သည်ရှိသော်
စင်စစ်အားဖြင့်
ဤအမျိုးလေးပါးတို့သည်
တူမျှပါကုန်၏၊
ဤအရာ၌ဤအမျိုးလေးပါးတို့၏
ခြားနားမှုတစ်စုံတစ်ခုကိုမျှ
မမြင်ပါဟု
(လျှောက်၏)။
မင်းကြီး
''ပုဏ္ဏားမျိုးသည်သာ
မြတ်၏၊
တစ်ပါးသောအမျိုးသည်
ယုတ်၏။ပ။ ဗြဟ္မာ၏
အမွေခံတို့
ဖြစ်ကုန်၏''
ဟူသည် ဤလောက၌
စကားသာလျှင်
ဖြစ်ပုံအကြောင်းကို
ဤဆိုခဲ့ပြီးသော
နည်းဖြင့်လည်း
သိသင့်၏။
၃၂၁။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌
မင်းမျိုးသည်
အိမ်ခြံစပ်ကိုမူလည်း
ဖြတ်ရာ၏၊
ပုန်းကွယ်၍မူလည်း
ခိုးယူရာ၏၊
တစ်အိမ်တည်းကို
ဝိုင်းအုံခြံရံ၍တိုက်ခိုက်လုယက်
ရာ၏၊
ခရီးဆုံ၌မူလည်း
လုယက်လျက်
တည်ရာ၏၊
သူတစ်ပါးမယားကိုလည်းသွားလာရာ၏၊
ထိုသူ့ကို
မင်းချင်း
ယောက်ျားတို့သည်
ဖမ်းယူ၍ ''မင်းကြီး
ဤသူသည်
သင်မင်းကြီး၏ခိုးသူပါတည်း၊
မကောင်းမှု
ကို
ပြုကျင့်သူ
ပါတည်း၊ ဤခိုးသူအား
အလိုရှိရာ
ဒဏ်ကိုတပ်တော်မူပါလော့''ဟု
ဆို၍ သင့်အား
အကယ်၍
ပြကုန်ငြားအံ့၊
ထိုခိုးသူကို
အဘယ်သို့ပြုရာအံ့နည်းဟု
(မေး၏)။
အသျှင်ကစ္စာန
သတ်မူ လည်း
သတ်ပါကုန်အံ့၊
ပစ္စည်းကိုမူလည်းသိမ်းပိုက်ပါကုန်အံ့။
တိုင်းပြည်မှ
နှင်ထုတ်မူလည်း
နှင်ထုတ်ပါ
ကုန်အံ့၊
အကြောင်းအားလျော်စွာပြုမူလည်း
ပြုပါကုန်အံ့။
ထိုသို့
ပြုခြင်သည်
အဘယ်အကြောင်း
ကြောင့်နည်း၊
အသျှင်ကစ္စာန
ထိုသူ၏ရှေးက
မင်းမျိုးဟူသော
အမည်ကွယ်ပျောက်၍
ခိုးသူဟူသော
အရေအတွက်သို့သာရောက်နေသောကြောင့်ပါတည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌
ပုဏ္ဏားမျိုးသည်။ပ။
ဤ လောက၌ကုန်သည်မျိုးသည်။ပ။
ဤလောက၌
သူဆင်းရဲမျိုးသည်။
အိမ်ခြံစပ်ကိုမူလည်း
ဖြတ်ငြားအံ့၊
ပုန်းကွယ်၍မူလည်း
ခိုးယူငြားအံ့၊
တစ်အိမ်တည်းကိုမူလည်း
ဝိုင်းအုံခြံရံ၍
တိုက်ခိုက်လုယက်ငြားအံ့၊
ခရီးဆုံ၌မူလည်းလုယက်လျက်
တည်ငြားအံ့၊
သူတစ်ပါးမယားကိုလည်း
သွားလာငြားအံ့၊
ထိုသူ့ကို
မင်းချင်းယောက်ျားတို့သည်
ဖမ်းယူကြကုန်၍
''မင်းကြီး
ဤသူကား
သင်မင်းကြီး၏
ခိုးသူပါတည်း၊
မကောင်းမှုကို
ပြုကျင့်သူပါတည်း၊
ဤသူအား အလိုရှိရာ
ဒဏ်ကို
တပ်တော်မူပါလော့''ဟု
ဆို၍ သင့်အား
အကယ်၍ပြကုန်ငြားအံ့၊
ထိုခိုးသူကို
အဘယ်သို့
ပြုရာအံ့နည်းဟု
(မေး၏)။
အသျှင်ကစ္စာန
သတ်မူလည်း
သတ်ပါ့ကုန်အံ့၊
ပစ္စည်းကိုမူလည်း
သိမ်းပိုက်ပါကုန်အံ့၊
တိုင်းပြည်မှ
နှင်ထုတ်မူလည်း
နှင်ထုတ်ပါကုန်အံ့၊
အကြောင်းအားလျော်စွာ
ပြုမူလည်း
ပြုပါကုန်အံ့။
ထိုသို့
ပြုလုပ်ခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း၊
အသျှင်ကစ္စာန
ထိုသူ၏ ရှေးက
သူဆင်းရဲမျိုး
ဟူသောအမည်
ကွယ်ပျောက်၍
ခိုးသူဟူသော
အရေအတွက်သို့သာ
ရောက်နေသောကြောင့်ပါတည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို အဘယ်သို့
မှတ်ထင်သနည်း၊
ဤသို့
ဖြစ်သည်ရှိသော်
ဤအမျိုးလေးပါး
တို့သည်တူမျှကုန်သလော၊
မတူမျှကုန်သလော၊
ဤအရာ၌
သင့်အား
အဘယ်သို့သော
ထင်မြင်ချက်ရှိ
သနည်းဟု
(မေး၏)။ အသျှင်ကစ္စာန
ဤသို့
ဖြစ်သည်ရှိသော်
စင်စစ်အားဖြင့်
ဤအမျိုးလေးပါးတို့သည်တူမျှပါကုန်၏၊
ဤအရာ၌
ထိုအမျိုးလေးပါးတို့၏
ခြားနားမှု
တစ်စုံတစ်ခုကိုမျှ
မမြင်ပါဟု
(လျှောက်၏)။
မင်းကြီး
''ပုဏ္ဏားမျိုးသည်သာ
မြတ်၏၊
တစ်ပါးသောအမျိုးသည်
ယုတ်၏။ပ။
ဗြဟ္မာ၏အမွေခံ
ဖြစ်ကုန်၏''
ဟူသည် လောက၌ စကားသာလျှင်
ဖြစ်ပုံအကြောင်းကို
ဤဆိုခဲ့ပြီးသော
နည်းဖြင့်လည်း
သိသင့်၏။
၃၂၂။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌
မင်းမျိုးသည်
ဆံမုတ်
ဆိတ်ကိုရိတ်ပယ်၍
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံပြီးလျှင်
လူ့ဘောင်မှ ရဟန်းဘောင်သို့
ဝင်ရာ၏၊
ထိုသူသည်
အသက်သတ်ခြင်းမှ
ကြဉ်ရှောင်ရာ၏၊
မပေးသည်ကို
ယူခြင်းမှ
ကြဉ်ရှောင်ရာ၏၊
မဟုတ်မမှန်ပြောဆိုခြင်းမှ
ကြဉ်ရှောင်ရာ၏၊
ညဉ့်စာစားခြင်းမှ
ကြဉ်ရှောင်၍
တစ်နပ်သာ စားရာ၏၊
မြတ်သောအကျင့်ကို
ကျင့်ရာ၏၊
သီလရှိရာ၏၊
ကောင်းမြတ်သော
အကျင့်ရှိရာ၏၊
ထိုသူကို
အသို့ပြုရာအံ့နည်းဟု
(မေး၏)။
အသျှင်ကစ္စာန
ရှိခိုးမူလည်း
ရှိခိုးပါကုန်အံ့၊
ခရီးဦးမူလည်း
ကြိုဆိုပါကုန်အံ့၊
နေရာဖြင့်မူလည်း
ဖိတ်မန်ပါကုန်အံ့၊
ထိုရဟန်းကို
သင်္ကန်း
ဆွမ်း
ကျောင်း အိပ်ရာ
နေရာ
သူနာ၏အထောက်အပံ့
အသက်၏
အရံအတားဖြစ်သော
ဆေးပစ္စည်းတို့ဖြင့်လည်း
ဖိတ်မန်ပါကုန်အံ့၊
ထိုရဟန်းအား
တရားနှင့်လျော်သော
စောင့်ရှောက်ခြင်း
တားဆီးခြင်း
လုံခြုံခြင်းကိုလည်း
စီရင်ပါကုန်အံ့။
ထိုုသို့ပြုလုပ်ရခြင်းသည်
အဘယ့်ကြောင့်နည်း၊
အသျှင်ကစ္စာန
ထိုသူ၏ ရှေးက
မင်းမျိုး
ဟူသော
အမည်သည်ကွယ်ပျောက်၍
ရဟန်းဟူသော
အရေအတွက်သို့သာ
ရောက်နေသောကြောင့်ပါတည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌
ပုဏ္ဏားမျိုးသည်။ပ။
ဤလောက၌ကုန်သည်
မျိုးသည်။ပ။
ဤလောက၌
သူဆင်းရဲမျိုးသည်
ဆံမုတ်ဆိတ်ကို
ရိတ်ပယ်၍
ဖန်ရည်ဆိုးသောအဝတ်တို့ကို
ဝတ်ရုံပြီးလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရာ၏၊
ထိုသူသည်
အသက်သတ်ခြင်းမှကြဉ်ရှောင်ရာ၏၊
မပေးသည်ကို
ယူခြင်းမှ
ကြဉ်ရှောင်ရာ၏၊
မဟုတ်မမှန်ပြောဆိုခြင်းမှ
ကြဉ်ရှောင်ရာ၏၊
ညဉ့်စာစားခြင်းမှ
ကြဉ်ရှောင်၍
တစ်နပ်သာ
စားရာ၏၊ မြတ်သောအကျင့်ကို
ကျင့်ရာ၏၊
သီလရှိရာ၏၊
ကောင်းမြတ်သော
အကျင့်
ရှိရာ၏၊
ထိုသူကို အသို့ပြုရာအံ့နည်းဟု
(မေး၏)။
အသျှင်ကစ္စာန
အကျွန်ုပ်တို့သည်
ရှိခိုးမူလည်း
ရှိခိုးပါကုန်အံ့၊
ခရီးဦးမူလည်း
ကြိုဆိုပါကုန်အံ့၊
နေရာဖြင့်မူလည်း
ဖိတ်မန်ပါကုန်အံ့၊
ထိုရဟန်းကို
သင်္ကန်း
ဆွမ်း ကျောင်း
အိပ်ရာ နေရာ
သူနာ၏
အထောက်အပံ့
အသက်၏အရံအတားဖြစ်သော
ဆေးပစ္စည်းတို့ဖြင့်မူလည်း
ဖိတ်မန်ပါ
ကုန်အံ့၊
ထိုရဟန်းအား
တရားနှင့်လျော်သောစောင့်ရှောက်ခြင်း
တားဆီးခြင်း
လုံခြုံခြင်းကိုမူလည်း
စီရင်ပါကုန်အံ့။
ထိုုသို့စီရင်ရခြင်းသည်
အဘယ့်ကြောင့်နည်း။
အသျှင်ကစ္စာန
ထိုသူ၏ ရှေးက
သူဆင်းရဲဟူသောအမည်
ကွယ်ပျောက်၍
ရဟန်းဟူသောအရေအတွက်သို့သာ
ရောက်နေသောကြောင့်ပါတည်းဟု
(လျှောက်၏)။
မင်းကြီး
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤသို့
ဖြစ်သည်ရှိသော်
ဤအမျိုးလေးပါးတို့
သည်တူမျှကုန်သလော၊
မတူမျှကုန်သလော၊
ဤအရာ၌
သင့်အား
အဘယ်သို့သော
ထင်မြင်ချက်ရှိပါသနည်းဟု
(မေး၏)။
အသျှင်ကစ္စာန
ဤသို့ ဖြစ်သည်ရှိသော်
စင်စစ်အားဖြင့်
ဤအမျိုးလေးပါးတို့သည်တူမျှပါကုန်၏၊
ဤအရာ၌
ဤအမျိုးလေးပါးတို့၏
ခြားနားမှု
တစ်စုံတစ်ခုကိုမျှ
မမြင်ပါဟု
(လျှောက်၏)။
မင်းကြီး
''ပုဏ္ဏားမျိုးသည်သာ
မြတ်၏၊
တစ်ပါးသော
အမျိုးသည် ယုတ်၏၊
ပုဏ္ဏားမျိုးသည်သာလျှင့်ဖြူစင်၏၊
တစ်ပါးသော အ
မျိုးသည် မည်းညစ်၏၊
ပုဏ္ဏားတို့သည်သာ
စင်ကြယ်ကုန်၏၊
ပုဏ္ဏားမဟုတ်သူတို့သည်
မစင်ကြယ်ကုန်၊
ပုဏ္ဏားတို့သည်သာလျှင်
ဗြဟ္မာ၏
သားရင်းတို့
ဖြစ်ကုန်၏၊
ခံတွင်းမှပေါက်ဖွားလာကုန်၏၊
ဗြဟ္မာဖန်ဆင်း
ထားသူများ
ဖြစ်ကုန်၏၊
ဗြဟ္မာ၏
အမွေခံတို့
ဖြစ်ကုန်၏''
ဟူသည်လောက၌
စကားမျှသာ
ဖြစ်ပုံအကြောင်းကို
ဤသို့သောနည်းဖြင့်လည်း
သိသင့်၏ဟု (မိန့်တော်မူ၏)။
၃၂၃။
ဤသို့
မိန့်တော်မူသော်
အဝနိ ္တမင်း၏ မြေးဖြစ်သော
မဓုရာမင်းသည်
အသျှင်မဟာကစ္စာန
အားဤစကားကို
လျှောက်၏
''အသျှင်ကစ္စာန
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏၊ အသျှင်ကစ္စာန
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏၊
အသျှင်ကစ္စာန
ဥပမာသော်ကားမှောက်ထားသည်ကို
လှန်ဘိသကဲ့သို့လည်းကောင်း၊
ဖုံးလွှမ်းထားသည်ကို
ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်သောသူအား
လမ်းမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်း
'မျက်စိအမြင်ရှိသော
သူတို့သည်အဆင်းတို့ကို
မြင်ကြလိမ့်မည်'ဟု
အမိုက်မှောင်၌
ဆီမီးတန်ဆောင်ကို
ဆောင်ပြဘိသကဲ့သို့လည်းကောင်းအသျှင်ကစ္စာန
ဤအတူသာလျှင်
အသျှင်ကစ္စာနသည်
များစွာသော
အကြောင်းဖြင့်
တရားတော်ကိုပြတော်မူပါပေ၏၊
အသျှင်ကစ္စာန
အကျွန်ုပ်သည်
အသျှင်ကစ္စာနကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
အသျှင်ကစ္စာနသည်
အကျွန်ုပ်ကို
ယနေ့မှစ၍ အသက်ထက်ဆုံး
ကိုးကွယ်ဆည်းကပ်သောဥပါသကာဟု
မှတ်တော်မူပါ''ဟု
(လျှောက်၏)။
မင်းကြီး
သင်သည်
ငါ့ကို
ကိုးကွယ်ရာဟူ၍
မဆည်းကပ်လေလင့်၊
ကိုးကွယ်ရာဟူ၍
ငါ ဆည်းကပ်
သောမြတ်စွာဘုရားကိုသာလျှင်
ကိုးကွယ်ရာဟူ၍
သင်
ဆည်းကပ်လေလော့ဟု
(ဆို၏)။
အသျှင်ကစ္စာနပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ယခုအခါ
အဘယ်အရပ်၌
သီတင်းသုံးနေတော်မူပါသနည်းဟု
(လျှောက်၏)။
မင်းကြီးပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ထိုမြတ်စွာဘုရားသည်
ယခုအခါ ပရိနိဗ္ဗာန်စံတော်မူလေပြီဟု
(မိန့်ဆို၏)။
အသျှင်ကစ္စာန
မြတ်စွာဘုရားကို
ဆယ်ယူဇနာတို့၌
ရှိ၏ဟူ၍
အကျွန်ုပ်တို့
ကြားကုန်ငြားအံ့၊
အကျွန်ုပ်တို့သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ထိုမြတ်စွာဘုရားကို
ဖူးမြော်ရန်
ဆယ်ယူဇနာတို့ကိုသော်လည်း
သွားကြပါကုန်အံ့၊
အသျှင်ကစ္စာန
မြတ်စွာဘုရားကို
ယူဇနာနှစ်ဆယ်တို့၌
ရှိ၏ဟူ၍
အကျွန်ုပ်တို့
ကြားကုန်ငြားအံ့၊
ယူဇနာသုံးဆယ်တို့၌။ပ။
ယူဇနာလေးဆယ်တို့၌။ပ။
မြတ်စွာဘုရားကို
ယူဇနာငါးဆယ်တို့၌
ရှိ၏ဟူ၍
အကျွန်ုပ်တို့
ကြားကုန်ငြားအံ့၊
အကျွန်ုပ်တို့သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ထိုမြတ်စွာဘုရားကို
ဖူးမြော်ရန်
ယူဇနာငါးဆယ်တို့ကိုသော်လည်းသွားကြပါ
ကုန်အံ့။
အသျှင်ကစ္စာန
မြတ်စွာဘုရားကို
ယူဇနာတစ်ရာ၌
ရှိ၏ဟူ၍
အကျွန်ုပ်တို့ကြားကုန်ငြားအံ့၊
အကျွန်ုပ်တို့သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသော
ထိုမြတ်စွာဘုရားကို
ဖူးမြော်ရန်
ယူဇနာတစ်ရာတို့ကိုသော်လည်းသွားကြပါကုန်အံ့။
အသျှင်
ကစ္စာန
ထိုမြတ်စွာဘုရားသည်
ပရိနိဗ္ဗာန်
စံတော်မူပြီဖြစ်သောကြောင့်ပရိနိဗ္ဗာန်
စံတော်မူပြီးသော
မြတ်စွာဘုရားကိုလည်း
အကျွန်ုပ်တို့သည်
ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါကုန်၏၊
သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါကုန်၏၊
အသျှင်ကစ္စာနသည်
အကျွန်ုပ်ကို
အသက်ရှည်သမျှ
ကာလပတ်လုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ရာဟူ၍
ဆည်းကပ်တတ်သော
ဥပါသကာဟူ၍
မှတ်တော်မူပါလော့ဟု
(လျှောက်၏)။
လေးခုမြောက်
မဓုရသုတ်
ပြီး၏။
------
၅-ဗောဓိရာဇကုမာရသုတ်
၃၂၄။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဘဂ္ဂတိုင်း
သုသုမာရဂိရမြို့ဝယ်
သားသမင်တို့အား
ဘေးမဲ့ပေးရာဖြစ်သော
ပဲစင်းငုံတော၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ဗောဓိမင်းသား၏
ကောကနဒမည်သောပြာသာဒ်သည်
မကြာမီက
ဆောက်လုပ်၍
ပြီး၏။ ရဟန်း
ပုဏ္ဏားနှင့်
လူတစ်စုံတစ်ယောက်မျှ
မနေဖူးသေးချေ။
ထိုအခါ ဗောဓိမင်းသားသည်
သဉ္ဇိကာပုတ္တလုလင်ကို
(ဤသို့)
ပြောဆို၏-
''အချင်းသဉ္ဇိကာပုတ္တလာလော့၊
သင်သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ငါ့စကားဖြင့်
မြတ်စွာဘုရား၏
ခြေတော်တို့ကိုဦးတိုက်လော့၊
အနာကင်းကြောင်း
ရောဂါကင်းကြောင်း
ကျန်းမာကြောင်း
သန်စွမ်းကြောင်း
ချမ်းသာစွာနေရကြောင်းများကို
မေးလျှောက်လေလော့-
'အသျှင်ဘုရား
ဗောဓိမင်းသားသည်
အသျှင်ဘုရား၏ခြေတော်တို့ကို
ဦးတိုက်ပါ၏၊
အနာကင်းကြောင်း
ရောဂါကင်းကြောင်း
ကျန်းမာကြောင်းသန်စွမ်းကြောင်း
ချမ်းသာစွာနေရကြောင်းများကို
မေးလိုက်ပါ၏'ဟု
(လျှောက်လေလော့)။
(ထို့ပြင်)
အသျှင်ဘုရား မြတ်စွာဘုရားသည်
နက်ဖြန်အဖို့
ဗောဓိမင်းသား၏
ဆွမ်းကို
ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါဟူ
၍လည်း လျှောက်လေလော့''ဟု
(ပြောဆို၏)။
''အရှင်မင်းသား
ကောင်းပါပြီ''ဟုသဉ္ဇိကာပုတ္တလုလင်
သည် ဗောဓိမင်းသားအား
ဝန်ခံပြီးလျှင်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးနောက်မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကိုပြောဆိုပြီးဆုံးစေ၍
တစ်ခုသော
နေရာ၌
ထိုင်နေကာ
''ဗောဓိမင်းသားသည်
အသျှင်ဂေါတမ၏ခြေတော်တို့ကို
ဦးတိုက်ပါ၏၊
အနာကင်းကြောင်း
ရောဂါကင်းကြောင်း
ကျန်းမာကြောင်းသန်စွမ်းကြောင်း
ချမ်းသာစွာ
နေရကြောင်းများ
ကို
မေးလိုက်ပါ၏၊
'အသျှင်ဘုရား
(ထို့ပြင်)
အသျှင်ဂေါတမသည်
နက်ဖြန်အဖို့
ဗောဓိမင်းသား၏
ဆွမ်း ကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါ'
ဟူ၍လည်း လျှောက်လိုက်ပါ၏''ဟု
လျှောက်၏။
မြတ်စွာ ဘုရားသည်ဆိတ်ဆိတ်နေခြင်းဖြင့်
လက်ခံတော်မူ၏။
ထို့နောက်
သဉ္ဇိကာပုတ္တလုလင်သည်
မြတ်စွာဘုရား၏
လက်ခံတော်မူခြင်းကို
သိ၍
နေရာမှထကာမြတ်စွာဘုရားကို
ရှိခိုးလျက်
အရိုအသေ
ပြုပြီးလျှင်
ဗောဓိမင်းသားထံသို့
ချဉ်းကပ်၍
ဗောဓိမင်းသားအား''အရှင်
အကျွန်ုပ်တို့သည်
အရှင်မင်းသား၏
စကားဖြင့်
ထိုအသျှင်ဂေါတမကို
ဗောဓိမင်းသားသည်အသျှင်ဂေါတမ၏
ခြေတော်တို့ကို
ဦးတိုက်ပါ၏၊
အနာကင်းကြောင်း
ရောဂါကင်းကြောင်းကျန်းမာကြောင်း
သန်စွမ်းကြောင်း
ချမ်းသာစွာ
နေရကြောင်းများကို
မေးလိုက်ပါသည်၊
(ထို့ပြင်)
'အသျှင်ဂေါတမသည်
နက်ဖြန်အလို့ငှါ
ဗောဓိမင်းသား၏
ဆွမ်းကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါ'
ဟူ၍လည်း လျှောက်
လိုက်ပါ၏ဟု
(ဤသို့)
လျှောက်ခဲ့ပါကုန်ပြီ၊
ရဟန်းဂေါတမကလည်း
လက်ခံလိုက်ပါ၏''ဟု
ဆို၏။
၃၂၅။
ထိုအခါ
ဗောဓိမင်းသားသည်
ထိုညဉ့်လွန်မြောက်ပြီးနောက်
မိမိနန်းတော်၌
မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကို
စီရင်ပြီးလျှင်
ကောကနဒပြာသာဒ်ကိုလည်း
နောက်ဆုံး
လှေကားထစ်တိုင်အောင်ပုဆိုးဖြူ
တို့ဖြင့်
ခင်းစေပြီးလျှင်
သဉ္ဇိကာပုတ္တလုလင်ကို
(ဤသို့) ပြောဆို၏-''အချင်းသဉ္ဇိကာပုတ္တလာလော့၊
သင်သည် မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်
'အသျှင်ဂေါတမ
အချိန်တန်ပါပြီ၊
ဆွမ်းပြင်ပြီးပါပြီ'ဟု
မြတ်စွာဘုရားအား
အချိန်
(တန်ကြောင်း)
ကို
လျှောက်လေလော့''ဟု
(မိန့်ဆို၏)။
''အရှင်
ကောင်းပါပြီ''ဟု
သဉ္ဇိကာပုတ္တလုလင်သည်
ဗောဓိမင်းသားအား
ဝန်ခံပြီးလျှင်
မြတ်စွာဘုရားထံသို့ချဉ်းကပ်၍
''အသျှင်
ဂေါတမ
အချိန်တန်ပါပြီ၊
ဆွမ်းပြင်ပြီးပါပြီ''ဟု
မြတ်စွာဘုရားအားအချိန်
(တန်ကြောင်း)
ကို
လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကို့ပြင်ဝတ်တော်မူ၍
သပိတ်သင်္ကန်းကို
ယူလျက် ဗောဓိမင်းသား၏
အိမ်သို့
ချဉ်းကပ်တော်မူ၏။
ထိုအခါ
ဗောဓိမင်းသားသည်
မြတ်စွာဘုရားကို
ငံ့လင့်လျက်
အပြင်တံခါးမုခ်၌
ရပ်နေ၏။ ဗောဓိမင်းသားသည်
အဝေးမှပင်
ကြွလာသော
မြတ်စွာဘုရားကို
မြင်၍
ခရီးဦးကြိုဆိုကာ
မြတ်စွာဘုရားကိုရှိခိုးလျက်
ရှေ့သွားပြု၍
ကောကနဒပြာသာဒ်သို့
ချဉ်းကပ်၏၊
ထိုအခါ မြတ်စွာဘုရားသည်
နောက်ဆုံးလှေကားထစ်ကို
ကပ်၍
ရပ်တော်မူ၏။
ထိုအခါ
ဗောဓိမင်းသားသည်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
ဘုန်းကြီးတော်မူသော
မြတ်စွာဘုရားသည်
ပုဆိုးတို့ကို
နင်းတော်မူပါ၊
လာခြင်းကောင်းတော်မူသော
မြတ်စွာဘုရားသည်
ပုဆိုးတို့ကိုနင်းတော်မူပါ၊
ယင်းသို့ နင်းခြင်းသည်
အကျွန်ုပ်အား
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးဖြစ်ရန်ချမ်းသာရန်
ဖြစ်ရာပါ၏''ဟု
(လျှောက်၏)။
ဤသို့လျှောက်သော်
မြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေတော်မူ၏။
နှစ်ကြိမ်မြောက်လည်း။ပ။
သုံးကြိမ်မြောက်လည်း
ဗောဓိမင်းသားသည်
မြတ်စွာဘုရားအားဤအကြောင်းကို
လျှောက်၏- ''အသျှင်ဘုရား
ဘုန်းကြီးတော်မူသော
မြတ်စွာဘုရားသည်
ပုဆိုးတို့ကိုနင်းတော်မူပါ၊
လာခြင်းကောင်းတော်မူသော
မြတ်စွာဘုရားသည်
ပုဆိုးတို့ကို
နင်းတော်မူပါ၊
ယင်းသို့နင်းခြင်းသည်
အကျွန်ုပ်အား
ရှည်မြင့်စွာသော
ကာလပတ်လုံး
စီးပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်ရာပါ၏''ဟုလျှောက်၏။
၃၂၆။
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်အာနန္ဒာကို
လှည့်ကြည့်တော်မူ၏။
ထိုအခါ
အသျှင်အာနန္ဒာသည်
ဗောဓိမင်းသားကို
''မင်းသား
ပုဆိုးတို့ကို
ရုပ်သိမ်းလော့၊
မြတ်စွာဘုရားသည်
ပုဆိုးဖြူအခင်းကို
နင်းတော်မူမည်
မဟုတ်၊
နောင်လာနောက်သား
ရဟန်းအများကို
မြတ်စွာဘုရားသည်
အစဉ်စောင့်ရှောက်တော်မူ၏''ဟု
မိန့်ဆို၏။ ထိုအခါ
ဗောဓိမင်းသားသည်
ပုဆိုးတို့ကို
ရုပ်သိမ်းစေပြီးလျှင်ကောကနဒပြာသာဒ်ထက်၌
နေရာကို
ခင်းစေ၏၊
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းသံဃာနှင့်အတူကောကနဒပြာသာဒ်သို့
တက်တော်မူပြီးလျှင်
ခင်းထားသော
နေရာ၌ ထိုင်တော်မူ၏။
ထိုအခါ
ဗောဓိမင်းသားသည်
မြတ်စွာဘုရားအမှူးရှိသော
ရဟန်းသံဃာကို
မွန်မြတ်သော
ခဲဖွယ်ဘောဇဉ်ဖြင့်
ရောင့်ရဲသည့်တိုင်အောင်
တားမြစ်သည့်တိုင်အောင်
မိမိကိုယ်တိုင်
လုပ်ကျွေး၏။
မြတ်စွာဘုရားသည်
ဆွမ်းစားပြီး၍သပိတ်မှလက်ကို
ဖယ်ပြီးသောအခါ
ဗောဓိမင်းသားသည်
နိမ့်သော ထိုင်စရာ
တစ်ခုကို ယူ၍
သင့်လျော်ရာ၌
ထိုင်၏၊
သင့်လျော်ရာ၌
ထိုင်နေသော
ဗောဓိမင်းသားသည်
မြတ်စွာဘုရားအား
''အသျှင်ဘုရားအကျွန်ုပ်အား
ချမ်းသာနှင့်ရင်းနှီးသဖြင့်
ချမ်းသာကို
မရနိုင်၊
ဆင်းရဲဒုက္ခနှင့်
ရင်းနှီးမှ
ချမ်းသာသုခကိုရနိုင်၏ဟု
ဤသို့သော
အကြံဖြစ်ပါသည်''
ဟူ၍
လျှောက်၏။
၃၂၇။
မင်းသား
ငါ့အားလည်း
ဘုရားမဖြစ်မီ
သစ္စာလေးပါးကို
ထိုးထွင်း၍ မသိသေးသော
ဘုရားလောင်းမျှသာ
ဖြစ်နေစဉ်က ''ချမ်းသာနှင့်
ရင်းနှီးသဖြင့်
ချမ်းသာကို
မရနိုင်၊
ဆင်းရဲဒုက္ခနှင့်
ရင်းနှီးမှချမ်းသာ
သုခကို
ရနိုင်၏''ဟု
ဤသို့သော
အကြံဖြစ်ဖူးပြီ။
မင်းသား
နောက်အခါ၌
ပျိုမျစ်သည်သာဖြစ်၍ကောင်းစွာ
နက်သော
ဆံပင်ရှိသော
ကောင်းသော
အရွယ်ဖြစ်သော
ပဌမအရွယ်နှင့်
ပြည့်စုံသောထိုငါသည်
အမိအဖများ
မလိုလားသဖြင့်
မျက်ရည်စက်လက်
ငိုးကြွေးကုန်စဉ်
ဆံမုတ်ဆိတ်ကို
ပယ်၍ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏၊
ထိုငါသည်
ဤသို့ရဟန်းပြုလျက်
အဘယ်အရာသည်
အကောင်းဆုံးနည်းဟု
ရှာဖွေရင်း
အဘယ်အရာသည်
(အတုမရှိ)
မြတ်သော
ငြိမ်းအေးရာ
နိဗ္ဗာန်နည်းဟု
ရှာဖွေရင်း
ကာလာမအနွယ်
အာဠာရထံသို့
ချဉ်းကပ်မိပြီ၊
ချဉ်းကပ်ပြီးနောက်
ကာလာမအနွယ်
အာဠာရကို
''ငါ့သျှင်
ကာလာမ ငါသည်
ဤသာသနာ၌ မြတ်သောအကျင့်ကို
ကျင့်လို၏''ဟု
ဤစကားကို ပြောဆို၏။
မင်းသား
ဤသို့
ပြောဆိုသော်
ကာလာမအနွယ်အာဠာရသည်
ငါ့ကို
''အသျှင်
နေပါလော့၊
ဤတရားကား
ပညာရှိ ယောက်ျားသည်
မကြာမီပင်
မိမိ၏ဆရာအယူကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်ရာသော
သဘောရှိပါ၏''ဟု
ဤစကားကို
ပြောဆို၏။
မင်းသား
ထိုငါသည်
မကြာမီပင်
လျင်မြန်စွာသာလျှင်
ထိုတရားကို
သင်ယူ၏၊
ထိုငါသည် ထိုမျှ
လောက်နှုတ်ခမ်းလှုပ်ရုံမျှ
ဆိုပြသည်ကို
လိုက်ဆိုရုံမျှဖြင့်သာလျှင်
သိပြီဟူသော
စကားကိုလည်းကောင်း၊
ခိုင်မြဲပြီဟူသော
စကားကိုလည်းကောင်း
ပြောဆိုနိုင်၏၊
''သိ၏၊ မြင်၏''
ဟူ၍ ငါလည်း
ဝန်ခံ၏၊
သူတစ်ပါးတို့ကလည်း
ပြောဆို
(ကြကုန်) ၏။
မင်းသား
ထိုငါ့အား ဤအကြံသည်
ဖြစ်၏- ''ကာလာမအနွယ်
အာဠာရသည်
ဤတရားကို
'ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍နေရာ၏'ဟု
သက်သက်
ယုံကြည်ချက်မျှဖြင့်
ပြောကြားသည်
မဟုတ်၊
စင်စစ်
ကာလာမအနွယ်
အာဠာရသည်
ဤတရားကို
သိလျက်
မြင်လျက်နေ၏''ဟု
(အကြံဖြစ်၏)။
မင်းသား
ထိုအခါ ငါသည်
ကာလာမအနွယ်
အာဠာရထံသို့ ချဉ်းကပ်ပြီး၍
ကာလာမအနွယ်
အာဠာရကို''ငါ့သျှင်ကာလာမ
အဘယ်မျှလောက်ဖြင့်
ဤတရားကို ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက် မှောက်ပြုကာပြည့်စုံစေ၍
နေ၏ဟု
ပြောကြားသနည်း''ဟု
ပြောဆို၏။
မင်းသား
ဤသို့
ပြောဆိုသော်ကာလာမအနွယ်
အာဠာရသည်
အာကိဉ္စညာယတနဈာန်သမာပတ်ကို
ပြောကြား၏။
မင်းသား ထိုငါ့အားဤသို့
အကြံဖြစ်၏
''ကာလာမအနွယ်
အာဠာရအားသာလျှင်
ယုံကြည်ခြင်း
'သဒ္ဓါ'
ရှိသည် မဟုတ်၊
ငါ့အားလည်း
ယုံကြည်ခြင်း
'သဒ္ဓါ' ရှိ၏၊
ကာလာမအနွယ်
အာဠာရအားသာလျှင်
လုံ့လဝီရိယရှိသည်မဟုတ်။
ငါ့အားလည်း
လုံ့လဝီရိယရှိ၏။ပ။
သတိ။ပ။
သမာဓိ။ပ။
ငါ့အားလည်း
ပညာရှိ၏၊
ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေ၏ဟု အာဠာရ
ပြောကြားသော
တရားကို
မျက်မှောက်ပြုရန်
ငါအားထုတ်ရမူ
ကောင်းပေမည်''
ဟူ၍ (အကြံဖြစ်၏)။
မင်းသား
ထိုငါသည်
မကြာမီပင်လျင်မြန်စွာသာလျှင်
ထိုတရားကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေ၏။ မင်းသား ထိုအခါ
ငါသည်
ကာလာမအနွယ်
အာဠာရထံသို့
ချဉ်းကပ်၍
ကာလာမအနွယ်
အာဠာရအား''ငါ့သျှင်ကာလာမ
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေ၏ဟု
ပြောကြားသောဤတရားကား
ဤမျှသာလော''ဟု
ပြောဆို၏။
ငါ့သျှင် ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာပြည့်စုံစေ၍
ငါပြောကြားသော
တရားကား
ဤမျှသာတည်းဟု
(ဆို၏)။ ငါ့သျှင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ငါ
နေသောတရားလည်း
ဤမျှသာတည်းဟု
(ပြောဆို၏)။
ငါ့သျှင်
သင်ကဲ့သို့သော
သီတင်းသုံးဖော်အသျှင်ကို
ငါတို့
တွေ့မြင်ကြရခြင်းသည်
ငါတို့အားအရတော်လေစွ၊
ငါတို့သည်
ကောင်းစွာ
ရအပ်လေစွ၊
ဤသိုု့
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ငါပြောကြားသော
တရားကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
သင်နေ၏၊
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
သင်နေသော
တရားကိုကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ငါပြောကြား၏။
ဤသို့
ငါသိသောတရားကို
သင်သိ၏၊
သင်သိသော တရားကို
ငါသိ၏။
ဤသို့လျှင်
ငါကဲ့သို့ပင်
သင်လည်း
ဖြစ်၏၊
သင်ကဲ့သို့ပင်
ငါလည်း ဖြစ်၏။
ငါ့သျှင်
လာလော့၊
ယခုအခါ
သူတော်ကောင်း
(ဖြစ်သောငါတို့)
နှစ်ဦးစလုံးပင်
ဤ ဂိုဏ်းကို
(ရှေ့)
ဆောင်ကြကုန်အံ့ဟု
(ပြောဆို၏)။
မင်းသား
ဤသို့လျှင်ကာလာမအနွယ်
အာဠာရသည် ငါ၏
ဆရာဖြစ်လျက်
မိမိ၏တပည့်ဖြစ်သော
ငါ့ကို
မိမိနှင့်အညီအမျှထား၏၊
ငါ့ကို
မွန်မြတ်သော
ပူဇော်
ခြင်းဖြင့်လည်း
ပူဇော်၏၊
မင်းသား
ထိုငါ့အား
ဤသို့သောအကြံဖြစ်၏
''ဤတရားသည်
ငြီးငွေ့ခြင်းငှါ
မဖြစ်၊
တပ်မက်မှုကင်းခြင်းငှါ
မဖြစ်၊
ချုပ်ခြင်းငှါ
မဖြစ်၊ ငြိမ်းအေးခြင်းငှါ
မဖြစ်၊
ထူးသောဉာဏ်ဖြင့်
သိခြင်းငှါ
မဖြစ်၊
ကောင်းစွာ
သိခြင်းအကျိုးငှါ
မဖြစ်၊
နိဗ္ဗာန်အကျိုးငှါ
မဖြစ်၊ အာကိဉ္စညာ
ယတနဘုံ၌
ဖြစ်ရုံမျှ
အကျိုးငှါသာလျှင်
ဖြစ်၏''ဟု
(အကြံဖြစ်၏)။
မင်းသား ထိုငါသည်
ထိုတရားကို
တန်ဆာမဆင်ဘဲ
ထိုတရားမှ
ငြီးငွေ့၍
ဖဲခွါခဲ့၏။
၃၂၈။
မင်းသား
ထိုငါသည်
အဘယ်အရာသည်
အကောင်းဆုံးနည်းဟု
ရှာဖွေရင်း
အဘယ်အရာ
သည့်အတုမရှိမြတ်သော
ငြိမ်းအေးရာ
နိဗ္ဗာန်နည်းဟု
ရှာဖွေရင်း
ရာမ၏သား
ဥဒကထံသို့
ချဉ်းကပ်မိပြီ၊
ချဉ်းကပ်ပြီးနောက်
ရာမ၏သား
ဥဒကကို ''ငါ့သျှင်
ငါသည်
ဤသာသနာ၌ မြတ်သောအကျင့်ကို
ကျင့်လို၏''ဟု
ဤစကားကို ပြောဆို၏။
မင်းသား
ဤသို့
ပြောဆိုသော်
ရာမ၏သား
ဥဒကသည်
ငါ့ကို''အသျှင်
နေပါလော့၊
ဤတရားကား
ပညာရှိယောက်ျားသည်
မကြာမီပင်
မိမိ၏ ဆရာ့အယူကို
ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေနိုင်ရာသော
သဘောရှိပါ၏''ဟု
ဤစကားကိုပြောဆို၏၊
မင်းသား
ထိုငါသည်
မကြာမီပင်
လျင်မြန်စွာသာလျှင်
ထိုတရားကို
သင်ယူ၏၊
မင်းသားထိုငါသည်
ထိုမျှလောက်
နှုတ်ခမ်းလှုပ်ရုံမျှ
ဆိုပြသည်ကို
လိုက်ဆိုရုံမျှဖြင့်သာလျှင်
သိပြီဟူသော
စကားကိုလည်းကောင်း၊
ခိုင်မြဲပြီဟူသော
စကားကိုလည်းကောင်း
ပြောဆိုနိုင်၏
''သိ၏၊ မြင်၏''
ဟူ၍
ငါလည်းဝန်ခံ၏၊
သူတစ်ပါးတို့ကလည်း
ပြောဆိုကြကုန်၏။
မင်းသား
ထိုငါ့အား
ဤအကြံသည်
ဖြစ်၏
''ရာမသည်
ဤတရားကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
နေရာ၏ဟု
သက်သက်ယုံကြည်ချက်မျှဖြင့်
ဟောကြားသည်
မဟုတ်၊
စင်စစ်
ရာမသည်
ဤတရားကို
သိလျက်
မြင်လျက်နေ၏''ဟု
အကြံဖြစ်၏။
မင်းသား
ထိုအခါ ငါသည်
ရာမ၏သား
ဥဒကထံသို့ ချဉ်းကပ်၍
ရာမ၏သား
ဥဒကကို ''ငါ့
သျှင်ရာမအဘယ်မျှလောက်ဖြင့်
ဤတရားကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍နေ၏ဟု
ပြောကြားသနည်း''ဟု
ဤစကားကို
ပြောဆို၏။
မင်းသား
ဤသို့
ပြောဆိုသော်
ရာမ၏သားဥဒကသည်
နေဝသညာနာသညာယတနသမာပတ်ကို
ပြောကြား၏၊ မင်းသား
ထိုငါ့အား
ဤသို့သောအကြံသည်ဖြစ်၏
''ရာမအားသာလျှင်
ယုံကြည်ခြင်း
'သဒ္ဓါ' ရှိသည်
မဟုတ်၊
ငါ့အားလည်း
ယုံကြည်ခြင်း'သဒ္ဓါ'
ရှိ၏။
ရာမအားသာလျှင်
လုံ့လ 'ဝီရိယ'
ရှိသည် မဟုတ်၊
ငါ့အားလည်း
လုံ့လ 'ဝီရိယ'
ရှိ၏။ ရာမအားသာလျှင်
အောက်မေ့ခြင်း
'သတိ' ရှိသည်
မဟုတ်၊
ငါ့အားလည်း
အောက်မေ့ခြင်း
'သတိ' ရှိ၏။
ရာမအားသာလျှင်
တည်တံ့ခြင်း
'သမာဓိ'
ရှိသည်
မဟုတ်၊
ငါ့အားလည်း တည်တံ့ခြင်း
'သမာဓိ' ရှိ၏။
ရာမအားသာလျှင်
အသိဉာဏ်ရှိသည်
မဟုတ်၊
ငါ့အားလည်း
အသိဉာဏ်ရှိ၏။
ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
မျက်မှောက်
ပြုကာ ပြည့်စုံစေ၍
နေ၏ဟု
ရာမပြောကြားသော
တရားကိုမျက်မှောက်ပြုခြင်းငှါ
ငါအားထုတ်ရမူ
ကောင်းပေမည်''ဟု
(အကြံဖြစ်၏)။
မင်းသား
ထိုငါသည်မကြာမီပင်
လျင်မြန်စွာသာလျှင်
ထိုတရားကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာပြည့်စုံစေ၍
နေ၏။
မင်းသား
ထိုအခါ ငါသည်
ရာမ၏သား
ဥဒကထံသို့ ချဉ်းကပ်၍
ရာမ၏သား
ဥဒကအား
ဤစကားကို
ပြောဆို၏
''ငါ့သျှင်ရာမ
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ပြောကြားသော
ဤတရားကား
ဤမျှသာလော''ဟု
(ပြောဆို၏)။
ငါ့သျှင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ငါပြောကြားသော
တရားကား
ဤမျှသာတည်းဟု
(ဆို၏)။
ငါ့သျှင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ငါနေသော
တရားလည်း
ဤမျှသာတည်းဟု
(ပြောဆို၏)။
ငါ့သျှင်
သင်ကဲ့သို့သော
သီတင်းသုံးဖော်
အသျှင်ကို
ငါတို့
တွေ့မြင်ကြရခြင်းသည်
ငါတို့မှာအရတော်လေစွ၊
ငါတို့မှာ
အလွန်အရတော်လေစွ၊
ဤသို့
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
ငါပြောကြားသော
တရားကို
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
သင်နေ၏၊
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
သင်နေသော တရားကိုကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ပြည့်စုံစေ၍
(ငါ)
ပြောကြား၏။
ဤသို့
ငါသိသောတရားကို
သင် သိ၏၊
သင်သိသော
တရားကို ငါ
သိ၏။
ဤသို့လျှင်
ငါကဲ့သို့ပင်
သင်လည်း
ဖြစ်၏၊
သင်ကဲ့သို့ပင်
(ငါ) လည်း
ဖြစ်၏။
ငါ့သျှင်
လာလော့၊
ယခုအခါ သင်သည်
ဤဂိုဏ်းကို
(ရှေ့)
ဆောင်ပါလော့ဟု
(ပြောဆို၏)။
မင်းသား
ဤသို့လျှင်
ရာမ၏သား
ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက်
ငါ့ကို
ဆရာအရာ၌ထား၏၊
ငါ့ကို
မွန်မြတ်သော
ပူဇော်ခြင်းဖြင့်လည်း
ပူဇော်၏။
မင်းသား
ထိုငါ့အား
ဤသို့သော အကြံသည်
ဖြစ်၏
''ဤတရားသည်
ငြီးငွေ့ခြင်းငှါ
မဖြစ်၊
တပ်စွမ်းမှုကင်းခြင်းငှါ
မဖြစ်၊ ချုပ်ခြင်းငှါ
မဖြစ်၊
ငြိမ်းအေးခြင်းငှါ
မဖြစ်၊
ထူးသောဉာဏ်ဖြင့်
သိခြင်းငှါ
မဖြစ်၊
ကောင်းစွာ
သိခြင်းအကျိုးငှါ
မဖြစ်၊
နိဗ္ဗာန်အကျိုးငှါ
မဖြစ်၊ နေဝသညာ
နာသညာယတနဘုံ၌
ဖြစ်ရုံမျှ
အကျိုးငှါသာလျှင်
ဖြစ်၏''ဟု
(အကြံဖြစ်၏)။
မင်းသား ထိုငါသည်
ထိုတရားကို
တန်ဆာမဆင်ဘဲ
ထိုတရားမှ
ငြီးငွေ့၍
ဖဲခွါခဲ့၏။
၃၂၉။
မင်းသား
ထိုငါသည်
အဘယ်အရာသည်
အကောင်းဆုံးနည်းဟု
ရှာဖွေရင်း
အဘယ်အရာ
သည်အတုမရှိမြတ်သော
ငြိမ်းအေးသော
နိဗ္ဗာန်နည်းဟု
ရှာဖွေရင်း
မဂဓတိုင်းတို့၌
အစဉ်အတိုင်းဒေသစာရီလှည့်လည်သော်
ဥရုဝေလတော
သေနာနိဂုံးဆီသို့
သက်ရောက်၏။
ထိုအရပ်၌
မွေ့လျော်ဖွယ်ရာမြေအဖို့ကိုလည်းကောင်း၊
ကြည်နူးဖွယ်ကောင်းသော
တောအုပ်ကိုလည်းကောင်း၊
စီးဆင်းနေသော
မြစ်ကိုလည်းကောင်း၊
မွေ့လျော်ဖွယ်ကောင်းသော
သန့်ရှင်းသော
ဆိပ်ကမ်းကိုလည်းကောင်း၊
အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း
မြင်၏၊
မင်းသား ထိုငါ့အား
ဤသို့သော
အကြံသည်ဖြစ်၏-
''အချင်းတို့မြေအဖို့သည်
မွေ,
လျော်ဖွယ်ရှိစွတကား၊
တောအုပ်သည်
ကြည်နူးဖွယ်ရှိစွတကား၊
မြစ်သည်လည်းစီးဆင်းနေ၏၊
ဆိပ်ကမ်းသည်လည်း
သန့်ရှင်း၍
မွေ့လျော်ဖွယ်ကောင်း၏၊
ဆွမ်းခံရွာသည်လည်း
နီးနား၏၊
ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသော
အမျိုးသားအား
ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ
သင့်လျော်ရာ၏တကား''ဟု
(အကြံဖြစ်၏)။
မင်းသား
ထိုငါသည် ထိုအရပ်၌ပင်လျှင်
''ဤအရပ်သည်
ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ
သင့်လျော်၏''ဟု
ထိုင်နေ၏။
မင်းသား
စင်စစ်
ငါ့အား ရှေးက
မကြားဖူးကုန်သော
အံ့ဩဖွယ်ရာ
ဥပမာသုံးရပ်တို့သည်ထင်လာကုန်၏။
မင်းသား ရေ၌
ချထားအပ်သည့်
အစေးရှိသော
ထင်းစိုသည်
ရှိ၏၊ ထိုအခါ
ယောက်ျားသည်
မီးပွတ်ခုံကို
ယူ၍ ''မီးကို
ဖြစ်စေအံ့၊
တေဇောဓာတ်ကို
ထင်ရှားပြုအံ့''ဟု
လာရာ၏။
မင်းသားထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
စင်စစ် ထိုယောက်ျားသည်
ဤမည်သောရေ၌
ချထားအပ်သည့်အစေးရှိသော
ထင်းစိုကို
မီးပွတ်ခုံသို့
ယူ၍
ပွတ်တိုက်သော်
မီးကို
ဖြစ်စေနိုင်ရာသလော၊
တေဇောဓာတ်ကို
ထင်ရှားပြုနိုင်ရာသလောဟု
(မေး၏)။
အသျှင်ဘုရား
မဖြစ်နိုင်ပါ၊
အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား
ဤမည်သော
ထင်းသည် စို၍
အစေးရှိသည့်ပြင်
ရေ၌လည်း
ချထားသောကြောင့်တည်း၊
ထိုယောက်ျားသည်
ကိုယ်ပင်ပန်းရုံ
စိတ်ဆင်းရဲရုံသာ
ဖြစ်ရာပါ၏ဟု
(လျှောက်၏)။
မင်းသား
ဤအတူပင်လျှင်
အချို့သော
သမဏဗြာဟ္မဏတို့သည်
ကိုယ်ဖြင့်လည်းကောင်း၊
စိတ်ဖြင့်လည်းကောင်း
လိုချင်မှုတို့မှ
မကင်းဆိတ်ဘဲ
နေကုန်၏။
အကြင်
သမဏဗြာဟ္မဏတို့သည်
ကိုယ်တွင်းသန္တာန်ဝယ်
လိုချင်ဖွယ်ဝတ္ထုတို့၌
လိုချင်တပ်မက်မှု
လိုချင်မှုအစေး
လိုချင်သောအားဖြင့်တွေဝေခြင်း
လိုချင်မှုမွတ်သိပ်ခြင်း
လိုချင်မှုပူဆာခြင်းကို
ကောင်းစွာ
မပယ်ရသေး၊
ကောင်းစွာ
မငြိမ်းရသေး၊
အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
လုံ့လကြောင့်ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်း
စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို
ခံစားကုန်သော်လည်း
ဉာဏ်အကျိုးငှါ
အမြင်အကျိုးငှါ
အတုမဲ့ထိုးထွင်း၍
သိခြင်းငှါမထိုက်တန်ကုန်၊
အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
လုံ့လကြောင့်
ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်း
စပ်ရှားကုန်သော
ဆင်းရဲခံစားခြင်းတို့ကို
မခံစားကုန်သော်လည်း
ဉာဏ်အကျိုးငှါ
အမြင်အကျိုးငှါ
အတုမဲ့ထိုးထွင်း၍
သိခြင်းငှါ မထိုက်တန်ကုန်။
မင်းသား
ငါ့အား ရှေးက
မကြားဖူးသောဤရှေးဦးစွာ
အံဩဖွယ်ရာ
ဥပမာသည် ထင်လာ၏။
၃၃၀။
မင်းသား
ငါ့အား ရှေးက
မကြားဖူးသော
နှစ်ခုမြောက်
အံဩဖွယ်ရာ
အခြားဥပမာသည်ထင်လာပြန်၏။
မင်းသား ရေမှ
ဝေးစွာ
ကုန်း၌
ချထားအပ်သည့်
အစေးရှိသော ထင်းစိုသည်
ရှိ၏၊ ထိုအခါ
ယောက်ျားသည်
မီးပွတ်ခုံကို
ယူ၍ ''မီးကို
ဖြစ်စေအံ့၊
တေဇောဓာတ်ကို
ထင်ရှားပြုအံ့''ဟု့လာရာ၏။
မင်းသား ထိုအရာကို
အဘယ်သို့ မှတ်ထင်သနည်း၊
စင်စစ်
ထိုယောက်ျားသည်
ဤမည်သောရေမှ
ဝေးစွာ
ကုန်း၌
ချထားအပ်သည့်
အစေးရှိသော
ထင်းစိုကို
မီးပွတ်ခုံသို့
ယူ၍ ပွတ်တိုက်သော်
မီးကိုဖြစ်စေနိုင်ရာသလော၊
တေဇောဓာတ်ကို
ထင်ရှားပြုနိုင်ရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားမဖြစ်နိုင်ပါ၊
အဘယ့်ကြောင့်နည်းဟူမူ-
အသျှင်ဘုရား
ဤမည်သော
ထင်းစိုသည်
ရေမှဝေးစွာ ကုန်း၌ချထားစေကာမူ
အစေးရှိသေးသောကြောင့်တည်း၊
ထိုယောက်ျားသည်
ကိုယ်ပင်ပန်းရုံ
စိတ်ဆင်းရဲရုံသာဖြစ်ရာပါ၏ဟု
(လျှောက်၏)။
မင်းသား
ဤအတူပင်လျှင်
အချို့သော
သမဏဗြာဟ္မဏတို့သည်
ကိုယ်ဖြင့်လည်းကောင်း၊
စိတ်ဖြင့်လည်းကောင်း
လိုချင်မှုတို့မှ
ကင်းဆိတ်လျက်
နေကုန်၏။
ထိုသမဏဗြာဟ္မဏတို့သည်
ကိုယ်တွင်းသန္တာန်ဝယ်
လိုချင်ဖွယ်ဝတ္ထုတို့၌
လိုချင်တပ်မက်မှု
လိုချင်မှုအစေး
လိုချင်သောအားဖြင့်တွေဝေခြင်း
လိုချင်မှုမွတ်သိပ်ခြင်း
လိုချင်မှုပူ
ဆာခြင်းကို
ကောင်းစွာ
မပယ်ရသေး၊
ကောင်းစွာ မငြိမ်းရသေး၊
အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
လုံ့လကြောင့်
ဖြစ်ကုန်သော
ကြီးမား
ကြမ်းတမ်း
စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို
ခံစားကုန်သော်လည်း
ဉာဏ်အကျိုးငှါ
အမြင်အကျိုးငှါ
အတုမဲ့ထိုးထွင်း၍
သိခြင်းငှါမထိုက်တန်ကုန်၊
အကယ်၍
ထိုအသျှင်သမဏ
ဗြာဟ္မဏတို့သည်
လုံ့လကြောင့်
ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်း
စပ်ရှားကုန်သော
ဆင်းရဲခံစားခြင်းတို့ကို
မခံစားကုန်သော်လည်း
ဉာဏ်အကျိုးငှါ
အမြင်အကျိုးငှါ
အတုမဲ့ထိုးထွင်း၍
သိခြင်းငှါ
မထိုက်တန်ကုန်။
မင်းသား
ငါ့အား ရှေးက
မကြားဖူးသောအံဩဖွယ်ရာ
နှစ်ခုမြောက်
ဤဥပမာသည်
ထင်လာ၏။
၃၃၁။
မင်းသား
ငါ့အား ရှေးက
မကြားဖူးသော
အံဩဖွယ်ရာ
သုံးခုမြောက်
အခြားဥပမာသည်
လည်းထင်လာ၏။
မင်းသား
ရေမှဝေးစွာ
ကုန်း၌
ချထားအပ်သည့်
ခြောက်သွေ့သော
ထင်းသည်
ရှိ၏၊
ထိုအခါယောက်ျားသည်
မီးပွတ်ခုံကို
ယူ၍ ''မီးကို
ဖြစ်စေအံ့၊
တေဇောဓာတ်ကို
ထင်ရှားပြုအံ့''ဟု
လာရာ၏။
မင်းသား
ထိုအရာကို
အဘယ်သို့
ထင်မှတ်သနည်း၊
စင်စစ်
ထိုယောက်ျားသည်
ရေမှဝေးစွာ
ကုန်း၌ချထားအပ်သည့်
ခြောက်သွေ့သော
ထင်းကို
မီးပွတ်ခုံသို့
ယူ၍
ပွတ်တိုက်သော်
မီးကို
ဖြစ်စေနိုင်ရာသလော၊
တေဇောဓာတ်ကို
ထင်ရှား
ပြုနိုင်ရာသလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရားဖြစ်နိုင်ပါ၏။
အဘယ်ကြောင့်နည်းဟူမူ-အသျှင်ဘုရား
ဤမည်သော
ထင်းသည်
ခြောက်သွေ့နေ၍ရေမှဝေးစွာ
ကုန်း၌
ချထားသောကြောင့်ပါတည်းဟု
(လျှောက်၏)။
မင်းသား
ဤအတူပင်လျှင်
အချို့သော
သမဏဗြာဟ္မဏတို့သည်
ကိုယ်ဖြင့်လည်းကောင်း
စိတ်ဖြင့်လည်းကောင်း
လိုချင်မှုတို့မှ
ကင်းဆိတ်လျက်
နေကုန်၏။
ထိုသမဏဗြာဟ္မဏတို့သည်
ကိုယ်တွင်းသန္တာန်ဝယ်
လိုချင်ဖွယ်ဝတ္ထုတို့၌
လိုချင်တပ်မက်မှု
လိုချင်မှုအစေး
လိုချင်သောအားဖြင့်တွေဝေခြင်း
လိုချင်မှုမွတ်သိပ်ခြင်း
လိုချင်မှု
ပူဆာခြင်းကို
ကောင်းစွာ
ပယ်ပြီးဖြစ်၏၊
ကောင်းစွာ
ငြိမ်းပြီးဖြစ်၏၊
အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည်
လုံ့လကြောင့်ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်း
စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို
ခံစားကုန်သော်လည်း
ဉာဏ်အကျိုးငှါ
အမြင်အကျိုးငှါ
အတုမဲ့ထိုးထွင်း၍
သိခြင်းငှါထိုက်တန်ကုန်၏၊
အကယ်၍
ထိုအသျှင် သမဏဗြာဟ္မဏတို့သည်
လုံ့လကြောင့်ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော
ဆင်းရဲခံစားခြင်းတို့ကို
မခံစားကုန်သော်လည်း
ဉာဏ်အကျိုးငှါ
အမြင်အကျိုးငှါ
အတုမဲ့ထိုးထွင်း၍
သိခြင်းငှါ
ထိုက်တန်ကုန်၏။
မင်းသား
ငါ့အား
ရှေးကမကြားဖူးသော
အံဩဖွယ်ရာသုံးခုမြောက်
ဤဥပမာသည်
ထင်လာ၏။ မင်းသား
ငါ့အား ရှေးက
မကြားဖူးကုန်သော
ဤအံဩဖွယ်ရာဥပမာသုံးရပ်တို့သည်
ထင်လာကုန်၏။
၃၃၂။
မင်းသား
ထိုငါ့အား
''ငါသည်
သွားတို့ဖြင့်
သွားကို
ကြိတ်၍ လျှာဖြင့်
အာစောက်ကို
ထိလျက်စိတ်ဖြင့်
စိတ်ကို
ဖိနှိပ်ရမူ
ဖျစ်ညှစ်ရမူ
ပင်ပန်းစေရမူ
ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏၊
မင်းသား ထိုငါသည်
သွားတို့ဖြင့်
သွားကို
ကြိတ်၍ လျှာဖြင့်
အာစောက်ကို
ထိလျက်
စိတ်ဖြင့် စိတ်ကို့ဖိနှိပ်၏၊
ဖျစ်ညှစ်၏၊
ပင်ပန်းစေ၏၊
မင်းသား
ထိုငါသည်
သွားတို့ဖြင့်
သွားကို
ကြိတ်၍
လျှာဖြင့်အာစောက်ကို
ထိလျက်
စိတ်ဖြင့်
စိတ်ကို
ဖိနှိပ် ဖျစ်ညှစ်
ပင်ပန်းစေသော်
လက်ကတီးကြားတို့မှ
ချွေးတို့သည်
ယိုထွက်ကုန်၏။
မင်းသား အားရှိသော
ယောက်ျားသည်
အားနည်းသော
ယောက်ျားကို
ဦးခေါင်း၌ကိုင်၍ဖြစ်စေ
ပခုံး၌ ကိုင်၍ဖြစ်စေ
ဖိနှိပ်ရာ
ဖျစ်ညှစ်ပင်ပန်းစေရာသကဲ့သို့၊
မင်းသား
ဤအတူပင်လျှင်သွားတို့ဖြင့်
သွားကို
ကြိတ်၍ လျှာဖြင့်
အာစောက်ကို
ထိလျက်
စိတ်ဖြင့်
စိတ်ကို
ဖိနှိပ်ဖျစ်ညှစ်
ပင်ပန်းစေသော်
ငါ၏ လက်ကတီးကြားတို့မှ
ချွေးတို့သည်
ယိုထွက်ကုန်၏၊
မင်းသား
ငါသည်
မတွန့်တိုသောလုံ့လကို
အားထုတ်ပြီးပြီ၊
ငါ့အား မေ့လျော့ခြင်း
မရှိသော
သတိသည်
ထင်ပြီ၊ အားထုတ်ခြင်း
ထိုးကျင့်ထားသော
ငါ၏ ကိုယ်သည်
ထိုဆင်းရဲကို
ဖြစ်စေတတ်သော
အားထုတ်ခြင်းကြောင့်သာလျှင်
ပူလောင်ခြင်းရှိခဲ့၏၊
မငြိမ်းအေးခဲ့ပေ။
၃၃၃။
မင်းသား
ထိုငါ့အား
''ငါသည်
ထွက်သက်ဝင်သက်မရှိအောင်
ရှုဆင်ခြင်မှုကိုသာလျှင်
ရှုဆင်ခြင်ရမူ'ဈာန်ကို
ဝင်စားရမူ'
ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသား
ထိုငါသည်ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း
ထွက်သက်
ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထား၏။
မင်းသား
ထိုငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
နားတွင်းတို့မှ
ထွက်သောလေတို့၏
အသံသည်
လွန်ကဲပြင်းထန်စွာ
ဖြစ်၏။
မင်းသား
ပန်းပဲသမားတို့၏
ဖားဖိုကို
ဆွဲမှုတ်သော်
လွန်ကဲပြင်းထန်သော
အသံသည်
ဖြစ်သကဲ့သို့၊
ဤအတူပင်လျှင်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
ငါ၏
နားတွင်းမှ
ထွက်သော
လေတို့၏
အသံသည် လွန်ကဲပြင်းထန်စွာ
ဖြစ်၏။
မင်းသား
ငါသည် မတွန့်တိုသော
လုံ့လကို
အားထုတ်ပြီးပြီ၊
ငါ့အား
မေ့လျော့ခြင်းမရှိသော
သတိသည်ထင်ပြီ၊
အားထုတ်ခြင်း
ထိုးကျင့်ထားသော
ငါ၏ ကိုယ်သည်
ထိုဆင်းရဲကို
ဖြစ်စေတတ်သော
အားထုတ်ခြင်းကြောင့်သာလျှင်
ပူလောင်ခြင်း
ရှိခဲ့၏၊
မငြိမ်းအေးခဲ့ပေ။
မင်းသား
ထိုငါ့အား
''ငါသည်
ထွက်သက်ဝင်သက်
မရှိအောင်
ရှုဆင်ခြင်မှု
'ဈာန်'
ကိုသာလျှင် ရှုဆင်ခြင်ရမူ
'ဈာန်ဝင်စားရမူ'
ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသား
ထိုငါသည်ခံတွင်းမှလည်း
ကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်
ထား၏၊
မင်းသား
ထိုငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်လွန်ကဲပြင်းထန်သောလေတို့သည်
ဦးထိပ်၌
တိုးဝှေ့
ကုန်၏။
မင်းသား အားရှိသော
ယောက်ျားသည်ထက်သောချွန်းဖြင့်
ဦးထိပ်၌
ကြိတ်နှိပ်ရာသကဲ့သို့၊
ဤအတူပင်လျှင်
ငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်
ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်လွန်ကဲပြင်းထန်သော
လေတို့သည် ဦးထိပ်၌
တိုးဝှေ့ကုန်၏။
မင်းသား
ငါသည် မတွန့်တိုသော
လုံ့လကိုအားထုတ်ပြီးပြီ၊
ငါ့အား
မေ့လျော့ခြင်းမရှိသော
သတိသည်
ထင်ပြီ၊
အားထုတ်ခြင်း
ထိုးကျင့်ထားသောငါ၏
ကိုယ်သည်
ထိုဆင်းရဲကို
(ဖြစ်စေတတ်သော)
အားထုတ်
ခြင်းကြောင့်သာလျှင်
ပူလောင်ခြင်းရှိခဲ့၏၊
မငြိမ်းအေးခဲ့ပေ။
မင်းသား
ထိုငါ့အား
''ငါသည်
ထွက်သက်ဝင်သက်မရှိအောင်
ရှုဆင်ခြင်မှု
'ဈာန်' ကိုသာလျှင်
ရှုဆင်ခြင်ရမူ
'ဈာန်ဝင်စားရမူ'
ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသား ထိုငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထား၏၊
မင်းသား
ထိုငါသည်
ခံတွင်းမှလည်းကောင်း
နှာခေါင်းမှလည်းကောင်းနားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
လွန်ကဲပြင်းထန်သောဦးခေါင်းကိုက်ခဲခြင်းတို့သည်
ဖြစ်ကုန်၏။ မင်းသား
အားရှိသော
ယောက်ျားသည်
ခိုင်ခံသော
သားရေလွန်ပိုင်းဖြင့်
ဦးခေါင်းကို
ရစ်ပတ်
ထားရာသကဲ့သို့၊
ဤအတူပင်လျှင်
ငါသည်ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်း
ကောင်း
ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်ထားသော်
လွန်ကဲပြင်းထန်သော
ဦးခေါင်း
ကိုက်ခဲ ခြင်းတို့သည်
ဖြစ်ကုန်၏၊
မင်းသားငါသည်
မတွန့်တိုသော
လုံ့လကို
အားထုတ်ပြီးပြီ၊
ငါ့အား
မေ့လျော့ခြင်းမရှိသော
သတိသည်
ထင်ပြီ၊ အားထုတ်ခြင်း
ထိုးကျင့်ထားသော
ငါ၏ ကိုယ်သည်
ထို
ဆင်းရဲကို
(ဖြစ်စေတတ်သော)
အားထုတ်ခြင်းကြောင့်သာလျှင်
ပူလောင်ခြင်းရှိခဲ့၏၊
မငြိမ်းအေးခဲ့ပေ။
မင်းသား
ထိုငါ့အား
''ငါသည်
ထွက်သက်ဝင်သက်မရှိအောင်
ရှုဆင်ခြင်မှု
'ဈာန်'
ကိုသာလျှင် ရှုဆင်ခြင်ရမူ
'ဈာန်ဝင်စားရမူ'
ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏။ မင်းသား
ထိုငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထား၏၊
မင်းသား
ထိုငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
လွန်ကဲပြင်းထန်သော
လေတို့သည်
ဝမ်းကို
ထိုးဆွရစ်မွှေကုန်၏။
မင်းသား
ကျွမ်းကျင်သော
နွားသတ်သမားသည်သော်လည်းကောင်း၊
နွားသတ်သမား၏တပည့်သည်သော်လည်းကောင်း
ထက်သော
သားလှီးဓားငယ်ဖြင့်
ဝမ်းကို
ထိုးဆွရစ်မွှေရာသကဲ့သို့၊
ဤအတူပင်လျှင်
ငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
လွန်ကဲပြင်းထန်သော
လေတို့သည်
ဝမ်းကို
ထိုးဆွ
ရစ်မွှေကုန်၏။
မင်းသား ငါသည်
မတွန့်တိုသော
လုံ့လကို
အားထုတ်ပြီးပြီ၊
ငါ့အား
မေ့လျော့ခြင်းမရှိသောသတိသည်
ထင်ပြီ၊
အားထုတ်ခြင်း
ထိုးကျင့်ထားသော
ငါ၏ ကိုယ်သည်
ထိုဆင်းရဲကို
(ဖြစ်စေတတ်သော)
အားထုတ်ခြင်းကြောင့်သာလျှင်
ပူလောင်ခြင်း
ရှိခဲ့၏၊
မငြိမ်းအေးခဲ့ပေ။
မင်းသား
ထိုငါ့အား
''ငါသည်
ထွက်သက်ဝင်သက်မရှိအောင်
ရှုဆင်ခြင်မှု
'ဈာန်'
ကိုသာလျှင် ရှုဆင်ခြင်ရမူ
'ဈာန်ဝင်စားရမူ'
ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသား
ထိုငါသည် ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်
ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထား၏၊
မင်းသား
ထိုငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
ကိုယ်၌
လွန်ကဲပြင်းထန်သော
ပူလောင်ခြင်းသည်ဖြစ်၏၊
မင်းသား
အားရှိသော
ယောက်ျားနှစ်ယောက်တို့သည်
အားနည်းသော
ယောက်ျားကို
အသီးအသီးလက်မောင်းတို့၌
ကိုင်၍
မီးကျီတွင်း၌
ကင်ကုန်ရာသကဲ့သို့
အပြန်ပြန်ကင်ကုန်ရာသကဲ့သို့၊
ဤအတူပင်လျှင်
ငါသည်
ခံတွင်းမှလည်းကောင်း၊
နှာခေါင်းမှလည်းကောင်း၊
နားမှလည်းကောင်း
ထွက်သက်ဝင်သက်တို့ကို
ချုပ်တည်းပိတ်ပင်ထားသော်
ကိုယ်၌
လွန်ကဲပြင်းထန်သော
ပူလောင်ခြင်းသည်
ဖြစ်၏၊ မင်းသား
ငါသည်
မတွန့်တိုသော
လုံလကို
အားထုတ်ပြီးပြီ၊
ငါ့အား
မေ့လျော့ခြင်းမရှိသော
သတိသည်ထင်ပြီ၊
အားထုတ်ခြင်း
ထိုးကျင့်ထားသော
ငါ၏ကိုယ်သည်
ထိုဆင်းရဲကို
(ဖြစ်စေတတ်သော)
အားထုတ်ခြင်းကြောင့်သာလျှင်
ပူလောင်ခြင်း
ရှိခဲ့၏၊
မငြိမ်းအေးခဲ့ပေ။
မင်းသား
စင်စစ်ငါ့ကို
နတ်တို့သည် မြင်၍''ရဟန်းဂေါတမသည်
သေပြီ''ဟု
ဆိုကုန်၏။ အချို့နတ်တို့သည်
''ရဟန်းဂေါတမသည်
မသေသေး၊ စင်စစ်ကား
သေခါနီးနေ၏''ဟု
ဆိုကုန်၏။
အချို့နတ်တို့သည်
''ရဟန်းဂေါတမသည်
မသေသေး၊
သေခါနီးလည်း
မဟုတ်၊ ရဟန်းဂေါတမသည်
ရဟန္တာဖြစ်၍
နေခြင်းသာ
ဖြစ်၏၊
ရဟန္တာ၏
နေခြင်းကားဤသို့သဘောရှိ၏''ဟု
ဆိုကုန်၏။
၃၃၄။
မင်းသား
ထိုငါ့အား
''ငါသည် လုံးဝ
အစာအာဟာရဖြတ်၍
ကျင့်ရမူ
ကောင်းပေမည်''ဟုဤအကြံသည်
ဖြစ်၏။
မင်းသား
ထိုအခါ
ငါ့ထံသို့
နတ်တို့သည်
ချဉ်းကပ်၍
''အသျှင်
သင်သည်
လုံးဝအစာအာဟာရကို
ဖြတ်၍
မကျင့်ပါလင့်၊
အသျှင် အကယ်၍
သင်သည် လုံးဝ
အစာအာဟာရကို
ဖြတ်၍ကျင့်အံ့၊
သင့်အား
ငါတို့သည်
နတ်ဩဇာကို
အမွေးတွင်းတို့မှ
တစ်ဆင့်သွင်းအံ့၊
ထိုနတ်ဩဇာဖြင့်
သင့်သည်
မျှတလတ္တံ့''ဟု
ဤစကားကို
ဆိုကုန်၏၊
မင်းသား
ထိုငါ့အား
''ငါသည်လည်း
လုံးဝမစားဟု
ဝန်ခံမူ
ဤနတ်တို့သည်လည်း
ငါ့အား
နတ်ဩဇာကို
အမွေးတွင်းတို့မှ
တစ်ဆင့်
သွင်းကုန်ငြားအံ့၊
ထိုနတ်ဩဇာဖြင့်လည်း
ငါသည်
မျှတငြားအံ့၊
ထိုဝန်ခံခြင်းသည်
ငါ့အား
မုသားသာတည်း''ဟု
ဤအကြံသည်ဖြစ်၏၊
မင်းသား
ထိုငါသည်
ထိုနတ်တို့ကို
တားမြစ်၍ မသင့်ဟု
ပြောဆို၏။
မင်းသား
ထိုငါ့အား
''ငါသည်
တစ်လက်ဖက်
တစ်လက်ဖက်မျှသော
ပဲနောက်ရည်ကိုဖြစ်စေ၊
ပဲပိစပ်ရည်ကိုဖြစ်စေ၊
ကုလာပဲရည်ကိုဖြစ်စေ၊
စားတော်ပဲရည်ကိုဖြစ်စေ
အနည်းငယ်
အနည်းငယ်သော အစာအာဟာရကို
မျိုရမူ
ကောင်းပေမည်''ဟု
အကြံသည်
ဖြစ်၏၊
မင်းသား
ထိုငါသည်
တစ်လက်ဖက်တစ်လက်ဖက်မျှသော
ပဲနောက်ရည်ကိုဖြစ်စေ၊
ပဲပိစပ်ရည်ကိုဖြစ်စေ၊
ကုလားပဲရည်ကိုဖြစ်စေ၊
စားတော်ပဲရည်ကိုဖြစ်စေ
အနည်းငယ်
အနည်းငယ်သော
အစာအာဟာရကို
မျို၏။ မင်းသား
တစ်လက်ဖက်တစ်လက်ဖက်မျှသော
ပဲနောက်ရည်ကိုဖြစ်စေ၊
ပဲပိစပ်ရည်ကိုဖြစ်စေ၊
ကုလားပဲရည်ကိုဖြစ်စေ၊
စားတော်ပဲရည်ကိုဖြစ်စေ
အနည်းငယ်အနည်းငယ်သော
အစာအာဟာရကို
မျိုသော
ထိုငါ၏
ကိုယ်သည်အလွန်ပိန်ကြုံ
ခြင်းသို့
ရောက်၏၊
ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
ငါ၏
အင်္ဂါကြီးငယ်တို့သည်ကန်စွန်းနွယ်၏
အဆစ်တို့ကဲ့သို့လည်းကောင်း၊
နွယ်ပုပ်နွယ်ငန်း၏
အဆစ်တို့ကဲ့သို့လည်းကောင်းဖြစ်ပေါ်နေကုန်၏။
ထို အစာအာဟာရနည်းပါးမှုကြောင့်ပင်
ငါ၏ တင်ပါးဆုံသားသည်
ကုလားအုပ်ခြေရာကဲ့သို့
ဖြစ်ပေါ်နေ၏။
ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
ငါ၏
ကျောက်ကုန်းရိုးသည်ပုတီးကုံးကဲ့သို့
အနိမ့်အမြင့်
ဖြစ်ပေါ်နေ
၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
ငါ၏ နံရိုးတို့သည်ဖရိုဖရဲ
အထက်တင်
အောက်ကျ
ပျက်စီး
ကျနေသော
ဇရပ်ဆွေး၏
အခြင်တို့ကဲ့သို့
ဖရိုဖရဲ
အထက်တင်အောက်ကျ
ဖြစ်နေကုန်၏။
ထိုအစာ
အာဟာရနည်းပါးမှုကြောင့်ပင်
နက်သော
ရေတွင်း၌
ရေဝန်းသည်နက်ရှိုင်း၍
အောက်သို့ဝင်နေသည်ဟု
ထင်ရသကဲ့သို့
ငါ၏ မျက်ကွင်းတို့၌
မျက်လုံးတို့သည်
နက်ရှိုင်း၍အောက်သို့ဝင်နေသည်ဟု
ထင်ရကုန် ၏။
ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
အနုဆွတ်ထားသောဘူးခါးသီးသည်
လေ နေပူဖြင့်
တွေ့ထိ ကာ
ရှုံ့တွနေသကဲ့သို့
ငါ၏ ဦးခေါင်းရေသည်
ရှုံ့တွနေ၏။
မင်းသား
ထိုငါသည်
''ဝမ်းရေကို
သုံးသပ်အံ့''ဟု
သုံးသပ်သော်
ကျောက်ကုန်းရိုးကိုသာလျှင်
ကိုင်မိ၏၊
''ကျောက်ကုန်းရိုးကို
သုံးသပ်အံ့''ဟု
သုံးသပ်သော်
ဝမ်းရေကိုသာလျှင်
ကို်င်မိ၏၊
မင်းသား
ထိုအစာအာဟာရ
နည်းပါးမှုကြောင့်ပင်
ငါ၏
ဝမ်းရေသည်
ကျောက်ကုန်းရိုးသို့
ကပ်သည်အထိ
ဖြစ်ပေါ်နေ၏။
မင်းသား
ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
ထိုငါသည်
''ကျင်ကြီးကိုလည်းကောင်း၊
ကျင်ငယ်ကို်လည်းကောင်း
စွန့်အံ့''ဟု
သွားသော် ထိုနေရာ၌သာ
မှောက်ခုံလဲကျ၏။
မင်းသား
ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
ထိုငါသည်
ဤကိုယ်ကိုသာလျှင်
သက်သာစေလို၍ လက်ဖြင့်
ကိုယ်တို့ကိုပွတ်သပ်၏။
မင်းသား
လက်ဖြင့်
ကိုယ်တို့ကို
ပွတ်သပ်သော်
အမြစ်ဆွေးနေကုန်သော
အမွေးတို့သည်ငါ၏
ကိုယ်မှ
ကျွတ်ကျကုန်၏။
မင်းသား
စင်စစ်
ငါ့ကို
လူတို့မြင်၍
''ရဟန်းဂေါတမသည်
မည်းသောအဆင်း
ရှိ၏''ဟု
ဆိုကုန်၏၊ အချို့လူတို့သည်
''ရဟန်းဂေါတမသည်
မည်းသောအဆင်းရှိသည်
မဟုတ်၊
ရဟန်းဂေါတမသည်
ရွှေသောအဆင်းရှိ၏''ဟု
ဆိုကုန်၏။
အချို့လူတို့သည်
''ရဟန်းဂေါတမသည်
မည်းသောအဆင်းရှိသည်မဟုတ်၊
ရွှေသော
အဆင်းရှိသည်လည်း
မဟုတ်၊
ရဟန်းဂေါတမသည်
ကြမ်းပိုးကျောက်ကုန်း
အရေအဆင်းရှိ၏''ဟုဆိုကုန်၏။
မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင်
ထိုမျှလောက်
စင်ကြယ်ဖြူဖွေးလျက်ရှိသောငါ၏
အရေအဆင်းသည်
အလွန်ပျက်စီးနေ၏။
၃၃၅။
မင်းသား
ထိုငါ့အား
''အတိတ်ကာလက
အားထုတ်ခြင်းကြောင့်
ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်း
စပ်ရှားကုန်သော
ဆင်းရဲခံစားခြင်းတို့ကို
ခံစားခဲ့ကုန်သော
သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင်
ဖြစ်၏၊ ဤခံစားခြင်းထက်
မပိုလွန်၊
အနာဂတ်ကာလ၌လည်း
အားထုတ့်ခြင်းလုံ့လကြောင့်
ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်း
စပ်ရှားကုန်သော
ဆင်းရဲခံစားခြင်းတို့ကို
ခံစားလတ္တံ့ကုန်သော
သမဏဗြာဟ္မဏအားလုံးတို့သည်
ဤခံစားခြင်းလောက်သာလျှင်
ဖြစ်လတ္တံ့၊
ဤခံစားခြင်းထက်မပိုလွန်၊
ဤယခု
ပစ္စုပ္ပန်ကာလ၌လည်း
အားထုတ်ခြင်းလုံ့လကြောင့်
ဖြစ်ကုန်သော
ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော
ဆင်းရဲခံစားခြင်းတို့ကို
ခံစားနေကုန်သော
သမဏဗြာဟ္မဏအားလုံးတို့သည်
ဤခံစားခြင်းလောက်သာလျှင်
ဖြစ်၏၊
ဤခံစားခြင်းထက်မပိုလွန်
ငါသည်
ဤစပ်ရှားသော
ပြုနိုင်ခဲသော
အမှုကိုပြုကျင့်ခြင်းဖြင့်
လူတို့၏
ကုသိုလ်ကမ္မပထတရားထက်
လွန်သော
အရိယာဖြစ်ရန်
စွမ်းနိုင်သော
ဉာဏ်အမြင်အထူးကို
မရခဲ့။
သစ္စာလေးပါးကို
သိရန်
အခြားလမ်းစဉ်
ရှိသေးသလော''ဟု
ဤအကြံသည်ဖြစ်၏။
မင်းသား ထိုငါ့အား
''ငါသည်
ခမည်းတော်သကျမင်း၏
(လယ်ထွန်မင်္ဂလာ)
အမှု၌ အေးသောသပြေပင်အရိပ်ဝယ်
ထိုင်လျက်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်
တရားတို့မှကင်းဆိတ်၍
သာလျှင်
ကြံစည်ခြင်
'ဝိတက်' သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'
နှင့်တကွဖြစ်သော
(နီဝရဏ)
ဆိတ်ခြင်းကြောင့်
ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ရှိသော
ပဌမဈာန်ကို
ပြည့်စုံစေ၍နေဖူးသည်ကို
အမှတ် ရ၏။
ဤပဌမဈာန်သည် သစ္စာလေးပါးတို့ကို
သိခြင်းငှါလမ်းစဉ်ဖြစ်တန်ရာ၏''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသား ထိုငါ့အား
''ဤသည်ပင်လျှင်သစ္စာလေးပါးတို့ကို
သိခြင်းငှါ
လမ်းစဉ်တည်း''ဟု
အောက်မေ့ခြင်းသို့
အစဉ်လိုက်သော
စိတ်သည်ဖြစ်၏။
မင်းသား
ထိုငါ့အား
''ကာမဂုဏ်တို့မှ
ကင်း၍
သာလျှင်
အကုသိုလ်တရားတို့မှ
ကင်း၍သာလျှင်ဖြစ်သော
ပဌမဈာန်ချမ်းသာကို
ငါသည်
ကြောက်လေသ
လော''ဟု
ဤအကြံသည်
ဖြစ်၏၊ မင်းသားထိုငါ့အား
''ကာမဂုဏ်တို့မှ
ကင်း၍သာလျှင်
အကုသိုလ်
တရားတို့မှ
ကင်း၍သာလျှင်
ဖြစ်သောပဌမဈာန်
ချမ်းသာကို
ငါမကြောက်''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသာ
ထိုငါ့အား
''ဤသို့
အလွန်ပိန်ကြုံသောအဖြစ်သို့
ရောက်သော
ကိုယ်ဖြင့်
ထို (ပဌမဈာန်) ချမ်းသာကို
ရရန်မလွယ်၊
ငါသည်
ကြမ်းတမ်းသောထမင်း
မုယောမုန့်
အစာအာဟာရကို
စားရမူ ကောင်းပေမည်''ဟု
ဤအကြံသည်
ဖြစ်၏။
မင်းသား ထိုငါသည်
ကြမ်းတမ်းသောထမင်း
မုယောမုန့်
အစာအာဟာရကို
စား၏။ မင်းသား
ထိုအခါ ငါ၏
အထံ၌
''ရဟန်းဂေါတမသည်
ရသောတရားကို
ငါတို့အားပြောကြားလတ္တံ့''ဟု
ပဉ္စဝဂ္ဂီရဟန်းတို့သည်
လုပ်ကျွေးနေကုန်၏။
မင်းသား
ကြမ်းတမ်းသောထမင်းမုယောမုန့်
အစာအာဟာရကို
ငါစားသောအခါ
''ရဟန်းဂေါတမသည်
ပစ္စည်းများပြားခြင်းငှါ
ကျင့်၏၊
ကမ္မဋ္ဌာန်းအားထုတ်ခြင်းမှ
ထွက်လာသူ
ဖြစ်၏၊
ပစ္စည်းများပြားခြင်းငှါ
လှည့်လည်၏''ဟု
ငြီးငွေ့၍
ထိုပဉ္စဝဂ္ဂီရဟန်းတို့သည်
ငါ၏ အထံမှ
ဖဲခွါသွားကုန်၏။
၃၃၆။
မင်းသား
ငါသည်
ကြမ်းတမ်းသော
အစာအာဟာရကို
စား၍
အားကိုယူကာ
ကာမဂုဏ်
တို့မှကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍နေ၏။
ဝိတက်
ဝိစာရတို့
ငြိမ်းခြင်းကြောင့်ဒုတိယဈာန်သို့
ရောက်၍
နေ၏။ပ။ တတိယဈာန်သို့။
စတုတ္ထဈာန်သို့
ရောက်၍နေ၏။
ဤသို့တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့ရောက်လတ်သော်
ထိုငါသည် ရှေး၌ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့နိုင်သော
'ပုဗ္ဗေနိဝါသာနုဿတိ'ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှု
ဆောင်ခဲ့ပြီ၊
ရှေးရှုညွတ်စေခဲ့ပြီ။
ထိုငါသည်
များပြားသောရှေ့၌ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့
နိုင်၏၊
ဤသည်ကား
အဘယ်နည်း၊
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကို
လည်းကောင်း။ပ။
ဤသို့
အမည်အနွယ်နှင့်တကွအဖြစ်သနစ်နှင့်တကွ
များပြားသော
ရှေ့၌ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို
အောက်မေ့၏။
မင်းသား
ငါသည်ညဉ့်၏ ရှေးဦးပဌမယာမ်၌
ရှေးဦးစွာသော
ဤအသိဉာဏ် 'ဝိဇ္ဇာ'
ကို ရခဲ့ပြီ၊
မသိမှု
'အဝိဇ္ဇာ'
ပျောက်ခဲ့ပြီ၊
အသိဉာဏ်
'ဝိဇ္ဇာ'
ဖြစ်ပေါ်ခဲ့ပြီ၊
(အဝိဇ္ဇာ)
အမှောင် ပျောက်ခဲ့ပြီ၊
(ဝိဇ္ဇာ) ဉာဏ်
အလင်းရောင့်ဖြစ်ပေါ်ခဲ့ပြီ၊
မမေ့မလျော့ဘဲ
ပြင်းစွာအားထုတ်လျက်
တည်ကြည်သော
စိတ်ရှိသည်ဖြစ်၍
နေသောသူအားအဝိဇ္ဇာမှောင်ကင်း၍
ပညာဉာဏ်အရောင်အလင်း
ဖြစ်ပေါ်သကဲ့သို့
တည်း။
ထိုငါသည်
ဤသို့
တည်ကြည်သောစိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်မတုန်
လှုပ်ခြင်းသို့
ရောက်လတ်သော်
သတ္တဝါတို့၏
သေခြင်း
'စုတိ'
ဖြစ်ခြင်း
'ပဋိသန္ဓေ'
ကိုသိသောဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုဆောင်ခဲ့ပြီ၊
ရှေးရှုညွတ်စေခဲ့ပြီ။
ထိုငါသည်
အထူးသဖြင့်စင်ကြယ်သော
လူတို့၏
မျက်စိ
အမြင်ကို
လွန်သော နတ်မျက်စိနှင့်တူသော
မျက်စိ
'ဒိဗ္ဗစက္ခု'
ဖြင့်သေဆဲသတ္တဝါ
ဖြစ်ပေါ်ဆဲသတ္တဝါ
ယုတ် သောသတ္တဝါ
မြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါအဆင်းမလှသောသတ္တဝါ
ကောင်းသော
လားရာ 'ဂတိ' ရှိသော
သတ္တဝါ
မကောင်းသောလားရာ
'ဂတိ' ရှိသော သတ္တဝါတို့ကို
မြင်ပြီ၊
ကံအားလျော်
စွာ
ဖြစ်သောသတ္တဝါတို့ကို
သိပြီ။ပ။
မင်းသား
ငါသည် ညဉ့်၏
အလယ်ဖြစ်သော
သန်းခေါင်ယံ၌
နှစ်ခုမြောက်
ဤအသိဉာဏ် 'ဝိဇ္ဇာ'
ကိုရခဲ့ပြီ၊
မသိမှု
'အဝိဇ္ဇာ'
ပျောက်ခဲ့ပြီ၊
အသိဉာဏ်
'ဝိဇ္ဇာ'
ဖြစ်ပေါ်
ခဲ့ပြီ၊
(အဝိဇ္ဇာ)
အမှောင်
ပျောက်ခဲ့ပြီ၊
(ဝိဇ္ဇာ) ဉာဏ်အလင်းရောင်
ဖြစ်ပေါ်ခဲ့ပြီ၊
မမေ့မလျော့ဘဲ
ပြင်းစွာ
အားထုတ်လျက်တည်ကြည်သောစိတ်ရှိသည်ဖြစ်၍
နေသောသူအား
အဝိဇ္ဇာမှောင်ကင်း၍
ပညာဉာဏ်
အရောင်အလင်းဖြစ်ပေါ်သကဲ့သို့တည်း။
ဤသို့
တည်ကြည်သော
စိတ်သည်
စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုတိုင်းရလတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့ရောက်လတ်သော်
ထိုငါသည် အာသဝေါတရားတို့ကို
ကုန်ခန်းစေတတ်သော
ဉာဏ်အလို့ငှါ
စိတ်ကိုရှေးရှုဆောင်ခဲ့ပြီ၊
ရှေးရှုညွတ်စေခဲ့ပြီ။
ထိုငါသည်
''ဤကား ဆင်းရဲ''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
ဆင်းရဲချုပ်ရာ
(နိဗ္ဗာန်)''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
ဆင်းရဲချုပ်ရာ
(နိဗ္ဗာန်)
သို့ ရောက်ကြောင်းအကျင့်''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
''ဤသည်တို့ကား
အာသဝေါတရားတို့''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
''ဤကားအာသဝေါတရားတို့၏
ဖြစ်ပေါ်ခြင်း၏အကြောင်း''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
အာသဝေါတရားတို့ချုပ်ရာ
(နိဗ္ဗာန်)''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
အာသဝေါတရားတို့
ချုပ်ရာ
(နိဗ္ဗာန်)
သို့ရောက်ကြောင်းအကျင့်''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ဤသို့
သိသော
ဤသို့မြင်သော
ထိုငါ၏
စိတ်သည်ကာမာသဝမှလည်း
လွတ်မြောက်ခဲ့ပြီ၊
ဘဝါသဝမှလည်း
လွတ်မြောက်ခဲ့ပြီ၊
အဝိဇ္ဇာသဝမှလည်း
လွတ်မြောက်ခဲ့ပြီ၊
လွတ်မြောက်ပြီးလတ်သော်
''လွတ်မြောက်လေပြီ''ဟု
အသိ ဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
''ပဋိသန္ဓေနေ
မူကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
(မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်)
ကိစ္စအလို့ငှါ
တစ်ပါး သော
ပြုဖွယ်မရှိတော့ပြီ''ဟု
သိ၏။ မင်းသား
ငါသည်
ညဉ့်၏နောက်ဆုံးဖြစ်သော
မိုးသောက်ယံ၌
သုံးခုမြောက်
ဤအသိဉာဏ်
'ဝိဇ္ဇာ' ကို
ရခဲ့ပြီ၊
မသိမှု
'အဝိဇ္ဇာ'ပျောက်ခဲ့ပြီ၊
အသိဉာဏ် 'ဝိဇ္ဇာ'
ဖြစ်ပေါ်
ခဲ့ပြီ၊
(အဝိဇ္ဇာ)
အမှောင်ပျောက်ခဲ့ပြီ၊
(ဝိဇ္ဇာ)
ဉာဏ်အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ၊
မမေ့မလျော့ဘဲ
ပြင်းစွာ
အားထုတ်လျက်
တည်ကြည်သော
စိတ်ရှိသည်ဖြစ်၍နေသောသူအား
အဝိဇ္ဇာမှောင်ကင်း၍
ပညာဉာဏ်
အရောင်အလင်း
ဖြစ်ပေါ်သကဲ့သို့တည်း။
၃၃၇။
မင်းသား
ထိုငါ့အား
ဤသို့သော
အကြံသည် ဖြစ်၏-''ငါသိအပ်ပြီးသော
ဤတရားကားနက်နဲ၏၊
မြင်နိုင်ခဲ၏၊
သိနိုင်ခဲ၏၊
ငြိမ်သက်၏၊
မွန်မြတ်၏၊
တက္ကီပုဂိ္ဂုလ်တို့၏
ကျက်စားရာ
မဟုတ်၊
သိမ်မွေ့၏၊
ပညာရှိတို့သာ
သိနိုင်၏။
ဤသတ္တဝါများကား
ကာမဂုဏ်တို့၌
မွေ့လျော်ကုန်၏၊
ကာမဂုဏ်တို့၌
ပျော်ပိုက်ကုန်၏၊
ကာမဂုဏ်တို့၌
အလွန်နှစ်ခြိုက်ကုန်၏၊
ကာမဂုဏ်တို့၌
မွေ့လျော်ပျော်ပိုက်အလွန်နှစ်ခြိုက်နေကြသော
ဤသတ္တဝါများသည်
အကျိုးတရားတို့၏
အကြောင်းဖြစ်သော
ဤပဋိစ္စသမုပ္ပါဒ့်တရားကို
မြင်နိုင်ခဲ၏၊
ပြုပြင်မှုအားလုံး၏
ငြိမ်းရာ
ဥပဓိအားလုံးကို
ပယ်စွန့်ရာ
တဏှာ၏ကုန်ရာ
ရာဂ၏ကင်းရာ
ချုပ်ရာ ငြိမ်းရာဖြစ်သော
ဤ (နိဗ္ဗာန်)
တရားကိုလည်း မြင်နိုင်ခဲ၏၊
ငါသည်
တရားကို
ဟောငြားအံ့၊
သူတစ်ပါးတို့သည်
ငါ၏ တရားကို
မသိနားမလည်နိုင်ကုန်ရာ၊
သို့ဖြစ်လျှင်
ထိုတရားဟောမှုသည်ငါ့အား
ပင်ပန်းရုံသာ
ဖြစ်ရာ၏၊
ငါ့ကိုယ် (ငါ)
ညှဉ်းဆဲရုံသာ
ဖြစ်ရာ၏''ဟု
(စိတ်အကြံဖြစ်ခဲ့၏)။
မင်းသား
ထို့ပြင်
အလွန်အံ့ဩဖွယ်ကောင်းသော
ဤဂါထာတို့သည်လည်း
ငါ့အား ရှေးက
မကြားဖူးဘဲစိတ်ထဲ၌
ထင်လာပြန်ကုန်၏-''ငါသည်
ခဲယဉ်းစွာကျင့်သဖြင့်
သိအပ်ပြီးသော
တရားကို
ယခုအခါ
ဟောခြင်းငှါ
မသင့်လျော်ချေ၊
ရာဂဒေါသနှိပ်စက်ခံနေရသော
သူတို့သည် ဤတရားကို
လွယ်ကူ စွာ
သိနိုင်ကြမည်
မဟုတ်ချေ။
အဝိဇ္ဇာအမှောင်ထု
ဖုံးလွှမ်းလျက်
ရာဂတပ်စွဲနေသော
သူတို့သည်
သိမ်မွေ့နက်
နဲ၍ အဏုမြူသဖွယ်မြင်နိုင်ခဲသော
(သံသရာ့)
အဆန်တရားကို
မြင်နိုင်ကြမည်
မဟုတ်ချေ''ဟု
(စိတ်ထဲ၌ထင်ပေါ်လာပြန်ကုန်၏)။
၃၃၈။
မင်းသား
ဤသို့
ဆင်ခြင်သော
ငါ၏ စိတ်နှလုံးသည်
တရားဟောရန်
မညွတ်ဘဲ
ကြောင့်ကြမဲ့နေရန်
ညွတ်ခဲ့၏။
ထိုအခါ ငါ၏
စိတ်အကြံကို မိမိစိတ်ဖြင့်
သိ၍
သဟမ္ပတိဗြဟ္မာအား
ဤသို့အကြံဖြစ်
ပေါ်လာ၏- ''အချင်းတို့
လောကသည်
ပျက်စီးတော့မည်တကား၊
အချင်းတို့
လောကသည်ပျက်စီးတော့
မည်တကား၊ ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူ သော
မြတ်စွာဘုရား၏
စိတ်နှလုံးတော်သည်
တရားဟောရန်ညွတ်တော်မမူဘဲ
ကြောင့်ကြမဲ့နေရန်
ညွတ်
တော်မူတုံဘိ၏''ဟု
(အကြံဖြစ်၏)။
မင်းသား
ထို့နောက်အားရှိသော
ယောက်ျားသည်
ကွေးထားသော
လက်မောင်းကို
ဆန့်သကဲ့သို့လည်းကောင်း၊
ဆန့်ထားသော
လက်မောင်းကို
ကွေးသကဲ့သို့လည်းကောင်း
ထို့အထူ
ထိုသဟမ္ပတိဗြဟ္မာသည်ဗြဟ္မာ့ပြည်မှ
ကွယ်ခဲ့ပြီးလျှင်
ငါ၏ရှေ့၌
ထင်ရှားပေါ်လာ၏။
မင်းသား
ထိုအခါ
ထိုသဟမ္ပတိဗြဟ္မာသည်အပေါ်ရုံကို
ပခုံးတစ်ဖက်၌
တင်၍
လကျ်ာဒူးကို
မြေ၌ထောက်လျက်
ငါ့ဆီသို့ လက်အုပ်ချီပြီးလျှင်ဤစကားကို
လျှောက်၏- ''မြတ်စွာဘုရား
ဘုန်းတော်ကြီးတော်မူသော
မြတ်စွာဘုရားသည်တရားဟောတော်မူပါလော့၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
မြတ်စွာ ဘုရားသည်တရားဟောတော်မူပါလော့၊
(ပညာ) မျက်စိ၌
(ကိလေသာ)
မြူနည်းပါးသော
သတ္တဝါတို့
သည်ရှိပါကုန်၏၊
(ထိုသတ္တဝါတို့သည်)
တရားကို
မနာရသောကြောင့်
ဆုံးရှုံးနေပါကုန်၏၊
တရားကိုသိသူတို့သည်
ရှိပါကုန်လတ္တံ့''ဟု
(လျှောက်၏)။
မင်းသား
သဟမ္ပတိဗြဟ္မာသည်
ဤစကားကို
လျှောက်ပြီးနောက်
ထိုမှတစ်ပါး
ဤစကားကို
လျှောက်ပြန်၏-
''ရှေးအခါ
မဂဓတိုင်း၌
(ရာဂစသော)
အညစ်အကြေးရှိသူ
ဂိုဏ်းဆရာကြီးတို့
သည်
ကြံဆအပ်သောမစင်ကြယ်သော
မိစ္ဆာအယူတရားသည်
ထင်ရှား ဖြစ်ပေါ်
ခဲ့ပါသည်
အမြိုက်နိဗ္ဗာန်၏
တံခါးကိုဖွင့်လှစ်တော်မူပါလော့၊
အညစ်အကြေး
ကင်း
တော်မူသော
မြတ်စွာဘုရားသည်
သဘာဝနှင့်အလျော်သိတော်မူအပ်သော
(သစ္စာ
လေးပါး)
တရားကို
(သတ္တဝါအများ)
နာကြားကြပါစေ။
ကောင်းမြတ်သော
ပညာရှင်ဖြစ်တော်မူသော
မြတ်စွာဘုရား၊
ထက်ဝန်းကျင်
မြင်စွမ်းနိုင်သောဉာဏ်မျက်စိရှိတော်မူသော
မြတ်စွာဘုရား
ကျောက်တောင်ထိပ်၌
ရပ်တည်လျက်
ထက်ဝန်းကျင်လူအပေါင်းကို
ကြည့်ရှုသကဲ့သို့၊
ထို့အတူ
စိုးရိမ်ပူ
ဆွေး
ကင်းဝေးတော်မူသော
အသျှင်ဘုရားသည်ပညာ
(ဓမ္မ)
ဖြင့်ပြီးသော
ပြာသာဒ်
ထက်သို့ တက်တော်မူ၍
ပဋိသန္ဓေနေခြင်း
အိုခြင်းတို့အနှိပ်စက်ခံနေကြရ
သဖြင့်
စိုးရိမ်ပူဆွေးခြင်းသို့
သက်ဆင်းကျရောက်နေသော
သတ္တဝါအပေါင်းကို
ကြည့်ရှုတော်မူပါလော့။
ရဲရင့်တော်မူသော
မြတ်စွာဘုရား၊
အောင်ပွဲယင်တော်မူပြီးသော
မြတ်စွာဘုရား
ထတော်မူပါလော့။
့ယာဉ်မှူးနှင့်တူတော်မူသော
မြတ်စွာဘုရား၊
(ကိလေသာ)
ကြွေး
ကင်းဝေးတော်မူသော
မြတ်စွာဘုရားလောက၌
လှည့်လည်တော်မူပါလော့။
ဘုန်း
ကြီးတော်မူသော
မြတ်စွာဘုရား
တရားဟောတော်မူပါလော့၊
(တရားကို) သိသူတို့
သည်
ရှိပါကုန်လတ္တံ့''ဟု
(လျှောက်၏)။
၃၃၉။
မင်းသား
ထိုအခါ
ငါဘုရားသည်
ဗြဟ္မာ၏ တောင်းပန်ခြင်းကို
အသိအမှတ်
ပြုပြီးလျှင်သတ္တဝါတို့၌
သနားခြင်းကိုလည်း
အကြောင်းပြု၍
ဗုဒ္ဓစက္ခုဖြင့်
လောကကို
ကြည့်ခဲ့၏၊ ငါဘုရားသည်ဗုဒ္ဓစက္ခုဖြင့်
လောကကို ကြည့်တော်မူလတ်သော်
(ပညာ) မျက်စိ၌
(ကိလေသာ) မြူ
နည်းပါးသူ,
(ပညာ) မျက်စိ၌
(ကိလေသာ) မြူ
များပြားသူ၊
ဣန္ဒြေရင့်ကျက်ပြီးသူ,
ဣန္ဒြေနုသေးသူ၊
ကောင်းသောအခြင်းအရာရှိသူ,
မကောင်းသောအခြင်းအရာ
ရှိသူ၊
သိစေရန်လွယ်ကူသူ,
သိစေရန်ခက်ခဲသူ၊
တမလွန်လောကအပြစ်တို့ကို
ဘေးဟုရှုလျက်
နေလေ့ရှိသူ
အချို့နှင့်
တမလွန်လောကအပြစ်တို့ကို
ဘေးဟု
ရှုလျက်နေလေ့မရှိသူအချို့တို့ကို
မြင်တော်မူ၏။
ဥပမာသော်ကား
ဥပ္ပလကြာတော၌လည်းကောင်း
ပဒုမ္မာကြာတော၌လည်းကောင်း
ပုဏ္ဍရိက်ကြာတော၌လည်းကောင်း
အချို့သော
ဥပ္ပလကြာ ပဒုမ္မာကြာပုဏ္ဍရိက်ကြာ
တို့သည် ရေ၌
ပေါက်ကုန်၏၊
ရေ၌
ကြီးပွါးကုန်၏၊
ရေမှ မပေါ်ထွက်
သေးကုန်၊
ရေထဲ၌မြုပ်၍
ဖွံ့ဖြိုးကုန်၏။
အချို့သော
ဥပ္ပလကြာ
ပဒုမ္မာကြာ
ပုဏ္ဍရိက်ကြာတို့သည်
ရေ၌ ပေါက်ကုန်၏၊
ရေ၌
ကြီးပွါးကုန်၏၊
ရေနှင့်အညီ
တည်ကုန်၏။
အချို့သော
ဥပ္ပလကြာ
ပဒုမ္မာကြာပုဏ္ဍရိက်ကြာတို့သည်
ရေ၌
ပေါက်ကုန်၏၊
ရေ၌ ကြီးပွါးကုန်၏၊
ရေပေါ်သို့
တက်၍
တည်ကုန်၏၊ ရေနှင့်
မလိမ်းကပ်ကုန်။
မင်းသား
ဤအတူသာလျှင်
ငါဘုရားသည်
ဗုဒ္ဓစက္ခုဖြင့်
လောကကိုကြည့်တော်မူလတ်သော်
(ပညာ) မျက်စိ၌
(ကိလေသာ) မြူ
နည်းပါးသူ,
(ပညာ) မျက်စိ၌
(ကိလေသာ)
မြူများပြားသူ၊
ဣန္ဒြေရင့်ကျက်ပြီးသူ,
ဣန္ဒြေနုသေးသူ၊
ကောင်းသောအခြင်းအရာရှိသူ,
မကောင်းသောအခြင်းအရာရှိသူ၊
သိစေရန်လွယ်ကူသူ,
သိစေရန်
ခက်ခဲသူ၊
တမလွန်လောကအပြစ်တို့ကိုဘေးဟု
ရှုလေ့ရှိသူ
အချို့နှင့်
တမလွန်လောက
အပြစ်တို့ကို
ဘေးဟု မရှုဘဲ
နေလေ့ရှိသူ
အချို့တို့ကိုမြင်တော်မူသောကြောင့်
ငါသည် သဟမ္ပတိဗြဟ္မာ
အား
ဂါထာဖြင့်
မိန့်တော်မူ၏-
''ဗြဟ္မာ
လေ့လာပြီးသော
တရားမြတ်ကို
ပင်ပန်းရုံသာဟု
အမှတ်ရှိသည်ဖြစ်၍
လူတို့အား
မဟောခဲ့ပြီ၊
(မဟောဘဲ နေရန်
အကြံ
ဖြစ်ခဲ့ပြီ)၊
ပညာတည်းဟူသော
နားနှင့် ပြည့်စုံသော
သူတို့သည်
ယုံကြည်ခြင်း'သဒ္ဓါတရား'
ကို
စေလွှတ်ကြကုန်
လော့၊
ထိုသူတို့အတွက်
နိဗ္ဗာန်တံခါးကို
ငါ
ဖွင့်ထားပြီ''ဟု
(မိန့်တော်မူ၏)။
၃၄၀။
မင်းသား
ထိုအခါ
သဟမ္ပတိဗြဟ္မာသည်
''ငါဘုရားသည်
တရားဟောရန်
ခွင့်ပြုတော်မူလိုက်ပြီ''ဟု
(သိသဖြင့်)
ငါ့ကို
ရှိခိုးလျက်
အရိုအသေ
ပြုပြီးလျှင်
ထိုနေရာ၌ပင်
ကွယ်သွားလေ၏။
မင်းသား
ထိုငါ့အား
''အဘယ်သူ့ကို
ရှေးဦးစွာ တရားဟောရပါအံ့နည်း၊
အဘယ်သူသည်
ဤတရားတော်ကို
လျင်မြန်စွာ
သိနိုင်လတ္တံ့နည်း''ဟု
အကြံဖြစ်၏။
မင်းသား
ထိုငါ့အား
''ဤကာလာမအနွယ်ဖြစ်သော
အာဠာရရသေ့သည်
ပညာရှိ၏၊
လိမ္မာ၏၊
ထက်မြက်သော ဉာဏ်ရှိ၏၊
ကာလရှည်မြင့်စွာကပင်
ပညာမျက်စိ၌
(ကိလေသာ) မြူ
နည်းပါးနေ၏၊
ငါသည်
ကာလာမအနွယ်ဖြစ်သော
အာဠာရရသေ့အား
တရားကို
ရှေးဦးစွာ
ဟောရမူ
ကောင်းပေမည်၊
ထိုအာဠာရရသေ့သည်
ဤတရားကို
လျင်စွာပင်သိနိုင်လတ္တံ့''ဟု
ဤသို့သော
အကြံသည်
ဖြစ်၏။ မင်းသား
ထိုအခါ
ငါ့ကို
နတ်သားသည်
ချဉ်းကပ်၍''အသျှင်ဘုရား
ကာလာမအနွယ်ဖြစ်သော
အာဠာရရသေ့သည်
သေပြီး၍
ခုနစ်ရက်ရှိပါပြီ''ဟု
ဤစကားကိုလျှောက်၏၊
ငါ့မှာလည်း
''ကာလာမအနွယ်ဖြစ်သော
အာဠာရရသေ့သည်
သေပြီး၍
ခုနစ်ရက်ရှိပြီ''ဟုဉာဏ်အမြင်သည်
ထင်ရှားဖြစ်၏။
မင်းသား
ထိုငါ့အား
''ကာလာမအနွယ်ဖြစ်သော
အာဠာရရသေ့သည်ကြီးစွာသော
ဆုံးရှုံးခြင်းကြီး
ဆုံးရှုံးခဲ့ပြီ၊
အကြောင်းမူကား
အကယ်၍
ထိုအာဠာရရသေ့သည်
ဤတရားကို
နာရပါမူ
လျင်စွာပင်
သိနိုင်ရာ၏''ဟု
ဤသို့သော
အကြံသည်
ဖြစ်၏။
မင်းသား
ထိုငါ့အား
''အဘယ်သူအား
ငါသည် ရှေးဦးစွာ
တရားဟောရအံ့နည်း၊
အဘယ်သူသည်ဤတရားကို
လျင်မြန်စွာ
သိနိုင်လတ္တံ့နည်း''ဟု
ငါ့အား
အကြံဖြစ်ပြန်၏။
မင်းသား
ထိုငါ့အား
''ရာမ၏သား
ဖြစ်သော
ဥဒကရသေ့သည်
ပညာရှိ၏၊
လိမ္မာ၏၊
ထက်မြက်သော
ဉာဏ်ရှိ၏၊
ကာလရှည်မြင့်စွာကပင်
(ပညာ) မျက်စိ၌
(ကိလေသာ) မြူ
နည်းပါးနေ၏၊ ငါသည်
ရာမ၏သားဖြစ်သော
ဥဒကရသေ့အား
တရားကို
ရှေးဦးစွာ
ဟောရမူ
ကောင်းပေမည်၊
ထို (ဥဒကရသေ့)
သည် ဤတရားကို
လျင်စွာပင်သိနိုင်လတ္တံ့''ဟု
ဤသို့သော အကြံသည်
ဖြစ်၏။
ထိုအခါ
နတ်သားသည်
ငါ့အား ''အသျှင်ဘုရားရာမ၏သားဖြစ်သော
ဥဒက ရသေ့သည်
ယမန်နေ့က
သေဆုံးခဲ့ပါပြီ''ဟု
လျှောက်၏။
ငါ့အားလည်း
''ရာမ၏ သားဖြစ်သော
ဥဒက ရသေ့သည်
ယမန်နေ့က
သေဆုံးခဲ့ပြီ''ဟု
အသိဉာဏ်ထင်ရှားဖြစ်ပေါ်ခဲ့ပြီ။
မင်းသား
ငါ့အား ''ရာမ၏
သားဖြစ်သော
ဥဒက ရသေ့သည် ဆုံးရှုံးခြင်းကြီးဆုံးရှုံးခဲ့ပြီ၊
အကြောင်းမူကား
အကယ်၍ ထိုဥဒက
ရသေ့သည်
ဤတရားကို
နာရပါမူ
လျင်စွာပင်
သိနိုင်ရာ၏''ဟု
ဤသို့သော
အကြံသည်
ဖြစ်၏။
၃၄၁။
မင်းသား
ထိုငါအား
''အဘယ်သူ့အား
ငါသည် ရှေးဦးစွာ
တရားဟောရအံ့နည်း၊
အဘယ်သူသည် ဤတရားကို
လျင်မြန်စွာ
သိနိုင်လတ္တံ့နည်း''ဟု
အကြံဖြစ်ပြန်၏။
မင်းသား
ထိုငါ့အား
''(ငါးယောက်အစုရှိသော)
ပဉ္စဝဂ္ဂီရဟန်းတို့သည်
ငါ့အား
ကျေးဇူးများကုန်၏။
ယင်း
ပဉ္စဝဂ္ဂီရဟန်းတို့သည်ပဓာနအလုပ်ကို
အားထုတ်နေသော
ငါ့ကို
လုပ်ကျွေးဖူးကုန်၏၊
ငါသည်
ပဉ္စဝဂ္ဂီရဟန်းတို့အား
တရားကိုရှေးဦးစွာ
ဟောရမူ
ကောင်းပေမည်''ဟု
အကြံဖြစ်ပြန်၏။
မင်းသား
ထိုငါ့အား
''ယခုအခါ ပဉ္စဝဂ္ဂီရဟန်းတို့သည်
အဘယ်အရပ်၌
နေကြကုန်သနည်း''ဟု
အကြံဖြစ်ပြန်၏။
မင်းသား
ငါသည် အထူးသဖြင့်သန့်ရှင်းစင်ကြယ်သော
လူတို့၏
မျက်စိထက်
သာလွန်သော နတ်မျက်စိနှင့်တူသော
မျက်စိ
'ဒိဗ္ဗစက္ခုဉာဏ်'ဖြင့်
ဗာရာဏသီပြည်
ဣသိပတနမည်သော
မိဂဒါဝုန်တော၌
နေကုန်သော
ပဉ္စဝဂ္ဂီရဟန်းတို့ကို
မြင်တော်မူ၏။
မင်းသား
ထိုအခါ
ငါဘုရားသည်
ဥရုဝေလတော၌
မွေ့လျော်တော်မူသရွေ့
နေပြီးလျှင်
ဗာရာဏသီပြည်သို့
ဒေသစာရီလှည့်လည်ခဲ့၏။
မင်းသား
ဥပကအာဇီဝက
(တက္ကတွန်း)
သည် ဂယာနှင့်
ဗောဓိပင်အကြား
ခရီးရှည်သွားသောငါဘုရားကို
မြင်၍ ငါ့ကို
''ငါ့သျှင်
သင်၏
ဣန္ဒြေတို့သည်
အထူးသဖြင့်
ကြည်လင်ကုန်၏၊
အရေအဆင်းသည်
စင်ကြယ်၏၊
ဖြူစင်၏၊
ငါ့သျှင်
သင်သည် အဘယ်သူ့ကို
ရည်ညွှန်း၍
ရဟန်းပြုသနည်း၊
သင်၏ဆရာကား
အဘယ်သူနည်း၊
သင်သည်
အဘယ်သူ၏ တရားကို
နှစ်သက်သနည်း''ဟု
ဆိုလတ်သော်ငါဘုရားသည်
ဥပကအာဇီဝက
(တက္ကတွန်း)
ကို
ဂါထာတို့ဖြင့်
မိန့်ကြား၏-
''ဥပက
ငါသည်
အလုံးစုံကို
လွှမ်းမိုးနိုင်၏၊
အလုံးစုံကို
သိ၏၊
တရားအားလုံး
တို့၌ (ကိလေသာဖြင့်)
မလိမ်းကျံ၊
အလုံးစုံကို
စွန့်အပ်ပြီ၊
တဏှာ၏ကုန်ရာ
(နိဗ္ဗာန်)
ကို အာရုံပြုရသောကြောင့်
ကိလေသာမှလွတ်ပြီ၊
ကိုယ်တိုင်
အထူးသိမြင်
ပြီးဖြစ်၍
အဘယ်သူ့ကို
(ဆရာဟူ၍)
ညွှန်းရအံ့နည်း။
ဥပက
ငါ့အား
ဆရာမရှိ၊
ငါနှင့်တူသူ
မရှိ၊ နတ်နှင့်တကွသော
လောက၌ ငါ့အား
ဖက်ပြိုင်နိုင်သောပုဂ္ဂိုလ်သည်လည်း
မရှိ။
ငါသည်
လောက၌
ရဟန္တာတည်း၊
ငါသည်
အတုမရှိသောသူတည်း၊
နတ်လူ တို့၏
ဆရာတည်း၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိသော
တစ်ဆူတည်းသော
ဘုရားတည်း၊
ကိလေသာမီးငြိမ်းသည်ဖြစ်၍
ချမ်းမြ၏။
ငါသည်
ဓမ္မစကြာတရားကို
ဟောခြင်းငှါ
ကာသိတိုင်း
ဗာရာဏသီပြည်သို့
သွား အံ့၊
သူကန်းသဖွယ်ဖြစ်သော
လောက၌
(တရားတည်းဟူသော)
အမြိုက်စည်ကြီးကို
တီးခတ်ပေအံ့''ဟု
(မိန့်ကြား၏)။
ငါ့သျှင်
သင်
ဝန်ခံသည့်အတိုင်းဆိုလျှင်
''အဆုံးမရှိသော
ဉာဏ်နှင့်
ပြည့်စုံသော
မာရ်ငါးပါးကို့အောင်သော
ဘုရားဖြစ်ထိုက်ပေ၏''ဟု
(ဆို၏)။
''ဥပက
အာသဝေါတရားတို့ကုန်ခြင်းသို့
ရောက်သော
ငါကဲ့သို့သော
ပုဂ္ဂိုလ်တို့
သည်
စင်စစ်ဇိနမည်ကုန်၏၊
ငါသည်
ယုတ်မာသော
အကုသိုလ်တရားတို့ကို
အောင်အပ်ပြီး
ဖြစ်သောကြောင့်ဇိနမည်၏''ဟု
(မိန့်တော်မူ၏)။
မင်းသား
ဤသို့
မိန့်ကြားသော်
ဥပကတက္ကတွန်းသည်
''ငါ့သျှင်ဟုတ်ပေရာ၏''ဟု
ဆိုကာ ဦးခေါင်းကိုညိတ်လျက်
လမ်းဖယ်၍
သွားလေ၏။
၃၄၂။
မင်းသား ထိုအခါ
ငါဘုရားသည်
အစဉ်အတိုင်း
ဒေသစာရီ
လှည့်လည်ခဲ့သော်
ဗာရာဏသီပြည်ဣသိပတနမည်သော
မိဂဒါဝုန်တော
ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့
ချဉ်းကပ်ခဲ့၏။
မင်းသား
ပဉ္စဝဂ္ဂီရဟန်းတို့သည်
အဝေးမှ
ကြွလာတော်မူသော
ငါဘုရားကို
မြင်ကြ၍
''ငါ့သျှင်တို့
လာဘ်များခြင်းငှါ
ကျင့်၍ကမ္မဋ္ဌာန်းလုပ်ငန်းမှ
ထွက်သော
လာဘ်များခြင်းငှါ
လှည့်လည်သော
ဤရဟန်းဂေါတမသည်
ကြွလာ၏၊
ထိုရဟန်းဂေါတမကို
ရှိမခိုးရ၊
ခရီးဦးကြိုမှု
မပြုရ၊
ထိုရဟန်းဂေါတမ၏
သပိတ်သင်္ကန်းကို
လှမ်းမယူရ၊ (သို့ရာတွင်)
နေရာကိုကား
ထားထိုက်၏၊
ရဟန်းဂေါတမသည်
အကယ်၍
အလိုရှိလျှင်
ထိုင်လိမ့်မည်''ဟုအချင်းချင်း
ကတိကဝတ်ပြုကုန်၏။
မင်းသား
ငါဘုရားသည်
ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့
ချဉ်းကပ်မိသော်ပဉ္စဝဂ္ဂီရဟန်းတို့သည်
မိမိတို့
ကတိကဝတ်ဖြင့်
မတည်နိုင်ကုန်ဘဲ
ငါဘုရားကို
ခရီးဦးကြို ပြုကြပြီးလျှင်တစ်ယောက်သည်
ငါဘုရား၏ သပိတ်သင်္ကန်းကို
လှမ်းယူ၏၊
တစ်ယောက်သည်
နေရာ ခင်း၏၊
တစ်ယောက်သည်
ခြေဆေးရေကို
တည်၏၊
တစ်ယောက်သည်
ခြေဆေး
အင်းပျဉ်ကို
တည်ထား၏၊
တစ်ယောက်သည်
ခြေပွတ်အိုးခြမ်းကို
အနီး၌ ထား၏၊
ငါဘုရားသည်
ခင်းထားသော နေရာ၌ထိုင်ပြီးလျှင်
ခြေတို့ကို
ဆေးကြော၏။
သို့သော်
ငါဘုရားကို
ဂေါတမဟူသော
အမည်ဖြင့်လည်းကောင်း၊
ငါ့သျှင်ဟူသော
ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း
ခေါ်ဝေါ်ပြောဆိုကုန်၏။
ဤသို့
ပြောဆိုကုန်သည်ရှိသော်
ငါဘုရားသည်
ပဉ္စဝဂ္ဂီရဟန်းတို့အား
''ရဟန်းတို့
ငါ့ကို
ဂေါတမဟူသော
အမည်ဖြင့်လည်းကောင်း၊
ငါ့သျှင်ဟူသော
ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း
မပြောဆိုကြကုန်လင့်။
ရဟန်းတို့
ငါဘုရားသည်
ရဟန္တာတည်း၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိသော
ဘုရားတည်း၊
ရဟန်းတို့
နားထောင်ကုန်လော့၊
အမြိုက်နိဗ္ဗာန်ကို
(ငါ) ရပြီ၊
ငါသည်
ဆုံးမအံ့၊
ငါသည်
တရားဟောအံ့၊
ငါဆုံးမသည့်အတိုင်း
ကျင့်သည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ကောင်းစွာဝင်သောအမျိုးကောင်းသားတို့
လိုလားအပ်သော
မြတ်သော
အကျင့်၏
အဆုံးဖြစ်သော
အတုမရှိသော
အရဟတ္တဖိုလ်သို့
မကြာမီ
ယခုဘဝ၌ပင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင် မျက်မှောက်ပြုလျက်
ရောက်၍
နေရလတ္တံ့''ဟု
ပြောခဲ့၏၊
မင်းသား
ဤသို့
ပြောသော်
ပဉ္စဝဂ္ဂီရဟန်းတို့သည်
ငါဘုရားအား
ဤသို့ဆိုကုန်၏-''ငါ့သျှင်ဂေါတမ
သင်သည်
ပြုနိုင်ခဲသော
ဣရိယာပုထ်ကို
ပြုသဖြင့်လည်းကောင်း၊
ကျင့်နိုင်ခဲသော
အကျင့်ကို ကျင့်သဖြင့်လည်းကောင်း
ပြုနိုင်ခဲသော
အမှုကို
ပြုသဖြင့်လည်းကောင်းလူတို့၏
ကုသိုလ်
တရားထက်
လွန်မြတ်သော
အရိယာအဖြစ်ကို
ပြုစွမ်းနိုင်သော
ဉာဏ်အမြင်အထူးကိုမရခဲ့ပေ၊
လာဘ်များခြင်းငှါ
ကျင့်၍
ကမ္မဋ္ဌာန်း
(လုပ်ငန်း) မှ
ထွက်လျက်
လာဘ်များခြင်းငှါလှည့်လည်သော
သင်သည်
ယခုအခါ လူတို့၏
ကုသိုလ်တရားထက်
လွန်မြတ်သော
အရိယာအဖြစ်ကိုပြုစွမ်းနိုင်သော
ဉာဏ်အမြင်အထူးကို
အဘယ်မှာ (သင်)
ရနိုင်ပါအံ့နည်း''ဟု
(ပြောကုန်၏)။
မင်းသား
ဤသို့
ပြောကုန်သော်
ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား
''ရဟန်းတို့
ငါဘုရားသည်လာဘ်များခြင်းငှါ
မကျင့်၊
ကမ္မဋ္ဌာန်းလုပ်ငန်းမှလည်း
ထွက်သည်
မဟုတ်၊
လာဘ်များခြင်းငှါ
မလှည့်လည်၊
ရဟန်းတို့
ငါဘုရားသည်
ရဟန္တာတည်း၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာ
သိသောဘုရားတည်း၊
ရဟန်းတို့
နားထောင်ကုန်လော့၊
အမြိုက်နိဗ္ဗာန်ကို
(ငါ) ရပြီ၊
ငါသည်
ဆုံးမအံ့၊
ငါသည်တရားဟောအံ့၊
ငါဆုံးမသည့်အတိုင်း
ကျင့်သည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ကောင်းစွာဝင်သော
အမျိုးကောင်းသားတို့
လိုလားအပ်သော
မြတ်သောအကျင့်၏
အဆုံးဖြစ်သော
အတုမရှိသော
အရဟတ္တဖိုလ်သို့
မကြာမီ
ယခုဘဝ၌ပင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍နေရလတ္တံ့''ဟု
ပြော၏၊
မင်းသား
နှစ်ကြိမ်မြောက်လည်း
ပဉ္စဝဂ္ဂီရဟန်းတို့သည်
ငါဘုရားအား
ဤသို့ဆိုကုန်၏။
နှစ်ကြိမ်မြောက်လည်း
ငါဘုရားသည်
ပဉ္စဝဂ္ဂီရဟန်းတို့အား
ဤသို့ပင်
မိန့်တော်မူ၏။ပ။
မင်းသား
သုံးကြိမ်မြောက်လည်း
ပဉ္စဝဂ္ဂီရဟန်းတို့သည်
ငါဘုရားအား
''ငါ့သျှင်ဂေါတမ
သင်သည်ပြုနိုင်ခဲသော
ဣရိယာပုထ်ကို
ပြုသဖြင့်လည်းကောင်း၊
ကျင့်နိုင်ခဲသော
အကျင့်ကိုကျင့်သဖြင့်လည်းကောင်း၊
ပြုနိုင်ခဲသော
အမှုကို ပြုသဖြင့်လည်းကောင်း
လူတို့၏
ကုသိုလ်တရားထက်လွန်မြတ်သော
အရိယာအဖြစ်ကို
ပြုစွမ်း နိုင်သော
ဉာဏ်အမြင်အထူးကို
မရခဲ့ပေ၊
လာဘ်များခြင်းငှါကျင့်၍
ကမ္မဋ္ဌာန်း
(လုပ်ငန်း) မှ
ထွက်လျက်
လာဘ်များခြင်းငှါ
လှည့်လည်သော
သင်သည်
ယခုအခါလူတို့၏
ကုသိုလ်တရားထက်
လွန်မြတ်သော
အရိယာအဖြစ်ကို
ပြုစွမ်းနိုင်သော
ဉာဏ်အမြင်အထူးကိုအဘယ်မှာ
(သင်)
ရနိုင်ပါအံ့နည်း''ဟု
ပြော ကုန်၏။
ဤသို့
ပြောကုန်လတ်သော်
ငါဘုရားသည်
ပဉ္စဝဂ္ဂီရဟန်းတို့အား
''ဤမှ
ရှေးအခါ၌
ဤသို့သောစကားကို
ငါပြောဖူးသည်ကို
သင်တို့မှတ်မိကြကုန်သလော''ဟု
ပြောဆို၏။
မမှတ်မိပါ
အသျှင်ဘုရားဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ငါသည်
ရဟန္တာတည်း၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိသော
ဘုရားတည်း၊
ရဟန်းတို့
နားထောင်ကုန်လော့၊
အမြိုက်နိဗ္ဗာန်ကို
(ငါ) ရပြီ၊
ငါသည်
ဆုံးမအံ့၊
ငါသည်
တရားဟောအံ့၊
ငါဆုံးမသည့်အတိုင်း
ကျင့်သည်ရှိသော်
လူ့ဘောင်မှ
ရဟန်းဘောင်သို့ကောင်းစွာ
ဝင်သော
အမျိုးကောင်းသားတို့
လိုလားအပ်သော
မြတ်သောအကျင့်၏
အဆုံးဖြစ်သောအတုမရှိသော
အရဟတ္တဖိုလ်သို့
မကြာမီ
ယခုဘဝ၌ပင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်မျက်မှောက်ပြုလျက်
ရောက်၍
နေရလတ္တံ့''ဟု
ဆို၏။
မင်းသား
ငါဘုရားသည်
ပဉ္စဝဂ္ဂီရဟန်းတို့အား
(ဘုရားအဖြစ်ကို)
သိစေရန်
တတ်နိုင်ခဲ့လေပြီ။
မင်းသား
နှစ်ပါးကုန်သော
ရဟန်းတို့ကိုလည်း
ဆုံးမ၏၊
သုံးပါးသော
ရဟန်းတို့သည်
ဆွမ်းအတွက်
လှည့်လည်ကြကုန်၏၊
ရဟန်းသုံးပါးတို့သည်
ဆွမ်းအလို့ငှါလှည့်လည်၍
ဆောင်ယူခဲ့သော
ထိုဆွမ်းဖြင့်
ခြောက်ဦးသားတို့
မျှတကြကုန်၏။
မင်းသားသုံးပါးကုန်သော
ရဟန်းတို့ကိုလည်း
ဆုံးမ၏၊
နှစ်ပါးကုန်သော
ရဟန်းတို့သည်
ဆွမ်းအတွက်လှည့်လည်ကြကုန်၏၊
နှစ်ပါးကုန်သော
ရဟန်းတို့သည်
ဆွမ်းအလို့ငှါ
လှည့်လည်ကြ၍
ဆောင်ယူလာသောဆွမ်းဖြင့်
ခြောက်ဦးသားတို့သည်
မျှတကြကုန်၏။
၃၄၃။
မင်းသား
ပဉ္စဝဂ္ဂီရဟန်းတို့သည်
ငါက ဤသို့ဆုံးမ
ဤသို့ကန်မြစ်အပ်သည်ရှိသော်
ကောင်းစွာသာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သောအကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကို
ယခုဘဝ၌ပင် ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍
နေရကုန်ပြီဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူလတ်သော်ဗောဓိမင်းသာသည်
မြတ်စွာဘုရားကို
''အသျှင်ဘုရား
မြတ်စွာဘုရားဟူသော
ဆုံးမသူဆရာကို
ရသောရဟန်းသည်
အဘယ်မျှလောက်
ကြာမြင့်မှ
ကောင်းစွာသာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သောအကျင့်၏
အဆုံးဖြစ်သောအရဟတ္တ
ဖိုလ်အကျိုးကို
ယခုဘဝ၌ပင် ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍နေရပါသနည်း''ဟု
လျှောက်၏။
မင်းသား
ထိုသို့ဖြစ်မူ
ဤအရာ၌
သင်မင်းသားကိုသာလျှင်
ပြန်၍
မေးအံ့၊ သင် နှစ်သက်သည့်
အတိုင်းဖြေကြားလော့။
မင်းသား
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
သင်မင်းသားသည်
ဆင်စီးအတတ်၌လည်းကောင်း၊
ချွန်းကိုင်အတတ်၌လည်းကောင်း
တတ်မြောက်လိမ္မာသည်
မဟုတ်လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
မှန်ပါ၏၊
အကျွန်ုပ်သည်
ဆင်စီးအတတ်၌လည်းကောင်း၊
ချွန်းကိုင်အတတ်၌့လည်းကောင်း
တတ်မြောက်လိမ္မာပါ၏ဟု
(လျှောက်၏)။
မင်းသား
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
ဤလောက၌
တစ်ဦးသော
ယောက်ျားသည်''ဗောဓိမင်းသားသည်
ဆင်စီးအတတ်ကိုလည်းကောင်း၊
ချွန်းကိုင်အတတ်ကိုလည်းကောင်း၊
တတ်မြောက်၏ထိုမင်းသား၏
အထံ၌
ဆင်စီးအတတ်ကိုလည်းကောင်း၊
ချွန်းကိုင်အတတ်ကိုလည်းကောင်း
သင်ယူအံ့''
ဟူ၍လာရောက်ရာ၏။
ထိုယောက်ျားသည်
ယုံကြည်မှု
မရှိသူလည်း
ဖြစ်ရာ၏၊
ယုံကြည်မှုရှိသူ
ရောက်သင့်သော
အရာသို့လည်း
မရောက်ရာ။
ထိုယောက်ျားသည်
အနာရောဂါများသူလည်း
ဖြစ်ရာ၏၊
အနာရောဂါကင်းသူ
ရောက်သင့်သော
အရာသို့လည်း
မရောက်ရာ။
ထိုယောက်ျားသည်
ဟန်ဆောင်တတ်သူ
မာယာများသူဖြစ်၏၊
ဟန်မဆောင်တတ်သူ
မာယာမများသူ
ရောက်သင့်သော
အရာသို့လည်း
မရောက်ရာ။ ထိုယောက်ျားသည်
ပျင်းရိသူလည်း
ဖြစ်ရာ၏၊ ထက်သန်သော
လုံ့လရှိသူ
ရောက်သင့်သော
အရာသို့လည်းမရောက်ရာ။
ထိုယောက်ျားသည်
ဉာဏ်နည်းသူလည်း
ဖြစ်ရာ၏၊
ဉာဏ်ရှိသူ
ရောက်သင့်သော
အရာသို့လည်း
မရောက်ရာ။
မင်းသား
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း၊
စင်စစ်အားဖြင့်
ထိုသို့သဘောရှိသောယောက်ျားသည်
သင်၏ အထံ၌
ဆင်စီးအတတ်
ချွန်းအတတ်ကို
တတ်မြောက်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
တစ်ပါးပါးသော
အင်္ဂါနှင့်မျှလည်း
ပြည့်စုံသော
ထိုယောက်ျားသည်
အကျွန်ုပ်၏အထံ၌
ဆင်စီးအတတ်ကိုလည်းကောင်း၊
ချွန်းကိုင်အတတ်ကိုလည်းကောင်း
မတတ်မြောက်ရာပါ၊
အင်္ဂါငါးပါး
လုံးနှင့် ပြည့်စုံသော
ယောက်ျားမှာမူကား
အဘယ်ဆိုဖွယ်ရာ
ရှိပါအံ့နည်းဟု
(လျှောက်၏)။
၃၄၄။
မင်းသား
ထိုအရာကို
အဘယ်သို့
မှတ်ထင်သနည်း။
ဤလောက၌
ယောက်ျားတစ်ယောက်
သည်''ဗောဓိမင်းသားသည်
ဆင်စီးအတတ်ကိုလည်းကောင်း၊
ချွန်းကိုင်အတတ်ကိုလည်းကောင်း၊
တတ်မြောက်၏၊
ငါသည်
ဗောဓိမင်းသားအထံ၌
ဆင်စီးအတတ်ကိုလည်းကောင်း၊
ချွန်းကိုင်အတတ်ကိုလည်းကောင်း
သင်ယူအံ့''ဟူ၍
လာရောက်ရာ၏။
ထိုယောက်ျားသည်
မင်းသားအား
ယုံကြည်မှုရှိသူ
ဖြစ်ရာ၏၊
ယုံကြည်သူ
ရောက်သင့်သော
အရာသို့လည်း
ရောက်ရာ၏၊
ထိုယောက်ျားသည်
အနာရောဂါကင်းသူလည်း
ဖြစ်ရာ၏၊
အနာရောဂါကင်းသူ
ရောက်သင့်သော
အရာသို့လည်း
ရောက်ရာ၏၊
ထိုယောက်ျားသည်
ဟန်မဆောင်တတ်သူ
မာယာမများသူလည်း
ဖြစ်ရာ၏၊
ဟန်မဆောင်တတ်သူမာယာမများသူ
ရောက်သင့်သော
အရာသို့လည်း
ရောက်ရာ၏။
ထိုယောက်ျားသည်
ထက်သန်သောလုံ့လရှိသူူလည်း
ဖြစ်ရာ၏၊
ထက်သန်သော
လုံ့လရှိသူူ
ရောက်သင့်သော
အရာသို့လည်း
ရောက်ရာ၏။
ထိုယောက်ျားသည်
ဉာဏ်ရှိသူူလည်း
ဖြစ်ရာ၏၊
ဉာဏ်ရှိသူူ
ရောက်သင့်သော
အရာသို့လည်းရောက်ရာ၏။
မင်းသား ထို
အရာကို အဘယ်သို့
မှတ်ထင်သနည်း၊
စင်စစ်အားဖြင့်
ထိုယောက်ျားသည်သင်၏
အထံ၌
ဆင်စီးအတတ်
ကိုလည်းကောင်း၊
ချွန်းကိုင်အတတ်ကိုလည်းကောင်းတတ်မြောက်ရာအံ့လောဟု
(မေးတော်မူ၏)။
အသျှင် ဘုရား
တစ်ပါးပါးသော
အင်္ဂါနှင့်မျှလည်းပြည့်စုံသော
ထိုယောက်ျားသည်
အကျွန်ုပ်၏
အထံ၌ ဆင်စီး
အတတ်ကိုလည်းကောင်းချွန်းကိုင်အတတ်ကိုလည်းကောင်း
တတ်မြောက်ရာပါ၏၊
ငါးပါးသော
အင်္ဂါတို့နှင့်
ပြည့်စုံသော
သူမှာမူကားအဘယ်ဆိုဖွယ်ရာ
ရှိပါအံ့နည်းဟု
(လျှောက်၏)။
မင်းသား
ဤဥပမာ
အတူသာလျှင်
ကမ္မဋ္ဌာန်းအားထုတ်သူတို့၏
အကြောင်းအင်္ဂါတို့သည်
ဤငါးပါးတို့တည်း။
အဘယ်ငါးပါးတို့နည်းဟူမူ-
မင်းသား
ရဟန်းသည်
(၁)
ယုံကြည်မှုရှိ၏၊
''ထိုမြတ်စွာဘုရား
သည် ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
'အရဟံ'
မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသောအကြောင်း
ကြောင့်လည်း
'သမ္မာသမ္ဗုဒ္ဓ'
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့်
'စရဏ'နှင့်ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
'ဝိဇ္ဇာစရဏသမ္ပန္န'မည်
တော်မူ၏၊
ကောင်းသော စကားကိုဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
'သုဂတ'မည်တော်မူ၏၊
လောကကို
သိတော်မူသောအကြောင်းကြောင့်လည်း
'လောကဝိဒူ'
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမ
တတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်း
ကြောင့်လည်း
'အနုတ္တရော ပုရိသဒမ္မသာရထိ'
မည် တော်မူ၏၊
နတ်လူတို့၏ ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
'သတ္ထာ
ဒေဝမနုဿာနံ'
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်
မူသော
အကြောင်းကြောင့်လည်း
'ဗုဒ္ဓ'မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
'ဘဂဝါ'
မည်တော်မူ၏''ဟု
မြတ်စွာဘုရား၏ဗောဓိ
(မဂ်ဉာဏ်
ဖိုလ်ဉာဏ်
သဗ္ဗညုတဉာဏ်)
ကို ယုံကြည်၏။
(၂)
အနာကင်း၏၊
ရောဂါကင်း၏၊
အညီအမျှ
ကျေကျက်စေတတ်သော
မအေးလွန်း
မပူလွန်းသောအလယ်အလတ်ဖြစ်သော
ကမ္မဋ္ဌာန်းစီးဖြန်းရန်ခံ့သော
ပါစကတေဇောဓာတ်
(ဝမ်းမီး)
နှင့်
ပြည့်စုံ၏။
(၃)
ဟန်ဆောင်ခြင်း
လှည့်ပတ်ခြင်း
မရှိ၊ ဆရာဖြစ်သော
မြတ်စွာဘုရားအထံ၌
လည်းကောင်းပညာရှိကုန်သော
သီတင်းသုံးဖော်တို့အထံ၌လည်းကောင်းဟုတ်မှန်သည့်အတိုင်း
မိမိကိုယ်ကို
ထင်စွာ
ပြုတက်၏။
(၄)
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိသည်ဖြစ်၍
နေ၏၊
အားစွမ်းရှိ၏၊
မြဲမြံစွာအားထုတ်မှုရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချမထား။
(၅)
ပညာရှိ၏၊
အဖြစ်
အပျက်ကို
သိစွမ်းနိုင်သော
ပညာနှင့်
ပြည့်စုံ၏၊
စင်ကြယ်သော
(ကိလေသာ ကို)
ဖောက်ခွဲဖျက်ဆီးနိုင်သော
ကောင်းစွာ
ဒုက္ခ၏ကုန်ရာ
နိဗ္ဗာန်သို့
ရောက်စေနိုင်သော
ပညာနှင့်
ပြည့်စုံ ၏။
မင်းသား
ဤသည်တို့ကား
ကမ္မဋ္ဌာန်းစီးဖြန်းသော
ပုဂ္ဂိုလ်၏
အကြောင်းအင်္ဂါငါးပါးတို့ပေတည်း။
၃၄၅။
မင်းသား
ကမ္မဋ္ဌာန်းစီးဖြန်းမှုအကြောင်းအင်္ဂါ
ငါးပါးတို့နှင့်ပြည့်စုံသော
ရဟန်းသည်
မြတ်စွာဘုရားတည်းဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော်
ခုနစ်နှစ်ကြာလျှင်
ကောင်းစွာသာလျှင်
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သောအကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကို
ယခုဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍
နေနိုင်ရာ၏။
မင်းသား
ခုနစ်နှစ်တို့ကို
ထားဦးလော့၊
ကမ္မဋ္ဌာန်းအားထုတ်မှု
အကြောင်းအင်္ဂါငါးပါးတို့နှင့်
ပြည့်စုံသော
ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော်ခြောက်နှစ်ကြာလျှင်
ကောင်းစွာသာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သော
အကျင့်၏ အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကိုယခု
ဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍
နေနိုင်ရာ၏။
ငါးနှစ်ကြာလျှင်။
လေးနှစ်ကြာလျှင်။
သုံးနှစ်ကြာလျှင်။
နှစ်နှစ်ကြာလျှင်။
တစ်နှစ်ကြာလျှင်။
မင်းသားတစ်နှစ်တို့ကို
ထားဦးလော့၊
ကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ
ငါးပါးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်မြတ်စွာ
ဘုရားတည်းဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော်
ခုနစ်လကြာလျှင်
ကောင်းစွာသာလျှင်လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသောမြတ်သော
အကျင့်၏ အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကို
ယခုဘဝ၌ပင်
ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
မျက် မှောက်ပြုကာ
ရောက်၍
နေနိုင်ရာ၏။
မင်းသား
ခုနစ်လတို့ကို
ထားဦးလော့၊
ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ
ငါးပါးတို့နှင့်ပြည့်စုံသော
ရဟန်းသည်
မြတ်စွာဘုရားတည်းဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော် ခြောက်လကြာလျှင်
ကောင်းစွာသာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သော
အကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်
အကျိုးကို
ယခုဘဝ၌ပင်ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍
နေနိုင်ရာ၏။
ငါးလကြာလျှင်။
လေးလကြာ့လျှင်။
သုံးလကြာလျှင်။
နှစ်လကြာလျှင်။
တစ်လကြာလျှင်။
လဝက်ကြာလျှင်။
မင်းသား လဝက်ကိုထားဦးလော့၊
ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း
အင်္ဂါငါးပါးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
မြတ်စွာဘုရားတည်းဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော်
ခုနစ်ရက်ကြာလျှင်
ကောင်းစွာသာလျှင်
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သောအကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကို
ယခုဘဝ၌ပင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍ နေနိုင်ရာ၏။
မင်းသား
ခုနစ်ရက်တို့ကို
ထားဦးလော့၊
ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ
ငါးပါးတို့နှင့်ပြည့်စုံသော
ရဟန်းသည်
မြတ်စွာဘုရားတည်းဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော်
ခြောက်ရက်ကြာလျှင်
ကောင်းစွာသာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သော
အတုမရှိသော
မြတ်သောအကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကို
ယခုဘဝ၌ပင်ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုကာ
ရောက်၍
နေနိုင်ရာ၏။
ငါးရက်ကြာလျှင်။
လေးရက်ကြာ
လျှင်။
သုံးရက်ကြာလျှင်။
နှစ်ရက်ကြာလျှင်။
တစ်ရက်ကြာလျှင်။
မင်းသား
တစ်ရက်ကိုထားဦးလော့၊
ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း
အင်္ဂါငါးပါးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်မြတ်စွာဘုရားတည်း
ဟူသော
ဆုံးမသူဆရာကို
ရသည်ရှိသော်
ညချမ်းအခါ
ဆုံးမမူ
နံနက်အခါ၌တရားအထူးကို
ရပေလိမ့်မည်၊
နံနက်အခါ
ဆုံးမမူ ညချမ်းအခါ၌
တရားအထူးကို
ရပေလိမ့်မည်ဟု
(မိန့်တော်မူ၏)။
ဤသို့
မိန့်တော်မူ
သည်ရှိသော်
ဗောဓိမင်းသားသည်
မြတ်စွာဘုရားကို
''ညချမ်းအခါ၌ဆုံးမသည်ရှိသော်
နံနက်အခါ၌
တရားအထူးကို
ရစွမ်းနိုင်၏၊
နံနက်အခါ၌
ဆုံးမသည်ရှိသော်ညချမ်းအခါ၌
တရားအထူးကို
ရစွမ်းနိုင်၏၊
မြတ်စွာဘုရားသည်
အံ့ဩဖွယ်ကောင်းလှပါ၏၊
တရားတော်သည်
အံ့ဩဖွယ်ကောင်းလှပါ၏၊
တရားတော်၏
ကောင်းစွာဟောကြားထားသည်၏
အဖြစ်သည်
အံ့ဩဖွယ်ကောင်းလှပါ၏''ဟု
လျှောက်၏။
၃၄၆။
ဤသို့
လျှောက်လတ်သော်
သဉ္ဇိကာပုတ္တလုလင်သည်
ဗောဓိမင်းသားကို
''ဤအရှင်ဗောဓိမင်းသားသည်
'မြတ်စွာဘုရားသည်
အံ့ဩဖွယ်ကောင်းလှပါ၏၊
တရားတော်သည်
အံ့ဩဖွယ်ကောင်းလှပါ၏၊
တရားတော်၏
ကောင်းစွာ
ဟောကြားထားသည်၏
အဖြစ်သည်
အံ့ဩဖွယ်ကောင်းလှပါ၏'
ဟူ၍ဤသို့သာလျှင်
လျှောက်ထားဘိ၏၊
ထိုသို့ပင်
လျှောက်ထားငြားသော်လည်း
ထိုအသျှင်ဂေါတမကိုကိုးကွယ်ရာဟူ၍
မဆည်းကပ်၊
တရားတော်မြတ်ကိုလည်းကောင်း၊
ရဟန်းသံဃာအပေါင်းကိုလည်းကောင်းကိုးကွယ်ရာဟူ၍
မဆည်းကပ်''ဟု
ပြောဆို၏။
အချင်းသဉ္ဇိကာပုတ္တ
ဤသို့ မဆိုလင့်၊
အချင်းသဉ္ဇိကာပုတ္တဤသို့
မဆိုလင့်၊
အချင်းသဉ္ဇိကာပုတ္တ
ငါသည်
ဤသို့သော စကားကို
မယ်တော်၏
မျက်မှောက်မှကြားနာမှတ်သား
လိုက်ရပါ၏၊
မယ်တော်၏
မျက်မှောက်မှ
ဤစကားကို
ခံယူဖူး၏၊
အချင်းသဉ္ဇိကာပုတ္တအခါတစ်ပါး
မြတ်စွာဘုရားသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ကိုယ်ဝန်ဆောင်ဖြစ်သော
ငါ၏
မယ်တော်သည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားကိုရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေလျက်
''အသျှင်ဘုရား
အကျွန်ုပ်၏
ဝမ်းတိုက်ရှိ
ဤသတို့သား၊ သို့မဟုတ်
သတို့သမီးသည်
အသျှင်ဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်မြတ်ကိုလည်းကောင်း၊
ရဟန်းသံဃာအပေါင်းကိုလည်းကောင်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
ထိုသူငယ်ကို
ယနေ့ကို
အစပြု၍
အသက်ထက်ဆုံး
ကိုးကွယ်ရာဟူ၍
ဆည်းကပ်သော
ဥပါသကာဟူ၍
မှတ်တော်မူပါလော့''ဟု
လျှောက်ခဲ့ပြီ။
အချင်းသဉ္ဇိကာပုတ္တ
အခါတစ်ပါး
မြတ်စွာဘုရားသည်
ဘဂ္ဂတိုင်း
သုသုမာရဂိရမြို့ဝယ်
သားသမင် တို့ကိုဘေးမဲ့ပေးရာဖြစ်သော
ဤပဲစင်းငုံတော၌ပင်လျှင်
သီတင်းသုံးနေတော်မူ၏။
ထိုအခါ
ငါ့ကို
နို့ထိန်း
သည်ရင်ခွင်ဖြင့်
ပိုက်ချီ၍
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်ပြီးလျှင်
ရှိခိုးလျက်
သင့်လျော်ရာ၌
ရပ်တည်
ကာ့''အသျှင်ဘုရား
ဤဗောဓိမင်းသားသည်
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်မြတ်ကိုလည်းကောင်း၊
ရဟန်းသံဃာအပေါင်းကိုလည်းကောင်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
ထိုဗောဓိမင်းသားကို
ယနေ့ကို
အစပြု၍
အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍
ဆည်းကပ်သော ဥပါသကာဟူ၍
မှတ်တော်မူပါလော့''ဟု
လျှောက်ဖူးပြီ။
အချင်းသဉ္ဇိကာပုတ္တ
ထိုငါသည်သုံးကြိမ်
မြောက်လည်း
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်မြတ်ကိုလည်းကောင်း
ရဟန်းအပေါင်းကိုလည်းကောင်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ယနေ့ကို
အစပြု၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ရာဟူ၍
ဆည်းကပ်သော
ဥပါသကာ ဟူ၍
မှတ်တော်မူပါလော့ဟု
(လျှောက်လေသတည်း)။
ငါးခုမြောက်
ဗောဓိရာဇကုမာရသုတ်
ပြီး၏။
------
၆-အင်္ဂုလိမာလသုတ်
၃၄၇။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်း၏ နိုင်ငံတော်၌ ကြမ်း၊ ကတ်သောသွေးစွန်းသော လက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနားကင်းမဲ့သောအဂုင်္လိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင်ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်း နယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအဂုင်္လိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို ဆေƞ