ခုဒ္ဒကနိကာယ်
ထေရီအပဒါန်ပါဠိတော်
မြန်မာပြန်
------
နမော
တဿ ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
၁-သုမေဓာဝဂ်
၁-သုမေဓာထေရီအပဒါန်
ထေရာပဒါန်၏
အခြားမဲ့၌
ထေရီအပဒါန်တို့ကို
နာကြားကုန်လော့-
၁။
သုံးယောက်သော
မိတ်ဆွေမ
ဖြစ်သော
ငါတို့သည်
ကောဏာဂုံမြတ်စွာဘုရား၏
ကျောင်းတိုက်သစ်ဖြစ်သော
သံဃာ့အရံ၌
ကျောင်းအလှူကို
လှူခဲ့ကုန်၏။
၂။
(ငါတို့သည်)
ဆယ်ကြိမ်၊
အကြိမ်တစ်ရာ၊
အကြိမ်တစ်ထောင်၊
အကြိမ်တစ်သောင်း
နတ်ပြည်တို့၌
ဖြစ်ခဲ့ကုန်၏။
လူ့ဘဝ၌မူ
အဘယ်ဆိုဖွယ်ရာ
ရှိအံ့နည်း။
၃။
(ငါတို့သည်)
နတ်ပြည်၌
တန်ခိုးကြီးသူတို့
ဖြစ်ခဲ့ကုန်၏၊
လူ့ပြည်၌
အဘယ်ဆိုဖွယ်
ရာရှိအံ့နည်း၊
ငါသည်
ရတနာခုနစ်ပါးရှိသော
စကြဝတေးမင်း၏
မိဖုရာမိန်းမရတနာ
ဖြစ်၏။
၄။
ဓနဉ္ဇာနီသည်လည်းကောင်း၊
ခေမာသည်လည်းကောင်း၊
ငါသည်လည်းကောင်းသုံးယောက်သောသူတို့သည်
ဆည်းပူးသော
ကုသိုလ်ကြောင့်
လူ့ပြည်၌
အလွန်ကြွယ်ဝသော
အမျိုး၌ဖြစ်ရကုန်၏။
၅။
(ငါတို့သည်)
အလုံးစုံသော
အစိတ်အပိုင်းတို့ဖြင့်
တန်ဆာဆင်အပ်သော
ကျောင်းတိုက်
အရံကိုကောင်းစွာ
ဆောက်ပြီးလျှင်
ဘုရားအမှူးရှိသော
သံဃာအား
အပ်နှင်း၍
လွန်စွာ
ဝမ်းမြောက်ခဲ့ကုန်၏။
၆။
ထိုကံ၏
အစွမ်းကြောင့်
ကပ်ရောက်ရတိုင်းသော
လူအဖြစ်,
နတ်အဖြစ်ဟူသမျှတို့၌
မြတ်သောသူအဖြစ်သို့
ရောက်ရကုန်၏။
၇။
ဤဘဒ္ဒကမ္ဘာ၌ပင်လျှင်
များသော
အခြံအရံ
အကျော်အစောရှိသော
တရားဟောပုဂ္ဂိုလ်
တို့တွင်အမြတ်ဆုံးဖြစ်သော
အနွယ်အားဖြင့်
ကဿပမည်သော
ဗြာဟ္မဏမျိုးဖြစ်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၈။
ထိုအခါ
ဗာရာဏသီမြို့တော်၌
လူတို့ကို အစိုးရသော
ကိကီမည်သော
ကာသိမင်း
သည်မြတ်စွာဘုရား၏
အလုပ်အကျွေး ဖြစ်၏။
၉။
ထိုမင်းအား
ချမ်းသာစွာ
ကြီးပွားကုန်သော
သမီးတော်ခုနစ်ယောက်တို့သည်
ရှိကုန်၏၊
ထိုသမီးတော်ခုနစ်ယောက်တို့သည်
မြတ်စွာဘုရားကို
ဆည်းကပ်ခြင်း၌
အမြဲ
ပျော်မွေ့ ကုန်လျက်မြတ်သော
အကျင့်ကို
ကျင့်ကုန်၏။
၁၀။
(ငါသည်)
ထိုမင်းသမီးတို့၏
အဖော်မ ဖြစ်၍ သီလတို့၌
ကောင်းစွာဆောက်
တည်ကာ
အလှူတို့ကို
ရိုသေစွာ
လှူပြီးလျှင်
အိမ်၌ပင်လျှင်
အကျင့်ကို
ကျင့်ခဲ့၏။
၁၁။
ငါသည်
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
တာဝတိံသာဘုံသို့
ရောက် ခဲ့၏။
၁၂။
ငါသည်
ထိုတာဝတိံသာဘုံမှ
စုတေလတ်သော်
ယာမာဘုံသို့
ရောက်၏၊
ထိုဘုံမှတုသိတာဘုံသို့လည်းကောင်း၊
ထိုဘုံမှ
နိမ္မာနရတိဘုံသို့လည်းကောင်း၊
ထိုဘုံမှ
ဝသဝတ္တီဘုံသို့လည်းကောင်း
ရောက်၏။
၁၃။
ကုသိုလ်ကံကို
ကောင်းစွာ
ဆောက်တည်ခဲ့သော
ငါသည်
အကြင်အကြင်ဘုံ၌
ဖြစ်ရ၏၊
ထိုထိုဘုံ၌နတ်မင်းတို့၏
မိဖုရားအဖြစ်ကိုသာလျှင်
ပြုခဲ့ရ၏။
၁၄။
ငါသည် ထို
(နတ်ဘုံ) မှ
စုတေလတ်သော်
လူ့အဖြစ်၌
စကြဝတေးမင်းတို့၏လည်းကောင်း၊
ပဒေသရာဇ်မင်းတို့၏လည်းကောင်း
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏။
၁၅။
ငါသည်
အလုံးစုံသော
နတ်ပြည်တို့၌
လည်းကောင်း၊
လူ့ပြည်တို့၌
လည်းကောင်း
ချမ်းသာခြင်းရှိသည်ဖြစ်၍
စည်းစိမ်ကို
ခံစားပြီးလျှင်
ဘဝများစွာတို့၌
ကျင်လည်ခဲ့၏။
၁၆။
သာသနာ၌
(ငါ့အား)
ထိုကျောင်းအရံပြုသော
ကံလျှင်
အကြောင်းရှိသော
ထိုကံလျှင်
အမွန်ရှိသော
ထိုကံလျှင်
အရင်းရှိသော
နှစ်သက်ခြင်းသည်
ဖြစ်၏၊
ရှေးဦးစွာ
ထိုတရားနှင့်
ပေါင်းမိ၍
တရားနှင့်ပျော်မွေ့ခြင်းကြောင့်
ထိုနိဗ္ဗာန်သည်
ဖြစ်၏။
၁၇။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝအားလုံးတို့ကို
ပယ်နုတ်အပ်ကုန်ပြီ၊
'ဆင်မသည်
အနှောင်အဖွဲ့ကို
ဖြတ်၍
နေသကဲ့သို့'
ငါသည် အာသဝ
မရှိဘဲနေရပေ၏။
၁၈။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏၊
ငါသည်
မြတ်စွာ
ဘုရား၏
အထံ၌ဝိဇ္ဇာသုံးပါးတို့ကို
ရအပ်ကုန်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်
နာပြုကျင့်အပ်ပါပြီ။
၁၉။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း၊
ရှစ်ပါးသော
ဤဝိမောက္ခတို့ကို
လည်းကောင်း၊
ခြောက်ပါးသော
အဘိညာဉ်တို့ကို
လည်းကောင်း
မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
သုမေဓာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ရှေးဦးစွာသော
သုမေဓာထေရီအပဒါန်
ပြီး၏။
------
၂-မေခလာဒါယိကာထေရီအပဒါန်
၂၀။
သိဒ္ဓတ္ထမြတ်စွာဘုရား၏
ပုထိုးစေတီကို
တည်ထား
ဆောက်လုပ်အပ်ကုန်၏၊
ငါသည်မြတ်စွာဘုရား၏
အမှုသစ်အကျိုးငှါ
ခါးကြိုးတန်ဆာကို
လှူခဲ့၏။
၂၁။
ပုထိုးစေတီတော်ကြီး
ပြီးစီးလတ်သော်
ငါသည် လောက၏
ကိုးကွယ်ရာဖြစ်သော
မြတ်စွာဘုရားအားကြည်ညိုသည်ဖြစ်၍
မိမိလက်တို့ဖြင့်
ခါးကြိုးတန်ဆာကို
တစ်ဖန်လှူခဲ့၏။
၂၂။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်လေးကမ္ဘာထက်၌
ခါးကြိုးကို
လှူဒါန်းခဲ့ရသော
အခါမှစ၍ မကောင်းမှုပြုသူတို့၏
လားရာ
'ဒုဂ္ဂတိ'
ဘဝကို
မသိစဖူးပေ။
ဤသို့ဖြစ်ရခြင်းသည်
ပုထိုး စေတီတော်ကိုတည်ထားဆောက်လုပ်ရခြင်း၏
အကျိုးပေတည်း။
၂၃။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၂၄။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၂၅။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
မေခလာဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
နှစ်ခုမြောက်
မေခလာဒါယိကာထေရီအပဒါန်
ပြီး၏။
------
၃-မဏ္ဍပဒါယိကာထေရီအပဒါန်
၂၆။ ငါသည်
ကောဏာဂုံမြတ်စွာဘုရားအား
မဏ္ဍပ်ကို
ဆောက်လုပ်လှူဒါန်းခဲ့၏၊
လောက၏အဆွေဖြစ်တော်မူသော
မြတ်စွာဘုရားအား
သင်္ကန်းသုံးထည်ကို
အမြဲ
လှူဒါန်းခဲ့၏။
၂၇။
ငါသည်
အကြင်အကြင်ဇနပုဒ်,
နိဂုံး, မင်းနေပြည်တို့ကို
သွားရောက်၏၊
အလုံးစုံ သော
အရပ်တို့၌
ပူဇော်ခံရသူ ဖြစ်ရ၏။
ဤသို့
ဖြစ်ရခြင်းသည်
ကောင်းမှုကံ၏
အကျိုးပေ
တည်း။
၂၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၂၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၀။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
မဏ္ဍပဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
သုံးခုမြောက်
မဏ္ဍပဒါယိကာထေရီအပဒါန်
ပြီး၏။
------
၄-သင်္ကမနတ္ထာထေရီအပဒါန်
၃၁။ လောက၏
အကြီးအမှူးဖြစ်၍
တာဒိဂုဏ်နှင့်
ပြည့်စုံတော်မူသော
သတ္တဝါတို့ကို
ကယ်တင်တော်မူတတ်သော
ဝိပဿီမြတ်စွာဘုရားသည်
လမ်းခရီး၌
ကြွသွားတော်မူစဉ်-
၃၂။
ငါသည် အိမ်မှ
ထွက်၍
မှောက်လျက်
အိပ်ခဲ့၏၊
ထိုအခါ
အစဉ်သနားတော်မူတတ်
သောထိုမြတ်စွာဘုရားသည်
ငါ၏
ဦးခေါင်းစွန်းဆံပင်၌
နင်းတော်မူလေ၏။
၃၃။
လောကကို
နိဗ္ဗာန်သို့
ပို့ဆောင်တတ်သော
မြတ်စွာဘုရားသည်
ဦးခေါင်းစွန်းဆံပင်၌
နင်း၍ကြွသွားတော်မူ၏၊
ငါသည်
ထိုစိတ်၏
ကြည်ညိုခြင်းကြောင့်
တုသိတာဘုံသို့
ရောက်ခဲ့၏။
၃၄။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၃၅။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၃၆။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
သင်္ကမနတ္ထာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
လေးခုမြောက်
သင်္ကမနတ္ထာထေရီအပဒါန်
ပြီး၏။
------
၅-နဠမာလိကာထေရီအပဒါန်
၃၇။ ငါသည်
စန္ဒဘာဂါမြစ်ကမ်းအနီး၌
ကိန္နရီမ
ဖြစ်ခဲ့၏၊
ထိုအခါ
ကိလေသာမြူ
ကင်းတော်မူသော
အလိုလို
ဖြစ်တော်မူ၍
ရန်သူတို့
မအောင်နိုင်သော
မြတ်စွာဘုရားကို
ဖူးမြင် ရ၏။
၃၈။
ငါသည်
ကြည်ညိုဝမ်းမြောက်
နှစ်သက်သော စိတ်ရှိသည်ဖြစ်၍
လက်အုပ်ချီလျက်
ကျူပန်းကိုယူပြီးလျှင်
မြတ်စွာဘုရားကို
ပူဇော်ခဲ့၏။
၃၉။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
ကိန္နရီမ
ကိုယ်ခန္ဓာကို
စွန့်ရသည်ရှိသော်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၄၀။
သုံးကျိပ်ခြောက်ယောက်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
စကြဝတေး မင်းတစ်ကျိပ်တို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
ငါသည် ငါ၏ စိတ်ကို
(သံဝေဂရ) ထိတ်
လန့်စေ၍ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၄၁။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ငါသည်
ဘဝအားလုံး
ကိုပယ်နုတ်အပ်ကုန်ပြီ၊
အလုံးစုံသော
အာသဝတို့
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌ တစ်ဖန်
ဖြစ်ခြင်းမရှိတော့ပြီ။
၄၂။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်လေးကမ္ဘာထက်၌
ပန်းပွင့်ကို
ပူဇော်ခဲ့ရသော
အခါမှစ၍ မကောင်းမှုပြုသူတို့၏
လားရာ
'ဒုဂ္ဂတိ'ဘဝကို
မသိစဖူးပေ။
ဤသို့
ဖြစ်ရခြင်းသည်
မြတ်စွာဘုရားအားပူဇော်ရခြင်း၏
အကျိုးပေတည်း။
၄၃။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၄၄။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၄၅။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
နဠမာလိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ငါးခုမြောက်
နဠမာလိကာထေရီအပဒါန်
ပြီး၏။
------
၆-ဧကပိဏ္ဍပါတဒါယိကာထေရီအပဒါန်
၄၆။
ဗန္ဓုမတီမြို့၌
ဗန္ဓုမာမည်သော
မင်းသည်
ရှိ၏၊ ငါသည်
ထိုမင်း၏
မိဖုရားဖြစ်၏၊
မင်းနှင့်တစ်ပေါင်းတည်း
တရားကျင့်ခဲ့၏။
၄၇။
ထိုအခါ ငါသည်
ဆိတ်ငြိမ်ရာသို့
ကပ်လျက်
ထိုင်ပြီးလျှင်
ဤသို့
ကြံစည်ခဲ့၏၊
ငါ့အား
သံသရာ၌ယူ၍
သွားရန်
ပြုထားပြီးသော
ကုသိုလ်သည်
မရှိချေ။
၄၈။
ငါသည်
အလွန်ပူပြင်း,
စပ်ခါး,
ကြမ်းတမ်းသော
သဘောရှိသော၊
အလွန်ကြမ်း
ကြုတ်သောငရဲသို့
ဧကန်
သွားရတော့အံ့။
ဤအရာ၌ ငါ့အား
ယုံမှားဖွယ်မရှိချေ
(ဟု
ကြံစည်ခဲ့၏)။
၄၉။
(ကြံစည်ပြီးလျှင်
) မင်းသို့
ချဉ်းကပ်၍
အရှင်မင်းမြတ်
အကျွန်ုပ်အား
ရဟန်း
တစ်ပါးကိုပေးတော်မူပါ၊
ဆွမ်းကျွေးမွေးပါရစေဟု
ဤစကားကို
လျှောက်ခဲ့၏။
၅၀။
မင်းမြတ်သည်
ပွားပြီးသော
ဣန္ဒြေရှိသော
ရဟန်းကို
ငါ့အား
ပေးလေ၏၊
(ငါသည်)
ထိုရဟန်း၏သပိတ်ကို
ယူ၍
မွန်မြတ်သော
ဆွမ်းဖြင့် ပြည့်စေခဲ့၏။
၅၁။
ငါသည်
မွန်မြတ်သော
ဆွမ်းကို
ပြည့်စေ၍
နံ့သာလိမ်းကျံခြင်းကို
ပြုခဲ့၏၊
ကွန်ရက် ဖြင့်
ပိတ်၍ဝတ်စုံဖြင့်
ဖုံးလွှမ်း
(လှူဒါန်း)
ခဲ့၏။
၅၂။
ငါ၏
ဤအာရုံကို
ငါသည်
အသက်ထက်ဆုံး
အောက်မေ့ခဲ့၏၊
ငါသည်
ထိုအာရုံ၌
စိတ်ကိုကြည်လင်စေ၍
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၅၃။
ငါသည်
သုံးကျိပ်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
ငါ၏
စိတ်ဖြင့်
တောင့်တအပ်သောအရာသည်
အလိုရှိတိုင်း
ဖြစ်ရ၏။
၅၄။
နှစ်ကျိပ်သော
စကြဝတေးမင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
ဆည်းပူးအပ်သောကိုယ်စိတ်ရှိသည်ဖြစ်၍
ငါသည်
ဘဝတို့၌
ကျင်လည်ရပေ၏။
၅၅။
ငါသည်
အလုံးစုံသော
အနှောင်အဖွဲ့မှ
လွတ်မြောက်ပေပြီ၊
ငါ့အား
စွဲလမ်းခြင်း
ကင်းလေပြီ၊
ငါ့အားအလုံးစုံသော
အာသဝတို့သည်
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန် ဖြစ်ခြင်း
မရှိတော့ပြီ။
၅၆။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
အလှူကို
လှူခဲ့ရသော
အခါမှစ၍
မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ'ဘဝကို
မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည်
ဆွမ်း
လှူရခြင်း၏
အကျိုးပေတည်း။
၅၇။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၅၈။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၅၉။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဧကပိဏ္ဍပါတဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ခြောက်ခုမြောက်
ဧကပိဏ္ဍပါတဒါယိကာထေရီအပဒါန်
ပြီး၏။
------
၇-ကဋစ္ဆုဘိက္ခာဒါယိကာထေရီအပဒါန်
၆၀။ ငါသည်
ဆွမ်းခံလှည့်လည်တော်မူသော
နတ်လူတို့၏
ဆရာဖြစ်တော်မူသော
တိဿ မည်သော
ဘုရားမြတ်အား
တစ်ဇွန်းမျှသော
ဆွမ်းကို ယူ၍
ပေးလှူခဲ့၏။
၆၁။
လောကထက်
အမြတ်ဆုံးရှေ့သွား
တိဿမြတ်စွာဘုရားသည်
အလှူခံပြီး၍
လမ်း
ခရီး၌ရပ်တန့်တော်မူလျက်
ငါ့အား
အနုမောဒနာပြုတော်မူ၏။
၆၂။
သင်သည်
တစ်ဇွန်းမျှသော
ဆွမ်းကို
လှူရခြင်းကြောင့်
တာဝတိံသာဘုံသို့
ရောက်ရ
လတ္တံ့၊
သုံးကျိပ်ခြောက်ယောက်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုရလတ္တံ့။
၆၃။
ငါးကျိပ်သော
စကြဝတေးမင်းတို့၏
မိဖုရားအဖြစ်ကို
ပြုရလတ္တံ့၊
စိတ်ဖြင့်
တောင့်
တအပ်သောအရာအားလုံးကို
အခါခပ်သိမ်း
ရလတ္တံ့။
၆၄။
စည်းစိမ်ကို
ခံစားပြီး၍
ကြောင့်ကြမရှိဘဲ
ရဟန်းပြုရလတ္တံ့၊
အလုံးစုံသော
အာသဝ တို့ကို
ပိုင်းခြားသိ၍
အာသဝမရှိဘဲ
ပရိနိဗ္ဗာန်
ပြုရလတ္တံ့။
၆၅။
လောကထက်
အမြတ်ဆုံးရှေ့သွား
တိဿမြတ်စွာဘုရားသည်
ဤစကားကို
မိန့်ဆို
ပြီးလျှင် 'ကောင်းကင်၌
ဟင်္သာမင်းကဲ့သို့'
ကောင်းကင်သို့
တက်ကြွတော်မူ၏။
၆၆။
ငါသည် အလှူ
မြတ်ကို
ကောင်းစွာ လှူအပ်ပြီ၊
ပြည့်စုံသော
ပူဇော်မှုကို
ကောင်းစွာ
ပူဇော်အပ်ပြီ၊
ငါသည်
တစ်ဇွန်းမျှသော
ဆွမ်းကို
ပေးလှူရခြင်းကြောင့်
တုန်လှုပ်ခြင်း
မရှိ သော
နိဗ္ဗာန်သို့ရောက်ရပေ၏။
၆၇။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်နှစ်ကမ္ဘာထက်၌
အလှူကို
လှူခဲ့ရသော
အခါမှစ၍
မကောင်းမှု ပြုသူတို့လားရာ'ဒုဂ္ဂတိ'ဘဝကို
မသိစဖူးပေ။
ဤသို့ဖြစ်ရခြင်းသည်
ဆွမ်းလှူ
ရခြင်း၏
အကျိုးပေတည်း။
၆၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၆၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၇၀။
လေးပါးသော ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ကဋစ္ဆုဘိက္ခာဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ခုနစ်ခုမြောက်
ကဋစ္ဆုဘိက္ခာဒါယိကာထေရီအပဒါန်
ပြီး၏။
------
၈-သတ္တုပ္ပလမာလိကာထေရီအပဒါန်
၇၁။
အရုဏဝတီမြို့၌
အရုဏမည်သော
မင်းသည်
ရှိလေ၏၊
ငါသည်
ထိုမင်း၏
မိဖုရား ဖြစ်၍တားမြစ်သင့်သော
အရာကို
တားမြစ်ခဲ့၏။
၇၂။
ထိုအခါ ငါသည်
နတ်ရနံ့ရှိသော
ကြာညိုပန်း
ခုနစ်ပွင့်ကို
ယူပြီးလျှင်
မြတ်သော ပြာသာဒ်၌
ထိုင်၍ဤသို့
ကြံစည်ခဲ့၏။
၇၃။
ငါသည်
ဦးခေါင်း၌
ပန်ဆင်ထားသော
ဤပန်းတို့ဖြင့်
ငါ့အား
အဘယ်အကျိုးရှိ
အံ့နည်း၊
ဘုရားမြတ်၏
ဉာဏ်တော်၌
တင်စိုက်လှူခြင်းသည်
ငါ့အား
မြတ်ပေ၏ဟု
ဤသို့ ကြံစည်ခဲ့၏၊
(ကြံစည်ပြီးလျှင်
) -၇၄။
အကြင်အခါ မြတ်စွာဘုရားသည်
ကြွလာတော်မူလတ္တံ့၊
ထိုအခါ ငါသည်
မြတ်စွာ
ဘုရားကိုပူဇော်အံ့ဟု
မြတ်စွာဘုရားကို
စောင့်မျှော်လျက်
တံခါးအနီး၌
ထိုင်နေ၏။
၇၅။
'တင့်တယ်သော
ရေခံတက်ပင်ကဲ့သို့လည်းကောင်း၊
သားတို့သနင်း
ခြင်္သေ့မင်းကဲ့သို့လည်းကောင်း'
မြတ်စွာဘုရားသည်
ရဟန်းသံဃာနှင့်တကွ
လမ်းခရီး၌
ကြွလာတော်
မူ၏။
၇၆။
ထိတ်လန့်သော
စိတ်ရှိသော
ငါသည် မြတ်စွာဘုရား၏
ရောင်ခြည်တော်ကို
ဖူးမြင်ရ
သည်ရှိသော်
ရွှင်လန်းလျက်
တံခါးကို
ဖွင့်၍ ဘုရားမြတ်ကို
ပူဇော်ခဲ့၏။
၇၇။
ကြာညိုပန်း
ခုနစ်ပွင့်တို့သည်
ကောင်းကင်၌
ရောယှက်လျက်
ရှိကုန်၏၊
ထိုပန်းတို့
သည်
အမိုးကိုပြုလျက်
မြတ်စွာဘုရား၏
ဦးထိပ်ထက်၌
ဆောင်းမိုးကုန်၏။
၇၈။
ငါသည် တက်ကြွ,
ဝမ်းမြောက်,
နှစ်သက်သော စိတ်ရှိသည်ဖြစ်၍
လက်အုပ်ချီလျက်
ထိုမြတ်စွာဘုရား၌စိတ်ကြည်ညိုခြင်းကြောင့်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၇၉။
မြတ်သော
ဗိတာန်
(မျက်နှာကြက်)
ညိုအမိုးသည်
ငါ၏
ဦးထိပ်ထက်၌
ဆောင်းမိုး
လျက် ရှိ၏။ ငါသည်
နတ်ရနံ့ကို
ကြိုင်လှိုင်စေ၏။
ဤသို့
ဖြစ်ရခြင်းသည်
ကြာညိုခုနစ်ပွင့်
လှူရခြင်း၏့အကျိုးပေတည်း။
၈၀။
တစ်ရံတစ်ခါ
ဆွေမျိုးအပေါင်းသည်
ငါ့ကို
ခေါ်ဆောင်လတ်သော်
ထိုအခါ
ပရိသတ် ရှိသလောက်မြတ်သော
ဗိတာန်
(မျက်နှာကြက်)
ညိုသည်
ငါ့အား
ဆောင်းမိုး၏။
၈၁။
ခုနစ်ကျိပ်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့၏၊
အလုံးစုံသော
ဘဝတို့၌ အစိုးရသူဖြစ်၍ဘဝကြီးငယ်၌
ကျင်လည်ရပေ၏။
၈၂။
ခြောက်ဆယ့်သုံးယောက်သော
စကြဝတေးမင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
အလုံးစုံသောသူတို့သည်
ငါသို့
အစဉ်လိုက်ကုန်၏၊
(ထိုသူတို့သည်
ငါ၏) စကားကို
လိုက်
နာသူတို့ ဖြစ်ကုန်၏။
၈၃။
'ကြာညိုပန်းအဆင်းကဲ့သို့'
ငါ့အား အဆင်းရှိ၏၊
'ကြာညိုပန်းအနံ့ကဲ့သို့'
ငါ၏ အနံ့သည်လည်းကြိုင်လှိုင်၏၊
အဆင်းမလှသည့်
အဖြစ်ကို
မသိစဖူးပေ။
ဤသို့ ဖြစ်ရ
ခြင်းသည်
မြတ်စွာဘုရားအားပူဇော်ရခြင်း၏
အကျိုးပေတည်း။
၈၄။
ငါသည်
ဣဒ္ဓိပါဒ်တို့၌
ကျွမ်းကျင်ပေ၏၊
ဗောဇ္ဈင်ကို
ပွားများခြင်း၌
ပျော်မွေ့ပေ၏၊
အဘိညာဉ်၏အထွတ်အထိပ်သို့
ရောက်ပေ၏။ ဤသို့
ဖြစ်ရခြင်းသည်
မြတ်စွာဘုရားအား
ပူဇော်ရခြင်း၏အကျိုးပေတည်း။
၈၅။
ငါသည်
သတိပဋ္ဌာန်၌
ကျွမ်းကျင်လိမ္မာပေ၏၊
သမာဓိဈာန်၌
ကျက်စားပေ၏၊
သမ္မပ္ပဓာန်ကိုအားထုတ်ပေ၏။
ဤသို့
ဖြစ်ရခြင်းသည်
မြတ်စွာဘုရားအား
ပူဇော်ရခြင်း၏
အကျိုးပေတည်း။
၈၆။
ငါ၏
လုံ့လဝီရိယသည်
ဝန်ဆောင်နွားလားသဖွယ်
ဖြစ်၏၊
ယောဂကုန်ရာ
(နိဗ္ဗာန်)
ကို ပို့ဆောင်နိုင်၏၊
အလုံးစုံသော
အာသဝတို့
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌ တစ်ဖန်ဖြစ်
ခြင်း
မရှိတော့ပြီ။
၈၇။
ဤဘဒ္ဒကမ္ဘာမှ
သုံးဆယ့်တစ်ကမ္ဘာထက်၌
ပန်းပွင့်ကို
ပူဇော်ခဲ့ရသော
အခါမှစ၍ မကောင်းမှုပြုသူတို့
လားရာ
'ဒုဂ္ဂတိ'
ဘဝကို မသိစဖူးပေ။
ဤသို့
ဖြစ်ရခြင်းသည်
မြတ်စွာ ဘုရားအားပူဇော်ရခြင်း၏
အကျိုးပေတည်း။
၈၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၈၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၉၀။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
သတ္တုပ္ပလမာလိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ရှစ်ခုမြောက်
သတ္တုပ္ပလမာလိကာထေရီအပဒါန်
ပြီး၏။
------
၉-ပဉ္စဒီပိကာထေရီအပဒါန်
၉၁။ ငါသည်
ဟံသာဝတီမြို့၌
လှည့်လည်လေ့ရှိသူ
ဖြစ်၏၊
ထိုအခါ ငါသည်
ကုသိုလ်ကို
အလိုရှိသည်ဖြစ်၍
အရံတစ်ခုမှ
အရံတစ်ခုသို့
လှည့်လည်၏။
၉၂။
ငါသည်
လဆုတ်ပက္ခ
လကွယ်နေ့၌
(ထင်းရှူး) ဗောဓိပင်မြတ်ကို
ဖူးမြင်ရ၏၊
ထိုဗောဓိပင်၌
စိတ်ကိုကြည်လင်စေ၍
ဗောဓိပင်ရင်း၌
ထိုင်နေ၏။
၉၃။
ထိုအခါ
လေးစားသော
စိတ်ကို
ဖြစ်စေ၍ ဦးခေါင်း၌
လက်အုပ်ချီပြီးလျှင်
ဝမ်းမြောက်ခြင်းကို
ဖြစ်စေလျက်
ဤသို့
ကြံစည်ခဲ့၏။
၉၄။
အကယ်၍
မြတ်စွာဘုရားသည်
မနှိုင်းယှဉ်နိုင်သော
ဂုဏ်ရှိသော
ပုဂ္ဂိုလ်,
အတူမရှိပြိုင်ဘက်မရှိသော
ပုဂ္ဂိုလ်ဖြစ်ပါမူ
ဤဗောဓိပင်သည်
ငါ့အား
တန်ခိုးပြာဋိဟာကို
ပြပါစေ သတည်း၊
ဤဗောဓိပင်သည်
ထွန်းလင်းပါစေသတည်းဟု
ကြံစည်ခဲ့၏။
၉၅။
ထိုအခါ ငါ
ကြံစည်သည်နှင့်
တစ်ပြိုင်နက်
ဗောဓိပင်သည်
ထွန်းလင်းတောက်ပ၏၊
အလုံးစုံ
ရွှေဖြင့်ပြီးလေ၏၊
အရပ်မျက်နှာအားလုံး
တောက်ပတင့်တယ်၏။
၉၆။
ငါသည်
ခုနစ်ညဉ့်,
ခုနစ်နေ့တို့ပတ်လုံး
ထိုဗောဓိပင်ရင်း၌
ထိုင်နေ၏၊
ခုနစ်ရက် မြောက်သောနေ့ရောက်လတ်သော်
ငါသည်
ဆီမီးပူဇော်ခြင်းကို
ပြုခဲ့၏။
၉၇။
ထိုအခါ
(ဗောဓိပင်၏)
နေရာကို ဝန်းရံ၍
ဆီမီးငါးတိုင်တို့သည်
ထွန်းလင်းတောက်ပကုန်၏၊
နေတက်သည်တိုင်အောင်
ငါ၏ ဆီမီးတိုင်တို့သည်
တောက်ပလျက်
ရှိကုန်၏။
၉၈။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၉၉။
ထိုဘုံ၌ ငါ၏
ကောင်းစွာ
ပြုအပ်သော
ဗိမာန်ကို
''ပဉ္စဒီပ''ဟူ၍
ခေါ်ဆိုအပ်၏၊
ထို ဗိမာန်သည်ယူဇနာခြောက်ဆယ်
အစောက်မြင့်၏၊
ယူဇနာသုံးဆယ်
ကျယ်ပြန့်၏။
၁၀၀။
မရေတွက်နိုင်သော
ဆီမီးတိုင်တို့သည်
ငါ့အား
ဝန်းရံလျက်
တောက်ပကုန်၏၊
နတ်ဘုံရှိသလောက်ဆီမီးရောင်ဖြင့်
ထွန်းလင်းလေ၏။
၁၀၁။
ငါသည်
မျက်ကွယ်၌
ထိုင်လျက်
အကယ်၍ ရှုကြည့်ရန်
အလိုရှိအံ့၊
အထက် အောက်
ဖီလာအားလုံးကိုပင်
မျက်စိဖြင့်
မြင်ရပေ၏။
၁၀၂။
အကြင်မျှလောက်
ကောင်းသောလားရာ
ဂတိရှိသူ,
မကောင်းသောလားရာ
ဂတိရှိသူတို့ကို
ရှုကြည့်ရန်
ငါအလိုရှိခဲ့မူ
ထိုအရပ်၌ သစ်ပင်တို့ကြောင့်လည်းကောင်း၊
တောင်
တို့ကြောင့်လည်းကောင်းပိတ်ပင်ခြင်းသည်
မရှိချေ။
၁၀၃။
ရှစ်ကျိပ်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
တစ်ရာသော
စကြဝတေး မင်းတို့၏မိဖုရားအဖြစ်ကိုလည်း
ပြုခဲ့ရ၏။
၁၀၄။
ကပ်ရောက်ရတိုင်းသော
လူ့အဖြစ်,
နတ်အဖြစ်ဟူသမျှတို့၌
ဆီမီးတစ်သိန်းတို့သည်
ငါ့အားဝန်းရံလျက်
တောက်ပကုန်၏။
၁၀၅။
နတ်ပြည်မှ
စုတေ၍
အမိဝမ်း၌
ဖြစ်ခဲ့ရ၏၊
အမိဝမ်းသို့
ရောက်သည်
ဖြစ်ပါလျက်
ငါ၏မျက်စိသည်
မှိတ်ခြင်း
မရှိချေ။
၁၀၆။
ကောင်းမှုကံနှင့်
ပြည့်စုံသူ၏
အဖြစ်ကြောင့်
ဆီမီးတစ်သိန်းတို့သည်
မွေးဖွားရာ
အိမ်၌တောက်ပလျက်
ရှိကုန်၏။
ဤသို့ ဖြစ်ရခြင်းသည်
ဆီမီးငါးတိုင်တို့၏
အကျိုးပေ
တည်း။
၁၀၇။
ငါသည်
နောက်ဆုံးဘဝသို့
ရောက်လတ်သော်
လူ့ဘဝသို့
ပြန်လည်ခဲ့၏၊
ငါသည် မအိုရာ,
မသေရာ ဖြစ်၍
ငြိမ်းအေးခြင်းသဘောရှိသော
နိဗ္ဗာန်ကို
တွေ့မြင်ရပေပြီ။
၁၀၈။
ငါသည်
မွေးဖွားသည်မှ
ခုနစ်နှစ်သာ
ရှိသေးလျက်
အရဟတ္တဖိုလ်သို့
ရောက်ခဲ့၏၊
ဂေါတမမြတ်စွာဘုရားသည်
ငါ၏ ဂုဏ်ကို
သိ၍ ငါ့ကို
(ရဟန်းပြုပေးတော်မူ၏)။
၁၀၉။
မဏ္ဍပ်၌လည်းကောင်း၊
သစ်ပင်ရင်း၌လည်းကောင်း၊
ပြာသာဒ်တို့၌
လည်းကောင်း၊
လိုဏ်ဂူတို့၌
လည်းကောင်း၊
ဆိတ်ငြိမ်သော
ကျောင်း၌လည်းကောင်း
နေသည်ရှိသော်
(ဈာန်ဝင်စားသည်ရှိသော်)
ဆီမီးတိုင်ငါးတိုင်တို့သည်
ငါ့အား တောက်ပလျက်
ရှိကုန်၏။
၁၁၀။
ငါ၏
ဒိဗ္ဗစက္ခုအဘိညာဉ်သည်
အထူးစင်ကြယ်ပေ၏၊
ငါသည်
ဈာန်သမာဓိ၌
ကျွမ်း
ကျင်လိမ္မာပေ၏၊
အဘိညာဉ်၏
အထွတ်အထိပ်သို့
ရောက်ပေ၏။
ဤသို့ဖြစ်ရခြင်းသည်
ဆီမီးငါးတိုင်တို့၏အကျိုးပေတည်း။
၁၁၁။
ကြီးမားသော
လုံ့လရှိတော်မူသော
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရား
အလုံးစုံသောမဂ်တို့၌
ကျင့်သုံးခြင်းကိစ္စ
ပြီးဆုံးသော
မဂ်ကိစ္စကို
ပြုပြီးသော
အာသဝမရှိ သော
ပဉ္စဒီပမည်သော
တပည့်မသည်
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏။
၁၁၂။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဆီမီးတိုင်ကို
လှူဒါန်းခဲ့ရသော
အခါမှစ၍ မကောင်းမှု့ပြုသူတို့
လားရာ'ဒုဂ္ဂတိ'ဘဝကို
မသိစဖူးပေ။
ဤသို့ဖြစ်ရခြင်းသည်
ဆီမီး
ငါးတိုင်တို့၏
အကျိုးပေတည်း။
၁၁၃။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၁၁၄။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၁၅။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ပဉ္စဒီပိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ကိုးခုမြောက်
ပဉ္စဒီပိကာထေရီအပဒါန်
ပြီး၏။
------
၁၀-ဥဒကဒါယိကာထေရီအပဒါန်
၁၁၆။
ဗန္ဓုမတီမြို့၌
ရေသည်မ
ဖြစ်ခဲ့၏၊
ရေခပ်ခြင်းဖြင့်
အသက်မွေးရ၏၊
ထိုရေခပ်ခြင်း
ဖြင့်ပင်သားငယ်,
သမီးငယ်တို့ကို
မွေးမြူရ၏။
၁၁၇။
ကုသိုလ်မျိုးစေ့တို့၏
စိုက်ပျိုးရာ
အမြတ်ဆုံး
လယ်မြေသဖွယ်
ဖြစ်သော သံဃာ
တော်၌လှူဖွယ်ဝတ္ထုသည်လည်း
ငါ့အား မရှိ၊
ငါသည်
ရေချိုးအိမ်သို့
ချဉ်းကပ်၍
ရေကို တည်ထားခဲ့၏။
၁၁၈။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်
ငါသည် တာဝတိံသာဘုံသို့
ရောက်ရ၏၊
ထိုဘုံ၌ကောင်းစွာ
ပြုထားပြီးဖြစ်သော
ငါ၏
ဗိမာန်ကို
ရေခပ်မှုကံဖြင့်
ဖန်ဆင်းအပ်၏။
၁၁၉။
ထိုအခါ
နတ်သမီးတစ်ထောင်တို့တွင်
ငါသည်သာ
အမြတ်ဆုံး
ဖြစ်ပေ၏၊
ငါသည်
အကြောင်းအရာဆယ်ပါးတို့ဖြင့်
ထိုနတ်သမီးအားလုံးတို့ကို
အခါခပ်သိမ်း
လွှမ်းမိုးရပေ၏။
၁၂၀။
ငါးကျိပ်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
နှစ်ကျိပ်သော
စကြဝတေးမင်းတို့၏မိဖုရားအဖြစ်ကိုလည်း
ပြုခဲ့ရ၏။
၁၂၁။
နတ်ဘဝ,
လူ့ဘဝဟူသော
နှစ်မျိုးသော
ဘဝ၌ ကျင်လည်ရပေ၏၊
မကောင်းမှု
ပြုသူတို့လားရာ
'ဒုဂ္ဂတိ'
ဘဝကို
မသိစဖူးပေ။
ဤသို့
ဖြစ်ရခြင်းသည်
ရေလှူရခြင်း၏
အကျိုးပေတည်း။
၁၂၂။
တောင်ထိပ်၌လည်းကောင်း၊
သစ်ပင်ဖျား၌လည်းကောင်း၊
ကောင်းကင်၌လည်းကောင်း၊
မြေ၌လည်းကောင်း
အကြင်အခါ
ငါသည် ရေကို
အလိုရှိ၏၊
ထိုအခါ
လျင်မြန်စွာ
ရပေ၏။
၁၂၃။
မိုးမရွာသော
အရပ်သည်လည်းကောင်း၊
ပူပြင်းလျက်
ကျိုက်ကျိုက်ဆူသော
အရပ်သည်လည်းကောင်း
ငါ့အား
မရှိချေ။
မိုးကြီးသည်
ငါ၏
စိတ်အကြံအစည်ကို
သိ၍
ရွာသွန်း၏။
၁၂၄။
တစ်ရံတစ်ခါ
ဆွေမျိုးအပေါင်းသည်
ငါ့ကို
ခေါ်ဆောင်အပ်သည်ရှိသော်
အကြင်အခါ ငါသည်
မိုးကိုအလိုရှိ၏၊
ထိုအခါ
မိုးရွာခြင်းသည်
ဖြစ်ပေါ်လေ၏။
၁၂၅။
ငါ၏ ကိုယ်၌
ပူခြင်းသည်လည်းကောင်း၊
အိုက်စပ်ခြင်းသည်လည်းကောင်း
မရှိ။ ငါ၏
ကိုယ်၌မြူမှုန်သည်လည်း
မရှိ။ ဤသို့
ဖြစ်ရခြင်းသည်
ရေလှူရခြင်း၏
အကျိုးပေ
တည်း။
၁၂၆။
ငါသည် ယခု
အထူးစင်ကြယ်သော
စိတ်ရှိ၏၊ ယုတ်မာသော
စိတ်မှကင်းရှင်း
လျက်ရှိ၏၊ အလုံးစုံသော
အာသဝတို့
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ချေ။
၁၂၇။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ရေကို
လှူဒါန်းခဲ့ရသော
အခါမှစ၍
မကောင်းမှုပြုသူတို့
လားရာ'ဒုဂ္ဂတိ'ဘဝကို
မသိစဖူးပေ။
ဤသို့ဖြစ်ရခြင်းသည်
ရေလှူရ
ခြင်း၏ အကျိုးပေတည်း။
၁၂၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၁၂၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၃၀။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာ
ကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
ဥဒကဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ဆယ်ခုမြောက်
ဥဒကဒါယိကာထေရီအပဒါန်
ပြီး၏။
ရှေးဦးစွာသော
သုမေဓာဝဂ်
ပြီး၏။
------
၂-ဧကူပေါသထိကဝဂ်
၁-ဧကူပေါသထိကာထေရီအပဒါန်
၁။
ဗန္ဓုမတီမြို့၌
ဗန္ဓုမာမည်သော
မင်းသည်
ရှိ၏၊
ထိုမင်းသည်
လပြည့်နေ့၌
ဥပုသ်ကို ကျင့်သုံ၏။
၂။
ထိုအခါ ငါသည်
ထိုမြို့၌
အိုးရွက်ကျွန်မ
ဖြစ်ခဲ့၏၊
ထိုအခါ ငါသည်
မင်းနှင့်တကွ
သောစစ်သည်တော်ကို
မြင်သည်ရှိသော်
ဤသို့
ကြံစည်ခဲ့၏။
၃။
မင်းသည်သော်
လည်း
မင်းအဖြစ်ကို
စွန့်၍ ဥပုသ်ကို
ကျင့်သုံး၏၊
ထိုအမှုသည်
စင်စစ် အကျိုးရှိသည်ဖြစ်ရာ၏၊
လူအပေါင်းသည်
လွန်စွာ
ဝမ်းမြောက်လျက်
ရှိပေ၏ (ဟု
ဤသို့ ကြံစည်ခဲ့၏)။
၄။
ငါသည်
(ကြံစည်ပြီးလျှင်
)
ယုတ်နိမ့်သော
အမျိုး၌
ဖြစ်ရခြင်းကို
လည်းကောင်း၊
ဆင်းရဲရခြင်းကို
လည်းကောင်း
အသင့်အားဖြင့်
ဆင်ခြင်၍
စိတ်ကို
ရွှင်လန်းစေလျက်
ဥပုသ်ကို
ကျင့်သုံးခဲ့၏။
၅။
ငါသည်
မြတ်စွာဘုရားသာသနာတော်၌
ဥပုသ်ကို
ဆောက်တည်ပြီးလျှင်
ကောင်းစွာ
ပြုအပ်သောထိုကံကြောင့်
(ငါသည်)
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၆။
ထိုတာဝတိံသာဘုံ၌
ကောင်းစွာ
ပြုအပ်သော ငါ၏
ဗိမာန်သည်
အထက်
တစ်ယူဇနာ
တိုင်အောင်မြင့်၏၊
အထွတ်တပ်သော
မြတ်သော
ပြာသာဒ်ဆောင်နှင့်
ပြည့်စုံ၏၊
မြတ်သော
နေရာတို့ဖြင့်တန်ဆာဆင်ထားအပ်၏။
၇။
တစ်သိန်းသော
နတ်သမီးတို့သည်
ငါ့ကို အခါခပ်သိမ်း
ခစားကြကုန်၏၊
ငါသည်
အခြားသောနတ်တို့ကို
လွန်၍
အခါခပ်သိမ်း
အလွန်တင့်တယ်၏။
၈။
ခြောက်ကျိပ်လေးယောက်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရပေ၏၊
ခြောက်ကျိပ်သုံးယောက်သော
စကြဝတေးမင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရပေ၏။
၉။
ငါသည်
ရွှေအဆင်းနှင့်
တူသော
အဆင်းရှိသူဖြစ်၍
ဘဝတို့၌
ကျင်လည်ရပေ၏၊
အလုံးစုံသောဘဝတို့၌
အမြတ်ဆုံး
ဖြစ်ရပေ၏။
ဤသို့
ဖြစ်ရခြင်းသည်
ဥပုသ်
(ကျင့်သုံး
ခြင်း) ၏
အကျိုးပေတည်း။
၁၀။
ဆင်ယာဉ်,
မြင်းယာဉ်,
ရထားယာဉ်,
ထမ်းစင် ဤအလုံးစုံကိုလည်း
ရရှိပေ၏။
ဤသို့ဖြစ်ရခြင်းသည်
ဥပုသ်
(ကျင့်သုံးခြင်း)
၏ အကျိုးပေတည်း။
၁၁။
ငါသည်
ရွှေဖြင့်ပြီးသော
ငွေဖြင့်ပြီးသော
ထိုမှတစ်ပါးလည်း
ဖန်ဖြင့်ပြီးသော
ပတ္တမြား
(ကျောက်နီ)
ဖြင့်ပြီးသော
အရာဝတ္ထုအားလုံးကိုလည်း
ရရှိပေ၏။
၁၂။
ငါသည်
ပိုးထည်,
ကမ္ဗလာထည်တို့ကို
လည်းကောင်း၊
ခေါမတိုင်းဖြစ်
အထည်တို့ကို
လည်းကောင်း၊
ဝါချည်တို့ကို
လည်းကောင်း၊
အဖိုးများစွာ
ထိုက်ကုန်သော
အထည် (အဝတ်)
တို့ကို
လည်းကောင်းဤအထည်အားလုံးကိုလည်း
ရရှိပေ၏။
၁၃။
ငါသည်
ထမင်းကိုလည်းကောင်း၊
အဖျော်ကိုလည်းကောင်း၊
ခဲဖွယ်ကိုလည်းကောင်း၊
အဝတ်, အိပ်ရာ,
နေရာတို့ကို
လည်းကောင်း
ဤအားလုံးကိုလည်း
ရရှိပေ၏။
ဤသို့
ဖြစ်ရခြင်းသည်
ဥပုသ်
(ကျင့်သုံးခြင်း)
၏
အကျိုးပေတည်း။
၁၄။
ကောင်းမြတ်သော
နံ့သာကိုလည်းကောင်း၊
ပန်းကိုလည်းကောင်း၊
ကသယ် (နံ့သာ)
မှုန့်ကိုလည်းကောင်း၊
နံ့သာပျောင်းကိုလည်းကောင်း
ဤအားလုံးကိုလည်း
ရရှိပေ၏။
ဤသို့ဖြစ်ရခြင်းသည်
ဥပုသ် (ကျင့်သုံးခြင်း)
၏
အကျိုးပေတည်း။
၁၅။
အထွတ်တပ်သော
အိမ်ကိုလည်းကောင်း၊
ပြာသာဒ်ကိုလည်းကောင်း၊
မဏ္ဍပ်ကို လည်းကောင်း၊
ပြာသာဒ်ဦးပြည်းကိုလည်းကောင်း၊
လိုဏ်ဂူ
(ဥမင်)
ကိုလည်းကောင်း
ဤ အားလုံးကိုလည်း
ရရှိပေ၏။
ဤသို့
ဖြစ်ရခြင်းသည်
ဥပုသ်
(ကျင့်သုံးခြင်း)
၏ အကျိုးပေ
တည်း။
၁၆။
ငါသည်
မွေးဖွားသည်မှ
ခုနစ်နှစ်သာ
ရှိသေးလျက်
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏၊
လခွဲမရောက်မီ
အရဟတ္တဖိုလ်သို့
ရောက်ခဲ့၏။
၁၇။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝအားလုံးတို့ကို
ပယ်နုတ်အပ်ကုန်ပြီ၊
အလုံးစုံသော
အာသဝေါတို့
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌ တစ်ဖန်
ဖြစ်ခြင်းမရှိတော့ပြီ။
၁၈။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ဥပုသ်စောင့်မှုကို
ပြုခဲ့ရသော
အခါမှစ၍
မကောင်းမှုပြုသူတို့
လားရာ'ဒုဂ္ဂတိ'ဘဝကို
မသိစဖူးပေ။
ဤသို့
ဖြစ်ရခြင်းသည်
ဥပုသ်
(ကျင့်သုံးခြင်း)
၏အကျိုးပေတည်း။
၁၉။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၂၀။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၂၁။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဧကူပေါသထိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ရှေးဦးစွာသော
ဧကူပေါသထိကာထေရီအပဒါန်
ပြီး၏။
------
၂-သဠလပုပ္ဖိကာထေရီအပဒါန်
၂၂။ ထိုအခါ
ငါသည်
စန္ဒဘာဂါမြစ်ကမ်းအနီး၌
ကိန္ဒရီမ
ဖြစ်ခဲ့၏၊
လူတို့ထက်မြတ်၍နတ်ထက်နတ်ဖြစ်တော်မူသော
မြတ်စွာဘုရား
စကြøကြွနေတော်မူသည်ကို
ဖူးမြင်ရ၏။
၂၃။
ငါသည်
ထင်းရှူးပန်းကို
ဆွတ်ခူး၍
ဘုရားမြတ်အား
ပေးလှူခဲ့၏၊
မြတ်စွာဘုရား
သည်နတ်ရနံ့ရှိသော
ထင်းရှူးပန်းကို
နမ်းရှူတော်မူ၏။
၂၄။
ထိုအခါ
ကြီးမားသော
လုံ့လရှိတော်မူသော
လောက၏
ရှေ့သွား
ဝိပဿီမြတ်စွာ
ဘုရားသည် အလှူခံတော်မူပြီးလျှင်
ငါကြည့်ရှုစဉ်
နမ်းရှူတော်မူ၏။
၂၅။
ငါသည်
လက်အုပ်ချီ၍
မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင်
မိမိစိတ်ကို
ကြည်လင်စေလျက်
ထိုအရပ်မှတောင်သို့
တက်ခဲ့၏။
၂၆။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ပန်းပွင့်ကို
လှူဒါန်းခဲ့ရသော
အခါမှစ၍ မကောင်းမှုပြုသူတို့
လားရာ
'ဒုဂ္ဂတိ'
ဘဝကို မသိစဘူးပေ။
ဤသို့
ဖြစ်ရခြင်းသည်
မြတ်စွာ ဘုရားအားပူဇော်ရခြင်း၏
အကျိုးပေတည်း။
၂၇။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၂၈။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၂၉။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
သဠလပုပ္ဖိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
နှစ်ခုမြောက်
သဠလပုပ္ဖိကာထေရီအပဒါန်
ပြီး၏။
------
၃-မောဒကဒါယိကာထေရီအပဒါန်
၃၀။ ငါသည်
ဗန္ဓုမတီမြို့၌
အိုးရွက်ကျွန်မ
ဖြစ်ခဲ့၏၊
ငါသည် ငါ၏
ဝေစုအဖို့ကို
ယူ၍ ရေခပ်ရန်သွားလတ်သော် -
၃၁။
လမ်းခရီး၌
ငြိမ်သက်သော
စိတ်ရှိသော
တည်ကြည်သော
ရဟန်းကို
ဖူးမြင်ရသည်
ရှိသော် ကြည်ညိုဝမ်းမြောက်သော
စိတ်ရှိသည်ဖြစ်၍
ကတွတ် (လဍူး)
မုန့်
သုံးခုတို့ကို
လှူဒါန်းခဲ့၏။
၃၂။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း၊
ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး
ငါသည်
ဖရိုဖရဲ
ပျက်စီးကျရာ
ငရဲသို့ မရောက်ခဲ့ရပေ။
၃၃။
ငါသည် စည်းစိမ်ရှိသည်၏အဖြစ်ကို
ပြုလုပ်၍
အလုံးစုံသောစည်းစိမ်ကို
ခံစားခဲ့၏၊
ငါသည်ကတွတ်မုန့်သုံးခုတို့ကို
လှူခဲ့ခြင်းကြောင့်
တုန်လှုပ်ခြင်း
မရှိသော
နိဗ္ဗာန်သို့
ရောက်ရ ပေ၏။
၃၄။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၃၅။
ငါ၏ လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။ အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၆။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
မောဒကဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
သုံးခုမြောက်
မောဒကဒါယိကာထေရီအပဒါန်
ပြီး၏။
------
၄-ဧကာသနဒါယိကာထေရီအပဒါန်
၃၇။ ငါသည်
ဟံသာဝတီမြို့၌
ကလေးသူငယ်မ
ဖြစ်ခဲ့၏၊
ထိုအခါ ငါ၏
အမိသည်လည်းကောင်း၊
အဖသည်လည်းကောင်း
ထိုအမိ,
အဖတို့သည်
အလုပ်လုပ်ရာဌာနသို့
သွားကုန်၏။
၃၈။
နေသည်
မွန်းတည့်လတ်သော်
ငါသည် လမ်းခရီး၌
ကြွသွားတော်မူသော
ရဟန်း မြတ် ဖြစ်သောမြတ်စွာဘုရားကို
ဖူးမြင်ရ၏။
(ဖူးမြင်ရ၍
နေရာကို
ခင်းခဲ့၏)။
၃၉။
ငါ၏ နေရာကို
မွေးရှည်ကော်ဇောအရုပ်တို့ဖြင့်
ဆန်းကြယ်သော
အခင်းတို့ဖြင့်
ခင်း၍ကြည်ညိုဝမ်းမြောက်သော
စိတ်ရှိသည်
ဖြစ်၍
ဤစကားကို
လျှောက်ထားခဲ့၏-
၄၀။
မြေကြီးသည်
ပူပြင်း၏၊
ကျိုက်ကျိုက်ဆူ၏၊
နေသည် မွန်းတည့်ချိန်၌
တည်၏၊
လေတို့သည်လည်းမတိုက်ခတ်ပါကုန်၊
ဆွမ်းစားချိန်လည်း
တန်နေပါပြီ၊
အကျွန်ုပ်၏ ဤ
နေရာသို့
ကြွလာတော်မူပါလော့။
၄၁။
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ ဤနေရာကို
ခင်းထားပါ၏၊
အစဉ်သနား
ခြင်းကိုအကြောင်းပြု၍
အကျွန်ုပ်၏
နေရာ၌
ထိုင်တော်မူပါ
(ဟု ဤစကားကို
လျှောက်ထား
ခဲ့၏)။
၄၂။
လွန်စွာ
ယဉ်ကျေးတော်မူသော
စင်ကြယ်သော
စိတ်ရှိတော်မူသော
မြတ်စွာဘုရား
သည် ထိုနေရာ၌ထိုင်တော်မူ၏၊
ငါသည်
ထိုမြတ်စွာဘုရား၏
သပိတ်ကို ယူ၍
ချက်ပြုတ်ထား
သော စားဖွယ်ကိုလှူဒါန်းခဲ့၏။
၄၃။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရပေ၏။
၄၄။
ထိုဘုံ၌
ကောင်းစွာ
ပြုအပ်သော
ငါ၏ ဗိမာန်ကို
နေရာဖြင့်
ကောင်းစွာ
ဖန်ဆင်း
ထားပေ၏၊
ယူဇနာခြောက်ဆယ်
မြင့်၏၊
ယူဇနာသုံးဆယ်
ကျယ်ပြန့်၏။
၄၅။
ရွှေဖြင့်ပြီးသော,
ပတ္တမြားဖြင့်ပြီးသော,
ထိုမှတစ်ပါး
ဖလ်ဖြင့်ပြီးသော,
ကျောက်နီ
ဖြင့်လည်းပြီးကုန်သော
ပလ္လင်တို့သည်
ငါ့အား
အမျိုးမျိုး
ရှိကုန်၏။
၄၆။
လဲမွေ့ရာအခင်း၊
အရုပ်တို့ဖြင့်
ဆန်းကြယ်သော
အခင်းတို့ဖြင့်လည်းကောင်း၊
ရတနာတို့ဖြင့်ချုပ်သော
ပိုးချည်အခင်း၊
ဆန်းကြယ်သော
သားမွေးအခင်းတို့ဖြင့်လည်းကောင်း၊
နှစ်ဖက်အမွေးရှိသောသားမွေးအခင်း၊
တစ်ဖက်အမွေးရှိသော
သားမွေးအခင်း
တို့ဖြင့်လည်းကောင်း
ငါ၏
ပလ္လင်တို့သည်ကောင်းစွာ
တည်လျက်
ရှိကုန်၏။
၄၇။
အကြင်အခါ
ငါသည်
သွားခြင်းကို
အလိုရှိ၏၊
ထိုအခါ
ရယ်ရွှင်မြူးထူးခြင်းနှင့်
ပြည့်စုံလျက်ပလ္လင်မြတ်နှင့်တကွ
ငါ၏ တောင့်တရာအရပ်သို့
သွားရပေ၏။
၄၈။
ရှစ်ကျိပ်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရပေ၏၊
ခုနစ်ကျိပ်သော
စကြဝတေးမင်းတို့၏မိဖုရားအဖြစ်ကိုလည်း
ပြုခဲ့ရပေ၏။
၄၉။
ငါသည်
ဘဝကြီးငယ်၌
ကျင်လည်ရသည်ရှိသော်
များမြတ်သော
စည်းစိမ်ဥစ္စာကို
ရရှိပေ၏၊
ငါ့အားစည်းစိမ်ဥစ္စာ၌
ယုတ်လျော့သည်၏အဖြစ်
မရှိချေ။
ဤသို့ဖြစ်ရခြင်းသည်
တစ်ခုသော နေရာကိုခင်းလှူခြင်း၏
အကျိုးပေတည်း။
၅၀။
နတ်ဘဝ,
လူဘဝဟူသော
ဘဝနှစ်ပါး၌
ကျင်လည်ရပေ၏၊
အခြားတစ်ပါးသော
ဘဝတို့ကိုမသိရပေ။
ဤသို့
ဖြစ်ရခြင်းသည်
တစ်ခုသော
နေရာကို ခင်းလှူခြင်း၏
အကျိုး
ပေတည်း။
၅၁။
မင်းမျိုး,
ပုဏ္ဏားမျိုးဟူသော
အမျိုးနှစ်ပါး၌
ဖြစ်ရပေ၏၊
အလုံးစုံသော
ဘဝတို့၌ မြင့်မြတ်သောအမျိုး၌
ဖြစ်ရပေ၏။
ဤသို့ ဖြစ်ရခြင်းသည်
တစ်ခုသော
နေရာကို
ခင်းလှူ
ခြင်း၏ အကျိုးပေတည်း။
၅၂။
ငါ၏ စိတ်ကို
ပူလောင်စေတတ်သော
စိတ်ဆင်းရဲခြင်းကို
မသိရပေ၊
အဆင်းမလှ
ခြင်းကိုမသိရပေ။
ဤသို့
ဖြစ်ရခြင်းသည်
တစ်ခုသော နေရာကို
ခင်းလှူခြင်း၏
အကျိုးပေ
တည်း။
၅၃။
အထိန်းတို့သည်
ငါ့ကို
ခစားလုပ်ကျွေးကြရကုန်၏၊
ကုန်းကွသောသူ,
အစေအပါး
ဖြစ်သူတို့သည်များပြားကုန်၏၊
ရင်ခွင်တစ်ခုမှ
ရင်ခွင်တစ်ခုသို့
ပြောင်းသွားရပေ၏။
ဤသို့ ဖြစ်ရခြင်းသည်
တစ်ခုသောနေရာကို
ခင်းလှူခြင်း၏
အကျိုးပေတည်း။
၅၄။
အချို့သူတို့သည်
(ငါ့ကို)
ရေချိုးပေးကုန်၏၊
အချို့သူတို့သည်
(ငါ့ကို)
ကျွေးမွေးကုန်၏၊
အချို့သူတို့သည်
ငါ့ကို
အခါခပ်သိမ်း
ပျော်မွေ့စေကုန်၏၊
အချို့သူတို့သည်
နံ့သာ ကို
(ငါ့အား) လိမ်းကျံပေးကုန်၏။
ဤသို့
ဖြစ်ရခြင်းသည်
တစ်ခုသော
နေရာကို
ခင်းလှူခြင်း၏
အကျိုးပေတည်း။
၅၅။
မဏ္ဍပ်၌လည်းကောင်း၊
သစ်ပင်ရင်း၌လည်းကောင်း၊
ဆိတ်ငြိမ်ရာ၌လည်းကောင်း
နေလတ်သော်
ငါ၏
စိတ်အကြံကို သိ၍
ပလ္လင်သည်
ရှေ့ရှုတည်လာ၏။
၅၆။
ဤဘဝသည်
ငါ့အား
နောက်ဆုံးဖြစ်သော
ဘဝဖြစ်ပေ၏၊
ဤယခုဘဝ၌လည်း
မင်း
(မိဖုရား)
အဖြစ်ကို
စွန့်ပယ်၍
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၅၇။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
လားရာ
'ဒုဂ္ဂတိ'
ဘဝကို
မသိရပေ။
ဤသို့ ဖြစ်ရခြင်းသည်တစ်ခုသော
နေရာကို
ခင်းလှူခြင်း၏
အကျိုးပေတည်း။
၅၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၅၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၆၀။
လေးပါးသော
ပဋိသမ္ဘိ
ဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဧကာသနဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
လေးခုမြောက်
ဧကာသနဒါယိကာထေရီအပဒါန်
ပြီး၏။
------
၅-ပဉ္စဒီပဒါယိကာထေရီအပဒါန်
၆၁။ ငါသည်
ဟံသာဝတီမြို့၌
လှည့်လည်လေ့ရှိသူ
ဖြစ်၏၊ ထိုအခါ
ငါသည်
ကုသိုလ်ကိုအလိုရှိသည်ဖြစ်၍
အရံတစ်ခုမှ
အရံတစ်ခုသို့
လှည့်လည်၏။
၆၂။
လဆုတ်ပက္ခ
လကွယ်နေ့၌
(ထင်းရှူး)
ဗောဓိပင်မြတ်ကို
ဖူးမြင်ရ၏၊
ထိုဗောဓိပင်၌
စိတ်ကိုကြည်လင်စေ၍
ဗောဓိပင်ရင်း၌
ထိုင်နေ၏။
၆၃။
ထိုအခါ
လေးစားသော
စိတ်ကို ဖြစ်စေ၍
ဦးခေါင်း၌
လက်အုပ်ချီပြီးလျှင်
ဝမ်း
မြောက်ခြင်းကို့ဖြစ်စေလျက်
ဤသို့ ကြံစည်ခဲ့၏-
၆၄။
အကယ်၍
မြတ်စွာဘုရားသည်
မနှိုင်းယှဉ်နိုင်သော
ဂုဏ်ရှိသောပုဂ္ဂိုလ်,
အတုမရှိ ပြိုင်ဘက်မရှိသောပုဂ္ဂိုလ်ဖြစ်ပါမူ
ဤဗောဓိပင်သည်
ငါ့အား
တန်ခိုးပြာဋိဟာကို
ပြပါစေ
သတည်း၊
ဤဗောဓိပင်သည်ထွန်းလင်းပါစေသတည်း
(ဟု
ကြံစည်ဆင်ခြင်၏)။
၆၅။
ထိုအခါ ငါ
ကြံစည်သည်နှင့်
တစ်ပြိုင်နက်
ဗောဓိပင်သည်
ထွန်းလင်းတောက်ပ၏၊
အလုံးစုံရွှေဖြင့်ပြီးလေ၏၊
အရပ်မျက်နှာအားလုံး
တောက်ပတင့်တယ်၏။
၆၆။
ငါသည်
ခုနစ်ညဉ့်,
ခုနစ်နေ့တို့ပတ်လုံး
ထိုဗောဓိပင်ရင်း၌
ထိုင်နေခဲ့၏၊
ခုနစ်ရက် မြောက်နေ့ရောက်လတ်သော်
ဆီမီးပူဇော်ခြင်းကို
ပြုခဲ့၏။
၆၇။
ထိုအခါ
(ဗောဓိပင်၏)
နေရာကို
ဝန်းရံ၍ ဆီမီးငါးတိုင်တို့သည်
ထွန်းလင်း
တောက်ပကုန်၏၊
နေတက်သည့်တိုင်အောင်
ငါ၏
ဆီမီးတိုင်တို့သည်
တောက်ပလျက်
ရှိကုန်၏။
၆၈။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
တာဝတိံ သာဘုံသို့
ရောက်ခဲ့၏။
၆၉။
ထိုဘုံ၌ ငါ၏
ကောင်းစွာ
ပြုအပ်သော
ဗိမာန်ကို
''ပဉ္စဒီပ''ဟူ၍
ခေါ်ဆိုအပ်၏၊
(ထိုဗိမာန်သည်)
ယူဇနာခြောက်ဆယ်
အစောက်မြင့်၏၊
ယူဇနာသုံးဆယ်
ကျယ်ပြန့်၏။
၇၀။
မရေမတွက်နိုင်ကုန်သော
ဆီမီးတိုင်တို့သည်
ငါ့အား
ဝန်းရံကုန်လျက်
တောက်ပကုန်၏၊
နတ်ဘုံရှိသလောက်
ဆီမီးရောင်ဖြင့်
ထွန်းလင်းလေ၏။
၇၁။
ငါသည်
မျက်ကွယ်၌
ထိုင်နေလျက်
အကယ်၍ ကြည့်ရှုရန်
အလိုရှိအံ့။
အထက်, အောက်,
ဖီလာအားလုံးကိုပင်
မျက်စိဖြင့်
မြင်ရပေ၏။
၇၂။
အကြင်မျှလောက်
ကောင်းသောလားရာဂတိရှိသူ,
မကောင်းသောလားရာဂတိ
ရှိသူတို့ကိုကြည့်ရှုရန်
(အကယ်၍)
အလိုရှိမူ
ထိုအရပ်၌
သစ်ပင်တို့ကြောင့်လည်းကောင်း၊
တောင်တို့ကြောင့်လည်းကောင်း
ပိတ်ပင်ခြင်းသည်
မရှိချေ။
၇၃။
ရှစ်ကျိပ်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
တစ်ရာသော
စကြဝတေး မင်းတို့၏မိဖုရားအဖြစ်ကိုလည်း
ပြုခဲ့ရ၏။
၇၄။
ကပ်ရောက်ရတိုင်းသော
လူ့အဖြစ်,
နတ်အဖြစ်ဟူသမျှတို့၌
ဆီမီးတစ်သိန်းတို့သည်
ငါ့အားဝန်းရံလျက်
တောက်ပကုန်၏။
၇၅။
နတ်ပြည်မှ
စုတေ၍
အမိဝမ်း၌
ဖြစ်ခဲ့ရ၏၊ အမိဝမ်းသို့
ရောက်သည်
ဖြစ်ပါလျက်
ငါ၏ မျက်စိသည်မှိတ်ခြင်း
မရှိချေ။
၇၆။
ကောင်းမှုကံနှင့်
ပြည့်စုံသူ၏
အဖြစ်ကြောင့်
ဆီမီးတစ်သိန်းတို့သည်
မွေးဖွားရာ
အိမ်၌တောက်ပလျက်ရှိကုန်၏။
ဤသို့ ဖြစ်ရခြင်းသည်
ဆီမီးငါးတိုင်တို့၏
အကျိုးပေတည်း။
၇၇။
ငါသည်
နောက်ဆုံးဘဝသို့
ရောက်လတ်သော်
လူ့ဘဝသို့
ပြန်လည်ခဲ့၏၊
ငါသည်
မအိုရာမသေရာဖြစ်၍
ငြိမ်းအေးခြင်းသဘောရှိသော
နိဗ္ဗာန်ကို
တွေ့မြင်ရပေ၏။
၇၈။
ငါသည်
မွေးဖွားသည်မှ
ခုနစ်နှစ်သာ
ရှိသေးလျက်
အရဟတ္တဖိုလ်သို့
ရောက်ခဲ့၏၊
ဂေါတမမြတ်စွာဘုရားသည်
(ငါ၏) ဂုဏ်ကို
သိတော်မူ၍
ငါ့ကို
ရဟန်းပြုပေးတော်မူ၏။
၇၉။
မဏ္ဍပ်၌လည်းကောင်း၊
သစ်ပင်ရင်း၌လည်းကောင်း၊
ဆိတ်ငြိမ်ရာ
ကျောင်း၌လည်းကောင်းနေသည်ရှိသော်
ဆီမီးသည်
အခါခပ်သိမ်း
တောက်ပ၏။
ဤသို့
ဖြစ်ရခြင်းသည်
ဆီမီးငါးတိုင်ပူဇော်ရခြင်း၏
အကျိုးပေတည်း။
၈၀။
ငါ၏
ဒိဗ္ဗစက္ခုအဘိညာဉ်သည်
အထူးစင်ကြယ်ပေ၏၊
ငါသည်
ဈာန်သမာဓိ၌
ကျွမ်း
ကျင်လိမ္မာပေ၏၊
အဘိညာဉ်၏
အထွတ်အထိပ်သို့
ရောက်ရပေ၏။
ဤသို့
ဖြစ်ရခြင်းသည်
ဆီမီးငါးတိုင့်ပူဇော်ရခြင်း၏
အကျိုးပေတည်း။
၈၁။
ကြီးမားသော
လုံ့လရှိတော်မူ၍
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရား
အလုံးစုံ သော
မဂ်တို့၌
ကျင့်သုံးခြင်းကိစ္စ
ပြီးဆုံးသော
မဂ်ကိစ္စကို
ပြုပြီးသော
အာသဝမရှိသော
ပဉ္စဒီပါမည်သော
တပည့်တော်မသည်
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏။
၈၂။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဆီမီးတိုင်ကို
လှူဒါန်းခဲ့ရသော
အခါမှစ၍
မကောင်းမှုပြုသူတို့
လားရာ
'ဒုဂ္ဂတိ' ဘဝကို
မသိစဖူးပေ။
ဤသို့
ဖြစ်ရခြင်းသည်
ဆီမီး ငါးတိုင်
ပူဇော်ရခြင်း၏အကျိုးပေတည်း။
၈၃။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၈၄။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၈၅။
လေးပါးသော
ပဋိသမ္ဘိ
ဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ပဉ္စဒီပဒါယိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ငါးခုမြောက်
ပဉ္စဒီပဒါယိကာထေရီအပဒါန်
ပြီး၏။
------
၆-နဠမာလိကာထေရီအပဒါန်
၈၆။ ငါသည်
စန္ဒဘာဂါမြစ်ကမ်းအနီး၌
ကိန္နရီ
ဖြစ်ခဲ့၏၊
ထိုအခါ
အလိုလို
ဖြစ်တော်
မူသော
ရန်သူတို့မအောင်နိုင်သော
ကိလေသာမြူ ကင်းတော်မူသော
မြတ်စွာဘုရားကို
ဖူးမြင်ရပေ၏။
၈၇။
ငါသည်
ကြည်ညိုဝမ်းမြောက်
နှစ်သက်သော စိတ်ရှိသည်ဖြစ်၍
လက်အုပ်ချီလျက်
ကျူပန်းကိုယူပြီးလျှင်
မြတ်စွာဘုရားကို
ပူဇော်ခဲ့၏။
၈၈။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
ကိန္နရီခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည် တာဝတိံ
သာဘုံသို့ ရောက်ခဲ့၏။
၈၉။
သုံးကျိပ်ခြောက်ယောက်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရပေ၏၊
စိတ်ဖြင့်တောင့်တတိုင်းသော
အရာဝတ္ထုသည်
အလိုရှိတိုင်း
ငါ့အား
ဖြစ်လေ၏။
၉၀။
တစ်ကျိပ်သော
စကြဝတေးမင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရပေ၏၊
ငါသည် ဆည်း
ပူးအပ်သောကိုယ်,
စိတ်ရှိသည်
ဖြစ်၍သာလျှင်
ဘဝတို့၌
ကျင်လည်ခဲ့၏။
၉၁။
ငါ့အား
ကုသိုလ်သည်
ရှိ၏၊
(ထို့ကြောင့်)
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏၊
ငါသည်
ယခုသာကီဝင်မင်းသား
မြတ်စွာဘုရား၏
သာသနာတော်၌
အပူဇော်ခံထိုက်သော
ရဟန္တာဖြစ်ရ၏။
၉၂။
ငါသည် ယခု
အထူးစင်ကြယ်သော
စိတ်ရှိပေ၏၊
ယုတ်မာသော
စိတ်မှ
ကင်းရှင်း
ပေ၏၊ အလုံးစုံသော
အာသဝတို့
ကုန်ခန်းပေပြီ၊
ယခုအခါ ဘဝသစ်၌
တစ်ဖန်
ဖြစ်ရခြင်း
မရှိတော့ပြီ။
၉၃။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်လေးကမ္ဘာထက်၌
မြတ်စွာဘုရားကို
ပူဇော်ခဲ့ရသော
အခါမှစ၍မကောင်းမှု
ပြုသူတို့
လားရာ
'ဒုဂ္ဂတိ'
ဘဝကို မသိစဖူးပေ။
ဤသို့ဖြစ်ရခြင်းသည်
ကျူပန်းလှူရခြင်း၏အကျိုးပေတည်း။
၉၄။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၉၅။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၉၆။
လေးပါးသော
ပဋိသမ္ဘိ
ဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
နဠမာလိကာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ခြောက်ခုမြောက်
နဠမာလိကာထေရီအပဒါန်
ပြီး၏။
------
၇-မဟာပဇာပတိဂေါတမီထေရီအပဒါန်
၉၇။
အခါတစ်ပါး
လောကကို
ထွန်းလင်းစေတော်မူ၍
လူတို့ကို
ဆုံးမတော်မူသော
မြတ်စွာဘုရားသည်
ဝေသာလီပြည်
မဟာဝုန်တော
အထွတ်တပ်သော
ဇရပ်ကျောင်း၌
နေတော်မူ၏။
၉၈။
ထိုအခါ
မြတ်စွာဘုရား၏
မိထွေးတော်ဖြစ်သော
မဟာဂေါတမီရဟန်းမသည်
ထိုမြို့၌ဆောက်လုပ်အပ်သော
ပျော်မွေ့ဖွယ်
ကောင်းသော
ရဟန်းမကျောင်း၌
နေလေ၏။
၉၉။
ကိလေသာမှ
လွတ်ကုန်သော
ရဟန်းမငါးရာတို့နှင့်
တကွ (နေ၏၊)
ဆိတ်ငြိမ်ရာ
အရပ်သို့ချဉ်းကပ်သော
ထိုမဟာဂေါတမီအားလည်း
ဤသို့ စိတ်အကြံ
ဖြစ်လေ၏-
၁၀၀။
ငါသည် မြတ်စွာဘုရား၏
လည်းကောင်း၊
အဂ္ဂသာဝကအစုံ၏လည်းကောင်း၊
အသျှင်
ရာဟုလာ,
အသျှင်အာနန္ဒာ,
အသျှင်နန္ဒတို့၏လည်းကောင်း
ပရိနိဗ္ဗာန်ပြုတော်မူခြင်းကို
ဖူးမြင် ရန်
ရလိမ့်မည်မဟုတ်ချေ။
၁၀၁။
မြတ်စွာဘုရား၏
လည်းကောင်း၊
အဂ္ဂသာဝကအစုံ၏လည်းကောင်း၊
အသျှင်မဟာ
ကဿပ, အသျှင်နန္ဒတို့၏လည်းကောင်း၊
အသျှင်အာနန္ဒာ,
အသျှင်ရာဟုလာတို့၏လည်းကောင်းပရိနိဗ္ဗာန်ပြုတော်မူသည်မှ-
၁၀၂။
ရှေးဦးစွာ
အာယုသင်္ခါရကို
စွန့်လွှတ်ပြီးလျှင်
လောက၏
ကိုးကွယ်ရာ
ဖြစ်တော် မူသော
မြတ်စွာဘုရားသည်
ခွင့်ပြုတော်မူအပ်သည်
ဖြစ်၍ (ငါသည်)
ငြိမ်းအေးရာ
နိဗ္ဗာန်သို့
သွားတော့အံ့၊
(ဤသို့ စိတ်အကြံ
ဖြစ်၏)။
၁၀၃။
ရဟန်းမငါးရာတို့အားလည်း
ထို့အတူပင်
စိတ်အကြံ
ဖြစ်လေ၏၊
ခေမာစသောရဟန်းမတို့အားလည်း
ဤသို့သော
စိတ်အကြံသည်ပင်
ဖြစ်လေ၏။
၁၀၄။
ထိုအခါ
မြေလှုပ်ခြင်းသည်
ဖြစ်လေ၏၊ နတ်စည်တို့သည်
မြည်ဟည်းကုန်၏၊
ရဟန်းမကျောင်းကို
(စိုးအုပ်၍
နေသော)
နတ်တို့သည်
စိုးရိမ်ခြင်းဖြင့်
နှိပ်စက်အပ်ကုန်သည်
ဖြစ်၍-
၁၀၅။
အလွန်သနားစဖွယ်
ငိုကြွေးမြည်တမ်းကုန်လျက်
ထိုကျောင်း၌
မျက်ရည်တို့ကို
ဖြစ်စေကုန်၏။
မိတ်ဆွေရဟန်းမတို့သည်
ထိုနတ်တို့နှင့်
အတူတကွ
မဟာဂေါတမီအထံသို့
ချဉ်းကပ်၍-
၁၀၆။
ခြေတို့ကို
ဦးတိုက်ကာ
ဤစကားကို
လျှောက်ထားကုန်၏-
အရှင်မ အကျွန်ုပ်တို့
သည်ထိုကျောင်း၌
ရေပေါက်ဖြင့်
ဆွတ်ဖြန်းကုန်လျက်
ဆိတ်ငြိမ်ရာအရပ်သို့
ချဉ်းကပ်ကုန်၏။
၁၀၇။
ထိုမြေသည်လည်း
မလှုပ်စဖူး
လှုပ်ခဲ့ပါ၏၊
နတ်စည်တို့သည်လည်း
မြည်ဟည်းပါကုန်၏၊
ငိုကြွေးသံတို့ကိုလည်း
ကြားရပါကုန်၏၊
အရှင်မဂေါတမီ
အဘယ်အကျိုးငှါ
ဖြစ်ပါကုန် သနည်း
(ဟုဤစကားကို
လျှောက်ထားကုန်၏)။
၁၀၈။
ထိုအခါ
ထိုမဟာဂေါတမီသည်
(မိမိ) ကြံစည်သည့်အတိုင်း
အလုံးစုံကိုမိန့်ဆို၏၊
ထိုရဟန်းမအားလုံးတို့သည်လည်း
(မိမိတို့) ကြံစည်ကြသည့်အတိုင်း
လျှောက်ထားကြကုန်၏။
၁၀၉။
အရှင်မ
အရှင်မသည်
ချမ်းမြေ့သော
အမြတ်ဆုံး
နိဗ္ဗာန်ကို
အကယ်၍
နှစ်သက် အံ့၊
မြတ်စွာဘုရား
ခွင့်ပြုချက်ဖြင့်
ကောင်းသော အကျင့်သီလရှိသော
အကျွန်ုပ်တို့အားလုံးပင်ပရိနိဗ္ဗာန်ပြုပါကုန်အံ့။
၁၁၀။
အကျွန်ုပ်တို့သည်
အိမ်မှလည်းကောင်း၊
ဘဝမှလည်းကောင်း
အတူတကွသာလျှင်ထွက်မြောက်ကုန်၍
ငြိမ်းအေးသော
အမြတ်ဆုံး
နိဗ္ဗာန်သို့လည်း
အတူတကွသာလျှင်
သွားပါ
ကုန်အံ့ (ဟုလျှောက်ထားကုန်၏)။
၁၁၁။
ထိုအခါ
ထိုမဟာဂေါတမီသည်
ပရိနိဗ္ဗာန်
ပြုခြင်းငှါ
ကျင့်ကုန်သော
ပြောဆိုကုန် သောရဟန်းမတို့အား
ငါသည်
အဘယ်သို့
ပြောဆိုရမည်နည်းဟု
မိန့်ဆိုလျက်
ရဟန်းမတို့၏
ကျောင်းမှ့ရဟန်းမအားလုံးတို့နှင့်တကွ
ထွက်၏။
၁၁၂။
အကြင်နတ်တို့သည်
ရဟန်းမကျောင်း၌
အုပ်စိုးလျက်
နေကုန်၏၊
ထိုနတ်တို့သည်
အကျွန်ုပ်အားသည်းခံပါကုန်လော့၊
ဤရဟန်းမကျောင်းကို
ရှုမြင်ခြင်းသည်
အကျွန်ုပ်၏
နောက်ဆုံးဖြစ်သောရှုမြင်ခြင်းပင်တည်း။
၁၁၃။
အကြင်နိဗ္ဗာန်၌
အိုခြင်းသည်လည်းကောင်း၊
သေခြင်းသည်လည်းကောင်း၊
မုန်း သူတို့နှင့်ပေါင်းသင်းရခြင်းသည်လည်းကောင်း၊
ချစ်သူတို့နှင့်
ကွေကွင်းရခြင်းသည်လည်းကောင်း
မရှိချေ။
ငါသည်အကြောင်းတရားတို့
မပြုပြင်အပ်သော
ထိုနိဗ္ဗာန်သို့
သွားတော့ အံ့။
၁၁၄။
ရာဂမကင်းသေးကုန်သော
မြတ်စွာဘုရား၏
သမီးတော်တို့သည်
ထိုစကားကိုကြားရကုန်သည်ရှိသော်
စိုးရိမ်ခြင်းဖြင့်
နှိပ်စက်ကုန်လျက်
ငါတို့အား
ဘုန်းကံနည်းပါးလေကုန်စွတကားဟု
ငိုကြွေးကြလေကုန်၏။
၁၁၅။
ဤရဟန်းမကျောင်းသည်
ထိုရဟန်းမတို့နှင့်
ကင်း၍
ဆိတ်သုဉ်းခဲ့လေ၏၊
မိုးလင်း သောအခါ'ကြယ်
(တာရာ)
တို့ကဲ့သို့'
မြတ်စွာဘုရားသမီးတော်တို့ကို
မတွေ့မြင်ရကုန်။
၁၁၆။
ဂင်္ဂါမြစ်သည်
မြစ်ငယ်ငါးရာတို့နှင့်
တကွသာလျှင်
သမုဒ္ဒရာသို့
သွားသကဲ့သို့
ထို့
အတူမဟာဂေါတမီသည်
ရဟန်းမငါးရာတို့နှင့်
အတူတကွ
နိဗ္ဗာန်သို့
ကြွသွားလေ၏။
၁၁၇။
သဒ္ဓါတရားရှိကုန်သော
ဥပါသိကာမတို့သည်
လမ်းခရီး၌
ကြွသွားကုန်သော
ရဟန်းမတို့ကိုမြင်သည်ရှိသော်
အိမ်မှ
ထွက်ပြီးလျှင်
ခြေတို့၌
ဦးတိုက်၍
ဤစကားကို
လျှောက်ထားကုန်၏-
၁၁၈။
စည်းစိမ်ရှင်မကြီး
(အကျွန်ုပ်တို့ကို)
ကြည်လင်စေပါလော့၊
ကိုးကွယ်ရာမဲ့ကုန်သော
အကျွန်ုပ်တို့ကိုစွန့်ပစ်၍
အရှင်မသည်
ပရိနိဗ္ဗာန်ပြုရန်
မသင့်ပါဟု
အလိုဖြင့်
နှိပ်စက်ကုန်
သော
ထိုဥပါသိကာမတို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
၁၁၉။
ထိုဥပါသိကာမတို့၏
စိုးရိမ်ခြင်းကို
ပယ်ဖျောက်ခြင်းအကျိုးငှါ
ချိုသာသော
စကား ကို
မိန့်ဆို၏၊ ချစ်သမီးတို့
ငိုခြင်းဖြင့်
အကျိုးမရှိ၊
ယခု
ဤအခါသည်ကား
သင်တို့အား
ရွှင်ပြုံးရမည့်
အခါတည်း။
၁၂၀။
ငါသည်
ဒုက္ခကို
ပိုင်းခြား၍
သိအပ်ပြီ၊
ဒုက္ခ၏
အကြောင်းကို
ကြဉ်ပယ်အပ်ပြီ၊
ငါသည်ဒုက္ခချုပ်ရာ
(နိဗ္ဗာန်)
ကို
မျက်မှောက်ပြုအပ်ပြီ၊
မဂ်ကိုလည်းကောင်းစွာ
ပွါးများ
အပ်ပြီ။
ပထမ
ဘာဏဝါရ
ပြီး၏။
၁၂၁။ ငါသည်
မြတ်စွာဘုရားကို
လုပ်ကျွေးအပ်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပြီ၊
လေးလံသော
ခန္ဓာဝန်ကို
ချအပ်ပြီ၊
ဘဝကို
ဆောင်တတ်သော
တဏှာ ကိုပယ်နုတ်အပ်ပြီ။
၁၂၂။
အကြင်အကျိုးငှါ
အိမ်မှ ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏၊
ငါသည် အလုံးစုံသောသံယောဇဉ်ကုန်ရာ
ထိုအကျိုးသို့
အစဉ်ရောက်အပ်ပြီ။
၁၂၃။
မြတ်စွာဘုရားသည်
လည်းကောင်း၊
ထိုမြတ်စွာဘုရား၏
သူတော်ကောင်းတရား
သည်လည်းကောင်းမယုတ်လျော့မူ၍
အကြင်မျှလောက်
တည်၏။ ထိုမျှလောက်
ငါ၏
ပရိနိဗ္ဗာန်ပြုရန်
အခါတည်း။
ချစ်သမီးတို့
ငါ့ကို
မစိုးရိမ်ကုန်လင့်။
၁၂၄။
အသျှင်ကောဏ္ဍည,
အသျှင်အာနန္ဒာ,
အသျှင်နန္ဒစသည်တို့သည်လည်းကောင်း၊
အသျှင်ရာဟုလာသည်လည်းကောင်း၊
မြတ်စွာဘုရားသည်
လည်းကောင်း
တည်ရှိကုန်၏။
သံဃာသည်လည်း
ချမ်းသာခြင်း
ရှိ၏၊
ညီညွတ်၏၊
တိတ္ထိတို့သည်လည်း
မာန်မူခြင်းကို
ပယ်
ဖျောက်ပြီးဖြစ်ကုန်၏။
၁၂၅။
ဩက္ကာကရာဇ်အနွယ်၏
ဂုဏ်သတင်းကို
စိုက်ထူ၍
မာန်ကို
နှိမ်နင်းအပ်ပြီ၊
ချစ်သမီးတို့
ယခုအခါငါ
ပရိနိဗ္ဗာန်ပြုဖို့ရန်
အခါ
မဟုတ်ပါလော။
၁၂၆။
ငါသည်
တစ်သိန်းကမ္ဘာ
ကြာမြင့်စွာသော
အခါမှစ၍
အကြင်နိဗ္ဗာန်ကို
တောင့်တခဲ့၏၊
ထိုနိဗ္ဗာန်သည်
ယခု
ပြည့်စုံ၏၊
ဤအခါသည် ဝမ်းမြောက်ဖွယ်
စည်ရွမ်းရမည့်
အခါတည်း။
ချစ်သမီးတို့သင်တို့အား
ယိုစီးသော
မျက်ရည်တို့ဖြင့်
အဘယ်အကျိုးရှိ
အံ့နည်း။
၁၂၇။
အကယ်၍
ငါ့အပေါ်
သနားကြင်နာခြင်း
အကယ်၍
ရှိသည်ဖြစ်အံ့၊
ပြုခဲ့သော
ကျေးဇူးကိုသိသည်၏
အဖြစ်သည်လည်း
အကယ်၍
ရှိသည်ဖြစ်အံ့။
ဤသို့
ဖြစ်သည်ရှိသော်
ဥပါသိကာမအားလုံးတို့သည်
သူတော်ကောင်းတရား
တည်ခြင်းငှါ
မြဲမြံစွာ
လုံ့လ
ပြုကုန်
လော့။
၁၂၈။
ငါတောင်းပန်အပ်သည်ဖြစ်၍
မြတ်စွာဘုရားသည်
မိန်းမတို့အား
ရဟန်းအဖြစ်ကို
ပေးခဲ့၏၊
ထို့ကြောင့်
ငါ
နှစ်သက်သဘောကျသည့်အတိုင်း
ထိုလုံ့လကို
အစဉ်တည်ကြကုန်
လော့။
၁၂၉။
ထိုဥပါသိကာမတို့ကို
ဤသို့ ဆုံးမပြီးလျှင်
ရဟန်းမတို့ဖြင့်
ခြံရံလျက်
မြတ်စွာ
ဘုရားထံသို့
ချဉ်းကပ်၍
ရှိခိုးပြီးသော်
ဤစကားကို
လျှောက်ထားလေ၏။
၁၃၀။
ကောင်းသော
စကားကို
ဆိုတော်မူတတ်သော
မြတ်စွာဘုရား
အကျွန်ုပ်သည်
အရှင်ဘုရား၏ မယ်တော်ပါတည်း၊
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရားသည်
ကား အကျွန်ုပ်၏ခမည်းတော်ပါတည်း၊
သူတော်ကောင်းတရား
ချမ်းသာကို
ပေးတော်မူတတ်သော
လူတို့ကို းကွယ်ရာဖြစ်တော်မူသော
ဂေါတမမြတ်စွာဘုရား
အကျွန်ုပ်သည်
အရှင်ဘုရားမှ
မွေးဖွားသူ ဖြစ်ပါ၏။
၁၃၁။
မြတ်စွာဘုရား
အရှင်ဘုရား၏
ဤရူပကာယကို
အကျွန်ုပ်သည်
ကောင်းစွာ
ကြီးပွါးစေအပ်ပါ၏၊
အကျွန်ုပ်၏
မကဲ့ရဲ့ထိုက်သော
တရားတည်းဟူသော
ကိုယ်ကို အရှင်
ဘုရားသည်
ကောင်းစွာကြီးပွါးစေအပ်ပါ၏။
၁၃၂။
အကျွန်ုပ်သည်
အရှင်ဘုရားကို
တစ်မုဟုတ်မျှ
တပ်ခြင်းကို
ငြိမ်းအေးစေနိုင်သော
နို့ရည်ကိုတိုက်ကျွေးခဲ့ပါ၏၊
အရှင်ဘုရားသည်
ကား
အကျွန်ုပ်ကို
စင်စစ်
ငြိမ်းအေးသော
တရားတည်းဟူသောနို့ရည်ကို
တိုက်ကျွေးတော်မူပါ၏။
၁၃၃။
မြတ်စွာဘုရား
အရှင်ဘုရားသည်
အကျွန်ုပ်အား
ကိလေသာအနှောင်အဖွဲ့မှ
စောင့်ရှောက်ခြင်းကြောင့်
နို့ဖိုးကြွေး
မရှိပါ၊ သားကို
အလိုရှိကုန်သော
မိန်းမတို့သည်
သားဆု
တောင်းကုန်၍ထိုသို့
သဘောရှိသော
သားကို
ရကုန်၏။
၁၃၄။
''မန္ဓာတု''စသော
မင်းတို့၏ အကြင်အမိသည်
ရှိ၏၊
ထိုအမိသည်
ဘဝဟူသော
သမုဒ္ဒရာ၌နစ်မြုပ်ရ၏၊
သားတော်ဘုရား
အရှင်ဘုရားသည်
အကျွန်ုပ်ကို
ဘဝဟူသော
သမုဒ္ဒရာမှကယ်တင်တော်မူပါပေ၏။
၁၃၅။
မိန်းမတို့အား
မင်း၏
မယ်တော်,
မိဖုရားဟူသော
အမည်ကို
ရလွယ်ပါ၏၊
မြတ်စွာဘုရား၏
မယ်တော်ဟူသော
အကြင်အမည်သည်
ရှိ၏၊ ထိုအမည်ကို
အလွန်ရခဲပါ၏။
၁၃၆။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်
ဆုတောင်းသော
ထို အမည်ကိုလည်းအရှင်ဘုရားကြောင့်
ရအပ်ပါပြီ၊
အကျွန်ုပ်သည်
ငယ်သည်လည်းဖြစ်သော
ကြီးသည်လည်းဖြစ်သောထိုအလုံးစုံကို
ပြည့်စေအပ်ပါပြီ။
၁၃၇။
အကျွန်ုပ်သည်
ဤကိုယ်ကောင်ကို
စွန့်ပယ်၍
ပရိနိဗ္ဗာန်ပြုရန်
အလိုရှိပါ၏၊
လုံ့လရှိတော်မူသော
ဒုက္ခအဆုံးကို
ပြုတတ်သော
မြတ်စွာဘုရား
အကျွန်ုပ်အား
ခွင့်ပြု
တော်မူပါ။
၁၃၈။
စကြာချွန်းတောင်း
တံခွန်တို့ဖြင့်
ပြွမ်းကုန်၍
'ကြာကဲ့သို့'
နူးညံ့ကုန်သော
ခြေတော်တို့ကိုဆန့်တော်မူပါ၊
သားတော်ဘုရား
အရှင်ဘုရား၏
မြတ်သော
ခြေတော်တို့ကို
ရှိခိုးခြင်းကို
ပြုပါအံ့။
၁၃၉။
မြတ်စွာဘုရား
ရွှေတုံးနှင့်
တူသော ကိုယ်တော်ကို
ထင်ရှားအောင်
ပြုတော်မူပါ၊
အရှင်ဘုရား၏
ကိုယ်တော်ကို
ကောင်းစွာ
ဖူးမြင်ခြင်းကို
ပြု၍
ငြိမ်းအေးရာ
နိဗ္ဗာန်သို့
သွားပါ
တော့အံ့ (ဟု
ဤစကားကိုလျှောက်ဆို၏)။
၁၄၀။
မြတ်စွာဘုရားသည်
သုံးဆယ့်နှစ်ပါးသော
လက္ခဏာတို့နှင့်
ပြည့်စုံသော
ရောင်
ခြည်တော်တို့ဖြင့်တန်ဆာဆင်အပ်သော
ကိုယ်တော်ကို
'တစ်ခဲနက်သော
ဆည်းဆာရောင်မှ
နေလုလင်ကဲ့သို့'မိထွေးတော်ဂေါတမီအား
ပြတော်မူ၏။
၁၄၁။
ထိုအခါ
ထိုမိထွေးတော်ဂေါတမီသည်
'ပွင့်သော
ကြာနှင့်
တူသော
နေလုလင်ကဲ့
သို့' ထွက်သောရောင်ခြည်ရှိသော
စက်လက္ခဏာတို့ဖြင့်
ခတ်နှိပ်အပ်သော
ခြေဖဝါးအပြင်၌
ဦးခေါင်းဖြင့်
တိုက်လေ၏။
၁၄၂။
အာဒိစ္စဝင်မင်းမျိုးတို့၏
မှန်ကင်းသဖွယ်ဖြစ်သော
လူတို့၏
နေမင်းဖြစ်သော
မြတ်စွာဘုရားနောက်ဆုံးဖြစ်သော
သေခါနီး အခါ၌
အရှင်ဘုရားအား
ရှိခိုးပါ၏၊
အကျွန်ုပ် သည်
အရှင်ဘုရားကို
တစ်ဖန် မဖူးမြင်ရပါတော့အံ့။
၁၄၃။
လောကထက်
မြတ်တော်မူသော
မြတ်စွာဘုရား
မိန်းမတို့
မည်သည်ကို
အလုံးစုံ
သောအပြစ်တို့၏
တည်ရာတို့ဟု
သိအပ်ပါကုန်၏၊
သနားခြင်း၏
တည်ရာ
ဖြစ်တော်မူသော
မြတ်စွာဘုရားအကယ်၍
အကျွန်ုပ်အား
တစ်စုံတစ်ရာသော
အပြစ်သည်
ရှိအံ့၊
သည်းခံတော်
မူပါ။
၁၄၄။
မြတ်စွာဘုရား
မိန်းမတို့၏
ရဟန်းအဖြစ်ကိုလည်း
အကျွန်ုပ်သည်
အကြိမ်ကြိမ်
တောင်းပန်ခဲ့ပါ၏၊
ထိုသို့တောင်းပန်ရာ၌
အကယ်၍
အကျွန်ုပ်အား
အပြစ်ရှိပါအံ့၊
ထိုအပြစ်ကို
သည်းခံတော်မူပါ။
၁၄၅။
မြတ်စွာဘုရား
အကျွန်ုပ်သည်
အရှင် ခွင့်ပြုချက်ဖြင့်
ရဟန်းမတို့ကို
ဆုံးမအပ်ပါကုန်၏၊
ထိုသို့ဆုံးမရာ၌
အကယ်၍
မကောင်းသော
ထုတ်ဆောင်ခြင်း
ရှိအံ့၊
သည်းခံခြင်းကို
အစိုးရသော
မြတ်စွာဘုရားအရှင်ဘုရားသည်
ထိုအပြစ်ကို
သည်းခံတော်မူပါ
(ဟု
တောင်းပန်၏)။
၁၄၆။
ဂုဏ်တို့ဖြင့်
တန်ဆာဆင်အပ်သော
မိထွေးတော်ဂေါတမီ
သည်းခံဖွယ်
မလိုသော
အရာ၌သည်းခံဖွယ်မည်သည်
အဘယ်မှာ
ရှိအံ့နည်း၊
ပရိနိဗ္ဗာန်ပြုခြင်းငှါ
သွားတော့မည့်
ဆဲဆဲဖြစ်သော
သင့်အားအဘယ်မှာ
အတုန့်အပြန်
ပြောရပါတော့အံ့နည်း။
၁၄၇။
'မိုးသောက်သောအခါ၌
ကွယ်ပျောက်ခြင်းသို့
ရောက်ကုန်သော
နက္ခတ်တာရာတို့
ကိုမြင်ရသောကြောင့်
လရေးသည်
ကမ္ဘာ့မြင်ကွင်းမှ
ထွက်ခွါသွားသကဲ့သို့'
ဤလောကမှ
ထွက်မြောက်ဖို့ရန်လိုလားနှစ်သက်ကုန်သော
မယုတ်မလျော့
စင်ကြယ်သော ငါဘုရား၏
တပည့်ရဟန်းအပေါင်းတို့ကိုမြင်ရသောကြောင့်
ငါဘုရားသည်
လည်း လောကမှ
ထွက်ခွါသွားရ
လတ္တံ့ (ဟု
မိန့်တော်မူ၏)။
၁၄၈။
'လသို့
အစဉ်လိုက်ကုန်သော
ကြယ်တာရာတို့သည်
မြင်းမိုရ်တောင်ကို
လက်ယာ
ရစ်လှည့်သည်ကိုပြုသကဲ့သို့'
ထိုမဟာဂေါတမီမှ
တစ်ပါးကုန်သော
ရဟန်းမတို့သည်
ဘုရား မြတ်ကိုလက်ယာရစ်လှည့်သည်ကို
ပြု၍ ခြေတော်၌
ဦးတိုက်ကာ
ထိုမျက်နှာတော်ကို
ဖူးမြော်
ကုန်လျက်တည်ကုန်၏။
၁၄၉။
အရှင်ဘုရား
ဖူးမြင်ခြင်းဖြင့်
မျက်စိသည်
မရောင့်ရဲနိုင်ဖူးပါ၊
အရှင်ဘုရား၏
တရားစကားဖြင့်နားသည်
မရောင့်ရဲနိုင်ဖူးပါ၊
သက်သက်
အာရုံတစ်ခုသာ
ရှိသော
အကျွန်ုပ်၏
စိတ်သည်
ထိုနိဗ္ဗာန်သို့ရောက်၍
တရားအရသာဖြင့်
မရောင့်ရဲနိုင်ပါ။
၁၅၀။
လူတို့၏
ရှေ့သွား
မြတ်စွာဘုရား
'တီးမှုတ်အပ်သော
တူရိယာကို
တီးမှုတ်သကဲ့
သို့'ပရိသတ်
(အလယ်) ၌
မိန့်မြွက်တော်မူသော
အရှင်၏
နှုတ်ခမ်းတော်ကို
အကြင်သူတို့
သည်ဖူးမြင်ရကုန်၏၊
ထိုသူတို့သည်
ဘုန်းကံကြီးမားသူတို့ပါပေတည်း။
၁၅၁။
ဂုဏ်ကို
ဆောင်တော်မူသော
မြတ်စွာဘုရား
အကြင်သူတို့သည်
(အရှင်ဘုရား၏
) ရှည်သောခြေချောင်းတော်
နီမြန်းသော
ခြေသည်းတော်
ရှည်သော
ဖနောင့်တော်ရှိကုန်သော
လှပတင့်တယ်သောခြေတို့ကို
ရှိခိုးကြရကုန်၏၊
ထိုသူတို့သည်လည်း
ဘုန်းကံကြီးမားသူတို့ပါ
ပေတည်း။
၁၅၂။
လူတို့ထက်
မြတ်တော်မူသော
မြတ်စွာဘုရား
အကြင်သူတို့သည်
စိတ်နှလုံးကိုရွှင်ပြုံးစေတတ်ကုန်သော
အပြစ်မျိုးမှ
သန့်ရှင်းကုန်သော
အစီးအပွါးနှင့်
စပ်ကုန်သော
အရှင် ဘုရား၏
့ချိုမြိန်သာယာဖွယ်သော
စကားတော်တို့ကို
ကြားနာကြရကုန်၏၊
ထိုသူတို့သည်
လည်းဘုန်းကံကြီးမားသူတို့ပါပေတည်း။
၁၅၃။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ကောင်းသော
စကားကြောင့်အသရေရှိတော်မူသော
အရှင်ဘုရား၏
ခြေတော်တို့ကို
မြတ်နိုးပူဇော်ရခြင်း
ကြောင့် သံသရာခရီးခဲမှကူးမြောက်ရခြင်းသည်
ဘုန်းကံကြီးမားလှပါပေ၏။
၁၅၄။
ထို့နောက်
ကောင်းသော
အကျင့်ရှိသော
ထိုမဟာဂေါတမီသည်
ရဟန်းသံဃာကို
လည်းကောင်း၊
အသျှင်ရာဟုလာ,
အသျှင်အာနန္ဒာ,
အသျှင်နန္ဒတို့ကိုလည်းကောင်း
ပန်ကြား
ရှိခိုး၍
ဤစကားကိုလျှောက်ထား၏-
၁၅၅။
မြွေ၏
နေရာနှင့်
တူသော
ရောဂါအနာတို့၏
နေရာဖြစ်သော
ဒုက္ခ၏
ပေါင်းစုရာ
ဖြစ်သောအိုခြင်း,
သေခြင်း၏
ကျက်စားရာဖြစ်သော
ကိုယ်ကောင်၌
အကျွန်ုပ်သည်
ငြီးငွေ့
ပါပြီ။
၁၅၆။
အထူးထူးသော
အပြစ်အညစ်အကြေးတို့ဖြင့်
ပြွမ်းသော
သူတစ်ပါးနှင့်
စပ်သောအားထုတ်ခြင်းမရှိသော
ကိုယ်ကောင်၌
အကျွန်ုပ်သည်
ငြီးငွေ့ပါပြီ၊
ထို့ကြောင့်
ပရိနိဗ္ဗာန်ပြုရန်အလိုရှိပါ၏၊
ချစ်သားတို့
ခွင့်ပြုတော်မူကြပါကုန်
(ဟု ဤစကားကို
လျှောက်ဆို၏)။
၁၅၇။
အသျှင်နန္ဒသည်လည်းကောင်း၊
အသျှင်ရာဟုလာသည်လည်းကောင်း
အာသဝမ
ရှိကုန်သည်ဖြစ်၍ပူဆွေးခြင်းကင်းကုန်လျက်
မတုန်လှုပ်သော
တည်ခြင်းဖြင့်
မြဲမြံစွာ
တည်ပြီး
လျှင် တရားသဘောကိုအသင့်ဆင်ခြင်ကုန်၏။
၁၅၈။
အကြောင်းတို့
ပေါင်းစပ်
ပြုပြင်စီရင်အပ်သော
သင်္ခါရတရားသည်
လျှပ်ပေါ်လော်
လည်၏၊
အနှစ်မရှိ၊
ငှက်ပျောတုံးဥပမာရှိ၏၊
မျက်လှည့်,
တံလျှပ်နှင့်
တူ၏၊ ကာလတိုတောင်း၏၊
အမြဲမတည်တံ့၊
စက်ဆုပ်ဖွယ်
ဖြစ်၏။
၁၅၉။
ယင်းသင်္ခါရမည်သည်၌
မြတ်စွာဘုရားကို
မွေးမြူခဲ့သော
မြတ်စွာဘုရား၏
ဤမိထွေးတော်ဂေါတမီသည်ပင်
(တစ်ကိုယ်တည်း)
နိဗ္ဗာန်သို့
သွားရ၏၊
အလုံးစုံသော
သင်္ခါရ သည်
အမြဲမရှိ (ဟု
တရားသဘောကို
အသင့်အားဖြင့်)
ဆင်ခြင်ကြကုန်၏)။
၁၆၀။
ထိုအခါ
မြတ်စွာဘုရားကို
လုပ်ကျွေးခြင်း၌
ပြေပြစ်သော
အာနန္ဒာသည်ကား
သေခပုဂ္ဂိုလ်တည်း၊
ထိုအသျှင်အာနန္ဒာသည်
စိုးရိမ်ခြင်းဖြင့်
နှိပ်စက်၍
ထိုနေရာ၌ မျက်ရည်
ယိုစီးလျက်
သနားစဖွယ်ငိုကြွေး၏။
၁၆၁။
ဂေါတမီသည်
နိဗ္ဗာန်သို့
ဪ သွားဘိ၏တကား၊
မြတ်စွာဘုရားသည်
လည်း
'လောင်စာမရှိသောမီးကဲ့သို့'
မကြာမြင့်မီပင်
နိဗ္ဗာန်သို့
ကြွသွားလိမ့်မည်တကား
(ဟု သနား
စဖွယ် ငိုကြွေး၏)။
၁၆၂-၁၆၃။
ဂေါတမီသည်
ဤသို့ငိုကြွေးမြည်တမ်းနေသော
ထိုအာနန္ဒာမထေရ်ကို
''သမုဒ္ဒရာကဲ့သို့နက်နဲသော
အကြား,
အမြင်ရှိသော
မြတ်စွာဘုရားကို
အမြဲမပြတ်
လုပ်ကျွေး
ခြင်း၌
နှစ်ခြိုက်သောသားတော်ချစ်
အာနန္ဒာ
ရွှင်လန်းဖွယ်
အခါသည် ရှေးရှုတည်ရှိပါလျက်
စိုးရိမ်ရန်
မသင့်၊
သားတော်,
သားတော်သည်
အကျွန်ုပ်၏
ကိုးကွယ်ရာပါတည်း၊
အရှင့်
ကြောင့်
အဆုံးဖြစ်သော
နိဗ္ဗာန်သို့ရောက်ရပါ၏။
၁၆၄။
သားမောင်
အရှင်သည်
တိုက်တွန်းအပ်သည်
ဖြစ်၍
အကျွန်ုပ်တို့အား
ရဟန်း
အဖြစ်ကိုမြတ်စွာဘုရား
ခွင့်ပြုတော်မူပါ၏၊
ချစ်သား
စိတ်မကောင်းခြင်း
မဖြစ်ပါလင့်၊
အရှင်၏ အားထုတ်၍အပင်ပန်းခံခြင်းသည်
အကျိုးရှိပါ၏။
၁၆၅။
အကြင်နိဗ္ဗာန်ကို
ပူရဏကဿပစသော
ရှေးတိတ္ထိဆရာတို့သည်ပင်
မမြင်နိုင်၊
ထို
နိဗ္ဗာန်ကိုခုနစ်နှစ်မျှရှိသေးသော
သတို့သမီးငယ်တို့သည်
သိအပ်ပါ၏။
၁၆၆။
မြတ်စွာဘုရား၏
သာသနာတော်ကို
စောင့်ရှောက်တတ်သော
သားတော်အာနန္ဒာ
အရှင့်အား ဖူးမြင်ခြင်းသည်
နောက်ဆုံးဖြစ်သော
ဖူးမြင်ခြင်းပါတည်း၊
သားတော်အာနန္ဒာ
အကြင်နိဗ္ဗာန်သို့
သွားသောသူသည်
မထင်၊ ထိုနိဗ္ဗာန်သို့
အကျွန်ုပ်သည်
သွားပါတော့အံ့'
(ဟု
လျှောက်၏)။
၁၆၇။
လောကထက်
မြတ်တော်မူသော
မြတ်စွာဘုရားသည်
တရားကို
ဟောလတ်သော်
တစ်ရံတစ်ခါချေဆတ်တော်မူ၏၊
ထိုအခါ
အကျွန်ုပ်သည်
အစဉ်သနားသည်ဖြစ်၍
တောင့်တ
အပ်သော
စကားကိုလျှောက်ထား၏။
၁၆၈။
ကြီးသော
လုံ့လရှိသော
မြတ်စွာဘုရား
(အရှင်ဘုရားသည်
) ကြာမြင့်စွာ
အသက်ရှည်တော်မူပါစေ၊
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရားသည်
တစ်ကမ္ဘာ
ပတ်လုံးတည်တော်မူပါစေ၊
အလုံးစုံသော
လောက၏ အကျိုးငှါ
မအို, မသေသည်
ဖြစ်တော်
မူပါစေ
(ဟုတောင့်တသော
စကားကို
လျှောက်ထား၏)။
၁၆၉။
ထိုသို့
လျှောက်ဆိုလေ့ရှိသော
ထိုအကျွန်ုပ်ကို
ထိုမြတ်စွာဘုရားသည်
'ဂေါတမီ သင်ရှိခိုးသကဲ့သို့'
ဤသို့
မြတ်စွာဘုရားတို့ကို
မရှိခိုးသင့်ကုန်ဟု
ဤစကားကို မိန့်ဆိုတော်မူ၏။
၁၇၀။
တရားအားလုံးကို
သိတော်မူသော
မြတ်စွာဘုရား
အဘယ်သို့လျှင်
မြတ်စွာဘုရား
တို့ကိုရှိခိုးသင့်ပါကုန်သနည်း၊
အဘယ်သို့
မြတ်စွာဘုရားတို့ကို
ရှိမခိုးသင့်ပါကုန်သနည်း၊
မေးလျှောက်အပ်သောအရှင်ဘုရားသည်
ထိုအကြောင်းကို
အကျွန်ုပ်အား
ဖြေကြားတော်မူပါ။
၁၇၁။
အားထုတ်အပ်သော
လုံ့လရှိကုန်သော
နိဗ္ဗာန်သို့
စေလွှတ်အပ်သော
စိတ်ရှိကုန်
သော
အမြဲပြင်းထန်သော
လုံ့လရှိကုန်သော
ညီညွတ်ကုန်သော
တပည့်သာဝကတို့ကို
ရှုကြည့်ပါလော့၊
ဤသို့လိုက်နာခြင်းသည်
မြတ်စွာဘုရားတို့အား
ရှိခိုးခြင်းပင်တည်း။
၁၇၂။
ထို့နောက်
ငါသည် ရဟန်းမ
ကျောင်းသို့ သွား၍
တစ်ဦးတည်း
ကြံစည်၏၊ ဘဝ
သုံးပါး၏အဆုံးသို့
ရောက်
(တော်မူ) သော
မြတ်စွာဘုရားသည်
ညီညွတ်သော
ပရိသတ်ကို နှစ်သက်တော်မူ၏။
၁၇၃။
ယခု ငါသည်
ပရိနိဗ္ဗာန်ပြုအံ့၊
ပျက်စီးသည့်
အဖြစ်ကို
မမြင်လို၊
ဤသို့ ငါသည်
ကြံစည်ပြီးလျှင်
မြတ်စွာဘုရားကို
ဖူးတွေ့လျက်-
၁၇၄။
ငါ၏
ပရိနိဗ္ဗာန်
(ပြုမည့်)
အခါကို မြတ်စွာဘုရားအား
လျှောက်ကြား၏၊
ထိုအခါ ထိုမြတ်စွာဘုရားသည်
''ဂေါတမီ
အခါကို
သိလော့''ဟု
ခွင့်ပြုတော်မူ၏။
၁၇၅။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၁၇၆။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၇၇။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
၁၇၈။
ဂေါတမီ အကြင်
သူမိုက်တို့သည်
မိန်းမတို့၏
သစ္စာတရားကို
သိခြင်း၌
ယုံမှား ခြင်းသို့ရောက်ကုန်၏၊
ထိုသူမိုက်တို့၏
မိစ္ဆာအယူကို
ပယ်ဖျောက်ခြင်းအကျိုးငှါ
တန်ခိုးပြခဲ့
ဦးလော့။
၁၇၉။
ထိုအခါ
ဂေါတမီသည်
မြတ်စွာဘုရားကို
တုပ်ဝပ်ပြီးလျှင်
ကောင်းကင်သို့
ပျံတက်၍
မြတ်စွာဘုရားခွင့်ပြုတော်မူချက်ဖြင့်
များစွာသော
တန်ခိုးအမျိုးမျိုးတို့ကို
ပြ၏။
၁၈၀။
တစ်ယောက်တည်း
ဖြစ်လျက်
အများအပြား ဖြစ်၏၊
ထို့အတူ
အများအပြား
ရှိလျက်လည်းတစ်ယောက်တည်း
ဖြစ်၏၊
မျက်မှောက်အဖြစ်,
မျက်ကွယ်အဖြစ်ကိုလည်း
ပြု၏၊
နံရံတစ်ဖက်,
တောင်တစ်ဖက်သို့လည်း-
၁၈၁။
မငြိတွယ်ဘဲ
သွား၏၊
မြေ၌လည်း
(ရေ၌ကဲ့သို့)
ငုပ်၏၊
ရေ၌လည်း
မကွဲအက်ဘဲ
မြေ၌ကဲ့သို့သွား၏။
၁၈၂။
ထိုအခါ
ငှက်ကဲ့သို့
ကောင်းကင်၌
တင်ပလ္လင်ခွေဖြင့်
ထို့အတူ
သွား၏၊
ဗြဟ္မာ့ဘုံ
တိုင်အောင်ကိုယ်ဖြင့်
အလိုကို
လိုက်စေနိုင်၏။
၁၈၃။
မြင်းမိုရ်တောင်ကို
ထီးရိုးပြု၍
မြေကြီးကို
တောင်ခြေရင်းနှင့်တကွ
ပြန်လှန်၍
ထီးပြုကာဆောင်းမိုးလျက်
ကောင်းကင်၌
စင်္ကြံသွား၏။
၁၈၄။
လောကဓာတ်ကိုလည်း
'နေခြောက်စင်း
ထွက်လာသော
အခါကဲ့သို့'
အခိုးထွက်
အောင် ပြု၏၊ ထိုဂေါတမီသည်
'ကမ္ဘာပျက်မိုး
ရွာရာ၌ကဲ့သို့'
လောကဓာတ်ကို
ရေပန်းနှင့်
ရောပြွမ်းအောင်
ပြု၏။
၁၈၅။
မုစလိန္ဒအိုင်ကိုလည်းကောင်း၊
မြင်းမိုရ်တောင်ခြေရင်း
သီတာမြစ်အကြား၌ကျောက်တောင်ကြီးကိုလည်းကောင်း
အလုံးစုံတို့ကို
'မုန်ညင်းစေ့ကဲ့သို့'
လက်ဆုပ်တစ်ခုဖြင့်
ယူ၏။
၁၈၆။
လနှင့်
တကွသော နေကို
လက်ချောင်းများဖြင့်
ဖုံးလွှမ်း၏၊
လ, နေတစ်ထောင်
တို့ကို'နားသွယ်ပန်းကဲ့သို့'
ဆောင်၏။
၁၈၇။
သမုဒ္ဒရာလေးစင်းရေတို့ကို
လက်ဝါးတစ်ဖက်ဖြင့်
ဆောင်ယူ၏၊
'ကမ္ဘာပျက်
မိုးရေကဲ့သို့'မိုးကြီးကို
သည်းထန်စွာ
ရွာသွန်းစေ၏။
၁၈၈။
ထိုဂေါတမီသည်
ကောင်းကင်အပြင်၌
ပရိသတ်နှင့်တကွ
စကြဝတေးမင်းအသွင်
ဖန်ဆင်း၏၊ မြည်ကျူးသော
ဂဠုန်, ဆင်,
ခြင်္သေ့ကို
ပြသ၏။
၁၈၉။
တစ်ယောက်တည်း
ဖြစ်လျက်
မရေတွက်နိုင်သော
ရဟန်းမအပေါင်းကို
ဖန်ဆင်း
ပြပြီးလျှင်
တစ်ဖန်
ကွယ်ပျောက်စေ၍
တစ်ယောက်တည်း
မြတ်စွာဘုရားကို
လျှောက်ဆို၏။
၁၉၀။
ကြီးသော
လုံ့လရှိသော
မြတ်စွာဘုရား
အရှင်ဘုရား၏
မိထွေးတော်သည်
အရှင် ဘုရား၏
အဆုံးအမကို
ပြုလေ့ရှိသည်ဖြစ်၍
မိမိအကျိုးသို့
အစဉ်ရောက်ပါ၏၊
စက္ခုငါးမျိုး
ရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏
(ဟု
လျှောက်ဆို၏)။
၁၉၁။
ထိုဂေါတမီသည်
အမျိုးမျိုးသော
တန်ခိုးကို
ပြပြီးလျှင်
ကောင်းကင်ပြင်မှ
သက် ဆင်း၍မြတ်စွာဘုရားကို
ရှိခိုးလျက်
သင့်တင့်သော
အရပ်၌
ထိုင်လေ၏။
၁၉၂။
မြတ်စွာဘုရား
ထိုအကျွန်ုပ်သည်
မွေးဖွားသည်မှ
အနှစ်တစ်ရာ့နှစ်ဆယ်
ရှိပါပြီ၊
မြတ်စွာဘုရားဤမျှလောက်ဖြင့်
သင့်လျော်ပါပြီ၊
မြတ်စွာဘုရား
ပရိနိဗ္ဗာန်
ပြုပါတော့အံ့
(ဟု
လျှောက်၏)။
၁၉၃။
ထိုအခါ
ထိုအလုံးစုံသော
ပရိသတ်သည် အလွန်
အံ့ဩသည်
ဖြစ်၍
လက်အုပ်ချီ
လျက် အရှင်မအတုမရှိသော
တန်ခိုးလုံ့လသည်
အဘယ်သို့
ဖြစ်ပါသနည်းဟု
လျှောက်
ထား၏။
၁၉၄။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်မြင်တော်မူသော
အလုံးစုံသောတရားတို့၌
ပညာမျက်စိရှိတော်မူသော
ပဒုမုတ္တရမြတ်စွာဘုရားသည်
ပွင့်တော်
မူ၏။
၁၉၅။
ထိုအခါ ငါသည်
ဟံသာဝတီမြို့၌
အလုံးစုံသော
အဆောက်အဦနှင့်
ပြည့်စုံသော
ကြွယ်ဝသောဝပြောသော
များသော
ဥစ္စာရှိသော
အမတ်မျိုး၌
ဖြစ်ခဲ့၏။
၁၉၆။
တစ်ရံရောအခါ
အဖနှင့် အတူ
ကျွန်မအပေါင်း
ခြံရံလျက်
အခြံအရံ
များစွာဖြင့်ထိုမြတ်စွာဘုရား
(ထံ) သို့
ချဉ်းကပ်လတ်သော်
-
၁၉၇။
တရားမိုးကို
ရွာသွန်းလျက်
'သိကြားမင်းကဲ့သို့'
နေတော်မူသော
'တန်ဆောင်
မုန်းလ၌ထွက်သော
နေကဲ့သို့' ရောင်ခြည်ကွန်ရက်တို့ဖြင့်
တောက်ပတော်မူသော
မြတ်စွာ
ဘုရားကို
ဖူးမြင်ရ၏။
၁၉၈။
ဖူးမြင်ရသည်ရှိသော်
မိထွေးတော်ရဟန်းမကို
(ရတ္တညူ)
ဧတဒဂ်အရာ၌
ထားနေ
ဆဲဖြစ်သောမြတ်စွာဘုရားကို
ဖူးမြင်ရသည်
ရှိသော် စိတ်ကို
ကြည်ညိုစေလျက်
ထိုမြတ်စွာ ဘုရား၏
(ကောင်းစွာမိန့်ဆိုသော)
တရားစကားကိုလည်း
ကြားနာရ၏။
၁၉၉။
ကြားနာရသည်ရှိသော်
လူတို့ထက်
မြတ်သော
ထိုမြတ်စွာဘုရားအား
သံဃာနှင့်
တကွအလှူကြီးကိုလည်းကောင်း၊
များစွာကုန်သော
ပစ္စည်းတို့ကိုလည်းကောင်း
ခုနစ်ရက်
ပတ်လုံးလှူဒါန်းပြီးလျှင်
-
၂၀၀။
ခြေတော်ရင်း၌
ပျပ်ဝပ်လျက်
ထိုမိထွေးတော်အရာကို
ဆုတောင်းခဲ့၏၊
ထိုအခါ
များစွာသော
ပရိသတ်အလယ်၌
မြတ်စွာဘုရားသည်
မိန့်တော်မူ၏-
၂၀၁။
အကြင်အမျိုးသမီးသည်
မြတ်စွာဘုရားကို
သံဃာနှင့်တကွ
ခုနစ်ရက်ပတ်လုံး
ဆွမ်းလုပ်ကျွေး၏၊
ထို
(အမျိုးသမီး)
ကို ငါ
ဗျာဒိတ်စကား
မိန့်ကြားအံ့၊
မိန့်
ကြားမည့်
ငါ့စကားကို
နာကြကုန်လော့-
၂၀၂။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်
ဂေါတမမည်သော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၂၀၃။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည်
ဖန်ဆင်းအပ်သော
အမွေခံ သမီး
တော်ဖြစ်၍အမည်အားဖြင့်
ဂေါတမီဟု
ထင်ရှားသော
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ'
ဖြစ်လတ္တံ့။
၂၀၄။
ဤအမျိုးသမီးသည်
ထိုမြတ်စွာဘုရားကို
အသက်ရှည်အောင်
ကျွေးမွေးစောင့်
ရှောက်တတ်သော
(မြတ်စွာဘုရား၏
)
မိထွေးတော်ဖြစ်၍
ညဉ့်အပိုင်းအခြားကို
သိသော
ရဟန်းမတို့တွင်
အမြတ်ဆုံးအဖြစ်ကို
ရလတ္တံ့။
၂၀၅။
ထိုအခါ ငါသည်
ထိုစကားကို
ကြားနာရသည်
ရှိသော်
ဝမ်းမြောက်သည်
ဖြစ်၍
အသက်ထက်ဆုံးမြတ်စွာဘုရားကို
ပစ္စည်း
(လေးပါး)
တို့ဖြင့်
လုပ်ကျွေးပြီးလျှင်
ထိုဘဝမှ
ကွယ်လွန်ခဲ့၏။
၂၀၆။
(ကွယ်လွန်ပြီးနောက်)
ငါသည်
အလုံးစုံ ကာမဂုဏ်တို့နှင့်
ပြည့်စုံသော
တာဝတိံ သာနတ်တို့၌
ဖြစ်၍
အကြောင်းအင်္ဂါ
ဆယ်ပါးတို့ဖြင့်
အခြားသော
နတ်တို့ကို
လွှမ်းမိုးခဲ့ရ၏။
၂၀၇။
ငါသည်
ရူပါရုံ,
သဒ္ဒါရုံ,
ဂန္ဓာရုံ, ရသာရုံ,
ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း၊
အသက်ရှည်ခြင်းအားဖြင့်လည်းကောင်း၊
အဆင်းလှခြင်းအားဖြင့်လည်းကောင်း၊
ချမ်းသာကြီးခြင်းအားဖြင့်လည်းကောင်း၊
အခြံအရံများခြင်းအားဖြင့်လည်းကောင်း-
၂၀၈။
ထိုမှတစ်ပါး
အစိုးရခြင်းအားဖြင့်လည်းကောင်း
(အခြားနတ်တို့ကို)
လွှမ်းမိုး၍
တင့်တယ်ခဲ့ပေ၏၊
ထိုနတ်ဘုံ၌
သိကြားမင်း၏
ချစ်ခင်မြတ်နိုးအပ်သော
မိဖုရား
ဖြစ်ခဲ့၏။
၂၀၉။
ငါသည် သံသရာ၌
ကျင်လည်လတ်သော်
် ကံကြမ္မာလေ
တိုက်ခတ်အပ်သည်
ဖြစ်၍
ကာသိမင်း၏နိုင်ငံတော်တွင်
ကျွန်တို့၏
ရွာငယ်၌
မွေးဖွားခဲ့၏။
၂၁၀။
ထိုအခါ
ထိုရွာ၌
ငါးရာအောက်
မယုတ်လျော့သော
ကျွန်တို့သည်
နေကုန်၏၊
ငါသည် ထိုရွာ၌အကြင်ကျွန်သည်
ကျွန်အားလုံးတို့ထက်
အကြီးအမှူး
ဖြစ်၏၊
ထိုကျွန်၏
မယား
ဖြစ်ခဲ့၏။
၂၁၁။
ပစ္စေကဗုဒ္ဓါ
ငါးရာတို့သည်
ရွာသို့ ဆွမ်းအကျိုးငှါ
ဝင်ကုန်၏၊
ထိုပစ္စေကဗုဒ္ဓါ
တို့ကို
ဖူးမြင်ရသော်
ငါသည်
ကြည်ညိုနှစ်သက်သည်
ဖြစ်၍
အလုံးစုံသော
မိန်းမတို့နှင့်
တကွ-
၂၁၂။
အသင်းဖွဲ့ကုန်သည်
ဖြစ်၍
အားလုံးသော မိန်းမတို့သည်
လေးလတို့ပတ်လုံး
လုပ်ကျွေးခဲ့ကုန်၏၊
ငါသည်
သင်္ကန်းသုံးထည်တို့ကို
လှူဒါန်း၍
လင်နှင့်တကွ
ကျင်လည်ခဲ့ကုန်၏။
၂၁၃။
ထိုငါတို့
အားလုံးတို့သည်
ထိုဘဝမှ
စုတေကုန်လတ်သော်
တာဝတိံ
သာဘုံသို့
ရောက်ကုန်၏၊
ယခု
နောက်ဆုံးဖြစ်သော
ဘဝ၌ကား
ဒေဝဒဟပြည်၌
ဖြစ်ကုန်၏။
၂၁၄။
အဉ္ဇနသာကီဝင်မင်းသည်
ငါ၏
ခမည်းတော်ပေတည်း၊
သုလက္ခဏာမိဖုရားသည်
ငါ၏မယ်တော်ပေတည်း၊
ဒေဝဒဟပြည်မှ
ကပိလဝတ်ပြည်၌
သုဒ္ဓေါဒနမင်း၏
အိမ်တော်သို့
ရောက်ခဲ့ပေ၏။
၂၁၅။
ကြွင်းသော
အမျိုးသမီးတို့သည်
သာကီဝင်မင်းမျိုး၌
ဖြစ်ကုန်၍
သာကီဝင်မင်း
တို့၏
အိမ်သို့ရောက်ကုန်၏၊
ငါသည်
မိန်းမအားလုံးတို့ထက်
ထူးခြားသူ
ဖြစ်၍
မြတ်စွာ ဘုရားအားကျွေးမွေးစောင့်ရှောက်ရသော
အမိ ဖြစ်ခဲ့၏။
၂၁၆။
ငါ၏
သားတော်သည်
တောထွက်၍
(သစ္စာလေးပါးကို)
သိသော
မြတ်စွာဘုရား
ဖြစ်တော်မူ၏၊
နောက်အခါ ငါသည်
(သာကီဝင်မင်းသမီး)
ငါးရာတို့နှင့်တကွ
ရဟန်းပြု၍-
၂၁၇။
ဉာဏ်ပညာရှိကုန်သော
သာကီဝင်မင်းသမီးတို့နှင့်
အတူတကွ
နိဗ္ဗာန်ချမ်းသာသို့
ရောက်ခဲ့၏၊
ထိုအခါ
အကြင်သူတို့သည်
ရှေးဘဝ၌
ငါတို့၏
အရှင်လင်တို့
ဖြစ်ခဲ့ကုန်၏။
၂၁၈။
ကောင်းမှုကို
အတူပြုခဲ့ကုန်သော
ကြီးကျယ်သော
ညီညွတ်ခြင်းကို
ပြုတတ်ကုန်
သောထိုသူတို့သည်
မြတ်စွာဘုရား
အစဉ်စောင့်ရှောက်တော်မူခြင်းကြောင့်
အရဟတ္တဖိုလ်သို့
ရောက်ကုန်၏။
၂၁၉။
ထိုအခါ
ဂေါတမီမှတစ်ပါး
အခြားသော ရဟန်းမတို့သည်
ကောင်းကင်ပြင်သို့
တက်ရောက်ကုန်၏၊
'ကောင်းကင်၌
တည်သော ကြယ်တာရာတို့ကဲ့သို့'
ကြီးသော
တန်ခိုးရှိ
ကုန်သည်ဖြစ်၍အလွန်တင့်တယ်ကုန်၏။
၂၂၀။
'ကောင်းစွာ
သင်ယူပြီးသော
ရွှေပန်းထိမ်သည်သည်
အမှု၌
ခံ့ညားသော
ရွှေ၏တန်ဆာအထူးကိုသာလျှင်
ပြသကဲ့သို့'
များစွာသော
တန်ခိုးတို့ကို
ပြလေကုန်၏။
၂၂၁။
ဆန်းလည်း
ဆန်းကြယ်
များလည်း
များပြားကုန်သော
တန်ခိုးပြာဋိဟာတို့ကို
ပြ၍ ထိုအခါ
ပရိသတ်နှင့်
တကွသော
ဝါဒရှိသူတို့ထက်
မြတ်သော
မြတ်စွာဘုရားကို
နှစ်
သက်စေပြီးလျှင်
-
၂၂၂။
ကောင်းကင်မှ
သက်ဆင်း၍
မြတ်စွာဘုရားကို
ရှိခိုးလျက်
မြတ်စွာဘုရား
ခွင့်ပြု တော်မူသည်ဖြစ်၍နေရာအားလျော်စွာ
ထိုင်နေကုန်၏။
၂၂၃။
အရှင်မဂေါတမီ
အကျွန်ုပ်တို့ကို
(အရှင်မ၏)
အစဉ်စောင့်ရှောက်ခြင်းသည်
အံ့ဩ ဖွယ်
ရှိပါပေစွ၊
(အရှင်မနှင့်)
အတူတကွ
နေရခြင်းသည်
ကြာမြင့်ခဲ့ပါပြီ၊
အရှင်မ၏
ကုသိုလ်
တို့ဖြင့်
ထုံအပ်ကုန်သောအကျွန်ုပ်တို့သည်
အာသဝေါကုန်ရာ
(နိဗ္ဗာန်) သို့
ရောက်ရပါကုန်ပြီ။
၂၂၄။
ငါတို့သည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝအားလုံးကိုပယ်နုတ်အပ်ကုန်ပြီ၊
'ဆင်မသည်
အနှောင်အဖွဲ့ကို
ဖြတ်၍
နေသကဲ့သို့'
အာသဝမရှိဘဲ
နေရကုန်၏။
၂၂၅။
ငါတို့၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏၊
ဘုရားမြတ်၏
အထံတော်၌ဝိဇ္ဇာသုံးပါးတို့သို့
ရောက်အပ်ကုန်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်
နာပြုကျင့်အပ်ပါပြီ။
၂၂၆။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း၊
ရှစ်ပါးသော
ဤဝိမောက္ခတို့ကို
လည်းကောင်း၊
ခြောက်ပါးသော
အဘိညာဉ်တို့ကိုလည်းကောင်း
မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာကျင့်သုံးပြီးပါပြီ။
၂၂၇။
မြတ်စွာဘုရား
အကျွန်ု်ပ်တို့သည်
ဣဒ္ဓိဝိဓ
(အဘိညာဉ်) ၌
လေ့လာပြီး
ဖြစ်ပါကုန်၏၊
ဒိဗ္ဗသောတ
(အဘိညာဉ်)
၌လည်းကောင်း၊
စေတောပရိယဉာဏ်
(အဘိညာဉ်)
၌လည်းကောင်းလေ့လာပြီးဖြစ်ပါကုန်၏။
၂၂၈။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိကြပါကုန်၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင် အပ်ပြီးပါပြီ၊
အလုံးစုံသော
အာသဝတို့
ကုန်ခန်းပါကုန်ပြီ၊
(အကျွန်ုပ်တို့အား)
ယခုအခါ ဘဝ
သစ်၌
တစ်ဖန်ဖြစ်ခြင်းမရှိတော့ပါ။
၂၂၉။
မြတ်စွာဘုရား
အရှင်ဘုရား၏
သဏ္ဌာန်တော်၌ဖြစ်သော
အတ္ထပဋိသမ္ဘိဒါဉာဏ်၊
ဓမ္မပဋိသမ္ဘိဒါဉာဏ်၊
နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊
ပဋိဘာနပဋိသမ္ဘိဒါဉာဏ်သည်
အကျွန်ုပ်တို့အား
ရှိပါ၏။
၂၃၀။
မြတ်စွာဘုရား
မေတ္တာစိတ်ရှိကုန်သော
အကျွန်ုပ်တို့သည်
အရှင်ဘုရားကို
လုပ် ကျွေးခဲ့ပါ၏၊
မြတ်စွာဘုရား
အလုံးစုံသော
အကျွန်ုပ်တို့ကို
ပရိနိဗ္ဗာန်
ပြုခြင်းငှါ ခွင့်ပြုတော်
မူပါလော့
(ဟုလျှောက်ကုန်၏)။
၂၃၁။
ပရိနိဗ္ဗာန်ပြုပါကုန်အံ့ဟု
ဤသို့ လျှောက်ဆိုသော
သင်တို့ကို
ငါသည်
အဘယ်သို့မိန့်ဆိုမည်နည်း၊
သင်တို့သည်
အကြင်
(ပရိနိဗ္ဗာန်ပြုခြင်း၏)
အခါကို ယခု သိကုန်လော့ဟုမြတ်စွာဘုရားသည်
မိန့်တော်မူ၏။
၂၃၂။
ထိုအခါ
ဂေါတမီအစရှိကုန်သော
ထိုရဟန်းမတို့သည်
မြတ်စွာဘုရားကို
ရှိခိုးပြီး လျှင်
ထိုနေရာမှထ၍
ထိုရဟန်းမတို့သည်
သွားကုန်၏။
၂၃၃။
လောက၏ အမြတ်ဆုံး
ရှေ့သွား
ထိုမြတ်စွာဘုရားသည်
များစွာသော
လူအပေါင်း
နှင့်တကွ့မိထွေးတော်ကို
တံခါးမုခ်တိုင်အောင်
လိုက်ပို့တော်မူ၏။
၂၃၄။
ထိုအခါ
ဂေါတမီသည်
ထိုရဟန်းမိန်းမ
အားလုံးတို့နှင့်
တကွသာလျှင်
မြတ်စွာ ဘုရား၏
ခြေတော်တို့၌
ဦးတိုက်၏၊
ခြေတော်တို့ကို
နောက်ဆုံး
ရှိခိုးခြင်းကို
ပြုလေ၏။
၂၃၅။
အကျွန်ုပ်၏
ဤယခုဖူးမြင်ရခြင်းသည်
မြတ်စွာဘုရားအား
နောက်ဆုံးဖြစ်သောဖူးမြင်ရခြင်းပါပေတည်း၊
အကျွန်ုပ်သည်
အမြိုက်သဖွယ်ဖြစ်သော
အရှင်ဘုရား၏
မျက်နှာ
တော်ကိုတစ်ဖန်
ဖူးမြင်ရတော့မည်
မဟုတ်ပါ။
၂၃၆။
မြတ်စွာဘုရား
အကျွန်ုပ်၏
ရှိခိုးခြင်းသည်လည်း
အရှင်ဘုရား၏
အလွန်နူးညံ့သော
ခြေတော်၌နောက်ထပ်
တွေ့ထိရတော့မည်
မဟုတ်ပါ၊
မြတ်စွာဘုရား
အကျွန်ုပ်သည်
ယနေ့
နိဗ္ဗာန်သို့သွားပါတော့အံ့
(ဟု
လျှောက်၏)။
၂၃၇။
အမှန်အတိုင်း
တရားကို
မြင်လတ်သော်
သင့်အား
ဤရုပ်ဖြင့်
အဘယ်အကျိုးရှိ
မည်နည်း၊
ဤရုပ်အားလုံးသည်
အကြောင်းတရားတို့
ပေါင်းစပ်ပြုပြင်အပ်သော
'သင်္ခတ'
တရားသာလျှင်
ဖြစ်၍သက်သာရာမရှိဘဲ
စက်ဆုပ်ဖွယ်အတိ
ဖြစ်ပေ၏။
၂၃၈။
ထိုမိထွေးတော်ဂေါတမီသည်
ထိုရဟန်းမတို့နှင့်တကွ
မိမိနေရာ
ဘိက္ခုနီကျောင်းသို့
သွား၍မြတ်သော
နေရာ၌
ထက်ဝယ်တင်ပလ္လင်ကို
ဖွဲ့ခွေထိုင်နေ၏။
၂၃၉။
ထိုအခါ
ထိုအရပ်၌
မြတ်စွာဘုရားသာသနာကို
ချစ်မြတ်နိုးကုန်သော
ဥပါသိကာမ
တို့သည်ထိုမိထွေးတော်ဂေါတမီ၏
ပရိနိဗ္ဗာန်ပြုမည့်
သတင်းစကားကို
ကြားကုန်၍
ခြေတို့ကို
ရှိခိုးကုန်လျက်ချဉ်းကပ်ကုန်၏။
၂၄၀။
စိုးရိမ်ခြင်းဖြင့်
နှိပ်စက်သော
ဥပါသိကာမတို့သည်
လက်တို့ဖြင့်
ရင်ကို ထုကုန်ပြီး
လျှင်သနားဖွယ်ရာ
ငိုကြွေးမြည်တမ်းကုန်လျက်
'အမြစ်ပြတ်သော
နွယ်ကဲ့သို့'
မြေ၌ လဲကျ လေကုန်၏။
၂၄၁။
ကိုးကွယ်ရာကို
ပေးတတ်သော
အားထားရာဖြစ်သော
အရှင်မ
အရှင်မသည်
အကျွန်ုပ်တို့ကိုစွန့်ပယ်၍
နိဗ္ဗာန်သို့
မသွားပါလင့်၊
အကျွန်ုပ်တို့အားလုံးသည်
ဦးခေါင်းဖြင့်
ဝပ်တွား၍တောင်းပန်ပါကုန်၏။
၂၄၂။
ထိုဥပါသိကာမတို့တွင်
သဒ္ဓါတရားရှိသော
ပညာနှင့်
ပြည့်စုံသော
အကြင်
ဥပါသိကာမသည်အထူးပြဋ္ဌာန်း၏၊
ထိုဥပါသိကာမ၏
ဦးခေါင်းကို
ပွတ်သပ်လျက်
ဤစကား ကို မိန့်ဆို၏-
၂၄၃။
ချစ်သမီးတို့
(သင်တို့အား)
မာရ်မင်း၏ ကျော့ကွင်းသို့
အစဉ်လိုက်သော
စိုးရိမ် ပင်ပန်းခြင်းဖြင့်မသင့်လျော်၊
အကြောင်းတို့
ပေါင်းစပ် ပြုပြင်အပ်သော
'သင်္ခတ'တရားအား
လုံးသည် အမြဲ
မရှိ။
ကွေကွင်းခြင်းလျှင်
အဆုံးရှိ၏၊ တုန်လှုပ်ချောက်ချား၏
(ဟု ဤစကားကို
မိန့်ဆို၏)။
၂၄၄။
ထို့နောက်
ထိုမိထွေးတော်ဂေါတမီသည်
ထိုဥပါသိကာမတို့ကို
လွှတ်လိုက်၍
မြတ် သောပထမဈာန်ကိုလည်းကောင်း၊
ဒုတိယဈာန်ကိုလည်းကောင်း၊
တတိယဈာန်ကိုလည်းကောင်း၊
စတုတ္ထဈာန်ကိုလည်းကောင်း
ဝင်စား၏။
၂၄၅။
အာကာသာနဉ္စာယတနဈာန်ကိုလည်းကောင်း၊
ဝိညာဏဉ္စာယတနဈာန်ကိုလည်းကောင်း၊
ထိုမှတစ်ပါး
အာကိဉ္စညာယတနဈာန်ကိုလည်းကောင်း၊
နေဝသညာနာသညာယတန
ဈာန်ကိုလည်းကောင်းအစဉ်အတိုင်း
ဝင်စားလေ၏။
၂၄၆။
မိထွေးတော်ဂေါတမီသည်
ပထမဈာန်တိုင်အောင်
အပြန်
(ပဋိလုံ)
အားဖြင့်
ဈာန်တို့ ကို
ဝင်စား၏၊
ထို့နောက်
စတုတ္ထဈာန်တိုင်အောင်
ဝင်စား၏။
၂၄၇။
ထိုစတုတ္ထဈာန်မှ
ထ၍ 'ဆီမီးလျှံ
ငြိမ်းသကဲ့သို့'
အာသဝမရှိဘဲ
ငြိမ်းလေ၏၊
ကြီး စွာသောမြေလှုပ်ခြင်းသည်
ဖြစ်လေ၏၊
လျှပ်စစ်နွယ်သည်
ကောင်းကင်မှ
ပြက်၍ ကျလေ၏။
၂၄၈။
စည်တို့သည်
မြည်ဟည်းလေကုန်၏၊
နတ်တို့သည်
ငိုကြွေးလေကုန်၏၊
ပန်းမိုး
သည်လည်းကောင်းကင်မှ
မြေသို့
ရွာသွန်းလေ၏။
၂၄၉။
မြင်းမိုရ်တောင်မင်းသည်လည်း
'ပွဲသဘင်အလယ်၌
ကချေသည်ကဲ့သို့'
တုန်လှုပ်
လေ၏၊ သမုဒ္ဒရာသည်လည်း
'စိုးရိမ်ခြင်းအားဖြင့်
အလွန်ဆင်းရဲပင်ပန်းသကဲ့သို့'
ကျယ် လောင်သောအသံရှိလေ၏။
၂၅၀။
ထိုခဏ၌ နတ်,
နဂါး, အသုရာ,
ဗြဟ္မာတို့သည်
ထိတ်လန့်ခြင်း
ဖြစ်ကြလေကုန်၏၊
သင်္ခါရတရားတို့သည်
စင်စစ် အမြဲ
မရှိကုန်၊
ယင်း (အမြဲမရှိသော)
အခြင်းအရာအားဖြင့်
ဤ ဂေါတမီသည်ပျက်စီးခြင်းသို့
ရောက်လေပြီ။
၂၅၁။
မြတ်စွာဘုရား၏
အဆုံးအမကို
လိုက်နာကျင့်သုံးလေ့ရှိကုန်သော
အကြင်ရဟန်းမ
တို့သည်ဤမိထွေးတော်ဂေါတမီကို
ခြံရံကုန်၏၊
ထိုရဟန်းမတို့သည်လည်း
'လောင်စာမရှိ
သော
ဆီမီးလျှံကဲ့သို့'ငြိမ်းအေးလေကုန်ပြီ။
၂၅၂။
ပေါင်းဆုံခြင်းတို့သည်
ဪ ကွေကွင်းခြင်းလျှင်
အဆုံးရှိကုန်၏၊
အကြောင်းတို့ပေါင်းစပ်ပြုပြင်အပ်သော
'သင်္ခတ'တရားအားလုံးတို့သည်
ဪ အမြဲမရှိလေစွ၊
အသက်
ရှင်ခြင်းသည်ဪ
ပျက်စီးခြင်းလျှင်
အဆုံးရှိ၏၊
ဤသို့
ငိုကြွေးမြည်တမ်းခြင်း
ဖြစ်လေ၏။
၂၅၃။
ထို့နောက်
နတ်တို့သည်လည်းကောင်း၊
ဗြဟ္မာတို့သည်လည်းကောင်း
မြတ်စွာ
ဘုရားထံချဉ်းကပ်၍
လောကဓမ္မသို့
အစဉ်လိုက်သော
ပူဇော်မှုကို
အခါအားလျော်စွာ
ပြုကုန်၏။
၂၅၄။
ထိုအခါ
မြတ်စွာဘုရားသည်
သမုဒ္ဒရာနှင့်
တူသော အကြားအမြင်ရှိသော
အရှင်
အာနန္ဒာကို''အာနန္ဒာ
သွားချေ၊
မယ်တော်၏
ပရိနိဗ္ဗာန်ပြုကြောင်းကို
ရဟန်းတို့အား
ပြော
ကြားချေလော့''ဟုမိန့်တော်မူ၏။
၂၅၅။
ထိုအခါ
အရှင်အာနန္ဒာသည်
မျက်ရည်ဖြင့်
ပြည့်သော
မျက်စိရှိသည်ဖြစ်၍
ဝမ်း နည်းလျက်ရှိုက်ငင်သော
အသံဖြင့်
''ရဟန်းတို့သည်
အညီအညွတ်
စည်းဝေးပါကုန်လော့''ဟု
လျှောက်ထားလေ၏။
၂၅၆။
အရှေ့အရပ်,
တောင်အရပ်,
အနောက်အရပ်တို့၌
လည်းကောင်း၊
မြောက်အရပ်၌
လည်းကောင်း (နေကြသော)
မြတ်စွာဘုရား၏
သားတော်ရဟန်းတို့သည်
အကျွန်ုပ်ထံမှ
စကားကိုနားစိုက်ကြပါကုန်လော့။
၂၅၇။
အကြင်ဂေါတမီသည်
ကြိုးစားအားထုတ်သဖြင့်
မြတ်စွာဘုရား၏
ကိုယ်တော်ကို
နောက်ဆုံးရှိခိုးခဲ့၏၊
ထိုဂေါတမီသည်
'နေတက်ခြင်းကြောင့်
(ကင်းပျောက်သော)
ကြယ်တာရာ
တို့ကဲ့သို့'ငြိမ်းအေးရာ
နိဗ္ဗာန်သို့
ရောက်လေပြီ။
၂၅၈။
ထိုဂေါတမီသည်
''မြတ်စွာဘုရားမယ်တော်''ဟူသော
အမည်ပညတ်ကို
ထားခဲ့၍ နိဗ္ဗာန်သို့သွားပါပြီ၊
ယင်းနိဗ္ဗာန်၌
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရားသည်
ပင်
လားရာ'ဂတိ'ကို
မမြင်နိုင်ပါ။
၂၅၉။
အကြင်ရဟန်းအား
မြတ်စွာဘုရား၌
ယုံကြည်ခြင်း
'သဒ္ဓါ'တရားသည်
ရှိ၏၊
အကြင်ရဟန်းသည်လည်း
မြတ်စွာဘုရား၌
ချစ်ခင်မြတ်နိုး၏၊
မြတ်စွာဘုရား၏
သားတော်
ဖြစ်သောထိုရဟန်းသည်
မြတ်စွာဘုရားမယ်တော်အား
ပူဇော်သက္ကာရကို
ပြုပါလော့ (ဟု
ပြောဆိုလေ၏)။
၂၆၀။
ထိုစကားကို
ကြားလတ်ကုန်သော်
အလွန်ဝေးသော
အရပ်၌
တည်နေသော
ရဟန်းတို့သည်လည်းလျင်စွာ
လာစေကုန်သတည်း၊
အချို့သော
ရဟန်းတို့သည်
မြတ်စွာ
ဘုရားအာနုဘော်ဖြင့်
လာကုန်ပြီ၊
အချို့ရဟန်းတို့သည်
တန်ခိုး၌
လိမ္မာကုန်၍
လျင်မြန်စွာ
လာကုန်၏။
၂၆၁။
အကြင်ညောင်စောင်း၌
ဂေါတမီသည်
ပရိနိဗ္ဗာန်စံလေ၏၊
ထို
(ပရိနိဗ္ဗာန်စံရာ)
ညောင်စောင်းကိုအလုံးစုံ
ရွှေဖြင့်ပြီးသော
လှပတင့်တယ်သော
မွေ့လျော်ဖွယ်ကောင်းသော
အထွတ်တပ်သောပြာသာဒ်မြတ်၌
ကောင်းစွာ
တင်ထားကုန်၏။
၂၆၂။
ထိုလောကပါလနတ်မင်းကြီးလေးဦးတို့သည်
ပခုံးတို့ဖြင့်
အညီအညွတ်
ထမ်း
ဆောင်ကုန်၏၊
သိကြားမင်းအစရှိကုန်သော
ကြွင်းသော
နတ်တို့သည်
အထွတ်တပ်သော
ပြာသာဒ်၌
ကောင်းစွာထိုင်ကုန်၏။
၂၆၃။
အထွတ်တပ်သော
ပြာသာဒ်အားလုံးတို့သည်
ငါးရာတို့
ဖြစ်ကုန်၏၊
တန်ဆောင်
မုန်းလ၌ထွက်သော
နေအဆင်း
ရှိကုန်၏၊
ဝိသကြုံနတ်သားချည်းသာ
ပြုလုပ်ဖန်ဆင်းအပ်ကုန်၏။
၂၆၄။
ထိုရဟန်းမအားလုံးတို့သည်လည်း
ညောင်စောင်းတို့၌
လျောင်းလျက်ရှိကုန်၏၊
နတ်တို့၏ပခုံးပေါ်သို့
တင်ကုန်လျက်
အစဉ်အတိုင်း
ဆောင်ယူကုန်၏။
၂၆၅။
ဗိတာန်မျက်နှာကြက်ဖြင့်
ကောင်းကင် တစ်ပြင်လုံးကို
မိုးထားလေ၏၊
ကြယ်တာရာ နှင့်တကွသော
လ, နေတို့သည်
ရွှေဖြင့်
ပြီးကုန်သည်ဖြစ်၍
ထွန်းလင်းတောက်ပကုန်၏။
၂၆၆။
ကျယ်ပြန့်သော
ပန်းသင်တိုင်းရှိသော
တံခွန်များစွာတို့ကို
စိုက်ထူထားကုန်၏၊
ကောင်းကင်မှပဒုမ္မာကြာတို့သည်
တွဲရရွဲ ကျကုန်၏၊
မြေပြင်မှ
ပန်းပွင့်သည်
အထက်သို့
တက်၏။
၂၆၇။
လ, နေတို့သည်
ထင်ရှားရှိကုန်၏၊
ကြယ်တာရာတို့သည်လည်း
တောက်ပလျက်
ရှိကုန်၏၊
နေသည်လည်း
မွန်းတည့်ချိန်သို့
ရောက်သော်
လည်း
'အေးမြသော
လကဲ့သို့'
ပူလောင်ခြင်း
မရှိချေ။
၂၆၈။
နတ်တို့သည်
နတ်၌
ဖြစ်ကုန်သော
ရနံ့တို့ဖြင့်လည်းကောင်း၊
အလွန်မွှေး
ကုန်သောပန်းတို့ဖြင့်လည်းကောင်း၊
တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊
ကခြင်းတို့ဖြင့်လည်းကောင်း၊
(သီချင်းဂီတ)
သီဆိုခြင်းတို့ဖြင့်လည်းကောင်း
ပူဇော်ကြလေကုန်၏။
၂၆၉။
နဂါး, အသုရာ,
ဗြဟ္မာတို့သည်လည်း
စွမ်းနိုင်သည့်အလျောက်
အင်အားရှိသည့်
အလျောက်ပရိနိဗ္ဗာန်ပြုသော
ဘုရားမယ်တော်ကို
ဆောင်ယူစဉ်
ပူဇော်ကြလေကုန်၏။
၂၇၀။
ပရိနိဗ္ဗာန်ပြုပြီးသော
ဘုရား၏
သမီးတော်
အားလုံးတို့ကို
ရှေ့မှ
ဆောင်ယူကုန်၏၊
မြတ်စွာဘုရားကို
မွေးမြူတတ်သော
ဂေါတမီကို
အရိုအသေပြုလျက်
နောက်မှ
ဆောင်ယူ
အပ်၏။
၂၇၁။
မယ်တော်အား
ပူဇော်ခြင်းအကျိုးငှါ
နဂါး, အသုရာ,
ဗြဟ္မာနှင့်
တကွသော နတ်,
လူတို့သည်ရှေ့မှ
သွားကုန်၏၊
တပည့်သာဝကနှင့်
တကွသော မြတ်စွာဘုရားသည်
နောက်မှ
ကြွသွားတော်မူ၏။
၂၇၂။
အကြင်သို့
သဘောရှိသော
မိထွေးတော်ဂေါတမီ၏
ပရိနိဗ္ဗာန်ပြုခြင်းသည်
အလွန် အံ့ဩဖွယ်ဖြစ်လေ၏၊
မြတ်စွာဘုရား၏
ပရိနိဗ္ဗာန်ပြုခြင်းသည်
ဤသို့
သဘောရှိသော
အံ့ဩ ဖွယ် မဖြစ်ချေ။
၂၇၃။
မြတ်စွာဘုရား
ပရိနိဗ္ဗာန်ပြုရာ
အခါ၌
မြတ်စွာဘုရားသည်
ရဟန်းတို့ကို
(ကိုယ် တိုင်)
မစီမံနိုင်ချေ၊
ဂေါတမီပရိနိဗ္ဗာန်ပြုရာ
အခါ၌ မြတ်စွာဘုရားသည်
(ကိုယ်တိုင်)
စီမံတော်မူ၏၊
သာရိပုတ္တရာစသည်တို့သည်
အဘယ်ဆိုဖွယ်ရာ
ရှိကုန်အံ့နည်း။
၂၇၄။
ထိုနတ်,
လူတို့သည်
အလုံးစုံနံ့သာဖြင့်
ပြီးကုန်သော
ထင်းပုံတို့ကို
နံ့သာမှုန့်
တို့ဖြင့်ရောပြွမ်းအောင်
ပြု၍
ထိုရဟန်းမ
(ရုပ်ကလာပ်)
တို့ကိုလည်း
ထိုနံ့သာထင်းပုံ၌
မီးသင်္ဂြိုဟ်ကုန်၏။
၂၇၅။
(အရိုးမှ)
ကြွင်းသော
အဖို့အစုတို့ကို
လောင်ကျွမ်းကုန်၏၊
အရိုးတို့သည်
အား လုံးကြွင်းကျန်ကုန်၏၊
ထိုအခါ
အသျှင်အာနန္ဒာသည်
သံဝေဂကို
ဖြစ်စေတတ်သော
စကားကို
မိန့်ဆိုလေ၏-
၂၇၆။
မိထွေးတော်ဂေါတမီသည်
နိဗ္ဗာန်သို့
သွားလေပြီ၊
ထိုမိထွေးတော်ဂေါတမီ၏
ကိုယ်ကောင်ကိုလည်း
(မီးသည်)
လောင်ကျွမ်းအပ်လေပြီ၊
မကြာမြင့်မီ
မြတ်စွာဘုရား၏
ပရိနိဗ္ဗာန်
ပြုခြင်းသည်
မချွတ်ဖြစ်တော်မူလတ္တံ့
(ဟု
မိန့်ဆိုလေ၏)။
၂၇၇။
ထို့နောက်
ထိုအသျှင်အာနန္ဒာသည်
မြတ်စွာဘုရား
တိုက်တွန်းတော်မူသည်ဖြစ်၍
ထိုဂေါတမီ၏သပိတ်၌
တည်ကုန်သော
ဂေါတမီ၏
ဓာတ်တော်တို့ကို
မြတ်စွာဘုရားအား
ဆက်ကပ်လေ၏။
၂၇၈။
မြတ်စွာဘုရားသည်
လက်ဖြင့်
ထိုဓာတ်တော်တို့ကို
ခံယူ၍
မိန့်တော်မူ၏၊
အနှစ် ရှိ၍တည်တံ့သော
သစ်ပင်ကြီး၏-
၂၇၉။
အကြီးဆုံးဖြစ်သော
အကြင်ပင်စည်သည်
အမြဲ မရှိခြင်းကြောင့်
ပျက်စီးရာသကဲ့သို့
ထို့အတူ့ဘိက္ခုနီသံဃာ၏
အကြီးဆုံးဖြစ်သော
ဂေါတမီသည်
ပရိနိဗ္ဗာန်
ပြုလေပြီ။
၂၈၀။
ငါ၏
မယ်တော်သည်
ပရိနိဗ္ဗာန်ပြုသည်
ဖြစ်၍
သရီရဓာတ်မျှသာ
ကြွင်းကျန်သော်
လည်း ငါ့အားစိုးရိမ်ခြင်း,
ငိုကြွေးခြင်း
မရှိချေ၊ ဪ
အံ့ဩဖွယ်
ရှိပါပေစွ။
၂၈၁။
အခြားသူတို့သည်လည်း
ထိုဂေါတမီကို
မစိုးရိမ်သင့်ပေ၊
ထိုဂေါတမီသည်
သံသရာ
သမုဒ္ဒရာကိုကူးမြောက်လေပြီ၊
ပူလောင်ခြင်း
ကင်းလေပြီ၊ အေးမြသည်ဖြစ်၍
အလွန် ငြိမ်း
အေးလေပြီ။
၂၈၂။
ထိုဂေါတမီသည်
ပညာရှိသူ,
ကြီးသော ပညာရှိသူ,
ကျယ်ပြန့်သော
ပညာရှိသူဖြစ်၍
ရဟန်းမတို့တွင်ညဉ့်အပိုင်းအခြားကို
သိသော ရဟန်းမ
ဖြစ်လေ၏၊
ရဟန်းတို့
သင်တို့ သည်
ဤသို့
မှတ်ကုန်လော့။
၂၈၃။
ဂေါတမီသည်
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌
လည်း
လေ့လာပြီး
ဖြစ်ပေ၏၊
ဒိဗ္ဗသောတ
အဘိညာဉ်နှင့်စေတောပရိယအဘိညာဉ်ကိုလည်း
လေ့လာပြီး
ဖြစ်ပေ၏။
၂၈၄။
ရှေးဘဝ၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပေ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်
သင်ပြီးဖြစ်ပေ၏၊
အလုံးစုံသော
အာသဝတို့ ကုန်ခန်းလေကုန်ပြီ၊
ထိုဂေါတမီအား
ဘဝသစ် ၌
တစ်ဖန်
ဖြစ်ခြင်းမရှိတော့ချေ။
၂၈၅။
အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
ဉာဏ်သည်
ထို့အတူပင်
စင်ကြယ်ပြီးဖြစ်ပေ၏၊
ထို့ကြောင့်
ထို
ဂေါတမီကိုစိုးရိမ်ဖွယ်မရှိချေ။
၂၈၆။
မီးခတ်ဖြင့်
ခတ်အပ်သည်ဖြစ်၍
တောက်လောင်သောမီးသည်
အစဉ်အတိုင်း
ငြိမ်းသည်ရှိသော်
(ထိုမီး၏)
လားရာကို
မသိအပ်သကဲ့သို့-
၂၈၇။
ဤအတူ
(ကိလေသာမှ)
ကောင်းစွာ
လွတ်မြောက်သော၊
ကာမအနှောင်အဖွဲ့
'ဩဃ'ကိုကူးမြောက်ပြီး
ဖြစ်ကုန်သော၊
တုန်လှုပ်ခြင်း
မရှိသော၊
နိဗ္ဗာန်ချမ်းသာသို့
ရောက်သော
ပုဂ္ဂိုလ်တို့အားပညတ်ရန်
လားရာဂတိ
မရှိတော့ချေ။
၂၈၈။
ထို့ကြောင့်
(သင်တို့သည်)
မိမိကိုယ်ကိုသာ
ကိုးကွယ်ရာ
ရှိကုန်လျက်
သတိပဋ္ဌာန် လျှင်ကျက်စားရာ
ရှိသူတို့
ဖြစ်ကုန်လော့၊
ဗောဇ္ဈင်ခုနစ်ပါးတို့ကို
ပွါးများစေ၍
ဆင်းရဲဒုက္ခ၏
အဆုံးကိုပြုကုန်လော့
(ဟု
မိန့်တော်မူ၏)။
ဤသို့လျှင်
မဟာပဇာပတိဂေါတမီရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ခုနစ်ခုမြောက်
မဟာပဇာပတိဂေါတမီထေရီအပဒါန်
ပြီး၏။
------
၈-ခေမာထေရီအပဒါန်
၂၈၉။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
အလုံးစုံသော
တရားတို့၌
ပညာမျက်စိ
ရှိတော်မူ၍လောက၏
ရှေ့သွားဖြစ်တော်မူသော
ပဒုမုတ္တရမည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၂၉၀။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
ရတနာအမျိုးမျိုးတို့ဖြင့်
တောက်ပသော
ကြီး စွာသောချမ်းသာနှင့်
ပြည့်စုံသော
သူဌေးမျိုး၌
မွေးဖွားခဲ့၏။
၂၉၁။
ငါသည်
ထိုမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
တရားဒေသနာကို
နာကြားခဲ့၏၊
ထို အခါ
ငါသည်ကြည်ညိုခြင်းရှိသည်ဖြစ်၍
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်၏။
၂၉၂။
ငါသည်
အမိကိုလည်းကောင်း၊
အဖကိုလည်းကောင်း
တောင်းပန်ပြီးလျှင်
မြတ်စွာ ဘုရားကို
တပည့်သာဝကနှင့်တကွ
ပင့်ဖိတ်၍
ခုနစ်ရက်ပတ်လုံး
ဆွမ်းလုပ်ကျွေးခဲ့၏။
၂၉၃။
ခုနစ်ရက် လွန်သည်ရှိသော်
မြတ်စွာဘုရားသည်
ပညာကြီးသူတို့တွင်
အမြတ်ဆုံး
ဖြစ်သောရဟန်းမကို
ဧတဒဂ်အရာ၌
ထားတော်မူ၏။
၂၉၄။
ငါသည်
ထိုစကားကို
ကြားနာရသည်ရှိသော်
ဝမ်းမြောက်သည်ဖြစ်၍
ထိုမြတ်စွာ
ဘုရားအား
ပူဇော်သက္ကာရကို
တစ်ဖန်
ပြုပြီးလျှင်
တုပ်ဝပ်လျက်
ထိုအရာအထူးကို
ဆုတောင်း ခဲ့၏။
၂၉၅။
ထိုအခါ
ငါ့အား
မြတ်စွာဘုရားသည်
သင်၏ ဆုတောင်းခြင်းသည်
ပြည့်စုံပါစေဟု
မိန့်တော်မူ၏၊
သံဃာနှင့်
တကွဖြစ်သော
ငါဘုရားအား
သင်ပြုအပ်သော
ပူဇော်သက္ကာရသည်
မနှိုင်းယှဉ်နိုင်သောအကျိုးရှိပေ၏။
၂၉၆။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်
ဂေါတမမည်သော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၂၉၇။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည်
ဖန်ဆင်းအပ်သော
အမွေခံ သမီး
တော်ဖြစ်၍ဧတဒဂ်အရာသို့
ရောက်လျက်
ခေမာမည်သော
တပည့်မ ဖြစ်လတ္တံ့၊
(ဤသို့
မိန့်တော်မူလေ၏)။
၂၉၈။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည် တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၂၉၉။
ငါသည်
ထိုဘုံမှ
စုတေလတ်သော်
ယာမာဘုံသို့
ရောက်ခဲ့၏၊
ငါသည်
ထိုဘုံမှ
စုတေလတ်သော်
တုသိတာဘုံသို့
ရောက်ခဲ့၏၊
ထိုဘုံမှ (စုတေလတ်သော်)
နိမ္မာနရတိဘုံသို့
လည်းကောင်း၊
ထိုဘုံမှ
(စုတေလတ်သော်)
ဝသဝတ္တိဘုံသို့လည်းကောင်း
ရောက်ခဲ့၏။
၃၀၀။
ငါသည်
အကြင်အကြင်
ဘုံဘဝ၌
ဖြစ်ခဲ့၏၊ ထိုကံ၏
အစွမ်းကြောင့်
ထိုထို ဘုံ
ဘဝ၌ပင်နတ်မင်းကြီးတို့၏
မိဖုရားအဖြစ်ကိုသာလျှင်
ပြုခဲ့ရပေ၏။
၃၀၁။
ထိုဘုံမှ
စုတေလတ်သော်
လူအဖြစ်၌
စကြာမင်းတို့၏လည်းကောင်း၊
ပဒေသရာဇ်မင်းတို့၏လည်းကောင်း
မိဖုရားအဖြစ်ကို
ပြုခဲ့ရပေ၏။
၃၀၂။
ငါသည်
များစွာသော
ကမ္ဘာတို့၌
အလုံးစုံသော
နတ်ဘုံ,
လူ့ဘုံတို့တွင်
ချမ်းသာ ခြင်းရှိသူ
ဖြစ်၍စည်းစိမ်ကို
ခံစားလျက်
ကျင်လည်ခဲ့ရ၏။
၃၀၃။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ဖူးမြော်ချင်ဖွယ်
သပ္ပါယ်တော်မူသော
အလုံးစုံသောတရားတို့ကို
ရှုမြင်တတ်သော
ဝိပဿီမြတ်စွာဘုရားသည်
ပွင့်တော်မူလေ၏။
၃၀၄။
ငါသည် လောက၏
ရှေ့သွား
ထိုမြတ်စွာဘုရား၏
အထံသို့
ချဉ်းကပ်၍
ဟော
တော်မူအပ်သောတရားကို
နာကြားပြီးလျှင်
သာသနာ့ဘောင်သို့
ဝင်ရောက်
ရဟန်းပြုခဲ့၏။
၃၀၅။
ငါသည်
ထိုမြတ်စွာဘုရား၏
သာသနာတော်၌ အနှစ်တစ်သောင်းတို့ပတ်လုံး
မြတ် သော
အကျင့်ကိုကျင့်၍
ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌
ယှဉ်၏၊
များသော
အကြားအမြင်ရှိ၏။
၃၀၆။
(ငါသည်)
ပဋိစ္စသမုပ္ပါဒ်၌
လိမ္မာသူ ဖြစ်၏၊
သစ္စာလေးပါး၌ရဲရင့်သူ
ဖြစ်၏၊ သိမ်မွေ့သည်ဖြစ်၍ဆန်းကြယ်သော
တရားစကားကို
ပြောဟောတတ်သူ
ဖြစ်၏၊
မြတ်စွာ
ဘုရား၏
အဆုံးအမတော်ကိုလိုက်နာကျင့်သုံးသူ
ဖြစ်ခဲ့၏။
၃၀၇။
ငါသည်
ထိုဘဝမှ
စုတေလတ်သော်
တုသိတာဘုံသို့
ရောက်၍
များသော
အခြံအရံအကျော်အစောရှိသူ
ဖြစ်ခဲ့၏၊
ငါသည်
အကျင့်မြတ်ကို
ကျင့်ခြင်း၏
အကျိုးအားဖြင့်
ထို
တုသိတာနတ်ဘုံ၌အခြားတစ်ပါးသော
နတ်တို့ကို
လွှမ်းမိုးရပေ၏။
၃၀၈။
ငါသည်
အကြင်အကြင်ဘုံ၌
ဖြစ်လတ်သော်
များသော
စည်းစိမ်ရှိ၏၊
များသော
ဥစ္စာရှိသူ,
လျင်မြန်သော
ပညာရှိသူ,
ကိုယ်ကျင့်သီလရှိသူ,
ဆုံးမယဉ်ကျေးပြီးသော
ပရိသတ်
ရှိသူလည်း
ဖြစ်ပေ၏။
၃၀၉။
မြတ်စွာဘုရားသာသနာတော်၌
တရားအားထုတ်ခြင်းဟူသော
ထိုကံကြောင့်
စိတ်
ဖြင့်ချစ်မြတ်နိုးအပ်သော
စည်းစိမ်အားလုံးတို့ကို
ငါ့အား
ရလွယ်၏။
၃၁၀။
အကြင်အကြင်
ဘဝ၌ ဖြစ်သော်
လည်း အကြင်သူသည်
ငါ၏လင်သား
ဖြစ်၏၊
တစ်စုံတစ်ယောက်သော
ထိုလင်သားသည်လည်း
ငါ၏
အကျင့်စွမ်းအားကြောင့်
ငါ့ကို
မထီမဲ့မြင်
မပြုပေ။
၃၁၁။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံ
အကျော်အစောရှိတော်
မူသော ့တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး
ဖြစ်တော်မူသော
အမည်အားဖြင့်
ကောဏာဂုံ
မြတ်စွာဘုရားသည်
ပွင့်တော်မူလေ၏။
၃၁၂။
ထိုအခါ ငါသည်
ဗာရာဏသီပြည်၌
အလွန်ကြွယ်ဝသော
အမျိုး၌
ဖြစ်ခဲ့၏၊
(ပုဏ္ဏေးမသမီး)
ဓနဉ္ဇာနီသည်လည်းကောင်း၊
(ကဉ္စနမင်းကြီး၏
သမီး)
သုမေဓာသည်လည်းကောင်း၊
ငါသည်လည်းကောင်း
ဤသုံးယောက်သော
သူတို့သည်-
၃၁၃။
သံဃာ့အရံကို
လှူခဲ့ကုန်၏၊
ငါတို့သည်
ရှေးက အလှူ,
လှူဖက်ဖြစ်၍
သံဃာကို
ရည်ရွယ်ပြီးလျှင်
ကျောင်းကိုလည်း
ဆောက်လုပ်ခဲ့ကုန်၏။
၃၁၄။
ငါတို့အားလုံးတို့သည်
ထိုဘဝမှ စုတေကုန်လတ်သော်
တာဝတိံသာဘုံသို့
ရောက် ခဲ့ကုန်၏၊
(ထိုဘုံ၌)
အခြံအရံအားဖြင့်
အမြတ်ဆုံးအဖြစ်သို့
ရောက်ခဲ့ကုန်၏၊
လူ့ဘုံတို့၌
(ဖြစ်
ရသောအခါတို့တွင်)
လည်း ထို့အတူပင်တည်း။
၃၁၅။
ဤဘဒ္ဒကမ္ဘာ၌ပင်လျှင်
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံအကျော်အစော
ရှိတော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံးဖြစ်၍
အနွယ်အားဖြင့်
ကဿပမည်သော မြတ်စွာဘုရားသည်
ပွင့်တော်မူလေ၏။
၃၁၆။
ထိုအခါ
ဗာရာဏသီပြည်တော်၌
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်သော
လူတို့ ကို
အစိုးရသောကိကီမည်သော
ကာသိမင်းသည်
ရှိလေ၏။
၃၁၇။
ငါသည်
ထိုမင်း၏
အကြီးဆုံးသမီးတော်
ဖြစ်ခဲ့၏၊
''သမဏီ''ဟူ၍
ကျော်စော
ထင်ရှား၏၊
ဘုရားမြတ်၏
တရားကို
နာကြားရ၍
(ခမည်းတော်အား)
ရဟန်းအဖြစ်ကို
တောင်းပန်လျှောက်ထားခဲ့၏။
၃၁၈-၃၁၉။
ခမည်းတော်သည်
ငါတို့အား
ခွင့်မပြုခဲ့ချေ၊
ထိုအခါ
ငါတို့သည်
အိမ်၌သာ လျှင်ချမ်းသာသဖြင့်
ကြီးပွါးကုန်သော
မင်းသမီးများ
ဖြစ်လျက်
အပျိုစင်
အဖြစ်ဖြင့်
မြတ်သော
အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး
မပျင်းမရိ
ကျင့်ခဲ့ကုန်၏၊
သမီးတော်
ခုနစ်ယောက်တို့သည်
ဝမ်းမြောက်စွာမြတ်စွာဘုရားကို
ဆည်းကပ်လုပ်ကျွေးခြင်း၌
အမြဲ ပျော်
မွေ့ကုန်၏။
၃၂၀။
ယင်းသမီးတော်
ခုနစ်ယောက်တို့ဟူသည်မှာ
သမဏီ၊
သမဏဂုတ္တာ၊
ဘိက္ခုနီ၊
ဘိက္ခု ဒါယိကာ၊
ဓမ္မာ၊
သုဓမ္မာနှင့်
ခုနစ်ယောက်မြောက်
သံဃဒါယိကာတို့တည်း။
၃၂၁။
(ယခုအခါ အစဉ်အတိုင်း)
ငါသည်လည်းကောင်း၊
ဥပ္ပလဝဏ်သည်လည်းကောင်း၊
ပဋာစာရာသည်လည်းကောင်း၊
ကုဏ္ဍလကေသာသည်လည်းကောင်း၊
ကိသာဂေါတမီသည်လည်းကောင်း၊
ဓမ္မဒိန္နာသည်လည်းကောင်း၊
ခုနစ်ယောက်မြောက်
ဝိသာခါသည်လည်းကောင်း
ဖြစ် လေ၏။
၃၂၂။
တစ်ရံရောအခါ
ထိုမြတ်စွာဘုရားသည်
အံ့ဩဖွယ်ကောင်းသော
မဟာနိဒါနသုတ္တန်
ဖြစ်သော
(ပဋိစ္စသမုပ္ပါဒ်)
တရားတော်ကို
ဟောတော်မူ၏၊
ထိုသုတ္တန်တရားကို
ကြားနာ၍
သင်ယူခဲ့၏။
၃၂၃။
ကောင်းစွာ
ပြုအပ်ကုန်သော
ထိုကံတို့ကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၃၂၄။
ယခု
နောက်ဆုံးဖြစ်သော
ဘဝ၌လည်း
သာကလပြည်တော်တွင်
မဒ္ဒရာဇ်မင်း၏
မြတ်နိုးအပ်, ကြင်နာအပ်,
ချစ်ခင်အပ်သော
သမီးတော်ဖြစ်၏။
၃၂၅။
ငါမွေးဖွားသည်နှင့်
တစ်ပြိုင်နက်ပင်
ထိုမြို့၌
ဘေးရန်ကင်းလေ၏၊
ထို့ကြောင့် ငါ၏
အမည်သည်''ခေမာ''ဟု
ဂုဏ်အားဖြင့်
ဖြစ်၏။
၃၂၆။
အကြင်အခါ
ငါသည်
တစ်ဆယ့်ခြောက်နှစ်
အရွယ်ရောက်သည်ဖြစ်၍
တင့်တယ် သော
ရုပ်ဆင်းဖြင့်တန်ဆာဆင်အပ်၏၊
ထိုအခါ
ခမည်းတော်သည်
ငါ့ကို ဗိမ္ဗိသာရမင်းအား
ဆက်သလေ၏။
၃၂၇။
ငါသည်
ထိုဗိမ္ဗိသာရမင်း၏
အလွန်ချစ်ခင်အပ်သော
မိဖုရားဖြစ်ခဲ့၏၊
ရုပ်အဆင်းကို
မြတ်နိုးခြင်း၌ပျော်မွေ့ခဲ့၏၊
ရုပ်အဆင်းတို့၏
အပြစ်ကို
ပြောဟောလေ့ရှိ၏ဟူ၍
နှလုံး သွင်းလျက့်မဟာကရုဏာရှင်ဖြစ်သော
မြတ်စွာဘုရားထံသို့
မချဉ်းကပ်ခဲ့ချေ။
၃၂၈။
ထိုအခါ
ဗိမ္ဗိသာရမင်းသည်
ငါ့အား ချီးမြှောက်လိုသော
ဉာဏ်ပညာဖြင့်
ဝေဠုဝန် ဥယျာဉ်ကိုချီးကျူး၍
သီချင်းသည်တို့ကို
ငါ၏ အထံ၌
သီဆိုစေ၏။
၃၂၉။
အကြင်သူသည်
မြတ်စွာဘုရားကျောင်းတော်ဖြစ်သော
ပျော်မွေ့ဖွယ်ကောင်းသောဝေဠုဝန်ဥယျာဉ်ကို
မမြင်ဖူးချေ၊
ထိုသူသည်
(တာဝတိံသာနတ်ပြည်ရှိ)
နန္ဒဝန်ဥယျာဉ်ကို
မြင်ဖူးသည်မမည်ပေ၊
ငါတို့သည်
ဤသို့
ထင်မှတ်ပါကုန်၏။
၃၃၀။
အကြင်သူသည်
လူတို့
အလွန်နှစ်သက်အပ်သော
ဝေဠုဝန်ဥယျာဉ်ကို
မြင်ဖူး၏၊
ထိုသူသည်သိကြားမင်း
အလွန်နှစ်သက်အပ်သော
နန္ဒဝန်ဥယျာဉ်ကို
ကောင်းစွာ
မြင်ဖူး၏
(မြင်ဖူးသည်
မည်ပေ၏)။
၃၃၁။
တာဝတိံသာနတ်တို့သည်
နန္ဒဝန်ဥယျာဉ်ကို
စွန့်ခွါ၍
မြေပြင်သို့
သက်ဆင်း
ပြီးလျှင်
ပျော်မွေ့ဖွယ်ကောင်းသော
ဝေဠုဝန်ဥယျာဉ်ကို
ရှုမြင်ရကုန်သည်ရှိသော်
အလွန်အံ့ဩနှစ်သက်ကုန်သည်ဖြစ်၍
မရောင့်ရဲနိုင်ကုန်။
၃၃၂။
အကြင်ဝေဠုဝန်ဥယျာဉ်သည်
မင်း၏ ဘုန်းကံကြောင့်
ဖြစ်ပေါ်လာ၏၊
မြတ်စွာ
ဘုရား၏ ဘုန်းကံဖြင့်
တန်ဆာဆင်ထား၏၊
ထိုဥယျာဉ်၏ ဂုဏ်အပေါင်းကို
အဘယ်သူသည်
အကြွင်းမဲ့သီကုံးဖွဲ့ဆိုနိုင်ပါမည်နည်း။
၃၃၃။
ထိုအခါ ငါသည်
ငါ၏ နားဖြင့်
စိတ်ကို ဆွဲဆောင်နိုင်သော
ထိုဥယျာဉ်၏
ပြည့်စုံ
ပုံကိုကြားရသည်ရှိသော်
ထိုဥယျာဉ်ကို
ကြည့်ရှုလိုသည်
ဖြစ်၍ မင်းအား
လျှောက်ကြား၏။
၃၃၄။
ထိုအခါ
ထိုမင်းကြီးသည်လည်း
ကိုယ်တိုင်
ကြောင့်ကြစိုက်၍
ထိုဥယျာဉ်ကို
ကြည့် ခြင်းငှါများစွာသော
အခြံအရံဖြင့်
ငါ့ကို
စေလွှတ်လေ၏။
၃၃၅။
စည်းစိမ်ကြီးရှင်မ
သွားပါချေလော့၊
မြတ်စွာဘုရား၏
ရောင်ခြည်တော်တို့ဖြင့်
တပ်စွဲသောအကြင်ဥယျာဉ်သည်
အသရေဖြင့်
အခါခပ်သိမ်း
တောက်ပလျက်ရှိ၏၊
မျက်စိ အရသာရှိသောထိုဥယျာဉ်ကို
ကြည့်ရှုပါလေလော့
(ဟု
စေလွှတ်လေ၏)။
၃၃၆။
အကြင်အခါ၌
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်မြို့တော်သို့
ဆွမ်းခံကြွဝင်တော်မူ၏၊
ထိုအခါ၌သာလျှင်
ငါသည်
ဝေဠုဝန်ဥယျာဉ်ကို
ကြည့်ရှုရန် ချဉ်းကပ်ခဲ့၏။
၃၃၇။
ထိုအခါ
ထိုဥယျာဉ်သည်
တစ်တောလုံး
ပွင့်လျက်ရှိ၏၊
ပျားပိတုန်း
အမျိုးမျိုးတို့တဝီဝီမည်လျက်ရှိ၏၊
ဥဩတို့၏
သီချင်းသံနှင့်တကွ
ဖြစ်၏၊
ဥဒေါင်းအပေါင်းတို့
က, ခုန် လျက်ရှိ၏။
၃၃၈။
အသံတိတ်ဆိတ်လျက်ရှိ၏၊
လူတို့နှင့်
ရောပြွမ်းခြင်း
မရှိချေ၊
စင်္ကြံအမျိုးမျိုးတို့
ဖြင့်တန်ဆာဆင်လျက်ရှိ၏၊
ကျောင်းမဏ္ဍပ်တို့ဖြင့်
ရောပြွမ်းလျက်ရှိ၏၊
ယောဂီမြတ်တို့ဖြင့်
လည်းတင့်တယ်လျက်ရှိ၏။
၃၃၉။
ငါသည်
ထိုဥယျာဉ်သို့
လှည့်လည်သည်ရှိသော်
ငါ၏
မျက်စိသည်
အကျိုးရှိ၏ဟု
ထင်မှတ်ခဲ့၏၊
ထိုဥယျာဉ်၌
ကမ္မဋ္ဌာန်းအားထုတ်နေသော
ပျိုမျစ်နုနယ်သော
ရဟန်းကိုလည်း
တွေ့မြင်ရသည်ရှိသော်
ဤသို့ စဉ်းစားဆင်ခြင်ခဲ့လေ၏။
၃၄၀။
ဤရဟန်းသည်
နုပျိုသော
အရွယ်၌ တည်၍
နှစ်သက်ဖွယ်
ရုပ်အဆင်းနှင့်
ပြည့်စုံ
ပါလျက်
ဤသို့သဘောရှိသော
ပျော်မွေ့ဖွယ်ကောင်းသော
ဥယျာဉ်၌
နေဘိ၏တကား။
၃၄၁။
ဒုကုဋ်သင်္ကန်းကို
ခြုံသော
ဤဦးပြည်းရဟန်းသည်
သစ်ပင်ရင်း၌
ထိုင်လျက်
အာရုံငါးပါး၌ဖြစ်သော
ပျော်မွေ့ခြင်းကို
စွန့်ပယ်၍
ဈာန်ဝင်စားဘိ၏တကား။
၃၄၂။
လူမည်သည်ကား
ချမ်းသာအလျောက်
ကာမဂုဏ်ကို
ခံစားပြီးလျှင်
အိုမင်းသော
နောက်အခါမှအလွန်ကောင်းသော
ဤတရားကို
ကျင့်ထိုက်သည်
မဟုတ်ပါလော
(ဟု စဉ်းစား
ဆင်ခြင်ခဲ့၏)။
၃၄၃။
ဤဥယျာဉ်သည်
တိတ်ဆိတ်၏၊
''မြတ်စွာဘုရား
မရှိ''ဟု
သိသဖြင့်
ငါသည်
မြတ်စွာဘုရား
ကျောင်းတော်ဂန္ဓကုဋီတိုက်သို့
ချဉ်းကပ်လတ်သော်
'တက်သစ်သော
နေမင်းကဲ့
သို့'
မြတ်စွာဘုရားကို
ဖူးမြင်ရ၏။
၃၄၄။
ငါသည်
တစ်ပါးတည်း
ချမ်းသာစွာ
သီတင်းသုံးနေလေ့ရှိသော
မြတ်စွာဘုရားအား
(နတ်နှယ်တမျှလှပသော)
မိန်းမမြတ်
တစ်ဦးသည်
ယပ်ခတ်လျက်
နေသည်ကို
တွေ့မြင်ရ၍
ဤမြတ်စွာဘုရားသည်
''ကြမ်းတမ်းသော
ပုဂ္ဂိုလ် မဟုတ်ရာ''ဟု
ကြံစည်ခဲ့လေ၏။
၃၄၅။
ထိုသတို့သမီးပျိုသည်
'ရွှေကဲ့သို့'
အရောင်အဆင်းရှိပေ၏၊
'ပဒုမ္မာကြာကဲ့သို့'
မျက်နှာ,
မျက်လုံးရှိပေ၏၊
'ကျီးအာသီးကဲ့သို့'
(နီမြန်းသော)
နှုတ်ခမ်းရှိ၏၊
'သင်းခွေပန်းကဲ့
သို့'
(ဖြူဖွေးသော)
သွားရှိပေ၏၊ စိတ်နှင့်
မျက်စိတို့၏
အရသာကို
ဖြစ်စေပေ၏။
၃၄၆။
ရွှေအေးယာဉ်နှင့်
တူသော
နားရှိပေ၏၊ တည်သီးရင့်သဖွယ်
သားမြတ်နှစ်သွယ်
ရှိပေ၏၊
'ပွတ်တိုင်အလယ်ကဲ့သို့'
သေးသွယ်သော
ခါးရှိပေ၏၊
ငှက်ပျောတုံးသဖွယ်
တင့်တယ်
စွာတန်ဆာဆင်ထားသော
ပေါင်လည်းရှိပေ၏။
၃၄၇။
နီသော
(အတွင်းခံ)
အဝတ်နှင့်
အပေါ်ရုံ (တဘက်)
လည်း ရှိပေ၏၊
ချောညက်သော
အညိုရောင်ခါးဝတ်ထမီလည်း
ရှိပေ၏၊
မရောင့်ရဲနိုင်သော
ရုပ်အဆင်းနှင့်တကွ
ပြုံးရွှင်သော
အမူအရာနှင့်လည်းပြည့်စုံပါပေ၏။
၃၄၈။
ထိုသတို့သမီးပျိုကို
တွေ့မြင်ရသည်ရှိသော်
ဤသတို့သမီးပျိုသည်
အလွန်အဆင်း
လှပါပေစွ၊
ငါသည် ဤမျက်စိဖြင့်
တစ်ရံတစ်ခါမျှ
(ဤသို့ လှပသော
သတို့သမီးကို)
မမြင်ခဲ့
ဖူးပေ (ဟု
ငါသည်ဤသို့
ကြံစည်ခဲ့လေ၏)။
၃၄၉။
ထို့နောက်
ထိုသတို့သမီးပျိုသည်
အိုခြင်းတရားဖြင့်
နှိပ်စက်အပ်သည်ဖြစ်၍
အဆင်းပျက်လျက်ဖောက်ပြန်သော
မျက်နှာရှိလေ၏၊
ကျိုးပျက်သော
သွားရှိ၏၊
ဖြူသော
(ဆံပင်)
ဦးခေါင်းရှိ၏၊
တံတွေးနှင့်တကွ
မစင်ကြယ်သော
ခံတွင်းရှိလေ၏။
၃၅၀။
ထိုသတို့သမီးပျိုသည်
နားတွန့်ရှုံ့၏၊
ဖြူသော
မျက်လုံးရှိလေ၏၊
တွဲရရွဲကျ၍
မတင့်တယ်သောသားမြတ်ရှိ၏၊
အရေတွန့်သော
အလုံးစုံသော
ကိုယ်အင်္ဂါရှိ၏၊
အကြောပြိုင်း
ပြိုင်းထသောကိုယ်ခန္ဓာရှိလေ၏။
၃၅၁။
ထိုသတို့သမီးပျိုသည်
ကိုယ်အင်္ဂါ
ညွတ်ကိုင်း၏၊
တောင်ဝှေးသာ
အဖော်ရှိလေ၏၊
နံရိုးကျဲလျက်ပိန်ကြုံသော
ကိုယ်ရှိလေ၏၊
ခဏခဏ
ရှိုက်ရှူကာ
တုန်လှုပ်လျက်
လဲကျလေ၏။
၃၅၂။
ထိုအခါ
ငါ့အား
ရုပ်အဆင်းသည်
မစင်မကြယ်
စက်ဆုပ်ရွံရှာဖွယ်
ဖြစ်၏၊ ယင်း
ရုပ်အဆင်း၌မိန်းမမိုက်တို့သည်
ပျော်မွေ့လျက်
ရှိကုန်၏ဟု
ထိတ်လန့်ခြင်း
'သံဝေဂ' နှင့်
ကြက်သီးမွေးညင်းထခြင်းသည်
မဖြစ်စဖူး
ဖြစ်လေ၏။
၃၅၃။
ထိုအခါ
မဟာကရုဏာရှင်
မြတ်စွာဘုရားသည်
ထိတ်လန့်သော
စိတ်ရှိသော
ငါ့ကို
မြင်၍တက်ကြွသော
စိတ်ရှိလျက်
မြတ်စွာဘုရားသည်
ဤဂါထာတို့ကို
မိန့်ဆိုတော်မူ၏-
၃၅၄။
ချစ်သမီးခေမာ
နာကျင်ခြင်း,
မစင်ကြယ်ခြင်းသဘောရှိသော
အထက်သို့
လျှံတက်၍
အောက်သို့ယိုစီးခြင်းသဘောရှိသော
သူမိုက်တို့သာ
တွယ်တာနှစ်သက်အပ်သော
ဤခန္ဓာကိုယ်
အကောင်ပုပ်ကိုရှုစမ်းပါလော့။
၃၅၅။
မတင့်တယ်သော
အသုဘအားဖြင့်
စိတ်ကို အာရုံတစ်ခုတည်း
ရှိလျက်
ကောင်းစွာ
တည်တံ့အောင်ပွါးများစေပါလော့၊
သင့်အား
ကိုယ်၌
ဖြစ်သော အောက်မေ့ခြင်း
'ကာယဂတာ သတိ'
သည်ဖြစ်စေပါလော့၊
များစွာ
ငြီးငွေ့ခြင်းသည်
သင့်အား ဖြစ်စေပါလော့။
၃၅၆။
ဤခန္ဓာကိုယ်ကဲ့သို့
ထို့အတူ
ထိုခန္ဓာကိုယ်သည်လည်းကောင်း၊
ထိုခန္ဓာကိုယ်ကဲ့သို့
ထို့အတူဤခန္ဓာကိုယ်သည်လည်းကောင်း
ဖြစ်ပေ၏။ (ထို့ကြောင့်)
အတွင်း (မိမိ)
ခန္ဓာကိုယ်၌
လည်းကောင်း၊
အပ (သူတစ်ပါး)
ခန္ဓာကိုယ်၌လည်းကောင်း
တပ်နှစ်သက်ခြင်းကို
ကင်းကွာစေ
လော့။
၃၅၇။
နိမိတ်မရှိသော
(အနိစ္စသညာ)
ဝိပဿနာကိုလည်း
ပွါးများလေလော့၊
မာနာနုသယ
ကိုလည်းစွန့်ပယ်ပါလော့၊
ထိုမာနကို
စွန့်ပယ်ခြင်းကြောင့်
ငြိမ်းအေးလျက်
လှည့်လည်ရ
လတ္တံ့။
၃၅၈။
'ပင့်ကူသည်
ကိုယ်တိုင်
ပြုအပ်သော
(ပင့်ကူမျှင်)
ကွန်ရက်သို့
အစဉ်လိုက်သကဲ့
သို့'အကြင်သူတို့သည်
ရာဂဖြင့်
တပ်စွန်းကုန်လျက်
(ကိုယ်တိုင်
ပြုအပ်သော
ရာဂ) အလျဉ်
သို့အစဉ်လိုက်ကုန်၏၊
(ထိုသူတို့သည်)
ဤရာဂကိုလည်း
ဖြတ်၍
ငဲ့ကွက်ခြင်းမရှိဘဲ
ကာမ ချမ်းသာကိုပယ်စွန့်လျက်
ကျင့်ကုန်၏
(ဟု ဤဂါထာတို့ကို
မိန့်ဆိုတော်မူ၏)။
၃၅၉။
ထို့နောက်
မြတ်စွာဘုရားသည်
သင့်လျော်သော
စိတ်ရှိသော
ငါ့ကို သိ၍
ငါ့အား ဆုံးမခြင်းငှါမဟာနိဒါနသုတ္တန်ဖြစ်သော
(ပဋိစ္စသမုပ္ပါဒ်)
တရားကို
ဟောတော်မူ၏။
၃၆၀။
ငါသည်
ထိုသုတ္တန်တရားတော်မြတ်ကို
ကြားနာရ၍
ရှေးက
ဖြစ်ဖူးသော
အမှတ်
သညာကိုအစဉ်အောက်မေ့ပြီ၊
ငါသည်
ထိုနေရာ၌
တည်လျက်ပင်
ငြိမ်းအေးလျက်
တရား မျက်စိ
(သောတာပတ္တိမဂ်ဉာဏ်)
ကို
သုတ်သင်၏။
၃၆၁။
ထိုအခါ ငါသည်
မြတ်စွာဘုရား၏
ခြေတော်ရင်း၌
တုပ်ဝပ်၍
အပြစ်ကို
(ဝန်ခံ)
ပြောကြားခြင်းငှါဤစကားကို
လျှောက်ထား၏-
၃၆၂။
အလုံးစုံသော
တရားကို
သိမြင်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရားအား
ရှိခိုး ပါ၏၊
ကရုဏာ၏
တည်ရာဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရားအား
ရှိခိုးပါ၏၊
သံသရာကိုကူးမြောက်ပြီးတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရားအား
ရှိခိုးပါ၏၊
အမြိုက်
နိဗ္ဗာန်ကိုပေးတော်မူတတ်သော
မြတ်စွာဘုရား
အရှင်ဘုရားအား
ရှိခိုးပါ၏။
၃၆၃။
မိစ္ဆာဒိဋ္ဌိတောအုပ်သို့
ပြေးဝင်လျက်
ကာမရာဂဖြင့်
ပြင်းစွာ
တွေဝေသော
အကျွန်ုပ်
သည်အကြောင်းဥပါယ်အားဖြင့်
အရှင်ဘုရားသည်
ကောင်းစွာ
ဆုံးမတော်မူအပ်သည်ဖြစ်၍
သာသနာတော်၌ပျော်မွေ့လျက်ရှိပါ၏။
၃၆၄။
ထိုသို့သဘောရှိသော
မြတ်စွာဘုရားတို့ကို
မဖူးမြင်ရခြင်းကြောင့်
ကွေကွင်းလျက်
ရှိသောသူတို့သည်
သံသရာတည်းဟူသော
သမုဒ္ဒရာ၌
ကြီးစွာသော
ဆင်းရဲကို
ခံစားနေရ
ပါကုန်၏။
၃၆၅။
အကျွန်ုပ်သည်
လောက၏
ကိုးကွယ်ရာ
ဖြစ်တော်မူသော
ကိလေသာ
ကင်းတော်
မူသော ကိလေသာ
ကင်းခြင်း၏
အဆုံးသို့
ရောက်တော်မူသော
မြတ်စွာဘုရားကို
အနီး၌
တည်ရှိပါလျက်မဖူးမြင်ခဲ့ပါ၊
ထိုအပြစ်ကို
လျှောက်ကြားပါ၏။
၃၆၆။
အကျွန်ုပ်သည်
အဆင်း၌
မွေ့လျော်သည်
ဖြစ်၍
အကျိုးမဲ့ဟု
မှတ်ထင်လျက်
အကျိုးကိုများစွာဆောင်တော်မူသော
မြတ်သော
နိဗ္ဗာန်ကို
ပေးတော်မူသော
မြတ်စွာဘုရား
ထံသို့ မချဉ်းကပ်ခဲ့ပါ၊
ထိုအပြစ်ကို
လျှောက်ကြားပါ၏
(ဟု ဤစကားကို
လျှောက်ထား
လေ၏)။
၃၆၇။
ထိုအခါ
ချိုသာသော
အသံရှိတော်မူ၍
မဟာကရုဏာရှိတော်မူသော
မြတ်စွာဘုရား
သည် ငါ့ကိုအမြိုက်ရေစင်ဖြင့်
သွန်းလောင်းတော်မူလျက်
''ခေမာ
ရှိပါစေတော့''ဟု
မိန့်တော်
မူ၏။
၃၆၈။
ထိုအခါ ငါသည်
ထိုမြတ်စွာဘုရားကို
ဦးခေါင်းဖြင့်
ရှိခိုးပြီးလျှင်
အရိုအသေ
ပြုလျက်
(ပြန်) သွားလတ်သော်
မင်းကြီးကို
ဖူးမြင်၍
ဤစကားကို
လျှောက်ထားခဲ့၏-၃၆၉။
အရှင်မင်းမြတ်
အရှင်သည်
ကောင်းစွာ
ကြံစည်အပ်သော
ဤအကြောင်းဥပါယ်
သည်အံ့ဩဖွယ်ရှိပါပေစွ၊
ဝေဠုဝန်ဥယျာဉ်ကို
ကြည့်ရှုလိုသော
အကျွန်ုပ်သည်
ကိလေသာ
ကင်းတော်မူသော
မြတ်စွာဘုရားကို
ဖူးမြင်ခဲ့ရပါ၏။
၃၇၀။
အရှင်မင်းမြတ်
အရှင်သည်
အကယ်၍ နှစ်သက်ပါမူ
အကျွန်ုပ်သည်
မြတ်စွာဘုရား၏
(တရား) စကားတော်ကြောင့်
ရုပ်အဆင်း၌
ငြီးငွေ့သည်
ဖြစ်၍
ထိုမြတ်စွာဘုရား၏
သာသနာတော်၌
ရဟန်းပြုပါတော့အံ့
(ဟု
လျှောက်ထားလေ၏)။
နှစ်ခုမြောက်
ဘာဏဝါရ
ပြီး၏။
၃၇၁။ ထိုအခါ
ထိုမင်းကြီးသည်
လက်အုပ်ချီ၍
ရှင်မ သင့်အား
ခွင့်ပြုပါ၏၊
သင်၏
ရဟန်းအဖြစ်သည်ပြည့်စုံပါစေ
(ဟု
မိန့်ဆို၏)။
၃၇၂။
ထိုအခါ ငါသည်
ရဟန်းပြုပြီး၍
လခွဲအနီး၌
တည်လတ်သော်
ဆီမီးတိုင်၏ဖြစ်ခြင်း
(ဆီမီးလျှံ)
ကိုလည်းကောင်း၊
ပျက်စီးခြင်းကိုလည်းကောင်း
တွေ့မြင်ရသောကြောင့်ထိတ်လန့်သော
စိတ်ရှိသည်ဖြစ်၍-
၃၇၃။
အလုံးစုံသော
သင်္ခါရ၌
ငြီးငွေ့ပြီးလျှင်
ပဋိစ္စသမုပ္ပါဒ်၌
ကျွမ်းကျင်လျက်
ဩဃ
လေးပါးတို့ကိုလွန်မြောက်ပြီး၍
အရဟတ္တဖိုလ်သို့
ရောက်လေ၏။
၃၇၄။
ငါသည်
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌
လည်း လေ့လာပြီးသူ
ဖြစ်၏၊
ဒိဗ္ဗသောတ
အဘိညာဉ်နှင့်စေတောပရိယအဘိညာဉ်ကိုလည်း
လေ့လာပြီးသူ
ဖြစ်၏။
၃၇၅။
ရှေးဘဝ၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပေ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်
အပ်ပေပြီ၊
အလုံးစုံသော
အာသဝတို့
ကုန်ခန်းပေပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ချေ။
၃၇၆။
မြတ်စွာဘုရားသာသနာတော်၌
အတ္ထပဋိသမ္ဘိဒါဉာဏ်,
ဓမ္မပဋိသမ္ဘိဒါဉာဏ်,
နိရုတ္တိ
ပဋိသမ္ဘိဒါဉာဏ်,
ပဋိဘာနပဋိသမ္ဘိဒါဉာဏ်၌လည်းကောင်း
စင်ကြယ်သော
ဉာဏ်သည်
ငါ့အား
ဖြစ်ပြီ။
၃၇၇။
ငါသည်
ဝိသုဒ္ဓိတို့၌
ကျွမ်းကျင်လိမ္မာ၏၊
ကထာဝတ္ထုကျမ်း၌
ရဲရင့်၏၊
အဘိဓမ္မာ နည်းကို
သိ၏၊
သာသနာတော်၌
ဝသီဘော်သို့
ရောက်သူဖြစ်၏။
၃၇၈။
ထို့နောက်
ငါသည်
တောရဏဝတ္ထု၌
ကောသလတိုင်းရှင်
ဘုရင်မင်းကြီးသည်
မေးအပ်သည်ဖြစ်၍သိမ်မွေ့သော
ပြဿနာတို့ကို
အမှန်အတိုင်း
ဖြေကြားခဲ့ပေ၏။
၃၇၉။
ထိုအခါ
ကောသလမင်းကြီးသည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
(တစ်ဖန်) မေး
လျှောက်၏၊
မြတ်စွာဘုရားသည်
ထိုပြဿနာတို့ကို
ငါဖြေကြားသည့်အတိုင်းပင်
ဖြေကြားတော်
မူ၏။
၃၈၀။
လူတို့ထက်
မြတ်တော်မူသော
မြတ်စွာဘုရားသည်
ထိုဂုဏ်၌
နှစ်သက်တော်မူသည်
ဖြစ်၍ပညာကြီးသော
ရဟန်းမိန်းမတို့တွင်
အမြတ်ဆုံးဟု
ငါ့ကို
ဧတဒဂ်အရာ၌
ထားတော် မူ၏။
၃၈၁။
ငါသည်
ကိလေသာတို့ကို။ပ။
အာသဝမရှိဘဲ နေရ၏။
၃၈၂။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၈၃။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ခေမာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ရှစ်ခုမြောက်
ခေမာထေရီအပဒါန်
ပြီး၏။
------
၉-ဥပ္ပလဝဏ္ဏာထေရီအပဒါန်
၃၈၄။
တန်ခိုးအဘိညာဉ်၏
အပြီးအဆုံးသို့
ရောက်သော
ဥပ္ပလဝဏ်ရဟန်းမသည်
မြတ်စွာဘုရား၏
ခြေတော်တို့ကို
ရှိခိုး၍ ဤစကားကို
လျှောက်ထားလေ၏-
၃၈၅။
မြတ်စွာဘုရား
အရှင်ဘုရားအား
လျှောက်ပါ၏၊
အကျွန်ုပ်သည်
ဘဝသံသရာကိုကူးမြောက်ပြီးပါပြီ၊
တုန်လှုပ်ခြင်းမရှိသော
နိဗ္ဗာန်သို့
ရောက်ပါပြီ၊
အကျွန်ုပ်အား
အလုံးစုံ သောဆင်းရဲဒုက္ခသည်
ကုန်ပါပြီ (ဟု
လျှောက်ကြားပါ၏)။
၃၈၆။
မြတ်စွာဘုရား၏
သာသနာတော်၌
ကြည်ညိုကုန်သော
ပရိသတ်တို့သည်
အကြင်
မျှလောက်ရှိပါကုန်၏၊
အကျွန်ုပ်၏
အပြစ်သည်
ယင်းပရိသတ်အပေါ်၌
(အကယ်၍)
ရှိငြားအံ့၊
ထိုပရိသတ်တို့သည့်မြတ်စွာဘုရား၏
မျက်မှောက်၌
သည်းခံကြပါကုန်။
၃၈၇။
မြတ်စွာဘုရား
အရှင်ဘုရားအား
လျှောက်ပါ၏၊
သံသရာ၌
ကျင်လည်ရစဉ်
အကျွန်ုပ်၏ချွတ်ယွင်းချက်
အပြစ်သည်
အကယ်၍
ရှိခဲ့ပါမူ
ထိုအပြစ်ကို
သည်းခံတော်မူပါ
အရှင်ဘုရား
(ဟုဤစကားကို
လျှောက်ထားလေ၏)။
၃၈၈။
ငါ၏
အဆုံးအမကို
လိုက်နာလေ့ရှိသော
ဥပ္ပလဝဏ်
(သင်သည်)
တန်ခိုးကိုလည်း
ပြဦးလော့၊ အကြင်မျှလောက်
ပရိသတ်လေးပါးတို့သည်
ရှိကုန်၏၊
(ထိုပရိသတ်တို့၏)
ယုံမှား
ခြင်းကို
ယနေ့ဖြတ်တောက်လေလော့။
၃၈၉။
ပညာရှိတော်မူသော
အလင်းရောင်ကို
ဆောင်တော်မူသော
ကြီးသော
လုံ့လရှိတော်
မူသော မြတ်စွာဘုရား
(အကျွန်ုပ်သည်)
အရှင်ဘုရား၏ သမီးတော်ပါတည်း၊
အကျွန်ုပ်သည်
များစွာ ပြုနိုင်ခဲသောအမှုကိုလည်းကောင်း၊
အလွန်ပြုနိုင်ခဲသော
အမှုကိုလည်းကောင်း
ပြုခဲ့ ပါပြီ။
၃၉၀။
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်၏
အဆင်းသည်
ကြာညိုပန်း
နှင့်တူသောအဆင်းရှိသည်ဖြစ်၍
အမည်အားဖြင့်
ဥပ္ပလဝဏ်အမည်ရှိပါ၏၊
တပည့်
'သာဝိကာမ'
ဖြစ်သောအကျွန်ုပ်သည်
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏။
၃၉၁။
ရာဟုလာသည်လည်းကောင်း၊
အကျွန်ုပ်သည်လည်းကောင်း
အရာမကသော
ဘဝများစွာတို့ပတ်လုံးတစ်ဝမ်းတည်း၌
ဖြစ်ကုန်၍
တူမျှသော
စိတ်ဆန္ဒရှိပါကုန်၏။
၃၉၂။
ဖြစ်ရာဘဝအားဖြင့်လည်း
တစ်ပေါင်းတည်း
ဖြစ်ပါ၏၊
ဇာတ်အားဖြင့်လည်း
တစ်မျိုးတည်းဖြစ်ပါ၏၊
နောက်ဆုံးဘဝသို့
ရောက်လတ်သော်
နှစ်ဦးလုံးတို့သည်
အသီး အသီးသော
အမိဝမ်း၌ဖြစ်ခဲ့ပါကုန်၏။
၃၉၃။
သားတော်သည်ကား
ရာဟုလာအမည်ရှိ၏၊
သမီးတော်သည်ကား
ဥပ္ပလဝဏ်
အမည်ရှိ၏၊
ကြီးသော လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်၏
တန်ခိုးကို
ကြည့်ရှု
တော်မူပါ၊
မြတ်စွာဘုရားအား
(အကျွန်ုပ်၏)
အစွမ်းအားကို
ပြပါတော့အံ့။
၃၉၄။
'ကစားသော
သူငယ်သည်
ဆီကို လက်၌
ထည့်ထားသကဲ့သို့'
သမုဒ္ဒရာကြီး
လေးစင်းတို့ကိုလက်ဟူသော
ခွက်၌
ထည့်ထားလေ၏။
၃၉၅။
'နုပျိုသော
သူငယ်သည်
ဆန်းကြယ်သော
ဖြူဆံမြက်ကို
နုတ်သကဲ့သို့'
မြေကြီးကို
အထက်သို့မ,
လှန်၍
လက်ဟူသော
ခွက်၌
ထည့်ထားလေ၏။
၃၉၆။
အဆင်းအမျိုးမျိုးရှိသော
မိုးပေါက်ကို
အကြိမ်ကြိမ်
ရွာစေ၍
စကြဝဠာနှင့်
ညီမျှ
သောလက်ဝါးကို
ဦးထိပ်၌
ဆောင်းမိုးလျက်-
၃၉၇။
မြေကြီးကို
ဆုံပြုပြီးလျှင်
ကျောက်စရစ်ခဲကို
စပါးပြုကာ
မြင်းမိုရ်တောင်ကို
ကျည်ပွေ့ပြုလျက်'သူငယ်မကဲ့သို့'
ထောင်းထုလေ၏။
၃၉၈။
အကျွန်ုပ်သည်
ဘုရားမြတ်၏
သမီးတော်ပါတည်း၊
အမည်အားဖြင့်
ဥပ္ပလဝဏ် အမည်ရှိပါ၏၊
အဘိညာဉ်တို့၌
လေ့လာပြီး
ဖြစ်ပါ၏၊
အရှင်ဘုရား၏
အဆုံးအမတော်ကို
လိုက်နာလေ့ရှိပါ၏။
၃၉၉။
မြတ်စွာဘုရား
အကျွန်ုပ်သည်
အမျိုးမျိုးတန်ခိုး
ဖန်ဆင်းခြင်းကို
ပြုလျက် မြတ်စွာဘုရားကို
ပြပြီးလျှင်
အမည်အနွယ်ကိုလည်း
လျှောက်ကြား၍
(အရှင်ဘုရား၏
)
ခြေတော်တို့ကို
ရှိခိုးပါ၏။
၄၀၀။
မြတ်စွာဘုရား
(အကျွန်ုပ်သည်)
ဣဒ္ဓိဝိဓအဘိညာဉ်၌လည်း
လေ့လာပြီး
ဖြစ်ပါ၏၊
ဒိဗ္ဗသောတအဘိညာဉ်နှင့်
စေတောပရိယအဘိညာဉ်ကိုလည်း
လေ့လာပြီး
ဖြစ်ပါ၏။
၄၀၁။
ရှေးရှေးဘဝ၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ် သင်ခဲ့ပါ၏၊
အလုံးစုံသော
အာသဝတို့
ကုန်ခန်းပါကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန် ဖြစ်ခြင်းမရှိတော့ပြီ။
၄၀၂။
မြတ်စွာဘုရား၏
(သာသနာတော်၌)
အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိ့ပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ
၌လည်းကောင်း
ဉာဏ်သည်
မိမိသဘောအားဖြင့်
အကျွန်ုပ်အား
အညစ်အကြေးကင်းလျက်
စင်ကြယ်ခဲ့ပါပြီ။
၄၀၃။
မြတ်စွာဘုရား
ရှေး၌
ဖြစ်ကုန်သော
ဘုရားမြတ်တို့၏
အထံ၌
ဆည်းကပ်ခြင်းဖြင့်
ညွှန်ပြအပ်သောအရှင်ဘုရားအား
ဖူးမြင်ရခြင်း၏
အကျိုးငှါ
ဆုတောင်းခြင်းသည်
အကျွန်ုပ် အား
များလှပါ၏။
၄၀၄။
မြတ်စွာဘုရား
အကျွန်ုပ်သည်
အကြင်ကုသိုလ်ကံကို
ဖြည့်ကျင့်ခဲ့ပါ၏၊
(အကျွန်ုပ်၏)
ထိုကုသိုလ်ကံကို
အောက်မေ့တော်မူပါ၊
မြတ်စွာဘုရား
အရှင်ဘုရားအား
ဖူးမြင်ရခြင်းအကျိုး
ငှါအကျွန်ုပ်သည်
ကုသိုလ်ကောင်းမှုကို
ဆည်းပူးခဲ့ပါ၏။
၄၀၅။
မြတ်စွာဘုရား
အကျွန်ုပ်သည်
မထိုက်တန်သော
အရာဌာနကို
ရှောင်ကြဉ်၍
မလျော်သောအကျင့်ကို
တားမြစ်လျက်
အရှင်ဘုရားအား
(ဖူးမြင်ရခြင်း)
အကျိုးငှါ
(အကျွန်ုပ်၏)
မြတ်သောအသက်ကို
စွန့်လွှတ်ခဲ့ပါ၏။
၄၀၆။
အကျွန်ုပ်သည်
(ဘဝပေါင်း)
ကုဋေတစ်သောင်းတို့တိုင်အောင်
အကျွန်ုပ်၏
အသက် ကိုလှူဒါန်းခဲ့ပါ၏၊
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
အကျွန်ုပ်သည်
အသက်ကို
စွန့်လွှတ်ခဲ့သူလည်းဖြစ်ပါ၏။
၄၀၇။
ထိုအခါ
ပရိသတ်အားလုံးသည်
အလွန် အံ့ဩကြသည်ဖြစ်၍
ဦးခေါင်း၌
လက်အုပ်
ချီလျက်သာလျှင်အရှင်မ
အရှင်မသည်
အဘယ်သို့
အတုမရှိသော
တန်ခိုးရှိသူ,
လုံ့လရှိသူ
ဖြစ်ခဲ့ပါသနည်းဟုလျှောက်လေ၏။
၄၀၈။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
(အကျွန်ုပ်သည်)
နဂါးသတို့သမီး
ဖြစ်ခဲ့၏၊
ထိုအခါအမည်အားဖြင့်
''ဝိမလာ''ဟု ထင်ရှား၏၊
သတို့သမီးတို့တွင်
သူတော်ကောင်းဟု
သမုတ်ခံရပေ၏။
၄၀၉။
မဟောရဂမည်သော
နဂါးမင်းကြီးသည်
မြတ်စွာဘုရားသာသနာ၌
ကြည်ညို၍
ကြီးသောတန်ခိုးရှိတော်မူသော
ပဒုမုတ္တရမြတ်စွာဘုရားကို
တပည့်သာဝကနှင့်တကွ
ပင့်ဖိတ်
လေ၏။
၄၁၀။
ထိုအခါ နဂါးမင်းသည်
ရတနာဖြင့်
ပြီးသော
မဏ္ဍပ်ကိုလည်းကောင်း၊
ရတနာဖြင့်
ပြီးသောပလ္လင်ကိုလည်းကောင်း၊
သဲဖြင့်
ရောပြွမ်းသော
ရတနာကိုလည်းကောင်း၊
ရတနာဖြင့်
ပြီးသောအသုံးအဆောင်ကိုလည်းကောင်း
-
၄၁၁။
ရတနာတံခွန်တို့ဖြင့်
တန်ဆာဆင်သော
လမ်းကိုလည်းကောင်း
စီရင်စေ၏၊
ထို နဂါးမင်းကြီးသည်တူရိယာတို့ဖြင့်
တီးမှုတ်လျက်
မြတ်စွာဘုရားကို
ခရီးဦးကြိုဆို၍
-
၄၁၂။
ပရိသတ်လေးပါးတို့ဖြင့်
ခြံရံအပ်သော
မြတ်စွာဘုရားသည်
မဟောရဂနဂါးမင်း
ကြီး၏ဘုံဗိမာန်တွင်
မြတ်သော
နေရာ၌
ထိုင်နေတော်မူလေ၏။
၄၁၃။
နဂါးမင်းသည်
များသော
အခြံအရံရှိသော
မြတ်စွာဘုရားအား
မြတ်သော
သူတို့ အားသာထိုက်တန်သော
အမြတ်ဆုံးထမင်း,
အဖျော်ကိုလည်းကောင်း၊
ခဲဖွယ်,
ဘောဇဉ်ကို
လည်းကောင်းလှူဒါန်းလေ၏။
၄၁၄။
မြတ်စွာဘုရားသည်
ဆွမ်းဘုဉ်းပေးပြီး၍
သပိတ်ကို
ဆေးပြီးလျှင်
သင့်လျော်သောအကြောင်းအားဖြင့်
အနုမောဒနာပြုလေ၏၊
(တရားနာပရိသတ်ဖြစ်ကုန်သော)
နဂါးသတို့သမီး
တို့သည်တန်ခိုးကြီးကုန်၏။
၄၁၅။
နဂါးသတို့သမီးတို့သည်
များသော အခြံအရံရှိသော
(ဉာဏ်တော်ဖြင့်)
ပွင့်တော်မူ
သောမြတ်စွာဘုရားကို
ဖူးမြင်ရကုန်သည်ရှိသော်
မြတ်စွာဘုရားအား
ကြည်ညိုသော
စိတ် သည်လည်းကောင်း၊
(ဘုရားအာရုံဖြင့်)
ကောင်းစွာ ဖွဲ့အပ်သော
စိတ်သည်လည်းကောင်း
ဖြစ်ပေါ်လေကုန်၏။
၄၁၆။
ပဒုမုတ္တရအမည်ရှိသော
မြတ်စွာဘုရားသည်
ငါ၏ စိတ်ကိုသိ၍
ထိုခဏ၌
ရဟန်းမကိုတန်ခိုးပြစေတော်မူ၏။
၄၁၇။
တန်ခိုးပြခြင်း၌
ရဲရင့်သော
ထိုရဟန်းမသည်
များစွာသော
တန်ခိုးတို့ကို
ပြလေ၏၊ (ထိုအခါငါသည်)
ဝမ်းမြောက်နှစ်သက်သည်ဖြစ်၍
မြတ်စွာဘုရားအား
ဤစကားကို မေး
လျှောက်ခဲ့၏ -
၄၁၈။
အကျွန်ုပ်သည်
ဤရဟန်းမ၏
ဤဝမ်းမြောက်ဖွယ်ရှိသော
တန်ခိုးတော်ကို
တွေ့မြင်
ရပါ၏၊
မြတ်စွာဘုရား
ထိုရဟန်းမသည်
အဘယ်ကြောင့်
တန်ခိုး၌ အလွန်ရဲရင့်သူ
ဖြစ်ပါ သနည်း
(ဟုဤစကားကို မေးလျှောက်ခဲ့၏)။
၄၁၉။
ငါ၏
ရင်၌ဖြစ်သော
သမီးတော်သည်
(တရားတည်းဟူသော)
ခံတွင်းမှ
မွေးဖွား
လျက်ကြီးမားသော
တန်ခိုးရှိပေ၏၊
ငါ၏
အဆုံးအမကို
လိုက်နာပြုကျင့်တတ်ပေ၏၊
(ထို့
ကြောင့်)
တန်ခိုး၌အလွန်ရဲရင့်သူ
ဖြစ်ပေ၏ (ဟု
ဖြေတော်မူ၏)။
၄၂၀။
ထိုအခါ ငါသည်
မြတ်စွာဘုရား၏
စကားကို ကြားနာရ၍
ငါသည်လည်း
တန်ခိုး၌အလွန်ရဲရင့်လျက်
ထိုကဲ့သို့သော
ရဟန်းမမျိုး
ဖြစ်ရပါလို၏ဟု
ဤသို့
ဆုတောင်းခဲ့၏။
၄၂၁။
ငါသည်
အလွန်ဝမ်းမြောက်သော
စိတ်ရှိသည်ဖြစ်၍
မြတ်စွာဘုရား
အကျွန်ုပ်သည်အနာဂတ်ကာလ၌
ဤသို့သဘောရှိသော
ရဟန်းမ
ဖြစ်ရပါလို၏ဟု
မြင့်မြတ်သော
စိတ်ဖြင့်ဆုတောင်းခဲ့ပါ၏။
၄၂၂။
ပတ္တမြားဖြင့်
ပြီးသော
ပလ္လင်၌လည်းကောင်း၊
ပြိုးပြိုးပြက်သော
အရောင်ရှိသောမဏ္ဍပ်၌လည်းကောင်း
သံဃာနှင့်
တကွသော
မြတ်စွာဘုရားကို
ထမင်း, အဖျော်ဖြင့်
ရောင့်ရဲ
စေပြီးလျှင် -
၄၂၃။
အကျွန်ုပ်၏
အဆင်းသည်
ဤသို့
သဘောရှိသည်
ဖြစ်ပါစေသော်ဟု
(ဆုတောင်း
လျက်) နဂါးတို့၏
အရုဏမည်သော
ကြာညိုပန်းမြတ်ကို
မြတ်စွာဘုရားအား
ပူဇော်ခဲ့၏။
၄၂၄။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၄၂၅။
ငါသည်
ထိုဘုံမှ
စုတေလတ်သော်
လူ့ဘုံ၌ ဖြစ်ခဲ့၏၊
ငါသည်
မြတ်စွာဘုရားအားကြာညိုပန်းတို့ဖြင့်
ဖုံးလွှမ်းအပ်သော
ဆွမ်းကို
လှူဒါန်းခဲ့၏။
၄၂၆။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ရှုချင်စဖွယ်
တင့်တယ်တော်မူသော
အလုံးစုံသောတရားတို့၌
ပညာမျက်စိရှိတော်မူသော
ဝိပဿီမည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၄၂၇။
ထိုအခါ ငါသည်
ဗာရာဏသီမြို့တော်၌
သူဌေးသမီးဖြစ်၍
လောကကို
နိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော
မြတ်စွာဘုရားကို
သံဃာနှင့်တကွ
ပင့်ဖိတ်ပြီးလျှင်
-
၄၂၈။
ကြီးကျယ်သော
အလှူကို
လှူပြီးသော်
မြတ်စွာဘုရားကို
ကြာညိုပန်းတို့ဖြင့်
ပူဇော်လျက်အဆင်းလှပတင့်တယ်ခြင်းကို
စိတ်ဖြင့်သာလျှင်
တောင့်တခဲ့၏။
၄၂၉။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံ
အကျော်အစောရှိ
တော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး
ဖြစ်တော်မူ၍
အနွယ်အားဖြင့်
ကဿပ မည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူလေ၏။
၄၃၀။
ထိုအခါ
ဗာရာဏသီပြည်တော်၌
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်သော
လူတို့ ကို
အစိုးရသောကိကီမည်သော
ကာသိမင်းသည်
ရှိလေ၏။
၄၃၁။
ငါသည်
ထိုမင်း၏
သမဏဂုတ္တာအမည်ရှိသော
ဒုတိယသမီးတော်
ဖြစ်ခဲ့၏၊
ဘုရား
မြတ်၏တရားတော်ကို
နာကြားရ၍
(ခမည်းတော်အား)
ရဟန်းအဖြစ်ကို
တောင်းပန်လျှောက်
ကြား၏။
၄၃၂-၄၃၃။
ခမည်းတော်သည်
ငါတို့အား
ခွင့်မပြုခဲ့ချေ၊
ထိုအခါ
ငါတို့သည်
အိမ်၌သာ လျှင်ချမ်းသာသဖြင့်
ကြီးပွါးကုန်သော
မင်းသမီးများ
ဖြစ်ပါလျက်
အပျိုစင်အဖြစ်ဖြင့်
မြတ် သောအကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး
မပျင်းမရိ
ကျင့်ခဲ့ကုန်၏၊
သမီးတော်ခုနစ်ယောက်
တို့သည်
ဝမ်းမြောက်စွာမြတ်စွာဘုရားကို
ဆည်းကပ်လုပ်ကျွေးခြင်း၌
အမြဲပျော်မွေ့ခဲ့ကုန်၏။
၄၃၄။
ယင်းသမီးခုနစ်ယောက်တို့ဟူသည်မှာ
သမဏီ၊
သမဏဂုတ္တာ၊
ဘိက္ခုနီ၊
ဘိက္ခု
ဒါယိကာ၊ ဓမ္မာ၊
သုဓမ္မာနှင့်
ခုနစ်ယောက်မြောက်
သံဃဒါယိကာတို့တည်း။
၄၃၅။
(ယခုအခါ
အစဉ်အတိုင်း)
ပညာရှိသော
ခေမာသည်လည်းကောင်း၊
ငါသည်လည်းကောင်း၊
ပဋာစာရာသည်လည်းကောင်း၊
ကုဏ္ဍလကေသာသည်လည်းကောင်း၊
ကိသာဂေါတမီ
သည်လည်းကောင်း၊
ဓမ္မဒိန္နာသည်လည်းကောင်း၊
ခုနစ်ယောက်မြောက်
ဝိသာခါသည်လည်းကောင်း
ဖြစ်၏။
၄၃၆။
ကောင်းစွာ
ပြုအပ်ကုန်သော
ထိုကံတို့ကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံ
သို့ရောက်ခဲ့၏။
၄၃၇။
ငါသည်
တာဝတိံသာဘုံမှ
စုတေလတ်သော်
လူ့ဘုံတွင်
မြတ်သောအမျိုး၌
ဖြစ်ခဲ့၏၊
ငါသည်ရဟန္တာအား
နူးညံ့ပြေပြစ်သော
ရွှေရောင်ပုဆိုးမြတ်ကို
လှူဒါန်းခဲ့၏။
၄၃၈။
ငါသည်
ထိုဘဝမှ
စုတေလတ်သော်
အရိဋ္ဌပြည်တွင်
ဗြာဟ္မဏမျိုး၌
တိရိဋိဝစ္ဆ၏
သမီးဖြစ်၍
(ယောက်ျားတို့၏)
စိတ်ကို
ဆွဲဆောင်နိုင်သော
ဥမ္မာဒနီ
္တသတို့သမီး
ဖြစ်ခဲ့၏။
၄၃၉။
ငါသည်
ထိုဘဝမှ
စုတေလတ်သော်
ဇနပုဒ်တွင်
(အလွန်)
ကြွယ်ဝသော
တစ်ခုသော
အမျိုး၌မွေးဖွား၏၊
ထိုအခါ ငါသည်
သလေးခင်းကို
စောင့်ရှောက်ရ၏။
၄၄၀။
ငါသည်
ပစ္စေကဗုဒ္ဓါကို
ဖူးမြင်ရ၍ ပဒုမ္မာကြာဖြင့်
ဖုံးလွှမ်းအပ်သော
ပေါက်ပေါက်
ငါးရာတို့ကို
လှူပြီးလျှင်
သားငါးရာတို့ကို
ဆုတောင်းခဲ့၏။
၄၄၁။
ထိုသားဖြစ်ထိုက်သော
သူတို့သည်လည်း
ပစ္စေကဗုဒ္ဓါအား
ပျားရည်ကို
လှူ၍
(ဤသတို့သမီး၏သား
ဖြစ်လိုကုန်၏ဟု)
ဆုတောင်းခဲ့ကုန်၏၊
ငါသည်
ထိုဘဝမှ
စုတေလတ် သော်
တောတွင်ပဒုမ္မာကြာတိုက်၌
ဖြစ်ခဲ့၏။
၄၄၂။
ငါသည်
ရိုသေခြင်း,
ပူဇော်ခြင်းခံရသော
ကာသိမင်း၏
မိဖုရားဖြစ်၍
မယုတ်လျော့
သောမင်းသားငါးရာတို့ကို
မွေးဖွားခဲ့၏။
၄၄၃။
အကြင်အခါ
ထိုသားငါးရာတို့သည်
အရွယ်သို့
ရောက်လတ်ကုန်၍
ရေကစားကုန်
စဉ်ရင့်ရော်ကြွေကျသော
ပဒုမ္မာကြာကို
မြင်ရခြင်းကြောင့်
ပစ္စေကဗုဒ္ဓါတို့
ဖြစ်ကုန်၏။
၄၄၄။
ထိုငါသည်
ရဲရင့်သော
ထိုသားတော်တို့နှင့်
ကွေကွင်းခြင်းကြောင့်
လွမ်းဆွတ်ပူဆွေး
လျက်စုတေလတ်သော်
ငါသည်
ဣသိဂိလိတောင်နံပါး
ရွာငယ်၌
မွေးဖွားခဲ့၏။
၄၄၅။
အကြင်အခါ
(အရွယ်အားဖြင့်)
ကြီးသော သားသမီးနှင့်ပြည့်စုံသော
ငါသည်သားသမီးတို့၏လည်းကောင်း၊
လင်၏လည်းကောင်း
(အကျိုးငှါ) ယာဂုကို
ယူ၍
သွားစဉ်ပစ္စေကဗုဒ္ဓါရှစ်ပါးတို့ကို
-
၄၄၆။
ရွာသို့
ဆွမ်းခံကြွလာသည်တို့ကို
ဖူးမြင်ရခြင်းကြောင့်
သားတော်ဖြစ်သော
ပစ္စေက
ဗုဒ္ဓါတို့ကို
အောက်မေ့မိ၏၊
ထိုအခါ
ငါ့အား သား၌
ချစ်ခြင်းဖြင့်
နို့ရည်အလျဉ်သည်
ပန်းထွက်လေ၏။
၄၄၇။
ထိုအခါ ငါသည်
ပစ္စေကဗုဒ္ဓါတို့အား
ကြည်ညိုသည်ဖြစ်၍
မိမိလက်တို့ဖြင့်
ယာဂုကို
လှူဒါန်းခဲ့၏၊
ငါသည်
ထိုဘဝမှ
စုတေလတ်သော်
နှစ်သက်ဖွယ်ရှိသော
တာဝတိံသာဘုံသို့
ရောက်ခဲ့လေ၏။
၄၄၈။
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဘဝကြီးငယ်၌
ကျင်လည်၍
ချမ်းသာဆင်းရဲကို
ခံစားလျက်အရှင်ဘုရား၏
အကျိုးငှါ
အသက်ကိုလည်း
စွန့်လွှတ်ခဲ့ပါ၏။
၄၄၉။
ဤသို့
များပြားသော
ဆင်းရဲကိုလည်းကောင်း၊
များသော
စည်းစိမ်ကိုလည်းကောင်း
(ခံစားပြီးလျှင်
)
နောက်ဆုံးဖြစ်သော
ဘဝသို့
ရောက်လတ်သော်
သာဝတ္ထိပြည်တွင်-
၄၅၀။
ချမ်းသာသော
အလိုရှိတိုင်း
ရသော ထိုမှတစ်ပါး
အထူးထူးသော
ရတနာတို့ဖြင့်
တောက်ပသောအလုံးစုံသော
ကာမဂုဏ်တို့နှင့်
ပြည့်စုံသော
များသော
ဥစ္စာရှိသော
သူဌေး မျိုး၌ ဖြစ်ခဲ့၏။
၄၅၁။
ငါသည်
(လူအပေါင်းတို့၏)
ရိုသေခြင်း,
ပူဇော်ခြင်း,
မြတ်နိုးခြင်း,
ယုယခြင်း
ခံရပေ၏၊
ထိုမှတစ်ပါး
အသရေရှိသော
ရုပ်အဆင်းနှင့်
ပြည့်စုံသူဖြစ်၍
အမျိုးတို့၌
အထူး ရိုသေ
ခြင်း ခံရပေ၏။
၄၅၂။
ရုပ်အဆင်း,
စည်းစိမ်,
ကြက်သရေတို့ကြောင့်လည်း
(ငါ့ကို
လူအပေါင်းတို့သည်)
အလွန်ပင်လိုချင်တောင့်တအပ်ပေ၏၊
အရာမကများစွာသော
သူဌေးသားတို့သည်လည်း
(ငါ့ကို)
လိုချင်တောင့်တလျက်
ရှိကုန်၏။
၄၅၃။
ငါသည်
အိမ်ကို
စွန့်ပယ်၍
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့လေ၏၊
လခွဲမတိုင်မီ
သစ္စာလေးပါးကိုသိသူအဖြစ်သို့
ရောက်ခဲ့ပြီ။
၄၅၄။
ငါသည်
မြင်းလေးကောင်က,
သော ရထားကို
တန်ခိုးဖြင့်
ဖန်ဆင်း၍
လောက၏
ကိုးကွယ်ရာဖြစ်တော်မူသော
တာဒိဂုဏ်နှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား၏
ခြေတော်
တို့ကို
ရှိခိုးရပေတော့အံ့
(ဟု ဤသို့
ကြံစည်၍
နေစဉ်) -၄၅၅။
(ရဟန်းမ) သင်သည်
ကောင်းစွာ
ပွင့်သော
အဖျားရှိသော
အင်ကြင်းတောသို့
ချဉ်းကပ်၍အင်ကြင်းပင်ရင်း၌
တစ်ယောက်တည်း
ရပ်တည်ဘိ၏၊
သင့်အား
အဖော်တစ်စုံ
တစ်ယောက်သည်လည်းမရှိချေ၊
အမိုက်မ
သင်သည်
ပျော်ပါးမူးရူးသေသောက်ကြူးတို့ကို
မကြောက်ပါသလော
(ဟု မာရ်နတ်သည်ပြောဆို၏)။
၄၅၆။
မာရ်နတ်
ပျော်ပါးမူးရူးသေသောက်ကြူး
တစ်သိန်းတို့သော်
လည်း
ဤအရပ်သို့
လာကုန်စေကာမူထိုသင်ကဲ့သို့
သဘောရှိသော
သူတို့သာ
ဖြစ်ကုန်ရာ၏၊
(ငါ့အား)
မွေးညင်း
တစ်ပင်မျှကိုပင်မလှုပ်နိုင်စေရာ၊
ပြင်းစွာ
မလှုပ်စေနိုင်ရာ၊
မာရ်နတ်
တစ်ယောက်တည်းသော
သင်သည်
ငါ့အား
အသို့ပြုလတ္တံ့နည်း။
၄၅၇။
ဤငါသည်
ကွယ်ပျောက်သွားနိုင်ပေ၏၊
သင်၏
ဝမ်းတွင်းသို့လည်း
ဝင်နိုင်ပေ၏၊
သင်၏မျက်မှောင်နှစ်ခုအကြား၌
ရပ်တည်နေသော
ငါ့ကိုလည်း
သင်
မမြင်ရလတ္တံ့။
၄၅၈။
အချင်းမာရ်နတ်
ငါသည် စိတ်၌
လေ့လာပြီးသူ
ဖြစ်၏၊ ဣဒ္ဓိပါဒ်တို့ကို
ကောင်းစွာ
ပွါးများစေပြီးသူဖြစ်၏၊
အလုံးစုံသော
အနှောင်အဖွဲ့မှ
လွတ်မြောက်ပြီးသူ
ဖြစ်၏၊ (ထို့
ကြောင့်) သင့်ကို
ငါမကြောက်လန့်ချေ။
၄၅၉။
ကာမဂုဏ်တို့သည်
လှံတံကျင်လျှင်
ဥပမာရှိကုန်၏၊
ခန္ဓာငါးပါးတို့သည်
ထို ကာမဂုဏ်တို့၏စဉ်းတီတုံးသဖွယ်
ဖြစ်ကုန်၏၊
သင်သည်
အကြင်ကာမ၌
မွေ့လျော်ခြင်းကို
ပြောဆိုဘိ၏၊
ထိုကာမ၌မွေ့လျော်ခြင်းသည်
ယခု ငါ့အား
မွေ့လျော်ခြင်း
မဖြစ်တော့ချေ။
၄၆၀။
မာရ်ယုတ်
ငါသည်
အလုံးစုံကာမဂုဏ်တို့၌
နှစ်သက်ခြင်းကို
ပယ်ဖျောက်အပ်ပြီ၊
အမိုက်တုံးကိုဖျက်ခွဲအပ်ပြီ၊
ဤသို့ သင်
သိပါလော့၊
မာရ်နတ်
သင်သည်
နိမ့်ကျပြီးသူ
ဖြစ်ပေ၏။
၄၆၁။
မာရ်ငါးပါးကို
အောင်မြင်တော်မူသော
မြတ်စွာဘုရားသည်
ထိုဂုဏ်၌
နှစ်သက်
တော်မူသည်ဖြစ်၍ပရိသတ်တို့၌
တန်ခိုးကြီးသော
ရဟန်းမတို့တွင်
အမြတ်ဆုံးဟု
ငါ့ကို
ဧတဒဂ်အရာ၌
ထားတော်မူ၏။
၄၆၂။
ငါသည်
မြတ်စွာဘုရားကို
လုပ်ကျွေးခဲ့ပေပြီ၊
မြတ်စွာဘုရား၏
အဆုံးအမကိုလိုက်နာကျင့်သုံးခဲ့ပေပြီ၊
လေးသော
ခန္ဓာဝန်ကို
ချထားအပ်ပြီ၊
ဘဝတဏှာကို
ပယ်နုတ်
အပ်ပြီ။
၄၆၃။
ငါသည် အကြင်
နိဗ္ဗာန်အကျိုးငှါ
အိမ်မှ
(ထွက်၍)
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့
ပေ၏၊
အလုံးစုံသော
သံယောဇဉ်တို့
ကုန်ခြင်းဟူသော
ထိုနိဗ္ဗာန်အကျိုးကို
ငါရအပ်ပေပြီ။
၄၆၄။
သင်္ကန်းကိုလည်းကောင်း၊
ဆွမ်းကိုလည်းကောင်း၊
ဆေးပစ္စည်းကိုလည်းကောင်း၊
အိပ်ရာနေရာ
(ကျောင်း)
ကိုလည်းကောင်း
အထောင်မကသော
ပစ္စည်းလေးပါးတို့ကို
ထက်ဝန်း
ကျင်မှတစ်ခဏချင်းဖြင့်
ဆက်ကပ်ကြလေကုန်၏။
၄၆၅။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၄၆၆။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၄၆၇။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဥပ္ပလဝဏ္ဏာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ကိုးခုမြောက်
ဥပ္ပလဝဏ္ဏာထေရီအပဒါန်
ပြီး၏။
------
၁၀-ပဋာစာရာထေရီအပဒါန်
၄၆၈။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
လူတို့၏
ရှေ့သွား
ဖြစ်တော်မူသော
အလုံးစုံသောတရားတို့၏
တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရမည်သော
မြတ်စွာဘုရား
သည်ပွင့်တော်မူလေ၏။
၄၆၉။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
အထူးထူးသော
ရတနာတို့ဖြင့်
တောက်ပ
သောကြီးကျယ်သော
ချမ်းသာနှင့်
ပြည့်စုံသော
သူဌေးမျိုး၌
မွေးဖွားသူ
ဖြစ်ခဲ့၏။
၄၇၀။
ငါသည်
ထိုမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
တရားဒေသနာကို
နာကြားခဲ့၏၊
ထိုအခါ ငါသည်ကြည်ညိုခြင်း
ရှိသည်ဖြစ်၍
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ခဲ့
ပေ၏။
၄၇၁။
ထိုအခါ
မြတ်စွာဘုရားသည်
(မကောင်းမှုကို)
ရှက်တတ်သော
တာဒိဂုဏ်နှင့်
ပြည့်စုံသောအပ်သောအရာ,
မအပ်သောအရာ၌
ရဲရင့်သော
ရဟန်းမကို
ဝိနည်းဆောင်ရဟန်းမ
တို့တွင်
အမြတ်ဆုံးဟုချီးကျူးတော်မူ၏။
၄၇၂။
ထိုအခါ
ဝမ်းမြောက်သော
စိတ်ရှိသော
ငါသည် ထိုအရာအထူးကို
အလွန်အလိုရှိ
သည်ဖြစ်၍လောက၏
ရှေးသွား
မြတ်စွာဘုရားကို
သံဃာနှင့်တကွ
ပင့်ဖိတ်ပြီးလျှင်
-
၄၇၃။
ခုနစ်ရက်ပတ်လုံး
ဆွမ်းလုပ်ကျွေးလျက်
သင်္ကန်းသုံးထည်ကို
လှူဒါန်းကာ
ခြေတော်တို့ကို
ဦးတိုက်၍
ဤစကားကို
လျှောက်ထားခဲ့၏
-
၄၇၄။
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
ဤနေ့မှ
ရှစ်ရက်မြောက်သောနေ့၌
အရှင် ဘုရားသည်
အကြင်ရဟန်းမကို
ချီးကျူးတော်မူခဲ့ပါ၏၊
မြတ်စွာဘုရား
(အကျွန်ုပ်၏
ကောင်းမှု
ကံသည်)
အကယ်၍ပြည့်စုံပါအံ့၊
အကျွန်ုပ်သည်
ထိုကဲ့သို့
သဘောရှိသောသူ
ဖြစ်ရပါ လို၏
(ဟု ဤစကားကိုလျှောက်ထား၏)။
၄၇၅။
ထိုအခါ
မြတ်စွာဘုရားသည်
ငါ့ကို မိန့်တော်မူ၏၊
ချစ်သမီး
မကြောက်လင့်၊
သက်သာရာရလော့၊
အနာဂတ်ကာလ၌
စိတ်အလိုရှိသော
ထိုဆုကို
ရလတ္တံ့။
၄၇၆။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်
ဂေါတမမည်သော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၄၇၇။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည် ဖန်ဆင်းအပ်သော
အမွေခံသမီးတော်
ဖြစ်၍''ပဋာစာရာ''ဟူသော
အမည်ဖြင့်
မြတ်စွာဘုရား၏
တပည့်မ 'သာဝိကာ'
ဖြစ်လတ္တံ့
(ဟု
မိန့်တော်မူ၏)။
၄၇၈။
ထိုအခါ ငါသည်
ဝမ်းမြောက်ခြင်းရှိသည်
ဖြစ်၍ လောက၏
ရှေ့သွားဖြစ်တော်မူ
သောထိုမြတ်စွာဘုရားကို
သံဃာနှင့်တကွ
မေတ္တာစိတ်ရှိလျက်
အသက်ထက်ဆုံး
လုပ်ကျွေး
ခဲ့၏။
၄၇၉။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၄၈၀။
ဤဘဒ္ဒကမ္ဘှာ၌
ဗြာဟ္မဏမျိုး
ဖြစ်တော်မူ၍
များမြတ်သည့်
အခြံအရံအကျော်အစော
ရှိတော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး ဖြစ်တော်မူသော
အနွယ်အားဖြင့်
ကဿပမည်သော မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၄၈၁။
ထိုအခါ
ဗာရာဏသီပြည်တော်၌
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်သော
လူတို့ ကို
အစိုးရသော''ကိကီ''မည်သော
ကာသိမင်းသည်
ရှိလေ၏။
၄၈၂။
ငါသည်
ထိုမင်း၏
တတိယသမီး
ဖြစ်၍
''ဘိက္ခုနီ''ဟူ၍
ကျော်စောထင်ရှားခဲ့၏၊
ဘုရားမြတ်၏တရားတော်ကို
နာကြားရ၍
(ခမည်းတော်အား)
ရဟန်းအဖြစ်ကို
တောင်းပန်
လျှောက်ကြားခဲ့၏။
၄၈၃-၄၈၄။
ခမည်းတော်သည်
ငါတို့အား
ခွင့်မပြုခဲ့ချေ၊
ထိုအခါ
ငါတို့သည်
အိမ်၌ သာလျှင်ချမ်းသာသဖြင့်
ကြီးပွါးရသော
မင်းသမီးများ
ဖြစ်ပါလျက် အပျိုစင်အဖြစ်ဖြင့်
မြတ်သော
အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး
မပျင်းမရိ
ကျင့်ခဲ့ကုန်၏၊
သမီးတော်
ခုနစ်ယောက်တို့သည်
ဝမ်းမြောက်စွာမြတ်စွာဘုရားကို
ဆည်းကပ်လုပ်ကျွေးခြင်း၌
အမြဲ
ပျော်မွေ့ကုန်၏။
၄၈၅။
ယင်းသမီးတော်ခုနစ်ယောက်တို့ဟူသည်မှာ
သမဏီ,
သမဏဂုတ္တာ,
ဘိက္ခုနီ, ဘိက္ခုဒါယိကာ,
ဓမ္မာ,
သုဓမ္မာနှင့်
ခုနစ်ယောက်မြောက်
သံဃဒါယိကာတို့တည်း။
၄၈၆။
ယခုအခါ
(အစဉ်အတိုင်း)
ခေမာသည်လည်းကောင်း၊
ဥပ္ပလဝဏ်သည်လည်းကောင်း၊
ငါသည်လည်းကောင်း၊
ဘဒ္ဒါမည်သော
ကုဏ္ဍလကေသာရဟန်းမသည်လည်းကောင်း၊
ကိသာဂေါတမီသည်လည်းကောင်း၊
ဓမ္မဒိန္နာသည်လည်းကောင်း၊
ခုနစ်ယောက်မြောက်
ဝိသာခါသည်လည်းကောင်း
ဖြစ်၏။
၄၈၇။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၄၈၈။
ယခု
နောက်ဆုံးဖြစ်သော
ဘဝ၌လည်း
ငါသည် သာဝတ္ထိပြည်တော်တွင်
ပြည့်စုံ
ကြွယ်ဝလျက်များသော
ဥစ္စာရှိသော
သူဌေးမျိုး၌
ဖြစ်၏။
၄၈၉။
အကြင်အခါ
ငါသည်
အရွယ်သို့
ရောက်သည်ရှိသော်
မိဘမျက်ကွယ်လင်ကို
တွေ့မြင်သဖြင့်ကာမဝိတက်၏
အလိုသို့
လိုက်၍
ထိုလင်နှင့် အတူ
လိုက်သွားခဲ့၏။
၄၉၀။
ငါသည်
သားတစ်ယောက်ကို
မွေးဖွားခဲ့လေပြီ၊
နှစ်ယောက်မြောက်
(ဒုတိယ) သား
သည်ငါ၏ဝမ်း၌
ရှိလေ၏၊
ထိုအခါ ငါသည်
အမိ, အဖတို့ကို
တွေ့မြင်အံ့ဟု
ကောင်းစွာ
ဆုံးဖြတ်ခဲ့၏။
၄၉၁။
ထိုအခါ ငါ၏
ထိုလင်သည်
အရပ်တစ်ပါးသို့
သွားနေစဉ်
ငါသည် လင်ကို
မပြော
ကြားခဲ့ပေ၊
ငါသည်
သာဝတ္ထိပြည်တော်သို့
သွားရန် တစ်ယောက်တည်း
အိမ်မှ
ထွက်ခဲ့၏။
၄၉၂။
ထိုအခါ ငါ၏
လင်သည်
လိုက်လာ၍
လမ်းခရီး၌
ငါ့ကို
မီလေ၏၊ ထိုအခါ
ငါ့အားအလွန်ပြင်းထန်သော
ကမ္မဇလေတို့သည်
ဖြစ်ပေါ်ကုန်၏။
၄၉၃။
ငါ၏
သားဖွားသော
အချိန်၌
မိုးကြီးသည် ရွာချလေ၏၊
ထိုအခါ
ထင်းရှာဖွေရန်
အလို့ငှါသွားလတ်သော်
လင်ကို
မြွေသည်
ပေါက်သတ်လေ၏။
၄၉၄။
ထိုအခါ
သားဖွားခြင်းဆင်းရဲဖြင့်
ကိုးကွယ်ရာမဲ့လျက်
အထီးကျန်သော
ငါသည် မိမိအမျိုး
အိမ်သို့သွားသည်ရှိသော်
ရေပြည့်နေသော
မြစ်ငယ်ကို
မြင်၍-
၄၉၅။
သူငယ်ကို
ချီလျက်
ကူးခတ်ခဲ့၏၊
ငါသည် ထိုမှာဘက်ကမ်း၌
သားငယ်ကို
တစ်ယောက်တည်းချထားခဲ့၍
(အိပ်စေ၍)
အခြားသားကြီးကို
ကူးမြောက်စေခြင်းငှါ-
၄၉၆-၄၉၇။
ပြန်လာသည်ရှိသော်
ဝန်လိုငှက်သည်
မြည်တမ်းငိုကြွေးနေသော
သားငယ်
ကိုသုတ်ဆောင်လေ၏၊
အခြားသားကြီးသည်လည်း
ရေအလျဉ်၌
မျောပါလေ၏၊
ထိုငါသည်သောကလောင်မီး
ဖိစီးခံရလျက်
သာဝတ္ထိပြည်သို့
သွားသည်ရှိသော်
ဆွေမျိုးတို့
သေဆုံး ကြောင်းကိုကြားသိရလေ၏၊
ထိုအခါ
ကြီးစွာသော
သောကဖြင့်
ပြည့်လျှံလျက်ရှိသော
ငါသည်
ပူဆွေးခြင်းနှိပ်စက်အပ်သည်ဖြစ်၍
(ဤသို့)
ပြောဆိုမြည်တမ်း၏။
၄၉၈။
သားနှစ်ယောက်တို့သည်
သေကုန်ပြီ၊
ငါ၏
လင်သည်လည်း
လမ်းခရီး၌
သေခဲ့ပြီ၊
အမိသည်လည်းကောင်း၊
အဖသည်လည်းကောင်း၊
မောင်သည်လည်းကောင်း
ထင်းတစ်ပုံ
တည်း၌လောင်ကျွမ်းလျက်
ရှိကုန်၏ဟု
ပြောဆို
(မြည်တမ်း)
ခဲ့၏။
၄၉၉။
ထိုအခါ ငါသည်
ကိုးကွယ်ရာမဲ့ကာ
ဆင်းရဲသော
စိတ်ရှိသည်
ဖြစ်၍
ပိန်ချုံး
ဖျော့တော့သောအဆင်းရှိ၏၊
ဤမှ ထိုမှ
သွားလာလှည့်လည်သည်ရှိသော်
မြတ်စွာဘုရားကို
ဖူးမြင်ရ၏။
၅၀၀။
ထိုအခါ
မြတ်စွာဘုရားသည်
ငါ့ကို မိန့်ကြားတော်မူ၏၊
ချစ်သမီး
ပူဆွေး၍ မနေ
ပါလင့်၊
သက်သာရာ
ရစေလော့၊ သင်၏
ကိုယ်ကို
ရှာဖွေလော့၊
သင်သည်
အဘယ့်ကြောင့်
အကျိုးမဲ့ဆင်းရဲပင်ပန်းနေဘိသနည်း။
၅၀၁။
သားသမီးတို့သည်
အားထားရာ
မဟုတ်ကုန်၊
ဆွေမျိုးတို့သည်လည်း
အားထား ရာ
မဟုတ်ကုန်၊
မိတ်ဆွေတို့သည်လည်း
အားထားရာ
မဟုတ်ကုန်၊
သေမင်းယုတ်
နှိပ်စက်
ခံရသူအား
ဆွေမျိုးတို့၌
အားထားရာ
မရှိတော့ချေ
(ဟု
မိန့်တော်မူ၏)။
၅၀၂။
ငါသည်
မြတ်စွာဘုရား၏
ထိုတရားစကားကို
ကြားနာရသည်ရှိသော်
ပထမ
(သောတာပတ္တိ)
ဖိုလ်ကို ရ၏၊
ရဟန်းပြု၍
မကြာမြင့်မီ
အရဟတ္တဖိုလ်သို့
ရောက်၏။
၅၀၃။
ငါသည်
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌
လည်းကောင်း၊
ဒိဗ္ဗသောတအဘိညာဉ်၌လည်းကောင်းလေ့လာပြီးသူ
ဖြစ်၏၊
သူတစ်ပါးစိတ်တို့ကို
သိ၏၊
မြတ်စွာဘုရားအဆုံးအမကို
လိုက်နာကျင့်သုံးသူ
ဖြစ်၏။
၅၀၄။
ရှေးရှေးဘဝ၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင် အပ်ပြီ၊
အာသဝအားလုံးတို့ကို
ကုန်ခန်းစေ၍
(ကိလေသာ)
အညစ်အကြေး
ကင်းလျက်
အထူး
စင်ကြယ်သူ ဖြစ်၏။
၅၀၅။
ထို့နောက်
ငါသည် အလုံးစုံကို
သိမြင်တော်မူသော
မြတ်စွာဘုရား၏
အထံ၌
ဝိနည်းအားလုံးကိုအလုံးစုံ
အကျယ် သင်ယူ၏၊
အမှန်အတိုင်းလည်း
ဆောင်ထား၏။
၅၀၆။
မြတ်စွာဘုရားသည်
ထိုဂုဏ်၌
နှစ်သက်၍ ဝိနည်းကို
ဆောင်သူတို့တွင်
ပဋာစာရာ တစ်ဦးသာလျှင်အမြတ်ဆုံး
ဖြစ်၏ဟု
ငါ့ကို ဧတဒဂ်အရာ၌
ထားတော်မူ၏။
၅၀၇။
ငါသည် မြတ်စွာဘုရားကို
လုပ်ကျွေးအပ်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမကို
လိုက်နာကျင့်သုံးပြီးပြီ၊
လေးသော
ခန္ဓာဝန်ကို
ချပြီးပြီ၊
ဘဝတဏှာကို
ပယ်နုတ်အပ်ပြီ။
၅၀၈။
အကြင်အကျိုးငှါ
အိမ်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏၊
အလုံးစုံသော
သံယောဇဉ်ကုန်ရာဖြစ်သော
ထိုနိဗ္ဗာန်အကျိုးကို
ငါသည် ရအပ်ပြီ။
၅၀၉။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၅၁၀။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၅၁၁။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ပဋာစာရာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ဆယ်ခုမြောက်
ပဋာစာရာထေရီအပဒါန်
ပြီး၏။
နှစ်ခုမြောက်
ဧကူပေါသထိကဝဂ်
ပြီး၏။
------
၃-ကုဏ္ဍလကေသီဝဂ်
၁-ကုဏ္ဍလကေသာထေရီအပဒါန်
၁။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်တော်မူသော
အလုံးစုံ သော
တရားတို့၏တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရမည်သော
မြတ်စွာဘုရား
သည်
ပွင့်တော်မူ၏။
၂။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
အထူးထူးသော
ရတနာတို့ဖြင့်
တောက်ပသော
ကြီးစွာသောချမ်းသာနှင့်
ပြည့်စုံသော
သူဌေးမျိုး၌ မွေးဖွားသည်
ဖြစ်ခဲ့၏။
၃။
ငါသည်
ထိုမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
တရားဒေသနာကို
နာကြားခဲ့၏၊
ထိုအခါ
ငါသည်ဖြစ်သော
ကြည်ညိုခြင်းရှိသည်ဖြစ်၍
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်
ခဲ့၏။
၄။
ထိုအခါ
ကြီးသော
သနားခြင်း
မဟာကရုဏာ ရှိတော်မူသော
ပဒုမုတ္တရမြတ်စွာဘုရား
သည်''သုဘာ''မည်သော
ရဟန်းမကို
လျင်မြန်သော
အဘိညာဉ်ရှိသူတို့တွင်
အမြတ်ဆုံးဟု
(ဧတဒဂ်အရာ၌)
ထားတော်မူ၏။
၅။
ငါသည်
ထိုစကားကို
ကြားနာရသော်
ဝမ်းမြောက်သည်ဖြစ်၍
မြတ်စွာဘုရားအား
လှူဖွယ်ဝတ္ထုကိုလှူပြီးလျှင်
ခြေတော်တို့ကို
ဦးတိုက်လျက်
ထိုအရာအထူးကို
ဆုတောင်းခဲ့၏။
၆။
ထိုအခါ
မြတ်စွာဘုရားသည်
ချစ်သမီး
သင်သည်
အကြင်အရာကို
ဆုတောင်း၏၊ ထိုအရာအားလုံးသည်
ပြည့်စုံလတံ္တ့၊
ချမ်းသာခြင်းရှိလျက်
ငြိမ်းချမ်းသူ
ဖြစ်ပါလော့။
၇။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၈။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည် ဖန်ဆင်းအပ်သော
အမွေခံသမီးတော်
ဖြစ်၍''ဘဒ္ဒါကုဏ္ဍလကေသာ''ဟူသော
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ'
ဖြစ်လတ္တံ့
(ဟု
အနုမောဒနာပြုတော်မူ၏)။
၉။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက် ရ၏။
၁၀။
ငါသည်
ထိုဘုံမှ
စုတေလတ်သော်
ယာမာဘုံသို့
ရောက်ရ၏၊
ထိုဘုံမှ
တုသိတာ
ဘုံသို့ ရောက်ရ၏၊
ထိုဘုံမှ
နိမ္မာနရတိဘုံသို့လည်းကောင်း၊
ဝသဝတ္တိဘုံသို့လည်းကောင်း
ရောက်ရ၏။
၁၁။
ငါသည်
အကြင်အကြင်ဘုံဘဝ၌
ဖြစ်ရ၏၊ ထိုထိုဘုံဘဝ၌
ထိုကံ၏
အစွမ်းကြောင့်
မင်းတို့၏မိဖုရားအဖြစ်ကိုသာလျှင်
ပြုခဲ့ရ၏။
၁၂။
ထိုဘုံမှ
စုတေလတ်သော်
လူတို့ဘုံ၌
စကြဝတေးမင်းတို့၏လည်းကောင်း၊
ပဒေသရာဇ်မင်းတို့၏လည်းကောင်း
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏။
၁၃။
နတ်ဘုံတို့၌
လည်းကောင်း၊
လူ့ဘုံတို့၌
လည်းကောင်း
စည်းစိမ်ကို
ခံစားပြီးလျှင်
၊
အလုံးစုံသောဘဝတို့၌
ချမ်းသာခြင်းသို့
ရောက်သည်ဖြစ်၍
များစွာသော
ကမ္ဘာတို့၌
ကျင်လည်ခဲ့ရ၏။
၁၄။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံအကျော်အစော
ရှိတော်မူ သောတရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံးဖြစ်၍
အနွယ်အားဖြင့်
ကဿပအမည်ရှိသော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၁၅။
ထိုအခါ
ဗာရာဏသီပြည်တော်၌
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်သော
လူတို့ကို
အစိုးရသောကိကီမည်သော
ကာသိမင်းသည်
ရှိလေ၏။
၁၆။
ငါသည်
ထိုမင်း၏
''ဘိက္ခုဒါယိကာ''ဟူ၍
ကျော်စောထင်ရှားသော
စတုတ္ထသမီးတော်
ဖြစ်ခဲ့၏၊
ထိုအခါ ငါသည်
ဘုရားမြတ်၏
တရားကို
နာကြားရ၍
(ခမည်းတော်မင်းအား)
ရဟန်းအဖြစ်ကိုတောင်းပန်လျှောက်ထားခဲ့၏။
၁၇-၁၈။
ခမည်းတော်သည်
ငါတို့အား
ခွင့်မပြုခဲ့ချေ၊
ထိုအခါ
ငါတို့သည်
အိမ်၌သာလျှင်
ချမ်းသာသဖြင့်ကြီးပွါးရသော
မင်းသမီးများ
ဖြစ်ပါလျက်
အပျိုစင်အဖြစ်ဖြင့်
မြတ်သော အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး
မပျင်းမရိ
ကျင့်ခဲ့ကုန်၏၊
သမီးတော်
ခုနစ်ယောက်တို့
သည် ဝမ်းမြောက်စွာမြတ်စွာဘုရားကို
ဆည်းကပ်လုပ်ကျွေးခြင်း၌
အမြဲ
ပျော်မွေ့ကုန်၏။
၁၉။
ယင်းသမီးတော်ခုနစ်ယောက်တို့ဟူသည်မှာ
သမဏီ,
သမဏဂုတ္တာ,
ဘိက္ခုနီ,
ဘိက္ခုဒါယိကာ,
ဓမ္မာ,
သုဓမ္မာနှင့်
ခုနစ်ယောက်မြောက်
သံဃဒါယိကာတို့တည်း။
၂၀။
ယခုအခါ
(အစဉ်အတိုင်း)
ခေမာသည်လည်းကောင်း၊
ဥပ္ပလဝဏ်သည်လည်းကောင်း၊
ပဋာစာရာသည်လည်းကောင်း၊
ငါသည်လည်းကောင်း၊
ကိသာဂေါတမီသည်လည်းကောင်း၊
ဓမ္မဒိန္နာသည်လည်းကောင်း၊
ခုနစ်ယောက်မြောက်
ဝိသာခါသည်လည်းကောင်း
ဖြစ်၏။
၂၁။
ငါသည်
ကောင်းစွာ
ပြုအပ်ကုန်သော
ထိုကံတို့ကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသော်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၂၂။
ငါသည် ယခု
နောက်ဆုံးဖြစ်သော
ဘဝ၌ကား ရာဇဂြိုဟ်ပြည်တော်တွင်
ကြွယ်ဝ သော
သူဌေးမျိုး၌ဖြစ်ရ၏၊
ငါသည်
ပျိုမျစ်နုနယ်သော
အရွယ်၌ တည်၏။
၂၃။
ငါသည် သတ်ရန်
ထုတ်ဆောင်လာသော
ခိုးသူကို
မြင်ရသော်
ထိုခိုးသူ၌
တပ်မက်
သည်ဖြစ်၍ ငါ၏အဖသည်
အသပြာတစ်ထောင်ဖြင့်
ထိုခိုးသူကို
ထိုသတ်ခြင်းမှ
လွတ်စေ လျက်-
၂၄။
ဖခင်သည် ငါ၏
စိတ်ကို သိ၍
ငါ့ကို
ထိုခိုးသူအား
ပေးလေ၏၊
ငါသည်
ထိုခိုးသူ
အား အလွန်ယုယကြင်နာလျက်
အစီးအပွါးကို
ဆောင်ကာ ချစ်ကျွမ်းဝင်သူ
ဖြစ်ခဲ့၏။
၂၅။
ရန်သူဖြစ်သော
ထိုခိုးသားသည်
ငါ၏ အဆင်တန်ဆာကို
လိုချင်သောကြောင့်
ဗလိနတ်စာ
ပူဇော်လို၍ခိုးသူချရာ
ချောက်ကမ်းပါးပြတ်ရှိသော
တောင်သို့
ခေါ်ဆောင်လျက်
သတ်ဖို့ရန်
အားထုတ်၏။
၂၆။
ထိုအခါ ငါသည်
ခိုးသူကို
ကောင်းစွာ
လက်အုပ်ချီရှိခိုးလျက်
မိမိအသက်ကို
စောင့်ရှောက်လို၍ဤစကားကို
ပြောဆို၏ -
၂၇။
အရှင့်သား
ဤရွှေလက်ကြပ်ကိုလည်းကောင်း၊
များစွာကုန်သော
ပုလဲ,
ကြောင်မျက်ရွဲတို့ကို
လည်းကောင်း
အလုံးစုံကို
ယူပါလော့။
အကျွန်ုပ်ကိုလည်း
ကျွန်မဟူ၍
ပြောကြားပါ
လော့ဟုဤစကားကို
ပြောဆို၏။
၂၈။
ကောင်းခြင်းလက္ခဏာနှင့်
ပြည့်စုံသော
ရှင်မ
အဆင်တန်ဆာချွတ်လော့၊
ပြင်းစွာ မငိုကြွေးလင့်၊
ငါကား မသတ်ဘဲ
ဥစ္စာကို
ဆောင်ယူဖူးသည်ကို
မသိစဖူးဟု
ခိုးသူသည် ဆို၏။
၂၉။
အရှင်
အကျွန်ုပ်သည်
အကြင်အခါမှစ၍
မိမိကိုယ်ကို
အမှတ်ရ၏၊
အကြင်အခါမှစ၍လိမ္မာသူအဖြစ်သို့
ရောက်၏၊
ထိုအခါ မှစ၍
အရှင့်ထက်
သာလွန်၍
ချစ်သော
အခြား သူကို
မသိစဖူးပါ။
၃၀။
အရှင်
လာပါလော့၊
အရှင့်ကို
လက်ယာရစ်လှည့်သည်ကို
ပြု၍ အရှင့်ကို
ပွေ့ဖက်ပါ
အံ့၊
ယခုအကျွန်ုပ်၏လည်းကောင်း၊
အရှင်၏လည်းကောင်း
နောက်ထပ်တစ်ဖန်
ပေါင်းဆုံခြင်း
သည်
မရှိတော့ပါ။
(ဤသို့ ဆို၍
ခိုးသူကို
ကမ်းပါးပြတ်၌
တွန်းချ၏)။
၃၁။
ထိုအံ့ဩဖွယ်ကို
မြင်၍
တောင်စောင့်နတ်သည်
အလုံးစုံသော
အရာတို့၌
ယောက်ျား
သည်သာပညာရှိသည်
မဟုတ်၊ မိန်းမသည်လည်း
ထိုထိုအရာ၌
ဆင်ခြင်နိုင်သော
ပညာရှိ၏။
၃၂။
အလုံးစုံသော
အရာတို့၌
ယောက်ျားသည်သာ
ပညာရှိသည်
မဟုတ်၊
မိန်းမသည်
လည်းလျင်မြန်စွာ
အကျိုးကို
ကြံစည်နိုင်သော
ပညာရှိ၏ (ဟု
ကြွေးကြော်၏)။
၃၃။
ငါသည်
သေခါနီး၌
လျင်မြန်စွာ
အားထုတ်ခဲ့၏၊
အမွေးသည်
သိုးဖြစ်သော
သားကောင်ကိုသတ်သကဲ့သို့
ဤအတူ ထိုအခါ
ငါသည်
ခိုးသူကို
သတ်ခဲ့၏။
၃၄။
အကြင်သူသည်
ကျရောက်လာသော
အကျိုးကို လျင်မြန်စွာ
မသိ၊
'ခိုးသူကို
ထောင်ချောက်၌သတ်အပ်သကဲ့သို့'
ထိုပညာနုံ့သော
သူကို သတ်အပ်၏။
၃၅။
အကြင်သူသည်
ကျရောက်လာသော
အကျိုးကို လျင်မြန်စွာသာလျှင်
သိ၏၊ ထိုအခါ
ငါသည်'ခိုးသူမှ
လွတ်မြောက်သကဲ့သို့'
ထိုသူသည်
ရန်သူ့အကြပ်အတည်းမှ
လွတ်မြောက်၏။
၃၆။
ထိုအခါ ငါသည်
တောင်ကမ်းပါးပြတ်၌
ခိုးသူကို
တွန်းချပြီးလျှင်
အဝတ်ဖြူဝတ်သူ
(ပရိဗိုဇ်မ)
တို့၏အထံသို့
ကပ်၍
ရဟန်းပြုခဲ့၏။
၃၇။
ထိုအခါ
ပရိဗိုဇ်မတို့သည်
မွေးညှပ်ဖြင့်
ငါ၏
ဆံပင်တို့ကို
အကြွင်းမဲ့
နုတ်၍
ရဟန်းပြုပေးကြပြီးလျှင်
အယူဝါဒကို
မပြတ်ပြောကြားကြကုန်၏။
၃၈-၃၉။
ထိုအခါ ငါသည်
ထိုအယူကို
သင်ယူ၍ တစ်ကိုယ်တည်း
ထိုင်နေလျက်
ထို
အယူကိုကြံစည်စဉ်းစား၏၊
(ဤသို့
စဉ်းစားနေစဉ်)
ခွေးသည် လူ့လက်ပြတ်ကို
ချီယူ၍ ငါ၏
အနီး၌
ချလျက်ဖဲသွား၏၊
ငါသည်
ပိုးလောက်တို့ဖြင့်
ပြွမ်းသော ထိုလက်ကို
မြင်၍
ပုဠဝကအမှတ်နိမိတ်ကို
ရလေ၏။
၄၀။
ထိုအခါ ငါသည်
ထိတ်လန့်သည်ဖြစ်၍
နေရာမှ
ထပြီးလျှင်
အတူ
တရားကျင့်ဘက်
တို့ကို မေး၏၊
ထိုသူတို့သည်
သာကီဝင်မင်းသားရဟန်းတို့သည်
ထိုအကြောင်းကို
အထူး
သိကုန်၏ဟု
ပြောဆိုကုန်၏။
၄၁။
ထိုငါသည်
ထိုအကြောင်းကို
မြတ်စွာဘုရားတပည့်သာဝကတို့ထံသို့
ချဉ်းကပ်၍
မေးလျှောက်အံ့
(ဟုကြံစည်လျက်
ချဉ်းကပ်သည်ရှိသော်)
ထိုဘုရား၏
တပည့်သာဝကတို့
သည် ငါ့အား
ဘုရားမြတ်၏အထံသို့
ခေါ်ယူ၍
သွားကုန်၏။
၄၂။
ထိုမြတ်စွာဘုရားသည်
ငါ့အား ခန္ဓာ,
အာယတန,
ဓာတ်တို့ကို
အသုဘ, အနိစ္စ,
ဒုက္ခဟူ၍လည်းကောင်း၊
အနတ္တဟူ၍လည်းကောင်း
တရားကို
ဟောတော်မူ၏။
၄၃-၄၄။
ငါသည်
ထိုမြတ်စွာဘုရား၏
တရားကို နာကြားရ၍
တရားမျက်စိ
(မဂ်ဉာဏ်) ကို
သုတ်သင်ခဲ့၏၊
ထိုအခါ ငါသည်
သူတော်ကောင်းတရားကို
သိပြီးသူဖြစ်၍
ရှင်အဖြစ်,
ရဟန်း
အဖြစ်ကို တောင်းပန်ခဲ့၏၊
ထိုအခါ
မြတ်စွာဘုရားသည်
''ချစ်သမီး
လာလော့''ဟု
မိန့်ဆိုတော်မူ၏၊
ထိုအခါ ငါသည်
ပဉ္စင်းဖြစ်ပြီး၍အနည်းငယ်သော
ရေကို
တွေ့မြင်၏။
၄၅။
ထိုအခါ ငါသည်
ခြေကို
ရေဆေးသဖြင့်
အဖြစ်အပျက်နှင့်တကွ
သိ၍ ထို့အတူ
အလုံးစုံသောသင်္ခါရတို့ကို
လည်း ဤသို့
သဘောရှိ၏ဟု
ကြံစည်၏။
၄၆။
ထိုအခါ ငါ၏
စိတ်သည်
စွဲလမ်းခြင်း
မရှိဘဲ
အကြွင်းမဲ့
ကိလေသာမှ
လွတ်
မြောက်၏၊ ထိုအခါ
မြတ်စွာဘုရားသည်
ငါ့ကို
လျင်မြန်သော
အဘိညာဉ်ရှိသူတို့တွင်
အမြတ် ဆုံးဟု
ပညတ်တော်မူ၏။
၄၇-၄၈။
ငါသည်
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌လည်းကောင်း၊
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌
လည်းကောင်းလေ့လာပြီးသူ
ဖြစ်၏။
သူတစ်ပါး၏
စိတ်တို့ကို
သိ၏၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကိုလိုက်နာပြုကျင့်သူဖြစ်၏၊
ရှေးရှေးဘဝ၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကိုအထူးသုတ်သင်အပ်၏၊
အာသဝေါအားလုံးတို့ကို
ကုန်ခန်းစေ၍ ကောင်း
စွာ
အညစ်အကြေးကင်းသောအထူးစင်ကြယ်သူ
ဖြစ်၏။
၄၉။
ငါသည်
မြတ်စွာဘုရားကို
လုပ်ကျွေးအပ်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမကို
လိုက်နာကျင့်သုံးအပ်ပြီ၊
လေးသော
ခန္ဓာဝန်ကို
ချထားအပ်ပြီ၊
ဘဝတဏှာကို
ပယ်နုတ်အပ်ပြီ။
၅၀။
အကြင်အကျိုးငှါ
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏၊
အလုံးစုံသောသံယောဇဉ်ကုန်ရာဖြစ်သော
ထိုုနိဗ္ဗာန်အကျိုးကို
ငါသည်
ရအပ်ပြီ။
၅၁။
ဘုရားမြတ်၏
သာသနာတော်၌
အတ္ထ, ဓမ္မ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့ အတူပင်ပဋိဘာနပဋိသမ္ဘိဒါတို့၌
လည်းကောင်း ငါ၏
ဉာဏ်သည်
အညစ်အကြေး
ကင်းလျက်
စင်ကြယ်၏။
၅၂။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝအားလုံးတို့ကို
ပယ်နုတ်အပ်ကုန်ပြီ၊
'ဆင်မသည်
အနှောင်အဖွဲ့ကို
ဖြတ်၍
နေသကဲ့သို့'
ငါသည် အာသဝ
မရှိဘဲ နေရ၏။
၅၃။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။
ငါသည်
မြတ်စွာ
ဘုရားအထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို
ရအပ်ကုန်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၅၄။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း၊
ရှစ်ပါးသော
ဤဝိမောက္ခတို့ကို
လည်းကောင်း၊
ခြောက်ပါးသော
အဘိညာဉ်တို့ကို
လည်းကောင်း
မျက်မှောက်ပြုအပ်ပါကုန်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
ဘဒ္ဒါကုဏ္ဍလကေသာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ရှေးဦးစွာသော
ကုဏ္ဍလကေသာထေရီအပဒါန်
ပြီး၏။
------
၂-ကိသာဂေါတမီထေရီအပဒါန်
၅၅။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်တော်မူသော
အလုံးစုံ သောတရားတို့၏
တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရအမည်ရှိသော
မြတ်စွာ
ဘုရားသည် ပွင့်တော်မူ၏။
၅၆။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
မထင်ရှားသော
အမျိုး၌
ဖြစ်၍
ထိုမြတ်စွာ
ဘုရားသို့ချဉ်းကပ်လျက်
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ခဲ့၏။
၅၇။
ထိုမြတ်စွာဘုရား၏
အလွန်သာယာဖွယ်ရှိသော
ဝဋ်ငြိမ်းရာချမ်းသာကို
ဆောင်နိုင်
သောသစ္စာလေးပါးနှင့်
စပ်သော
ချို်မြိန်သော
တရားတော်ကို
နာကြားခဲ့၏။
၅၈။
ထိုအခါ
လုံ့လရှိတော်မူသော
မြတ်စွာဘုရားသည်
ခေါင်းပါးသော
သင်္ကန်းကို
ဆောင်လေ့ရှိသောရဟန်းမကို
ဧတဒဂ်အရာ၌
ထားလျက် ချီးမွမ်းတော်မူ၏။
၅၉။
ရဟန်းမ၏
ဂုဏ်တို့ကို
ကြားနာရသော်
များစွာသော
နှစ်သိမ့်ခြင်းကို
ိ ဖြစ်စေလျက်စွမ်းအားအလျောက်
မြတ်စွာဘုရားအား
ပူဇော်သက္ကာရကို
ပြုပြီးလျှင်
-
၆၀။
ထိုမြတ်စွာဘုရားကို
ဦးတိုက်၍
ထိုအရာအထူးကို
ဆုတောင်းခဲ့၏၊
ထိုအခါ
လောက၏ရှေ့သွားဖြစ်တော်မူသော
မြတ်စွာဘုရားသည်
ဧတဒဂ်အရာအထူးကို
ရခြင်းငှါ
အနုမောဒနာ
ပြုတော်မူ၏။
၆၁။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၆၂။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည် ဖန်ဆင်းအပ်သော
အမွေခံသမီးတော်
ဖြစ်၍အမည်အားဖြင့်
ကိသာဂေါတမီမည်သော
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ' ဖြစ်
လတ္တံ့
(ဟုအနုမောဒနာပြုတော်မူ၏)။
၆၃။
ထိုအခါ ငါသည်
ထိုစကားကို
ကြားနာရသော်
ဝမ်းမြောက်ခြင်း
ဖြစ်၍ မာရ်ငါးပါးကိုအောင်တော်မူသော
မြတ်စွာဘုရားကို
အသက်ထက်ဆုံး
မေတ္တာစိတ်ရှိလျက်
ပစ္စည်းလေးပါး
တို့ဖြင့်လုပ်ကျွေးခဲ့၏။
၆၄။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၆၅။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံအကျော်အစော
ရှိတော် မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံးဖြစ်၍
အနွယ်အားဖြင့်
ကဿပအမည်ရှိသော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၆၆။
ထိုအခါ
ဗာရာဏသီပြည်တော်၌
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်သော
လူတို့ကို အစိုးရသောကိကီမည်သော
ကာသိမင်းသည်
ရှိလေ၏။
၆၇။
ထိုအခါ ငါသည်
ထိုမင်း၏
အမည်အားဖြင့်
''ဓမ္မာ''ဟု
ကျော်စောထင်ရှားသော
ပဉ္စမသမီးတော်ဖြစ်ခဲ့၏၊
ဘုရားမြတ်၏
တရားကို
နာကြား၍ ခမည်းတော်အား
ရဟန်းအဖြစ်
ကိုတောင်းပန်လျှောက်ထားခဲ့၏။
၆၈-၆၉။
ခမည်းတော်သည်
ငါတို့အား
ခွင့်မပြုချေ၊
ထိုအခါ
ငါတို့သည်
အိမ်၌သာလျှင်
ချမ်းသာသဖြင့်ကြီးပွါးရသော
မင်းသမီးများ
ဖြစ်ပါလျက်
အပျိုစင်
အဖြစ်ဖြင့်
မြတ်သော
အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး
မပျင်းမရိ ကျင့်သုံးခဲ့ကုန်၏၊
သမီးတော်
ခုနစ်ယောက်
တို့သည်ဝမ်းမြောက်စွာ
မြတ်စွာဘုရားကို
ဆည်းကပ်လျက်
လုပ်ကျွေးခြင်း၌
အမြဲ
ပျော်မွေ့ကုန်၏။
၇၀။
ယင်းသမီးတော်
ခုနစ်ယောက်တို့ဟူသည်မှာ
သမဏီ,
သမဏဂုတ္တာ,
ဘိက္ခုနီ,
ဘိက္ခုဒါယိကာ,
ဓမ္မာ,
သုဓမ္မာနှင့်
ခုနစ်ယောက်မြောက်
သံဃဒါယိကာတို့တည်း။
၇၁။
ယခုအခါ
(အစဉ်အတိုင်း)
ခေမာသည်လည်းကောင်း၊
ဥပ္ပလဝဏ်သည်လည်းကောင်း၊
ပဋာစာရာသည်လည်းကောင်း၊
ကုဏ္ဍလကေသာသည်လည်းကောင်း၊
ငါသည်လည်းကောင်း၊
ဓမ္မဒိန္နာသည်လည်းကောင်း၊
ခုနစ်ယောက်မြောက်
ဝိသာခါသည်လည်းကောင်း
ဖြစ် လာ၏။
၇၂။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၇၃။
ယခု
နောက်ဆုံး
ဖြစ်သော
ဘဝ၌ကား ငါသည်
ဆင်းရဲသော
ဥစ္စာမရှိသော
ပျက်စီး
သောသူဌေးမျိုး၌
ဖြစ်၍
ဥစ္စာရှိသော
အမျိုးသို့
ရောက်ရ၏။
၇၄။
လင်ကို ထား၍
ကြွင်းသော
သူတို့သည်
ငါ့အား
ဥစ္စာမရှိသူဟု
မထေမဲ့မြင်
ပြုကုန်၏၊ အကြင်အခါသားမွေးဖွား၏၊
ထိုအခါ
အလုံးစုံသော
သူတို့သည်
ငါ့အား
ချစ်ကြင်
နာကုန်၏။
၇၅။
အကြင်အခါ
ထိုသားသည်
နုပျို၏၊
ကောင်းခြင်းလက္ခဏာနှင့်
ပြည့်စုံနူးညံ့၏၊
ချမ်းသာသဖြင့်ကြီးပွါး၏၊
ငါသည်
မိမိအသက်ကဲ့သို့
ချစ်နှစ်သက်၏၊
ထိုအခါ
(သားသည်)
ယမမင်း (သေမင်း)
နိုင်ငံသို့လိုက်သွားလေ၏။
၇၆။
စိုးရိမ်ခြင်းဖြင့်
နှိပ်စက်၍
ပင်ပန်းဆင်းရဲသော
မျက်နှာရှိသော
ငါသည်
မျက်ရည် ပြည့်သော
မျက်လုံးငိုသော
မျက်နှာရှိလျက်
သေလေပြီးသော
အပုပ်ကောင်ကို
ယူဆောင်၍ မြည်တမ်းလျက်
သွား၏။
၇၇။
ထိုအခါ
ပညာရှိသူ
တစ်ယောက်သည်
ညွှန်ပြအပ်သည်ဖြစ်၍
ဆေးဆရာမြတ်ထံသို့
ချဉ်းကပ်လျက်အရှင်,
သားကို
ရှင်စေတတ်သော
ဆေးကို
ပေးပါလော့ဟု ဆို၏။
၇၈။
ဆုံးမခြင်းအကြောင်းဥပါယ်၌
လိမ္မာတော်မူသော
မြတ်စွာဘုရားသည်
အကြင်အိမ်၌
သေဖူးသော
သူမရှိ၊
ထိုအိမ်မှ
မုန်ညင်းစေ့ကို
ဆောင်ခဲ့လော့ဟု
မိန့်ဆိုတော်မူ၏။
၇၉။
ထိုအခါ
သာဝတ္ထိပြည်သို့
သွား၍ ထိုသို့
လူမသေဖူးသော
သဘောရှိသော အိမ်ကို
မရခဲ့ပေ၊
အဘယ်မှာ
ထိုအိမ်မှ
မုန်ညင်းစေ့ကို
ရအံ့နည်း၊
ထိုအခါ ငါသည်
သတိကို ရ၏။
၈၀။
အပုပ်ကောင်ကို
စွန့်ပစ်ပြီးလျှင်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၏၊
ချိုသာသော အသံရှိတော်မူသော
မြတ်စွာဘုရားသည်
အဝေးမှပင်
ငါ့ကို မြင်၍
မိန့်တော်မူ၏-
၈၁။
အကြင်သူသည်
အဖြစ်, အပျက်ကို
မရှုမြင်ဘဲ
အနှစ်တစ်ရာပတ်လုံး
အသက်ရှင်၏၊
(ထိုသို့ရှင်ခြင်းထက်)
အဖြစ်, အပျက်ကို
ရှုမြင်သူ၏
တစ်ရက်မျှ
အသက်ရှင်ရခြင်းသည်
မြတ်၏။
၈၂။
အကြင်မမြဲခြင်းသဘောသည်
ရှိ၏၊ ထိုမမြဲခြင်းသဘောသည်
တစ်ရွာ၏ သဘော
မဟုတ်၊ တစ်နိဂုံး၏
သဘောမဟုတ်၊
တစ်ခုသော
အမျိုး၏
သဘောလည်း
မဟုတ်၊ ဤမမြဲ
ခြင်းသဘောသည်နတ်နှင့်တကွသော
လောက၏ သဘောပင်တည်း။
၈၃။
ငါသည်
ဤဂါထာတို့ကို
ကြားနာရသည်နှင့်
တစ်ပြိုင်နက်
တရားမျက်စိ
(မဂ်ဉာဏ်)
ကိုသုတ်သင်ခဲ့၏၊
ထိုအခါ
သူတော်ကောင်းတရားကို
သိပြီးသော
ငါသည်
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၈၄။
မြတ်စွာဘုရားသာသနာတော်၌
ထိုသို့ ရဟန်းဖြစ်လာလျက်
အားထုတ်သည်ရှိသော်
ကာလမကြာမြင့်မီပင်
အရဟတ္တဖိုလ်သို့
ရောက်ခဲ့၏။
၈၅။
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌
လည်းကောင်း၊
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း
လေ့လာပြီးသူဖြစ်၏။
သူတစ်ပါးစိတ်တို့ကို
သိ၏၊ မြတ်စွာဘုရားအဆုံးအမကို
လိုက်နာကျင့်
သုံးသူ
ဖြစ်၏။
၈၆။
ရှေးရှေးဘဝ၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
အထူး
သုတ်သင်အပ်၏၊
အာသဝေါအားလုံးတို့ကို
ကုန်ခန်းစေ၍
ကောင်းစွာ
အညစ်အကြေး
ကင်းသော
အထူးစင်ကြယ်သူဖြစ်ခဲ့၏။
၈၇။
ငါသည်
မြတ်စွာဘုရားကို
လုပ်ကျွေးအပ်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမကို
လိုက်နာကျင့်သုံးအပ်ပြီ၊
လေးသော
ခန္ဓာဝန်ကို
ချထားအပ်ပြီ၊
ဘဝတဏှာကို
ပယ်နုတ်
အပ်ပြီ။
၈၈။
အကြင်အကျိုးငှါ
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏၊
အလုံးစုံသောသံယောဇဉ်ကုန်ရာဖြစ်သော
ထိုနိဗ္ဗာန်အကျိုးကို
ငါသည်
ရအပ်ပြီ။
၈၉။
ဘုရားမြတ်၏
အစွမ်းကြောင့်
အတ္ထ, ဓမ္မ, နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
တို့
အတူပင်ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
ငါ၏ဉာဏ်သည်
အညစ်အကြေးကင်းလျက်
စင်ကြယ်၏။
၉၀။
ထိုအခါ ငါသည်
တံမြက်ချေးစုမှလည်းကောင်း၊
သုသာန်မှလည်းကောင်း၊
လမ်းခရီး
မှလည်းကောင်းဆောင်ယူ၍
ဒုကုဋ်သင်္ကန်းပြုလျက်
ခေါင်းပါးသော
သင်္ကန်းကို
ဆောင်၏။
၉၁။
မာရ်ငါးပါးကို
အောင်တော်မူသော
မြတ်စွာဘုရားသည်
ခေါင်းပါးသော
သင်္ကန်းကို
ဆောင်သောငါ့ကို
ထိုဂုဏ်၌
နှစ်သက်သည်ဖြစ်၍
ပရိသတ်အလယ် ဧတဒဂ်အရာ၌
ထားတော် မူ၏။
၉၂။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၉၃။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၉၄။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ကိသာဂေါတမီရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
နှစ်ခုမြောက်
ကိသာဂေါတမီထေရီအပဒါန်
ပြီး၏။
------
၃-ဓမ္မဒိန္နာထေရီအပဒါန်
၉၅။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်တော်မူသော
အလုံး
စုံသောတရားတို့၏
တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရ
အမည်ရှိသော
မြတ်စွာ
ဘုရားသည်
ပွင့်တော်မူ၏။
၉၆။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
မထင်ရှားသော
အမျိုး၌
ဖြစ်ခဲ့၏၊
သူတစ်ပါး
အမှုကို
ပြုရသူ၊
ပညာရင့်ကျက်သူ၊
သီလကို
စောင့်ထိန်းသူ
ဖြစ်ခဲ့၏။
၉၇။
ပဒုမုတ္တရ
မြတ်စွာဘုရား၏
အဂ္ဂသာဝက ဖြစ်သော
သုဇာတမထေရ်သည်
ကျောင်းမှ
ထွက်၍ဆွမ်းအလို့ငှါ
(သပိတ်ကို)
ယူလျက်
ကြွသွားတော်မူ၏။
၉၈။
ထိုအခါ ရေကို
ဆောင်ယူသော
ငါသည် အိုးကို
ယူ၍
သွားလတ်သော်
ထိုမထေရ်ကို
ဖူးမြင်ရလျှင်ကြည်ညိုသည်ဖြစ်၍
မိမိလက်တို့ဖြင့်
မုန့်ကို
လှူဒါန်း၏။
၉၉။
ထိုမထေရ်သည်
ခံယူ၍
ထိုနေရာ၌ပင်လျှင်
ထိုင်လျက်
ဘုဉ်းပေး၏၊
ထို့နောက်
ထို မထေရ်ကိုအိမ်သို့
ပင့်ဆောင်၍
ထိုမထေရ်အား
ဘောဇဉ်ကို
လှူဒါန်းခဲ့၏။
၁၀၀။
ထိုအခါ ငါ၏
အရှင်သခင်သည်
နှစ်သက်၍ ငါ့အား
မိမိချွေးမအဖြစ်ကို
ပြုလေ၏၊
ငါသည်ယောက္ခမနှင့်တကွ
သွား၍
မြတ်စွာဘုရားကို
ရှိခိုး၏။
၁၀၁။
ထိုအခါ
ထိုမြတ်စွာဘုရားသည်
ဓမ္မကထိက
ဖြစ်သော
ရဟန်းမကို
ချီးကျူးလျက်
ဧတဒဂ်အရာ၌ထားတော်မူ၏၊
ငါသည်
ထိုစကားကို
ကြားနာရသော်
ဝမ်းမြောက်သည်
ဖြစ်၍-
၁၀၂။
လောက၏
ရှေ့သွားဖြစ်တော်မူသော
မြတ်စွာဘုရားကို
သံဃာနှင့်တကွ
ပင့်ဖိတ်၍
အလှူကြီးကိုလှူပြီးလျှင်
ထိုဧတဒဂ်အရာအထူးကို
ဆုတောင်းခဲ့၏။
၁၀၃။
ထိုအခါ
ငါ့ကို
'တစ်ခဲနက်သော
ပဲ့တင်သံကဲ့သို့'
ကောင်းသောအသံရှိသော
မြတ်စွာဘုရားသည်
ငါဘုရားကို
ဆည်းကပ်လုပ်ကြွေးခြင်း၌
အမြဲပျော်မွေ့သော
သံဃာနှင့်
တကွ လုပ်ကျွေးတတ်သော-
၁၀၄။
သူတော်ကောင်းတရားကို
နာခြင်းနှင့်
ယှဉ်သော
ဂုဏ်ဖြင့်
ပွါးသော
စိတ်ရှိသော
ချစ်သမီး
(သင်သည်)
ဝမ်းမြောက်ခြင်းရှိသည်
ဖြစ်လော့၊
သင်သည်
ဆုတောင်းသော
အကျိုး ကို ရလတ္တံ့။
၁၀၅။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌ ပွင့်တော်မူလတ္တံ့။
၁၀၆။
ထိုမြတ်စွာဘုရားတို့၏
တရားတို့၌
တရားသည်
ဖန်ဆင်းအပ်သော
အမွေခံသမီး
တော်ဖြစ်၍အမည်အားဖြင့်
''ဓမ္မဒိန္နာ''ဟူ၍
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ'
ဖြစ်လတ္တံ့
(ဟု မိန့်တော်မူ၏)။
၁၀၇။
ငါသည်
ထိုစကားကို
ကြားနာရသော်
ဝမ်းမြောက်ခြင်းဖြစ်၍
ရဟန်းမြတ်ဖြစ်သောမြတ်စွာဘုရားကို
အသက်ထက်ဆုံး
မေတ္တာစိတ်ရှိလျက်
ပစ္စည်းလေးပါးတို့ဖြင့်
လုပ်ကျွေးခဲ့၏။
၁၀၈။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၁၀၉။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံအကျော်အစော
ရှိတော်
မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး
ဖြစ်တော်မူ၍
အနွယ်အားဖြင့်
ကဿပအမည် ရှိသောမြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၁၁၀။
ထိုအခါ
ဗာရာဏသီပြည်တော်၌
မြတ်စွာဘုရား၏
အလုပ်အကျွေးဖြစ်သော
လူတို့ ကို
အစိုးရသောကိကီမည်သော
ကာသိမင်းသည် ရှိလေ၏။
၁၁၁။
ငါသည်
ထိုမင်း၏
သုဓမ္မာဟူ၍
ကျော်စောထင်ရှားသော
ဆဋ္ဌသမီးတော်ဖြစ်ခဲ့၏၊
ဘုရားမြတ်၏တရားကို
နာကြားရ၍
ခမည်းတော်အား
ရဟန်းအဖြစ်ကို
တောင်းပန်လျှောက်
ထားခဲ့၏။
၁၁၂-၁၁၃။
ခမည်းတော်သည်
ငါတို့အား
ခွင့်မပြုချေ၊
ထိုအခါ
ငါတို့သည်
အိမ်၌သာ
လျှင်ချမ်းသာသဖြင့်
ကြီးပွါးကုန်သော
မင်းသမီးများဖြစ်ပါလျက်
အပျိုစင်အဖြစ်ဖြင့်
မြတ်
သောအကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး
မပျင်းမရိ
ကျင့်သုံးခဲ့ကုန်၏၊
သမီးတော်
ခုနစ်ယောက်တို့သည်ဝမ်းမြောက်စွာ
မြတ်စွာဘုရားကို
ဆည်းကပ်လုပ်ကျွေးခြင်း၌
အမြဲပျော်
မွေ့ကုန်၏။
တတိယဘာဏဝါရ
ပြီး၏။
၁၁၄။
ယင်းသမီးတော်ခုနစ်ယောက်တို့ဟူသည်မှာ
သမဏီ, သမဏဂုတ္တာ,
ဘိက္ခုနီ,
ဘိက္ခုဒါယိကာ,
ဓမ္မာ, သုဓမ္မာနှင့်
ခုနစ်ယောက်မြောက်
သံဃဒါယိကာတို့တည်း။
၁၁၅။
ယခုအခါ
(အစဉ်အတိုင်း)
ခေမာသည်လည်းကောင်း၊
ဥပ္ပလဝဏ်သည်လည်းကောင်း၊
ပဋာစာရာသည်လည်းကောင်း၊
ကုဏ္ဍလကေသာသည်လည်းကောင်း၊
ကိသာဂေါတမီ
သည်လည်းကောင်း၊
ငါသည်လည်းကောင်း၊
ခုနစ်ယောက်မြောက်
ဝိသာခါသည်လည်းကောင်း
ဖြစ်၏။
၁၁၆။
ကောင်းစွာ
ပြုအပ်သော
ထိုကံတို့ကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၁၁၇။
ယခု
နောက်ဆုံးဖြစ်သော
ဘဝ၌ကား
ရာဇဂြိုဟ်ပြည်တော်တွင်
အလုံးစုံသော
ကာမနှင့်ပြည့်စုံသော
ကြွယ်ဝသော
သူဌေးမျိုး၌
ဖြစ်၏။
၁၁၈။
အကြင်အခါ
ငါသည်
ပထမအရွယ်၌တည်လျက်
အဆင်းဂုဏ်နှင့်ပြည့်စုံ၏၊
ထိုအခါ
လင့်အိမ်သို့လိုက်ရပြီးလျှင်
ချမ်းသာနှင့်
ပြည့်စုံစွာ
နေရ၏။
၁၁၉။
ကောင်းသော
အသိဉာဏ်ရှိသော
ငါ၏ လင်သည်
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍တရားဒေသနာကို
နာကြားရသော်
အနာဂါမိဖိုလ်သို့
ရောက်၏။
၁၂၀။
ထိုအခါ ငါသည်
ခွင့်ပြုစေ၍
ရဟန်းဘောင်သို့
ဝင်ရောက်ရဟန်းပြုခဲ့၏၊
ငါသည် ကာလမကြာမြင့်မီပင်
အရဟတ္တဖိုလ်သို့
ရောက်၏။
၁၂၁။
ထိုအခါ
ထိုဝိသာခဥပါသကာသည်
ငါ့ထံသို့
ချဉ်းကပ်၍
နက်နဲသိမ်မွေ့ကုန်သော
ပြဿနာတို့ကို
မေး၏၊ ငါသည်
ထိုပြဿနာအားလုံးတို့ကို
ဖြေကြား၏။
၁၂၂။
မြတ်စွာဘုရားသည်
ထိုဂုဏ်၌
နှစ်သက်အားရတော်မူ၍
ဤဓမ္မာဒိန္နာကဲ့သို့
သဘောရှိသောအခြားတစ်ပါးသော
ဓမ္မကထိကရဟန်းမကို
ငါသည်
မြင်တော်မမူဟု
ငါ့ကို
ဧတဒဂ်အရာ၌
ထားတော်မူ၏။
၁၂၃။
ရဟန်းတို့
ဓမ္မဒိန္နာသည်
အကြင်အခြင်းအရာအားဖြင့်
ပညာရှိ၏၊
ထိုအခြင်းအရာ
အားဖြင့်မှတ်ကုန်လော့၊
ဤသို့ မြတ်စွာဘုရားသည်
အစဉ်စောင့်ရှောက်တော်မူ၍
ငါသည် ပညာရှိ
ဖြစ်၏။
၁၂၄။
ငါသည်
မြတ်စွာဘုရားကို
လုပ်ကျွေးအပ်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမကို
လိုက်နာကျင့်သုံးအပ်ပြီ၊
လေးလံသော
ခန္ဓာဝန်ကို ချထားအပ်ပြီ၊
ဘဝတဏှာကို
ပယ်နုတ်အပ်ပြီ။
၁၂၅။
အကြင်အကျိုးငှါ
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏၊
အလုံးစုံသော
သံယောဇဉ်ကုန်ရာထိုနိဗ္ဗာန်အကျိုးကို
ငါသည် ရအပ်ပြီ။
၁၂၆။
ငါသည်
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌
လည်းကောင်း၊
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌
လည်းကောင်းလေ့လာပြီးသူ
ဖြစ်၏။
သူတစ်ပါး၏ စိတ်ကို
သိ၏၊
မြတ်စွာဘုရား၏
အဆုံး
အမတော်ကိုလိုက်နာပြုကျင့်သူ
ဖြစ်၏၊
၁၂၇။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
အထူးသုတ်သင်
အပ်၏၊ အာသဝအားလုံးတို့ကို
ကုန်ခန်းစေ၍
ကောင်းစွာ
အညစ်အကြေးကင်းသော
အထူး
စင်ကြယ်သူ
ဖြစ်၏။
၁၂၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၁၂၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၃၀။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဓမ္မဒိန္နာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
သုံးခုမြောက်
ဓမ္မဒိန္နာထေရီအပဒါန်
ပြီး၏။
------
၄-သကုလာထေရီအပဒါန်
၁၃၁။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်တော်မူသော
အလုံးစုံသောတရားတို့၏
တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရအမည်ရှိသော
မြတ်စွာ
ဘုရားသည် ပွင့်တော်မူ၏။
၁၃၂။
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံးဖြစ်တော်မူသော
ယောက်ျားအာဇာနည်
ဖြစ် တော်မူသော
မြတ်စွာဘုရားသည်
နတ်နှင့်တကွသော
လောက၌
အလုံးစုံသော
သတ္တဝါတို့၏
အစီးအပွါးအလို့ငှါချမ်းသာခြင်းငှါ
အကျိုးဖြစ်ထွန်းရန်
အလို့ငှါ
ကျင့်တော်မူ၏။
၁၃၃။
မြတ်စွာဘုရားသည်
မြတ်သော
အခြံအရံကျော်စောခြင်းသို့
ရောက်တော်မူ၏၊
အသရေရှိတော်မူ၏၊
ကျော်စောချီးမွမ်းခြင်းဂုဏ်သို့
ရောက်တော်မူ၏၊
အလုံးစုံသော
လောက သည်
ပူဇော်အပ်၏၊
အလုံးစုံသော
အရပ်တို့၌
ကျော်စောထင်ရှား၏။
၁၃၄။
ထိုမြတ်စွာဘုရားသည်
ယုံမှားခြင်းကို
ကူးမြောက်ပြီး
ဖြစ်၏၊
သို့လောသို့လော
တွေးတောခြင်းကို
လွန်မြောက်ပြီး
ဖြစ်၏၊ ပြည့်စုံသော
စိတ်အကြံအစည်ရှိတော်မူ၏၊
သမ္မာ
သမ္ဗောဓိဉာဏ်မြတ်သို့ရောက်တော်မူ၏။
၁၃၅။
မြတ်စွာဘုရားသည်
မဖြစ်ဖူးသော
မဂ်ကို
ဖြစ်စေတော်မူ၏၊
မဟောကြားဖူးသော
တရားကိုလည်းဟောကြားတော်မူ၏၊
မသိဖူးသော
တရားကိုလည်း
သိစေတော်မူ၏။
၁၃၆။
ဆုံးမတတ်သူတို့တွင်
အမြတ်ဆုံး
ဆရာဖြစ်တော်မူသော
မြတ်စွာဘုရားသည်
မဂ်ဉာဏ်ကိုသိသည်ဖြစ်၍
'မဂ္ဂဝိဒူ'
ဖြစ်တော်မူ၏၊
မဂ်ဉာဏ်ကိုလည်း
ဟောကြားလေ့ရှိတော်မူ၏၊
မဂ်ဉာဏ်၌လည်းကျွမ်းကျင်တော်မူ၏။
၁၃၇။
ကြီးမားသော
သနားခြင်း
'ကရုဏာ'
ရှိတော်မူသော
လူနတ်တို့၏
ဆရာ
ဖြစ်တော်မူသော
မြတ်စွာဘုရားသည်
တရားကို
ဟောတော်မူ၏၊
ကာမညွန်၌
နစ်မြုပ်ကုန်သော
သတ္တဝါတို့ကို
ထုတ်ဆောင်ကယ်တင်တော်မူ၏။
၁၃၈။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
နှစ်သက်ဖွယ်
မင်းသမီးဖြစ်၍
ကောင်းသော
အဆင်းလည်းရှိ၏၊
ဥစ္စာလည်း
ရှိ၏၊
ကြင်နာဖွယ်လည်း
ရှိ၏၊
အသရေလည်း
ရှိ၏။
၁၃၉။
အာနန္ဒာမင်းမြတ်၏
အလွန်လှပတင့်တယ်သော
သမီးတော်လည်း
ဖြစ်၏၊
ပဒုမုတ္တရအမည်ရှိသောမြတ်စွာဘုရား၏
မယ်တော်ကွဲ နှမလည်း
ဖြစ်၏။
၁၄၀။
ငါသည်
အလုံးစုံသော
တန်ဆာတို့ဖြင့်
တန်ဆာဆင်လျက်
မင်းသမီးတို့နှင့်
တကွမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
တရားဒေသနာကို
နာကြားခဲ့၏။
၁၄၁။
ထိုအခါ
ထိုမြတ်စွာဘုရားသည်
ဒိဗ္ဗစက္ခုအဘိညာဉ်ရှိသော
ရဟန်းမိန်းမကို
ပရိသတ်အလယ်၌ချီးကျူးလျက်
ထိုရဟန်းမိန်းမကို
မြတ်သော
'ဧတဒဂ်' အရာ၌
ထားတော် မူ၏။
၁၄၂။
ငါသည်
မြတ်စွာဘုရား၏
ထိုစကားကို
ကြားရသော်
ရွှင်လန်းနှစ်သက်သည်
ဖြစ်၍မြတ်စွာဘုရားအား
အလှူကို
ပေးလှူလျက်
မြတ်စွာဘုရားကို
ပူဇော်ပြီးလျှင်
ဒိဗ္ဗစက္ခု အဘိညာဉ်ကိုဆုတောင်းခဲ့၏။
၁၄၃။
ထိုအခါ
မြတ်စွာဘုရားသည်
ငါ့ကို နန္ဒာ
သင်တောင့်တသော
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
ရလတ္တံ့။
ဤသို့
ဖြစ်ခြင်းကို
ဆီမီးအလှူ, တရားအလှူတို့၏
အကျိုးတည်းဟု
ကောင်းစွာ
ဆုံးဖြတ်အပ်၏။
၁၄၄။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၁၄၅။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည်
ဖန်ဆင်းအပ်သော
အမွေခံ
သမီးတော်ဖြစ်၍အမည်အားဖြင့်
'သကုလာ'ဟု
ထင်ရှားသော
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ'
ဖြစ်လတ္တံ့
(ဟုမိန့်ကြားတော်မူ၏)။
၁၄၆။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၁၄၇။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်၍
များမြတ်သည့်
အခြံအရံအကျော်အစော
ရှိတော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး ဖြစ်တော်မူ၍
အနွယ်အားဖြင့်
ကဿပ
အမည်ရှိသောမြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၁၄၈။
ထိုအခါ ငါသည်
တစ်ကိုယ်တည်း
ကျင့်လေ့ရှိသော
ပရိဗိုဇ်မ
ဖြစ်ခဲ့၏၊
ဆွမ်း အကျိုးငှါလှည့်လည်လတ်သော်
ဆီကိုသာ
ရခဲ့၏။
၁၄၉။
ထိုဆီဖြင့်
ဆီမီးကို
ထွန်းညှိ၍
လူအားလုံးတို့
စောင့်ရှောက်အပ်သော
ခြေ နှစ်ချောင်းရှိသူနတ်,
လူတို့ထက်
မြတ်တော်မူသော
မြတ်စွာဘုရား၏
စေတီတော်ကို
အထူး
ကြည်ညိုသော
စိတ်ဖြင့်ဆည်းကပ်ပူဇော်ခဲ့၏။
၁၅၀။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၁၅၁။
အကြင်အကြင်ဘဝ၌
ဖြစ်၏၊
ထိုဘဝ၌
ဖြစ်သော
ငါ့အား
ထိုကံ၏
အစွမ်းကြောင့်
များစွာသောဆီမီးတို့သည်
ကောင်းစွာ
တောက်ပကုန်၏။
၁၅၂။
ငါသည် အကယ်၍
အလိုရှိငြားအံ့၊
နံရံတစ်ဖက်ကိုလည်းကောင်း၊
ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း
ကျော်လွန်၍
မြင်နိုင်၏။
ဤသို့
ဖြစ်ရခြင်းသည်
ဆီမီးအလှူ၏အကျိုးပေတည်း။
၁၅၃။
ငါသည်
အထူးစင်ကြယ်သော
မျက်လုံးရှိသူ
ဖြစ်၏၊
အခြံအရံဖြင့်လည်း
တောက်ပ၏၊
သဒ္ဓါလည်း
ရှိ၏၊
ပညာလည်း
ရှိ၏။ ဤသို့
ဖြစ်ရခြင်းသည်
ဆီမီးအလှူ၏
အကျိုးပေ
တည်း။
၁၅၄။
ဤယခု
နောက်ဆုံးဖြစ်သော
ဘဝ၌ကား ငါသည် များသော
ဥစ္စာစပါးရှိသော
မင်းတို့သည်ပူဇော်အပ်သော
ဝမ်းမြောက်ဖွယ်
ဗြာဟ္မဏမျိုး၌
ဖြစ်၏။
၁၅၅။
အလုံးစုံသော
အင်္ဂါတို့နှင့်
ပြည့်စုံသော
အလုံးစုံသော
တန်ဆာတို့ဖြင့်
တန်ဆာ
ဆင်အပ်သောငါသည်
လေသာပြူတင်း၌
ရပ်လျက်နေစဉ်-
၁၅၆။
အခြံအရံဖြင့်
တောက်ပတော်မူသော
နတ်, လူတို့သည်
ပူဇော်အပ်တော်မူသော
လက္ခဏာငယ်တို့ဖြင့်
ပြည့်စုံသော
လက္ခဏာကြီးတို့ဖြင့်
တန်ဆာဆင်အပ်သော
မြတ်စွာဘုရား
ကိုမြို့တွင်းသို့
ဝင်ရာ၌ ဖူးမြင်ရသော်
-
၁၅၇။
တက်ကြွဝမ်းမြောက်သော
စိတ်ရှိသည်ဖြစ်၍
ရဟန်းအဖြစ်ကို
တောင်းပန်လျှောက်
ကြားခဲ့၏၊
ငါသည်
ကာလမကြာမြင့်မီပင်
အရဟတ္တဖိုလ်သို့
ရောက်၏။
၁၅၈။
ငါသည်
ဣဒ္ဓိဝိဓအဘိညာဉ်တို့၌
လည်းကောင်း၊
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌
လည်းကောင်းလေ့လာပြီးသူ
ဖြစ်၏။
သူတစ်ပါး၏
စိတ်တို့ကို သိ၏၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကိုလိုက်နာပြုကျင့်သူ
ဖြစ်၏။
၁၅၉။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
အထူး သုတ်သင်
အပ်၏၊ အာသဝအားလုံးတို့ကို
ကုန်ခန်းစေ၍
ကောင်းစွာ အညစ်အကြေးကင်းသော
အထူး
စင်ကြယ်သူ
ဖြစ်၏။
၁၆၀။
ငါသည်
မြတ်စွာဘုရားကို
ကောင်းစွာ လုပ်ကျွေးအပ်၏၊
မြတ်စွာဘုရား၏
အဆုံး အမတော်ကိုလိုက်နာပြုကျင့်အပ်ပြီ၊
လေးသော ခန္ဓာဝန်ကို
ချထားအပ်၏၊
ဘဝတဏှာကို
ပယ်နုတ်အပ်ပြီ။
၁၆၁။
အကြင်အကျိုးငှါ
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်၏၊
အလုံးစုံသော
သံယောဇဉ်ကုန်ရာထိုနိဗ္ဗာန်အကျိုးကို
ငါသည်
ရအပ်ပြီ။
၁၆၂။
ထိုအခါ
ကြီးမြတ်သော
ကရုဏာရှိတော်မူသော
မြတ်စွာဘုရားသည်
''သကုလာ
သည်ဒိဗ္ဗစက္ခုအဘိညာဉ်ရှိသူတို့တွင်
အမြတ်ဆုံး
ဖြစ်၏'ဟု
ငါ့ကို
ဧတဒဂ်အရာ၌
ထားတော်မူ၏။
၁၆၃။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၁၆၄။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၆၅။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာ
ကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
သကုလာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
လေးခုမြောက်
သကုလာထေရီအပဒါန်
ပြီး၏။
------
၅-နန္ဒာထေရီအပဒါန်
၁၆၆။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်တော်မူသော
အလုံးစုံ သောတရားတို့၏
တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရမည်သော
မြတ်စွာဘုရား
သည် ပွင့်တော်မူ၏။
၁၆၇။
အလုံးစုံသော
သတ္တဝါတို့ကို
ဆုံးမတော်မူတတ်သော
အထူးသိစေတော်မူသည်
ဖြစ်၍ကယ်တင်တော်မူတတ်သော
ဒေသနာ၌
လိမ္မာတော်မူသော
မြတ်စွာဘုရားသည်
များစွာ
သောလူအပေါင်းကို
ကယ်တင်တော်မူ၏။
၁၆၈။
အလုံးစုံသော
သတ္တဝါတို့၏
အစီးအပွါးအလို့ငှါ
အစဉ်
စောင့်ရှောက်တော်မူတတ်
သောကြီးမြတ်သော
ကရုဏာရှိတော်မူသော
မြတ်စွာဘုရားသည်
ရောက်လာသော
တိတ္ထိ အားလုံးတို့ကိုငါးပါးသီလ၌
တည်စေတော်မူ၏။
၁၆၉။
ဤသို့
တိတ္ထိတို့မှလည်း
ဆိတ်သုဉ်းသည်ဖြစ်၍
ရောယှက်ခြင်းကင်း၏၊
ဝသီ ဘော်သို့ရောက်ကုန်သော
သည်းခံခြင်း
တာဒိဂုဏ်ရှိကုန်သော
ရဟန္တာတို့ဖြင့်လည်း
ဆန်း ကြယ်၏။
၁၇၀။
မြတ်စွာဘုရားသည်
ငါးဆယ့်ရှစ်တောင်
တိုင်တိုင်
မြင့်တော်မူ၏၊
အဖိုးထိုက်
တန်သောရွှေတုရိုဏ်တိုင်နှင့်
တူတော်မူ၏၊
လက္ခဏာမြတ်
သုံးဆယ့်နှစ်ပါးနှင့်
ပြည့်စုံတော်
မူ၏။
၁၇၁။
ထိုအခါ
အနှစ်တစ်သိန်း
အသက် (တမ်း)
ရှိ၏၊
ထိုမျှလောက်
သက်တော်တည်
လျက်ထိုမြတ်စွာဘုရားသည်
များစွာသော
လူအပေါင်းကို
ကယ်တင်တော်မူ၏။
၁၇၂။
ထိုအခါ ငါသည်
ဟံသာဝတီမြို့တွင်
ရတနာအမျိုးမျိုးတို့ဖြင့်
တောက်ပသော
သူဌေးမျိုး၌ဖြစ်၍ကြီးစွာသော
ချမ်းသာနှင့်
ပြည့်စုံသည်
ဖြစ်၏။
၁၇၃။
(ငါသည်) ထိုမြတ်စွာဘုရားသို့
ချဉ်းကပ်၍
လွန်စွာ သာယာအပ်သော
နိဗ္ဗာန်ကို
သိစေတတ်သောအမြိုက်တရားတော်ကို
နာကြားခဲ့၏။
၁၇၄။
ထိုအခါ
သံဃာနှင့်တကွ
မြတ်စွာဘုရားကို
ပင့်ဖိတ်ပြီးလျှင်
ထိုမြတ်စွာဘုရားအားကြည်ညိုသည်ဖြစ်၍
မိမိလက်တို့
ဖြင့်
အလှူကြီးကို
လှူခဲ့၍-
၁၇၅။
သံဃာနှင့်
တကွဖြစ်သော
လောက၏
ရှေ့သွား
မြတ်စွာဘုရားကို
ဦးခေါင်းဖြင့်
ဦးတိုက်လျက်ဈာန်ဝင်စားလေ့ရှိကုန်သော
ရဟန်းမတို့ထက်
မြတ်သော အရာအထူးကို
ဆုတောင်းခဲ့၏။
၁၇၆။
ထိုအခါ
မယဉ်ကျေးသူတို့ကို
ဆုံးမတော်မူတတ်သော
လောကသုံးပါး၏
ကိုးကွယ်
ရာဖြစ်သောလောကကို
အစိုးရသော
မြတ်စွာဘုရားသည်
ကောင်းစွာ
တောင့်တအပ်သော
ထို
အရာအထူးကို ရလတ္တံ့။
၁၇၇။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌ ပွင့်တော်မူလတ္တံ့။
၁၇၈။
ထိုမြတ်စွာဘုရား၏
တရားတို့၌
အမွေခံသမီးတော်ဖြစ်၍
တရားဖြင့်
ဖန်ဆင်းအပ်
သောအမည်အားဖြင့်
'နန္ဒာ'ဟု
ထင်ရှားသော
မြတ်စွာဘုရား၏
တပည့်မ'သာဝိကာ'
ဖြစ် လတ္တံ့
(ဟုမိန့်တော်မူ၏)။
၁၇၉။
ထိုစကားကို
ကြားနာရသော်
ဝမ်းမြောက်ခြင်းဖြစ်၍
အသက်ရှည်သမျှ
မာရ်ငါးပါး
ကိုအောင်တော်မူသော
မြတ်စွာဘုရားကို
ပစ္စည်းလေးပါးတို့ဖြင့်
မေတ္တာစိတ်ရှိလျက်
လုပ်
ကျွေးခဲ့၏။
၁၈၀။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်၏။
၁၈၁။
ငါသည်
ထိုဘုံမှ
စုတေလတ်သော်
ယာမာဘုံသို့
ရောက်၏၊
ထိုဘုံမှ
တုသိတာဘုံ
သို့ရောက်ခဲ့၏၊
ထိုဘုံမှ
နိမ္မာနရတိဘုံသို့လည်းကောင်း၊
ထိုဘုံမှ
ဝသဝတ္တိဘုံသို့လည်းကောင်း
ရောက်၏။
၁၈၂။
အကြင်အကြင်
ဘုံဘဝ၌
ဖြစ်၏၊
ထိုထိုဘဝ၌ ထိုကံ၏
အစွမ်းကြောင့်
မင်းတို့၏
မိဖုရားအဖြစ်ကိုပြုခဲ့ရ၏။
၁၈၃။
ထို (နတ်)
ဘုံမှ
စုတေလတ်သော်
လူအဖြစ်၌ စကြဝတေးမင်းတို့၏လည်းကောင်း၊
ပဒေသရာဇ်မင်းတို့၏လည်းကောင်း
မိဖုရားအဖြစ်ကို
ပြုခဲ့၏။
၁၈၄။
နတ်ပြည်တို့၌
လည်းကောင်း၊
လူ့ပြည်တို့၌
လည်းကောင်း
စည်းစိမ်ကို
ခံစားပြီး လျှင်အလုံးစုံသော
ဘဝတို့၌
ချမ်းသာခြင်းသို့
ရောက်သည်ဖြစ်၍
များစွာသော
ကမ္ဘာတို့
ပတ်လုံးကျင်လည်ခဲ့ရ၏။
၁၈၅။
ငါသည်
နောက်ဆုံးဘဝသို့
ရောက်သော် ကောင်းစွာမွေ့လျော်ဖွယ်ရှိသော
'ကပိလ'မည်သော
မြို့၌သုဒ္ဓေါဒနမင်း၏
ကဲ့ရဲ့ဖွယ်
ကင်းသော
သမီးတော်
ဖြစ်ခဲ့ရ၏။
၁၈၆။
အသရေဖြင့်
ရုပ်အဆင်းလှသည်ကို
မြင်၍
ထိုအမျိုးသည်
နှစ်သက်အပ်သူ
ဖြစ်၏၊ ထို့ကြောင့်'နန္ဒာ'ဟု
ကောင်းမြတ်သော
ငါ၏ အမည်သည်
ဖြစ်၏။
၁၈၇။
ငါသည်
ပျော်မွေ့ဖွယ်ကောင်းသော
ထိုမြို့၌လည်း
'ယသောဓရာ'ကို
ထား၍ယုဝတီအားလုံးတို့ထက်ပင်
ကောင်းခြင်းရှိသူဟုလည်း
ကျော်စောထင်ရှား၏။
၁၈၈။
အစ်ကိုအကြီးသည်
မြတ်စွာဘုရားတည်း၊
ထိုမှတစ်ပါး
နောက်ဆုံးဖြစ်သော
မောင်သည်ရဟန္တာတည်း၊
တစ်ယောက်တည်း
အိမ်၌ တည်သော
ငါ့ကို
မယ်တော်သည်
တိုက်တွန်းအပ်၏။
၁၈၉။
ချစ်သမီး
သင်သည်
သာကီဝင်မင်းမျိုး၌
ဖြစ်၏၊
မြတ်စွာဘုရားသို့
အစဉ်လိုက်၍
ဖြစ်၏၊
နန္ဒမင်းသားလည်း
ကင်းလျက်
ဖြစ်၏၊ အိမ်၌
အဘယ့်ကြောင့်
နေလိုသနည်း။
၁၉၀။
အရွယ်နှင့်
ပြည့်စုံသည်၏
အဖြစ်သည်
အိုရင့်ခြင်းလျှင်
အဆုံးရှိ၏၊
ရုပ်ကို
မစင်ကြယ်ဟုသမုတ်အပ်၏၊
ရောဂါမရှိသည်၏
အဖြစ်သည်လည်း
ရောဂါလျှင်
အဆုံးရှိ၏၊
အသက်ရှင်ခြင်းသည်သေခြင်းလျှင်
အဆုံးရှိ၏။
၁၉၁။
သင်၏
တင့်တယ်သော
ဤရုပ်အဆင်းသည်လည်း
နှစ်သက်ဖွယ်
ရှိ၏၊
စိတ်ကို
ဆွဲဆောင်နိုင်၏၊
လက်ဝတ်တန်ဆာရတနာတို့ကို
တန်ဆာဆင်ထား၏၊
အသရေပေါင်းစုရာနှင့်
တူ၏။
၁၉၂။
'လောက၏
အနှစ်သာရကို
ပုံထားသကဲ့သို့'
မျက်စိတို့၏
အရသာကို
ဖြစ်စေ၏၊
ဘုန်းကံရှိသူတို့၏
ချီးမွမ်းခြင်းကို
ဖြစ်စေ၏၊ ဩက္ကာကမင်းမျိုးသည်
နှစ်သက်မြတ်နိုး၏။
၁၉၃။
ဤတင့်တယ်သော
ရုပ်အဆင်းကိုလည်း
ကာလမကြာမြင့်မီပင်
အိုခြင်းတရားသည်ဖိစီးလွှမ်းမိုးလတ္တံ့၊
ကဲ့ရဲ့ဖွယ်မရှိမူ၍
သနားစဖွယ်ဖြစ်သော
ချစ်သမီး
နန်းတော်ကို
ပယ်စွန့်
လျက်တရားတော်ကို
ကျင့်လော့ (ဟု
မယ်တော်သည်
တိုက်တွန်းအပ်၏)။
၁၉၄။
ငါသည်
မယ်တော်၏
စကားကို
နာကြားရသော် ရဟန်းဘောင်၌
ကိုယ်ဖြင့်
ဝင်ရောက်ခဲ့၏၊
ရုပ်အဆင်းအရွယ်၏
တင့်တယ်စံပယ်ခြင်းကြောင့်
စိတ်ဖြင့်ကား
မဝင်ရောက်ခဲ့-
၁၉၅။
မယ်တော်သည်
ငါ့အား
ကြီးစွာသော
အားထုတ်ခြင်းဖြင့်လည်း
ဈာန်ကို
ရှုခြင်း၌
လွန်စွာပြုပြင်ရန်လည်း
ပြောဆို၏၊
ငါသည် ထိုပြောဆိုရာ၌လည်း
အားမထုတ်။
၁၉၆။
ထိုအခါ
ကြီးမြတ်သော
ကရုဏာရှိတော်မူသော
မြတ်စွာဘုရားသည်
ကာမဂုဏ်၌
လော်လီသောငါ့ကို
မြင်တော်မူ၍
ရုပ်၌
ငြီးငွေ့ခြင်းအကျိုးငှါ
ငါ၏ မျက်စိမြင်ရာ
အရပ်၌-
၁၉၇။
မိမိအာနုဘော်ဖြင့်
ရှုကြည့်စဖွယ်
အလွန်တင့်တယ်သော
ငါ့ထက်ပင်
သာလွန်
အဆင်းလှသောကောင်းမြတ်သော
လက္ခဏာရှိသော
မိန်းမကို
ဖန်ဆင်းပြတော်မူ၏။
၁၉၈။
ငါသည်
အလွန်အံ့ဩဖွယ်
ကိုယ်လုံးကိုယ်ပေါက်ရှိသော
ထိုမိန်းမကို
မြင်ရသော်
အံ့ဩ၍
ငါ၏လူ၌ဖြစ်သော
မျက်စိကို
ရခြင်းသည်လည်း
အကျိုးရှိလေစွတကားဟု
ကြံစည် မိ၏။
၁၉၉။
ငါသည်
ထိုမိန်းမကို
အလွန်တင့်တယ်လှပသော
မိတ်ဆွေမ
လာပါလော့၊
အကြင်
အရာဖြင့်အလိုရှိ၏၊
ထိုအရာကို
ငါ့အား
ပြောဆိုပါလော့၊
အကယ်၍ ငါ့အား
အသင်သည်
ချစ်အံ့၊
သင်၏အမျိုးအနွယ်ကိုလည်း
ပြောဆိုပါလော့။
၂၀၀။
အလွန်တင့်တယ်လှပသော
မိတ်ဆွေမ
လှည့်စားရအံ့သော
အခါမဟုတ်၊
ငါ့ရင်ခွင်၌
နေပါလော့၊
ငါ၏
ကိုယ်လက်အင်္ဂါတို့၌
'နစ်မြုပ်သကဲ့သို့'
တစ်မုဟုတ်မျှ
အိပ်စက်ပါလော့
(ဟု ခေါ်လိုက်မိ၏)။
၂၀၁။
ထိုအခါ
ကောင်းသော
မျက်လုံးရှိသော
ထိုမိန်းမသည်
ငါ့ရင်ခွင်၌
ဦးခေါင်းကို
ပြု၍
အိပ်စက်၏၊
ထိုမိန်းမ၏
နဖူး၌ လွန်စွာ
ကြမ်းတမ်းသော
အနာသည်
ကျရောက်၏။
၂၀၂။
ထိုအနာ
ကျရောက်သည်နှင့်
တစ်ပြိုင်နက်
အိုင်းအမာသည်
ဖြစ်လေ၏၊
အကောင်
ပုပ်မှပြည်သွေးတို့သည်လည်း
ပေါက်ကွဲယိုစီးကုန်၏။
၂၀၃။
အကောင်ပုပ်သည်
အပုပ်နံ့ထွက်၍
ခံတွင်းသည်လည်း
ပေါက်ပြဲ၏၊
ကိုယ်ကောင်
သည်ဖူးဖူးရောင်၍
အဆင်းလည်း
ညို၏၊ ပြည်လည်း
ထွက်၏။
၂၀၄။
ထိုမိန်းမသည်
ကိုယ်အင်္ဂါအားလုံး
တုန်လှုပ်၍
အကြိမ်ကြိမ်
ရှူရှိုက်ပြီးလျှင်
မိမိဒုက္ခကို
ခံစားလျက့်သနားစဖွယ်
ငိုကြွေး၏-
၂၀၅။
အကျွန်ုပ်သည်
ဆင်းရဲဒုက္ခရောက်သူ
ဖြစ်ပါ၏၊
ဝေဒနာတို့သည်လည်း
တွေ့ထိနှိပ်
စက်ကုန်၏၊
ကြီးစွာသော
ဆင်းရဲ၌
နစ်မြုပ်သူ
ဖြစ်ပါ၏၊
အဆွေမ သင်သည်
အကျွန်ုပ်၏
ကိုးကွယ်ရာ
ဖြစ်ပါလော့
(ဟုငိုကြွေး၏)။
၂၀၆၊
သင့်မျက်နှာ၏
တင့်တယ်ခြင်းသည်
အဘယ်သို့
ရောက်သွားပါသနည်း၊
သင်၏
မြင့်သောနှာခေါင်းသည်
အဘယ်သို့
ရောက်သွားပါသနည်း၊
ကျီးအာသီးနှင့်
တူသော သင်၏
နှုတ်ခမ်းနှင့်
သင်၏ခံတွင်းသည်လည်း
အဘယ်သို့
ရောက်သွားပါသနည်း။
၂၀၇။
'လကဲ့သို့'
တင့်တယ်သော
အဆင်းသည်
အဘယ်သို့
ရောက်သွားပါသနည်း၊
ရွှေမုရိုးစည်ကဲ့သို့သော
လည်ပင်းသည်လည်း
အဘယ်သို့
ရောက်သွားပါသနည်း၊
အေးယာဉ်လွှဲသကဲ့သို့သော
သင့်နားရွက်သည်
အဘယ်သို့
ရောက်သွားပါသနည်း၊
အဆင်းသည် ဖောက်ပြန်ခြင်းသို့
ရောက်ခဲ့ပြီတကား။
၂၀၈။
ပန်းငုံရင့်,
ပန်းငုံနုသဖွယ်
ဖြစ်သော
အသားမြတ်တို့သည်
'ပန်းပွင့်ကဲ့သို့'
ပျက်စီးကုန်၏၊
သင်၏အပုပ်ကောင်သည်
အနံ့ဆိုးရှိသည်၏အဖြစ်သို့
ရောက်လာရရှာ၏။
၂၀၉။
'ပွတ်တိုင်ကဲ့သို့'
တင့်တယ်သော ခါးသည်
'စဉ်းတီတုံးကဲ့သို့'
ကြမ်းတမ်းခြင်း
ရှိ၏၊
မစင်ဖြင့်ပြည့်၏၊
ရုပ် (အဆင်း)
သည် ဪ မမြဲလေစွတကား။
၂၁၀။
ကိုယ်၌ဖြစ်သော
အရာအားလုံးသည်
ပုပ်သော
အနံ့ရှိ၏၊
'သုသာန်ကဲ့သို့'
ကြောက်မက်ဖွယ်ရွံရှာဖွယ်
ဖြစ်၏၊
ယင်းရုပ်
(အဆင်း) ၌ အမိုက်မတို့သည်
ပျော်မွေ့ကုန်၏။
၂၁၁။
ထိုအခါ
ကြီးမြတ်သော
သနားခြင်း'ကရုဏာ'ရှိတော်မူသော
ငါ၏
အစ်ကိုတော်ဖြစ်
သောမြတ်စွာဘုရားသည်
ထိတ်လန့်သော
စိတ်ရှိသော
ငါ့ကို
မြင်တော်မူ၍
ဤဂါထာတို့ကို
မိန့်တော်မူ၏-
၂၁၂။
နန္ဒာ
နာကျင်တတ်သော
သဘောရှိသော
ရွံရှာဖွယ်ရှိသော
ပုပ်သောကိုယ်ကို
ရှုကြည့်လော့၊
တင့်တယ်ခြင်း
မရှိသောအားဖြင့်
ကောင်းစွာ
တည်တံ့သော
သမာဓိစိတ်ကို
ပွါးလော့။
၂၁၃။
ဤကိုယ်ကဲ့သို့
ထို့အတူ
ထိုသင်၏ ကိုယ်သည်,
ထိုသင်၏
ကိုယ်ကဲ့သို့
ထို့အတူ
ဤကိုယ်သည်မကောင်းသော
အနံ့ပုပ်သော
အနံ့ရှိသည် ဖြစ်၍
လှိုင်၏၊
သူမိုက်တို့သာ
အလွန်နှစ်သက်အပ်၏။
၂၁၄။
ဤသို့
ဤရုပ်ကိုယ်ကို
ညဉ့်နေ့ပတ်လုံး
မပျင်းမရိ
ရှုကြည့်သော်
ထိုအခါ
မိမိဥစ္စာ
ပညာဖြင့်ဖောက်ထွင်း၍
မြင်လတ္တံ့
(ဟု ဤဂါထာတို့ကို
မိန့်ဆိုတော်မူခဲ့၏)။
၂၁၅။
ထိုအခါ ငါသည်
ကောင်းစွာ
မိန့်ဆိုတော်မူသော
ဂါထာတို့ကို
ကြားနာရသော်
အလွန်ထိတ်လန့်သည်ဖြစ်၍
ထိုနေရာ၌
ရပ်တည်လျက်သာလျှင်
ငါသည်
အရဟတ္တဖိုလ်သို့
ရောက်ခဲ့၏။
၂၁၆။
အကြင်အကြင်အရပ်၌
နေသော ငါသည်
အခါခပ်သိမ်း
ဈာန်သာလျှင်
လဲလျောင်း
ရာရှိ၏၊ မြတ်စွာဘုရားသည်
ထိုဂုဏ်၌
နှစ်သက်တော်မူ၍
ငါ့ကို
ဧတဒဂ်အရာ၌
ထားတော် မူ၏။
၂၁၇။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၂၁၈။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာကျင့်သုံးအပ်ပါပြီ။
၂၁၉။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဇနပဒကလျာဏီမည်သော
နန္ဒာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
ငါးခုမြောက်
နန္ဒာထေရီအပဒါန်
ပြီး၏။
------
၆-သောဏာထေရီအပဒါန်
၂၂၀။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
မာရ်ငါးပါးကို
အောင်တော်မူသော
အလုံးစုံ သော
တရားတို့၏
တစ်ဖက်ကမ်းသို့
ရောက်တော်မူသော
ပဒုမုတ္တရအမည်ရှိသော
မြတ်စွာ
ဘုရားသည်
ပွင့်တော်မူ၏။
၂၂၁။
ထိုအခါ ငါသည်
သူဌေးမျိုး၌
ဖြစ်၍ ချမ်းသာခြင်းသို့
ရောက်၏၊
ပူဇော်ခံရ၏၊
ချစ်မြတ်နိုးခြင်းခံရ၏။
ငါသည်
ထိုမြတ်စွာဘုရားသို့
ချဉ်းကပ်၍ ချိုသာသော
တရားစကား ကို
နာကြားခဲ့၏။
၂၂၂။
ထက်သန်သော
လုံ့လဝီရိယရှိသူတို့တွင်
အမြတ်ဆုံးဟု
ရဟန်းမိန်းမကို
ချီးကျူးတော်မူ၏၊
မြတ်စွာဘုရား၏
ချီးကျူးသော
စကားကို
နာကြားရသော်
ဝမ်းမြောက်သည်
ဖြစ်၍
မြတ်စွာဘုရားအားကောင်းမှုကို
ပြုပြီးလျှင်
-
၂၂၃။
မြတ်စွာဘုရားကို
ရှိခိုးလျက်
ထိုအရာအထူးကို
ဆုတောင်းခဲ့၏၊
ထိုအခါ
မြတ်စွာ ဘုရားသည်
''သင်၏
ဆုတောင်းခြင်းသည်
ပြည့်စုံစေသတည်း''ဟု
အနုမောဒနာပြုတော်မူ၏။
၂၂၄။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၂၂၅။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည်
ဖန်ဆင်းအပ်သော
အမွေခံ
သမီးတော်ဖြစ်၍အမည်အားဖြင့်
'သောဏာ'ဟု
ထင်ရှားသော
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ'
ဖြစ်လတ္တံ့
(ဟုမိန့်တော်မူ၏)။
၂၂၆။
ငါသည်
ထိုစကားကို ကြားနာရသော်
ဝမ်းမြောက်ခြင်းဖြစ်၍
အသက်ထက်ဆုံး
မာရ်ငါးပါးကိုအောင်တော်မူသော
မြတ်စွာဘုရားကို
ပစ္စည်းလေးပါးတို့ဖြင့်
မေတ္တာစိတ်ရှိလျက်
လုပ်ကျွေးခဲ့၏။
၂၂၇။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၂၂၈။
ဤယခု
နောက်ဆုံးဖြစ်သော
ဘဝ၌ကား ငါသည် သာဝတ္ထိပြည်တော်တွင်
ပြည့်စုံ
ကြွယ်ဝသောများသော
ဥစ္စာရှိသော
သူဌေးမျိုး၌
ဖြစ်၏။
၂၂၉။
ငါသည်
အကြင်အခါ၌
အရွယ်သို့
ရောက်၏၊ ထိုအခါ
လင့်အိမ်သို့
လိုက်သွားပြီး
လျှင်အထူးသဖြင့်
ရုပ်အဆင်းလှကုန်သော
သားသမီးဆယ်ယောက်တို့ကို
မွေးဖွားခဲ့၏။
၂၃၀။
ထိုသားသမီး
အားလုံးတို့သည်ပင်
ချမ်းသာသဖြင့်
ကြီးပွါးရကုန်၏၊
လူတို့၏ မျက်စိနှင့်
စိတ်ကိုဆွဲဆောင်နိုင်ကုန်၏၊
ရန်သူတို့သည်သော်
လည်း
ချစ်နှစ်သက်အပ်ကုန်၏၊
ထိုသားသမီးတို့ကို
ငါ၏ချစ်ခြင်းသည်
အဘယ်ဆိုဖွယ်ရာ
ရှိအံ့နည်း။
၂၃၁။
ထိုအခါ ငါသည်
အလိုမရှိ
(အခွင့်မပြု)
ဘဲ ထိုငါ၏
လင်သည်
သားသမီး
ဆယ်ယောက်ကိုရှေ့သွားပြုလျက်
မြတ်စွာဘုရား၏
သာသနာတော်၌
ရဟန်းပြု၏။
၂၃၂။
ထိုအခါ ငါသည်
တစ်ယောက်တည်း
ကြံစည်၏၊ လင်သားတို့သည်
စွန့်ပစ်
အပ်သည်ဖြစ်၍အရွယ်လည်းကြီးလျက်
အထီးကျန်သော
ငါ့အား အသက်ရှင်ခြင်းဖြင့်
အကျိုး
မရှိသည်
ဖြစ်၏။
၂၃၃။
အကြင်သာသနာတော်သို့
ငါ၏ လင်သည်
ရောက်၏၊
ထိုသာသနာတော်သို့
ငါသည်လည်းသွားအံ့ဟု
ဤသို့ ငါသည်
ကြံစည်ပြီးလျှင်
ရဟန်းမိန်းမဘောင်သို့
ဝင်ရောက်
ခဲ့၏။
၂၃၄။
ထိုအခါ
ရဟန်းမတို့သည်
ငါ့ကို
တစ်ယောက်တည်း
ရဟန်းမကျောင်း၌
ရေကို
ပူစေလော့ (ရေနွေးကျိုလော့)ဟု
ဤသို့
ချန်ထားခဲ့၍
အဆုံးအမခံယူရာသို့
သွားကုန်၏။
၂၃၅။
ထိုအခါ ငါသည်
ရေကို
ဆောင်ယူ၍
အိုး၌ သွန်းလောင်းလျက်
ခုံလောက်၌
တည်ထားပြီးလျှင်
ထိုင်နေခဲ့၏၊
ထိုအခါ ငါသည်
စိတ်ကို ကောင်းစွာ
ဆောက်တည်၏။
၂၃၆။
ခန္ဓာ၌
မမြဲသောအားဖြင့်လည်းကောင်း၊
ဆင်းရဲသောအားဖြင့်လည်းကောင်း၊
အတ္တမဟုတ်သောအားဖြင့်လည်းကောင်း
ရှုမြင်၍
အာသဝေါအားလုံးကို
ကုန်ခန်းစေလျက်
အရဟတ္တ
ဖိုလ်သို့ရောက်၏။
၂၃၇။
ထိုအခါ
ရဟန်းမတို့သည်
ပြန်လာ၍
ရေနွေးကို
မေးကုန်၏၊
တေဇောဓာတ်ကို
အဓိဋ္ဌာန်၍ ရေကိုမြန်စွာ
ပူနွေးစေခဲ့၏။
၂၃၈။
ထိုရဟန်းမတို့သည်
အံ့ဩကုန်၍
ဘုရားမြတ်အား
ဤအကြောင်းကို
လျှောက်ကြကုန်၏၊
မြတ်စွာဘုရားသည်
ထိုစကားကို
ကြားရသော်
ဝမ်းမြောက်တော်မူ၍
ဤဂါထာကို
မိန့်တော်မူ၏-
၂၃၉။
အကြင်သူသည်
ပျင်းရိယုတ်လျော့သော
လုံ့လရှိလျက်
အနှစ်တစ်ရာပတ်လုံး
အသက်ရှင်၏၊
ထိုသူထက်
ဝီရိယကို
မြဲမြံစွာ
အားထုတ်သူ၏
တစ်ရက်မျှ
အသက်ရှင်ခြင်းသည်
မြတ်၏ (ဟု ဤဂါထာကိုမိန့်ဆိုတော်မူ၏)။
၂၄၀။
မြတ်စွာဘုရားသည်
ငါ၏
ကောင်းသော
အကျင့်၌
နှစ်သက်တော်မူ၏၊
ထိုမြတ်စွာ
ဘုရားသည်
ငါ့အား
ထက်သန်သော
လုံ့လဝီရိယရှိသူတို့ထက်
မြတ်၏ဟု
မိန့်ဆိုတော်မူ၏။
၂၄၁။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၂၄၂။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ် ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာကျင့်သုံးအပ်ပါပြီ။
၂၄၃။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
သောဏာရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ခြောက်ခုမြောက်
သောဏာထေရီအပဒါန်
ပြီး၏။
------
၇-ဘဒ္ဒကာပိလာနီထေရီအပဒါန်
၂၄၄။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
အလုံးစုံသော
တရားတို့၏
တစ်ဖက်ကမ်းရောက်တော်မူသော
လောက၏
အကြီးအမှူးဖြစ်တော်မူသော
ပဒုမုတ္တရအမည်ရှိသော
မြတ်စွာ
ဘုရားသည် ပွင့်တော်မူ၏။
၂၄၅။
ထိုအခါ
ဟံသာဝတီပြည်၌
များစွာသော
ရတနာရှိသော
အမည်အားဖြင့်
'ဝိဒေဟ'
အမည်ရှိသောသူဌေးသည်
ရှိ၏၊ ငါသည်
ထိုသူဌေး၏
အိမ်သူမယား
ဖြစ်ခဲ့၏။
၂၄၆။
တစ်ရံရောအခါ
ထိုသူဌေးသည်
ပရိသတ်နှင့်တကွ
မြတ်စွာဘုရားသို့
ချဉ်းကပ်၍ဘေးဒုက္ခအလုံးစုံကို
ပယ်ဖျောက်တတ်သော
ဘုရားမြတ်တရားတော်ကို
နာကြား၏။
၂၄၇။
မြတ်စွာဘုရားသည်
တပည့်သာဝကကို
ဓူတင်၏
ဂုဏ်ကျေးဇူးတို့တွင်
အမြတ်ဆုံးဟု
ချီးကျူး
(မိန့်ကြား)တော်မူ၏၊
သူဌေးသည် (ထိုစကားကို)
ကြားနာရသော်
တာဒိဂုဏ်
ရှိသော မြတ်စွာဘုရားအားခုနစ်ရက်ပတ်လုံး
အလှူကို ပေးလှူ၍-
၂၄၈။
ခြေတော်တို့ကို
ဦးဖြင့်
တိုက်ပြီးလျှင်
ထိုအရာအထူးကို
ဆုတောင်းခဲ့၏၊
ထိုအခါ
လူတို့၏အကြီးအမှူးဖြစ်တော်မူသော
မြတ်စွာဘုရားသည်
မိမိပရိသတ်ကို
ရွှင်လန်းစေ
လျက်-
၂၄၉။
သူဌေးအား
အစဉ်စောင့်ရှောက်ခြင်းဖြင့်
ဤဂါထာတို့ကို
မိန့်ဆိုတော်မူ၏၊
သူဌေးသားတောင့်တသော
အရာအထူးကို
ရလတ္တံ့၊
ငြိမ်းအေးသူ
ဖြစ်လော့။
၂၅၀။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
ပွင့်တော်မူလတ္တံ့။
၂၅၁။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည်
ဖန်ဆင်းအပ်သော
အမွေခံ
သားတော်ဖြစ်၍အမည်အားဖြင့်
ကဿပအမည်ရှိသော
မြတ်စွာဘုရား၏
တပည့်သာဝကသည်
ဖြစ်လတ္တံ့ဟု
(မိန့်တော်မူ၏)။
၂၅၂။
ငါသည်
ထိုစကားကို
ကြားနာရသော်
ဝမ်းမြောက်ခြင်းဖြစ်၍
အသက်ထက်ဆုံး
မာရ်ငါးပါးကိုအောင်တော်မူသော
မြတ်စွာဘုရားကို
ပစ္စည်းလေးပါးတို့ဖြင့်
မေတ္တာစိတ်ရှိသည်
ဖြစ်၍
လုပ်ကျွေးခဲ့၏။
၂၅၃။
ထိုမြတ်စွာဘုရားသည်
သာသနာတော်ကို
ထွန်းလင်းစေ၍
စက်ဆုပ်ဖွယ်ဖြစ်သော
တိတ္ထိတို့ကိုနှိမ်နင်းပြီးလျှင်
ဝေနေယျသတ္တဝါကိုလည်း
ဆုံးမလျက်
တပည့်သာဝကနှင့်တကွ
ပရိနိဗ္ဗာန်ပြုတော်မူ၏။
၂၅၄။
ထိုမြတ်စွာဘုရား
ပရိနိဗ္ဗာန်ပြုတော်မူလတ်သော်
မြတ်စွာဘုရားအား
ပူဇော်ခြင်း
အကျိုးငှါဆွေမျိုးမိတ်ဆွေတို့ကို
(ခေါ်ဆောင်)
စုဝေး၍
ထိုသူတို့နှင့်
တကွ-
၂၅၅။
ရတနာတို့ဖြင့်
ပြီးသော
'နေကဲ့သို့'
တောက်ပသော
'ပင်လုံးကျွတ်ပွင့်သော
အင်ကြင်းပင်ကဲ့သို့'အမြင့်ခုနစ်ယူဇနာရှိသော
ပုထိုးစေတီတော်ကို
ပြုလုပ်တည်ထားခဲ့၏။
၂၅၆။
ထိုပုထိုးစေတီ၌
'ကျူမီးကဲ့သို့'
တောက်ပစေလျက်
ရတနာခုနစ်ပါးတို့ဖြင့်သာလျှင်ခွက်ခုနစ်သိန်းတို့ကို
ပြုလုပ်လှူဒါန်းခဲ့၏။
၂၅၇။
အလုံးစုံသော
သတ္တဝါတို့အား
အစဉ်စောင့်ရှောက်
သနားတော်မူသော
မြတ်စွာ
ဘုရားအားပူဇော်ခြင်းအကျိုးငှါ
ထိုခွက်ခုနစ်သိန်း၌
နံ့သာဆီဖြင့်
ပြည့်စေ၍
ဆီမီးတို့ကို
ထွန်းညှိခဲ့၏။
၂၅၈။
မြတ်စွာဘုရားကို
ပူဇော်ခြင်းအကျိုးငှါ
ရတနာတို့ဖြင့်သာလျှင်
ပြည့်ကုန်သော
ရေပြည့်အိုးခုနစ်သိန်းတို့ကို
ပြုလုပ်လှူဒါန်းခဲ့၏။
၂၅၉။
ရှစ်လုံးရှစ်လုံးသော
အိုးတို့၏
အလယ်၌ စိုက်ထောင်အပ်ကုန်သော
ရွှေတုရိုဏ်တိုင်
တို့သည်'တန်ဆောင်မုန်းလ၌
(ထွက်သော)
နေကဲ့သို့'
အဆင်းအရောင်ဖြင့်
အလွန် တင့်
တယ်ကုန်၏။
၂၆၀။
တံခါးလေးခုတို့၌
ရတနာဖြင့်
ပြီးကုန်သော
တုရိုဏ်တိုင်တို့သည်
တင့်တယ်ကုန်၏၊
စိုက်ထောင်အပ်ကုန်သော
မွေ့လျော်ဖွယ်
ရတနာပျဉ်ချပ်တို့သည်လည်း
တင့်တယ်ကုန်၏။
၂၆၁။
ကောင်းစွာ
ဖန်ဆင်းအပ်ကုန်သော
ဦးဆောက်ပန်းတို့သည်
ခြံရံအပ်သည်ဖြစ်၍
တင့်တယ်ကုန်၏၊
စိုက်ထူအပ်ကုန်သော
ရတနာတံခွန်
ကြက်လျှာတို့သည်
တင့်တယ်ကုန်၏။
၂၆၂။
ကောင်းစွာ
နီမြန်းသော
ဆန်းကြယ်အောင်
ကောင်းစွာ
ပြုလုပ်အပ်သော
ရတနာ
ဖြင့်ပြီးသောစေတီတော်သည်
'ဆည်းဆာရောင်နှင့်တကွသော
နေမင်းကဲ့သို့'
အဆင်းအရောင်
ဖြင့်
အလွန်တင့်တယ်၏။
၂၆၃။
ပုထိုးစေတီအား
သုံးမျိုးသော
ပွတ်တိုင်အစဉ်တို့
ရှိကုန်၏၊
ထိုတွင်
တစ်တန်း သောပွတ်တိုင်အစဉ်ကို
ဆေးဒါန်းဖြင့်
ပြည့်စေ၏၊
တစ်တန်းသော
ပွတ်တိုင်အစဉ်ကို
မြင်းသီလာဖြင့်
ပြည့်စေ၏၊
တစ်တန်းသော
ပွတ်တိုင်အစဉ်ကိုလည်း
မျက်စဉ်းကျောက်ညိုဖြင့်
ပြည့်စေ၏။
၂၆၄။
ဤသို့သဘောရှိသော
မွေ့လျော်ဖွယ်
ပူဇော်ခြင်းကို
ပြုလုပ်စေ၍
မြတ်သော
တရားကိုဟောတော်မူသော
မြတ်စွာဘုရားအားလည်းကောင်း၊
သံဃာအားလည်းကောင်း
အသက်ထက်ဆုံးစွမ်းအားရှိသလောက်
အလှူကို ပေးလှူခဲ့၏။
၂၆၅။
ငါသည်
ထိုသူဌေးနှင့်
အတူတကွသာလျှင်
ထိုကောင်းမှုတို့ကို
အချင်းခပ်သိမ်း
အသက်ရှည်သမျှပြု၍
သူဌေးနှင့်
အတူတကွသာလျှင်
ကောင်းမှု
ပြုသူတို့
လားရာ 'သုဂတိ'
ဘဝသို့ ရောက်ရ၏။
၂၆၆။
နတ်ဘဝ၌လည်းကောင်း၊
လူ့ဘဝ၌လည်းကောင်း
စည်းစိမ်ကို
ခံစား၍ 'အရိပ်
သည်ကိုယ်နှင့်တကွ
ဖြစ်သကဲ့သို့'
ထိုသူဌေးနှင့်
တကွသာလျှင်
ကျင်လည်ခဲ့ရ၏။
၂၆၇။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
တင့်တယ်စွာ
ရှုကြည့်စဖွယ်ရှိသော
တရားအလုံးစုံတို့ကို
ရှုမြင်တော်မူသော
ဝိပဿီအမည်ရှိသော
မြတ်စွာဘုရားသည်
ပွင့်တော်
မူ၏။
၂၆၈။
ထိုအခါ
ထိုသူဌေးသည်
ဗန္ဓုမတီပြည်၌
သူတော်ကောင်းဟု
သမုတ်အပ်သော
ပုဏ္ဏားဖြစ်၍ဂုဏ်အားဖြင့်လည်း
ကြွယ်ဝသူ
ဖြစ်လျက်
ဥစ္စာအားဖြင့်မူကား
အလွန်ဆင်းရဲသူ
ဖြစ်၏။
၂၆၉-၂၇၀။
ထိုအခါ
ငါသည်လည်း
ထိုပုဏ္ဏား၏
တူမျှသော
စိတ်ရှိသော
ပုဏ္ဏေးမ
ဖြစ်ခဲ့၏၊ တစ်ရံရောအခါ
ထိုပုဏ္ဏားမြတ်သည်
လူအပေါင်း၏
အလယ်၌
ထိုင်လျက်
အမြိုက်
နိဗ္ဗာန်ကိုဟောတော်မူသော
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၏၊
တရားကို
နာကြားရသော်
ဝမ်းမြောက်သူဖြစ်၍ပုဆိုးတစ်ထည်ကို
လှူဒါန်း၏။
၂၇၁။
ပုဆိုးတစ်ထည်ဖြင့်
အိမ်သို့
ပြန်လာ၍
မြတ်စွာဘုရားအား
ပုဆိုးကို
လှူဒါန်းခဲ့၏၊
မြတ်သောကောင်းမှုကို
ဝမ်းမြောက်ပါလော့ဟု
ဤစကားကို
ကောင်းစွာ
ပြောဆို၏။
၂၇၂။
ထိုအခါ ငါသည်
လက်အုပ်ချီ၍
အရှင် တာဒိဂုဏ်နှင့်
ပြည့်စုံသော
ဘုရားမြတ်အား
ပုဆိုးကိုကောင်းစွာ
လှူအပ်ပါပေ၏ဟု
အလွန် နှစ်သက်သူဖြစ်၍
အနုမောဒနာ
ပြုခဲ့၏။
၂၇၃။
ဘဝကြီးငယ်၌
ကျင်လည်ရသော်
ချမ်းသာခြင်းသို့
ရောက်၏၊
တန်ဆာဆင်ယင်
အပ်သည်ဖြစ်၍ပျော်မွေ့ဖွယ်ရှိသော
ဗာရာဏသီပြည်၌
ရေမြေကို
အစိုးရသော
မင်းဖြစ်၏။
၂၇၄။
ထိုအခါ ငါသည်
ထိုမင်း၏
မိန်းမအပေါင်းထက်
မြတ်သော
မိဖုရား
ဖြစ်ခဲ့၏၊
ထို အရှင်သခင်၏ရှေးဘဝ၌
ဖြစ်သော
ချစ်ခြင်းဖြင့်လည်း
အလွန့်အလွန်
ချစ်ခင်ကြင်နာခံရသူ
ဖြစ်၏။
၂၇၅။
ထိုမင်းသည်
ဆွမ်းအကျိုးငှါ
လှည့်လည်ကုန်သော
ထိုပစ္စေကဗုဒ္ဓါရှစ်ပါးတို့ကို
ဖူးမြင်ရသော်
ဝမ်းမြောက်ခြင်းဖြစ်၍
သူမြတ်တို့အားသာ
ထိုက်သော ဆွမ်းကို
ပေးလှူပြီး
လျှင်-
၂၇၆။
တစ်ဖန်
ပင့်ဖိတ်၍
ရတနာမဏ္ဍပ်ကို
ပြုလုပ်လျက်
ပန်းပဲသမားတို့သည်
ပြုအပ် သောရွှေအဆင်းရှိသော
ထိုပစ္စေကဗုဒ္ဓါတို့၏
အမျှဖြစ်သော
ရှစ်လုံးသော
သပိတ်ကို-
၂၇၇။
တစ်ပေါင်းတည်း
ဆောင်၍
ထိုမင်းသည်
ထိုသပိတ်အားလုံးတို့ကို
စုပေါင်းပြီးလျှင်
ရွှေဖြင့်ပြီးသောနေရာ၌
ကြွဝင်ကုန်သော
ထိုပစ္စေကဗုဒ္ဓါတို့အား
ကြည်ညို၍
မိမိလက်တို့ဖြင့်
အလှူကို
ပေးလှူ၏။
၂၇၈။
ထိုအခါ ငါသည်
ထိုအလှူကိုလည်း
ကာသိမင်းနှင့်တကွ
လှူခဲ့၏၊
တစ်ဖန်
ငါသည်ဗာရာဏသီပြည်
ကာသိရွာငယ်၌
ဖြစ်၏၊
၂၇၉။
ထိုမင်းသည်
ပြည့်စုံသော
သူကြွယ်မျိုး၌
ညီရှိသူဖြစ်၍
ချမ်းသာခြင်းသို့
ရောက်၏၊
ငါသည်လင့်အလိုသို့
လိုက်တတ်သူ
အစ်ကိုကြီး၏
အိမ်သူမယား
ဖြစ်ခဲ့၏။
၂၈၀။
ပစ္စေကဗုဒ္ဓါကို
ဖူးမြင်ရသော်
ငါ့လင်၏
ညီငယ်ဖြစ်သော
မတ်၏
အဖို့ဖြစ်သော
ထမင်းကိုထိုပစ္စေကဗုဒ္ဓါအား
ပေးလှူခြင်းကြောင့်
ထိုမတ်သည်
လာလတ်သော်
ဆဲရေးလေ၏။
၂၈၁။
ထိုမတ်သည်
ပေးလှူခြင်းကို
မနှစ်သက်၊
ထို့ကြောင့်
ငါသည်
ထမင်းအိုးမှ
ဆောင်ယူ၍ထိုထမင်းကို
မတ်အား ပေး၏၊
ထိုမတ်သည်
တစ်ဖန်
ထိုပစ္စေကဗုဒ္ဓါအားသာလျှင်
ပေးလှူ၏။
၂၈၂။
ထိုအခါ ငါသည်
ပစ္စေကဗုဒ္ဓါအား
ပြစ်မှား၍
ထိုထမင်းကို
စွန့်ပစ်ပြီးလျှင်
ထို သပိတ်ကို ညွန်ဖြင့်ပြည့်အောင်ပြု၍
တာဒိဂုဏ်နှင့်
ပြည့်စုံသော
ပစ္စေကဗုဒ္ဓါအား
ပေးလှူ၏။
၂၈၃။
ထိုအခါ
ပေးလှူခြင်း၌လည်းကောင်း၊
ခံယူခြင်း၌လည်းကောင်း၊
ရိုသေသူ၌လည်းကောင်း၊
ပြစ်မှားသူ၌လည်းကောင်း
တူညီသောစိတ်
တူညီသောမျက်နှာရှိသော
ပစ္စေကဗုဒ္ဓါကို
ဖူးမြင်ရ၍
ငါသည်ပြင်းစွာ
ထိတ်လန့်ခဲ့၏။
၂၈၄။
တစ်ဖန်
သပိတ်ကို ယူ၍
ကောင်းသော
နံ့သာရေဖြင့်
ဆေးကြောသုတ်သင်ပြီးလျှင်
ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍
ထောပတ်နှင့်
တကွသော
သကာကို
ပြည့်စေလျက်
လှူဒါန်း
ခဲ့၏။
၂၈၅။
ငါသည်
အကြင်အကြင်ဘဝ၌
ဖြစ်ရ၏၊
ထိုထိုဘဝ၌
အလှူကြောင့်
အဆင်းလှသူ
ဖြစ်ရ၏၊
ပစ္စေကဗုဒ္ဓါအား
ပြစ်မှားခဲ့ခြင်းကြောင့်
ခံတွင်းအားဖြင့်မူ
မကောင်းသော
အနံ့ရှိ၏။
၂၈၆။
တစ်ဖန်
ကဿပမြတ်စွာဘုရား၏
စေတီတည်ထားလတ်သော်
ငါသည် ဝမ်း
မြောက်သည်ဖြစ်၍မြတ်သော
ရွှေအုတ်ချပ်ကို
လှူဒါန်းခဲ့၏။
၂၈၇။
ထိုအုပ်ချပ်ကို
နံ့သာမျိုးလေးပါးဖြင့်
ပေါင်း၍ လှူဒါန်းသောကြောင့်
မကောင်း သော
အနံ့ရှိသောအပြစ်မှ
ကင်းလွတ်၏၊
အလုံးစုံသော
ကြန်အင်လက္ခဏာတို့နှင့်
ပြည့်စုံ၏။
၂၈၈။
ထိုငါ၏
လင်သည်
ခွက်ခုနစ်ထောင်တို့ကို
ရတနာခုနစ်ပါးတို့ဖြင့်
ပြုစေပြီးလျှင်
ထောပတ်တို့ဖြင့်ပြည့်သော
တစ်ထောင်သော ဆီမီးစာတို့ကိုလည်း-
၂၈၉။
ထည့်၍
မြတ်စွာဘုရားအား
ပူဇော်ခြင်းအကျိုးငှါ
အလွန်ကြည်ညိုသော
စိတ်ဖြင့်
ညှိထွန်း၍
မီးခုနစ်တန်း
ပြုလုပ်ထား၏။
၂၉၀။
ထိုအခါ ၌လည်း
ငါသည်
ထိုကုသိုလ်၌
အထူးသဖြင့်
အဖို့ဘာဂရှိ၏၊
ထိုငါ၏
လင်သည် တစ်ဖန်ကာသိတိုင်းတို့၌
ကောင်းစွာ
ဖြစ်၍ 'သုမိတ္တ'ဟူ၍
ထင်ရှားကျော်စော၏။
၂၉၁။
ငါသည်
ထိုသုမိတ္တ၏
မြတ်နိုးချစ်ခင်အပ်သော
ချမ်းသာသော
မယားဖြစ်ခဲ့၏၊
ထို
အခါလည်းသုမိတ္တသည်
ပစ္စေကဗုဒ္ဓါအား
တစ်ခဲနက်သော
သင်းကျစ်တော်ကို
လှူခဲ့၏။
၂၉၂။
ငါသည်
အလှူမြတ်ကို
ဝမ်းမြောက်ခဲ့သောကြောင့်
ထိုအလှူ၏လည်း
အဖို့ဘာဂရှိ
သူ ဖြစ်ခဲ့၏၊
တစ်ဖန်
ထိုကာသိတိုင်း
ကောလိယမျိုး၌
ဖြစ်၏။
၂၉၃။
ထိုအခါ
ကောလိယအမျိုးသား
ငါးရာတို့နှင့်တကွ
ပစ္စေကဗုဒ္ဓါ
ငါးရာတို့အား
ကောင်းစွာလုပ်ကျွေး၏။
၂၉၄။
ဝါတွင်း
သုံးလပတ်လုံး
ရောင့်ရဲစေ၍
သင်္ကန်းသုံးထည်တို့ကို
လည်း
ပေးလှူ၏၊ ထိုအခါ
ငါသည်ကုသိုလ်ကံလမ်းကြောင်းသို့
အစဉ်လိုက်သော
ထိုသူ၏
အိမ်သူမယား
ဖြစ်ခဲ့၏။
၂၉၅။
ထိုဘဝမှ စုတေလတ်သော်
ထိုငါ၏
လင်သည်
များသော
အခြံအရံအကျော်အစော
ရှိသောနန္ဒမည်သော
မင်းဖြစ်၏၊ ငါသည်
ထိုမင်း၏လည်း
အလုံးစုံသော
ကာမတို့နှင့်
ပြည့်စုံ သော
မိဖုရားဖြစ်ခဲ့၏။
၂၉၆-၂၉၇။
ထိုအခါ ရေ
မြေကို
အစိုးရသော
ဗြဟ္မဒတ်မင်း
ဖြစ်၍
မယုတ်လျော့ကုန်
သောပဒုမဝတီသား
ပစ္စေကဗုဒ္ဓ္ဓါငါးရာတို့ကို
မင်းဥယျာဉ်၌
နေစေ၍
အသက်ထက်ဆုံး
လုပ် ကျွေးခဲ့၏၊
ပရိနိဗ္ဗာန်ပြုသော
ပစ္စေကဗုဒ္ဓါတို့ကို
လည်း
ပူဇော်ခဲ့၏။
၂၉၈။
စေတီတို့ကို
လည်း
ပြုစေပြီးလျှင်
ငါတို့
နှစ်ဦးလုံး
ရဟန်းပြုလျက်
ဗြဟ္မဝိဟာရတရားလေးပါးတို့ကို
ပွါး၍
ဗြဟ္မာ့ပြည်သို့
ရောက်ရကုန်၏။
၂၉၉။
ထိုဗြဟ္မာ့ပြည်မှ
စုတေလတ်သော်
ငါ၏ လင်သည်
မဟာတိတ္ထရွာ၌
(ပိပ္ဖလာယန)
ပိပ္ဖလိလုလင်ဖြစ်၏၊
အမိသည် သုမနဒေဝီ
မည်၏၊
အဖသည်ကား
ကောသိယအနွယ်
ဖြစ်သော
ပုဏ္ဏားပေတည်း။
၃၀၀။
ငါသည်
မဒ္ဒဇနပုဒ်
သာကလမြို့တော်၌
ကပ္ပိလပုဏ္ဏား၏သမီး
ဖြစ်၏၊
အမိသည်
'သုစီမတိ'အမည်ရှိ၏။
၃၀၁။
ငါ့အဖသည်
ငါ့ကို
ရွှေတုံးရုပ်တုဖြင့်
ဖလှယ်၍
ကာမတို့မှ
ကြဉ်ရှောင်သော
ပညာ
ရှိဖြစ်သောကဿပလုလင်အား
ပေး၏။
၃၀၂။
တစ်ရံရောအခါ
သနားခြင်း
'ကရုဏာ'ရှိသော
ထိုကဿပလုလင်သည်
အလုပ် အကိုင်
အမှုတို့ကို
ကြည့်ရှုလတ်သော်
ကျီးစသည်တို့သည်
ခဲကုန်သော
ပိုးသတ္တဝါတို့ကို
တွေ့မြင်သောကြောင့်
(သံဝေဂရလေ၏)
ထိတ်လန့်၏။
၃၀၃။
ထိုအခါ ငါသည်
အိမ်၌သာလျှင်
နေပူလှမ်းသော
နှမ်း၌
ဖြစ်သည့်
ပိုးတို့ကို
ကျီးတို့ခဲသည်တို့ကိုတွေ့မြင်ရ၍
ထိတ်လန့်ခြင်းကို
ရ၏။
၃၀၄။
ထိုအခါ
ထိုပညာရှိ
ကဿပလုလင်သည်
ရဟန်းပြုလေ၏၊
ငါသည် သူ့ကို
အတု
လိုက်လျက်ရဟန်းပြုခဲ့၏၊
ငါသည်
ငါးနှစ်တို့ပတ်လုံး
ပရိဗိုဇ်အကျင့်၌
ကျင့်သုံးနေခဲ့၏။
၃၀၅-၃၀၆။
အကြင်အခါ
မြတ်စွာဘုရားကို
မွေးမြူတတ်သော
ဂေါတမီသည်
ရဟန်း ပြု၏၊
ထိုအခါငါသည်
ထိုဂေါတမီသို့
ချဉ်းကပ်လတ်သော်
မြတ်စွာဘုရားသည်
ဆုံးမတော်မူ
သည်ဖြစ်၍ကာလမကြာမြင့်မီပင်
အရဟတ္တဖိုလ်သို့
ရောက်၏၊ အသရေရှိသော
ကဿပ လုလင်၏
(ဘုရားတည်းဟူသော)
မိတ်ဆွေကောင်းရှိသည်၏အဖြစ်သည်
အံ့ဩဖွယ်ရှိ၏။
၃၀၇။
ကဿပလုလင်သည်
မြတ်စွာဘုရား၏
အမွေခံသား
ဖြစ်၍
ကောင်းစွာတည်တံ့၏၊
ရှေးရှေး ဘဝ၌နေဖူးသော
ခန္ဓာအစဉ်ကို
သိ၏၊ နတ်ဘုံ,
အပါယ်ဘုံကိုလည်း
မြင်၏။
၃၀၈။
ထိုမှတစ်ပါး
ကဿပရဟန်းသည်
ပြီးဆုံးပြီးသော
အဘိညာဉ်ရှိသည်ဖြစ်၍
ဇာတိ ကုန်ရာသို့ရောက်၏၊
ဤဝိဇ္ဇာသုံးပါးတို့ဖြင့်
ဝိဇ္ဇာသုံးပါးရှိသော
ကိလေသာမှ
အပပြုပြီးသူ
(ရဟန္တာ)
ဖြစ်၏။
၃၀၉။
ထို့အတူပင်
(ငါ)
ဘဒ္ဒကာပိလာနီသည်
ဝိဇ္ဇာသုံးပါးရှိ၏၊
သေခြင်းကို
ပယ်စွန့်၏၊ ဗိုလ်ပါနှင့်တကွသော
မာရ်ကို
အောင်မြင်၍ အဆုံးဖြစ်သော
ခန္ဓာကိုယ်ကို
ဆောင်၏။
၃၁၀။
လောက၌
အပြစ်ကို
မြင်၍ ငါတို့
နှစ်ဦးလုံး
ရဟန်းပြုကုန်၏၊
ထိုငါတို့သည်
ကုန်ပြီးသောအာသဝေါရှိကုန်၏၊
ယဉ်ကျေးပြီး
ဖြစ်ကုန်၏၊
အေးချမ်းသည်ဖြစ်၍
ငြိမ်းအေးကုန်၏။
၃၁၁။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၃၁၂။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ် ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၁၃။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဘဒ္ဒကာပိလာနီရဟန်းမသည်
ဤဂါထာတို့ကို
မိန့်ဆိုခဲ့၏။
။
ခုနစ်ခုမြောက်
ဘဒ္ဒကာပိလာနီထေရီအပဒါန်
ပြီး၏။
------
၈-ယသောဓရာထေရီအပဒါန်
၃၁၄။
အခါတစ်ပါး
လူတို့၏
အကြီးအမှူးဖြစ်သော
မြတ်စွာဘုရားသည်
နှလုံးမွေ့လျော်
ဖွယ်ရှိသောပြည့်စုံကြွယ်ဝသော
ရာဇဂြိုဟ်ပြည်တွင်
မြတ်သော
တောင်ဝှမ်းတစ်ခု၌
(သီတင်းသုံး)
နေတော်မူသည်ရှိသော် -
၃၁၅။
နှလုံးမွေ့လျော်ဖွယ်ရှိသော
ထိုရာဇဂြိုဟ်ပြည်
ဘိက္ခုနီမတို့၏
ကျောင်း၌
(သီတင်း သုံး)
နေသောယသောဓရာရဟန်းမအား
ဤသို့
အကြံအစည်သည်
ဖြစ်၏။
၃၁၆။
သုဒ္ဓေါဒနမင်းကြီးသည်လည်းကောင်း၊
မဟာပဇာပတိဂေါတမီသည်လည်းကောင်း၊
ကျော်စောထင်ရှားကုန်သော
မဟာထေရ်တို့သည်လည်းကောင်း၊
ကြီးသော
တန်ခိုးရှိကုန်သောထေရီမတို့သည်လည်းကောင်း-
၃၁၇။
ထိုသုဒ္ဓေါဒနမင်းစသည်တို့သည်
အာသဝကင်းကုန်သည်
ဖြစ်၍ 'ဆီမီးလျှံတို့ကဲ့သို့'ငြိမ်းအေးရာနိဗ္ဗာန်သို့
ကြွသွားကုန်သည်သာလျှင်
ဖြစ်ကုန်၏၊
ငါသည်လည်း
မြတ်စွာဘုရား
သက်တော်ထင်ရှားရှိစဉ်သာလျှင်
ငြိမ်းအေးရာ
နိဗ္ဗာန်သို့-
၃၁၈။
သွားအံ့ဟု
ကြံစည်၍
မိမိ၏
အသက်ကို ကြည့်ရှုလတ်သော်
ထိုနေ့၌ပင်လျှင်
ကုန်
ခန်းခြင်းသို့ရောက်လတ္တံ့ဟူသော
အာယုသင်္ခါရကို
မြင်၍-
၃၁၉-၃၂၀။
ကြီးမားသော
တန်ခိုး,
ကြီးမားသော ပညာရှိသော
ထိုယသောဓရာသည်
မိမိ၏သင်္ခမ်းကျောင်းမှ
ထွက်၍
သပိတ်သင်္ကန်းကို
ယူပြီးလျှင်
ရဟန်းမတစ်သိန်းတို့ဖြင့်
ခြံရံလျက်မြတ်စွာဘုရားသို့
ချဉ်းကပ်၏၊
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုး၍
မြတ်စွာဘုရား၏
စက်လက္ခဏာရှိသောခြေတော်၏
အနီး
သင့်လျော်ရာ
အရပ်၌
ထိုင်လျက်
ဤစကားကို
လျှောက်ထား၏-
၃၂၁။
မြတ်စွာဘုရား
လျှောက်ထားပါ၏၊
အကျွန်ုပ်သည်
ခုနစ်ဆယ့်ရှစ်နှစ်ရှိ၍
နောက် ဆုံးအရွယ်ဖြစ်ပါ၏၊
ကုန်းကိုင်းသော
'ပဗ္ဘာရဒသက'
အရွယ်သို့
ဆိုက်ရောက်ပါပြီ။
၃၂၂။
အကျွန်ုပ်၏
အရွယ်သည်
ကြီးရင့်လှပါပြီ၊
အကျွန်ုပ်၏
အသက်သည်
နည်းလှပါပြီ၊
အရှင်တို့ကို
စွန့်၍
သွားရတော့အံ့၊
အကျွန်ုပ်သည်
မိမိကိုယ်၏
ကိုးကွယ်ရာကို
ပြုချိန်တန်
ပါပြီ။
၃၂၃။
နောက်ဆုံးဖြစ်သော
အချိန်အရွယ်၌
သေခြင်းတရားသည်
နှိပ်စက်၏၊
မြတ်စွာ
ဘုရားယနေ့ညဉ့်၌ပင်
နိဗ္ဗာန်သို့
ရောက်ရတော့အံ့။
၃၂၄။
မြတ်စွာဘုရား
အကြင်နိဗ္ဗာန်၌
ပဋိသန္ဓေနေခြင်း,
ရင့် (အို)
ခြင်း,
နာခြင်း,
သေခြင်းတရားသည့်မရှိ၊
အိုခြင်း,
သေခြင်း,
ပြုစီရင်ခြင်း
မရှိသော
ထိုနိဗ္ဗာန်မြို့သို့
သွားရပါ
တော့အံ့။
၃၂၅။
အကြင်မျှလောက်ကုန်သော
ပရိသတ်တို့သည်
မြတ်စွာဘုရားအား
ဆည်းကပ်၍
အပြစ်ကိုသိကုန်၏၊
ထိုအပြစ်ကို
မြတ်စွာဘုရား၏
မျက်မှောက်၌
သည်းခံကြပါကုန်။
၃၂၆။
သံသရာ၌
ကျင်လည်၍လည်း
အရှင်ဘုရား၌
အကျွန်ုပ်၏
ချွတ်ချော်မှုသည်
အကယ်၍ ရှိပါအံ့၊
မြတ်စွာဘုရား
လျှောက်ကြားပါ၏၊
အကျွန်ုပ်၏
အပြစ်ကို
သည်းခံတော်
မူပါ (ဟု
ဤစကားကိုလျှောက်ဆို၏)။
၃၂၇။
မြတ်စွာဘုရားသည်
ထိုယသောဓရာထေရီ၏
စကားကို
ကြားနာရ၍
ဤစကားကို
မိန့်တော်မူ၏
-ပရိနိဗ္ဗာန်စံယူခြင်းငှါ
သွားတော့မည့်ဆဲဆဲ
ဖြစ်သော
သင့်အား
အဘယ်မှာ
အတုံ့အပြန်ပြောရပါတော့အံ့နည်း။
၃၂၈။ ငါ၏
အဆုံးအမကို
လိုက်နာသော
ယသောဓရာ တန်ခိုးကိုလည်း
ပြဦးလော့၊
အကြင်မျှလောက်ပရိသတ်အားလုံးတို့၏
ယုံမှားခြင်းကို
လည်း ဖြတ်တောက်ခဲ့ဦးလော့
(ဟု
မိန့်တော်မူ၏)။
၃၂၉။
ထိုယသောဓရာဘိက္ခုနီမသည်
မြတ်စွာဘုရား၏
ထိုစကားတော်ကို
ကြားနာ၍
ထိုမြတ်စွာဘုရားကို
ရှိခိုးပြီးလျှင်
ဤစကားကို
လျှောက်ထား၏-
၃၃၀။
မြတ်စွာဘုရား
အကျွန်ုပ်
ယသောဓရာသည် နန်းအိမ်တော်၌
စံနေစဉ်အခါ
အရှင် ဘုရား၏
ကြင်ရာတော်ပါတည်း၊
သာကီဝင်မင်းမျိုး၌
ဖြစ်၍
မိန်းမမြတ်တို့၏
ကြန်အင်
လက္ခဏာ၌
တည်ပါ၏။
၃၃၁။
မြတ်စွာဘုရား
အကျွန်ုပ်သည်
အရှင်၏ နန်းအိမ်တော်၌
မိန်းမ
ကိုးသန်း
ခြောက်သိန်းတို့၏အကြီးအမှူးပါတည်း၊
မိန်းမအားလုံးတို့ကို
အစိုးရသူပါတည်း။
၃၃၂။
ရုပ်အဆင်းအကျင့်ဂုဏ်နှင့်
ပြည့်စုံကုန်သော
အရွယ်၌
တည်ကုန်သော
ချစ်ဖွယ်
သောစကားကိုဆိုတတ်ကုန်သော
မောင်းမအားလုံးတို့သည်
'လူတို့သည်
နတ်တို့ကို
ရိုသေ
ကုန်သကဲ့သို့'
အကျွန်ုပ်ကို
(အခါခပ်သိမ်း)
ရိုသေကြပါကုန်၏။
၃၃၃။
သာကီဝင်မင်းသား၏
နန်းအိမ်တော်၌
သတို့သမီးတစ်သိန်းတို့၏
အကြီးအမှူး
ဖြစ်၍'နန္ဒဝန်ဥယျာဉ်၌
နတ်တို့ကဲ့သို့'
တူမျှသော
ချမ်းသာ,
ဆင်းရဲ
ရှိလျက်
(ပျော်မွေ့ခဲ့
ပါ၏)။
၃၃၄။
(မြတ်စွာဘုရား)
အကျွန်ုပ်သည်
ရုပ်အဆင်းအရာ၌
ကာမဘုံကို
ကျော်လွန်၍
တည်ပါ၏၊ မြတ်စွာဘုရားကို
ချန်ထား၍
အကျွန်ုပ်၏
ရုပ်အဆင်းနှင့်
တူသူ
မရှိပါဘုရား
(ဟု လျှောက်ထား၏)။
၃၃၅။
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုးပြီးလျှင်
မြတ်စွာဘုရားအား
တန်ခိုးကို
ပြလေ၏၊ တစ်ပါးမကအထူးထူး
အပြားပြားသော
ကြီးသော
တန်ခိုးတို့ကို
လည်း ပြ၏။
၃၃၆။
ကိုယ်သည်
စကြဝဠာမျှလောက်
ရှိ၏၊ ဦးခေါင်းသည်
မြောက်ကျွန်းမျှလောက်
ရှိ၏၊ အတောင်နှစ်ဖက်တို့သည်
(အရှေ့,
အနောက်)
နှစ်ကျွန်းမျှလောက်
ရှိကုန်၏၊
ကိုယ်အား
ဖြင့် ဇမ္ဗုဒီပါကျွန်းမျှလောက်
ရှိ၏။
၃၃၇။
မြီးစည်းသည်
တောင်သမုဒ္ဒရာမျှလောက်
ရှိ၏၊
ထိုမှတစ်ပါး
အတောင်ပံတို့သည်
ကားအသီးအသီးသော
အခက်နှင့်
တူကုန်၏၊
မျက်စိသည် လ,
နေမျှလောက်
ရှိ၏၊
ဦးစွန်း
သည်မြင်းမိုရ်တောင်မျှလောက်ရှိ၏။
၃၃၈
-၃၃၉။ နှုတ်သီးသည်
စကြဝဠာတောင်မျှလောက်
ရှိ၏၊ ဇမ္ဗုသပြေပင်ကို
အမြစ်
အရင်းနှင့်တကွနုတ်၍
ယပ်ခတ်ကာ
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ ရှိခိုးလျက်ပင်
ဆင်
အသွင်ကိုလည်းကောင်း၊
ထို့အတူပင်
မြင်းအသွင်,
တောင်အသွင်,
သမုဒ္ဒရာအသွင်ကိုလည်းကောင်း၊
ထိုမှတစ်ပါး
လနေအသွင်,
မြင်းမိုရ်တောင်အသွင်,
သိကြားမင်းအသွင်ကိုလည်းကောင်း
ဖန်ဆင်းပြလေ၏။
၃၄၀။
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်
ယသောဓရာပါတည်း၊
စက္ခုငါးမျိုးရှိ
တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏၊
လောကဓာတ်
တစ်ထောင်တို့ကို
ပဒုမ္မာကြာပွင့်ဖြင့်
ဖုံးအုပ်ခဲ့ပါ၏။
၃၄၁။
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ် ယသောဓရာပါတည်း၊
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏၊
ဗြဟ္မာအသွင်ကိုလည်း
ဖန်ဆင်း၍
သင်္ခါရတို့မှ
ဆိတ်သုဉ်းသော'သုညတ'နိဗ္ဗာန်တရားကို
ဟောပြခဲ့ပါ၏။
၃၄၂။
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရား
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်း လေ့
လာပြီး
ဖြစ်ပါ၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယဉာဏ်၌
လည်းကောင်း
လေ့လာပြီး
ဖြစ်ပါ၏။
၃၄၃။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အလုံးစုံသောအာသဝတို့
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ ပါ။
၃၄၄။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထ
ပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌
လည်းကောင်းအသိဉာဏ်သည်
အကျွန်ုပ်အား
ဖြစ်ပေါ်ခဲ့ပါကုန်၏။
၃၄၅။
ရဟန်းမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား
လောက၏ ကိုးကွယ်ရာ
ဖြစ်သောရှေးမြတ်စွာဘုရားတို့
(အထံ၌)
ပေါင်းဆုံမိခြင်းကို
အရှင်ဘုရားသည်
ပြအပ်ပါပြီ၊
အရှင်ဘုရား၏
အကျိုးငှါ
ဆုတောင်းခြင်းသည်
အကျွန်ုပ်အား
များပြားလှပါ၏။
၃၄၆။
မြတ်စွာဘုရား
ကုသိုလ်ဖြစ်သော
အကြင်ကံကို
အကျွန်ုပ်သည်
ဖြည့်ကျင့်ဆည်းပူး
အပ်ပြီ၊
ထိုကုသိုလ်ကံကို
အောက်မေ့တော်မူပါလော့၊
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာ
ဘုရားအရှင်ဘုရား၏
အကျိုးငှါ
ကောင်းမှုကို
အကျွန်ုပ်သည်
ဆည်းပူးအပ်ပါပြီ။
၃၄၇။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
မလျောက်ပတ်သော
အရာတို့ကို
ကြဉ်၍
မကျင့်အပ်သည်ကို
တားမြစ်၍ အရှင်ဘုရား၏
အကျိုးငှါ
အကျွန်ုပ်သည်
အသက်ကို
ကောင်းစွာစွန့်လွှတ်အပ်ပါ၏။
၃၄၈။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုဋေအထောင်မကသော
ဘဝတို့
ပတ်လုံးသူတစ်ပါးအား
မယားပြုရန်
အကျိုးငှါ
အကျွန်ုပ်ကို
လှူခဲ့ပါ၏၊
ထိုသို့လှူရာ၌
အရှင်ဘုရား၏
အကျိုးငှါစိတ်ဖောက်ပြန်ခြင်းသည်
မဖြစ်ခဲ့ပါ။
၃၄၉။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုဋေအထောင်မကသော
ဘဝတို့
ပတ်လုံးသဗ္ဗညုတဉာဏ်၏
အထောက်အပံ့အကျိုးငှါ
အကျွန်ုပ်ကို
ပေးလှူခဲ့ပါ၏၊
ထိုသို့
ပေးလှူရာ၌အရှင်ဘုရား၏
အကျိုးငှါ
စိတ်ဖောက်ပြန်ခြင်းသည်
မဖြစ်ခဲ့ပါ။
၃၅၀။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုဋေအထောင်မကသော
ဘဝတို့
ပတ်လုံးအကျွန်ုပ်ကို
အစားအစာအကျိုးငှါ
ပေးလှူခဲ့ပါ၏၊
ထိုသို့
ပေးလှူရာ၌
အရှင်ဘုရား၏
အကျိုးငှါစိတ်ဖောက်ပြန်ခြင်းသည်
မဖြစ်ခဲ့ပါ။
၃၅၁။
အကျွန်ု်ပ်သည်
ကုဋေအထောင်မကသော
ဘဝတို့ပတ်လုံး
အသက်တို့ကို
စွန့်လွှတ်
ခဲ့ပါ၏၊
ဘေးမှ
လွတ်မြောက်ခြင်းကို
ပြုအံ့ဟု အကျွန်ုပ်၏
အသက်ကို
စွန့်လွှတ်ခဲ့ပါ၏။
၃၅၂။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ကိုယ်အင်္ဂါတို့ကို
လည်းကောင်း၊
တန်ဆာဆင်အပ်ကုန်သော
အဝတ်အမျိုးမျိုးတို့ကို
လည်ကောင်း၊
များစွာ
သောမိန်းမတန်ဆာတို့ကို
လည်းကောင်း မလျှို့ဝှက်ပါ။
၃၅၃။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ဥစ္စာစပါး
ကိုလည်းစွန့်ခဲ့ပါပြီ၊
ရွာတို့ကိုလည်းကောင်း၊
နိဂုံးတို့ကို
လည်းကောင်း၊
လယ်ယာကိုလည်းကောင်း၊
သားတို့ကို လည်းကောင်း၊
သမီးတို့ကို
လည်းကောင်း
စွန့်လွှတ်ခဲ့ပါပြီ။
၃၅၄။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
စွန့်
လွှတ်ခဲ့ရကုန်သော
ဆင်, မြင်း,
နွားတို့သည်လည်းကောင်း၊
အလုပ်အကျွေးကျွန်မတို့သည်
လည်းကောင်းမရေတွက်နိုင်ပါကုန်။
၃၅၅။
တောင်းတတ်သူတို့ကို
အကြင်အလှူကို
လှူအံ့ဟု
အကျွန်ုပ်အား
တိုင်ပင်၏၊
ထို အလှူမြတ်ကိုလှူခြင်းကြောင့်
အကျွန်ုပ်၏
စိတ်ဖောက်ပြန်ခြင်းကို
မမြင်ဖူးပါ။
၃၅၆။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
များ ပြားလှစွာသံသရာ၌လည်း
အထူးထူးအပြားပြား
များစွာသော
ဆင်းရဲကို
ခံစားခဲ့ခြင်းသည်
မရေတွက်နိုင်ပါ။
၃၅၇။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ချမ်းသာ ခြင်းသို့ရောက်လတ်သော်
ဝမ်းမြောက်ပါ၏၊
ဆင်းရဲမှုတို့ကြောင့်ကား
စိတ်မချမ်းသာခြင်း
မဖြစ်ခဲ့ပါ၊
အလုံးစုံသောချမ်းသာ,
ဆင်းရဲတို့၌
ချိန်သဖွယ်
(တူမျှ) သည်
ဖြစ်ပါ၏။
၃၅၈။
ရဟန်းမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား
မြတ်စွာဘုရားသည်
သင့်လျော်သော
အကြောင်းဖြင့်အကြင်အရဟတ္တမဂ်ဉာဏ်,
သဗ္ဗညုတဉာဏ်တရားကို
ရှေးရှုဆောင်၏၊
ချမ်းသာ,
ဆင်းရဲကို
ခံစား၍ထိုသမ္မာသမ္ဗောဓိဉာဏ်သို့
ရောက်တော်မူ၏။
၃၅၉။
ဗြဟ္မဒေဝမြတ်စွာဘုရားကိုလည်းကောင်း၊
(ပေါရာဏ)
ဂေါတမမြတ်စွာဘုရားကို
လည်းကောင်း
(ဖူးမြင်ဆုတောင်းခဲ့၍)
တစ်ပါးကုန်သော
မြတ်စွာဘုရားတို့၏
အထံတော်၌
အကျွန်ုပ်နှင့်
အရှင်ဘုရား၏
ပေါင်းဆုံရခြင်းသည်
များလှပါပြီ။
၃၆၀။
ရဟန်းမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ဆုတောင်း
ခြင်းသည်အကျွန်ု်ပ်အား
များလှပါ၏၊
အကျွန်ုပ်သည်
ဘုရားဖြစ်ကြောင်းတရားတို့ကို
ရှာဖွေ သော
အရှင်ဘုရား၏
အလုပ်အကျွေးပါတည်း။
၃၆၁။
လေးအသင်္ချေတို့ကို
လည်းကောင်း၊
ကမ္ဘာတစ်သိန်းတို့ကို
လည်းကောင်း
လွန်၍
လောက၏ရှေ့သွားခေါင်းဆောင်
ဖြစ်တော်မူသော
ဒီပင်္ကရာမြတ်စွာဘုရားသည်
ပွင့်တော်မူခဲ့
ပါ၏။
၃၆၂။
မြို့စွန်မြို့ဖျားဖြစ်သော
အရပ်ဒေသ၌
မြတ်စွာဘုရားကို
ပင့်ဖိတ်ပြီးလျှင်
ထို
ဒီပင်္ကရာမြတ်စွာဘုရားကြွလာရာဖြစ်သော
လမ်းကို နှစ်သက်သော
စိတ်ရှိကြကုန်သည်ဖြစ်၍
သုတ်သင်ကြကုန်၏။
၃၆၃။
ထိုအခါ
ထိုအရှင်ဘုရားသည်
''သုမေဓာ''အမည်ရှိသော
ပုဏ္ဏား
ဖြစ်၏၊ ကြွလာ
သောဒီပင်္ကရာမြတ်စွာဘုရား၏
လမ်းခရီးကိုလည်း
သုတ်သင်စီရင်၏။
၃၆၄။
ထိုအခါ
အကျွန်ုပ်သည်
ပုဏ္ဏားအမျိုး၌
ဖြစ်၍
အမည်အားဖြင့်
''သုမိတ္တာ''ဟု
ထင်ရှားသောအမျိုးသမီး
ဖြစ်၏၊
(ရမ္မာဝတီ)
ပြည်သူတို့
အစည်းအဝေးသို့
ချဉ်းကပ်ခဲ့၏။
၃၆၅။
ဒီပင်္ကရာမြတ်စွာဘုရားအား
ပူဇော်ခြင်းအကျိုးငှါ
ကြာရှစ်ခိုင်တို့ကို
ယူခဲ့ပြီးသော်
လူတို့
အလယ်၌ထင်ရှားသော
သုမေဓာရသေ့ကို
ဖူးမြင်ရ၏။
၃၆၆။
ကြာမြင့်စွာသော
ကာလပတ်လုံး
အစဉ်လိုက်သော
ချစ်ကြင်နာခဲ့သော
အလွန်နှစ်
သက်ဖွယ်ဖြစ်၍စိတ်နှလုံးကို
ဆွဲဆောင်နိုင်သော
ရသေ့ကို ဖူးမြင်ရ၍
ထိုအခါ ငါ၏
အသက်
ရှင်ခြင်းသည်အကျိုးရှိလေစွဟု
အောက်မေ့ထင်မှတ်ခဲ့၏။
၃၆၇။
ထိုအခါ ငါသည်
ရသေ့၏
မိမိအကျိုးကို
အားထုတ်သည်ကို
မြင်၏၊ ငါ၏
စိတ်
သည်ရှေးကံကြောင့်
မြတ်စွာဘုရား၌လည်း
ကြည်ညို၏။
၃၆၈။
တက်ကြွသော
စိတ်ရှိသော
ရသေ့၌
လွန်စွာ စိတ်ကို
ကြည်ညိုစေ၏၊
အရှင်ရသေ့
အရှင့်အားပေးလှူရန်
အခြားတစ်ပါးသော
လှူဖွယ်ကို မမြင်ပါ၊
အရှင့်အား
ပန်းတို့ကို
လှူပါ၏။
၃၆၉။
အရှင်ရသေ့
ကြာငါးခိုင်တို့သည်
အရှင်ရသေ့အား
ဖြစ်ပါစေကုန်၊
ကြာသုံးခိုင်တို့
သည်
အကျွန်ုပ်အား
ဖြစ်ပါစေကုန်၊
အရှင်ရသေ့
အရှင်၏
သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ
ထို
အရှင်ရသေ့နှင့်အတူတကွ
ပေါင်းဆုံမိခြင်း
ဖြစ်ပါစေကုန်။
လေးခုမြောက်
ဘာဏဝါရ
ပြီး၏။
၃၇၀။
သုမေဓာရသေ့မြတ်သည်
သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ
ပန်းတို့ကို
ယူ၍ ကြွလာ
သောအမြတ်ဆုံး
ရသေ့ဖြစ်တော်မူသော
ဒီပင်္ကရာမြတ်စွာဘုရားကို
လူတို့အလယ်၌
ပူဇော် လေ၏။
၃၇၁။
ကြီးမြတ်သော
လုံ့လရှိတော်မူသော
ဒီပင်္ကရာမြတ်စွာဘုရားသည်
တက်ကြွသော
စိတ်ရှိသောရသေ့ကို
မြင်၍
လူတို့အလယ်၌
ဗျာဒိတ်စကား
ကြားတော်မူ၏-
၃၇၂။
ရဟန်းမြတ်ဖြစ်တော်မူသော
ဒီပင်္ကရာမြတ်စွာဘုရားသည်
ဤကမ္ဘာမှ
မရေတွက်
နိုင်သောလေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းထက်၌
အကျွန်ုပ်၏
ဖြောင့်စွာဖြစ်သော
ကောင်းမှု
ကံကို (ဤသို့)
ဗျာဒိတ်စကား
ကြားတော်မူ၏ -
၃၇၃။
ရသေ့မြတ်
ဤသတို့သမီးသည်
သင့်အကျိုးငှါ
တူမျှသော
စိတ်ရှိသည်
တူမျှသောကောင်းမှုကံရှိသည်
တူမျှသော
အမှုကိစ္စကို
ပြုလေ့ရှိသည်
ဖြစ်လတ္တံ့၊
ကာယကံ, ဝစီကံ
အားဖြင့်ချစ်အပ်သူ
ဖြစ်လတ္တံ။
၃၇၄။
ဤသတို့သမီးသည်
ရှုချင်စဖွယ်ရှိသူ,
ချစ်ဖွယ်ရှိသူ,
စိတ်နှလုံးကို
ပွါးစေတတ်သူ,
ချစ်ဖွယ်ကိုပြောဆိုလေ့ရှိသူ
ဖြစ်၍ ထိုမြတ်စွာဘုရား၏
တရားတို့၌
အမွေခံသူ,
တန်ခိုးကြီးသူ
ဖြစ်၍
နေလတ္တံ့။
၃၇၅။
အရှင်၏
ဘဏ္ဍာကြုတ်ကို
အစဉ်စောင့်ရှောက်သကဲ့သို့
ဤအတူ
ဤသတို့သမီး
သည်ကုသိုလ်တရားတို့ကို
အစဉ်စောင့်ရှောက်လတ္တံ့။
၃၇၆။
ထိုသင့်အား
အစဉ်စောင့်ရှောက်လျက်
ပါရမီတို့ကို
ဖြည့်လတ္တံ့၊
'ခြင်္သေ့သည်
နှောင်အိမ်ချိုင့်ကိုဖျက်ဆီး၍
သွားသကဲ့သို့'
(သာဝက)
ဗောဓိဉာဏ်သို့
ရောက်လတ္တံ့
(ဟု မိန့်
ကြားတော်မူပါ၏)။
၃၇၇။
ဤဘဒ္ဒကမ္ဘာမှ
မရေမတွက်နိုင်သော
လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းထက်၌ဒီပင်္ကရာမြတ်စွာဘုရားသည်
အကျွန်ုပ်ကို
အကြင်ဗျာဒိတ်စကား
မိန့်ကြားတော်မူ၏၊
အကျွန်ုပ်
သည်ထိုစကားကို
ဝမ်းမြောက်လျက်
ဤသို့ မိန့်
ကြား
ဗျာဒိတ်စကားအတိုင်း
ပြုလေ့ရှိသူ
ဖြစ်ခဲ့ပါ၏။
၃၇၈။
အကျွန်ုပ်သည်
ထိုမြတ်စွာဘုရား၌
စိတ်ကို
ကြည်ညိုစေခဲ့၏၊
ကောင်းစွာ
ပြုအပ် သော
ထိုကံ၏အစွမ်းကြောင့်
မရေတွက်နိုင်သော
နတ်ပြည်,
လူ့ပြည်၌
ဖြစ်သော
ကိုယ်ခန္ဓာကို
ခံစားပြီး၍-
၃၇၉။
အကျွန်ုပ်သည်
နတ်ပြည်တို့၌
လည်းကောင်း၊
လူ့ပြည်တို့၌
လည်းကောင်း
ချမ်းသာ ဆင်းရဲတို့ကို
ခံစားပြီးလျှင်
နောက်ဆုံးဖြစ်သော
ဘဝသို့
ရောက်လတ်သော်
သာကီဝင်မင်း
မျိုး၌ ဖြစ်ခဲ့ပါ၏။
၃၈၀။
အကျွန်ုပ်သည်
ရုပ်အဆင်းလှသူ,
စည်းစိမ်ဥစ္စာရှိသူ,
အခြံအရံများသူ,
သီလရှိသူ, ထိုမှတစ်ပါးအလုံးစုံ
ကိုယ်အင်္ဂါနှင့်
ပြည့်စုံသူ,
အမျိုးတို့၌
အပူဇော်ခံရသူ
ဖြစ်ပေ၏။
၃၈၁။
လာဘ်ကိုလည်းကောင်း၊
အခြံအရံအကျော်အစောကိုလည်းကောင်း၊
ပူဇော်သက္ကာရကိုလည်းကောင်း
ရ၏။
လောကဓံတရားနှင့်
တွေ့ကြုံရသော်
လည်း အကျွန်ုပ်အား
စိတ်ဆင်းရဲ
ခြင်းမရှိပေ၊
တစ်စုံတစ်ခုသော
အကြောင်းကြောင့်
ဘေးမရှိသည် ဖြစ်၍
နေရပါ၏။
၃၈၂။
ထိုကပိလဝတ်ပြည်သို့
ကြွတော်မူသော
အခါ
သုဒ္ဓေါဒနမင်း၏
နန်းတော်တွင်း၌
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူအပ်၏၊
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
သာကီဝင်မင်းတို့
နေပြည်တော်၌
(အကျွန်ု်ပ်၏)
ဂုဏ်ကျေးဇူးကို
ညွှန်ပြတော်မူပါ၏။
၃၈၃။
အကြင်မိန်းမသည်
ကျေးဇူးလည်း
ပြုတတ်ပေ၏၊
အကြင်မိန်းမသည်
ချမ်းသာ
ဆင်းရဲ၌ တူမျှ၏၊
အကြင်မိန်းမသည်
အကျိုးစီးပွါးကိုလည်း
ပြောကြားလေ့ရှိပေ၏၊
အကြင်
မိန်းမသည်
အစဉ်လည်းစောင့်ရှောက်တတ်ပေ၏၊
ထိုမိန်းမ၏
ဂုဏ်ကို ညွှန်ပြတော်မူ၏။
၃၈၄။
ကုဋေငါးရာသော
မြတ်စွာဘုရားတို့သည်လည်းကောင်း၊
ကုဋေကိုးရာကုန်သောမြတ်စွာဘုရားတို့သည်လည်းကောင်း
ပွင့်တော်မူခဲ့ကုန်၏။
ထိုနတ်ထက်နတ်ဖြစ်တော်မူသော
မြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူကို
ဖြစ်စေခဲ့ပါ၏။
၃၈၅။
ဆုတောင်းခြင်းသည်
အကျွန်ုပ်အား
များလှပါ၏၊
တရားမင်း
မြတ်ဖြစ်တော်မူ
သောမြတ်စွာဘုရား
အကျွန်ုပ်၏
စကားကို
နာကြားတော်မူပါလော့။
ကုဋေတစ်ထောင့်တစ်ရာ
သောမြတ်စွာဘုရားတို့လည်းကောင်း၊
တစ်ဆယ့်နှစ်ကုဋေကုန်သော
မြတ်စွာဘုရားတို့
လည်းကောင်း-
၃၈၆။
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူကို
ဖြစ်စေခဲ့ပါ၏။
ဆုတောင်းခြင်းသည်
အကျွန်ုပ်အား
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်၏စကားကို
နာကြားတော်မူပါလော့။
၃၈၇။
ကုဋေနှစ်ထောင်သော
မြတ်စွာဘုရားတို့လည်းကောင်း၊
ကုဋေသုံးထောင်သောမြတ်စွာဘုရားတို့လည်းကောင်း
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီး
စွာသောအလှူကို
ဖြစ်စေခဲ့ပါ၏။
၃၈၈။
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရားအကျွန်ုပ်၏
စကားကို
နာကြားတော်မူပါလော့။
ကုဋေလေးထောင်သော
မြတ်စွာဘုရားတို့လည်းကောင်း၊
ကုဋေငါးထောင်သော
မြတ်စွာဘုရားတို့လည်းကောင်း-
၃၈၉။
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူကို
ဖြစ်စေခဲ့ပါ၏။
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်၏စကားကို
နာကြားတော်မူပါလော့-
၃၉၀။
ကုဋေခြောက်ထောင်သော
မြတ်စွာဘုရားတို့လည်းကောင်း၊
ကုဋေခုနစ်ထောင်သောမြတ်စွာဘုရားတို့လည်းကောင်း
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီး စွာသောအလှူကို
ဖြစ်စေခဲ့ပါ၏။
၃၉၁။
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်းဖြစ်တော်မူသော
မြတ်စွာဘုရားအကျွန်ုပ်၏
စကားကို
နာကြားတော်မူပါလော့။
ကုဋေရှစ်ထောင်သော
မြတ်စွာ
ဘုရားတို့လည်းကောင်း၊
ကုဋေကိုးထောင်သော
မြတ်စွာဘုရားတို့လည်းကောင်း-
၃၉၂။
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူကို
ဖြစ်စေခဲ့ပါ၏။
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ု်ပ်၏စကားကို
နာကြားတော်မူပါလော့-
၃၉၃။
ကုဋေတစ်သိန်းကုန်သော
မြတ်စွာဘုရားတို့သည်
ပွင့်တော်မူကုန်၏၊
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူကို
ဖြစ်စေခဲ့ပါ၏။
၃၉၄။
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်းဖြစ်တော်မူသော
မြတ်စွာဘုရားအကျွန်ုပ်၏
စကားကို
နာကြားတော်မူပါလော့။
ကုဋေကိုးထောင်ကုန်သောမြတ်စွာဘုရားတို့လည်းကောင်း၊
တစ်ပါးကုန်သော
မြတ်စွာဘုရားတို့လည်းကောင်း
ပွင့်တော်မူကုန်၏။
၃၉၅။
နတ်ထက်နတ်ဖြစ်တော်မူသော
ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူကို ဖြစ်စေခဲ့ပါ၏၊
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်၏စကားကို
နာကြားတော်မူပါလော့-
၃၉၆။
မြတ်စွာဘုရားတို့၏
ကုဋေတစ်သိန်းရှစ်ဆယ်ငါးဆူတို့လည်းကောင်း၊
ရှစ်ထောင်
ငါးရာသုံးဆယ့်ခုနစ်ကုဋေတို့လည်းကောင်း-
၃၉၇။
နတ်ထက်နတ်ဖြစ်တော်မူကုန်သော
ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသော
အလှူ
ကိုဖြစ်စေခဲ့ပါပြီ။
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်းဖြစ်တော်မူသော
မြတ်စွာဘုရားအကျွန်ုပ်၏
စကားကို
နာကြားတော်မူပါလော့-
၃၉၈။
ရာဂကင်းပြီးကုန်သော
ခြောက်ဆယ့်လေးကုဋေသော
ပစ္စေကဗုဒ္ဓါတို့သည်
ပွင့်တော်
မူခဲ့ကုန်၏၊
ထိုပစ္စေကဗုဒ္ဓါတို့၏
အထံ၌
အကျွန်ုပ်၏
ဆုတောင်းခြင်းသည်
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်၏
စကားကို
နာကြားတော်မူပါလော့-
၃၉၉။
ကိလေသာအညစ်အကြေးကင်းပြီးကုန်သော
မြတ်စွာဘုရား၏
တပည့် 'သာဝက'
ရဟန္တာတို့သည်မရေတွက်နိုင်ပါကုန်၊
ထိုရဟန္တာတို့၏
အထံ၌
အကျွန်ုပ်၏
ဆုတောင်းခြင်း
သည်
များလှပါ၏၊
တရားမင်း
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ု်ပ်၏
စကားကို
နာကြားတော်မူပါလော့-
၄၀၀။
ဤသို့ တရား၌
ကောင်းစွာ
ကျင့်ပြီးသော
မြတ်စွာဘုရားတို့၏လည်းကောင်း၊
တရားကိုအခါခပ်သိမ်း
ကျင့်လေ့ရှိကုန်သော
ပုဂ္ဂိုလ်တို့၏လည်းကောင်း
အထံတော်၌
တရားကို
ကျင့်လေ့ရှိသူသည်ဤလောက၌လည်းကောင်း၊
တမလွန်လောက၌လည်းကောင်း
ချမ်းသာစွာ
အိပ်ရ,
နေရပါ၏။
၄၀၁။
ကောင်းသော
အကျင့်
'သုစရိုက်'
တရားကို ကျင့်ရာ၏၊
မကောင်းသောအကျင့်
'ဒုစရိုက်'တရားကိုမကျင့်ရာ။
တရားကို
ကျင့်လေ့ရှိသူသည်
ဤလောက၌လည်းကောင်း၊
တမလွန်လောက၌လည်းကောင်းချမ်းသာစွာ
အိပ်ရ,
နေရပါ၏။
၄၀၂။
အကျွန်ုပ်သည်
သံသရာ၌
ငြီးငွေ့၍
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့ပါ၏၊
အခြံ အရံတစ်ထောင်ဖြင့်ကြောင့်ကြမဲ့
ရဟန်းပြုပြီးလျှင်
-
၄၀၃။
အိမ်ရာထောင်သော
လူ့အဖြစ်ကို
စွန့်ပယ်၍
အိမ်ရာမထောင်သော
ရဟန်း
ဘောင်သို့ဝင်ရောက်ခဲ့ပါ၏၊
လခွဲမရောက်မီပင်
သစ္စာလေးပါးတို့ကို
ထိုးထွင်း၍
သိသော
အရဟတ္တမဂ်ဉာဏ်သို့ရောက်ခဲ့ပါ၏။
၄၀၄။
များစွာကုန်သော
လူတို့သည်
သင်္ကန်းကိုလည်းကောင်း၊
ဆွမ်းကိုလည်းကောင်း၊
ဆေးပစ္စည်းကိုလည်းကောင်း၊
အိပ်ရာနေရာကျောင်းကိုလည်းကောင်း
'သမုဒ္ဒရာ၌
လှိုင်းတံပိုး
တို့ကဲ့သို့'ပို့ဆောင်ပါကုန်၏။
၄၀၅။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၄၀၆။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမတော်
ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၄၀၇။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
၄၀၈။
ဤသို့
များပြားသော
ဆင်းရဲဒုက္ခကိုလည်းကောင်း၊
များပြားသော
စည်းစိမ်
ကိုလည်းကောင်းခံစားပြီးလျှင်
အထူးစင်ကြယ်သော
ရဟန္တာအဖြစ်သို့
ရောက်လျက်
အလုံးစုံ သော
ပြည့်စုံခြင်းတို့ကို
ရရှိပါ၏။
၄၀၉။
အကြင်မိန်းမသည်
မြတ်စွာဘုရား၏
ကောင်းမှုကုသိုလ်အကျိုးငှါ
မိမိကိုယ်ကို
ပေးလှူ၏၊
ထိုမိန်းမအား
အဖော် (ခင်ပွန်း)
၏
ပြည့်စုံခြင်းတို့သည်
ဖြစ်ပါကုန်၏၊
အကြောင်း
လေးပါးတို့ပေါင်းစပ်ပြုစီရင်ခြင်း
မရှိသော
ရောက်ထိုက်သော
နိဗ္ဗာန်သို့
ရောက်ပါ၏။
၄၁၀။
အကျွန်ုပ်အား
အတိတ်ကံသည်လည်းကောင်း၊
ပစ္စုပ္ပန်ကံသည်လည်းကောင်း၊
အနာဂတ်ကံသည်လည်းကောင်း
ကုန်ပါပြီ။
အလုံးစုံသော
ကံသည်
အကျွန်ုပ်အား
ကုန်ပါပြီ၊
စက္ခုငါးမျိုးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါ၏။
ဤသို့လျှင်
ယသောဓရာရဟန်းမသည်
မြတ်စွာဘုရား၏
မျက်မှောက်၌
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ရှစ်ခုမြောက်
ယသောဓရာထေရီအပဒါန်
ပြီး၏။
------
၉-ယသောဓရာပမုခဒသဘိက္ခုနီသဟဿအပဒါန်
၄၁၁။
လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းထက်၌
လောက၏
ရှေ့သွားဖြစ်တော်မူသော
ဒီပင်္ကရာမည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၄၁၂။
ကြီးမြတ်သော
လုံ့လရှိတော်မူသော
ဒီပင်္ကရာမြတ်စွာဘုရားသည်
သုမေဓာရသေ့ကိုလည်းကောင်း၊
သုမိတ္တာသတို့သမီးကိုလည်းကောင်း
တူမျှသော
ချမ်းသာ,
ဆင်းရဲရှိသည်၏
အဖြစ်ကိုဗျာဒိတ်စကား
မိန့်ကြားတော်မူ၏။
၄၁၃။
မြတ်စွာဘုရားသည်
နတ်နှင့်တကွသော
လောကကို
ရှုမြင်လို၍
နတ်နှင့်တကွသော
လောကသို့လှည့်လည်စဉ်
ထိုသူတို့အား
ဗျာဒိတ်စကား
မိန့်ကြားရာ၌
အကျွန်ုပ်တို့သည်
အစည်းအဝေးသို့ချဉ်းကပ်၍
(ဤသို့
လျှောက်ထားခဲ့ပါ၏)။
၄၁၄။
အရှင်ရသေ့
အရှင်သည်
အနာဂတ်အစည်းအဝေး၌
အားလုံးသော
အကျွန်ုပ်တို့၏
အရှင်သခင်ဖြစ်ပါလော့၊
အားလုံးသော
အကျွန်ုပ်တို့ပင်
အရှင်၏
စိတ်ကို
ပွါးစေတတ်သော
ချစ်ဖွယ်ကို
ပြောဆိုသောမယားတို့
ဖြစ်ရပါလိုကုန်၏။
၄၁၅။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
အလုံးစုံသော
ဒါနကိုပေးလှူခဲ့ပါကုန်၏၊
သီလကို ဆောက်တည်ခဲ့ပါကုန်၏၊
ဘာဝနာကို
ကောင်းစွာ
ပွါးများခဲ့ပါကုန်၏၊
ဤအလုံးစုံကို
ရှည်ကြာသော
ညဉ့်,
နေ့ပတ်လုံး
စွန့်လွှတ်ခဲ့ပါပြီ။
၄၁၆။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
နံ့သာကိုလည်းကောင်း၊
နံ့သာပျောင်းကိုလည်းကောင်း၊
ပန်းကိုလည်းကောင်း၊
ဆီမီးကိုလည်းကောင်း၊
ရတနာဖြင့် ပြီးသော
အမှတ်မရှိတောင့်တအပ်သော
အရာအားလုံးကိုလည်းကောင်း
စွန့်လွှတ်ခဲ့ပါပြီ။
၄၁၇။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အခြားပြုအပ်သော
အမှုကိုလည်းကောင်း၊
လူ၌ဖြစ်သော
အသုံးအဆောင်ကိုလည်းကောင်း
ဤအားလုံးကိုပင်
အကျွန်ုပ်တို့
သည် ရှည်ကြာသော
ညဉ့်,
နေ့ပတ်လုံး
စွန့်လွှတ်ခဲ့ပါပြီ။
၄၁၈-၄၁၉။
ဘဝများစွာ
သံသရာပတ်လုံး
အကျွန်ုပ်တို့သည်
များစွာသော
ကုသိုလ်ကို
ပြုခဲ့ပါပြီ၊
ဘဝကြီးငယ်၌
ကျင်လည်လျက်
အစိုးရခြင်းစည်းစိမ်ကို
ခံစား၍
နောက်ဆုံးဘဝသို့
ရောက်လတ်သော်
သာကီဝင်မင်းသား၏
နန်းတော်၌
အထူးထူး,
အသီးသီးသော
အမျိုး၌
ဖြစ်ကုန်လျက်
'နတ်သမီးကဲ့သို့'နှစ်သက်ဖွယ်
အဆင်း
ရှိပါကုန်၏။
၄၂၀။
အကျွန်ုပ်တို့သည်
မြတ်သောလာဘ်ဖြင့်
အခြံအရံအကျော်အစောသို့
ရောက်ကုန်၏၊
အပူဇော်ခံရပါကုန်၏၊
အားလုံးတို့၏
အရိုအသေကို
ခံရပါကုန်၏၊
ထမင်း,
အဖျော်တို့ကို
ရလွယ်ပါကုန်၏၊
အခါခပ်သိမ်း
လွန်စွာ မြတ်နိုးခံရပါကုန်၏။
၄၂၁။
အိမ်ရာထောင်သော
လူ့အဖြစ်ကို
စွန့်ပစ်၍
အိမ်ရာ
မထောင်သော
ရဟန်းဘောင်
သို့ဝင်ရောက်ကြကုန်၏၊
လခွဲ
မရောက်မီ
အားလုံးသော အကျွန်ုပ်တို့သည်
ငြိမ်းအေးရာ
နိဗ္ဗာန်သို့ရောက်ကြပါကုန်၏။
၄၂၂။
ထမင်း,
အဖျော်တို့ကို
လည်းကောင်း၊
အဝတ်,
အိပ်ရာနေရာတို့ကို
လည်းကောင်း
ရလွယ်ပါကုန်၏။
အရိုအသေပြုအပ်,
ပူဇော်အပ်သော
ပစ္စည်းအားလုံးတို့သည်
အခါခပ်သိမ်းဆိုက်ရောက်လျက်
ရှိပါကုန်၏။
၄၂၃။
အကျွန်ုပ်တို့သည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲနေရပါကုန်၏။
၄၂၄။
အကျွန်ုပ်တို့၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေကုန်၏။ပ။
အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါကုန်ပြီ။
၄၂၅။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါကုန်ပြီ။
ဤသို့လျှင်
ယသောဓရာအမှူးရှိသည့်
ရဟန်းမတစ်သောင်းတို့သည်
မြတ်စွာဘုရား၏
မျက်မှောက်၌့ဤဂါထာတို့ကို
လျှောက်ဆိုခဲ့ကုန်၏။
။
ကိုးခုမြောက်
ယသောဓရာပမုခဒသဘိက္ခုနီသဟဿအပဒါန်
ပြီး၏။
------
၁၀-ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန်
၄၂၆။
သာကီဝင်မင်းမျိုးမှ
ဖြစ်ကုန်သော
ယသောဓရာ
အမှူးရှိကုန်သော
ရဟန်းမတစ်သောင်းရှစ်ထောင်တို့သည်
မြတ်စွာဘုရား၏
အထံတော်သို့
ချဉ်းကပ်ကုန်၏။
၄၂၇။
တစ်သောင်းရှစ်ထောင်သော
ရဟန်းမအလုံးစုံတို့သည်
တန်ခိုးကြီးသူတို့
ဖြစ်ကုန်၏၊
မြတ်စွာဘုရား၏
ခြေတို့ကို
ရှိခိုးကုန်လျက်
စွမ်းအားအလျောက်
လျှောက်ကြားကုန်၏။
၄၂၈။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ပဋိသန္ဓေနေခြင်းသည်လည်းကောင်း၊
အိုခြင်းသည်လည်းကောင်း၊
နာခြင်းသည်လည်းကောင်း၊
သေခြင်းသည်လည်းကောင်း
ကုန်ပါ ပြီ။
သတ္တဝါတို့ကို
နိဗ္ဗာန်သို့
ပို့ဆောင်တော်မူတတ်သော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
အာသဝမရှိသောငြိမ်းအေးသော
အမြိုက်နိဗ္ဗာန်သို့
သွားပါကုန်အံ့။
၄၂၉။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ရှေးအခါက
အပြစ်ကို
မသိပါကုန်၍အားလုံးတို့အားပင်
ချွတ်ယွင်းမှုသည်
အကယ်၍ ရှိငြားအံ့၊
လူတို့၏
ရှေ့သွားဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့အား
သည်းခံတော်မူပါ။
၄၃၀။
ငါဘုရား၏
အဆုံးအမကို
လိုက်နာတတ်သော
ချစ်သမီးတို့သည်
တန်ခိုးကိုလည်း
ပြကုန်ဦးလော့၊
အကြင်မျှလောက်
ပရိသတ်အားလုံးတို့၏
ယုံမှားခြင်းကို
လည်း
ဖြတ်တောက်
ကြကုန်ဦးလော့။
၄၃၁။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
ယသောဓရာ
အမှူးပြုသော
အား
လုံးသောမိန်းမတို့သည်
စိတ်ကို
ပွါးစေတတ်ကုန်၏၊
ချစ်စဖွယ်,
ကြည့်ရှုစဖွယ်
ဖြစ်ပါကုန်၏၊
ကြီးသောလုံ့လရှိတော်မူသော
မြတ်စွာဘုရား
အားလုံးသော
မိန်းမတို့သည်
အရှင်၏ နန်း
အိမ်တော်၌
အရှင်၏ကြင်ရာတော်တို့ပါတည်း။
၄၃၂။
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
အရှင်၏
နန်းအိမ်တော်၌ကိုးသန်းခြောက်သိန်းသော
မိန်းမတို့၏
အကြီးအမှူးတို့ပါတည်း၊
မိန်းမအားလုံးတို့ကို
အစိုးရသူတို့ပါတည်း။
၄၃၃။
ရုပ်အဆင်းဂုဏ်,
အကျင့်ဂုဏ်နှင့်
ပြည့်စုံပါကုန်၏၊
အရွယ်၌
တည်ကုန်လျက်
ချစ်စဖွယ်ပြောဆိုတတ်ပါကုန်၏၊
'လူတို့သည်
နတ်တို့ကို
ရိုသေကုန်သကဲ့သို့'
မောင်းမအား
လုံးတို့သည်အကျွန်ုပ်တို့အား
ရိုသေကြပါကုန်၏။
၄၃၄။
တစ်သောင်းရှစ်ထောင်ကုန်သော
အမျိုးသမီးအားလုံးတို့သည်
သာကီဝင်မင်းမျိုး၌
ဖြစ်ကုန်၏၊
ထိုအခါ
ယသောဓရာအမှူးရှိသော
တစ်ထောင်သော
အမျိုးသမီးတို့သည်
အကြီး အမှူးတို့ပါတည်း၊
အစိုးရသူတို့ပါတည်း။
၄၃၅။
ရုပ်အဆင်းအရာ၌
ကာမဘုံကို
ကျော်လွန်၍
ကောင်းစွာ
တည်ပါကုန်၏၊
မြတ်စွာ
ဘုရား (သာကီဝင်မင်းသမီး)
တစ်ထောင်တို့၏
ရုပ်အဆင်းနှင့်
တူသူ မရှိပါ
(ဟုလျှောက်ကြားကုန်၏)။
၄၃၆။
မြတ်စွာဘုရားကို
ရိုသေစွာ
ရှိခိုးပြီးလျှင်
မြတ်စွာဘုရားအား
တန်ခိုးကို
ပြကြကုန်၏၊
တစ်ပါးမက
အထူးထူးအပြားပြားသော
အခြင်းအရာရှိသော
များစွာသော
တန်ခိုးတို့
ကိုလည်းပြကြကုန်၏။
၄၃၇။
ကိုယ်သည်
စကြဝဠာမျှလောက်
ရှိ၏၊ ဦးခေါင်းသည်
မြောက်ကျွန်းမျှလောက်ရှိ၏၊
အတောင်နှစ်ဖက်တို့သည်
(အရှေ့,
အနောက်) နှစ်ကျွန်းမျှလောက်
ရှိကုန်၏၊
ကိုယ်
အားဖြင့်ဇမ္ဗုဒီပါကျွန်းမျှလောက်
ရှိ၏။
၄၃၈။
မြီးစည်းသည်
တောင်သမုဒ္ဒရာမျှလောက်
ရှိ၏၊
ထိုမှတစ်ပါး
အတောင်ပံတို့သည်
အထူးထူးသောအခက်နှင့်
တူကုန်၏၊
မျက်စိသည်
လနေမျှလောက်
ရှိ၏၊
ဦးစွန်းသည်
မြင်းမိုရ်တောင်မျှလောက်
ရှိ၏။
၄၃၉။
နှုတ်သီးသည်
စကြဝဠာတောင်မျှလောက်
ရှိ၏၊
ဇမ္ဗုသပြေပင်ကို
အမြစ်အရင်းနှင့်
တကွ
နုတ်၍ယပ်ခတ်ကာ
မြတ်စွာဘုရားကို
ချဉ်းကပ်ကုန်၍
ရှိခိုးလျက်ပင်-
၄၄၀။
ဆင်အသွင်ကိုလည်းကောင်း၊
ထိုအတူပင် မြင်းအသွင်ကိုလည်းကောင်း၊
တောင် အသွင်၊ သမုဒ္ဒရာအသွင်ကိုလည်းကောင်း၊
ထိုမှတစ်ပါး
လနေအသွင်,
မြင်းမိုရ်တောင်အသွင်,
သိကြားမင်းအသွင်ကိုလည်းကောင်း
ဖန်ဆင်းပြကြကုန်၏။
၄၄၁။
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
ယသောဓရာအမှူးရှိသော
သူတို့ပါတည်း၊
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုး
ပါကုန်၏၊
လူတို့ကိုနိဗ္ဗာန်သို့
ပို့ဆောင်တော်မူတတ်သော
မြတ်စွာဘုရား
ကြာမြင့်စွာ
ပွါး
များခြင်းဖြင့်
ပြီးမြောက်ပါကုန်၏။
၄၄၂။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌
လည်းလေ့လာပြီးဖြစ်ပါကုန်၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယဉာဏ်၌လည်းကောင်း
လေ့လာပြီး
ဖြစ်ပါကုန်၏။
၄၄၃။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါကုန်၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင် အပ်ပြီ။
အာသဝအာလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်းမရှိတော့
ပါကုန်။
၄၄၄။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထ
ပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌
လည်းကောင်းအသိဉာဏ်သည်
အကျွန်ုပ်တို့အား
ဖြစ်ပေါ်ခဲ့ပါကုန်၏။
၄၄၅။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
လောက၏
ကိုးကွယ်ရာဖြစ်သောရှေးမြတ်စွာဘုရားတို့
(အထံ၌)
ပေါင်းဆုံမိခြင်းကို
အရှင်ဘုရားသည်
ပြအပ်ပါပြီ၊
အရှင်ဘုရား၏
အကျိုးငှါ
ဆုတောင်းခြင်းတို့သည်
အကျွန်ုပ်တို့အား
များပြားလှပါကုန်၏။
၄၄၆။
မြတ်စွာဘုရား
ကုသိုလ်ဖြစ်သော
အကြင်ကံကို
အကျွန်ုပ်တို့သည်
ဖြည့်ကျင့်ဆည်း
ပူးအပ်ကုန်ပြီ၊
ထိုကုသိုလ်ကံကို
အောက်မေ့တော်မူပါလော့၊
ကြီးသော လုံ့လရှိတော်မူသော
မြတ်စွာဘုရားအရှင်ဘုရား၏
အကျိုးငှါ
ကောင်းမှုကို
အကျွန်ုပ်တို့သည်
ဆည်းပူးအပ်ပါ
ကုန်ပြီ။
၄၄၇။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
မလျောက်
ပတ်သောအရာတို့ကို
ကြဉ်၍
မကျင့်အပ်သည်ကို
တားမြစ်ပါကုန်၏၊
အရှင်ဘုရား၏
အကျိုး ငှါ
အကျွန်ုပ်တို့သည်အသက်တို့ကို
ကောင်းစွာ
စွန့်လွှတ်အပ်ပါကုန်၏။
၄၄၈။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုဋေအထောင်မကသော
ဘဝတို့
ပတ်လုံးသူတစ်ပါးအား
မယားပြုရန်
အကျိုးငှါ
အကျွန်ုပ်တို့ကို
ပေးလှူခဲ့ပါ၏၊
ထိုသို့
လှူရာ၌ အရှင်ဘုရား၏
အကျိုးငှါ
စိတ်ဖောက်ပြန်ခြင်းတို့သည်
မဖြစ်ခဲ့ပါကုန်။
၄၄၉။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုဋေအထောင်မကသော
ဘဝတို့
ပတ်လုံးသဗ္ဗညုတဉာဏ်၏
အထောက်အပံ့အကျိုးငှါ
အကျွန်ုပ်တို့ကို
ပေးလှူခဲ့ပါ၏၊
ထိုသို့
ပေးလှူရာ၌အရှင်ဘုရား၏
အကျိုးငှါ
စိတ်ဖောက်ပြန်ခြင်းတို့သည်
မဖြစ်ခဲ့ပါကုန်။
၄၅၀။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုဋေအထောင်မကသော
ဘဝတို့
ပတ်လုံးအကျွန်ုပ်တို့ကို
အစားအစာအကျိုးငှါ
ပေးလှူခဲ့ပါ၏၊
ထိုသို့
ပေးလှူရာ၌ အရှင်
ဘုရား၏
အကျိုးငှါစိတ်ဖောက်ပြန်ခြင်းတို့သည်
မဖြစ်ခဲ့ပါကုန်။
၄၅၁။
အကျွန်ုပ်တို့သည်
ကုဋေအထောင်မကသော
ဘဝတို့ပတ်လုံး
အသက်တို့ကို
စွန့် လွှတ်ခဲ့ပါကုန်၏၊
ဘေးမှ
လွတ်မြောက်ခြင်းကို
ပြုအံ့ဟု
အကျွန်ုပ်တို့၏
အသက်ကို
စွန့်လွှတ်ခဲ့
ပါကုန်၏။
၄၅၂။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ကိုယ်အင်္ဂါတို့ကို
လည်းကောင်း၊
ဤအတူ
တန်ဆာဆင်အပ်သော
အဝတ်အမျိုးမျိုးတို့ကိုလည်းကောင်း၊
များစွာသောမိန်းမတန်ဆာတို့ကို
လည်းကောင်း
မလျှို့ဝှက်ပါကုန်။
၄၅၃။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
(အရှင်ဘုရား၏
အကျိုးငှါ)
ဥစ္စာ
စပါးကိုလည်းစွန့်ခဲ့ပါပြီ။
ရွာတို့ကို
လည်းကောင်း၊
နိဂုံးတို့ကို
လည်းကောင်း၊
လယ်ယာတို့ကို
လည်ကောင်း၊
သားတို့ကို
လည်းကောင်း၊ သမီးတို့ကိုလည်းကောင်း
စွန့်လွှတ်ခဲ့ပါကုန်ပြီ။
၄၅၄။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
စွန့် လွှတ်ခဲ့ရကုန်သောဆင်,
မြင်း,
နွားတို့သည်လည်းကောင်း၊
ကျွန်မတို့သည်လည်းကောင်း၊
အလုပ်အကျွေးတို့သည်လည်းကောင်း
မရေတွက်နိုင်ပါကုန်။
၄၅၅။
တောင်းတတ်သူတို့ကို
အကြင်အလှူကို
လှူအံ့ဟု
အကျွန်ုပ်တို့အား
တိုင်ပင်၏၊ ထိုအလှူမြတ်ကိုလှူခြင်းကြောင့်
အကျွန်ုပ်တို့၏
စိတ်ဖောက်ပြန်ခြင်းကို
မမြင်ဖူးပါကုန်။
၄၅၆။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
များ ပြားလှစွာသံသရာ၌လည်း
အထူးထူးအပြားပြား
များစွာသော
ဆင်းရဲကို
ခံစားခဲ့ခြင်းသည်
မရေတွက်နိုင်ပါ။
၄၅၇။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ချမ်းသာ
ခြင်းသို့ရောက်လတ်သော်
ဝမ်းမြောက်ပါကုန်၏၊
ဆင်းရဲမှုတို့ကြောင့်ကား
စိတ်မချမ်းသာခြင်း
မဖြစ်ခဲ့ပါကုန်၊
အလုံးစုံသော
ချမ်းသာ, ဆင်းရဲတို့၌
ချိန်သဖွယ်
(တူမျှ) ကုန်သည်
ဖြစ်ပါကုန်၏။
၄၅၈။
ရဟန်းမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား
မြတ်စွာဘုရားသည်
သင့်လျော်သော
အကြောင်းဖြင့်အကြင်အရဟတ္တမဂ်ဉာဏ်,
သဗ္ဗညုတဉာဏ်တရားကို
ရှေးရှုဆောင်၏၊
ချမ်းသာ,
ဆင်းရဲကို
ခံစား၍ထိုသမ္မာသမ္ဗောဓိဉာဏ်သို့
ရောက်တော်မူ၏။
၄၅၉။
ဗြဟ္မဒေဝမြတ်စွာဘုရားကိုလည်းကောင်း၊
(ပေါရာဏ)
ဂေါတမမြတ်စွာဘုရားကို
လည်းကောင်း
(ဖူးမြင်ဆုတောင်းရ၍)
တစ်ပါးကုန်သော
မြတ်စွာဘုရားတို့၏
အထံတော်၌
အကျွန်ု်ပ်တို့၏
အရှင်ဘုရားနှင့်ပေါင်းဆုံရခြင်းသည်
များလှပါပြီ။
၄၆၀။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ဆုတောင်း
ခြင်းသည်အကျွန်ုပ်တို့အား
များလှပါ၏၊
အကျွန်ုပ်တို့သည်
ဘုရားဖြစ်ကြောင်း
တရားတို့ကို
ရှာဖွေသောအရှင်ဘုရား၏
အလုပ်အကျွေးတို့ပါတည်း။
၄၆၁။
လေးအသင်္ချေတို့ကို
လည်းကောင်း၊
ကမ္ဘာတစ်သိန်းတို့ကို
လည်းကောင်း
(လွန်၍) လောက၏ရှေ့သွားခေါင်းဆောင်
ဖြစ်တော်မူသော
ဒီပင်္ကရာမြတ်စွာဘုရားသည်
ပွင့်တော်မူခဲ့
ပါ၏။
၄၆၂။
မြို့စွန်မြို့ဖျားအရပ်ဒေသ၌
မြတ်စွာဘုရားကို
ပင့်ဖိတ်ပြီးလျှင်
ထိုဒီပင်္ကရာမြတ်စွာ
ဘုရား၏
ကြွလာရာဖြစ်သော
လမ်းစကို
နှစ်သက်သော
စိတ်ရှိကုန်သည်ဖြစ်၍
သုတ်သင်ကြကုန်၏။
၄၆၃။
ထိုအခါ
ထိုအရှင်ဘုရားသည်
သုမေဓာအမည်ရှိသော
ပုဏ္ဏားဖြစ်၏၊
ကြွလာသောဒီပင်္ကရာမြတ်စွာဘုရား၏
လမ်းခရီးကိုလည်း
သုတ်သင်စီရင်၏။
၄၆၄။
ထိုအခါ
အားလုံးသော
အကျွန်ုပ်တို့သည်
ပုဏ္ဏားမျိုး
ဖြစ်ပါကုန်၏၊
ကုန်း ပန်းပွင့်,
ရေပန်းပွင့်တို့ကို
ပြည်သူတို့
အစည်းအဝေးသို့
ဆောင်ယူကုန်၏။
၄၆၅။
ထိုအခါ
များမြတ်သော
အခြံအရံ
အကျော်အစောရှိသော
ကြီးမြတ်သော
လုံ့လ ရှိသောဒီပင်္ကရာမြတ်စွာဘုရားသည်
တက်ကြွသော စိတ်ရှိသော
သုမေဓာရသေ့ကို
ဗျာဒိတ် စကား
ကြားတော်မူ၏။
၄၆၆
-၄၆၇။
နတ်နှင့်တကွသော
လောက၌
ထိုရသေ့၏ အမှုကို
ဗျာဒိတ်စကား
ပြော
ကြားတော်မူသော
် မြေကြီးသည်
တုန်လှုပ်၏၊
တော်လဲ၏၊
ပြင်းစွာ
တုန်လှုပ်၏၊
အကျွန်ုပ်
တို့သည်လည်းကောင်း၊
နတ်သမီးတို့သည်လည်းကောင်း၊
နတ်နှင့်
တကွကုန်သော
လူတို့
သည်လည်းကောင်း
တက်ကြွသော
စိတ်ရှိသော
ရသေ့အား
အထူးထူးသော
ပူဇော်ဖွယ်
ဥစ္စာ
ဘဏ္ဍာကို
ပူဇော်၍
ဆုတောင်းခဲ့ကြပါကုန်၏။
၄၆၈။
ဒီပင်္ကရာဟူသော
မိမိအမည်တော်ရှိသော
မြတ်စွာဘုရားသည်
အကျွန်ုပ်တို့အား
ယနေ့ဆုတောင်းကုန်သော
အကြင်သူတို့သည်
ရှိကုန်၏၊
ထိုသူတို့သည်
ထိုမြတ်စွာဘုရား၏
မျက်မှောက်၌ဖြစ်ကြကုန်လတ္တံ့ဟု
ဗျာဒိတ်စကား
ကြားတော်မူ၏။
၄၆၉။
ဤဘဒ္ဒကမ္ဘာမှ
မရေတွက်နိုင်သော
လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းထက်၌
ဒီပင်္ကရာမြတ်စွာဘုရားသည်
အကျွန်ုပ်တို့အား
အကြင်ဗျာဒိတ်စကားကို
မိန့်ကြားတော်မူ၏၊
အကျွန်ုပ်တို့သည်ထိုဗျာဒိတ်စကားကို
ဝမ်းမြောက်ကုန်လျက်
ဤသို့မိန့်ကြားသော
ဗျာဒိတ် စကားအတိုင်း
ပြုလေ့ရှိသူတို့ဖြစ်ခဲ့ပါကုန်၏။
၄၇၀။
အကျွန်ုပ်တို့သည်
ထိုမြတ်စွာဘုရား၌
စိတ်ကို
ကြည်ညိုစေကုန်၏၊
ကောင်းစွာပြု
အပ်သောထိုကံ၏
အစွမ်းကြောင့်
မရေတွက်နိုုင်သော
နတ်ပြည်,
လူ့ပြည်၌ ဖြစ်သော
ခန္ဓာ
ကိုယ်ကို
ခံစားပြီး၍-
၄၇၁။
အကျွန်ုပ်တို့သည်
နတ်ပြည်တို့၌
လည်းကောင်း၊
လူ့ပြည်တို့၌
လည်းကောင်း
ချမ်းသာဆင်းရဲတို့ကို
ခံစားကုန်ပြီးလျှင်
နောက်ဆုံးဖြစ်သောဘဝသို့
ရောက်လတ်သော်
သာကီဝင်မင်းမျိုး၌
ဖြစ်ခဲ့ကုန်၏။
၄၇၂။
အကျွန်ုပ်တို့သည်
ရုပ်အဆင်းလှသူ,
စည်းစိမ်ဥစ္စာရှိသူ,
အခြံအရံများသူ,
သီလ ရှိသူ, ထိုမှတစ်ပါး
အလုံးစုံ
ကိုယ်အင်္ဂါနှင့်
ပြည့်စုံသူ,
အမျိုးတို့၌
အရိုအသေခံရသူတို့
ဖြစ်
ပေကုန်၏။
၄၇၃။
လာဘ်ကိုလည်းကောင်း၊
အခြံအရံအကျော်အစောကိုလည်းကောင်း၊
ပူဇော်သက္ကာရကိုလည်းကောင်း
ရကုန်၏။
လောကဓံတရားနှင့်
တွေ့ကြုံရသော်
လည်း
အကျွန်ုပ်တို့အား
စိတ်ဆင်းရဲခြင်းမရှိချေ၊
တစ်စုံတစ်ခုသော
အကြောင်းကြောင့်
ဘေးမရှိသည်ဖြစ်၍
နေရကုန်၏။
၄၇၄။
ထိုကပိလဝတ်ပြည်သို့
ကြွတော်မူသော
အခါ
သုဒ္ဓေါဒနမင်း၏
နန်းတော်တွင်း၌
မြတ်စွာဘုရားသည်
ဤစကားကို
မိန့်တော်မူအပ်၏၊
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
သာကီဝင်မင်းတို့၏
နေပြည်တော်၌
(ယသောဓရာ၏)
ဂုဏ်ကျေးဇူးကိုလည်း
ညွှန်ပြတော်မူ၏။
၄၇၅။
အကြင်မိန်းမသည်
ကျေးဇူးလည်း
ပြုတတ်ပေ၏၊
အကြင်မိန်းမသည်
ချမ်းသာ
ဆင်းရဲ၌ တူမျှ၏၊
အကြင်မိန်းမသည်
အကျိုးစီးပွါးကိုလည်း
ပြောကြားလေ့ရှိပေ၏၊
အကြင်
မိန်းမသည် အစဉ်လည်းစောင့်ရှောက်တတ်ပေ၏ဟု
ထိုမိန်းမ၏
ဂုဏ်ကို
ညွှန်ပြတော်မူပေ၏။
၄၇၆။
ကောင်းသော
အကျင့်
'သုစရိုက်'တရားကို
ကျင့်ရာ၏၊
မကောင်းသော
အကျင့်'ဒုစရိုက်'တရားကို
မကျင့်ရာ။
တရားကို
ကျင့်လေ့ရှိသော
သူသည်
ဤလောက၌လည်းကောင်း၊
တမလွန်လောက၌လည်းကောင်း
ချမ်းသာစွာ
အိပ်ရနေရပါ၏။
၄၇၇။
အကျွန်ုပ်တို့သည်
အိမ်ရာထောင်သော
လူ့အဖြစ်ကို
ပယ်စွန့်၍
အိမ်ရာ
မထောင်
သောရဟန်းဘောင်သို့
ဝင်ရောက်ကြကုန်၏၊
လခွဲသို့ မရောက်မီ
သစ္စာလေးပါးကို
ရကြပါကုန်၏။
၄၇၈။
များစွာသော
သူတို့သည်
အကျွန်ုပ်တို့ထံသို့
သင်္ကန်းကိုလည်းကောင်း၊
ဆွမ်းကို
လည်းကောင်း၊
ဆေးပစ္စည်းကိုလည်းကောင်း၊
အိပ်ရာနေရာကျောင်းကိုလည်းကောင်း
'သမုဒ္ဒရာ၏
လှိုင်းတံပိုးတို့ကဲ့သို့'ပို့ဆောင်ကုန်၏။
၄၇၉။
အကျွန်ုပ်တို့သည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝ အားလုံးတို့ကို
ပယ်နုတ်အပ်ကုန်ပြီ၊
'အနှောင်အဖွဲ့ကို
ဖြတ်၍
သွားသော
ဆင်မတို့ကဲ့သို့'
အာသဝမရှိဘဲ
နေရကုန်၏။
၄၈၀။
အကျွန်ုပ်တို့၏
လာခြင်းသည်
ကောင်းသောလာခြင်းပင်
ဖြစ်ပေ၏၊ အကျွန်ုပ်တို့သည်၁
မြတ်စွာဘုရား၏
အထံတော်၌
သုံးပါးသော
ဝိဇ္ဇာတို့သို့
အစဉ်ရောက်ကုန်ပြီ၊
မြတ်စွာ ဘုရား၏
အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၄၈၁။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း၊
ရှစ်ပါးသော
ဤဝိမောက္ခတို့ကို
လည်းကောင်း၊
ခြောက်ပါးသော
အဘိညာဉ်တို့ကို
လည်းကောင်း
မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏
့အဆုံးအမတော်ကို
လိုက်နာကျင့်သုံးပြီးပါပြီ။
၄၈၂။
ဤသို့များသော
အပြားရှိသော
ဆင်းရဲကိုလည်းကောင်း၊
များသောအပြားရှိသော
စည်းစိမ်တို့ကို
လည်းကောင်း
စင်ကြယ်သော
အဖြစ်သို့
ရောက်ကုန်၏။
အလုံးစုံသော
ပြည့်စုံခြင်းတို့ကို
ရကုန်၏။
၄၈၃။
အကြင်မိန်းမတို့သည်
မြတ်စွာဘုရား၏
ကောင်းမှုကုသိုလ်အကျိုးငှါ
မိမိကိုယ်ကို
ပေးလှူကုန်၏၊
ထိုမိန်းမအား
အဖော် (ခင်ပွန်း)
၏
ပြည့်စုံခြင်းတို့သည်
ဖြစ်ပါကုန်၏၊
အကြောင်းလေးပါးတို့ပေါင်းစပ်ပြုစီရင်ခြင်း
မရှိသော
ရောက်ထိုက်သော
နိဗ္ဗာန်သို့
ရောက်ပါကုန်၏။
၄၈၄။
အကျွန်ုပ်တို့အား
အတိတ်ကံသည်လည်းကောင်း၊
ပစ္စုပ္ပန်ကံသည်လည်းကောင်း၊
အနာဂတ်ကံသည်လည်းကောင်း
ကုန်ပြီ။
အလုံးစုံသော ကံသည်လည်း
အကျွန်ုပ်တို့အား
ကုန်ပြီ၊ စက္ခုငါးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
ခြေတော်တို့ကို
ရှိခိုးပါကုန်၏
(ဟုလျှောက်ထားကြကုန်၏)။
၄၈၅။
ပရိနိဗ္ဗာန်စံယူခြင်းငှါ
လျှောက်ဆိုကုန်သော
သင်တို့အား
အလွန်ကို
အဘယ်သို့မိန့်ဆိုရကုန်အံ့နည်း၊
ပြုစီရင်မှုအပြစ်မှ
ငြိမ်းအေးသော
အမြိုက်နိဗ္ဗာန်သို့
ရောက်ကြကုန်
လော့။
ဤသို့လျှင်
ယသောဓရာအမှူးရှိကုန်သော
ရဟန်းမတစ်သောင်းရှစ်ထောင်တို့သည်
မြတ်စွာဘုရား၏
မျက်မှောက်၌
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့ကုန်၏။
။
ဆယ်ခုမြောက်
ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန်
ပြီး၏။
သုံးခုမြောက်
ကုဏ္ဍလကေသီဝဂ်
ပြီး၏။
------
၁။
မမ-ကို
ဝုစ်ပြန်ပေးသည်။
Ă
၄-ခတ္တိယာဝဂ်
၁-ယသဝတီပမုခဘိက္ခုနီသဟဿအပဒါန်
၁။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ဘဝအားလုံးတို့သည်
ကုန်ခန်းကုန်ပါပြီ၊
ဝဋ်ဘဝတို့သည်
ဒုက္ခငြိမ်းခြင်းဖြင့်
လွတ်မြောက်ပြီး
ဖြစ်ပါကုန်၏၊
အကျွန်ုပ်တို့အား
အလုံးစုံသောအာသဝေါတို့သည်လည်း
မရှိပါကုန်ဟု
လျှောက်ကြားပါကုန်၏။
၂။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အမှတ်မရှိ
ရှေး၌
ဖြစ်သော
ကုသိုလ်ကံ
ကို
ပြု၍အရှင်ဘုရား၏
အကျိုးငှါ
ကောင်းစွာ
ဆုတောင်းခဲ့ပါ၏၊
အသုံးအဆောင်ဖြင့်ပြီးသော
ဝတ္ထုကို လှူခဲ့ပါ၏။
၃။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အကျိုးငှါ
ဘုရား,
ပစ္စေကဗုဒ္ဓါတို့အားလည်းကောင်း၊
တပည့်သာဝကတို့အားလည်းကောင်း
အသုံးအဆောင်ဖြင့်
ပြီးသောဝတ္ထုကို
လှူဒါန်း၍
ဆုတောင်းခဲ့ပါ၏။
၄။
(အကျွန်ုပ်တို့သည်)
အယုတ်,
အမြတ်ဖြစ်သော
ကံကို
ရဟန်းတို့အား
(ပြု၍) ကောင်းစွာဆုတောင်းခဲ့ပါ၏၊
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ဤအယုတ်,
အမြတ်ဖြစ်သော
ကံကိုပြုခဲ့ပါ၏။
၅။
ထိုကုသိုလ်ကံ၏
အကြောင်းရင်းသည်
တိုက်တွန်းအပ်သည်
ဖြစ်၍ ကံ၏
ပြည့်စုံခြင်း
တို့သည်လူ၌ဖြစ်သော
အဆင့်အတန်း
အမျိုးမျိုးကို
ကျော်လွန်၍
မင်းမျိုး၌
ဖြစ်ရပါကုန်၏။
၆။
ကံကို
ဖြစ်စေရာ,
ပြုရာ၌လည်းကောင်း၊
ပဋိသန္ဓေနေရာ၌လည်းကောင်း
တစ်ပေါင်း
တည်းဖြစ်ရပါကုန်၏။
နောက်ဆုံးဖြစ်သော
ဘဝ၌ တစ်ပေါင်းတည်း
မင်းမျိုး၌ ဖြစ်ရပါကုန်၏။
၇။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
ရုပ်အဆင်းလှသူ,
စည်းစိမ်ရှိသူ,
'နန္ဒဝန်ဥယျာဉ်၌
နတ်တို့အား ပူဇော်ကုန်သကဲ့သို့'
နန်းတွင်း၌
လာဘ်သပ် ပကာဖြင့်
ပူဇော်ခံရသူဖြစ်ပါကုန်၏။
၈။
အကျွန်ုပ်တို့သည်
ငြီးငွေ့၍
လူ့ဘောင်မှ
ရဟန်းဘောင်သို့
ဝင်ရောက်ရန်
ရဟန်း
ပြုကြပါကုန်၏၊
နှစ်ရက်,
သုံးရက်ကို
အစွဲပြု၍
အကျွန်ုပ်အားလုံးတို့သည်
ငြိမ်းအေးရာ
နိဗ္ဗာန်သို့
ရောက်ကြပါကုန်၏။
၉။
များစွာသော
သူတို့သည်
အကျွန်ုပ်တို့ထံသို့
သင်္ကန်းကိုလည်းကောင်း၊
ဆွမ်းကို လည်းကောင်း၊
ဆေးပစ္စည်းကိုလည်းကောင်း၊
အိပ်ရာနေရာကျောင်းကိုလည်းကောင်း
အခါခပ် သိမ်း
အရိုအသေပြုအပ်ပူဇော်အပ်ကုန်၍
ပို့ဆောင်ကြပါကုန်၏။
၁၀။
အကျွန်ုပ်တို့သည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝအား
လုံးတို့ကို
ပယ်နုတ်အပ်ကုန်ပြီ၊
'ဆင်မတို့သည်
အနှောင်အဖွဲ့ကို
ဖြတ်၍
နေကုန်သကဲ့သို့'
အာသဝမရှိဘဲနေရကုန်၏။
၁၁။
အကျွန်ုပ်တို့၏
လာခြင်းသည်
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏၊
အကျွန်ုပ်
တို့သည်မြတ်စွာဘုရားအထံတော်၌
သုံးပါးသော
ဝိဇ္ဇာတို့သို့
ရောက်ကုန်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၂။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊
ရှစ်ပါးသော
ဤဝိမောက္ခတို့ကိုလည်းကောင်း၊
ခြောက်ပါးသော
အဘိညာဉ်တို့ကိုလည်းကောင်း
မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
ယသဝတီအမှူးရှိကုန်သော
မင်းသမီးဖြစ်သော
ရဟန်းမတစ်သောင်းရှစ်ထောင်တို့သည်မြတ်စွာဘုရား၏
မျက်မှောက်၌
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့ကုန်၏။
။
ရှေးဦးစွာသော
ယသဝတီပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန်
ပြီး၏။
------
၂-စတုရာသီတိဘိက္ခုနီသဟဿအပဒါန်
၁၃။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ပုဏ္ဏားမျိုး၌
ဖြစ်ကုန်သော
နူးညံ့ သိမ်မွေ့သောလက်ခြေရှိကုန်သော
ရှစ်သောင်းလေးထောင်သော
အကျွန်ုပ်တို့သည်
အရှင် ဘုရား၏
နေပြည်တော်၌ပျော်မွေ့ကြပါကုန်၏။
၁၄။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ကုန်သည်,
သူဆင်းရဲမျိုး၌
ဖြစ်ကုန်
သောသူတို့သည်လည်းကောင်း၊
နတ်တို့သည်လည်းကောင်း၊
နဂါးတို့သည်လည်းကောင်း၊
ကိန္နရာတို့သည်လည်းကောင်း၊
လေးကျွန်း၌ရှိကုန်သော
သတို့သမီးများစွာတို့သည်လည်းကောင်းအရှင်ဘုရား၏
နေပြည်တော်၌
ပျော်မွေ့ကြပါကုန်၏။
၁၅။
အချို့
ရဟန်းပြုကုန်၍
တရားကို
ရှုမြင်လေ့ရှိသူတို့
များစွာ
ရှိပါကုန်၏၊
နတ်တို့သည်လည်းကောင်း၊
ကိန္နရာတို့သည်လည်းကောင်း၊
နဂါးတို့သည်လည်းကောင်း
အနာဂတ် ကာလ၌
(နိဗ္ဗာန်ကို)
တွေ့ထိရရှိကြပါကုန်လတ္တံ့။
၁၆။
(ထိုသူတို့သည်)
အလုံးစုံသော
အခြံအရံအကျော်အစောကို
ခံစားရ၍
အလုံးစုံ
ပြည့်စုံခြင်းသို့ရောက်ကုန်လျက်
အရှင်ဘုရားအား
ကြည်ညိုခြင်းကို
ရကြကုန်၍
အနာဂတ် ကာလ၌
(သစ္စာလေးပါးကို)
သိကြပါကုန်လတ္တံ့။
၁၇။
ကြီးမြတ်သော
လုံ့လရှိသည်ဖြစ်၍
စက္ခုငါးမျိုးရှိတော်မူသော
မြတ်စွာဘုရား
ပုဏ္ဏားမျိုး၌ဖြစ်ကုန်သော
ပုဏ္ဏားသမီးဖြစ်သော
အကျွန်ုပ်တို့၌
အရှင်ဘုရားသည်
အကျွန်ုပ်
တို့ကို
ကြည့်ရှုစဉ်
(အရှင်ဘုရား၏
) ခြေတော်တို့ကို
ရှိခိုးပါကုန်၏။
၁၈။
အကျွန်ုပ်တို့သည်
ဘဝအားလုံးတို့သို့
ကပ်ရောက်တတ်ကုန်သော
တဏှာအရင်း
အမြစ်တို့ကိုပယ်နုတ်အပ်ကုန်ပြီ၊
အနုသယတို့ကို
အကြွင်းမဲ့
ဖြတ်အပ်ကုန်ပြီ၊
ကုသိုလ်ပြု စီရင်မှု'ပုညာဘိသင်္ခါရ'တို့ကို
ဖျက်ဆီးအပ်ကုန်ပြီ။
၁၉။
အကျွန်ုပ်တို့အားလုံးသည်
သမာဓိလျှင်
ကျက်စားရာ
အာရုံရှိကြပါကုန်၏၊
သမာပတ်၌လေ့လာခြင်းကို
ပြုအပ်ပါကုန်၏။
အကျွန်ုပ်တို့သည်
ဈာန်ဖြင့်လည်းကောင်း၊
တရား၌ပျော်မွေ့ခြင်းဖြင့်လည်းကောင်း
အခါခပ်သိမ်း
နေကြပါကုန်၏။
၂၀။
ရှေ့သွားခေါင်းဆောင်ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
ဘဝတဏှာကိုလည်းကောင်း၊
အဝိဇ္ဇာကိုလည်းကောင်း၊
သင်္ခါရတို့ကိုလည်းကောင်း
ကုန်စေအပ်ကုန်ပြီ။
အလွန်မြင်နိုင်ခဲသော
နိဗ္ဗာန်သို့
သွားလိုပါကုန်၍
ခွင့်ပြုတော်မူပါကုန်။
၂၁။
သင်တို့သည်
ငါ့အား
ရှည်မြင့်သော
ညဉ့်နေ့ပတ်လုံး
ကျေးဇူးတို့ကို
ပြုပြီးကုန်ပြီ၊
သင်တို့အားလုံးတို့သည်
ပရိသတ်လေးပါးတို့၏
ယုံမှားခြင်းကို
ဖြတ်၍
ငြိမ်းအေးရာ
နိဗ္ဗာန်
သို့သွားကြကုန်လော့။
၂၂။
(အကျွန်ုပ်တို့သည်)
မြတ်စွာဘုရား၏
ခြေတော်တို့ကို
ရှိခိုးလျက်
တန်ခိုးဖန်ဆင်း
ခြင်းတို့ကိုပြုပြီးလျှင်
အချို့သော
ရဟန်းမတို့သည်
အလင်းရောင်ကိုလည်းကောင်း၊
ထိုမှ တစ်ပါး
အမိုက်တိုက်ကိုလည်းကောင်း
ပြကြကုန်၏။
၂၃။
အချို့သော
ရဟန်းမတို့သည်
လ, နေတို့ကိုလည်းကောင်း၊
ငါးနှင့်တကွသောသမုဒ္ဒရာကိုလည်းကောင်း
ပြကြကုန်၏။
အချို့သော
ရဟန်းမတို့သည်
မြင်းမိုရ်တောင်ကို
လည်းကောင်း၊
တောင်ရံခုနစ်ထပ်ကိုလည်းကောင်း၊
ပင်လယ်ကသစ်ပင်ကိုလည်းကောင်း
ပြကြကုန်၏။
၂၄။
အချို့သော
ရဟန်းမတို့သည်
တာဝတိံသာဘုံကိုလည်းကောင်း၊
ယာမာဘုံကိုလည်းကောင်း၊
တုသိတာဘုံကိုလည်းကောင်း၊
နိမ္မာနရတိနတ်ဘုံကိုလည်းကောင်း၊
တန်ခိုးကြီးသောဝသဝတ္တီဘုံကိုလည်းကောင်း
တန်ခိုးဖြင့်
ပြကြကုန်၏။
၂၅။
အချို့သော
ရဟန်းမတို့သည်
ဗြဟ္မာတို့ကိုလည်းကောင်း၊
မြတ်သူတို့အားသာ
ထိုက်သောစင်္ကြံကိုလည်းကောင်း
ပြကြကုန်၏။
ဗြဟ္မာ့အသွင်ကိုဖန်ဆင်း၍
သုညတနိဗ္ဗာန်
တရားကိုလည်းဟောကြကုန်၏။
၂၆။
အားလုံးသော
ရဟန်းမတို့သည်
အထူးထူး တန်ခိုးဖန်ဆင်းခြင်းကိုပြု၍
မြတ်စွာ
ဘုရားအားတန်ခိုးကို
ပြလျက်
စွမ်းအားကို
ပြကြကုန်၏၊
မြတ်စွာဘုရား၏
ခြေတို့ကို
ရှိခိုး
ကြကုန်၏။
၂၇။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်း
လေ့ လာပြီးဖြစ်ပါကုန်၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယအဘိညာဉ်၌
လည်းကောင်းလေ့လာပြီးသူတို့
ဖြစ်ပါကုန်၏။
၂၈။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါကုန်၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်
အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ ဘဝသစ်၌
တစ်ဖန်ဖြစ်ခြင်း
မရှိတော့ပါ။
၂၉။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထ ပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌
လည်းကောင်းအသိဉာဏ်သည်
အကျွန်ုပ်တို့အား
ဖြစ်ပေါ်ခဲ့ပါ၏။
၃၀။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
လောက၏
ကိုးကွယ်ရာ
ဖြစ်သောရှေးမြတ်စွာဘုရားတို့
(အထံ၌)
ပေါင်းဆုံမိခြင်းကို
အရှင်ဘုရားသည်
ပြအပ်ပါပြီ၊
အရှင် ဘုရား၏ အကျိုးငှါ
ဆုတောင်းခြင်းသည်
အကျွန်ုပ်တို့အား
များပြားလှပါကုန်၏။
၃၁။
မြတ်စွာဘုရား
ကုသိုလ်ဖြစ်သော
အကြင်ကံကို
အကျွန်ုပ်တို့သည်
ဖြည့်ကျင့်အပ်ပြီ၊
ထို့ကုသိုလ်ကံကို
အောက်မေ့တော်မူပါလော့။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရားအကျိုးငှါ
ကောင်းမှုတို့ကို
အကျွန်ုပ်တို့သည်
ဆည်းပူးအပ်ပါကုန်ပြီ။
၃၂။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ပဒုမုတ္တရမြတ်စွာဘုရားသည်
ပွင့်တော်မူလေ၏၊
မြတ်စွာဘုရား၏
ဆွေတော်မျိုးတော်တို့
နေပြည်တော်သည်
ဟံသာဝတီ
မည်၏။
၃၃။
ဂင်္ဂါမြစ်သည်
ဟံသာဝတီမြို့၏
တံခါးမှ အခါခပ်သိမ်း
စီးလျက်ရှိ၏၊
မြစ်သည်
နှိပ်စက်အပ်ကုန်သောထိုရဟန်းတို့သည်
သွားခြင်းကို
မရကုန်။
၃၄။
နှစ်ရက်,
သုံးရက်တို့ပတ်လုံးလည်းကောင်း၊
ခုနစ်ရက်ပတ်လုံးလည်းကောင်း၊
တစ်လပတ်လုံးလည်းကောင်း၊
ထို့ထက်အလွန်
လေးလပတ်လုံးလည်းကောင်း
(မြစ်ရေ)
ပြည့်
သည်ရှိသော် ထိုရဟန်းတို့သည်
သွားခြင်းကို
မရကုန်။
၃၅။
ထိုအခါ
ဘုရားလောင်းသည်
ဇဋိလမည်သော
တိုင်းပြည်ကို
အစိုးရသောမင်း
ဖြစ် လေ၏၊ ထိုမင်းသည်
ရေဖြင့်
ပိတ်ဆို့တားမြစ်အပ်သော
ထိုရဟန်းတို့ကို
မြင်၍
ဂင်္ဂါမြစ်၌
တံတားကိုပြုလုပ်လေ၏။
၃၆။
ထိုအခါ
(အသပြာ)
တစ်သိန်းတို့ဖြင့်
ဂင်္ဂါမြစ်၌
တံတားကို
ပြုလုပ်လေ၏၊
ဤမှာ
ဘက်ကမ်း၌သံဃာ၏
အကျိုးငှါ
ကျောင်းကိုလည်း
ဆောက်လုပ်လေ၏။
၃၇။
မြင့်မြတ်သောအမျိုး,
ယုတ်နိမ့်သောအမျိုး၌
ဖြစ်သော
ထိုမိန်းမ,
ယောက်ျားတို့သည်
ထိုမင်း၏တံတားကိုလည်းကောင်း၊
ကျောင်းကိုလည်းကောင်း
ညီမျှသော
အဖိုးကို
ပြုကြ လေကုန်၏။
၃၈။
ငါတို့သည်လည်းကောင်း၊
အခြားသူတို့သည်လည်းကောင်း
အလွန်ကြည်ညိုသော
စိတ်ဖြင့်ထိုမြတ်စွာဘုရား၏
တရားတို့၌
အမွေခံတို့
ဖြစ်ကြလေကုန်၏။
မြို့၌လည်းကောင်း၊
ခရိုင်နယ်
(ဇနပုဒ်)
တို့၌
လည်းကောင်း-
၃၉။
ထိုများစွာသော
မိန်းမယောက်ျား,
သတို့သားသတို့သမီးတို့သည်
တံတားအား
လည်းကောင်း၊
ကျောင်းအားလည်းကောင်း
သဲတို့ကို
ကြဲဖြန့်လေကုန်၏။
၄၀။
လမ်းမကို
တံမြက်လှည်းခြင်းကို
ပြု၍ ငှက်ပျောပင်
ရေပြည့်အိုးတို့ကိုလည်းကောင်း၊
တံခွန်တို့ကိုလည်းကောင်း၊
အခိုးအထုံကိုလည်းကောင်း၊
နံ့သာမှုန့်ကိုလည်းကောင်း၊
ပန်းကိုလည်းကောင်း
မြတ်စွာဘုရားအား
ပူဇော်သက္ကာရကို
ပြုလျက်-
၄၁။
တံတားကျောင်းတို့ကို
ပြုစေပြီးလျှင်
မြတ်စွာဘုရားကို
ပင့်ဖိတ်၍
အလှူကြီးကို
ပေးလှူလျက်သမ္မာသမ္ဗောဓိဉာဏ်ကို
ဆုတောင်းခဲ့၏။
၄၂။
ကြီးမြတ်သော
လုံ့လရှိတော်မူသော
အလုံးစုံသော
သတ္တဝါတို့ကို
ကယ်တင်တော်မူ
တတ်သောပဒုမုတ္တရမြတ်စွာဘုရားသည်
ဇဋိလမင်းအား
အနုမောဒနာ
ပြုတော်မူ၏။
၄၃။
ကမ္ဘာတစ်သိန်း
လွန်သည်ရှိသော်
ဘဒ္ဒကမ္ဘာသည်
ဖြစ်လတ္တံ့၊
(ဤမင်းသည်) ဘဝ
ကြီးငယ်၌ခံစားပြီးလျှင်
သမ္မာသမ္ဗောဓိဉာဏ်သို့
ရောက်လတ္တံ့။
၄၄။
အချို့သော
ယောက်ျား,
မိန်းမတို့သည်
လက်အမှုကို
ပြုကုန်၏၊
အလုံးစုံသော
သူတို့သည်အနာဂတ်ကာလ၌
(ထိုဂေါတမမြတ်စွာဘုရား၏
) မျက်မှောက်၌
ဖြစ်ကုန်လတ္တံ့
(ဟုအနုမောဒနာပြုတော်မူ၏)။
၄၅။
ထိုကံ၏
အကျိုးကြောင့်လည်းကောင်း၊
စေတနာတောင့်တမှုတို့ကြောင့်လည်းကောင်း
နတ်ဘုံသို့ဖြစ်ကြရကုန်၏။
ထိုအကျွန်ုပ်တို့သည်
အရှင်ဘုရား၏
အလုပ်အကျွေးတို့ပါတည်း။
၄၆။
မရေတွက်နိုင်သော
နတ်ချမ်းသာကိုလည်းကောင်း၊
မရေတွက်နိုင်သော
လူ့ချမ်းသာ
ကိုလည်းကောင်း
(ခံစား၍)
ထိုအကျွန်ုပ်တို့သည်
အရှင်ဘုရားအား
လုပ်ကျွေးပါကုန်၏။
ဘဝ ကြီးငယ်၌ကျင်လည်ခဲ့ပါကုန်၏။
၄၇။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ကောင်းစွာ
ပြုအပ်သော
ကံ၏
ပြည့်စုံခြင်းကြောင့်
လူတို့၏ပြည်၌လည်းကောင်း၊
ထိုမှတစ်ပါး
မြတ်သော
နတ်တို့၏
ပြည်၌လည်းကောင်း
နူးညံ့သိမ်မွေ့ခြင်းရှိသူတို့ဖြစ်ပါကုန်၏။
၄၈။
ကောင်းစွာ
ပြုအပ်သော
ကံ၏
ပြည့်စုံခြင်းကြောင့်
အကျွန်ုပ်တို့သည်
အရိုအသေပြုခံရကုန်သည်ဖြစ်၍
ရုပ်အဆင်း,
စည်းစိမ်အခြံအရံကိုလည်းကောင်း၊
ထိုမှတစ်ပါး
ကျော်စောခြင်းကိုလည်းကောင်း
အားလုံးကို
မပြတ်ရရှိပါကုန်၏။
၄၉။
နောက်ဆုံးဖြစ်သော
ဘဝသို့
ရောက်လတ်သော်
ပုဏ္ဏားမျိုး၌
မွေးဖွားလျက်
သာကီဝင်မင်းသားအိမ်တော်၌
နူးညံ့သိမ်မွေ့သော
လက်ခြေရှိသူ့တို့
ဖြစ်ပါကုန်၏။
၅၀။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်တို့သည်
အခါခပ်သိမ်းပင်တန်ဆာမဆင်အပ်သော
မြေကို
မမြင်ရပါကုန်၊
မစင်ကြယ်သော
ရွှံ့ညွန်မြေကို
မမြင်ရပါကုန်။
၅၁။
အကျွန်ုပ်တို့၏
ရှေးကံအကျိုးကြောင့်
အိမ်၌ နေသော
အကျွန်ုပ်တို့၏
အထံသို့ အခါခပ်သိမ်းဖြစ်သော
ပူဇော်သက္ကာရအားလုံးကို
အခါခပ်သိမ်း
ပို့ဆောင်ကြပါကုန်၏။
၅၂။
အကျွန်ုပ်တို့သည်
အိမ်ကို
စွန့်ပစ်၍ ရဟန်းဘောင်သို့
ဝင်ရောက်ကုန်သည်ရှိသော်
သံသရာခရီးမှထွက်မြောက်ကုန်လျက်
ရာဂကင်းသူတို့
ဖြစ်ရပါကုန်၏။
၅၃။
အကျွန်ုပ်တို့ထံသို့
ထိုထိုအရပ်မှ
တစ်ထောင်သော
သင်္ကန်း,
ဆွမ်း,
ဆေးပစ္စည်း,
အိပ်ရာနေရာကျောင်းတို့ကို
အခါခပ်သိမ်း
ပို့ဆောင်ကြပါကုန်၏။
၅၄။
အကျွန်ုပ်တို့သည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝ မရှိဘဲနေရပါကုန်၏။
၅၅။
အကျွန်ုပ်၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
မြတ်စွာ
ဘုရား၏ အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၅၆။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
မြတ်စွာဘုရား၏
အဆုံးအမတော်
ကိုလိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
ရှစ်သောင်းလေးထောင်သော
ပုဏ္ဏားသတို့သမီးရဟန်းမတို့သည်
မြတ်စွာဘုရား၏
မျက်မှောက်၌
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့ကုန်၏။
။
နှစ်ခုမြောက်
စတုရာသီတိဘိက္ခုနီသဟဿအပဒါန်
ပြီး၏။
------
၃-ဥပ္ပလဒါယိကာထေရီအပဒါန်
၅၇။
အရုဏဝတီမြို့၌
အရုဏမည်သော
မင်းသည် ရှိ၏၊
ငါသည်
ထိုမင်း၏
မိဖုရား
ဖြစ်၍ ငါသည်အတူတကွ
လှည့်လည်သွားလာရ၏။
၅၈။
ထိုအခါ ငါသည်
ဆိတ်ငြိမ်ရာသို့
ချဉ်းကပ်လျက်
ထိုင်ပြီးလျှင်
ဤသို့
ကြံစည်၏- ငါ့အားဆောင်ယူ၍
သွားနိုင်သော
ငါ ပြုအပ်သော
ကုသိုလ်သည်
မရှိသေးချေ။
၅၉။
ငါသည်
အလွန်ပြင်းစွာ
ပူလောင်သော
ခါးစပ်သော
ကြမ်းတမ်းသော
သဘောရှိ
သောအလွန်ကြမ်းကြုတ်သော
ငရဲသို့
သွားရလိမ့်မည်တကား၊
ဤအရာ၌ ငါ့အား
ယုံမှား
ဖွယ်သည်
မရှိချေ။
၆၀။
ငါသည် ဤသို့
ကြံစည်၍
စိတ်ကို
ရွှင်လန်းစေပြီးလျှင်
မင်းသို့
ချဉ်းကပ်လျက်
ဤ စကားကိုလျှောက်ထား၏
-
၆၁။
အရှင်မင်းမြတ်
အကျွန်ုပ်တို့
မိန်းမတို့မည်သည်
ယောက်ျားတို့အောက်
ယုတ်ညံ့သူ
တို့ဖြစ်ပါကုန်၏၊
အရှင်မင်းမြတ်
အကျွန်ုပ်အား
ရဟန်းတစ်ပါးကို
ပေးပါလော့၊
ဆွမ်းကျွေး
လိုပါ၏ဟု
(ဤစကားကို
လျှောက်ထား၏)။
၆၂။
ထိုအခါ
မင်းသည်
ပွါးများပြီးသော
ဣန္ဒြေရှိသော
ရဟန်းကို
ငါ့အားပေးလေ၏၊
(ငါသည်) ထိုရဟန်း၏
သပိတ်ကို ယူ၍
မွန်မြတ်သော
ဆွမ်းဖြင့်
ပြည့်စေခဲ့၏။
၆၃။
ငါသည်
မွန်မြတ်သော
ဆွမ်းကို
ပြည့်စေ၍
ကောင်းသော
နံ့သာဖြင့်
လိမ်းကျံလျက်
မြတ်သောအဝတ်နှင့်တကွ
ဖုံးလွှမ်းပြီးလျှင်
နှစ်သက်သော
စိတ်ဖြင့်
ပေးလှူခဲ့၏။
၆၄။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်လွှတ်ရသည်ရှိသော်
ငါသည် တာဝတိံသာဘုံသို့
ရောက်ရ၏။
၆၅။
တစ်ထောင်သော
နတ်မင်းတို့၏
မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏၊
တစ်ထောင်သော
စကြဝတေးမင်းတို့၏မိဖုရားအဖြစ်ကို
ပြုခဲ့ရ၏။
၆၆။
ပြန့်ပြောသော
ပဒေသရာဇ်မင်းအဖြစ်ကိုကား
ဂဏန်းသချင်္ာအားဖြင့်
မရေတွက်နိုင်၊
ထိုအခါထိုဆွမ်းအလှူ၏
အခြားတစ်ပါးသော
ကံ၏ အကျိုးသည်
အထူးထူးအပြားပြား
များ လှပေ၏။
၆၇။
ငါ၏ အဆင်းသည်
ကြာညိုပန်းအဆင်းနှင့်
တူ၏၊ (ငါသည်)
အဆင်းလှ၏၊
လွန်စွာ
ရှုချင်ဖွယ်ရှိ၏၊
မိန်းမတို့၏
ကိုယ်အင်္ဂါအားလုံးနှင့်
ပြည့်စုံ၏၊
အမျိုးမြတ်၌
ဖြစ်၏၊ အလင်း ရောင်ကို
ဆောင်နိုင်၏။
၆၈။
နောက်ဆုံးဘဝသို့
ရောက်လတ်သော်
သာကီဝင်မင်းမျိုး၌
ဖြစ်၏၊ ငါသည်
သုဒ္ဓေါဒနမင်း၏သားတော်
သိဒ္ဓတ္ထမင်းသား၏
မောင်းမတစ်ထောင်တို့၏
အကြီးအမှူး
ဖြစ်၏။
၆၉။
ငါသည် အိမ်၌
ငြီးငွေ့၍
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏၊
ခုနစ်ညမြောက်
ရောက် လတ်သော်
သစ္စာလေးပါးကို
သိသော
ဉာဏ်သို့
ရောက်၏။
၇၀။
သင်္ကန်းကိုလည်းကောင်း၊
ဆွမ်းကိုလည်းကောင်း၊
ဆေးပစ္စည်းကိုလည်းကောင်း၊
အိပ်ရာနေရာကျောင်းကိုလည်းကောင်း
နှိုင်းယှဉ်ခြင်းငှါ
မစွမ်းနိုင်ကုန်။
ဤသို့ဖြစ်ရခြင်းသည်
ဆွမ်းလှူရခြင်း၏အကျိုးပေတည်း။
၇၁။
မြတ်စွာဘုရား
ကုသိုလ်ဖြစ်သော
အကြင်ကံကို
ကျွန်ုပ်သည်
ဖြည့်ကျင့်အပ်ပြီ၊
ထို ကုသိုလ်ကံကိုအောက်မေ့တော်မူပါလော့။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အသျှင်ဘုရား၏
အကျိုးငှါအကျွန်ုပ်သည်
များစွာသော
ပစ္စည်းဝတ္ထုကို
စွန့်လွှတ်အပ်ပါပြီ။
၇၂။
ဤကမ္ဘာမှ
သုံးဆယ့်တစ်ကမ္ဘာထက်၌
အလှူကို
ပေးလှူခဲ့ရသော
အခါမှစ၍
မကောင်းသော
သူတို့လားရာ'ဒုဂ္ဂတိ'
ဘဝကို
မသိစဖူးပေ။
ဤသို့ဖြစ်ရခြင်းသည်
ဆွမ်းလှူရ
ခြင်း၏
အကျိုးပေတည်း။
၇၃။
ငါသည် နတ်ဘဝ
သို့မဟုတ်
လူ့ဘဝဟူသော
ဂတိနှစ်ပါးတို့ကိုသာ
သိ၏၊ အခြား
တစ်ပါးသောဂတိကို
မသိရပေ။
ဤသို့
ဖြစ်ရခြင်းသည်
ဆွမ်းလှူရခြင်း၏
အကျိုးပေ
တည်း။
၇၄။
များသော
စည်းစိမ်
များသော
ဥစ္စာရှိသော
မြင့်မြတ်သော
အမျိုးတို့ကိုသာ
သိပေ၏၊ အခြားတစ်ပါးသော
အမျိုးတို့ကို
မသိရပေ။
ဤသို့ ဖြစ်ရခြင်းသည်
ဆွမ်းလှူရခြင်း၏
အကျိုးပေတည်း။
၇၅။
ဘဝကြီးငယ်၌
ကျင်လည်ရသည်ရှိသော်
ဖြူစင်သော
ကုသိုလ်အကြောင်းရင်းသည်တိုက်တွန်းအပ်သည်ဖြစ်၍
စိတ်မနှစ်မြို့ဖွယ်ကို
မတွေ့မြင်ရပေ။
(ဤသို့
ဖြစ်ရခြင်းသည်)
ဝမ်းမြောက်စွာပြုခဲ့ခြင်း၏
အကျိုးပေတည်း။
၇၆။
မြတ်စွာဘုရား
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်း
လေ့လာပြီး
ဖြစ်ပါ၏။
ဒိဗ္ဗသောတ
ဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယဉာဏ်၌လည်းကောင်း
လေ့လာပြီး
ဖြစ်ပါ၏။
၇၇။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပါပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း မရှိတော့ပါ။
၇၈။
ကြီးသော
လုံ့လရှိတော်မူသော
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထ
ပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌
လည်းကောင်းအသိဉာဏ်သည်
အကျွန်ုပ်တို့အား
ဖြစ်ပေါ်ခဲ့ပါ၏။
၇၉။
အကျွန်ုပ်သည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝ မရှိဘဲ
နေရ၏။
၈၀။
အကျွန်ုပ်၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၈၁။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
ဥပ္ပလဒါယိကာရဟန်းမသည်
မြတ်စွာဘုရား၏
မျက်မှောက်၌
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
သုံးခုမြောက်
ဥပ္ပလဒါယိကာထေရီအပဒါန်
ပြီး၏။
------
၄-သိင်္ဂါလမာတုထေရီအပဒါန်
၈၂။
ဤဘဒ္ဒကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
အလုံးစုံသော
တရားတို့၏
တစ်ဖက်ကမ်း
ရောက်တော်မူသော
လောက၏
အကြီးအမှူးဖြစ်တော်မူသော
ပဒုမုတ္တရမည်သော
မြတ်စွာ
ဘုရားသည် ပွင့်တော်မူ၏။
၈၃။
ထိုအခါ ငါသည်
ဟံသာဝတီမြို့ဝယ်
အထူးထူးသော
ရတနာတို့ဖြင့်
တောက်ပသော
ပြည့်စုံကြွယ်ဝ၍များသော
ဥစ္စာရှိသော
အမတ်မျိုး၌ မွေးဖွားသူ
ဖြစ်ခဲ့၏။
၈၄။
ငါသည်
လူအပေါင်းခြံရံလျက်
အဖနှင့်တကွ
သွား၍
မြတ်စွာဘုရား၏
တရားတော်ကိုနာကြားပြီးလျှင်
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၈၅။
(ငါသည်)
ရဟန်းပြုပြီးသော်
ကိုယ်ဖြင့် (ပြုအပ်သော)
မကောင်းမှုကို
ကြဉ်ရှောင်ခဲ့၏၊
ဝစီဒုစရိုက်ကို
စွန့်၍
အသက်မွေးမှုကို
သုတ်သင်ခဲ့၏။
၈၆။
(ငါသည်)
မြတ်စွာဘုရား၌
ကြည်ညို၏။
တရား၌လည်းကောင်း၊
သံဃာ၌လည်းကောင်းထက်သန်သော
ရိုသေခြင်း
ရှိ၏။
သူတော်ကောင်းတရားကို
နာကြားခြင်း၌
ယှဉ်၏၊
မြတ်စွာဘုရားကို
ဖူးမြင်ခြင်း၌
လိုလား၏။
၈၇။
ထိုအခါ ငါသည်
ရဟန်းမ
(တစ်ဦး) ကို
သဒ္ဓါတရားဖြင့်
နှလုံးသွင်းရှိသူတို့တွင်
အမြတ်ဆုံးဟုမြတ်စွာဘုရားချီးကျူးသည်ကို
ကြားနာခဲ့ရ၏၊
ငါသည်
ထိုအရာအထူးကို
တောင့်တ၍
သိက္ခာသုံးပါးတို့ကိုဖြည့်ကျင့်ခဲ့၏။
၈၈။
ထိုအခါ
သနားခြင်းကရုဏာသို့
အစဉ်လိုက်ခြင်းကို
အလိုရှိတော်မူသော
မြတ်စွာ ဘုရားသည်
ငါ့ကိုမိန့်တော်မူ၏၊
အကြင်သူအား မြတ်စွာဘုရား၌
မတုန်လှုပ်သော
သဒ္ဓါ တရားသည်
ကောင်းစွာ
တည်၏၊
အကြင်သူအား
ကောင်းသော
အရိယာတို့သည်
နှစ်သက် အပ်
ချီးကျူးအပ်သော
သီလသည်
ကောင်းစွာတည်၏။
၈၉။
အကြင်သူအား
သံဃာ၌
ကြည်ညိုခြင်းသည်လည်းကောင်း၊
ဖြောင့်စွာဖြစ်သော
ဉာဏ်အမြင်'သမ္မာဒိဋ္ဌိ'
သည်လည်းကောင်း
ရှိ၏။ ထိုသူကို
''ဆင်းရဲသောသူ
မဟုတ်''ဟုဆိုကုန်၏၊
ထိုသူ၏အသက်ရှည်ခြင်းသည်
အချည်းနှီးမဟုတ်။
၉၀။
ထို့ကြောင့်
ပညာရှိသည်
မြတ်စွာဘုရားတို့၏
အဆုံးအမတော်ကို
အောက်မေ့လျက်သဒ္ဓါတရားကိုလည်းကောင်း၊
သီလစောင့်ထိန်းခြင်းကိုလည်းကောင်း၊
ကြည်ညိုခြင်းကိုလည်းကောင်း၊
ဉာဏ်အမြင်တရားကိုလည်းကောင်း
အားထုတ်ရာ၏
(ဟု
မိန့်တော်မူ၏)။
၉၁။
ငါသည်
ထိုတရားစကားကို
ကြားနာရသော်
ဝမ်းမြောက်၍
ငါ၏
ဆုတောင်းခြင်းကို
မေးလျှောက်၏၊
ထိုအခါ
မယုတ်လျော့သော
လုံ့လရှိတော်မူသော
မနှိုင်းယှဉ်နိုင်သော
မြတ်စွာ ဘုရားသည်
ဖြေကြားတော်မူခဲ့၏၊
ကောင်းသော
လက္ခဏာနှင့်
ပြည့်စုံပေသော
ချစ်သမီး
မြတ်စွာဘုရား၌ကြည်ညိုသော
သင်သည်
ကောင်းစွာ
တောင့်တသော
ထိုအရာအထူးကို
ရလတ္တံ့။
၉၂။
ဤကမ္ဘာမှ
ကမ္ဘာတစ်သိန်းထက်၌
ဩက္ကာကမင်းမျိုး၌
ဖြစ်သော
အနွယ်အားဖြင့်ဂေါတမအမည်ရှိသော
မြတ်စွာဘုရားသည်
လောက၌
ပွင့်တော်မူလတ္တံ့။
၉၃။
ထိုမြတ်စွာဘုရား၏
တရားတို့၌
တရားသည် ဖန်ဆင်းအပ်သော
အမွေခံသမီးတော်
ဖြစ်၍သိင်္ဂါလလုလင်၏
အမိဟူသော
မြတ်စွာဘုရား၏
တပည့်မ
'သာဝိကာ' ဖြစ်လတ္တံ့။
၉၄။
ထိုအခါ
ထိုဗျာဒိတ်စကားကို
ကြားနာရသည်ရှိသော်
ဝမ်းမြောက်သည်ဖြစ်၍
အသက် ထက်ဆုံးမာရ်ငါးပါးကို
အောင်တော်မူပြီးသော
မြတ်စွာဘုရားကို
မေတ္တာစိတ်ရှိလျက်
အကျင့် ပဋိပတ်တို့ဖြင့်လုပ်ကျွေးခဲ့၏။
၉၅။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၉၆။
ယခု
နောက်ဆုံး
ဖြစ်သော
ဘဝ၌ကား
ရာဇဂြိုဟ်မြို့တော်တွင်
များမြတ်သော
ရတနာတို့ပေါင်းစုရာ
ကြွယ်ဝသော
သူဌေးမျိုး၌
ဖြစ်ရ၏။
၉၇။
သိင်္ဂါလမည်သော
ငါ၏ သားသည်
မှားသော လမ်းခရီး၌
မွေ့လျော်၏၊
မိစ္ဆာဒိဋ္ဌိ
အယူတည်းဟူသောတောအုပ်သို့
ပြေးဝင်၏၊
အရပ်မျက်နှာတို့ကို
ပူဇော်ခြင်းလျှင်
လဲလျောင်း ရာ
ရှိ၏။
၉၈။
နတ်လူတို့၏
အကြီးအမှူးဖြစ်တော်မူသော
မြတ်စွာဘုရားသည်
ဆွမ်းအကျိုးငှါ
ရာဇဂြိုဟ်မြို့သို့ကြွသွားလတ်သော်
အထူးထူးသော အရပ်မျက်နှာတို့ကို
ရှိခိုးသော
ထို
သိင်္ဂါလလုလင်ကို
မြင်၍လမ်းခရီး၌
ရပ်လျက်
ဆုံးမတော်မူ၏။
၉၉။
ထိုသိင်္ဂါလလုလင်အား
တရားဟောတော်မူသော
မြတ်စွာဘုရား၏
အသံသည်
အံ့ဩဖွယ်
ဖြစ်၏၊ နှစ်ကုဋေသော
ယောက်ျားမိန်းမတို့၏
(သစ္စာလေးပါး)
တရားကို
ထိုးထွင်း
သိခြင်းသည်
ဖြစ်၏။
၁၀၀။
ထိုအခါ ငါသည်
ပရိသတ်သို့
သွားလျက်
မြတ်စွာဘုရား
ဟောကြားအပ်သော
တရားစကားကိုကြားနာရသော်
သောတာပတ္တိဖိုလ်သို့
ရောက်သည်ဖြစ်၍
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၁၀၁။
မြတ်စွာဘုရားကို
ဖူးမြင်ရခြင်း၌
လိုလားသော
ငါသည်
ထိုဗုဒ္ဓါနုဿတိကို
ပွါး များ၍ကာလမကြာမြင့်မီပင်
အရဟတ္တဖိုလ်သို့
ရောက်၏။
၁၀၂။
ငါသည် မြတ်စွာဘုရားကို
ဖူးမြင်ခြင်းအကျိုးငှါ
အခါခပ်သိမ်းပင်
သွား၏၊
မျက်စိ
ကိုနှစ်သက်စေတတ်သော
ရုပ်အဆင်းတော်ကို
မရောင့်ရဲသည်
ဖြစ်၍သာလျှင်
ဖူးမြင်၏။
၁၀၃။
ငါသည်
အလုံးစုံသော
ပါရမီတော်ကြောင့်ဖြစ်သော
အသရေ၏
တည်ရာဖြစ်သော
မြတ်သောအလုံးစုံသော
ရောင်ခြည်တော်တို့ဖြင့်
ပြွမ်းသော
ရုပ်အဆင်းတော်ကို
(ဖူးမြင်ရခြင်း
၌) မရောင့်ရဲသည်ဖြစ်၍
နေ၏။
၁၀၄။
မြတ်စွာဘုရားသည်
ထိုဂုဏ်၌
နှစ်သက်တော်မူ၍
သိင်္ဂါလသတို့သား၏
အမိသည်
သဒ္ဓါတရားဖြင့်နှလုံးသွင်းရှိသူတို့တွင်
အမြတ်ဆုံးဟု
ငါ့ကို
ဧတဒဂ်အရာ၌
ထားတော်မူ၏။
၁၀၅။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဣဒ္ဓိဝိဓအဘိညာဉ်
တို့၌
လည်းလေ့လာပြီးဖြစ်ပါ၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယ
ဉာဏ်၌လည်းကောင်းလေ့လာပြီးဖြစ်ပါ၏။
၁၀၆။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၁၀၇။
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အသိဉာဏ်သည်
အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။
၁၀၈။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၁၀၉။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကို့လိုက်နာပြုကျင့်အပ်ပါပြီ။
၁၁၀။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
သိင်္ဂါလမာတာရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
လေးခုမြောက်
သိင်္ဂါလမာတုထေရီအပဒါန်
ပြီး၏။
------
၅-သုက္ကာထေရီအပဒါန်
၁၁၁။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ဖူးမြော်ချင်စဖွယ်
တင့်တယ်တော်မူသော
အလုံးစုံသောတရားတို့ကို
ရှုမြင်တတ်သော
ဝိပဿီမည်သော
မြတ်စွာဘုရားသည်
ပွင့်တော်
မူ၏။
၁၁၂။
ထိုအခါ ငါသည်
ဗန္ဓုမတီမြို့တွင်
အမှတ်မရှိ
တစ်ခုသောအမျိုး၌
ဖြစ်၏၊
မြတ်စွာဘုရား၏
တရားကို
နာကြားရ၍ ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၁၁၃။
ငါသည်
များသော
အကြားအမြင်
ရှိ၏၊ တရားကိုကျင့်ဆောင်၏၊
ပဋိဘာန်ဉာဏ်
ရှိ၏၊ ထိုမှတစ်ပါး
ဆန်းကြယ်သော
တရားကိုလည်း
ဟောပြောတတ်၏၊
မြတ်စွာဘုရား
အဆုံးအမကိုလိုက်နာပြုကျင့်လေ့ရှိ၏။
၁၁၄။
ထိုအခါ ငါသည်
များစွာသော
လူအပေါင်း၏ အကျိုးစီးပွါးအလို့ငှါ
တရားဟောမှု
ကို ပြုခဲ့၍ထိုဘဝမှ
စုတေသည်ရှိသော်
တုသိတာဘုံသို့
ရောက်လျက်
အခြံအရံ
အကျော်
အစောများသူ
ဖြစ်ခဲ့၏။
၁၁၅။
ဤဘဒ္ဒကမ္ဘာမှ
သုံးဆယ့်တစ်ကမ္ဘာထက်၌
'မီးလျှံကဲ့သို့'
အခြံအရံအားဖြင့်
တောက်ပတော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး
ဖြစ်တော်မူသော
သိခီမြတ်စွာ
ဘုရားသည်
လောက၌
ပွင့်တော်မူ၏။
၁၁၆။
ထိုအခါ၌လည်း
ငါသည်
ရဟန်းပြု၍
မြတ်စွာဘုရားအဆုံးအမ၌
လိမ္မာသူဖြစ်လျက်
မြတ်စွာဘုရား၏
တရားစကားတို့ကို
ထွန်းကားစေခြင်းကြောင့်
ထိုဘဝမှလည်း
တာဝတိံသာ နတ်ဘုံသို့
ရောက်ခဲ့ရ၏။
၁၁၇။
သုံးဆယ့်တစ်ကမ္ဘာထက်၌ပင်လျှင်
ကြီးမြတ်သော
ဉာဏ်ရှိတော်မူသော
ဝေဿဘူ မည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူလေ၏၊
ထိုအခါ၌လည်း
ထို့အတူပင်
ငါသည်-
၁၁၈။
ရဟန်းပြု၍
တရားကို
ကျင့်ဆောင်လျက်
မြတ်စွာဘုရားသာသနာတော်ကို
ထွန်း
လင်းစေခဲ့၏၊
(ထို့ကြောင့်)
ပျော်မွေ့ဖွယ်
နတ်ပြည်သို့
သွား၍
ကြီးစွာသော
ချမ်းသာကို
ခံစားရပေ၏။
၁၁၉။
ဤဘဒ္ဒကမ္ဘာ၌
လူတို့၏
ကိုးကွယ်ရာ
ဖြစ်တော်မူသော
ကကုသန်ဘုရားမြတ်သည်
ပွင့်တော်မူ၏၊
ထိုအခါ၌လည်း
ထို့အတူပင်
ငါသည်-
၁၂၀။
ရဟန်းပြု၍
မြတ်စွာဘုရားသာသနာတော်ကို
အသက်ရှိသမျှ
ထွန်းလင်းစေပြီးလျှင်
တိုဘဝမှစုတေလတ်သော်
ငါသည်
'မိမိဘုံကဲ့သို့'
တာဝတိံသာနတ်ဘုံသို့
ရောက်ခဲ့ရ၏။
၁၂၁။
ဤဘဒ္ဒကမ္ဘာ၌ပင်
လောက၏
ကိုးကွယ်ရာဖြစ်တော်မူသော
ကိလေသာမြူ
ကင်း
တော်မူသော အမြိုက်နိဗ္ဗာန်သို့
ကြွသွားတော်မူတတ်သော
ကောဏာဂုံမြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၁၂၂။
ထိုအခါ၌လည်း
ငါသည်
ထိုမြတ်စွာဘုရား၏
သာသနာတော်၌
ရဟန်းပြုခဲ့၍
များ
သောအကြားအမြင်ရှိသူ,
တရားကို
ကျင့်ဆောင်သူ
ဖြစ်လျက်
မြတ်စွာဘုရား၏
သာသနာ
တော်ကိုထွန်းလင်းစေခဲ့၏။
၁၂၃။
ဤဘဒ္ဒကမ္ဘာ၌ပင်
လောက၏
ကိုးကွယ်ရာဖြစ်တော်မူသော
ကိလေသာမြူ
ကင်း
တော်မူသော သေခြင်းအဆုံးသို့
ရောက်တော်မူသော
ကဿပမြတ်စွာဘုရားသည်
ပွင့်တော်
မူ၏။
၁၂၄။
ငါသည်
ထိုမြတ်စွာဘုရား၏
သာသနာတော်၌လည်း
ရဟန်းပြုခဲ့၍
သူတော်ကောင်း
တရားကိုသင်ပြီး၍
အဋ္ဌကထာ၌
ရဲရင့်သူ
ဖြစ်၏။
၁၂၅။
ကောင်းသော
အကျင့်သီလရှိ၏၊
မကောင်းမှုကို
ရှက်လေ့ရှိ၏၊
သိက္ခာသုံးပါးတို့၌
လိမ္မာသူဖြစ်ခဲ့၏၊
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
(တပည့်တော်သည်)
အသက် ထက်ဆုံး
များစွာသော
တရားဟောမှုကို
ပြုပြီးလျှင်
-
၁၂၆။
ထိုကံ၏
အကျိုးကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်းလူ့ခန္ဓာကိုယ်ကို
စွန့်ရသော်
တာဝတိံသာဘုံသို့
ရောက်ရ၏။
၁၂၇။
ယခု
နောက်ဆုံး
ဖြစ်သော
ဘဝ၌လည်း
ရာဇဂြိုဟ်မြို့တော်၌
များစွာသော
ရတနာတို့၏
စုဝေးရာဖြစ်သော
သူဌေးမျိုး၌
ဖြစ်ရ၏။
၁၂၈။
မြတ်စွာဘုရားသည်
ရဟန်းတစ်ထောင်
ခြံရံလျက်
ရာဇဂြိုဟ်မြို့သို့
ကြွတော် မူသော
အခါသိကြားမင်းသည်
(ဤသို့)
ချီးကျူးလေ၏-
၁၂၉။
ယဉ်ကျေးပြီးကုန်သော
ကိလေသာမှ
လွတ်မြောက်ပြီးကုန်သော
ရသေ့ဟောင်းရဟန္တာတစ်ထောင်တို့နှင့်တကွ
ယဉ်ကျေးပြီး၍
ကိလေသာမှ
လွတ်မြောက်ပြီးတော်မူသော
သိင်္ဂနိက်ရွှေအဆင်းနှင့်
တူသော အဆင်းရှိတော်မူသော
မြတ်စွာဘုရားသည်
ရာဇဂြိုဟ်မြို့သို့ဝင်တော်မူ၏
(ဟု
ချီးကျူး၏)။
၁၃၀။
ထိုမြတ်စွာဘုရား၏
တန်ခိုးအာနုဘော်ကို
မြင်၍
ဂုဏ်တော်အပေါင်းကိုလည်း
ကြား နာ၍မြတ်စွာဘုရား၌
စိတ်ကို ကြည်ညိုစေပြီး၍
ထိုမြတ်စွာဘုရားကို
စွမ်းအားရှိသမျှ
ပူဇော် ခဲ့၏။
၁၃၁။
နောက်အခါ၌လည်း
အိမ်မှ ထွက်၍
ဓမ္မဒိန္နာရဟန်းမ၏
အထံ၌
ရဟန်းဘောင်သို့
ဝင်ရောက်ရဟန်းပြု၏။
၁၃၂။
ငါသည်
ဆံပင်တို့ကို
ရိတ်ဖြတ်ကုန်စဉ်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေ
အပ်ကုန်ပြီ၊
ငါသည်
ရဟန်းပြု၍
မကြာမြင့်မီ
အဆုံးအမအားလုံးကို
သင်ယူခဲ့၏။
၁၃၃။
ထို့နောက်
များစွာသော
လူတို့၏
အစည်းအဝေး၌
တရားကို
ဟော၏၊
တရားဟောအပ်သည်ရှိသော်
အထောင်မကသော
သတ္တဝါတို့၏
(သစ္စာလေးပါး)
တရားကို
ထိုးထွင်း
သိခြင်းသည်ဖြစ်လေ၏။
၁၃၄။
ငါ့အား
အလွန်ကြည်ညိုသော
နတ်သည် ထိုအကြောင်းကို
သိ၍ အလွန်အံ့ဩလျက်ရာဇဂြိုဟ်မြို့ကို
လှည့်လည်ပြီးလျှင်
(ဤသို့
ကြွေးကြော်လေ၏)။
၁၃၅။
အကြင်လူတို့သည်
အမြိုက်နိဗ္ဗာန်ကို
ဟောပြောလျက်ရှိသော
သုက္ကာရဟန်းမ
(ထံ) သို့မဆည်းကပ်ကုန်၊
ရာဇဂြိုဟ်မြို့၌
ဤလူတို့သည်
အဘယ်ကို
ပြုလုပ်နေကုန်သနည်း၊
ပျားရည်ကိုသောက်၍သာလျှင်
နေကြကုန်သလော။
၁၃၆။
ခရီးသွားတို့သည်
မိုးရေကို
သောက်ကြရကုန်သကဲ့သို့
ထို့အတူ
ပညာရှိတို့သည်
ကားမဆုတ်မပြန်
နိဗ္ဗာန်သို့
ဆောင်တတ်သော
(အရသာတစ်ပါး)
မသွန်းလောင်းဘဲ
ဩဇာ
ရှိသောထိုအမြိုက်တရားရေကိုသာလျှင်
သောက်ကုန်ယောင်တကား
(ဟု
ကြွေးကြော်လေ၏)။
၁၃၇။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်းလေ့လာပြီး
ဖြစ်ပါ၏။
ဒိဗ္ဗသောတအဘိညာဉ်၌လည်းကောင်း၊
စေတာပရိယဉာဏ်
၌လည်းကောင်းလေ့လာပြီး
ဖြစ်ပါ၏။
၁၃၈။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုဘဝသစ်၌ တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၁၃၉။
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အသိဉာဏ်သည်
အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။
၁၄၀။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ
နေရ၏။
၁၄၁။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကို့လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄၂။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
သုက္ကာရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ငါးခုမြောက်
သုက္ကာထေရီအပဒါန်
ပြီး၏။
ငါးခုမြောက်
ဘာဏဝါရ
ပြီး၏။
------
၆-အဘိရူပနန္ဒာထေရီအပဒါန်
၁၄၃။
ဤဘဒ္ဒကမ္ဘာမှ
ကိုးဆယ့်တစ်ကမ္ဘာထက်၌
ဖူးမြော်ချင်စဖွယ်
တင့်တယ်တော်မူသော
အလုံးစုံသောတရားတို့၌
သိမြင်သော
ပညာမျက်စိရှိတော်မူသော
ဝိပဿီမည်သော
မြတ်စွာ ဘုရားသည်
ပွင့်တော်မူလေ၏။
၁၄၄။
ထိုအခါ ငါသည်
ဗန္ဓုမတီမြို့တွင်
ပည့်စုံကြွယ်ဝသော
အမျိုးမြတ်၌
ဖြစ်၍ အလွန် အဆင်းလှသူကြင်နာသနားတတ်သူ
လူအပေါင်း၏
ပူဇော်ခံရသူလည်း
ဖြစ်ပေ၏။
၁၄၅။
ငါသည်
ကြီးမြတ်သော
လုံ့လရှိတော်မူသော
ဝိပဿီမြတ်စွာဘုရားထံသို့
ချဉ်းကပ် ၍ တရားကိုနာကြားရခြင်းကြောင့်
မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍
ဆည်းကပ်ခဲ့၏။
၁၄၆။
ငါသည်
သီလတို့၌
စောင့်ရှောက်သူဖြစ်၍
မြတ်စွာဘုရား
ပရိနိဗ္ဗာန်ပြုတော်မူ
လတ်သော်
ဓာတ်တော်စေတီတော်၏
အထက်၌
ရွှေထီးကို
ပူဇော်ခဲ့၏။
၁၄၇။
ငါသည်
အသက်ထက်ဆုံး
သီလရှိသူ
လွတ်လွတ်
စွန့်ကြဲခြင်းရှိသူ
ဖြစ်လျက် ထို
ဘဝမှ စုတေ၍လူ့ကိုယ်ခန္ဓာကို
စွန့်ပယ်ရသည်ရှိသော်
တာဝတိံသာဘုံသို့
ကပ်ရောက်ရ၏။
၁၄၈-၁၄၉။
ထိုအခါ ငါသည်
ရူပါရုံ,
သဒ္ဒါရုံ, ဂန္ဓာရုံ,
ရသာရုံ,
ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း၊
အသက်အားဖြင့်လည်းကောင်း၊
အဆင်း
ချမ်းသာ,
အခြံအရံအားဖြင့်လည်းကောင်း၊
ထို့အတူပင်အစိုးရခြင်းအားဖြင့်လည်းကောင်း
ဆယ်ပါးသော
အကြောင်းအရာတို့ဖြင့်
ကြွင်း သော
နတ်တို့ကိုကျော်လွန်
လွှမ်းမိုး၍
တင့်တယ်၏။
၁၅၀။
ငါသည် ယခု
နောက်ဆုံးဘဝ၌လည်း
ကပိလမည်သော
မြို့တော်၌ဖြစ်၍
ခေမကသာကီဝင်မင်း၏နန္ဒာအမည်ရှိသော
သမီးတော်ဟု
ကျော်စောထင်ရှား၏။
၁၅၁။
ငါ့အား
နှစ်သက်ခြင်းကို
ပြတတ်သော အလွန်အဆင်းလှသော
ပြည့်စုံခြင်းသည်
ဖြစ်လေ၏၊
အကြင်အခါ
ငါသည်
အရွယ်သို့
ရောက်သည်ဖြစ်၍
ရုပ်အဆင်း၏
တင့်တယ်
ခြင်းဖြင့်
တန်ဆာဆင်အပ်၏။
၁၅၂။
ထိုအခါ
ဤကပိလမြို့၌
ငါ့ကို
အလိုရှိခြင်းကြောင့်
သာကီဝင်မင်းတို့အား
အလွန် ကြီးစွာသောငြင်းခုံခြင်းသည်
ဖြစ်လေ၏၊ ထို့ကြောင့်
ခမည်းတော်သည်
သာကီဝင်မင်းတို့
သည်
မပျက်စီးပါစေလင့်ဟု
ကြံစည်၍
ငါ့ကို
ရဟန်းပြုစေ၏။
၁၅၃။
ငါသည်
ရဟန်းပြုပြီးသော်
လည်း မြတ်စွာဘုရားကို
ရုပ်အဆင်း၌
ရှုတ်ချမုန်းတီး
တတ်ကြောင်းကိုကြားရသဖြင့်
ငါ၏
ရုပ်အဆင်းဖြင့်
မာန်တက်လျက်
လူတို့ထက်
မြတ်သော မြတ်စွာဘုရားထံသို့
မချဉ်းကပ်ခဲ့ချေ။
၁၅၄။
ငါသည်
မြတ်စွာဘုရားကို
ဖူးမြင်ရခြင်းမှ
ကြောက်သည်ဖြစ်၍
ဆုံးမခံရာသို့လည်း
မသွားခဲ့၊
ထိုအခါ
မြတ်စွာဘုရားသည်
အကြောင်းဥပါယ်တံမျဉ်ဖြင့်
မိမိအထံသို့
ခေါ်ဆောင် ၍-
၁၅၅။
အကြောင်းဥပါယ်၌
လိမ္မာတော်မူသော
မြတ်စွာဘုရားသည်
နတ်သမီးရုပ်အဆင်း
နှင့်တူသောမိန်းမပျိုကိုလည်းကောင်း၊
မိန်းမအိုကိုလည်းကောင်း၊
သေနေသော
မိန်းမကို
လည်းကောင်းမိန်းမသုံးမျိုးတို့ကို
တန်ခိုးဖြင့်
ပြတော်မူ၏။
၁၅၆။
ငါသည်
ထိုမိန်းမတို့ကို
မြင်ရသည်ရှိသော်
အလွန်ထိတ်လန့်သည်ဖြစ်၍
မိမိကိုယ် ကောင်၌့တပ်ခြင်းကင်းလျက်
ဘဝ၌
ငြီးငွေ့လျက်
တည်၏၊ ထိုအခါ
မြတ်စွာဘုရားသည်
ငါ့ကို
မိန့်တော်မူ၏-
၁၅၇။
ချစ်သမီးနန္ဒာ
နာကျင်ခြင်း,
မစင်ကြယ်ခြင်းသဘောရှိသော
အထက်သို့
လျှံတက်၍ အောက်သို့ယိုစီးခြင်းသဘောရှိသော
သူမိုက်တို့သာ
တွယ်တာနှစ်သက်အပ်သော
ဤခန္ဓာကိုယ်
အကောင်ပုပ်ကိုရှုစမ်းပါလော့။
၁၅၈။
မတင့်တယ်သော
(အသုဘ)
အားဖြင့်
စိတ်ကို အာရုံတစ်ခုတည်းရှိလျက်
ကောင်းစွာ
တည်တံ့အောင်ပွားများစေပါလော့၊
ဤသင်မြင်သော
ကိုယ်ကဲ့သို့
ထိုသင်၏ ကိုယ်သည်
ထို့
အတူပင်တည်း၊
ထိုသင်၏ကိုယ်ကဲ့သို့
ဤသင်မြင်သော
ကိုယ်သည်လည်း
ထို့အတူပင်တည်း။
၁၅၉။
ဤသို့
ထိုကိုယ်ကို
ညဉ့်နေ့ပတ်လုံး
မပျင်းမရိဘဲ
ရှုသည်ရှိသော်
ထိုရှုခြင်းကြောင့်မိမိဥစ္စာဖြစ်သော
ပညာဖြင့်
ဖောက်ထွင်း၍
နေရလတ္တံ့ (ဟု
မိန့်တော်မူ၏)။
၁၆၀။
ထိုငါသည်
မမေ့မလျော့ဘဲ
အသင့်အားဖြင့်
ဆင်ခြင်လတ်သော်
အတွင်း,
အပြင်နှင့်
တကွဤကိုယ်ကို
အမှန်အတိုင်း
မြင်၏။
၁၆၁။
ထိုအခါ ငါသည်
ကိုယ်၌
ငြီးငွေ့ခဲ့၏၊
အဇ္ဈ
တ္တသန္တာန်၌လည်း
တပ်ခြင်းကင်းခဲ့၏၊
ငါသည်မေ့လျော့ခြင်းမရှိဘဲ
သံယောဇဉ်
ကင်းလျက်
ငြိမ်သက်အေးမြသူ
ဖြစ်၏။
၁၆၂။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဣဒ္ဓိဝိဓအဘိညာဉ်
တို့၌ လည်းလေ့လာပြီးဖြစ်ပါ၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယအဘိညာဉ်၌လည်းကောင်း
လေ့လာပြီးဖြစ်ပါ၏။
၁၆၃။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊
ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၁၆၄။
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အသိဉာဏ်သည်
အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။
၁၆၅။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၁၆၆။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၆၇။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာ
ကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
အဘိရူပနန္ဒာရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ခြောက်ခုမြောက်
အဘိရူပနန္ဒာထေရီအပဒါန်
ပြီး၏။
------
၇-အဎ္ဍကာသိထေရီအပဒါန်
၁၆၈။
ဤဘဒ္ဒကမ္ဘာ၌
ဗြာဟ္မဏမျိုးဖြစ်တော်မူသော
များမြတ်သော
အခြံအရံအကျော်အစောရှိတော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး
ဖြစ်တော်မူသော
အနွယ်အားဖြင့်ကဿပမည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၁၆၉။
ထိုအခါ ငါသည်
ထိုမြတ်စွာဘုရား၏
သာသနာတော်၌
ရဟန်းပြု၍
ပါတိမောက်သီလ၌လည်းကောင်း၊
ဣန္ဒြေငါးပါးတို့၌
လည်းကောင်း
စောင့်စည်းခဲ့ပေ၏။
၁၇၀။
အစားအစာ၌လည်း
အတိုင်းအရှည်ကို
သိလေ့ရှိ၏၊
နိုးကြားခြင်း၌လည်း
ယှဉ်၏၊
ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌လည်း
ယှဉ်လျက်
နေလေ့ရှိသော
ငါသည်
အာသဝေါကင်းပြီးသောရဟန်းမ
(တစ်ဦး) ကို-
၁၇၁။
ငါသည်
ပြစ်မှားသော
စိတ်ရှိသည်ဖြစ်၍
ပြည့်တန်ဆာမဟု
ဆဲဆိုခဲ့မိ၏၊
ထို မကောင်းမှုကံကြောင့်ငရဲ၌
ကျခဲ့ရ၏။
၁၇၂။
ထိုကံအကြွင်းကြောင့်
များစွာပင်
သူတစ်ပါးတို့နှင့်
စပ်သွယ်သော
ပြည့်တန်ဆာမ
မျိုး၌
ဖြစ်ခဲ့ရ၏၊
နောက်ဆုံးဘဝ၌ကား-
၁၇၃။
ငါသည်
မြတ်သော
အကျင့်၏
အစွမ်းကြောင့်
ကာသိတိုင်းတို့ဝယ်
သူဌေးမျိုး၌
မွေးဖွားလျက်'နတ်ဘုံတို့၌
နတ်သမီးကဲ့သို့'
ရုပ်အဆင်းနှင့်
ပြည့်စုံသူ
ဖြစ်ခဲ့ပေ၏။
၁၇၄။
ရှုချင်စဖွယ်ရှိသော
ငါ့ကို
တွေ့မြင်ကုန်သည်
ရှိသော် ငါ၏
ဆဲရေးခြင်း၏
အစွမ်း ကြောင့်ရာဇဂြိုဟ်မြို့တော်တွင်
ပြည့်တန်ဆာမအဖြစ်၌
သွင်းထားကုန်၏။
၁၇၅။
ထိုငါသည်
မြတ်စွာဘုရား
ဟောကြားတော်မူအပ်သော
သူတော်ကောင်းတရားကိုကြားနာရသည်ရှိသော်
ရှေးဝါသနာ
(အထုံ) နှင့် ပြည့်စုံသည်ဖြစ်၍
ရဟန်းဘောင်သို့
ဝင်ရောက်ရဟန်းပြု၏။
၁၇၆။
ထိုအခါ
ပဉ္စင်းခံခြင်းအကျိုးငှါ
မြတ်စွာဘုရားအထံသို့
သွားလတ်သော်
လမ်းခရီး၌
အပျော်ကြူးသူလူဆိုးတို့
တည်ရှိသည်တို့ကို
ကြားသိရ၍
တမန်ဖြင့်
ပဉ္စင်းခံခြင်းကို
ရခဲ့ ပေ၏။
၁၇၇။
ကုသိုလ်သည်လည်းကောင်း၊
အကုသိုလ်သည်လည်းကောင်း
အလုံးစုံသော
ကံ သည်
ကုန်ခန်းပြီ၊
ထို့အတူ
အလုံးစုံသော
သံသရာကိုလည်း
လွန်မြောက်ပြီ၊
ပြည့်တန်ဆာမ
အဖြစ်ကိုလည်း
ကုန်စေအပ်ပြီ။
၁၇၈။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
(အကျွန်ုပ်သည်)
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်းလေ့လာပြီး
ဖြစ်ပါ၏၊
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယအဘိညာဉ်၌လည်းကောင်း
လေ့လာပြီး
ဖြစ်ပါ၏။
၁၇၉။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုဘဝသစ်၌ တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၁၈၀။
မြတ်စွာဘုရား
အရှင်ဘုရား၏
အထံ၌ အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အသိဉာဏ်သည်
အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။
၁၈၁။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၁၈၂။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စစ်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၈၃။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
အဎ္ဍကာသိရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ခုနစ်ခုမြောက်
အဎ္ဍကာသိထေရီအပဒါန်
ပြီး၏။
------
၈-ပုဏ္ဏိကာထေရီအပဒါန်
၁၈၄။
ဝိပဿီမြတ်စွာဘုရား၏
လည်းကောင်း၊
သိခီမြတ်စွာဘုရား၏
လည်းကောင်း၊
ဝေဿဘူမြတ်စွာဘုရား၏
လည်းကောင်း၊
ကကုသန်မြတ်စွာဘုရား၏
လည်းကောင်း၊
တာဒိဂုဏ်နှင့်ပြည့်စုံသော
ကောဏာဂုံမြတ်စွာဘုရား၏
လည်းကောင်း -
၁၈၅။
ကဿပမြတ်စွာဘုရား၏
လည်းကောင်း
သာသနာတော်၌
ရဟန်းပြု၍သီလနှင့်
ပြည့်စုံသောရင့်ကျက်သော
ပညာရှိသော
ဣန္ဒြေကို
စောင့်စည်းသော
ရဟန်းမ
ဖြစ်ခဲ့၏။
၁၈၆။
ငါသည်
အကြားအမြင်များ၏၊
တရားကို ကျင့်ဆောင်၏၊
အကြောင်းအကျိုး
(အဋ္ဌကထာအနက်)
ကို
မေးမြန်းတတ်၏၊
တရားတို့ကို
လည်း သင်ယူ၍
နာကြားတတ်၏၊
ဆည်းကပ်တတ်၏။
၁၈၇။
ငါသည်
မြတ်စွာဘုရားသာသနာတော်တွင်
လူတို့၏အလယ်၌
တရားဟောတတ်သူ
ဖြစ်ခဲ့၏၊
ငါသည်
ထိုအကြားအမြင်
များခြင်းကြောင့်
ချစ်အပ်သော
သီလရှိသော
ရဟန်းမိန်းမတို့ကို
မထီမဲ့မြင်ပြုခဲ့၏။
၁၈၈။
ယခု
နောက်ဆုံး
ဖြစ်သော
ဘဝ၌လည်း
ငါသည် သာဝတ္ထိမြို့တော်တွင်
အနာထပိဏ်သူဌေး၏အိမ်၌
ရေခပ်ကျွန်မ၏
(သမီး)
ဖြစ်ခဲ့၏။
၁၈၉။
ငါသည် ရေခပ်သွားလတ်သော်
ရေ၏ အလယ်၌
အအေးဖြင့်
နှိပ်စက်လျက်ရှိသောဗေဒင်သရဇ္ဈ
ာယ်တတ်သော
ပုဏ္ဏားကို
တွေ့မြင်၏၊
ထိုုပုဏ္ဏားကို
တွေ့မြင်၍
ဤစကားကို
ပြောဆို၏-
၁၉၀။
ရေခပ်လေ့ရှိသော
ငါသည်
စကားအပြစ်ဘေးဖြင့်
နှိပ်စက်ခံရလျက်
အရှင်သခင်
တို့၏ ဒဏ်ဘေးမှကြောက်သည်ဖြစ်၍
ချမ်းအေးသော
အခါ၌ အခါခပ်သိမ်း
ရေသို့ ဆင်း
သက်ရပေ၏။
၁၉၁။
ပုဏ္ဏား
သင်သည်
အဘယ်သူအား
ကြောက်၍ အခါခပ်သိမ်း
ရေသို့
ဆင်းသက်
ဘိသနည်း၊
ခိုက်ခိုက်တုန်သော
ကိုယ်တို့ဖြင့်
ပြင်းထန်သော
အအေးကို
ခံစားနေဘိသနည်း
(ဟု
ပြောဆိုခဲ့၏)။
၁၉၂။
ချစ်သမီးပုဏ္ဏိကာ
ပြုပြီးသော
အကုသိုလ်ကို
ပိတ်ပင်ရန်
ကုသိုလ်ကောင်းမှုကို
ပြုနေသည်ကိုစင်စစ်
သင် သိပါလျက်
ငါ့ကို
မေးမြန်းဘိ၏။
၁၉၃။
ပုဏ္ဏိကာ
ကြီးသူဖြစ်စေ၊
ငယ်သူဖြစ်စေ
အကြင်သူသည်
အကယ်၍
အကုသိုလ်ကံ
ကို ပြုအံ့။
ထိုသူသည်လည်း
ရေသွန်းလောင်းခြင်းကြောင့်
အကုသိုလ်ကံမှ
လွတ်မြောက်၏
(ဟု ပုဏ္ဏားသည်ဆို၏)။
၁၉၄။
ငါသည် ရေမှ
တက်သော ပုဏ္ဏားအား
တရားသဘောနှင့်
စပ်ယှဉ်သော
စကားကို
ပြောကြားခဲ့၏၊
ထိုပုဏ္ဏားသည်
ထိုစကားကို
ကြားလတ်သော်
ထိတ်လန့်တုန်လှုပ်သည်
ဖြစ်၍
ရဟန်းပြုကာ
ရဟန္တာဖြစ်လေ၏။
၁၉၅။
အကြင်အခါ
ကျွန်အမျိုး၌
တစ်ရာအောက် ယုတ်လျော့သည်ကို
ပြည့်စေလျက်
မွေးဖွားခဲ့၏၊
ထို့ကြောင့်
ငါ့အား
''ပုဏ္ဏာ''ဟူသော
အမည်သည်
ဖြစ်၏၊
ထိုအရှင်သခင်
တို့သည် ငါ့ကိုတော်လှန်ပြီးသည်
(ကျွန်မဟုတ်သည်)
၏ အဖြစ်ကို
ပြုကုန်၏။
၁၉၆။
ထို့နောက်
ငါသည်
သူဌေးကို
ခွင့်ပြုစေ၍
ရဟန်းဘောင်သို့ဝင်ရောက်
ရဟန်း ပြု၏၊ ကာလမကြာမီပင်
အရဟတ္တဖိုလ်သို့
ရောက်ခဲ့ပေ၏။
၁၉၇။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဣဒ္ဓိဝိဓ
(အဘိညာဉ်) တို့၌
လည်းလေ့လာပြီး
ဖြစ်ပါ၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယအဘိညာဉ်၌လည်းကောင်း
လေ့လာပြီး
ဖြစ်ပါ၏။
၁၉၈။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၁၉၉။
မြတ်စွာဘုရား၏
အစွမ်းကြောင့်
အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိ
ပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အကျွန်ုပ်၏
အသိဉာဏ်သည်အညစ်အကြေး
ကင်း၍
စင်ကြယ်ပါ၏။
၂၀၀။
ကမ္မဋ္ဌာန်းဘာဝနာကြောင့်
ကြီးသော
ပညာရှိသူ
ဖြစ်၏၊
အကြားအမြင်ကြောင့်သာ
လျှင်အကြားအမြင်
များသူ
ဖြစ်၏၊
မာနကြောင့်
ယုတ်နိမ့်သော
အမျိုး၌ဖြစ်ရ၏၊
မှန်၏ ကံသည်မပျောက်ပျက်သည်သာတည်း။
၂၀၁။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၂၀၂။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၂၀၃။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာ
ကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
ပုဏ္ဏိကာရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ရှစ်ခုမြောက်
ပုဏ္ဏိကာထေရီအပဒါန်
ပြီး၏။
------
၉-အမ္ဗပါလိထေရီအပဒါန်
၂၀၄။
ရောင်ခြည်တော်အစဉ်ဖြင့်
တွေ့ထိအပ်သော
ကိုယ်တော်ရှိတော်မူသော
ဖုဿမည်
သောအကြင်မြတ်စွာဘုရားသည်
ရှိ၏၊ ငါသည်
ထိုမြတ်စွာဘုရား၏
နှမတော်
ဖြစ်ခဲ့၏၊
မင်းမျိုး၌ မွေးဖွားခဲ့၏။
၂၀၅။
ငါသည်
ထိုမြတ်စွာဘုရား၏
တရားကို နာကြားရ၍
အလွန်ကြည်ညိုသော
စိတ်ဖြင့်
အလှူကြီးကိုပေးလှူပြီးလျှင်
ရုပ်အဆင်း၏
ပြည့်စုံခြင်းကို
ဆုတောင်းခဲ့၏။
၂၀၆။
ဤဘဒ္ဒကမ္ဘာမှ
သုံးဆယ့်တစ်ကမ္ဘာထက်၌
လောက၏အမြတ်ဆုံး
ရှေ့သွားဖြစ်
တော်မူသော လောက၏
ဆီမီးတန်ဆောင်သဖွယ်
ဖြစ်တော်မူသော
လောကသုံးပါး၏
ကိုးကွယ် ရာ
ဖြစ်တော်မူသော
သိခီမြတ်စွာဘုရားသည်
ပွင့်တော်မူ၏-
၂၀၇။
ထိုအခါ ငါသည်
ပျော်မွေ့ဖွယ်ကောင်းသော
အရုဏမြို့တွင်
ပုဏ္ဏားမျိုး၌
ဖြစ်၏၊ ကိလေသာမှလွတ်မြောက်သော
စိတ်ရှိသော
ရဟန်းမကို
အမျက်ထွက်သည်ဖြစ်၍
ကျိန်ဆဲ
ခဲ့၏။
၂၀၈။
'ပြည့်တန်ဆာမကဲ့သို့'
အကျင့်မရှိ၊
မြတ်စွာဘုရားသာသနာတော်ကို
ဖျက်ဆီးတတ်၏ဟု
ဤသို့ဆဲရေးခဲ့၍
ထိုယုတ်မာသော
အကုသိုလ်ကံကြောင့်-
၂၀၉။
ကြမ်း၊
ကတ်သော
ငရဲသို့
ရောက်လျက်
ကြီးစွာသော
ဆင်းရဲဒုက္ခနှင့်
ပြည့်စုံ၏၊
ထိုငရဲမှစုတေလတ်သော်
လူတို့၌
အထီးကျန်သူ (သူဆင်းရဲမ)
ဖြစ်ရ၏။
၂၁၀။
ဘဝတစ်သောင်းတို့ပတ်လုံး
ပြည့်တန်ဆာမအဖြစ်ကို
ပြုခဲ့ရ၏၊
'ပျက်စီးစေတတ်
သော အဆိပ်ကိုစားပြီး
(ဤသေဘေးမှ
မလွတ်မြောက်)
သကဲ့သို့'
ထိုအကုသိုလ်မှ
မလွတ်
မြောက်ခဲ့ချေ။
၂၁၁။
ငါသည်
ကဿပမြတ်စွာဘုရားသာသနာတော်၌
မြတ်သောအကျင့်ကို
မှီဝဲ
(ကျင့်သုံး)
ခဲ့၏၊ ထိုကံ၏အကျိုးကြောင့်
တာဝတိံသာနတ်ပြည်၌
ဖြစ်ခဲ့ရ၏။
၂၁၂။
နောက်ဆုံးဖြစ်သော
ဘဝသို့
ရောက်လတ်သော်
သရက်ပင်အခက်ကြား၌
မွေးဖွား ၍
ဥပပါတ်ပဋိသန္ဓေနေသူ
ဖြစ်ခဲ့၏၊
ထို့ကြောင့်
ငါသည်
''အမ္ဗပါလီ''ဟု
ထင်ရှားခဲ့၏။
၂၁၃။
သတ္တဝါအကုဋေတို့ဖြင့်
ခြံရံလျက် မြတ်စွာဘုရားသာသနာတော်၌
ရဟန်းပြုခဲ့၏၊
ငါသည်မြတ်စွာဘုရား၏
ရင်၌ ဖြစ်သော
သမီးတော်ဖြစ်၍
တုန်လှုပ်ခြင်း
မရှိသော
နိဗ္ဗာန် အရပ်သို့ရောက်ခဲ့ရပေ၏။
၂၁၄။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်းလေ့လာပြီး
ဖြစ်ပါ၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၏
စင်ကြယ်ခြင်း၌လည်းကောင်း၊
စေတောပရိယအဘိညာဉ်၌လည်းကောင်း
လေ့လာပြီး
ဖြစ်ပါ၏။
၂၁၅။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ
ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၂၁၆။
မြတ်စွာဘုရား၏
အစွမ်းကြောင့်
အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူ
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အကျွန်ုပ်၏
အသိဉာဏ်သည်အညစ်အကြေးကင်း၍
စင်ကြယ်ပါ၏။
၂၁၇။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။
အာသဝမရှိဘဲ နေရ၏။
၂၁၈။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏။ပ။
အဆုံးအမ
တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၂၁၉။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း။ပ။
အဆုံးအမတော်ကို
လိုက်နာကျင့်
သုံးပြီးပါပြီ။
ဤသို့လျှင်
အမ္ဗပါလီရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ကိုးခုမြောက်
အမ္ဗပါလိထေရီအပဒါန်
ပြီး၏။
------
၁၀-ပေသလာထေရီအပဒါန်
၂၂၀။
ဤဘဒ္ဒကမ္ဘာ၌
ပုဏ္ဏားမျိုးဖြစ်တော်မူသော
မြတ်သော
အခြံအရံအကျော်အစော
ရှိတော်မူသော
တရားဟောပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံးဖြစ်တော်မူသော
အနွယ်အားဖြင့်
ကဿပ မည်သော
မြတ်စွာဘုရားသည်
ပွင့်တော်မူ၏။
၂၂၁။
ငါသည်
သာဝတ္ထိမြို့တော်တွင်
ဥပါသကာအမျိုး၌
မွေးဖွားပြီးလျှင်
ထိုမြတ်စွာ ဘုရားကို
ဖူးမြင်၍တရားကိုလည်း
နာကြားရခြင်းကြောင့်-
၂၂၂။
ထိုမြတ်စွာဘုရားကိုလည်း
ကိုးကွယ်ရာဟူ၍
ဆည်းကပ်လျက်
သီလတို့ကို
လည်း
ဆောက်တည်ခဲ့၏၊
တစ်ရံရောအခါ
ကြီးမြတ်သော
လုံ့လရှိတော်မူသော
ထိုမြတ်စွာဘုရားသည်
များစွာသော
လူတို့၏အစည်းအဝေး၌-
၂၂၃-၂၂၄။
ရှေး၌
မကြားဖူးသေးသော
ဒုက္ခသစ္စာစသော
သစ္စာလေးပါးတရားတို့၌
ပညာမျက်စိသည်လည်းကောင်း၊
ဉာဏ်သည်လည်းကောင်း၊
ပညာသည်လည်းကောင်း၊
ဝိဇ္ဇာအလင်းရောင်သည်လည်းကောင်း
ငါ့အား
ဖြစ်ပေါ်ခဲ့၏ဟု
မိမိ၏
သစ္စာလေးပါး
ထိုးထွင်း
သိခြင်းကို
ပြတော်မူလေ၏။
ထိုတရားစကားကို
ကြားနာရ၍
သင်ယူပြီးလျှင်
ရဟန်းတို့ကို
လည်း မေးမြန်းခဲ့၏။
၂၂၅။
ကောင်းစွာ
ပြုအပ်သော
ထိုကံကြောင့်လည်းကောင်း၊
စေတနာ,
တောင့်တမှုတို့ကြောင့်လည်းကောင်း
လူ့ခန္ဓာကိုယ်ကို
စွန့်ပယ်ရသည်ရှိသော်
ငါသည်
တာဝတိံသာဘုံသို့
ရောက်ခဲ့၏။
၂၂၆။
ယခု
နောက်ဆုံးဖြစ်သော
ဘဝ၌လည်း
ကြီးကျယ်သော
သူဌေးမျိုး၌
ဖြစ်ခဲ့၏၊
မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍
သစ္စာလေးပါးနှင့်
စပ်သော
သူတော်ကောင်းတရားကို
နာကြားရခြင်းကြောင့်-
၂၂၇။
ရဟန်းပြု၍
မကြာမြင့်မီပင်
သစ္စာလေးပါးတို့၏
အနက်သဘောတို့ကို
ဆင်ခြင်
လတ်သော်
အာသဝေါအားလုံးတို့ကို
ကုန်ခန်းစေ၍
အရဟတ္တဖိုလ်သို့
ရောက်၏။
၂၂၈။
ရဟန်းမြတ်
ဖြစ်တော်မူသော
မြတ်စွာဘုရား
အကျွန်ုပ်သည်
ဣဒ္ဓိဝိဓ
(အဘိညာဉ်)
တို့၌ လည်းလေ့လာပြီးသူ
ဖြစ်ပါ၏။
ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊
စေတောပရိယအဘိညာဉ်၌လည်းကောင်း
လေ့လာပြီးသူ
ဖြစ်ပါ၏။
၂၂၉။
ရှေး၌
နေဖူးသော
ခန္ဓာအစဉ်ကို
သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို
သုတ်သင်အပ်ပြီ၊
အာသဝအားလုံး
ကုန်ခန်းကုန်ပြီ၊
ယခုအခါ ဘဝသစ်၌
တစ်ဖန်
ဖြစ်ခြင်း
မရှိတော့ပါ။
၂၃၀။
ဘုရားမြတ်၏
အစွမ်းကြောင့်
အတ္ထပဋိသမ္ဘိဒါ,
ဓမ္မပဋိသမ္ဘိဒါ,
နိရုတ္တိပဋိသမ္ဘိဒါတို့၌
လည်းကောင်း၊
ထို့အတူပင်
ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း
အကျွန်ုပ်၏
ဉာဏ်သည်
အညစ်အကြေးကင်း၍စင်ကြယ်ပါ၏။
၂၃၁။
ငါသည်
ကိလေသာတို့ကို
ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊
ဘဝအားလုံးကို
ပယ်နုတ်အပ်ကုန်ပြီ၊
'ဆင်မသည်
အနှောင်အဖွဲ့ကို
ဖြတ်၍နေသကဲ့သို့'
ငါသည် အာသဝ
မရှိဘဲ နေရ၏။
၂၃၂။
ငါ၏
လာခြင်းကား
ကောင်းသောလာခြင်း
စင်စစ်
ဖြစ်ပေ၏၊
ငါသည်
မြတ်စွာ
ဘုရား၏ အထံတော်၌
ဝိဇ္ဇာသုံးပါးတို့ကို
ရအပ်ကုန်ပြီ၊
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာပြုကျင့်အပ်ပါပြီ။
၂၃၃။
လေးပါးသော
ပဋိသမ္ဘိဒါတို့ကို
လည်းကောင်း၊
ရှစ်ပါးသော
ဤဝိမောက္ခတို့ကို
လည်းကောင်း၊
ခြောက်ပါးသော
အဘိညာဉ်တို့ကို
လည်းကောင်း
မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏
အဆုံးအမတော်ကို
လိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့လျှင်
ပေသလာရဟန်းမသည်
ဤဂါထာတို့ကို
လျှောက်ဆိုခဲ့၏။
။
ဆယ်ခုမြောက်
ပေသလာထေရီအပဒါန်
ပြီး၏။
လေးခုမြောက်
ခတ္တိယာဝဂ် ပြီး၏။
ထေရီအပဒါန်ပါဠိတော်
မြန်မာပြန်
ပြီးပြီ။
------