အဂုင်္တ္တရနိကာယ်
အဂုင်္တ္တိုရ်ပါဠိတော်
မြန်မာပြန်
နဝကနိပါတ်
------
နမော
တဿ ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
၁- ပဌမပဏ္ဏာသက
၁- ပဌမ သုတ်ငါးဆယ်
၁- သမ္ဗောဓိဝဂ် ၁- သမ္ဗောဓိသုတ်
၁။
အကျွန်ုပ်သည်
ဤသို့
ကြားနာခဲ့ရပါသည်
- အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
- ရဟန်းတို့
အကယ်၍
သာသနာတော်မှ
တစ်ပါးသော
အယူရှိကြသည့်
ပရိဗိုဇ်တို့သည်
''ငါ့သျှင်တို့
သမ္ဗောဓိ
'မဂ်ဉာဏ်'၏
အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများ ရန်
မှီရာအကြောင်းကား
အဘယ်ပါနည်း''ဟု
ဤသို့
မေးလာကြကုန်မူ
ရဟန်းတို့
ဤသို့
အမေးခံရသော
သင်တို့သည် ထိုသာသနာတော်မှ
တစ်ပါးသော
အယူရှိကြသည့်
ပရိဗိုဇ်တို့အား
အဘယ်သို့
ဖြေကြ
ကုန်မည်နည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
အကျွန်ုပ်တို့အား
တရားတို့သည်
မြတ်စွာဘုရားသာ
အခြေခံရှိပါကုန်၏။ပ။
မြတ်စွာဘုရား၏
(တရားတော်ကို)
ကြားနာရ၍
ရဟန်းတို့သည်
ဆောင်ထားကြရပါကုန်လိမ့်မည်ဟု
(လျှောက်ကြကုန်၏)။
ရဟန်းတို့
သို့ဖြစ်လျှင်
နာကြကုန်လော့၊
ကောင်းစွာ
နှလုံးသွင်းကြကုန်လော့
ဟောကြားပေအံ့ဟု
(မိန့်တော်မူ၏)။
''ကောင်းပါပြီ
အသျှင်ဘုရား''ဟု
ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
ပြန်ကြား
လျှောက်ထားကုန်၏။
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏။
ရဟန်းတို့
အကယ်၍
သာသနာတော်မှ
တစ်ပါးသော အယူရှိကြသည့်
ပရိဗိုဇ်တို့သည်
''ငါ့သျှင်တို့
သမ္ဗောဓိ
'မဂ်ဉာဏ်'၏
အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများရန်
မှီရာအကြောင်းကား
အဘယ်ပါနည်း''ဟု
ဤသို့ မေးလာကြကုန်မူ
ရဟန်းတို့
ဤသို့
အမေးခံရသော
သင်တို့သည်
သာသနာ တော်မှ
တစ်ပါးသော
အယူရှိကြသည့်
ထိုပရိဗိုဇ်တို့အား
ဤသို့
ဖြေဆိုကြကုန်လော့
-
ငါ့သျှင်တို့
ဤသာသနာတော်၌
ရဟန်းသည်
မိတ်ဆွေကောင်းရှိ၏၊
အဖော်ကောင်းရှိ၏၊
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိ၏။
ငါ့သျှင်တို့
ဤကား သမ္ဗောဓိ
'မဂ်ဉာဏ်'၏
အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများရန်
ပဌမ
မှီရာအကြောင်းတည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်
လျက် နေ၏၊
အကျင့်
'အာစာရ'
ကျက်စားရာ
'ဂေါစရ' နှင့်
ပြည့်စုံ၏၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလေ့ရှိကာ
သိက္ခာပုဒ်တို့၌
ဆောက်တည်၍
ကျင့်၏။
ငါ့သျှင်တို့
ဤကား သမ္ဗောဓိ
'မဂ်ဉာဏ်'၏
အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများရန်
ဒုတိယ
မှီရာအကြောင်းတည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
(ကိလေသာကို)
အလွန်ခေါင်းပါးစေတတ်သော
(သမထဝိပဿနာ)
စိတ်ကို
ဖွင့်ရန်
လျောက်ပတ်သော
အလိုနည်းမှုနှင့်စပ်သော
စကား၊
ရောင့်ရဲလွယ်မှုနှင့်
စပ်သော စကား၊
ကင်းဆိတ်မှုနှင့်စပ်သော
စကား၊
မရောနှောမှုနှင့်စပ်သော
စကား၊ ဝီရိယအားထုတ်မှု
နှင့်စပ်သော
စကား၊
သီလနှင့်စပ်သော
စကား၊
သမာဓိနှင့်စပ်သော
စကား၊ ပညာနှင့်စပ်သော
စကား၊
ဝိမုတ္တိ 'အရဟတ္တဖိုလ်'နှင့်စပ်သော
စကား၊
ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်ကို
ဆင်ခြင်သော
ပစ္စဝေက္ခဏာဉာဏ်အမြင်'နှင့်
စပ်သော စကား၊
ဤသို့
သဘောရှိသော
စကားကို
အလိုရှိတိုင်း
ရ၏၊ မငြိုမငြင်
ရ၏၊
မပင်မပန်း
ရ၏။
ငါ့သျှင်တို့
ဤကား
သမ္ဗောဓိ
'မဂ်ဉာဏ်'၏
အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများရန်
တတိယ
မှီရာအကြောင်းတည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိသည်၊
အားအစွမ်းရှိသည်၊
မြဲမြ ံသော
အားထုတ်မှုရှိသည်၊
ကုသိုလ်
တရားတို့၌
တာဝန်ကို
ပစ်ချမထားသည်
ဖြစ်၍ နေ၏။
ငါ့သျှင်တို့
ဤကား
သမ္ဗောဓိ
'မဂ်ဉာဏ်'၏ အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများရန်
စတုတ္ထ
မှီရာအကြောင်းတည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
ပညာရှိ၏၊
အဖြစ်အပျက်ကို
သိသော၊
(ကိလေသာကို)
ဖောက်ခွဲနိုင်သော၊
ဒုက္ခကုန်ရာ
(နိဗ္ဗာန်သို့)
ကောင်းစွာ
ရောက်စေတတ်သော၊
မြတ်သော
ပညာနှင့်
ပြည့်စုံ၏။
ငါ့သျှင်တို့
ဤကား
သမ္ဗောဓိ
'မဂ်ဉာဏ်'၏
အသင်းအပင်း၌
ဖြစ်ကုန်သော
တရားတို့ကို
ပွါးများရန်
ပဉ္စမ
မှီရာအကြောင်းတည်း။
ရဟန်းတို့
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းအား
''သီလရှိသူ
ဖြစ်လိမ့်မည်၊
ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်၍
အကျင့်
'အာစာရ'
ကျက်စားရာ
'ဂေါစရ' နှင့်
ပြည့်စုံသည်
ဖြစ်၍
နေလိမ့်မည်၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု ရှုလျက်
သိက္ခာပုဒ်တို့၌
ဆောက်တည်၍
ကျင့်လိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်
မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းအား
''(ကိလေသာကို)
အလွန်ခေါင်းပါးစေတတ်သော၊
(သမထဝိပဿနာ)
စိတ်ကို
ဖွင့်ရန်
လျောက်ပတ်သော
အလိုနည်းမှုနှင့်စပ်သော
စကား၊
ရောင့်ရဲလွယ်မှုနှင့်စပ်သော
စကား၊
ကင်းဆိတ်မှုနှင့်
စပ်သော စကား၊
မရောနှောမှုနှင့်စပ်သော
စကား၊
ဝီရိယကို
အားထုတ်မှုနှင့်စပ်သော
စကား၊ သီလနှင့်
စပ်သော စကား၊
သမာဓိနှင့်စပ်သော
စကား၊
ပညာနှင့်စပ်သော
စကား၊
ဝိမုတ္တိ 'အရဟတ္တဖိုလ်'နှင့်
စပ်သော စကား၊
ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သော
ပစ္စဝေက္ခဏာဉာဏ်အမြင်'
နှင့် စပ်သော
စကား၊ ဤသို့
သဘောရှိသော
စကားကို အလိုရှိတိုင်း
ရလိမ့်မည်၊
မငြိုမငြင်
ရလိမ့်မည်၊
မပင်မပန်း
ရလိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းအား ''အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိသည်၊
အားအစွမ်းရှိသည်
မြဲမြံသော
အားထုတ်မှုရှိသည်၊
ကုသိုလ်တရားတို့၌
တာဝန်ကို
ပစ်ချ
မထားသည်
ဖြစ်၍
နေလိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့ မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းအား
''ပညာရှိသူ၊
အဖြစ်အပျက်ကို
သိသော၊ (ကိလေသာကို)
ဖောက်ခွဲနိုင်သော၊
ဒုက္ခကုန်ရာ
နိဗ္ဗာန်သို့
ကောင်းစွာ
ရောက်စေတတ်သော၊
မြတ်သော
ပညာနှင့်ပြည့်စုံသူ
ဖြစ်လိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
ရဟန်းတို့
ထိုရဟန်းသည်ကား
ဤ
(ဆိုခဲ့ပြီး)
တရားငါးမျိုးတို့၌
တည်၍
ထို့ထက်အလွန်
တရား လေးမျိုးတို့ကို
ပွါးများရမည်။
ရာဂကို ပယ်ရန်
အသုဘကို
ပွါးများရမည်၊
ဗျာပါဒကို
ပယ်ရန်
မေတ္တာကို
ပွါးများရမည်၊
ဝိတက်ကို ဖြတ်ရန်
အာနာပါနဿတိကို
ပွါးများရမည်၊
ငါဖြစ်၏ဟူသော
'အသ္မိမာန'
ကို ပယ်ရန်
အနိစ္စသညာကို
ပွါးများရမည်၊
ရဟန်းတို့
အနိစ္စသညာရှိသော
ရဟန်းအား
အနတ္တသညာသည့်တည်၏၊
အနတ္တသညာရှိသော
ရဟန်းသည်
ငါဖြစ်၏ဟူသော
'အသ္မိမာန'
ကင်းပြတ်၍
မျက်မှောက်ဘဝ၌
ပင်
နိဗ္ဗာန်သို့
ရောက်ရ၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂ - နိဿယသုတ်
၂။
ထိုအခါ
ရဟန်းတစ်ပါးသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်။ပ။
တစ်ခုသောနေရာ၌
ထိုင်ပြီးသော်
-
''အသျှင်ဘုရား
မှီရာနှင့်
ပြည့်စုံသူ
မှီရာနှင့်
ပြည့်စုံသူဟု
ဆိုအပ်၏၊
အသျှင်ဘုရား
အဘယ်မျှလောက်ဖြင့်
ရဟန်းသည်
မှီရာနှင့်
ပြည့်စုံသူ
ဖြစ်ပါသနည်း''ဟု
လျှောက်၏။
ရဟန်း အကယ်၍
ရဟန်းသည်
သဒ္ဓါတရားကို
မှီ၍
အကုသိုလ်ကို
စွန့်ကာ
ကုသိုလ်ကို
ပွါးများပါမူ
ထိုရဟန်းအား
ထိုအကုသိုလ်သည်
ပယ်ပြီးသာ
ဖြစ်၏။ ရဟန်း
အကယ်၍
ရဟန်းသည်
ဟိရီကို
မှီ၍။ပ။
ရဟန်း အကယ်၍
ရဟန်းသည် ဩတ္တပ္ပကို
မှီ၍။ပ။
ရဟန်း အကယ်၍
ရဟန်းသည် ဝီရိယကို
မှီ၍။ပ။ ရဟန်း
အကယ်၍
ရဟန်းသည်
ပညာကို မှီ၍
အကုသိုလ်ကို စွန့်ကာ
ကုသိုလ်ကို
ပွါးများပါမူ
ထိုရဟန်း အား
ထိုအကုသိုလ်သည်
ပယ်ပြီးသာ
ဖြစ်၏။ မှန်၏၊
မြတ်သော
ပညာဖြင့်
ရှု၍
ပယ်အပ်သော ထိုရဟန်း၏
အကုသိုလ်သည်
ပယ်ပြီး
ဖြစ်၏၊ ကောင်းစွာ
ပယ်ပြီး
ဖြစ်၏။ ရဟန်း
ထိုရဟန်းသည်ကား
ဤတရားငါးမျိုးတို့၌
တည်ပြီးလျှင်
လေးမျိုးတို့ကို
မှီ၍ နေရမည်။
အဘယ်လေးမျိုးတို့နည်းဟူမူ
- ရဟန်း ဤသာသနာတော်၌
ရဟန်းသည်
ဆင်ခြင်၍
အချို့ (မှီဝဲသင့်သည်)
ကို မှီဝဲ၏၊
ဆင်ခြင်၍
အချို့ (သည်းခံသင့်သည်)
ကို သည်းခံ၏၊
ဆင်ခြင်၍
အချို့
(ကြဉ်သင့်သည်)
ကို ကြဉ်၏၊
ဆင်ခြင်၍
အချို့ (ပယ်ဖျောက်သင့်သည်)
ကို
ပယ်ဖျောက်၏။
ရဟန်း
ဤနည်းဖြင့် ရဟန်းသည်
မှီရာနှင့်
ပြည့်စုံသူ
ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃ - မေဃိယသုတ်
၃။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
စာလိကာမြို့
စာလိကာတောင်၌
(သီတင်းသုံး)
နေတော်မူ၏။ ထိုအခါ
အသျှင်မေဃိယသည်
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်၏၊
ထိုအခါ
အသျှင်မေဃိယ
သည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်လျက်
မြတ်စွာဘုရား
အား ''အသျှင်ဘုရား
အကျွန်ုပ်သည်
ဇန္တုရွာသို့
ဆွမ်းခံဝင်ရန်
အလိုရှိပါ၏''ဟု
ဤစကားကို လျှောက်၏။
မေဃိယ သင်သည်
ယခုသွားရန်
အခါကို သိ၏
(သွားရန်မှာ
သင်၏ အလိုအတိုင်းပင်
ဖြစ်သည်)ဟု
(မိန့်တော်မူ၏)။
ထိုအခါ
အသျှင်မေဃိယသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူဆောင်ကာ
ဇန္တုရွာသို့
ဆွမ်းခံဝင်၏၊
ဇန္တုရွာ၌
ဆွမ်းအလို့ငှါ
လှည့်လည်ပြီးနောက်
ဆွမ်းစားပြီး၍
ဆွမ်းခံရာမှ
ဖဲခွါပြီးသော်
ကိမိကာဠာမြစ်ကမ်းသို့
ချဉ်းကပ်လေ၏။
အသျှင်မေဃိယသည်
ကိမိကာဠာမြစ်ကမ်း၌
ခြေညောင်းဖြေ
စင်္ကြံသွားလတ်သော်
(လမ်းလျှောက်)
လှည့်လည်လတ်သော်
ကြည်နူးဖွယ်ရှိသော
မွေ့လျော်ဖွယ်ကောင်းသော
သရက်တော
(ဥယျာဉ်) ကို
မြင်လေ၏၊
မြင်ပြီးနောက်
ထိုအသျှင်မေဃိယ
အား
''ဤသရက်တောသည်
ကြည်နူးဖွယ်
ရှိစွတကား၊
မွေ့လျော်ဖွယ်
ကောင်းစွတကား၊
ဤသရက် တောသည်
ကမ္မဋ္ဌာန်းအားထုတ်လိုသူအား
ကမ္မဋ္ဌာန်းအားထုတ်ရန်
သင့်လျော်စွတကား၊
အကယ်၍
မြတ်စွာဘုရားသည်
ငါ့ကို
ခွင့်ပြုပါမူ
ငါသည်
ဤသရက်တောသို့
ကမ္မဋ္ဌာန်း
အားထုတ်ရန်
လာလို၏''ဟု ဤအကြံသည်
ဖြစ်၏။
ထိုနောက်
အသျှင်မေဃိယသည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌့ထိုင်လျက်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
အကျွန်ုပ်သည်
နံနက်အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူဆောင်ကာ
ဇန္တုရွာသို့
ဆွမ်းအလို့ငှာ
ဝင်ခဲ့ပါ၏၊
ဇန္တုရွာ၌
ဆွမ်းအလို့ငှါ
လှည့်လည်
ပြီးနောက် ဆွမ်းစားပြီး၍
ဆွမ်းခံရာမှ
ဖဲခွါပြီးသော်
ကိမိကာဠာမြစ်ကမ်းသို့
ချဉ်းကပ်ခဲ့ပါ၏၊
အကျွန်ုပ်
သည်
ကိမိကာဠာမြစ်ကမ်း၌
ခြေညောင်းဖြေ
စင်္ကြံသွားလတ်သော်
(လမ်းလျှောက်)
လှည့်လည်လတ်သော်
ကြည်နူးဖွယ်ရှိသော
မွေ့လျော်ဖွယ်ကောင်းသော
သရက်တောကို
မြင်ခဲ့ပါ၏၊
မြင်ပြီးသော်
အကျွန်ုပ်အား
'ဤသရက်တောသည်
ကြည်နူးဖွယ်ရှိစွတကား၊
မွေ့လျော်ဖွယ်
ကောင်းစွတကား၊
ဤသရက်တောသည်
ကမ္မဋ္ဌာန်းအားထုတ်လိုသူအား
ကမ္မဋ္ဌာန်းအားထုတ်ရန်
သင့်လျော်စွတကား၊
အကယ်၍
မြတ်စွာဘုရားသည်
ငါ့ကို ခွင့်ပြုပါမူ
ငါသည်
ဤသရက်တောသို့
ကမ္မဋ္ဌာန်းအားထုတ်ရန်
လာလို၏''ဟု
အကြံဖြစ်ပါ၏၊
အကယ်၍ မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ခွင့်ပြုငြားအံ့၊
အကျွန်ုပ်သည်
ထိုသရက်တောသို့
ကမ္မဋ္ဌာန်း
အားထုတ်ရန်
သွားလိုပါ၏''ဟု
လျှောက်၏။
မေဃိယ ငါသည်
တစ်ပါးတည်းသာ
ဖြစ်သေး၏၊
အခြား
(အလုပ်အကျွေး)
ရဟန်းတစ်ဦး
တစ်ယောက်
မလာရောက်သေးသမျှ
ဆိုင်းလင့်ဦးလော့ဟု
(မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်လည်း
အသျှင်မေဃိယသည်
မြတ်စွာဘုရားအား
''အသျှင်ဘုရား
မြတ်စွာဘုရားအား
အထက်၌
ပြုဖွယ်ကိစ္စ
တစ်စုံတစ်ခုမျှ
မရှိတော့ပါ၊
ပြုအပ်ပြီးကိုလည်း
တစ်ဖန်
ဆည်းပူးမှု
(ပွါးမှု)
မရှိ တော့ပါ၊
အသျှင်ဘုရား
အကျွန်ုပ်အားမူ
အထက်၌
ပြုဖွယ်ကိစ္စ
ရှိပါသေး၏၊
ပြုအပ်ပြီးကိုလည်း
တစ်ဖန်
ဆည်းပူးမှု
(ပွါးမှု)
ရှိပါသေး၏၊
အကယ်၍
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ခွင့်ပြုပါမူ
အကျွန်ုပ်သည်
ထိုသရက်တောသို့
ကမ္မဋ္ဌာန်း
အားထုတ်ရန်
သွားလိုပါ၏''ဟု
လျှောက်၏။
မေဃိယ ငါသည်
တစ်ပါးတည်းသာ
ဖြစ်သေး၏၊
အခြား
(အလုပ်အကျွေး)
ရဟန်း တစ်ဦး
တစ်ယောက်
မလာရောက်သေးသမျှ
ဆိုင်းလင့်ဦးလော့ဟု
(မိန့်တော်မူ၏)။
သုံးကြိမ်မြောက်လည်း
အသျှင်မေဃိသည်
မြတ်စွာဘုရားအား''အသျှင်ဘုရား
မြတ်စွာဘုရားအား
အထက်၌
ပြုဖွယ်ကိစ္စ
တစ်စုံတစ်ခုမျှ
မရှိတော့ပါ၊
ပြုအပ်ပြီးကိုလည်း
တစ်ဖန် ဆည်းပူးမှု
(ပွါးမှု)
မရှိ တော့ပါ၊
အသျှင်ဘုရား
အကျွန်ုပ်အားမူ
အထက်၌
ပြုဖွယ်ကိစ္စ
ရှိပါသေး၏၊
ပြုအပ်ပြီးကိုလည်း
တစ်ဖန်
ဆည်းပူးမှု
(ပွါးမှု) ရှိပါသေး၏၊
အကယ်၍
မြတ်စွာဘုရားသည်
အကျွန်ုပ်ကို
ခွင့်ပြုပါမူ
အကျွန်ုပ်သည်
ထိုသရက်တောသို့
ကမ္မဋ္ဌာန်းအားထုတ်ရန်
သွားလိုပါ၏''ဟု
လျှောက်၏။
မေဃိယ
ကမ္မဋ္ဌာန်းအားထုတ်ရန်ဟု
ဆိုသော
သင့်ကို
(ငါတို့)
အဘယ်သို့ ဆိုကုန်မည်နည်း၊
မေဃိယ သင်သည်
ယခုသွားရန်
အခါကို သိ၏
(သွားရန်မှာ သင်၏
အလိုအတိုင်းပင်
ဖြစ်သည်)ဟု
(မိန့်တော်မူ၏)။
ထိုအခါ
အသျှင်မေဃိယသည်
နေရာမှ ထကာ
မြတ်စွာဘုရားကို
ရှိခိုး၍
အရိုအသေပြုလျက်
ထိုသရက်
တောသို့
ချဉ်းကပ်ပြီးလျှင်
ထိုသရက်တောသို့
သက်ဝင်၍
သစ်ပင်ရင်းတစ်ခု၌
နေ့သန့်စင်ရန်
ထိုင်နေ၏။
ထိုအခါ
ထိုသရက်တော၌
နေသော
အသျှင်မေဃိယအား
များသောအားဖြင့်
ကာမဝိတက်
'ကာမဂုဏ်ကို
ကြံစည်မှု'၊
ဗျာပါဒဝိတက်
'ပျက်စီးစေရန်
ကြံစည်မှု'၊
ဝိဟိံ
သာဝိတက်
'နှိပ်စက်ရန်
ကြံစည်မှု'ဟူသော
ယုတ်ညံ့ကုန်သော
ဤအကုသိုလ်ဝိတက်
သုံးမျိုးတို့သည်
ဖြစ်ပေါ်ကုန်၏။
ထိုအခါ
အသျှင်မေဃိယအား
''အချင်းတို့
အံ့ဩဖွယ်
ဖြစ်ပေစွတကား၊
အချင်းတို့
မဖြစ်ဖူးမြဲ
ဖြစ်ပေစွတကား၊
ငါသည်
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုခဲ့ပါ၏၊
ထိုသို့
ဖြစ်ပါလျက်
ကာမဝိတက်၊
ဗျာပါဒဝိတက်၊
ဝိဟိံ
သာဝိတက်ဟူသော
ယုတ်ညံ့ကုန်သော
ဤအကုသိုလ်ဝိတက်သုံးမျိုးတို့သည်
အစဉ်
ကပ်ငြိကုန်၏''ဟု
အကြံသည်
ဖြစ်၏။
ထိုအခါ
အသျှင်မေဃိယသည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်လျက် မြတ်စွာဘုရားအား
ဤစကားကိုလျှောက်၏
- အသျှင်ဘုရား
ဤသရက်တော၌
နေသော
အကျွန်ုပ်အား
များသောအားဖြင့်
ကာမဝိတက်၊
ဗျာပါဒဝိတက်၊
ဝိဟိံ
သာဝိတက်ဟူသော
ယုတ်ညံ့သော
ဤအကုသိုလ်
ဝိတက်သုံးမျိုးတို့သည်
ဖြစ်ပေါ်ပါကုန်၏။
အသျှင်ဘုရား
ထိုအကျွန်ုပ်အား
''အချင်းတို့
အံ့ဩဖွယ်
ဖြစ်ပေစွတကား၊
မဖြစ်ဖူးမြဲ
ဖြစ်ပေစွတကား၊
ငါသည် သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်း ဘောင်၌
ရဟန်းပြုခဲ့ပါ၏။
ထိုသို့ဖြစ်ပါလျက်
ကာမဝိတက်၊ ဗျာပါဒဝိတက်၊
ဝိဟိံ သာဝိတက်ဟူသော
ယုတ်ညံ့သော
ဤအကုသိုလ်ဝိတက်
သုံးမျိုးတို့သည်
အစဉ်ကပ်ငြိကုန်၏''ဟု
ဤအကြံဖြစ်ပါ၏ဟု
(လျှောက်၏)။
မေဃိယ
တရားငါးမျိုးတို့သည်
မရင့်ကျက်သေးသော
စိတ်၏
ကိလေသာမှ
လွတ်မြောက်မှု
'စေတောဝိမုတ္တိကို'
ရင့်ကျက်စေရန်
ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ
- မေဃိယ
ဤသာသနာ တော်၌
ရဟန်းသည်
မိတ်ဆွေကောင်းရှိ၏၊
အဖော်ကောင်းရှိ၏၊
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိ၏။
မေဃိယ
ဤသည်ကား
မရင့်ကျက်သေးသော
စိတ်၏
ကိလေသာမှ
လွတ်မြောက်မှု
'စေတောဝိမုတ္တိ'ကို
ရင့်ကျက်စေရန်
ပဌမ
တရားဖြစ်၏။
မေဃိယ နောက်တစ်မျိုးကား
ဤသာသနာတော်၌
ရဟန်းသည် သီလရှိ၏၊
ပါတိမောက္ခသံဝရ
သီလကိုစောင့်လျက်နေ၏၊
အကျင့်
'အာစာရ' ကျက်စားရာ
'ဂေါစရ' နှင့်
ပြည့်စုံ၏၊
အနည်းငယ်မျှသော
အပြစ်တို့၌သော်လည်း
ဘေးဟု
ရှုလျက် သိက္ခာပုဒ်တို့၌
ဆောက်တည်၍
ကျင့်၏။
မေဃိယ ဤသည်ကား
မရင့်ကျက်သေးသော
စိတ်၏
ကိလေသာမှ လွတ်မြောက်မှု
'စေတောဝိမုတ္တိ'ကို
ရင့်ကျက်စေရန်
ဒုတိယတရားဖြစ်၏။
မေဃိယ
နောက်တစ်မျိုးကား
ရဟန်းသည် (ကိလေသာကို)
အလွန်ခေါင်းပါးစေတတ်သော
စိတ်ကို
ဖွင့်ခြင်း
အား
လျောက်ပတ်သော
အလိုနည်းမှုနှင့်စပ်သော
စကား၊
ရောင့်ရဲလွယ်မှုနှင့်စပ်သော
စကား၊
ကင်းဆိတ်မှုနှင့်
စပ်သော စကား၊
မရောနှောမှုနှင့်စပ်သော
စကား၊ ဝီရိယကိုအားထုတ်မှုနှင့်စပ်သော
စကား၊
သီလနှင့်စပ်သော
စကား၊
သမာဓိနှင့်စပ်သော
စကား၊
ပညာနှင့်စပ်သော
စကား၊ ဝိမုတ္တိ
'အရဟတ္တဖိုလ်'နှင့်စပ်သော
စကား၊ ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သော
ပစ္စဝေက္ခဏာ
ဉာဏ်အမြင်'
နှင့်စပ်သော
စကားဟူသော
ဤသို့သဘောရှိသော
စကားကို
အလိုရှိတိုင်း
ရ၏၊
မငြိုမငြင်
ရ၏၊
မပင်မပန်း
ရ၏။ မေဃိယ
ဤသည်ကား
မရင့်ကျက်သေးသော
စိတ်၏
ကိလေသာမှ
လွတ်မြောက်မှု
'စေတောဝိမုတ္တိ'ကို
ရင့်ကျက်စေရန်
တတိယတရားဖြစ်၏။
မေဃိယ
နောက်တစ်မျိုးကား
ရဟန်းသည်
အကုသိုလ်တရားတို့ကို
ပယ်ရန်
ကုသိုလ်တရားတို့ကို
ပြည့်စုံစေရန်
ထက်သန်သော
လုံ့လရှိသည်
အားအစွမ်းရှိသည်
မြဲမြံသော
အားထုတ်မှုရှိသည်
ကုသိုလ် တရားတို့၌
တာဝန်ကို
ပစ်ချမထားသည်
ဖြစ်၍ နေ၏။ မေဃိယ
ဤသည်ကား
မရင့်ကျက်သေးသော
စိတ်၏ ကိလေသာမှ
လွတ်မြောက်မှု
'စေတောဝိမုတ္တိ'ကို
ရင့်ကျက်စေရန်
စတုတ္ထတရား
ဖြစ်၏။ မေဃိယ
နောက်တစ်မျိုးကား
ရဟန်းသည်
ပညာရှိ၏၊
အဖြစ်အပျက်ကို
သိတတ်သော၊ (ကိလေသာကို)
ဖောက်ခွဲနိုင်သော၊
ဒုက္ခကုန်ရာ
(နိဗ္ဗာန်)
သို့
ကောင်းစွာ
ရောက်ကြောင်း
ဖြစ်သော၊
မြတ်သော
ပညာနှင့်
ပြည့်စုံ၏။
မေဃိယ ဤကား
မရင့်ကျက်သေးသော
စိတ်၏
ကိလေသာမှ လွတ်မြောက်မှု
'စေတောဝိမုတ္တိ'ကို
ရင့်ကျက်စေရန်
ပဉ္စမတရား
ဖြစ်၏။ မေဃိယ
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းသည်
''သီလရှိသူ
ဖြစ်လိမ့်မည်။ပ။
သိက္ခာပုဒ်တို့၌
ဆောက်တည်၍
ကျင့်လိမ့်မည်''ဟူသော
ဤ
အဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
မေဃိယ
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းသည်
''(ကိလေသာကို)
ခေါင်းပါးစေတတ်သော၊
(သမထဝိပဿနာ)
စိတ်ကို
ဖွင့်ရန်
လျောက်ပတ်သော
အလိုနည်းမှုနှင့်စပ်သော
စကား။ပ။ ဝိမုတ္တိဉာဏဒဿန
'အရဟတ္တဖိုလ်ကို
ဆင်ခြင်တတ်သော
ပစ္စဝေက္ခဏာဉာဏ်အမြင်'
နှင့်စပ်သော
စကား၊ ဤသို့
သဘောရှိသော
စကားကို
အလိုရှိတိုင်း
ရလိမ့်မည်၊
မငြိုမငြင်
ရလိမ့်မည်၊
မပင်မပန်းရလိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်
အပ်၏။ မေဃိယ
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းသည်
''ထက်သန်သော
လုံ့လရှိသည်ဖြစ်၍
နေလိမ့်မည်။ပ။
ကုသိုလ်တရားတို့၌
တာဝန်ကို ပစ်ချ
မထားသည်
ဖြစ်၍
နေလိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
မေဃိယ
မိတ်ဆွေကောင်းရှိသော
အဖော်ကောင်းရှိသော
ကိုင်းညွတ်ရာ
ပုဂ္ဂိုလ်ကောင်းရှိသော
ရဟန်းသည်
''ပညာရှိသူ။ပ။
ဒုက္ခကုန်ရာ
နိဗ္ဗာန်သို့
ကောင်းစွာ
ရောက်စေတတ်သော၊
မြတ်သော
ပညာနှင့် ပြည့်စုံသူ
ဖြစ်လိမ့်မည်''ဟူသော
ဤအဖြစ်မျိုးကို
(မချွတ်ရလိမ့်မည်ဟု)
မျှော်လင့်အပ်၏။
မေဃိယ
ထိုရဟန်းသည်ကား
ဤ
(ဆိုခဲ့ပြီး)
တရားငါးမျိုးတို့၌
တည်၍
ထို့ထက်အလွန်
တရား လေးမျိုးတို့ကို
ပွါးများရမည်။
ရာဂကို ပယ်ရန်
အသုဘကို
ပွါးများရမည်၊
ဗျာပါဒကို ပယ်ရန်
မေတ္တာကို
ပွါးများရမည်၊
ဝိတက်ကို
ဖြတ်ရန်
အာနာပါနဿတိကို
ပွါးများရမည်၊
ငါဖြစ်၏ဟူသော
'အသ္မိမာန' ကို
ပယ်ရန်
အနိစ္စသညာကို
ပွါးများရမည်။
မေဃိယ
အနိစ္စသညာရှိသော
ရဟန်းအား
အနတ္တသညာသည်
တည်၏၊
အနတ္တသညာရှိသော
ရဟန်းသည်
ငါဖြစ်၏ဟူသော
'အသ္မိမာန'
ကင်းပြတ်၍
မျက်မှောက်ဘဝ၌ပင်
နိဗ္ဗာန်သို့
ရောက်ရ၏ဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄ - နန္ဒကသုတ်
၄။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်းတော်၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
အသျှင်နန္ဒကသည်
စည်းဝေးရာဇရပ်၌
ရဟန်းတို့အား
တရားစကားဖြင့်
အကျိုးစီးပွားကို
သိမြင်စေလျက်
(တရားကို)
ဆောက်တည်စေကာ
(တရားကျင့်သုံးရန်)
ထက်သန်ရွှင်လန်းစေ၏၊
ထိုအခါ
မြတ်စွာဘုရားသည်
ညနေချမ်းချိန်
(တစ်ပါးတည်း)
ကိန်းအောင်းရာမှ
ထတော်မူ၍
စည်းဝေးရာသို့
ချဉ်းကပ်တော်မူပြီးလျှင်
(တရား) စကား
ပြီးဆုံးခြင်းကို
ဆိုင်းငံ့တော်မူလျက်
တံခါးမုခ်ပြင်ပ၌
ရပ်တည်နေတော်မူ၏။
ထို့နောက်
မြတ်စွာဘုရားသည်
တရားစကားပြီးဆုံးခြင်းကို
သိတော်မူ၍
ချောင်းဟန့်တော်မူလျက်
တံခါးရွက်ကို
ခေါက်တော်မူ၏။
ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား
တံခါးကို
ဖွင့်ပေးကုန်၏၊
ထိုအခါ
မြတ်စွာဘုရားသည်
စည်းဝေးရာ
ဇရပ်သို့
ဝင်တော်မူ၍
ခင်းထားသောနေရာ၌
ထိုင်နေတော်မူပြီးလျှင်
အသျှင်နန္ဒကကို
''နန္ဒက သင်၏
ရှည်လျားစွာသော
ဤတရားဒေသနာသည်
ရဟန်းတို့အား
ထင်၏၊ စင်စစ်
တရားစကားပြီးဆုံးခြင်းကို
ဆိုင်းငံ့လျက်
တံခါးမုခ်၌
ရပ်နေသော ငါ၏
ကျောက်ကုန်းသည်
ညောင်းညာ၏''ဟု
မိန့်တော်မူ၏။
ဤသို့
မိန့်တော်မူလတ်သော်
အသျှင်နန္ဒကသည်
ရှက်နိုးသော
သဘောရှိသည်ဖြစ်၍
မြတ်စွာဘုရား
ကို
''အသျှင်ဘုရား
'မြတ်စွာဘုရားသည်
တံခါးမုခ်အပြင်ပ၌
ရပ်တော်မူသည်'ဟု
အကျွန်ုပ်တို့
မသိပါကုန်၊
အသျှင်ဘုရား
အကယ်၍
မြတ်စွာဘုရားသည်
တံခါးမုခ်အပြင်ပ၌
ရပ်တော်မူသည်'ဟု
အကျွန်ုပ်တို့
သိကြပါမူ
ဤမျှလောက်
တရားသည်လည်း
အကျွန်ုပ်တို့အား
မထင်စေရာပါ၊ (ဤမျှလောက်
စကားရှည်
ရှည်
မဟောပါ)''ဟု
လျှောက်၏။
ထိုအခါ
မြတ်စွာဘုရားသည်
အရှင်နန္ဒက ရှက်နိုးသော
သဘောရှိသည်ကို
သိတော်မူ၍
အသျှင်
နန္ဒကအား -
''နန္ဒက
ကောင်းပေစွ
ကောင်းပေစွ၊
နန္ဒက
သဒ္ဓါတရားဖြင့်
လူ့ဘောင်မှ
ရဟန်းဘောင်၌့ရဟန်းပြုကြသော
သင်တို့အား
တရားနှင့်စပ်သော
စကားဖြင့်
အညီအညွတ်
ထိုင်နေကြခြင်းသည်
သင့်လျော်၏။
နန္ဒက
စုဝေးကြသူတို့သည်
တရားနှင့်စပ်သော
စကားကိုဖြစ်စေ
အပြစ်မရှိသော
ဆိတ်ဆိတ်နေခြင်းကိုဖြစ်စေ
ကိစ္စ
နှစ်ပါးကို ပြုရမည်။
နန္ဒက
ရဟန်းသည်
သဒ္ဓါတရား
ရှိ၏၊ သီလကား
မရှိ၊
ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊ ထို့ကြောင့်
''ငါသည်
အဘယ်သို့လျှင်
သဒ္ဓါတရားရှိသူသည်လည်းကောင်း၊
သီလရှိသူသည်
လည်းကောင်း
ဖြစ်ရပါမည်နည်း''ဟု
ထိုအင်္ဂါကို
ပြည့်စုံစေရမည်၊
နန္ဒက
အကြင်အခါ၌ကား
ရဟန်းသည်
သဒ္ဓါတရား
ရှိသူလည်း
ဖြစ်၏၊
သီလရှိသူလည်း
ဖြစ်၏။ ဤသို့
ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
ပြည့်စုံ၏။
နန္ဒက
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊
သီလရှိသူလည်း
ဖြစ်၏၊
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုကား
မရ၊ ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊
ထို့ကြောင့်
''ငါသည်
အဘယ်သို့လျှင်
သဒ္ဓါတရားရှိသူ
သီလရှိသူ
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကို
ရသူဖြစ်ရပါမည်
နည်း''ဟု
ထိုအင်္ဂါကို
ပြည့်စုံစေရမည်၊
နန္ဒက
အကြင်အခါ၌ကား
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊
သီလရှိသူလည်း
ဖြစ်၏။
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုလည်း
ရ၏၊ ဤသို့
ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
ပြည့်စုံ၏။
နန္ဒက
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊ သီလရှိသူလည်း
ဖြစ်၏၊
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုလည်း
ရ၏၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကိုကား
မရ၊ ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊
နန္ဒက
အခြေလေးချောင်းရှိသော
သတ္တဝါသည်
ရှိရာ၏၊
ထိုသတ္တဝါအား
ခြေတစ်ချောင်းသည်
ယုတ်လျော့၏၊
ချို့တဲ့၏၊
ဤသို့ဖြစ်သော်
ထိုသတ္တဝါသည်
ထိုအင်္ဂါနှင့်
မပြည့်စုံသကဲ့သို့
နန္ဒက ဤအတူပင်
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊ သီလ
ရှိသူလည်း
ဖြစ်၏၊
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုလည်း
ရ၏၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကိုကား
မရ၊ ဤသို့
ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊
ထို့ကြောင့်
''ငါသည်
အဘယ်သို့လျှင်
သဒ္ဓါတရားရှိသူသည်လည်းကောင်း၊
သီလရှိသူူသည်လည်းကောင်း၊
အတွင်း
သန္တာန်၌
စိတ်တည်ကြည်မှုကို
ရသူူသည်လည်းကောင်း၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာ
ဉာဏ်ကို
ရသူသည်လည်းကောင်း
ဖြစ်ရပါမည်နည်း''ဟု
ထိုအင်္ဂါကို
ပြည့်စုံစေရမည်၊
နန္ဒက အကြင် အခါ၌ကား
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊
သီလရှိသူလည်း
ဖြစ်၏။
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုလည်း
ရ၏၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကိုလည်း
ရ၏။ ဤသို့
ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
ပြည့်စုံ၏ဟု
(မိန့်တော်မူ၏)။
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူ၏၊
ကောင်းသော
စကားရှိတော်မူသော
မြတ်စွာဘုရားသည်
ဤတရားကို
ဟောတော်မူပြီးနောက်
နေရာမှ ထကာ
ကျောင်းတော်သို့
ဝင်တော်မူ၏။
ထိုအခါ
အသျှင်နန္ဒကသည်
မြတ်စွာဘုရားဖဲသွား၍
မကြာမီ
ရဟန်းတို့အား
ဤစကားကို
ဆို၏၊ ငါ့သျှင်တို့
ယခုအခါ မြတ်စွာဘုရားသည်
''နန္ဒက
ရဟန်းသည်
သဒ္ဓါတရားရှိသူ
ဖြစ်၏၊
သီလကား မရှိ၊
ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊
ထို့ကြောင့်
''ငါသည်
အဘယ်သို့လျှင်
သဒ္ဓါ
တရားရှိသူသည်လည်းကောင်း၊
သီလရှိသူူသည်လည်းကောင်း
ဖြစ်ရပါမည်နည်း''ဟု
ထိုအင်္ဂါကို
ပြည့်စုံစေ
ရမည်။ နန္ဒက
အကြင်အခါ၌ကား
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊
သီလရှိသူလည်း
ဖြစ်၏။ ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
ပြည့်စုံ၏။
နန္ဒက
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊
သီလရှိသူလည်း
ဖြစ်၏၊ အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုကား
မရ။ပ။ အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုလည်း
ရ၏၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကိုကား
မရ၊ ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊
နန္ဒက
အခြေလေးချောင်းရှိသော
သတ္တဝါသည်
ရှိရာ၏၊
ထိုသတ္တဝါအား
ခြေတစ်ချောင်းသည်
ယုတ် လျော့၏၊
ချို့တဲ့၏၊
ဤသို့ဖြစ်သော်
ထိုသတ္တဝါသည်
ထိုအင်္ဂါနှင့်
မပြည့်စုံသကဲ့သို့၊
နန္ဒက
ဤအတူပင် ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊ သီလရှိသူလည်း
ဖြစ်၏၊
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှု
ကိုလည်း ရ၏၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကိုကား
မရ၊ ဤသို့
ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
မပြည့်စုံ၊
ထို့ကြောင့်
''ငါသည်
အဘယ်သို့လျှင်
သဒ္ဓါတရားရှိသူသည်လည်းကောင်း၊
သီလရှိသူူသည်လည်းကောင်း၊
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကို
ရသူူသည်လည်းကောင်း၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကို
ရသူသည်လည်းကောင်း
ဖြစ်ရပါမည်နည်း''ဟု
ထိုအင်္ဂါကို
ပြည့်စုံစေရမည်၊
နန္ဒက
အကြင်အခါ၌ကား
ရဟန်းသည်
သဒ္ဓါတရားရှိသူလည်း
ဖြစ်၏၊ သီလရှိသူလည်း
ဖြစ်၏။
အတွင်းသန္တာန်၌
စိတ်တည်ကြည်မှုကိုလည်း
ရ၏၊
သင်္ခါရတို့ကို
သိမ်းဆည်းနိုင်သော
ဝိပဿနာဉာဏ်ကိုလည်း
ရ၏၊။ ဤသို့ဖြစ်သော်
ထိုရဟန်းသည်
ထိုအင်္ဂါနှင့်
ပြည့်စုံ၏''ဟု
လေးပုဒ်တို့ဖြင့်
အလုံးစုံ
ပြည့်စုံသော
ထက်ဝန်းကျင်
စင်ကြယ်သော
အကျင့်မြတ်ကို
ပြတော်မူ၍
နေရာမှ ထလျက်
ကျောင်းတော်သို့
ဝင်တော်မူ၏။
ငါ့သျှင်တို့
အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၏
အာနိသင်တို့သည်
ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
ငါ့သျှင်တို့
ဤသာသနာတော်၌
ရဟန်း သည်
ရဟန်းတို့အား
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
အနက်,
သဒ္ဒါနှင့် ပြည့်စုံသော
တရားကို
ဟော၏၊
အလုံးစုံပြည့်စုံသော
ထက်ဝန်းကျင်
စင်ကြယ်သော
မြတ်သော အကျင့်ကို
ပြ၏၊
ငါ့သျှင်တို့
ရဟန်းသည် ရဟန်းတို့အား
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
အနက်,
သဒ္ဒါနှင့်
ပြည့်စုံသော
တရားကို ဟောတိုင်း၊
အလုံးစုံပြည့်စုံသော
ထက်ဝန်းကျင်
စင်ကြယ်သော
မြတ်သော
အကျင့်ကို
ပြတိုင်း
မြတ်စွာဘုရားသည်
ချစ်အပ်သည်လည်းကောင်း၊
မြတ်နိုးအပ်သည်လည်းကောင်း၊
အလေးပြုအပ်သည်လည်းကောင်း၊
နှလုံးကို
ပွါးစေအပ်သည်
လည်းကောင်း
ဖြစ်၏။ ငါ့သျှင်တို့
ဤသည်ကား
အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၌
ပဌမအာနိသင်တည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်းရှိသော
အလယ်၏
ကောင်းခြင်းရှိသော
အဆုံး၏ကောင်းခြင်းရှိသော
အနက်,
သဒ္ဒါနှင့်
ပြည့်စုံသော
တရားကို ဟော၏၊
အလုံးစုံ
ပြည့်စုံသော
ထက်ဝန်းကျင်
စင်ကြယ်သော
မြတ်သော
အကျင့်ကို
ပြ၏၊
ငါ့သျှင်တို့
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်းရှိသော။ပ။
တရားကိုဟောတိုင်း။ပ။
မြတ်သော
အကျင့်ကို
ပြတိုင်း
ထိုရဟန်း သည်
ထိုတရား၌
အနက်ကို
ထိုးထွင်း၍လည်း
သိ၏၊ ပါဠိကို
ထိုးထွင်း၍လည်း
သိ၏၊ ငါ့သျှင်တို့
ဤ သည်ကား
အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၌
ဒုတိယအာနိသင်တည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်းရှိသော
အလယ်၏
ကောင်းခြင်းရှိသော
အဆုံး၏ကောင်းခြင်းရှိသော
အနက်,
သဒ္ဒါနှင့်
ပြည့်စုံသောတရားကို
ဟော၏၊
အလုံးစုံ
ပြည့်စုံသော
ထက်ဝန်းကျင်
စင်ကြယ်သော
မြတ်သော
အကျင့်ကို
ပြ၏။ ငါ့သျှင်တို့
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်း
ရှိသော။ပ။
တရားကိုဟောတိုင်း။ပ။
မြတ်သော
အကျင့်ကို
ပြတိုင်း
ထိုရဟန်းသည်
ထိုတရား၌
နက်နဲသော
အနက်စုကို
ပညာဖြင့်
ထိုးထွင်း၍
မြင်၏၊
ငါ့သျှင်တို့
ဤ သည်ကား
အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၌
တတိယအာနိသင်တည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်းရှိသော။ပ။
တရား ကို
ဟော၏။ပ။
မြတ်သော
အကျင့်ကို
ပြ၏၊ ငါ့သျှင်တို့
ထိုရဟန်းသည်
ရဟန်းတို့အား
အစ၏ ကောင်းခြင်းရှိသော။ပ။
တရားကိုဟောတိုင်း။ပ။
မြတ်သော
အကျင့်ကို
ပြတိုင်း
သီတင်းသုံးဖော်တို့သည်
''ဤအသျှင်သည်
မချွတ်
(အရဟတ္တဖိုလ်သို့
)
ရောက်ပြီးသော်လည်းကောင်း၊
ရောက်လတ္တံ ့သော်လည်းကောင်း
( ဖြစ်၏)''ဟု ထို
ရဟန်းကို ချီးမွမ်းကုန်၏။
ငါ့သျှင်တို့
ဤသည်ကား အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၌
စတုတ္ထအာနိသင်တည်း။
ငါ့သျှင်တို့
နောက်တစ်မျိုးကား
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်း
အလယ်၏ ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
အနက်, သဒ္ဒါနှင့်
ပြည့်စုံသောတရားကို
ဟော၏၊ အလုံးစုံ
ပြည့်စုံသော
ထက်ဝန်းကျင်
စင်ကြယ်သော မြတ်သော
အကျင့်ကို
ပြ၏။
ငါ့သျှင်တို့
ရဟန်းသည်
ရဟန်းတို့အား
အစ၏ကောင်းခြင်း
အလယ်၏ကောင်းခြင်း
အဆုံး၏ကောင်းခြင်းရှိသော
အနက်,
သဒ္ဒါနှင့်
ပြည့်စုံသောတရားကို
ဟောတိုင်း၊
အလုံးစုံ
ပြည့်စုံသော
ထက်ဝန်းကျင် စင်ကြယ်သော
မြတ်သော
အကျင့်ကို
ပြတိုင်း ထိုတရားပွဲ၌
သေက္ခဖြစ်ကုန်သော၊
အရဟတ္တဖိုလ်သို့
ရောက်ကုန်သော၊
အတုမရှိသော
ယောဂကုန်ရာ
(နိဗ္ဗာန်)
ကို တောင့်တလျက်
နေကုန်သော
ရဟန်းတို့သည်
ထိုတရားကို ကြားနာ၍
မရောက်သေးသော
(မဂ်ဖိုလ်)
တရားသို့ ရောက်ရန်
မရသေးသော
တရားကို ရရန်
မျက်မှောက်
မပြုရ သေးသော
တရားတို့ကို
မျက်မှောက်ပြုရန်
ဝီရိယကို
အားထုတ်ကုန်၏၊
ထိုတရားပွဲ၌
ရဟန္တာဖြစ်ကုန်သော
အာသဝေါကုန်ပြီးကုန်သော
မဂ်အကျင့်ကို
ကျင့်သုံးပြီးကုန်သော
မဂ်ကိစ္စကို
ပြုပြီးကုန်သော
(ခန္ဓာ)
ဝန်ကို
ချပြီးကုန်သော
မိမိအကျိုး
(အရဟတ္တဖိုလ်)
သို့
ရောက်ကုန်သော
ဘဝသံယောဇဉ်ကုန်ပြီးကုန်သော
ကောင်းစွာ
သိ၍
လွတ်မြောက်ပြီးကုန်သော
ရဟန်းတို့သည်
ထိုတရားကို
ကြားနာ၍
မျက်မှောက်၌
ချမ်းသာစွာ
နေမှုကိုသာလျှင်
အားထုတ်လျက်
နေကုန်၏။
ငါ့သျှင်တို့
ဤသည်ကား အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၌
ပဉ္စမအာနိသင်တည်း။
ငါ့သျှင်တို့
ဤသည်တို့ကား
အခါအားလျော်စွာ
တရားနာခြင်း
အခါအားလျော်စွာ
တရားဆွေးနွေးခြင်း၌
အာနိသင်ငါးမျိုးတို့တည်းဟု
မိန့်ဆို၏။
စတုတ္ထသုတ်။
------
၅ - ဗလသုတ်
၅။
ရဟန်း
ဗိုလ်တို့သည်
ဤလေးမျိုးတို့တည်း။
အဘယ်လေးမျိုးတို့နည်းဟူမူ
- အသိလိမ္မာ 'ပညာ'
ဗိုလ်၊
အားထုတ်မှု
'ဝီရိယ'
ဗိုလ်၊ အပြစ်ကင်းမှု
'အနဝဇ္ဇ'
ဗိုလ်၊
ချီးမြှောက်မှု
'သင်္ဂဟ'
ဗိုလ်တို့တည်း။
ရဟန်းတို့
ပညာဗိုလ်ဟူသည်
အဘယ်နည်း။
ကုသိုလ်ဖြစ်ကုန်သော
ကုသိုလ်ဟု
သိအပ်ကုန်သော,
အကုသိုလ်ဖြစ်ကုန်သော
အကုသိုလ်ဟုသိအပ်ကုန်သော,
အပြစ်ရှိကုန်သော
အပြစ်ရှိ၏ဟု
သိအပ်ကုန်သော,
အပြစ်မရှိကုန်သော
အပြစ်မရှိဟု သိအပ်ကုန်သော,
မည်းညစ်ကုန်သော
မည်းညစ်၏ဟု
သိအပ်ကုန်သော,
ဖြူစင်ကုန်သော
ဖြူစင်၏ဟု
သိအပ်ကုန်သော,
မှီဝဲအပ်ကုန်သော
မှီဝဲအပ်၏ဟု
သိအပ်ကုန်သော,
မမှီဝဲ
အပ်ကုန်သော
မမှီဝဲအပ်ဟု
သိအပ်ကုန်သော,
အရိယာတို့အား
မလျော်ကုန်သော
အရိယာတို့အား
မလျော်ဟု
သိအပ်ကုန်သော,
အရိယာတို့အား
လျော်ကုန်သော
အရိယာတို့အား
လျော်၏ဟု
သိအပ်ကုန်သော,
တရားတို့ကို
ထိုရဟန်းသည်
ပညာဖြင့်
ကောင်းစွာ
မြင်အပ်ကုန်၏၊
ကောင်းစွာ
လေ့လာအပ်ကုန်၏။
ရဟန်းတို့
ဤတရားကို
ပညာဗိုလ်ဟု
ဆိုအပ်၏။
ရဟန်းတို့
ဝီရိယဗိုလ်ဟူသည်
အဘယ်နည်း။
အကုသိုလ်ဖြစ်ကုန်သော
အကုသိုလ်ဟု
သိအပ်ကုန်သော,
အပြစ်ရှိကုန်သော
အပြစ်ရှိ၏ဟု သိအပ်ကုန်သော,
မည်းညစ်ကုန်သော
မည်းညစ်၏ဟု
သိအပ်ကုန်သော,
မမှီဝဲအပ်ကုန်သော
မမှီဝဲအပ်ဟု
သိအပ်ကုန်သော,
အရိယာတို့အား
မလျော်ကုန်သော
အရိယာတို့အား
မလျော်ဟု
သိအပ်ကုန်သော
တရားတို့ကို
ပယ်ရန် အလိုဆန္ဒကိုဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို
ချီးမြှောက်၏၊
အပြားအားဖြင့်
ထား၏။
ကုသိုလ်ဖြစ်ကုန်သော
ကုသိုလ်ဟု
သိအပ်ကုန်သော,
အပြစ်မရှိကုန်သော
အပြစ်မရှိဟု
သိအပ်ကုန်သော,
ဖြူစင်ကုန်သော
ဖြူစင်၏ဟု
သိအပ်ကုန်သော,
မှီဝဲအပ်ကုန်သော
မှီဝဲအပ်၏ဟု
သိအပ်ကုန်သော,
အရိယာတို့အား
လျော်ကုန်သော
အရိယာတို့အား
လျော်၏ဟု
သိအပ်ကုန်သော,
တရားတို့ကို
ရရန် အလိုဆန္ဒကိုဖြစ်စေ၏၊
လုံ့လပြု၏၊
ဝီရိယကို
အားထုတ်၏၊
စိတ်ကို ချီးမြှောက်၏၊
အပြားအားဖြင့်
ထား၏၊ ရဟန်းတို့
ဤတရားကို
ဝီရိယ
ဗိုလ်ဟု
ဆိုအပ်၏။
ရဟန်းတို့
အနဝဇ္ဇဗိုလ်ဟူသည်
အဘယ်နည်း၊
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အပြစ်ကင်းသော
ကာယကံနှင့်
ပြည့်စုံ၏၊
အပြစ်ကင်းသော
ဝစီကံနှင့်
ပြည့်စုံ၏၊
အပြစ်ကင်းသော
မနောကံနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤတရားကို
အနဝဇ္ဇဗိုလ်ဟု
ဆိုအပ်၏။
ရဟန်းတို့
သင်္ဂဟဗိုလ်ဟူသည်
အဘယ်နည်း၊
ရဟန်းတို့
ချီးမြှောက်ကြောင်း
သင်္ဂဟဝတ္ထုတို့ကား-
ပေးလှူမှု
'ဒါန'၊
ချစ်ဖွယ်ပြောဆိုမှု
'ပေယျဝဇ္ဇ'၊
အကျိုးစီးပွါးကိုပြုကျင့်မှု
'အတ္ထစရိယာ'၊
ကိုယ်တူထားမှု
'သမာနတ္တတာ'တို့တည်း။
ရဟန်းတို့
ပေးလှူမှု
'ဒါန'တို့တွင်
တရားကို
ပေးလှူမှု
'ဓမ္မဒါန'သည်
အမြတ်ဆုံးတည်း၊
ရဟန်းတို့
ချစ်ဖွယ်ပြောဆိုမှု
'ပေယျဝဇ္ဇ'တို့တွင်
အလိုရှိ၍
နားထောင်သူအား
ထပ်ကာထပ်ကာ
တရားဟောမှုသည်
အမြတ်ဆုံးတည်း၊
ရဟန်းတို့
အကျိုးစီးပွါးကို
ကျင့်ပြုမှု
'အတ္ထစရိယာ'တို့တွင်
သဒ္ဓါတရားမရှိသူကို
သဒ္ဓါတရားနှင့်
ပြည့်စုံစေရန်
ဆောက်တည်စေမှု
သွတ်သွင်းမှု
တည်စေမှု၊
သီလမရှိသူကို
သီလနှင့်
ပြည့်စုံစေရန်၊
ဝန်တို 'နှမြော'
သူကို
စွန့်ကြဲမှု
'စာဂ' နှင့်
ပြည့်စုံစေရန်၊
ပညာမရှိသူကို
ပညာနှင့်ပြည့်စုံစေရန်
ဆောက်တည်စေမှု
သွတ်သွင်းမှု
တည်စေမှုသည်
အမြတ်ဆုံးတည်း။
ရဟန်းတို့
ကိုယ်တူထားမှု
'သမာနတ္တတာ'တို့တွင်
သောတာပန်သည်
သောတာပန်အား
ကိုယ်တူထားမှု၊
သကဒါဂါမ်သည်
သကဒါဂါမ် အား
ကိုယ်တူထားမှု၊
အနာဂါမ်သည်
အနာဂါမ်အား
ကိုယ်တူထားမှု၊
ရဟန္တာသည်
ရဟန္တာအား
ကိုယ်တူထားမှုသည်
အမြတ်ဆုံးတည်း။
ရဟန်းတို့
ဤကိုယ်တူထားမှု
သဘောတရားကို
သင်္ဂဟဗိုလ်ဟု
ဆိုအပ်၏။
ရဟန်းတို့
ဤသည်တို့ကား
ဗိုလ်လေးပါးတို့တည်း။
ရဟန်းတို့
ဤဗိုလ်လေးပါးတို့နှင့်
ပြည့်စုံသော
အရိယာတပည့်သည်
ဘေးငါးမျိုးတို့ကို
လွန်မြောက်
သူ ဖြစ်၏၊
အဘယ်ငါးမျိုးတို့နည်းဟူမူ
-
အသက်မွေးမှုဘေး၊
ကျော်စောမဲ့ဘေး၊
ပရိသတ်ကြောက်ရွံမှု
ဘေး၊ သေဘေး၊
မကောင်းရာသို့
လားရောက်မှု
'ဒုဂ္ဂတိ'
ဘေးတို့တည်း။
ရဟန်းတို့
ထိုအရိယာတပည့်သည်
ဤသို့ ဆင်ခြင်၏၊
''ငါသည်
အသက်မွေးမှုဘေးကို
မကြောက်၊ ငါသည်
အဘယ်ကြောင့်
အသက်မွေးမှုဘေးကို
ကြောက်ရမည်နည်း၊
ငါ့အား
ပညာဗိုလ်
ဝီရိယဗိုလ်
အနဝဇ္ဇဗိုလ်
သင်္ဂဟဗိုလ်ဟူသော
ဗိုလ်လေးပါးတို့သည်
ရှိကုန်၏၊ ပညာမဲ့သူသည်
အသက်မွေးမှုဘေးကို
ကြောက်ရာ၏၊
ပျင်းရိသူသည်
အသက်မွေးမှုဘေးကို
ကြောက်ရာ၏၊
ကာယကံ ဝစီကံ
မနောကံ
အပြစ်ရှိသူသည်
အသက်မွေးမှု
ဘေးကို
ကြောက်ရာ၏။
ချီးမြှောက်မှု
မရှိသူသည်
အသက်မွေးမှုဘေးကို
ကြောက်ရာ၏၊
ငါသည်
ကျော်စောမဲ့
ဘေးကို
မကြောက်။ပ။
ငါသည်
ပရိသတ်ကြောက်ရွံ့မှုဘေးကို
မကြောက်။
ငါသည်
သေဘေးကို
မကြောက်။
ငါသည်
မကောင်းရာသို့
လားရောက်မှု
'ဒုဂ္ဂတိ' ဘေး
ကို မကြောက်။
ငါသည်
အဘယ့်ကြောင့်
မကောင်းရာသို့
လားရောက်မှု
'ဒုဂ္ဂတိ'
ဘေးကို
ကြောက်ရမည်နည်း၊
ငါ့အား
ပညာဗိုလ်
ဝီရိယဗိုလ်
အနဝဇ္ဇဗိုလ်
သင်္ဂဟဗိုလ်ဟူသော
ဗိုလ်လေးပါးတို့သည်
ရှိကုန်၏၊
ပညာမဲ့သူ သည်
မကောင်းရာသို့
လားရောက်မှု
'ဒုဂ္ဂတိ' ဘေး
ကို
ကြောက်ရာ၏၊
ပျင်းရိသူသည်
မကောင်းရာသို့
လားရောက်မှု
'ဒုဂ္ဂတိ' ဘေး
ကို
ကြောက်ရာ၏၊
ကာယကံ့ဝစီကံ
မနောကံ
အပြစ်ရှိသူသည်
မကောင်းရာ
သို့ လားရောက်မှု
'ဒုဂ္ဂတိ' ဘေး
ကို
ကြောက်ရာ၏၊
ချီးမြှောက်မှု
မရှိသူသည်
မကောင်းရာသို့
လားရောက် မှု
'ဒုဂ္ဂတိ' ဘေး ကို
ကြောက်ရာ၏ဟု
(ဆင်ခြင်၏)။
ရဟန်းတို့
ဤဗိုလ်လေးမျိုးတို့နှင့်
ပြည့်စုံသော
အရိယာတပည့်သည်
ဤဘေးငါးမျိုးတို့ကို
လွန်မြောက်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-သေဝနာသုတ်
၆။
ထိုအခါ
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
မိန့်ဆို၏။ပ။
အသျှင်သာရိပုတြာသည်
ဤ စကားကို
မိန့်တော်မူ၏
-ငါ့သျှင်တို့
ပုဂ္ဂိုလ်ကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်၊
ငါ့သျှင်တို့
သင်္ကန်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်၊
ငါ့သျှင်တို့
ဆွမ်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်၊
ငါ့သျှင်တို့
ကျောင်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်၊
ငါ့သျှင်တို့
ရွာ နိဂုံးကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်၊
ငါ့သျှင်တို့
ဇနပုဒ်အရပ်ကိုလည်း
မှီဝဲအပ် မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်။
''ငါ့သျှင်တို့
ပုဂ္ဂိုလ်ကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင်
အကြင်ပုဂ္ဂိုလ်ကို
''ဤပုဂ္ဂိုလ်ကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ရဟန်းဖြစ်သူသည်
ကောင်းစွာ
ဆောင်ထားအပ်ကုန်သော
အသက်၏
အရံအတားဖြစ်ကုန်သော
သင်္ကန်း
ဆွမ်း
ကျောင်း
(အိပ်ရာ နေရာ)
သူနာ၏ အထောက်အပံ့
ဆေးတို့ကိုလည်း
ငါ့အား
ဆင်းရဲ ငြိုငြင်သဖြင့်
ရောက်စေအပ်ကုန်၏။
အကြင် (အရဟတ္တဖိုလ်)
အလို့ငှါ
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုခဲ့၏၊
ထိုရဟန်းပြုကျိုးသည်လည်း
ငါ့အား
ပွါးများပြည့်စုံခြင်းသို့
မရောက်နိုင်''ဟု
သိပါမူ
ငါ့သျှင်တို့
ထို (မှီဝဲသူ)
ပုဂ္ဂိုလ်
သည် ထိုမှီရာပုဂ္ဂိုလ်ကို
ညဉ့်အဖို့၌ဖြစ်စေ
နေ့အဖို့၌ဖြစ်စေ
သိ၍လည်း
မပန်ကြားဘဲ
ဖဲခွါသွား
ရမည်၊
အစဉ်မလိုက်အပ်။
ထိုပုဂ္ဂိုလ်တို့တွင်
အကြင်ပုဂ္ဂိုလ်ကို
''ဤပုဂ္ဂိုလ်ကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ရဟန်းဖြစ်သူသည်
ကောင်းစွာ
ဆောင်ထားအပ်ကုန်သော
အသက်၏
အရံအတားဖြစ်ကုန်သော
သင်္ကန်း
ဆွမ်း
ကျောင်း (အိပ်ရာ
နေရာ) သူနာ၏
အထောက်အပံ့
ဆေးတို့ကို
မဆင်းရဲ
မငြိုငြင်သဖြင့်
ငါ့အားဖြစ်စေအပ်ကုန်၏။
အကြင် (အရဟတ္တဖိုလ်)
အလို့ငှါ
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုခဲ့ရ၏၊
ငါ့အား
ထိုရဟန်းပြုကျိုးသည်ကား
ပွါးများပြည့်စုံခြင်းသို့
မရောက်နိုင်''ဟု
သိပါမူ
ငါ့သျှင်တို့
ထို (မှီဝဲသူ)
ပုဂ္ဂိုလ်သည်
ထို (မှီဝဲရာ)
ပုဂ္ဂိုလ်ကို
သိ၍လည်း
မပန်ကြားဘဲ
ဖဲခွါသွားရမည်၊
အစဉ်မလိုက်အပ်။
ထိုပုဂ္ဂိုလ်တို့တွင်
အကြင်ပုဂ္ဂိုလ်ကို
''ဤပုဂ္ဂိုလ်ကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ရဟန်းဖြစ်သူသည်
ကောင်းစွာ
ဆောင်ထားအပ်ကုန်သော
အသက်၏
အရံအတားဖြစ်ကုန်သော
သင်္ကန်း
ဆွမ်း ကျောင်း
(အိပ်ရာ နေရာ)
သူနာ၏ အထောက်
အပံ့ ဆေးတို့ကိုကား
ငါ့အား
ဆင်းရဲငြိုငြင်သဖြင့်ဖြစ်စေအပ်ကုန်၏။
အကြင်
(အရဟတ္တဖိုလ်)
အလို့ငှါ လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်း
ပြုခဲ့၏၊ ငါ့အား
ထိုရဟန်းပြုကျိုးသည်ကား
ပွါးများ ပြည့်စုံခြင်းသို့
ရောက်ပေ၏''ဟု
သိပါမူ
ငါ့သျှင်တို့
ထို (မှီဝဲသူ)
ပုဂ္ဂိုလ်သည်
ထို (မှီဝဲရာ)
ပုဂ္ဂိုလ်ကို
သိ၍လည်း အစဉ်
လိုက်အပ်၏၊
ဖဲခွါ
မသွားအပ်။
ထိုပုဂ္ဂိုလ်တို့တွင်
အကြင်ပုဂ္ဂိုလ်ကို
''ဤပုဂ္ဂိုလ်ကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
ယုတ်
လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ရဟန်းဖြစ်သူသည်
ကောင်းစွာ
ဆောင်ထားအပ်ကုန်သော
အသက်၏
အရံအတားဖြစ်ကုန်သော
သင်္ကန်း
ဆွမ်း
ကျောင်း
(အိပ်ရာ နေရာ)
သူနာ၏ အထောက်အပံ့
ဆေးတို့ကိုလည်း
မဆင်းရဲမငြိုငြင်သဖြင့်
ငါ့အားဖြစ်စေအပ်ကုန်၏။
အကြင်
(အရဟတ္တဖိုလ်)
အလို့ငှါ
လူ့ဘောင်မှ
ရဟန်းဘောင်၌
ရဟန်းပြုခဲ့၏၊
ငါ့အား
ထိုရဟန်းပြုကျိုးသည်လည်း
ပွါးများပြည့်စုံခြင်းသို့
ရောက်၏''ဟု
သိပါမူ ငါ့သျှင်တို့
ထို (မှီဝဲသူ)
ပုဂ္ဂိုလ်သည်
ထို (မှီဝဲရာ)
ပုဂ္ဂိုလ်ကို
အသက်ထက်ဆုံး
အစဉ် လိုက်ရမည်၊
နှင်ထုတ်သော်လည်း
ဖဲခွါမသွားအပ်။
''ငါ့သျှင်တို့
ပုဂ္ဂိုလ်ကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို ဤအကြောင်းကို
စွဲ၍
ဆိုအပ်၏။
''ငါ့သျှင်တို့
သင်္ကန်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို အဘယ်ကို
စွဲ၍
ဆိုအပ်သနည်း။
ထိုသင်္ကန်းတို့တွင်
အကြင်သင်္ကန်းကို
''ဤသင်္ကန်းကို
မှီဝဲသော
ငါ့အား အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏''ဟု
သိပါမူ
ဤသို့သဘော
ရှိသော
သင်္ကန်းကို
မမှီဝဲအပ်။
ထိုသင်္ကန်းတို့တွင်
အကြင်သင်္ကန်းကို
''ဤသင်္ကန်းကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏''ဟု
သိပါမူ ဤသို့သဘော
ရှိသော
သင်္ကန်းကို
မှီဝဲရမည်။
''ငါ့သျှင်တို့
သင်္ကန်းကိုလည်း
မှီဝဲအပ် မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို
ဤအကြောင်းကို
စွဲ၍
ဆိုအပ်၏။
''ငါ့သျှင်တို့
ဆွမ်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ထိုဆွမ်းတို့တွင်
အကြင်ဆွမ်းကို
''ဤဆွမ်းကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏''ဟု
သိပါမူ
ဤသို့သဘော ရှိသော
ဆွမ်းကို
မမှီဝဲအပ်။
ထိုဆွမ်းတို့တွင်
အကြင်ဆွမ်းကို
''ဤဆွမ်းကို
မှီဝဲသော ငါ့အား
အကုသိုလ်
တရားတို့
ယုတ်လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏''ဟု
သိပါမူ
ဤသို့သဘောရှိသော
ဆွမ်းကို
မှီဝဲရမည်။
''ငါ့သျှင်တို့
ဆွမ်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို
ဤအကြောင်းကို
စွဲ၍
ဆိုအပ်၏။
''ငါ့သျှင်တို့
ကျောင်း (အိပ်ရာ
နေရာ) ကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ငါ့သျှင်တို့
ထိုကျောင်းတို့တွင်
အကြင်ကျောင်းကို
''ဤကျောင်းကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏''ဟု
သိပါမူ ဤသို့
သဘောရှိသော
ကျောင်းကို
မမှီဝဲအပ်။
ထိုကျောင်းတို့တွင်
အကြင်ကျောင်းကို
''ဤကျောင်းကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏''ဟု
သိပါမူ
ဤသို့သဘောရှိသော
ကျောင်းကို
မှီဝဲရမည်။
''ငါ့သျှင်တို့
ကျောင်းကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို ဤအကြောင်းကို
စွဲ၍
ဆိုအပ်၏။
''ငါ့သျှင်တို့
ရွာနိဂုံးကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို အဘယ်ကို
စွဲ၍
ဆိုအပ်သနည်း။
ထိုရွာနိဂုံးတို့တွင်
အကြင်ရွာ
နိဂုံးကို
''ဤရွာနိဂုံးကို
မှီဝဲသော
ငါ့အား အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏''ဟု
သိပါမူ ဤသို့ သဘောရှိသော
ရွာနိဂုံးကို
မမှီဝဲအပ်။
ထိုရွာနိဂုံးတို့တွင်
အကြင်ရွာနိဂုံးကို
''ဤရွာနိဂုံးကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏''ဟု
သိပါမူ ဤသို့
သဘောရှိသော
ရွာနိဂုံးကို
မှီဝဲရမည်။
''ငါ့သျှင်တို့
ရွာနိဂုံးကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရ
မည်''ဟူသော
စကားကို
ဤအကြောင်းကို
စွဲ၍ ဆိုအပ်၏။
''ငါ့သျှင်တို့
ဇနပုဒ်အရပ်ကိုလည်း
မှီဝဲအပ်
မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကား ကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ထိုဇနပုဒ်အရပ်တို့တွင်
အကြင်ဇနပုဒ်အရပ်ကို
''ဤဇနပုဒ်အရပ်ကို
မှီဝဲသော
ငါ့အား
အကုသိုလ်တရားတို့
တိုးပွါးကုန်၏၊
ကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏''ဟု
သိပါမူ့ဤသို့သဘောရှိသော
ဇနပုဒ်အရပ်ကို
မမှီဝဲအပ်။
ထိုဇနပုဒ်အရပ်တို့တွင်
အကြင်ဇနပုဒ်အရပ်ကို
''ဤ
ဇနပုဒ်အရပ်ကို
မှီဝဲသော
ငါ့အား အကုသိုလ်တရားတို့
ယုတ်လျော့ကုန်၏၊
ကုသိုလ်တရားတို့
တိုးပွါးကုန်၏''ဟု
သိပါမူ
ဤသို့သဘော
ရှိသော
ဇနပုဒ်အရပ်ကို
မှီဝဲရမည်။
''ငါ့သျှင်တို့
ဇနပုဒ်အရပ်ကိုလည်း
မှီဝဲအပ် မမှီဝဲအပ်ဟု
နှစ်မျိုးအားဖြင့်
သိရမည်''ဟူသော
စကားကို
ဤအကြောင်းကို
စွဲ၍
ဆိုအပ်၏ဟု
(မိန့်ဆို၏)။
ဆဋ္ဌသုတ်။
------
၇-သုတဝါသုတ်
၇။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ဂိဇ္ဈကုဋ်တောင်၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
သုတဝါပရိဗိုဇ်သည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်
ဝမ်းသာ
နှုတ်ဆက်ပြောဆိုပြီး၍
တစ်ခုသောနေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-''အသျှင်ဘုရား
အခါ တစ်ပါး၌
မြတ်စွာဘုရားသည်
တောင်ငါးလုံး
ဝိုင်းရံသော
ဤရာဇဂြိုဟ်ပြည်၌ပင်
(သီတင်းသုံး)
နေတော်မူ၏၊
အသျှင်ဘုရား
ထိုအခါ
အကျွန်ုပ်သည်
မြတ်စွာဘုရား၏
မျက်မှောက်တော်မှ
ကြားဖူးပါ၏၊
မျက်မှောက်တော်မှ
ခံယူဖူးပါ၏၊
''သုတဝါ
အကြင်ရဟန်းသည်
ရဟန္တာ
ဖြစ်၏၊ အာသဝေါကုန်ပြီးသူ
ဖြစ်၏၊
မြတ်သောအကျင့်ကို
သုံးပြီးသူ
ဖြစ်၏၊
ပြုဖွယ်ကိစ္စကို
ပြုပြီးသူ
ဖြစ်၏၊
(ခန္ဓာ)
ဝန်ကို
ချထားပြီး သူ
ဖြစ်၏၊
မိမိအကျိုးစီးပွါးသို့
အစဉ်ရောက်ပြီးသူ
ဖြစ်၏၊
ဘဝသံယောဇဉ်ကုန်ပြီးသူ
ဖြစ်၏၊ ကောင်းစွာ
သိ၍ လွတ်မြောက်ပြီးသူ
ဖြစ်၏၊
ထိုရဟန်းသည်
ငါးဌာနတို့ကို
လွန်ကျူးရန်
မထိုက်တော့ပေ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်စေတနာနှင့်
တကွ လုံ့လပြု၍
သတ္တဝါကို
သတ်ခြင်းငှါ
မထိုက်၊ အာသဝေါကုန်ပြီးသော
ရဟန်းသည်
(အရှင်သည်) မပေးအပ်သော
ဥစ္စာကို
ခိုးလိုသော
စိတ်ဖြင့် ယူခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
မေထုန်အကျင့်ကို
မှီဝဲခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
သိလျက်
ချွတ်ယွင်းသော
စကားကို ပြောဆိုခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ရှေးအခါ
လူဖြစ်စဉ်ကကဲ့သို့
သိုမှီးခြင်းကို
ပြု၍
ကာမဂုဏ်တို့ကို
သုံးဆောင်
(ခံစား)ခြင်းငှါ
မထိုက်''ဟု
(မြတ်စွာဘုရား၏
မျက်မှောက်တော်မှ
ကြားဖူးပါ၏၊
မျက်မှောက်တော်မှ
ခံယူဖူးပါ၏)။
အသျှင်ဘုရား
အဘယ်သို့ပါနည်း၊
ထိုစကားကို
အကျွန်ုပ်သည်
မြတ်စွာဘုရား၏
(အထံတော်မှ) ကောင်းစွာ
ကြားမိခြင်းပါလော၊
ကောင်းစွာ ခံယူမိခြင်းပါလော၊
ကောင်းစွာ
နှလုံးသွင်းမိခြင်းပါလော၊
ကောင်းစွာ
ဆောင်မိခြင်းပါလောဟု
လျှောက်၏။ သုတဝါ
အမှန်စင်စစ်
သင်သည်
ထိုစကားကို
ကောင်းစွာ
ကြားခြင်း
ဖြစ်ပေ၏၊
ကောင်းစွာ
ခံယူခြင်း
ဖြစ်ပေ၏၊
ကောင်းစွာ
နှလုံးသွင်းခြင်း
ဖြစ်ပေ၏၊
ကောင်းစွာ
ဆောင်ခြင်း
ဖြစ်ပေ၏၊
သုတဝါ ငါသည်
ရှေးကလည်းကောင်း၊
ယခုလည်းကောင်း
ဤသို့ပင်
ဟော၏။ အကြင်ရဟန်းသည်
ရဟန္တာ
ဖြစ်၏၊
အာသဝေါကုန်ပြီးသူ
ဖြစ်၏၊
(မြတ်သောအကျင့်ကို)
သုံးပြီးသူ
ဖြစ်၏၊
ပြုဖွယ်ကိစ္စကို
ပြုပြီးသူ
ဖြစ်၏၊
(ခန္ဓာ)
ဝန်ကို
ချထားပြီးသူ
ဖြစ်၏၊ မိမိအကျိုးစီးပွါးသို့
အစဉ်ရောက်ပြီးသူ
ဖြစ်၏၊
ဘဝသံယောဇဉ်
ကုန်ပြီးသူ
ဖြစ်၏၊
ကောင်းစွာ
သိ၍
လွတ်မြောက်ပြီးသူ
ဖြစ်၏၊
ထိုရဟန်းသည်
ကိုးဌာနတို့ကို
လွန်ကျူးရန်
မထိုက်တော့ပေ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်စေတနာနှင့်တကွ
လုံ့လပြု၍ သတ္တဝါကို
သတ်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
(အရှင်သည်)
မပေးအပ်သော ဥစ္စာကို
ခိုးလိုသောစိတ်ဖြင့်
ယူခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
မေထုန်အကျင့်ကို
မှီဝဲခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည် သိလျက်
ချွတ်ယွင်းသော
စကားကို
ပြောဆိုခြင်း
ငှါ မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ရှေးအခါ
လူဖြစ်စဉ်ကကဲ့သို့
သိုမှီးခြင်းကို
ပြု၍
ကာမဂုဏ်တို့ကို
သုံးဆောင် (ခံစား)ခြင်းငှါ
မထိုက်၊ အာသဝေါကုန်ပြီးသော
ရဟန်းသည်
ဆန္ဒာဂတိသို့လိုက်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ဒေါသာဂတိသို့
လိုက်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
မောဟာဂတိသို့
လိုက်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ဘယာဂတိသို့
လိုက်ခြင်းငှါ
မထိုက်။
သုတဝါ
ငါသည် ရှေးကလည်းကောင်း၊
ယခုလည်းကောင်း
ဤသို့ပင်
ဟော၏၊ အကြင်
ရဟန်းသည်
ရဟန္တာဖြစ်၏၊
အာသဝေါကုန်ပြီးသူ
ဖြစ်၏၊
မြတ်သောအကျင့်ကို
သုံးပြီးသူ
ဖြစ်၏၊
ပြုဖွယ်ကိစ္စကို
ပြုပြီးသူ
ဖြစ်၏၊
(ခန္ဓာ)
ဝန်ကို
ချထားပြီးသူ
ဖြစ်၏၊ မိမိ
အကျိုးစီးပွါးသို့
အစဉ်ရောက်ပြီးသူ
ဖြစ်၏၊
ဘဝသံယောဇဉ် ကုန်ပြီးသူ
ဖြစ်၏၊
ကောင်းစွာ
သိ၍ လွတ်မြောက်ပြီးသူ
ဖြစ်၏၊
ထိုရဟန်းသည်
ဤကိုးဌာနတို့ကို
လွန်ကျူးရန်
မထိုက်တော့ပေဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-သဇ္ဈသုတ်
၈။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည်
ဂိဇ္ဈကုဋ်တောင်၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
သဇ္ဈပရိဗိုဇ်သည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်
အတူ
ဝမ်းမြောက်
ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍
တစ်ခုသောနေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား
အသျှင်ဘုရား
အခါ တစ်ပါး၌
မြတ်စွာဘုရားသည်
တောင်ငါးလုံး
ဝိုင်းရံသော
ဤရာဇဂြိုဟ်ပြည်၌
(သီတင်းသုံး) နေတော်မူ၏၊
အသျှင်ဘုရား
အကျွန်ုပ်သည်
မြတ်စွာဘုရား၏
မျက်မှောက်တော်မှ
ကြားဖူးပါ၏၊
မျက်မှောက်တော်မှ
ခံယူဖူးပါ၏၊
''သဇ္ဈအကြင်ရဟန်းသည်
ရဟန္တာ ဖြစ်၏၊
အာသဝေါကုန်ပြီးသူ
ဖြစ်၏၊
မြတ်သော
အကျင့်ကို
သုံးပြီးသူ
ဖြစ်၏၊
ခန္ဓာဝန်ကို
ချထားပြီးသူ
ဖြစ်၏၊
မိမိအကျိုးစီးပွါးသို့
အစဉ်ရောက်ပြီးသူ
ဖြစ်၏၊ ဘဝသံယောဇဉ်
ကုန်ပြီးသူ
ဖြစ်၏၊
ကောင်းစွာ သိ၍
လွတ်မြောက်ပြီးသူ
ဖြစ်၏၊
ထိုရဟန်းသည်
ငါးဌာနတို့ကို
လွန်ကျူးရန်
မထိုက်တော့ပေ။
အာသဝေါကုန်ပြီးသော
ရဟန်းသည်စေတနာနှင့်တကွ
လုံ့လပြု၍
သတ္တဝါကို
သတ်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
(အရှင်သည်)
မပေးအပ်သော
ဥစ္စာကို ခိုးလိုသော
စိတ်ဖြင့်
ယူခြင်းငှါ
မထိုက်၊ အာသဝေါကုန်ပြီးသော
ရဟန်းသည်
မေထုန် အကျင့်ကို
မှီဝဲခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
သိလျက်
ချွတ်ယွင်းသော
စကားကို
ပြောဆိုခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ရှေးအခါ
လူဖြစ်စဉ်ကကဲ့သို့
သိုမှီးခြင်းကို
ပြု၍
ကာမဂုဏ်တို့ကို
သုံးဆောင်
(ခံစား)ခြင်းငှါ
မထိုက်''ဟု
(မြတ်စွာဘုရား၏
မျက်မှောက်တော်မှ
ကြားဖူးပါ၏၊
မျက်မှောက်တော်မှ
ခံယူဖူးပါ၏)။
အသျှင်ဘုရား
အဘယ်သို့ပါနည်း၊
ထိုစကားကို
အကျွန်ုပ်
သည်
မြတ်စွာဘုရား၏
(အထံတော်မှ)
ကောင်းစွာ
ကြားမိခြင်းပါလော၊
ကောင်းစွာ
ခံယူမိခြင်းပါလော၊
ကောင်းစွာ
နှလုံးသွင်းမိခြင်းပါလော၊
ကောင်းစွာ
ဆောင်မိခြင်းပါလောဟု
လျှောက်၏။
သဇ္ဈအမှန်စင်စစ်
သင်သည်
ထိုစကားကို
ကောင်းစွာ
ကြားခြင်း
ဖြစ်ပေ၏၊
ကောင်းစွာ
ခံယူခြင်း
ဖြစ်ပေ၏၊
ကောင်းစွာ
နှလုံးသွင်းခြင်းဖြစ်ပေ၏၊
ကောင်းစွာ
ဆောင်ခြင်းဖြစ်ပေ၏၊
သဇ္ဈငါသည်
ရှေးကလည်းကောင်း၊
ယခုလည်းကောင်း
ဤသို့ပင်
ဟော၏။ အကြင်
ရဟန်းသည်
ရဟန္တာ
ဖြစ်၏၊
အာသဝေါကုန်ပြီးသူ
ဖြစ်၏၊
(မြတ်သောအကျင့်ကို)
သုံးပြီးသူ
ဖြစ်၏၊
(ခန္ဓာ)
ဝန်ကို
ချထားပြီးသူ
ဖြစ်၏၊
မိမိအကျိုးစီးပွါးသို့
အစဉ်ရောက်ပြီးသူ
ဖြစ်၏၊
ဘဝသံယောဇဉ်
ကုန်ပြီးသူ
ဖြစ်၏၊ ကောင်းစွာသိ၍
လွတ်မြောက်ပြီးသူ
ဖြစ်၏၊
ထိုရဟန်းသည်
ကိုးဌာနတို့ကို
လွန်ကျူးရန်
မထိုက်တော့ပေ။
အာသဝေါ
ကုန်ပြီးသော
ရဟန်းသည်စေတနာနှင့်တကွ
လုံ့လပြု၍
သတ္တဝါကို
သတ်ခြင်းငှါ
မထိုက်။ပ။
အာသဝေါ
ကုန်ပြီးသော
ရဟန်းသည်
ရှေးအခါ လူဖြစ်စဉ်ကကဲ့သို့
သိုမှီးခြင်းကို
ပြု၍ ကာမဂုဏ်တို့ကို
သုံးဆောင် (ခံစား)ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
ဘုရားကို
ပယ်စွန့်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည်
တရားကို
ပယ်စွန့်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်း သည်
သံဃာကို
ပယ်စွန့်ခြင်းငှါ
မထိုက်၊
အာသဝေါကုန်ပြီးသော
ရဟန်းသည် သိက္ခာကို
ပယ်စွန့်ခြင်းငှါ
မထိုက်။
သဇ္ဈငါသည်
ရှေးကလည်းကောင်း၊
ယခုလည်းကောင်း
ဤသို့ပင်
ဟော၏၊
အကြင်ရဟန်းသည်
ရဟန္တာ ဖြစ်၏၊
အာသဝေါကုန်ပြီးသူ
ဖြစ်၏၊
(မြတ်သောအကျင့်ကို)
သုံးပြီးသူ
ဖြစ်၏၊
ပြုဖွယ်ကိစ္စကို
ပြုပြီးသူ
ဖြစ်၏၊
(ခန္ဓာ)
ဝန်ကို ချထားပြီးသူ
ဖြစ်၏၊ မိမိ
အကျိုးစီးပွါးသို့
အစဉ်ရောက်ပြီးသူ
ဖြစ်၏၊
ဘဝသံယောဇဉ်ကုန်ပြီးသူ
ဖြစ်၏၊
ကောင်းစွာ
သိ၍
လွတ်မြောက်ပြီးသူ
ဖြစ်၏၊ ထိုရဟန်းသည်
ဤကိုးဌာနတို့ကို
လွန်ကျူးရန်
မထိုက်တော့ပေဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ပုဂ္ဂလသုတ်
၉။
ရဟန်းတို့
လောက၌
ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည်
ထင်ရှားရှိကုန်၏၊
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
ရဟန္တာ၊
ရဟန္တာ
ဖြစ်ရန် ကျင့်သူ၊
အနာဂါမ်၊
အနာဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ကျင့်သူ၊
သကဒါဂါမ်၊
သကဒါဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ကျင့်သူ၊
သောတာပန်၊
သောတာပတ္တိဖိုလ်ကို
မျက်မှောက်ပြုရန်
ကျင့်သူ၊
ပုထုဇဉ်တို့တည်း။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည်
လောက၌
ထင်ရှား
ရှိကုန်၏ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-အာဟုနေယျသုတ်
၁၀။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်း
ပေးလှူ ပူဇော်ရန်
ထိုက်ကုန်၏၊
ဧည့်သည်တို့အလို့ငှါ
စီမံထားသော
အလှူကို
ခံထိုက်ကုန်၏၊
တမလွန်အတွက်
ရည်မျှော်သော
မြတ်သော
အလှူကို
ခံထိုက်ကုန်၏၊
လက်အုပ်ချီရန်
ထိုက်ကုန်၏၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်ကုန်၏။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-ရဟန္တာ၊
ရဟန္တာ ဖြစ်ရန်
ကျင့်သူ၊
အနာဂါမ်၊
အနာဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ကျင့်သူ၊
သကဒါဂါမ်၊
သကဒါဂါမိဖိုလ်ကို
မျက်မှောက်ပြုရန်
ကျင့်သူ၊
သောတာပန်၊
သောတာပတ္တိဖိုလ်ကို
မျက်မှောက်ပြုရန်
ကျင့်သူ၊
ပုထုဇဉ်
အနွယ်ကို
ဖြတ်သူ
'ဂေါတြဘူ'
ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့
ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်း
ပေးလှူပူဇော်ရန်
ထိုက်ကုန်၏။ပ။
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ် ဆုံး
လယ်မြေ
ဖြစ်ကုန်၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော
သမ္ဗောဓိဝဂ်
ပြီး၏။
------
၂-သီဟနာဒဝဂ် ၁-သီဟနာဒသုတ်
၁၁။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ အသျှင်သာရိပုတြာသည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-''အသျှင်ဘုရား
အကျွန်ုပ်
သည်
သာဝတ္ထိပြည်၌
ဝါလပတ်လုံးနေပြီးပါပြီ၊
အသျှင်ဘုရား
အကျွန်ုပ်သည်
ဒေသစာရီ
လှည့်လည်
ဖဲသွားရန်
အလိုရှိပါ၏''ဟု
လျှောက်၏။
သာရိပုတြာ
ယခုအခါ၌
သွားရန်အချိန်ကို
သင်သိ၏
(သွားရန်မှာ
သင်၏
အလိုအတိုင်းပင်
ဖြစ်၏)ဟု့(မိန့်တော်မူ၏)။
ထိုအခါ
အသျှင်သာရိပုတြာသည်
နေရာမှထကာ
မြတ်စွာဘုရားကို
ရှိခိုး၍
အရိုအသေ
ပြုပြီးလျှင်
ဖဲသွားလေ၏။ ထိုနောက်
ရဟန်းတစ်ပါးသည်
အသျှင်သာရိပုတြာ
ဖဲသွား၍
မကြာမီ
မြတ်စွာဘုရားအား-
''အသျှင်ဘုရား
အသျှင်သာရိပုတြာသည်
အကျွန်ုပ်ကို
ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားပါသည်''ဟု
လျှောက်၏။
ထိုအခါ
မြတ်စွာဘုရားသည်
ရဟန်းတစ်ပါးကို
''ရဟန်း
လာလော့၊
သင်သည် ငါ၏
စကားဖြင့်
သာရိပုတြာကို
'ငါ့သျှင်သာရိပုတြာ
သင့်ကို မြတ်စွာဘုရား
ခေါ်နေ သည်ဟု
ခေါ်ချေလော့''ဟု
မိန့်တော်မူ၏။
''ကောင်းပါပြီ
အသျှင်ဘုရား''ဟု
ထိုရဟန်းသည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား၍
အသျှင်သာရိပုတြာအထံသို့
ချဉ်းကပ်ပြီးလျှင်
အသျှင်သာရိပုတြာကို
''ငါ့သျှင်သာရိပုတြာ
သင့်ကို
မြတ်စွာဘုရား
ခေါ်နေပါ၏''ဟု
ဆို၏။ ''ငါ့သျှင်
ကောင်းပြီ''ဟု
အသျှင်သာရိပုတြာသည်
ထိုရဟန်းအား
ပြန်ကြား၏။
ထိုအခါ
အသျှင်မောဂ္ဂလာန်နှင့်
အသျှင်အာနန္ဒာတို့သည်
သံကောက်
'သော့' ကို ယူ၍
''အသျှင်တို့
ကြွခဲ့ကြကုန်လော့၊
အသျှင်တို့
ကြွခဲ့ကြကုန်လော့၊
ယခုအခါ
အသျှင်သာရိပုတြာသည်
မြတ်စွာဘုရား၏
မျက်မှောက်၌
ရဲတင်းသော
စကားသံကို
လျှောက်ဆိုလိမ့်မည်''ဟု
ဆို၍
ကျောင်းတို့သို့
လှည့်လည်ကုန်၏။
ထိုအခါ
အသျှင်သာရိပုတြာသည်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေ၏၊
တစ်ခုသောနေရာ၌
ထိုင်နေသော
အသျှင်သာရိပုတြာအား
မြတ်စွာဘုရားသည်
''သာရိပုတြာ
သီတင်းသုံးဖော်တစ်ဦးသည်
'အသျှင်ဘုရား
အသျှင်သာရိပုတြာသည်
အကျွန်ုပ်ကို
ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားပါ၏'ဟု
ရှုတ်ချခြင်းသဘောသို့
ရောက်၏''ဟု
မိန့်တော်မူ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ) ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားရာ၏။
အသျှင်ဘုရား
မြေ၌
စင်ကြယ်သော
ဝတ္ထုကိုလည်း
ချထားကုန်၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
ချထားကုန်၏၊
ကျင်ကြီးကိုလည်း
စွန့်ချကုန်၏၊
ကျင်ငယ်ကိုလည်း
စွန့်ချကုန်၏၊
တံတွေးကိုလည်း
ထွေးကုန်၏၊
ပြည်ကိုလည်း
ချထားကုန်၏၊
သွေးကိုလည်း
ချထားကုန်၏၊
မြေသည်
ထိုသို့ချထားမှုဖြင့်
မငြီးငွေ့
မရှက်နိုး
မစက်ဆုပ်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်မှုမရှိသော
မြေနှင့်
တူသော
စိတ်ဖြင့်
နေပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ)
ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားရာပါ၏။
(၁)
အသျှင်ဘုရား
ရေ၌
စင်ကြယ်သော
ဝတ္ထုကိုလည်း
ဆေးကြောကုန်၏၊
မစင်ကြယ်သော
ဝတ္ထုကို လည်း
ဆေးကြောကုန်၏၊
ကျင်ကြီးကိုလည်း၊
ကျင်ငယ်ကိုလည်း၊
တံတွေးကိုလည်း၊
ပြည်ကိုလည်း၊
သွေးကိုလည်း
ဆေးကြောကုန်၏၊
ရေသည် ထိုဆေးကြောမှုဖြင့်
မငြီးငွေ့
မရှက်နိုး
မစက်ဆုပ်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော ငြိုငြင်မှုမရှိသော
ရေနှင့်တူသော
စိတ်ဖြင့်
နေါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ)
ကိုယ်၌ ကာယ
ဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားရာပါ၏။
(၂)
အသျှင်ဘုရား
မီးသည်
စင်ကြယ်သော
ဝတ္ထုကိုလည်း
လောင်၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
လောင်၏၊
ကျင်ကြီးကိုလည်း၊
ကျင်ငယ်ကိုလည်း၊
တံတွေးကိုလည်း၊
ပြည်ကိုလည်း၊
သွေးကိုလည်း
လောင်၏၊
မီးသည်
ထိုလောင်မှုဖြင့်
မငြီးငွေ့
မရှက်နိုး
မစက်ဆုပ်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်မှုမရှိသော
မီးနှင့်တူသော
စိတ်ဖြင့်
နေပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ) ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်
သည်သာ သီတင်းသုံးဖော်
တစ်ဦးဦးကို ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ ဖဲသွားရာပါ၏။
(၃)
အသျှင်ဘုရား
လေသည်
စင်ကြယ်သော
ဝတ္ထုကိုလည်း
တိုက်ခတ်ပါ၏၊
မစင်ကြယ်သော
ဝတ္ထုကို လည်း
တိုက်ခတ်ပါ၏၊
ကျင်ကြီးကိုလည်း၊
ကျင်ငယ်ကိုလည်း၊
တံတွေးကိုလည်း၊
ပြည်ကိုလည်း၊
သွေးကိုလည်း
တိုက်ခတ်ပါ၏၊
လေသည် ထိုတိုက်ခတ်မှုဖြင့်
မငြီးငွေ့
မရှက်နိုး
မစက်ဆုပ်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်မှုမရှိသော
လေနှင့်တူသော
စိတ်ဖြင့်
နေပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ)
ကိုယ်၌
ကာယဂတာ
သတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသ
စာရီဖဲသွားရာပါ၏။
(၄)
အသျှင်ဘုရား
ဖုံသုတ်အဝတ်သည်
စင်ကြယ်သော ဝတ္ထုကိုလည်း
သုတ်ရ၏၊
မစင်ကြယ်သော
ဝတ္ထုကိုလည်း
သုတ်ရ၏၊
ကျင်ကြီးကိုလည်း၊
ကျင်ငယ်ကိုလည်း၊
တံတွေးကိုလည်း၊
ပြည်ကိုလည်း၊
သွေးကိုလည်း
သုတ်ရ၏၊
ဖုံသုတ်အဝတ်သည်
ထိုသုတ်မှုဖြင့်
မငြီးငွေ့
မရှက်နိုး မစက်ဆုပ်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင် အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်မှုမရှိသော
ဖုံသုတ်
အဝတ်နှင့်
တူသော စိတ်ဖြင့်
နေပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ) ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ ဖဲသွားရာပါ၏။
(၅)
အသျှင်ဘုရား
ခွက်လက်စွဲလျက်
စုတ်ပြတ်သော
အဝတ်ကိုဝတ်သော
ဒွန်းစဏ္ဍား
လုလင်ပျိုသည်
လည်းကောင်း၊
ဒွန်းစဏ္ဍားလုံမပျိုသည်လည်းကောင်း၊
ရွာနိဂုံးသို့
ဝင်လတ်သော်
နှိမ့်ချသော
စိတ်ကို
သာလျှင်ဖြစ်စေ၍
ဝင်သကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်မှုမရှိသော
ဒွန်းစဏ္ဍားလုလင်ပျို
လုံမပျိုနှင့်တူသော
စိတ်ဖြင့်
နေပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ) ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်း
သုံးဖော်တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ ဖဲသွားရာပါ၏။
(၆)
အသျှင်ဘုရား
ဦးချိုကျိုးသော၊
အကျင့်ကောင်းသော၊
ယဉ်ကျေးပြီးသော၊
ဆုံးမအပ်ပြီးသော
နွားလားသည်
လမ်းမတစ်ခုမှ
လမ်းမတစ်ခုသို့
လမ်းဆုံတစ်ခုမှ
လမ်းဆုံတစ်ခုသို့
လှည့်လည်လတ်သော်
ခြေဖြင့်သော်လည်းကောင်း၊
ဦးချိုဖြင့်သော်လည်းကောင်း
တစ်စုံတစ်ရာကိုမျှ
မညှဉ်းဆဲသကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်းအရှည်မရှိသော
ရန်မရှိသော
ငြိုငြင်မှုမရှိသော
ဦးချိုကျိုးသော
နွားလားနှင့်တူသော
စိတ်ဖြင့်
နေပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ)
ကိုယ်၌
ကာယဂတာသတိ
မထင်သော ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို ထိပါး၍
အပြစ်ကို
သည်းမခံစေဘဲ
ဒေသစာရီ ဖဲသွားရာပါ၏။
(၇)
အသျှင်ဘုရား
ငယ်ရွယ်နုပျိုသော
အလှပြင်လေ့ရှိသော
ဦးခေါင်းနှင့်တကွ
ရေချိုးပြီးသော
မိန်းမပျို
သည်လည်းကောင်း၊
ယောက်ျားပျိုသည်လည်းကောင်း
မြွေကောင်ပုပ်ကိုဖြစ်စေ
ခွေးကောင်ပုပ်ကိုဖြစ်စေ
လူကောင်ပုပ်ကိုဖြစ်စေ
လည်ပင်း၌
ဆွဲလိုက်ပါမူ
ငြီးငွေ့
ရှက်နိုး စက်ဆုပ်သကဲ့သို့၊
ဤအတူပင်
အကျွန်ုပ်
သည် ဤ (ခန္ဓာ)
ကိုယ်၌
အကောင်ပုပ်ဖြင့်
ငြီးငွေ့ပါ၏၊
ရှက်နိုးပါ၏၊
စက်ဆုပ်ပါ၏။
အသျှင်ဘုရား
စင်စစ်
(ခန္ဓာ) ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍
အပြစ်ကို သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားရာပါ၏။
(၈)
အသျှင်ဘုရား
ယောက်ျားသည်
အပေါက်ကြီးငယ်ရှိသော၊
အထက်မှ
လျှံကျသော၊
အောက်မှ
ယိုကျသော
အမဲဆီအိုးကို
ရွက်ဆောင်နေရာသကဲ့သို့၊
အသျှင်ဘုရား
ဤအတူပင်
အကျွန်ုပ်သည်
အပေါက်
ကြီးငယ်ရှိသော၊
အထက်မှ လျှံကျသော၊
အောက်မှ
ယိုကျသော ဤ
(ခန္ဓာ)
ကိုယ်ကို့ရွက်ဆောင်နေရပါ၏။
အသျှင်ဘုရား
စင်စစ် (ခန္ဓာ)
ကိုယ်၌
ကာယဂတာသတိမထင်သော
ပုဂ္ဂိုလ်သည်သာ
သီတင်းသုံးဖော်
တစ်ဦးဦးကို
ထိပါး၍ အပြစ်ကိုလည်း
သည်းမခံစေဘဲ
ဒေသစာရီ
ဖဲသွားရာပါ၏ဟု
(လျှောက်၏)။ (၉)
ထိုအခါ
ထိုရဟန်းသည်
နေရာမှ ထ၍
(လက်ဝဲ) တစ်ဖက်
ပခုံးထက်၌
ကိုယ်ဝတ်ကို
စံပယ်
တင်လျက် မြတ်စွာဘုရား၏
ခြေတော်တို့ကို
ဦးတိုက်ကာ မြတ်စွာဘုရားအား-''အသျှင်ဘုရား
မိုက်သည့် အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
အပြစ်သည်
အကျွန်ုပ်ကို
လွှမ်းမိုးသွားခဲ့ပါ၏၊
အကျွန်ုပ်သည်
အသျှင်သာရိပုတြာကို
ထင်ရှားမရှိသော
အချည်းနှီးသော
မှားယွင်းသော
မဟုတ်မမှန်သော
အားဖြင့်
စွပ်စွဲမိပါသည်။
မြတ်စွာဘုရားသည်
ထိုအကျွန်ုပ်၏
အပြစ်ကို
နောင်အခါစောင့်စည်းရန်
အပြစ်ဟု
လက်ခံတော်မူပါ''ဟု
လျှောက်၏။
ရဟန်း
မိုက်သည့်အလျောက်
တွေဝေသည့်အလျောက်
မလိမ္မာသည့်အလျောက်
အပြစ်သည်
သင့်ကို
စင်စစ်
လွှမ်းမိုးသွားခဲ့၏၊
သင်သည်
သာရိပုတြာကို
ထင်ရှားမရှိသော
အချည်းနှီးသော
မှားယွင်းသော
မဟုတ်
မမှန်သောအားဖြင့်
စွပ်စွဲခဲ့၏။
ရဟန်း သင်သည်
အပြစ်ကို
အပြစ်ဟု
မြင်၍ အပြစ်အားလျော်စွာ
ကုစားသောကြောင့်
သင်၏ ထို (အပြစ်)
ကို (အပြစ်ဟု)
ငါတို့
လက်ခံကုန်၏။
ရဟန်း
အကြင်သူသည်
အပြစ်ကို အပြစ်ဟု
မြင်၍
အကြောင်းအားလျော်စွာ
ကုစား၏၊
နောင်အခါစောင့်စည်း၏၊
(ထိုသူ၏)
ဤ(ကုစားစောင့်စည်းခြင်း)
သည် အရိယာ၏
ဝိနည်း 'အဆုံးအမ'
၌
ကြီးပွါးခြင်းပင်တည်းဟု
(မိန့်တော်မူ၏)။
ထိုအခါ
မြတ်စွာဘုရားသည်
အသျှင်သာရိပုတြာကို
''သာရိပုတြာ
ဤအချည်းနှီးသော
ယောက်ျားအား
ထိုအရပ်၌ပင်
ထိုသူ၏
ဦးထိပ်သည်
ခုနစ်စိတ်
မကွဲမီ သည်းခံလော့''ဟု
မိန့်တော်မူ၏။
အသျှင်ဘုရား
အကယ်၍
ထိုအသျှင်သည်
အကျွန်ုပ်ကို
ဤသို့
(သည်းခံပါဟု)
ဆိုပါမူ
အကျွန်ုပ်သည်
ထိုအသျှင်အား
သည်းခံပါ၏၊
ထိုအသျှင်ကလည်း
အကျွန်ုပ်အား
သည်းခံပါစေဟု
(လျှောက်၏)။
ပဌမသုတ်။
------
၂-သဥပါဒိသေသသုတ်
၁၂။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ အသျှင်သာရိပုတြာသည်
နံနက်အချိန်၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်
သင်္ကန်းကို
ဆောင်ယူကာ
သာဝတ္ထိပြည်သို့
ဆွမ်းအလို့ငှါ
ဝင်တော်မူ၏။
ထိုအခါ
အသျှင်သာရိပုတြာအား
''သာဝတ္ထိပြည်သို့
ဆွမ်းခံလှည့်လည်ရန်
အလွန်စောသေး၏၊
ငါသည်
သာသနာ့ပြင်ပ
အယူရှိကြသည့်
ပရိဗိုဇ်တို့၏
အရံသို့ ချဉ်းကပ်ရမူ
ကောင်းလေစွ''ဟု
ဤအကြံသည်
ဖြစ်၏။
ထို့နောက်
အသျှင်သာရိပုတြာသည်
သာသနာ့ပြင်ပ
အယူရှိကြသည့်
ပရိဗိုဇ်တို့၏
အရံသို့
ချဉ်းကပ်၍
သာသနာ့ပြင်ပ အယူရှိကြသည့်
ပရိဗိုဇ်တို့နှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်
ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆို ပြီးဆုံးစေပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေ၏။
ထိုအခါ
အညီအညွတ်စည်းဝေး
ထိုင်နေကြသော
သာသနာ့ပြင်ပ
အယူရှိကြသည့်
ထိုပရိဗိုဇ်တို့အား
''ငါ့သျှင်တို့
မည်သူမဆို
စွဲလမ်းမှု
အကြွင်းအကျန်ရှိလျက်
သေရသူ
အားလုံးသည်
ငရဲမှ မလွတ်၊
တိရစ္ဆာန်ဘဝမှ
မလွတ်၊
ပြိတ္တာဘုံမှ
မလွတ်၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိမှ
မလွတ်''ဟူသော
ဤအကြား စကားသည်
ထင်ရှား
ဖြစ်၏။
ထိုအခါ
အသျှင်သာရိပုတြာသည်
သာသနာ့ပြင်ပ
အယူရှိကြသည့်
ထိုပရိဗိုဇ်တို့၏
ပြောဆိုစကားကို
မနှစ်ခြိုက်ခဲ့ပေ၊
မတားမြစ်ခဲ့ပေ၊
မနှစ်ခြိုက်
မတားမြစ်ခဲ့ဘဲ
''မြတ်စွာဘုရား၏
အထံတော်၌
ဤပြောဆိုသော
စကား၏
အနက်အဓိပ္ပါယ်ကို
သိရတော့မည်''ဟု
နှလုံးသွင်း၍
နေရာမှ ထကာ
ဖဲခဲ့၏။
ထိုအခါ
အသျှင်သာရိပုတြာသည်
သာဝတ္ထိပြည်၌
ဆွမ်းအလို့ငှါ
လှည့်လည်၍
ဆွမ်းစားပြီးနောက်
ဆွမ်းခံရွာမှ
ဖဲခဲ့ပြီးသော်
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်လျက်
မြတ်စွာဘုရားအား-
အသျှင်ဘုရား
အကျွန်ုပ်သည်
နံနက်အခါ၌
သင်္ကန်းကို
ပြင်ဝတ်၍
သပိတ်သင်္ကန်းကို
ယူဆောင်ကာ
သာဝတ္ထိပြည်သို့
ဆွမ်းခံဝင်ခဲ့ပါ၏၊
အသျှင်ဘုရား
ထိုအကျွန်ုပ်အား
''သာဝတ္ထိပြည်သို့
ဆွမ်းခံလှည့်လည်ရန်
အလွန်စောသေး၏၊
ငါသည်
သာသနာ့ပြင်ပ
အယူရှိကြသည့်
ပရိဗိုဇ်တို့၏
အရံသို့
ချဉ်းကပ်ရမူ
ကောင်းလေစွ''ဟု
ဤအကြံဖြစ်ခဲ့ပါ၏။
အသျှင်ဘုရား
ထိုအခါ
အကျွန်ုပ်သည်
သာသနာ့ ပြင်ပ
အယူရှိကြသည့်
ပရိဗိုဇ်တို့၏
အရံသို့
ချဉ်းကပ်ပြီးနောက်
သာသနာ့ပြင်ပ အယူရှိကြသည့်
ထိုပရိဗိုဇ်တို့နှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်
ပြောဆိုပါ၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်စကားကို
ပြောဆို
ပြီးဆုံးစေပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေခဲ့ပါ၏။
ထိုအခါ
အညီအညွတ်စုပေါင်းစည်းဝေး
ထိုင်နေသော
ထိုပရိဗိုဇ်တို့အား
''ငါ့သျှင်တို့
မည်သူမဆို
စွဲလမ်းမှု
အကြွင်းအကျန်ရှိလျက်
သေရသူ
အားလုံး သည်
ငရဲမှ မလွတ်၊
တိရစ္ဆာန်ဘဝမှ
မလွတ်၊ ပြိတ္တာဘုံမှ
မလွတ်၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိမှ
မလွတ်''ဟူသော
ဤအကြားစကားသည်
ထင်ရှားဖြစ်ပါ၏။
အသျှင်ဘုရား
ထိုအခါ
အကျွန်ုပ်သည်
သာသနာ့ပြင်ပ
အယူရှိကြသည့်
ထိုပရိဗိုဇ်တို့၏
ပြောဆိုသော
စကားကို
မနှစ်ခြိုက်ခဲ့ပါ၊
မတားမြစ်ခဲ့ပါ၊
မနှစ်ခြိုက်
မတားမြစ်ခဲ့ဘဲ
''မြတ်စွာဘုရား၏
အထံတော်၌
ဤပြောဆိုအပ်သော
စကား၏ အနက် အဓိပ္ပါယ်ကို
သိရတော့မည်''ဟု
နေရာမှ ထကာ
ဖဲခဲ့ပါ၏ဟု
လျှောက်၏။
သာရိပုတြာ
အယူတစ်မျိုးရှိသော
မိုက်ကုန်
မလိမ္မာကုန်သော
သာသနာ့ပြင်ပ
အယူရှိကြသည့်
ပရိဗိုဇ်တို့သည်ကား
အဘယ်သူတို့နည်း၊
အဘယ်သူတို့သည်
စွဲလမ်းမှု
အကြွင်းအကျန်ရှိသည်ကို
''စွဲလမ်းမှု
အကြွင်းအကျန်ရှိ၏''ဟု
သိကုန်လိမ့်မည်နည်း၊
စွဲလမ်းမှု
အကြွင်းအကျန်
မရှိသည်ကိုလည်း
''စွဲလမ်းမှု
အကြွင်းအကျန်
မရှိ''ဟု
သိကုန်လိမ့်မည်နည်း။
သာရိပုတြာ
ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည်
စွဲလမ်းမှု
အကြွင်းအကျန်နှင့်
တကွ သေကုန်လျက်
ငရဲမှ
လွတ်ကုန်၏၊
တိရစ္ဆာန်ဘဝမှ
လွတ်ကုန်၏၊
ပြိတ္တာဘုံမှ
လွတ်ကုန်၏၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်ကုန်၏။
အဘယ်ပုဂ္ဂိုလ်ကိုးမျိုးတို့နည်းဟူမူ-သာရိပုတြာ
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သီလတို့၌
အပြည့်အစုံ ကျင့်လေ့ရှိ၏၊
သမာဓိ၌
အပြည့်အစုံ
ကျင့်လေ့ရှိ၏၊
ပညာ၌
အနည်းငယ်
ပြုကျင့်
လေ့ရှိ၏ (ပညာမပြည့်စုံသေး)၊
ထိုပုဂ္ဂိုလ်သည်
အောက်ပိုင်းသံယောဇဉ်
ငါးမျိုးတို့၏ကုန်ခြင်းကြောင့်
သက်တမ်း၏
အလယ်ကြားကာလ၌
ပရိနိဗ္ဗာန်ပြုသူ
(အန္တရာပယိနိဗ္ဗာယီအနာဂါမ်)
ဖြစ်၏။
သာရိပုတြာ
ဤသည်ကား စွဲလမ်းမှု
အကြွင်းအကျန်နှင့်တကွ
သေလျက် ငရဲမှ
လွတ်သော၊
တိရစ္ဆာန်ဘဝမှ
လွတ်သော၊
ပြိတ္တာဘုံမှ
လွတ်သော၊
ဖရိုဖရဲ ကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်သော
ပဌမပုဂ္ဂိုလ်တည်း။
(၁)
သာရိပုတြာ
နောက်တစ်မျိုးကား
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သီလတို့၌
အပြည့် အစုံ
ကျင့်လေ့ရှိ၏၊
သမာဓိ၌
အပြည့်အစုံ
ကျင့်လေ့ရှိ၏၊
ပညာ၌ အနည်းငယ်
ပြုကျင့်လေ့ရှိ၏
(ပညာ
မပြည့်စုံသေး)၊
ထိုပုဂ္ဂိုလ်သည်
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
သက်တမ်း၏ အလယ်ကြားကာလကို
လွန်၍
ပရိနိဗ္ဗာန်ပြုသူ
(ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်)
ဖြစ်၏။ပ။
အားထုတ်မှုမရှိဘဲ
ပရိနိဗ္ဗာန်ပြုသူ
(အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်)
ဖြစ်၏။ပ။
အားထုတ်မှုနှင့်တကွ
ပရိနိဗ္ဗာန်ပြုသူ
(သသင်္ခါရ
ပရိနိဗ္ဗာယီအနာဂါမ်)
ဖြစ်၏။ပ။ အထက်၌
မဂ်အလျဉ်ရှိသော
အကနိဋ္ဌဘုံသို့
ရောက်သော
(ဥဒ္ဓံသောတ
အကနိဋ္ဌဂါမီ)
အနာဂါမ် ဖြစ်၏။
သာရိပုတြာ
ဤသည်ကား
စွဲလမ်းမှု
အကြွင်းအကျန်နှင့်တကွ
သေလျက် ငရဲမှ
လွတ်သော၊
တိရစ္ဆာန်ဘဝမှ
လွတ်သော၊
ပြိတ္တာဘုံမှ
လွတ်သော၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်သော
ပဉ္စမပုဂ္ဂိုလ်တည်း။
(၂-၅)
သာရိပုတြာ
နောက်တစ်မျိုးကား
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သီလတို့၌
အပြည့် အစုံ
ကျင့်လေ့ရှိ၏၊
သမာဓိ၌
အနည်းငယ်
ပြုကျင့်လေ့ရှိ၏၊
ပညာ၌
အနည်းငယ်
ပြုကျင့်လေ့ရှိ၏
(ပညာ ့မပြည့်စုံသေး)၊
ထိုပုဂ္ဂိုလ်သည်
သံယောဇဉ်သုံးပါးတို့၏
ကုန်ခြင်းကြောင့်
ရာဂ ဒေါသ
မောဟတို့၏
ခေါင်းပါးခြင်းကြောင့်
သကဒါဂါမ် ဖြစ်၏၊
ဤကာမဘုံသို့
တစ်ကြိမ်သာ
လာ၍ ဒုက္ခ၏ အဆုံးကို
ပြုသူ ဖြစ်၏။
သာရိပုတြာ
ဤသည်ကား
စွဲလမ်းမှု
အကြွင်းအကျန်နှင့်တကွ
သေလျက်
ငရဲမှလွတ်သော။ပ။
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်သော
ဆဋ္ဌပုဂ္ဂိုလ်တည်း။
(၆)
သာရိပုတြာ
နောက်တစ်မျိုးကား
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သီလတို့၌
အပြည့် အစုံကျင့်လေ့ရှိ၏၊
သမာဓိ၌
အနည်းငယ်
ပြုကျင့်လေ့ရှိ၏၊
ပညာ၌
အနည်းငယ်
ပြုကျင့်လေ့ရှိ၏
(ပညာ မပြည့်စုံသေး)၊
ထိုပုဂ္ဂိုလ်သည်
သံယောဇဉ်သုံးပါးတို့၏
ကုန်ခြင်းကြောင့်
တစ်ကြိမ်သာ ပဋိသန္ဓေမျိုးစေ့
ရှိသူ
(ဧကဗီဇီသောတာပန်)
ဖြစ်၏၊
လူ့ဘဝ၌
တစ်ဘဝကိုသာဖြစ်စေ၍
ဒုက္ခ၏ အဆုံးကို
ပြုသူ ဖြစ်၏။
သာရိပုတြာ
ဤသည်ကား စွဲလမ်းမှု
အကြွင်းအကျန်နှင့်တကွ
သေလျက် ငရဲမှ
လွတ်သော။ပ။
ဖရိုဖရဲ ကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်သော
သတ္တမပုဂ္ဂိုလ်တည်း။
(၇)
သာရိပုတြာ
နောက်တစ်မျိုးကား
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သီလတို့၌
အပြည့် အစုံ
ကျင့်လေ့ရှိ၏၊
သမာဓိ၌
အနည်းငယ်
ပြုကျင့်လေ့ရှိ၏၊
ပညာ၌
အနည်းငယ်
ပြုကျင့်လေ့ရှိ၏
(ပညာ
မပြည့်စုံသေး)၊
ထိုပုဂ္ဂိုလ်သည်
သံယောဇဉ်သုံးပါးတို့၏
ကုန်ခြင်းကြောင့်
တစ်ဘဝမှ
တစ်ဘဝသို့
(မြင့်မြတ်သော
အမျိုးတစ်မျိုးမှ
မြင့်မြတ်သော
အမျိုးတစ်မျိုးသို့)
ကူးသူ
(ကောလံကောလသောတာပန်)
ဖြစ်၏၊
နှစ်ဘဝမှ
သုံးဘဝတို့ကို
ကူးပြောင်း၍
ကျင်လည်ပြီးနောက်
ဒုက္ခ၏
အဆုံးကို
ပြုသူ ဖြစ်၏။
သာရိပုတြာ
ဤသည်ကား
စွဲလမ်းမှု
အကြွင်းအကျန်နှင့်တကွ
သေလျက် ငရဲမှ
လွတ်သော။ပ။
ဖရိုဖရဲ ကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်သော
အဋ္ဌမပုဂ္ဂိုလ်တည်း။
(၈)
သာရိပုတြာ
နောက်တစ်မျိုးကား
ဤသာသနာတော်၌
အချို့သော
ပုဂ္ဂိုလ်သည်
သီလတို့၌
အပြည့် အစုံ
ကျင့်လေ့ရှိ၏၊
သမာဓိ၌ အနည်းငယ်
ပြုကျင့်လေ့ရှိ၏၊
ပညာ၌
အနည်းငယ် ပြုကျင့်လေ့ရှိ၏
(ပညာ
မပြည့်စုံသေး)၊
ထိုပုဂ္ဂိုလ်သည်
သံယောဇဉ်သုံးပါးတို့၏
ကုန်ခြင်းကြောင့်
ခုနစ်ကြိမ်
ပဋိသန္ဓေယူခြင်း
အတိုင်းအရှည်ရှိသူ
(သတ္တက္ခတ္တုပရမသောတာပန်)
ဖြစ်၏၊
ခုနစ်ကြိမ်
အတိုင်းအရှည်
နတ်ပြည်
လူ့ပြည်တို့၌
ကူးပြောင်း၍
ကျင်လည်ပြီးနောက်
ဒုက္ခ၏
အဆုံးကို ပြုသူ
ဖြစ်၏။
သာရိပုတြာ
ဤသည်ကား
စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ
သေလျက် ငရဲမှ
လွတ်သော၊
တိရစ္ဆာန်ဘဝမှ
လွတ်သော၊
ပြိတ္တာဘုံမှ
လွတ်သော၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်သော
နဝမပုဂ္ဂိုလ်တည်း။
(၉)
သာရိပုတြာ
မိုက်ကုန်သော
မလိမ္မာကုန်သော
သာသနာ့ပြင်ပ
အယူရှိကြသည့်
ပရိဗိုဇ်တို့သည်ကား
အဘယ်သူတို့နည်း၊
အဘယ်သူတို့သည်
စွဲလမ်းမှု
အကြွင်းအကျန်ရှိသည်ကိုလည်း
''စွဲလမ်းမှု
အကြွင်း
အကျန်
ရှိ၏''ဟု
သိကုန်လိမ့်မည်နည်း၊
စွဲလမ်းမှု
အကြွင်းအကျန်
မရှိသည်ကိုလည်း
''စွဲလမ်းမှု
အကြွင်း အကျန်
မရှိ''ဟု
သိကုန်လိမ့်မည်နည်း။
သာရိပုတြာ
ဤသည်တို့ကား
စွဲလမ်းမှု
အကြွင်းအကျန်နှင့်တကွ
သေလျက် ငရဲမှ
လွတ်ကုန်သော၊
တိရစ္ဆာန်ဘဝမှ
လွတ်ကုန်သော၊
ပြိတ္တာဘုံမှ
လွတ်ကုန်သော၊
ဖရိုဖရဲ ကျရာ
အပါယ်ဒုဂ္ဂတိမှ
လွတ်ကုန်သော
ပုဂ္ဂိုလ်ကိုးမျိုးတို့တည်း။
သာရိပုတြာ
ဤတရားဒေသနာတော်ကို
ရဟန်း ရဟန်းမိန်းမ
ဥပါသကာ
ဥပါသိကာမတို့အား
ငါ
မဟောခဲ့ပေ။ ထိုသို့မဟောခဲ့ခြင်းသည်
အဘယ့်ကြောင့်နည်း၊
''ဤတရားဒေသနာတော်ကို
ကြားနာရ၍
မေ့လျော့ခြင်းကို
မဆောင်လာကြပါစေလင့်''ဟု
(နှလုံးပြုသောကြောင့်တည်း)။
သာရိပုတြာ
စင်စစ်သော်ကား
ငါသည်
ဤတရားဒေသနာတော်ကို
(သင်၏) ပြဿနာအလိုအားဖြင့်
ဟောအပ်၏ဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-ကောဋ္ဌိကသုတ်
၁၃။
ထိုအခါ
အသျှင်မဟာကောဋ္ဌိကသည်
အသျှင်သာရိပုတြာအထံသို့
ချဉ်းကပ်၍
အသျှင် သာရိပုတြာနှင့်အတူ
ဝမ်းမြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆို၏၊
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ် စကားကို
ပြောဆိုပြီးဆုံးစေပြီးနောက်
တစ်ခုသောနေရာ၌
ထိုင်ပြီးသော်
အသျှင်သာရိပုတြာအား-
''ငါ့သျှင်
သာရိပုတြာ
'မျက်မှောက်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
တမလွန်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ၌) မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''။
ငါ့သျှင် ဤသို့
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
'တမလွန်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
မျက်မှောက်ဘဝ၌
ခံစား ရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ မြတ်စွာဘုရား
(အထံ)၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်
သာရိပုတြာ
'ချမ်းချမ်းသာသာ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ဆင်းဆင်းရဲရဲ
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ၌) မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။ ''ငါ့သျှင်
သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
'ဆင်းဆင်းရဲရဲ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ချမ်းချမ်းသာသာ
ခံစား ရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ)၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်
သာရိပုတြာ
'ရင့်ကျက်မှ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
မရင့်ကျက်မီ
ခံစားရမည့် အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ၌)
မြတ်သော
အကျင့်ကို ကျင့်သုံးနေသလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်
သာရိပုတြာ (ထိုသို့
မဟုတ်လျှင်)
'မရင့်ကျက်မီ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ရင့်ကျက်မှ
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ)၌
မြတ်သော
အကျင့်ကို
ကျင့်သုံး
နေသလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်
သာရိပုတြာ
'များစွာ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
အနည်းငယ်
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ၌)
မြတ်သော အကျင့်ကို
ကျင့်သုံးနေသလော။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
'အနည်းငယ်
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
များစွာ
ခံစားရမည့်
အကျိုး
ရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ)၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေ
သလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်
သာရိပုတြာ
'ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ခံစားရမည့်
အကျိုးမရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ၌)
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''။
ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်
သာရိပုတြာ
(ထိုသို့ မဟုတ်လျှင်)
'ခံစားရမည့်
အကျိုးမရှိသော
ကံသည် ငါ့အား
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ)၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''။
ငါ့သျှင်
ဤသို့လည်း ကျင့်သုံးသည်
မဟုတ်ပါ။
''ငါ့သျှင်သာရိပုတြာ
'မျက်မှောက်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
တမလွန်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံ၌)
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
တမလွန်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
'မျက်မှောက်ဘဝ၌
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာ့ဘုရား
(အထံ)၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော် ''ငါ့သျှင်
ဤသို့ လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်
သာရိပုတြာ
'ချမ်းချမ်းသာသာ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ဆင်းဆင်းရဲရဲ
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရား
(အထံတော်) ၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင် သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
''ဆင်းဆင်းရဲရဲ
ခံစားရမည့်
အကျိုး
ရှိသော ကံသည်
ငါ့အား ချမ်းချမ်းသာသာ
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ''ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်သာရိပုတြာ
'ရင့်ကျက်မှ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား မရင့်ကျက်မီ
ခံစား ရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
''မရင့်ကျက်မီ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ရင့်ကျက်မှ
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ''ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သော အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့ မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံး
သည် မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်သာရိပုတြာ
'များစွာ
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
အနည်းငယ် ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သော အကျင့်ကို
ကျင့်သုံးနေ
သလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
'အနည်းငယ်
ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
များစွာ
ခံစားရမည့်
အကျိုးရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သော
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်
သာရိပုတြာ 'ခံစားရမည့်
အကျိုးရှိသော
ကံသည် ငါ့အား
ခံစားရမည့်
အကျိုးမရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သော အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့ မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်
သာရိပုတြာ
(ထိုသို့
မဟုတ်လျှင်)
'ခံစားရမည့်
အကျိုးမရှိသော
ကံသည် ငါ့အား
ခံစားရမည့်
အကျိုး
ရှိသော
ကံဖြစ်ပါစေ'ဟူသော
ဤအကျိုးငှါ
မြတ်စွာဘုရားအထံ၌
အကျင့်ကို
ကျင့်သုံးနေသလော''ဟု
ဤသို့
မေးလတ်သော်
''ငါ့သျှင်
ဤသို့လည်း
ကျင့်သုံးသည်
မဟုတ်ပါ''ဟု
ဆိုဘိ၏။
''ငါ့သျှင်
(ထိုသို့
မဟုတ်လျှင်)
အဘယ်အကျိုးငှါ
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေသနည်းဟု
(မေး၏)။
ငါ့သျှင်
မသိရသေး
မမြင်ရသေး
မရောက်ရသေး မျက်မှောက်မပြုရသေး
ထိုးထွင်း၍
မသိရသေးသော
တရားကို
သိနိုင်ရန်
မြင်နိုင်ရန်
ရောက်နိုင်ရန်
မျက်မှောက်ပြုနိုင်ရန်
ထိုးထွင်း၍
သိနိုင်ရန်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေပါ၏ဟု
(ဆို၏)။ ''ငါ့သျှင်
မသိရသေး
မမြင်ရသေး
မရောက်ရသေး
မျက်မှောက်မပြုရသေး
ထိုးထွင်း၍
မသိရသေးသော
တရားကို
သိနိုင်ရန်
မြင်နိုင်ရန်
ရောက်နိုင်ရန်
မျက်မှောက်ပြုနိုင်ရန်
ထိုးထွင်း၍ သိနိုင်ရန်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေရသော
တရားကား
အဘယ်ပါနည်း''ဟု
(မေး၏)။
ငါ့သျှင်
''ဤကား
ဒုက္ခတည်း''ဟု
မသိရသေး
မမြင်ရသေး
မရောက်ရသေး
မျက်မှောက်မပြုရသေး
ထိုးထွင်း၍
မသိရသေးသော
တရားကို
သိနိုင်ရန် မြင်နိုင်ရန်
ရောက်နိုင်ရန်
မျက်မှောက်ပြုနိုင်ရန့်ထိုးထွင်း၍
သိနိုင်ရန်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေပါ၏၊
ငါ့သျှင်
''ဤကား ဒုက္ခ
ဖြစ်ကြောင်းတည်း''ဟု။ပ။
ငါ့သျှင်
''ဤကား
ဒုက္ခချုပ်ရာတည်း''ဟု။ပ။
ငါ့သျှင်
''ဤကား
ဒုက္ခချုပ်ရာ
(နိဗ္ဗာန်)
သို့
ရောက်ကြောင်း
အကျင့်တည်း''ဟု
မသိရသေး
မမြင်ရသေး
မရောက်ရသေး
မျက်မှောက်
မပြုရသေး
ထိုးထွင်း၍
မသိရသေးသော
တရားကို သိနိုင်ရန်
မြင်နိုင်ရန်
ရောက်နိုင်ရန်
မျက်မှောက်
ပြုနိုင်ရန်
ထိုးထွင်း၍
သိနိုင်ရန်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေပါ၏။
ငါ့သျှင်
ဤသည်ကား
မသိရသေး
မမြင်ရသေး
မရောက်ရသေး
မျက်မှောက်မပြုရသေး
ထိုးထွင်း၍
မသိရသေးသော
တရားကို
သိနိုင်ရန်
မြင်နိုင်ရန်
ရောက်နိုင်ရန်
မျက်မှောက်ပြုနိုင်ရန်
ထိုးထွင်း၍
သိနိုင်ရန်
မြတ်စွာဘုရားအထံ၌
မြတ်သောအကျင့်ကို
ကျင့်သုံးနေပါ၏ဟု
(ဆို၏)။
တတိယသုတ်။
------
၄-သမိဒ္ဓိသုတ်
၁၄။
ထိုအခါ
အသျှင်သာရိပုတြာအထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်နေသော
အသျှင်သမိဒ္ဓိအား
အသျှင်သာရိပုတြာသည်
ဤသို့
မိန့်တော်မူ၏-''ငါ့သျှင်သမိဒ္ဓိ
ယောက်ျား၏
အကြံအစည်ဟူသော
ဝိတက်တို့သည်
အဘယ်လျှင်အကြောင်းရှိ၍
ဖြစ်ကုန်သနည်း''။
အသျှင်ဘုရား
နာမ်ရုပ်လျှင်
အကြောင်းရှိ၍
ဖြစ်ပါကုန်၏။
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်၌
ထူးခြားခြင်းသို့
ရောက် သနည်း။
အသျှင်ဘုရား
ဓာတ် (သဘော)တို့၌
ထူးခြားခြင်းသို့
ရောက်ပါကုန်၏။
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
ဖြစ်ကြောင်းရှိကုန်သနည်း။
အသျှင်ဘုရား
ဖဿလျှင် ဖြစ်ကြောင်း
ရှိပါကုန်၏၊
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
ပေါင်းဆုံရာ
ရှိကုန်သနည်း။
အသျှင်ဘုရား
ဝေဒနာလျှင်
ပေါင်းဆုံရာ
ရှိပါကုန်၏။
သမိဒ္ဓိ ထိုတရားတို့သည်
အဘယ်လျှင်
အဦးရှိကုန်သနည်း။
အသျှင်ဘုရား
သမာဓိလျှင်
အဦးရှိပါကုန်၏။
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
အကြီးအကဲရှိကုန်သနည်း။
အသျှင်ဘုရား
သတိလျှင်
အကြီးအကဲ
ရှိပါကုန်၏။
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
လွန်ကဲမှု
ရှိကုန်သနည်း။
အသျှင်ဘုရား
ပညာလျှင် လွန်ကဲမှု
ရှိပါကုန်၏။
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
အနှစ်သာရ
ရှိကုန်သနည်း။
အသျှင်ဘုရား
ဝိမုတ္တိ
'ဖိုလ်'လျှင်
အနှစ်သာရ
ရှိပါကုန်၏။
သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်၌
သက်ဝင်ကုန်သနည်း။
အသျှင်ဘုရား
အမြိုက်
(နိဗ္ဗာန်) ၌
သက်ဝင်ကုန်၏ဟု
(လျှောက်၏)။
''သမိဒ္ဓိ
ယောက်ျား၏
အကြံအစည်ဟူသော
ဝိတက်တို့သည်
အဘယ်လျှင် အကြောင်းရှိ၍
ဖြစ်ကုန်
သနည်း''ဟု
ဤသို့ မေးသည်ရှိသော်
''အသျှင်ဘုရား
နာမ်ရုပ်လျှင်
အကြောင်းရှိကုန်၍
ဖြစ်ပါကုန်၏''ဟု
ဆို၏။ ''သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်၌
ထူးခြားခြင်းသို့
ရောက်ကုန်သနည်း''ဟု
ဤသို့ မေးသည်
ရှိသော်
''အသျှင်ဘုရား
ဓာတ်တို့၌
ထူးခြားခြင်းသို့
ရောက်ပါကုန်၏''ဟု
ဆို၏။
''သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
ဖြစ်ကြောင်း
ရှိကုန်သနည်း''ဟု
ဤသို့
မေးသည်ရှိသော်
''အသျှင်ဘုရား
ဖဿလျှင် ဖြစ်ကြောင်းရှိပါကုန်၏''ဟု
ဆို၏၊
''သမိဒ္ဓိ ထိုဝိတက်တို့သည်
အဘယ်လျှင်
ပေါင်းဆုံရာ ရှိကုန်
သနည်း''ဟု
မေးသည်ရှိသော်
''အသျှင်ဘုရား
ဝေဒနာလျှင်
ပေါင်းဆုံရာ
ရှိပါကုန်၏''ဟု
ဆို၏။
''သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
အဦးရှိကုန်သနည်း''ဟု
ဤသို့
မေးသည်ရှိသော်
''အသျှင်ဘုရား
သမာဓိလျှင်
အဦးရှိပါကုန်၏''ဟု
ဆို၏။ ''သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
အကြီးအကဲ ရှိကုန်
သနည်း''ဟု
ဤသို့ မေးသည်
ရှိသော်
''အသျှင်ဘုရား
သတိလျှင်
အကြီးအကဲ
ရှိပါကုန်၏''ဟု
ဆို၏။ သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
လွန်ကဲမှု
ရှိကုန်သနည်း''ဟု
ဤသို့
မေးသည်ရှိသော်
''အသျှင်ဘုရား
ပညာလျှင်
လွန်ကဲမှု
ရှိပါကုန်၏''ဟု
ဆို၏။
''သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်လျှင်
အနှစ် သာရ
ရှိကုန်သနည်း''ဟု
ဤသို့
မေးသည်ရှိသော်
''အသျှင်ဘုရား
ဝိမုတ္တိ
'ဖိုလ်'လျှင်
အနှစ်သာရ
ရှိပါ့ကုန်၏''ဟု
ဆို၏။
''သမိဒ္ဓိ
ထိုဝိတက်တို့သည်
အဘယ်၌
သက်ဝင်ကုန်သနည်း''ဟု
မေးသည်
ရှိသော်
''အသျှင်ဘုရား
အမြိုက်
(နိဗ္ဗာန်) ၌
သက်ဝင်ပါကုန်၏''ဟု
ဆို၏။
သမိဒ္ဓိ
ကောင်းပေစွ ကောင်းပေစွ၊
သမိဒ္ဓိ
သင်သည်
မေးတိုင်း မေးတိုင်း
ကောင်းစွာပင်
ဖြေဆိုနိုင်
ပေ၏၊
ထိုမေးတိုင်း
ဖြေနိုင်သဖြင့်လည်း
(ငါဖြေနိုင်သည်ဟူ၍)
အထင်မကြီးလေလင့်ဟု
မိန့်ဆို၏။
စတုတ္ထသုတ်။
------
၅-ဂဏ္ဍသုတ်
၁၅။
ရဟန်းတို့
ဥပမာသော်ကား
နှစ်အရေအတွက်
များစွာကြာမြင့်သော
အိုင်းအမာ 'အနာ'
သည် (ရှိရာ၏)၊
ထိုအိုင်းအမာအား
မည်သူကမျှ
ဖောက်ခွဲ၍
ပြုရသည်မဟုတ်ကုန်သော
အပေါက်ဝကိုးခုဟူသော
အနာဝ
ကိုးပေါက်တို့သည်
ရှိကုန်ရာ၏၊
ထိုအနာဝ
ကိုးပေါက်တို့မှ
တစ်စုံတစ်ရာယိုကျပါမူ
မစင်ကြယ်သော
အရာသာ ယိုကျရာ၏၊
မကောင်းသော
အနံ့သာ
ယိုကျရာ၏၊
စက်ဆုပ်ဖွယ်သော
အရာသာ ယိုကျ ရာ၏၊
တစ်စုံတစ်ရာ
ပွါးစီးပါမူ
မစင်ကြယ်သော
အရာသာ
ပွါးစီးရာ၏၊
မကောင်းသော
အနံ့သာ ပွါးစီး
ရာ၏၊
စက်ဆုပ်ဖွယ်သော
အရာသာ ပွါးစီးရာ၏။
ရဟန်းတို့
''အိုင်းအမာ''ဟူသော
ဤအမည်သည်
မိဘတို့၏
သုက်သွေးကြောင့်ဖြစ်သော၊
ထမင်း
မုန့်တို့ဖြင့်
ကြီးပွါးစေအပ်သော၊
မမြဲခြင်းသဘော
နံ့သာပျောင်းတို့ဖြင့်
ပွတ်သပ်ပေးရခြင်းသဘော၊
ဆုပ်နယ်ပေးရခြင်းသဘော၊
ပြိုကွဲပျက်စီးခြင်းသဘောရှိသော၊
မဟာဘုတ်လေးပါးတို့ဖြင့်ပြီးသော
ဤခန္ဓာ
ကိုယ်၏
အမည်တည်း။
ထိုခန္ဓာကိုယ်
အိုင်းအမာအား
မည်သူကမျှ
ဖောက်ခွဲ၍ ပြုရသည်
မဟုတ်ကုန်သော
အပေါက်ဝကိုးခုဟူသော
အနာဝ
ကိုးပေါက်တို့သည်
ရှိကုန်ရာ၏၊
ထိုအနာဝကိုးပေါက်တို့မှ
တစ်စုံတစ်ရာ
ယိုကျပါမူ
မစင်ကြယ်သော
အရာသာ
ယိုကျရာ၏၊
မကောင်းသော
အနံ့သာ
ယိုကျရာ၏၊
စက်ဆုပ်ဖွယ်သော
အရာသာ
ယိုကျရာ၏၊
တစ်စုံတစ်ရာ
ပွါးစီးပါမူ
မစင်ကြယ်သော
အရာသာ
ပွါးစီးရာ၏၊
မကောင်းသော
အနံ့သာ
ပွါးစီးရာ၏၊
စက်ဆုပ်ဖွယ်သော
အရာသာ
ပွါးစီးရာ၏။ ရဟန်းတို့
ထို့ကြောင့်
ဤ
(ခန္ဓာ)ကိုယ်၌
ငြီးငွေ့ကြကုန်လော့ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-သညာသုတ်
၁၆။
ရဟန်းတို့
ဤသညာကိုးမျိုးတို့ကို
ပွါးများကြကုန်မူ၊
ကြိမ်ဖန်များစွာပြုကြကုန်မူ
အကျိုး
များကုန်၏၊
အာနိသင်များကုန်၏၊
အမြိုက်နိဗ္ဗာန်သို့
သက်ဝင်ကုန်၏၊
အမြိုက်နိဗ္ဗာန်လျှင်
အဆုံးရှိကုန်၏။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-မတင့်တယ်ဟု
အမှတ်ပြုမှု
'အသုဘသညာ'၊
သေခြင်း၌
အမှတ်ပြုမှု
'မရဏသညာ'၊
အစားအစာ၌
စက်ဆုပ်ဖွယ်ဟု
အမှတ်ပြုမှု 'အာဟာရေ
ပဋိကူလသညာ'၊
လောက
အားလုံး၌
မမွေ့လျော်ဖွယ်ဟု
အမှတ်ပြုမှု
'သဗ္ဗလောကေ
အနဘိရတိသညာ'၊
မမြဲဟု အမှတ်ပြုမှု
'အနိစ္စ သညာ'၊
မမြဲရာ၌
ဆင်းရဲဟု အမှတ်ပြုမှု
'အနိစ္စေ
ဒုက္ခသညာ'၊
ဆင်းရဲရာ၌ အစိုးမရ
'အတ္တမဟုတ်'ဟု
အမှတ်ပြုမှု
'ဒုက္ခေ အနတ္တသညာ'၊
ပယ်ခြင်း၌ဖြစ်သော
အမှတ်ပြုမှု
'ပဟာနသညာ'၊
တပ်မက်မှု
ကင်းခြင်း၌
ဖြစ်သော အမှတ်ပြုမှု
'ဝိရာဂသညာ'တို့တည်း။
ရဟန်းတို့
ဤသညာကိုးမျိုးတို့ကို
ပွါးများကြကုန်မူ၊
ကြိမ်ဖန်များစွာ
ပြုကြကုန်မူ
အကျိုးများကုန်၏၊
အာနိသင်များကုန်၏၊
အမြိုက်နိဗ္ဗာန်သို့
သက်ဝင်ကုန်၏၊
အမြိုက်နိဗ္ဗာန်လျှင်
အဆုံးရှိကုန်၏ဟု
(မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
------
၇-ကုလသုတ်
၁၇။
ရဟန်းတို့
အင်္ဂါကိုးမျိုးတို့နှင့်
ပြည့်စုံသော
ဒါယကာတို့
အိမ်သို့
မကပ်ရောက်ရသေးသော်
ကပ်ရောက်ရန်
မသင့်၊
ကပ်ရောက်ပြီးသော်ကား
ထိုင်နေရန်
မသင့်။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
မြတ်နိုးသဖြင့်
ခရီးဦးမကြိုဆိုကုန်၊
မြတ်နိုးသဖြင့်
ရှိမခိုးကုန်၊
မြတ်နိုးသဖြင့်
နေရာမပေးကုန်၊
ထင်ရှား
ရှိသော လှူဖွယ်ဝတ္ထုကို
ထိုရဟန်းအား လျှို့ဝှက်ကုန်၏၊
အလှူဝတ္ထုအများအပြားရှိပါလျက်လည်း
အနည်းငယ်မျှသာ
ပေးလှူကုန်၏၊
မွန်မြတ်သော
လှူဖွယ်ဝတ္ထုရှိလျက်လည်း
ရုန့်ရင်းကြမ်းတမ်းသော
လှူဖွယ်ဝတ္ထုကို
ပေးလှူကုန်၏၊
မရိုမသေ
ပေးလှူကုန်၏၊
ရိုရိုသေသေ
မပေးလှူကုန်၊
တရားနာရန်
ချဉ်းကပ်၍
မနေထိုင်ကုန်၊
ထိုရဟန်းဟောသော
တရားကို
ကောင်းစွာ
မနာကုန်။
ရဟန်းတို့ ဤအင်္ဂါ
ကိုးမျိုးတို့နှင့်ပြည့်စုံသော
ဒါယကာတို့အိမ်သို့
မကပ်ရောက်ရသေးသော်
ကပ်ရောက်ရန်
မသင့်၊
ကပ်ရောက်ပြီးသော်ကား
ထိုင်နေရန်
မသင့်။
ရဟန်းတို့
အင်္ဂါကိုးမျိုးတို့နှင့်
ပြည့်စုံသော
ဒါယကာတို့
အိမ်သို့
မကပ်ရောက်ရသေးသော်
ကပ်ရောက်ရန်သင့်၏၊
ကပ်ရောက်ပြီးသော်ကား
ထိုင်နေရန်
သင့်၏။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
မြတ်နိုးသဖြင့်
ခရီးဦးကြိုဆိုကုန်၏၊
မြတ်နိုးသဖြင့်
ရှိခိုးကုန်၏၊
မြတ်နိုးသဖြင့်
နေရာပေးကုန်၏၊
ထင်ရှား
ရှိသော လှူဖွယ်ဝတ္ထုကို
ထိုရဟန်းအား
မလျှို့ဝှက်၊
အလှူဝတ္ထုအများအပြားရှိသော်
အများအပြား
ပေးလှူကုန်၏၊
မွန်မြတ်သော
လှူဖွယ်ဝတ္ထုရှိသော်
မွန်မြတ်သော
လှူဖွယ်ဝတ္ထုကို
ပေးလှူကုန်၏၊
ရိုရို သေသေ
ပေးလှူကုန်၏၊
မရိုမသေ
မလှူကုန်၊
တရားနာရန်
ချဉ်းကပ်၍
ထိုင်နေကုန်၏၊
ထိုရဟန်း
ဟောသော တရားကို
ကောင်းစွာ
နာကုန်၏။
ရဟန်းတို့
ဤအင်္ဂါကိုးမျိုးတို့နှင့်
ပြည့်စုံသော
ဒါယကာတို့
အိမ်သို့
မကပ်ရောက်ရသေးသော်
ကပ်ရောက်ရန်
သင့်၏၊
ကပ်ရောက်ပြီးသော်ကား
ထိုင်နေရန်
သင့်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-နဝင်္ဂုပေါသထသုတ်
၁၈။
ရဟန်းတို့
အင်္ဂါကိုးမျိုးတို့နှင့်
ပြည့်စုံသော
ကျင့်သုံးအပ်သော
ဥပုသ်သည် အကျိုးကြီး၏၊
အာနိသင်ကြီး၏၊
တန်ခိုးကြီး၏၊
ကြီးသော
ပျံ့နှံ့ခြင်းရှိ၏။
ရဟန်းတို့
အဘယ်သို့
ကျင့်သုံးအပ်သော
အင်္ဂါကိုးမျိုးတို့နှင့်
ပြည့်စုံသော
ဥပုသ်သည်
အကျိုးကြီးသနည်း၊
အာနိသင်ကြီးသနည်း၊
ကြီးသော
ပျံ့နှံ့ခြင်းရှိသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
အရိယာဖြစ်သော
တပည့်သည်
ဤသို့
ဆင်ခြင်၏၊ ''ရဟန္တာတို့သည်
အသက်ထက်ဆုံး
အသက်သတ်ခြင်းကို
ပယ်၍
အသက်သတ်ခြင်းမှ
ရှောင်ကြဉ်ကုန်၏၊
တုတ်ကို
ချထားပြီးဖြစ်ကုန်၏၊
လက်နက်ကို
ချထားပြီးဖြစ်ကုန်၏၊
ရှက်ခြင်းရှိကုန်၏၊
သနားတတ်ကုန်၏၊
ခပ်သိမ်းသော
သတ္တဝါတို့၏
အစီးအပွါးကို
လိုလားလျက်
နေကုန်၏၊ ငါသည်လည်း
ဤတစ်ညဉ့်နှင့်
တစ်နေ့ပတ်လုံး
အသက်သတ်ခြင်းကို
ပယ်၍
အသက်သတ်ခြင်းမှ
ရှောင်ကြဉ်လျက်
တုတ်ကို
ချထားလျက် လက်နက်ကို
ချထားလျက်
ရှက်ခြင်းရှိလျက်
သနားလျက်
ခပ်သိမ်းသော
သတ္တဝါတို့၏
အစီးအပွါးကို
လိုလားလျက်
နေအံ့။
ဤအကြောင်းအင်္ဂါဖြင့်လည်း
ရဟန္တာတို့ကို
အတုလိုက်၍ ပြုအံ့၊
ငါ့အား ဥပုသ်
ကျင့်သုံးအပ်သည်လည်း
ဖြစ်ပေလိမ့်မည်''ဟု
ဆင်ခြင်၏။
ဤပဌမအင်္ဂါနှင့်
ပြည့်စုံ၏။ပ။
''ရဟန္တာတို့သည်
အသက်ထက်ဆုံး
မြင့်သောနေရာ
မြတ်သောနေရာ၌
နေခြင်းကို
ပယ်၍
မြင့်သောနေရာ
မြတ်သောနေရာ၌
နေခြင်းမှ
ရှောင်ကြဉ်ကုန်၏၊
ညောင်စောင်းငယ်၌ဖြစ်စေ
မြက်အခင်း၌ဖြစ်စေ
နိမ့်သောနေရာ၌
နေကုန်၏၊ ငါသည်လည်း
ဤတစ်ညဉ့်နှင့်
တစ်နေ့ပတ်လုံး
မြင့်သောနေရာ
မြတ်သောနေရာ၌
နေခြင်းကို
ပယ်၍
မြင့်သောနေရာ
မြတ်သောနေရာ၌
နေခြင်းမှ ရှောင်ကြဉ်လျက်
ညောင်စောင်းငယ်၌ဖြစ်စေ
မြက့်အခင်း၌ဖြစ်စေ
နိမ့်သောနေရာ၌
နေပါအံ့။
ဤအကြောင်းအင်္ဂါဖြင့်လည်း
ရဟန္တာတို့ကို
အတုလိုက်၍
ပြုပါအံ့၊
ငါ့အား
ဥပုသ်ကျင့်သုံးအပ်သည်လည်း
ဖြစ်ပေလိမ့်မည်''ဟု
ဆင်ခြင်၏။
ဤအဋ္ဌမအင်္ဂါနှင့်
ပြည့်စုံ၏။
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့် တစ်ခုသော
အရပ်မျက်နှာကို
ပျံ့နှံ့စေ၍
နေ၏။ ထို့အတူ
နှစ်ခု
မြောက်
အရပ်မျက်နှာကို။
သုံးခုမြောက်
အရပ်မျက်နှာကို။
လေးခုမြောက်
အရပ်မျက်နှာကို
ပျံ့နှံ့စေ၍
နေ၏။
ဤနည်းဖြင့်
အထက်အောက်ဖီလာ
အလုံးစုံသော
အရပ်မျက်နှာတို့၌
ရှိသော သတ္တဝါအားလုံးကို
မိမိနှင့်
အတူပြု၍
သတ္တဝါအားလုံးပါဝင်သော
သတ္တလောကကို
ပြန့်ပြောသော
မြင့်မြတ်သော
အတိုင်း
အရှည်
မရှိသော ရန်မရှိသော
ငြိုငြင်ခြင်းမရှိသော
မေတ္တာနှင့်ယှဉ်သော
စိတ်ဖြင့်
ပျံ့နှံ့စေလျက်
နေ၏။
ဤနဝမအင်္ဂါနှင့်
ပြည့်စုံ၏။
ရဟန်းတို့
ဤသို့
ကျင့်သုံးအပ်သော
အင်္ဂါကိုးမျိုးတို့နှင့်
ပြည့်စုံသော
ဥပုသ် သည်
အကျိုးကြီး၏၊
အာနိသင်
ကြီး၏၊
တန်ခိုးကြီး၏၊
ကြီးသော
ပျံ့နှံ့ခြင်းရှိ၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-ဒေဝတာသုတ်
၁၉။
ရဟန်းတို့
ဤညဉ့်၌ပင်
နတ်များစွာတို့သည်
ညဉ့်ဦးယံလွန်ပြီးသော
(သန်းခေါင်ယံ)
အခါ၌
အလွန်နှစ်သက်ဖွယ်
အဆင်းရှိသည်ဖြစ်၍
ဇေတဝန်တစ်ကျောင်းလုံးကို
ထွန်းလင်းစေလျက်
ငါ့ထံသို့
ချဉ်းကပ်လာကြပြီးနောက်
ငါ့ကို
ရှိခိုး၍
တစ်ခုသောနေရာ၌
ရပ်တည်ကြလျက်
''အသျှင်ဘုရား
ရှေး အခါက လူဖြစ်ကြသူ
အကျွန်ုပ်တို့၏
အိမ်တို့သို့
ရဟန်းတို့သည်
ချဉ်းကပ်တော်မူကြပါကုန်၏၊
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
ထိုရဟန်းတို့ကို
ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊
ရှိခိုးခြင်းကိုမူကား
မပြုခဲ့ကြပါကုန်၊
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
မပြည့်စုံသော
အမှုရှိကုန်၍
နှလုံးမသာ
နောင်တပူပန်ကာ
ယုတ်ညံ့သော
ဘုံသို့
ရောက်ကြရပါကုန်၏''ဟု
လျှောက်ကြကုန်၏။
အခြားနတ်များစွာတို့ကလည်း
ငါ့ထံသို့
ချဉ်းကပ်၍
''အသျှင်ဘုရား
ရှေးအခါက
လူဖြစ်ကြသူ
အကျွန်ုပ်တို့၏
အိမ်တို့သို့
ရဟန်းတို့သည်
ချဉ်းကပ်ကြပါကုန်၏၊
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
ထိုရဟန်းတို့ကို
ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊
ရှိခိုးခဲ့ကြပါကုန်၏၊
ထိုရဟန်းတော်တို့အား
နေရာကိုမူကား
မပေးခဲ့ကြပါကုန်၊
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
မပြည့်စုံသော
အမှုရှိကုန်၍
နှလုံးမသာ
နောင်တ
ပူပန်ကာ
ယုတ်ညံ့သော
ဘုံသို့
ရောက်ကြရပါကုန်၏''ဟု
လျှောက်ကြကုန်၏။
အခြားနတ်များစွာတို့ကလည်း
ငါ့ထံသို့
ချဉ်းကပ်၍ ''အသျှင်ဘုရား
ရှေးအခါက
လူဖြစ်ကြသူ
အကျွန်ုပ်တို့၏
အိမ်တို့သို့
ရဟန်းတို့သည်
ချဉ်းကပ်ကြပါကုန်၏၊
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
ထိုရဟန်းတို့ကို
ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊
ရှိခိုးခဲ့ကြပါကုန်၏၊
နေရာပေးခဲ့ကြပါကုန်၏၊
စွမ်းအားရှိ
သလောက် အင်အားရှိသလောက်ကား
မဝေဖန် 'မလှူဒါန်း'
ခဲ့ကြပါကုန်။ပ။
စွမ်းအားရှိသလောက်
အင်အား
ရှိသလောက်
ဝေဖန်
'လှူဒါန်း'ခဲ့ကြပါကုန်၏၊
တရားနာရန်မူကား
ချဉ်းကပ်၍
မထိုင်ခဲ့ကြပါကုန်။ပ။
တရား နာရန်
ချဉ်းကပ်၍ ထိုင်ခဲ့ကြပါကုန်၏၊
နားစိုက်၍မူကား
တရားကို
မနာခဲ့ကြပါကုန်။ပ။
နားစိုက်၍
တရားကို နာခဲ့ကြပါကုန်၏၊
နာကြားပြီး၍မူကား
တရားကို
ဆောင်မထားခဲ့ကြပါကုန်။ပ။
နာကြားပြီး၍
လည်း တရားကို
ဆောင်ထားခဲ့ကြပါကုန်၏၊
ဆောင်ထားပြီး
တရားတို့၏
အနက်
(အဓိပ္ပါယ်)
ကိုမူကား
မစူးစမ်းခဲ့ကြပါကုန်။ပ။
ဆောင်ထားပြီးတရားတို့၏
အနက် (အဓိပ္ပါယ်)
ကိုလည်း
စူးစမ်းခဲ့ကြပါကုန်၏၊
အနက် ပါဠိကို
သိ၍
တရားအားလျော်သော
အကျင့်ကို
မကျင့်ခဲ့ကြပါကုန်။
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့
သည် မပြည့်စုံသော
အမှုရှိကုန်၍
နှလုံးမသာ
နောင်တပူပန်ကာ
ယုတ်ညံ့သော
ဘုံသို့
ရောက်ကြရပါကုန်၏''ဟု
လျှောက်ကြကုန်၏။
အခြားနတ်များစွာတို့ကလည်း
ငါ့ထံသို့
ချဉ်းကပ်၍
''အသျှင်ဘုရား
ရှေးအခါက
လူဖြစ်ကြသူ့အကျွန်ုပ်တို့၏
အိမ်တို့သို့
ရဟန်းတို့သည်
ချဉ်းကပ်ကြပါကုန်၏၊
အသျှင်ဘုရား
အကျွန်ုပ်တို့သည်
ထိုရဟန်းတို့ကို
ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊
ရှိခိုးခဲ့ကြပါကုန်၏၊
နေရာပေးခဲ့ကြပါကုန်၏၊
စွမ်းအားရှိ
သလောက် အင်အားရှိသလောက်
ဝေဖန်
'လှူဒါန်း'
ခဲ့ကြပါကုန်၏၊
တရားနာရန်
ချဉ်းကပ်၍ ထိုင်ခဲ့ကြပါကုန်၏၊
နားစိုက်၍လည်း
တရားကို
နာခဲ့ကြပါကုန်၏၊
နာကြားပြီး၍လည်း
တရားကို
ဆောင်ထားခဲ့ကြ
ပါကုန်၏၊
ဆောင်ထားပြီးတရားတို့၏
အနက်
(အဓိပ္ပါယ်)
ကိုလည်း စူးစမ်းခဲ့ကြပါကုန်၏၊
အနက်ပါဠိကို
သိ၍ တရားအားလျော်သော
အကျင့်ကိုလည်း
ကျင့်ခဲ့ကြပါကုန်၏။
အသျှင်ဘုရား
ထိုအကျွန်ုပ်တို့သည်
ပြည့်စုံသော
အမှုရှိကုန်၍
နှလုံးမသာမရှိဘဲ
နောင်တတစ်ဖန်
မပူပန်ကြဘဲ
မြင့်မြတ်သော
ဘုံသို့
ရောက်ကြရပါကုန်၏''ဟု
လျှောက်ကြကုန်၏။
ရဟန်းတို့
ထိုအရာတို့ကား
သစ်ပင်ရင်းတို့တည်း၊
ထိုအရာတို့ကား
ဆိတ်ငြိမ်ရာအရပ်တို့တည်း၊
ရဟန်းတို့ (ကိလေသာကို)
ရှို့မြိုက်ကြကုန်လော့၊
မမေ့မလျော့ကြကုန်လင့်၊
ထိုရှေးဖြစ်သော
နတ်တို့ကဲ့သို့
နောက်မှ
နှလုံးမသာသူတို့
မဖြစ်ကြကုန်လင့်ဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-ဝေလာမသုတ်
၂၀။
အခါတစ်ပါး၌
မြတ်စွာဘုရားသည်
သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏
အရံဖြစ်သော
ဇေတဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
မြတ်စွာဘုရားအထံသို့
ချဉ်းကပ်ပြီးလျှင်
ရှိခိုး၍
တစ်ခုသောနေရာ၌
ထိုင်နေသော အနာထပိဏ်သူဌေးအား
မြတ်စွာဘုရားသည်-
''သူကြွယ်
သင်၏ အိမ်၌
အလှူကို
ပေးလှူ၏လော''ဟု
မေးတော်မူ၏။
အသျှင်ဘုရား
အကျွန်ုပ်၏
အိမ်၌
အလှူကို ပေးလှူပါ၏၊
ထိုအလှူသည်လည်း
ပအုံးရည်လျှင်
နှစ်ခွက်မြောက်သော
ယုတ်ညံ့သော
ဆန်ကွဲထမင်းမျှသာ
ဖြစ်ပါသည်ဟု
(လျှောက်၏)။
သူကြွယ်
ယုတ်ညံ့သည်ဖြစ်စေ
မွန်မြတ်သည်ဖြစ်စေ
အလှူကို
ပေးလှူ၏၊
ထိုအလှူကိုလည်း
မရိုမသေ
လှူပါမူ၊
စိတ်မပါဘဲ
လှူပါမူ၊
မိမိလက်ဖြင့်
(ကိုယ်တိုင်)
မဟုတ်ဘဲ
လှူပါမူ၊ လွှင့်ပစ်သကဲ့သို့
လှူပါမူ၊ ကံ
ကံ၏ အကျိုးရှိ၏ဟု
အယူမရှိဘဲ
လှူပါမူ
ထိုအလှူ၏
အကျိုးဖြစ်လေရာတိုင်း၌
မွန်မြတ်သော
အစာကို
သုံးဆောင်ရန်
စိတ်မညွတ်၊
မွန်မြတ်သော
အဝတ်ကို သုံးဆောင်ရန်
စိတ်မညွတ်၊
မွန်မြတ်သော
ယာဉ်ကို
သုံးဆောင်ရန်
စိတ်မညွတ်၊
မွန်မြတ်သော
ကာမဂုဏ်ငါးပါးတို့၌
သုံးဆောင်ရန်
စိတ်မညွတ်၊
ထိုအလှူရှင်၏
သားမယား
ကျွန် အစေခံ
အလုပ်သမားတို့သည်လည်း
(ပြောစကားကို)
မနာခံကုန်၊
နား
မထောင်ကုန်၊
သိရန်
စိတ်ကို
မထားကုန်။
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
သူကြွယ်
မရိုမသေ ပြုအပ်ကုန်သော
(ကောင်းမှု)
ကံတို့၏
အကျိုးသည်
ဤသို့
ဖြစ်တတ်သောကြောင့်တည်း။
သူကြွယ်
ယုတ်ညံ့သည်ဖြစ်စေ
မွန်မြတ်သည်ဖြစ်စေ
အလှူကို
ပေးလှူ၏၊
ထိုအလှူကိုလည်း
ရိုရိုသေသေ
လှူပါမူ၊
စိတ်ပါဝင်စားစွာ
လှူပါမူ၊
မိမိလက်ဖြင့်
(ကိုယ်တိုင်)
လှူပါမူ၊
လွှင့်ပစ်သကဲ့သို့
မဟုတ်ဘဲ လှူပါမူ၊
ကံကံ၏
အကျိုးရှိ၏ဟု
အယူရှိ၍
လှူပါမူ
အလှူ၏
အကျိုးဖြစ်လေရာတိုင်း၌
မွန်မြတ်သော
အစာကို
သုံးဆောင်ရန်
စိတ်ညွတ်၏၊
မွန်မြတ်သော
အဝတ်ကို
သုံးဆောင်ရန်
စိတ်ညွတ်၏၊
မွန်မြတ်သော
ယာဉ်ကို သုံးဆောင်ရန်
စိတ်ညွတ်၏၊
မွန်မြတ်သော
ကာမဂုဏ်ငါးပါးတို့၌
သုံးဆောင်ရန်
စိတ်ညွတ်၏၊
ထိုအလှူရှင်၏
သားမယား
ကျွန် အစေခံ
အလုပ်သမားတို့သည်လည်း
(ပြောစကားကို)
နာခံ လိုကုန်၏၊
နားထောင်ကုန်၏၊
သိရန်
စိတ်ကို
ထားကုန်၏။
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
သူကြွယ်
ရိုရိုသေသေ
ပြုအပ်ကုန်သော
(ကောင်းမှု)
ကံတို့၏
အကျိုးသည်
ဤသို့
ဖြစ်တတ်သော
ကြောင့်တည်း။
သူကြွယ်
ရှေးက
ဖြစ်ဖူးသည်ကား
ဝေလာမမည်သော
ပုဏ္ဏား (ဟု)
ရှိခဲ့ဖူး၏၊
ထိုပုဏ္ဏားသည်
ဤမျှကြီးကျယ်သော
အလှူကို လှူခဲ့၏၊
ငွေဖြင့်ပြည့်သော
ရွှေခွက်ရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊
ရွှေဖြင့်ပြည့်သော
ငွေခွက်ရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊
ရတနာခုနစ်ပါးဖြင့်
ပြည့်သော
ကြေးခွက်
ရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊
ရွှေတန်ဆာ
ရွှေတံခွန်
ရွှေကွန်ရက်ဖုံးလွှမ်းအပ်ကုန်သော
ဆင် ရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊ ခြင်္သေ့ရေ
ကျားရေ သစ်ရေ
ပဏ္ဍုကမ္ဗလာတို့ဖြင့်
ခြံရံအပ်ကုန်သော
ရွှေတန်ဆာ
ရွှေတံခွန်
ရွှေကွန်ရက်တို့ဖြင့်
ဖုံးလွှမ်းအပ်ကုန်သောရထားရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊
ဘွဲ့ဖြူပုဆိုးခင်းအပ်ကုန်သော
ငွေ(နို့ရေခံ)
ခွက်ရှိကုန်သော
နွားမရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊ ပတ္တမြားနားတောင်းဝတ်သော
အမျိုးသမီးရှစ်သောင်း
လေးထောင်တို့ကို
လှူခဲ့၏၊
မွေးရှည်
ကော်ဇောကြီး
သားမွေးဖြူအခင်း
ပန်းပြောက်ခြယ်သားမွေးအခင်းဖြင့်
ခင်းအပ်ကုန်သော၊
ဝံပိုင့်ရေ
အခင်းမြတ်,
(နီသော)
မျက်နှာကြက်နှင့်
အုံးနီနှစ်ဖက်ရှိကုန်သော
ပလ္လင်ရှစ်သောင်းလေးထောင်တို့ကို
လှူခဲ့၏၊
သိမ်မွေ့နူးညံ့သော
ခေါမမည်သောပုဆိုး
သိမ်မွေ့သော
ပိုးချည်အဝတ်
သိမ်မွေ့သော
ဝါချည် အဝတ်
ကုဋေရှစ်သောင်း
လေးထောင်တို့ကို
လှူခဲ့၏၊
ထမင်းခဲဖွယ်
စားဖွယ်
လျက်ဖွယ်
သောက်ဖွယ်ကို
လှူခြင်း၌ကား
ဆိုဖွယ်မရှိ
မြစ်ရေစီးသကဲ့သို့
ထင်ရကုန်၏။
သူကြွယ်
''ထိုအခါက
ဖြစ်ခဲ့သော ထိုကြီးကျယ်သော
အလှူကို
လှူခဲ့သော
ဝေလာမပုဏ္ဏားဟူသည်
အခြားသူဖြစ်တန်ရာ၏''ဟု
သင့်အား
ဤသို့
အကြံဖြစ်ရာ၏၊
သူကြွယ်
ထိုအကြောင်းကို
ဤသို့
မမှတ်လင့်၊
ငါသည်
ထိုအခါက ဝေလာမပုဏ္ဏား
ဖြစ်ခဲ့ဖူး၏၊
ငါသည်
ထိုကြီးကျယ်သော
အလှူကို
လှူခဲ့၏။
သူကြွယ်
ထိုအလှူ၌
မြတ်သော
အလှူကို ခံထိုက်သူ
တစ်ဦးတစ်ယောက်မျှ
မရှိခဲ့၊
တစ်ဦး တစ်ယောက်မျှ
မြတ်သော
အလှူကို
မသုတ်သင်နိုင်ခဲ့။
သူကြွယ်
ဝေလာမပုဏ္ဏားသည်
အကြင်ကြီးကျယ်သော
အလှူကို
လှူခဲ့၏။
အကြင်တစ်ဦး
တစ်ယောက် သည်ကား
အယူပြည့်စုံသူ
သောတာပန်တစ်ဦးကို
ကျွေးမွေးရာ၏၊
ထိုသောတာပန်တစ်ဦးကို
ကျွေးမွေး
ရခြင်းသည်
ထိုဝေလာမပုဏ္ဏား၏
အလှူကြီးထက်
သာ၍ အကျိုးကြီး၏။
အကြင်သူသည်
သောတာပန်
တစ်ရာကို ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
သကဒါဂါမ်တစ်ဦးကို
ကျွေးမွေးရာ၏၊
ဤသကဒါဂါမ်
တစ်ဦးကို ကျွေးမွေးရခြင်းသည်
ထိုသောတာပန်တစ်ရာကို
ကျွေးမွေးရခြင်းထက်သာ၍
အကျိုးကြီး၏။
အကြင်သူသည်
သကဒါဂါမ်တစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
အနာဂါမ်တစ်ဦးကို
ကျွေးမွေး
ရာ၏။ပ။
အကြင်သူသည်
အနာဂါမ်တစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
ရဟန္တာတစ်ပါးကို
ကျွေးမွေးရာ၏။ပ။
အကြင်သူသည်
ရဟန္တာတစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
ပစ္စေကဗုဒ္ဓါတစ်ပါးကို
ကျွေးမွေးရာ၏။ပ။
အကြင်သူသည်
ပစ္စေက
ဗုဒ္ဓါတစ်ရာကို
ကျွေးမွေးရာ၏၊
အကြင် သူသည်ကား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားကို
ကျွေးမွေးရာ၏။ပ။
အကြင်သူသည်ကား
မြတ်စွာဘုရားအမှူးရှိသော
ရဟန်း
သံဃာကို ကျွေးမွေးရာ၏။ပ။
အကြင်သူသည်ကား
အရပ်လေးမျက်နှာ၌ရှိသော
သံဃာကို
ရည်ညွှန်း၍
ကျောင်းဆောက်ရာ၏။ပ။
အကြင်သူသည်ကား
ကြည်ညိုစိတ်ရှိသဖြင့်
ဘုရား တရား
သံဃာကို
ကိုးကွယ် ရာဟု
ဆည်းကပ်ရာ၏။ပ။
အကြင်သူသည်ကား
ကြည်ညိုစိတ်ရှိသဖြင့်
သူ့အသက်သတ်ခြင်းမှ
ရှောင်ကြဉ်မှု၊
မပေးသည်ကို
ယူခြင်းမှ
ရှောင်ကြဉ်မှု၊
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်ခြင်းမှ
ရှောင်
ကဉ်မှု၊
မဟုတ်မမှန်ပြောခြင်းမှ
ရှောင်ကြဉ်မှု၊
ယစ်မူးမေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက် သောက်ခြင်းမှ
ရှောင်ကြဉ်မှု
(ဟူသော) သိက္ခာပုဒ်တို့ကို
ဆောက်တည်ရာ၏။
အကြင်သူသည်ကား
အယုတ်သဖြင့်
နံ့သာ တစ်ရှူခန့်မျှ
အချိန်လောက်
မေတ္တာစိတ်ကို
ပွါးများရာ၏၊
(အကြင်သူသည်ကား
လက်ဖျစ်တစ်တွက်ခန့်မျှ
အချိန်လောက်
အနိစ္စသညာကို
ပွါးများရာ၏၊
ဤလက်ဖျစ်တစ်တွက်ခန့်အချိန်လောက်
အနိစ္စသညာကို
ပွါးများခြင်းသည်
ထိုမေတ္တာပွါးများခြင်းထက်သာ၍
အကျိုးကြီး၏။
သူကြွယ်
ဝေလာမပုဏ္ဏားသည်
အကြင် အလှူကြီးကို
လှူခဲ့၏၊
အကြင်သူသည်ကား
အယူပြည့်စုံသူ
(သောတာပန်)
တစ်ဦးကို
ကျွေးမွေးရာ၏၊
အကြင်သူသည်
အယူပြည့်စုံသူ
(သောတာပန်) တစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
သကဒါဂါမ်တစ်ဦးကို
ကျွေးမွေးရာ၏၊
အကြင်သူသည်
သကဒါဂါမ်
တစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
အနာဂါမ်တစ်ဦးကို
ကျွေးမွေးရာ၏၊
အကြင်သူသည်
အနာဂါမ်တစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
ရဟန္တာတစ်ပါးကို
ကျွေးမွေးရာ၏၊
အကြင်သူ သည် ရဟန္တာတစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
ပစ္စေကဗုဒ္ဓါတစ်ပါးကို
ကျွေးမွေးရာ၏၊
အကြင်သူသည်
ပစ္စေကဗုဒ္ဓါတစ်ရာကို
ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
မြတ်စွာဘုရားကို
ကျွေးမွေး
ရာ၏၊ အကြင်သူသည်
ဘုရားအမှူးရှိသော
သံဃာကို ကျွေးမွေးရာ၏၊
အကြင်သူသည်ကား
အရပ် လေးမျက်နှာ၌ရှိသော
သံဃာကို
ရည်ညွှန်း၍
ကျောင်းဆောက်ရာ၏၊
အကြင်သူသည်
ကြည်ညိုစိတ်ရှိသဖြင့်
ဘုရား တရား
သံဃာကို
ကိုးကွယ်ရာဟု
ဆည်းကပ်ရာ၏၊
အကြင်သူသည်ကား
ကြည်ညိုစိတ်ရှိသဖြင့်
သူ့အသက်သတ်ခြင်းမှ
ရှောင်ကြဉ်မှု။ပ။
ယစ်မူးမေ့လျော့ခြင်း၏
အကြောင်းဖြစ်သော
သေအရက်သောက်ခြင်းမှ
ရှောင်ကြဉ်မှုဟူသော
သိက္ခာပုဒ်တို့ကို
ဆောက်တည်ရာ၏၊
အကြင်သူသည်
နံ့သာ တစ်ရှူခန့်မျှ
အချိန်လောက်
မေတ္တာစိတ်ကို
ပွါးများရာ၏၊
အကြင်သူသည်ကား
လက်ဖျစ်တစ်တွက်ခန့်မျှ
အချိန်လောက်
အနိစ္စသညာကို
ပွါးများရာ၏၊
ဤလက်ဖျစ်တစ်တွက်ခန့်မျှ
အချိန်လောက်
အနိစ္စသညာကို
ပွါးများခြင်း
သည် ထိုမေတ္တာစိတ်ကို
ပွါးများခြင်းထက်
သာ၍ အကျိုးကြီး၏ဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက်
သီဟနာဒဝဂ်
ပြီး၏။
------
၃-သတ္တာဝါသဝဂ် ၁-တိဌာနသုတ်
၂၁။
ရဟန်းတို့
ဥတ္တရကုရုကျွန်းနေလူတို့သည်
အကြောင်းသုံးမျိုးတို့ဖြင့်
တာဝတိံ သာနတ်တို့ကို
လည်းကောင်း၊
ဇမ္ဗူဒိပ်ကျွန်းသူ
လူတို့ကိုလည်းကောင်း
လွှမ်းမိုး
သာလွန်ကုန်၏။
အဘယ်အကြောင်း
သုံးမျိုးတို့နည်းဟူမူ-တပ်မက်မှု
'တဏှာ'
မရှိကြကုန်၊
(ငါ့ပစ္စည်းဟု)
သိမ်းဆည်းမှု
မရှိကုန်၊ အနှစ်
တစ်ထောင်ဟူသော
အသက်မြဲခြင်းဂုဏ်ထူး
ရှိကုန်၏။
ရဟန်းတို့
ဤအကြောင်းသုံးမျိုးတို့ဖြင့်
ဥတ္တရ
ကုရုကျွန်း
နေလူတို့သည်
တာဝတိံ
သာနတ်တို့ကိုလည်းကောင်း၊
'ဇမ္ဗူဒိပ်ကျွန်း'
သူလူတို့ကိုလည်းကောင်း
လွှမ်းမိုး
သာလွန်ကုန်၏။
ရဟန်းတို့
တာဝတိံ
သာနတ်တို့သည်
အကြောင်းသုံးမျိုးတို့ဖြင့်
ဥတ္တရကုရုကျွန်းနေလူတို့ကိုလည်းကောင်း၊
ဇမ္ဗူဒိပ်ကျွန်းသူ
လူတို့ကိုလည်းကောင်း
လွှမ်းမိုး
သာလွန်ကုန်၏။
အဘယ်အကြောင်းသုံးမျိုးတို့နည်းဟူမူ-
နတ်အသက်ဖြင့်လည်းကောင်း၊
နတ်အဆင်းဖြင့်လည်းကောင်း၊
နတ်ချမ်းသာဖြင့်လည်းကောင်း
သာလွန်ကုန်၏။
ရဟန်းတို့
ဤအကြောင်းသုံးမျိုးတို့ဖြင့်
တာဝတိံ
သာနတ်တို့သည်
ဥတ္တရ
ကုရုကျွန်းနေလူတို့ကိုလည်းကောင်း၊
ဇမ္ဗူဒိပ်ကျွန်းသူ
လူတို့ကိုလည်းကောင်း
လွှမ်းမိုး
သာလွန်ကုန်၏။
ရဟန်းတို့
ဇမ္ဗူဒိပ်ကျွန်းသူ
လူတို့သည်
အကြောင်းသုံးမျိုးတို့ဖြင့်
ဥတ္တရကုရုကျွန်းနေ
လူတို့ကို
လည်းကောင်း၊
တာဝတိံ သာနတ်တို့ကိုလည်းကောင်း
လွှမ်းမိုးသာလွန်ကုန်၏။
အဘယ်အကြောင်း
သုံးမျိုးတို့နည်းဟူမူ-
ရဲရင့်ကုန်၏၊
(ခိုုင်မြဲသော)
သတိရှိကုန်၏၊
ဤကျွန်း၌
မြတ်သောအကျင့်
'အဋ္ဌင်္ဂိကမဂ်'
ကို
ကျင့်သုံးရ၏။
ရဟန်းတို့
ဤအကြောင်းသုံးမျိုးတို့ဖြင့်
ဇမ္ဗူဒိပ်ကျွန်းသူ
လူတို့သည်
တာဝတိံ သာနတ်တို့ကိုလည်းကောင်း၊
ဥတ္တရကုရုကျွန်းနေလူတို့ကိုလည်းကောင်း
လွှမ်းမိုး
သာလွန်ကုန်၏ဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-အဿခဠုင်္ကသုတ်
၂၂။
ရဟန်းတို့
မြင်းငယ်သုံးမျိုးတို့ကိုလည်းကောင်း၊
ယောက်ျားငယ်သုံးမျိုးတို့ကိုလည်းကောင်း၊
မြင်းတို့၌
လွန်ကဲသော
မြင်းသုံးမျိုးတို့ကိုလည်းကောင်း၊
ယောက်ျားတို့၌
လွန်ကဲသော
ယောက်ျားသုံးမျိုးတို့ကိုလည်းကောင်း၊
အာဇာနည်မြင်းကောင်း၊
သုံးမျိုးတို့ကိုလည်းကောင်း၊
အာဇာနည်ယောက်ျားကောင်း
သုံးမျိုးတို့ကိုလည်းကောင်း
ဟောကြားပေအံ့၊
ထိုတရားကို
နာကြကုန်လော့။
ရဟန်းတို့
မြင်းငယ်သုံးမျိုးတို့ဟူသည်
အဘယ်တို့နည်း၊
ရဟန်းတို့
ဤလောက၌
အချို့သော
မြင်းငယ်သည်
လျင်မြန်ခြင်းနှင့်
ပြည့်စုံ၏၊
အဆင်းနှင့်
မပြည့်စုံ၊
အလုံးအရပ်နှင့်
မပြည့်စုံ။
ရဟန်းတို့
ဤလောက၌
အချို့သော
မြင်းငယ်သည်ကား
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်ကား
မပြည့်စုံ။ ရဟန်းတို့
ဤလောက၌
အချို့သော
မြင်းငယ်သည်ကား
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊ အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်တို့ကား မြင်းငယ်သုံးမျိုးတို့တည်း။
ရဟန်းတို့
ယောက်ျားငယ်သုံးမျိုးတို့ဟူသည်
အဘယ်တို့နည်း၊
ရဟန်းတို့
ဤလောက၌ အချို့သော
ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်
ပြည့်စုံ၏၊
အဆင်းနှင့်
မပြည့်စုံ၊
အလုံးအရပ်နှင့်
မပြည့်စုံ။
ရဟန်းတို့
ဤလောက၌ အချို့သော
ယောက်ျားငယ်သည်ကား
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်ကား
မပြည့်စုံ။
ရဟန်းတို့
ဤလောက၌
အချို့သော
ယောက်ျားငယ်သည်ကား
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်
လည်း
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်တို့ကား
ယောက်ျားငယ်သုံးမျိုးတို့တည်း။
ရဟန်းတို့
အဘယ်သို့လျှင်
ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်
ပြည့်စုံ၍
အဆင်းနှင့်
မပြည့်စုံ
အလုံးအရပ်နှင့်
မပြည့်စုံသနည်း။
ရဟန်းတို့ ဤသာသနာတော်၌
ရဟန်းသည်
''ဤကား
ဒုက္ခသစ္စာတည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏၊ ''ဤကား
ဒုက္ခဖြစ်ကြောင်း
သမုဒယသစ္စာတည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏၊ ''ဤကား
ဒုက္ခ၏
ချုပ်ရာ နိရောဓသစ္စာတည်း''ဟုဟုတ်တိုင်း
မှန်စွာ အပြားအားဖြင့်
သိ၏၊ ''ဤကား
ဒုက္ခချုပ်ရာ
နိဗ္ဗာန်သို့
ရောက်ကြောင်း
အကျင့်
(မဂ္ဂသစ္စာ)တည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏။ ဤသို့
သိမြင်ခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဉာဏ်တည်းဟူသော)
လျင်မြန်ခြင်းဟု
ငါ ဆို၏။
အချင်းချင်း
ပိုင်းခြားအပ်သော
ဓမ္မ၌လည်းကောင်း၊
အချင်းချင်း
ပိုင်းခြားအပ်သော
ဝိနယ၌လည်းကောင်း
ပြဿနာကို
မေးအပ်သော်
တွန့်ဆုတ်၏၊
မဖြေဆိုနိုုင်၊
ဤသို့
မဖြေဆိုနိုုင်ခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဂုဏ်တည်းဟူသော)
အဆင်းမရှိဟု
ငါဆို၏။
သင်္ကန်း ဆွမ်း
ကျောင်း
သူနာ၏
အထောက်အပံ့ဖြစ်သော
ဆေးအသုံးအဆောင်တို့ကို
မရ၊
ဤပစ္စည်းလေးပါး
မရခြင်းကို
ထိုပုဂ္ဂိုလ်၏
အလုံးအရပ်မရှိဟု
ငါဆို၏။
ရဟန်းတို့
ဤသို့လျှင်
ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်
ပြည့်စုံ၏၊ အဆင်းနှင့်
မပြည့်စုံ၊
အလုံးအရပ်နှင့်
မပြည့်စုံ။
ရဟန်းတို့
အဘယ်သို့လျှင်
ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ
အဆင်းနှင့်လည်း
ပြည့်စုံ၍
အလုံးအရပ်နှင့်ကား
မပြည့်စုံသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
''ဤကား ဒုက္ခသစ္စာတည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏။ပ။ ''ဤကား
ဒုက္ခချုပ်ရာ
နိဗ္ဗာန်သို့
ရောက်ကြောင်း
အကျင့်
(မဂ္ဂသစ္စာ)တည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏။ ဤသို့
သိခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဉာဏ်တည်းဟူသော)
လျင်မြန်ခြင်းဟု
ငါဆို၏။
အချင်းချင်း
ပိုင်းခြားအပ်သော
ဓမ္မ၌လည်းကောင်း၊
အချင်းချင်း
ပိုင်းခြားအပ်သော
ဝိနယ၌လည်းကောင်း
ပြဿနာကို မေးအပ်သော်
ဖြေဆိုနိုုင်၏၊
မတွန့်ဆုတ်၊
ဤသို့
ဖြေဆိုနိုုင်ခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဂုဏ်တည်းဟူသော)
အဆင်းဟု ငါဆို၏။
သင်္ကန်း
ဆွမ်း
ကျောင်း
သူနာ၏ အထောက်အပံ့ဖြစ်သော
ဆေးအသုံးအဆောင်တို့ကိုကား
မရ၊ ဤသို့
မရခြင်းကို
ထိုပုဂ္ဂိုလ်၏
အလုံးအရပ်မရှိဟု
ငါဆို၏။
ရဟန်းတို့
ဤသို့လျှင်
ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်ကား
မပြည့်စုံ။
ရဟန်းတို့
အဘယ်သို့လျှင်
ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ
အဆင်းနှင့်လည်း
ပြည့်စုံ
အလုံးအရပ်နှင့်လည်း
ပြည့်စုံသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
''ဤကား ဒုက္ခသစ္စာတည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏။ပ။ ''ဤကား
ဒုက္ခချုပ်ရာ
နိဗ္ဗာန်သို့
ရောက်ကြောင်း
အကျင့်
(မဂ္ဂသစ္စာ)တည်း''ဟုဟုတ်တိုင်းမှန်စွာ
အပြားအားဖြင့်
သိ၏။ ဤသို့
သိခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဉာဏ်တည်းဟူသော)
လျင်မြန်ခြင်းဟု
ငါဆို၏။ အချင်းချင်း
ပိုင်းခြားအပ်သော
ဓမ္မ၌လည်းကောင်း၊
အချင်းချင်း
ပိုင်းခြားအပ်သော
ဝိနယ၌လည်းကောင်း
ပြဿနာကို
မေးအပ်သော်
ဖြေဆိုနိုုင်၏၊
မတွန့်ဆုတ်၊
ဤသို့
ဖြေဆိုနိုုင်ခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဂုဏ်တည်းဟူသော)
အဆင်းဟု
ငါဆို၏။ သင်္ကန်း
ဆွမ်း
ကျောင်း
သူနာ၏
အထောက်အပံ့ဖြစ်သော
ဆေးအသုံးအဆောင်တို့ကို
ရ၏၊
ဤသို့ရခြင်းကို
ထိုပုဂ္ဂိုလ်၏
အလုံးအရပ်ဟု
ငါဆို၏။
ရဟန်းတို့
ဤသို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်
လည်း
ပြည့်စုံ၏။
ရဟန်းတို့ ဤသည်တို့ကား
ယောက်ျားငယ်သုံးမျိုးတို့တည်း။
ရဟန်းတို့
မြင်းတို့၌ လွန်ကဲသော
မြင်းသုံးမျိုးဟူသည်
အဘယ်တို့နည်း။
ရဟန်းတို့
ဤလောက၌
မြင်းတို့၌
လွန်ကဲသော မြင်းအချို့သည်။ပ။
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်တို့ကား
မြင်းတို့၌
လွန်ကဲသော မြင်းသုံးမျိုးတို့တည်း။
ရဟန်းတို့
ယောက်ျားတို့၌
လွန်ကဲသော
ယောက်ျားသုံးမျိုးတို့ဟူသည်
အဘယ်တို့နည်း။
ရဟန်းတို့
ဤလောက၌
ယောက်ျားတို့၌
လွန်ကဲသော
ယောက်ျားအချို့သည်။ပ။
လျင်မြန်ခြင်းနှင့်
လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။ ရဟန်းတို့
အဘယ်သို့လျှင်
ယောက်ျားတို့၌
လွန်ကဲသော
ယောက်ျားသည်။ပ။
လျင်မြန်ခြင်းနှင့်
လည်း
ပြည့်စုံ
အဆင်းနှင့်လည်း
ပြည့်စုံ
အလုံးအရပ်နှင့်လည်း
ပြည့်စုံသနည်း။
ရဟန်းတို့
ဤသာသနာ တော်၌
အချို့သော
ရဟန်းသည်
အောက်ပိုင်းသံယောဇဉ်ငါးမျိုး
'အနှောင်အဖွဲ့'တို့၏
အကြွင်းမဲ့ကုန်ခြင်း
ကြောင့်
ဗြဟ္မာ့ဘုံ၌
ဥပပါတ်ပဋိသန္ဓေနေ၍
ထိုဘုံ၌သာလျှင်
ပရိနိဗ္ဗာန်ပြု၏၊
ထိုဗြဟ္မာ့ဘုံမှ
ပြန်လည်ခြင်း
သဘောမရှိ၊
ဤသို့
သံယောဇဉ်
'နှောင်ကြိုး'တို့၏
ကုန်ခန်းခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဉာဏ်တည်းဟူသော)
လျင်မြန်ခြင်းဟု
ငါဆို၏။ အချင်းချင်း
ပိုင်းခြားအပ်သော
ဓမ္မ၌လည်းကောင်း၊
အချင်းချင်း
ပိုင်းခြားအပ်သော
ဝိနယ၌လည်းကောင်း
ပြဿနာကို
မေးအပ်သော်
ဖြေဆိုနိုုင်၏၊
မတွန့်ဆုတ်၊ ဤသို့
ဖြေဆိုနိုုင်ခြင်း
ကို
ထိုပုဂ္ဂိုလ်၏
(ဂုဏ်တည်းဟူသော)
အဆင်းဟု
ငါဆို၏။
သင်္ကန်း
ဆွမ်း
ကျောင်း
သူနာ၏ အထောက်
အပံ့ဖြစ်သော
ဆေးအသုံးအဆောင်တို့ကို
ရ၏၊ ဤသို့
ရခြင်းကို
ထိုပုဂ္ဂိုလ်၏
အလုံးအရပ်ဟု
ငါဆို၏။
ရဟန်းတို့
ဤသို့လျှင်
ယောက်ျားတို့၌
လွန်ကဲသော
ယောက်ျားသည်
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်တို့ကား
ယောက်ျားတို့၌
လွန်ကဲသော
ယောက်ျားသုံးမျိုးတို့တည်း။
ရဟန်းတို့
အာဇာနည်မြင်းကောင်းသုံးမျိုးတို့ဟူသည်
အဘယ်တို့နည်း။
ရဟန်းတို့
ဤလောက၌
အချို့သော
အာဇာနည်မြင်းကောင်းသည်။ပ။
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်းပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်တို့ကား
အာဇာနည်မြင်းကောင်း
သုံးမျိုးတို့တည်း။
ရဟန်းတို့
အာဇာနည်ယောက်ျားကောင်း
သုံးမျိုးတို့ဟူသည်
အဘယ်တို့နည်း။
ရဟန်းတို့ ဤ
လောက၌ အချို့သော
အာဇာနည်ယောက်ျားကောင်းသည်။ပ။
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်း နှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။
ရဟန်းတို့
အဘယ်သို့လျှင်
အာဇာနည်ယောက်ျားကောင်းသည်။ပ။
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ
အဆင်းနှင့်လည်း
ပြည့်စုံ
အလုံးအရပ်နှင့်လည်း
ပြည့်စုံသနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါ တရားမရှိသော
(ကိလေသာမှ)
လွတ်မြောက်သော
(အရဟတ္တဖိုလ်)
စိတ်နှင့်
(အရဟတ္တဖိုလ်)
ပညာကို
မျက်မှောက်ဘဝ၌ပင်
ကိုယ်တိုင်ထူးသော
ဉာဏ်ဖြင့်
မျက်မှောက်ပြု၍
ပြည့်စုံစေလျက်
နေ၏၊ ဤသို့
ပြည့်စုံခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဉာဏ်တည်းဟူသော)
လျင်မြန်ခြင်းဟု
ငါဆို၏။
အချင်းချင်း
ပိုင်းခြားအပ်သော
ဓမ္မ၌လည်းကောင်း၊
အချင်းချင်း
ပိုင်းခြားအပ်သော
ဝိနယ၌လည်းကောင်း
ပြဿနာကို
မေးအပ်သော်
ဖြေဆိုနိုုင်၏၊
မတွန့်ဆုတ်၊
ဤသို့
ဖြေဆိုနိုုင်ခြင်းကို
ထိုပုဂ္ဂိုလ်၏
(ဂုဏ်တည်းဟူသော)
အဆင်းဟု
ငါဆို၏။
သင်္ကန်း
ဆွမ်း
ကျောင်း သူနာ၏
အထောက်အပံ့ဖြစ်သော
ဆေးအသုံးအဆောင်တို့ကို
ရ၏၊
ဤသို့ရခြင်းကို
ထိုပုဂ္ဂိုလ်၏
အလုံးအရပ်ဟု
ငါဆို၏။
ရဟန်းတို့
ဤသို့လျှင်
အာဇာနည်ယောက်ျားကောင်းသည်
လျင်မြန်ခြင်းနှင့်လည်း
ပြည့်စုံ၏၊
အဆင်းနှင့်လည်း
ပြည့်စုံ၏၊
အလုံးအရပ်နှင့်လည်း
ပြည့်စုံ၏။
ရဟန်းတို့
ဤသည်တို့ကား
အာဇာနည်ယောက်ျားကောင်း
သုံးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-တဏှာမူလကသုတ်
၂၃။
ရဟန်းတို့
တဏှာအရင်းခံရှိသော
တရားကိုးမျိုးတို့ကို
ဟောပေအံ့၊
ထိုတရားကို
နာကုန် လော့။
ရဟန်းတို့
တဏှာအရင်းခံရှိသော
တရားကိုးမျိုးတို့ဟူသည်
အဘယ်တို့နည်းဟူမူ-
တဏှာကိုစွဲ၍
ရှာမှီးခြင်း
(ဖြစ်၏)၊
ရှာမှီးခြင်းကိုစွဲ၍
ရခြင်း
(ဖြစ်၏)၊
ရခြင်းကိုစွဲ၍
(ကြံစည်)
ဆုံးဖြတ်ခြင်း
(ဖြစ်၏)၊
(ကြံစည်)
ဆုံးဖြတ်ခြင်းကိုစွဲ၍
ဆန္ဒရာဂ
(ဖြစ်၏)၊
ဆန္ဒရာဂကိုစွဲ၍
ငါ ငါ့ဟာဟု
အားကြီးသော
ဆုံးဖြတ်ခြင်း
(ဖြစ်၏)၊
အားကြီးသော
ဆုံးဖြတ်ခြင်းကို
စွဲ၍ သိမ်းဆည်းခြင်း
(ဖြစ်၏)၊
သိမ်းဆည်းခြင်းကိုစွဲ၍
ဝန်တိုခြင်း
(ဖြစ်၏)၊
ဝန်တိုခြင်းကိုစွဲ၍စောင့်ရှောက်ခြင်း
(ဖြစ်၏)၊
စောင့်ရှောက်ခြင်းဟူသော
အကြောင်းကြောင့်
တုတ်ကိုင်ခြင်း
လက်နက်ကိုင်ခြင်း
ခိုက်ရန်ဖြစ်ခြင်း
ငြင်းခုံခြင်း
စကားများခြင်း
နင် သင် (ဟု
ဆိုခြင်း)
ကုန်းတိုက်ခြင်း
အမှားပြောခြင်းဟူသော
များစွာကုန်သော
အကုသိုလ်တရားတို့သည်
ဖြစ်ကုန်၏။
ရဟန်းတို့
ဤသည်တို့ကား
တဏှာအရင်းခံရှိသော
တရားကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
တတိယသုတ်။
------
၄-သတ္တာဝါသသုတ်
၂၄။
ရဟန်းတို့
သတ္တဝါတို့၏
နေရာတို့သည်
ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
ရဟန်းတို့
အချို့သော
နတ် အချို့သော
ဝိနိပါတိကနှင့်
လူတို့ကဲ့သို့
ကိုယ်သဏ္ဌာန်ချင်း
ကွဲပြား၍
ပဋိသန္ဓေသညာချင်းလည်း
ကွဲပြားကုန်သော
သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
ပဌမသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
ပဌမဈာန်ဘုံ၌
ဖြစ်သော
ဗြဟ္မာတို့ကဲ့သို့
ကိုယ်သဏ္ဌာန်ချင်း
ကွဲပြား၍ ပဋိသန္ဓေ
သညာချင်း
တူကုန်သော
သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
ဒုတိယသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
အာဘဿရဘုံ၌ဖြစ်သော
ဗြဟ္မာတို့ကဲ့သို့
ကိုယ်သဏ္ဌာန်ချင်းတူ၍
ပဋိသန္ဓေသညာချင်း
ကွဲပြားကုန်သော
သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
တတိယသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
သုဘကိဏှာဘုံ၌ဖြစ်သော
ဗြဟ္မာတို့ကဲ့သို့
ကိုယ်သဏ္ဌာန်ချင်းတူ၍
ပဋိသန္ဓေသညာချင်း
တူကုန်သော
သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
စတုတ္ထသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
အသညသတ်ဘုံ၌ဖြစ်သော
ဗြဟ္မာတို့ကဲ့သို့
သညာမရှိကုန်သော
အာရုံကို
ခံစားမှုမရှိကုန်သော
သတ္တဝါတို့သည်
ရှိကုန်၏။ ဤကား
ပဉ္စမသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
ရူပသညာတို့ကို
လုံးဝလွန်မြောက်၍
ပဋိဃသညာတို့
လုံးဝချုပ်သည့်ပြင်
နာနတ္တသညာတို့ကို
လုံးဝနှလုံးမသွင်းခြင်းကြောင့်
''ကောင်းကင်သည်
အဆုံးမရှိ''ဟု
(နှလုံးသွင်းလျက်)
အာကာသာ
နဉ္စာယတနဘုံသို့
ရောက်သော
သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
ဆဋ္ဌသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''ဝိညာဏ်သည်
အဆုံးမရှိ''ဟု
(နှလုံးသွင်းလျက်)
ဝိညာဏဉ္စာယတနဘုံသို့
ရောက်သော
သတ္တဝါတို့သည်
ရှိကုန်၏။ ဤကား
သတ္တမ
သတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''တစ်စုံတစ်ခုမျှ
မရှိ''ဟု
(နှလုံးသွင်း
လျက်)
အာကိဉ္စညာယတနဘုံသို့
ရောက်သော သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
အဋ္ဌမသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
အာကိဉ္စညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
နေဝသညာနာသညာယတနဘုံသို့
ရောက်သော
သတ္တဝါတို့သည်
ရှိကုန်၏။
ဤကား
နဝမသတ္တဝါတို့၏
နေရာတည်း။
ရဟန်းတို့
ဤသည်တို့ကား
သတ္တဝါတို့၏
နေရာကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ပညာသုတ်
၂၅။
ရဟန်းတို့
ရဟန်းသည်
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးသောအခါ
ထိုရဟန်း အား
''ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊ မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီဟု
(ငါ) သိ၏''ဟု
ဤစကားကို
ဆိုရန်သင့်၏။
ရဟန်းတို့
အဘယ်သို့လျှင်
ရဟန်းသည်
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်သနည်းဟူမူ-''ငါ၏
စိတ်သည်
ရာဂကင်း၏''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည် ဒေါသကင်း၏''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည်
မောဟကင်း၏''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည်
ရာဂနှင့်
တကွဖြစ်ခြင်းသဘော
မရှိ''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည်
ဒေါသနှင့်တကွဖြစ်ခြင်းသဘော
မရှိ''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည် မောဟနှင့်တကွဖြစ်ခြင်းသဘော
မရှိ''ဟု ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည်
ကာမဘဝအလို့ငှါ
ပြန်လည်ခြင်းသဘော
မရှိ''ဟု
ပညာဖြင့်
စိတ်ကို ကောင်းစွာ့ပွါးများ
အပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည်
ရူပဘဝအလို့ငှါ
ပြန်လည်ခြင်းသဘော
မရှိ''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
''ငါ၏ စိတ်သည်
အရူပဘဝအလို့ငှါ
ပြန်လည်ခြင်းသဘောမရှိ''ဟု
ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်၏။
ရဟန်းတို့
ရဟန်းသည် ပညာဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်သောအခါ
ထိုရဟန်းအား
''ဖြစ်မှု
'ဇာတိ' ကုန်ပြီ၊
မြတ်သော အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ် ကိစ္စကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီဟု
(ငါ) သိ၏''ဟူ၍
ဤစကားကို
ဆိုရန်
သင့်၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-သိလာယူပသုတ်
၂၆။
အခါတစ်ပါး၌
အသျှင်သာရိပုတြာနှင့်
အသျှင်စန္ဒိကာပုတ္တသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့အား
အစာပေးရာဖြစ်သော
ဝေဠုဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
အသျှင်စန္ဒိကာပုတ္တသည်
ရဟန်းတို့ကို
ဤသို့
မိန့်ဆို၏-''ငါ့သျှင်တို့
ဒေဝဒတ်သည်
ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့်
ပွါးများအပ်ပြီး
ဖြစ်သောအခါ၌
ထိုရဟန်းအား 'ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊
မြတ်သော
အကျင့်ကို ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား (ပြုဖွယ်ကိစ္စ)
မရှိတော့ပြီ'ဟု
ငါသိ၏''ဟူသော
ဤစကားကို
ဆိုခြင်းငှါ
သင့်၏ဟု
ဤတရားကို
ဟော၏ (ဟူ၍
မိန့်ဆို၏ )။
ဤသို့
မိန့်ဆိုလတ်သော်
အသျှင်သာရိပုတြာသည်
အသျှင်စန္ဒိကာပုတ္တအား
ဤစကားကို
မိန့်ဆို၏-
''ငါ့သျှင်စန္ဒိကာပုတ္တ
ဒေဝဒတ်သည်
ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့်
ပွါးများအပ်ပြီး
ဖြစ်သောအခါ၌
ထိုရဟန်းအား
'ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊ မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီ'ဟု
ငါသိ၏ဟူသော ဤ
စကားကို
ဆိုခြင်းငှါ
သင့်၏ဟု
ဤတရားကို
ဟောသည် မဟုတ်။
ငါ့သျှင်စန္ဒိကာပုတ္တ
ဒေဝဒတ်သည် ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်သောအခါ၌
ထိုရဟန်းအား
'ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊
မြတ်သော အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား (ပြုဖွယ်ကိစ္စ)
မရှိတော့ပြီ'ဟု
ငါသိ၏''ဟူသော ဤစကားကို
ဆိုခြင်းငှါ
သင့်၏ဟု
ဤသို့သာ တရားကို
ဟော၏ (ဟူ၍
မိန့်ဆို၏ )။
နှစ်ကြိမ်မြောက်လည်း
အသျှင်စန္ဒိကာပုတ္တသည်
ရဟန်းတို့အား
ဤစကားကို
မိန့်ဆို၏-
''ငါ့သျှင်တို့
ဒေဝဒတ်သည်
ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည် စိတ်ဖြင့်
ပွါးများအပ်ပြီးဖြစ်သောအခါ၌
ထိုရဟန်းအား
'ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊
မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ် (ကိစ္စ)
ကို ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီ'ဟု
ငါသိ၏''ဟူသော
ဤစကားကို ဆိုခြင်းငှါ
သင့်၏ဟု
ဤတရားကို
ဟော၏ (ဟူ၍
မိန့်ဆို၏)။
နှစ်ကြိမ်မြောက်လည်း
အသျှင်သာရိပုတြာသည်
အသျှင်စန္ဒိကာပုတ္တအား
ဤစကားကို
မိန့်ဆို၏-
''ငါ့သျှင်စန္ဒိကာပုတ္တ
ဒေဝဒတ်သည် ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့် ပွါးများအပ်ပြီး
ဖြစ်သော အခါ၌
ထိုရဟန်းအား
ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊
မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား (ပြုဖွယ်ကိစ္စ)
မရှိတော့ပြီဟု
ငါသိ၏ဟူသော ဤ
စကားကို
ဆိုခြင်းငှါ
သင့်၏ဟု
ဤတရားကို
ဟောသည်
မဟုတ်။ ငါ့သျှင်စန္ဒိကာပုတ္တ
ဒေဝဒတ်သည်
ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းအား
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်သော
အခါ၌
ထိုရဟန်းအား
ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊ မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီဟု
ငါသိ၏''ဟူသော
ဤစကားကို
ဆိုခြင်းငှါ့သင့်၏ဟု
ဤသို့သာ
တရားကို ဟော၏
(ဟူ၍
မိန့်ဆို၏)။
သုံးကြိမ်မြောက်လည်း
အသျှင်စန္ဒိကာပုတ္တသည်
ရဟန်းတို့အား
ဤစကားကို
မိန့်ဆို၏-''ငါ့သျှင်တို့
ဒေဝဒတ်သည်
ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့်
ပွါးများအပ်ပြီးဖြစ်သောအခါ၌
ထိုရဟန်း အား
'ဖြစ်မှု
'ဇာတိ'
ကုန်ပြီ၊
မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီ'ဟု
ငါသိ၏''ဟူသော
ဤစကားကို ဆိုခြင်းငှါ
သင့်၏ဟု
ဤတရားကို
ဟော၏ (ဟူ၍
မိန့်ဆို၏)။
သုံးကြိမ်မြောက်လည်း
အသျှင်သာရိပုတြာသည်
အသျှင်စန္ဒိကာပုတ္တအား
ဤစကားကို
မိန့်ဆို၏-
''ငါ့သျှင်စန္ဒိကာပုတ္တ
ဒေဝဒတ်သည် ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့်
ပွါးများအပ်ပြီးဖြစ်သောအခါ၌
ထိုရဟန်းအား
ဖြစ်မှု
'ဇာတိ' ကုန်ပြီ၊
မြတ်သောအကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ(မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီဟု
ငါသိ၏ဟူသော
ဤစကားကို
ဆိုခြင်းငှါ
သင့်၏ဟု
ဤတရားကို
ဟောသည်
မဟုတ်။
ငါ့သျှင်စန္ဒိကာပုတ္တ
ဒေဝဒတ်သည်
ရဟန်းတို့အား
ငါ့သျှင်တို့
ရဟန်းသည်
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်သော
အခါ၌
ထိုရဟန်းအား
ဖြစ်မှု 'ဇာတိ'
ကုန်ပြီ၊
မြတ်သော
အကျင့်ကို
ကျင့်သုံးပြီးပြီ၊
ပြုဖွယ်
(ကိစ္စ) ကို
ပြုပြီးပြီ၊
ဤ (မဂ်ကိစ္စ)
အလို့ငှါ
အခြား
(ပြုဖွယ်ကိစ္စ)
မရှိတော့ပြီဟု
ငါသိ၏''ဟူသော
ဤစကားကို
ဆိုခြင်းငှါ
သင့်၏ဟု
ဤသို့ သာ
တရားကို
ဟော၏။
ငါ့သျှင်
အဘယ်သို့လျှင်
ရဟန်းသည်
စိတ်ဖြင့်
စိတ်ကို ကောင်းစွာ
ပွါးများအပ်ပြီးဖြစ်သနည်းဟူမူ-
''ငါ၏ စိတ်သည်
ရာဂကင်း၏''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏ စိတ်သည်
ဒေါသကင်း၏''ဟု
စိတ်ဖြင့်
စိတ်ကို ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏
စိတ်သည်
မောဟကင်း၏''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏
စိတ်သည်
ရာဂနှင့်တကွ ဖြစ်ခြင်းသဘော
မရှိ''ဟု
စိတ်ဖြင့်
စိတ်ကို ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏
စိတ်သည်
ဒေါသနှင့်တကွဖြစ်ခြင်းသဘော
မရှိ''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏
စိတ်သည်
မောဟနှင့်တကွဖြစ်ခြင်းသဘော
မရှိ''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏
စိတ်သည်
ကာမဘဝအလို့ငှါ
ပြန်လည်ခြင်းသဘော
မရှိ''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများ
အပ်ပြီး ဖြစ်၏။
''ငါ၏ စိတ်သည်
ရူပဘဝအလို့ငှါ
ပြန်လည်ခြင်း
သဘော မရှိ''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။ ''ငါ၏
စိတ်သည်
အရူပဘဝအလို့ငှါ
ပြန်လည်ခြင်းသဘော
မရှိ''ဟု
စိတ်ဖြင့်
စိတ်ကို
ကောင်းစွာ
ပွါးများအပ်ပြီး
ဖြစ်၏။
ငါ့သျှင်
ဤသို့
ကောင်းစွာ
လွန်မြောက်သော
စိတ်ရှိသော
ရဟန်းအား
လွန်ကဲကုန်သော
မျက်စိဖြင့်
သိအပ်ကုန်သော
ရူပါရုံတို့သည်
မျက်စိအား
ထင်ခြင်းသို့
ရောက်လာကြစေကာမူ
ထိုရဟန်း၏
စိတ်ကို
(ထိုရူပါရုံတို့သည်)
မလွှမ်းမိုးနိုင်ကုန်၊
ထိုရဟန်း၏
စိတ်သည်
မရောနှောသည်သာ
ဖြစ်၏၊
တည်တံ့၏၊
မတုန်လှုပ်ခြင်းသို့
ရောက်၏၊
ထိုရူပါရုံ၏
အပျက်ကိုသာ
ရှု၏။
ငါ့သျှင်
ဥပမာသော်ကား
မြေဝင်ရှစ်တောင်
မြေပေါ်ရှစ်တောင်အားဖြင့်
တစ်ဆယ့်ခြောက်
တောင်ရှိသော
ကျောက်တိုင်သည်
ရှိရာ၏၊
ထိုအခါ
အရှေ့အရပ်မှ
ပြင်းစွာသော
လေပြင်းမုန်တိုင်း
လာစေကာမူ
ထိုကျောက်တိုင်ကို
မလှုပ်စေနိုင်ရာ၊
ပြင်းစွာ
မလှုပ်စေနိုင်ရာ၊
ထို့ပြင်
အနောက်အရပ်။
ထို့ပြင်
မြောက်အရပ်။
ထို့ပြင်
တောင်အရပ်မှ
ပြင်းစွာသော
လေပြင်းမုန်တိုင်းလာစေကာမူ
ထိုကျောက်တိုင်ကို
မလှုပ်စေနိုင်ရာ၊
ပြင်းစွာ
မလှုပ်စေနိုင်ရာ၊
ထိုသို့ မလှုပ်စေနိုင်ခြင်းသည်
အဘယ့်ကြောင့်နည်း။
ငါ့သျှင်
မြေဝင်နက်သည်၏အဖြစ်
ကျောက်တိုင်ကို
ကောင်းစွာ
စိုက်အပ်သည်၏
အဖြစ်ကြောင့်တည်း။
ငါ့သျှင်
ဤအတူ ကောင်းစွာ
လွန်မြောက်သော
စိတ်ရှိသော
ရဟန်းအား
လွန်ကဲကုန်သော
မျက်စိဖြင့်
သိအပ်ကုန်သော
ရူပါရုံတို့သည်
မျက်စိအား
ထင်ခြင်းသို့
ရောက်လာကြစေကာမူ
ထိုရဟန်း၏
စိတ်ကို (ထိုရူပါရုံတို့
သည်)
မလွှမ်းမိုးနိုင်ကုန်၊
ထိုရဟန်း၏
စိတ်သည်
မရောနှောသည်သာ
ဖြစ်၏၊
တည်တံ့၏၊
မတုန်လှုပ့်ခြင်းသို့
ရောက်၏၊
ထိုရူပါရုံ၏
အပျက်ကိုသာ ရှု၏။
လွန်ကဲကုန်သော
နားဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံတို့သည်။
နှာခေါင်းဖြင့်
သိအပ်ကုန်သော
ဂန္ဓာရုံတို့သည်။
လျှာဖြင့် သိအပ်ကုန်သော
ရသာရုံတို့သည်။
ကိုယ်ဖြင့်
သိအပ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့သည်။
စိတ်ဖြင့်
သိအပ်ကုန်သော
ဓမ္မာရုံတို့သည်
စိတ်အား
ထင်ခြင်းသို့
ရောက်လာကြစေကာမူ
ထိုရဟန်း၏
စိတ်ကို
(ထိုဓမ္မာရုံတို့သည်)
မလွှမ်းမိုးနိုင်ကုန်၊
ထိုရဟန်း၏
စိတ်သည်
မရောနှောသည်သာ
ဖြစ်၏၊
တည်တံ့၏၊
မတုန်လှုပ်ခြင်းသို့
ရောက်၏၊
ထိုဓမ္မာရုံ၏
အပျက်ကိုသာ
ရှု၏ဟု (မိန့်ဆို၏)။
ဆဋ္ဌသုတ်။
------
၇-ပဌမ ဝေရသုတ်
၂၇။
ထိုအခါ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌
ထိုုင်နေသော
အနာထပိဏ်သူဌေးအား
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏-သူကြွယ်
အကြင် အခါ၌
အရိယာတပည့်အား
ဘေးရန်ငါးမျိုးတို့သည်
ငြိမ်းအေးကုန်၏၊
သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်လည်း
ပြည့်စုံ၏၊
ထိုအခါ
ထိုအရိယာတပည့်သည်
(ပြောဆိုခြင်းငှါ)
အလိုရှိခဲ့မူ
(ငါသည်) ''ငရဲ
ကုန်ပြီးသူ၊
တိရ စ္ဆာန်ဘဝ
ကုန်ပြီးသူ၊
ပြိတ္တာဘဝ
ကုန်ပြီးသူ၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိကုန်ပြီးသူ
ဖြစ်၏၊ ငါသည်
သောတာပန်
ဖြစ်၏၊ ဖရိုဖရဲကျခြင်းသဘော
မရှိ၊ မြဲ၏၊
သမ္ဗောဓိ
(အထက်မဂ်)
ဉာဏ်လျှင်
လဲလျောင်းရာရှိ၏''ဟု
မိမိသည်ပင်
မိမိကိုယ်ကို
ပြောဆိုနိုင်၏။
အဘယ်ဘေးရန်ငါးမျိုးတို့
ငြိမ်းကုန်သနည်းဟူမူ-သူကြွယ်
သူ့အသက်သတ်သူသည်
သူ့အသက်
သတ်ခြင်းဟူသော
အကြောင်းကြောင့်
မျက်မှောက်ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
ပွါး၏၊
တမလွန်ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
ပွါး၏၊ စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
ခံစားရ၏။
သူ့အသက်သတ်ခြင်းမှ
ရှောင်ကြဉ်သူသည်
မျက်မှောက်ဘဝ၌
ဖြစ်သော ဘေးရန်လည်း
မပွါး၊
တမလွန် ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
မပွါး၊ စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
မခံစားရ။
သူ့အသက်သတ်ခြင်းမှ
ရှောင်ကြဉ်သူအား
ဤသို့လျှင်
ထိုဘေးရန်သည်
ငြိမ်းအေး၏၊
သူကြွယ်
အရှင်
မပေးအပ်သော
ဥစ္စာကို
ယူသူသည်။ပ။
ကာမဂုဏ်တို့၌
မှားယွင်းစွာ
ကျင့်သူသည်။
မဟုတ်မမှန်
ပြောသူသည်။
ယစ်မူးမေ့လျော့ကြောင်းဖြစ်သော
သေအရက်ကို
သောက်သူသည်
ယစ်မူးမေ့လျော့ကြောင်း
ဖြစ်သော
သေအရက်ကို
သောက်ခြင်းဟူသော
အကြောင်းကြောင့်
မျက်မှောက်ဘဝ၌
ဖြစ်သော
ဘေးရန် လည်း
ပွါး၏၊
တမလွန်ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
ပွါး၏၊
စိတ်၌ဖြစ်သော
ဆင်းရဲခြင်း
နှလုံး
မသာခြင်းကိုလည်း
ခံစားရ၏။
ယစ်မူးမေ့လျော့ကြောင်းဖြစ်သော
သေအရက်မှ
ရှောင်ကြဉ်သူအား
မျက်
မှောက်ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
မပွါး၊
တမလွန်ဘဝ၌
ဖြစ်သော ဘေးရန်လည်း
မပွါး၊ စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
မခံစားရ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော
သေအရက်မှ ရှောင်ကြဉ်သူအား
ဤသို့လျှင်
ထိုဘေးရန်သည်
ငြိမ်းအေး၏။
ဤဘေးရန်ငါးမျိုးတို့သည်
ငြိမ်းအေးကုန်၏။
အဘယ်မည်သော သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်
ပြည့်စုံသနည်းဟူမူ-သူကြွယ်
ဤသာသနာ တော်၌
အရိယာတပည့်သည်
မြတ်စွာဘုရား၌
သက်ဝင်ယုံကြည်မှုနှင့်
ပြည့်စုံ၏-''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို
ခံတော်မူထိုက်သော
အကြောင်းကြောင့်လည်း
အရဟံ
မည်တော်မူ၏၊
(အလုံးစုံသော
တရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
အကြောင်းကြောင့်လည်း
သမ္မ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏၊
အသိဉာဏ် 'ဝိဇ္ဇာ'
အကျင့် 'စရဏ'
နှင့်
ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္န
မည်တော်မူ၏၊
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
အကြောင်းကြောင့်လည်း
သုဂတ မည်တော်မူ၏၊
လောကကို
သိတော်မူသော
အကြောင်းကြောင့်လည်း
လောကဝိဒူ မည်တော်မူ၏၊
ဆုံးမထိုက်သူကို
ဆုံးမတတ်သည့်
အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
အနုတ္တရော
ပုရိသဒမ္မသာရထိ
မည်တော်မူ၏၊
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း
သတ္ထာ
ဒေဝမနုဿာနံ မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိတော်မူသော
အကြောင်းကြောင့်လည်း
ဗုဒ္ဓ
မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ မည်တော်မူ၏''ဟု
(ယုံကြည်၏)။
တရား၌
သက်ဝင်ယုံကြည်မှုနှင့်
ပြည့်စုံ၏ -''မြတ်စွာဘုရားဟောသော
တရားတော်သည်
ကောင်းစွာ
ဟောထားသော
တရားတော်ပါပေတည်း၊
ကိုယ်တိုင်သိမြင်နိုင်သော
တရားတော်ပါပေတည်း၊
အခါမလင့်
အကျိုးပေးတတ်သော
တရားတော်ပါပေတည်း၊
လာလှည့်
ရှုလှည့်ဟု
ပြထိုက်သော
တရားတော်ပါ
ပေတည်း၊
မိမိ၏
ကိုယ်ထဲ
စိတ်ထဲ၌
ဆောင်ယူထားထိုက်သော
တရားတော်ပါပေတည်း
(အရိယာ) ပညာရှိတို့သာ
ကိုယ်စီကိုယ်င
သိနိုင်ခံစားနိုင်သော
တရားတော်ပါပေတည်း''ဟု
(ယုံကြည်၏)။
သံဃာ၌
သက်ဝင်ယုံကြည်မှုနှင့်ပြည့်စုံ၏-''မြတ်စွာဘုရား၏
တပည့်သား
သံဃာတော်သည်
ကောင်းသော
အကျင့်
ရှိတော်မူပါပေ၏၊
မြတ်စွာဘုရား၏
တပည့်သား
သံဃာတော်သည်
ဖြောင့်မတ်သော
အကျင့်
ရှိတော်မူပါပေ၏၊
မြတ်စွာဘုရား၏
တပည့်သား
သံဃာတော်သည်
မှန်သော
အကျင့်ရှိတော်မူပါပေ၏၊
မြတ်စွာဘုရား၏
တပည့်သား
သံဃာတော်သည်
လျော်ကန်သော
အကျင့်ရှိတော်မူပါပေ၏၊
အစုံအားဖြင့်
လေးစုံ,
ပုဂ္ဂိုလ်အားဖြင့်
ရှစ်ပါးအရေအတွက်ရှိသော
မြတ်စွာဘုရား၏
တပည့်သား
သံဃာတော်သည်
(အရပ်ဝေးမှ)
ဆောင်လာ၍သော်လည်း
ပေးလှူသော
အလှူကို
ခံတော်မူထိုက်ပါပေ၏၊
ဧည့်သည်တို့
အလို့ငှါ
စီမံထားသော
ဝတ္ထုကို
ခံတော်မူထိုက်ပါပေ၏၊
တမလွန်အတွက်
ရည်မျှော်သော
အလှူကို ခံတော်မူထိုက်ပါပေ၏၊
လက်အုပ်ချီခြင်းငှါ
ထိုက်ပါပေ၏၊
သတ္တဝါအပေါင်း၏
ကောင်းမှုပြုရန်
အမြတ်ဆုံး
လယ်မြေဖြစ်တော်မူပါပေ၏''ဟု
(ယုံကြည်၏)။
မကျိုး
မပေါက်
မပြောက်
မကျားကုန်သော၊
တဏှာကျွန်အဖြစ်မှလွတ်မြောက်ကုန်သော၊
ပညာရှိတို့
ချီးမွမ်းအပ်ကုန်သော၊
မှားသောအားဖြင့်
မသုံးသပ်အပ်ကုန်သော၊
တည်ကြည်မှု
'သမာဓိ'
ကိုဖြစ်စေ တတ်ကုန်သော၊
အရိယာတို့
နှစ်သက်အပ်ကုန်သော
သီလတို့နှင့်
ပြည့်စုံ၏၊
ဤသောတာပတ္တိအင်္ဂါ
လေးမျိုးတို့နှင့်
ပြည့်စုံ၏။
သူကြွယ်
အကြင်အခါ၌
အရိယာတပည့်အား
ဤဘေးရန်ငါးမျိုးတို့သည်
ငြိမ်းအေးကုန်၏၊
ဤသောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်လည်း
ပြည့်စုံ၏။
ထိုအခါ
ထိုအရိယာတပည့်သည်
(ပြောဆိုခြင်းငှါ)
အလိုရှိခဲ့မူ
(ငါသည်) ''ငရဲ
ကုန်ပြီးသူ၊
တိရ စ္ဆာန်ဘဝ
ကုန်ပြီးသူ၊
ပြိတ္တာဘဝ
ကုန်ပြီးသူ၊
ဖရိုဖရဲကျရာ
အပါယ်ဒုဂ္ဂတိကုန်ပြီးသူဖြစ်၏၊
ငါသည်
သောတာပန်
ဖြစ်၏၊
ဖရိုဖရဲကျခြင်းသဘော
မရှိ၊ မြဲ၏၊
သမ္ဗောဓိ
(အထက်မဂ်) ဉာဏ်လျှင်
လဲလျောင်းရာရှိ၏''ဟု
မိမိသည်ပင်
မိမိကိုယ်ကို
ပြောဆိုနိုင်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒုတိယ ဝေရသုတ်
၂၈။
ရဟန်းတို့
အကြင်အခါ၌
အရိယာတပည့်အား
ဘေးရန်ငါးမျိုးတို့သည်
ငြိမ်းအေးကုန်၏၊
သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်လည်း
ပြည့်စုံ၏။
ထိုအခါ ထိုအရိယာတပည့်သည်
(ပြောဆိုခြင်းငှါ)
အလိုရှိခဲ့မူ
(ငါသည်) ''ငရဲ
ကုန်ပြီးသူ၊
တိရ စ္ဆာန်ဘဝ
ကုန်ပြီးသူ၊
ပြိတ္တာဘဝ
ကုန်ပြီးသူ၊
ဖရိုဖရဲကျရာ
အပါယ်
ဒုဂ္ဂတိကုန်ပြီးသူ
ဖြစ်၏၊ ငါသည်
သောတာပန် ဖြစ်၏၊
ဖရိုဖရဲကျခြင်း
သဘောမရှိ၊
မြဲ၏၊ သမ္ဗောဓိ
(အထက်မဂ်)
ဉာဏ်လျှင်
လဲလျောင်းရာရှိ၏''ဟု
မိမိသည်ပင်
မိမိကိုယ်ကို
ပြောဆိုနိုင်၏။
အဘယ်ဘေးရန်ငါးမျိုးတို့
ငြိမ်းအေးကုန်သနည်းဟူမူ-
ရဟန်းတို့
သူ့အသက်သတ်သူသည်
သူ့အသက်သတ်ခြင်းဟူသော
အကြောင်းကြောင့်
မျက်မှောက်ဘဝ၌
ဖြစ်သော ဘေးရန်လည်း
ပွါး၏၊
တမလွန် ဘဝ၌
ဖြစ်သော ဘေးရန်လည်း
ပွါး၏၊ စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း
ခံစား ရ၏။
သူ့အသက်သတ်ခြင်းမှ
ရှောင်ကြဉ်သူအား။ပ။
ဤသို့လျှင်
ထိုဘေးရန်သည်
ငြိမ်းအေး၏။
ရဟန်းတို့ အရှင်မပေးအပ်သော
ဥစ္စာကို
ယူသူသည်။ပ။
ယစ်မူးမေ့လျော့ကြောင်းဖြစ်သော
သေအရက်ကို
သောက်သူသည်
ယစ်မူးမေ့လျော့ကြောင်းဖြစ်သော
သေအရက်ကို
သောက်ခြင်းဟူသော
အကြောင်းကြောင့်
မျက်မှောက်ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
ပွါး၏၊
တမလွန်ဘဝ၌ဖြစ်သော
ဘေးရန်လည်း
ပွါး၏၊ စိတ်၌
ဖြစ်သော
ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
ခံစားရ၏။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော
သေအရက်မှ
ရှောင်ကြဉ်သူအား
မျက်မှောက်ဘဝ၌
ဖြစ်သော
ဘေးရန်လည်း
မပွါး၊
တမလွန်ဘဝ၌ ဖြစ်သော
ဘေးရန် လည်း
မပွါး၊ စိတ်၌
ဖြစ်သော ဆင်းရဲခြင်း
နှလုံးမသာခြင်းကိုလည်း
မခံစားရ။
ယစ်မူးမေ့လျော့ကြောင်း
ဖြစ်သော
သေအရက်မှ
ရှောင်ကြဉ်သူအား
ဤသို့လျှင်
ထိုဘေးရန်သည်
ငြိမ်းအေး၏။
ဤဘေးရန်
ငါးမျိုးတို့သည်
ငြိမ်းအေးကုန်၏။
အဘယ်သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်
ပြည့်စုံသနည်းဟူမူ-ရဟန်းတို့
ဤသာသနာတော်၌ အရိယာတပည့်သည်
''ထိုမြတ်စွာဘုရားသည်။ပ။
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်
လည်း သတ္ထာ
ဒေဝမနုဿာနံ
မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော
အကြောင်း
ကြောင့်လည်း
ဗုဒ္ဓ မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း
ဘဂဝါ မည်
တော်မူ၏''ဟု မြတ်စွာဘုရား၌
သက်ဝင်ယုံကြည်မှုနှင့်
ပြည့်စုံ၏။
တရား၌။ပ။
သံဃာ၌။ပ။
မကျိုး မပေါက်
မပြောက်
မကျားကုန်သော၊
တဏှာ
ကျွန်အဖြစ်မှ
လွတ်မြောက်ကုန်သော၊
ပညာရှိတို့
ချီးမွမ်း
အပ်ကုန်သော၊
မှားသောအားဖြင့်
မသုံးသပ်အပ်ကုန်သော၊
တည်ကြည်မှု
'သမာဓိ'
ကိုဖြစ်စေတတ်ကုန်သော၊
အရိယာတို့
နှစ်သက်အပ်ကုန်သော
သီလတို့နှင့်
ပြည့်စုံ၏၊
ဤသောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်
ပြည့်စုံ၏။
ရဟန်း
အကြင်အခါ၌
အရိယာတပည့်အား
ဤဘေးရန်ငါးမျိုးတို့သည်
ငြိမ်းအေးကုန်၏၊
ဤ
သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်
ပြည့်စုံ၏။
ထိုအခါ ထိုအရိယာတပည့်သည်
(ပြောဆိုခြင်းငှါ)
အလိုရှိခဲ့မူ
(ငါသည်) ''ငရဲ
ကုန်ပြီးသူ၊
တိရ စ္ဆာန်ဘဝ
ကုန်ပြီးသူ၊
ပြိတ္တာဘဝ
ကုန်ပြီးသူ၊
ဖရိုဖရဲကျရာ
အပါယ်
ဒုဂ္ဂတိကုန်ပြီးသူ
ဖြစ်၏၊ ငါသည်
သောတာပန် ဖြစ်၏၊
ဖရိုဖရဲကျခြင်းသဘော
မရှိ၊ မြဲ၏၊
သမ္ဗောဓိ
(အထက်မဂ်)
ဉာဏ်လျှင်
လဲလျောင်းရာရှိ၏''ဟု
မိမိသည်ပင်
မိမိကိုယ်ကို
ပြောဆိုနိုင်၏ဟု
(မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
------
၉-အာဃာတဝတ္ထုသုတ်
၂၉။
ရဟန်းတို့
ရန်ငြိုးဖွဲ့ကြောင်း
'အာဃာတဝတ္ထု'တို့သည်
ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
''ငါ၏
အကျိုးမဲ့ကို
ပြုဖူးပြီ''ဟု
ရန်ငြိုးဖွဲ့၏၊
''ငါ၏
အကျိုးမဲ့ကို
ပြုနေဆဲ''ဟု
ရန်ငြိုးဖွဲ့၏၊
''ငါ၏
အကျိုးမဲ့ကို
ပြုလိမ့်မည်''ဟု
ရန်ငြိုးဖွဲ့၏၊
''ငါချစ်ခင်နှစ်သက်သော
ပုဂ္ဂိုလ်၏
အကျိုးမဲ့ကို
ပြုဖူးပြီဟု။ပ။
အကျိုးမဲ့ကို
ပြုနေဆဲ။ပ။
အကျိုး မဲ့ကို
ပြုလိမ့်မည်''ဟု
ရန်ငြိုးဖွဲ့၏၊
''ငါ
မချစ်ခင်
မနှစ်သက်သော
ပုဂ္ဂိုလ်၏
အကျိုးကို
ပြုဖူးပြီ။ပ။
အကျိုးကို
ပြုနေဆဲ။ပ။
အကျိုးကို
ပြုလိမ့်မည်''ဟု
ရန်ငြိုးဖွဲ့၏။
ရဟန်းတို့
ရန်ငြိုးဖွဲ့ကြောင်း
'အာဃာတဝတ္ထု'တို့သည်
ဤကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
နဝမသုတ်။
------
၁၀-အာဃာတပဋိဝိနယသုတ်
၃၀။
ရဟန်းတို့
ရန်ငြိုးဖြေကြောင်းတို့သည်
ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
''ငါ၏
အကျိုးမဲ့ကို
ပြုဖူးပြီ၊ ထိုအကျိုးမဲ့ပြုခြင်းကို
ဤပုဂ္ဂိုလ်၌
(တားမြစ်ရန်)
အဘယ်မှာ
ရနိုင်အံ့နည်း''ဟု
ရန်ငြိုးကို
ဖြေ၏၊ ''ငါ၏
အကျိုးမဲ့ကို
ပြုနေဆဲ၊
ထိုအကျိုးမဲ့ပြုခြင်းကို
ဤပုဂ္ဂိုလ်၌
(တားမြစ်ရန်)
အဘယ်မှာ
ရနိုင်အံ့နည်း''ဟု
ရန်ငြိုးကို
ဖြေ၏၊ ''ငါ၏
အကျိုးမဲ့ကို
ပြုလိမ့်မည်၊
ထိုအကျိုးမဲ့ပြုခြင်းကို
ဤပုဂ္ဂိုလ်၌
(တားမြစ်ရန်)
အဘယ်မှာ
ရနိုင်အံ့နည်း''ဟု
ရန်ငြိုးကို
ဖြေ၏။
''ငါချစ်ခင်နှစ်သက်သော
ပုဂ္ဂိုလ်၏
အကျိုးမဲ့ကို
ပြုဖူးပြီ။ပ။
အကျိုးမဲ့ကို
ပြုနေဆဲ။ပ။
အကျိုးမဲ့ကို
ပြုလိမ့်မည်၊
ထိုအကျိုးမဲ့
ပြုခြင်းကို
ဤပုဂ္ဂိုလ်၌
(တားမြစ်ရန်)
အဘယ်မှာ
ရနိုင်အံ့နည်း''ဟု
ရန်ငြိုးကို
ဖြေ၏။
''ငါမချစ်ခင်
မနှစ် သက်သော
ပုဂ္ဂိုလ်၏အကျိုးကို
ပြုဖူးပြီ။ပ။
အကျိုးကို
ပြုနေဆဲ။ပ။
အကျိုးကို
ပြုလိမ့်မည်ဟု
ထိုအကျိုး
ပြုခြင်းကို
ဤပုဂ္ဂိုလ်၌
(တားမြစ်ရန်)
အဘယ်မှာ ရနိုင်အံ့နည်း''ဟု
ရန်ငြိုးကို
ဖြေ၏။ ရဟန်းတို့
ရန်ငြိုး
ဖြေကြောင်းတို့သည်
ဤကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒသမသုတ်။
------
၁၁-အနုပုဗ္ဗနိရောဓသုတ်
၃၁။
ရဟန်းတို့
အစဉ်အတိုင်း
ချုပ်ခြင်းတို့သည်
ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
ပဌမဈာန်ကို
ဝင်စားသောပုဂ္ဂိုလ်အား
ကာမသညာသည်
ချုပ်၏၊ ဒုတိယဈာန်ကို
ဝင်စားသော
ပုဂ္ဂိုလ်အား
ဝိတက်ဝိစာရတို့သည်
ချုပ်ကုန်၏၊
တတိယဈာန်ကို
ဝင်စားသောပုဂ္ဂိုလ်အား
နှစ်သိမ့်မှု
'ပီတိ' သည်
ချုပ်၏၊
စတုတ္ထဈာန်ကို
ဝင်စားသောပုဂ္ဂိုလ်အား
ထွက်သက်ဝင်သက်တို့သည်
ချုပ်ကုန်၏၊
အာကာသာနဉ္စာယတနဈာန်ကို
ဝင်စားသောပုဂ္ဂိုလ်အား
ရူပသညာသည်
ချုပ်၏၊
ဝိညာဏဉ္စာယတနဈာန်ကို
ဝင်စားသောပုဂ္ဂိုလ်အား
အာကာသာနဉ္စာယတနသညာသည်
ချုပ်၏၊ အာကိဉ္စညာယတနဈာန်ကို
ဝင်စားသော
ပုဂ္ဂိုလ်အား
ဝိညာဏဉ္စာယတနသညာသည်
ချုပ်၏၊
နေဝသညာနာသညာယတနဈာန်ကို
ဝင်စားသော
ပုဂ္ဂိုလ်အား
အာကိဉ္စညာယတနသညာသည်
ချုပ်၏၊ သညာ
ဝေဒနာတို့ချုပ်ရာ
နိရောဓသမာပတ်ကို
ဝင်စားသောပုဂ္ဂိုလ်အား
သညာသည်လည်းကောင်း၊
ဝေဒနာသည်လည်းကောင်း
ချုပ်၏။
ရဟန်းတို့ အစဉ်
အတိုင်း
ချုပ်ခြင်းတို့သည်
ဤကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
သံကးခုမြောက်
သတ္တာဝါသဝဂ်
ပြီး၏။
------
၄-မဟာဝဂ် ၁-အနုပုဗ္ဗဝိဟာရသုတ်
၃၂။
ရဟန်းတို့
အစဉ်အတိုင်း
(ဝင်စားသောအားဖြင့်)
နေအပ်သော
တရားတို့သည်
ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုးတို့နည်းဟူမူ-
ပဌမဈာန်၊
ဒုတိယဈာန်၊
တတိယဈာန်၊
စတုတ္ထဈာန်၊
အာကာသာ
နဉ္စာယတန၊ ဝိညာဏဉ္စာယတန၊
အာကိဉ္စညာယတန၊
နေဝသညာနာသညာယတန၊
သညာ
ဝေဒနာတို့၏
ချုပ်ရာ
(နိရောဓသမာပတ်)တို့တည်း။
ရဟန်းတို့
ဤသည်တို့ကား
အစဉ်အတိုင်း
(ဝင်စားသော
အားဖြင့်)
နေအပ်သော
တရားကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ပဌမသုတ်။
------
၂-အနုပုဗ္ဗဝိဟာရသမာပတ္တိသုတ်
၃၃။
ရဟန်းတို့
ဤအစဉ်အတိုင်း
(ဝင်စားသောအားဖြင့်)
နေအပ်သော
သမာပတ် 'ဈာန်'
ကိုးမျိုးတို့ကို
ဟောပေအံ့၊
ထိုတရားကို
နာကုန်လော့။ပ။
ရဟန်းတို့
အစဉ်အတိုင်း
(ဝင်စားသောအားဖြင့်)
နေအပ်သော
သမာပတ်ကိုးမျိုးတို့ဟူသည်
အဘယ်တို့နည်း၊
အကြင်ဌာန၌
ကာမတို့သည်
ချုပ်ကုန်၏၊
အကြင်သူတို့သည်လည်း
ဝတ္ထုကာမ,
ကိလေသာကာမတို့ကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏၊
စင်စစ် ထိုအသျှင်တို့သည်
ထို (ဈာန်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်းတစ်ဖက်သို့
ရောက်ပြီး ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
ကာမတို့သည် ချုပ်ကုန်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
ကာမတို့ကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို ''ငါ့သျှင်
ဤ သာသနာတော်၌
ရဟန်းသည်
ကာမတို့မှ ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍
သာလျှင်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ' နှင့်
တကွဖြစ်သော၊
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်
ဖြစ်သော၊
နှစ်သိမ့်မှု
'ပီတိ'
ချမ်းသာမှု 'သုခ'
ရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏၊
ဤပဌမဈာန်၌
ကာမတို့သည်
ချုပ်ကုန်၏၊
ထိုပုဂ္ဂိုလ်တို့သည်လည်း
ကာမတို့ကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်၏''ဟု
ဤသို့
ဆိုအပ်၏။
ရဟန်းတို့
စင်စစ်
မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ဝမ်းမြောက်၍
ရှိခိုးလျက် လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့သည်
ချုပ်ကုန်၏၊
အကြင်ပုဂ္ဂိုလ်တို့သည်
လည်း
ကြံစည်မှု
'ဝိတက်' သုံးသပ်မှု
'ဝိစာရ'တို့ကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်၏၊
စင်စစ်
ထိုအသျှင်တို့သည်
ထို
(ဒုတိယဈာန်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်း
တစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု ငါဆို၏။
''အဘယ်ဌာန၌
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့ သည်
ချုပ်ကုန်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
ထိုကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့ကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု
တစ်စုံ
တစ်ယောက်က
ဤသို့ ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့၏
ငြိမ်းအေးခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေ၏၊
ဤဒုတိယဈာန်၌
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့သည်
ချုပ်ကုန်၏၊
ထို (ဒုတိယဈာန်ရ)
ပုဂ္ဂိုလ်တို့သည်လည်း
ကြံစည်မှု 'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့ကို
ချုပ်စေ
ချုပ်စေ၍ နေကုန်၏''ဟု
ဤသို့
ဆိုအပ်၏။
ရဟန်းတို့
စင်စစ် မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သောတရား
ကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်
ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
နှစ်သိမ့်မှု
'ပီတိ'သည်
ချုပ်၏၊
အကြင်ပုဂ္ဂိုလ်တို့သည်လည်း
နှစ်သိမ့်မှု
'ပီတိ'ကို
ချုပ်စေ ချုပ်စေ၍
နေကုန်၏၊
စင်စစ်
ထိုအသျှင်တို့သည်
ထို (ဈာန်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
နှစ်သိမ့်မှု
'ပီတိ'သည်
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
နှစ်သိမ့်မှု
'ပီတိ'ကို ချုပ်စေ
ချုပ်စေ၍
နေကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည်
နှစ်သိမ့်မှု
'ပီတိ' ကိုလည်း
တပ်မက်မှု
ကင်းခြင်းကြောင့်။ပ။
တတိယဈာန်သို့
ရောက်၍ နေ၏၊
ဤတတိယဈာန်၌
နှိမ်သိမ့်မှု
'ပီတိ'သည်
ချုပ်၏၊ ထို
(တတိယဈာန်ရ)
ပုဂ္ဂိုလ်တို့သည်လည်း
နှစ်သိမ့်မှု
'ပီတိ'ကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏''ဟု
ဤသို့ ဆိုအပ်၏။
ရဟန်းတို့
စင်စစ်
မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ့်သော
တရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။ အကြင်ဌာန၌
လျစ်လျူရှုမှု
'ဥပေက္ခာ'
ချမ်းသာသည်
ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း
လျစ်လျူ
ရှုမှု 'ဥပေက္ခာ'
ချမ်းသာကို
ချုပ်စေ
ချုပ်စေ၍ နေကုန်၏၊
စင်စစ်
ထိုအသျှင်တို့သည်
ထို (စတုတ္ထဈာန်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်းတစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
လျစ်လျူရှုမှု
'ဥပေက္ခာ'
ချမ်းသာသည်
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
လျစ်လျူရှုမှု
'ဥပေက္ခာ'
ချမ်းသာကို
ချုပ်စေ
ချုပ်စေ၍ နေကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင် ဤ
သာသနာတော်၌
ရဟန်းသည် ချမ်းသာမှု
'သုခ'ကိုလည်း
ပယ်ခြင်းကြောင့်။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏၊
ဤစတုတ္ထဈာန်၌
လျစ်လျူရှုမှု
'ဥပေက္ခာ'
ချမ်းသာသည်
ချုပ်၏၊ ထို
(စတုတ္ထဈာန်ရ)
ပုဂ္ဂိုလ်တို့
သည်လည်း
လျစ်လျူရှုမှု
'ဥပေက္ခာ'
ချမ်းသာကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏''ဟု
ဤသို့
ဆိုအပ်၏။ ရဟန်းတို့
စင်စစ်
မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်
ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
(ကသိုဏ်း)
ရုပ်၌ဖြစ်သော
မှတ်သားမှု 'ရူပသညာ'
သည် ချုပ်၏၊
အကြင်ပုဂ္ဂိုလ်တို့
သည်လည်း
(ကသိုဏ်း) ရုပ်၌ဖြစ်သော
မှတ်သားမှု
'ရူပသညာ' ကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏၊
စင်စစ်
ထိုအသျှင်တို့သည်
ထို (ဈာန်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်းတစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု
ငါဆို၏။ ''အဘယ်ဌာန၌
(ကသိုဏ်း)
ရုပ်၌
ဖြစ်သော
မှတ်သားမှု 'ရူပသညာ'
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
(ကသိုဏ်း)
ရုပ်၌ဖြစ်သော
မှတ်သားမှု 'ရူပသညာ'
ကို ချုပ်စေ
ချုပ်စေ၍
နေကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို ''ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည်
(ကသိုဏ်း)ရုပ်၌ဖြစ်သော
မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝလွန်မြောက်ခြင်းကြောင့်
ထိပါးမှု၌ မှတ်သားမှု
'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူးထူး
မှတ်သားမှု
'နာနာတ္တသညာ'တို့ကို
နှလုံးမသွင်းခြင်းကြောင့်
'ကောင်းကင်သည်
အဆုံးမရှိ'ဟု
အာကာသာနဉ္စာ
ယတနဈာန်သို့
ရောက်၍ နေ၏။ ထို
(အာကာသာနဉ္စာယတနဈာန်ရ)
ထိုပုဂ္ဂိုလ်တို့သည်လည်း
ရုပ်၌
မှတ်သားမှု
'ရူပသညာ'တို့ကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏''ဟု
ဤသို့ ဆိုအပ်၏။
ရဟန်းတို့
စင်စစ်
မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော တရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
အာကာသာနဉ္စာယတနသညာသည်
ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း
အာကာသာ နဉ္စာယတနသညာကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏၊ စင်စစ်
ထိုအသျှင်တို့သည်
ထို
(ဝိညာဏဉ္စာယတန)
ဈာန်အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်းတစ်ဖက်သို့
ရောက်ပြီး ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
အာကာသာနဉ္စာယတနသညာသည်
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
အာကာသာနဉ္စာယတနသညာကို
ချုပ်စေ ချုပ်စေ၍
နေကြကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်း
ကို ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင် ဤ
သာသနာတော်၌
ရဟန်းသည်
အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
'ဝိညာဏ်သည်
အဆုံး မရှိ'ဟု
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍ နေ၏။
ဤ
(ဝိညာဏဉ္စာယတနဈာန်)
၌
အာကာသာနဉ္စာ
ယတနသညာသည်
ချုပ်၏၊ ထို
(ဝိညာဏဉ္စာယတနဈာန်ရ)
ပုဂ္ဂိုလ်တို့သည်လည်း
အာကာသာနဉ္စာယတန
သညာကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏''ဟု
ဤသို့ ဆိုအပ်၏။
ရဟန်းတို့
စင်စစ်
မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်
ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်
ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
ဝိညာဏဉ္စာယတနသညာသည်
ချုပ်၏၊
အကြင်ပုဂ္ဂိုလ်တို့သည်
ဝိညာဏဉ္စာယတန
သညာကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏၊
စင်စစ် ထိုအသျှင်တို့သည်
ထို (ဈာန်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်းတစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
ဝိညာဏဉ္စာယတနသညာသည်
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
ဝိညာဏဉ္စာ
ယတနသညာကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည်
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
'တစ်စုံတစ်ခုမျှမရှိ'ဟု
အာကိဉ္စညာယတနဈာန်သို့
ရောက်၍ နေ၏။ ဤ
(အာကိဉ္စညာယတနဈာန်)
၌
ဝိညာဏဉ္စာယတနသညာသည်
ချုပ်၏၊
ထို(အာကိဉ္စညာယတနဈာန်ရ)
ပုဂ္ဂိုလ်တို့သည်လည်း
ဝိညာဏဉ္စာယတန
သညာကို
ချုပ်စေ
ချုပ်စေ၍
နေကုန်၏''ဟု
ဤသို့
ဆိုအပ်၏။
ရဟန်းတို့
စင်စစ် မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သောတရား
ကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သောတရားကို
နှစ်ခြိုက်
ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
အာကိဉ္စညာယတနသညာသည်
ချုပ်၏၊
အကြင်ပုဂ္ဂိုလ်တို့သည်လည်း
အာကိဉ္စညာ
ယတနသညာကို
ချုပ်စေ
ချုပ်စေ၍ နေကုန်၏၊
စင်စစ်
ထိုအသျှင်တို့သည်
ထို (ဈာန်) အင်္ဂါဖြင့်
မဆာ
လောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်းတစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
အာကိဉ္စညာယတနသညာသည်
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
အာကိဉ္စညာယတနသညာကို
ချုပ်စေ
ချုပ်စေ၍ နေကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊ ထိုအကြောင်း
ကို
ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင်
ဤသာသနာတော်၌
ရဟန်း သည် အာကိဉ္စညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
နေဝသညာနာသညာယတနဈာန်သို့
ကပ်ရောက်၍
နေ၏။ ဤ (နေဝသညာနာသညာယတနဈာန်)၌
အာကိဉ္စညာယတနသညာသည်
ချုပ်၏၊ ထို
(နေဝသညာ
နာသညာယတနဈာန်ရ)
ပုဂ္ဂိုလ်တို့သည်လည်း
အာကိဉ္စညာယတနသညာကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်၏''ဟု
ဤသို့
ဆိုအပ်၏။ ရဟန်းတို့
စင်စစ် မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှ ပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သော
တရားကို
နှစ်ခြိုက်ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
အကြင်ဌာန၌
နေဝသညာနာသညာယတနသညာသည်
ချုပ်၏၊
အကြင်ပုဂ္ဂိုလ်တို့သည်လည်း
နေဝသညာနာသညာယတနသညာကို
ချုပ်စေ
ချုပ်စေ၍ နေကြကုန်၏၊
စင်စစ်
ထိုအသျှင်တို့သည်
ထို (နိရောဓသမာပတ်)
အင်္ဂါဖြင့်
မဆာလောင်ကုန်၊
ငြိမ်းအေးကုန်၏၊
ကူးမြောက်ပြီး
ဖြစ်ကုန်၏၊
ကမ်း
တစ်ဖက်သို့
ရောက်ပြီး
ဖြစ်ကုန်၏ဟု
ငါဆို၏။
''အဘယ်ဌာန၌
နေဝသညာနာသညာယတနသညာသည်
ချုပ်သနည်း၊
အဘယ်ပုဂ္ဂိုလ်တို့သည်လည်း
နေဝသညာနာသညာယတနသညာကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်သနည်း၊
ထိုအကြောင်းကို
ငါမသိ၊
ထိုအကြောင်းကို
ငါမမြင်''ဟု
တစ်စုံတစ်ယောက်က
ဤသို့
ဆိုလာခဲ့မူ
ထိုသူကို
''ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည် နေဝသညာ
နာသညာယတနဈာန်ကို
လုံးဝ့လွန်မြောက်၍
သညာ ဝေဒယိတ
နိရောဓသမာပတ်သို့
ရောက်၍ နေ၏။ ဤ
(သညာဝေဒယိတနိရောဓ
သမာပတ်) ၌
နေဝသညာနာသညာယတနသညာသည်
ချုပ်၏၊ ထို
(သညာ ဝေဒယိတ
နိရောဓသမာပတ်
ဝင်စားသူ)
ပုဂ္ဂိုလ်တို့သည်လည်း
နေဝသညာ
နာသညာယတနသညာကို
ချုပ်စေ
ချုပ်စေ၍
နေကြကုန်၏''ဟု
ဤသို့ ဆိုအပ်၏။
ရဟန်းတို့
စင်စစ်
မစဉ်းလဲသူ
မလှည့်ပတ်တတ်သူသည်
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သောတရားကို
နှစ်ခြိုက်ရာ၏၊
ဝမ်းမြောက်ရာ၏၊
''ကောင်းလှပေ၏''ဟူ၍
ဟောအပ်သောတရား
ကို
နှစ်ခြိုက်ဝမ်းမြောက်၍
ရှိခိုးလျက်
လက်အုပ်ချီကာ
ဆည်းကပ်ရာ၏။
ရဟန်းတို့
ဤသည်တို့ကား
အစဉ်အတိုင်း
(ဝင်စားသောအားဖြင့်)
နေအပ်သော
သမာပတ် 'ဈာန်'
ကိုးမျိုးတို့တည်းဟု
(မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃-နိဗ္ဗာနသုခသုတ်
၃၄။
အခါတစ်ပါး၌
အသျှင်သာရိပုတြာသည်
ရာဇဂြိုဟ်ပြည်
ရှဉ့်နက်တို့အား
အစာပေးရာဖြစ်သော
ဝေဠုဝန်ကျောင်း၌
(သီတင်းသုံး)
နေတော်မူ၏။
ထိုအခါ
အသျှင်သာရိပုတြာသည်
ရဟန်းတို့ကို
''ငါ့သျှင်တို့
ဤနိဗ္ဗာန်သည်
ချမ်းသာ၏၊
ငါ့သျှင်တို့
ဤနိဗ္ဗာန်သည်
ချမ်းသာ၏''ဟု
မိန့်ဆို၏။
ဤသို့
မိန့်ဆိုလတ်သော်
အသျှင်ဥဒါယီသည်
အသျှင်သာရိပုတြာအား-''ငါ့သျှင်သာရိပုတြာ
ခံစားမှု
မရှိသော
နိဗ္ဗာန်၌
ချမ်းသာကား
အဘယ်ပါနည်း''ဟု
မေး၏။
ငါ့သျှင်
ခံစားမှုမရှိသော
ဤနိဗ္ဗာန်၌
ဤခံစားမှုမရှိခြင်းသည်ပင်
ချမ်းသာ
မည်၏။
ငါ့သျှင်
ကာမဂုဏ်တို့သည်
ဤငါးမျိုးတို့တည်း၊
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အလိုရှိအပ်ကုန်
နှစ်သက်အပ်ကုန်
နှလုံးကို
ပွါးစေတတ်ကုန်
ချစ်ဖွယ်သော
သဘောရှိကုန်
ကာမဂုဏ်နှင့်စပ်ကုန်
တပ်စွန်း
ဖွယ်ရှိကုန်သော
မျက်စိဖြင့်
သိအပ်သော
ရူပါရုံတို့လည်းကောင်း။
နားဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံတို့
လည်းကောင်း။ပ။
နှာခေါင်းဖြင့်
သိအပ်ကုန်သော
ဂန္ဓာရုံတို့လည်းကောင်း။
လျှာဖြင့်
သိအပ်ကုန်သော
ရသာရုံတို့လည်းကောင်း။
အလိုရှိအပ်ကုန်
နှစ်သက်အပ်ကုန်
နှလုံးကို
ပွါးစေအပ်ကုန်
ချစ်ဖွယ်သော
သဘောရှိကုန်
ကာမဂုဏ်နှင့်စပ်ကုန်
တပ်စွန်းဖွယ်ရှိကုန်သော
ကိုယ်ဖြင့်
သိအပ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့
လည်းကောင်းတည်း၊
ငါ့သျှင်
ဤသည်တို့ကား
ကာမဂုဏ်ငါးမျိုးတို့တည်း။
ဤကာမဂုဏ်ငါးမျိုးတို့ကို
စွဲ၍
ချမ်းသာမှု
'သုခ'
ဝမ်းမြောက်မှု
'သောမနဿ' သည်
ဖြစ်၏။
ငါ့သျှင်
ဤသည်ကို
ကာမချမ်းသာဟု
ဆိုအပ်၏။
ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည် ကာမတို့မှ
ကင်းဆိတ်၍ သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်လျက်
နေ၏။ ငါ့သျှင်
အကယ်၍ ဤ
(ပဌမဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
ကာမနှင့်တကွ
ဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်းသည်
နာကျင်ရန်
အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
ထိုရဟန်းအား
ထိုကာမနှင့်တကွ
ဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု မြတ်စွာဘုရား
ဟောတော်မူ၏။
ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့၏
ငြိမ်းခြင်း
ကြောင့် ဒုတိယဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍ ဤ
(ဒုတိယဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
ကြံစည်မှု
'ဝိတက်'
နှင့်တကွ
ဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအားဆင်းရဲခြင်းသည်
နာကျင်ရန်
အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင် ထိုရဟန်းအား
ထိုကြံစည်မှု
'ဝိတက်'နှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်း
သည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။ ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရား
ဟော တော်မူ၏။
ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန် ချမ်းသာကို
သိအပ်၏။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည်
နှစ်သိမ့်မှု
'ပီတိ' ကိုလည်း
စက်ဆုပ်ခြင်းကြောင့်။ပ။
တတိယဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍ ဤ
(တတိယဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
နှစ်သိမ့်မှု
'ပီတိ' နှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာ
ကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်း
သည်
နာကျင်ရန်
အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
ထိုရဟန်းအား
ထိုနှစ်သိမ့်မှု
'ပီတိ' နှင့်
တကွ ဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရားဟောတော်မူ၏။
ငါ့သျှင်
အကြင်
အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည်
ချမ်းသာမှု
'သုခ' ကိုလည်း
ပယ်ခြင်းကြောင့်။ပ။
စတုတ္ထ
ဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍ ဤ
(စတုတ္ထဈာန်ဝင်စား)
နေခြင်းဖြင့်နေသော
ထိုရဟန်း အား
လျစ်လျူရှုမှု
'ဥပေက္ခာ'
နှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်းသည်
နာကျင်ရန်အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
ထိုရဟန်းအား
လျစ်လျူရှုမှု
'ဥပေက္ခာ'
နှင့် တကွ
ဖြစ်ကုန်သော
ထိုမှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်း အား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင် ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရား
ဟောတော်မူ၏။
ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည်
(ကသိုဏ်း)
ရုပ်၌ဖြစ်သော
မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝလွန်မြောက်ခြင်းကြောင့်
ထိပါးမှု၌
မှတ်သားမှု
'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူး
ထူးမှတ်သားမှု
'နာနာတ္တသညာ'တို့ကို
နှလုံးမသွင်းခြင်းကြောင့်
''ကောင်းကင်သည်
အဆုံးမရှိ''ဟု
အာကာသာနဉ္စာယတနဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍ ဤ
(ဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
ရုပ်နှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်းသည်
နာကျင်ရန်အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
ထိုရဟန်းအား
ရုပ်နှင့်တကွဖြစ်ကုန်သော
မှတ်သားမှု နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှုဖြစ်၏။
ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရားဟောတော်မူ၏။
ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင် နောက်တစ်မျိုးကား
ရဟန်းသည်
အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''ဝိညာဏ်သည် အပိုင်းအခြားမရှိ''ဟု
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍
ဤ(ဝိညာဏဉ္စာယတနဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
အာကာသာနဉ္စာယတနသညာနှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထို ရဟန်းအား
နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်းသည်
နာကျင်ရန်အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
အာကာသာနဉ္စာယတနသညာနှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှုဖြစ်၏။
ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရား
ဟောတော်မူ၏။
ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည် ချမ်းသာ၏၊
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည်
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''တစ်စုံ တစ်ခုမျှ
မရှိ''ဟု
အာကိဉ္စညာယတနဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍ ဤ
(အာကိဉ္စညာယတနဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
ဝိညာဏဉ္စာယတနသညာနှင့်
တကွ
ဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှု ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်းသည်
နာကျင်ရန်အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
ဝိညာဏဉ္စာယတနသညာနှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်
လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား
နာကျင်မှုဖြစ်၏။
ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရား
ဟောတော်မူ၏။
ငါ့သျှင် အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်
လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင် နောက်တစ်မျိုးကား
ရဟန်းသည်
အာကိဉ္စညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
နေဝသညာနာသညာယတနဈာန်သို့
ရောက်လျက်
နေ၏။
ငါ့သျှင်
အကယ်၍ ဤ (နေဝသညာနာသညာ
ယတနဈာန်ဝင်စား)
နေခြင်းဖြင့်
နေသော
ထိုရဟန်းအား
အာကိဉ္စညာယတနသညာနှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ချမ်းသာသူအား
ဆင်းရဲခြင်းသည်
နာကျင်ရန်အလို့ငှါသာ
ဖြစ်ရာသကဲ့သို့၊
ဤအတူပင်
အာကိဉ္စညာယတနသညာနှင့်
တကွဖြစ်ကုန်သော
မှတ်သားမှု
နှလုံးသွင်းမှုတို့သည်
ဖြစ်ပေါ်လာကုန်မူ
ထိုဖြစ်ပေါ်လာခြင်းသည်
ထိုရဟန်းအား နာကျင်မှု
ဖြစ်၏။
ငါ့သျှင်
ယင်းနာကျင်မှုကို
ဆင်းရဲဟု
မြတ်စွာဘုရား
ဟောတော်မူ၏။ ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏၊
ဤအကြောင်းဖြင့်
လည်း ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည်
နေဝသညာနာသညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
သညာဝေဒနာတို့၏
ချုပ်ရာ
နိရောဓသမာပတ်သို့
ရောက်လျက်
နေ၏။
ထိုရဟန်းအား
ပညာဖြင့်
မြင်၍ အာသဝေါတရားတို့သည်
ကုန်ခန်းကုန်၏။
ငါ့သျှင်
အကြင်အကြောင်းဖြင့်
နိဗ္ဗာန်သည်
ချမ်းသာ၏။
ဤအကြောင်းဖြင့်လည်း
ထိုနိဗ္ဗာန်ချမ်းသာကို
သိအပ်၏ဟု
(မိန့်ဆို၏)။
တတိယသုတ်။
------
၄-ဂါဝီဥပမာသုတ်
၃၅။
ရဟန်းတို့
ဥပမာသော်ကား
မိုက်မဲသော
မကျွမ်းကျင်သော
စားကျက်ကို
မသိသော
မညီညွတ်သော
တောင်၌
လှည့်လည်ခြင်းငှါ
မလိမ္မာသော
တောင်၌
ကျက်စားသော
နွားမသည်
ရှိ၏။
ထိုနွားမအား
''ငါသည်
မရောက်ဖူးသေးသော
အရပ်သို့လည်း
ရောက်ရမူ
မစားဖူးသေးသော
မြက်တို့ကို
လည်း စားရမူ
မသောက်ဖူးသေးသော
ရေတို့ကိုလည်း
သောက်ရမူ
ကောင်းလေစွ''ဟု
ဤသို့ အကြံ
ဖြစ်ရာ၏။
ထိုနွားမသည်
ရှေ့ခြေကို
ကောင်းစွာ
ထောက်တည်နိုင်အောင်
မထားဘဲ
နောက်ခြေကို
ကြွ ရာ၏၊
ထိုနွားမသည်
မရောက်ဖူးသေးသော
အရပ်သို့လည်း
မရောက်နိုင်ရာ၊
မစားဖူးသေးသော
မြက်တို့ကိုလည်း
မစားရရာ၊
မသောက်ဖူးသေးသော
ရေတို့ကိုလည်း
မသောက်ရရာ၊
''ငါသည်
မရောက်ဖူးသေးသော
အရပ်သို့လည်း
ရောက်ရမူ
မစားဖူးသေးသော
မြက်တို့ကိုလည်း
စားရမူ
မသောက်ဖူးသေးသော
ရေတို့ကိုလည်း
သောက်ရမူ
ကောင်းလေစွ''ဟု
ကြံစည်ခဲ့ရာ
ဖြစ်သော
နေရင်း
အရပ်သို့လည်း
ချမ်းသာစွာ
ပြန်မရောက်ရာ။
ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
ရဟန်းတို့
ထိုနွားမသည်
မိုက်မဲ၍ မကျွမ်းကျင်ဘဲ
စားကျက်ကို
မသိဘဲ
မညီညွတ်သော တောင်၌
လှည့်လည်ခြင်းငှါ့မလိမ္မာဘဲလျက်
တောင်၌
ကျက်စားသောကြောင့်တည်း။
ရဟန်းတို့
ဤအတူပင်
ဤသာသနာတော်၌
မိုက်မဲသော
မကျွမ်းကျင်သော
စားကျက်ကို
မသိသော
မလိမ္မာသော ရဟန်းသည်
ကာမတို့မှ
ကင်းဆိတ်
၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'
နှင့်တကွ
ဖြစ်သော
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်မှု
'ပီတိ' ချမ်းသာမှု
'သုခ' ရှိသော
ပဌမဈာန် သို့
ရောက်လျက် နေ၏။
ထိုရဟန်းသည်
ထို(ဈာန်)နိမိတ်ကို
အထပ်ထပ်
မမှီဝဲ မပွါးများ
ကြိမ်ဖန်များစွာ
မပြုကောင်းစွာ
တည်တံ့အောင်
မဆောက်တည်။
ထိုရဟန်းအား
''ငါသည်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ' ငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကိုကြည်လင်စေတတ်သော
စိတ်တည်ကြည်မှု
'သမာဓိ' ကို ဖြစ်ပွါးစေတတ်သော
ကြံစည်မှု
'ဝိတက်' မရှိသော
သုံးသပ်မှု 'ဝိစာရ'
မရှိသော
တည်ကြည်မှု
'သမာဓိ'
ကြောင့်ဖြစ်သော
နှစ်သိမ့်မှု
'ပီတိ'
ချမ်းသာမှု
'သုခ' ရှိသော
ဒုတိယဈာန်သို့
ရောက်၍ နေရမူ
ကောင်းလေစွ''ဟု
ဤသို့
အကြံဖြစ်၏။
ထိုရဟန်းသည်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့၏
ငြိမ်းခြင်းကြောင့်။ပ။
ဒုတိယဈာန်သို့
ရောက်၍ နေရန် မစွမ်းနိုင်။
ထိုရဟန်းအား
''ငါသည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်မှု
'ဝိတက်'နှင့် တကွဖြစ်သော
သုံးသပ်မှု
'ဝိစာရ' နှင့်
တကွဖြစ်သော
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်မှု
'ပီတိ'
ချမ်းသာမှု
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍နေရမူ
ကောင်းလေစွ''ဟု
ဤသို့ အကြံဖြစ်၏။
ထိုရဟန်း သည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေရန်
မစွမ်းနိုင်။
ရဟန်းတို့
မိုက်မဲသော
မကျွမ်းကျင်သော
စားကျက်ကို
မသိသော
မညီညွတ်သော
တောင်၌
လှည့်လည်ခြင်းငှါ
မလိမ္မာသော
တောင်၌ ကျက်စားသော
ထိုနွားမကဲ့သို့
ဤရဟန်းကို
နှစ်ပါးစုံမှ
လျောကျ ပျက်စီးသူ
နှစ်ပါးစုံမှ
ယုတ်လျော့သူဟု
ဆိုအပ်၏။
ရဟန်းတို့
ဥပမာသော်ကား
ပညာရှိသော
ကျွမ်းကျင်သော
စားကျက်ကိုသိသော
မညီညွတ်သော တောင်၌
လှည့်လည်ခြင်းငှါ
လိမ္မာသော
တောင်၌
ကျက်စားသော
နွားမသည်
ရှိ၏။
ထိုနွားမအား
''ငါသည်
မရောက်ဖူးသေးသော
အရပ်သို့လည်း
ရောက်ရမူ
မစားဖူးသေးသော
မြက်တို့ကိုလည်း
စားရမူ
မသောက်ဖူးသေးသော
ရေတို့ကိုလည်း
သောက်ရမူ
ကောင်းလေစွ''ဟု
ဤသို့
အကြံဖြစ်ရာ၏။
ထိုနွားမသည်
ရှေ့ခြေကို ကောင်းစွာ
ထောက်တည်နိုင်လောက်အောင်
ထားလျက်
နောက်ခြေကို
ကြွရာ၏၊
ထိုနွားမသည်
မရောက်ဖူးသေးသော
အရပ်သို့လည်း
ရောက်နိုင်ရာ၏၊
မစားဖူးသေးသော
မြက်တို့ကို
လည်း
စားရရာ၏၊
မသောက်ဖူးသေးသော
ရေတို့ကိုလည်း
သောက်ရရာ၏၊
''ငါသည်
မရောက်ဖူးသေးသော
အရပ်သို့လည်း
ရောက်ရမူ
မစားဖူးသေးသော
မြက်တို့ကိုလည်း
စားရမူ
မသောက်ဖူးသေးသော
ရေတို့ကိုလည်း
သောက်ရမူ
ကောင်းလေစွ''ဟု
ကြံစည်ခဲ့ရာ
ဖြစ်သော နေရင်းအရပ်သို့လည်း
ချမ်းသာစွာ
ပြန်ရောက်ရာ၏။
ထိုသို့ဖြစ်ခြင်းသည်
အဘယ်ကြောင့်နည်း၊
ရဟန်းတို့
နွားမသည်
ပညာရှိသည်
ကျွမ်းကျင်သည်
စားကျက်ကို
သိသည်
မညီညွတ်သော
တောင်၌
လှည့်လည်ခြင်းငှါ
လိမ္မာသည်
ဖြစ်၍ တောင်၌
ကျက်စားသောကြောင့်တည်း။
ရဟန်းတို့
ဤအတူပင်
ဤသာသနာတော်၌
ပညာရှိသော
ကျွမ်းကျင်သော
စားကျက်ကို
သိသော လိမ္မာသော
ရဟန်းသည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ' နှင့်
တကွဖြစ်သော
(နီဝရဏ)
ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော
နှစ်သိမ့်မှု
'ပီတိ'
ချမ်းသာမှု 'သုခ'
ရှိသော ပဌမဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထို(ဈာန်)နိမိတ်ကို
အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊ ကြိမ်ဖန်များစွာ
ပြု၏၊
ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
''ငါသည်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့၏
ငြိမ်းခြင်းကြောင့်
မိမိသန္တာန်၌
စိတ်ကိုကြည်လင်စေတတ်သော
စိတ်၏တည်ကြည်မှု
'သမာဓိ' ကို
ဖြစ်ပွါးစေတတ်သော
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'
မရှိသော
တည်ကြည်မှု
'သမာဓိ'
ကြောင့်ဖြစ်သော
နှစ်သိမ့်မှု
'ပီတိ'
ချမ်းသာမှု
'သုခ' ရှိသော
ဒုတိယဈာန်သို့
ကပ်ရောက်၍
နေရမူ ကောင်းလေစွ''ဟု
ဤသို့
အကြံဖြစ်၏။
ထိုရဟန်းသည်
ဒုတိယဈာန်ကို
မထိပါးစေဘဲ
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု
'ဝိစာရ'တို့၏
ငြိမ်းခြင်းကြောင့်
ဒုတိယဈာန်သို့
ရောက်၍နေ၏။
ထိုရဟန်းသည်
ထို (ဒုတိယဈာန်)
နိမိတ်ကို
အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန်များစွာ
ပြု၏၊
ကောင်းစွာ တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
ငါသည် ''နှစ်သိမ့်မှု
'ပီတိ'
ကိုလည်း
မတပ်မက်ခြင်းကြောင့်
လျစ်လျူရှုလျက်
နေရပါမူ
အောက်မေ့မှု
'သတိ'
ဆင်ခြင်ဉာဏ်
'သမ္ပဇဉ်'
နှင့်
ပြည့်စုံသည်ဖြစ်၍
ချမ်းသာမှု
'သုခ' ကိုလည်း
ကိုယ်ဖြင့်
ခံစားရပါမူ
အကြင်
(တတိယဈာန်)
ကြောင့် ထိုသူကို
'လျစ်လျူရှုသူ
သတိရှိသူ
ချမ်းသာစွာ နေလေ့ရှိသူ'ဟု
အရိယာ
(ပုဂ္ဂိုလ်)တို့သည်
ပြောကြားကုန်၏၊
ထိုတတိယဈာန်သို့
ရောက်၍
နေရပါမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုရဟန်းသည်
တတိယဈာန်ကို
မထိပါးစေဘဲ
နှစ်သိမ့်မှု
'ပီတိ' ကိုလည်း
တပ်မက်မှု
ကင်းခြင်းကြောင့်
တတိယဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထို
(တတိယဈာန်) နိမိတ်ကို
အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန်များစွာ
ပြု၏၊
ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက် တည်၏။
ထိုရဟန်းအား
''ချမ်းသာဆင်းရဲကို
ပယ်ခြင်းကြောင့်လည်းကောင်း၊
ဝမ်းမြောက်မှု
နှလုံးမသာယာမှုတို့၏
ရှေးဦးကပင်လျှင်
ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း
ဆင်းရဲချမ်းသာမရှိသော
လျစ်လျူရှုမှု
'ဥပေက္ခာ'
ကြောင့်ဖြစ်သည့်
သတိ၏စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်သို့ရောက်၍
နေရပါမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုရဟန်းသည်
စတုတ္ထဈာန်ကို
မထိပါးစေဘဲ
ချမ်းသာမှု
'သုခ' ကိုလည်း
ပယ်ခြင်း
ကြောင့်။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထို (စတုတ္ထဈာန်)
နိမိတ်ကို
အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန် များစွာ
ပြု၏၊
ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
''ငါသည် (ကသိုဏ်း)
ရုပ်၌
ဖြစ်သော
မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝ
လွန်မြောက်ခြင်းကြောင့်
ထိပါးမှု၌
မှတ်သားမှု
'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူးထူး
မှတ်သားမှု
'နာနာတ္တ
သညာ'တို့ကို နှလုံးမသွင်းခြင်းကြောင့်
'ကောင်းကင်သည်
အဆုံးမရှိ'ဟု
ပွါးများ၍
အာကာသာနဉ္စာယတနဈာန်သို့
ရောက်လျက်နေရပါမူ
ကောင်းလေစွ''ဟု
ဤသို့
အကြံဖြစ်၏။
ထိုရဟန်း သည်
ထိုအာကာသာနဉ္စာယတနဈာန်ကို
မထိပါးစေဘဲ
ရုပ်၌မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝ
လွန်မြောက်ခြင်းကြောင့်။ပ။
အာကာသာနဉ္စာယတနဈာန်သို့
ရောက်လျက်
နေ၏။ ထိုရဟန်းသည်
ထို
(အာကာသာနဉ္စာယတနဈာန်)
နိမိတ်ကို အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန် များစွာ
ပြု၏၊
ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
''ငါသည် အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
'ဝိညာဏ်သည်
အဆုံး မရှိ'ဟု
ပွါးများလျက်
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍နေရပါမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုရဟန်းသည်
ဝိညာဏဉ္စာယတနဈာန်ကို
မထိပါးစေဘဲ
အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
'ဝိညာဏ်သည်
အဆုံးမရှိ'ဟု
ပွါးများလျက်
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထို
(ဝိညာဏဉ္စာယတနဈာန်)
နိမိတ်ကို
အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊ ကြိမ်ဖန်
များစွာ
ပြု၏၊
ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
''ငါသည်
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
'တစ်စုံတစ်ခုမျှ
မရှိ'ဟု
ပွါးများလျက်
အာကိဉ္စညာယတနဈာန်သို့
ရောက်၍
နေရပါမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုရဟန်း သည်
အာကိဉ္စညာယတနဈာန်ကို
မထိပါးစေဘဲ
ဝိညာဏဉ္စာယတနဈာန်ကိုို
လုံးဝလွန်မြောက်၍
'တစ်စုံ
တစ်ခုမျှမရှိ'ဟု
ပွါးများလျက်
အာကိဉ္စညာယတနဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထို(အာကိဉ္စညာယတနဈာန်)
နိမိတ်ကို
အထပ်ထပ်
မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန်များစွာ
ပြု၏၊ ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
''ငါသည်
အာကိဉ္စညာယတနဈာန်ကို
လုံးဝလွန်မြောက်လျက်
နေဝသညာနာသညာ
ယတနဈာန်သို့
ရောက်၍
နေရပါမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုရဟန်းသည်
နေဝသညာနာသညာ
ယတနဈာန်ကို
မထိပါးစေဘဲ
အာကိဉ္စညာယတနဈာန်ကို
လုံးဝလွန်မြောက်လျက်
နေဝသညာနာသညာ
ယတနဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထို
(နေဝသညာနာသညာယတနဈာန်)
နိမိတ်ကို အထပ်
ထပ် မှီဝဲ၏၊
ပွါးများ၏၊
ကြိမ်ဖန်
များစွာ
ပြု၏၊
ကောင်းစွာ
တည်တံ့နိုင်လောက်အောင်
ဆောက်တည်၏။
ထိုရဟန်းအား
''ငါသည်
နေဝသညာနာသညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
သညာ
ဝေဒနာတို့၏
ချုပ်ရာ နိရောဓသမာပတ်သို့
ရောက်လျက်နေရမူ
ကောင်းလေစွ''ဟု
အကြံဖြစ်၏။
ထိုရဟန်းသည်
သညာ ဝေဒနာတို့၏
ချုပ်ရာ
နိရောဓသမာပတ်ကို
မထိပါးစေဘဲ နေဝသညာနာသညာယတနဈာန်ကို
လုံးဝလွန်မြောက်၍
သညာဝေဒနာတို့၏
ချုပ်ရာ
နိရောဓသမာပတ်သို့
ရောက်၍ နေ၏။
ရဟန်းတို့
အကြင်အခါ၌
ရဟန်းသည်
ထိုထို
ဈာန်ကိုသာလျှင်
ဝင်စားလည်း
ဝင်စား၏၊
ထလည်း ထ၏။
ထိုရဟန်း၏
စိတ်သည်
နူးညံ့၏၊
ပျော့ပျောင်း၏၊
နူးညံ့ပျော့ပျောင်းသော
စိတ်ဖြင့်
အတိုင်းအရှည်
ပမာဏမရှိသော
သမာဓိသည်
ပွားစေအပ်ပြီးဖြစ်၏။
ထိုရဟန်းသည်
အတိုင်းအရှည်ပမာဏမရှိသော
ကောင်းစွာ
ပွါးအပ်ပြီးသော
သမာဓိဖြင့်
ထူးသော
ဉာဏ်ဖြင့်သိ၍
မျက်မှောက်
ပြုသင့်သောတရားကို
ထူးသော ဉာဏ်ဖြင့်
သိ၍
မျက်မှောက်ပြုရန်
စိတ်ကို
ညွတ်စေ၏။
(ရှေးအကြောင်းနှင့်
ယခုဘဝ
အဘိညာဉ်၏ အခြေခံဈာန်ဟူသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည်၏
အဖြစ်
(အဘိညာဉ်) သို့
ရောက်ရ၏။
ထိုရဟန်းသည်
''တစ်ပါးမက
(များစွာ) သော
တန်ခိုး
ဖန်ဆင်းမှုကို
ပြီးစေလို၏၊
တစ်ပါးတည်း
ဖြစ်လျက်
များစွာ
ဖြစ်လို၏၊
များစွာ
ဖြစ်လျက်လည်း
တစ်ပါးတည်း
ဖြစ်လို၏။ပ။
ဗြဟ္မာ့ပြည်တိုင်
အောင်လည်း
ကိုယ်ကို
မိမိအလိုအတိုင်းဖြစ်စေလို၏''ဟု
အကယ်၍
အလိုရှိပါမူ
(ရှေးအကြောင်းနှင့်
ယခုဘဝ ဣဒ္ဓိဝိဓအဘိညာဉ်၏အခြေခံ
ဈာန်ဟူသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေ ထိုက်သည်၏
အဖြစ်
(ဣဒ္ဓိဝိဓအဘိညာဉ်)
သို့ ရောက်ရ၏။
ထိုရဟန်းသည်
အကယ်၍
အလိုရှိပါမူ
နတ်တို့၏
နားနှင့်တူသော
'ဒိဗ္ဗသောတဉာဏ်'
ဖြင့်။ပ။
(ရှေး
အကြောင်းနှင့်
ယခုဘဝ
ဒိဗ္ဗသောတအဘိညာဉ်၏အခြေခံ
ဈာန်ဟူသော)
အကြောင်းရှိလတ်သော်
ထိုထို
အရာ၌ပင် သက်သေထိုက်သည်၏
အဖြစ်
(ဒိဗ္ဗသောတအဘိညာဉ်)
သို့
ရောက်ရ၏။
ထိုရဟန်းသည်
တစ်ပါးသော
သတ္တဝါ တစ်ပါးသော
ပုဂ္ဂိုလ်တို့၏
စိတ်ကို
(မိမိ) စိတ်ဖြင့်
ပိုင်းခြား၍
သိလို၏၊
တပ်မက်မှု 'ရာဂ'
နှင့်တကွသော
စိတ်ကိုလည်း
''တပ်မက်မှု 'ရာဂ'
နှင့် တကွသော
စိတ်''ဟု
သိလို၏၊
တပ်မက်မှု
'ရာဂ' ကင်းသော
စိတ်ကိုလည်း
''တပ်မက်မှု
'ရာဂ'
ကင်းသောစိတ်''ဟု
သိလို၏၊
အမျက်ထွက်မှု
'ဒေါသ'
နှင့်တကွသော
စိတ်ကိုလည်း
''အမျက်ထွက်မှု
'ဒေါသ'
နှင့်တကွသော
စိတ်''ဟု
သိလို၏၊
အမျက်ထွက်မှု
'ဒေါသ' ကင်းသော
စိတ်ကိုလည်း
အမျက်ထွက်မှု
'ဒေါသ' ကင်းသော
စိတ်''ဟု
သိလို၏၊
တွေဝေမှု
'မောဟ' နှင့်
တကွသော
စိတ်ကိုလည်း
''တွေဝေမှု
'မောဟ' နှင့်တကွသော
စိတ်''ဟု
သိလို၏၊
တွေဝေမှု
'မောဟ' ကင်းသော
စိတ်ကိုလည်း။
ကျုံ့သော
'သံခိတ္တ'
စိတ်ကိုလည်း။
ပျံ့သော
'ဝိက္ခိတ္တ'
စိတ်ကိုလည်း။
မြတ်သည်၏
အဖြစ်သို့
ရောက်သော
'မဟဂ္ဂုတ်' စိတ်ကိုလည်း။
မြတ်သည်၏
အဖြစ်သို့
မရောက်သော 'အမဟဂ္ဂုတ်'
စိတ်ကိုလည်း။
သာလွန်သော
တရားရှိသော
'သဥတ္တရ'
စိတ်ကိုလည်း။
သာလွန်သော
တရားမရှိသော
'အနုတ္တရ'
စိတ်ကိုလည်း။
တည်ကြည်သော
'သမာဟိတ'
စိတ်ကိုလည်း။
မတည်ကြည်သော
'အသမာဟိတ'
စိတ်ကိုလည်း။
လွတ်မြောက်သော
'ဝိမုတ္တ' စိတ်ကိုလည်း။
မလွတ်မြောက်သော
'အဝိမုတ္တ'
စိတ်ကိုလည်း
''မလွတ်မြောက်သော
'အဝိမုတ္တ'
စိတ်''ဟု
သိလို၏ဟု အကယ်၍
အလိုရှိပါမူ
(ရှေးအကြောင်းနှင့်
ယခုဘဝ
ပရစိတ္တဝိဇာနနအဘိညာဉ်၏
အခြေခံ
ဈာန်ဟူသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင့်သက်သေထိုက်သည်၏အဖြစ်
(ပရစိတ္တဝိဇာနန
အဘိညာဉ်) သို့
ရောက်ရ၏။
ထိုရဟန်းသည်
''ရှေး၌ဖြစ်ဖူးသော
ဘဝကို အောက်မေ့လို၏၊
ဤသည်ကား
အဘယ်နည်း၊
တစ်ဘဝကိုလည်းကောင်း၊
နှစ်ဘဝတို့ကိုလည်းကောင်း။ပ။
ဤသို့
အခြင်းအရာနှင့်တကွ
ညွှန်ပြဖွယ်
(အမည်အနွယ်)နှင့်တကွ
များပြားသော
ရှေး၌ဖြစ်ဖူးသော
ဘဝကို
အောက်မေ့လို၏''ဟု
အကယ်၍ အလိုရှိပါမူ
(ရှေးအကြောင်းနှင့်
ယခုဘဝ
ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၏
အခြေခံ
ဈာန်ဟူသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည်၏အဖြစ်
(ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်)
သို့
ရောက်ရ၏။
ထိုရဟန်းသည်
''အထူးသဖြင့်
စင်ကြယ်သော
လူတို့၏ မျက်စိအမြင်ထက်
သာလွန်သော
နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု'
ဉာဏ်ဖြင့်။ပ။
ကံအားလျော်စွာ
ဖြစ်ပေါ်လာသောသတ္တဝါတို့ကို
သိလို၏''ဟု
အကယ်၍
အလိုရှိပါမူ (ရှေးအကြောင်းနှင့်ယခုဘဝ
ဒိဗ္ဗစက္ခုအဘိညာဉ်၏အခြေခံ
ဈာန်ဟူသော)
အကြောင်း
ရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည်၏
အဖြစ် (ဒိဗ္ဗစက္ခုအဘိညာဉ်)
သို့
ရောက်ရ၏။
ထိုရဟန်းသည်
''အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့်
အာသဝေါတရားကင်းသော
လွတ်မြောက်သော
အရဟတ္တဖိုလ်စိတ်နှင့်
လွတ်မြောက်သော
အရဟတ္တဖိုလ်ပညာကို
ယခုဘဝ၌ပင်လျှင်
ထူးမြတ်သော
ဉာဏ်ဖြင့်
ကိုယ်တိုင်မျက်မှောက်ပြုလျက်
ရောက်၍
နေလို၏''ဟု
အကယ်၍ အလိုရှိပါမူ
(ရှေးအကြောင်းနှင့်
ယခုဘဝ အရဟတ္တဖိုလ်၏
အခြေခံ
ပုဗ္ဗဘာဂဝိပဿနာဟူသော)
အကြောင်းရှိလတ်သော်
ထိုထိုအရာ၌ပင်
သက်သေထိုက်သည်၏အဖြစ်
(အရဟတ္တဖိုလ်)
သို့
ရောက်ရ၏ဟု
(မိန့်တော်မူ၏)။
စတုတ္ထသုတ်။
------
၅-ဈာနသုတ်
၃၆။
ရဟန်းတို့
ပဌမဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါဆို၏။
ဒုတိယဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)ကို
ငါဆို၏။ တတိယ ဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)ကို
ငါဆို၏။
စတုတ္ထဈာန်ကို
မှီ၍လည်း
အာသဝေါ
တရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါဆို၏။
အာကာသာနဉ္စာယတနဈာန်ကို
မှီ၍လည်း
အာသဝေါ
တရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါဆို၏။
ဝိညာဏဉ္စာယတနဈာန်ကို
မှီ၍လည်း
အာသဝေါ တရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါဆို၏။ အာကိဉ္စညာယတနဈာန်ကို
မှီ၍လည်း
အာသဝေါ တရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါဆို၏။
နေဝသညာနာသညာယတနဈာန်ကို
မှီ၍လည်း
အာသဝေါ တရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါဆို၏။ သညာ
ဝေဒနာတို့၏ချုပ်ရာ
နိရောဓသမာပတ်ကို
မှီ၍လည်း
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို ငါ ဆို၏။ ''ရဟန်းတို့
ပဌမဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
ဤစကားကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုပဌမဈာန်၌
ပါဝင်သော
ရုပ် ဝေဒနာ
သညာ သင်္ခါရ
ဝိညာဏ်တရားတို့ကို
အနိစ္စသဘောဖြင့်
ဒုက္ခသဘောဖြင့်
ရောဂါ
သဘောဖြင့်
အိုင်းအမာသဘောဖြင့်
ငြောင့်
'တံကျင်'
သဘောဖြင့်
ဆင်းရဲကြောင်းသဘောဖြင့်
အနာသဘော
ဖြင့် ပြင်ပ
'သူစိမ်း'
သဘောဖြင့်
ပျက်စီးခြင်းသဘောဖြင့်
ကင်းဆိတ်ခြင်း
'သုည'
သဘောဖြင့်
အနတ္တ
သဘောဖြင့်
အဖန်ဖန်ရှု၏။
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၏၊
ထိုရဟန်းသည့်ထိုတရားတို့မှ
စိတ်ကို
နစ်စေ၍
''ပြုပြင်မှုအားလုံး
ငြိမ်းရာ
ဥပဓိအားလုံးကို
စွန့်ရာ
တဏှာကုန်ရာ
ရာဂကင်းရာ
ချုပ်ရာဖြစ်သော
ဤနိဗ္ဗာန်တရားသည်
ငြိမ်သက်၏၊
ဤနိဗ္ဗာန်သည်
မြတ်၏''ဟု
အမြိုက်ဓာတ်
(နိဗ္ဗာန်)
သို့ စိတ်ကို
ရှေးရှုဆောင်၏။
ထိုရဟန်းသည်
ထိုပဌမဈာန်၌
တည်လျက်
အာသဝေါတရားတို့၏
ကုန်ရာ (အရဟတ္တဖိုလ်)
သို့ ရောက်၏၊
အကယ်၍
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
သို့ မရောက်ခဲ့မူ
ထိုတရား၌ စွဲမက်ခြင်း
ထိုတရား၌
နှစ်သက်ခြင်းဖြင့်သာလျှင်
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်
(ပဋိသန္ဓေ)
ရှိသူ
ထိုဗြဟ္မာ့ဘုံ၌
ပရိနိဗ္ဗာန်
ပြုခြင်းရှိသူ
ထိုဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်းသဘော
မရှိသူ
ဖြစ်၏။
ရဟန်းတို့
လေးသမားသည်လည်းကောင်း၊
လေးသမားတပည့်သည်လည်းကောင်း
မြက်ဖြင့်
(ပြုလုပ်သော)
ယောက်ျားရုပ်၌ဖြစ်စေ
မြေပုံ၌ဖြစ်စေ
လေ့ကျင့်မှုကို
ပြု၍
ထိုသူသည်
အခါတစ်ပါး၌
အဝေးပစ်နိုင်သူ
တည့်တည့်ပစ်နိုင်သူ
ကြီးကျယ်သော
အထည်ကိုယ်ကို
ဖောက်ခွဲနိုင်သူ
ဖြစ်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
ရဟန်းသည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်။ပ။
ပဌမဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုပဌမဈာန်၌
(ပါဝင်သော)
ရုပ် ဝေဒနာ
သညာ သင်္ခါရ
ဝိညာဏ်တို့ကို
အနိစ္စသဘောဖြင့်
ဒုက္ခသဘောဖြင့်
ရောဂါသဘောဖြင့်
အိုင်းအမာသဘောဖြင့်
ငြောင့်
'တံကျင်'
သဘောဖြင့်
ဆင်းရဲကြောင်း
သဘောဖြင့်
အနာသဘောဖြင့်
ပြင်ပ'သူစိမ်း'
သဘောဖြင့်
ပျက်စီးခြင်းသဘောဖြင့်
ကင်းဆိတ်ခြင်း
'သုည' သဘောဖြင့်
အနတ္တသဘောဖြင့်
အဖန်ဖန်
ရှု၏။ ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၏၊ ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၍ ''ပြုပြင်မှုအားလုံး
ငြိမ်းရာ
ဥပဓိအားလုံးကို
စွန့်ရာ
တဏှာကုန်ရာ
ရာဂကင်းရာ
ချုပ်ရာဖြစ်သော
ဤနိဗ္ဗာန်တရားသည်
ငြိမ်သက်၏၊
ဤနိဗ္ဗာန်သည်
မြတ်၏''ဟု အမြိုက်ဓာတ်
(နိဗ္ဗာန်)
သို့ စိတ်ကို
ရှေးရှုဆောင်၏။
ထိုရဟန်းသည်
ထိုပဌမဈာန်၌
တည်လျက်
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
သို့ ရောက်၏၊
အကယ်၍
အာသဝေါတရားတို့၏
ကုန်ရာ (အရဟတ္တဖိုလ်)
သို့
မရောက်ခဲ့ပါမူ
ထိုတရား၌
တပ်မက်ခြင်း
ထိုတရား၌
နှစ်သက်ခြင်းဖြင့်သာလျှင်
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်
(ပဋိသန္ဓေ)
ရှိသူ
ထိုဗြဟ္မာ့
ဘုံ၌
ပရိနိဗ္ဗာန်ပြုခြင်းရှိသူ
ထိုဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်းသဘော
မရှိသူ ဖြစ်၏။
''ရဟန်းတို့
ပဌမဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
ဤစကားကို
ဤအကြောင်း
ကို စွဲ၍
ဆိုခဲ့၏။
''ရဟန်းတို့
ဒုတိယဈာန်ကို
မှီ၍လည်း။ပ။
ရဟန်းတို့
တတိယဈာန်ကို မှီ၍လည်း။ပ။
ရဟန်းတို့
စတုတ္ထဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
ဤစကား ကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌
ရဟန်းသည်
ချမ်းသာမှု
'သုခ'
ဆင်းရဲမှု
'ဒုက္ခ'ကိုလည်း
ပယ်ခြင်းကြောင့်
ရှေးဦးကပင်
ဝမ်းမြောက်မှု
'သောမနဿ'
နှလုံးမသာယာမှု
'ဒေါမနဿ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
ဆင်းရဲချမ်းသာမဟုတ်သော
လျစ်လျူရှုမှု
'ဥပေက္ခာ'
ကြောင့်
ဖြစ်သည့်
သတိ၏
စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုစတုတ္ထ
ဈာန်၌(ပါဝင်သော)
ရုပ် ဝေဒနာ
သညာ သင်္ခါရ
ဝိညာဏ်တရားတို့ကို
အနိစ္စသဘောဖြင့်
ဒုက္ခသဘောဖြင့်
ရောဂါသဘောဖြင့်
အိုင်းအမာသဘောဖြင့်
ငြောင့်
'တံကျင်' သဘောဖြင့်
ဆင်းရဲကြောင်းသဘောဖြင့်
အနာ သဘောဖြင့်
ပြင်ပ 'သူစိမ်း'
သဘောဖြင့်
ပျက်စီးခြင်း
သဘောဖြင့် ကင်းဆိတ်ခြင်း
'သုည'
သဘောဖြင့်
အနတ္တသဘောဖြင့်
အဖန်ဖန်
ရှု၏။
ထိုတရားတို့မှ
စိတ်ကို နစ်စေ၏၊
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၍
''ပြုပြင်မှုအားလုံးငြိမ်းရာ
ဥပဓိအားလုံးကို
စွန့်ရာ
တဏှာကုန်ရာ
ရာဂကင်းရာ
ချုပ်ရာဖြစ်သော
ဤနိဗ္ဗာန်တရားသည်
ငြိမ်သက်၏၊
ဤနိဗ္ဗာန်သည်
မြတ်၏''ဟု
အမြိုက်ဓာတ်
(နိဗ္ဗာန်)
သို့ စိတ်ကို
ရှေးရှုဆောင်၏။
ထိုရဟန်းသည်
ထိုစတုတ္ထဈာန်၌
တည်လျက်
အာသဝေါ
တရားတို့၏
ကုန်ရာ (အရဟတ္တဖိုလ်)
သို့ ရောက်၏၊
အကယ်၍့အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
သို့ မရောက်ခဲ့ပါမူ
ထိုတရား၌
စွဲမက်ခြင်း
ထိုတရား၌
နှစ်သက်ခြင်းဖြင့်သာလျှင်
အောက်ပိုင်းသံယောဇဉ်
ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်
(ပဋိသန္ဓေ) ရှိသူ
ထိုဗြဟ္မာ့ဘုံ၌
ပရိနိဗ္ဗာန်ပြုခြင်းရှိသူ
ထိုဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်းသဘော
မရှိသူ
ဖြစ်၏။
ရဟန်းတို့
လေးသမားသည်လည်းကောင်း၊
လေးသမားတပည့်သည်လည်းကောင်း
မြက်ဖြင့်
(ပြုလုပ်သော)
ယောက်ျားရုပ်၌ဖြစ်စေ
မြေပုံ၌ဖြစ်စေ
လေ့ကျင့်မှုကို
ပြု၍
ထိုသူသည်
အခါတစ်ပါး၌
အဝေးပစ်နိုင်သူ
တည့်တည့်ပစ်နိုင်သူ
ကြီးကျယ်သော
အထည်ကိုယ်ကို
ဖောက်ခွဲနိုင်သူ
ဖြစ်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
ရဟန်းသည်
ချမ်းသာမှု
'သုခ' ကိုလည်း
ပယ်ခြင်းကြောင့်။ပ။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုစတုတ္ထဈာန်၌
(ပါဝင်သော) ရုပ်
ဝေဒနာ။ပ။
ထိုဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်း
သဘော မရှိသူ
ဖြစ်၏။
''ရဟန်းတို့
စတုတ္ထဈာန်ကို
မှီ၍
အာသဝေါတရားတို့၏
ကုန်ရာ (အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
ဤစကားကို ဤအကြောင်းကို
စွဲ၍ ဆိုခဲ့၏။
''ရဟန်းတို့
အာကာသာနဉ္စာယတနဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
စကားကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ရဟန်းတို့ ဤ
သာသနာတော်၌
ရဟန်းသည်
ရုပ်၌
မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝလွန်မြောက်ခြင်းကြောင့်
ထိပါးမှု၌
မှတ်သားမှု 'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူးထူး
မှတ်သားမှု
'နာနာတ္တသညာ'တို့ကို
နှလုံး
မသွင်းခြင်းကြောင့်
''ကောင်းကင်သည်
အဆုံးမရှိ''ဟု
ပွါးများလျက်
အာကာသာနဉ္စာယတနဈာန်သို့
ရောက်၍နေ၏။
ထိုရဟန်းသည်
ထိုအာကာသာနဉ္စာယတနဈာန်၌
(ပါဝင်ကုန်သော)
ဝေဒနာ သညာ
သင်္ခါရ
ဝိညာဏ်တရားတို့ကို
အနိစ္စသဘောဖြင့်
ဒုက္ခသဘောဖြင့်
ရောဂါသဘောဖြင့်
အိုင်းအမာသဘောဖြင့်
ငြောင့်
'တံကျင်'
သဘောဖြင့်
ဆင်းရဲကြောင်းသဘောဖြင့်
အနာသဘောဖြင့်
ပြင်ပ
'သူစိမ်း'
သဘောဖြင့်
ပျက်စီးခြင်း
သဘောဖြင့်
ကင်းဆိတ်ခြင်း
'သုည'
သဘောဖြင့်
အနတ္တသဘောဖြင့်
အဖန်ဖန်
ရှု၏။
ထိုရဟန်းသည် ထိုတရားတို့မှ
စိတ်ကို
နစ်စေ၏၊
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၍
''ပြုပြင်မှု
အားလုံး
ငြိမ်းရာ
ဥပဓိအားလုံးကို
စွန့်ရာ
တဏှာကုန်ရာ
ရာဂကင်းရာ
ချုပ်ရာဖြစ်သော
ဤနိဗ္ဗာန်တရားသည်
ငြိမ်သက်၏၊
ဤနိဗ္ဗာန်သည်
မြတ်၏''ဟု
အမြိုက်ဓာတ်
(နိဗ္ဗာန်)
သို့ စိတ်ကို
ရှေးရှုဆောင်၏။
ထိုရဟန်းသည်
ထိုအာကာသာနဉ္စာယတနဈာန်၌
တည်လျက်
အာသဝေါတရားတို့၏
ကုန်ရာ (အရဟတ္တ
ဖိုလ်) သို့
ရောက်၏၊
အကယ်၍
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
သို့
မရောက်ခဲ့မူ
အောက်ပိုင်းသံယောဇဉ်
ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်
(ပဋိသန္ဓေ)
ရှိသူ ထိုအာကာသာနဉ္စာ
ယတနဘုံ၌
ပရိနိဗ္ဗာန်ပြုခြင်းရှိသူ
ထိုအာကာသာနဉ္စာယတနဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်း
သဘောမရှိသူ
ဖြစ်၏။
ရဟန်းတို့
လေးသမားသည်လည်းကောင်း၊
လေးသမားတပည့်သည်လည်းကောင်း
မြက်ဖြင့်
(ပြုလုပ်သော)
ယောက်ျားရုပ်၌ဖြစ်စေ
မြေပုံ၌ဖြစ်စေ
လေ့ကျင့်မှုကို
ပြု၍ ထိုသူသည်
အခါတစ်ပါး၌
အဝေးပစ်နိုင်သူ
တည့်တည့်ပစ်နိုင်သူ
ကြီးကျယ်သော
အထည်ကိုယ်ကို
ဖောက်ခွဲနိုင်သူ
ဖြစ်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
ရဟန်းသည်
ရုပ်၌ မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝလွန်မြောက်ခြင်းကြောင့်
ထိပါးမှု၌
မှတ်သားမှု
'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူးထူးမှတ်သားမှု
'နာနာတ္တသညာ'တို့ကို
နှလုံးမသွင်းခြင်းကြောင့်
''ကောင်းကင်သည်
အဆုံးမရှိ''ဟု
ပွါးများလျက်
အာကာသာနဉ္စာ
ယတနဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုအာကာသာနဉ္စာယတနဈာန်၌
(ပါဝင်ကုန်သော)
ဝေဒနာသညာ။ပ။
ထိုအာကာသာနဉ္စာယတနဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်းသဘောမရှိသူ
ဖြစ်၏။
''ရဟန်းတို့
အာကာသာနဉ္စာယတနဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
စကားကို
ဤအကြောင်းကို
စွဲ၍
ဆိုခဲ့၏။
''ရဟန်းတို့ ဝိညာဏဉ္စာယတနဈာန်ကို
မှီ၍လည်း။ပ။
အာကိဉ္စညာယတနဈာန်ကို
မှီ၍လည်းအာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
ဤစကားကို
အဘယ်ကို စွဲ၍
ဆိုအပ်သနည်း။
ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည်
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝ လွန်မြောက်၍
''တစ်စုံတစ်ခုမျှ
မရှိ''ဟု
ပွါးများလျက်
အာကိဉ္စညာယတနဈာန်သို့
ရောက်၍ နေ၏။ ထိုရဟန်းသည်
ထိုအာကိဉ္စညာယတနဈာန်၌
(ပါဝင်ကုန်သော)
ဝေဒနာ သညာ
သင်္ခါရ
ဝိညာဏ်တရားတို့ကို
အနိစ္စသဘောဖြင့်
ဒုက္ခသဘောဖြင့်
ရောဂါသဘောဖြင့်
အိုင်းအမာသဘောဖြင့်
ငြောင့်
'တံကျင်'
သဘောဖြင့် ဆင်းရဲကြောင်းသဘောဖြင့်
အနာသဘောဖြင့်
ပြင်ပ'သူစိမ်း'သဘောဖြင့်
ပျက်စီးခြင်း
သဘော ဖြင့်
ကင်းဆိတ်ခြင်း'သုည'သဘောဖြင့်
အနတ္တသဘောဖြင့်
အဖန်ဖန်
ရှု၏။
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို နစ်စေ၏၊
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို နစ်စေ၍
''ပြုပြင်မှု
အားလုံးငြိမ်းရာ
ဥပဓိအားလုံးကို
စွန့်ရာ
တဏှာကုန်ရာ
ရာဂကင်းရာ
ချုပ်ရာဖြစ်သော
ဤနိဗ္ဗာန်တရားသည်
ငြိမ်သက်၏၊
ဤနိဗ္ဗာန်သည်
မြတ်၏''ဟု
အမြိုက်ဓာတ်
(နိဗ္ဗာန်)
သို့ စိတ်ကို
ရှေးရှုဆောင်၏။
ထိုရဟန်းသည်
ထိုအာကိဉ္စညာယတနဈာန်၌
တည်လျက်
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
သို့ ရောက်၏၊
အကယ်၍ အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
သို့ မရောက်ခဲ့ပါမူ
ထိုတရား၌
စွဲမက်ခြင်း
ထိုတရား၌
နှစ်သက်ခြင်းဖြင့်သာလျှင်
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ်
(ပဋိသန္ဓေ) ရှိသူ
ထိုဝိညာဏဉ္စာယတနဘုံ၌
ပရိနိဗ္ဗာန်ပြုခြင်းရှိသူဖြစ်၍
ထိုဝိညာဏဉ္စာယတနဗြဟ္မာ့ဘုံမှ
တစ်ဖန်
ပြန်လှည့်ခြင်းသဘော
မရှိသူ
ဖြစ်၏။
ရဟန်းတို့
လေးသမားသည်လည်းကောင်း၊
လေးသမားတပည့်သည်လည်းကောင်း
မြက်ဖြင့်
(ပြုလုပ်သော)
ယောက်ျားရုပ်၌ဖြစ်စေ
မြေပုံ၌ဖြစ်စေ
လေ့ကျင့်မှုကို
ပြု၍
ထိုသူသည်
အခါတစ်ပါး၌
အဝေးပစ်နိုင်သူ
တည့်တည့်ပစ်နိုင်သူ
ကြီးကျယ်သော
အထည်ကိုယ်ကို
ဖောက်ခွဲနိုင်သူ
ဖြစ်သကဲ့သို့၊
ရဟန်းတို့
ဤအတူပင်
ရဟန်းသည်
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝ
လွန်မြောက်၍
''တစ်စုံတစ်ခုမျှ
မရှိ''ဟု
ပွါးများလျက်
အာကိဉ္စညာယတနဈာန်သို့
ရောက်၍ နေ၏။
ထိုရဟန်းသည်
ထိုအာကိဉ္စညာ
ယတနဈာန်၌
(ပါဝင်ကုန်သော)
ဝေဒနာ သညာ
သင်္ခါရ
ဝိညာဏ်တို့ကို
အနိစ္စသဘောဖြင့်
ဒုက္ခသဘောဖြင့်
ရောဂါသဘောဖြင့်
အိုင်းအမာသဘောဖြင့်
ငြောင့်
'တံကျင်' သဘောဖြင့်
ဆင်းရဲကြောင်းသဘောဖြင့်
အနာ သဘောဖြင့်
ပြင်ပ
'သူစိမ်း'
သဘောဖြင့်
ပျက်စီးခြင်းသဘောဖြင့်
ကင်းဆိတ်ခြင်း
'သုည'
သဘောဖြင့်
အနတ္တသဘောဖြင့်
အဖန်ဖန်
ရှု၏။
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၏၊
ထိုရဟန်းသည်
ထိုတရားတို့မှ
စိတ်ကို
နစ်စေ၍
''ပြုပြင်မှုအားလုံးငြိမ်းရာ
ဥပဓိအားလုံးကို
စွန့်ရာ
တဏှာကုန်ရာ ရာဂကင်းရာ
ချုပ်ရာဖြစ်သော
ဤနိဗ္ဗာန်တရားသည်
ငြိမ်သက်၏၊
ဤနိဗ္ဗာန်သည်
မြတ်၏''ဟု
အမြိုက်ဓာတ်
(နိဗ္ဗာန်)
သို့ စိတ်ကို
ရှေးရှုဆောင်၏။
ထိုရဟန်းသည်
ထိုအာကိဉ္စညာယတနဈာန်၌
တည်လျက်
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
သို့ ရောက်၏၊
အကယ်၍
အာသဝေါတရားတို့၏ကုန်ရာ
(အရဟတ္တဖိုလ်)
သို့
မရောက်ခဲ့ပါမူ
ထိုတရား၌
စွဲမက်ခြင်း ထိုတရား၌
နှစ်သက်ခြင်းဖြင့်
သာလျှင်
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏
ကုန်ခြင်းကြောင့်
ဥပပါတ် (ပဋိသန္ဓေ)
ရှိသူ
ထိုအာကိဉ္စညာ
ယတနဗြဟ္မာ့ဘုံ၌
ပရိနိဗ္ဗာန်ပြုခြင်းရှိသူ
ထိုအာကိဉ္စညာယတနဗြဟ္မာ့ဘုံမှ
ပြန်လှည့်ခြင်းသဘောမရှိသူ
ဖြစ်၏။
''ရဟန်းတို့
အာကိဉ္စညာယတနဈာန်ကို
မှီ၍လည်း
အာသဝေါတရားတို့၏
ကုန်ရာ
(အရဟတ္တဖိုလ်)
ကို
ငါဆို၏''ဟူသော
စကားကို
ဤဆိုခဲ့ပြီးအကြောင်းကို
စွဲ၍ ဆိုအပ်၏။
ရဟန်းတို့
ဤသို့လျှင်
သညာသမာပတ်ရှိသည်နှင့်
အမျှ
(အရဟတ္တဖိုလ်)
ကို ထိုးထွင်း၍
သိမှု ဖြစ်၏။
ရဟန်းတို့
ဤအောက်ဈာန်တို့ကို
မှီ၍ဖြစ်သော
နေဝသညာနာသညာယတနသမာပတ်,
သညာ
ဝေဒယိတနိရောဓ
(သမာပတ်)
နှစ်မျိုးတို့ကိုကား
သမာပတ်ဝင်စားခြင်း၌
ကျွမ်းကျင်ကုန်သော
သမာပတ်မှ ထခြင်း၌
ကျွမ်းကျင်ကုန်သော
ဈာန်ရပုဂ္ဂိုလ်တို့သည်
ဝင်စား၍ ထ၍
(ငြိမ်သက်ကုန်၏၊
မြတ်ကုန်၏ဟု)့ကောင်းစွာ
ပြောကြားချီးမွမ်းအပ်ကုန်၏ဟူ၍
ငါဆို၏ဟု
(မိန့်တော်မူ၏)။
ပဉ္စမသုတ်။
------
၆-အာနန္ဒသုတ်
၃၇။
အခါတစ်ပါး၌
အသျှင်အာနန္ဒာသည်
ကောသမ္ဗီပြည်
ဃောသိတာရုံကျောင်း၌
(သီတင်းသုံး)
နေ၏။ ထိုအခါ
အသျှင်အာနန္ဒာသည်
ရဟန်းတို့ကို
'ငါ့သျှင်
ရဟန်းတို့''ဟု
ခေါ်တော်မူ၏၊
ထိုရဟန်းတို့
သည်
အသျှင်အာနန္ဒာအား
''ငါ့သျှင်''ဟု
ပြန်ကြား
လျှောက်ထားကြကုန်၏။
အသျှင်အာနန္ဒာသည်
ဤစကားကို
မိန့်ဆို၏-
ငါ့သျှင်တို့
အံ့ဖွယ်ရှိပေ၏၊
ငါ့သျှင်တို့
မဖြစ်ဖူးမြဲ
ဖြစ်ပေ၏၊
သိတော်မူ
မြင်တော်မူ၍
ပူဇော်အထူးကို
ခံတော်မူထိုက်သော
(အလုံးစုံသောတရားတို့ကို)
ကိုယ်တိုင်မှန်စွာ
သိတော်မူသော
ထိုမြတ်စွာဘုရားသည်
သတ္တဝါတို့၏
စင်ကြယ်ရန်အလို့ငှါ၊
စိုးရိမ်ခြင်း
ငိုကြွေးခြင်းတို့ကို
လွန်မြောက်ရန်အလို့ငှါ၊
ဆင်းရဲခြင်း
နှလုံးမသာယာခြင်းတို့
ချုပ်ပျောက်ရန်အလို့ငှါ၊
(မဂ်) ဉာဏ်ကို
ရရန်,
နိဗ္ဗာန်ကို
မျက်မှောက်ပြုရန်
အလို့ငှါ
ကျဉ်းမြောင်းရာ
(လူ့ဘောင်) ၌
(မဂ်ဖိုလ်)
အခွင့်ရမှုကို
လျော်စွာ
သိတော်မူ၏။
ထိုစက္ခုပသာဒသည်
မပျက်စီး၊ ရူပါရုံသည်လည်း
ထင်လာ၏၊
ထိုသို့
ဖြစ်လျက်လည်း
ထိုရူပါယတနကို
မသိ။
ထိုသောတပသာဒသည်
မပျက်စီး၊
သဒ္ဒါရုံသည်လည်း
ထင်လာ၏၊ ထိုသို့
ဖြစ်လျက်လည်း
ထိုသဒ္ဒါယတနကို
မသိ။ ထိုုဃာနပသာဒသည်
မပျက်စီး၊
ဂန္ဓာရုံသည်လည်း
ထင်လာ၏၊
ထိုသို့
ဖြစ်လျက်လည်း
ထိုဂန္ဓာယတနကို
မသိ။
ထိုုဇိဝှါပသာဒသည်
မပျက်စီး၊
ရသာရုံသည်လည်း
ထင်လာ၏၊ ထိုသို့
ဖြစ်လျက်လည်း
ထိုရသာယတနကို
မသိ။ ထိုုကာယပသာဒသည်
မပျက်စီး၊
ဖောဋ္ဌဗ္ဗာရုံသည်လည်း
ထင်လာ၏၊
ထိုသို့
ဖြစ်လျက်လည်း
ထိုဖောဋ္ဌဗ္ဗာယတနကို
မသိဟု
(မိန့်ဆို၏)။
ဤသို့
မိန့်ဆိုလတ်သော်
အသျှင်ဥဒါယီသည်
အသျှင်အာနန္ဒာအား-''ငါ့သျှင်
အာနန္ဒာ သညာ
ရှိလျက်ပင်
ထိုအာရုံကို
မသိလေသလော၊
သို့မဟုတ်
သညာမရှိ၍
မသိလေသလော''ဟု
မေး၏။
ငါ့သျှင်
သညာရှိလျက်ပင်
ထိုအာရုံကို
မသိ၊
သညာမရှိ၍
မသိသည်
မဟုတ်ဟု
(မိန့်ဆို၏)။
ငါ့သျှင်
အဘယ်သညာဖြင့်
သညာရှိလျက်
ထိုအာရုံကို
မသိသနည်းဟု
(မေး၏)။
ငါ့သျှင်
ဤသာသနာတော်၌
ရဟန်းသည် ရုပ်၌
မှတ်သားမှု
'ရူပသညာ'တိုု့ကို
လုံးဝလွန်မြောက်ခြင်းကြောင့်
ထိပါးမှု၌
မှတ်သားမှု
'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူးထူးမှတ်သားမှု
'နာနာတ္တသညာ'တို့ကို
နှလုံးမသွင်းခြင်းကြောင့်
''ကောင်းကင်သည်
အပိုင်းအခြားမရှိ''ဟု
(ပွါးများလျက်)
အာကာသာနဉ္စာ
ယတနဈာန်သို့
ရောက်၍ နေ၏။
ငါ့သျှင်
ဤသို့
သညာရှိလျက်ပင်လည်း
ထိုအာရုံကို
မသိ။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''ဝိညာဏ်သည်
အပိုင်းအခြားမရှိ''ဟု
(ပွါးများလျက်)
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍ နေ၏။
ငါ့သျှင်
ဤသို့
သညာရှိလျက်ပင်လည်း
ထိုအာရုံကို
မသိ။
ငါ့သျှင်
နောက်တစ်မျိုးကား
ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''တစ်စုံ
တစ်ခုမျှ
မရှိ''ဟု
(ပွါးများလျက်)
အာကိဉ္စညာယတနဈာန်သို့
ရောက်၍ နေ၏။
ငါ့သျှင် ဤသို့
သညာရှိလျက်ပင်လည်း
ထိုအာရုံကို
မသိ။
ငါ့သျှင်
အခါတစ်ပါး၌
ငါသည်
သာကေတမြို့ဝယ်
သားတို့အား
ဘေးမဲ့ပေးရာ
အဉ္ဇနတော၌
နေ၏။ ထိုအခါ
ဇဋိလမြို့နေ
ဘိက္ခုနီမသည်
ငါ့ထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးနောက်
တစ်ခုသောနေရာ၌
ရပ်တည်လျက်
''အသျှင်ဘုရားအာနန္ဒာ
အကြင်သမာဓိသည်
(ရာဂသို့
လိုက်သောအားဖြင့်)
မတိမ်းညွတ်၊
(ဒေါသသို့
လိုက်သောအားဖြင့်)
မစွန့်ခွါ၊
ပြုပြင်မှုဖြင့်
ဖိနှိပ်တားမြစ်၍
မတည်၊
(ကိလေသာမှ)
လွတ်မြောက်သောကြောင့်
တည်၏၊
တည်သောကြောင့်
ရောင့်ရဲ၏၊
ရောင့်ရဲသောကြောင့်
မတောင့်တ၊
အသျှင်ဘုရားအာနန္ဒာ
ဤသမာဓိကို
အဘယ်အကျိုးရှိသည်ဟု
မြတ်စွာဘုရားဟောတော်မူပါသနည်း''ဟု့ငါ့အား
ဤစကားကို
လျှောက်၏။
ငါ့သျှင် ဤသို့
ဆိုလတ်သော်
ထိုငါသည် ''နှမ
အကြင်သမာဓိသည်
မတိမ်းညွတ်၊
မစွန့်ခွါ၊
ပြုပြင်မှုဖြင့်
ဖိနှိပ်တားမြစ်၍
မတည်။
လွတ်မြောက်သောကြောင့်
တည်တံ့၏၊
တည်တံ့သောကြောင့်
ရောင့်ရဲ၏၊
ရောင့်ရဲသောကြောင့်
မတောင့်တ။
ဤသမာဓိကို
အရဟတ္တဖိုလ်အကျိုးရှိ၏ဟူ၍
မြတ်စွာဘုရား
ဟောတော်မူ၏''ဟု
ဇဋိလမြို့နေ
ဘိက္ခုနီမအား
ဤစကားကို
မိန့်ဆိုခဲ့ဖူး၏။
ငါ့သျှင်
ဤသို့ သညာ
ရှိလျက်ပင်လည်း
ထိုအာရုံကို
မသိဟု (မိ်န့်ဆို၏)။
ဆဋ္ဌသုတ်။
------
၇-လောကာယတိကသုတ်
၃၈။
ထိုအခါ
လောကာယတဝါဒရှိသူ
ပုဏ္ဏားနှစ်ဦးတို့သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်ကြပြီး
နောက်
မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ်
စကားကို
ပြောဆိုပြီးဆုံးစေပြီးလျှင်
တစ်ခုသောနေရာ၌
ထိုင်ပြီးသော်
မြတ်စွာဘုရားအား
ဤစကားကို
လျှောက်၏-အသျှင်ဂေါတမ
ပူရဏ ကဿပသည်
အလုံးစုံကို
သိ၏၊
အလုံးစုံကို
မြင်၏၊
''ငါသည်
သွားနေစဉ်လည်းကောင်း၊
ရပ်နေစဉ်
လည်းကောင်း၊
အိပ်နေစဉ်လည်းကောင်း၊
နိုးနေစဉ်လည်းကောင်း
အမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှု
တည်၏''ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံ၏။
ထိုပူရဏကဿပသည်
''အဆုံးမရှိသော
ဉာဏ်ဖြင့်
အဆုံးမရှိသော
လောကကို
ငါသည် သိလျက်
မြင်လျက်
နေ၏''ဟု ဤသို့
ဆို၏။
အသျှင်ဂေါတမ
နာဋ၏သား
ဤနိဂဏ္ဌသည်လည်း
အလုံးစုံကို
သိ၏၊
အလုံးစုံကို
မြင်၏၊ ''ငါသည်
သွားနေစဉ်
လည်းကောင်း၊
ရပ်နေစဉ်လည်းကောင်း၊
အိပ်နေစဉ်လည်းကောင်း၊
နိုးနေစဉ်လည်းကောင်း
အမြဲမပြတ်
ဉာဏ်အမြင်သည်
ရှေးရှုတည်၏''ဟု
အကြွင်းမဲ့
ဉာဏ်အမြင်ကို
ဝန်ခံ၏။
ထိုနိဂဏ္ဌသည်
''အဆုံးမရှိသော
ဉာဏ်ဖြင့်
အဆုံးမရှိသော
လောကကို
ငါသည် သိလျက်
မြင်လျက်
နေ၏''ဟု ဤသို့
ဆို၏။ အသျှင်
ဂေါတမ
ဤဉာဏ်ဝါဒရှိသူ
အချင်းချင်း
ဆန့်ကျင်ဘက်ဝါဒရှိသူ
နှစ်ဦးတို့တွင်
အဘယ်သူသည် အမှန်ကို
ဆိုပါသနည်း၊
အဘယ်သူသည်
အမှားကို ဆိုပါသနည်းဟု
(လျှောက်ကြကုန်၏)။
ပုဏ္ဏားတို့
ဆိုင်းကြဦးလော့၊
''ဤဉာဏ်ဝါဒရှိသူ
အချင်းချင်း
ဆန့်ကျင်ဘက်ဝါဒရှိသူ
နှစ်ဦးတို့တွင်
အဘယ်သူသည်
အမှန်ကို ဆိုပါသနည်း၊
အဘယ်သူသည်
အမှားကို
ဆိုပါသနည်း''ဟူသော
ဤစကားကို
ရပ်ထားကြဦးလော့။
ပုဏ္ဏားတို့
သင်တို့အား
တရားကိုသာ
ဟောအံ့၊ ထိုတရားကို
နာကုန်လော့၊
ကောင်းစွာ
နှလုံးသွင်းကုန်လော့၊
ဟောပေအံ့ဟု
(မိန့်တော်မူ၏)။
''အသျှင်ဘုရား
ကောင်းပါပြီ''ဟု
ထိုပုဏ္ဏားတို့သည်
မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထား
ကြကုန်၏။
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူ၏။
ပုဏ္ဏားတို့
ဥပမာသော်ကား
လွန်ကဲသော
အဟုန်
လွန်ကဲသော
ခြေလှမ်းနှင့်
ပြည့်စုံသော
ယောက်ျားလေးယောက်တို့သည်
အရပ်လေးမျက်နှာတို့၌
ရပ်တည်ကုန်ရာ၏၊
ထိုယောက်ျားတို့ကား
(လေးအတတ်ကို)
သင်ကြားပြီး၍
(လေးအတတ်၌)
လက်ကျင့်ရပြီးသော
မင်းအိမ်၌
လေးအတတ်ကို
ပြပြီးသော
မြဲမြံခိုင်ခံ့သော
လေးရှိသော
လေးသည်တော်သည်
ခဲယဉ်းမှုမရှိ
ပေါ့ပါးသော
မြားဖြင့်
ထန်းပင်ရိပ်
ကို ဖီလာကန့်လန့်
လွန်စေသည့်
ကာလအပိုင်းအခြားနှင့်အမျှ
တစ်ခုသော
စကြာဝဠာကို
ဖြတ်သန်း
သွားနိုင်လောက်အောင်
လျင်မြန်ခြင်းသဘောရှိသော
အရှိန်အဟုန်နှင့်
အရှေ့သမုဒ္ဒရာမှ
အနောက်သမုဒ္ဒရာကို
လွန်စေနိုင်သော
သဘောရှိသည့်
ခြေလှမ်းနှင့်
ပြည့်စုံကုန်၏။
ထိုအခါ
အရှေ့ရပ်၌
ရပ်တည်သော
ယောက်ျားသည်
''ငါသည်
ခြေဖြင့်
သွားခြင်းဖြင့်
လောက၏
အဆုံးသို့
ရောက်ရမည်''ဟု
ဤသို့
ဆိုရာ၏၊ ထိုသူသည်
စားချိန်
သောက်ချိန်
ခဲချိန်
လျက်ချိန်မှတစ်ပါး
ကျင်ကြီး
ကျင်ငယ်
စွန့်မှု
အိပ်မှု
အပန်းဖြေမှုမှတစ်ပါး
အနှစ်တစ်ရာ
အသက်ရှိ၍
အနှစ်တစ်ရာ
အသက်ရှင်လျက့်အနှစ်တစ်ရာပတ်လုံး
သွားပြီးနောက်
လောက၏
အဆုံးသို့
မရောက်ဘဲ
အကြား၌
သေရာ၏။
ထို့နောက်
အနောက်
အရပ်၌။ပ။
ထို့နောက်
မြောက်အရပ်၌။
ထို့နောက်
တောင်အရပ်၌
ရပ်တည်သော
ယောက်ျားသည်
''ငါသည်
ခြေဖြင့်
သွားခြင်းဖြင့်
လောက၏ အဆုံးသို့
ရောက်ရမည်''ဟု
ဤသို့
ဆိုရာ၏၊
ထိုသူသည်
စားချိန်
သောက်ချိန်
ခဲချိန်
လျက်ချိန်မှတစ်ပါး
ကျင်ကြီးကျင်ငယ်
စွန့်မှု
အိပ်မှု
အပန်းဖြေမှုမှတစ်ပါး
အနှစ်တစ်ရာ
အသက်ရှိ၍
အနှစ်တစ်ရာ
အသက်ရှင်လျက်
အနှစ်တစ်ရာပတ်လုံး
သွားပြီးနောက်
လောက၏အဆုံးသို့
မရောက်ဘဲ
အကြား၌ သေရာ၏။
ထိုသို့
ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊
ပုဏ္ဏားတို့
''ဤကဲ့သို့
ပြေးသွားခြင်းဖြင့်
လောက၏
အဆုံးကို
သိနိုင်
မြင်နိုင် ရောက်နိုင်သည်''ဟု
ငါမဆို။
ပုဏ္ဏားတို့
လောက၏
အဆုံးသို့
မရောက်ဘဲလျက်လျှင်
ဆင်းရဲဒုက္ခ၏
အဆုံးကို
ပြုနိုင်
သည်ဟူ၍လည်း
ငါမဆိုသောကြောင့်ပင်တည်း။
ပုဏ္ဏားတို့
ဤကာမဂုဏ်ငါးမျိုးတို့ကို
အရိယာဝိနည်း
'ဘုရားအဆုံးအမ'
၌ ''လောက''ဟု
ဆိုအပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
အလိုရှိအပ်ကုန်
နှစ်သက်အပ်ကုန်
နှလုံးကို
ပွါးစေတတ်ကုန်
ချစ်ဖွယ်သဘောရှိကုန်
ကာမဂုဏ်နှင့်စပ်ကုန်
တပ်စွန်းဖွယ်ရှိကုန်သော
စက္ခုဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရူပါရုံ။
သောတဝိညာဏ်ဖြင့်
သိအပ်ကုန်သော
သဒ္ဒါရုံ။ပ။
ဃာနဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ဂန္ဓာရုံ။
ဇိဝှါဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ရသာရုံ။
အလိုရှိအပ်ကုန်
နှစ်သက်အပ်ကုန်
နှလုံးကို
ပွါးစေတတ်ကုန်
ချစ်ဖွယ်သဘောရှိကုန်
ကာမဂုဏ်နှင့်စပ်ကုန်
တပ်စွန်းဖွယ်ရှိကုန်သော
ကာယဝိညာဏ်ဖြင့်
သိအပ်ကုန်သော
ဖောဋ္ဌဗ္ဗာရုံတို့တည်း။
ပုဏ္ဏားတို့
ဤကာမဂုဏ်ငါးမျိုးတို့ကို
အရိယာဝိနည်း
'ဘုရားအဆုံးအမ'၌
''လောက''ဟု ဆိုအပ်ကုန်၏။
ပုဏ္ဏားတို့
ဤသာသနာတော်၌
ရဟန်းသည်
ကာမတို့မှ
ကင်းဆိတ်၍သာလျှင်
အကုသိုလ်တရားတို့မှ
ကင်းဆိတ်၍သာလျှင်
ကြံစည်မှု
'ဝိတက်'
သုံးသပ်မှု 'ဝိစာရ'
နှင့်တကွဖြစ်သော၊
(နီဝရဏ)
ကင်းဆိတ်ခြင်း
ကြောင့်ဖြစ်သော၊
နှစ်သိမ့်မှု
'ပီတိ' ချမ်းသာမှု
'သုခ' ရှိသော
ပဌမဈာန်သို့
ရောက်၍ နေ၏။
ပုဏ္ဏားတို့
ဤရဟန်းကို
လောက၏ အဆုံးသို့
လာရောက်၍ လောက၏
အဆုံး၌ နေ၏ဟု
ဆိုအပ်၏။
အခြားသူတို့သည်
ထိုရဟန်းကို
''ဤသူသည်လည်း
လောက၌ အကျုံးဝင်၏၊
ဤသူသည်
လောကမှ
မထွက်မြောက်သေး''ဟု
ဆိုကုန်၏။
ပုဏ္ဏားတို့
ငါသည်လည်း
(ထိုရဟန်းကို)
''ဤသူသည်လည်း
လောက၌
အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ
မထွက်မြောက်သေး''ဟု
ဆို၏။ ပုဏ္ဏားတို့
နောက်တစ်မျိုးကား
ရဟန်းသည်
ကြံစည်မှု
'ဝိတက်' သုံးသပ်မှု
'ဝိစာရ'တို့၏
ငြိမ်းခြင်း
ကြောင့်။ပ။
ဒုတိယဈာန်သို့။
တတိယဈာန်သို့။
စတုတ္ထဈာန်သို့
ရောက်၍ နေ၏။
ပုဏ္ဏားတို့
ဤရဟန်း ကို
လောက၏
အဆုံးသို့
လာရောက်၍
လောက၏ အဆုံး၌
နေ၏ဟု
ဆိုအပ်၏။
ထိုရဟန်းကို
အခြားသူတို့သည်
''ဤသူသည်လည်း
လောက၌
အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ မထွက်မြောက်သေး''ဟု
ဆိုကုန်၏။
ပုဏ္ဏားတို့
ငါသည်လည်း
(ထိုရဟန်းကို)
''ဤသူသည်လည်း
လောက၌ အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ
မထွက်မြောက်သေး''ဟု
ဆို၏။
ပုဏ္ဏားတို့
နောက်တစ်မျိုးကား
ရဟန်းသည်
ရုပ်၌
မှတ်သားမှု
'ရူပသညာ'တို့ကို
လုံးဝ လွန်မြောက်ခြင်းကြောင့်
ထိပါးခြင်း၌
မှတ်သားမှု
'ပဋိဃသညာ'တို့၏
ချုပ်ပျောက်ခြင်းကြောင့်
အထူးထူး
မှတ်သားမှု
'နာနာတ္တသညာ'တို့ကို
နှလုံးမသွင်းခြင်းကြောင့်
''ကောင်းကင်သည်
အပိုင်းအခြားမရှိ''ဟု
(ပွါးများလျက်)
အာကာသာနဉ္စာယတနဈာန်သို့
ရောက်၍ နေ၏။
ပုဏ္ဏားတို့
ဤရဟန်းကို လောက၏
အဆုံးသို့
လာရောက်၍
လောက၏ အဆုံး၌
နေ၏ဟု
ဆိုအပ်၏။
ထိုရဟန်းကို
အခြားသူတို့သည်
''ဤ သူသည်လည်း
လောက၌
အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ
မထွက်မြောက်သေး''ဟု
ဆိုကုန်၏။
ပုဏ္ဏားတို့
ငါသည်လည်း
(ထိုရဟန်းကို)
''ဤသူသည်လည်း
လောက၌
အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ မထွက်မြောက်သေး''ဟု
ဆို၏။
ပုဏ္ဏားတို့
နောက်တစ်မျိုးကား
ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''ဝိညာဏ်သည်
အပိုင်းအခြားမရှိ''ဟု
(ပွါးများလျက်)
ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍နေ၏။ပ။
ဝိညာဏဉ္စာယတနဈာန်ကို
လုံးဝလွန်မြောက်၍
''တစ်စုံတစ်ခုမျှ
မရှိ''ဟု
(ပွါးများလျက်)
အာကိဉ္စညာ
ယတနဈာန်သို့
ရောက်၍
နေ၏။ပ။
အာကိဉ္စညာယတနဈာန်ကို
လုံးဝလွန်မြောက်လျက်
နေဝသညာ နာသညာယတနဈာန်သို့
ရောက်၍ နေ၏။
ပုဏ္ဏားတို့
ဤရဟန်းကို
လောက၏
အဆုံးသို့
လာရောက်၍ လောက၏
အဆုံး၌ နေ၏ဟု
ဆိုအပ်၏။
ထိုရဟန်းကို
အခြားသူတို့သည်
''ဤသူသည်လည်း
လောက၌
အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ မထွက်မြောက်သေး''ဟု
ဆိုကုန်၏။
ပုဏ္ဏားတို့
ငါသည်လည်း
(ထိုရဟန်းကို)
''ဤသူသည်လည်း
လောက၌
အကျုံးဝင်၏၊
ဤသူသည်လည်း
လောကမှ
မထွက်မြောက်
သေး''ဟု ဆို၏။
ပုဏ္ဏားတို့
နောက်တစ်မျိုးကား
ရဟန်းသည်
နေဝသညာနာသညာယတနဈာန်ကို
လုံးဝလွန်မြောက်
လျက်
သညာဝေဒနာတို့၏ချုပ်ရာ
(နိရောဓသမာပတ်)
သို့ ရောက်၍
နေ၏။
ထိုရဟန်းအား
ပညာဖြင့် မြင်၍
အာသဝေါတရားတို့
ကုန်ခန်းကုန်၏၊
ပုဏ္ဏားတို့
ဤရဟန်းကို
''လောက၏
အဆုံးသို့
လာရောက်၍
လောက၏ အဆုံး၌
နေ၏၊ လောက၌
ကပ်ငြိတွယ်တာမှုတဏှာကို
ကူးမြောက်ပြီးဖြစ်၏''ဟူ၍
ဆိုအပ်၏ဟု
(မိန့်တော်မူ၏)။
သတ္တမသုတ်။
------
၈-ဒေဝါသုရသင်္ဂါမသုတ်
၃၉။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့်အသုရာတို့ စစ်ပွဲသည် ပြိုင်ဆိုင်ခဲ့ဖူး၏။ ရဟန်းတို့ ထိုစစ်ပွဲ၌ အသုရာတို့သည် အောင်မြင်ကုန်၏၊ နတ်တို့သည် ရှုံးကုန်၏။ ရဟန်းတို့ စစ်ရှုံးသော နတ်တို့သည် မြောက်အရပ်သို့သာ ရှေးရှုပြေးကုန်၏၊ အသုရာတို့သည် ဖိ၍ လိုက်ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့အား ''အသုရာတို့သည် ဖိ၍သာ လိုက်ကုန်၏၊ ငါတို့သည် နှစ်ကြိမ်မြောက်စစ်ပွဲကို လည်း အသုရာတို့နှင့် စစ်ခင်းရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း နတ်တို့သည် အသုရာတို့နှင့် စစ်ထိုးကုန်၏။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း အသုရာတို့သာ အောင်မြင်ကုန်၏၊ နတ်တို့သည် ရှုံးကုန်၏။ စစ်ရှုံးသော နတ်တို့သည်လည်း မြောက်အရပ်သို့သာ ရှေးရှု ပြေးကြကုန်သည်သာတည်း၊ အသုရာတို့သည် ဖိ၍ လိုက်ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့အား ''အသုရာတို့သည် ဖိ၍သာ လိုက်ကုန်၏၊ ငါတို့သည် သုံးကြိမ်မြောက်စစ်ပွဲကိုလည်း အသုရာတို့နှင့် စစ်ခင်းရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း နတ်တို့သည် အသုရာတို့နှင့် စစ်ထိုးကုန်၏။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း အသုရာတို့သာ အောင်မြင်ကုန်၏၊ နတ်တို့ သည် ရှုံးကုန်၏။ ရဟန်းတို့ စစ်ရှုံးသောနတ်တို့သည် ကြောက်ကုန်ရကား (တာဝတိံ သာ) နတ်ပြည် သို့သာ ဝင်ပြေးကုန်၏။ ရဟန်းတို့ နတ်ပြည်သို့ ပြန်ရောက်ကုန်သော နတ်တို့အား ''ယခုအခါ ငါတို့ သည် ဘေးရန် လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေကုန်၏၊ အသုရာတို့သည် (မည်သို့မျှ) မပြုလုပ် နိုင်ကုန်''ဟု အကြံဖြစ်၏။ ရဟန်းတို့ အသုရာတို့အားလည်း ''ယခုအခါ နတ်တို့သည် ဘေးရန် လုံခြုံရာ သို့ ရောက်သော ကိုယ်ဖြင့် နေကုန်၏၊ ငါတို့သည် (မည်သို့မျှ) မပြုလုပ်နိုင်ကုန်''ဟု ဤအကြံဖြစ်၏။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်အသုရာတိ&