အဂုင်္တ္တရနိကာယ်
အဂုင်္တ္တိုရ်ပါဠိတော်
မြန်မာပြန်
ပဉ္စကနိပါတ်
------
နမော
တဿ ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
၁-ပဌမပဏ္ဏာသက
၁-ပဌမသုတ်ငါးဆယ်
၁-သေခဗလဝဂ်
၁-သံခိတ္တသုတ်
၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။
ထိုအခါ၌
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
''ရဟန်းတို့''ဟု
ခေါ်တော်မူ၏။
ထိုရဟန်းတို့က
''အသျှင်ဘုရား''ဟု
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကြကုန်၏၊
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏။
ရဟန်းတို့ ကျင့်ဆဲ
'သေက္ခ' ပုဂ္ဂိုလ်တို့၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' အား။
ရှက်မှု
'ဟိရီ' အား။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အား။
အားထုတ်မှု
'ဝီရိယ' အား။
သိမှု
'ပညာ' အား
တို့တည်း။
ရဟန်းတို့
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ထို့ကြောင့်
ဤသာသနာတော်၌
''ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော
ယုံကြည်မှု'သဒ္ဓါ'
အားနှင့်
ပြည့်စုံစေမည်၊
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော ရှက်မှု
'ဟိရီ'
အားနှင့်
ပြည့်စုံစေမည်၊
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော ကြောက်လန့်မှု
'ဩတ္တပ္ပ'
အားနှင့်
ပြည့်စုံစေမည်၊
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော
အားထုတ်မှု
'ဝီရိယ'
အားနှင့်
ပြည့်စုံစေမည်၊
ကျင့်ဆဲ'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော
သိမှု 'ပညာ'
အားနှင့်
ပြည့်စုံစေမည်''ဟု
ကျင့်ရမည်၊
ရဟန်းတို့
ဤသို့လျှင်
သင်တို့
ကျင့်ရမည်ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤစကားကို
ဟောကြားတော်မူ၏၊
ထိုရဟန်းတို့သည်
မြတ်စွာဘုရား
ဟောတော်မူသော
တရားကို
နှစ်လိုကုန်သည်
ဖြစ်၍ ဝမ်းမြောက်စွာ
ခံယူကြလေကုန်သတည်း။
ပဌမသုတ်။
------
၂-ဝိတ္ထတသုတ်
၂။
ရဟန်းတို့
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' အား။
ရှက်မှု
'ဟိရီ' အား။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အား။
အားထုတ်မှု
'ဝီရိယ' အား။
သိမှု
'ပညာ' အား
တို့တည်း။
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'
အားဟူသည် အဘယ်နည်း၊
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
ယုံကြည်မှု 'သဒ္ဓါ'
ရှိ၏၊
မြတ်စွာဘုရား၏
အရဟတ္တမဂ်ဉာဏ်နှင့်
သဗ္ဗညုတဉာဏ်တော်ကိုယုံကြည်၏။
''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်း
သမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့်
'စရဏ'နှင့် ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
သုဂတ
မည်တော်မူ၏၊
လောကကို
သိတော်မူသော
အကြောင်းကြောင့်လည်း
လောကဝိဒူ
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
အနုတ္တရော ပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ်လူတို့၏ ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
သတ္ထာ
ဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ
မည်တော်မူ၏''ဟု
(ယုံကြည်၏)။
ရဟန်းတို့
ဤသည်ကို
ယုံကြည်မှု
'သဒ္ဓါ' အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
ရှက်မှု
'ဟိရီ'
အားဟူသည်
အဘယ်နည်း၊
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
အရှက်ရှိ၏၊
ကာယဒုစရိုက်
ဝစီဒုစရိုက်
မနောဒုစရိုက်
တို့မှ
ရှက်၏၊
ယုတ်ညံ့သောအကုသိုလ်တရားတို့သို့
ရောက်ခြင်းမှ
ရှက်၏။
ရဟန်းတို့
ဤသည်ကို
ရှက်မှု
'ဟိရီ' အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အားဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
ကြောက်လန့်မှုရှိ၏၊
ကာယဒုစရိုက်
ဝစီ ဒုစရိုက်မနောဒုစရိုက်တို့မှ
ကြောက်လန့်၏၊
ယုတ်ညံ့သော
အကုသိုလ်တရားတို့သို့
ရောက်ခြင်းမှ
ကြောက်လန့်၏။
ရဟန်းတို့
ဤသည်ကို
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
အားထုတ်မှု
'ဝီရိယ'
အားဟူသည် အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
ဝီရိယရှိသည်ဖြစ်၍
နေထိုင်၏၊
အားနှင့်
ပြည့်စုံ၏၊
မြဲမြံသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထားခြင်းမရှိ။
ရဟန်းတို့
ဤသည်ကို
အားထုတ်မှု
'ဝီရိယ' အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
သိမှု 'ပညာ'
အားဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
ပညာရှိ၏၊
ဖြစ်မှု ပျက်မှုကို
သိတတ်၍
ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ခန်းရာ
(နိဗ္ဗာန်)သို့
ကောင်းစွာ
ရောက်စေနိုင်သော
မြတ်သော ပညာနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်ကို
သိမှု 'ပညာ'
အားဟူ၍ ဆိုအပ်၏။
ရဟန်းတို့
ဤသည်တို့ကား
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားငါးမျိုးတို့တည်း။
ရဟန်းတို့
ထို့ကြောင့်
ဤသာသနာတော်၌
''ငါတို့သည်
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်
သောယုံကြည်မှု
'သဒ္ဓါ'
အားနှင့်
ပြည့်စုံစေမည်၊
ရှက်မှု
'ဟိရီ'
အားနှင့်၊
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အားနှင့်အားထုတ်မှု
'ဝီရိယ'
အားနှင့်၊ သိမှု
'ပညာ'
အားနှင့်
ပြည့်စုံစေမည်''ဟု
ကျင့်ရမည်။
ရဟန်းတို့
ဤသို့လျှင်
သင်တို့
ကျင့်ရမည်ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ဒုက္ခသုတ်
၃။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ယခုဘဝ၌ပင်လျှင်
ငြိုငြင်ခြင်း
ပင်ပန်းခြင်း
ပူပန်ခြင်းနှင့်
တကွ ဆင်းရဲစွာ
နေထိုင်ရ၏၊
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
မကောင်းသောလားရာ
'ဒုဂ္ဂတိဘဝ'ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ယုံကြည်မှု
'သဒ္ဓါ' မရှိ။
ရှက်မှု
'ဟိရီ' မရှိ။
ကြောက်လန့်မှု
'ဩတ္တပ္ပ' မရှိ။
ပျင်းရိ၏။
ပညာမဲ့၏။
ရဟန်းတို့
ဤ
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ယခုဘဝ၌ပင်လျှင်
ငြိုငြင်ခြင်း
ပင်ပန်းခြင်းပူပန်ခြင်းနှင့်
တကွ ဆင်းရဲစွာ
နေထိုင်ရ၏၊
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
မကောင်းသောလားရာ
'ဒုဂ္ဂတိဘဝ'ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ယခုဘဝ၌ပင်
မငြိုငြင်
မပင်ပန်းဘဲ
မပူပန်
ရမူ၍ချမ်းသာစွာ
နေထိုင်ရ၏၊
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသောလားရာ'သုဂတိဘဝ'
ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ယုံကြည်မှု
'သဒ္ဓါ' ရှိ၏။
ရှက်မှု
'ဟိရီ' ရှိ၏။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
ရှိ၏။
ထက်သန်သော
'ဝီရိယ' ရှိ၏။
သိမှု
'ပညာ' ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ယခုဘဝ၌ပင်လျှင်
မငြိုငြင် မပင်ပန်းဘဲ
မပူပန်ရမူ၍
ချမ်းသာစွာ
နေထိုင်ရ၏၊
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ နောက်၌
ကောင်းသောလားရာ
'သုဂတိဘဝ' ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ယထာဘတသုတ်
၄။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ယုံကြည်မှု
'သဒ္ဓါ' မရှိ။
ရှက်မှု
'ဟိရီ' မရှိ။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
မရှိ။
ပျင်းရိ၏။
ပညာမဲ့၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ယုံကြည်မှု
'သဒ္ဓါ' ရှိ၏။
ရှက်မှု
'ဟိရီ' ရှိ၏။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
ရှိ၏။
ထက်သန်သော
ဝီရိယရှိ၏။
သိမှု
'ပညာ' ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-သိက္ခာသုတ်
၅။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
သိက္ခာချ၍
လူထွက်၏၊ ယခု
ဘဝ၌ပင်ပြောဆို
ကဲ့ရဲ့ဖွယ်
အကြောင်းငါးမျိုးတို့သည်
ထိုသူ့ထံသို့
ရောက်လာကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သင့်အား
ကုသိုလ်တရားတို့၌
ယုံကြည်မှု
'သဒ္ဓါ'
မည်သည်လည်း
မရှိတော့ပြီ။
သင့်အား
ကုသိုလ်တရားတို့၌
ရှက်မှု
'ဟိရီ' မည်သည်လည်း
မရှိတော့ပြီ။
သင့်အား
ကုသိုလ်တရားတို့၌
ကြောက်လန့်မှု
'ဩတ္တပ္ပ'
မည်သည်လည်း
မရှိတော့ပြီ။
သင့်အား
ကုသိုလ်တရားတို့၌
အားထုတ်မှု
'ဝီရိယ'
မည်သည်လည်း
မရှိတော့ပြီ။
သင့်အား
ကုသိုလ်တရားတို့၌
သိမှု
'ပညာ'မည်သည်လည်း
မရှိတော့ပြီ။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
သိက္ခာချ၍
လူထွက်၏၊
ယခုဘဝ၌ပင်ပြောဆို
ကဲ့ရဲ့ဖွယ်
အကြောင်းငါးမျိုးတို့သည်
ထိုသူ့ထံသို့
ရောက်လာကုန်၏။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
ဆင်းရဲခြင်း
နှလုံးမသာခြင်းနှင့်
တကွလည်း
မျက်ရည်ရွှဲစို
ငိုယိုလျက်
ထက်ဝန်းကျင်
ပြည့်စုံသော
စင်ကြယ်သော
မြတ်သောအကျင့်ကို
ကျင့်သုံး၏၊
ယခုဘဝ၌ပင် ချီးကျူးဖွယ်
အကြောင်းငါးမျိုးတို့သည်
ထိုသူ့ထံသို့
ရောက်လာကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သင့်အား
ကုသိုလ်တရားတို့၌
ယုံကြည်မှု
'သဒ္ဓါ'
မည်သည်လည်း
ရှိ၏။
သင့်အား
ကုသိုလ်တရားတို့၌
ရှက်မှု
'ဟိရီ' မည်သည်လည်း
ရှိ၏။
သင့်အား
ကုသိုလ်တရားတို့၌
ကြောက်လန့်မှု
'ဩတ္တပ္ပ' မည်သည်လည်း
ရှိ၏။
သင့်အား
ကုသိုလ်တရားတို့၌
အားထုတ်မှု
'ဝီရိယ'
မည်သည်လည်း
ရှိ၏။
သင့်အား
ကုသိုလ်တရားတို့၌
သိမှု 'ပညာ'
မည်သည်လည်း
ရှိ၏။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
ဆင်းရဲခြင်း
နှလုံးမသာခြင်းနှင့်
တကွလည်း
မျက်ရည်ရွှဲစို
ငိုယိုလျက်
ထက်ဝန်းကျင်
ပြည့်စုံသော
စင်ကြယ်သော
မြတ်သောအကျင့်ကို
ကျင့်သုံး၏၊
ယခုဘဝ၌ပင်
ချီးကျူးဖွယ်
အကြောင်းငါးမျိုးတို့သည်
ထိုသူ့ထံသို့
ရောက်လာကုန်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-သမာပတ္တိသုတ်
၆။
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ' သည်
ကုသိုလ်တရားတို့၌
တည်နေသမျှ
ကာလပတ်လုံး
အကုသိုလ
်မဖြစ်ပေါ်နိုင်၊
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'
ပျောက်ကွယ်၍
မယုံကြည်မှု
မြှေးယှက်တည်နေသောအခါ၌
မူကား
အကုသိုလ်
ဖြစ်ပေါ်လာ၏။
ရဟန်းတို့
ရှက်မှု
'ဟိရီ'သည်
ကုသိုလ်တရားတို့၌
တည်နေသမျှ
ကာလပတ်လုံး
အကုသိုလ်
မဖြစ်ပေါ်နိုင်၊
ရဟန်းတို့
ရှက်မှု'ဟိရီ'ပျောက်ကွယ်၍
မရှက်မှု
'အဟိရီက'
မြှေးယှက်တည်နေသော
အခါ၌ မူကားအကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့
ကြောက်လန့်မှု
'ဩတ္တပ္ပ'သည်
ကုသိုလ်တရားတို့၌
တည်နေသမျှ
ကာလပတ်လုံး
အကုသိုလ်မဖြစ်ပေါ်နိုင်၊
ရဟန်းတို့
ကြောက်လန့်မှု
'ဩတ္တပ္ပ'
ပျောက်ကွယ်၍
မကြောက်လန့်မှု'အနောတ္တပ္ပ'
မြှေးယှက်တည်နေသော
အခါ၌ မူကား
အကုသိုလ်
ဖြစ်ပေါ်လာ၏။
ရဟန်းတို့
အားထုတ်မှု
'ဝီရိယ' သည်
ကုသိုလ်တရားတို့၌
တည်နေသမျှ
ကာလပတ်လုံး
အကုသိုလ်မဖြစ်ပေါ်နိုင်၊
ရဟန်းတို့
အားထုတ်မှု 'ဝီရိယ'
ပျောက်ကွယ်၍
ပျင်းရိမှု
မြှေးယှက်တည်နေသော
အခါ၌ မူကား
အကုသိုလ်
ဖြစ်ပေါ်လာ၏။
ရဟန်းတို့
သိမှု
'ပညာ'သည်
ကုသိုလ်တရားတို့၌
တည်နေသမျှ
ကာလပတ်လုံး
အကုသိုလ်
မဖြစ်ပေါ်နိုင်၊
ရဟန်းတို့
သိမှု 'ပညာ'ပျောက်ကွယ်၍
မသိမှုမြှေးယှက်တည်နေသော
အခါ၌ မူကား
အကုသိုလ်ဖြစ်ပေါ်လာ၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ကာမသုတ်
၇။
ရဟန်းတို့
သတ္တဝါတို့သည်
များသောအားဖြင့်
ကာမဂုဏ်တို့၌
မွေ့လျော်ပျော်ပိုက်ကြကုန်၏။
ရဟန်းတို့
အမျိုးကောင်းသားသည်
မြက်ရိတ်တံစဉ်နှင့်
မြက်ထမ်းထမ်းပိုးကို
စွန့်ပစ်၍
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်ပါမူ
''ယုံကြည်မှုဖြင့်
ရဟန်းပြုသော
'သဒ္ဓါပဗ္ဗဇိတ'
အမျိုးကောင်းသား''ဟုဆိုသင့်၏။
ထိုသို့
ဆိုသင့်ခြင်းသည်
အဘယ်ကြောင့်နည်း။
ရဟန်းတို့
မည်သည့်ကာမဂုဏ်မျိုးမဆို
ပျိုမျစ်နုနယ်
ငယ်ရွယ်သူသာ
ရနိုင်၏၊
ရဟန်းတို့အောက်တန်းစား
ကာမဂုဏ်ဖြစ်စေ
အလတ်တန်းစား
ကာမဂုဏ်ဖြစ်စေ
အထက်တန်းစား
ကာမဂုဏ်ဖြစ်စေ
ကာမဂုဏ်အားလုံးတို့သည်
''ကာမဂုဏ်တို့''ဟူ၍သာ
ခေါ်ဝေါ်ခြင်းသို့
ရောက်ကုန်၏။
ရဟန်းတို့
ပက်လက်အိပ်တတ်ကာမျှဖြစ်၍
နုနယ်ငယ်ရွယ်သော
သူငယ်သည်
အထိန်း၏ ပေါ့လျော့မှုကြောင့်
သစ်သားစကို
ဖြစ်စေ အိုးခြမ်းကွဲကို
ဖြစ်စေ
မျိုရာ၏၊
ထိုအရာကို အထိန်းသည်
အလျင်အမြန်နှလုံးသွင်းပြီးလျှင်
အလျင်အမြန်ထုတ်ယူရာ၏၊
အကယ်၍
အလျင်အမြန်ထုတ်ယူရန်
မတတ်နိုင်ပါမူလက်ဝဲလက်ဖြင့်
ဦးခေါင်းကို
ကိုင်ကာ
လက်ယာလက်ဖြင့်
လက်ညှိုးကို
ကွေး၍
သွေးနှင့်တကွသော်လည်း
ထုတ်ယူရာ၏။
ထိုသို့
ပြုရခြင်းသည်
အဘယ်ကြောင့်နည်း။
ရဟန်းတို့
သူငယ်ကို
ညှဉ်းပန်းမှုသည်ကား
ရှိပေ၏၊
မရှိဟု
ငါမဆို၊
ရဟန်းတို့သို့ပင်ရှိလင့်ကစား
အကျိုးကို
လိုလား၍
အစီးအပွါးကို
ရှာမှီးတတ်
သနားစောင့်ရှောက်တတ်သော
အထိန်းသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ဤအမှုမျိုးကို
ပြုလုပ်သင့်သည်သာတည်း။
ရဟန်းတို့
ထိုသူငယ်ကြီးပြင်းလာ၍
အသိဉာဏ်ရှိလောက်သောအခါ
အထိန်းသည်
ထိုသူငယ်၌
ကြည့်ရှုဖွယ်
မလို၊ ဤအခါ၌
သူငယ်သည်
မိမိကိုယ်ကိုစောင့်ရှောက်နိုင်သူ
ဖြစ်၏၊
မေ့လျော့တော့မည်မဟုတ်ချေ။
ရဟန်းတို့
ဤအတူပင်
ရဟန်းသည်
ယုံကြည်မှု
'သဒ္ဓါ' ရှက်မှု
'ဟိရီ'
ကြောက်လန့်မှု
'ဩတ္တပ္ပ'အားထုတ်မှု
'ဝီရိယ'
သိမှု'ပညာ'
တို့ဖြင့်
ကုသိုလ်တရားတို့၌
(ပြုလုပ်သင့်သည်ကို)
မပြုလုပ်သေးသမျှကာလပတ်လုံး
ငါသည်
ထိုရဟန်းကိုစောင့်ရှောက်ထိန်းသိမ်းထားရမည်သာတည်း။
ရဟန်းတို့
ရဟန်းသည် ယုံကြည်မှု
'သဒ္ဓါ'
ရှက်မှု
'ဟိရီ'
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အားထုတ်မှု
'ဝီရိယ'
သိမှု'ပညာ'
တို့ဖြင့်
ကုသိုလ်တရားတို့၌
(ပြုလုပ်သင့်သည်ကို)
ပြုလုပ်သော
ဤအခါ၌
မူကားငါသည်
ထိုရဟန်း၌
ကြည့်ရှုဖွယ်မလို၊
ဤအခါ၌
ရဟန်းသည် မိမိကိုယ်ကိုစောင့်ရှောက်နိုင်သူ
ဖြစ်ပေ၏၊
မေ့လျော့တော့မည်
မဟုတ်ချေဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-စဝနသုတ်
၈။
ရဟန်းတို့
တရားငါးမျိုးနှင့်ပြည့်စုံသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်း
တရား
(သာသနာတော်)၌
မတည်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
- ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'
မရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နို်င်။
ရှက်မှု
'ဟိရီ'
မရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နို်င်။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
မရှိသော
ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နို်င်။
ပျင်းရိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နို်င်။
သိမှု
'ပညာ' မရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နို်င်။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား
(သာသနာတော်)၌
မတည်နိုင်။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား
(သာသနာတော်)၌
တည်နိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ'
ရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နို်င်၏။
ရှက်မှု
'ဟိရီ' ရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နို်င်၏။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
ရှိသော
ရဟန်းသည် မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နို်င်၏။
ထက်သန်သော
ဝီရိယရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နို်င်၏။
သိမှု
'ပညာ' ရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နို်င်၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား
(သာသနာတော်) ၌
တည်နို်င်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပဌမ
အဂါရဝသုတ်
၉။
ရဟန်းတို့
တရားငါးမျိုးနှင့်ပြည့်စုံသော
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျော ရ၏၊
သူတော်ကောင်းတရား
(သာသနာတော်)၌
မတည်နိုင်။
အဘယ်တရားငါမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'မရှိ၍
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား
(သာသနာတော်)၌
မတည်နိုင်။
ရှက်မှု
'ဟိရီ' မရှိ၍
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်း
တရား၌
မတည်နိုင်။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
မရှိ၍
ရိုသေမှု တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နိုင်။
ပျင်းရိ၍
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နိုင်။
သိမှု
'ပညာ' မရှိ၍
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌
မတည်နိုင်။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ရွေ့လျောရ၏၊
သူတော်ကောင်းတရား
(သာသနာတော်)၌
မတည်နိုင်။
ရဟန်းတို့
တရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား
(သာသနာတော်)၌
တည်နိုင်၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'ရှိ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နိုင်၏။
ရှက်မှု
'ဟိရီ' ရှိ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နိုင်၏။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
ရှိ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည် မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နိုင်၏။
ထက်သန်သော
ဝီရိယရှိ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နိုင်၏။
သိမှု
'ပညာ' ရှိ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
မရွေ့လျောနိုင်၊
သူတော်ကောင်းတရား၌
တည်နိုင်၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည် မရွေ့လျောနိုင်၊
သူတော်ကောင်းတရား
(သာသနာတော်)၌
တည်နိုင်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဒုတိယ
အဂါရဝသုတ်
၁၀။
ရဟန်းတို့
တရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ
(သာသနာတော်)၌
ကြီးပွါး
စည်ပင်
ပြန့်ပြောခြင်းသို့
ရောက်ရန်
မထိုက်တန်ချေ။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'မရှိ၍
ရိုသေမှု
တုပ်ဝပ်မှုမရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ
(သာသနာတော်)၌
ကြီးပွါး
စည်ပင်
ပြန့်ပြောခြင်းသို့
ရောက်ရန်
မထိုက်တန်။
ရှက်မှု
'ဟိရီ' မရှိ၍
ရိုသေမှု
တုပ်ဝပ်မှု မရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
မထိုက်တန်။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
မရှိ၍
ရိုသေမှု တုပ်ဝပ်မှု
မရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး
စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
မထိုက်တန်။
ပျင်းရိ၍
ရိုသေမှု
တုပ်ဝပ်မှု
မရှိသော ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး
စည်ပင် ပြန့်ပြောခြင်းသို့ရောက်ရန်
မထိုက်တန်။
သိမှု
'ပညာ' မရှိ၍
ရိုသေမှု
တုပ်ဝပ်မှု
မရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး
စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
မထိုက်တန်။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု
တုပ်ဝပ်မှု
မရှိသော
ရဟန်းသည် ဤဓမ္မဝိနယ
(သာသနာတော်)၌
ကြီးပွါး
စည်ပင် ပြန့်ပြောခြင်းသို့
ရောက်ရန်
မထိုက်တန်ချေ။
ရဟန်းတို့
တရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ
(သာသနာတော်)၌
ကြီးပွါး
စည်ပင်
ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ' ရှိ၍
ရိုသေမှု
တုပ်ဝပ်မှုရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌ ကြီးပွါး
စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏။
ရှက်မှု
'ဟိရီ' ရှိ၍
ရိုသေမှု
တုပ်ဝပ်မှု
ရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
ရှိ၍
ရိုသေမှု တုပ်ဝပ်မှု
ရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး
စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏။
ထက်သန်သော
ဝီရိယ ရှိ၍
ရိုသေမှု
တုပ်ဝပ်မှု
ရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး
စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏။
သိမှု
'ပညာ' ရှိ၍
ရိုသေမှု
တုပ်ဝပ်မှု
ရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ၌
ကြီးပွါး
စည်ပင်ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်ပြည့်စုံ၍
ရိုသေမှု
တုပ်ဝပ်မှု ရှိသော
ရဟန်းသည်
ဤဓမ္မဝိနယ
(သာသနာတော်)၌
ကြီးပွါး
စည်ပင်
ပြန့်ပြောခြင်းသို့
ရောက်ရန်
ထိုက်တန်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော
သေခဗလဝဂ်
ပြီး၏။
------
၂-ဗလဝဂ်
၁-အနနုဿုတသုတ်
၁၁။
ရဟန်းတို့
(ဘုရားမဖြစ်မီ)
ရှေးက မကြားဘူးသေးသော
(သစ္စာလေးပါး)
တရားတို့၌
ထူးသောဉာဏ်ဖြင့်
သိ၍
အပြီးအဆုံး
တစ်ဖက်ကမ်းသို့
ရောက်၏ဟု
ငါဝန်ခံ၏။
ရဟန်းတို့
မြတ်စွာဘုရား၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
ယင်းအားငါးမျိုးတို့နှင့်
ပြည့်စုံသော
မြတ်စွာဘုရားသည်
မြင့်မြတ်သောအရာ
(ဘုရားအဖြစ်)
ကို ဝန်ခံ၏၊
ပရိသတ်တို့၌
ရဲရင့်သော အသံကို
မြွက်ဆို၏၊ ၊
မြတ်သော
တရားစကြာကို
လည်စေ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' အား။
ရှက်မှု
'ဟိရီ' အား။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အား။
အားထုတ်မှု
'ဝီရိယ' အား။
သိမှု
'ပညာ' အား
တို့တည်း။
ရဟန်းတို့
မြတ်စွာဘုရား၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
ယင်းအားငါးမျိုးတို့နှင့်
ပြည့်စုံသော
မြတ်စွာဘုရားသည်
မြင့်မြတ်သောအရာ
(ဘုရားအဖြစ်)
ကို ဝန်ခံ၏၊
ပရိသတ်တို့၌
ရဲရင့်သော
အသံကို
မြွက်ဆို၏၊ ၊
မြတ်သော
တရားစကြာကို
လည်စေ၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ကူဋသုတ်
၁၂။
ရဟန်းတို့
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' အား။
ရှက်မှု
'ဟိရီ' အား။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အား။
အားထုတ်မှု
'ဝီရိယ' အား။
သိမှု
'ပညာ' အား
တို့တည်း။
ရဟန်းတို့
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဤအားငါးမျိုးတို့တွင်
ပညာအားသည်
အမြတ်ဆုံးဖြစ်၏၊
(ကျန်သော
အားတို့ကို)
သိမ်းယူနိုင်၏၊
ပေါင်းစုနိုင်၏။
ရဟန်းတို့
အထွတ်ရှိသော
အိမ်တွင်
အထွတ်သည်
အမြတ်ဆုံးဖြစ်သကဲ့သို့
(အခြင်ရနယ်တို့ကို)
သိမ်းယူနိုင်သကဲ့သို့
ပေါင်းစုနိုင်သကဲ့သို့၊
ရဟန်းတို့
ဤအတူသာလျှင်
ကျင့်ဆဲ 'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဤအားငါးမျိုးတို့တွင်
ထိုပညာအားသည်
အမြတ်ဆုံးဖြစ်၏၊
(ကျန်သောအားတို့ကို)
သိမ်းယူနိုင်၏၊
ပေါင်းစုနိုင်၏။
ရဟန်းတို့
ထို့ကြောင့်
''ငါတို့သည်
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော
ယုံကြည်မှု
'သဒ္ဓါ'အားနှင့်
ပြည့်စုံစေမည်၊
ရှက်မှု
'ဟိရီ'
အားနှင့်။
ကြောက်လန့်မှု
'ဩတ္တပ္ပ'
အားနှင့်။
အားထုတ်မှု
'ဝီရိယ'အားနှင့်။
ကျင့်ဆဲ 'သေက္ခ'
ပုဂ္ဂိုလ်တို့၏
အားဖြစ်သော
သိမှု 'ပညာ'
အားနှင့်
ပြည့်စုံစေမည်''ဟု
ကျင့်ရမည်။ ရဟန်းတို့
ဤသို့လျှင်
သင်တို့
ကျင့်ရမည်ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-သံခိတ္တသုတ်
၁၃။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' အား။
အားထုတ်မှု
'ဝီရိယ' အား။
အောက်မေ့မှု
'သတိ' အား။
တည်ကြည်မှု
'သမာဓိ' အား။
သိမှု
'ပညာ' အား
တို့တည်း။
ရဟန်းတို့
ဤသည်တို့ကား
အားငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဝိတ္ထတသုတ်
၁၄။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' အား။
အားထုတ်မှု
'ဝီရိယ' အား။
အောက်မေ့မှု
'သတိ' အား။
တည်ကြည်မှု
'သမာဓိ' အား။
သိမှု
'ပညာ' အား
တို့တည်း။
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'
အားဟူသည် အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
ယုံကြည်မှု'သဒ္ဓါ'
ရှိ၏၊
မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်နှင့်
သဗ္ဗညုတဉာဏ်ကို
ယုံကြည်၏။
''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ' အကျင့်
'စရဏ'နှင့်
ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကိုဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
သုဂတ
မည်တော်မူ၏၊
လောကကို
သိတော်မူသောအကြောင်းကြောင့်လည်း
လောကဝိဒူ
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
အနုတ္တရောပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
သတ္ထာဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ
မည်တော်မူ၏''ဟု
(ယုံကြည်၏)။
ရဟန်းတို့
ဤသည်ကို
ယုံကြည်မှု
'သဒ္ဓါ' အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
အားထုတ်မှု
'ဝီရိယ'
အားဟူသည် အဘယ်နည်း။
ဤသာသနာတော်၌
အရိယာတပည့်သည်
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကိုပြည့်စုံစေရန်
ထက်သန်သော
ဝီရိယရှိသည်ဖြစ်၍
နေ၏၊
အားနှင့်ပြည့်စုံ၏၊
မြဲမြံသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထားခြင်းမရှိ။
ရဟန်းတို့
ဤသည်ကို
အားထုတ်မှု
'ဝီရိယ'
အားဟူ၍ဆိုအပ်၏။
ရဟန်းတို့
အောက်မေ့မှု
'သတိ'
အားဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
သတိရှိ၏၊
လွန်ကဲရင့်ကျက်သော
သတိနှင့်ပြည့်စုံ၏၊
ကြာမြင့်စွာက
ပြုလုပ်ခဲ့သည်ကိုလည်းကောင်း၊
ကြာမြင့်စွာက
ပြောဆိုခဲ့သည်ကိုလည်းကောင်းအောက်မေ့နိုင်၏၊
အဖန်တလဲလဲ အောက်မေ့နိုင်၏။
ရဟန်းတို့
ဤသည်ကို
အောက်မေ့ခြင်း
'သတိ' အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
တည်ကြည်မှု
'သမာဓိ'
အားဟူသည် အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်ခြင်း
'ဝိတက်'နှင့်
တကွဖြစ်သော၊
သုံးသပ်ဆင်ခြင်ခြင်း့'ဝိစာရ'နှင့်
တကွဖြစ်သော၊
'နီဝရဏ' ကင်းခြင်းကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'ရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏။
ဝိတက်
ဝိစာရငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကို
ကြည်လင်စေတတ်သော၊
စိတ်၏ တည်ကြည်ခြင်း
'သမာဓိ'ကို
ဖြစ်ပွားစေတတ်သော၊
ကြံစည်ခြင်း
'ဝိတက်'
မရှိသော၊
သုံးသပ်ဆင်ခြင်ခြင်း
'ဝိစာရ'မရှိသော၊
တည်ကြည်ခြင်း
'သမာဓိ' ကြောင့်ဖြစ်သော၊
နှစ်သိမ့်ခြင်း
'ပီတိ' ချမ်းသာခြင်း
'သုခ'
ရှိသောဒုတိယဈာန်သို့
ရောက်၍ နေ၏။
နှစ်သိမ့်ခြင်း
'ပီတိ'
ကိုလည်း
မတပ်မက်ခြင်းကြောင့်
သတိ,
သမ္ပဇဉ်နှင့်
ပြည့်စုံသည်ဖြစ်၍
လျစ်လျူရှုလျက်နေ၏၊
ချမ်းသာခြင်း
'သုခ' ကိုလည်း
ကိုယ်ဖြင့်
ခံစား၏၊
အကြင်
(တတိယဈာန်)
ကြောင့်ထိုသူကို
''လျစ်လျူရှုသူ
သတိရှိသူ ချမ်းသာစွာ
နေလေ့ရှိသူ''ဟု
အရိယာ
(ပုဂ္ဂိုလ်)
တို့သည်
ပြောကြားကုန်၏၊
ထိုတတိယဈာန်သို့
ရောက်၍ နေ၏။
ချမ်းသာ
ဆင်းရဲကို
ပယ်ခြင်းကြောင့်လည်းကောင်း၊
ရှေးဦးကပင်လျှင်
ဝမ်းသာခြင်း
နှလုံးမသာခြင်းတို့၏
ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း
ဆင်းရဲ
ချမ်းသာမရှိသော
လျစ်လျူရှုမှု
'ဥပေက္ခာ'
ကြောင့်ဖြစ်သည့်
သတိ၏စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ရဟန်းတို့
ဤသည်ကိုတည်ကြည်မှု
'သမာဓိ' အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
သိမှု'ပညာ'
အားဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာတပည့်သည်
ပညာရှိ၏၊ ဖြစ်မှု
ပျက်မှုကို
သိတတ်၍ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ခန်းရာ
နိဗ္ဗာန်သို့
ကောင်းစွာ
ရောက်စေနိုင်သော
မြတ်သော
ပညာနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်ကို
သိမှု'ပညာ'
အားဟူ၍
ဆိုအပ်၏။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ဒဋ္ဌဗ္ဗသုတ်
၁၅။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ'အား၊
အားထုတ်မှု
'ဝီရိယ'အား၊
အောက်မေ့မှု
'သတိ'အား၊
တည်ကြည်မှု
'သမာဓိ'အား၊
သိမှု
'ပညာ'အား
တို့တည်း။
ရဟန်းတို့
အဘယ်တို့၌
ယုံကြည်မှု
'သဒ္ဓါ'
အားကို
(အကြီးအမှူးဟူ၍)
မှတ်အပ်သနည်း၊
သောတာပန်ဖြစ်ကြောင်း
အင်္ဂါလေးမျိုးတို့၌
ယုံကြည်မှု
'သဒ္ဓါ'အားကို
(အကြီးအမှူးဟူ၍)
မှတ်အပ်၏။
ရဟန်းတို့
အဘယ်တို့၌
အားထုတ်မှု'ဝီရိယ'အားကို
မှတ်အပ်သနည်း၊
သမ္မပ္ပဓာန်လေးပါးတို့၌
အားထုတ်မှု
'ဝီရိယ'အားကို
မှတ်အပ်၏။
ရဟန်းတို့
အဘယ်တို့၌
အောက်မေ့မှု'သတိ'အားကို
မှတ်အပ်သနည်း၊
သတိပဋ္ဌာန်လေးပါးတို့၌
အောက်မေ့မှု
'သတိ'အားကို
မှတ်အပ်၏။
ရဟန်းတို့
အဘယ်တို့၌
တည်ကြည်မှု'သမာဓိ'အားကို
မှတ်အပ်သနည်း၊
ဈာန်လေးပါးတို့၌
တည်ကြည်မှု
'သမာဓိ'အားကို
မှတ်အပ်၏။
ရဟန်းတို့
အဘယ်တို့၌
သိမှု'ပညာ'အားကို
မှတ်အပ်သနည်း၊
အရိယသစ္စာလေးပါးတို့၌
သိမှု'ပညာ'
အားကို
မှတ်အပ်၏။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ပုနကူဋသုတ်
၁၆။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ'အား၊
အားထုတ်မှု'ဝီရိယ'အား၊
အောက်မေ့မှု'သတိ'အား၊
တည်ကြည်မှု'သမာဓိ'အား၊
သိမှု'ပညာ'အား
တို့တည်း။
ရဟန်းတို့
အားတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤအားငါးမျိုးတို့တွင်
ပညာအားသည်
အမြတ်ဆုံးဖြစ်၏၊
(ကျန်သော
အားတို့ကို) သိမ်းယူနိုင်၏၊
ပေါင်းစုနိုင်၏။
ရဟန်းတို့ အထွတ်ရှိသော
အိမ်တွင်
အထွတ်သည်
အမြတ်ဆုံးဖြစ်သကဲ့သို့၊
(အခြင်ရနယ်တို့ကို)
သိမ်းကျုံးယူနိုင်သကဲ့သို့၊
ပေါင်းစုနိုင်သကဲ့သို့၊
ရဟန်းတို့
ဤအတူသာလျှင်
ဤအားငါးမျိုးတို့တွင်
ပညာအားသည်
အမြတ်ဆုံးဖြစ်၏၊
(ကျန်သောအားတို့ကို)
သိမ်းယူနိုင်၏၊
ပေါင်းစုနိုင်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ပဌမ
ဟိတသုတ်
၁၇။
ရဟန်းတို့
တရား
ငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မိမိ၏
အစီးအပွါးအလို့ငှါသာ
ကျင့်၏၊
သူတစ်ပါး၏
အစီးအပွါးအလို့ငှါ
မကျင့်။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မိမိကား သီလနှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုမူ
သီလနှင့်ပြည့်စုံစေရန်
မဆောက်တည်စေ။
မိမိကား
သမာဓိနှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုမူ
သမာဓိနှင့်
ပြည့်စုံစေရန်မဆောက်တည်စေ။
မိမိကား
ပညာနှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုမူ
ပညာနှင့်
ပြည့်စုံစေရန်မဆောက်တည်စေ။
မိမိကား
(ကိလေသာမှ)
လွတ်မြောက်ခြင်း
'ဝိမုတ္တိ'
နှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုမူ
(ကိလေသာမှ)
လွတ်မြောက်ခြင်း
'ဝိမုတ္တိ'
နှင့်
ပြည့်စုံစေရန်
မဆောက်တည်စေ။
မိမိကား
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုမူ
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
ပြည့်စုံစေရန်မဆောက်တည်စေ။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မိမိ၏
အစီးအပွါးအလို့ငှါသာ
ကျင့်၏၊
သူတစ်ပါး၏
အစီးအပွါးအလို့ငှါ
မကျင့်ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒုတိယ
ဟိတသုတ်
၁၈။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
သူတစ်ပါး၏
အစီးအပွါးအလို့ငှါသာကျင့်၏၊
မိမိ၏
အစီးအပွါးအလို့ငှါ
မကျင့်။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မိမိကား သီလနှင့်
မပြည့်စုံ၊
သူတစ်ပါးကိုမူ
သီလနှင့်ပြည့်စုံစေရန်
ဆောက်တည်စေ၏။
မိမိကား
တည်ကြည်မှု
'သမာဓိ' နှင့်
မပြည့်စုံ၊
သူတစ်ပါးကိုမူ
သမာဓိနှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏။
မိမိကား
ပညာနှင့်
မပြည့်စုံ၊
သူတစ်ပါးကိုမူ
ပညာနှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏။
မိမိကား
(ကိလေသာမှ)
လွတ်မြောက်မှု
'ဝိမုတ္တိ'နှင့်
မပြည့်စုံ၊
သူတစ်ပါးကိုမူ့
(ကိလေသာမှ)
လွတ်မြောက်မှု
'ဝိမုတ္တိ'
နှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏။
မိမိကား
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
မပြည့်စုံ၊
သူတစ်ပါးကိုမူ
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
ပြည့်စုံစေရန်ဆောက်
တည်စေ၏။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
သူတစ်ပါး၏
အစီးအပွါးအလို့ငှါသာ
ကျင့်၏၊
မိမိ၏
အစီးအပွါးအလို့ငှါ
မကျင့်ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-တတိယ
ဟိတသုတ်
၁၉။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မိမိ၏
အစီးအပွါးအလို့ငှါလည်း
မကျင့်၊
သူတစ်ပါး၏
အစီးအပွါးအလို့ငှါလည်း
မကျင့်။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မိမိလည်း
သီလနှင့်
မပြည့်စုံ၊
သူတစ်ပါးကိုလည်း
သီလနှင့်ပြည့်စုံစေရန်
မဆောက်တည်စေ။
မိမိလည်း
တည်ကြည်မှု
'သမာဓိ' နှင့်
မပြည့်စုံ၊ သူတစ်ပါးကိုလည်းတည်ကြည်မှု
'သမာဓိ'နှင့်
ပြည့်စုံစေရန်
မဆောက်တည်စေ။
မိမိလည်း
ပညာနှင့်
မပြည့်စုံ၊
သူတစ်ပါးကိုလည်း
ပညာနှင့်
ပြည့်စုံစေရန်
မဆောက်တည်စေ။
မိမိလည်း
(ကိလေသာမှ)
လွတ်မြောက်မှု'ဝိမုတ္တိ'
နှင့်
မပြည့်စုံ၊
သူတစ်ပါးကိုလည်း
ကိလေသာမှ
လွတ်မြောက်မှု'ဝိမုတ္တိ'နှင့်
ပြည့်စုံစေရန်မဆောက်တည်စေ။
မိမိလည်း (ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
မပြည့်စုံ၊
သူတစ်ပါးကိုလည်း
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
ပြည့်စုံစေရန်
မဆောက်တည်စေ။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မိမိ၏
အစီးအပွါးအလို့ငှါလည်း
မကျင့်၊
သူတစ်ပါး၏
အစီးအပွါးအလို့ငှါလည်း
မကျင့်ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-စတုတ္ထဟိတသုတ်
၂၀။
ရဟန်းတို့
ဤတရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မိမိ၏
အစီးအပွါးအလို့ငှါလည်း
ကျင့်၏၊
သူတစ်ပါး၏
အစီးအပွါးအလို့ငှါလည်း
ကျင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မိမိလည်း
သီလနှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုလည်းသီလနှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏၊
မိမိလည်း တည်ကြည်မှု
'သမာဓိ' နှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုလည်း
တည်ကြည်မှု
'သမာဓိ' နှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏၊
မိမိလည်း
ပညာနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုလည်း
ပညာနှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏၊
မိမိလည်း
(ကိလေသာမှ)
လွတ်မြောက်မှု'ဝိမုတ္တိ'
နှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုလည်း
(ကိလေသာမှ)
လွတ်မြောက်မှု
'ဝိမုတ္တိ'
နှင့် ပြည့်စုံစေရန်ဆောက်တည်စေ၏၊
မိမိလည်း
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
ပြည့်စုံ၏၊
သူတစ်ပါးကိုလည်း
(ကိလေသာမှ)
လွတ်မြောက်မှုကို
ဆင်ခြင်တတ်သော'ပစ္စဝေက္ခဏာ'
ဉာဏ်အမြင်နှင့်
ပြည့်စုံစေရန်
ဆောက်တည်စေ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
မိမိ၏
အစီးအပွါးအလို့ငှါလည်း
ကျင့်၏၊
သူတစ်ပါး၏
အစီးအပွါးအလို့ငှါလည်း
ကျင့်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက်
ဗလဝဂ် ပြီး၏။
------
၃-ပဉ္စင်္ဂ
ိကဝဂ် ၁-ပဌမ
အဂါရဝသုတ်
၂၁။
ရဟန်းတို့
ရိုသေမှု,
တုပ်ဝပ်မှု,
တူသောအသက်မွေးမှု
မရှိသော
ထိုရဟန်းသည်
သီတင်းသုံးဖော်တို့၌
မြတ်သော
ကျင့်ဝတ်တရားကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
စင်စစ်မရှိနိုင်ချေ။
မြတ်သော
ကျင့်ဝတ်တရားကို
မဖြည့်ကျင့်မူ၍
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
တရားကိုဖြည့်ကျင့်လိမ့်မည်ဟူသော
ဤ အကြောင်းမျိုးသည်
မရှိနိုင်။
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
တရားကို
မဖြည့်ကျင့်မူ၍
သီလတို့ကို ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
သီလတို့ကို
မဖြည့်ကျင့်မူ၍
မှန်ကန်သော အယူ
'သမ္မာဒိဋ္ဌိ'
ကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
မှန်ကန်သော
အယူ
'သမ္မာဒိဋ္ဌိ'
ကို မဖြည့်ကျင့်မူ၍
မှန်ကန်သော
တည်ကြည်မှု
'သမ္မာသမာဓိ'
ကိုဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
ရဟန်းတို့
ရိုသေမှု,
တုပ်ဝပ်မှု,
တူသောအသက်မွေးမှုရှိသော
ထိုရဟန်းသည်
သီတင်းသုံးဖော်တို့၌
မြတ်သော
ကျင့်ဝတ်တရားကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤ
အကြောင်းမျိုးသည်
စင်စစ်
ရှိနိုင်၏။
မြတ်သော
ကျင့်ဝတ်တရားကို
ဖြည့်ကျင့်လတ်သော်
ကျင့်ဆဲ 'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သောတရားကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤ အကြောင်းမျိုးသည်
ရှိနိုင်၏။
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
တရားကို
ဖြည့်ကျင့်လတ်သော်
သီလတို့ကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
ရှိနိုင်၏။
သီလတို့ကို
ဖြည့်ကျင့်လတ်သော်
မှန်ကန်သော
အယူ'သမ္မာဒိဋ္ဌိ'ကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
ရှိနိုင်၏။
မှန်ကန်သော
အယူ
'သမ္မာဒိဋ္ဌိ'
ကို ဖြည့်ကျင့်လတ်သော်
မှန်ကန်သော
တည်ကြည်မှု
'သမ္မာသမာဓိ'
ကိုဖြည့်ကျင့်လိမ့်မည်ဟူသော
ဤ အကြောင်းမျိုးသည်
ရှိနိုင်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒုတိယ
အဂါရဝသုတ်
၂၂။
ရဟန်းတို့
ရိုသေမှု,
တုပ်ဝပ်မှု,
တူသောအသက်မွေးမှုမရှိသော
ထိုရဟန်းသည်
သီတင်းသုံးဖော်တို့၌
မြတ်သော
ကျင့်ဝတ်တရားကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်ချေ။
မြတ်သော
ကျင့်ဝတ်တရားကို
မဖြည့်ကျင့်မူ၍
ကျင့်ဆဲ
'သေက္ခ' ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
တရားကိုဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
တရားကို
မဖြည့်ကျင့်မူ၍
သီလအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
သီလအစုကို
မဖြည့်ကျင့်မူ၍
သမာဓိအစုကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
သမာဓိအစုကို
မဖြည့်ကျင့်မူ၍
ပညာအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိနိုင်။
ရဟန်းတို့
ရိုသေမှု
တုပ်ဝပ်မှု
တူသော အသက်မွေးမှုရှိသော
ထိုရဟန်းသည်
သီတင်းသုံးဖော်တို့၌
မြတ်သော
ကျင့်ဝတ်တရားကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤ
အကြောင်းမျိုးသည်
ရှိနိုင်၏။
မြတ်သော
ကျင့်ဝတ်တရားကို
ဖြည့်ကျင့်လတ်သော်
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သောတရားကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤ
အကြောင်းမျိုးသည်
ရှိနိုင်၏။
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
တရားကို
ဖြည့်ကျင့်လတ်သော်
သီလအစုကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
ရှိနိုင်၏။
သီလအစုကို
ဖြည့်ကျင့်လတ်သော်
သမာဓိအစုကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်ရှိနိုင်၏။
သမာဓိအစုကို
ဖြည့်ကျင့်လတ်သော်
ပညာအစုကို
ဖြည့်ကျင့်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်ရှိနိုင်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ဥပက္ကိလေသသုတ်
၂၃။
ရဟန်းတို့
ရွှေ၏
အညစ်အကြေးတို့သည်
ဤငါးမျိုးတို့တည်း။
ယင်းအညစ်အကြေးတို့ဖြင့်
ညစ်နွမ်းသော
ရွှေသည်
နူးညံ့လည်း
မနူးညံ့၊
(လက်ကောက်
နားတောင်းစသည်)
ပြုလုပ်၍လည်း
မဖြစ်၊
အရောင်လည်း
မထွက်၊
ကြွပ်ဆတ်သော
သဘောလည်းရှိ၏၊
အလုပ်ခွင်သို့လည်း
ကောင်းစွာ
မရောက်နိုင်။
ငါးမျိုးတို့ဟူသည်
အဘယ်တို့နည်းဟူမူ-
သံ၊
ကြေး၊
သလွဲစင်
(ခဲမဖြူ)၊
သလွဲမည်း
(ခဲပုပ်)၊
ငွေတို့တည်း။
ရဟန်းတို့
ဤသည်ကား
ရွှေ၏
အညစ်အကြေးငါးမျိုးတို့တည်း၊
ယင်းအညစ်အကြေးတို့ဖြင့်
ညစ်နွမ်းသော
ရွှေသည်
နူးညံ့လည်း
မနူးညံ့၊ (လက်ကောက်
နားတောင်းစသည်)
ပြုလုပ်၍လည်း
မဖြစ်၊
အရောင်လည်း
မထွက်၊
ကြွပ်ဆတ်သော
သဘောလည်း
ရှိ၏၊
အလုပ်ခွင်သို့လည်း
ကောင်းစွာမရောက်နိုင်။
ရဟန်းတို့
ဤအညစ်အကြေး
ငါးမျိုးတို့မှ
ကင်းလွတ်သောအခါ၌
မူကား
ထိုရွှေသည်
နူးညံ့လည်းနူးညံ့၏၊
(လက်ကောက်
နားတောင်းစသည်)
ပြုလုပ်၍လည်း
ဖြစ်၏၊
အရောင်လည်းထွက်၏၊
ကြွပ်ဆတ်သော
သဘောလည်း
မရှိတော့ချေ၊
အလုပ်ခွင်သို့လည်း
ကောင်းစွာ
ရောက်နိုင်၏၊
လက်စွပ်ဖြင့်ဖြစ်စေနားတောင်းဖြင့်ဖြစ်စေ
လည်ရွဲတန်ဆာဖြင့်ဖြစ်စေ
ရွှေပန်းခိုင်ဖြင့်ဖြစ်စေ
မည်သည့်တန်ဆာ
အထူးဖြင့်
မဆို၊ အကယ်၍
အလိုရှိခဲ့မူ
ထိုရွှေ၏
ထိုအလိုရှိရာအကျိုးကို
ပြီးစေနိုင်၏။
ရဟန်းတို့
ဤအတူသာလျှင်
စိတ်၏
အညစ်အကြေးတို့သည်
ဤငါးမျိုးတို့တည်း။
ယင်းအညစ်အကြေးတို့ဖြင့်
ညစ်နွမ်းသောစိတ်သည်
နူးညံ့လည်း
မနူးညံ့၊
ပြုလုပ်၍လည်း
မဖြစ်၊
အရောင်လည်း
မထွက်၊
ကြွပ်ဆတ်သော
သဘောလည်း
ရှိ၏၊
အာသဝေါတရားတို့ကုန်ခန်းရန်လည်းကောင်းစွာ
မတည်ကြည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ကာမဂုဏ်ကို
လိုလားမှု
'ကာမစ္ဆန္ဒ'၊
ပျက်စီးစေလိုမှု
'ဗျာပါဒ'၊
လေးလံထိုင်းမှိုင်းမှု
'ထိနမိဒ္ဓ'၊
ပျံ့လွင့်မှုနောင်တပူပန်မှု
'ဥဒ္ဓစ္စ
ကုက္ကုစ္စ'၊
မဝေခွဲနိုင်မှု
'ဝိစိကိစ္ဆာ'
တို့တည်း။
ရဟန်းတို့
ဤသည်တို့ကား
စိတ်၏
အညစ်အကြေး ငါးမျိုးတို့တည်း။
ယင်းအညစ်အကြေးတို့ဖြင့်
ညစ်နွမ်းသောစိတ်သည်
နူးညံ့လည်း
မနူးညံ့၊
ပြုလုပ်၍လည်း
မဖြစ်၊
အရောင်လည်း
မထွက်၊
ကြွပ်ဆတ်သော
သဘောလည်း
ရှိ၏၊
အာသဝေါတရားတို့ကုန်ခန်းရန်လည်းကောင်းစွာ
မတည်ကြည်။
ရဟန်းတို့
အညစ်အကြေးငါးမျိုးတို့မှ
ကင်းလွတ်သော
အခါ၌ မူကား
ထိုစိတ်သည်
နူးညံ့လည်း
နူးညံ့၏၊
ပြုလုပ်၍လည်း
ဖြစ်၏၊ အရောင်လည်း
ထွက်၏၊
ကြွပ်ဆတ်သော
သဘောလည်း မရှိ၊
အာသဝေါတရားတို့ကုန်ခန်းရန်လည်း
ကောင်းစွာ
တည်ကြည်၏၊
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုအပ်သည့်
တစ်စုံတစ်ခုသော
တရားကို
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုရန်
စိတ်ကို
ညွတ်စေ၏၊
(ရှေးဘဝအကြောင်းနှင့်
ယခုဘဝ
အဘိညာဉ်၏
အခြေခံ ဈာန်စသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည့်
အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်
စသည်)သို့လည်း
ရောက်၏။
''(ငါသည်)
များပြားသော
တန်ခိုးဖန်ဆင်းခြင်းကို
ပြီးစေလို၏၊
တစ်ယောက်တည်း
ဖြစ်လျက်လည်းအများ
ဖြစ်လို၏၊
အများဖြစ်လျက်လည်း
တစ်ယောက်တည်း
ဖြစ်လို၏၊
ကိုယ်ထင်ရှားဖြစ်စေ
လို၏၊
ကိုယ်ပျောက်စေ
လို၏၊
နံရံတစ်ဖက်
တံတိုင်းတစ်ဖက်
တောင်တစ်ဖက်သို့
မထိမငြိဘဲ
ကောင်းကင်၌
ကဲ့သို့သွားလို၏၊
မြေ၌လည်း
ငုပ်ခြင်း
ပေါ်ခြင်းကို
ရေ၌ ကဲ့သို့ ပြုလို၏၊
ရေ၌လည်း
မကွဲစေဘဲ
မြေ၌
ကဲ့သို့သွားလို၏၊
ကောင်းကင်၌လည်း
ထက်ဝယ်ဖွဲ့ခွေလျက်
အတောင်ရှိသော
ငှက်ကဲ့သို့
သွားလို၏၊
ဤသို့တန်ခိုးအာနုဘော်ကြီးကုန်သော
ဤလနေတို့ကိုလည်း
လက်ဖြင့်
သုံးသပ်လို၏၊
ဆုပ်ကိုင်လို၏၊
ဗြဟ္မာ့ပြည်တိုင်အောင်လည်း
မိမိကိုယ်ကို
(စိတ်)
အလိုအတိုင်း
ဖြစ်စေလို၏''ဟု
ထိုသူသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထို
အလိုရှိရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏ နားအကြားကို
လွန်သော
နတ်နားနှင့်
တူသောနား 'ဒိဗ္ဗသောတ'
ဖြင့်
နတ်၌လည်း
ဖြစ်ကုန်
လူ၌လည်း
ဖြစ်ကုန်သော
ဝေးသည်လည်း
ဖြစ်ကုန်
နီးသည်လည်း
ဖြစ်ကုန်သော
နှစ်မျိုးသော
အသံတို့ကို
ကြားလို၏''ဟု
ထိုသူသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ) အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်
အဖြစ်
(ဒိဗ္ဗသောတအဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
တစ်ပါးသော
သတ္တဝါ
တစ်ပါးသော
ပုဂ္ဂိုလ်တို့၏
စိတ်ကို
(မိမိ)
စိတ်ဖြင့်
ပိုင်းခြား၍သိလို၏၊
စွဲမက်ခြင်း
'ရာဂ'
နှင့်တကွသော စိတ်ကိုလည်း
''စွဲမက်ခြင်း
'ရာဂ'
နှင့်တကွသော
စိတ်''ဟု
သိလို၏၊
စွဲမက်ခြင်း
'ရာဂ' ကင်းသော
စိတ်ကိုလည်း
''စွဲမက်ခြင်း
'ရာဂ' ကင်းသော
စိတ်''ဟု
သိလို၏၊
အမျက်
ထွက်ခြင်း
'ဒေါသ' နှင့် တကွသော
စိတ်ကိုလည်း
''အမျက်ထွက်ခြင်း
'ဒေါသ'
နှင့်တကွသောစိတ်''ဟု
သိလို ၏၊
အမျက်ထွက်ခြင်း
'ဒေါသ'
ကင်းသောစိတ်ကိုလည်း
''အမျက်ထွက်ခြင်း
'ဒေါသ'
ကင်းသော
စိတ်''ဟု
သိလို၏၊
တွေဝေခြင်း
'မောဟ'နှင့်တကွသော
စိတ်ကိုလည်း
''တွေဝေခြင်း
'မောဟ'
နှင့်တကွသော
စိတ်''ဟု
သိလို၏၊ တွေဝေခြင်း
'မောဟ'
ကင်းသော
စိတ်ကိုလည်း
''တွေဝေခြင်း
'မောဟ'
ကင်းသော
စိတ်''ဟု
သိလို ၏၊ ကျုံ
့သော
စိတ်ကိုလည်း
''ကျုံ ့သော
စိတ်''ဟု
သိလို၏၊ ပျံ့လွင့်သော
စိတ်ကိုလည်း
''ပျံ့လွင့်သောစိတ်''ဟု
သိလို၏၊
မြတ်သည်၏အဖြစ်သို့
ရောက်သော
'မဟဂ္ဂုတ်'
စိတ်ကိုလည်း
''မြတ်သည်၏အဖြစ်သို့
ရောက်သော
'မဟဂ္ဂုတ်'
စိတ်''ဟု
သိလို၏၊ မြတ်သည်၏
အဖြစ်သို့
မရောက်သောစိတ်ကိုလည်း
''မြတ်သည်၏
အဖြစ်သို့
မရောက်သော
စိတ်''ဟု
သိလို၏၊
သာလွန်သော
တရားရှိသောစိတ်ကိုလည်း
''သာလွန်သော
တရားရှိသော
စိတ်''ဟု
သိလို၏၊
သာလွန်သော
တရားမရှိသောစိတ်ကိုလည်း
''သာလွန်သော တရားမရှိသော
စိတ်''ဟု
သိလို၏၊
တည်ကြည်သောစိတ်ကိုလည်း
''တည်ကြည်သော
စိတ်''ဟု
သိလို၏၊
မတည်ကြည်သောစိတ်ကိုလည်း
''မတည်ကြည်သော
စိတ်''ဟု
သိလို၏၊ လွတ်
မြောက်သော
စိတ်ကိုလည်း''လွတ်မြောက်သော
စိတ်''ဟု
သိလို၏၊
မလွတ်မြောက်သော
စိတ်ကိုလည်း
''မလွတ်မြောက်သောစိတ်''ဟု
သိလို၏ဟု
ထိုသူသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်း ရှိလတ်သော်ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်
အဖြစ်
(ပရစိတ္တဝိဇာနနအဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
များပြားသော
ရှေး၌
ဖြစ်ဖူးသည်ကို
အောက်မေ့လို၏။
ဤသည်ကား
အဘယ်နည်း -
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း၊
သုံးဘဝတို့ကိုလည်းကောင်း၊
လေးဘဝတို့ကိုလည်းကောင်း၊
ငါးဘဝတို့ကိုလည်းကောင်း၊
ဆယ်ဘဝတို့ကိုလည်းကောင်း၊
ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊
ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊
ဘဝလေးဆယ်တို့ကိုလည်းကောင်း၊
ဘဝငါးဆယ်တို့ကိုလည်းကောင်း၊
ဘဝတစ်ရာကိုလည်းကောင်း၊
ဘဝတစ်ထောင်ကိုလည်းကောင်း၊
ဘဝတစ်သိန်းကိုလည်းကောင်း၊
များပြားသော
ပျက်ကပ်တို့ကိုလည်းကောင်း၊
များပြားသော
ဖြစ်ကပ်တို့ကိုလည်းကောင်း၊
များပြားသောပျက်ကပ်
ဖြစ်ကပ်တို့ကိုလည်းကောင်း
ဤမည်သော ဘဝ၌
(ငါသည်)
'ဤသို့သော
အမည် ဤသို့သောအနွယ်
ဤသို့သော
အဆင်း
ဤသို့သော အစာ ဤသို့သော
ချမ်းသာ
ဆင်းရဲခံစားခြင်း
ဤသို့သောအသက်အပိုင်းအခြား
ရှိခဲ့၏၊ ထို
(ငါ) သည်
ထိုဘဝမှ
သေခဲ့၍ ဤမည်သော
ဘဝ၌
ဖြစ်ပြန်၏၊
ထိုဘဝ၌လည်း
ဤသို့သော
အမည်
ဤသို့သော
အနွယ်
ဤသို့သော
အဆင်း ဤသို့သော
အစာ
ဤသို့သောချမ်းသာ
ဆင်းရဲခံစားခြင်း
ဤသို့သော
အသက်အပိုင်းအခြား
ရှိခဲ့၏၊ ထို
(ငါ) သည်
ထိုဘဝမှ
သေခဲ့၍ဤဘဝ၌
ဖြစ်ပြန်၏''ဟု
ဤသို့
အခြင်းအရာ
(အဖြစ်သနစ်)
နှင့် တကွ ညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များပြားသော
ရှေး၌ ဖြစ်ဖူးသည်ကို
အောက်မေ့လို၏''ဟု
ထိုသူသည် အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်
အဖြစ် (ပုဗ္ဗေ
နိဝါသာနုဿတိ
အဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏မျက်စိအမြင်ထက်
သာလွန်သော
နတ်မျက်စိနှင့်တူသော
မျက်စိ
'ဒိဗ္ဗစက္ခု'
ဖြင့်
သေဆဲသတ္တဝါ
ဖြစ်ဆဲသတ္တဝါ
ယုတ်သော
သတ္တဝါ
မြတ်သော
သတ္တဝါအဆင်းလှသော
သတ္တဝါ
အဆင်းမလှသော
သတ္တဝါ
ကောင်းသော
လားရာရှိသော
သတ္တဝါမကောင်းသော
လားရာရှိသော
သတ္တဝါတို့ကို
မြင်လို၏၊
ကံအလျောက်ဖြစ်သော
သတ္တဝါတို့ကို
သိလို၏၊
'အချင်းတို့ ဤ
သတ္တဝါတို့သည်
ကာယဒုစရိုက်
ဝစီဒုစရိုက်
မနောဒုစရိုက်တို့နှင့်
ပြည့်စုံကုန်၏၊
အရိယာတို့ကို
စွပ်စွဲကုန်၏၊
မှားသော
အယူရှိကုန်၏၊
မှားသော အယူဖြင့်
ပြုအပ်သော
ကံရှိကုန်၏၊
ထို (သတ္တဝါ) တို့သည်
ခန္ဓာကိုယ်
ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ချမ်းသာ ကင်းသော
မကောင်းသောလားရာ
ပျက်စီး၍
ကျရောက်ရာ
ဖြစ်သော
ငရဲသို့
ရောက်ကုန်၏၊
အချင်းတို့
ဤသတ္တဝါတို့သည်ကားကာယသုစရိုက်
ဝစီသုစရိုက်
မနောသုစရိုက်တို့နှင့်
ပြည့်စုံကုန်၏၊
အရိယာတို့ကို
မစွပ်စွဲတတ်ကုန်၊
မှန်သော
အယူရှိကုန်၏၊
မှန်သော
အယူဖြင့်
ပြုအပ်သောကံ
ရှိကုန်၏၊
ထို (သတ္တဝါ)
တို့သည်ကိုယ်ခန္ဓာပျက်စီး၍
သေပြီး သည်မှ
နောက်၌
ကောင်းသောလားရာ
နတ်ပြည်သို့
ရောက်ကုန်၏'။
ဤသို့လျှင်
အထူးသဖြင့်
စင်ကြယ် သော
လူတို့၏
မျက်စိအမြင်ထက်
သာလွန်သောနတ်မျက်စိနှင့်တူသော
မျက်စိ
'ဒိဗ္ဗစက္ခု' ဖြင့်
သေဆဲ သတ္တဝါ
ဖြစ်ဆဲသတ္တဝါ
ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ
အဆင်းလှသောသတ္တဝါ
အဆင်းမလှသော
သတ္တဝါ ကောင်းသော
လားရာရှိသောသတ္တဝါ
မကောင်းသော
လားရာရှိသော
သတ္တဝါတို့ကို
မြင်လို၏၊
ကံအလျောက်ဖြစ်သော
သတ္တဝါတို့ကိုသိလို၏''ဟု
ထိုသူသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်း
ရှိလတ်သော်
ထိုထို
အလိုရှိရာ၌ပင်သက်သေထိုက်သည့်
အဖြစ်
(ဒိဗ္ဗစက္ခုအဘိညာဉ်)သို့
ရောက်၏။
''အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါတရားမရှိသော
(ကိလေသာတို့မှ)
လွတ်မြောက်သော
'အရဟတ္တဖိုလ်စိတ်'နှင့်
(ကိလေသာတို့မှ)
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကိုယခုဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်
မျက်မှောက်ပြုလျက်
ရောက်၍
နေလို၏''ဟု
ထိုသူသည်အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
ကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(အရဟတ္တဖလ
သမာပတ်)သို့
ရောက်၏ဟု မိန့်တော်မူ၏။
တတိယသုတ်။
------
၄-ဒုဿီလသုတ်
၂၄။
ရဟန်းတို့
သီလပျက်စီးသော
ဒုဿီလပုဂ္ဂိုလ်အား
မှန်ကန်သော
တည်ကြည်မှု
'သမ္မာသမာဓိ'
သည်
အကြောင်းချို့တဲ့၏။
သမ္မာသမာဓိမရှိလတ်သော်
သမ္မာသမာဓိပျက်စီးသူအားဟုတ်တိုင်းမှန်စွာ
သိမြင်တတ်သော
ဉာဏ်အမြင်သည်
အကြောင်းချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ
သိမြင်တတ်သော
ဉာဏ်အမြင်
ပျက်စီးလတ်သော်ဟုတ်တိုင်းမှန်စွာ
သိမြင်တတ်သော
ဉာဏ်အမြင်ပျက်စီးသူအား
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှု
အကြောင်းချို့တဲ့၏၊
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှုမရှိလတ်သော်
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှု
ပျက်စီးသူအား
(ကိလေသာမှ) လွတ်မြောက်မှုနှင့်
လွတ်မြောက်မှုကိုသိသော
ဉာဏ်အမြင်သည်
အကြောင်းချို့တဲ့၏။
ရဟန်းတို့
သစ်ပင်သည်
အခက် အရွက်
ပျက်စီးခဲ့မူ
ယင်းသစ်ပင်၏
အပွေးသည်လည်း
ပြည့်စုံခြင်းသို့မရောက်၊
အခွံ အခေါက်သည်လည်း
ပြည့်စုံခြင်းသို့
မရောက်၊
အကာသည်လည်း
ပြည့်စုံခြင်းသို့မရောက်၊
အနှစ်သည်လည်း
ပြည့်စုံခြင်းသို့
မရောက်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
သီလပျက်စီးသောဒုဿီလပုဂ္ဂိုလ်အား
မှန်ကန်သော
တည်ကြည်မှု
'သမ္မာသမာဓိ'
သည်
အကြောင်းချို့တဲ့၏၊
သမ္မာသမာဓိမရှိလတ်သော်
သမ္မာသမာဓိပျက်စီးသူအားဟုတ်တိုင်းမှန်စွာ
သိမြင်တတ်သော
ဉာဏ်အမြင်သည်အကြောင်းချို့တဲ့၏။
ဟုတ်တိုင်းမှန်စွာ
သိမြင်တတ်သော
ဉာဏ်အမြင်မရှိလတ်သော်ဟုတ်တိုင်းမှန်စွာသိမြင်တတ်သော
ဉာဏ်အမြင်ပျက်စီးသူအား
ငြီးငွေ့မှုစွဲမက်ခြင်းကင်းမှုသည်
အကြောင်းချို့တဲ့၏၊
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှု
မရှိလတ်သော်
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှု
ချို့တဲ့သူအား
(ကိလေသာမှ)
လွတ် မြောက်မှုနှင့်
လွတ်မြောက်မှုကို
သိမြင်တတ်သော
ဉာဏ်အမြင်သည်
အကြောင်းချို့တဲ့၏။
ရဟန်းတို့
သီလနှင့်ပြည့်စုံသော
'သီလဝန္တ' ပုဂ္ဂိုလ်အား
မှန်ကန်သော တည်ကြည်မှု
'သမ္မာသမာဓိ'
သည်အကြောင်းပြည့်စုံ၏၊
သမ္မာသမာဓိရှိလတ်သော်
သမ္မာသမာဓိနှင့်
ပြည့်စုံသော
သူအားဟုတ်တိုင်း
မှန်စွာသိသော
ဉာဏ်အမြင်သည်
အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်ရှိလတ်
သော်ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်နှင့်
ပြည့်စုံသူအား
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှုသည်အကြောင်းပြည့်စုံ၏၊
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှုရှိလတ်သော်
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှုနှင့်
ပြည့်စုံသောသူအား
(ကိလေသာမှ) လွတ်မြောက်မှုနှင့်
လွတ်မြောက်မှုကို
သိတတ်သော
ဉာဏ်အမြင်သည်
အကြောင်းပြည့်စုံ၏။
ရဟန်းတို့
သစ်ပင်သည်
အခက် အရွက်နှင့်
ပြည့်စုံခဲ့မူ
ယင်းသစ်ပင်၏
အပွေး အခွံ
အကာ
အနှစ်တို့သည်
ပြည့်စုံခြင်းသို့
ရောက်ကုန်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
သီလနှင့်ပြည့်စုံသော
'သီလဝန္တ'ပုဂ္ဂိုလ်အား
မှန်ကန်သော
တည်ကြည်မှု
'သမ္မာသမာဓိ' သည်
အကြောင်းပြည့်စုံ၏၊
သမ္မာသမာဓိရှိလတ်သော်
သမ္မာသမာဓိနှင့်
ပြည့်စုံသော
သူအားဟုတ်တိုင်းမှန်စွာ
သိမြင်သော
ဉာဏ်အမြင်သည်
အကြောင်းပြည့်စုံ၏။
ဟုတ်တိုင်းမှန်စွာ
သိမြင်တတ်သော
ဉာဏ်အမြင်ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ
သိသော ဉာဏ်အမြင်နှင့်
ပြည့်စုံသူအား
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှုသည်
အကြောင်းပြည့်စုံ၏၊
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှု
ရှိလတ်သော်
ငြီးငွေ့မှု
စွဲမက်ခြင်းကင်းမှုနှင့်
ပြည့်စုံသော
သူအား (ကိလေသာမှ)
လွတ်မြောက်မှုနှင့်
လွတ်မြောက်မှုကို
သိမြင်တတ်သော
ဉာဏ်အမြင်သည်
အကြောင်းပြည့်စုံ၏ဟု
မိန့်တော်မူ၏။
စတုတ္ထသုတ်။
------
၅-အနုဂ္ဂဟိတသုတ်
၂၅။
ရဟန်းတို့
အကြောင်းငါးမျိုးတို့ဖြင့်
ချီးမြှောက်အပ်သည့်
မှန်ကန်သောအယူ
'သမ္မာဒိဋ္ဌိ'
သည်စိတ်၏
(ကိလေသာမှ)
လွတ်မြောက်မှု
(မဂ် ဖိုလ်
သမာဓိ)
အကျိုးလည်း
ရှိ၏၊ စိတ်၏
(ကိလေသာမှ)
့လွတ်မြောက်မှု
(မဂ် ဖိုလ်
သမာဓိ) အကျိုးအာနိသင်လည်း
ရှိ၏၊ ပညာ၏
(ကိလေသာမှ)
လွတ်မြောက်မှုအကျိုးလည်း
ရှိ၏။ ပညာ၏
(ကိလေသာမှ)
လွတ်မြောက်မှု
အကျိုးအာနိသင်လည်း
ရှိ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
မှန်ကန်သောအယူ
'သမ္မာဒိဋ္ဌိ'
ကို
သီလဖြင့်လည်း
ချီးမြှောက်အပ်၏။
အကြားအမြင်ဖြင့်လည်း
ချီးမြှောက်အပ်၏။
ဆွေးနွေးမှုဖြင့်လည်း
ချီးမြှောက်အပ်၏။
သမထဖြင့်လည်း
ချီးမြှောက်အပ်၏။
ဝိပဿနာဖြင့်လည်း
ချီးမြှောက်အပ်၏။
ရဟန်းတို့
ဤအကြောင်းငါးမျိုးတို့ဖြင့်
ချီးမြှောက်အပ်သော
မှန်ကန်သောအယူ
'သမ္မာဒိဋ္ဌိ'
သည် စိတ်၏
(ကိလေသာမှ)
လွတ်မြောက်မှု
အကျိုးလည်း
ရှိ၏၊ စိတ်၏
(ကိလေသာမှ)
လွတ်မြောက်မှု
အကျိုးအာနိသင်လည်း
ရှိ၏၊ ပညာ၏
(ကိလေသာမှ)
လွတ်မြောက်မှု
အကျိုးလည်း ရှိ၏။
ပညာ၏
(ကိလေသာမှ)
လွတ်မြောက်မှု
အကျိုးအာနိသင်လည်း
ရှိ၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဝိမုတ္တာယတနသုတ်
၂၆။
ရဟန်းတို့
လွတ်မြောက်ကြောင်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်းငါးမျိုးတို့၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော
ရဟန်းအား
(ကိလေသာတို့မှ)
မလွတ်မြောက်သေးသောစိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်းရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းအား
ဆရာကဖြစ်စေ
ဆရာ့အရာ၌
တည်သော
သီတင်းသုံးဖော်တစ်ဦးဦးကဖြစ်စေ
(သစ္စာလေးပါး)
တရားကို
ဟောကြား၏။
ရဟန်းတို့
ဆရာကဖြစ်စေ
ဆရာ့အရာ၌
တည်သော သီတင်းသုံးဖော်
တစ်ဦးဦးကဖြစ်စေ
ဟောတိုင်းသော
အခြင်းအရာအားဖြင့်
ထိုရဟန်းသည်
ထိုတရား၌ အနက်သဘောကိုလည်း
ထိုးထွင်း၍
သိ၏၊ ပါဠိကိုလည်း
ထိုးထွင်း၍
သိ၏၊
အနက်ကိုလည်းကောင်း၊
ပါဠိကိုလည်းကောင်း
ထိုးထွင်း၍
သိသောထိုရဟန်းအား
ဝမ်းမြောက်မှု
'ပါမောဇ္ဇ'
ဖြစ်၏၊
ဝမ်းမြောက်သော
ရဟန်းအား
နှစ်သိမ့်မှု
'ပီတိ' ဖြစ်၏၊
နှစ်သိမ့်
သော
စိတ်ရှိသော
ရဟန်း၏
ကိုယ်သည်
ငြိမ်းအေး၏၊
ငြိမ်းအေးသော
ကိုယ်ရှိသောရဟန်းသည်
ချမ်းသာကို
ခံစားရ၏၊
ချမ်းသာသော
ရဟန်း၏ စိတ်သည်
တည်ကြည်၏။
ရဟန်းတို့
ဤသည်ကား
ပဌမလွတ်မြောက်ကြောင်းတည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်း၌
မမေ့မလျော့
ပြင်းစွာ
အားထုတ်လျက်
(နိဗ္ဗာန်သို့)စေလွှတ်အပ်သော
စိတ်ရှိသည်
ဖြစ်၍ နေသော ရဟန်းအား
(ကိလေသာတို့မှ)
မလွတ်မြောက်သေးသောစိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်းရောက်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းအား ဆရာကဖြစ်စေ
ဆရာ့အရာ၌
တည်သော
သီတင်း့သုံးဖော်တစ်ဦးဦးကဖြစ်စေ
တရားကို
မဟောကြား၊
စင်စစ်သော်ကား
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
သစ္စာလေးပါးတရားကို
အကျယ်အားဖြင့်
သူတစ်ပါးတို့အား
ဟောကြား၏၊
ရဟန်းတို့ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကို
အကျယ်အားဖြင့်
သူတစ်ပါးတို့အား
ဟောကြားတိုင်းသော
အခြင်းအရာအားဖြင့်
ရဟန်းသည် ထို
(သစ္စာ) တရား၌
အနက်ကိုလည်း
ထိုးထွင်း၍
သိ၏၊
ပါဠိကိုလည်း
ထိုးထွင်း၍
သိ၏၊
အနက်ကိုလည်းကောင်း၊
ပါဠိကိုလည်းကောင်း
ထိုးထွင်း၍သိသောထိုရဟန်းအား
ဝမ်းမြောက်မှု
'ပါမောဇ္ဇ'
ဖြစ်၏၊
ဝမ်းမြောက်သော
ရဟန်းအား
နှစ်သိမ့်မှု
'ပီတိ' ဖြစ်၏၊
နှစ်သိမ့်သောစိတ်ရှိသော
ရဟန်း၏ကိုယ်သည်
ငြိမ်းအေး၏၊
ငြိမ်းအေးသော
ကိုယ်ရှိသော
ရဟန်းသည်ချမ်းသာကို
ခံစားရ၏၊ ချမ်းသာသော
ရဟန်း၏
စိတ်သည်
တည်ကြည်၏။
ရဟန်းတို့
ဤသည်ကား
ဒုတိယလွတ်မြောက်ကြောင်းတည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်း၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော
ရဟန်းအား
(ကိလေသာတို့မှ)
မလွတ်မြောက်သေးသော
စိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်းရောက်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းအား ဆရာကဖြစ်စေ
ဆရာ့အရာ၌
တည်သော
သီတင်း
သုံးဖော်တစ်ဦးဦးကဖြစ်စေ
တရားကို
မဟောကြား၊
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကိုအကျယ်အားဖြင့်
သူတစ်ပါးတို့အားလည်း
မဟောကြား၊
စင်စစ်သော်ကား
ကြားနာဖူးသည့်
အတိုင်းသင်ယူဖူးသည့်အတိုင်း
တရားကို
အကျယ်အားဖြင့်
ရွတ်အံသရဇ္ဈာယ်ခြင်းကို
ပြု၏၊
ရဟန်းတို့ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကို
အကျယ်အားဖြင့်
ရွတ်အံသရဇ္ဈာယ်ခြင်းကို
ပြုတိုင်းသော
အခြင်းအရာအားဖြင့်
ထိုရဟန်းသည်
ထို (သစ္စာ)
တရား၌
အနက်ကိုလည်း
ထိုးထွင်း၍
သိ၏၊
ပါဠိကိုလည်း ထိုးထွင်း၍
သိ၏၊
အနက်ကိုလည်းကောင်း၊
ပါဠိကိုလည်းကောင်း
ထိုးထွင်း၍သိသောရဟန်း
အား
ဝမ်းမြောက်မှု
'ပါမောဇ္ဇ'
ဖြစ်၏၊
ဝမ်းမြောက်သော
ရဟန်းအား
နှစ်သိမ့်မှု
'ပီတိ' ဖြစ်၏၊
နှစ်သိမ့်သော
စိတ်ရှိသော
ရဟန်း၏
ကိုယ်သည်
ငြိမ်းအေး၏၊
ငြိမ်းအေးသော
ကိုယ်ရှိသော
ရဟန်းသည်ချမ်းသာကို
ခံစားရ၏၊
ချမ်းသာသော
ရဟန်း၏
စိတ်သည် တည်ကြည်၏။
ရဟန်းတို့
ဤသည်ကား
တတိယလွတ်မြောက်ကြောင်းတည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်း၌
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော ရဟန်းအား
(ကိလေသာတို့မှ)
မလွတ်မြောက်သေးသော
စိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့
ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်း
ရောက်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းအား ဆရာကဖြစ်စေ
ဆရာ့အရာ၌
တည်သော
သီတင်းသုံးဖော်တစ်ဦးဦးကဖြစ်စေ
တရားကို
မဟောကြား၊
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကိုအကျယ်အားဖြင့်
သူတစ်ပါးတို့အားလည်း
မဟောကြား၊
ကြားနာဖူးသည့်
အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကို
အကျယ်အားဖြင့်
ရွတ်အံသရဇ္ဈာယ်ခြင်းကိုလည်း
မပြု၊
စင်စစ်သော်ကား
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကို
စိတ်ဖြင့်
အဖန်ဖန်စဉ်းစား၏၊
အဖန်ဖန်သုံးသပ်၏၊
စိတ်ဖြင့်
အဖန်ဖန်ရှုဆင်ခြင်၏။
ရဟန်းတို့
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကို
အဖန်ဖန်
စဉ်းစားသုံးသပ်ဆင်ခြင်တိုင်းသော
အခြင်းအရာအားဖြင့်
ထိုရဟန်းသည်
ထို (သစ္စာ)
တရား၌
အနက်ကိုလည်း
ထိုးထွင်း၍သိ၏၊
ပါဠိကိုလည်း
ထိုးထွင်း၍
သိ၏၊
အနက်ကိုလည်းကောင်း၊
ပါဠိကိုလည်းကောင်း
ထိုးထွင်း၍့သိသော
ရဟန်းအား
ဝမ်းမြောက်မှု
'ပါမောဇ္ဇ' ဖြစ်၏၊
ဝမ်းမြောက်သော
ရဟန်းအား
နှစ်သိမ့်မှု
'ပီတိ'ဖြစ်၏၊
နှစ်သိမ့်သော
စိတ်ရှိသော ရဟန်း၏
ကိုယ်သည်
ငြိမ်းအေး၏၊
ငြိမ်းအေးသော
ကိုယ်ရှိသောရဟန်းသည်
ချမ်းသာကို
ခံစားရ၏၊
ချမ်းသာသော
ရဟန်း၏ စိတ်သည်
တည်ကြည်၏။
ရဟန်းတို့
ဤသည်ကား
စတုတ္ထလွတ်မြောက်ကြောင်းတည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်း၌
မမေ့မလျော့
ပြင်းစွာ
အားထုတ်လျက်
(နိဗ္ဗာန်)သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော ရဟန်းအား
(ကိလေသာတို့မှ)
မလွတ်မြောက်သေးသော
စိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်းရောက်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းအား ဆရာကဖြစ်စေ
ဆရာ့အရာ၌
တည်သော
သီတင်း
သုံးဖော်တစ်ဦးဦးကဖြစ်စေ
တရားကို
မဟောကြား၊
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူးသည့်အတိုင်း
တရားကိုအကျယ်အားဖြင့်
သူတစ်ပါးတို့အားလည်း
မဟောကြား၊
ကြားနာဖူးသည့်အတိုင်း
သင်ယူဖူး
သည့်အတိုင်းတရားကို
အကျယ်အားဖြင့်
ရွတ်အံသရဇ္ဈာယ်ခြင်းကို
မပြု၊
ကြားနာဖူးသည့်အတိုင်းသင်ယူဖူးသည့်အတိုင်း
တရားကို
စိတ်ဖြင့်
အဖန်ဖန်လည်း
မစဉ်းစား၊
အဖန်ဖန်လည်း
မသုံးသပ်၊
စိတ်ဖြင့်
အဖန်ဖန်လည်း
မဆင်ခြင်၊
စင်စစ်သော်ကား
ထိုရဟန်းသည်
သမာဓိအာရုံ
(ကမ္မဋ္ဌာန်း)
တစ်မျိုးမျိုးကို
ကောင်းစွာ
သင်ယူထား၏၊
ကောင်းစွာ
နှလုံးသွင်းထား၏၊
ကောင်းစွာ
မှတ်သားထား၏၊
ပညာဖြင့်
ကောင်းစွာ
ထိုးထွင်း၍ သိထား၏။
ရဟန်းတို့
သမာဓိအာရုံ
(ကမ္မဋ္ဌာန်း)
တစ်မျိုးမျိုးကို
ကောင်းစွာ
သင်ယူ
နှလုံးသွင်း
မှတ်သား
ပညာဖြင့်ထိုးထွင်း၍သိထားတိုင်းသော
အခြင်းအရာအားဖြင့်
ရဟန်းသည်
အနက်ကိုလည်း
ထိုးထွင်း၍
သိ၏၊
ပါဠိကိုလည်း
ထိုးထွင်း၍
သိ၏။
အနက်ကိုလည်းကောင်း၊
ပါဠိကိုလည်းကောင်း
ထိုးထွင်း၍သိသောရဟန်းအား
ဝမ်းမြောက်မှု
'ပါမောဇ္ဇ'
ဖြစ်၏၊
ဝမ်းမြောက်သော
ရဟန်းအား
နှစ်သိမ့်မှု
'ပီတိ' ဖြစ်၏၊
နှစ်သိမ့်သော
စိတ်ရှိသော
ရဟန်း၏
ကိုယ်သည်
ငြိမ်းအေး၏၊
ငြိမ်းအေးသော
ကိုယ်ရှိသော
ရဟန်းသည်ချမ်းသာကို
ခံစားရ၏၊
ချမ်းသာသော
ရဟန်း၏
စိတ်သည်
တည်ကြည်၏။
ရဟန်းတို့
ဤသည်ကား
ပဉ္စမလွတ်မြောက်ကြောင်းတည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်း၌
မမေ့မလျော့
ပြင်းစွာ
အားထုတ်လျက်
(နိဗ္ဗာန်သို့)စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော ရဟန်းအား
(ကိလေသာတို့မှ)
မလွတ်မြောက်သေးသော
စိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်းရောက်၏။
ရဟန်းတို့
ဤသည်တို့ကား
လွတ်မြောက်ကြောင်း
ငါးမျိုးတို့တည်း။
ရဟန်းတို့
ယင်းလွတ်မြောက်ကြောင်း
ငါးမျိုးတို့၌
မမေ့မလျော့
ပြင်းစွာ
အားထုတ်လျက်
(နိဗ္ဗာန်)သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေသော
ရဟန်းအား (ကိလေသာတို့မှ)
မလွတ်မြောက်သေး
သောစိတ်သည်လည်း
လွတ်မြောက်၏၊
မကုန်ခန်းသေးသော
အာသဝေါတရားတို့သည်လည်းကုန်ခန်း
ခြင်းသို့ရောက်ကုန်၏၊
မရောက်ဖူးသေးသော
အတုမရှိသော
ယောဂလေးပါးတို့၏ကုန်ရာ
(နိဗ္ဗာန်)သို့လည်းရောက်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-သမာဓိသုတ်
၂၇။
ရဟန်းတို့
ရင့်ကျက်သော
ပညာနှင့်
သတိရှိကုန်သည်
ဖြစ်၍
နှိုင်းယှဉ်ကြောင်း
(ကိလေသာ
တို့မှ)
ကင်းသော
သမာဓိကို
ပွါးများကုန်လော့။
ရဟန်းတို့
ရင့်ကျက်သော
ပညာနှင့်
သတိရှိကုန်သည်
ဖြစ်၍
နှိုင်းယှဉ်ကြောင်း
(ကိလေသာတို့မှ)
ကင်းသော
သမာဓိကို ပွါးများသော
သူတို့အား
ဉာဏ်ငါးမျိုးတို့သည်
မိမိသန္တာန်၌
ဖြစ်ပေါ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
''ဤသမာဓိသည်
ပစ္စုပ္ပန်ချမ်းသာလည်း
ရှိ၏၊ နောင်အခါ
ချမ်းသာကျိုးလည်း
ရှိ၏''ဟု
မိမိသန္တာန်၌ပင်လျှင်
ဉာဏ်ဖြစ်ပေါ်၏။
''ဤသမာဓိသည်
မြတ်၏၊
(တဏှာဖြင့်)
သုံးဆောင်မှုမရှိ''ဟု
မိမိသန္တာန်၌ပင်လျှင်
ဉာဏ်ဖြစ်ပေါ်၏။
''ဤသမာဓိကို
ယောက်ျားမြတ်တို့သာ
မှီဝဲအပ်၏''ဟု
မိမိသန္တာန်၌ပင်လျှင်
ဉာဏ်ဖြစ်ပေါ်၏။
''ဤသမာဓိသည်
ငြိမ်သက်၏၊
မွန်မြတ်၏၊
ကိလေသာငြိမ်းချမ်းခြင်းဖြင့်
စိတ်၏
တည်ကြည်ခြင်း
(သမာဓိ)
ပွါးများမှုကို
ရ၏၊
ပြုပြင်ခြင်း
(ပယောဂ) နှင့်
တကွ ကိလေသာတို့ကို
ဖိနှိပ်
တားမြစ်၍ဖြစ်ပေါ်လာသည်မဟုတ်''ဟု
မိမိသန္တာန်၌ပင်လျှင်
ဉာဏ်ဖြစ်ပေါ်၏။
''ငါသည်
သတိရှိလျက်
ဤသမာပတ်ကို
ဝင်စားအံ့၊ သတိရှိလျက်
(သမာပတ်မှ)
ထအံ့''ဟု
မိမိသန္တာန်၌ပင်လျှင်
ဉာဏ်ဖြစ်ပေါ်၏။
ရဟန်းတို့
ရင့်ကျက်သောပညာနှင့်
သတိရှိကုန်၍
နှိုင်းယှဉ်ကြောင်း
(ကိလေသာတို့မှ)
ကင်းသောသမာဓိကို
ပွါးများကုန်လော့၊
ရင့်ကျက်သော
ပညာနှင့်
သတိရှိကုန်လျက်
နှိုင်းယှဉ်ကြောင်း
(ကိလေသာတို့မှ)
ကင်းသော
သမာဓိကို
ပွါးများသောသူတို့အား
ဤ
ဉာဏ်ငါးမျိုးတို့သည်
မိမိသန္တာန်၌ပင်လျှင်
ဖြစ်ပေါ်လာကုန်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ပဉ္စင်္ဂ
ိကသုတ်
၂၈။
ရဟန်းတို့
အင်္ဂါငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိပွါးများမှုကို
ဟောကြားအံ့၊
ထို
တရားကိုနာကြကုန်လော့၊
ကောင်းစွာ
နှလုံးသွင်းကုန်လော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''ကောင်းပါပြီ
အသျှင်ဘုရား''ဟု
ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကြကုန်၏၊
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏
-
ရဟန်းတို့
အင်္ဂါငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိ
ပွါးများမှုဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့ရောက်၍
နေ၏၊
ထိုရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
(နီဝရဏ)
ကင်းခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊
(နီဝရဏ)
ကင်းခြင်းကြောင့်
ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
ထိုရဟန်း၏
တစ်ကိုယ်လုံး၌
မပျံ့နှံ့သော
နေရာ အနည်းငယ်မျှမရှိ။
ရဟန်းတို့
ဥပမာသော်ကား
ကျွမ်းကျင်သော
ရေချိုးပေးသူသည်လည်းကောင်း၊
ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း
ကြေးခွက်၌
ရေချိုးကသယ်မှုန့်တို့ကို
ဖြူးပြီးလျှင်
ရေဖြင့်
ဖျန်းလျက်
ဖျန်းလျက်
အခဲပြုရာ၏၊
ထိုရေချိုးကသယ်မှုန့်အခဲသည်
အစေးဖြင့်
စိမ့်ဝင်လျက်
ရှိရာ၏၊ အစေးဖြင့်ဖွဲ့စည်းလျက်
ရှိရာ၏၊
အတွင်းအပြင်၌
အစေးဖြင့်
ပျံ့နှံ့လျက်
ရှိရာ၏၊ ယိုကျခြင်းလည်း
မရှိရာ။
ရဟန်းတို့
ဤအတူပင်လျှင်
ရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
(နီဝရဏ)
ကင်းခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
(နီဝရဏ)
ကင်းခြင်းကြောင့်
ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ' ချမ်းသာခြင်း
'သုခ' ဖြင့်
ထိုသူ၏
တစ်ကိုယ့်လုံး၌
မပျံ့နှံ့သော
နေရာ
အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဤသည်ကား
အင်္ဂါ
ငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
ပဌမ
ပွါးများပုံတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည်
ကြံစည်ခြင်း 'ဝိတက်'
သုံးသပ်ခြင်း
'ဝိစာရ'
တို့၏ချုပ်ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
တည်ကြည်ခြင်း'သမာဓိ'
ကြောင့်
ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
ထိုသူ၏
တစ်ကိုယ်လုံး၌
မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဥပမာသော်ကား
နက်စွာသော
စိမ့်ရေရှိသည့်
ရေအိုင်သည်
ရှိရာ၏၊
ထိုရေအိုင်၏အရှေ့အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊
အနောက်အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊
မြောက်အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊
တောင်အရပ်၌လည်း
ရေဝင်ပေါက်
မရှိရာ၊
မိုးသည်လည်း
အချိန်မှန်မှန်သည်းထန်စွာ
ရွာသွန်းခြင်း
မရှိရာ၊သို့သော်လည်း
ထိုရေအိုင်မှ
အေးမြသော ရေအလျဉ်သည်စိမ့်ထွက်၍
ထိုရေအိုင်ကိုသာလျှင်
အေးမြသော
ရေဖြင့်
စိုစွတ်စေရာ၏၊
အလုံးစုံ
စိုစွတ်စေရာ၏၊
ပြည့်စေရာ၏၊
ပျံ့နှံ့စေရာ၏၊
အေးမြသော
ရေဖြင့် ထိုရေအိုင်တစ်ခုလုံး၌
မပျံ့နှံ့သော
နေရာအနည်းငယ်မျှ
မရှိရာ။
ရဟန်းတို့
ဤအတူပင်လျှင်
ရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
တည်ကြည်ခြင်း
'သမာဓိ'
ကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ' ချမ်းသာခြင်း
'သုခ' ဖြင့်
ထိုသူ၏တစ်ကိုယ်လုံး၌
မပျံ့နှံ့သော
နေရာ
အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဤသည်ကား
အင်္ဂါ
ငါးမျိုးရှိသည့်
မြတ်သော သမ္မာသမာဓိကို
ဒုတိယ
ပွါးများပုံတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် နှစ်သိမ့်ခြင်း
'ပီတိ'
ကိုလည်း
မစွဲမက်ခြင်းကြောင့်။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
နှစ်သိမ့်ခြင်း
'ပီတိ'
မရှိသော
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံ
စိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
နှစ်သိမ့်ခြင်း
'ပီတိ'
ကင်းသော
ချမ်းသာခြင်း
'သုခ' ဖြင့်ထိုသူ၏
တစ်ကိုယ်လုံး၌
မပျံ့နှံ့သော
နေရာ
အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဥပမာသော်ကား
ဥပ္ပလ (ဖြူ နီ
ညို) ကြာတော၌လည်းကောင်း၊
ပဒုမ္မာကြာတော၌လည်းကောင်း၊
ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊
ဥပ္ပလ (ဖြူ နီ
ညို) ကြာ
အချို့တို့သည်လည်းကောင်း၊
ပဒုမ္မာကြာ
အချို့တို့သည်လည်းကောင်း၊
ပုဏ္ဍရိက်ကြာ
အချို့တို့သည်လည်းကောင်း
ရေ၌
ပေါက်ကုန်၏၊
ရေ၌
ကြီးပွါးကုန်၏၊
ရေမှ
မပေါ်ထွက်သေးကုန်၊
ရေထဲ၌ မြုပ်၍
ဖွံ့ဖြိုးကုန်၏။
ထို (ကြာ)
တို့သည်
အဖျားမှအရင်းတိုင်အောင်
အေးမြသော
ရေဖြင့်
စိုစွတ်ကုန်၏၊
အလုံးစုံ
စိုစွတ်ကုန်၏၊
ပြည့်ကုန်၏၊
ပျံ့နှံ့ကုန်၏၊
ထိုဥပ္ပလ (ဖြူ
နီ ညို) ကြာ
ပဒုမ္မာကြာ
ပုဏ္ဍရိက်ကြာတို့၏
အစိတ်အပိုင်း
အလုံးစုံ၌
အေးမြသော
ရေဖြင့်မပျံ့နှံ့သောနေရာ
အနည်းငယ်မျှ
မရှိရာ။
ရဟန်းတို့
ဤအတူပင်လျှင်
ရဟန်းသည်
ဤကိုယ်ကိုပင်လျှင်
နှစ်သိမ့်ခြင်း
'ပီတိ'
ကင်းသော
ချမ်းသာခြင်း
'သုခ' ဖြင့်
စိုစွတ်စေ၏၊
အလုံးစုံစိုစွတ်စေ၏၊
ပြည့်စေ၏၊
ပျံ့နှံ့စေ၏၊
နှစ်သိမ့်ခြင်း'ပီတိ'
ကင်းသော
ချမ်းသာခြင်း
'သုခ' ဖြင့်
ထိုသူ၏
တစ်ကိုယ်လုံး၌
မပျံ့နှံ့သော
နေရာ
အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဤသည်ကား
အင်္ဂါ
ငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
တတိယ
ပွါးများပုံတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ချမ်းသာခြင်း
'သုခ'ကိုလည်း
ပယ်ခြင်းကြောင့်။ပ။
စတုတ္ထဈာန်သို့ရောက်၍
နေ၏။
ထိုရဟန်းသည်
ဤကိုယ်ကိုသာလျှင်
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏၊
ထိုရဟန်း၏တစ်ကိုယ်လုံး၌
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
မပျံ့နှံ့သော
နေရာ အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဥပမာသော်ကား
ယောက်ျားသည်
ဖြူသောအဝတ်ဖြင့်
ဦးခေါင်းနှင့်တကွ
(တစ်ကိုယ်လုံး)
ခြုံ၍
ထိုင်နေသည်ရှိသော်
ထိုယောက်ျား၏
တစ်ကိုယ်လုံး၌
မပျံ့နှံ့သော
နေရာ အနည်းငယ်မျှ
မရှိရာ။
ရဟန်းတို့
ဤအတူသာလျှင်
ရဟန်းသည်
ဤကိုယ်ကိုသာလျှင်
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍နေ၏၊
ထိုရဟန်း၏
တစ်ကိုယ်လုံး၌
သန့်ရှင်းဖြူစင်သော
စိတ်ဖြင့်
မပျံ့နှံ့သော
နေရာ
အနည်းငယ်မျှ
မရှိ။
ရဟန်းတို့
ဤသည်ကား
အင်္ဂါ
ငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
စတုတ္ထ
ပွါးများပုံတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်ဟူသော
အာရုံကိုကောင်းစွာ
သင်ယူအပ်
ကောင်းစွာ
နှလုံးသွင်းအပ်
ကောင်းစွာ
မှတ်သားအပ်
ပညာဖြင့်
ကောင်းစွာထိုးထွင်း၍
သိအပ်၏။
ရဟန်းတို့
ဥပမာသော်ကား
တစ်ယောက်သော
သူသည်မူလည်း
တစ်ယောက်သော
သူကို
ဆင်ခြင်ရာ၏၊
ရပ်သော
သူသည်မူလည်း
ထိုင်သောသူကို
ဆင်ခြင်ရာ၏၊
ထိုင်သော
သူသည်မူလည်း
အိပ်သောသူကို
ဆင်ခြင်ရာ၏။
ရဟန်းတို့
ဤအတူသာလျှင်
ရဟန်းသည်
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
ဉာဏ်ဟူသော
အာရုံကိုကောင်းစွာ
သင်ယူအပ်
ကောင်းစွာ
နှလုံးသွင်းအပ်
ကောင်းစွာ
မှတ်သားအပ်
ပညာဖြင့်
ကောင်းစွာထိုးထွင်း၍
သိအပ်၏။
ရဟန်းတို့
ဤသည်ကား
အင်္ဂါ
ငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
ပဉ္စမ
ပွါးများပုံတည်း။
ရဟန်းတို့
ရဟန်းသည်
အင်္ဂါငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
ဤသို့
ပွါးများသော်
ဤသို့ကြိမ်ဖန်များစွာပြုလုပ်သော်
ထူးသော
ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုအပ်သည့်
တစ်စုံတစ်ခုသောတရားကို
ထူးသော
ဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုရန်
စိတ်ကို
ညွတ်စေ၏၊
(ရှေးဘဝအကြောင်းနှင့်ယခုဘဝ
အဘိညာဉ်၏
အခြေခံ
ဈာန်စသော) အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်
စသည်)သို့
ရောက်၏။
ရဟန်းတို့
ဥပမာသော်ကား
ကရွတ်၌
ထားအပ်သော
ရေအိုးကြီးသည်
ရေပြည့်နေ၏၊
အနားရေးနှင့်အမျှ
ရှိ၏၊ ကျီးသောက်နိုင်၏၊
ထိုရေအိုးကြီးကို
ခွန်အားရှိသော
ယောက်ျားသည်
မည်သည့်ဘက်မှမဆိုစောင်းငဲ့ခဲ့မူ
(ယင်းစောင်းငဲ့ရာရာမှ)
ရေသည်
ထွက်လာနိုင်ရာသလောဟု
မေးတော်မူ၏။
အသျှင်ဘုရား
ထွက်လာနိုင်ရာပါ၏ဟု
(လျှောက်ကုန်၏)။
ရဟန်းတို့
ဤအတူသာလျှင်
ရဟန်းသည်
အင်္ဂါငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
ဤသို့ပွါးများသော်
ဤသို့
ကြိမ်ဖန်များစွာပြုလုပ်သော်
ထူးသော
ဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုအပ်သည့်တစ်စုံတစ်ခုသော
တရားကို ထူးသော
ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုရန်
စိတ်ကို ညွတ်စေ၏။
(ရှေးဘဝအကြောင်းနှင့်
ယခုဘဝ အဘိညာဉ်၏
အခြေခံ
ဈာန်စသော)
အကြောင်းရှိလတ်သော်
ထိုထို
အရာ၌ပင်သက်သေထိုက်သည့်
အဖြစ် (ဣဒ္ဓိဝိဓ
အဘိညာဉ်စသည်)သို့
ရောက်၏။
ရဟန်းတို့
ဥပမာတစ်မျိုးသော်ကား
ညီညွတ်သော
မြေအဖို့၌
ကန်ပေါင်ရိုးဖွဲ့ထားသော
လေးထောင့်ရေကန်သည်
ရေပြည့်နေ၏၊
ကမ်းနှင့်အမျှ
ရှိ၏။
ကျီးသောက်နိုင်၏၊
ထိုရေကန်ကို
ခွန်အားရှိသောယောက်ျားသည်
မည်သည့်ဘက်မှ
မဆို
ကန်ပေါင်ရိုးကို
ဖွင့်လွှတ်ခဲ့မူ
(ယင်းဖွင့်လွှတ်ရာရာမှ)
''ရေသည်ထွက်လာနိုင်ရာသလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ထွက်လာနိုင်ရာပါ၏ဟု
(လျှောက်ကုန်၏)။
ရဟန်းတို့
ဤအတူသာလျှင်
ရဟန်းသည်
အင်္ဂါငါးမျိုးရှိသည့်
မြတ်သော သမ္မာသမာဓိကို
ဤသို့ပွါးများသော်
ဤသို့ ကြိမ်ဖန်များစွာပြုလုပ်သော်
ထူးသော ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုအပ်သည့်တစ်စုံတစ်ခုသော
တရားကို
ထူးသော
ဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုရန်
စိတ်ကို
ညွတ်စေ၏၊
(ရှေးဘဝအကြောင်းနှင့်
ယခုဘဝ
အဘိညာဉ်အခြေခံ
ဈာန်စသော)
အကြောင်းရှိလတ်သော်ထိုထိုအရာ၌ပင်
သက်သေထိုက်သည့်
အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်စသည်)သို့
ရောက်၏။
ရဟန်းတို့
ဥပမာတစ်မျိုးသော်ကား
ညီညွတ်သော
မြေအပြင်ဝယ်
လမ်းမလေးခု
ဆုံရာအရပ်၌
အာဇာနည်မြင်း
ကသော ရထားသည်
နှင်တံကို
ကန့်လန့်တင်ထားလျက်
ရပ်တည်နေရာ၏၊
မြင်းတို့ကိုလိမ္မာအောင်
ဆုံးမနိုင်သော
ကျွမ်းကျင်သည့်
မြင်းဆရာသည်
ထိုရထားကို
တက်စီး၍ လက်ဝဲလက်ဖြင့်ကြိုးတို့ကို
ဆွဲကာ
လက်ယာလက်ဖြင့်
နှင်တံကို
ကိုင်ပြီးလျှင်
သွားလိုရာခရီးဖြင့်
သွားလိုရာ
အရပ်သို့ရှေးရှုလည်း
မောင်းနှင်နိုင်ရာ၏၊
ပြန်လှည့်၍လည်း
မောင်းနှင်နိုင်ရာ၏။
ရဟန်းတို့
ဤအတူသာလျှင်
ရဟန်းသည်
အင်္ဂါငါးမျိုးရှိသည့်
မြတ်သော
သမ္မာသမာဓိကို
ဤသို့ပွါးများသော်
ဤသို့
ကြိမ်ဖန်များစွာပြုလုပ်သော်
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုအပ်သည့်တစ်စုံတစ်ခုသောတရားကို
ထူးသော ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုရန်
စိတ်ကို ညွတ်စေ၏၊
(ရှေးဘဝအကြောင်းနှင့်
ယခုဘဝအဘိညာဉ်
အခြေခံ
ဈာန်စသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်သက်သေထိုက်သည့်
အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
များပြားသော
တန်ခိုးဖန်ဆင်ခြင်းနှင့်
ပြည့်စုံလို၏၊
တစ်ယောက်တည်းဖြစ်လျက်
အများအပြား
ဖြစ်လို၏။ပ။
ဗြဟ္မာ့ပြည်တိုင်အောင်လည်း
ကိုယ်ကို (မိမိ)
စိတ်အလိုအတိုင်း
ဖြစ်စေလို၏''ဟုထိုရဟန်းသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ဣဒ္ဓိဝိဓ
အဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏နားအကြားထက်
သာလွန်သော
နတ်တို့၏
နားနှင့်တူသော
နား 'ဒိဗ္ဗသောတ'
ဖြင့်
နတ်၌လည်းဖြစ်ကုန်
လူ၌လည်းဖြစ်ကုန်သော
ဝေးသည်လည်း
ဖြစ်ကုန်နီးသည်လည်းဖြစ်ကုန်သော
နှစ်မျိုးသော
အသံတို့ကို ကြားလို၏''ဟု
ထိုရဟန်းသည်
အကယ်၍အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်
အဖြစ် (ဒိဗ္ဗသောတ
အဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
တစ်ပါးသော
သတ္တဝါ
တစ်ပါးသော
ပုဂ္ဂိုလ်တို့၏
စိတ်ကို
(မိမိ)
စိတ်ဖြင့်
ပိုင်းခြား၍သိလို၏၊
စွဲမက်ခြင်း
'ရာဂ'နှင့်တကွသော
စိတ်ကိုလည်း
'စွဲမက်ခြင်းရာဂနှင့်တကွဟူသော
စိတ်'ဟု
သိလို၏၊
စွဲမက်ခြင်း
'ရာဂ' ကင်းသော
စိတ်ကိုလည်း
'စွဲမက်ခြင်းရာဂကင်းသောစိတ်'ဟု
သိလို၏၊
အမျက်ထွက်ခြင်း
'ဒေါသ'နှင့်တကွဖြစ်သော
စိတ်ကိုလည်း
'အမျက်ထွက်ခြင်း
ဒေါသနှင့်တကွ
ဖြစ်သောစိတ်'ဟုသိလို၏၊
အမျက်ထွက်ခြင်း
'ဒေါသ'
ကင်းသော
စိတ်ကိုလည်း
'အမျက်ထွက်ခြင်း
ဒေါသကင်းသောစိတ်'ဟုသိလို၏၊
တွေဝေခြင်း
'မောဟ'နှင့်တကွဖြစ်သော
စိတ်ကိုလည်း
'တွေဝေခြင်း
မောဟနှင့်တကွဖြစ်သောစိတ်'ဟု
သိလို၏၊
တွေဝေခြင်း
'မောဟ' ကင်းသော
စိတ်ကိုလည်း
'တွေဝေခြင်းမောဟကင်းသောစိတ်''ဟုသိလို၏၊
ကျုံ ့သော
စိတ်ကိုလည်း
'ကျုံ
့သောစိတ်'ဟု
သိလို၏၊
ပျံ့လွင့်သော
စိတ်ကိုလည်း'ပျံ့လွင့်သောစိတ်'ဟု
သိလို၏၊ မြတ်သည်၏
အဖြစ်သို့
ရောက်သောစိတ်ကိုလည်း
'မြတ်သည်၏အဖြစ်သို့
ရောက်သော
စိတ်'ဟု
သိလို၏၊
မြတ်သည်၏
အဖြစ်သို့
မရောက်သော
စိတ်ကိုလည်း'မြတ်သည်၏
အဖြစ်သို့
မရောက်သော
စိတ်'ဟု
သိလို၏၊
မိမိထက်
သာလွန်သော
တရားရှိသောစိတ်ကိုလည်း
'မိမိထက်
သာလွန်သော
တရားရှိသောစိတ်'ဟု
သိလို၏၊ သာလွန်သော
တရားမရှိသောစိတ်ကိုလည်း
'သာလွန်သောတရားမရှိ
သောစိတ်'ဟု
သိလို၏၊
တည်ကြည်သောစိတ်ကိုလည်း
'တည်ကြည်သောစိတ်'ဟု
သိလို၏၊
မတည်ကြည်သောစိတ်ကိုလည်း
'မတည်ကြည်သောစိတ်'ဟု
သိလို၏၊ (ကိလေသာမှ)
လွတ်
မြောက်သော
စိတ်ကိုလည်း'(ကိလေသာမှ)
လွတ်မြောက်သော
စိတ်'ဟု
သိလို၏၊
(ကိလေသာမှ) မလွတ်
မြောက်သော
စိတ်ကိုလည်း
'(ကိလေသာမှ) မလွတ်မြောက်သောစိတ်'ဟု
သိလို၏''ဟူ၍
ထိုရဟန်းသည်
အကယ်၍အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ပရစိတ္တဝိဇာနနဉာဏ်)သို့
ရောက်၏။
''(ငါသည်)
များပြားသော
ရှေး၌
ဖြစ်ဖူးသည်ကို
အောက်မေ့လို၏။
ဤသည်ကား
အဘယ်နည်း-
တစ်ဘဝကိုလည်းကောင်း
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာ
(အဖြစ်သနစ်)
နှင့်
တကွညွှန်ပြဖွယ်
(အမည်အနွယ်)
နှင့်တကွ
များပြားသော
ရှေး၌
ဖြစ်ဖူးသည်ကို
အောက်မေ့လို၏''ဟုထိုရဟန်းသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်)သို့
ရောက်၏။
''(ငါသည်)
အထူးသဖြင့်
စင်ကြယ်သော
လူတို့၏ မျက်စိအမြင်ထက်
သာလွန်သော
နတ်မျက်စိနှင့်တူသော
မျက်စိ
'ဒိဗ္ဗစက္ခု'
ဖြင့်။ပ။
ကံအားလျော်စွာ
ဖြစ်သော
သတ္တဝါတို့ကို
သိလို၏''ဟု ထိုရဟန်းသည်အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ) အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ဒိဗ္ဗစက္ခုအဘိညာဉ်)သို့
ရောက်၏။
''ငါသည်
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါတရားမရှိသော
(ကိလေသာတို့မှ)
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
စိတ်နှင့်
(ကိလေသာတို့မှ)
လွတ်မြောက်သော
'အရဟတ္တဖိုလ်ပညာ'
ကို ယခုဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့် မျက်မှောက်ပြုလျက်
ရောက်၍နေလို၏''ဟု
ထိုရဟန်းသည်အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိလတ်သော်
ထိုထိုအလိုရှိရာ၌ပင်
သက်သေထိုက်သည့်
အဖြစ်
(အရဟတ္တဖလသမာပတ်)သို့
ရောက်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-စင်္ကမသုတ်
၂၉။
ရဟန်းတို့
စင်္ကြံလျှောက်ခြင်း၌
အကျိုးအာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ခရီးရှည်
သွားနိုင်၏။
ကြိုးစားအားထုတ်နိုင်၏။
အနာရောဂါကင်း၏။
စား
သောက် ခဲ
လျက်အပ်သော
အစာအာဟာရသည်
ကောင်းစွာ
ကြေကျက်နိုင်၏။
စင်္ကြံလျှောက်ခြင်းဖြင့်
ရအပ်သော
တည်ကြည်မှု
(သမာဓိ) သည်
ကြာမြင့်စွာ
တည်တံ့နိုင်၏။
ရဟန်းတို့
ဤသည်တို့ကား
စင်္ကြံလျှောက်ခြင်း၌
အကျိုးအာနိသင်
ငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-နာဂိတသုတ်
၃၀။
အကျွန်ုပ်သည်
ဤသို့ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
များစွာသော ရဟန်းသံဃာနှင့်အတူ
ကောသလတိုင်းတို့၌
ဒေသစာရီလှည့်လည်တော်မူလတ်သော်
ကောသလမင်းသားတို့၏
ဣစ္ဆာနင်္ဂလမည်သော
ပုဏ္ဏားရွာသို့
ရောက်တော်မူ၏။
မြတ်စွာဘုရားသည်
ထိုဣစ္ဆာနင်္ဂလရွာ
(အနီး)
ဣစ္ဆာနင်္ဂလတောအုပ်၌
(သီတင်းသုံး)
နေတော်မူ၏၊
ဣစ္ဆာနင်္ဂလရွာသားပုဏ္ဏားနှင့်
အမျိုးသားတို့သည်
သတင်းစကားကြားကြကုန်၏-
''အချင်းတို့
သာကီဝင်မင်းမျိုးမှ
ရဟန်းပြုသည့်
သာကီဝင်မင်းသား
ရဟန်းဂေါတမသည်
ဣစ္ဆာ့နင်္ဂလရွာသိုု့
ကြွရောက်တော်မူ၍
ဣစ္ဆာနင်္ဂလရွာအနီး
ဣစ္ဆာနင်္ဂလတောအုပ်၌
သီတင်းသုံးနေတော်မူ၏။
ထိုအသျှင်ဂေါတမ၏
ကောင်းသော
ကျော်စောသတင်းသည်
ဤသို့
ပျံ့နှံ့၍
ထွက်၏-
'ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ
မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်း
သမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ' အကျင့်
'စရဏ' နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကို ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
သုဂတ
မည်တော်မူ၏၊
လောကကို
သိတော်မူသော
အကြောင်းကြောင့်လည်း
လောကဝိဒူ
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်းအနုတ္တရောပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ် လူတို့၏
ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း
သတ္ထာဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း
ဘဂဝါ
မည်တော်မူ၏'ဟု
(ပျံ့နှံ့၍
ထွက်၏)။
ထိုမြတ်စွာဘုရားသည်
နတ် မာရ်နတ်
ဗြဟ္မာနှင့်
တကွသော
နတ်လောကနှင့်
သမဏဗြာဟ္မဏမင်းများ
လူများနှင့်
တကွသော
လူလောကကို
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။
ထိုမြတ်စွာဘုရားသည်
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်
ပြည့်စုံသော
သဒ္ဒါနှင့်ပြည့်စုံသော
တရားကို ဟောတော်မူ၏၊
အလုံးစုံပြည့်စုံသောစင်ကြယ်သော
မြတ်သော
အကျင့်ကို
ပြတော်မူ၏၊
ထိုသို့သဘောရှိသော
ရဟန္တာ
(ပုဂ္ဂိုလ်)
တို့ကိုဖူးမြှော်ရခြင်းသည်
ကောင်းသည်သာတည်း''ဟု
(ကြားကြကုန်၏)။
ထိုအခါ၌
ဣစ္ဆာနင်္ဂလရွာသား
ပုဏ္ဏားနှင့်အမျိုးသားတို့သည်
ထိုညဉ့်လွန်သော
အခါ၌ များစွာသောခဲဖွယ်
စားဖွယ်ကို
ယူကုန်၍
ဣစ္ဆာနင်္ဂလတောအုပ်သို့
ချဉ်းကပ်ကုန်ပြီးလျှင်
အပြင်ဘက်တံခါးမုခ်၌
ပြင်းပြ
ကျယ်လောင်သော
အသံရှိကုန်သည်
ဖြစ်၍
တည်နေကုန်၏၊
ထိုစဉ်အခါ၌
အသျှင်နာဂိတသည်မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်၏၊
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်နာဂိတကို
''နာဂိတငါးတို့ကို
လုယက်ရာ၌
တံငါသည်တို့ကဲ့သို့
ပြင်းပြကျယ်လောင်သော
အသံရှိသူတို့ကားအဘယ်သူတို့နည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
ဤသူတို့ကား
ဣစ္ဆာနင်္ဂလရွာသား
ပုဏ္ဏားနှင့်
အမျိုးသားတို့ပါတည်း၊
များစွာသောခဲဖွယ်
ဘောဇဉ်ကို
ယူ၍ အပြင်ဘက်တံခါးမုခ်၌
မြတ်စွာဘုရားကိုလည်းကောင်း၊
ရဟန်းသံဃာကိုလည်းကောင်း
ရည်မှန်းပြီးလျှင်
တည်နေကြပါသည်ဟု
(လျှောက်၏)။
နာဂိတ
ငါသည်
အခြံအရံ
(အကျော်အစော)
နှင့် မဆက်ဆံလို၊
အခြံအရံ
(အကျော်အစော)
သည်လည်းငါနှင့်
အတူ
မဆက်ဆံစေလင့်။
နာဂိတ
ဤ (ကာမဂုဏ်မှ)
ထွက်မြောက်မှု
'နေက္ခမ္မ'
ချမ်းသာ၊
ကင်းဆိတ်မှု
'ပဝိဝေက'
ချမ်းသာ၊ ငြိမ်းအေးမှု
'ဥပသမ'
ချမ်းသာ၊
သိမှု
'သမ္ဗောဓ'
ချမ်းသာကို
အလိုရှိတိုင်း
မငြိုငြင်
မပင်ပန်းဘဲ
မရနိုင်သူသည်
မစင်ကြယ်မှု
ချမ်းသာ၊
ငိုက်မျဉ်းမှုချမ်းသာ၊
လာဘ်ပူဇော်သကာ
အကျော်အစောချမ်းသာကိုသာယာ
(ခံစား) ရာ၏။
(ကာမဂုဏ်မှ)
ထွက်မြောက်မှု
'နေက္ခမ္မ'
ချမ်းသာ၊
ကင်းဆိတ်မှု
'ပဝိဝေက'
ချမ်းသာ၊
ငြိမ်းအေးမှု'ဥပသမ'
ချမ်းသာ၊
သိမှု 'သမ္ဗောဓ'
ချမ်းသာကို
အလိုရှိတိုင်း
မငြိုငြင် မပင်ပန်းဘဲ
ရသော
ငါသည်မစင်ကြယ်မှုချမ်းသာ၊
ငိုက်မျဉ်းမှုချမ်းသာ၊
လာဘ်ပူဇော်သကာ
အကျော်အစောချမ်းသာကို
အဘယ်မှာသာယာ
(ခံစား)
ရာအံ့နည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ဘုန်းတော်ကြီးသော
မြတ်စွာဘုရားသည်
ယခုအခါ၌
သည်းခံတော်မူပါ၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရားသည်
ယခုအခါ၌
သည်းခံတော်မူပါ။
အသျှင်ဘုရား
ယခုအခါ၌
မြတ်စွာဘုရား၏
သည်းခံတော်မူရန်
အချိန်ဖြစ်ပါသည်၊
အသျှင်ဘုရားယခုအခါ၌
နိဂုံးသူနိဂုံးသား
ဇနပုဒ်သူဇနပုဒ်သား
ပုဏ္ဏားနှင့်အမျိုးသားတို့သည်
မြတ်စွာဘုရား
ကြွတော်မူလေရာရာ
အရပ်သို့
စိတ်ညွတ်ကြကုန်လျက်သာလျှင်
လိုက်ကြပါလိမ့်မည်။
အသျှင်ဘုရား
မိုးကြီးသည်းထန်စွာ
ရွာသွန်းလတ်သော်
နိမ့်ရှိုင်းရာအရပ်သို့
ရေတို့သည်
စီးဆင်းကြကုန်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူသာလျှင်
နိဂုံးသူနိဂုံးသား
ဇနပုဒ်သူဇနပုဒ်သား
ပုဏ္ဏားနှင့်အမျိုးသားတို့သည်
မြတ်စွာဘုရား
ကြွရောက်တော်မူလေရာရာ
အရပ်သို့
စိတ်ညွတ်ကြကုန်လျက်သာလျှင်လိုက်ကြပါလိမ့်မည်။
ထိုသို့ဖြစ်ခြင်းသည်
အဘယ်အကြောင်းကြောင့်နည်းဟူမူ-
အသျှင်ဘုရား
မြတ်စွာဘုရား၏
သီလတော် ပညာတော်သည်
ထိုသို့
ကြီးမားတော်မူခြင်းကြောင့်ဖြစ်ပါသည်ဟု
(လျှောက်၏)။
နာဂိတ
ငါသည်
အခြံအရံ
(အကျော်အစော)
နှင့် မဆက်ဆံလို၊
အခြံအရံ
(အကျော်အစော)
သည်လည်းငါနှင့်မဆက်ဆံစေလင့်၊
နာဂိတ ဤ
(ကာမဂုဏ်မှ)
ထွက်မြောက်မှု
'နေက္ခမ္မ'
ချမ်းသာ၊
ကင်းဆိတ်မှု
'ပဝိဝေက'
ချမ်းသာ၊
ငြိမ်းအေးမှု'ဥပသမ'ချမ်းသာ၊
သိမှု
'သမ္ဗောဓ'
ချမ်းသာကို
အလိုရှိတိုင်း
မငြိုငြင်မပင်ပန်းဘဲ
မရနိုင်သူသည်
မစင်ကြယ်မှုချမ်းသာ၊
ငိုက်မျဉ်းမှုချမ်းသာ၊
လာဘ်ပူဇော်သကာ
အကျော်အစောချမ်းသာကို
သာယာ (ခံစား)
ရာ၏။
(ကာမဂုဏ်မှ)
ထွက်မြောက်မှု
'နေက္ခမ္မ'
ချမ်းသာ၊
ကင်းဆိတ်မှု
'ပဝိဝေက'
ချမ်းသာ၊
ငြိမ်းအေးမှု
'ဥပသမ'
ချမ်းသာ၊
သိမှု
'သမ္ဗောဓ' ချမ်းသာကို
အလိုရှိတိုင်း
မငြိုငြင်
မပင်ပန်းဘဲ
ရသော
ငါသည်မစင်ကြယ်မှု
ချမ်းသာ ငိုက်မျဉ်းမှုချမ်းသာ
လာဘ်ပူဇော်သကာ
အကျော်အစောချမ်းသာကို
အဘယ်မှာသာယာ
(ခံစား) ရာအံ့နည်း။
နာဂိတ
စား သောက် ခဲ
လျက်အပ်သော
အစာအာဟာရ၏ (အကျိုးဆက်ကား)
ကျင်ကြီးကျင်ငယ်ပင်တည်း၊
ဤ (ကျင်ကြီးကျင်ငယ်)
သည် ထို (စား
သောက်ခဲလျက်အပ်သော
အစာအာဟာရ) ၏
အကျိုးဆက်ပေတည်း၊
နာဂိတ
ချစ်အပ်သော
သတ္တဝါသင်္ခါရတို့၏
(အကျိုးဆက်ကား)
ပျက်စီးခြင်း
ကွေကွင်းခြင်း
ပူဆွေးငိုကြွေးခြင်း
ဆင်းရဲခြင်း
နှလုံးမသာခြင်း
ပြင်းစွာပင်ပန်းခြင်းတို့ပင်တည်း၊
ဤအဖြစ်သည်ထို
(ချစ်ခင်မှု)
၏ အကျိုးဆက်ပေတည်း။
နာဂိတ
မတင့်တယ်သော
အာရုံနိမိတ်၌
ကြိုးပမ်းမှုကို
အဖန်ဖန်
အားထုတ်သူအား
တင့်တယ်သောအာရုံနိမိတ်၌
စက်ဆုပ်ရွံရှာခြင်းသည်
ကောင်းစွာတည်၏၊
ဤအဖြစ်သည်
ထို
(ကြိုးပမ်းမှု)
၏
အကျိုးဆက်ပေတည်း။
နာဂိတ
တွေ့ထိမှု
'ဖဿ'
ဖြစ်ပေါ်ကြောင်း
'အာယတန'
ခြောက်ပါးတို့၌
အနိစ္စဟု အဖန်ဖန်
ရှုလေ့ရှိသည်
ဖြစ်၍
နေသောသူအား တွေ့ထိမှု
'ဖဿ'၌
စက်ဆုပ်ရွံရှာခြင်းသည်
ကောင်းစွာတည်၏၊
ဤအဖြစ်သည်
ထို (အဖန်ဖန်
ရှုလျက်နေခြင်း)
၏
အကျိုးဆက်ပေတည်း။
နာဂိတ
(ပြင်းစွာစွဲလန်းမှု)
ဥပါဒါန်တရား၏
အာရုံဖြစ်သော
ခန္ဓာငါးပါးတို့၌
ဖြစ်ခြင်း
ပျက်ခြင်းကိုအဖန်ဖန်
ရှုလေ့ရှိသည်
ဖြစ်၍
နေသောသူအား
ပြင်းစွာစွဲလန်းမှု
'ဥပါဒါန်'၌
စက်ဆုပ်ရွံရှာခြင်းသည်ကောင်းစွာ
တည်၏၊
ဤအဖြစ်သည်
ထို
(အဖန်ဖန်ရှုလျက်နေခြင်း)
၏
အကျိုးဆက်ပေတည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက်
ပဉ္စင်္ဂိကဝဂ်
ပြီး၏။
------
၄-သုမနဝဂ်
၁-သုမနသုတ်
၃၁။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုစဉ်အခါ၌
သုမနာမင်းသမီးသည်
ရထားငါးရာ
မင်းသမီးငါးရာ
ခြံရံကာ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်နေလျက်မြတ်စွာဘုရားအား-
''အသျှင်ဘုရား
ဤသာသနာတော်၌
မြတ်စွာဘုရား၏
တပည့် 'သာဝက'
နှစ်ဦးတို့သည်
ညီမျှသော
သဒ္ဓါ၊
ညီမျှသော
သီလ၊ ညီမျှသော
ပညာရှိပါကုန်၏။
တစ်ဦးသည်
ပေးလှူတတ်၍၊
တစ်ဦးကားမပေးလှူတတ်ပါ။
ထိုနှစ်ဦးတို့သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာနတ်ပြည်လောကသို့
ရောက်ကုန်ရာ၏။
အသျှင်ဘုရား
နတ်ဖြစ်သူ
ထိုနှစ်ဦးတို့၏
ထူးခြားချက်သည်ဖြစ်ကောင်းပါ၏လော၊
ခြားနားချက်သည်
ဖြစ်ကောင်းပါ၏လော''ဟု
လျှောက်၏။
''သုမနာ
ဖြစ်ကောင်း၏''ဟု
မြတ်စွာဘုရားသည်
မိန့်တော်မူ၏။
သုမနာ
ပေးလှူတတ်သူသည်
မပေးလှူတတ်သူကို
နတ်ဖြစ်ခြင်းတူသော်လည်း-
နတ်၌
ဖြစ်သော
အသက်။
နတ်၌
ဖြစ်သော
အဆင်း။
နတ်၌
ဖြစ်သော
ချမ်းသာ။
နတ်၌
ဖြစ်သော
အခြံအရံ
(အကျော်အစော)။
နတ်၌
ဖြစ်သော
အစိုးရခြင်းဟူသော
အကြောင်း ငါးမျိုးတို့ဖြင့်
လွှမ်းမိုးနိုင်၏။
သုမနာ
ပေးလှူတတ်သူသည်
မပေးလှူတတ်သူကို
နတ်ဖြစ်ခြင်းတူသော်လည်း
ဤအကြောင်းငါးမျိုးတို့ဖြင့်
လွှမ်းမိုးနိုင်၏ဟု
မိန့်တော်မူ၏။
အသျှင်ဘုရား
အကယ်၍
ထိုသူနှစ်ဦးတို့သည်
ထိုနတ်အဖြစ်မှ
ရွေ့လျော၍
ဤလူအဖြစ်သို့
ရောက်လာကြပါမူ
လူဖြစ်သူ
ထိုနှစ်ဦးတို့၏
ထူးခြားချက်သည်
ဖြစ်ကောင်းပါ၏လော၊
ခြားနားချက်သည်ဖြစ်ကောင်းပါ၏လောဟု
(လျှောက်၏)။
''သုမနာ
ဖြစ်ကောင်း၏''ဟု
မြတ်စွာဘုရားသည်
မိန့်တော်မူ၏၊
သုမနာ
ပေးလှူတတ်သူသည်မပေးလှူတတ်သူကို
လူဖြစ်ခြင်းတူသော်လည်း-
လူ၌
ဖြစ်သော
အသက်။
လူ၌
ဖြစ်သော
အဆင်း။
လူ၌
ဖြစ်သော
ချမ်းသာ။
လူ၌
ဖြစ်သော
အခြံအရံ
(အကျော်အစော)။
လူ၌
ဖြစ်သော
အစိုးရခြင်းဟူသော
အကြောင်းငါးမျိုးတို့ဖြင့်
လွှမ်းမိုးနိုင်၏။
သုမနာ
ပေးလှူတတ်သူသည်
မပေးလှူတတ်သူကို
လူဖြစ်ခြင်းတူသော်လည်း
ဤအကြောင်းငါးမျိုးတို့ဖြင့်
လွှမ်းမိုးနိုင်၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အကယ်၍
ထိုသူနှစ်ဦးတို့သည်
လူ့ဘောင်မှ
(ထွက်၍)
ရဟန်းဘောင်၌
ရဟန်းပြုကြပါမူရဟန်းဖြစ်သူ
ထိုနှစ်ဦးတို့၏
ထူးခြားချက်သည်
ဖြစ်ကောင်းပါ၏လော၊
ခြားနားချက်သည်
ဖြစ်ကောင်းပါ၏လောဟု
(လျှောက်၏)။
''သုမနာ
ဖြစ်ကောင်း၏''ဟု
မိန့်တော်မူ၏။
သုမနာ
ပေးလှူတတ်သူသည်
မပေးလှူတတ်သူကိုရဟန်းဖြစ်ခြင်းတူသော်လည်း
ငါးပါးသော
အကြောင်းတို့ဖြင့်
လွှမ်းမိုးနိုင်၏။
(အလှူခံတော်မူပါဟု)
တောင်းပန်ခံရသည်
ဖြစ်၍သာလျှင်
သင်္ကန်းကို
သုံးဆောင်ရသည်က
များ၏၊
တောင်းပန်မခံရဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း။
တောင်းပန်ခံရသည်ဖြစ်၍သာလျှင်
ဆွမ်းကို သုံးဆောင်ရသည်က
များ၏၊
တောင်းပန်မခံရမူ၍သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း။
တောင်းပန်ခံရသည်
ဖြစ်၍သာလျှင်
ကျောင်းကို
သုံးဆောင်ရသည်က
များ၏၊
တောင်းပန်မခံရမူ၍သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း။
တောင်းပန်ခံရသည်ဖြစ်၍သာလျှင်
သူနာ၏
အထောက်အပံ့ဖြစ်သော
ဆေးအသုံးအဆောင်ကိုသုံးဆောင်ရသည်က
များ၏၊
တောင်းပန်မခံရမူ၍
သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း။
အတူတကွ
နေထိုင်ကြသော
သီတင်းသုံးဖော်တို့သည်
ထိုပေးလှူတတ်သော
ရဟန်းအား
နှစ်ခြိုက်
ဖွယ်ကိုယ်အမူအရာဖြင့်သာ
ပြုမူကြသည်က
များ၏၊
မနှစ်ခြိုက်ဖွယ်
ကိုယ်အမူအရာဖြင့်
ပြုမူကြသည် ကားအနည်းငယ်သာတည်း။
နှစ်ခြိုက်ဖွယ်
နှုတ်အမူအရာဖြင့်သာ
ပြုမူကြသည်က
များ၏၊ မနှစ်ခြိုက်
ဖွယ်နှုတ်အမူအရာဖြင့်
ပြုမူကြသည်ကား
အနည်းငယ်သာတည်း၊
နှစ်ခြိုက်ဖွယ်
စိတ်အမူအရာဖြင့်သာပြုမူကြသည်က
များ၏၊ မနှစ်ခြိုက်ဖွယ်
စိတ်အမူအရာဖြင့်
ပြုမူကြသည်ကား
အနည်းငယ်သာတည်း၊
နှစ်ခြိုက်ဖွယ်
ပူဇော်မှုကို
ပူဇော်ကြသည်က
များ၏၊ မနှစ်ခြိုက်ဖွယ်
ပူဇော်မှုကို
ပူဇော်ကြသည်ကားအနည်းငယ်သာတည်း။
သုမနာ
ပေးလှူတတ်သူသည်
မပေးလှူတတ်သူကို
ရဟန်းဖြစ်ခြင်းတူကြသော်လည်း
ဤအကြောင်းငါးမျိုးတို့ဖြင့်
လွှမ်းမိုးနိုင်၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အကယ်၍
ထိုသူနှစ်ဦးတို့သည်
ရဟန္တာအဖြစ်သို့
ရောက်ကြပါမူ
ရဟန္တာအဖြစ်သို့ရောက်ကုန်သော
ထိုသူနှစ်ဦးတို့၏
ထူးခြားချက်သည်
ဖြစ်ကောင်းပါသေးသလော၊
ခြားနားချက်သည်ဖြစ်ကောင်းပါသေးသလောဟု
(လျှောက်၏)။
သုမနာ
ဤအရာ၌
စင်စစ်အားဖြင့်
(တစ်ပါး၏)
ကိလေသာမှ
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'
နှင့်
(တစ်ပါး၏)
ကိလေသာမှ လွတ်မြောက်မှု
'အရဟတ္တဖိုလ်'ကို
အနည်းငယ်မျှပင်
ခြားနား၏ဟု
ငါမဆိုဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
အံ့ဖွယ်ရှိပါပေစွ၊
အသျှင်ဘုရား
မဖြစ်ဖူးမြဲ
ဖြစ်ပါပေစွ၊
အလွန်လျှင် ဤအလှူဒါန
တို့ကိုပေးလှူရန်
သင့်လျော်လှသည်သာတည်း၊
ကောင်းမှုတို့ကို
ပြုရန်
သင့်လျော်လှသည်သာတည်း၊
ကောင်းမှုတို့သည်
နတ်ဖြစ်သူအားလည်း
ကျေးဇူးပြုတတ်
လူဖြစ်သူအားလည်း
ကျေးဇူးပြုတတ်
ရဟန်းဖြစ်သူအားလည်း
ကျေးဇူးပြုတတ်ပါပေကုန်၏ဟု
(လျှောက်၏)။
သုမနာ
ဤစကားသည်
ဤအတိုင်း
မှန်ပေ၏။
သုမနာ
အလှူဒါနတို့ကို
ပေးလှူရန်
သင့်လှသည်သာတည်း၊
ကောင်းမှုတို့ကို
ပြုရန်သင့်လှသည်သာတည်း၊
ကောင်းမှုတို့သည်
နတ်ဖြစ်သူအားလည်း
ကျေးဇူးပြုတတ်
လူဖြစ်သူအားလည်း
ကျေးဇူးပြုတတ်
ရဟန်းဖြစ်သူအားလည်း
ကျေးဇူးပြုတတ်ကုန်၏ဟု
(မိန့်တော်မူ၏)။
ဘုန်းတော်ကြီးသော
မြတ်စွာဘုရားသည်
ဤတရား (စကား)
ကို
ဟောကြားတော်မူ၏၊
ကောင်းသောစကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရားသည်
ဤတရား (စကား)
ကို
ဟောကြားတော်မူပြီး၍ထိုမှတစ်ပါး
(လူနတ်
ဗြဟ္မာတို့၏)
ဆရာဖြစ်တော်မူသော
မြတ်စွာဘုရားသည်
ဤစကားကို
ဟောတော်မူလေ၏။
''လောက၌
ကောင်းကင်ခရီးဖြင့်
သွားသော၊
အညစ်အကြေးကင်းသော
လမင်း သည်
အလုံးစုံသောကြယ်
(တာရာ)
အပေါင်းတို့ကိုု
အရောင်အလင်းဖြင့်
သာလွန်၍
တင့်တယ်သကဲ့သို့။
ထို့အတူ ပင်
လောက၌
သီလနှင့်
ပြည့်စုံ၍
သဒ္ဓါတရားရှိသော
ပုဂ္ဂိုလ်သည်နှမြောဝန်တိုခြင်းရှိသူအားလုံးကို
စွန့်ကြဲခြင်းဖြင့်
သာလွန်တင့်တယ်၏။
လျှပ်စစ်ပန်းနွယ်ရှိသည့်
အရာမကသော
တိမ်ထွတ်
တိမ်တောင်တို့နှင့်
ပြည့်စုံ သော
မိုးသည်ကြည်းကုန်းမြေကိုလည်းကောင်း၊
ချိုင့်ဝှမ်းမြေကိုလည်းကောင်း
ထစ်ချုန်းရွာသွန်းလျက်
ပြည့်စေသကဲ့သို့။
ဤအတူသာလျှင်
(သောတာပတ္တိ)
ဉာဏ်အမြင်နှင့်
ပြည့်စုံသော၊
မြတ်စွာဘုရား၏တပည့်
'သာဝက'
ဖြစ်သည့်
ပညာရှိသည်
နှမြောဝန်တိုသူကို
အကြောင်းငါးမျိုး
တို့ဖြင့်
လွှမ်းမိုးနိုင်၏။
ထိုသူသည်
စင်စစ်
(ပေးလှူအပ်သော)
စည်းစိမ်ဥစ္စာတို့က
တင်ပို့အပ်သည်
ဖြစ်၍အသက်ဖြင့်လည်းကောင်း၊
အခြံအရံ
(အကျော်အစော)
ဖြင့်လည်းကောင်း၊
ရုပ်အဆင်း
ဖြင့်လည်းကောင်း၊
ချမ်းသာဖြင့်လည်းကောင်း
တမလွန်
လောကဝယ် နတ်ပြည်၌
ဝမ်းမြောက်ရလေသတည်း''။
ပဌမသုတ်။
------
၂-စုန္ဒီသုတ်
၃၂။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့ကို
အစာကျွေးရာ
ဝေဠုဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုစဉ်အခါ
စုန္ဒီမင်းသမီးသည်
ရထားငါးရာ
သတို့သမီးငါးရာခြံရံကာ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်နေလျက်
မြတ်စွာဘုရားအား-
အသျှင်ဘုရား
အကျွန်ုပ်တို့၏
မောင်ဖြစ်သော
စုန္ဒမည်သော
မင်းသားသည်
ဤသို့ ဆိုပါ၏-
''တစ်စုံတစ်ယောက်သော
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
ဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏၊
တရားတော်ကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏၊
သံဃာတော်ကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏၊ သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏၊
မေ့လျော့ကြောင်းဖြစ်သော
သေရည်သေရက်သောက်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုသူသည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာ
'သုဂတိဘုံ'
သို့သာ
ရောက်ရ၏၊
မကောင်းသောလားရာ
'ဒုဂ္ဂတိဘုံ'
သို့မရောက်ရ''ဟု
(ဆိုပါ၏)။
အသျှင်ဘုရား
ထိုအကျွန်ုပ်သည်
မြတ်စွာဘုရားကို
မေးလျှောက်ပါ၏၊
အသျှင်ဘုရား
အဘယ်သို့သဘောရှိသည့်
ဘုရား၌
ကြည်ညိုသူသည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသောလားရာ
'သုဂတိဘုံ'၌
သာ ဖြစ်၍
မကောင်းသောလားရာ
'ဒုဂ္ဂတိဘုံ'၌
မဖြစ်ပါသနည်း၊
အဘယ်သို့သဘောရှိသည့်
တရားတော်၌
ကြည်ညိုသူသည်
ခန္ဓာကိုယ်
ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာ
'သုဂတိဘုံ'၌
သာ ဖြစ်၍
မကောင်းသော
လားရာ 'ဒုဂ္ဂတိဘုံ'၌
မဖြစ်ပါသနည်း၊
အဘယ်သို့သဘောရှိသည့်
သံဃာတော်၌
ကြည်ညိုသူသည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာ
'သုဂတိဘုံ'၌
သာဖြစ်၍
မကောင်းသော
လားရာ
'ဒုဂ္ဂတိဘုံ'၌
မဖြစ်ပါသနည်း၊
အဘယ်သို့သဘောရှိသည့်
သီလတို့၌ ဖြည့်ကျင့်
ဆည်းပူးသော
သူသည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာ
'သုဂတိဘုံ'၌
သာဖြစ်၍ မကောင်းသော
လားရာ
'ဒုဂ္ဂတိဘုံ'၌
မဖြစ်ပါသနည်း''ဟု
လျှောက်၏။
စုန္ဒီ
အခြေမရှိသောသတ္တဝါ
အခြေနှစ်ချောင်းရှိသောသတ္တဝါ
အခြေလေးချောင်းရှိသောသတ္တဝါ
များသောအခြေရှိသောသတ္တဝါ
ရုပ်ရှိသတ္တဝါ
ရုပ်မဲ့သတ္တဝါ
သညာရှိသတ္တဝါ
သညာမဲ့သတ္တဝါ
ရုန့်ရင်းသောသညာကားမရှိ
သိမ်မွေ့သောသညာမရှိသည်
မဟုတ်သောသတ္တဝါ
ရှိသမျှ
အားလုံးတို့ထက်
ပူဇော်အထူးကို
ခံတော်မူထိုုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားကိုအမြတ်ဆုံးဟု
ဆိုအပ်၏။
စုန္ဒီ
မြတ်စွာဘုရား၌
ကြည်ညိုသူတို့သည်
အမြတ်ဆုံး၌
ကြည်ညိုသည်
မည်ကုန်၏၊
အမြတ်ဆုံး၌
့ကြည်ညိုသူတို့အား
အမြတ်ဆုံးသော
အကျိုးသည်
ဖြစ်နိုင်၏။
စုန္ဒီ
ပြုပြင်အပ်သော
'သင်္ခတ' တရား
ရှိသမျှ
အားလုံးတို့ထက်
အင်္ဂါရှစ်ပါးရှိသော
မဂ်ကို
အမြတ်ဆုံးဟုဆိုအပ်၏၊
စုန္ဒီ အရိယမဂ္ဂင်ရှစ်ပါး၌
ကြည်ညိုသူတို့သည်
အမြတ်ဆုံး၌
ကြည်ညိုသည်
မည်ကုန်၏၊
အမြတ်ဆုံး၌
ကြည်ညိုသူတို့အား
အမြတ်ဆုံးသော
အကျိုးသည်
ဖြစ်နိုင်၏။
စုန္ဒီ
ပြုပြင်အပ်သော
'သင်္ခတ' တရား
မပြုပြင်အပ်သော
'အသင်္ခတ'
တရား
ရှိသမျှအားလုံးတို့ထက်ယစ်ခြင်းကင်းရာ
မွတ်သိပ်ခြင်းကို
ပယ်ဖျောက်ရာ
တောင့်တခြင်းအာသာကို
ပယ်ခွါရာ
ဝဋ်မြစ်ပြတ်ရာတဏှာကုန်ရာ
မတပ်မက်ရာ ဒုက္ခခပ်သိမ်း
ချုပ်ငြိမ်းရာ
နိဗ္ဗာန်ဟူသော
'ဝိရာဂ'
တရားကို
အမြတ်ဆုံးဟုဆိုအပ်၏။
စုန္ဒီ
နိဗ္ဗာန်ဟူသော
'ဝိရာဂ' တရား၌
ကြည်ညိုသူတို့သည်
အမြတ်ဆုံး၌
ကြည်ညိုသည်
မည်ကုန်၏၊
အမြတ်ဆုံး၌
ကြည်ညိုသူတို့အား
အမြတ်ဆုံးသော
အကျိုးသည်
ဖြစ်နိုင်၏။
စုန္ဒီ
သံဃာ ဂိုဏ်း
ရှိသမျှတို့ထက်
(အရပ်ဝေးမှ)
ဆောင်ယူလာသော
အလှူကို
ခံထိုက်သော၊
ဧည့်သည်အလို့ငှါ
စီမံထားသော
ဝတ္ထုကို
ခံထိုက်သော၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကိုခံထိုက်
သော၊ လက်အုပ်ချီခြင်းကို
ခံထိုက်သော၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံးလယ်မြေဖြစ်
သော
အစုံအားဖြင့်
လေးစုံ,
ပုဂ္ဂိုလ်အားဖြင့်
ရှစ်ပါးအရေအတွက်ရှိသော
မြတ်စွာဘုရား၏တပည့်သား
သံဃာတော်ကို
အမြတ်ဆုံးဟု
ဆိုအပ်၏။
စုန္ဒီ
မြတ်စွာဘုရား၏
တပည့်သားသံဃာတော်၌
ကြည်ညိုသူတို့သည်
အမြတ်ဆုံး၌
ကြည်ညိုသည်မည်ကုန်၏၊
အမြတ်ဆုံး၌
ကြည်ညိုသူတို့အား
အမြတ်ဆုံးသော
အကျိုးသည်
ဖြစ်နိုင်၏။
စုန္ဒီ
ရှိရှိသမျှ
သီလတို့ထက်
မကျိုး မပေါက်
မပြောက် မကျားကုန်သော၊
တဏှာ့ကျွန်အဖြစ်မှလွတ်မြောက်စေကုန်သော၊
ပညာရှိတို့
ချီးမွမ်းအပ်ကုန်သော၊
မှားသောအားဖြင့်
မသုံးသပ်အပ်ကုန်သော၊
သမာဓိကို
ဖြစ်စေတတ်ကုန်သော၊
အရိယာတို့
နှစ်သက်အပ်ကုန်သော
သီလတို့ကို
အမြတ်ဆုံးဟု
ဆိုအပ်ကုန်၏။
စုန္ဒီ
အရိယာတို့
နှစ်သက်အပ်သည့်
သီလတို့ကို
ဖြည့်ကျင့်ဆည်းပူးတတ်သူတို့သည်
အမြတ်ဆုံး၌ ဖြည့်ကျင့်ဆည်းပူးသည်
မည်ကုန်၏၊
အမြတ်ဆုံး၌
ဖြည့်ဆည်းပူးသူတို့အား
အမြတ်ဆုံးသော
အကျိုးသည်ဖြစ်နိုင်၏ဟု
(မိန့်တော်မူ၏)။
''မြတ်သော
(ရတနာသုံးပါး၏)
ဂုဏ်ကို
သိကုန်သည်ဖြစ်၍
အမြတ်ဆုံး
(ရတနာ
သုံးပါး)၌
စင်စစ်ကြည်ညိုသူတို့အားလည်းကောင်း၊
အတုမရှိမြတ်သော
အလှူကို
ခံထိုက်သော မြတ်သော
ဘုရားရှင်၌
ကြည်ညိုသူတို့အားလည်းကောင်း။
တပ်မက်မှု
'ရာဂ' ကင်းရာ
ငြိမ်းအေးရာ
ချမ်းသာကြောင်းဖြစ်သော
မြတ်သော
တရား၌ ကြည်ညိုသူတို့အားလည်းကောင်း၊
အမြတ်ဆုံးကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်သော
မြတ်သောသံဃာ၌
ကြည်ညိုသူတို့အားလည်းကောင်း။
အမြတ်ဆုံး
(ရတနာသုံးပါး)၌
အလှူပေးသူတို့အားလည်းကောင်း
မြတ်သော
ကောင်းမှုသည်
တိုးပွါး၏။
မြတ်သော အသက်ရှည်ခြင်းသည်လည်းကောင်း၊
အဆင်းလှခြင်းသည်လည်းကောင်း၊
အခြံအရံများခြင်းသည်လည်းကောင်း၊
ကျော်စော
ခြင်းသည်လည်းကောင်း၊
ချမ်းသာခြင်းသည်လည်းကောင်း၊
ကိုယ်အား
ဉာဏ်အား
သည်လည်းကောင်း
တိုးပွါး၏။ မြတ်သော
ဂုဏ်နှင့်
ပြည့်စုံသော
အမြတ်ဆုံး
(ရတနာသုံးပါး)
အား ပေးလှူ
တတ်သောပညာနှင့်ပြည့်စုံသော
နတ်သည်လည်းကောင်း၊
လူသည်လည်းကောင်း
အမြတ်ဆုံးသို့
ရောက်သည်ဖြစ်၍မွေ့လျော်ရလေသတည်း''။
ဒုတိယသုတ်။
------
၃-ဥဂ္ဂဟသုတ်
၃၃။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဘဒ္ဒိယမြို့
မုလေး 'မြတ်လေး'
တော၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုစဉ်အခါ
မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးလျက်တစ်ခုသော
နေရာ၌
ထိုင်နေပြီးသော်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
မြတ်စွာဘုရားသည်
နက်ဖြန်အတွက်
ကိုယ်တော်မြတ်ပါလေးပါး
တပည့်တော်၏
ဆွမ်းကိုအလှူခံတော်မူပါ''ဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေခြင်းဖြင့်
လက်ခံတော်မူ၏။
ထို့နောက်
မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟသည် မြတ်စွာဘုရား၏
လက်ခံတော်မူခြင်းကို
သိ၍ နေရာမှထကာ
ရှိခိုးလျက်
အရိုအသေပြုပြီးလျှင်
ဖဲခွါသွားလေ၏။
ထို့နောက်
မြတ်စွာဘုရားသည်
ထိုညဉ့်လွန်သဖြင့်
နံနက်အချိန်၌
(သင်္ကန်း)
ကို ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ဆောင်ယူပြီးလျှင်
မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟ၏အိမ်သို့
ချဉ်းကပ်၍
ခင်းထားအပ်သောနေရာ၌
ထိုင်နေတော်မူ၏။
ထိုအခါ
မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟသည်
မြတ်စွာဘုရားကို
မွန်မြတ်သော
ခဲဖွယ်ဘောဇဉ်ဖြင့်ရောင့်ရဲသည့်တိုင်အောင်
တားမြစ်သည့်တိုင်အောင်
ကိုယ်တိုင်
လုပ်ကျွေး၏။
ထို့နောက်
မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟသည် မြတ်စွာဘုရား
ဆွမ်းစားပြီး၍
သပိတ်မှ
လက်ကိုဖယ်ပြီးသောအခါ
တစ်ခုသော
နေရာ၌
ထိုင်နေလျက်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
အကျွန်ုပ်၏
ဤသမီးပျိုတို့သည်
လင်ယောက်ျားတို့အိမ်သို့
လိုက်ပါသွားကြရပါလိမ့်မည်၊
မြတ်စွာဘုရားသည်
ထိုသမီးပျိုတို့ကို
သွန်သင်တော်မူပါ
ဆုံးမတော်မူပါ၊
ယင်းသို့
သွန်သင်ဆုံးမခြင်းသည်
ထိုသမီးပျိုတို့အား
ကာလရှည်မြင့်စွာ
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်ရာပါ၏''ဟုလျှောက်၏။
ထိုအခါ
မြတ်စွာဘုရားသည်
ထိုသမီးပျိုတို့အား-
''သတို့သမီးတို့
ထိုသို့လျှောက်ထားသောကြောင့်
ဤအရာ၌ ဤသို့
ကျင့်ကြရမည်
'သင်တို့အကျိုးစီးပွါးကို
လိုလား၍
သနားစောင့်ရှောက်တတ်သော
မိဘတို့သည်
သနားစောင့်ရှောက်မှုကိုအကြောင်းပြု၍
ထိမ်းမြားမည်ဖြစ်သော
လင်ယောက်ျား၏
ရှေးဦးစွာ
(အိပ်ရာမှ)
ထလေ့ရှိသူ
နောက်မှအိပ်လေ့ရှိသူ
အဘယ်ကို
ပြုရအံ့နည်းဟု
နာခံလေ့ရှိသူ
နှစ်ခြိုက်ဖွယ်
ပြုလုပ်လေ့ရှိသူ
ချစ်ခင်ဖွယ်စကားကိုဆိုလေ့ရှိသူတို့
ဖြစ်ကုန်အံ့''ဟု
ကျင့်ကြရမည်၊
သတို့သမီးတို့
သင်တို့သည်
ဤအတိုင်းသာ
ကျင့်ကြရမည်။
သတို့သမီးတို့
ထို့ပြင်
ဤသို့လည်း
ကျင့်ကြရမည်
''မိမိခင်ပွန်းသည်က
ရိုသေလေးစားအပ်သည့်
အမိအဖ သမဏ
ဗြာဟ္မဏဖြစ်သော
ပုဂ္ဂိုလ်တို့ကို
အရိုအသေပြုကုန်အံ့၊
အလေးအမြတ်ပြုကုန်အံ့၊
မြတ်နိုးကုန်အံ့၊
ပူဇော်ကုန်အံ့၊
မိမိထံသို့
လာသူတို့ကိုလည်း
နေရာထိုင်ခင်းပေးခြင်း
ရေတည်ခြင်းဖြင့်ပူဇော်ကြကုန်အံ့''ဟု
ကျင့်ကြရမည်၊
သတို့သမီးတို့
သင်တို့သည်
ဤအတိုင်းသာ
ကျင့်ကြရမည်။
သတို့သမီးတို့
ထို့ပြင်
ဤသို့လည်း
ကျင့်ကြရမည်
''သိုးမွေးဝါဂွမ်းဟူသော
လင်ယောက်ျား၏အိမ်တွင်းမှုတို့၌
ကျွမ်းကျင်၍
မပျင်းရိဘဲ
ထိုအိမ်တွင်းမှု၌
အကြောင်းဥပါယ်ဖြစ်သော
စူးစမ်းမှုပညာနှင့်ပြည့်စုံသည့်ပြင်
ကိုယ်တိုင်ပြုလုပ်ရန်
စီမံရန်
စွမ်းနိုင်သူတို့
ဖြစ်ကုန်အံ့''ဟု
ကျင့်ကြရမည်၊
သတို့သမီးတို့ဤအတိုင်းသာ
သင်တို့
ကျင့်ကြရမည်။
သတို့သမီးတို့
ထို့ပြင်
ဤသို့လည်း
ကျင့်ကြရမည်
''အိမ်တွင်းသားဖြစ်သည့်
လင်ယောက်ျား၏ကျွန်အစေခံ၊
အလုပ်သမားဖြစ်သော
အတွင်းလူအပေါင်းတို့၏
ပြုလုပ်ပြီးသည်ကိုလည်း
ပြုလုပ်ပြီးဟု့သိကုန်အံ့၊
မပြုလုပ်ရသေးသည်ကိုလည်း
မပြုလုပ်ရသေးဟု
သိကုန်အံ့၊
မမာမကျန်းသူတို့၏လည်းအားရှိသည်
မရှိသည်ကို
သိကုန်အံ့၊
ထိုအတွင်းလူအပေါင်းအား
ခဲဖွယ်ကိုလည်းကောင်း၊
ဘောဇဉ်ကိုလည်းကောင်း
အသီးသီး
မိမိတို့ရထိုက်သောအဖို့
အစုဖြင့်
ဝေဖန်ကုန်အံ့''ဟု
ကျင့်ကြရမည်၊
သတို့သမီးတို့ဤအတိုင်းသာ
သင်တို့ ကျင့်ကြရမည်။
သတို့သမီးတို့
ထို့ပြင်
ဤသို့လည်း
ကျင့်ကြရမည်
''လင်ယောက်ျားဆောင်ယူလာမည့်
ဥစ္စာ စပါး
ငွေရွှေကိုစောင့်ရှောက်လုံခြုံစေသဖြင့်
ပြီးစီးပြည့်စုံစေကုန်အံ့၊
ထိုပစ္စည်းအပေါ်၌
အပျော်မကြူး
မခိုး
မဝှက်အရက်မသောက်ကုန်သည်ဖြစ်၍
မပျက်မစီးစေကုန်အံ့''ဟု
ကျင့်ကြရမည်၊
သတို့သမီးတို့
ဤ
အတိုင်းသာသင်တို့
ကျင့်ကြရမည်။
သတို့သမီးတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မာတုဂါမသည်
ခန္ဓာကိုယ်
ပျက်စီး၍
သေပြီး
သည်မှနောက်၌
နှစ်သက်ဖွယ်ကိုယ်ရှိသော
နတ်တို့၏
အသင်းဝင်အဖြစ်သို့
ရောက်ရ၏ဟု
(မိန့်တော်မူ၏)။
''အကြင်ယောက်ျားသည်
အခါခပ်သိမ်း
အမြဲမပြတ်
ပြင်းစွာ
အားထုတ်သည်
ဖြစ်၍ ကြောင့်ကြစိုက်လျက်မိမိမယားကို
မွေးမြူ၏၊ ကောင်းသော
မိန်းမသည်
အလုံးစုံ
အလိုရှိရာကို
ဆောင်ယူမွေးမြူသောမိမိအရှင်
ထိုခင်ပွန်းလင်ကို
မထီ လေးစား
မပြု။
ကောင်းသော
မိန်းမသည်
ငြူစူသော
အကျင့်ဖြင့်လည်း
မိမိလင်ကို
မခြုတ်ခြယ်၊
ပညာရှိမိန်းမသည်လင်၏
ရိုသေလေးစားအပ်သူ
ပုဂ္ဂိုလ်အားလုံးကိုလည်း
မြတ်နိုး
ပူဇော်၏။
အကြင်မိန်းမသည်
ထကြွလုံ့လရှိ၏၊
ပျင်းရိခြင်း
မရှိ၊
ချီးမြှောက်
ထောက်ပံ့
ထားသောအခြွေအရံပရိသတ်လည်း
ရှိ၏၊ လင်၏
နှစ်လိုဖွယ်ကို
ကျင့်၏၊
စုဆောင်း
ပေးသော
ပစ္စည်းကိုလည်းကောင်းစွာ
ထိန်းသိမ်းစောင့်ရှောက်၏။
လင်၏
အလိုသို့လိုက်လျက်
ဤအတိုင်းကျင့်သော
ထိုမိန်းမသည်
မနာပမည်သော
နတ်တို့၏နေရာ
(နိမ္မာနရတိ)
ဘုံသို့
ရောက်ရလေသတည်း''။
တတိယသုတ်။
------
၄-သီဟသေနာပတိသုတ်
၃၄။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌
(သီတင်းသုံး) နေတော်မူ၏၊
ထိုစဉ်အခါ
သီဟစစ်သူကြီးသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
မြတ်စွာဘုရားသည်
ကိုယ်တိုင်သိမြင်ရသော
အလှူ၏
အကျိုးကို ပညတ်ရန်
တတ်နိုင်ပါ၏လော''ဟု
လျှောက်၏။
''သီဟ
တတ်နိုင်၏''ဟု
မြတ်စွာဘုရားသည်
မိန့်တော်မူ၏။
သီဟ
ပေးလှူတတ်သော
အလှူရှင်ကို
လူများစွာတို့
ချစ်ခင်မြတ်နိုးကြ၏၊
သီဟ
ပေးလှူတတ်သောအလှူရှင်ကို
လူများစွာတို့
ချစ်ခင်မြတ်နိုးကြသော
ဤအကျိုးသည်လည်း
ကိုယ်တိုင်သိမြင်ရသော
အလှူ၏အကျိုးပေတည်း။
သီဟ
နောက်တစ်မျိုးကား
ပေးလှူတတ်သော
အလှူရှင်ထံသို့
ငြိမ်သက်သော
စိတ်နှလုံးရှိသည့်သူတော်ကောင်းတို့သည်
ချဉ်းကပ်ကြကုန်၏၊
သီဟ
ပေးလှူတတ်သော
အလှူရှင်ထံသို့
ငြိမ်သက်သောစိတ်နှလုံးရှိသည့်
သူတော်ကောင်းတို့
ချဉ်းကပ်ခြင်းဟူသော
ဤအကျိုးသည်လည်း
ကိုယ်တိုင်သိမြင်ရသောအလှူ၏
အကျိုးပေတည်း။
သီဟ
နောက်တစ်မျိုးကား
ပေးလှူတတ်သော
အလှူရှင်၏
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍တက်၏၊
သီဟ
ပေးလှူတတ်သော
အလှူရှင်၏
ကောင်းသော ကျော်စောသံ
ပျံ့နှံ့၍တက်ခြင်းဟူသောဤအကျိုးသည်လည်း
ကိုယ်တိုင်သိမြင်ရသော
အလှူ၏ အကျိုးပေတည်း။
သီဟ
နောက်တစ်မျိုးကား
ပေးလှူတတ်သော
အလှူရှင်သည်
မင်းပရိသတ်သို့ဖြစ်စေ
ပုဏ္ဏားပရိသတ်သို့ဖြစ်စေ
သူကြွယ်ပရိသတ်သို့ဖြစ်စေ
ရဟန်းပရိသတ်သို့ဖြစ်စေ
ပရိသတ်တစ်မျိုးမျိုးသို့ချဉ်းကပ်ခဲ့မူ
ရဲရဲဝံ့ဝံ့
မျက်နှာရွှင်ပျစွာ
ချဉ်းကပ်ရ၏၊
သီဟ
ပေးလှူတတ်သော
အလှူရှင်သည်
မင်းပရိသတ်သို့ဖြစ်စေ
ပုဏ္ဏားပရိသတ်သို့ဖြစ်စေ
သူကြွယ်ပရိသတ်သို့ဖြစ်စေ
ရဟန်းပရိသတ်သို့ဖြစ်စေပရိသတ်တစ်မျိုးမျိုးသို့
ချဉ်းကပ်ခဲ့မူ
ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ
ချဉ်းကပ်ရခြင်းဟူသော
ဤအကျိုးသည်လည်း
ကိုယ်တိုင်သိမြင်ရသော
အလှူဒါန၏
အကျိုးပေတည်း။
သီဟ
နောက်တစ်မျိုးကား
ပေးလှူတတ်သော
အလှူရှင်သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာ
နတ်ပြည်လောကသို့
ရောက်ရ၏၊ သီဟ
ပေးလှူတတ်သောအလှူရှင်သည်
ခန္ဓာကိုယ်
ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာ
နတ်ပြည်လောကသို့ရောက်ရခြင်းဟူသော
ဤအကျိုးသည်လည်း
တမလွန်ဘဝ၌
ရအံ့သော အလှူ၏အကျိုးပေတည်းဟု
(မိန့်တော်မူ၏)။
ဤသို့
ဟောတော်မူအပ်သည်ရှိသော်
သီဟစစ်သူကြီးသည်
မြတ်စွာဘုရားအား
''အသျှင်ဘုရားမြတ်စွာဘုရား
ဟောကြားတော်မူသည့်
ကိုယ်တိုင်သိမြင်ရသော
အလှူ၏
အကျိုးလေးမျိုး၌
မြတ်စွာဘုရားအား
ယုံကြည်ခြင်းဖြင့်
အကျွန်ုပ်ဆည်းကပ်သည်
မဟုတ်ပါ၊
အကျွန်ုပ်သည်လည်း
ထိုအကျိုးတို့ကိုသိပါ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
ပေးလှူတတ်သည့်
အလှူရှင်ပါတည်း၊
များစွာသော
လူတို့ကချစ်ခင်မြတ်နိုးအပ်သူ
ဖြစ်ပါ၏။
အသျှင်ဘုရား
အကျွန်ုပ်သည်
ပေးလှူတတ်သော
အလှူရှင်ပါတည်း၊
အကျွန်ုပ်ထံသို့
ငြိမ်သက်သောစိတ်နှလုံးရှိကုန်သော
သူတော်ကောင်းတို့
ချဉ်းကပ်ကြပါကုန်၏။
အသျှင်ဘုရား
အကျွန်ုပ်သည်
ပေးလှူတတ်သော
အလှူရှင်ပါတည်း၊
''သီဟစစ်သူကြီးသည်ပေးလှူတတ်၏၊
သံဃာအား ကျေးဇူးပြုတတ်၏၊
သံဃာ၏
အလုပ်အကျွေးတည်း''ဟု
အကျွန်ုပ်၏ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်ပါ၏။
အသျှင်ဘုရား
အကျွန်ုပ်သည်
ပေးလှူတတ်သော
အလှူရှင်ပါတည်း၊
မင်းပရိသတ်သို့ဖြစ်စေပုဏ္ဏားပရိသတ်သို့ဖြစ်စေ
သူကြွယ်ပရိသတ်သို့ဖြစ်စေ
ရဟန်းပရိသတ်သို့ဖြစ်စေ
ပရိသတ်တစ်မျိုးမျိုးသို့ချဉ်းကပ်ခဲ့ပါမူ
ရဲရဲဝံ့ဝံ့
မျက်နှာရွှင်ပျစွာ
ချဉ်းကပ်ရပါ၏၊
အသျှင်ဘုရား
မြတ်စွာဘုရား
ဟောကြားတော်မူသည့်
ကိုယ်တိုင်သိမြင်ရသော
ဤအလှူ၏ အကျိုးလေးမျိုး
တို့၌
ယုံကြည်ခြင်းဖြင့်
မြတ်စွာဘုရားအား
အကျွန်ုပ်ဆည်းကပ်သည်
မဟုတ်ပါ၊
အကျွန်ုပ်သည်လည်း
ထိုအကျိုးတို့ကို
သိပါ၏။
အသျှင်ဘုရား
မြတ်စွာဘုရားသည်
''သီဟ ပေးလှူတတ်သော
အလှူရှင်သည်
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာ
နတ်ပြည်လောကသို့
ရောက်ရ၏''ဟု
အကျွန်ုပ်အားဟောကြားတော်မူသော
ယင်း
အကျိုးကိုမူကား
အကျွန်ုပ်
မသိရပါ၊
ဤအကျိုး၌
သာလျှင်
မြတ်စွာဘုရားအား
ယုံကြည်ခြင်းဖြင့်
တပည့်တော်
ဆည်းကပ်ပါ၏''ဟု
(လျှောက်၏)။
သီဟ
ဤအကျိုးသည်
ဤအတိုင်းမှန်၏၊
သီဟ ဤအကျိုးသည်
ဤအတိုင်းမှန်၏၊
ပေးလှူတတ်
သောအလှူရှင်သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာ
နတ်ပြည်
လောကသို့ရောက်ရ၏''ဟု
(မိန့်တော်မူ၏)။
ပေးလှူတတ်သူကို
(လူအများ)
ချစ်ခင်၏၊
လူအပေါင်းတို့
ချဉ်းကပ်ကုန်၏၊
ကျော်စောခြင်းသို့လည်းရောက်၏၊
အခြံအရံလည်း
တိုးပွါး၏၊
နှမြောဝန်တိုမှု
ကင်းသူသည် မျက်နှာသာယာရွှင်ပျသည်ဖြစ်၍ရဲရဲဝံ့ဝံ့
ပရိသတ်သို့
သက်ဝင်နိုင်၏။
ထို့ကြောင့်ပင်
ချမ်းသာမှုကို
ရှာကြံလေ့ရှိသော
ပညာရှိတို့သည်
နှမြောဝန်တိုမှု
အညစ်အကြေးကို့ပယ်ဖျောက်၍
အလှူအတန်းတို့ကို
ပေးလှူကြကုန်၏၊
ထို
သူတို့သည်
ကာလကြာမြင့်စွာတာဝတိံ
သာနတ်ပြည်၌
တည်ကြလေကုန်၏၊
ထိုသူ တို့သည်
တာဝတိံ
သာနတ်တို့၏
အသင်းဝင်အဖြစ်သို့ရောက်၍
မွေ့လျော်ကြကုန်၏။
အခွင့်အရေးရပြီး
ကုသိုလ်ပြုပြီးသူတို့သည်
ဤဘဝမှ ရွေ့လျောကုန်သည်ရှိသော်
မိမိတို့ကိုုယ်အရောင်အဝါဖြင့်
လှည့်လည်သွားကြရကုန်၏၊
ထိုသူတို့သည်
ထို
နန္ဒဝန်နတ်ဥယျာဉ်၌
ကာမဂုဏ်ငါးပါးတို့ဖြင့်
ပြည့်စုံကုန်လျက်
နှစ်သက်ရကုန်၏၊
မွေ့လျော်ရကုန်၏၊
ဝမ်းမြောက်ရကုန်၏၊
(တဏှာတောင့်တမှုကို)
မမှီသော တာဒိ
ဂုဏ်ရှိတော်မူသည့်
မြတ်စွာဘုရား၏
စကားတော်ကိုတပည့်သာဝကတို့သည်
လိုက်နာပြုကျင့်၍
နတ်ပြည်၌ မွေ့လျော်ရလေကုန်သတည်း။
စတုတ္ထသုတ်။
------
၅-ဒါနာနိသံသသုတ်
၃၅။
ရဟန်းတို့
အလှူပေးခြင်း၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လူများစွာတို့
ချစ်ခင်မြတ်နိုးကြ၏။
ငြိမ်သက်သော
စိတ်နှလုံးရှိသည့်
သူတော်ကောင်းတို့
ချဉ်းကပ်ကြကုန်၏။
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
လူတို့
အကျင့်တရား
(ငါးပါးသီလ)
မှ မကင်းကွာနိုင်။
ခန္ဓာကိုယ်
ပျက်စီး၍
သေပြီးမှ
နောက်၌ ကောင်းသော
လားရာ
နတ်ပြည်သို့
ရောက်ရ၏။
ရဟန်းတို့
အလှူပေးခြင်း၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
သူတော်ကောင်းတို့၏
တရားသို့
အစဉ်လိုက်၍ အလှူပေးသောသူကို
ချစ်ခင် ကြ၏။
ကိုယ်နှုတ်နှလုံးကိုစောင့်သုံးလျက်
မြတ်သောအကျင့်ကို
ကျင့်သုံးကြကုန်
သော
သူတော်ကောင်းတို့သည်
ထိုသူ့ထံသို့အခါခပ်သိမ်း
ချဉ်းကပ်ကြကုန်၏။
ထိုသူတော်ကောင်းတို့သည်
(ပေးလှူတတ်သော)
ထိုသူအား
ဆင်းရဲဒုက္ခ
အလုံးစုံ
ကိုဖျက်ဆီးတတ်သော
မြတ်သော
တရားကို
ဟောကြားကုန်၏၊
ထိုသူသည် ဤ
လောက၌ ယင်းတရားကိုသိ၍
အာသဝေါကင်းလျက်
ပရိနိဗ္ဗာန်ပြုရလေသတည်း။
ပဉ္စမသုတ်။
------
၆-ကာလဒါနသုတ်
၃၆။
ရဟန်းတို့
ကာလဒါနတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဧည့်သည်
'အာဂန္တုက' အား
အလှူကို
ပေးလှူ၏။
ခရီးသည်အား
အလှူကို
ပေးလှူ၏။
လူနာအား
အလှူကို
ပေးလှူ၏။
ငတ်မွတ်ခေါင်းပါးသော
အခါ၌ အလှူကို
ပေးလှူ၏။
ကောက်ဦး
သစ်သီးဦးတို့ကို
သီလရှိသူတို့အား
ရှေးဦးစွာ
ပေးလှူ၏။
ရဟန်းတို့
ကာလဒါနတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အလှူခံ၏
စကားကို သိတတ်ကုန်သော
နှမြောဝန်တိုမှုကင်းသော
ပညာရှိတို့သည်လျှောက်ပတ်သောအခါ၌
ပေးလှူကြကုန်၏၊
ဖြူစင်ဖြောင့်မတ်သည့်
တာဒိဂုဏ်ရှိသော
ပုဂ္ဂိုလ်တို့၌
့အထူးကြည်လင်သော
စိတ်ဖြင့်
လျောက်ပတ်သော
အခါ၌
ပေးလှူ၏၊
ထိုပုဂ္ဂိုလ်၏
အလှူသည်ပြန့်ပြော၏။
အကြင်သူတို့သည်
ထိုအလှူ၌
ဝမ်းမြောက်လည်း
ဝမ်းမြောက်ကြကုန်၏၊
အမှုကြီးငယ်
'ဝေယျာဝစ္စ' ကိုပြုလည်း
ပြုလုပ်ကုန်၏၊
ထိုသို့
ဝမ်းမြောက်ခြင်း
အမှုကြီးငယ်ကို
ပြုခြင်းကြောင့်
အလှူသည်မယုတ်မလျော့နိုင်၊
ထိုဝမ်းမြောက်သူ
(ဝေယျာဝစ္စ)
ပြုသူတို့သည်လည်း
ကုသိုလ်၏
အဖို့အစုကိုရကြကုန်၏။
ထို့ကြောင့် တွန့်တိုခြင်းကင်းသော
စိတ်ရှိသူသည်
အလှူပေးသည်ရှိသော်
ကြီးကျယ်သောအကျိုးရှိနိုင်မည့်
ပုဂ္ဂိုလ်၌
ပေးလှူရာ၏၊
ကောင်းမှုကုသိုလ်တို့သည်
တမလွန်ဘဝ၌ သတ္တဝါတို့၏ထောက်တည်ရာ
ဖြစ်ကုန်၏။
ဆဋ္ဌသုတ်။
------
၇-ဘောဇနသုတ်
၃၇။
ရဟန်းတို့
ဘောဇဉ်ကို
ပေးလှူသူသည်
အလှူခံပုဂ္ဂိုလ်တို့အား
ငါးမျိုးသော
အရာဌာနတို့ကိုပေးလှူသည်
မည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အသက်ကို
ပေးလှူသည်
မည်၏။
အဆင်းကို
ပေးလှူသည်
မည်၏။
ချမ်းသာကို
ပေးလှူသည်
မည်၏။
ခွန်အားကို
ပေးလှူသည်
မည်၏။
ပညာကို
ပေးလှူသည်
မည်၏။
အသက်ကို
ပေးလှူသည်မည်ခြင်းကြောင့်
နတ်သက်သော်လည်းကောင်း၊
လူသက်သော်လည်းကောင်းရှည်ရန်ဖြစ်၏၊
အဆင်းကို
ပေးလှူသည်မည်ခြင်းကြောင့်
နတ်အဆင်းသော်လည်းကောင်း၊
လူအဆင်းသော်လည်းကောင်း
လှရန် ဖြစ်၏၊
ချမ်းသာကို
ပေးလှူသည်မည်ခြင်းကြောင့်
နတ်ချမ်းသာသော်လည်းကောင်း၊
လူချမ်းသာသော်လည်းကောင်း
ရရန်ဖြစ်၏၊
ခွန်အားကို
ပေးလှူသည်မည်ခြင်းကြောင့်
နတ်ခွန်အားသော်လည်းကောင်း၊
လူခွန်အားသော်လည်းကောင်း
ကြီးရန်ဖြစ်၏၊
ပညာကို
ပေးလှူသည်မည်ခြင်းကြောင့်နတ်ပညာသော်လည်းကောင်း၊
လူပညာသော်လည်းကောင်း
ရှိရန်ဖြစ်၏၊
ရဟန်းတို့
ဘောဇဉ်ကို
ပေးလှူသူသည်
အလှူခံပုဂ္ဂိုလ်တို့အား
ဤငါးမျိုးသော
အရာဌာနတို့ကိုပေးလှူသည်
မည်၏ဟု
(မိန့်တော်မူ၏)။
ပညာရှိပုဂ္ဂိုလ်သည်
အသက်အလှူကို
ပေးလှူ၏၊
ခွန်အားအလှူကို
ပေးလှူ၏၊
အဆင်းအလှူကိုပေးလှူ၏၊
ပညာအလှူကို
ပေးလှူ၏၊
ထက်မြက်သော
ပညာနှင့်
ပြည့်စုံသော
ပုဂ္ဂိုလ်သည်
ချမ်းသာကိုပေးလှူ၏၊
ထိုပညာရှိသည်
ချမ်းသာကို
ရရှိ၏။
အသက်ကိုလည်းကောင်း၊
ခွန်အားကိုလည်းကောင်း၊
အဆင်းကိုလည်းကောင်း၊
ချမ်းသာကိုလည်းကောင်း၊
ပညာကိုလည်းကောင်း
ပေးလှူသောကြောင့်
ဖြစ်လေ ရာရာ
ဘုံဘဝ၌
အသက်ရှည်ခြင်းအခြံအရံပေါများခြင်း
ဖြစ်ရာသတည်း။
သတ္တမသုတ်။
------
၈-သဒ္ဓသုတ်
၃၈။
ရဟန်းတို့
သဒ္ဓါတရားရှိသော
အမျိုးကောင်းသား၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ငြိမ်သက်သော
စိတ်ရှိသော
သူတော်ကောင်းတို့သည်
သနားစောင့်ရှောက်ကုန်သည်
ရှိသော်သဒ္ဓါတရားနှင့်
ပြည့်စုံသောသူကိုသာလျှင်
ရှေးဦးစွာ
သနားစောင့်ရှောက်ကုန်၏၊
သဒ္ဓါတရားနှင့်မပြည့်စုံသော
သူကို
ထိုကဲ့သို့ မစောင့်ရှောက်ကုန်။
ချဉ်းကပ်ကုန်သည်ရှိသော်
သဒ္ဓါတရားနှင့်
ပြည့်စုံသူသို့သာလျှင်
ရှေးဦးစွာ
ချဉ်းကပ်ကုန်၏၊
သဒ္ဓါတရားနှင့်
မပြည့်စုံသူကို
ထိုကဲ့သို့
မချဉ်းကပ်ကုန်။
အလှူခံကုန်သည်ရှိသော်
သဒ္ဓါတရားနှင့်
ပြည့်စုံသူ၌
သာလျှင်
ရှေးဦးစွာ
အလှူခံကုန်၏၊
သဒ္ဓါတရားမရှိသူ၌
ထိုကဲ့သို့
အလှူမခံကုန်။
တရားဟောကုန်သည်ရှိသော်
သဒ္ဓါတရားနှင့်
ပြည့်စုံသူကိုသာလျှင်
ရှေးဦးစွာ
တရားဟောကြားကုန်၏၊
သဒ္ဓါတရားနှင့်
မပြည့်စုံသူကို
ထိုကဲ့သို့
မဟောကြားကုန်။
သဒ္ဓါတရားရှိသူသည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ကောင်းသောလားရာ
နတ်ပြည်လောကသို့
ရောက်ရ၏။
ရဟန်းတို့
သဒ္ဓါတရားနှင့်
ပြည့်စုံသော
အမျိုးကောင်းသား၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ညီညွတ်သော
မြေအပြင်ဝယ်
လမ်းလေးခုဆုံရာ၌
ပေါက်ရောက်သော
ပညောင်ပင်ကြီး
သည်ထက်ဝန်းကျင်မှ
ငှက်အပေါင်းတို့၏
မှီခိုရာဖြစ်သကဲ့သို့၊
ရဟန်းတို့
ထို့အတူ ပင်
သဒ္ဓါတရားရှိသောအမျိုးကောင်းသားသည်
ရဟန်း
ရဟန်းမိန်းမ
ဥပါသကာ
ဥပါသိကာမဖြစ်ကုန်သော
များစွာသောလူအပေါင်း၏
မှီခိုရာဖြစ်၏ဟု
(မိန့်တော်မူ၏)။
အကိုင်း
အခက် အရွက်
အသီးနှင့်
ပြည့်စုံ၍ ပင်စည်လုံးပတ်ကြီးမားပြီးလျှင်
အမြစ် အရင်း
ခိုင်ခံ့လျက်အသီးနှင့်
ပြည့်စုံသော
သစ်ပင်ကြီးသည်
ငှက်အပေါင်းတို့၏
နားနေရာဖြစ်သကဲ့သို့။
ပျော်မွေ့ဖွယ်ကောင်း၍
(ငှက်အပေါင်းတို့)
စုဝေးရာအရပ်၌
ထိုသစ်ပင်ကြီးကို
ငှက်အပေါင်းတို့မှီဝဲကုန်ဘိသကဲ့သို့၊
အရိပ်အလိုရှိသော
ငှက်တို့သည်
အရိပ်သို့
ကပ်ရောက်ကုန်ဘိသကဲ့သို့၊
အသီးအလိုရှိသော
ငှက်တို့သည်
အသီးကို
စားလျက်
သွားကုန်ဘိသကဲ့သို့။
ထို့အတူ
သာလျှင်
သီလနှင့်ပြည့်စုံသော
နှိမ့်ချသော
အကျင့်ရှိ၍ မခက်မထန်သောတင့်တယ်ကောင်းမြတ်သော
အမှု၌ မွေ့လျော်သော
ပြေပြစ်နူးညံ့သော
သဒ္ဓါ တရားနှင့်
ပြည့်စုံသောပုဂ္ဂိုလ်ကို။
စွဲမက်မှု'ရာဂ'ကင်းသော
အမျက်ထွက်မှု'ဒေါသ'ကင်းသော
တွေဝေမှု'မောဟ'
ကင်းသောအာသဝေါကင်းစင်မှုကြောင့်
လောက၌
ကုသိုလ်ကောင်းမှုစိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောရဟန္တာပုဂ္ဂိုလ်တို့သည်
ထိုသို့သဘောရှိသူကို
မှီဝဲ
ချဉ်းကပ်ကြကုန်၏။
ထိုရဟန္တာပုဂ္ဂိုလ်တို့သည်
ထိုသူအား
ဒုက္ခခပ်သိမ်း
ပယ်ဖျောက်ကြောင်းဖြစ်သော
တရားကိုဟောကြားတော်မူကုန်၏၊
ထိုသူသည်
ဤဘဝ၌ ယင်းတရားကို
သိရ၍
အာသဝေါကင်းလျက်ပရိနိဗ္ဗာန်ပြုရလေသတည်း။
အဋ္ဌမသုတ်။
------
၉-ပုတ္တသုတ်
၃၉။
ရဟန်းတို့
ဤအကြောင်းငါးမျိုးတို့ကို
ကောင်းစွာ
မြင်သော
မိဘတို့သည်
အမျိုး၌ ဖြစ်သောသားသမီးကို
အလိုရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ငါတို့မွေးမြူထားသော
သားသမီးသည်
ငါတို့အား
လုပ်ကျွေးမွေးမြူပေလိမ့်မည်။
ငါတို့၏
အမှုကိစ္စကို
ပြုလုပ်ပေလိမ့်မည်။
အမျိုးအဆက်သည်
ရှည်မြင့်စွာ
တည်ပေလိမ့်မည်။
အမွေခံ
ဖြစ်ပေလိမ့်မည်။
ထို့ပြင်
ဘဝတစ်ပါးသို့
ပြောင်းသွားသော
ငါတို့အား
အလှူ၏အဖို့ကို
ပေးဝေကြပေလိမ့်မည်ဟု
(အလိုရှိကြကုန်၏)။
ရဟန်းတို့
ဤအကြောင်းကို
ကောင်းစွာရှုမြင်သော
မိဘတို့သည်
အမျိုး၌
ဖြစ်သော
သားသမီးတို့ကိုအလိုရှိကုန်၏ဟု
(မိန့်တော်မူ၏)။
အကြောင်းငါးမျိုးတို့ကို
ကောင်းစွာမြင်သည့်
ပညာရှိမိဘတို့သည်
သားသမီးကို
အလိုရှိကြကုန်၏၊
ငါတို့မွေးမြူသော
သားသမီးသည်
ငါတို့အား
ကောင်းစွာ
လုပ်ကျွေးမွေးမြူပေလိမ့်မည်၊
ငါတို့၏အမှုကိစ္စကိုလည်း
ပြုလုပ်ပေလိမ့်မည်။
အမျိုးအဆက်သည်
ကြာမြင့်စွာ
တည်ပေလိမ့်မည်။
အမွေခံ
ဖြစ်ပေလိမ့်မည်၊
ထို့ပြင်
ကွယ်လွန်သောငါတို့အား
အလှူ၏ အဖို့ကို
ပေးဝေကြပေလိမ့်မည်။
ဤအကြောင်းတို့ကို
ကောင်းစွာရှုမြင်သည့်
ပညာရှိမိဘတို့သည်
သားသမီးကို
လိုချင်တောင့်တကြကုန်၏။
ထို့ကြောင့်
ပြုဖူးသော
ကျေးဇူးကို
သိ၍ သူ့ကျေးဇူး
ကို ထင်စွာ
ပြုတတ်သော၊
ငြိမ်သက်သော
စိတ်ရှိသော
သူတော်ကောင်းတို့သည်
ရှေးကပြုဖူးသည်ကို
အဖန်ဖန် အောက်မေ့လျက်မိဘတို့ကို
လုပ်ကျွေးမွေးမြူကြကုန်၏၊
ကျေးဇူးပြုဖူးသူ၏
ကိစ္စကို
ပြုလုပ်သကဲ့သို့
ထိုအတူ
မိဘတို့၏အမှုကိစ္စ
တို့ကို
ပြုလုပ်ကြကုန်၏။
မိဘတို့
အဆုံးအမကို
လိုက်နာလေ့ရှိ၍
မွေးမြူဖူးသော
မိဘတို့အား
လုပ်ကျွေး
မွေးမြူလေ့ရှိသောအမျိုးအနွယ်ကို
မယုတ်စေ၍
သဒ္ဓါတရားရှိသည့်
သီလနှင့်
ပြည့်စုံသော
သားသမီးသည် ချီးမွမ်းထိုက်သူဖြစ်ပေသတည်း။
နဝမသုတ်
------
၁၀-မဟာသာလပုတ္တသုတ်
၄၀။
ရဟန်းတို့
ဟိမဝန္တာတောင်မင်းကို
မှီ၍
သစ်ပင်ကြီးတို့သည်
ကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်ကြီးပွါးကြကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အကိုင်း
အခက်
အရွက်တို့ဖြင့်
ကြီးပွါးကုန်၏။
အခေါက်ဖြင့်
ကြီးပွါးကုန်၏။
အပွေးဖြင့်
ကြီးပွါးကုန်၏။
အကာဖြင့်
ကြီးပွါးကုန်၏။
အနှစ်ဖြင့်
ကြီးပွါးကုန်၏။
ရဟန်းတို့
ဟိမဝန္တာတောင်မင်းကို
မှီ၍ သစ်ပင်ကြီးတို့သည်
ဤကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်
ကြီးပွါးကုန်သကဲ့သို့၊
ရဟန်းတို့
ဤအတူသာလျှင်
သဒ္ဓါတရားရှိသော
အမျိုးကောင်းသားကို
မှီ၍ အိမ်တွင်းနေလူအပေါင်းသည်
ကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်
ကြီးပွါး၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သဒ္ဓါတရားဖြင့်
ကြီးပွါး၏။
သီလဖြင့်
ကြီးပွါး၏။
အကြားအမြင်ဖြင့်
ကြီးပွါး၏။
စွန့်ကြဲခြင်းဖြင့်
ကြီးပွါး၏။
ပညာဖြင့်
ကြီးပွါး၏။
ရဟန်းတို့
သဒ္ဓါတရားရှိသော
အမျိုးကောင်းသားကို
မှီ၍
အိမ်တွင်းနေ
လူအပေါင်းသည်
ဤကြီးပွါးခြင်းငါးမျိုးတို့ဖြင့်
ကြီးပွါး၏ဟု
(မိန့်တော်မူ၏)။
တောအုပ်ကြီး၌
ရှိသည့်
ကျောက်တောင်ကို
အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့
သည်ကြီးပွါးစည်ပင်ကြကုန်သကဲ့သို့။
ထို့အတူ
သီလနှင့်ပြည့်စုံ၍
သဒ္ဓါတရားရှိသော
ဤအမျိုးကောင်းသားကို
မှီ၍သားမယားတို့သည်လည်းကောင်း၊
အဆွေအမျိုးတို့သည်လည်းကောင်း၊
မိတ်ဆွေခင်ပွန်းတို့သည်လည်းကောင်း၊
ဆွေမျိုးအပေါင်းတို့သည်လည်းကောင်း၊
ထိုအမျိုး
သားကို
အမှီပြု၍အသက်မွေးသူတို့သည်လည်းကောင်း
သီလစသည်တို့ဖြင့်
ကြီးပွါးကြကုန်၏။
ထိုသီလရှိသူ၏
သီလကိုလည်းကောင်း၊
စွန့်ကြဲခြင်းကိုလည်းကောင်း၊
ကောင်းသောအကျင့်စရိုက်တို့ကိုလည်းကောင်း
ကောင်းစွာမြင်ကြရကုန်သည်ဖြစ်၍
အတုလိုက်၍
ပြုလုပ်ကြကုန်၏။
ပညာရှိသူတို့သည်
ဤသာသနာတော်၌
ကောင်းသောလားရာ
(သုဂတိ)သို့
သွား
ရောက်သူတို့၏လမ်းခရီးသဖွယ်ဖြစ်သော
တရားကို
ကျင့်ကြကုန်၍
နတ်လောက၌
ကာမဂုဏ်တို့ကို
လိုတိုင်းရကုန်လျက်နှစ်နှစ်သက်သက်
ဝမ်းမြောက်ရလေကုန်
သတည်း။
ဒသမသုတ်။
လေးခုမြောက်
သုမနဝဂ်
ပြီး၏။
------
၅-မုဏ္ဍရာဇဝဂ်
၁-အာဒိယသုတ်
၄၁။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သောဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်နေသောအနာထပိဏ်သူဌေးအား
မြတ်စွာဘုရားသည်-
ဒါယကာ
စည်းစိမ်ရကြောင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဒါယကာ
ဤလောက၌
အရိယာတပည့်သည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့် ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သောစည်းစိမ်တို့ဖြင့်
မိမိကိုယ်ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာ ဆောင်နိုင်၏၊
မိဘတို့ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာဆောင်နိုင်၏၊
သား မယား
ကျွန်
အမှုလုပ်
ယောက်ျားတို့ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာ ဆောင်နိုင်၏။
ဤကား
ပဌမ
စည်းစိမ်ရကြောင်းတည်း။
ဒါယကာ
နောက်
တစ်မျိုးကား
အရိယာတပည့်သည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်တို့ဖြင့်
အဆွေ
ခင်ပွန်း
ချစ်ကျွမ်းဝင်သူတို့ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကိုကောင်းစွာဆောင်နိုင်၏။
ဤကား
ဒုတိယ
စည်းစိမ်ရကြောင်းတည်း။
ဒါယကာ
နောက်တစ်မျိုးကား
အရိယာတပည့်သည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ့်ကုန်သော
စည်းစိမ်တို့ဖြင့်
မီးကြောင့်လည်းကောင်း၊
ရေကြောင့်လည်းကောင်း၊
မင်းကြောင့်လည်းကောင်း၊
ခိုးသူကြောင့်လည်းကောင်း၊
မချစ်မနှစ်သက်အပ်သူ
အမွေခံဆိုးကြောင့်လည်းကောင်း
ဖြစ်ပေါ်လာသောထိုသို့သဘောရှိသော
ဘေးရန်တို့၌
ထက်ဝန်းကျင်မှ
ပိတ်ဆို့၍
မိမိကိုယ်ကို
ချမ်းသာအောင်
ပြု၏။
ဤကား
တတိယ
စည်းစိမ်ရကြောင်းတည်း။
ဒါယကာ
နောက်တစ်မျိုးကား
အရိယာတပည့်သည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်တို့ဖြင့်
ဆွေမျိုးတို့အား
ပူဇော်ခြင်း၊
ဧည့်သည်တို့အား
ပူဇော်ခြင်း၊
ရှေးက
သေပြီးသောဆွေမျိုးတို့အား
ပူဇော်ခြင်း၊
မင်းအား ပူဇော်ခြင်း၊
နတ်တို့အား
ပူဇော်ခြင်းဟူသော
ငါးပါးသောပူဇော်ခြင်းကို
ပြုလုပ်၏။
ဤကား
စတုတ္ထ
စည်းစိမ်ရကြောင်းတည်း။
ဒါယကာ
နောက်တစ်မျိုးကား
အရိယာတပည့်သည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်တို့ဖြင့်
မာန်ယစ်ခြင်း
မေ့လျော့ခြင်းမှ
ကင်းကုန်သော၊
သည်းခံခြင်း
ကောင်းသောအမှုဝယ်
မွေ့လျော်ခြင်း၌
တည်ကုန်သော၊
တစ်ယောက်တည်းသော
မိမိကိုယ်ကို
ဆုံးမကုန်သော၊
တစ်ခုတည်းသော
မိမိစိတ်ကို
(ကိလေသာမှ)
ငြိမ်းအေးစေကုန်သော၊
တစ်ခုတည်းသော
မိမိ စိတ်ကို
(ကိလေသပရိနိဗ္ဗာန်အားဖြင့်)
ငြိမ်းအေးစေကုန်သော
သဘောရှိသည့်
သမဏဗြာဟ္မဏတို့၌
အထက်ဘုံသို့
သွားကြောင်း
ဖြစ်သော၊ နတ်ပြည်အစီးအပွါးဖြစ်သော၊
ချမ်းသာကျိုးရှိသော၊
ကောင်းမြတ်သော
အာရုံကိုဖြစ်စေတတ်သော
မြတ်သော
အလှူကို
ဖြစ်စေ၏။
ဤကား
ပဉ္စမ
စည်းစိမ်ရကြောင်းတည်း။
ဒါယကာ
စည်းစိမ်ရကြောင်းတို့သည်
ဤငါးမျိုးတို့တည်း။
ဒါယကာ
စည်းစိမ်ရကြောင်း
ငါးမျိုးကို
ရသော
ထိုအရိယာတပည့်အား
အကယ်၍
စည်းစိမ်တို့သည်ကုန်ခြင်းသို့
ရောက်ခဲ့မူ
''ငါသည် စင်စစ်
စည်းစိမ်ရကြောင်းတို့ကိုလည်း
ရယူ၏၊ ငါ၏
စည်းစိမ်တို့သည်လည်းကုန်ခန်းခြင်းသို့
ရောက်ကုန်၏''ဟု
စိတ်အကြံဖြစ်၏။
ဤသို့လျှင်
ထိုအရိယာတပည့်အား
နှလုံးသာယာခြင်း
ဖြစ်၏။
ဒါယကာ
စည်းစိမ်ရကြောင်းငါးမျိုးတို့ကို
ရယူသော
ထိုအရိယာတပည့်အား
အကယ်၍
စည်းစိမ်တို့သည်
တိုးပွါးခဲ့မူ
''ငါသည်
စင်စစ် စည်းစိမ်ရကြောင်းတို့ကို
ရယူ၏၊ ငါ၏
စည်းစိမ်တို့သည်လည်းတိုးပွါးခြင်းသို့
ရောက်ကုန်၏''ဟု
စိတ်အကြံဖြစ်၏။
ဤသို့လျှင်
ထိုအရိယာတပည့်အား
နှစ်ပါးသောအခြင်းအရာဖြင့်ပင်
နှလုံးသာယာခြင်းဖြစ်၏ဟု
(မိန့်တော်မူ၏)။
ငါသည်
စည်းစိမ်တို့ကို
သုံးဆောင်ခဲ့ပြီ၊
(မိဘတို့ကို)
လုပ်ကျွေးခဲ့ပြီ၊
သား မယားတို့ကို
မွေးမြူခဲ့ပြီ၊
ဘေးရန်တို့ကို
လွန်မြောက်ခဲ့ပြီ၊
အထက်နတ်ပြည်၌
ဖြစ်စေတတ်သော
အလှူကို
ပေးလှူခဲ့ပြီ၊
ထို့ပြင်ငါးမျိုးသော
ပူဇော်မှုကိုလည်း
ပြုခဲ့ပြီ၊
သီလရှိကုန်
(ကိုယ်နှုတ်နှလုံး)စောင့်သုံးကုန်သောမြတ်သောအကျင့်ကို
ကျင့်သုံးသူတို့အား
လုပ်ကျွေးခဲ့ပြီ။
အိမ်၌ နေသော
ပညာရှိသည်
အကြင်အကျိုးငှါ
စည်းစိမ်ဥစ္စာတို့ကို
အလို ရှိရာ၏၊
ထိုအကျိုးသည်ငါ့အား
အစဉ်ဆိုက်ရောက်လေပြီ၊
နောက်တစ်ဖန်
မပူပန် ရသော
အမှုကို ငါ ပြုခဲ့ပေပြီ။
ဤသို့
အဖန်ဖန်
အောက်မေ့သော
လူဖြစ်သူ
သတ္တဝါသည်
အရိယာတို့၏
တရား၌ တည်၏၊
ထိုသူကိုဤဘဝ၌ပင်
ချီးမွမ်းကြကုန်၏၊
တမလွန်ဘဝဝယ်
နတ်ပြည်၌
မွေ့လျော်ရလေသတည်း။
ပဌမသုတ်။
------
၂-သပ္ပုရိသသုတ်
၄၂။
ရဟန်းတို့
အမျိုး၌
သူတော်ကောင်းဖြစ်ထွန်းသည်ရှိသော်
များစွာသော
လူအပေါင်း၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏။
အမိအဖတို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်ဖြစ်၏၊
သားမယား၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏၊
ကျွန်အမှုလုပ်တို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏၊
အဆွေခင်ပွန်းတို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်ချမ်းသာရန်
ဖြစ်၏၊
သမဏဗြာဟ္မဏတို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏။
ရဟန်းတို့
ကြီးစွာသော
မိုးသည်
ခပ်သိမ်းသော
ကောက်စပါးတို့ကို
ကောင်းစွာ
ပြည့်စုံစေသည်
ဖြစ်၍လူများစွာ၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
အမျိုး၌
သူတော်ကောင်းဖြစ်ထွန်းသည်ရှိသော်
များစွာသော လူအပေါင်း၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်ချမ်းသာရန်
ဖြစ်၏။
အမိအဖတို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏၊
သားမယား၏အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏၊
ကျွန်အမှုလုပ်တို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်ချမ်းသာရန်
ဖြစ်၏၊
အဆွေခင်ပွန်းတို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏၊
သမဏဗြာဟ္မဏတို့၏
အကျိုးရှိရန်
အစီးအပွါးဖြစ်ရန်
ချမ်းသာရန်
ဖြစ်၏ဟု (မိန့်တော်မူ၏)။
အကျိုးစီးပွါးကို
ရွက်ဆောင်သူသည်
လူများစွာတို့၏
စည်းစိမ်ကို
ဖြစ်စေ၏၊
တရားစောင့်၍အကြားအမြင်များသော
အကျင့်သီလနှင့်
ပြည့်စုံသော
ထိုသူတော်
ကောင်းကို
နတ်အပေါင်းသည်စောင့်ရှောက်၏၊
တရား၌
တည်သူကို
ကျော်စော
ထင်ရှားခြင်းသည်
မစွန့်လွှတ်နိုင်။
တရား၌ တည်သော
သီလနှင့်ပြည့်စုံသော
မှန်သောစကားကို
ဆိုလေ့ရှိသော
မကောင်းမှုမှ
ရှက်သောစိတ်ရှိသော
ထိုသူကို
တစ်နိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့
အဘယ်သူသည်
ကဲ့ရဲ့ခြင်းငှါ
ထိုက်ပါအံ့နည်း၊
ထိုသူကို နတ်တို့သည်လည်း
ချီးမွမ်းကုန်၏၊
ဗြဟ္မာကလည်း
ချီးမွမ်း၏။
ဒုတိယသုတ်။
------
၃-ဣဋ္ဌသုတ်
၄၃။
ထိုအခါ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးလျက်
တစ်ခုသော နေရာ၌
ထိုင်နေသောအနာထပိဏ်သူဌေးအား
မြတ်စွာဘုရားသည်
ဒါယကာ
အလိုရှိအပ်
နှစ်သက်အပ် မြတ်နိုးအပ်သည်ဖြစ်၍လောက၌
ရခဲသော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဒါယကာ
အသက်ရှည်ခြင်းသည်
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်၍
လောက၌ ရခဲ၏၊
အဆင်းလှခြင်းသည်
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်၍
လောက၌ ရခဲ၏၊
ချမ်းသာခြင်းသည်
အလိုရှိအပ်နှစ်သက်အပ်
မြတ်နိုးအပ်၍
လောက၌ ရခဲ၏၊
အခြံအရံများခြင်းသည်
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်၍
လောက၌ ရခဲ၏၊
နတ်ပြည်တို့သည်
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်ကုန်၍
လောက၌
ရခဲကုန်၏။
ဒါယကာ
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်ကုန်၍
လောက၌ ရခဲသော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
ဒါယကာ
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်ကုန်၍
လောက၌ ရခဲသော
ဤတရားငါးမျိုးတို့ကို
(နှုတ်ဖြင့်)
တောင့်တခြင်းဟူသော
အကြောင်းကြောင့်လည်းကောင်း၊
(စိတ်ဖြင့်)
တောင့်တခြင်းဟူသောအကြောင်းကြောင့်လည်းကောင်း
ရ၏ဟု ငါမဆို။
ဒါယကာ
အလိုရှိအပ်
နှစ်သက်အပ်
မြတ်နိုးအပ်ကုန်၍
လောက၌ ရခဲသော
ဤတရားငါးမျိုးတို့ကို
(နှုတ်ဖြင့်)
တောင့်တခြင်းဟူသော
အကြောင်းကြောင့်သော်လည်းကောင်း၊
(စိတ်ဖြင့်)
့တောင့်တခြင်းဟူသော
အကြောင်းကြောင့်သော်လည်းကောင်း
ရသည်ဖြစ်ခဲ့မူ
ဤလောက၌
အဘယ်သူသည်
အဘယ်သို့သော
အရာ မှ
ယုတ်လျော့နိုင်တော့အံ့နည်း။
ဒါယကာ
အရိယာတပည့်သည်
အသက်ရှည်ခြင်းကို
အလိုရှိသည်ဖြစ်၍
အသက်ရှည်ခြင်းကို
(နှုတ်ဖြင့်)
တောင့်တခြင်းငှါလည်းကောင်း၊
(စိတ်ဖြင့်)
နှစ်သက်ခြင်းငှါလည်းကောင်း
မထိုက်၊
ဒါယကာ
အသက်ရှည်ခြင်း၏
အကြောင်းကြောင့်လည်း
အသက်ရှည်လိုသော
အရိယာတပည့်သည်
အသက်ရှည်ခြင်းကို
ဖြစ်စေတတ်သည့်
အကျင့်ကို
ကျင့်ရမည်။
မှန်၏၊ ထိုအရိယာတပည့်သည်
ကျင့်အပ်သော
အသက်ရှည် ခြင်းကိုဖြစ်စေတတ်သည့်
အကျင့်သည်
အသက်ရှည်ရန်
ဖြစ်၏၊
ထိုသူသည်
နတ်သက်ရှည်ခြင်းကိုသော်လည်းကောင်း၊
လူသက်ရှည်ခြင်းကိုသော်လည်းကောင်း
ရနိုင်၏။
ဒါယကာ
အရိယာတပည့်သည်
အဆင်းလှခြင်းကို
အလိုရှိသည်ဖြစ်၍
အဆင်းလှခြင်းကို
(နှုတ်ဖြင့်)
တောင့်တခြင်းငှါလည်းကောင်း၊
(စိတ်ဖြင့်)
နှစ်သက်ခြင်းငှါလည်းကောင်း
မထိုက်၊ ဒါယကာအဆင်းလှခြင်း
၏
အကြောင်းကြောင့်လည်း
အဆင်းလှလိုသော
အရိယာတပည့်သည်
အဆင်းလှခြင်းကိုဖြစ်စေတတ်သည့်
အကျင့်ကို ကျင့်ရမည်။
မှန်၏၊
ထိုအရိယာတပည့်သည်
ကျင့်အပ်သောအဆင်းလှခြင်းကို
ဖြစ်စေတတ်သည့်
အကျင့်သည်
အဆင်းလှရန်
ဖြစ်၏၊
ထိုသူသည်နတ်အဆင်းလှခြင်းကိုသော်လည်းကောင်း၊
လူအဆင်း
လှခြင်းကိုသော်လည်းကောင်း
ရနိုင်၏။
ဒါယကာ
အရိယာတပည့်သည်
ချမ်းသာကို အလိုရှိသည်ဖြစ်၍
ချမ်းသာကို
(နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊
(စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း
မထိုက်၊ ဒါယကာ
ချမ်းသာခြင်း၏အကြောင်းကြောင့်လည်း
ချမ်းသာကိုလိုသော
အရိယာတပည့်သည်
ချမ်းသာကို
ဖြစ်စေတတ်သည့်
အကျင့်ကို
ကျင့်ရမည်။
မှန်၏၊
ထိုအရိယာတပည့်သည်
ကျင့်အပ်သော
ချမ်းသာစေတတ်သော
အကျင့်သည်ချမ်းသာကို
ရခြင်းငှါ
ဖြစ်၏၊
ထိုသူသည်
နတ်ချမ်းသာကိုသော်လည်းကောင်း၊
လူချမ်းသာကိုသော်လည်းကောင်း
ရနိုင်၏။
ဒါယကာ
အရိယာတပည့်သည်
အခြံအရံကို
အလိုရှိသည်ဖြစ်၍
အခြံအရံကို
(နှုတ်ဖြင့်)
တောင့်တခြင်းငှါလည်းကောင်း၊
(စိတ်ဖြင့်)
နှစ်သက်ခြင်းငှါလည်းကောင်း
မထိုက်၊
ဒါယကာ
အခြံအရံများခြင်း၏အကြောင်းကြောင့်လည်း
အခြံအရံကိုလိုသော
အရိယာတပည့်သည်
အခြံအရံကို
ဖြစ်စေတတ်သည့်
အကျင့်ကို
ကျင့်ရမည်။
မှန်၏၊ ထိုအရိယာတပည့်သည်
ကျင့်အပ်သော
အခြံအရံကိုဖြစ်စေတတ်သည့်
အကျင့်သည်အခြံအရံကို
ရခြင်းငှါ
ဖြစ်၏၊
ထိုသူသည်
နတ်အခြံအရံကိုသော်လည်းကောင်း၊
လူအခြံအရံကိုသော်လည်းကောင်း
ရနိုင်၏။
ဒါယကာ
အရိယာတပည့်သည်
နတ်ပြည်သို့
ရောက်လိုသည်ဖြစ်၍
နတ်ပြည်ကို
(နှုတ်ဖြင့်)
တောင့်တခြင်းငှါလည်းကောင်း၊
(စိတ်ဖြင့်)
နှစ်သက်ခြင်းငှါလည်းကောင်း
မထိုက်၊
ဒါယကာ နတ်ပြည်တို့၏အကြောင်းကြောင့်လည်း
နတ်ပြည်ကိုလိုသော
အရိယာတပည့်သည်
နတ်ပြည်၌
ဖြစ်စေတတ်သည့်အကျင့်ကို
ကျင့်ရမည်။
မှန်၏၊
ထိုအရိယာတပည့်သည်
ကျင့်အပ်သော
နတ်ပြည်၌
ဖြစ်စေတတ်သည့်အကျင့်သည်
နတ်ပြည်ကို
ရခြင်းငှါ ဖြစ်၏၊
ထိုသူသည်
နတ်ပြည်တို့ကို
ရနိုင်၏ဟု (မိန့်တော်မူ၏)။
အသက်ရှည်ခြင်းကိုလည်းကောင်း၊
အဆင်းလှခြင်းကိုလည်းကောင်း၊
အခြံအရံများခြင်းကိုလည်းကောင်း၊
ကျော်စောခြင်းကိုလည်းကောင်း၊
နတ်ပြည်သို့ရောက်ခြင်း
ကိုလည်းကောင်း၊
မြင့်မြတ်သော
အမျိုးရှိသည်၏
အဖြစ်ကိုလည်းကောင်း၊
အဆင့်
ဆင့်မြင့်မြတ်သောမွေ့လျော်ဖွယ်တို့ကိုလည်းကောင်း
တောင့်တသော
အမျိုးကောင်း
သားသည်
(ကောင်းမှုကုသိုလ်တို့၌
မမေ့မလျော့ရာ)။
ကောင်းမှုတို့၌
မမေ့မလျော့ခြင်းကို
ပညာရှိတို့
ချီးမွမ်းကုန်၏၊
မမေ့မလျော့သော
ပညာရှိသည်အကျိုးနှစ်ပါးတို့ကို
ရနိုင်၏။
မျက်မှောက်ဘဝ၌
ဖြစ်သော
အကျိုးစီပွါး၊
တမလွန်ဘဝ၌
ဖြစ်သော
အကျိုးစီးပွါးဟူသော
အကျိုးနှစ်ပါးကိုရခြင်းကြောင့်
ပညာရှိကို ပဏ္ဍိတဟူ၍
ဆိုအပ်၏။
တတိယသုတ်။
------
၄-မနာပဒါယီသုတ်
၄၄။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုစဉ်အခါ
မြတ်စွာဘုရားသည်
နံနက်အချိန်၌
(သင်္ကန်းကို)
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူဆောင်ပြီးလျှင်
ဝေသာလီပြည်သား
ဥဂ္ဂသူကြွယ်အိမ်သို့
ချဉ်းကပ်၍ခင်းထားအပ်သော
နေရာ၌
ထိုင်နေတော်မူ၏၊
ထိုအခါ ဝေသာလီပြည်သား
ဥဂ္ဂသူကြွယ်သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား
အသျှင်ဘုရား''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို
ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရ၏''ဟူသော
ဤစကားကိုအကျွန်ုပ်သည်
မြတ်စွာဘုရား
မျက်မှောက်တော်မှ
ကြားနာရဖူးပါသည်၊
မြတ်စွာဘုရား၏
မျက်မှောက်တော်မှ
ခံယူရဖူးပါသည်။
အသျှင်ဘုရား
အကျွန်ုပ်၏
အင်ကြင်းပွင့်အဆင်းရှိသော
ခဲဖွယ်သည်
နှစ်ခြိုက်ဖွယ်
ရှိပါသည်၊
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
အကျွန်ုပ်၏
ထိုခဲဖွယ်ကို
ခံယူတော်မူပါဟုလျှောက်၏။
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူ၏။
အသျှင်ဘုရား
''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရ၏''ဟူသောဤစကားကို
အကျွန်ုပ်သည်
မြတ်စွာဘုရားမျက်မှောက်တော်မှ
ကြားနာရဖူးပါသည်၊
မြတ်စွာဘုရား၏မျက်မှောက်တော်မှ
ခံယူရဖူးပါသည်၊
အသျှင်ဘုရား
အကျွန်ုပ်၏
ဆီးသီးဖြင့်
စီမံထားသော
ဝက်သားဟင်းသည်
နှစ်ခြိုက်ဖွယ်
ကောင်းလှပါ၏၊
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍အကျွန်ုပ်၏
ထိုဟင်းကို
ခံယူတော်မူပါဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူ၏။
အသျှင်ဘုရား
''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရ၏''ဟူသောဤစကားကို
အကျွန်ုပ်သည်
မြတ်စွာဘုရားမျက်မှောက်တော်မှ
ကြားနာရဖူးပါသည်၊
မြတ်စွာဘုရား၏မျက်မှောက်တော်မှ
ခံယူရဖူးပါသည်၊
အသျှင်ဘုရား
အကျွန်ုပ်၏
ကန်စွန်းရွက်
ဆီပြန်ကြော်သည်
နှစ်ခြိုက်ဖွယ်
ကောင်းလှပါ၏၊
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
အကျွန်ုပ်၏ထိုကန်စွန်းရွက်
ဆီပြန်ကြော်ကို
ခံယူတော်မူပါဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူ၏။
အသျှင်ဘုရား
''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရ၏''ဟူသောဤစကားကို
အကျွန်ုပ်သည်
မြတ်စွာဘုရားမျက်မှောက်တော်မှ
ကြားနာရဖူးပါသည်၊
မြတ်စွာဘုရား၏မျက်မှောက်တော်မှ
ခံယူရဖူးပါသည်၊
အသျှင်ဘုရား
ဆန်မည်းကို
ရွေးချယ်ပြီး၍
များစွာသော
အရည်သောက်ဟင်းနှင့်
စမဲဟင်းလျာရှိသော
အကျွန်ုပ်၏
သလေးဆွမ်းသည်
နှစ်ခြိုက်ဖွယ်
ကောင်းလှပါ၏၊
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
အကျွန်ုပ်၏
ထိုသလေးဆွမ်းကို
ခံယူတော်မူပါဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူ၏။
အသျှင်ဘုရား
''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရ၏''ဟူသောဤစကားကို
အကျွန်ုပ်သည်
မြတ်စွာဘုရားမျက်မှောက်တော်မှ
ကြားနာရဖူးပါသည်၊
မြတ်စွာဘုရား၏့မျက်မှောက်တော်မှ
ခံယူရဖူးပါသည်၊
အသျှင်ဘုရား
အကျွန်ုပ်၏
ကာသိကတိုင်းဖြစ်
အဝတ်တို့သည်နှစ်ခြိုက်ဖွယ်
ရှိပါကုန်၏၊
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
အကျွန်ုပ်၏ထိုအဝတ်တို့ကို
ခံယူတော်မူပါဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူ၏။
အသျှင်ဘုရား
''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို
ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရ၏''ဟူသောဤစကားကို
အကျွန်ုပ်သည်
မြတ်စွာဘုရား၏
မျက်မှောက်တော်မှ
ကြားနာရဖူးပါသည်၊
မြတ်စွာဘုရား၏မျက်မှောက်တော်မှ
ခံယူရဖူးပါသည်၊
အသျှင်ဘုရား
အကျွန်ုပ်၏
ပလ္လင်
မွေးရှည်ကော်ဇောကြီး
ပန်းပြောက်ခြယ်
သားမွေးအခင်း
ဝံပိုင့်ရေအခင်းမြတ်
(နီသော) မျက်နှာကြက်နှင့်
အုံးနီနှစ်ဖက်ရှိ
နေရာသည်နှစ်ခြိုက်ဖွယ်
ကောင်းလှပါ၏။
အသျှင်ဘုရား
အကျွန်ုပ်တို့သည်လည်း
''ဤအရာဝတ္ထုများသည်
စင်စစ်အားဖြင့်
မြတ်စွာဘုရားအားမအပ်''ဟု
သိပါကုန်၏။
အသျှင်ဘုရား
အကျွန်ုပ်တို့၏
ဤစန္ဒကူးနှစ်
ထိုင်ခုံသည်
တစ်သိန်းကျော်တန်ပါ၏၊
အကျွန်ုပ်၏ထိုအသုံးအဆောင်ဝတ္ထုတို့ကို
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူပါဟု
(လျှောက်၏)။
မြတ်စွာဘုရားသည်
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
ခံယူတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ဝေသာလီပြည်သား
ဥဂ္ဂသူကြွယ်ကို
ဤအနုမောဒနာဂါထာဖြင့်ကောင်းချီးခေါ်တော်မူ၏
-''နှစ်ခြိုက်ဖွယ်
(ဝတ္ထု) ကို ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်
(အကျိုး) ကို
ရရှိနိုင်၏၊
အကြင်သူသည်ဖြောင့်မတ်သော
ရဟန္တာပုဂ္ဂိုလ်တို့၌
လိုလိုချင်ချင်အားဖြင့်
အဝတ်ကိုလည်းကောင်း၊
အိပ်ရာနေရာကိုလည်းကောင်း၊
ဆွမ်းဘောဇဉ်
အဖျော်ကိုလည်းကောင်း၊
အထူးထူးသောပစ္စည်းတို့ကိုလည်းကောင်း
ပေးလှူ၏။
လယ်ယာမြေကောင်းနှင့်တူကုန်သော
ရဟန္တာပုဂ္ဂိုလ်တို့ကို
သိ၍
စွန့်အပ်လွှတ်
အပ်,
ချီးမြှောက်အပ်၏၊
နှစ်ခြိုက်ဖွယ်ကို
ပေးလှူသော
ထိုသူတော်ကောင်းသည်
စွန့်နိုင်ခဲသည်ကို
စွန့်၍
နှစ်ခြိုက်ဖွယ်အကျိုးကိုရ၏''ဟု
(ကောင်းချီးခေါ်တော်မူ၏)။
ထို့နောက်
မြတ်စွာဘုရားသည်
ဝေသာလီပြည်သား
ဥဂ္ဂသူကြွယ်ကို
ဤအနုမောဒနာစကားဖြင့်ကောင်းချီးခေါ်တော်မူပြီးလျှင်
နေရာမှ ထကာ
ဖဲခွါကြွသွားတော်မူ၏။
ထို့နောက်
အခါတစ်ပါး၌
ဝေသာလီပြည်သား
ဥဂ္ဂသူကြွယ်သည်
ကွယ်လွန်လေ၏။
ကွယ်လွန်လေပြီးသော
ဝေသာလီပြည်သား
ဥဂ္ဂသူကြွယ်သည်ကား
(ဈာန်)
စိတ်ဖြင့်ပြီးသော
တစ်ခု သော
(သုဒ္ဓါဝါသ)
ဗြဟ္မာ့ဘုံ၌
ဖြစ်လေ၏။
ထိုစဉ်အခါ
မြတ်စွာဘုရားသည်
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန် ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
ညဉ့်ဦးယံလွန်ပြီးသော
(သန်းခေါင်ယံ)
အခါ၌ အလွန်နှစ်သက်ဖွယ်သော
အဆင်းရှိသည်ဖြစ်၍
ဇေတဝန်ကျောင်းအလုံးကို
ထိန်လင်းစေလျက်မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ရပ်တည်နေသော
ဥဂ္ဂဗြဟ္မာကိုမြတ်စွာဘုရားသည်-
''ဥဂ္ဂ
အသို့နည်း
သင့်အား
အလိုအတိုင်း
ပြည့်စုံ၏လော''ဟု
မိန့်တော်မူ၏။
အသျှင်ဘုရား
တပည့်တော်အား
အလိုအတိုင်း
စင်စစ်
ပြည့်စုံပါ၏ဟု
(လျှောက်၏)။
ထိုအခါ
မြတ်စွာဘုရားသည်
ဥဂ္ဂဗြဟ္မာကို
ဂါထာတို့ဖြင့်
ဟောကြားတော်မူ၏။
''နှစ်ခြိုက်ဖွယ်ကို
ပေးလှူသူသည်
နှစ်ခြိုက်ဖွယ်ကို
ရ၏၊
မွန်မြတ်သည်ကို
ပေးလှူသူသည်
တစ်ဖန့်မွန်မြတ်သည်ကို
ရ၏၊
တောင့်တအပ်သည်ကို
ပေးလှူသူ သည်
တောင့်တအပ်သည်ကို
ရ၏၊
ချီးမွမ်းအပ်သည်ကို
ပေးလှူသူသည်
ချီးမွမ်း
အပ်သည့်
(ဌာန)သို့
ရောက်ရလေ၏၊ အကြင်သူသည်
အထွတ်အမြတ်
ဝတ္ထုပစ္စည်းကို
ပေးလှူလေ့ရှိ၏၊
တောင့်တအပ်
သော
ဝတ္ထုကိုပေးလှူလေ့ရှိ၏၊
အကြင်သူသည်
ချီးမွမ်းအပ်သော
ဝတ္ထုကို ပေး
လှူလေ့ရှိ၏၊
ထိုသူသည် ဖြစ်လေရာရာဘုံဘဝ၌
အသက်ရှည်ခြင်း
အခြံအရံများ
ခြင်း
ဖြစ်ရ၏''ဟု
(ဟောတော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပုညာဘိသန္ဒသုတ်
၄၅။
ရဟန်းတို့
ဤငါးမျိုးသော
ကောင်းမှုအထု
ကုသိုလ်အလျဉ်တို့သည်
ချမ်းသာကို
ဆောင်တတ်ကုန်၏၊
ကောင်းမြတ်သော
အာရုံကို
ပေးတတ်ကုန်၏၊
ချမ်းသာကျိုးရှိကုန်၏၊
နတ်ပြည်၌
ဖြစ်စေတတ်ကုန်၏၊
အလိုရှိဖွယ်အလို့ငှါ
နှစ်သက်ဖွယ်အလို့ငှါ
မြတ်နိုးဖွယ်အလို့ငှါ
အစီးအပွါးအလို့ငှါ
ချမ်းသာအလို့ငှါ
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
အကြင်ဒါယကာ၏
သင်္ကန်းကို
ဝတ်ရုံသုံးဆောင်သော
ရဟန်းသည်
အတိုင်းအရှည်
မရှိသော
(အရဟတ္တဖိုလ်)
စိတ်နှင့်ယှဉ်သော
သမာဓိကို ပြည့်စုံစေ၍
နေ၏၊ ထိုသူ၏
အတိုင်းအရှည်
မရှိသောကောင်းမှုအထု
ကုသိုလ်အလျဉ်သည်
ချမ်းသာကို
ဆောင်တတ်၏၊
ကောင်းမြတ်သော
အာရုံကို ဖြစ်စေတတ်၏၊
ချမ်းသာကျိုးရှိ၏၊
နတ်ပြည်၌ ဖြစ်စေတတ်၏၊
အလိုရှိဖွယ်အလို့ငှါ
နှစ်သက်ဖွယ်အလို့ငှါမြတ်နိုးဖွယ်အလို့ငှါ
အစီးအပွါးအလို့ငှါ
ချမ်းသာအလို့ငှါ
ဖြစ်၏။
ရဟန်းတို့
အကြင်ဒါယကာ၏
ဆွမ်းကို
ဘုဉ်းပေးသုံးဆောင်သော
ရဟန်းသည်။ပ။
ရဟန်းတို့
အကြင်ဒါယကာ၏
ကျောင်းကို
နေထိုင်သုံးဆောင်သော
ရဟန်းသည်။ပ။
ရဟန်းတို့
အကြင်ဒါယကာ၏
ညောင်စောင်း
အင်းပျဉ်ကို
နေထိုင်သုံးဆောင်သော
ရဟန်းသည်။ပ။
ရဟန်းတို့
အကြင်ဒါယကာ၏
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်ကို
မှီဝဲသုံးဆောင်သောရဟန်းသည်
အတိုင်းအရှည်မရှိသော
(အရဟတ္တဖိုလ်)
စိတ်နှင့်
ယှဉ်သော
သမာဓိကို
ပြည့်စုံစေ၍
နေ၏၊ ထိုသူ၏
အတိုင်းအရှည်မရှိသော
ကောင်းမှုအထု
ကုသိုလ်အလျဉ်သည်
ချမ်းသာကို
ဆောင်တတ်၏၊
ကောင်းမြတ်သော
အာရုံကို
ဖြစ်စေတတ်၏၊
ချမ်းသာ
ကျိုးရှိ၏၊ နတ်ပြည်၌
ဖြစ်စေတတ်၏၊
အလိုရှိဖွယ်အလို့ငှါ
နှစ်သက်ဖွယ်အလို့ငှါ
မြတ်နိုးဖွယ်အလို့ငှါ
အစီးအပွါး
အလို့ငှါ
ချမ်းသာအလို့ငှါ
ဖြစ်၏။
ရဟန်းတို့
ဤငါးမျိုးသော
ကောင်းမှုအထု
ကုသိုလ်အလျဉ်တို့သည်
ချမ်းသာကို
ဆောင်တတ်ကုန်၏၊
ကောင်းမြတ်သော
အကျိုးကို
ဖြစ်စေတတ်ကုန်၏၊
ချမ်းသာ ကျိုးရှိကုန်၏၊
နတ်ပြည်၌
ဖြစ်စေတတ်ကုန်၏၊
အလိုရှိဖွယ်အလို့ငှါ
နှစ်သက်ဖွယ်အလို့ငှါ
မြတ်နိုးဖွယ်အလို့ငှါ
အစီးအပွါးအလို့ငှါ
ချမ်းသာအလို့ငှါ
ဖြစ်၏။
ရဟန်းတို့
ဤငါးမျိုးသော
ကောင်းမှုအထု
ကုသိုလ်အလျဉ်တို့နှင့်
ပြည့်စုံသော
အရိယာတပည့်၏ကောင်းမှု
အတိုင်းအရှည်ပမာဏကို
''ဤမျှသော
ကောင်းမှုအထု
ကုသိုလ်အလျဉ်သည်
ချမ်းသာကို
ဆောင်တတ်၏၊
ကောင်းမြတ်သော
အာရုံကိုဖြစ်စေတတ်၏၊
ချမ်းသာကျိုးရှိ၏၊
နတ်ပြည်၌
ဖြစ်စေတတ်၏၊
အလိုရှိဖွယ်အလို့ငှါ
နှစ်သက်ဖွယ်အလို့ငှါ
မြတ်နိုးဖွယ်အလို့ငှါ
အစီးအပွါးအလို့ငှါ
ချမ်းသာအလို့ငှါဖြစ်၏''ဟူ၍
ရေတွက်ခြင်းငှါ
မလွယ်ကူချေ၊
စင်စစ်သော်ကား
မရေတွက်နိုင်
မနှိုင်းယှဉ်နိုင်သောကြီးစွာသော
ကောင်းမှုကုသိုလ်အစုဟူ၍သာလျှင်
ရေတွက်ခြင်းသို့
ရောက်၏။
ရဟန်းတို့
မဟာသမုဒ္ဒရာ၌
''ဤမျှလောက်
ကွမ်းစားပမာဏရှိ
ရေတို့''ဟူ၍လည်းကောင်း၊
''ဤမျှလောက်
ကွမ်းစားအရာပမာဏရှိ
ရေတို့''ဟူ၍လည်းကောင်း၊
''ဤမျှလောက် ကွမ်းစားအထောင်
ပမာဏရှိရေတို့''ဟူ၍လည်းကောင်း၊
''ဤမျှလောက်
ကွမ်းစားအသိန်းပမာဏရှိ
ရေတို့''ဟူ၍လည်းကောင်း
ရေ၏့ပမာဏကို
ယူခြင်းငှါ
မလွယ်ကူချေ၊
စင်စစ်အားဖြင့်
မရေတွက်နိုင်
မနှိုင်းယှဉ်နိုင်သော
ကြီးစွာသောရေအစုဟူ၍သာလျှင်
ရေတွက်ခြင်းသို့
ရောက်သကဲ့သို့၊
ရဟန်းတို့
ထို့အတူ
သာလျှင်
''ဤမျှလောက်သောကောင်းမှုအထု
ကုသိုလ်အလျဉ်သည်
ချမ်းသာကို
ဆောင်တတ်၏၊ ကောင်းမြတ်သော
အာရုံကို
ဖြစ်စေတတ်၏၊
ချမ်းသာ
ကျိုးရှိ၏၊
နတ်ပြည်၌
ဖြစ်စေတတ်၏၊
အလိုရှိဖွယ်အလို့ငှါ
နှစ်သက်ဖွယ်အလို့ငှါမြတ်နိုးဖွယ်အလို့ငှါ
အစီးအပွါးအလို့ငှါ
ချမ်းသာအလို့ငှါ
ဖြစ်၏''ဟူ၍
ဤငါးမျိုးသော
ကောင်းမှုအထုကုသိုလ်အလျဉ်တို့နှင့်
ပြည့်စုံသော
အရိယာတပည့်၏
ကောင်းမှုပမာဏကို
ရေတွက်ခြင်းငှါ
မလွယ်ကူချေ၊
စင်စစ်သော်ကား
မရေတွက်နိုင်
မနှိုင်းယှဉ်နိုင်သော
ကြီးစွာသော
'ကောင်းမှုကုသိုလ်အစု'ဟူ၍သာလျှင်ရေတွက်ခြင်းသို့
ရောက်၏ဟု
(မိန့်တော်မူ၏)။
ရေများစွာကို
ဆောင်တတ်သော
(ကွမ်းစားအစရှိသည်ဖြင့်)
မနှိုင်းယှဉ်အပ်သော၊
ပြင်းထန်သောအသံရှိသော၊
များစွာ
ကြောက်မက်ဖွယ်
အာရုံရှိသော၊
ရတနာ
အပေါင်းတို့၏
တည်ရာလည်းဖြစ်သောသမုဒ္ဒရာသို့
လူပေါင်းများစွာတို့
မှီခိုရာ
ဖြစ်၍
တသွင်သွင်
စီးနေသော
မြောက်မြားစွာသော
မြစ်တို့သည်စီးဝင်
ကပ်ရောက်ကုန်သကဲ့သို့-ဤအတူ
ထမင်းအဖျော်
အဝတ်ပုဆိုးကို
ပေးလှူတတ်သော၊
အိပ်ရာနေရာတို့ကိုလည်းကောင်း၊
အိပ်ရာလွှမ်းကိုလည်းကောင်း
ပေးလှူတတ်သော
ပညာရှိသို့
ရေကို ဆောင်တတ်ကုန်သော
မြစ်တို့သည်သမုဒ္ဒရာသို့
စီးဝင်ကုန်သကဲ့သို့
ကောင်းမှု
အလျဉ်တို့သည်
(စီးဝင်)
ကပ်ရောက်လေကုန်သတည်း။
ပဉ္စမသုတ်။
------
၆-သမ္ပဒါသုတ်
၄၆။
ရဟန်းတို့
ပြည့်စုံခြင်း
'သမ္ပဒါ' တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သဒ္ဓါ၏
ပြည့်စုံခြင်း၊
သီလ၏
ပြည့်စုံခြင်း၊
သုတ၏
ပြည့်စုံခြင်း၊
စာဂ၏
ပြည့်စုံခြင်း၊
ပညာ၏ပြည့်စုံခြင်းတို့တည်း။
ရဟန်းတို့
ပြည့်စုံခြင်း
'သမ္ပဒါ'
တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဓနသုတ်
၄၇။
ရဟန်းတို့
ဥစ္စာတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သဒ္ဓါဥစ္စာ၊
သီလဥစ္စာ၊
သုတဥစ္စာ၊
စာဂဥစ္စာ၊
ပညာဥစ္စာတို့တည်း။
ရဟန်းတို့
သဒ္ဓါဥစ္စာဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤ သာသနာတော်၌
အရိယာတပည့်သည်
သဒ္ဓါတရားရှိ၏၊
မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်နှင့်
သဗ္ဗညုတဉာဏ်ကို
ယုံကြည်၏။
''ထို
မြတ်စွာဘုရားသည်။ပ။
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
သတ္ထာဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ
မည်တော်မူ၏''ဟု
ယုံကြည်၏၊
ရဟန်းတို့
ဤသည်ကို
သဒ္ဓါဥစ္စာဟူ၍
ဆိုအပ်၏။
ရဟန်းတို့
သီလဥစ္စာဟူသည်
အဘယ်နည်း။
ရဟန်းတိုု့
ဤသာသနာတော်၌
အရိယာတပည့်သည်
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏။ပ။
မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေရည်သေရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ရဟန်းတို့
ဤသည်ကို
သီလဥစ္စာဟူ၍
ဆိုအပ်၏။
ရဟန်းတို့
သုတဥစ္စာဟူသည်
အဘယ်နည်း။
ရဟန်းတိုု့
ဤသာသနာတော်၌
အရိယာတပည့်သည်
အကြားအမြင်များ၏။ပ။
အကြားအမြင်
(ပညာ) ဖြင့် ကောင်းစွာ
ထိုးထွင်း၍
သိ၏။
ရဟန်းတို့
ဤသည်ကို သုတဥစ္စာဟူ၍
ဆိုအပ်၏။
ရဟန်းတို့
စာဂဥစ္စာဟူသည်
အဘယ်နည်း။
ရဟန်းတိုု့
ဤသာသနာတော်၌
အရိယာတပည့်သည်
ဝန်တိုမှုအညစ်အကြေးကင်းသော
စိတ်ဖြင့်
အိမ်၌ နေ၏၊
လွတ်လွတ်စွန့်ကြဲ၏၊
ဆေးကြောပြီးသော
လက်ရှိ၏၊
စွန့်ကြဲမှု၌
မွေ့လျော်၏၊
အတောင်းခံရန်အသင့်ဖြစ်၏၊
ပေးကမ်းမှု
ခွဲဝေမှု၌
မွေ့လျော်၏။
ရဟန်းတို့
ဤသည်ကို
စာဂဥစ္စာဟူ၍
ဆိုအပ်၏။
ရဟန်းတို့
ပညာဥစ္စာဟူသည်
အဘယ်နည်း။
ရဟန်းတိုု့
ဤသာသနာတော်၌
အရိယာတပည့်သည်
ပညာရှိ၏၊
ဖြစ်ခြင်း
ပျက်ခြင်းကို
သိသော၊ ကိလေသာတို့ကို
ဖောက်ခွဲဖျက်ဆီးနိုင်သော၊
ဆင်းရဲမှုကုန်ရာ
(နိဗ္ဗာန်)သို့
ကောင်းစွာ
ရောက်စေနိုင်သောမြတ်သော
ပညာနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်ကို
ပညာဥစ္စာဟူ၍
ဆိုအပ်၏။
ရဟန်းတို့
ဥစ္စာတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အကြင်သူ၏
ယုံကြည်မှု
(သဒ္ဓါ) သည်
မြတ်စွာဘုရား၌
မတုန်မလှုပ်
ကောင်းမွန်စွာ
တည်၏၊ အကြင်သူ၏
သီလသည်
ကောင်းမြတ်၏၊
အရိယာပုဂ္ဂိုလ်တို့
နှစ်သက်အပ်၏၊
ချီးမွမ်းအပ်သည်လည်းဖြစ်၏။
အကြင်သူအား သံဃာ၌
ကြည်ညိုခြင်းသည်လည်းကောင်း၊
ဖြောင့်မတ်သည်
ဖြစ်၍
ဖြစ်သောဉာဏ်အမြင်သည်လည်းကောင်း
ရှိ၏။
ထိုသူကို
မဆင်းရဲသော
သူဟူ၍ ဆိုကုန်၏၊
ထိုသူ၏အသက်ရှင်ခြင်းကား
အချည်းအနှီး
မဟုတ်ချေ။
ထို့ကြောင့်
ဘုရားသျှင်တို့၏
အဆုံးအမတော်ကို
အောက်မေ့သော
ပညာရှိသည်
သဒ္ဓါကိုလည်းကောင်း၊
သီလကိုလည်းကောင်း၊
ကြည်ညိုခြင်းကိုလည်းကောင်း၊
တရားသိမြင်ခြင်းကိုလည်းကောင်းအဖန်ဖန်အားထုတ်ရာသတည်း။
သတ္တမသုတ်။
------
၈-ဌာနသုတ်
၄၈။
ရဟန်းတို့
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌
မည်သူမဆို
တောင့်တ၍
မရကောင်းသော
အရာတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အိုတတ်သော
သဘောတရားသည်
''မအိုပါစေလင့်''ဟု
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေမာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌
မည်သူမဆို တောင့်တ၍
မရကောင်းသော
အရာပေတည်း။
နာတတ်သော
သဘောတရားသည်
''မနာဖျားစေလင့်''ဟူ၍။ပ။
သေတတ်သော
သဘောတရားသည်
''မသေပါစေလင့်''ဟူ၍။ပ။
ကုန်တတ်သော
သဘောတရားသည်
''မကုန်ဆုံးပါစေလင့်''ဟူ၍။ပ။
ပျက်စီးတတ်သော
သဘောတရားသည်
''မပျက်စီးပါစေလင့်''ဟူ၍
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ့နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌ မည်သူမဆို
တောင့်တ၍
မရကောင်းသော
အရာပေတည်း။
ရဟန်းတို့
အကြားအမြင်မရှိသော
ပုထုဇဉ်အား
အိုတတ်သော
သဘောတရားသည်
အိုခဲ့၏၊
အိုတတ်သော
သဘောတရား
အိုသည်ရှိသော်
ထိုပုထုဇဉ်သည်
ဤသို့
မဆင်ခြင်နိုင်
-
''အိုတတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
အိုသည်
မဟုတ်၊
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသော
ဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
အိုတတ်သော
သဘောတရားသည်
အို၏၊
အိုတတ်သော
သဘောတရားသည်
အိုသည်ရှိသော်
ငါသည်သာ
ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ
တွေဝေမိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည် ထမင်းလည်း
မစားလိုရာ၊
ခန္ဓာကိုယ်သည်လည်း
အဆင်း
မလှခြင်းသို့
ရောက်လေရာ၏။
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(မဆင်ခြင်နိုင်)။
အိုတတ်သော
သဘောတရားသည်
အိုသည်ရှိသော်
ထိုပုထုဇဉ်သည်
ပူဆွေး၏၊
ပင်ပန်း၏၊
ငိုကြွေး၏၊
ရင်ဘတ်စည်တီး
မြည်တမ်း၏၊
တွေဝေခြင်းသို့
ရောက်၏။
ရဟန်းတို့
အကြားအမြင်နည်းပါးသော
ဤပုထုဇဉ်ပုဂ္ဂိုလ်ကို
အဆိပ်ရှိသော
သောကငြောင့် စူးဝင်
သည်ဖြစ်၍
မိမိကိုယ်ကိုပင်လျှင်
ပူပန်စေတတ်သူဟူ၍
ဆိုအပ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
အကြားမြင်မရှိသော
ပုထုဇဉ်အား
နာတတ်သော
သဘောတရား
သည်နာခဲ့၏။ပ။
သေတတ်သော သဘောတရားသည်
သေခဲ့၏။ပ။ကုန်တတ်သော
သဘောတရားသည်ကုန်ခဲ့၏။ပ။
ပျက်တတ်သော
သဘောတရားသည် ပျက်ခဲ့၏၊
ပျက်တတ်သော
သဘောတရားသည်ပျက်သည်ရှိသော်
ထိုပုထုဇဉ်သည်
ဤသို့
မဆင်ခြင်နိုင်
-
''ပျက်တတ်သော
သဘောတရားသည်
ငါ့တစ်ယောက်တည်းအားသာ
ပျက်သည် မဟုတ်၊
စင်စစ် မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
ပျက်တတ်သော
သဘောတရားသည်
ပျက်၏၊ ပျက်တတ်သော
သဘောတရားသည်
ပျက်စီးသည်ရှိသော်
ငါသည်သာ
ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ
တွေဝေမိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည်
ထမင်းလည်း
မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း
အဆင်းမလှခြင်းသို့
ရောက်လေရာ၏။
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟူ၍
(မဆင်ခြင်နိုင်)။
ပျက်တတ်သော
သဘောတရား
ပျက်သည်ရှိသော်
ထိုပုထုဇဉ်သည်
ပူဆွေး၏၊
ပင်ပန်း၏၊
ငိုကြွေး၏၊
ရင်ဘတ်စည်တီး
မြည်တမ်း၏၊
တွေဝေခြင်းသို့
ရောက်၏။
ရဟန်းတို့
အကြားအမြင်နည်းပါးသော
ဤပုထုဇဉ်ပုဂ္ဂိုလ်ကို
အဆိပ်ရှိသော
သောကငြောင့် စူးဝင်သည်ဖြစ်၍
မိမိကိုယ်ကိုပင်လျှင်
ပူပန်စေတတ်သူဟူ၍
ဆိုအပ်၏။
ရဟန်းတို့
အကြားအမြင်ရှိသော
အရိယာတပည့်အား
အိုတတ်သော
သဘောတရားသည်
အိုခဲ့မူအိုတတ်သော
သဘောတရား
အိုသည်ရှိသော်
ထိုအရိယာတပည့်သည်
ဤသို့
ဆင်ခြင်၏ -
''အိုတတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
အိုသည်
မဟုတ်၊
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
အိုတတ်သော သဘောတရားသည်
အို၏၊
အိုတတ်သောသဘောတရားသည်
အိုသည်ရှိသော်
ငါသည်သာ
ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ
တွေဝေ
မိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည်
ထမင်းလည်း
မစားလိုရာ၊
ခန္ဓာကိုယ်သည်လည်း
အဆင်းမလှခြင်းသို့
ရောက်လေရာ၏။
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
့ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(ဆင်ခြင်၏)။
အိုတတ်သော
သဘောတရား
အိုသည်ရှိသော်
ထိုအရိယာတပည့်သည်
မပူဆွေး၊
မပင်ပန်း၊
မငို ကြွေး၊ ရင်ဘတ်စည်တီး
မမြည်တမ်း၊
တွေဝေခြင်းသို့
မရောက်။
ရဟန်းတို့
အကြားအမြင်ရှိသော
ဤအရိယာတပည့်ကို
အဆိပ်ရှိသော
သောကငြောင့်ကို
ထုတ်နုတ်သူဟူ၍
ဆိုအပ်၏။
ယင်းငြောင့်စူးဝင်သော
အကြားအမြင်နည်းပါးသော
ပုထုဇဉ်သည်
မိမိကိုယ်ကိုပင်လျှင်
ပူလောင်စေ၏၊
သောကငြောင့် မစူးဝင်သော
အရိယာတပည့်သည်
မိမိကိုယ်ကိုပင်လျှင်ငြိမ်းအေးစေ၏။
ရဟန်းတို့
နောက်တစ်မျိုးကား
အကြားအမြင်ရှိသော
အရိယာတပည့်အား
နာတတ်သော
သဘောတရားသည်
နာခဲ့၏။ပ။
သေတတ်သော
သဘောတရားသည်
သေခဲ့၏။ပ။ကုန်တတ်သော
သဘောတရားသည်ကုန်ခဲ့၏။ပ။
ပျက်တတ်သော
သဘောတရားသည်
ပျက်ခဲ့၏၊
ပျက်တတ်သော
သဘောတရားသည်ပျက်သည်ရှိသော်
ထိုအရိယာတပည့်သည်
ဤသို့ဆင်ခြင်နိုင်၏
-
''ပျက်တတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
ပျက်သည်
မဟုတ်၊
စင်စစ် မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
ပျက်တတ်သော သဘောတရားသည်
ပျက်၏၊
ပျက်တတ်သော
သဘောတရားပျက်သည်ရှိသော်
ငါသည်သာ
ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီး
မြည်တမ်းခဲ့မူတွေဝေမိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည် ထမင်းလည်း
မစားလိုရာ၊
ခန္ဓာကိုယ်သည်လည်း
အဆင်းမလှခြင်းသို့
ရောက်လေရာ၏။
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(ဆင်ခြင်၏)။
ပျက်တတ်သော
သဘောတရားပျက်သည်ရှိသော်
ထိုအရိယာတပည့်သည်
မပူဆွေး၊
မပင်ပန်း၊
မငိုကြွေး၊
ရင်ဘတ်စည်တီး
မမြည်တမ်း၊
တွေဝေခြင်းသို့
မရောက်။
ရဟန်းတို့
အကြားအမြင်ရှိသော
ဤအရိယာတပည့်ကို
အဆိပ်ရှိသော
သောကငြောင့်ကို
ထုတ်နုတ်သောသူဟူ၍
ဆိုအပ်၏။
ယင်းသောကငြောင့်
စူးဝင်သော
အကြားအမြင်နည်းပါးသော
ပုထုဇဉ်သည်
မိမိကိုယ်ကိုပင်လျှင်ပူလောင်စေ၏၊
သောကငြောင့်
မစူးဝင်သော အရိယာတပည့်သည်
မိမိကိုယ်ကိုပင်လျှင်
ငြိမ်းအေးစေ၏။
ရဟန်းတို့
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌ မည်သူမဆို
တောင့်တ၍
မရကောင်းသော
အရာတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဤလောက၌
ပူဆွေးခြင်း
ငိုကြွေးခြင်းဖြင့်
အကျိုးအနည်းငယ်မျှကိုလည်း
စင်စစ်
မရနိုင်၊
ပူဆွေးဆင်းရဲသော
ထိုသူကို
ရန်သူတို့ သိ၍
ဝမ်းမြောက်ကုန်၏။
အကြင်အခါ၌ ကား
အကြောင်းကို
ဆုံးဖြတ်ခြင်း၌
သိသော ပညာရှိသည်
ဘေးရန်
တို့ကြောင့်မတုန်မလှုပ်၊
(ထိုအခါ၌ )
ရန်သူတို့သည်
ထိုပညာရှိပုဂ္ဂိုလ်၏
ရှေးမူ
အတိုင်း
မဖောက်ပြန်သောမျက်နှာကို
တွေ့မြင်ရ၍
ဆင်းရဲကုန်၏။
ဂုဏ်ကျေးဇူးကို
ချီးမွမ်းသဖြင့်ဖြစ်စေ
တန်ခိုးရှိသော
မန္တာန်ကို
ရွတ်အံ သရဇ္ဈာယ်သဖြင့်ဖြစ်စေကောင်းမွန်သော
စကားကို
ပြောဆို၍ဖြစ်စေ
တံစိုး
လက်ဆောင်ပေးသဖြင့်
ဖြစ်စေ
မျိုးရိုးစဉ်ဆက်ကိုပြသဖြင့်ဖြစ်စေ
အကျိုးရနိုင်
သမျှအရာ၌
အားထုတ်ရာ၏။
ငါသော်လည်းကောင်း၊
အခြားသူသော်လည်းကောင်း
(မအိုခြင်းစသော)
ထို
အကျိုးကို
မရအပ်ဟူ၍အကယ်၍
သိခဲ့မူ
ငါသည် ဝဋ်၌
တည်နေစေသော
ကံကို
မြဲမြံစွာ
အားထုတ်အပ်ပြီ၊
ယခုအခါ၌
အဘယ်သို့လျှင်
ပြုတော့အံ့နည်းဟု
ဆင်ခြင်၍
ပူဆွေးခြင်းမရှိဘဲ
သည်းခံရာသတည်း။
အဋ္ဌမသုတ်။
------
၉-ကောသလသုတ်
၄၉။
အခါတစ်ပါး
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ
ပသေနဒိကောသလမင်းသည်
မြတ်စွာဘုရားထံသို့ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်နေ၏။
(ထိုအခါ
မလ္လိကာ
မိဖုရားသည်
ကွယ်လွန်လေ၏)။
ထိုအခါ
မင်းချင်းယောက်ျားတစ်ယောက်သည်
ပသေနဒိကောသလမင်းကြီးထံသို့
ချဉ်းကပ်၍
ပသေနဒိကောသလမင်းကြီး၏
နားရင်းသို့
ကပ်လျက်-
''မင်းမြတ်
မလ္လိကာ
မိဖုရားကြီးသည်
နတ်ရွာစံပါပြီ''ဟု
သံတော်ဦးတင်၏။
ဤသို့သံတော်ဦးတင်သော်
ပသေနဒိကောသလမင်းသည်
ဆင်းရဲခြင်းရှိသည်
စိတ်မကောင်းသည်ကျသော
ပခုံးရှိသည်ဖြစ်၍
မျက်နှာအောက်ချလျက်
ကြံမှိုင်ကာ
စကားမပြောဘဲ
ထိုင်နေ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ပသေနဒိကောသလမင်းကို
ဆင်းရဲခြင်းရှိသည်
စိတ်မကောင်းသည်
ကျသောပခုံးရှိသည်ဖြစ်၍
မျက်နှာအောက်ချလျက်
ကြံမှိုင်ကာ
စကားမပြောဘဲ
နေသည်ကိုသိတော်မူ၍ပသေနဒိကောသလမင်းအား-
မင်းကြီး
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေဗြဟ္မာဖြစ်စေ
လောက၌
မည်သူမဆို
တောင့်တ၍ မရကောင်းသော
အရာတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အိုတတ်သော
သဘောတရားသည်
''မအိုပါစေလင့်''ဟု
တောင့်တ၍
မရကောင်းသော
အရာပေတည်း။ပ။
ပူဆွေး
ငိုကြွေးခြင်းဖြင့်
အကျိုးအနည်းငယ်မျှ
မရနိုင်။ပ။
ကံကို
မြဲမြံစွာ
အားထုတ်အပ်ပြီ၊
ယခု အခါ၌
အသို့လျှင်
ပြုအံ့နည်းဟု
ဆင်ခြင်၍
ပူဆွေးခြင်းမရှိဘဲ
သည်းခံရာ၏ဟု
မိန့်တော်မူ၏။
နဝမသုတ်။
------
၁၀-နာရဒသုတ်
၅၀။
အခါတစ်ပါး၌
အသျှင်နာရဒမထေရ်သည်
ပါဋလိပုတ်ပြည်
ကုက္ကုဋာရုံကျောင်း၌
နေတော်မူ၏၊
ထိုအခါ
မုဏ္ဍမင်း၏
ချစ်အပ်မြတ်နိုးအပ်သော
မိဖုရားဘဒ္ဒါသည်
သေလေ၏၊
ထိုမုဏ္ဍမင်းသည်
ချစ်အပ်မြတ်နိုးအပ်သော
မိဖုရားဘဒ္ဒါ
သေဆုံးသောကြောင့်
ရေလည်း
မချိုး၊
နံ့သာလည်း မလိမ်းကျံ၊
ပွဲတော်လည်း
မတည်၊
တိုင်းရေးပြည်မှု
ကိစ္စကိုလည်း
မစီရင်
မလုပ်ဆောင်၊
နေ့ရောညဉ့်ပါ
မိဖုရားဘဒ္ဒါ၏အလောင်း၌
လွန်စွာ
တပ်မက်မောခြင်းဖြင့်
မိန်းမောတွေဝေနေ၏။
ထိုအခါ
မုဏ္ဍမင်းသည်
ရွှေတိုက်စိုး
ပိယကကို
(ခေါ်၍)
အမိန့်ပေး၏။
''အချင်းပိယက
ထိုသို့
သေလွန်သောကြောင့်
မိဖုရားဘဒ္ဒါ၏
အလောင်းကို
သံဖြင့်
ပြုလုပ်သောဆီပြည့်သော
ခေါင်း၌
ထည့်စိမ်၍
သံခေါင်းတစ်ခုဖြင့်
ဖုံးအုပ်လေလော့၊
ယင်းသို့ ထည့်ထားခြင်းဖြင့်မိဖုရားဘဒ္ဒါ၏
အလောင်းကို
ငါတို့ကြာမြင့်စွာ
ရှုမြင်ရကုန်အံ့''ဟု
(အမိန့်ပေး၏)။
ရွှေတိုက်စိုးပိယကသည်
''မင်းမြတ်
ကောင်းပါပြီ''ဟု
မုဏ္ဍမင်း၏
စကားကို
ဝန်ခံပြီးလျှင်
ဘဒ္ဒါ
မိဖုရား၏အလောင်းကို
သံဖြင့်
ပြုလုပ်ထားသော
ဆီပြည့်သော
ခေါင်း၌
ထည့်စိမ်၍
သံခေါင်းတစ်ခုဖြင့်
ဖုံးထား၏။
ထိုအခါ ရွှေတိုက်စိုးပိယကအား
ဤသို့
အကြံဖြစ်၏ -
''ဤမုဏ္ဍမင်း၏
ချစ်အပ်မြတ်နိုးအပ်သော
ဘဒ္ဒါမိဖုရားသည်
သေခဲ့၏၊
ထိုမင်းသည်
မိမိချစ်အပ်မြတ်နိုးအပ်သော
ဘဒ္ဒါမိဖုရားသေဆုံးသောကြောင့်
ရေလည်း
မချိုး၊ နံ့သာလည်း
မလိမ်းကျံ၊
ပွဲတော်လည်း
မတည်၊ တိုင်းရေးပြည်မှုကိုလည်း
မစီရင်
မလုပ်ဆောင်၊
နေ့ရောညဉ့်ပါ
မိဖုရားဘဒ္ဒါ၏
ကိုယ့်ကောင်၌
လွန်စွာ
တပ်မက်ခြင်းဖြင့်
မိန်းမောတွေဝေနေ၏၊
တရားကို
ကြားနာရသော်
သောကငြောင့်ကိုနုတ်ပယ်နိုင်စေသည့်
အဘယ်သမဏဗြာဟ္မဏသို့
မုဏ္ဍမင်းသည်
ချဉ်းကပ်သင့်ပါသနည်း''ဟု
(အကြံဖြစ်၏)။
ထို့နောက်
ရွှေတိုက်စိုး
ပိယကအား
ဤသို့ အကြံဖြစ်ပြန်၏
-
''ဤအသျှင်နာရဒမထေရ်သည်
ပါဋလိပုတ်ပြည်
ကုက္ကုဋာရုံကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအသျှင်နာရဒမထေရ်၏
ကောင်းသော
ကျော်စောသံသည်
ဤသို့ ပျံ့နှံ့၍
ထွက်၏-
'(အသျှင်နာရဒသည်)
ပညာရှိ၏၊
ကျွမ်းကျင်လိမ္မာ၏၊
ထက်မြက်သော
ဉာဏ်ရှိ၏၊
အကြားအမြင်များ၏၊
ဆန်းကြယ်စွာ
ပြောဆိုတတ်၏၊
ကောင်းသောပဋိဘာန်ရှိ၏၊
အသက်သိက္ခာလည်း
ကြီး၏၊ ရဟန္တာလည်း
ဖြစ်၏'ဟု
(ပျံ့နှံ့၍
ထွက်၏)။
မုဏ္ဍမင်းသည်
အကယ်၍
အသျှင်နာရဒမထေရ်ကို
ဆည်းကပ်ခဲ့လျှင်
အသျှင်နာရဒမထေရ်၏
စကားကိုကြားနာရ၍
သောကငြောင့်ကို
နုတ်ပယ်နိုင်ကောင်း
နုတ်ပယ်နိုင်ရာ၏''ဟု
(အကြံဖြစ်၏)။
ထိုအခါ
ရွှေတိုက်စိုးပိယကသည်
မုဏ္ဍမင်းစံနေရာသို့
ချဉ်းကပ်၍
မုဏ္ဍမင်းအား
ဤသို့ သံတော်ဦးတင်၏-
''မင်းမြတ်
ဤအသျှင်နာရဒမထေရ်သည်
ပါဋလိပုတ်ပြည်
ကုက္ကုဋာရုံကျောင်း၌
(သီတင်းသုံး)
နေတော်မူပါ၏၊
ထိုအသျှင်နာရဒ၏
ကောင်းသော ကျော်စောသံသည်လည်း
ဤသို့
ပျံ့နှံ့၍
ထွက်ပါ၏-
'(အသျှင်နာရဒသည်)
ပညာရှိ၏၊
ကျွမ်းကျင်လိမ္မာ၏၊
ထက်မြက်သောဉာဏ်ရှိ၏၊
အကြားအမြင်
များ၏၊ ဆန်းကြယ်စွာ
ပြောဆိုတတ်၏၊
ကောင်းသောပဋိဘာန်ရှိ၏၊
အသက်သိက္ခာလည်း
ကြီး၏၊
ရဟန္တာလည်းဖြစ်၏'ဟု
(ပျံ့နှံ့၍ထွက်ပါ၏)။
အသျှင်မင်းမြတ်သည်
အသျှင်နာရဒမထေရ်ကို
ဆည်းကပ်ခဲ့လျှင်
အသျှင်နာရဒမထေရ်၏
တရားစကားကို
ကြားနာရ၍
သောကငြောင့်ကို
နုတ်ပယ်နိုင်ရာပါ၏''ဟု
(လျှောက်တင်လေ၏)။
အချင်းပိယကသို့ဖြစ်လျှင်
အသျှင်နာရဒမထေရ်ကို
ကြိုတင်လျှောက်ကြား
သိစေပါလော့။
''ငါကဲ့သို့သော
မင်းသည်
နိုင်ငံတော်၌
နေထိုင်သော
သမဏဗြာဟ္မဏကို
ရှေးဦးစွာ
ကြိုတင် မသိစေဘဲချဉ်းကပ်သင့်သည်ဟု
အသို့လျှင်
မှတ်ယူနိုင်အံ့နည်း''ဟု
(မိန့်ဆိုလေ၏)။
''မင်းမြတ်
ကောင်းပါပြီ''ဟူ၍
ရွှေတိုက်စိုးပိယကသည်
မုဏ္ဍမင်း၏
စကားကို ဝန်ခံခဲ့၍
အသျှင်နာရဒမထေရ်ထံသို့
ချဉ်းကပ်ပြီးလျှင်
ရှိခိုး၍
တစ်ခုသော
နေရာ၌ ထိုင်နေလျက်
အသျှင်နာရဒမထေရ်အား-
''အသျှင်ဘုရား
ဤမုဏ္ဍမင်း၏
ချစ်မြတ်နိုးအပ်သော
မိဖုရားဘဒ္ဒါသည်
နတ်ရွာစံခဲ့ပါ၏၊
ထိုမင်းသည်ချစ်အပ်
မြတ်နိုးအပ်သော
မိဖုရား
ဘဒ္ဒါ
သေဆုံးသောကြောင့်
ရေလည်း မချိုး၊
နံ့သာလည်း
မလိမ်းကျံ၊
ပွဲတော်ကိုလည်း
မတည်၊
တိုင်းရေး
ပြည်မှု
ကိစ္စတို့ကိုလည်း
မစီရင်
မလုပ်ဆောင်၊
နေ့ရော
ညဉ့်ပါဘဒ္ဒါမိဖုရား၏
အလောင်း၌
လွန်စွာ
တပ်မက်မောခြင်းဖြင့်
မိန်းမောတွေဝေနေပါ၏။
အသျှင်ဘုရားတောင်းပန်ပါ၏၊
အသျှင်နာရဒ၏
တရားတော်ကို
ကြားနာရ၍
သောကငြောင့်ကို
မုဏ္ဍမင်း
ပယ်နုတ်နိုင်လောက်သော
အခြင်းအရာအားဖြင့်
တရားဟောတော်မူပါလော့ဟု
လျှောက်လေ၏''။
ပိယက
ယခုအခါ၌
မုဏ္ဍမင်းသည်
တရားနာရန်
အချိန်ကို
သိ၏
(တရားနာရန်မှာ
မုဏ္ဍမင်း၏အလိုအတိုင်းပင်
ဖြစ်၏)ဟု
(မိန့်တော်မူ၏)။
ထိုအခါ
ရွှေတိုက်စိုးပိယကသည်
နေရာမှထ၍
အသျှင်နာရဒကို
ရှိခိုးပြီးလျှင်
အရိုအသေပြုလျက်မုဏ္ဍမင်းထံသို့
ချဉ်းကပ်၍
မုဏ္ဍမင်းအား-
''မင်းမြတ်
အသျှင်နာရဒမထေရ်
အခွင့်ပြုအပ်ပါပြီ၊
ယခုအခါ၌
သွားရန်အချိန်ကို
အသျှင်မင်းမြတ်သိပါ၏
(သွားရန်မှာ
အသျှင်မင်းမြတ်၏
အလိုအတိုင်းပင်ဖြစ်ပါသည်)''ဟု
လျှောက်တင်၏။
အချင်းပိယကသို့ဖြစ်လျှင်
ကောင်းကုန်
ကောင်းကုန်သော
ယာဉ်ရထားတို့ကို
ပြင်ဆင်လော့ဟု့
(အမိန့်ပေးလေ၏)။
''မင်းမြတ်
ကောင်းပါပြီ''ဟု
ရွှေတိုက်စိုး
ပိယကသည်
မုဏ္ဍမင်း၏
စကားကို
ဝန်ခံခဲ့၍
ကောင်းကုန်ကောင်းကုန်သော
ယာဉ်ရထားတို့ကို
ပြင်ဆင်၍
မုဏ္ဍမင်းအား-
''မင်းမြတ်
ကောင်းကုန်
ကောင်းကုန်သော
ယာဉ်ရထားတို့ကို
ပြင်ဆင်ပြီးပါပြီ၊
မင်းမြတ်သည်
ယခုအခါ၌
သွားရန်အချိန်ကို
သိတော်မူပါ၏
(သွားရန်မှာ
အသျှင်မင်းမြတ်၏
အလိုအတိုင်းဖြစ်ပါသည်)''ဟုလျှောက်တင်၏။
ထိုအခါ
မုဏ္ဍမင်းသည်
ကောင်းသောယာဉ်ကို
တက်စီး၍
ကောင်းကုန်
ကောင်းကုန်သော
ယာဉ် တို့ဖြင့်ကုက္ကုဋာရုံကျောင်းတိုက်သို့
အသျှင်နာရဒမထေရ်ကို
ဖူးမြော်ရန်
ကြီးစွာသော
မင်း၏
ကျက်သရေ
ဖြင့်ကြွသွားတော်မူ၏။
ယာဉ်ဖြင့်
သွားနိုင်သော
အရပ်တိုင်အောင်
ယာဉ်ဖြင့်
သွား၍ ယာဉ်မှ
ဆင်းသက်ပြီးသော်
ခြေကျင်သာလျှင်
ကျောင်းတိုက်သို့
ဝင်လေ၏။
ထို့နောက်
အသျှင်နာရဒထံသို့
ချဉ်းကပ်၍
ရှိခိုးလျက်
တစ်ခုသော
နေရာ၌ ထိုင်နေသော
မုဏ္ဍမင်းအား
အသျှင်နာရဒမထေရ်သည်
ဤစကားကို
မိန့်တော်မူ၏
-
မင်းကြီး
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌ မည်သူမဆို
တောင့်တ၍
မရကောင်းသော
အရာတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အိုတတ်သော
သဘောတရားသည်
''မအိုပါစေလင့်''ဟူ၍
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်
ဖြစ်စေမာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌
မည်သူမဆို တောင့်တ၍
မရကောင်းသော
အရာတည်း။
နာတတ်သော
သဘောတရားသည်
''မနာပါစေလင့်''ဟူ၍။ပ။
သေတတ်သော
သဘောတရားသည်
''မသေပါစေလင့်''ဟူ၍။ပ။
ကုန်တတ်သော
သဘောတရားသည်
''မကုန်ဆုံးပါစေလင့်''ဟူ၍။ပ။
ပျက်စီးတတ်သော
သဘောတရားသည်
''မပျက်စီးပါစေလင့်''ဟူ၍
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေနတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌ မည်သူမဆို
တောင့်တ၍
မရကောင်းသော
အရာတည်း။
မင်းကြီး
အကြားအမြင်မရှိသော
ပုထုဇဉ်အား အိုတတ်သော
သဘောတရားသည်
အိုခဲ့၏၊
အိုတတ်သော
သဘောတရား
အိုသည်ရှိသော်
ထိုပုထုဇဉ်သည်
ဤသို့
မဆင်ခြင်နိုင်
-
''အိုတတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
အိုသည်
မဟုတ်၊
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်
သတ္တဝါဟူသမျှ
အားလုံးတို့အား
အိုတတ်သော
သဘောတရားသည်
အို၏၊
အိုတတ်သောသဘောတရားသည်
အိုသည်ရှိသော်
ငါသည်သာ ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ
တွေဝေ
မိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည်
ထမင်းလည်း
မစားလိုရာ၊
ခန္ဓာကိုယ်သည်လည်း
အဆင်းမလှခြင်းသို့
ရောက်ရာ၏၊
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(မဆင်ခြင်နိုင်)။
အိုတတ်သော
သဘောတရားသည်
အိုသည်ရှိသော်
ထိုပုထုဇဉ်သည်
ပူဆွေး၏၊
ပင်ပန်း၏၊
ငိုကြွေး၏၊
ရင်ဘတ်စည်တီး
မြည်တမ်း၏၊
တွေဝေခြင်းသို့
ရောက်၏။
မင်းကြီး
အကြားအမြင်
နည်းပါးသောဤပုထုဇဉ်ပုဂ္ဂိုလ်ကို
အဆိပ်ရှိသော
သောကငြောင့်
စူးဝင်သည်
ဖြစ်၍ မိမိကိုယ်ကိုပင်လျှင်
ပူပန်စေတတ်သူဟူ၍
ဆိုအပ်၏။
မင်းကြီး
နောက်တစ်မျိုးကား
အကြားမြင်မရှိသော
ပုထုဇဉ်အား
နာတတ်သော
သဘောတရားသည့်နာခဲ့၏။ပ။
သေတတ်သော
သဘောတရားသည်
သေခဲ့၏။ပ။ကုန်တတ်သော
သဘောတရားသည်ကုန်ခဲ့၏။ပ။
ပျက်တတ်သော
သဘောတရားသည် ပျက်ခဲ့၏၊
ပျက်တတ်သော
သဘောတရားသည်
ပျက်သည်ရှိသော်
ထိုပုထုဇဉ်သည်
ဤသို့မဆင်ခြင်နိုင်။
''ပျက်တတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
ပျက်သည်
မဟုတ်၊
စင်စစ် မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
ပျက်တတ်သော
သဘောတရားသည်
ပျက်၏၊
ပျက်တတ်သော
သဘောတရားသည်
ပျက်စီးသည်ရှိသော်
ငါသည်သာ
ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီး
မြည်တမ်းခဲ့မူ
တွေဝေမိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည်
ထမင်းလည်း
မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်းအဆင်းမလှခြင်းသို့
ရောက်လေရာ၏။
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(မဆင်ခြင်နိုင်)။
ပျက်တတ်သော
သဘောတရားသည်
ပျက်သည်ရှိသော်
ထိုပုထုဇဉ်သည်
ပူဆွေး၏၊
ပင်ပန်း၏၊
ငိုကြွေး၏၊
ရင်ဘတ်စည်တီး
မြည်တမ်း၏၊
တွေဝေခြင်းသို့
ရောက်၏။
မင်းကြီး
အကြားအမြင်
နည်းပါးသော
ဤပုထုဇဉ်ကို
အဆိပ်ရှိသော
သောကငြောင့်
စူးဝင်သည်
ဖြစ်၍
မိမိကိုယ်ကိုပင်လျှင်ပူပန်စေတတ်သူဟူ၍
ဆိုအပ်၏။
မင်းကြီး
အကြားအမြင်ရှိသော
အရိယာတပည့်အား
အိုတတ်သော
သဘောတရားသည်
အိုခဲ့၏၊
အိုတတ်သော
သဘောတရားသည်
အိုသည်ရှိသော်
ထိုအရိယာတပည့်သည်
ဤသို့
ဆင်ခြင်နိုင်၏
-
''အိုတတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
အိုသည်
မဟုတ်၊
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
အိုတတ်သော
သဘောတရားသည်
အို၏၊
အိုတတ်သောသဘောတရားသည်
အိုသည်ရှိသော်
ငါသည်သာ
ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ
တွေဝေ
မိန်းမောခြင်းသို့
ရောက်ခဲ့မူ
ငါသည်
ထမင်းလည်း
မစားလိုရာ၊
ခန္ဓာကိုယ်သည်လည်း
အဆင်းမလှခြင်းသို့
ရောက်ရာ၏။
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(ဆင်ခြင်နိုင်၏)။
အိုတတ်သော
သဘောတရား
အိုသည်ရှိသော်
ထိုအရိယာတပည့်သည်
မပူဆွေး၊
မပင်ပန်း၊
မငိုကြွေးရင်ဘတ်စည်တီး
မမြည်တမ်း၊
တွေဝေခြင်းသို့
မရောက်။
မင်းကြီး
အကြားအမြင်ရှိသော
ဤအရိယာတပည့်ကို
အဆိပ်ရှိသော
သောကငြောင့်ကို
ထုတ်နုတ်သူဟူ၍
ဆိုအပ်၏။
ယင်းသောကငြောင့်စူးဝင်သော
အကြားအမြင်
နည်းပါးသော
ပုထုဇဉ်သည်
မိမိကိုယ်ကိုပင်လျှင်
ပူလောင်စေ၏၊
သောကငြောင့်
မစူးဝင်သော
အရိယာတပည့်သည်
မိမိကိုယ်ကိုပင်လျှင်
ငြိမ်းအေးစေ၏။
မင်းကြီး
နောက်တစ်မျိုးကား
အကြားအမြင်ရှိသော
အရိယာတပည့်အား
နာတတ်သော
သဘောတရားသည်
နာခဲ့၏။ပ။
သေတတ်သော
သဘောတရားသည်
သေခဲ့၏။ပ။ကုန်တတ်သော
သဘောတရားသည်ကုန်ခဲ့၏။ပ။
ပျက်စီးတတ်သော
သဘောတရားသည်
ပျက်စီးခဲ့၏၊
ပျက်စီးတတ်သော
သဘောတရားပျက်သည်
ရှိသော်
ထိုအရိယာတပည့်သည်
ဤသို့ဆင်ခြင်နိုင်၏။
''ပျက်တတ်သော
သဘောတရားသည်
ငါတစ်ယောက်တည်းအားသာ
ပျက်သည်
မဟုတ်၊ စင်စစ်
မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ပါးသောဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ
အားလုံးတို့အား
ပျက်တတ်သော
သဘောတရားသည်
ပျက်၏၊ ပျက်တတ်သော
သဘောတရား
ပျက်သည်ရှိသော်
ငါသည်သာ ပူဆွေးခဲ့မူ
ပင်ပန်းခဲ့မူ
ငိုကြွေးခဲ့မူ
ရင်ဘတ်စည်တီး
မြည်တမ်းခဲ့မူတွေဝေခြင်းသို့
ရောက်ခဲ့မူ
ငါသည် ထမင်းလည်း
မစားလိုရာ၊
ခန္ဓာကိုယ်သည်လည်း
အဆင်းမလှခြင်းသို့ရောက်ရာ၏၊
အလုပ်အကိုင်တို့လည်း
မဖြစ်နိုင်ကုန်ရာ၊
ရန်သူတို့လည်း
ဝမ်းမြောက်ကုန်ရာ၏၊
မိတ်ဆွေတို့လည်း
ဝမ်းနည်းကုန်ရာ၏''ဟု
(ဆင်ခြင်နိုင်၏)။
ပျက်တတ်သော
သဘောတရားပျက်သည်ရှိသော်
ထိုအရိယာတပည့်သည်
မပူဆွေး၊
မပင်ပန်း၊
မငိုကြွေး၊
ရင်ဘတ်စည်တီး
မငိုညည်း
မမြည်တမ်း၊ တွေဝေခြင်းသို့
မရောက်။
မင်းကြီး
အကြားအမြင်ရှိသော
ဤအရိယာတပည့်ကို
အဆိပ်ရှိသော
သောကငြောင့်ကို
ထုတ်နုတ်သောသူဟူ၍
ဆိုအပ်၏၊
ယင်းသောကငြောင့်
စူးဝင်သော
အကြားအမြင်နည်းပါးသော
ပုထုဇဉ်သည်မိမိကိုယ်ကိုပင်လျှင်
ပူလောင်စေ၏၊
သောကငြောင့်
မစူးဝင်သော
အရိယာတပည့်သည်
မိမိကိုယ်ကိုပင်လျှင်ငြိမ်းအေးစေ၏။
မင်းကြီး
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌ မည်သူမဆို
တောင့်တ၍
မရကောင်းသော
အရာတို့သည်
ဤငါးမျိုးတို့ပင်တည်းဟု
(မိန့်တော်မူ၏)။
ဤလောက၌
ပူဆွေးခြင်း
ငိုကြွေးခြင်းဖြင့်
အကျိုးအနည်းငယ်မျှကိုလည်း
စင်စစ်
မရနိုင်၊
ပူဆွေးဆင်းရဲသော
ထိုသူကို
ရန်သူတို့ သိ၍
ဝမ်းမြောက်ကုန်၏။
အကြင်အခါ၌
ကား အကြောင်းကို
ဆုံးဖြတ်ခြင်း၌
သိသော
ပညာရှိသည် ဘေးရန်
တို့ကြောင့်မတုန်မလှုပ်၊
(ထိုအခါ၌ )
ရန်သူတို့သည်
ထိုပညာရှိပုဂ္ဂိုလ်၏
ရှေးမူ
အတိုင်း
မဖောက်ပြန်သောမျက်နှာကို
တွေ့မြင်၍
ဆင်းရဲကုန်၏။
ဂုဏ်ကျေးဇူးကို
ချီးမွမ်းသဖြင့်
ဖြစ်စေ
တန်ခိုးရှိသော
မန္တာန်ကို
ရွတ်အံ သရဇ္ဈာယ်သဖြင့်
ဖြစ်စေကောင်းမွန်သော
စကားကို ပြောဆို၍
ဖြစ်စေ
တံစိုး လက်ဆောင်ပေးသဖြင့်
ဖြစ်စေ
မျိုးရိုးစဉ်ဆက်ကိုပြသဖြင့်
ဖြစ်စေ
အကျိုးရနိုင်
သမျှ အရာ၌
အားထုတ်ရာ၏။
ငါသော်လည်းကောင်း၊
အခြားသူသော်လည်းကောင်း
(မအိုခြင်းစသော)
ထို အကျိုးကို
မရအပ်ဟူ၍အကယ်၍
သိခဲ့မူ
ငါသည် ဝဋ်၌
တည်နေစေသော
ကံကို
မြဲမြံစွာ
အားထုတ် အပ်ပြီးခဲ့ပြီ၊
ယခုအခါ၌ အဘယ်သို့လျှင်
ပြုတော့အံ့နည်းဟု
ဆင်ခြင်၍ ပူဆွေးခြင်းမရှိဘဲ
သည်းခံရာ၏။
ဤသို့
ဟောကြားတော်မူသည်ရှိသော်
မုဏ္ဍမင်းသည်
အရှင်နာရဒအား
''အသျှင်ဘုရား
ဤတရားဒေသနာသည်
အဘယ်အမည်ရှိပါသနည်း''ဟု
လျှောက်၏။
မင်းကြီး
ဤတရားဒေသနာသည်
သောကငြောင့်ကို
ထုတ်နုတ်ကြောင်းဖြစ်၍
'သောကသလ္လဟရဏ'မည်၏ဟု
(မိန့်ဆို၏)။
အသျှင်ဘုရား
သောကငြောင့်ကို
ထုတ်ဆောင်တတ်သည်
စင်စစ်
မှန်ပါပေ၏၊
အသျှင်ဘုရားအကျွန်ုပ်သည်
ဤတရားတော်ကို
ကြားနာရ၍
သောကငြောင့်ကို
နုတ်ပယ်ပြီးပါပြီဟု
(လျှောက်၏)။
ထို့နောက်
မုဏ္ဍမင်းသည်
ရွှေတိုက်စိုးပိယကကို
ခေါ်၍ -
''အချင်းပိယက
ထိုသို့သောကကင်းပြီးဖြစ်သောကြောင့်
မိဖုရားဘဒ္ဒါ၏
အလောင်းကို
မီးသင်္ဂြိုဟ်
လော့၊
ထိုမိဖုရား၏
(အရိုးပြာကို)စေတီ
(နတ်ကွန်း)
တည်ထားလေလော့၊
ယနေ့မှ စ၍
ငါတို့သည်
ရေလည်းချိုးကုန်အံ့၊
နံ့သာလည်း
လိမ်းကျံကုန်အံ့၊
ပွဲတော်ကိုလည်း
တည်ကုန်အံ့၊
တိုင်းရေးပြည်မှု
တို့ကိုလည်းစီရင်လုပ်ဆောင်ကြကုန်အံ့''ဟု
(မိန့်ဆိုလေသတည်း)။
ဒသမသုတ်။
ငါးခုမြောက်
မုဏ္ဍရာဇဝဂ်
ပြီး၏။
ပဌမ
သုတ်ငါးဆယ်
ပြီး၏။
------
၂-ဒုတိယပဏ္ဏာသက
၂-ဒုတိယ
သုတ်ငါးဆယ်
(၆)
၁-နီဝရဏဝဂ်
၁-အာဝရဏသုတ်
၅၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
''ရဟန်းတို့''ဟူ၍ခေါ်တော်မူ၏၊
ထိုရဟန်းတို့သည်
''အသျှင်ဘုရား''ဟူ၍
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏၊
မြတ်စွာဘုရားသည်
ထိုစကားတော်ကို
မိန့်တော်မူ၏-
ရဟန်းတို့
ပိတ်ဆို့တတ် ပိတ်ပင်တတ်
စိတ်ကို
လွှမ်းမိုးတတ်
ပညာ၏ အားနည်းခြင်းကို
ပြုတတ်သော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ကာမဂုဏ်၌
လိုလားမှု
'ကာမစ္ဆန္ဒ' သည်
ပိတ်ဆို့တတ်၏၊
ပိတ်ပင်တတ်၏၊
စိတ်ကိုလွှမ်းမိုးတတ်၏၊
ပညာ၏
အားနည်းခြင်းကို
ပြုတတ်၏။
ရဟန်းတို့
ပျက်စီးစေလိုမှု
'ဗျာပါဒ' သည်
ပိတ်ဆို့တတ်၏၊
ပိတ်ပင်တတ်၏၊
စိတ်ကို
လွှမ်းမိုး
တတ်၏၊ ပညာ၏
အားနည်းခြင်းကို
ပြုတတ်၏။
ရဟန်းတို့
လေးလံထိုင်းမှိုင်းမှု
'ထိနမိဒ္ဓ'
သည်
ပိတ်ဆို့တတ်၏၊
ပိတ်ပင်တတ်၏၊
စိတ်ကို
လွှမ်းမိုးတတ်၏၊
ပညာ၏
အားနည်းခြင်းကို
ပြုတတ်၏။
ရဟန်းတို့
ပျံ့လွင့်မှု
'ဥဒ္ဓစ္စ'
နောင်တပူပန်မှု
'ကုက္ကုစ္စ' သည်
ပိတ်ဆို့တတ်၏၊
ပိတ်ပင်တတ်၏၊
စိတ် ကိုလွှမ်းမိုးတတ်၏၊
ပညာ၏
အားနည်းခြင်းကို
ပြုတတ်၏။
ရဟန်းတို့
မဝေခွဲနိုင်မှု
'ဝိစိကိစ္ဆာ'
သည်
ပိတ်ဆို့တတ်၏၊
ပိတ်ပင်တတ်၏၊
စိတ်ကို လွှမ်းမိုး
တတ်၏၊ ပညာ၏
အားနည်းခြင်းကို
ပြုတတ်၏။
ရဟန်းတို့
ပိတ်ဆို့တတ်
ပိတ်ပင်တတ်
စိတ်ကို လွှမ်းမိုးတတ်
ပညာ၏
အားနည်းခြင်းကို
ပြုတတ်သော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ထိုရဟန်းသည်
စင်စစ်
ပိတ်ဆို့တတ်
ပိတ်ပင်တတ်
စိတ်ကို
လွှမ်းမိုးတတ်
ပညာ၏အားနည်းခြင်းကို
ပြုတတ်သော
ဤတရားငါးမျိုးတို့ကို
မပယ်မူ၍
အားမရှိသော
အားနည်းသော
ပညာဖြင့်
မိမိအကျိုးကိုလည်း
သိလိမ့်မည်၊
သူတစ်ပါး
အကျိုးကိုလည်း
သိလိမ့်မည်၊
အကျိုးနှစ်ပါးစုံကိုလည်းသိလိမ့်မည်၊
လူတို့၏
(ကုသိုလ်ကမ္မပထ)
တရားထက် လွန်မြတ်သော
(ကိလေသာကို
ဖျက်ဆီးခြင်းငှါ
စွမ်းနိုင်သော)
မြတ်သော
ဉာဏ်အမြင်အထူးကိုလည်း
မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိ။
ရဟန်းတို့
အဝေးသို့
စီးဆင်းသွားသော
တောင်ကျမြစ်သည်
လျင်မြန်သော
ရေအလျဉ်ရှိသည်ဖြစ်၍ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို
ဆောင်ယူတိုက်ခိုက်သွားလေရာ၏၊
ယောက်ျားသည်
ထိုမြစ်၏
ကမ်းပါးနှစ်ဖက်မှ
မြောင်းဝတို့ကို
တူးဖောက်ဖွင့်လှစ်ရာ၏၊
ရဟန်းတို့
ဤသို့
တူးဖောက်ဖွင့်လှစ်ထားသည်ရှိသော်
မြစ်လယ်ရှိ
ထိုရေအလျဉ်သည်
ဖရိုဖရဲ ကွဲပြားပျံ့နှံ့လျက်
အထူးထူးအပြားပြား
ယူအပ်သည်ဖြစ်ရကား
အဝေးသို့
စီးသွားခြင်းလည်း
မဖြစ်ရာ၊
လျင်မြန်သော
ရေအလျဉ်လည်း
မဖြစ်ရာ၊
ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို
ဆောင်ယူတိုက်ခိုက်သွားသည်လည်း
မဖြစ်ရာ။
ရဟန်းတို့
ဤအတူသာလျှင်
စင်စစ်အားဖြင့်
ထိုရဟန်းသည်
ပိတ်ဆို့တတ်
ပိတ်ပင်တတ်
စိတ်ကိုလွှမ်းမိုးတတ်
ပညာ၏
အားနည်းခြင်းကို
ပြုတတ်သော ဤ
တရားငါးမျိုးတို့ကို
မပယ်မူ၍
အားမရှိသောအားနည်းသော
ပညာဖြင့်
မိမိအကျိုးကိုလည်း
သိလိမ့်မည်၊
သူတစ်ပါးအကျိုးကိုလည်း
သိလိမ့်မည်၊
အကျိုးနှစ်ပါးစုံကိုလည်း
သိလိမ့်မည်၊
လူတို့၏
(ကုသိုလ်ကမ္မပထ)
တရားထက်
လွန်မြတ်သော
(ကိလေသာကို
ဖျက်ဆီးခြင်းငှါစွမ်းနိုင်သော)
မြတ်သော
ဉာဏ်အမြင်အထူးကိုလည်း
မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
မရှိ။
ရဟန်းတို့
ထိုရဟန်းသည်
စင်စစ်
ပိတ်ဆို့တတ်
ပိတ်ပင်တတ်
စိတ်ကိုလွှမ်းမိုးတတ်
ပညာ၏အားနည်းခြင်းကို
ပြုတတ်သော
ဤတရားငါးမျိုးတို့ကို
ပယ်၍
အားရှိသော
ပညာဖြင့်
မိမိအကျိုးကိုလည်း
သိလိမ့်မည်၊
သူတစ်ပါးအကျိုးကိုလည်း
သိလိမ့်မည်၊
နှစ်ပါးစုံသော
အကျိုးကိုလည်း
သိလိမ့်မည်၊
လူတို့၏
(ကုသိုလ်ကမ္မပထ)
တရားထက်
လွန်မြတ်သော
(ကိလေသာကို
ဖျက်ဆီးခြင်းငှါ
စွမ်းနိုင်သော)
မြတ်သော
ဉာဏ်အမြင်အထူးကိုလည်း
မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
ရှိ၏။
ရဟန်းတို့
အဝေးသို့
စီးဆင်းသွားသော
တောင်ကျမြစ်သည်
လျင်မြန်သော
ရေအလျဉ်ရှိသည်ဖြစ်၍ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို
ဆောင်ယူတိုက်ခိုက်သွားလေရာ၏၊
ယောက်ျားသည်
ထိုမြစ်၏
ကမ်းပါးနှစ်ဖက်မှ
မြောင်းဝတို့ကို
ပိတ်ရာ၏၊
ရဟန်းတို့
ဤသို့
ပိတ်သည်ရှိသော်
မြစ်လယ်ရှိ
ထိုရေအလျဉ်သည်ဖရိုဖရဲ
မကွဲပြား
မပျံ့နှံ့
အထူးထူးအပြားပြား
မယူအပ်သည်ဖြစ်ရကား
အဝေးသို့ စီးသွားခြင်းလည်းဖြစ်ရာ၏၊
ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို
ဆောင်ယူတိုက်ခိုက်သွားခြင်းလည်း
ဖြစ်ရာ၏။
ရဟန်းတို့
ဤအတူသာလျှင်
စင်စစ်အားဖြင့်
ထိုရဟန်းသည်
ပိတ်ဆို့တတ်
ပိတ်ပင်တတ်
စိတ်ကိုလွှမ်းမိုးတတ်
ပညာ၏
အားနည်းခြင်းကို
ပြုတတ်သော
ဤတရားငါးမျိုးတို့ကို
ပယ်၍ အားရှိသော
ပညာဖြင့်
မိမိအကျိုးကိုလည်း
သိလိမ့်မည်၊
သူတစ်ပါးအကျိုးကိုလည်း
သိလိမ့်မည်၊
နှစ်ပါးစုံသော
အကျိုးကိုလည်း
သိလိမ့်မည်၊
လူတို့၏
(ကုသိုလ်ကမ္မပထ)
တရားထက် လွန်မြတ်သော
(ကိလေသာကို
ဖျက်ဆီးခြင်းငှါ
စွမ်းနိုင်သော)
မြတ်သော
ဉာဏ်အမြင်အထူးကိုလည်း
မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော
ဤအကြောင်းမျိုးသည်
ရှိ၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-အကုသလရာသိသုတ်
၅၂။
ရဟန်းတို့
''အကုသိုလ်အစု''ဟူ၍
ဆိုသော သူသည်
ကောင်းစွာ
ဆိုလိုမူ
နီဝရဏငါးမျိုး
တို့ကိုဆိုရာ၏။
ရဟန်းတို့
ဤအလုံးစုံသော
အကုသိုလ်အစုဟူသည်
ယင်းနီဝရဏ
ငါးမျိုးတို့ပင်တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ကာမဂုဏ်ကို
လိုလားမှုဟူသော
ပိတ်ပင်တတ်သော
တရား
'ကာမစ္ဆန္ဒနီဝရဏ'။
ပျက်စီးစေလိုမှုဟူသော
ပိတ်ပင်တတ်သော
တရား
'ဗျာပါဒနီဝရဏ'။
လေးလံထိုင်းမှိုင်းမှုဟူသော
ပိတ်ပင်တတ်သော
တရား
'ထိနမိဒ္ဓနီဝရဏ'။
ပျံ့လွင့်မှု
နောင်တပူပန်မှုဟူသော
ပိတ်ပင်တတ်သော
တရား 'ဥဒ္ဓစ္စ
ကုက္ကုစ္စနီဝရဏ'။
မဝေခွဲနိုင်မှုဟူသော
ပိတ်ပင်တတ်သော
တရား
'ဝိစိကိစ္ဆာနီဝရဏ'
တို့တည်း။
ရဟန်းတို့
''အကုသိုလ်အစု''ဟူ၍
ဆိုသောသူသည်
ကောင်းစွာဆိုလိုမူ
ဤနီဝရဏတရား
ငါးမျိုး တို့ကိုဆိုရာ၏။
ရဟန်းတို့
ဤအလုံးစုံသော
အကုသိုလ်အစုဟူသည်
ယင်း နီဝရဏ
ငါးမျိုးတို့ပင်တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ပဓာနိယင်္ဂသုတ်
၅၃။
ရဟန်းတို့
(ကမ္မဋ္ဌာန်း)
အားထုတ်သော
ပုဂ္ဂိုလ်၏
(ပြည့်စုံရမည့်အကြောင်း)
အင်္ဂါတို့သည်ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ယုံကြည်မှု
'သဒ္ဓါတရား'
ရှိ၏၊
''ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ
မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်း
သမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
သုဂတ
မည်တော်မူ၏၊
လောကကို
သိတော်မူသော အကြောင်းကြောင့်လည်း
လောကဝိဒူ
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်းအနုတ္တရော
ပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း
သတ္ထာ
ဒေဝမနုဿာနံ
မည် တော်မူ၏၊
(သစ္စာလေးပါးကို)
သိစေတော်မူသောအကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်း
တန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်းဘဂဝါ
မည်တော်မူ၏''ဟု
မြတ်စွာဘုရား၏
အရဟတ္တ
မဂ်ဉာဏ်နှင့်
သဗ္ဗညုတဉာဏ်ကို
ယုံကြည်၏။ (၁)
အနာကင်း၏၊
ရောဂါကင်း၏၊
မအေးလွန်း
မပူလွန်းသော
အလယ်အလတ်ဖြစ်၍
ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါခံ့သော
အစာကို
အညီအမျှကြေကျက်စေတတ်သည့်
ဝမ်းမီးနှင့်ပြည့်စုံ၏။
(၂)
စဉ်းလဲမှု
လှည့်ပတ်မှုမရှိ၊
ဆရာ၌လည်းကောင်း၊
ပညာရှိသီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်တိုင်းမှန်စွာ
မိမိကိုယ်ကို
ထင်စွာ
ပြုတတ်၏။ (၃)
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
ဝီရိယရှိ
သည်ဖြစ်၍နေထိုင်၏၊
အားနှင့်ပြည့်စုံ၏၊
မြဲမြံသောလုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထား ခြင်းမရှိ။
(၄)
ပညာရှိ၏၊
ဖြစ်မှု
ပျက်မှုကို
သိ၍ ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ခန်းရာ
(နိဗ္ဗာန်)သို့ကောင်းစွာ
ရောက်စေတတ်သော
မြတ်သော ပညာနှင့်ပြည့်စုံ၏။
(၅)
ရဟန်းတို့
(ကမ္မဋ္ဌာန်း)
အားထုတ်သော
ပုဂ္ဂိုလ်၏
(ပြည့်စုံရမည့်အကြောင်း)
အင်္ဂါတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-သမယသုတ်
၅၄။
ရဟန်းတို့
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အခါမဟုတ်ခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ဇရာနှိပ်စက်သည်ဖြစ်၍
အို၏၊
ရဟန်းတို့
ဤသည် ကားပဌမဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အခါမဟုတ်ခြင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ဗျာဓိနှိပ်စက်သည်ဖြစ်၍
နာ၏၊ ရဟန်းတို့
ဤသည်
ကားဒုတိယဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အခါမဟုတ်ခြင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ငတ်မွတ်ခေါင်းပါး၏၊
ကောက်စပါးမကောင်း၊
ဆွမ်းရခဲ၏၊ သပိတ်လက်စွဲ၍
ဆွမ်းခံခြင်းဖြင့်
မျှတခြင်းငှါ
မလွယ်ကူ၊
ရဟန်းတို့
ဤသည်ကား
တတိယဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အခါမဟုတ်ခြင်းတည်း။
ရဟန်းတို့
နောက်
တစ်မျိုးကား
တောပုန်း ဓားပြတို့
ထကြွသောင်းကျန်းသည်ဖြစ်၍
ဇနပုဒ်နေသူတို့သည်
လှည်း
(ရထားယာဉ်)
ကို စီးကုန်လျက်
လှည့်လည်ပြေးသွားရသော
ဘေးအန္တရာယ်ဖြစ်၏၊
ရဟန်းတို့
ဤသည်ကား
စတုတ္ထဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အခါမဟုတ်ခြင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သံဃာကွဲပြား၏၊
ရဟန်းတို့
သံဃာကွဲပြားသည်ရှိသော်
အချင်းချင်း့ဆဲရေးလည်း
ဆဲရေးကုန်၏၊
အချင်းချင်း ခြိမ်းခြောက်လည်း
ခြိမ်းခြောက်ကုန်၏၊
အချင်းချင်းပစ်ပယ်လည်း
ပစ်ပယ်ကုန်၏၊
အချင်းချင်း
စွန့်ပစ်လည်း
စွန့်ပစ်ကုန်၏၊
ထိုသံဃာကွဲပြားရာ၌
မကြည်ညိုသော
သူတို့သည်
မကြည်ညိုကြကုန်၊
ကြည်ညိုပြီး
အချို့သူတို့လည်း
အကြည်ညိုပျက်ရန်ဖြစ်၏၊
ရဟန်းတို့
ဤသည်ကား
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
ပဉ္စမဖြစ်သော
အခါမဟုတ်ခြင်းတည်း။
ရဟန်းတို့
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အခါမဟုတ်ခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အချိန်အခါတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ပျိုမျစ်နုနယ်
ငယ်ရွယ်၍
မည်းနက်သော
ဆံရှိသောပဌမအရွယ်ဖြစ်သည့်
အရွယ်ကောင်းနှင့်
ပြည့်စုံ၏၊
ရဟန်းတို့
ဤသည်ကား
ပဋ္ဌမဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အချိန်အခါတည်း။
ရဟန်းတို့
နောက်
တစ်မျိုးကား
ရဟန်းသည် အနာကင်း၏၊
ရောဂါကင်း၏၊
မအေးလွန်း
မပူလွန်းသော
အလယ်အလတ်ဖြစ်၍
ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ
ခံ့သော
အစာကို
အညီအမျှ
ကြေကျက်စေတတ်သည့်
ဝမ်းမီးနှင့်
ပြည့်စုံ၏၊
ရဟန်းတို့
ဤသည်ကား
ဒုတိယဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်အချိန်အခါတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဝပြော၏၊ ကောက်စပါးကောင်းမွန်၏၊
ဆွမ်းရလွယ်၏၊
သပိတ်လက်စွဲ၍
ဆွမ်းခံခြင်းဖြင့်
မျှတခြင်းငှါ
လွယ်ကူ၏၊
ရဟန်းတို့
ဤသည်ကား
တတိယဖြစ်သော (ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အချိန်အခါတည်း။
ရဟန်းတို့
နောက်
တစ်မျိုးကား
လူတို့သည် ညီညွတ်ကုန်၏၊
ဝမ်းမြောက်ဝမ်းသာ
ရှိကြကုန်၏၊
ငြင်းခုံခိုက်ရန်
မရှိကြကုန်၊
နို့နှင့်ရေ
ရောနှောဘိသကဲ့သို့
ဖြစ်ကုန်၏၊
အချင်းချင်း
ချစ်ခင်သော
မျက်လုံးတို့ဖြင့်
ကြည့်ရှုကြကုန်လျက်
နေထိုင်ကြကုန်၏၊
ရဟန်းတို့
ဤသည်ကား
စတုတ္ထဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အချိန်အခါတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သံဃာသည်
ညီညွတ်၏၊
ဝမ်းမြောက်ဝမ်းသာ
ရှိသည်ဖြစ်၍
ငြင်းခုံခိုက်ရန်ဖြစ်ခြင်းမရှိဘဲ
ပါတိမောက်အတူပြလျက်
ချမ်းသာစွာ နေ၏၊
ရဟန်းတို့
သံဃာညီညွတ်သည်ရှိသော်
အချင်းချင်းလည်း
မဆဲရေးကြကုန်၊
အချင်းချင်းလည်း
မခြိမ်းခြောက်ကြကုန်၊
အချင်းချင်းလည်းမပစ်ပယ်ကြကုန်၊
အချင်းချင်းလည်း
မစွန့်ပစ်ကြကုန်၊
ထို
သံဃာညီညွတ်ရာ၌
မကြည်ညိုသေးသောသူတို့သည်လည်း
ကြည်ညိုကြကုန်၏၊
ကြည်ညိုပြီးသူတို့၏လည်း
လွန်စွာကြည်ညိုခြင်းသည်
ဖြစ်၏၊
ရဟန်းတို့
ဤသည်ကား
ပဉ္စမဖြစ်သော
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အချိန်အခါတည်း။
ရဟန်းတို့
(ကမ္မဋ္ဌာန်း)
အားထုတ်ရန်
အချိန်အခါတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-မာတာပုတ္တသုတ်
၅၅။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သောဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ ရဟန်းနှင့်
ရဟန်းမိန်းမဖြစ်ကြသည့်
သားအမိနှစ်ဦးတို့သည်
ဝါကပ်နေကုန်၏၊
ထိုသားအမိနှစ်ဦးတို့သည်
အချင်းချင်း မပြတ်တွေ့မြင်လိုကုန်၏၊
အမိကလည်း
သားကို
မပြတ်တွေ့မြင်လို၏၊
သားကလည်း
အမိကို မပြတ်
တွေ့မြင်လို၏၊
ထိုသားအမိနှစ်ဦးတို့မပြတ်တွေ့မြင်ခြင်းကြောင့်
နှီးနှောခြင်း
ဖြစ်လေ၏၊
နှီးနှောခြင်းကြောင့်
အကျွမ်းဝင်ခြင်း
ဖြစ်လေ၏၊
အကျွမ်းဝင်ခြင်းကြောင့်
ရာဂစိတ်
သက်ဝင်လေ၏၊
ထိုသားအမိနှစ်ဦးတို့သည်
ရာဂသက်ဝင်သော
စိတ်ရှိကုန်သည်ဖြစ်၍
သိက္ခာမချ
အားနည်းမှုကို
ထင်စွာ
မပြုဘဲ
မေထုန်အကျင့်ကို
မှီဝဲကုန်၏။
ထိုအခါ
များစွာသော
ရဟန်းတို့သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေကြကုန်လျက်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
ဤသာဝတ္ထိပြည်၌
ရဟန်းနှင့်
ရဟန်းမိန်းမဖြစ်ကြသည့်
သားအမိနှစ်ဦးတို့သည်
ဝါကပ်နေကြပါကုန်၏၊
ထိုသားအမိနှစ်ဦးတို့သည်
အချင်းချင်းမပြတ်တွေ့မြင်လိုကြပါကုန်၏၊
အမိကလည်း သားကို
မပြတ်တွေ့မြင်လိုပါ၏၊
သားကလည်း အမိကိုမပြတ်တွေ့မြင်လိုပါ၏၊
ထိုသားအမိနှစ်ဦးတို့
မပြတ်တွေ့မြင်ခြင်းကြောင့်
နှီးနှောခြင်း
ဖြစ်ပါ၏၊
နှီးနှောခြင်း
ကြောင့်
အကျွမ်းဝင်ခြင်း
ဖြစ်ပါ၏၊
အကျွမ်းဝင်ခြင်းကြောင့်
ရာဂစိတ် သက်ဝင်လာပါ၏၊
ထိုသားအမိ
နှစ်ဦးတို့သည်
ရာဂသက်ဝင်သော
စိတ်ရှိကုန်သည်
ဖြစ်၍
သိက္ခာမချ အားနည်းမှုကိုထင်စွာမပြုဘဲ
မေထုန်အကျင့်ကို
မှီဝဲကြပါကုန်၏''ဟု
လျှောက်ကြကုန်၏။
ရဟန်းတို့
(မဂ်ဖိုလ်မှ)
အချည်းနှီးဖြစ်သော
ထိုယောက်ျားသည်
''အမိသည် သား၌
တပ်နှစ်သက် ခြင်းမဖြစ်နိုင်၊
သားသည်မူလည်း
အမိ၌ တပ်နှစ်သက်ခြင်း
မဖြစ်နိုင်''ဟု
အောက်မေ့မှတ်ထင်လေ
သလော။
ရဟန်းတို့
(လောက၌ )
မိန်းမ၏
အဆင်းကဲ့သို့
စွဲမက်စေတတ်
နှစ်သက်စေတတ်
ယစ်မူးစေတတ်နှောင်ဖွဲ့စေတတ်
တွေဝေစေတတ်၍၊
အတုမရှိသော
ယောဂကုန်ရာ
နိဗ္ဗာန်သို့
ရောက်ခြင်း၏အန္တရာယ်ကို
ပြုတတ်သော
အခြားတစ်ခုသော
အဆင်းကိုမျှလည်း
ငါမမြင်။
ရဟန်းတို့
သတ္တဝါတို့သည်
မိန်းမအဆင်း၌
စွဲမက်ကုန်၏၊
မက်မောကုန်၏၊
ရစ်ပတ်ကုန်၏၊
တွေဝေကုန်၏၊
(စိတ်ဖြင့်)
လွှမ်းမိုးဝင်ရောက်ကုန်၏၊
ထိုသတ္တဝါတို့သည်
မိန်းမတို့၏
အဆင်းအလိုသို့အစဉ်လိုက်ကုန်သည်ဖြစ်၍
ရှည်စွာသော
ကာလပတ်လုံး
ပူဆွေးကြရကုန်၏။
ရဟန်းတို့
(လောက၌ )
မိန်းမ၏
အသံကဲ့သို့။ပ။
အခြားတစ်ခုသော
အသံကိုမျှလည်း။ပ။
အခြားတစ်ခုသော
အနံ့ကိုမျှလည်း။ပ။
အခြားတစ်ခုသော
အရသာကိုမျှလည်း။ပ။
ရဟန်းတို့ မိန်းမ၏
အတွေ့အထိကဲ့သို့
စွဲမက်စေတတ်
နှစ်သက်စေတတ်
ယစ်မူးစေတတ်
နှောင်ဖွဲ့စေတတ်
တွေဝေစေတတ်၍
အတုမရှိသော
ယောဂကုန်ရာ
နိဗ္ဗာန်သို့
ရောက်ခြင်း၏
အန္တရာယ်ကို
ပြုတတ်သော
အခြားတစ်ခုသောအတွေ့
အထိကိုမျှလည်း
ငါ မမြင်။
ရဟန်းတို့
သတ္တဝါတို့သည်
မိန်းမ၏
အတွေ့အထိ၌
စွဲမက်ကုန်၏၊
မက်မောကုန်၏၊
ရစ်ပတ်ကုန်၏၊
တွေဝေကုန်၏၊
(စိတ်ဖြင့်)
လွှမ်းမိုးဝင်ရောက်ကုန်၏၊
ထိုသတ္တဝါတို့သည်
မိန်းမတို့၏
အတွေ့အထိအလိုသို့
အစဉ်လိုက်ကုန်သည်ဖြစ်၍
ရှည်စွာသော ကာလပတ်လုံး
ပူဆွေးကြရကုန်၏။
ရဟန်းတို့
မိန်းမသည်
သွားနေသော်လည်း
ယောက်ျား၏
စိတ်ကို
ဆွဲဆောင်၍
ထားနိုင်၏၊
ရပ်နေသော်လည်း၊
ထိုင်နေသော်လည်း၊
အိပ်နေသော်လည်း၊
ရယ်ရွှင်သော်လည်း၊
စကားပြောဆိုသော်လည်း၊
သီချင်း
သီဆိုသော်လည်း၊
ငိုသော်လည်း၊
ဖူးဖူးရောင်သော်လည်း၊
သေသော်လည်း ယောက်ျား၏
စိတ်ကိုသိမ်းကျုံးယူ၍
တည်၏။
ရဟန်းတို့
''မာရ်မင်း၏
ထက်ဝန်းကျင်
ကျော့ကွင်း''ဟု
ကောင်းစွာ
ပြောဆိုလိုသူသည်
မာတုဂါမကိုသာလျှင်
''မာရ်မင်း၏
ထက်ဝန်းကျင်
ကျော့ကွင်း''ဟု
ပြောဆိုရာ၏ဟု
(မိန့်တော်မူ၏)။
(သတ်ဖြတ်အံ့ဟု)
သန်လျက်စွဲကိုင်သူနှင့်
စကားပြောဆိုရာ၏၊
မြေဖုတ်ဘီလူးနှင့်
သော်လည်းစကားပြောဆိုရာ၏၊
ကိုက်သည်ရှိသော်
အသက်သေစေတတ်သော
မြွေကိုသော်လည်း
ထိပါးကိုင်တွယ်ရာ၏၊
မာတုဂါမနှင့်
တစ်ယောက်ချင်းချင်း
စကားမပြောမဆိုရာသည်သာတည်း။
ထိုမိန်းမတို့သည်
သတိလွတ်ကင်းသော
ယောက်ျားကို
ကြည့်ရှုခြင်းဖြင့်လည်း
ကောင်း၊
ပြုံးရွှင်ခြင်းဖြင့်လည်းကောင်း၊
ထိုမှတစ်ပါး
မလုံ့တလုံ ဝတ်ဆင်ခြင်းဖြင့်လည်းကောင်း၊
သာယာနူးညံ့စွာပြောဆိုခြင်းဖြင့်လည်းကောင်း
နှောင်ဖွဲ့တတ်ကုန်၏၊
ထိုမိန်းမအလောင်းကောင်ကို
သေ၍ဖူးဖူးရောင်ထနေသော်လည်း
မထိပါး
မကိုင်
တွယ်အပ်သည်သာတည်း။
စိတ်နှလုံးပျော်မွေ့ဖွယ်ဖြစ်ကုန်သော
အဆင်း အသံ အနံ့
အရသာ
အတွေ့ဟူသော
ဤကာမဂုဏ်ငါးပါးတို့သည်
မိန်းမတို့
ရုပ်၌
ထင်ကုန်၏။
ဝတ္ထုကာမ
ကိလေသာကာမတို့ကို
ပိုင်းခြား၍ မသိကြကုန်သဖြင့်
ကာမတည်းဟူသော
ဩဃ၌ မျောကြရကုန်သော
ထိုသူတို့အား
သံသရာ၌ ကာလ
ဂတိ ဘဝ ကြီးငယ်ဟူသော
တရားတို့သည်ခြံရံကုန်၏။
ဝတ္ထုကာမ
ကိလေသာကာမတို့ကို
ပိုင်းခြားသိမြင်၍
ဘေးရန်
တစ်စုံတစ်ရာ
မရှိကုန်ဘဲလှည့်လည်ကုန်သော
ပုဂ္ဂိုလ်တို့သည်
အရဟတ္တဖိုလ်ကို
ရကုန်သည်ဖြစ်၍
စင်စစ်အားဖြင့်
လောက၌
တစ်ဖက်ကမ်း
(နိဗ္ဗာန်)သို့
ရောက်ကြလေကုန်သတည်း။
ပဉ္စမသုတ်။
------
၆-ဥပဇ္ဈာယသုတ်
၅၆။
ထိုအခါ
ရဟန်းတစ်ပါးသည်
မိမိဥပဇ္ဈာယ်ဆရာထံသို့
ချဉ်းကပ်၍
''အသျှင်ဘုရား
ယခုအခါ၌
အကျွန်ုပ်၏
ကိုယ်သည်
လေးလံနေပါ၏၊
အရပ်ရှစ်မျက်နှာတို့သည်လည်း
အကျွန်ုပ်အား
မထင်ပါကုန်၊
တရားတို့လည်း
အကျွန်ုပ်အား
မထင်လာပါကုန်၊
လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ' သည်လည်း
အကျွန်ုပ်၏စိတ်ကို
သိမ်းကျုံးယူ၍
တည်နေပါ၏၊
မမွေ့လျော်ပါဘဲလျက်လည်း
မြတ်သော
အကျင့်ကို
ကျင့်၍နေရပါ၏၊
တရားတို့၌ မဝေခွဲနိုင်ခြင်း
'ဝိစိကိစ္ဆာ'
သည်လည်း
အကျွန်ုပ်အား
ရှိပါ၏''ဟု
လျှောက်၏။
ထိုအခါ
ထို
(ဆရာဥပဇ္ဈာယ်)
ရဟန်းသည်
ထိုအတူနေ
တပည့်ရဟန်းကို
ခေါ်ကာ
မြတ်စွာဘုရား
ထံသို့ချဉ်းကပ်ရှိခိုးပြီးလျှင်
တစ်ခုသော နေရာ၌
ထိုင်နေလျက်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
ဤရဟန်းသည်
ဤသို့ပြောဆိုပါ၏
'အသျှင်ဘုရား
ယခုအခါ၌
အကျွန်ုပ်၏
ကိုယ်
သည်လေးလံနေပါ၏၊
အရပ်ရှစ်မျက်နှာတို့သည်လည်း
အကျွန်ုပ်အား
မထင်ပါကုန်၊
တရားတို့သည်လည်းအကျွန်ုပ်အား
မထင်လာပါကုန်၊
လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ'
သည်လည်း
အကျွန်ုပ်၏
စိတ်ကိုသိမ်းကျုံး၍
တည်နေပါ၏၊
မမွေ့လျော်ပါဘဲလျက်လည်း
မြတ်သောအကျင့်ကို
ကျင့်၍
နေရပါ၏၊
တရားတို့၌
မဝေခွဲနိုင်ခြင်း
'ဝိစိကိစ္ဆာ'သည်လည်း
အကျွန်ုပ်အား
ရှိပါ၏'ဟု
ဆိုပါ၏''ဟု
(လျှောက်၏)။
ရဟန်း
ဤစကားသည်
ဤအတိုင်းပင်ဟုတ်၏၊
ဣန္ဒြေတို့၌
မစောင့်ရှောက်
မလုံခြုံသော
တံခါးရှိသည်ဖြစ်၍
ဘောဇဉ်တို့၌
အတိုင်းအရှည်ကို
မသိသော
နိုးကြားမှုကို
အားမထုတ်သော
ကုသိုလ်တရားတို့ကို
မရှုမူ၍
ညဉ့်၏
ရှေ့ပိုင်းနောက်ပိုင်း၌
ဗောဓိပက္ခိယတရား
ပွါးများအားထုတ်မှုကို
အားမထုတ်မူ၍နေသော
ရဟန်းအား
ကိုယ်သည်
လေးလံနေ၏၊
အရပ်ရှစ်မျက်နှာတို့သည်လည်း
ထိုရဟန်းအား
မထင်ကုန်၊
တရားတို့သည်လည်း
ထိုရဟန်းအား
မထင်လာကုန်၊
လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ'
သည်လည်းထိုရဟန်း၏
စိတ်ကို
သိမ်းကျုံး၍
တည်နေ၏၊
မမွေ့လျော်ဘဲလျက်လည်း
မြတ်သောအကျင့်ကို
ကျင့်၍နေရ၏၊
ထိုရဟန်းအား
တရားတို့၌လည်း
မဝေခွဲနိုင်ခြင်း
'ဝိစိကိစ္ဆာ'
သည် ဖြစ်၏။
ရဟန်း
ထိုအကြောင်းကြောင့်
သင်သည် ဤသို့
ကျင့်ရမည်။
''(ငါသည်)
ဣန္ဒြေတို့၌စောင့်ရှောက်လုံခြုံသော
တံခါးရှိသူ
ဖြစ်အံ့၊
ဘောဇဉ်တို့၌
အတိုင်းအရှည်ကိုသိသူ
နိုးကြားမှု၌
အားထုတ်သူ
ကုသိုလ်တရားတို့ကို
ရှုသူ ညဉ့်၏
ရှေ့ပိုင်းနောက်ပိုင်း၌
ဗောဓိပက္ခိယတရားပွါးများ
အားထုတ်မှုကို
အားထုတ်သူ
ဖြစ်၍ နေအံ့''ဟု
(ကျင့်ရမည်)။
ရဟန်း
ဤသို့လျှင်
သင်သည်
ကျင့်ရမည်ဟု
(မိန့်တော်မူ၏)။
ထိုအခါ
ထိုရဟန်းသည်
မြတ်စွာဘုရားက
ဤအဆုံးအမတော်ဖြင့်
ဆုံးမအပ်သည်ဖြစ်၍
နေရာမှထပြီးလျှင်
မြတ်စွာဘုရားကို
ရှိခိုးလျက်
အရိုအသေပြုကာ
ဖဲသွားလေ၏။
ထိုအခါ
ထိုရဟန်းသည်
တစ်ယောက်တည်း
ဆိတ်ငြိမ်ရာသို့
ကပ်ပြီးလျှင်
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
တည်ကြည်သော
စိတ်ရှိသည်ဖြစ်၍
နေသည်ရှိသော်
ကောင်းစွာသာလျှင်
လူ့ဘောင်မှ့ရဟန်းဘောင်သို့
ဝင်ရောက်ကြသော
အမျိုးကောင်းသားတို့
လိုလားအပ်သော
အတုမရှိသော
မြတ်သောအကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်အကျိုးကို
မကြာမီ
ယခုဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်မျက်မှောက်ပြုလျက်
ရောက်၍ နေရ၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
(မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်) ကိစ္စ
အလို့ငှါ
တစ်ပါးသော
ပြုဖွယ်မရှိတော့ပြီ''ဟု
သိ၏၊
ထိုရဟန်းသည်
ရဟန္တာတို့တွင်
တစ်ပါးအပါအဝင်
ဖြစ်လေ၏။
ထို့နောက်
ထိုရဟန်းသည်
အရဟတ္တဖိုလ်သို့
ရောက်လတ်သော်
မိမိ
ဥပဇ္ဈာယ်ဆရာထံသို့
ချဉ်း ကပ်၍-
''အသျှင်ဘုရား
ယခုအခါ၌
အကျွန်ုပ်၏ကိုယ်သည်
လေးလံခြင်း
မဖြစ်တော့ပါ၊
အရပ်ရှစ်မျက်နှာတို့သည်လည်း
အကျွန်ုပ်အား
ထင်ပါကုန်၏၊
တရားတို့သည်လည်း
အကျွန်ုပ်အား
ထင်လာပါကုန်၏၊
လေးလံ
ထိုင်းမှိုင်းခြင်း'ထိနမိဒ္ဓ'သည်လည်း
အကျွန်ုပ်၏
စိတ်ကို
သိမ်းကျုံး၍
မတည်တော့ပါ၊
မွေ့လျော်စွာလည်း
မြတ်သော
အကျင့်ကို ကျင့်ရပါ၏၊
တရားတို့၌
မဝေခွဲနိုင်ခြင်း
'ဝိစိကိစ္ဆာ'
သည်လည်းအကျွန်ုပ်အား
မရှိ တော့ပါ''ဟု
လျှောက်၏။
ထိုအခါ
ထိုဆရာဥပဇ္ဈာယ်ရဟန်းသည်
ထိုအတူနေ
တပည့်ရဟန်းကို
ခေါ်ကာ
မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင်
မြတ်စွာဘုရားကို
ရှိခိုး၍ တစ်ခုသော
နေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
ဤရဟန်းသည်
ဤသို့
ပြောဆိုပါ၏။
'အသျှင်ဘုရား
ယခုအခါ၌
အကျွန်ုပ်၏ကိုယ်သည်
လေးလံခြင်း
မဖြစ်တော့ပါ၊
အရပ်ရှစ်မျက်နှာတို့သည်လည်း
အကျွန်ုပ်အား
ထင်ပါကုန်၏၊
တရားတို့သည်လည်း
အကျွန်ုပ်အား
ထင်လာပါကုန်၏၊
လေးလံ
ထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ'သည်လည်း
အကျွန်ုပ်၏စိတ်ကို
သိမ်းကျုံး၍
မတည်တော့ပါ၊
မွေ့လျော်စွာလည်း
မြတ်သောအကျင့်ကို
ကျင့်ရပါ၏၊
တရားတို့၌
မဝေခွဲနိုင်ခြင်း
'ဝိစိကိစ္ဆာ'
သည်လည်းအကျွန်ုပ်အား
မရှိတော့ပါ'ဟူ၍
ပြောဆိုပါ၏''ဟု
လျှောက်၏။
ရဟန်း
ဤစကားသည်
ဤအတိုင်းပင်ဟုတ်၏၊
ဣန္ဒြေတို့၌စောင့်ရှောက်လုံခြုံသော
တံခါးရှိသည်ဖြစ်၍
ဘောဇဉ်တို့၌
အတိုင်းအရှည်ကိုသိသော
နိုးကြားမှုကို
အားထုတ်သော
ကုသိုလ်တရားတို့ကိုရှုသည်
ဖြစ်၍ ညဉ့်၏
ရှေ့ပိုင်းနောက်ပိုင်း၌
ဗောဓိပက္ခိယတရား
ပွါးများအားထုတ်မှုကို
အားထုတ်၍နေသော
ရဟန်းအား ကိုယ်သည်
လေးလံ
မနေတော့ပေ၊
အရပ်ရှစ်မျက်နှာတို့သည်လည်း
ထိုရဟန်းအားထင်ကုန်၏၊
တရားတို့သည်လည်း
ထိုရဟန်းအား
ထင်လာကုန်၏၊
လေးလံထိုင်းမှိုင်းခြင်း'ထိနမိဒ္ဓ'
သည်လည်း
ထိုရဟန်း၏
စိတ်ကို
သိမ်းကျုံး၍
မတည်၊
မွေ့လျော်စွာလည်း
မြတ်သောအကျင့်ကို
ကျင့်ရ၏၊
ထိုရဟန်းအား
တရားတို့၌လည်း
မဝေခွဲနိုင်ခြင်း
'ဝိစိကိစ္ဆာ'
သည်
မဖြစ်တော့ပေ။
ရဟန်းတို့
ထိုအကြောင်းကြောင့်
သင်တို့သည်
ဤသို့
ကျင့်ရမည်-
''(ငါတို့သည်)
ဣန္ဒြေတို့၌စောင့်ရှောက်လုံခြုံသော
တံခါးရှိသူ
ဖြစ်ကုန်အံ့၊
ဘောဇဉ်တို့၌
အတိုင်းအရှည်ကို
သိသူ
နိုးကြားမှု၌
အားထုတ်သူ
ကုသိုလ်တရားတို့ကို
ရှုသူ ညဉ့်၏
ရှေ့ပိုင်းနောက်ပိုင်း၌
ဗောဓိပက္ခိယတရား
ပွါးများအားထုတ်မှုကို
အားထုတ်သူဖြစ်၍
နေကုန်အံ့''ဟု
(ကျင့်ရမည်)။
ရဟန်းတို့ဤသို့လျှင်
သင်တို့
ကျင့်ရမည်ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-
(အဘိဏှပစ္စဝေက္ခိတဗ္ဗ)
ဌာနသုတ်
၅၇။
ရဟန်းတို့
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်သောအကြောင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
''(ငါသည်)
အိုခြင်းသဘောရှိ၏၊
အိုခြင်းသဘောကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျား့ဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်၏။
''နာခြင်းသဘောရှိ၏၊
နာခြင်းသဘောကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေလူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်၏။
''သေခြင်းသဘောရှိ၏၊
သေခြင်းသဘောတရားကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်ဆင်ခြင်အပ်၏။
''ငါ၏
ချစ်အပ်
မြတ်နိုးအပ်သော
အရာအားလုံးတို့နှင့်
ရှင်ကွဲကွဲရခြင်း
သေကွဲကွဲရခြင်းသည်
ဖြစ်ချေမည်''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်၏။
''(ငါသည်)
ကံသာလျှင်
မိမိဥစ္စာ
ရှိ၏၊ ကံ၏
အမွေခံ
ဖြစ်၏၊
ကံသာလျှင်
အကြောင်းရှိ၏၊
ကံသာလျှင်
အဆွေအမျိုးရှိ၏၊
ကံသာလျှင်
ကိုးကွယ်မှီခိုရာရှိ၏၊
ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေငါပြုမိသော
ကံ၏ အမွေခံသာ
ဖြစ်ရပေမည်''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်ဆင်ခြင်အပ်၏။
ရဟန်းတို့
အဘယ်
အကျိုးထူးကို
စွဲ၍ ''(ငါသည်) အိုခြင်းသဘောရှိ၏၊
အိုခြင်းသဘောကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်ဆင်ခြင်အပ်သနည်း။
ရဟန်းတို့
သတ္တဝါတို့အား
ပျိုရွယ်ချိန်၌
ပျိုရွယ်မာန်ယစ်ခြင်းရှိ၏၊
ယင်းပျိုရွယ်မာန်ယစ်ခြင်းဖြင့်မေ့လျော့ယစ်မူးကုန်သော
သတ္တဝါတို့သည်
ကာယဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ဝစီဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
မနောဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ထို
(အိုခြင်း)
အကြောင်းကို
မပြတ်
ဆင်ခြင်သော
ထိုသူအားပျိုရွယ်ချိန်၌
ပျိုရွယ်မာန်ယစ်ခြင်းသည်
အချင်းခပ်သိမ်းမူလည်း
ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်းဖြစ်၏။
ရဟန်းတို့
ဤအကျိုးထူးကို
စွဲ၍ ''ငါသည်
အိုခြင်းသဘောရှိ၏၊
အိုခြင်းသဘောကို
မလွန်ဆန်
နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ''ငါသည် နာခြင်းသဘောရှိ၏၊
နာခြင်းသဘောကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်သနည်း။
ရဟန်းတို့
သတ္တဝါတို့အား
အနာကင်းချိန်၌
အနာကင်းမှု
မာန်ယစ်ခြင်းရှိ၏၊
ယင်းမာန်ယစ်ခြင်းဖြင့်မေ့လျော့ယစ်မူးကုန်သော
သတ္တဝါတို့သည်
ကာယဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊
မနောဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ထို (နာခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သောထိုသူအား
အနာကင်း ချိန်၌
အနာကင်းမှု
မာန်ယစ်ခြင်းသည်
အချင်းခပ်သိမ်းမူလည်း
ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း
ဖြစ်၏။
ရဟန်းတို့
ဤအကျိုးထူးကို
စွဲ၍ ''ငါသည်
နာခြင်းသဘောရှိ၏၊
နာခြင်းသဘောကို
မလွန်ဆန် နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ''ငါသည် သေခြင်းသဘောရှိ၏၊
သေခြင်းသဘောကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်သနည်း။
ရဟန်းတို့
သတ္တဝါတို့အား
အသက်ရှင်ချိန်၌
အသက်မာန်ယစ်ခြင်းရှိ၏၊
ယင်းအသက်
မာန်ယစ်ခြင်း
ဖြင့်မေ့လျော့ယစ်မူးကုန်သော
သတ္တဝါတို့သည်
ကာယဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ဝစီဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
မနောဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ထို (သေခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သော
ထိုသူအားအသက်ရှင်ချိန်၌
ယင်းအသက်မာန်ယစ်ခြင်းသည်
အချင်းခပ်သိမ်းမူလည်း
ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း
ဖြစ်၏။
ရဟန်းတို့
ဤအကျိုးထူးကို
စွဲ၍ ''ငါသည်
သေခြင်းသဘောရှိ၏၊
သေခြင်းသဘောကို
မလွန်ဆန်နိုင်ချေ''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ''ငါ၏ ချစ်အပ်
မြတ်နိုးအပ်သော
အရာအားလုံးတို့နှင့်
ရှင်ကွဲကွဲရခြင်း
သေကွဲကွဲရခြင်းသည်
ဖြစ်ချေမည်''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ်ဆင်ခြင်အပ်သနည်း။
ရဟန်းတို့
သတ္တဝါတို့အား
ချစ်အပ်
မြတ်နိုးအပ်သော
အရာတို့၌
လိုလားစွဲမက်ခြင်း
'ဆန္ဒရာဂ'
ဖြင့်စွဲမက်သော
သတ္တဝါတို့သည်
ကာယဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ဝစီဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
မနောဒုစရိုက်ကို
ပြုကျင့်ကုန်၏၊
ထို
(ကွဲခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သောသူအား
ချစ်အပ်မြတ်နိုးအပ်သော
အရာတို့၌ လိုလား
စွဲမက်ခြင်းသည်
အချင်းခပ်သိမ်းမူလည်း
ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်းဖြစ်၏။
ရဟန်းတို့
ဤအကျိုးထူးကို
စွဲ၍ ''ငါ၏
ချစ်ခင်မြတ်နိုးအပ်သော
အရာအားလုံးတို့နှင့်
ရှင်ကွဲကွဲရခြင်းသေကွဲကွဲရခြင်းသည်
ဖြစ်ချေမည်''ဟု
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေမပြတ်ဆင်ခြင်အပ်၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ''ငါသည် ကံသာလျှင်
မိမိဥစ္စာ
ရှိ၏၊ ကံ၏
အမွေခံ ဖြစ်၏၊
ကံသာလျှင်
အကြောင်းရှိ၏၊
ကံသာလျှင်
အဆွေအမျိုး
ရှိ၏၊
ကံသာလျှင်
ကိုးကွယ်မှီခိုရာ
ရှိ၏၊
ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ
ငါပြုမိသောကံ၏
အမွေခံသာ
ဖြစ်ရပေမည်''ဟု
မိန်းမဖြစ်စေယောက်ျားဖြစ်စေ
လူဖြစ်စေ ရဟန်းဖြစ်စေ
မပြတ်
ဆင်ခြင်အပ်သနည်း။
ရဟန်းတို့
သတ္တဝါတို့အား
ကာယဒုစရိုက်
ဝစီဒုစရိုက်
မနောဒုစရိုက်သည်
ရှိ၏၊ ထို (ကံ)
အကြောင်းကိုမပြတ်ဆင်ခြင်သော
ထိုသူအား
မကောင်းမှုသည်
အချင်းခပ်သိမ်းမူလည်း
ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း
ဖြစ်၏။
ရဟန်းတို့
ဤအကျိုးထူးကို
စွဲ၍ ''ငါသည်
ကံသာလျှင်
ဥစ္စာရှိ၏၊
ကံ၏ အမွေခံ
ဖြစ်၏၊ ကံသာ လျှင်အကြောင်းရှိ၏၊
ကံသာလျှင်
အဆွေအမျိုး
ရှိ၏၊
ကံသာလျှင်
ကိုးကွယ်မှီခိုရာ
ရှိ၏၊
ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ
ငါပြုမိသောကံ၏
အမွေခံသာ
ဖြစ်ရပေမည်''ဟူ၍
မိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ
လူဖြစ်စေ
ရဟန်းဖြစ်စေ
မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့
အရိယာတပည့်သည်
''ငါတစ်ယောက်တည်းသာလျှင်
အိုခြင်းသဘောရှိသည်
ငါတစ်ယောက်တည်းသာလျှင်
အိုခြင်းသဘောကို
မလွန်ဆန်နိုင်သည်
မဟုတ်၊
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တခြားဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်
သတ္တဝါဟူသမျှ
အားလုံးတို့သည်
အိုခြင်းသဘော
ရှိကုန်၏၊
အိုခြင်းသဘောကို
မလွန်ဆန်နိုင်ကုန်ချေ''ဟု
ဆင်ခြင်၏။
ထို
(အိုခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သော
ထိုသူအား
မဂ်သည်
ကောင်းစွာ
ဖြစ်ပေါ်လာ၏၊
ထိုအရိယာတပည့်သည်
ထိုမဂ်ကို
မှီဝဲ၏၊ ပွါးများ၏၊
ကြိမ်ဖန်များစွာပြု၏။
ထိုမဂ်ကို
မှီဝဲသော
ပွါးများသော
ကြိမ်ဖန်များစွာ
ပြုသော
ထိုသူအား
သံယောဇဉ်တို့သည်
အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊
အစဉ်ကိန်းနေသော
'အနုသယ'
တရားတို့သည်
ကင်းပြတ်ကုန်၏။
''ငါတစ်ယောက်တည်းသာလျှင်
နာခြင်းသဘောရှိသည်
ငါတစ်ယောက်တည်းသာလျှင်
နာခြင်းသဘော ကိုမလွန်ဆန်နိုင်သည်
မဟုတ်။
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ခြားဘုံဘဝသို့)
သွားခြင်းစုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်
သတ္တဝါဟူသမျှ
အားလုံးတို့သည်
နာခြင်းသဘော
ရှိကုန်၏၊
နာခြင်းသဘောကို
မလွန်ဆန်နိုင်ကုန်ချေ''ဟု
ဆင်ခြင်၏။
ထို
(နာခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သော
ထိုသူအား
မဂ်သည်
ကောင်းစွာဖြစ်ပေါ်လာ၏၊
ထိုအရိယာတပည့်သည်
ထိုမဂ်ကို
မှီဝဲ၏၊ ပွါးများ၏၊
ကြိမ်ဖန်များစွာပြု၏၊
ထိုမဂ်ကို
မှီဝဲသော
ပွါးများသော
ကြိမ်ဖန်များစွာ
ပြုသော
ထိုသူအား
သံယောဇဉ်တို့သည်
အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊
အစဉ်ကိန်းနေသော
'အနုသယ'
တရားတို့သည်
ကင်းပြတ်ကုန်၏။
''ငါတစ်ယောက်တည်းသာလျှင်
သေခြင်းသဘောရှိသည်
ငါတစ်ယောက်တည်းသာလျှင်
သေခြင်းသဘောကို
မလွန်ဆန်နိုင်သည်
မဟုတ်။
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ခြားဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်
သတ္တဝါဟူသမျှ
အားလုံးတို့သည်
သေခြင်းသဘောရှိကုန်၏၊
သေခြင်းသဘောကို
မလွန်ဆန်နိုင်ကုန်ချေ''ဟူ၍
ဆင်ခြင်၏။
ထို
(သေခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သော
ထိုသူအား
မဂ်သည်
ကောင်းစွာဖြစ်ပေါ်လာ၏၊
ထိုအရိယာတပည့်သည်
ထိုမဂ်ကို
မှီဝဲ၏၊
ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊
ထိုမဂ်ကို
မှီဝဲသော
ပွါးများသော
ကြိမ်ဖန်များစွာ
ပြုသော ထိုသူအား
သံယောဇဉ်တို့သည်
အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊
အစဉ်ကိန်းနေသော
'အနုသယ' တရားတို့သည်
ကင်းပြတ်ကုန်၏။
''ငါတစ်ယောက်တည်းသာလျှင်
ချစ်အပ်
မြတ်နိုးအပ်သော
အရာအားလုံးတို့နှင့်
ရှင်ကွဲကွဲရခြင်း
သေကွဲကွဲရခြင်းဖြစ်သည်
မဟုတ်။ စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ခြားဘုံဘဝသို့)
သွားခြင်းစုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်
သတ္တဝါဟူသမျှ
အားလုံးတို့သည်
ချစ်အပ်
မြတ်နိုးအပ်သော
အရာအားလုံးတို့နှင့်
ရှင်ကွဲကွဲရခြင်း
သေကွဲကွဲရခြင်းသည်
ဖြစ်ချေ၏''ဟု
ဆင်ခြင်၏။
ထို
(ကွဲခြင်း)
အကြောင်းကို
မပြတ်ဆင်ခြင်သော
ထိုသူအား
မဂ်သည်
ကောင်းစွာ
ဖြစ်ပေါ်လာ၏၊
ထိုအရိယာတပည့်သည်
ထိုမဂ်ကို
မှီဝဲ၏၊ ပွါးများ၏၊
ကြိမ်ဖန်များစွာပြု၏၊
ထိုမဂ်ကို
မှီဝဲသော
ပွါးများသော
ကြိမ်ဖန်များစွာ
ပြုသော
ထိုသူအား သံယောဇဉ်တို့သည်
အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊
အစဉ်ကိန်းနေသော
'အနုသယ'
တရားတို့သည်
ကင်းပြတ်ကုန်၏။
''ငါတစ်ယောက်တည်းသာလျှင်
ကံသာလျှင်
မိမိဥစ္စာရှိသည်
ကံ၏အမွေခံဖြစ်သည်
ကံသာလျှင်အကြောင်းရှိသည်
ကံသာလျှင်
အဆွေအမျိုးရှိသည်
ကံသာလျှင်
ကိုးကွယ်မှီခိုရာ
ရှိသည်
ကောင်းသည်ဖြစ်စေ
မကောင်းသည်
ဖြစ်စေ
ငါပြုမိသော ကံ၏
အမွေခံဖြစ်သည်
မဟုတ်၊
စင်စစ်မူကား
(ဤဘုံဘဝသို့)
လာခြင်း
(တစ်ခြားဘုံဘဝသို့)
သွားခြင်း
စုတေခြင်း
ပဋိသန္ဓေနေခြင်းရှိသည့်
သတ္တဝါဟူသမျှ
အားလုံးတို့သည်
ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊
ကံ၏
အမွေခံဖြစ်ကုန်၏၊
ကံသာလျှင်
အကြောင်းရှိကုန်၏၊
ကံသာလျှင်
အဆွေအမျိုးရှိကုန်၏၊
ကံသာလျှင်
ကိုးကွယ်မှီခိုရာရှိကုန်၏၊
ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ
ပြုမိသော ကံ၏
အမွေခံတို့သာ
ဖြစ်ကြလိမ့်မည်''ဟု
ဆင်ခြင်၏။
ထို
(ကံ)
အကြောင်းကို
မပြတ်ဆင်ခြင်သော
ထိုသူအား
မဂ်သည် ကောင်းစွာ
ဖြစ်ပေါ်လာ၏၊
ထိုအရိယာတပည့်သည်
ထိုမဂ်ကို
မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန်များစွာပြု၏၊
ထိုမဂ်ကို
မှီဝဲသော
ပွါးများသော
ကြိမ်ဖန်များစွာ
ပြုသော
ထိုသူအား သံယောဇဉ်တို့သည်
အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊
အစဉ်ကိန်းနေသော
'အနုသယ'
တရားတို့သည်
ကင်းပြတ်ကုန်၏ဟု
(မိန့်တော်မူ၏)။
သဘောတရားတို့
ဖြစ်ပေါ်လာတိုင်းသော
အခြင်းအရာအားဖြင့်
သတ္တဝါတို့သည်
နာခြင်းသဘောရှိကုန်၏၊
အိုခြင်းသဘော
ရှိကုန်၏၊
ထိုမှတစ်ပါး
သေခြင်းသဘော
ရှိကုန်၏၊
ပုထုဇဉ်တို့သည်
(ထိုသဘောကို)
စက်ဆုပ်ရွံရှာကုန်၏။
ငါသည်လည်း
ဤသို့
(အိုခြင်းစသော)
သဘောရှိသည့်
သတ္တဝါတို့၌ ထို
(အိုခြင်း
စသော)
သဘောကိုစက်ဆုပ်
ရွံရှာငြားအံ့၊
ဤသို့
စက်ဆုပ်ရွံရှာနေသော
ငါ့အား
ထိုစက်ဆုပ်ရွံရှာမှုသည်
မလျော်ကန်ရာ။
ဤသို့နေသော
ထိုငါသည်
ဥပဓိကင်းရာ
တရား (အရဟတ္တဖိုလ်)
ကို သိ၍
အနာကင်းခြင်း၌လည်းကောင်း၊
ပျိုမျစ်ခြင်း၌လည်းကောင်း၊
အသက်ရှင်ခြင်း၌လည်းကောင်း
ဖြစ်ပေါ်လာသည့်
မာန်ယစ်ခြင်း
အလုံးစုံတို့ကို
နှိပ်စက်လွှမ်းမိုးနိုင်၏၊
ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို
ဘေးမရှိသောအားဖြင့်
ရှုမြင်၍
နိဗ္ဗာန်ကို
မြင်သော
ထိုငါ့အား အားထုတ်မှု
ဖြစ်ပေါ်ခဲ့ပြီ။
ငါသည် ယခုအခါ
ကာမဂုဏ်တို့ကို
မှီဝဲရန်
မထိုက်တော့ချေ၊
မြတ်သောအကျင့်သာလျှင်
လဲလျောင်းရာ
ရှိသည်ဖြစ်၍
(သာသနာတော်မှ)
မဆုတ်နစ်တော့အံ့သတည်း။
သတ္တမသုတ်။
------
၈-လိစ္ဆဝိကုမာရကသုတ်
၅၈။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သော
ကျောင်းကြီး၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ၌
မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကိုပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ဆောင်ယူတော်မူပြီးလျှင်
ဝေသာလီပြည်သို့
ဆွမ်းခံဝင်တော်မူ၏၊
ဝေသာလီပြည်၌
ဆွမ်းခံလှည့်လည်တော်မူ၍
ဆွမ်းစားပြီးနောက်
ဆွမ်းစားဇရပ်မှ
ဖဲခွါခဲ့ပြီးလျှင်
မဟာဝုန်တောသို့
ကြွဝင်တော်မူလျက်
သစ်ပင်ရင်းတစ်ခု၌
နေ့သန့်စင်တော်မူ၏။
ထိုအခါ
များစွာသော
လိစ္ဆဝီမင်းသားငယ်တို့သည်
ပြင်ဆင်ပြီး
လေးတို့ကို
စွဲကိုင်ကုန်လျက်
ခွေးအပေါင်းခြံရံကာ
မဟာဝုန်တောကြီးအတွင်း၌
သွားလာလှည့်လည်ကုန်သည်ရှိသော်
သစ်ပင်ရင်းတစ်ခု၌
ထိုင်နေတော်မူသော
မြတ်စွာဘုရားကို
မြင်၍ ပြင်ဆင်ပြီး
လေးတို့ကို
ချထားပြီးလျှင်
ခွေးအပေါင်းကိုသင့်တော်ရာသို့
မောင်းနှင်လွှတ်လိုက်ပြီးနောက်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ရှိခိုး၍
ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြစ်ကုန်လျက်
လက်အုပ်ချီကာ
မြတ်စွာဘုရားကို
ဆည်းကပ်ခစားကြကုန်၏။
ထိုအခါ
မဟာနာမ်လိစ္ဆဝီမင်းသည်
မဟာဝုန်တောကြီးအတွင်း၌
အညောင်းပြေ
ထိုမှဤမှ
သွားလာသည်ရှိသော်
ဆိတ်ဆိတ်ငြိမ်ငြိမ်
ဖြစ်ကုန်လျက်
လက်အုပ်ချီကာ
မြတ်စွာဘုရားကို
ဆည်းကပ်ခစားကုန်သော
ထိုလိစ္ဆဝီမင်းသားငယ်တို့ကို
မြင်၍
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်
ရှိခိုးကာ
တစ်ခုသောနေရာ၌
ထိုင်နေလျက်
''ဝဇ္ဇီမင်းတို့သည်
ကြီးပွါးကြကုန်လတ္တံ့၊
ဝဇ္ဇီမင်းတို့သည်
ကြီးပွါးကြကုန်
လတ္တံ့''ဟု
ဥဒါန်းကျူးရင့်လေ၏။
မဟာနာမ်
''ဝဇ္ဇီမင်းတို့သည်
ကြီးပွါးကြကုန်လတ္တံ့၊
ဝဇ္ဇီမင်းတို့သည်
ကြီးပွါးကြကုန်လတ္တံ့''ဟုသင်
အဘယ်ကြောင့်
ဤသို့ ဆိုသနည်းဟု
မေးတော်မူ၏။
အသျှင်ဘုရား
ဤလိစ္ဆဝီမင်းသားငယ်တို့သည်
ခက်ထန်ကုန်၏၊
ကြမ်းတမ်းကုန်၏၊
မာနထန်ကုန်၏၊
အမျိုးတို့၌
လက်ဆောင်ပေးအပ်သော
ကြံတို့ကိုလည်းကောင်း၊
ဆီးသီးတို့ကိုလည်းကောင်း၊
မုန့်တို့ကိုလည်းကောင်း၊
ကတွတ်မုန့်တို့ကိုလည်းကောင်း၊
နှမ်းပျစ်တို့ကိုလည်းကောင်း
လုယက်
လုယက်၍စားသောက်ကြကုန်၏၊
အမျိုးသမီးကြီးတို့၏လည်းကောင်း၊
အမျိုးသမီးငယ်တို့၏လည်းကောင်း
နောက်မှလိုက်၍
(ကျောက်ကုန်းကို
ခြေဖြင့်) ကန်ကျောက်ကြကုန်၏၊
ယခုအခါ၌
ထိုမင်းသားငယ်တို့သည်
ဆိတ်ဆိတ်ငြိမ်ငြိမ်
ဖြစ်ကြကုန်လျက်
မြတ်စွာဘုရားကို
လက်အုပ်ချီကာ
ဆည်းကပ်ခစားကြကုန်၏၊
(ထိုကြောင့်ပါ
တည်းဟု လျှောက်၏)။
မဟာနာမ်
ရေမြေကို
အစိုးရ၍
ဦးထိပ်၌
အဘိသိက်သွန်းအပ်သော
မင်းအားဖြစ်စေ
အဖက ပေးသည့်မြို့ကို
စားရသော မြို့စားအားဖြစ်စေ
စစ်တပ်ဦးစီး
စစ်သူကြီးအားဖြစ်စေ
ရွာသူကြီးအားဖြစ်စေ
(အစည်းအရုံး
အသင်းအပင်းတို့က
မြှောက်တင်ထားသည့်)
အသင်းလူကြီးအားဖြစ်စေ
အမျိုးတို့၌
အသီးသီးအစိုးရသူတို့အားဖြစ်စေ
တရားငါးမျိုးရှိသည့်
မည်သည့်အမျိုးကောင်းသားအားမဆို
ကြီးပွါးတိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ်ပျက်စီးခြင်းကို
မမျှော်လင့်အပ်။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
မဟာနာမ်
ဤလောက၌
အမျိုးကောင်းသားသည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်ဥစ္စာတို့ဖြင့်
မိဘတို့ကို
အရိုအသေပြု၏၊
အလေးအမြတ်ပြု၏၊
မြတ်နိုး၏၊
ပူဇော်၏၊
အရိုအသေပြုခံရကုန်
အလေးအမြတ်ပြုခံရကုန်
မြတ်နိုးခံရကုန်
ပူဇော်ခံရကုန်သော
မိဘတို့သည်
ထိုအမျိုးကောင်းသားကို
''ကြာမြင့်စွာ
အသက်ရှင်ပါစေ၊
ရှည်မြင့်စွာ
အသက်ကိုစောင့်ရှောက်နိုင်ပါစေ''ဟု့စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊
မဟာနာမ်
မိဘတို့စောင့်ရှောက်ခံရသော
အမျိုးကောင်းသားအား
ကြီးပွါးတိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ် ပျက်စီးခြင်းကို
မမျှော်လင့်အပ်။
မဟာနာမ်
နောက်တစ်မျိုးကား
အမျိုးကောင်းသားသည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျ
ဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်ဥစ္စာတို့ဖြင့်
သား မယား
ကျေးကျွန်
အမှုလုပ်ယောက်ျားတို့ကို
အရိုအသေပြု၏၊
အလေးအမြတ်ပြု၏၊
မြတ်နိုး၏၊
ပူဇော်၏၊
အရိုအသေပြုခံရကုန်
အလေးအမြတ်ပြုခံရကုန်မြတ်နိုးခံရကုန်
ပူဇော်ခံရကုန်သော
သား မယား ကျေး
ကျွန်
အမှုလုပ်ယောက်ျားတို့သည်ထိုအမျိုးကောင်းသားကို
''ကြာမြင့်စွာ
အသက်ရှင်ပါစေ၊
ရှည်မြင့်စွာ
အသက်ကိုစောင့်ရှောက်နိုင်ပါစေ''ဟု
စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကုန်၏၊
မဟာနာမ် သား
မယားကျေးကျွန်
အမှုလုပ်ယောက်ျားတို့စောင့်ရှောက်ခံရသော
အမျိုးကောင်းသားအားကြီးပွါးတိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ်ပျက်စီးခြင်းကိုမမျှော်လင့်အပ်။
မဟာနာမ်
နောက်တစ်မျိုးကား
အမျိုးကောင်းသားသည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျ
ဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်ဥစ္စာတို့ဖြင့်
(မိမိ)
လယ်လုပ်ငန်းအနီးရှိ
လယ်ရှင်နှင့်
မြေတိုင်းစာရေးတို့ကို
အရိုအသေပြု၏၊
အလေးအမြတ်ပြု၏၊
မြတ်နိုး၏၊
ပူဇော်၏၊
အရိုအသေပြုခံရကုန်
အလေးအမြတ်ပြုခံရကုန်
မြတ်နိုးခံရကုန်
ပူဇော်ခံရကုန်သော
လယ်လုပ်ငန်းအနီးရှိ
လယ်ရှင်နှင့်
မြေတိုင်းစာရေးတို့သည်ထိုအမျိုး
ကောင်းသားကို
''ကြာမြင့်စွာ
အသက်ရှင်ပါစေ၊
ရှည်မြင့်စွာ
အသက်ကိုစောင့်ရှောက်နိုင်ပါစေ''ဟု
စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊
မဟာနာမ်
လယ်လုပ်ငန်းအနီးရှိလယ်ရှင်နှင့်
မြေတိုင်း
စာရေးတို့စောင့်ရှောက်ခံရသော
အမျိုးကောင်းသားအားကြီးပွါးတိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်
မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ်ပျက်စီးခြင်းကိုမမျှော်လင့်အပ်။
မဟာနာမ်
နောက်တစ်မျိုးကား
အမျိုးကောင်းသားသည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျ
ဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်
ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်ဥစ္စာတို့ဖြင့်
(မိရိုးဖလာ)
ပူဇော်သက္ကာကို
ခံယူကုန်သော
နတ်တို့ကို
အရိုအသေပြု၏၊
အလေးအမြတ်ပြု၏၊
မြတ်နိုး၏၊
ပူဇော်၏၊
အရိုအသေပြုခံရကုန်
အလေးအမြတ်ပြုခံရကုန်မြတ်နိုးခံရကုန်
ပူဇော်
ခံရကုန်သော
(မိရိုးဖလာ)
ပူဇော်သက္ကာကို
ခံယူကုန်သော
နတ်တို့သည်ထိုအမျိုးကောင်းသားကို
''ကြာမြင့်စွာ
အသက်ရှင်ပါစေ၊
ရှည်မြင့်စွာ
အသက်ကိုစောင့်ရှောက်နိုင်ပါစေ''ဟု
စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊
မဟာနာမ်
(မိရိုးဖလာ)
ပူဇော်သက္ကာကို
ခံယူကုန်သော
နတ်တို့စောင့်ရှောက်ခံရ
သော အမျိုးကောင်းသားအားကြီးပွါးတိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ်ပျက်စီးခြင်းကိုမမျှော်လင့်အပ်။
မဟာနာမ်
နောက်တစ်မျိုးကား
အမျိုးကောင်းသားသည်
လက်ရုံးအားကိုး
ဆည်းပူး၍
ချွေးဒီးဒီးကျ
ဖြစ်စေအပ်ကုန်သော
တရားနှင့်လျော်ကုန်သော
တရားသဖြင့်ရအပ်ကုန်သော
ထကြွလုံ့လဖြင့်
ရအပ်ကုန်သော
စည်းစိမ်ဥစ္စာတို့ဖြင့်
သမဏဗြာဟ္မဏတို့ကို
အရိုအသေပြု၏၊
အလေးအမြတ်ပြု၏၊
မြတ်နိုး၏၊
ပူဇော်၏၊
အရိုအသေပြုခံရကုန်
အလေးအမြတ်ပြုခံရကုန်
မြတ်နိုးခံရကုန်
ပူဇော်ခံရကုန်သော
သမဏဗြာဟ္မဏတို့သည်
ထိုအမျိုးကောင်းသားကို
''ကြာမြင့်စွာ
အသက်ရှင်ပါစေ၊
ရှည်မြင့်စွာ
အသက်ကို့စောင့်ရှောက်နိုင်ပါစေ''ဟု
စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊
မဟာနာမ်
သမဏဗြာဟ္မဏတို့စောင့်ရှောက်ခံရသော
အမျိုးကောင်းသားအား
ကြီးပွါးတိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ်ပျက်စီးခြင်းကို
မမျှော်လင့်အပ်။
မဟာနာမ်
ရေမြေကို
အစိုးရ၍
ဦးထိပ်၌
အဘိသိက်သွန်းအပ်သော
မင်းအားဖြစ်စေ
အဖကပေး သည့်မြို့ကိုစားရသော
မြို့စားအားဖြစ်စေ
စစ်တပ်ဦးစီး
စစ်သူကြီးအားဖြစ်စေ
ရွာသူကြီးအားဖြစ်စေ
(အစည်းအရုံး
အသင်းအပင်းတို့က
မြှောက်တင်ထားသည့်)
အသင်းလူကြီးအားဖြစ်စေ
အမျိုးတို့၌
အသီးသီးအစိုးရသူတို့အားဖြစ်စေ
ဤတရားငါးမျိုးရှိသည့်
မည်သည့်အမျိုးကောင်းသားအားမဆို
ကြီးပွါး တိုးတက်ခြင်းကိုသာလျှင်
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏၊
ဆုတ်ယုတ်ပျက်စီးခြင်းကို
မမျှော်လင့်အပ်။
သိကြားလိမ္မာ၍
သီလရှိသူသည်
မိဘတို့၏
ကိစ္စကို
ပြုတတ်၏၊
အခါခပ်သိမ်း
သားမယားတို့၏အစီးအပွါးကို
ဆောင်ရွက်တတ်၏၊
အိမ်အတွင်းနေ
လူအပေါင်း၏
အကျိုးငှါလည်းကောင်း၊
မိမိကိုမှီ၍အသက်မွေးသူတို့၏
အကျိုးငှါလည်းကောင်း
(ဤသို့)
နှစ်ပါးသောသူတို့
အကျိုးငှာ
ကျင့်ဆောင်တတ်၏။
အိမ်၌ နေသော
ပညာရှိပုဂ္ဂိုလ်သည်
ကွယ်လွန်လေပြီးသော
ဆွေမျိုးတို့၏လည်း
ကောင်း၊
ယခုမျက်မှောက်၌
အသက်ရှင်လျက်ရှိကြကုန်သော
ဆွေမျိုးတို့၏လည်း
ကောင်း၊
သမဏဗြာဟ္မဏတို့၏လည်းကောင်း၊
နတ်တို့၏လည်းကောင်း
အကျိုးငှါ
တရားသဖြင့်
နှစ်သက်ခြင်းကိုဖြစ်စေတတ်၏။
ထိုသူသည်
ကောင်းမှုကို
ပြုလုပ်သောကြောင့်
ပူဇော်အပ်
ချီးမွမ်းအပ်သူဖြစ်၏၊
ထိုသူကိုဤလောက၌ပင်
ချီးမွမ်းကြကုန်၏၊
(ထိုသူသည်)
တမလွန်ဘဝဝယ်
နတ်ပြည်၌
မွေ့လျော်ရလေသတည်း။
အဋ္ဌမသုတ်။
------
၉ -
ပဌမ
ဝုဎ္ဍပဗ္ဗဇိတသုတ်
၅၉။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
တောထွက်ရဟန်းကို
ရခဲ၏။
အဘယ်တရားငါး
မျိုးတို့နည်းဟူမူ
-
ရဟန်းတို့
သိမ်မွေ့သော
တောထွက်ရဟန်းကို
ရခဲ၏။
ရဟန်းအသွင်အပြင်နှင့်
ပြည့်စုံသော
တောထွက်ရဟန်းကို
ရခဲ၏။
အကြားအမြင်ဗဟုသုတနှင့်
ပြည့်စုံသော
တောထွက်ရဟန်းကို
ရခဲ၏။
တရားဟောတတ်သော
တောထွက်ရဟန်းကို
ရခဲ၏။
ဝိနည်းဓိုရ်
တောထွက်ရဟန်းကို
ရခဲ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
တောထွက်ရဟန်းကို
ရခဲ၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-
ဒုတိယ
ဝုဎ္ဍပဗ္ဗဇိတသုတ်
၆၀။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
တောထွက်ရဟန်းကို
ရခဲ၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဆိုဆုံးမလွယ်သော
တောထွက်ရဟန်းကို
ရခဲ၏။
ကောင်းသော
အယူကို
ယူတတ်သော
တောထွက်ရဟန်းကို
ရခဲ၏။
ဆုံးမစကားကို
အမြတ်တနိုးခံယူတတ်သော
တောထွက်ရဟန်းကို
ရခဲ၏။
တရားဟောတတ်သော
တောထွက်ရဟန်းကို
ရခဲ၏။
ဝိနည်းဓိုရ်
တောထွက်ရဟန်းကို
ရခဲ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
တောထွက်ရဟန်းကို
ရခဲ၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော
နီဝရဏဝဂ် ပြီး၏။
------
(၇)
၂-သညာဝဂ်
၁-ပဌမ သညာသုတ်
၆၁။
ရဟန်းတို့
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
အကျိုးကြီးကုန်
အာနိသင်ကြီးကုန်
အမြိုက်နိဗ္ဗာန်သို့
သက်ဝင်ကုန်
အမြိုက်နိဗ္ဗာန်လျှင်
အဆုံးရှိကုန်သော
သညာတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မတင့်တယ်ဟူသော
အမှတ်
'အသုဘသညာ'၊
သေခြင်း၌ ဖြစ်သော
အမှတ်
'မရဏသညာ'၊
အပြစ်ဟူ၍ဖြစ်သော
အမှတ်
'အာဒီနဝသညာ'၊
မျိုအပ်သော
အစာအာဟာရ၌
စက်ဆုပ်ရွံရှာဖွယ်ဟူသောအမှတ်'အာဟာရေပဋိကူလသညာ'၊
လောကအားလုံး၌
မွေ့လျော်ဖွယ်
မရှိဟူသောအမှတ်
'သဗ္ဗလောကေအနဘိရတိသညာ'တို့တည်း။
ရဟန်းတို့
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်အကျိုးကြီးကုန်
အာနိသင်ကြီးကုန်
အမြိုက်နိဗ္ဗာန်သို့
သက်ဝင်ကုန်
အမြိုက်နိဗ္ဗာန်လျှင်
အဆုံးရှိကုန်သောသညာတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-
ဒုတိယ
သညာသုတ်
၆၂။
ရဟန်းတို့
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
အကျိုးကြီးကုန်
အာနိသင်ကြီးကုန်
အမြိုက်နိဗ္ဗာန်သို့
သက်ဝင်ကုန်
အမြိုက်နိဗ္ဗာန်လျှင်
အဆုံးရှိကုန်သော
သညာတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အမြဲမရှိဟူသော
အမှတ်
'အနိစ္စသညာ'၊
အစိုးမရ'အတ္တမဟုတ်'ဟူသော
အမှတ်
'အနတ္တသညာ'၊
သေခြင်း၌
ဖြစ်သော
အမှတ်
'မရဏသညာ'၊
မျိုအပ်သော
အစာအာဟာရ၌
စက်ဆုပ်ရွံရှာဖွယ်ဟူသောအမှတ်
'အာဟာရေပဋိကူလသညာ'၊
လောကအားလုံး၌
မွေ့လျော်ဖွယ်မရှိဟူသော
အမှတ်
'သဗ္ဗလောကေအနဘိရတိသညာ'တို့တည်း။
ရဟန်းတို့
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
အကျိုးကြီးကုန်
အာနိသင်ကြီးကုန်အမြိုက်နိဗ္ဗာန်သို့
သက်ဝင်ကုန်
အမြိုက်နိဗ္ဗာန်လျှင်
အဆုံးရှိကုန်သော
သညာတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ပဌမ
ဝဎ္ဍိသုတ်
၆၃။
ရဟန်းတို့
ကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်
ကြီးပွါးသော
အရိယာတပည့်သည်
မြတ်သော
ကြီးပွါးခြင်းဖြင့်
ကြီးပွါး၏၊
ကိုယ်၏
အနှစ်ကိုလည်း
ယူတတ်၏၊
အမြတ်ကိုလည်း
ယူတတ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သဒ္ဓါဖြင့်
ကြီးပွါး၏၊
သီလဖြင့်
ကြီးပွါး၏၊
သုတဖြင့်
ကြီးပွါး၏၊
စာဂဖြင့်
ကြီးပွါး၏၊
ပညာဖြင့်ကြီးပွါး၏။
ရဟန်းတို့
ဤကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်
ကြီးပွါးသော
အရိယာတပည့်သည်
မြတ်သော
ကြီးပွါးခြင်းဖြင့်ကြီးပွါး၏၊
ကိုယ်၏
အနှစ်ကိုလည်း
ယူတတ်၏၊
အမြတ်ကိုလည်း
ယူတတ်၏ဟု
(မိန့်တော်မူ၏)။
သဒ္ဓါဖြင့်လည်းကောင်း၊
သီလဖြင့်လည်းကောင်း၊
ပညာဖြင့့်လည်းကောင်း၊
စာဂ, သုတနှစ်ပါးတို့ဖြင့်လည်းကောင်း
ကြီးပွါးခြင်းသဘောရှိသော
အဆင်ခြင်
ပညာနှင့်
ပြည့်စုံသောထိုသူတော်ကောင်းသည်
ဤဘဝ၌ပင်
မိမိ၏ (သီလ သမာဓိ
စသော)
အနှစ်ကို
ယူလေသတည်း။
တတိယသုတ်။
------
၄-ဒုတိယ
ဝဎ္ဍိသုတ်
၆၄။
ရဟန်းတို့
ကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်
ကြီးပွါးသော
အရိယာတပည့်မသည်
မြတ်သောကြီးပွါးခြင်းဖြင့်
ကြီးပွါး၏၊
ကိုယ်၏
အနှစ်ကိုလည်း
ယူတတ်၏၊
အမြတ်ကိုလည်း
ယူတတ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သဒ္ဓါဖြင့်
ကြီးပွါး၏၊
သီလဖြင့်
ကြီးပွါး၏၊
သုတဖြင့်
ကြီးပွါး၏၊
စာဂဖြင့်
ကြီးပွါး၏၊
ပညာဖြင့်ကြီးပွါး၏။
ရဟန်းတို့
ဤကြီးပွါးခြင်း
ငါးမျိုးတို့ဖြင့်
ကြီးပွါးသော
အရိယာတပည့်မသည်
မြတ်သော
ကြီးပွါးခြင်းဖြင့်
ကြီးပွါး၏၊
ကိုယ်၏ အနှစ်ကိုလည်း
ယူတတ်၏၊
အမြတ်ကိုလည်း
ယူတတ်၏ဟု
(မိန့်တော်မူ၏)။
သဒ္ဓါဖြင့်လည်းကောင်း၊
သီလဖြင့်လည်းကောင်း၊
ပညာဖြင့့်လည်းကောင်း၊
စာဂ, သုတနှစ်ပါးတို့ဖြင့်လည်းကောင်း၊
ကြီးပွါးခြင်းသဘောရှိသော
သီလနှင့်
ပြည့်စုံသော
ထိုဥပါသိကာမသည်ဤဘဝ၌ပင်
မိမိ၏ (သီလ
သမာဓိ စသော)
အနှစ်ကို ယူလေ
သတည်း။
စတုတ္ထသုတ်။
------
၅-သာကစ္ဆသုတ်
၆၅။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့
ဆွေးနွေးထိုက်သူဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
မိမိကလည်း
သီလနှင့်
ပြည့်စုံ၏၊
သီလပြည့်စုံမှုနှင့်
စပ်သောစကားဖြင့်
မေးလာသော
ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
သမာဓိနှင့်
ပြည့်စုံ၏၊
သမာဓိပြည့်စုံမှုနှင့်
စပ်သောစကားဖြင့်
မေးလာသော
ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
ပညာနှင့်
ပြည့်စုံ၏၊
ပညာပြည့်စုံမှုနှင့်
စပ်သောစကားဖြင့်
မေးလာသော ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်ခြင်း
'ဝိမုတ္တိ'နှင့်
ပြည့်စုံ၏၊
(ကိလေသာမှ)
လွတ်မြောက်ခြင်းနှင့်
စပ်သောစကားဖြင့်
မေးလာသော
ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်ခြင်း၌
မြင်စွမ်းနိုင်သော
ဉာဏ်အမြင်
'ဝိမုတ္တိဉာဏဒဿန'
နှင့်ပြည့်စုံ၏၊
(ကိလေသာမှ)
လွတ်မြောက်ခြင်း၌
မြင်စွမ်းနိုင်သော
ဉာဏ်အမြင်ပြည့်စုံမှုနှင့်
စပ်သောစကားဖြင့်
မေးလာသော ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့
ဆွေးနွေးထိုက်သူဖြစ်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-သာဇီဝသုတ်
၆၆။
ရဟန်းတို့ တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းသည် သီတင်းသုံးဖော်တို့
မေးဖြေခြင်းငှါ
ထိုက်သူဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
မိမိကလည်း
သီလနှင့်
ပြည့်စုံ၏၊
သီလပြည့်စုံမှုနှင့်စပ်သောစကားဖြင့်
ပြုစီရင်ထားသော
ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
သမာဓိနှင့်
ပြည့်စုံ၏၊
သမာဓိပြည့်စုံမှုနှင့်
စပ်သောစကားဖြင့်
ပြုစီရင်ထားသောပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
ပညာနှင့်
ပြည့်စုံ၏၊
ပညာပြည့်စုံမှုနှင့်
စပ်သောစကားဖြင့်
ပြုစီရင်ထားသောပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်ခြင်း
'ဝိမုတ္တိ'နှင့်
ပြည့်စုံ၏၊
(ကိလေသာမှ)
လွတ်မြောက်ခြင်းနှင့်
စပ်သောစကားဖြင့်
ပြုစီရင်ထားသော
ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်ခြင်း၌
မြင်စွမ်းနိုင်သော
ဉာဏ်အမြင်
'ဝိမုတ္တိဉာဏဒဿန'
နှင့်ပြည့်စုံ၏၊
ကိလေသာမှ
လွတ်မြောက်ခြင်း၌
မြင်စွမ်းနိုင်သော
ဉာဏ်အမြင်ပြည့်စုံမှုနှင့်
စပ်သော
စကားဖြင့်ပြုစီရင်ထားသော
ပြဿနာကိုလည်း
ဖြေဆိုတတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့
မေးဖြေခြင်းငှါ
ထိုက်သူဖြစ်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ပဌမ
ဣဒ္ဓိပါဒသုတ်
၆၇။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
ဤတရားငါးမျိုးတို့ကို
ပွါးများ၏၊
ဤတရားငါးမျိုးတို့ကို
ကြိမ်ဖန်များစွာ
ပြု၏၊
ထိုသူအား
ယခုဘဝ၌ပင်
အရဟတ္တဖိုလ်ကိုလည်းကောင်း၊
ကိလေသာကြွင်းကျန်သေးလျှင်
အနာဂါမ်အဖြစ်ကိုလည်းကောင်း
ဤအကျိုးနှစ်ပါးတို့တွင်
တစ်ပါးပါးသောအကျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ပြုလိုမှု
'ဆန္ဒ' လျှင်
အကြီးအမှူှူးရှိသော
တည်ကြည်မှု
'သမာဓိ',
ပြုပြင်တတ်သော
အားထုတ်မှု
'ပဓာနသင်္ခါရ'
နှင့်
ပြည့်စုံသော
ဣဒ္ဓိပါဒ်ကို
ပွါးများ၏။
အားထုတ်မှု
'ဝီရိယ' လျှင်
အကြီးအမှူးရှိသော
တည်ကြည်မှု
'သမာဓိ'။ပ။
စိတ်လျှင်
အကြီးအမှူးရှိသော
တည်ကြည်မှု 'သမာဓိ'။ပ။
ပညာ
'ဝီမံသ' လျှင်
အကြီးအမှူးရှိသော
တည်ကြည်မှု
'သမာဓိ',
ပြုပြင်တတ်သော
အားထုတ်မှု'ပဓာနသင်္ခါရ'နှင့်
ပြည့်စုံသော
ဣဒ္ဓိပါဒ်ကို
ပွါးများ၏။
ငါးခုမြောက်ဖြစ်သော
လွန်ကဲသော
လုံ့လကိုသာလျှင်
(ပွါးများ၏)။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို ဤ
တရားငါးမျိုးတို့ကို
ပွါးများ၏၊
ဤတရားငါးမျိုးတို့ကို
ကြိမ်ဖန်များစွာ
ပြု၏၊
ထိုသူအား
ယခုဘဝ၌ပင်
အရဟတ္တဖိုလ်ကို
လည်းကောင်း၊
ကိလေသာ
ကြွင်းကျန်သေးလျှင်
အနာဂါမ်အဖြစ်ကိုလည်းကောင်း
ဤအကျိုး
နှစ်ပါးတို့တွင်
တစ်ပါးပါးသော
အကျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒုတိယ
ဣဒ္ဓိပါဒသုတ်
၆၈။
ရဟန်းတို့
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းသာဖြစ်သော
ငါသည် ငါးမျိုးသော
တရားတို့ကို
ပွါးများခဲ့ပြီ၊
ငါးမျိုးသောတရားတို့ကို
ကြိမ်ဖန်များစွာ
ပြုခဲ့ပြီ၊
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
ဆန္ဒလျှင်
အကြီးအမှူှူးရှိသော
တည်ကြည်မှု
'သမာဓိ',
ပြုပြင်တတ်သော
အားထုတ်မှု
'ပဓာနသင်္ခါရ'နှင့်
ပြည့်စုံသော
ဣဒ္ဓိပါဒ်ကို
ပွါးများခဲ့ပြီ။
ဝီရိယလျှင်
အကြီးအမှူးရှိသော
တည်ကြည်မှု
'သမာဓိ'။ပ။
စိတ်လျှင်
အကြီးအမှူးရှိသော
တည်ကြည်မှု
'သမာဓိ'။ပ။
ပညာလျှင်
အကြီးအမှူးရှိသော
တည်ကြည်မှု 'သမာဓိ',
ပြုပြင်တတ်သော
အားထုတ်မှု'ပဓာနသင်္ခါရ'
နှင့်ပြည့်စုံသော
ဣဒ္ဓိပါဒ်ကို
ပွါးများခဲ့ပြီ။
ငါးခုမြောက်ဖြစ်သော
လွန်ကဲသော
လုံ့လကိုသာလျှင်
(ပွါးများခဲ့ပြီ)။
ရဟန်းတို့
လွန်ကဲသော
လုံ့လလျှင်
ငါးခုမြောက်ဖြစ်သော
ဤတရားတို့ကို
ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ
ပြုခြင်းကြောင့်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုအပ်သောတရားကို
ထူးသောဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုရန်
စိတ်ကို
ညွတ်စေပြီ၊
(ရှေးဘဝအကြောင်းနှင့်
ယခုဘဝအဘိညာဉ်၏အခြေခံ
ဈာန်စသော)
အကြောင်းရှိခဲ့သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်စသည်)သို့
ရောက်၏၊ ''များစွာသော
တန်ခိုးဖန်ဆင်းခြင်းကို
ပြီးစေလို၏''။ပ။
''ဗြဟ္မာ့ပြည်တိုင်အောင်ကိုယ်ကို
စိတ်အလိုအတိုင်း
ဖြစ်စေလို၏''ဟု
ထိုငါသည်
အကယ်၍
အလိုရှိခဲ့မူ
(အခြေခံ)
အကြောင်းရှိခဲ့သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်)သို့
ရောက်ခဲ့ပြီ၊
''အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါတရားမရှိသော
ကိလေသာတို့မှ
လွတ်မြောက်သော'အရဟတ္တဖိုလ်'
စိတ်နှင့်
ကိလေသာတို့မှ
လွတ်မြောက်သော
'အရဟတ္တဖိုလ်'
ပညာကို ယခု
ဘဝ၌ပင်ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
သိ၍ မျက်မှောက်ပြုလျက်
ရောက်၍
နေလို၏''ဟု
ထိုငါသည် အကယ်၍အလိုရှိခဲ့မူ
ထိုထိုအရာ၌ပင်
သက်သေထိုက်သည့်အဖြစ်
(အာသဝက္ခယဉာဏ်)သို့
ရောက်ခဲ့ပြီဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-နိဗ္ဗိဒါသုတ်
၆၉။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
စင်စစ်ငြီးငွေ့ခြင်းငှါ
စွဲမက်မှု 'ရာဂ'
ကင်းခြင်းငှါ
ချုပ်ခြင်းငှါ
(ကိလေသာ) ငြိမ်းခြင်းငှါ
ထူးသောဉာဏ်ဖြင့်သိခြင်းငှါ
သစ္စာလေးပါးတရားကို
သိခြင်းငှါ
နိဗ္ဗာန်အကျိုးငှါ
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ခန္ဓာကိုယ်၌
မတင့်တယ်ဟု
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
မျိုအပ်သောအစာ
'အာဟာရ'၌
စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိ၏။
လောကအားလုံး၌
မွေ့လျော်ဖွယ်မရှိဟု
အမှတ်ရှိ၏။
အလုံးစုံသော
သင်္ခါရတရားတို့၌
မမြဲဟု ရှုလေ့ရှိ၏။
သေခြင်း၌
ဖြစ်သော
အမှတ်
'မရဏသညာ'သည်
ထိုရဟန်း၏
အတွင်းသန္တာန်၌
ကောင်းစွာ
တည်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
စင်စစ့်ငြီးငွေ့ခြင်းငှါ
စွဲမက်မှု
'ရာဂ' ကင်းခြင်းငှါ
ချုပ်ခြင်းငှါ
(ကိလေသာ)
ငြိမ်းခြင်းငှါ
ထူးသော
ဉာဏ်ဖြင့်သိခြင်းငှါ
သစ္စာ
လေးပါးကို
သိခြင်းငှါ
နိဗ္ဗာန်အကျိုးငှါ
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-အာသဝက္ခယသုတ်
၇၀။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်အာသဝေါတရားတို့၏ကုန်ခြင်းငှါ
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကိုယ်ခန္ဓာ၌
မတင့်မတယ်ဟု
ရှုလေ့ရှိသည်ဖြစ်၍်
နေ၏။
မျိုအပ်သော
အစာ 'အာဟာရ'၌
စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိ၏။
လောကအားလုံး၌
မွေ့လျော်ဖွယ်မရှိဟု
အမှတ်ရှိ၏။
အလုံးစုံသော
သင်္ခါရတရားတို့၌
မမြဲဟု ရှုလေ့ရှိ၏။
သေခြင်း၌
ဖြစ်သော
အမှတ်
'မရဏသညာ'သည်
ထိုရဟန်း၏
အတွင်းသန္တာန်၌
ကောင်းစွာ
တည်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
အာသဝေါတရားတို့၏ကုန်ခြင်းငှါ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက်
သညာဝဂ်
ပြီး၏။
------
(ဂ)
၃-ယောဓာဇီဝဝဂ်
၁-ပဌမစေတောဝိမုတ္တိဖလသုတ်
၇၁။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော
အကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော
အာနိသင်လည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသော
အကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသောအာနိသင်လည်း
ရှိကုန်၏။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကိုယ်ခန္ဓာ၌
်
မတင့်မတယ်ဟု
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
မျိုအပ်သော
အစာ 'အာဟာရ'၌
စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိ၏။
လောကအားလုံး၌
မွေ့လျော်ဖွယ်မရှိဟု
အမှတ်ရှိ၏။
အလုံးစုံသော
သင်္ခါရတို့၌
မမြဲဟု
ရှုလေ့ရှိ၏။
သေခြင်း၌
ဖြစ်သော
အမှတ်
'မရဏသညာ'သည်
ထိုရဟန်း၏
အတွင်းသန္တာန်၌
ကောင်းစွာ
တည်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော
အကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော အာနိသင်လည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသော
အကျိုးလည်းရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသော
အာနိသင်လည်း
ရှိကုန်၏။
ရဟန်းတို့
အကြင်အခါ၌
ရဟန်းသည်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်လည်း
ရှိ၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာလည်း
ရှိ၏၊ ရဟန်းတို့
(ထိုအခါ၌ )
ဤရဟန်းကို
''တံခါးကျည်ကိုပယ်ချပြီးသူ''ဟူ၍လည်းကောင်း၊
''ကျုံးကို
ဖျက်ဆီးပြီးသူ''ဟူ၍လည်းကောင်း၊
''တံခါးတိုင်ကို
နုတ်ပြီးသူ''ဟူ၍လည်းကောင်း၊
''တံခါးရွက်ကို
ဖွင့်ပြီးသူ''ဟူ၍လည်းကောင်း၊
''အလံကို ချပြီးသော၊
ဝန်ကို့ချပြီးသော၊
(ဝဋ်ဆင်းရဲနှင့်)
မစပ်ယှဉ်သော
မြတ်သောသူ''ဟူ၍လည်းကောင်း
ဆိုအပ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
တံခါးကျည်ကို
ပယ်ချပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မသိမှု 'အဝိဇ္ဇာ'
ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကိုဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
တံခါးကျည်ကို
ပယ်ချပြီးသူ
ဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
ကျုံးကို
ဖျက်ဆီးပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
တစ်ဖန်ဘဝသစ်ကို
ဖြစ်စေတတ်သည့်
ဇာတိသံသရာ
(ပုညာဘိသင်္ခါရ)
ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်
မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့ဤသို့လျှင်
ရဟန်းသည်
ကျုံးကို
ဖျက်ဆီးပြီးသူ
ဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
တံခါးတိုင်ကို
နုတ်ပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
တပ်မက်ခြင်း
'တဏှာ'ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
တံခါးတိုင်ကို
နုတ်ပြီးသူ
ဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
တံခါးရွက်ကို
ဖွင့်ပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အောက်ပိုင်း
သံယောဇဉ်ငါးမျိုးတို့ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို
ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
တံခါးရွက်ကို
ဖွင့်ပြီးသူဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အလံကိုချပြီးသော၊
ဝန်ကိုချ
ပြီးသော၊
(ဝဋ်ဆင်းရဲနှင့်)
မစပ်ယှဉ်သော
မြတ်သောသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ငါတကားဟု
ထောင်လွှားခြင်း
'အသ္မိမာန'ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို
ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကိုပြုပြီးဖြစ်၏၊
နောင်အခါ၌ ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့ ဤသို့လျှင်
ရဟန်းသည်
အလံကိုချပြီးသော၊
ဝန်ကိုချပြီးသော၊
(ဝဋ်ဆင်းရဲနှင့်)
မစပ်ယှဉ်သော
မြတ်သောသူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒုတိယစေတောဝိမုတ္တိဖလသုတ်
၇၂။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော အကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော
အာနိသင်လည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသော အကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသော
အာနိသင်လည်း
ရှိကုန်၏။
အဘယ်တရား
ငါးမျိုးတို့နည်းဟူမူ
-
အမြဲမရှိဟူသော
အမှတ် 'အနိစ္စသညာ'။
အမြဲမရှိခြင်း၌
ဆင်းရဲ၏ဟူသော
အမှတ် 'ဒုက္ခသညာ'။
ဆင်းရဲခြင်း၌
အလိုသို့မလိုက်ဟူသော
အမှတ်
'အနတ္တသညာ'။
ပယ်စွန့်အပ်၏ဟူသော
အမှတ်
'ပဟာနသညာ'။
စွဲမက်ခြင်းကင်း၏ဟူသော
အမှတ်
'ဝိရာဂသညာ' တို့တည်း။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်
ကြိမ်ဖန်များစွာ
ပြုအပ်ကုန်သည်ရှိသော်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော
အကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်ဟူသော
အာနိသင်လည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသောအကျိုးလည်း
ရှိကုန်၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာဟူသော
အာနိသင်လည်း
ရှိကုန်၏။
ရဟန်းတို့
အကြင်အခါ၌
ရဟန်းသည်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်လည်း
ရှိ၏၊
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာလည်း
ရှိ၏။
ရဟန်းတို့
(ထိုအခါ၌ )
ဤရဟန်းကို
''တံခါးကျည်ကို
ပယ်ချပြီးသူ''ဟူ၍လည်ကောင်း၊
''ကျုံးကိုဖျက်ဆီးပြီးသူ''ဟူ၍လည်းကောင်း၊
''တံခါးတိုင်ကို
နုတ်ပြီးသူ''ဟူ၍လည်းကောင်း၊
''တံခါးရွက်ကိုဖွင့်ပြီးသူ''ဟူ၍လည်းကောင်း၊
''အလံကို
ချပြီးသော၊
ဝန်ကို
ချပြီးသော၊
(ဝဋ်ဆင်းရဲနှင့်)
မစပ်ယှဉ်သောမြတ်သော
သူ''ဟူ၍လည်းကောင်း
ဆိုအပ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
တံခါးကျည်ကို
ပယ်ချပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မသိမှု 'အဝိဇ္ဇာ'
ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို
ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည် တံခါးကျည်ကို
ပယ်ချပြီးသူ
ဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
ကျုံးကို
ဖျက်ဆီးပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
တစ်ဖန်ဘဝသစ်ကို
ဖြစ်စေတတ်သည့်
ဇာတိသံသရာ
(ပုညာဘိသင်္ခါရ)
ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို
ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်
မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
ကျုံးကို
ဖျက်ဆီးပြီးသူ
ဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
တံခါးတိုင်ကို
နုတ်ပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
တပ်မက်ခြင်း
'တဏှာ' ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကိုဖြတ်ပြီး
ဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
တံခါးတိုင်ကို
နုတ်ပြီးသူဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
တံခါးရွက်ကို
ဖွင့်ပြီးသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အောက်ပိုင်း
သံယောဇဉ်ငါးမျိုးတို့ကို
ပယ်ပြီးဖြစ်၏၊
အမြစ်ကို
ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကို
ပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
တံခါးရွက်ကို
ဖွင့်ပြီးသူဖြစ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အလံကို
ချပြီးသော၊
ဝန်ကိုချပြီးသော၊
(ဝဋ်ဆင်းရဲနှင့်)
မစပ်ယှဉ်သော
မြတ်သောသူ
ဖြစ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ငါတကားဟု
ထောင်လွှားခြင်း
'အသ္မိမာန'
ကို ပယ်ပြီးဖြစ်၏၊
အမြစ်ကို
ဖြတ်ပြီးဖြစ်၏၊
နုတ်ပြီးသော
ထန်းပင်ရာကဲ့သို့
ပြုပြီးဖြစ်၏၊
အသစ်မဖြစ်ခြင်းကိုပြုပြီးဖြစ်၏၊
နောင်အခါ၌
ဖြစ်ခြင်းသဘော
မရှိတော့ပြီ။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အလံကိုချပြီးသော၊
ဝန်ကိုချပြီးသော၊
(ဝဋ်ဆင်းရဲနှင့်)
မစပ်ယှဉ်သော
မြတ်သောသူ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ပဌမ
ဓမ္မဝိဟာရီသုတ်
၇၃။
ထိုအခါ ရဟန်းတစ်ပါးသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌ ထိုင်လျက်
မြတ်စွာဘုရားအား
-
''အသျှင်ဘုရား
တရားနှင့်နေလေ့ရှိသူ
တရားနှင့်နေလေ့ရှိသူဟု
ဆိုပါ၏၊
အသျှင်ဘုရား
အဘယ်မျှလောက်ဖြင့်
ရဟန်းသည်
တရားနှင့်နေလေ့ရှိသူ
ဖြစ်ပါသနည်း''ဟု
လျှောက်၏။
ရဟန်း
ဤသာသနာတော်၌
ရဟန်းသည်
သုတ် ဂေယျ
ဝေယျာကရဏ ဂါထာ
ဥဒါန်း
ဣတိဝုတ်
ဇာတ်အဗ္ဘုတဓမ္မ
ဝေဒလ္လဟူသော
တရားကို
သင်ယူ၏၊
ထိုရဟန်းသည်
ထိုတရားတော်ကို
သင်ယူခြင်းဖြင့်နေ့ကိုကုန်လွန်စေ၏၊
တစ်ယောက်တည်း
ကိန်းအောင်းမှုကို
စွန့်လွှတ်၏၊
မိမိ၏
အတွင်းသန္တာန်၌
စိတ်၏
(ကိလေသာမှ)
ငြိမ်းမှုကို
မကြိုးစား။
ရဟန်း
ဤရဟန်းကို
သင်ကြားမှု
'ပရိယတ္တိ'
များသူဟုသာ
ဆိုအပ်၏၊
တရားနှင့်နေလေ့ရှိသူဟူ၍
ကားမဆိုအပ်။
ရဟန်း
နောက်
တစ်မျိုးကား
ရဟန်းသည်
ကြားနာအပ်
သင်ယူအပ်ပြီးတိုင်းသော
တရားကိုအကျယ်အားဖြင့်
သူတစ်ပါးတို့အား
ဟော၏၊
ထိုရဟန်းသည်
ထိုတရားကို
သူတစ်ပါးတို့အား
သိစေခြင်းဖြင့်
နေ့ကိုကုန်လွန်စေ၏၊
တစ်ယောက်တည်း
ကိန်းအောင်းမှုကို
စွန့်လွှတ်၏၊
မိမိ၏
အတွင်းသန္တာန်၌
စိတ်၏
(ကိလေသာမှ)
ငြိမ်းမှုကို
မကြိုးစား။
ရဟန်း
ဤရဟန်းကို
သိစေခြင်း
'ဝိညတ္တိ'များသူဟုသာ
ဆိုအပ်၏။
တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။
ရဟန်း
နောက်
တစ်မျိုးကား
ရဟန်းသည်
ကြားနာအပ်
သင်ယူအပ်ပြီးတိုင်းသော
တရားကိုအကျယ်အားဖြင့်
ရွတ်အံ
(သရဇ္ဈာယ်)
ခြင်းဖြင့်
နေ့ကိုကုန်လွန်စေ၏၊
တစ်ယောက်တည်း
ကိန်းအောင်းမှုကို
စွန့်လွှတ်၏၊
မိမိ၏ အတွင်းသန္တာန်၌
စိတ်၏
(ကိလေသာမှ)
ငြိမ်းမှုကို
မကြိုးစား။
ရဟန်း
ဤရဟန်းကို
ရွတ်အံ
'သရဇ္ဈာယ်'
ခြင်းများသူဟုသာ
ဆိုအပ်၏၊
တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။
ရဟန်း
နောက်တစ်မျိုးကား
ရဟန်းသည်
ကြားနာအပ်
သင်ယူအပ်ပြီးတိုင်းသော
တရားကို စိတ်ဖြင့်ကြံ၏၊
သုံးသပ်၏၊
စိတ်ဖြင့်
အဖန်ဖန်ရှု၏၊
ထိုရဟန်းသည်
ထိုတရားကို
ကြံစည်ခြင်း
'ဝိတက်'တို့ဖြင့်နေ့ကိုကုန်လွန်စေ၏၊
တစ်ယောက်တည်း
ကိန်းအောင်းမှုကို
စွန့်လွှတ်၏၊
မိမိ၏
အတွင်းသန္တာန်၌
စိတ်၏
(ကိလေသာမှ)
ငြိမ်းမှုကို
မကြိုးစား။
ရဟန်း
ဤရဟန်းကို
ကြံစည်ခြင်း
'ဝိတက်'များသူဟုသာ
ဆိုအပ်၏။
တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။
ရဟန်း
ဤသာသနာတော်၌
ရဟန်းသည်
သုတ် ဂေယျ ဝေယျာကရဏ
ဂါထာ ဥဒါန်း
ဣတိဝုတ်
ဇာတ်အဗ္ဘုတဓမ္မ
ဝေဒလ္လဟူသော
တရားကို
သင်ယူ၏၊
ထိုရဟန်းသည်
ထိုတရားကို
သင်ယူခြင်းဖြင့်
နေ့ကိုမကုန်လွန်စေ၊
တစ်ယောက်တည်း
ကိန်းအောင်းမှုကို
မစွန့်လွှတ်၊
မိမိအတွင်းသန္တာန်၌
စိတ်၏
(ကိလေသာမှ)
ငြိမ်းမှုကို
ကြိုးစား၏။
ရဟန်း
ဤသို့လျှင်
ရဟန်းသည်
တရားနှင့်နေလေ့ရှိသူ
ဖြစ်၏။
ရဟန်း
ဤသို့လျှင်
ငါသည်
သင်ကြား
'ပရိယတ္တိ'
ခြင်းများသူကို
ဟောပြီးပြီ၊
သူတစ်ပါးတို့အားသိစေခြင်း
များသူကို
ဟောပြီးပြီ၊
ရွတ်အံ
'သရဇ္ဈာယ်'ခြင်းများသူကို
ဟောပြီးပြီ၊
ကြံစည်ခြင်း
'ဝိတက်'များသူကို
ဟောပြီးပြီ၊
တရားနှင့်နေလေ့ရှိသူကို
ဟောပြီးပြီ၊
ရဟန်း အစီးအပွါးကို
ရှာလေ့ရှိ၍
သနားစောင့်ရှောက်တတ်သည့်
ဆရာဖြစ်သော
ငါသည်
တပည့်တို့အား
သနားစောင့်ရှောက်မှုကို
အကြောင်းပြု၍သင်တို့အတွက်
ထိုပြုဖွယ်ကို
ငါပြုပြီးပြီ၊
ရဟန်း
ဤသည်တို့ကား
သစ်ပင်ရင်းတို့တည်း၊
ဤသည်တို့ကား
ဆိတ်ငြိမ်ရာအရပ်တို့ပင်တည်း၊
ရဟန်း ကပ်၍
ရှုကြည့်ကြကုန်လော့၊
မမေ့မလျော့ကြကုန်လင့်၊
့နောက်မှ
(အားမထုတ်လိုက်ရ)ဟု
နောင်တပူပန်ခြင်း
မဖြစ်ကြစေကုန်လင့်၊
ဤသည်ကား သင်တို့အားငါတို့၏
အဆုံးအမပင်တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဒုတိယ
ဓမ္မဝိဟာရီသုတ်
၇၄။
ထိုအခါ
ရဟန်းတစ်ပါးသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌ ထိုင်နေလျက်
မြတ်စွာဘုရားအား
-
''အသျှင်ဘုရား
တရားနှင့်နေလေ့ရှိသူ
တရားနှင့်နေလေ့ရှိသူဟု
ဆိုပါ၏၊
အသျှင်ဘုရား
အဘယ်မျှလောက်
ဖြင့်
ရဟန်းသည်
တရားနှင့်နေလေ့ရှိသူ
ဖြစ်ပါသနည်း''ဟု
လျှောက်၏။
ရဟန်း
ဤသာသနာတော်၌
ရဟန်းသည်
သုတ် ဂေယျ ဝေယျာကရဏ
ဂါထာ ဥဒါန်း
ဣတိဝုတ် ဇာတ်
အဗ္ဘုတဓမ္မ
ဝေဒလ္လဟူသော
တရားကို
သင်ယူ၏၊
ထို့ထက် ပိုလွန်၍ကား
ထိုတရား၏
အနက်ကိုပညာဖြင့်
မသိ။
ရဟန်း
ဤရဟန်းကို
သင်ကြားမှု'ပရိယတ္တိ'
များသူဟူ၍သာ
ဆိုအပ်၏၊
တရားနှင့်
နေလေ့ရှိသူဟူ၍ကား
မဆိုအပ်။
ရဟန်း
နောက်တစ်မျိုးကား
ရဟန်းသည်
ကြားနာအပ်
သင်ယူအပ်ပြီးတိုင်းသော
တရားကိုအကျယ်အားဖြင့်
သူတစ်ပါးတို့အား
ဟောကြား၏၊
ထို့ထက် ပိုလွန်၍ကား
ထိုတရား၏
အနက်ကိုပညာဖြင့်
မသိ။
ရဟန်း
ဤရဟန်းကို
သိစေခြင်း
'ဝိညတိ္တ'
များသူဟူ၍သာ
ဆိုအပ်၏။
တရားနှင့်နေလေ့ရှိသူဟူ၍
ကားမဆိုအပ်။
ရဟန်း
နောက်တစ်မျိုးကား
ရဟန်းသည်
ကြားနာအပ်
သင်ယူအပ်ပြီးတိုင်းသော
တရားကိုအကျယ်အားဖြင့်
ရွတ်အံ
(သရဇ္ဈာယ်)
ခြင်းကို
ပြု၏၊
ထို့ထက် ပိုလွန်၍ကား
ထိုတရား၏
အနက်ကိုပညာ
ဖြင့် မသိ။
ရဟန်း
ဤရဟန်းကို
ရွတ်အံ
'သရဇ္ဈာယ်'
ခြင်းများသူဟူ၍သာ
ဆိုအပ်၏။
တရားနှင့်နေလေ့ရှိသူဟူ၍ကား
မဆိုအပ်။
ရဟန်း
နောက်တစ်မျိုးကား
ရဟန်းသည်
ကြားနာအပ်
သင်ယူအပ်ပြီးတိုင်းသော
တရားကို စိတ်ဖြင့်ကြံစည်၏၊
သုံးသပ်၏၊
စိတ်ဖြင့်
အဖန်ဖန်ရှု၏၊
ထို့ထက်
ပိုလွန်၍ကား
ထိုတရား၏ အနက်ကို
ပညာဖြင့်မသိ။
ရဟန်း
ဤရဟန်းကို
ကြံစည်ခြင်း
'ဝိတက်'များသူဟုသာ
ဆိုအပ်၏၊
တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။
ရဟန်း
ဤသာသနာတော်၌
ရဟန်းသည်
သုတ် ဂေယျ ဝေယျာကရဏ
ဂါထာ ဥဒါန်း
ဣတိဝုတ် ဇာတ်အဗ္ဘုတဓမ္မ
ဝေဒလ္လဟူသော
တရားကို
သင်ယူ၏၊ ထို့ထက်
ပိုလွန်၍လည်း
ထိုတရား၏
အနက်ကိုပညာဖြင့်
သိ၏။ ိံ
ရဟန်း
ဤသို့လျှင်
ရဟန်းသည်
တရားနှင့်နေလေ့ရှိသူ
ဖြစ်၏။
ရဟန်း
ဤသို့လျှင်
ငါသည်
သင်ကြားခြင်းများသူကို
ဟောပြီးပြီ၊
သူတစ်ပါးတို့အား
သိစေခြင်းများသူကို
ဟောပြီးပြီ၊
ရွတ်အံ
'သရဇ္ဈာယ်'
ခြင်းများသူကို
ဟောပြီးပြီ၊
ကြံစည်ခြင်း
'ဝိတက်'
များသူကိုဟောပြီးပြီ၊
တရားနှင့်
နေလေ့ရှိသူကို
ဟောပြီးပြီ။
ရဟန်း
အစီးအပွါးကို
ရှာလေ့ရှိ၍
သနားစောင့်ရှောက်တတ်သည့်
ဆရာဖြစ်သော
ငါသည် တပည့်တို့အား
သနားစောင့်ရှောက်မှုကို
အကြောင်းပြု၍
သင်တို့အတွက်
ထိုပြုဖွယ်ကို
ငါပြုပြီးပြီ၊
ရဟန်း့ဤသည်တို့ကား
သစ်ပင်ရင်းတို့တည်း၊
ဤသည်တို့ကား
ဆိတ်ငြိမ်ရာ
အရပ်တို့ပင်တည်း၊
ရဟန်းကပ်၍
ရှုကြကုန်လော့၊
မမေ့မလျော့ကြကုန်လင့်၊
နောက်မှ
(အားမထုတ်လိုက်ရ)ဟု
နောင်တပူပန်ခြင်းမဖြစ်ကြစေကုန်လင့်၊
ဤသည်ကား
သင်တို့အား ငါတို့၏
အဆုံးအမပင်တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပဌမသုတ်
ယောဓာဇီဝသုတ်
၇၅။
ရဟန်းတို့
သူရဲကောင်းငါးမျိုးတို့သည်
လောက၌
ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤလောက၌
အချို့သော
သူရဲကောင်းသည်
(ဆင်တပ်
မြင်းတပ်
စသည်တို့ကြောင့်တက်လာသော)
မြူမှုန့်ထုကို
မြင်၍
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့သက်ဆင်းရန်
မတတ်နိုင်၊
ရဟန်းတို့
လောက၌
ဤသို့သဘောရှိသော
အချို့သော သူရဲကောင်းသည်လည်း
ရှိ၏၊
ရဟန်းတို့
ဤသည်ကား
လောက၌
ထင်ရှားရှိသော
ပဌမသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
(ဆင်တပ်
မြင်းတပ်စသည်တို့ကြောင့်
တက်လာသော)
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊သို့သော်လည်း
အလံဖျားကို
မြင်ရပါမူကား
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
သက် ဆင်းရန်
မတတ်နိုင်၊
ရဟန်းတို့
လောက၌
ဤသို့သဘောရှိသော
အချို့သောသူရဲကောင်းသည်လည်း
ရှိ၏၊
ရဟန်းတို့
ဤသည်ကား လောက၌
ထင်ရှားရှိသောဒုတိယသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
(ဆင်တပ်
မြင်းတပ်စသည်တို့ကြောင့်
တက်လာသော)
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊သို့သော်လည်း
(ဆင် မြင်း
ရထား
ဗိုလ်ခြေတို့၏)
ကျယ်လောင်မြောက်မြားသော
အသံကို
ကြားရမူကား
ဆုတ်နစ်၏၊ ထိုမှ
ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
သက်ဆင်းရန်
မတတ်နိုင်၊
ရဟန်းတို့
လောက၌
ဤသို့သဘောရှိသော
အချို့သောသူရဲကောင်းသည်လည်း
ရှိ၏၊ ရဟန်းတို့
ဤသည်ကား
လောက၌
ထင်ရှားရှိသော
တတိယသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
(ဆင်တပ်
မြင်းတပ်စသည်တို့ကြောင့်
တက်လာသော)
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
(ဆင် မြင်း
ရထား
ဗိုလ်ခြေတို့၏)
ကျယ်လောင်မြောက်မြားသော
အသံကို
(ကြားရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊သို့သော်လည်းထိုးပစ်ပုတ်ခတ်ခြင်းကြောင့်
ပင်ပန်း၏၊
ပျက်စီးခြင်းသို့
ရောက်၏၊
ရဟန်းတို့
လောက၌
ဤသို့သဘောရှိသော
အချို့သော
သူရဲကောင်း
သည်လည်း ရှိ၏၊
ရဟန်းတို့
ဤသည်ကား လောက၌
ထင်ရှားရှိသော
စတုတ္ထသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
(ဆင်တပ်
မြင်းတပ် စသည်တို့ကြောင့်
တက်လာသော)
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့
ခံနိုင်၏၊ (ဆင်
မြင်း ရထား
ဗိုလ်ခြေတို့၏)
ကျယ်လောင်မြောက်မြားသောအသံကို
(ကြားရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
ထိုးပစ်ပုတ်ခတ်ခြင်းကိုလည်း
ကြံ့ကြံ့ခံနိုင်၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်အရပ်ကို
အောင်မြင်လျက်
အောင်အပ်ပြီးသော
စစ်မြေပြင်ရှိသည်ဖြစ်၍ထိုစစ်မြေဦးကိုပင်လျှင်
စိုးအုပ်၍
နေ၏၊
ရဟန်းတို့ လောက၌
ဤသို့သဘောရှိသော
အချို့သော
သူရဲကောင်းသည်လည်း
ရှိ၏။
ရဟန်းတို့
ဤသည်ကား လောက၌
ထင်ရှားရှိသောပဉ္စမသူရဲကောင်းတည်း။
ရဟန်းတို့
ဤသူရဲကောင်းငါးမျိုးတို့သည်
လောက၌
ထင်ရှားရှိကုန်၏။
ရဟန်းတို့
ဤအတူပင်
သူရဲကောင်းတို့နှင့်
တူကုန်သော
ဤပုဂ္ဂိုလ်ငါးမျိုးတို့သည်
ရဟန်းတို့၌
ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မြူမှုန့်ထုကိုသာလျှင်
မြင်၍
ဆုတ်နစ်၏၊
ထိုမှ ဤမှဆုတ်နစ်၏၊
မရပ်တည်နိုင်၊
မြတ်သောအကျင့်ကို
ဆောက်တည်ခြင်းငှါ
မတတ်နိုင်၊
သိက္ခာအားနည်းမှုကိုထင်စွာပြု၍
သိက္ခာချပြီးလျှင်
လူထွက်၏။
ထိုရဟန်း၏
မြူမှုန့်ထုဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
''ဤမည်သော ရွာ
နိဂုံး၌
မိန်းမကြီးသည်လည်းကောင်း၊
မိန်းမပျိုသည်လည်းကောင်း
အလွန်အဆင်းလှ၏၊
ရှုချင်ဖွယ်ရှိ၏၊
စိတ်ကြည်လင်ဖွယ်
ရှိ၏၊
လွန်ကဲသောအဆင်း
သဏ္ဌာန်နှင့်
ပြည့်စုံ၏''ဟူ၍
(သတင်း)
ကြား၏၊
ထိုရဟန်းသည် ထိုသတင်းကို
ကြား၍ဆုတ်နစ်၏၊
ထိုမှ ဤမှ ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
မြတ်သော
အကျင့်ကို
ဆောက်တည်ခြင်းငှါမတတ်နိုင်၊
သိက္ခာအားနည်းမှုကို
ထင်စွာပြု၍
သိက္ခာချပြီးလျှင်
လူထွက်လေ၏၊
ဤသည်ကား
ထိုရဟန်း၏
မြူမှုန့်ထုပင်တည်း။
ရဟန်းတို့
ထိုသူရဲကောင်းသည်
မြူမှုန့်ထုကို
မြင်၍သာလျှင်
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါ
မတတ်နိုင်သကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏၊
ရဟန်းတို့
ဤသည် ကားရဟန်းတို့၌
ထင်ရှားရှိသော
ပဌမသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်
သေး၏၊
သို့သော်လည်း
အလံဖျားကို
မြင်ရမူကား
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊ မရပ်တည်နိုင်၊
မြတ်သောအကျင့်ကို
ဆောက်တည်ခြင်းငှါ
မတတ်စွမ်းနိုင်၊
သိက္ခာအားနည်းမှုကို
ထင်စွာပြု၍
သိက္ခာချ
ပြီးလျှင်လူထွက်လေ၏။
ထိုရဟန်း၏
အလံဖျားဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
''ဤမည်သောရွာ
ဤမည်သောနိဂုံး၌
မိန်းမကြီးသည်လည်းကောင်း၊
မိန်းမပျိုသည်လည်းကောင်း
အလွန်အဆင်းလှ၏၊
ရှုချင်ဖွယ်ရှိ၏၊
စိတ်ကြည်လင်ဖွယ်ရှိ၏၊
လွန်ကဲသော
အဆင်းသဏ္ဌာန်နှင့်
ပြည့်စုံ၏''ဟူ၍
(သတင်းမူကား)
မကြား၊
စင်စစ်သော်ကား
အလွန်အဆင်းလှ၍
ရှုချင်ဖွယ်လည်းရှိ
စိတ်ကြည်လင်ဖွယ်လည်းရှိသဖြင့်
လွန်ကဲသော
အဆင်းသဏ္ဌာန်နှင့်ပြည့်စုံသော
မိန်းမကြီးကိုလည်းကောင်း၊
မိန်းမပျိုကိုလည်းကောင်း
ကိုယ်တိုင်ပင်
တွေ့မြင်၏။
ထိုရဟန်းသည်
ထိုမိန်းမကို
တွေ့မြင်ရ၍
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
မြတ်သော
အကျင့်ကို
ဆောက်တည်ခြင်းငှါ
မတတ်နိုင်၊
သိက္ခာအားနည်းမှုကို
ထင်စွာပြု၍သိက္ခာချပြီးလျှင်
လူထွက်လေ၏၊
ဤသည်ကား ထိုရဟန်း၏
အလံဖျားပင်တည်း။
ရဟန်းတို့
ထိုသူရဲကောင်းသည်
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
သို့သော်လည်းအလံဖျားကို
မြင်ရမူကား
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့သက်ဆင်းခြင်းငှါ
မစွမ်းနိုင်သကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏၊
ရဟန်းတို့ ဤသည်
ကား့ရဟန်းတို့၌
ထင်ရှားရှိသော
ဒုတိယသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်
တစ်မျိုးကား
ရဟန်းသည် မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
သို့သော်လည်း
ကျယ်လောင်မြောက်မြားသောအသံကို
ကြားရမူကား
ဆုတ်နစ်၏၊
ထိုမှဤမှ
ဆုတ်နစ်၏၊ မရပ်တည်နိုင်၊
မြတ်သောအကျင့်ကို
ဆောက်တည်ခြင်းငှါ
မတတ်နိုင်၊
သိက္ခာအားနည်းမှုကို
ထင်စွာပြု၍
သိက္ခာချပြီးလျှင်
လူထွက်လေ၏။
ထိုရဟန်း၏
ကျယ်လောင်မြောက်မြားသော
အသံဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
တောသို့ဖြစ်စေ
သစ်ပင်ရင်းသို့ဖြစ်စေ
ဆိတ်ငြိမ်ရာသို့ဖြစ်စေ
ကပ်ရောက်နေသော
ရဟန်းသို့
မာတုဂါမသည်
ချဉ်းကပ်လာ၍
ပြုံးလည်း
ပြုံး၏၊
မြှောက်ပင့်၍လည်း
ပြောဆို၏၊
ပြင်းစွာလည်း
ရယ်မော၏၊
ပြောင်လှောင်လည်း
ပြောင်လှောင်၏၊
ထိုရဟန်းသည်
မာတုဂါမကပြုံး
သည်ရှိသော်
မြှောက်ပင့်၍
ပြောဆိုသည်ရှိသော်
ပြင်းစွာ ရယ်သည်ရှိသော်
ပြောင်လှောင်သည်ရှိသော်ဆုတ်
နစ်၏၊ ထိုမှ
ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
မြတ်သော
အကျင့်ကို
ကျင့်ခြင်းငှါ
မတတ်နိုင်၊
သိက္ခာ
အားနည်းမှုကို
ထင်စွာပြု၍ သိက္ခာချပြီးလျှင်
လူထွက်လေ၏၊
ဤသည်ကား ထိုရဟန်း၏ကျယ်လောင်
မြောက်မြားသော
အသံပင်တည်း။
ရဟန်းတို့
ထိုသူရဲကောင်းသည်
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
သို့သော်လည်း
ကျယ်လောင်မြောက်မြားသော
အသံကိုကြားရမူကား
ဆုတ်နစ်၏၊
ထိုမှဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါမတတ်
နိုင်သကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
အချို့သော
ရဟန်းသည်
ဤသာသနာတော်၌
ဤသို့
သဘောရှိ၏၊
ရဟန်းတို့
ဤသည်ကားရဟန်းတို့၌
ထင်ရှားရှိသော
တတိယသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်
တစ်မျိုးကား
ရဟန်းသည်
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
ကျယ်လောင်မြောက်မြားသော
အသံကို
(ကြားရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
သို့သော်လည်း
ထိုးပစ်ပုတ်ခတ်သော်ကား
ပင်ပန်း၏၊
ပျက်စီး၏။
ထိုရဟန်း၏
ထိုးပစ်ပုတ်ခတ်ခြင်းဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
တောသို့ဖြစ်စေ
သစ်ပင်ရင်းသို့ဖြစ်စေ
ဆိတ်ငြိမ်ရာသို့ဖြစ်စေ
ကပ်ရောက်နေသော
ရဟန်းသို့
မာတုဂါမသည် ချဉ်းကပ်လာပြီးလျှင်
အနီး၌ ကပ်၍
ထိုင်၏၊ အနီး၌
ကပ်၍အိပ်၏၊
ဖိစီးလွှမ်းမိုး၏၊
ထိုရဟန်းသည်
မာတုဂါမက
အနီး၌ ကပ်၍
ထိုင်နေသည်ရှိသော်
အနီး၌
ကပ်၍အိပ်နေသည်ရှိသော်
ဖိစီးလွှမ်းမိုးသည်ရှိသော်
သိက္ခာအားနည်းမှုကို
ထင်စွာ
မပြုမူ၍
သိက္ခာမချဘဲမေထုန်အကျင့်ကို
မှီဝဲ၏၊
ဤသည်ကား
ထိုရဟန်း၏
ထိုးပစ်ပုတ်ခတ်ခြင်းပင်တည်း။
ရဟန်းတို့
ထိုသူရဲကောင်းသည်
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
အလံဖျားကို
(မြင်ရ
သော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
ကျယ်လောင်မြောက်မြားသော
အသံကို (ကြားရသော်လည်း)
ကြံ့ကြံ့ခံနိုင်သေး၏၊
သို့သော်လည်း
ထိုးပစ်ပုတ်ခတ်သော်ကား
ပင်ပန်းပျက်စီးသကဲ့သိုု့
ရဟန်းတို့ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ရဟန်းသည်
ဤသို့သဘောရှိ၏၊
ရဟန်းတို့
ဤသည်
ကားရဟန်းတို့၌
ထင်ရှားရှိသော
စတုတ္ထသူရဲကောင်းနှင့်တူသော
ရဟန်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
ကျယ်လောင်မြောက်မြားသော
အသံကို
(ကြားရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
ထိုးပစ်ပုတ်ခတ်ခြင်းကိုလည်း
ကြံ့ကြံ့ခံနိုင်၏၊
ထိုရဟန်းသည်
ထိုစစ်မြေပြင်ကို့အောင်မြင်လျက်
အောင်အပ်ပြီးသော
စစ်မြေပြင်ရှိသည်ဖြစ်၍
ထိုစစ်မြေပြင်ဦးကိုပင်လျှင်
စိုးအုပ်၍
နေ၏။
ထိုရဟန်း၏
အောင်အပ်ပြီးသော
စစ်မြေပြင်ဟူသည်
အဘယ်နည်း။
ရဟန်းတို့
ဤသာသနာတော်၌
တောသို့ဖြစ်စေ
သစ်ပင်ရင်းသို့ဖြစ်စေ
ဆိတ်ငြိမ်ရာသို့ဖြစ်စေ
ကပ်ရောက်နေသော
ရဟန်းသို့
မာတုဂါမသည် ချဉ်းကပ်လာပြီးလျှင်
အနီး၌ ကပ်၍
ထိုင်၏၊ အနီး၌
ကပ်၍အိပ်၏၊
ဖိစီး
လွှမ်းမိုး၏၊
ထိုရဟန်းသည်
မာတုဂါမက
အနီး၌ ကပ်၍
ထိုင်နေသည်ရှိသော်
အနီး၌ ကပ်၍
အိပ်နေသည်ရှိသော်
ဖိစီးလွှမ်းမိုးသည်ရှိသော်
ဖြေ၍
လွှတ်စေလျက်
အလိုရှိရာ အရပ်သို့ဖဲသွား၏။
ထိုရဟန်းသည်
တော သစ်ပင်ရင်း
တောင် ချောက်
တောင်ခေါင်း
သင်းချိုင်း
တောအုပ်လွင်ပြင်
ကောက်ရိုးပုံဟူသော
ဆိတ်ငြိမ်သော
ကျောင်း
(အိပ်ရာနေရာ)
ကို မှီဝဲ၏၊
ထိုရဟန်းသည်တောသို့
ကပ်၍လည်းကောင်း၊
သစ်ပင်ရင်းသို့
ကပ်၍လည်းကောင်း၊
ဆိတ်ငြိမ်ရာသို့ကပ်၍လည်းကောင်းထက်ဝယ်
ဖွဲ့ခွေပြီးလျှင်
ကိုယ်ကို ဖြောင့်မတ်စွာ
ထား၍
(ကမ္မဋ္ဌာန်းသို့)
ရှေးရှု
သတိကို
ဖြစ်စေလျက်ထိုင်၏၊
ထို ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးပါးဟူသော
လောက၌ မက်မောခြင်း
'အဘိဇ္ဈာ' ကို
ပယ်၍မက်မောခြင်း
'အဘိဇ္ဈာ'
ကင်းသော
စိတ်ဖြင့် နေ၏၊
မက်မောခြင်း
'အဘိဇ္ဈာ' မှ
စိတ်ကို
စင်ကြယ်စေ၏၊
ပျက်စီးစေ
လိုသော
ဒေါသကို ပယ်၍
မပျက်စီးစေလိုသော
စိတ်ရှိသည်ဖြစ်၍
ခပ်သိမ်းသော
သတ္တဝါတို့၏အစီး
အပွါးကို
လိုလားလျက် နေ၏၊
ပျက်စီးစေလိုသော
'ဒေါသ' မှ
စိတ်ကို စင်ကြယ်စေ၏၊
လေးလံထိုင်းမှိုင်း
ခြင်း
'ထိနမိဒ္ဓ'
ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ' မှ
ကင်းသည်ဖြစ်၍အောက်မေ့ဆင်ခြင်လျက်
အလင်းရောင်ကို
မှတ်ခြင်းရှိသည်ဖြစ်၍
နေ၏၊ လေးလံထိုင်းမှိုင်းခြင်း
'ထိနမိဒ္ဓ'
မှစိတ်ကို စင်ကြယ်စေ၏၊
ပျံ့လွင့်ခြင်း
'ဥဒ္ဓစ္စ'
နောင်တတစ်ဖန်ပူပန်ခြင်း
'ကုက္ကုစ္စ'
ကို ပယ်၍
မိမိသန္တာန်၌
ငြိမ်းအေးသော
စိတ်ရှိ
သည်ဖြစ်၍
မပျံ့လွင့်သည်ဖြစ်၍
နေ၏၊
ပျံ့လွင့်ခြင်း
'ဥဒ္ဓစ္စ'
နောင်တတစ်ဖန်ပူပန်ရခြင်း
'ကုက္ကုစ္စ'မှ
စိတ်ကို စင်ကြယ်စေ၏၊
ယုံမှားခြင်း
'ဝိစိကိစ္ဆာ'
ကို ပယ်၍ယုံမှားခြင်း
'ဝိစိကိစ္ဆာ'
ကို လွန်မြောက်သည်ဖြစ်၍
ကုသိုလ်တရားတို့၌
သို့လော
သို့လော
မရှိသည်ဖြစ်၍နေ၏၊
ယုံမှားခြင်း
'ဝိစိကိစ္ဆာ'မှ
စိတ်ကို
စင်ကြယ်စေ၏၊
ထိုရဟန်းသည်
စိတ်၏ညစ်ညူးကြောင်းဖြစ်ကုန်သော
ပညာ၏အားနည်းခြင်းကို
ပြုတတ်ကုန်သောဤအပိတ်အပင်
'နီဝရဏ' တရားငါးပါးတို့ကို
ပယ်စွန့်၍
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်၍
သာလျှင်။ပ။ စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့တည်ကြည်သော
စိတ်သည် စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်
ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုခြင်းငှါ
သင့်လျော်လတ်သော်
တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
အာသဝေါတရားတို့ကိုကုန်စေတတ်သော'အာသဝက္ခယ'
ဉာဏ်အလို့ငှါ
စိတ်ကို
ရှေးရှုညွတ်စေ၏။
ထိုရဟန်းသည်
''ဤကား
ဆင်းရဲ''ဟုဟုတ်တိုင်း
မှန်စွာ သိ၏၊
''ဤကား
ဆင်းရဲဖြစ်ပေါ်
ခြင်း၏
အကြောင်း''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
ဆင်းရဲချုပ်ရာ
(နိဗ္ဗာန်)''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
ဆင်းရဲချုပ်ရာ
(နိဗ္ဗာန်)
သို့ရောက်ကြောင်းအကျင့်''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊
''ဤသည်တို့ကား
အာသဝေါတရားတို့''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကား
အာသဝေါတရားတို့
ဖြစ်ပေါ်ခြင်း၏
အကြောင်း''ဟုဟုတ်တိုင်းမှန်စွာသိ၏၊
''ဤကား
အာသဝေါတရားတို့
ချုပ်ရာ
(နိဗ္ဗာန်)''ဟုဟုတ်တိုင်းမှန်စွာ
သိ၏၊ ''ဤကားအာသဝေါတရားတို့
ချုပ်ရာ
(နိဗ္ဗာန်)
သို့
ရောက်ကြောင်းအကျင့်''ဟုဟုတ်တိုင်းမှန်စွာ
သိ၏။
ဤသို့သိသော
ဤသို့မြင်သော
ထို (ရဟန်း) ၏
စိတ်သည်
ကာမာသဝမှလည်း
လွတ်မြောက်၏၊
ဘဝါသဝမှလည်း
လွတ်မြောက်၏၊
အဝိဇ္ဇာသဝမှလည်း
လွတ်မြောက်၏၊
လွတ်မြောက်ပြီးလတ်သော်''လွတ်မြောက်လေပြီ''ဟု
အသိဉာဏ်ဖြစ်ပေါ်၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သော
အကျင့်ကိုကျင့်သုံး
ပြီးပြီ၊
(မဂ်)
ကိစ္စကို ပြုပြီးပြီ၊
ဤ (မဂ်)
ကိစ္စအလို့ငှါ
တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ''ဟု့သိ၏၊
ဤ သည်ကား ထိုရဟန်း၏
အောင်အပ်ပြီး
သော
စစ်မြေပြင်ပင်တည်း။
ရဟန်းတို့
ထိုသူရဲကောင်းသည်
မြူမှုန့်ထုကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
အလံဖျားကို
(မြင်ရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏၊
ကျယ်လောင်မြောက်မြားသော
အသံတို့ကို
(ကြားရသော်လည်း)
ကြံ့ကြံ့ခံနိုင်၏။
ထိုးပစ်ပုတ်ခတ်ခြင်းကိုလည်း
ကြံ့ကြံ့ခံနိုင်သေး၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်အရပ်ကို
အောင်မြင်လျက်
အောင်အပ်ပြီးသော
စစ်မြေပြင်ရှိသည်ဖြစ်၍
ထိုစစ်မြေဦး၌ပင်လျှင်
စိုးအုပ်၍နေ
သကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ရဟန်းသည်
ဤသို့သဘောရှိ၏၊
ရဟန်းတို့
ဤသည် ကားရဟန်းတို့၌
ထင်ရှားရှိသော
ပဉ္စမသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
သူရဲကောင်းနှင့်တူကုန်သော
ဤပုဂ္ဂိုလ်ငါးမျိုးတို့သည်
ရဟန်းတို့၌
ထင်ရှားရှိကုန်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဒုတိယယောဓာဇီဝသုတ်
၇၆။
ရဟန်းတို့
လောက၌
ဤသူရဲကောင်းငါးမျိုးတို့သည်
ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌ အချို့သော
သူရဲကောင်းသည်
သန်လျက်နှင့်ကာကို
စွဲကိုင်လျက်
လေးနှင့်မြားကျည်တောက်ကို
လွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသောထိုသူရဲကောင်းကို
တစ်ဖက်စစ်သည်တို့သည်
သတ်ဖြတ်ကုန်၏၊
သေဆုံးခြင်းသို့
ရောက်စေကုန်၏၊
ရဟန်းတို့
ဤလောက၌ အချို့သော
သူရဲကောင်းသည်
ဤသို့သဘောရှိ၏။
ရဟန်းတို့
ဤသည်ကား
လောက၌
ထင်ရှားရှိသော
ပဌမသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
သန်လျက်နှင့်ကာကိုစွဲကိုင်လျက်
လေးနှင့်မြားကျည်တောက်ကို
လွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသော
ထိုသူရဲကောင်းကို
တစ်ဖက်စစ်သည်တို့သည်
ထိုးပစ်ကုန်၏၊
ထိုသူရဲကောင်းကို
(ကျန်အဖော်စစ်သည်တို့သည်
စစ်မြေပြင်မှ
မိမိတို့
စစ်တပ်ရှိရာသို့)
ယူဆောင်သွားကုန်၏၊
ယူဆောင်ခဲ့ပြီးလျှင်
အဆွေအမျိုးတို့ထံ
ပို့ဆောင်ကြကုန်၏၊
အဆွေအမျိုးတို့
ယူဆောင်အပ်သည်ရှိသော်
ထိုသူရဲကောင်းသည်
ဆွေမျိုးတို့အိမ်
မရောက်မီပင်
လမ်းခရီးအကြား၌
သေဆုံး၏၊
ရဟန်းတို့
ဤလောက၌ အချို့သောသူရဲကောင်းသည်
ဤသို့သဘောရှိ၏။
ရဟန်းတို့
ဤသည်ကား
လောက၌
ထင်ရှားရှိသော
ဒုတိယသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
သန်လျက်နှင့်ကာကိုစွဲကိုင်လျက်
လေးနှင့်မြားကျည်တောက်ကို
လွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသော
ထိုသူရဲကောင်းကို
တစ်ဖက်စစ်သည်တို့သည်
ထိုးပစ်ကုန်၏၊
ထိုသူရဲကောင်းကို
(ကျန်အဖော်စစ်သည်တို့သည်
စစ်မြေပြင်မှ
မိမိတို့
စစ်တပ်ရှိရာသို့)
ယူဆောင်သွားကုန်၏၊
ယူဆောင်ခဲ့ပြီးလျှင်
အဆွေအမျိုးတို့ထံ
ပို့ဆောင်ကြကုန်၏၊
ထိုသူရဲကောင်းကို
အဆွေအမျိုးတို့သည်
လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏၊
ထိုသူရဲကောင်းသည်
အဆွေအမျိုးတို့
လုပ်ကျွေးပြုစုစောင့်ရှောက်စဉ်
ထိုဒဏ်ရာ
(အနာ)
ဖြင့်ပင်လျှင်
သေဆုံး၏။ ရဟန်းတို့
ဤလောက၌
အချို့သော သူရဲကောင်းသည်
ဤသို့သဘော့ရှိ၏။
ရဟန်းတို့ ဤသည်ကား
လောက၌
ထင်ရှားရှိသော
တတိယသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
သန်လျက်နှင့်ကာကိုစွဲကိုင်လျက်
လေးနှင့်မြားကျည်တောက်ကို
လွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသော
ထိုသူရဲကောင်းကို
တစ်ဖက်စစ်သည်တို့သည်
ထိုးပစ်ကုန်၏၊
ထိုသူရဲကောင်းကို
(ကျန်အဖော်စစ်သည်တို့သည်
စစ်မြေပြင်မှ
မိမိတို့
စစ်တပ်ရှိရာသို့)
ယူဆောင်သွားကုန်၏၊
ယူဆောင်ခဲ့ပြီးလျှင်
အဆွေအမျိုးတို့ထံ
ပို့ဆောင်ကြကုန်၏၊
ထိုသူရဲကောင်းကို
အဆွေအမျိုးတို့သည်
လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏၊
ထိုသူရဲကောင်းသည်
အဆွေအမျိုးတို့
လုပ်ကျွေးပြုစုစောင့်ရှောက်အပ်သည်ရှိသော်ထိုဒဏ်ရာ
(အနာ) မှ
ထမြောက်ကျန်းမာလာ၏။
ရဟန်းတို့
ဤလောက၌
အချို့သော
သူရဲကောင်းသည်ဤသို့သဘောရှိ၏။
ရဟန်းတို့
ဤသည်ကား
လောက၌
ထင်ရှားရှိသော
စတုတ္ထသူရဲကောင်းတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
သူရဲကောင်းသည်
သန်လျက်နှင့်ကာကိုစွဲကိုင်လျက်
လေးနှင့်မြားကျည်တောက်ကို
လွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်ကို
အောင်နိုင်၍
အောင်အပ်ပြီးသော
စစ်မြေပြင်ရှိသည်ဖြစ်၍
ထိုစစ်မြေဦးကိုပင်လျှင်
စိုးအုပ်၍
နေ၏။ ရဟန်းတို့
ဤလောက၌
အချို့သောသူရဲကောင်းသည်
ဤသို့သဘော
ရှိ၏။
ရဟန်းတို့
ဤသည်ကား
လောက၌ ထင်ရှားရှိသော
ပဉ္စမသူရဲကောင်းတည်း။
ရဟန်းတို့
ဤသူရဲကောင်းငါးမျိုးတို့သည်
လောက၌
ထင်ရှားရှိကုန်၏။
ရဟန်းတို့
ဤအတူသာလျှင်
သူရဲကောင်းတို့နှင့်တူသော
ဤ
ပုဂ္ဂိုလ်ငါးမျိုးတို့သည်
ရဟန်းတို့၌
ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နှင့်ဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
တစ်ခုခုသော
ရွာကိုဖြစ်စေ
နိဂုံးကိုဖြစ်စေ
အမှီပြု၍
နေ၏၊
ထိုရဟန်းသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူလျက်
ထိုရွာသို့လည်းကောင်း၊
နိဂုံးသို့လည်းကောင်း
ကိုယ်ကို
မစောင့်စည်း
နှုတ်ကို
မစောင့်စည်း
စိတ်ကို
မစောင့်စည်းမူ၍သာလျှင်
သတိမထင်ဘဲ
ဣန္ဒြေတို့ကို
မပိတ်ဆို့မူ၍
ဆွမ်းခံဝင်၏၊
ထိုရဟန်းသည်
ထိုဆွမ်းခံရာ၌
မလုံမခြုံဝတ်ဆင်သော
မာတုဂါမကို
မြင်၏၊
မလုံမခြုံဝတ်ဆင်သော
မာတုဂါမကို
မြင်သောကြောင့်
စွဲမက်ခြင်း
'ရာဂ' သည်
ထိုရဟန်း၏
စိတ်ကို
ဖျက်ဆီး၏၊
ထိုရဟန်းသည်
စွဲမက်ခြင်း
'ရာဂ' ဖျက်ဆီးအပ်သောစိတ်ရှိသည်ဖြစ်၍
သိက္ခာအားနည်းမှုကို
ထင်စွာ
မပြုမူ၍ သိက္ခာမချဘဲ
မေထုန်အကျင့်ကို
မှီဝဲ၏။
ရဟန်းတို့
ထိုသူရဲကောင်းသည်
သန်လျက်နှင့်
ကာကို
စွဲကိုင်လျက်
လေးနှင့်
မြားကျည်တောက်ကိုလွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော
ထိုသူရဲကောင်းကိုတစ်ဖက်စစ်သည်တို့က
သတ်ဖြတ်ကုန်သကဲ့သို့
သေဆုံးခြင်းသို့
ရောက်စေကုန်သကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာ၌
အချို့သော
ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်သည်ရဟန်းတို့၌
ထင်ရှားရှိသော
ပဌမသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်
တစ်မျိုးကား
ရဟန်းသည် တစ်ခုခုသော
ရွာကိုဖြစ်စေ
နိဂုံးကိုဖြစ်စေ
အမှီပြု၍နေ၏၊
ထိုရဟန်းသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူလျက်
ထိုရွာသို့လည်းကောင်း၊
နိဂုံးသို့လည်းကောင်း
ကိုယ်ကို
မစောင့်စည်း
နှုတ်ကို
မစောင့်စည်း
စိတ်ကို
မစောင့်စည်းမူ၍သတိမထင်ဘဲ
ဣန္ဒြေတို့ကို
မပိတ်ဆို့မူ၍
ဆွမ်းခံဝင်၏၊
ထိုရဟန်းသည်
ထိုဆွမ်းခံရာ၌
မလုံမခြုံ ဝတ်ဆင့်သော
မာတုဂါမကို
မြင်၏၊
မလုံမခြုံဝတ်ဆင်သော
မာတုဂါမကို
မြင်သောကြောင့်
စွဲမက်ခြင်း
'ရာဂ'
သည်ထိုရဟန်း၏
စိတ်ကို
ဖျက်ဆီး၏၊
ထိုရဟန်းသည်
စွဲမက်ခြင်း
'ရာဂ'
ဖျက်ဆီးအပ်သော
စိတ်ဖြင့်
ကိုယ်၌ ပူလောင်၏၊
စိတ်၌
ပူလောင်၏၊
ထိုရဟန်းအား
ဤသို့
အကြံဖြစ်၏ -
''အကယ်၍
ငါသည်
ကျောင်းသို့
ပြန်သွားပြီးလျှင်
ရဟန်းတို့အား
'ငါ့သျှင်တို့
အကျွန်ုပ်သည်
စွဲမက်ခြင်း'ရာဂ'
ထကြွသောင်းကျန်းခံရပါ၏၊
စွဲမက်ခြင်း
'ရာဂ'
နှိပ်စက်ခံရပါ၏၊
မြတ်သောအကျင့်ကို
ကျင့်
သုံးဆောက်တည်ခြင်းငှါ
မစွမ်းနိုင်တော့ပါ၊
သိက္ခာအားနည်းသည်၏
အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချ
လျက်လူထွက်ပါအံ့''ဟု
လျှောက်ရမူ
ကောင်းလေရာ၏ဟု
(အကြံဖြစ်၏)။
ထိုရဟန်းသည်
ကျောင်းသို့ပြန်သွားသည်ရှိသော်
ကျောင်းတွင်းသို့
မရောက်ဘဲ
ခရီးအကြား၌ပင်
သိက္ခာအားနည်းသည့်အဖြစ်ကိုထင်စွာပြု၍
သိက္ခာချလျက်
လူထွက်၏။
ရဟန်းတို့
ထိုသူရဲကောင်းသည်
သန်လျက်နှင့်
ကာကို
စွဲကိုင်လျက်
လေးနှင့်
မြားကျည်တောက်ကိုလွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည်
စစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသော
ထိုစစ်သူရဲကောင်းကိုတစ်ဖက်စစ်သည်တို့သည်
ထိုးပစ်ကုန်၏၊
ထိုသူရဲကောင်းကို
(ကျန်အဖော်စစ်သည်တို့သည်
စစ်မြေပြင်မှမိမိတို့
စစ်တပ်ရှိရာသို့)
ယူဆောင်သွားကုန်၏၊
ယူဆောင်ခဲ့ပြီးလျှင်
အဆွေအမျိုးတို့ထံ
ပို့ဆောင်ကုန်၏၊
အဆွေအမျိုးတို့
ယူဆောင်အပ်သည်ရှိသော်
ထိုသူရဲကောင်းသည်
ဆွေမျိုးတို့အိမ်
မရောက်မီပင်
လမ်းခရီးအကြား၌
သေဆုံးလေသကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာ၌
အချို့သော
ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်သည်ရဟန်းတို့၌
ထင်ရှားရှိသော
ဒုတိယသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် တစ်ခုခုသော
ရွာကိုဖြစ်စေ
နိဂုံးကိုဖြစ်စေ
အမှီပြု၍
နေ၏၊
ထိုရဟန်းသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူလျက်
ထိုရွာသို့လည်းကောင်း၊
နိဂုံးသို့လည်းကောင်း
ကိုယ်ကို
မစောင့်စည်း
နှုတ်ကို
မစောင့်စည်း
စိတ်ကို မစောင့်စည်းမူ၍သတိမထင်ဘဲ
ဣန္ဒြေတို့ကို
မပိတ်ဆို့မူ၍
ဆွမ်းခံဝင်၏၊
ထိုရဟန်းသည်
ထိုဆွမ်းခံရာ၌
မလုံမခြုံဝတ်ဆင်သော
မာတုဂါမကို
မြင်၏၊
မလုံမခြုံဝတ်ဆင်သော
မာတုဂါမကို
မြင်သောကြောင့်
စွဲမက်ခြင်း
'ရာဂ'
သည်ထိုရဟန်း၏
စိတ်ကို
ဖျက်ဆီး၏၊
ထိုရဟန်းသည်
စွဲမက်ခြင်း
'ရာဂ'
ဖျက်ဆီးအပ်သော
စိတ်ဖြင့်
ကိုယ်၌
ပူလောင်၏၊
စိတ်၌ ပူလောင်၏၊
ထိုရဟန်းအား
ဤသို့
အကြံဖြစ်၏-
''အကယ်၍
ငါသည်
ကျောင်းသို့
ပြန်သွားပြီးလျှင်
ရဟန်းတို့အား
'ငါ့သျှင်တို့
အကျွန်ုပ်သည်
စွဲမက်ခြင်း'ရာဂ'
ထကြွသောင်းကျန်းခံရပါ၏၊
စွဲမက်ခြင်း
'ရာဂ'
နှိပ်စက်ခံရပါ၏၊
မြတ်သောအကျင့်ကိုကျင့်သုံးဆောက်တည်ခြင်းငှါ
မစွမ်းနိုင်တော့ပါ၊
သိက္ခာပုဒ်၌
အားနည်းသည်၏
အဖြစ်ကို ထင်စွာပြု၍သိက္ခာချလျက်
လူထွက်ပါအံ့''ဟု
လျှောက်ရမူ
ကောင်းလေရာ၏ဟု
(အကြံဖြစ်၏)။
ထိုုရဟန်းသည်ကျောင်းသို့
ပြန်သွား၍
ရဟန်းတို့အား-
''ငါ့သျှင်တို့
အကျွန်ုပ်သည်
စွဲမက်ခြင်း
'ရာဂ' ထကြွ
သောင်းကျန်းခံရပါ၏၊
စွဲမက်ခြင်း
'ရာဂ'
နှိပ်စက်ခံရပါ၏၊
မြတ်သောအကျင့်ကို
ကျင့်သုံးဆောက်တည်ခြင်းငှါ
မစွမ်းနိုင်တော့ပါ၊
သိက္ခာအားနည်းသည်၏
အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချလျက်
လူထွက်ပါတော့အံ့''ဟုလျှောက်၏။
ထိုရဟန်းကို
သီတင်းသုံးဖော်ရဟန်းတို့သည်
သွန်သင်ကုန်၏၊
ဆုံးမကုန်၏-
''ငါ့သျှင်
ကာမဂုဏ်တို့သည်
သာယာဖွယ်နည်းကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏။
ကာမဂုဏ်တို့သည်
အသားမကပ်သော
အရိုးနှင့် တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏။
ကာမဂုဏ်တို့သည်
သားတစ်နှင့်
တူကုန်၏၊ ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏။
ကာမဂုဏ်တို့သည်
မြက်မီးရှူးနှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
မီးကျီးတွင်းနှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အိပ်မက်နှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အငှါးပစ္စည်းနှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အသီးရှိသော
အပင်နှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
စဉ်းတီတုံးနှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
လှံတံကျင်နှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟု
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
မြွေဦးခေါင်းနှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟူ၍
မြတ်စွာဘုရားဟောတော်မူ၏၊
အသျှင်သည်
မြတ်သောအကျင့်
'သာသနာ'၌
မွေ့လျော်ပါလော့၊
အသျှင်သည်
သိက္ခာအားနည်း
သည်၏အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချလျက်
လူမထွက်ပါလင့်''ဟု
(သွန်သင်ကုန်၏၊
ဆုံးမကုန်၏)။
ထိုရဟန်းသည်
သီတင်းသုံးဖော်တို့က
ဤသို့ သွန်သင်အပ်သည်ရှိသော်
ဤသို့
ဆုံးမအပ်သည်ရှိ
သော်ဤသို့
ပြန်ပြော၏-
''ငါ့သျှင်တို့
ကာမဂုဏ်တို့သည်
သာယာဖွယ် နည်းကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟူ၍
မြတ်စွာဘုရား
ဟောထားပါ၏၊
သို့ပင်ဟောထားသော်လည်းအကျွန်ုပ်သည်
မြတ်သောအကျင့်ကို
ဆောက်တည်ကျင့်သုံးခြင်းငှါ
မစွမ်းနိုင်တော့ပါ၊
သိက္ခာအားနည်းသည်၏
အဖြစ်ကို
ထင်စွာပြု၍ သိက္ခာချလျက်
လူထွက်ပါတော့အံ့''ဟု
(ပြန်ပြော၏)။
ထိုရဟန်းသည်
သိက္ခာအားနည်းခြင်းကို
ထင်စွာပြု၍
သိက္ခာချလျက်
လူထွက်၏။
ရဟန်းတို့
ထိုသူရဲကောင်းသည်
သန်လျက်နှင့်
ကာကို
စွဲကိုင်လျက်
လေးနှင့်
မြားကျည်တောက်ကိုလွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်း
သည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသောထိုသူရဲကောင်းကို
တစ်ဖက်
စစ်သည်တို့သည်
ထိုးပစ်ကုန်၏၊
ထိုသူရဲကောင်းကို
(ကျန်အဖော်စစ်သည်တို့သည်
စစ်မြေပြင်မှ
မိမိတို့
စစ်တပ်ရှိရာသို့)
ယူဆောင်သွားကုန်၏၊
ယူဆောင်ခဲ့ပြီးလျှင်
အဆွေအမျိုးတို့ထံ
ပို့ဆောင်ကြကုန်၏၊
ထိုသူရဲကောင်းကို
အဆွေအမျိုးတို့သည်လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏၊
ထိုသူရဲကောင်းသည်
အဆွေအမျိုးတို့လုပ်ကျွေးပြုစုစောင့်ရှောက်စဉ်
ထိုဒဏ်ရာ
(အနာ) ဖြင့်ပင်လျှင်
သေဆုံး၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကိုထိုသူရဲကောင်းနှင့်တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာ၌
အချို့သော
ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်သည်ရဟန်းတို့၌
ထင်ရှားရှိသော
တတိယသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် တစ်ခုခုသော
ရွာကိုဖြစ်စေ
နိဂုံးကိုဖြစ်စေ
အမှီပြု၍
နေ၏၊
ထိုရဟန်းသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍ သပိတ်သင်္ကန်းကို
ယူဆောင်လျက်
ထိုရွာသို့ ဖြစ်စေနိဂုံးသို့ဖြစ်စေ
ကိုယ်ကို
မစောင့်စည်း
နှုတ်ကို
မစောင့်စည်း
စိတ်ကို မစောင့်စည်းမူ၍
သတိ
မထင်ဘဲဣန္ဒြေတို့ကို
မပိတ်မဆို့မူ၍
ဆွမ်းခံဝင်၏၊
ထိုရဟန်းသည်
ထိုဆွမ်းခံရာ၌
မလုံမခြုံဝတ်ဆင်သောမာတုဂါမကို
မြင်၏၊
မလုံမခြုံ
ဝတ်ဆင်သော
မာတုဂါမကို
မြင်သောကြောင့်
စွဲမက်ခြင်း
'ရာဂ'
သည်ထိုရဟန်း၏
စိတ်ကို
ဖျက်ဆီး၏၊ ထိုရဟန်းသည်
စွဲမက်ခြင်း
'ရာဂ'
ဖျက်ဆီးအပ်သော
စိတ်ဖြင့်
ကိုယ်၌
ပူလောင်၏၊
စိတ်၌ ပူလောင်၏၊
ထိုရဟန်းအား
ဤသို့
အကြံဖြစ်၏ -
''အကယ်၍
ငါသည်
ကျောင်းသို့
ပြန်သွားပြီးလျှင်
ရဟန်းတို့အား
'ငါ့သျှင်တို့
အကျွန်ုပ်သည်
စွဲမက်ခြင်း'ရာဂ'
ထကြွသောင်းကျန်းခံရပါ၏၊
စွဲမက်ခြင်း
'ရာဂ'
နှိပ်စက်ခံရပါ၏၊
မြတ်သောအကျင့်ကိုကျင့်သုံးဆောက်တည်ခြင်းငှါ
မစွမ်းနိုင်တော့ပါ၊
သိက္ခာအားနည်းသည်၏
အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချလျက်
လူထွက်ပါအံ့'ဟု
လျှောက်ရမူ
ကောင်းလေရာ၏''ဟု
(အကြံဖြစ်၏)။
ထိုရဟန်းသည်
ကျောင်းသို့
ပြန်သွား၍
ရဟန်းတို့အား-
''ငါ့သျှင်တို့
အကျွန်ုပ်သည်
စွဲမက်ခြင်း'ရာဂ'ထကြွသောင်းကျန်းခံရပါ၏၊
စွဲမက်ခြင်း
'ရာဂ'
နှိပ်စက်ခံရပါ၏၊
မြတ်သောအကျင့်ကို
ကျင့်သုံးဆောက်တည်ခြင်းငှါ
မစွမ်းနိုင်တော့ပါ၊
သိက္ခာအားနည်းသည်၏အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချလျက်
လူထွက်ပါတော့အံ့''ဟု
လျှောက်၏။
ထိုရဟန်းကို
သီတင်းသုံးဖော်ရဟန်းတို့သည်
သွန်သင်ကုန်၏၊
ဆုံးမကုန်၏-
''ငါ့သျှင်
ကာမဂုဏ်တို့သည်
သာယာဖွယ်
နည်းကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှု
များကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟူ၍
မြတ်စွာဘုရားဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အသားမကပ်သော
အရိုးနှင့်
တူကုန်၏၊ ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟူ၍
မြတ်စွာဘုရားဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
သားတစ်နှင့်
တူကုန်၏။ပ။
ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
မြက်မီးရှူးနှင့်
တူကုန်၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
မီးကျီးတွင်းနှင့်
တူကုန်၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အိပ်မက်နှင့်တူကုန်၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အငှါးပစ္စည်းနှင့်
တူကုန်၏ဟူ၍ုမြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
အသီးရှိသော
အပင်နှင့်
တူကုန်၏ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
စဉ်းတီတုံးနှင့်
တူကုန်၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်
လှံတံကျင်နှင့်
တူကုန်၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏၊
ကာမဂုဏ်တို့သည်မြွေဦးခေါင်းနှင့်
တူကုန်၏၊
ဆင်းရဲများကုန်၏၊
ပင်ပန်းမှုများကုန်၏၊
ဤကာမဂုဏ်တို့၌
အပြစ်များလှ၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏၊
ငါ့သျှင်သည်
မြတ်သောအကျင့်
'သာသနာ'၌
မွေ့လျော်ပါလော့၊
ငါ့သျှင်သည်
သိက္ခာအားနည်းသည်၏
အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချလျက်လူမထွက်ပါလင့်''ဟု
(သွန်သင်ကုန်၏၊
ဆုံးမကုန်၏)။
ထိုရဟန်းသည်
သီတင်းသုံးဖော်ရဟန်းတို့က
ဤသို့
သွန်သင်အပ်သည်ရှိသော်
ဤသို့ ဆုံးမအပ်
သည်ရှိသော်
ဤသို့
ပြန်ပြော၏-
''ငါ့သျှင်တို့
အားထုတ်ပါအံ့၊
လုံ့လပြုပါတော့အံ့၊
(မြတ်သောအကျင့်၌
)
မွေ့လျော်ပါတော့အံ့၊
ငါ့သျှင်တို့
ယခုအခါ၌
အကျွန်ုပ်သည်
သိက္ခာပုဒ်၌
အားနည်းသည်၏
အဖြစ်ကို
ထင်စွာပြု၍
သိက္ခာချလျက်
လူမထွက်တော့ပါအံ့''ဟု
(လျှောက်၏)။
ရဟန်းတို့
ထိုသူရဲကောင်းသည်
သန်လျက်နှင့်
ကာကို
စွဲကိုင်လျက်
လေးနှင့်
မြားကျည်တောက်ကိုလွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊
ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်၌
အားထုတ်၏၊
လုံ့လပြု၏၊
အားထုတ်လုံ့လပြုသော
ထိုစစ်သူရဲကောင်းကို့တစ်ဖက်စစ်သည်တို့သည်
ထိုးပစ်ကြကုန်၏၊
ထိုသူရဲကောင်းကို
(ကျန်အဖော်
စစ်သည်တို့သည်
စစ်မြေပြင်မှ
မိမိတို့
စစ်တပ်ရှိရာသို့)
ယူဆောင်သွားကုန်၏၊
ယူဆောင်ခဲ့ကုန်ပြီးလျှင်
ဆွေမျိုးတို့ထံ
ပို့ဆောင်ကုန်၏၊
ထိုသူရဲကောင်းကို
အဆွေအမျိုးတို့သည်
လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏။
ထိုသူရဲကောင်းသည်
အဆွေအမျိုးတို့က
လုပ်ကျွေးစောင့်ရှောက်
အပ်သည်ရှိသော်
ထိုဒဏ်ရာ
(အနာ) မှ
ထမြောက်ကျန်းမာလာ၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်
တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်သည်
ရဟန်းတို့၌
ထင်ရှားရှိသော
စတုတ္ထသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် တစ်ခုခုသော
ရွာကိုဖြစ်စေ
နိဂုံးကိုဖြစ်စေ
အမှီပြု၍
နေ၏၊
ထိုရဟန်းသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူလျက်
ထိုရွာသို့ဖြစ်စေနိဂုံးသို့ဖြစ်စေ
ကိုယ်ကိုစောင့်စည်း
နှုတ်ကိုစောင့်စည်း
စိတ်ကိုစောင့်စည်း၍
သတိထင်လျက်
ဣန္ဒြေတို့ကို
ပိတ်ဆို့၍
ဆွမ်းခံ
ဝင်၏၊ ထိုရဟန်းသည်
မျက်စိဖြင့်
အဆင်း
'ရူပါရုံ' ကို
မြင်သော်
(ယောက်ျားမိန်းမစသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့မရှိ၊
(လက်ခြေစသော
အင်္ဂါ
ပြုံးဟန်ရယ်ဟန်စသော
အမူအရာ)
အမှတ်လက္ခဏာကို
စွဲယူလေ့မရှိ၊
အကယ်၍ စက္ခုန္ဒြေကို
မစောင့်စည်းဘဲနေလျှင်
ယင်း (စက္ခုန္ဒြေကိုမစောင့်စည်းခြင်းဟူသော)
အကြောင်းကြောင့်
မက်မောခြင်း
'အဘိဇ္ဈာ'
နှလုံးမသာခြင်း
'ဒေါမနဿ'ဟူသော
ယုတ်ညံ့သော
အကုသိုလ်တရားတို့သည်
ထို (မစောင့်စည်း)
သူကို
အစဉ်လိုက်၍
နှိပ်စက်ကုန်ရာ၏၊
(ထို့ကြောင့်
ရဟန်းသည်)
ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ
ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်ရှောက်၏၊
စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့
ရောက်၏။
နားဖြင့်
အသံ
'သဒ္ဒါရုံ'
ကို ကြားသော်။
နှာခေါင်းဖြင့်
အနံ့
'ဂန္ဓာရုံ'
ကို နမ်းသော်။
လျှာဖြင့်
အရသာ 'ရသာရုံ'
ကို
လျက်သော်။
ကိုယ်ဖြင့်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
ကို ထိသော်။
စိတ်ဖြင့်
သဘော
'ဓမ္မာရုံ'
ကို သိသော်
(ယောက်ျားမိန်းမစသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့မရှိ၊
(လက်ခြေစသော
အင်္ဂါ
ပြုံးဟန်ရယ်ဟန်စသော
အမူအရာ)
အမှတ်လက္ခဏာကို
စွဲယူလေ့မရှိ၊
အကယ်၍မနိန္ဒြေကို
မစောင့်စည်းဘဲ
နေလျှင် ယင်း
(မနိန္ဒြေကို
မစောင့်စည်းခြင်းဟူသော)
အကြောင်းကြောင့်မက်မောခြင်း
'အဘိဇ္ဈာ' နှလုံးမသာ
ခြင်း
'ဒေါမနဿ'ဟူသော
ယုတ်ညံ့သော
အကုသိုလ်တရားတို့သည်ထို
(မစောင့်စည်း)
သူကို
အစဉ်လိုက်၍
နှိပ်စက်ကုန်ရာ၏၊
ထို့ကြောင့်
ရဟန်းသည်
ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ
ကျင့်၏၊ ထိုမနိန္ဒြေကိုစောင့်ရှောက်၏၊
ထိုမနိန္ဒြေ၌စောင့်စည်းခြင်းသို့
ရောက်၏၊
ထိုရဟန်းသည်
ဆွမ်းစားပြီးနောက်
ဆွမ်းခံရာမှ
ပြန်ခဲ့၍ တော
သစ်ပင်ရင်း
တောင်
ချောက်တောင်ခေါင်း
သင်းချိုင်း
တောအုပ် လွင်ပြင်
ကောက်ရိုးပုံဟူသော
ဆိတ်ငြိမ်ရာကျောင်း
(အိပ်ရာနေရာ)
ကိုမှီဝဲ၏၊
ထိုရဟန်းသည်
တောသို့ဖြစ်စေ
သစ်ပင်ရင်းသို့ဖြစ်စေ
ဆိတ်ငြိမ်သော
ကျောင်းသို့ဖြစ်စေကပ်ရောက်၍
ထက်ဝယ်ဖွဲ့ခွေပြီးလျှင်
ကိုယ်ကို
ဖြောင့်မတ်စွာ
ထား၍
ကမ္မဋ္ဌာန်းသို့
ရှေးရှု သတိကိုဖြစ်စေလျက်
ထိုင်၏။
ထိုရဟန်းသည်
(ဥပါဒါနက္ခန္ဓာငါးပါးဟူသော)
လောက၌
မက်မောခြင်း
'အဘိဇ္ဈာ'ကို
ပယ်၍။ပ။
ထိုရဟန်းသည်
စိတ်၏
ညစ်ညူးကြောင်းဖြစ်ကုန်သော
ပညာကို
အားနည်းအောင်
ပြုတတ်ကုန်သောအပိတ်အပင်
'နီဝရဏ'
ငါးပါးတို့ကို
ပယ်စွန့်
ကာမဂုဏ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ဤသို့
တည်ကြည်သော
စိတ်သည် စင်ကြယ်လတ်သော်
ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော်
ညစ်ညူးခြင်းကင်းလတ်သော်
နူးညံ့လတ်သော်
ပြုခြင်းငှါ
သင့်လျော်လတ်သော့်တည်တံ့လတ်သော်
မတုန်လှုပ်ခြင်းသို့
ရောက်လတ်သော်
အာသဝေါတရားတို့ကိုကုန်စေသော'အာသဝက္ခယ'
ဉာဏ်အလို့ငှါ
စိတ်ကို ရှေးရှုညွတ်စေ၏။
ထိုရဟန်းသည်
''ဤကား ဆင်းရဲ''ဟုဟုတ်တိုင်း
မှန်စွာ
သိ၏။ပ။
''ဤမဂ်ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်မရှိတော့ပြီဟု
သိ၏။
ရဟန်းတို့
ထိုသူရဲကောင်းသည်
သန်လျက်နှင့်
ကာကို
စွဲကိုင်လျက်
လေးနှင့်မြားကျည်တောက်ကိုလွယ်ပြီးလျှင်
(နှစ်ဖက်စစ်သည်တို့)
ယှဉ်ပြိုင်တိုက်ခိုက်ရာ
စစ်မြေပြင်သို့
သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည်
ထိုစစ်မြေပြင်အရပ်ကို
အောင်မြင်လျက်
အောင်မြင်ပြီးသော
စစ်မြေပြင်ရှိသည်ဖြစ်၍ထိုစစ်မြေဦးကိုပင်
စိုးအုပ်လျက်နေသကဲ့သို့
ရဟန်းတို့
ဤပုဂ္ဂိုလ်ကို
ထိုသူရဲကောင်းနှင့်တူ၏ဟူ၍
ငါဆို၏။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ဤသို့သဘောရှိ၏၊
ရဟန်းတို့
ဤပုဂ္ဂိုလ်သည်
ရဟန်းတို့၌
ထင်ရှားရှိသော
ပဉ္စမသူရဲကောင်းနှင့်တူသော
ပုဂ္ဂိုလ်တည်း။
ရဟန်းတို့
ဤသူရဲကောင်းငါးမျိုးတို့နှင့်
တူသော
ပုဂ္ဂိုလ်ငါးမျိုးတို့သည်
ရဟန်းတို့၌
ထင်ရှားရှိကုန်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ပဌမ
အနာဂတဘယသုတ်
၇၇။
ရဟန်းတို့
ဤအနာဂတ်ဘေးငါးမျိုးတို့ကို
ကောင်းစွာမြင်သော
တောနေရဟန်းသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန် မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
တောနေရဟန်းသည်
ဤသို့
ဆင်ခြင်၏-
''ယခုအခါ၌
ငါသည်
တစ်ယောက်တည်း
တော၌ နေ၏၊ တစ်ယောက်တည်း
တော၌ နေသော
ငါ့ကိုမြွေမူလည်း
ကိုက်ရာ၏၊
ကင်းမြီးကောက်မူလည်း
ကိုက်ရာ၏၊
ကင်းခြေများမူလည်း
ကိုက်ရာ၏။
ထိုမြွေကင်းတို့
ကိုက်ခြင်းကြောင့်
ငါ့အား
သေခြင်းသည်
ဖြစ်ရာ၏၊ ထိုမြွေကင်းတို့၏
ကိုက်ခြင်းသည်ငါ့အား
အန္တရာယ်ဖြစ်ရာ၏၊
ယခုအခါ၌
ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်မရသေး
သည့် (ဈာန်
မဂ် ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်လုံ့လကို
အားထုတ်တော့အံ့''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤပဌမ
အနာဂတ်ဘေးကို
ကောင်းစွာ မြင်သော
တောနေရဟန်းသည်
မရောက်သေး
သည့် (ဈာန်
မဂ် ဖိုလ်)
သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက် မပြုရသေး
သည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
တောနေရဟန်းသည်
ဤသို့
ဆင်ခြင်၏-
''ယခုအခါ
ငါသည်
တစ်ယောက်တည်း
တော၌ နေ၏၊
တစ်ယောက်တည်း
တော၌ နေသော ငါ
သည်ချွတ်ချော်၍မူလည်း
ကျရာ၏၊
စားပြီးသော
အစားသည်မူလည်း
ငါ့အား
ဖောက်ပြန်ရာ၏၊
သည်းခြေမူလည်း
ငါ့အား
ပျက်ရာ၏၊
သလိပ်မူလည်း
ငါ့အား ပျက်ရာ၏၊
လေသင်ဓုန်းသည်မူလည်း
ငါ့အားဖြတ်ရာ၏၊
ထို့ကြောင့်
ငါ့အား
သေဆုံးခြင်းသည်
ဖြစ်ရာ၏၊ ထို
(ချွတ်ချော်၍
ကျခြင်း စသည်)
သည်ငါ့အား
အန္တရာယ်ဖြစ်ရာ၏၊
ယခုအခါ၌
ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်မရသေးသည့်
(ဈာန် မဂ် ဖိုလ်)
ကို ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်လုံ့လကို
အားထုတ်တော့အံ့''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤဒုတိယအနာဂတ်ဘေးကို
ကောင်းစွာ
မြင်သော
တောနေရဟန်းသည်
မရောက်သေး
သည့် (ဈာန်
မဂ် ဖိုလ်)
သို့ ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန် မျက်မှောက်
မပြုရသေး
သည့်
(နိဗ္ဗာန်)
ကို မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
တောနေရဟန်းသည်
ဤသို့
ဆင်ခြင်၏-
''ယခုအခါ
ငါသည်
တစ်ယောက်တည်း
တော၌ နေ၏၊
တစ်ယောက်တည်း
တော၌ နေသော
ငါသည်သားရဲတို့နှင့်
တွေ့ကြုံရာ၏၊
ခြင်္သေ့နှင့်သော်လည်းကောင်း၊
ကျားနှင့်သော်လည်းကောင်း၊
သစ်နှင့်သော်လည်းကောင်း၊
ဝံနှင့်သော်လည်းကောင်း၊
အောင်းနှင့်သော်လည်းကောင်း
တွေ့ကြုံရာ၏၊
ထိုသားရဲသတ္တဝါတို့သည်
ငါ့အား သတ်ကုန်ရာ၏၊
ထို့ကြောင့်
ငါသည်
သေဆုံးခြင်းဖြစ်ရာ၏၊
ထိုသားရဲသတ္တဝါဘေးသည်
ငါ့အား အန္တရာယ်ဖြစ်ရာ၏၊
ယခုအခါ၌
ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်)
သို့ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန် မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကိုမျက်မှောက်ပြုရန်
လုံ့လကို
အားထုတ်တော့အံ့''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤတတိယအနာဂတ်ဘေးကို
ကောင်းစွာ မြင်သော
တောနေရဟန်းသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်
မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
တောနေရဟန်းသည်
ဤသို့
ဆင်ခြင်၏-
''ယခုအခါ
ငါသည်
တစ်ယောက်တည်း
တော၌ နေ၏၊
တစ်ယောက်တည်း
တော၌ နေသော
ငါသည်ပြစ်မှုကို
ကျူးလွန်ပြီးသည်လည်း
ဖြစ်ကုန်သော
မကျူးလွန်ရသေးသည်လည်း
ဖြစ်ကုန်သော
လူဆိုးတို့နှင့်တွေ့ဆုံမိရာ၏။
ထိုလူဆိုးတို့သည်
ငါ့ကို
သတ်ကုန်ရာ၏၊
ထို့ကြောင့်
ငါအား
သေဆုံးခြင်း
ဖြစ်ရာ၏၊
ထိုလူဆိုးဘေးသည်
ငါ့အား
အန္တရာယ်ဖြစ်ရာ၏၊
ယခုအခါ၌ ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်)
ကိုရရန် မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကိုမျက်မှောက်ပြုရန်
လုံ့လကိုအား
ထုတ်တော့အံ့''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤစတုတ္ထအနာဂတ်ဘေးကို
ကောင်းစွာ
မြင်သော
တောနေရဟန်းသည်
မရောက်သေး
သည့် (ဈာန်
မဂ် ဖိုလ်)
သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေး
သည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
တောနေရဟန်းသည်
ဤသို့
ဆင်ခြင်၏-
''ယခုအခါ
ငါသည်
တစ်ယောက်တည်း
တော၌ နေ၏၊
ကြမ်းကြုတ်သော
ဘီလူးတို့သည်
တောအရပ်၌
ရှိကုန်၏၊
ထိုဘီလူးတို့သည်
ငါ့ကို
သတ်ကုန်ရာ၏၊ ထိုဘီလူးဘေးကြောင့်
ငါ့အား
သေဆုံးခြင်းဖြစ်ရာ၏၊
ထိုဘီလူးဘေးသည်
ငါ့အား
အန္တရာယ်
ဖြစ်ရာ၏၊
ယခုအခါ၌
ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို မျက်မှောက်ပြုရန်
လုံ့လကို
အားထုတ်တော့အံ့''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤပဉ္စမအနာဂတ်ဘေးကို
ကောင်းစွာ
မြင်သော
တောနေရဟန်းသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်းဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒုတိယ
အနာဂတဘယသုတ်
၇၈။
ရဟန်းတို့
အနာဂတ်ဘေးငါးမျိုးတို့ကို
ကောင်းစွာ
မြင်သော
ရဟန်းသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့် (ဈာန်
မဂ် ဖိုလ်)
ကို ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်
ဖြစ်၍ နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ဤသို့ဆင်ခြင်၏-
''ယခုအခါ
ငါသည်ကား
ပျိုမျစ်နုနယ်ငယ်ရွယ်၍
မည်းနက်သော
ဆံပင်ရှိသေး၏၊
ပဌမအရွယ်ဖြစ်
သောကောင်းသော
အရွယ်နှင့်
ပြည့်စုံသေး၏၊
ဤကိုယ်သို့
အိုခြင်း
'ဇရာ' ထိရောက်သော
အခါသည်ဖြစ်လာလိမ့်ဦးမည်၊
အိုခြင်း
'ဇရာ'
နှိပ်စက်သည်ဖြစ်၍
အိုသူသည်
ဘုရားသျှင်တို့၏
အဆုံးအမတော်ကိုနှလုံးသွင်းရန်
မလွယ်ကူ၊
အစွန်အဖျားကျသော
တောကျောင်းတို့ကို
မှီဝဲရန်
မလွယ်ကူ၊ အလိုမရှိအပ်မနှစ်သက်အပ်
မမြတ်နိုးအပ်သော
ထိုအိုခြင်းသဘောတရားသည်
ငါ့ထံသို့
မရောက်လာမီ
ငါသည်မရောက်သေးသည့်
(ဈာန် မဂ် ဖိုလ်)
သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
ယခုစောစောကပင်
လုံ့လကို
အားထုတ်တော့မည်၊
ငါသည် ယင်း
(ဈာန် မဂ်
ဖိုလ်)
တရားနှင့်
ပြည့်စုံပါမူ
အိုသော်လည်း
ချမ်းသာစွာ နေရပေလိမ့်မည်''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤပဌမအနာဂတ်ဘေးကို
ကောင်းစွာ မြင်သော
ရဟန်းသည်
မရောက်သေးသည့်
(ဈာန် မဂ် ဖိုလ်)
သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကိုမျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်
သောစိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ဤသို့
ဆင်ခြင်၏-
''ယခုအခါ
ငါသည်
အနာကင်း၏၊
ရောဂါကင်း၏၊
မအေးလွန်း
မပူလွန်း
အလယ်အလတ်ဖြစ်၍ကမ္မဋ္ဌာန်းစီးဖြန်းရန်
ခံ့သော၊
အစာကို
အညီအမျှကြေကျက်စေတတ်သည့်
ဝမ်းမီးနှင့်
ပြည့်စုံ၏။ ဤကိုယ်သို့
နာခြင်း
'ဗျာဓိ'
ထိရောက်သော
အခါသည်
ဖြစ်လာလိမ့်ဦးမည်၊
နာခြင်း
'ဗျာဓိ' နှိပ်စက်သည်ဖြစ်၍နာသူသည်
ဘုရားသျှင်တို့၏
အဆုံးအမတော်ကို
နှလုံးသွင်းရန်
မလွယ်ကူ၊
အစွန်အဖျားကျသော
တောကျောင်းတို့ကို
မှီဝဲရန်
မလွယ်ကူ၊
အလိုမရှိအပ်
မနှစ်သက်အပ်
မမြတ်နိုးအပ်သော
ထိုနာခြင်းသဘောသည်
ငါ့ထံသို့
မရောက်လာမီ ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
ယခုစောစောကပင်လုံ့လကို
အားထုတ်တော့မည်၊
ငါသည် ယင်း
(ဈာန် မဂ်
ဖိုလ်)
တရားနှင့်
ပြည့်စုံပါမူ
နာသော်လည်းချမ်းသာစွာ
နေရပေလိမ့်မည်''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤဒုတိယအနာဂတ်ဘေးကို
ကောင်းစွာ မြင်သော
ရဟန်းသည်
မရောက်သေးသည့်
(ဈာန်မဂ် ဖိုလ်)
သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်) သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ဤသို့
ဆင်ခြင်၏-
''ယခုအခါသည်
ဝပြော၏၊
ကောက်စပါး
ကောင်းမွန်၏၊
ဆွမ်းရလွယ်၏၊
သပိတ်လက်စွဲလျက်ဆွမ်းခံခြင်းဖြင့်
မျှတရန်
လွယ်ကူ၏၊
ငတ်မွတ်ခေါင်းပါး
ကောက်စပါးမကောင်း၍
ဆွမ်းရခဲသော
သပိတ့်လက်စွဲလျက်
ဆွမ်းခံခြင်းဖြင့်
မျှတရန်
မလွယ်ကူသည့်
အခါမျိုးသည်
ဖြစ်လာလိမ့်ဦးမည်၊
ငတ်မွတ်ခေါင်းပါးသော
အခါ၌ ကား
လူတို့သည်
ဝပြောရာသို့
ပြောင်းရွှေ့ချဉ်းကပ်ကြကုန်၏၊
ထိုအရပ်၌
အပေါင်းအဖော်တို့နှင့်
နေရ၏၊
ရောပြွမ်း၍
နေရ၏၊
အပေါင်းအဖော်တို့နှင့်
နေရခြင်း
ရောပြွမ်း၍
နေရခြင်းဖြစ်ခဲ့သော်
ဘုရားသျှင်တို့၏
အဆုံးအမတော်ကို
နှလုံးသွင်းရန်
မလွယ်ကူ၊
အစွန်အဖျားကျသော
တောကျောင်းတို့ကို
မှီဝဲရန်
မလွယ်ကူ၊
အလိုမရှိအပ်
မနှစ်သက်အပ်
မမြတ်နိုးအပ်သော
ထို
(ငတ်မွတ်ခေါင်းပါးခြင်း)
သဘောသည်
ငါ့ထံသို့
မရောက်လာမီ ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့ရောက်ရန်
မရသေးသည့် (ဈာန်
မဂ် ဖိုလ်)
ကို ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
ယခုစောစောကပင်
လုံ့လကို
အားထုတ်တော့မည်၊
ငါသည် ယင်း
(ဈာန် မဂ်
ဖိုလ်)
တရားနှင့်ပြည့်စုံပါမူ
ငတ်မွတ်ခေါင်းပါးသော
အခါ၌လည်း ချမ်းသာစွာ
နေရပေလိမ့်မည်''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤတတိယအနာဂတ်ဘေးကို
ကောင်းစွာ
မြင်သော
ရဟန်းသည် မရောက်သေးသည့်
(ဈာန်မဂ်
ဖိုလ်) သို့
ရောက်ရန် မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန် မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ဤသို့
ဆင်ခြင်၏-
''ယခုအခါ၌
လူတို့သည်
ညီညွတ်ကုန်၏၊
ဝမ်းမြောက်ကြကုန်၏၊
ခိုက်ရန်ငြင်းခုံခြင်း
မရှိကြကုန်ဘဲနို့နှင့်
ရေ
ရောနှောသကဲ့သို့
ဖြစ်ကုန်၏၊
အချင်းချင်း
ချစ်ခင်သော
မျက်စိတို့ဖြင့်
ကြည့်၍
နေထိုင်ကုန်၏၊
တောပုန်းဓားပြတို့
ထကြွသောင်းကျန်းသည်ဖြစ်၍
ဇနပုဒ်နေသူတို့သည်
လှည်းရထားယာဉ်တို့ကို
တက်စီးကုန်လျက်
ပြေးလွှားကြရသည့်
ဘေးရန်ဖြစ်သောအခါမျိုးသည်
ဖြစ်လာလိမ့်ဦးမည်၊
ဘေးဖြစ်လာသည်ရှိသော်
လူတို့သည်
အေးချမ်းရာ
အရပ်သို့ ပြောင်းရွှေ့ချဉ်းကပ်ကြကုန်၏၊
ထိုအရပ်၌
အပေါင်းအဖော်တို့နှင့်
နေရ၏၊ ရောပြွမ်း၍
နေရ၏၊
အပေါင်းအဖော်တို့နှင့်
နေရခြင်း
ရောပြွမ်း၍
နေရခြင်းဖြစ်ခဲ့သော်ဘုရားသျှင်တို့၏
အဆုံးအမတော်ကို
နှလုံးသွင်းရန်
မလွယ်ကူ၊
အစွန်အဖျားကျသော
တောကျောင်းတို့ကိုမှီဝဲရန်
မလွယ်ကူ၊
အလိုမရှိအပ်
မနှစ်သက်အပ်
မမြတ်နိုးအပ်သော
ထို
(မြို့ရွာသောင်းကျန်းမှု)
သဘောတရားသည်
ငါ့ထံသို့
မရောက်လာမီ
ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
ယခုစောစောကပင်
လုံ့လကို
အားထုတ်တော့မည်၊
ငါသည် ယင်း
(ဈာန် မဂ်
ဖိုလ်)
တရားနှင့်
ပြည့်စုံသည်ရှိသော်
(သောင်းကျန်းမှု)
ဘေးဖြစ်ပေါ်လာသော်လည်း
ချမ်းသာစွာ
နေရပေလိမ့်မည်''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤစတုတ္ထအနာဂတ်ဘေးကို
ကောင်းစွာ
မြင်သော
ရဟန်းသည်
မရောက်သေးသည့်
(ဈာန်မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ် ဖိုလ်)
ကို ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ဤသို့
ဆင်ခြင်၏-
''ယခုအခါ၌
ကား သံဃာသည်
ညီညွတ်၏၊
ဝမ်းမြောက်ဝမ်းသာရှိသည်ဖြစ်၍
ခိုက်ရန်ငြင်းခုံခြင်းမရှိဘဲပါတိမောက်အတူပြလျက်
ချမ်းသာစွာ
နေ၏၊
သံဃာကွဲပြားသောအခါသည်
ဖြစ်လာလိမ့်ဦးမည်၊
သံဃာကွဲပြားသည်ရှိသော်
ဘုရားသျှင်တို့၏
အဆုံးအမတော်ကို
နှလုံးသွင်းရန်
မလွယ်ကူ၊
အစွန်အဖျားကျသောတောကျောင်းတို့ကို
မှီဝဲရန်
မလွယ်ကူ၊
အလိုမရှိအပ်
မနှစ်သက်အပ်
မမြတ်နိုးအပ်သော
(သံဃာကွဲပြားမှု)
သဘောတရားသည်
ငါ့ထံသို့
မရောက်လာမီ
ငါသည်
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
ယခုစောစောကပင်
လုံ့လကို
အားထုတ်တော့မည်၊
ငါသည် ယင်း (ဈာန်
မဂ်ဖိုလ်)
တရားနှင့်
ပြည့်စုံသည့်ရှိသော်
သံဃာကွဲပြားသော်လည်း
ချမ်းသာစွာ
နေရပေလိမ့်မည်''ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤပဉ္စမအနာဂတ်ဘေးကို
ကောင်းစွာ
မြင်သော
ရဟန်းသည်
မရောက်သေးသည့်
(ဈာန်မဂ် ဖိုလ်)
သို့
ရောက်ရန်
မရသေးသည့် (ဈာန်
မဂ် ဖိုလ်)
ကို ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်း။
ရဟန်းတို့
ဤအနာဂတ်ဘေးငါးမျိုးတို့ကို
ကောင်းစွာမြင်သော
ရဟန်းသည်
မရောက်သေးသည့်
(ဈာန်မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန်
မဂ်ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို မျက်မှောက်ပြုရန်
မမေ့မလျော့
ပြင်းစွာအားထုတ်သော
လုံ့လဖြင့်
(နိဗ္ဗာန်)
သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍
နေခြင်းငှါ
သင့်လျော်သည်သာလျှင်တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-တတိယ
အနာဂတဘယသုတ်
၇၉။
ရဟန်းတို့
ဤအနာဂတ်ဘေးငါးမျိုးတို့သည်
ယခုအခါ
မဖြစ်ပေါ်သေးကုန်၊
နောင်အခါတို့၌
ဖြစ်ပေါ်ကုန်လိမ့်ဦးမည်၊
ထိုဘေးတို့ကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးတို့ကို
ပယ်ရန်
အားထုတ်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
အနာဂတ်ကာလ၌
ရဟန်းတို့သည်
ကိုယ်ကို
မပွါးများသူ၊
သီလကို
မပွါးများသူ၊
စိတ်
'သမာဓိ'ကို
မပွါးများသူ၊
ပညာကို
မပွါးများသူတို့
ဖြစ်ကြလိမ့်မည်။
ထိုရဟန်းတို့သည်
(မိမိတို့က)
ကိုယ်ကို မပွါးများ
သီလကို
မပွါးများ
စိတ်
'သမာဓိ'ကို မပွါးများပညာကို
မပွါးများကြကုန်သည်
ဖြစ်ပါလျက်
သူတစ်ပါးတို့ကို
ဥပဇ္ဈာယ်ပြု၍
ပဉ္စင်းခံပေးလိမ့်ဦးမည်၊
(ဥပဇ္ဈာယ်ပြု၍
ပဉ္စင်းခံပေးသော)
ထိုဆရာတို့သည်လည်း
လွန်မြတ်သောသီလ
လွန်မြတ်သောစိတ်လွန်မြတ်သောပညာ၌
ဆုံးမခြင်းငှါ
စွမ်းနိုင်ကြလိမ့်မည်
မဟုတ်ကုန်၊
(ဤသို့သော ဆရာတို့ထံ
ပဉ္စင်းခံကြကုန်သော)
ထိုတပည့်
ရဟန်းတို့သည်လည်း
ကိုယ်ကို မပွါးများသူ၊
သီလကို
မပွါးများသူ၊
စိတ်ကိုမပွါးများသူ၊
ပညာကို
မပွါးများသူတို့
ဖြစ်ကြကုန်လိမ့်ဦးမည်။
ထိုတပည့်ဖြစ်သူ
ရဟန်းတို့သည်
(မိမိတို့က) ကိုယ်ကို
မပွါးများ
သီလကို
မပွါးများ
စိတ်ကို
မပွါး
များပညာကို
မပွါးများကြကုန်သည်
ဖြစ်ကြပါလျက်
အခြားသူတို့ကို
ဥပဇ္ဈာယ်ပြု၍
ပဉ္စင်းခံပေးကြကုန်လိမ့်ဦးမည်။
ထိုရဟန်းတို့သည်လည်း
လွန်မြတ်သောသီလ
လွန်မြတ်သောစိတ်
လွန်မြတ်သောပညာ၌
ဆုံးမခြင်းငှါစွမ်းနိုင်ကြလိမ့်မည်
မဟုတ်ကုန်။
ထိုတပည့်ရဟန်းတို့သည်လည်း
ကိုယ်ကို
မပွါးများသူ၊
သီလကို
မပွါးများသူ၊
စိတ်ကို
မပွါးများသူ၊
ပညာကို
မပွါးများသူတို့
ဖြစ်ကြကုန်လိမ့်ဦးမည်။
ရဟန်းတို့
ဤသို့လျှင်
တရားပျက်စီးခြင်းကြောင့်
ဝိနည်းပျက်စီး၏၊
ဝိနည်းပျက်စီးခြင်းကြောင့်
တရားပျက်စီး၏။
ရဟန်းတို့
ဤပဌမအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်ဦးမည်၊
ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန် အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌ ရဟန်းတို့သည်
ကိုယ်ကို
မပွါးများသူ၊
သီလကိုမပွါးများသူ၊
စိတ်ကို
မပွါးများသူ၊
ပညာကို
မပွါးများသူ
တို့
ဖြစ်ကြလိမ့်မည်။
ထိုရဟန်းတို့သည်
(မိမိတို့က)
ကိုယ်ကို မပွါးများ
သီလကို
မပွါးများ
စိတ်ကို
မပွါးများ
ပညာကို့မပွါးများကြကုန်သည်ဖြစ်ပါလျက်
အခြားသူတို့အား
နိဿရည်း
ပေးကြကုန်လိမ့်ဦးမည်။
(နိဿရည်း
ဆရာပြုလုပ်သူ)
ထိုဆရာတို့သည်လည်း
လွန်မြတ်သောသီလ
လွန်မြတ်သောစိတ်လွန်မြတ်သော
ပညာ၌
ဆုံးမခြင်းငှါ
စွမ်းနိုင်ကြလိမ့်မည်
မဟုတ်ကုန်။
(ဤသို့သော
ဆရာတို့ထံ
နိဿရည်းခံယူကြကုန်သော)
ထိုတပည့်တို့သည်လည်း
ကိုယ်ကို
မပွါးများသူ၊
သီလကို
မပွါးများသူ၊
စိတ်ကို
မပွါးများသူ၊
ပညာကို
မပွါးများသူတို့
ဖြစ်ကြကုန်လိမ့်ဦးမည်။
ထိုရဟန်းတို့သည်
(မိမိတို့က)
ကိုယ်ကို မပွါးများသူ၊
သီလကို
မပွါးများသူ၊
စိတ်ကို မပွါးများသူ၊
ပညာကို
မပွါးများကြကုန်သည်
ဖြစ်ပါလျက်
အခြားသူတို့အား
နိဿရည်းကို
ပေးကြကုန်လိမ့်ဦးမည်။
ထိုရဟန်းတို့သည်လည်း
လွန်မြတ်သောသီလ
လွန်မြတ်သောစိတ်
လွန်မြတ်သောပညာ၌
ဆုံးမခြင်းငှါစွမ်းနိုင်ကြလိမ့်မည်
မဟုတ်ကုန်။
ထိုတပည့်ရဟန်းတို့သည်လည်း
ကိုယ်ကို
မပွါးများသူ၊
သီလကို
မပွါးများသူ၊
စိတ်ကို
မပွါးများသူ၊
ပညာကို
မပွါးများသူ
တို့
ဖြစ်ကြကုန်လိမ့်ဦးမည်။
ရဟန်းတို့
ဤသို့လျှင်
တရားပျက်စီးခြင်းကြောင့်
ဝိနည်းပျက်စီး၏၊
ဝိနည်းပျက်စီးခြင်းကြောင့်တရားပျက်စီး၏။
ရဟန်းတို့
ဤဒုတိယအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်ဦး
မည်၊ ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌ ရဟန်းတို့သည်
ကိုယ်ကို
မပွါးများသူ၊
သီလကိုမပွါးများသူ၊
စိတ်ကို
မပွါးများသူ၊
ပညာကို
မပွါးများသူ
တို့
ဖြစ်ကြကုန်လိမ့်ဦးမည်။
ထိုရဟန်းတို့သည်
(မိမိတို့က)
ကိုယ်ကို
မပွါးများ
သီလကို
မပွါးများ
စိတ်ကို မပွါးများ
ပညာကိုမပွါးများကြကုန်သည်
ဖြစ်ပါလျက်
(မြတ်သောသီလစသော
တရားစကား)
အဘိဓမ္မကထာနှင့်ဝေဒလ္လကထာကို
ပြောဟောကုန်လျက်
မည်းညစ်သော
အကုသိုလ်တရားသို့
သက်ရောက်ကုန်သည်
ဖြစ်၍
သိမြင်နိုင်ကြလိမ့်မည်
မဟုတ်ကုန်၊
ရဟန်းတို့
ဤသို့လျှင် တရားပျက်စီးခြင်းကြောင့်
ဝိနည်းပျက်စီး၏၊
ဝိနည်းပျက်စီးခြင်းကြောင့်
တရားပျက်စီး၏။
ရဟန်းတို့
ဤတတိယအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်ဦး
မည်၊
ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌
ရဟန်းတို့သည်
ကိုယ်ကို
မပွါးများသူ၊
သီလကိုမပွါးများသူ၊
စိတ်ကို မပွါးများသူ၊
ပညာကို
မပွါးများသူ
တို့ ဖြစ်ကြကုန်လိမ့်မည်။
ထိုရဟန်းတို့သည်
(မိမိတို့က)
ကိုယ်ကို မပွါးများ
သီလကို
မပွါးများ
စိတ်ကို
မပွါးများ
ပညာကိုမပွါးများကြကုန်သည်
ဖြစ်ပါလျက်
မြတ်စွာဘုရား
ဟောတော်မူအပ်ကုန်သော၊
နက်နဲကုန်သော၊
နက်နဲသော
အနက်ရှိကုန်သော၊
လောကမှ
ထွက်မြောက်ကြောင်း
ဖြစ်ကုန်လျက်
(သတ္တမှ)
ဆိတ်သုဉ်းခြင်းနှင့်ယှဉ်ကုန်သော
သုတ္တန်တရားတို့ကို
ဟောအပ်ကုန်သည်ရှိသော်
ကောင်းစွာ နာယူကြလိမ့်မည်
မဟုတ်ကုန်၊
နားထောင်ကြလိမ့်မည်
မဟုတ်ကုန်၊
သိရှိနားလည်လိုသော
စိတ်ကို
ဖြစ်စေကြလိမ့်မည်
မဟုတ်ကုန်၊
ထိုသုတ္တန်တရားတို့ကို
သင်ယူအပ်
အဖန်တလဲလဲ
လေ့လာအပ်၏ဟူ၍
မှတ်ထင်ကြလိမ့်မည်
မဟုတ်ကုန်၊
ကဗျာဆရာတို့
ပြုအပ်ကုန်၍ ကဗျာဆရာတို့၏ဥစ္စာဖြစ်ကုန်သော
ဆန်းကြယ်သော
အက္ခရာ
သဒ္ဒါပုဒ်ဗျည်းရှိကုန်လျက်
(သာသနာတော်မှ)
အပဖြစ်ကုန်၍
(သာသနာပဆရာတို့၏)
တပည့်ဟော
သုတ္တန်ပါဠိတို့ကို
ဟောအပ်ကုန်သည်ရှိသော်
ကောင်းစွာ
နာယူကြကုန်လိမ့်မည်၊
နားထောင်ကြကုန်လိမ့်မည်၊
သိရှိနားလည်လိုသော
စိတ်ကို
ဖြစ်စေကြကုန်လိမ့်မည်၊
ထိုသုတ္တန်တရားတို့ကို
သင်ယူအပ်
အဖန်တလဲလဲလေ့လာအပ်၏ဟူ၍
မှတ်ထင်ကြကုန်လိမ့်မည်။
ရဟန်းတို့
ဤသို့လျှင်
တရားပျက်စီးခြင်းကြောင့်
ဝိနည်းပျက်စီး၏၊
ဝိနည်းပျက်စီးခြင်းကြောင့်
တရား့ပျက်စီး၏။
ရဟန်းတို့
ဤစတုတ္ထအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်ဦး
မည်၊
ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌
ရဟန်းတို့သည်
ကိုယ်ကို
မပွါးများသူ၊
သီလကိုမပွါးများသူ၊
စိတ်ကို
မပွါးများသူ၊
ပညာကို
မပွါးများသူ
တို့
ဖြစ်ကြကုန်လိမ့်ဦးမည်။
ထိုရဟန်းတို့သည်
(မိမိတို့က)
ကိုယ်ကို မပွါးများ
သီလကို
မပွါးများ
စိတ်ကို
မပွါးများ
ပညာကိုမပွါးများကြကုန်သည်
ဖြစ်ပါလျက်
မထေရ်ကြီးရဟန်းတို့သည်
ပစ္စည်းများရန်သာ
ကျင့်ကြကုန်လိမ့်မည်၊
(သိက္ခာကို)
လျော့လျော့
ပေါ့ပေါ့သာ
ကျင့်ကြကုန်လိမ့်မည်၊
အောက်သို့
သက်စေတတ်သော
တရား၌
ရှေ့သွားဖြစ်ကြကုန်လိမ့်မည်၊
ဥပဓိဝိဝေက
(နိဗ္ဗာန်)၌ တာဝန်မဲ့
ဖြစ်ကြကုန်လိမ့်မည်။
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်)သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို ရရန်မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်) ကို
မျက်မှောက်ပြုရန်
လုံ့လဝီရိယကို
အားထုတ်ကြကုန်လိမ့်မည်မဟုတ်ကုန်၊
နောင်လာ နောက်သား
လူအများတို့သည်
မြင်ရသော
ဆရာ့အပြုအမူသို့
အစဉ်တစိုက်လိုက်ကြကုန်လိမ့်မည်၊
ထိုနောင်လာ
နောက်သား လူအများသည်လည်း
ပစ္စည်းပေါများရန်သာ
ကျင့်ကြကုန်လိမ့်မည်၊
(သိက္ခာကို)
လျော့လျော့ပေါ့ပေါ့
ကျင့်ကြကုန်လိမ့်မည်၊
အောက်သို့
သက်စေတတ်သောတရား၌
ရှေ့သွား
ဖြစ်ကြကုန်လိမ့်မည်၊
ဥပဓိဝိဝေက
(နိဗ္ဗာန်)၌
တာဝန်မဲ့
ဖြစ်ကြကုန်လိမ့်မည်။
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်)သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို မျက်မှောက်ပြုရန်
လုံ့လဝီရိယကို
အားထုတ်ကြကုန်လိမ့်မည်မဟုတ်ကုန်။
ရဟန်းတို့
ဤသို့လျှင်
တရားပျက်စီးခြင်းကြောင့်
ဝိနည်းပျက်စီး၏၊
ဝိနည်းပျက်စီးခြင်းကြောင့်
တရားပျက်စီး၏။
ရဟန်းတို့
ဤပဉ္စမအနာဂတ်ဘေးသည်
ယခုအခါ
မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်ဦးမည်၊
ထိုဘေးကို သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
ဤအနာဂတ်
ဘေးငါးမျိုးတို့သည်
ယခုအခါ
မဖြစ်ပေါ်သေးကုန်၊
နောင်အခါ၌
ဖြစ်ပေါ်ကုန်လိမ့်ဦးမည်၊
ထိုဘေးတို့ကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးတို့ကို
ပယ်ရန် အားထုတ်ရမည်ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-စတုတ္ထ
အနာဂတဘယသုတ်
၈၀။
ရဟန်းတို့
ဤအနာဂတ်ဘေး
ငါးမျိုးတို့သည်
ယခုအခါ
မဖြစ်ပေါ်သေးကုန်၊
နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်ဦးမည်၊
ထိုဘေးတို့ကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးတို့ကို
ပယ်ရန်အားထုတ်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
အနာဂတ်ကာလ၌
ရဟန်းတို့သည်
သင်္ကန်း၌
ကောင်းသည်ကို
အလိုရှိကြကုန်လိမ့်မည်၊
ထိုရဟန်းတို့သည်
သင်္ကန်း၌
ကောင်းသည်ကို
အလိုရှိကြကုန်သည်ဖြစ်၍
ပံ့သကူဓူတင်ဆောင်ခြင်းကိုစွန့်လွှတ်ကြကုန်လိမ့်မည်၊
အစွန်အဖျားကျသော
တောကျောင်းတို့ကို
စွန့်လွှတ်ကြကုန်လိမ့်မည်၊
ရွာ
နိဂုံးမင်းနေပြည်တို့၌
ဝင်ရောက်၍
နေကြကုန်လိမ့်မည်၊
သင်္ကန်းဟူသော
အကြောင်းကြောင့်လည်း
မလျောက်ပတ်သော
များလှစွာသော
မအပ်သောပစ္စည်း
ရှာမှီးခြင်းသို့
ရောက်ကြကုန်လိမ့်မည်။
ရဟန်းတို့
ဤပဌမအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်မည်၊
့ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌ ရဟန်းတို့သည်
ဆွမ်း၌
ကောင်းသည်ကိုအလိုရှိကြကုန်လိမ့်မည်၊
ထိုရဟန်းတို့သည်
ဆွမ်း၌
ကောင်းသည်ကို
အလိုရှိကြကုန်သည်ဖြစ်၍
ပိဏ္ဍပါတ်ဓူတင်ဆောင်ခြင်းကို
စွန့်လွှတ်ကြကုန်လိမ့်မည်၊
အစွန်အဖျားကျသော
တောကျောင်းတို့ကို
စွန့်လွှတ်ကြကုန်လိမ့်မည်၊
ရွာ နိဂုံး
မင်းနေပြည်တို့၌
ဝင်ရောက်၍
လျှာဖျားဖြင့်
မြတ်သော
အရသာတို့ကို
ရှာမှီးကုန်လျက်
နေကြကုန်လိမ့်မည်၊
ဆွမ်းဟူသော
အကြောင်းကြောင့်လည်း
မလျောက်ပတ်သော
များလှစွာသော
မအပ်သောပစ္စည်း
ရှာမှီးခြင်းသို့
ရောက်ကြကုန်လိမ့်မည်။
ရဟန်းတို့
ဤဒုတိယအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်မည်၊
ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌ ရဟန်းတို့သည်
ကျောင်း၌
ကောင်းသည်ကိုအလိုရှိကြကုန်လိမ့်မည်၊
ထိုရဟန်းတို့သည်
ကျောင်း၌
ကောင်းသည်ကို
အလိုရှိကြကုန်သည်ဖြစ်၍
(သစ်ပင်ရင်း၌
နေခြင်းဟု
ဆိုအပ်သော)
ရုက္ခမူဓူတင်ဆောင်ခြင်းကို
စွန့်လွှတ်ကြကုန်လိမ့်မည်၊
အစွန်အဖျားကျသော
တောကျောင်းတို့ကို
စွန့်လွှတ်ကြကုန်လိမ့်မည်၊
ရွာ နိဂုံး
မင်းနေပြည်တို့၌
ဝင်ရောက်၍နေကြကုန်လိမ့်မည်၊
ကျောင်းဟူသော
အကြောင်းကြောင့်လည်း
မလျောက်ပတ်သော
များလှစွာသောမအပ်
သောပစ္စည်း
ရှာမှီးခြင်းသို့
ရောက်ကြကုန်လိမ့်မည်။
ရဟန်းတို့
ဤတတိယအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်မည်၊
ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌ ရဟန်းတို့သည်
ဘိက္ခုနီ
သိက္ခမာန်
သာမဏေတု့ိနှင့်
ရောနှော၍
နေကြကုန်လိမ့်မည်၊
ရဟန်းတို့
ဘိက္ခုနီ
သိက္ခမာန်
သာမဏေတု့ိနှင့်
ရောနှော၍
နေသည်ရှိသော်
''မမွေ့လျော်သည်ဖြစ်၍လည်း
မြတ်သော
အကျင့်ကို
ကျင့်ကြကုန်လိမ့်မည်၊
ညစ်နွမ်းသောအာပတ်တစ်ခုခုသို့မူလည်း
ရောက်ကြကုန်လိမ့်မည်
သိက္ခာချ ၍မူလည်း
လူထွက်ကြကုန်လိမ့်မည်''ဟူသော
အကျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
ဤစတုတ္ထအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်မည်၊
ထိုဘေးကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို
ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
နောက်တစ်မျိုးကား
အနာဂတ်ကာလ၌ ရဟန်းတို့သည်
အရံစောင့်,
သာမဏေတု့ိနှင့်ရောနှော၍
နေကြကုန်လိမ့်မည်၊
ရဟန်းတို့ အရံစောင့်
သာမဏေတု့ိနှင့်
ရောနှော၍
နေသည်ရှိသော်''များစွာသော
သိုမှီးသုံးဆောင်ခြင်းကို
လုံ့လပြု၍
နေကြကုန်လိမ့်မည်၊
မြေကြီး၌လည်းကောင်း၊
စိမ်းသော
သစ်ပင်စု၌လည်းကောင်း
ရုန့်ရင်းသိသာသော
နိမိတ်အမှတ်ကိုလည်းပြကြကုန်လိမ့်မည်''ဟူသော
အကျိုး ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
ဤပဉ္စမအနာဂတ်ဘေးသည်
ယခုအခါ မဖြစ်ပေါ်သေး၊
နောင်အခါ၌
ဖြစ်ပေါ်လိမ့်မည်၊
ထိုဘေးကို သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးကို ပယ်ရန်
အားထုတ်ရမည်။
ရဟန်းတို့
ဤအနာဂတ်
ဘေးငါးမျိုးတို့သည်
ယခုအခါ
မဖြစ်ပေါ်သေးကုန်၊
နောင်အခါ၌
ဖြစ်ပေါ်ကုန်လိမ့်မည်၊
ထိုဘေးတို့ကို
သင်တို့
သိရမည်၊
သိပြီး၍လည်း
ထိုဘေးတို့ကို
ပယ်ရန် အားထုတ်ရမည်ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက်
ယောဓာဇီဝဝဂ်
ပြီး၏။
------
(၉)
၄-ထေရဝဂ်
၁-ရဇနီယသုတ်
၈၁။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်အပ်သူ
မမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
စွဲမက်ဖွယ်
အာရုံ၌
စွဲမက်၏။
ပြစ်မှားဖွယ်
အာရုံ၌
ပြစ်မှား၏။
တွေဝေဖွယ်
အာရုံ၌
တွေဝေ၏။
အမျက်ထွက်ဖွယ်
အာရုံ၌
အမျက်ထွက်၏။
ယစ်မူးဖွယ်
အာရုံ၌
ယစ်မူး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်
အပ်သူမမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
စွဲမက်ဖွယ်
အာရုံ၌
မစွဲမက်။
ပြစ်မှားဖွယ်
အာရုံ၌
မပြစ်မှား။
တွေဝေဖွယ်
အာရုံ၌
မတွေဝေ။
အမျက်ထွက်ဖွယ်
အာရုံ၌
အမျက်မထွက်။
ယစ်မူးဖွယ်
အာရုံ၌
မယစ်မူး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဝီတရာဂသုတ်
၈၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏မချစ်အပ်သူ
မမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မကင်းသော
စွဲမက်ခြင်း
'ရာဂ' ရှိ၏။
မကင်းသော
အမျက်ထွက်ခြင်း
'ဒေါသ' ရှိ၏။
မကင်းသော
တွေဝေခြင်း
'မောဟ' ရှိ၏။
သူတစ်ပါးဂုဏ်ကို
ချေဖျက်ခြင်း
ရှိ၏။
သူတစ်ပါးကို
ဂုဏ်ပြိုင်ခြင်း
ရှိ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်အပ်သူမမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
စွဲမက်ခြင်း
'ရာဂ' မရှိ။
အမျက်ထွက်ခြင်း
'ဒေါသ'မရှိ။
တွေဝေခြင်း
'မောဟ' မရှိ။
သူတစ်ပါးဂုဏ်ကို
ချေဖျက်ခြင်း
မရှိ။
သူတစ်ပါးကို
ဂုဏ်ပြိုင်ခြင်း
မရှိ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ကုဟကသုတ်
၈၃။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်အပ်သူ
မမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အံ့ဩဖွယ်ကိုလည်း
ပြုတတ်၏။
(လာဘ်ရရန်)လည်း
ဖြားယောင်းတတ်၏။
အရိပ်နိမိတ်ကိုလည်း
ပြုတတ်၏။
ဖိနှိပ်၍လည်း
ဆိုတတ်၏။
(ရပြီး)
လာဘ်ဖြင့်
(မရသေးသော)
လာဘ်ကိုလည်း
ရှာမှီးတတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်
အပ်သူမမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အံ့ဩဖွယ်ကိုလည်း
မပြုတတ်။
(လာဘ်ရရန်)လည်း
မဖြားယောင်းတတ်။
အရိပ်နိမိတ်ကိုလည်း
မပြုတတ်။
ဖိနှိပ်၍လည်း
မဆိုတတ်။
(ရပြီး)
လာဘ်ဖြင့်
(မရသေးသော)
လာဘ်ကိုလည်း
မရှာမှီးတတ်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-အဿဒ္ဓသုတ်
၈၄။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏မချစ်အပ်သူ
မမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' တရား
မရှိ။
မကောင်းမှုမှ
မရှက်တတ်။
မကောင်းမှုမှ
မကြောက်ရွံ့တတ်။
ပျင်းရိ၏။
ပညာမရှိ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်
အပ်သူမမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' တရား
ရှိ၏။
မကောင်းမှုမှ
ရှက်တတ်၏။
မကောင်းမှုမှ
ကြောက်ရွံ့တတ်၏။
အားထုတ်အပ်သော
လုံ့လရှိ၏။
ပညာရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-အက္ခမသုတ်
၈၅။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏မချစ်အပ်သူ
မမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
အသံ
'သဒ္ဒါရုံ'
တို့ကို သည်းမခံနိုင်။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
အရသာ
'ရသာရုံ'
တို့ကို
သည်းမခံနိုင်။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
မချစ်
အပ်သူမမြတ်နိုးအပ်သူ
အလေးအမြတ်မပြုအပ်သူ
(နှလုံးကို)
မပွါးစေတတ်သူ
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အဆင်း
'ရူပါရုံ'
တို့ကို
သည်းခံနိုင်၏။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်၏။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်၏။
အရသာ
'ရသာရုံ'
တို့ကို
သည်းခံနိုင်၏။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ပဋိသမ္ဘိဒါပတ္တသုတ်
၈၆။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အနက်
(အကျိုး)
တို့၌
ခွဲခြားဝေဖန်တတ်သော
ဉာဏ်
'အတ္ထပဋိသမ္ဘိဒါ'သို့
ရောက်၏။
ပါဠိ
(အကြောင်း)
တို့၌
ခွဲခြားဝေဖန်တတ်သော
ဉာဏ်
'ဓမ္မပဋိသမ္ဘိဒါ'သို့
ရောက်၏။
သဒ္ဒါတို့၌
ခွဲခြားဝေဖန်တတ်သော
ဉာဏ် 'နိရုတ္တိပဋိသမ္ဘိဒါ'သို့
ရောက်၏။
ရှေးဉာဏ်သုံးပါးတို့၌
ခွဲခြားဝေဖန်တတ်သော
ဉာဏ်
'ပဋိဘာနပဋိသမ္ဘိဒါ'သို့
ရောက်၏။
သီတင်းသုံးဖော်တို့၏
အဘယ်ကို
ပြုရကုန်အံ့နည်းဟု
(မေးမြန်း၍)
ပြုအပ်သော
အမှုကြီးငယ်တို့၌
လိမ္မာ၏၊
မပျင်းရိတတ်၊
ထိုအမှုကြီးငယ်တို့၌
အကြောင်းဖြစ်သော
စုံစမ်းခြင်းပညာနှင့်
ပြည့်စုံ၏၊
ပြုလုပ်ရန်
စွမ်းနိုင်၏၊
စီရင်ရန်
စွမ်းနိုင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-သီလဝန္တသုတ်
၈၇။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက်
နေ၏၊ အကျင့်
'အာစာရ'
ကျက်စားရာ'ဂေါစရ'နှင့်
ပြည့်စုံ၏၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကိုဆောက်တည်၍
ကျင့်၏။
အကြားအမြင်
များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊
အနက်,
သဒ္ဒါနှင့်တကွဖြစ်၍
အလုံးစုံပြည့်စုံစင်ကြယ်သည့်
မြတ်သော
အကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
တရားတို့ကို
ထိုသူသည်
များစွာ
ကြားနာဖူး၏၊
ဆောင်ထား၏၊ နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
ဆင်ခြင်မှတ်သားထား၏၊
ပညာဖြင့်
ကောင်းစွာထိုးထွင်း၍
သိ၏။
ကောင်းသော
စကားရှိ၏၊
ကောင်းသော
စကားမြွက်ဆိုသံရှိ၏၊
သန့်ရှင်းသော
အပြစ်ကင်းသောအဓိပ္ပါယ်
သိလွယ်သော
ယဉ်ကျေးသော
စကားနှင့်
ပြည့်စုံ၏။
မျက်မှောက်ဘဝ၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ) ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရ၏၊
မငြိုမငြင်
ရ၏၊
မပင်မပန်း
ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါတရားကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်
ကိုယ်တိုင်
ထူးသော
ဉာဏ်ဖြင့်မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ထေရသုတ်
၈၈။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
မထေရ်ရဟန်းသည်
များစွာသောလူတို့၏
အစီးအပွါးမဲ့ရန်
များစွာသော
လူတို့၏ ချမ်းသာမဲ့ရန်
များစွာသော
လူတို့၏
အကျိုးမဲ့ရန်
နတ်လူတို့၏
အစီးအပွါးမဲ့ရန်
ဆင်းရဲရန်
ကျင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မထေရ်ကြီးဖြစ်၏၊
ရဟန်းဝါ
ရင့်၏၊
ရဟန်းသက်
ရှည်၏။
လူနှင့်တကွသော
ရဟန်းတို့တွင်
ထင်ရှား၏၊ ကျော်စော၏၊
လူအခြံအရံ
များစွာ
ရှိ၏။
သင်္ကန်း
ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏ အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို
ရလေ့ ရှိ၏။
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊ အနက်,
သဒ္ဒါနှင့်တကွဖြစ်၍
အလုံးစုံပြည့်စုံစင်ကြယ်သည့်
မြတ်သော
အကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
တရားတို့ကို
ထိုသူသည်
များစွာ
ကြားနာဖူး၏၊
ဆောင်ထား၏၊
နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
ဆင်ခြင်မှတ်သားထား၏၊
ပညာဖြင့်
ကောင်းစွာထိုးထွင်း၍ကား
မသိ။
မှားသော
အယူရှိ၏၊
ဖောက်ပြန်သော
ဉာဏ်အမြင်
ရှိ၏၊
ထိုရဟန်းသည်
များစွာသော
လူအပေါင်း
ကိုသူတော်ကောင်းတရားမှ
ထုတ်၍
မသူတော်တို့တရား၌
တည်စေ၏။
''မထေရ်ရဟန်းသည်
ရဟန်းဝါ
ရင့်၏၊
ရဟန်းသက် ရှည်၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့အတုလိုက်၍
ကျင့်ကုန်၏။
''မထေရ်ရဟန်းသည်
လူနှင့်တကွသော
ရဟန်းတို့တွင်
ထင်ရှား၏၊
ကျော်စော၏၊
လူအခြံအရံ
များစွာရှိ၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့ အတုလိုက်၍
ကျင့်ကုန်၏။
''မထေရ်ရဟန်းသည်
သင်္ကန်း
ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို
ရလေ့ရှိ၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့
အတုလိုက်၍
ကျင့်ကုန်၏။
''မထေရ်ရဟန်းသည်
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကိုဆည်းပူး၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့
အတုလိုက်၍
ကျင့်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
မထေရ်ရဟန်းသည်
များစွာသော
လူတို့၏
အစီးအပွါးမဲ့ရန်
များစွာသော
လူတို့၏
ချမ်းသာမဲ့ရန်
များစွာသော
လူတို့၏
အကျိုးမဲ့ရန်
နတ်လူတို့၏
အစီးအပွါးမဲ့ရန်
ဆင်းရဲရန်
ကျင့်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
မထေရ်ရဟန်းသည်
များစွာသော
လူတို့၏ အစီးအပွါးအလို့ငှါ
များစွာသော
လူတို့၏
ချမ်းသာခြင်းငှါ
များစွာသော လူတို့၏
အကျိုးငှါ
နတ်လူတို့၏အစီးအပွါးအလို့ငှါ
ချမ်းသာခြင်းငှါ
ကျင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မထေရ်ကြီးဖြစ်၏၊
ရဟန်း
ဝါရင့်၏၊
ရဟန်းသက်
ရှည်၏။
လူနှင့်တကွသော
ရဟန်းတို့တွင်
ထင်ရှား၏၊ ကျော်စော၏၊
လူအခြံအရံ
များစွာ
ရှိ၏။
သင်္ကန်း
ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏ အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို
ရလေ့ရှိ၏။
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊
အနက်,
သဒ္ဒါနှင့်တကွ
ဖြစ်၍
အလုံးစုံပြည့်စုံစင်ကြယ်သည့်
မြတ်သောအကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်း
အလယ်၏ ကောင်းခြင်း
အဆုံး၏
ကောင်းခြင်းရှိသော
တရားတို့ကို
ထိုသူသည်
များစွာကြားနာဖူး၏၊
ဆောင်ထား၏၊
နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
ဆင်ခြင်မှတ်သားထား၏၊
ပညာဖြင့်ကောင်းစွာ
ထိုးထွင်း၍
သိ၏။
မှန်ကန်သော
အယူရှိ၏၊
မဖောက်ပြန်သော
ဉာဏ်အမြင်ရှိ၏၊
ထိုရဟန်းသည်
များစွာသောလူအပေါင်းကို
မသူတော်တရားမှ
ထုတ်၍
သူတော်ကောင်းတရား၌
တည်စေ၏။
''မထေရ်ရဟန်းသည်
ရဟန်းဝါ
ရင့်၏၊
ရဟန်းသက် ရှည်၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့အတုလိုက်၍
ကျင့်ကုန်၏။
''မထေရ်ရဟန်းသည်
လူနှင့်တကွသော
ရဟန်းတို့တွင်
ထင်ရှား၏၊
ကျော်စော၏၊
လူ အခြံအရံ
များစွာရှိ၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့
အတုလိုက်၍
ကျင့်ကုန်၏။
''မထေရ်ရဟန်းသည်
သင်္ကန်း
ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို
ရလေ့ရှိ၏''ဟူ၍လည်း
ထိုရဟန်း၏ အပြုအမူသို့
အတုလိုက်၍
ကျင့်ကုန်၏။
''မထေရ်ရဟန်းသည်
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကိုဆည်းပူး၏''ဟူ၍လည်း
ထိုရဟန်း၏
အပြုအမူသို့
အတုလိုက်၍
ကျင့်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
မထေရ်ရဟန်းသည်
များစွာသောလူတို့၏
အစီးအပွါးအလို့ငှါ
များစွာသော
လူတို့၏ ချမ်းသာခြင်းငှါ
များစွာသော
လူတို့၏ အကျိုးငှါ
နတ်လူတို့၏အစီး
အပွါးအလို့ငှါ
ချမ်းသာခြင်းငှါ
ကျင့်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပဌမသေခသုတ်
၈၉။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
(အထက်အထက်
ဂုဏ်တို့မှ) ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အမှုသစ်၌
မွေ့လျော်ခြင်း။
စကားပြောခြင်း၌
မွေ့လျော်ခြင်း။
အိပ်ခြင်း၌
မွေ့လျော်ခြင်း။
အပေါင်းအဖော်၌
မွေ့လျော်ခြင်း။
(ကိလေသာမှ)
လွတ်မြောက်တိုင်းသော
စိတ်ကို မဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
(အထက်အထက် ဂုဏ်တို့မှ)
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အမှုသစ်၌
မမွေ့လျော်ခြင်း။
စကားပြောခြင်း၌
မမွေ့လျော်ခြင်း။
အိပ်ခြင်း၌
မမွေ့လျော်ခြင်း။
အပေါင်းအဖော်၌
မမွေ့လျော်ခြင်း။
(ကိလေသာမှ)
လွတ်မြောက်တိုင်းသော
စိတ်ကို ဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား (အထက်အထက်
ဂုဏ်တို့မှ)
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဒုတိယ
သေက္ခသုတ်
၉၀။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
(အထက်အထက်
ဂုဏ်တို့မှ) ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ကျင့်ဆဲ
'သေက္ခ' ရဟန်းသည်
ကိစ္စများ၏၊
ပြုဖွယ်များ၏၊
အဘယ်အမှုကို
ပြုရအံ့နည်းဟု
မေးမြန်း၍
ပြုအပ်သော
အမှုတို့၌
လိမ္မာ၏၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
စွန့်၏၊
မိမိသန္တာန်၌
စိတ်၏
ငြိမ်းကြောင်း
'သမထ' ကို
အားမထုတ်။
ရဟန်းတို့ ဤပဌမတရားသည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
ဆုတ်ယုတ်ရန်ဖြစ်၏။
ရဟန်းတို့
နောက်
တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
အနည်းငယ်မျှသော
အမှုဖြင့် နေ့ကိုကုန်လွန်စေ၏၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
စွန့်၏၊
မိမိသန္တာန်၌
စိတ်၏ ငြိမ်းကြောင်း
'သမထ' ကို
အားမထုတ်။
ရဟန်းတို့ ဤဒုတိယတရားသည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား ဆုတ်ယုတ်ရန်ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
(သာသနာတော်အား)
မလျောက်ပတ်သော
လူတို့၏
ဆက်ဆံခြင်းမျိုးဖြင့်
လူရဟန်းတို့နှင့်
ဆက်ဆံ၍ နေ၏၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
စွန့်၏၊
မိမိသန္တာန်၌
စိတ်၏ ငြိမ်းကြောင်း
'သမထ' ကို
အားမထုတ်။
ရဟန်းတို့
ဤတတိယတရားသည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား ဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
အခါမဟုတ်သည်၌
ရွာသို့
ဝင်၏၊ အလွန်နေမြင့်မှ
ပြန်၏၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
စွန့်၏၊
မိမိသန္တာန်၌
စိတ်၏
ငြိမ်းကြောင်း
'သမထ'ကို
အားမထုတ်။ ရဟန်းတို့
ဤစတုတ္ထတရားသည်
ကျင့်ဆဲ
'သေက္ခ' ရဟန်းအား
ဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
အလိုနည်းမှုနှင့်စပ်သောစကားရောင့်ရဲလွယ်မှုနှင့်စပ်သောစကား
ဆိတ်ငြိမ်မှုနှင့်စပ်သောစကား
မနှီးနှောမှုနှင့်စပ်သောစကား
လုံ့လအားထုတ်မှုနှင့်စပ်သောစကား
သီလနှင့်စပ်သောစကား
သမာဓိနှင့်စပ်သောစကား
ပညာနှင့်စပ်သောစကား
(ကိလေသာမှ)
လွတ်မြောက်မှုနှင့်စပ်သောစကား
(ကိလေသာမှ)
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)၌
ဖြစ်သောဉာဏ်အမြင်
(ပစ္စဝေက္ခဏာဉာဏ်)
နှင့်စပ်သော
စကားဟူသော၊
ကိလေသာကို လွန်စွာခေါင်းပါးစေတတ်သော၊
စိတ်၏ပွင့်လင်းကြောင်း
(သမထဝိပဿနာ)
အား
လျောက်ပတ်သော
သဘောရှိသည့်
စကားမျိုးကိုအလိုရှိတိုင်းရသည်
မဟုတ်၊
မငြိုမငြင်ရသည်
မဟုတ်၊
မပင်မပန်းရသည်
မဟုတ်၊
တစ်ယောက်တည်းကိန်းအောင်းခြင်းကို
စွန့်၏၊
မိမိသန္တာန်၌
စိတ်၏ ငြိမ်းကြောင်း
'သမထ' ကို
အားမထုတ်။
ရဟန်းတို့ဤပဉ္စမတရားသည်
ကျင့်ဆဲ 'သေက္ခ'
ရဟန်းအား
ဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
(အထက်ထက်ဖြစ်သောဂုဏ်တို့မှ)
ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
(အထက်ထက်ဖြစ်သောဂုဏ်တို့မှ)
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ကျင့်ဆဲ
'သေက္ခ' ရဟန်းသည်
ကိစ္စမများ၊
ပြုဖွယ်မများ၊
အဘယ်အမှုကို
ပြုရအံ့နည်းဟု
မေးမြန်း၍
ပြုအပ်သော
အမှုတို့၌
လိမ္မာ၏၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
မစွန့်၊
မိမိသန္တာန်၌
စိတ်၏ ငြိမ်းကြောင်း
'သမထ' ကို
အားထုတ်၏။
ရဟန်းတို့ ဤပဌမတရားသည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
အနည်းငယ်မျှသော
အမှုဖြင့် နေ့ကို့မကုန်လွန်စေ၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
မစွန့်၊
မိမိသန္တာန်၌
စိတ်၏ ငြိမ်းကြောင်း'သမထ'
ကို
အားထုတ်၏။
ရဟန်းတို့
ဤဒုတိယတရားသည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား မဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
(သာသနာတော်အား)
မလျောက်ပတ်သော
လူတို့၏
ဆက်ဆံခြင်းမျိုးဖြင့်
လူ ရဟန်းတို့နှင့်
ဆက်ဆံ၍ မနေ၊
တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
မစွန့်၊
မိမိသန္တာန်၌
စိတ်၏
ငြိမ်းကြောင်း
'သမထ' ကို
အားထုတ်၏။ ရဟန်းတို့ဤတတိယတရားသည်
ကျင့်ဆဲ
'သေက္ခ' ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
အခါမဟုတ်သည်၌
ရွာတွင်းသို့
မဝင်၊
အလွန်နေမြင့်မှ
မပြန်၊ တစ်ယောက်တည်း
ကိန်းအောင်းခြင်းကို
မစွန့်၊ မိမိသန္တာန်၌
စိတ်၏ငြိမ်းကြောင်း
'သမထ' ကို
အားထုတ်၏။
ရဟန်းတို့
ဤစတုတ္ထတရားသည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအားမဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ကျင့်ဆဲ 'သေက္ခ'
ရဟန်းသည်
အလိုနည်းခြင်းနှင့်စပ်သောစကားရောင့်ရဲလွယ်မှုနှင့်စပ်သောစကား
ဆိပ်ငြိမ်မှုနှင့်စပ်သောစကား
မနှီးနှောမှုနှင့်စပ်သောစကား
လုံ့လအားထုတ်မှုနှင့်စပ်သောစကား
သီလနှင့်စပ်သောစကား
သမာဓိနှင့်စပ်သောစကား
ပညာနှင့်စပ်သောစကား
(ကိလေသာမှ)
လွတ်မြောက်မှုနှင့်စပ်သောစကား
(ကိလေသာမှ)
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)၌
ဖြစ်သော
ဉာဏ်အမြင်
(ပစ္စဝေက္ခဏာဉာဏ်)
နှင့် စပ်သော
စကားဟူသော၊
ကိလေသာကို
လွန်စွာခေါင်းပါးစေ
တတ်သော၊
စိတ်၏
ပွင့်လင်းကြောင်း
(သမထဝိပဿနာ)
အား လျောက်ပတ်သောသဘောရှိသည့်
စကား
မျိုးကို အလိုရှိတိုင်းရ၏၊
မငြိုမငြင်ရ၏၊
မပင်မပန်း
ရ၏။
တစ်ယောက်တည်းကိန်းအောင်းခြင်းကို
မစွန့်၊
မိမိသန္တာန်၌
စိတ်၏ငြိမ်းကြောင်း
'သမထ' ကို
အားထုတ်၏။ ရဟန်းတို့ဤပဉ္စမတရားသည်
ကျင့်ဆဲ
'သေက္ခ' ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ကျင့်ဆဲ
'သေက္ခ'
ရဟန်းအား
(အထက်ထက်ဖြစ်သော
ဂုဏ် တို့မှ)
ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက်
ထေရဝဂ်
ပြီး၏။
------
(၁၀)
၅-ကကုဓဝဂ်
၁-ပဌမ
သမ္ပဒါသုတ်
၉၁။
ရဟန်းတို့
ပြည့်စုံခြင်း
'သမ္ပဒါ' တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်မှု
'သဒ္ဓါ' နှင့်
ပြည့်စုံခြင်း၊စောင့်ထိန်းမှု
'သီလ'နှင့်
ပြည့်စုံခြင်း၊
အကြားအမြင်
'သုတ'
နှင့်ပြည့်စုံခြင်း၊
စွန့်ကြဲမှု
'စာဂ' နှင့်
ပြည့်စုံခြင်း၊
သိမှု 'ပညာ'
နှင့်
ပြည့်စုံခြင်းတို့တည်း။
ရဟန်းတို့
ပြည့်စုံခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒုတိယ
သမ္ပဒါသုတ်
၉၂။
ရဟန်းတို့
ပြည့်စုံခြင်း
တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
စောင့်ထိန်းမှု
'သီလ' နှင့်
ပြည့်စုံခြင်း၊
တည်ကြည်မှု
'သမာဓိ' နှင့်
ပြည့်စုံခြင်း၊
သိမှု 'ပညာ'
နှင့်ပြည့်စုံခြင်း၊
(ကိလေသာမှ) လွတ်မြောက်မှု
'အရဟတ္တဖိုလ်'
နှင့် ပြည့်စုံခြင်း၊
(ကိလေသာမှ)
့လွတ်မြောက်မှု
'အရဟတ္တဖိုလ်'၌
ဖြစ်သော
ဉာဏ်အမြင်
'ပစ္စဝေက္ခဏာဉာဏ်'
နှင့်
ပြည့်စုံခြင်းတို့တည်း။
ရဟန်းတို့
ပြည့်စုံခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ဗျာကရဏသုတ်
၉၃။
ရဟန်းတို့
အရဟတ္တဖိုလ်ကို
ပြောဆိုခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
(ပညာ)
နုံ့သည်၏အဖြစ်
တွေဝေသည်၏အဖြစ်ကြောင့်
အရဟတ္တဖိုလ်ကို
ပြောဆို၏၊
ယုတ်ညံ့သော
အလိုရှိသည်
အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍
အရဟတ္တဖိုလ်ကို
ပြောဆို၏၊
ရူးသွပ်ခြင်း
စိတ်ပျံ့လွင့်ခြင်းကြောင့်
အရဟတ္တဖိုလ်ကို
ပြောဆို၏၊
အထင်ကြီးသဖြင့်
အရဟတ္တဖိုလ်ကို
ပြောဆို၏၊
အကြောင်းမှန်အားဖြင့်
အရဟတ္တဖိုလ်ကို
ပြောဆို၏။
ရဟန်းတို့
အရဟတ္တဖိုလ်ကို
ပြောဆိုခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဖာသုဝိဟာရသုတ်
၉၄။
ရဟန်းတို့
ချမ်းသာစွာနေခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်ခြင်း
'ဝိတက်'
နှင့်တကွဖြစ်သော
သုံးသပ်ခြင်း
'ဝိစာရ'
နှင့်တကွ ဖြစ်သော
(နီဝရဏ)
ကင်းခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
ချမ်းသာခြင်း
'သုခ'ရှိသောပဌမဈာန်သို့
ရောက်၍ နေ၏။
ကြံစည်ခြင်း
'ဝိတက်'
သုံးသပ်ခြင်း
'ဝိစာရ' တို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့။ပ။
တတိယဈာန်သို့။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏၊
အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုယခု
ဘဝ၌ပင်လျှင်
ကိုယ်တိုင်
ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။
ရဟန်းတို့
ချမ်းသာစွာနေခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-အကုပ္ပသုတ်
၉၅။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
ရဟန်းသည်
မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကိုထိုးထွင်း၍
သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အနက် (အကျိုး)
တို့၌
ခွဲခြားဝေဖန်တတ်သော
'အတ္ထပဋိသမ္ဘိဒါ'
ဉာဏ်သို့
ရောက်၏၊ ပါဠိ
(အကြောင်း)
တို့၌
ခွဲခြားဝေဖန်တတ်သော
'ဓမ္မပဋိသမ္ဘိဒါ'
ဉာဏ်သို့
ရောက်၏၊
သဒ္ဒါတို့၌
ခွဲခြားဝေဖန်တတ်သော
'နိရုတ္တိပဋိသမ္ဘိဒါ'
ဉာဏ်သို့
ရောက်၏၊
ရှေးဉာဏ်
သုံးပါးတို့၌
ခွဲခြားဝေဖန်တတ်သော
'ပဋိဘာနပဋိသမ္ဘိဒါ'ဉာဏ်သို့
ရောက်၏၊
ကိလေသာမှ
လွတ်မြောက်တိုင်းသော
(အရဟတ္တဖိုလ်)
စိတ်ကို
ဆင်ခြင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍
သိနိုင်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-သုတဓရသုတ်
၉၆။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာနာပါနဿတိကို
မှီဝဲသည်
ရှိသော်မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍
သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
(အမှုသစ်ကို)
အားထုတ်မှု
နည်းပါး၏၊
ကိစ္စနည်းပါး၏၊
မွေးမြူလွယ်၏၊
အသက်၏
အဆောက်အဦဖြစ်သော
ပစ္စည်း (လေးပါး)
တို့၌
ရောင့်ရဲလွယ်၏။
အစားအသောက်
နည်းပါး၏၊
ဝမ်းရေးကို
အားမထုတ်။
အအိပ်နည်းပါး၏၊
နိုးကြားမှု၌
အားထုတ်၏။
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏။
အနက်, သဒ္ဒါနှင့်တကွ
ဖြစ်၍
အလုံးစုံပြည့်စုံစင်ကြယ်သည့်
မြတ်သော
အကျင့်ကို
ဖော်ပြတတ်ကုန်သောအစ၏ကောင်းခြင်း
အလယ်၏
ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော
တရားတို့ကို
ထိုသူသည်များစွာ
ကြားနာဖူး၏၊
ဆောင်ထား၏၊ နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
မှတ်သားထား၏၊
ပညာဖြင့်ကောင်းစွာ
ထိုးထွင်း၍
သိ၏။
(ကိလေသာမှ)
လွတ်မြောက်တိုင်းသော
(အရဟတ္တဖိုလ်)
စိတ်ကို
ဆင်ခြင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာနာပါနဿတိကို
မှီဝဲသည်ရှိသော်မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍
သိနိုင်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ကထာသုတ်
၉၇။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာနာပါနဿတိကို
ပွါးများသည်ရှိသော်
မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍
သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
(အမှုသစ်ကို)
အားထုတ်မှု
နည်းပါး၏၊
ကိစ္စနည်း
ပါး၏၊
မွေးမြူလွယ်၏၊
အသက်၏
အဆောက်အဦဖြစ်သော
ပစ္စည်း (လေးပါး)
တို့၌
ရောင့်ရဲလွယ်၏။
အစားအသောက်
နည်းပါး၏၊
ဝမ်းရေးကို
အားမထုတ်။
အအိပ်နည်းပါး၏၊
နိုးကြားမှု၌
အားထုတ်၏။
အလိုနည်းမှုနှင့်စပ်သောစကား။ပ။
ကိလေသာမှ
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)၌
ဖြစ်သော ဉာဏ်အမြင်
(ပစ္စဝေက္ခဏာဉာဏ်)
နှင့်စပ်သောစကားဟူသော၊
ကိလေသာကို
လွန်စွာခေါင်းပါးစေတတ်သော၊
စိတ်၏
ပွင့်လင်းကြောင်း
(သမထ ဝိပဿနာ)
အား
လျောက်ပတ်သော
သဘောရှိသည့်
စကားမျိုးကိုအလိုရှိ
တိုင်း ရ၏၊
မငြိုမငြင်
ရ၏၊
မပင်မပန်း
ရ၏။
(ကိလေသာမှ)
လွတ်မြောက်တိုင်းသော
စိတ်ကို ဆင်ခြင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာနာပါနဿတိကို
ပွါးများသည်
ရှိသော်မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍
သိနိုင်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-အာရညကသုတ်
၉၈။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာနာပါနဿတိကို
ကြိမ်ဖန်များစွာအလေ့အလာပြုသည်ရှိသော်
မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍
သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
(အမှုသစ်ကို)
အားထုတ်မှု
နည်းပါး၏၊
ကိစ္စနည်း
ပါး၏၊
မွေးမြူလွယ်၏၊
အသက်၏
အဆောက်အဦဖြစ်သော
ပစ္စည်းတို့၌
ရောင့်ရဲလွယ်၏။
အစားအသောက်
နည်းပါး၏၊
ဝမ်းရေးကို
အားမထုတ်။
အအိပ်နည်းပါး၏၊
နိုးကြားမှု၌
အားထုတ်၏။
တော၌
နေ၏၊
အစွန်အဖျားကျသော
ကျောင်းလျှင်
နေရာရှိ၏။
(ကိလေသာမှ)
လွတ်မြောက်တိုင်းသော
စိတ်ကို ဆင်ခြင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာနာပါနဿတိကို
ကြိမ်ဖန်များစွာအလေ့အလာပြုသည်ရှိသော်
မကြာမြင့်မီပင်
အရဟတ္တဖိုလ်ကို
ထိုးထွင်း၍ သိနိုင်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-သီဟသုတ်
၉၉။
ရဟန်းတို့
သားတို့သနင်း
ခြင်္သေ့မင်းသည်
ညနေချမ်းအခါ
နေရာမှ ထွက်၍
ကွန့်မြူးလျက်
ပတ်ဝန်းကျင်
အရပ်လေးမျက်နှာတို့ကို
စောင်းငဲ့
ကြည့်ရှုပြီးနောက်
သုံးကြိမ်ဟောက်လျက်
ကျက်စားရန်
ထွက်သွား၏၊
ထိုခြင်္သေ့မင်းသည်
အကယ်၍ ဆင်ကို
သတ်ပုတ်မူလည်း
လေးလေးစားစားသာလျှင်
သတ်ပုတ်၏၊
မလေးမစား
မသတ်ပုတ်။
ကျွဲကို
သတ်ပုတ်မူလည်း
လေးလေးစားစားသာလျှင်
သတ်ပုတ်၏၊
မလေးမစား
မသတ်ပုတ်။
နွားကို
သတ်ပုတ်မူလည်း
လေးလေးစားစားသာလျှင်
သတ်ပုတ်၏၊
မလေးမစား
မသတ်ပုတ်။
သစ်ကို
သတ်ပုတ်မူလည်း
လေးလေးစားစားသာလျှင်
သတ်ပုတ်၏၊
မလေးမစားမသတ်ပုတ်။
အယုတ်သဖြင့်
ယုန် ကြောင်
စသော ငယ်သော
သတ္တဝါတို့ကိုပင်
သတ်ပုတ်မူလည်း
လေးလေးစားစားသာလျှင်
သတ်ပုတ်၏၊
မလေးမစား
မသတ်ပုတ်။
ထိုသို့
လေးလေးစားစား
သတ်ပုတ်ခြင်းသည်
အဘယ်ကြောင့်နည်း
''ငါ၏
အားထုတ်မှုလမ်းစဉ်သည်
မပျက်စီးပါစေလင့်''ဟု
နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့
''ခြင်္သေ့''ဟူသော
အမည်သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရား၏
အ မည်တော်ပင်
ဖြစ်၏၊ ရဟန်းတို့
ပရိသတ်၌
မြတ်စွာဘုရား
တရားဟောခြင်းသည်ပင်
ထိုမြတ်စွာဘုရား၏
ခြင်္သေ့သံ
ဖြစ်၏။
ရဟန်းတို့
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
တရားဟောမူလည်း
လေးလေးစားစားသာလျှင်ဟောကြား၏၊
မလေးမစား
မဟောကြား။
ရဟန်းတို့
မြတ်စွာဘုရားသည်
ရဟန်းမိန်းမတို့ကို
တရားဟောမူလည်း
လေးလေးစားစားသာလျှင်ဟောကြား၏၊
မလေးမစား
မဟောကြား။
ရဟန်းတို့
မြတ်စွာဘုရားသည်
ဥပါသကာတို့ကို
တရားဟောမူလည်း
လေးလေးစားစားသာလျှင်ဟောကြား၏၊
မလေးမစား
မဟောကြား။
ရဟန်းတို့
မြတ်စွာဘုရားသည်
ဥပါသိကာမတို့ကို
တရားဟောမူလည်း
လေးလေးစားစားသာလျှင်ဟောကြား၏၊
မလေးမစား
မဟောကြား။
ရဟန်းတို့
မြတ်စွာဘုရားသည်
အယုတ်သဖြင့် ထမင်းစားကျွန်ခံ
မုဆိုးစသော
ပုထုဇဉ်တို့ကိုပင့်တရားဟောမူလည်း
လေးလေးစားစားသာလျှင်
ဟောကြား၏၊ မလေးမစား
မဟောကြား။
ထိုသို့
လေးလေးစားစား
ဟောကြားတော်မူခြင်းသည်
အဘယ့်ကြောင့်နည်း။
ရဟန်းတို့
မြတ်စွာဘုရားသည်
တရားကို လေးစား
တရားကို
ရိုသေတော်မူသောကြောင့်တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ကကုဓထေရသုတ်
၁၀၀။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ
အသျှင်မဟာမောဂ္ဂလာန်၏
အလုပ်အကျွေး
ကကုဓမည်သော
ကောလိယ၏
သားသည်
ယခုပင်သေလွန်၍
ဈာန်စိတ်ဖြင့်ပြီးသော
တစ်ခုသော
ဗြဟ္မာဘုံ၌
ဖြစ်၏၊
ထိုကကုဓအား
မဂဓတိုင်းရှိ
ရွာနယ်
နှစ်နယ်
သုံးနယ်မျှလောက်သော
အတ္တဘော
'ခန္ဓာကိုယ်'
ကို ရ၏၊
ထိုကကုဓဗြဟ္မာသည်
ထိုမျှလောက်သော
အတ္တဘောကို
ရခြင်းဖြင့်
မိမိကိုယ်ကိုလည်း
မပင်ပန်းစေ၊
သူတစ်ပါးကိုလည်း
မပင်ပန်းစေ။
ထိုအခါ
ကကုဓဗြဟ္မာသည်
အသျှင်မဟာမောဂ္ဂလာန်ထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ရပ်တည်လျက်
အသျှင်မဟာမောဂ္ဂလာန်အား
-
''အသျှင်ဘုရား
'ငါသည်
ရဟန်းသံဃာကို
ဆောင်အံ့'ဟု
ဒေဝဒတ်အား
ဤသို့သဘောရှိသော
အလိုဆိုးဖြစ်ပေါ်ပါ၏၊
အသျှင်ဘုရား
ဒေဝဒတ်သည်
စိတ်ဖြစ်ပေါ်သည်နှင့်
တစ်ပြိုင်နက်
ထို (ရပြီးသော)
တန်ခိုးမှဆုတ်ယုတ်ပါ၏''ဟု
လျှောက်၏။
ဤစကားကို
လျှောက်ပြီးလျှင်
အသျှင်မဟာမောဂ္ဂလာန်ကို
ရှိခိုး၍
အရိုအသေပြုကာ
ထိုအရပ်၌ပင်ကွယ်ပျောက်လေ၏။
ထိုအခါ
အသျှင်မဟာမောဂ္ဂလာန်သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေလျက်
မြတ်စွာဘုရားအား-
အသျှင်ဘုရား
အကျွန်ုပ်၏
အလုပ်အကျွေးဖြစ်သော
ကကုဓမည်သော
ကောလိယ၏
သားသည်
ယခုပင်သေလွန်၍
ဈာန်စိတ်ဖြင့်ပြီးသော
တစ်ခုသော
ဗြဟ္မာဘုံ၌ ဖြစ်ပါသည်၊
ထိုကကုဓဗြဟ္မာအား
မဂဓ တိုင်းရှိရွာနယ်
နှစ်နယ်
သုံးနယ်မျှလောက်သော
အတ္တဘော
'ခန္ဓာကိုယ်'
ကို ရပါ၏၊
ထိုကကုဓဗြဟ္မာသည်ထိုမျှလောက်သော
အတ္တဘောကို
ရခြင်းဖြင့်
မိမိကိုယ်ကိုလည်း
မပင်ပန်းစေပါ၊
သူတစ်ပါးကိုလည်းမပင်ပန်းစေပါ။
အသျှင်ဘုရား
ထိုအခါ
ကကုဓဗြဟ္မာသည်
အကျွန်ုပ်ထံသို့
ချဉ်းကပ်၍
အကျွန်ုပ်ကို
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ရပ်နေလျက်
အကျွန်ုပ်အား
-
''အသျှင်ဘုရား
'ငါသည်
ရဟန်းသံဃာကို
ဆောင်အံ့'ဟု
ဒေဝဒတ်အား
ဤသို့သဘောရှိသော
အလိုဆိုးဖြစ်ပေါ်ပါ၏၊
အသျှင်ဘုရား
ဒေဝဒတ်သည်
စိတ်ဖြစ်ပေါ်သည်နှင့်
တစ်ပြိုင်နက်
ထို
(ရပြီးသော) တန်ခိုးမှဆုတ်ယုတ်ပါ၏''ဟု
လျှောက်၏။
အသျှင်ဘုရား
ဤစကားကို
လျှောက်ပြီးလျှင်
အကျွန်ုပ်ကို
ရှိခိုး၍
အရိုအသေပြုကာ
ထိုအရပ်၌ပင်ကကုဓဗြဟ္မာသည်
ကွယ်သွားပါ၏ဟု
လျှောက်၏။
မောဂ္ဂလာန်
သင်သည်
ကကုဓဗြဟ္မာကို
(သင်၏) စိတ်ဖြင့်
(ကကုဓဗြဟ္မာ၏)
စိတ်ကို
ပိုင်းခြား၍သိသလော၊
''ကကုဓဗြဟ္မာပြောဆိုသော
စကားအလုံးစုံသည်
ထိုဆိုသည့်
အတိုင်းသာလျှင်
မှန်ကန်သလော၊
တစ်ပါးသော
အခြင်းအရာအားဖြင့်
မဖြစ်ဘဲ
ရှိသလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်သည်
ကကုဓဗြဟ္မာကို
(အကျွန်ုပ်၏)
စိတ်ဖြင့်
(ကကုဓဗြဟ္မာ၏)
စိတ်ကိုပိုင်းခြား၍
သိပါ၏၊
''ကကုဓဗြဟ္မာပြောဆိုသော
စကားအလုံးစုံသည်
ထိုဆိုသည့်
အတိုင်းသာလျှင့်မှန်ကန်
ပါ၏၊
တစ်ပါးသော
အခြင်းအရာအားဖြင့်
မဖြစ်ပါ''ဟု
(လျှောက်၏)။
မောဂ္ဂလာန်
ဤစကားကိုစောင့်စည်းဦးလော့၊
မောဂ္ဂလာန်
ဤစကားကိုစောင့်စည်းဦးလော့၊
ယခုအခါ၌ ထို
(မဂ်ဖိုလ်မှ)
အချည်းနှီးဖြစ်သော
ယောက်ျားသည်
မိမိသည်ပင်
မိမိကိုယ်ကို
ထင်ရှားစွာပြုလတ္တံ့။
မောဂ္ဂလာန်
လောက၌
ဤဆရာငါးမျိုးတို့သည်
ထင်ရှားရှိကြကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မောဂ္ဂလာန်
ဤလောက၌
အချို့သော
ဆရာသည်
သီလမစင်ကြယ်သည်ဖြစ်လျက်
''ငါသည်စင်ကြယ်သော
သီလရှိ၏၊ ငါ၏
သီလသည်
စင်ကြယ်၏၊
တောက်ပ၏၊
မညစ်နွမ်း''ဟု
ဝန်ခံ၏။
ထိုဆရာကို
(သူ၏) တပည့်တို့သည်
ဤသို့
သိကြကုန်၏၊
''ဤအသျှင်ဆရာသည်
သီလမစင်ကြယ်သည်
ဖြစ်ပါလျက်
'ငါသည် စင်ကြယ်သော
သီလရှိ၏၊ ငါ၏
သီလသည်
စင်ကြယ်၏၊
တောက်ပ၏၊
မညစ်နွမ်း'ဟုဝန်ခံ၏၊
ငါတို့သည်
ထိုအကြောင်းကို
လူတို့အား
ပြောကြားကြမူ
ထိုဆရာအား
မြတ်နိုးမှု
မဖြစ်ရာ၊
ထိုဆရာအား
ယင်းမမြတ်နိုးဖွယ်
စကားဖြင့်
ငါတို့သည်
အဘယ်ကြောင့်
ပြောကြားကုန်မည်နည်း၊
သင်္ကန်း
ဆွမ်း ကျောင်း
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်တို့ဖြင့်
ငါတို့ကို
ကောင်းစွာမြတ်နိုးစေသည်သာလျှင်တည်း၊
ထိုဆရာသည်ပင်
ထို (မိမိ)
ပြုမည့်အမှုဖြင့်
ထင်ရှားလာလိမ့်မည်''ဟု
(သိကြကုန်၏)။
မောဂ္ဂလာန်
ဤသို့သဘောရှိသော
ဆရာကို တပည့်ဖြစ်သူတို့သည်
သီလမှ
ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့သဘောရှိသော
ဆရာသည်လည်း
သီလမှ
ကာကွယ်စောင့်ရှောက်မှုကို
တပည့်တို့ထံမှလိုလားတောင့်တ၏။
မောဂ္ဂလာန်
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
ဆရာသည်
အသက်မွေးမှု
မစင်ကြယ်
သည်ဖြစ်လျက်
''ငါသည်
စင်ကြယ်သော
အသက်မွေးမှုရှိ၏၊
ငါ၏
အသက်မွေးမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊
မညစ်နွမ်း''ဟု
ဝန်ခံ၏။
ထိုဆရာကို
(သူ၏) တပည့်တို့သည်
ဤသို့
သိကြကုန်၏၊
''ဤအသျှင်ဆရာသည်
မစင်ကြယ်သော
အသက်မွေးမှုရှိသည်ဖြစ်ပါလျက်
'ငါသည်
စင်ကြယ်သော
အသက်မွေးမှုရှိ၏၊
ငါ၏အသက်မွေးမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊ မညစ်နွမ်း'ဟု
ဝန်ခံ၏။
ငါတို့သည်ထိုအကြောင်းကို
လူတို့အား
ပြောကြားကြမူ
ထိုဆရာအား မြတ်နိုးမှု
မဖြစ်ရာ၊
ထိုဆရာအား
ယင်းမမြတ်နိုးဖွယ်
စကားဖြင့်
ငါတို့သည်
အဘယ့်ကြောင့်
ပြောကြားကုန်မည်နည်း၊
သင်္ကန်း
ဆွမ်း
ကျောင်းသူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်တို့ဖြင့်
ငါတို့ကို ကောင်းစွာ
မြတ်နိုးစေသည်သာလျှင်တည်း၊
ထိုဆရာသည်ပင်
ထို (မိမိ)
ပြုမည့်အမှုဖြင့်
ထင်ရှားလာလိမ့်မည်''ဟု
(သိကြကုန်၏)။
မောဂ္ဂလာန်
ဤသို့သဘောရှိသော
ဆရာကို
တပည့်ဖြစ်သူတို့သည်
အသက်မွေးမှုမှ
ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့သဘောရှိသော
ဆရာသည်လည်း
အသက်မွေးမှုမှ
ကာကွယ်စောင့်ရှောက်မှုကိုတပည့်တို့ထံမှ
လိုလားတောင့်တ၏။
မောဂ္ဂလာန်
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
ဆရာသည်
တရားဟောမှု
မစင်ကြယ်
သည်ဖြစ်ပါလျက်
''ငါသည်
စင်ကြယ်သော
တရားဟောမှုရှိ၏၊
ငါ၏
တရားဟောမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊
မညစ်နွမ်း''ဟု
ဝန်ခံ၏။ ထိုဆရာကို
(သူ၏)
တပည့်တို့သည်
ဤသို့ သိကြကုန်၏၊
''ဤအသျှင်ဆရာသည်
တရားဟောမှု
မစင်ကြယ်သည်ဖြစ်လျက်
'ငါသည်
စင်ကြယ်သော
တရားဟောမှုရှိ၏၊
ငါ၏
တရားဟောမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊
မညစ်နွမ်း'ဟု
ဝန်ခံ၏။
ငါတို့သည်ထိုအကြောင်းကို
လူတို့အား
ပြောကြားကြမူ
ထိုဆရာအား
မြတ်နိုးမှု
မဖြစ်ရာ၊
ထိုဆရာအားယင်းမမြတ်နိုးဖွယ်စကား
ဖြင့်
ငါတို့သည်
အဘယ်ကြောင့်
ပြောကြားကုန်မည်နည်း၊
သင်္ကန်း
ဆွမ်းကျောင်း
သူနာ၏ အထောက်
အပံ့
ဆေးအသုံးအဆောင်တို့ဖြင့်
ငါတို့ကို
ကောင်းစွာ့မြတ်နိုးစေသည်သာလျှင်တည်း၊
ထိုဆရာသည်ပင်
ထို (မိမိ)
ပြုမည့်အမှုဖြင့်
ထင်ရှားလာလိမ့်မည်''ဟု
(သိကြကုန်၏)။
မောဂ္ဂလာန်
ဤသို့သဘောရှိသော
ဆရာကို တပည့်ဖြစ်သူတို့သည်
တရားဟောမှုမှ
ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့သဘောရှိသော
ဆရာသည်လည်း
တရားဟောမှုမှ
ကာကွယ်စောင့်ရှောက်မှုကိုတပည့်တို့ထံမှ
လိုလားတောင့်တ၏။
မောဂ္ဂလာန်
နောက်တစ်မျိုးကား
ဤလောက၌ အချို့သော
ဆရာသည်
ဖြေဆိုမှု
မစင်ကြယ်သည်ဖြစ်ပါလျက်
''ငါသည်
စင်ကြယ်သော
ဖြေဆိုမှုရှိ၏၊
ငါ၏
ဖြေဆိုမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊ မညစ်နွမ်း''ဟု
ဝန်ခံ၏။
ထိုဆရာကို
(သူ၏) တပည့်တို့သည်
ဤသို့
သိကြကုန်၏၊
''ဤအသျှင်ဆရာသည်
ဖြေဆိုမှု
မစင်ကြယ်သည်ဖြစ်ပါလျက်
'ငါ၏
ဖြေဆိုမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊ မညစ်နွမ်း'ဟု
ဝန်ခံ၏။
ငါတို့သည်
ထိုအကြောင်းကို
လူတို့အား
ပြောကြားကြကုန်မူ
ထိုဆရာအားမြတ်နိုးမှု
မဖြစ်ရာ၊
ထိုဆရာအား
ယင်းမမြတ်နိုးဖွယ်
စကားဖြင့်
ငါတို့သည်
အဘယ်ကြောင့်
ပြောကြားကုန်မည်နည်း၊
သင်္ကန်း
ဆွမ်း
ကျောင်း
သူနာ၏ အထောက်အပံ့
ဆေးအသုံးအဆောင်တို့ဖြင့်
ငါတို့ကိုကောင်းစွာ
မြတ်နိုးစေသည်သာလျှင်တည်း၊
ထိုဆရာသည်ပင်
ထို (မိမိ)
ပြုမည့်အမှုဖြင့်
ထင်ရှားလာလိမ့်မည်''ဟု
(သိကြကုန်၏)။
မောဂ္ဂလာန်
ဤသို့သဘောရှိသော
ဆရာကို တပည့်ဖြစ်သူတို့သည်
ဖြေဆိုမှုမှ
ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့သဘောရှိသော
ဆရာသည်လည်း
ဖြေဆိုမှုမှ
ကာကွယ်စောင့်ရှောက်ခြင်းကိုတပည့်တို့ထံမှ
လိုလားတောင့်တ၏။
မောဂ္ဂလာန်
နောက်
တစ်မျိုးကား
ဤလောက၌ အချို့သော
ဆရာသည်
ဉာဏ်အမြင်
မစင်ကြယ်
သည်ဖြစ်ပါလျက်
''ငါသည်
စင်ကြယ်သော
ဉာဏ်အမြင်ရှိ၏၊
ငါ၏
ဉာဏ်အမြင်သည်
စင်ကြယ်၏၊
တောက်ပ၏၊
မညစ်နွမ်း''ဟု
ဝန်ခံ၏။ ထိုဆရာကို
(သူ၏)
တပည့်ဖြစ်သူတို့သည်
ဤသို့ သိကြကုန်၏၊
''ဤအသျှင်ဆရာသည်
ဉာဏ်အမြင်
မစင်ကြယ်သူဖြစ်ပါလျက်
'ငါသည်
စင်ကြယ်သော
ဉာဏ်အမြင်ရှိ၏၊
ငါ၏
ဉာဏ်အမြင်သည်
စင်ကြယ်၏၊ တောက်ပ၏၊
မညစ်နွမ်း'ဟု
ဝန်ခံ၏။
ငါတို့သည် ထိုအကြောင်းကိုလူတို့အား
ပြောကြားကြကုန်မူ
ထိုဆရာအား
မြတ်နိုးမှု
မဖြစ်ရာ၊
ထိုဆရာအား
ယင်းမမြတ်နိုးဖွယ်စကားဖြင့်
ငါတို့သည်
အဘယ်ကြောင့်
ပြောကြားကုန်မည်နည်း၊
သင်္ကန်း
ဆွမ်း ကျောင်း
သူနာ၏အထောက်အပံ့
ဆေးအသုံးအဆောင်တို့ဖြင့်
ငါတို့ကို
ကောင်းစွာ
မြတ်နိုးစေသည်သာလျှင်တည်း၊
ထိုဆရာသည်ပင်
ထို (မိမိ)
ပြုမည့်အမှုဖြင့်
ထင်ရှားလာလိမ့်မည်''ဟု
(သိကြကုန်၏)။
မောဂ္ဂလာန်
ဤသို့သဘောရှိသော
ဆရာကို တပည့်ဖြစ်သူတို့သည်
ဉာဏ်အမြင်မှစောင့်ရှောက်ကာကွယ်ကုန်၏၊
ဤသို့သဘောရှိသော
ဆရာသည်လည်း
ဉာဏ်အမြင်မှ
ကာကွယ်စောင့်ရှောက်မှုကိုတပည့်တို့ထံမှ
လိုလားတောင့်တ၏။
မောဂ္ဂလာန်
လောက၌
ဤဆရာငါးမျိုးတို့သည်
ထင်ရှားရှိကုန်၏။
မောဂ္ဂလာန်
ငါသည်ကား
သီလစင်ကြယ်သည်ဖြစ်၍
''ငါသည်
စင်ကြယ်သော
သီလရှိ၏၊
ငါ၏သီလသည်
စင်ကြယ်၏၊
တောက်ပ၏၊
ညစ်နွမ်းခြင်း
မရှိ''ဟု ဝန်ခံ၏၊
တပည့်တို့သည်လည်း
ငါ့ကို
သီလမှမကာကွယ်
မစောင့်ရှောက်ကြကုန်၊
ငါသည်လည်း သီလမှ
ကာကွယ်စောင့်ရှောက်ခြင်းကို
တပည့်တို့ထံမှမလိုလား
မတောင့်တ။
အသက်မွေးမှု
စင်ကြယ်သည်ဖြစ်၍
''ငါသည် စင်ကြယ်သော
အသက်မွေးမှုရှိ၏၊
ငါ၏
အသက်မွေးမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊
ညစ်နွမ်းခြင်း
မရှိ''ဟု
ဝန်ခံ၏၊
တပည့်တို့သည်လည်း
ငါ့ကိုအသက်မွေးမှုမှ
မကာကွယ်
မစောင့်ရှောက်ကြကုန်၊
ငါသည်လည်း
အသက်မွေးမှုမှ
ကာကွယ်စောင့်ရှောက်ခြင်းကို
တပည့်တို့ထံမှ
မလိုလား
မတောင့်တ။
တရားဟောမှု
စင်ကြယ်သည်ဖြစ်၍
''ငါသည် စင်ကြယ်သော
တရားဟောမှုရှိ၏၊
ငါ၏
တရားဟောမှုသည်
စင်ကြယ်၏၊
တောက်ပ၏၊
ညစ်နွမ်းခြင်း
မရှိ''ဟု
ဝန်ခံ၏၊
တပည့်တို့သည်လည်း
ငါ့ကိုတရားဟောမှုမှ
မကာကွယ်
မစောင့်ရှောက်ကြကုန်၊
ငါသည်လည်း
တရားဟောမှုမှ
ကာကွယ်စောင့်ရှောက်ခြင်းကို
တပည့်တို့ထံမှ
မလိုလား
မတောင့်တ။
ဖြေဆိုမှု
စင်ကြယ်သည်ဖြစ်၍
''ငါသည်
စင်ကြယ်သော
ဖြေဆိုခြင်းရှိ၏၊
ငါ၏
ဖြေဆိုမှုသည်စင်ကြယ်၏၊
တောက်ပ၏၊
ညစ်နွမ်းခြင်း
မရှိ''ဟု
ဝန်ခံ၏၊
တပည့်တို့သည်လည်း
ငါ့ကို ဖြေဆိုမှုမှမကာကွယ်
မစောင့်ရှောက်ကြကုန်၊
ငါသည်လည်း
ဖြေဆိုမှုမှ
ကာကွယ်စောင့်ရှောက်ခြင်းကိုတပည့်တို့ထံမှ
မလိုလား
မတောင့်တ။
ဉာဏ်အမြင်
စင်ကြယ်သည်ဖြစ်၍
''ငါသည်
စင်ကြယ်သော
ဉာဏ်အမြင်ရှိ၏၊
ငါ၏
ဉာဏ်အမြင်သည်စင်ကြယ်၏၊
တောက်ပ၏၊
ညစ်နွမ်းခြင်း
မရှိ''ဟု ဝန်ခံ၏၊
တပည့်တို့သည်လည်း
ငါ့ကို
ဉာဏ်အမြင်မှမကာကွယ်
မစောင့်ရှောက်ကြကုန်၊
ငါသည်လည်း
ဉာဏ်အမြင်မှ
ကာကွယ်စောင့်ရှောက်ခြင်းကိုတပည့်တို့
ထံမှ မလိုလား
မတောင့်တဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက်
ကကုဓဝဂ်
ပြီး၏။
ဒုတိယ
သုတ်ငါးဆယ်
ပြီး၏။
------
၃-တတိယပဏ္ဏာသက
၃-တတိယ
သုတ်ငါးဆယ်
(၁၁)
၁-ဖာသုဝိဟာရဝဂ်
၁-သာရဇ္ဇသုတ်
၁၀၁။
ရဟန်းတို့
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်အား
ရဲရင့်မှုကို
ပြုတတ်ကုန်သော
တရားတို့သည်ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤ သာသနာတော်၌
ရဟန်းသည်-
ယုံကြည်မှု
'သဒ္ဓါ' ရှိ၏။
စောင့်ထိန်းမှု
'သီလ' ရှိ၏။
အကြားအမြင်များ၏။
ထက်သန်သော
လုံ့လရှိ၏။
ပညာရှိ၏။
ရဟန်းတို့
ယုံကြည်မှု
'သဒ္ဓါ'
မရှိသူအား ဖြစ်တတ်သည့်
နှလုံးမသာခြင်းသည်
ယုံကြည်မှု
'သဒ္ဓါ'
ရှိသူအား
မဖြစ်၊
ထိုကြောင့် ဤ
(ယုံကြည်မှု
သဒ္ဓါ)
တရားသည်
ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်အား
ရဲရင့်မှုကိုပြုတတ်၏။
ရဟန်းတို့စောင့်ထိန်းမှု
'သီလ'
မရှိသူအား ဖြစ်တတ်သည့်
နှလုံးမသာခြင်းသည်စောင့်ထိန်းမှု
'သီလ'ရှိသူအား
မဖြစ်၊
ထိုကြောင့် ဤ
(စောင့်ထိန်းမှု
သီလ) တရားသည်
ကျင့်ဆဲ
'သေက္ခ' ပုဂ္ဂိုလ်အား
ရဲရင့်မှုကိုပြုတတ်၏။
ရဟန်းတို့
အကြားအမြင်နည်းပါးသော
သူအား ဖြစ်တတ်သည့်
နှလုံးမသာခြင်းသည်
အကြားအမြင်များသူအား
မဖြစ်၊ ထို့ကြောင့်
ဤ
(အကြားအမြင်များခြင်း)
တရားသည် ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်အားရဲရင့်မှုကို
ပြုတတ်၏။
ရဟန်းတို့
ပျင်းရိသူအား
ဖြစ်တတ်သည့်
နှလုံးမသာခြင်းသည်
ထက်သန်သော
လုံ့လရှိသူအား
မဖြစ်၊
့ထို့ကြောင့်
ဤ (လုံ့လ)
တရားသည် ကျင့်ဆဲ
'သေက္ခ'
ပုဂ္ဂိုလ်အား
ရဲရင့်မှုကို
ပြုတတ်၏။
ရဟန်းတို့
ပညာကင်းမဲ့သူအား
ဖြစ်တတ်သည့်
နှလုံးမသာခြင်းသည်
ပညာရှိသူအား
မဖြစ်၊ ထို့ကြောင့်ဤ
(ပညာ) တရားသည်
ကျင့်ဆဲ
'သေက္ခ' ပုဂ္ဂိုလ်အား
ရဲရင့်မှုကို
ပြုတတ်၏။
ရဟန်းတို့
ဤသည်တို့ကား
ကျင့်ဆဲ
'သေက္ခ' ပုဂ္ဂိုလ်အား
ရဲရင့်မှုကို
ပြုတတ်သော
တရားငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဥဿင်္က
ိတသုတ်
၁၀၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ရဟန္တာပင်ဖြစ်လျှင်မူလည်း''ယုတ်မာသော
ရဟန်း''ဟူ၍
ရွံရှာအပ်
ယုံမှားအပ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ပြည့်တန်ဆာမ
(အိမ်) လျှင်
ကျက်စားရာရှိ၏၊
မုဆိုးမ
(အိမ်) လျှင်
ကျက်စားရာရှိ၏၊
အပျိုကြီး
(အိမ်) လျှင်
ကျက်စားရာရှိ၏၊
ပဏ္ဍုက်
(အိမ်) လျှင်
ကျက်စားရာရှိ၏၊
ရဟန်းမိန်းမ
(ကျောင်း)
လျှင်
ကျက်စားရာရှိ၏၊
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ရဟန္တာပင်ဖြစ်လျှင်မူလည်း
''ယုတ်မာသော
ရဟန်း''ဟူ၍
ရွံရှာအပ်
ယုံမှားအပ်သူ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-မဟာစောရသုတ်
၁၀၃။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
ခိုးသူကြီးသည်
အိမ်ကိုသော်လည်း
ဖောက်ထွင်း၏၊
ရွာကိုသော်လည်း
တိုက်ခိုက်
လုယူ၏၊
တစ်အိမ်တည်းကိုသော်လည်း
တိုက်ခိုက်
လုယူ၏၊
လမ်းခရီး၌စောင့်၍သော်လည်း
တိုက်ခိုက်
လုယူ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
ခိုးသူကြီးသည်-
မညီညွတ်သော
အရပ်ကိုသော်လည်း
အမှီရ၏။
တောအုပ်ကိုသော်လည်း
အမှီရ၏။
အားကြီးသူကိုသော်လည်း
အမှီရ၏။
ပစ္စည်းဥစ္စာကိုသော်လည်း
စွန့်ကြဲလေ့ရှိ၏။
တစ်ယောက်တည်းသော်လည်း
သွားလာတတ်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ခိုးသူကြီးသည်
မညီညွတ်သော
အရပ်ကို
အမှီရသနည်း။
ရဟန်းတို့
ဤလောက၌
ခိုးသူကြီးသည်
သွားလာကူးခက်သော
မြစ်ကိုသော်လည်းကောင်း၊
မညီညွတ်သော
တောင်ကိုသော်လည်းကောင်း
အမှီရ၏။
ရဟန်းတို့
ဤသို့လျှင်
ခိုးသူကြီးသည်
မညီညွတ်သော
အရပ်ကို
အမှီရ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ခိုးသူကြီးသည်
တောအုပ်ကို
အမှီရသနည်း။
ရဟန်းတို့
ဤလောက၌
ခိုးသူကြီးသည်
မြက်တောကိုသော်လည်းကောင်း၊
သစ်တောကိုသော်လည်း့ကောင်း၊
ထူထဲသော
တောအုပ်ကိုသော်လည်းကောင်း၊
တောအုပ်ကြီးကိုသော်လည်းကောင်း
အမှီရ၏။
ရဟန်းတို့
ဤသို့လျှင်
ခိုးသူကြီးသည်
တောအုပ်ကို
အမှီရ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ခိုးသူကြီးသည်
အားကြီးသူကို
အမှီရသနည်း။
ရဟန်းတို့
ဤလောက၌
ခိုးသူကြီးသည်
မင်းတို့ကိုသော်လည်းကောင်း၊
မင်း၏အမတ်တို့ကိုသော်လည်းကောင်း
အမှီရ၏၊
ထိုခိုးသူကြီးအား
''အကယ်၍
တစ်ယောက်ယောက်က
ငါ့ကို
တစ်စုံတစ်ရာပြောငြားအံ့၊
ဤမင်းတို့ကသော်လည်းကောင်း၊
မင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း
အပြစ်ကိုကာကွယ်၍
ငါ့အကျိုးကို
ပြောကြလိမ့်မည်''ဟု
အကြံဖြစ်၏။
အကယ်၍
ငါ့ကို
တစ်ယောက်ယောက်က
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ထိုမင်းတို့ကသော်လည်းကောင်း၊
ထိုမင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း
အပြစ်ကို
ကာကွယ်၍
ထိုခိုးသူကြီး၏
အကျိုးကို
ပြောကုန်၏။
ရဟန်းတို့
ဤသို့လျှင်
ခိုးသူကြီးသည်
အားကြီးသူကို
အမှီရ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ခိုးသူကြီးသည်
စည်းစိမ်ဥစ္စာကို
စွန့်ကြဲလေ့ရှိသနည်း။
ရဟန်းတို့
ဤလောက၌
ခိုးသူကြီးသည်
ကြွယ်ဝ၏၊
များသော
ဥစ္စာရှိ၏၊
များသော
စည်းစိမ်ရှိ၏၊
ထိုခိုးသူကြီးအား
''အကယ်၍
တစ်ယောက်ယောက်က
ငါ့ကို
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ထို
စည်းစိမ်မှပစ္စည်းဥစ္စာဖြင့်
အစေ့အစပ်ပြုလုပ်မည်''ဟု
အကြံဖြစ်၏။
အကယ်၍
ထိုခိုးသူကြီးကို
တစ်ယောက်ယောက်က
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ထိုစည်းစိမ်မှပစ္စည်းဥစ္စာဖြင့်
အစေ့အစပ်ပြုလုပ်၏။
ရဟန်းတို့
ဤသို့လျှင်
ခိုးသူကြီးသည်
ပစ္စည်းဥစ္စာကို
စွန့်ကြဲလေ့ရှိ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ခိုးသူကြီးသည်
တစ်ယောက်တည်း
သွားလာသနည်း။
ရဟန်းတို့
ဤလောက၌
ခိုးသူကြီးသည်
တစ်ယောက်တည်းသာလျှင်
လုယူမှုတို့ကို
ပြုတတ်၏။
ထိုသို့
ပြုခြင်းသည်
အဘယ်ကြောင့်နည်း
-
''ငါ၏
လျှို့ဝှက်တိုင်ပင်မှုတို့သည်
အပြင်ပ၌
ပေါက်ကြားခြင်းသို့
မရောက်ပါစေကုန်လင့်''ဟု
နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့
ဤသို့လျှင်
ခိုးသူကြီးသည်
တစ်ယောက်တည်း
သွားလာတတ်၏။
ရဟန်းတို့
ဤ
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
ခိုးသူကြီးသည်
အိမ်ကိုသော်လည်း
ဖောက်ထွင်း၏၊
ရွာကိုသော်လည်း
တိုက်ခိုက်
လုယူ၏၊
တစ်အိမ်တည်းကိုသော်လည်း
တိုက်ခိုက်
လုယူ၏၊
လမ်းခရီး၌စောင့်၍သော်လည်း
တိုက်ခိုက်
လုယူ၏။
ရဟန်းတို့
ဤအတူသာလျှင်
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းယုတ်သည်
တူးဖြိုဖျက်ဆီး
အပ်သောမိမိကိုယ်ကိုစောင့်ရှောက်၏၊
အပြစ်လည်း
ရှိ၏၊
ပညာရှိတို့လည်း
စွပ်စွဲ၏၊ များစွာသောမကောင်းမှုကိုလည်း
ဖြစ်ပွါးစေ၏။
အဘယ်အင်္ဂါငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းယုတ်သည်-
မညီညွတ်သော
အရပ်ကိုသော်လည်း
အမှီရ၏။
တောအုပ်ကိုသော်လည်း
အမှီရ၏။
အားကြီးသူကိုသော်လည်း
အမှီရ၏။
စည်းစိမ်ဥစ္စာကိုသော်လည်း
စွန့်ကြဲလေ့ရှိ၏။
တစ်ယောက်တည်းသော်လည်း
သွားလာတတ်၏။
ရဟန်းတို့
ရဟန်းယုတ်သည်
အဘယ်သို့လျှင်
မညီညွတ်သော
အရပ်ကို
အမှီရသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းယုတ်သည်
မညီညွတ်သော
ကာယကံနှင့်
ပြည့်စုံ၏၊
မညီ့ညွတ်သော
ဝစီကံနှင့်
ပြည့်စုံ၏၊
မညီညွတ်သော
မနောကံနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းယုတ်သည်
မညီညွတ်သော
အရပ်ကို
အမှီရ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းယုတ်သည်
တောအုပ်ကို
အမှီရသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းယုတ်သည်
မှားယွင်းသောအယူ
ရှိ၏၊
သဿတစသည်ဖြင့်စွဲယူသော
အန္တဂ္ဂါဟိကဒိဋ္ဌိနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းယုတ်သည်
တောအုပ်ကို
အမှီရ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းယုတ်သည်
အားကြီးသူကို
အမှီရသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းယုတ်သည်
မင်းတို့ကိုသော်လည်းကောင်း၊
မင်း၏အမတ်ကြီးတို့ကိုသော်လည်းကောင်း
အမှီရ၏။
ထိုရဟန်းအား-
''အကယ်၍
တစ်ယောက်ယောက်က
ငါ့ကို
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ဤမင်းတို့ကသော်လည်းကောင်း၊
မင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း
အပြစ်ကို
ကာကွယ်၍
ငါ့အကျိုးကိုပြောကြလိမ့်မည်''ဟု
အကြံဖြစ်၏။
အကယ်၍
ထိုရဟန်းကို
တစ်ယောက်ယောက်က
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ထိုမင်းတို့ကသော်လည်းကောင်း၊
မင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း
အပြစ်ကို
ကာကွယ်၍
ထိုရဟန်း၏
အကျိုးကိုပြောကုန်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းယုတ်သည်
အားကြီးသူကို
အမှီရ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းယုတ်သည်
စည်းစိမ်ဥစ္စာကို
စွန့်ကြဲလေ့ရှိသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းယုတ်သည်
သင်္ကန်း
ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏အထောက်အပံ့
ဆေးအသုံးအဆောင်ကို
ရ၏။
ထိုရဟန်းအား-
''အကယ်၍
ငါ့ကို
တစ်ယောက်ယောက်က
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ထိုစည်းစိမ်မှ
လာဘ် လာဘဖြင့်အစေ့အစပ်ပြုမည်''ဟု
အကြံဖြစ်၏။
အကယ်၍
ထိုရဟန်းယုတ်ကို
တစ်ယောက်ယောက်က
တစ်စုံတစ်ရာ
ပြောငြားအံ့၊
ထိုစည်းစိမ်မှလာဘ်
လာဘဖြင့်
အစေ့အစပ်
ပြုလုပ်၏။
ရဟန်းတို့
ဤသို့လျှင်
စည်းစိမ်ဥစ္စာကို
စွန့်ကြဲလေ့ရှိ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းယုတ်သည်
တစ်ယောက်တည်း
သွားလာသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းယုတ်သည်
တစ်ယောက်တည်းသာလျှင်
အစွန်အဖျားကျသောဇနပုဒ်တို့၌
နေ၏၊
ထိုရဟန်းယုတ်သည်
ထိုဇနပုဒ်ရှိ
အိမ်တို့သို့
ချဉ်းကပ်သည်ရှိသော်
လာဘ်ကို ရ၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းယုတ်သည်
တစ်ယောက်တည်း
သွားလာ၏။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းယုတ်သည်
တူးဖြိုဖျက်ဆီးအပ်သော
မိမိကိုယ်ကိုစောင့်ရှောက်၏၊
အပြစ်လည်းရှိ၏၊
ပညာရှိတို့လည်း
စွပ်စွဲ၏၊
များစွာသော
မကောင်းမှုကိုလည်းဖြစ်ပွါးစေ၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-သမဏ
သုခုမာလသုတ်
၁၀၄။
ရဟန်းတို့
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ရဟန်းတို့တွင်
နူးညံ့သိမ်မွေ့သောရဟန်းဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
(သုံးဆောင်တော်မူပါဟု)
တောင်းပန်အပ်သည်
ဖြစ်၍သာလျှင်
သင်္ကန်းကို
သုံးဆောင်ရသည်က
များ၏၊
မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း၊
တောင်းပန်အပ်သည်
ဖြစ်၍သာလျှင်
ဆွမ်းကို
သုံးဆောင်ရသည်ကား
များ၏၊
မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်က
အနည်းငယ်သာတည်း။
တောင်းပန်အပ်သည်ဖြစ်၍သာလျှင်
ကျောင်းအိပ်ရာနေရာကို
သုံးဆောင်ရသည်က
များ၏၊ မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း။
တောင်းပန်အပ်သည်ဖြစ်၍သာလျှင်
သူနာ၏ အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို
သုံးဆောင်ရသည်က
များ၏၊
မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်သာတည်း။
အတူနေ
သီတင်းသုံးဖော်တို့သည်
ထိုရဟန်းအား
နှစ်မြို့ဖွယ်
ကာယကံဖြင့်သာလျှင်
ပြုမူကြသည်ကများ၏၊
မနှစ်မြို့ဖွယ်
ကာယကံဖြင့်
ပြုမူကြသည်ကား
အနည်းငယ်မျှသာတည်း၊
နှစ်မြို့ဖွယ်ဝစီကံဖြင့်သာလျှင်
ပြုမူကြသည်က
များ၏၊ မနှစ်မြို့ဖွယ်
ဝစီကံဖြင့်
ပြုမူကြသည်ကား
အနည်းငယ်မျှသာတည်း၊
နှစ်မြို့ဖွယ်
မနောကံဖြင့်သာလျှင်
ပြုမူကြသည်က
များ၏၊ မနှစ်မြို့ဖွယ်
မနောကံဖြင့်
ပြုမူကြသည်ကား
အနည်းငယ်မျှသာတည်း၊
နှစ်မြို့ဖွယ်
ပူဇော်ခြင်းကိုသာလျှင်
ဆောင်ကြသည်က
များ၏၊
မနှစ်မြို့ဖွယ်ပူဇော်ခြင်းကို
ဆောင်ကြသည်ကား
အနည်းငယ်မျှသာတည်း။
သည်းခြေကြောင့်သော်လည်းကောင်း၊
သလိပ်ကြောင့်သော်လည်းကောင်း၊
လေကြောင့်သော်လည်းကောင်း၊
သည်းခြေ
သလိပ်
လေတို့၏
ပေါင်းဆုံမိခြင်း
'သန္နိပါတ်'
ကြောင့်သော်လည်းကောင်း၊
ဥတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊
မညီမညွတ်ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း၊
သူတစ်ပါးလုံ့လပယောဂကြောင့်သော်လည်းကောင်း၊
ကံအကျိုးပေးခြင်းကြောင့်သော်လည်းကောင်း
ဖြစ်ကုန်သောဝေဒနာတို့သည်
ထိုရဟန်းအား
များစွာမဖြစ်ကုန်၊
အနာကင်း၏၊
မျက်မှောက်ဘဝ၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်း
ရ၏၊
မငြိုမငြင်
ရ၏၊
မပင်မပန်း ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်လျှင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍ နေရ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ရဟန်းတို့တွင်
နူးညံ့သိမ်မွေ့သော
ရဟန်းမည်၏။
ရဟန်းတို့
''ရဟန်းတို့တွင်
နူးညံ့သိမ်မွေ့သော
ရဟန်း''ဟူသော
စကားကို
ကောင်းစွာ
ဆိုလိုသူ
သည်ငါ့ကို
သာလျှင်
ရည်ညွှန်း၍ဆိုသည်ရှိသော်
ကောင်းစွာ (အမှန်အကန်)
ဆိုရာရောက်၏။
ရဟန်းတို့
မှန်၏၊ ငါသည်
တောင်းပန်အပ်သည်ဖြစ်၍သာလျှင်
သင်္ကန်းကို
သုံးဆောင်ရသည်က
များ၏၊
မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်မျှသာတည်း။
တောင်းပန်အပ်သည်ဖြစ်၍သာလျှင်
ဆွမ်းကို
သုံးဆောင်ရသည်က
များ၏၊
မတောင်းပန်အပ်ဘဲသုံးဆောင်ရသည်ကား
အနည်းငယ်မျှသာတည်း။
တောင်းပန်အပ်သည်ဖြစ်၍သာလျှင်
ကျောင်း အိပ်ရာနေရာကို
သုံးဆောင်ရသည်က
များ၏၊ မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်မျှသာတည်း။
တောင်းပန်အပ်သည်ဖြစ်၍သာလျှင်
သူနာ၏ အထောက်အပံ့ဆေး
အသုံးအဆောင်ကို
သုံးဆောင်ရသည်က
များ၏၊
မတောင်းပန်အပ်ဘဲ
သုံးဆောင်ရသည်ကား
အနည်းငယ်မျှသာတည်း။
အတူနေ
သီတင်းသုံးဖော်တို့သည်
ငါ့ကို နှစ်မြို့ဖွယ်
ကာယကံဖြင့်
ပြုမူကြသည်က
များ၏၊
မနှစ်မြို့ဖွယ်
ကာယကံဖြင့်
ပြုမူကြသည်ကား
အနည်းငယ်မျှသာတည်း။
နှစ်မြို့ဖွယ်
ဝစီကံဖြင့်
ပြုမူကြသည်က
များ၏၊
မနှစ်မြို့ဖွယ်
ဝစီကံဖြင့်
ပြုမူကြသည်ကားအနည်းငယ်မျှသာတည်း။
နှစ်မြို့ဖွယ်
မနောကံဖြင့်
ပြုမူကြသည်က များ၏၊
မနှစ်မြို့ဖွယ်
မနောကံဖြင့်
ပြုမူကြသည်ကားအနည်းငယ်မျှသာတည်း။
နှစ်မြို့ဖွယ်
ပူဇော်ခြင်းကိုသာလျှင်
ဆောင်ကြသည်က
များ၏၊
မနှစ်မြို့ဖွယ်ပူဇော်ခြင်းကို
ဆောင်ကြသည်ကား
အနည်းငယ်မျှသာတည်း။
သည်းခြေကြောင့်သော်လည်းကောင်း၊
သလိပ်ကြောင့်သော်လည်းကောင်း၊
လေကြောင့်သော်လည်းကောင်း၊
သည်းခြေ
သလိပ်
လေတို့၏
ပေါင်းဆုံမိခြင်း
'သန္နိပါတ်'
ကြောင့်သော်လည်းကောင်း၊
ဥတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊
မညီမညွတ်
ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း
သူတစ်ပါးလုံ့လပယောဂကြောင့်သော်လည်းကောင်း၊
ကံအကျိုးပေးခြင်းကြောင့်သော်လည်းကောင်း
ဖြစ်ကုန်သော
ဝေဒနာတို့သည်
ငါ့အား
များစွာ မဖြစ်ကုန်၊
အနာကင်း၏၊
မျက်မှောက်ဘဝ၌
ချမ်းသာစွာနေကြောင်းဖြစ်သည့်လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်း
ရ၏၊
မငြိုငြင်
ရ၏၊ မပင်မပန်း
ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။
မျက်မှောက်ပြုလျက်
ရောက်၍ နေရ၏။
ရဟန်းတို့
''ရဟန်းတို့တွင်
နူးညံ့သိမ်မွေ့သော
ရဟန်း''ဟူသော
စကားကို
ကောင်းစွာ
ဆိုလိုသူ
သည်ငါ့ကိုသာလျှင်
ရည်ညွှန်း၍ဆိုသော်
ကောင်းစွာ
(အမှန်အကန်)
ဆိုရာ
ရောက်၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ဖာသုဝိဟာရသုတ်
၁၀၅။
ရဟန်းတို့
ချမ်းသာစွာ
နေရခြင်းတို့သည်
ဤငါးမျိုးတို့တည်း၊
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌ -
ရဟန်း၏မေတ္တာကာယကံသည်
မျက်မှောက်၌သော်လည်းကောင်း၊
မျက်ကွယ်၌သော်လည်းကောင်းသီတင်းသုံးဖော်တို့၌
ရှေးရှုတည်၏။
ရဟန်း၏မေတ္တာဝစီကံသည်
မျက်မှောက်၌သော်လည်းကောင်း၊
မျက်ကွယ်၌သော်လည်းကောင်းသီတင်းသုံးဖော်တို့၌
ရှေးရှုတည်၏။
ရဟန်း၏မေတ္တာမနောကံသည်
မျက်မှောက်၌သော်လည်းကောင်း၊
မျက်ကွယ်၌သော်လည်းကောင်းသီတင်းသုံးဖော်တို့၌
ရှေးရှုတည်၏။
မကျိုး
မပေါက် မပြောက်
မကျားကုန်သော၊
တဏှာကျွန်အဖြစ်မှလွတ်မြောက်ကုန်သော၊
ပညာရှိတို့ချီးမွမ်းအပ်ကုန်သော၊
မှားသောအားဖြင့်
မသုံးသပ်အပ်ကုန်သော၊
တည်ကြည်ခြင်း
'သမာဓိ'
ကိုဖြစ်စေတတ်သော
သဘောရှိကုန်သော
သီလတို့ဖြင့်
မျက်မှောက်၌သော်လည်းကောင်း၊
မျက်ကွယ်၌သော်လည်းကောင်း
သီတင်းသုံးဖော်တို့နှင့်
သီလတူသည်၏
အဖြစ်သို့
ရောက်လျက်
နေ၏။
ဖြူစင်သော၊
ဝဋ်ဆင်းရဲမှ
ထွက်မြောက်ကြောင်းဖြစ်သော၊
ထိုအယူကို
ပြုကျင့်သူအား
ကောင်းစွာဝဋ်ဆင်းရဲကုန်ရန်
ထုတ်ဆောင်တတ်သော
သဘောရှိသည့်
မှန်ကန်သော
အယူ
'သမ္မာဒိဋ္ဌိ'
ဖြင့်မျက်မှောက်၌သော်လည်းကောင်း၊
မျက်ကွယ်၌သော်လည်းကောင်း
သီတင်းသုံးဖော်တို့နှင့်အယူ
'ဒိဋ္ဌိ'
တူမျှသည့်အဖြစ်သို့
ရောက်လျက်
နေ၏။
ရဟန်းတို့
ချမ်းသာစွာ
နေရခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-အာနန္ဒသုတ်
၁၀၆။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
အရှင်အာနန္ဒာသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေလျက်
မြတ်စွာဘုရားအား-
အရှင်ဘုရား
အဘယ်မျှသော
အကြောင်းဖြင့်
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာနေရပါသနည်းဟု
လျှောက်၏။
အာနန္ဒာ
ရဟန်းသည်
မိမိကစောင့်ထိန်းမှု
'သီလ' နှင့်
ပြည့်စုံ၍
သူတစ်ပါးကိုလည်း
လွန်မြတ်သောသီလကြောင့်
မကဲ့ရဲ့တတ်။
အာနန္ဒာ
ဤမျှသော
အကြောင်းဖြင့်လည်း
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရ၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရသော
အခြားအကြောင်းလည်းရှိပါသေးသလောဟု
(လျှောက်ပြန်၏)။
အာနန္ဒာ
ရှိသေး၏၊
အာနန္ဒာ
ရဟန်းသည်
မိမိက သီလနှင့်
ပြည့်စုံ၍
သူတစ်ပါးကိုလည်း
လွန်မြတ်သော
သီလကြောင့်
မကဲ့ရဲ့တတ်၊
မိမိကိုယ်ကိုသာ
ရှုလေ့ရှိ၍
သူတစ်ပါးကိုမူကား
ရှုလေ့မရှိ၊
အာနန္ဒာ
ဤမျှသော
အကြောင်းဖြင့်လည်း
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရသော
အခြားအကြောင်းလည်းရှိပါသေးသလောဟု
(လျှောက်ပြန်၏)။
အာနန္ဒာ
ရှိသေး၏၊
အာနန္ဒာ
ရဟန်းသည်
မိမိက သီလနှင့်
ပြည့်စုံ၍
သူတစ်ပါးကိုလည်း
လွန်မြတ်သော
သီလကြောင့်
မကဲ့ရဲ့တတ်၊
မိမိကိုယ်ကိုသာ
ရှုလေ့ရှိ၍
သူတစ်ပါးကိုမူကား
ရှုလေ့မရှိ၊
မထင်ရှားသူဖြစ်၍
ထိုမထင်ရှားခြင်းကြောင့်လည်း
မပူပန်
မတောင့်တ၊
အာနန္ဒာ
ဤမျှသောအကြောင်းဖြင့်လည်း
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရ၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရသော
အခြားအကြောင်းလည်းရှိပါသေးသလောဟု
(လျှောက်ပြန်၏)။
အာနန္ဒာ
ရှိသေး၏၊
အာနန္ဒာ
ရဟန်းသည်
မိမိက သီလနှင့်
ပြည့်စုံ၍
သူတစ်ပါးကိုလည်း
လွန်မြတ်သော
သီလကြောင့်
မကဲ့ရဲ့တတ်၊
မိမိကိုယ်ကိုသာ
ရှုလေ့ရှိ၍
သူတစ်ပါးကိုမူကား
ရှုလေ့မရှိ၊
မထင်ရှားသူဖြစ်၍
ထိုမထင်ရှားခြင်းကြောင့်လည်း
မပူပန် မတောင့်တ၊
မျက်မှောက်ဘဝ၌
ချမ်းသာစွာနေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော (ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်း
ရ၏၊
မငြိုမငြင်
ရ၏၊
မပင်မပန်း
ရ၏။ အာနန္ဒာ ဤမျှသော
အကြောင်းဖြင့်လည်း
ရဟန်းသည် သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာနေရ၏ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ နေရသော
အခြားအကြောင်းလည်းရှိပါသေးသလောဟု
(လျှောက်ပြန်၏)။
အာနန္ဒာ
ရှိသေး၏၊
အာနန္ဒာ
ရဟန်းသည်
မိမိက သီလနှင့်
ပြည့်စုံ၍
သူတစ်ပါးကိုလည်း
လွန်မြတ်သော
သီလကြောင့်
မကဲ့ရဲ့တတ်၊
မိမိကိုယ်ကိုသာ
ရှုလေ့ရှိ၍
သူတစ်ပါးကိုမူကား
ရှုလေ့မရှိ၊
မထင်ရှားသူဖြစ်၍
ထိုမထင်ရှားခြင်းကြောင့်လည်း
မပူပန်
မတောင့်တ၊
မျက်မှောက်ဘဝ၌
ချမ်းသာစွာနေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်း
ရ၏၊
မငြိုမငြင်
ရ၏၊ မပင်မပန်း
ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင့်ထူးသော
ဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။
အာနန္ဒာ
ဤမျှသော
အကြောင်းဖြင့်လည်း
ရဟန်းသည်
သံဃာ၌
နေသည်ရှိသော်
ချမ်းသာစွာ
နေရ၏။
အာနန္ဒာ
ဤချမ်းသာစွာနေရခြင်းထက်
သာ၍ လွန်ကဲ,
သာ၍
ထူးမြတ်သော
အခြားသော
ချမ်းသာစွာနေရခြင်းမျိုးသည်
မရှိတော့ပြီဟူ၍
ငါဆို၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-သီလသုတ်
၁၀၇။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်အပ်သော
အလှူကို ခံထိုက်၏၊
ဧည့်သည်တို့အလို့ငှါ
စီမံထားသော
ဝတ္ထုကိုခံထိုက်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို ခံထိုက်၏၊
လက်အုပ်ချီခြင်းငှါ
ခံထိုက်၏၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်စောင့်ထိန်းမှု
'သီလ' နှင့်
ပြည့်စုံ၏၊
တည်ကြည်မှု
'သမာဓိ' နှင့်
ပြည့်စုံ၏၊
သိမှု
'ပညာ' နှင့်
ပြည့်စုံ၏။
(ကိလေသာမှ)
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)
နှင့်
ပြည့်စုံ၏။
(ကိလေသာမှ)
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)
ကို သိသော
ဉာဏ်အမြင်
'ပစ္စဝေက္ခဏာဉာဏ်'
နှင့်ပြည့်စုံ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ရဟန်းသည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်းပေးလှူ
ပူဇော်အပ်သော
အလှူကို
ခံထိုက်၏၊
ဧည့်သည်တို့
အလို့ငှါ
စီမံထားသော
ဝတ္ထုကို
ခံထိုက်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို
ခံထိုက်၏၊
လက်အုပ်ချီခြင်းငှါ
ခံထိုက်၏၊
သတ္တဝါအပေါင်း၏ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-အသေခသုတ်
၁၀၈။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်အပ်သော
အလှူကို ခံထိုက်၏၊
ဧည့်သည်တို့အလို့ငှါ
စီမံထားသော
ဝတ္ထုကိုခံထိုက်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို ခံထိုက်၏၊
လက်အုပ်ချီခြင်းငှါ
ခံထိုက်၏၊ သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ကျင့်ပြီး
'ရဟန္တာ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သီလအစုနှင့်
ပြည့်စုံ၏။
ကျင့်ပြီး
'ရဟန္တာ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သမာဓိအစုနှင့်
ပြည့်စုံ၏။
ကျင့်ပြီး
'ရဟန္တာ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ပညာအစုနှင့်
ပြည့်စုံ၏။
ကျင့်ပြီး
'ရဟန္တာ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
(ကိလေသာမှ)
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)
အစုနှင့်ပြည့်စုံ၏။
ကျင့်ပြီး
'ရဟန္တာ'
ပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
(ကိလေသာမှ)
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)
ကို
သိသောဉာဏ်အမြင်
'ပစ္စဝေက္ခဏာဉာဏ်'
အစုနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်းပေးလှူပူဇော်အပ်သော
အလှူကို
ခံထိုက်၏။ပ။
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံးလယ်မြေဖြစ်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-စာတုဒ္ဒိသသုတ်
၁၀၉။
ရဟန်းတို့
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်လေးမျက်နှာတို့၌
အပိတ်အပင်မရှိသည်ဖြစ်၍
လှည့်လည်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက်နေ၏၊
အကျင့်
'အာစာရ'
ကျက်စားရာ
'ဂေါစရ'နှင့်
ပြည့်စုံ၏။
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလေ့ရှိသည်ဖြစ်၍သိက္ခာပုဒ်
တို့၌
ကောင်းစွာ
ဆောက်တည်၍
ကျင့်၏။
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊
အနက်,
သဒ္ဒါနှင့်ပြည့်စုံ၍
အလုံးစုံ
ပြည့်စုံ
စင်ကြယ်သော
မြတ်သော
အကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိကုန်သော
တရားတို့ကို
ထိုရဟန်းသည်
များစွာ ကြားနာဖူး၏၊
ဆောင်ထား၏၊
နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
ဆင်ခြင်ထား၏၊
ဉာဏ်ဖြင့်
ထိုးထွင်း၍
သိ၏။
ရတတ်သမျှသော
သင်္ကန်း
ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏
အထောက်အပံ့
ဆေး
အသုံးအဆောင်ဖြင့်
ရောင့်ရဲ၏။
မျက်မှောက်၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်ကို
ဖြစ်စေတတ်သောရူပါဝစရ
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရ၏၊
မငြိုမငြင်
ရ၏၊ မပင်မပန်း
ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်လျှင်
ထူးသော
ဉာဏ်ဖြင့်
ကိုယ်တိုင်မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည် အရပ်လေးမျက်နှာတို့၌
အပိတ်အပင်မရှိသည်ဖြစ်၍
လှည့်လည်ရ၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-အရညသုတ်
၁၁၀။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အစွန်အဖျားကျသော
တောကျောင်းတို့ကို
မှီဝဲခြင်းငှါ
သင့်လျော်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
သီလရှိ၏။ပ။
သိက္ခာပုဒ်တို့၌
ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏။ပ။
ဉာဏ်ဖြင့်
ထိုးထွင်း၍
သိ၏။
ထက်သန်သော
လုံ့လရှိသည်ဖြစ်၍
နေ၏၊ အားအစွမ်းရှိ၏၊
မြဲမြံစွာ
အားထုတ်မှုရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထားခြင်း
မရှိ။
မျက်မှောက်၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်ကို
ဖြစ်စေတတ်သော
ရူပါဝစရဈာန့်လေးပါးတို့ကို
အလိုရှိတိုင်းရ၏၊
မငြိုမငြင်
ရ၏၊
မပင်မပန်း ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်လျှင်
ထူးသော
ဉာဏ်ဖြင့်
ကိုယ်တိုင်မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အစွန်အဖျားကျသော
တောကျောင်း
တို့ကိုမှီဝဲခြင်းငှါ
သင့်လျော်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော
ဖာသုဝိဟာရဝဂ်
ပြီး၏။
------
(၁၂)
၂-အန္ဓကဝိန္ဒဝဂ်
၁-ကုလူပကသုတ်
၁၁၁။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသည့်
အိမ်သို့
ကပ်သော
ရဟန်းသည် အိမ်သူ
အိမ်သားတို့၏
မချစ်အပ်သူလည်း
ဖြစ်၏၊
မမြတ်နိုးအပ်သူလည်း
ဖြစ်၏၊
မလေးစားအပ်သူလည်း
ဖြစ်၏၊
(နှလုံးကို)
မပွါးစေတတ်သူလည်း
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အဆွေခင်ပွန်း
မဟုတ်ပါဘဲလျက်
အကျွမ်းတဝင်လည်း
ပြုလုပ်တတ်၏၊
မစိုးပိုင်ဘဲလျက်လည်း
(စိုးပိုင်သကဲ့သို့)
စီရင်တတ်၏၊
စွန့်လွှတ်
(ကွဲပြား)
ပြီးသူတို့ကိုလည်း
(စေ့စပ်ရန်)
မှီဝဲလေ့ရှိ၏၊
နားရင်း၌
ကပ်၍လည်း
တိုးတိုးပြောလေ့ရှိ၏၊
အလွန်လည်း
တောင်းတတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသည့်
အိမ်သို့
ကပ်သော
ရဟန်းသည်
အိမ်သူ
အိမ်သားတို့၏
မချစ်အပ်သူလည်း
ဖြစ်၏၊ မမြတ်နိုးအပ်သူလည်း
ဖြစ်၏၊
မလေးစားအပ်သူလည်း
ဖြစ်၏၊
(နှလုံးကို)
မပွါးစေတတ်သူလည်း
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသည့်
အိမ်သို့
ကပ်သော
ရဟန်းသည်
အိမ်သူ အိမ်သားတို့၏ချစ်အပ်သူလည်း
ဖြစ်၏၊
မြတ်နိုးအပ်သူလည်း
ဖြစ်၏၊
လေးစားအပ်သူလည်း
ဖြစ်၏၊
(နှလုံးကို)
ပွါးစေတတ်သူလည်း
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အဆွေခင်ပွန်း
မဟုတ်ပါဘဲလျက်လည်း
အကျွမ်းတဝင်
ပြုလုပ်လေ့
မရှိ၊
မစိုးပိုင်ဘဲလျက်လည်း
(စိုးပိုင်သကဲ့သို့)
စီရင်လေ့
မရှိ၊ စွန့်လွှတ်
(ကွဲပြား)
ပြီးသူတို့ကိုလည်း
(စေ့စပ်ရန်)
မှီဝဲလေ့မရှိ၊
နားရင်း၌
ကပ်၍လည်း
တိုးတိုး ပြောလေ့မရှိ၊
အလွန်လည်း
မတောင်းတတ်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသည့်
အိမ်သို့
ကပ်သော
ရဟန်းသည်
အိမ်သူ အိမ်သား
တို့၏ချစ်အပ်သူလည်း
ဖြစ်၏၊ မြတ်နိုးအပ်သူလည်း
ဖြစ်၏၊
လေးစားအပ်သူလည်း
ဖြစ်၏၊
(နှလုံးကို)
ပွါးစေတတ်သူလည်း
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ပစ္ဆာသမဏသုတ်
၁၁၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
နောက်လိုက်ရဟန်းကို
မခေါ်ဆောင်အပ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အလွန်ဝေးစွာမူလည်း
လိုက်တတ်၏
အလွန်နီးစွာမူလည်း
လိုက်တတ်၏၊
(ဆရာ၏)
ဆွမ်းပြည့်
သပိတ်ကိုလဲလှယ်၍လည်း
မယူတတ်၊
အာပတ်၏ အနီး၌
ဆရာစကားပြောဆိုသော်
မတားမြစ်တတ်၊
ဆရာစကားပြောဆိုသော်
ကြားဝင်
ပြောတတ်၏၊
ပညာမဲ့၏
မိုက်မဲ၏ ဆွံ့အ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
နောက်လိုက်ရဟန်းကို
မခေါ်ဆောင်အပ်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
နောက်လိုက်ရဟန်းကို
ခေါ်ဆောင်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မဝေးလွန်း
မနီးလွန်း
လိုက်တတ်၏၊
(ဆရာ၏) ဆွမ်းပြည့်သပိတ်ကို
လဲလှယ်၍လည်း
ယူတတ်၏၊ အာပတ်၏အနီး၌
ဆရာစကားပြောဆိုသော်
တားမြစ်တတ်၏၊
ဆရာစကားပြောဆိုသော်
ကြားဝင်၍မပြောတတ်၊
ပညာရှိ၏
မမိုက်မဲ
မဆွံ့အ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
နောက်လိုက်ရဟန်းကို
ခေါ်ဆောင်အပ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-သမ္မာသမာဓိသုတ်
၁၁၃။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
မှန်ကန်သော
တည်ကြည်မှု'သမ္မာသမာဓိ'သို့
ရောက်၍ နေခြင်းငှါ
မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အဆင်း 'ရူပါရုံ'
တို့ကို
သည်းမခံနိုင်၊
အသံ 'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်၊
အနံ့
'ဂန္ဓာရုံ' တို့ကို
သည်းမခံနိုင်၊
အရသာ 'ရသာရုံ'
တို့ကို သည်းမခံနိုင်၊
အတွေ့'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
မှန်ကန်သော
တည်ကြည်မှု 'သမ္မာသမာဓိ'သို့
ရောက်၍
နေခြင်းငှါ
မထိုက်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
မှန်ကန်သော
တည်ကြည်မှု'သမ္မာသမာဓိ'သို့ရောက်၍
နေခြင်းငှါ
ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အဆင်း 'ရူပါရုံ'
တို့ကို
သည်းခံနိုင်၏၊
အသံ 'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်၏၊
အနံ့
'ဂန္ဓာရုံ' တို့ကို
သည်းခံနိုင်၏၊
အရသာ 'ရသာရုံ'
တို့ကို သည်းခံနိုင်၏၊
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည် မှန်ကန်သော
တည်ကြည်မှု
'သမ္မာသမာဓိ'သို့
ရောက်၍
နေခြင်းငှါ
ထိုက်၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-အန္ဓကဝိန္ဒသုတ်
၁၁၄။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
မဂဓတိုင်း
အန္ဓကဝိန္ဒအရပ်၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်နေသော
အသျှင်အာနန္ဒာအား
မြတ်စွာဘုရားသည်
-
အာနန္ဒာ
ပြုသစ်စဖြစ်ကုန်သော
ရဟန်းပြု၍ မကြာသေးကုန်သော
ဤသာသနာတော်သို့
ယခုမှရောက်လာကုန်သော
ရဟန်းတို့ကို
သင်တို့သည်
တရား
ငါးမျိုးတို့၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊
တည်စေအပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ငါ့သျှင်တို့
သင်တို့
လာကြကုန်လော့၊
သီလရှိသူတို့
ဖြစ်ကြကုန်လော့၊
ပါတိမောက္ခသံဝရသီလကို့ထိန်းသိမ်းကုန်လျက်
အကျင့် 'အာစာရ'
ကျက်စားရာ
'ဂေါစရ' နှင့်
ပြည့်စုံကုန်သည်ဖြစ်၍နေကြကုန်လော့၊
အနည်းငယ်မျှလောက်သော
အပြစ်တို့၌သော်လည်း
ဘေးဟုရှုလေ့ရှိကုန်သည်ဖြစ်၍သိက္ခာပုဒ်တို့၌
ဆောက်တည်လျက်
ကျင့်ကြကုန်လော့ဟု
ပါတိမောက္ခသံဝရသီလ၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထား
အပ်ကုန်၏၊
တည်စေအပ်ကုန်၏။
ငါ့သျှင်တို့
သင်တို့
လာကြကုန်လော့၊
ဣန္ဒြေတို့၌
ပိတ်ထားသောတံခါးရှိကုန်သည်စောင့်ရှောက်အပ်သော
သတိရှိကုန်သည်
ပညာနှင့်
ယှဉ်သော
သတိရှိကုန်သည်
ကောင်းစွာစောင့်ရှောက်အပ်သောစိတ်ရှိကုန်သည်
သတိဖြင့်စောင့်ရှောက်ထားသော
စိတ်နှင့်
ပြည့်စုံကုန်သည်
ဖြစ်၍
နေကုန်လော့ဟုဣနြိ္ဒယသံဝရသီလ၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊
တည်စေအပ်ကုန်၏။
ငါ့သျှင်တို့
သင်တို့
လာကြကုန်လော့၊
စကားပြော
နည်းပါးကုန်လော့၊
စကားပြောရာ၌
အပိုင်းအခြားကို
ပြုကြကုန်လော့ဟု
စကားပြောမှု
အပိုင်အခြား၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊
တည်စေအပ်ကုန်၏။
ငါ့သျှင်တို့
သင်တို့
လာကြကုန်လော့၊
တော၌
နေသူတို့
ဖြစ်ကြကုန်လော့၊
အစွန်အဖျားကျသောတောကျောင်းတို့ကို
မှီဝဲကုန်လော့ဟု
ကိုယ်၏
ဆိတ်ငြိမ်ခြင်း
'ကာယဝိဝေက'၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊
တည်စေအပ်ကုန်၏။
ငါ့သျှင်တို့
သင်တို့
လာကြကုန်လော့၊
မှန်ကန်သော
အယူ
'သမ္မာဒိဋ္ဌိ'
ရှိကုန်လော့၊
ကောင်းသော
ဉာဏ်အမြင်နှင့်
ပြည့်စုံကြကုန်လော့ဟု
မှန်ကန်သော
အယူ၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊
တည်စေအပ်ကုန်၏။
အာနန္ဒာ
ပြုသစ်စဖြစ်ကုန်သော
ရဟန်းပြု၍ မကြာသေးကုန်သော
ဤသာသနာတော်သို့
ယခုမှရောက်လာကုန်သော
ရဟန်းတို့ကို
သင်တို့သည်
ဤတရားငါးမျိုးတို့၌
ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊
တည်စေအပ်ကုန်၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-မစ္ဆရိနီသုတ်
၁၁၅။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
နေရာကျောင်းကန်၌
ဝန်တိုခြင်းရှိ၏၊
ဒါယကာတို့၌
ဝန်တိုခြင်းရှိ၏၊
လာဘ်သပ်ပကာ၌
ဝန်တိုခြင်း
ရှိ၏၊
ကိုယ်ရေအဆင်း
ဂုဏ်သတင်းတို့၌
ဝန်တိုခြင်းရှိ၏၊
ပရိယတ်တရား၌
ဝန်တိုခြင်းရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
နေရာကျောင်းကန်၌
ဝန်တိုခြင်း
မရှိ၊ ဒါယကာတို့၌
ဝန်တိုခြင်း
မရှိ၊
လာဘ်သပ်ပကာ၌
ဝန်တိုခြင်းမရှိ၊
ကိုယ်ရေအဆင်း
ဂုဏ်သတင်းတို့၌
ဝန်တိုခြင်း
မရှိ၊
ပရိယတ်တရား၌
ဝန်တိုခြင်း
မရှိ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဝဏ္ဏနာသုတ်
၁၁၆။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
မစိစစ် မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကို ချီးမွမ်းပြောဆို၏။
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
မကြည်ညိုသင့်သော
အရာ၌
ကြည်ညိုခြင်းကို
ပြ၏။
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
ကြည်ညိုသင့်သော
အရာ၌
မကြည်ညိုခြင်းကို
ပြ၏။
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
မကြည်ညိုသင့်သော
အရာ၌
မကြည်ညိုခြင်းကို
ပြ၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
ကြည်ညိုသင့်သော
အရာ၌
ကြည်ညိုခြင်းကို
ပြ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဣဿုကိနီသုတ်
၁၁၇။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
(ဉာဏ်ဖြင့်)
မစိစစ် မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ပြောဆို၏။
ငြူစူခြင်းလည်း
ရှိ၏။
ဝန်တိုခြင်းလည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲပြည်၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ငြူစူခြင်းလည်း
မရှိ။
ဝန်တိုခြင်းလည်း
မရှိ။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-မိစ္ဆာဒိဋ္ဌိကသုတ်
၁၁၈။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကျေးဇူးကို
ချီးမွမ်းပြောဆို၏။
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
မှားယွင်းသော
အယူလည်း
ရှိ၏။
မှားယွင်းသော
အကြံအစည်လည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်း
ပြောဆို၏။
မှန်ကန်သော
အယူလည်း
ရှိ၏။
မှန်ကန်သော
အကြံအစည်လည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းတို့ကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-မိစ္ဆာဝါစာသုတ်
၁၁၉။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
မှားယွင်းသော
ပြောဆိုခြင်းလည်း
ရှိ၏။
မှားယွင်းသော
ပြုခြင်းလည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
မှန်ကန်သော
ပြောဆိုခြင်းလည်း
ရှိ၏။
မှန်ကန်သော
ပြုခြင်းလည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-မိစ္ဆာဝါယာမသုတ်
၁၂၀။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
(ဉာဏ်ဖြင့်)
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
မှားယွင်းသော
အားထုတ်မှု
ဝီရိယ'လည်း
ရှိ၏။
မှားယွင်းသော
အောက်မေ့မှု
'သတိ'လည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
(ဉာဏ်ဖြင့်)
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
မှန်ကန်သော
အားထုတ်မှု
ဝီရိယ'လည်း
ရှိ၏။
မှန်ကန်သော
အောက်မေ့မှု
'သတိ'လည်း
ရှိ၏။
သဒ္ဓါတရားဖြင့်
လှူအပ်သော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက်
အန္ဓကဝိန္ဒဝဂ်
ပြီး၏။
------
(၁၃)
၃-ဂိလာနဝဂ်
၁-ဂိလာနသုတ်
၁၂၁။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်
ပေါက်သောကျောင်းကြီး၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ
မြတ်စွာဘုရားသည်
ညနေချမ်းအခါ၌
တစ်ပါးတည်းကိန်းအောင်းတော်မူရာမှ
ထတော်မူလျက်
သူနာရဟန်းတို့နေရာ
ကျောင်းသို့
ချဉ်းကပ်
တော်မူ၏။
မြတ်စွာဘုရားသည်
အားနည်းသော
သူနာရဟန်းတစ်ပါးကို
မြင်တော်မူသောကြောင့်
ခင်းထားသောနေရာ၌
ထိုင်နေတော်မူလျက်
ရဟန်းတို့ကို
ခေါ်၍ -
ရဟန်းတို့
တရားငါးမျိုးတို့သည်
အားနည်းသော
မည်သည့်
သူနာရဟန်းကိုမဆို
မစွန့်ကြကုန်မူထိုရဟန်းသည်
''မကြာမီပင်လျှင်
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသောလွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့် လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုယခုဘဝ၌ပင်လျှင်
ထူးသောဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍
နေရလိမ့်မည်''ဟူသောဤအကျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ခန္ဓာကိုယ်၌
မတင့်တယ်ဟု
အဖန်တလဲလဲ
ရှုလျက် နေ၏။
(သုံးဆောင်အပ်သော)
အာဟာရ၌
စက်ဆုပ်ဖွယ်ဟု
အမှတ်ရှိ၍၊
အလုံးစုံသော
လောက၌
မမွေ့လျော်ဖွယ်ဟု
အမှတ်ရှိ၍၊
အလုံးစုံသော
သင်္ခါရတရားတို့၌
အမြဲမရှိဟု
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
ထိုရဟန်းအား
သေခြင်းကို
အာရုံပြု၍ဖြစ်သော
အမှတ် 'သညာ'
သည်
မိမိသန္တာန်၌
ကောင်းစွာ
တည်၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
အားနည်းသော
မည်သည့်သူနာ
ရဟန်းကိုမဆို
မစွန့်ကြကုန်မူထိုရဟန်းသည်
''မကြာမီပင်လျှင်
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသောလွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်လျှင်
ထူးသော
ဉာဏ်ဖြင့်
ကိုယ်တိုင်
မျက်မှောက်ပြုလျက်
ရောက်၍
နေရလိမ့်မည်''ဟူသော
အကျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-သတိသူပဋ္ဌိတသုတ်
၁၂၂။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
တရားငါးမျိုးတို့ကို
ပွါးများခဲ့မူတရားငါးမျိုးတို့ကို
ကြိမ်ဖန်များစွာ
လေ့လာခဲ့မူ
ထိုသူသည်
''မျက်မှောက်ဘဝ၌ပင်
အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊
ကိလေသာကြွင်းကျန်ခဲ့သေးလျှင်
အနာဂါမ်အဖြစ်ကိုသော်လည်းကောင်း''
အကျိုးနှစ်မျိုးတို့တွင်
တစ်မျိုးမျိုးသော
အကျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းအား
မိမိသန္တာန်၌
သာလျှင်
အောက်မေ့ခြင်း
'သတိ' သည်ကောင်းစွာ
တည်၏။
တရားတို့၏
ဖြစ်မှု
ပျက်မှုကို
သိသော ပညာဖြင့်
ခန္ဓာကိုယ်၌
မတင့်တယ်ဟု
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
(သုံးဆောင်အပ်သော)
အာဟာရ၌
စက်ဆုပ်ဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေ၏။
အလုံးစုံသော
လောက၌
မမွေ့လျော်ဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေ၏။
အလုံးစုံသော
သင်္ခါရတရားတို့၌
အမြဲမရှိဟု
ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
ရဟန်းတို့
ရဟန်းဖြစ်စေ
ရဟန်းမိန်းမဖြစ်စေ
မည်သူမဆို
ဤတရားငါးမျိုးတို့ကို
ပွါးများခဲ့မူဤတရားငါးမျိုးတို့ကို
ကြိမ်ဖန်များစွာ
လေ့လာခဲ့မူ
ထိုသူသည်
''မျက်မှောက်ဘဝ၌ပင်
အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊
ကိလေသာကြွင်းကျန်ခဲ့သေးလျှင်
အနာဂါမ်အဖြစ်ကိုသော်လည်းကောင်း''အကျိုးနှစ်မျိုး
တို့တွင်
တစ်မျိုးမျိုးသော
အကျိုးကို (မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ပဌမ
ဥပဋ္ဌာကသုတ်
၁၂၃။
ရဟန်းတို့ တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာသည်
ပြုစုရခက်သူဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(အနာရောဂါအား)
မလျောက်ပတ်သည်ကို
ပြုလုပ်လေ့ရှိ၏။
(အနာရောဂါအား)
လျောက်ပတ်သည်၌
အတိုင်းအရှည်ကို
မသိတတ်။
ဆေးကို
မှီဝဲခြင်းမရှိ။
အကျိုးကိုလိုလားသော
သူနာပြုအား
ဟုတ်တိုင်းမှန်စွာ
တိုးသည်ကို
''တိုး၏''ဟူ၍လည်းကောင်း၊
ဆုတ်သည်ကို
''ဆုတ်၏''ဟူ၍လည်းကောင်း၊
တန့်သည်ကို
''တန့်၏''ဟူ၍လည်းကောင်း
အနာရောဂါကို
ထင်စွာမပြုတတ်။
ဖြစ်ပေါ်လာသည့်
ပြင်းထန်
ကြမ်းကြုတ်
စပ်ရှား
ကျင်နာ
မသာယာဖွယ်
မနှစ်သက်ဖွယ်ဖြစ်၍
အသက်သေလောက်သည့်
ကိုယ်၌
ဖြစ်သောဆင်းရဲဝေဒနာတို့ကို
သည်းမခံနိုင်သော
သဘော ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာသည်
ပြုစုရခက်သူ
ဖြစ်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာသည်
ပြုစုရလွယ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(အနာရောဂါအား)
လျောက်ပတ်သည်ကို
ပြုလုပ်တတ်၏။
(အနာရောဂါအား)
လျောက်ပတ်သည်၌
အတိုင်း
အရှည်ကို
သိ၏။ ဆေးကို
မှီဝဲခြင်းရှိ၏။
အကျိုးကိုလိုလားသော
သူနာပြုအားဟုတ်တိုင်းမှန်စွာတိုးသည်ကို
''တိုး၏''ဟူ၍လည်းကောင်း၊
ဆုတ်သည်ကို
''ဆုတ်၏''ဟူ၍လည်းကောင်း
တန့်သည်ကို''တန့်၏''ဟူ၍လည်းကောင်း
အနာရောဂါကို
ထင်စွာပြုတတ်၏။
ဖြစ်ပေါ်လာသည့်
ပြင်းထန်ကြမ်းကြုတ်
စပ်ရှား
ကျင်နာ
မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်၍
အသက်သေလောက်သည့်ကိုယ်၌
ဖြစ်သော
ဆင်းရဲ
ဝေဒနာတို့ကို
သည်းခံနိုင်သော
သဘော ရှိ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာသည်
ပြုစုရလွယ်သူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဒုတိယ
ဥပဋ္ဌာကသုတ်
၁၂၄။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
သူနာပြုသည်
သူနာကို
ပြုစုရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဆေးကို
စီရင်ရန်
မစွမ်းနိုင်။
(အနာရောဂါအား)
လျောက်ပတ်သည်
မလျောက်ပတ်သည်ကို
မသိတတ်၊
မလျောက်ပတ်သည်ကိုဆက်ကပ်၏၊
လျောက်ပတ်သည်ကို
ဖယ်ထား၏။
(သင်္ကန်းစသည့်)
အာမိသဟူသော
အကြောင်းကြောင့်
သူနာကို
ပြုစု၏၊
မေတ္တာစိတ်ရှိသည်ဖြစ်၍
မပြုစု။
ကျင်ကြီးကိုလည်းကောင်း၊
ကျင်ငယ်ကိုလည်းကောင်း၊
အန်ဖတ်ကိုလည်းကောင်း၊
တံထွေးကိုလည်းကောင်း
ထုတ်ဆောင်ရန်
စက်ဆုပ်
ရွံရှာ၏။
အခါကာလအားလျော်စွာ
သူနာကို
တရားစကားဖြင့်
(အကျိုးစီးပွါးကို)
သိမြင်စေလျက်
(တရားကို)
့ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်ရွှင်လန်းစေခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာပြုသည်
သူနာကို
ပြုစုရန်
မထိုက်တန်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာပြုသည်
သူနာကို
ပြုစုရန်
ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဆေးကို
စီရင်ရန်
စွမ်းနိုင်၏။
(အနာရောဂါအား)
လျောက်ပတ်သည်
မလျောက်ပတ်သည်ကို
သိတတ်၏၊
မလျောက်ပတ်သည်ကိုဖယ်ထား၏။
လျောက်ပတ်သည်ကို
ဆက်ကပ်၏။
(သင်္ကန်းစသည့်)
အာမိသဟူသော
အကြောင်းကြောင့်
သူနာကို
ပြုစုသည်
မဟုတ်၊
မေတ္တာစိတ် ရှိသည်ဖြစ်၍
ပြုစု၏။
ကျင်ကြီးကိုလည်းကောင်း၊
ကျင်ငယ်ကိုလည်းကောင်း၊
အန်ဖတ်ကိုလည်းကောင်း၊
တံထွေးကိုလည်းကောင်း
ထုတ်ဆောင်ရန်
စက်ဆုပ်ရွံရှာလေ့
မရှိ။
အခါကာလအားလျော်စွာ
သူနာကို
တရားစကားဖြင့်
(အကျိုးစီးပွါးကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်ရွှင်လန်းစေခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သူနာပြုသည်
သူနာကို
ပြုစုရန်
ထိုက်တန်၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပဌမ
အနာယုဿာသုတ်
၁၂၅။
ရဟန်းတို့
အသက်တိုကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မလျောက်ပတ်သည်ကို
ပြုလုပ်လေ့ရှိ၏။
လျောက်ပတ်သည်၌
အတိုင်းအရှည်ကို
မသိတတ်။
မကြေကျက်လွယ်သော
အစာကို
စားလေ့ရှိ၏။
အချိန်အခါ
မဟုတ်သည်၌
သွားလာတတ်၏။
မမြတ်သော
(မေထုန်)
အကျင့်ကို
ကျင့်လေ့ရှိ၏။
ရဟန်းတို့
ဤသည်တို့ကား
အသက်တိုကြောင်း
တရားငါးမျိုးတို့တည်း။
ရဟန်းတို့
အသက်ရှည်ကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လျောက်ပတ်သည်ကို
ပြုလုပ်လေ့ရှိ၏။
လျောက်ပတ်သည်၌
အတိုင်းအရှည်ကို
သိတတ်၏။
ကြေကျက်လွယ်သော
အစာကို
စားလေ့ရှိ၏။
အချိန်အခါ၌
သွားလာတတ်၏။
မြတ်သောအကျင့်ကို
ကျင့်၏။
ရဟန်းတို့
ဤသည်တို့ကား
အသက်ရှည်ကြောင်း
တရားငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဒုတိယ
အနာယုဿာသုတ်
၁၂၆။
ရဟန်းတို့
အသက်တိုကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မလျောက်ပတ်သည်ကို
ပြုလုပ်လေ့ရှိ၏။
လျောက်ပတ်သည်၌
အတိုင်းအရှည်ကို
မသိတတ်။
မကြေကျက်လွယ်သော
အစာကို
စားလေ့ရှိ၏။
သီလမရှိ။
ယုတ်မာသော
အဆွေခင်ပွန်း
ရှိ၏။
ရဟန်းတို့
ဤသည်တို့ကား
အသက်တိုကြောင်း
တရားငါးမျိုးတို့တည်း။
ရဟန်းတို့
အသက်ရှည်ကြောင်း
တရားတို့သည် ဤ
ငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လျောက်ပတ်သည်ကို
ပြုလုပ်လေ့ရှိ၏။
လျောက်ပတ်သည်၌
အတိုင်းအရှည်ကို
သိတတ်၏။
ကြေကျက်လွယ်သော
အစာကို
စားလေ့ရှိ၏။
သီလရှိ၏။
အဆွေခင်ပွန်းကောင်း
ရှိ၏။
ရဟန်းတို့
ဤသည်တို့ကား
အသက်ရှည်ကြောင်း
တရားငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဝပကာသသုတ်
၁၂၇။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သံဃာမှ
ထွက်ခွါ၍ တစ်ယောက်တည်း
နေရန်
မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ရတတ်သမျှသော
သင်္ကန်းဖြင့်
မရောင့်ရဲနိုင်။
ရတတ်သမျှသော
ဆွမ်းဖြင့်
မရောင့်ရဲနိုင်။
ရတတ်သမျှသော
ကျောင်းအိပ်ရာနေရာဖြင့်
မရောင့်ရဲနိုင်။
ရတတ်သမျှသော
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
မရောင့်ရဲနိုင်။
ကာမဂုဏ်တို့၌
အကြံအစည်များလျက်
နေ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သံဃာမှ
ထွက်ခွါ၍
တစ်ယောက်တည်းနေရန်
မထိုက်တန်။
ရဟန်းတို့
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သံဃာမှ
ထွက်ခွါ၍
တစ်ယောက်တည်းနေရန်
ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ရတတ်သမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲ၏။
ရတတ်သမျှသော
ဆွမ်းဖြင့်
ရောင့်ရဲ၏။
ရတတ်သမျှသော
ကျောင်းအိပ်ရာနေရာဖြင့်
ရောင့်ရဲ၏။
ရတတ်သမျှသော
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
ရောင့်ရဲ၏။
ကာမဂုဏ်တို့၌
အကြံအစည်များလျက်
မနေ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သံဃာမှ
ထွက်ခွါ၍
တစ်ယောက်တည်းနေရန်
ထိုက်တန်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-သမဏသုခသုတ်
၁၂၈။
ရဟန်းတို့
ရဟန်း၏
ဆင်းရဲခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ရတတ်သမျှသော
သင်္ကန်းဖြင့်
မရောင့်ရဲနိုင်။
ရတတ်သမျှသော
ဆွမ်းဖြင့်
မရောင့်ရဲနိုင်။
ရတတ်သမျှသော
ကျောင်းအိပ်ရာနေရာဖြင့်
မရောင့်ရဲနိုင်။
ရတတ်သမျှသော
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
မရောင့်ရဲနိုင်။
မမွေ့လျော်ဘဲလျက်
မြတ်သော
အကျင့်ကို
ကျင့်၏။
ရဟန်းတို့
ဤငါးမျိုးတို့သည်
ရဟန်း၏ ဆင်းရဲခြင်းတို့တည်း။
ရဟန်းတို့
ရဟန်း၏
ချမ်းသာခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
ရတတ်သမျှသော
သင်္ကန်းဖြင့်
ရောင့်ရဲ၏။
ရတတ်သမျှသော
ဆွမ်းဖြင့်
ရောင့်ရဲ၏။
ရတတ်သမျှသော
ကျောင်းအိပ်ရာနေရာဖြင့်
ရောင့်ရဲ၏။
ရတတ်သမျှသော
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
ရောင့်ရဲ၏။
မွေ့လျော်သည်ဖြစ်၍
မြတ်သောအကျင့်ကို
ကျင့်၏။
ရဟန်းတို့
ဤငါးမျိုးတို့သည်
ရဟန်း၏ ချမ်းသာခြင်းတို့တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပရိကုပ္ပသုတ်
၁၂၉။
ရဟန်းတို့
အပါယ်ဘုံသို့
ရောက်စေတတ်ကုန်သော၊
ငရဲသို့
ရောက်စေတတ်ကုန်သော၊
ပျက်စီးခြင်း
သဘောရှိကုန်သော၊
ကုစားခြင်းငှါ
မတတ်ကောင်းကုန်သော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အမိကို
သတ်၏။
အဖကို
သတ်၏။
ရဟန္တာကို
သတ်၏။
မြတ်စွာဘုရားအား
ပြစ်မှားသော
စိတ်ဖြင့်
သွေးကို
ဖြစ်စေ၏။
သံဃာကို
သင်းခွဲ၏။
ရဟန်းတို့
အပါယ်ဘုံသို့
ရောက်စေတတ်ကုန်သော၊
ငရဲသို့
ရောက်စေတတ်ကုန်သော၊
ပျက်စီးခြင်းသဘောရှိကုန်သော၊
ကုစားခြင်းငှါ
မတတ်ကောင်းကုန်သော
တရားတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဗျသနသုတ်
၁၃၀။
ရဟန်းတို့
ပျက်စီးခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အဆွေအမျိုးတို့၏
ပျက်စီးခြင်း။
စည်းစိမ်ဥစ္စာတို့၏
ပျက်စီးခြင်း။
အနာရောဂါနှိပ်စက်မှုဟူသော
ပျက်စီးခြင်း။
အကျင့်သီလ၏
ပျက်စီးခြင်း။
အယူ၏
ပျက်စီးခြင်းတို့တည်း။
ရဟန်းတို့
သတ္တဝါတို့သည်
အဆွေအမျိုးတို့၏
ပျက်စီးခြင်းကြောင့်ဖြစ်စေ
စည်းစိမ်ဥစ္စာတို့၏ပျက်စီးခြင်းကြောင့်ဖြစ်စေ
အနာရောဂါနှိပ်စက်မှုဟူသော
ပျက်စီးခြင်းကြောင့်ဖြစ်စေ
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှနောက်၌
ချမ်းသာကင်းသော
မကောင်းသောလားရာ
ပျက်စီး၍
ကျရာဖြစ်သော
ငရဲ၌
မဖြစ်ရကုန်။
ရဟန်းတို့
သတ္တဝါတို့သည်
အကျင့်သီလ၏
ပျက်စီးခြင်းကြောင့်ဖြစ်စေ
အယူ၏
ပျက်စီးခြင်းကြောင့်ဖြစ်စေ
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသောလားရာ
ပျက်စီး၍ကျရာဖြစ်သော
ငရဲ၌
ဖြစ်ရကုန်၏။
ရဟန်းတို့
ပျက်စီးခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ပြည့်စုံခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အဆွေအမျိုးတို့၏
ပြည့်စုံခြင်း။
စည်းစိမ်ဥစ္စာတို့၏
ပြည့်စုံခြင်း။
အနာကင်းမှု၏
ပြည့်စုံခြင်း။
အကျင့်သီလ၏
ပြည့်စုံခြင်း။
အယူ၏
ပြည့်စုံခြင်းတို့တည်း။
ရဟန်းတို့
သတ္တဝါတို့သည်
ဆွေမျိုးတို့၏
ပြည့်စုံခြင်းကြောင့်ဖြစ်စေ
စည်းစိမ်ဥစ္စာတို့၏
ပြည့်စုံခြင်းကြောင့်ဖြစ်စေ
အနာကင်းမှု၏
ပြည့်စုံခြင်းကြောင့်ဖြစ်စေ
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသော
လားရာဖြစ်သော
နတ်ပြည်၌
မဖြစ်ကုန်။
ရဟန်းတို့
သတ္တဝါတို့သည်
အကျင့်သီလ၏
ပြည့်စုံခြင်းကြောင့်ဖြစ်စေ
အယူ၏
ပြည့်စုံခြင်းကြောင့်ဖြစ်စေ
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌
ကောင်းသောလားရာဖြစ်သော
နတ်ပြည်၌
ဖြစ်ရကုန်၏။
ရဟန်းတို့
ပြည့်စုံခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက်
ဂိလာနဝဂ်
ပြီး၏။
------
(၁၄)
၄-ရာဇဝဂ်
၁-ပဌမ
စက္ကာနုဝတ္တနသုတ်
၁၃၁။
ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့်ပြည့်စုံသော
စကြဝတေးမင်းသည်
တရားဖြင့်သာလျှင်
စကြာရတနာကို
လည်စေ၏၊
ထိုစကြာရတနာကို
ရန်သူဖြစ်သော
လူသတ္တဝါ
တစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီ့မတားမြစ်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
စကြဝတေးမင်းသည်-
အကျိုးကိုလည်း
သိ၏။
(ရှေးအစဉ်အလာ)
တရားကိုလည်း
သိ၏။
အတိုင်းအရှည်ကိုလည်း
သိ၏။
အခါကာလကိုလည်း
သိ၏။
ပရိသတ်ကိုလည်း
သိ၏။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
စကြဝတေးမင်းသည်
တရားဖြင့်သာလျှင်
စကြာ
ရတနာကိုလည်စေ၏၊
ထိုစကြာရတနာကို
ရန်သူဖြစ်သော
လူသတ္တဝါ
တစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီးမတားမြစ်နိုင်။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားသည်
တရားဖြင့်သာလျှင်အတုမရှိသော
ဓမ္မစက်ကို
လည်စေတော်မူ၏၊
ထိုဓမ္မစက်ကို
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေမာရ်နတ်ဖြစ်စေ
ဗြဟ္မာ
ဖြစ်စေ လောက၌
မည်သူတစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီး
မတားမြစ်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားသည်-
အကျိုးကိုလည်း
သိတော်မူ၏။
တရားကိုလည်း
သိတော်မူ၏။
အတိုင်းအရှည်ကိုလည်း
သိတော်မူ၏။
ကာလကိုလည်း
သိတော်မူ၏။
ပရိသတ်ကိုလည်း
သိတော်မူ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားသည်
တရားဖြင့်သာလျှင်
အတုမရှိသောဓမ္မစက်ကို
လည်စေတော်မူ၏၊
ထိုဓမ္မစက်ကို
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေဗြဟ္မာဖြစ်စေ
လောက၌
မည်သူတစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီး
မတားမြစ်နိုင်ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒုတိယ
စက္ကာနုဝတ္တနသုတ်
၁၃၂။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
စကြဝတေးမင်း၏
သားကြီးသည်
ခမည်းတော်လည်စေအပ်သော
စကြာရတနာကို
တရားဖြင့်သာလျှင်
အတုလိုက်၍
လည်စေ၏၊
ထိုစကြာရတနာကိုရန်သူဖြစ်သော
လူသတ္တဝါ
တစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီး
မတားမြစ်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
စကြဝတေးမင်း၏
သားကြီးသည်-
အကျိုးကိုလည်း
သိ၏။
(အစဉ်အလာ)
တရားကိုလည်း
သိ၏။
အတိုင်းအရှည်ကိုလည်း
သိ၏။
အခါကာလကိုလည်း
သိ၏။
ပရိသတ်ကိုလည်း
သိ၏။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
စကြဝတေးမင်း၏
သားကြီးသည်
ခမည်းတော်လည်စေအပ်သော
စကြာရတနာကို
တရားဖြင့်သာလျှင်
အတုလိုက်၍
လည်စေ၏၊ ထိုစကြာရတနာကိုရန်သူဖြစ်သော
လူသတ္တဝါတစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီး
မတားမြစ်နိုင်။
ရဟန်းတို့
ဤအတူသာလျှင်
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
သာရိပုတြာသည်
ငါဘုရားလည်စေအပ်သော
အတုမရှိသော
ဓမ္မစက်ကို
ကောင်းစွာ
အတုလိုက်၍
လည်စေ၏၊
ထိုဓမ္မစက်ကိုသမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌
မည်သူတစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီးမတားမြစ်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
သာရိပုတြာသည်-
အကျိုးကိုလည်း
သိ၏။
တရားကိုလည်း
သိ၏။
အတိုင်းအရှည်ကိုလည်း
သိ၏။
အခါကာလကိုလည်း
သိ၏။
ပရိသတ်ကိုလည်း
သိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော သာရိပုတြာသည်
ငါဘုရားလည်စေအပ်သောအတုမရှိသော
ဓမ္မစက်ကို
ကောင်းစွာ
အတုလိုက်၍
လည်စေ၏၊
ထိုဓမ္မစက်ကို
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေ
ဗြဟ္မာဖြစ်စေ
လောက၌
မည်သူတစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီးမတားမြစ်နိုင်ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ဓမ္မရာဇာသုတ်
၁၃၃။
ရဟန်းတို့
တရားရှိ၍
တရားမင်းဖြစ်သော
စကြဝတေးမင်းသော်မှလည်း
(အမှီ)
မင်းကို မရခဲ့လျှင်စကြာရတနာကို
မလည်စေနိုင်။
ဤသို့
မိန့်တော်မူသော်
ရဟန်းတစ်ပါးသည်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
တရားရှိ၍
တရားမင်းဖြစ်သော
စကြဝတေးမင်း၏
အမှီမင်းဟူသည်
အဘယ်ပါနည်း''ဟု
လျှောက်၏။
''ရဟန်း
(ကုသိုလ်ကမ္မပထ)
တရားတည်း''ဟု
မြတ်စွာဘုရားသည်
မိန့်တော်မူ၏။
ရဟန်း
ဤလောက၌
တရားရှိ၍
တရားမင်းဖြစ်သော
စကြဝတေးမင်းသည်
တရားကိုသာလျှင်
မှီ၍တရားကို
အရိုအသေပြုလျက်
တရားကို
လေးစားလျက်
တရားကို
တုပ်ဝပ်လျက်
တရားကို
အောင်လံသဖွယ်
ရှေ့ဆောင်ပြုလျက်
တရားကို
တံခွန်သဖွယ်
မြှောက်ချီလျက်
တရားကို
အကြီးအမှူးပြုလျက်နန်းတွင်းသူ
နန်းတွင်းသား
(မိဖုရား
သားတော်
သမီးတော်)
အပေါင်း၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု
လုံခြုံမှုကို
စီရင်၏။
ရဟန်း
နောက်တစ်မျိုးကား
တရားရှိ၍
တရားမင်းဖြစ်သော
စကြဝတေးမင်းသည်
တရားကိုသာလျှင်မှီ၍
တရားကို
အရိုအသေပြုလျက်
တရားကို
လေးစားလျက် တရားကို
တုပ်ဝပ်လျက်
တရားကိုအောင်လံသဖွယ်
ရှေ့ဆောင်ပြုလျက်
တရားကို
တံခွန်သဖွယ် မြှောက်ချီလျက်
တရားကို
အကြီးအမှူးပြုလျက်
(အဘိသိက်သွန်းပြီးသော)
မင်း
(အဘိသိက်မသွန်းရသေးသော)
အရံမင်းတို့၌။ပ။
စစ်သည်ဗိုလ်ပါ့အပေါင်း၌။
ပုဏ္ဏားနှင့်အမျိုးသားတို့၌။
နိဂုံးဇနပုဒ်သားတို့၌။
သမဏဗြာဟ္မဏတို့၌။
သားငှက်တို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု လုံခြုံမှုကို
စီရင်၏။
ရဟန်း
တရားရှိ၍
တရားမင်းဖြစ်သော
ထိုစကြဝတေးမင်းသည်
တရားကိုသာလျှင်
မှီ၍ တရားကိုအရိုအသေပြုလျက်
တရားကို
လေးစားလျက်
တရားကို
တုပ်ဝပ်လျက်
တရားကို
အောင်လံသဖွယ်ရှေ့ဆောင်ပြုလျက်
တရားကို
တံခွန်သဖွယ်
မြှောက်ချီလျက်
တရားကို
အကြီးအမှူးပြုလျက်
နန်းတွင်းသူနန်းတွင်းသား
(မိဖုရား
သားတော်
သမီးတော်)
အပေါင်း၌
တရားအားလျော်သောစောင့်ရှောက်မှုကာကွယ်မှု
လုံခြုံမှုကို
စီရင်၏။
(အဘိသိက်သွန်းပြီးသော)
မင်း (အဘိသိက်မသွန်းရသေးသော)
အရံမင်းစစ်သည်ဗိုလ်ပါအပေါင်း
ပုဏ္ဏားနှင့်
အမျိုးသား
နိဂုံးဇနပုဒ်သား
သမဏဗြာဟ္မဏ
သားငှက်တို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု လုံခြုံမှုကို
စီရင်၍
တရားဖြင့်သာလျှင်
စကြာရတနာကိုလည်စေ၏၊
ထိုစကြာရတနာကို
ရန်သူဖြစ်သည့်
လူသတ္တဝါ
တစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီး
မတားမြစ်နိုင်။
ရဟန်း
ဤအတူသာလျှင်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
တရားစောင့်သည့်
တရားမင်းဖြစ်တော်မူသော
မြတ်စွာဘုရားသည်
တရားကိုသာလျှင်
မှီ၍ တရားကို
အရိုအသေပြုလျက်
တရားကို
လေးစားလျက်
တရားကို
တုပ်ဝပ်လျက်တရားကို
အောင်လံသဖွယ်
ရှေ့ဆောင်ပြုလျက်
တရားကို
တံခွန်သဖွယ်
မြှောက်ချီလျက်
တရားကိုအကြီးအမှူး
ပြုလျက်-
''ဤသို့သဘောရှိသော
ကာယကံကို
မှီဝဲအပ်၏။
ဤသို့သဘောရှိသော
ကာယကံကို
မမှီဝဲအပ်။
ဤသို့သဘောရှိသော
ဝစီကံကို မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
ဝစီကံကို မမှီဝဲအပ်။
ဤသို့
သဘောရှိသောမနော
ကံကို မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
မနောကံကို
မမှီဝဲအပ်။
ဤသို့
သဘောရှိသောအသက်မွေးမှုကို
မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
အသက်မွေးမှုကို
မမှီဝဲအပ်။
ဤသို့
သဘောရှိသောရွာနိဂုံးကို
မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
ရွာနိဂုံးကို
မမှီဝဲအပ်''ဟူ၍
ရဟန်းတို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု
လုံခြုံမှုကို
စီရင်၏။
ရဟန်း
နောက်တစ်မျိုးကား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
တရားစောင့်သည့်
တရားမင်းဖြစ်တော်မူသော
မြတ်စွာဘုရားသည်တရားကိုသာလျှင်
မှီ၍ တရားကို
အရိုအသေပြုလျက်
တရားကို
လေးစားလျက်
တရားကို
တုပ်ဝပ်လျက်တရားကို
အောင်လံသဖွယ်
ရှေ့ဆောင်ပြုလျက်
တရားကို
တံခွန်သဖွယ်
မြှောက်ချီလျက်
တရားကိုအကြီးအမှူးပြုလျက်-
''ဤသို့သဘောရှိသော
ကာယကံကို
မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
ကာယကံကို မမှီဝဲအပ်။
ဤသို့သဘောရှိသော
ဝစီကံကို မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
ဝစီကံကို
မမှီဝဲအပ်။
ဤသို့သဘောရှိသော
မနောကံကို
မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
မနောကံကို
မမှီဝဲအပ်။
ဤသို့သဘောရှိသောအသက်မွေးမှုကို
မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
အသက်မွေးမှုကို
မမှီဝဲအပ်။
ဤသို့သဘောရှိသောရွာနိဂုံးကို
မှီဝဲအပ်၏၊
ဤသို့သဘောရှိသော
ရွာနိဂုံးကို
မမှီဝဲအပ်''ဟူ၍
ရဟန်းမိန်းမ။ပ။
ဥပါသကာ။ပ။
ဥပါသိကာမတို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု
လုံခြုံမှုကို
စီရင်၏။
ရဟန်း
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
တရားစောင့်သည့်
တရားမင်းဖြစ်တော်မူသော
ထိုမြတ်စွာဘုရားသည်
တရားကိုသာလျှင်
မှီ၍တရားကို
အရိုအသေပြုလျက်
တရားကို လေးစားလျက်
တရားကို
တုပ်ဝပ်လျက်
တရားကို အောင်လံသဖွယ်
ရှေ့ဆောင်ပြုလျက်
တရားကို တံခွန်သဖွယ်
မြှောက်ချီလျက်
တရားကို
အကြီးအမှူးပြုလျက်ရဟန်းတို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု
လုံခြုံမှုကို
စီရင်ပြီးလျှင်၊
ရဟန်းမိန်းမ့တို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု
လုံခြုံမှုကို
စီရင်ပြီးလျှင်၊
ဥပါသကာတို့၌
တရား
အားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု
လုံခြုံမှုကို
စီရင်ပြီးလျှင်၊
ဥပါသိကာမတို့၌
တရားအားလျော်သောစောင့်ရှောက်မှု
ကာကွယ်မှု လုံခြုံမှုကို
စီရင်ပြီးလျှင်
တရားဖြင့်သာ
အတုမရှိသောဓမ္မစက်ကို
လည်စေတော်မူ၏၊
ထိုဓမ္မစက်ကို
သမဏဖြစ်စေ
ဗြာဟ္မဏဖြစ်စေ
နတ်ဖြစ်စေ
မာရ်နတ်ဖြစ်စေဗြဟ္မာဖြစ်စေ
လောက၌
မည်သူတစ်စုံတစ်ယောက်ကမျှ
မဖျက်ဆီး မတားမြစ်နိုင်ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ယဿံဒိသံသုတ်
၁၃၄။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်းမျိုးဖြစ်သော
ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော
မင်းသည်
မည်သည့် အရပ်မျက်နှာ၌ပင်
နေစေကာမူ
မိမိနိုင်ငံ
(အတွင်း)၌
သာလျှင်နေရ၏။
အဘယ်အင်္ဂါငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းအပ်ပြီးသော
မင်းသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ်ရှိ၏၊
ဘိုးဘေးခုနစ်ဆက်တိုင်အောင်
မျိုးရိုး
သန့်သောအမိဝမ်း
ရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့် အပယ်မခံရ၊
အကဲ့ရဲ့မခံရ။
ကြွယ်ဝ၏၊
များသော
ပစ္စည်းဥစ္စာ
ရှိ၏၊ များသော
အသုံးအဆောင်ရှိ၏၊
ပြည့်သော
ဘဏ္ဍာတိုက်ကျီကြရှိကြ၏။
မိမိစကားကို
နားထောင်၍
အမိန့်အတိုင်း
လိုက်နာသော
အင်္ဂါလေးပါးရှိသော
စစ်သည်နှင့်
ပြည့်စုံသည်ဖြစ်၍
အင်အားကြီးမား၏။
ထိုမင်း၏
သားကြီးသည်ကား
ပညာရှိ၏၊
ရဲရင့်၏၊
ဆင်ခြင်တိုင်းထွာတတ်သော
ပညာနှင့် ပြည့်စုံ၏၊
အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်သော
အကျိုးစီးပွါးတို့ကို
ကြံစည်ခြင်းငှါ
စွမ်းနိုင်၏။
ဤတရားလေးမျိုးတို့သည်
ထိုမင်း၏
ဘုန်းတန်ခိုး
အကျော်အစောကို
ရင့်ကျက်
(ကြီးပွါး)စေကုန်၏။
ဘုန်းတန်ခိုး
အကျော်အစောလျှင်
ငါးခုမြောက်ဖြစ်သော
ဤတရားနှင့်
ပြည့်စုံသော
ထိုမင်းသည်မည်သည့်
အရပ်မျက်နှာ၌ပင်
နေစေကာမူ
မိမိနိုင်ငံ
(အတွင်း)၌
သာလျှင် နေရ၏။
ထိုသို့
နေရခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း-
ရဟန်းတို့
အောင်ပွဲရမင်းတို့အား
ဤ (မိမိနိုင်ငံအတွင်း၌
)
နေရခြင်းသဘောသည်
ဤသို့သာဖြစ်သင့်သောကြောင့်တည်း။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
မည်သည့်အရပ်
မျက်နှာ၌ပင်နေစေကာမူ
လွတ်မြောက်သော
စိတ်ရှိသည်ဖြစ်၍သာလျှင်
နေရ၏။
အဘယ်
တရားငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက်
အကျင့်
'အာစာရ'
ကျက်စားရာ
'ဂေါစရ' နှင့်ပြည့်စုံသည်ဖြစ်၍
နေ၏၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလေ့ရှိသည်ဖြစ်၍သိက္ခာပုဒ်တို့၌
ဆောက်တည်လျက်
ကျင့်၏၊
မင်းမျိုးဖြစ်သော
ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသောမင်းသည်
အမျိုးဇာတ်နှင့်
ပြည့်စုံသကဲ့သို့တည်း။
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊
အနက်,
သဒ္ဒါနှင့်ပြည့်စုံ၍
အလုံးစုံပြည့်စုံစင်ကြယ်သော
မြတ်သော
အကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိကုန်သော
တရားတို့ကို
ထိုရဟန်းသည်
များစွာ
ကြားနာ့ဖူး၏၊
ဆောင်ထား၏၊
နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
ဆင်ခြင်ထား၏၊
ဉာဏ်ဖြင့်
ထိုးထွင်း၍သိ၏၊
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းအပ်ပြီးသော
မင်းသည်
ကြွယ်ဝ၍
များသောပစ္စည်းဥစ္စာ
များသော
အသုံးအဆောင်
ပြည့်သော
ဘဏ္ဍာတိုက်
ကျီကြရှိသကဲ့သို့တည်း။
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိလျက်နေ၏၊
အားအစွမ်း
ရှိ၏၊ ခိုင်မြဲသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထားခြင်း
မရှိ၊
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းအပ်ပြီးသော
မင်းသည်
အင်အားကြီးမားသကဲ့သို့တည်း။
ပညာရှိ၏၊
ဖြစ်မှု
ပျက်မှုကို
သိတတ်၍ ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ရာ
(နိဗ္ဗာန်)
သို့ကောင်းစွာ
ရောက်စေတတ်သော
မြတ်သော
ပညာနှင့်ပြည့်စုံ၏၊
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းအပ်ပြီးသော
မင်းသည်
သားကြီးရတနာနှင့်
ပြည့်စုံသကဲ့သို့တည်း။
ထိုရဟန်းအား
ဤတရားလေးပါးတို့သည်
လွတ်မြောက်မှု
(အရဟတ္တဖိုလ်)
ကို
ရင့်စေကုန်၏၊
ထိုရဟန်းသည်
ဤ
(အရဟတ္တဖိုလ်)
ဝိမုတ္တိလျှင်
ငါးခုမြောက်ဖြစ်သော
တရားနှင့်
ပြည့်စုံသည်ဖြစ်၍
မည်သည့်အရပ်မျက်နှာ၌ပင်
နေစေကာမူ လွတ်မြောက်သော
စိတ်ရှိသည်ဖြစ်၍သာလျှင်
နေရ၏။
ထိုသို့နေရခြင်းသည်
အဘယ့်ကြောင့်နည်း-
ရဟန်းတို့
လွတ်မြောက်သော
စိတ်ရှိသော
ရဟန္တာတို့အား
ဤ (နေရခြင်း)
သဘောသည်
ဤသိုု့သာဖြစ်သင့်သောကြောင့်တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပဌမ
ပတ္ထနာသုတ်
၁၃၅။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်းမျိုး
ဖြစ်သော
ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော
မင်း၏ သားကြီးသည်
မင်းအဖြစ်ကို
တောင့်တ၏။
အဘယ်အင်္ဂါငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းလောင်းအပ်ပြီးသော
မင်း၏သားကြီးသည်-
အမိဘက်
အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ်ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ၊
အကဲ့ရဲ့မခံရ။
အလွန်အဆင်းလှ၏၊
ကြည့်ရှုဖွယ်ကောင်း၏၊
စိတ်ကို
ကြည်လင်စေနိုင်၏၊
လွန်ကဲသော
အဆင်းသဏ္ဌာန်နှင့်
ပြည့်စုံ၏။
မိဘတို့
ချစ်အပ်
မြတ်နိုးအပ်၏။
နိဂုံး
ဇနပုဒ်နေသူတို့
ချစ်အပ်
မြတ်နိုးအပ်၏။
မင်းမျိုးဖြစ်ကုန်သော
ဦးထိပ်၌
အဘိသိက်သွန်းလောင်းအပ်ပြီးကုန်သော
မင်းတို့အား
တတ်သင့်တတ်ထိုက်ကုန်သော
ဆင်စီးအတတ်
မြင်းစီးအတတ်
ရထားစီးအတတ်
လေးအတတ်
ဓားခုတ်
လှံထိုးအတတ်မျိုးတို့၌
အပြည့်အစုံသင်ယူပြီး
ဖြစ်၏။
ထိုမင်းသားအား
ဤသို့
အကြံဖြစ်၏-
''ငါသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ်ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏။
ဇာတ်နှင့်စပ်သော
စကားဖြင့် အပယ်မခံရ၊
အကဲ့ရဲ့မခံရ၊
အဘယ့်ကြောင့်
မင်းအဖြစ်ကို
ငါမတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
အလွန်အဆင်းလှ၏၊
ကြည့်ရှုဖွယ်
ကောင်း၏၊
စိတ်ကို
ကြည်လင်စေနိုင်၏၊
လွန်ကဲသော
အဆင်းသဏ္ဌာန်နှင့်
ပြည့်စုံ၏၊
အဘယ့်ကြောင့်
မင်းအဖြစ်ကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
မိဘတို့
ချစ်အပ် မြတ်နိုးအပ်သူ
ဖြစ်၏၊
အဘယ့်ကြောင့်
မင်းအဖြစ်ကို
ငါ
မတောင့်တဘဲနေရအံ့နည်း။
ငါသည်
နိဂုံး
ဇနပုဒ်နေသူတို့
ချစ်အပ် မြတ်နိုးအပ်သူ
ဖြစ်၏၊
အဘယ့်ကြောင့်
မင်းအဖြစ်ကို
ငါမတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
မင်းမျိုးဖြစ်ကုန်သော
ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးကုန်သော
မင်းတို့အား
တတ်သင့်တတ်ထိုက်ကုန်သော
ဆင်စီးအတတ် မြင်းစီးအတတ်
ရထားစီးအတတ်
လေးအတတ်
ဓားခုတ်လှံထိုးအတတ်မျိုးတို့၌
အပြည့်အစုံ
သင်ယူပြီးသူ
ဖြစ်၏၊
အဘယ့်ကြောင့်
မင်းအဖြစ်ကို
ငါမတောင့်တဘဲ
နေရအံ့နည်း''ဟု
(အကြံဖြစ်၏)။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းလောင်းအပ်ပြီးသော
မင်း၏
သားကြီးသည်
မင်းအဖြစ်ကို
တောင့်တ၏။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာသဝေါတရားတို့၏ကုန်ခြင်းကို
တောင့်တ၏။
အဘယ်ငါးငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
ယုံကြည်မှု
'သဒ္ဓါ' ရှိ၏။
''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း
သုဂတ မည်တော်မူ၏၊
လောကကို
သိတော်မူတတ်သောအကြောင်းကြောင့်လည်း
လောကဝိဒူ
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
အနုတ္တရောပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
သတ္ထာဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ
မည်တော်မူ၏''ဟု
မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်
သဗ္ဗညုတဉာဏ်ကို
ယုံကြည်၏။
အနာကင်း၏၊
ရောဂါကင်း၏၊
မအေးလွန်း
မပူလွန်းသော
အလယ်အလတ်ဖြစ်၍
ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ
ခံ့သော
အစာကို
အညီအမျှ
ကြေကျက်စေတတ်သည့်
ဝမ်းမီးနှင့်
ပြည့်စုံ၏။
စဉ်းလဲမှု
မရှိ၊
လှည့်ပတ်မှု
မရှိ၊ ဆရာ၌လည်းကောင်း၊
ပညာရှိသီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်တိုင်းမှန်စွာ
မိမိကိုယ်ကို
ထင်စွာပြုတတ်၏။
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိသည်
ဖြစ်၍နေ၏၊
အားအစွမ်း
ရှိ၏၊
ခိုင်မြဲသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထားခြင်း
မရှိ။
ပညာရှိ၏၊
ဖြစ်မှု
ပျက်မှုကို
သိတတ်၍
ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ခန်းရာ
(နိဗ္ဗာန်)
သို့
ကောင်းစွာ
ရောက်စေတတ်သော
မြတ်သော
ပညာနှင့်
ပြည့်စုံ၏။
ထိုရဟန်းအား
ဤသို့
အကြံဖြစ်၏-
''ငါသည်
ယုံကြည်ခြင်း
'သဒ္ဓါ'
တရားရှိ၏။
'ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ မည့်တော်မူ၏။ပ။
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
သတ္ထာ
ဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ မည်တော်မူ၏'ဟု
မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်
သဗ္ဗညုတဉာဏ်ကို
ယုံကြည်၏။
အဘယ့်ကြောင့်
အာသဝေါတရားတို့၏ကုန်ခန်းခြင်းကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
အနာကင်း၏၊
ရောဂါကင်း၏၊
မအေးလွန်း မပူလွန်း
အလယ်အလတ်ဖြစ်၍
ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ
ခံ့သော
အစာကို
အညီအမျှ
ကြေကျက်စေတတ်သည့်
ဝမ်းမီးနှင့်
ပြည့်စုံ၏၊
အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
စဉ်းလဲမှု
မရှိ၊
လှည့်ပတ်မှု
မရှိ၊ ဆရာ၌လည်းကောင်း၊
ပညာရှိသီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်တိုင်းမှန်စွာ
မိမိကိုယ်ကို
ထင်စွာပြုတတ်၏၊
အဘယ့်ကြောင့်
အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
အကုသိုလ်တရားတို့ကို
ပယ်ရန် ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သောလုံ့လရှိသည်ဖြစ်၍
နေ၏၊
အားအစွမ်း
ရှိ၏၊ ခိုင်မြဲသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကိုပစ်ချထားခြင်း
မရှိ၊
အဘယ့်ကြောင့်
အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
ပညာရှိ၏၊
ဖြစ်မှုပျက်မှုကို
သိတတ်၍
ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ခန်းရာ
(နိဗ္ဗာန်)
သို့
ကောင်းစွာ ရောက်စေတတ်သော
မြတ်သော
ပညာနှင့်
ပြည့်စုံ၏၊
အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း''ဟု
(အကြံဖြစ်၏)။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာသဝေါတရားတို့၏ကုန်ခြင်းကိုတောင့်တ၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဒုတိယ
ပတ္ထနာသုတ်
၁၃၆။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်းမျိုးဖြစ်သော
ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော
မင်း၏
သားကြီးသည်
အိမ်ရှေ့မင်းအဖြစ်ကို
တောင့်တ၏။
အဘယ်ငါးငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းလောင်းအပ်ပြီးသော
မင်း၏သားကြီးသည်-
အမိဘက်
အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ်ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ၊ အကဲ့ရဲ့မခံရ။
အလွန်အဆင်းလှ၏၊
ကြည့်ရှုဖွယ်
ကောင်း၏၊ စိတ်ကို
ကြည်လင်စေနိုင်၏၊
လွန်ကဲသော
အဆင်းသဏ္ဌာန်နှင့်
ပြည့်စုံ၏။
မိဘတို့သည်
ချစ်အပ်
မြတ်နိုးအပ်၏။
ဗိုလ်ပါအပေါင်းသည်
ချစ်အပ်
မြတ်နိုးအပ်၏။
ပညာရှိ၏၊
ရဲရင့်လိမ္မာ၏၊
ဆင်ခြင်
တိုင်းထွာတတ်သော
ပညာနှင့်
ပြည့်စုံ၏၊
အတိတ်အနာဂတ်
ပစ္စုပ္ပန်ဖြစ်သော
အကျိုးတို့ကို
ကြံစည်ခြင်းငှါ
စွမ်းနိုင်၏။
ထိုမင်းသားအား
ဤသို့
အကြံဖြစ်၏-
''ငါသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ်ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက့်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ၊
အကဲ့ရဲ့မခံရ၊
အဘယ်ကြောင်းကြောင့်
အိမ်ရှေ့မင်းအဖြစ်ကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
အလွန်အဆင်းလှ၏၊
ကြည့်ရှုဖွယ်
ကောင်း၏၊
စိတ်ကို
ကြည်လင်စေနိုင်၏၊
လွန်ကဲသောအဆင်းသဏ္ဌာန်နှင့်
ပြည့်စုံ၏။
အဘယ့်ကြောင့်
အိမ်ရှေ့မင်းအဖြစ်ကို
ငါ မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
မိဘတို့
ချစ်အပ်
မြတ်နိုးအပ်သူ
ဖြစ်၏၊
အဘယ့်ကြောင့်
အိမ်ရှေ့မင်းအဖြစ်ကို
ငါမတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
ဗိုလ်ပါအပေါင်း၏
ချစ်အပ်
မြတ်နိုးအပ်သူ
ဖြစ်၏၊
အဘယ့်ကြောင့်
အိမ်ရှေ့မင်းအဖြစ်ကိုငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
ပညာရှိ၏၊
ရဲရင့်လိမ္မာ၏၊
ဆင်ခြင် တိုင်းထွာတတ်သော
ပညာနှင့်
ပြည့်စုံ၏၊
အတိတ်အနာဂတ်
ပစ္စုပ္ပန်ဖြစ်သော
အကျိုးတို့ကို
ကြံစည်ခြင်းငှါ
စွမ်းနိုင်၏၊
အဘယ့်ကြောင့်
အိမ်ရှေ့မင်းအဖြစ်ကိုငါ
မတောင့်တဘဲ
နေရအံ့နည်း''ဟု
(အကြံဖြစ်၏)။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်းမျိုးဖြစ်သော
ဦးထိပ်၌
အဘိသိက်သွန်းလောင်းအပ်ပြီးသော
မင်း၏
သားကြီးသည်
အိမ်ရှေ့မင်း၏
အဖြစ်ကို
တောင့်တ၏။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာသဝေါတရားတို့၏ကုန်ခြင်းကို
တောင့်တ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
သီလရှိ၏။ပ။
သိက္ခာပုဒ်တို့၌
ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏။ပ။
ဉာဏ်ဖြင့်
ထိုးထွင်း၍
သိ၏။
သတိပဋ္ဌာန်တရားလေးပါးတို့၌
ကောင်းစွာ တည်သော
စိတ်ရှိ၏။
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိသည်
ဖြစ်၍နေ၏၊
အားအစွမ်း
ရှိ၏၊ ခိုင်မြဲသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချထားခြင်း
မရှိ။
ပညာရှိ၏၊
ဖြစ်မှုပျက်မှုကို
သိတတ်၍ ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်ခန်းရာ
(နိဗ္ဗာန်)
သို့
ကောင်းစွာ
ရောက်စေတတ်သော
မြတ်သော
ပညာနှင့်
ပြည့်စုံ၏။
ထိုရဟန်အား
ဤသို့
အကြံဖြစ်၏-
''ငါသည်
သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက်
အကျင့်
'အာစာရ'
ကျက်စားရာ'ဂေါစရ'နှင့်
ပြည့်စုံသည်ဖြစ်၍
နေ၏၊ အနည်းငယ်မျှလောက်သော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလေ့ရှိသည်
ဖြစ်၍
သိက္ခာပုဒ်တို့၌
ဆောက်တည်လျက်
ကျင့်၏၊
အဘယ့်ကြောင့်
အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ နေရအံ့နည်း။
ငါသည်
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊
အနက်,သဒ္ဒါနှင့်
ပြည့်စုံ၍
အလုံးစုံ
ပြည့်စုံ စင်ကြယ်သော
မြတ်သော
အကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်း
ရှိကုန်သော
တရားတို့ကို
များစွာ
ကြားနာဖူး၏၊
ဆောင်ထား၏၊
နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်နှလုံးဖြင့်
ဆင်ခြင်ထား၏၊
ဉာဏ်ဖြင့်
ထိုးထွင်း၍သိ၏၊
အဘယ့်ကြောင့်
အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ နေရအံ့နည်း။
ငါသည်
သတိပဋ္ဌာန်တရားလေးပါးတို့၌
ကောင်းစွာ
တည်သော စိတ်ရှိ၏၊
အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
အကုသိုလ်တရားတို့ကို
ပယ်ရန် ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သောလုံ့လရှိသည်ဖြစ်၍
နေ၏၊
အားအစွမ်း
ရှိ၏၊ ခိုင်မြဲသော
လုံ့လရှိ၏၊
ကုသိုလ်တရားတို့၌
တာဝန်ကို့ပစ်ချထားခြင်း
မရှိ၊ အဘယ့်ကြောင့်
အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါမတောင့်တဘဲ
နေရအံ့နည်း။
ငါသည်
ပညာရှိ၏၊
ဖြစ်မှုပျက်မှုကို
သိတတ်၍
ကိလေသာတို့ကို
ဖောက်ခွဲနိုင်သည့်
ဆင်းရဲကုန်
ခန်းရာ
(နိဗ္ဗာန်)
သို့
ကောင်းစွာ ရောက်စေတတ်သော
မြတ်သော
ပညာနှင့်
ပြည့်စုံ၏၊
အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို
ငါ
မတောင့်တဘဲ
နေရအံ့နည်း''ဟု
အကြံဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အာသဝေါတရားတို့၏ကုန်ခြင်းကိုတောင့်တ၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-အပ္ပံသုပတိသုတ်
၁၃၇။
ရဟန်းတို့ ဤ
သူငါးမျိုးတို့သည်
ညဉ့်၌
အနည်းငယ်အိပ်ကုန်၏၊
များစွာ နိုးကြားကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
မိန်းမသည်
ယောက်ျား၌
အလိုရှိသည်ဖြစ်၍
ညဉ့်၌
အနည်းငယ်သာ
အိပ်၏၊
များစွာနိုးကြား၏။
ရဟန်းတို့
ယောက်ျားသည်
မိန်းမ၌
အလိုရှိသည်ဖြစ်၍
ညဉ့်၌
အနည်းငယ်သာ
အိပ်၏၊
များစွာနိုးကြား၏။
ရဟန်းတို့
ခိုးသူသည်
ခိုးယူခြင်း၌
အလိုရှိသည်ဖြစ်၍
ညဉ့်၌
အနည်းငယ်သာ
အိပ်၏၊
များစွာနိုးကြား၏။
ရဟန်းတို့
မင်းသည်
မင်းရေးကိစ္စတို့၌
အားထုတ်ရှိသည်ဖြစ်၍
ညဉ့်၌
အနည်းငယ်သာ
အိပ်၏၊
များစွာနိုးကြား၏။
ရဟန်းတို့
ရဟန်းသည်
(ကိလေသာတို့နှင့်)
မစပ်ယှဉ်ရာ
(နိဗ္ဗာန်)၌
အလိုရှိသည်ဖြစ်၍
ညဉ့်၌
အနည်းငယ်သာ
အိပ်၏၊
များစွာ နိုးကြား၏။
ရဟန်းတို့
ဤ
သူငါးမျိုးတို့သည်
ညဉ့်၌ အနည်းငယ်သာ
အိပ်ကုန်၏၊
များစွာ
နိုးကြားကုန်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဘတ္တာဒကသုတ်
၁၃၈။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
အစာစားတတ်ရုံမျှ
နေရာဖြုန်းတီးရုံမျှ
ကျင်ကြီးကျင်ငယ်ကျစေရုံမျှ
စာရင်းဝင်ရုံမျှ
မင်း၏ ဆင်ဟူ၍
ခေါ်ဝေါ်ရရုံမျှ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်-
အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
အရသာ
'ရသာရုံ'
တို့ကို သည်းမခံနိုင်။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
ရဟန်းတို့
ဤ
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
အစာစားတတ်ရုံမျှ
နေရာ
ဖြုန်းတီးရုံမျှကျင်ကြီးကျင်ငယ်ကျစေရုံမျှ
စာရင်းဝင်ရုံမျှ
မင်း၏ ဆင်ဟူ၍
ခေါ်ဝေါ်ရရုံမျှ
ဖြစ်၏။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ဆွမ်းစားတတ်ရုံမျှ့နေရာဖြုန်းတီးရုံမျှ
ညောင်စောင်းအင်းပျဉ်ကို
ဖျက်ဆီးရုံမျှ
စာရင်းဝင်ရုံမျှ
ရဟန်းဟူ၍
ခေါ်ဝေါ်ရရုံမျှ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
အရသာ
'ရသာရုံ'
တို့ကို
သည်းမခံနိုင်။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ဆွမ်းစားတတ်ရုံမျှ
နေရာဖြုန်းတီးရုံမျှညောင်စောင်းအင်းပျဉ်ကို
ဖျက်ဆီးရုံမျှ
စာရင်းဝင်ရုံမျှ
ရဟန်းဟူ၍
ခေါ်ဝေါ်ရရုံမျှ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-အက္ခမသုတ်
၁၃၉။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
မင်းအား
မထိုက်၊ မင်း
မသုံးဆောင်အပ်၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်ခေါ်ဝေါ်ခြင်းသို့
မရောက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်-
အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
အရသာ
'ရသာရုံ'
တို့ကို
သည်းမခံနိုင်။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
ဆင်အပေါင်းကို
မြင်၍ဖြစ်စေ
မြင်းအပေါင်းကို
မြင်၍ဖြစ်စေ
ရထားအပေါင်းကို
မြင်၍ဖြစ်စေ
ခြေလျင်သူရဲအပေါင်းကိုမြင်၍ဖြစ်စေ
ဆုတ်နစ်၏၊
ထိုမှဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
ဆင်းသက်ရန်
မစွမ်းနိုင်။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အဆင်း 'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
(၁)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
ဆင်သံကို
ကြား၍ ဖြစ်စေမြင်းသံကို
ကြား၍ဖြစ်စေ
ရထားသံကို ကြား၍ဖြစ်စေ
ခြေလျင်သူရဲသံကို
ကြား၍ဖြစ်စေ
စည်ကြီး
သံထက်စည်သံ
ခရုသင်းသံ
စည်ပုတ်သံ ပဲ့တင်သံကို
ကြား၍ဖြစ်စေ
ဆုတ်နစ်၏၊
ထိုမှဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
ဆင်းသက်ရန်
မတတ်နိုင်။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အသံ 'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်။
(၂)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည် စစ်မြေပြင်သို့
သွားသည်ရှိသော်
အမျိုးကောင်းကုန်သောစစ်မြေပြင်၌
ကျက်စားဖူးကုန်သော
မင်းစီးဆင်တော်တို့၏
ကျင်ကြီးကျင်ငယ်နံ့ကို
နမ်းရှူမိ၍
ဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
ဆင်းသက်ရန်
မတတ်နိုင်။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အနံ့ 'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
(၃)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အရသာ'ရသာရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
တစ်ရက်မျှ
အစာ ရေစာမရသော်လည်းကောင်း
နှစ်ရက်
သုံးရက်
လေးရက်
ငါးရက်မျှ
အစာရေစာ
မရသော်လည်းကောင်းဆုတ်နစ်၏၊
ထိုမှ ဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
ဆင်းသက်ရန်
မတတ်နိုင်။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အရသာ'ရသာရုံ'
တို့ကို
သည်းမခံနိုင်။
(၄)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
တစ်ချောင်းသောမြားအဟုန်
စူးဝင်အပ်သည်ဖြစ်စေ
နှစ်ချောင်း
သုံးချောင်း
လေးချောင်း
ငါးချောင်းသော
မြားအဟုန်တို့စူးဝင်အပ်သည်ဖြစ်စေ
ဆုတ်နစ်၏၊
ထိုမှဤမှ
ဆုတ်နစ်၏၊
မရပ်တည်နိုင်၊
စစ်မြေပြင်သို့
ဆင်းသက်ရန်မတတ်နိုင်။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
(၅)
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
မင်းအား
မထိုက်၊ မင်း
မသုံးဆောင်အပ်၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်ခေါ်ဝေါ်ခြင်းသို့
မရောက်။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည် အရပ်ဝေးမှ
ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်သော
အလှူကို
မခံထိုက်၊
ဧည့်သည်တို့အလို့ငှါ
စီမံထားသော
ဝတ္ထုကိုမခံထိုက်၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို
မခံထိုက်၊ လက်အုပ်ချီခြင်းငှါ
မထိုက်၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံးလယ်မြေ
မဖြစ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
အရသာ
'ရသာရုံ'
တို့ကို
သည်းမခံနိုင်။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို သည်းမခံနိုင်။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အဆင်း 'ရူပါရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မျက်စိဖြင့်
ရူပါရုံကို
မြင်၍
တပ်မက်ဖွယ်ဖြစ်သော
ရူပါရုံ၌
အလွန်တပ်မက်၏၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည် အဆင်း
'ရူပါရုံ'
တို့ကို
သည်းမခံနိုင်။
(၁)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည် အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
နားဖြင့် အသံ
'သဒ္ဒါရုံ'
တို့ကို
ကြား၍
တပ်မက်ဖွယ်ဖြစ်သော
သဒ္ဒါရုံ၌
အလွန်တပ်မက်၏၊
စိတ်ကို ဆောက်တည်ခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည် အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းမခံနိုင်။
(၂)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အနံ့ 'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
နှာခေါင်းဖြင့်
အနံ့
'ဂန္ဓာရုံ'
တို့ကို
နမ်းရှူ၍ တပ်မက်ဖွယ်ဖြစ်သော
ဂန္ဓာရုံ၌
အလွန်တပ်မက်၏၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အနံ့ 'ဂန္ဓာရုံ'
တို့ကို
သည်းမခံနိုင်။
(၃)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အရသာ 'ရသာရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
လျှာဖြင့်
အရသာ 'ရသာရုံ'
တို့ကို
လျက်၍
တပ်မက့်ဖွယ်ဖြစ်သော
ရသာရုံ၌
အလွန်တပ်မက်၏၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အရသာ 'ရသာရုံ'
တို့ကို
သည်းမခံနိုင်။
(၄)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကိုယ်ဖြင့်
ဖောဋ္ဌဗ္ဗာရုံကို
တွေ့ထိ၍
တပ်မက်ဖွယ်
ဖြစ်သောဖောဋ္ဌဗ္ဗာရုံ၌
အလွန်တပ်မက်၏၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းမခံနိုင်။
(၅)
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ
ဆောင်လာ၍သော်လည်းပေးလှူပူဇော်သော
အလှူကို
မခံထိုက်၊
ဧည့်သည်တို့
အလို့ငှါ
စီမံထားသော
ဝတ္ထုကို
မခံထိုက်၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို
မခံထိုက်၊
လက်အုပ်ချီခြင်းငှါ
မထိုက်၊
သတ္တဝါအပေါင်း၏ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေ
မဖြစ်။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
မင်းအား
ထိုက်၏၊ မင်း
သုံးဆောင်အပ်၏၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်
ခေါ်ဝေါ်ခြင်းသို့
ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည် -
အဆင်း
'ရူပါရုံ'
တို့ကို
သည်းခံနိုင်၏။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်၏။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်၏။
အရသာ
'ရသာရုံ'
တို့ကို
သည်းခံနိုင်၏။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်၏။
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အဆင်း
'ရူပါရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏ ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
ဆင်အပေါင်းကို
မြင်၍ဖြစ်စေ
မြင်းအပေါင်းကို
မြင်၍ဖြစ်စေ
ရထားအပေါင်းကို
မြင်၍ဖြစ်စေ
ခြေလျင်သူရဲအပေါင်းကိုမြင်၍ဖြစ်စေ
မဆုတ်နစ်၊
ထိုမှဤမှ
မဆုတ်နစ်၊
ရပ်တည်နိုင်၏၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါစွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အဆင်း
'ရူပါရုံ'
တို့ကို သည်းခံနိုင်၏။
(၁)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
ဆင်သံကို
ကြား၍ ဖြစ်စေမြင်းသံကို
ကြား၍ဖြစ်စေ
ရထားသံကို ကြား၍ဖြစ်စေ
ခြေလျင်သူရဲသံကို
ကြား၍ဖြစ်စေ
စည်ကြီးသံထက်စည်သံ
ခရုသင်းသံ
စည်ပုတ်သံ
ပဲ့တင်သံကို
ကြား၍ဖြစ်စေ
မဆုတ်နစ်၊
ထိုမှဤမှ မဆုတ်နစ်၊
ရပ်တည်နိုင်၏၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အသံ 'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်၏။
(၂)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
အမျိုးကောင်းကုန်
သောစစ်မြေပြင်၌
ကျက်စားဖူးကုန်သော
မင်းစီးဆင်တို့၏
ကျင်ကြီး
ကျင်ငယ်နံ့ကို
နမ်းရှူမိ၍
မဆုတ် နစ်၊
ထိုမှဤမှ
မဆုတ်နစ်၊
ရပ်တည်နိုင်၏၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အနံ့ 'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်၏။
(၃)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အရသာ
'ရသာရုံ'တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည် စစ်မြေပြင်သို့
သွားသည်ရှိသော်
တစ်ရက်မျှ
အစာ
ရေစာ့မရသော်လည်းကောင်း၊
နှစ်ရက် သုံးရက်
လေးရက်
ငါးရက်မျှ
အစာရေစာ
မရသော်လည်းကောင်းမဆုတ်နစ်၊
ထိုမှဤမှ
မဆုတ်နစ်၊ ရပ်တည်နိုင်၏၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အရသာ 'ရသာရုံ'
တို့ကို
သည်းခံနိုင်၏။
(၄)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
သွားသည်ရှိသော်
တစ်ချောင်းသော
မြားအဟုန်
စူးဝင်အပ်သည်ဖြစ်စေ
နှစ်ချောင်း သုံးချောင်း
လေးချောင်း
ငါးချောင်းသော
မြားအဟုန်တို့စူးဝင်အပ်သည်ဖြစ်စေ
မဆုတ်နစ်၊
ထိုမှဤမှ
မဆုတ်နစ်၊
ရပ်တည်နိုင်၏၊
စစ်မြေပြင်သို့
သက်ဆင်းခြင်းငှါစွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်၏။
(၅)
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော မင်း၏
ဆင်သည်
မင်းအားထိုက်၏၊
မင်း သုံးဆောင်အပ်၏၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်
ခေါ်ဝေါ်ခြင်းသို့
ရောက်၏။
ရဟန်းတို့
ဤအတူသာလျှင်
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်သော
အလှူကို
ခံထိုက်၏၊
ဧည့်သည်တို့
အလို့ငှါ
စီမံထားသောဝတ္ထုကို
ခံထိုက်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို
ခံထိုက်၏၊
လက်အုပ်ချီခြင်းငှါ
ထိုက်၏၊
သတ္တဝါ
အပေါင်း၏ ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
အဆင်း
'ရူပါရုံ'
တို့ကို
သည်းခံနိုင်၏။
အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်၏။
အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်၏။
အရသာ
'ရသာရုံ'
တို့ကို
သည်းခံနိုင်၏။
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အဆင်း 'ရူပါရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မျက်စိဖြင့်
အဆင်း'ရူပါရုံ'ကို
မြင်၍ တပ်မက်ဖွယ်ဖြစ်သော
ရူပါရုံ၌
မတပ်မက်၊ စိတ်ကို
ဆောက်တည်ခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အဆင်း 'ရူပါရုံ'
တို့ကို
သည်းခံနိုင်၏။
(၁)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည် အသံ
'သဒ္ဒါရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
နားဖြင့် အသံ
'သဒ္ဒါရုံ'ကို
ကြား၍
တပ်မက်ဖွယ်
ဖြစ်သောသဒ္ဒါရုံ၌
မတပ်မက်၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည် အသံ
'သဒ္ဒါရုံ'
တို့ကို
ကြား၍
သည်းခံနိုင်၏။
(၂)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည် အနံ့
'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
နှာခေါင်းဖြင့်
အနံ့
'ဂန္ဓာရုံ'ကို
နမ်းရှူ၍
တပ်မက်ဖွယ်ဖြစ်သော
ဂန္ဓာရုံ၌
မတပ်မက်၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အနံ့ 'ဂန္ဓာရုံ'
တို့ကို
သည်းခံနိုင်၏။
(၃)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အရသာ 'ရသာရုံ'တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
လျှာဖြင့်
အရသာ
'ရသာရုံ'ကို
လျက်၍
တပ်မက်ဖွယ်ဖြစ်သော
ရသာရုံ၌
မတပ်မက်၊
စိတ်ကို
ဆောက်တည်ခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အရသာ 'ရသာရုံ'
တို့ကို
သည်းခံနိုင်၏။
(၄)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကိုယ်ဖြင့်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'ကို
တွေ့ထိ၍တပ်မက်ဖွယ်ဖြစ်သော
ဖောဋ္ဌဗ္ဗာရုံ၌
မတပ်မက်၊ စိတ်ကို
ဆောက်တည်ခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
အတွေ့ အထိ 'ဖောဋ္ဌဗ္ဗာရုံ'
တို့ကို
သည်းခံနိုင်၏။
(၅)
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ
ဆောင်လာ၍သော်လည်းပေးလှူပူဇော်သော
အလှူကို
ခံထိုက်၏၊ ဧည့်သည်တို့
အလို့ငှါ
စီမံထားသော
ဝတ္ထုကို
ခံထိုက်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို
ခံထိုက်၏၊
လက်အုပ်ချီခြင်းငှါ
ထိုက်၏၊
သတ္တဝါအပေါင်း၏ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏ဟု
(မိန့်တောာ်မူ၏)။
နဝမသုတ်။
------
၁၀-သောတသုတ်
၁၄၀။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
မင်းအား
ထိုက်၏၊
မင်းသုံးဆောင်
အပ်၏၊ မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်
ခေါ်ဝေါ်ခြင်းသို့
ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည် -
နာယူတတ်၏။
သတ်ဖြတ်တတ်၏။
စောင့်ရှောက်တတ်၏။
ိံသည်းခံတတ်၏။
သွားတတ်၏
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
နာယူတတ်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
ပြုလုပ်ဖူးသည်ဖြစ်စေ
မပြုလုပ်ဖူးသည်ဖြစ်စေ
ဆင်ထိန်းစေခိုင်းသော
အမှုကိစ္စကို
ရိုသေလေးစား
နှလုံးထား၍
စိတ်အားထက်သန်စွာ
နားစိုက်လျက်
နာယူ၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
နာယူတတ်၏။ (၁)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
သတ်ဖြတ်တတ်သနည်း။
ရဟန်းတို့
ဤလောက၌
မင်း၏ဆင်သည်
စစ်မြေပြင်သို့
ရောက်သည်ရှိသော်
ဆင်ကိုလည်း
သတ်တတ်၏၊
ဆင်စီးသူရဲကိုလည်း
သတ်တတ်၏၊
မြင်းကိုလည်း
သတ်တတ်၏၊
မြင်းစီးသူရဲကိုလည်း
သတ်တတ်၏၊
ရထားကိုလည်း
ဖျက်ဆီးတတ်၏၊
ရထားစီးသူရဲကိုလည်း
သတ်တတ်၏၊
ခြေလျင်သူရဲကိုလည်းသတ်တတ်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
သတ်ဖြတ်တတ်၏။
(၂)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏
ဆင်သည်စောင့်ရှောက်တတ်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
ရောက်သည်ရှိသော်
ရှေ့ပိုင်းကိုယ်ကိုစောင့်ရှောက်တတ်၏၊
နောက်ပိုင်းကိုယ်ကိုစောင့်ရှောက်တတ်၏၊
ရှေ့ခြေတို့ကိုစောင့်ရှောက်တတ်၏၊
နောက်ခြေတို့ကိုစောင့်ရှောက်တတ်၏၊
ဦးခေါင်းကိုစောင့်ရှောက်တတ်၏၊
နားတို့ကိုစောင့်ရှောက်တတ်၏၊
အစွယ်တို့ကိုစောင့်ရှောက်တတ်၏၊
နှာမောင်းကိုစောင့်ရှောက်တတ်၏၊
အမြီးကိုစောင့်ရှောက်တတ်၏၊
ဆင်စီးသူရဲကိုစောင့်ရှောက်တတ်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်စောင့်ရှောက်တတ်၏။
(၃)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
သည်းခံတတ်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
စစ်မြေပြင်သို့
ရောက်သည်ရှိသော်
လှံဖြင့်
ထိုးခြင်း့သန်လျက်ဖြင့်
ခုတ်ခြင်း
မြားဖြင့် ပစ်ခြင်း
ပုဆိန်ဖြင့်
ပေါက်ခြင်းတို့ကို
သည်းခံနိုင်၏၊
စည်ကြီးသံထက်စည်သံ
ခရုသင်းသံ
စည်ပုတ်သံ
ပဲ့တင်သံတို့ကို
သည်းခံနိုင်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
သည်းခံတတ်၏။
(၄)
ရဟန်းတို့
အဘယ်သို့လျှင်
မင်း၏ ဆင်သည်
သွားတတ်သနည်း။
ရဟန်းတို့
ဤလောက၌ မင်း၏
ဆင်သည်
သွားရောက်ဖူးသည်ဖြစ်စေ
မသွားရောက်ဖူးသည်ဖြစ်စေဆင်ထိန်းစေလွှတ်ရာအရပ်သို့
လျင်မြန်စွာ
သွားတတ်၏။
ရဟန်းတို့
ဤသို့လျှင်
မင်း၏ ဆင်သည်
သွားတတ်၏။ (၅)
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏ ဆင်သည်
မင်းအား
ထိုက်၏၊ မင်း
သုံးဆောင်အပ်၏၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်ခြင်းသို့
ရောက်၏။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ
ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်သော
အလှူကို
ခံထိုက်၏၊
ဧည့်သည်တို့
အလို့ငှါ စီမံထားသောဝတ္ထုကို
ခံထိုက်၏၊
တမလွန်အတွက် ရည်မျှော်သော
အလှူကို
ခံထိုက်၏၊
လက်အုပ်ချီခြင်းငှါ
ထိုက်၏၊
သတ္တဝါ
အပေါင်း၏ ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည် -
နာယူတတ်၏။
သတ်ဖြတ်တတ်၏။
စောင့်ရှောက်တတ်၏။
ိံသည်းခံတတ်၏။
သွားတတ်၏
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
နာယူတတ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မြတ်စွာဘုရား
သိတော်မူပြီးသော
ဓမ္မဝိနယကိုဟောကြားသည်ရှိသော်
ရိုသေလေးစား
နှလုံးထား၍
စိတ်အားထက်သန်စွာ
နားစိုက်လျက်
နာယူတတ်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
နာယူတတ်၏။ (၁)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
သတ်ဖြတ်တတ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ဖြစ်ပေါ်လာသော
ကာမဝိတက်ကို
သည်းမခံ၊
ပယ်စွန့်၏၊
ပယ်ဖျောက်၏၊
ဖျက်ဆီး၏၊
ကင်းအောင်ပြု၏၊
တဖန်
မဖြစ်ပေါ်ခြင်းသို့
ရောက်စေ၏။
ဖြစ်ပေါ်လာသော
ဗျာပါဒဝိတက်ကို။ပ။
ဖြစ်ပေါ်လာသော
ဝိဟိံသာဝိတက်ကို။ပ။
ဖြစ်ဆဲ
ဖြစ်လတ္တံ့သော
အကုသိုလ်တရားယုတ်တို့ကို
သည်းမခံ၊
ပယ်စွန့်၏၊
ပယ်ဖျောက်၏၊ ဖျက်ဆီး၏၊
ကင်းအောင်
ပြု၏၊ တဖန်
မဖြစ်ပေါ်ခြင်းသို့
ရောက်စေ၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
သတ်ဖြတ်တတ်၏။
(၂)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်စောင့်ရှောက်တတ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မျက်စိဖြင့်
အဆင်း
'ရူပါရုံ' ကို
မြင်သော်
(မိန်းမယောက်ျား
စသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့မရှိ၊
(လက်ခြေစသော
အင်္ဂါ
ပြုံးဟန်
ရယ်ဟန် စသောအမူအရာ)
အမှတ်
လက္ခဏာကို
စွဲယူလေ့မရှိ၊
(အကယ်၍)
စက္ခုန္ဒြေကို
မစောင့်စည်းဘဲနေလျှင်ယင်း
(စက္ခုန္ဒြေကို
မစောင်စည်းခြင်းဟူသော)
အကြောင်းကြောင့်
မက်မောခြင်း
'အဘိဇ္ဈာ'နှလုံးမသာခြင်း
'ဒေါမနဿ'ဟူသော
ယုတ်ညံ့သော အကုသိုလ်တရားတို့သည်
ထိုမစောင့်စည်းသူကိုလိုက်၍
နှိပ်စက်ကုန်
ရာ၏၊
(ထို့ကြောင့်
ရဟန်းသည်)
ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ
ကျင့်၏၊
စက္ခုန္ဒြေကိုစောင့်စည်း၏၊
စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့
ရောက်၏။
နားဖြင့်
အသံ
'သဒ္ဒါရုံ'ကို
ကြားသော်။
နှာခေါင်းဖြင့်
အနံ့
'ဂန္ဓာရုံ'
ကို နံသော်။
လျှာဖြင့်
အရသာ 'ရသာရုံ'
ကို
လျက်သော်။
ကိုယ်ဖြင့်
အတွေ့
'ဖောဋ္ဌဗ္ဗာရုံ'
ကို တွေ့ထိသော်။
စိတ်ဖြင့်
သဘောတရား
'ဓမ္မာရုံ'
ကို သိသော်
(မိန်းမ
ယောက်ျား
စသော)
သဏ္ဌာန်နိမိတ်ကို
စွဲယူလေ့မရှိ၊
(လက်ခြေစသော
အင်္ဂါပြုံးဟန်
ရယ်ဟန် စသော
အမူအရာ)
အမှတ်လက္ခဏာကို
စွဲယူလေ့မရှိ၊
(အကယ်၍)
မနိန္ဒြေကို
မစောင့်စည်းဘဲ
နေလျှင် ယင်း
(မနိန္ဒြေကို
မစောင့်စည်းခြင်းဟူသော)
အကြောင်းကြောင့်
မက်မောခြင်း
'အဘိဇ္ဈာ'နှလုံးမသာခြင်း
'ဒေါမနဿ'ဟူသော
ယုတ်ညံ့သော
အကုသိုလ်တရားတို့သည်
ထိုမစောင့်စည်းသူကိုလိုက်၍
နှိပ်စက်ကုန်ရာ၏၊
(ထို့ကြောင့်
ရဟန်းသည်)
ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ
ကျင့်၏၊ မနိန္ဒြေကိုစောင့်စည်း၏၊
မနိန္ဒြေ၌စောင့်စည်းခြင်းသို့
ရောက်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်စောင့်ရှောက်တတ်၏။
(၃)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
သည်းခံတတ်သနည်း။
ရဟန်းတို့
ဤလောက၌
ရဟန်းသည်
အချမ်း အပူ
ဆာလောင်ခြင်း
မွတ်သိပ်ခြင်း
မှက် ခြင် လေ
နေပူမြွေ
ကင်းသန်း
တို့၏ အတွေ့တို့ကိုလည်းကောင်း၊
မကောင်းသဖြင့်
ဆိုအပ်ကုန်
မကောင်းသဖြင့်ရောက်လာကုန်သော
စကားတို့ကိုလည်းကောင်း
သည်းခံနိုင်၏၊
ကိုယ်၌
ဖြစ်သော
ပြင်းထန်
ကြမ်းကြုတ်စပ်ရှား
ကျင်နာ
မသာယာဖွယ်
မနှစ်သက်ဖွယ်ဖြစ်သော
သေလောက်သော
ဆင်းရဲဝေဒနာတို့ကိုသည်းခံခြင်း
သဘောရှိ၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
သည်းခံတတ်၏။
(၄)
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
သွားတတ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ဤရှည်စွာသော
သံသရာခရီးဖြင့်
မရောက်ဖူးသေးသောအရပ်ဖြစ်သည့်
အလုံးစုံသော
သင်္ခါရတရားတို့၏
ချုပ်ငြိမ်းရာ
အလုံးစုံသော
ဥပဓိတို့ကို
စွန့်ရာ
တဏှာ၏ကုန်ရာ
တပ်ခြင်းကင်းရာ
ချုပ်ရာ
ငြိမ်းရာဖြစ်သော
နိဗ္ဗာန်သို့
လျင်မြန်စွာသာလျှင်
သွားတတ်၏။
ရဟန်းတို့
ဤသို့လျှင်
ရဟန်းသည်
သွားတတ်၏။ (၅)
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ
ဆောင်လာ၍သော်လည်းပေးလှူပူဇော်သော
အလှူကို
ခံထိုက်၏။ပ။
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက်
ရာဇဝဂ်
ပြီး၏။
------
(၁၅)
၅-တိကဏ္ဍကီဝဂ်
၁-အဝဇာနာတိသုတ်
၁၄၁။
ရဟန်းတို့
လောက၌
ဤပုဂ္ဂိုလ်ငါးမျိုးတို့သည်
ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပေးပြီး၍
မထီမဲ့မြင်
ပြု၏။
အတူပေါင်းသင်းခြင်းဖြင့်
မထီမဲ့မြင်
ပြု၏။
(ပြောလာသမျှ
စကားကို
ယုံကြည်သည်၏
အစွမ်းဖြင့်)
ခံယူရန်
ထားအပ်သော
နှုတ်ရှိ၏။
လျှပ်ပေါ်လော်လည်၏။
နုန့်နှေး
တွေဝေ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ပုဂ္ဂိုလ်သည်
ပေးပြီး၍
မထီမဲ့မြင်
ပြုသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ပုဂ္ဂိုလ်တစ်ဦးသည်
ပုဂ္ဂိုလ်တစ်ဦးအား
သင်္ကန်း
ဆွမ်း
ကျောင်း သူနာ၏့အထောက်အပံ့
ဆေးအသုံးအဆောင်ကို
ပေး၏၊ ထိုပုဂ္ဂိုလ်အား-
''ငါသည်
ပေးရ၏၊
ဤသူသည်ကား
ခံယူ၏''ဟု
သဘောပိုက်၏။
ထိုပုဂ္ဂိုလ်ကို
ပေးပြီး၍
မထီမဲ့မြင်ပြု၏။
ရဟန်းတို့
ဤသို့လျှင်
ပုဂ္ဂိုလ်သည်
ပေးပြီး၍
မထီမဲ့မြင်
ပြု၏။
ရဟန်းတို့
အဘယ်သို့လျှင်
ပုဂ္ဂိုလ်သည်
အတူပေါင်းသင်းခြင်းဖြင့်
မထီမဲ့မြင်
ပြုသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ပုဂ္ဂိုလ်တစ်ဦးသည်
ပုဂ္ဂိုလ်တစ်ဦးနှင့်
နှစ်နှစ်ဖြစ်စေ
သုံးနှစ်ဖြစ်စေ
အတူပေါင်းသင်းနေ၏၊
ထိုပုဂ္ဂိုလ်ကို
အတူပေါင်းသင်းခြင်းဖြင့်
မထီမဲ့မြင်
ပြု၏။
ရဟန်းတို့
ဤသို့လျှင်
ပုဂ္ဂိုလ်သည်
အတူပေါင်းသင်းခြင်းဖြင့်
မထီမဲ့မြင်ပြု၏။
ရဟန်းတို့
အဘယ်သို့လျှင်
ပုဂ္ဂိုလ်သည်
(ပြောလာသမျှ
စကားကို
ယုံကြည်သည်၏
အစွမ်းဖြင့်)
ခံယူရန်ထားအပ်သော
နှုတ်ရှိသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သူတစ်ပါးက
ချီးမွမ်းမှု
ကဲ့ရဲ့မှုကိုပြောဆိုလာသည်ရှိသော်
ထိုပြောလာသမျှ
စကားကို
လျင်မြန်စွာသာလျှင်
ယုံကြည်သက်ဝင်၏။
ရဟန်းတို့
ဤသို့လျှင်
ပုဂ္ဂိုလ်သည်
(ပြောလာသမျှ
စကားကို
ယုံကြည်သည်၏
အစွမ်းဖြင့်) ခံယူရန်ထားအပ်သော
နှုတ်ရှိ၏။
ရဟန်းတို့
အဘယ်သို့လျှင်
ပုဂ္ဂိုလ်သည်
လျှပ်ပေါ်လော်လည်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ယုံကြည်မှု
'သဒ္ဓါ'
နည်းပါး၏၊
ဆည်းကပ်မှုနည်းပါး၏၊
ချစ်ခင်မှု
နည်းပါး၏၊ ကြည်ညိုမှု
နည်းပါး၏။
ရဟန်းတို့
ဤ်သို့လျှင်
ပုဂ္ဂိုလ်သည်
လျှပ်ပေါ်လော်လည်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ပုဂ္ဂိုလ်သည်
နုန့်နှေး
တွေဝေသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
ကုသိုလ်
အကုသိုလ်တရားတို့ကို
မသိ၊
အပြစ်ရှိသော
တရား
အပြစ်မရှိသော
တရားတို့ကို
မသိ၊
ယုတ်သောတရား
မြတ်သောတရားတို့ကိုမသိ၊
မည်းညစ်သော
အဖို့ရှိသောတရား
ဖြူစင်သော
အဖို့ရှိသောတရားတို့ကို
မသိ၊ ရဟန်းတို့ဤသို့လျှင်
ပုဂ္ဂိုလ်သည်
နုံ့နှေး
တွေဝေ၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ငါးမျိုးတို့သည်
လောက၌
ထင်ရှားရှိကုန်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-အာရဘတိသုတ်
၁၄၂။
ရဟန်းတို့
လောက၌
ဤပုဂ္ဂိုလ်ငါးမျိုးတို့သည်
ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်သည်
အာပတ်ကိုလည်း
လွန်ကျူး၏၊
နှလုံးမသာခြင်းလည်း
ဖြစ်၏၊
ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာလွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။ (၁)
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
အာပတ်ကို
လွန်ကျူး၏၊
နှလုံးမသာခြင်းကား
မဖြစ်၊
ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။ (၂)
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်သည်
အာပတ်ကို
မလွန်ကျူး၊
နှလုံးမသာခြင်း
ကားဖြစ်၏၊
ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။ (၃)
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
အာပတ်ကိုလည်း
မလွန်ကျူး၊
နှလုံးမသာခြင်းလည်း
မဖြစ်၊
ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိ။ (၄)
ရဟန်းတို့
ဤသာသနာတော်၌
အချို့သော ပုဂ္ဂိုလ်သည်
အာပတ်ကိုလည်း
မလွန်ကျူး၊ နှလုံးမသာခြင်းလည်း
မဖြစ်၊
ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏။ (၅)
ရဟန်းတို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
အာပတ်ကိုလည်း
လွန်ကျူး၍
နှလုံးမသာခြင်းလည်း
ဖြစ်သည့်
ပြင်ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောပုဂ္ဂိုလ်ကို
ဤသို့
ပြောဆိုရာ၏ -
''အသျှင်အား
အာပတ်ကို
လွန်ကျူးမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
ရှိကုန်၏၊ နှလုံးမသာမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
တိုးပွါးကုန်၏၊
တောင်းပန်ပါ၏၊
အသျှင်သည်
အာပတ်ကို
လွန်ကျူးမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့ကို
ပယ်၍ နှလုံးမသာမှုကြောင့်
ဖြစ်ကုန်သောအာသဝေါတရားတို့ကို
ဖျောက်ဖျက်ပြီးလျှင်
(ဝိပဿနာ)
စိတ်ကိုလည်းကောင်း၊
(ဝိပဿနာ) ပညာကိုလည်းကောင်း
ပွါးများပါလော့၊
ဤသို့ ပွါးများသည်ရှိသော်
အသျှင်သည်
ဤမည်သော ငါးယောက်မြောက်
(ရဟန္တာ)
ပုဂ္ဂိုလ်နှင့်
(ဂုဏ်ကျေးဇူးအားဖြင့်)
ထပ်တူထပ်မျှ
ဖြစ်ပါလိမ့်မည်''ဟူ၍
(ပြောဆိုရာ၏)။
(၁)
ရဟန်းတို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
အာပတ်ကို
လွန်ကျူး၍
နှလုံးမသာမှု
မဖြစ်ဘဲ
ဖြစ်ပေါ်လာသည့်ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသော
ပုဂ္ဂိုလ်ကို
ဤသို့
ပြောဆိုရာ၏ -
''အသျှင်အား
အာပတ်ကို
လွန်ကျူးမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
ရှိကုန်၏၊ နှလုံးမသာမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
မတိုးပွါးကုန်၊
တောင်းပန်ပါ၏၊
အသျှင်သည်
အာပတ်ကို
လွန်ကျူးမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့ကို
ပယ်၍ (ဝိပဿနာ)
စိတ်ကိုလည်းကောင်း၊
(ဝိပဿနာ)
ပညာကိုလည်းကောင်း
ပွါးများပါလော့၊
ဤသို့
ပွါးများသည်ရှိသော်
အသျှင်သည်
ဤမည်သော
ငါးယောက်မြောက်
(ရဟန္တာ)
ပုဂ္ဂိုလ်နှင့်
(ဂုဏ်ကျေးဇူးအားဖြင့်)
ထပ်တူထပ်မျှဖြစ်ပါလိမ့်မည်''ဟူ၍
(ပြောဆိုရာ၏)။
(၂)
ရဟန်းတို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
အာပတ်ကို
မလွန်ကျူးဘဲ
နှလုံးမသာမှုသာဖြစ်၍
ဖြစ်ပေါ်လာ
သည့်ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသော
ပုဂ္ဂိုလ်အား
ဤသို့ပြောဆိုရာ၏
-
''အသျှင်အား
အာပတ်ကို လွန်ကျူးမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
မရှိကုန်၊
နှလုံးမသာမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
တိုးပွါးကုန်၏၊
တောင်းပန်ပါ၏၊
အသျှင်သည်
နှလုံးမသာမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့ကို
ဖျောက်ဖျက်၍
(ဝိပဿနာ)
စိတ်ကိုလည်းကောင်း၊
(ဝိပဿနာ)
ပညာကိုလည်းကောင်း
ပွါးများပါလော့၊
ဤသို့
ပွါးများသည်ရှိသော်
အသျှင်သည်
ဤမည်သော
ငါးယောက်မြောက်
(ရဟန္တာ)
ပုဂ္ဂိုလ်နှင့်
(ဂုဏ်ကျေးဇူးအားဖြင့်)
ထပ်တူထပ်မျှ့ဖြစ်ပါလိမ့်မည်''ဟူ၍
(ပြောဆိုရာ၏)။
(၃)
ရဟန်းတို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
အာပတ်ကိုလည်း
မလွန်ကျူး၊
နှလုံးမသာခြင်းလည်း
မဖြစ်၊
ဖြစ်ပေါ်လာသည့်
ယုတ်ညံ့သော
အကုသိုလ်တရားတို့
အကြွင်းမဲ့ချုပ်ရာ
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောပုဂ္ဂိုလ်ကို
ဤသို့
ပြောဆိုရာ၏ -
''အသျှင်အား
အာပတ်ကို
လွန်ကျူးမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့
မရှိကုန်၊
နှလုံးမသာမှုကြောင့်
ဖြစ်ကုန်သော
အာသဝေါတရားတို့သည်လည်း
မတိုးပွါးကုန်၊
တောင်းပန်ပါ၏၊
အသျှင်သည်
(ဝိပဿနာ)
စိတ်ကိုလည်းကောင်း၊
(ဝိပဿနာ)
ပညာကိုလည်းကောင်း
ပွါးများပါလော့၊
ဤသို့
ပွါးများသည်ရှိသော်
အသျှင်သည်
ဤမည်သော
ငါးယောက်မြောက်
(ရဟန္တာ)
ပုဂ္ဂိုလ်နှင့်
(ဂုဏ်အားဖြင့်)
ထပ်တူထပ်မျှ
ဖြစ်ပါလိမ့်မည်''ဟူ၍
(ပြောဆိုရာ၏)။
(၄)
ရဟန်းတို့
ဤသို့လျှင်
ဤပုဂ္ဂိုလ်လေးယောက်တို့သည်
ဤမည်သော
ငါးယောက်မြောက်
(ရဟန္တာ) ပုဂ္ဂိုလ်ဖြင့်
ဤသို့
ဆုံးမအပ်သည်ရှိသော်
ဤသို့
ကံမြစ်အပ်သည်ရှိသော်
အစဉ်အားဖြင့်
အာသဝေါတရားတို့၏ကုန်ခန်းခြင်းသို့
ရောက်ကြလေကုန်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-သာရန္ဒဒသုတ်
၁၄၃။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
နံနက်အချိန်၌
သင်္ကန်းကိုပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူတော်မူပြီးလျှင်
ဝေသာလီပြည်သို့
ဆွမ်းခံဝင်တော်မူ၏။
ထိုအခါ
သာရန္ဒဒစေတီ၌
စုဝေးနေထိုင်ကုန်သော
ငါးရာမျှသော
လိစ္ဆဝီမင်းတို့အား
ဤအကြားစကားသည်
ဖြစ်ပေါ်၏။
လောက၌
ရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လောက၌
ဆင်ရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
မြင်းရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
ပတ္တမြား
(ကျောက်မျက်)
ရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
မိန်းမရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
သူဌေးရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
ဤရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏ဟု
(ဤအကြားစကားသည်
ဖြစ်ပေါ်၏)။
ထိုအခါ
ထိုလိစ္ဆဝီမင်းတို့သည်
''အချင်းယောက်ျား
သင်သည်
မြတ်စွာဘုရားကို
တွေ့မြင်သောအခါငါတို့အား
ပြောကြားလှည့်လော့''ဟု
(ဆို၍)
လမ်းခရီး၌
မင်းချင်းယောက်ျားကို
ထားကြကုန်၏။
ထိုမင်းချင်းယောက်ျားသည်
မြတ်စွာဘုရား
ကြွလာတော်မူသည်ကို
အဝေးမှပင်
မြင်၍
လိစ္ဆဝီမင်းတို့ထံသို့
ချဉ်းကပ်ပြီးလျှင်
-
''အရှင်တို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
ထိုမြတ်စွာဘုရားသည်
ကြွလာတော်မူပါ၏၊
ယခုအခါ
(ဖူးမြော်ရမည့်)
အချိန်အခါကိုအရှင်တို့
သိပါ၏
(ဖူးမြော်ရန်မှာ
အရှင်တို့
အလိုအတိုင်းပင်
ဖြစ်ပါ၏)''ဟု
လျှောက်တင်၏။
ထို့နောက်
ထိုလိစ္ဆဝီမင်းတို့သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ရပ်နေကြကုန်လျက်
မြတ်စွာဘုရားအား
ဤစကားကို
လျှောက်ကုန်၏
-
''အသျှင်ဘုရား
တောင်းပန်ပါ၏၊
သနားစောင့်ရှောက်ခြင်းကို
အကြောင်းပြု၍
သာရန္ဒဒစေတီသို့ချဉ်းကပ်တော်မူပါ''ဟု
လျှောက်ကြကုန်၏။
မြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေတော်မူခြင်းဖြင့်
လက်ခံတော်မူ၏။
ထို့နောက်
မြတ်စွာဘုရားသည်
သာရန္ဒဒစေတီသို့
ချဉ်းကပ်၍
ခင်းထားသော
နေရာ၌
ထိုင်တော်မူပြီးလျှင်
ထိုလိစ္ဆဝီမင်းတို့အား-
''လိစ္ဆဝီမင်းတို့
ယခုအခါ၌
အဘယ်စကားဖြင့်
စုဝေးထိုင်နေကုန်ဘိသနည်း၊
သင်တို့အား
မပြီးပြတ်သေးသော
အကြားစကားသည်
အဘယ်နည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
ဤအရပ်၌
စုဝေးထိုင်နေကုန်သော
အကျွန်ုပ်တို့အား
ဤမပြီးပြတ်သေးသောအကြားစကားသည်
ထင်ရှားဖြစ်ပေါ်ပါ၏။
လောက၌
ရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လောက၌
ဆင်ရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
မြင်းရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
ပတ္တမြား
(ကျောက်မျက်)
ရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
မိန်းမရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
သူဌေးရတနာ၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
ဤရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏ဟု
(ဤမပြီးပြတ်သေးသော
အကြားစကားသည်
ဖြစ်ပေါ်ပါ၏ဟူ၍
လျှောက်ကြကုန်၏)။
အချင်းတို့
ကာမဂုဏ်၌
နှလုံးသွင်းရှိကုန်သော
လိစ္ဆဝီမင်းတို့အား
ကာမဂုဏ်ကိုသာလျှင်
အကြောင်းပြု၍
မပြီးပြတ်သေးသော
အကြားစကားသည်
ထင်ရှားဖြစ်ပေါ်၏တကား။
လိစ္ဆဝီမင်းတို့
လောက၌
ရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လောက၌
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
မြတ်စွာဘုရား၏
ထင်ရှားဖြစ်ပေါ်မှုကို
ရခဲ၏။
လောက၌
မြတ်စွာဘုရားဟောကြားတော်မူသော
ဓမ္မဝိနယကို
ဟောပြောတတ်သော
ပုဂ္ဂိုလ်ကို
ရခဲ၏။
လောက၌
မြတ်စွာဘုရားဟောကြားတော်မူသော
ဓမ္မဝိနယကို
ဟောကြားအပ်သည်ရှိသော်
သိတတ်သော
ပုဂ္ဂိုလ်ကို
ရခဲ၏။
လောက၌
မြတ်စွာဘုရားဟောကြားတော်မူသော
ဓမ္မဝိနယကို
ဟောကြားအပ်သည်ရှိသော်
သိသည့်အတိုင်း
တရားနှင့်အညီ
ကျင့်သော
ပုဂ္ဂိုလ်ကို
ရခဲ၏။
လောက၌
သူပြုဖူးသောကျေးဇူးကို
သိ၍ သူပြုဖူးသောကျေးဇူးကို
ထင်ရှားအောင်
ပြုလေ့ရှိသောပုဂ္ဂိုလ်ကို
ရခဲ၏။
လိစ္ဆဝီမင်းတို့
ဤရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်မှုကို
လောက၌ ရခဲ၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-တိကဏ္ဍကီသုတ်
၁၄၄။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာကေတမြို့
ဆူးလေတော၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
''ရဟန်းတို့''ဟူ၍
ခေါ်တော်မူ၏၊
''အသျှင်ဘုရား''ဟူ၍ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏၊
မြတ်စွာဘုရားသည်
ဤစကားကို့မိန့်တော်မူ၏
ရဟန်းတို့
ငါတိုက်တွန်း၏၊
ရဟန်းသည်
ရံဖန်ရံခါ
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
ငါတိုက်တွန်း၏၊
ရဟန်းသည်
ရံဖန်ရံခါ
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌ စက်ဆုပ်
ရွံရှာဖွယ်မရှိဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
ငါတိုက်တွန်း၏၊
ရဟန်းသည်
ရံဖန်ရံခါ
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း
စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
ငါတိုက်တွန်း၏၊
ရဟန်းသည်
ရံဖန်ရံခါ
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း
စက်ဆုပ်ရွံရှာဖွယ်မရှိဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
ငါတိုက်တွန်း၏၊
ရဟန်းသည်
ရံဖန်ရံခါ
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း
ထို
(အမှတ်သညာ)
နှစ်ပါးစုံကို
ကြဉ်၍
လျစ်လျူရှုလျက်အောက်မေ့မှု
'သတိ'
ဆင်ခြင်ဉာဏ်
'သမ္ပဇဉ်' ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ရဟန်းသည်
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေရာသနည်း။
ငါ့အား
တပ်မက်ဖွယ်
သဘောတို့၌
တပ်မက်မှု 'ရာဂ'
မဖြစ်စေလင့်ဟု
နှလုံးသွင်း၍
နေရာ၏။
ရဟန်းတို့
ရဟန်းသည်
ဤအကျိုးထူးကို
စွဲ၍ စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌
စက်ဆုပ်
ရွံရှာဖွယ်ဟုအမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ရဟန်းသည်
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌ စက်ဆုပ်
ရွံရှာဖွယ်မရှိဟု
အမှတ်ရှိသည်ဖြစ်၍
နေရာသနည်း။
ငါ့အား
ပြစ်မှားဖွယ်
သဘောတို့၌
ပြစ်မှားမှု
'ဒေါသ' မဖြစ်စေလင့်ဟု
နှလုံးသွင်း၍
နေရာ၏။
ရဟန်းတို့
ရဟန်းသည်
ဤအကျိုးထူးကို
စွဲ၍ စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌
စက်ဆုပ်ရွံရှာဖွယ်မရှိဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ရဟန်းသည်
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း
စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေရာသနည်း။
ငါ့အား
တပ်မက်ဖွယ်
သဘောတို့၌
တပ်မက်မှု 'ရာဂ'
မဖြစ်စေလင့်၊
ငါ့အား
ပြစ်မှားဖွယ်
သဘောတို့၌
ပြစ်မှားမှု
'ဒေါသ'
မဖြစ်စေလင့်ဟု
နှလုံးသွင်း၍
နေရာ၏။
ရဟန်းတို့
ရဟန်းသည်
ဤအကျိုးထူးကို
စွဲ၍
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း
စက်ဆုပ်ရွံရှာဖွယ်ဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ရဟန်းသည်
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း
စက်ဆုပ်ရွံရှာဖွယ်မရှိဟု
အမှတ်ရှိသည်ဖြစ်၍
နေရာသနည်း။
ငါ့အား
ပြစ်မှားဖွယ်
သဘောတို့၌
ပြစ်မှားမှု
'ဒေါသ'
မဖြစ်စေလင့်၊
တပ်မက်ဖွယ်
သဘောတို့၌
တပ်မက်မှု
'ရာဂ'မဖြစ်စေလင့်ဟု
နှလုံးသွင်း၍
နေရာ၏။
ရဟန်းတို့
ရဟန်းသည်
ဤအကျိုးထူးကို
စွဲ၍ စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း
စက်ဆုပ်ရွံရှာဖွယ်
မရှိဟု
အမှတ်ရှိသည်ဖြစ်၍
နေရာ၏။
ရဟန်းတို့
အဘယ်အကျိုးထူးကို
စွဲ၍ ရဟန်းသည်
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း
ထို (အမှတ်သညာ)
နှစ်ပါးစုံကို
ကြဉ်၍
လျစ်လျူရှုလျက်အောက်မေ့မှု
'သတိ'
ဆင်ခြင်ဉာဏ်
'သမ္ပဇဉ်' ရှိသည်ဖြစ်၍
နေရာသနည်း။
ငါ့အား
မည်သည့်အာရုံ
မည်သည့်အရပ်၌
မဆို တပ်မက်ဖွယ်တရားတို့၌
အနည်းငယ်မျှပင်
တပ်မက်မှု'ရာဂ'
မဖြစ်ပါစေလင့်။
ငါ့အား
မည်သည့်အာရုံ
မည်သည့်အရပ်၌
မဆို ပြစ်မှားဖွယ်သဘောတရားတို့၌
အနည်းငယ်မျှပင်ပြစ်မှားမှု
'ဒေါသ'
မဖြစ်ပါစေလင့်၊
ငါ့အား
မည်သည့်အာရုံ
မည်သည့်အရပ်၌
မဆို
အနည်းငယ်မျှပင်တွေဝေမှု
'မောဟ'
မဖြစ်ပါစေလင့်ဟု
နှလုံးသွင်း၍
နေရာ၏။
ရဟန်းတို့
ဤအကျိုးထူးကို
စွဲ၍
စက်ဆုပ်ရွံရှာဖွယ်ရှိသော
အာရုံ၌လည်းကောင်း၊
စက်ဆုပ်ရွံရှာဖွယ်မရှိသော
အာရုံ၌လည်းကောင်း
ထို
(အမှတ်သညာ)
နှစ်ပါးစုံကို
ကြဉ်၍
လျစ်လျူရှုလျက်အောက်မေ့မှု'သတိ'
ဆင်ခြင်ဉာဏ်
'သမ္ပဇဉ်'
ရှိသည်ဖြစ်၍
နေရာ၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-နိရယသုတ်
၁၄၅။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အသက်ကို
သတ်လေ့ရှိ၏၊
မပေးသည်ကို
ယူလေ့ရှိ၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်လေ့ရှိ၏၊
မဟုတ်မမှန်
ဆိုလေ့ရှိ၏၊
ယစ်မူးမေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေရည်သေရက်ကို
သောက်စားလေ့ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏၊
ယစ်မူးမေ့လျော့ခြင်း၏အကြောင်းဖြစ်သော
သေရည်သေရက်ကို
သောက်စားခြင်းမှ
ရှောင်ကြဉ်၏၊
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆ -
မိတ္တသုတ်
၁၄၆။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
အဆွေခင်ပွန်းဟူ၍
မမှီဝဲအပ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
(လယ်လုပ်ခြင်းကုန်သွယ်ခြင်း
စသော) အလုပ်ကို
ပြုလုပ်စေ၏၊
အဓိကရုဏ်းလေးပါးကို
ယူတတ်၏၊
အကြီးအမှူးဖြစ်သော
ရဟန်းတို့၌
ဆန့်ကျင်၏၊
ရှည်မြင့်စွာ
သွားလာခြင်း
အပိုင်းအခြားမရှိ
သွားလာခြင်းကို
အားထုတ်လျက်
နေထိုင်၏၊
ရံဖန်ရံခါ
တရားစကားဖြင့်
(အကျိုးစီးပွါးကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်
ရွှင်လန်းစေခြင်းငှါ
မစွမ်းနိုင်။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
အဆွေခင်ပွန်းဟူ၍
မမှီဝဲအပ်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
အဆွေခင်ပွန်းဟူ၍
မှီဝဲအပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
(လယ်လုပ်ခြင်းကုန်သွယ်ခြင်း
စသော) အလုပ်ကို
မပြုလုပ်စေတတ်၊
အဓိကရုဏ်းလေးပါးကို
မယူတတ်၊
အကြီးအမှူးဖြစ်သော
ရဟန်းတို့၌ မဆန့်ကျင်၊
ရှည်မြင့်စွာ
သွားလာခြင်း
အပိုင်းအခြားမရှိ
သွားလာခြင်းကို
အားထုတ်လျက်
မနေထိုင်။
ရံဖန်ရံခါ
တရားစကားဖြင့်
(အကျိုးစီးပွါးကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်
ရွှင်လန်းစေခြင်းငှါ
စွမ်းနိုင်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
အဆွေခင်ပွန်းဟူ၍
မှီဝဲအပ်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-အသပ္ပုရိသဒါနသုတ်
၁၄၇။
ရဟန်းတို့
သူတော်ကောင်းမဟုတ်သူတို့၏
ပေးလှူခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မရိုမသေ
ပေးလှူ၏၊
မလေးမစား
ပေးလှူ၏၊
မိမိလက်ဖြင့်
(ကိုယ်တိုင်)
မပေးလှူ၊
စွန့်ပစ်
သကဲ့သို့ပေးလှူ၏၊
အကျိုးသက်ရောက်လိမ့်မည်ဟု
အယူမရှိဘဲ
ပေးလှူ၏။
ရဟန်းတို့
သူတော်ကောင်းမဟုတ်သူတို့၏
ပေးလှူခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
သူတော်ကောင်းတို့၏
ပေးလှူခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရိုသေစွာ
ပေးလှူ၏၊
လေးစားစွာ
ပေးလှူ၏၊ မိမိလက်ဖြင့်
(ကိုယ်တိုင်)
ပေးလှူ၏၊
စွန့်ပစ်
သကဲ့သို့မပေးလှူ၊
အကျိုးသက်ရောက်လိမ့်မည်ဟု
အယူရှိလျက်
ပေးလှူ၏။
ရဟန်းတို့
သူတော်ကောင်းတို့၏
ပေးလှူခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-သပ္ပုရိသဒါနသုတ်
၁၄၈။
ရဟန်းတို့
သူတော်ကောင်းတို့၏
ပေးလှူခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ယုံကြည်သဖြင့်
အလှူကို
ပေးလှူ၏၊
ရိုသေစွာ
အလှူကို
ပေးလှူ၏၊
လျောက်ပတ်သောအခါ၌
အလှူကိုပေးလှူ၏၊
(လှူဖွယ်ဝတ္ထု၌
) မကပ်ငြိသော
စိတ်ရှိသည်ဖြစ်၍
အလှူကို
ပေးလှူ၏၊
မိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း
မထိပါးမူ၍
အလှူကို
ပေးလှူ၏။
ရဟန်းတို့
ယုံကြည်သဖြင့်
အလှူကို
ပေးလှူသောကြောင့်
ထိုပေးလှူသော
အလှူ၏
အကျိုးဖြစ်ရာထိုထိုဘုံဘဝ၌
ကြွယ်ဝ၏၊
ချမ်းသာ၏၊ များသော
ဥစ္စာရှိ၏၊
အသုံးအဆောင်
များပြား၏၊
အလွန်အဆင်းလှ၏၊
ရှုချင်ဖွယ် ရှိ၏၊
စိတ်ကြည်လင်ဖွယ်
ရှိ၏၊
လွန်ကဲသော အဆင်းသဏ္ဌာန်နှင့်
ပြည့်စုံ၏။
ရဟန်းတို့
ရိုသေစွာ
အလှူကို
ပေးလှူသောကြောင့်
ထိုပေးလှူသော
အလှူ၏
အကျိုးဖြစ်ရာ
ထိုထိုဘုံဘဝ၌
ကြွယ်ဝ၏၊
ချမ်းသာ၏၊
များသော ဥစ္စာရှိ၏၊
အသုံးအဆောင်
များပြား၏၊ ထို
အလှူရှင်၏သား
သမီး မယား
ကျွန် အစေခံ
အမှုလုပ်တို့သည်လည်း
စကားကို
နာယူကြကုန်၏၊
နားထောင်ကုန်၏၊
သိနားလည်ရန်
စိတ်ကို ဖြစ်စေကြကုန်၏။
ရဟန်းတို့
လျောက်ပတ်သောအခါ၌
အလှူကို ပေးလှူသောကြောင့်
ထိုပေးလှူသော
အလှူ၏ အကျိုးဖြစ်ရာ
ထိုထိုဘုံဘဝ၌
ကြွယ်ဝ၏၊
ချမ်းသာ၏၊
များသော ဥစ္စာရှိ၏၊
အသုံးအဆောင်
များပြား၏၊
ထိုအလှူရှင်အား
အခါအားလျော်စွာ
ရောက်လာကုန်သော
အကျိုးတို့သည်
များပြားကုန်၏။
ရဟန်းတို့
(လှူဖွယ်ဝတထု၌
) မကပ်ငြိသော
စိတ်ရှိသည်ဖြစ်၍
အလှူကို
ပေးလှူသောကြောင့်ထိုပေးလှူသော
အလှူ၏
အကျိုးဖြစ်ရာ
ထိုထိုဘုံဘဝ၌
ကြွယ်ဝ၏၊
ချမ်းသာ၏၊
များသော ဥစ္စာရှိ၏၊
အသုံးအဆောင်
များပြား၏၊
မြတ်ကုန်သော
ကာမဂုဏ်ငါးပါးတို့၌
သုံးဆောင်ခံစားရန်
စိတ်ညွတ်၏။
ရဟန်းတို့
မိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း
မထိပါးမူ၍
အလှူကို ပေးလှူသောကြောင့်
ထိုပေးလှူသော
အလှူ၏ အကျိုးဖြစ်ရာ
ထိုထိုဘုံဘဝ၌
ကြွယ်ဝ၏၊
ချမ်းသာ၏၊
များသောဥစ္စာရှိ၏၊
အသုံးအဆောင်
များပြား၏၊
ထိုအလှူရှင်အား
မီးကြောင့်ဖြစ်စေ
ရေကြောင့်ဖြစ်စေ
မင်းကြောင့်ဖြစ်စေ
ခိုးသူကြောင့်ဖြစ်စေ
မချစ်မနှစ်သက်အပ်သော
အမွေခံဆိုးတို့ကြောင့်ဖြစ်စေ
မည်သည့်
အကြောင်းကြောင့်မျှ
စည်းစိမ်ဥစ္စာတို့
ပျက်စီးခြင်း
မဖြစ်။
ရဟန်းတို့
သူတော်ကောင်းတို့၏
ပေးလှူခြင်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပဌမ
သမယဝိမုတ္တသုတ်
၁၄၉။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီသမာပတ်စိတ်ရှိသော)
ရဟန်းအား
ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အမှုသစ်၌
မွေ့လျော်ခြင်း။
စကားပြောမှု၌
မွေ့လျော်ခြင်း။
အိပ်ခြင်း၌
မွေ့လျော်ခြင်း။
အပေါင်းအဖော်၌
မွေ့လျော်ခြင်း။
လွတ်မြောက်ပြီးတိုင်းသော
စိတ်ကို
မဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီ
သမာပတ်စိတ်ရှိသော)
ရဟန်းအား ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီ
သမာပတ်စိတ်ရှိသော)
ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အမှုသစ်၌
မမွေ့လျော်ခြင်း။
စကားပြောမှု၌
မမွေ့လျော်ခြင်း။
အိပ်ခြင်း၌
မမွေ့လျော်ခြင်း။
အပေါင်းအဖော်၌
မမွေ့လျော်ခြင်း။
လွတ်မြောက်ပြီးတိုင်းသော
စိတ်ကို
ဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီ
သမာပတ်စိတ်ရှိသော)
ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဒုတိယ
သမယဝိမုတ္တသုတ်
၁၅၀။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီသမာပတ်စိတ်ရှိသော)
ရဟန်းအား
ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အမှုသစ်၌
မွေ့လျော်ခြင်း။
စကားပြောမှု၌
မွေ့လျော်ခြင်း။
အိပ်ခြင်း၌
မွေ့လျော်ခြင်း။
ဣန္ဒြေတို့၌
မပိတ်သော တံခါးရှိခြင်း။
စားဖွယ်၌
အတိုင်းအရှည်ကို
မသိခြင်းတို့တည်း။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီ
သမာပတ်စိတ်ရှိသော)
ရဟန်းအား
ဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော
(လောကီ
သမာပတ်စိတ်ရှိသော)
ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အမှုသစ်၌
မမွေ့လျော်ခြင်း။
စကားပြောမှု၌
မမွေ့လျော်ခြင်း။
အိပ်ခြင်း၌
မမွေ့လျော်ခြင်း။
ဣန္ဒြေတို့၌
ပိတ်ထားသော
တံခါးရှိခြင်း။
စားဖွယ်၌
အတိုင်းအရှည်ကို
သိခြင်းတို့တည်း။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့သည်
ဝင်စားသော
ခဏ၌ ကိလေသာမှ
လွတ်သော (လောကီ
သမာပတ်စိတ်ရှိသော)
ရဟန်းအား
မဆုတ်ယုတ်ရန်
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက်
တိကဏ္ဍကီဝဂ်
ပြီး၏။
တတိယသုတ်ငါးဆယ်
ပြီး၏။
------
၄-စတုတ္ထပဏ္ဏာသက
၄-စတုတ္ထသုတ်ငါးဆယ်
(၁၆)
၁-သဒ္ဓမ္မဝဂ်
၁-ပဌမ
သမ္မတ္တနိယာမသုတ်
၁၅၁။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့ သက်ဝင်ရန်မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဟောကြားသော
တရားကို
မထီမဲ့မြင်
ပြု၏။
တရားဟော
ပုဂ္ဂိုလ်ကို
မထီမဲ့မြင်
ပြု၏။
မိမိကိုယ်ကို
မထီမဲ့မြင်
ပြု၏။
စိတ်ပျံ့လွင့်သည်ဖြစ်၍
စိတ်မတည်ကြည်ဘဲ
တရားနာ၏။
မသင့်သောအားဖြင့်လည်း
နှလုံးသွင်း၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်မထိုက်တန်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသည်ရှိသော့်ကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့ သက်ဝင်ရန်ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
တရားကို
မထီမဲ့မြင်
မပြု။
တရားဟော
ပုဂ္ဂိုလ်ကို
မထီမဲ့မြင်
မပြု။
မိမိကိုယ်ကို
မထီမဲ့မြင်
မပြု။
စိတ်မပျံ့လွင့်သည်ဖြစ်၍
စိတ်တည်ကြည်လျက်
တရားနာ၏။
သင့်သောအားဖြင့်လည်း
နှလုံးသွင်း၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသည်ရှိသော်ကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်ထိုက်တန်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒုတိယ
သမ္မတ္တနိယာမသုတ်
၁၅၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဟောကြားသော
တရားကို
မထီမဲ့မြင်
ပြု၏။
တရားဟော
ပုဂ္ဂိုလ်ကို
မထီမဲ့မြင်
ပြု၏။
မိမိကိုယ်ကို
မထီမဲ့မြင်
ပြု၏။
ပညာမရှိ၊
မိုက်မဲ၏၊
ဆွံ့အ၏။
မိမိမသိသော
အရာ၌ သိ၏ဟု
မှတ်ထင်လေ့ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်မထိုက်တန်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသည်ရှိသော်
ကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်) သို့
သက်ဝင်ရန်
ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဟောကြားသော
တရားကို
မထီမဲ့မြင်
မပြု။
တရားဟော
ပုဂ္ဂိုလ်ကို
မထီမဲ့မြင်
မပြု။
မိမိကိုယ်ကို
မထီမဲ့မြင်
မပြု။
ပညာရှိ၏၊
မမိုက်မဲ၊
မဆွံ့အ။
မိမိမသိသော
အရာ၌ သိ၏ဟု
မှတ်ထင်လေ့
မရှိ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသည်ရှိသော်
ကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့ သက်ဝင်ရန်
ထိုက်တန်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-တတိယ
သမ္မတ္တနိယာမသုတ်
၁၅၃။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(သူ့ဂုဏ်ကို)
ချေဖျက်လိုစိတ်ရှိလျက်
ချေဖျက်လိုစိတ်မြှေးယှက်သည်ဖြစ်၍
တရားနာ၏။
အပြစ်တင်လိုသော
စိတ်ရှိသည်ဖြစ်၍
(တရားဟောပုဂ္ဂိုလ်၌
) အပေါက်အစကို
ရှာလျက်
တရားနာ၏။
တရားဟောပုဂ္ဂိုလ်၌
ထိပါးပုတ်ခတ်လိုစိတ်
ရှိ၏၊
ငြောင့်တံသင်းသဘောရှိ၏။
ပညာမရှိ၊
မိုက်မဲ၏၊
ဆွံ့အ၏။
မိမိမသိသော
အရာ၌ သိ၏ဟု
မှတ်ထင်လေ့ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်မထိုက်တန်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသည်ရှိသော်
ကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့
သက်ဝင်ရန်ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(သူ့ဂုဏ်ကို)
ချေဖျက်လိုစိတ်မရှိဘဲ
ချေဖျက်လိုစိတ်မမြှေးယှက်သည်ဖြစ်၍
တရားနာ၏။
အပြစ်တင်လိုသော
စိတ်မရှိသည်ဖြစ်၍
(တရားဟောပုဂ္ဂိုလ်၌
) အပေါက်အစကို
မရှာဘဲ တရား
နာ၏။
တရားဟောပုဂ္ဂိုလ်၌
ထိပါးပုတ်ခတ်လိုစိတ်
မရှိ၊
ငြောင့်တံသင်းသဘော
မရှိ။
ပညာရှိ၏၊
မမိုက်မဲ၊
မဆွံ့အ။
မိမိမသိသော
အရာ၌ သိ၏ဟု
မှတ်ထင်လေ့
မရှိ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသူသည်
သူတော်ကောင်းတရားကို
နာသည်ရှိသော်ကုသိုလ်တရားတို့၌
မဖောက်မပြန်သော
သဘောရှိသည့်
မြဲသောသဘော
(အရိယာမဂ်)
သို့ သက်ဝင်ရန်ထိုက်တန်၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ပဌမ
သဒ္ဓမ္မသမ္မောသသုတ်
၁၅၄။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းတို့သည်-
တရားကို
ရိုသေစွာ
မနာကုန်။
တရားကို
ရိုသေစွာ
မသင်ကုန်။
တရားကို
ရိုသေစွာ
မဆောင်ကုန်။
ဆောင်ထားသော
တရားတို့၏
အနက်
အဓိပ္ပါယ်ကို
ရိုသေစွာ
ဉာဏ်ဖြင့်
မစူးစမ်း
မဆင်ခြင်ကုန်။
အနက်သဘောကို
သိ၍
တရားသဘောကို
သိ၍ (လောကုတ္တရာ)
တရားအားလျော်သော
အကျင့်ကိုရိုသေစွာ
မကျင့်ကုန်။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန် ဖြစ်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်
မကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းတို့သည်-
တရားကို
ရိုသေစွာ
နာကုန်၏။
တရားကို
ရိုသေစွာ
သင်ကုန်၏။
တရားကို
ရိုသေစွာ
ဆောင်ကုန်၏။
ဆောင်ထားသော
တရားတို့၏
အနက်
အဓိပ္ပါယ်ကို
ရိုသေစွာ
ဉာဏ်ဖြင့်
စူးစမ်း
ဆင်ခြင်ကုန်၏။
အနက်သဘောကို
သိ၍
တရားသဘောကို
သိ၍ (လောကုတ္တရာ)
တရားအားလျော်သော
အကျင့်ကိုရိုသေစွာ
ကျင့်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်
မကွယ်ပရန်ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ဒုတိယ
သဒ္ဓမ္မသမ္မောသသုတ်
၁၅၅။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းတို့သည်-
သုတ်
ဂေယျ
ဝေယျာကရဏ
ဂါထာ ဥဒါန်း
ဣတိဝုတ် ဇာတ်
အဗ္ဘုတဓမ္မ
ဝေဒလ္လဟူသော
တရားကိုမသင်ကုန်။
ရဟန်းတို့
ဤပဌမသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
အကျယ် အားဖြင့်သူတစ်ပါးတို့အား
မဟောကြားကုန်။
ရဟန်းတို့
ဤဒုတိယသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
အကျယ် အားဖြင့်သူတစ်ပါးကို
မပို့ချကြကုန်။
ရဟန်းတို့
ဤတတိယသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
အကျယ် အားဖြင့်ရွတ်ဖတ်
(သရဇ္ဈာယ်)
ခြင်းကို
မပြုကုန်။
ရဟန်းတို့
ဤစတုတ္ထသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
စိတ်ဖြင့်
အဖန်ဖန်မကြံစည်ကုန်၊
အဖန်ဖန်
မသုံးသပ်ကုန်၊
စိတ်ဖြင့်
အဖန်ဖန်
မဆင်ခြင်ကုန်။
ရဟန်းတို့
ဤပဉ္စမသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန် ဖြစ်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်
မကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းတို့သည်-
သုတ်
ဂေယျ
ဝေယျာကရဏ
ဂါထာ ဥဒါန်း
ဣတိဝုတ် ဇာတ်
အဗ္ဘုတဓမ္မ
ဝေဒလ္လဟူသော
တရားကိုသင်ကုန်၏။
ရဟန်းတို့
ဤပဌမသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
အကျယ် အားဖြင့်သူတစ်ပါးတို့အား
ဟောကြားကုန်၏။
ရဟန်းတို့
ဤဒုတိယသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
အကျယ် အားဖြင့်သူတစ်ပါးကို
ပို့ချကြကုန်၏။
ရဟန်းတို့
ဤတတိယသဘောတရားသည်
သူတော်ကောင်းတရားတည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
အကျယ် အားဖြင့်ရွတ်ဖတ်
(သရဇ္ဈာယ်)
ခြင်းကို
ပြုကုန်၏။
ရဟန်းတို့
ဤစတုတ္ထသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
နာယူပြီး
သင်ယူပြီးသော
တရားကို
စိတ်ဖြင့်
အဖန်ဖန်ကြံစည်ကုန်၏၊
အဖန်ဖန်
သုံးသပ်ကုန်၏၊
စိတ်ဖြင့်
အဖန်ဖန်
ဆင်ခြင်ကုန်၏။
ရဟန်းတို့
ဤပဉ္စမသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်
မကွယ်ပရန်ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-တတိယ
သဒ္ဓမ္မသမ္မောသသုတ်
၁၅၆။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းတို့သည်-
မကောင်းသဖြင့်
ယူအပ်သောပါဠိကို
မကောင်းသဖြင့်
ထားအပ်ကုန်သော
ပုဒ်
ဗျည်းတို့ဖြင့်
သင်ကြားကုန်၏၊
ရဟန်းတို့
မကောင်းသဖြင့်
ထားအပ်သော
ပုဒ် ဗျည်း၏
အနက်သဘောကိုလည်း
ခဲယဉ်းစွာသိရ၏။
ရဟန်းတို့
ဤပဌမသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
အပြောရ အဆိုရ
ခက်ကုန်၏၊
အပြောရ အဆိုရ့ခက်ခြင်းကို
ပြုတတ်ကုန်သော
တရားတို့နှင့်
ပြည့်စုံကုန်၏၊
သည်းခံခြင်း
မရှိကုန်၊
အဆုံးအမကိုရိုသေစွာ
မနာယူကုန်။
ရဟန်းတို့
ဤဒုတိယသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
အကြားအမြင်များကုန်
အာဂုံ (ပါဠိ)
နှုတ်တက်ကုန်
သုတ်
အဘိဓမ္မာ
ကိုဆောင်ကုန်
ဝိနည်းကို ဆောင်ကုန်
မာတိကာကို
ဆောင်ကုန်သော
ရဟန်းတို့သည်
ပါဠိတော်ကိုသူတစ်ပါးအား
ရိုသေစွာ မပို့ချကြကုန်၊
ထိုရဟန်းတို့
ကွယ်လွန်သောအခါ
ပါဠိတော်သည်
အမြစ်အရင်းပြတ်၏၊
ထောက်တည်ရာ
မရှိတော့ချေ။
ရဟန်းတို့
ဤတတိယသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
မထေရ်ကြီး ရဟန်းတို့သည်
ပစ္စည်းလေးပါး
ပေါများရန် ဘုန်းတန်ခိုးကြီးမားရန်
ကျင့်ကုန်၏၊
(သိက္ခာ
သီလကို)
လျော့ပေါ့စွာ
ကျင့်ကုန်၏၊
အောက်သို့
သက်ဆင်းကြောင်း
နီဝရဏတရား
ငါးပါး၌
ရှေ့သွားဖြစ်ကြကုန်၏၊
ဆိတ်ငြိမ်ခြင်း
'ဝိဝေက'၌
တာဝန်မဲ့
ဖြစ်ကြကုန်၏၊
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
လုံ့လကို
အားမထုတ်ကုန်၊
ထိုမထေရ်ကြီးတို့၏
နောင်လာ
နောက်သား
တပည့်အပေါင်းသည်လည်း
ဆရာ့အယူသို့
အစဉ်လိုက်၍
ကျင့်၏။
ထိုနောင်လာ
နောက်သား
တပည့်အပေါင်းသည်လည်း
ပစ္စည်းလေးပါး
ပေါများရန်
ဘုန်းတန်ခိုးကြီးမားရန်ကျင့်၏၊
(သိက္ခာ
သီလကို)
လျော့ပေါ့စွာ
ကျင့်၏၊ အောက်သို့
သက်ဆင်းကြောင်း
နီဝရဏတရားငါးပါး၌
ရှေ့သွားဖြစ်၏၊
ဆိတ်ငြိမ်ခြင်း
'ဝိဝေက'၌
တာဝန်မဲ့ဖြစ်၏၊
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်)
သို့ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
လုံ့လကို
အားမထုတ်တော့ချေ။
ရဟန်းတို့
ဤစတုတ္ထသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
သံဃာသည်
ကွဲပြား၏၊
သံဃာကွဲပြားသည်ရှိသော်
အချင်းချင်းဆဲရေးလည်း
ဆဲရေးကြကုန်၏၊
အချင်းချင်း
ခြိမ်းခြောက်လည်း
ခြိမ်းခြောက်ကြကုန်၏၊
အချင်းချင်းပစ်ပယ်လည်း
ပစ်ပယ်ကြကုန်၏၊
အချင်းချင်း
စွန့်လည်း
စွန့်ကြကုန်၏၊
ထိုသံဃာကွဲပြားရာ၌
မကြည်ညိုသေးသူတို့လည်း
မကြည်ညိုကြကုန်၊
ကြည်ညိုပြီးသူ
အချို့တို့လည်း
အကြည်ညိုပျက်ရန်
ဖြစ်၏။
ရဟန်းတို့
ဤပဉ္စမသဘောတရားသည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
ပျောက်ပျက်ရန်
ကွယ်ပရန်
ဖြစ်ကုန်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်
မကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းတို့သည်-
ကောင်းစွာ
ယူအပ်သော
ပါဠိကို
ကောင်းမွန်စွာ
ထားအပ်ကုန်သော
ပုဒ်
ဗျည်းတို့ဖြင့်
သင်ကြားကုန်၏၊
ရဟန်းတို့
ကောင်းစွာ
ထားအပ်သော
ပုဒ် ဗျည်း၏
အနက်သဘောကိုလည်း
လွယ်ကူစွာ
သိရ၏။
ရဟန်းတို့
ဤပဌမသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းတို့သည်
ပြောဆိုလွယ်ကူကုန်၏၊
ပြောဆိုရလွယ်ကူခြင်းကိုပြုတတ်သော
တရားတို့နှင့်
ပြည့်စုံကုန်၏၊
သည်းခံကုန်၏၊
အဆုံးအမကို
ရိုသေစွာ နာယူကုန်၏။
ရဟန်းတို့
ဤဒုတိယသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်ကုန်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
အကြားအမြင်များကုန်
အာဂုံ (ပါဠိ)
နှုတ်တက်ကုန်
သုတ် အဘိဓမ္မာကိုဆောင်ကုန်
ဝိနည်းကို
ဆောင်ကုန် မာတိကာကို
ဆောင်ကုန်သော
ရဟန်းတို့သည်
ပါဠိတော်ကိုသူတစ်ပါးအား
ရိုသေစွာ
ပို့ချကြကုန်၏၊
ထိုရဟန်းတို့
ကွယ်လွန်သောအခါ
ပါဠိတော်သည်အမြစ်အရင်းမပြတ်၊
ထောက်တည်ရာ
ရှိပေ၏။
ရဟန်းတို့
ဤတတိယသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
မထေရ်ကြီး ရဟန်းတို့သည်
ပစ္စည်းလေးပါး
ပေါများရန်
ဘုန်းတန်ခိုးကြီးမားရန်
မကျင့်ကြကုန်၊
(သိက္ခာ
သီလကို) လျော့ပေါ့စွာ
မကျင့်ကြကုန်၊
အောက်သို့
သက်ဆင်းကြောင်း
နီဝရဏတရားငါးပါး၌
တာဝန်မဲ့ဖြစ်ကုန်၏၊
ဆိတ်ငြိမ်ခြင်း
'ဝိဝေက'၌
ရှေ့သွားဖြစ်ကုန်၏၊
မရောက်သေးသည့်
(ဈာန် မဂ်
ဖိုလ်) သို့
ရောက်ရန်
မရသေးသည့်
(ဈာန် မဂ်
ဖိုလ်) ကို
ရရန်
မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုရန်
လုံ့လကို
အားထုတ်ကုန်၏၊
ထိုမထေရ်ကြီးတို့၏နောင်လာ
နောက်သား
တပည့်အပေါင်းသည်လည်း
ဆရာ့အယူသို့
အစဉ်လိုက်၍
ကျင့်၏။ ထိုနောင်လာ
နောက်သား
တပည့်အပေါင်းသည်လည်း
ပစ္စည်းလေးပါး
ပေါများရန်
ဘုန်းတန်ခိုးကြီးမားရန်
မကျင့်ပေ၊ (သိက္ခာ
သီလကို)
လျော့ပေါ့စွာ
မကျင့်ပေ၊
အောက်သို့
သက်ဆင်းကြောင်း
နီဝရဏတရား
ငါးပါး၌
တာဝန်မဲ့
ဖြစ်၏၊
ဆိတ်ငြိမ်ခြင်း
'ဝိဝေက'၌ ရှေ့သွားဖြစ်၏၊
မရောက်သေးသည့်
(ဈာန် မဂ် ဖိုလ်)
သို့ရောက်ရန်
မရသေးသည့်
(ဈာန် မဂ် ဖိုလ်)
ကို ရရန် မျက်မှောက်မပြုရသေးသည့်
(နိဗ္ဗာန်)
ကို မျက်မှောက်ပြုရန်
လုံ့လကို
အားထုတ်၏။
ရဟန်းတို့
ဤစတုတ္ထသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
နောက်တစ်မျိုးကား
သံဃာသည် အညီအညွတ်
ဝမ်းမြောက်ဝမ်းသာ
ငြင်းခုံ
ခိုက်ရန်
မရှိဘဲပါတိမောက်
အတူပြသည်ဖြစ်၍
ချမ်းသာစွာ
နေ၏၊
ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော်
အချင်းချင်းဆဲရေးလည်း
မဆဲရေးကြကုန်၊
အချင်းချင်း
ခြိမ်းခြောက်လည်း
မခြိမ်းခြောက်ကြကုန်၊
အချင်းချင်းပစ်ပယ်လည်း
မပစ်ပယ်ကြကုန်၊
အချင်းချင်း
စွန့်လည်း
မစွန့်ကြကုန်၊
ထိုညီညွတ်သော
သံဃာ၌
မကြည်ညိုသေးသူတို့လည်း
ကြည်ညိုကြကုန်၏၊
ကြည်ညိုပြီးသူတို့လည်း
အကြည်ညို
တိုးပွါးရန်
ဖြစ်၏။
ရဟန်းတို့
ဤပဉ္စမသဘောတရားသည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်မကွယ်ပရန်
ဖြစ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့သည်
သူတော်ကောင်းတရား
တည်တံ့ရန်
မပျောက်ပျက်ရန်
မကွယ်ပရန်ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဒုက္ကထာသုတ်
၁၅၇။
ရဟန်းတို့
ပုဂ္ဂိုလ်ငါးမျိုးတို့အား
ပြောအပ်သော
စကားသည်
ပုဂ္ဂိုလ်အစားစားကို
လိုက်၍မကောင်းသော
စကားဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
သဒ္ဓါတရားမရှိသူအား
သဒ္ဓါတရားနှင့်စပ်သော
စကားသည်
မကောင်းသော
စကား ဖြစ်၏။
သီလမရှိသူအား
သီလနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်၏။
အကြားအမြင်နည်းပါးသူအား
အကြားအမြင်များမှုနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်၏။
ဝန်တိုသူအား
စွန့်ကြဲမှုနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်၏။
ပညာမရှိသူအား
ပညာနှင့်စပ်သော
စကားသည် မကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ့်ကြောင့်
သဒ္ဓါတရားမရှိသူအား
သဒ္ဓါတရားနှင့်စပ်သော
စကားသည်
မကောင်း
သောစကားဖြစ်သနည်း။
ရဟန်းတို့
သဒ္ဓါတရားနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
သဒ္ဓါတရားမရှိသူသည်
စိတ်နှလုံး၌
ငြိ၏၊
အမျက်ထွက်၏၊
ဖောက်ပြန်၏၊
အမျက်ထား၏၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားပြု၏။
ထိုသို့
ပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုသဒ္ဓါတရားနှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မမြင်၊
ထိုသဒ္ဓါတရား
လျှင်အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
မရ။
ထို့ကြောင့်
သဒ္ဓါတရားမရှိသူအား
သဒ္ဓါတရားနှင့်စပ်သော
စကားသည်
မကောင်းသော
စကား ဖြစ်၏။
ရဟန်းတို့
အဘယ်ကြောင့်
သီလမရှိသူအား
သီလနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်သနည်း။
ရဟန်းတို့
သီလနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
သီလမရှိသူသည်
စိတ်နှလုံး၌
ငြိ၏၊ အမျက်ထွက်၏၊
ဖောက်ပြန်၏၊
အမျက်ထား၏၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားပြု၏။
ထိုသို့
ပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုသီလနှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မမြင်၊ ထိုသီလလျှင်အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
မရ။
ထို့ကြောင့်
သီလမရှိသူအား
သီလနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ်ကြောင့်
အကြားအမြင်နည်းပါးသူအား
အကြားအမြင်များခြင်းနှင့်စပ်သောစကားသည်
မကောင်းသော
စကားဖြစ်သနည်း။
ရဟန်းတို့
အကြားအမြင်များခြင်းနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
အကြားအမြင်နည်းပါး
သူသည်
စိတ်နှလုံး၌
ငြိ၏၊
အမျက်ထွက်၏၊
ဖောက်ပြန်၏၊
အမျက်ထား၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားပြု၏။
ထိုသို့
ပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုအကြားအမြင်နှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မမြင်၊
ထိုအကြားအမြင်လျှင်
အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
မရ။
ထို့ကြောင့်
အကြားအမြင်နည်းပါးသူအား
အကြားအမြင်များခြင်းနှင့်စပ်သော
စကားသည် မကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ်ကြောင့်
ဝန်တိုသူအား
စွန့်ကြဲမှုနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်သနည်း။
ရဟန်းတို့
စွန့်ကြဲမှုနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
ဝန်တိုသူသည်
စိတ်နှလုံး၌
ငြိ၏၊
အမျက်ထွက်၏၊
ဖောက်ပြန်၏၊
အမျက်ထား၏၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားပြု၏။
ထိုသို့
ပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုစွန့်ကြဲမှုနှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မမြင်၊
ထိုစွန့်ကြဲမှုလျှင်အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
မရ။
ထို့ကြောင့်
ဝန်တိုသူအား
စွန့်ကြဲမှုနှင့်စပ်သော
စကားသည်
မကောင်းသော စကားဖြစ်၏။
ရဟန်းတို့
အဘယ်ကြောင့်
ပညာမရှိသူအား
ပညာနှင့်စပ်သော
စကားသည်
မကောင်းသောစကားဖြစ်သနည်း။
ရဟန်းတို့
ပညာနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
ပညာမရှိသူသည်
စိတ်နှလုံး၌
ငြိ၏၊
အမျက်ထွက်၏၊
ဖောက်ပြန်၏၊
အမျက်ထား၏၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားပြု၏။
ထိုသို့
ပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုပညာနှင့်
ပြည့်စုံမှုကို
မိမိ၌
ကောင်းစွာ
မမြင်၊
ထိုပညာလျှင်
အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
မရ။
ထို့ကြောင့်
ပညာမရှိသူအား
ပညာနှင့်စပ်သော
စကားသည်
မကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ငါးမျိုးတို့အား
ပြောအပ်သော
စကားသည်
ပုဂ္ဂိုလ်အစားစားကို
လိုက်၍မကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
ပုဂ္ဂိုလ်ငါးမျိုးတို့အား
ပြောအပ်သော
စကားသည်
ပုဂ္ဂိုလ်အစားစားကို
လိုက်၍
ကောင်းသောစကားဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
သဒ္ဓါတရားရှိသူအား
သဒ္ဓါတရားနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်၏။
သီလရှိသူအား
သီလနှင့်စပ်သော
စကားသည် ကောင်းသော
စကားဖြစ်၏။
အကြားအမြင်များသူအား
အကြားအမြင်များမှုနှင့်စပ်သော
စကားသည်
ကောင်းသော
စကား ဖြစ်၏။
စွန့်ကြဲမှုရှိသူအား
စွန့်ကြဲမှုနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်၏။
ပညာရှိသူအား
ပညာနှင့်စပ်သော
စကားသည် ကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ်ကြောင့်
သဒ္ဓါတရားရှိသူအား
သဒ္ဓါတရားနှင့်စပ်သော
စကားသည်
ကောင်းသောစကားဖြစ်သနည်း။
ရဟန်းတို့
သဒ္ဓါတရားနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
သဒ္ဓါတရားရှိသူသည်
စိတ်နှလုံး၌
မငြိ၊
အမျက်မထွက်၊
မဖောက်ပြန်၊
အမျက်မထား၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားမပြု။
ထိုသို့
မပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုသဒ္ဓါတရားနှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မြင်၏၊
ထိုသဒ္ဓါတရား
လျှင်အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
ရ၏။
ထို့ကြောင့်
သဒ္ဓါတရားရှိသူအား
သဒ္ဓါတရားနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ့်ကြောင့်
သီလရှိသူအား
သီလနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်သနည်း။
ရဟန်းတို့
သီလနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
သီလရှိသူသည်
စိတ်နှလုံး၌
မငြိ၊
အမျက်မထွက်၊
မဖောက်ပြန်၊
အမျက်မထား၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားမပြု။
ထိုသို့
မပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုသီလနှင့်
ပြည့်စုံမှုကို
မိမိ၌
ကောင်းစွာ
မြင်၏၊
ထိုသီလလျှင်
အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
ရ၏။
ထို့ကြောင့်
သီလရှိသူအား
သီလနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ့်ကြောင့်
အကြားအမြင်များသူအား
အကြားအမြင်များမှုနှင့်စပ်သော
စကားသည်ကောင်းသော
စကားဖြစ်သနည်း။
ရဟန်းတို့
အကြားအမြင်များမှုနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
အကြားအမြင်များသူသည်
စိတ်နှလုံး၌
မငြိ၊
အမျက်မထွက်၊
မဖောက်ပြန်၊
အမျက်မထား၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်း
ကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားမပြု။
ထိုသို့
မပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုအကြားအမြင်များမှုနှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မြင်၏၊
ထိုအကြားအမြင်များမှုလျှင်
အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
ရ၏။
ထို့ကြောင့်
အကြားအမြင်များသူအား
အကြားအမြင်များမှုနှင့်စပ်သော
စကားသည်
ကောင်းသောစကားဖြစ်၏။
ရဟန်းတို့
အဘယ့်ကြောင့်
စွန့်ကြဲမှုရှိသူအား
စွန့်ကြဲမှုနှင့်စပ်သော
စကားသည် ကောင်းသောစကားဖြစ်သနည်း။
ရဟန်းတို့
စွန့်ကြဲမှုနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
စွန့်ကြဲမှုရှိသော
သူသည်စိတ်နှလုံး၌
မငြိ၊
အမျက်မထွက်၊
မဖောက်ပြန်၊
အမျက်မထား၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားမပြု။
ထိုသို့
မပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ထိုစွန့်ကြဲမှုနှင့်
ပြည့်စုံခြင်းကို
မိမိ၌
ကောင်းစွာ
မြင်၏၊
ထိုစွန့်ကြဲမှုလျှင်အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
ရ၏။
ထို့ကြောင့်
စွန့်ကြဲမှုရှိသူအား
စွန့်ကြဲမှုနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
အဘယ်ကြောင့်
ပညာရှိသူအား
ပညာနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်သနည်း။
ရဟန်းတို့
ပညာနှင့်စပ်သော
စကားကို
ပြောဆိုအပ်သည်ရှိသော်
ပညာရှိသူသည်
စိတ်နှလုံး၌
မငြိ၊
အမျက်မထွက်၊
မဖောက်ပြန်၊
အမျက်မထား၊
အမျက်ထွက်ခြင်းကိုလည်းကောင်း၊
စိတ်ဆိုးခြင်းကိုလည်းကောင်း၊
မနှစ်သက်ခြင်းကိုလည်းကောင်း
ထင်ရှားမပြု။
ထိုသို့
မပြုခြင်းသည်
အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့
ထိုုသူသည်
ပညာနှင့်
ပြည့်စုံမှုကို
မိမိ၌
ကောင်းစွာ
မြင်၏၊
ထိုပညာလျှင်
အကြောင်းရှိသော
နှစ်သက်ဝမ်းမြောက်မှုကို
ရ၏။
ထို့ကြောင့်
ပညာရှိသူအား
ပညာနှင့်စပ်သော
စကားသည်
ကောင်းသော
စကားဖြစ်၏။
ရဟန်းတို့
ဤပုဂ္ဂိုလ်ငါးမျိုးတို့အား
ပြောအပ်သော
စကားသည်
ပုဂ္ဂိုလ်အစားစားကို
လိုက်၍ကောင်းသော
စကားဖြစ်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-သာရဇ္ဇသုတ်
၁၅၈။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ကြောက်ရွံ့ခြင်းသို့
ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
ယုံကြည်မှု
'သဒ္ဓါ' မရှိ။
စောင့်ထိန်းမှု
'သီလ' မရှိ။
အကြားအမြင်နည်း၏။
ပျင်းရိ၏။
ပညာမရှိ။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ကြောက်ရွံ့ခြင်းသို့
ရောက်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ရဲရင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်-
ယုံကြည်မှု
'သဒ္ဓါ' ရှိ၏။
စောင့်ထိန်းမှု
'သီလ' ရှိ၏။
အကြားအမြင်များ၏။
ထက်သန်သော
လုံ့လရှိ၏။
ပညာရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ရဲရင့်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ဥဒါယီသုတ်
၁၅၉။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ၌
အသျှင်ဥဒါယီသည်
လူပရိသတ် များစွာခြံရံ၍
တရားဟောလျက်
နေ၏၊ အသျှင်
အာနန္ဒာသည်လူပရိသတ်
များစွာခြံရံ၍
တရားဟောနေသော
အသျှင်ဥဒါယီကို
မြင်သဖြင့်
မြတ်စွာဘုရား
ထံသို့ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား
''အသျှင်ဘုရားအသျှင်ဥဒါယီသည်
လူပရိသတ်
များစွာခြံရံလျက်
တရားဟောနေပါ၏''ဟု
လျှောက်၏။
အာနန္ဒာ
သူတစ်ပါးတို့အား
တရားဟောရန်
မလွယ်ကူ၊
အာနန္ဒာ
သူတစ်ပါးတို့အား
တရားဟောလိုသူသည်
တရားငါးမျိုးတို့ကို
မိမိသန္တာန်၌
ဖြစ်စေ၍
ဟောကြားရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
''အစဉ်အတိုင်းဖြစ်သော
တရားစကား
'အနုပုဗ္ဗိကထာ'
ကို
ဟောမည်''ဟု
(နှလုံးသွင်းလျက်)
သူတစ်ပါးတို့အား
တရားဟောရမည်။
''(အကျိုးအားလျော်သော)
အကြောင်းကို
ပြလျက် တရားစကားကို
ဟောမည်''ဟု
(နှလုံးသွင်းလျက်)
သူတစ်ပါးတို့အား
တရားဟောရမည်။
''အစဉ်သနားခြင်းကို
အစွဲပြု၍
တရားစကားကို ဟောမည်''ဟု
(နှလုံးသွင်းလျက်)
သူတစ်ပါးတို့
အားတရားဟောရမည်။
''အာမိသကို
မငဲ့ကွက်သော
စိတ်ရှိသည်ဖြစ်၍
တရားစကားကို
ဟောမည်''ဟု
(နှလုံးသွင်းလျက်)
သူတစ်ပါးတို့အား
တရားဟောရမည်။
''မိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း
မထိပါးမပုတ်ခတ်မူ၍
တရားစကားကိုဟောမည်''ဟု
(နှလုံးသွင်းလျက်)
သူတစ်ပါးတို့အား
တရားဟောရမည်။
အာနန္ဒာ
သူတစ်ပါးတို့အား
တရားဟောရန်
မလွယ်ကူ၊
အာနန္ဒာ
သူတစ်ပါးတို့အား
တရားဟောလိုသူသည်
ဤ
တရားငါးမျိုးတို့ကို
မိမိသန္တာန်၌
ဖြစ်စေ၍
ဟောကြားရမည်ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဒုပ္ပဋိဝိနောဒယသုတ်
၁၆၀။
ရဟန်းတို့
ဖြစ်ပေါ်လာသည့်
ဤတရားငါးမျိုးတို့ကို
ဖျောက်နိုင်ခဲကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဖြစ်ပေါ်လာသည့်
စွဲမက်မှု
'ရာဂ'ကို
ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့်
အမျက်ထွက်မှု
'ဒေါသ'ကို ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့်
တွေဝေမှု
'မောဟ'ကို
ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့်
ဉာဏ်၌
ထင်မြင်မှုကို
ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့်
ခရီးသွားလိုစိတ်ကို
ဖျောက်နိုင်ခဲလှ၏။
ရဟန်းတို့
ဖြစ်ပေါ်လာသည့်
ဤတရားငါးမျိုးတို့ကို
ဖျောက်နိုင်ခဲကုန်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော
သဒ္ဓမ္မဝဂ်
ပြီး၏။
------
(၁၇)
၂-အာဃာတဝဂ်
၁-ပဌမ
အာဃာတပဋိဝိနယသုတ်
၁၆၁။
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်း
'အာဃာတ' ကို
ပယ်ဖျောက်ကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း၊
ရဟန်းအား
အာဃာတဖြစ်ပေါ်ရာ
အာရုံ၌
(ဤတရားငါးမျိုးဖြင့်)
အာဃာတကို အချင်းခပ်သိမ်းပယ်ဖျောက်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်း
ဖြစ်ပေါ်လာရာ
ပုဂ္ဂိုလ်၌
ချစ်ခြင်း
'မေတ္တာ' ကို
ပွါးများရမည်၊
ဤသို့
အားဖြင့်ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်း
ဖြစ်ပေါ်လာရာ
ပုဂ္ဂိုလ်၌
သနားခြင်း
'ကရုဏာ' ကို
ပွါးများရမည်၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်း
ဖြစ်ပေါ်လာရာ
ပုဂ္ဂိုလ်၌
လျစ်လျူရှုခြင်း
'ဥပေက္ခာ' ကို
ပွါးများရမည်၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်း
ဖြစ်ပေါ်လာရာ
ပုဂ္ဂိုလ်၌ သတိမထားခြင်း
နှလုံးမသွင်းခြင်းသို့
ရောက်စေရမည်၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်း
ဖြစ်ပေါ်လာရာ
ပုဂ္ဂိုလ်၌
ကံသာလျှင်
မိမိဥစ္စာရှိသော
အဖြစ်ကို
ဆောက်တည်ရမည်။
''ဤအသျှင်သည်
ကံသာလျှင်
မိမိဥစ္စာရှိ၏၊
ကံ၏ အမွေခံဖြစ်၏၊
ကံသာလျှင်
အကြောင်းရှိ၏၊
ကံသာလျှင်
အဆွေအမျိုးရှိ၏၊
ကံသာလျှင်
လဲလျောင်းရာရှိ၏၊
(မိမိ)
ပြုလုပ်မည့်
ကောင်းသော ကံ,မကောင်းသော
ကံသာလျှင်
အမွေခံ
ဖြစ်ပေလိမ့်မည်''ဟု
(ဆောက်တည်ရမည်)။
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ရဟန်းတို့
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း၊
ရဟန်းအားအာဃာတဖြစ်ပေါ်ရာ
အာရုံ၌ (ဤတရားငါးမျိုးတို့ဖြင့်)
အာဃာတကို
အချင်းခပ်သိမ်း
ပယ်ဖျောက်ရမည်ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၁-ဒုတိယ
အာဃာတပဋိဝိနယသုတ်
၁၆၂။
ထိုအခါ၌
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
''ငါ့သျှင်
ရဟန်းတို့''ဟူ၍
ခေါ်တော်မူ၏၊
''ငါ့သျှင်''ဟူ၍
ထိုရဟန်းတို့သည်
အသျှင်သာရိပုတြာအား
ပြန်ကြားလျှောက်ထားကြကုန်၏၊
အသျှင်သာရိပုတြာသည်
ဤတရားကို
ဟောတော်မူ၏ -
ငါ့သျှင်တို့
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း၊
ရဟန်းအားအာဃာတဖြစ်ပေါ်ရာ
အာရုံ၌
(ဤတရားငါးမျိုးတို့ဖြင့်)
အာဃာတကို
အချင်းခပ်သိမ်း
ပယ်ဖျောက်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ငါ့သျှင်တို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မစင်ကြယ်သော
ကိုယ်အကျင့်ရှိ၏၊
စင်ကြယ်သောနှုတ်အကျင့်ရှိ၏၊
ငါ့သျှင်တို့
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်၌လည်း
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မစင်ကြယ်သော
နှုတ်အကျင့်ရှိ၏၊
စင်ကြယ်သောကိုယ်အကျင့်ရှိ၏၊
ငါ့သျှင်တို့
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်၌လည်း
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မစင်ကြယ်သော
ကိုယ်အကျင့်ရှိ၏၊
မစင်ကြယ်
သောနှုတ်အကျင့်ရှိ၏၊
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်းကောင်း
ရ၏၊ ငါ့သျှင်တို့
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်၌လည်း
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မစင်ကြယ်သော
ကိုယ်အကျင့်ရှိ၏၊
မစင်ကြယ်
သောနှုတ်အကျင့်ရှိ၏၊
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်းကောင်း
မရ၊ ငါ့သျှင်တို့
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်၌လည်း
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
စင်ကြယ်သော
ကိုယ်အကျင့်ရှိ၏၊
စင်ကြယ်သောနှုတ်အကျင့်ရှိ၏၊
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်းကောင်း
ရ၏၊ ငါ့သျှင်တို့
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်၌လည်း
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
မစင်ကြယ်သော
ကိုယ်အကျင့်ရှိ၍
စင်ကြယ်သော
နှုတ်အကျင့်ရှိသော
ပုဂ္ဂိုလ်၌
အဘယ်သို့လျှင်
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့
ပံ့သကူသင်္ကန်းကို
ဆောင်သော
ရဟန်းသည်
လမ်းခရီး၌
ပုဆိုးစုတ်ပိုင်းကို
မြင်၍လက်ဝဲခြေဖြင့်
နင်းပြီး
လက်ျာခြေဖြင့်
ဖြန့်၍
ထိုပုဆိုးစုတ်ပိုင်း၌
ခိုင်ခံ့သော
အသားကို
ဆုတ်ယူပြီးလျှင်သွားလေရာသကဲ့သို့
ငါ့သျှင်တို့
ဤအတူသာလျှင်
မစင်ကြယ်သော
ကိုယ်ကျင့်ရှိ၍
စင်ကြယ်သော
နှုတ်အကျင့်ရှိသော
ပုဂ္ဂိုလ်၏
ကိုယ်အကျင့်
မစင်ကြယ်သည်၏
အဖြစ်ကို
ထိုအခါ၌
နှလုံးမသွင်းမူ၍နှုတ်အကျင့်
စင်ကြယ်သည်၏
အဖြစ်ကိုသာ
နှလုံးသွင်းအပ်၏၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
(၁)
ငါ့သျှင်တို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
မစင်ကြယ်သော
နှုတ်အကျင့်ရှိ၍
စင်ကြယ်သော
ကိုယ်အကျင့်ရှိသည့်ပုဂ္ဂိုလ်၌
အဘယ်သို့လျှင်
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့
မှော်
ရေညှိတို့ဖြင့်
မြှေးယှက်အပ်သော
ရေကန်သည်
ရှိရာ၏၊
ထိုအခါ နွေ နေပူတို့ဖြင့်တွေ့ထိ
နှိပ်စက်အပ်သည်ဖြစ်၍
ခရီးပင်ပန်းလျက်
အစာရေစာ
ဆာလောင် မွတ်သိပ်သော
ယောက်ျားသည်လာရာ၏၊
ထိုယောက်ျားသည်
ထိုရေကန်တွင်းသို့
သက်ဆင်း၍
လက်နှစ်ဖက်တို့ဖြင့်
ထိုထို
ဤဤသို့မှော်
ရေညှိကို
ဖယ်ရှားလျက်
လက်ခုပ်ဖြင့်
သောက်ပြီးလျှင်
ဖဲသွားလေရာသကဲ့သို့၊
ငါ့သျှင်တို့
ဤအတူသာလျှင်
မစင်ကြယ်သော
နှုတ်အကျင့်ရှိ၍
စင်ကြယ်သော
ကိုယ်အကျင့်ရှိသော
ပုဂ္ဂိုလ်၏
နှုတ်အကျင့်မစင်ကြယ်သည်၏
အဖြစ်ကို
ထိုအခါ၌
နှလုံးမသွင်းမူ၍
ကိုယ်အကျင့်စင်ကြယ်သည်၏
အဖြစ်ကိုသာ
နှလုံးသွင်းအပ်၏၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
(၂)
ငါ့သျှင်တို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
မစင်ကြယ်သော
ကိုယ်အကျင့်ရှိ၍
မစင်ကြယ်သော
နှုတ်အကျင့်ရှိသော
ရံဖန်ရံခါ (ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏့ကြည်လင်မှုကိုလည်းကောင်း
ရသော ထိုပုဂ္ဂိုလ်၌
အဘယ်သို့လျှင်
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့
နွားခြေရာခွက်၌
ရေအနည်းငယ်ရှိရာ၏၊
ထိုအခါ နွေ
နေပူတို့ဖြင့်
တွေ့ထိနှိပ်စက်အပ်
သည်ဖြစ်၍
ခရီးပင်ပန်းလျက်
အစာရေစာ
ဆာလောင်
မွတ်သိပ်သော
ယောက်ျားသည်
လာရာ၏၊
ထိုယောက်ျားအား-
''ဤနွားခြေရာခွက်၌
ရေသည်
အနည်းငယ်သာ
ဖြစ်၏၊ အကယ်၍
ငါသည်
လက်ခုပ်ဖြင့်ဖြစ်စေခွက်ဖြင့်ဖြစ်စေ
သောက်လိုက်ပါမူ
ထိုရေကို
လှုပ်ရှားစေမိပေလိမ့်မည်၊
နောက်ကျုစေမိပေလိမ့်မည်၊
သောက်၍
မဖြစ်သည်ကိုမူလည်း
ပြုမိပေလိမ့်မည်၊
အကယ်၍ ငါသည်
လေးဖက်ထောက်ဝပ်လျက်
နွားကဲ့သို့
သောက်၍
ဖဲသွားရမူ
ကောင်းပေရာ၏''ဟု
အကြံဖြစ်ရာ၏။
ထိုယောက်ျားသည်
လေးဖက်ထောက်ဝပ်၍
နွားကဲ့သို့
သောက်ပြီးလျှင်
ဖဲသွားရာသကဲ့သို့၊
ငါ့သျှင်တို့
ဤအတူသာလျှင်
မစင်ကြယ်သောကိုယ်အကျင့်လည်းရှိ
မစင်ကြယ်သော
နှုတ်အကျင့်လည်းရှိ၍
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်းကောင်း၊
ရသော
ပုဂ္ဂိုလ်၏
ကိုယ်အကျင့်
မစင်ကြယ်မှုကိုလည်းကောင်း
နှုတ်အကျင့်
မစင်ကြယ်မှုကိုလည်းကောင်း
ထိုအခါ၌
နှလုံးမသွင်းအပ်၊
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏ အခွင့်အလမ်းကိုသော်လည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုသော်လည်းကောင်းနှလုံးသွင်းအပ်၏၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်။
(၃)
ငါ့သျှင်တို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
မစင်ကြယ်သော
ကိုယ်အကျင့်လည်းရှိ
မစင်ကြယ်သောနှုတ်အကျင့်လည်းရှိ
ရံဖန်ရံခါ (ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်းကောင်း
မရသော
ထိုပုဂ္ဂိုလ်၌
အဘယ်သို့လျှင်
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့
အနာနှိပ်စက်အပ်သည်ဖြစ်၍
ဆင်းရဲသော
ပြင်းထန်စွာနာသော
ယောက်ျားသည်
ခရီးဝေးသို့သွားရာ၏၊
ထိုယောက်ျား၏
ရှေ့မှလည်း
ရွာဝေးကွာ၏၊
နောက်မှလည်း
ရွာဝေးကွာ၏၊
ထိုယောက်ျားသည်
လျောက်ပတ်သော
စားဖွယ်တို့ကို
မရရာ၊ လျောက်ပတ်သော
ဆေးတို့ကို
မရရာ၊
လျောက်ပတ်သော
အလုပ်အကျွေးကို
မရရာ၊
ရွာတစ်ပါးသို့
ပို့ဆောင်မည့်သူကို
မရရာ၊
ထိုသူနာကိုခရီးရှည်သွားသော
ယောက်ျားတစ်ဦးသည်
မြင်လေရာ၏၊ ထိုယောက်ျားသည်
ထိုသူနာ၌
ကြင်နာခြင်းကိုသာလျှင်
ဖြစ်စေရာ၏၊
သနားခြင်းကိုသာလျှင်
ဖြစ်စေရာ၏၊စောင့်ရှောက်ခြင်းကိုသာလျှင်
ဖြစ်စေရာ၏။
ဤယောက်ျားသည်
လျောက်ပတ်သော
စားဖွယ်တို့ကို
ရပါမူ
လျောက်ပတ်သော
ဆေးတို့ကို
ရပါမူလျောက်ပတ်သော
အလုပ်အကျွေးကို
ရပါမူ ရွာသို့
ပို့ဆောင်မည့်သူကို
ရပါမူ
ကောင်းလေစွဟု
သနားစောင့်ရှောက်မှုကို
ဖြစ်စေရာ၏။
ထိုသို့
ဖြစ်စေရခြင်းသည်
အဘယ့်ကြောင့်နည်း၊
ဤယောက်ျားသည်
ဤအရပ်၌ပင်လျှင်
အကျိုးမဲ့ပျက်စီးခြင်းသို့
မရောက်ပါစေလင့်ဟု
(နှလုံးသွင်းမိသောကြောင့်တည်း)။
ငါ့သျှင်တို့
ဤအတူသာလျှင်
မစင်ကြယ်သော
ကိုယ်အကျင့်လည်းရှိ
မစင်ကြယ်သောနှုတ်အကျင့်လည်းရှိ၍
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်း
ကောင်းမရသော
ပုဂ္ဂိုလ်၌လည်း
ကြင်နာခြင်းကိုသာလျှင်
ဖြစ်စေရမည်၊
သနားခြင်းကိုသာလျှင်
ဖြစ်စေ
ရမည်၊စောင့်ရှောက်ခြင်းကို
သာလျှင်
ဖြစ်စေရမည်။
ဤအသျှင်သည်
ကာယဒုစရိုက်ကို
ပယ်၍ ကာယသုစရိုက်ကို
ပွါးပါမူ
ဝစီဒုစရိုက်ကို
ပယ်၍ ဝစီသုစရိုက်ကို
ပွားပါမူ
မနောဒုစရိုက်ကို
ပယ်၍
မနောသုစရိုက်ကို
ပွားပါမူ
ကောင်းလေရာ၏ဟု
ကြင်နာသနားစောင့်ရှောက်မှုကို
ဖြစ်စေရမည်။
ထိုသို့ဖြစ်စေရခြင်းသည်
အဘယ့်ကြောင့်နည်း၊
ဤအသျှင်သည်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှနောက်၌
ချမ်းသာကင်းသော
မကောင်းသော
လားရာ
ပျက်စီး၍
ကျရောက်ရာ
ဖြစ်သော
ငရဲသို့မကပ်ရောက်
ပါစေလင့်ဟု
(နှလုံးသွင်းမိသောကြောင့်တည်း)၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကို့ပယ်ဖျောက်ရမည်။
(၄)
ငါ့သျှင်တို့
ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင်
စင်ကြယ်သော
ကိုယ်အကျင့်လည်းရှိ
စင်ကြယ်သော
နှုတ်အကျင့်လည်း
ရှိ၍
ရံဖန်ရံခါ (ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏
ကြည်လင်မှုကိုလည်းကောင်း
ရသော ပုဂ္ဂိုလ်၌
အဘယ်သို့လျှင်
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့
ကြည်လင်
ချိုမြိန်
အေးမြသည့်
ရေရှိသော
ဖြူဖွေးသော
ရေအဆင်းရှိသော
ဆိပ်ကမ်းကောင်းသော
နှလုံးမွေ့လျော်ဖွယ်ရှိသော
အထူးထူးသော
သစ်ပင်တို့ဖြင့်
ဖုံးလွှမ်းအပ်သော
ရေကန်သည်ရှိရာ၏၊
ထိုအခါ နွေ နေပူတို့ဖြင့်
တွေ့ထိ
နှိပ်စက်အပ်သည်
ဖြစ်၍
ခရီးပင်ပန်းလျက်
အစာရေစာဆာလောင်
မွတ်သိပ်လာသော
ထိုယောက်ျားသည်
ထိုရေကန်အတွင်းသို့
သက်ဆင်းလျက်
ရေချိုး၍လည်းကောင်း၊
ရေသောက်၍လည်းကောင်း
တစ်ဖန်ပြန်တက်ပြီးလျှင်
ထိုသစ်ပင်ရိပ်၌ပင်လျှင်
ထိုင်၍ဖြစ်စေအိပ်၍ဖြစ်စေ
နေရာသကဲ့သို့၊
ငါ့သျှင်တို့
ဤအတူသာလျှင်
စင်ကြယ်သော
ကိုယ်အကျင့်လည်းရှိ
စင်ကြယ်သော
နှုတ်အကျင့်လည်း
ရှိ၍
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းကိုလည်းကောင်း၊
စိတ်၏ကြည်လင်မှုကိုလည်းကောင်း၊
ရသော
ပုဂ္ဂိုလ်၏
ကိုယ်အကျင့်
စင်ကြယ်မှုကိုလည်းကောင်း၊
နှုတ်အကျင့်စင်ကြယ်မှုကိုလည်းကောင်း
ထိုအခါ၌
နှလုံးသွင်းအပ်၏၊
ရံဖန်ရံခါ
(ဝိပဿနာ)
စိတ်၏
အခွင့်အလမ်းနှင့်စိတ်၏
ကြည်လင်မှုရခြင်းကိုလည်း
နှလုံးသွင်းအပ်၏၊
ဤသို့အားဖြင့်
ထိုပုဂ္ဂိုလ်၌
ရန်ငြိုးဖွဲ့ခြင်းကိုပယ်ဖျောက်ရမည်။
ငါ့သျှင်တို့
ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသော
ပုဂ္ဂိုလ်ကို
အစွဲပြု၍
စိတ်သည် ကြည်လင်၏။
(၅)
ငါ့သျှင်တို့
ရန်ငြိုးဖွဲ့ခြင်းကို
ပယ်ဖျောက်ကြောင်း
တရားတို့သည်
ဤငါးမျိုးတို့တည်း၊
ရဟန်းအားအာဃာတဖြစ်ပေါ်ရာ
အာရုံ၌ (ဤငါးမျိုးတို့ဖြင့်)
အာဃာတကို
အချင်းခပ်သိမ်း
ပယ်ဖျောက်ရမည်ဟု
(မိန့်ဆို၏)။
ဒုတိယသုတ်။
------
၃-သာကစ္ဆသုတ်
၁၆၃။
ထိုအခါ၌
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
''ငါ့သျှင်ရဟန်းတို့''ဟု
ခေါ်တော်မူ၏၊
''ငါ့သျှင်''ဟူ၍
ထိုရဟန်းတို့သည်
အသျှင်သာရိပုကြာအား
ပြန်ကြား
လျှောက်ထားကြကုန်၏၊
အသျှင်သာရိပုတြာသည်
ဤတရားကို
ဟောတော်မူ၏။
ငါ့သျှင်တို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့နှင့်
ဆွေးနွေး
မေးမြန်းရန်သင့်လျော်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ဤသာသနာတော်၌
ရဟန်းသည်
မိမိကလည်း
'သီလ' နှင့်
ပြည့်စုံ၏၊
သီလပြည့်စုံမှုနှင့်စပ်သောစကားဖြင့်
မေးလာသည့်
ပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
မိမိကလည်း
'သမာဓိ' နှင့်
ပြည့်စုံ၏၊
သမာဓိပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသောပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
မိမိကလည်း
'ပညာ' နှင့်
ပြည့်စုံ၏၊
ပညာပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော ပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်မှု
အရဟတ္တဖိုလ်
'ဝိမုတ္တိ'
နှင့်
ပြည့်စုံ၏၊
(ကိလေသာမှ)
လွတ်မြောက်မှု
အရဟတ္တဖိုလ်
'ဝိမုတ္တိ'
ပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော
ပြဿနာကိုလည်းဖြေဆိုနိုင်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'
ကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'
့ဉာဏ်အမြင်နှင့်
ပြည့်စုံ၏၊
ကိလေသာမှ
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'
ကို ဆင်ခြင်တတ်သော'ပစ္စဝေက္ခဏာ'
ဉာဏ်
အမြင်ပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော ပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
ငါ့သျှင်တို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့နှင့်
ဆွေးနွေးမေးမြန်းရန်
သင့်လျော်၏ဟု
(မိန့်ဆို၏)။
တတိယသုတ်။
------
၄-သာဇီဝသုတ်
၁၆၄။
ထိုအခါ၌
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
''ငါ့သျှင်ရဟန်းတို့''ဟု
ခေါ်တော်မူ၏။ပ။
ငါ့သျှင်တို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့
မေးဖြေခြင်းငှါ
ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ငါ့သျှင်တို့
ဤသာသနာတော်၌
ရဟန်းသည်
မိမိကလည်း
သီလနှင့်
ပြည့်စုံ၏၊
သီလပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော
ပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
မိမိကလည်း
'သမာဓိ' နှင့်
ပြည့်စုံ၏၊
သမာဓိပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသောပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
မိမိကလည်း
'ပညာ' နှင့်
ပြည့်စုံ၏၊
ပညာပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော ပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်မှု
အရဟတ္တဖိုလ်
'ဝိမုတ္တိ'
နှင့်
ပြည့်စုံ၏၊
(ကိလေသာမှ)
လွတ်မြောက်မှု
အရဟတ္တဖိုလ်
'ဝိမုတ္တိ' ပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော ပြဿနာကိုလည်းဖြေဆိုနိုင်၏။
မိမိကလည်း
(ကိလေသာမှ)
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'ကို
ဆင်ခြင်တတ်သော
'ပစ္စဝေက္ခဏာ'ဉာဏ်အမြင်နှင့်
ပြည့်စုံ၏၊
(ကိလေသာမှ)
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'ကို
ဆင်ခြင်တတ်သော'ပစ္စဝေက္ခဏာ'
ဉာဏ်
အမြင်ပြည့်စုံမှုနှင့်စပ်သော
စကားဖြင့်
မေးလာသော
ပြဿနာကိုလည်း
ဖြေဆိုနိုင်၏။
ငါ့သျှင်တို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သီတင်းသုံးဖော်တို့
မေးဖြေခြင်းငှါထိုက်၏၊
တကွ
အသက်မွေးရန် သင့်လျော်၏ဟု
(မိန့်ဆို၏)။
စတုတ္ထသုတ်။
------
၅-ပဥှပုစ္ဆာသုတ်
၁၆၅။
ထိုအခါ
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
''ငါ့သျှင်ရဟန်းတို့''ဟု
ခေါ်တော်မူ၏။ပ။
ငါ့သျှင်တို့
သူတစ်ပါးအား
ပြဿနာမေးသူဟူသမျှ
အားလုံးသည်
အကြောင်းငါးမျိုးတို့ဖြင့်သော်လည်းကောင်း၊
ထိုအကြောင်းငါးမျိုးတို့တွင်
တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း
မေး၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပညာနုံ့သည်၏
အဖြစ်
အလွန်တွေဝေသည်၏
အဖြစ်ကြောင့်
သူတစ်ပါးအား
ပြဿနာမေး၏။
ယုတ်ညံ့သော
အလိုရှိသဖြင့်
အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍
သူတစ်ပါးအား
ပြဿနာမေး၏။
နှိပ်စက်လိုသည်ဖြစ်၍
သူတစ်ပါးအား
ပြဿနာမေး၏။
သိလိုသည်ဖြစ်၍
သူတစ်ပါးအား
ပြဿနာမေး၏။
ထို့ပြင်
အကယ်၍
ပြဿနာကို ငါ
မေးသည်ရှိသော်
ကောင်းစွာ
ဖြေဆိုနိုင်ပါမူ
ကောင်း၏၊ ကောင်းစွာမဖြေဆိုနိုင်ပါမူ
ငါသည်ပင်
ထိုသူအား
ကောင်းစွာ
ဖြေကြားမည်ဟု
ဤသို့ စိတ်ရှိသည်ဖြစ်၍သူတစ်ပါးအား
ပြဿနာမေး၏။
ငါ့သျှင်တို့
သူတစ်ပါးအား
ပြဿနာမေးသူဟူသမျှအားလုံးသည်
ဤအကြောင်းငါးမျိုးတို့ဖြင့်သော်လည်းကောင်း၊
ထိုအကြောင်းငါးမျိုးတို့တွင်
တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း
သူတစ်ပါးအား
ပြဿနာမေး၏။
ငါ့သျှင်တို့
ငါသည်မူကား
အကယ်၍
ပြဿနာကို ငါမေးသည်ရှိသော်
ကောင်းစွာ
ဖြေဆိုနိုင်ပါမူကောင်း၏၊
ကောင်းစွာ
မဖြေဆိုနိုင်ပါမူ
ငါသည်ပင်
ထိုသူအား
ကောင်းစွာ
ဖြေကြားမည်ဟု
ဤသို့စိတ်ရှိသည်ဖြစ်၍
သာလျှင်
သူတစ်ပါးအား
ပြဿနာကို
မေး၏ဟု
(မိန့်ဆို၏)။
ပဉ္စမသုတ်။
------
၆-နိရောဓသုတ်
၁၆၆။
ထိုအခါ
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
''ငါ့သျှင်ရဟန်းတို့''ဟု
ခေါ်တော်မူ၏။ပ။
ငါ့သျှင်တို့
ဤသာသနာတော်၌
သီလ သမာဓိ
ပညာနှင့်
ပြည့်စုံသော
ရဟန်းသည်
သညာဝေဒနာ
တို့၏ချုပ်ငြိမ်းရာ
'နိရောဓသမာပတ်'
ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်
ရှိ၏၊ ယခုဘဝ၌
အရဟတ္တဖိုလ်ကို
အကယ်၍
မရနိုင်ပါမူ
ကဗဠီကာရအာဟာရကို
စားသော
နတ်တို့၏ အသင်းဝင်အဖြစ်ကို
လွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်
ပြီးသောဗြဟ္မာ့ဘုံတစ်ခုခုသို့
ရောက်လျက်
သညာ ဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓသမာပတ်'
ကို ဝင်စားလည်းဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်
ရှိ၏ဟု
မိန့်ဆို၏။
ဤသို့
မိန့်တော်မူသောအခါ
အသျှင်ဥဒါယီသည်
အသျှင်သာရိပုတြာအား
-
''ငါ့သျှင်သာရိပုတြာ
ထိုရဟန်းသည်
ကဗဠီကာရအာဟာရကို
စားသော
နတ်တို့၏
အသင်းဝင်
အဖြစ်ကိုလွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသော
ဗြဟ္မာ့ဘုံ
တစ်ခုခုသို့
ရောက်လျက်
သညာဝေဒနာ
တို့၏ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း
ထရာ၏ဟူသော
ဤစကားသည်
အကြောင်းမဟုတ်
အရာမဟုတ်ချေ၊
ဤသို့သော
အကြောင်းမျိုးသည်မရှိနိုင်''ဟု
ဆို၏။
နှစ်ကြိမ်မြောက်လည်း။ပ။
သုံးကြိမ်မြောက်လည်း
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
-
ငါ့သျှင်တို့
ဤသာသနာတော်၌
သီလ သမာဓိ
ပညာနှင့်
ပြည့်စုံသော
ရဟန်းသည် သညာ
ဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊ ဤသို့သော
အကြောင်းသည်
ရှိ၏။ ယခုဘဝ၌
အရဟတ္တဖိုလ်ကို
အကယ်၍
မရနိုင်ပါမူ
ကဗဠီကာရအာဟာရကို
စားသော နတ်တို့၏
အသင်းဝင်အဖြစ်ကို
လွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသောဗြဟ္မာ့ဘုံ
တစ်ခုခုသို့
ရောက်လျက်
သညာ
ဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်းဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်
ရှိ၏''ဟု
မိန့်ဆို၏။
သုံးကြိမ်တိုင်အောင်ပင်
အသျှင်ဥဒါယီသည်
အသျှင်သာရိပုတြာအား
-
''ငါ့သျှင်သာရိပုတြာ
ထိုရဟန်းသည်
ကဗဠီကာရ အာဟာရကို
စားသော
နတ်တို့၏
အသင်းဝင်
အဖြစ်ကိုလွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသော
ဗြဟ္မာ့ဘုံ
တစ်ခုခုသို့
ရောက်လျက်
သညာ ဝေဒနာ
တို့၏ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း
ထရာ၏ဟူသော
ဤစကားသည် အကြောင်းမဟုတ်
အရာမဟုတ်ချေ၊
ဤသို့သော အကြောင်းမျိုးသည်
မရှိနိုင်''ဟု
ဆို၏။
ထိုအခါ
အသျှင်သာရိပုတြာအား
-
''သုံးကြိမ်တိုင်အောင်လည်း
အသျှင်ဥဒါယီသည်
ငါ့အား
တားမြစ်၏၊
ငါ့အား
မည်သည့်
ရဟန်းကမျှလည်း
ကောင်းချီးမခေါ်၊
ငါသည် မြတ်စွာဘုရားထံသို့
ချဉ်းကပ်ရပါမူ
ကောင်းလေရာ၏''ဟု့
(အကြံဖြစ်၏)။
ထို့နောက်
အသျှင်သာရိပုတြာသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်လျက်
ရဟန်းတို့ကို
-
''ငါ့သျှင်တို့
ဤသာသနာတော်၌
သီလ သမာဓိ
ပညာနှင့်
ပြည့်စုံသော
ရဟန်းသည် သညာ
ဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊ ဤသို့သော
အကြောင်းသည်
ရှိ၏။ ယခုဘဝ၌
အရဟတ္တဖိုလ်ကို
အကယ်၍
မရနိုင်ပါမူ
ကဗဠီကာရအာဟာရကို
စားသော နတ်တို့၏
အသင်းဝင်အဖြစ်ကို
လွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသောဗြဟ္မာ့ဘုံ
တစ်ခုခုသို့
ရောက်လျက်
သညာ
ဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်းဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်
ရှိ၏''ဟု
မိန့်ဆို၏။
ဤသို့
မိန့်ဆိုတော်မူသောအခါ
အသျှင်ဥဒါယီသည်
အသျှင်သာရိပုတြာအား
-
''ငါ့သျှင်သာရိပုတြာ
ထိုရဟန်းသည်
ကဗဠီကာရ အာဟာရကို
စားသော
နတ်တို့၏
အသင်းဝင်
အဖြစ်ကိုလွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသော
ဗြဟ္မာ့ဘုံ
တစ်ခုခုသို့
ရောက်လျက် သညာ
ဝေဒနာ
တို့၏ချုပ်ငြိမ်းရာ
'နိရောဓ သမာပတ်'
ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း
ထရာ၏ဟူသော
ဤစကားသည်
အကြောင်းမဟုတ်
အရာမဟုတ်ချေ၊
ဤသို့သော
အကြောင်းမျိုးသည်
မရှိနိုင်''ဟု
ဆို၏။
နှစ်ကြိမ်မြောက်လည်း။ပ။
သုံးကြိမ်မြောက်လည်း
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
-
''ငါ့သျှင်တို့
ဤသာသနာတော်၌
သီလ သမာဓိ
ပညာနှင့်
ပြည့်စုံသော
ရဟန်းသည်
သညာဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်
ရှိ၏။ ယခုဘဝ၌
အရဟတ္တဖိုလ်ကို
အကယ်၍ မရနိုင်ပါမူ
ကဗဠီကာရအာဟာရကို
စားသော
နတ်တို့၏
အသင်းဝင်အဖြစ်ကို
လွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသောဗြဟ္မာ့ဘုံတစ်ခုခုသို့
ရောက်လျက်
သညာ ဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်းဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်
ရှိ၏''ဟု မိန့်ဆို၏။
သုံးကြိမ်တိုင်အောင်ပင်
အသျှင်ဥဒါယီသည်
အသျှင်သာရိပုတြာအား
-
''ငါ့သျှင်သာရိပုတြာ
ထိုရဟန်းသည်
ကဗဠီကာရ
အာဟာရကို
စားသော
နတ်တို့၏ အသင်းဝင်
အဖြစ်ကိုလွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသော
ဗြဟ္မာ့ဘုံတစ်ခုခုသို့
ရောက်လျက်
သညာဝေဒနာ
တို့၏ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊ (ဝင်စားရာမှ)
ထလည်း
ထရာ၏ဟူသော
ဤစကားသည် အကြောင်းမဟုတ်
အရာမဟုတ်ချေ၊
ဤသို့သော
အကြောင်းမျိုးသည်
မရှိနိုင်''ဟု
ဆို၏။
ထိုအခါ
အသျှင်သာရိပုတြာအား
-
''မြတ်စွာဘုရား၏
မျက်မှောက်တော်၌လည်း
အသျှင်ဥဒါယီသည်
သုံးကြိမ်တိုင်အောင်ပင်
ငါ့အားတားမြစ်၏၊
ငါ့အား
မည်သည့်
ရဟန်းကမျှလည်း
ကောင်းချီးမခေါ်၊
ငါသည်
ဆိတ်ဆိတ်နေရပါမူကောင်းလေရာ၏''ဟု
အကြံဖြစ်၏။
ထို့နောက်
အသျှင်သာရိပုတြာသည်
ဆိတ်ဆိတ်နေ၏။
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်ဥဒါယီအား
-
''ဥဒါယီ
သင်သည်
ဈာန်စိတ်ဖြင့်ပြီးသော
မည်သည့်
ဗြဟ္မာ့ဘုံကို
ယုံကြည်ဘိသနည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
အရူပဘုံ၌
ဖြစ်ကုန်သော
သညာဖြင့်
ပြီးကုန်သော
ဗြဟ္မာတို့ကို
ယုံကြည်ပါ၏ဟု
(လျှောက်၏)။
ဥဒါယီ
မိုက်မဲ
မလိမ္မာသော
သင်၏
ပြောစကားဖြင့်
အဘယ်မူအံ့နည်း၊
သင်ကဲ့သို့
စင်လျက်လည်းပြောဆိုသင့်၏ဟု
အောက်မေ့ဘိ၏ဟု
(မိန့်တော်မူ၏)။
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်အာနန္ဒာကို
''အာနန္ဒာ
မထေရ်ရဟန်း
ညှဉ်းဆဲခံနေရသည်ကိုလျစ်လျူရှုရက်နိုင်ကြပလေ၊
အာနန္ဒာ မထေရ်ရဟန်း
ညှဉ်းဆဲခံနေရသည်ဖြစ်ပါလျက်
သနားခြင်းမျှသော်လည်း
မဖြစ်လေယောင်တကား''ဟု
မိန့်တော်မူ၏။
ထို့နောက်
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
-
''ရဟန်းတို့
ဤသာသနာတော်၌
သီလ သမာဓိ
ပညာနှင့်
ပြည့်စုံသော
ရဟန်းသည်
သညာဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို
ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤအကြောင်းသည်
ရှိ၏၊ ယခုဘဝ၌
အရဟတ္တဖိုလ်ကို
မရနိုင်ပါမူ
ကဗဠီကာရအာဟာရကို
စားသောနတ်တို့၏
အသင်းဝင်အဖြစ်ကို
လွန်မြောက်၍သာလျှင်
ဈာန်စိတ်ဖြင့်ပြီးသော
ဗြဟ္မာ့ဘုံတစ်ခုခုသို့
ရောက်လျက်
သညာဝေဒနာတို့၏
ချုပ်ငြိမ်းရာ
'နိရောဓ
သမာပတ်' ကို ဝင်စားလည်း
ဝင်စားရာ၏၊
(ဝင်စားရာမှ)
ထလည်း ထရာ၏၊
ဤသို့သော
အကြောင်းသည်ရှိ၏''ဟု
မိန့်တော်မူ၏။
မြတ်စွာဘုရားသည်
ဤစကားကို
ဟောကြားတော်မူ၏။
ဤစကားကို
ဟောကြားတော်မူပြီးနောက်
မြတ်စွာဘုရားသည်
နေရာမှထပြီးလျှင်
ကျောင်းတော်သို့ဝင်တော်မူ၏။
ထိုအခါ
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရား
ကြွသွားတော်မူ၍
မကြာမြင့်မီပင်
အသျှင်ဥပဝါနထံသို့ချဉ်းကပ်လျက်
-
''ငါ့သျှင်ဥပဝါန
ဤသာသနာတော်၌
အခြားရဟန်းတို့သည်
မထေရ်ကြီး
ရဟန်းတို့ကို
ညှဉ်းဆဲကုန်၏၊
ထိုညှဉ်းဆဲခြင်းဖြင့်
ငါတို့သည် (အပြစ်မှ)
မလွတ်ကုန်၊
ငါ့သျှင်ဥပဝါန
မြတ်စွာဘုရားသည်
ညနေချမ်းအခါတစ်ပါးတည်း
ကိန်းအောင်းတော်မူရာမှ
ထသည်ရှိသော်
အသျှင်သာရိပုတြာအား
ညှဉ်းဆဲခြင်းကိုပင်အကြောင်းပြု၍
ထုတ်ဖော်မည့်
အရာသည်
အံ့ဩဖွယ်
မဟုတ်ချေ။
ဤအရာ၌
အသျှင်ဥပဝါနသည်သာလျှင်
အကြောင်းအားလျော်စွာ
စကားတုံ့ပြန်
လျှောက်ပါလော့၊
ယခုကပင်
ငါတို့အားထိတ်လန့်မှုသည်
သက်ဝင်နေပါ၏''ဟု
ပြောဆို၏။
ထိုအခါ
မြတ်စွာဘုရားသည်
ညနေချမ်းအခါ
တစ်ပါးတည်း
ကိန်းအောင်းတော်မူရာမှ
ထလျက်စည်းဝေးရာဇရပ်သို့
ချဉ်းကပ်တော်မူ၍
ခင်းထားအပ်သော
နေရာ၌
ထိုင်နေတော်မူပြီးလျှင်
အသျှင်ဥပဝါနအား
-
ဥပဝါန
အဘယ်မျှသော
တရားတို့နှင့်ပြည့်စုံသူ
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
ချီးမွမ်းအပ်သူ
ဖြစ်သနည်းဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
တရားငါးမျိုးတို့နှင့်
ပြည့်စုံသူ
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
ချီးမွမ်းအပ်သူ
ဖြစ်ပါ၏၊
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အသျှင်ဘုရား
ဤသာသနာတော်၌
မထေရ်ရဟန်းသည်
-
သီလရှိ၏။ပ။
သိက္ခာပုဒ်တို့၌
ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏။ပ။
ပညာဖြင့်
ကောင်းစွာ ထိုးထွင်း၍
သိ၏။
ကောင်းသော
စကားရှိ၏၊
ကောင်းသော
နှုတ်မြွက်သံရှိ၏၊
သန့်ရှင်း၍
အပြစ်လည်းကင်း
ပုဒ်အက္ခရာလည်းမကျ
အနက်ကို
သိလွယ်စေသည့်
ယဉ်ကျေးသော
စကားနှင့်
ပြည့်စုံ၏။
မျက်မှောက်ဘဝ၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ) ဈာန်လေးပါးတို့ကို
အလိုရှိတိုင်း
ရ၏၊ မငြိုမငြင်
ရ၏၊
မပင်မပန်း
ရ၏။
အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့်။ပ။
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုလျက်
ဝင်ရောက်၍နေ၏။
မြတ်စွာဘုရား
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
ချီးမွမ်းအပ်သူ
ဖြစ်ပါ၏ဟု
(လျှောက်၏)။
ဥပဝါန
ကောင်းပေစွ
ကောင်းပေစွ၊
ဥပဝါန ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
မထေရ်ရဟန်း
သည်သီတင်းသုံးဖော်တို့၏
ချစ်အပ်သူ မြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
ချီးမွမ်းအပ်သူ
ဖြစ်ပေ၏။
ဥပဝါန
မထေရ်ရဟန်းအား
ဤတရားငါးမျိုးတို့
မရှိကုန်မူ
ထိုမထေရ်ရဟန်းကို
သီတင်းသုံးဖော်တို့သည်
သွားကျိုး
ဆံဖြူ
အရေတွန့်သည်၏
အဖြစ်ကြောင့်
အရိုအသေ
မပြုကုန်ရာ၊
အလေးအမြတ်မပြုကုန်ရာ၊
မမြတ်နိုးကုန်ရာ၊
မပူဇော်ကုန်ရာ။
ဥပဝါန
မထေရ်ရဟန်းအား
ဤတရားငါးမျိုးတို့ရှိကုန်သောကြောင့်သာ
ထိုမထေရ်ရဟန်းကို
သီတင်းသုံးဖော်တို့သည်
အရိုအသေပြုကုန်၏၊
အလေးအမြတ်
ပြုကုန်၏၊
မြတ်နိုးကုန်၏၊
ပူဇော်ကုန်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-စောဒနာသုတ်
၁၆၇။
ထိုအခါ၌
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
မိန့်ဆိုတော်မူ၏။
ငါ့သျှင်တို့
သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည်
ဤတရားငါးမျိုးတို့ကို
မိမိ
သန္တာန်၌
ဖြစ်စေ၍
သူတစ်ပါးကိုစောဒနာရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
လျောက်ပတ်သော
အခါ၌ ဆိုအံ့၊
မလျောက်ပတ်သော
အခါ၌
မဆိုအံ့။
ဟုတ်မှန်သော
စကားဖြင့်
ဆိုအံ့၊
မဟုတ်မမှန်သော
စကားဖြင့်
မဆိုအံ့။
နူးညံ့သော
စကားဖြင့်
ဆိုအံ့၊
ကြမ်းတမ်းသော
စကားဖြင့်
မဆိုအံ့။
အကျိုးနှင့်စပ်သော
စကားဖြင့်
ဆိုအံ့၊ အကျိုးနှင့်မစပ်သော
စကားဖြင့်
မဆိုအံ့။
မေတ္တာစိတ်ရှိသည်ဖြစ်၍
ဆိုအံ့၊
ဒေါသစိတ်ရှိသည်ဖြစ်၍
မဆိုအံ့။
(ဤငါးမျိုးတို့တည်း)။
ငါ့သျှင်တို့
သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည်
ဤတရားငါးမျိုးတို့ကို
မိမိ
သန္တာန်၌
ဖြစ်စေ၍ သူတစ်ပါးကိုစောဒနာရမည်။
ငါ့သျှင်တို့
ဤသာသနာတော်၌
မလျောက်ပတ်သောအခါ၌စောဒနာအပ်သည်ဖြစ်၍
လျောက်ပတ်သောအခါ၌
မစောဒနာအပ်သောကြောင့်
အမျက်ထွက်သော၊
မဟုတ်မမှန်သဖြင့်စောဒနာအပ်သည်
ဖြစ်၍ဟုတ်မှန်သဖြင့်
မစောဒနာအပ်သောကြောင့်
အမျက်ထွက်သော၊
ကြမ်းတမ်းသော
စကားဖြင့်စောဒနာအပ်သည်
ဖြစ်၍ နူးညံ့သောစကားဖြင့်
မစောဒနာအပ်သောကြောင့်
အမျက်ထွက်သော၊
အကျိုးနှင့်မစပ်သောစကားဖြင့်စောဒနာအပ်သည်ဖြစ်၍
အကျိုးနှင့်စပ်သော
စကားဖြင့်
မစောဒနာအပ်သောကြောင့်
အမျက်ထွက်သော၊
ဒေါသစိတ်ဖြင့်စောဒနာအပ်သည်ဖြစ်၍
မေတ္တာစိတ်ဖြင့်
မစောဒနာအပ်သောကြောင့်
အမျက်ထွက်သော
အချို့သော
ပုဂ္ဂိုလ်ကို
ငါတွေ့မြင်ရ၏။
ငါ့သျှင်တို့
မတရားသဖြင့်စောဒနာခံရသော
ရဟန်းအား
အခြင်းအရာငါးမျိုးတို့ဖြင့်
နှလုံးသာရွှင်ခြင်းကို
ဖြစ်စေရမည်။
အသျှင်သည်
မလျောက်ပတ်သောအခါ၌စောဒနာခံရ၏၊
လျောက်ပတ်သောအခါ၌စောဒနာခံရသည်မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
အသျှင်သည်
မဟုတ်မမှန်သော
စကားဖြင့်စောဒနာခံရ၏၊ဟုတ်မှန်သော
စကားဖြင့်စောဒနာ့ခံရသည်
မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
အသျှင်သည်
ကြမ်းတမ်းသော
စကားဖြင့်စောဒနာခံရ၏၊
နူးညံ့သော
စကားဖြင့်စောဒနာခံရသည်မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးသာရွှင်ခြင်းငှာ
သင့်လျော်၏။
အသျှင်သည်
အကျိုးနှင့်မစပ်သော
စကားဖြင့်စောဒနာခံရ၏၊
အကျိုးနှင့်စပ်သော
စကားဖြင့်စောဒနာခံရသည်
မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
အသျှင်သည်
ဒေါသစိတ်ဖြင့်စောဒနာခံရ၏၊
မေတ္တာစိတ်ဖြင့်စောဒနာခံရသည်
မဟုတ်၊ (ထို့ကြောင့်)
အသျှင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်တို့
မတရားသဖြင့်စောဒနာခံရသော
ရဟန်းအား
ဤအခြင်းအရာငါးမျိုးတို့ဖြင့်
နှလုံးသာရွှင်ခြင်းကို
ဖြစ်စေရမည်။
ငါ့သျှင်တို့
မတရားသဖြင့်စောဒနာတတ်သော
ရဟန်းအား
အခြင်းအရာ
ငါးမျိုးတို့ဖြင့်
နှလုံးမသာခြင်းကို
ဖြစ်စေရမည်။
ငါ့သျှင်
သင်သည်
မလျောက်ပတ်သောအခါ၌စောဒနာ၏၊
လျောက်ပတ်သောအခါ၌စောဒနာသည်မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
မဟုတ်မမှန်သဖြင့်စောဒနာ၏၊ဟုတ်မှန်သဖြင့်စောဒနာသည်
မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
ကြမ်းတမ်းသော
စကားဖြင့်စောဒနာ၏၊
နူးညံ့သော
စကားဖြင့်စောဒနာသည်မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
အကျိုးနှင့်
မစပ်သော
စကားဖြင့်စောဒနာ၏၊
အကျိုးနှင့်
စပ်သော
စကားဖြင့်စောဒနာသည်
မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
ဒေါသစိတ်ဖြင့်စောဒနာ၏၊
မေတ္တာစိတ်ဖြင့်စောဒနာသည်
မဟုတ်၊ (ထို့ကြောင့်)
သင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်တို့
မတရားသဖြင့်စေဒနာတတ်သော
ရဟန်းအား
ဤအခြင်းအရာ
ငါးမျိုးတို့ဖြင့်
နှလုံးမသာခြင်းကို
ဖြစ်စေရမည်၊
ထိုသို့ဖြစ်စေရခြင်းသည်
အဘယ့်ကြောင့်နည်း၊
အခြားရဟန်းသည်လည်းမဟုတ်မမှန်သဖြင့်စောဒနာသင့်သည်ဟူ၍
မအောက်မေ့ရာသောကြောင့်တည်း။
ငါ့သျှင်တို့
ဤသာသနာတော်၌
လျောက်ပတ်သောအခါ၌စောဒနာအပ်သည်ဖြစ်၍
မလျောက်ပတ်သောအခါ၌
မစောဒနာအပ်သည်
ဖြစ်ပါလျက်
အမျက်ထွက်သော၊ဟုတ်မှန်သော
စကားဖြင့်စောဒနာအပ်သည်ဖြစ်၍
မဟုတ်မမှန်သောစကားဖြင့်
မစောဒနာအပ်သည်ဖြစ်ပါလျက်
အမျက်ထွက်သော၊
နူးညံ့သော
စကားဖြင့်စောဒနာအပ်သည်ဖြစ်၍
ကြမ်းတမ်းသောစကားဖြင့်
မစောဒနာအပ်သည်
ဖြစ်ပါလျက်အမျက်ထွက်သော၊
အကျိုးနှင့်
စပ်သောစကားဖြင့်စောဒနာအပ်သည်ဖြစ်၍
အကျိုးနှင့်
မစပ်သောစကားဖြင့်
မစောဒနာအပ်သည်
ဖြစ်ပါလျက်
အမျက်ထွက်သော၊
မေတ္တာစိတ်ဖြင့်စောဒနာအပ်သည်ဖြစ်၍ဒေါသစိတ်ဖြင့်
မစောဒနာအပ်သည်
ဖြစ်ပါလျက်
အမျက်ထွက်သော
အချို့သောပုဂ္ဂိုလ်ကို
ငါတွေ့မြင်ရ၏။
ငါ့သျှင်တို့
တရားသဖြင့်စောဒနာခံရသော
ရဟန်းအား
အခြင်းအရာငါးမျိုးတို့ဖြင့်
နှလုံးမသာ
ခြင်းကိုဖြစ်စေရမည်။
အသျှင်သည်
လျောက်ပတ်သောအခါ၌စောဒနာခံရ၏၊
မလျောက်ပတ်သောအခါ၌စောဒနာခံရသည်မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
အသျှင်သည်ဟုတ်မှန်သောစကားဖြင့်စောဒနာခံရ၏၊
မဟုတ်မမှန်သော
စကားဖြင့်စောဒနာခံရ
သည်မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
အသျှင်သည်
နူးညံ့သော
စကားဖြင့်စောဒနာခံရ၏၊
ကြမ်းတမ်းသော
စကားဖြင့်စောဒနာခံရသည့်မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
အသျှင်သည်
အကျိုးနှင့်
စပ်သောစကားဖြင့်စောဒနာခံရ၏၊
အကျိုးနှင့်
မစပ်သော
စကားဖြင့်စောဒနာခံရသည်
မဟုတ်၊
(ထို့ကြောင့်)
အသျှင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
အသျှင်သည်
မေတ္တာစိတ်ဖြင့်စောဒနာခံရ၏၊
ဒေါသစိတ်ဖြင့်စောဒနာခံရသည်
မဟုတ်၊ (ထို့ကြောင့်)
အသျှင့်အား
နှလုံးမသာခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်တို့
တရားသဖြင့်စောဒနာခံရသော
ရဟန်းအား
ဤအခြင်းအရာငါးမျိုးတို့ဖြင့်
နှလုံးမသာခြင်းကို
ဖြစ်စေရမည်။
ငါ့သျှင်တို့
တရားသဖြင့်စောဒနာတတ်သော
ရဟန်းအား
အခြင်းအရာ
ငါးမျိုးတို့ဖြင့်
နှလုံးသာရွှင်ခြင်းကို
ဖြစ်စေရမည်။
ငါ့သျှင်
သင်သည်
လျောက်ပတ်သောအခါ၌စောဒနာ၏၊
မလျောက်ပတ်သောအခါ၌စောဒနာသည်မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်ဟုတ်မှန်သော
စကားဖြင့်စောဒနာ၏၊
မဟုတ်မမှန်သော
စကားဖြင့်စောဒနာ
သည်မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
နူးညံ့သောစကားဖြင့်စောဒနာ၏၊
ကြမ်းတမ်းသော
စကားဖြင့်စောဒနာသည်မဟုတ်၊
(ထို့ကြောင့်)
သင့်အား နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
အကျိုးနှင့်
စပ်သော စကားဖြင့်စောဒနာ၏၊
အကျိုးနှင့်
မစပ်သော စကားဖြင့်စောဒနာသည်
မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်
သင်သည်
မေတ္တာစိတ်ဖြင့်စောဒနာ၏၊
ဒေါသစိတ်ဖြင့်စောဒနာသည်
မဟုတ်၊
(ထို့ကြောင့်)
သင့်အား
နှလုံးသာရွှင်ခြင်းငှါ
သင့်လျော်၏။
ငါ့သျှင်တို့
တရားသဖြင့်စောဒနာတတ်သောရဟန်းအား
ဤအခြင်းအရာငါးမျိုးတို့ဖြင့်
နှလုံးသာရွှင်ခြင်းကို
ဖြစ်စေရမည်။
ထိုသို့
ဖြစ်စေရခြင်းသည်
အဘယ့်ကြောင့်နည်း၊
အခြား ရဟန်းသည်လည်းဟုတ်မှန်သော
စကား
ဖြင့်စောဒနာသင့်၏ဟူ၍
အောက်မေ့ရာသောကြောင့်တည်း။
ငါ့သျှင်တို့
စုဒိတက
ပုဂ္ဂိုလ်သည်
မှန်ကန်သော
သဘော၌လည်းကောင်း၊
အမျက်မထွက်ခြင်း၌လည်းကောင်း
(ဤ)
နှစ်ပါးသော
တရားတို့၌
တည်ရမည်၊
ငါ့သျှင်တို့
သူတစ်ပါးတို့သည်
လျောက်ပတ်သောအခါ၌
ဖြစ်စေ
မလျောက်ပတ်သောအခါ၌
ဖြစ်စေဟုတ်မှန်သော
စကားဖြင့်ဖြစ်စေ
မဟုတ်မမှန်သော
စကားဖြင့်ဖြစ်စေ
နူးညံ့သောစကားဖြင့်ဖြစ်စေ
ကြမ်းတမ်းသော
စကားဖြင့်ဖြစ်စေ
အကျိုးနှင့်စပ်သော
စကားဖြင့်ဖြစ်စေ
အကျိုးနှင့်
မစပ်သော
စကားဖြင့်ဖြစ်စေ
မေတ္တာစိတ်ရှိကုန်၍ဖြစ်စေ
ဒေါသစိတ်ရှိကုန်၍ဖြစ်စေငါ့ကို
အကယ်၍စောဒနာကြလျှင်
ငါသည်လည်း
မှန်ကန်သောသဘော၌လည်းကောင်း၊
အမျက်မထွက်ခြင်း၌လည်းကောင်း
(ဤ)
တရားနှစ်ပါးတို့၌
သာလျှင်
တည်အံ့။
''ဤတရားသည်
ငါ၌ ရှိ၏''ဟု
အကယ်၍သိပါမူ
''ဤတရားသည်
ငါ၌ ရှိ၏၊ ငါ၌
ထင်ရှား၏''ဟူ၍
ထိုသူကို
ပြောအံ့၊ ''ထိုတရားသည်
ငါ၌ မရှိ''ဟု
အကယ်၍ သိပါမူ
''ထိုတရားသည်
ငါ၌ မရှိ၊ ငါ၌
မထင်ရှား''ဟူ၍
ထိုသူကို
ပြောပေအံ့ဟု
(နှစ်ပါးသော
တရားတို့၌
တည်ရမည်ဟု
မိန့်ဆို၏)။
သာရိပုတြာ
သင်သည် ဤသို့
ဆိုဆုံးမအပ်သည်
ဖြစ်ပါလျက်လည်း
ဤသာသနာတော်၌
(မဂ်ဖိုလ်မှ)
အချည်းနှီးဖြစ်သော
ယောက်ျားအချို့တို့သည်
ရိုသေစွာ
မနာယူကြကုန်ဟု
(မိန့်တော်မူ၏)။
အသျှင်ဘုရား
ယုံကြည်မှု
'သဒ္ဓါ'
တရားမရှိကြသူ၊
အသက်မွေးကြောင်းအလို့ငှါ
သဒ္ဓါတရားမရှိဘဲလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြသူ၊
စဉ်းလဲကြသူ၊
လှည့်ပတ်ကြသူ၊
ကောက်ကျစ်ကြသူ၊
ပျံ့လွင့်ကြသူ၊
ထောင်လွှားကြသူ၊
လျှပ်ပေါ်ကြသူ၊
နှုတ်ကြမ်းကြသူ၊
ဖရိုဖရဲစကားပြောတတ်ကြသူ၊
့ဣန္ဒြေတို့၌
မပိတ်ဆို့အပ်သော
တံခါးရှိကြသူ၊
စားဖွယ်၌
အတိုင်းအရှည်ကို
မသိတတ်ကြသူ၊
နိုးကြားမှုကို
လုံ့လမပြုကြသူ၊
ရဟန်းအဖြစ်၌
ငဲ့ကွက်ခြင်းမရှိကြသူ၊
သိက္ခာ၌
ထက်သန်ရိုသေမှုမရှိကြသူ၊
ပစ္စည်း
လေးပါး
ပေါများရန်သာ
ကျင့်ကြသူ၊
ပေါ့လျော့စွာ
ကျင့်ကြသူ၊
အောက်သို့သက်ဆင်းကြောင်း
နီဝရဏ
တရားငါးပါးတို့ကို
ရှေ့သွားပြုကြသူ၊
ဆိတ်ငြိမ်မှု
'ဝိဝေက'၌
တာဝန်မဲ့ဖြစ်ကြသူ၊
ပျင်းရိကြသူ၊
ယုတ်
လျော့သော
လုံ့လရှိကြသူ၊
လွတ်သော
သတိရှိကြသူ၊
အဆင်ခြင်
ဉာဏ်မရှိကြသူ၊
မတည်ကြည်ကြသူ၊
ပျံ့လွင့်သော
စိတ်ရှိကြသူ၊
ပညာမရှိကြသူ၊
ဆွံ့အကြသူရဟန်းတို့သည်
အကျွန်ုပ်တို့က
ဆိုဆုံးမသော်လည်း
ရိုသေစွာ
မနာယူကြပါကုန်။
အသျှင်ဘုရား
ယုံကြည်မှု
'သဒ္ဓါ'
တရားဖြင့် လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြသူ၊
စဉ်းလဲခြင်းမရှိကြသူ၊
မလှည့်ပတ်တတ်ကြသူ၊
မကောက်ကျစ်တတ်ကြသူ၊
မပျံ့လွင့်ကြသူ၊
မထောင်လွှားကြသူ၊
မလျှပ်ပေါ်ကြသူ၊
နှုတ်မကြမ်းကြသူ၊
ဖရိုဖရဲစကား
မပြောတတ်ကြသူ၊
ဣန္ဒြေတို့၌
ပိတ်ဆို့ထားသော
တံခါးရှိကြသူ၊
စားဖွယ်၌
အတိုင်းအရှည်ကို
သိတတ်ကြသူ၊
နိုးကြားမှုကို
လုံ့လပြုကြသူ၊
ရဟန်းအဖြစ်၌
ငဲ့ကွက်ခြင်းရှိကြသူ၊
သိက္ခာ၌
ထက်သန်ရိုသေမှု
ရှိကြသူ၊
ပစ္စည်းလေးပါး
ပေါများရန်
မကျင့်ကြသူ၊
ပေါ့လျော့စွာ
မကျင့်ကြသူ၊
အောက်သို့ သက်ဆင်းကြောင်း
နီဝရဏတရားတို့၌
တာဝန်မဲ့ မဖြစ်ကြသူ၊
ဆိတ်ငြိမ်မှု
'ဝိဝေက'၌
ရှေ့သွားပြုကြသူ၊
ထက်သန်သော
လုံ့လရှိကြသူ၊
နိဗ္ဗာန်သို့စေလွှတ်ထားသော
စိတ်ရှိကြသူ၊
ထင်သော
သတိရှိကြသူ၊
အဆင်ခြင်ဉာဏ်နှင့်
ပြည့်စုံကြသူ၊
တည်ကြည်ကြသူ၊
တစ်ခုတည်းသော
အာရုံ၌
တည်သော
စိတ်ရှိကြသူ၊
ပညာရှိကြသူ၊
မဆွံ့အကြသူ
ရဟန်းတို့သည်အကျွန်ုပ်
တို့က
ဆိုဆုံးမအပ်ကုန်သည်ရှိသော်
ရိုသေစွာ
နာယူကြပါကုန်၏ဟု
(လျှောက်၏)။
သာရိပုတြာ
ယုံကြည်မှု
'သဒ္ဓါ'
တရားမရှိကြသူ၊
အသက်မွေးကြောင်းအလို့ငှါ
သဒ္ဓါတရားမရှိကုန်ဘဲလူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြသူ၊
စဉ်းလဲကြသူ၊
လှည့်ပတ်ကြသူ၊
ကောက်ကျစ်ကြသူ၊
ပျံ့လွင့်ကြသူ၊
ထောင်လွှားကြသူ၊
လျှပ်ပေါ်ကြသူ၊
နှုတ်ကြမ်းကြသူ၊
ဖရိုဖရဲစကားပြောတတ်ကြသူ၊
ဣန္ဒြေတို့၌
မပိတ်ဆို့အပ်သော
တံခါးရှိကြသူ၊
စားဖွယ်၌
အတိုင်းအရှည်ကို
မသိတတ်ကြသူ၊
နိုးကြားမှုကို
လုံ့လမပြုကြသူ၊
ရဟန်းအဖြစ်၌
ငဲ့ကွက်ခြင်း
မရှိကြသူ၊ သိက္ခာ၌
ထက်သန်ရိုသေမှုမရှိကြသူ၊
ပစ္စည်း လေးပါး
ပေါများရန်သာ
ကျင့်ကြသူ၊
ပေါ့လျော့စွာ
ကျင့်ကြသူ၊
အောက်သို့သက်ဆင်းကြောင်း
နီဝရဏ
တရားငါးပါးတို့ကို
ရှေ့သွားပြုကြသူ၊
ဆိတ်ငြိမ်မှု
'ဝိဝေက'၌
တာဝန်မဲ့ဖြစ်ကြသူ၊
ပျင်းရိကြသူ၊
ယုတ် လျော့သော
လုံ့လရှိကြသူ၊
လွတ်သော
သတိရှိကြသူ၊
အဆင်ခြင်ဉာဏ်
မရှိကြသူ၊
မတည်ကြည်ကြသူ၊
ပျံ့လွင့်သော
စိတ်ရှိကြသူ၊
ပညာမရှိကြသူ၊
ဆွံ့အသူပုဂ္ဂိုလ်တို့ကို
ထားဘိကုန်ဦးလော့။
သာရိပုတြာ
ယုံကြည်မှု
'သဒ္ဓါ'
တရားဖြင့် လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ကြသူ၊
စဉ်းလဲခြင်းမရှိကြသူ၊
မလှည့်ပတ်တတ်ကြသူ၊
မကောက်ကျစ်တတ်ကြသူ၊
မပျံ့လွင့်ကြသူ၊
မထောင်လွှားကြသူ၊
မလျှပ်ပေါ်ကြသူ၊
နှုတ်မကြမ်းကြသူ၊
ဖရိုဖရဲစကား
မပြောတတ်ကြသူ၊
ဣန္ဒြေတို့၌
ပိတ်ဆို့ထားသောတံခါးရှိကြသူ၊
စားဖွယ်၌
အတိုင်းအရှည်ကို
သိတတ်ကြသူ၊
နိုးကြားမှုကို
လုံ့လပြုကြသူ၊
ရဟန်းအဖြစ်၌
ငဲ့ကွက်ခြင်းရှိကြသူ၊
သိက္ခာ၌
ထက်သန်ရိုသေမှု
ရှိကြသူ၊
ပစ္စည်းလေးပါး
ပေါများရန်
မကျင့်ကြသူ၊
ပေါ့လျော့စွာ
မကျင့်ကြသူ၊
အောက်သို့
သက်ဆင်းကြောင်း
နီဝရဏတရားငါးပါးတို့၌
တာဝန်မဲ့မဖြစ်ကြသူ၊
ဆိတ်ငြိမ်မှု
'ဝိဝေက' ကို
ရှေ့သွားပြုကြသူ၊
ထက်သန်သော
လုံ့လရှိကြသူ၊
နိဗ္ဗာန်သို့စေလွှတ်ထားသော
စိတ်ရှိကြသူ၊
ထင်သော
သတိရှိကြသူ၊
အဆင်ခြင်ဉာဏ်နှင့်
ပြည့်စုံကြသူ၊
တည်ကြည်ကြသူ၊
တစ်ခုတည်းသော
အာရုံ၌
တည်သော စိတ်ရှိကြသူ၊
ပညာရှိကြသူ၊
မဆွံ့အကြသူ
ရဟန်းတို့ကိုသင်သည်
ဆိုလော့၊
သာရိပုတြာ
သီတင်းသုံးဖော်တို့ကို
''မသူတော်တရားမှ
ထစေပြီးလျှင်
သူတော်ကောင်းတရား၌
တည်စေမည်''ဟု
သီတင်းသုံးဖော်တို့ကို
ဆုံးမလော့၊
သီတင်းသုံးဖော်တို့ကို
သွန်သင့်လော့၊
သာရိပုတြာ
သင်သည် ဤသို့
ကျင့်ရမည်ဟူ၍
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-သီလသုတ်
၁၆၈။
ထိုအခါ၌
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
မိန့်တော်မူ၏။
ငါ့သျှင်တို့
သီလပျက်စီးသော
'ဒုဿီလ' ပုဂ္ဂိုလ်အား
ကောင်းသော
တည်ကြည်မှု
'သမ္မာသမာဓိ'
သည်ပျက်စီးရာသော
အကြောင်းရှိ၏။
သမ္မာသမာဓိ
မရှိလျှင်
သမ္မာသမာဓိ
ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်ပျက်စီးရာသော
အကြောင်းရှိ၏၊
ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်မရှိလျှင်ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်
ပျက်စီးသူအားငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ'
ကင်းခြင်း
အရိယာမဂ်ဉာဏ်သည်
ပျက်စီးရာသောအကြောင်းရှိ၏၊
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု 'ရာဂ'
ကင်းခြင်း
အရိယာမဂ်ဉာဏ်မရှိလျှင်
ငြီးငွေ့မှု'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု 'ရာဂ'
ကင်းခြင်း အရိယာမဂ်ဉာဏ်
ပျက်စီးသူအား
လွတ်မြောက်မှု
အရဟတ္တဖိုလ်နှင့်
အရဟတ္တဖိုလ်ကို
သိသော ဉာဏ်အမြင်
(အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သောပစ္စဝေက္ခဏာဉာဏ်)
ပျက်စီးရာသော
အကြောင်းရှိ၏။
ငါ့သျှင်တို့
သစ်ပင်သည်
အခက်
အရွက်ပျက်စီးပါမူ
ထိုသစ်ပင်၏
အပွေးသည်လည်း
ပြည့်စုံခြင်းသို့မရောက်၊
အခွံ အကာ
အနှစ်သည်လည်း
ပြည့်စုံခြင်းသို့
မရောက်သကဲ့သို့
ငါ့သျှင်တို့
ဤအတူသာလျှင်သီလ
ပျက်စီးသော
'ဒုဿီလ'
ပုဂ္ဂိုလ်အား
ကောင်းသော
တည်ကြည်မှု
'သမ္မာသမာဓိ'
သည်
ပျက်စီးရာသောအကြောင်း
ရှိ၏၊
သမ္မာသမာဓိမရှိလျှင်
သမ္မာသမာဓိပျက်စီးသူအားဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်သည်
ပျက်စီးရာသော
အကြောင်းရှိ၏၊ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်မရှိလျှင်ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်
ပျက်စီးသူအား
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ'
ကင်းခြင်းအရိယာမဂ်ဉာဏ်
ပျက်စီးရာသော
အကြောင်း
ရှိ၏၊
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ'
ကင်းခြင်းအရိယာမဂ်ဉာဏ်မရှိလျှင်
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု 'ရာဂ'
ကင်းခြင်း
အရိယာမဂ်ဉာဏ်ပျက်စီးသူအား
လွတ်မြောက်မှု'အရဟတ္တဖိုလ်'နှင့်
အရဟတ္တဖိုလ်ကို
သိသောဉာဏ်အမြင်
(အရဟတ္တဖိုလ်ကိုဆင်ခြင်တတ်သော
ပစ္စဝေက္ခဏာဉာဏ်)
ပျက်စီးရာသော
အကြောင်းရှိ၏။
ငါ့သျှင်တို့
သီလနှင့်ပြည့်စုံ၍
သီလရှိသော
ပုဂ္ဂိုလ်အား
ကောင်းသော
တည်ကြည်မှု
'သမ္မာသမာဓိ'
သည်ပြည့်စုံရာသော
အကြောင်းရှိ၏၊
သမ္မာသမာဓိရှိလျှင်
သမ္မာသမာဓိနှင့်
ပြည့်စုံသူအားဟုတ်တိုင်း
မှန်စွာသိသော
ဉာဏ်အမြင်
ပြည့်စုံရာသော
အကြောင်းရှိ၏၊ဟုတ်တိုင်းမှန်စွာ
သိသော ဉာဏ်အမြင်
ရှိလျှင်ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်နှင့်
ပြည့်စုံသူအား
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ' ကင်းခြင်း
အရိယာမဂ်ဉာဏ်
ပြည့်စုံရာသော
အကြောင်းရှိ၏၊
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ'
ကင်းခြင်း
အရိယာမဂ်ဉာဏ်ရှိလျှင်
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ' ကင်းခြင်း
အရိယာမဂ်ဉာဏ်နှင့်
ပြည့်စုံသူအား
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'နှင့်
အရဟတ္တဖိုလ်ကို
သိသော
ဉာဏ်အမြင်
(အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သော
ပစ္စဝေက္ခဏာဉာဏ်)
ပြည့်စုံရာသော
အကြောင်းရှိ၏။
ငါ့သျှင်တို့
သစ်ပင်သည်
အခက် အရွက်နှင့်
ပြည့်စုံပါမူ
ထိုသစ်ပင်၏
အပွေးသည်လည်း
ပြည့်စုံခြင်းသို့ရောက်၍
အခွံ့ အကာ အနှစ်သည်လည်း
ပြည့်စုံခြင်းသို့
ရောက်သကဲ့သို့၊
ငါ့သျှင်တို့
ဤအတူသာလျှင်သီလနှင့်
ပြည့်စုံ၍
သီလရှိသူပုဂ္ဂိုလ်အား
ကောင်းသော
တည်ကြည်မှု
'သမ္မာသမာဓိ'
ပြည့်စုံရာသောအကြောင်းရှိ၏၊
သမ္မာသမာဓိရှိလျှင်
သမ္မာသမာဓိနှင့်ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ
သိသောဉာဏ်အမြင်သည်
ပြည့်စုံရာသောအကြောင်း
ရှိ၏၊ဟုတ်တိုင်းမှန်စွာ
သိသော
ဉာဏ်အမြင်ရှိလျှင်ဟုတ်တိုင်းမှန်စွာ့သိသော
ဉာဏ်အမြင်နှင့်
ပြည့်စုံသူအား
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့် စွဲမက်မှု
'ရာဂ'
ကင်းခြင်း အရိယာမဂ်ဉာဏ်
ပြည့်စုံရာသော
အကြောင်းရှိ၏၊
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ'
ကင်းခြင်း
အရိယာမဂ်ဉာဏ်ရှိလျှင်
ငြီးငွေ့မှု
'နိဗ္ဗိဒါ'
ဉာဏ်နှင့်
စွဲမက်မှု
'ရာဂ'ကင်းခြင်း
အရိယာမဂ်ဉာဏ်နှင့်
ပြည့်စုံသူအားလွတ်မြောက်မှု
'အရဟတ္တဖိုလ်'နှင့်
အရဟတ္တဖိုလ်ကို
သိသော
ဉာဏ်အမြင်
(အရဟတ္တဖိုလ်ကိုဆင်ခြင်တတ်
သော
ပစ္စဝေက္ခဏာဉာဏ်)
ပြည့်စုံရာသော
အကြောင်းရှိ၏ဟု
(မိန့်ဆို၏)။
အဋ္ဌမသုတ်။
------
၉-ခိပ္ပနိသန္တိသုတ်
၁၆၉။
ထိုအခါ၌
အသျှင်အာနန္ဒာသည်
အသျှင်သာရိပုတြာထံသို့
ချဉ်းကပ်၍
အသျှင်သာရိပုတြာနှင့်
အတူဝမ်းမြောက်
ဝမ်းသာ
(နှုတ်ဆက်)
ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆိုပြီးဆုံးစေ၍
တစ်ခုသော
နေရာ၌
ထိုင်နေပြီးသော်
အသျှင်သာရိပုတြာအား
ဤစကားကို
လျှောက်၏ -
ငါ့သျှင်သာရိပုတြာ
အဘယ်မျှသော
အတိုင်းအရှည်ဖြင့်
ရဟန်းသည်
ကုသိုလ်တရားတို့၌
လျင်မြန်စွာလည်း
မှတ်ဆောင်တတ်,
ကောင်းစွာ သင်ယူအပ်သည်ကို
ပြု၍လည်း
သင်ယူတတ်ပါသနည်း၊
များစွာလည်း
သင်ယူပါသနည်း၊
သင်ယူအပ်ပြီးသော
အရာသည်လည်း
ထိုရဟန်းအား
မမေ့ပျောက်ပါသနည်းဟု
(မေးလျှောက်၏)။
အသျှင်အာနန္ဒာသည်
အကြားအမြင်များပါ၏၊
အသျှင်အာနန္ဒာသည်ပင်
ဟောကြားပါလော့ဟု
(မိန့်ဆို၏)။
ငါ့သျှင်သာရိပုတြာ
သို့ဖြစ်လျှင်
နားထောင်ပါလော့၊
ကောင်းစွာ
နှလုံးသွင်းပါလော့၊
ဟောကြားပါမည်ဟု
(ဆို၏)။
''ငါ့သျှင်
ကောင်းပါပြီ''ဟု
အသျှင်သာရိပုတြာသည်
အသျှင်အာနန္ဒာအား
ဝန်ခံတော်မူ၏၊
အသျှင်အာနန္ဒာသည်
ဤစကားကို
မိန့်ဆို၏-
ငါ့သျှင်သာရိပုတြာ
ဤသာသနာတော်၌
ရဟန်းသည်-
အနက်၌လည်း
လိမ္မာ၏။
ပါဠိ၌လည်း
လိမ္မာ၏။
အက္ခရာအပြား၌လည်း
လိမ္မာ၏။
သဒ္ဒါ၌လည်း
လိမ္မာ၏။
ရှေ့နောက်
အစီအစဉ်၌လည်း
လိမ္မာ၏။
ငါ့သျှင်သာရိပုတြာ
ဤမျှသော
အတိုင်းအရှည်ဖြင့်
ရဟန်းသည်
ကုသိုလ်တရားတို့၌
လျင်မြန်စွာလည်းမှတ်ဆောင်တတ်,
ကောင်းစွာ
သင်ယူအပ်သည်ကို
ပြု၍လည်း
သင်ယူတတ်၏၊
များစွာလည်းသင်ယူတတ်၏၊
သင်ယူအပ်ပြီးသော
အရာသည်လည်း
ထိုရဟန်းအား
မမေ့ပျောက်ဟု
(မိန့်ဆို၏)။
ငါ့သျှင်တို့
အံ့ဖွယ်ရှိပါပေ၏၊
ငါ့သျှင်တို့
မဖြစ်ဖူးမြဲ
ဖြစ်ပါပေ၏၊
အသျှင်အာနန္ဒာသည်
အလွန်လျှင်ဤတရားစကားကို
ကောင်းစွာ
ဟောကြားအပ်ပါပေ၏၊
ငါတို့သည်
အသျှင်အာနန္ဒာကို
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံ၏ဟု
အမှတ်ထားကုန်အံ့။
အသျှင်အာနန္ဒာသည်-
အနက်၌
လိမ္မာ၏။
ပါဠိ၌
လိမ္မာ၏။
အက္ခရာအပြား၌
လိမ္မာ၏။
သဒ္ဒါ၌
လိမ္မာ၏။
ရှေ့နောက်
အစီအစဉ်၌
လိမ္မာ၏ဟု
(အမှတ်ထားကုန်အံ့ဟု
မိန့်ဆို၏)။
နဝမသုတ်။
------
၁၀-ဘဒ္ဒဇိသုတ်
၁၇၀။
အခါတစ်ပါး၌
အသျှင်အာနန္ဒာသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
အရှင်ဘဒ္ဒဇိသည်
အသျှင်အာနန္ဒာထံသို့
ချဉ်းကပ်၍
အသျှင်အာနန္ဒာနှင့်အတူဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆိုပြီးဆုံးစေပြီးလျှင်
တစ်ခုသော
နေရာ၌
ထိုင်နေ၏၊
တစ်ခုသော
နေရာ၌ ထိုင်နေသော
အသျှင်ဘဒ္ဒဇိအား
အသျှင်အာနန္ဒာသည်-
''ငါ့သျှင်ဘဒ္ဒဇိ
မြင်ခြင်းတို့တွင်
အဘယ်မြင်ခြင်းသည်
အမြတ်ဆုံးနည်း။
ကြားခြင်းတို့တွင်
အဘယ်ကြားခြင်းသည်
အမြတ်ဆုံးနည်း။
ချမ်းသာတို့တွင်
အဘယ်ချမ်းသာသည်
အမြတ်ဆုံးနည်း။
သညာတို့တွင်
အဘယ်သညာသည်
အမြတ်ဆုံးနည်း။
ဘုံဘဝတို့တွင်
အဘယ်ဘုံဘဝသည်
အမြတ်ဆုံးနည်း''ဟု
မေးလျှောက်၏။
ငါ့သျှင်အာနန္ဒာ
မိမိကသာ
လွှမ်းမိုးနိုင်၍
မည်သူကမျှ
မိမိကို မလွှမ်းမိုးနိုင်သော
စင်စစ်
(အလုံးစုံကို)
မြင်တတ်သော
အလိုအတိုင်း
ဖြစ်စေနိုင်သည့်
ဗြဟ္မာသည်
ရှိ၏၊
အကြင်သူသည်
ထိုဗြဟ္မာ ကို
မြင်၏၊
ဤဗြဟ္မာကို
မြင်ရခြင်းသည်
မြင်ခြင်းတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ငါ့သျှင်အာနန္ဒာ
ချမ်းသာဖြင့်
လွန်စွာစိမ့်စို,
ထက်ဝန်းကျင်
စိမ့်စိုကုန်သော
အာဘဿရမည်သောဗြဟ္မာတို့သည်
ရှိကုန်၏၊
ထိုဗြဟ္မာတို့သည်
တစ်ရံတစ်ခါ
''ဪချမ်းသာပေစွ
ဪချမ်းသာပေစွ''ဟုဝမ်းမြောက်
ဝမ်းသာ
ဥဒါန်းကျူးရင့်ကြကုန်၏၊
အကြင်သူသည်
ထိုဗြဟ္မာတို့
အသံကို
ကြား၏၊
ဤဗြဟ္မာတို့၏
ကျူးရင့်သံကို
ကြားရခြင်းသည်
ကြားခြင်းတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ငါ့သျှင်အာနန္ဒာ
သုဘကိဏှမည်သော
ဗြဟ္မာတို့သည်
ရှိကုန်၏၊
ထိုဗြဟ္မာတို့သည်
ထင်ရှားရှိသောချမ်းသာကိုသာလျှင်
နှစ်သက်ကုန်သည်
ဖြစ်၍
ခံစားကုန်၏၊
ဤချမ်းသာကို
ခံစားခြင်းသည်
ချမ်းသာတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ငါ့သျှင်အာနန္ဒာ
အာကိဉ္စညာယတနဘုံသို့
ကပ်ရောက်ကုန်သော
ဗြဟ္မာတို့သည်
ရှိကုန်၏၊
ဤဗြဟ္မာတို့၏
သညာသည်
သညာတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ငါ့သျှင်အာနန္ဒာ
နေဝသညာနာသညာယတနဘုံသို့
ကပ်ရောက်ကုန်သော
ဗြဟ္မာတို့သည်
ရှိကုန်၏၊
ဤဗြဟ္မာတို့၏
ဘဝသည်
ဘဝတကာတို့တွင်
အမြတ်ဆုံးဖြစ်၏ဟု
(မိန့်ဆို၏)။
အသျှင်ဘဒ္ဒဇိ၏
အဖြေစကားသည်
များစွာသော
လူအပေါင်း၏
အလိုနှင့်
ညီညွတ်ပါ၏ဟု
(ဆို၏)။
အသျှင်အာနန္ဒာသည်
အကြားအမြင်များ၏၊
အသျှင်အာနန္ဒာပင်
ဖြေပါလော့ဟု
(လျှောက်ပြန်၏)။
ငါ့သျှင်ဘဒ္ဒဇိ
သို့ဖြစ်လျှင်
နာကြားလော့၊
ကောင်းစွာ
နှလုံးသွင်းလော့၊
ဟောကြားပါအံ့ဟု
(ဆို၏)။
''အသျှင်အာနန္ဒာ
ကောင်းပါပြီ''ဟု
အသျှင်ဘဒ္ဒဇိသည်
အသျှင်အာနန္ဒာအား
ဝန်ခံ၏၊
အသျှင်အာနန္ဒာသည်
ဤစကားကို
ဟောကြားတော်မူ၏
-
ငါ့သျှင်
မြင်သူအား
(မြင်ခြင်း၏)
အခြားမဲ့၌
အာသဝေါတရားတို့ကုန်ခန်း၏၊
ဤမြင်ခြင်းသည်
မြင်ခြင်းတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ကြားသူအား
(ကြားခြင်း၏)
အခြားမဲ့၌
အာသဝေါတရားတို့ကုန်ခန်း၏၊
ဤကြားခြင်းသည်
ကြားခြင်းတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ချမ်းသာခြင်းရှိသူအား
(ချမ်းသာခြင်း၏)
အခြားမဲ့၌
အာသဝေါတရားတို့ကုန်ခန်း၏၊
ဤချမ်းသာခြင်းသည်
ချမ်းသာတကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
သညာရှိသူအား
(သညာ၏)
အခြားမဲ့၌
အာသဝေါတရားတို့ကုန်ခန်း၏၊
ဤသညာသည်
သညာ့တကာတို့တွင်
အမြတ်ဆုံးဖြစ်၏။
ဘဝရှိသူအား
(ဘဝ၏)
အခြားမဲ့၌
အာသဝေါတရားတို့ကုန်ခန်း၏၊
ဤဘဝသည် ဘဝတကာ
တို့တွင်အမြတ်ဆုံးဖြစ်၏ဟု
(ဟောကြားတော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက်
အာဃာတဝဂ်
ပြီး၏။
------
(၁၈)
၃-ဥပါသကဝဂ်
၁-သာရဇ္ဇသုတ်
၁၇၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုစဉ်အခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
''ရဟန်းတို့''ဟူ၍ခေါ်တော်မူ၏။
''အသျှင်ဘုရား''ဟု
ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏၊
မြတ်စွာဘုရားသည်
ဤတရားကို
ဟောကြားတော်မူ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
(ရတနာသုံးပါးသို့
ဆည်းကပ်တတ်သူ)
ဥပါသကာသည်ကြောက်ရွံ့ခြင်းသို့
သက်ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်လေ့ရှိ၏၊
မပေးသည်ကို
ယူလေ့ရှိ၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်လေ့ ရှိ၏၊
မဟုတ်မမှန်
ပြောလေ့ရှိ၏၊
မူးယစ် မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို သောက်လေ့
ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ကြောက်ရွံ့ခြင်းသို့
သက်ရောက်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ရဲရင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောခြင်းမှ
ရှောင်ကြဉ်၏၊
မူးယစ်မေ့လျော့ခြင်း၏အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ရဟန်းတို့
ဤ တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ရဲရင့်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဝိသာရဒသုတ်
၁၇၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
မရဲရင့်သည်ဖြစ်၍
အိမ်၌ နေ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်လေ့ရှိ၏၊
မပေးသည်ကို
ယူလေ့ရှိ၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်
လေ့ရှိ၏၊ မဟုတ်မမှန်
ပြောလေ့ရှိ၏၊
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက် လေ့ရှိ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
မရဲရင့်သည်ဖြစ်၍
အိမ်၌ နေ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ရဲရင့်သည်ဖြစ်၍
အိမ်၌ နေ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောခြင်းမှ
ရှောင်ကြဉ်၏၊
မူးယစ်မေ့လျော့ခြင်း၏အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ရဲရင့်သည်ဖြစ်၍
အိမ်၌ နေ၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-နိရယသုတ်
၁၇၃။
ရဟန်းတို့
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ဆောင်ယူ၍
ချထားအပ် သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်လေ့ရှိ၏၊
မပေးသည်ကို
ယူလေ့ရှိ၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်လေ့
ရှိ၏၊
မဟုတ်မမှန်
ပြောလေ့ရှိ၏၊
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်
လေ့ရှိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူနတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
မဟုတ်မမှန်
ပြောခြင်းမှ
ရှောင်ကြဉ်၏၊
မူးယစ်မေ့လျော့ခြင်း၏အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ဥပါသကာသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူနတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဝေရသုတ်
၁၇၄။
ထိုအခါ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးလျက်
တစ်ခုသော
နေရာ၌
ထိုင်နေသောအနာထပိဏ်သူဌေးအား
မြတ်စွာဘုရားသည်
ဤစကားကို
ဟောတော်မူ၏-
ဒါယကာ
ဘေးရန်ငါးမျိုးတို့ကို
မပယ်သောကြောင့်
သီလမရှိသူဟူ၍
ဆိုအပ်၏၊
ငရဲသို့လည်းကျရောက်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်ခြင်း၊
မပေးသည်ကို
ယူခြင်း၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်း၊
မဟုတ်မမှန်ပြောခြင်း၊
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းတို့တည်း။
ဒါယကာ
ဤဘေးရန်ငါးမျိုးတို့ကို
မပယ်ခြင်းကြောင့်
သီလမရှိသူဟူ၍
ဆိုအပ်၏၊
ငရဲသို့လည်းကျရောက်ရ၏။
ဒါယကာ
ဘေးရန်ငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
သီလရှိသူဟူ၍
ဆိုအပ်၏၊
ကောင်းသော လားရာ'သုဂတိဘဝ'သို့လည်း
ရောက်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သူ့အသက်ကို
သတ်ခြင်း၊
မပေးသည်ကို
ယူခြင်း၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်း၊
မဟုတ်မမှန်ပြောခြင်း၊
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းတို့တည်း။
ဒါယကာ
ဤဘေးရန်ငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
သီလရှိသူဟူ၍
ဆိုအပ်၏၊
ကောင်းသော လားရာ'သုဂတိဘဝ'
သို့လည်း
ရောက်ရ၏။
ဒါယကာ
သူ့အသက်သတ်လေ့ရှိသူသည်
သူ့အသက်ကို
သတ်ခြင်းဟူသော
အကြောင်းကြောင့်
မျက်မှောက်၌
ဖြစ်သော
ဘေးရန်သည်
ပွါးစီး၏၊
တမလွန်၌
ဖြစ်သော
ဘေးရန်သည်
ပွါးစီး၏၊ စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
ခံစားရ၏၊
သူ့အသက်ကို
သတ်ခြင်းမှ ရှောင်ကြဉ်သူအားမျက်မှောက်၌
ဖြစ်သော ဘေးရန်သည်
မပွါးစီး၊
တမလွန်၌
ဖြစ်သော
ဘေးရန်သည်
မပွါးစီး၊
စိတ်၌ ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
မခံစားရ၊
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်သူအား့ဤသို့အားဖြင့်
ထိုဘေးရန်သည်
ငြိမ်း၏။
ဒါယကာ
မပေးသည်ကို
ယူလေ့ရှိသူသည်။ပ။
ဒါယကာ
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်လေ့ရှိသူသည်။ပ။
ဒါယကာ
မဟုတ်မမှန်
ပြောလေ့ရှိသူသည်။ပ။
ဒါယကာ
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်လေ့ရှိသူသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းဟူသော
အကြောင်းကြောင့်မျက်မှောက်၌
ဖြစ်သော
ဘေးရန်သည်
ပွါးစီး၏၊
တမလွန်၌
ဖြစ်သော ဘေးရန်သည်
ပွါးစီး၏၊
စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
ခံစားရ၏၊
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သောသေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်သူအား
မျက်မှောက်၌
ဖြစ်သော
ဘေးရန်သည်
မပွါးစီး၊
တမလွန်၌
ဖြစ်သော
ဘေးရန်သည် မပွါးစီး၊
စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်းမခံစားရ၊
မူးယစ် မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်သူအားဤသို့အားဖြင့်
ထိုဘေးရန်သည်
ငြိမ်း၏ဟု
(မိန့်တော်မူ၏)။
လောက၌
သူ့အသက်ကို
သတ်သူ၊
မဟုတ်မမှန်
ပြောသူ၊
မပေးသည်ကို
ယူသူ၊
သူ့မယားကိုလည်းလွန်ကျူးသွားလာသူ၊
သေအရက်သောက်ခြင်းကိုလည်း
အဖန် တလဲလဲ
အားထုတ်သူကို
ရန်ငါးမျိုးတို့ကိုမပယ်ခြင်းကြောင့်
'သီလမရှိသူ'ဟူ၍
ဆိုအပ်၏၊
ပညာမရှိသော
ထိုသူသည်
ခန္ဓာကိုယ်ပျက်စီးသည်ရှိသော်ငရဲ၌
ဖြစ်ရ၏။
လောက၌
သူ့အသက်ကို
မသတ်သူ၊
မဟုတ်မမှန်
မပြောသူ၊
မပေးသည်ကို
မယူသူ၊
သူတစ်ပါးမယားကို
မလွန်ကျူးမသွားလာသူ၊
သေအရက်သောက်ခြင်းကိုလည်း
အဖန်တလဲလဲအားမထုတ်သူကို
ရန်ငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
'သီလရှိသူ'ဟူ၍
ဆိုအပ်၏။
ပညာရှိသော
ထိုသူသည်ခန္ဓာကိုယ်ပျက်စီးသည်ရှိသော်
ကောင်းသော
လားရာ 'သုဂတိ
ဘဝ'၌ ဖြစ်ရ၏။
စတုတ္ထသုတ်။
------
၅-စဏ္ဍာလသုတ်
၁၇၅။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ဥပါသကာဒွန်းစဏ္ဍားလည်း
မည်၏၊
ဥပါသကာညစ်လည်း
မည်၏၊
ဥပါသကာညံ့လည်း
မည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ယုံကြည်မှု
'သဒ္ဓါ'
တရားမရှိ။
စောင့်ထိန်းမှု
'သီလ' မရှိ။
ကောတုဟလမင်္ဂလာကို
ယုံကြည်မှု
ရှိ၏။
မင်္ဂလာကို
ယုံကြည်၍
ကံကို
မယုံကြည်။
ဤသာသနာတော်မှ
ပြင်ဘက်၌လည်း
အလှူခံပုဂ္ဂိုလ်ကို
ရှာမှီး၏၊
ထိုသာသနာ့အပြင်ဘက်၌လည်း
ရှေးဦးစွာ
ကောင်းမှုကို
ပြု၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ဥပါသကာဒွန်းစဏ္ဍားလည်း
မည်၏၊
ဥပါသကာညစ်လည်း
မည်၏၊
ဥပါသကာညံ့လည်း
မည်၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသကာသည်
ဥပါသကာရတနာလည်း
မည်၏၊ ဥပါသကာပဒုမ္မာလည်း
မည်၏၊ ဥပါသကာပုဏ္ဍရိကလည်း
မည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ယုံကြည်မှု
'သဒ္ဓါ'
တရားရှိ၏။
စောင့်ထိန်းမှု
'သီလ' ရှိ၏။
ကောတုဟလမင်္ဂလာကို
ယုံကြည်မှု
မရှိ။
ကံကို
ယုံကြည်၍
မင်္ဂလာကို
မယုံကြည်။
ဤသာသနာတော်မှ
ပြင်ဘက်၌
အလှူခံပုဂ္ဂိုလ်ကို
မရှာမှီးတတ်၊
ဤသာသနာတော်၌
သာ ရှေးဦးစွာကောင်းမှုကို
ပြု၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ဥပါသကာသည်
ဥပါသကာရတနာလည်း
မည်၏၊ ဥပါသကာပဒုမ္မာလည်း
မည်၏၊
ဥပါသကာပုဏ္ဍရိကလည်း
မည်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ပီတိသုတ်
၁၇၆။
ထိုအခါ၌
ဥပါသကာ
ငါးရာခြံရံလျက်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေသော အနာထပိဏ်သူဌေးအား
မြတ်စွာဘုရားသည်-
ဒါယကာ
သင်တို့သည်
ရဟန်းသံဃာကို
သင်္ကန်း ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
လုပ်ကျွေးကြကုန်၏၊
ဒါယကာ
''ငါတို့သည်
ရဟန်းသံဃာကို
သင်္ကန်းဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
လုပ်ကျွေးကြကုန်၏''ဟုထိုမျှဖြင့်သာလျှင်
နှစ်သိမ့်ရောင့်ရဲ
မှုကို
မပြုအပ်၊
ဒါယကာ ထို့ကြောင့်
သင်တို့သည်
ဤသို့
ကျင့်ရမည်။
''ငါတို့သည်
အဘယ်သို့လျှင်
ရံဖန်ရံခါ
(နီဝရဏတို့မှ)
ကင်းဆိတ်ခြင်းကြောင့်
ဖြစ်သော နှစ်သိမ့်ခြင်း'ပီတိ'သို့
ရောက်၍
နေရကုန်အံ့နည်း''ဟု
(ကျင့်ရမည်)။
ဒါယကာ
ဤသို့လျှင်
သင်တို့
ကျင့်ရမည်ဟု
မိန့်တော်မူ၏။
ဤသို့
ဟောကြားတော်မူသည်
ရှိသော်
အသျှင်သာရိပုတြာသည်
မြတ်စွာဘုရားအား
ဤစကားကိုလျှောက်၏-
အသျှင်ဘုရား
အံ့ဖွယ်ရှိပါပေ၏၊
အသျှင်ဘုရား
မဖြစ်ဖူးမြဲ
ဖြစ်ပါပေ၏၊
အသျှင်ဘုရားမြတ်စွာဘုရားသည်-
''ဒါယကာ
သင်တို့သည်
ရဟန်းသံဃာကို
သင်္ကန်း ဆွမ်း
ကျောင်းအိပ်ရာနေရာ
သူနာ၏အထောက်
အပံ့ဆေးအသုံးအဆောင်ဖြင့်
လုပ်ကျွေးကြကုန်၏၊
ဒါယကာ
'ငါတို့သည်
ရဟန်းသံဃာကို
သင်္ကန်း
ဆွမ်းကျောင်းအိပ်ရာနေရာ
သူနာ၏အထောက်အပံ့
ဆေးအသုံးအဆောင်ဖြင့်
လုပ်ကျွေးကြကုန်၏'ဟု
ထိုမျှဖြင့်သာလျှင်
နှစ်သိမ့်ရောင့်ရဲမှုကို
မပြုအပ်၊
ဒါယကာ
ထို့ကြောင့်
သင်တို့သည်
ဤသို့ ကျင့်ရမည်၊
'ငါတို့သည်
အဘယ်သို့လျှင်
ရံဖန်ရံခါ
(နီဝရဏတို့မှ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ' သို့
ရောက်၍
နေရကုန်အံ့နည်း''ဟု
(ကျင့်ရမည်)၊
ဒါယကာ ဤသို့လျှင်
သင်တို့
ကျင့်ရမည်''ဟူသောဤစကားတော်ကို
အလွန်လျှင်
ကောင်းစွာ
ဟောကြားတော်မူအပ်ပါပေ၏။
အသျှင်ဘုရား
အရိယာတပည့်သည်
(နီဝရဏမှ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
သို့ရောက်၍
နေသောအခါ
ထိုပုဂ္ဂိုလ်အား
အကြောင်းငါးမျိုးတို့သည်
မဖြစ်ပါကုန်။
ထိုအခါ
ထိုပုဂ္ဂိုလ်အား
ကာမဂုဏ်ကို
မှီ၍ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းလည်း
မဖြစ်ပါ။
ကာမဂုဏ်ကို
မှီ၍ဖြစ်သော
ချမ်းသာခြင်း
ဝမ်းမြောက်ခြင်းလည်း
မဖြစ်ပါ။
ထိုအခါ
ထိုပုဂ္ဂိုလ်အား
အကုသိုလ်ကို
မှီ၍ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းလည်း
မဖြစ်ပါ။
အကုသိုလ်ကို
မှီ၍ဖြစ်သော
ချမ်းသာခြင်း
ဝမ်းမြောက်ခြင်းလည်း
မဖြစ်ပါ။
ထိုအခါ
ထိုပုဂ္ဂိုလ်အား
ကုသိုလ်ကို
မှီ၍ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းလည်း
မဖြစ်ပါ။
အရိယာတပည့်သည်
(နီဝရဏမှ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ' သို့ ရောက်၍့နေသောအခါ၌
ထိုပုဂ္ဂိုလ်အား
အကြောင်းငါးမျိုးတို့သည်
မဖြစ်ပါကုန်ဟု
(လျှောက်၏)။
သာရိပုတြာ
ကောင်းစွ
ကောင်းစွ၊
သာရိပုတြာ အရိယာတပည့်သည်
(နီဝရဏမှ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ' သို့ ရောက်၍
နေသောအခါ
ထိုပုဂ္ဂိုလ်အား
အကြောင်းငါးမျိုးတို့သည်မဖြစ်ကုန်။
ထိုအခါ
ထိုပုဂ္ဂိုလ်အား
ကာမဂုဏ်ကို
မှီ၍ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းလည်း
မဖြစ်။
ကာမဂုဏ်ကို
မှီ၍ဖြစ်သော
ချမ်းသာခြင်း
ဝမ်းမြောက်ခြင်းလည်း
မဖြစ်။
ထိုအခါ
ထိုပုဂ္ဂိုလ်အား
အကုသိုလ်ကို
မှီ၍ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းလည်း
မဖြစ်။
အကုသိုလ်ကို
မှီ၍ဖြစ်သော
ချမ်းသာခြင်း
ဝမ်းမြောက်ခြင်းလည်း
မဖြစ်။
ထိုအခါ
ထိုပုဂ္ဂိုလ်အား
ကုသိုလ်ကို
မှီ၍ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းလည်း
မဖြစ်။
သာရိပုတြာ
အရိယာတပည့်သည်
(နီဝရဏမှ)
ကင်းဆိတ်ခြင်းကြောင့်
ဖြစ်သော
နှစ်သိမ့်ခြင်း
'ပီတိ'
သို့ရောက်၍
နေသောအခါ
ထိုပုဂ္ဂိုလ်အား
အကြောင်းငါးမျိုးတို့သည်
မဖြစ်ကုန်ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဝဏိဇ္ဇာသုတ်
၁၇၇။
ရဟန်းတို့
ဥပါသကာသည်
ဤကုန်သွယ်
ရောင်းဝယ်မှုငါးမျိုးတို့ကို
မပြုအပ်ကုန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လက်နက်ကုန်သွယ်
ရောင်းဝယ်ခြင်း။
လူသတ္တဝါကိုကုန်သွယ်
ရောင်းဝယ်ခြင်း။
အသားကိုကုန်သွယ်
ရောင်းဝယ်ခြင်း။
သေအရက်ကိုကုန်သွယ်
ရောင်းဝယ်ခြင်း။
အဆိပ်ကိုကုန်သွယ်
ရောင်းဝယ်ခြင်း။
ရဟန်းတို့
ဥပါသကာသည်
ဤကုန်သွယ်
ရောင်းဝယ်မှုငါးမျိုးတို့ကို
မပြုအပ်ကုန်ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ရာဇာသုတ်
၁၇၈။
ရဟန်းတို့
ထိုအရာကို
အဘယ်သို့
မှတ်ထင်ကြကုန်သနည်း-
''ဤယောက်ျားသည်
သူ့အသက်သတ်ခြင်းကို
ပယ်၍ သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
သူ့အသက်ကို
သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသောအကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်းပြုကုန်၏ဟုလည်းကောင်း
သင်တို့သည်
မြင်ဖူး
ကြားဖူးကြကုန်သလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ထိုအရာကို
မမြင်ဖူး
မကြားဖူးကြပါကုန်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ကောင်းပေစွ။
''ဤယောက်ျားသည်
သူ့အသက်သတ်ခြင်းကို
ပယ်၍ သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်ခြင်းတည်းဟူသောအကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
ဤအကြောင်းကို
ငါသည်လည်း
မမြင်ဖူးမကြားဖူးပေ''၊
စင်စစ်သော်ကား
''ဤယောက်ျားသည်
မိန်းမကိုလည်းကောင်း၊
ယောက်ျားကိုလည်း့ကောင်း
သတ်၏''ဟု
ထိုယောက်ျား၏
ထိုမကောင်းမှုကံကိုသာလျှင်
ပြောကြားကုန်၏၊
ထိုယောက်ျားကိုမင်းတို့သည်
ဖမ်းဆီး၍
သူ့အသက်ကို
သတ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်းပြုကုန်၏ဟုလည်းကောင်း
ဤသို့သောသဘောကို
စင်စစ်အားဖြင့်
သင်တို့
မြင်ဖူးကြားဖူးကြကုန်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
မြင်ဖူး ကြားဖူးကြပါကုန်၏၊
နောင်လည်း
ကြားရပါလိမ့်မည်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ထိုအရာကို
သင်တို့
အဘယ်သို့
မှတ်ထင်ကြကုန်သနည်း။
''ဤယောက်ျားသည်
မပေးသည်ကို
ယူခြင်းကို
ပယ်၍
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်းပြုကုန်၏ဟုလည်းကောင်း
သင်တို့သည်
မြင်ဖူးကြားဖူးကြကုန်သလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ထိုအရာကို
မမြင်ဖူး
မကြားဖူးကြပါကုန်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ကောင်းပေစွ။
''ဤယောက်ျားသည်
မပေးသည်ကို
ယူခြင်းကို ပယ်၍
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍ မပေးသည်ကို
ယူခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှနှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိ
တိုင်း ပြုကုန်၏ဟုလည်းကောင်း
ဤအကြောင်းကို
ငါသည်လည်း
မမြင်ဖူး
မကြားဖူးပေ''၊
စင်စစ်သော်
ကား
''ဤယောက်ျားသည်
ရွာမှဖြစ်စေ
တောမှဖြစ်စေ
မပေးသည်ကို
ခိုးလိုသော
စိတ်ဖြင့်ယူ၏''ဟု
ထိုယောက်ျား၏
ထိုမကောင်းမှုကံကိုသာလျှင်
ပြောကြားကုန်၏။
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍ မပေးသည်ကို
ယူခြင်းတည်းဟူသော
အကြောင်းကြောင့်သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
ဤသို့သောသဘောကို
စင်စစ်အားဖြင့်
သင်တို့
မြင်ဖူးကြားဖူးကြကုန်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့
မြင်ဖူး ကြားဖူးကြပါကုန်၏၊
နောင်လည်း
ကြားရပါလိမ့်မည်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ထိုအရာကို
သင်တို့
အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
''ဤယောက်ျားသည်
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းကို
ပယ်၍
ကာမဂုဏ်တို့၌
မှားယွင်းစွာကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်းပြုကုန်၏ဟုလည်းကောင်း
သင်တို့သည်
မြင်ဖူးကြားဖူးကြကုန်သလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ထိုအရာကို
မမြင်ဖူး
မကြားဖူးကြပါကုန်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ကောင်းပေစွ။
''ဤယောက်ျားသည်
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းကို
ပယ်၍
ကာမဂုဏ်တို့၌
မှားယွင်းစွာကျင့်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
ကာမဂုဏ်တို့၌
မှားယွင်းစွာကျင့်ခြင်းမှ
ရှောင်ကြဉ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင့်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
ဤအကြောင်းကို
ငါသည်လည်း
မမြင်ဖူး မကြားဖူးပေ''၊
စင်စစ်သော်ကား
''ဤယောက်ျားသည်သူတစ်ပါးတို့၏
မယား သူတစ်ပါးတို့၏
သမီးပျိုတို့၌
လွန်ကျူး၍
ကျင့်၏''ဟု
ထိုယောက်ျား၏မကောင်းမှုကံကိုသာလျှင်
ပြောကြားကုန်၏။
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်းဤသို့သောသဘောကို
စင်စစ်အားဖြင့်
သင်တို့
မြင်ဖူးကြားဖူးကြကုန်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့
မြင်ဖူးကြားဖူးကြပါကုန်၏၊
နောင်လည်း
ကြားရပါလိမ့်မည်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ထိုအရာကို
သင်တို့
အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
''ဤယောက်ျားသည်
မဟုတ်မမှန်ပြောခြင်းကို
ပယ်၍
မဟုတ်မမှန်ပြောခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍ မဟုတ်မမှန်ပြောခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
သင်တို့
မြင်ဖူးကြားဖူးကြကုန်သလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ထိုအရာကို
မမြင်ဖူး
မကြားဖူးကြပါကုန်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ကောင်းပေစွ။
''ဤယောက်ျားသည်
မဟုတ်မမှန်ပြောခြင်းကို
ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
မဟုတ်မမှန်ပြောခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
ဤအကြောင်းကို
ငါသည်လည်း
မမြင်ဖူး
မကြားဖူးပေ''၊
စင်စစ်သော်ကား
''ဤယောက်ျားသည်
မဟုတ်မမှန်ပြောဆိုခြင်းဖြင့်
သူကြွယ်၏လည်းကောင်း၊
သူကြွယ်သား၏လည်းကောင်း
အကျိုးစီးပွါးကို
ဖျက်ဆီး၏''ဟု
ထိုယောက်ျား၏
ထိုမကောင်းမှုကံကိုသာလျှင်
ပြောကြားကုန်၏။
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
မဟုတ်မမှန်ပြောခြင်းတည်းဟူသော
အကြောင်းကြောင့်သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
ဤသို့သော
သဘောကို
စင်စစ်အားဖြင့်
သင်တို့
မြင်ဖူးကြားဖူးကြကုန်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့
မြင်ဖူး ကြားဖူးကြပါကုန်၏၊
နောင်လည်း
ကြားရပါလိမ့်မည်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ထိုအရာကို
သင်တို့
အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
''ဤယောက်ျားသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေရည်
သေရက်ကို
သောက်ခြင်းကို
ပယ်၍
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကိုရှောင်ကြဉ်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
သင်တို့မြင်ဖူးကြားဖူးကြကုန်သလော''ဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
ထိုအရာကို
မမြင်ဖူး
မကြားဖူးကြပါကုန်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
ကောင်းပေစွ။
''ဤယောက်ျားသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
ပယ်၍
မူးယစ့်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏၊
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းမှရှောင်ကြဉ်ခြင်း
တည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်းပြုကုန်၏ဟုလည်းကောင်း
ဤအကြောင်းကို
ငါသည်လည်း
မမြင်ဖူး
မကြားဖူးပေ''။
စင်စစ်သော်ကား
''ဤယောက်ျားသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းကို
အားထုတ်သည်ဖြစ်၍
မိန်းမကိုဖြစ်စေ
ယောက်ျားကိုဖြစ်စေ
သတ်၏။
ဤယောက်ျားသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းကိုအားထုတ်သည်ဖြစ်၍
ရွာမှဖြစ်စေ
တောမှဖြစ်စေ
မပေးသည်ကို
ခိုးလိုသော
စိတ်ဖြင့်
ယူ၏။
ဤယောက်ျားသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းကို
အားထုတ်သည်ဖြစ်၍
သူတစ်ပါး၏မယား
သူတစ်ပါး၏သမီးပျိုတို့၌
လွန်ကျူး၍
ကျင့်၏။
ဤယောက်ျားသည်
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းကိုအားထုတ်သည်ဖြစ်၍
မဟုတ်မမှန်ပြောခြင်းဖြင့်
သူကြွယ်၏လည်းကောင်း၊
သူကြွယ်သား၏လည်းကောင်းအကျိုးစီးပွါးကို
ဖျက်ဆီး၏''ဟု
ထိုယောက်ျား၏
ထိုမကောင်းမှုကံကိုသာလျှင်
ပြောကြားကုန်၏။
ထိုယောက်ျားကို
မင်းတို့သည်
ဖမ်းဆီး၍ မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းတည်းဟူသော
အကြောင်းကြောင့်
သတ်ကုန်၏ဟုလည်းကောင်း၊
ချုပ်နှောင်ကုန်၏ဟုလည်းကောင်း၊
တိုင်းပြည်မှ
နှင်ထုတ်ကုန်၏ဟုလည်းကောင်း၊
အလိုရှိတိုင်း
ပြုကုန်၏ဟုလည်းကောင်း
ဤသို့သော
သဘောကို
စင်စစ်အားဖြင့်
သင်တို့ မြင်ဖူးကြားဖူးကြကုန်သလောဟု
(မေးတော်မူ၏)။
အသျှင်ဘုရား
အကျွန်ုပ်တို့
မြင်ဖူးကြားဖူးကြပါကုန်၏၊
နောင်လည်း
ကြားရပါလိမ့်မည်ဟု
(လျှောက်ကြကုန်၏)။
အဋ္ဌမသုတ်။
------
၉-ဂိဟိသုတ်
၁၇၉။
ထိုအခါ အနာထပိဏ်သူဌေးသည်
ငါးရာမျှလောက်သော
ဥပါသကာတို့ဖြင့်
ခြံရံလျက်မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသော နေရာ၌
ထိုင်နေ၏။
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်သာရိပုတြာကို
မိန့်တော်မူ၏။
သာရိပုတြာ
သိက္ခာပုဒ်ငါးမျိုးတို့၌စောင့်ရှောက်မှုရှိ၍
လွန်မြတ်သော
စိတ်၌ မှီကုန်သော
ယခုဘဝ၌
ချမ်းသာစွာ
နေရခြင်းလေးပါးတို့ကို
အလိုရှိတိုင်း
မငြိုငြင် မပင်ပန်းဘဲ
ရသည့်
အဝတ်ဖြူဝတ်သူလူတစ်စုံ
တစ်ယောက်ကို
သိကုန်ရာ၏၊
ထိုသူသည်
ပြောကြားလိုခဲ့သော်
''ငါသည် ငရဲ၌
ဖြစ်မှုတိရ
စ္ဆာန်မျိုး၌
ဖြစ်မှု
ပြိတ္တာဘုံ၌
ဖြစ်မှု အပါယ်ဒုဂ္ဂတိသို့
ပျက်စီး၍ ကျရောက်မှုကုန်ဆုံးပြီ၊
ငါသည်သောတာပန်ဖြစ်၏၊
ပျက်စီး၍
ကျရောက်ခြင်းသဘောမရှိ၊
ဂတိမြဲ၏၊
အထက်မဂ်ဖိုလ်သာလျှင်လဲလျောင်းရာရှိ၏''ဟု
မိမိသည်
ပင်လျှင်
မိမိကိုယ်ကို
ပြောကြားရာ၏။
အဘယ်သိက္ခာပုဒ်
ငါးမျိုးတို့၌စောင့်ရှောက်မှု
ရှိသနည်း။
သာရိပုတြာ
ဤသာသနာတော်၌
အရိယာတပည့်သည်-
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏။
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်၏။
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏။
မဟုတ်မမှန်
ပြောခြင်းမှ
ရှောင်ကြဉ်၏။
မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ဤသိက္ခာပုဒ်
ငါးမျိုးတို့၌စောင့်ရှောက်မှု
ရှိ၏။
အဘယ်လွန်မြတ်သော
စိတ်၌
မှီကုန်သော
ယခုဘဝ၌
ချမ်းသာစွာ
နေရခြင်းလေးမျိုးတို့ကို
အလိုရှိတိုင်းမငြိုငြင်
မပင်ပန်းဘဲ
ရသနည်း။
သာရိပုတြာ
ဤသာသနာတော်၌
အရိယာတပည့်သည်
မြတ်စွာဘုရား၌
သက်ဝင်ယုံကြည်ခြင်းနှင့်ပြည့်စုံ၏။
''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ မည်တော်မူ၏၊
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်း
သမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ်
'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်းဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်းသုဂတ
မည်တော်မူ၏၊
လောကကို သိတော်မူတတ်သော
အကြောင်းကြောင့်လည်း
လောကဝိဒူ
မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်းအနုတ္တရောပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်းသတ္ထာဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ မည်တော်မူ၏''ဟု
(ယုံကြည်၏)။
ဤသည်ကား
ထိုအရိယာတပည့်အား
မစင်ကြယ်သေးသော
စိတ်ကို
စင်ကြယ်စေရန်,
မဖြူစင်သေးသော
စိတ်ကို
ဖြူစင်စေရန်
လွန်မြတ်သော
စိတ်၌ မှီသော
ယခုဘဝ၌
ချမ်းသာစွာ
နေရခြင်းကိုပဌမရခြင်းပေတည်း။
သာရိပုတြာ
နောက်တစ်မျိုးကား
အရိယာတပည့်သည်
တရား၌ သက်ဝင်
ယုံကြည်ခြင်းနှင့်
ပြည့်စုံ၏။
''မြတ်စွာဘုရား
ဟောသောတရားတော်သည်
ကောင်းစွာ
ဟောအပ်သော
တရားတော်ပါပေတည်း၊
ကိုယ်တိုင်
သိမြင်နိုင်သော
တရားတော်ပါပေတည်း၊
အခါမလင့်
အကျိုးပေးတတ်သော
တရားတော်ပါပေတည်း၊
လာလှည့်
ရှုလှည့်ဟု
ဖိတ်ခေါ်ပြထိုက်သော
တရားတော်ပါပေတည်း၊
မိမိ၏
ကိုယ်ထဲ
စိတ်ထဲ၌ ဆောင်ယူထားထိုက်သော
တရားတော်ပါပေတည်း၊
(အရိယာ)
ပညာရှိတို့သာ
ကိုယ်စီကိုယ်င
သိနိုင်ခံစားနိုင်သော
တရားတော်ပါပေတည်း''ဟု
(ယုံကြည်၏)။
ဤသည်ကား
ထိုအရိယာတပည့်အား
မစင်ကြယ်သေးသော
စိတ်ကို
စင်ကြယ်စေရန်,
မဖြူစင်သေးသော
စိတ်ကို
ဖြူစင်စေရန်
လွန်မြတ်သော
စိတ်၌ မှီသော
ယခုဘဝ၌
ချမ်းသာစွာ
နေရခြင်းကိုဒုတိယရခြင်းပေတည်း။
သာရိပုတြာ
နောက်တစ်မျိုးကား
အရိယာတပည့်သည်
သံဃာ၌
သက်ဝင်ယုံကြည်ခြင်းနှင့်
ပြည့်စုံ၏။
''မြတ်စွာဘုရား၏
တပည့်သား
'သာဝက'
သံဃာတော်သည်
ကောင်းသော
အကျင့်ရှိတော်မူပါပေ၏၊
မြတ်စွာဘုရား၏
တပည့်သား
'သာဝက'
သံဃာတော်သည်
ဖြောင့်မတ်သော
အကျင့်ရှိတော်မူပါပေ၏၊
မြတ်စွာဘုရား၏
တပည့်သား
'သာဝက'
သံဃာတော်သည်
မှန်သော
အကျင့်ရှိတော်မူပါပေ၏၊
မြတ်စွာဘုရား၏တပည့်သား
'သာဝက'
သံဃာတော်သည်
လျော်ကန်သော
အကျင့်ရှိတော်မူပါပေ၏၊
အစုံအားဖြင့်လေးစုံ,
ပုဂ္ဂိုလ်အားဖြင့်
ရှစ်ပါးအရေအတွက်ရှိသော
မြတ်စွာဘုရား၏
တပည့်သား
'သာဝက' သံဃာတော်သည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်ရန်
ထိုက်တန်တော်မူပါပေ၏၊
ဧည့်သည်အလိုငှါ
စီမံထားသော ဝတ္ထုကိုသော်လည်း
ပေးလှူပူဇော်ရန်
ထိုက်တန်တော်မူပါပေ၏၊
တမလွန်အတွက်ရည်မျှော်သော
အလှူကို
ခံတော်မူထိုက်ပါပေ၏၊
လက်အုပ်ချီခြင်းကို
ခံတော်မူထိုက်ပါပေ၏၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်တော်မူပါပေ၏''ဟု
(ယုံကြည်၏)။
ဤသည်ကား
ထိုအရိယာတပည့်အား
မစင်ကြယ်သေးသော
စိတ်ကို
စင်ကြယ်စေရန်
မဖြူစင်သေး
သောစိတ်ကို
ဖြူစင်စေရန်
လွန်မြတ်သော
စိတ်၌ မှီသော
ယခုဘဝ၌
ချမ်းသာစွာ
နေရခြင်းကို
တတိယရခြင်းပေတည်း။
သာရိပုတြာ
နောက်တစ်မျိုးကား
မကျိုး မပေါက်
မပြောက်
မကျားကုန်သော၊
တဏှာကျွန်အဖြစ်မှလွတ်ကုန်သော၊
ပညာရှိတို့
ချီးမွမ်းအပ်ကုန်သော၊
မှားသောအားဖြင့်
မသုံးသပ်အပ်ကုန်သော၊
သမာဓိကိုဖြစ်စေတတ်ကုန်သော၊
အရိယာတို့ နှစ်သက်အပ်ကုန်သော
သီလတို့နှင့်
ပြည့်စုံကုန်၏။
ဤသည်ကား
ထိုအရိယာတပည့်အား
မစင်ကြယ်သေးသော
စိတ်ကို
စင်ကြယ်စေရန်,
မဖြူစင်သေးသော
စိတ်ကို
ဖြူစင်စေရန်
လွန်မြတ်သော
စိတ်၌ မှီသော
ယခုဘဝ၌
ချမ်းသာစွာ
နေရခြင်းကို
စတုတ္ထရခြင်းပေတည်း။
ဤလွန်မြတ်သော
စိတ်၌
မှီကုန်သော
ယခုဘဝ၌ ချမ်းသာစွာ
နေရခြင်းလေးမျိုးတို့ကို
အလိုရှိတိုင်းမငြိုငြင်
မပင်ပန်းဘဲ
ရ၏။
သာရိပုတြာ
ဤသိက္ခာပုဒ်ငါးမျိုးတို့၌စောင့်ရှောက်မှုရှိ၍
လွန်မြတ်သော
စိတ်၌ မှီကုန်သော
ယခု ဘဝ၌
ချမ်းသာစွာ
နေရခြင်းလေးပါးတို့ကို
အလိုရှိတိုင်း
မငြိုငြင် မပင်ပန်းဘဲ
ရသော
အဝတ်ဖြူဝတ်သူလူတစ်စုံတစ်ယောက်ကို
သိကုန်ရာ၏၊
ထိုသူသည်
ပြောကြားလိုခဲ့သော်
''ငါသည် ငရဲ၌
ဖြစ်မှုတိရ
စ္ဆာန်မျိုး၌
ဖြစ်မှု
ပြိတ္တာဘုံ၌
ဖြစ်မှု
အပါယ်ဒုဂ္ဂတိသို့
ပျက်စီး၍ ကျရောက်မှုကုန်ဆုံးပြီ၊
ငါသည်သောတာပန်ဖြစ်၏၊
ပျက်စီး၍
ကျရောက်ခြင်းသဘောမရှိ၊
ဂတိမြဲ၏၊
အထက်မဂ်ဖိုလ်သာလျှင်
လဲလျောင်းရာရှိ၏''ဟု
မိမိသည်ပင်လျှင်
မိမိကိုယ်ကို
ပြောကြားရာ၏ဟု
(မိန့်တော်မူ၏)။
ပညာရှိသည်
ငရဲတို့၌
ဘေးကို မြင်၍
မကောင်းမှုတို့ကို
ရှောင်ကြဉ်ရာ၏၊
အရိယာတို့၏တရား
(ငါးပါးသီလ)
ကို
ဆောက်တည်၍
(မကောင်းမှုတို့ကို)
ရှောင်ကြဉ်ရာ၏။
(သီလဆောက်တည်မည်ဟူသော)
လုံ့လ
ထင်ရှားရှိခဲ့သော်
သက်ရှိသတ္တဝါတို့ကို
မညှဉ်းဆဲရာ၊
သိလျက်မဟုတ်မမှန်သော
စကားကိုလည်း
မပြောရာ၊
မပေး
သည်ကိုလည်း
မသုံးသပ်ရာ၊
အရိယာတပည့်သည်မိမိမယားတို့ဖြင့်သာ
ရောင့်ရဲ၍ သူတစ်ပါးမယားကို
ဝေးစွာ
ရှောင်ကြဉ်ရာ၏၊
စိတ်ကိုတွေဝေစေတတ်သော
မေရယငါးပါး
သုရာငါးပါးကို
မသောက်ရာ။
မြတ်စွာဘုရားကို
အဖန်တလဲလဲ
အောက်မေ့ရာ၏၊
တရားတော်ကိုလည်း
အဖန်တလဲလဲ
ကြံစည်ရာ၏၊
ဆင်းရဲမှုမရှိသည်သာလျှင်ဖြစ်သော
ထို
(ဗြဟ္မစိုရ်
တရား
လေးပါးနှင့်ယှဉ်သော)
စိတ်ကို
ဗြဟ္မာ့ဘုံအကျိုးငှါပွါးများရာ၏။
လှူဖွယ်ဝတ္ထု
ထင်ရှားရှိလတ်သော်
ကောင်းမှုကို
အလိုရှိ၍
ရှာမှီးသူသည်
သူတော်ကောင်းတို့၌
ရှေးဦးပေးလှူအပ်သော
အလှူသည်
ပြန့်ပြော၏။
သာရိပုတြာ
သူတော်ကောင်းတို့ကို
စင်စစ် ငါဟောကြားပေးအံ့၊
ငါ၏ စကားကို
ကောင်းစွာနာယူလော့၊
အဆင်းတူဖြစ်သည့်
နွားနက်
နွားဖြူ
နွားနီ
နွားပြာ
နွားစိမ်း
နွားကျားခိုပြာရောင်နွားတို့တွင်
ရှေ့ဆောင် နွားလားသည်
ယဉ်ကျေး၏၊
ဝန်ကို
ဆောင်နိုင်၏၊
ခွန်အားနှင့်ပြည့်စုံ၏၊
ဖြောင့်မတ်လျင်မြန်စွာ
သွား၏၊
ထိုနွားလားကိုသာလျှင်
ဝန်ဆောင်
ခိုင်းကုန်၏၊
ထိုနွားလား၏အဆင်းကိုမူကား
မစူးစမ်း
မဆင်ခြင်ကုန်။
ဤအတူသာလျှင်
မင်းမျိုး
ပုဏ္ဏားမျိုးကုန်သည်မျိုး
ဆင်းရဲမျိုး
ဒွန်းစဏ္ဍားမျိုး
ပန်းမှိုက်သွန်မျိုးဟူသောမည်သည့်
အမျိုးအနွယ်၌
မဆိုဖြစ်သည့်
လူတို့တွင်
အကြင်သူသည်
ယဉ်ကျေး၏၊
ကောင်းသောအကျင့်ရှိ၏၊
တရား၌ တည်၏၊
သီလနှင့်
ပြည့်စုံ၏၊
မှန်သောစကားကို
ဆိုလေ့ရှိ၏၊
(မကောင်းမှုမှ)
ရှက်စိတ်ရှိ၏၊
ပဋိသန္ဓေနေခြင်း
သေခြင်းသဘောကို
ပယ်ပြီးဖြစ်၏၊
မြတ်သောအကျင့်
အလုံးစုံနှင့်ပြည့်စုံပြီးဖြစ်၏၊
(ခန္ဓာ)
ဝန်ကို
ချထားပြီးဖြစ်၏၊
ဝဋ်ဆင်းရဲ၌
မယှဉ်၊
ပြုဖွယ်ကိုလည်း
ပြုပြီးဖြစ်၏၊
အာသဝေါကင်း၏၊
အလုံးစုံသော
တရားတို့၏
တစ်ဖက်ကမ်း
သို့
ရောက်ပြီးဖြစ်၏၊
(တဏှာဒိဋ္ဌိအားဖြင့်)
တစ်စုံတစ်ရာအာရုံကို
မစွဲယူမူ၍
ငြိမ်းအေး၏၊
ကိလေသာမြူကင်းသောလယ်ယာမြေကောင်းသဖွယ်ဖြစ်သော
ထိုရဟန္တာပုဂ္ဂိုလ်၌
ပေးလှူအပ်သော
အလှူသည် ပြန့်ပြော၏။
မသိ မလိမ္မာ
ပညာမရှိ
အကြားအမြင်
နည်းပါးကုန်သော
လူမိုက်တို့သည်ကား
(ဤသာသနာတော်မှ)
အပ၌
အလှူတို့ကို
ပေးလှူကုန်၏၊
သူတော်ကောင်းတို့ကို
မဆည်းကပ်ကုန်။
အကြင်သူတို့သည်လည်း
ပညာရှိတို့
ချီးမွမ်းအပ်ကုန်သော
ပညာရှိသူတော်
ကောင်းတို့ကိုမှီဝဲဆည်းကပ်ကုန်၏၊
ထိုသူတို့၏
သဒ္ဓါတရားသည်ကား
မြတ်စွာဘုရား၌
အမြစ်သဖွယ်ဖြစ်၍
တည်၏။
ထိုပညာရှိတို့သည်
နတ်ပြည်သို့လည်း
လားကုန်၏၊
ဤလူ့ပြည်၌
မူလည်း
အမျိုးမြတ်၌
ဖြစ်ကုန်၏၊
အစဉ်သဖြင့်
နိဗ္ဗာန်သို့
ရောက်ကုန်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဂဝေသီသုတ်
၁၈၀။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
များစွာသော
ရဟန်းသံဃာနှင့်အတူ
ကောသလတိုင်းတို့၌
ဒေသစာရီ
ကြွချီတော်မူ၏၊
မြတ်စွာဘုရားသည်
ခရီးရှည်
ကြွသွားတော်မူသည်ရှိသော်အရပ်မျက်နှာတစ်ခု၌
အင်ကြင်းတောကြီးကို
မြင်တော်မူ၍
ခရီးလမ်းမှ
ဖဲခွါခဲ့ပြီးလျှင်
ထိုအင်ကြင်းတောသို့ချဉ်းကပ်
ဝင်ရောက်
လျက်
တစ်ခုသော
အရပ်၌
ပြုံးတော်မူ၏။
ထိုအခါ
အသျှင်အာနန္ဒာအား
-
''မြတ်စွာဘုရား
ပြုံးတော်မူခြင်း၏
အကြောင်းကား
အဘယ်နည်း၊
အထောက်အပံ့ကား
အဘယ် နည်း၊
မြတ်စွာဘုရားတို့သည်
အကြောင်းမဲ့ ပြုံးတော်မမူကြကုန်''ဟု
အကြံဖြစ်၏။
ထိုအခါ
အသျှင်အာနန္ဒာသည်
မြတ်စွာဘုရားအား
ဤစကားကို
လျှောက်၏။
''အသျှင်ဘုရား
မြတ်စွာဘုရား
ပြုံးတော်မူခြင်း၏
အကြောင်းကား
အဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါနည်း၊
မြတ်စွာဘုရားတို့သည်
အကြောင်းမဲ့
ပြုံးတော်မမူကြပါကုန်''ဟု
(လျှောက်၏)။
အာနန္ဒာ
ဤအရပ်၌
ရှေးအခါက
မြို့ဖြစ်ဖူး၏၊
ပြည့်စုံလည်း
ပြည့်စုံ၏၊
ကြွယ်ဝလည်း
ကြွယ်ဝ၏၊
လူမျိုးစုံ
ရောပြွမ်းသည်ဖြစ်၍
များစွာသော
လူရှိ၏။
အာနန္ဒာ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားသည်
ထိုမြို့ကို
အမှီပြု၍
(သီတင်းသုံး)
နေတော်မူ၏။
အာနန္ဒာ
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
ကဿပမြတ်စွာဘုရားအားစောင့်ထိန်းမှု
'သီလ' တို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်လေ့မရှိသောဂဝေသီမည်သော
ဥပါသကာသည်
ရှိ၏၊
အာနန္ဒာ
ဂဝေသီမည်သော
ဥပါသကာသည်
သီလတို့၌
ပြည့်စုံစွာဖြည့်ကျင့်လေ့မရှိသော
ဥပါသကာ
ငါးရာတို့အား
(ဥပါသကာအဖြစ်ကို)
ပြောကြားစေ၏၊
ဆောက်တည်စေ၏။
အာနန္ဒာ
ထိုအခါ၌
ဂဝေသီမည်သော
ဥပါသကာအား ဤအကြံသည်
ဖြစ်၏ -
''ငါသည်
ဤဥပါသကာ
ငါးရာတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာအဖြစ်ကို)
ဆောက်တည်စေ၏၊
ငါသည်လည်း
သီလတို့၌
ပြည့်စုံစွာ ဖြည့်ကျင့်လေ့
မရှိ၊
ဤဥပါသကာငါးရာတို့သည်လည်း
သီလတို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်လေ့
မရှိကုန်၊
ဤသို့
ဖြစ်ခြင်းသည်
တူညီနေ၏၊
တစ်စုံတစ်ရာ
လွန်ကဲမှု
မရှိ၊ ယခုအခါ
ငါသည်
လွန်ကဲရန်
ကျင့်မည်''ဟု
(အကြံဖြစ်၏)။
အာနန္ဒာ
ထို့နောက်
ဂဝေသီမည်သော
ဥပါသကာသည်
ဥပါသကာငါးရာတို့ထံသို့
ချဉ်းကပ်၍ထိုဥပါသကာငါးရာတို့အား
-
''အသျှင်တို့
ယနေ့မှစ၍
အကျွန်ုပ်ကို
သီလတို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်သော
သူဟု မှတ်ကြပါကုန်''ဟူ၍ဤစကားကို
ပြောဆို၏။
အာနန္ဒာ
ထိုအခါ၌
ထိုဥပါသကာ
ငါးရာတို့အား
ဤအကြံသည်
ဖြစ်၏ -
''အသျှင်ဂဝေသီသည်
ငါတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာ အဖြစ်ကို)
ဆောက်တည်စေ၏၊
အသျှင်ဂဝေသီပင်
သီလတို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်တုံဘိသေး၏၊
ငါတို့
သည်ကားအဘယ်ကြောင့်
မဖြည့်ကျင့်ဘဲ
ရှိရာအံ့နည်း''ဟု
(အကြံဖြစ်၏)။
အာနန္ဒာ
ထိုအခါ၌
ထိုဥပါသကာငါးရာတို့သည်
ဂဝေသီ ဥပါသကာထံသို့
ချဉ်းကပ်၍
ဂဝေသီဥပါသကာအား
ဤစကားကို
ဆိုကုန်၏ -
''အသျှင်ဂဝေသီ
ယနေ့မှစ၍
ဤဥပါသကာ
ငါးရာတို့ကိုလည်း
သီလတို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်သူတို့ဟူ၍
သိမှတ်ပါလော့''ဟု
(ဆိုကုန်၏)။
အာနန္ဒာ
ထို့နောက်
ဂဝေသီမည်သော
ဥပါသကာအား
ဤအကြံသည်
ဖြစ်ပြန်၏ -
''ငါသည်
ဤဥပါသကာငါးရာတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာအဖြစ်ကို)
ဆောက်တည်စေ၏၊
ငါသည်လည်း
သီလတို့၌ ပြည့်စုံစွာ
ဖြည့်ကျင့်လေ့ရှိ၏၊
ဤ ဥပါသကာငါးရာတို့သည်လည်း
သီလတို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်လေ့ရှိကုန်၏၊
ဤသို့
ဖြစ်ခြင်းသည်
တူညီနေ၏၊
တစ်စုံတစ်ရာ
လွန်ကဲမှု
မရှိ၊ ယခုအခါ
ငါသည်
လွန်ကဲရန်
ကျင့်မည်''ဟု
(အကြံဖြစ်ပြန်၏)။
အာနန္ဒာ
ထို့နောက်
ဂဝေသီဥပါသကာသည်
ထိုဥပါသကာ
ငါးရာတို့ထံသို့
ချဉ်းကပ်၍ထိုဥပါသကာငါးရာတို့အား
ဤစကားကို
ဆို၏ -
''အသျှင်တို့
ယနေ့မှစ၍
အကျွန်ုပ်ကို
မြတ်သော
အကျင့်ကို
ကျင့်သူ (အကျင့်ယုတ်မှ)
ဝေးစွာ
ကျင့်သူရွာသူတို့၏
အကျင့်ဟု
ဆိုအပ်သည့်
မေထုန်မှ
ကြဉ်ရှောင်သူဟူ၍
မှတ်ကြပါကုန်''ဟု
(ပြောဆို၏)။
အာနန္ဒာ
ထိုအခါ၌
ထိုဥပါသကာငါးရာတို့အား
ဤသို့
အကြံသည်
ဖြစ်ပြန်၏။
''အသျှင်ဂဝေသီသည်
ငါတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာ အဖြစ်ကို)
ဆောက်တည်စေ၏၊
အသျှင်ဂဝေသီပင်
မြတ်သော
အကျင့်ကို
ကျင့်သူ
(အကျင့်ယုတ်မှ)
ဝေးစွာကြဉ်ရှောင်သူ
ရွာသူတို့၏
အကျင့်ဟု
ဆိုအပ်သည့်
မေထုန်မှ
ကြဉ်ရှောင်သူ
ဖြစ်တုံဘိသေး၏၊
ငါတို့သည်ကား
အဘယ့်ကြောင့်
မဖြစ်ဘဲ
ရှိရာအံ့နည်း''ဟု
(အကြံဖြစ်ပြန်၏)။
အာနန္ဒာ
ထို့နောက်
ထိုဥပါသကာ
ငါးရာတို့သည်
ဂဝေသီ
ဥပါသကာထံသို့
ချဉ်းကပ်၍
ဂဝေသီဥပါသကာအား
ဤစကားကို
ဆိုကုန်၏ -
''အသျှင်ဂဝေသီ
ယနေ့မှစ၍
ဤဥပါသကာ
ငါးရာတို့ကိုလည်း
မြတ်သော
အကျင့်ကို
ကျင့်သူ
(အကျင့်ယုတ်မှ)
ဝေးစွာ
ကြဉ်ရှောင်သူ
ရွာသူတို့၏ အကျင့်ဟု
ဆိုအပ်သော
မေထုန်မှ
ကြဉ်ရှောင်သူတို့ဟူ၍
သိမှတ်ပါလော့''ဟု
(ပြောဆိုကြကုန်၏)။
အာနန္ဒာ
ထိုအခါ၌
ဂဝေသီဥပါသကာအား
-
''ငါသည်
ဤဥပါသကာ
ငါးရာတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာအဖြစ်ကို)
ဆောက်တည်စေ၏၊
ငါသည်လည်း
သီလတို့၌ ပြည့်စုံစွာ
ဖြည့်ကျင့်လေ့ရှိ၏၊
ဤဥပါသကာငါးရာတို့သည်လည်း
သီလတို့၌
ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိကုန်၏၊
ငါသည်လည်း
မြတ်သော
အကျင့်ကိုကျင့်၏
(အကျင့်ယုတ်မှ)
ဝေးစွာ ကြဉ်ရှောင်၏၊
ရွာသူတို့၏
အကျင့်ဟု
ဆိုအပ်သော
မေထုန်မှ
ကြဉ်ရှောင်၏၊
ဤဥပါသကာငါးရာတို့သည်လည်း
မြတ်သော
အကျင့်ကို
ကျင့်ကုန်၏၊
(အကျင့်ယုတ်မှ)
ဝေးစွာကြဉ်ရှောင်ကုန်၏၊
ရွာသူတို့၏
အကျင့်ဟု ဆိုအပ်သော
မေထုန်မှ
ကြဉ်ရှောင်ကုန်၏၊
ဤသို့ဖြစ်ခြင်းသည်
တူညီနေ၏၊
တစ်စုံတစ်ရာ
လွန်ကဲမှု
မရှိ၊ ယခုအခါ
ငါသည်
လွန်ကဲရန်
ကျင့်မည်''ဟု
(အကြံဖြစ်ပြန်၏)။
အာနန္ဒာ
ထို့နောက်
ဂဝေသီဥပါသကာသည်
ထိုဥပါသကာ
ငါးရာတို့ထံသို့
ချဉ်းကပ်၍
ထိုဥပါသကာငါးရာတို့အား
ဤစကားကို
ဆို၏ -
အသျှင်တို့
''ယနေ့မှစ၍
အကျွန်ုပ်ကို
တစ်ထပ်တည်းသာ
စားသူ
ညစာစားခြင်းမှ
ကြဉ်ရှောင်သူနေလွဲသောအခါ
စားခြင်းမှ
ကြဉ်ရှောင်သူဟူ၍
မှတ်ကြပါကုန်''ဟု
(ဆိုပြန်၏)။
အာနန္ဒာ
ထိုအခါ၌
ထိုဥပါသကာ
ငါးရာတို့အား
ဤအကြံသည်
ဖြစ်ပြန်၏။
''အသျှင်ဂဝေသီသည်
ငါတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာ
အဖြစ်ကို)
ဆောက်တည်စေ၏၊
အသျှင်ဂဝေသီပင်
တစ်ထပ်တည်းသာ
စားသူ ညစာစားခြင်းမှ
ကြဉ်
ရှောင်သူနေလွဲသောအခါ
စားခြင်းမှ
ကြဉ်ရှောင်သူ
ဖြစ်တုံဘိသေး၏၊
ငါတို့သည်ကား
အဘယ့်ကြောင့်
မဖြစ်ဘဲရှိရာအံ့နည်း''ဟု
(အကြံဖြစ်ပြန်၏)။
အာနန္ဒာ
ထို့နောက်
ထိုဥပါသကာ
ငါးရာတို့သည်
ဂဝေသီ
ဥပါသကာထံသို့
ချဉ်းကပ်၍
ဂဝေသီဥပါသကာအား
ဤစကားကို
ဆိုကုန်၏ -
''အသျှင်ဂဝေသီ
ယနေ့မှစ၍
ဤဥပါသကာငါးရာတို့ကိုလည်း
တစ်ထပ်တည်းသာ
စားသူ
ညစာစားခြင်းမှ
ကြဉ်ရှောင်သူ
နေလွဲသောအခါ
စားခြင်းမှ ကြဉ်ရှောင်သူတို့ဟူ၍
မှတ်ပါလော့''ဟု
(ပြောဆိုကြကုန်၏)။
အာနန္ဒာ
ထိုအခါ၌ ဂဝေသီဥပါသကာအား
ဤအကြံသည်
ဖြစ်ပြန်၏ -
''ငါသည်
ဤဥပါသကာငါးရာတို့အား
ကျေးဇူးများ၏၊
ရှေ့သွားခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာအဖြစ်ကို)
ဆောက်တည်စေ၏၊
ငါသည်လည်း
သီလတို့နှင့်
ပြည့်စုံစွာ
ဖြည့်ကျင့်လေ့ရှိ၏၊
ဤဥပါသကာငါးရာတို့သည်လည်း
သီလတို့၌
ပြည့်စုံစွာ
ဖြည့်ကျင့်လေ့ရှိကုန်၏၊
ငါသည်လည်း
မြတ်သော
အကျင့်ကိုကျင့်၏၊
(အကျင့်ယုတ်မှ)
ဝေးစွာ
ကြဉ်ရှောင်၏၊
ရွာသူတို့၏
အကျင့်ဟု
ဆိုအပ်သော
မေထုန်မှ
ကြဉ်ရှောင်ကြ၏၊
ဤဥပါသကာငါးရာတို့သည်လည်း
မြတ်သော
အကျင့်ကို
ကျင့်ကုန်၏၊
(အကျင့်ယုတ်မှ)
ဝေးစွာ
ကြဉ်ရှောင်ကုန်၏၊
ရွာသူတို့၏
အကျင့်ဟု
ဆိုအပ်သော
မေထုန်မှ
ကြဉ်ရှောင်ကုန်၏၊
ငါသည်လည်း
တစ်ထပ်တည်းသာ
စား၏၊
ညစာစားခြင်းမှ
ကြဉ်ရှောင်၏၊
နေလွဲသောအခါ
စားခြင်းမှ
ကြဉ်ရှောင်၏၊
ဤဥပါသကာငါးရာတို့သည်လည်း
တစ်ထပ်တည်းသာ
စားကုန်၏၊
ညစာစားခြင်းမှ
ကြဉ်ရှောင်ကုန်၏၊
နေလွဲသောအခါ
စားခြင်းမှ
ကြဉ်ရှောင်ကုန်၏၊
ဤသို့
ဖြစ်ခြင်းသည်
တူညီနေ၏၊ တစ်စုံတစ်ရာလွန်ကဲမှု
မရှိ၊ ယခုအခါ
ငါသည်
လွန်ကဲရန်
ကျင့်မည်''ဟု
(အကြံ
ဖြစ်ပြန်၏)။
အာနန္ဒာ
ထိုအခါ၌
ဂဝေသီဥပါသကာသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ဤစကားကိုလျှောက်၏
-
''အသျှင်ဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရားအထံတော်၌
ရှင်အဖြစ်ကို
ရလိုပါ၏၊
ရဟန်းအဖြစ်ကိုရလိုပါ၏''ဟု
(လျှောက်၏)။
အာနန္ဒာ
ဂဝေသီဥပါသကာသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏
အထံတော်၌
ရှင်အဖြစ်
ရဟန်းအဖြစ်ကိုရလေ၏။
အာနန္ဒာ
ရဟန်းဖြစ်၍
မကြာသေးသော
အသျှင်ဂဝေသီသည်
တစ်ယောက်တည်း
ဆိတ်ငြိမ်ရာသို့ကပ်ပြီးလျှင်
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်)သို့စေလွှတ်သော
စိတ်ရှိသည်ဖြစ်၍
နေသည်ရှိသော်
ကောင်းစွာသာလျှင်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သည့်
အတုမရှိသော
မြတ်သော
အကျင့်၏ အဆုံးဖြစ်သော
အရဟတ္တဖိုလ်ကို
ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်
မျက်မှောက်ပြုလျက်
ရောက်၍နေရ၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သောအကျင့်ကို့ကျင့်သုံးပြီးပြီ၊
(မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်)
ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်မရှိတော့''ဟု
သိ၏၊
အသျှင်ဂဝေသီသည်
ရဟန္တာတို့တွင်
တစ်ပါးအပါအဝင်
ဖြစ်၏။
အာနန္ဒာ
ထိုအခါ၌
ထိုဥပါသကာငါးရာတို့အား
ဤ အကြံသည်
ဖြစ်ပြန်၏။
''အသျှင်ဂဝေသီသည်
ငါတို့အား
ကျေးဇူးများ၏၊
ရှေ့သွား
ခေါင်းဆောင်
ဖြစ်၏၊
(ဥပါသကာအဖြစ်ကို)
ဆောက်တည်စေ၏၊
အသျှင်ဂဝေသီပင်
ဆံမုတ်ဆိတ်ကို
ရိတ်ပြီးလျှင်
ဖန်ရည်ဆိုးသောအဝတ်ကို
ဝတ်၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်တုံဘိသေး၏၊
ငါတို့သည်ကားအဘယ့်ကြောင့်
မဝင်ရောက်ဘဲ
ရှိရာအံ့နည်း''ဟု
(အကြံဖြစ်ပြန်၏)။
အာနန္ဒာ
ထိုအခါ၌
ထိုဥပါသကာ
ငါးရာတို့သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
ဤစကားကိုလျှောက်၏
-
''အသျှင်ဘုရား
အကျွန်ုပ်တို့သည်
မြတ်စွာဘုရား
အထံတော်၌
ရှင်အဖြစ်ကို
ရလိုပါကုန်၏၊
ရဟန်းအဖြစ်ကို
ရလိုပါကုန်၏''ဟု
(လျှောက်၏)။
အာနန္ဒာ
ထိုဥပါသကာ
ငါးရာတို့သည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ကဿပမြတ်စွာဘုရား၏
အထံတော်၌
ရှင်အဖြစ်ရဟန်းအဖြစ်ကို
ရကုန်၏။
အာနန္ဒာ
ထိုအခါ၌
ဂဝေသီရဟန်းအား
ဤ အကြံသည် ဖြစ်ပြန်၏
-
''ငါသည်ကား
အတုမရှိသော ဤ
လွတ်မြောက်မှု
ချမ်းသာ
'ဝိမုတ္တိသုခ'
ကို
အလိုရှိတိုင်း
မငြိုငြင်မပင်ပန်းဘဲ
ရ၏၊
ဤရဟန်းငါးရာတို့သည်လည်း
အတုမရှိသော
ဤလွတ်မြောက်မှု
ချမ်းသာ 'ဝိမုတ္တိသုခ'ကို
အလိုရှိတိုင်း
မငြိုငြင်
မပင်ပန်းဘဲ
ရကုန်သည်
ဖြစ်ပါကုန်မူကား
ကောင်းလေစွ''ဟု
(အကြံဖြစ်၏)။
အာနန္ဒာ
ထိုအခါ
ရဟန်းငါးရာတို့သည်
ဆိတ်ငြိမ်ရာသို့
ကပ်ပြီးလျှင်
မမေ့မလျော့
ပြင်းစွာအားထုတ်လျက်
(နိဗ္ဗာန်သို့)စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍
နေသည်ရှိသော်
ကောင်းစွာသာလျှင်လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ကြသော
အမျိုးကောင်းသားများ
လိုလားအပ်သည့်
အတုမရှိသော
မြတ်သော
အကျင့်၏
အဆုံးဖြစ်သော
အရဟတ္တဖိုလ်ကို
ယခုဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်မျက်မှောက်ပြုလျက်
ရောက်၍
နေရကုန်၏၊
''ပဋိသန္ဓေနေမှုကုန်ပြီ၊
မြတ်သော
အကျင့်ကိုကျင့်သုံးပြီးပြီ၊
(မဂ်)
ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်) ကိစ္စအလို့ငှါ
တစ်ပါးသော
ပြုဖွယ်
မရှိတော့''ဟုသိကုန်၏။
အာနန္ဒာ
ဤသို့လျှင်
ဂဝေသီ
အမှူးရှိသော
ထိုငါးရာသော
ရဟန်းတို့သည်
လွန်ကဲသည်ထက်လွန်ကဲသော
မြတ်သည်ထက်
မြတ်သော
လုံ့လကို
အားထုတ်ကုန်သည်ဖြစ်၍
အတုမရှိသော
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'
ကို
မျက်မှောက်ပြုကြကုန်၏။
အာနန္ဒာ
ထို့ကြောင့်သာလျှင်
ဤသာသနာတော်၌
''လွန်ကဲသည်ထက်
လွန်ကဲသော
မြတ်သည်ထက်မြတ်သော
လုံ့လကို
အားထုတ်ကုန်သည်ဖြစ်၍
အတုမရှိသော
လွတ်မြောက်မှု
'အရဟတ္တဖိုလ်'
ကိုမျက်မှောက်ပြုကုန်အံ့''ဟု
ကျင့်ရမည်၊
အာနန္ဒာ
ဤအတိုင်းပင်
သင်သည်
ကျင့်ရမည်ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက်
ဥပါသကဝဂ်
ပြီး၏။
------
(၁၉)
၄-အရညဝဂ်
၁-အာရညိကသုတ်
၁၈၁။
ရဟန်းတို့
တောနေရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပညာနုံ့သည်၏
အဖြစ်
တွေဝေသည်၏
အဖြစ်ကြောင့်
တော၌ နေ၏။
ယုတ်ညံ့သော
အလိုရှိ၍
အလိုဆိုး
နှိပ်စက်အပ်သည်ဖြစ်၍
တော၌ နေ၏။
ရူးသွပ်ခြင်း
စိတ်ပျံ့လွင့်ခြင်းကြောင့်
တော၌ နေ၏။
မြတ်စွာဘုရားတို့သည်လည်းကောင်း၊
မြတ်စွာဘုရား၏
တပည့်သာဝကတို့သည်လည်းကောင်းချီးမွမ်းအပ်၏ဟု
(နှလုံးသွင်း၍)
တော၌ နေ၏။
အလိုနည်းမှု
ရောင့်ရဲမှု
ခေါင်းပါးမှု
ဆိတ်ငြိမ်မှု
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍ တော၌
နေ၏။
ရဟန်းတို့
တောနေရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤတောနေ
ရဟန်းငါးမျိုးတို့တွင်
အလိုနည်းမှု
ရောင့်ရဲမှု
ခေါင်းပါးမှု
ဆိတ်ငြိမ်မှု
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍ တော၌ နေသော
ရဟန်းသည်
လွန်ကဲ၏၊
မြတ်၏၊
အကြီးအမှူးလည်း
ဖြစ်၏၊
မြင့်မြတ်၏၊
လွန်မြတ်၏။
ရဟန်းတို့
နွားမမှ
နို့ရည်၊
နို့ရည်မှ နို့ဓမ်း၊
နို့ဓမ်းမှ
ဆီဦး၊ ဆီဦးမှ
ထောပတ်၊ ထောပတ်မှထောပတ်ကြည်
ဖြစ်၏။
ထိုသို့ဖြစ်ရာ၌
(ထောပတ်ကြည်ကို)
မြတ်၏ဟု
ဆိုအပ်သကဲ့သို့
ရဟန်းတို့
ထို့အတူ သာလျှင်
ဤတောနေ
ရဟန်းငါးမျိုးတို့တွင်
အလိုနည်းမှု
ရောင့်ရဲမှု
ခေါင်းပါးမှု
ဆိတ်ငြိမ်မှု
အကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍ တော၌
နေသော
ရဟန်းသည်
လွန်ကဲ၏၊ မြတ်၏၊
အကြီးအမှူးလည်းဖြစ်၏၊
မြင့်မြတ်၏၊
လွန်မြတ်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-စီဝရသုတ်
၁၈၂။
ရဟန်းတို့
ပံ့သကူဓူတင်ဆောင်
ရဟန်းတို့သည်
ဤရဟန်းငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပညာနုံ့သည်၏
အဖြစ်
တွေဝေသည်၏
အဖြစ်ကြောင့်
ပံ့သကူဓူတင်ကို
ဆောင်၏။ပ။
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍
ပံ့သကူဓူတင်ကို
ဆောင်၏။
ရဟန်းတို့
ပံ့သကူဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ရုက္ခမူလိကသုတ်
၁၈၃။
ရဟန်းတို့
ရုက္ခမူဓူတင်ဆောင်
ရဟန်းတို့သည်
ဤရဟန်းငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပညာနုံ့သည်၏
အဖြစ်
တွေဝေသည်၏
အဖြစ်ကြောင့်
ရုက္ခမူဓူတင်ကို
ဆောင်၏။ပ။
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍
ရုက္ခမူဓူတင်ကို
ဆောင်၏။
ရဟန်းတို့
ရုက္ခမူဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-သောသာနိကသုတ်
၁၈၄။
ရဟန်းတို့
သုသာန်ဓူတင်ဆောင်
ရဟန်းတို့သည်
ဤရဟန်းငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပညာနုံ့သည်၏
အဖြစ်
တွေဝေသည်၏
အဖြစ်ကြောင့်
သုသာန်ဓူတင်ကို
ဆောင်၏။ပ။
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍
သုသာန်ဓူတင်ကို
ဆောင်၏။
ရဟန်းတို့
သုသာန်ဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-အဗ္ဘောကာသိကသုတ်
၁၈၅။
ရဟန်းတို့
အဗ္ဘောကာသိကဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။ပ။
ပဉ္စမသုတ်။
------
၆-နေသဇ္ဇိကသုတ်
၁၈၆။
ရဟန်းတို့
နိသဇ်ဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။ပ။
ဆဋ္ဌသုတ်။
------
၇-ယထာသန္ထတိကသုတ်
၁၈၇။
ရဟန်းတို့
ယထာသန္ထတိဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။ပ။
သတ္တမသုတ်။
------
၈-ဧကာသနိကသုတ်
၁၈၈။
ရဟန်းတို့
ဧကာသနိကဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။ပ။
အဋ္ဌမသုတ်။
------
၉-ခလုပစ္ဆာဘတ္တိကသုတ်
၁၈၉။
ရဟန်းတို့
ခလုပစ္ဆာ
ဘတ္တိကဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။ပ။
နဝမသုတ်။
------
၁၀-ပတ္တပိဏ္ဍိကသုတ်
၁၉၀။
ရဟန်းတို့
ပတ္တပိုဏ်ဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ပညာနုံ့သည်၏
အဖြစ်
တွေဝေသည်၏
အဖြစ်ကြောင့်
ပတ္တပိုဏ်ဓူတင်ကို
ဆောင်၏။ပ။
ယုတ်ညံ့သော
အလိုရှိ၍
အလိုဆိုး
နှိပ်စက်အပ်သည်ဖြစ်၍
ပတ္တပိုဏ်ဓူတင်ကို
ဆောင်၏။
ရူးသွပ်ခြင်း
စိတ်ပျံ့လွင့်ခြင်းကြောင့်
ပတ္တပိုဏ်ဓူတင်ကို
ဆောင်၏။
မြတ်စွာဘုရားတို့သည်လည်းကောင်း၊
မြတ်စွာဘုရား၏
တပည့်သာဝကတို့သည်လည်းကောင်းချီးမွမ်းအပ်၏ဟု
(နှလုံးသွင်း၍)
ပတ္တပိုဏ်ဓူတင်ကို
ဆောင်၏။
အလိုနည်းမှု
ရောင့်ရဲမှု
ခေါင်းပါးမှု
ဆိတ်ငြိမ်မှု
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍ပတ္တပိုဏ်ဓူတင်ကို
ဆောင်၏။
ရဟန်းတို့
ပတ္တပိုဏ်ဓူတင်ဆောင်
ရဟန်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤပတ္တပိုဏ်ဓူတင်ဆောင်
ရဟန်းငါးမျိုးတို့တွင်
အလိုနည်းမှု
ရောင့်ရဲမှု
ခေါင်းပါးမှုဆိတ်ငြိမ်မှု
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍
ပတ္တပိုဏ်ဓူတင်ဆောင်
ရဟန်းသည်
လွန်ကဲ၏၊
မြတ်၏၊
အကြီးအမှူးလည်း
ဖြစ်၏၊
မြင့်မြတ်၏၊
လွန်မြတ်၏
ရဟန်းတို့
နွားမမှ
နို့ရည်၊
နို့ရည်မှ နို့ဓမ်း၊
နို့ဓမ်းမှ
ဆီဦး၊ ဆီဦးမှ
ထောပတ်၊ ထောပတ်မှထောပတ်ကြည်
ဖြစ်၏။
ထိုသို့ဖြစ်ရာ၌
(ထောပတ်ကြည်ကို)
မြတ်၏ဟု
ဆိုအပ်သကဲ့သို့
ရဟန်းတို့ထို့အတူ
သာလျှင်
ဤပတ္တပိုဏ်ဓူတင်ဆောင်
ရဟန်းငါးမျိုးတို့တွင်
အလိုနည်းမှု
ရောင့်ရဲမှု
ခေါင်းပါးမှုဆိတ်ငြိမ်မှု
ဤအကျင့်ဖြင့်
အကျိုးရှိမှုကိုသာလျှင်
မှီ၍
ပတ္တပိုဏ်ဓူတင်ဆောင်သော
ရဟန်းသည်လွန်ကဲ၏၊
မြတ်၏၊
အကြီးအမှူးလည်း
ဖြစ်၏၊
မြင့်မြတ်၏၊
လွန်မြတ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက်
အရညဝဂ်
ပြီး၏။
------
(၂၀)
၅-ဗြာဟ္မဏဝဂ်
၁-သောဏသုတ်
၁၉၁။
ရဟန်းတို့
ဤရှေးဟောင်း
ပုဏ္ဏားသဘော ငါးမျိုးတို့ကို
ယခုအခါ
ခွေးတို့၌
တွေ့မြင်ရကုန်၏၊
ပုဏ္ဏားတို့၌
မတွေ့မြင်ရကုန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ရှေးအခါက
ပုဏ္ဏားတို့သည်
ပုဏ္ဏေးမကိုသာလျှင်
သွားလာကုန်၏၊
ပုဏ္ဏေးမ
မဟုတ်သူ
ကိုမသွားလာကုန်၊
ရဟန်းတို့
ယခုအခါ၌ ကား
ပုဏ္ဏားတို့သည်
ပုဏ္ဏေးမကိုလည်း
သွားလာကုန်၏၊
ပုဏ္ဏေးမမဟုတ်သူကိုလည်း
သွားလာကုန်၏။
ရဟန်းတို့
ယခုအခါ၌
ခွေးတို့သည်
ခွေးမကိုသာလျှင်
သွားလာကုန်၏၊
ခွေးမ
မဟုတ်သည်ကိုမသွားလာကုန်၊
ရဟန်းတို့
ဤသည်ကား
ယခုအခါ
ခွေးတို့၌ သာ
တွေ့မြင်ရ၍
ပုဏ္ဏားတို့၌
မတွေ့မြင်ရသော
ပဌမ
ရှေးဟောင်း
ပုဏ္ဏားသဘောပေတည်း။
ရဟန်းတို့
ရှေးအခါက
ပုဏ္ဏားတို့သည်
ဥတုလာသော
ပုဏ္ဏေးမကိုသာလျှင်
သွားလာကုန်၏၊
ဥတုမလာသော
ပုဏ္ဏေးမကို
မသွားလာကုန်၊
ရဟန်းတို့
ယခုအခါ၌ ကား
ပုဏ္ဏားတို့သည်
ဥတုလာသောပုဏ္ဏေးမကိုလည်း
သွားလာကုန်၏၊
ဥတုမလာသော
ပုဏ္ဏေးမကိုလည်း
သွားလာကုန်၏။
ရဟန်းတို့
ယခုအခါ၌
ခွေးတို့သည်
ဥတုလာသော ခွေးမကိုသာလျှင်
သွားလာကုန်၏၊
ဥတုမလာ သောခွေးမကို
မသွားလာကုန်။
ရဟန်းတို့
ဤသည်ကား
ယခုအခါ
ခွေးတို့၌ သာ
တွေ့မြင်ရ၍
ပုဏ္ဏားတို့၌
မတွေ့မြင်ရသော
ဒုတိယရှေးဟောင်း
ပုဏ္ဏားသဘောပေတည်း။
ရဟန်းတို့
ရှေးအခါက
ပုဏ္ဏားတို့သည်
ပုဏ္ဏေးမကို
မဝယ်ကုန်၊
မရောင်းကုန်၊
အချင်းချင်းချစ်မြတ်နိုးသဖြင့်သာလျှင်
အစဉ်အလာကို
ဖွဲ့စပ်ရန်
ပေါင်းဖော်ကြကုန်၏။
ရဟန်းတို့
ယခုအခါ၌ ကား
ပုဏ္ဏားတို့သည်
ပုဏ္ဏေးမကို
ဝယ်လည်း
ဝယ်ကုန်၏၊ ရောင်းလည်းရောင်းကုန်၏၊
အချင်းချင်း
ချစ်မြတ်နိုးသဖြင့်လည်း
အစဉ်အလာကို
ဖွဲ့စပ်ရန်
ပေါင်းဖော်ကြကုန်၏။
ရဟန်းတို့
ယခုအခါ၌
ခွေးတို့သည်
ခွေးမကို မရောင်း
မဝယ်ကုန်၊
အချင်းချင်း
ချစ်မြတ်နိုးသဖြင့်သာလျှင်
အစဉ်အလာကို
ဖွဲ့စပ်ရန်
ပေါင်းဖော်ကြကုန်၏။
ရဟန်းတို့
ဤသည်ကား
ယခုအခါ
ခွေးတို့၌
သာလျှင်
တွေ့မြင်ရ၍
ပုဏ္ဏားတို့၌
မတွေ့မြင်ရသောတတိယ
ရှေးဟောင်း
ပုဏ္ဏားသဘောပေတည်း။
ရဟန်းတို့
ရှေးအခါက
ပုဏ္ဏားတို့သည်
ဥစ္စာ စပါး
ငွေ ရွှေကို
မသိုမှီး
မသိမ်းဆည်းကြကုန်၊
ရဟန်းတို့
ယခုအခါ၌ ကား
ပုဏ္ဏားတို့သည်
ဥစ္စာ စပါး
ငွေ ရွှေကို
သိုမှီး
သိမ်းဆည်းကြကုန်၏။
ရဟန်းတို့
ယခုအခါ၌
ခွေးတို့သည်
ဥစ္စာ စပါး
ငွေ ရွှေကို
မသိုမှီး
မသိမ်းဆည်းကြကုန်။
ရဟန်းတို့
ဤသည်ကား
ယခုအခါ
ခွေးတို့၌
သာလျှင်
တွေ့မြင်ရ၍
ပုဏ္ဏားတို့၌
မတွေ့မြင်ရသောစတုတ္ထ
ရှေးဟောင်း
ပုဏ္ဏားသဘောပေတည်း။
ရဟန်းတို့
ရှေးအခါက
ပုဏ္ဏားတို့သည်
ညအခါ ညစာအလို့ငှါ
နံနက်အခါ
နံနက်စာအလို့ငှါ
အစား့အစာကို
ရှာကုန်၏၊
ရဟန်းတို့
ယခုအခါ၌ ကား
ပုဏ္ဏားတို့သည်
အလိုရှိတိုင်း
ဝမ်းပြည့်အောင်
စားပြီးလျှင်
အကြွင်းကို
ယူ၍
သွားကုန်၏။
ရဟန်းတို့
ယခုအခါ၌
ခွေးတို့သည်
ညအခါ၌ ညစာအလို့ငှါ
နံနက်အခါ၌
နံနက်စာအလို့ငှါ
အစားအစာကို
ရှာကုန်၏။
ရဟန်းတို့
ဤသည်ကား
ယခုအခါ
ခွေးတို့၌
သာလျှင်
တွေ့မြင်ရ၍
ပုဏ္ဏားတို့၌
မတွေ့မြင်ရသော
ပဉ္စမရှေးဟောင်း
ပုဏ္ဏားသဘောပေတည်း။
ရဟန်းတို့
ဤရှေးဟောင်း
ပုဏ္ဏားသဘော
ငါးမျိုးတို့ကို
ယခုအခါ
ခွေးတို့၌ သာ
တွေ့မြင်ရကုန်၏၊
ပုဏ္ဏားတို့၌
မတွေ့မြင်ရကုန်ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒေါဏဗြာဟ္မဏသုတ်
၁၉၂။
ထိုအခါ
ဒေါဏပုဏ္ဏားသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်
ပြောဆို၏၊ ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို
ပြောဆိုပြီးဆုံးစေ
ပြီးနောက်တစ်ခုသော
နေရာ၌ ထိုင်ပြီးသော်
မြတ်စွာဘုရားအား
-
အသျှင်ဂေါတမ
''ရဟန်းဂေါတမသည်
အိုမင်း
ကြီးမြင့်
အရွယ်ရင့်ကာ
ဆင့်ဆင့်လွန်မြောက်နောက်ဆုံးအရွယ်သို့
ရောက်ကုန်သော
ပုဏ္ဏားတို့ကို
ရှိလည်း မခိုး၊
ခရီးဦးလည်း
မကြိုဆို၊
နေရာလည်း
မပေး''ဟူသော
စကားကို
အကျွန်ုပ်
ကြားဖူးပါ၏၊
ထိုစကားသည်
ကြားသည့်အတိုင်းမှန်သည်
သာတည်း၊ အသျှင်ဂေါတမသည်
အိုမင်း ကြီးမြင့်
အရွယ်ရင့်ကာ
ဆင့်ဆင့်လွန်မြောက်နောက်ဆုံးအရွယ်သို့
ရောက်ကုန်သော
ပုဏ္ဏားတို့ကို
ရှိလည်း
မခိုး၊
ခရီးဦးလည်း
မကြိုဆို၊
နေရာလည်း
မပေး၊ အသျှင်
ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို
မပြုခြင်း)
သည်မသင့်လျော်သည်သာတည်းဟု
လျှောက်၏။
ဒေါဏ
သင်သည်လည်း
ပုဏ္ဏားဟု
ဝန်ခံပါသလောဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
''ပုဏ္ဏားသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ်ရှိ၏၊ ဘိုး
ဘေးခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ၊
အကဲ့ရဲ့
မခံရ၊
ဝေဒကျမ်းလာ ဂါထာတို့ကို
ရွတ်ဆိုတတ်၏၊
ဝေဒကျမ်းတို့ကို
ဆောင်၏၊
အဘိဓာန်'နိဃဏ္ဍု'
ကျမ်း၊
အလင်္ကာ 'ကေဋုဘ'ကျမ်း၊
သဒ္ဒါ
'အက္ခရပ္ပဘေဒ'
ကျမ်း၊ ငါးခုမြောက်
ဣတိဟာသကျမ်း
နှင့်တကွ
ဗေဒင်သုံးပုံတို့၏
တစ်ဖက်ကမ်းသို့
ရောက်၏၊
ပဒကျမ်းကို
တတ်၏၊
ဗျာကရုဏ်းကျမ်းကို
တတ်၏၊ လောကာယတကျမ်း၊
မဟာပုရိသလက္ခဏာကျမ်းတို့၌
အကြွင်းမဲ့တတ်မြောက်၏''ဟူသော
စကားကို
ကောင်းစွာ
ဆိုလိုသော
သူသည် အကျွန်ုပ်ကိုသာလျှင်
ဆိုလတ်သော်ကောင်းစွာ
ဆိုရာ
ရောက်၏။
အသျှင်ဂေါတမ
''အကျွန်ုပ်သည်ကား
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသောဇာတ်ရှိပါသည်၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိပါသည်၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ
အကဲ့ရဲ့
မခံရပါ၊ ဝေဒကျမ်းလာဂါထာတို့ကို
ရွတ်ဆိုတတ်ပါသည်၊
ဝေဒကျမ်းတို့ကိုဆောင်ပါသည်၊
အဘိဓာန်
'နိဃဏ္ဍု'
ကျမ်း၊
အလင်္ကာ'ကေဋုဘ'ကျမ်း၊
သဒ္ဒါ 'အက္ခရပ္ပဘေဒ'
ကျမ်း၊
ငါးခုမြောက်
ဣတိဟာသကျမ်းနှင့်
တကွ
ဗေဒင်သုံးပုံတို့၏
တစ်ဖက်ကမ်းသို့
ရောက်ပါသည်၊
ပဒကျမ်းကိုတတ်ပါသည်၊
ဗျာကရုဏ်းကျမ်းကို
တတ်ပါသည်၊
လောကာယတကျမ်း၊
မဟာပုရိသလက္ခဏာကျမ်းတို့၌
အကြွင်းမဲ့
တတ်မြောက်ပါသည်''ဟု
(လျှောက်၏)။
ဒေါဏ
ဗေဒင်သုံးပုံဆောင်
ပုဏ္ဏားတို့၏
လက်ဦးဆရာဖြစ်ကုန်သော
ဝေဒကျမ်းတို့ကို
စီရင်ကုန်
သော
ဝေဒကျမ်းတို့ကို
ပို့ချကုန်သော
အကြင်ရသေ့တို့သည်
ရှိကုန်၏၊
ယခုအခါ
ပုဏ္ဏားတို့သည်
ယင်း (ရသေ့)
တို့ သီဆို
ပို့ချ
ပေါင်းစုထားသော
ထိုရှေးဟောင်း
ဝေဒကျမ်းကို
လိုက်၍
သီဆိုကုန်၏၊
လိုက်၍ရွတ်ဆိုကုန်၏၊
ရွတ်ဆိုထားတိုင်း
လိုက်၍
ရွတ်ဆိုကုန်၏၊
ရွတ်အံသရဇ္ဈာယ်တိုင်းလိုက်၍
ရွတ်အံသရဇ္ဈာယ်ကုန်၏၊
ပို့ချထားတိုင်း
လိုက်၍ ပို့ချကုန်၏၊
ဤရသေ့တို့ကား
အဘယ်နည်း၊
အဋ္ဌကရသေ့
ဝါမကရသေ့
ဝါမဒေဝရသေ့
ဝေဿာ
မိတ္တရသေ့
ယမဒဂ္ဂိရသေ့
အင်္ဂ
ီရသရသေ့ဘာရဒွါဇရသေ့
ဝါသေဋ္ဌရသေ့
ကဿပ ရသေ့
ဘဂုရသေ့
တို့တည်း။
ထိုရသေ့တို့၏
တပည့်ပုဏ္ဏားတို့သည်
-
ဗြဟ္မာနှင့်တူသော
ပုဏ္ဏား။
နတ်နှင့်တူသော
ပုဏ္ဏား။
စည်းကမ်းရှိသော
ပုဏ္ဏား။
စည်းကမ်းပျက်သော
ပုဏ္ဏား။
ငါးယောက်မြောက်
ဒွန်းစဏ္ဍားနှင့်တူသော
ပုဏ္ဏားဟူ၍
ဤပုဏ္ဏားငါးမျိုးတို့ကို
ပညတ်ကုန်၏။
ဒေါဏ
သင်သည်
ထိုပုဏ္ဏားငါးမျိုးတို့တွင်
အဘယ်အမျိုးအစားနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
အကျွန်ုပ်သည်
ပုဏ္ဏားငါးမျိုးတို့ကို
မသိပါကုန်၊
စင်စစ်သော်ကား
အကျွန်ုပ်တို့
သည်ပုဏ္ဏားတို့ဟူ၍သာ
သိပါကုန်၏။
အသျှင်ဂေါတမသည်
အကျွန်ုပ်အား
ဤပုဏ္ဏားငါးမျိုးတို့ကို
သိနိုင်အောင်
တရားဟောတော်မူပါရန်တောင်းပန်ပါ၏ဟု
(လျှောက်၏)။
ဒေါဏသို့ဖြစ်လျှင်
နာလော့၊
ကောင်းစွာ နှလုံးသွင်းလော့၊
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဂေါတမ
ကောင်းပါပြီ''ဟု
ဒေါဏပုဏ္ဏားသည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၏၊
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူ၏ -
ဒေါဏ
အဘယ်သို့လျှင်
ပုဏ္ဏားသည်
ဗြဟ္မာနှင့်တူသနည်း။
ဒေါဏ
ဤလောက၌
ပုဏ္ဏားသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ် ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရအကဲ့ရဲ့
မခံရ၊
ထိုပုဏ္ဏားသည်
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ
အကျင့်ကို
ကျင့်၏။ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်ပြီးလျှင်
ဆရာအား
(ပူဇော်ရန်) ဆရာတွက်
ဥစ္စာကို
တရားသဖြင့်သာလျှင်
ရှာမှီး၏၊
မတရားသဖြင့်
မရှားမှီး။
ဒေါဏ
ထိုဥစ္စာရှာမှီးရာ၌
တရားဟူသည်
အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း
နွားမွေးခြင်း
စစ်မှုထမ်းခြင်း
မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊
အတတ်ပညာတစ်မျိုးမျိုးဖြင့်လည်းကောင်း
မရှာမှီး၊
တောင်းရမ်းသော
အကျင့်သက်သက်ဖြင့်သာလျှင်ခွက်ကို
မထီမဲ့မြင်
မပြုမူ၍
ရှာမှီး၏၊
ထိုသူသည်
ဆရာအား
(ပူဇော်ရန်)
ဆရာတွက်
ဥစ္စာကိုအပ်နှင်းခဲ့၍
ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်၏။
ထိုသူသည်
ဤသို့
ရဟန်းပြုပြီးသည်ရှိသော်
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသော အရပ်မျက်နှာကို
ပျံ့နှံ့စေ၍
နေ၏၊ ထို့အတူ
နှစ်ခုမြောက်
အရပ်မျက်နှာကို။
သုံးခုမြောက်
အရပ်မျက်နှာကို။
လေးခုမြောက်
အရပ်မျက်နှာကို
ပျံ့နှံ့စေ၍
နေ၏၊
ဤနည်းဖြင့် အထက်အောက်ဖီလာ
အလုံးစုံသောအရပ်မျက်နှာတို့၌
ရှိသော
သတ္တဝါအားလုံးကို
မိမိနှင့်အတူပြု၍
သတ္တဝါအားလုံးပါဝင်သော
သတ္တလောကကိုပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်ခြင်းမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေ၍
နေ၏။
ကရုဏာနှင့်ယှဉ်သော
စိတ်ဖြင့်။ပ။
မုဒိတာနှင့်ယှဉ်သောစိတ်ဖြင့်။ပ။
လျစ်လျူရှုခြင်း
'ဥပေက္ခာ'
နှင့်ယှဉ်သော
စိတ်ဖြင့်
တစ်ခုသော
အရပ်မျက်နှာကို
ပျံ့နှံ့စေ၍
နေ၏။ ထို့အတူ
နှစ်ခုမြောက်
အရပ်မျက်နှာကို။
သုံးခုမြောက်
အရပ်မျက်နှာကို။
လေးခုမြောက်
အရပ်မျက်နှာကိုပျံ့နှံ့စေ၍
နေ၏။
ဤနည်းအားဖြင့်
အထက်အောက်ဖီလာ
အလုံးစုံသော
အရပ်မျက်နှာတို့၌
ရှိသောသတ္တဝါအားလုံးကို
မိမိနှင့်အတူ
ပြု၍
သတ္တဝါအားလုံးပါဝင်သော
သတ္တလောကကို
ပြန့်ပြောသောမြင့်မြတ်
သော
အတိုင်းအရှည်မရှိသော
ရန်မရှိ သော
ငြိုငြင်ခြင်းမရှိသော
လျစ်လျူရှုခြင်း
'ဥပေက္ခာ'နှင့်ယှဉ်သော
စိတ်ဖြင့် ပျံ့နှံ့စေ၍
နေ၏။
ထိုသူသည်
ဤဗြဟ္မဝိဟာရတရား
လေးပါးတို့ကို
ပွါးများပြီးလျှင်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီး သည်မှနောက်၌
ကောင်းသော
သူတို့၏
လားရာဖြစ်သော
ဗြဟ္မာ့ပြည်သို့
ရောက်၏။
ဒေါဏ
ဤသို့လျှင်
ပုဏ္ဏားသည်
ဗြဟ္မာနှင့်တူ၏။
(၁)
ဒေါဏ
အဘယ်သို့လျှင်
ပုဏ္ဏားသည်
နတ်နှင့်တူသနည်း။
ဒေါဏ
ဤလောက၌
ပုဏ္ဏားသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ် ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ
အကဲ့ရဲ့ မခံရ၊
ထိုပုဏ္ဏားသည်
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယအကျင့်ကို
ကျင့်၏၊
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်ပြီးလျှင်
ဆရာအား
(ပူဇော်ရန်) ဆရာအတွက်
ဥစ္စာကိုတရားသဖြင့်သာလျှင်
ရှာမှီး၏၊
မတရားသဖြင့်
မရှားမှီး။
ဒေါဏ
ထိုဥစ္စာရှာမှီးရာ၌
တရားဟူသည်
အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း
နွားမွေးခြင်း
စစ်မှုထမ်းခြင်း
မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊
အတတ်ပညာတစ်မျိုးမျိုးဖြင့်လည်းကောင်း
မရှာမှီး၊
တောင်းရမ်းသော
အကျင့်သက်သက်ဖြင့်သာလျှင်
ခွက်ကို
မထီမဲ့မြင်
မပြုမူ၍
ရှာမှီး၏၊
ထိုသူသည်
ဆရာအား
(ပူဇော်ရန်)
ဆရာတွက်
ဥစ္စာကို
အပ်နှင်းခဲ့၍တရားသဖြင့်သာလျှင်
မယားကို
ရှာမှီး၏၊
မတရားသဖြင့်
မရှာမှီး။
ဒေါဏ
ထိုမယားရှာရာ၌
တရားဟူသည်
အဘယ်နည်း။
ဝယ်ခြင်း
ရောင်းခြင်းဖြင့်
မရှာမှီး၊ ရေစက်သွန်းချ၍
စွန့်လွှတ်အပ်သော
ပုဏ္ဏေးမကိုသာလျှင်
ရှာမှီး၏၊
ထိုသူသည်
ပုဏ္ဏေးမကိုသာလျှင်
သွားလာ၏၊
မင်းသမီးကုန်သည်အမျိုးသမီး
သူဆင်းရဲ
အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး
မုဆိုးအမျိုးသမီး
နှီးသမားအမျိုးသမီး
သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး
ကိုယ်ဝန်ဆောင်မိန်းမ
နို့တိုက်သော
မိန်းမ
ဥတုမလာသော
မိန်းမတို့ကိုမသွားလာ။
ဒေါဏ
ပုဏ္ဏားသည်
ကိုယ်ဝန်ဆောင်မိန်းမကို
အဘယ့်ကြောင့်
မသွားလာသနည်း။
ဒေါဏ
ပုဏ္ဏားသည်
ကိုယ်ဝန်ဆောင်မိန်းမကို
အကယ်၍
သွားလာခဲ့ပါမူ
ထို
(ကိုယ်ဝန်၌
ရှိသော)
သူငယ်ဖြစ်စေ သူငယ်မဖြစ်စေ
အလွန်ကြီးမားသော
မစင်စု၌ ဖြစ်သည်
မည်၏၊
ထို့ကြောင့်
ပုဏ္ဏားသည်ကိုယ်ဝန်ဆောင်မိန်းမကို
မသွားလာ။
ဒေါဏ
ပုဏ္ဏားသည်
နို့တိုက်သော
မိန်းမကို အဘယ့်ကြောင့်
မသွားလာသနည်း။
ဒေါဏ
ပုဏ္ဏားသည်
နို့တိုက်သော
မိန်းမကို
အကယ်၍
သွားလာခဲ့ပါမူ
ထို
(နို့စို့သော)
သူငယ် ဖြစ်စေသူငယ်မဖြစ်စေ
မစင်မကြယ်
စက်ဆုပ်ဖွယ်ဖြင့်
နှိပ်စက်အပ်သည်
မည်၏၊
ထို့ကြောင့် ပုဏ္ဏားသည်နို့တိုက်သော
မိန်းမကို
မသွားလာ။
ထိုပုဏ္ဏေးမသည်
ထိုပုဏ္ဏားအတွက်
ကာမဂုဏ်ခံစားရန်
မြူးထူးရန်
မွေ့လျော်ရန်
မဟုတ်၊
သား့သမီးရရန်သာ
ဖြစ်၏၊
ထိုပုဏ္ဏားသည်
သားသမီးကို
ဖြစ်စေ၍ ဆံမုတ်ဆိတ်ကို
ပယ်ပြီးလျှင်
ဖန်ရည်ဆိုးသော
အဝတ်တို့ကို
ဝတ်ရုံလျက်
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏။
ထိုသူသည်
ဤသို့
ရဟန်းပြုပြီးသည်ရှိသော်
ကာမဂုဏ်တို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
စတုတ္ထ ဈာန်သို့ရောက်၍
နေ၏၊
ထိုသူသည်
ဤဈာန်လေးပါးတို့ကို
ပွါးများပြီးလျှင်
ခန္ဓာကိုယ်ပျက်စီး၍
သေပြီး
သည်မှနောက်၌
ကောင်းသော သူတို့၏
လားရာဖြစ်သော
ဗြဟ္မာ့ပြည်သို့
ရောက်၏။ ဒေါဏ
ဤသို့လျှင်ပုဏ္ဏားသည်
နတ်နှင့်
တူ၏။ (၂)
ဒေါဏ
အဘယ်သို့လျှင်
ပုဏ္ဏားသည်
စည်းကမ်းရှိသူ
ဖြစ်သနည်း။
ဒေါဏ
ဤလောက၌
ပုဏ္ဏားသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ် ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရအကဲ့ရဲ့
မခံရ၊
ထိုပုဏ္ဏားသည်
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ
အကျင့်ကို
ကျင့်၏။
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်ပြီးလျှင်
ဆရာအား
(ပူဇော်ရန်)
ဆရာအတွက်
ဥစ္စာကို
တရားသဖြင့်သာလျှင်
ရှာမှီး၏၊
မတရားသဖြင့်
မရှာမှီး။
ဒေါဏ
ထိုဥစ္စာရှာမှီးရာ၌
တရားဟူသည်
အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း
နွားမွေးခြင်း
စစ်မှုထမ်းခြင်း
မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊
အတတ်ပညာ
တစ်မျိုးမျိုးဖြင့်လည်းကောင်း
မရှာမှီး၊
တောင်းရမ်းသော
အကျင့်
သက်သက်ဖြင့်သာလျှင်ခွက်ကို
မထီမဲ့မြင်
မပြုမူ၍
ရှာမှီး၏၊
ထိုသူသည်
ဆရာအား (ပူဇော်ရန်)
ဆရာတွက်
ဥစ္စာကို အပ်နှင်းခဲ့၍
တရားသဖြင့်သာလျှင်
မယားကို ရှာမှီး၏၊
မတရားသဖြင့်
မရှာမှီး။
ဒေါဏ
ထိုမယားရှာရာ၌
တရားဟူသည်
အဘယ်နည်း။
ဝယ်ခြင်း
ရောင်းခြင်းဖြင့်
မရှာမှီး၊ ရေစက်သွန်းချ၍
စွန့်လွှတ်အပ်သော
ပုဏ္ဏေးမကိုသာလျှင်
ရှာမှီး၏၊
ထိုသူသည်
ပုဏ္ဏေးမကိုသာလျှင်
သွားလာ၏၊
မင်းသမီးကုန်သည်အမျိုးသမီး
သူဆင်းရဲ
အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး
မုဆိုးအမျိုးသမီး
နှီးသမားအမျိုးသမီး
သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး
ကိုယ်ဝန်ဆောင်မိန်းမ
နို့တိုက်သော
မိန်းမ
ဥတုမလာသော
မိန်းမတို့ကိုမသွားလာ။
ဒေါဏ
ပုဏ္ဏားသည်
ကိုယ်ဝန်ဆောင်မိန်းမကို
အဘယ့်ကြောင့်
မသွားလာသနည်း။
ဒေါဏ
ပုဏ္ဏားသည်
ကိုယ်ဝန်ဆောင်မိန်းမကို
အကယ်၍
သွားလာခဲ့ပါမူ
ထို
(ကိုယ်ဝန်၌
ရှိသော)
သူငယ်ဖြစ်စေ
သူငယ်မဖြစ်စေ
အလွန်ကြီးမားသော
မစင်စု၌
ဖြစ်သည်
မည်၏၊
ထို့ကြောင့်
ပုဏ္ဏားသည်ကိုယ်ဝန်ဆောင်မိန်းမကို
မသွားလာ။
ဒေါဏ
ပုဏ္ဏားသည်
နို့တိုက်သော
မိန်းမကို အဘယ့်ကြောင့်
မသွားလာသနည်း။
ဒေါဏ
ပုဏ္ဏားသည်
နို့တိုက်သော
မိန်းမကို အကယ်၍
သွားလာခဲ့ပါမူ
ထို
(နို့စို့သော)
သူငယ်
ဖြစ်စေသူငယ်မဖြစ်စေ
မစင်မကြယ်
စက်ဆုပ်ဖွယ်ဖြင့်
နှိပ်စက်အပ်သည်
မည်၏၊ ထို့ကြောင့်
ပုဏ္ဏားသည်နို့တိုက်သော
မိန်းမကို
မသွားလာ။
ထိုပုဏ္ဏေးမသည်
ထိုပုဏ္ဏားအတွက်
ကာမဂုဏ်ခံစားရန်
မြူးထူးရန်
မွေ့လျော်ရန်
မဟုတ်၊
သားသမီးရရန်သာ
ဖြစ်၏၊
ထိုပုဏ္ဏားသည်
သားသမီးကို
ဖြစ်စေ၍
ထိုသားသမီး၌
ချစ်ခြင်းကိုသာလျှင်တောင့်တလျက်
ဥစ္စာကို စိုးအုပ်၍
နေ၏၊
လူ့ဘောင်မှ
ရဟန်းဘောင်သို့
မဝင်ရောက်၊
ရှေးပုဏ္ဏားတို့စည်းကမ်းရှိသလောက်
တည်၏၊
ထိုစည်းကမ်းကို
မလွန်၊ ''ဒေါဏ
ရှေးပုဏ္ဏားတို့
စည်းကမ်းရှိသလောက်
တည်၍
ထိုစည်းကမ်းကို
မလွန်သောကြောင့်
ပုဏ္ဏားကို
စည်းကမ်းရှိသူ''ဟု
ဆိုအပ်၏၊
ဒေါဏဤသို့လျှင်
ပုဏ္ဏားသည်
စည်းကမ်းရှိသူ
ဖြစ်၏။ (၃)
့ဒေါဏ
အဘယ်သို့လျှင်
ပုဏ္ဏားသည်
စည်းကမ်းပျက်သူ
ဖြစ်သနည်း။
ဒေါဏ
ဤလောက၌
ပုဏ္ဏားသည် အမိဘက်
အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ် ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ
အကဲ့ရဲ့ မခံရ၊
ထိုပုဏ္ဏားသည်
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ
အကျင့်ကို ကျင့်၏၊
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်ပြီးလျှင်
ဆရာအား
(ပူဇော်ရန်) ဆရာအတွက်
ဥစ္စာကို
တရားသဖြင့်သာလျှင်
ရှာမှီး၏၊
မတရားသဖြင့်
မရှားမှီ။
ဒေါဏ
ထိုဥစ္စာရှာမှီးရာ၌
တရားဟူသည်
အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း
နွားမွေးခြင်း
စစ်မှုထမ်းခြင်း
မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊
အတတ်ပညာ
တစ်မျိုးမျိုးဖြင့်လည်းကောင်း
မရှာမှီး၊
တောင်းရမ်းသော
အကျင့်သက်သက်ဖြင့်သာလျှင်ခွက်ကို
မထီမဲ့မြင်
မပြုမူ၍
ရှာမှီး၏၊
ထိုသူသည်
ဆရာအား
(ပူဇော်ရန်)
ဆရာတွက်
ဥစ္စာကိုအပ်နှင်းခဲ့၍
တရားသဖြင့်လည်း
မယားကို
ရှာမှီး၏၊
မတရားသဖြင့်လည်း
ရှာမှီး၏။
ရောင်းခြင်းဝယ်ခြင်းဖြင့်လည်း
မယားကို
ရှာမှီး၏၊
ရေစက်သွန်းချ
ပေးလှူအပ်သော
ပုဏ္ဏေးမကိုလည်း
ရှာမှီး၏။
ထိုပုဏ္ဏားသည်
ပုဏ္ဏေးမကိုလည်း
သွားလာ၏၊
မင်းသမီးကုန်သည်အမျိုးသမီး
သူဆင်းရဲ အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး
မုဆိုးအမျိုးသမီး
နှီးသမားအမျိုးသမီး
သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး
ကိုယ်ဝန်ဆောင်မိန်းမ
နို့တိုက်သော
မိန်းမ ဥတုလာသော
မိန်းမ
ဥတုမလာသောမိန်းမတို့ကိုလည်း
သွားလာ၏။
ထိုပုဏ္ဏေးမသည်
ထိုပုဏ္ဏားအတွက်
ကာမဂုဏ်ခံစားရန်
မြူးထူးရန်
မွေ့လျော်ရန်လည်း
ဖြစ်၏၊
သားသမီး ရရန်လည်း
ဖြစ်၏၊
ရှေးပုဏ္ဏေားတို့
စည်းကမ်းရှိသလောက်
မတည်၊
ထိုစည်းကမ်းကို
လွန်၏။
''ဒေါဏ
ရှေးပုဏ္ဏားတို့
စည်းကမ်းရှိသလောက်
မတည်မူ၍
ထိုစည်းကမ်းကို
လွန်သောကြောင့်ပုဏ္ဏားကို
စည်းကမ်းပျက်သူ''ဟူ၍
ဆိုအပ်၏။
ဒေါဏ
ဤသို့လျှင်
ပုဏ္ဏားသည်
စည်းကမ်းပျက်သူဖြစ်၏။
(၄)
ဒေါဏ
အဘယ်သို့လျှင်
ပုဏ္ဏားသည်
ဒွန်းစဏ္ဍားနှင့်
တူသနည်း။
ဒေါဏ
ဤလောက၌
ပုဏ္ဏားသည်
အမိဘက် အဖဘက်
နှစ်ဖက်စလုံးတို့မှ
ကောင်းသော
ဇာတ် ရှိ၏၊
ဘိုး ဘေး
ခုနစ်ဆက်တိုင်အောင်
မျိုးရိုးသန့်သော
အမိဝမ်းရှိ၏၊
ဇာတ်နှင့်စပ်သော
စကားဖြင့်
အပယ်မခံရ
အကဲ့ရဲ့
မခံရ၊
ထိုပုဏ္ဏားသည်
လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ
အကျင့်ကို
ကျင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး
ကောမာရဗြဟ္မစရိယ
အကျင့်ကိုကျင့်၍
ဝေဒကျမ်းတို့ကို
ရွတ်ဖတ်ပြီးလျှင်
ဆရာအား
(ပူဇော်ရန်)
ဆရာအတွက်
ဥစ္စာကို
တရားသဖြင့်လည်း
ရှာမှီး၏၊ မတရားသဖြင့်လည်း
ရှားမှီး၏၊ လယ်ထွန်ခြင်းကုန်သွယ်ခြင်း
နွားမွေးခြင်းစစ်မှုထမ်းခြင်း
မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊
အတတ်ပညာ
တစ်မျိုးမျိုးဖြင့်လည်းကောင်း
ရှာမှီး၏၊
တောင်းရမ်းသော
အကျင့်သက်သက်ဖြင့်သာလျှင်
ခွက်ကို
မထီမဲ့မြင်
မပြုမူ၍လည်း
ရှာမှီး၏။
ထိုပုဏ္ဏားသည်
ဆရာအား
(ပူဇော်ရန်)
ဆရာတွက် ဥစ္စာကို
အပ်နှင်းခဲ့၍
တရားသဖြင့်လည်း
မယားကိုရှာမှီး၏၊
မတရားသဖြင့်လည်း
ရှာမှီး၏။
ရောင်းခြင်း
ဝယ်ခြင်းဖြင့်လည်း
မယားကို
ရှာမှီး၏၊
ရေစက်သွန်းချ၍
စွန့်လွှတ်အပ်သော
ပုဏ္ဏေးမကိုလည်း
ရှာမှီး၏။
ထိုပုဏ္ဏားသည်
ပုဏ္ဏေးမကိုလည်း
သွားလာ၏၊
မင်းသမီးကုန်သည်အမျိုးသမီး
သူဆင်းရဲ
အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး
မုဆိုးအမျိုးသမီး
နှီးသမားအမျိုးသမီး
သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး
ကိုယ်ဝန်ဆောင်မိန်းမ
နို့တိုက်သော
မိန်းမ
ဥတုလာသော
မိန်းမ
ဥတုမလာသောမိန်းမတို့ကိုလည်း
သွားလာ၏။
ထိုပုဏ္ဏေးမသည်
ထိုပုဏ္ဏားအတွက်
ကာမဂုဏ်ခံစားရန်
မြူးထူးရန်လည်း
ဖြစ်၏၊
သားသမီး
ရရန်လည်းဖြစ်၏၊
ထိုပုဏ္ဏားသည်
အမှုအားလုံးတို့ဖြင့်
အသက်မွေး၏။
ထိုပုဏ္ဏားကို
(အခြား)
ပုဏ္ဏား တို့သည်ဤသို့
ဆိုကြကုန်၏ -
''အသျှင်သည်
ပုဏ္ဏားဟု
ဝန်ခံလျက်
အမှုအားလုံးတို့ဖြင့်
အဘယ့်ကြောင့်
အသက်မွေးဘိ သနည်း''ဟု
(ဆိုကုန်၏)။
ထိုပုဏ္ဏားသည်
ဤသို့
ပြန်ပြော၏ -
''အသျှင်တို့
ဥပမာအားဖြင့်
မီးသည်
စင်ကြယ်သော
ဝတ္ထုကိုလည်း
လောင်ကျွမ်း၏၊
မစင်ကြယ်
သောဝတ္ထုကိုလည်း
လောင်ကျွမ်း၏၊
မီးသည် ထိုဝတ္ထုဖြင့်လည်း
မလိမ်းကျံ။
အသျှင်တို့
ဤအတူသာလျှင်
ပုဏ္ဏားသည်
အမှုအားလုံးတို့ဖြင့်
အသက်မွေးခြင်းကို
ပြုစေကာမူပုဏ္ဏားသည်
ထိုအမှုဖြင့်လည်း
မလိမ်းကျံ''ဟု
(ပြန်ပြော၏)။
ဒေါဏ
အမှုအားလုံးတို့ဖြင့်
အသက်မွေးသောကြောင့်
ပုဏ္ဏားကို
''ဒွန်းစဏ္ဍားနှင့်တူသော
ပုဏ္ဏား''ဟုဆိုအပ်၏။
ဒေါဏ
ဤသို့လျှင်
ပုဏ္ဏားသည်
ဒွန်းစဏ္ဍားနှင့်တူသူ
ဖြစ်၏။ (၅)
ဒေါဏ
ဗေဒင်သုံးပုံဆောင်
ပုဏ္ဏားတို့၏
လက်ဦးဆရာ
ဖြစ်ကုန်သော
ဝေဒကျမ်းတို့ကို
စီရင်ကုန်
သောဝေဒကျမ်းတို့ကို
ပို့ချကုန်သော
အကြင်ရသေ့တို့သည်
ရှိကုန်၏၊
ယခုအခါ
ပုဏ္ဏားတို့သည်
ယင်း (ရသေ့)
တို့ သီဆို
ပို့ချ
ပေါင်းစုထားသော
ထိုရှေးဟောင်းဝေဒကျမ်းကို
လိုက်၍
သီဆိုကုန်၏၊
လိုက်၍ရွတ်ဆိုကုန်၏၊
ရွတ်ဆိုထားတိုင်း
လိုက်၍
ရွတ်ဆိုကုန်၏၊
သရဇ္ဈာယ်တိုင်း
လိုက်၍
သရဇ္ဈာယ်ကုန်၏၊
ပို့ချထားတိုင်း
လိုက်၍
ပို့ချကုန်၏။
ဤရသေ့တို့ကား
အဘယ်နည်း၊
အဋ္ဌကရသေ့
ဝါမကရသေ့
ဝါမဒေဝရသေ့
ဝေဿာမိတ္တရသေ့
ယမဒဂ္ဂိရသေ့
အင်္ဂ
ီရသရသေ့
ဘာရဒွါဇရသေ့
ဝါသေဋ္ဌရသေ့
ကဿပရသေ့ဘဂုရသေ့တို့တည်း။
ထိုရသေ့တို့၏
တပည့်ပုဏ္ဏားတို့သည်
-
ဗြဟ္မာနှင့်တူသော
ပုဏ္ဏား။
နတ်နှင့်တူသော
ပုဏ္ဏား။
စည်းကမ်းရှိသော
ပုဏ္ဏား။
စည်းကမ်းပျက်သော
ပုဏ္ဏား။
ငါးယောက်မြောက်
ဒွန်းစဏ္ဍားနှင့်တူသော
ပုဏ္ဏားဟူ၍
ဤပုဏ္ဏားငါးမျိုးတို့ကို
ပညတ်ကုန်၏။
ဒေါဏ
ထိုပုဏ္ဏားငါးမျိုးတို့တွင်
သင်သည်
အဘယ်အမျိုးအစားနည်းဟု
(မေးတော်မူ၏)။
အသျှင်ဂေါတမ
ဤသို့
ဖြစ်သည်ရှိသော်
အကျွန်ုပ်တို့သည်
ဒွန်းစဏ္ဍားနှင့်တူသော
ပုဏ္ဏားမျိုးပင်အပြည့်အစုံအားဖြင့်
မဖြစ်ကြပါကုန်။
အသျှင်ဂေါတမ
(တရားတော်သည်)
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည်
အကျွန်ုပ်ကို
ယနေ့မှစ၍ အသက်ထက်ဆုံး
ကိုးကွယ်ဆည်းကပ်ခြင်းသို့ရောက်သော
ဥပါသကာဟူ၍
မှတ်တော်မူပါဟု
(လျှောက်ထားလေ၏)။
ဒုတိယသုတ်။
------
၃-သင်္ဂ
ါရဝသုတ်
၁၉၃။
ထိုအခါ သဂ
င်္ါရဝပုဏ္ဏားသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်
ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို ပြောဆိုပြီးဆုံးစေပြီးနောက်
တစ်ခုသော
နေရာ၌
ထိုင်နေလျက်
မြတ်စွာဘုရားအား
-
''အသျှင်ဂေါတမ
နေ့ညဉ့်ရှည်စွာ
သရဇ္ဇျ ာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
တစ်ရံတစ်ခါ
(ဉာဏ်၌ )
ထင်မလာပါကုန်၊
သရဇ္ဇျာယ်ခြင်းကို
မပြုပါမူ
အဘယ်ဆိုဖွယ်ရာ
ရှိတော့အံ့နည်း၊
ထိုအကြောင်းကား
အဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါနည်း။
အသျှင်ဂေါတမ
နေ့ညဉ့်ရှည်စွာ
သရဇ္ဇျ ာယ်ခြင်းကို
မပြုပါသော်လည်း
ဗေဒင်တို့သည်
တစ်ရံတစ်ခါ
(ဉာဏ်၌ )
ထင်လာပါကုန်၏
သရဇ္ဇျာယ်ခြင်းကို
ပြုပါမူ
အဘယ်ဆိုဖွယ်ရာ
ရှိတော့အံ့နည်း၊
ထိုအကြောင်းကား
အဘယ်ပါနည်း၊
အထောက်အပံ့ကား
အဘယ်ပါနည်း''ဟု
(လျှောက်၏)။
ပုဏ္ဏား
ကာမဂုဏ်တို့၌
စွဲမက်ခြင်း
'ကာမရာဂ'
ထကြွသောင်းကျန်းသည်ဖြစ်၍
ကာမရာဂနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ကာမရာဂမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာမသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါး
အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဇျာယ်ခြင်းကို
ပြုကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဇျာယ်ခြင်းကို
မပြုပါမူအဘယ်
ဆိုဖွယ်ရာ
ရှိအံ့နည်း။
ပုဏ္ဏား
ချိပ်ရည်ဖြင့်ဖြစ်စေ
နနွင်းဖြင့်ဖြစ်စေ
စိမ်းညိုသော
ဆေးရောင်ဖြင့်ဖြစ်စေ
မောင်းသောဆေးရောင်ဖြင့်
ဖြစ်စေ
ရောနှောအပ်သော
ရေဖြင့်
ပြည့်သော
ခွက်၌ မျက်စိအမြင်ရှိသော
ယောက်ျားသည်မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
မသိမမြင်ရာသကဲ့သို့၊
ပုဏ္ဏား ဤအတူသာလျှင်ကာမဂုဏ်တို့၌
စွဲမက်မှု
'ကာမရာဂ'
ထကြွသောင်းကျန်းသည်
ဖြစ်၍
ကာမရာဂနှိပ်စက်အပ်သော
စိတ်ဖြင့်နေလျက်၊
ဖြစ်ပေါ်လာသော
ကာမရာဂမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ ) ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၁)
ပုဏ္ဏား
နောက်တစ်မျိုးကား
ပျက်စီးစေလိုမှု
'ဗျာပါဒ' သည်
ထကြွသောင်းကျန်းသည်ဖြစ်၍
ဗျာပါဒနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ဗျာပါဒမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊ နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ ) ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကိုမပြုပါမူ
အဘယ်ဆိုဖွယ်ရာ
ရှိအံ့နည်း။
ပုဏ္ဏား
မီးဖြင့်
ပူလောင်သည်
ဖြစ်၍ ကျိုက်ကျိုက်ဆူလျက်
အငွေ့ထွက်သော
ရေဖြင့် ပြည့်သော
ခွက်၌
မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာမသိမမြင်ရာသကဲ့သို့၊
ပုဏ္ဏား
ဤအတူသာလျှင်
ပျက်စီးစေလိုမှု
'ဗျာပါဒ'
ထကြွသောင်းကျန်းသည်
ဖြစ်၍ဗျာပါဒနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊ ဖြစ်ပေါ်လာသော
ဗျာပါဒမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊ နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၂)
ပုဏ္ဏား
နောက်တစ်မျိုးကား
လေးလံထိုင်းမှိုင်းမှု
'ထိနမိဒ္ဓ'
ထကြွသောင်းကျန်းသည်ဖြစ်၍
ထိနမိဒ္ဓနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ထိနမိဒ္ဓမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်း့ဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကိုမပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား
မှော်
ရေညှိတို့ဖြင့်
မြှေးယှက်အပ်သော
ရေဖြင့်
ပြည့်သော
ခွက်၌
မျက်စိအမြင်ရှိသောယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
မသိမမြင်ရာသကဲ့သို့၊
ပုဏ္ဏားဤအတူသာလျှင်
လေးလံထိုင်းမှိုင်းမှု
'ထိနမိဒ္ဓ'
ထကြွသောင်းကျန်းသည်ဖြစ်၍
ထိနမိဒ္ဓနှိပ်စက်အပ်သောစိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ထိနမိဒ္ဓမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကိုပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၃)
ပုဏ္ဏား
နောက်တစ်မျိုးကား
ပျံ့လွင့်မှု
နောင်တပူပန်မှု
'ဥဒ္ဓစ္စကုက္ကုစ္စ'
ထကြွသောင်းကျန်းသည်
ဖြစ်၍ဥဒ္ဓစ္စကုက္ကုစ္စနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ဥဒ္ဓစ္စကုက္ကုစ္စမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ
အဘယ်ဆိုဖွယ်ရာ
ရှိအံ့နည်း။
ပုဏ္ဏား
လေတိုက်ခတ်သည်ဖြစ်၍
ရွေ့ရှားတုန်လှုပ်လျက်
လှိုင်းထသော
ရေဖြင့်
ပြည့်သော
ခွက်၌
မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
မသိမမြင်ရာသကဲ့သို့၊
ပုဏ္ဏား
ဤအတူသာလျှင်
ပျံ့လွင့်မှု
နောင်တပူပန်မှု
'ဥဒ္ဓစ္စကုက္ကုစ္စ'
ထကြွ
သောင်းကျန်းသည်ဖြစ်၍
ဥဒ္ဓစ္စကုက္ကုစ္စနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ဥဒ္ဓစ္စကုက္ကုစ္စမှထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၄)
ပုဏ္ဏား
နောက်တစ်မျိုးကား
မဆုံးဖြတ်နိုင်မှု
'ဝိစိကိစ္ဆာ'
ထကြွသောင်းကျန်းသည်ဖြစ်၍
ဝိစိကိစ္ဆာနှိပ်စက်အပ်သော
စိတ်ဖြင့် နေလျက်၊
ဖြစ်ပေါ်လာသော
ဝိစိကိစ္ဆာမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ ) ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား
နောက်ကျုလျက်
အနည်ထကာ
ညွန်ရေဖြစ်၍
မှောင်ထဲ၌
ချထားအပ်သည့်
ရေဖြင့်
ပြည့် သောခွက်၌
မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်း
မှန်စွာမသိမမြင်ရာသကဲ့သို့၊
ပုဏ္ဏား
ဤအတူသာလျှင်
မဝေခွဲနိုင်မှု
'ဝိစိကိစ္ဆာ'
ထကြွ
သောင်းကျန်း
သည်ဖြစ်၍ဝိစိကိစ္ဆာနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ဝိစိကိစ္ဆာမှ
ထွက်မြောက်ခြင်း
ကိုလည်းဟုတ်တိုင်းမှန်စွာ
မသိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
မသိမမြင်၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
ပြုပါကုန်လျက်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
့ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၅)
ပုဏ္ဏား
ကာမဂုဏ်တို့၌
စွဲမက်မှု
'ကာမရာဂ' မထကြွ
မသောင်းကျန်းသည်ဖြစ်၍
ကာမရာဂ မနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ကာမရာဂမှ
ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ
သိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
သူတစ်ပါး
အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
မပြုပါကုန်သော်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်လာကုန်၏၊
သရဇ္ဈာယ်ခြင်းကို
ပြုပါမူကား
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား
ချိပ်ရည်ဖြင့်ဖြစ်စေ
နနွင်းဖြင့်ဖြစ်စေ
စိမ်းညိုသော
ဆေးရောင်ဖြင့်ဖြစ်စေ
မောင်းသော
ဆေးရောင်ဖြင့်ဖြစ်စေ
မရောနှောအပ်သော
ရေဖြင့်
ပြည့်သော ခွက်၌
မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
သိရာ
မြင်ရာသကဲ့သို့၊
ပုဏ္ဏား
ဤအတူသာလျှင်
ကာမဂုဏ်တို့၌
စွဲမက်မှု
'ကာမရာဂ'
မထကြွ
မသောင်းကျန်းသည်ဖြစ်၍
ကာမရာဂ
မနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ကာမရာဂမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာသိသောအခါ၊
«မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို
မပြုပါကုန်သော်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်လာကုန်၏၊
သရဇ္ဈာယ်ခြင်းကိုပြုပါမူကား
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း»။
(၁)
ပုဏ္ဏား
နောက်တစ်မျိုးကား
ပျက်စီးစေလိုမှု
'ဗျာပါဒ'
မထကြွ
မသောင်းကျန်းသည်
ဖြစ်၍ ဗျာပါဒမနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်။ပ။
ပုဏ္ဏား
မီးဖြင့်
မပူလောင်သည်
ဖြစ်၍ ကျိုက်ကျိုက်မဆူ
အငွေ့မထွက်သော
ရေဖြင့်
ပြည့်သော
ခွက်၌ မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာသိရာမြင်ရာသကဲ့သို့၊
ပုဏ္ဏား ဤအတူသာလျှင်
ပျက်စီးစေလိုမှု
'ဗျာပါဒ'
မထကြွ မသောင်းကျန်းသည်ဖြစ်၍
ဗျာပါဒမနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်။ပ။ (၂)
ပုဏ္ဏား
နောက်တစ်မျိုးကား
လေးလံထိုင်းမှိုင်းမှု'ထိနမိဒ္ဓ'
မထကြွ
မသောင်းကျန်းသည်
ဖြစ်၍ထိနမိဒ္ဓမနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်။ပ။
ပုဏ္ဏား
မှော်
ရေညှိတို့ဖြင့်
မမြှေးယှက်အပ်သော
ရေဖြင့်
ပြည့်သော
ခွက်၌
မျက်စိအမြင်ရှိသောယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
သိရာမြင်ရာသကဲ့သို့၊
ပုဏ္ဏားဤအတူသာလျှင်
လေးလံထိုင်းမှိုင်းမှု
'ထိနမိဒ္ဓ'
မထကြွ
မသောင်းကျန်းသည်
ဖြစ်၍
ထိနမိဒ္ဓမနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်။ပ။ (၃)
ပုဏ္ဏား
နောက်တစ်မျိုးကား
ပျံ့လွင့်မှု
နောင်တပူပန်မှု
'ဥဒ္ဓစ္စ
ကုက္ကုစ္စ'
မထကြွ မသောင်းကျန်းသည်ဖြစ်၍
ဥဒ္ဓစ္စ
ကုက္ကုစ္စ မနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်။ပ။
ပုဏ္ဏား
လေမတိုက်သည်ဖြစ်၍
မရွေ့ရှား
မတုန်လှုပ်
လှိုင်းမထသော
ရေဖြင့်
ပြည့်သော ခွက်၌
မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
သိရာမြင်ရာသကဲ့သို့၊
ပုဏ္ဏား
ဤအတူသာလျှင်
ပျံ့လွင့်မှု
နောင်တပူပန်မှု
'ဥဒ္ဓစ္စ
ကုက္ကုစ္စ'
မထကြွ မသောင်းကျန်းသည်ဖြစ်၍
ဥဒ္ဓစ္စကုက္ကုစ္စ
မနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်။ပ။ (၄)
ပုဏ္ဏား
နောက်တစ်မျိုးကား
မဝေခွဲနိုင်မှု
'ဝိစိကိစ္ဆာ'
မထကြွ
မသောင်းကျန်းသည်
ဖြစ်၍
ဝိစိကိစ္ဆာမနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ဝိစိကိစ္ဆာမှ
ထွက်မြောက်ခြင်းကိုဟုတ်တိုင်းမှန်စွာ
သိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
နေ့ညဉ့်ရှည့်စွာ
သရဇ္ဈာယ်ခြင်းကို
မပြုပါကုန်သော်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်လာကုန်၏၊
သရဇ္ဈာယ်ခြင်းကို
ပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား
ကြည်လင်
သန့်ရှင်းလျက်
မနောက်ကျုသည်ဖြစ်၍
အလင်းရောင်၌
ချထားအပ်သော
ရေဖြင့်ပြည့်သော
ခွက်၌
မျက်စိအမြင်ရှိသော
ယောက်ျားသည်
မိမိမျက်နှာရိပ်ကို
ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ
သိရာ
မြင်ရာသကဲ့သို့၊
ပုဏ္ဏား
ဤအတူသာလျှင်
မဝေခွဲနိုင်မှု
'ဝိစိကိစ္ဆာ'
မထကြွ
မသောင်းကျန်းသည်ဖြစ်၍
ဝိစိကိစ္ဆာ
မနှိပ်စက်အပ်သော
စိတ်ဖြင့်
နေလျက်၊
ဖြစ်ပေါ်လာသော
ဝိစိကိစ္ဆာမှ
ထွက်မြောက်ခြင်းကိုဟုတ်တိုင်းမှန်စွာ
သိသောအခါ၊
မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏ မြင်၏၊
အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ
သိ၏မြင်၏၊
နေ့ညဉ့်ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
မပြုပါကုန်သော်လည်း
ဗေဒင်တို့သည်
(ဉာဏ်၌ )
ထင်လာကုန်၏၊
သရဇ္ဈာယ်ခြင်းကို
ပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
(၅)
ပုဏ္ဏား
နေ့ ညဉ့်
ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
ပြုပါကုန်သော်လည်း
ဗေဒင်တို့သည်
တစ်ရံတစ်ခါ
(ဉာဏ်၌ )
ထင်မလာကုန်၊
သရဇ္ဈာယ်ခြင်းကို
မပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟူရာ၌
အကြောင်းအထောက်အပံ့ကား
ဤသည်ပင်တည်း။
ပုဏ္ဏား
နေ့ ညဉ့် ရှည်စွာ
သရဇ္ဈာယ်ခြင်းကို
မပြုပါကုန်သော်လည်း
ဗေဒင်တို့သည်
တစ်ရံတစ်ခါ
(ဉာဏ်၌ ) ထင်လာကုန်၏၊
သရဇ္ဈာယ်ခြင်းကို
ပြုပါမူ
အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟူရာ၌
အကြောင်းအထောက်အပံ့ကား
ဤသည်ပင်တည်းဟု
(မိန့်တော်မူ၏)။
အသျှင်ဂေါတမ
တရားတော်သည်
အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည်
အကျွန်ုပ်ကို
ယနေ့မှစ၍
အသက်ထက်ဆုံး
ဆည်းကပ်ခြင်းသို့
ရောက်သောဥပါသကာဟူ၍
မှတ်တော်မူပါဟု
(လျှောက်၏)။
တတိယသုတ်။
------
၄-ကာရဏပါလီသုတ်
၁၉၄။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
ကာရဏပါလီပုဏ္ဏားသည်
လိစ္ဆဝီမင်းတို့၏
အမှုကိုပြုစေ၏၊
ကာရဏပါလီပုဏ္ဏားသည်
ပိင်္ဂိယာနီပုဏ္ဏား
အဝေးမှ
လာသည်ကို
မြင်လတ်သော်-
အသျှင်ပိင်္ဂိယာနီသည်
ယခု
မွန်းတည့်ချိန်၌
အဘယ်အရပ်မှ
လာပါသနည်းဟု
မေး၏။
အသျှင်ပုဏ္ဏား
အကျွန်ုပ်သည်
ဤအသျှင်ဂေါတမ၏
အထံမှ
လာခဲ့ပါ၏ဟု
(ဆို၏)။
အသျှင်ပိင်္ဂိယာနီသည်
ထိုအရာကို
အဘယ်သို့
မှတ်ထင်ပါသနည်း၊
ပညာထက်မြက်မှု၌
ရဟန်းဂေါတမကို
ပညာရှိဟု
မှတ်ထင်ပါသလောဟု
(မေး၏)။
အသျှင်ပုဏ္ဏား
အကျွန်ုပ်သည်
အဘယ်သို့သောသူနည်း၊
ရဟန်းဂေါတမ၏
ပညာထက်မြက်မှုကိုအဘယ်မှာ
သိနိုင်ပါအံ့နည်း၊
ရဟန်းဂေါတမ၏
ပညာထက်မြက်မှုကို
သိသူသည်လည်း
ထိုရဟန်းဂေါတမကဲ့သို့သော
သူသာလျှင်
ဖြစ်ရာ၏ဟု
(ဆို၏)။
အသျှင်ပိင်္ဂိယာနီသည်
စင်စစ်
ရဟန်းဂေါတမကို
မြင့်မြတ်သော
ချီးမွမ်းခြင်းဖြင့်
ချီးမွမ်းဘိ၏ဟု
(ဆို၏)။
အသျှင်
အကျွန်ုပ်သည်
အဘယ်သို့သော
သူမို့နည်း၊
ရဟန်းဂေါတမကို
အဘယ့်ကြောင့်
ချီးမွမ်းနိုင်မည်နည်း၊
ထိုအသျှင်ဂေါတမသည်
ချီးမွမ်းထိုက်သော
ဂုဏ်တို့ကြောင့်
ချီးမွမ်းအပ်သူဖြစ်၍သာလျှင်နတ်လူတို့ထက်
မြတ်တော်မူ၏ဟု
(ဆို၏)။
အသျှင်ပိင်္ဂိယာနီသည်
အဘယ်
အကျိုးထူးကို
ကောင်းစွာ
တွေ့မြင်၍
ရဟန်းဂေါတမ၌
ဤသို့အလွန်ကြည်ညိုဘိသနည်းဟု
(မေး၏)။
အသျှင်ပုဏ္ဏား
မွန်မြတ်သော
အရသာဖြင့် တင်းတိမ်ရောင့်ရဲပြီးသော
ယောက်ျားသည်
အခြားယုတ်ညံ့သော
အရသာတို့ကို
မတောင့်တသကဲ့သို့၊
အသျှင်ပုဏ္ဏား
ဤအတူသာလျှင်
သုတ်အားဖြင့်ဖြစ်စေဂေယျအားဖြင့်ဖြစ်စေ
ဝေယျာကရဏအားဖြင့်ဖြစ်စေ
အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ
အသျှင်ဂေါတမ၏တရားတော်ဟူသမျှကို
ကြားနာရသည့်
အခါတိုင်း အခြားများစွာသော
သမဏဗြာဟ္မဏတို့၏
အယူဝါဒကိုမတောင့်တတော့ချေ။
အသျှင်ပုဏ္ဏား
ဆာလောင်မှု
အားနည်းမှုနှိပ်စက်ခံရသော
ယောက်ျားသည်
ပျားမုန့်ဆုပ်ကို
ရ၍လျက်သည့်
အခါတိုင်း
(အရသာတစ်ပါး)
လောင်းစွက်ဖွယ်မရှိသော
အလွန်ကောင်းမြတ်သည့်
အရသာကိုရရာသကဲ့သို့၊
အသျှင်ပုဏ္ဏား
ဤအတူသာလျှင်
သုတ်အားဖြင့်ဖြစ်စေ
ဂေယျအားဖြင့်ဖြစ်စေ
ဝေယျာကရိုဏ်းအားဖြင့်ဖြစ်စေ
အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ
ထိုအသျှင်ဂေါတမ၏
တရားတော်ဟူသမျှကို
ကြားနာရသည့်
အခါတိုင်း
ဝမ်းမြောက်မှု
စိတ်ကြည်လင်မှုကို
ရသည်သာတည်း။
အသျှင်ပုဏ္ဏား
စန္ဒကူးရွှေတုံးကိုသော်လည်းကောင်း၊
စန္ဒကူးနီတုံးကိုသော်လည်းကောင်း
ရသောယောက်ျားသည်
အရင်းမှဖြစ်စေ
အလယ်မှဖြစ်စေ
အဖျားမှဖြစ်စေ
နမ်းသည့်
နေရာတိုင်းမှ
(အနံ့တစ်ပါး) လောင်းစွက်ဖွယ်မရှိသော
အလွန်ကောင်းမွန်သည့်
အနံ့ကို
ရရာသကဲ့သို့၊
အသျှင်ပုဏ္ဏား
ဤအတူသာလျှင်သုတ်အားဖြင့်ဖြစ်စေ
ဂေယျအားဖြင့်ဖြစ်စေ
ဝေယျာကရဏအားဖြင့်ဖြစ်စေ
အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေထိုအသျှင်ဂေါတမ၏
တရားတော်ဟူသမျှကို
ကြားနာရသည့်အခါတိုင်း
နှစ်သိမ့်မှု
ဝမ်းသာမှုကို
ရ၏။
အသျှင်ပုဏ္ဏား
အနာနှိပ်စက်သည်ဖြစ်၍
ဆင်းရဲခြင်းသို့ရောက်လျက်
ပြင်းစွာ
မကျန်းမမာသောယောက်ျားအား
တတ်ကျွမ်းနားလည်သော
ဆေးဆရာသည်
တခဏချင်း
အနာကို
နုတ်ပယ်ရာသကဲ့သို့၊
အသျှင်ပုဏ္ဏား
ဤအတူသာလျှင်
သုတ်အားဖြင့်ဖြစ်စေ
ဂေယျအားဖြင့်ဖြစ်စေ
ဝေယျာကရဏအားဖြင့်ဖြစ်စေအဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ
ထိုအသျှင်ဂေါတမ၏
တရားတော်ဟူသမျှကို
ကြားနာရသည့်
အခါတိုင်းစိုးရိမ်ခြင်း
ငိုကြွေးခြင်း
ဆင်းရဲခြင်း
နှလုံး
မသာယာခြင်း
ပြင်းစွာပင်ပန်းခြင်းတို့သည်
ချုပ်ပျောက်ခြင်းသို့ရောက်ကုန်၏။
အသျှင်ပုဏ္ဏား
ကြည်လင်
ချိုမြိန်အေးမြသည့်
ရေရှိသော
ဖြူဖွေးသော
ရေအဆင်းရှိသော
ဆိပ်ကမ်းကောင်းသော
နှလုံးမွေ့လျော်ဖွယ်ရှိသော
ရေကန်သို့
နွေ
နေပူတို့၏
တွေ့ထိနှိပ်စက်ခြင်းခံရသည်ဖြစ်၍ခရီးပင်ပန်းလျက်
အစာရေစာ
ဆာလောင်မွတ်သိပ်၍
လာသော
ယောက်ျားသည်
ထိုရေကန်အတွင်းသို့သက်ဆင်းပြီးလျှင်
ရေချိုး၍ဖြစ်စေ
ရေသောက်၍ဖြစ်စေ
ပူလောင်ခြင်း
ပင်ပန်းခြင်း
ပူအိုက်ခြင်းအားလုံးကို
ငြိမ်းအေးစေရာသကဲ့သို့၊
အသျှင်ပုဏ္ဏား
ဤအတူသာလျှင်
သုတ်အားဖြင့်ဖြစ်စေဂေယျအားဖြင့်ဖြစ်စေ
ဝေယျာကရဏအားဖြင့်ဖြစ်စေ
အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ
ထိုအသျှင်ဂေါတမ၏တရားတော်ဟူသမျှကို
ကြားနာရသည့်အခါတိုင်း
ပူလောင်မှု
ပင်ပန်းမှု
ပူအိုက်မှု
အားလုံးတို့သည်ငြိမ်းအေးကုန်၏ဟု
(ဆို၏)။
ဤသို့ဆိုသည်ရှိသော်
ကာရဏပါလီပုဏ္ဏားသည်
နေရာမှ ထ၍
လက်ဝဲတစ်ဖက်
ပခုံးထက်၌
ကိုယ်ဝတ်ကို
စံပယ်တင်ကာ
လက်ယာပုဆစ်ဒူးဝန်းကို
မြေ၌
ထောက်လျက်
မြတ်စွာဘုရားရှိရာသို့
လက်အုပ်ချီပြီးလျှင်-
''နမော
တဿ ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောမြတ်စွာဘုရားအား
ရှိခိုးပါ၏။
နမောတဿ
ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောမြတ်စွာဘုရားအား
ရှိခိုးပါ၏။
နမောတဿ
ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ သိတော်မူသောမြတ်စွာဘုရားအား
ရှိခိုးပါ၏''ဟု
သုံးကြိမ်
ဥဒါန်းကျူးရင့်၏။
အသျှင်ပိင်္ဂိယာနီ
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏၊ အသျှင်ပိင်္ဂိယာနီ
အလွန်နှစ်သက်ဖွယ်
ရှိပါပေ၏၊
အသျှင်ပိင်္ဂိယာနီ
မှောက်ထားသည်ကို
လှန်ပြဘိသကဲသို့လည်းကောင်း၊
ဖုံးလွှမ်းထားသည်ကို
ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်သောသူအား
လမ်းမှန်ကို
ပြောကြားဘိသကဲ့သို့လည်းကောင်း၊
''မျက်စိအမြင်ရှိသော
သူတို့သည်
အဆင်းတို့ကို
မြင်ကြလိမ့်မည်''ဟု
အမိုက်မှောင်၌
ဆီမီးတန်ဆောင်ကိုဆောင်ပြဘိသကဲ့သို့လည်းကောင်း
(အသျှင်ပိင်္ဂိယာနီ)
ဤအတူသာလျှင်
အသျှင်ပိင်္ဂိယာနီသည်များစွာသော
အကြောင်းတို့ဖြင့်
တရားကို
ပြပါပေ၏။
အသျှင်ပိင်္ဂိယာနီ
ထိုအကျွန်ုပ်သည်
ထိုအသျှင်ဂေါတမကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏၊
အသျှင်ပိင်္ဂိယာနီသည်
အကျွန်ုပ်ကို
ယနေ့မှစ၍
အသက်ထက်ဆုံး
(ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်တတ်သော
ဥပါသကာဟူ၍
မှတ်ပါလော့ဟု
(ဆို၏)။
စတုတ္ထသုတ်။
------
၅-ပိင်္ဂ
ိယာနီသုတ်
၁၉၅။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သော
ကျောင်းကြီး၌
(သီတင်းသုံး)
နေတော်မူသောအခါ
လိစ္ဆဝီမင်းငါးရာတို့သည်
မြတ်စွာဘုရားကို
ဆည်းကပ်ကြကုန်၏။
အချို့သော
လိစ္ဆဝီမင်းတို့သည်
ညိုသောအဆင်း
ညိုသောအဝတ်
ညိုသောတန်ဆာရှိကြ၍
ညိုကုန်၏။
အချို့သော
လိစ္ဆဝီမင်းတို့သည်
ဝါသောအဆင်း
ဝါသောအဝတ်
ဝါသောတန်ဆာရှိကြ၍
ဝါကုန်၏။
အချို့သော
လိစ္ဆဝီမင်းတို့သည်
နီသောအဆင်း
နီသောအဝတ်
နီသောတန်ဆာရှိကြ၍
နီကုန်၏။
အချို့သော
လိစ္ဆဝီမင်းတို့သည်
ဖြူသောအဆင်း
ဖြူသောအဝတ်
ဖြူသောတန်ဆာရှိကြ၍
ဖြူကုန်၏။
မြတ်စွာဘုရားသည်ကား
အဆင်းအားဖြင့်လည်းကောင်း၊
အခြံအရံအားဖြင့်လည်းကောင်း
ထိုလိစ္ဆဝီမင်းတို့ကို
လွန်၍
တင့်တယ်တော်မူ၏။
ထိုအခါ
ပိင်္ဂိယာနီမည်သော
ပုဏ္ဏားသည်
နေရာမှ ထ၍
လက်ဝဲတစ်ဖက်
ပခုံးထက်၌
အပေါ်ရုံကိုစံပယ်တင်ကာ
မြတ်စွာဘုရားရှိရာသို့
လက်အုပ်ချီပြီးလျှင်
မြတ်စွာဘုရားအား-
''မြတ်စွာဘုရား
တပည့်တော်
လျှောက်ထားပါရစေ၊
မြတ်စွာဘုရား
တပည့်တော်
လျှောက်ထားပါရစေ''ဟု
ဤစကားကို
လျှောက်၏။
''ပိင်္ဂိယာနီ
သင်
လျှောက်ထားလော့''ဟု
မြတ်စွာဘုရားသည်
မိန့်ဆိုတော်မူ၏။
ထိုအခါ
ပိင်္ဂိယာနီပုဏ္ဏားသည်
မြတ်စွာဘုရား၏
မျက်မှောက်တော်၌
သင့်လျော်သော
ဂါထာဖြင့်ချီးမွမ်းလေ၏-''နံနက်စောစောပွင့်သော
အနံ့ကောင်းသော
အနံ့မပြယ်သော
ကောကနဒ မည်သောပဒုမ္မာကြာပန်းကဲ့သို့လည်းကောင်း၊
ကောင်းကင်၌
အမိုက်မှောင်ကို
ပယ်ဖျောက်လျက်ထွန်းလင်းတောက်ပသော
နေမင်းကဲ့သို့လည်းကောင်း
တင့်တယ်
တော်မူသော
ကိုယ်တော်မှ
ထွက်သောရောင်ခြည်ရှိတော်မူသော
မြတ်စွာဘုရားကို
ဖူးမြင်ပါလော့''ဟု
(ချီးမွမ်း၏)။
ထိုအခါ
လိစ္ဆဝီမင်းတိုု့သည်
အပေါ်ရုံငါးရာတို့ကို
ပိင်္ဂိယာနီပုဏ္ဏားအား
ပေးကြကုန်၏၊
ထိုအခါပိင်္ဂိယာနီပုဏ္ဏားသည်
ထိုအပေါ်ရုံငါးရာတို့ကို
မြတ်စွာဘုရားအား
လှူဒါန်း၏၊
ထိုအခါ
မြတ်စွာဘုရားသည့်ထိုလိစ္ဆဝီမင်းတိုု့အား-
''လိစ္ဆဝီမင်းတိုု့
ရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်ခြင်းကို
လောက၌ ရခဲ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသောမြတ်စွာဘုရား၏
ထင်ရှားဖြစ်ပေါ်ခြင်းကို
လောက၌ ရခဲ၏။
မြတ်စွာဘုရား
ဟောကြားတော်မူအပ်သော
ဓမ္မဝိနယကို
ဟောကြားတတ်သော
ပုဂ္ဂိုလ်ကို
လောက၌ ရခဲ၏။
မြတ်စွာဘုရား
ဟောကြားတော်မူအပ်သော
ဓမ္မဝိနယကို
ဟောကြားအပ်သည်ရှိသော်
သိနိုင်သောပုဂ္ဂိုလ်ကို
လောက၌ ရခဲ၏။
မြတ်စွာဘုရား
ဟောကြားတော်မူအပ်သော
ဓမ္မဝိနယကို
ဟောကြားအပ်သည်ရှိသော်
သိ၍ လောကုတ္တရာ
တရားအားလျော်သော
အကျင့်ကို
ကျင့်သော
ပုဂ္ဂိုလ်ကို
လောက၌ ရခဲ၏။
သူ့ကျေးဇူးကို
သိ၍
သူ့ကျေးဇူးကို
ထင်စွာပြုတတ်သော
ပုဂ္ဂိုလ်ကို
လောက၌ ရခဲ၏။
လိစ္ဆဝီမင်းတိုု့
လောက၌
ဤရတနာငါးမျိုးတို့၏
ထင်ရှားဖြစ်ပေါ်ခြင်းကို
ရခဲ၏''ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-မဟာသုပိနသုတ်
၁၉၆။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်
ကပင်အိပ်မက်ကြီးငါးမျိုးတို့သည်
ထင်ရှားဖြစ်ပေါ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်
ဤမြေကြီးသည်
မြတ်သော
အိပ်ရာ
ဖြစ်၏၊
ဟိမဝန္တာတောင်မင်းသည်
ခေါင်းအုံး
ဖြစ်၏၊
အရှေ့သမုဒ္ဒရာ၌
လက်ဝဲလက်ကို
တင်ထား၏၊
အနောက်သမုဒ္ဒရာ၌
လက်ယာလက်ကို
တင်ထား၏၊
တောင်သမုဒ္ဒရာ၌
ခြေတော်အစုံကို
တင်ထား၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ဤပဌမအိပ်မက်ကြီးသည်
ထင်ရှားဖြစ်ပေါ်၏။
ိံရဟန်းတို့
နောက်တစ်မျိုးကား
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်း
ဖြစ်စဉ်ကပင်
တိရိယမည်သော
မြက်မျိုးသည်ချက်မှ
အထက်သို့
တက်ပြီးလျှင်
ကောင်းကင်သို့
ထိ၍ တည်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ဤဒုတိယအိပ်မက်ကြီးသည်
ထင်ရှားဖြစ်ပေါ်၏။
ိံရဟန်းတို့
နောက်တစ်မျိုးကား
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရား
အလောင်းဖြစ်စဉ်ကပင်
မည်းနက်သော
ဦးခေါင်းရှိသည့်ပိုးကောင်အဖြူတို့သည်
ခြေတို့မှ
တက်၍ ပုဆစ်
ဒူးဝန်းတိုင်အောင်
ဖုံးလွှမ်းကုန်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ့သိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ဤတတိယအိပ်မက်ကြီးသည်
ထင်ရှားဖြစ်ပေါ်၏။
ိံရဟန်းတို့
နောက်တစ်မျိုးကား
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်း
ဖြစ်စဉ်ကပင်
အဆင်းအမျိုးမျိုးရှိသည့်ငှက်လေးမျိုးတို့သည်
အရပ်လေးမျက်နှာတို့မှ
လာ၍ ခြေရင်း၌
ကျပြီးလျှင်
အားလုံး
အဖြူချည်းတို့သာဖြစ်ကုန်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ဤစတုတ္ထအိပ်မက်ကြီးသည်
ထင်ရှားဖြစ်ပေါ်၏။
ိံရဟန်းတို့
နောက်တစ်မျိုးကား
ပူဇော်အထူးကိုခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရား
အလောင်းဖြစ်စဉ်ကပင်
ကြီးစွာသော
မစင်တောင်၏အဆင့်ဆင့်၌
မစင်ဖြင့်
မလိမ်းကျံဘဲ
စကြံသွားရ၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ဤပဉ္စမအိပ်မက်ကြီးသည်
ထင်ရှားဖြစ်ပေါ်၏။
ိံရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကိုမသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်
ဤ
မဟာပထဝီမြေကြီးသည်
မြတ်သော
အိပ်ရာဖြစ်၏၊
ဤဟိမဝန္တာတောင်မင်းသည်
ခေါင်းအုံးဖြစ်၏၊
အရှေ့
သမုဒ္ဒရာ၌
လက်ဝဲလက်ကို
တင်ထား၏၊
အနောက်သမုဒ္ဒရာ၌
လက်ယာလက်ကို
တင်ထား၏၊
တောင်
သမုဒ္ဒရာ၌
ခြေတော်အစုံကို
တင်ထား၏ဟုထင်ရှားဖြစ်ပေါ်လာသော
ဤပဌမအိပ်မက်ကြီးသည်
အတု မရှိသော
အရဟတ္တမဂ်ဉာဏ်ကို
ထိုးထွင်း၍သိတော်မူရန်
ဖြစ်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်တိရိယမည်သော
မြက်မျိုးသည်
ချက်မှ
အထက်သို့
တက်ပြီးလျှင်
ကောင်းကင်သို့
ထိ၍
တည်၏ဟုထင်ရှားဖြစ်ပေါ်လာသော
ဤဒုတိယအိပ်မက်ကြီးသည်
လူ့ပြည် နတ်ပြည်တိုင်အောင်
ကောင်းစွာ
ပြအပ်သော
မြတ်သော
အင်္ဂါရှစ်ပါးရှိသော
မဂ်ကို
ထိုးထွင်း၍
သိရန် ဖြစ်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်
မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်မည်းနက်သော
ဦးခေါင်းရှိသည့်
ပိုးကောင်အဖြူတို့သည်
ခြေတို့မှ
တက်၍
ပုဆစ်ဒူးဝန်းတိုင်အောင်ဖုံးလွှမ်းကုန်၏ဟု
ထင်ရှားဖြစ်ပေါ်လာသော
ဤတတိယအိပ်မက်ကြီးသည်
ဖြူသောအဝတ်ကိုဝတ်ကုန်သော
များစွာသော လူအပေါင်း၏
မြတ်စွာဘုရားအား
အသက်ထက်ဆုံးဆည်းကပ်ကိုးကွယ်ခြင်းကို
ထိုးထွင်း၍
သိရန် ဖြစ်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်အဆင်းအမျိုးမျိုးရှိသည့်
ငှက်လေးမျိုးတို့သည်
အရပ်လေးမျက်နှာတို့မှ
လာ၍ ခြေရင်း၌
ကျပြီးလျှင်အားလုံးအဖြူချည်းတို့သာ
ဖြစ်ကုန်၏ဟူသော
ဤစတုတ္ထအိပ်မက်ကြီးသည်
မင်းမျိုး
ပုဏ္ဏားမျိုးကုန်သည်မျိုး
သူဆင်းရဲမျိုးဟူကုန်သော
ဤအမျိုးလေးပါးတို့၏
မြတ်စွာဘုရား
သာသနာတော်၌
လူ့ဘောင်မှရဟန်းဘောင်သို့
ဝင်ရောက်၍
အတုမရှိသော
အရဟတ္တဖိုလ်အား
မျက်မှောက်ပြုကြသည်ကို
ထိုးထွင်း၍့သိရန်
ဖြစ်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ကြီးစွာသော
မစင်တောင်၏
အဆင့်ဆင့်၌
မစင်ဖြင့်
မလိမ်းကျံဘဲ
စကြံ
ကြွသွားရ၏ဟူသော
ဤပဉ္စမအိပ်မက်ကြီးသည်
သင်္ကန်း
ဆွမ်း ကျောင်းအိပ်ရာနေရာ
သူနာ၏
အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို
ရသော
မြတ်စွာဘုရား၏
ထိုပစ္စည်းလေးပါးကို
မမက်မော မတွေဝေ
တဏှာဖြင့်
မလွှမ်းမိုးဘဲအပြစ်ကို
ရှုလေ့ရှိသည်ဖြစ်၍
ထွက်မြောက်ကြောင်းကို
သိလျက်
သုံးဆောင်ခြင်းကို
ထိုးထွင်း၍
သိရန်ဖြစ်၏။
ရဟန်းတို့
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင် မှန်စွာသိတော်မူသော
မြတ်စွာဘုရားအား
သစ္စာလေးပါးတရားကို
မသိသေးမီ
ဘုရားအလောင်းဖြစ်စဉ်ကပင်ဤအိပ်မက်ကြီးငါးမျိုးတို့သည်
ထင်ရှားဖြစ်ပေါ်လာကုန်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဝဿသုတ်
၁၉၇။
ရဟန်းတို့
မိုး၏
အန္တရာယ်တို့သည်
ဤငါးမျိုးတို့တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
အထက်ကောင်းကင်၌
တေဇောဓာတ်သည်
ပျက်စီး၏
'ဖောက်ပြန်၏'၊
ထို့ကြောင့်ပေါ်ပေါက်လာသော
မိုးတို့သည်
တစ်ဖန်ပျောက်ကင်းကုန်၏၊
ရဟန်းတို့
ဤသည်ကား
မိုး၏
ပဌမအန္တရာယ်ပင်တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်။
ရဟန်းတို့
နောက်တစ်မျိုးကား
အထက်ကောင်းကင်၌
ဝါယောဓာတ်သည်
ပျက်စီး၏
'ဖောက်ပြန်၏'၊
ထို့ကြောင့်
ပေါ်ပေါက်လာသော
မိုးတို့သည် တစ်ဖန်ပျောက်ကင်းကုန်၏၊
ရဟန်းတို့ ဤ
သည်ကား
မိုး၏ဒုတိယအန္တရာယ်ပင်တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်။
ရဟန်းတို့
နောက်တစ်မျိုးကား
ရာဟုအသုရိန်သည်
လက်ဖြင့်
မိုးရေကို
ခံပြီးလျှင်
သမုဒ္ဒရာ၌
စွန့်ပစ်၏၊
ရဟန်းတို့
ဤသည်ကား မိုး၏
တတိယအန္တရာယ်ပင်တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်။
ရဟန်းတို့
နောက်တစ်မျိုးကား
မိုးတိမ် 'ဝဿဝလာဟက'
နတ်တို့သည်
မေ့လျော့ကုန်၏၊
ရဟန်းတို့ဤသည်ကား
မိုး၏
စတုတ္ထအန္တရာယ်ပင်တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်။
ရဟန်းတို့
နောက်တစ်မျိုးကား
လူတို့သည် တရားမစောင့်ကုန်၊
ရဟန်းတို့
ဤသည်ကား မိုး၏ပဉ္စမအန္တရာယ်ပင်တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်။
ရဟန်းတို့
မိုး၏
အန္တရာယ်တို့သည်
ဤငါးမျိုးတို့တည်း၊
ယင်းအန္တရာယ်ကို
နိမိတ်ဖတ်တတ်သူတို့သည်
မသိကုန်၊
ယင်းအန္တရာယ်၌
နိမိတ်ဖတ်တတ်သူတို့၏
ပညာမျက်စိသည်
မသက်ဝင်နိုင်ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဝါစာသုတ်
၁၉၈။
ရဟန်းတို့
အင်္ဂါ ငါးမျိုးတို့နှင့်
ပြည့်စုံသော
စကားသည် ကောင်းစွာ
ဆိုအပ်သည်
မည်၏၊
မကောင်းသဖြင့်
ဆိုအပ်သည်
မမည်၊
အပြစ်လည်း
မရှိ၊
ပညာရှိတို့လည်း
မကဲ့ရဲ့အပ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အခါကာလအားလျော်စွာ
ပြောဆိုအပ်သည်လည်းဖြစ်၏။
မှန်ကန်သော
စကားကို
ပြောဆိုအပ်သည်လည်း
ဖြစ်၏။
သိမ်မွေ့သော
စကားကို
ပြောဆိုအပ်သည်လည်း
ဖြစ်၏။
အကျိုးစီးပွါးနှင့်
စပ်သော
စကားကို ပြောဆိုအပ်သည်လည်း
ဖြစ်၏။
မေတ္တာစိတ်ဖြင့်
ပြောဆိုအပ်သည်လည်း
ဖြစ်၏။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
စကားသည်
ကောင်းစွာ
ဆိုအပ်သည် မည်၏၊
မကောင်းသဖြင့်
ဆိုအပ်သည်
မမည်၊ အပြစ်လည်း
မရှိ၊
ပညာရှိတို့လည်း
မကဲ့ရဲ့အပ်ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ကုလသုတ်
၁၉၉။
ရဟန်းတို့
သီလရှိသော
ရဟန်းတို့
ချဉ်းကပ်အပ်သော
အိမ်၌
လူတို့သည်
ငါးမျိုးသောအကြောင်းတို့ဖြင့်
များစွာသော
ကောင်းမှုကို
ပွါးစေကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
သီလရှိသော
ရဟန်းသည်
အိမ်သို့
ချဉ်းကပ်သည်ရှိသော်
လူတို့သည်
ဖူးမြင်ရ၍
စိတ်ကြည်လင်သောအခါ
ထိုအိမ်သည်
နတ်ပြည်၌
ဖြစ်စေတတ်သော
အကျင့်ကို
ကျင့်သည်
မည်၏။
ရဟန်းတို့
သီလရှိသော
ရဟန်းသည်
အိမ်သို့ ချဉ်းကပ်သည်ရှိသော်
လူတို့သည်
ခရီးဦးကြိုဆိုကြရှိခိုးကြ
နေရာထိုင်ခင်းပေးကြသောအခါ
ထိုအိမ်သည်
မြင့်မြတ်သော
အမျိုး၌
ဖြစ်စေတတ်သော
အကျင့်ကိုကျင့်သည်
မည်၏။
ရဟန်းတို့
သီလရှိသော
ရဟန်းသည်
အိမ်သို့ ချဉ်းကပ်သည်ရှိသော်
လူတို့သည်
ဝန်တိုမှု အညစ်အကြေးကို
ပယ်ဖျောက်သောအခါ
ထိုအိမ်သည်
တန်ခိုးကြီးခြင်းကို
ဖြစ်စေတတ်သော
အကျင့်ကိုကျင့်သည်
မည်၏။
ရဟန်းတို့
သီလရှိသော
ရဟန်းသည်
အိမ်သို့
ချဉ်းကပ်သည်ရှိသော်
လူတို့သည်
အစွမ်းရှိသ
လောက်အားရှိသလောက်
ဝေဖန်လှူဒါန်းသော
အခါ
ထိုအိမ်သည်
ဥစ္စာပေါများခြင်းကို
ဖြစ်စေတတ်သောအကျင့်ကို
ကျင့်သည်
မည်၏။
ရဟန်းတို့
သီလရှိသော
ရဟန်းသည်
အိမ်သို့ ချဉ်းကပ်သည်ရှိသော်
လူတို့သည်
ပုစ္ဆာမေးကြပြဿနာမေးကြ
တရားနာကြသောအခါ
ထိုအိမ်သည်
ပညာကြီးခြင်းကို
ဖြစ်စေတတ်သော
အကျင့်ကိုကျင့်သည်
မည်၏။
ရဟန်းတို့
သီလရှိသော
ရဟန်းတို့
ချဉ်းကပ်အပ်သော
အိမ်၌
လူတို့သည်
ဤငါးမျိုးသောအကြောင်းတို့ဖြင့်
များစွာသော
ကောင်းမှုကို
ပွါးစေကုန်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-နိဿာရဏီယသုတ်
၂၀၀။
ရဟန်းတို့
ထွက်မြောက်ရာ
'နိဿရဏ' ဓာတ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ကာမဂုဏ်ကို
နှလုံးသွင်းသော
ရဟန်းအား
ကာမဂုဏ်တို့၌
စိတ်မပြေးဝင်၊
မကြည်လင်၊
မရပ်တည်နိုင်၊
လွတ်လွတ်
မဝင်၊
(ကာမဂုဏ်မှ)
ထွက်မြောက်ကြောင်း
(အသုဘ ဈာန်)
ကို
နှလုံးသွင်းသော
ရဟန်းအားမူ
(အသုဘဈာန်)
နေက္ခမ္မဓာတ်၌
စိတ်ပြေးဝင်၏၊
ကြည်လင်၏၊
ရပ်တည်နိုင်၏၊
လွတ်လွတ်ဝင်၏၊
ထိုရဟန်း၏
ထိုဈာန်စိတ်သည်
(အာရုံသို့)
ကောင်းစွာရောက်၏၊
ကောင်းစွာ
ပွါးစေ၏၊
ကာမဂုဏ်မှ
ကောင်းစွာ
ထမြောက်၏၊
ကောင်းစွာ
ကျွတ်လွတ်၏၊ ကာမဂုဏ်တို့နှင့်
ကင်းကွာ၏၊
ကာမဂုဏ်ဟူသော
အကြောင်းကြောင့်
ဖြစ်ကုန်သော
ဆင်းရဲခြင်းပူပန်ခြင်းကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့မှ
ထိုရဟန်းသည်
လွတ်ကင်း၏၊
ထိုရဟန်းသည်ဝေဒနာကို
မခံစားရ။
ဤသည်
(အသုဘပဌမဈာန်)
ကို
ကာမဂုဏ်တို့၏
ထွက်မြောက်ရာဟူ၍ဟောကြားအပ်၏။
(၁)
ရဟန်းတို့
နောက်တစ်မျိုးကား
ပျက်စီးစေလိုမှု
'ဗျာပါဒ' ကို
နှလုံးသွင်းသော
ရဟန်းအား
ဗျာပါဒ၌
စိတ်မပြေးဝင်၊
မကြည်လင်၊
မရပ်တည်နိုင်၊
လွတ်လွတ်
မဝင်၊ ဗျာပါဒ၏
ဆန့်ကျင်ဘက်ဖြစ်သော
မေတ္တာကိုနှလုံးသွင်းသော
ရဟန်းအားမူ
ဗျာပါဒ၏
ဆန့်ကျင်ဘက်
မေတ္တာ၌
စိတ်ပြေးဝင်၏၊
ကြည်လင်၏၊
ရပ်တည်နိုင်၏၊
လွတ်လွတ်ဝင်၏၊
ထိုရဟန်း၏
ထိုမေတ္တာစိတ်သည်
(အာရုံသို့)
ကောင်းစွာ
ရောက်၏၊
ကောင်းစွာ
ပွါးစေ၏၊
ဗျာပါဒမှ
ကောင်းစွာ
ထမြောက်၏၊
ကောင်းစွာ
ကျွတ်လွတ်၏၊
ဗျာပါဒနှင့်ကင်းကွာ၏၊
ဗျာပါဒဟူသော
အကြောင်းကြောင့်
ဖြစ်ကုန်သော
ဆင်းရဲခြင်း
ပူပန်ခြင်းကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့မှ
ထိုရဟန်းသည်
လွတ်ကင်း၏၊
ထိုရဟန်းသည်
ဝေဒနာကိုမခံစားရ။
ဤသည်
(မေတ္တာဈာန်)
ကို ဗျာပါဒ၏
ထွက်မြောက်ရာဟူ၍
ဟောကြားအပ်၏။
(၂)
ရဟန်းတို့
နောက်တစ်မျိုးကား
ညှဉ်းဆဲမှု 'ဝိဟိံ
သ'ကို
နှလုံးသွင်းသော
ရဟန်းအား
ဝိဟိံ သ၌
စိတ်မပြေးဝင်၊
မကြည်လင်၊
မရပ်တည်နိုင်၊
လွတ်လွတ်
မဝင်၊ ဝိဟိံ
သ၏ ဆန့်ကျင်ဘက်ဖြစ်သောမညှဉ်းဆဲမှု
'အဝိဟိံ သ
ကရုဏာဈာန်'
ကို
နှလုံးသွင်းသောရဟန်းအားမူ
အဝိဟိံ သ၌
စိတ်ပြေးဝင်၏၊
ကြည်လင်၏၊
ရပ်တည်နိုင်၏၊
လွတ်လွတ်ဝင်၏၊
ထိုရဟန်း၏
ထိုကရုဏာစိတ်သည်
(အာရုံသို့)
ကောင်းစွာ
ရောက်၏၊ ကောင်းစွာ
ပွါးစေ၏၊
ညှဉ်းဆဲမှု
'ဝိဟိံ သ'မှ
ကောင်းစွာ
ထမြောက်၏၊ ကောင်းစွာ
ကျွတ် လွတ်၏၊
ညှဉ်းဆဲမှု
'ဝိဟိံ သ' နှင့်
ကင်းကွာ၏၊
ဝိဟိံ သဟူသော
အကြောင်းကြောင့်ဖြစ်ကုန်သော
ဆင်းရဲခြင်း
ပူပန်ခြင်းကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့မှ
ထိုရဟန်းသည်လွတ်ကင်း၏၊
ထိုရဟန်းသည်
ဝေဒနာကို
မခံစားရ။
ဤသည်
(ကရုဏာဈာန်)
ကို ဝိဟိံ သ၏ထွက်မြောက်ရာဟူ၍
ဟောကြားအပ်၏။
(၃)
ရဟန်းတို့
နောက်တစ်မျိုးကား
ကသိုဏ်းရုပ်ကို
နှလုံးသွင်းသော
ရဟန်းအား
ကသိုဏ်းရုပ်၌
စိတ်မပြေးဝင်၊
မကြည်လင်၊
မရပ်တည်နိုင်၊
လွတ်လွတ်မဝင်၊
အရူပဈာန်ကို
နှလုံးသွင်းသော
ရဟန်းအားမူ
အရူပဈာန်၌
စိတ်ပြေးဝင်၏၊
ကြည်လင်၏၊
ရပ်တည်နိုင်၏၊
လွတ်လွတ်ဝင်၏၊
ထိုရဟန်း၏ထိုအရူပဈာန်စိတ်သည်
(အာရုံသို့)
ကောင်းစွာ
ရောက်၏၊
ကောင်းစွာ
ပွါးစေ၏၊
ကသိုဏ်းရုပ်မှကောင်းစွာ
ထမြောက်၏၊
ကောင်းစွာ
ကျွတ်လွတ်၏၊
ကသိုဏ်းရုပ်နှင့်
ကင်းကွာ၏၊
ရုပ်ဟူသောအကြောင်းကြောင့်
ဖြစ်ကုန်သော
ဆင်းရဲခြင်း
ပူပန်ခြင်းကို
ဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့မှထိုရဟန်းသည်
လွတ်ကင်း၏၊
ထိုရဟန်းသည်
ဝေဒနာကို
မခံစားရ။
ဤသည်
(အရူပဈာန်)
ကို
ရုပ်၏ထွက်မြောက်ရာဟူ၍
ဟောကြားအပ်၏။
(၄)
ရဟန်းတို့
နောက်တစ်မျိုးကား
ထင်ရှားရှိသော
ခန္ဓာငါးပါး
'သက္ကာယ' ကို
နှလုံးသွင်းသော
ရဟန်းအား
သက္ကာယ၌
စိတ်မပြေးဝင်၊
မကြည်လင်၊
မရပ်တည်နိုင်၊
လွတ်လွတ်မဝင်၊
သက္ကာယ
ချုပ်ငြိမ်းမှု
(အရဟတ္တဖိုလ်)
ကို နှလုံးသွင်းသော
ရဟန်းအားမူ
သက္ကာယချုပ်ငြိမ်းခြင်း၌
စိတ်ပြေးဝင်၏၊
ကြည်လင်၏၊
ရပ်တည်နိုင်၏၊
လွတ်လွတ်ဝင်၏၊
ထိုရဟန်း၏
ထိုအရဟတ္တဖိုလ်စိတ်သည်
(အာရုံသို့)
ကောင်းစွာ
ရောက်၏၊
ကောင်းစွာ
ပွါးစေ၏၊
သက္ကာယမှ
ကောင်းစွာ
ထမြောက်၏၊
ကောင်းစွာ
ကျွတ်လွတ်၏၊
သက္ကာယနှင့်
ကင်းကွာ၏၊
သက္ကာယဟူသော
အကြောင်းကြောင့်
ဖြစ်ကုန်သော
ဆင်းရြဲခင်း
ပူပန်ခြင်းကိုဖြစ်စေတတ်ကုန်သော
အာသဝေါတရားတို့မှ
ထိုရဟန်းသည်
လွတ်ကင်း၏၊
ထိုရဟန်းသည်
ဝေဒနာကိုမခံစားရ။
ဤသည်
(အရဟတ္တဖိုလ်သမာပတ်)
ကို သက္ကာယ၏
ထွက်မြောက်ရာဟူ၍
ဟောကြားအပ်၏။
(၅)
ထိုရဟန်းအား
ကာမဂုဏ်၌
နှစ်သက်မှုသည်လည်း
မကိန်းအောင်း၊
ဗျာပါဒ၌
နှစ်သက်မှုသည်လည်းမကိန်းအောင်း၊
ဝိဟိံ သ၌
နှစ်သက်မှုသည်လည်း
မကိန်းအောင်း၊
ရုပ်၌
နှစ်သက်မှုသည်လည်းမကိန်းအောင်း၊
သက္ကာယ၌
နှစ်သက်မှုသည်လည်း
မကိန်းအောင်း၊
ထိုရဟန်းသည်
ကာမဂုဏ်၌
နှစ်သက်မှု၏လည်း
မကိန်းအောင်းသောကြောင့်,
ဗျာပါဒ၌
နှစ်သက်မှု၏လည်း
မကိန်းအောင်းသောကြောင့်,ဝိဟိံ
သ၌ နှစ်သက်မှု၏လည်း
မကိန်းအောင်းသောကြောင့်,
ရုပ်၌
နှစ်သက်မှု၏လည်း
မကိန်းအောင်းသောကြောင့်,
သက္ကာယ၌
နှစ်သက်မှု၏လည်း
မကိန်းအောင်းသောကြောင့်
ရဟန်းတို့
ဤရဟန်းကို-
အနုသယမကိန်းသော
ရဟန်း၊
တဏှာပြတ်ပြီးသော
ရဟန်း၊
သံယောဇဉ်လွန်ပြီးသော
ရဟန်း၊
ကောင်းစွာ
မာနကို
နုတ်ပယ်ပြီးသောကြောင့်
ဝဋ်ဆင်းရဲ၏
အဆုံးကို
ပြုပြီးသော
ရဟန်းဟူ၍
ဆိုအပ်၏။
ရဟန်းတို့
ထွက်မြောက်ရာ
'နိဿရဏ'
ဓာတ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက်
ဗြာဟ္မဏဝဂ်
ပြီး၏။
စတုတ္ထ
သုတ်ငါးဆယ်
ပြီး၏။
------
၅-ပဉ္စမ
ပဏ္ဏာသက
၅-ပဉ္စမသုတ်ငါးဆယ်
(၂၁)
၁-ကိမိလဝဂ်
၁-ကိမိလသုတ်
၂၀၁။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ကိမိလမြို့
ကျည်းပင်တော၌
(သီတင်းသုံး)
နေတော်မူ၏၊
ထိုအခါ
အသျှင်ကိမိလမထေရ်သည်
မြတ်စွာဘုရားထံသိုု့
ချဉ်းကပ်၍
ရိုသေစွာ
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော်
သူတော်ကောင်းတရား
ကြာမြင့်စွာမတည်တံ့နိုင်သော
အကြောင်းအထောက်အပံ့ကား
အဘယ်ပါနည်း''ဟု
လျှောက်၏။
ကိမိလ
မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော်
ဤသာသနာတော်၌
ရဟန်း ရဟန်းမိန်းမဥပါသကာ
ဥပါသိကာမတို့သည်-
မြတ်စွာဘုရား၌
ရိုသေမှု
တုပ်ဝပ်မှု
မရှိကုန်မူ၍
နေကြကုန်၏။
တရား၌
ရိုသေမှု
တုပ်ဝပ်မှု
မရှိကုန်မူ၍
နေကြကုန်၏။
သံဃာ၌
ရိုသေမှု
တုပ်ဝပ်မှု
မရှိကုန်မူ၍
နေကြကုန်၏။
သီလသိက္ခာ၌
ရိုသေမှု
တုပ်ဝပ်မှု
မရှိကုန်မူ၍
နေကြကုန်၏။
အချင်းချင်း
ရိုသေမှု
တုပ်ဝပ်မှု
မရှိကုန်မူ၍
နေကြကုန်၏။
ကိမိလ
မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော်
သူတော်ကောင်းတရား
ကြာမြင့်စွာမတည်တံ့နိုင်သော
အကြောင်းအထောက်အပံ့ကား
ဤသည်ပင်တည်းဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော်
သူတော်ကောင်းတရား
ကြာမြင့်စွာတည်တံ့နိုင်သော
အကြောင်းအထောက်အပံ့ကား
အဘယ်ပါနည်း''ဟု
လျှောက်၏။
ကိမိလ
မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော်
ဤသာသနာတော်၌
ရဟန်း
ရဟန်းမိန်းမ့ဥပါသကာ
ဥပါသိကာမတို့သည်-
မြတ်စွာဘုရား၌
ရိုသေမှု
တုပ်ဝပ်မှု
ရှိကုန်၍
နေကြကုန်၏။
တရား၌
ရိုသေမှု
တုပ်ဝပ်မှု
ရှိကုန်၍
နေကြကုန်၏။
သံဃာ၌
ရိုသေမှု
တုပ်ဝပ်မှု
ရှိကုန်၍
နေကြကုန်၏။
သီလသိက္ခာ၌
ရိုသေမှု
တုပ်ဝပ်မှု
ရှိကုန်၍
နေကြကုန်၏။
အချင်းချင်း
ရိုသေမှု
တုပ်ဝပ်မှု
ရှိကုန်၍
နေကြကုန်၏။
ကိမိလ
မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော်
သူတော်ကောင်းတရား
ကြာမြင့်စွာတည်တံ့နိုင်သော
အကြောင်းအထောက်အပံ့ကား
ဤသည်ပင်တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဓမ္မဿဝနသုတ်
၂၀၂။
ရဟန်းတို့
တရားနာခြင်း၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မကြားဖူးသည်ကို
ကြားနာရ၏။
ကြားဖူးသည်ကို
ဖြူစင်စေ၏။
ယုံမှားမှုကို
ကူးမြောက်နိုင်၏။
အယူကို
ဖြောင့်မတ်စွာ
ပြုနိုင်၏။
ထိုသူ၏
စိတ်သည်
ကြည်လင်၏။
ရဟန်းတို့
တရားနာခြင်း၌
အာနိသင်တို့သည်
ဤ
ငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-အဿာဇာနီယသုတ်
၂၀၃။
ရဟန်းတို့
အင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏
အာဇာနည်မြင်းကောင်းသည်
မင်းအားထိုက်၏၊
မင်း
အသုံးအဆောင်ဖြစ်၏၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်ခေါ်ဝေါ်ခြင်းသို့
ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း။
လျင်မြန်ခြင်းနှင့်လည်းကောင်း။
နူးညံ့ခြင်းနှင့်လည်းကောင်း။
သည်းခံခြင်းနှင့်လည်းကောင်း။
အကျင့်စင်ကြယ်ခြင်းနှင့်လည်းကောင်း
ပြည့်စုံ၏။
ရဟန်းတို့
ဤအင်္ဂါငါးမျိုးတို့နှင့်
ပြည့်စုံသော
မင်း၏
အာဇာနည်မြင်းကောင်းသည်
မင်းအား
ထိုက်၏၊ မင်း
အသုံးအဆောင်ဖြစ်၏၊
မင်း၏
အင်္ဂါအစိတ်အပိုင်းဟူ၍
ရေတွက်ခေါ်ဝေါ်ခြင်းသို့
ရောက်၏။
ရဟန်းတို့
ဤအတူသာလျှင်
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ
ဆောင်၍သော်လည်း
ပေးလှူပူဇော်ရန်
ထိုက်တန်၏၊
ဧည့်သည်တို့အလို့ငှါ
စီမံထားသော
ဝတ္ထုကိုသော်လည်းပေးလှူပူဇော်ရန်
ထိုက်တန်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို
ခံထိုက်၏၊
လက်အုပ်ချီရန်ခံထိုက်၏၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း။
လျင်မြန်ခြင်းနှင့်လည်းကောင်း။
နူးညံ့ခြင်းနှင့်လည်းကောင်း။
သည်းခံခြင်းနှင့်လည်းကောင်း။
အကျင့်စင်ကြယ်ခြင်းနှင့်လည်းကောင်း
ပြည့်စုံ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန်
ထိုက်တန်၏၊
ဧည့်သည်တို့အလို့ငှါ
စီမံထားသော
ဝတ္ထုကိုသော်လည်း
ပေးလှူပူဇော်ရန်ထိုက်တန်၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို ခံထိုက်၏၊
လက်အုပ်ချီရန်
ထိုက်၏၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဗလသုတ်
၂၀၄။
ရဟန်းတို့
ဗိုလ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သဒ္ဓါဗိုလ်၊
ဟိရီဗိုလ်၊
ဩတ္တပ္ပဗိုလ်၊
ဝီရိယဗိုလ်၊
ပညာဗိုလ်တို့တည်း။
ရဟန်းတို့
ဗိုလ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-စေတောခိလသုတ်
၂၀၅။
ရဟန်းတို့
စိတ်၏
ငြောင့်တံသင်းဖြစ်သော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
မြတ်စွာဘုရား၌
ယုံမှား၏၊
တွေးတော၏၊
မဆုံး ဖြတ်နိုင်၊
မကြည်လင်၊
ရဟန်းတို့
မြတ်စွာဘုရား၌
ယုံမှားတွေးတော
မဆုံးဖြတ်နိုင်
မကြည်လင်သော
ရဟန်း၏စိတ်သည်
အပူတပြင်းအားထုတ်ရန်
အဖန်တလဲလဲ
အားထုတ်ရန်
အမြဲမပြတ်
အားထုတ်ရန် ကမ္မဋ္ဌာန်းကိုအားထုတ်ရန်
မညွတ်၊
ဤသည်ကား
စိတ်၏
ငြောင့်တံသင်းဖြစ်သော
ပဌမတရားပင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် တရား၌
ယုံမှား၏။ပ။
သံဃာ၌
ယုံမှား၏။ပ။
သီလ
သိက္ခာ၌
ယုံမှား၏။ပ။
သီတင်းသုံးဖော်တို့၌
အမျက်ထွက်၏၊
မနှစ်သက်သော
စိတ်ရှိ၏၊
ထိပါးပုတ်ခတ်လိုသော
စိတ်ရှိ၏၊
ငြောင့်တံသင်းကဲ့သို့
ဖြစ်၏၊ ရဟန်းတို့
သီတင်းသုံးဖော်တို့၌
အမျက်ထွက်သော၊
မနှစ်သက်သော၊
ထိပါးပုတ်ခတ်လို
စိတ်ရှိသော၊
ငြောင့်တံသင်းကဲ့သို့
ဖြစ်သော ရဟန်း၏
စိတ်သည်
အပူတပြင်းအားထုတ်ရန်
အဖန်တလဲလဲ
အားထုတ်ရန်
အမြဲမပြတ်
အားထုတ်ရန်
ကမ္မဋ္ဌာန်းကို
အားထုတ်ရန်
မညွတ်။
ဤသည်ကား
စိတ်၏
ငြောင့်တံသင်းဖြစ်သော
ပဉ္စမတရားပင်တည်း။
ရဟန်းတို့
စိတ်၏
ငြောင့်တံသင်းဖြစ်သော
တရားတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဝိနိဗန္ဓသုတ်
၂၀၆။
ရဟန်းတို့
စိတ်၏
အနှောင်အဖွဲ့ဖြစ်သော
တရားတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကာမဂုဏ်တို့၌
မကင်းသော
စွဲမက်မှု၊
မကင်းသောလိုချင်မှု၊
မကင်းသော
ချစ်ခင်မှု၊
မကင်းသော မွတ်သိပ်မှု၊
မကင်းသော
ပူပန်မှု၊
မကင်းသောတပ်မက်မှု
ရှိ၏။
ရဟန်းတို့
ကာမဂုဏ်တို့၌
မကင်းသော
စွဲမက်မှု၊
မကင်းသော
လိုချင်မှု၊
မကင်းသော
ချစ်ခင်မှု၊
မကင်းသော
မွတ်သိပ်မှု၊
မကင်းသော ပူပန်မှု၊
မကင်းသော
တပ်မက်မှု
ရှိသော ရဟန်း၏
စိတ်သည်အပူတပြင်း
အားထုတ်ရန်
အဖန်တလဲလဲ
အားထုတ်ရန်
အမြဲမပြတ်
အားထုတ်ရန်
ကမ္မဋ္ဌာန်းကိုအားထုတ်ရန်
မညွတ်။
ဤသည်ကား
စိတ်၏
အနှောင်အဖွဲ့ဖြစ်သော
ပဌမတရားပင်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ရဟန်းသည် ကိုယ်ခန္ဓာတို့၌
မကင်းသော
စွဲမက်မှု။ပ။
ရုပ်၌
မကင်းသော
စွဲမက်မှု။ပ။
အလိုရှိတိုင်း
ဝမ်းပြည့်အောင်
စား၍ အိပ်မှုချမ်းသာ
လျောင်းမှုချမ်းသာ
ငိုက်မျဉ်းမှုချမ်းသာကိုလုံ့လပြု၍
နေ၏။ပ။
''ငါသည်
ဤသီလဖြင့်လည်းကောင်း၊
ဤအကျင့်ဖြင့်လည်းကောင်း၊
ဤခြိုးခြံမှုဖြင့်လည်းကောင်း၊
ဤမြတ်သော
အကျင့်ဖြင့်လည်းကောင်း၊
တန်ခိုးကြီးသော
နတ်သော်လည်းကောင်း၊
တစ်မျိုးမျိုးသော
နတ်သော်လည်းကောင်း
ဖြစ်လိမ့်မည်''ဟု
နတ်အသင်းအပင်း
တစ်မျိုးမျိုးကို
တောင့်တ၍ မြတ်သော
အကျင့်ကို
ကျင့်၏။
ရဟန်းတို့
''ငါသည်
ဤသီလဖြင့်လည်းကောင်း၊
ဤအကျင့်ဖြင့်လည်းကောင်း၊
ဤခြိုးခြံမှုဖြင့်လည်းကောင်း၊
ဤမြတ်သောအကျင့်ဖြင့်လည်းကောင်း၊
တန်ခိုးကြီးသော
နတ်သော်လည်းကောင်း၊
တစ်မျိုးမျိုးသော
နတ်သော်လည်းကောင်း
ဖြစ်လိမ့်မည်''ဟု
နတ်အသင်းအပင်းတစ်မျိုးမျိုးကို
တောင့်တ၍
မြတ်သောအကျင့်ကို
ကျင့်သော
ရဟန်း၏
စိတ်သည်
အပူတပြင်းအားထုတ်ရန်
အဖန်တလဲလဲ
အားထုတ်ရန်
အမြဲမပြတ်
အားထုတ်ရန်
ကမ္မဋ္ဌာန်းကို
အားထုတ်ရန်
မညွတ်၊ ဤသည်ကား
စိတ်၏
အနှောင်အဖွဲ့ဖြစ်သောပဉ္စမတရားပင်တည်း။
ရဟန်းတို့
စိတ်၏
အနှောင်အဖွဲ့ဖြစ်သော
တရားတို့သည်
ဤငါးမျိုးတို့ပင်တည်းဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ယာဂုသုတ်
၂၀၇။
ရဟန်းတို့
ယာဂု၏
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ဆာလောင်ခြင်းကို
ပယ်ဖျောက်တတ်၏။
မွတ်သိပ်ခြင်းကို
ပယ်ဖျောက်တတ်၏။
လေကို
စုန်စေတတ်၏။
ဆီးအိမ်ကို
သုတ်သင်
(စင်ကြယ်စေ)
တတ်၏။
အစာသစ်
အကြွင်းအကျန်ကို
ကျေညက်စေတတ်၏။
ရဟန်းတို့
ယာဂု၏
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒန္တကဋ္ဌသုတ်
၂၀၈။
ရဟန်းတို့
ဒန်ပူမစားခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မျက်စိ
မကြည်လင်။
ခံတွင်း
အနံ့
မကောင်း။
အရသာကို
ဆောင်တတ်သော
အကြောတို့
မစင်ကြယ်ကုန်။
သည်းခြေသလိပ်သည်
အစာကို
မြှေးယှက်၏။
ထို
(ဒန်ပူမစား)
သူအား ထမင်း
မမြိန်၊
ရဟန်းတို့
ဒန်ပူမစားခြင်း၌
အပြစ်တို့သည်
ဤငါးမျိုး
တို့တည်း။
ရဟန်းတို့
ဒန်ပူစားခြင်း၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မျက်စိ
ကြည်လင်၏။
ခံတွင်း
အနံ့
ကောင်း၏။
အရသာကို
ဆောင်တတ်သော
အကြောတို့
စင်ကြယ်ကုန်၏။
သည်းခြေ
သလိပ်သည်
အစာကို
မမြှေးယှက်။
ထို
(ဒန်ပူစား)
သူအား
ထမင်းမြိန်၏။
ရဟန်းတို့
ဒန်ပူစားခြင်း၌
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ဂီတဿရသုတ်
၂၀၉။
ရဟန်းတို့
ရှည်စွာသော
သီချင်းသံဖြင့်
တရားဟောသော
ပုဂ္ဂိုလ်၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မိမိကိုယ်တိုင်လည်း
ထိုအသံ၌
စွဲမက်၏။ သူတစ်ပါးတို့သည်လည်း
ထိုအသံ၌
စွဲမက်ကုန်၏။
''ငါတို့
သီချင်းဆိုသကဲ့သို့
ထို့အတူ
သာကီဝင်မင်းသား
ဘုရားသားတော်
ရဟန်းတို့သည်
သီချင်းဆိုကုန်၏''ဟု
လူဒါယကာတို့
ကဲ့ရဲ့ကုန်၏။
အသံပြုပြင်ခြင်းကို
အလိုရှိသော
ရဟန်းအား
သမာဓိပျက်စီးခြင်း
ဖြစ်၏။
နောင်လာနောက်သားသည်
အတုလိုက်၏။
ရဟန်းတို့
ရှည်စွာသော
သီချင်းသံဖြင့်
တရားဟောသော
ပုဂ္ဂိုလ်၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-မုဋ္ဌဿတိသုတ်
၂၁၀။
ရဟန်းတို့
သတိလွတ်ကင်း
ဆင်ခြင်ခြင်းမရှိဘဲ
အိပ်ပျော်သော
ရဟန်း၏
အပြစ်တို့သည်ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ဆင်းရဲစွာ
အိပ်ရ၏။
ဆင်းရဲစွာ
နိုးရ၏။
မကောင်းသော
အိပ်မက်
မက်၏။
နတ်တို့
မစောင့်ရှောက်ကုန်။
သုက်
လွတ်၏။
ရဟန်းတို့
သတိလွတ်ကင်း
ဆင်ခြင်ခြင်းမရှိဘဲ
အိပ်ပျော်သော
ရဟန်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ရဟန်းတို့
သတိမကင်း
ဆင်ခြင်ခြင်းရှိ၍
အိပ်ပျော်သော
ရဟန်း၏
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ချမ်းသာစွာ
အိပ်ရ၏။
ချမ်းသာစွာ
နိုးရ၏။
မကောင်းသော
အိပ်မက်ကို
မမက်။
နတ်တို့စောင့်ရှောက်ကုန်၏။
သုက်
မလွတ်။
ရဟန်းတို့
သတိမကင်း
ဆင်ခြင်ခြင်းရှိ၍
အိပ်ပျော်သော
ရဟန်း၏
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
ဒသမသုတ်။
ရှေးဦးစွာသော
ကိမိလဝဂ်
ပြီး၏။
------
(၂၂)
၂-အက္ကောသကဝဂ်
၁-အက္ကောသကသုတ်
၂၁၁။
ရဟန်းတို့
သီတင်းသုံးဖော်တို့ကို
ဆဲရေးတတ်
ရေရွတ်ကြိမ်းမောင်းတတ်
အရိယာပုဂ္ဂိုလ်တို့အား
စွပ်စွဲတတ်သော
ရဟန်းသည် အပြစ်ငါးမျိုးတို့ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
(လောကုတ္တရာတရား)
ပြတ်၍
(လောကုတ္တရာတရားမှ)
ဆုံးရှုံး၏။
ညစ်နွမ်းသော
အာပတ်တစ်မျိုးမျိုးသို့မူလည်း
ရောက်၏။
ပြင်းထန်သော
ရောဂါသို့မူလည်း
ရောက်၏။
တွေဝေလျက်
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
သီတင်းသုံးဖော်တို့ကို
ဆဲရေးတတ်
ရေရွတ်ကြိမ်းမောင်းတတ်
အရိယာပုဂ္ဂိုလ်တို့အားစွပ်စွဲတတ်သော
ရဟန်းသည်
ဤအပြစ်ငါးမျိုးတို့ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဘဏ္ဍနကာရကသုတ်
၂၁၂။
ရဟန်းတို့
မျက်ကွယ်မျက်မှောက်
ငြင်းခုံလျက်
ဆန့်ကျင်ဘက်
ပြောကြား
စကားများ
တတ်၍သံဃာ၌
အဓိကရုဏ်းမှုကို
ပြုတတ်သော
ရဟန်းသည်
အပြစ်ငါးမျိုးတို့ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မရသေးသော
တရားထူးကို
မရ။
ရပြီးသော
တရားထူးမှ
ယုတ်လျော့၏။
မကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
တက်၏။
တွေဝေလျက်
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ
ပျက်စီး၍ကျရောက်ရာဖြစ်သော
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
မျက်ကွယ်မျက်မှောက်
ငြင်းခုံလျက်
ဆန့်ကျင်ဘက်
ပြောကြား
စကားများတတ်၍
သံဃာ၌
အဓိကရုဏ်းမှုကို
ပြုတတ်သော
ရဟန်းသည်
ဤအပြစ်ငါးမျိုးတို့ကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-သီလသုတ်
၂၁၃။
ရဟန်းတို့
သီလမရှိသူ၏
သီလပျက်စီးခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤလောက၌
သီလမရှိသော
သီလပျက်စီးသော
ပုဂ္ဂိုလ်သည်
မေ့လျော့ခြင်းကြောင့်များစွာသော
စည်းစိမ်ဥစ္စာတို့၏
ဆုံးရှုံးခြင်းသို့
ရောက်၏။
ဤသည်ကား
သီလမရှိသော
ပုဂ္ဂိုလ်၏သီလပျက်စီးခြင်း၌
ပဌမအပြစ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလမရှိသော သီလပျက်စီးသော
ပုဂ္ဂိုလ်၏
မကောင်းသောကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
ရဟန်းတို့ ဤသည်ကား
သီလမရှိသော
ပုဂ္ဂိုလ်၏
သီလပျက်စီးခြင်း၌
ဒုတိယအပြစ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလမရှိသော သီလပျက်စီးသော
ပုဂ္ဂိုလ်သည်
မင်းပရိသတ်သို့
ဖြစ်စေပုဏ္ဏားပရိသတ်သို့ဖြစ်စေ
သူကြွယ်ပရိသတ်သို့ဖြစ်စေ
ရဟန်းပရိသတ်သို့ဖြစ်စေ
မည်သည့်
ပရိသတ်သို့မဆို
ချဉ်းကပ်ခဲ့သော်
ကြောက်ကြောက်ရွံ့ရွံ့
မျက်နှာညှိုးငယ်လျက်
ချဉ်းကပ်ရ၏၊
ရဟန်းတို့ဤသည်ကား
သီလ မရှိသော
ပုဂ္ဂိုလ်၏
သီလပျက်စီးခြင်း၌
တတိယအပြစ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလမရှိသော သီလပျက်စီးသော
ပုဂ္ဂိုလ်သည်
တွေဝေလျက် သေရ၏၊
ရဟန်းတို့
ဤသည်ကား
သီလမရှိသော
ပုဂ္ဂိုလ်၏
သီလပျက်စီးခြင်း၌
စတုတ္ထအပြစ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလမရှိသော
သီလပျက်စီးသော
ပုဂ္ဂိုလ်သည်
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်၌
ချမ်းသာကင်းသော
မကောင်းသော
လားရာ
ပျက်စီး၍
ကျရောက်ရာဖြစ်သောငရဲသို့
ရောက်ရ၏။
ရဟန်းတို့
ဤသည်ကား သီလ မရှိသော
ပုဂ္ဂိုလ်၏
သီလပျက်စီးခြင်း၌
ပဉ္စမအပြစ်တည်း။
ရဟန်းတို့
သီလမရှိသော
ပုဂ္ဂိုလ်၏
သီလပျက်စီးခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့ပင်တည်း။
ရဟန်းတို့
သီလရှိသော
ပုဂ္ဂိုလ်၏
သီလနှင့်ပြည့်စုံခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤလောက၌
သီလရှိသော
သီလနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်သည်
မမေ့လျော့ခြင်းကြောင့်များစွာသော
စည်းစိမ်ဥစ္စာအစုကို
ရ၏၊
ရဟန်းတို့
ဤသည်ကား
သီလရှိသော
ပုဂ္ဂိုလ်၏
သီလနှင့်ပြည့်စုံခြင်း၌
ပဌမအကျိုးတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလရှိသော သီလနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်၏
ကောင်းသောကျော်စောသတင်းသည်
ပျံ့နှံ့၍
ထွက်၏၊ ရဟန်းတို့
ဤသည်ကား သီလရှိသော
ပုဂ္ဂိုလ်၏
သီလနှင့်ပြည့်စုံခြင်း၌
ဒုတိယအကျိုးတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလရှိသော သီလနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်သည်
မင်းပရိသတ်သို့
ဖြစ်စေပုဏ္ဏားပရိသတ်သို့ဖြစ်စေ
သူကြွယ်ပရိသတ်သို့ဖြစ်စေ
ရဟန်းပရိသတ်သို့ဖြစ်စေ
မည်သည့်
ပရိသတ်သို့မဆိုချဉ်းကပ်ခဲ့သော်
မကြောက်မရွံ့
မျက်နှာမညှိုးငယ်ဘဲ
ချဉ်းကပ်ရ၏၊
ရဟန်းတို့ ဤ
သည်ကားသီလရှိသော
ပုဂ္ဂိုလ်၏
သီလနှင့်ပြည့်စုံခြင်း၌
တတိယ အကျိုးတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလရှိသော သီလနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်သည်
မတွေဝေဘဲ
သေရ၏၊
ရဟန်းတို့
ဤသည်ကား
သီလရှိသော
ပုဂ္ဂိုလ်၏
သီလနှင့်ပြည့်စုံခြင်း၌
စတုတ္ထ
အကျိုးတည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
သီလရှိသော သီလနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်သည်
ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ
နောက်၌
ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက်ရ၏။
ရဟန်းတို့
ဤသည်ကား
သီလရှိသော
ပုဂ္ဂိုလ်၏ သီလနှင့်ပြည့်စုံခြင်း၌
ပဉ္စမအကျိုးတည်း။
ရဟန်းတို့
သီလရှိသော
ပုဂ္ဂိုလ်၏
သီလနှင့်ပြည့်စုံခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်
------
၄-ဗဟုဘာဏိသုတ်
၂၁၄။
ရဟန်းတို့
စကားများသော
ပုဂ္ဂိုလ်၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မဟုတ်မမှန်သည်ကို
ပြောမိတတ်၏။
ကုန်းစကားကို
ပြောမိတတ်၏။
ကြမ်းတမ်းသော
စကားကို
ပြောမိတတ်၏။
ပြိန်ဖျင်းသော
စကားကို
ပြောမိတတ်၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
စကားများသော
ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့ပင်တည်း။
ရဟန်းတို့
ပညာဖြင့်
နှိုင်းချိန်၍
စကားပြောဆိုသော
ပုဂ္ဂိုလ်၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မဟုတ်မမှန်သည်ကို
မပြောမိတတ်။
ကုန်းစကားကို
မပြောမိတတ်။
ကြမ်းတမ်းသော
စကားကို
မပြောမိတတ်။
ပြိန်ဖျင်းသော
စကားကို မပြောမိတတ်။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက်ရ၏။
ရဟန်းတို့
ပညာဖြင့်
နှိုင်းချိန်၍
စကားပြောဆိုသော
ပုဂ္ဂိုလ်၌
အကျိုးတို့သည်
ဤငါးမျိုးတို့
တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပဌမ
အက္ခန္ထိသုတ်
၂၁၅။
ရဟန်းတို့
သည်းမခံခြင်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
လူအများသည်
မချစ်မနှစ်သက်။
ရန်များ၏။
အပြစ်များ၏။
တွေဝေလျက်
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
သည်းမခံခြင်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
သည်းခံခြင်း၏
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
လူအများသည်
ချစ်နှစ်သက်၏။
ရန်မများ။
အပြစ်မများ။
မတွေမဝေဘဲ
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက် ရ၏။
ရဟန်းတို့
သည်းခံခြင်း၏
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-
ဒုတိယ
အက္ခန္ထိသုတ်
၂၁၆။
ရဟန်းတို့
သည်းမခံခြင်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
လူအများသည်
မချစ်မနှစ်သက်။
ကြမ်းကြုတ်၏။
နှလုံး
မသာယာ။
တွေဝေလျက်
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
သည်းမခံခြင်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
သည်းခံခြင်း၏
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
လူအများသည်
ချစ်နှစ်သက်၏။
မကြမ်းကြုတ်။
နှလုံး
မသာမယာမဖြစ်။
မတွေဝေဘဲ
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက်ရ၏။
ရဟန်းတို့
သည်းခံခြင်း၏
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ပဌမ
အပါသာဒိကသုတ်
၂၁၇။
ရဟန်းတို့
ကြည်ညိုဖွယ်မရှိသော
ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
စွပ်စွဲ၏။
ပညာရှိတို့
စိစစ်၍
ကဲ့ရဲ့ကုန်၏။
မကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
တွေဝေလျက်
သေရ၏။
ခန္ဓာကိုယ်
ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ ပျက်စီး၍ကျရောက်ရာ
ဖြစ်သော
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
ကြည်ညိုဖွယ်
မရှိသော
ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ကြည်ညိုဖွယ်
ရှိသော
ပုဂ္ဂိုလ်၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
မစွပ်စွဲ။
ပညာရှိတို့
စိစစ်၍
ချီးမွမ်းကုန်၏။
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
မတွေဝေဘဲ
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက်ရ၏။
ရဟန်းတို့
ကြည်ညိုဖွယ်ရှိသော
ပုဂ္ဂိုလ်၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒုတိယ
အပါသာဒိကသုတ်
၂၁၈။
ရဟန်းတို့
ကြည်ညိုဖွယ်
မရှိသော ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မကြည်ညိုသေးသော
သူတို့
မကြည်ညိုကုန်။
ကြည်ညိုပြီးသော
အချို့သူတို့သည်လည်း
အကြည်ညိုပျက်ကုန်၏။
မြတ်စွာဘုရား
အဆုံးအမတော်ကို
လိုက်နာပြုကျင့်မှု
မရှိ။
နောင်လာနောက်သားသည်
အတုလိုက်၏။
ထိုပုဂ္ဂိုလ်၏
စိတ်သည်
မကြည်လင်။
ရဟန်းတို့
ကြည်ညိုဖွယ်
မရှိသော
ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ကြည်ညိုဖွယ်ရှိသော
ပုဂ္ဂိုလ်၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မကြည်ညိုသေးသော
သူတို့
ကြည်ညိုကုန်၏။
ကြည်ညိုပြီးသောသူတို့လည်း
တိုး၍
ကြည်ညိုကုန်၏။
မြတ်စွာဘုရား
အဆုံးအမတော်ကို
လိုက်နာပြုကျင့်၏။
နောင်လာနောက်သားသည်
အတုလိုက်၏။
ထိုပုဂ္ဂိုလ်၏
စိတ်သည်
ကြည်လင်၏။
ရဟန်းတို့
ကြည်ညိုဖွယ်ရှိသော
ပုဂ္ဂိုလ်၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-အဂ္ဂိသုတ်
၂၁၉။
ရဟန်းတို့
မီးလှုံခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မျက်စိ
မကြည်လင်။
အဆင်းမလှခြင်းကို
ပြုတတ်၏။
အားနည်းခြင်းကို
ပြုတတ်၏။
အပေါင်းအဖော်၌
မွေ့လျော်မှု
'တဏှာ' ပွါးများတတ်၏။
တိရစ္ဆာနကထာစကားမျိုး
ဖြစ်ပေါ်စေတတ်၏။
ရဟန်းတို့
မီးလှုံခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-မဓုရာသုတ်
၂၂၀။
ရဟန်းတို့
မဓုရာဇ်ပြည်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မြေအပြင်
မညီညွတ်။
မြူမှုန်များ၏။
ကြမ်းတမ်းသော
ခွေးရှိ၏။
အတင့်ရဲသော
ရက္ခိုက်ဘီလူးရှိ၏။
ဆွမ်းခံ၍
ရခဲ၏။
ရဟန်းတို့
မဓုရာဇ်ပြည်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက်
အက္ကောသကဝဂ်
ပြီး၏။
------
(၂၃)
၃-ဒီဃစာရိကဝဂ်
၁-ပဌမ
ဒီဃစာရိကသုတ်
၂၂၁။
ရဟန်းတို့
ရှည်လျားစွာ
ခရီးသွားခြင်း
အပိုင်းအခြားမရှိဘဲ
ခရီးသွားခြင်းကို
အဖန်တလဲလဲအားထုတ်သော
ရဟန်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မကြားဖူးသည်ကို
မကြားနာရ။
ကြားဖူးသည်ကို
မဖြူစင်စေ။
ကြားဖူးသော
အချို့သော
တရားဖြင့်
ရဲရင့်ခြင်း
မဖြစ်။
ပြင်းထန်စွာ
ရောဂါစွဲကပ်ခြင်းသို့
ရောက်၏။
အဆွေခင်ပွန်းလည်း
မရှိ။
ရဟန်းတို့
ရှည်လျားစွာ
ခရီးသွားခြင်း
အပိုင်းအခြားမရှိဘဲ
ခရီးသွားခြင်းကို
အဖန်တလဲလဲအားထုတ်သော
ရဟန်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
အပိုင်းအခြားရှိသော
ခရီးသွားခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မကြားဖူးသည်ကို
ကြားနာရ၏။
ကြားဖူးသည်ကို
ဖြူစင်စေ၏။
ကြားဖူးသော
အချို့သော
တရားဖြင့်
ရဲရင့်၏။
ပြင်းထန်စွာ
ရောဂါစွဲကပ်ခြင်းသို့
မရောက်။
အဆွေခင်ပွန်းလည်း
ရှိ၏။
ရဟန်းတို့
အပိုင်းအခြားရှိသော
ခရီးသွားခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ဒုတိယ
ဒီဃစာရိကသုတ်
၂၂၂။
ရဟန်းတို့
ရှည်လျားစွာ
ခရီးသွားခြင်း
အပိုင်းအခြားမရှိ
ခရီးသွားခြင်းကို
အဖန်တလဲလဲ
အားထုတ်သော
ရဟန်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မရဖူးသေးသော
တရားထူးကို
မရ၊ ရပြီးသော
တရားထူးမှ
ယုတ်လျော့၏၊
ရပြီးသော
အချို့သောတရားဖြင့်
မရဲရင့်၊
ပြင်းထန်စွာ
ရောဂါစွဲကပ်ခြင်းသို့
ရောက်၏၊
အဆွေခင်ပွန်းလည်း
မရှိ။
ရဟန်းတို့
ရှည်လျားစွာ
ခရီးသွားခြင်း
အပိုင်းအခြားမရှိ
ခရီးသွားခြင်းကို
အဖန်တလဲလဲ
အားထုတ်သော
ရဟန်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
အပိုင်းအခြားရှိသော
ခရီးသွားခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မရဖူးသေးသော
တရားထူးကို
ရ၏၊ ရပြီးသော
တရားထူးမှ
မယုတ်လျော့၊
ရပြီးသော
အချို့သောတရားထူးဖြင့်
ရဲရင့်၏၊
ပြင်းထန်စွာ
ရောဂါစွဲကပ်ခြင်းသို့
မရောက်၊
အဆွေခင်ပွန်းလည်း
ရှိ၏။
ရဟန်းတို့
အပိုင်းအခြားရှိသော
ခရီးသွားခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-အတိနိဝါသသုတ်
၂၂၃။
ရဟန်းတို့
အလွန်ကြာမြင့်စွာ
နေခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
များသော
ဘဏ္ဍာကို
စုဆောင်းသည်ဖြစ်၍
များသော
ဘဏ္ဍာရှိ၏။
များသော
ဆေးတို့ကို
စုဆောင်းသည်ဖြစ်၍
များသော
ဆေးရှိ၏။
ပြုဖွယ်များသည်ဖြစ်၍
ကိစ္စများပြား၏။
အဘယ်ကို
ပြုရမည်နည်းဟု
(မေးမြန်း၍)
ပြုအပ်သော
အမှုကြီးငယ်တို့၌
ကပ်ငြိတွယ်တာသည်
ဖြစ်၍
(သာသနာတော်နှင့်)
မလျော်သော
လူတို့၏
နှီးနှောခြင်းမျိုးဖြင့်
လူ, ရဟန်းတို့နှင့်
နှီးနှောဆက်ဆံလျက်
နေရ၏။
ထိုနေရာကျောင်းမှ
ဖဲသွားလျှင်
ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍
ဖဲသွားရ၏။
ရဟန်းတို့
အလွန်ကြာမြင့်စွာ
နေခြင်း၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
အပိုင်းအခြားရှိသော
နေခြင်း၌ အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
များသော
ဘဏ္ဍာကို
မစုဆောင်းသည်ဖြစ်၍
များသော
ဘဏ္ဍာ မရှိ။
များသော
ဆေးတို့ကို
မစုဆောင်းသည်ဖြစ်၍
များသော ဆေး
မရှိ။
ပြုဖွယ်မများသည်ဖြစ်၍
ကိစ္စမများ။
အဘယ်ကို
ပြုရမည်နည်းဟု
(မေးမြန်း၍)
ပြုအပ်သော
အမှုကြီးငယ်တို့၌
မကပ်ငြိမတွယ်တာသည်ဖြစ်၍
(သာသနာတော်နှင့်)
မလျော်သော
လူတို့၏ နှီးနှောခြင်းမျိုးဖြင့်
လူ,
ရဟန်းတို့နှင့်
နှီးနှောဆက်ဆံ၍
မနေရ။
ထိုနေရာကျောင်းမှ
ဖဲသွားလျှင်
ငဲ့ကွက်ခြင်း
မရှိသည်ဖြစ်၍
ဖဲသွားရ၏။
ရဟန်းတို့
အပိုင်းအခြားရှိသော
နေခြင်း၌ အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-မစ္ဆရီသုတ်
၂၂၄။
ရဟန်းတို့
အလွန်ကြာမြင့်စွာ
နေခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း
'အာဝါသ'၌
ဝန်တိုမှု
ရှိ၏။
အမျိုး
'ဒါယကာ' တို့၌
ဝန်တိုမှု
ရှိ၏။
လာဘ်လာဘ၌
ဝန်တိုမှု
ရှိ၏။
ဂုဏ်အဆင်း၌
ဝန်တိုမှု
ရှိ၏။
တရား၌
ဝန်တိုမှု
ရှိ၏။
ရဟန်းတို့
အလွန်ကြာမြင့်စွာ
နေခြင်း၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
အပိုင်းအခြားရှိသော
နေခြင်း၌ အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း
'အာဝါသ'၌
ဝန်တိုမှု
မရှိ။
အမျိုး
'ဒါယကာ' တို့၌
ဝန်တိုမှု
မရှိ။
လာဘ်လာဘ၌
ဝန်တိုမှု
မရှိ။
ဂုဏ်အဆင်း၌
ဝန်တိုမှု
မရှိ။
တရား၌
ဝန်တိုမှု
မရှိ။
ရဟန်းတို့
ကာလအပိုင်းအခြားရှိသော
နေခြင်း၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပဌမ
ကုလူပကသုတ်
၂၂၅။
ရဟန်းတို့
အိမ်သို့
ကပ်တတ်သော
ရဟန်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မပန်ကြားဘဲ
သွားလာခြင်းကြောင့်
(ပါစိတ်) အာပတ်
သင့်၏။
ဆိတ်ကွယ်ရာ၌
(မာတုဂါမနှင့်အတူ)
ထိုင်နေခြင်းကြောင့်
(ပါစိတ်)
အာပတ်သင့်၏။
ဖုံးလွှမ်းသော
နေရာ၌
(မာတုဂါမနှင့်အတူ)
နေခြင်းကြောင့်
(ပါစိတ်)
အာပတ်သင့်၏။
မာတုဂါမအား
ငါးပုဒ်
ခြောက်ပုဒ်ထက်အလွန်
တရားဟောခြင်းကြောင့်
(ပါစိတ်)
အာပတ် သင့်၏။
ကာမဂုဏ်ကို
ကြံစည်ခြင်းများလျက်
နေ၏။
ရဟန်းတို့
အိမ်သို့
ကပ်တတ်သော
ရဟန်း၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဒုတိယ
ကုလူပကသုတ်
၂၂၆။
ရဟန်းတို့
အလွန်ကြာမြင့်စွာ
ဒါယကာတို့နှင့်
ရောနှော၍နေသော
အိမ်သို့
ကပ်တတ်သော
ရဟန်း၏
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
မာတုဂါမအား
မပြတ်တွေ့မြင်ရ၏။
တွေ့မြင်သည်ရှိသော်
နှီးနှောမိ၏။
နှီးနှောမိသည်ရှိသော်
အကျွမ်းဝင်၏။
အကျွမ်းဝင်သည်ရှိသော်
ရာဂသို့
သက်ဝင်၏။
(ရာဂ)
သက်ဝင်သော
စိတ်ရှိသော
ရဟန်းအား
''မမွေ့လျော်ဘဲလည်း
မြတ်သော
အကျင့်ကို
ကျင့်ရလိမ့်မည်၊
ညစ်နွမ်းသော
အာပတ်တစ်မျိုးမျိုးသို့မူလည်း
ရောက်ရလိမ့်မည်၊
သိက္ခာချ၍မူလည်း
လူထွက်ရလိမ့်မည်''ဟူသော
ဤအရာကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
အလွန်ကြာမြင့်စွာ
ဒါယကာတို့နှင့်
ရောနှော၍
နေသော
အိမ်သို့
ကပ်တတ်သော ရဟန်း၏အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဘောဂသုတ်
၂၂၇။
ရဟန်းတို့
စည်းစိမ်ဥစ္စာတို့၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
စည်းစိမ်ဥစ္စာတို့သည်
မီးနှင့်
ဆက်ဆံကုန်၏။
စည်းစိမ်ဥစ္စာတို့သည်
ရေနှင့်
ဆက်ဆံကုန်၏။
စည်းစိမ်ဥစ္စာတို့သည်
မင်းနှင့်
ဆက်ဆံကုန်၏။
စည်းစိမ်ဥစ္စာတို့သည်
ခိုးသူနှင့်
ဆက်ဆံကုန်၏။
စည်းစိမ်ဥစ္စာတို့သည်
မချစ်မနှစ်သက်အပ်သော
အမွေခံဆိုးတို့နှင့်
ဆက်ဆံကုန်၏။
ရဟန်းတို့
စည်းစိမ်ဥစ္စာတို့၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
စည်းစိမ်ဥစ္စာတို့၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
စည်းစိမ်ဥစ္စာတို့ကို
အမှီပြု၍
မိမိကိုယ်ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာဆောင်၏။
အမိ
အဖတို့ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာ
ဆောင်၏။
သား
သမီး မယား
ကျွန်
အလုပ်သမားတို့ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာဆောင်၏။
မိတ်ဆွေ
ခင်ပွန်းတို့ကို
ချမ်းသာစေ၏၊
နှစ်သက်စေ၏၊
ချမ်းသာကို
ကောင်းစွာ
ဆောင်၏။
အထက်ဘုံ၌
ဖြစ်စေတတ်သော၊
ကောင်းမြတ်သော
အာရုံကို
ပေးတတ်သော၊
ချမ်းသာကျိုးရှိသော၊
နတ်ပြည်၌
ဖြစ်စေတတ်သော
အလှူကို
သမဏဗြာဟ္မဏတို့၌
ဖြစ်စေ၏။
ရဟန်းတို့
စည်းစိမ်ဥစ္စာတို့၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဥဿူရဘတ္တသုတ်
၂၂၈။
ရဟန်းတို့
နေမြင့်မှ
ထမင်းချက်သော
အိမ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ခရီးသွား
ဧည့်သည်တို့ကို
အခါအားလျော်စွာ
မပူဇော်ရကုန်။
ဗလိနတ်စာကို
ခံကုန်သော
နတ်တို့ကို
အခါအားလျော်စွာ
မပူဇော်ရကုန်။
တစ်ထပ်သာ
စားကုန်သော
ညဉ့်စာစားခြင်းမှ
ရှောင်ကြဉ်ကုန်သော
နေလွဲစာစားခြင်းမှ
ရှောင်ကြဉ်ကုန်သော
သမဏဗြာဟ္မဏတို့ကို
အခါအားလျော်စွာ
မပူဇော်ရကုန်။
ကျွန်အမှုလုပ်ယောက်ျားတို့သည်
မျက်နှာမသာယာဘဲ
အလုပ်ကို
လုပ်ကြရကုန်၏။
အခါမဲ့၌
စားသမျှ
ထမင်းသည်
ဩဇာမရှိ။
ရဟန်းတို့
နေမြင့်မှ
ထမင်းချက်သော
အိမ်၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
အချိန်မီ
ထမင်းချက်သော
အိမ်၌ အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ခရီးသွားဧည့်သည်တို့ကို
အခါအားလျော်စွာ
ပူဇော်ရကုန်၏။
ဗလိနတ်စာကို
ခံကုန်သော
နတ်တို့ကို
အခါအားလျော်စွာ
ပူဇော်ရကုန်၏။
တစ်ထပ်သာ
စားကုန်သော
ညဉ့်စာစားခြင်းမှ
ရှောင်ကြဉ်ကုန်သော
နေလွဲစာစားခြင်းမှ
ရှောင်ကြဉ်ကုန်သော
သမဏဗြာဟ္မဏတို့ကို
အခါအားလျော်စွာ
ပူဇော်ရကုန်၏။
ကျွန်အမှုလုပ်ယောက်ျားတို့သည်
မျက်နှာသာယာကုန်လျက်
အလုပ်ကို
လုပ်ကြကုန်၏။
အချိန်မီ
စားသမျှ
ထမင်းသည်
ဩဇာရှိ၏။
ရဟန်းတို့
အချိန်မီ
ထမင်းချက်သော
အိမ်၌ အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပဌမ
ကဏှသပ္ပသုတ်
၂၂၉။
ရဟန်းတို့
မြွေဟောက်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မစင်ကြယ်၊
မကောင်းသော
အနံ့ရှိ၏၊
အအိပ်ကြီး၏၊
ဘေးဘျမ်းနှင့်တကွ
ဖြစ်၏၊ အဆွေ
ခင်ပွန်းကို
ဖျက်ဆီးတတ်၏။
ရဟန်းတို့
မြွေဟောက်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤအတူသာလျှင်
မာတုဂါမ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မစင်ကြယ်၊
မကောင်းသော
အနံ့ရှိ၏၊
အအိပ်ကြီး၏၊
ဘေးဘျမ်းနှင့်တကွ
ဖြစ်၏၊
အဆွေခင်ပွန်းကို
ဖျက်ဆီးတတ်၏။
ရဟန်းတို့
မာတုဂါမ၌ အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဒုတိယ
ကဏှသပ္ပသုတ်
၂၃၀။
ရဟန်းတို့
မြွေဟောက်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အမျက်ထွက်တတ်၏၊
ရန်ငြိုးဖွဲ့တတ်၏၊
ပြင်းထန်သော
အဆိပ်ရှိ၏၊
လျှာနှစ်ခွရှိ၏၊
အဆွေခင်ပွန်းကိုဖျက်ဆီးတတ်၏။
ရဟန်းတို့
မြွေဟောက်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤအတူသာလျှင်
မာတုဂါမ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အမျက်ထွက်တတ်၏၊
ရန်ငြိုးဖွဲ့တတ်၏၊
ပြင်းထန်သော
အဆိပ်ရှိ၏၊
လျှာနှစ်ခွရှိ၏၊
အဆွေခင်ပွန်းကိုဖျက်ဆီးတတ်၏။
ရဟန်းတို့
ထိုငါးမျိုးသော
အပြစ်တို့တွင်
ဤဆိုလတ္တံ့သည်ကား
မာတုဂါမ၌
ပြင်းထန်သော
အဆိပ်ရှိသည့်
အဖြစ်တည်း။
ရဟန်းတို့
မာတုဂါမသည်
များသောအားဖြင့်
ထက်မြက်သော
တပ်မက်မှု
'ရာဂ' ရှိ၏။
ရဟန်းတို့
ထိုငါးမျိုးသော
အပြစ်တို့တွင်
ဤဆိုလတ္တံ့သည်ကား
မာတုဂါမ၏
လျှာနှစ်ခွရှိသည့်
အဖြစ်တည်း။
ရဟန်းတို့
မာတုဂါမသည်
များသောအားဖြင့်
ကုန်းတိုက်တတ်၏။
ရဟန်းတို့
ထိုငါးမျိုးသော
အပြစ်တို့တွင်
ဤဆိုလတ္တံ့သည်ကား
မာတုဂါမ၏
အဆွေခင်ပွန်းကို
ဖျက်ဆီးတတ်သည့်
အဖြစ်တည်း။
ရဟန်းတို့
မာတုဂါမသည်
များသောအားဖြင့်
လင်ကို
လွန်ကျူး၍
ကျင့်တတ်၏။
ရဟန်းတို့
မာတုဂါမ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက်
ဒီဃစာရိကဝဂ်
ပြီး၏။
------
(၂၄)
၄-အာဝါသိကဝဂ်
၁-အာဝါသိကသုတ်
၂၃၁။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
(နှလုံးကို)
မတိုးပွါးစေတတ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဝတ်ကြီးဝတ်ငယ်နှင့်
မပြည့်စုံသည်ဖြစ်၍
အသွင်အပြင်နှင့်
မပြည့်စုံ။
အကြားအမြင်ကို
မဆောင်သည်ဖြစ်၍
များသော အကြားအမြင်မရှိ။
တစ်ယောက်တည်း
ကိန်းအောင်းခြင်း၌
မမွေ့လျော်သည်ဖြစ်၍
ကိလေသာကို
မခေါင်းပါးစေတတ်။
ကောင်းသော
နှုတ်ထွက်မရှိသည်ဖြစ်၍
ကောင်းသော
စကားမရှိ။
ပညာမရှိ၊
မိုက်မဲ၏၊ ဆွံ့အ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
(နှလုံးကို)
မတိုးပွါးစေတတ်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
(နှလုံးကို) ပွါးစေတတ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဝတ်ကြီးဝတ်ငယ်နှင့်
ပြည့်စုံသည်ဖြစ်၍
အသွင်အပြင်နှင့်
ပြည့်စုံ၏။
အကြားအမြင်ကို
ဆောင်သည်ဖြစ်၍
များသော အကြားအမြင်ရှိ၏။
တစ်ယောက်တည်း
ကိန်းအောင်းခြင်း၌
မွေ့လျော်သည်ဖြစ်၍
ကိလေသာကို
ခေါင်းပါးစေတတ်၏။
ကောင်းသော
နှုတ်ထွက်ရှိသည်ဖြစ်၍
ကောင်းသော
စကားရှိ၏။
ပညာရှိ၏၊
မမိုက်မဲ၊
မဆွံ့အ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
(နှလုံးကို)
ပွါးစေတတ်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ပိယသုတ်
၂၃၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
သီတင်းသုံးဖော်တို့
ချစ်အပ်သူ
မြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက်
နေ၏၊ အကျင့်
'အာစာရ'
ကျက်စားရာ'ဂေါစရ'နှင့်
ပြည့်စုံ၏၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလေ့ရှိ၏၊
သိက္ခာပုဒ်တို့ကို
ဆောက်တည်၍
ကျင့်၏။
အကြားအမြင်များ၏၊
အကြားအမြင်ကို
ဆောင်၏၊
အကြားအမြင်ကို
ဆည်းပူး၏၊
အနက်, သဒ္ဒါနှင့်တကွ
ဖြစ်၍
အလုံးစုံ
ပြည့်စုံစင်ကြယ်သည့်
မြတ်သောအကျင့်ကို
ဖော်ပြတတ်ကုန်သော
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိကုန်သော
တရားတို့ကို
ထိုရဟန်းသည်များစွာ
ကြားနာ ဖူး၏၊
ဆောင်ထား၏၊
နှုတ်ဖြင့်
လေ့ကျက်ထား၏၊
စိတ်ဖြင့်
ဆင်ခြင်မှတ်သားထား၏၊
ပညာဖြင့်
ကောင်းစွာ
ထိုးထွင်း၍
သိ၏။
ကောင်းသော
စကားရှိ၏၊
ကောင်းသော
စကားမြွက်ဆိုသံရှိ၏၊
သန့်ရှင်းသော
အပြစ်ကင်းသောအဓိပ္ပါယ်သိလွယ်သော
ယဉ်ကျေးသော
စကားနှင့်
ပြည့်စုံ၏။
မျက်မှောက်ဘဝ၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌ ဖြစ်သော
(ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရ၏၊
မငြိုမငြင်ရ၏၊
မပင်မပန်းရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်
အာသဝေါကင်းသော
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
ပညာကို
ယခုဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်မျက်မှောက်ပြုလျက်
ရောက်၍ နေ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
သီတင်းသုံးဖော်တို့
ချစ်အပ်သူမြတ်နိုးအပ်သူ
အလေးအမြတ်ပြုအပ်သူ
(နှလုံးကို)
ပွါးစေတတ်သူ
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-သောဘနသုတ်
၂၃၃။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ကျောင်းကို တင့်တယ်စေ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သီလရှိ၏။ပ။
သိက္ခာပုဒ်တို့၌
ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏။ပ။
ပညာဖြင့်
ကောင်းစွာ ထိုးထွင်း၍
သိ၏။
ကောင်းသော
စကားရှိ၏၊
ကောင်းသော
စကားမြွက်ဆိုသံရှိ၏၊
သန့်ရှင်းသော
အပြစ်ကင်းသောအဓိပ္ပါယ်သိလွယ်သော
ယဉ်ကျေးသော
စကားနှင့်
ပြည့်စုံ၏။
ချဉ်းကပ်ရောက်လာသူတို့ကို
တရားစကားဖြင့်
(အကျိုးစီးပွါးကို)
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန် ရွှင်လန်းစေခြင်းငှါ
စွမ်းနိုင်၏။
မျက်မှောက်ဘဝ၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရ၏၊
မငြိုမငြင်ရ၏၊
မပင်မပန်းရ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ကျောင်းကို
တင့်တယ်စေ၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ဗဟူပကာရသုတ်
၂၃၄။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ကျောင်းအားကျေးဇူးများ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
သီလရှိ၏။ပ။
သိက္ခာပုဒ်တို့၌
ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏။ပ။
ပညာဖြင့်
ကောင်းစွာ ထိုးထွင်း၍
သိ၏။
ကျိုးပျက်သည်ကို
တစ်ဖန်ပြုပြင်တတ်၏။
အထူးထူးသော
မြို့ရွာနေရဟန်းတို့
ကြွရောက်လာသည်ဖြစ်၍
ရဟန်းသံဃာ
များပြားသည်ရှိသော်
လူဒါယကာတို့ထံသို့
ချဉ်းကပ်၍
''ဒါယကာတို့
ကြွရောက်လာသော
ရဟန်းသံဃာများသည်
အထူးထူးသော
မြို့ရွာနေ
ရဟန်းတို့
ဖြစ်ကုန်၏၊
ကုသိုလ်ကောင်းမှုတို့ကို
ပြုကြကုန်လော့၊
ကုသိုလ်ကောင်းမှုပြုရန်
အချိန်အခါပင်တည်း''ဟု
ပြောကြားတတ်၏။
မျက်မှောက်ဘဝ၌
ချမ်းသာစွာ
နေကြောင်းဖြစ်သည့်
လွန်မြတ်သော
စိတ်၌
ဖြစ်သော
(ရူပါဝစရ)
ဈာန်လေးပါးတို့ကို
အလိုရှိတိုင်းရ၏၊
မငြိုမငြင်ရ၏၊
မပင်မပန်းရ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
နေရာကျောင်းအား
ကျေးဇူးများ၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-အနုကမ္ပသုတ်
၂၃၅။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
လူတို့အား
သနားစောင့်ရှောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
လွန်မြတ်သော
ငါးပါးသီလ၌
ဆောက်တည်စေ၏။
သစ္စာလေးပါးတရားတို့ကို
ရှုမြင်ခြင်း၌
သွင်းထား၏။
မကျန်းမမာသူတို့ထံသို့
ချဉ်းကပ်၍-
''အသျှင်
(ဒါယကာ)
တို့သည်
ပူဇော်အထူးကို
ခံထိုက်သော
ရတနာသုံးပါး၌
ဖြစ်သော
သတိကိုထင်စေကုန်လော့''ဟု
သတိကို
ဖြစ်စေ၏။
အထူးထူးသော
မြို့ရွာနေရဟန်းတို့
ကြွရောက်လာသည်ဖြစ်၍
ရဟန်းသံဃာများပြားသည်ရှိသော်လူဒါယကာတို့ထံသို့
ချဉ်းကပ်၍
''ဒါယကာတို့
ကြွရောက်လာသော
ရဟန်းသံဃာများသည်
အထူးထူးသော
မြို့ရွာနေရဟန်းတို့
ဖြစ်ကုန်၏၊
ကုသိုလ်ကောင်းမှုတို့ကို
ပြုကြကုန်လော့၊
ကုသိုလ်ကောင်းမှုပြုရန်
အချိန်အခါပင်တည်း''ဟု
ပြောကြားတတ်၏။
ရဟန်းတို့
ယုတ်ညံ့သော
ဆွမ်းကိုဖြစ်စေ
မွန်မြတ်သော
ဆွမ်းကိုဖြစ်စေ
ပေးလှူခဲ့မူ
ထိုဆွမ်းကိုကိုယ်တိုင်
ဘုဉ်းပေး၏၊
သဒ္ဓါသဖြင့်
ပေးလှူအပ်သော
ဆွမ်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
လူတို့အား သနားစောင့်ရှောက်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ပဌမ
အဝဏ္ဏာရဟသုတ်
၂၃၆။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သောသူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
မကြည်ညိုသင့်သော
အရာ၌ ကြည်ညိုခြင်းကို
ပြ၏။
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
ကြည်ညိုသင့်သော
အရာ၌
မကြည်ညိုခြင်းကို
ပြ၏။
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
ဉာဏ်ဖြင့်
စိစစ် သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
မကြည်ညိုသင့်သော
အရာ၌
မကြည်ညိုခြင်းကို
ပြ၏။
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
ကြည်ညိုသင့်သော
အရာ၌
ကြည်ညိုခြင်းကို
ပြ၏။
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ဒုတိယ
အဝဏ္ဏာရဟသုတ်
၂၃၇။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
ကျောင်း၌
ဝန်တို၏၊
ကျောင်း၌
မက်မော၏။
ဒါယကာ၌
ဝန်တို၏၊
ဒါယကာ၌
မက်မော၏။
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ကျောင်း၌
ဝန်တိုမှု
မရှိ၊
ကျောင်း၌
မမက်မော။
ဒါယကာ၌
ဝန်တိုမှု
မရှိ၊ ဒါယကာ၌
မမက်မော။
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-တတိယ
အဝဏ္ဏာရဟသုတ်
၂၃၈။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
မချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ဉာဏ်ဖြင့်
မစိစစ်
မသက်ဝင်မူ၍
ချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
ကျောင်း၌
ဝန်တို၏။
ဒါယကာ၌
ဝန်တို၏။
လာဘ်၌
ဝန်တို၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
မချီးမွမ်းထိုက်သူ၏
ကျေးဇူးမဲ့ကို
ကဲ့ရဲ့ပြောဆို၏။
ဉာဏ်ဖြင့်
စိစစ်
သက်ဝင်၍
ချီးမွမ်းထိုက်သူ၏
ဂုဏ်ကို
ချီးမွမ်းပြောဆို၏။
ကျောင်း၌
ဝန်တိုမှု
မရှိ။
ဒါယကာ၌
ဝန်တိုမှု
မရှိ။
လာဘ်၌
ဝန်တိုမှု
မရှိ၊
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပဌမ
မစ္ဆရိယသုတ်
၂၃၉။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ကျောင်း၌
ဝန်တို၏။
ဒါယကာ၌
ဝန်တို၏။
လာဘ်၌
ဝန်တို၏။
ဂုဏ်
အဆင်း၌
ဝန်တို၏။၁
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
ဖျက်ဆီး၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ့်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ကျောင်း၌
ဝန်တိုမှု
မရှိ။
ဒါယကာ၌
ဝန်တိုမှု
မရှိ။
လာဘ်၌
ဝန်တိုမှု
မရှိ။
ဂုဏ်အဆင်း၌
ဝန်တိုမှု
မရှိ။၂
သဒ္ဓါတရားဖြင့်
လှူသော
ပစ္စည်းကို
မဖျက်ဆီး။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁။
တရား၌
ဝန်တို၏။
၂။
တရား၌
ဝန်တိုမှု
မရှိ။
Ã
၁၀-ဒုတိယ
မစ္ဆရိယသုတ်
၂၄၀။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ကျောင်း၌
ဝန်တို၏။
ဒါယကာ၌
ဝန်တို၏။
လာဘ်၌
ဝန်တို၏။
ဂုဏ်အဆင်း၌
ဝန်တို၏။
တရား၌
ဝန်တို၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ကျောင်း၌
ဝန်တိုမှု
မရှိ။
ဒါယကာ၌
ဝန်တိုမှု
မရှိ။
လာဘ်၌
ဝန်တိုမှု
မရှိ။
ဂုဏ်အဆင်း၌
ဝန်တိုမှု
မရှိ။
တရား၌
ဝန်တိုမှု
မရှိ။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ကျောင်းထိုင်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက်
အာဝါသိကဝဂ်
ပြီး၏။
------
(၂၅)
၅-ဒုစ္စရိတဝဂ်
၁-ပဌမ
ဒုစ္စရိတသုတ်
၂၄၁။
ရဟန်းတို့
ဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
စွပ်စွဲ၏။
ပညာရှိတို့ကလည်း
(ဉာဏ်ဖြင့်)
စိစစ်၍ ကဲ့ရဲ့ကုန်၏။
မကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
တွေဝေလျက်
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ချမ်းသာကင်းသော
မကောင်းသော
လားရာ ပျက်စီး၍ကျရောက်ရာ
ငရဲသို့
ရောက်ရ၏။
ရဟန်းတို့
ဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤ
ငါးမျိုးတို့တည်း။
ရဟန်းတို့
သုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
မစွပ်စွဲ။
ပညာရှိတို့ကလည်း
(ဉာဏ်ဖြင့်)
စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
မတွေဝေဘဲ
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက် ရ၏။
ရဟန်းတို့
သုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-ပဌမ
ကာယဒုစ္စရိတသုတ်
၂၄၂။
ရဟန်းတို့
ကာယဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။ပ။
ကာယသုစရိုက်ရှိသူ၌
အကျိုးတို့သည်။ပ။
ဒုတိယသုတ်။
------
၃-ပဌမ
ဝစီဒုစ္စရိတသုတ်
၂၄၃။
ရဟန်းတို့
ဝစီဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။ပ။
ဝစီသုစရိုက်ရှိသူ၌
အကျိုးတို့သည်။ပ။
တတိယသုတ်။
------
၄-ပဌမ
မနောဒုစ္စရိတသုတ်
၂၄၄။
ရဟန်းတို့
မနောဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။ပ။
မနောသုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
မစွပ်စွဲ။
ပညာရှိတို့ကလည်း
(ဉာဏ်ဖြင့်)
စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
မတွေဝေဘဲ
သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ
နောက်၌ ကောင်းသော
လားရာဖြစ်သော
နတ်ပြည်သို့
ရောက်ရ၏။
ရဟန်းတို့
မနောသုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ဒုတိယ
ဒုစ္စရိတသုတ်
၂၄၅။
ရဟန်းတို့
ဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
စွပ်စွဲ၏။
ပညာရှိတို့ကလည်း
(ဉာဏ်ဖြင့်)
စိစစ်၍ ကဲ့ရဲ့ကုန်၏။
မကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
သူတော်ကောင်းတရားမှ
ကင်း၏။
မသူတော်တရား၌
တည်၏။
ရဟန်းတို့
ဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
သုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
မစွပ်စွဲ။
ပညာရှိတို့ကလည်း
(ဉာဏ်ဖြင့်)
စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
မသူတော်တရားမှ
ကင်း၏။
သူတော်ကောင်းတရား၌
တည်၏။
ရဟန်းတို့
သုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ဒုတိယ
ကာယဒုစ္စရိတသုတ်
၂၄၆။
ရဟန်းတို့
ကာယဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။ပ။
ကာယသုစရိုက်ရှိသူ၌
အကျိုးတို့သည်။ပ။
ဆဋ္ဌသုတ်။
------
၇-ဒုတိယ
ဝစီဒုစ္စရိတသုတ်
၂၄၇။
ရဟန်းတို့
ဝစီဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။ပ။
ဝစီသုစရိုက်ရှိသူ၌
အကျိုးတို့သည်။ပ။
သတ္တမသုတ်။
------
၈-ဒုတိယ
မနောဒုစ္စရိတသုတ်
၂၄၈။
ရဟန်းတို့
မနောဒုစရိုက်ရှိသူ၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။ပ။
မနောသုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မိမိကိုယ်တိုင်လည်း
မိမိကိုယ်ကို
မစွပ်စွဲ။
ပညာရှိတို့ကလည်း
(ဉာဏ်ဖြင့်)
စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏။
မသူတော်တရားမှ
ကင်း၏။
သူတော်ကောင်းတရား၌
တည်၏။
ရဟန်းတို့
မနောသုစရိုက်ရှိသူ၌
အကျိုးတို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-သိဝထိကသုတ်
၂၄၉။
ရဟန်းတို့
သင်းချိုင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
မစင်ကြယ်။
မကောင်းသော
အနံ့ရှိ၏။
ဘေးဘျမ်းရှိ၏။
သရဲ
သဘက်တို့
နေရာဖြစ်၏။
များစွာသော
လူအပေါင်း၏
ငိုကြွေးရာဖြစ်၏။
ရဟန်းတို့
သင်းချိုင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤအတူသာလျှင်
သင်းချိုင်း
ဥပမာရှိသော
ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤလောက၌
အချို့သော
ပုဂ္ဂိုလ်သည်
မစင်ကြယ်သော
ကာယကံနှင့်
ပြည့်စုံ၏၊
မစင်ကြယ်သော
ဝစီကံနှင့်
ပြည့်စုံ၏၊
မစင်ကြယ်သော
မနောကံနှင့်
ပြည့်စုံ၏၊
ဤသည်ကို
ထိုပုဂ္ဂိုလ်၏မစင်ကြယ်မှုဟူ၍
ငါဆို၏။
ရဟန်းတို့
ထိုသင်းချိုင်းသည်
မစင်ကြယ်သကဲသို့
ဤပုဂ္ဂိုလ်ကို
ထိုသင်းချိုင်းဥပမာရှိသူဟူ၍
ငါဆို၏။
မစင်ကြယ်သော
ကာယကံ
မစင်ကြယ်သော
ဝစီကံ မစင်ကြယ်သော
မနောကံနှင့်ပြည့်စုံသောထိုပုဂ္ဂိုလ်အား
မကောင်းသော
ကျော်စောသံသည်
ပျံ့နှံ့၍
ထွက်၏၊ ဤသည်ကို
ထိုပုဂ္ဂိုလ်၏
မကောင်းသော
အနံ့ဟူ၍ ငါ ဆို၏။
ရဟန်းတို့
ထိုသင်းချိုင်းသည်
မကောင်းသော
အနံ့ရှိသကဲ့သို့
ဤပုဂ္ဂိုလ်ကို
ထိုသင်းချိုင်း
ဥပမာရှိသူဟူ၍
ငါဆို၏။
မစင်ကြယ်သော
ကာယကံ
မစင်ကြယ်သော
ဝစီကံ မစင်ကြယ်သော
မနောကံနှင့်ပြည့်စုံသောထိုပုဂ္ဂိုလ်ကို
သီလကို
ချင်ခင်မြတ်နိုးကုန်သော
သီတင်းသုံးဖော်တို့သည်
ဝေးစွာ
ရှောင်ကြဉ်ကုန်၏၊
ဤသည်ကို
ထိုပုဂ္ဂိုလ်၏
ဘေးဘျမ်းနှင့်တကွ
ဖြစ်ခြင်းဟူ၍
ငါဆို၏။
ရဟန်းတို့
ထိုသင်းချိုင်းသည်
ဘေးဘျမ်းနှင့်တကွ
ဖြစ်သကဲ့သို့
ဤပုဂ္ဂိုလ်ကို
ထိုသင်းချိုင်းဥပမာရှိသူဟူ၍
ငါဆို၏။
မစင်ကြယ်သော
ကာယကံ
မစင်ကြယ်သော
ဝစီကံ မစင်ကြယ်သော
မနောကံနှင့်ပြည့်စုံသော
ထိုပုဂ္ဂိုလ်သည်
သဘောတူပုဂ္ဂိုလ်တို့နှင့်
အတူနေ၏၊
ဤသည်ကို
ထိုပုဂ္ဂိုလ်၏
သရဲသဘက်အဖြစ်ဟူ၍
ငါဆို၏။
ရဟန်းတို့
ထိုသင်းချိုင်းသည်
သရဲ သဘက်တို့၏
နေရာဖြစ်သကဲ့သို့
ဤပုဂ္ဂိုလ်ကို
ထိုသင်းချိုင်း့ဥပမာရှိသူဟူ၍
ငါဆို၏။
မစင်ကြယ်သော
ကာယကံ
မစင်ကြယ်သော
ဝစီကံ မစင်ကြယ်သော
မနောကံနှင့်
ပြည့်စုံသောထိုပုဂ္ဂိုလ်ကို
သီလကို
ချစ်မြတ်နိုးကုန်သော
သီတင်းသုံးဖော်တို့သည်
မြင်၍-
''ငါတို့သည်
ဤသို့သဘောရှိသော
ပုဂ္ဂိုလ်တို့နှင့်
အတူနေရ၏၊
ငါတို့အား
ဆင်းရဲလေစွတကား''ဟုရှုတ်ချကုန်၏၊
ဤသည်ကို
ထိုပုဂ္ဂိုလ်၏
ငိုကြွေးရာဟူ၍
ငါဆို၏။
ရဟန်းတို့
ထိုသင်းချိုင်းသည်
လူအများ၏ ငိုကြွေးရာဖြစ်သကဲ့သို့
ဤပုဂ္ဂိုလ်ကို
ထိုသင်းချိုင်းဥပမာရှိသူဟူ၍
ငါဆို၏။
ရဟန်းတို့
သင်းချိုင်းနှင့်တူသော
ပုဂ္ဂိုလ်၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ပုဂ္ဂလပ္ပသာဒသုတ်
၂၅၀။
ရဟန်းတို့
ပုဂ္ဂိုလ်ကို
ကြည်ညိုခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ပုဂ္ဂိုလ်တစ်ဦး၏
အကြည်ညိုခံရသော
ပုဂ္ဂိုလ်သည်
သံဃာက
နှင်ထုတ်သင့်သောသဘောရှိသည့်
အာပတ်သို့
ရောက်မှုကြောင့်
နှင်ထုတ်ခဲ့အံ့၊
ထိုကြည်ညိုသော
ပုဂ္ဂိုလ်အား
ဤသို့
ဖြစ်တတ်၏။
''ငါချစ်အပ်
မြတ်နိုးအပ်သော
ပုဂ္ဂိုလ်ကို
သံဃာသည်
နှင်ထုတ်၏''ဟု
ရဟန်းတို့၌
မကြည်ညိုမှု
များစွာဖြစ်၏။
ရဟန်းတို့၌
မကြည်ညိုမှု
များစွာဖြစ်သည်ရှိသော်
အခြားရဟန်းတို့ကို
မဆည်းကပ်၊
အခြားရဟန်းတို့ကို
မဆည်းကပ်သည်ရှိသော်
သူတော်ကောင်းတရားကို
မနာယူရ၊
သူတော်ကောင်းတရားကို
မနာယူရသည်ရှိသော်
သူတော်ကောင်းတရားမှ
ယုတ်လျော့၏။
ရဟန်းတို့
ဤသည်ကား
ပုဂ္ဂိုလ်ကို
ကြည်ညိုရာ၌
ပဌမ
အပြစ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ပုဂ္ဂိုလ်တစ်ဦး၏
အကြည်ညိုခံရသော
ပုဂ္ဂိုလ်သည်
သံဃာကအစွန်အဖျား၌
နေစေသင့်သော
သဘောရှိသည့်
အာပတ်သို့
ရောက်မှုကြောင့်
အစွန်အဖျား၌
နေစေအံ့၊
ထိုကြည်ညိုသော
ပုဂ္ဂိုလ်အား
ဤသို့
ဖြစ်တတ်၏-
''ငါချစ်အပ်
မြတ်နိုးအပ်သော
ပုဂ္ဂိုလ်ကို
သံဃာသည်
အစွန်အဖျား၌
နေစေ၏''ဟု
ရဟန်းတို့၌ မကြည်ညိုမှု
များစွာ
ဖြစ်၏။
ရဟန်းတို့၌
မကြည်ညိုမှု
များစွာဖြစ်သည်ရှိသော်
အခြားရဟန်းတို့ကို
မဆည်းကပ်၊
အခြားရဟန်းတို့ကို
မဆည်းကပ်သည်ရှိသော်
သူတော်ကောင်းတရားကို
မနာယူရ၊
သူတော်ကောင်းတရားကို
မနာယူရသည်ရှိသော်
သူတော်ကောင်းတရားမှ
ယုတ်လျော့၏။
ရဟန်းတို့
ဤသည်ကား
ပုဂ္ဂိုလ်ကို
ကြည်ညိုရာ၌
ဒုတိယ
အပြစ်တည်း။
ရဟန်းတို့
နောက်တစ်မျိုးကား
ပုဂ္ဂိုလ်တစ်ဦး၏
အကြည်ညိုခံရသော
ပုဂ္ဂိုလ်သည်
အရပ်တစ်ပါးသို့ဖဲသွားခဲ့မူ။ပ။
အကြည်ညိုခံရသော
ပုဂ္ဂိုလ်သည်
လူထွက်ခဲ့မူ။ပ။
အကြည်ညိုခံရသော
ပုဂ္ဂိုလ်သည်
ကွယ်လွန်ခဲ့မူ
ထိုကြည်ညိုသော
ပုဂ္ဂိုလ်အား
ဤသို့ ဖြစ်တတ်၏-
''ငါချစ်အပ်
မြတ်နိုးအပ်သော
ပုဂ္ဂိုလ်သည်
ကွယ်လွန်၏''ဟု
အခြားရဟန်းတို့ကို
မဆည်းကပ်၊
အခြားရဟန်းတို့ကို
မဆည်းကပ်သည်ရှိသော်
သူတော်ကောင်းတရားကို
မနာယူရ၊
သူတော်ကောင်းတရားကို
မနာယူရသည်ရှိသော်
သူတော်ကောင်းတရားမှ
ယုတ်လျော့၏။
ရဟန်းတို့
ဤသည်ကား
ပုဂ္ဂိုလ်ကို
ကြည်ညိုရာ၌
ပဉ္စမအပြစ်တည်း။
ရဟန်းတို့
ပုဂ္ဂိုလ်ကို
ကြည်ညိုခြင်း၌
အပြစ်တို့သည်
ဤငါးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက်
ဒုစ္စရိတဝဂ်
ပြီး၏။
ပဉ္စမ
သုတ်ငါးဆယ်
ပြီး၏။
------
(၂၆)
၆-ဥပသမ္ပဒါဝဂ်
၁-ဥပသမ္ပာဒေတဗ္ဗသုတ်
၂၅၁။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(ဥပဇ္ဈာယ်ပြု၍)
ပဉ္စင်းခံ
ပေးနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သီလဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သမာဓိဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ပညာဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ဝိမုတ္တိ
'အရဟတ္တဖိုလ်'
ဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သောပစ္စဝေက္ခဏာဉာဏ်'
ဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(ဥပဇ္ဈာယ်ပြု၍)
ပဉ္စင်းခံပေးနိုင်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-နိဿယသုတ်
၂၅၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(ဆရာပြု၍)
နိဿရည်း ပေးနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သီလဂုဏ်နှင့်
ပြည့်စုံ၏။ပ။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သောပစ္စဝေက္ခဏာ
ဉာဏ်'
ဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
(ဆရာပြု၍)
နိဿရည်းပေးနိုင်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-သာမဏေရသုတ်
၂၅၃။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သာမဏေကို
လုပ်ကျွေးစေနိုင်၏၊
(သာမဏေ၏
အလုပ်အကျွေးကို
ခံထိုက်၏)။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သီလဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
သမာဓိဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ပညာဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ဝိမုတ္တိ
'အရဟတ္တဖိုလ်'ဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန္တာပုဂ္ဂိုလ်တို့၏
ဥစ္စာဖြစ်သော
ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်'
ကို
ဆင်ခြင်နိုင်သော
'ပစ္စဝေက္ခဏာဉာဏ်'
ဂုဏ်နှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤတရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
သာမဏေကို
လုပ်ကျွေးစေနိုင်၏၊
(သာမဏေ၏
အလုပ်အကျွေးကို
ခံထိုက်၏)ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-ပဉ္စ
မစ္ဆရိယသုတ်
၂၅၄။
ရဟန်းတို့
ဝန်တိုခြင်း
'မစ္ဆရိယ'
တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
တရား၌
ဝန်တိုခြင်းတို့တည်း။
ရဟန်းတို့
ဝန်တိုခြင်းတို့သည်
ဤငါးမျိုးတို့တည်း။
ရဟန်းတို့
ဤဝန်တိုခြင်း
ငါးမျိုးတို့တွင်
(ပရိယတ္တိ)
တရား၌
ဝန်တိုခြင်းသည်
စက်ဆုပ်ဖွယ်
ဖြစ်၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-မစ္ဆရိယပ္ပဟာနသုတ်
၂၅၅။
ရဟန်းတို့
ဝန်တိုခြင်း
ငါးမျိုတို့ကို
ပယ်ရန်
အကြွင်းမဲ့ဖြတ်ရန်
မြတ်သောအကျင့်ကို
ကျင့်သုံးရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်းကို
ပယ်ရန်
အကြွင်းမဲ့ဖြတ်ရန်
မြတ်သောအကျင့်ကို
ကျင့်သုံးရ၏။
အမျိုး
'ဒါယကာ' တို့၌
ဝန်တိုခြင်းကို။ပ။
လာဘ်၌
ဝန်တိုခြင်းကို။ပ။
ဂုဏ်အဆင်း၌
ဝန်တိုခြင်းကို။ပ။
တရား၌
ဝန်တိုခြင်းကို
ပယ်ရန်
အကြွင်းမဲ့ ဖြတ်ရန်
မြတ်သော
အကျင့်ကို
ကျင့်သုံးရ၏။
ရဟန်းတို့
ဤဝန်တိုခြင်း
ငါးမျိုးတို့ကို
ပယ်ရန်
အကြွင်းမဲ့ဖြတ်ရန်
မြတ်သော
အကျင့်ကို
ကျင့်သုံး
ရ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-ပဌမ
ဈာနသုတ်
၂၅၆။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
မပယ်ဘဲ
ပဌမဈာန်သို့
ရောက်၍ နေရန်
မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
တရား၌
ဝန်တိုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့ကို
မပယ်ဘဲ ပဌမဈာန်သို့
ရောက်၍ နေရန်
မထိုက်။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
ပဌမဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
တရား၌
ဝန်တိုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
ပဌမဈာန်သို့
ရောက်၍
နေရန်ထိုက်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-၁၃-ဒုတိယ
ဈာနသုတ်စသည်
ခုနစ်သုတ်
၂၅၇-၂၆၃။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
မပယ်ဘဲ
ဒုတိယဈာန်သို့
ရောက်၍ နေရန်
မထိုက်။ပ။
တတိယဈာန်သို့
ရောက်၍ နေရန်
မထိုက်။
စတုတ္ထဈာန်သို့
ရောက်၍ နေရန်
မထိုက်။
သောတာပတ္တိဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
သကဒါဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
အနာဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
တရား၌
ဝန်တိုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤ တရားငါးမျိုးတို့ကို
မပယ်ဘဲ
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
ဒုတိယဈာန်သို့
ရောက်၍နေရန်
ထိုက်၏။ပ။
တတိယဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။
စတုတ္ထဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။ သောတာပတ္တိဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
သကဒါဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
အနာဂါမိဖိုလ်ကိုမျက်မှောက်ပြုရန်
ထိုက်၏။
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
တရား၌
ဝန်တိုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏ဟု့
(မိန့်တော်မူ၏)။
တေရသမသုတ်။
------
၁၄-အပရပဌမဈာနသုတ်
၂၆၄။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
မပယ်ဘဲ
ပဌမဈာန်သို့
ရောက်၍ နေရန်
မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
သူ့ကျေးဇူးကို
မသိခြင်း
သူ့ကျေးဇူးကို
ထင်စွာ
မပြုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
မပယ်ဘဲ ပဌမဈာန်သို့
ရောက်၍ နေရန်
မထိုက်။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
ပဌမဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
သူ့ကျေးဇူးကို
မသိခြင်း
သူ့ကျေးဇူးကို
ထင်စွာ
မပြုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
ပဌမဈာန်သို့
ရောက်၍ နေရန်
ထိုက်၏ဟု
(မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
------
၁၅-၂၁-အပရ
ဒုတိယ
ဈာနသုတ်စသည်
၂၆၅-၂၇၁။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
မပယ်ဘဲ
ဒုတိယဈာန်သို့
ရောက်၍ နေရန်
မထိုက်။ပ။
တတိယဈာန်သို့
ရောက်၍ နေရန်
မထိုက်။
စတုတ္ထဈာန်သို့
ရောက်၍ နေရန်
မထိုက်။
သောတာပတ္တိဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
သကဒါဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
အနာဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
သူ့ကျေးဇူးကို
မသိခြင်း
သူ့ကျေးဇူးကို
ထင်စွာ
မပြုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့ကို
မပယ်ဘဲ အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
မထိုက်။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
ဒုတိယဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။ပ။
တတိယဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။
စတုတ္ထဈာန်သို့
ရောက်၍ နေရန်
ထိုက်၏။
သောတာပတ္တိဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
သကဒါဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
အနာဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ကျောင်း၌
ဝန်တိုခြင်း။
အမျိုး
'ဒါယကာ'၌
ဝန်တိုခြင်း။
လာဘ်၌
ဝန်တိုခြင်း။
ဂုဏ်အဆင်း၌
ဝန်တိုခြင်း။
သူ့ကျေးဇူးကို
မသိခြင်း
သူ့ကျေးဇူးကို
ထင်စွာ
မပြုခြင်း။
(ဤငါးမျိုးတို့တည်း)။
ရဟန်းတို့
ဤတရားငါးမျိုးတို့ကို
ပယ်ခြင်းကြောင့်
အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရန်
ထိုက်၏ဟု
(မိန့်တော်မူ၏)။
ဧကဝီသတိမသုတ်။
ခြောက်ခုမြောက်
ဥပသမ္ပဒါဝဂ်
ပြီး၏။
------
၁-သမ္မုတိပေယျာလ
၁-ဘတ္တုဒ္ဒေသကသုတ်
၂၇၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
ဆွမ်းညွှန်ရဟန်းဟူ၍
မသမုတ်အပ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ဆန္ဒာဂတိသို့
လိုက်၏။
ဒေါသာဂတိသို့
လိုက်၏။
မောဟာဂတိသို့
လိုက်၏။
ဘယာဂတိသို့
လိုက်၏။
ညွှန်အပ်ပြီး
မညွှန်ရသေးသည်ကို
မသိ။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
ဆွမ်းညွှန်ရဟန်းဟူ၍
မသမုတ်အပ်။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
ဆွမ်းညွှန်ရဟန်းဟူ၍
သမုတ်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ဆန္ဒာဂတိသို့
မလိုက်။
ဒေါသာဂတိသို့
မလိုက်။
မောဟာဂတိသို့
မလိုက်။
ဘယာဂတိသို့
မလိုက်။
ညွှန်အပ်ပြီး
မညွှန်ရသေးသည်ကို
သိ၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းကို
ဆွမ်းညွှန်ရဟန်းဟူ၍
သမုတ်အပ်၏ဟု
(မိန့်တော်မူ၏)။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
ဆွမ်းညွှန်ရဟန်းကို
သမုတ်အပ်ပြီးသော်လည်း
မခိုင်းစေအပ်။ပ။
သမုတ်အပ်ပြီးစေခိုင်းအပ်၏။
မိုက်သော
ရဟန်းဟု
သိအပ်၏။
ပညာရှိသော
ရဟန်းဟု
သိအပ်၏။
တူးဖြို
ဖျက်ဆီးအပ်သော
မိမိကိုယ်ကိုစောင့်ရှောက်၏။
မတူးဖြို
မဖျက်ဆီးအပ်သော
မိမိကိုယ်ကိုစောင့်ရှောက်၏။
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌ ဖြစ်ရ၏။
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
ဆန္ဒာဂတိသို့
မလိုက်။
ဒေါသာဂတိသို့
မလိုက်။
မောဟာဂတိသို့
မလိုက်။
ဘယာဂတိသို့
မလိုက်။
ညွှန်အပ်ပြီး
မညွှန်ရသေးသည်ကို
သိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဆွမ်းညွှန်ရဟန်းသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-၁၄-သေနာသနပညာပကသုတ်စသည်
၂၇၃-၂၈၅။
ရဟန်းတို့
တရားငါးမျိုးနှင့်
ပြည့်စုံသော
ရဟန်းကို
ကျောင်းအိပ်ရာနေရာခင်း
ရဟန်းဟုမသမုတ်အပ်။ပ။
ခင်းပြီးသည်
မခင်းရသေးသည်ကို
မသိ။ပ။
ကျောင်းအိပ်ရာနေရာခင်း
ရဟန်းဟု
သမုတ်အပ်၏။ပ။
ခင်းပြီးသည်
မခင်းရသေးသည်ကို
သိ၏။ပ။
ကျောင်းအိပ်ရာနေရာကို
ခံယူတတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
ခံယူပြီးသည်
မခံယူရသေးသည်ကို
မသိ။ပ။
ကျောင်းအိပ်ရာနေရာကို
ခံယူတတ်သောရဟန်းဟု
သမုတ်အပ်၏။ပ။
ခံယူပြီးသည်
မခံယူရသေး သည်ကိုသိ၏။ပ။
ဘဏ္ဍာစိုးရဟန်းဟူ၍
မသမုတ်အပ်။ပ။
လုံခြုံသည်
မလုံခြုံသည်ကို
မသိ။ပ။
ဘဏ္ဍာစိုးရဟန်းဟူ၍
သမုတ်အပ်၏။ပ။
လုံခြုံသည်
မလုံခြုံသည်ကို
သိ၏။ပ။
သင်္ကန်းကို
ခံယူတတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
ခံယူပြီးသည်
မခံယူရသေးသည်ကို
မသိ။ပ။
သင်္ကန်းကို
ခံယူတတ်သော
ရဟန်းဟု
သမုတ်အပ်၏။ပ။
ခံယူပြီးသည်
မခံယူရသေးသည်ကို
သိ၏။ပ။
သင်္ကန်းကို
ဝေဖန်တတ်သော
ရဟန်းဟူ၍
မသမုတ်အပ်။ပ။
ဝေဖန်ပြီးသည်
မဝေဖန်ရသေးသည်ကိုမသိ။ပ။
သင်္ကန်းကို
ဝေဖန်တတ်သော
ရဟန်းဟု
သမုတ်အပ်၏။ပ။
ဝေဖန်ပြီးသည်
မဝေဖန်ရသေးသည်ကိုသိတတ်၏။ပ။
ယာဂုကို
ဝေဖန်တတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
ယာဂုကို
ဝေဖန်တတ်သော
ရဟန်းဟုသမုတ်အပ်၏။ပ။
သစ်သီးကို
ဝေဖန်တတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
သစ်သီးကို
ဝေဖန်တတ်သော
ရဟန်းဟုသမုတ်အပ်၏။ပ။
ခဲဖွယ်ကို
ဝေဖန်တတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
ဝေဖန်ပြီးသည်
မဝေဖန်ရသေးသည်ကို
မသိ။ပ။
ခဲဖွယ်ကို
ဝေဖန်တတ်သော
ရဟန်းဟု
သမုတ်အပ်၏။ပ။
ဝေဖန်ပြီးသည်
မဝေဖန်ရသေးသည်ကို
သိ၏။ပ။
အနည်းငယ်သော
ဝတ္ထုကို
စွန့်တတ်သော
ရဟန်းဟူ၍
မသမုတ်အပ်။ပ။
စွန့်အပ်သည်
မစွန့်အပ်သည်ကို
မသိတတ်။ပ။
အနည်းငယ်သော
ဝတ္ထုကို
စွန့်တတ်သော
ရဟန်းဟူ၍
သမုတ်အပ်၏။ပ။
စွန့်ပြီးသည်
မစွန့်ရသေးသည်ကို
သိ၏။
မိုးရေခံသင်္ကန်းကို
ခံယူတတ်သော
ရဟန်းဟူ၍
မသမုတ်အပ်။ပ။
ခံယူပြီးသည်
မခံယူရသေးသည်ကိုမသိ။ပ။
မိုးရေခံသင်္ကန်းကို
ခံယူတတ်သော
ရဟန်းဟူ၍
သမုတ်အပ်၏။ပ။
ခံယူပြီးသည်
မခံယူရသေး သည်ကိုသိ၏။ပ။
သပိတ်ကို
ခံယူတတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
ခံယူပြီးသည်
မခံယူရသေးသည်ကို
မသိ။ပ။
သပိတ်ကို
ခံယူတတ်သော
ရဟန်းဟု
သမုတ်အပ်၏။ပ။
ခံယူပြီးသည်
မခံယူရသေးသည်ကို
သိ၏။ပ။
အရံစောင့်ကိုစေခိုင်းတတ်သော
ရဟန်းဟု မသမုတ်အပ်။ပ။
အရံစောင့်ကိုစေခိုင်းတတ်သော
ရဟန်းဟုသမုတ်အပ်၏။ပ။
သာမဏေကိုစေခိုင်းတတ်သော
ရဟန်းဟု
မသမုတ်အပ်။ပ။
သာမဏေကိုစေခိုင်းတတ်သော
ရဟန်းဟုသမုတ်အပ်၏။ပ။
သမုတ်အပ်ပြီးသော
ရဟန်းကို
မစေခိုင်းအပ်။ပ။
သမုတ်အပ်ပြီးသော
ရဟန်းကိုစေခိုင်းအပ်၏။ပ။
သာမဏေကိုစေခိုင်းတတ်သော
မိုက်သော
ရဟန်းဟု
သိအပ်၏။ပ။
သာမဏေကိုစေခိုင်းတတ်သော
ပညာရှိသော
ရဟန်းဟု
သိအပ်၏။ပ။
တူးဖြို
ဖျက်ဆီးအပ်သော
မိမိကိုယ်ကိုစောင့်ရှောက်၏။ပ။
မတူးဖြို
မဖျက်ဆီးအပ်သော
မိမိကိုယ်ကိုစောင့်ရှောက်၏။ပ။
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌ ဖြစ်ရ၏။ပ။
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ဆန္ဒာဂတိသို့
မလိုက်။
ဒေါသာဂတိသို့
မလိုက်။
မောဟာဂတိသို့
မလိုက်။
ဘယာဂတိသို့
မလိုက်။
စေခိုင်းအပ်သည်
မစေခိုင်းအပ်သည်ကို
သိ၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
သာမဏေကိုစေခိုင်းတတ်သော
ရဟန်းသည်ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
သမ္မုတိပေယျာလ
ပြီး၏။
------
၂-သိက္ခာပဒပေယျာလ
၁-ဘိက္ခုသုတ်
၂၈၆။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သူ့အသက်ကို
သတ်တတ်၏။
မပေးသည်ကို
ခိုးယူတတ်၏။
မမြတ်သော
မေထုန်အကျင့်ကို
ကျင့်တတ်၏။
မဟုတ်မမှန်
ပြောတတ်၏။
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်တတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏။
မပေးသည်ကို
ခိုးယူခြင်းမှ
ရှောင်ကြဉ်၏။
မမြတ်သော
မေထုန်အကျင့်မှ
ရှောင်ကြဉ်၏။
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏။
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-၇-ဘိက္ခုနီသုတ်စသည်
၂၈၇-၂၉၂။
ရဟန်းတို့
တရား
ငါးမျိုးတို့နှင့်
ပြည့်စုံသော
ရဟန်းမိန်းမသည်။ပ။
သိက္ခမာန်မ
သည်။ပ။
သာမဏေသည်။ပ။
သာမဏေမသည်။ပ။
ဥပါသကာသည်။ပ။
ဥပါသိကာမသည်
ဆောင်ယူ၍ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သူ့အသက်ကို
သတ်တတ်၏။
မပေးသည်ကို
ခိုးယူတတ်၏။
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်တတ်၏။
မဟုတ်မမှန်
ပြောဆိုတတ်၏။
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို သောက်တတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော
ဥပါသိကာမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသိကာမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သူ့အသက်ကို
သတ်ခြင်းမှ
ရှောင်ကြဉ်၏။
မပေးသည်ကို
ခိုးယူခြင်းမှ
ရှောင်ကြဉ်၏။
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်ကြဉ်၏။
မဟုတ်မမှန်
ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏။
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းမှ
ရှောင်ကြဉ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဥပါသိကာမသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
နတ်ပြည်၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-အာဇီဝကသုတ်
၂၉၃။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
အာဇီဝကတက္ကတွန်းသည်
ဆောင်ယူ၍ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သူ့အသက်ကို
သတ်တတ်၏။
မပေးသည်ကို
ခိုးယူတတ်၏။
မမြတ်သော
မေထုန်အကျင့်ကို
ကျင့်တတ်၏။
မဟုတ်မမှန်
ပြောဆိုတတ်၏။
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်တတ်၏။
ရဟန်းတို့
ဤတရားငါးမျိုးတို့နှင့်
ပြည့်စုံသော
အာဇီဝကတက္ကတွန်းသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့
ထို့အတူ ငရဲ၌
ဖြစ်ရ၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-၁၇-နိဂဏ္ဌသုတ်
စသည်
၂၉၄-၃၀၂။
ရဟန်းတို့
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
နိဂဏ္ဌသည်။
မုဏ္ဍ
(နိဂဏ္ဌ) ၏ တပည့်
သည်။
ဆံကျစ်ရသေ့သည်။
(အဝတ်ဝတ်သော)
ပရိဗိုဇ်သည်။
မာဂဏ္ဍိကတိတ္ထိသည်။
တေဒဏ္ဍိကတိတ္ထိ
သည်။ အာရုဒ္ဓက
တိတ္ထိသည်။
ဂေါတမကတိတ္ထိသည်။
ဒေဝဓမ္မိကတိတ္ထိသည်
ဆောင်ယူ၍
ချထားအပ်သကဲ့သို့ထို့အတူ
ငရဲ၌ ဖြစ်ရ၏
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သူ့အသက်ကို
သတ်တတ်၏။
မပေးသည်ကို
ခိုးယူတတ်၏။
မမြတ်သော
မေထုန်အကျင့်ကို
ကျင့်တတ်၏။
မဟုတ်မမှန်
ပြောဆိုတတ်၏။
မူးယစ်မေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်ကို
သောက်တတ်၏။
ရဟန်းတို့
ဤ
တရားငါးမျိုးတို့နှင့်
ပြည့်စုံသော
ဒေဝဓမ္မိကတိတ္ထိသည်
ဆောင်ယူ၍ ချထားအပ်
သကဲ့သို့ထို့အတူ
ငရဲ၌
ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
သတ္တရသမသုတ်။
သိက္ခာပဒပေယျာလ
ပြီး၏။
------
၃-ရာဂပေယျာလသုတ်
၃၀၃။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
တရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အသုဘသညာ။
မရဏသညာ။
အာဒီနဝသညာ။
အာဟာရေ
ပဋိကူလသညာ။
သဗ္ဗလောကေ
အနဘိရတိသညာ
တို့တည်း။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန် ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏ဟု
(မိန့်တော်မူ၏)။
(၁)
၃၀၄။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
တရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အနိစ္စသညာ။
အနတ္တသညာ။
မရဏသညာ။
အာဟာရေ
မဋိကူလသညာ။
သဗ္ဗလောကေ
အနဘိရတိသညာ
တို့တည်း။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏ဟု
(မိန့်တော်မူ၏)။
(၂)
၃၀၅။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
တရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အနိစ္စသညာ။
အနိစ္စ၌
ဒုက္ခဟု
မှတ်ထင်မှု
သညာ။
ဒုက္ခ၌
အနတ္တ
မှတ်ထင်မှု
သညာ။
ပဟာနသညာ။
ဝိရာဂသညာ
တို့တည်း။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏ဟု
(မိန့်တော်မူ၏)။
(၃)
၃၀၆။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
တရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သဒ္ဓိန္ဒြေ
ဝီရိယိန္ဒြေ
သတိန္ဒြေ
သမာဓိန္ဒြေ
ပညိန္ဒြေတို့တည်း။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသောဉာဏ်ဖြင့်
သိရန်
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏ဟု
(မိန့်တော်မူ၏)။
(၄)
၃၀၇။
ရဟန်းတို့
စွဲမက်မှု 'ရာဂ'
ကို
ထူးသောဉာဏ်ဖြင့်
သိရန်
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ
-
သဒ္ဓါဗိုလ်
ဝီရိယဗိုလ်
သတိဗိုလ်
သမာဓိဗိုလ်
ပညာဗိုလ်
တို့တည်း။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို
ထူးသော ဉာဏ်ဖြင့်
သိရန်
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏ဟု
(မိန့်တော်မူ၏)။
(၅)
၃၀၈-၁၁၅၁။
ရဟန်းတို့
စွဲမက်မှု
'ရာဂ' ကို ပိုင်းခြား၍
သိရန်။
ထက်ဝန်းကျင်ကုန်စေရန်။
ပယ်ရန်။ကုန်ခန်းရန်။
ပျက်စီးရန်။
တပ်ခြင်းကင်းရန်။
ချုပ်ရန်။
စွန့်ရန်။
တစ်ဖန်စွန့်ရန်
တရားငါးမျိုးတို့ကိုပွါးများအပ်ကုန်၏။
ဒေါသကို။
မောဟကို။
အမျက်ကို။
ရန်ငြိုးထားမှု
'ဥပနာဟ' ကို။
ချေဖျက်မှု
'မက္ခ' ကို။ အပြိုင်ပြုမှု
'ပဠာသ' ကို။
ငြူစူမှု
'ဣဿာ' ကို။
ဝန်တိုမှု
'မစ္ဆရိယ'
ကို။
လှည့်ပတ်မှု
'မာယာ' ကို။
စဉ်းလဲမှု
'သာဌေယျ'ကို။
ခက်ထန်မှု
'ထမ္ဘ' ကို။
ခြုတ်ခြယ်မှု
'သာရမ္ဘ'ကို။
ထောင်လွှားမှု
'မာန' ကို။
အလွန်ထောင်လွှားမှု
'အတိမာန' ကို။
မာန်ယစ်မှု
'မဒ'ကို။
မေ့လျော့မှု 'ပမာဒ'
ကို
ထူးသောဉာဏ်ဖြင့်
သိရန်။
ပိုင်းခြား၍သိရန်။ကုန်စေရန်။
ပယ်ရန်။ကုန်ခန်းစေရန်။
ပျက်စီးရန်။
တပ်ခြင်းကင်းရန်။
ချုပ်စေရန်။
စွန့်ရန်။
တစ်ဖန်စွန့်ရန်
တရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏။
(၆-၈၄၉)
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
သဒ္ဓါဗိုလ်
ဝီရိယဗိုလ်
သတိဗိုလ်
သမာဓိဗိုလ်
ပညာဗိုလ်တို့တည်း။
ရဟန်းတို့
မေ့လျော့မှု
'ပမာဒ'ကို
တဖန်စွန့်ရန်
ဤတရားငါးမျိုးတို့ကို
ပွါးများအပ်ကုန်၏ဟု
(မိန့်တော်မူ၏)
(၆-၈၅၀)။
ရာဂပေယျာလ
ပြီး၏။
ပဉ္စကနိပါတ်
ပြီး၏။
------