ခုဒ္ဒကနိကာယ်
စရိယာပိဋကပါဠိတော်
မြန်မာပြန်
------
နမော
တဿ ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
၁-အကိတ္တိဝဂ်
၁-အကိတ္တိစရိယ
(အကိတ္တိရသေ့အကျင့်)
၁။
(သာရိပုတ္တရာ)
လေးအသချေင်္တို့ပတ်လုံးလည်းကောင်း၊
ကမ္ဘာတစ်သိန်းတို့ပတ်လုံး
လည်းကောင်းဤအတွင်း၌
အကြင် (ဒါန,
သီလစသော) အကျင့်ကို
ငါ
ကျင့်ခဲ့ဖူး၏။
အလုံး စုံသော
ထိုအကျင့်သည်သမ္မာသမ္ဗောဓိဉာဏ်ကို
ရင့်ကျက်စေနိုင်ပေ၏။
၂။
လွန်ပြီးသော
ကမ္ဘာတို့ဝယ်
ဘဝကြီးငယ်၌ ကျင့်ခဲ့သော
အကျင့်ကို
ချန်ထား၍ ဤ
ဘဒ္ဒကမ္ဘာ၌ကျင့်ခဲ့သော
အကျင့်ကိုသာလျှင်
မိန့်ဆိုပေအံ့၊
ငါ၏ စကားကို
(သင်) နာလော့။
၃။
အကြင်အခါ
ငါသည်
အကိတ္တိမည်သော
ရသေ့ဖြစ်၍
(လူသံ)
တိတ်ဆိတ်သော
တောအုပ်ကြီးအတွင်း၌သက်ဝင်လျက်
နေ၏။
၄။
ထိုအခါ ငါ၏
အကျင့်တန်ခိုးကြောင့်
သိကြားမင်းသည်
ပြင်းစွာ
ပူလောင်သည်ဖြစ်၍
ပုဏ္ဏားအသွင်ကိုဆောင်လျက်
ဆွမ်းအကျိုးငှါ
ငါ့ထံသို့
ကပ်ရောက်လာ၏။
၅။
ငါ၏
သင်္ခမ်းကျောင်းတံခါး၌
ရပ်နေသည်ကို မြင်၍
တောမှ
ဆောင်ယူအပ်သော
ဆီလည်းမပါ၊
ဆားလည်းမရှိသော
ကံပြင်းရွက်ကို
မိမိအိုးခွက်ဖြင့်
လောင်းလှူခဲ့၏။
၆။
ငါသည်
ပုဏ္ဏားအသွင်ကို
ဆောင်သော
ထိုသိကြားမင်းအား
ကံပြင်းရွက်ကို
လှူဒါန်း ၍ အိုးခွက်ကိုမှောက်ပြီးလျှင်
နောက်တစ်ဖန် (အစာ)
ရှာမှီးခြင်းကို
စွန့်လျက်
သစ်ရွက်မိုး
ကျောင်းသို့
ဝင်ခဲ့၏။
၇။
(ပုဏ္ဏားသည်)
နှစ်ရက်မြောက်သော
နေ့၌လည်းကောင်း၊
သုံးရက်မြောက်သော
နေ့ ၌လည်းကောင်း
ငါ့အထံသို့
ကပ်ရောက်လာပြန်၏။
ငါသည် တွယ်တာကပ်ငြိခြင်း
မရှိဘဲ ဤ
ရှေးနည်းအတူပင်မတုန်မလှုပ်
ပေးလှူခဲ့၏။
၈။
ထိုသုံးရက်ပတ်လုံး
မစားဘဲ
လှူခြင်းဟူသော
အကြောင်းကြောင့်
ငါ၏
ကိုယ်ခန္ဓာ၌အဆင်းဖောက်ပြန်ပျက်စီးခြင်း
မရှိပေ၊
ငါသည်
နှစ်သက်မှု'ပီတိ',
ချမ်းသာမှု
'သုခ'ဟူသောပျော်မွေ့ခြင်းဖြင့်
ထိုနေ့ကို
ကုန်လွန်စေ၏။
၉။
အကယ်၍ ငါသည်
တစ်လပတ်လုံးသော်
လည်းကောင်း၊
နှစ်လပတ်လုံးသော်
လည်းကောင်းမြတ်သော
အလှူခံပုဂ္ဂိုလ်ကို
ရငြားအံ့။ (ငါသည်)
မတုန်မလှုပ်
မတွန့်ဆုတ်ဘဲ
အလှူကို ပေးလှူလို၏။
၁၀။
ထိုအလှူခံပုဂ္ဂိုလ်အား
အလှူကို ပေးလှူသော
ငါသည်
အခြံအရံအကျော်အစော
ကိုလည်းကောင်း၊
လာဘ်
'လာဘ'ကိုလည်းကောင်း
မတောင့်တခဲ့ပေ။
ငါသည်
သဗ္ဗညုတ
ဉာဏ်ကိုသာ
တောင့်တလျက်ထိုကောင်းမှုတို့ကို
ပြုကျင့်ခဲ့ပေ၏။
။
ရှေးဦးစွာသော
အကိတ္တိစရိယ
'အကိတ္တိရသေ့အကျင့်'
ပြီး၏။
------
၂-သင်္ခစရိယ
(သင်္ခပုဏ္ဏားအကျင့်)
၁၁။
နောက်တစ်မျိုးသော် ကား ငါသည်
အကြင်အခါ
သင်္ခအမည်ရှိသော
ပုဏ္ဏား
ဖြစ်၏၊
ထိုအခါ
မဟာသမုဒ္ဒရာကို
ကူးလိုသည်ဖြစ်၍
သင်္ဘောဆိပ်သို့
ချဉ်းကပ်၏။
၁၂။
ထိုအခါ ငါသည်
ပူပြင်း၍
ကြမ်းတမ်းသော
မြေအပြင်၌
ခရီးခဲသို့
ကြွတော်မူသော
ရန်သူတို့သည်မအောင်နိုင်သော
ပစ္စေကဗုဒ္ဓါကို
ခရီးရင်ဆိုင်
ဖူးမြင်ရ၏။
၁၃။
ငါသည်
ထိုပစ္စေကဗုဒ္ဓါကို
ခရီးရင်ဆိုင်
ဖူးမြင်ရသည်ရှိသော်
ဤအကြောင်းကို
အထူးကြံစည်၏၊
ကောင်းမှုကို
အလိုရှိသော
သတ္တဝါအား
ဤကောင်းမှုမျိုးစေ့ကို
စိုက်ပျိုးရာ
လယ်ယာမြေသည်ဆိုက်ရောက်လာပေ၏။
၁၄။
လယ်ထွန်ယောက်ျားသည်
များစွာသော
အသီးအနှံတို့
ပေါက်ရောက်နိုင်သော
လယ်ယာမြေကိုတွေ့မြင်ပါလျက်
ထိုလယ်ယာမြေ၌
မျိုးစေ့ကို
မစိုက်ပျိုးငြားအံ့၊
ထိုသူသည်
စပါးဖြင့်
အလိုရှိသော
သူမဟုတ်သကဲ့သို့-
၁၅။
ဤအတူပင်
ကောင်းမှုကို
အလိုရှိသော
ငါသည် အမြတ်ဆုံး
လယ်ယာမြေသဖွယ်
ဖြစ်သောအရှင်ပစ္စေကဗုဒ္ဓါကို
တွေ့မြင်ရပါလျက်
အကယ်၍ ထိုလယ်ယာမြေသဖွယ်
အရှင်
ပစ္စေကဗုဒ္ဓါ၌ကောင်းမှုကို
မပြုငြားအံ့၊
ငါသည်
ကောင်းမှုဖြင့်
အလိုရှိသူ
မဟုတ်နိုင်ချေ။
၁၆။
ဘွဲ့တံဆိပ်ကို
အလိုရှိသော
အမတ်သည် မင်း၏
နန်းတော်တွင်း၌
နေသောလူအပေါင်း၌လည်းကောင်း၊
(ပြင်ပဗိုလ်ပါအပေါင်း၌လည်းကောင်း
မင်းမိန့်အတိုင်း
မကျင့်ငြား
အံ့)။ ထိုသူတို့အား
ဥစ္စာ,
စပါးကို
မပေးငြားအံ့၊
(ထိုအမတ်သည်)
ဘွဲ့တံဆိပ်မှ
ဆုတ်ယုတ်
သကဲ့သို့-
၁၇။
ဤအတူပင်
ကောင်းမှုကို
အလိုရှိသော
ငါသည်
ပြန့်ပြောသော
အလှူခံပုဂ္ဂိုလ်ကို
ဖူးမြင်ရပါလျက်အကယ်၍
ထိုအလှူခံပုဂ္ဂိုလ်အား
အလှူကို
မပေးလှူငြားအံ့၊
ကောင်းမှုမှ
ဆုတ်ယုတ်ရတော့အံ့။
၁၈။
ဤသို့ ငါသည်
ကြံစည်ပြီးလျှင်
ဖိနပ်ကို
ချွတ်၍
ထိုပစ္စေကဗုဒ္ဓါ၏
ခြေတော်တို့ကို
ရှိခိုးလျက်ထီး,
ဖိနပ်ကို
ပေးလှူခဲ့၏။
၁၉။
ငါသည်
ထိုပစ္စေကဗုဒ္ဓါထက်ပင်
အဆအရာအားဖြင့်
သိမ်မွေ့သူဖြစ်လျက်
ချမ်းသာ
စွာကြီးပွါးခဲ့ပေ၏၊
သို့ပင်ဖြစ်သော်
လည်း ငါသည်
ဒါနပါရမီကို
ပြည့်စေလိုသည်ဖြစ်၍
ဤသို့ထိုပစ္စေကဗုဒ္ဓါအား
ပေးလှူခဲ့၏။
။
နှစ်ခုမြောက်
သင်္ခစရိယ
'သင်္ခပုဏ္ဏားအကျင့်'
ပြီး၏။
------
၃-ကုရုရာဇစရိယ
(ကုရုမင်းအကျင့်)
၂၀။
နောက်တစ်မျိုးသော် ကား ငါသည်
အကြင်အခါ ဣန္ဒပတ္ထမြို့တော်မြတ်၌
ကုသိုလ်
ဆယ်ပါးတို့နှင့်ပြည့်စုံသော
ဓနဉ္စယမည်သော
မင်း ဖြစ်၏။
၂၁။
ထိုဓနဉ္စယမင်းဖြစ်သော
အခါ၌
ကလိင်္ဂတိုင်းနိုင်ငံမှ
ပုဏ္ဏားတို့သည်
ငါ့ထံသို့
ချဉ်းကပ်ရောက်လာကုန်၏၊
ဘုန်းကျက်သရေကို
ဖြစ်စေတတ်သော
ဘုန်းကံရှိသော
မင်္ဂလာ ဆင်ဟုသမုတ်အပ်သော
ဆင်တော်ကို
ငါ့အား
တောင်းခံကြကုန်၏။
၂၂။
အရှင်မင်းမြတ်
(အကျွန်ုပ်တို့၏)
တိုင်း,
ခရိုင်,
ဇနပုဒ်သည်
မိုးရွာခြင်း
မရှိပါ၊ ရခဲ
သောအစားအစာရှိပါ၏၊
ကြီးစွာ
ငတ်မွတ်လျက်
ရှိပါ၏၊
ညိုသော
အဆင်းရှိသည်ဖြစ်၍
အဉ္ဇနအမည်ရှိသောဆင်တော်ကို
ပေးလှူပါလော့
(ဟု
တောင်းခံကြကုန်၏)။
၂၃။
ဆိုက်ရောက်လာသော
အလှူခံပုဂ္ဂိုလ်တို့ကို
ပယ်ရှားခြင်းသည်
ငါ့အား
မသင့်လျော်
ချေ၊ (ဒါနပါရမီကို
ပြည့်စေအံ့ဟူသော)
ငါ၏
ဆောက်တည်ခြင်းသည်
မပျက်စီးပါစေလင့်၊
ငါသည်
မြတ်သောဆင်တော်ကို
ပေးလှူအံ့ဟု-
၂၄။
(နှလုံးသွင်းပြီးလျှင်
) ဆင်တော်ကို
နှာမောင်း၌
ကိုင်၍
ရတနာဖြင့်
ပြီးသော ရေကရားဖြင့်
ရေကို
(ပုဏ္ဏားတို့)
လက်၌
သွန်းလောင်းလျက်
ဆင်ကို
ပုဏ္ဏားတို့အား
ပေးလှူခဲ့၏။
၂၅-၂၆။
ထိုအလှူခံပုဂ္ဂိုလ်အား
ဆင်ကို ပေးလှူသည်ရှိသော်
အမတ်တို့သည်
ဤစကား ကိုလျှောက်ဆိုကုန်၏၊
အရှင်မင်းမြတ်
အရှင်မင်းမြတ်၏
ဘုန်းကျက်သရေကို
ဖြစ်စေတတ်
သော မင်္ဂလာနှင့်ပြည့်စုံသော
စစ်မြေပြင်
အောင်ပွဲယင်သော
ဆင်တော်ကို အလှူခံပုဂ္ဂိုလ်တို့
အား
အဘယ့်ကြောင့်ပေးလှူဘိသနည်း၊
ထိုဆင်ကို
လှူသည်ရှိသော်
အရှင်မင်းမြတ်၏
မင်းအဖြစ်သည်
အဘယ်သို့ပြုလုပ်နိုင်တော့မည်နည်း
(ဟု
လျှောက်ကုန်၏)။
၂၇။
အမတ်တို့ ငါ၏
အလုံးစုံသော
မင်းစည်းစိမ်ကိုသော်
လည်း
ပေးလှူအံ့၊
မိမိ၏
ကိုယ်ကိုမူလည်းပေးလှူအံ့၊
ငါသည် သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
ငါသည်
ဆင်တော်ကို
ပေးလှူခဲ့၏
(ဟုဆို၏)။ ။
သုံးခုမြောက်
ကုရုရာဇစရိယ
'ကုရုမင်းအကျင့်'
ပြီး၏။
------
၄-မဟာသုဒဿနစရိယ
(မဟာသုဒဿနစကြဝတေးမင်း အကျင့်)
၂၈။
(နောက်တစ်မျိုးသော် ကား)
အကြင်အခါ
ငါသည်
ကုသဝတီမြို့၌
များမြတ်သောဗိုလ်ပါအင်အားရှိသည့်
မဟာသုဒဿနမည်သော
စကြဝတေးမင်း
ဖြစ်ခဲ့၏။
၂၉။
ထိုအခါ ငါသည်
ထိုကုသဝတီမြို့
ထိုထိုအရပ်၌
တစ်နေ့သုံးကြိမ်
ကြွေးကြော်စေ၏၊
အဘယ်သူသည်အဘယ်အရာဝတ္ထုကို
အလိုရှိသနည်း၊
တောင့်တသနည်း။
အဘယ်သူအား
အဘယ်ဥစ္စာကိုပေးစေချင်သနည်း။
၃၀။
အဘယ်သူသည်
ဆာလောင်သနည်း။
အဘယ်သူသည် မွတ်သိပ်သနည်း။
အဘယ် သူသည်
ပန်းကိုအလိုရှိသနည်း။
အဘယ်သူသည်
နံ့သာပျောင်းကို
အလိုရှိသနည်း။
အဘယ်သူသည်
အဝတ်အထည်မရှိ၍
အထူးထူး
ဆိုးအပ်သော
အဝတ်တို့ကို
လိုသနည်း။
၃၁။
အဘယ်သူသည်
လမ်းခရီး၌
ထီးကို
ယူမည်နည်း။
အဘယ်သူသည်
နူးညံ့လှပ
သော ဖိနပ်တို့ကိုယူမည်နည်း။
ဤသို့
ညချမ်းအခါ၌လည်းကောင်း၊
နံနက်အခါ၌လည်းကောင်း
ထိုထိုအရပ်၌့ကြွေးကြော်စေ၏။
၃၂။
ထိုပေးလှူဖွယ်
ဥစ္စာကို
ဆယ်ပါးသော အရပ်ဌာနတို့၌
လည်းကောင်း၊
အရပ်ဌာနတစ်ရာတို့၌
လည်းကောင်း
စီရင်ထားအပ်သည်
မဟုတ်သေး။ အရာမက
များစွာသော
အရပ်ဌာနတို့၌
လည်း တောင်းသူတို့ကို
ရည်၍
ဥစ္စာကို
စီရင်ထား၏။
၃၃။
နေ့အခါ၌လည်းကောင်း၊
သို့မဟုတ်
ညဉ့်အခါ၌လည်းကောင်း
အလှူခံဖုန်းတောင်း
ယာစကာသည်အကယ်၍
လာငြားအံ့။
အလိုရှိတိုင်းသော
ဥစ္စာကို ရ၍
ပြည့်သော
လက်ရှိ
လျက်သာလျှင်
သွားရ၏။
၃၄။
ငါသည် ဤသို့
သဘောရှိသော
အလှူကြီးကို
အသက်ရှိသမျှ
ကာလပတ်လုံး ပေး
လှူခဲ့၏၊
ငါသည်
ဥစ္စာကို
မနှစ်သက်၍ ပေးလှူသည်လည်း
မဟုတ်၊
ငါ့ထံ၌
ဥစ္စာကို
စုဆောင်းထားခြင်းမရှိသည်လည်း
မဟုတ်။
၃၅။
ဥပမာအားဖြင့်
ရောဂါဖြင့်
နာကျင်သူမည်သည်
ရောဂါမှ
လွတ်မြောက်ခြင်းငှါ
ဥစ္စာ ဖြင့်ဆေးဆရာကို
ရောင့်ရဲစေလျက်
ရောဂါမှ လွတ်မြောက်သကဲ့သို့-
၃၆။
ထို့အတူပင်
(အလှူခံ၏
အလိုဆန္ဒကို)
အကြွင်းမဲ့
ပြည့်စေရန်
သိသော ငါသည်
အလှူခံဖုန်းတောင်းယာစကာတို့၏
ယုတ်လျော့သော
စိတ် (အလို)
ကို ပြည့်စေလျက်
တွယ်
တာကပ်ငြိမှု
မရှိ,
တောင့်တမှုမရှိဘဲ
သမ္မာသမ္ဗောဓိဉာဏ်သို့
ရောက်ခြင်းငှါသာ
လှူဖွယ်ကို
ပေးလှူ၏။ ။
လေးခုမြောက်
မဟာသုဒဿနစရိယ
'မဟာသုဒဿနစကြဝတေးမင်းအကျင့်'
ပြီး၏။
------
၅-မဟာဂေါဝိန္ဒစရိယ
(မဟာဂေါဝိန္ဒပုဏ္ဏား အကျင့်)
၃၇။
နောက်တစ်မျိုးသော် ကား
အကြင်အခါ၌
ငါသည်
ခုနစ်ပြည်ထောင်သော
မင်းတို့၏
ပုရောဟိတ်ဖြစ်၍ဇမ္ဗူဒိပ်မင်းအားလုံးတို့သည်
ပူဇော်အပ်သော
မဟာဂေါဝိန္ဒပုဏ္ဏား
ဖြစ်ခဲ့၏။
၃၈။
ထိုအခါ
ခုနစ်ပြည်ထောင်တို့
၌ ငါ၏
အလို့ငှါ
အကြင်လက်ဆောင်သည်
ဖြစ်၏၊
ထိုလက်ဆောင်ဥစ္စာဖြင့်
ငါသည်
(တစ်စုံတစ်ဦးကမျှ)
မလှုပ်ချောက်ချားနိုင်သည့်
သမုဒ္ဒရာနှင့်
တူသောအလှူကြီးကို
ပေးလှူ၏။
၃၉။
ငါသည်
ဥစ္စာစပါးကို
မနှစ်သက်သည်လည်း
မဟုတ်၊
ငါ့ထံ၌လည်း
ဥစ္စာကိုစုဆောင်းခြင်းမရှိသည်လည်း
မဟုတ်၊ ငါသည်
သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
မြတ်သောဥစ္စာကို
ငါ ပေးလှူ၏။ ။
ငါးခုမြောက်
မဟာဂေါဝိန္ဒစရိယ
'မဟာဂေါဝိန္ဒပုဏ္ဏားအကျင့်'
ပြီး၏။
------
၆-နိမိရာဇစရိယ
(နိမိမင်း အကျင့်)
၄၀။
နောက်တစ်မျိုးသော် ကား
အကြင်အခါ၌
ငါသည်
မိထိလာမြို့တော်မြတ်၌
ပညာရှိသူ ဖြစ်၍
(မိမိသူတစ်ပါး
နှစ်ဦးသားတို့၏)
ကောင်းမှုကို
အလိုရှိသော
နိမိမည်သော
မင်းကြီး
ဖြစ်ခဲ့၏။
၄၁။
ထိုအခါ ငါသည်
မုခ်လေးခုရှိသော
လေးဆောင်တွဲဇရပ်ကို
ဖန်ဆင်းပြုလုပ်စေပြီးလျှင်
ထိုဇရပ်၌သား,
ငှက်,
လူစသည်တို့အား
အလှူကို
ဖြစ်စေခဲ့၏။
၄၂။
အဝတ်ကိုလည်းကောင်း၊
အိပ်ရာကိုလည်းကောင်း၊
ထမင်းကိုလည်းကောင်း၊
အဖျော်ကိုလည်းကောင်း၊
ဘောဇဉ်
(ငါးပါး)
ကိုလည်းကောင်း
(အသက်ထက်ဆုံး)
မပြတ်ပြုလုပ်၍
အလှူကြီးကိုဖြစ်စေခဲ့၏။
၄၃။
ဥပမာသော် ကား
ဥစ္စာဟူသော
အကြောင်းကြောင့်
အရှင်ကို
ဆည်းကပ်သော
သူခစားသည်
ကိုယ်, နှုတ်,
စိတ်ဖြင့်
နှစ်သက်ဖွယ်ကိုသာလျှင်
ရှာဖွေသကဲ့သို့-၄၄။
ထို့အတူပင်
ငါသည်
အလုံးစုံသော
ဘဝ၌
အရဟတ္တမဂ်ဉာဏ်ကြောင့်
ဖြစ်သော သဗ္ဗညုတဉာဏ်ကိုရှာဖွေအံ့၊
ငါသည်
သတ္တဝါတို့ကို
ပေးလှူခြင်းဖြင့်
ရောင့်ရဲစေ၍
မြတ်သော
ဗောဓိဉာဏ်ကိုလိုလားတောင့်တခဲ့၏။
။
ခြောက်ခုမြောက်
နိမိရာဇစရိယ
'နိမိမင်းအကျင့်'
ပြီး၏။
------
၇-စန္ဒကုမာရစရိယ
(စန္ဒကုမာရမင်းသား အကျင့်)
၄၅။
နောက်တစ်မျိုးသော် ကား
အကြင်အခါ၌
ငါသည် ပုပ္ဖဝတီမြို့၌
ဧကရာဇ်မင်း၏သား
စန္ဒ (ကုမာရ)
့အမည်ရှိသော
မင်းသား
ဖြစ်၏။
၄၆။
ထိုအခါ
ယဇ်ပူဇော်ခြင်းမှ
လွတ်မြောက်သော
ငါသည်
ယဇ်တွင်းမှ
ထွက်မြောက်
လတ်သော် ထိတ်လန့်ခြင်းကို
ဖြစ်စေ၍ အလှူ
ကြီးကို
ဖြစ်စေခဲ့၏။
၄၇။
ငါသည်
အလှူခံတို့ကို
မလှူရဘဲ
ငါးညဉ့်, ခြောက်ညဉ့်တို့ပတ်လုံးသော်
လည်း သောက်ဖွယ်ကိုလည်းမသောက်၊
ခဲဖွယ်ကိုလည်း
မခဲ၊ စားဖွယ်ကိုလည်း
မစား။
၄၈။
ဥပမာသော် ကား
ကုန်သည်မည်သည်
ရောင်းအပ်သော
ဘဏ္ဍာစုဆောင်းခြင်းကို
ပြု၍အကြင်အရပ်၌
အမြတ်ရခြင်း
များ၏၊ ထိုအရပ်သို့
ရောင်းအပ်သော
ဘဏ္ဍာကို
ဆောင် သကဲ့သို့-
၄၉။
ထို့အတူပင်
မိမိစားအပ်သော
ထမင်းမှလည်း
သူတစ်ပါးတို့အား
လှူခြင်းသည်
များသောအကျိုးရှိ၏၊
ထို့ကြောင့်
သူတစ်ပါးအား
ပေးလှူခြင်းသည်
အရာမကသော
အဖို့ အစု
(အကျိုးအာနိသင်)
ရှိသည်ဖြစ်လတ္တံ့။
၅၀။
ငါသည်
ဤအကျိုးထူးကို
သိ၍
ဘဝကြီးငယ်၌
အလှူကို
ပေးလှူ၏၊
သမ္မာ သမ္ဗောဓိဉာဏ်သို့ဆိုက်ရောက်ခြင်းငှါ
ငါသည် အလှူပေးခြင်းမှ
နောက်မဆုတ်။
။
ခုနစ်ခုမြောက်
စန္ဒကုမာရစရိယ
'စန္ဒကုမာရမင်းသားအကျင့်'
ပြီး၏။
------
၈-သိဝိရာဇစရိယ
(သိဝိမင်းအကျင့်)
၅၁။ ငါသည်
အရိဋ္ဌအမည်ရှိသော
မြို့၌ သိဝိမည်သော
မင်း ဖြစ်ခဲ့၏၊
ထိုအခါ ငါသည်
မြတ်သောပြာသာဒ်၌
ထိုင်နေ၍
ဤသို့
ကြံစည်ခဲ့၏-
၅၂။
ငါ
မပေးလှူဖူးသေးသော
လူ၌ဖြစ်သော
တစ်စုံတစ်ခုသော
အလှူသည်
မရှိ၊
အကြင်သူသည်
ငါ၏မျက်စိကိုမူလည်း
တောင်းလာငြားအံ့၊
ငါသည်
ထိုသူအား
(မျက်စိကို
ထုတ်၍)
တုန်လှုပ်ခြင်းမရှိဘဲပေးလှူအံ့၊
(ဤသို့
ကြံစည်၏)။
၅၃။
နတ်တို့ကို
အစိုးရသော
သိကြားမင်းသည်
ငါ၏
အကြံအစည်ကို
သိ၍ နတ်
ပရိသတ်၌ထိုင်နေလျက်
ဤစကားကို
မိန့်ဆို၏-
၅၄။
တန်ခိုးကြီးသော
သိဝိမင်းသည်
မြတ်သော ပြာသာဒ်၌
ထိုင်နေလျက်
အမျိုးမျိုး
သော အလှူကိုကြံစည်လတ်သော်
ထိုသိဝိမင်းသည်
မလှူဖူးသော
အလှူကို
မမြင်ချေ။
၅၅။
ဤအကြံအစည်သည်
မှန်သလော၊
မမှန်သလော။
ယခု
ထိုအကြံအစည်ကို
စူးစမ်း အံ့၊
ထိုသိဝိမင်း၏
စိတ်ကို သိရရုံတစ်မုဟုတ်မျှ
ဆိုင်းငံ့ကုန်လော့
(ဟု မိန့်ဆို၏)။
၅၆။
သိကြားမင်းသည်
ဆံပင်ဖြူသော
ဦးခေါင်းရှိသည်
အရေတွန့်သော
ကိုယ်ရှိသည်
ဖြစ်လျက်တုန်တုန်ရီရီ
အိုနာဖြင့်
နှိပ်စက်သော
သူကန်းအသွင်
ရှိသည်ဖြစ်၍သာလျှင်
မင်းကြီးသို့
ချဉ်းကပ်လေ၏။
၅၇။
ထိုအခါ
သိကြားမင်းသည်
လက်ဝဲ, လက်ယာ
လက်မောင်းနှစ်ဖက်ကို
မြှောက်၍
ဦးခေါင်း၌လက်အုပ်ချီပြီးလျှင်
ဤစကားကို
လျှောက်ဆို၏-
၅၈။
တိုင်းနိုင်ငံကို
တိုးပွါးစေတတ်သော
တရားစောင့်သော
မင်းကြီး
အရှင်မင်းကြီးကို
တောင်းပန်ပါ၏၊
အရှင်မင်းကြီး၏
''အလှူ၌
မွေ့လျော်၏'ဟူသော
ကျော်စောသံသည်
နတ် လူတို့၌
ပျံ့နှံ့လျက်
ရှိပါ၏။
၅၉။
မင်းကြီး
အကျွန်ုပ်အား
ဆောင်ကြောင်းဖြစ်သော
မျက်စိနှစ်လုံးတို့သည်
ကန်းပါကုန်၏၊
ကွယ်ပါကုန်၏၊
အကျွန်ုပ်အား
မျက်စိတစ်လုံးကို
လှူပါလော့၊
အရှင်မင်းကြီးလည်း
(မျက်စိ)
တစ်လုံးဖြင့်မျှတတော်မူပါလော့
(ဟု
လျှောက်ဆို၏)။
၆၀။
ငါသည်
ထိုသိကြားမင်း၏
စကားကို
ကြားရသော်
ရွှင်လန်းတက်ကြွ
ဝမ်းမြောက်
သောစိတ်ရှိသည်ဖြစ်၍
လက်အုပ်ချီပြီးလျှင်
ဤစကားကို
ဆို၏-
၆၁။
ငါသည် ယခုပင်
ကြံစည်၍
ပြာသာဒ်မှ
ဤနေရာသို့
လာခဲ့၏၊
သင်သည် ငါ၏
စိတ်ကို
သိ၍မျက်စိကို
တောင်းရန်
လာသော သူ
ဖြစ်ပေ၏။
၆၂။
ငါ၏
စိတ်အလိုသည်
ဪ
ပြည့်စုံလေပြီ၊
ငါ၏ အကြံအစည်သည်
ဪ ပြည့်
လေပြီ၊
ယနေ့ငါသည်
ရှေး၌
မလှူခဲ့ဖူးသေးသော
မြတ်သော
အလှူကို အလှူခံတို့အား
ပေးလှူပေအံ့
(ဟု
ပြောဆို၏)။
၆၃။
သိဝကမည်သော
ဆေးသမား
လာလော့၊
ထလော့၊ မနှေးကွေးလင့်၊
မတုန်လှုပ်
လင့်။
ငါ၏မျက်စိနှစ်လုံးကို
ခွါထုတ်၍
အလှူခံအား
လှူလော့ (ဟု
ဆို၏)။
၆၄။
ထိုအခါ ငါ၏
စကားကို
လိုက်နာတတ်သော
ထိုသိဝက
ဆေးသမားသည်
ငါတိုက်တွန်းအပ်သည်ဖြစ်၍
'ထန်းသီးဆံနှစ်ကို
နုတ်သကဲ့သို့'
ငါ၏ မျက်စိနှစ်လုံးတို့ကို
ထုတ်
နုတ်၍အလှူခံအား
ပေးလှူလေ၏။
၆၅။
ငါသည်
မျက်စိတို့ကို
ပေးလှူရန်
ထုတ်ဆဲအခါ၌လည်းကောင်း၊
လှူဆဲအခါ၌လည်းကောင်း၊
လှူပြီးသော
အခါ၌လည်းကောင်း
သမ္မာသမ္ဗောဓိဉာဏ်၏
အကြောင်းကြောင့်သာလျှင်
စိတ်၏ဖောက်ပြန်ပြောင်းလွှဲခြင်းသည်
မရှိ။
၆၆။
ငါသည်
မျက်စိနှစ်လုံးတို့ကို
မချစ်မနှစ်သက်သည်
မဟုတ်ပေ၊
ငါသည်
မိမိကိုယ်ကိုမချစ်မနှစ်သက်သည်
မဟုတ်ပေ၊
ထို့ထက်
ငါသည်
သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်ငါသည်
မျက်စိကို
ပေးလှူခဲ့၏။ ။
ရှစ်ခုမြောက်
သိဝိရာဇစရိယ
'သိဝိမင်းအကျင့်'
ပြီး၏။
------
၉-ဝေဿန္တရစရိယ
(ဝေဿန္တရမင်းအကျင့်)
၆၇။
အကြင်ဖုဿတီမည်သော
မင်းသမီးသည်
ငါ၏ မယ်တော်
ဖြစ်လေ၏၊
ထိုမင်းသမီး
သည်အတိတ်ဘဝတို့
၌ သိကြားမင်း၏
ချစ်မြတ်နိုးအပ်သော
မိဖုရား ဖြစ်လေ၏။
၆၈။
ထိုမိဖုရား၏
အသက်ကုန်ခါနီးသည်ကို
သိ၍
သိကြားမင်းသည်
''မိဖုရားမြတ်
သင်သည် အကယ်၍အလိုရှိမူ
သင့်အား
ဆုဆယ်ပါးတို့ကို
ငါ ပေးအံ့''ဟု
ဤစကားကို
ဆို၏။
၆၉။
ဤသို့
ဆိုလတ်သော်
ထိုမိဖုရားသည်လည်း
သိကြားမင်းအား
တစ်ဖန် ဤစကား
ကို
ဆို၏-အကျွန်ုပ်အား
အဘယ်အပြစ်ရှိပါသနည်း၊
အကျွန်ုပ်သည်
အရှင်၏
မချစ်မနှစ်
သက်အပ်သူ
ဖြစ်ပါသလော၊
'လေသည်
သစ်ပင်ကို
ရွေ့ရှားစေသကဲ့သို့'
အကျွန်ုပ်ကို
ပျော်မွေ့ဖွယ်ဌာနမှ
ရွေ့စေလိုပါသလော။
၇၀။
ဤသို့
ဆိုလတ်သော်
ထိုသိကြားမင်းသည်လည်း
တစ်ဖန်
ထိုမိဖုရားအား
ဤ စကားကို
ဆို၏-သင်သည်
မကောင်းမှုကို
ပြုအပ်သည်လည်း
မဟုတ်၊
သင်သည် ငါ၏
မချစ်မနှစ်သက်အပ်သူလည်းမဟုတ်။
၇၁။
သင်၏ အသက်သည်
ဤမျှလောက်သာ
ရှိ၍ စုတေအံ့သော
အခါသည်
ဖြစ်တော့
အံ့၊
ငါသည်ပေးအပ်သော
ဆုမြတ်ဆယ်ပါးတို့ကို
ခံယူပါလော့။
၇၂။
သိကြားမင်း
ပေးအပ်ပြီးသော
ဆုရှိသော ထိုမိဖုရားသည်
နှစ်သက်ရွှင်လန်း
ဝမ်းမြောက်သည်ဖြစ်၍ငါ့ကို
အတွင်းပြုလျက်
ဆုဆယ်ပါးတို့ကို
ခံယူ၏။
၇၃။
ထို်ဖုဿတီမိဖုရားသည်
ထိုတာဝတိံ
သာဘုံမှ
စုတေလတ်သော်
မင်းမျိုး၌
ဖြစ် လေ၏၊ ဇေတုတ္တရာမြို့၌
သဉ္ဇယ
(သိဉ္ဇည်း)
မင်းနှင့် ပေါင်းဖက်လေ၏။
၇၄။
အကြင်အခါ၌
ငါသည်
ချစ်လှစွာသော
မယ်တော်
ဖုဿတီမိဖုရား၏
ဝမ်းသို့ သက်
ဝင်၏၊ ထိုအခါ
ငါ၏
မယ်တော်သည် ငါ၏
တန်ခိုးကြောင့်
အခါခပ်သိမ်း
အလှူ၌ မွေ့လျော်သူ
ဖြစ်၏။
၇၅။
ဥစ္စာမရှိသူ၊
အနာရောဂါ
နှိပ်စက်သူ၊
အိုမင်းသူ၊
သူတောင်းစား၊
ခရီးသွား၊
ရဟန်း၊
ပုဏ္ဏား၊
စည်းစိမ်ဥစ္စာ
ပျက်စီးကုန်ခန်းသူ၊
ဥစ္စာ
မသိမ်းဆည်းသူတို့၌
အလှူကို ပေးလှူလေ၏။
၇၆။
ဖုဿတီမိဖုရားသည်
ငါ့ကို
ဆယ်လတို့ပတ်လုံး
လွယ်ခဲ့ရ၍
မြို့ကို
လက်ယာရစ်
လှည့်လည်ခြင်းကိုပြုလတ်သော်
ကုန်သည်တို့၏
ခရီးအလယ်၌
ငါ့ကို
မွေးဖွားလေ၏။
၇၇။
ငါ၏ အမည်သည်
မယ်တော်ဘက်မှ
လာသော အမည်လည်း
မဟုတ်၊ ခမည်း
တော်ဘက်မှလာသော
အမည်လည်း
မဟုတ်၊
ကုန်သည်တို့၏
သွားရာ လမ်းခရီး၌
မွေးဖွား သူ
ဖြစ်၏၊
ထို့ကြောင့်''ဝေဿန္တရ''ဟူသော
အမည်
ဖြစ်လေ၏။
၇၈။
အကြင်အခါ
ငါသည်
မွေးဖွားသည်မှ
ရှစ်နှစ်အရွယ်
သူငယ်ဖြစ်၏၊
ထိုအခါ
ပြာသာဒ်ထက်၌ထိုင်လျက်
အလှူကို
ပေးလှူရန်
ကြံစည်ခဲ့၏။
၇၉။
တစ်စုံတစ်ယောက်သော
သူသည် ငါ့ကို
အကယ်၍
တောင်းလာငြားအံ့၊
ငါသည် ငါ၏နှလုံးကိုလည်းကောင်း၊
မျက်စိကိုလည်းကောင်း၊
အသားကိုလည်းကောင်း၊
အသွေးကို
လည်းကောင်း
(ထုတ်၍)
လှူလို၏။
(ငါ၏)
ကိုယ်ကိုလည်း
ကျွန်အဖြစ်ဖြင့်
ပြောကြား၍
လှူ လို၏။
၈၀။
ငါသည်
မတုန်မလှုပ်
မတွန့်မတိုသော
သဘောမှန်ကို
ကြံစည်စဉ်
ထိုအခါ
မြင်းမိုရ်တောင်တည်းဟူသော
ဦးဆောက်ပန်းရှိသော
မြေကြီးသည်
တုန်လှုပ်လေ၏။
၈၁။
ငါသည်
လခွဲတိုင်းလခွဲတိုင်း
တစ်ဆယ့်ငါးရက်
လပြည့်ဥပုသ်နေ့ဝယ်
ပစ္စယ
ဆင်တော်ကို
တက်စီး၍အလှူကို
လှူရန်
(အလှူဇရပ်သို့)
ချဉ်းကပ်ခဲ့၏။
၈၂။
ကလိင်္ဂတိုင်းနိုင်ငံမှ
ပုဏ္ဏားတို့သည်
ငါ့ထံသို့
လာရောက်ကုန်၏၊
ဘုန်းကျက်သရေ
နှင့်
ပြည့်စုံသောမင်္ဂလာဆင်တော်ဟု
သမုတ်အပ်သော
ဆင်တော်ကို
ငါ့အား
တောင်းကုန်၏။
၈၃။
မင်းကြီး
အကျွန်ုပ်တို့၏
ဇနပုဒ်သည် မိုးရွာခြင်းမရှိသည်ဖြစ်၍
ကြီးစွာ
ငတ်မွတ်
ခြင်းတည်းဟူသောဒု
ဗ္ဘိက္ခန္တရကပ်
ဆိုက်ရောက်နေပါ၏၊
အလုံးစုံ
ဖြူ၍
ဆင်တို့တွင် အမြတ်
ဆုံး
ဖြစ်သောဆင်တော်မြတ်ကို
လှူပါလော့ဟု
တောင်းကုန်၏။
၈၄။
ပုဏ္ဏားတို့သည်
ငါ့အား
အကြင်ဝတ္ထုကို
တောင်းကုန်၏၊
ထိုဝတ္ထုကို
ငါသည် ပေး လှူအံ့၊
တုန်လှုပ်လိမ့်မည်
မဟုတ်၊ ငါသည်
ထင်ရှားရှိသော
ဝတ္ထုကို
မလျှို့ဝှက်၊
ငါ၏ စိတ်သည်
ပေးလှူခြင်း၌မွေ့လျော်၏။
၈၅။
ထိုရောက်လာသော
အလှူခံတို့ကို
ပယ်ခြင်းသည်
ငါ့အား မသင့်လျော်ချေ၊
ဒါန
ပါရမီကိုဆောက်တည်ခြင်းသည်
ငါ့အား
မပျက်စီးပါစေလင့်၊
ငါသည် မြတ်သော
ဆင်ကို
ပေးလှူအံ့
(ဟုကြံစည်၍) -
၈၆။
ဆင်ကို
နှာမောင်း၌
ကိုင်လျက်
ရတနာဖြင့်
ပြီးသော
ကရားဖြင့်
ရေကို
(ပုဏ္ဏား
တို့၏) လက်၌သွန်းလောင်း၍
ဆင်ကို
ပုဏ္ဏားတို့အား
ပေးလှူ၏။
၈၇။
အလုံးစုံ ဖြူသော
ဆင်တော်မြတ်ကို
ပေးလှူလတ်သော်
ထိုအခါ ၌လည်း
မြင်းမိုရ်တောင်တည်းဟူသော
ဦးဆောက်ပန်းရှိသော
မြေကြီးသည်
နောက်တစ်ဖန်
တုန်လှုပ်လေ၏။
၈၈။
ထိုဆင်တော်ကို
လှူခြင်းကြောင့်
သိဝိပြည်သူတို့သည်
အမျက်ထွက်ကုန်၍
စည်းဝေး ကြပြီးလျှင်
ဝင်္ကတောင်သို့
သွားလော့ဟု မိမိတို့နိုင်ငံမှ
နှင်ထုတ်ကြကုန်၏။
၈၉။
ထိုသိဝိပြည်သူတို့
နှင်ထုတ်ကုန်သည်ရှိသော်
(ငါသည်)
မတုန်မလှုပ်
မတွန့် မတို
သောအလှူကြီးကို
ပေးလှူရန်
တစ်ခုသော
ဆုကို တောင်းပန်၏။
၉၀။
သိဝိပြည်သူအားလုံးတို့သည်
ငါ တောင်းပန်အပ်သည်ဖြစ်၍
ငါ့အား
ဆုတစ်ပါးကို
ပေးကုန်၏၊
ထိုအခါ ငါသည်
အစုံသော
အလှူစည်ကို
ကြွေးကြော်တီးခတ်စေ၍
အလှူကြီးကို
ပေးလှူ၏။
၉၁။
ထိုသို့
ပေးလှူလတ်သော်
အလှူကြောင့်
ဤမင်းကို
နှင်ထုတ်ကုန်၏၊
ဤမင်းသည်
ယခုတစ်ဖန်အလှူကို
လှူပြန်၏ဟု
အလှူပေးရာ
အရပ်၌ အုတ်အုတ်ကျက်ကျက်
ကြောက်
မက်ဖွယ်
ကြီးစွာသော
အသံသည်
ဖြစ်လေ၏။
၉၂။
ထိုအခါ ငါသည်
ဆင်ကိုလည်းကောင်း၊
မြင်းတို့ကိုလည်းကောင်း၊
ရထားတို့ကို
လည်းကောင်းပေးလှူ၍
ကျွန်မိန်းမ,
ကျွန်ယောက်ျား,
နွား,
ဥစ္စာဟူသော
ကြီးစွာသော
အလှူ ကို ပေးလှူပြီးလျှင်
မြို့မှထွက်ခဲ့၏။
၉၃။
ငါသည်
မြို့မှ
ထွက်၍
ပြန်လှည့်ကြည့်ရှုသော
အခါ၌လည်း
မြင်းမိုရ်တောင်တည်းဟူသောဦးဆောက်ပန်းရှိသော
မြေကြီးသည်
တုန်လှုပ်လေ၏။
၉၄။
(ရထားတပ်သော)
မြင်းလေးစီးကိုလည်းကောင်း၊
ရထားကိုလည်းကောင်း
(ပုဏ္ဏား
တို့အား) ပေးလှူပြီးလျှင်
နောက်လိုက်မပါ
တစ်ကိုယ်တည်းသာဖြစ်သော
ငါသည်
လမ်းလေးခွ
ဆုံ၌ ရပ်လျက်မဒ္ဒီမိဖုရားအား
ဤစကားကို
ပြောဆို၏-
၉၅။
မဒ္ဒီ
ဤကဏှာဇိန်သည်
ညီမငယ်ဖြစ်၍
ပေါ့၏၊ သင်သည်
ကဏှာဇိန်ကို
ချီလော့၊
ဇာလီကားအစ်ကိုဖြစ်၍
လေး၏၊ ငါသည်
ဇာလီကို
ချီမည်။
၉၆။
မဒ္ဒီသည်
ပဒုမ္မာကြာ,
ပုဏ္ဍရိက်ကြာနှင့်
တူသော
ကဏှာဇိန်ကို
ချီ၏၊ ငါသည်
ရွှေရုပ်နှင့်
တူသောဇာလီမင်းသားကို
ချီ၏။
၉၇။
ပူဇော်အပ်သော
အမျိုးဖြစ်၍
နူးညံ့သိမ်မွေ့သည့်
မင်းမျိုး
ဖြစ်ကုန်သော
ငါတို့
လေးဦးသားတို့သည်မညီညွတ်သောမြေ,
ညီညွတ်သော
မြေကို
နင်းကုန်လျက်
ဝင်္ကတောင် သို့
သွားကြကုန်၏။
၉၈။
အကြင်သူတို့သည်
လမ်းအနီး၌လည်းကောင်း၊
ခရီးရင်ဆိုင်၌လည်းကောင်း
လာကြကုန်၏။ ထိုသူတို့အား
''ဝင်္ကန္တတောင်သည်
အဘယ်မှာနည်း''ဟု
ငါတို့သည်
လမ်းခရီးကို
မေးမြန်းရကုန်၏။
၉၉။
ထိုသူတို့သည်
ထိုလမ်းခရီး၌
ငါတို့ကို တွေ့မြင်ကုန်သော်
''ဝင်္ကန္တတောင်သည်
ဝေးလှ၏'ဟုသနားသော
အသံကို
မြွက်ဆိုကြကုန်၏၊
ထိုသူတို့သည်
(သနားခြင်းကြောင့်
ဖြစ်သော) ဆင်းရဲဝေဒနာကိုခံစားကြရကုန်၏။
၁၀၀။
သူငယ်ဖြစ်သော
သားသမီးတို့သည်
တောအုပ်ကြီး၌
အသီးရှိသော
သစ်ပင်တို့ကို
အကယ်၍တွေ့မြင်ကုန်အံ့၊
သူငယ်တို့သည်
ထိုသစ်သီးတို့၏
အကြောင်းကြောင့်
ငိုယိုကြကုန်၏။
၁၀၁။
မြင့်တက်သော
ကြီးကျယ်သော
သစ်ပင်တို့သည်
ငိုယိုနေသော
သူငယ်တို့ကို
မြင်သော် အလိုလိုပင်
ညွတ်ကိုင်း၍
သူငယ်တို့သို့
ချဉ်းကပ်ကုန်၏။
၁၀၂။
အလုံးစုံသော
အင်္ဂါတို့ဖြင့်
တင့်တယ်သော
မဒ္ဒီမိဖုရားသည်
မဖြစ်စဖူး
ဖြစ်သောကြက်သီးမွေးညင်း
ထစေနိုင်သော
ဤအံ့ဩဖွယ်ကို
တွေ့မြင်ရသည်ရှိသော်
ကောင်းချီးကို
ဖြစ်စေ၏။
၁၀၃။
ဝေဿန္တရာမင်း၏
တန်ခိုးကြောင့်
သစ်ပင်တို့သည်
အလိုလိုပင်
ညွတ်ကိုင်းကုန်၏၊
ဤသို့ဖြစ်ခြင်းသည်
လောက၌
အံ့ဩဖွယ်
ရှိပေစွ၊
မဖြစ်စဖူး
ဖြစ်ပေစွ၊
ကြက်သီးမွေးညင်း
ထဖွယ်ကောင်းလေစွ
(ဟု ကောင်းချီးကို
ဖြစ်စေ၏)။
၁၀၄။
နတ်တို့သည်
သူငယ်တို့ကို
သနားကြသဖြင့်
(ယူဇနာသုံးဆယ်)
လမ်းခရီးကို
ချုံး၍ ပေးကြကုန်၏၊
(ဇေတုတ္တရာပြည်မှ)
ထွက်သော
နေ့၌သာလျှင်
စေတနိုင်ငံသို့
ဆိုက်
ရောက်ကုန်၏။
၁၀၅။
ထိုအခါ
ဦးရီးတော်ဖြစ်ကြကုန်သော
မင်းခြောက်သောင်းတို့သည်
(စေတနိုင်ငံ၌)
နေကုန်၏၊
အလုံးစုံသော
မင်းတို့သည်
လက်အုပ်ချီကုန်၍
ငိုယိုလျက်
ချဉ်းကပ်လာကြကုန်၏။
၁၀၆။
ထိုစေတနိုင်ငံ၌
စေတမင်းတို့နှင့်လည်းကောင်း၊
စေတမင်းသားတို့နှင့်လည်းကောင်းနှုတ်ဆက်စကား
ပြောကြားပြီးသော်
ထိုငါတို့သည်
ထိုမြို့မှ
ထွက်ခွါကုန်၍
ဝင်္က
တောင်သို့သွားကြကုန်၏။
၁၀၇။
သိကြားမင်းသည်
တန်ခိုးကြီးသော
ဝိသကြုံနတ်သားကို
ခေါ်၍
သင်္ခမ်းကျောင်းကို
ကောင်းစွာဆောက်လုပ်၍
ပျော်မွေ့ဖွယ်သော
သစ်ရွက်မိုးကျောင်းကို
ဖန်ဆင်းချေလော့ဟု
စေလိုက်၏။
၁၀၈။
သိကြားမင်း၏
စကားကို
ကြားနာလျက်
တန်ခိုးကြီးသော
ဝိသကြုံနတ်သားသည်သင်္ခမ်းကျောင်းကို
ကောင်းစွာ
ဆောက်လုပ်၍
ပျော်မွေ့ဖွယ်သော
သစ်ရွက်မိုးကျောင်းကို
ဖန် ဆင်းလေ၏။
၁၀၉။
လေးယောက်သား
ငါတို့သည်
ဝင်္ကတောင်ကြား၌
လူသူ
ရောယှက်မရှိ
တိတ်
ဆိတ်သောတောအုပ်ကြီးသို့
သက်ဝင်၍
ထိုတောအုပ်ကြီးတွင်
နေကြကုန်၏။
၁၁၀။
ထိုအခါ
ငါသည်လည်းကောင်း၊
မဒ္ဒီမိဖုရားသည်လည်းကောင်း၊
ဇာလီ,
ကဏှာဇိန်နှစ်ဦးတို့သည်လည်းကောင်း
အချင်းချင်း
(တစ်ဦးကို
တစ်ဦး)
စိုးရိမ်ခြင်း
(ဝမ်းနည်းပူး
ဆွေးမှု)
ကိုပယ်ဖျောက်ကုန်လျက်
သင်္ခမ်းကျောင်း၌
နေကြကုန်၏။
၁၁၁။
ငါသည်
သင်္ခမ်းကျောင်း၌
မဆိတ်သုဉ်းသည်ကို
ပြု၍
သားသမီးငယ်တို့ကို
စောင့် ရှောက်လျက်တည်နေရ၏၊
ထိုမဒ္ဒီမိဖုရားသည်
သစ်သီးကို ဆောင်၍
သုံးယောက်သား
ငါတို့ကို
ကျွေးမွေး၏။
၁၁၂။
ငါသည်
တောအုပ်ကြီး၌
နေစဉ်
ခရီးသွားသူ
ဇူဇကာပုဏ္ဏားသည်
ငါ့ထံသို့
ချဉ်းကပ်လာ၏၊
ငါ၏ဇာလီ,
ကဏှာဇိန်
သားသမီးနှစ်ယောက်လုံးကို
တောင်းလေ၏။
၁၁၃။
တောင်းတတ်သော
ဇူဇကာပုဏ္ဏား
ချဉ်းကပ်လာသည်ကို
မြင်ရသော်
ငါ့အား
ရွှင်လန်းခြင်းဖြစ်လေ၏၊
ထိုအခါ ငါသည်
သားသမီးနှစ်ယောက်တို့ကို
ကိုင်ငင်၍
ပုဏ္ဏား အား
ပေးလှူခဲ့၏။
၁၁၄။
အကြင်အခါ
ဇူဇကာပုဏ္ဏားအား
မိမိသားသမီးတို့ကို
စွန့်လှူလတ်သော်
ထိုအခါ ၌လည်းမြင်းမိုရ်တောင်တည်းဟူသော
ဦးဆောက်ပန်းရှိသော
မြေကြီးသည်
တုန်လှုပ်လေ၏။
၁၁၅။
တစ်ဖန်လည်း
သိကြားမင်းသည်
နတ်ပြည်မှ
သက်ဆင်း၍
ပုဏ္ဏားအသွင်
ဖန်ဆင်းလျက်
ငါ့ထံသို့
လာပြီးလျှင်
သီလရှိ၍
အရှင်သခင်၌ ရိုသေသော
အကျင့်ရှိသော
မဒ္ဒီမိဖုရားကို
တောင်းလေ၏။
၁၁၆။
ငါသည်
ကြည်လင်သော
စိတ်အကြံ
ရှိသည်ဖြစ်၍
မဒ္ဒီကို
လက်၌
ကိုင်လျက်
ရေဖြင့် (ပုဏ္ဏား၏)
လက်ခုပ်ကို
ပြည့်စေပြီးလျှင်
ထိုပုဏ္ဏားအား
မဒ္ဒီကို
ပေးလှူခဲ့၏။
၁၁၇။
မဒ္ဒီမိဖုရားကို
ပေးလှူလတ်သော်
ကောင်းကင်၌
နတ်
ဗြဟ္မာတို့သည်
ဝမ်းမြောက်
ကြကုန်၏၊
ထိုအခါ ၌လည်း
မြင်းမိုရ်တောင်တည်းဟူသော
ဦးဆောက်ပန်းရှိသော
မြေကြီးသည်
တုန်လှုပ်လေ၏။
၁၁၈။
ဇာလီမင်းသားနှင့်
သမီးကဏှာဇိန်ကိုလည်းကောင်း၊
အရှင်သခင်၌
ရိုသေသော
အကျင့်ရှိသောမဒ္ဒီမိဖုရားကိုလည်းကောင်း
စွန့်လွှတ်လှူဒါန်းသော
ငါသည်
သမ္မာသမ္ဗောဓိ
ဉာဏ်၏အကြောင်းကြောင့်သာလျှင်
တွန့်တိုဆုတ်နစ်သော
စိတ်အကြံအစည်
မဖြစ်ခဲ့ပေ။
၁၁၉။
ငါသည်
သားသမီးနှစ်ယောက်တို့ကို
မချစ်သည်
မဟုတ်၊
မဒ္ဒီမိဖုရားကို
မချစ်
သည်လည်းမဟုတ်၊
ငါသည်
သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
ငါသည် ချစ်သော
သားမယားတို့ကို
ပေးလှူခဲ့၏။
၁၂၀။
ထို့နောက်
တစ်ဖန်
တောအုပ်ကြီး၌
မယ်တော်ခမည်းတော်တို့နှင့်
ပေါင်းဆုံရသော်
သနားဖွယ်ငိုကြွေးကာ
ချမ်းသာဆင်းရဲကို
မေးမြန်းပြောဆိုလျက်-
၁၂၁။
နှစ်ယောက်သော
မယ်တော်ခမည်းတော်တို့၏
အထံသို့ အရှက်အကြောက်ဖြင့်
လည်းကောင်း၊
လေးစားခြင်းဖြင့်လည်းကောင်း
ချဉ်းကပ်၏။
ထိုအခါ ၌လည်း
မြင်းမိုရ်တောင်
တည်းဟူသောဦးဆောက်ပန်းရှိသော
မြေကြီးသည်
တုန်လှုပ်လေ၏။
၁၂၂။
ထို့နောက်
တစ်ဖန်
ဆွေတော်မျိုးတော်တို့နှင့်တကွ
တောအုပ်ကြီးမှ
ထွက်ခဲ့ကြ၍ပျော်မွေ့ဖွယ်ကောင်းသော
ပြည်မြတ်ဖြစ်သော
ဇေတုတ္တရာမြို့တော်သို့
ဝင်လေ၏။
၁၂၃။
ထိုနေ့၌
ရတနာခုနစ်ပါးမိုးတို့သည်
ရွာသွန်းကုန်၏၊
သည်းစွာသော
မိုးသည်
ရွာချလေ၏၊
ထိုအခါ ၌လည်း
မြင်းမိုရ်တောင်တည်းဟူသော
ဦးဆောက်ပန်းရှိသော
မြေကြီး သည်
တုန်လှုပ်လေ၏။
၁၂၄။
စိတ်စေတနာမရှိသော
ဤမြေကြီးသည်လည်း
ချမ်းသာဆင်းရဲကို
မသိဘဲလျက်
ငါ၏အလှူစွမ်းအားကြောင့်
ခုနစ်ကြိမ်တိုင်တိုင်
တုန်လှုပ်လေ၏။
။
ကိုးခုမြောက်
ဝေဿန္တရစရိယ
'ဝေဿန္တရာမင်းအကျင့်'
ပြီး၏။
------
၁၀-သသပဏ္ဍိတစရိယ
(ယုန်ပညာရှိအကျင့်)
၁၂၅။
နောက်တစ်မျိုးသော် ကား ငါသည်
အကြင်အခါ၌
မြက်, သစ်ရွက်,
ဟင်းရွက်,
ဟင်းသီးကိုစားတတ်သော
သူတစ်ပါးကို
ညှဉ်းဆဲခြင်းမှ
ကြဉ်ရှောင်သော
တော၌
လှည့်လည်
ကျက်စားသောယုန်ငယ်ဖြစ်၏။
၁၂၆။
ထိုအခါ
မျောက်သည်လည်းကောင်း၊
မြေခွေးသည်လည်းကောင်း၊
ဖျံသည်လည်းကောင်း၊
ငါသည်လည်းကောင်း
အနီးအပါး၌
တစ်ပေါင်းတည်း
နေကြကုန်၏။
ညဉ့်, နံနက်
တိုင်းဆည်းကပ်လာကြကုန်၏။
၁၂၇။
ငါသည်
ထိုသူတို့ကို
''အကုသိုလ်တို့ကို
ကြဉ်ရှောင်ကုန်လော့၊
ကုသိုလ်တို့ကိုနှလုံးသွင်းကုန်လော့''ဟု
ကုသိုလ်,
အကုသိုလ်အမှု၌
ဆုံးမ၏။
၁၂၈။
ဥပုသ်နေ့၌
လပြည့်သည်ကို
မြင်၍ ယနေ့ကား
ဥပုသ်နေ့တည်းဟု
ထိုသုံးယောက်
သောသူတို့အားထိုနေ့၌
(ကျင့်ဝတ်အစဉ်ကို)
ပြောကြား၏။
၁၂၉။
အလှူခံပုဂ္ဂိုလ်အား
လှူရန်
အလှူဝတ္ထုတို့ကို
စီရင်ကြကုန်လော့၊
အလှူခံပုဂ္ဂိုလ်၌
အလှူဝတ္ထုကိုလှူ၍
ဥပုသ်ကို
ကျင့်သုံးကုန်လော့ဟု
ဆုံးမလေ၏။
၁၃၀။
ထိုသူသုံးဦးတို့သည်
ငါ၏ စကားကို
ကောင်းပြီဟု
ဆိုကုန်၍
စွမ်းအားရှိ
သလောက်လှူဒါန်းဖွယ်ဝတ္ထုတို့ကို
စီရင်ပြီးလျှင်
အလှူခံပုဂ္ဂိုလ်ကို
ရှာဖွေကြကုန်၏။
၁၃၁။
ငါသည်
ထိုင်နေ၍
အလှူခံပုဂ္ဂိုလ်အား
လျောက်ပတ်သော
လှူဒါန်းဖွယ်ဝတ္ထုကို
ကြံစည်၏၊
အကယ်၍ ငါသည်
အလှူခံပုဂ္ဂိုလ်ကို
ရငြားအံ့၊
ငါ့အား
အဘယ်မည်သော
လှူဒါန်းဖွယ်ဝတ္ထုဖြစ်လတ္တံ့နည်း။
၁၃၂။
ငါ့အား
နှမ်းတို့သည်လည်းကောင်း၊
ပဲနောက်တို့သည်လည်းကောင်း၊
ပဲလွန်းတို့သည်လည်းကောင်း၊
ဆန်တို့သည်လည်းကောင်း၊
ထောပတ်သည်လည်းကောင်း
မရှိကုန်။
ငါသည်မြက်ဖြင့်
မျှတ၏၊
မြက်ကို
လှူဒါန်းရန်လည်း
မတတ်ကောင်း။
၁၃၃။
အကယ်၍
တစ်စုံတစ်ဦးသော
အလှူခံပုဂ္ဂိုလ်သည်
ငါ၏ အထံသို့
ထမင်းအကျိုးငှါ
လာအံ့၊ ငါသည်
မိမိကိုယ်ကို
လှူအံ့၊
ထိုအလှူခံပုဂ္ဂိုလ်သည်
အချည်းနှီး
မသွားရလတ္တံ့
(ဟု ကြံစည်၏)။
၁၃၄။
သိကြားမင်းသည်
ငါ၏
အကြံအစည်ကို
သိ၍ ပုဏ္ဏားအသွင်ဖြင့်
ငါ၏ အလှူကို
စုံစမ်းခြင်းငှါ
ငါ၏နေရာ
(ချုံ) သို့
ချဉ်းကပ်လာ၏။
၁၃၅။
ငါသည်
ထိုပုဏ္ဏားအသွင်
ဆောင်သော သိကြားမင်းကို
မြင်ရသော်
ကောင်းစွာနှစ်သက်သည်ဖြစ်၍
ဤစကားကို
ဆို၏-
(အသင်ပုဏ္ဏားသည်)
အစာဟူသော
အကြောင်း
ကြောင့်ငါ့ထံသို့
ဆိုက်ရောက်ခြင်းသည်
ကောင်းသည်သာ
ဖြစ်၏။
၁၃၆။
ယနေ့ သင့်အား
ငါသည် ရှေး၌
မလှူခဲ့ဖူးသေးသော
အလှူမြတ်ကို
ပေးလှူအံ့၊
သင်သည်သီလဂုဏ်နှင့်
ပြည့်စုံ၏၊
သူတစ်ပါးတို့ကို
ညှဉ်းဆဲမှုသည်
သင့်အား
မသင့်လျော်။
၁၃၇။
(ပုဏ္ဏား)
လာလော့၊
အထူးထူးသော
ထင်းတို့ကို
စုရုံး၍
မီးကို
ညှိမွှေးလော့၊
ငါသည်မိမိကိုယ်ကို
ကျက်စေအံ့၊
သင်သည်
ကျက်သော အသားကို
စားရလတ္တံ့
(ဟု ဆို၏)။
၁၃၈။
ထိုပုဏ္ဏားအသွင်ဆောင်သော
သိကြားမင်းသည်
ကောင်းပြီဟု
ရွှင်သော
စိတ်ရှိ
သည်ဖြစ်၍အထူးထူးသော
ထင်းတို့ကို
စုရုံးလေ၏၊
အတွင်း၌
မီးကျီးစု ရှိသည်ကို
ပြု၍
ကြီးစွာသော
ထင်းပုံကိုပြုလေ၏။
၁၃၉။
ထိုထင်းပုံ၌
လျင်မြန်စွာ
ထိုမီးတောက်
ကြီးမားလာအောင်
မီးကို
ညှိမွှေးလေ၏၊
ငါသည့်မြူမှုန့်ကပ်ရောက်သော
ကိုယ်ကို ခါ၍
သင့်လျော်ရာ၌
ဝင်၏။
၁၄၀။
အကြင်အခါ
ထင်းပုံကြီးသည်
တောက်လောင်လျက်ဟူးဟူးအသံ
ဖြစ်၏၊
ထိုအခါ
ငါသည်မီးလျှံတွင်းအလယ်သို့
ခုန်၍ ဆင်း၏။
၁၄၁။
အေးသော
ရေမည်သည်
သက်ဝင်သူ
တစ်စုံတစ်ယောက်အား
ပူပန်ခြင်း,
ပူလောင်ခြင်းကိုငြိမ်းစေသကဲ့သို့လည်းကောင်း၊
သာယာဖွယ် နှစ်သက်ဖွယ်ကို
ပေးသကဲ့သို့
လည်းကောင်း-
၁၄၂။
ထို့အတူပင်
ထိုအခါ
တောက်လောင်နေသော
မီးသို့
ဝင်သော
ငါ့အား
အေးသော
ရေကဲ့သို့အလုံးစုံသော
ပူပန်ခြင်းကို
ငြိမ်းစေ၏။
၁၄၃။
ငါသည်
အရေပါးကိုလည်းကောင်း၊
အရေထူကိုလည်းကောင်း၊
အသားကိုလည်းကောင်း၊
အကြောကိုလည်းကောင်း၊
အရိုးကိုလည်းကောင်း၊
ဟဒယဝတ္ထုကို
ဖွဲ့သော
နှလုံးသားကိုလည်းကောင်း၊
အလုံးစုံသော
ကိုယ်ကိုလည်းကောင်း
ပုဏ္ဏားအား
အကြွင်းမဲ့ပေးလှူခဲ့၏။
။
ဆယ်ခုမြောက်
သသပဏ္ဍိတစရိယ
'ယုန်ပညာရှိအကျင့်'
ပြီး၏။
ရှေးဦးစွာသော
အကိတ္တိဝဂ်
ပြီး၏။
ဒါနပါရမီ
အကျယ်ညွှန်းပြခြင်း
ပြီး၏။
------
၂-ဟတ္ထိနာဂဝဂ်
၁-မာတုပေါသကစရိယ
(အမိကို လုပ်ကျွေးသော သီလဝဆင်အကျင့်)
၁။ ငါသည်
အကြင်အခါ
တောအုပ်ကြီး၌
အမိကို
လုပ်ကျွေးမွေးမြူသော
ဆင် ဖြစ်၏၊
ထိုအခါ
မြေပြင်၌
(သီလ)
ဂုဏ်အားဖြင့်
ငါနှင့်
တူသော သူသည်
မရှိ။
၂။
တောမုဆိုးသည်
တောအုပ်၌
ငါ့ကို
တွေ့မြင်လတ်သော်
မင်းအား
လျှောက်ကြား
လေ၏၊ မင်းကြီးသင်မင်းကြီးနှင့်
ထိုက်တန်သော
ဆင်သည်
တောအုပ်၌
နေ၏။
၃။
ထိုဆင်အား
ကျုံးသွင်းခြင်းဖြင့်
ဖမ်းယူရန်
မလို။
ဆင်မဖြင့်
အောင်းခြင်း၊
တွင်းချ
ခြင်းဖြင့်လည်းဖမ်းယူရန်
မလို။
နှာမောင်းကို
ကိုင်သည်နှင့်
တစ်ပြိုင်နက်
အလိုလိုသာလျှင်
ဤမြို့အရပ်သို့
လာလတ္တံ့ (ဟု
ကြားလျှောက်၏)။
၄။
မင်းသည်လည်း
ထိုမုဆိုး၏
ထိုစကားကို
ကြားရသော်
နှစ်သက်သော
စိတ်ရှိသည်
ဖြစ်၍
ဆင်ကိုဆုံးမတတ်သော
ကောင်းစွာ သင်ကြားပြီးသော
လိမ္မာသော
ဆင်ဆရာကို
စေလွှတ်လေ၏။
၅။
ဆင်ကို
ဆုံးမတတ်သော
ထိုဆင်ဆရာသည်
တောအုပ်သို့
သွားသည်ရှိသော်
ငါ့ကို
အမိ၏အစားအစာ
မျှတခြင်းအကျိုးငှါ
ပဒုမ္မာကြာအိုင်၌
ကြာစွယ်နုတ်နေသည်ကို
တွေ့မြင်၏။
၆။
(ထိုဆင်ဆရာသည်)
ငါ၏ သီလဂုဏ်ကို
သိသဖြင့်
လက္ခဏာကို
စူစမ်းဆင်ခြင်၏၊
ချစ်သားလာလော့ဟု
ဆို၍ ငါ၏
နှာေမောင်းကို
ကိုင်လေ၏။
၇။
ထိုအခါ
ကိုယ်၌
အစဉ်တည်သော
ငါ၏ ပြကတေ့အားသည်
ယခုအခါ ဆင်
တစ်ထောင်တို့၏အားနှင့်
အညီအမျှတူ၏။
၈။
အကယ်၍ ငါသည်
ငါ့ကို
ဖမ်းယူခြင်းငှါ
ကပ်လာကုန်သော
ထိုသူတို့အား
အမျက် ထွက်ငြားအံ့၊
ထိုလူတို့၏
တစ်တိုင်းပြည်လုံးကိုလည်း
ကြေမှုန့်စေရန်
စွမ်းနိုင်သူ
ဖြစ်၏။
၉။
ထိုသို့
စွမ်းနိုင်သော်
လည်း ငါသည်
သီလပါရမီဖြည့်ခြင်းငှါ
သီလကို
စောင့်ရှောက်
ထားသဖြင့်
ငါ့ကိုဆင်ချည်တိုင်၌
ထည့်သွင်းသော်
လည်း စိတ်၌
ဖောက်ပြန်ပြောင်းလွှဲခြင်းကို
မပြုချေ။
၁၀။
အကယ်၍
ထိုသူတို့သည်
ငါ့ကို
ထိုနေရာ၌
ပုဆိန်တို့ဖြင့်သော်
လည်းကောင်း၊
လှံမ, မှိန်းတို့ဖြင့်သော်
လည်းကောင်း
ထိုးခုတ်နှိပ်စက်ကုန်ငြားအံ့။
ငါသည် ငါ၏
သီလကျိုးပျက်ခြင်း
မှ့ကြောက်ခြင်းကြောင့်
ထိုသူတို့အား
အမျက်မထွက်လို။
။
ရှေးဦးစွာသော
မာတုပေါသကစရိယ
'အမိကို လုပ်ကျွေးသော
သီလဝဆင်အကျင့်'
ပြီး၏။
------
၂-ဘူရိဒတ ္တစရိယ
(ဘူရိဒတ္တနဂါးမင်းအကျင့်)
၁၁။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
တန်ခိုးကြီးသော
ဘူရိဒတ္တနဂါး
ဖြစ်၏၊
ထိုအခါဝိရူပက္ခနဂါးမင်းကြီးနှင့်
နတ်ပြည်သို့
သွားခဲ့၏။
၁၂။
ငါသည်
ထိုနတ်ပြည်၌
စင်စစ်
ချမ်းသာနှင့်
ပြည့်စုံကုန်သော
နတ်တို့ကို
တွေ့မြင်ရ
သော် ထိုနတ်ပြည်သို့
ရောက်ရန်
အကျိုးငှါ
သီလအကျင့်ကို
ဆောက်တည်၏။
၁၃။
ထိုအခါ ငါသည်
ကိုယ်လက်
သုတ်သင်ခြင်းကိစ္စကို
ပြုပြီးလျှင်
မျှတရုံမျှ
အစာကို စား၍အင်္ဂါလေးပါးတို့ကို
အဓိဋ္ဌာန်လျက်
တောင်ပို့ထိပ်၌
အိပ်၏။
၁၄။
အကြင်သူသည်
အရေပါး, အရေထူဖြင့်လည်းကောင်း၊
အသားဖြင့်လည်းကောင်း၊
အကြောဖြင့်လည်းကောင်း၊
အရိုးတို့ဖြင့်လည်းကောင်း
ဤအင်္ဂါတို့ဖြင့်
ပြုဖွယ်ကိစ္စ
ရှိ၏။
ထိုသူသည်ယူဆောင်ပါလော့၊
ပေးလှူသည်သာတည်း
(ဟု ဆောက်တည်၍
အိပ်၏)။
၁၅။
ပြုဖူးသော
ကျေးဇူးကို
မသိသော
နေသာဒပုဏ္ဏားက
ညွှန်ပြပြောဆိုအပ်သော
အလမ္ပာယ်သည်
ငါ့ကိုဖမ်းယူ၏၊
ပခြုပ်၌
ထည့်၍ ထိုထိုအရပ်၌
ကစားစေ၏။
၁၆။
ပခြုပ်၌
ထည့်သော်
လည်းကောင်း၊
လက်ဖြင့်
ပြင်းစွာ
ပုတ်ခတ်သော်
လည်းကောင်း
ငါ၏သီလကျိုးပျက်ခြင်းမှ
ကြောက်ခြင်းကြောင့်
ငါသည်
အလမ္ပာယ်မြွေသမား၌
အမျက် မထွက်။
၁၇။
မိမိ အသက်ကို
စွန့်ခြင်းသည်
ငါ့အား မြက်ပင်ထက်
ပေါ့ပါးသေး၏၊
သီလကို
လွန်ကျူးခြင်းသည်ငါ့အား
'မြေကြီးကို
ခွါလှန်ရသကဲ့သို့'
(ဝန်လေး၏)။
၁၈။
ငါသည်
အကြားမရှိ
ဘဝတစ်ရာပတ်လုံး
ငါ၏ အသက်ကို
စွန့်လို၏၊
ငါသည်
လေးကျွန်းလုံးတို့၏အကြောင်းကြောင့်လည်း
သီလကို
မပျက်စီးစေလို။
၁၉။
စင်စစ်မူ
ငါသည်
သီလပါရမီဖြည့်ခြင်းငှါ
သီလကို
စောင့်ထားသဖြင့်
ငါ့ကို
ပခြုပ်၌ထည့်သွင်းသော်
လည်း စိတ်၌
ဖောက်ပြန်ပြောင်းလွှဲခြင်းကို
မပြုချေ။
နှစ်ခုမြောက်
ဘူရိဒတ္တစရိယ
'ဘူရိဒတ္တနဂါးအကျင့်'
ပြီး၏။
------
၃-စမ္ပေယျနာဂစရိယ
(စမ္ပေယျနဂါးမင်းအကျင့်)
၂၀။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
တန်ခိုးကြီးသော
စမ္ပေယျနဂါးမင်း
ဖြစ်၏၊
ထိုအခါ၌လည်း
တရားကို
စောင့်သူ၊
သီလအကျင့်နှင့်
ပြည့်စုံသူ ဖြစ်ခဲ့၏။
၂၁။
ထိုအခါ၌လည်း
ကုသိုလ်တရားကို
ကျင့်လေ့ရှိသော
ဥပုသ်ကျင့်သုံးသော
ငါ့ကို မြွေဖမ်းသမားသည်ဖမ်းယူ၍
နန်းတော်တံခါး၌
ကစားစေ၏၊
၂၂။
ထိုမြွေဖမ်းသမားသည်
အညို, အရွှေ,
အနီဟူသော
အကြင်အကြင်အဆင်းကို
ကြံစည်၏၊
ငါသည်ထိုမြွေဖမ်းသမား၏
စိတ်သို့
အစဉ်လိုက်လျက်
ကြံစည်သော အဆင်းနှင့်
တူသော
အဆင်းရှိသည်
ဖြစ်၏။
၂၃။
ငါသည်
ကုန်းကို
ရေဖြစ်အောင်
ပြုနိုင်၏၊
ရေကိုလည်း
ကုန်းဖြစ်အောင်
ပြုနိုင်၏၊ အကယ်၍ငါသည်
ထိုမြွေဖမ်းသမားအား
အမျက်ထွက်ငြားအံ့၊
တစ်ခဏဖြင့်
ပြာဖြစ်အောင်
ပြုနိုင်၏။
၂၄။
ငါသည် အကယ်၍
စိတ်အလို
လိုက်သည်
ဖြစ်အံ့၊
သီလမှ
ဆုတ်ယုတ်တော့အံ့၊
သီလမှဆုတ်ယုတ်သူအား
မြတ်သော
အကျိုးသည်
မပြီးစီးနိုင်ချေ။
၂၅။
အကယ်၍ပင်
ဤကိုယ်သည်
ပျက်စီးပါစေ၊
ဤနေရာ၌ပင်
ဖရိုဖရဲ
ကြဲမူလည်း
ကြဲပါစေ၊
'ဖွဲပြာကဲ့သို့'
ဖရိုဖရဲ
ကြဲသော် လည်း
ငါသည် သီလကိုမူ
မဖျက်ဆီးလို။
။
သုံးခုမြောက်
စမ္ပေယျနာဂစရိယ
'စမ္ပေယျနဂါးမင်းအကျင့်'
ပြီး၏။
------
၄-စူဠဗောဓိစရိယ
(စူဠဗောဓိပုဏ္ဏားအကျင့်)
၂၆။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
ကောင်းသော
သီလရှိသော စူဠ
ဗောဓိပုဏ္ဏားဖြစ်၏၊
ထိုအခါ ဘဝကို
ကြောက်ဖွယ်
ဘေးအားဖြင့်
ရှုမြင်၍
(ဘဝမှ) ထွက်
မြောက်ရာ
နိဗ္ဗာန်ကို
(ဘေးမရှိသောအားဖြင့်
မြင်လျက်)
တောထွက်ခဲ့၏။
၂၇။
အကြင်ငါ၏
ဇနီးဟောင်း
ပုဏ္ဏေးမသည်
ရွှေနှင့်
တူသော
အဆင်းရှိသူ
ဖြစ်၏၊
ထိုပုဏ္ဏေးမသည်လည်း
ဝဋ်၌
မငဲ့ကွက်ဘဲ
(ဝဋ်မှ)
ထွက်မြောက်ခြင်းငှါ
တောထွက်ခဲ့၏။
၂၈။
တွယ်တာခြင်း
မရှိကုန်သော
အနှောင်အဖွဲ့ကို
ဖြတ်ပြီးကုန်သော
ဆွေမျိုးဉာတိ
အပေါင်း၌ငဲ့ကွက်ခြင်း
မရှိကုန်သော
ငါတို့သည်
ရွာနိဂုံးသို့
လှည့်လည်ကုန်လတ်သော်
ဗာရာဏသီမြို့သို့ရောက်ကြကုန်၏။
၂၉။
ထိုမြို့၌
ရင့်ကျက်သော
ပညာရှိကုန်သော
ငါတို့သည်
အမျိုးအပေါင်းနှင့်
ရော နှောခြင်း
မရှိကုန်ဘဲနေကြကုန်၏၊
ငါတို့နှစ်ယောက်တို့သည်
(လူတို့နှင့်)
ရောယှက်ခြင်း
ကင်း၍
အသံတိတ်ဆိတ်သောမင်းဥယျာဉ်၌
နေကြကုန်၏။
၃၀။
ထိုအခါ
မင်းသည်
ဥယျာဉ်ကြည့်ရှုခြင်းငှါ
ထွက်လတ်သော်
ပုဏ္ဏေးမကို
တွေ့မြင်၏၊ ငါ၏
အထံသို့
ချဉ်းကပ်ပြီးလျှင်
ဤမိန်းမသည်
သင်နှင့်
အသို့တော်စပ်သနည်း၊
အဘယ်သူ၏ ဇနီး
ဖြစ်လေသနည်းဟုငါ့ကို
မေးလေ၏။
၃၁။
ဤသို့
မေးလတ်သော်
ငါသည်
ထိုမင်းအား
ဤမိန်းမသည်
ငါ၏ ဇနီး
မဟုတ်၊
တရားကျင့်ဘက်အပေါင်းအဖော်မျှသာ
ဖြစ်၏၊
ရသေ့သာသနာ၌
သီတင်းသုံးဖော်တည်းဟု
ဤစကားကို
ပြောဆို၏။
၃၂။
(မင်းသည်)
ထိုပုဏ္ဏေးမ၌
တပ်စွန်းမက်မောသည်
ဖြစ်၍
မင်းချင်းယောက်ျားတို့ကို
ဆွဲယူစေပြီးလျှင်
အနိုင်အထက်
နှိပ်စက်လျက်
နန်းတွင်းသို့
သွင်း၏။
၃၃။
ငါ၏ ဩဒပတ္တကီ
ထိမ်းမြားမယားဖြစ်သော
ရသေ့သာသနာ၌
အတူတကွ တရား
ကျင့်ဘက်ဖြစ်သူကို
ဆွဲငင်၍
ဆောင်လတ်သော်
ငါ့အား
အမျက်ထွက်ခြင်းသည်
ဖြစ်ခဲ့၏။
၃၄။
ငါသည်
အမျက်ထွက်သည်နှင့်
တစ်ပြိုင်နက်
သီလအကျင့်ကို
အောက်မေ့၏၊
ထို
အမျက်ထွက်ရာအရပ်၌ပင်လျှင်
အမျက်ထွက်ခြင်းကို
နှိမ်နင်း၏၊
အထက်၌
တိုးပွါးရန်
မပေး ခဲ့ချေ။
၃၅။
အကယ်၍
တစ်စုံတစ်ယောက်သော
သူသည် ဤပုဏ္ဏေးမကို
ထက်သော
လှံဖြင့်
ထိုးငြားအံ့၊
ငါသည်
သမ္မာသမ္ဗောဓိဉာဏ်၏
အကြောင်းကြောင့်သာလျှင်
သီလကို မဖျက်
ဆီးလို။
၃၆။
ငါသည်
ဤပုဏ္ဏေးမကို
မချစ်သည်
မဟုတ်။
ငါ့အား
အင်အားမရှိသည်လည်း
မဟုတ်။
ငါသည်သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏။
ထို့ကြောင့်
သီလကို
စောင့်ရှောက်အံ့။
။
လေးခုမြောက်
စူဠဗောဓိစရိယ
'စူဠဗောဓိပုဏ္ဏားအကျင့်'
ပြီး၏။
------
၅-မဟိံသရာဇစရိယ
(ကျွဲမင်းအကျင့်)
၃၇။
နောက်တစ်မျိုးသော် ကား ငါသည်
တော၌ ကျက်စားသော
ကြီးထွားသော
ကိုယ်ခန္ဓာရှိသောကြီးသော
အားရှိသော
ကြောက်ဖွယ်
အမြင်ရှိသော တောကျွဲ
ဖြစ်၏။
၃၈။
ထိုတောအုပ်ကြီးတွင်
ချိုင့်ဝှမ်းရာ၌လည်းကောင်း၊
တောင်ချောက်ကြား၌လည်းကောင်း၊
သစ်ပင်ရင်း၌လည်းကောင်း၊
ရေကန် (အနီး)
၌လည်းကောင်း
တစ်စုံတစ်ခုသော
အရပ်ဒေသသည်
ကျွဲတို့၏နေရာဌာန
ဖြစ်၏။
ထိုထိုအရပ်၌-
၃၉။
ချမ်းသာစွာ
နေရအံ့သော
အရပ်ကို
စုံစမ်းရန်
လှည့်လည်လတ်သော်
တောအုပ်
ကြီး၌ကောင်းသော
ဌာနကို
တွေ့မြင်ရ၏၊
ငါသည်
ထိုဌာနသို့
ကပ်၍ ရပ်လည်း
ရပ်၏၊
အိပ်လည်း
အိပ်၏။
၄၀။
ထိုသို့
နေလတ်သော်
ဤဌာနသို့
ယုတ်မာသော
ယုတ်ညံ့သော
အကျင့်ရှိသောလျှပ်ပေါ်လော်လည်သော
မျောက်သည်
လာလတ်၍ ငါ၏
ပခုံး, နဖူး,
မျက်ခုံး၌
ကျင်ငယ်ကို
လည်းစွန့်၏၊
ကျင်ကြီးကိုလည်း
စွန့်၏။
၄၁။
ထိုမျောက်သည်
တစ်နေ့တစ်ကြိမ်လည်းကောင်း၊
နှစ်ကြိမ်လည်းကောင်း၊
သုံးကြိမ် လည်းကောင်း၊
လေးကြိမ်လည်းကောင်း၊
အခါခပ်သိမ်းလည်းကောင်း
ငါ့ကို
ဖျက်ဆီးခဲ့၏။
ငါသည် ထိုမျောက်၏နှိပ်စက်ခြင်းကို
ခံနေရသည်
ဖြစ်၏။
၄၂။
သစ်ပင်စောင့်နတ်သည်
နှိပ်စက်ခံနေရသော
ငါ့ကို
မြင်ရသော်
''ဤအလွန်ယုတ်မာ
သော မျောက်ကို
ဦးချိုတို့ဖြင့်လည်းကောင်း၊
ခွါတို့ဖြင့်လည်းကောင်း
ဖျက်ဆီးလော့''ဟု
ငါ့အား
ဤစကားကို
ဆို၏။
၄၃။
ထိုအခါ ဤသို့
သစ်ပင်စောင့်နတ်
ဆိုလတ်သော်
ငါသည်
ထိုသစ်ပင်စောင့်နတ်အား
''သင်သည်အကောင်ပုပ်နှင့်
တူသော
ယုတ်ညံ့သူတို့၏
အကျင့်ဖြစ်သော
မကောင်းမှုဖြင့်
အဘယ့်ကြောင့်
ငါ့ကိုလိမ်းကျံဘိသနည်း''ဟု
ဤစကားကို
ပြောဆို၏။
၄၄။
ငါသည်
ထိုမျောက်အား
အကယ်၍
အမျက်ထွက်ငြားအံ့၊
ထိုမျောက်အောက်
အထူး
ယုတ်ညံ့သူဖြစ်ရာ၏၊
ငါ၏
သီလသည်လည်း
ပျက်စီးရာ၏၊
ပညာရှိတို့သည်လည်း
ငါ့ကို
ကဲ့ရဲ့ကုန်ရာ၏။
၄၅။
ပညာရှိတို့
ကဲ့ရဲ့အပ်သော
အသက်ရှင်ခြင်းထက်လည်း
စင်ကြယ်သော
သီလဖြင့်
သေရခြင်းသည်ငါ့အား
မြတ်၏၊ ငါသည်
အသက်ဟူသော
အကြောင်းကြောင့်လည်း
သူတစ်ပါ အား ညှဉ်းဆဲခြင်းကို
အဘယ့်ကြောင့်
ပြုရမည်နည်း။
၄၆။
ဤမျောက်သည်
ငါကဲ့သို့
မှတ်ထင်၍
အခြားသော
သူတို့ကို
ဤသို့
ပြုမူလတ္တံ့၊
ထိုသူတို့သည်သာလျှင်
ထိုမျောက်အား
သတ်ကုန်လတ္တံ့၊
(သူတစ်ပါးကို)
သတ်ခြင်းမှ
ငါ့အားထိုလွတ်မြောက်ခြင်းသည်
ဖြစ်လတ္တံ့။
၄၇။
ပညာရှိသော
သူသည် အယုတ်,
အလတ်,
အမြတ်ဖြစ်သော
သူတို့ကို
မထီမဲ့မြင်
ပြုခြင်းကို
သည်းခံသည်ရှိသော်
စိတ်ဖြင့်
တောင့်တတိုင်းသော
ဆုကို ဤသို့
တောင့်တ
သည့်အတိုင်း
ရနိုင်၏။
ငါးခုမြောက်
မဟိံသရာဇစရိယ
'ကျွဲမင်းအကျင့်'
ပြီး၏။
------
၆-ရုရုမိဂရာဇစရိယ
(ဆတ်မင်းအကျင့်)
၄၈။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
လှော်ပြီး
ဦးပြီးသော ရွှေအဆင်းနှင့်
တူသောအဆင်းရှိသော
မြတ်သော
သီလကောင်းစွာ
ထားအပ်သော
စိတ်ရှိသော
''ရုရု'' မည်သော
ဆတ်မင်းဖြစ်ခဲ့၏။
၄၉။
ငါသည်
မွေ့လျော်ဖွယ်,
ကြည်နူးဖွယ်
ကောင်းသော
လူသူမရှိ
တိတ်ဆိတ်သော
သာယာသောဂင်္ဂါမြစ်ကမ်းအရပ်၌
နေခြင်းသို့
ကပ်ရောက်ခဲ့၏။
၅၀။
ထိုအခါ
ဂင်္ဂါမြစ်၏
အထက်၌ (နေသော)
ယောက်ျားသည်
ကြွေးမြီရှင်တို့
နှိပ်စက်
အပ်သည်ဖြစ်၍ရှင်လိုလည်း
ရှင်စေ,
သေလိုလည်း
သေစေဟု
ဂင်္ဂါရေအလျဉ်၌
ခုန်ချ၏။
၅၁။
ထိုယောက်ျားသည်
ဂင်္ဂါမြစ်၏
ပြင်းစွာသော
ရေအလျဉ်၌
ညဉ့်နေ့ပတ်လုံး
မျော ကာ
သနားစဖွယ့်အသံကို
မြည်တမ်းလျက်
ဂင်္ဂါမြစ်၏
အလယ်မှ
မျောသွားလေ၏။
၅၂။
ငါသည်
သနားစဖွယ်
ငိုကြွေးသော
ထိုယောက်ျား၏
အသံကို
ကြားရသော်
ဂင်္ဂါမြစ်
ကမ်း၌ရပ်လျက်
''သင်သည်
အဘယ်သူ
ဖြစ်သနည်း'ဟု
မေး၏။
၅၃။
ထိုအခါ ငါ
မေးအပ်သော
ထိုယောက်ျားသည်
''ကြွေးမြီရှင်တို့မှ
ကြောက်ရွံ့
ထိတ်လန့်၍
ငါသည်မြစ်ကြီးသို့
ပြေးဝင်၏'ဟု
မိမိအကြောင်းကို
ဖြေကြားလေ၏။
၅၄။
ငါသည်
ထိုသူအား
သနားခြင်းကြောင့်
ငါ့အသက်ကို
စွန့်၍
ညဉ့်အမိုက်မှောင်၌
မြစ်သို့သက်ဆင်းလျက်
ထိုယောက်ျားကို
ထုတ်ဆောင်၏။
၅၅။
ငါသည်
ထိုယောက်ျား၏
သက်သာရာ ရသော
အခါကို သိ၍
သင့်ကို
ဆုတစ်ခု တောင်းပါ၏၊
ငါ့ကို
(ဤအရပ်၌ ငါ
နေ၏ဟု)
တစ်စုံတစ်ယောက်သော
သူအား
မပြောကြားပါ
လင့်ဟု ဤစကားကို
ဆို၏။
၅၆။
ထိုယောက်ျားသည်
မြို့သို့
ရောက်၍ မင်းက
မေးမြန်းလတ်သော်
ဥစ္စာဟူသော
အကြောင်းကြောင့်ပြောကြား၏၊
ထိုယောက်ျားသည်
မင်းကို
ခေါ်ဆောင်၍
ငါ၏ အထံသို့
လာ၏။
၅၇။
ငါသည်
အကြင်မျှလောက်သော
အကြောင်း
အလုံးစုံကို
မင်းအား လျှောက်ကြား
အပ်၏၊
မင်းသည်
ထိုမျှလောက်သော
စကားအစုံကို
ကြားရသော်
''ဤနေရာ၌ပင်
မိတ်ဆွေကို
ပြစ်မှားသောသူယုတ်မာကို
သတ်အံ့'ဟု ထိုယောက်ျားအား
ပစ်ရန်မြားကို
တင်၏။
၅၈။
ငါသည်
ထိုယောက်ျားကို
စောင့်ရှောက်လို၍
''မင်းကြီး
ဤယောက်ျားသည်
တည် ရှိပါစေ၊
အကျွန်ုပ်သည်
အသင်မင်းကြီး
အလိုရှိတိုင်း
အပြုခံပါအံ့'ဟု
မိမိ၏ ကိုယ်ဖြင့်
ဖလှယ်လေ၏။
၅၉။
ထိုအခါ ငါသည်
ငါ၏ သီလကို
စောင့်ရှောက်ခဲ့၏၊
ငါ၏ အသက်ကို
မစောင့်
ရှောက်ခဲ့ချေ၊
ထိုအခါ ငါသည်
သမ္မာသမ္ဗောဓိဉာဏ်၏
အကြောင်းကြောင့်သာလျှင်
သီလရှိသူ
ဖြစ်ခဲ့၏။ ။
ခြောက်ခုမြောက်
ရုရုမိဂရာဇစရိယ
'ဆတ်မင်းအကျင့်'
ပြီး၏။
------
၇-မာတင်္ဂစရိယ
(မာတင်္ဂရသေ့အကျင့်)
၆၀။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည် ထက်သော
အကျင့်သီလရှိသော
ကောင်းစွာတည်ကြည်သော
အမည်အားဖြင့်
'မာတင်္ဂ'ဟု
ထင်ရှားသော
ရသေ့
ဖြစ်ခဲ့၏။
၆၁။
ထိုအခါ
ငါသည်လည်းကောင်း၊
(ဇာတိမန္တ)
ပုဏ္ဏားတစ်ဦးသည်လည်းကောင်း
ငါတို့
နှစ်ဦးတို့သည်ဂင်္ဂါမြစ်ကမ်း၌
နေကြကုန်၏။
ငါသည်
ဂင်္ဂါမြစ်၏
အထက်၌ နေ၏၊
(ဇာတိမန္တ)
ပုဏ္ဏားသည်
ဂင်္ဂါမြစ်၏အောက်၌
နေ၏။
၆၂။
ဇာတိမန္တပုဏ္ဏားသည်
ကမ်းရိုးတစ်လျှောက်၌
လှည့်လည်သောအခါ
ဂင်္ဂါအထက်၌
ငါ၏သင်္ခမ်းကျောင်းကို
တွေ့မြင်၏၊
ထိုအခါ
ငါ့ကို
ရေရွတ်၍
ဦးထိပ်ကွဲအောင်
ကျိန်ဆဲ၏။
၆၃။
ငါသည်
ထိုပုဏ္ဏားအား
အကယ်၍
အမျက်ထွက်ငြားအံ့၊
သီလကို အကယ်၍
မစောင့်ရှောက်ငြားအံ့၊
ငါသည်
ထိုပုဏ္ဏားအား
ကြည့်ရှုရုံမျှဖြင့်
'ဖွဲပြာကဲ့သို့'
ပြုနိုင်ရာ၏။
၆၄။
ထိုအခါ
ထိုဇာတိမန္တပုဏ္ဏားသည်
အမျက်ထွက်သည်,
စိတ်ဆိုးသည်
ဖြစ်၍ ငါ့ကို
ယင်းသို့ကျိန်ဆဲ၏၊
ထိုကျိန်ဆဲခြင်းသည်
ထိုဇာတိမန္တပုဏ္ဏား၏
ဦးထိပ်၌သာလျှင်
ကျလတ္တံ့၊
ငါသည်ထိုကျရောက်မည့်ဘေးကို
လုံ့လပယောဂဖြင့်
လွတ်စေခဲ့၏။
၆၅။
ထိုအခါ ငါသည်
ငါ၏ သီလကို
စောင့်ရှောက်ခဲ့၏၊
ငါ၏ အသက်ကို
မစောင့်ရှောက်
ခဲ့ချေ၊ ထိုအခါ
ငါသည်
သမ္မာသမ္ဗောဓိဉာဏ်၏
အကြောင်းကြောင့်သာလျှင်
သီလရှိသူ
ဖြစ်ခဲ့၏။ ။
ခုနစ်ခုမြောက်
မာတင်္ဂစရိယ
'မာတင်္ဂရသေ့အကျင့်'
ပြီး၏။
------
၈-ဓမ္မဒေဝပုတ္တစရိယ
(ဓမ္မနတ်သားအကျင့်)
၆၆။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
များစွာသော
အသင်းအပင်းရှိသော
တန်ခိုးကြီးသောအလုံးစုံသော
လောကကို စောင့်ရှောက်တတ်သော
''ဓမ္မ''မည်သော
မြတ်သော နတ်ဖြစ်၏။
၆၇။
ထိုအခါ ငါသည်
များစွာသော
လူအပေါင်းကို
ကုသိုလ်ကမ္မပထတရားဆယ်ပါးတို့ကို
ဆောက်တည်စေလျက်
အဆွေခင်ပွန်းနှင့်တကွ
အခြံအရံပရိသတ်နှင့်တကွ
ရွာနိဂုံးသို့
လှည့် လည်၏။
၆၈။
ထိုအခါ
ယုတ်မာစဉ်းလဲသော
(အဓမ္မ)
နတ်သည် ရှိ၏၊
ထိုနတ်သည်လည်း
ဤ
ဇမ္ဗူဒိပ်ကျွန်းမြေအပြင်၌
အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့ကို
ပြလျက်
အဆွေခင်ပွန်း,
အခြံအရံပရိသတ်နှင့်တကွလှည့်လည်၏။
၆၉။
ဓမ္မဝါဒီနတ်သည်လည်းကောင်း၊
အဓမ္မနတ်သည်လည်းကောင်း
ငါတို့နှစ်ဦးတို့သည်ဆန့်ကျင်ကုန်၏။
ရထားဦးဖြင့်
ရထားဦးကို
ထိခိုက်ကုန်လျက်
ငါတို့နှစ်ဦးတို့သည်
ခရီးရင်
ဆိုင်တွေ့ဆုံမိကုန်၏။
၇၀။
ထိုအခါ
ကောင်းသော
ဓမ္မနတ်နှင့်
ယုတ်မာသော
အဓမ္မနတ်အား
ကြောက်မက်ဖွယ်
ခိုက်ရန်ဖြစ်လေ၏၊
လမ်းခရီးမှ
လွှဲဖယ်ခြင်းအကျိုးငှါ
ကြီးစွာသော
စစ်ထိုးခြင်းသည်
ရှေးရှု
ထင်လေ၏။
၇၁။
ငါသည်
ထိုအဓမ္မနတ်အား
အကယ်၍
အမျက်ထွက်ငြားအံ့၊
ခြိုးခြံသော
အကျင့်ဂုဏ်
ကို
အကယ်၍ဖျက်ဆီးငြားအံ့၊
ငါသည်
ထိုအဓမ္မနတ်အား
အခြံအရံပရိသတ်နှင့်တကွ
မြူမှုန့်
ဖြစ်အောင်
ပြုနိုင်ရာ၏။
၇၂။
သို့သော်
လည်း ငါသည်
သီလစောင့်ရှောက်ခြင်းဖြင့်
စိတ်ကို
ငြိမ်းအေးစေ၍
မိမိ ပရိသတ်နှင့်တကွလမ်းမှ
သက်ဆင်းလွှဲဖယ်လျက်
အဓမ္မနတ်အား
လမ်းခရီးကို
ပေးခဲ့၏။
၇၃။
ငါသည် စိတ်၏
ငြိမ်းအေးခြင်းကို
ပြု၍ လမ်းခရီးမှ
သက်ဆင်းသည်နှင့်
တစ်ပြိုင် နက်
ထိုခဏဝယ်မြေကြီးသည်
အဓမ္မနတ်အား
ဟင်းလင်းပေါက်ကို
ပေးလေ၏။ ။
ရှစ်ခုမြောက်
ဓမ္မဒေဝပုတ္တစရိယ
'ဓမ္မနတ်သားအကျင့်'
ပြီး၏။
------
၉-အလီနသတ္တုစရိယ
(အလီနသတ္တုမင်းသားအကျင့်)
၇၄။
(နောက်တစ်မျိုးသော် ကား)
ပဉ္စာလတိုင်းပြည်မြတ်
ဖြစ်သော
ကပိလမြို့တော်၌
သီလဂုဏ်နှင့်ပြည့်စုံသော
'ဇယဒ္ဒိသ'မည်သော
မင်းသည်
ရှိ၏။
၇၅။
ငါသည်
ထိုမင်း၏
'အလီနသတ္တု'အမည်ရှိသော
သားတော်ဖြစ်၍
အကြားအမြင်
'ဗဟုသုတ'
ရှိ၏၊ ကောင်းသော
သီလရှိ၏၊
ဂုဏ်နှင့်
ပြည့်စုံ၏၊ အခါခပ်သိမ်း
ပရိသတ်ကို
စောင့်ရှောက်တတ်၏။
၇၆။
ငါ၏
ခမည်းတော်
ဇယဒ္ဒိသမင်းသည်
သမင်တောသို့
သွား၍
လူသားစား
စူဠပေါရိ
သာဒထံသို့ ချဉ်းကပ်လေ၏၊
ထိုစူဠပေါရိသာဒသည်
ငါ၏ ခမည်းတော်ကို
''သင်သည် ငါ၏
အစာဖြစ်၏၊
မလှုပ်လေလင့်''ဟု
ဖမ်းယူလေ၏။
၇၇။
ထိုပေါရိသာဒ၏
ထိုစကားကို
ကြား၍ ကြောက်ရွံ့လျက်
ထိတ်လန့်
တုန်လှုပ်သည်
ဖြစ်၍ပေါရိသာဒကို
တွေ့မြင်ခြင်းကြောင့်
ထိုခမည်းတော်အား
ပေါင်နှစ်ဖက်တို့၏
တင်းမာ
ခြင်းသည်
ဖြစ်လေ၏။
၇၈။
သမင်သားကို
ယူ၍ ငါ့ကို
လွှတ်ပါလော့၊
တစ်ဖန်
ပြန်လာအံ့ဟု
(ပေါရိသာဒကို)
ဝန်ခံချက်ပြုကာ
(နန်းတော်၌
တရားဟောသော
နန္ဒမည်သော ) ပုဏ္ဏားအား
ဥစ္စာကို
ပေးပြီး သော်
ခမည်းတော်သည်ငါ့ကို
ခေါ်၍
မိန့်ဆို၏ -
၇၉။
ချစ်သား
သင်သည်
မင်းအဖြစ်ကို
ပြုကျင့်လော့၊
ဤပြည်သူအပေါင်းကို
မမေ့
လျော့လင့်၊
ငါသည်ပေါရိသာဒနှင့်
ငါ၏ တစ်ဖန်
ပြန်လာခြင်းကို
(ဝန်ခံချက်)
ပြုခဲ့၏ဟု
မိန့်ကြားလေ၏။
၈၀။
ထိုအခါ ငါသည်
မယ်တော်ခမည်းတော်တို့ကို
ရှိခိုး၍
မိမိကိုယ်ကို
(ကိုယ်စား)
ဖလှယ်ပြီးလျှင်
(ပေါရိသာဒထံသို့
လာပြီးသော်)
လေး, သန်လျက်တို့ကို
ချထားလျက်
ပေါရိသာဒထံသို့
ချဉ်းကပ်၏။
၈၁။
ထိုပေါရိသာဒသည်
လက်၌
လက်နက်နှင့်
တကွ ချဉ်းကပ်သော
ငါ့ကို
မြင်ရသော်
အနည်းငယ်ထိတ်လန့်လတ္တံ့၊
ငါသည်
သူတစ်ပါးတို့အား
ထိတ်လန့်စေခြင်းကို
ပြုခဲ့သော်
ထိုပြုခြင်းကြောင့်သီလသည်
ပျက်စီးလတ္တံ့။
၈၂။
ငါ၏
သီလကျိုးပျက်ခြင်းမှ
ကြောက်ခြင်းကြောင့်
ထိုပေါရိသာဒအား
မချစ်မနှစ်သက်
သောစကားကို
မပြောဆိုခဲ့၊
မေတ္တာစိတ်ရှိသည်ဖြစ်၍
အစီးအပွါးကို
ဆိုလေ့ရှိသော
ငါသည်
ဤစကားကိုပြောဆိုခဲ့၏။
၈၃။
ဘကြီးတော်
ကြီးစွာသော
မီးကို
တောက်လောင်စေလော့၊
(အကျွန်ုပ်သည်)
သစ်ပင်မှ
ခုန်ချပါအံ့၊
ဘကြီးတော်
ကောင်းစွာ
ကျက်သော
အခါကို သိ၍
အကျွန်ုပ်ကို
စားပါ လော့။
၈၄။
ဤသို့
သီလအကျင့်ဟူသော
အကြောင်းကြောင့်
ငါ၏ အသက်ကို
မစောင့်ရှောက်ခဲ့၊
ငါသည်ထိုပေါရိသာဒအား
အခါခပ်သိမ်း
ပါဏာတိပါတကံကို
စွန့်စေလျက်
ရဟန်းပြုစေခဲ့၏။
။
ကိုးခုမြောက်
အလီနသတ္တုစရိယ
'အလီနသတ္တုမင်းသားအကျင့်'
ပြီး၏။
------
၁၀-သင်္ခပါလစရိယ
(သင်္ခပါလနဂါးမင်းအကျင့်)
၈၅။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
အစွယ်ဟူသော
လက်နက်ရှိသော
ပြင်းထန်သောအဆိပ်ရှိသော
လျှာနှစ်ခုရှိသော
နတ်နဂါးတို့ကို
အစိုးရသော
တန်ခိုးကြီးသော
သင်္ခပါလနဂါးမင်း
ဖြစ်၏။
၈၆။
ထိုအခါ ငါသည်
အမျိုးမျိုးသော
လူတို့ဖြင့်
ပြွမ်းသော
လမ်းလေးခွဆုံ
လမ်းမကြီး ၌အင်္ဂါလေးပါးတို့ကို
အဓိဋ္ဌာန်လျက်
ဥပုသ်သုံး၍
နေခြင်းကို
ပြု၏။
၈၇။
အကြင်သူသည်
အရေပါး,
အရေထူဖြင့်လည်းကောင်း၊
အသားဖြင့်လည်းကောင်း၊
အကြောဖြင့်လည်းကောင်း၊
အရိုးတို့ဖြင့်လည်းကောင်း
ဤအင်္ဂါတို့ဖြင့်
ပြုဖွယ်ကိစ္စ
ရှိ၏။
ထိုသူသည်ယူဆောင်ပါစေ၊
ပေးလှူသည်သာတည်း
(ဟု ဆောက်တည်၍
နေခြင်းကို
ပြု၏)။
၈၈။
ထိုအခါ
ကြမ်းတမ်းသော
ကိုယ်နှုတ်ရှိကုန်သော
ကြမ်းတမ်းသော
စိတ်ရှိကုန်သော
သနားခြင်း'ကရုဏာ'ကင်းမဲ့ကုန်သော
(တစ်ကျိပ်ခြောက်ယောက်သော)
မုဆိုးသားတို့သည်
ငါ့ကို
တွေ့မြင်ကုန်၏၊
ထိုတွေ့မြင်ရာ
အရပ်၌ တုတ်,
လှံတံ,
ဆောက်ပုတ်
လက်စွဲကုန်လျက်
ငါ့ထံသို့
ချဉ်းကပ်လာကုန်၏။
၈၉။
မုဆိုးသားတို့သည်
ငါ၏
နှာခေါင်း,
အမြီး,
ကျောဆစ်ရိုး၌
ထိုးဖောက်၍
ဆိုင်းထမ်းပိုး၌
လျှိုပြီးလျှင်
ငါ့ကို
ဆောင်ကြလေကုန်၏။
၉၀။
ထိုစဉ်အခါ၌
ငါသည်
အလိုရှိခဲ့သော်
သမုဒ္ဒရာအဆုံးနှင့်တကွ
တောနှင့်တကွ
တောင် နှင့်တကွသော
မြေကြီးကို
နှာခေါင်းလေဖြင့်
လောင်ကျွမ်းစေနိုင်၏။
၉၁။
သို့သော်လည်း
ငါသည်
တံကျင်တို့ဖြင့်
ထိုးဖောက်ကုန်သော
လှံတို့ဖြင့်လည်း
ထိုးဆွကုန်သော
မုဆိုးသားတို့ကို
အမျက်မထွက်၊
ဤသို့
အမျက်မထွက်ခြင်းသည်
ငါ၏ သီလပရမတ္ထပါရမီတည်း။
။
ဆယ်ခုမြောက်
သင်္ခပါလစရိယ
'သင်္ခပါလနဂါးမင်းအကျင့်'
ပြီး၏။
နှစ်ခုမြောက်
ဟတ္ထိနာဂဝဂ်
ပြီး၏။
သီလပါရမီ
အကျယ်ညွှန်ပြခြင်း
ပြီး၏။
------
၃-ယုဓဉ္ဇယဝဂ်
၁-ယုဓဉ္ဇယစရိယ (ယုဓဉ္ဇယမင်းသားအကျင့်)
၁။
အကြင်အခါ
ငါသည် မနှိုင်းယှဉ်နိုင်သော
အခြံအရံ
အကျော်အစောရှိသော
ယုဓဉ္ဇယ
မင်းသားဖြစ်၏၊
ထိုအခါ နေပူရှိန်ကြောင့်
ပျက်ကျသော
ဆီးနှင်းပေါက်ကို
မြင်၍
ထိတ်လန့်
'သံဝေဂ'
ရခဲ့၏။
၂။
ငါသည်
ထိုဆီးနှင်းပေါက်
ပျက်ခြင်းကိုပင်လျှင်
အဓိပတိပစ္စည်း
တပ်၍
ထိတ်လန့် ခြင်းသံဝေဂကိုအကြိမ်ကြိမ်
ပွါးများခဲ့၏၊
မယ်တော်
ခမည်းတော်တို့ကို
ရှိခိုး၍လည်း
ရဟန်း
အဖြစ်ကို
တောင်းပန်ခဲ့၏။
၃။
ထိုအခါ
နိဂုံးသူနှင့်
တကွ
နိုင်ငံသူနှင့်
တကွသော
လူတို့သည်
လက်အုပ်ချီကုန်လျက်
ငါ့ကိုတောင်းပန်ကြကုန်၏၊
ခမည်းတော်သည်လည်း
''ချစ်သား
ယနေ့ပင်
ကြွယ်ဝစည်ကား
သော မြေအပြင်၌မင်းအဖြစ်ကို
ပြုကျင့်လော့'ဟု
တောင်းပန်၏။
၄။
ငါသည်
မင်းနှင့်တကွ
မိဖုရားမောင်းမနှင့်တကွ
နိဂုံးသူနှင့်တကွ
နိုင်ငံသူနှင့်တကွသောလူများအပေါင်းသည်
သနားဖွယ်
ငိုကြွေးကုန်စဉ်
ငဲ့ကွက်ခြင်း
မရှိဘဲသာလျှင်
စွန့်လွှတ်ခဲ့၏။
၅။
ငါသည်
အလုံးစုံသော
မြေအပြင်ကိုလည်းကောင်း၊
မင်းအဖြစ်ကိုလည်းကောင်း၊
ဆွေမျိုး,
အလုပ်အကျွေး,
အခြံအရံကိုလည်းကောင်း
စွန့်သည်ရှိသော်
သမ္မာသမ္ဗောဓိဉာဏ်၏အကြောင်းကြောင့်သာလျှင်
တစ်စုံတစ်ခုကိုမျှ
မကြံစည်
မစိုးရိမ်ခဲ့ပေ။
၆။
ငါသည်
မယ်တော်
ခမည်းတော်တို့ကို
မချစ်မနှစ်သက်သည်
မဟုတ်၊
များစွာသော
အခြံအရံကိုလည်းမချစ်မနှစ်သက်သည်
မဟုတ်၊ ငါသည်
သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
မင်းအဖြစ်ကိုစွန့်လွှတ်ခဲ့၏။
။
ရှေးဦးစွာသော
ယုဓဉ္ဇယစရိယ
'ယုဓဉ္ဇယမင်းသားအကျင့်'
ပြီး၏။
------
၂-သောမနဿစရိယ
(သောမနဿမင်းသားအကျင့်)
၇။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
ဣန္ဒပတ္ထမြို့တော်၌
မြတ်နိုးအပ်
ကြင်နာအပ်သော'သောမနဿ'ဟု
ကျော်စောထင်ရှားသော
မင်းသား ဖြစ်၏။
၈။
သီလရှိ၏၊
ဂုဏ်နှင့်
ပြည့်စုံ၏၊
ကောင်းသော
ပဋိဘာန်ဉာဏ်ရှိ၏၊
ကြီးသော
သူတို့ အားရိုသေလေးမြတ်လေ့ရှိ၏၊
အရှက် 'ဟိရီ'
ရှိ၏၊ သင်္ဂဟတရားတို့၌
လည်း
လိမ္မာ၏။
၉။
ထိုမင်းအား
အကျွမ်းဝင်သော
ပလွှားဝါကြွားတတ်သော
ရသေ့တုသည်
ရှိလေ၏၊ ထို
ရသေ့သည်ပန်းသစ်သီးအရံကိုလည်းကောင်း၊
ပန်းပင်ငယ်ကိုလည်းကောင်း
စိုက်ပျိုး၍ အသက်မွေး၏။
၁၀။
ငါသည်
ဆန်မရှိသော
ဖွဲအစုနှင့်သာ
တူသော
အတွင်း၌
အခေါင်းရှိသည့်
သစ်ပင်နှင့်
တူသောအနှစ်မရှိသော
ငှက်ပျောပင်နှင့်
တူသော
ထိုပလွှားဝါကြွားတတ်သော
ရသေ့ကို
တွေ့မြင်ရသော်
-
၁၁။
ဤရသေ့အား
သူတော်ကောင်းတရားသည်
မရှိ၊ ဤရသေ့သည်
ရဟန်းဂုဏ်မှ
ကင်း၏၊
အသက်မွေးမှုဟူသော
အကြောင်းကြောင့်
အရှက်တည်းဟူသော
ဖြူစင်သော
တရား ကို
စွန့်ပစ်၏ဟုကြံစည်၏။
၁၂။
ထိုအခါ
တောအုပ်၌
ခိုးသူ,
တိုင်းကြပ်သား,
နယ်ခြားစောင့်တို့သည်
ပြည်စွန်ရွာနား
ကိုလုယူဖျက်ဆီးလေ၏၊
ခမည်းတော်သည်
ထိုအရေးကို
တားမြစ်ရန်
သွားသည်ရှိသော်
ငါ့ကိုသွန်သင်မှာထားခဲ့၏။
၁၃။
ချစ်သား
သင်သည်
ထက်မြက်သော
အကျင့်ရှိသော
ရသေ့ကို
မမေ့မလျော့လင့်၊
အလိုရှိရာကိုဖြစ်စေလော့၊
ထိုရသေ့သည်
အလုံးစုံသော
အလိုကို
ပေးတတ်၏ဟု
(သွန်သင်
မှာထားခဲ့၏)။
၁၄။
ငါသည်
ထိုရသေ့ထံသို့
ခစားခြင်းငှါ
သွား၍
သူကြွယ်
အသို့နည်း၊
သင့်အား
အနာမရှိသည်ဖြစ်ပါ၏လော၊
သင့်အား
အဘယ်ဝတ္ထုကို
ဆောင်စေလိုသနည်းဟု
ဤစကားကို
ဆို၏။
၁၅။
မာနကို
မှီသော
ပလွှားတတ်သော
ထိုရသေ့သည်
ထိုအကြောင်းကြောင့်
ငါ့အားအမျက်ထွက်လေ၏၊
အမျက်ထွက်၍
ယနေ့ သင့်ကို
သတ်စေအံ့၊ သို့မဟုတ်
နိုင်ငံမှမူလည်းနှင်ထုတ်စေအံ့ဟု
ပြောဆိုလေ၏။
၁၆။
ခမည်းတော်မင်းကြီးသည်
တိုင်းစွန်ပြည်နားကို
တားမြစ်အောင်မြင်ပြီးသော်
ပလွှားဝါကြွားတတ်သော
ရသေ့ကို
အရှင်
အသို့ပါနည်း၊
အရှင့်အား
ခံ့ကျန်းပါ၏လော၊
အရှင့်အားမြတ်နိုးခြင်းကို
ဖြစ်စေပါသလောဟု
ဆို၏။
၁၇။
ယုတ်မာသော
ရသေ့သည်
မင်းသားကို
သတ်စေနိုင်လောက်သည့်
စကားတို့ဖြင့်
ထိုမင်းကြီးအားပြောကြားလေ၏၊
ထိုရသေ့၏
ထိုစကားကို
ကြား၍ မြေအပြင်ကို
အစိုးရ သော
မင်းကြီးသည်
စေခိုင်း၏။
၁၈။
ထိုနေရာ၌ပင်လျှင်
ထိုမင်းသား၏
ဦးခေါင်းကို
ဖြတ်၍
ကိုယ်ကို
လေးပိုင်းပြုလျက်
လမ်းခရီးတစ်ခုမှလမ်းခရီးတစ်ခုသို့
ဆောင်ယူပြကြကုန်၊
ထိုသို့
ဖြစ်ခြင်းသည်
ရသေ့ကို
ရှုတ်ချခြင်းကြောင့်တည်း
(ဟုစေခိုင်းလေ၏)။
၁၉။
ထိုအခါ
သနားခြင်း'ကရုဏာ'ကင်းမဲ့ကုန်သော၊
ကြမ်းတမ်းခက်ထန်ကုန်သော
သူသတ်သမားတို့သည်လာကြကုန်၍
ငါသည်
အမိရင်ခွင်၌
ထိုင်နေစဉ်
ငါ့ကို
ဆွဲငင်၍
ဆောင်
ကြကုန်၏။
၂၀။
ငါသည်
မြဲမြံစွာ
နှောင်ကြိုးဖွဲ့ချည်အပ်ကုန်သော
ထိုသူသတ်သမားတို့အား
ငါ့ကို လျင်မြန်စွာမင်းအား
ပြကြကုန်ဦးလော့၊
ငါ့အား
မင်းမှုကိစ္စတို့သည်
ရှိကုန်၏ဟု
ဤသို့ ပြောဆို၏။
၂၁။
ထိုသူသတ်သမားတို့သည်
ယုတ်မာသော
ရသေ့ကို
မှီဝဲသော
ယုတ်မာသော
မင်းအား
ပြကြကုန်၏၊
ငါသည်
ထိုမင်းကို
မြင်သော်
အကြောင်းစုံကို
သိစေ၏၊ ငါ၏
အလို သို့
လိုက်စေရန်လည်းဆောင်နိုင်ခဲ့၏။
၂၂။
ထိုအခါ
ထိုမင်းသည်
ငါ့ကို
သည်းခံစေ၏၊ ငါ့အား
မြတ်သော
မင်းအဖြစ်ကို
ပေး၏၊ ထိုငါသည်မောဟအမိုက်တိုက်ကို
ဖျက်ဆီး၍
ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့၏။
၂၃။
ငါသည်
မြတ်သော
မင်းအဖြစ်ကို
မနှစ်သက်သည်
မဟုတ်၊
ကာမစည်းစိမ်ကို
မနှစ်သက်သည်မဟုတ်၊
ငါသည်
သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
မင်းအဖြစ်ကို
စွန့်လွှတ်ခဲ့၏။
။
နှစ်ခုမြောက်
သောမနဿစရိယ
'သောမနဿမင်းသားအကျင့်'
ပြီး၏။
------
၃-အယောဃရစရိယ
(အယောဃရမင်းသားအကျင့်)
၂၄။
နောက်တစ်မျိုးသော် ကား ငါသည်
ကာသိမင်း၏
သားဖြစ်၍
သံအိမ်၌ ကြီးပွါး
သောကြောင့်အမည်အားဖြင့်
''အယောဃရ''အမည်ရှိ၏။
၂၅။
ငါသည်
ဆင်းရဲသဖြင့်
အသက်ရှင်ခြင်းကို
ရအပ်၏၊
သံအိမ်ကျဉ်း၌
မွေးမြူရ၏၊
(တစ်ဆယ့်ခြောက်နှစ်မြောက်သော
အခါ) ချစ်သား
ယနေ့ပင်လျှင်
တိုင်းနိုင်ငံ,
နိဂုံးနှင့်တကွ
လူနှင့်တကွအလုံးစုံသော
ဤမြေပြင်ကို
မင်းပြု၍
ကျင့်လေလော့။
၂၆-၂၇။
ထိုသို့
ဆိုသောအခါ
ငါသည်
မင်းကို
ရှိခိုး၍ လက်အုပ်ချီပြီးလျှင်
မြေအပြင်၌
အယုတ်, အမြတ်,
အလတ်ဖြစ်ကုန်သော
သတ္တဝါအားလုံးတို့သည်
အစောင့်အရှောက်
မရှိ ကုန်ဘဲ
မိမိတို့အိမ်၌ဆွေမျိုးတို့နှင့်တကွ
ကြီးပွါးကြကုန်၏။
၂၈။
အကျွန်ုပ်သည်
လနေအလင်းရောင်
မရှိသော သံအိမ်၌
ကြီးပွါးရ၏၊
သံအိမ်ကျဉ်း၌
အကျွန်ုပ်အားဤသို့
မွေးမြူရခြင်းသည်
လောက၌
တစ်ဦးတစ်ယောက်နှင့်မျှ
မတူချေ။
၂၉။
အကျွန်ုပ်သည်
အကောင်ပုပ်တို့ဖြင့်
ပြည့်သော
မယ်တော်ဝမ်းမှ
လွတ်သော်
ထို့ ထက်အလွန်ပြင်းထန်သော
ဆင်းရဲလှသော
သံအိမ်၌ တစ်ဖန်
အထည့်ခံရ၏။
၃၀။
အကျွန်ုပ်သည်
ထိုသို့သဘောရှိသော
အလွန်ကြမ်းတမ်းသော
ဆင်းရဲခြင်းသို့
ရောက်ပြီးလျက်မင်းအဖြစ်တို့၌
အကယ်၍
မွေ့လျော်ငြားအံ့၊
ယုတ်မာသူတို့ထက်
အလွန်
ယုတ်မာသူ ဖြစ်ရာ၏။
၃၁။
အကျွန်ုပ်သည်
ကိုယ်၌
ငြီးငွေ့သူ
ဖြစ်၏၊
မင်းအဖြစ်ဖြင့်လည်း
အလိုမရှိသူ
ဖြစ်၏၊
အကြင်နိဗ္ဗာန်အရပ်၌
သေမင်းသည်
အကျွန်ုပ်ကို
မနှိပ်စက်နိုင်ရာ၊
အကျွန်ုပ်သည်
ထိုနိဗ္ဗာန်ကိုရှာဖွေပါအံ့ဟု
ဤစကားကို
လျှောက်ဆို၏။
၃၂။
ငါသည် ဤသို့
ကြံစည်ပြီးသော်
လူအပေါင်းတို့
ငိုကြွေးမြည်တမ်းစဉ်
'ဆင်ပြောင် ကြီးကဲ့သို့'အနှောင်အဖွဲ့ကို
ဖြတ်၍ တောအုပ်သို့
ဝင်ခဲ့၏။
၃၃။
ငါသည်
မယ်တော်
ခမည်းတော်တို့ကို
မချစ်သည်
မဟုတ်၊ ငါသည် များစွာသော
အခြံအရံကိုလည်းမချစ်သည်မဟုတ်၊
ငါသည်
သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
မင်းအဖြစ်ကို
စွန့်လွှတ်ခဲ့၏။
။
သုံးခုမြောက်
အယောဃရစရိယ
'အယောဃရမင်းသားအကျင့်'
ပြီး၏။
------
၄-ဘိသစရိယ
(မဟာကဉ္စနသတို့သားအကျင့်)
၃၄။
နောက်တစ်မျိုးသော် ကား ငါသည်
ကာသိတိုင်း
ဗာရာဏသီမြို့တော်၌
ဖြစ်၏၊
ထိုအခါ နှမ
(တစ်ယောက်)
သည်လည်းကောင်း၊
ညီနောင်ခုနစ်ယောက်တို့သည်လည်းကောင်း
ပုဏ္ဏားမျိုး၌ဖြစ်ကုန်၏။
၃၅။
ဤညီအစ်ကိုမောင်နှမတို့တွင်
ငါသည် အစ်ကိုကြီး
ဖြစ်၏၊
ဖြူစင်သော
အရှက်
တရားနှင့်ပြည့်စုံ၏၊
ငါသည် ဘဝကို
ကြောက်မက်ဖွယ်ဘေးအားဖြင့်
ရှုမြင်၍
(ဘဝမှ)
ထွက်မြောက်ရာ၌အလွန်မွေ့လျော်၏။
၃၆။
အမိအဖတို့သည်
စေခိုင်းအပ်ကုန်သော
စိတ်သဘော
တူမျှကုန်သော
မိတ်ဆွေတို့
သည်အမျိုးဆက်ကို
ဆောင်ပါလော့ဟု
ငါ့ကို
ကာမတို့ဖြင့်
ဖိတ်ကုန်၏။
၃၇။
ထိုမိတ်ဆွေတို့သည်
လူ့အဖြစ်၌
ချမ်းသာကို
ရွက်ဆောင်တတ်သော
အကြင်စကား
ကို ဆို၏၊
ထိုစကားသည်
ငါ့အား
'ရဲရဲပူလောင်သော
သံထယ်သွားကဲ့သို့'
ကြမ်းတမ်းသော
စကား
ဖြစ်ခဲ့၏။
၃၈။
ထိုအခါ
ထိုသူတို့သည်
ပစ်ပယ်သော
ငါ့ကို အဆွေ
အကယ်၍
ကာမတို့ကို
မသုံး
ဆောင်အံ့၊ အဘယ်အရာကို
အဆွေသည်
တောင့်တပါသနည်းဟု
မေးကုန်၏။
၃၉။
အကျိုးကို
အလိုရှိသော
ငါသည်
အစီးအပွါးကို
ရှာဖွေကုန်သော
ထိုမိတ်ဆွေတို့အား
ငါသည်လူအဖြစ်ကို
မတောင့်တ၊
ငါသည်
ထွက်မြောက်ရာ၌
အလွန်ပျော်မွေ့၏ဟု
ဤသို့ ဆို၏။
၄၀။
ထိုသူတို့သည်
ငါ့စကားကို
ကြား၍ အမိအဖတို့အား
ပြောကြားကုန်၏၊
ထိုအခါ
အမိအဖတို့သည်အချင်းတို့
ငါတို့အားလုံးလည်း
ရဟန်းပြုကုန်အံ့ဟု
ဤသို့
ဆိုကုန်၏။
၄၁။
ငါ၏
အမိအဖနှစ်ဦးလုံးတို့သည်လည်းကောင်း၊
နှမတော်သည်လည်းကောင်း၊
ညီနောင်ခုနစ်ယောက်တို့သည်လည်းကောင်း
မရေတွက်နိုင်သော
ဥစ္စာကို
စွန့်ကုန်၍
တောအုပ်
ကြီးသို့ဝင်ကုန်၏။
လေးခုမြောက်
ဘိသစရိယ
'မဟာကဉ္စနသတို့သားအကျင့်'
ပြီး၏။
------
၅-သောဏပဏ္ဍိတစရိယ
(သောဏပညာရှိအကျင့်)
၄၂။
နောက်တစ်မျိုးသော် ကား ငါသည်
အကြင်အခါ၌
ဗြဟ္မဝဎ္ဍနမြို့၌
ဖြစ်၏၊
ထိုမြို့ဝယ်
ငါသည်
(မဟာသာလ) များသော
ဥစ္စာနှစ်ရှိသော
မြတ်သော
သူဌေးမျိုး၌
ဖြစ်ခဲ့၏။
၄၃။
ထိုအခါ၌လည်း
ငါသည်
အမိုက်မှောင်ဖြင့်
လွှမ်းမိုးသော
အမိုက်တိုက်လောကကို
ရှုမြင်ရသော်
ငါ၏စိတ်သည်
'သံအသွားတပ်
လှံတံဖြင့်
နှိပ်စက်သကဲ့သို့'
ဘဝမှ တွန့်
ဆုတ်၏။
၄၄။
ထိုအခါ ငါသည်
(အိမ်၌
နေသူတို့၏) အမျိုးမျိုးသော
ယုတ်မာမှုကို
မြင်ရသော် ဘယ်အခါ
ငါသည်အိမ်မှ
ထွက်၍
တောသို့
ဝင်ရအံ့နည်းဟု
ဤသို့
ကြံစည်ခဲ့၏။
၄၅။
ထိုအခါ ၌လည်း
ဆွေမျိုးတို့သည်
ငါ့ကို ကာမစည်းစိမ်တို့ဖြင့်
ဖိတ်ကုန်၏၊
ထိုဆွေမျိုးတို့အားလည်း
''ငါ့ကို
ထိုကာမစည်းစိမ်တို့ဖြင့်
မဖိတ်ကုန်လင့်'ဟု
ငါ၏ ဆန္ဒကို
ပြော ကြားခဲ့၏။
၄၆။
ငါ၏
နန္ဒမည်သော
အကြင်ညီငယ်သည်
ပညာရှိသည်
ဖြစ်၏၊
ထိုညီငယ်သည်လည်း
ငါ့ကိုအတုလိုက်ကာ
ကျင့်သည်ဖြစ်၍
ရဟန်းအဖြစ်ကို
နှစ်သက်ခဲ့၏။
၄၇။
ထိုအခါ ၌လည်း
သောဏမည်သော
ငါသည်လည်းကောင်း၊
နန္ဒမည်သော
ညီသည်
လည်းကောင်း၊
ငါ၏
အမိအဖနှစ်ဦးလုံးတို့သည်လည်းကောင်း
စည်းစိမ်တို့ကို
စွန့်၍ တော
အုပ်ကြီးသို့
ဝင်ခဲ့ကုန်၏။
။
ငါးခုမြောက်
သောဏပဏ္ဍိတစရိယ
'သောဏပညာရှိအကျင့်'
ပြီး၏။
------
၆-တေမိယစရိယ
(တေမိမင်းသားအကျင့်)
၄၈။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည် ကာသိမင်း၏
သားဖြစ်၏၊
အမည်
အားဖြင့်
ငါ့ကို'မူဂပက္ခ'ဟူ၍လည်းကောင်း၊
'တေမိယ'ဟူ၍လည်းကောင်း
ခေါ်ဆိုကြကုန်၏။
၄၉။
ထိုအခါ
ကာသိမင်း၏
တစ်သောင်းခြောက်ထောင်သော
မောင်းမမိဿံတို့အား
သားယောက်ျားသည်
မရှိ၊
နေ့ညဉ့်တို့
ကုန်လွန်သော
အခါ၌ ငါတစ်ယောက်တည်းသာ
ဖြစ်ပေါ်
လာ၏။
၅၀။
ခမည်းတော်သည်
ငြိုငြင်စွာ
ရအပ်သော
မြတ်သော
ဇာတ်ရှိသော အရောင်အဆင်း
ကိုဆောင်သော
သားချစ်ဖြစ်သော
ငါ့ကို
မြတ်သော
အိပ်ရာ၌
ထီးဖြူကို
ဆောင်းမိုး၍
မွေး မြူလေ၏။
၅၁။
ထိုအခါ
မြတ်သော
အိပ်ရာ၌
အိပ်သော
ငါသည် (အိပ်ရာမှ)
နိုးသည်ရှိသော်
ထီးဖြူကို
မြင်၏၊
ယင်းထီးဖြူကို
ဆောင်းရခြင်းတည်းဟူသော
အကြောင်းကြောင့်
ငါသည် ငရဲ
သို့
လားခဲ့ရဖူး၏။
၅၂။
ငါသည်
ထီးဖြူကို
မြင်သည်နှင့်
တစ်ပြိုင်နက်
ထိတ်လန့်ခြင်း,
ကြောက်ရွံ့ခြင်းသည်
ဖြစ်လေ၏။
ငါသည်
အဘယ်သို့လျှင်
ဤမင်းအိမ်မှ
လွတ်မြောက်ရပါအံ့နည်းဟု
စူးစမ်းဆင်
ခြင်ခြင်းသို့
ရောက်၏။
၅၃။
ငါ၏
အကျိုးကို
အလိုရှိသော
ရှေးဘဝက
အမိတော်ဖူးသော
နတ်သမီးသည်
ဆင်းရဲသို့ရောက်နေသော
ငါ့ကို
မြင်ရသော်
(အသူ, ဆွံ့သူ, နားပင်းသူဟု
ဆိုအပ်သော)
သုံးဌာနတို့၌
တိုက်တွန်းလေ၏။
၅၄။
သင်သည်
လူအားလုံးတို့အား
ပညာရှိသည်၏အဖြစ်ကို
ထင်ရှားမပြပါလင့်၊
သူမိုက်ဟုသိစေပါလော့၊
အလုံးစုံသော
လူအပေါင်းက
သင့်ကို
မထီမဲ့မြင်
အောက်မေ့စေလော့၊
ဤသို့ပြုသော်
သင့်အား
အကျိုးဖြစ်လတ္တံ့။
၅၅။
ဤသို့ဆိုသော်
ငါသည်
ထိုနတ်သမီးအား
ဤသို့
ပြောဆိုလေ၏၊
မိခင်နတ်သမီး
သင်ဆိုသောစကားအတိုင်း
ငါသည်
လိုက်နာပြုကျင့်ပေအံ့၊
မိခင်နတ်သမီး
သင်သည် ငါ၏
အကျိုးကို
အလိုရှိသူဖြစ်ပါပေ၏၊
မိခင်နတ်သမီး
အသင်သည် အစီးအပွါးကို
အလိုရှိသူ
ဖြစ်၏။
၅၆။
ငါသည်
ထိုနတ်သမီး၏
စကားကို
ကြားရသော် 'သမုဒ္ဒရာ၌
ကြည်းကုန်းကို
ရသကဲ့သို့'တက်ကြွရွှင်လန်းသော
စိတ်ရှိသည်
ဖြစ်၍ အင်္ဂါသုံးပါးတို့ကို
ဆောက်တည်ခဲ့၏။
၅၇။
ငါသည် အသူ,
နားပင်းသူ,
သွားလာခြင်းမှ
ကင်းသည့်
ဆွံ့သူ
(မသွားနိုင်သူ)
ဖြစ်ခဲ့၏၊ ဤအင်္ဂါတို့ကို
ဆောက်တည်၍
တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး
နေခဲ့၏။
၅၈။
ထိုအခါ ငါ၏
လက်ခြေတို့ကိုလည်းကောင်း၊
လျှာကိုလည်းကောင်း၊
နားကိုလည်းကောင်း
ဆုပ်နယ်ကုန်လျက်
ငါ၏
အင်္ဂါမချို့တဲ့သည်၏
အဖြစ်ကို
မြင်ကြရသော်
လူယုတ်ဟု
ကဲ့ရဲ့ကြကုန်၏။
၅၉။
ထိုအခါ
အလုံးစုံကုန်သော
တိုင်းသားပြည်သူ
အားလုံးတို့သည်လည်းကောင်း၊
စစ်သူကြီး,
ပုရောဟိတ်တို့သည်လည်းကောင်း
အားလုံးတစ်စိတ်တစ်ဝမ်းတည်း
ဖြစ်ကုန်လျက်
(ငါ့ကို)
စွန့်ပစ်ရန်သဘောတူကြကုန်၏။
၆၀။
ငါသည်
ထိုသူတို့၏
အလိုကို
ကြားရသော် အကြင်အကျိုးငှါ
ငါသည်
အကျင့်ကို
ကျင့်ခဲ့၏၊
ငါ့အားထိုအကျိုးသည်
ပြည့်စုံလေပြီဟု
တက်ကြွရွှင်လန်းသော
စိတ် ဖြစ်၏။
၆၁။
ထိုအခါ
ငါ့ကို
ရေချိုးစေ၍
နံ့သာပျောင်း
လိမ်းကျံပြီးလျှင်
မကိုဋ်ကို
ဆောင်းစေ
လျက်
ထီးဖြူဖြင့်ဘိသိက်သွန်းပြီးသော်
မြို့ကို
လက်ယာရစ်
လှည့်သည်ကို
ပြုစေကြကုန်၏။
၆၂။
ခုနစ်ရက်ပတ်လုံး
ထီးဖြူဆောင်း၍
နေဝန်း
တက်လတ်သော်
ရထားထိန်းသည်
ငါ့ကို
ရထားဖြင့်ထုတ်ဆောင်လျက်
တောသို့
ချဉ်းကပ်လေ၏။
၆၃။
ရထားထိန်းသည်
ကြိုးလှံတံတို့ဖြင့်
ဆင်ယင်အပ်သော
သိန္ဓောမြင်း
ကသော ရထားကို
လက်မှလွှတ်လျက်
တစ်နေရာ၌
ထားပြီးလျှင်
(ငါ့ကို) မြေ၌
မြှုပ်ရန်
တွင်းကို
တူးလေ၏။
၆၄။
အဓိဋ္ဌာန်ဆောက်တည်ထားသော
ငါ့ကို ညှဉ်းပန်းမှု
အမျိုးမျိုးတို့ဖြင့်
ခြိမ်းခြောက်
သော် လည်းငါသည်
သဗ္ဗညုတဉာဏ်တည်းဟူသော
အကြောင်းကြောင့်သာလျှင်
ထိုအဓိဋ္ဌာန်ကို
မဖျက်ခဲ့ပေ။
၆၅။
ငါသည်
အမိအဖတို့ကို
မချစ်သည်
မဟုတ်၊ ငါ၏
ကိုယ်ကိုလည်း
မချစ်သည်
မဟုတ်၊
ငါသည်သဗ္ဗညုတဉာဏ်ကို
ချစ်မြတ်နိုး၏၊
ထို့ကြောင့်
အ ယောင်,
ဆွံ့ယောင်,
နားပင်း
ယောင်အကျင့်ကိုဆောက်တည်ခဲ့၏။
၆၆။
ဤအင်္ဂါသုံးချက်တို့ကို
ဆောက်တည်၍ တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး
နေခဲ့၏၊ အဓိဋ္ဌာန်အားဖြင့်ငါနှင့်
တူသော သူသည်
မရှိချေ။
ဤကား ငါ၏
အဓိဋ္ဌာန်ပါရမီတည်း။
။
ခြောက်ခုမြောက်
တေမိယစရိယ
'တေမိမင်းသားအကျင့်'
ပြီး၏။
------
၇-ကပိရာဇစရိယ
(မျောက်မင်းအကျင့်)
၆၇။
အကြင်အခါ
ငါသည်
မြစ်ကမ်းအနီး
တစ်ခုသော
ချောက်၌
မျောက်
ဖြစ်ခဲ့၏၊
ထိုအခါမိကျောင်းသည်
နှိပ်စက်အပ်သည်
ဖြစ်၍
(တစ်ဖက်ကမ်းသို့)
သွားခြင်းကို
မရပေ။
၆၈။
ငါသည်
အကြင်နေရာ၌
ရပ်တည်၍
ဤမှာဘက်ကမ်းမှ
ထိုမှာဘက်ကမ်းသို့
ခုန်၏၊
ထိုနေရာ၌ညှဉ်းဆဲတတ်သော
ကြမ်းတမ်းသည့်
အမြင်ရှိသော
ရန်သူ မိကျောင်းသည်
နေ၏။
၆၉။
ထိုမိကျောင်းသည်
ငါ့ကို
လာလော့ဟု ဆို၏၊
ငါသည်လည်း
လာမည်ဟု ထို
မိကျောင်းကိုဆိုပြီးလျှင်
ထိုမိကျောင်း၏
ဦးထိပ်ကို
နင်း၍
ထိုမှာဘက်ကမ်း၌
တည်ခဲ့၏။
၇၀။
ငါသည်
ထိုမိကျောင်းအား
မမှန်စကားကို
မဆို၊ ဆိုသော
စကားအတိုင်းသာ
ပြုခဲ့၏၊
သစ္စာအားဖြင့်
ငါနှင့် တူသော
သူသည် မရှိ။
ဤကား ငါ၏
သစ္စာပါရမီတည်း။
။
ခုနစ်ခုမြောက်
ကပိရာဇစရိယ
'မျောက်မင်းအကျင့်'
ပြီး၏။
------
၈-သစ္စတာပသစရိယ
(သစ္စရသေ့အကျင့်)
၇၁။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
'သစ္စ'အမည်ရှိသောရသေ့
ဖြစ်ခဲ့၏၊
ထိုအခါ
သစ္စာစကားဖြင့်
လောကကို
စောင့်ရှောက်ခဲ့၏၊
လူအပေါင်းကို
ညီညွတ်အောင်
ပြု ခဲ့၏။ ။
ရှစ်ခုမြောက်
သစ္စတာပသစရိယ
'သစ္စရသေ့အကျင့်'
ပြီး၏။
------
၉-ဝဋ္ဋပေါတကစရိယ
(ငုံးငယ်အကျင့်)
၇၂။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
မဂဓတိုင်း၌
အတောင် မပေါက်
သေးသောနုပျိုသော
ငုံးငယ်
ဖြစ်ခဲ့၏၊
အသိုက်၌
သားတစ်သဖွယ်
ဖြစ်နေသေး၏။
၇၃။
ထိုအခါ
အမိသည်
(အစာကို)
နှုတ်သီးဖြင့်
ဆောင်ယူ၍
ငါ့ကို
မွေးမြူရ၏၊
ငါသည်
ထိုအမိ၏အတွေ့အထိဖြင့်
အသက်ရှင်နေရ၏၊
ငါ့အား ကိုယ်၌
ဖြစ်သော
အားသည်
မရှိပေ။
၇၄။
နှစ်၏
နွေလအခါဝယ်
အမှိုက်ကို
သုတ်သင်ရှင်းလင်းတတ်သော
မီးသွေးပြာကို
ဖြစ်စေတတ်သောတောမီးသည်
လောင်လျက်
ငါတို့၏ အနီးသို့
ကပ်ရောက်၏။
၇၅။
ကြီးသော
မီးလျှံရှိသော
ထိုတောမီးသည်
'ဓမ်ဓမ်'ဟု
အသံကို
ပြုလျက် အစဉ်
အတိုင်းလောင်ကျွမ်းကာ
ငါ၏ အထံသို့
ကပ်ရောက်လာ၏။
၇၆။
ငါ၏
အမိအဖတို့သည်
လျင်သောအဟုန်ဖြင့်
လာသော
မီးဘေးမှ
ကြောက်ရွံ့ကုန်ထိတ်လန့်ကုန်သည်ဖြစ်၍
အသိုက်၌
ငါ့ကို
စွန့်ပစ်ကုန်လျက်
မိမိတို့ကို
ယ်ကို
လွတ်စေကြကုန်၏။
၇၇။
ငါသည်
ခြေတို့ကိုလည်းကောင်း၊
အတောင်တို့ကို
လည်းကောင်း
ဆန့်တန်း၏။
ငါ့အား ကိုယ်၌ဖြစ်သော
အားသည် မရှိ၊
သွားခြင်းငှါ
မစွမ်းနိုင်သော
ငါသည်
ထိုအသိုက်၌
ဤသို့ ကြံလေ၏
-
၇၈။
ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သော
ငါသည်
အကြင်မိဘတို့၏
အတောင်ကြားသို့
ဝင်ကပ်၍လိုက်ပြေးလို၏၊
ထိုမိဘတို့သည်
ငါ့ကို
စွန့်ပစ်ကုန်လျက်
ပျံသွားကြကုန်ပြီ၊
ယခု ငါသည်
အဘယ်သို့ပြုနိုင်အံ့နည်း။
၇၉။
လောက၌
သီလဂုဏ်သည်လည်းကောင်း၊
သန့်စင်သော
သစ္စာဂုဏ်သည်လည်းကောင်း၊
ချစ်ခြင်း
'မေတ္တာ',
သနားခြင်း 'ကရုဏာ'တို့သည်လည်းကောင်း
ရှိကုန်၏။
ငါသည်
ထိုသစ္စာစကားဖြင့်မြတ်သော
သစ္စာပြုမူခြင်းကို
ပြုအံ့။
၈၀။
ငါသည်
မှန်သော
တရားစွမ်းအားကို
ဆင်ခြင်ပြီးသော်
ရှေး၌
ဖြစ်ကုန်သော
မြတ်စွာဘုရားတို့ကိုအောက်မေ့လျက်
သစ္စာစွမ်းအားကို
မှီ၍ သစ္စာ
ပြုမူခြင်းကို
ပြုခဲ့၏။
၈၁။
ငါ့အား အတောင်တို့သည်
ရှိကုန်၏၊
မပျံနိုင်ကုန်။
ခြေတို့သည်
ရှိကုန်၏၊
မသွား
နိုင်ကုန်။
အမိ
အဖတို့သည်လည်း
ထွက်သွားကြကုန်ပြီ။
အို တောမီး
နောက်သို့
ပြန်ဆုတ်ပါ
လော့။
၈၂။
ငါသည်
သစ္စာကို
ပြုသည်နှင့်
တစ်ပြိုင်နက်
ကြီးစွာ
တောက်လောင်နေသော
တောမီးသည် 'ရေသို့ရောက်သော
မီးကဲ့သို့' တစ်ဆယ့်ခြောက်ပယ်တိုင်အောင်သော
အရပ် တို့ကို
ကြဉ်ရှောင်၍လောင်လေ၏၊
သစ္စာအားဖြင့်
ငါနှင့်
တူသော သူသည်
မရှိချေ။
ဤကား ငါ၏ သစ္စာပါရမီတည်း။
ကိုးခုမြောက်
ဝဋ္ဋပေါတကစရိယ
'ငုံးငယ်အကျင့်'
ပြီး၏။
------
၁၀-မစ္ဆရာဇစရိယ
(ငါးမင်းအကျင့်)
၈၃။
နောက်တစ်မျိုးသော် ကား
အကြင်အခါ ငါသည်
ကြီးစွာသော
ရေအိုင်၌
ငါးမင်း
ဖြစ်၏၊ ထိုအခါ
နွေဥတု၌
နေပူကြောင့်
ရေအိုင်၌ ရေသည်
ကုန်ခန်းလေ၏။
၈၄။
ထိုသို့
ကုန်ခန်းသောကြောင့်
ကျီးတို့သည်လည်းကောင်း၊
လင်းတတို့သည်လည်းကောင်း၊
ဝန်လိုငှက်တို့သည်လည်းကောင်း၊
စွန်ရဲတို့သည်လည်းကောင်း၊
သိမ်းတို့သည်
လည်းကောင်း၊
ရွှံ့နွံအပြင်၌
နေကြ၍
ငါးတို့ကို
ထိုးသုတ်ပြီးလျှင်
နေ့ညဉ့်တို့ပတ်လုံး
စားကုန်၏။
၈၅။
ထိုအခါ ငါသည်
ဆွေမျိုးတို့နှင့်တကွ
အနှိပ်စက်ခံရ၍
အဘယ်မည်သော
အကြောင်း
ဖြင့်ဆွေမျိုးတို့ကို
ဆင်းရဲဒုက္ခမှ
လွတ်စေရအံ့နည်းဟု
ဤသို့
ကြံစည်၏ -
၈၆။
ကြံစည်ပြီးသော်
မှန်ကန်သော
တရားသဘော ဖြစ်သော
သစ္စာကို
ငါ၏လည်းကောင်း၊
ဆွေမျိုးတို့၏လည်းကောင်း
မှီရာဟု
မြင်ခဲ့၏။
ငါသည် သစ္စာ၌
တည်၍
ဆွေမျိုး
တို့၏
ထိုကြီးစွာသောပျက်စီးခြင်းကို
လွတ်စေခဲ့၏။
၈၇။
ငါသည်
သူတော်ကောင်းတို့၏
မှန်ကန်သော သဘောတရားကို
အောက်မေ့ကြံစည်
ပြီးသော် လောက၌
အကြင်သစ္စာစကားသည်
မချွတ် မြဲ၏၊
ထိုသစ္စာပြုမူခြင်းကို
ပြုခဲ့၏။
၈၈။
ငါသည်
အကြင်အခါမှစ၍
မိမိကိုယ်ကို
အောက်မေ့နိုင်၏၊
အကြင်အခါမှစ၍
သိကြားလိမ္မာသူ၏အဖြစ်သို့
ရောက်၏၊
ထိုအခါ မှစ၍
စေတနာရှိလျက်
တစ်ဦးသော
သတ္တဝါကိုမျှလည်းညှဉ်းဆဲခဲ့ဖူးသည်ကို
မသိစဖူးပေ။
၈၉။
ဤသစ္စာစကားကြောင့်
မိုးသည်
ရွာသွန်းပါစေသတည်း၊
မိုးနတ်သား
ထစ်ချုန်း၍
ရွာသွန်းပါလော့၊
ကျီးအပေါင်း၏
ဥစ္စာအိုးကို
(မိုးရွာခြင်းဖြင့်)
ဖျက်ဆီးပါလော့၊
ကျီးအပေါင်း
ကို စိုးရိမ်ခြင်းဖြင့်ကိုယ်တွင်းလောင်လျက်
ကျက်စေပါလော့၊
ငါးတို့ကို
စိုးရိမ်ခြင်းမှ
လွတ်စေ
ပါလော့။
၉၀။
သစ္စာမြတ်ကို
ပြုသည်နှင့်
တစ်ပြိုင်နက်
မိုးနတ်သားသည်
ထစ်ချုန်း၍
ခဏချင်း
ဖြင့်ကုန်းကိုလည်းကောင်း၊
ချိုင့်ဝှမ်းရာအရပ်ကိုလည်းကောင်း
ပြည့်စေလျက်
ရွာသွန်း၏။
၉၁။
ငါသည် ဤသို့
သဘောရှိသော
မြတ်သော
ဝီရိယနှင့်
ယှဉ်သော
သစ္စာမြတ်ကို
ပြု၍သစ္စာတန်ခိုးစွမ်းအားကို
မှီလျက်
မိုးကြီးကို
ရွာစေခဲ့၏၊
သစ္စာအားဖြင့်
ငါနှင့်
တူသော သူသည်
မရှိချေ။
ဤကား ငါ၏
သစ္စာပါရမီတည်း။
။
ဆယ်ခုမြောက်
မစ္ဆရာဇစရိယ
'ငါးမင်းအကျင့်'
ပြီး၏။
------
၁၁-ကဏှဒီပါယနစရိယ
(ကဏှဒီပါယနရသေ့အကျင့်)
၉၂။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
ကဏှဒီပါယနရသေ့
ဖြစ်ခဲ့၏၊
ထို
အခါအနှစ်ငါးဆယ်ကျော်တို့ပတ်လုံး
မပျော်မွေ့ဘဲ
(ရသေ့အကျင့်၌)
ကျင့်ခဲ့၏။
၉၃။
တစ်စုံတစ်ယောက်သော
သူသည် ငါ၏
ဤမပျော်မွေ့သော
စိတ်ကို
မသိချေ၊
ငါသည်လည်းတစ်စုံတစ်ယောက်သော
သူအား ငါ၏
စိတ်၌
မပျော်မွေ့ဘဲ
ကျင့်နေရ၏ဟု
မပြောကြားခဲ့ပေ။
၉၄။
ငါနှင့်
တရားကျင့်ဘက်
အဖော်ဖြစ်သော
မဏ္ဍဗျရသေ့ကြီးသည်
ရှေးကံနှင့်
ယှဉ် သည်ဖြစ်၍တံကျင်လျှိုခြင်းကို
ခံရ၏။
၉၅။
ငါသည်
ထိုရသေ့ကို
လုပ်ကျွေး၍
ရောဂါမရှိသည်၏
အဖြစ်သို့
ရောက်စေခဲ့၏၊
ထို ရသေ့ကိုပန်ကြားပြီးလျှင်
ငါသည်
မိမိနေရာဖြစ်သော
သင်္ခမ်းကျောင်းသို့
လာခဲ့၏။
၉၆။
ငါ၏
အဆွေပုဏ္ဏားသည်
ဇနီးနှင့်
(ယညဒတ်မည်သော
) သားငယ်ကို
ခေါ်လျက်သုံးယောက်သားတို့သည်
အညီအညွတ်
တိုင်ပင်ကုန်၍
ခရီးသွားဧည့်သည်
အဖြစ်ဖြင့်
လာကြကုန်၏။
၉၇။
ငါသည်
ထိုသူတို့နှင့်
အတူ
မိမိသင်္ခမ်းကျောင်း၌
ဝမ်းမြောက်ဝမ်းသာ
နေစဉ် သူငယ်သည်ကျင်လုံးကို
မြှောက်ကစား၍
လျင်သော အဆိပ်ရှိသော
မြွေကို
ထိခိုက်မိစေ၏။
၉၈။
ထိုအခါ
ထိုသူငယ်သည်
ကျင်လုံးသွားသော
လမ်းကို
ရှာဖွေသော်
လျင်သော
အဆိပ်ရှိသော
မြွေ၏ဦးခေါင်းကို
လက်ဖြင့်
သုံးသပ်မိ၏။
၉၉။
ထိုမြွေကို
သုံးသပ်မိသောကြောင့်
အဆိပ်စွမ်းအားကို
မှီ၍
အမျက်ထွက်တတ်သော
မြွေသည်လွန်ကဲစွာ
အမျက်ထွက်ခြင်းဖြင့်
အမျက်ထွက်သည်
ဖြစ်၍
ချက်ချင်း
သူငယ်ကို
ကိုက်လေ၏။
၁၀၀။
လျင်သော
အဆိပ်ရှိသောမြွေ
ကိုက်သည်နှင့်
တစ်ပြိုင်နက်
သူငယ်သည် မြေ၌
လဲကျခဲ့၏၊
ထို့ကြောင့်
ငါသည် စိတ်ဆင်းရဲခြင်း
ဖြစ်ခဲ့ရ၏၊
ထို
(မိဘနှစ်ဦးနှင့်
သူငယ်
သုံးယောက်သားတို့၏)
ဆင်းရဲကို
'ငါ့ကိုယ်၌
ဖြစ်သကဲ့သို့'
ရွက်ဆောင်၏။
၁၀၁။
ငါသည်
သောကငြောင့်
စူးဝင်ကုန်လျက်
စိတ်ဆင်းရဲကုန်သော
ထိုသူတို့ကို
သက်
သာစေလို၍အလွန်မြင့်မြတ်သော
သစ္စာပြုမူခြင်းကို
ရှေးဦးစွာ
ပြုခဲ့၏။
၁၀၂-၁၀၃။
ငါသည်
ခုနစ်ရက်မျှသာလျှင်
ကုသိုလ်ကို
အလိုရှိသည်,
ကြည်ညိုသော
စိတ်ရှိသည်ဖြစ်၍မြတ်သော
အကျင့်ကို
ကျင့်ခဲ့၏၊
ထိုမှနောက်၌
အနှစ်ငါးဆယ်ကျော်
တို့ပတ်လုံး
အကြင်အကျင့်ကိုကျင့်ခဲ့၏၊
ဤအကျင့်ကို
ငါသည်
အလိုမရှိဘဲသာလျှင်
ကျင့်ခဲ့၏၊
ထိုသစ္စာကြောင့်
ယညဒတ်သည်ချမ်းသာခြင်း
ဖြစ်ပါစေသတည်း၊
အဆိပ်သည်
ပျောက်ပါစေ
သတည်း၊
အသက်ရှည်ပါစေသတည်းဟု
(သစ္စာပြုခဲ့၏)။
၁၀၄။
ငါသည်
သစ္စာကို
ပြုသည်နှင့်တစ်ပြိုင်နက်
အဆိပ်အဟုန်ဖြင့်
(မိန်းမောတွေဝေ၍)
တုန်လှုပ်နေသော
သူငယ်သည် တွေဝေခြင်း
ကင်း၍ ထလေ၏၊
ရောဂါ
မရှိသည်လည်း
ဖြစ်လေ၏၊
သစ္စာအားဖြင့်
ငါနှင့်
တူသော သူသည်
မရှိချေ။
ဤကား ငါ၏
သစ္စာပါရမီ
တည်း။ ။
တစ်ဆယ့်တစ်ခုမြောက်
ကဏှဒီပါယနစရိယ
'ကဏှဒီပါယနရသေ့အကျင့်'
ပြီး၏။
------
၁၂-သုတသောမစရိယ
(သုတသောမမင်းအကျင့်)
၁၀၅။
နောက်တစ်မျိုးသော် ကား အကြင်အခါ၌
ငါသည်
''သုသသောမ''
မည်သော
မြေကြီးကိုအစိုးရသော
မင်းဖြစ်ခဲ့၏၊
ထိုအခါ
ပေါရိသာဒ၏ ဖမ်းယူခြင်းကို
ခံရသည်ဖြစ်၍
နန္ဒပုဏ္ဏားအထံ၌
မိမိ၏ချိန်းချက်ခြင်းကို
အောက်မေ့၏။
၁၀၆။
ပေါရိသာဒသည်
တစ်ရာ့တစ်ပါးသော
မင်းတို့၏
လက်ဝါးပြင်၌
ကြိုးဖြင့်
သီကုံး၍ ထိုမင်းတို့အားနွမ်းနယ်စေပြီးသော်
ငါ့ကိုလည်း
ယဇ်ပူဇော်ရာသို့
ဆောင်လေ၏။
၁၀၇။
ပေါရိသာဒသည်
ငါ့ကို
'အသို့နည်း၊
သင်သည်
လွတ်ခြင်းကို
အလိုရှိသလော၊
အကယ်၍သင်သည်
ငါ့အထံသို့
တစ်ဖန်လာအံ့၊
သင့်အလိုအတိုင်း
ပြုအံ့'ဟု
မေး၏။
၁၀၈။
ထိုအခါ ငါသည်
ထိုပေါရိသာဒအား
ငါ၏ တစ်ဖန်
ပြန်လာခြင်းကို
ဝန်ခံခဲ့၍ မွေ့လျော်ဖွယ်
(ဣန္ဒပတ္ထ)
မြို့သို့
သွားရောက်ပြီးလျှင်
(မယ်တော်
ခမည်းတော်တို့အား)
မင်း
အဖြစ်ကို
အပ်နှင်းခဲ့၏။
၁၀၉။
ငါသည်
ပုဏ္ဏားအား
ဥစ္စာကို
ပေးပြီးသော်
ရှေး၌
ဖြစ်သော
မြတ်စွာဘုရား
တို့သည်မှီဝဲအပ်သော
သူတော်ကောင်းတို့၏
သဘောတရားကို
အောက်မေ့၍
ပေါရိသာဒထံ
သို့ ပြန်ခဲ့၏။
၁၁၀။
ထိုအခါ
သတ်လတ္တံ့ဟုလည်းကောင်း၊
မသတ်လတ္တံ့ဟုလည်းကောင်း
ငါ့အား
ယုံမှားသံသယသည်မရှိ။
ငါသည်
သစ္စာစကားကို
စောင့်စည်းလျက်
အသက်ကို
စွန့်ရန်
ပြန် ခဲ့၏၊
သစ္စာအားဖြင့်
ငါနှင့်တူသော
သူသည်
မရှိချေ။
ဤကား ငါ၏
သစ္စာပါရမီတည်း။
။
တစ်ဆယ့်နှစ်ခုမြောက်
သုတသောမစရိယ
'သုတသောမမင်းအကျင့်'
ပြီး၏။
------
၁၃-သုဝဏ္ဏသာမစရိယ
(သုဝဏ္ဏသာမသတို့သားအကျင့်)
၁၁၁။
အကြင်အခါ
ငါသည် တော၌
သိကြားမင်း
ဖန်ဆင်းအပ်သော
''သာမ''မည်သော
ရသေ့ပျိုဖြစ်ခဲ့၏၊
ထိုအခါ
တောအုပ်၌
ခြင်္သေ့,
ကျားတို့ကိုသော် လည်း
မေတ္တာဖြင့်
ကပ်ညွှတ်
စေနိုင်ခဲ့၏။
၁၁၂။
ငါသည် တော၌ ခြင်္သေ့
ကျားတို့ဖြင့်လည်းကောင်း၊
သစ်တို့ဖြင့်လည်းကောင်း၊
ဝံတို့ဖြင့်လည်းကောင်း၊
ကျွဲတို့ဖြင့်လည်းကောင်း၊
ချေ စိုင် ဆတ်
သမင်
တောဝက်တို့ဖြင့်လည်းကောင်း
ခြံရံလျက်
နေ၏။
၁၁၃။
ထိုအခါ
တစ်စုံတစ်ဦးသော
သတ္တဝါသည် ငါ့ကို
မလန့်၊
ငါသည်လည်း
တစ်စုံ
တစ်ဦးသောသတ္တဝါအား
မကြောက်၊
ငါသည်
မေတ္တာစွမ်းအား
အထောက်အပံ့
ရလျက်
တောအုပ်၌
ပျော်မွေ့၏။
တစ်ဆယ့်သုံးခုမြောက်
သုဝဏ္ဏသာမစရိယ
'သုဝဏ္ဏသာမသတို့သားအကျင့်'
ပြီး၏။
------
၁၄-ဧကရာဇစရိယ
(ဧကရာဇမင်းအကျင့်)
၁၁၄။
နောက်တစ်မျိုးသော် ကား
အကြင်အခါ
ငါသည်
''ဧကရာဇာ''ဟု
ထင်ရှား ကျော်စောသောမင်းဖြစ်ခဲ့၏၊
ထိုအခါ
မြတ်သော
သီလကို
ဆောက်တည်၍
ကာသိတိုင်းသူ
အပေါင်းကို
ဆုံးမခဲ့၏။
၁၁၅။
ငါသည်
ကုသိုလ်ကမ္မပထတရား
ဆယ်ပါးတို့ကို
အကြွင်းမဲ့
ကျင့်သုံးခဲ့၏၊
သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့်
လူများအပေါင်းကို
ချီးမြှောက်ခဲ့၏။
၁၁၆။
ဒဗ္ဗသေနမင်းသည်
ဤလောက၌လည်းကောင်း၊
တမလွန်လောက၌လည်းကောင်း
ဤသို့မမေ့မလျော့
ကျင့်သော
ငါ့ထံသို့
ချဉ်းကပ်လာ၍
ငါ၏ မြို့ကို
လုယက်လျက်-
၁၁၇။
ဗိုလ်ပါတိုင်းသားတို့နှင့်
တကွကုန်သော
မင်းကို မှီ၍
အသက်မွေးကုန်သော
အမတ်စသောသူတို့ကိုလည်းကောင်း၊
နိဂုံးသားတို့ကိုလည်းကောင်း
အားလုံးကို
လက်သို့
ရောက်အောင်
ပြုပြီးလျှင်
ငါ့ကို
တွင်း၌ မြှုပ်လေ၏။
၁၁၈။
အမတ်အပေါင်းတို့ဖြင့်
ပြည့်သော ငါ၏ စည်ကားသော
နန်းတော်တည်းဟူသော
မင်းစည်းစိမ်ကိုလုယက်၍
ယူသော
မင်းအား
'ငါသည်
ချစ်လှစွာသော
သားကဲ့သို့'
ရှုကြည့်၏၊
မေတ္တာအားဖြင့်
ငါနှင့်တူသော
သူသည်
မရှိချေ။
ဤကား ငါ၏
မေတ္တာပါရမီတည်း။
။
တစ်ဆယ့်လေးခုမြောက်
ဧကရာဇစရိယ 'ဧကရာဇမင်းအကျင့်'
ပြီး၏။
------
၁၅-မဟာလောမဟံသစရိယ
(မဟာလောမဟံသရသေ့အကျင့်)
၁၁၉။ ငါသည်
သုသာန်၌
သူသေကောင်အရိုးကို
ခေါင်းအုံး၍
အိပ်ခြင်းကို
ပြု၏၊ ထိုအခါ
ရွာသူသားငယ်တို့သည်
ငါ့ထံသို့
ကပ်ရောက်၍ အမျိုးမျိုးသော
များစွာသော
ရုပ်ပုံကို
လုပ်၍
ပြကြကုန်၏။
၁၂၀။
တစ်ပါးသော သူငယ်တို့သည်
ရွှင်လန်းတက်ကြွသော
စိတ်ရှိကုန်၍
နံ့သာပန်းကို
လည်းကောင်း၊
အမျိုးမျိုးများပြားသော
ဘောဇဉ်လက်ဆောင်တို့ကို
လည်းကောင်း
ပို့ဆောင်
ကြကုန်၏။
၁၂၁။
အကြင်သူငယ်တို့သည်
ငါ့အား
ဆင်းရဲဒုက္ခကို
ဖြစ်စေကုန်၏၊
အကြင်သူငယ်တို့
သည်ကားငါ့အား
ချမ်းသာသုခကို
ပေးကုန်၏၊ ငါသည်
သူငယ်အားလုံးတို့အား
တူမျှသော
စိတ်ရှိသည်
ဖြစ်၏၊
ငါ့အား
ချစ်ခြင်း,
မုန်းခြင်းသည်
မရှိချေ။
၁၂၂။
ငါသည်
ချမ်းသာဆင်းရဲ၌လည်းကောင်း၊
အခြံအရံရှိခြင်း
အခြံအရံမရှိခြင်းတို့၌
လည်းကောင်း
ချိန်သဖွယ်
ဖြစ်၍
လောကဓံတရားအားလုံးတို့၌
တူမျှသော
စိတ်ရှိသည်
ဖြစ်၏။ ဤကား
ငါ၏ဥပေက္ခာပါရမီတည်း။
။
တစ်ဆယ့်ငါးခုမြောက်
မဟာလောမဟံသစရိယ
'မဟာလောမဟံသရသေ့အကျင့်'
ပြီး၏။
သုံးခုမြောက်
ယုဓဉ္ဇယဝဂ်
ပြီး၏။
------
(နိဂုံးနှင့် ဥယျောဇဉ်)
(ငါသည်)
ဤသို့လျှင်
ဘဝကြီးငယ်၌
အထူးထူးအပြားပြားသော
ဆင်းရဲဒုက္ခကိုလည်းကောင်း၊
အထူးထူးအပြားပြားသော
စည်းစိမ်ချမ်းသာကိုလည်းကောင်း
ခံစားစံစား၍
မြတ်သော
သဗ္ဗညုတဉာဏ်တော်သို့
ရောက်တော်မူခဲ့၏။
ငါသည်
ပေးလှူအပ်သော
အလှူဝတ္ထုကို
ပေးလှူ၍
(ဒါနပါရမီကို
ဖြည့်ကျင့်၍)
သီလပါရမီကို
အကြွင်းမဲ့ဖြည့်ကျင့်ပြီးလျှင်
နေက္ခမ္မပါရမီကို
ဖြည့်ကျင့်ခဲ့သောကြောင့်
မြတ်သော
သဗ္ဗညုတဉာဏ်တော်သို့
ရောက်တော်မူခဲ့၏။
ငါသည်
ပညာရှိတို့ကို
အဖန်ဖန်
မေးမြန်း၍ (ပညာပါရမီကို
ပြည့်စေ၍)
မြတ်သော
ဝီရိယပါရမီကိုပြုပြီးလျှင်
ခနီ
္တပါရမီကို
ဖြည့်ကျင့်ခဲ့သောကြောင့်
မြတ်သော
သဗ္ဗညုတဉာဏ်တော်သို့
ရောက်တော်မူခဲ့၏။
ငါသည်
အဓိဋ္ဌာန်ပါရမီကို
မြဲမြံစွာ
ဆောက်တည်ခြင်းကို
ပြု၍
သစ္စာပါရမီကို
ဖြည့်ကျင့်ပြီးလျှင်
မေတ္တာပါရမီကို
ဖြည့်ကျင့်ခဲ့သောကြောင့်
မြတ်သော
သဗ္ဗညုတဉာဏ်တော်သို့
ရောက်တော်မူခဲ့၏။
ငါသည်
လာဘ်ရခြင်း
လာဘ်မရခြင်း၌လည်းကောင်း၊
ချမ်းသာခြင်း
ဆင်းရဲခြင်း၌လည်းကောင်း၊
မြတ်နိုးခြင်း
မမြတ်နိုးခြင်း၌လည်းကောင်း
အလုံးစုံတို့၌
အတူအမျှ
ဖြစ်၍ (ဥပေက္ခာပါရမီကို
ဖြည့်ကျင့်၍)
မြတ်သော
သဗ္ဗညုတဉာဏ်တော်သို့
ရောက်တော်မူခဲ့၏။
ပျင်းရိခြင်းကို
ဘေးအားဖြင့်
ရှု၍ အားထုတ်ခြင်းကိုလည်း
ဘေးမရှိသောအားဖြင့်
ရှုပြီးလျှင်
ထက်သန်သော
ဝီရိယရှိသူတို့
ဖြစ်ကြကုန်လော့။
ဤသည်ကား
ဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း။
ငြင်းခုံခြင်းကို
ဘေးအားဖြင့်
ရှု၍
မငြင်းခုံခြင်းကို
လည်း ဘေးမရှိသောအားဖြင့်
ရှုပြီးလျှင်
ညီညွတ်သူ၊
ပြေပြစ်သူတို့
ဖြစ်ကြကုန်လော့။
ဤသည်ကား
ဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း။
မေ့လျော့ခြင်းကို
ဘေးအားဖြင့်
ရှု၍ မမေ့လျော့ခြင်းကိုလည်း
ဘေးမရှိသောအားဖြင့်
ရှုပြီးလျှင်
အင်္ဂါရှစ်ပါးရှိသော
မဂ်ကို
ပွါးများကြကုန်လော့။
ဤသည်ကား ဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း။
။
နိဂုံးနှင့်
ဥယျောဇဉ်
ပြီး၏။
မြတ်စွာဘုရားသည်
ဤဆိုအပ်ခဲ့ပြီးသော
အပြားအားဖြင့်
မိမိ၏
ရှေးရှေးဘဝ
အကျင့်ကို ထင်ရှားပြလျက်
ဗုဒ္ဓအပဒါန်မည်သော
တရားဒေသနာတော်ကို
ဟောတော်မူခဲ့ပေသတည်း။
။
စရိယာပိဋကပါဠိတော်
မြန်မာပြန်
ပြီးပြီ။
------