ခုဒ္ဒကနိကာယ်

ဝိမာနဝတ္ထုပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဣတ္ထိဝိမာန

၁-ပီဌဝဂ္ဂ

၁-ပဌမပီဌဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က ရဟန်းတို့အား နေရာအင်းပျဉ် လှူဒါန်း၍ အလှူခံတို့ကို ရိုသေတုပ်ဝပ် တတ်အားသမျှ လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ရွှေပလ္လင် ရွှေအင်းပျဉ် ရွှေဗိမာန်ပေါက်ကာ အလိုရှိတိုင်း သွားလာနိုင်သော နတ်သမီး

၁။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သောဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင် သည် တိမ်ညွန့်တိမ်ထွထ်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်း တောက်ပ၏၊ ကောင်းမြတ်သော ရွှေစင်အတိဖြစ်သော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဉ်ဗိမာန်သည်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။

၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော (တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။

၃။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၄။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၅။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ကြွရောက်လာကုန်သော ရဟန်းတော်တို့အား နေရာအင်းပျဉ်ငယ်ကို ပေး လှူခဲ့ဖူးပါပြီ၊ (အလှူခံပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုးခဲ့ဖူးပါပြီ၊ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ဖူးပါပြီ၊ စွမ်းနိုင်သလောက် လှူဒါန်းဖွယ်ကိုလည်း လှူဒါန်းခဲ့ဖူးပါပြီ။

၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့ (တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၇။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (နေရာအင်းပျဉ်ကို လှူခြင်း ရှိခိုးခြင်းစသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

ရှေးဦးစွာသော ပီဌဝိမာနဝတ္ထု ပြီး၏။

------

၂-ဒုတိယပီဌဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က ရဟန်းတို့အား ရှေးနည်းတူူ လှူဒါန်းခဲ့သော ကံကြောင့် ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော ပလ္လင် အင်းပျဉ်ဗိမာန်ပေါက်ကာ အလိုရှိတိုင်း သွားလာနိုင်သော နတ်သမီး

၈။ နတ်၌ ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သော ဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင်သည် တိမ်ညွန့် တိမ်ထွထ်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်းတောက်ပ၏၊ ကောင်းမြတ်သော ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဉ် ဗိမာန်သည်ကား စိတ်၏လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။

၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။

၁၀။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၂။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ် အခါကကြွရောက်လာကုန်သော ရဟန်းတော်တို့အား နေရာအင်းပျဉ်ငယ်ကို ပေး လှူခဲ့ဖူးပါပြီ၊ (အလှူခံပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုးခဲ့ဖူးပါပြီ၊ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ဖူးပါပြီ၊ စွမ်းနိုင်သလောက် လှူဒါန်းဖွယ်ကိုလည်း လှူဒါန်းခဲ့ဖူးပါပြီ။

၁၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်ကအကျွန်ုပ်သည် အကြင် (နေရာအင်းပျဉ်ကို လှူခြင်း ရှိခိုးခြင်းစသော) ကောင်းမှုကို ပြုခဲ့ပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

နှစ်ခုမြောက်သော ဒုတိယပီဌဝိမာနဝတ္ထု ပြီး၏။

------

၃-တတိယပီဌဝိမာနဝတ္ထု

ကိလေသာကင်းစင်သော ရဟန္တာအရှင်မြတ်အား ကြည်ညိုသော စိတ်ထားဖြင့် ကောင်းမြတ်သော အင်းပျဉ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် အရောင်အဆင်း လှပတင့်တယ်ခြင်းဖြင့် အရပ်လေးမျက်နှာ ထွန်းလင်းတောက်ပလျက် ရွှေအင်းပျဉ် ရွှေဗိမာန်ပေါက်သော နတ်သမီး

၁၅။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သောဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင် သည် တိမ်ညွန့်တိမ်ထွထ်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်းတောက်ပ၏၊ ကောင်းမြတ်သော ရွှေစင်အတိဖြစ်သော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဉ်ဗိမာန်သည်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။

၁၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။

၁၇။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ် ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၈။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၁၉။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ် အခါကပြုခဲ့သော အကြင်ကုသိုလ်ကြောင့် ဤသို့ ထွန်းလင်းတောက်ပသော တန်ခိုးအာနုဘော်ရှိသူ ဖြစ်ရပါ၏၊ အကျွန်ုပ်၏ ဤအကျိုးသည် အနည်းငယ်သော ထိုကုသိုလ် ကံ၏ အကျိုးပါတည်း။

၂၀။ အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာအရှင်ကို ဖူးမြင်ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာအရှင်အား (ကောင်းမြတ်သော) အင်းပျဉ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ။

၂၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါ၏။

၂၂။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အကြင် (နေရာအင်းပျဉ်ကို လှူ ခြင်း ရှိခိုး ခြင်းစသော) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

သုံးခုမြောက်သော တတိယပီဌဝိမာနဝတ္ထု ပြီး၏။

------

၄-စတုတ္ထပီဌဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က ကိလေသာမြူကင်းသော ရဟန္တာအရှင်မြတ်အား စိတ်ထားကြည်လင်စွာ နေရာအင်းပျဉ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် အဆင်တန်ဆာ စုံလင်စွာနှင့် ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော ပလ္လင်အင်းပျဉ် ဗိမာန်များကို ရရှိသော နတ်သမီး

၂၃။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သောဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင် သည် တိမ်ညွန့် တိမ်ထွထ်၌ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်း တောက်ပ၏၊ ကောင်းမြတ်သော ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဉ်ဗိမာန်သည်ကား စိတ်၏လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။

၂၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၂၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ် ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၂၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၂၇။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ပြုစုခဲ့သော အကြင် ကုသိုလ်ကံကြောင့် ဤသို့ ထွန်းလင်းတောက်ပသော တန်ခိုးအာနုဘော်ရှိသူဖြစ်ရပါ၏၊ အကျွန်ုပ်၏ ဤအကျိုးသည် အနည်းငယ်သော ထိုကုသိုလ် ကံ၏ အကျိုးပါတည်း။

၂၈။ အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာအရှင်ကို ဖူးမြင်ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာ အရှင်အားအင်းပျဉ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ။

၂၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၃၀။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အကျွန်ုပ်သည် အကြင် (နေရာအင်းပျဉ်ကို လှူခြင်း ရှိခိုးခြင်း စသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟုဖြေကြား၏)။

လေးခုမြောက်သော စတုတ္ထပီဌဝိမာနဝတ္ထု ပြီး၏။

------

၅-ကုဉ္ဇရဝိမာနဝတ္ထု

ကိလေသာကင်းစင်၍ ဈာန်ဝင်စားလျက်ရှိသော သူတော်ကောင်းတို့အား လက်တွေ့ ဖူူးမြင်ကာ အရွက်နှင့်တကွသော ပဒုမာကြာပန်းကို လှူဒါန်းခဲ့ရသော ကုသိုလ်ကံကြောင့် ပဒုမာကြာအသွင် ကြန်အင်ပြည့်စုံ ကြာဝတ်မှုန်ပြွန်းလျက်ရှိသော ရုပ်အသွင်ရှိသူ နတ်သမီး

၃၁-၂။ ပဒုမ္မာကြာချပ်နှင့်တူသော မျက်စိရှိသော ပဒုမ္မာနတ်သမီး သင်၏ မြတ်သော စီးတော်ဆင်သည် အထူးထူးသော ရတနာအဆင်တန်ဆာ ရှိ၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ခွန်အားလည်း ရှိ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ ကောင်းကင်၌လည်း ငြိမ့်ညောင်းစွာ သွား၏၊ ပဒုမ္မာကြာ၏ အရောင်ကိုလည်း ဆောင်၏၊ ပဒုမ္မာကြာဝတ်မှုန်တို့ဖြင့် ပြွမ်းသော ကိုယ်အင်္ဂါလည်း ရှိ၏၊ ရွှေဖြင့်ပြီးသော ကြာပန်းကိုလည်း ဆောင်၏။

၃၃။ ပဒုမ္မာကြာတို့ဖြင့် ပြွမ်း၍ ပဒုမ္မာကြာချပ်တို့နှင့် တန်ဆာဆင်လျက် တည်ရှိသော ခရီး လမ်းသို့ ဆင်သည် သာယာဖြည်းညင်းစွာ သွား၏၊ မနှေးမမြန် သွား၏။

၃၄။ ထိုဆင်သွားသောအခါ ရွှေဆည်းလည်းတို့သည် နှစ်သက်ဖွယ်သော အသံ ရှိကြပေ ကုန်၏၊ ထိုဆည်းလည်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပေ၏။

၃၅။ ထိုဆင်၏ ကျောက်ကုန်းထက်၌ သန့်ရှင်းသော အဝတ်စုံကို ဝတ်ဆင်ကာ တန်ဆာ ဆင်လျက် (တည်နေသော သင်) နတ်သမီးသည် နတ်သမီးအပေါင်းများစွာထက် အရောင် အဆင်းဖြင့်သာလွန်တင့်တယ်လှပေ၏။

၃၆။ နတ်သမီး သင်၏ အကျိုးသည် အလှူဒါန၏ အကျိုးပင်လော၊သို့မဟုတ် အကျင့် (သီလ)၏အကျိုးပင်လော၊သို့မဟုတ် လက်အုပ်ချီမိုး ရှိခိုးခြင်းစသည်၏ အကျိုးပင်လော၊ ငါ မေးအပ်သော သင်သည် ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော။

၃၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၃၈။ အကျွန်ုပ်သည် (သာဝက) ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဈာန်ဝင်စားကာ ဈာန်၌မွေ့လျော်သောသူတော်ကောင်းကို ဖူးမြင်ရ၍ အဝတ်ခင်းထားလျက် ပဒုမ္မာကြာပန်းတို့ဖြင့်ကြဲဖြန့်ထားသော နေရာကို ပေးလှူခဲ့ဖူးပါပြီ။

၃၉။ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ (ပဒုမ္မာကြာစည်းမှ) ပဒုမ္မာကြာပန်း ထက်ဝက်ကို ရွက်ချပ်တို့နှင့်တကွ နေရာ၏ ပတ်ဝန်းကျင်၌ ကိုယ်ထိလက်ရောက် ကြဲဖြန့်ခဲ့ဖူးပါပြီ။

၄၀။ အကျွန်ုပ်၏ ဤသို့သော အကျိုးသည် ထိုကုသိုလ်ကံ၏ အကျိုးပါတည်း၊ အကျွန်ုပ်ကို နတ်တို့ကအရိုအသေလည်း ပြုပါ၏၊ အလေးအမြတ်လည်း ပြုပါ၏၊ ပူဇော်လည်း ပူဇော် ပါ၏။

၄၁။ အကြင်သူသည် ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက် ကုန်ပြီးသော အကျင့်မြတ်ကို ကျင့်လေ့ရှိကုန်သောသူတော်ကောင်းတို့အား နေရာကို ပေးလှူ ရာ၏၊ ထိုသူသည် ယခုအကျွန်ုပ် နှစ်သက်ဝမ်းမြောက်ရသကဲ့သို့ ဤအတူ ဝမ်းမြောက်ရ မည်သာတည်း။

၄၂။ ထို့ကြောင့်ပင်လျှင် မိမိ၏ အစီးအပွားကို အလိုရှိ၍ များမြတ်သော အကျိုးကို တောင့်တသူသည်အဆုံးစွန်သော ကိုယ်ကို ဆောင်သော ရဟန္တာပုဂ္ဂိုလ်တို့အား နေရာကို ပေးလှူသင့်၏။

ငါးခုမြောက်သော ကုဉ္ဇရဝိမာနဝတ္ထု ပြီး၏။

------

၁။ ရှေးကုသိုလ်ထူးကြောင့် ဖြစ်ပေါ်လာသော ဆင်နှင့်တူသော ယာဉ်အထူးတည်း။

၂။ ရှေးကုသိုလ်ထူးကြောင့် ဖြစ်ပေါ်လာသော ဆင်နှင့်တူသော ယာဉ်အထူးတည်း။

Ă

၆-ပဌမနာဝါဝိမာနဝတ္ထု

ရှေးလူူ့ဘဝက ရေမွတ်သိပ်၍ ပင်ပန်းနွမ်းနယ်သူူတို့အား သောက်ရေကို ပေးလှူ ခဲ့သောကြောင့် ကြာပုဏ္ဍရိက်ပန်းနှင့် အေးမြသော ရေရှိသည့်ရေကန် ပန်းပင်အမျိုးမျိုး ဝန်းရံလျက် နီဖလံရွှေအမိုးရှိသော လှေကို စီးရသူူ ဗိမာန်ဘုံနန်းကို ရရှိသော နတ်သမီး

၄၃။ နတ်သမီး (သင်သည်) နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့ တက်စီး၍ တည်နေ ဘိ၏၊ ရေကန်သို့ သက်ဆင်းကာ ပဒုမ္မာကြာကို လက်ဖြင့် ဆွတ်ခူး၏။

၄၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၄၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၄၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၄၇။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ရေမွတ်သိပ်ကြကုန်သည် ဖြစ်၍ ပင်ပန်းနွမ်းနယ်ကြသော ရဟန်းတို့ကို မြင်၍ ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ ခဲ့ဖူးပါပြီ။

၄၈။ အကြင်သူသည် ရေမွတ်သိပ်ကြကုန်သည် ဖြစ်၍ ပင်ပန်းနွမ်းနယ်သူတို့အား ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသော ပန်း များပြားသော ကြာပုဏ္ဍရိက် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။

၄၉။ စီးသွားသော ရေ၊ အေးမြသော ရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည် လည်း ကောင်း၊ ပင်လုံးကျွတ် ပွင့်ကုန်သော သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်, သပြေပင်, ငုပင်,သခွတ်ပင်တို့သည်လည်းကောင်း ထိုဗိမာန်ကို အခါခပ်သိမ်း ဝန်းရံကုန်၏။

၅၀။ ဤနတ်ပြည်၌ ထိုသို့သော မြေအဖို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန် တင့်တယ်သော မြတ်သော ဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမှုကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏၊

၅၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၅၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (သောက်ရေကို ပေးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူး ပါပြီ၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ ပါ၏ဟု (ဖြေကြား၏)။

ခြောက်ခုမြောက်သော ပဌမနာဝါဝိမာနဝတ္ထု ပြီး၏။

------

၇-ဒုတိယနာဝါဝိမာနဝတ္ထု

ရှေးနည်းအတူူသောက်ရေလှူခဲ့သော ကုသိုလ်ကံကြောင့် ကြာပုဏ္ဍရိက်ပန်းနှင့် အေးမြသော ရေရှိသည့်ရေကန် ပန်းပင်အမျိုးမျိုးဝန်းရံလျက် ဗိမာန်ဘုံနန်းကို ရရှိသော နတ်သမီး

၅၃။ နတ်သမီး (သင်သည်) နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့ တက်စီး၍ တည်နေ ဘိ၏၊ ရေကန်သို့ သက်ဆင်းကာ ပဒုမ္မာကြာကို လက်ဖြင့် ဆွတ်ခူး၏။

၅၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၅၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၅၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၅၇။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ရေမွတ်သိပ်သည်ဖြစ်၍ ပင်ပန်း နွမ်းနယ်သော ရဟန်းကို မြင်၍ ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူခဲ့ဖူးပါ၏။

၅၈။ အကြင်သူသည် ရေမွတ်သိပ်၍ ပင်ပန်းနွမ်းနယ်သော ရဟန်းအား ထကြွ လုံ့လပြု လျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသော ပန်း များပြားသော ကြာပုဏ္ဍရိက် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။

၅၉။ စီးသွားသော ရေ အေးမြသော ရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည် လည်း ကောင်း၊ ပင်လုံးကျွတ် ပွင့်ကုန်သော သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်, သပြေပင်, ငုပင်၊ သခွတ်ပင်တို့သည်လည်းကောင်း ထိုဗိမာန်ကို အခါခပ်သိမ်း ဝန်းရံကုန်၏။

၆၀။ ဤနတ်ပြည်၌ ထိုသို့သော မြေအဖို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန် တင့်တယ်သော မြတ်သော ဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမှုကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏၊

၆၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ် ရပါကုန်၏။

၆၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်ကအကျွန်ုပ်သည် အကြင် (သောက်ရေကို ပေးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်သည် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

ခုနစ်ခုမြောက်သော ဒုတိယနာဝါဝိမာနဝတ္ထု ပြီး၏။

------

၈-တတိယနာဝါဝိမာနဝတ္ထု

ရှေးနည်းအတူူသောက်ရေလှူခဲ့သော ကုသိုလ်ကံကြောင့် ရှေးနည်းအတိုင်း အကျိုးထူူး ခံစားရသော နတ်သမီး

၆၃။ နတ်သမီး သင်သည် နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့ တက်စီး၍ တည်နေဘိ၏၊ ရေကန်သို့သက်ဆင်းကာ ပဒုမ္မာကြာကို လက်ဖြင့် ဆွတ်ခူး၏။

၆၄။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော သင်၏ အိမ်တို့သည် ထက်ဝန်းကျင်အရပ်လေးမျက်နှာတို့ကို အလွန်တောက်ပစေကုန်လျက် ထွန်းလင်းကုန်၏။

၆၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၆၆။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေး၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၆၇။ ထိုနတ်သမီးသည် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အား လျော်စွာ ဖြေကြားလျှောက်ထား၏။

၆၈။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ရေမွတ်သိပ်ကြကုန်သည်ဖြစ်၍ ပင်ပန်းနွမ်းနယ်ကြသော ရဟန်းတို့ကို မြင်၍ ထကြွလုံ့လပြုလျက် သောက်ရေကို ပေးလှူခဲ့ ဖူးပါပြီ။

၆၉။ အကြင်သူသည် ရေမွတ်သိပ်ကြကုန်သည်ဖြစ်၍ ပင်ပန်းနွမ်းနယ်သူတို့အား ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသော ပန်း များပြားသော ကြာ ပုဏ္ဍရိက် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။

၇၀။ စီးသွားသော ရေ အေးမြသော ရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည် လည်း ကောင်း၊ ပင်လုံးကျွတ် ပွင့်ကုန်သော သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်, သပြေပင်, ငုပင်,သခွတ်ပင်တို့သည်လည်းကောင်း ထိုဗိမာန်ကို အခါခပ်သိမ်း ဝန်းရံကုန်၏။

၇၁။ ဤနတ်ပြည်၌ ထိုသို့သော မြေအဖို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန် တင့်တယ်သော မြတ်သော ဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမှုကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏၊

၇၂။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော အကျွန်ုပ်၏ အိမ်တို့ သည်ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို အလွန်တောက်ပစေကုန်လျက် ထွန်းလင်းပါ ကုန်၏။

၇၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၇၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် (သောက်ရေကို ပေးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းပပါ၏၊ တန်ခိုးအာနုဘော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်၏ ထိုကုသိုလ်ဖြစ်ပွားခြင်း အကျိုးငှါ မြတ်စွာဘုရားသည် (အကျွန်ုပ်လှူဒါန်းသော) သောက်ရေကိုသောက်တော်မူဖူးပါ၏။

ရှစ်ခုမြောက်သော တတိယနာဝါဝိမာနဝတ္ထု ပြီး၏။

------

၉-ဒီပဝိမာနဝတ္ထု

ရှေးလူူ့ဘဝက ဆီမီးတန်ဆောင်ကို လှူဒါန်းခဲ့သောကြောင့် သောက်ရှူးကြယ်အသွင်ဝန်းကျင်အရပ်မျက်နှာ တောက်ပလျက် ကြာပုဏ္ဍရိတ်ပန်းတို့ဖြင့် ဆန်းကြယ်သော ဗိမာန်၌ဖြစ်ရသော နတ်သမီး

၇၅။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၇၇။ နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် သင်သည် အညစ်အကြေးကင်းသော အရောင့်အဆင်းရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် (တစ်ပါးသော) နတ်တို့ထက် သာလွန်၍ တင့်တယ်ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အလုံးစုံသော ကိုယ် အင်္ဂါကြီးငယ်တို့ဖြင့်အရပ်မျက်နှာ အားလုံးသည် ထွန်းလင်းတောက်ပပါသနည်း။

၇၈။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေး၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၇၉။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာဖြေကြားလျှောက်ထား၏။

၈၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက အလွန်မှောင်သော အမိုက်တိုက်၌ ဆီမီးညှိထွန်းချိန်အခါဝယ် ဆီမီးကို ပေးလှူခဲ့ဖူးပါပြီ။

၈၁။ အကြင်သူသည် အလွန်မှောင်သော အမိုက်တိုက်၌ ဆီမီးညှိထွန်းချိန် အခါဝယ် ဆီမီး ကို ပေးလှူ၏၊ ထိုသူသည် များပြားသော ပန်း များပြားသော ကြာပုဏ္ဍရိက်ရှိ၍ အရောင် ထွန်းပသော ဗိမာန်၌ ဖြစ်ရ၏။

၈၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် အညစ်အကြေးကင်းသော အရောင်အဆင်း ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် (တစ်ပါးသော) နတ်တို့ထက် သာလွန်၍ တင့် တယ်ပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အလုံးစုံသော ကိုယ်အင်္ဂါကြီးငယ်တို့ဖြင့် အရပ် မျက်နှာ အားလုံးသည်ထွန်းလင်းတောက်ပပါ၏။

၈၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်ကအကျွန်ုပ်သည် အကြင် (ဆီမီးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ် ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

ကိုးခုမြောက်သော ဒီပဝိမာနဝတ္ထု ပြီး၏။

------

၁၀-တိလဒက္ခိဏဝိမာနဝတ္ထု

ရှေးလူူ့ဘဝက မြတ်စွာဘုရားအား နှမ်းလှူခဲ့သော ကုသိုလ်ကံကြောင့် ရပ်မျက်နှာ ဝန်းကျင်ကြည်လင်တောက်ပသော အရောင်အဆင်းဖြင့် စိတ်နှစ်သက်ဖွယ်ကောင်းကျိုးများကို ရရှိသော နတ်သမီး

၈၅။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၈၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၈၇။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၈၈။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၈၉-၉၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက ကိလေသာမြူကင်းတော်မူသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ ပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်သော အလှူကို ခံထိုက်သော မြတ်စွာ ဘုရားအား ကြိုတင်ကြံစည်မှုမရှိဘဲ အကြောင်းညီညွတ်၍ နှမ်းတည်းဟူသော လှူဖွယ်ဝတ္ထုကို ကိုယ်ထိ လက်ရောက်ပေးလှူခဲ့ဖူးပါ၏။

၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၉၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် နှမ်းတည်းဟူသော လှူဖွယ်ဝတ္ထုကို ပေးလှူခဲ့ဖူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေ ကြား၏)။

ဆယ်ခုမြောက်သော တိလဒက္ခိဏဝိမာနဝတ္ထု ပြီး၏။

------

၁၁-ပဌမပတိဗ္ဗတာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က လင့်အပေါ်၌ ဝတ်တရားမပျက် ပြုစုခဲ့သည့်ပြင် အလှူပေးခြင်း၌မွေ့လျော်သည့်အလျောက် ချီးမြှောက်လှူဒါန်းခဲ့သောကြောင့် အသံသာသော ငှက်အပေါင်းတို့တွန်ကျူးလျက် ကြည်နူူးဖွယ်ပန်းအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်သော ဘုံဗိမာန်ကို ရရှိသော နတ်သမီး

၉၃။ နတ်သမီး နတ်အာနုဘော်ရှိကုန်သော ကြိုးကြာ, ဥဒေါင်း, ဟင်္သာ, အသံသာသည့်ဥဩငှက်တို့သည် (သင်နတ်သမီး မွေ့လျော်စေရန်) ထက်ဝန်းကျင်မှ ပျံသန်းလှည့်လည်ကြ ကုန်၏၊ ပန်းတို့ဖြင့် ပြွမ်း၍ မွေ့လျော်ဖွယ်ရှိသည့် အမျိုးမျိုးဆန်းကြယ်သော ဤဗိမာန်သည်နတ်သား နတ်သမီးတို့ဖြင့် တင့်တယ်လှပါပေ၏။

၉၄။ အာနုဘော်ကြီးသော နတ်သမီး သင်သည် အမျိုးမျိုးသော တန်ခိုးတို့ကို ဖန်ဆင်း လျက် ထိုဗိမာန်၌နေ၏၊ ဤနတ်သမီးတို့သည် လည်း သင်၏ ထက်ဝန်းကျင်မှ ကလည်း ကကြကုန်၏၊ သီဆိုလည်းသီဆိုကြကုန်၏၊ ဝမ်းမြောက် ရွှင်လန်းခြင်းကိုလည်း ဖြစ်စေကြ ကုန်၏။

၉၅။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ် ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၉၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၉၇။ အကျွန်ုပ်သည် လူဖြစ်ခဲ့စဉ်က လင့်အပေါ်၌ ကျင့်ရာသောဝတ်နှင့် ပြည့်စုံခဲ့ပါ၏၊ ယောက်ျားတစ်ပါး၌့ဖောက်ပြန်လိုစိတ် မရှိခဲ့ပါ၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ အစဉ်စောင့်ရှောက်လေ့ရှိပါ၏၊ အကျွန်ုပ်သည် အမျက်ပင် ထွက်ငြားသော်လည်း ကြမ်းကြုတ်သော စကားကို မပြောဆိုပါ။

၉၈။ မဟုတ်မမှန်သော စကား ပြောဆိုခြင်းကို ပယ်စွန့်၍ ဟုတ်မှန်သော စကား၌ တည်ခဲ့ ပါ၏၊ အလှူပေးခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ သူတစ်ပါးတို့အား ချီးမြှောက်သော အလေ့ရှိပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ (အခြား) များစွာသော အလှူကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ဖူးပါပြီ။

၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၀၀။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (ဒါနသီလစသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

တစ်ဆယ့်တစ်ခုမြောက်သော ပဌမပတိဗ္ဗတာဝိမာနဝတ္ထု ပြီး၏။

------

၁၂-ဒုတိယပတိဗ္ဗတာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က မြတ်စွာဘုရား၏ ဥပါသိကာမဖြစ်လျက် ကျင့်ဝတ်သီလပြည့်စုံစွာ လင်ကို ပြုစုခဲ့သဖြင့် ၎င်းအလှူဒါနပြုခဲ့သောကြောင့် ၎င်း ကြောင်မျက်ရွဲတိုင်တို့ဖြင့် ဆန်းကြယ်သော ဘုံဗိမာန်ဝယ် ကခြင်း သီခြင်းအစုံအလင်တို့ဖြင့် ပျော်ရွှင်စွာ စံစားရသော နတ်သမီး

၁၀၁။ အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ်ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုးဆန်းကြယ်သော ဗိမာန်သို့ တက်၍ ထိုဗိမာန်ထက်၌အထူးထူးအပြားပြားသော တန်ခိုးတို့ကို ဖန်ဆင်းလျက် နေဘိ၏၊ ဤနတ်သမီးတို့သည် လည်း သင်၏ထက်ဝန်းကျင်၌ ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ ဝမ်းမြောက်ရွှင်လန်းခြင်းကိုလည်း ဖြစ်စေကြကုန်၏။

၁၀၂။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ် ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၀၃။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၁၀၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက စက္ခုငါးပါးရှိတော်မူသော မြတ်စွာ ဘုရား၏ဥပါသိကာမ ဖြစ်ခဲ့ဖူးပါ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏၊ လောက၌ မပေး သည်ကို ယူခြင်းမှကြဉ်ရှောင်ခဲ့ပါ၏။

၁၀၅။ သေအရက်စသော ယစ်မျိုးကို မသောက်ခဲ့ပါ၊ မဟုတ်မမှန်သော စကားကို မပြော ဆိုခဲ့ပါ၊ မိမိလင်ဖြင့်သာ ရောင့်ရဲခဲ့ပါ၏၊ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အခြားများစွာသော အလှူကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ဖူးပါပြီ။

၁၀၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၀၇။ တန်ခိုးအာနုဘော်ကြီးသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူ ဖြစ်ခဲ့စဉ်ကအကျွန်ုပ်သည် အကြင် (သရဏဂုံယူခြင်း, သီလဆောက်တည်၍ ကျင့်ခြင်းစသော) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

တစ်ဆယ့်နှစ်ခုမြောက်သော ဒုတိယပတိဗ္ဗတာဝိမာနဝတ္ထု ပြီး၏။

------

၁၃-ပဌမသုဏိသာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က ယောက္ခမအိမ်၌ ချွေးမဖြစ်ရစဉ် ရဟန္တာအရှင်မြတ်ကို ဖူူးမြင်ကာ မုံ့ခဲဖွယ်ကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန်ဥယျာဉ်၌ အရောင်အဝါတောက်ပသော အဆင်းနှင့် ပြည့်စုံသူူနတ်သမီး

၁၀၈။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၁၀၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၁၁၀။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၁၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၁၁၂။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက ယောက္ခမအိမ်၌ ချွေးမ ဖြစ်ခဲ့ဖူး ပါ၏။

၁၁၃။ (ထိုအခါ) အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိ သည်ဖြစ်၍ ရဟန္တာအားမုန့်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ။ အကျွန်ုပ်ရသော အဖို့မှ ထက်ဝက်အဖို့ကို ပေးလှူ ခြင်းကြောင့် နန္ဒဝန်ဥယျာဉ်၌ မွေ့လျော်ရပါ၏။

၁၁၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၁၅။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြား ပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (မုန့်လှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထို ကုသိုလ်ထူးကြောင့်အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူး ကြောင့် အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။

တစ်ဆယ့်သုံးခုမြောက်သော ပဌမသုဏိသာဝိမာနဝတ္ထု ပြီး၏။

------

၁၄-ဒုတိယသုဏိသာဝိမာနဝတ္ထု

ရှေးနည်းအတူူ လူူဖြစ်စဉ်က ရဟန္တာအရှင်မြတ်အား မုယောမုံ့ကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန်ဥယျာဉ်၌ မွေ့လျော် ခံစားရသော နတ်သမီး

၁၁၆။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၁၁၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၁၁၈။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၁၉။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၂၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက ယောက္ခမအိမ်၌ ချွေးမ ဖြစ်ခဲ့ဖူး ပါ၏။

၁၂၁။ (ထိုအခါ) အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိ သည်ဖြစ်၍ အကျွန်ုပ်၏အဖို့ဖြစ်သော မုယောမုန့်ကို ထိုရဟန္တာအား ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ၊ မုယောမုန့်ကို ပေးလှူခဲ့ခြင်းကြောင့် အကျွန်ုပ်သည် နန္ဒဝန်ဥယျာဉ်၌ မွေ့ လျော်ရ၏။

၁၂၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာရပါ ကုန်၏။

၁၂၃။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (မုယောမုန့်ကို ပေးလှူသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။

တစ်ဆယ့်လေးခုမြောက်သော ဒုတိယသုဏိသာဝိမာနဝတ္ထု ပြီး၏။

------

၁၅-ဥတ္တရာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က သူူတပါးကို ငြူစူူခြင်း ဂုဏ်ပြိုင်ခြင်း ဝန်တိုခြင်းမရှိ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သုံး၍ လင့်အလိုသို့လိုက်ခြင်း လှူဒါန်းပေးကမ်းခြင်း သိက္ခာပုဒ်ငါးပါးကို လုံခြုံစေခြင်းတို့ကြောင့် အခြံအရံဂုဏ်သတင်း ကျော်စောခြင်းနှင့် ပြည့်စုံသော အဖြစ်သို့ ရောက်ရသော နတ်သမီး

၁၂၄။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၁၂၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၂၆။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၂၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၂၈။ အကျွန်ုပ်သည် အိမ်၌နေသူ ဖြစ်ပါလျက်လည်း ငြူစူမှု (ဣဿာ)၊ ဝန်တိုမှု (မစ္ဆရိယ)၊ ဂုဏ်ပြိုင်မှု (ပဠာသ) မဖြစ်ခဲ့ပါ၊ အကျွန်ုပ်သည် အမျက်မထွက်ခဲ့ပါ၊ လင့်အလိုသို့ လိုက်၍ ကျင့်ခဲ့ပါ၏၊ ဥပုသ်စောင့်သုံးမှု၌ အမြဲမပြတ် မမေ့မလျော့ခဲ့ပါ။

၁၂၉။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ် နှင့် ပြည့်စုံခဲ့ပါ၏။

၁၃၀။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။

၁၃၁။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း၊ မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း၊ လင်ကို ကျော်လွန်၍ ယောက်ျား တစ်ပါးနှင့်သွားလာလွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း၊ သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာရှောင်ကြဉ်ခဲ့ပါ၏။

၁၃၂။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၁၃၃။ အကျွန်ုပ်သည် မိမိသီလဖြင့်လည်းကောင်း၊ အခြံအရံများခြင်းဖြင့်လည်းကောင်း ဂုဏ်သတင်းကျော်စောခြင်း ရှိခဲ့ပါ၏၊ မိမိကောင်းမှု (အကျိုး) ကိုလည်း သုံးဆောင် ခံစားရပါ၏၊ အနာရောဂါ မရှိမူ၍ ချမ်းသာခြင်းသို့ ရောက်သူလည်း ဖြစ်ပါ၏။

၁၃၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၃၅။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

၁၃၆။ အရှင်ဘုရား ဥတ္တရာအမည်ရှိသော ဥပါသိကာမသည် မြတ်စွာဘုရား၏ ခြေတော် တို့ကို ဦးခိုက်လိုက်ပါ၏ဟု အကျွန်ုပ်၏ စကားဖြင့်ပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက် ပါလေလော့၊ အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို သာမညဖိုလ်တစ်ခု၌ တည်သူဟု မိန့်ကြားတော်မူခြင်းသည့်အံ့ဖွယ်ရာ မဟုတ်တော့ပါဟု (လျှောက်ဆို၏)။

ထိုဥတ္တရာကို မြတ်စွာဘုရားသည် သကဒါဂါမိဖိုလ်၌ မိန့်ကြားတော်မူခဲ့ဖူး၏။

တစ်ဆယ့်ငါးခုမြောက်သော ဥတ္တရာဝိမာနဝတ္ထု ပြီး၏။

------

၁၆-သိရိမာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်က မြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါးတရားကို ကြားနာ ရ၍ သီလကို ကောင်းစွာဆောက်တည် လောကုတ္တရာသမာဓိတည်လျက် အရိယမဂ်သို့ ဆိုက်ရောက်ခဲ့သောကြောင့် လူအများတို့ အပူဇော်ကို ခံကာ သောတာပန်အဖြစ်ဖြင့် ကွယ်လွန်ပြီးနောက် နိမ္မာနရတိနတ်ပြည်သို့ရောက်ရသော နတ်သမီး

၁၃၇။ မြတ်သော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော (နတ်ပြည်မှ သက်ဆင်း သည်၏အစွမ်းဖြင့်) အောက်သို့ မျက်နှာရှေးရှုကုန်သော ကောင်းကင်၌ သွားစွမ်းနိုင်သော ခွန်အားရှိကုန်သော အဟုန်နှင့်လည်း ပြည့်စုံကုန်သော မြင်းတို့ကို သင်၏ ရထား၌ ကအပ် ကုန်ပြီ၊ ရထားထိန်းမောင်းနှင်သကဲ့သို့သော မြင်းရှိကုန်သော သင်ဖန်ဆင်းအပ်သည့် ရထား ငါးရာတို့သည် သင်နတ်သမီးသို့ အစဉ်လိုက်ကုန်၏။

၁၃၈။ တန်ဆာဆင်အပ်သော ကိုယ်ရှိသော သင်နတ်သမီးသည် ထွန်းလင်းတောက်ပသော ဆီမီးရောင်ကဲ့သို့ တပြောင်ပြောင် တောက်ပလျက် မြတ်သော ရထား၌ တည်နေဘိ၏၊ မြတ်သော အဆင်းကို ဆောင်၍ ရှုချင်ဖွယ်ရှိသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ သင်သည် အဘယ်နတ်ပြည်မှမြတ်စွာဘုရားထံသို့ ဆည်းကပ်လာသနည်း။

၁၃၉။ အရှင်ဘုရား ကာမဂုဏ်အသုံးအဆောင်တို့ဖြင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော နတ်တို့၏ အကြင်နတ်ပြည်ကို မြတ်၏ဟူ၍ ဆိုကြပါကုန်၏၊ ထိုနတ်ပြည်၌ နတ်တို့သည် ဖန်ဆင်း၍ ဖန်ဆင်း၍ မွေ့လျော်ကြပါကုန်၏၊ အလိုရှိရာအဆင်းကို ဆောင်နိုင်သော အကျွန်ုပ် နတ်သမီးသည်ထို (နိမ္မာနရတိ) နတ်ပြည်မှ မြတ်စွာဘုရားကို ရှိခိုးခြင်းငှါ ဤလူ့ပြည်သို့ လာ ရောက်ခဲ့ပါ၏။

၁၄၀။ ရှေးဘဝ၌ သင်သည် အဘယ် (သုစရိုက်တရား) ကို ဆည်းပူးခဲ့သနည်း၊ အဘယ် ကုသိုလ်ကြောင့်သင်သည် မရေတွက်နိုင်သည့် အခြံအရံရှိသည်ဖြစ်၍ ချမ်းသာစွာဖြင့် ကြီးပွါး လျက် ဤနတ်ပြည်၌နေရသနည်း၊ သင့်အား မိမိထက် လွန်ကဲသူ မရှိမူ၍ ကောင်းကင်၌ သွားစွမ်းနိုင်သော တန်ခိုးရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်ဆယ်မျက်နှာတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၄၁။ နတ်သမီး သင်သည် နတ်တို့ခြံရံအပ်သူ, အရိုအသေပြုအပ်သူ ဖြစ်ခဲ့၏၊ သင်သည် အဘယ်ဘဝမှစုတေခဲ့၍ ကောင်းသော လားရာ နိမ္မာနရတိနတ်ပြည်သို့ ရောက်ရသနည်း၊ သင်သည်အဘယ်ဆရာ၏ အဆုံးအမစကားကို လိုက်နာသနည်း၊ သင်သည် မြတ်စွာဘုရား၏ တပည့်ဥပါသိကာမဖြစ်ခဲ့ပါမူ ငါ့အား ဖြေကြားပါလော့။

၁၄၂။ တောင်တို့၏ အလယ် ကောင်းစွာ ဖန်ဆင်းထားသော (ရာဇဂြိုဟ်) ပြည်မြတ်၌ ကျက်သရေရှိသော (ဗိမိ္ဗသာရ) မင်းမြတ်၏ အလုပ်အကျွေး ဖြစ်ခဲ့ဖူးပါပြီ၊ အကျွန်ုပ်သည် ကခြင်း, သီဆိုခြင်းတို့ကို အလွန်ကောင်းမွန်စွာ သင်ယူပြီး ဖြစ်ခဲ့ပါပြီ၊ ရာဇဂြိုဟ်ပြည်၌ အကျွန်ုပ်ကို သီရိမာဟူ၍ သိကြပါကုန်၏။

၁၄၃။ ရဟန်းမြတ်ဖြစ်တော်မူသော ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်လည်း အကျွန်ုပ်အားဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့၏ မမြဲသည်၏အဖြစ်ကိုလည်းကောင်း, မပြု ပြင်အပ်သော ဆင်းရဲချုပ်ရာ နိရောဓသစ္စာ၏ မြဲသည်၏အဖြစ်ကိုလည်းကောင်း, မကွေ့ မကောက်သော ခရီးဖြစ်သော အေးချမ်းစွာသော ဤမဂ္ဂသစ္စာကိုလည်းကောင်း ဟောတော်မူခဲ့ ပါ၏။

၁၄၄။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏့အဆုံးအမဖြစ်သော သေခြင်းကင်းသော မပြုပြင်အပ်သော နိဗ္ဗာန်ရောက်ကြောင်းတရားကို ကြားနာရ၍ သီလတို့၌ ကောင်းစွာ စောင့်စည်းခဲ့ပါ၏၊ နတ်လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားဟောအပ်သော တရား၌ တည်ခဲ့ပါ၏။

၁၄၅။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား သည်ဟောတော်မူအပ်သော ကိလေသာမြူကင်းသော မပြုပြင်အပ်သော နိဗ္ဗာန်ရောက် ကြောင်းတရားကို သိရပါ၍ ထိုခဏ၌ပင်လျှင် ဆန့်ကျင်ဘက် တရားတို့ကို ငြိမ်းစေတတ်သော (လောကုတ္တရာ) သမာဓိသို့ရောက်ခဲ့ပါ၏၊ ထိုသမာဓိကို ရခြင်းသည်ပင်လျှင် အကျွန်ုပ်အား မြတ်သည် မြဲသည်၏အဖြစ် (အရိယာမဂ်) သည် ဖြစ်ခဲ့ပါ၏။

၁၄၆။ အကျွန်ုပ်သည် ပုထုဇဉ်တို့ထက် ထူးအောင်ပြုတတ်သော အမြိုက်နိဗ္ဗာန်ကို ရပြီး၍ ထိုးထွင်းသိအပ်သော မဂ်ဉာဏ်၌ အထူးသို့ရောက်လျက် အမှန်ယူခြင်း ရှိပါ၏၊ ယုံမှားသံသယလည်းကင်းပါ၏၊ အကျွန်ုပ်သည် လူအများတို့ အပူဇော်ကို ခံယူလျက် များပြားလှစွာသော မြူးထူးမွေ့လျော်ခြင်းကို ခံစားရပါ၏။

၁၄၇။ ဤနည်းဖြင့် အကျွန်ုပ်သည် အမြိုက်နိဗ္ဗာန်ကို သိမြင်ရသူ နတ်သမီး ဖြစ်ပါ၏၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏ တပည့်မ ဖြစ်ခဲ့ပါ၏၊ (သစ္စာလေးပါး) တရားတို့ကို မြင်ခြင်းရှိပါ၏၊ သောတာပတ္တိဖိုလ်၌ တည်သူ သောတာပန်လည်း ဖြစ်ပါ၏၊ အကျွန်ုပ်အား မကောင်းသော လားရာဂတိ မရှိတော့ပါ။

၁၄၈။ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးခြင်းငှါလည်းကောင်း၊ ကြည်ညိုဖွယ်ဆောင် ကုန်သော အပြစ်မရှိသော (နိဗ္ဗာန်) တရား၌ မွေ့လျော်ကုန်သော ရဟန်းတို့ကိုလည်း ရှိခိုးခြင်း ငှါလည်းကောင်းဘေးမရှိမူ၍ မကောင်းမှုကို ငြိမ်းစေပြီးသော မြတ်စွာဘုရားနှင့် မြတ်စွာ ဘုရားတပည့်တို့၏အစည်းအဝေးသို့ ချဉ်းကပ်ခဲ့ပါ၏၊ ဘုန်းကျက်သရေရှိတော်မူသော တရား မင်းဖြစ်တော်မူသော မြတ်စွာဘုရား၌ ရိုသေလေးမြတ်ခြင်း ရှိခဲ့ပါ၏။

၁၄၉။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော၊ ဆုံးမထိုက်သူ တို့ကို ဆုံးမတော်မူတတ်သည့် ယောက်ျားမြတ်လည်း ဖြစ်တော်မူသော၊ တဏှာကို ဖြတ် တော်မူပြီးသော၊ အပြစ်မရှိသော (နိဗ္ဗာန်) တရား၌ မွေ့လျော်တော်မူတတ်သော၊ နတ်လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ဝမ်းမြောက်သော စိတ်ရှိလျက် နှစ်သက်ခဲ့ရပါ၏၊ အကျွန်ုပ်သည် မြတ်သော အစီးအပွါးဖြင့် (သတ္တဝါအားလုံးတို့ကို) သနား စောင့်ရှောက်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

တစ်ဆယ့်ခြောက်ခုမြောက်သော သီရိမာနဝတ္ထု ပြီး၏။

------

၁၇-ကေသကာရီဝိမာနဝတ္ထု

ဗာရာဏသီပြည်၌ ကေသကာရီအမည်ဖြင့် မိန်းမဖြစ်စဉ်က ရတနာသုံးပါး၌ ယုံကြည် သီလ၌တည်ကာသောတာပန်ဖြစ်၍ ဘဝပြောင်းသောအခါ ရွှေသစ်ပင်တို့ဖြင့် ဝိုင်းရံသော ဗိမာန်တွင်နတ်သမီးအပေါင်းတို့ကို လွှမ်းမိုးနိုင်သော အရောင်အဆင်းကို ရရှိသူူနတ်သမီး

၁၅၀။ နှစ်သက်ဖွယ်ရှိ၍ ပြိုးပြိုးပြက်ထွက်သော အရောင်အဆင်းလည်းရှိသော ကြောင် မျက်ရွဲဖြင့်ပြီးသော တိုင်လည်းရှိသော အလွန်ကျယ်ပြန့်သော ကောင်းစွာ ဖန်ဆင်းအပ်သော ရွှေသစ်ပင်တို့ဖြင့်ထက်ဝန်းကျင်မှလည်း ဖုံးလွှမ်းအပ်သော ကံ၏ အကျိုးနှင့်တကွဖြစ်သော ဤဗိမာန်သည် ငါ၏ နေရာဗိမာန်ပေတည်း။

၁၅၁။ ထိုငါ၏ ဗိမာန်၌ ဖြစ်ကုန်သော ဤနတ်သမီးဟောင်းတို့သည် တစ်သိန်းမျှ ရှိကုန်၏၊ မိမိကံကြောင့် ယခုအခါ၌ ရောက်လာသော သင်သည် အခြံအရံနှင့် ပြည့်စုံသူ ဖြစ်၏၊ (ထိုမိမိကံ့အာနုဘော်ကြောင့်သာလျှင်) ရှေးနတ်သမီးတို့ထက် ထွန်းလင်းတောက်ပလျက် တည်နေဘိ၏။

၁၅၂။ ယုန်ရေးတံဆိပ်ရှိသော နက္ခတ်တာရာ ကြယ်တကာတို့၏ မင်းဖြစ်သော လသည် ကြယ်တာရာအပေါင်းကို လွှမ်းမိုး၍ တင့်တယ်သကဲ့သို့ ထို့အတူသာလျှင် သင်သည် ဤ နတ်သမီးအပေါင်းကို လွှမ်းမိုး၍ အခြံအရံဖြင့် အလွန်ထွန်းလင်းတောက်ပလျက် တင့်တယ်ပါ၏။

၁၅၃။ အလုံးစုံသော ကိုယ်အင်္ဂါတို့ဖြင့် ရှုချင်ဖွယ်ရှိသော နတ်သမီး သင်သည် အဘယ် ဘဝမှ လာခဲ့၍ ဤငါ၏ဘုံဗိမာန်သို့ ရောက်လာဘိသနည်း၊ သိကြားမင်းနှင့်တကွ တာဝတိံသာ နတ်တို့သည် ဗြဟ္မာမင်းကို ကြည့်ရှုရသဖြင့် မရောင့်ရဲနိုင်သကဲ့သို့ အလုံးစုံသော ငါတို့သည် သင့်ကို ကြည့်ရှုရခြင်းဖြင့် မရောင့်ရဲနိုင်ကြပါကုန် (ဟု သိကြားမင်းက မေး၏)။

၁၅၄။ သိကြားမင်း ''အဘယ်အရပ်မှ စုတေ၍ ဤငါ့ဗိမာန်သို့ သင် လာရောက်သနည်း''ဟူသော အမေးကို အကျွန်ုပ်အား မေးဘိ၏၊ သိကြားမင်း အကျွန်ုပ်သည် ကာသိတိုင်း ဗာရာဏသီမည်သော ပြည်ရှိ၏၊ ရှေးဘဝက ထိုဗာရာဏသီပြည်၌ ကေသကာရီမည်သော မိန်းမ ဖြစ်ခဲ့ဖူးပါ၏။

၁၅၅။ အကျွန်ုပ်သည် ဘုရား၌လည်းကောင်း, တရား၌လည်းကောင်း, သံဃာ၌လည်း ကောင်း ကြည်ညိုစိတ် ရှိခဲ့ပါ၏၊ အမှန်ဟုယူခြင်း ရှိပါ၏၊ ယုံမှား (သံသယ) မရှိခဲ့ပါ၊ သိက္ခာပုဒ် တို့ကိုလည်းမကျိုးမပေါက်စေခဲ့ပါ၊ သောတာပတ္တိဖိုလ်သို့လည်း ရောက်ခဲ့ပါ၏၊ သစ္စာလေးပါး တို့ကို သိတတ်သော မဂ်ဉာဏ်၌ အနှောက်အယှက်ကင်း၍ မြဲသော သဘော ရှိပါ၏။

၁၅၆။ ''ဘုရား၌လည်းကောင်း, တရား၌လည်းကောင်း, သံဃာ၌လည်းကောင်း ကြည်ညို စိတ်ရှိခဲ့ပါ၏၊ အမှန်ဟုယူခြင်း ရှိပါ၏၊ ယုံမှား (သံသယ) မရှိခဲ့ပါ၊ သိက္ခာပုဒ်တို့ကိုလည်း မကျိုးမပေါက်စေခဲ့ပါ၊ သောတာပတ္တိဖိုလ်သို့လည်း ရောက်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို သိတတ်သော မဂ်ဉာဏ်၌အနှောက်အယှက်ကင်း၍ မြဲသော သဘော ရှိပါ၏''ဟု ပြောဆိုသော နတ်သမီး သင်၏ထို (ကောင်းမှုပြည့်စုံခြင်း, နတ်စည်းစိမ်ပြည့်စုံခြင်းနှစ်ပါး) ကို ငါတို့ နှစ်သက် ဝမ်းမြောက်ပါကုန်၏၊ သင်၏လာခြင်းသည် ကောင်းသော လာခြင်းလည်း ဖြစ်ပါ၏၊ သင်သည် တရားဖြင့်လည်းကောင်း,အခြံအရံဖြင့်လည်းကောင်း တင့်တယ်ပါပေ၏။

တစ်ဆယ့်ခုနစ်ခုမြောက်သော ကေသကာရီဝိမာနဝတ္ထု ပြီး၏။

ဣတ္ထိဝိမာနဝဂ်၌ ရှေးဦးစွာသော ပီဌဝဂ် ပြီး၏။

------

၂-စိတ္တလတာဝဂ်

၁-ဒါသိဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ်အခါ သူူတပါး၏ အစေခံကျွန်မ ဖြစ်ရသော်လည်း ဂေါတမမြတ်စွာဘုရား၏ဥပါသိကာမဖြစ်၍ ခန္ဓာကိုယ်ကို မငဲ့ကွက် အရိယမဂ်သို့ ရောက်အောင် အားထုတ်ကာ အရိယာအဖြစ်ဖြင့်ကွယ်လွန်၍ တာဝတိံသာ စိတ္တလတာဥယျာဉ်အတွင်း ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းလျက် တူူရိယာခြောက်သောင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေခြင်း ခံယူူကာ ဝမ်းမြောက် ပျော်ရွင်စွာနေရသော နတ်သမီး

၁၅၇။ (နတ်သမီး သင်သည်) နတ်တို့အရှင် သိကြားမင်းကဲ့သို့ နတ်သမီးအပေါင်း ခြံရံ လျက် နှလုံးမွေ့လျော်ဖွယ်ကောင်းသော၊ စိတ္တလတာအမည်ရှိသော ဥယျာဉ်အတွင်းဝယ်သောက်ရှူးကြယ်ကဲ့သို့အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် ထက်ဝန်းကျင်မှ လှည့်လည်ဘိ၏။

၁၅၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သဘောရှိသော အရောင်အဆင်းဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား ကောင်းကျိုး ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၅၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ့ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ် မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၆၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၆၁။ အကျွန်ုပ်သည် လူဘဝဝယ် လူဖြစ်ခဲ့စဉ်က သူတစ်ပါးတို့အိမ်၌ အစေခံကျွန်မ ဖြစ် ခဲ့ဖူးပါပြီ။

၁၆၂။ (စက္ခု) ငါးပါးရှိတော်မူသော အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ တာဒိလက္ခဏာနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရား၏ သာသနာတော်၌ အကျွန်ုပ်အား ကိလေသာတရားတို့မှ ထွက်မြောက် ကြောင်းလုံ့လရှိခဲ့ပါ၏။

၁၆၃-၄။ ဤခန္ဓာကိုယ်သည် ပျက်လိုမူလည်း ပျက်ပါစေ၊ ဤကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ လျော့လျော့ပြုမှုမရှိသည်သာလျှင်တည်း၊ သိက္ခာပုဒ်ငါးပါးတို့ (ပြည့်စုံကြောင်းဖြစ်သော) ချမ်းသာစေတတ်သော၊ ငြိမ်းချမ်းသော၊ ရာဂစသော ဆူးငြောင့်မရှိသော၊ ကိလေသာ မိစ္ဆာ အယူ ခြုံလည်း မရှိသော ဖြောင့်မတ်သော သဘောရှိသော၊ ဘုရားအစရှိကုန်သောသူတော် မြတ်တို့ ဟောကြားအပ်သော အရိယာမဂ်သည် ရှိပါ၏၊ မိန်းမသားမျှပင် ဖြစ်ပါလျက် ဤ အရိယာမဂ်သို့ ရောက်ခဲ့ပါပြီ၊ အားထုတ်မှုလုံ့လ၏ အကျိုးကို ရှုတော်မူပါလော့။

၁၆၅-၈။ အကျွန်ုပ်သည် မိမိအလိုသို့ လိုက်စေတတ်သော သိကြားမင်း၏ အတိုင်ပင်ခံ နတ်သမီးဖြစ်ခဲ့ပါ၏၊ အာလမ္ဗတူရိယာ, ဂဂ္ဂရတူရိယာ, ဘီမတူရိယာ, သာဓုဝါဒီတူရိယာ, သံသယတူရိယာ,ပေါက္ခရတူရိယာ, သုဖဿတူရိယာ စသော ခြောက်သောင်းကုန်သော တူရိယာ တို့သည် အကျွန်ုပ်၏နှစ်သက်ဝမ်းမြောက်မှုကို နိုးကြားစေပါကုန်၏၊ ဝီဏာမောက္ခ နတ်သမီး, နန္ဒာနတ်သမီး,သုနန္ဒာနတ်သမီး,သော ဏဒိန္နာနတ်သမီး, သုစိမှိတာနတ်သမီး, အလမ္ဗုသာ နတ်သမီး,မိဿကေသီနတ်သမီး, ပုဏ္ဍရိကာနတ်သမီး, အတိဒါရုဏီနတ်သမီး, ဧဏီဖဿာ နတ်သမီး,သုဖဿာနတ်သမီး, သုဘဒ္ဒါနတ်သမီး, မုဒုဝါဒိနီနတ်သမီး ဤဆိုခဲ့ပြီးသော နတ် သမီးတို့နှင့်နတ်သမီးတို့တွင် အထူးသဖြင့် ချီးမွမ်းအပ်ကုန်သော အခြားနတ်သမီးတို့သည် အကျွန်ုပ်၏နှစ်သက်ဝမ်းမြောက်မှုတို့ကို ကြားစေပါကုန်၏။

၁၆၉။ ထိုနတ်သမီးတို့သည် လျောက်ပတ်သောအခါ၌ အကျွန်ုပ်ထံသို့ ချဉ်းကပ်ကုန်၍ ''ယခုအခါအကျွန်ုပ်တို့သည် ကခုန်ကြပါကုန်အံ့ သီချင်းသီဆိုကြပါကုန်အံ့ သင့်ကို မွေ့လျော် စေကြပါကုန်အံ့''ဟုပြောဆိုကြပါကုန်၏။

၁၇၀။ စိုးရိမ်ခြင်းမရှိသော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နှလုံးမွေ့လျော် ပျော်ဖွယ် ရာဖြစ်သောတာဝတိံသာနတ်တို့၏ ကြီးမြတ်သော ဥယျာဉ်ဖြစ်သော ဤအရပ်ဌာနသည် ကောင်းမှုကို မပြုကုန်သောသူတို့အတွက် မဟုတ်ပါ၊ ကောင်းမှုကို ပြုပြီးသူတို့အတွက် သာလျှင် ဖြစ်ပါ၏။

၁၇၁။ ကောင်းမှုကို ပြုလေ့မရှိကုန်သောသူတို့အား ဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း ချမ်းသာမှု မရှိပါ၊ ကောင်းမှုကို ပြုပြီးကုန်သောသူတို့အားသာလျှင်ဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း ချမ်းသာမှု ရှိနိုင်ပါ၏။

၁၇၂။ ထိုတာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်ကို အလိုရှိကုန်သောသူတို့သည် ကုသိုလ်ကို များစွာ ပြုအပ်၏၊ ထိုစကား မှန်၏၊ ကောင်းမှုကို ပြုပြီးသူတို့သည် နတ်ပြည်၌ နတ်စည်းစိမ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ရကုန်၏။

ရှေးဦးစွာသော ဒါသိဝိမာနဝတ္ထု ပြီး၏။

------

၂-လခုမာဝိမာနဝတ္ထု

လူူ့ဘဝ၌ဖြစ်စဉ် ရဟန်းတို့အား ဆွမ်း,မုယောမုံ့ ဟင်းရွက်ဟင်း လှူဒါန်းကာ သောဝီရကအဖျော်ကို ဆက်ကပ်ခဲ့ခြင်း, ဥပုသ်သီလ ကျင့်သုံးခြင်းတို့ကြောင့် သကဒါဂါမ် ဖြစ်ကာ ဘဝပြောင်းသောအခါပတ်ဝန်းကျင် အရောင်အဝါ ထွန်းပသော ရုပ်အသွင်နှင့် ပြည့်စုံသူူနတ်သမီး

၁၇၃။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၁၇၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၇၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။

၁၇၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်၌ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၇၇-၈။ အကျွန်ုပ်၏အိမ်သည် ကေဝဋ္ဋအမည်ရှိသော တံခါးမှ ထွက်ရာအရပ်၌ ဖြစ်ပါ၏၊ ထိုကေဝဋ္ဋအမည်ရှိသော တံခါး၌ ထွက်ဝင်သွားလာကုန်သော မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကို ရှာမှီးလေ့ရှိကုန်သော ဘုရားသားတော် ရဟန်းတို့အား ဆွမ်းကိုလည်းကောင်း,မုယောမုန့်ကိုလည်းကောင်း, ဆန်ဖြင့် ရောနှောချက်သော ဟင်းရွက်ဟင်းကိုလည်းကောင်း ပေးလှူခဲ့ဖူးပါပြီ၊ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးကြည်ညိုသော စိတ်ဖြင့် လောဏသောဝီရက အဖျော်ကိုလည်း ပေးလှူခဲ့ဖူးပါ၏။

၁၇၉။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ဖူးပါ၏။

၁၈၀။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။

၁၈၁။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၁၈၂။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၁၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၁၈၄။ အရှင်ဘုရား ''လခုမာအမည်ရှိသော ဥပါသိကာမသည် မြတ်စွာဘုရား၏ ခြေတော် တို့ကို ဦးခိုက်လိုက်ပါ၏''ဟု အကျွန်ုပ် စကားဖြင့်ပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက် ပါလေလော့၊ အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို သာမညဖိုလ်တစ်ခု၌ တည်သူဟု မိန့်ကြားတော်မူခြင်းသည် အံ့ဩဖွယ်ရာ မဟုတ်တော့ပါဟု (လျှောက်ဆို၏)။

ထိုလခုမာကို မြတ်စွာဘုရားသည် သကဒါဂါမိဖိုလ်၌ မိန့်ကြားတော်မူခဲ့ဖူး၏။

နှစ်ခုမြောက်သော လခုမာဝိမာနဝတ္ထု ပြီး၏။

------

၁။ 'လောဏသောဝီရကအဖျော်'ဟူသည် စပါးတို့၏အရည် အစရှိသော များစွာသော အဆောက်အဦတို့ဖြင့် ပြီးစေအပ်သော အဖျော်တည်း။ (အဋ္ဌကထာ။)

Ă

၃-အာစာမဒါယိကာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ် ဆွေမျိုးပျက်စီး အထီးကျန်သောသူူဆင်းရဲမဖြစ်ကာ သူူတပါးအိမ်အဖီကို အမှီပြုနေရသူူဖြစ်ပါလျက် အသျှင်မဟာကဿပအား ထမင်းချိုးကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီး

၁၈၅-၆။ (စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ် အဖီကို မှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအား ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း (ဟု သိကြားမင်းကမေး၏)။

၁၈၇-၉။ (စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ် အဖီကို မှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူး၏၊ ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေသောအခါ တန်ခိုးကြီးသော နတ်တို့ရှိရာနိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပမိန့်တော်မူ၏)။

၁၉၀။ အသျှင်မဟာကဿပ၌ ကောင်းစွာ တည်စေသော အထီးကျန်သော မိန်းမ၏ အလှူ သည်အံ့ဖွယ်ရှိပေစွ၊ သူတစ်ပါးတို့အိမ်မှ ဆောင်လာသော ထမင်းချိုးဟူသော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွတကား။

၁၉၁။ အချင်းတို့ အင်္ဂါကြီးငယ် အလုံးစုံကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည်စကြာမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။

၁၉၂။ ရွှေစင်နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း (ဤအလုံးစုံတို့သည် လည်း) ဤသူဆင်းရဲမပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ့တန်ဖိုးမရှိကြပေကုန်။

၁၉၃။ ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုးတပ်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤ သူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

၁၉၄။ ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ထိုစကြာဝတေးမင်းစည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။

သုံးခုမြောက်သော အာစာမဒါယိကာဝိမာနဝတ္ထု ပြီး၏။

------

၄-စဏ္ဍာလိဝိမာနဝတ္ထု

လူူဖြစ်စဉ်အခါ ဒွန်းစဏ္ဍားအမျိုး၌ဖြစ်ရ၍ အောက်တန်းကျသူဖြစ်ရစေကာမူူ အသျှင် မဟာမောဂ္ဂလ္လာန်၏တိုက်တွန်းမှုကြောင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက် ရှိခိုးခဲ့လေရာ ကွယ်လွန်သောအခါတာဝတိံသာနတ်ပြည်၌ အလုံးစုံ ကောင်းမြတ် တင့်တယ်သော ဗိမာန်တွင် ခံစားရသော နတ်သမီး

၁၉၅။ စဏ္ဍာလီဒါယိကာမကြီး အခြံအရံ အကျော်အစောရှိတော်မူသော ဂေါတမ မြတ်စွာ ဘုရား၏ခြေတော်တို့ကို ရှိခိုးလော့၊ အမြတ်ဆုံး ဣသိဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကို သာလျှင်ချီးမြှောက်တော်မူခြင်းငှါ ရပ်တည်တော်မူ၏။

၁၉၆။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော, ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာ ဘုရား၌စိတ်ကို ကြည်လင်စေလော့၊ လျင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့၊ သင်၏ အသက်သည် အလွန်တိုတောင်းလှ၏ (ဟု အသျှင်မောဂ္ဂလ္လာန် မိန့်တော်မူ၏)။

၁၉၇။ ပွါးအပ်ပြီးသော စိတ်ရှိသော အဆုံးဖြစ်သော ကိုယ်ခန္ဓာကို ဆောင်သော အသျှင်မောဂ္ဂလ္လာန်က တိုက်တွန်းသဖြင့် စဏ္ဍာလီဒါယိကာမကြီးသည် အခြံအရံ အကျော်အစော ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလေ၏။

၁၉၈။ အမိုက်တိုက်လောက၌ ဉာဏ်အလင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးလျက် တည်သော ထိုစဏ္ဍာလီဒါယိကာမကြီးကို နွားမသည် ဝှေ့သတ်လေ၏။

၁၉၉။ နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ရောက်သော စဏ္ဍာလီနတ်သမီးသည် အာသဝေါကုန်ပြီး၍ ကိလေသာမြူကင်းသော တဏှာမရှိသော ဆိတ်ငြိမ်ရာ တောအရပ်၌ တစ်ယောက်ထီးတည်းနေသော အသျှင်မောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်၍ ကြီးသော လုံ့လရှိသော အရှင်ဘုရား အာနုဘော်ကြီးတော်မူသော အရှင်ဘုရားကို အကျွန်ုပ်ရှိခိုးပါ၏ (ဟု လျှောက်၏)။

၂၀၀။ တင့်တယ်ခြင်းဂုဏ်နှင့် ပြည့်စုံသော နတ်သမီး ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ထွန်းလင်းတောက်ပ၍ များသော အခြံအရံရှိသော အမျိုးမျိုးသော ဆန်းကြယ်ခြင်း ရှိသည်ဖြစ်၍ နတ်သမီးအပေါင်းခြံရံလျက် ဗိမာန်မှ သက်ဆင်းကာ ငါ့အား ရှိခိုးသော သင်သည် အဘယ်သူနည်း (ဟုအသျှင်မောဂ္ဂလ္လာန်မေး၏)။

၂၀၁။ အရှင်ဘုရား အကျွန်ုပ်သည် စဏ္ဍာလီပါတည်း၊ ကြီးမြတ်သော လုံ့လရှိသော အရှင်သည်တိုက်တွန်းနှိုးဆော်အပ်သောကြောင့် ပူဇော်အထူးကို ခံတော်မူထိုက်သော အခြံအရံအကျော်အစောရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခဲ့ပါ၏။

၂၀၂။ အရှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခြင်းကြောင့်ဒွန်းစဏ္ဍားအမျိုးစုမှ စုတေခဲ့သည်ရှိသော် နှစ်သက်စဖွယ်တာဝတိံသာနတ်ပြည်ဝယ် အလုံးစုံ ကောင်းမြတ်တင့်တယ်သော ဗိမာန်၌ ဖြစ်ရပါ၏။

၂၀၃။ နတ်သမီး တစ်သိန်းတို့သည် အကျွန်ုပ်ကို ခြံရံ၍ တည်ပါကုန်၏၊ အကျွန်ုပ်သည် ထိုနတ်သမီးတစ်သိန်းတို့ထက် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း မြတ်ပါ၏၊ အထူးသဖြင့် ချီးမွမ်းအပ်ပါ၏။

၂၀၄။ အရှင်ဘုရား လောက၌ အကျွန်ုပ်သည် ပြုအပ်ပြီးသော ကုသိုလ်အများ ရှိပါ၏၊ ပညာအဆင်အခြင်နှင့် ပြည့်စုံပါ၏၊ အောက်မေ့မှုသတိနှင့် ပြည့်စုံပါ၏၊ မုနိဖြစ်တော်မူသော,သနားခြင်းရှိတော်မူသော ထိုအရှင်ဘုရားကို ရှိခိုးခြင်းငှါ လာရောက်ပါ၏။

၂၀၅။ သူတစ်ပါးကျေးဇူးကို သိတတ်သောသူတစ်ပါးကျေးဇူးကို ထင်စွာပြုတတ်သော စဏ္ဍာလီနတ်သမီးသည် ဤစကားကို ဆိုပြီး၍ ကိလေသာတို့မှ ကင်းဝေးစေခြင်းစသော ဂုဏ်နှင့်ပြည့်စုံသော အသျှင်မောဂ္ဂလ္လာန်၏ခြေတို့ကို ရှိခိုးပြီးလျှင် ထိုအရပ်၌ပင် လျှင်ကွယ်ပျောက်လေ၏။

လေးခုမြောက်သော စဏ္ဍာလိဝိမာနဝတ္ထု ပြီး၏။

------

၁။ တာဒိဂုဏ်= လောကဓံနှင့်ကြုံသော်လည်း တုန်လှုပ်ခြင်းမရှိ၊ သည်းခံနိုင်သော ဂုဏ်။

Ă

၅-ဘဒ္ဒိတ္ထိဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ် သဒ္ဓါသီလနှင့် ပြည့်စုံ၍ ရဟန်းမြတ်များအား ဆွမ်းသင်္ကန်း အိပ်ရာနေရာ ဆီမီးတို့ကို ပူဇော်လှူဒါန်းခြင်း အရိယာအဖြစ်သို့ ရောက်ရခြင်း အဂ္ဂသာဝက အရှင်မြတ် အားလုပ်ကျွေးခဲ့ခြင်းတို့ကြောင့် တာဝတိံသာနတ်ပြည်၌ မိမိအရောင်အဝါဖြင့် ထွန်းပလျက် လှည့်လည်နေထိုင်ရသော နတ်သမီး

၂၀၆-၇။ ညိုသော အဆင်းတို့လည်းကောင်း, ရွှေသော အဆင်းတို့လည်းကောင်း, မည်းသော အဆင်းတို့လည်းကောင်း, မောင်းသော အဆင်းတို့လည်းကောင်း, နီသော အဆင်းတို့လည်းကောင်းထိုမှတစ်ပါး (ဖြူသော အဆင်းစသည်တို့လည်းကောင်း) ဤသို့အဆင်းအမျိုးမျိုး ရှိကုန်သောဝတ်ဆံဝတ်မှုန်တို့ဖြင့် ခြံရံအပ်ကုန်သော မန္ဒာရဝအမည်ရှိသော နတ်ပန်း တို့ဖြင့် သီကုံးအပ်သော ပန်းကုံးကို ဦးထိပ်၌ ပန်ဆင်ဘိ၏၊ ကောင်းသော ပညာရှိသော နတ်သမီးဤသို့သော အဆင်းသဏ္ဌာန်တို့နှင့် စပ်ယှဉ်ကုန်သော သစ်ပင်တို့သည် တစ်ပါးသော နတ်ပြည်တို့၌ မရှိကုန်။

၂၀၈။ များသော အခြံအရံရှိသော နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် တာဝတိံသာ နတ်ပြည်၌ဖြစ်ရသနည်း၊ ဤအကျိုးထူးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ ငါ မေး အပ်သည်ဖြစ်၍ သင်သည်ဖြေကြားလော့ (ဟု မြတ်စွာဘုရားက မေးတော်မူ၏)။

၂၀၉။ ကိမိလမြို့တွင် ဘဒ္ဒိတ္ထိကာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ ယုံကြည်မှု 'သဒ္ဓါ'၊ စောင့်ထိန်းမှု 'သီလ' နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေ ပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။

၂၁၀။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ဆီမီးတန်ဆောင်ကိုလည်း ကောင်း ပေးလှူခဲ့ပါ၏။

၂၁၁။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း,တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း,ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၂၁၂။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။

၂၁၃။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၁၄။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ မြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ (ကုသိုလ်တရားတို့၌) မမေ့မလျော့နေခဲ့ပါ၏၊ ပြုပြီးသော ချမ်းသာ၏တည်ရာ သုစရိုက်, ပြုပြီးသော ကုသိုလ် ရှိသည်ဖြစ်၍ ထိုဘဝမှစုတေလတ်သော် မိမိအရောင်အဝါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ်ရာ တာဝတိံသာနတ်ပြည်၌ လှည့်လည်နေထိုင်ရပါ၏။

၂၁၅။ မြတ်သော အစီးအပွါးတို့ဖြင့် သနားစောင့်ရှောက်တတ်ကုန်သော ရဟန်းတို့ကိုလည်း ကောင်း၊ ကိလေသာတို့ကို ပူပန်စေတတ်သော, အကျင့်မြတ်ရှိသော, အဂ္ဂသာဝကအစုံဖြစ်သော ရဟန်းမြတ်ကိုလည်းကောင်း လုပ်ကျွေးခဲ့ဖူးပါ၏၊ ပြုပြီးသော ချမ်းသာ၏တည်ရာ သုစရိုက်, ပြုပြီးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘဝမှ စုတေလတ်သော် မိမိအရောင်အဝါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ်ရာတာဝတိံသာနတ်ပြည်၌ လှည့်လည် နေထိုင်ရပါ၏။

၂၁၆။ အကျွန်ုပ်သည် အတိုင်းအရှည်မရှိမူ၍ ချမ်းသာကို ဆောင်နိုင်သည့် အင်္ဂါရှစ်ပါးရှိသော ဥပုသ်ကို အမြဲမပြတ် စောင့်သုံးခဲ့ပါ၏၊ ပြုပြီးသော ချမ်းသာ၏တည်ရာ သုစရိုက်, ပြုပြီးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘဝမှ စုတေလတ်သော် မိမိအရောင်အဝါဖြင့် ထွန်းပလျက် နှစ်သက် ဖွယ်ရာ တာဝတိံသာနတ်ပြည်၌လှည့်လည် နေထိုင်ရပါ၏။

ငါးခုမြောက်သော ဘဒ္ဒိတ္ထိဝိမာနဝတ္ထု ပြီး၏။

------

၆-သော ဏဒိန္နာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ် ဒါနသီလ ကုံလုံကြွယ်ဝ၍ အရိယသစ္စာတို့၌ လိမ်မာသူဖြစ်ကာ ဂေါတမ မြတ်စွာဘုရား၏ဥပါသိကာမ ဖြစ်ပြီးနောက် တာဝတိံသာနတ်ပြည်၌ စိတ်နှစ်သက်ဖွယ် အရောင်အဆင်း တင့်တယ်ခြင်းနှင့်ပြည့်စုံစွာ ဖြစ်လာရသူူနတ်သမီး

၂၁၇။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၂၁၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၂၁၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၂၂၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ့ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၂၁။ နာဠန္ဒာမြို့၌သော ဏဒိန္နာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။

၂၂၂။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ဆီမီးတန်ဆောင်ကိုလည်း ကောင်း ပေးလှူခဲ့ ပါ၏။

၂၂၃။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့်ပြည့်စုံခဲ့ပါ၏။

၂၂၄။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။

၂၂၅။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၂၆။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၂၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ခဲ့ ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ခြောက်ခုမြောက်သောသော ဏဒိန္နာဝိမာနဝတ္ထု ပြီး၏။

------

၇-ဥပေါသထာဝိမာနဝတ္ထု

လူူဖြစ်စဉ်အခါ သဒ္ဓါသီလနှင့်ပြည့်စုံ၍ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သုံးခဲ့ခြင်းနေ့စဉ် ငါးပါးသီလမြဲခဲ့ခြင်းအရိယသစ္စာ၌ လိမ်မာခဲ့ခြင်းတို့ကြောင့် တသဝတိံသာနတ်ပြည် နန္ဒဝန် ဥယျာဉ်၌ စိတ်ဆန္ဒအတိုင်းဖြစ်ကာဥပေါသထာဟူသော အမည်ဖြင့် ထင်ရှားသော နတ်သမီး

၂၂၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၃၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပသနည်း။

၂၃၂။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက်ထား၏။

၂၃၃။ သာကေတမြို့၌ ဥပေါသထာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။

၂၃၄။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ကျောင်းအိပ်ရာနေရာကိုလည်း ကောင်း, ဆီမီးတန်ဆောင်ကိုလည်းကောင်း ပေးလှူခဲ့ပါ၏။

၂၃၅။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ် နှင့်ပြည့်စုံခဲ့ပါ၏။

၂၃၆။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။

၂၃၇။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၃၈။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၃၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၂၄၁။ နန္ဒဝန်ဥယျာဉ် (သတင်း) ကို မပြတ်ကြားရခြင်းကြောင့် အကျွန်ုပ်အား ထိုနန္ဒဝန် ဥယျာဉ်၌ဖြစ်လိုမှု ဆန္ဒ ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် နန္ဒဝန်ဥယျာဉ်၌ စိတ်၏ တောင့်တခြင်း ကြောင့် ထိုနန္ဒဝန်ဥယျာဉ်ရှိသောတာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၂၄၂။ သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (ရဟန်းတို့ငါသည် အနည်းငယ်သော ဘဝကို မျှ တပ်မက်ခြင်းကိုလည်း မချီးမွမ်းစသော) စကားတော်ကို မလိုက်နာခဲ့မိပါ၊ ထိုအကျွန်ုပ်သည် ယုတ်သော ဘဝ၌ စိတ်၏ တောင့်တခြင်း ကြောင့် နောက်မှနောင်တရသူ ဖြစ်ရပါ၏ (ဟု လျှောက်၏)။

၂၄၃။ ဥပေါသထာမည်သော နတ်သမီး သင်သည် ဤဗိမာန်၌ အဘယ်မျှလောက်ကြာမြင့်စွာနေရလိမ့်မည်နည်း၊ အသက်ကို အကယ်၍ သိပါမူ ငါ မေးအပ်သော သင်သည် ငါ့အား ဖြေကြားလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေးတော်မူ၏)။

၂၄၄။ ရဟန်းမြတ် အကျွန်ုပ်သည် အနှစ်သုံးကုဋေခြောက်သန်းတို့ပတ်လုံး ဤနတ်ပြည်၌ တည်၍ ဤနတ်ပြည်မှ စုတေသည်ရှိသော် လူတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရလတ္တံ့ (ဟုလျှောက်၏)။

၂၄၅။ ဥပေါသထာမည်သော နတ်သမီး သင် မကြောက်ပါလင့်၊ ထူးသော သောတာပန် အဖြစ်သို့ရောက်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏၊ သင်သည် ဒုဂ္ဂတိဘဝကို ပယ်ပြီးဖြစ်၏ဟု (မိန့်တော်မူ၏)။

ခုနစ်ခုမြောက်သော ဥပေါသထာဝိမာနဝတ္ထု ပြီး၏။

------

၈-နိဒ္ဒါဝိမာနဝတ္ထု

ရာဇဂြိုလ်ပြည်၌ နိဒ္ဒါဟူသော ဥပါသိကာမဖြစ်စဉ် သဒ္ဓါတရားဖြင့် အခါမပြတ် လှူဒါန်းခဲ့ခြင်း ဥပုသ်ပဉ္စသီကို နေ့ရက်အလိုက် စောင့်သုံးခဲ့ခြင်း အရိယသစ္စာ၌ လိမ္မာခဲ့ခြင်းတို့ကြောင့် နတ်ပြည်တွင်သောက်ရှုးကြယ်အသွင် ထင်ရှားသော နတ်သမီးဖြစ်လာရသူ

၂၄၆။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၂၄၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၂၄၉။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက် ထား၏။

၂၅၀။ ရာဇဂြိုဟ်ပြည်၌ နိဒ္ဒါအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြ ပါကုန်၏၊ ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေ ပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။

၂၅၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ကျောင်းအိပ်ရာနေရာကိုလည်း ကောင်း,ဆီမီးတန်ဆောင်ကိုလည်းကောင်း ပေးလှူခဲ့ပါ၏။

၂၅၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့်ပြည့်စုံခဲ့ပါ၏။

၂၅၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။

၂၅၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၅၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၃၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ရှစ်ခုမြောက်သော နိဒ္ဒါဝိမာနဝတ္ထု ပြီး၏။ ့

------

၉-သုနိဒ္ဒါဝိမာနဝတ္ထု

ရှေးနိဒ္ဒါဥပါသိကာမကဲ့သို့ ဒါနသီလအခြေခံ၍ အရိယသစ္စာ၌ လိမ်မာသူူဖြစ်သောကြောင့် နတ်ပြည်၌သောက်ရှုးကြယ်အလား ထင်ရှားစွာ ဖြစ်လာရသော နတ်သမီး

၂၅၈။ နတ်သမီးသောက်ရှူးကြယ်သည်။ပ။ ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည်အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့်။ပ။ တည်ဘိ၏။

၂၅၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပသနည်း။

၂၆၁။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက်ထား၏။

၂၆၂။ ရာဇဂြိုဟ်ပြည်၌ သုနိဒ္ဒါအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေလှူဒါန်းမှု၌မွေ့လျော်ခဲ့ပါ၏။

၂၆၃။ (နိဒ္ဒါဝိမာနဝတ္ထုကို အကျယ်ပြသကဲ့သို့ သုနိဒ္ဒါဝိမာနဝတ္ထုကို အကျယ်ချဲ့အပ်၏။)

၂၆၇။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၆၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ကိုးခုမြောက်သော သုနိဒ္ဒါဝိမာနဝတ္ထု ပြီး၏။

------

၁၀-ပဌမဘိက္ခာဒါယိကာဝိမာနဝတ္ထု

ရှေးလူူဘဝက မြတ်စွာဘုရားအား ကိုယ်ထိလက်ရောက် ဆွမ်းလှူခဲ့သောကြောင့် နတ်ပြည်၌အရပ်မျက်နှာဝန်းကျင် ကြည်လင်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် ဖြစ်လာ ရသော နတ်သမီး

၂၇၀။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၇၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၂၇၃။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက်ထား၏။

၂၇၄။ အကျွန်ုပ်သည် ရှေးဘဝ လူ့လောကဝယ် လူဖြစ်ခဲ့စဉ်က။

၂၇၅။ ကိလေသာမြူကင်းတော်မူသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိ တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမြတ်စွာဘုရားအားဆွမ်းကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၂၇၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ဆယ်ခုမြောက်သော ဘိက္ခာဒါယိကာဝိမာနဝတ္ထု ပြီး၏။

------

၁၁-ဒုတိယဘိက္ခာဒါယိကာဝိမာနဝတ္ထု

ရဟန္တာအရှင်မြတ်အား ဖူူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် ဆွမ်းလှူခဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

၂၇၈။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၇၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၂၈၁။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြားလျှောက် ထား၏။

၂၈၂။ အကျွန်ုပ်သည် ရှေးဘဝ လူ့လောကဝယ် လူဖြစ်ခဲ့စဉ်က။

၂၈၃။ ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်သော မနောက်ကျုသော စိတ်ရှိ တော်မူသော ရဟန္တာကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထို ရဟန်းအား ဆွမ်းကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၂၈၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

တစ်ဆယ့်တစ်ခုမြောက်သော ဒုတိယဘိက္ခာဒါယိကာဝိမာနဝတ္ထု ပြီး၏။

------

၃-ပါရိစ္ဆရဝိမာနဝတ္ထု

၁-ဥဠာရဝိမာနဝတ္ထု

သီလမရှိသော အမျိုး၌ ချွေးမဖြစ်ခဲ့ရသော်လည်း ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည် သက်ဝင်၍ သီလဆောက်တည်ခြင်း ဆွမ်းခံရဟန်းအား အိုးကင်းမုံ့ကို လှူခဲ့ခြင်းတို့ကြောင့် ဤသို့ လှူရမည်လားဟုယောက္ခမကရိုက်နှက်၍ အသက်သေဆုံးကာ သာဝတိံသာ နတ်ပြည်ဝယ် တင့်တယ်တောက်ပလိုတိုင်းရသော နတ်သမီးဖြစ်လာရသူ

၂၈၆။ သင်၏ အခြံအရံသည် များမြတ်လှ၏၊ အရောင်အဆင်းသည်လည်း ကောင်းမြတ်လှ၏၊ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏၊ တန်ဆာဆင်ယင်အပ်သော နတ်သမီးတို့သည်လည်းကောင်း, နတ်သားတို့သည်လည်းကောင်း ကလည်း ကကြကုန်၏ သီလည်းသီဆိုကြကုန်၏။

၂၈၇။ နတ်သမီး သင့်ကို ပူဇော်ခြင်းဖြင့် ဝမ်းမြောက်ကုန်၏၊ သင့်ကို ပူဇော်ရန် ခြံရံကုန်၏၊ ရှုချင်စဖွယ်ဖြစ်သော နတ်သမီး သင်၏ ဤဗိမာန်တို့သည် ရွှေအတိ ဖြစ်ကုန်၏။

၂၈၈။ အလိုရှိအပ်သောဝတ္ထုခပ်သိမ်းတို့နှင့် ပြည့်စုံသော သင်သည် ထိုနတ်သမီးနတ်သား တို့ကို ့အစိုးရသူဖြစ်၏၊ ကောင်းသော နတ်ပြည်၌ ဖြစ်လာ၍ ကြီးမြတ်သော အာနုဘော်ရှိသူလည်း ဖြစ်၏၊ နတ်ပြည်၌ မြတ်သောဝမ်းမြောက်ခြင်းဖြင့် ဝမ်းမြောက်ရသူလည်း ဖြစ်၏၊ နတ်သမီး ဤအကျိုးသည်အဘယ်ကုသိုလ်ကံ အကျိုးနည်း၊ သင့်ကို ငါ မေးပါ၏၊ သင် ဖြေ ကြားပါလော့ (ဟုအသျှင်မောဂ္ဂလ္လာန်က မေးတော်မူ၏)။

၂၈၉-၂၉၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်က သီလမရှိသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ပါပြီ၊ အကျွန်ုပ်သည် ရတနာသုံးပါး၏ဂုဏ်, ကံ-ကံ၏ အကျိုးကို ယုံကြည်မှု (သဒ္ဓါ) မရှိ ကုန်သော နှမြောစေးနှဲသော ယောက္ခမစသည်တို့တွင် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေလှူဒါန်းမှု၌ မွေ့လျော်ခဲ့ပါ၏၊ အကျွန်ုပ်သည် ဆွမ်းခံကြွ လာသော အရှင်မြတ်အားအိုးကင်းမုန့်ကို ပေးလှူခဲ့ပါ၏။

၂၉၁။ အကျွန်ုပ်သည် ထိုအခါ ယောက္ခမ (မိန်းမသူ) အား ''ဤအိမ်သို့ ရဟန်းသည် ကြွ ရောက်လာပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အိုးကင်း မုန့်ကို ကိုယ်ထိ လက်ရောက်ပေးလှူလိုက်ပါပြီ''ဟု ပြောကြားပါ၏။

၂၉၂။ ဤသို့ ပြောကြားသောအခါ ယောက္ခမ (မိန်းမသူ) သည် ''ဟယ် ချွေးမ 'အကျွန်ုပ် သည်ရဟန်းအား ပေးလှူလို၏'ဟု ငါ့ကို ကြားလိုစိတ်မရှိခဲ့၊ သင်သည် (လူကြီးမိဘ) အဆုံး အမခံခဲ့ရသူမဟုတ်''ဟု ဆိုမြည်ကြိမ်းမောင်း၏။

၂၉၃။ ထိုသို့ဆိုမြည်ကြိမ်းမောင်းပြီးနောက် ယောက္ခမ (မိန်းမသူ) သည် အမျက်ထွက်၍ ကျည်ပွေ့ဖြင့်အကျွန်ုပ်ကို ရိုက်ပါ၏၊ ပခုံးရိုးကျိုးသည်တိုင်အောင် အကျွန်ုပ်ကို ရိုက်နှက် ညှဉ်းဆဲပါ၏၊ အကျွန်ုပ်သည် ကြာမြင့်စွာ အသက်ရှည်ခြင်းငှါ မတတ်နိုင်တော့ပါ။

၂၉၄။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် ထိုသို့သော ဆင်းရဲမှ လွတ်၍ သေသည်ရှိသော်တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရပါ၏။

၂၉၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ရှေးဦးစွာသော ဥဠာရဝိမာနဝတ္ထု ပြီး၏။

------

၂-ဥစ္ဆုဒါယိကာဝိမာနဝတ္ထု

ရာဇဂြိုလ်ပြည် ယောက္ခမဆိုးအိမ်၌ နေရစဉ် ဆွမ်းခံကြွလာသော အရှင်မြတ်အား ဝမ်းမြောက်ဝမ်းသာကြံပိုင်းကို လှူဒါန်းရာ ယောက္ခမ ဖြစ်သူူက မနှစ်သက် ရိုက်နှက်သောကြောင့် ကွယ်လွန်ပြီးလျှင်သာဝတိံသာ နတ်ပြည်၌ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းနှင့် ပြည့်စုံစွာ မွေ့လျော်ခံစားရသော နတ်သမီး

၂၉၆။ လ, နေတို့သည် ကောင်းကင်နှင့်တကွ ဤမြေကြီးကို ထွန်းပစေကုန်လျက် အလွန်တင့်တယ်ကြကုန်သကဲ့သို့ သင် နတ်သမီးသည် အလွန်တင့်တယ်ဘိ၏၊ ဗြဟ္မာမင်းသည်တာဝတိံသာနတ်ပြည်၌ နေကုန်သော သိကြားမင်းနှင့်တကွ နတ်တို့ကို သာလွန်၍ တင့်တယ်သကဲ့သို့သင်သည် အသရေဖြင့်လည်းကောင်း, အရောင်အဆင်းဖြင့်လည်းကောင်း, အခြံအရံများခြင်းဖြင့်လည်းကောင်း, တန်ခိုးအာနုဘော်ဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်၏။

၂၉၇။ ကြာပန်းတို့ကို ပန်ဆင်သော (ရတနာဖြင့်ပြုသော) ဦးဆောက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရေအဆင်းလည်းရှိသော, တန်ဆာတို့ဖြင့် ဆင်ယင်သော ကိုယ်ရှိသော,မြတ်သော အဝတ်အရုံတို့ကိုလည်း ဝတ်ရုံသော, တင့်တယ်သော နတ်သမီး သင့်ကို ငါ မေးပါ၏၊ ငါ့ကို ့ရှိခိုးသော သင်ကား အဘယ်သူနည်း။

၂၉၈။ နတ်သမီး သင်သည် ရှေးက အဘယ်ကံကို ကိုယ်တိုင် ပြုခဲ့သနည်း၊ သင်သည် ရှေးဘဝလူဖြစ်ခဲ့စဉ်က အလှူပေးလှူမှုကိုလည်း လေ့ကျက်ခဲ့သလော၊သို့မဟုတ် သီလ စောင့်စည်းမှုကိုလည်းပြုခဲ့ဖူးသလော၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် နတ်ရွာသုဂတိ ဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ များသော အခြံအရံ ရှိပါသနည်း၊ ဤအကျိုးသည် အဘယ် ကုသိုလ်၏ အကျိုးပါနည်း၊ နတ်သမီးသင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့။

၂၉၉။ အရှင်ဘုရား ယခုအခါ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် (အရှင်ဘုရားသည်) ဆွမ်းခံခြင်း ငှါအကျွန်ုပ်တို့၏ အိမ်သို့ ကပ်ရောက်ခဲ့ပါ၏၊ ထိုသို့ ကပ်ရောက်ခြင်းကြောင့် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် ကြံပိုင်းကို အရှင် ဘုရားအား ပေးလှူခဲ့ပါ၏။

၃၀၀။ အရှင်ဘုရား နောင်အခါ ယောက္ခမ (မိန်းမသူ) သည်လည်း ''ချွေးမငယ် ကြံကို အဘယ်အရပ်၌စွန့်ပစ်လိုက်သနည်း''ဟု အကျွန်ုပ်ကို မေးစိစစ်ခဲ့ပါ၏၊ ထိုသို့မေးသော် ''အရှင်မ အကျွန်ုပ်သည် ထိုကြံပိုင်းကို စွန့်လည်း မစွန့်ပစ်ပါ၊ ခဲစားလည်း မခဲစားပါ၊ ကိလေသာငြိမ်းပြီးသော ရဟန်းအားအကျွန်ုပ်ကိုယ်တိုင် ပေးလှူလိုက်ပါ၏'' (ဟု ပြောကြား ပါ၏)။

၃၀၁။ အရှင်ဘုရား ယောက္ခမ (မိန်းမသူ) သည် ''ဟယ် ချွေးမ ဤအိမ်ကို အစိုးရသူသည်သင်ဖြစ်သလော၊သို့မဟုတ် ငါ ဖြစ်သလော''ဟု အကျွန်ုပ်ကို ဆိုမြည်ကြိမ်းမောင်းပါ၏၊ ထိုယောက္ခမ (မိန်းမသူ) သည် အင်းပျဉ်ကို ယူ၍ အကျွန်ုပ်အား ပုတ်ခတ်ပါ၏၊ အကျွန်ုပ်သည် ထိုလူ့ဘဝမှ စုတေ၍ ကွယ်လွန်သည်ရှိသော် နတ်သမီး ဖြစ်ပါ၏။

၃၀၂။ အကျွန်ုပ်သည် အပြစ်မရှိသော ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထို ကြံပိုင်းလှူသော ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖာ် နတ်တို့နှင့်တကွ စံပယ်ရပါ၏၊ အကျွန်ုပ်သည် ကာမဂုဏ်ငါးပါးတို့ဖြင့်မွေ့လျော်စံပျော်ရပါ၏။

၃၀၃။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိ ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်းကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာနတ်တို့ စောင့်ရှောက် အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ ကာမဂုဏ်ငါးပါးတို့နှင့်လည်း ပြည့်စုံပါ၏။

၃၀၄။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည်များမြတ်သော အကျိုးရှိပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော်တို့နှင့်တကွ စံပယ်ရပါ၏၊ ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။

၃၀၅။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည် ကြီးသော အာနုဘော်ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြား မင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒဝန်ဥယျာဉ်၌မွေ့လျော်စံပျော်သကဲ့သို့ (အကျွန်ုပ်) စံပျော်ရပါ၏။

၃၀၆။ အရှင်ဘုရား အကျွန်ုပ်သည် သနားခြင်းနှင့်ယှဉ်သော ပညာရှိသော အရှင်ဘုရားကိုလည်းဆည်းကပ်၍ ရှိခိုးခဲ့ပါ၏၊ အရှင်ဘုရား၏ အနာရောဂါ မရှိခြင်းကို မေးခဲ့ပါ၏၊ ထိုပြင် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် အရှင်ဘုရားအား ကြံပိုင်းကို ပေးလှူခဲ့ပါ၏။

နှစ်ခုမြောက်သော ဥစ္ဆုဒါယိကာဝိမာနဝတ္ထု ပြီး၏။

------

၃-ပလ္လင်္ကဝိမာနဝတ္ထု

လူူဖြစ်စဉ်အခါ သီလငါးပါးနှင့်တကွ အ၊ ကိ အပို နေ့ပါမကျန် ဥပုသ်ကို စောင့်သုံး၍ လင်ယောက်ျားကို ကောင်းစွာလုပ်ကျွေးကာ မြတ်စွာဘုရား၏ သာဝိကာမ တပည့်ဖြစ်ခဲ့ရပြီး နောက် ကွယ်လွန်သောအခါကျောက်မျက်ရတနာတို့ဖြင့် ဆန်းကြယ်သော အိပ်ရာနေရာ ပလ္လင်ဘုံနန်း အခန်းခန်းကို ရရှိသော နတ်သမီး

၃၀၇။ အာနုဘော်ကြီးသော နတ်သမီး ကျောက်မျက်ရတနာ ရွှေစင်တို့ဖြင့် ဆန်းကြယ်၍ ပန်းတို့ဖြင့်လည်း ပြွမ်းသော အိပ်ရာနေရာဖြစ်သော ပြန့်ပြောကြီးကျယ်သော ထိုပလ္လင်မြတ်၌တန်ခိုးအမျိုးမျိုး ဖန်ဆင်းလျက် နေဘိ၏။

၃၀၈။ ဤနတ်သမီးတို့သည် လည်း သင်၏ ထက်ဝန်းကျင်မှ ကလည်း ကကြကုန်၏၊ သီဆိုလည်းသီဆိုကြကုန်၏၊ ဝမ်းမြောက်လည်း ဝမ်းမြောက်ကုန်၏၊ အာနုဘော်ကြီးသော နတ်သမီး (သင်သည်) နတ်တန်ခိုးတို့၏ အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ် ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကြောင့်သင်သည် ဤသို့ တောက်ပသော အာနုဘော် ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံ းတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၀၉။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်က စည်းစိမ်ကြွယ်ဝသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ဖူးပါ၏၊ အမျက်မထွက်တတ်ပါ၊ လင်၏အလိုသို့ လိုက်ခဲ့ပါ၏၊ ဥပုသ်စောင့်ခြင်း၌ မမေ့မလျော့ခဲ့ပါ။

၃၁၀။ အကျွန်ုပ်သည် လူဖြစ်စဉ်အခါက ငယ်ရွယ်သူပင်ဖြစ်သော်လည်း ယုတ်မာမှုမရှိခဲ့ပါ၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ လင်ကို နှစ်သက်စေခဲ့ပါ၏၊ နေ့၌ဖြစ်စေ, ညဉ့်၌ဖြစ်စေ နှစ်ခြိုက်ဖွယ်ကို သာကျင့်လေ့ရှိသူ ဖြစ်ခဲ့ပါ၏၊ သီလရှိသူ ဖြစ်ခဲ့ပါ၏။

၃၁၁။ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏၊ ခိုးယူခြင်းမှ ကင်းခဲ့ပါ၏၊ စင်ကြယ်သော ကာယကံရှိခဲ့ပါ၏၊ စင်ကြယ်သော အကျင့်မြတ် ရှိခဲ့ပါ၏၊ သေရည်သေရက်ကိုသောက်စားခြင်း မရှိခဲ့ပါ၊ မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပါ၊ သိက္ခာပုဒ်ငါးပါးတို့၌ ဖြည့်ကျင့်လေ့ ရှိခဲ့ပါ၏။

၃၁၂-၃။ အကျွန်ုပ်သည် ရှေးဘဝက ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း တရားအားလျော်စွာ ကျင့်လေ့ရှိသည်ဖြစ်၍ နှစ်သိမ့်သော စိတ်ရှိသည်ဖြစ်လျက် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်သုံးခဲ့ပါ၏၊ အပြစ်မရှိ၍ ချမ်းသာကို ပွါးစေတတ်သော မြတ်သော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော ဤဥပုသ်ကိုလည်း ကောင်းစွာဆောက်တည်၍ လင်၌ ကောင်းစွာ ကျင့်သော ဂုဏ်၌ ပြည့်စုံခဲ့ပါ၏၊ လင်၏ အလိုသို့ လိုက်ခဲ့ပါ၏၊ မြတ်စွာဘုရား၏ တပည့်သာဝိကာမ ဖြစ်ခဲ့ပါ၏။

၃၁၄။ သက်ရှိလောက လူ့ဘဝ၌ ဤသို့သဘောရှိသော ကုသိုလ်ကံကို ပြုခဲ့ခြင်းကြောင့် ထူးသော အဖို့ရှိခဲ့ပါ၏၊ ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်တမလွန်လောက၌ နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ရောက်၍ ကောင်းသောလားရာသုဂတိသို့ လားရောက်ခဲ့ရပါ၏။

၃၁၅။ နှလုံးမွေ့လျော်ဖွယ်ရှိ၍ မြတ်သော ဗိမာန်ပြာသာဒ်၌ အကျွန်ုပ်ကို နတ်သမီးအပေါင်း ခြံရံအပ်ပါ၏၊ နတ်တို့၏ ဗိမာန်သို့ ရောက်၍ အသက်ရှည်သော အကျွန်ုပ်ကို မိမိတို့ အရောင်အဝါဖြင့် ထွန်းလင်းကုန်သော နတ်အပေါင်းတို့သည် မွေ့လျော်စေကြပါကုန်၏။

သုံးခုမြောက်သော ပလ္လင်္ကဝိမာနဝတ္ထု ပြီး၏။

------

၄-လတာဝိမာနဝတ္ထု

ရှေးလူူဖြစ်စဉ် စည်းစိမ်ကြွယ်ဝသော ယောက္ခမအိမ်၌နေလျက် မိဖ ယောက္ခမ ခဲအို လင်ယောက်ျားတို့ကို ရိုသေလေးစားခဲ့သည့်ပြင် ကောင်းမှုအမျိုးမျိုးကို ပြုစုခဲ့သဖြင့် နတ်ပြည်ဝယ် ဝေဿဝဏ်နတ်မင်း၏ သမီးငါးယောက်အနက် လတာမည်သော နတ်သမီး ဖြစ်ရ၍ အခြားနတ်သမီးတို့ထက် အကြောင်းလေးပါးဖြင့် ထူူးကဲသာလွန်သော အကျိုးကို ရရှိသူ

၃၁၆။ တင့်တယ်ထွန်းပသည်ဖြစ်၍ ပညာရှိသော လတာနတ်သမီးသည်လည်းကောင်း, သဇ္ဇာနတ်သမီးသည်လည်းကောင်း, ပဝရာနတ်သမီးသည်လည်းကောင်း, အစ္စိမတီနတ်သမီးသည်လည်းကောင်း, သုတာနတ်သမီးသည်လည်းကောင်း ဘုန်းကျက်သရေရှိသော မင်းမြတ်ဖြစ်သော ဝေဿဝဏ်နတ်မင်း၏ သမီးတော်တို့ပါတည်း၊ဟုတ်မှန်တိုင်းသော ဂုဏ်တို့ဖြင့် တင့်တယ်ကြပါကုန်၏။

၃၁၇။ ဤဟိမဝန္တာတော၌ အေးမြသော ရေရှိသော, ကြာတောရှိသော, ဘေးမရှိသော (အနောတတ္တအိုင်မှစီးဆင်းသော) မြစ်သို့ နတ်သမီးငါးယောက်တို့သည် ရေချိုးရန် လာရောက်ကြပါကုန်၏၊ ထိုနတ်သမီးတို့သည် ထိုမြစ်၌ ရေချိုးကြကုန်ပြီးလျှင် မွေ့လျော်ပျော်ပါးကြကာကကုန် သီချင်းဆိုကုန်ပြီးလတ်သော် သုတာနတ်သမီးသည် လတာနတ်သမီးကို မေးမြန်းပြော ဆို၏။

၃၁၈။ ကြာပန်းတို့ကို ပန်ဆင်ထားသော ဦးဆောက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရောင်အဆင်းလည်းရှိသော, နီနီတွေးတွေး မျက်ရေးတို့နှင့် ပြည့်စုံသည့်မျက်စိလည်းရှိသော, ထက်ကောင်းကင်ဘုံဗိမာန်ဝယ် တင့်တယ်သော, ရှည်သော အသက်ရှိသော အစ်မကြီးလတာ သင့်ကို အကျွန်ုပ် မေးပါ၏၊ အဘယ်သို့သော ကုသိုလ်ကံက သင့်အား ကျော်စောခြင်းအခြံအရံများခြင်းကို ပြုပါသနည်း။

၃၁၉။ ကောင်းမြတ်သော အစ်မကြီးလတာ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် လင်၏အထူးချစ်မြတ်နိုးခြင်းခံရသူ ဖြစ်ရပါသနည်း၊ အဆင်းအားဖြင့် အလွန်အကျူး အထူးကောင်း မြတ်ခြင်းရှိသူဖြစ်ပါသနည်း၊ ကခြင်း, သီခြင်း, တီးမှုတ်ခြင်း၌ လိမ္မာသူဖြစ်သနည်း၊ နတ်သား, နတ်သမီးတို့က (လတာ အဘယ်မှာနည်း စသည်ဖြင့်) အမေးအမြန်းခံနေရသော သင်သည် အကျွန်ုပ်တို့အားဖြေကြားပါလော့ (ဟု သုတာနတ်သမီးက မေး၏)။

၃၂၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက များမြတ်သော စည်းစိမ်ရှိသော အမျိုး၌ ချွေးမဖြစ်ခဲ့ဖူးပါ၏၊ အမျက် မထွက်တတ်ပါ၊ လင်၏ အလိုသို့ လိုက်ခဲ့ပါ၏၊ ဥပုသ် စောင့်သုံးခြင်း၌မမေ့မလျော့ခဲ့ပါ။

၃၂၁။ အကျွန်ုပ်သည် လူဖြစ်စဉ်အခါက ငယ်ရွယ်သူပင် ဖြစ်သော်လည်း ယုတ်မာမှု မရှိခဲ့ပါ၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ခဲအို, မတ်, ယောက္ခမ (ယောက်ျားသူ) ကျွန်ယောက်ျားကျွန်မိန်းမတို့နှင့် တကွသော လင်ကို နှစ်သက်စေခဲ့ပါ၏၊ ထိုချွေးမဖြစ်စဉ်အခါ၌ အကျွန်ုပ်သည်အကျော်အစော အခြံအရံပြည့်စုံကြောင်း ကောင်းမှုကို ပြုခဲ့ပါ၏။

၃၂၂။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် အကြောင်းလေးပါးတို့ဖြင့် အခြားသော နတ် သမီးတို့ထက်ထူးကဲသာလွန်သော အသက်ရှည်ခြင်းကိုလည်းကောင်း, အဆင်းလှခြင်းကိုလည်းကောင်း,ချမ်းသာကြီးခြင်းကိုလည်းကောင်း, ခွန်အားကြီးခြင်းကိုလည်းကောင်း ရပါ၏၊ အတိုင်းမသိသော ပျော်မြူးမွေ့လျော်ခြင်းကိုလည်း ခံစားရပါ၏ (ဟု လတာနတ်သမီးက ပြော၏)။

၃၂၃။ ဤအစ်မကြီးလတာ ပြောဆိုသော စကားကို သင်တို့ ကြားကြပြီ မဟုတ်ပါလော၊ အကျွန်ုပ်တို့သည် အကြင်စကားကို မေးကုန်၏၊ ထိုစကားကို အကျွန်ုပ်တို့အား ဖြေကြား၏၊ လင်တို့မည်သည်ကား မိန်းမဖြစ်ကုန်သော အကျွန်ုပ်တို့၏ ထူးကဲသော ကိုးကွယ်ရာလည်းဖြစ်ကြပါကုန်၏၊ ထိုအကျွန်ုပ်တို့၏ မြတ်သော နတ်လည်း ဖြစ်ကြပါကုန်၏။

၃၂၄။ အကြင်လင်တို့၌ (ကျင့်ရာသောဝတ်နှင့် ပြည့်စုံအောင် ကျင့်သည်ရှိသော်) မိန်းမ တို့သည် လင်ကို ရိုသေသူမိန်းမ (ပတိဗ္ဗတာ) မည်ကုန်၏၊ အကျွန်ုပ်တို့အားလုံးသည် လင်တို့၌ ကျင့်အပ်သော တရားကို ့ကျင့်ကြပါကုန်စို့၊ အကျွန်ုပ်တို့အားလုံးသည် လင်တို့၌ ကျင့်အပ်သော တရားကို ကျင့်ခြင်းကြောင့်ဤအစ်မကြီးလတာ ပြောဆိုသော စည်းစိမ်မျိုးကို ရကြပါကုန် လတ္တံ့။

၃၂၅။ တောင်စဉ် တောအုပ်တို့၌ ကျက်စားလေ့ရှိသော အသားစားခြင်္သေ့သည် မဟိန္ဓရ မည်သော တောင်၌ နေလျက် အခြေလေးချောင်းရှိကုန်, ငယ်ကုန်သော သားကောင်တို့ကို နှိမ်နင်းသတ်ဖြတ်၍ စားသကဲ့သို့-

၃၂၆။ ထို့အတူသာလျှင် ဤလောက၌ ယုံကြည်မှု (သဒ္ဓါ) ရှိသော အရိယာတပည့်မသည် လင်ကို အမှီပြု၍ လင်အားလျော်သော အကျင့်ရှိသည်ဖြစ်လျက် အမျက်ဒေါသကို ပယ်စွန့်ကာ ဝန်တိုမှု (မစ္ဆရိယ) ကို နှိမ်နင်းပြီးလျှင် တရားကို ကျင့်လေ့ရှိ၏၊ ထိုမိန်းမသည် နတ်ပြည်၌ မွေ့လျော်ရ၏။

လေးခုမြောက်သော လတာဝိမာနဝတ္ထု ပြီး၏။

------

၅-ဂုတ္တိလဝိမာန

၁-ဝတ္ထုတ္တမဒါယိကာဝိမာနဝတ္ထု

သူူတပါးတို့ နှစ်သက်ဖွယ် အဝတ်အထည် ဝတ္ထုပစ္စည်းတို့ကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ နှစ်သက်ဖွယ် စည်းသိမ်ချမ်းသာနှင့် ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၃၂၇။ ကောသိယအနွယ်ဖြစ်သော သိကြားမင်း ညှို့ခုနစ်ချောင်းရှိသော အလွန်သာယာသော အသံရှိသော နှလုံးမွေ့လျော်ဖွယ်ရှိသော စောင်းအတတ်ကို (မုသိလအား) သင်ကြားပေးခဲ့၏၊ ထိုမုသိလသည် အကျွန်ုပ်ကို မင်းရင်ပြင်၌ (လာခဲ့ အတတ်ကို ပြလှည့်ဟု) ခေါ်နေပါ၏၊ (သိကြားမင်းသည်) အကျွန်ုပ်၏ ကိုးကွယ်ရာဖြစ်ပါလော့။

၃၂၈။ ဆရာဂုတ္တိလ ငါသည် သင်၏ ကိုးကွယ်ရာ ဖြစ်အံ့၊ ငါသည် ဆရာသမားတို့အား ပူဇော်တတ်သောသူတည်း၊ သင့်ကို တပည့် (မုသိလ) သည် အနိုင်မရလတ္တံ့၊ သင်သည်သာလျှင် တပည့်ကို နိုင်ရလတ္တံ့။

၃၂၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၃၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာရကုန်သနည်း။

၃၃၁။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၃၂။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၃၃။ ကောင်းမြတ်သော အဝတ်ကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်လည်းကောင်း၊ မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၃၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၃၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၃၃၆။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြား ပါ၏၊ လူဖြစ်ခဲ့စဉ်က အကြင် အဝတ်ပုဆိုး ပေးလှူသော ကောင်းမှုကို ပြုခဲ့ပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်သည် ဤသို့ တောက်ပထွန်းလင်းသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။

(အခြားမဲ့ဖြစ်သော စတုရဝိမာနဝတ္ထုလေးခုကို ဝတ္ထုဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။

------

၂-ပုပ္ဖုတ္တမဒါယိကာဝိမာနဝတ္ထု (၁)

ကောင်းမြတ်သော ပန်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာ ဖြစ်လာရသော နတ်သမီး

၃၃၇။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၃၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ပါကုန်သနည်း။

၃၃၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၄၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာဖြေကြားလျှောက်ထား၏။

၃၄၁။ ကောင်းမြတ်သော ပန်းကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်လည်းကောင်း၊ မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၄၂။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၄၃-၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၃-ဂန္ဓုတ္တမဒါယိကာဝိမာနဝတ္ထု (၂)

ကောင်းမြတ်သော နံ့သာကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး

၃၄၅။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၄၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၄၇။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၄၈။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၄၉။ ကောင်းမြတ်သော နံ့သာကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်လည်းကောင်း,မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထု ကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၅၀။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၅၁-၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၄-ဖလုတ္တမဒါယိကာဝိမာနဝတ္ထု (၃)

ကောင်းမြတ်သော သစ်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး

၃၅၃။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၅၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၅၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၅၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၃၅၇။ ကောင်းမြတ်သော သစ်သီးကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်လည်းကောင်း၊ မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထု ကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၅၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၅၉-၃၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ပါ၏။ ့

------

၅-ရသုတ္တမဒါယိကာဝိမာနဝတ္ထု (၄)

ကောင်းမြတ်သော အရသာကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး

၃၆၁။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၆၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၆၃။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၆၄။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၃၆၅။ ကောင်းမြတ်သော အရသာကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်လည်းကောင်းမိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထု ကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၆၆။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၆-ဂန္ဓပဉ္စင်္ဂုလိကဒါယိကာဝိမာနဝတ္ထု

ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာပေးခြင်းကို လှူဒါန်း ခဲ့သောကြောင့် ချစ်မြတ်နိုးဖွယ်အစုံအလင်နှင့် တကွ နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

၃၆၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၇၀-၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ပါသနည်း။

၃၇၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၃၇၃။ အကျွန်ုပ်သည် ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာ ပေးခြင်းကို ပေးလှူခဲ့ဖူးပါ၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည်နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၇၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၇၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

(အခြားမဲ့ဖြစ်သော စတုရဝိမာနဝတ္ထုလေးခုကို ဂန္ဓပဉ္စင်္ဂုလိက ဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။

------

၇-ဧကူပေါသထဝိမာနဝတ္ထု (၁)

ခရီးသွား ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကို ဖူူးမြင်၍ ထိုရဟန်းတို့၏ တရားကို ကြားနာကာတစ်နေ့မျှ ဥပုသ်စောင့် ကျင့်သုံးခဲ့သောကြောင့် နှစ်သက်ဖွယ် အရုပ်အဆင်းဖြင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

၃၇၇။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၃၈၀။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၈၁။ အကျွန်ုပ်သည် ခရီးသွားကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း, ရဟန်းမိန်းမတို့ကိုလည်းကောင်း ဖူးမြင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းတို့၏ တရားကို ကြားနာရ၍ တစ်နေ့မျှဥပုသ်သုံးခြင်းကို ကျင့်သုံးခဲ့ပါ၏။

၃၈၂။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၈-ဥဒကဒါယိကာဝိမာနဝတ္ထု (၂)

ရဟန်းတစ်ပါးအား ကြည်လင်သော စိတ်ဖြင့်သောက်ရေသုံးဆောင်ရေ လှူဒါန်းခဲ့သောကြောင့် နတ်သမီးတစ်ထောင်ခြံရံလျက် နှစ်သက်ဖွယ် အရုပ်အဆင်းနှင့် ပြည့်စုံစွာ ဖြစ်လာ ရသော နတ်သမီး

၃၈၅။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၃၈၈။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၈၉။ ရေဆိပ်၌ တည်သော အကျွန်ုပ်သည် အထူးကြည်လင်သော စိတ်ဖြင့် ရဟန်းအားသောက်ရေသုံးဆောင်ရေကို ပေးလှူခဲ့ပါ၏၊ ဤသို့ ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည်နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၉၀။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏့အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၉-ဥပဋ္ဌာနဝိမာနဝတ္ထု (၃)

ကြမ်း၊ ကတ်သော ယောက္ခမ မိန်းမသူူ, ယောက်ျားသူူတို့အား ငြူစူူခြင်းမရှိ လုပ်ကျွေး၍ သီလကို ကျင့်သုံးခဲ့ခြင်းကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံလျက် နှစ်သက်ဖွယ် အရုပ်အဆင်းနှင့်ပြည့်စုံစွာ ဖြစ်လာရသော နတ်သမီး

၃၉၃။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၃၉၆။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၉၇။ အကျွန်ုပ်သည် ကြမ်းကြုတ်ကုန်သော အမျက်လည်း ထွက်တတ်ကုန်သော ရုန့်ရင်းသော စကားလည်း ရှိကုန်သော ယောက္ခမမိန်းမသူကိုလည်းကောင်း, ယောက္ခမယောက်ျားသူ ကိုလည်းကောင်းငြူစူခြင်းကင်းကာ လုပ်ကျွေးခဲ့ပါ၏၊ မိမိဥစ္စာဖြစ်သော သီလအားဖြင့် မမေ့ မလျော့ ဖြစ်ခဲ့ပါ၏။

၃၉၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၁၀-အပရကမ္မကာရိနီဝိမာနဝတ္ထု (၄)

သူူတပါးတို့၏ အမှုကြီးငယ်ကို မပျင်းမရိ လုပ်ဆောင်ခဲ့ရသော ကျွန်မပင်ဖြစ်စေကာမူူ အမျက်မထွက်,မထောင်မလွှား သူူတပါးအား ခွဲဝေပေးကမ်းတတ်သော အလေ့ရှိသောကြောင့် နတ်ပြည်၌နတ်သမီးတစ်ထောင် ခြံရံကာ တင့်တယ်လှပစွာ ဖြစ်လာရသော နတ်သမီး

၄၀၁။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၄၀၄။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၄၀၅။ အကျွန်ုပ်သည် သူတစ်ပါးတို့၏ အမှုကြီးငယ်ကို လုပ်ဆောင်ရသော အမှုကိစ္စ၌ မပျင်းမရိသော ကျွန်မ ဖြစ်ခဲ့ဖူးပါ၏၊ အမျက် မထွက်တတ်ပါ၊ အလွန်ထောင်လွှားတတ်သော မာန်မာနလည်း မရှိခဲ့ပါ၊ မိမိအဖို့ဘာဂကို (အလိုရှိကုန်သူတို့အား) ခွဲဝေပေးကမ်းတတ်သော အလေ့ ရှိခဲ့ဖူးပါ၏။

၄၀၆။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၄၀၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

------

၁၁-ခီရောဒနာဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား နို့ဆွမ်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၄၀၉။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၄၁၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၄၁၂။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၄၁၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား နို့ဆွမ်းကို ပေးလှူခဲ့ဖူးပါ၏၊ ဤသို့နို့ဆွမ်းပေးလှူသော ကံကို ပြုခဲ့သောကြောင့် နတ်ရွာသုဂတိသို့ ကပ်ရောက်၍ ဝမ်းမြောက်ရပါ၏။

၄၁၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်း နှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံနတ်သမီးတစ်ထောင်ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၄၁၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

(အခြားမဲ့ဖြစ်သော နှစ်ဆယ့်ငါးပါးသောဝိမာနဝတ္ထုကို ခီရောဒနဒါယိကာဝိမာနဝတ္ထုကို အကျယ်ပြသကဲ့သို့ အကျယ်ပြအပ်၏)။

------

၁၂-ဖာဏိတဒါယိကာဝိမာနဝတ္ထု (၁)

ဆွမ်းခံရဟန်းအား တင်လဲကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၄၁၇။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ အရပ်မျက်နှာအားလုံးတို့ကို ထွန်း လင်းတောက်ပစေဘိသနည်း။

၄၂၀။ ထိုနတ်သမီးသည်။ပ။ အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အား လျော်စွာဖြေကြား၏။

၄၂၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား တင်လဲကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၁၃-ဥစ္ဆုခဏ္ဍိကဒါယိကာဝတ္ထု (၂)

ဆွမ်းခံရဟန်းအား ကြံပိုင်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၄၂၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ကြံပိုင်းကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၁၄-တိမ္ဗရုသကဒါယိကာဝိမာနဝတ္ထု (၃)

ဆွမ်းခံရဟန်းအား တည်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၃၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား တည်သီးကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၁၅-ကက္ကာရိကဒါယိကာဝိမာနဝတ္ထု (၄)

ဆွမ်းခံရဟန်းအား သခွါးငဆစ်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၄၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သခွါးငဆစ်သီးကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၁၆-ဧဠာလုကဒါယိကာဝိမာနဝတ္ထု (၅)

ဆွမ်းခံရဟန်းအား သခွါးငကြောင်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၅၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သခွါးငကြောင်သီးကို ပေးလှူခဲ့ ဖူးပါ၏။ပ။

------

၁၇-ဝလ္လိဖလဒါယိကာဝိမာနဝတ္ထု (၆)

ဆွမ်းခံရဟန်းအား ဖရုံသီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၆၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖရုံသီးကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၁၈-ဖာရုသကဒါယိကာဝိမာနဝတ္ထု (၇)

ဆွမ်းခံရဟန်းအား ဖက်သတ်တရော်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၆၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖက်သက်တရော်သီးကို ပေးလှူ ခဲ့ဖူးပါ၏။ပ။

------

၁၉-ဟတ္ထပ္ပတာပကဒါယိကာဝိမာနဝတ္ထု (၈)

ဆွမ်းခံရဟန်းအား မီးအိုးကင်းကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၇၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား မီးအိုးကင်းကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၂၀-သာကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၉)

ဆွမ်းခံရဟန်းအား ဟင်းရွက်တဆုပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၈၅။ အကျွန်ုပ်သည် ခရီးသွားသော ရဟန်းအား လက်တစ်ဆုပ်မျှသော ဟင်းရွက်ကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၂၁-ပုပ္ပကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၁၀)

ဆွမ်းခံရဟန်းအား ပန်းလက်တစ်ဆုပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၉၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တစ်ဆုပ်မျှသော ပန်းကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၂၂-မူလကဒါယိကာဝိမာနဝတ္ထု (၁၁)

ဆွမ်းခံရဟန်းအား အမြစ်ခဲဖွယ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၀၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား အမြစ် (ခဲဖွယ်) ကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၂၃-နိမ္ဗမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၁၂)

ဆွမ်းခံရဟန်းအား တမာရွက်တစ်ဆုပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၀၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တစ်ဆုပ်မျှသော တမာ ရွက်ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ့

------

၂၄-အမ္ဗကဉ္စိကဒါယိကာဝိမာနဝတ္ထု (၁၃)

ဆွမ်းခံရဟန်းအား ပုန်းရည်ချဉ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၁၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ပုန်းရည်ချဉ်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၂၅-မူလကဒါယိကာဝိမာနဝတ္ထု (၁၄)

ဆွမ်းခံရဟန်းအား နှမ်းဆီထွေးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၂၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား နှမ်းဆီထွေးကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၂၆-ကာယဗန္ဓနဒါယိကာဝိမာနဝတ္ထု (၁၅)

ဆွမ်းခံရဟန်းအား ခါးပန်း၊ ကိးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၃၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ခါးပန်းကြိုးကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၂၇-အံသဗဒ္ဓကဒါယိကာဝိမာနဝတ္ထု (၁၆)

ဆွမ်းခံရဟန်းအား ပခုံးဖွဲ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၄၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ပခုံးဖွဲ့ကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၂၈-အာယောဂပဋ္ဋဒါယိကာဝိမာနဝတ္ထု (၁၇)

ဆွမ်းခံရဟန်းအား အယောဂပတ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

၅၄၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား အာယောဂပတ်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၂၉-ဝိဓူပနဒါယိကာဝိမာနဝတ္ထု (၁၈)

ဆွမ်းခံရဟန်းအား လေးထောင့်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၅၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လေးထောင့်ယပ်ကို ပေးလှူခဲ့ ဖူးပါ၏။ပ။

------

၃၀-တာလဝဏ္ဋဒါယိကာဝိမာနဝတ္ထု (၁၉)

ဆွမ်းခံရဟန်းအား ထန်းရွက်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၆၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ထန်းရွက်ယပ်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၃၁-မောရဟတ္ထဒါယိကာဝိမာနဝတ္ထု (၂၀)

ဆွမ်းခံရဟန်းအား ဥဒေါင်းတောင်ခြင်နှင်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၇၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဥဒေါင်းတောင်တို့ဖြင့် ပြုအပ်သော ခြင်နှင်ယပ်ကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၃၂-ဆတ္တဒါယိကာဝိမာနဝတ္ထု (၂၁)

ဆွမ်းခံရဟန်းအား ထီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၈၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ထီးကို ပေးလှူခဲ့ဖူးပါ၏။ပ။ ့

------

၃၃-ဥပါဟနဒါယိကာဝိမာနဝတ္ထု (၂၂)

ဆွမ်းခံရဟန်းအား ဖိနပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၈၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖိနပ်ကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၃၄-ပူဝဒါယိကာဝိမာနဝတ္ထု (၂၃)

ဆွမ်းခံရဟန်းအား မုံ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၉၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား မုန့်ကို ပေးလှူခဲ့ဖူးပါ၏။ပ။

------

၃၅-မောဒကဒါယိကာဝိမာနဝတ္ထု (၂၄)

ဆွမ်းခံရဟန်းအား ကတွတ်မုံ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၆၀၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ကတွတ်မုန့်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။

------

၃၆-သက္ခလိကာဒါယိကာဝိမာနဝတ္ထု (၂၅)

ဆွမ်းခံရဟန်းအား သကာခဲကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ အခြံအရံ နတ်သမီး တစ်ထောင်ထက်သာလွန်သော နတ်သမီးဖြစ်ရသူ

၆၁၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သကာခဲကို ပေးလှူခဲ့ဖူး ပါ၏။ပ။

၆၁၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၆၁၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံး တို့ကို ထွန်းပပါ၏။

၆၁၇။ အလိုရှိအပ်သော အဆင်းရှိကုန်သော နတ်သမီးတို့ကို မြင်ရပြီ၊ ထို့ကြောင့် ဤတာဝတိံသာနတ်ပြည်သို့ အကျွန်ုပ်၏ လာရောက်ခြင်းသည် ကောင်းသော လာရောက်ခြင်းပေ တည်း၊ ယနေ့ အကျွန်ုပ်၏ မိုးသောက်ခြင်းသည် ကောင်းသော မိုးသောက်ခြင်းပေတကား၊ ယနေ့ အကျွန်ုပ်၏အိပ်ရာမှ ထခြင်းသည် ကောင်းသော ထခြင်းပေတကား။

၆၁၈။ ထိုနတ်သမီးတို့၏ ကုသိုလ်တရားကို ကြားနာရ၍ အလှူပေးခြင်းဖြင့်လည်းကောင်း,ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့၊ အကြင် နိဗ္ဗာန်သို့ရောက်သည်ရှိသော် မစိုးရိမ်ရကုန်၊ ထိုအကျွန်ုပ်သည် များစွာသော ကုသိုလ်ကို ပြု၍ ထိုမစိုးရိမ်ရရာနိဗ္ဗာန်အရပ်သို့ သွားပါတော့အံ့ (ဟု ဂုတ္တိလဆရာက ဆို၏)။

ငါးခုမြောက်သော ဂုတ္တိလဝိမာနဝတ္ထု ပြီး၏။

------

၆-ဒဒ္ဒလ္လဝိမာနဝတ္ထု

ရှေးဘဝက သံဃာတော်အား ရှစ်ပါးစာဆွမ်းကို လှူဒါန်းခဲ့ခြင်း အရေအတွက် များလှစွာသော ရဟန်းတို့အား ဆွမ်းအဖျော်ဖြင့် ရောင့်ရဲစေခဲ့ခြင်း သံဃိကဒါနကို ပြုခဲ့ခြင်းတို့ကြောင့် တာဝတိံသာ၌သိကြားမင်းကပင် ငေးယူရလောက်အောင် ထွန်းတောက် ရောင်ဝါ ကြီးကျယ်စွာနှင့် သုဘဒ္ဒါအမည်ရသော နတ်သမီး

၆၁၉။ များသော အခြံအရံရှိသော (ဘဒ္ဒါနတ်သမီး) သင်သည် အဆင်းအားဖြင့်လည်း ကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ထွန်းလင်းတောက်ပလျက် တာဝတိံသာနတ်အားလုံး တို့ကို အရောင်အဆင်းဖြင့် လွန်၍ တင့်တယ်ဘိ၏ (ဟု သုဘဒ္ဒါနတ်သမီးက ဆို၏)။

၆၂၀။ အကျွန်ုပ်သည် သင့်ကို မမြင်ဖူးပါ၊ ဤယခု မြင်ရခြင်းသည် ရှေးဦးစွာ မြင်ရခြင်းပါ တည်း၊ အဘယ်နတ်ပြည်မှလာ၍ အကျွန်ုပ်ကို (ဘဒ္ဒါဟု) အမည်ဖြင့် ခေါ်ဆိုဘိသနည်း (ဟု သုဘဒ္ဒါနတ်သမီးကမေး၏)။

၆၂၁။ အရှင်မ ဘဒ္ဒါ အကျွန်ုပ်သည် ရှေးလူ့ဘဝက သုဘဒ္ဒါအမည်ဖြင့် ဖြစ်ခဲ့ပါ၏၊ သင်နှင့်လင်တူမယားလည်း ဖြစ်ခဲ့ပါ၏၊ သင်၏ ညီမငယ်လည်း ဖြစ်ခဲ့ပါ၏။

၆၂၂။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် ထိုလူ့အဖြစ်မှ လွတ်ကင်း၍ သေလွန်သည်ရှိသော်နိမ္မာနရတိပြည်၌ ဖြစ်ရပါ၏ (ဟု သုဘဒ္ဒါနတ်သမီးက ဖြေကြား၏)။

၆၂၃။ သုဘဒ္ဒါ သင်သည် မိမိဖြစ်ရာဘဝကို အကြင် နိမ္မာနရတိနတ်တို့၏ အတွင်းဝယ် ဖြစ်ရပါ၏ဟုပြောကြားဘိ၏၊ ထိုနိမ္မာနရတိနတ်ဘုံတို့သို့ ကုသိုလ်များစွာပြုသော သတ္တဝါ တို့သည် သာရောက်နိုင်ကြကုန်၏။

၆၂၄။ ထိုသို့ဖြစ်လျက် သင်သည် အဘယ်အကြောင်းကြောင့် အဘယ်သူကမူလည်း ဆုံးမ သည် ဖြစ်၍ အဘယ်သို့သော သဘောရှိသော အလှူပေးခြင်းဖြင့်လည်းကောင်း, အဘယ်သို့ သဘောရှိသော အကျင့်သီလဖြင့်လည်းကောင်း အခြံအရံအကျော်အစော ရှိပါသနည်း။

၆၂၅။ သုဘဒ္ဒါနတ်သမီး သင်သည် ဤသို့ သဘောရှိသော အခြံအရံ အကျော်အစောသို့ ရောက်၍ ပြန့်ပြော များမြတ်သော အကျိုးထူးကို ရဘိသနည်း၊ ဤအကျိုးထူးသည် အဘယ် ကုသိုလ်ကံ၏အကျိုးထူးပါနည်း၊ သင့်ကို ငါ မေး၏၊ သင် ဖြေကြားပါလော့ (ဟု မေး၏)။

၆၂၆။ ရှေးဘဝက မြတ်သော အလှူကို ခံထိုက်သော သံဃာတော်အား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ရှစ်ပါးစာသော ဆွမ်းတို့ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၆၂၇။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

၆၂၉။ ငါသည် ကိုယ်နှုတ်နှလုံး စောင့်စည်းကုန်သော မြတ်သော မဂ်အကျင့်ကို ကျင့်ကုန်သော သင့်ထက် (အရေအတွက်) များစွာကုန်သော ရဟန်းတို့ကို ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ကိုယ်ထိလက်ရောက် ဆွမ်းအဖျော်တို့ကို ရောင့်ရဲစေခဲ့ဖူးပါ၏။

၆၃၀။ ငါသည် သင့်ထက် များစွာ ပေးလှူခဲ့ပါလျက် ယုတ်နိမ့်သော (တာဝတိံသာနတ် ဘုံ) ၌ဖြစ်လာရ၏၊ သင်သည်ကား အနည်းငယ်မျှသာ ပေးလှူခဲ့ပါလျက် အဘယ်ကြောင့် ပြန့်ပြောများမြတ်သော အကျိုးထူးကို ရဘိသနည်း၊ သုဘဒ္ဒါနတ်သမီး ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏အကျိုးထူးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု မေး၏)။

၆၃၁။ ရှေးဘဝ၌ နှလုံးကို ပွားစေတတ်သော ရေဝတအမည်ရှိသော ရဟန်းသည် အကျွန်ုပ်ဖူးမြင်ဖူးသော ရဟန်း ဖြစ်ပါ၏၊ မိမိလျှင် ရှစ်ယောက်မြောက်သော ထိုရေဝတမည်သော ရဟန်းကို ဆွမ်းဖြင့် အကျွန်ုပ် ပင့်ဖိတ်ခဲ့ပါ၏။

၆၃၂။ အကျွန်ုပ်၏ အကျိုးကို ရှေးရှုလိုလားသော ထိုအသျှင်ရေဝတသည် အကျွန်ုပ်ကို သနားသဖြင့် သံဃာတော်အား ပေးလှူလော့ဟု ဆို၏၊ အကျွန်ုပ်သည် ထိုအသျှင်ရေဝတ၏ စကားကို လိုက်နာခဲ့ပါ၏။

၆၃၃။ သံဃာသို့ ရောက်သော ထိုအလှူသည် မနှိုင်းယှဉ်အပ်သော အကျိုး၌ တည်၏၊ သင်သည်ပုဂ္ဂိုလ်တို့အား ပေးလှူခဲ့၏၊ သင်၏ ထိုပုဂ္ဂလိကအလှူသည် အကျိုးမကြီး (ဟု ဖြေကြား၏)။

၆၃၄။ သံဃာတော်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏ဟု ယခုမှသာလျှင် အကျွန်ုပ့်သိရပါ၏၊ ထိုအကျွန်ုပ်သည် လူအဖြစ်သို့ ရောက်သည်ရှိသော် အလှူခံပုဂ္ဂိုလ်တို့၏ အခြင်းအရာကို သိ၍ ဝန်တိုမှုကင်းလျက် မမေ့မလျော့ဘဲ သံဃာအား လှူဖွယ်ဝတ္ထုတို့ကို အခါခါ ပေးလှူပါတော့အံ့ (ဟုပြောဆိုဝန်ခံ၏)။

၆၃၅။ ဘဒ္ဒါ အကြင်နတ်သမီးသည် သင်နှင့်အတူ စကားပြောဆို၏၊ တာဝတိံသာနတ် အားလုံးတို့ထက်အရောင်အဆင်းဖြင့် လွန်၍ တင့်တယ်၏၊ ထိုနတ်သမီးသည် အဘယ်မည်သော နတ်သမီးနည်း (ဟုသိကြားမင်းက မေး၏)။

၆၃၆။ နတ်တို့အရှင် သိကြားမင်း (ထိုနတ်သမီးသည်) လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အကျွန်ုပ်၏လင်တူမယားလည်း ဖြစ်ခဲ့ဖူးပါ၏၊ ညီမငယ်လည်း ဖြစ်ခဲ့ဖူးပါ၏၊ သံဃာအား အလှူဒါနတို့ကို ပေးလှူခြင်းကြောင့် ပြုအပ်ပြီးသော ကောင်းမှုရှိသည်ဖြစ်၍ အထူးတင့်တယ် ပါ၏ (ဟု ဖြေကြား၏)။

၆၃၇။ ဘဒ္ဒါ ရှေးဘဝ၌ သင့်ညီမသည် မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိသော သံဃာ၌ အလှူကို တည်စေသောကြောင့် လျောက်ပတ်သော အကြောင်းဖြင့် သင့်ထက် တင့်တယ်၏၊

၆၃၈။ ထိုစကားမှန်၏၊ အကြင်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီး မြတ်၏၊ ထိုအလှူခံပုဂ္ဂိုလ်အား ပေးကမ်းခြင်း၏ အကျိုးကို ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံးနေ တော်မူသော) မြတ်စွာဘုရားအား ငါ မေးခဲ့ဖူး၏။

၆၃၉။ ပေးလှူကုန်သော လူတို့၏လည်းကောင်း၊ ကုသိုလ်ကောင်းမှုကို လိုလားကုန်သည် ဖြစ်၍ ပြည့်စုံမှုတည်ရာ 'ဥပဓိ' လျှင် အကျိုးရှိသည့်ကောင်းမှုကို ပြုကုန်သော သတ္တဝါတို့၏လည်းကောင်း အဘယ်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော အလှူသည် အကျိုးကြီးမြတ်ပါသနည်း (ဟု ငါ မေးခဲ့ဖူး၏)။

၆၄၀။ အကြင်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏၊ ထို အလှူခံပုဂ္ဂိုလ်အားခွဲဝေပေးကမ်းခြင်း၏ အကျိုးကိုလည်းကောင်း, သတ္တဝါတို့၏ဥစ္စာဖြစ်သော ကံ၏အကျိုးနှစ်ပါးကိုလည်းကောင်း သိတော်မူသော မြတ်စွာဘုရားသည် ထိုအမေးကို ငါ့အားဖြေကြားတော်မူ၏။

၆၄၁။ ကျင့်ဆဲမဂ်ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း, ဖိုလ်၌ တည်ကုန်သော ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ဤပုဂ္ဂိုလ်ရှစ်ယောက် အပေါင်းသံဃာသည် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ပညာ သီလနှင့် ပြည့်စုံ၏။

၆၄၂။ ပေးလှူကုန်သော လူတို့၏လည်းကောင်း, ကုသိုလ်ကောင်းမှုကို လိုလားကုန်သည် ဖြစ်၍ ပြည့်စုံမှု၏တည်ရာ 'ဥပဓိ'လျှင် အကျိုးရှိသည့်ကောင်းမှုကို ပြုကုန်သော သတ္တဝါတို့၏လည်းကောင်းသံဃာအား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏ (ဟု ဖြေကြား တော်မူ၏)။

၆၄၃။ ထိုသံဃာတော်သည်သာလျှင် ပြန့်ပြော၏၊ မြင့်မြတ်သည့်အဖြစ်သို့ ရောက်၏၊ သမုဒ္ဒရာသည် (ရေအားဖြင့်) မရေတွက်နိုင်သကဲ့သို့ ထိုသံဃာတော်သည် မိမိ၏ဂုဏ်အားဖြင့် မရေတွက်နိုင်၊ တရားတော်ကို ညွှန်ပြတတ်ကုန်သော လူတို့တွင် လုံ့လနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား၏တပည့်သားဖြစ်ကုန်သော ပညာအလင်းကို ပြုတတ်ကုန်သော ထိုသံဃာ တို့သည် သာလျှင် မြတ်ကုန်၏။

၆၄၄။ အကြင်သူတို့သည် သံဃာတော်ကို ရည်မှတ်၍ အလှူကို ပေးလှူကုန်၏၊ ထိုသူတို့၏ပေးလှူ ခြင်းသည် ကောင်းသော ပေးကမ်းလှူဒါန်းပူဇော်ခြင်းပင် ဖြစ်၏၊ သံဃာ၌ တည်သော ထိုအလှူကို အကျိုးကြီးမြတ်၏ (ဟု) လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာဘုရား တို့သည် ချီးမွမ်းတော်မူအပ်ကုန်၏။

၆၄၅။ လောက၌ အကြင်သူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက် ဤသို့သဘော ရှိသော (သံဃာကို ရည်မှတ်၍ ပြုသည့်) ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ကုန်သည် ဖြစ်၍ သွားလာလှည့်လည် နေကုန်၏၊ ထိုသူတို့သည် ဝန်တိုမှု အညစ်အကြေးကို အကြောင်း အရင်းနှင့်တကွ့ပယ်ဖျောက်ကုန်၍ (ပညာရှိတို့) အကဲ့ရဲ့ မခံရကုန်ဘဲ နတ်ပြည်သို့ ကပ် ရောက်ကြရကုန်၏၊

ခြောက်ခုမြောက်သော ဒဒ္ဒလ္လဝိမာနဝတ္ထု ပြီး၏။

------

၇-ပေသဝတီဝိမာနဝတ္ထု

မာဂဓတိုင်း နာဠကရွာ၌ သူကြွယ်အမျိုး၌ ချွေးမဖြစ်ရစဉ် အသျှင်သရိပုတြာမထေရ် မြတ်၏ဥတုဇရုပ်အလောင်အားပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ခြင်းကြောင့် ကြာမျိုးငါးအင် ပန်းသစ်ပင်အစုံအလင်တို့ဖြင့် ဝိုင်းရံသော ဗိမာန်၌ ချမ်းသာစွာ ခံစားရသော နတ်သမီး

၆၄၆။ ဖလ်ကျောက်တို့ဖြင့်ပြီးသော နံရံ ရွှေငွေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားအပ်သော အထူးထူးသော အဆင်းရှိသည်ဖြစ်၍ အထွေထွေဆန်းကြယ်သော နေရာအပြင်ရှိသော, အလွန် မွေ့လျော်ဖွယ်ရှိသည့်နေရာဖြစ်သော ကုသိုလ်ကံက ဖန်ဆင်းအပ်သော (ရတနာခုနစ်ပါးတို့ဖြင့် ပြီးသော ဆန်းကြယ်သော) တုရိုဏ်းတိုင်နှင့် ပြည့်စုံသော ရွှေသဲတို့ဖြင့် ပြွမ်းသော တင့်တယ် ကျယ်ပြန့်သော ဤဗိမာန်ကို ငါ မြင်ရ၏။

၆၄၇။ ကောင်းကင်ပြင်ဝယ် တန်ဆောင်မုန်းလအခါ အမိုက်မှောင်ကို ပယ်ဖျောက်တတ်သော ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အရပ်ဆယ်မျက်နှာတို့၌ ထွန်းလင်းတောက်ပသကဲ့သို့လည်းကောင်း, ညအခါ ကောင်းကင်ထက်၌ တောက်ပသော မီးကဲ့သို့လည်းကောင်း ထို့အတူသင်၏ ဤဗိမာန်သည် ထွန်းလင်းတောက်ပ၏။

၆၄၈။ လျှပ်စစ်နွယ်ကဲ့သို့လည်းကောင်း, (အရောင်တောက်ပသည်ဖြစ်၍) မျက်စိကို ကျိန်းစပ်စေသကဲ့သို့လည်းကောင်း ကောင်းကင်ပြင်၌ တည်သော ဤဗိမာန်သည် စိတ်နှလုံးကို နှစ်သက်စေဘိ၏၊ စောင်း, မုရိုးစည်, ကြေးနင်း, ခွက်ခွင်း, လက်ခုပ်သံတို့ဖြင့် ပဲ့တင်ထပ်သော သင်၏ဤဗိမာန်သည် သိကြားမြို့ကဲ့သို့ နတ်သမီး နတ်သားစည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံ၏၊

၆၄၉။ ဤဗိမာန်၌ ကြာပဒုမ္မာ ကုမုဒြာ ကြာဖြူ ကြာနီ ကြာညိုသည်လည်းကောင်း, ဇွန်ပန်းခေါင်ရမ်းပန်း လိပ်ဆူးရွှေပန်းတို့သည်လည်းကောင်း, (ပင်လုံးကျွတ်) ပွင့်ကုန်သော အင်ကြင်းပင်တို့သည်လည်းကောင်း, ပွင့်ကုန်သော သော်ကပင်တို့သည်လည်းကောင်း ရှိကုန်၏၊ ဤဗိမာန်သည် အထူးထူးသော မြတ်သော သစ်ပင်တို့၏ မွှေးကြိုင်သော အနံ့တို့ဖြင့် သင်းထုံကြိုင်လှိုင်၏၊

၆၅၀။ အခြံအရံရှိသော နတ်သမီး သင်၏ ဗိမာန်အနီး၌ တည်သော နှလုံးမွေ့လျော်ဖွယ် ကောင်းသော ရေကန်သည် ထင်းရူးပင်, တောင်ပိန္နဲပင်, မွှေးကြိုင်သော ဘုဇကပင်တို့နှင့်လည်း ယှဉ်၏၊ ထန်း အုန်းအစရှိသော မြက်မျိုး, ကောင်းစွာ ပွင့်၍ တွဲရရွဲကျသော နွယ်မျိုး တို့နှင့်လည်း ယှဉ်၏၊ မြကွန်ရက်နှင့်တူသော ရေလည်း ရှိ၏။

၆၅၁။ ရေ၌ပေါက်ကုန်သော အပွင့်မျိုးဖြစ်ကုန်သော ပန်းပင်တို့သည်လည်းကောင်း၊ ကြည်း ကုန်း၌ပေါက်ကုန်သော အပင်မျိုးဖြစ်ကုန်သော သစ်ပင်တို့သည်လည်းကောင်း၊ လူ့ပြည်၌ ရှိကုန်, မရှိကုန်သော သစ်ပင်၊ နတ်ပြည်၌ဖြစ်ကုန်သော သစ်ပင်အားလုံးတို့သည်လည်းကောင်း သင်၏ နေရာဗိမာန် အနီး၌ပေါက်ရောက်ကုန်၏။

၆၅၂။ ကော့သော မျက်တောင်ရှိသော နတ်သမီး ဤအကျိုးသည် အဘယ်သို့သော ကိုယ် နှုတ် နှလုံးစောင့်စည်းခြင်း, ဣန္ဒြေကို ဆုံးမခြင်း၏ အကျိုး ဖြစ်ပါသနည်း၊ အကျိုးပေးရန် အားထုတ်အပ်သော အဘယ်ကံ၏ အစွမ်းဖြင့် သင်သည် ဤဗိမာန်၌ ဖြစ်လာရသနည်း၊ အကြင်ကံကြောင့် သင်သည်ဤဗိမာန်ကို ရ၏၊ ငါ မေးမြန်းသည်အားလျော်စွာ ထိုကံကို ဖြေကြားပါလော့ (ဟု အသျှင်ဝင်္ဂီသကမေး၏)။

၆၅၃။ အကြင်ကုသိုလ်ကံကြောင့်လည်း ကြိုးကြာ, ဥဒေါင်း, စင်ရော်ငှက်အပေါင်းတို့၏ သွားလာရာဖြစ်၍ ရေပေါ်ငှက်, ဟင်္သာငှက်မင်းတို့၏ ကျက်စားရာဖြစ်သော စစ္စလီငှက်, ဥဩငှက်တို့၏့မြည်တွန်ရာဖြစ်သော ဤဗိမာန်ကို အကျွန်ုပ် ရအပ်ပါ၏။

၆၅၄။ အကြင်ကုသိုလ်ကံကြောင့်လည်း အထူးထူးသော အကိုင်းအခက်တို့ဖြင့် ဆန်းကြယ်သော သခွတ်ပင်, သပြေပင်, သော်ကပင်လည်းရှိသော ဤဗိမာန်ကို အကျွန်ုပ် ရအပ်ပါ၏၊ အရှင်ဘုရား (ဗိမာန်ရကြောင်းဖြစ်သော) ထိုကံကို အရှင်ဘုရားအား လျှောက်ကြားပါအံ့၊ နား ထောင်တော်မူပါ။

၆၅၅။ အရှင်ဘုရား မဂဓတိုင်းမြတ်၏ အရှေ့အရပ်မျက်နှာ၌ နာဠကမည်သော ရွာ ရှိပါ၏၊ ထိုရွာ၌အကျွန်ုပ်သည် ရှေးဘဝက (သူကြွယ်မျိုးဝယ်) ချွေးမ ဖြစ်ခဲ့ဖူးပါ၏၊ ထိုရွာ၌ အကျွန်ုပ်ကို ပေသဝတီဟူ၍ လူအများ သိကြပါကုန်၏၊

၆၅၆။ အရှင်ဘုရား ထိုအကျွန်ုပ်သည် အကျိုးအကြောင်း၌ လိမ္မာတော်မူသည့် မြတ်စွာ ဘုရားကို ရိုသေလေးစားတတ်သော နတ်လူအပေါင်းတို့ ပူဇော်အပ်သော များမြတ်သော ဂုဏ်ကျေးဇူးရှိတော်မူသော မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိသော ပရိနိဗ္ဗာန်စံလွန်တော်မူသော ဥပတိဿအမည်ရသော အသျှင်သာရိပုတ္တရာမထေရ်မြတ်ကို ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပန်းတို့ဖြင့်ကြဲဖြန့်ပူဇော်ခဲ့ပါ၏။

၆၅၇။ အရှင်ဘုရား အလွန်မြတ်သော အနုပါဒိသေသနိဗ္ဗာန်သို့ ကြွသွားတော်မူသော အဆုံးစွန်သော ကိုယ်ခန္ဓာကို ဆောင်သော ပြန့်ပြောကောင်းမြတ်သော ရဟန်းကို ပူဇော်ခြင်း ကြောင့် အကျွန်ုပ်သည် လူ၌ဖြစ်သော ခန္ဒာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် အဖြစ်သို့ ရောက်၍ ဤနတ်ပြည်ဝယ်ဤဗိမာန်ကို အုပ်စိုးနေရပါ၏ (ဟု ဖြေကြား၏)။

ခုနစ်ခုမြောက်သော ပေသဝတီဝိမာနဝတ္ထု ပြီး၏။

------

၈-မလ္လိကာဝိမာနဝတ္ထု

ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရားအား ရွှေ ငွေ ပတ္တမြား ပုလဲတို့ဖြင့် စီခြယ်သော ရွှေကွန်ယက်ဖြင့် ဖုံးအပ်သဖြင့် သောဝဏ္ဏဇာလ အမည်ရသော မဟာလတာတန်ဆာကို တင်လွှမ်းပူဇော်ခဲ့ခြင်းကြောင့် ရွှေဝါရောင် အဆင်တန်ဆာ ရတနာအမျိုးမျိုးဝတ်ဆင်ကာ တူရိယာအသံထွက်သော ပန်းကုံးတို့ဖြင့် ရှုမဆုံးအောင် ဖြစ်လာရသော နတ်သမီး

၆၅၈။ ရွှေဝါရောင်အဝတ်ကို ဝတ်သော ရွှေဝါရောင် (တံခွန်) ရှိသော ရွှေဝါရောင်တန်ဆာ တို့ဖြင့်တန်ဆာဆင်အပ်သော နတ်သမီး သင်သည် ချောမွေ့ပြေပြစ်ကုန်သော ရွှေဝါရောင်ကိုယ် ဝတ်တို့ဖြင့်တန်ဆာမဆင်သော်လည်း (မိမိ ပင်ကိုယ်အဆင်းဖြင့်ပင်) တင့်တယ်လှဘိ၏။

၆၅၉။ ရွှေလက်ကောက်ဝတ်သော ရွှေဦးဆောက်ပန်းကို ပန်ဆင်သော (ရတနာချည်ဖြင့် ချုပ်သည့်) ရွှေကွန်ရက်ငယ်ဖြင့် ဖုံးလွှမ်းသော ကိုယ်လည်းရှိသော အထူးထူးသော ရတနာ ပန်းကုံးလည်းရှိသော နတ်သမီး (သင်သည်) အဘယ်မည်သော နတ်သမီးနည်း။

၆၆၀။ (နတ်သမီး သင်၏ကိုယ်၌ ဆင်မြန်းသော ရတနာပန်းကုံးသည်) သိင်္ဂနိက်ရွှေစင်ဖြင့်လည်း ပြီး၏။ ပတ္တမြားနီဖြင့်လည်း ပြီး၏။ ပုလဲဖြင့်လည်း ပြီး၏။ ကြောင်မျက်ရွဲဖြင့်လည်း ပြီး၏။ ပတ္တမြားနီနှင့်တကွပတ္တမြားပြောက်ဖြင့်လည်း ပြီး၏။ ခိုမျက်စိနှင့် တူကုန်သော ပတ္တမြားတို့ဖြင့် ဆန်းကြယ်၏။

၆၆၁။ ဤပန်းကုံးတို့တွင် အချို့အချို့သော ပန်းကုံးသည် ဥဒေါင်းသံကဲ့သို့ ကောင်းသော အသံရှိ၏၊ ဟင်္သာမင်း၏ အသံကဲ့သို့ သာယာသော အသံရှိ၏၊ ကရဝိတ်ငှက်သံကဲ့သို့ သာယာ ချိုမြိန်သော အသံရှိ၏၊ အင်္ဂါငါးပါးရှိသော တူရိယာစည်မျိုး၌ ကောင်းစွာ တီးမှုတ်သော အသံ ကို ကြားရသကဲ့သို့ထိုပန်းကုံးတို့၏ သာယာသော အသံကို ကြားရ၏။

၆၆၂။ သင်၏ ရထားသည်လည်း တင့်တယ်၏၊ နှစ်သက်ဖွယ် ရှိ၏၊ အထူးထူးသော ရတနာတို့ဖြင့်ဆန်းကြယ်၏၊ အထူးထူးသော အဆင်းသဏ္ဌာန်ရှိကုန်သော (လှည်းဘီး, လှည်းသန်အစရှိသော) ့ဓာတ်တို့ဖြင့် ကောင်းစွာ ဝေဖန်အပ်သည်ဖြစ်၍သာလျှင် တင့်တယ်၏။

၆၆၃။ နတ်သမီး ရွှေစင်နှင့်တူသော အရောင်အဆင်းရှိသော ထိုရထား၌တည်သော သင် သည်ဤအလုံးစုံသော မြေအရပ်ကို ထွန်းပစေ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်နာရဒက မေး၏)။

၆၆၄။ မနှိုင်းယှဉ်နိုင်သော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော ပရိနိဗ္ဗာန်စံတော်မူသော ဂေါတမမြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အထူးထူးသော ပတ္တမြားရွှေစင်တို့ဖြင့်ဆန်းကြယ်သော ပုလဲတို့ဖြင့်လည်း စီခြယ်အပ်သော ရွှေကွန်ရက်ဖြင့် ကောင်းစွာ ဖုံးလွှမ်း အပ်သည်ဖြစ်သောကြောင့် သောဝဏ္ဏဇာလအမည်ရသော မဟာလတာတန်ဆာကို တင်လွှမ်း ပူဇော်ခဲ့ပါ၏။

၆၆၅။ အရှင်ဘုရား အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်ခြင်းကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟုဖြေကြား၏)။

ရှစ်ခုမြောက်သော မလ္လိကာဝိမာနဝတ္ထု ပြီး၏။

------

၉-ဝိသာလက္ခိဝိမာနဝတ္ထု

ရာဇဂြိုဟ်ပြည်တွင် သုနန္ဒဥပါသိကာမဖြစ်စဉ် သဒ္ဓါသီလပြည့်စုံစွာနှင့် ရဟန်းသံဃာတို့ အား အဝတ်အရုံဆွမ်းကျောင်းဆီမီးတန်ဆောင်တို့ကို လှူဒါန်းခဲ့ခြင်း ဥပုသ်စောင့်သုံးခဲ့ခြင်း တို့ကြောင့်တာဝတိံသာနတ်ပြည်၌ ရှုမဆုံးဖွယ် တင့်တယ်သော မျက်လုံးရှင် ယာဉ်ရထား အစုံရသော ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံသူ နတ်သမီး

၆၆၆။ တင့်တယ်ကျယ်ပြန့်မျက်လုံးခန့်သော နတ်သမီး နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော စိတ္တလတာဥယျာဉ်၌ နတ်သမီးအပေါင်းခြံရံလျက် ထက်ဝန်းကျင်မှ လှည့်လည်သွားလာနေသော သင်သည်အဘယ်အမည် ရှိပါသနည်း။

၆၆၇။ အကြင်အခါ တာဝတိံသာနတ်တို့သည် ဤဥယျာဉ်သို့ ဝင်ကုန်၏၊ ထိုအခါ ဤစိတ္တလတာဥယျာဉ်သို့ လာရောက်ခြင်းဟူသော အကြောင်းကြောင့် ဆင်ယာဉ်, မြင်းယာဉ်စသော ယာဉ်တို့နှင့် တကွသော, ယာဉ်ရထားတို့နှင့် တကွသောတာဝတိံသာနတ်အားလုံးတို့သည် ဆန်းကြယ်သော အခြင်းအရာရှိကုန်၏။

၆၆၈။ ဤအရပ်သို့ ရောက်လာ၍ ဥယျာဉ်၌ သွားလာလှည့်ပတ်သော သင်၏ ကိုယ်၌မူကားဆန်းကြယ်သော အခြင်းအရာ မထင်ခဲ့၊ နတ်သမီး အဘယ်ကုသိုလ်ကြောင့် သင်၏ ကိုယ် အဆင်းသည်ဤသို့သဘောရှိသော စိတ္တလတာဥယျာဉ်၏ အရောင်ကို လွှမ်းမိုး၍ တည်ဘိသနည်း၊ ဤအကျိုးသည်အဘယ်ကုသိုလ်၏ အကျိုးနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါ လော့ (ဟု သိကြားမင်းက မေး၏)။

၆၆၉။ နတ်တို့အရှင် သိကြားမင်း အကြင်ကုသိုလ်ကံကြောင့် အကျွန်ုပ်၏ ကိုယ်အဆင်းသည်လည်းကောင်း, လားရာဂတိသည်လည်းကောင်း, နတ်တန်ခိုးသည်လည်းကောင်း, အာနုဘော်သည်လည်းကောင်း (ဤသို့ သဘောရှိ၏)။ ထိုကုသိုလ်ကံကို နားဆင်တော်မူပါလော့။

၆၇၀။ အကျွန်ုပ်သည် ရှေးဘဝ၌ နှလုံးမွေ့လျော်ဖွယ်ရှိသော ရာဇဂြိုဟ်ပြည်တွင် သုနန္ဒာ အမည်ရှိသော ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ ယုံကြည်မှု 'သဒ္ဓါ', စောင့်ထိန်းမှု 'သီလ'နှင့် ပြည့်စုံ ခဲ့ပါ၏၊ အခါခပ်သိမ်းခွဲဝေပေးကမ်းမှု၌ မွေ့လျော်ခဲ့ပါ၏။

၆၇၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ကျောင်း အိပ်ရာ နေရာကိုလည်းကောင်း,ဆီမီးတန်ဆောင်ကိုလည်းကောင်း ပေးလှူခဲ့ဖူးပါ၏။

၆၇၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့်ပြည့်စုံခဲ့ပါ၏။

၆၇၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ် နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရ ပါ၏။

၆၇၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေအရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၆၇၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၆၇၆။ မိဖတို့အိမ်မှ ကျွန်မသည် အကျွန်ုပ်အတွက် အခါခပ်သိမ်း ပန်းကို ရှေးရှု ဆောင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုပန်းအားလုံးကို ပင်လျှင် မြတ်စွာဘုရား၏ စေတီတော်၌ ပူဇော် တင်လှူခဲ့ပါ၏။

၆၇၇။ ဥပုသ်နေ့၌မူကား အကျွန်ုပ်သည် စေတီတော်သို့ သွား၍ ကြည်ညိုသော စိတ်ရှိ သည် ဖြစ်၍ ပန်းနံ့သာပျောင်းကို ကိုယ်ထိလက်ရောက် စေတီတော်၌ တင်လှူပူဇော်ခဲ့ပါ၏။

၆၇၈။ သိကြားမင်း အကျွန်ုပ်သည် စေတီတော်၌ ပန်းကို တင်လှူပူဇော်ခဲ့သော ထိုကုသိုလ် ကံကြောင့်အကျွန်ုပ်၏ ကိုယ်အဆင်းသည်လည်းကောင်း, လားရာဂတိသည်လည်းကောင်း,နတ်တန်ခိုးသည်လည်းကောင်း, အာနုဘော်သည်လည်းကောင်း (ဤသို့ သဘောရှိပါ၏)။

၆၇၉။ သိကြားမင်း အကျွန်ုပ်သည် သီလရှိသူ ဖြစ်ခဲ့ပါ၏၊ ထိုသီလသည် အကျိုးမပေး သေးပါ၊ ငါသည်ကား အဘယ်သို့သော အကြောင်းဖြင့် သကဒါဂါမ်မိန်းမ ဖြစ်ရပါအံ့နည်းဟု အကျွန်ုပ်တောင့်တပါ၏ (ဟု ဖြေကြား၏)။

ကိုးခုမြောက်သောဝိသာလက္ခိဝိမာနဝတ္ထု ပြီး၏။

------

၁၀-ပါရိစ္ဆတ္တကဝိမာနဝတ္ထု

ရှေးဘဝက မြတ်စွာဘုရားအား သော်ကပန်းကုံးကို ဆပ်ကပ်ခဲ့သောကြောင့် ပင်လယ် ကသစ်ပင်၌ပန်းကို သီကုံးကာ သာယာသော သီချင်းကို သီဆိုလျက် တူရိယာသံ ထွက်ပေါ် အောင်ပျော်ရွှင်ကခုန်နေရသော နတ်သမီး

၆၈၀။ နတ်သမီး သင်သည် နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ကို ဖြစ်စေတတ်သော 'ပါရိ စ္ဆတ္တက'အမည်ရှိသော ပင်လယ်ကသစ်ပင်၌ နတ်ပန်းကို သီကုံး၍ သီချင်းကို သီဆိုလျက် ကောင်းစွာစံပျော် နေဘိ၏။

၆၈၁။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာ ပျော်ဖွယ်,နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြ ကုန်၏။

၆၈၂။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လှိုင်ကုန်၏။

၆၈၃။ နတ်သမီး ကိုယ်ကို လှည့်လည်ယိမ်းနွဲ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ် ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၄။ လေညင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လှုပ်ကုန်သော ဦးဆောက် ပန်းတို့၏အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၅။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာအားလုံးတို့၌ ပျံ့လှိုင်၏။

၆၈၆။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကို သာတွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၈၇။ အကျွန်ုပ်သည် ပြိုးပြိုးပြက်ထွက်သော အရောင်အလျှံရှိသော အဆင်း အနံ့နှင့်ပြည့်စုံသော သော်ကပန်းကုံးကို မြတ်စွာဘုရားအား ဆက်ကပ်ခဲ့ပါ၏။

၆၈၈။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မှုကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ဟု (ဖြေကြား၏)။

ဆယ်ခုမြောက်သော ပါရိစ္ဆတ္တကဝိမာနဝတ္ထု ပြီး၏။

သုံးခုမြောက်သော ပါရိစ္ဆတ္တကဝဂ် ပြီး၏။

------

၄-မဉ္ဇိဋ္ဌကဝဂ်

၁-မဥိ္ဇဋ္ဌကဝိမာနဝတ္ထု

ရှေးလူ့ဘဝက မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ သောကြောင့် ရွှေသဲခင်းသော မြေအဖို့၌ မောင်းသော အဆင်းရှိသော ဗိမာန်၌ အင်ကြင်းတော ပန်းရနံ့တို့ဖြင့်၊ ကိင်လှိုင်သင်းပျံ့ကာ ချမ်းသာစွာခံစားနေရသော နတ်သမီး

၆၈၉။ နတ်သမီး သင်သည် ရွှေသဲခင်းထားသော မြေအဖို့ရှိသော မောင်းသော အရောင်ရှိသော ဗိမာန်၌ကောင်းစွာ တီးမှုတ်အပ်သော အင်္ဂါငါးပါးရှိသော တူရိယာဖြင့် မွေ့လျော်နေ ဘိ၏။

၆၉၀။ (သင်၏ သုစရိုက်ကုသိုလ်တရားက) ဖန်ဆင်းထားသော ရတနာဖြင့်ပြီးသော ထို ဗိမာန်မှဆင်းသက်ပြီးလျှင် အခါခပ်သိမ်း ပွင့်သော အင်ကြင်းတောသို့ သက်ဝင်ဘိ၏။

၆၉၁။ နတ်သမီး သင်သည် အကြင်အကြင် အင်ကြင်းပင်ရင်း၌ ရပ်တည်နေ၏၊ သစ်ပင် တကာတို့ထက်မြတ်သော ထိုထိုအင်ကြင်းပင်သည် အောက်သို့ ကိုင်းညွတ်လျက် ပန်းတို့ကို ချွေချ၏။

၆၉၂။ သင်၏ အင်ကြင်းတောသည် လေကြောင့် လှုပ်၏၊ လေညင်း တိုက်ခတ်၏၊ ငှက် အပေါင်းသည်မှီဝဲအပ်၏၊ ထိုအင်ကြင်းတော၏ ရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ် မျက်နှာအားလုံးတို့၌ ပျံ့လှိုင်၏။

၆၉၃။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကို သာတွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၉၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အရှင်သခင် အိမ်၌ ကျွန်မ ဖြစ်ခဲ့ဖူးပါ၏၊ ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့် ပူဇော်ခဲ့ပါ၏။

၆၉၅။ အကျွန်ုပ်သည် အင်ကြင်းပန်းတို့ဖြင့်ပြီးသော ကောင်းစွာ ပြုအပ်သော ဦးဆောက် ပန်းကိုလည်းမြတ်စွာဘုရားအား ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ကိုယ်ထိလက်ရောက် ကပ်လှူခဲ့ပါ၏။

၆၉၆။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မှုကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

ရှေးဦးစွာသော မဥိ္ဇဋ္ဌကဝိမာနဝတ္ထု ပြီး၏။

------

၂-ပဘဿရဝိမာနဝတ္ထု

ရှေးလူ့ဘဝက ဆွမ်းခံရဟန်းအား ပန်းနှင့်တင်လဲကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန် ဥယျာဉ်၌သိကြားမင်းကဲ့သို့ တင့်တယ်လျှက် ပြိုးပြိုးပြက်တောက်ပသော အဝတ်တံဆာ စန္ဒကူးနံ့သာလိမ်းကျံသကဲ့သို့နှစ်သက်ဖွယ်သော အကျိုးများကို ရရှိသော နတ်သမီး

၆၉၇။ ပြိုးပြိုးပြက် မြတ်သော အရောင်အဆင်းရှိသော ကောင်းစွာ နီသော အဝတ်ကို ဝတ်သော စန္ဒကူးဖြင့် လိမ်းကျံထားသကဲ့သို့ နှစ်သက်ဖွယ် ကိုယ်ရှိသော တင့်တယ်ခြင်းရှိသော တန်ခိုးအာနုဘော်ကြီးသော နတ်သမီး ငါ့ကို ရှိခိုးလာသော သင်ကား အဘယ်သူနည်း။

၆၉၈။ သင်၏ ပလ္လင်သည် အဖိုးများစွာ ထိုက်တန်၏၊ အထူးထူးသော ရတနာတို့ဖြင့်လည်းဆန်းကြယ်၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ယင်းပလ္လင်၌ ထိုင်နေသော သင်သည် နန္ဒဝန် ဥယျာဉ်၌သိကြားမင်းကဲ့သို့ တင့်တယ်လှဘိ၏။

၆၉၉။ ကောင်းသော နတ်သမီး သင်သည် ရှေးဘဝ၌ အဘယ်သို့သော (သုစရိုက်) ကို ပြုကျင့်ခဲ့ဖူးသနည်း၊ နတ်သမီး သင်သည် နတ်ပြည်လောက၌ အဘယ်ကုသိုလ်၏ အကျိုးကို ခံစားနေဘိသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၀၀။ အရှင်ဘုရား ဆွမ်းခံလှည့်လည်သော အရှင်ဘုရားအား ပန်းကိုလည်းကောင်း,တင်လဲကိုလည်းကောင်း ပေးလှူခဲ့ပါ၏၊ နတ်ပြည်လောကဝယ် ထိုကုသိုလ်ကံ၏ အကျိုးကို ခံစားရပါ၏။

၇၀၁။ အရှင်ဘုရား အကျွန်ုပ်အား နောင်တတစ်ဖန် ပူပန်မှုလည်း ဖြစ်နေပါ၏၊ ချွတ်ယွင်း မှုကြောင့်ဆင်းရဲခြင်းလည်း ဖြစ်ပါ၏၊ အရှင်ဘုရား ဘုရားဟောတရားတော်တို့ကို အကျွန်ုပ် သည် မနာခဲ့ရပါ။

၇၀၂။ အရှင်ဘုရား ထိုသို့သော အကြောင်းကြောင့် အရှင်ဘုရားအား အကျွန်ုပ် လျှောက် ထားတောင်းပန်ပါ၏၊ အကြင်ပုဂ္ဂိုလ်သည် သနားစောင့်ရှောက်ထိုက်သူ ဖြစ်ရာ၏၊ ထိုပုဂ္ဂိုလ် အားမြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူအပ်သော တရားတော်ကို ဆောက်တည် စေပါလော့။

၇၀၃။ အရှင်ဘုရား အကြင်နတ်တို့အား ဘုရားရတနာ၌လည်းကောင်း, တရားရတနာ၌လည်းကောင်း,သံဃာရတနာ၌လည်းကောင်း ယုံကြည်မှု 'သဒ္ဓါတရား'ရှိ၏၊ ထိုနတ်တို့သည် အသက်အားဖြင့်လည်းကောင်း, အကျော်အစော အခြံအရံအားဖြင့်လည်းကောင်း, အသရေအားဖြင့်လည်းကောင်း အကျွန်ုပ်ထက် သာလွန်၍ တင့်တယ်ကြပါကုန်၏။

၇၀၄။ အခြားသော နတ်တို့သည် အကျွန်ုပ်ထက် တန်ခိုးအာနုဘော်အားဖြင့်လည်းကောင်း,အဆင်းအားဖြင့်လည်းကောင်း သာလွန်ပါကုန်၏၊ အထူးသဖြင့် တန်ခိုးကြီးကြပါကုန်၏ (ဟု ဖြေကြား၏)။

နှစ်ခုမြောက်သော ပဘဿရဝိမာနဝတ္ထု ပြီး၏။

------

၃-နာဂဝိမာနဝတ္ထု

ဗာရာဏသီပြည်၌ မြတ်စွာဘုရားအားချဉ်းကပ်၍ အဝတ်အစုံကို လှူဒါန်းကာ ခြေတော်အစုံကို လက်အုပ်မိုး ရှိခိုးခဲ့သောကြောင့် ပတ္တမြားရွှေကွန်ယက်တို့ဖြင့် ဖုံးလွှမ်း၍ ပြင်ဆင်ထားသော ဆင်ထက်သို့တက်စီးလျက် ကောင်းကင်ခရီးဖြင့် သွားလာနိုင်ခြင်း၊ ပဒုမ္မာကြာရေကန်တို့ဖြင့် တူရိယာသံစုံလင်စွာခံစားရခြင်းတို့နှင့် ပြည့်စုံသော နတ်သမီး

၇၀၅။ တန်ဆာဆင်ထားသော နတ်သမီး သင်သည် ပတ္တမြားရွှေစင်တို့ဖြင့် စီခြယ်ထားသော ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားသော ကောင်းစွာ ပြင်ဆင်ထားသော ကြီးစွာသော ဆင်မြတ်သို့တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ ရောက်လာဘိ၏။

၇၀၆။ ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့်ပဒုမ္မာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ကုန်၏၊ ပဒုမ္မာကြာတို့၌ လည်း တူရိယာအပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန်သော ဤနတ်သမီး တို့သည် ကလည်း ကကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏။

၇၀၇။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူး ကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်ဝင်္ဂီသက မေး၏)။

၇၀၈။ အကျွန်ုပ်သည် ဗာရာဏသီပြည်၌ မြတ်စွာဘုရားအား ချဉ်းကပ်၍ အဝတ်အစုံကို ပေးလှူခဲ့ဖူးပါ၏၊ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြေ၌ ထိုင်ကာ နှစ်သက်သည် ဖြစ်၍ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ပါ၏။

၇၀၉။ ရွှေစင်နှင့်တူသော အရောင်အဆင်းရှိတော်မူသော မြတ်စွာဘုရားသည်လည်းအကျွန်ုပ်အား (သမုဒယသစ္စာ, ဒုက္ခသစ္စာတို့၏) မမြဲသည်၏အဖြစ်ကိုလည်းကောင်း, အကြောင်း တရားတို့မပြုပြင်အပ်သော ဒုက္ခချုပ်ငြိမ်းရာ (နိရောဓသစ္စာ)၏ မြဲသည်၏အဖြစ်ကိုလည်း ကောင်း,ဟောတော်မူပါ၏၊ (မဂ္ဂသစ္စာ) ကိုလည်း ဟောတော်မူပါ၏၊ ယင်းသို့ ဟောတော် မူခြင်းကြောင့်သစ္စာလေးပါးကို အကျွန်ုပ် သိရပါ၏။

၇၁၀။ အရှင်ဘုရား အကျွန်ုပ်သည် နည်းသော အသက်အပိုင်းအခြားရှိသည်ဖြစ်၍ သေလွန် ခြင်းကြောင့်ထိုလူဘဝမှ စုတေခဲ့သည်ရှိသော် တာဝတိံသာနတ်ပြည်၌ဖြစ်၍ အခြံအရံနှင့် ပြည့်စုံရပါ၏၊ အကျွန်ုပ်သည် သိကြားမင်း၏ နတ်ပြည်နှစ်ထပ် အရပ်မျက်နှာတို့၌ ထင်ရှား ကျော်စော၍ ယသုတ္တရာအမည်ရှိသော မယားတစ်ယောက် ဖြစ်ခဲ့ပါ၏ (ဟု လျှောက်၏)။

သုံးခုမြောက်သော နာဂဝိမာနဝတ္ထု ပြီး၏။

------

၄-အလောမဝိမာနဝတ္ထု

ဗာရာဏသီပြည်၌ မြတ်စွာဘုရားအား မုယောမုန့်ခြောက်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် အလောမဟူသော အမည်ဖြင့် အရပ်ဝန်းကျင် ရောင်ရှင် တောက်ပ ချမ်းသာခံစားရသော နတ်သမီး

၇၁၁။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၁၂။ နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၁၄။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်း ကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၇၁၅။ အကျွန်ုပ်သည် ကား ဗာရာဏသီပြည်၌ နေမင်း၏အဆွေဖြစ်တော်မူသော မြတ်စွာ ဘုရားအားကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မုယောမုန့်ခြောက်ကို ကိုယ်ထိလက်ရောက် ပေး လှူခဲ့ဖူးပါ၏။

၇၁၆။ ခြောက်လည်းခြောက်၍ ဆားလည်းမပါသော မုယောမုန့်အလှူ၏ အကျိုးကို ရှုတော် မူပါလော့၊ နတ်ချမ်းသာသို့ ရောက်သော အလောမအမည်ရှိသော အကျွန်ုပ်ကို မြင်ရသည်ရှိ သော် အဘယ်သူသည်ကောင်းမှုကို မပြုဘဲ နေတော့အံ့နည်း။

၇၁၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

လေးခုမြောက်သော အလောမဝိမာနဝတ္ထု ပြီး၏။

------

၅-ကဉ္ဇိကဒါယိကာဝိမာနဝတ္ထု

အန္ဓကဝိန္ဒမြို့၌ မြတ်စွာဘုရားအား ဆီးသီးရည်ဖြင့်ချက်၍ ဆီမွှေးသတ်ထားသော ပုံးရည်ကို လှူဒါန်းခဲ့သောကြောင့် ၎င်း ပိတ်ချင်းသီး ကြက်သွန်ပန်းနှင့် ရောသော ပုန်းရည်ကို အသျှင်အာနန္ဒာမှတဆင့်လှူဒါန်းခဲ့သောကြောင့် ၎င်းသောက်ရှူးကြယ်အသွင် တောက်ပ နတ်ချမ်းသာ ခံစားရသော နတ်သမီး

၇၁၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၂၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၂၂။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၂၃။ အကျွန်ုပ်သည် အန္ဓကဝိန္ဓမြို့၌ နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား အားဆီးသီးရည်ဖြင့် ကောင်းစွာ ချက်၍ ဆီမွှေးသတ်ထားသော ပုန်းရည်ကို ပေးလှူခဲ့ဖူး ပါ၏။

၇၂၄။ ဖြောင့်မတ်ခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား၌ အထူးကြည်လင်သော စိတ်ဖြင့်ပိတ်ချင်းသီး ကြက်သွန် ပန်းရင်းနှင့် ရောယှက်သော ပုန်းရည်ကို (အသျှင်အာနန္ဒာမှ တစ်ဆင့်) ပေးလှူခဲ့ပါ၏။

၇၂၅။ အရှင်ဘုရား အင်္ဂါကြီးငယ်အလုံးစုံ ကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမသည်စကြဝတေးမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။

၇၂၆။ ရွှေစင် နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿတိုရ်မြင်းကသော ရထားတစ်သိန်း,ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း (ဤအလုံးစုံတို့သည် လည်း) ဤပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ် စိတ်လောက်မျှ တန်ဖိုးမရှိကြပေကုန်။

၇၂၇။ ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုးတင်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုးဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤ ပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏အကျိုးကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ် လောက်မျှ တန်ဖိုး မရှိကြပေကုန်။

၇၂၈။ ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ထိုစကြဝတေးမင်း စည်းစိမ်သည် ဤပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ (ဟု ဖြေကြား၏)။

ငါးခုမြောက်သော ကဉ္ဇိကဒါယိကာဝိမာနဝတ္ထု ပြီး၏။

------

၆-ဝိဟာရဝိမာနဝတ္ထု

ဝိသာခါကျောင်းအမ ပုဗ္ဗာရုံကျောင်း ပူဇော်ပွဲကျင်းပရာတွင် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ (သာဓု) ခေါ်ခဲ့သောကြောင့် နတ်ပြည်တွင် လှမျိုးစုံကြက်သရေ တူရိယာသံ အထွေထွေတို့ဖြင့် ဆဲ့ခြောက်ယူဇနာရှိသော ဗိမာန်၌ ပျော်စံရသော နတ်သမီး

၇၂၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၃၀။ သင် ကနေစဉ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာ ပျော်ဖွယ်,နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြ ကုန်၏။

၇၃၁။ သင် ကနေစဉ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လှိုင်ကုန်၏။

၇၃၂။ နတ်သမီး ကိုယ်ကို လှည့်လည်ယိမ်းနွဲ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ် ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၇၃၃။ လေညင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လှုပ်ကုန်သော ဦးဆောက် ပန်းတို့၏အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၇၃၄။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာအားလုံးတို့၌ ပျံ့လှိုင်ပါ၏။

၇၃၅။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကို သာတွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်အနုရုဒ္ဓါက မေး၏)။

၇၃၆။ အရှင်ဘုရား အကျွန်ုပ်၏ အဆွေခင်ပွန်းမ (ဝိသာခါ) သည် သာဝတ္ထိပြည်၌ သံဃာ တော်၏ (အကျိုးငှါ) ပုဗ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်၏၊ ထို (ကျောင်းတော်ကြီး ပူဇော် ပွဲကျင်းပသော) အခါဝယ် ထိုကျောင်းတော်ကြီးကိုလည်းကောင်း, နှစ်သက်ကြည်နူးဖွယ် ပူဇော် ပွဲကြီးကိုလည်းကောင်းမြင်ရ၍ ကြည်ညိုသောကြောင့် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုခဲ့ ပါ၏။

၇၃၇။ အကျွန်ုပ်၏ ထိုဝမ်းမြောက်ဝမ်းသာ အနုမောဒနာသက်သက်ကြောင့်ပင်လျှင် မဖြစ် ဖူးမြဲ ဖြစ်၍ ရှုချင်စဖွယ်ဖြစ်သော ထက်ဝန်းကျင် တစ်ဆယ့်ခြောက်ယူဇနာရှိသော ဗိမာန်ကို ရခဲ့ပါ၏၊ ထိုဗိမာန်သည်အကျွန်ုပ်ကောင်းမှု၏ အာနုဘော်ကြောင့် ကောင်းကင်၌ သွားနိုင်ပါ၏။

၇၃၈။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော အကျွန်ုပ်၏ ဗိမာန် တို့သည် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် အလွန်တောက်ပစေကုန်လျက် ထွန်းလင်းပါ ကုန်၏။

၇၃၉။ အကျွန်ုပ်၏ ဤဗိမာန်၌ ရေကန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ ငါးအပေါင်း တို့မှီဝဲအပ်ကုန်၏၊ ကြည်သော ရေရှိကုန်၏၊ အထူးသဖြင့် ကြည်လင်ကုန်၏၊ ရွှေအတိပြီးသော သဲတို့ဖြင့်ခင်းထားအပ်ပါကုန်၏။

၇၄၀။ အထူးထူးသော ကြာပဒုမ္မာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ကြာဖြူ ပုဏ္ဍရိက်မျိုး တို့ဖြင့်လည်းဖုံးလွှမ်းအပ်ကုန်၏၊ လေညင်းတိုက်ခတ်သဖြင့် လှုပ်ကုန်သော နှစ်သက်မြတ်နိုး ဖွယ် မွှေးကြိုင်သော ရနံ့တို့သည် ထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏။

၇၄၁။ ဗိမာန်အနီး၌ သပြေပင်တို့သည်လည်းကောင်း, ပိန္နဲပင်တို့သည်လည်းကောင်း,ထန်းပင်တို့သည်လည်းကောင်း, အုန်းတောတို့သည်လည်းကောင်း, အထူးထူးသော သစ်ပင်တို့သည်လည်းကောင်း မစိုက်ပျိုးရကုန်ဘဲ ပေါက်ကုန်၏။

၇၄၂။ အကြင်သူသည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံ၍ နတ်သမီးအပေါင်း တို့ကြွေးကြော်သံရှိသော ဤဗိမာန်ကို အိပ်မက်၌မူလည်း မြင်မက်ရာ၏၊ ထိုအိပ်မက်၌ မြင်မက်သူသော်မှလည်း နှစ်သက်ရာ၏။

၇၄၃။ ဤသို့သဘောရှိသော မဖြစ်ဖူးမြဲ ဖြစ်၍ ရှုချင်စဖွယ်ဖြစ်သော ထက်ဝန်းကျင်မှ ထွန်းပသော အရောင်ရှိသော ဗိမာန်သည် အကျွန်ုပ်၏ ကံကြောင့် ဖြစ်ပါ၏၊ (ထို့ကြောင့်) ကောင်းမှုတို့ကို ပြုခြင်းငှါသင့်လှပါ၏ (ဟု လျှောက်၏)။

၇၄၄။ ထိုဝမ်းမြောက်ဝမ်းသာ အနုမောဒနာသက်သက်ကြောင့်ပင်လျှင် သင် နတ်သမီးသည်မဖြစ်ဖူးမြဲဖြစ်၍ ရှုချင်စဖွယ်ဖြစ်သော ဗိမာန်ကို ရပေသေး၏၊ အကြင်ဝိသာခါအမျိုးသမီးသည် (ပုဗ္ဗာရုံ) ကျောင်းအလှူကို ပေးလှူ၏၊ ထိုဝိသာခါအမျိုးသမီး၏ လားရာဂတိကို သင်ပြောဆို ပါလော့၊ ထို (ဝိသာခါ) အမျိုးသမီးသည် အဘယ်ဘုံ၌ ဖြစ်လေသနည်း (ဟု အသျှင်အနုရုဒ္ဓါက မေး၏)။

၇၄၅။ အသျှင်ဘုရား ထိုအကြင်အမျိုးသမီးဝိသာခါသည် အကျွန်ုပ်၏ အဆွေခင်ပွန်းမ ဖြစ်ခဲ့ ဖူးပါ၏၊ သစ္စာလေးပါးတရားကို သိပြီးသော ထိုအမျိုးသမီးဝိသာခါသည် သံဃာတော်၏ အကျိုးငှါ (ပုဗ္ဗာရုံ) ကျောင်းတော်ကြီးကို ဆောက်လုပ်စေ၏၊ (ဆွမ်းသင်္ကန်းစသော များမြတ်သော) အလှူကို ပေးလှူ၏၊ ထိုအမျိုးသမီးဝိသာခါသည် နိမ္မာနရတိနတ်ဘုံ၌ ဖြစ်ပါ၏။

၇၄၆။ (ထိုနတ်ဘုံ၌) သုနိမ္မိတအမည်ရှိသော နိမ္မာနရတိနတ်မင်းကြီး၏ မိဖုရား ဖြစ်ပါ၏၊ ထိုဝိသာခါနတ်သမီး၏ ကံအကျိုးကို ကြံစည်ခြင်းငှါ မတတ်နိုင်ပါ၊ ထိုဝိသာခါသည် အဘယ်ဘုံ၌ဖြစ်လေသနည်းဟူသော အမေးပြဿနာကို (အရှင်ဘုရားသည်) မေးတော်မူပါ၏၊ ထိုအမေး ပြဿနာကိုအရှင်ဘုရားအားဟုတ်မှန်သော အတိုင်း အကျွန်ုပ် ဖြေကြားပါ၏။

၇၄၇။ ထို့ကြောင့် နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သံဃာတော်အား လှူဖွယ်တို့ကို ပေးလှူကြကုန်လော့၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍ တရားတော်ကိုလည်း နာကြကုန် လော့၊ သင်တို့သည် အလွန်ရခဲသော လူအဖြစ်ရခြင်းကို ရအပ်၏ဟု အခြားသူတို့ကိုလည်း ဆောက်တည်ပါစေကုန်လော့။

၇၄၈။ ဗြဟ္မာမင်းအသံနှင့်တူသော အသံရှိတော်မူသော, ရွှေစင်နှင့်တူသော အရေအဆင်းရှိ တော်မူသော,အရိယာမဂ်ဖြင့် နတ်နှင့်တကွသော လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားသည် သုဂတိသို့ရောက်ကြောင်းခရီးကို ဟောတော်မူ၏၊ နှစ်သက်သော စိတ်ရှိ ကုန်သည် ဖြစ်၍ သံဃာတော်အားအလှူတို့ကို ပေးလှူကြကုန်လော့၊ ယင်းသံဃာတော်၌ ပေးလှူအပ်သော အလှူတို့သည် အကျိုးကြီးမြတ်ကုန်၏။

၇၄၉။ အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ကုန်သောသူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် လေးယောက်အစုံတို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် လှူဖွယ်တို့ကို ခံယူခြင်းငှါ ထိုက် ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ပေးလှူကုန်သော လှူဖွယ်ဝတ္ထုတို့သည် များမြတ်သော အကျိုးရှိ ကုန်၏။

၇၅၀။ ကျင့်ဆဲ မဂ်ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း, ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ဤပုဂ္ဂိုလ်ရှစ်ယောက်အပေါင်း သံဃာသည် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ပညာ သီလနှင့် ပြည့်စုံ၏။

၇၅၁။ ပေးလှူကုန်သော လူတို့၏လည်းကောင်း, ကောင်းမှုကို လိုလားကုန်သည်ဖြစ်၍ ပြည့်စုံမှု၏တည်ရာ 'ဥပဓိ' လျှင် အကျိုးရှိသည့် ကောင်းမှုကို ပြုကုန်သော သတ္တဝါတို့၏လည်း ကောင်း သံဃာအားပေးလှူသော အလှူသည် များမြတ်သော အကျိုးရှိ၏။

၇၅၂။ ထိုသံဃာတော်သည်သာလျှင် ပြန့်ပြော၏၊ မြင့်မြတ်သည့် အဖြစ်သို့ ရောက်၏၊ သမုဒ္ဒရာသည့် (ရေအားဖြင့်) မရေတွက်နိုင်သကဲ့သို့ ထိုသံဃာတော်သည် (မိမိ၏ဂုဏ်အားဖြင့်) မရေတွက်နိုင်၊ တရားတော်ကို ညွှန်ပြတတ်ကုန်သော လူတို့တွင် လုံ့လနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား၏တပည့်သားဖြစ်ကုန်သော ပညာအလင်းကို ပြုတတ်ကုန်သော ထိုသံဃာ တို့သည် သာလျှင် မြတ်ကုန်၏။

၇၅၃။ အကြင်သူတို့သည် သံဃာတော်ကို ရည်မှတ်၍ အလှူကို ပေးလှူကုန်၏၊ ထို သူတို့၏ပေးလှူ ခြင်းသည် ကောင်းသော ပေးကမ်းလှူဒါန်းပူဇော်ခြင်းပင် ဖြစ်၏၊ သံဃာ၌ တည်သော ထိုအလှူကို အကျိုးကြီးမြတ်၏ဟု လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာ ဘုရားတို့သည် ချီးမွမ်းတော်မူအပ်ကုန်၏။

၇၅၄။ လောက၌ အကြင်သူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက် ဤသို့သဘော ရှိသော (သံဃာကို ရည်မှတ်၍ ပြုသည့်) ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ကုန်သည် ဖြစ်၍ သွားလာလှည့်လည်နေကုန်၏၊ ထိုသူတို့သည် ဝန်တိုမှု အညစ်အကြေးကို အကြောင်း အရင်းနှင့်တကွပယ်ဖျောက်ကုန်၍ (ပညာရှိတို့) အကဲ့ရဲ့ မခံရကုန်ဘဲ နတ်ပြည်သို့ ကပ်ရောက် ကြရကုန်၏၊

ခြောက်ခုမြောက်သောဝိဟာရဝိမာနဝတ္ထု ပြီး၏။

------

၇-စတုရိတ္ထိဝိမာနဝတ္ထု

ဧသိကတိုင်း ကုန်းမြင့်အရပ် ပဏ္ဏကတမြို့တော် ဆွမ်းခံရဟန်းအား ငုရွှေပန်းစည်းကို လှူဒါန်းခဲ့သောကြောင့် ၎င်း ကြာညိုပန်းစည်းကို လှူဒါန်းခဲ့သောကြောင့် ၎င်း ပဒုမ္မာကြာစည်းကို လှူခဲ့သောကြောင့် ၎င်း အရောင်အဆင်းတင့်တယ်ခြင်း အစုံအလင်ဖြင့် ပျော်ရွှင်စွာ ခံစားရသော နတ်သမီးလေးဦး

၇၅၅။ အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့်။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၅၈။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၅၉။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ဆွမ်းခံလှည့်လည်သော ရဟန်းအား ငုရွှေပန်းစည်းကို ပေးလှူခဲ့ပါ၏။

၇၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ် ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၇၆၂။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၆၅။ နတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၆၆။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်ရာ အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ရဟန်းအား ကြာညိုပန်းစည်းကို ပေးလှူခဲ့ပါ၏။

၇၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၇၆၉။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၇၂။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၇၃။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်ရာ အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ရဟန်းအား ရေအိုင်၌ပေါက်၍ ဖြူသော ကြာစွယ် စိမ်းသော အရွက်ရှိသော ပဒုမ္မာကြာစည်းကို ပေးလှူခဲ့ပါ၏။

၇၇၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ် ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ ပါ၏။

၇၇၆။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၇၉။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၈၀။ သုမနာအမည်ရှိသော အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်အရပ်ဝယ် နှလုံးမွေ့ လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ကောင်းသော စိတ်ရှိသော ရဟန်းအား ဆင်စွယ်အသွေးမြတ်လေးပန်းငုံတို့ကို ပေးလှူခဲ့ပါ၏။

၇၈၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ် ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

ခုနစ်ခုမြောက်သော စတုရိတ္ထိဝိမာနဝတ္ထု ပြီး၏။

------

၈-အမ္ဗဝိမာနဝတ္ထု

လူဘဝက သရက်ပင်တို့ဖြင့် ခြံရံအပ်သော ကျောင်းကို သံဃာတော်၏ အကျိုးငှာ လှူဒါန်းသည့်ပြင်ကျောင်းပူဇော်ပွဲတွင် အဝတ်ပဒေသာ သရက်ပင်မှာပြုပြီးလျှင် ဆီမီး တန်ဆောင်ထွန်းကာ သံဃာတော်အားလှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် သရက်ဥယျာဉ် ကြီးအတွင်း ခမ်းနားသော ဗိမာန်၌တူရိယာသံအစုံ နတ်သမီးအကအခုန်တို့ဖြင့် ပျော်စံရသော နတ်သမီး

၇၈၃။ သင်နတ်သမီး၏ နတ်၌ဖြစ်သော သရက်ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဉ်၌ ပြန့်ပြောကြီးကျယ်သော ပြာသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့်ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံ ရှိ၏။

၇၈၄။ ဤပြာသာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲ တောက်ပနေ၏၊ နတ်ဝတ်တန်ဆာဟူသော အသီးရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင် ခြံရံအပ်၏။

၇၈၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၈၇။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၈၈။ အကျွန်ုပ်သည် ရှေးဘဝ လူတို့လောကဝယ် လူဖြစ်ခဲ့စဉ်အခါက သရက်ပင်တို့ဖြင့် ခြံရံအပ်သော ကျောင်းကို သံဃာတော်၏ (အကျိုးငှါ) ဆောက်လုပ်စေခဲ့ပါ၏။

၇၈၉-၇၉၀။ ဆောက်လုပ်အပ်သော ကျောင်းပြီးမြောက်၍ ကျောင်းပူဇော်ပွဲ ကျင်းပလတ် သော်အဝတ်ဖြင့်ပြီးသော အသီးတို့ကို ပြုပြီးလျှင် သရက်ပင်တို့ကို ဖုံးလွှမ်းလျက် ထိုသရက် ပင်တို့၌ ဆီမီးကိုလည်း ညှိထွန်း၍ နတ်လူအပေါင်းတို့ထက် မြတ်သော သံဃာတော်ကို ဆွမ်း လုပ်ကျွေးလျက် ့ကြည်လင်သော စိတ်ဖြင့် ထိုကျောင်းကို သံဃာတော်အား ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၇၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ သရက်ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဉ်၌ ပြန့်ပြောကျယ်ဝန်းသော ပြာသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့်ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံရှိပါ၏။

၇၉၂။ ဤပြာသာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲ တောက်ပနေ ပါ၏၊ နတ်ဝတ်တန်ဆာဟူသော အသီးရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင်မှ ခြံရံအပ် ပါ၏။

၇၉၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

ရှစ်ခုမြောက်သော အမ္ဗဝိမာနဝတ္ထု ပြီး၏။

------

၉-ပီတဝိမာနဝတ္ထု

ရှေးဘဝ လူ့ပြည်၌ မြတ်စွာဘုရား၏စေတီ (သရီရဓာတ်) တော်ကို ရည်မှတ်၍ သပွတ်ခါးနွယ်ပန်းလေးပွင့်တို့ကို ပူဇော်ရန်အသွား လမ်းခရီးအကြားတွင် သေဆုံး၍ နတ်ပြည်၌ရွှေဝါရောင်ပြာသာဒ်တွင်ခံစားရသော နတ်သမီး

၇၉၅-၆။ ရွှေဝါရောင်အဝတ်ကို ဝတ်သော ရွှေဝါရောင်တံခွန်ရှိသော, ရွေဝါရောင်တန်ဆာ တို့ဖြင့်တန်ဆာဆင်အပ်သော, ရွှေဝါရောင်စန္ဒကူးဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသော, ရွှေဝါ ရောင်ကြာပန်းကို ဆင်မြန်းသော, ရွှေဝါရောင်ပြာသာဒ်, ရွှေဝါရောင်အိပ်ရာ, ရွှေဝါရောင်နေရာ, ရွှေဝါရောင်ခွက်,ရွှေဝါရောင်ထီး, ရွှေဝါရောင်ရထား, ရွှေဝါရောင်မြင်း, ရွှေဝါရောင်သားမြီးယပ် ရှိသော နတ်သမီး-

၇၉၇။ သင်သည် ရှေးဘဝက လူ့ပြည်၌ အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ နတ် သမီးဤအကျိုးသည် အဘယ်ကုသိုလ်ထူး၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြား ပါလော့ (ဟုသိကြားမင်းက မေး၏)။

၇၉၈-၉။ အရှင်သိကြားမင်း ခါးသည်ဖြစ်၍ လူတို့ အလိုမရှိသော သပွတ်ခါးမည်သော နွယ်သည် ရှိပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ရည်မှတ်၍ အထူး ကြည်လင်သော စိတ်ဖြင့်ထိုသပွတ်ခါးနွယ် ပန်းလေးပွင့်တို့ကို စေတီတော်ဆီသို့ ရှေးရှု ဆောင်ယူခဲ့ပါ၏၊ အကျွန်ုပ်သည် ထို (ရန်သူ) နွားမ၌ သတိမထားမိသည်ဖြစ်၍ ထိုနွားအုပ် လာရာလမ်းကို မျှော်မကြည့်မိပါ။

၈၀၀။ ထိုနွားအုပ်မှ နွားသားငယ်ရှိသော နွားမသည် အကျွန်ုပ်ကို စေတီတော်သို့ မရောက်သေးမီဝှေ့သတ်ပါ၏၊ အကျွန်ုပ်သည် (စေတီတော်သို့ ကိုယ်တိုင်ရောက်၍ အလိုဆန္ဒ အတိုင်း ပန်းကို ပူဇော်သဖြင့်) ထိုကောင်းမှုကို သာ ကောင်းစွာ ဆည်းပူးခဲ့ရပါမူ အကျွန်ုပ်အား ဤစည်းစိမ်ထက်သာလွန်၍ ဖြစ်ရာပါ၏။

၈၀၁။ နတ်တို့ထက် မြတ်တော်မူသော မဃအမည်ရှိသော နတ်တို့အရှင် သိကြားမင်း ထို (စေတီတော်ကို ပန်းတို့ဖြင့် ပူဇော်လို၍ သွားခြင်းတည်းဟူသော) ကောင်းမှုကြောင့် လူ့ ခန္ဓာကိုယ်ကို စွန့်၍ အရှင်သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်၏ အဖြစ်သို့ ရောက် လာရပါ၏ (ဟု ဖြေကြား၏)။

၈၀၂။ နတ်တို့ထက် မြတ်တော်မူသော မဃအမည်ရှိသောတာဝတိံသာနတ်တို့အရှင် သိကြားမင်းသည်ဤစကားကို ကြားရသည်ရှိသော် တာဝတိံသာနတ်တို့ကို ရတနာသုံးပါးတို့၌ ကြည်ညိုစေလိုသောကြောင့် မာတလိနတ်သားအား ဤစကားကို ပြောဆို၏။

၈၀၃။ မာတလိနတ်သား အံ့ဖွယ်ကောင်းသော ဆန်းကြယ်သော ဤကုသိုလ်ကံ၏ အကျိုးကို ရှာစမ်းပါလော့၊ လှူဖွယ်ဝတ္ထု အနည်းငယ်မျှပင် ဖြစ်သော်လည်း ပြုအပ်သော ကောင်းမှုသည် ကား များမြတ်သော အကျိုးရှိ၏။

၈၀၄။ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ၊ ထို မြတ်စွာဘုရား၏တပည့်သားသံဃာတော်၌ဖြစ်စေ စိတ်ကြည်လင်သည်ရှိသော် ပေးလှူအပ်သော ဒါနမည်သည်နည်းသည်ဟူ၍ မရှိချေ။

၈၀၅။ မာတလိနတ်သား လာလှည့်၊ ငါတို့သည် လည်း မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို အတိုင်းထက်အလွန် ပူဇော်ကြပါကုန်စို့၊ ကောင်းမှုတို့ကို ဆည်းပူးခြင်းသည် ချမ်းသာ၏။

၈၀၆။ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ၊ ပရိနိဗ္ဗာန် စံတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ စိတ်ထားညီမျှသည်ရှိသော် ညီမျှသော အကျိုးကို ပေးနိုင်၏၊ စိတ်ကို ကောင်းစွာထားခြင်းတည်းဟူသော အကြောင်း ကြောင့် သတ္တဝါတို့သည် ကောင်းသော လားရာ သုဂတိသို့သွားကြရကုန်၏။

၈၀၇။ မြတ်စွာဘုရားတို့သည် များစွာကုန်သောသူတို့၏အကျိုးငှါ စင်စစ် ပွင့်တော်မူကြ ကုန်၏၊ ယင်းမြတ်စွာဘုရား၌ ဒါယကာတို့သည် ပူဇော်သကာရကို ပြုသောကြောင့် နတ်ပြည်သို့ သွားကြရကုန်၏ (ဟု သိကြားမင်းက ပြောဆို၏)။

ကိုးခုမြောက်သော ပီတဝိမာနဝတ္ထု ပြီး၏။

------

၁၀-ဥ စ္ဆုဝိမာနဝတ္ထု

ရာဇဂြိုဟ်ပြည်၌ အသျှင်မဟာမောဂ္ဂလ္လာန်အား ကြံပိုင်းကို လှူဒါန်းခဲ့သောကြောင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်းကဲ့သို့လုံခြုံ၍ နတ်သမီးများစွာခြံရံကာ ချမ်းသာစွာ ခံစားရသော နတ်သမီး

၈၀၈။ လ, နေတို့သည် ကောင်းကင်နှင့်တကွ ဤမြေကြီးကို ထွန်းပစေကုန်လျက် အလွန်တင့်တယ်ကြကုန်သကဲ့သို့ သင် နတ်သမီးသည် အလွန်တင့်တယ်ဘိ၏၊ ဗြဟ္မာမင်းသည်တာဝတိံသာနတ်ပြည်၌ နေကုန်သော သိကြားမင်းနှင့်တကွ နတ်အပေါင်းတို့ကို သာလွန်၍ တင့်တယ်သကဲ့သို့ သင်သည် အသရေဖြင့်လည်းကောင်း, အရောင်အဆင်းဖြင့်လည်းကောင်း,အခြံအရံများခြင်းဖြင့်လည်းကောင်း, တန်ခိုးအာနုဘော်ဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်၏။

၈၀၉။ ကြာပန်းတို့ကို ပန်ဆင်သော (ရတနာဖြင့်ပြုသော) ဦးဆောက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရေအဆင်းလည်းရှိသော (လက်ကောက် ခြေချင်းစသော) တန်ဆာတို့ဖြင့်ဆင်ယင်သော ကိုယ်ရှိသော မြတ်သော အဝတ်အရုံကိုလည်း ဝတ်ရုံထားသော တင့်တယ်သော နတ်သမီးသင့်ကို ငါ မေး၏၊ ငါ့ကို ရှိခိုးလာသော သင်ကား အဘယ်သူနည်း။

၈၁၀။ နတ်သမီး သင်သည် ရှေးက အဘယ်ကံကို ကိုယ်တိုင်ပြုခဲ့သနည်း၊ သင်သည် ရှေးဘဝလူဖြစ်ခဲ့စဉ်က အလှူပေးလှူမှုကို မူလည်း လေ့ကျက်ခဲ့သလော၊သို့မဟုတ် သီလ စောင့်စည်းမှုကို မူလည်းပြုခဲ့ဖူးသလော၊ အဘယ်ကုသိုလ်ကြောင့် သင်သည် နတ်ရွာသုဂတိဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ များသော အခြံအရံ ရှိပါသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးပါနည်း၊ နတ်သမီး သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၈၁၁။ အရှင်ဘုရား ယခုအခါ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် (အရှင်ဘုရားသည်) ဆွမ်းခံ ခြင်းငှါအကျွန်ုပ်တို့၏ အိမ်သို့ ကပ်ရောက်ခဲ့ပါ၏၊ ထိုသို့ ကပ်ရောက်ခြင်းကြောင့် အကျွန်ုပ် သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် ကြံပိုင်းကို အရှင်ဘုရားအား ပေးလှူခဲ့ဖူးပါ၏။

၈၁၂။ အရှင်ဘုရား နောက်အခါ ယောက္ခမ (မိန်းမသူ) သည်လည်း ''ချွေးမငယ် ကြံကို အဘယ်၌စွန့်ပစ်လိုက်သနည်း''ဟု အကျွန်ုပ်ကို မေးစိစစ်ခဲ့ပါ၏၊ ထိုသို့မေးသော် ''အရှင်မ အကျွန်ုပ်သည် ထိုကြံပိုင်းကို စွန့်လည်း မစွန့်ပစ်ပါ၊ ခဲစားလည်း မခဲစားပါ၊ ကိလေသာငြိမ်း ပြီးသော ရဟန်းအား အကျွန်ုပ်ကိုယ်တိုင် ပေးလှူလိုက်ပါ၏'' (ဟု ပြောကြားပါ၏)။

၈၁၃။ အရှင်ဘုရား ယောက္ခမ (မိန်းမသူ) သည် ''ဟယ်ချွေးမ ဤအိမ်ကို အစိုးရသူသည်သင်ဖြစ်သလော၊သို့မဟုတ် ငါ ဖြစ်သလော''ဟူ၍ အကျွန်ုပ်ကို ဆိုမြည် ကြိမ်းမောင်းပါ၏၊ ထိုယောက္ခမမိန်းမသူသည် ခဲကို ကောက်ယူ၍ အကျွန်ုပ်အား ပေါက်ပါ၏၊ အကျွန်ုပ်သည် ထိုလူ့ဘဝမှစုတေ၍ သေလွန်သည်ရှိသော် နတ်သမီး ဖြစ်ပါ၏။

၈၁၄။ အကျွန်ုပ်သည် အပြစ်မရှိခြင်း ကောင်းကျိုးကိုပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော် နတ်တို့နှင့်တကွ စံပယ်ရပါ၏၊ အကျွန်ုပ်သည် ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။

၈၁၅။ အရှင်ဘုရား အပြစ်မရှိခြင်း ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်း လှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံ ပါ၏၊ ကာမဂုဏ်ငါးပါးတို့နှင့်လည်း ပြည့်စုံပါ၏။

၈၁၆။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည်များမြတ်သော အကျိုးရှိပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော်နတ်တို့နှင့်တကွ စံပယ် ရပါ၏၊ ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။

၈၁၇။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည် ကြီးသော အာနုဘော်ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြား မင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒဝန်ဥယျာဉ်၌မွေ့လျော်စံပျော်သကဲ့သို့ (အကျွန်ုပ်) စံပျော်ရပါ၏။

၈၁၈။ အရှင်ဘုရား အကျွန်ုပ်သည် သနားခြင်းနှင့် ယှဉ်သော ပညာရှိသော အရှင်ဘုရား ကိုလည်းဆည်းကပ်၍ ရှိခိုးခဲ့ပါ၏၊ အရှင်ဘုရားအား အနာမရှိခြင်းကိုလည်း မေးခဲ့ပါ၏၊ ထို့ပြင် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် အရှင်ဘုရားအား ကြံပိုင်းကို ပေးလှူခဲ့ပါ၏ (ဟု လျှောက်၏)။

ဆယ်ခုမြောက်သော ဥစ္ဆုဝိမာနဝတ္ထု ပြီး၏။

------

၁၁-ဝန္ဒနဝိမာနဝတ္ထု

ရှေးလူ့ဘဝက သီလစင်ကြယ်သော ရဟန်းမြတ်ကို ဖူးမြင်၍ ကြည်လင်သော စေတနာဖြင့်ရှိခိုးဦးချခဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် နတ်ချမ်းသာကို ခံစားရသူ နတ်သမီး

၈၁၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် တည်နေဘိ၏။

၈၂၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၈၂၂။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၈၂၃။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက သီလနှင့်ပြည့်စုံကုန်သော ရဟန်း တို့ကို ့ဖူးမြင်၍ ထိုရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် စိတ်ကို ကြည်လင်စေလျက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီခြင်းကို ပြုခဲ့ဖူးပါ၏။

၈၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပပါ၏။

တစ်ဆယ့်တစ်ခုမြောက်သောဝန္ဒနဝိမာနဝတ္ထု ပြီး၏။

------

၁၂-ရဇ္ဇုမာလာဝိမာနဝတ္ထု

ရှေးဘဝ ဂယာရွာ၌ ပုဏ္ဏား၏ကျွန်မဖြစ်စဉ် အရှင်သခင်၏ ဆဲရေးခြင်းတို့ကြောင့် အိမ်မှထွက်လာကာဆွဲ၊ ကိးချသေရန်ကြံစည်ဆဲ မြတ်စွာဘုရားနှင့် တွေ့၍ ဘုရားကို ဆည်းကပ်လော့ဟူသော မိန့်တော်သံကို နာယူလျက် အဆင့်ဆင့် အားထုတ် မဆုတ် မနစ်သော သဒ္ဓါတရား သစ္စာလေးပါးကို သိ စုတိသောအခါတာဝတိံသာနတ်ပြည်တွင် ထင်ရှားသော နတ်သမီးတို့၏ ချီးမွမ်းခြင်းကို ခံရသူ ဖြစ်လာရသော နတ်သမီး

၈၂၆။ နတ်သမီး သင်သည် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် တည်၏၊ ကောင်းစွာတီးမှုတ်သည်ရှိသော် လက်ခြေတို့ကို အထူးထူး အထွေထွေ မြှောက်ချီ၍ က၏။

၈၂၇။ သင် ကနေစဉ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အချင်းခပ်သိမ်း သာယာနာ ပျော်ဖွယ်နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်လာကုန်၏။

၈၂၈။ သင် ကနေစဉ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အချင်းခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ ့လှိုင်ကုန်၏။

၈၂၉။ ကိုယ်ကို လှည့်လည် ပြောင်းရွှေ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ်ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပါ၏။

၈၃၀။ လေညင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လှုပ်ကုန်သော ဦးဆောက် ပန်းတို့၏အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပါ၏။

၈၃၁။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည်လည်း မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့၌ ပျံ့လှိုင်၏။

၈၃၂။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရဘိ၏၊ နတ်၌ ဖြစ်သော အဆင်းကို သာ တွေ့မြင်နေရဘိ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါ နည်း၊ သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၈၃၃။ အကျွန်ုပ်သည် ရှေးဘဝက ဂယာရွာ၌ ပုဏ္ဏား၏ ကျွန်မ ဖြစ်ခဲ့ဖူးပါ၏၊ အကျွန်ုပ် သည်ဘုန်းကံနည်းလှပါ၏၊ ကျက်သရေ မရှိပါ၊ အကျွန်ုပ်ကို ရဇ္ဇုမာလာဟူ၍ လူတို့ သိကြပါ ကုန်၏။

၈၃၄။ အရှင်သခင်၏ ဆဲရေးခြင်းတို့ကြောင့်လည်းကောင်း, ရိုက်ပုတ်ခြင်းတို့ကြောင့်လည်း ကောင်း,ခြိမ်းခြောက်ခြင်းတို့ကြောင့်လည်းကောင်း စိတ်မချမ်းသာသောကြောင့် ရေအိုးကို ယူကာ အိမ်မှ ထွက်ခဲ့၍ ရေခပ်ရန်ကဲ့သို့ ပြုကာ သွားခဲ့ပါ၏။

၈၃၅။ ခရီးလမ်းနံဘေး၌ ရေအိုးကို ချထားပြီးလျှင် ငါ့အား အသက်ရှည်ခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ဤတောအုပ်၌ပင်လျှင် ငါ သေတော့အံ့ (ဟု နှလုံးသွင်း၍) တောအုပ်သို့ ချဉ်းကပ်ခဲ့ပါ၏။

၈၃၆။ ကြိုးကွင်းကို မြဲမြံခိုင်ခံ့စွာပြု၍ သစ်ပင်၌ ဆွဲပြီးနောက်မှ တောတွင်းသို့ ဝင်နေသောသူအဘယ်သူရှိလေသနည်းဟု အရပ်မျက်နှာတို့ကို လှည့်လည်ကြည့်၏။

၈၃၇။ ထိုတောအုပ်တွင် သစ်ပင်၏ အနီး၌ ထိုင်နေတော်မူသော ခပ်သိမ်းသော သတ္တဝါ၏ အစီးအပွါးကို ဆောင်တော်မူသော ဈာန်ဝင်စားလျက် နေတော်မူသော ဘေးမရှိသော မြတ်စွာ ဘုရားကို မြင်ရပါ၏။

၈၃၈။ တောတွင်းသို့ ဝင်နေသောသူ အဘယ်သူနည်း၊ လူသားလေလော့ နတ်လေလောဟုထိုအကျွန်ုပ်အား ထိတ်လန့်ခြင်းနှင့်တကွ အသိဉာဏ် ဖြစ်ပေါ်လာပါ၏၊ မဖြစ်ဖူးမြဲ ဖြစ်သော ကြက်သီးမွေးညင်း ထပါ၏။

၈၃၉။ ကြည်ညိုဖွယ်ကို ဆောင်တော်မူသော လူအပေါင်းတို့၏ အကြည်ညိုကို ခံတော်မူထိုက်သော ကိလေသာတောမှ ဖဲကြဉ်၍ နိဗ္ဗာန်သို့ ရောက်တော်မူသော မြတ်စွာဘုရားကို မြင်ရခြင်း ကြောင့်အကျွန်ုပ်၏ စိတ်သည် ကြည်လင်ပါ၏၊ ဤပုဂ္ဂိုလ်၏ဟုတ်ဟုတ်ညားညား (သာမန် လူစား) မဟုတ်။

၈၄၀။ ဤပုဂ္ဂိုလ်သည် စောင့်ရှောက်အပ်သော ဣန္ဒြေရှိတော်မူသော (အရဟတ္တဖိုလ်) ဈာန်၌မွေ့လျော်တော်မူသော အပအာရုံတို့သို့ စိတ်မရောက်သော သတ္တဝါအားလုံး၏ အစီးအပွါးကို ရွက်ဆောင်တော်မူသော မြတ်စွာဘုရား ဖြစ်ပေလိမ့်မည်။

၈၄၁။ ဂူလိုဏ်၌ နေသော ခြင်္သေ့မင်းကဲ့သို့ (မိစ္ဆာအယူရှိသူတို့) ကြောက်အပ်၍ (ထိုမိစ္ဆာအယူရှိသူတို့၏) ကြောက်ခြင်းကို ဖြစ်စေတတ်သော (ဖောက်ပြန်စိတ်ရှိသူတို့ ချဉ်းကပ်ရန် ခဲယဉ်းသော) မြတ်စွာဘုရားအား ရေသဖန်းပွင့်ကို တွေ့မြင်နိုင်ရန် ခဲယဉ်းလှသကဲ့သို့ ဖူးမြင် ရန် ခဲယဉ်းလှပေ၏။

၈၄၂။ ထိုမြတ်စွာဘုရားသည် နူးညံ့သော စကားတို့ဖြင့် ရဇ္ဇုမာလာဟု ခေါ်တော်မူပြီးလျှင်'မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လော့'ဟု အကျွန်ုပ်ကို မိန့်တော်မူ၏။

၈၄၃။ အကျွန်ုပ်သည် အပြစ်ကင်း၍ အနက်နှင့်ယှဉ်သော သန့်ရှင်းသိမ်မွေ့ သာယာဖွယ်သော ခပ်သိမ်းသော ပူဆွေးခြင်းတို့ကို ပယ်ဖျောက်တတ်သော ထိုစကားတော်ကို ကြားနာ ရခြင်းကြောင့် (ကြည်ညိုစိတ် ဖြစ်ခဲ့ပါ၏)။

၈၄၄။ ကြည်လင်၍ စင်ကြယ်သော စိတ်ရှိသော ဘာဝနာကံအားလျော်သော စိတ်ရှိသည်ကို သိတော်မူ၍ သတ္တဝါအားလုံး၏ အစီးအပွါးကို လိုလားတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အားသွန်သင်ဆုံးမတော်မူပါ၏။

၈၄၅။ ဤတရားသည် ဒုက္ခသစ္စာတည်း၊ ဤတရားသည် ဆင်းရဲဖြစ်ပေါ်ကြောင်း သမုဒယ သစ္စာတည်း၊ ဤတရားသည် ဒုက္ခချုပ်ရာ နိရောဓသစ္စာတည်း၊ ဤမဂ္ဂင်ရှစ်ပါးတရားသည် နိဗ္ဗာန်သို့ရောက်ကြောင်းမဂ္ဂသစ္စာတည်းဟု ဤသို့ အကျွန်ုပ်ကို ဟောကြားတော်မူပါ၏။

၈၄၆။ အကျွန်ုပ်သည် အစဉ်သနားခြင်းရှိတော်မူ၍ ဩဝါဒပေးခြင်း၌ လိမ္မာတော်မူသော မြတ်စွာဘုရား၏အဆုံးအမတော်၌ တည်၍ သေခြင်းကင်းသော ငြိမ်သက်သော မဂ်ဉာဏ် ဖိုလ် ဉာဏ်၏အကြောင်းဖြစ်သော ရွေ့လျောစုတေခြင်းမရှိသော နိဗ္ဗာန်ကို ရခဲ့ပါပြီ။

၈၄၇။ အကျွန်ုပ်သည် (ရတနာသုံးပါး၌) မဆုတ်မနစ်တည်သော ချစ်ခြင်း ရှိပါ၏၊ သစ္စာ လေးပါးကို သိခြင်းဟုဆိုအပ်သော အကြောင်းမူလကြောင့်ဖြစ်သော သဒ္ဓါတရားဖြင့် (ဘုရား သည် သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့်ပြည့်စုံတော်မူ၏၊ တရားတော်သည် သွက္ခာတအစရှိသော ဂုဏ်နှင့် ပြည့်စုံ၏၊ သံဃာတော်သည်သုပ္ပဋိပန္နစသော ဂုဏ်နှင့် ပြည့်စုံ၏ဟု) သိမြင်မှု၌ တုန်လှုပ်ခြင်း မရှိမူ၍ မြတ်စွာဘုရား၏ ရင်နှစ်သမီးစစ်ဖြစ်ပါ၏။

၈၄၈။ ထိုအကျွန်ုပ်သည် တစ်စုံတစ်ရာမျှ ဘေးမရှိဘဲ မွေ့လျော်ရပါ၏၊ ပျော်ပါးရပါ၏၊ ဝမ်းမြောက်ရပါ၏၊ နတ်၌ဖြစ်သော ပန်းကို ပန်ဆင်ရပါ၏၊ (ကို ိယ်နှင့်အသံနှစ်ပါးကို) နူးညံ့ အောင် ပြုတတ်သော ချိုမြိန်သော အဖျော်ကိုသောက်ရပါ၏။

၈၄၉-၈၅၀။ အာဠမ္ဗတူရိယာ, ဂဂ္ဂရတူရိယာ, ဘီမတူရိယာ, သာဓုဝါဒီတူရိယာ, သံသယ တူရိယာ,ပေါက္ခရတူရိယာ, သုဖဿတူရိယာဟူသော ခြောက်သောင်းကုန်သော တူရိယာတို့ သည် အကျွန်ုပ်၏နှစ်သက်မှု ဝမ်းမြောက်မှုကို နိုးကြားစေပါကုန်၏၊ ဝီဏာမောက္ခနတ်သမီး, နန္ဒာနတ်သမီး,သုနန္ဒာနတ်သမီး,သော ဏဒိန္နာနတ်သမီး, သုစိမှိတာနတ်သမီး-

၈၅၁-၂-၃-၄။ အလမ္ဗုသာနတ်သမီး, မိဿကေသီနတ်သမီး, ပုဏ္ဍရိကာနတ်သမီး,အတိဒါရုဏီနတ်သမီး, ဧဏီဖဿာနတ်သမီး, သုဖဿာနတ်သမီး, သုဘဒ္ဒါနတ်သမီး, မုဒုဝါဒိနီနတ်သမီးဤဆိုခဲ့ပြီးသော နတ်သမီးတို့နှင့် နတ်သမီးတို့တွင် အထူးသဖြင့် ချီးမွမ်း အပ်ကုန်သော အခြားနတ်သမီးတို့သည် လည်း အကျွန်ုပ်၏ နှစ်သက်ဝမ်းမြောက်မှုကို နိုးကြား စေပါကုန်၏။ ထိုနတ်သမီးတို့သည် လျောက်ပတ်သောအခါ၌ အကျွန်ုပ်ထံသို့ ချဉ်းကပ်ကုန်၍ ယခု အကျွန်ုပ်တို့သည် ကခုန်ပါကုန်အံ့ သီချင်းသီဆိုပါကုန်အံ့ ယခု သင့်ကို မွေ့လျော်စေ ကုန်ပါအံ့ဟု ပြောဆိုကြပါကုန်၏၊ စိုးရိမ်ခြင်းမရှိသော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သောတာဝတိံသာနတ်တို့၏ ဥယျာဉ်ကြီးဖြစ်သော ဤအရပ် ဌာနသည် ကောင်းမှုမပြုသောသူတို့အတွက်မဟုတ်၊ ကောင်းမှုပြုပြီးသူတို့အတွက်သာလျှင် ဖြစ်၏၊ ကောင်းမှုကို ပြုခြင်းမရှိသူတို့အားဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်း ကောင်း ချမ်းသာမှုမရှိနိုင်ပါ။

၈၅၅။ ကောင်းမှုကို ပြုလေ့ရှိကုန်သောသူတို့အားသာလျှင် ဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း ချမ်းသာခြင်း ရှိပါ၏။ ထိုထိုတာဝတိံသာနတ်တို့၏ အပေါင်း အသင်းအဖြစ်ကို အလိုရှိကုန်သောသူတို့သည် ကုသိုလ်ကို များစွာ ပြုအပ်၏၊ ထိုစကားမှန်၏၊ ကောင်းမှုကို ပြုပြီးသူတို့သည် နတ်ပြည်၌ နတ်စည်းစိမ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော် ရကုန်၏။

၈၅၆။ မြတ်စွာဘုရားတို့သည် များစွာကုန်သော သတ္တဝါတို့၏ အကျိုးငှါ ပွင့်တော်မူကြကုန်သည်တကား၊ မြတ်စွာဘုရားတို့သည် လူတို့၏ မြတ်သော အလှူကို ခံခြင်းငှါ ထိုက်တော်မူကြကုန်၏၊ ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော အရိယာသံဃာ၏ ဖြစ်ရာလည်း ဖြစ်ပေကုန်၏၊ ယင်းပုဂ္ဂိုလ်၌ ပြုထိုက်သည်ကို ပြုကုန် သောကြောင့် ပေးလှူပူဇော်ကုန်သောသူတို့သည် နတ်ပြည်၌ မွေ့လျော်ရကုန်၏ (ဟု လျှောက်၏)။

တစ်ဆယ့်နှစ်ခုမြောက်သော ရဇ္ဇုမာလာဝိမာနဝတ္ထု ပြီး၏။

လေးခုမြောက်သော မဉ္ဇိဋ္ဌကဝဂ် ပြီး၏။

ဣတ္ထိဝိမာနပါဠိတော်မြန်မာပြန် ပြီး၏။

------

၂-ပုရိသဝိမာန

၅-မဟာရထဝဂ်

၁-မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု

ရေကန်၌ ဖါးသတ္တဝါဖြစ်စဉ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်း သား၏လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အဝါပြည့်စုံစွာဖြစ်လာရသော နတ်သား

၈၅၇။ တန်ခိုးအားဖြင့်လည်းကောင်း, အခြံအရံ အကျော်အစောအားဖြင့်လည်းကောင်း ထွန်းလင်းတောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ် သူပါနည်း (ဟုမြတ်စွာဘုရားက မေးတော်မူ၏)။

၈၅၈။ အကျွန်ုပ်သည် ရှေးဘဝက ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တဝါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။

၈၅၉။ တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံခြင်းကိုလည်းကောင်း, အခြံအရံများခြင်းကိုလည်းလောင်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကိုလည်းကောင်း, အရောင်အဝါကို ့လည်းကောင်း ရှုတော်မူပါလော့။

၈၆၀။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တဝါတို့သည် ကား စိုးရိမ်ပူပန်ခြင်းမရှိရာဖြစ်သော မတုန်လှုပ်သော (နိဗ္ဗာန်) အရပ်သို့ (မချွတ်) ရောက်ကြရကုန်သည်သာတည်း (ဟု ဖြေကြား၏)။

ရှေးဦးစွာသော မဏ္ဍူကဝိမာနဝတ္ထု ပြီး၏။

------

၂-ရေဝတီဝိမာနဝတ္ထု

လင်နန္ဒိယ မယားရေဝတီတို့သည် လင်ကသူတော်ကောင်း မယားကသူယုတ်မာ သဘောမတူကြ၊ နန္ဒိယသည် ဝန်တိုမရှိ လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ တင့်တယ်စွာ ဖြစ်ရစဉ် မယားရေဝတီသေ၍ ငရဲသို့ ရောက်ရာမှ ငရဲထိန်းတို့က နန္ဒိယဗိမာန်ကို ပြရန် နတ်ပြည်သို့ ခေါ်လာ၍ ဗိမာန်ကို အတွေ့နောင်တကြီးစွာရ နန္ဒိယနှင့် အတူမနေနိုင် ငရဲသို့သာ ပြန်ကျရသော စိတ်ဝင်စားဖွယ်အဖြစ်အပျက်

၈၆၁။ ကြာမြင့်စွာ ကွေကွင်းသည်ဖြစ်၍ အဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသောသူကို အဆွေအမျိုးတို့သည်လည်းကောင်း, အဆွေခင်ပွန်းတို့သည်လည်းကောင်း, ချစ်ကျွမ်းဝင်သောသူတို့သည်လည်းကောင်း ပြန်ရောက်လာခြင်းကြောင့် နှစ်သက်ဝမ်းမြောက်ကြကုန်၏။

၈၆၂။ ထို့အတူသာလျှင် ဤလောကမှ တမလွန်လောကသို့ သွားသော ပြုပြီးသော ကောင်းမှုရှိသူကိုလည်း ပြန်ရောက်လာသည့် ချစ်လှစွာသော အဆွေအမျိုးကဲ့သို့ ကောင်းမှု တို့သည် ခံယူကုန်၏။

၈၆၃။ အလွန်ယုတ်မာသော အကျင့်ရှိသော တစ်စုံတစ်ယောက်အား တစ်စုံတစ်ခုကို မျှပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေဝတီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသတ္တဝါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညဉ်းတွားကြ ရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။

၈၆၄။ ဤသို့လျှင် ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေဝတီ၏ လက်မောင်းတို့ကို တစ်ယောက်တစ်ဖက်စီ ကိုင်စွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင် ယူသွားကြကုန်၏။

၈၆၅။ နေ၏အရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသော အဆင်းရှိသော နှလုံးမွေ့လျော်ဖွယ် ရှိသော ပြိုးပြိုးပြက်သော တင့်တယ်လျောက်ပတ်သော ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော နတ်သား နတ်သမီးတို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ကျယ်ပြန့်သော ဤဗိမာန်သည် အဘယ်သူ၏ ဗိမာန်ပေနည်း။

၈၆၆။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေပါကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ နတ်ပြည်သို့ ရောက်သည် ဖြစ်၍ ဗိမာန်၌မွေ့လျော်နေသူကား အဘယ်သူပါနည်း (ဟု ရေဝတီက မေး၏)။

၈၆၇။ ဗာရာဏသီပြည်၌ ဝန်တိုမှုမစ္ဆရိယမရှိသော အလှူရှင်ဖြစ်သော အလှူခံတို့၏ အခြင်းအရာကို သိတတ်သော နန္ဒိယမည်သော ဥပါသကာသည် ရှိခဲ့၏၊ နတ်သား နတ်သမီး တို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ဤဗိမာန်သည် ထိုနန္ဒိယ ဥပါသကာ၏ ဗိမာန်ပေတည်း။

၈၆၈။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေကြကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့ တပြောင်ပြောင့်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌မွေ့လျော်နေသူကား ထိုနန္ဒိယဥပါသကာပင်တည်း (ဟု ဘီလူး တို့က ဖြေ၏)။

၈၆၉။ အကျွန်ုပ်သည် နန္ဒိယ၏ မယားပါတည်း၊ စည်းစိမ်ဥစ္စာအားလုံးကို အစိုးရသော အိမ်ရှင်မဖြစ်ခဲ့ပါ၏၊ ယခုအခါ၌ အကျွန်ုပ်သည် လင်၏ ဗိမာန်၌ မွေ့လျော်ပါအံ့၊ ငရဲကို ကြည့်ရှုရန်ပင်အလိုမရှိတော့ပါ (ဟု ရေဝတီက ဆို၏)။

၈၇၀။ အလွန်ယုတ်မာသော အကျင့်ရှိသော ရေဝတီ ဤငရဲသည် သင်၏ ငရဲတည်း၊ သက်ရှိလောကလူ့ဘဝက သင်သည် ကောင်းမှုကို မပြုခဲ့၊ ဝန်တိုသော ခြုတ်ခြုယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားကုန်သော နတ်တို့၏ အပေါင်း အဖော်အဖြစ်ကို မရနိုင်သည်သာတည်း (ဟု ဘီလူးတို့က ဆို၏)။

၈၇၁။ အသို့နည်း၊ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သော ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း တွေ့မြင်ရ၏၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ရှိသော ကျင်ကြီးရှိလေသနည်း၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ဖြင့် နံစော်လေသနည်း (ဟုရေဝတီက မေး၏)။

၈၇၂။ ရေဝတီ အသူတစ်ရာနက်လှစွာသော ဤငရဲသည် မစင်မကြယ်သော ကျင်ကြီး ကျင်ငယ်စသည်ကို ယိုစီးစေတတ်သောကြောင့် သံသဝက ငရဲမည်၏၊ သင်သည် ယင်းငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၃။ အသို့နည်း အကျွန်ုပ်သည် ကိုယ်နှုတ်စိတ်ဖြင့် အဘယ်မကောင်းမှုကို ပြုခဲ့မိပါသနည်း၊ အဘယ်မကောင်းမှုကြောင့် အကျွန်ုပ်သည် အသူတစ်ရာနက်လှစွာသော မစင်ကြယ်သော ကျင်ကြီးကျင်ငယ်စသည်ကို ယိုစီးစေတတ်သောကြောင့် သံသဝက ငရဲကို ရအပ်ပါသနည်း (ဟု ရေဝတီက မေး၏)။

၈၇၄။ သင်သည် သမဏ ဗြာဟ္မဏတို့ကိုလည်းကောင်း, အခြားသော ဖုန်းတောင်းယာစကာတို့ကိုလည်းကောင်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်တတ်၏၊ ထိုမကောင်းမှုအကုသိုလ် ကံကို သင်သည် ပြုခဲ့၏။

၈၇၅။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် သင်သည် အသူတစ်ရာနက်လှစွာသော သံသဝကအမည်ရှိသော ငရဲကို ရအပ်၏၊ သင်သည် ယင်းသံသဝကငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့။

၈၇၆။ လက်တို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ခြေတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နားတို့ကိုလည်းဖြတ်ကုန်လတ္တံ့၊ နှာခေါင်းကိုလည်း ဖြတ်ကုန်လတ္တံ့၊ ထိုမှတစ်ပါးလည်း ကျီးငှက် အပေါင်းတို့သည် စုရုံးချဉ်းကပ်ကြကုန်လျက် တုန်လှုပ်နေသော သင့်ကို ခဲစားကြကုန်လတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၇။ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို (လူ့ပြည်သို့) ပြန်ပို့ကြပါကုန်လော့၊ အကြင် ကုသိုလ်ကို ပြုကုန်၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏၊ နောင်အခါ၌ အဖန်တလဲလဲ ပူပန်မှု (နောင်တ) လည်း မရှိကုန်၊ အကျွန်ုပ်သည် အလှူပေးခြင်းဖြင့်လည်းကောင်း, တရားမျှတစွာ ကျင့်ခြင်းဖြင့်လည်းကောင်း,စောင့်စည်းခြင်းဖြင့်လည်းကောင်း, ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်း ကောင်း များစွာသော ထိုကုသိုလ်ကို ပြုပါတော့အံ့ (ဟု ရေဝတီက ဆို၏)။

၈၇၈။ သင်သည် ရှေးအခါက (ကုသိုလ်ကို) မေ့လျော့ခဲ့၍ ယခုမှ ငိုကြွေး မြည်တမ်းဘိ၏၊ သင်ကိုယ်တိုင်ပြုခဲ့သော ကံတို့၏ အကျိုးကို သင်သည်ပင် ခံစားရလတတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၉။ (အကျွန်ုပ်) မေးအပ်သည်ရှိသော် ''နတ်ပြည်မှ လူ့ပြည်သို့ လာပြီးလျှင် လက်နက် ကို ပယ်ချထားကုန်သော သမဏ ဗြာဟ္မဏတို့၌ အလှူကို ပေးလှူရာ၏၊ အဝတ်အရုံကိုလည်း ကောင်း,အိပ်ရာနေရာကိုလည်းကောင်း, ဆွမ်းအဖျော်ကိုလည်းကောင်း ပေးလှူရာ၏၊ ဝန်တိုသော ခြုတ်ခြယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားရကုန်သော နတ်တို့၏့အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်း''ဟု အဘယ်မည်သော နတ် သည် အကျွန်ုပ်ကို ပြောဆိုပါမည်နည်း။

၈၈၀။ အကျွန်ုပ်သည် ဤငရဲမှ လွတ်မြောက်ပြီးလျှင် လူ့ဘဝကို ရသည်ရှိသော် အလှူခံ တို့၏အခြင်းအရာကို သိသည်ဖြစ်၍ သီလနှင့်လည်း ပြည့်စုံလျက် အလှူပေးခြင်းဖြင့်လည်း ကောင်း,တရားမျှတစွာကျင့်ခြင်းဖြင့်လည်းကောင်း, စောင့်စည်းခြင်းဖြင့်လည်းကောင်း, ဣန္ဒြေ ကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့။

၈၈၁။ အထူးကြည်လင်သော စိတ်ဖြင့် သစ်သီးအရံ ပန်းအရံတို့ကိုလည်း စိုက်ပျိုးပါတော့ အံ့၊ ကူးသန်းသွားလာရန် ခက်သော အရပ်၌ တံတားတို့ကိုလည်း ဆောက်လုပ်ပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းရေကန်ကိုလည်းကောင်း ပြုပါတော့အံ့။

၈၈၂-၃။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်ထိန်းပါတော့အံ့၊ အခါခပ်သိမ်း သီလတို့ကို စောင့်စည်းပါတော့အံ့၊ အလှူပေးခြင်း၌မမေ့မလျော့သည်သာ ဖြစ်ပါတော့အံ့၊ အကျွန်ုပ်သည် ဤငရဲကို ကိုယ်တိုင် မြင်အပ်ပါပြီ (ဟု ရေဝတီကမြည်တမ်း၏)။

၈၈၄။ ဤသို့ မြည်တမ်း တုန်လှုပ်နေသော ရေဝတီကို (ငရဲထိန်းတို့သည်) ခြေကမိုးမျှော်,ဦးခေါင်းစောက်ထိုး ကြောက်လန့်ဖွယ်ရှိသော ငရဲ၌ ထိုသို့သော အရပ်မှ ပစ်ချလိုက်ကြကုန်၏။

၈၈၅။ ငါသည် ရှေးအခါက ဝန်တိုခြင်း ရှိခဲ့ပါ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေး ကြိမ်း မောင်းခဲ့ပါ၏၊ လင်ကိုလည်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်ခြင်းကြောင့် ကြောက် လန့်ဖွယ်သဘောရှိသော ငရဲ၌ ကျက်ရပါ၏ (ဟု မြည်တမ်း၏)။

နှစ်ခုမြောက်သော ရေဝတီဝိမာနဝတ္ထု ပြီး၏။

------

၃-ဆတ္တမာဏဝကဝိမာနဝတ္ထု

မြတ်စွာဘုရား ကြွတော်မူဆဲ ဆတ္တလုလင်နှင့်တွေ့၍ ဆုံးမတော်မူရာ အပြည့်အစုံလိုက်နာရတနာသုံးပါးဆည်းကပ် ကိုယ်ကျင့်တရားကို သိမ်းဆည်း၍ ခရီးသွားဆဲ ခိုးသူတို့လက်ချက် ကြောင့်သေဆုံးပြီးနောက် တာဝတိံသာ နတ်ပြည်၌ အလိုရှိတိုင်းပြည့်စုံစွာ ခံစားရသော နတ်သား

၈၈၆။ လူတို့တွင် ဟောကြားတတ်သူတို့ထက် မြတ်တော်မူသော သာကီဝင်မင်းသားရဟန်းဖြစ်တော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပြုပြီးသော မဂ်ကိစ္စရှိ တော်မူသော (နိဗ္ဗာန်) တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ကိုယ်အား ဉာဏ်အား လုံ့လတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို (သင်သည်) ကိုးကွယ်ရန် ချဉ်း ကပ်လေလော့။

၈၈၇။ ရာဂမှ ကင်းသော (အရိယာမဂ်), တဏှာမှကင်းသော ပူဆွေးမှု မရှိသော (အရိယာဖိုလ်),အကြောင်းတရားတို့သည် မပြုပြင်အပ်သော စက်ဆုပ်ဖွယ်ရာ တစ်စုံတစ်ခုမျှ မရှိသော (နိဗ္ဗာန်) ဤလောကုတ္တရာတရား ကိုးပါးကိုလည်းကောင်း, ကောင်းမြတ်၍ ဒေသနာ ဉာဏ်တော်သည်ဖြစ်စေအပ်သော ကောင်းစွာ ဝေဖန်အပ်သော ဤပရိယတ်တရားကိုလည်းကောင်း ကိုးကွယ်ရန်ချဉ်းကပ်လေလော့။

၈၈၈။ ကိလေသာတို့မှ စင်ကြယ်ကုန်သော ယောက်ျားမြတ်လေးစုံဟူသော အကြင် အရိယာသံဃာတို့၌ ပေးလှူအပ်သော အလှူသည် ကြီးသော အကျိုးရှိ၏ဟု ဟောတော် မူကုန်၏၊ အစုံအားဖြင့်လေးစုံပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ထိုပုဂ္ဂိုလ်တို့သည် သစ္စာ လေးပါးတို့ကို သိမြင်တတ်ကုန်၏၊ ဤသံဃာတော်ကိုလည်း ကိုးကွယ်ရန် ချဉ်းကပ်လေလော့။

၈၈၉။ နှိုင်းယှဉ်စရာမရှိအောင် များစွာသော အရောင်ရှိသော ဤဗိမာန်သည် ကောင်းကင်၌ထွန်းပသကဲ့သို့ ထို့အတူ ဖုဿမည်သော ကြယ်တာရာသည်လည်း မထွန်းပနိုင်၊ လသည်လည်းမထွန်းပနိုင်၊ နေသည်လည်း မထွန်းပနိုင်၊ နတ်ပြည်မှ မြေအရပ်သို့ ဆင်းသက်ရောက် လာသော သင်ကား အဘယ်သူနည်း။

၈၉၀။ ထက်ဝန်းကျင် စင်ကြယ်သော အညစ်အကြေးကင်း၍ တင့်တယ်သော ဗိမာန်သည် နေ၏အရောင်တို့ကို ဖြတ်တောက်၏၊ ထိုဗိမာန်၏ အရောင်သည် နှစ်ဆယ့်ငါးယူဇနာ တိုင်တိုင် ပျံ ့နှံ့၍ တည်၏၊ ညဉ့်ကို ပင်သော်လည်း နေ့ကဲ့သို့ ပြုနိုင်၏။

၈၉၁။ များသော ပဒုမ္မာကြာမျိုး, ဆန်းကြယ်သော ပုဏ္ဍရိက်ကြာဖြူမျိုးလည်းရှိသော ပန်းတို့ဖြင့်ပြွမ်းသော များစွာဆန်းကြယ်သော အညစ်အကြေး ကင်းသည်ဖြစ်၍ အညစ် အကြေးကင်းသည့်ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ဗိမာန်သည် ကောင်းကင်၌ နေကဲ့သို့ ထွန်းပ၏။

၈၉၂။ ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ပြည့်သကဲ့သို့ နီသော အရုံ ရွှေသော အဝတ်ရှိကုန်သော အကျော်, ဥပသကာ, စန္ဒကူးနံ့သာတို့ဖြင့် မွမ်းထုံအပ်ကုန်သော ရွှေ အဆင်းနှင့်တူသော သိမ်မွေ့နူးညံ့သော အရေအဆင်းရှိကုန်သော နတ်သမီးတို့ဖြင့်လည်း ပြည့်၏။

၈၉၃။ အမျိုးမျိုးသော အဆင်းရှိကုန်သော နတ်ပန်းတို့ဖြင့် ဆင်ယင်အပ်သော တန်ဆာရှိ ကုန်သောဝမ်းမြောက်သော စိတ်ရှိကုန်သော ဆံထုံးစသည်တို့၌ ရွှေစည်းကြိုးအစရှိသည်တိုဖြင့် ဖွဲ့ယှက်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော နတ်သားနတ်သမီးတို့သည် ဤဗိမာန်၌ များပြားလှကုန်၏၊ လေတိုက်ခတ်သဖြင့် ကြွေကျသော ပန်းတို့သည် ဤဗိမာန် အတွင်း၌ မွှေးကြိုင်သော ရနံ့ကို ပျံ့လှိုင်စေကုန်၏။

၈၉၄။ ဤအကျိုးသည် အဘယ်သို့ သဘောရှိသော စောင့်စည်းမှု၏ အကျိုးပေနည်း၊ အဘယ်သို့သော ကံ၏ အကျိုးကြောင့် သင်သည် ဤဗိမာန်၌ ဖြစ်လာရသနည်း၊ အကြင်သို့သော အကြောင်းဖြင့်ဤဗိမာန်ကို သင် ရ၏။ တိုက်တွန်းပါ၏၊ မေးအပ်သော သင်သည် လျော်သော ထိုအကြောင်းကို ဖြေကြားပါလော့ (ဟု မြတ်စွာဘုရားက မေးမြန်းတော်မူ၏)။

၈၉၅။ မြတ်စွာဘုရားသည် ဤခရီးလမ်းမ၌ အလိုအလျောက် (ရောက်လာသော) ဆတ္တ လုလင်နှင့်တွေ့ဆုံသောကြောင့် ချီးမြှောက်တော်မူလိုသည်ဖြစ်၍ ဆုံးမတော်မူပါ၏၊ ရတနာ မြတ်ဖြစ်တော်မူသော အရှင်ဘုရား၏ တရားတော်ကို ကြားနာရ၍ လိုက်နာကျင့်ပါအံ့ဟုလည်း ဆတ္တလုလင်သည် လျှောက်ဆိုခဲ့ပါ၏။

၈၉၆။ မြတ်သောသူတို့ထက် ထူးမြတ်သော မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်း ကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, ရဟန်းသံဃာကိုလည်းကောင်း ထို့အတူပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့ (ဟု အကျွန်ုပ်ကို မြတ်စွာဘုရား ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (သရဏဂုံကို သိ၏လောဟု အရှင်ဘုရား မေးတော်မူအပ်သည်ရှိသော်) အကျွန်ုပ် သည် မသိပါဟူ၍ ရှေးဦးစွာလျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌လည်း အရှင်ဘုရား၏ စကား တော်ကို ထိုအရှင်ဘုရားမိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၇။ လုလင် သင်သည် အထူးထူးအပြားပြားသော မစင်ကြယ်သောသူ့အသက်သတ် ခြင်းကိုလည်းမကျင့်လင့်၊ ထိုစကားသင့်စွ၊ သတ္တဝါတို့ကို သတ်ခြင်းမှ မစောင့်စည်းခြင်းကို ပညာရှိတို့သည် မချီးမွမ်းကုန် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (အသက် သတ်ခြင်းမှကြဉ်ရှောင်ခြင်းကို သင် သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၈။ သူတစ်ပါး စောင့်ရှောက်အပ်သည်လည်းဖြစ်သော မပေးသော ဥစ္စာကို ခိုးယူအပ်၏ဟူ၍ လည်းမမှတ်လေလင့် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မပေးသည်ကို ခိုးယူခြင်းမှကြဉ်ရှောင်ခြင်းကို သင် သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရားမိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၉။ သူတစ်ပါး စောင့်ရှောက်အပ်ကုန်သောသူတစ်ပါး၏ မယားတို့ကိုလည်း မသွားလာမလွန်ကျူးလင့်၊ ဤသွားလာ လွန်ကျုးခြင်းသည် မမြတ်သော အကျင့်တည်း (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မမြတ်သော အကျင့်မှ ကြဉ်ရှောင်ခြင်းကို သိ၏လောဟု အရှင်ဘုရားမေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၉၀၀။ မဟုတ်မမှန်သော စကားကိုလည်း တစ်ပါးသော အခြင်းအရာဖြင့် မပြောဆိုလင့်၊ ထိုစကားမှန်၏၊ မဟုတ်မမှန် ပြောဆိုခြင်းကို ပညာရှိတို့သည် မချီးမွမ်းကုန် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းကို သိ၏ လောဟု ဤသို့ အရှင်ဘုရားမေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော် မူတိုင်းသာလျှင် လိုက်နာ ပြုကျင့်ခဲ့ပါ၏။

၉၀၁။ အကြင်သောက်အပ်သော အရက်စသော ယစ်မျိုးဖြင့် ပုဂ္ဂိုလ်၏ ဓမ္မသညာသည် ကင်း၏၊ အလုံးစုံသော ထိုယစ်မျိုးကို (သောက်ခြင်းမှ) ကြဉ်ရှောင်လေလော့ (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (အရက်စသော ယစ်မျိုးကိုသောက်စားခြင်းမှ ကြဉ်ရှောင် ခြင်းကို သိ၏လောဟုအရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၉၀၂။ အရှင်ဘုရား ထိုအကျွန်ုပ်သည် ဤခရီးအရပ်၌ သိက္ခာပုဒ်ငါးပါးတို့ကို ဆောက် တည်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို ကျင့်ပြီးနောက် ခိုးသူတို့၏ အလယ်၌ နယ်ကြား လမ်းခရီးသို့ရောက်သွားပါ၏၊ ထိုခိုးသူတို့သည် ပစ္စည်းဥစ္စာဟူသော အကြောင်းကြောင့် အကျွန်ုပ်ကို ထိုလမ်းခရီး၌သတ်လိုက်ကြပါကုန်၏။

၉၀၃။ (ဘုန်းတော်ကြီးသော မြတ်စွာဘုရား) ဤမျှသာလျှင်ဖြစ်သော ကုသိုလ်ကံကို အကျွန်ုပ်အောက်မေ့မိပါ၏၊ အကျွန်ုပ်အား ထိုကုသိုလ်မှတစ်ပါး အခြားကုသိုလ် မရှိပါ၊ အကျွန်ုပ်သည် ထိုသုစရိုက်ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ဘုံတို့၌ အလိုရှိတိုင်း ပြည့်စုံသူ ဖြစ်ရပါ၏။

၉၀၄။ (ဘုန်းတော်ကြီးသော မြတ်စွာဘုရား) တစ်ခဏ တစ်မုဟုတ်မျှ စောင့်စည်းအပ်သော သီလ၏လည်းကောင်း, တရားအားလျော်သော အကျင့်၏လည်းကောင်း အကျိုးကို ရှုတော် မူပါလော့၊ အကျွန်ုပ်အောက် ယုတ်နိမ့်သော ဘုန်းကံရှိကြသည့် များစွာကုန်သော နတ်တို့သည် အခြံအရံတန်ခိုးအာနုဘော်ဖြင့် ပြောင်ပြောင် တောက်ပသကဲ့သို့သော အကျွန်ုပ်ကို ကောင်းစွာ တွေ့မြင်ကြရကုန်သည်ဖြစ်၍ (ငါတို့လည်း ဤကဲ့သို့ ဖြစ်ရလိုကုန်၏ဟု) တောင့်တကြ ပါကုန်၏။

၉၀၅။ အနည်းငယ်မျှ တရားဒေသနာတော်၏ အကျိုးကို ရှုတော်မူပါလော့၊ ကောင်းသော လားရာ'သုဂတိ'၌လည်း ဖြစ်ရ၏၊ ချမ်းသာခြင်းသို့လည်း ရောက်ရ၏၊ အကြင်သတ္တဝါ တို့သည် ကား (နေ့တိုင်းနေ့တိုင်း) အမြဲမပြတ် အရှင်ဘုရား၏ တရားတော်ကို ကြားနာကြ ရကုန်၏၊ ထိုသတ္တဝါတို့သည် ကား သေခြင်းကင်းရာ ဘေးမရှိရာ နိဗ္ဗာန်အရပ်သို့ ရောက်ရ ကုန်လိမ့်တကား။

၉၀၆။ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏ အဆုံးအမတရား၌ လိုက်နာပြုကျင့် အပ်သော အနည်းငယ်မျှသော ကုသိုလ်သည်လည်း ကြီးစွာသော အကျိုး ရှိ၏၊ ပြန့်ပြော များ မြတ်လှပါ၏၊ ရှုတော်မူပါလော့၊ ဆတ္တလုလင်သည် ပြုအပ်ပြီးသော ကောင်းမှုရှိသောကြောင့် မြေအပြင်ကို နေသည်ထွန်းလင်းစေသကဲ့သို့ ထွန်းလင်းစေနိုင်၏။

၉၀၇။ အချို့သောသူသည် ဤကုသိုလ်ဟူသည် အဘယ်သို့ သဘောရှိသနည်း၊ ဤ ကုသိုလ်ကို အဘယ်သို့လျှင် ငါတို့ ကျင့်ရကုန်အံ့နည်း၊ ဤသို့ စည်းဝေးပေါင်းစု၍ တိုင်ပင် ပြောဆိုကုန်၏၊ ထိုအကျွန်ုပ်တို့သည် တစ်ဖန်လူ့အဖြစ်ကို ရကြကုန်သည်ရှိသော် ကုသိုလ် တရားတို့ကို ဖြည့်ကျင့်ကုန်လျက် သီလနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ နေကြပါကုန်အံ့။

၉၀၈။ မြတ်စွာဘုရားသည် များသော ကျေးဇူးကို ပြုတော်မူပါပေ၏၊ သနားစောင့်ရှောက်တော်မူပါပေ၏၊ ထိုသနားတော်မူခြင်းကြောင့် အကျွန်ုပ်ရှိစဉ် နေမွန်းတည့်အခါ၌ ကြွလာတော် မူပါပေ၏၊ ထိုအကျွန်ုပ်သည် (အရဟံစသော အမည်တို့ဖြင့်) မှန်ကန်သော အမည်တော်ရှိသော မြတ်စွာဘုရားကို ဆည်းကပ်ခဲ့သူ ဖြစ်ပါ၏၊ ချီးမြှောက်တော်မူပါဦး၊ အရှင်ဘုရား၏ တရား တော်ကို ထပ်မံ၍ လည်းနာယူပါကုန်အံ့။

၉၀၉။ အကြင်သူတို့သည် ဤသာသနာတော်၌ (တည်ကုန်၍) ကာမဂုဏ်၌ တပ်မက်မှု 'ကာမရာဂ'ကို စွန့်ကုန်၏၊ ထိုသူတို့သည် တစ်ဖန် အမိဝမ်း၌ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်ရကုန်သည်သာလျှင်တည်း၊ အကြင်သူတို့သည် လည်း တွေဝေမှု 'မောဟ' ကို ပယ်စွန့် ကုန်၍ ဘဝ၌တပ်မက်မှု'ဘဝရာဂ' ကိုလည်း စွန့်ကုန်၏၊ ထိုသူတို့သည် လည်း တစ်ဖန် အမိ ဝမ်း၌ ပဋိသန္ဓေနေခြင်းသို့မကပ်ရောက်ရကုန်သည်သာလျှင်တည်း၊ မှန်၏၊ (ယောက်ျားမြတ် တို့သည်) အေးချမ်းကုန်သည်ဖြစ်၍ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကြရကုန်၏ (ဟု လျှောက်၏)။

သုံးခုမြောက်သော ဆတ္တမာဏဝကဝိမာနဝတ္ထု ပြီး၏။

------

၄-ကက္ကဋက ရသ ဒါယကဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် ပုဇွန်လုံးဟင်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် ခြေဆယ်ချောင်းရွှေပုဇွန်ရုပ်တံခါးဝ၌ရှု၍ ကြည့်၍ မညီးသော ဗိမာန်ပြာသာဒ်တို့ဖြင့် အကအခုန် ပရိသာတ် စုံလင်စွာခံစားရသော နတ်သား

၉၁၀။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၁၁။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ် ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်းက ကြကုန်၏။

၉၁၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသိုု့သော အရောင်အဆင်း ဖြစ်ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ပါကုန်သနည်း။

၉၁၃။ အာနုဘော်ကြီးသော နတ်သား သင့်ကို ငါ မေး၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော တန်ခိုးအာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ့ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၁၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၁၅။ အကြင်ပုဇွန်လုံးဟင်းလျာလှူသော ကုသိုလ်ကောင်းမှုကြောင့် ဤနတ်စည်းစိမ်ကို အကျွန်ုပ် ရပါ၏၊ ထိုကုသိုလ်ကောင်းမှု၌ သတိဖြစ်ခြင်းကို ပြုတတ်သော ရွှေဖြင့်ပြီးသော အခြေဆယ်ချောင်းရှိသော ပုဇွန်လုံးသည် တံခါး၌တည်လျက် တင့်တယ်လှပါ၏။

၉၁၆။ ပုဇွန်လုံးဟင်းလျာလှူရသော ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသိုု့သော အရောင်အဆင်းဖြစ်ပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤနတ်ပြည်၌ အကျွန်ုပ်အား (ကောင်းကျိုး) ပြည့်စုံပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ပါကုန်၏။

၉၁၇။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင်ရဟန်းအား ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်အခါက အကျွန်ုပ်သည် အကြင်ကုသိုလ်ထူးကို ပြုခဲ့၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့တောက်ပသော တန်ခိုးအာနုဘော် ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

လေးခုမြောက်သော ကက္ကဋက ရသ ဒါယကဝိမာနဝတ္ထု ပြီး၏။

------

၅-ဒွါရပါလက ဝိမာနဝတ္ထု

လူဖြစ်စဉ်အခါ ရဟန်းတော်များကို စိတ်ဖြင့်ကြည်ညို၍ နှုတ်ဖြင့်လည်း ''ဤနေရာ၌ နေတော်မူပါ''ဟုလျှောက်ထားခဲ့သောကြောင့် နတ်ပြည်၌ ပတ္တမြားတိုင်ဗိမာန်နှင့် ကြောင်မျက်ရွဲတိုင်ပြာသာဒ်အဆောင်အဆောင်တို့ကို ရရှိ၍ အလိုရှိတိုင်း ပျော်ရွင်ခံစားရသော နတ်သား

၉၁၈။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၁၉။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်း က ကြကုန်၏။

၉၂၀-၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း (ဟုအသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၂၂။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၉၂၃။ အကျွန်ုပ်၏ အသက်သည် နတ်၌ဖြစ်သော အနှစ်တစ်ထောင် ဖြစ်ပါ၏၊ အကျွန်ုပ် သည်ရှေးဘဝက (ဤနေရာ၌ နေတော်မူပါကုန်အစရှိသည်ကို) နှုတ်ဖြင့် ပြောဆိုခဲ့ပါပြီ၊ (အရှင်ကောင်းတို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ ကုသိုလ်တရားကို ဖြည့်ကျင့်လေ့ ရှိကုန်၏ဟု) စိတ်ဖြင့် (ကြည်ညိုမှုကို) ဖြစ်စေခဲ့ပါပြီ၊ ဤ (နှုတ်မြွက်ပြောဆို စိတ်ဖြင့် ကြည် ညိုကာမျှ) ဖြင့် ပြုအပ်ပြီးသော ကုသိုလ်ကံရှိသူသည်နတ်၌ဖြစ်ကုန်သော ကာမဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ နတ်ပြည်၌ တည်နေရ ပါလိမ့်မည်။

၉၂၄-၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။

ငါးခုမြောက်သော ဒွါရပါလကဝိမာနဝတ္ထု ပြီး၏။

------

၆-ပဌမကရဏီယဝိမာနဝတ္ထု

မြတ်စွာဘုရား၏ ကြည်ညိုသော သဒ္ဓါဖြင့် ဒါနစသော ကုသိုလ်တို့ကို ပြုခဲ့သောကြောင့် တစ်ဆယ့်နှစ်ယူဇနာရှိသော ကြောင်မျက် ရွဲတိုင်ရှိသော ပြာသာဒ်ဆောင် ခုနစ်ရာတို့၌ ချမ်းသာစွာခံစားရသော နတ်သား

၉၂၆။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှဘိ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၂၇။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည် လည်း က ကြကုန်၏။

၉၂၈-၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၃၀။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၉၃၁။ မိမိ၏ အစီးအပွားရှိ, မရှိကို သိတတ်သော ပညာရှိသည် ကောင်းသော အကျင့်ရှိ ကုန်သော မြတ်စွာဘုရားတို့၌ (ဒါနစသော) ကုသိုလ်ကောင်းမှုတို့ကို ပြုသင့်ပြုထိုက်ကုန်သည် သာတည်း၊ ယင်းမြတ်စွာဘုရားတို့၌ ပေးလှူအပ်သော အလှူသည် ကြီးမြတ်သော အကျိုး ရှိ၏။

၉၃၂။ မြတ်စွာဘုရားသည် အကျွန်ုပ်၏ အကျိုးငှါ ဇေတဝန်ကျောင်းတော်မှ သာဝတ္ထိ ပြည်သို့ကြွလာတော်မူပါပေသည်တကား၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည် ညိုစေသောကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရပါ၏။

၉၃၃-၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

ခြောက်ခုမြောက်သော ပဌမကရဏီယဝိမာနဝတ္ထု ပြီး၏။

------

၇-ဒုတိယကရဏီယဝိမာနဝတ္ထု

ရဟန်းတပါး၌ ကြည်ညိုသော သဒ္ဓါဖြင့် ဒါနစသော ကုသိုလ်တို့ကို ပြုခဲ့သောကြောင့် ယခင်နတ်သားနည်းတူ ပြာသာဒ်ဆောင်ခုနစ်ရာတို့၌ နတ်ချမ်းသာ နတ်ကာမဂုဏ်တို့ဖြင့်ပျော်ရွှင်စွာခံစားရသော နတ်သား

၉၃၅။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၃၆။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်းက ကြကုန်၏။

၉၃၇-၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၃၉။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၉၄၀။ မိမိ၏ အစီးအပွားရှိ မရှိကို သိတတ်သော ပညာရှိသည် ကောင်းသော အကျင့်ရှိကုန်သော ရဟန်းတော်တို့၌ (ဒါနစသော) ကုသိုလ်ကောင်းမှုတို့ကို ပြုသင့်ပြုထိုက်ကုန်သည်သာ တည်း၊ ယင်းရဟန်းသံဃာတို့၌ ပေးလှူအပ်သော အလှူသည် ကြီးမြတ်သော အကျိုးရှိ၏။

၉၄၁။ ရဟန်းတော် အရှင်မြတ်သည် အကျွန်ုပ်၏ အကျိုးငှါ ဇေတဝန်ကျောင်းတော်မှသာဝတ္ထိပြည်သို့ ကြွလာတော်မူပါပေသည်တကား၊ အကျွန်ုပ်သည် ထိုရဟန်း၌ စိတ်ကို ကြည်ညိုစေသောကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရပါ၏။

၉၄၂-၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြားလျှောက်ထား၏)။

ခုနစ်ခုမြောက်သော ဒုတိယကရဏီယဝိမာနဝတ္ထု ပြီး၏။

------

၈-ပဌမသူစိဝိမာနဝတ္ထု

အလှူဝတ္ထု သေးငယ်သော်လည်း အကျိုးပေးကြီးကျယ်နိုင်သည်ဟု ယုံကြည်သော သဒ္ဓါဖြင့်အပ်ကို လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင်ရှိသော ပြသာဒ်ဆောင်ခုနစ်ရာတို့၌ နတ်ချမ်းသာနတ်ကာမဂုဏ်တို့ဖြင့် ပျော်ရွှင်စွာ ခံစားရသော နတ်သား

၉၄၄။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၄၅။ သင်နတ်သားသည် ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်းက ကြကုန်၏။

၉၄၆-၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၄၈။ ထိုနတ်သားသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၉၄၉။ အကြင်သို့ သဘောရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ ထိုလှူဖွယ်ဝတ္ထု၏ ထိုသို့ သဘောရှိသော အကျိုးမျှသာ ဖြစ်သည်မဟုတ်၊ အကြင်သို့သဘောရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူရာ၏။ ့ထို (အပြစ်မရှိသော) လှူဖွယ်ဝတ္ထုကို ပေးလှူ ခြင်းသည်ပင်လျှင် မြတ်၏၊ အကြောင်းကား ငါသည် အပ်ကို ပေးလှူသည်ဖြစ်၍ (ငါ၏) အပ်အလှူသည်ပင်လျှင် မြတ်သောကြောင့် တည်း။

၉၅၀-၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။

ရှစ်ခုမြောက်သော ပဌမသူစိဝိမာနဝတ္ထု ပြီး၏။

------

၉-ဒုတိယသူစိဝိမာနဝတ္ထု

ကိလေသာမြူကင်း၍ ကြည်လင်လှသော ရဟန္တာအသျှင်ကို ဖူးမြင်ရ၍ ကြည်လင်သော သဒ္ဓါဖြင့်အပ်ကို လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင် ကြောင်မျက်ရွဲဗိမာန်၌ နတ်စောင်း တူရိယာတို့ဖြင့်ချမ်းသာစွာခံစားရသော နတ်သား။

၉၅၂။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်သာဖြစ်၍ တင့်တယ်၏။

၉၅၃။ သင်သည် ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည် လည်း က ကြကုန်၏။

၉၅၄-၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ ဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၅၆။ ထိုနတ်သားသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၉၅၇။ အကျွန်ုပ်သည် ရှေးဘဝ လူ့လောက၌ လူဖြစ်ခဲ့စဉ်က-

၉၅၈။ အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ထိုရဟန္တာအား အပ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါ၏။

၉၅၉-၉၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟုဖြေကြားလျှောက်ထား၏)။

ကိုးခုမြောက်သော ဒုတိယသူစိဝိမာနဝတ္ထု ပြီး၏။

------

၁၀-ပဌမနာဂဝိမာနဝတ္ထု

ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ ပန်းရှစ်ပွင့်တို့ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့ သောကြောင့် ခွန်အားကြီး၍ လျှင်မြန်သော စီးတော်ဆင်ကို စီးကာ ကြာပန်းရေကန် တူရိယာ အတန်တန်တို့ဖြင့်ခံစားရသော နတ်သား။

၉၆၁။ အလွန်ဖြူဖွေးသော ကိုယ်ရှိသော အပြစ်ကင်း၍ ကြီးသော အစွယ်ရှိသော ခွန်အား ကြီး၍ အလွန်လျင်မြန်သော အဟုန်ရှိသော ကောင်းစွာ ပြင်ဆင်ထားသော စီးတော်ဆင်ထက်သို့ တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ လာရောက်၏။

၉၆၂။ ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့်ပဒုမ္မာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ပါကုန်၏၊ ပဒုမ္မာကြာတို့၌ လည်း တူရိယာအပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန်သော ဤနတ်သမီး တို့သည် ကလည်း ကကြကုန်၏၊ သီချင်းလည်း သီဆိုကြကုန်၏။

၉၆၃။ သင်သည် ကြီးသော အာနုဘော်ရှိသည်ဖြစ်၍ နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင် အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင် မောဂ္ဂလ္လာန်က မေး၏)။

၉၆၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၆၅။ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ကြွေကျသော ပန်းရှစ်ပွင့်တို့ကို ကဿပ မြတ်စွာဘုရား၏ပုထိုးတော်၌ ကိုယ်ထိလက်ရောက် တင်လှူပူဇော်ခဲ့ပါ၏။

၉၆၆-၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

ဆယ်ခုမြောက်သော ပဌမနာဂဝိမာနဝတ္ထု ပြီး၏။

------

၁၁-ဒုတိယနာဂဝိမာနဝတ္ထု

သူ့သက်မသတ်, သူ့ဥစ္စာမခိုး, အရက်မသောက်, မုသားမပြော, ကာမေသုရှောင်ကြဉ်ကြည်လင်သော စိတ်ဖြင့် ဆွမ်းအဖျော်နှင့် အခြားဒါနများကို ပြုခဲ့သောကြောင့် ကိုယ်လုံး ဖြူသော ဆင်ပြောင်ကို စီးကာ နတ်ချမ်းသာကို ခံစားရသော နတ်သား။

၉၆၈။ သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့ အတူ သင်သည်ကိုယ်လုံးဖြူသော ဆင်တကာတို့ထက် မြတ်သော ဆင်ပြောင်ကြီးကို တက်စီး၍ နတ်သမီးအပေါင်းခြံရံကာအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် တော တစ်ခုမှ တောတစ်ခုသို့ လှည့်လည်၏။

၉၆၉-၉၇၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်ဝင်္ဂီသက မေး၏)။

၉၇၁။ ထိုနတ်သားသည် အသျှင်ဝင်္ဂီသ မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၇၂။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက စက္ခုငါးပါးရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသကာ ဖြစ်ခဲ့ဖူးပါ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏၊ လောက၌မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏။

၉၇၃။ သေအရက်ကို မသောက်ခဲ့ပါ၊ မမှန်စကားကိုလည်း မပြောဆိုခဲ့ပါ၊ မိမိမယားဖြင့်သာလျှင်ရောင့်ရဲခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း,များစွာသော အခြားအလှူကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ဖူးပါ၏။

၉၇၄-၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည်လည်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြားလျှောက်ထား၏)။

တစ်ဆယ့်တစ်ခုမြောက်သော ဒုတိယနာဂဝိမာနဝတ္ထု ပြီး၏။

------

၁၂-တတိယနာဂဝိမာနဝတ္ထု

ကြံရွက်မိုးကျောင်း, သက်ငယ်မိုးကျောင်း, အဝတ်မိုးကျောင်းများကို တတ်အားသမျှ လှူခဲ့သောကြောင့် ကိုယ်လုံးဖြူသော ဆင်ကို စီးကာ တာဝတိံသာနတ်ပြည် သုဓမ္မာနတ်မျိုးတွင် အပါအဝင် ကောင်းကင်၌တည်နေ၍ တူရိယာအထွေထွေတို့ဖြင့် အပူဇော်ခံကာ ခံစားရသော နတ်သား။

၉၇၆။ နတ်၌ဖြစ်သော ကိုယ်လုံးဖြူစင်သော ဆင်ယာဉ်ဖြင့် ကောင်းကင်၌ တည်နေလျက် တီးမှုတ်အပ်သော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံသည်ဖြစ်၍ အပူဇော်ခံရသော သင်ကား အဘယ်သူနည်း။

၉၇၇။ သင်သည်ကား စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသ လော၊သို့မဟုတ်ရှေး၌ အလှူကို ပေးတတ်သော သိကြားမင်း ဖြစ်လေသလော၊ မသိကြကုန်၍ သင့်ကို မေးကြပါကုန်၏၊ အကျွန်ုပ်တို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်းဟု (ပညာရှိတစ်ယောက်က မေး၏)။

၉၇၈။ အကျွန်ုပ်သည် စာတုမဟာရာဇ်နတ်လည်း မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေး၌အလှူကို ပေးတတ်သော သိကြားမင်းလည်း မဟုတ်ပါ၊ သုဓမ္မာ အမည်ရှိကုန်သောတာဝတိံသာနတ်တို့တွင် တစ်ယောက်အပါအဝင် ဖြစ်ပါ၏။

၉၇၉။ များစွာ လက်အုပ်ချီခြင်းကို ပြု၍ သုဓမ္မာမည်သော နတ်သားကို မေးပါကုန်၏၊ လူ့ ဘဝ၌အဘယ်ကံကို ပြု၍ သုဓမ္မာနတ်မျိုး၌ ဖြစ်နိုင်ပါသနည်း (ဟု မေး၏)။

၉၈၀။ အကြင်သူသည် ကြံရွက်မိုးသော ကျောင်းကို ဖြစ်စေ, သက်ငယ်မိုးသော ကျောင်းကို ဖြစ်စေ,အဝတ်မိုးသော ကျောင်းကို ဖြစ်စေ ပေးလှူရာ၏၊ ထိုသူသည် ကျောင်းသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူသောကြောင့် သုဓမ္မာနတ်မျိုး၌ ဖြစ်နိုင်၏ဟု (ဖြေကြား၏)။

တစ်ဆယ့်နှစ်ခုမြောက်သော တတိယနာဂဝိမာနဝတ္ထု ပြီး၏။

------

၁၃-စူဠရထဝိမာနဝတ္ထု

ရှေးဘဝအခါ အဿကမင်း၏သား သုဇာတမည်သော မင်းသားဖြစ်၍ တောကစားထွက်စဉ် အသျှင်မဟာကစ္စည်းနှင့် တွေ့သောအခါ တရားတော်ကို နာယူ သရဏဂုံ၌ တည်လျက် သရီရဓါတ်တော်တို့ကို ပူဇော်ခဲ့သောကြောင့် နှလုံးမွေ့လျော်ဖွယ်ရှိသော တာဝတိံသာနတ်ပြည်တွင် လျင်မြန်လှသော အဿတိုရ်မြင်း ရွှေရထားတို့ဖြင့် ခမ်းနားစွာ ခံစားရသော နတ်သား။

၉၈၁။ ခိုင်ခံ့သော လေးရှိသော သင်သည် သစ်သားနှစ်လေးကို ထောက်၍ ရပ်နေဘိ၏၊ သင်သည်ပြည့်ရှင်မင်း ဖြစ်လေသလော၊ မင်းသား ဖြစ်လေသလော၊သို့မဟုတ် တော၌ ကျက်စားတတ်သော မုဆိုး ဖြစ်လေသလောဟု (အသျှင်မဟာကစ္စည်းက မေး၏)။

၉၈၂။ အရှင်ဘုရား အကျွန်ုပ်သည် အဿကမင်း၏ သားပါတည်း၊ တော၌ ကျက်စားပါ၏၊ အရှင်ရဟန်းအကျွန်ုပ်၏ အမည်ကို အရှင်ဘုရားအား ပြောကြားပါ၏၊ အကျွန်ုပ်ကို သုဇာတဟူ၍ လူအများသိကြပါကုန်၏။

၉၈၃။ အကျွန်ုပ်သည် သားသမင်တို့ကို ရှာဖွေလျက် တောအုပ်ကြီးသို့ သက်ဝင်သည်ရှိ သော်ထိုသမင်ကို မူကား မတွေ့မြင်ရပါ၊ အကျွန်ုပ်သည် အရှင်ဘုရားကို သာလျှင် မြင်ရ၍ ရပ် နေပါ၏ဟု (လျှောက်၏)။

၉၈၄။ ဘုန်းကြီးသော မင်းသား သင်၏ လာရောက်ခြင်းသည် ကောင်းသော လာရောက် ခြင်းပေတည်း၊ ထိုမှတစ်ပါး သင်၏ လာခြင်းသည် မကောင်းသော လာရောက်ခြင်း မဟုတ်၊ ဤရေအိုးမှ ရေကို ယူ၍ သင်၏ ခြေတို့ကို ဆေးကြောလော့။

၉၈၅။ တောင်မြောင်ချောက်ကြားမှ ဆောင်ယူထားသော ဤသောက်ရေသည်လည်း အေးမြ၏၊ မင်းသားထိုသောက်ရေကိုသောက်၍ မြက်အခင်း၌ ထိုင်လေလော့ဟု (အသျှင် မဟာကစ္စည်းက မိန့်ဆို၏)။

၉၈၆။ ရဟန်းမြတ် အရှင်၏ စကားသည် ကောင်းပါပေစွာ့တကား၊ နာပျော်ဖွယ် ရှိပါပေ၏၊ အပြစ်ကင်းပါပေ၏၊ အကျိုးစီးပွားနှင့် စပ်ပါပေ၏၊ သာယာပါပေ၏၊ အကျိုးစီးပွားကို သိ၍ ပြောဆိုပါပေ၏။

၉၈၇။ ရဟန်းမြတ် တော၌နေသော အရှင်ဘုရား၏ မွေ့လျော်ခြင်းသည် အဘယ်ပါနည်း၊ မေးမြန်းပါ၏၊ ဖြေကြားတော်မူပါလော့၊ အရှင်ဘုရား၏ စကားကို နာယူ၍ (ပစ္စုပ္ပန်တမလွန်) အကျိုးရှိသော တရားအစုကို ကောင်းစွာ ကျင့်လိုပါ၏ဟု (လျှောက်၏)။

၉၈၈။ မင်းသား ခပ်သိမ်းသော သတ္တဝါတို့အား မညှင်းဆဲခြင်းကို ငါတို့ နှစ်သက်၏၊ ခိုးယူခြင်းမှလည်းကောင်း, မိမိမယားကို လွန်၍ တစ်ပါးသော မိန်းမတို့နှင့် မေထုန်အကျင့်ကို ကျင့်ခြင်းမှလည်းကောင်း, သေအရက်ကိုသောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဉ်၏။

၉၈၉။ (ဆိုအပ်ကုန်ပြီးသော အကုသိုလ်တရားတို့မှ) ဝေးစွာ ရှောင်ကြဉ်ခြင်းလည်းကောင်း၊ (ကိုယ်နှုတ်နှလုံးတို့ဖြင့်) ညီညွတ်စွာ ကျင့်ခြင်းလည်းကောင်း၊ (ပရိယတ်တရား၌) အကြားအမြင်များခြင်းလည်းကောင်း၊ သူတစ်ပါးတို့ ပြုအပ်သော ကျေးဇူးကို သိခြင်းလည်းကောင်းမျက်မှောက်ဘဝ၌ပင်လျှင် ချီးမွမ်းထိုက်ကုန်သော ထိုတရားတို့ကို ချီးမွမ်းအပ်ကုန်၏။

၉၉၀။ မင်းသား သေခြင်းသဘောသည် သင်၏ အနီး၌ တည်၏၊ ငါးလအတွင်းသာ အသက်ရှင်လတ္တံ့၊ မင်းသား သိလေလော့ မိမိကိုယ်ကို (အပါယ်ဆင်းရဲမှ) လွတ်စေလော့ဟု (အသျှင်မဟာကစ္စည်းကမိန့်ဆို၏)။

၉၉၁။ အကျွန်ုပ်သည် အဘယ်ဇနပုဒ်သို့ သွား၍ အဘယ်သို့သော အမှုကိုလည်းကောင်း,အဘယ်သို့သော ယောက်ျားများ ပြုသင့်ပြုထိုက်သော ကိစ္စကိုလည်းကောင်း ပြု၍ အဘယ်မည်သော အတတ်ဖြင့်လည်း မအို မသေ ဖြစ်ရပါအံ့နည်းဟု (လျှောက်၏)။

၉၉၂။ မင်းသား သတ္တဝါသည် အကြင်အရပ်သို့ သွားသော် မအိုရာ မသေရာ၊ ထိုမအို မသေရာသော အရပ်သည် မရှိ၊ (မအို မသေသော) အမှုကိစ္စသည်လည်းကောင်း, အတတ်သည်လည်းကောင်း,ယောက်ျားများ ပြုသင့်ပြုထိုက်သော ကိစ္စသည်လည်းကောင်း မရှိချေ။

၉၉၃။ များသော ဥစ္စာရှိကုန်သော, များသော စည်းစိမ်ရှိကုန်သော, မင်းမျိုး၌ ဖြစ် ကုန်သော,များစွာသော ဥစ္စာစပါးသည်လည်းရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့မှ သော်လည်း အိုရကုန်သေရကုန်သေး၏။

၉၉၄။ အန္ဓကဝေဏ္ဍု၏ သားတို့သည် ရဲရင့်သတ္တိ ရှိကုန်၏၊ လုံ့လ ရှိကုန်၏၊ ရန်သူအား ကို နှိမ်နင်းပုတ်ခတ်နိုင်လေ့ရှိကုန်၏ဟု သင်ကြားဖူးသည် မဟုတ်လော့၊ မျိုးရိုးစဉ်ဆက် လနေ တို့နှင့်တူသော ထိုသူတို့သော်မှလည်း အသက်ကုန်ခြင်းသို့ ရောက်၍ ပျက်စီးရကုန်သေး၏။

၉၉၅။ မင်းမျိုးတို့လည်းကောင်း, ပုဏ္ဏားမျိုးတို့လည်းကောင်း, ကုန်သည်မျိုးတို့လည်း ကောင်း,သူဆင်းရဲမျိုးတို့လည်းကောင်း, ဒွန်းစဏ္ဍားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့လည်းကောင်း,ဇာတ်အားဖြင့် ဤသို့ဆိုအပ်ခဲ့ပြီးသူတို့သည်လည်းကောင်း, တစ်ပါးသော အမျိုးဇာတ်ရှိသူတို့သည် လည်းကောင်း အိုရ သေရကုန်သေး၏။

၉၉၆။ အဋ္ဌကစသော ရသေ့ပုဏ္ဏားတို့ ကြံစည်ထားသော အင်္ဂါခြောက်ပါးရှိသော ဗေဒင် ကျမ်းကို (ရွတ်ဖတ်သရဇ္ဈာယ်) နိုင်ကုန်သော ဤဆိုအပ်ပြီးသော အတတ်ပညာသည်တို့သည်လည်းကောင်း,တစ်ပါးသော အတတ်ပညာသည်တို့သည်လည်းကောင်း အိုရ သေရကုန်သေး၏။

၉၉၇။ ငြိမ်းချမ်းသော ကာယကံ ဝစီကံရှိကုန်သော, စောင့်စည်းအပ်သော စိတ်ရှိကုန်သော,့ကိလေသာတို့ကို ပူပန်စေတတ်သော အကျင့်ရှိကုန်သော ပုထုဇဉ် သေက္ခ ရသေ့မြတ်တို့သော်မှလည်းသေပျောက်ချိန်ရောက်သည် ကာလ၌ ခန္ဓာကိုယ်ကို စွန့်ပစ်ရကုန်သေး၏။

၉၉၈။ ပွားအပ်ပြီးသော စိတ်ရှိကုန်သော ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိကုန်သော အာသဝေါ တရားတို့မှလွတ်ကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ်ကံအကုသိုလ်ကံ နှစ်ပါးတို့ ကုန်ခြင်းကြောင့်ဤခန္ဓာကိုယ်ကို စွန့်ပစ်ရကုန်သေး၏ဟု (အသျှင်မဟာကစ္စည်းက မိန့်ဆို၏)။

၉၉၉။ ရဟန်းမြတ် အရှင်ဘုရားသည် အကျိုးစီးပွားရှိသော ဂါထာတို့ကို ကောင်းစွာ ဟော အပ်ပါပြီ၊ ကောင်းစွာ ဟောခြင်းဖြင့် ရှုစေအပ်သည် ဖြစ်ပါ၏၊ အရှင်ဘုရားသည်သာလျှင် အကျွန်ုပ်၏မှီခိုကိုးကွယ်ရာ ဖြစ်ပါလော့ဟု (လျှောက်၏)။

၁၀၀၀။ သင်သည် ငါ့ကို ကိုးကွယ်ရာဟူ၍ မဆည်းကပ်လင့်၊ ငါသည် အကြင်မြတ်စွာဘုရား ကို ကိုးကွယ်ဆည်းကပ်၏၊ သာကီဝင်မင်းသားဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို သာလျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လော့ (ဟု မိန့်ဆို၏)။

၁၀၀၁။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်ဇနပုဒ်၌ရှိပါသနည်း၊ အကျွန်ုပ်သည် လည်း တုဖက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ခြင်းငှါသွားပါအံ့ဟု (လျှောက်၏)။

၁၀၀၂။ ဩက္ကာကမင်းမျိုးမှ ဆင်းသက်၍ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား သည်ထိုအရှေ့ဇနပုဒ်၌ ဖြစ်တော်မူ၏၊ ထိုမြတ်စွာဘုရားသည်ကား ပရိနိဗ္ဗာန်ပြုတော်မူလေပြီဟု (မိန့်တော်မူ၏)။

၁၀၀၃။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အကယ်၍ တည်ရှိတော်မူသေးသည်ရှိသော် အကျွန်ုပ်သည် ယူဇနာတစ်ထောင်တိုင်တိုင် ဝေး သော်လည်းဆည်းကပ်ခြင်းငှါ သွားပါအံ့။

၁၀၀၄။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်စံတော်မူခြင်းကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်သည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၀၀၅။ အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ လူသုံးပါးတို့၏ နတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏ (တပည့်သား) သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၀၀၆။ အကျွန်ုပ်သည် (ယခုချက်ချင်း) လျင်စွာပင် သူ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ သေရည်သေရက်ကို မသောက်စားပါ၊ မမှန်သော စကားကိုလည်း မပြောဆိုတော့ပါ၊ မိမိမယားဖြင့်သာလျှင် နှစ်သက် ရောင့်ရဲပါတော့အံ့ဟု (ဝန်ခံလျှောက်ထား၏)။

၁၀၀၇။ ကြီးမြတ်သော အရောင်ရှိ၍ ရောင်ခြည်တစ်ထောင်အလင်းဆောင်သော နေဗိမာန် သည်ကောင်းကင်၌ လှည့်လည်သွားလာလျက် အရပ်မျက်နှာတို့၌ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူထက်ဝန်းကျင် အချင်းအားဖြင့် ခုနစ်ယူဇနာရှိသော သင်၏ ဤရထားကြီးသည် ထို ဗိမာန်နှင့် တူ၏။

၁၀၀၈။ (သင်၏ ရထားကို) ရွှေပြားတို့ဖြင့် ထက်ဝန်ကျင်မှ ဖုံးလွှမ်းအပ်၏၊ လှည်း သန်ရင်းကို ပုလဲတို့ဖြင့်လည်းကောင်း, ပတ္တမြားတို့ဖြင့်လည်းကောင်း အဆန်းတကြယ် ပြု လုပ်အပ်၏၊ ကောင်းစွာဖန်ဆင်းအပ်ကုန်သော ကြောင်မျက်ရွဲဖြင့်ပြီးကုန်သော ရွှေအရေး ငွေအရေးတို့သည် (ရထားကို) တင့်တယ်စေကုန်၏။

၁၀၀၉။ ရထား၏ ဤဝက်စွယ်ရင်းကိုလည်း ကြောင်မျက်ရွဲဖြင့် ဖန်ဆင်းအပ်၏၊ ဤထမ်းပိုး ကိုလည်းပတ္တမြားနီဖြင့် အဆန်းတကြယ် ပြုအပ်၏၊ ရွှေတန်ဆာဖြင့်လည်းကောင်း, ငွေတန့်ဆာဖြင့်လည်းကောင်း, ဆင်ယင်အပ်ကုန်သော စိတ်ကဲ့သို့ လျင်မြန်ခြင်းရှိကုန်သော ဤ (အဿတိုရ်) မြင်းတို့သည် တင့်တယ်ကုန်၏။

၁၀၁၀။ အခြံအရံရှိသော နတ်သား အာဇာနည်မြင်းတစ်ထောင်ကသော ယာဉ်ရှိသော နတ်တို့၏အရှင်သိကြားမင်းသည် တည်နေသကဲ့သိုု့ ထို့အတူ (မိမိတန်ခိုးဖြင့် အလုံးစုံသော ဤအရပ်ကို) လွှမ်းမိုး၍ တည်သော သင်သည် ရွှေရထား၌ တည်နေဘိ၏၊ ပညာရှိသော သင့်ကို မေးပါ၏၊ အဘယ်သို့သော အကြောင်းဖြင့် ဤသို့ များမြတ်သော အခြံအရံကို သင် ရလေသနည်းဟု (အသျှင်ကစ္စည်းက မေး၏)။

၁၀၁၁။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဘဝက သုဇာတအမည်ရှိသော မင်းသား ဖြစ်ခဲ့ဖူး ပါ၏၊ အရှင်ဘုရားသည်လည်း အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ စောင့်စည်းမှု သီလ၌ ညွှန်ကြား ခဲ့ဖူးပါ၏။

၁၀၁၂။ အရှင်ဘုရားသည် အကျွန်ုပ်၏ အသက်ကုန်ခြင်းကိုလည်း (အနာဂတံသဉာဏ်ဖြင့်) သိတော်မူ၍ သုဇာတမင်းသား ''ဤသရီရဓာတ်တော်ကို ပူဇော်လေလော့၊ ယင်းသို့ ပူဇော်ခြင်း သည်သင်၏အကျိုးငှါ ဖြစ်လတ္တံ့''ဟု ဆိုလျက် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ပေး ခဲ့ဖူးပါ၏။

၁၀၁၃။ အကျွန်ုပ်သည် ကောင်းစွာ အားထုတ်လျက် ထိုသရီရဓာတ်တော်ကို နံ့သာတို့ဖြင့်လည်းကောင်း၊ ပန်းတို့ဖြင့်လည်းကောင်း ပူဇော်ရ၍ လူ၌ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ပစ်ရသည် ရှိသော်နှစ်သက်ဖွယ်ရှိသောတာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၁၀၁၄။ အကျွန်ုပ်သည် နှလုံးမွေ့လျော်ဖွယ်ရှိသော အထူးထူးသော ငှက်မျိုးတို့နှင့် ပြည့်စုံသော နန္ဒဝန်ဥယျာဉ်၌ က ကုန် သီဆိုကုန်သော နတ်သမီးတို့ ခြံရံအပ်သည်ဖြစ်၍ မွေ့လျော်ရ ပါ၏ဟု (ဖြေကြား၏)။

တစ်ဆယ့်သုံးခုမြောက်သော စူဠရထဝိမာနဝတ္ထု ပြီး၏။

------

၁၄-မဟာရထဝိမာနဝတ္ထု

ကဿပဘုရားလက်ထက်က မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ သဒ္ဓါထက်သန်စွာ အရသာရှိသော ဆွမ်းအဖျော်နှင့် သင်္ကန်းတို့ကို လှူဒါန်းခဲ့သည့်အပြင် သုံးပါးအပြားရှိသော အသဒိသအလှူကြီးကိုပေးလှူခဲ့သောကြောင့် သိကြားမင်းကဲ့သို့သော ကြီးကျယ်ခမ်းနားသော နတ်ချမ်းသာကို ခံစားရသော နတ်သား။

၁၀၁၅။ (နတ်သား) မြင်းတစ်ထောင်ကသော ယာဉ်ရှိသော တင့်တယ်သော အမျိုးမျိုး ဆန်းကြယ်သော ဤရထားသို့ တက်စီး၍ ဥယျာဉ်အနီးသို့ သွားလျက် ရှေး၌ အလှူကို ပေးတတ်သော နတ်တို့၏အရှင်ဖြစ်သော သိကြားမင်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၆။ ရွှေဖြင့် ပြုအပ်ကုန်သော သင်၏ ရထားလက်တင် ပွတ်တိုင် နှစ်ဖက်တို့သည် အကာပျဉ်ချပ်တို့ဖြင့်လည်းကောင်း, အမြှောင့်တို့ဖြင့်လည်းကောင်း အလွန်လျှင် စေ့စပ်လျောက်ပတ်ကုန်၏၊ ကောင်းစွာ တည်ကုန်သော ပွတ်တိုင်၏ ပေါင်းစုရာဖြစ်ကုန်သော လက်တင် တို့သည် လက်ရာမြောက်သော လက်သမားဆရာတို့ ပြီးစေအပ်ကုန်သော လက်ရာများ ဖြစ်ကုန်၏၊ သင်၏ဤရထားသည် လဆန်းတစ်ဆယ့်ငါးရက်နေ့၌ ပေါ်ထွက်သော လပြည့်ဝန်း ကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၇။ ရွှေကွန်ရက်ငယ်တို့ဖြင့် ဖုံးလွှမ်းအပ်သော အထူးထူး အပြားပြား များစွာသော ရတနာတို့ဖြင့်ဆန်းကြယ်သော အလွန်နှစ်သက်ဖွယ်သော အသံလည်းရှိသော အလွန် ထွန်းပ ခြင်းသဘောလည်းရှိသော ဤရထားသည် စာမရီသားမြီးယပ် လက်စွဲကုန်သော များစွာသော နတ်တို့ဖြင့် တင့်တယ်ဘိ၏။

၁၀၁၈။ ရထားလှည်းဘီးတို့၏ အဆုံးဖြစ်သော အကွပ် (တံကူ) အကန့် (ဒေါက်) ဘီးတို့၏ အလယ်၌တန်ဆာဆင်ထားအပ်သော ဤပုန်တောင်းတို့သည် လည်း စိတ်ဖြင့် ဖန်ဆင်းအပ်သည် နှင့် တူကုန်၏၊ အရာမကသော အရေးတို့ဖြင့် ဆန်းကြယ်ကုန်သော ဤပုန်းတောင်းတို့သည် လည်း သက်တင်ရေး လျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက် ထွန်းပကုန်၏။

၁၀၁၉။ သင်၏ ဤရထားသည် များသော (ခြူးပန်းခြူးနွယ်စသော) ဆန်းကြယ်ခြင်း တို့ဖြင့် ပြွမ်း၏၊ ကြီးကျယ်သော အကွပ် (တံကူ) သည်လည်း အထောင်မကသော အရောင်ရှိ၏၊ တွဲရရွဲဆွဲအပ်သော ရွှေခြူကွန်ရက်ရှိကုန်သော ထိုအကွပ် (တံကူ) တို့၏ သာယာသော သဘော ရှိသော အသံကို ကောင်းစွာတီးမှုတ်အပ်သော အင်္ဂါငါးမျိုးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၁၀၂၀။ ထိုရထား၏ ဦးပိုင်းသည် လဝန်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားသည် ဖြစ်၍ ဆန်းကြယ်၏၊ အခါခပ်သိမ်း အထူးသဖြင့် စင်ကြယ်၍ နှစ်သက်ဖွယ်လည်း ရှိ၏၊ ပြိုးပြိုးပြက်ထွက်သော အရောင်လည်း ရှိ၏၊ (အကြားအကြား၌ လုံးသော သဏ္ဍာန်ရှိသော) ရွှေအရေးတို့ဖြင့် အလွန်ကောင်းစွာစပ်ယှဉ်သည်ဖြစ်၍ ကြောင်မျက်ရွဲအရေးကဲ့သို့ အလွန် တင့်တယ်ဘိ၏။

၁၀၂၁။ နတ်သား (မြီးဆံတွဲရရွဲကျရာ အရပ်တို့၌) လဝန်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားအပ်သည့် မြီးဆိုင်းကြိုးရှိကုန်သော အလုံးအရပ်နှင့် ပြည့်စုံ၍ လျောက်ပတ် တင့်တယ်သော သွားခြင်းရှိကုန်သော မိမိပမာဏထက် ကြီးဘိသကဲ့သို့ မှတ်ထင်ရကုန်သော ကြီးထွား ကုန်သော တန်ခိုးကြီးကုန်သော ကိုယ်အား လုံ့လအားရှိကုန်သော လျင်မြန်သော အဟုန်ရှိကုန်သော ဤမြင်းတို့သည် လည်း သင်၏ စိတ်ကို သိကုန်၍ သင့်စိတ် အားလျော်စွာသာလျှင် ကောင်းစွာ ဖြစ်ကုန်၏။

၁၀၂၂။ အခြေလေးချောင်းတို့ဖြင့် သွားတတ်ကုန်သော အသွားညီကုန်သော ဤမြင်းအားလုံးတို့သည် လည်း သင်၏ စိတ်ကို သိကုန်၍ ထိုသင်၏ စိတ်အားလျော်စွာသာလျှင် ကောင်းစွာဖြစ်ကုန်၏၊ နူးညံ့ကုန်သော တုန်လှုပ်ခြင်းမှ ကင်းကုန်သော မြင်းတကာတို့ထက် မြတ်ကုန်သော ဤမြင်းတို့သည် လည်း ဝမ်းမြောက်ကုန်လျက် အညီအညွတ် ဆောင်ရုန်းသွား ကုန်၏။

၁၀၂၃။ (ထိုမြင်းတို့သည်) ကောင်းစွာ ဖန်ဆင်းအပ်သည့် (ခြူစသော) မြင်းတန်ဆာတို့ကို လွန်စွာခါကုန်လျက် ကောင်းကင်၌ (ဦးစွန်း, လည်ဆံ, အမြီးတို့ကို) ခါလည်း ခါကုန်၏၊ (အသွားကျ) သွားလည်း သွားကုန်၏၊ ခုန်လည်း ခုန်လွှားကုန်၏၊ ထိုမြင်းတန်ဆာတို့၏ သာယာသော အသံကိုလည်းကောင်းစွာ တီးမှုတ်အပ်သော အင်္ဂါငါးပါးရှိသော တူရိယာသံ ကဲ့သို့ ကြားရ၏။

၁၀၂၄။ သင်နတ်သား၏ ရထားသံကိုလည်းကောင်း, အဆင်တန်ဆာတို့၏ အသံကိုလည်း ကောင်း,မြင်းခွါသံကိုလည်းကောင်း, မြင်းဟီသံကိုလည်းကောင်း, နတ်အပေါင်း၏ ချိုသာသော အသံကိုလည်းကောင်း, စိတ္တလတာဥယျာဉ်၌ ဂန္ဓဗ္ဗနတ်သားတို့၏ တူရိယာသံမျိုးတို့ကဲ့သို့ ကြားရ၏။

၁၀၂၅။ သမင်မငယ်တို့၏ မျက်စိကဲ့သို့ နူးညံ့ပြေပြစ်သော မျက်စိရှိကုန်သော (နွားမျက် တောင်ကဲ့သို့) ကော့သော မျက်တောင်လည်းရှိကုန်သော ပြုံးရွှင်ခြင်းရှိကုန်သော ချစ်ဖွယ်သော စကားကို ပြောဆိုတတ်ကုန်သော ကြောင်မျက်ရွဲကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိ ကုန်သော သိမ်မွေ့သော ကိုယ်ရေအဆင်းရှိကုန်သောအခါခပ်သိမ်းသာလျှင် ဂန္ဓဗ္ဗနတ်နှင့် အခြားနတ်မြတ်တို့ပူဇော်ချီးမြှောက်အပ်ကုန်သော ထိုနတ်သမီးတို့သည် သင်၏ ရထား၌ တည်ကုန်၏။

၁၀၂၆။ တပ်မက်ဖွယ်အဆင်းရှိ၍ စကားရောင် အဝတ်ကို ဝတ်ကြကုန်သော ကျယ်သော မျက်စိလည်းရှိကုန်သော အလွန်နီသော အရေးတို့ဖြင့် တင့်တယ်သည့် မျက်စိရှိကုန်သော ထူးမြတ်သော နတ်မျိုးတို့၌ လည်းဖြစ်ကုန်သော ကြော့ရှင်းသော ကိုယ်ရှိကုန်သော ကြည်လင် စင်ကြယ်စွာပြုံးရယ်ကုန်သော ထိုနတ်သမီးတို့သည် သင်၏ ရထား၌ တည်ကုန်လျက် လက်အုပ် (ကိုယ်စီ) ချီကာသင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၇။ ရွှေလက်ကောက်ကို ဝတ်ကုန်သော, ကောင်းသောဝတ်ရုံခြင်းရှိကုန်သော, တင့်တယ်သော ခါးရှိကုန်သော, (ပြည့်ဖြိုးသော) ပေါင်တံ (ပြည့်ဖြိုးသော) သားမြတ်ရှိကုန်သော, လုံးသော လက်ချောင်းရှိကုန်သော, လှပသော မျက်နှာရှိကုန်သော, ရှုချင်ဖွယ်ရှိကုန်သော ထိုနတ်သမီးတို့သည် ့ (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ်ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၈။ လှပသော ဆံထုံးရှိကုန်သော ပျိုငယ်ကုန်သော အညီအညွတ် ဝေဖန်ခြင်းတို့ဖြင့်လည်းကောင်း၊ ပြိုးပြိုးပြက် အရောင်ထွက်ကုန်သော ဆံထုံးတို့ဖြင့်လည်းကောင်း (နီသော ပန်းတို့ဖြင့်) ရောပြွမ်းသော ဆံပင်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင် နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော အချို့သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၉။ နားဆွဲတန်ဆာကို ပန်ဆင်ကုန်သော, ပဒုမ္မာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော,တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိ ကုန်သော, လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ် ကုန်သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၀။ ပန်းအမျိုးမျိုးကို ပန်ဆင်ကုန်သော ပဒုမ္မာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိ ကုန်သော တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော ထို နတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၁။ လည်ပင်း လက်ခြေတို့၌ လည်းကောင်း, ဦခေါင်း၌လည်းကောင်း (ဆင်မြန်းထား သည့်) အဆင်တန်ဆာတို့သည် တန်ဆောင်မုန်းလအခါ တက်သစ်သော နေလုလင်ကဲ့သို့ အချင်းခပ်သိမ်းအရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေကုန်၏။

၁၀၃၂။ လေ၏ အဟုန်ကြောင့်လည်းကောင်း, (ရထားမြင်းတို့၏ အဟုန်ကြောင့်လည်း ကောင်း) ထက်ဝန်းကျင်မှ တုန်လှုပ်ကုန်သော လက်ရုံးနှစ်ဖက်ရှိ ပန်းတို့သည်လည်းကောင်း,အဆင်တန်ဆာတို့သည်လည်းကောင်း နှစ်သက်ဖွယ်ရှိ၍ သန့်ရှင်းစင်ကြယ် ကောင်းမြတ်သော (တီးမှုတ်မှုအတတ်မျိုး၌) လိမ္မာသူအားလုံးတို့ နားထောင်နိုင်လောက်သော သဘောရှိသော အသံကို လွှတ်ကြကုန်၏။

၁၀၃၃။ နတ်မင်း စောင်းသည် စောင်းခွက် စောင်းလက်တံတို့ဖြင့် (လူများအပေါင်းကို) ဝမ်းမြောက်စေဘိသကဲ့သို့ ဥယျာဉ်မြေဝယ် နံပါးနှစ်ဖက်တို့၌ တည်ကုန်သော ရထား, ဆင် တို့၏အသံသည်လည်းကောင်း၊ တူရိယာမျိုးတို့၏ အသံသည်လည်းကောင်း သင်နတ်သား ကို ပင်လျှင်ဝမ်းမြောက်စေကုန်၏။

၁၀၃၄။ ချိုသာကုန်သော နှစ်သက်ဖွယ် သဘောရှိကုန်သော များစွာသော ဤစောင်းတို့ သည်စိတ်နှလုံးသို့ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို မြည်ကုန် သည်ရှိသော်သင်အပ်ပြီးသော အတတ်ရှိကုန်သော နတ်သမီးတို့သည် (နတ်၌ဖြစ်သော) ပဒုမ္မာ ကြာတို့၌ အလွန်လျှင်က ပြကြကုန်လျက် လှည့်လည်ကြကုန်၏။

၁၀၃၅။ အကြင်အခါ၌ ဤသီချင်းဆိုခြင်းတို့သည်လည်းကောင်း, ဤတီးမှုတ်ခြင်းတို့သည်လည်းကောင်း,ဤကခြင်းတို့သည်လည်းကောင်း တစ်ပြိုင်နက် (စီးချက်ဝါးချက်) ညီညွတ် ကြကုန်၏၊ ထိုအခါ (အချို့သော) နတ်သမီးတို့သည် ဤသင်၏ ရထား၌ ကကြကုန်၏၊ အချို့သော မိန်းမမြတ်တို့သည် ဤနံပါးနှစ်ဖက်တို့၌ (အရပ်မျက်နှာတို့ကို) ထွန်းလင်း တောက်ပစေကုန်၏။

၁၀၃၆။ ချိုသာကုန်သော နှစ်သက်ဖွယ် သဘောရှိကုန်သော များစွာသော ဤစောင်း တို့သည် စိတ်နှလုံးသို့ ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို (မြည်ကုန် သည်ရှိသော်) ထိုသင်သည် တူရိယာအပေါင်းက အသံဖြင့် နိုးစေလျက် ပူဇော်ခံရသည်ဖြစ်၍ သိကြားမင်းကဲ့သို့မွေ့လျော်ရ၏။

၁၀၃၇။ သင်သည် ရှေးဘဝက အဘယ်သို့သော ကုသိုလ်ကံကို ကိုယ်တိုင် ပြုခဲ့ဖူးသနည်း၊ ရှေးဘဝလူဖြစ်ခဲ့စဉ်က သင်သည် အဘယ်သို့သော ဥပုသ်ကို ကျင့်သုံးခဲ့ဖူးသနည်း၊ အဘယ်သို့သော အလှူပေးခြင်းအစရှိသော ကုသိုလ်အကျင့်ကိုလည်းကောင်း, ဆောက်တည်၍ ကျင့် အပ်သော အကျင့်ကိုလည်းကောင်း နှစ်သက်စွာ ကျင့်ခဲ့ဖူးသနည်း။

၁၀၃၈။ သင်နတ်သား၏ ဤတန်ခိုးတော်သည် ပြန့်ပြောကြီးမား၏၊ နတ်အပေါင်းကို အလွန် လွှမ်းမိုး၍ ထွန်းလင်းတောက်ပ၏၊ ဤအကျိုးသည် သင်နတ်သား၏ အနည်းငယ်မျှ ပြုဆည်းပူးခဲ့သော ကံ၏အကျိုးမဟုတ်တန်ရာ၊ ရှေးဘဝ၌ ကောင်းစွာ လေ့ကျက်အပ်သော ဥပုသ်ကံ၏ အကျိုးလေလော့။

၁၀၃၉။ ဤအကျိုးသည် သင်နတ်သား၏ ဒါနကုသိုလ် အကျိုးလေလော၊သို့မဟုတ် သီလကုသိုလ်အကျိုးလေလော၊သို့မဟုတ် လက်အုပ်ချီမှု၏ အကျိုးလေလော၊ သင့်ကို ငါ မေး၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားလော့ဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၄၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျောက်ထား၏။

၁၀၄၁။ အောင်အပ်ပြီးသော ဣန္ဒြေရှိတော်မူသော၊ ပြည့်စုံသော လုံ့လရှိတော်မူသော၊ သတ္တဝါအပေါင်းတို့ထက် မြတ်တော်မူသော၊ မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နိဗ္ဗာန်တံခါးကို ဖွင့်တော်မူသော၊ နတ်ထက်နတ် ဖြစ်တော်မူသော၊ ရာပေါင်းများစွာသော ဘုန်းကံကြောင့်ဖြစ်သော ယောက်ျား မြတ်လက္ခဏာရှိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ခဲ့ရဖူးပါ၏။

၁၀၄၂။ အရှင်ဘုရား (ကိလေသာရန်သူကို နှိမ်နင်းတော်မူသဖြင့်) ဆင်ပြောင်နှင့် တူတော်မူသော ဩဃလေးပါးတို့ကို လွန်မြောက်တော်မူပြီးသော သိ င်္ဂီရွှေစင်, ဇမ္ဗူရာဇ်ရွှေစင် နှင့်တူသော အဆင်းရှိတော်မူသော ထိုကဿပမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် အကျွန်ုပ် အား တစ်မဟုတ်ချင်းလျင်စွာ စင်ကြယ်သော စိတ်ရှိသူ ဖြစ်ခဲ့ပါ၏၊ (ထိုသို့ဖြစ်ခြင်းသည်လည်း) တရားတည်းဟူသော တံခွန်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် သာလျှင် ဖြစ်ပါ၏။

၁၀၄၃။ တစ်စုံတစ်ခု၌ မကပ်ငြိသော စိတ်ရှိသော ထိုအကျွန်ုပ်သည် (ကုံးသီအပ် မကုံးသီ အပ်သော) ပန်းတို့ဖြင့် ဆွဲခြင်း ခင်းခြင်း၏ အစွမ်းဖြင့် ပြိုးပြွမ်းသော မိမိအိမ်၌ ထိုကဿပ မြတ်စွာဘုရားအားစင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော ဆွမ်း အဖျော်ကိုလည်း ကောင်း, ထိုမှတစ်ပါးလည်းသင်္ကန်းကိုလည်းကောင်း တည်ထား လှူဒါန်းခဲ့ဖူးပါ၏။

၁၀၄၄။ (အရှင်ဘုရား) ထိုအကျွန်ုပ်သည် အခြေနှစ်ချောင်းရှိ သတ္တဝါတို့ထက် မြတ်တော်မူသော ထိုကဿပမြတ်စွာဘုရားကို ဆွမ်းဖြင့်လည်းကောင်း, အဖျော်ဖြင့်လည်းကောင်း,သင်္ကန်းဖြင့်လည်းကောင်း, ခဲဖွယ်ဖြင့်လည်းကောင်း, ဘောဇဉ်ဖြင့်လည်းကောင်း, လျက် ဖွယ်ဖြင့်လည်းကောင်း, ကောင်းစွာ ရောင့်ရဲစေခဲ့ခြင်းကြောင့် နတ်ပြည်တိုင်း နတ်ပြည်တိုင်းဝယ်နတ်မြို့တော်၌ မွေ့လျော် ရပါ၏။

၁၀၄၅။ အရှင်ဘုရား အကျွန်ုပ်သည် ဤသို့သော အကြောင်းဖြင့် တံခါးကျင်မထိုးအပ်သော (အတိတ်,အနာဂတ်, ပစ္စုပ္ပန်အခါတို့၌ ကိုယ်နှုတ်နှလုံးတို့ဖြင့် ကိုယ်တိုင်ပြုခြင်း သူတစ်ပါးကို ပြုစေခြင်း,အောက်မေ့ခြင်းတို့နှင့် ပြည့်စုံသောကြောင့်) သုံးပါးအပြားရှိသော စင်ကြယ် သန့်ရှင်းသော ဤအသဒိသအလှူကြီးကို ပေးလှူခဲ့ခြင်းကြောင့် လူ၌ဖြစ်သော ခန္ဓာကိုယ်ကို စွန့်၍ သိကြားနှင့် တူစွာနတ်မြို့တော်၌ မွေ့လျော်ရပါ၏။

၁၀၄၆။ အရှင်ဘုရား ကောင်းမြတ်သော သဘောရှိသော အသက်ရှည်ခြင်းကိုလည်းကောင်း,အဆင်းလှခြင်းကိုလည်းကောင်း, ချမ်းသာများခြင်းကိုလည်းကောင်း, ခွန်အားကြီးခြင်းကိုလည်း ကောင်း,အလိုရှိသူသည် တစ်စုံတစ်ခု၌ မကပ်မငြိသော စိတ်ရှိသည်ဖြစ်၍ များစွာ အထူး ပြုပြင်စီရင်အပ်သော ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း တည်စေအပ်၏။

၁၀၄၇။ အရှင်ဘုရား ဤလောက၌လည်းကောင်း, အခြားလောက၌လည်းကောင်း, မြတ်စွာ ဘုရားထက်မြတ်သော ပုဂ္ဂိုလ်ဖြစ်စေ, မြတ်စွာဘုရားနှင့် တူမျှသော ပုဂ္ဂိုလ်ဖြစ်စေ မရှိနိုင်ပါ၊ မြတ်စွာဘုရားသည်ကောင်းမှုကို အလိုရှိကုန်သော ပြန့်ပြောသော အကျိုးကို ရှာမှီးကုန်သောသူတို့၏ အဝေးမှဆောင်ယူလာသော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်တို့ထက် မြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူ၏ဟု (ဖြေကြား၏)။

တစ်ဆယ့်လေးခုမြောက်သော မဟာရထဝိမာနဝတ္ထု ပြီး၏။

ငါးဝဂ်မြောက်သော မဟာရထဝဂ် ပြီး၏။

ဤတွင် သုံးခုမြောက်သော ဘာဏဝါရ ပြီး၏။

------

၆-ပါယာသိဝဂ်

၁-ပဌမအဂါရိယဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် လင်မယားနှစ်ဦးလုံး ရဟန်းတော်တို့၏ ရေကန်သဖွယ် ဖြစ်ကြ၍ ဆွမ်း အဖျော်အဝတ်သင်္ကန်းတို့ကို လှူဒါန်းခဲ့သောကြောင့် တာဝတိံသာ စိတ္တလတာဥယျာဉ်ပမာ ဆန်းကြယ်စွာသော ဗိမာန်၌ ခံစားရသော နတ်သား။

၁၀၄၈။ တာဝတိံသာနတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာဥယျာဉ်သည် မြတ်သည် ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၀၄၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင် နတ်သားသည် လူဖြစ် ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင် မောဂ္ဂလ္လာန်ကမေး၏)။

၁၀၅၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၁၀၅၁။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်လည်းကောင်း, အကျွန်ုပ်၏ မယားသည်လည်းကောင်း (ရဟန်းယောက်ျား, ရဟန်းမိန်းမတို့၏) သုံးဆောင်ရာ ရေတွင်းသဖွယ် ဖြစ်ကြကုန်၍ အိမ်၌ နေခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ များပြားသော (အဝတ် သင်္ကန်းအစရှိသော) အလှူဒါန ကိုလည်းကောင်းရိုသေစွာ ပေးလှူခဲ့ကြပါကုန်၏။

၁၀၅၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင် အဆင်းဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ် မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

ရှေးဦးစွာသော ပဌမအဂါရိယဝိမာနဝတ္ထု ပြီး၏။

------

၂-ဒုတိယအဂါရိယဝိမာနဝတ္ထု

ရှေးနတ်သားကဲ့သို့ပင် လှူဒါန်းခဲ့သောကြောင့် အာနုဘော်ကြီးစွာ နတ်ချမ်းသာကို ခံစား ရသော နတ်သား။

၁၀၅၄။ တာဝတိံသာနတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာဥယျာဉ်သည် မြတ်သည် ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၀၅၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင် နတ်သားသည် လူဖြစ်ခဲ့ စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင် မောဂ္ဂလ္လာန်ကမေး၏)။

၁၀၅၆။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၅၇။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်လည်းကောင်း, အကျွန်ုပ်၏ မယားသည်လည်းကောင်း (ရဟန်းယောက်ျား, ရဟန်းမိန်းမတို့၏) သုံးဆောင်ရာ ရေတွင်းသဖွယ် ဖြစ်ကြကုန်၍ အိမ်၌ နေခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကိုလည်း ကောင်း,အဖျော်ကိုလည်းကောင်း၊ များပြားသော (သင်္ကန်းအစရှိသော) အလှူဒါနကိုလည်း ကောင်း ရိုသေစွာပေးလှူခဲ့ကြပါကုန်၏။

၁၀၅၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု လျှောက်ထား၏)။

နှစ်ခုမြောက်သော ဒုတိယအဂါရိယဝိမာနဝတ္ထု ပြီး၏။

------

၃-ဖလဒါယကဝိမာနဝတ္ထု

အသျှင်မဟာမောဂ္ဂလ္လာန်အား သရက်သီးလေးလုံး လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင် ဗိမာန်၌များမြတ်သော စည်းစိမ်ချမ်းသာ နတ်သမီးအစုံအလင်ဖြင့် ခံစားရသော နတ်သား။

၁၀၆၀။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်ခြောက်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၀၆၁။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ တစ်ခုတစ်ခုသော စုလစ်မွန်းချွန်အထွတ်တပ်သော အဆောင်၌ ခြောက်ကျိပ်လေးယောက်ကုန်သော သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သော များမြတ်သော စည်းစိမ်ရှိသောတာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏။ သင့်ကို ဝမ်းမြောက်လည်းဝမ်းမြောက်စေကြကုန်၏။

၁၀၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန် က မေး၏)။

၁၀၆၃။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ့ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အား လျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၀၆၄။ အသီးကို ပေးလှူသောသူသည် ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့၌ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ပေးလှူခြင်းကြောင့် ပြန့်ပြောသော ကုသိုလ်ကျိုးကို ရ၏၊ ထိုသူသည် နတ်ပြည်သို့ရောက်၍ တာဝတိံသာနတ်ပြည်၌ မွေ့လျော်စံပျော်ရ၏၊ ပြန့်ပြောသော ကောင်းမှု၏ အကျိုးကိုလည်းခံစားရ၏။

၁၀၆၅။ မြတ်သော ရဟန်း အကျွန်ုပ်သည် အရှင်ဘုရားကို ပင် သရက်သီးလေးလုံးတို့ကို ပေးလှူခဲ့ပါ၏။

၁၀၆၆။ ထိုကြောင့်သာလျှင် လူ၌ဖြစ်သော ချမ်းသာကို အလိုရှိသူသည်လည်းကောင်း, နတ် ၌ဖြစ်သော ချမ်းသာကို တောင့်တသူသည်လည်းကောင်း, လူတို့တွင် လှပတင့်တယ်သည်၏ အဖြစ်ကို အလိုရှိသူသည်လည်းကောင်း အခါခပ်သိမ်း သစ်သီးကို ပေးလှူခြင်းငှါ သင့်သည်သာ လျှင်တည်း။

၁၀၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။

သုံးခုမြောက်သော ဖလဒါယကဝိမာနဝတ္ထု ပြီး၏။

------

၄-ပဌမဥပဿယဒါယကဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က ရဟန်းတပါးအား တည်းခိုရန်ကျောင်းကို၎င်း, ဆွမ်းအဖျော်သင်္ကန်း ကို၎င်းလှူဒါန်းခဲ့သောကြောင့် မိုးကောင်းကင်၌ လမင်းအသွင်တောက်ပသော ဗိမာန်၌ အရောင်အဆင်းတင့်တယ်ခြင်းနှင့်တကွ ခံစားရသော နတ်သား။

၁၀၆၉။ နတ်သား လဗိမာန်သည် တိမ်တိုက်ကင်းစင်သော မိုးကောင်းကင်၌ ထွန်းလင်း တောက်ပလျက် သွားသကဲ့သို့ ထို့အတူ သင်၏ ဗိမာန်သည် ကောင်းကင်၌ ထွန်းလင်းတောက်ပ လျက် တည်ဘိ၏။

၁၀၇၀။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၇၁။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၇၂။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်လည်းကောင်း, အကျွန်ုပ်၏ မယားသည်လည်းကောင်း, အပူဇော်ခံထိုက်သော ရဟန်းတစ်ပါးအား တည်းခိုရန် ကျောင်းကို ပေးလှူခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း များပြားစွာသော (အဝတ်သင်္ကန်းစသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာလှူခဲ့ကြပါကုန်၏။

၁၀၇၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု ဖြေကြား (လျှောက်ထား၏)။

လေးခုမြောက်သော ပဌမဥပဿယဒါယကဝိမာနဝတ္ထု ပြီး၏။ ့

------

၅-ဒုတိယဥပဿယဒါယကဝိမာနဝတ္ထု

ရှေးနတ်သားကဲ့သို့ပင် လှူဒါန်းခဲ့၍ နတ်ချမ်းသားကို ခံစားရသော နတ်သား။

၁၀၇၅။ နတ်သား နေဗိမာန်သည် တိမ်တိုက်ကင်းသော မိုးကောင်းကင်၌။ပ။ (ရှေးဝိမာန ဝတ္ထုကဲ့သို့အကျယ်ချဲ့ရမည်)။

၁၀၇၉။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

ငါးခုမြောက်သော ဒုတိယဥပဿယဒါယကဝိမာနဝတ္ထု ပြီး၏။

------

၆-ဘိက္ခာဒါယကဝိမာနဝတ္ထု

လူ့ဘဝက မွတ်သိပ်ဆာလောင်သော ရဟန်းတပါးအား တစ်ထပ်စာဆွမ်းကို လှူဒါန်းခဲ့ သောကြောင့် ပတ္တမြားတိုင် ဗိမာန်ပြာသာဒ် ခုနစ်ရာတို့၌ ချမ်းသာစွာခံစားရသော နတ်သား။

၁၀၈၁။ (နတ်သား) ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၀၈၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၃။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန်မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၀၈၄။ အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဉ်က မွတ်သိပ်ဆာလောင်၍ ပင်ပန်းသော ရဟန်းကို မြင်ခဲ့ရသောကြောင့် တစ်ထပ်စာသာဖြစ်သော ဆွမ်းကို (ထိုရဟန်းအား) ပေးလှူ ခဲ့ဖူးပါ၏၊ ထိုအခါကဆွမ်းနှင့် ပြည့်စုံခြင်းကို ပြုခဲ့ဖူးပါ၏။

၁၀၈၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။

ခြောက်ခုမြောက်သော ဘိက္ခာဒါယကဝိမာနဝတ္ထု ပြီး၏။

------

၇-ယဝပါလကဝိမာနဝတ္ထု

လူ့ဘဝတွင် မုယောခင်းစောင့်ဖြစ်စဉ် ရဟန်းမြတ်အား မုယောမုန့်ကို လှူဒါန်းခဲ့ သောကြောင့် ပတ္တမြားတိုင်ဗိမာန်၌ ထွန်းလင်းတောက်ပစွာ ခံစားရသော နတ်သား။

၁၀၈၇။ (နတ်သား) ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏။ပ။ အဘယ် ကုသိုလ်ထူးကြောင့်သင်နတ်သား၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၉။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား လျှောက်ထား၏။

၁၀၉၀။ အရှင်ဘုရား အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက မုယောခင်း စောင့်သူဖြစ်ခဲ့ပါ၏၊ (ထိုအခါက) အကျွန်ုပ်သည် ကိလေသာမြူမှ ကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန်းကို ဖူးမြင်ခဲ့ရပါ၏။

၁၀၉၁။ အရှင်ဘုရား အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အကျွန်ုပ်၏ အဖို့ ဖြစ်သော မုယောမုန့်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါ၏၊ အကျွန်ုပ်သည် မုယောမုန့် ဆွမ်းကို ပေးလှူခြင်းကြောင့် နန္ဒဝန်ဥယျာဉ်၌ မွေ့လျော်ရပါ၏။

၁၀၉၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။

ခုနစ်ခုမြောက်သော ယဝပါလကဝိမာနဝတ္ထု ပြီး၏။

------

၈-ပဌမကုဏ္ဍလီဝိမာနဝတ္ထု

သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းတို့ကို ဖူးမြင်ရ၍ ဆွမ်း အဖျော် အဝတ် သင်္ကန်းစသော အလှူများကို ပေးလှူခဲ့သောကြောင့် လဝန်းကဲ့သို့ တင့်တယ်သော ဗိမာန်၌ နားတောင်းပန်ဆင်ကာအာနုဘော်ကြီးစွာ ခံစားရသော နတ်သား။

၁၀၉၄။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော, အမျိုးမျိုးသော ပန်း တို့ကို ပန်ဆင်လျက် ကောင်းစွာ ဝတ်ရုံထားသော, ကောင်းသော နားတောင်းလည်းရှိသော, ဆံမုတ်ဆိတ်ပြုပြင်ထားသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လဝန်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၉၅။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ်ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌နေလေ့ရှိကုန်သော၊ ခြောက်ကျိပ်လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီလည်းသီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက်စေကြကုန်၏။

၁၀၉၆။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင် နတ်သားသည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင် အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန် က မေး၏)။

၁၀၉၇။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်း သာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အား လျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၉၈။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဉ်က သီလရှိကုန်သော၊ အသိ ဉာဏ် 'ဝိဇ္ဇာ',အကျင့် 'စရဏ'နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်းရှိကုန်သော၊ များသော အကြားအမြင်ရှိကုန်သော၊ တဏှာ၏ကုန်ရာ (အရဟတ္တဖိုလ်)သို့ ရောက်ကုန်သော ရဟန်းတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်းများပြားသော (အဝတ်သင်္ကန်းအစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၀၉၉။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ့ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။

ရှစ်ခုမြောက်သော ပဌမကုဏ္ဍလီဝိမာနဝတ္ထု ပြီး၏။

------

၉-ဒုတိယကုဏ္ဍလီဝိမာနဝတ္ထု

အဂ္ဂသာဝကနှစ်ပါးကို ဖူးမြင်ရ၍ သဒ္ဓါတရားဖြင့် ဆွမ်း အဖျော် အဝတ်သင်္ကန်း စသည် တို့ကိုလှူဒါန်းခဲ့သောကြောင့် လဝန်းကဲ့သို့ တင့်တယ်သော ဗိမာန်၌ ကောင်းမြတ်သော နားတောင်းပန်ဆင်ကာချမ်းသာခံစားရသော နတ်သား

၁၁၀၁။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော အမျိုးမျိုးသော ပန်း တို့ကို ပန်ဆင်လျက် ကောင်းစွာ ဝတ်ရုံထားသော ကောင်းသော နားတောင်းလည်းရှိသော ဆံမုတ်ဆိတ်ပြုပြင်ထားသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည်ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လဝန်းကဲ့သို့ တင့်တယ်ဘိ၏။

၁၁၀၂။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ်ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌နေလေ့ရှိကုန်သော၊ ခြောက်ကျိပ်လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက်စေကြ ကုန်၏။

၁၁၀၃။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၀၄။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးအပ်သည်အားလျှော်စွာ) ဖြေကြားလျှောက်ထား၏။

၁၁၀၅။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဉ်က ကောင်းသော သဘောရှိကုန်သော၊ အသိဉာဏ် 'ဝိဇ္ဇာ', အကျင့် 'စရဏ' နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်းရှိ ကုန်သော၊ များသော အကြားအမြင်ရှိကုန်သော၊ သီလရှိကုန်သော၊ ကြည်လင်သော စိတ်ရှိ ကုန်သော (အဂ္ဂသာဝက) ရဟန်းနှစ်ပါးတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိ သည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, များပြားသော (အဝတ်သင်္ကန်း အစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၀၆။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။

ကိုးခုမြောက်သော ဒုတိယကုဏ္ဍလီဝိမာနဝတ္ထု ပြီး၏။

------

၁၀-ပါယာသိဝိမာနဝတ္ထု

ပါယာသိမင်း၏ ဥတ္တရလုလင်ဖြစ်စဉ်အခါ သူတော်ကောင်းရဟန်းတို့ကို မြတ်နိုးစိတ်ဖြင့် ဆွမ်း အဖျော်အဝတ်သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့သောကြောင့် သုဓမ္မာနတ်သဘင်နှင့် တူသော ဗိမာန်၌ အာနုဘော်ကြီးစွာခံစားရသော နတ်သား

၁၁၀၈။ (နတ်သား) သိကြားမင်း၏ အကြင် သုဓမ္မာမည်သော နတ်သဘင်သည် ရှိ၏၊ ယင်းသုဓမ္မာနတ်သဘင်၌ နတ်အပေါင်းသည် အညီအညွတ် နေ၏၊ ထိုနတ်သဘင်နှင့်တူစွာ သင်၏ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်းတောက်ပလျက် တည်ဘိ၏။

၁၁၀၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်ကုမာရကဿပက မေး၏)။

၁၁၁၀။ ထိုနတ်သားသည် (အသျှင်ကုမာရကဿပ မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၁၁၁။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝလူဖြစ်ခဲ့စဉ်က ပါယာသိရာဇညမင်း၏ (အမှု ကြီးငယ်ကို ပြုလုပ်တတ်သော) (ဥတ္တရ) လုလင် ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် ရအပ်သော ဥစ္စာကို ခွဲဝေပေးကမ်းခြင်းကို ပြုခဲ့ပါ၏၊ သီလရှိကုန်သော ရဟန်းသူတော်ကောင်းတို့ကို ချစ် မြတ်နိုးခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်း ကောင်း များပြားသော (အဝတ်သင်္ကန်းအစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေး လှူခဲ့ပါ၏။

၁၁၁၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား လျှောက်ထား၏)။

ဆယ်ခုမြောက်သော ပါယာသိဝိမာနဝတ္ထု ပြီး၏။

ခြောက်ခုမြောက်သော ပါယာသိဝဂ် ပြီး၏။

------

၇-သုနိက္ခိတ္တဝဂ်

၁-စိတ္တလတာဝိမာနဝတ္ထု

အားကိုးရာမရှိ အထီးကျန် လူဆင်းရဲဖြစ်စဉ် အိုမင်းသော မိဖတို့ကို လုပ်ကျွေးခဲ့ခြင်း သီလရှိသူတို့ကို မြတ်နိုးခြင်း ဆွမ်း အဖျော် သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့ခြင်းကြောင့် တာဝတိံသာရှိစိတ္တလတာဥယျာဉ်အလား ခမ်းနားသော ဗိမာန်၌ ပျော်စံရသော နတ်သား

၁၁၁၄။ (နတ်သား) တာဝတိံသာနတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော စိတ္တလတာဥယျာဉ်သည်မြတ်သည်ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ထွန်းလင်းတောက်ပလျက် တည်ဘိ၏။

၁၁၁၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင်နတ်သား သည်လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင် သည်ဤသို့တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၁၆။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်း သာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား၏။

၁၁၁၇။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ်လူဖြစ်ခဲ့စဉ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမှုလုပ်ယောက်ျား ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်း ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, များမြတ်သော (အဝတ်သင်္ကန်းအစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၁၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား လျှောက်ထား၏)။

ရှေးဦးစွာသော စိတ္တလတာဝိမာနဝတ္ထု ပြီး၏။

------

၂-နန္ဒနဝိမာနဝတ္ထု

ရှေးနတ်သားနှင့်အတူ လူဆင်းရဲဖြစ်စဉ် မိဖအိုတို့ကို လုပ်ကျွေးခြင်း စသည်တို့ကြောင့်နန္ဒဝန်ဥယျာဉ်ကဲ့သို့ တင့်တယ်သော ပတ္တမြားတိုင် ဗိမာန်ပြာသာဒ်ဆောင် ခုနစ်ရာတို့၌ ချမ်းသာစွာပျော်စံရသော နတ်သား

၁၁၂၀။ (နတ်သား) တာဝတိံသာနတ်တို့၏ ဥယျာဉ်မြတ်ဖြစ်သော နန္ဒဝန်ဥယျာဉ်သည် မြတ်သည် ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၁၂၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင် နတ်သား သည်လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည်ဤသို့တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၂၂။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား၏။

၁၁၂၃။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမှုလုပ် (ယောက်ျား) ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်ကုန်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်းချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း,အဖျော်ကိုလည်းကောင်း, များမြတ်သော (သင်္ကန်းအစရှိသော) အလှူ ဒါနကိုလည်းကောင်း ရိုသေစွာပေးလှူခဲ့ဖူးပါ၏။

၁၁၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြားလျှောက်ထား၏)။

နှစ်ခုမြောက်သော နန္ဒနဝိမာနဝတ္ထု ပြီး၏။

------

၃-မဏိထူဏဝိမာနဝတ္ထု

လူူ့ဘဝက တောခရီး၌ တံတားဆောက်ခြင်း အရံသစ်ပင်စိုက်ပျိုးခဲ့ခြင်း သီလရှိသူူတို့ကို မြတ်နိုးခြင်းပေးကမ်းလှူဒါန်းခြင်းတို့ကြောင့် ပြာသာဒ်ဆောင် ခုနှစ်ရာတို့၌ နတ် တူူရိယာ စုံလင်စွာဖြင့် ပျော်စံရသော နတ်သား

၁၁၂၆။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ် တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ် ကုန်၏။

၁၁၂၇။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ် သမီးတို့သည် လည်းကကြကုန်၏။

၁၁၂၈။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်းဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင် နတ်သား၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၃၀။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော် စွာ) ဖြေကြား၏။

၁၁၃၁။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ်လူဖြစ်ခဲ့စဉ်အခါက တောခရီးလမ်း၌ တံတားကို ဆောက်လုပ်ခဲ့ပါ၏၊ အရံသစ်ပင်တို့ကိုလည်းစိုက်ပျိုးခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကို ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ် သည်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, များမြတ်သော (အဝတ်သင်္ကန်းစသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၃၂။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ် အားထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင် အဆင်းသည်လည်းအရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။

သုံးခုမြောက်သော မဏိထူဏဝိမာနဝတ္ထု ပြီး၏။

------

၄-သုဝဏ္ဏဝိမာနဝတ္ထု

အန္ဓကဝိန္ဒမြို့၌ လူူဖြစ်စဉ် မြတ်စွာဘုရားအလို့ငှာ ကျောင်းတော်ကို ကိုယ်တိုင် ဆောက် လုပ်စေခဲ့၍ ပန်းနံ့သာ နံ့သာပျောင်းတို့ကို လှူဒါန်းခဲ့ခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ ရွှေတောင်ထိပ်ဝယ်ဆန်းကြယ်သော ဗိမ္မာန်တွင် နေလုလင်ကဲ့သို့ တင့်တယ်စွာ ဖြစ်ရသော နတ်သား

၁၁၃၄။ (နတ်သား) ရွှေတောင်ထိပ်၌ (သင်၏) ဗိမာန်သည် ထက်ဝန်းကျင်မှ တောက်သော အရောင်ရှိ၏၊ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းထား၏၊ ရွှေခြူကွန်ရက်ဖြင့် တပ်ဆင်ပြုပြင်ထား၏။

၁၁၃၅။ (ထိုဗိမာန်၌) ကောင်းစွာပြုလုပ်အပ်ကုန်သော ရှစ်မြှောင့်ရှိကုန်သော တိုင်အားလုံး တို့သည် ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏၊ (ထိုတိုင် ရှစ်မြှောင့်တို့တွင်) တစ်မြှောင့် တစ်မြှောင့်၌ ရတနာခုနစ်ပါးတို့ဖြင့်မွမ်းမံခြယ်လှယ်ထားကုန်၏။

၁၁၃၆။ ကြောင်မျက်ရွဲဖြင့်လည်းကောင်း, ရွှေစင်ဖြင့်လည်းကောင်း, ဖလ်ဖြင့်လည်းကောင်း,ငွေစင်ဖြင့်လည်းကောင်း,ပတ္တမြားပြောက်ဖြင့်လည်းကောင်း, ပုလဲတို့ဖြင့်လည်းကောင်း, ပတ္တမြားနီတို့ဖြင့်လည်းကောင်း မွမ်းမံခြယ်လှယ်ထားကုန်၏။

၁၁၃၇။ မြေကြီးသည် ဆန်းကြယ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ (ထိုဗိမာန်၌ ပတ္တမြားမြေ ဖြစ်၍) မြူမှုန်မတက်၊ (ကုသိုလ်ကံ) ဖန်ဆင်းသည့် ရွှေသော အဆင်းရှိကုန်သော အခြင်ရနယ်အပေါင်းတို့သည် (ရတနာခုနစ်ပါးတို့ဖြင့် ပြီးသော) အထွတ်ကို ဆောင်ကုန်၏။

၁၁၃၈။ ထိုဗိမာန်၏ အရပ်လေးမျက်နှာတို့၌ စောင်းတန်းလှေကား လေးသွယ်တို့ကိုလည်း ဖန်ဆင်းအပ်ကုန်၏၊ (ထိုဗိမာန်သည်) အထူးထူးသော ရတနာတို့ဖြင့် ပြီးသော တိုက်ခန်း တို့ဖြင့်နေလုလင်ကဲ့သို့ တင့်တယ်၏။

၁၁၃၉။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပွတ်တိုင်စိုက် လက်ရန်းလေးဖက်တို့သည် ထက်ဝန်းကျင်မှအရပ်လေးမျက်နှာတို့ကို အလွန်တောက်ပစေကုန်လျက် ထွန်းလင်းကုန်၏။

၁၁၄၀။ (နတ်သား) ထိုဗိမာန်မြတ်၌ များမြတ်သော အရောင်ရှိသော (သင်) နတ်သား သည် တက်သစ်စနေလုလင်ကဲ့သို့ အရောင်အဆင်းအားဖြင့် အလွန်တင့်တယ်ဘိ၏။

၁၁၄၁။ ဤအကျိုးသည် သင် နတ်သား၏ ဒါနကုသိုလ် အကျိုးလော၊သို့မဟုတ် သီလ ကုသိုလ်၏အကျိုးလေလော၊သို့မဟုတ် လက်အုပ်ချီ ခြင်း ကုသိုလ်၏ အကျိုးလော၊ သင့်ကို ငါ မေးပါ၏၊ ထိုအကြောင်းကို ဖြေကြားပါလော့ဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၄၂။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား၏။

၁၁၄၃။ (အရှင်ဘုရား) အကျွန်ုပ်သည် အန္ဓကဝိန္ဒမြို့၌ (လူဖြစ်စဉ်) ကြည်ညိုခြင်း ရှိသည် ဖြစ်၍ ခပ်သိမ်းသော တရားတို့ကို သိတော်မူတတ်သော, နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (အလို့ငှါ) ကျောင်းတော်ကို မိမိလက်ဖြင့် (ထိုထိုကိစ္စကို ပြုလျက်) ဆောက် လုပ်စေခဲ့ပါ၏။

၁၁၄၄။ ထိုအန္ဓကဝိန္ဒမြို့၌ (အကျွန်ုပ်သည် ) အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်နံ့သာကိုလည်းကောင်း, ပန်းကိုလည်းကောင်း, အသစ်စက်စက်ဖြစ်သော နံ့သာပျောင်းကိုလည်းကောင်း,ကျောင်းကိုလည်းကောင်း မြတ်စွာဘုရားအား ပေးလှူခဲ့ပါ၏၊ (အရှင်ဘုရား) ထိုကုသိုလ်ကြောင့်အကျွန်ုပ်သည် ဤကောင်းကျိုးကို ရအပ်ပါ၏၊ (အကျွန်ုပ်သည် ) နှစ်သက် ဖွယ်ရာဤတာဝတိံသာနတ်ပြည်၌ အလိုသို့ လိုက်စေနိုင်ပါ၏။

၁၁၄၅။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဉ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော နန္ဒဝန် ဥယျာဉ်၌လည်းကကြကုန် သီဆိုကြကုန်သော နတ်သမီးတို့ ခြံရံလျက် မွေ့လျော်ရပါ၏ဟု (လျှောက်ထား၏)။

လေးခုမြောက်သော သုဝဏ္ဏဝိမာနဝတ္ထု ပြီး၏။

------

၅-အမ္ဗဝိမာနဝတ္ထု

ရှေးဘဝ သရက်ဥယျာဉ်၌ ဥယျာဉ်စောင့်ဖြစ်စဉ် အသျှင်သာရိပုတြာ ကြွလာခိုက် ပူအိုက်ခြင်းမှသက်သာစေရန် သရက်ပင်ရင်း၌ အသျှင်မြတ်အား ချိုးရေ လှူဒါန်းခဲ့၏။ ချိုး ရေလှူခြင်းဖြင့်သရက်ပင်ကို ရေလောင်းခြင်း အသျှင်မြတ် ရေချိုးခြင်း နှစ်ကိစ္စပြီးစီးရ၏။ ထိုကံကြောင့် ပတ္တမြားတိုင်ဗိမ္မာန်ပြသာဒ်တို့၌ နတ်တူူရိယာ နတ်ကချေသည်တို့ဖြင့် ခံစား ရသော နတ်သား

၁၁၄၆။ (နတ်သား) ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့် တယ်၏။

၁၁၄၇။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ် သမီးတို့သည် လည်းကကြကုန်၏။

၁၁၄၈။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ် မျက်နှာအားလုံးတို့၌ ့ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၅၀။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား၏။

၁၁၅၁။ အရှင်ဘုရား နွေလတို့၏ နောက်ဆုံးဖြစ်သောဝါဆိုလ၌ နေမင်း အလွန်ပူပြင်းသောအခါဝယ်သူတစ်ပါး အခစား ယောက်ျားသည် သရက်ဥယျာဉ်ကို ရေသွန်းလောင်း၍ နေပါ၏။

၁၁၅၂။ ထိုအခါ သာရိပုတြာဟူ၍ ထင်ရှားကျော်စောသော ရဟန်းသည် စိတ်မပင်ပန်းသော်လည်းကိုယ်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ ထိုသရက်ဥယျာဉ်အနီး ခရီးလမ်းဖြင့် ကြွသွား တော်မူပါ၏။

၁၁၅၃။ သရက်ဥယျာဉ်ကို ရေသွန်းနေသော (အကျွန်ုပ်) သည် ကြွလာတော်မူသော ထိုအသျှင်သာရိပုတြာကို မြင်၍ အရှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် အရှင်ဘုရားအား ချိုးရေလှူဒါန်းလိုပါ၏၊ ယင်းသို့ အရှင်ဘုရားအား ချိုးရေ လှူဒါန်းရခြင်းသည် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်ရာပါ၏ဟု လျှောက်ခဲ့ပါ၏။

၁၁၅၄။ ထိုအသျှင်သာရိပုတြာသည် အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ သပိတ်သင်္ကန်းကို ချထားတော်မူပြီးလျှင် ခါးဝတ်သင်္ကန်း တစ်ထည်တည်းဖြင့်သာ သရက်ပင်ရင်းဖြစ်သော အရိပ်၌ထိုင်နေတော်မူ၏။

၁၁၅၅။ ကြည်ညိုစိတ်ရှိသော (သရက်ဥယျာဉ်စောင့်) ယောက်ျားသည် သရက်ပင်၏ အနီး ဖြစ်သော အရိပ်၌ ခါးဝတ်သင်္ကန်း တစ်ထည်တည်းဖြင့်သာ ထိုင်နေသော ထိုအသျှင် သာရိပုတြာကို ကြည်လင်စွာသော ရေဖြင့် ရေချိုးစေ၏။

၁၁၅၆။ ထိုသရက်ဥယျာဉ်စောင့် ယောက်ျားသည် သရက်ပင်ကိုလည်း ရေဖြင့် သွန်း လောင်းအပ်ပြီ၊ ရဟန်းကိုလည်း ရေချိုးစေအပ်ပြီ၊ ငါသည်လည်း များစွာသော ကောင်းမှုကို ဆည်းပူးအပ်ပြီ၊ ဤသို့နှလုံးပြု၍ မိမိ၏ တစ်ကိုယ်လုံးကို နှစ်သိမ့်မှု'ပီတိ'ဖြင့် နှံ့စေခဲ့ပါ၏။

၁၁၅၇။ (အကျွန်ုပ်သည် ) ထိုသရက်ဥယျာဉ်စောင့် ဘဝ၌ ဤမျှအတိုင်းအရှည်ရှိသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ (အကျွန်ုပ်သည် ) ထိုကုသိုလ်ကံကြောင့် လူ့ခန္ဓာကိုယ်ကို စွန့်ပစ်ရသည်ရှိသော် နှစ်သက်ဖွယ် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၁၁၅၈။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဉ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော နန္ဒဝန် ဥယျာဉ်၌လည်းကကြကုန်, သီဆိုကြကုန်သော နတ်သမီးတို့ ခြံရံလျက် မွေ့လျော်ရပါ၏ဟု (လျှောက်ထား၏)။

ငါးခုမြောက်သော အမ္ဗဝိမာနဝတ္ထု ပြီး၏။

------

၆-ဂေါပါလဝိမာနဝတ္ထု

ရှေးဘဝ သူူတပါးနွားမတို့ကို စောင့်ရှောက်ရသော လူူဆင်းရဲဖြစ်စဉ် အသျှင်မောဂ္ဂလ္လာန် ကြွလာတော်မူူ၍ ကြည်ညိုသဖြင့် ပုဝါနွမ်းဖြင့် ထုပ်ထားသော မုယောမုံ့ကို လှူဒါန်းခဲ့ပြီးလျှင် ပဲခင်းကို နွားမစားရန် လျင်မြန်စွာအပြေးတွင် မြွေခဲ၍ သေဆုံးရာ တာဝတိံသာ နတ်ပြည်၌ ခြောက်ဆယ့်လေးယောက်သော နတ်ကချေသည်တို့၏ အဖျော်အဖြေကို ခံလျက် လဝန်း ကဲ့သို့သော ဗိမ္မာန်တွင် ပျော်စံရသော နတ်သား

၁၁၅၉။ လက်ကောက် လက်ကြပ်စသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်အပ်သော၊ များသော အခြံအရံရှိသော၊ ကြာမြင့်စွာတည်သော မြင့်သော ဗိမာန်၌ လမင်းကဲ့သို့ (တင့် တယ်စွာ ထိုင်နေသော) ဂေါပါလကနတ်သားကို ရဟန်းတော် (အသျှင်မဟာမောဂ္ဂလ္လာန်) သည် မြင်၍ မေး၏။

၁၁၆၀။ တန်ဆာဆင်ယင်ထားသော၊ ပန်းတို့ကို ပန်ဆင်သော၊ ကောင်းစွာ ဝတ်ရုံထားသော၊ ကောင်းသော နားတောင်းလည်းရှိသော၊ ဆံမုတ်ဆိတ်ပြုပြင်ထားသော၊ လက်ဝတ် တန်ဆာတို့ကို ့ဝတ်ဆင်ထားသော သင် နတ်သားသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌လဝန်းကဲ့သို့ တင့်တယ်၏။

၁၁၆၁။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ်ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌နေလေ့ရှိကုန်သော၊ ခြောက်ကျိပ်လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက် စေကြကုန်၏။

၁၁၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင် နတ်သား သည်လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင် အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မဟာ မောဂ္ဂလ္လာန်က မေး၏)။

၁၁၆၃။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၁၆၄။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဉ်က သူတစ်ပါးနွားမတို့ကို ပေါင်းရုံး၍ စောင့်ရှောက်ခဲ့ရပါ၏၊ ထိုအခါ ရဟန်းမြတ် (အသျှင်မောဂ္ဂလ္လာန် အရှင်ဘုရား) သည် အကျွန်ုပ်၏ အနီးသို့ရောက်လာပါ၏၊ နွားမတို့သည် လည်း ပဲပင်တို့ကို စားခြင်းငှါ သွားကြပါ ကုန်၏။

၁၁၆၅။ အရှင်ဘုရား ထိုအခါ (အကျွန်ုပ်အား) ယခုအခါ ပြုရန်ကိစ္စနှစ်မျိုး ရှိ၏၊ နှစ်မျိုး စလုံးကို ပြုအပ်၏ဟု ကြံအောက်မေ့ပြီးမှ အကျွန်ုပ်သည် သင့်လျော်သောအားဖြင့်ဖြစ်သော အမှတ်သညာကို ရသောကြောင့် ပေးလှူအံ့ဟု နှလုံးပြုလျက် (မုယောမုန့်ထုပ်ထားသော) ပုဝါနွမ်းကို (ခံယူစေသည်၏အစွမ်းဖြင့် အရှင်ဘုရား၏ လက်၌) တင်ထား လှူဒါန်းခဲ့ပါ၏။

၁၁၆၆။ အရှင်ဘုရား (ပဲခင်းရှင်၏ ပဲတည်းဟူသော) ဤဥစ္စာကို ဤ (နွားအပေါင်း) သည် မဖျက်ဆီးမီထိုအကျွန်ုပ်သည် ပဲခင်းဆီသို့ အဆောတလျင် ပြေးသွားခဲ့ပါ၏၊ ထိုအရပ်၌ အကျွန်ုပ် အဆောတလျင်ပြေးသွားစဉ် အကျွန်ုပ်၏ ခြေတို့ကို အဆိပ်ထန်သော မြွေဟောက် သည် ကိုက်ခဲ့ပါ၏။

၁၁၆၇။ အရှင်ဘုရား ထိုအကျွန်ုပ်သည် (ထိုအခါ၌) ဆင်းရဲခြင်းသို့ ရောက်ခဲ့ပါ၏၊ သေ လောက်သော ဆင်းရဲသည် နှိပ်စက်အပ်ပါ၏၊ ရဟန်းတော်သည်လည်း အကျွန်ုပ်ကို ချီး မြှောက်ခြင်းငှါထိုမုယောမုန့်ထုပ်ကို ကိုယ်တိုင်ဖြေ၍ မုယောမုန့်ကို သုံးဆောင်တော်မူ၏၊ အကျွန်ုပ်သည် ထိုလူ၏အဖြစ်မှစုတေ၍ သေလွန်ခဲ့သော် နတ်ဖြစ်ပါ၏။

၁၁၆၈။ (အရှင်ဘုရား) အကျွန်ုပ်သည် ထိုမုယောမုန့်ကို ပေးလှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကံ၏ အကျိုးကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အရှင်ဘုရားအရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော် မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည် ) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင် ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

၁၁၆၉။ (အရှင်ဘုရား) နတ် မာရ်နတ်နှင့် တကွသော သတ္တလောက၌ အရှင်ဘုရားထက်ချီးမြှောက်တတ်သော အရှင်ဘုရားမှ တစ်ပါးသော ရဟန်း မရှိပါ၊ အရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည် ) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

၁၁၇၀။ (အရှင်ဘုရား) ဤလောက၌လည်းကောင်း, တမလွန်လောက၌လည်းကောင်း အရှင်ဘုရားထက်ချီးမြှောက်တတ်သော အရှင်ဘုရားမှ တစ်ပါးသော ရဟန်း မရှိပါ၊ အရှင် ဘုရားအရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား  (အကျွန်ုပ်သည် ) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေ စွာ ရှိခိုးပါ၏ဟု (လျှောက်ထား၏)။

ခြောက်ခုမြောက်သော ဂေါပါလဝိမာနဝတ္ထု ပြီး၏။

------

၇-ကဏ္ဍကဝိမာနဝတ္ထု

ဘုရားအလောင်း သိဒ္ဓတ်မင်းသား၏ ဖွားဘက်ကဏ္ဍကမြင်းဖြစ်စဉ် တောထွက်သောအခါဘုရားအလောင်းကို တောသို့အရောက် စီးတော်ယာဉ်အဖြစ် ကူူညီခဲ့ခြင်း အတိုင်းမသိဝမ်းမြောက်ခြင်းဖြစ်ရ၍ ဘုရားလောင်းနှင့် ခွဲခွာရသောအခါ ပြင်းထန်သော လွမ်းနာ ကြောင့်သေဆုံးခဲ့ပြီးနောက် နေလုလင်အသွင် ရောင်ရှင်တောက်ပသော ဗိမ္မာန်၌ နှလုံး မွေ့လျော်ဖွယ်ရေကန်သစ်ပင် ပျော်ရွှင်ဖွယ်အစုံအလင်ဖြင့် ခံစံရသော နတ်သား

၁၁၇၁-၂။ (နတ်သား) ကြယ်တကာတို့၏ အရှင် ယုန်ရုပ်အရေးအမှတ်ရှိသော လဗိမာန် သည်လပြည့်နေ့၌ ထက်ဝန်းကျင်မှ နက္ခတ်တာရာအပေါင်းခြံရံလျက် အစဉ်မပြတ် လှည့်လည် ကဲ့သို့ထိုလဗိမာန်နှင့် တူစွာ နတ်ပြည်၌ ထွန်းပသော (သင် နတ်သား၏) ဤဗိမာန်သည် တက်သစ်သော နေလုလင်ကဲ့သို့ အရောင်အဆင်းအားဖြင့် အလွန်တင့်တယ်၏။

၁၁၇၃။ သင် နတ်သား၏ ဤဗိမာန်သည် ကြောင်မျက်ရွဲဖြင့်လည်းကောင်း, ရွှေစင်ဖြင့်လည်းကောင်း,ဖလ်ဖြင့်လည်းကောင်း, ငွေစင်ဖြင့်လည်းကောင်း, ပတ္တမြားပြောက်ဖြင့်လည်း ကောင်း,ပုလဲတို့ဖြင့်လည်းကောင်း, ပတ္တမြားနီတို့ဖြင့်လည်းကောင်း မွမ်းမံခြယ်လှယ်ထား ကုန်၏။

၁၁၇၄။ မြေကြီးသည် ဆန်းကြယ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ကြောင်မျက်ရွဲဖြင့် ခင်းထား၏၊ စုလစ်မွန်းချွန်တို့သည် လည်း တင့်တယ်ကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ သင် နတ်သားသည်ပြာသာဒ်ကို ကောင်းစွာ ဖန်ဆင်းထားအပ်ပေ၏။

၁၁၇၅။ သင်၏ ရေကန်တို့သည် လည်း နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ ငါးအပေါင်းတို့ မှီဝဲအပ်ကုန်၏၊ ကြည်သော ရေရှိကုန်၏၊ အထူးသဖြင့် ကြည်လင်ကုန်၏၊ ရွှေအတိပြီးသော သဲတို့ဖြင့် ကောင်းစွာခင်းထားအပ်ကုန်၏။

၁၁၇၆။ အထူးထူးသော ကြာပဒုမ္မာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ကြဖြူပုဏ္ဍရိက်မျိုး တို့ဖြင့်လည်းဖုံးလွှမ်းအပ်ကုန်၏၊ လေညှင်းတိုက်ခတ်သဖြင့် လှုပ်ကုန်သော နှစ်သက်မြတ်နိုး ဖွယ် မွှေးကြိုင်သော ရနံ့တို့သည် ထက်ဝန်းကျင် ပျံ ့လှိုင်ကုန်၏။

၁၁၇၇။ သင် နတ်သားသည် ထိုရေကန်၏ နံပါးနှစ်ဖက်၌ ပန်းချုံတို့ကို ကောင်းစွာ ဖန်ဆင်းအပ်ကုန်၏၊ ထိုရေကန်တို့သည် အသီးသီးကုန်သော သစ်ပင်တို့နှင့်လည်းကောင်း, အပွင့် ပွင့်ကုန်သော သစ်ပင်တို့နှင့်လည်းကောင်း, အသီးအပွင့်နှစ်မျိုးလုံး သီးကြပွင့်ကြကုန်သော သစ်ပင်တို့နှင့်လည်းကောင်းပြည့်စုံကုန်၏။

၁၁၇၈။ နူးညံ့၍ အမွေးရှည်ရှိသော ကော်ဇောဖြင့် ခင်းအပ်သော ရွှေ ဖြင့်ပြုသော အခြေ ရှိသော ပလ္လင်၌သိကြားမင်းကဲ့သို့ နေသော သင်နတ်သားကို နတ်သမီးတို့သည် လုပ်ကျွေး ခစားကြကုန်၏။

၁၁၇၉။ အလုံးစုံသော မိန်းမအဆင်တန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော, အထူးထူးသော ပန်းတို့ကို ပန်ဆင်ကုန်သော နတ်သမီးတို့သည် တန်ခိုးကြီးသော သင့်ကို မွေ့လျော်စေကုန်၏၊ (သင် နတ်သားသည်) ဝသဝတ္တီနတ်မင်းကြီးကဲ့သို့ ဝမ်းမြောက်ရ၏။

၁၁၈၀။ ကခြင်းကြောင့်လည်းကောင်း, သီဆိုခြင်းကြောင့်လည်းကောင်း, ကောင်းစွာ တီးမှုတ်ခြင်းကြောင့်လည်းကောင်း, နှစ်သက်မွေ့လျော်ခြင်းနှင့် ပြည့်စုံသော သင်သည် စည်ကြီး,ခရုသင်း, မုရိုးစည်တို့ဖြင့်လည်းကောင်း, စောင်းတို့ဖြင့်လည်းကောင်း, ထက်စည်တို့ဖြင့်လည်းကောင်း မွေ့လျော်ရ၏။

၁၁၈၁။ သင် နတ်သားအား အထူးထူး အပြားပြား များကုန်သော နတ်၌ဖြစ်သော အဆင်းတို့သည်လည်းကောင်း, နတ်၌ဖြစ်သော အသံတို့သည်လည်းကောင်း, ထိုမှတစ်ပါး နတ်၌ဖြစ်သော အရသာတို့သည်လည်းကောင်း, သင် လိုလားအပ်သော နတ်၌ဖြစ်သော အနံ့ တို့သည်လည်းကောင်း,နှလုံးမွေ့လျော်ဖွယ်သော အတွေ့တို့သည်လည်းကောင်း (ရှိကုန်၏)။

၁၁၈၂။ နတ်သား ထိုမြတ်သော ဗိမာန်၌ များမြတ်သော အရောင်ရှိသော သင် နတ်သား သည်တက်သစ်သော နေလုလင်ကဲ့သို့ အရောင်အဆင်းဖြင့် အလွန်တင့်တယ်၏။

၁၁၈၃။ ဤအကျိုးသည် သင် နတ်သား၏ ဒါနကုသိုလ်၏ အကျိုးလေလော၊သို့မဟုတ် သီလကုသိုလ်၏အကျိုးလေလော၊သို့မဟုတ် လက်အုပ်ချီခြင်း ကုသိုလ်၏ အကျိုးလေလော၊ သင့်ကို ငါ မေးပါ၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော့ (ဟု မေး၏)။

၁၁၈၄။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၁၈၅။ (အရှင်ဘုရား) အကျွန်ုပ်သည် သာကီဝင်တို့၏ ကပိလဝတ်အမည်ရှိသော ပြည် မြတ်တွင်သုဒ္ဓေါဒနမင်း၏သား ဘုရားအလောင်း၏ ဖွားဖက်ဖြစ်သော ကဏ္ဍကအမည်ရှိသော မြင်းဖြစ်ခဲ့ဖူးပါ၏။

၁၁၈၆။ အရှင်ဘုရား ထိုဘုရားအလောင်းသည် အကြင် ညဉ့်သန်းခေါင်ယံအခါ၌ သစ္စာ လေးပါးကို သိသော ဉာဏ်အကျိုးငှါ တောထွက်တော်မူ၏၊ ထိုအခါဝယ် ထိုဘုရားလောင်းသည် နူးညံ့ကုန်သော လက်တို့ဖြင့်လည်းကောင်း, ကွန်ရက်ကဲ့သို့ရှိသော အလွန်နီသော လက်သည်း တို့ဖြင့်လည်းကောင်း အကျွန်ုပ်၏ ပေါင်ကို ပုတ်၍ ''အချင်းကဏ္ဍက (ငါ့ကို တစ်ညဉ့်တာမျှ) ရွက်ဆောင်လော့၊ ငါသည်မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရသည်ရှိသော် နတ်နှင့် တကွသော လူကို ထုတ်ဆောင်ကယ်တင်အံ့''ဟုလည်း ပြောဆိုပါ၏။

၁၁၈၈။ အရှင်ဘုရား ထိုစကားကို ကြားနာရသော အကျွန်ုပ်အား ပြန့်ပြောများမြတ်သော နှစ်သက်ရွှင်လန်းမှု ဖြစ်ခဲ့ပါ၏၊ ထိုအခါ အကျွန်ုပ်သည် ပီတိဖြင့် တက်ကြွသော စိတ် ဝမ်း မြောက်သော စိတ်ရှိသည်ဖြစ်၍ လိုလား ဝန်ခံခဲ့ပါ၏။

၁၁၈၉။ များသော အခြံအရံရှိသော သာကီဝင်မင်းသား ဘုရားအလောင်းကို အကျွန်ုပ်သို့တက်စီးနေသည်ကို သိရသောကြောင့် ပီတိဖြင့် တက်ကြွသော စိတ်, ဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ ယောက်ျားမြတ်ကို ဆောင်ကြဉ်းခဲ့ဖူးပါ၏။

၁၁၉၀။ အရှင်ဘုရား ထိုယောက်ျားမြတ်သည် သူတစ်ပါးတို့၏ တိုင်းနိုင်ငံသို့ ရောက်၍ နေတက်လတ်သော် အကျွန်ုပ်ကိုလည်းကောင်း, ဆန္နအမတ်ကိုလည်းကောင်း ငဲ့ကွက်မှုမရှိဘဲ စွန့်ပစ်ဖဲသွား ခဲ့ပါ၏။

၁၁၉၁။ အကျွန်ုပ်သည် ထိုယောက်ျားမြတ်၏ နီသော ခြေသည်းရှိသော ခြေတို့ကို လျှာဖြင့် လျက် ခဲ့ပါ၏၊ ဖဲသွားသော ကြီးသော လုံ့လရှိသော ယောက်ျားမြတ်ကိုလည်း ငိုလျက် မျှော်ကြည့် ခဲ့ပါ၏။

၁၁၉၂။ အရှင်ဘုရား အကျွန်ုပ်သည် ဘုန်းပညာရှိတော်မူသော သာကီဝင်မင်းသားဖြစ် တော်မူသော ထိုယောက်ျားမြတ်ကို မမြင်ရသောကြောင့် ပြင်းထန်သော အနာကို ရ၍ လျင်မြန်စွာ သေဆုံးခဲ့ပါ၏။

၁၁၉၃။ အရှင်ဘုရား (ကြည်ညိုခြင်းအားကြီးသော) ထိုကောင်းမှု၏ အစွမ်းအာနုဘော် ကြောင့်နတ်ပြည်၌ ထွန်းပသော ကာမဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဤဗိမာန်၌ နေရပါ၏။

၁၁၉၄။ အရှင်ဘုရား ''မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရပြီ''ဟူသော အသံကို ကြား ရခြင်း ကြောင့်အကျွန်ုပ်အား နှစ်သက်မှုဖြစ်သည်သာလျှင်တည်း၊ ထိုကုသိုလ် အရင်းခံကြောင့် သာလျှင်အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပါလတ္တံ့။

၁၁၉၅။ အရှင်ဘုရား နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်သို့ အကယ်၍ သွားရောက်ခဲ့ပါမူ အကျွန်ုပ်၏ စကားဖြင့်လည်း ထိုမြတ်စွာဘုရားအား ကဏ္ဍက နတ်သားသည်ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏ဟု လျှောက်ထားပြောဆိုပါလော့။

၁၁၉၆။ အရှင်ဘုရား အကျွန်ုပ်သည် လည်း တုဖက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ခြင်းငှါ သွားပါအံ့၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော လောက၏ ကိုးကွယ် ရာမြတ်စွာဘုရားတို့ကို ဖူးမြင်ရခြင်းသည် ခဲယဉ်းလှပါ၏ဟု (လျှောက်၏)။

၁၁၉၇။ သူ့ကျေးဇူးကို သိတတ်သောသူ့ကျေးဇူးကို ထင်စွာပြုတတ်သော ထိုကဏ္ဍက နတ်သားသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏၊ (ချဉ်းကပ်ပြီးလျှင်) စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား၏တရားစကားတော်ကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရလေ၏။

၁၁၉၈။ အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်းကောင်း, မဝေခွဲနိုင်ခြင်း ဝိစိကိစ္ဆာကိုလည်း ကောင်း,မှားသောအားဖြင့် သုံးသပ်အပ်သော အကျင့်တို့ကိုလည်းကောင်း (သောတာပတ္တိ မဂ်ဉာဏ်ဖြင့်) သုတ်သင်ပြီး၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ခုနစ်ခုမြောက်သော ကဏ္ဍကဝိမာနဝတ္ထု ပြီး၏။

------

၈-အနေကဝဏ္ဏဝိမာနဝတ္ထု

ရှေးဘဝ သုမေဓာမြတ်စွာဘုရား၏ သာဝကဖြစ်စဉ် ခုနှစ်နှစ်ပါတ်လုံး ရဟန်းပြုခဲ့ဖူူး၏။ ဘုရားပရိနိဗ္ဗ္ဗာန်စံတော်မူသောအခါ စေတီတော်ကို ရှိခိုးပူဇော်ခဲ့ကာ စိတ်ကြင်လင်စေခဲ့သောကြောင့် အဆင်းအမျိုးမျိုးဖြင့် ဆန်းကြယ်သော ဗိမ္မာန်၌ သုနိမ္မိတ နတ်မင်းကြီးကဲ့သို့ မွေ့လျော်ရသော နတ်သား

၁၁၉၉။ နတ်သား သင်သည် အမျိုးမျိုးသော အဆင်းရှိ၍ ပူပန်ခြင်း စိုးရိမ်ခြင်းကို ပယ် ဖျောက်နိုင်သော အမျိုးမျိုးဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ နတ်သမီးအပေါင်း ခြံရံလျက် နိမ္မာနရတိနတ်တို့၏အရှင်ဖြစ်သော သုနိမ္မိတနတ်မင်းကြီးကဲ့သို့ မွေ့လျော်ရ၏။

၁၂၀၀။ နတ်သား အခြံအရံများခြင်းဖြင့်လည်းကောင်း, ဘုန်းကံကြီးခြင်းဖြင့်လည်းကောင်း,တန်ခိုးအာနုဘော်ကြီးခြင်းဖြင့်လည်းကောင်း သင်နှင့်တူသော နတ်သည် မရှိ၊ သင့်ထက် လွန်မြတ်သော နတ်သည်ကား အဘယ်မှာ ရှိနိုင်အံ့နည်း၊ နတ်သား နတ်တို့သည် လမင်းကို နှစ်သက်မြတ်နိုးရှိခိုးကုန်သကဲ့သို့ ထို့အတူ အလုံးစုံသာလျှင် ဖြစ်ကုန်သောတာဝတိံသာနတ် အပေါင်းတို့သည် ပေါင်းရုံးစုဝေးကြကုန်၍ သင့်ကို ရှိခိုးကြကုန်၏၊ သင်နတ်သား၏ ဤ နတ်သမီးတို့သည် ထက်ဝန်းကျင်ခြံရံကုန်လျက် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆို ကြကုန်၏၊ သင့်ကိုလည်းဝမ်းမြောက်စေကြကုန်၏။

၁၂၀၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင်သည် လူဖြစ်ခဲ့စဉ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (မေး၏)။

၁၂၀၂။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်း သည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၂၀၃။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဘဝက သုမေဓာမြတ်စွာဘုရား၏ တပည့် သာဝက ဖြစ်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို မသိသူ ပုထုဇဉ်ဖြစ်ပါ၏၊ ခုနစ်နှစ်ပတ်လုံး ရဟန်း ပြုခဲ့ဖူးပါ၏။

၁၂၀၄။ အရှင်ဘုရား အကျွန်ုပ်သည် တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော သံသရာရေယဉ် 'ဩဃ'ကို ့ကူးမြောက်တော်မူပြီးသော ပရိနိဗ္ဗာန်ပြုတော်မူပြီးသော (လူနတ်ဗြဟ္မာတို့၏) ဆရာဖြစ်တော်မူသော သုမေဓာမြတ်စွာဘုရား၏ ရတနာအုတ်တို့ဖြင့် စီထားအပ်သော ရွှေကွန် ရက်ဖြင့် ဖုံးလွှမ်းအပ်သောာစေတီတော်ကို ရှိခိုး၍ စေတီတော်၌ စိတ်ကို ကြည်လင်စေခဲ့ဖူး ပါ၏။

၁၂၀၅။ အရှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ပေးလည်း မပေးလှူခဲ့ဖူးပါ၊ ပေးလှူရန်လည်း ဒါနဝတ္ထု မရှိခဲ့ပါ၊ ပူဇော်ခြင်းငှါ ထိုက်တော်မူသော မြတ်စွာဘုရား၏ ထိုသရီရဓာတ် တော်ကို ပူဇော်ကြကုန်လော့၊ ဤသို့ ပူဇော်သည်ရှိသော် ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရ ကုန်လိမ့်သတည်းဟုသူတစ်ပါးတို့ကို သာလျှင် ထိုအလှူပေးခြင်း၌ နှိုးဆော်တိုက်တွန်းခဲ့ဖူးပါ၏။

၁၂၀၆။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိသော ထိုကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ နတ်၌ဖြစ်သော ချမ်းသာကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာ နတ်အပေါင်းတို့၏ အထက်၌ဝမ်းမြောက်ရပါ၏၊ ထိုကုသိုလ်ကံ၏ အကျိုးသည် ကုန်ခန်းခြင်းသို့လည်း မရောက်တော့ပါဟု (ဖြေကြားလျှောက်ထား၏)။

ရှစ်ခုမြောက်သော အနေကဝဏ္ဏဝိမာနဝတ္ထု ပြီး၏။

------

၉-မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု

နှမြောစေးနှဲသောသူဌေးသားဖြစ်ရစဉ် ဒါနဟူူ၍ မပြုခဲ့ရ ရောဂါပြင်းထန်၍ သေခါနီး ကာလမှဘုရားကို ဖူူးြံမင်ရ၍ ကြည်လင်မြတ်နိုး ရှိခိုးခဲ့ရသော ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်၌နတ်သားစာရင်းဝင် အပေါင်းအဖော်ဖြစ်ရသော နတ်သား

၁၂၀၇။ တန်ဆာဆင်အပ်သော ပြေပြစ်ချောမွေ့သော နားတောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲဒုက္ခသို့ ရောက်သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ့်ကြောင့် ငိုမြည်တမ်း ဘိသနည်းဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။

၁၂၀၈။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက် အရောင်ထွက်သော ရထားအိမ် ကား ရှိပါ၏၊ ထိုရထားအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီးအစုံကို မရသော ဆင်းရဲကြောင့်အသက်ကို စွန့်ပါတော့အံ့ဟု (ဖြေဆို၏)။

၁၂၀၉။ လှပပျိုမျစ်သော လုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာ ဖြင့်ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့်စုံ အောင် ပြုလုပ်၍ ပေးအံ့ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၂၁၀။ ဤလောက၌ နေလနှစ်ပါးစုံတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထားသည်ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင် သည် ထိုပုဏ္ဏားကို ပြောဆို၏။

၁၂၁၁။ လုလင် သင်သည် တောင့်တ၍ မရကောင်းသောဝတ္ထုကို တောင့်တလေသောကြောင့် မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေမည်၊ နေလတို့ကို ရလိမ့်မည် မဟုတ်ဟုငါ အောက်မေ့၏ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၂၁၂။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သောသူကို မူကား မတွေ့ မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက် တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်းဟု (လုလင်က ဆို၏)။

၁၂၁၃။ လုလင် သင်သည် အမှန်ကို သာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါနှစ်ယောက်တို့တွင် ငါကသာလျှင် ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေး မြည်တမ်းနေသောသူငယ်ကဲ့သို့ သေလွန်သောသူကို ငါ တောင့်တမိချေပြီဟု (ပုဏ္ဏားက ဆို၏)။

၁၂၁၄။ လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည်သော ကမီး တောက်လောင် နေသော ငါ၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၁၂၁၅။ အကြင် သင်သည် ပူဆွေးမှု'သော က'နှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှု'သော က'ကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌ မှီသော ပူဆွေးမှု'သော က' တည်းဟူသော ငြောင့်ကို နုတ်ပေသည်တကား။

၁၂၁၆။ လုလင် ထိုငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်း ချမ်းပြီးသူငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၁၂၁၇။ လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေ သလော၊သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည် အဘယ်မည်သောသူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်းဟု (ပုဏ္ဏားက ဆို၏)။

၁၂၁၈။ ပုဏ္ဏား သင်သည် သား (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင်အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ရောက်ရ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ဆို၏)။

၁၂၁၉။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကို သော်လည်း ကောင်း,များစွာသော အလှူကို သော်လည်းကောင်း ငါတို့ မမြင်ကြရပါကုန်၊ သင်စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကို သော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံကြောင့် သင်သည်နတ်ပြည်သို့ လာရောက်ရသနည်းဟု (ပုဏ္ဏားက မေး၏)။

၁၂၂၀။ ပုဏ္ဏား ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ (သူနာ) ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူမှ ကင်းတော်မူပြီးသော မဝေခွဲ နိုင်မှု ဝိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။

၁၂၂၁။ ပုဏ္ဏား ထိုငါသည် ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအားလက်အုပ်ချီခဲ့ဖူးပါ၏၊ ငါသည် (လက်အုပ်ချီခြင်း) ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာ နတ်တို့၏အသင်းဝင်အပေါင်းအဖော်အဖြစ်သို့ ရောက်ရပါ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ဖြေ ဆို၏)။

၁၂၂၂။ အံ့ဖွယ်ရှိပေစွတကား၊ မဖြစ်ဖူးမြဲဖြစ်ပေစွတကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုးဖြစ်ဘိသေး၏၊ ငါသည်လည်း ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင်မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတော့အံ့ဟု (ပုဏ္ဏားက ဆို၏)။

၁၂၂၃။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရား ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့ပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုးမပျက်အောင်ဆောက်တည်လေလော့။

၁၂၂၄။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါလော့၊ လောက၌ မပေးသည်ကို ယူခြင်းမှရှောင်ကြဉ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကား ကိုလည်းမပြောဆိုပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ဟု (မဋ္ဌကုဏ္ဍလီနတ်သား ကသတိပေးဆုံးမ၏)။

၁၂၂၅။ နတ်သား သင်သည် ငါ၏ အကျိုးကို အလိုရှိသူ ဖြစ်ပေ၏၊ နတ်သား ငါ၏အစီးအပွားကိုလည်း အလိုရှိသူ ဖြစ်ပေ၏၊ သင်၏ စကားကို ငါ လိုက်နာပါ၏၊ သင်သည် ငါ၏မှီရာဖြစ်ပါပေ၏။

၁၂၂၆။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်းကောင်း, မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၂၂၇။ အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှရှောင်ကြဉ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါ၏ဟု (ပုဏ္ဏားက ပြောဆို၏)။

ကိုးခုမြောက်သော မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု ပြီး၏။

------

၁၀-သေရီသကဝိမာနဝတ္ထု

နောင်ဘဝမရှိဟူသော မိစ္ဆာအယူူဖြင့် ဝန်တိုစေးနှဲသူူဖြစ်ခဲ့သော ပါယာသိရာဇညမင်းသည်ရှင်ကုမာရကဿပနှင့်တွေ့၍ တရားမှန်ကို သိသဖြင့် ဥပါသကာအဖြစ် ငါးပါးသီလလုံခြုကုသိုလ်အဟုန်ကြောင့် သဲကန္တာရတွင် ဘုမ္မဇိုဝ်းနတ်ဖြစ်ရ၍ လှည်းကုန်သည်များနှင့် တွေ့သောအခါအပြန်အလှန်မေးဖြေကြသော အကြောင်းအရာအစုံအလင် ပါဝင်သော နတ်သား အကြောင်း

၁၂၂၈။ အရှင်ဘုရားတို့ နာတော်မူကြပါကုန်၊ အကြင်သဲကန္တာရခရီး၌ (လမ်းမှားပြီးသွားသော) ထိုအခါဝယ် နတ်သားနှင့် ကုန်သည်တို့ ပေါင်းဆုံမိခြင်း ဖြစ်ခဲ့ပါ၏၊ ထိုနတ်သားနှင့် ကုန်သည်တို့အပြန်အလှန် ကောင်းစွာ ပြောဆိုအပ်သော ထိုစကားကိုလည်း ပြောဆိုသည့် အတိုင်း အားလုံးသော အရှင်ဘုရားတို့ နာတော်မူကြပါကုန်။

၁၂၂၉။ အရှင်ဘုရားတို့ အကြင်ပါယာသိရာဇညမင်းသည် ဘုမ္မစိုးနတ်တို့၏ အသင်းဝင်အပေါင်းအဖော်အဖြစ်သို့ ရောက်၏၊ ကျော်စောခြင်း ရှိပါ၏၊ နတ်ဖြစ်နေသော ထိုပါယာသိရာဇညမင်းသည် မိမိဗိမာန်၌ ဝမ်းမြောက်သည်ဖြစ်၍ လူတို့ကို ပြောဆိုပါ၏။

၁၂၃၀။ (တောသို့ ဝင်ကုန်သော လူတို့ အသက်ရှင်ပါကုန်အံ့လော၊ သေရကုန်အံ့လော)ဟုတွေးတောယုံမှားရာဖြစ်၍ မြေဘုတ်ဘီလူး အစရှိသည်တို့၏ သွားလာရာဖြစ်သော၊ ရေမရှိသော၊ အစာမရှိသော၊ ကူးမြောက်ရန် အလွန်ခက်ခဲသော သဲကန္တာရအလယ်၌ တွေးတော ယုံမှားမှုတို့ကြောင့်ကြောက်လန့်၍ စိတ်နှလုံးပျက်ကုန်သော အိုလူများတို့

၁၂၃၁။ ဤသဲကန္တာရ၌ သစ်သီးတို့သည်လည်းကောင်း, အမြစ်အဥတို့သည်လည်းကောင်း မရှိကုန်၊ ဤသဲကန္တာရ၌ မီးလောင်စာထင်းမျှသော်လည်း မရှိ၊ ကျယ်ဝန်းပူလောင် ကြမ်းတမ်း ကုန်သော မြေမှုန့်တို့နှင့် သဲတို့မှတစ်ပါး လူတို့စားရန် အစာအဘယ်မှာ ရှိမည်နည်း။

၁၂၃၂။ ကျတ်တီးပြင် ကုန်းခေါင်ခေါင်ဖြစ်၍ သံအိုးကင်းပူကဲ့သို့ ခြစ်ခြစ်တောက် ပူလောင်သော၊ ချမ်းသာမှုမရှိခြင်းကြောင့် အသက်ကို ဖျက်ဆီးတတ်သော ငရဲနှင့်လည်းတူသော ဤသဲကန္တာရ အရပ်သည်ကြမ်းကြုတ်ကုန်သော မြေဘုတ်ဘီလူးအစရှိသည်တို့၏ နေရာ ဟောင်း ဖြစ်၏၊ မြေအရပ်သည် (ဤသို့ခေါင်းပါးစေ၊ ကြမ်းသော အခြင်းအရာရှိစေ)ဟု ရှေးက ရသေ့တို့ကျိန်ဆဲထားသည်နှင့် တူ၏။

၁၂၃၃။ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်အကြောင်းကြောင့် အဘယ်ကို တောင့်တ ကုန်၍ ဤအရပ်သို့ ဝင်လာကြကုန်သနည်း၊ အဆောတလျင် (အကျိုးအပြစ်ကို) မစူးမစမ်းဘဲဝင်လာကုန်သလော၊ လောဘကြောင့်သော်လည်း ဝင်လာကုန်သလော၊ ဘေးရန်ကြောင့်သော်လည်းဝင်လာကုန်သလော၊သို့မဟုတ် လမ်းမှား၍ သော်လည်း ဝင်လာကုန်သလောဟု (နတ်သားကကုန်သည်များကို မေး၏)။

၁၂၃၄။ မဂဓတိုင်း အင်္ဂတိုင်းတို့၌ နေကုန်သော လှည်းကုန်သည်ဖြစ်ကြသော ထိုအကျွန်ုပ် တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် များစွာသော ဘဏ္ဍာ တို့ကို (လှည်းထက်၌ တင်ကုန်၍) သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားကြရပါကုန်၏။

၁၂၃၅။ နေ့အခါ၌ ရေမွတ်သိပ်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ နွားအစရှိကုန်သော သတ္တဝါတို့အားချီးမြှောက်ထောက်ပံ့မှုကိုလည်း ကောင်းစွာ ရှုဆင်ခြင်ကုန်လျက် အခါမဟုတ်သော ညဉ့်၌ခရီးသွားကုန်သော အကျွန်ုပ်တို့အားလုံးသည် ဤသို့သော အဟုန်ဖြင့် သွားကြ ပါကုန်၏။

၁၂၃၆။ ခရီးလမ်းမှားသို့ သွားကုန်၍ ချွတ်လွဲသော ခရီးရှိကုန်သောကြောင့် သူကန်းကဲ့သို့နှောင့်ယှက်ကုန်သည်ဖြစ်၍ (ခရီးမှားသဖြင့်) စိတ်ပျက်ကုန်သော ထိုအကျွန်ုပ်တို့သည် တော၌ထွက်မြောက်ရန် အလွန်ခဲယဉ်းသော သဲကန္တာရခရီးအလယ်တွင် ပြင်းစွာတွေဝေသော စိတ်ရှိ ကုန်သည်ဖြစ်၍ သွားရမည့်အရပ်ကို မသိနိုင်ကြပါကုန်။

၁၂၃၇။ နတ်သား ရှေးက မမြင်ဖူးသော ဤဗိမာန်မြတ်ကိုလည်းကောင်း, သင်နတ်သားကိုလည်းကောင်းမြင်ရခြင်းကြောင့် ရှေးကထက်အလွန် အသက်ကို တောင့်တကြပါကုန်၏၊ (သင့် ကို) မြင်ရခြင်းကြောင့်ရွှင်လန်းကြပါကုန်၏၊ ဝမ်းသာကြပါကုန်၏၊ တက်ကြွကြပါကုန်၏ဟု (ကုန်သည်များက ပြောဆို၏)။

၁၂၃၈။ (ကုန်သည်တို့) သင်တို့သည် ဥစ္စာစည်းစိမ်ဟူသော အကြောင်းကြောင့် သမုဒ္ဒရာ၏ကမ်းတစ်ဖက်သို့လည်းကောင်း, ဤသဲကန္တာရခရီးခဲသို့လည်းကောင်း, ကြိမ်နွယ်တို့ဖြင့်ဖွဲ့၍ သွားအပ်သော ခရီးသို့လည်းကောင်း, သစ်ငုတ်တံသင်းတို့ကို နုတ်၍ သွားအပ်သော ခရီးသို့လည်းကောင်း, ထိုမှတစ်ပါး မြစ်တို့သို့လည်းကောင်း, တောင်တို့၏ မညီမညွတ်သော အရပ်တို့သို့လည်းကောင်း ဤများစွာသော အရပ်မျက်နှာတို့သို့ သွားကြရကုန်၏။

၁၂၃၉။ (ကုန်သည်တို့) သင်တို့သည် တစ်ပါးသော မင်းတို့၏ နိုင်ငံသို့ ဝင်ကုန်၍ တိုင်းတစ်ပါးသားတို့ကို ကြည့်ရှုလျက် (သွားကြရကုန်၏။) ဤသို့သော နည်းဖြင့် (ရောက်ပေါက် ကုန်သော) သင်တို့ ကြားဖူးမြင်ဖူးသော အံ့ဩဖွယ်ကို သင်တို့ထံမှ ကြားနာလိုပါကုန်၏ဟု (နတ်သားက ပြောဆို၏)။

၁၂၄၀။ နတ်သား ဤသင့်ဗိမာန်နှင့် သင်နတ်သားထက် အထူးသဖြင့် အံ့ဩချီးမွမ်းဖွယ်ကို အကျွန်ုပ်တို့ကြားလည်း မကြားစဘူး၊ မြင်လည်း မမြင်ဖူးပါ၊ လူတို့၏ အဆင်းသဏ္ဌာန်ကို လွန်သော ပြည့်စုံသော အဆင်းသဏ္ဌာန်ရှိသော (သင်နတ်သားနှင့်တကွ) အလုံးစုံသော (ဗိမာန် စသော စည်းစိမ်) ကို မြင်ကြရကုန်၍ မရောင့်ရဲနိုင်ကြပါကုန်။

၁၂၄၁။ များသော ပန်းရှိကုန်သော များသော ကြာပုဏ္ဍရိက်ရှိကုန်သော ရေကန်တို့သည် ကောင်းကင်ပြင်ဝယ် စီးသွားကုန်၏၊ သင်၏ ဤသစ်ပင်တို့သည် လည်း အခါခပ်သိမ်း အသီးနှင့်ပြည့်စုံကုန်သည်ဖြစ်၍ မွှေးကြိုင်သော ရနံ့တို့သည် အလွန်လျှင် ပျံ့လှိုင်ကုန်၏။

၁၂၄၂။ အတောင်တစ်ရာ မြင့်ကုန်သော ကြောင်မျက်ရွဲတိုင်တို့လည်းကောင်း, အမြှောင့်ရှည် ကုန်သော ကျောက်သန္တာတိုင်တို့လည်းကောင်း, ပတ္တမြားနီနှင့်တကွ ပတ္တမြားပြောက်တိုင်တို့လည်းကောင်း,ဇောတိရသကျောက်မျက်ရတနာဖြင့်ပြီးသော တိုင်တို့လည်းကောင်း ဤတိုင်တို့ သည် (ရှိကြကုန်၏)။

၁၂၄၃။ ထိုတိုင်တို့၏ အထက်၌ သီတိုင်တစ်ထောင် တည်ရှိသော မနှိုင်းယှဉ်အပ်သော အာနုဘော်လည်းရှိသော ရတနာအမျိုးမျိုးတို့နှင့် ယှဉ်၍ ရွှေပွတ်တိုင်တို့ဖြင့် ဝန်းရံအပ်သော အမျိုးမျိုးသော ရတနာတို့ဖြင့်ပြီးသော အမိုးတို့ဖြင့် ကောင်းစွာ မိုးအပ်သော သင်၏ ဤ ဗိမာန်သည်ကောင်းလှပါပေ၏။

၁၂၄၄။ သင်၏ ဤဗိမာန်သည် ဦးသစ်သော ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ထွက်သော အရောင် အလျှံ ရှိ၏၊ ထိုဗိမာန်၏ ထိုထိုအစိတ်အပိုင်းသည် အလွန်ပြေပြစ် ချောမောလှ၏၊ ပြာသာဒ် ဆောင်, စောင်းတန်း,လှေကား, တံကဲ, မှီပျဉ်တို့နှင့်လည်း ပြည့်စုံပေ၏၊ မြဲမြံခိုင်ခံ့လှ၏၊ အဆင်းသဏ္ဌာန်လည်း အလွန်လှ၏၊ ကောင်းစွာ စုပေါင်းထားသော အစိတ်အပိုင်းလည်း ရှိ၏၊ အလွန်လျှင် ရှုချင်ဖွယ် ကောင်း၏၊ စိတ်နှစ်သက်ဖွယ်လည်း ရှိ၏။

၁၂၄၅။ ရတနာဗိမာန်၏ အတွင်း၌ များစွာသော ထမင်းအဖျော် ရှိ၏၊ (သင်သည်) နတ် သမီးအပေါင်းခြံရံကာ မုရိုးစည်, အာလမ္ဗရစည်နှင့် အခြားတူရိယာတို့၏ အသံတို့ဖြင့် ခြိမ့်ခြိမ့် ညံလျက် ချီးမွမ်းခြင်း (ထုတိမင်္ဂလာမျိုး) ဖြင့် ချီးကျူးခံထိုက်သူ ဖြစ်ပါပေ၏။

၁၂၄၆။ မကြံစည်နိုင်သော အာနုဘော်ရှိ၍ ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ထိုသင်သည် နဠိနီမည်သော ကစားရာဌာန၌ ဝေဿဝဏ်နတ်မင်းကြီးကဲ့သို့ နတ်သမီးအပေါင်းသည် နှိုးအပ် သည် ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ဗိမာန်ပြာသာဒ်မြတ်၌ မွေ့လျော်ရပါပေ၏။

၁၂၄၇။ နတ်သား သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊သို့မဟုတ် ပူဇော် အပ်သော နတ်ပင် ဖြစ်လေသလော၊သို့မဟုတ် နတ်တို့၏အရှင် သိကြားမင်း ဖြစ်လေသ လော၊ လူပင်ဖြစ်လေသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ အကျွန်ုပ် တို့အား ဖြေကြားပါလော့၊ သင်အဘယ်သူ ဖြစ်ပါသနည်း၊ ပူဇော်အပ်သော နတ်ပင် ဖြစ်လေ သလောဟု (ကုန်သည်များက မေး၏)။

၁၂၄၈။ ကုန်သည်တို့ ငါသည် သဲကန္တာရ၌ စောင့်ရှောက်သော ကန္တာရခရီးစောင့်သေရီသကအမည်ရှိသော နတ်ပါတည်း၊ ငါသည် ဝေဿဝဏ်နတ်မင်းကြီး၏ စကားကို လိုက်နာရသည်ဖြစ်၍ ဤသဲကန္တာရအရပ်ကို စောင့်ရှောက်ရပါ၏ဟု (နတ်သားက ဖြေ၏)။

၁၂၄၉။ နတ်သား သင်သည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်လေသလော၊ သင်၏စိတ်ညွတ်မှုကြောင့် ဖြစ်လေသလော၊ မိမိကိုယ်တိုင် ပြုလုပ်ထားသလော၊သို့မဟုတ် နတ်တို့ကပေးပါသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် နှစ်သက်ဖွယ်သော ဤဗိမာန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု (ကုန်သည်များ က မေး၏)။

၁၂၅၀။ ကုန်သည်တို့ ငါသည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်သည်လည်း မဟုတ်၊ ငါ၏စိတ်ညွတ်မှုကြောင့် ဖြစ်သည်လည်း မဟုတ်၊ ငါသည် မိမိကိုယ်တိုင် ပြုလုပ် ထားသည်လည်း မဟုတ်၊ နတ်တို့က ပေးအပ်သည်လည်း မဟုတ်၊ မယုတ်မာသော မိမိဥစ္စာ ဖြစ်သော ကောင်းမှုကံတို့ကြောင့်နှစ်သက်ဖွယ်ရှိသော ဤဗိမာန်ကို ငါ ရ၏ဟု (နတ်သားက ဖြေ၏)။

၁၂၅၁။ နတ်သား သင် ဆောက်တည်အပ်သော အကျင့်သည် အဘယ်ပါနည်း၊ မြတ်သော အကျင့်သည်အဘယ်ပါနည်း၊ နတ်သား ဤအကျိုးသည် အဘယ်သို့သော အလေ့အကျင့် ကောင်း၏ အကျိုးပါနည်း၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် ဤ ဗိမာန်ကို အဘယ်ကုသိုလ်ကံကြောင့်ရအပ်ပါသနည်း (ဟု ကုန်သည်များက မေးပြန်၏)။

၁၂၅၂။ ကုန်သည်တို့ ငါသည် ကောသလတိုင်းသူတို့၏ မင်းအဖြစ်ကို ပြုခဲ့စဉ်အခါကပါယာသိရာဇညဟူသော အမည်ရှိခဲ့၏၊ အလှူပေးခြင်း၏ အကျိုးသည် မရှိဟု အယူရှိခဲ့ဖူး၏၊ နှမြောစေးနှဲဝန်တိုခဲ့ဖူး၏၊ ယုတ်မာသော အကျင့်လည်း ရှိခဲ့ဖူး၏၊ (သတ္တဝါသည် သေသည် မှနောက် ပြတ်၏၊ တမလွန်လောက၌ မဖြစ်ဟူသော ဥစ္ဆေဒဒိဋ္ဌိ) အယူ ရှိခဲ့ဖူး၏။

၁၂၅၃။ ထိုစဉ်အခါက အကြားအမြင်များ၍ တရားစကားကို ဆန်းကြယ်စွာ ပြောဟော တတ်သော မြင့်မြတ်သော ကုမာရကဿပအမည်ရှိသော ရဟန်းသည်လည်း ရှိခဲ့၏၊ ထိုရဟန်း သည် ငါ့အား တရားစကားကို ပြောခဲ့၏၊ ငါ၏ မှားသောအယူတည်းဟူသော ငြောင့်တန်သင်း တို့ကို ပယ်နုတ်တော်မူခဲ့၏။

၁၂၅၄။ ကုန်သည်တို့ ငါသည် ထိုရဟန်း၏ ထိုတရားစကားကို ကြားနာရ၍ ဥပါသကာ၏ အဖြစ်ကို လျှောက်ကြားခဲ့ဖူး၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ လောက၌ မပေး သည်ကို ခိုးယူခြင်းမှရှောင်ကြဉ်ခဲ့၏၊ သေအရက် မသောက်မစားခဲ့ဖူးပေ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပေ၊ မိမိမယားဖြင့်သာ ရောင့်ရဲခဲ့ဖူး၏။

၁၂၅၅။ ကုန်သည်တို့ ငါဆောက်တည်၍ ကျင့်သော အကျင့်သည် ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပေတည်း၊ မြတ်သော အကျင့်သည်လည်း ထိုအကျင့်ပေတည်း၊ ဤအကျိုးသည် ထိုဆို အပ်ခဲ့ပြီးသော ကောင်းသော အလေ့အကျင့်၏ အကျိုးတည်း၊ ငါသည် ထိုမယုတ်မာသော ကောင်းမှုကုသိုလ်ကံတို့ကြောင့်သာလျှင်ဤဗိမာန်ကို ငါ ရ၏ဟု (နတ်သားက ပြောဆို၏)။

၁၂၅၆။ ပညာရှိကုန်သော လူတို့သည် မှန်သော စကားကို ပြောဆိုကုန်သတတ်၊ ပညာရှိ ကုန်သောသူတို့၏စကားသည် ဖောက်ပြန်ခြင်း မရှိ၊ ကောင်းမှုရှိသောသူသည် အကြင်အကြင် အရပ်သို့ ရောက်အံ့၊ ထိုထိုအရပ်၌ လိုတိုင်းရလျက် မွေ့လျော်စံပျော်ရ၏။

၁၂၅၇။ အကြင်အကြင်အရပ်၌ စိုးရိမ်ပူဆွေးမှု ငိုကြွေးမြည်တမ်းရမှုသည်လည်းကောင်း,သတ်ဖြတ်ညှဉ်းဆဲမှုသည်လည်းကောင်း, နှောင်ဖွဲ့မှုသည်လည်းကောင်း, ဆိုခဲ့ပြီးသော အကျိုးမဲ့ဘေးရန်ဖြစ်ခြင်းသည်လည်းကောင်း အကြင်အကြင်အရပ်၌ ရှိ၏၊ မကောင်းမှုကံရှိသောသူသည်ထိုထိုအရပ်သို့ ရောက်တတ်၏၊ မကောင်းသော လားရာ 'ဒုဂ္ဂတိဘဝ'မှ တစ်ခါတစ်ရံမျှ မလွန်နိုင်ဟု (ကုန်သည်များက ပြောဆို၏)။

၁၂၅၈။ နတ်သား နတ်အပေါင်းသည် အချင်းခပ်သိမ်း တွေဝေသော သဘောရှိသကဲ့သို့ ဖြစ်၏၊ ဤအခိုက်အတန့် ခဏ၌ပင် ညွန်နစ်ရေကဲ့သို့ နောက်ကျုခြင်းသဘော ရှိ၏၊ နတ်သား အဘယ်အကြောင်းကြောင့် သင်၏ ခြွေရံပရိသတ်ဖြစ်သော ဤနတ်အပေါင်းနှင့် သင်နတ်သား အားနှလုံးမသာယာမှု ဖြစ်ရလေသနည်းဟု (ကုန်သည်များက မေးမြန်း၏)။

၁၂၅၉။ ကုန်သည်တို့ နတ်၌ဖြစ်ကုန်သော မွှေးကြိုင်ကုန်သော ဤရနံ့တို့သည် ကုက္ကိုတောမှထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏၊ ထိုအနံ့လှိုင်သော ကုက္ကိုပန်းတို့သည် နေ့၌လည်းကောင်း,ညဉ့်၌လည်းကောင်း အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက် ဤဗိမာန်ကို ထက်ဝန်းကျင်မှ ပျံ့လှိုင်စေကုန်၏။

၁၂၆၀-၁။ ကုန်သည်တို့ ဤကုက္ကိုပင်တို့၏ အသီးသည် အနှစ်တစ်ရာမှ တစ်ခုစီ တစ်ခုစီ (ရင့်ရော်လျက်) ကြွေကျ၏၊ လူ၌ဖြစ်သော အနှစ်တစ်ရာ လွန်သွားပြီ၊ ငါသည် ဤ စာတုမဟာရာဇ်နတ်ပြည်၌အကြင်အခါမှစ၍ ဖြစ်၏၊ ထိုအခါမှစ၍ ငါသည် နတ်၌ဖြစ်သော အနှစ်ငါးရာတို့ပတ်လုံး ဤဗိမာန်၌တည်ပြီးလျှင် အသက်အပိုင်းအခြား ကုန်ခြင်းကြောင့်လည်း ကောင်း,ကုသိုလ်ကံကုန်ခြင်းကြောင့်လည်းကောင်း, သေရတော့လတ္တံ့ဟု မြင်၍ ထိုသေရမည်ကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်မှုသော ကကြောင့် မိန်းမောတွေဝေရ၏ဟု (နတ်သားက ပြောဆို၏)။

၁၂၆၂။ နတ်သား အကြင်သူတို့သည် ကား အနည်းငယ် တိုတောင်းစွာ ဖြစ်ရကုန်၏၊ ဘုန်းကံနည်းကုန်သော ထိုသူတို့သည် သာလျှင် စိုးရိမ်ကုန်ရာသည် မဟုတ်လော၊ မနှိုင်းယှဉ် အပ်သော ဗိမာန်ကို ရ၍ ကြာမြင့်စွာသော ကာလပတ်လုံး နတ်စည်းစိမ်ကို ခံစားလျက် တည်နေသော ထိုသို့သဘောရှိသော သင်သည် အဘယ်အကြောင်းကြောင့် စိုးရိမ်ပါသနည်းဟု (ကုန်သည်များက ဆို၏)။

၁၂၆၃။ ကုန်သည်တို့ သင်တို့သည် ငါ့ကို အကြင်ချစ်မြတ်နိုးဖွယ်စကားကို ဆိုကုန်၏၊ ထိုစကားသည်လည်း ငါ့အား လျောက်ပတ်ပါပေ၏၊ ငါသည်လည်း သင်တို့ကို စောင့်ရှောက် ခဲ့ပြီ၊ သင်တို့ အလိုရှိရာအရပ်သို့ ချမ်းသာစွာ သွားကြကုန်လောဟု (နတ်သားက ပြောဆို၏)။

၁၂၆၄။ နတ်သား အကျွန်ုပ်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တ ကုန်လျက် သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားကြပြီးလျှင် ဝန်ခံသည်အားလျော်စွာ လုံ့လရှိ ကုန်လျက် စွန့်ကြဲမှုနှင့်ပြည့်စုံကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရီသက နတ်ပူဇော်ပွဲ သဘင်ကို ပြုကြပါကုန်အံ့ဟု (ကုန်သည်များက ဆို၏)။

၁၂၆၅။ ကုန်သည်တို့ သင်တို့သည် သေရီသကနတ်သားအား ပူဇော်ခြင်းကို မပြုကြကုန် လင့်၊ သင်တို့သည် အကြင်စကားကို ဆိုကုန်၏၊ ထိုပြောဆိုသမျှ စကားအားလုံးသည် သင်တို့ဆိုတိုင်းဖြစ်လတ္တံ့၊ သင်တို့သည် ယုတ်ညံ့ကုန်သော မကောင်းမှုကံတို့ကို ကြဉ် ရှောင်ကြကုန်လော့၊ ဒါနစသော ကုသိုလ်တရား အားထုတ်ခြင်းကိုလည်း ဆောက်တည် ကျင့် သုံးကြကုန်လော့။

၁၂၆၆။ ကုန်သည်တို့ ဤလူအပေါင်းတွင် များသော အကြားအမြင်လည်းရှိသော သီလအကျင့်တို့နှင့်လည်းပြည့်စုံသော ယုံကြည်မှု 'သဒ္ဓါ'လည်းရှိသော စွန့်ကြဲမှု'စာဂ'လည်း ရှိသော သီလကို အလွန်ချစ်မြတ်နိုးသော ထိုထိုကိစ္စကို ပြုခြင်း၌ လိမ္မာသော ရောင့်ရဲလွယ်သော ပစ္စုပ္ပန်တမလွန်နှစ်တန်သော အစီးအပွားတို့ကိုလည်း သိတတ်သော ဥပါသကာသည် ရှိ၏။

၁၂၆၇။ ကုန်သည်တို့ ဥပါသကာသည် သိလျက် မဟုတ်မမှန်သော စကားကို မပြောဆို၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲခြင်းငှါ မကြံစည်၊ ကွဲပြားကြောင်းဖြစ်သော ကုန်းစကားကို မပြောဆို၊ သိမ်မွေ့၍ ပြေပြစ်သော စကားကို ပြောဆို၏။

၁၂၆၈။ ကုန်သည်တို့ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့်တကွ ဖြစ်၍ ဆုံးမအပ်ပြီးသော ကိုယ် နှုတ်နှလုံးရှိသော ယုတ်မာသော အကျင့်မရှိသော အဓိသီလသိက္ခာ၌ အထူးသဖြင့် စင်ကြယ်သော ထိုဥပါသကာသည်စင်ကြယ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ အမိကိုလည်းကောင်း, အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေးမွေးမြူ၏။

၁၂၆၉။ ကုန်သည်တို့ ထိုဥပါသကာသည် အမိအဖတို့၏ အကြောင်းကြောင့် စည်းစိမ်ဥစ္စာ တို့ကို ရှာမှီး၏၊ မိမိဟူသော အကြောင်းကြောင့် ရှာမှီးသည် မဟုတ်၊ နိဗ္ဗာန်သို့ စိတ်ညွတ်သော ထိုဥပါသကာသည် အမိအဖတို့ သေလွန်သည်ရှိသော် မြတ်သော အကျင့်ကို ကျင့်လတ္တံ့။

၁၂၇၀။ ကုန်သည်တို့ မကောက်ကျစ် မစဉ်းလဲ မလှည့်ပတ်မူ၍ ဖြောင့်မတ်သော ထို ဥပါသကာသည်ပရိယာယ် ကြံဆသဖြင့် သော်လည်း မပြောဆို၊ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံကို ပြုလေ့ရှိ၍ တရား၌တည်သော ထိုသို့သဘောရှိသော ဥပါသကာသည် အသို့လျှင် ဆင်းရဲကို ရရာအံ့နည်း။

၁၂၇၁။ ကုန်သည်တို့ ထိုဥပါသကာဟူသော အကြောင်းကြောင့် ငါသည် သင်တို့အား ကိုယ်ထင်ရှားပြ၏၊ ထို့ကြောင့် သင်တို့သည် တရားကို ရှုကြကုန်လော့၊ သင်တို့သည် ထို ဥပါသကာ မပါမူ၍ (လာကြကုန်မူ) ဤသဲကန္တာရ၌ သူကန်းကဲ့သို့ နှောင့်ယှက်သော စိတ် ရှိကုန်သည်ဖြစ်၍ ခရီးမှားသဖြင့် စိတ်ပျက်ကုန်လျက် သဲကန္တာရ၌ဖြစ်သော ဘေးရန် နှိပ် စက်ခြင်းဖြင့်လည်းကောင်း, တစ်ပါးသော ဘေးရန်နှိပ်စက်ခြင်းဖြင့်လည်းကောင်း တောအရပ် ဝယ် ပြာအဖြစ်သို့ လျင်မြန်စွာ ရောက်ကုန်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်း သည် စင်စစ် ချမ်းသာ၏ဟု (နတ်သားက ဆို၏)။

၁၂၇၂။ နတ်သား သင်သည် အကြင်ဥပါသကာကို ချီးမြှောက်ခြင်းငှါ ဤသဲကန္တာရခရီးသို့ ရောက်လာ၏၊ ထိုဥပါသကာသည် အဘယ်သူပါနည်း၊ အဘယ်အမှုကို ပြုလုပ်ပါသနည်း၊ အဘယ်အမည်ရှိပါသနည်း၊ ထိုဥပါသကာ၏ အနွယ်သည် အဘယ်ပါနည်း၊ အကျွန်ုပ်တို့သည် လည်း ထိုဥပါသကာကို တွေ့မြင်လိုပါကုန်၏၊ နတ်သား အကြင်သူကို သင်ချစ်မြတ်နိုး၏၊ အကျွန်ုပ်တို့သည် သင် ချစ်မြတ်နိုးသော ထိုသူကို သိလိုပါကုန်၏ (ဟု ကုန်သည်များက ဆို၏)။

၁၂၇၃။ ကုန်သည်တို့ သမ္ဘဝမည်သော အကြင်ဆတ္တာသည်သည် ခေါင်းဖြီးရန် ဘီးထိုင်ခုံ ပျဉ်ချပ်တို့ကို ့မှီ၍ အသက်မွေးမြူလျက် ရတနာသုံးပါးကို ဆည်းကပ်သူ ဥပါသကာ ဖြစ်၏၊ ထိုသမ္ဘဝဆတ္တာသည်ကို သိကုန်လော့၊ ထိုဆတ္တာသည်သည် သင်တို့၏ အစေခံတည်း၊ သင် တို့သည် ထိုဆတ္တာသည်ကို မရှုတ်ချကြကုန်လင့်၊ ထိုဆတ္တာသည်သည် သီလကို အလွန် ချစ် မြတ်နိုးသူ ဖြစ်၏ဟု (နတ်သားကဆို၏)။

၁၂၇၄။ နတ်သား သင်ပြောဆိုသော ဥပါသကာကို အကျွန်ုပ်တို့သည် လူ့သဘောအားဖြင့် သိပါကုန်၏၊ ဂုဏ်အားဖြင့်ကား ဤသို့ သဘောရှိ၏ဟူ၍ မသိကြပါကုန်၊ နတ်သား သင်၏ ကောင်းမြတ်သော စကားကို ကြားကုန်၍ အကျွန်ုပ်တို့သည် လည်း ထိုဥပါသကာကို ပူဇော်ကြ ပါကုန်အံ့ဟု (ကုန်သည်များက ဆို၏)။

၁၂၇၅။ ကုန်သည်တို့ ဤလှည်းကုန်သည်အပေါင်းတွင် အရွယ်ငယ်သူ အလတ်ဖြစ်သော အရွယ်ကြီးရင့်သူ အားလုံးတို့သည် ငါ၏ ဗိမာန်သို့ တက်ကြကုန်လော့၊ နှမြောစဉ်းလဲသော စိတ်ရှိသူတို့သည် ကုသိုလ်ကောင်းမှုတို့၏ အကျိုးကို ကြည့်ရှုလှည့်ကြကုန်ဟု (နတ်သားက ဆို၏)။

၁၂၇၆။ ထိုအရပ်၌ ထိုကုန်သည်အားလုံးတို့သည် ဗိမာန်သို့ ငါအလျင် တက်မည်၊ ငါအလျင်တက်မည်ဟု (ဆိုကုန်လျက်) ထိုဆတ္တာသည် ဥပါသကာကို ရှေ့သွားပြုပြီးလျှင် သိကြား မင်း၏ ဗိမာန်နှင့်တူသော သေရီသကနတ်သားဗိမာန်သို့ တက်ကြကုန်၏။

၁၂၇၇။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ငါအလျင် ငါအလျင်ဟူ၍ (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်၏၊ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ကုန်ပြီ၊ လောက၌မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကုန်ပြီ၊ သေအရက်ကို မသောက်စားကြကုန်၊ မမှန်သော စကားကိုလည်း မပြောဆိုကြကုန်၊ မိမိမယားဖြင့်သာ နှစ်သိမ့်ရောင့်ရဲကြကုန်ပြီ။

၁၂၇၈။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ငါအလျင် ငါအလျင်ဟူ၍ (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်ပြီးလျှင် ကုန်သည်အပေါင်းသည် သေရီသကနတ်သား ခွင့်ပြုအပ်သည်ဖြစ်၍ နတ်သား၏ တန်ခိုးအာနုဘော်ကို အဖန်တလဲလဲ ဝမ်းမြောက်ကုန်လျက် ဖဲသွား လေ၏။

၁၂၇၉။ ထိုကုန်သည်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တ ကုန်လျက် သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားရောက်ကြကုန်ပြီးလျှင် ဝန်ခံသည်အားလျော်စွာ လုံ့လရှိကုန်လျက် ပြည့်စုံသော လာဘ်ရှိကုန်၍ ပါဋလိပုတ်ပြည်သို့ ဘေးမရှိဘဲ ပြန်သွားကြ လေကုန်၏။

၁၂၈၀။ ထိုကုန်သည်တို့သည် ချမ်းချမ်းသာသာ မိမိအိမ်သို့ ရောက်ကြသောအခါ သားသမီးတို့နှင့်လည်းကောင်း, မယားတို့နှင့်လည်းကောင်း ပေါင်းဆုံမိကြပြီးလျှင် အားရရွှင်လန်း ဝမ်းမြောက်နှစ်သက်ကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရီသကနတ် ပူဇော်သဘင်ကို ပြုကြ ကုန်၏၊ ထိုကုန်သည်တို့သည် သေရီသကနတ်ကွန်းကို ဆောက်လုပ်ကြကုန်၏။

၁၂၈၁။ သူတော်ကောင်းတို့ကို မှီဝဲပေါင်းဖော်ရခြင်းသည် ဤသို့ (အကျိုးမဲ့ကို တားမြစ် ခြင်း, အကျိုးကို ပြီးစေခြင်း) သဘော ရှိ၏၊ တရားတော်၏ ကျေးဇူးတို့ကို မှီဝဲခြင်းသည် များမြတ်သော အကျိုးအာနိသင်ရှိ၏၊ ဥပါသကာတစ်ယောက်၏ အကျိုးငှါ ချီးမြှောက်ခြင်းကို ပြုသဖြင့် သတ္တဝါအားလုံးတို့ချမ်းသာခြင်းသို့ ရောက်ကြကုန်၏။

ဆယ်ခုမြောက်သော သေရီသကဝိမာနဝတ္ထု ပြီး၏။

------

၁၁-သုနိက္ခိတ္တဝိမာနဝတ္ထု

ကဿပဘုရား၏ ပုထိုးစေတီ၌ မကောင်းသဖြင့်တင်ထားသော ပန်းများကို ကောင်း စွာပြုပြင်တင်ထားခဲ့ခြင်းကြောင့် တန်ခိုးကြီးမားစွာ ပတ္တမြားတိုင် ဗိမ္မာန်နှင့် ကြောင်မျက် ရွဲတိုင်ပြသာဒ်ခုနှစ်ရာတို့၌ နတ်တူူရိယာ စုံလင်စွာဖြင့် ချမ်းသာစွာခံစားရသော နတ်သား

၁၂၈၂။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၂၈၃။ သင်နတ်သားသည် ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့ ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည် လည်း ကကြကုန်၏။

၁၂၈၄။ နတ်သား အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား ကောင်းကျိုး ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် လည်း ဖြစ်ပေါ်ကုန်သနည်း။

၁၂၈၅။ အာနုဘော်ကြီးသော နတ်သား ငါ မေး၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ကံကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (မေး၏)။

၁၂၈၆။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော် စွာ) ဖြေကြား၏။

၁၂၈၇။ အာနုဘော်ကြီးသော အရှင်ရဟန်း ရှေးဘဝက ကောင်းသော စကားကို ဆိုတော်မူ တတ်သော (ကဿပ) မြတ်စွာဘုရား၏ ပုထိုးစေတီတော်၌ မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာပြုပြင်၍ တင်ထားလိုက်ခြင်းကြောင့် ကြီးမြတ်သော တန်ခိုးလည်း ရှိပါ၏၊ ကြီးမြတ်သော အာနုဘော်လည်း ရှိပါ၏၊ နတ်၌ဖြစ်သော ကာမဂုဏ်တို့နှင့်လည်း ပြည့်စုံရ ပါ၏။

၁၂၈၈။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့တောက်ပသော အရောင် အဆင်းရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤအရပ်၌ ကောင်းကျိုး ပြည့်စုံပါ၏၊ ထိုကုသိုလ်ထူးကြောင့်အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ်ဖြစ်ကုန်သော စည်းစိမ်အားလုံးတို့သည် လည်း ဖြစ်ပေါ်ပါကုန်၏။

၁၂၈၉။ အာနုဘော်ကြီးသော ရဟန်း အရှင်ဘုရားအား အကျွန်ုပ်သည် ဖြေကြားပါ၏၊ အကျွန်ုပ်သည် လူဖြစ်ခဲ့စဉ်က မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာ ပြုပြင် တင်ထားခြင်း ကုသိုလ်ကံပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ကံကြောင့် ဤသို့ တောက်ပသော တန်ခိုး အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ကံကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပပါ၏။

 

တစ်ဆယ့်တစ်ခုမြောက်သော သုနိက္ခိတ္တဝိမာနဝတ္ထု ပြီး၏။

ခုနစ်မြောက်သော သုနိက္ခိတ္တဝဂ် ပြီး၏။

ယောက်ျားတို့၏ သုံးခုမြောက်သောဝဂ်ကို ဆိုအပ်၏။

လေးခုမြောက်သော ဘာဏဝါရ ပြီး၏။

 

ဝိမာနဝတ္ထု (ဗိမာန်အကြောင်း) မြန်မာပြန် ပြီး၏။

------