အဘိဓမ္မပိဋက

ဓမ္မသင်္ဂဏီပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မာတိကာ (ခေါင်းစဉ်)

(က) တိကမာတိကာ

၁။ ကုသလတိက်

(၁) (အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိသော) ကုသိုလ်တရားများ။ (၁-၃၆၄၊ ၉၈၅၊ ၁၃၈၄)။

(၂) (အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိသော) အကုသိုလ် တရားများ။ (၃၆၅-၄၃၀၊ ၉၈၆၊ ၁၃၈၅)။

(၃) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော (ဝိပါက် ကြိယာ ရုပ် နိဗ္ဗာန်ဟူသော) အဗျာကတ တရားများ။ (၄၃၁-၉၈၄၊ ၉၈၇၊ ၁၃၈၆)။

၂။ ဝေဒနာတိက်

(၁) ချမ်းသာခံစားမှု 'သုခဝေဒနာ'နှင့် ယှဉ်သော တရားများ။ (၉၈၈၊ ၁၃၈၇)။

(၂) ဆင်းရဲခံစားမှု 'ဒုက္ခဝေဒနာ' နှင့် ယှဉ်သော တရားများ။ (၉၈၉၊ ၁၃၈၈)။

(၃) ဆင်းရဲချမ်းသာ မဟုတ်၊ အလယ်အလတ် ခံစားမှု 'အဒုက္ခမသုခဝေဒနာ' နှင့် ယှဉ်သော တရားများ။ (၉၉၀၊ ၁၃၈၉)။

၃။ ဝိပါကတိက်

(၁) အကျိုး 'ဝိပါက်' တရားများ။ (၉၉၁၊ ၁၃၉၀)။

(၂) အကျိုး 'ဝိပါက်' ကို ဖြစ်စေခြင်းသဘောရှိသော တရားများ။ (၉၉၂၊ ၁၃၉၁)။

(၃) အကျိုး 'ဝိပါက်' လည်း မဟုတ်၊ အကျိုး 'ဝိပါက်' ကို ဖြစ်စေခြင်း သဘောရှိသည်လည်း မဟုတ်သောတရားများ။ (၉၉၃၊ ၁၃၉၂)။

၄။ ဥပါဒိဏ္ဏတိက်

(၁) (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် (အကျိုး 'ဝိပါက်'၏ အဖြစ် ဖြင့်) စွဲယူလည်း စွဲယူအပ်ကုန်သည် ဖြစ်၍ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အာရုံလည်း ဖြစ်ကုန်သော တရားများ။ (တဏှာ ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီးသည့် ကံ၏ အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါးလည်းဖြစ်သော လောကီဝိပါက်နှင့် ကမ္မဇ ရုပ်တရားများ)။ (၉၉၄၊ ၁၃၉၃)။

(၂) (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် (အကျိုး 'ဝိပါက်' ၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အာရုံသာ ဖြစ် ကုန်သော တရားများ။ (တဏှာ ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီးသည့် ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါးသာဖြစ်သော လောကီကုသိုလ်, အကုသိုလ်, ကြိယာနှင့် စိတ်, ဥတု, အာဟာရဟူသောအကြောင်းသုံးပါးကြောင့် ဖြစ်သော တိဇရုပ်တရားများ)။ (၉၉၅၊ ၁၃၉၄)။

(၃) (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် (အကျိုး 'ဝိပါက်' ၏ အဖြစ်ဖြင့်) မစွဲယူလည်း မစွဲယူအပ်ကုန်၊ လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အာရုံလည်းမဟုတ်ကုန်သော တရားများ။ (တဏှာ ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီးသည့် ကံ၏ အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါးလည်း မဟုတ်သော လောကုတ္တရာတရားများ)။ (၉၉၆၊ ၁၃၉၅)။

၅။ သံကိလိဋ္ဌတိက်

(၁) ပူပန်စေတတ် နှိပ်စက်တတ်သော (ကိလေသာ) တရားတို့သည် ပူပန်စေအပ်, နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ပူပန်စေတတ် နှိပ်စက်တတ်သော (ကိလေသာ) တရားတို့ကို (ရခြင်းငှါ) ထိုက်သောတရားများ (ကိလေသာတရားတို့၏ လွှမ်းမိုးဖိစီးမှုကိုလည်း ခံရ၍ ကိလေသာတို့၏ အာရုံလည်းဖြစ်သော အကုသိုလ်တရားများ)။ (၉၉၇၊ ၁၃၉၆)။

(၂) ပူပန်စေတတ် နှိပ်စက်တတ်သော (ကိလေသာ) တရားတို့သည် မပူပန်စေအပ် မနှိပ်စက် အပ်ကုန်မူ၍ ပူပန်စေတတ် နှိပ်စက်တတ်သော (ကိလေသာ) တရားတို့ကို (ရခြင်းငှါသာ) ထိုက်သော တရားများ (ကိလေသာတရားတို့၏ လွှမ်းမိုးဖိစီးမှုကိုကား မခံရ ကိလေသာတို့၏ အာရုံသာဖြစ်သော လောကီကုသိုလ်, လောကီဝိပါက်, ကြိယာနှင့် ရုပ်တရားများ။ (၉၉၈၊ ၁၃၉၇)။

(၃) ပူပန်စေတတ် နှိပ်စက်တတ်သော (ကိလေသာ) တရားတို့သည် ပူပန်လည်း မပူပန်စေအပ် နှိပ်စက်လည်း မနှိပ်စက်အပ်ကုန်မူ၍ ပူပန်စေတတ် နှိပ်စက်တတ်သော (ကိလေသာ) တရားတို့ကို (ရခြင်းငှါ) ထိုက်လည်း မထိုက်သော တရားများ။ (ကိလေသာတရားတို့၏ လွှမ်းမိုးဖိစီးမှုကိုလည်း မခံရ၊ ကိလေသာတို့၏ အာရုံလည်း မဖြစ်သော လောကုတ္တရာတရားများ)။ (၉၉၉၊ ၁၃၉၈)။

၆။ ဝိတက္ကတိက်

(၁) ကြံစည်မှု 'ဝိတက်' နှင့်လည်း တကွ၊ သုံးသပ်မှု 'ဝိစာရ' နှင့်လည်း တကွဖြစ်သော တရားများ။ (၁၀၀၀၊ ၁၃၉၉)။

(၂) ကြံစည်မှု 'ဝိတက်' ကား မရှိ၊ သုံးသပ်မှု ဝိစာရ' မျှသာရှိသော တရားများ။ (၁၀၀၁၊ ၁၄၀၀)။

(၃) ကြံစည်မှု 'ဝိတက်' လည်း မရှိ၊ သုံးသပ်မှု 'ဝိစာရ' လည်း မရှိသော တရားများ။ (၁၀၀၂၊ ၁၄၀၁)။

၇။ ပီတိတိက်

(၁) နှစ်သက်မှု 'ပီတိ' နှင့် တကွဖြစ်သော တရားများ။ (၁၀၀၃၊ ၁၄၀၂)။

(၂) ချမ်းသာမှု 'သုခ' နှင့် တကွဖြစ်သော တရားများ။ (၁၀၀၄၊ ၁၄၀၃)။

(၃) လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော တရားများ။ (၁၀၀၅၊ ၁၄၀၄)။

၈။ ဒဿနတိက်

(၁) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားများ။ (၁၀၀၆၊ ၁၄၀၅)။

(၂) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော တရားများ။ (၁၀၁၁၊ ၁၄၀၆)။

(၃) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သည်လည်းမဟုတ်သော တရားများ။ (၁၀၁၂၊ ၁၄၀၇)။

၉။ ဒဿနဟေတုတိက်

(၁) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ (၁၀၁၃၊ ၁၄၀၈)။

(၂) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ (၁၀၁၈၊ ၁၄၀၉)။

(၃) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသည်လည်း မဟုတ်သော တရားများ။ (၁၀၁၉၊ ၁၄၁၀)။

၁၀။ အာစယဂါမိတိက်

(၁) ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းဖြစ်သော တရားများ။ (၁၀၂၀၊ ၁၄၁၁)။

(၂) နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားများ။ (၁၀၂၁၊ ၁၄၁၂)။

(၃) ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သောတရားများ။ (၁၀၂၂၊ ၁၄၁၃)။

၁၁။ သေက္ခတိက်

(၁) သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော တရားများ။ (၁၀၂၃၊ ၁၄၁၄)။

(၂) အသေက္ခ 'ရဟန္တာ' ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော တရားများ။ (၁၀၂၄၊ ၁၄၁၅)။

(၃) သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်၊ အသေက္ခ 'ရဟန္တာ' ပုဂ္ဂိုလ်၏ ဥစ္စာလည်းမဟုတ်သော တရားများ။ (၁၀၂၅၊ ၁၄၁၆)။

၁၂။ ပရိတ္တတိက်

(၁) နည်းပါးသော အာနုဘော်ရှိသော 'ပရိတ္တ' တရားများ (ကာမတရားများ)။ (၁၀၂၆၊ ၁၄၁၇)။

(၂) ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သော 'မဟဂ္ဂတ' တရားများ။ (၁၀၂၇၊ ၁၄၁၈)။

(၃) နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက် 'အပ္ပမာဏ' တရားများ။ (၁၀၂၈၊ ၁၄၁၉)။

၁၃။ ပရိတ္တာရမ္မဏတိက်

(၁) နည်းပါးသော၊ အာနုဘော်ရှိသာ တရားလျှင် အာရုံရှိသော တရားများ။ (၁၀၂၉၊ ၁၄၂၀)။

(၂) ကြီးကျယ် မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်သောတရားလျှင် အာရုံရှိသော တရားများ။ (၁၀၃၀၊ ၁၄၂၁)။

(၃) နှိုင်းယှဉ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်တရားလျှင် အာရုံရှိသော တရားများ။

(၁၀၃၁၊ ၁၄၂၂)။

၁၄။ ဟီနတိက်

(၁) ယုတ်ညံ့သော 'ဟီန' တရားများ။ (၁၀၃၂၊ ၁၄၂၃)။

(၂) အလယ်အလတ် ဖြစ်သော 'မဇ္ဈိမ' တရားများ။ (၁၀၃၃၊ ၁၄၂၄)။

(၃) မွန်မြတ်သော 'ပဏီတ' တရားများ။ (၁၀၃၄၊ ၁၄၂၅)။

၁၅။ မိစ္ဆတ္တတိက်

(၁) ဖောက်ပြန်သော သဘောရှိကုန်၍ စုတိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသောတရားများ။ (၁၀၃၅၊ ၁၄၂၆)။

(၂) မဖောက်ပြန်သော သဘောရှိကုန်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသောတရားများ။ (၁၀၃၆၊ ၁၄၂၇)။

(၃) (နှစ်ပါးသော အခြင်းအရာဖြင့်) အကျိုးပေး မမြဲသော တရားများ။ (၁၀၃၇၊ ၁၄၂၈)။

၁၆။ မဂ္ဂါရမ္မဏတိက်

(၁) 'မဂ်' တည်းဟူသော အာရုံရှိသော တရားများ။ (၁၀၃၈၊ ၁၄၂၉)။

(၂) 'မဂ်' တည်းဟူသော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ (၁၀၃၉၊ ၁၄၂၉)။

(၃) 'မဂ်' တည်းဟူသော အကြီးအမှူး 'အဓိပတိ' ရှိသော တရားများ။ (၁၀၄၀၊ ၁၄၂၉)။

၁၇။ ဥပ္ပန္နတိက်

(၁) ဥပါဒ် ဌီ ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော တရားများ။ (၁၀၄၁၊ ၁၄၃၀)။

(၂) ဥပါဒ် ဌီ ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်၊ ရောက်ဆဲလည်းမဟုတ်သော တရားများ။ (၁၀၄၂၊ ၁၄၃၀)။

(၃) မချွတ်ဧကန် ဖြစ်လတ္တံ့သော (ဝိပါက်ကမ္မဇရုပ်) တရားများ။ (၁၀၄၃၊ ၁၄၃၀)။

၁၈။ အတီတတိက်

(၁) ဥပါဒ်စသော ခဏသုံးပါးသို့ ရောက်၍ လွန်သွားသော 'အတိတ်' တရားများ။ (၁၀၄၄၊ ၁၄၃၁)။

(၂) ဥပါဒ်စသော ခဏသုံးပါးသို့ မရောက်သေးသော 'အနာဂတ်' တရားများ။ (၁၀၄၅၊ ၁၄၃၁)။

(၃) ထိုထိုအကြောင်းကို စွဲ၍ ဖြစ်ပေါ်နေသော 'ပစ္စုပ္ပန်' တရားများ။ (၁၀၄၆၊ ၁၄၃၁)။

၁၉။ အတီတာရမ္မဏတိက်

(၁) အတိတ်တရားလျှင် အာရုံရှိသော တရားများ။ (၁၁၄၇၊ ၁၄၃၂)။

(၂) အနာဂတ်တရားလျှင် အာရုံရှိကုန်သော တရားများ။ (၁၀၄၈၊ ၁၄၃၃)။

(၃) ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်သော တရားများ။ (၁၀၄၉၊ ၁၄၃၄)။

၂၀။ အဇ္ဈတ္တတိက်

(၁) အတွင်း 'အဇ္ဈတ္တ' သန္တာန်၌ ဖြစ်သော တရားများ။ (၁၀၅၀၊ ၁၄၃၅)။

(၂) အပ 'ဗဟိဒ္ဓ' သန္တာန်၌ ဖြစ်သော တရားများ။ (၁၀၅၁၊ ၁၄၃၅)။

(၃) အတွင်း အပ 'အဇ္ဈတ္တဗဟိဒ္ဓ' သန္တာန်၌ ဖြစ်သော တရားများ။ (၁၀၅၂၊ ၁၄၃၅)။

၂၁။ အဇ္ဈတ္တာရမ္မဏတိက်

(၁) အတွင်း 'အဇ္ဈတ္တ' တရားလျှင် အာရုံရှိကုန်သော တရားများ။ (၁၀၅၃၊ ၁၄၃၆)။

(၂) အပ 'ဗဟိဒ္ဓ' တရားလျှင် အာရုံရှိသော တရားများ။ (၁၀၅၄၊ ၁၄၃၇)။

(၃) အတွင်း အပ 'အဇ္ဈတ္တဗဟိဒ္ဓ' တရားလျှင် အာရုံရှိသော တရားများ။ (၁၀၅၅၊ ၁၄၃၇)။

၂၂။ သနိဒဿနတိက်

(၁) မြင်ခြင်းနှင့်လည်း တကွ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော တရားများ။ (၁၀၅၆၊ ၁၄၃၈)။

(၂) မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာ တကွဖြစ်သော တရားများ။ (၁၀၅၇၊ ၁၄၃၉)။

(၃) မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိသော တရားများ။ (၁၀၅၈၊ ၁၄၄၀)။

တိကမာတိကာ ပြီးပြီ။

------

(ခ) ဒုကမာတိကာ

၁-ဟေတုဂေါစ္ဆက

၁ (၁)။ ဟေတုဒုက်

(၁) အကြောင်းရင်း 'ဟိတ်' မည်သော တရားများ။ (၁၀၅၉၊ ၁၀၇၇၊ ၁၄၄၁)။

(၂) အကြောင်းရင်း 'ဟိတ်' မမည်သော တရားများ။ (၁၀၇၈၊ ၁၄၄၂)။

၂ (၂)။ သဟေတုကဒုက်

(၁) အကြောင်းရင်း 'ဟိတ်'ရှိသော တရားများ။ (၁၀၇၉၊ ၁၄၄၃)။

(၂) အကြောင်းရင်း 'ဟိတ်' မရှိသော တရားများ။ (၁၀၈၀၊ ၁၄၄၄)။

၃ (၃)။ ဟေတုသမ္ပယုတ္တဒုက်

(၁) အကြောင်းရင်း 'ဟိတ်' နှင့် ယှဉ်သော တရားများ။ (၁၀၈၁၊ ၁၄၄၅)။

(၂) အကြောင်းရင်း 'ဟိတ်' နှင့် မယှဉ်သော တရားများ။ (၁၀၈၂၊ ၁၄၄၆)။

၄ (၄)။ ဟေတု သဟေတုကဒုက်

(၁) အကြောင်းရင်း 'ဟိတ်'လည်းမည် အကြောင်းရင်း 'ဟိတ်'လည်းရှိသော တရားများ။ (၁၀၈၃၊ ၁၄၄၇)။

(၂) အကြောင်းရင်း 'ဟိတ်' သာ ရှိ၍ အကြောင်းရင်း 'ဟိတ်' မမည်သော တရားများ။ (၁၀၈၄၊ ၁၄၄၈)။

၅ (၅)။ ဟေတု ဟေတုသမ္ပယုတ္တဒုက်

(၁) အကြောင်းရင်း 'ဟိတ်'လည်းမည် အကြောင်းရင်း 'ဟိတ်' နှင့်လည်း ယှဉ်သော တရားများ။ (၁၀၈၅၊ ၁၄၄၉)။

(၂) အကြောင်းရင်း 'ဟိတ်' နှင့်သာ ယှဉ်၍ အကြောင်းရင်း 'ဟိတ်' မမည်သော တရားများ။ (၁၀၈၆၊ ၁၄၅၀)။

၆ (၆)။ န ဟေတု သဟေတုကဒုက်

(၁) အကြောင်းရင်း 'ဟိတ်'မမည်သော်လည်း အကြောင်းရင်း 'ဟိတ်'ရှိသော တရားများ။ (၁၀၈၇၊ ၁၄၅၁)။

(၂) အကြောင်းရင်း 'ဟိတ်' လည်း မမည် အကြောင်းရင်း 'ဟိတ်' လည်း မရှိသော တရားများ။ (၁၀၈၈၊ ၁၄၅၂)။

ဟေတုဂေါစ္ဆက ပြီးပြီ။

------

၂-စူဠန္တရဒုက်

ရ (၁)။ သပ္ပစ္စယဒုက်

(၁) (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား လေးပါးတို့နှင့် တကွဖြစ်သော တရားများ။ (၁၀၈၉၊ ၁၄၅၃)။

(၂) (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား လေးပါးတို့နှင့် တကွမဖြစ်သော တရားများ။ (၁၀၉၀၊ ၁၄၅၄)။

၈ (၂)။ သင်္ခတဒုက်

(၁) (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား လေးပါးတို့သည် ပြု ပြင်စီမံ အပ်သောတရားများ။ (၁၀၉၁၊ ၁၄၅၅)။

(၂) (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား လေးပါးတို့သည် မပြုပြင် မစီမံအပ်သော တရားများ။ (၁၀၉၂၊ ၁၄၅၆)။

၉ (၃)။ သနိဒဿနဒုက်

(၁) မြင်ခြင်းနှင့် တကွဖြစ်သော တရားများ။ (၁၀၉၃၊ ၁၄၅၇)။

(၂) မြင်ခြင်းနှင့် တကွမဖြစ်သော တရားများ။ (၁၀၉၄၊ ၁၄၅၈)။

၁၀ (၄)။ သပ္ပဋိဃဒုက်

(၁) ထိပါးခြင်းနှင့် တကွဖြစ်သော တရားများ။ (၁၀၉၅၊ ၁၄၅၉)။

(၂) ထိပါးခြင်းနှင့် တကွမဖြစ်သော တရားများ။ (၁၀၉၆၊ ၁၄၆၀)။

၁၁ (၅)။ ရူပီဒုက်

(၁) ဖောက်ပြန်ခြင်း သဘောရှိသော 'ရုပ်' တရားများ။ (၁၀၉၇၊ ၁၄၆၁)။

(၂) ဖောက်ပြန်ခြင်း သဘောမရှိသော 'နာမ်' တရားများ။ (၁၀၉၈၊ ၁၄၆၂)။

၁၂ (၆)။ လောကိယဒုက်

(၁) လောက၌ အကျုံးဝင်ကုန်သော တရားများ။ (၁၀၉၉၊ ၁၄၆၃)။

(၂) လောကမှ လွန်မြောက်သော တရားများ။ (၁၁၀၀၊ ၁၄၆၄)။

၁၃ (၇)။ ကေနစိဝိညေယျဒုက်

(၁) တစ်စုံတစ်ခုသော စိတ်သည် သိအပ် သိထိုက်သော တရားများ။ (၁၁၀၁၊ ၁၄၆၄)။

(၂) တစ်စုံတစ်ခုသော စိတ်သည် မသိအပ် မသိထိုက်သော တရားများ။ (၁၁၀၁၊ ၁၄၆၄)။

စူဠန္တရဒုက် ပြီးပြီ။

------

၃-အာသဝဂေါစ္ဆက

၁၄ (၁)။ အာသဝဒုက်

(၁) အာသဝမည်သော တရားများ။ (ရှည်စွာသော သံသရာဆင်းရဲကို ယိုစီးစေတတ် ဖြစ်စေ တတ်သောတရားများ)။ (၁၁၀၂၊ ၁၄၆၅)။

(၂) အာသဝမမည်သော တရားများ။ (၁၁၀၇၊ ၁၄၆၆)။

၁၅ (၂)။ သာသဝဒုက်

(၁) အာသဝတို့၏ အာရုံဖြစ်သော တရားများ။ (၁၁၀၈၊ ၁၄၆၇)။

(၂) အာသဝတို့၏ အာရုံမဖြစ်သော တရားများ။ (၁၁၀၉၊ ၁၄၆၈)။

၁၆ (၃)။ အာသဝသမ္ပယုတ္တဒုက်

(၁) အာသဝနှင့် ယှဉ်သော တရားများ။ (၁၁၁၀၊ ၁၄၆၉)။

(၂) အာသဝနှင့် မယှဉ်သော တရားများ။ (၁၁၁၁၊ ၁၄၇၀)။

၁ရ (၄)။ အာသဝ သာသဝဒုက်

(၁) အာသဝလည်းမည် အာသဝတို့၏ အာရုံလည်းဖြစ်သော တရားများ။ (၁၁၁၂၊ ၁၄၇၁)။

(၂) အာသဝတို့၏ အာရုံသာ ဖြစ်၍ အာသဝမမည်သော တရားများ။ (၁၁၁၃၊ ၁၄၇၂)။

၁၈ (၅)။ အာသဝ အာသဝသမ္ပယုတ္တဒုက်

(၁) အာသဝလည်းမည် အာသဝနှင့်လည်း ယှဉ်သော တရားများ။ (၁၁၁၄၊ ၁၄၇၃)။

(၂) အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်သော တရားများ။ (၁၁၁၅၊ ၁၄၇၄)။

၁၉ (၆)။ အာသဝဝိပ္ပယုတ္တသာသဝဒုက်

(၁) အာသဝနှင့် မယှဉ်သော်လည်း အာသဝတို့၏ အာရုံဖြစ်သော တရားများ။ (၁၁၁၆၊ ၁၄၇၅)။

(၂) အာသဝနှင့်လည်း မယှဉ်၊ အာသဝတို့၏ အာရုံလည်း မဖြစ်သော တရားများ။ (၁၁၁၇၊ ၁၄၇၆)။

အာသဝဂေါစ္ဆက ပြီးပြီ။

------

၄-သညောဇနဂေါစ္ဆက

၂၀ (၁)။ သညောဇနဒုက်

(၁) သံယောဇဉ်မည်သော တရားများ။ (ဝဋ်ဆင်းရဲ၌ ယှဉ်စပ်နှောင်ဖွဲ့တတ်သော တရားများ)။ (၁၁၁၈၊ ၁၄၇၇)။

(၂) သံယောဇဉ် မမည်သော တရားများ။ (၁၁၂၉၊ ၁၄၇၈)။

၂၁ (၂)။ သညောဇနိယဒုက်

(၁) သံယောဇဉ်တို့၏ အာရုံဖြစ်သော တရားများ။ (၁၁၃၀၊ ၁၄၇၉)။

(၂) သံယောဇဉ်တို့၏ အာရုံမဖြစ်သော တရားများ။ (၁၁၃၁၊ ၁၄၈၀)။

၂၂ (၃)။ သညောဇန သမ္ပယုတ္တဒုက်

(၁) သံယောဇဉ်နှင့် ယှဉ်သော တရားများ။ (၁၁၃၂၊ ၁၄၈၁)။

(၂) သံယောဇဉ်နှင့် မယှဉ်သော တရားများ။ (၁၁၃၃၊ ၁၄၈၂)။

၂၃ (၄)။ သညောဇန သညောဇနိယဒုက်

(၁) သံယောဇဉ်လည်းမည် သံယောဇဉ်တို့၏ အာရုံလည်း ဖြစ်သော တရားများ။ (၁၁၃၄၊ ၁၄၈၃)။

(၂) သံယောဇဉ်တို့၏ အာရုံသာ ဖြစ်၍ သံယောဇဉ်မမည်သော တရားများ။ (၁၁၃၅၊ ၁၄၈၄)။

၂၄ (၅)။ သညောဇန သညောဇနသမ္ပယုတ္တဒုက်

(၁) သံယောဇဉ်လည်း မည်၍ သံယောဇဉ်နှင့်လည်း ယှဉ်သော တရားများ။ (၁၁၃၆၊ ၁၄၈၅)။

(၂) သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ် မမည်သော တရားများ။ (၁၁၃၇၊ ၁၄၈၆)။

၂၅ (၆)။ သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက်

(၁) သံယောဇဉ်နှင့် မယှဉ်သော်လည်း သံယောဇဉ်တို့၏ အာရုံဖြစ်သော တရားများ။ (၁၁၃၈၊ ၁၄၈၇)။

(၂) သံယောဇဉ်နှင့်လည်း မယှဉ်၊ သံယောဇဉ်တို့၏ အာရုံလည်း မဖြစ်သော တရားများ။ (၁၁၃၉၊ ၁၄၈၈)။

သညောဇနဂေါစ္ဆက ပြီးပြီ။

------

၅-ဂန္ထဂေါစ္ဆက

၂၆ (၁)။ ဂန္ထဒုက်

(၁) ဂန္ထမည်သော တရားများ။ (ပဋိသန္ဓေနေခြင်း သေခြင်းဖြင့် ဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့ တတ်သောတရားများ)။ (၁၁၄၀၊ ၁၄၈၉)။

(၂) ဂန္ထမမည်သော တရားများ။ (၁၁၄၅၊ ၁၄၉၀)။

၂ရ (၂)။ ဂန္ထနိယဒုက်

(၁) ဂန္ထတရားတို့၏ အာရုံဖြစ်သော တရားများ။ (၁၁၄၆၊ ၁၄၉၁)။

(၂) ဂန္ထတရားတို့၏ အာရုံမဖြစ်သော တရားများ။ (၁၁၄၇၊ ၁၄၉၂)။

၂၈ (၃)။ ဂန္ထသမ္ပယုတ္တဒုက်

(၁) ဂန္ထနှင့် ယှဉ်သော တရားများ။ (၁၁၄၈၊ ၁၄၉၃)။

(၂) ဂန္ထနှင့် မယှဉ်သော တရားများ။ (၁၁၄၉၊ ၁၄၉၄)။

၂၉ (၄)။ ဂန္ထ ဂန္ထနိယဒုက်

(၁) ဂန္ထလည်းမည် ဂန္ထတရားတို့၏ အာရုံလည်း ဖြစ်သော တရားများ။ (၁၁၅၀၊ ၁၄၉၅)။

(၂) ဂန္ထတရားတို့၏ အာရုံသာ ဖြစ်၍ ဂန္ထမမည်သော တရားများ။ (၁၁၅၁၊ ၁၄၉၆)။

၃၀ (၅)။ ဂန္ထ ဂန္ထသမ္ပယုတ္တဒုက်

(၁) ဂန္ထလည်း မည်၍ ဂန္ထနှင့်လည်း ယှဉ်သော တရားများ။ (၁၁၅၂၊ ၁၄၉၇)။

(၂) ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်သော တရားများ။ (၁၁၅၃၊ ၁၄၉၈)။

၃၁ (၆)။ ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက်

(၁) ဂန္ထနှင့် မယှဉ်သော်လည်း ဂန္ထတရားတို့၏ အာရုံဖြစ်သော တရားများ။ (၁၁၅၄၊ ၁၄၉၉)။

(၂) ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထတရားတို့၏ အာရုံလည်း မဖြစ်သော တရားများ။ (၁၁၅၅၊ ၁၅၀၀)။

ဂန္ထဂေါစ္ဆက ပြီးပြီ။

------

၆-ဩဃဂေါစ္ဆက

၃၂ (၁)။ ဩဃဒုက်

(၁) ဩဃမည်သော တရားများ။ (ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေတတ်သော တရားများ)။ (၁၁၅၆၊ ၁၅၀၁)။

(၂) ဩဃမမည်သော တရားများ။

၃၃ (၂)။ ဩဃနိယဒုက်

(၁) ဩဃတို့၏ အာရုံဖြစ်သော တရားများ။

(၂) ဩဃတို့၏ အာရုံမဖြစ်သော တရားများ။

၃၄ (၃)။ ဩဃသမ္ပယုတ္တဒုက်

(၁) ဩဃနှင့် ယှဉ်သော တရားများ။

(၂) ဩဃနှင့် မယှဉ်သော တရားများ။

၃၅ (၄)။ ဩဃ ဩဃနိယဒုက်

(၁) ဩဃလည်းမည် ဩဃတို့၏ အာရုံလည်းဖြစ်သော တရားများ။

(၂) ဩဃတို့၏ အာရုံသာ ဖြစ်၍ ဩဃမမည်သော တရားများ။

၃၆ (၅)။ ဩဃ ဩဃသမ္ပယုတ္တဒုက်

(၁) ဩဃလည်းမည် ဩဃနှင့်လည်း ယှဉ်သော တရားများ။

(၂) ဩဃနှင့်သာ ယှဉ်၍ ဩဃမမည်သော တရားများ။

၃ရ (၆)။ ဩဃဝိပ္ပယုတ္တဩဃနိယဒုက်

(၁) ဩဃနှင့် မယှဉ်သော်လည်း ဩဃတို့၏ အာရုံဖြစ်သော တရားများ။

(၂) ဩဃနှင့်လည်း မယှဉ်၊ ဩဃတို့၏ အာရုံလည်း မဖြစ်သော တရားများ။

ဩဃဂေါစ္ဆက ပြီးပြီ။

------

၇-ယောကဂေါစ္ဆက

၃၈ (၁)။ ယောဂဒုက်

(၁) ယောဂမည်သော တရားများ။ (ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော တရားများ)။ (၁၁၅၇၊ ၁၅၀၂)။

(၂) ယောဂမမည်သော တရားများ။

၃၉ (၂)။ ယောဂနိယဒုက်

(၁) ယောဂတို့၏ အာရုံဖြစ်သော တရားများ။

(၂) ယောဂတို့၏ အာရုံမဖြစ်သော တရားများ။

၄၀ (၃)။ ယောဂသမ္ပယုတ္တဒုက်

(၁) ယောဂနှင့် ယှဉ်သော တရားများ။

(၂) ယောဂနှင့် မယှဉ်သော တရားများ။

၄၁ (၄)။ ယောဂ ယောဂနိယဒုက်

(၁) ယောဂလည်းမည် ယောဂတို့၏ အာရုံလည်းဖြစ်သော တရားများ။

(၂) ယောဂတို့၏ အာရုံသာ ဖြစ်၍ ယောဂမမည်သော တရားများ။

၄၂ (၅)။ ယောဂ ယောဂသမ္ပယုတ္တဒုက်

(၁) ယောဂလည်းမည် ယောဂနှင့်လည်း ယှဉ်သော တရားများ။

(၂) ယောဂနှင့်သာ ယှဉ်၍ ယောဂမမည်သော တရားများ။

၄၃ (၆)။ ယောဂဝိပ္ပယုတ္တယောဂနိယဒုက်

(၁) ယောဂနှင့် မယှဉ်သော်လည်း ယောဂတို့၏ အာရုံဖြစ်သော တရားများ။

(၂) ယောဂနှင့်လည်း မယှဉ်၊ ယောဂတို့၏ အာရုံလည်း မဖြစ်သော တရားများ။

ယောဂဂေါစ္ဆက ပြီးပြီ။

------

၈-နီဝရဏဂေါစ္ဆက

၄၄ (၁)။ နီဝရဏဒုက်

(၁) နီဝရဏမည်သော တရားများ။ (ဈာန် မဂ် ဖိုလ်တို့ကို ပိတ်ပင်တတ်သော တရားများ)။ (၁၁၅၈၊ ၁၅၀၃)။

(၂) နီဝရဏမမည်သော တရားများ။ (၁၁၆၉၊ ၁၅၀၄)။

၄၅ (၂)။ နီဝရဏနိယဒုက်

(၁) နီဝရဏတို့၏ အာရုံဖြစ်သော တရားများ။ (၁၁၇၀၊ ၁၅၀၅)။

(၂) နီဝရဏတို့၏ အာရုံမဖြစ်သော တရားများ။ (၁၁၇၁၊ ၁၅၀၆)။

၄၆ (၃)။ နီဝရဏသမ္ပယုတ္တဒုက်

(၁) နီဝရဏနှင့် ယှဉ်သော တရားများ။ (၁၁၇၂၊ ၁၅၀၇)။

(၂) နီဝရဏနှင့် မယှဉ်သော တရားများ။ (၁၁၇၃၊ ၁၅၀၈)။

၄ရ (၄)။ နီဝရဏ နီဝရဏိနိယဒုက်

(၁) နီဝရဏလည်းမည် နီဝရဏတို့၏ အာရုံလည်း ဖြစ်သော တရားများ။ (၁၁၇၄၊ ၁၅၀၉)။

(၂) နီဝရဏတို့၏ အာရုံသာ ဖြစ်၍ နီဝရဏမမည်သော တရားများ။ (၁၁၇၅၊ ၁၅၁၀)။

၄၈ (၅)။ နီဝရဏ နီဝရဏသမ္ပယုတ္တဒုက်

(၁) နီဝရဏလည်းမည် နီဝရဏနှင့်လည်း ယှဉ်သော တရားများ။ (၁၁၇၆၊ ၁၅၁၁)။

(၂) နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်သော တရားများ။ (၁၁၇၇၊ ၁၅၁၂)။

၄၉ (၆)။ နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက်

(၁) နီဝရဏနှင့် မယှဉ်သော်လည်း နီဝရဏတို့၏ အာရုံဖြစ်သော တရားများ။ (၁၁၇၈၊ ၁၅၁၃)။

(၂) နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏတို့၏ အာရုံလည်း မဖြစ်သော တရားများ။ (၁၁၇၉၊ ၁၅၁၄)။

နီဝရဏဂေါစ္ဆက ပြီးပြီ။

------

၉-ပရာမာသဂေါစ္ဆက

၅၀ (၁)။ ပရာမာသဒုက်

(၁) ပရာမာသမည်သော တရားများ။ (မမြဲသည်ကို မြဲ၏ဟု မှားသောအားဖြင့် သုံးသပ်တတ် သောတရားများ)။ (၁၁၈၀၊ ၁၅၁၅)။

(၂) ပရာမာသ မမည်သော တရားများ။ (၁၁၈၂၊ ၁၅၁၆)။

၅၁ (၂)။ ပရာမဋ္ဌဒုက်

(၁) ပရာမာသ၏ အာရုံဖြစ်သော တရားများ။ (၁၁၈၃၊ ၁၅၁၇)။

(၂) ပရာမာသ၏ အာရုံမဖြစ်သော တရားများ။ (၁၁၈၄၊ ၁၅၁၈)။

၅၂ (၃)။ ပရာမာသသမ္ပယုတ္တဒုက်

(၁) ပရာမာသနှင့် ယှဉ်သော တရားများ။ (၁၁၈၅၊ ၁၅၁၉)။

(၂) ပရာမာသနှင့် မယှဉ်သော တရားများ။ (၁၁၈၆၊ ၁၅၂၀)။

၅၃ (၄)။ ပရာမာသ ပရာမဋ္ဌဒုက်

(၁) ပရာမာသလည်းမည် ပရာမာသ၏ အာရုံလည်း ဖြစ်သော တရားများ။ (၁၁၈၇၊ ၁၅၂၁)။

(၂) ပရာမာသ၏ အာရုံဖြစ်သော်လည်း ပရာမာသမမည်သော တရားများ။ (၁၁၈၈၊ ၁၅၂၂)။

၅၄ (၅)။ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက်

(၁) ပရာမာသနှင့် မယှဉ်သော်လည်း ပရာမာသ၏ အာရုံဖြစ်သော တရားများ။ (၁၁၈၉၊ ၁၅၂၃)။

(၂) ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်း မဖြစ်သော တရားများ။ (၁၁၉၀၊ ၁၅၂၄)။

ပရာမာသဂေါစ္ဆက ပြီးပြီ။

------

၁၀-မဟန္တရဒုက်

၅၅ (၁)။ သာရမ္မဏဒုက်

(၁) အာရုံပြုခြင်းရှိသော တရားများ။ (၁၁၉၁၊ ၁၅၂၅)။

(၂) အာရုံပြုခြင်းမရှိသော တရားများ။ (၁၁၉၂၊ ၁၅၂၆)။

၅၆ (၂)။ စိတ္တဒုက်

(၁) စိတ်မည်သော တရားများ။ (အာရုံကို ယူသောအားဖြင့် သိတတ်သော တရားများ)။ (၁၁၉၃၊ ၁၅၂၇)။

(၂) စိတ်မမည်သော တရားများ။ (၁၁၉၄၊ ၁၅၂၈)။

၅ရ (၃)။ စေတသိကဒုက်

(၁) စေတသိက်မည်သော တရားများ။ (၁၁၉၅၊ ၁၅၂၉)။

(၂) စေတသိက်မမည်သော တရားများ။ (၁၁၉၆၊ ၁၅၃၀)။

၅၈ (၄)။ စိတ္တသမ္ပယုတ္တဒုက်

(၁) စိတ်နှင့် ယှဉ်သော တရားများ။ (၁၁၉၇၊ ၁၅၃၁)။

(၂) စိတ်နှင့် မယှဉ်သော တရားများ။ (၁၁၉၈၊ ၁၅၃၂)။

၅၉ (၅)။ စိတ္တသံသဋ္ဌဒုက်

(၁) စိတ်နှင့် ရောနှောသော တရားများ။ (၁၁၉၉၊ ၁၅၃၃)။

(၂) စိတ်နှင့် မရောနှောသော တရားများ။ (၁၂၀၀၊ ၁၅၃၄)။

၆၀ (၆)။ စိတ္တသမုဋ္ဌာနဒုက်

(၁) စိတ်လျှင်ဖြစ်ကြောင်းရှိသောတရားများ။ (စိတ်ကြောင့်ဖြစ်သော တရားများ)။ (၁၂၀၁၊ ၁၅၃၅)။

(၂) စိတ်လျှင်ဖြစ်ကြောင်း မရှိသော တရားများ။ (၁၂၀၂၊ ၁၅၃၆)။

၆၁ (၇)။ စိတ္တသဟဘုဒုက်

(၁) စိတ်နှင့် တကွဖြစ်သော တရားများ။ (၁၂၀၃၊ ၁၅၃၇)။

(၂) စိတ်နှင့် တကွမဖြစ်သော တရားများ။ (၁၂၀၄၊ ၁၅၃၈)။

၆၂ (၈)။ စိတ္တာနုပရိဝတ္တိဒုက်

(၁) စိတ်သို့ အစဉ်လိုက်သော တရားများ။ (စေတသိက်နှင့် ဝိညတ်များ)။ (၁၂၀၅၊ ၁၅၃၉)။

(၂) စိတ်သို့ အစဉ်မလိုက်သော တရားများ။ (၁၂၀၆၊ ၁၅၄၀)။

၆၃ (၉)။ စိတ္တသံသဋ္ဌ သမုဋ္ဌာနဒုက်

(၁) စိတ်နှင့်လည်း ရောနှော၊ စိတ်လျှင် ဖြစ်ကြောင်းလည်းရှိသော တရားများ။ (စေတသိက်တရားများ)။ (၁၂၀၇၊ ၁၅၄၁)။

(၂) စိတ်နှင့်လည်း မရောနှော၊ စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိသော တရားများ။ (၁၂၀၈၊ ၁၅၄၂)။

၆၄ (၁၀)။ စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုဒုက်

(၁) စိတ်နှင့်လည်း ရောနှော၊ စိတ်လျှင် ဖြစ်ကြောင်းလည်းရှိ၊ စိတ်နှင့်လည်း တကွ ဖြစ်သော တရားများ။ (စေတသိက်တရားများ)။ (၁၂၀၉၊ ၁၅၄၃)။

(၂) စိတ်နှင့်လည်း မရောနှော၊ စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ၊ စိတ်နှင့်လည်း တကွ မဖြစ်သော တရားများ။ (၁၂၁၀၊ ၁၅၄၄)။

၆၅ (၁၁)။ စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိဒုက်

(၁) စိတ်နှင့်လည်း ရောနှော၊ စိတ်လျှင် ဖြစ်ကြောင်းလည်းရှိ၊ စိတ်သို့လည်း အစဉ်လိုက်သောတရားများ။ (စေတသိက်တရားများ)။ (၁၂၁၁၊ ၁၅၄၅)။

(၂) စိတ်နှင့်လည်း မရောနှော၊ စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ၊ စိတ်သို့လည်း အစဉ်မလိုက် သောတရားများ။ (၁၂၁၂၊ ၁၅၄၆)။

၆၆ (၁၂)။ အဇ္ဈတ္တိကဒုက်

(၁) အတွင်း 'အဇ္ဈတ္တ'သန္တာန်၌ ဖြစ်သော တရားများ။ (၁၂၁၃၊ ၁၅၄၇)။

(၂) အပ 'ဗဟိဒ္ဓ' သန္တာန်၌ ဖြစ်သော တရားများ။ (၁၂၁၄၊ ၁၅၄၈)။

၆ရ (၁၃)။ ဥပါဒါဒုက်

(၁) မှီ၍ ဖြစ်တတ်သော တရားများ။ (၁၂၁၅၊ ၁၅၄၉)။

(၂) မမှီမူ၍ ဖြစ်တတ်သော တရားများ။ (၁၂၁၆၊ ၁၅၅၀)။

၆၈ (၁၄)။ ဥပါဒိဏ္ဏဒုက်

(၁) (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် (အကျိုး 'ဝိပါက်'၏ အဖြစ် ဖြင့်) စွဲယူအပ်သော တရားများ။ (တဏှာ ဒိဋ္ဌိဟူသော 'ဥပါဒါန်'ဦးစီးသည့် ကံ၏ အကျိုး ဖြစ်သော လောကီဝိပါက်စိတ်, စေတသိက်နှင့် ကမ္မဇရုပ်တရားများ)။ (၁၂၁၇၊ ၁၅၅၁)။

(၂) (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် (အကျိုး 'ဝိပါက်' ၏ အဖြစ်ဖြင့်) မစွဲယူအပ်သော တရားများ။ (တဏှာ ဒိဋ္ဌိဟူသော 'ဥပါဒါန်' ဦးစီးသည့် ကံ၏ အကျိုး မဟုတ်သောကုသိုလ်, အကုသိုလ်, ဖိုလ်, ကြိယာတို့နှင့် တိဇရုပ်, နိဗ္ဗာန်တရားများ)။ (၁၂၁၈၊ ၁၅၅၂)။

မဟန္တရဒုက် ပြီးပြီ။

------

၁၁-ဥပါဒါနဂေါစ္ဆက

၆၉ (၁)။ ဥပါဒါနဒုက်

(၁) ဥပါဒါန်မည်သော တရားများ။ (ပြင်းစွာ စွဲလမ်းတတ်သော တရားများ)။ (၁၂၁၉၊ ၁၅၅၃)။

(၂) ဥပါဒါန်မမည်သော တရားများ။ (ပြင်းစွာ မစွဲလမ်းတတ်သော တရားများ)။ (၁၂၂၄၊ ၁၅၅၄)။

၇၀ (၂)။ ဥပါဒါနိယဒုက်

(၁) ဥပါဒါန်တို့၏ အာရုံဖြစ်သော တရားများ။ (ဥပါဒါန်တို့၏ အစီးအပွါးဖြစ်သော လောကီ တရားများ)။

(၁၂၂၅၊ ၁၅၅၅)။

(၂) ဥပါဒါန်တို့၏ အာရုံမဖြစ်သော တရားများ။ (ဥပါဒါန်တို့၏ အစီးအပွါးမဖြစ်သော လောကုတ္တရာတရားများ)။ (၁၂၂၆၊ ၁၅၅၆)။

၇၁ (၃)။ ဥပါဒါနသမ္ပယုတ္တဒုက်

(၁) ဥပါဒါနတို့နှင့် ယှဉ်သော တရားများ။ (၁၂၂၇၊ ၁၅၅၇)။

(၂) ဥပါဒါနတို့နှင့် မယှဉ်သော တရားများ။ (၁၂၂၈၊ ၁၅၅၈)။

၇၂ (၄)။ ဥပါဒါန ဥပါဒါနိယဒုက်

(၁) ဥပါဒါန်လည်းမည် ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော တရားများ။ (၁၂၂၉၊ ၁၅၅၉)။

(၂) ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော တရားများ။ (၁၂၃၀၊ ၁၅၆၀)။

၇၃ (၅)။ ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက်

(၁) ဥပါဒါန်လည်းမည် ဥပါဒါန်နှင့်လည်း ယှဉ်သော တရားများ။ (၁၂၃၁၊ ၁၅၆၁)။

(၂) ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်သော တရားများ။ (၁၂၃၂၊ ၁၅၆၂)။

၇၄ (၆)။ ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက်

(၁) ဥပါဒါန်နှင့် မယှဉ်သော်လည်း ဥပါဒါန်တို့၏ အာရုံဖြစ်သော တရားများ။ (၁၂၃၃၊ ၁၅၆၃)။

(၂) ဥပါဒါန်နှင့်လည်းမယှဉ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဖြစ်သော တရားများ။ (၁၂၃၄၊ ၁၅၆၄)။

ဥပါဒါနဂေါစ္ဆက ပြီးပြီ။

------

၁၂-ကိလေသဂေါစ္ဆက

၇၅ (၁)။ ကိလေသဒုက်

(၁) ကိလေသမည်သော တရားများ။ (ပူပန်စေတတ် နှိပ်စက်တတ်သော တရားများ)။ (၁၂၃၅၊ ၁၅၆၅)။

(၂) ကိလေသ မမည်သော တရားများ။ (၁၂၄၆၊ ၁၅၆၆)။

၇၆ (၂)။ သံကိလေသိကဒုက်

(၁) ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသတို့ကို ရခြင်းငှါ ထိုက်တန်သော တရားများ။ (ကိလေသတို့၏ အာရုံဖြစ်သော တရားများ)။ (၁၂၄၇၊ ၁၅၆၇)။

(၂) ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသတို့ကို ရခြင်းငှါ မထိုက်သော တရားများ။ (၁၂၄၈၊ ၁၅၆၈)။

၇ရ (၃)။ သံကိလိဋ္ဌဒုက်

(၁) ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသတို့သည် ပူပန်စေအပ် နှိပ်စက်အပ်သော တရားများ။ (ကိလေသတရားတို့၏ လွှမ်းမိုးဖိစီး ပူးဝင်နှိပ်စက်မှုကို ခံရသော အကုသိုလ်တရားများ)။ (၁၂၄၉၊ ၁၅၆၉)။

(၂) ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသတို့သည် မပူပန်စေအပ် မနှိပ်စက်အပ်သော တ ရားများ။ (ကိလေသတရားတို့၏ လွှမ်းမိုးဖိစီး ပူးဝင်နှိပ်စက်မှုကို မခံရသော တရားများ)။ (၁၂၅၀၊ ၁၅၇၀)။

၇၈ (၄)။ ကိလေသသမ္ပယုတ္တဒုက်

(၁) ကိလေသတို့နှင့် ယှဉ်သော တရားများ။ (၁၂၅၁၊ ၁၅၇၁)။

(၂) ကိလေသတို့နှင့် မယှဉ်သော တရားများ။ (၁၂၅၂၊ ၁၅၇၂)။

၇၉ (၅)။ ကိလေသ သံကိလေသိကဒုက်

(၁) ကိလေသလည်းမည် ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသကို (ရခြင်းငှါ) လည်း ထိုက် သောတရားများ။ (ကိလေသလည်းမည်၍ ကိလေသ၏ အာရုံလည်းဖြစ်သော တရားများ)။ (၁၂၅၃၊ ၁၅၇၃)။

(၂) ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသကို (ရခြင်းငှါ) သာ ထိုက်၍ ကိလေသမမည်သောတရားများ။ (၁၂၅၄၊ ၁၅၇၄)။

၈၀ (၆)။ ကိလေသ သံကိလိဋ္ဌဒုက်

(၁) ကိလေသလည်းမည်၍ ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသတို့သည် ပူပန်စေအပ်နှိပ်စက်အပ်သည်လည်း ဖြစ်သော တရားများ။ (၁၂၅၅၊ ၁၅၇၅)။

(၂) ပူပန်စေတတ်, နှိပ်စက်တတ်သော ကိလေသတို့သည် ပူပန်စေအပ် နှိပ်စက်အပ်သည်သာ ဖြစ်၍ကိလေသမမည်သော တရားများ။ (၁၂၅၆၊ ၁၅၇၆)။

၈၁ (၇)။ ကိလေသ ကိလေသသမ္ပယုတ္တဒုက်

(၁) ကိလေသလည်းမည်၍ ကိလေသနှင့်လည်း ယှဉ်သော တရားများ။ (၁၂၅၇၊ ၁၅၇၇)။

(၂) ကိလေသနှင့်သာ ယှဉ်၍ ကိလေသမမည်သော တရားများ။ (၁၂၅၈၊ ၁၅၇၈)။

၈၂ (၈)။ ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက်

(၁) ကိလေသတရားတို့နှင့် မယှဉ်သော်လည်း ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသကို (ရခြင်းငှါ) ထိုက်သော တရားများ။ (၁၂၅၉၊ ၁၅၇၉)။

(၂) ကိလေသတရားတို့နှင့်လည်း မယှဉ်၊ ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသကို (ရခြင်းငှါ) လည်း မထိုက်သော တရားများ။ (၁၂၆၀၊ ၁၅၈၀)။

ကိလေသဂေါစ္ဆက ပြီးပြီ။

------

၁၃-ပိဋ္ဌိဒုက်

၈၃ (၁)။ ဒဿနေန ပဟာတဗ္ဗဒုက်

(၁) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားများ။ (၁၂၆၁၊ ၁၅၈၁)။

(၂) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော တရားများ။ (၁၂၆၅၊ ၁၅၈၂)။

၈၄ (၂)။ ဘာဝနာယ ပဟာတဗ္ဗဒုက်

(၁) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော တရားများ။ (၁၂၆၆၊ ၁၅၈၃)။

(၂) အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော တရားများ။ (၁၂၆၇၊ ၁၅၈၄)။

၈၅ (၃)။ ဒဿနေန ပဟာတဗ္ဗဟေတုကဒုက်

(၁) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်'ရှိသော တရားများ။ (၁၂၆၈၊ ၁၅၈၅)။

(၂) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' မရှိသော တရားများ။ (၁၂၇၂၊ ၁၅၈၆)။

၈၆ (၄)။ ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက်

(၁) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်'ရှိသော တရားများ။ (၁၂၇၃၊ ၁၅၈၇)။

(၂) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' မရှိသော တရားများ။ (၁၂၇၄၊ ၁၅၈၈)။

၈ရ (၅)။ သဝိတက္ကဒုက်

(၁) ကြံစည်မှု 'ဝိတက်' နှင့် တကွဖြစ်သော တရားများ။ (၁၂၇၅၊ ၁၅၈၉)။

(၂) ကြံစည်မှု 'ဝိတက်' နှင့် တကွမဖြစ်သော တရားများ။ (၁၂၇၆၊ ၁၅၉၀)။

၈၈ (၆)။ သဝိစာရဒုက်

(၁) သုံးသပ်မှု 'ဝိစာရ' နှင့် တကွဖြစ်သော တရားများ။ (၁၂၇၇၊ ၁၅၉၁)။

(၂) သုံးသပ်မှု 'ဝိစာရ' နှင့် တကွမဖြစ်သော တရားများ။ (၁၂၇၈၊ ၁၅၉၂)။

၈၉ (၇)။ သပ္ပီတိကဒုက်

(၁) နှစ်သက်မှု 'ပီတိ' နှင့် တကွဖြစ်သော တရားများ။ (နှစ်သက်မှု 'ပီတိ'ရှိသော တရားများ)။ (၁၂၇၉၊ ၁၅၉၃)။

(၂) နှစ်သက်မှု 'ပီတိ' နှင့် တကွမဖြစ်သော တရားများ။ (နှစ်သက်မှု 'ပီတိ' မရှိသော တရားများ)။

(၁၂၈၀၊ ၁၅၉၄)။

၉၀ (၈)။ ပီတိသဟဂတဒုက်

(၁) နှစ်သက်မှု 'ပီတိ' နှင့် တကွဖြစ်သော တရားများ။ (၁၂၈၁၊ ၁၅၉၅)။

(၂) နှစ်သက်မှု 'ပီတိ' နှင့် တကွမဖြစ်သော တရားများ။ (၁၂၈၂၊ ၁၅၉၆)။

၉၁ (၉)။ သုခသဟဂတဒုက်

(၁) ချမ်းသာမှု 'သုခ' နှင့် တကွဖြစ်သော တရားများ။ (၁၂၈၃၊ ၁၅၉၇)။

(၂) ချမ်းသာမှု 'သုခ' နှင့် တကွမဖြစ်သော တရားများ။ (၁၂၈၄၊ ၁၅၉၈)။

၉၂ (၁၀)။ ဥပေက္ခာသဟဂတဒုက်

(၁) အသင့်အားဖြင့် ရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော တရားများ။ (၁၂၈၅၊ ၁၅၉၉)။

(၂) အသင့်အားဖြင့် ရှုမှု 'ဥပေက္ခာ' နှင့် တကွမဖြစ်သော တရားများ။ (၁၂၈၆၊ ၁၆၀၀)။

၉၃ (၁၁)။ ကာမာဝစရဒုက်

(၁) ကာမဘုံ၌ သက်ဝင်၍ ဖြစ်သော 'ကာမာဝစရ' တရားများ။ (၁၂၈၇၊ ၁၆၀၁)။

(၂) ကာမဘုံ၌ သက်ဝင်၍ မဖြစ်သော 'န ကာမာဝစရ' တရားများ။ (၁၂၈၈၊ ၁၆၀၂)။

၉၄ (၁၂)။ ရူပါဝစရဒုက်

(၁) ရူပဘုံ၌ သက်ဝင်၍ ဖြစ်သော 'ရူပါဝစရ' တရားများ။ (၁၂၈၉၊ ၁၆၀၃)။

(၂) ရူပဘုံ၌ သက်ဝင်၍ မဖြစ်သော 'န ရူပါဝစရ' တရားများ။ (၁၂၉၀၊ ၁၆၀၄)။

၉၅ (၁၃)။ အရူပါဝစရဒုက်

(၁) အရူပဘုံ၌ သက်ဝင်၍ ဖြစ်သော 'အရူပါဝစရ' တရားများ။ (၁၂၉၁၊ ၁၆၀၅)။

(၂) အရူပဘုံ၌ သက်ဝင်၍ မဖြစ်သော 'န အရူပါဝစရ' တရားများ။ (၁၂၉၂၊ ၁၆၀၆)။

၉၆ (၁၄)။ ပရိယာပန္နဒုက်

(၁) ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော တရားများ။ (၁၂၉၃၊ ၁၆၀၇)။

(၂) ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော တရားများ။ (၁၂၉၄၊ ၁၆၀၈)။

၉ရ (၁၅)။ နိယျာနိကဒုက်

(၁) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားများ။ (၁၂၉၅၊ ၁၆၀၉)။

(၂) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်သော တရားများ။ (၁၂၉၆၊ ၁၆၁၀)။

၉၈ (၁၆)။ နိယတဒုက်

(၁) စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ လည်းကောင်း အကျိုးပေးမြဲသောတရားများ။ (၁၂၉၇၊ ၁၆၁၁)။

(၂) စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ လည်းကောင်း အကျိုးပေး မမြဲ သောတရားများ။ (၁၂၉၈၊ ၁၆၁၂)။

၉၉ (၁၇)။ သဥတ္တရဒုက်

(၁) မိမိထက် သာလွန်မြင့်မြတ်သော တရားရှိသော 'လောကီ' တရားများ။ (၁၂၉၉၊ ၁၆၁၃)။

(၂) မိမိထက် သာလွန်မြင့်မြတ်သော တရားမရှိသော 'လောကုတ္တရာ' တရားများ။ (၁၃၀၀၊ ၁၆၁၄)။

၁၀၀ (၁၈)။ သရဏဒုက်

(၁) ငိုကြွေးကြောင်း 'ရာဂ'စသည်ရှိသော တရားများ။ (၁၃၀၁၊ ၁၆၁၅)။

(၂) ငိုကြွေးကြောင်း 'ရာဂ' စသည်မရှိသော တရားများ။ (၁၃၀၂၊ ၁၆၁၆)။

ပိဋ္ဌိဒုက် ပြီးပြီ။

ဒုကမာတိကာ ပြီးပြီ။

အဘိဓမ္မမာတိကာ ပြီးပြီ။

------

သုတ္တန္တိက ဒုကမာတိကာ

၁၀၁ (၁)။ ဝိဇ္ဇာဘာဂီဒုက်

(၁) ဝိဇ္ဇာရှစ်ပါးသို့ ဆည်းကပ်တတ်သော တရားများ၊ တစ်နည်း - ဝိဇ္ဇာရှစ်ပါးအဖို့ အစု၌ ဖြစ်သော တရားများ။ (၁၃၀၃)။

(၂) အဝိဇ္ဇာသို့ ဆည်းကပ်တတ်သော တရားများ၊ တစ်နည်း - အဝိဇ္ဇာအဖို့အစု၌ ဖြစ်သော တရားများ။ (၁၃၀၄)။

၁၀၂ (၂)။ ဝိဇ္ဇူပမဒုက်

(၁) လျှပ်စစ်နှင့် တူသော တရားများ။ (၁၃၀၅)။

(၂) မိုးကြိုးစက်နှင့် တူသော တရားများ။ (၁၃၀၆)။

၁၀၃ (၃)။ ဗာလဒုက်

(၁) လူမိုက်ဖြစ်အောင် ပြုတတ်သော တရားများ။ (၁၃၀၇)။

(၂) လူလိမ္မာဖြစ်အောင် ပြုတတ်သော တရားများ။ (၁၃၀၈)။

၁၀၄ (၄)။ ကဏှဒုက်

(၁) မည်းညစ်သော တရားများ။ (လူဆင်းရဲဖြစ်အောင် ပြုတတ်သော တရားများ)။ (၁၃၀၉)။

(၂) ဖြူစင်သော တရားများ။ (လူချမ်းသာ၊ လူဘုန်းကြီးဖြစ်အောင် ပြုတတ်သော တရားများ)။ (၁၃၁၀)။

၁၀၅ (၅)။ တပနီယဒုက်

(၁) ပူလောင်စေတတ်သော တရားများ။ (၁၃၁၁)။

(၂) မပူလောင်စေတတ်သော တရားများ။ (၁၃၁၂)။

၁၀၆ (၆)။ အဓိဝစနဒုက်

(၁) အမည်ပညတ်ဖြစ်သော တရားများ။ (၁၃၁၃)။

(၂) အမည်ပညတ်၏ အကြောင်းဖြစ်သော တရားများ။ (၁၃၁၃)။

၁၀ရ (၇)။ နိရုတ္တိဒုက်

(၁) ထုတ်ဆိုအပ်သော (သဒ္ဒပညတ်) တရားများ။ (၁၃၁၄)။

(၂) ထုတ်၍ ဆိုခြင်း၏ အကြောင်းဖြစ်သော တရားများ။ (၁၃၁၄)။

၁၀၈ (၈)။ ပညတ္တိဒုက်

(၁) အပြားအားဖြင့် သိစေတတ်သော တရားများ။ (၁၃၁၅)။

(၂) အပြားအားဖြင့် သိစေတတ်သော တရားတို့၏ အကြောင်းဖြစ်သော တရားများ။ (၁၃၁၅)။

၁၀၉ (၉)။ နာမရူပဒုက်

(၁) နာမ်တရား။ (အာရုံသို့ ညွတ်တတ်, ညွတ်စေတတ်သော တရား)။ (၁၃၁၆)။

(၂) ရုပ်တရား။ (ဖောက်ပြန်တတ်သော တရား)။ (၁၃၁၇)။

၁၁၀ (၁၀)။ အဝိဇ္ဇာဒုက်

(၁) မသိမှု 'အဝိဇ္ဇာ' တရား။ (အမှန်ကို ဖုံးလွှမ်းသော သိသင့်သည်ကို မသိ, မသိသင့်သည်ကို သိမှု 'အဝိဇ္ဇာ' တရား)။ (၁၃၁၈)။

(၂) ဘဝကို တပ်မက်တောင့်တမှု 'ဘဝတဏှာ' တရား။ (၁၃၁၉)။

၁၁၁ (၁၁)။ ဘဝဒိဋ္ဌိဒုက်

(၁) ဘဝမြဲခြင်း၏ အစွမ်းဖြင့် ဖြစ်သော အယူ။ (၁၃၂၀)။

(၂) ဘဝပြတ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော အယူ။ (၁၃၂၁)။

၁၁၂ (၁၂)။ သဿတဒိဋ္ဌိဒုက်

(၁) (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) မြဲ၏ဟု ဖြစ်သော အယူ။ (၁၃၂၂)။

(၂) (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) ပြတ်စဲလတ္တံ့ဟု ဖြစ်သော အယူ။ (၁၃၂၃)။

၁၁၃ (၁၃)။ အန္တဝါဒိဋ္ဌိဒုက်

(၁) (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံးအပိုင်းအခြားရှိ၏ဟု ဖြစ်သော အယူ။ (၁၃၂၄)။

(၂) (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံးအပိုင်းအခြား မရှိဟု ဖြစ်သော အယူ။ (၁၃၂၅)။

၁၁၄ (၁၄)။ ပုဗ္ဗန္တာနုဒိဋ္ဌိဒုက်

(၁) ရှေ့အဖို့သို့ အစဉ်လိုက်သော မှားသောအယူ။ (၁၃၂၆)။

(၂) နောက်အဖို့သို့ အစဉ်လိုက်သော မှားသောအယူ။ (၁၃၂၇)။

၁၁၅ (၁၅)။ အဟိရီကဒုက်

(၁) မကောင်းမှုမှ မရှက်မှု 'အဟိရီက' တရား။ (၁၃၂၈)။

(၂) မကောင်းမှုမှ မကြောက်လန့်မှု 'အနောတ္တပ္ပ' တရား။ (၁၃၂၉)။

၁၁၆ (၁၆)။ ဟိရီဒုက်

(၁) မကောင်းမှုမှ ရှက်မှု 'ဟိရီ' တရား။ (၁၃၃၀)။

(၂) မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပ' တရား။ (၁၃၃၁)။

၁၁ရ (၁၇)။ ဒေါဝစဿတာဒုက်

(၁) ဆိုဆုံးမခက်သောသူ၏ အဖြစ်။ (ဆိုဆုံးမခက်သောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၃၂)။

(၂) မကောင်းသော မိတ်ဆွေရှိသောသူ၏ အဖြစ်။ (မိတ်ဆွေဆိုး, မိတ်ဆွေယုတ်ရှိသောသူဖြစ် အောင်ပြုတတ်သော တရား)။ (၁၃၃၃)။

၁၁၈ (၁၈)။ သောဝစဿတာဒုက်

(၁) ဆိုဆုံးမလွယ်သောသူ၏ အဖြစ်။ (ဆိုဆုံးလွယ်သောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၃၄)။

(၂) ကောင်းသော မိတ်ဆွေရှိသော သူ၏အဖြစ်။ (အဆွေခင်ပွန်းကောင်းရှိသော သူဖြစ်အောင်ပြုတတ်သော တရား)။ (၁၃၃၅)။

၁၁၉ (၁၉)။ အာပတ္ထိကုသလတာဒုက်

(၁) အာပတ်တို့၌ လိမ္မာသောသူ၏အဖြစ်။ (အာပတ်တို့၌ လိမ္မာသောသူဖြစ်အောင် ပြုတတ် သောတရား)။ (၁၃၃၆)။

(၂) အာပတ်မှ ထခြင်း၌ လိမ္မာသောသူ၏အဖြစ်။ (အာပတ်မှ လွတ်ခြင်း၌ လိမ္မာသောသူဖြစ် အောင်ပြုတတ်သော တရား)။ (၁၃၃၇)။

၁၂၀ (၂၀)။ သမာပတ္တိကုသလတာဒုက်

(၁) သမာပတ် (ဝင်စားမှု) ၌ လိမ္မာသောသူ၏အဖြစ်။ (သမာပတ်ဝင်စားမှုကို ခွဲခြမ်း၍ သိနိုင် သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၃၈)။

(၂) သမာပတ်မှ ထမှု၌ လိမ္မာသောသူ၏အဖြစ် (သမာပတ်မှ ထမှုကို ခွဲခြား၍ သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၃၉)။

၁၂၁ (၂၁)။ ဓာတုကုသလတာဒုက်

(၁) သဘာဝဓာတ်၌ လိမ္မာသောသူ၏အဖြစ်။ (ဓာတ်၁၈-ပါး၌ တတ်သိလိမ္မာသောသူ ဖြစ် အောင်ပြုတတ်သော တရား)။ (၁၃၄၀)။

(၂) ထိုသဘာဝ (ဓာတ်) တို့ကို နှလုံးသွင်းမှု၌ လိမ္မာသောသူ၏အဖြစ်။ (ဓာတ်၁၈-ပါးတို့ကိုနှလုံးသွင်းမှု၌ လိမ္မသောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၄၁)။

၁၂၂ (၂၂)။ အာယတနကုသလတာဒုက်

(၁) အာယတန၌ လိမ္မာသောသူ၏အဖြစ်။ (အာယတန၁၂-ပါး၌ တတ်သိလိမ္မာသောသူဖြစ် အောင်ပြုတတ်သော တရား)။ (၁၃၄၂)။

(၂) ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသောသူ၏အဖြစ်။ (ပဋိစ္စသမုပ္ပါဒ်၌ တတ်သိလိမ္မာသောသူဖြစ်အောင်ပြုတတ်သော တရား)။ (၁၃၄၃)။

၁၂၃ (၂၃)။ ဌာနကုသလတာဒုက်

(၁) အကြောင်းဟုတ်သည်၌ လိမ္မာသောသူ၏အဖြစ်။ (အကြောင်းဟုတ်သည်၌ တတ်သိလိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၄၄)။

(၂) အကြောင်းမဟုတ်သည်၌ လိမ္မာသောသူ၏အဖြစ်။ (အကြောင်းမဟုတ်သည်၌ တတ်သိလိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၄၅)။

၁၂၄ (၂၄)။ အဇ္ဇဝဒုက်

(၁) ဖြောင့်မတ်သောသူ၏အဖြစ် 'အဇ္ဇဝ'။ (ဖြောင့်မတ်သောသူဖြစ်အောင် ပြုတတ်သော တရား)။

(၁၃၄၆)။

(၂) နူးညံ့ပြေပြစ်သောသူ၏အဖြစ် 'မဒ္ဒဝ'။ (နူးညံ့ပြေပြစ်သောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၄၇)။

၁၂၅ (၂၅)။ ခန္တိဒုက်

(၁) သည်းခံခြင်းတရား 'ခန္တိ'။ (၁၃၄၈)။

(၂) ကောင်းသော အမှု၌ မွေ့လျော်သူ၏အဖြစ် 'သောရစ္စ'။ (ကောင်းသော အမှု၌ မွေ့လျော်သူဖြစ်အောင် ပြုတတ်သောတရား)။ (၁၃၄၉)။

၁၂၆ (၂၆)။ သာခလျဒုက်

(၁) နူးညံ့ပြေပြစ်သော စကားရှိသူ၏အဖြစ် 'သာခလျ'။ (နူးညံ့ပြေပြစ် ချစ်ဖွယ်စကားကို ဆိုတတ်သူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၅၀)။

(၂) လောကဝတ် အစေ့အစပ်ပြု ခြင်း 'ပဋိသန္ထာရ'။ (လောကဝတ် ဖော်ရွေကျေပွန်ခြင်း)။ (၁၃၅၁)။

၁၂ရ (၂၇)။ ဣန္ဒြိယေသု အဂုတ္တဒွါရတာဒုက်

(၁) ဣန္ဒြေတို့၌ မစောင့်ရှောက်သော တံခါးပေါက်ရှိသူ၏အဖြစ်။ (မျက်စိစသော ဣန္ဒြေကိုမစောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၅၂)။

(၂) ဘောဇဉ်၌ အတိုင်းအရှည်ကို မသိတတ်သောသူ၏အဖြစ်။ (စားဖွယ်ဘောဇဉ်၌ အတိုင်း အရှည်ကိုမသိတတ်သောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၅၃)။

၁၂၈ (၂၈)။ ဣန္ဒြိယေသု ဂုတ္တဒွါရတာဒုက်

(၁) ဣန္ဒြေတို့၌ စောင့်ရှောက်သော တံခါးပေါက်ရှိသောသူ၏အဖြစ်။ (မျက်စိစသော ဣန္ဒြေကိုစောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၅၄)။

(၂) ဘောဇဉ်၌ အတိုင်းအရှည်ကို သိတတ်သောသူ၏အဖြစ်။ (စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည် ကိုသိတတ်သူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၅၅)။

၁၂၉ (၂၉)။ မုဋ္ဌသစ္စဒုက်

(၁) မေ့လျော့သော သတိရှိသောသူ၏အဖြစ် 'မုဋ္ဌသစ္စ'။ (သတိမေ့သူဖြစ်အောင် ပြုတတ်သော တရား)။

(၁၃၅၆)။

(၂) ဆင်ခြင်စဉ်းစားဉာဏ် မရှိသောသူ၏အဖြစ် 'အသမ္ပဇည' (ဆင်ခြင်စဉ်းစားဉာဏ် မရှိသူ ဖြစ်အောင်ပြုတတ်သော တရား)။ (၁၃၅၇)။

၁၃၀ (၃၀)။ သတိဒုက်

(၁) အောက်မေ့တတ်သော 'သတိ' တရား။ (၁၃၅၈)။

(၂) ဆင်ခြင်စဉ်းစားတတ်သော 'သမ္ပဇည' တရား။ (၁၃၅၉)။

၁၃၁ (၃၁)။ ပဋိသင်္ခါနဗလဒုက်

(၁) မတုန်မလှုပ်သော ဆင်ခြင်ခြင်း 'ပဋိသင်္ခါနဗလ'။ (၁၃၆၀)။

(၂) မတုန်မလှုပ်သော ပွါးများခြင်း ဘာဝနာဗလ'။ (၁၃၆၁)။

၁၃၂ (၃၂)။ သမထဒုက်

(၁) (ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို) ငြိမ်သက်စေတတ်သော 'သမထ' တရား။ (၁၃၆၂)။

(၂) အနိစ္စအစရှိသော အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်တတ်သော 'ဝိပဿနာ' တရား။ (၁၃၆၃)။

၁၃၃ (၃၃)။ သမထနိမိတ္တဒုက်

(၁) ငြိမ်သက်စေမှု 'သမထ'၏ အကြောင်းတရား။ (၁၃၆၄)။

(၂) သမ္ပယုတ္တတရားတို့ကို ချီးမြှောက်မှု 'ပဂ္ဂါဟ' ၏ အကြောင်းတရား။ (၁၃၆၅)။

၁၃၄ (၃၄)။ ပဂ္ဂါဟဒုက်

(၁) သမ္ပယုတ္တတရားတို့ကို ချီးမြှောက်မှု 'ဝီရိယ'။ (၁၃၆၆)။

(၂) မပျံ့လွင့်မှု 'အဝိက္ခေပ'။ (၁၃၆၇)။

၁၃၅ (၃၅)။ သီလဝိပတ္တိဒုက်

(၁) အကျင့်သီလ ပျက်စီးခြင်း 'သီလဝိပတ္တိ'။ (၁၃၆၈)။

(၂) အယူပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ'။ (၁၃၆၉)။

၁၃၆ (၃၆)။ သီလသမ္ပဒါဒုက်

(၁) အကျင့်သီလပြည့်စုံခြင်း 'သီလသမ္ပဒါ'။ (၁၃၇၀)။

(၂) အယူပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ'။ (၁၃၇၁)။

၁၃ရ (၃၇)။ သီလဝိသုဒ္ဓိဒုက်

(၁) အကျင့်သီလ၏ အထူးစင်ကြယ်ခြင်း 'သီလဝိသုဒ္ဓိ'။ (၁၃၇၂)။

(၂) အယူ၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ'။ (၁၃၇၃)။

၁၃၈ (၃၈)။ ဒိဋ္ဌိဝိသုဒ္ဓိခေါပနဒုက်

(၁) အယူ၏ အထူးစင်ကြယ်ခြင်း။ (၁၃၇၄)။

(၂) အထူးစင်ကြယ်သော အယူအားလျော်သော လုံ့လ။ (၁၃၇၅)။

၁၃၉ (၃၉)။ သံဝေဂဒုက်

(၁) ထိတ်လန့်ဖွယ်အကြောင်းတို့၌ ထိတ်လန့်ခြင်း။ (၁၃၇၆)။

(၂) ထိတ်လန့်သူ၏ သင့်လျော်သောအားဖြင့် လုံ့လပြု ခြင်း။ (၁၃၇၇)။

၁၄၀ (၄၀)။ အသန္တုဋ္ဌိတာဒုက်

(၁) ကုသိုလ်တရားတို့၌ မရောင့်ရဲ (မတင်းတိမ်) နိုင်သူ၏အဖြစ်။ (ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်သူဖြစ်အောင် ပြုတတ်သောတရား)။ (၁၃၇၈)။

(၂) လုံ့လပြုခြင်း 'ဝီရိယ' ၌ မဆုတ်မနစ်သူ၏အဖြစ်။ (ကုသိုလ်တရားပွါးများ အားထုတ်ခြင်း၌ မဆုတ်နစ်သောသူဖြစ်အောင် ပြုတတ်သော တရား)။ (၁၃၇၉)။

၁၄၁ (၄၁)။ ဝိဇ္ဇာဝိမုတ္တိဒုက်

(၁) ဖောက်ထွင်းသိမှု 'ဝိဇ္ဇာ'။ (၁၃၈၀)။

(၂) လွတ်မြောက်မှု 'ဝိမုတ္တိ'။ (၁၃၈၁)။

၁၄၂ (၄၂)။ ခယေဉာဏဒုက်

(၁) ကိလေသာကုန်ခန်းခြင်းကို ပြုတတ်သော (မဂ်) ဉာဏ်။ (၁၃၈၂)။

(၂) ကိလေသာ တစ်ဖန် မဖြစ်ပေါ်စေတတ်သော (ဖိုလ်) ဉာဏ်။ (ကိလေသာကို တစ်ဖန် မဖြစ်ပေါ်စေသော မဂ်၏ အဆုံး၌ ဖြစ်သည့် ဖိုလ်ဉာဏ်)။ (၁၃၈၃)။

သုတ္တန္တိက ဒုကမာတိကာ ပြီးပြီ။

မာတိကာ ပြီးပြီ။

------

၁-စိတ္တုပ္ပါဒကဏ္ဍ

စိတ်, စေတသိက်ပိုင်း

(က) ကုသလပဒဘာဇနီ (ကုသိုလ်တရားစုကို ဝေဖန်ခြင်း)

(ခ) ဓမ္မဝဝတ္ထာနဝါရ (တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း)

ဥဒ္ဒေသဝါရ (အကျဉ်းအားဖြင့် ဟောကြားခြင်း)

ကာမဝစရကုသိုလ် ပဌမစိတ်

၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

(အကြောင်းညီညွတ်သော) အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွ ဖြစ်သော ဉာဏ်နှင့်ယှဉ်သောကာမာဝစရကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ် စေ၊ ဖောဋ္ဌဗ္ဗာရုံကို ဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု ၍ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်း

(အကြောင်းညီညွတ်သော) ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏၊ ကောင်းစွာအောက်မေ့ မှု 'သမ္မာသတိ' သည် ဖြစ်၏၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ် ' သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည်ဖြစ်၏၊ မတုန် မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် မကောင်းမှုမှ ရှက်မှု 'ဟိရီဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ မလိုချင်မတပ်မက်မှု 'အလောဘ' သည် ဖြစ်၏၊ မဖျက်ဆီးမှု မပျက်စီးစေလိုမှု 'အဒေါသ' သည် ဖြစ်၏၊ အမှန်တရား၌ မတွေ ဝေမှု 'အမောဟ' သည် ဖြစ်၏၊ သူတစ်ပါးဥစ္စာ၌ မမက်မောမှု 'အနဘိဇ္ဈာ' သည်ဖြစ်၏၊ မပျက်စီး စေလိုမှု 'အဗျာပါဒ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ မကောင်းမှုမှ ရှက်မှု 'ဟိရီ' သည် ဖြစ်၏၊ မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါး အပေါင်း) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' သည် ဖြစ်၏၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' သည် ဖြစ်၏၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာသုံးပါးအပေါင်း) ၏ နူးညံ့မှု 'ကာယ မုဒုတာ' သည် ဖြစ်၏၊ စိတ်၏နူးညံ့မှု 'စိတ္တမုဒုတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ ခံ့ကျန်းမှု 'ကာယကမ္မညတာ' သည် ဖြစ်၏၊ စိတ်၏ ခံ့ကျန်းမှု 'စိတ္တကမ္မညတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ လေ့ကျင့်မှု 'ကာယပါဂုညတာ' သည် ဖြစ်၏၊ စိတ်၏ လေ့ကျင့်မှု 'စိတ္တပါဂုညတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' သည် ဖြစ်၏၊ စိတ်၏ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' သည် ဖြစ်၏၊ အောက်မေ့မှု 'သတိ' သည် ဖြစ်၏၊ ကောင်းစွာအပြားအားဖြင့် သိမှု 'သမ္ပဇည' သည် ဖြစ်၏၊ ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေမှု 'သမထ' သည်ဖြစ်၏၊ အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု 'ဝိပဿနာ' သည် ဖြစ်၏။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏၊ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ' ပြီးပြီ။

------

ကာမာဝစရကုသလပဒဘာဇနီ

(ကာမာဝစရကုသိုလ်တရားစုကို ဝေဖန်ခြင်း)

ဖဿ၏ သဘော

၂။ (အကြောင်းညီညွတ်သော) ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။ (အကြောင်းညီညွတ်သော) ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော 'ဖဿ'၊ တွေ့ထိပုံအခြင်းအရာ 'ဖုသနာ'၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ 'သမ္ဖုသနာ'၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် 'သမ္ဖုသိတတ္တ' သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘောဖြစ်၏။

ဝေဒနာ၏သဘော

၃။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုသာယာဖွယ် ချမ်းသာအား လျောက်ပတ်သော 'တဇ္ဇာ' ၊ အထူးသိမှုသဘော 'မနော ဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိခြင်းကြောင့်ဖြစ်သော အကြင် စိတ်၌ မှီသော သာယာမှု 'စေတသိကံ သာတံ' ၊ စိတ်၌ မှီသော ချမ်းသာမှု 'စေတသိကံ သုခံ' ၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကိုခံစားမှု ချမ်းသာကို ခံစားမှု 'စေတောသမ္ဖဿဇံ သာတံ သုခံ ဝေဒယိတံ' ၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု ချမ်းသာခံစားမှု 'ဝေဒနာ' သည် ရှိ၏။ ထို အခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။

သညာ၏ သဘော

၄။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော 'တဇ္ဇာ' ၊ အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု 'သညာ' ၊ မှတ်သား ပုံအခြင်းအရာ 'သဉ္ဇာနနာ' ၊ မှတ်သားတတ်သည်၏အဖြစ် 'သဉ္ဇာနိတတ္တ' သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘောဖြစ်၏။

စေတနာ၏ သဘော

၅။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' အားလျောက် ပတ်သော 'တဇ္ဇာ' ၊ အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကောင်းစွာ စေ့ဆော်ပုံ (နှိုးဆော်ပုံ) အခြင်းအရာ 'သေဉ္စတနာ' ၊ စေ့ဆော် (နှိုးဆော်) တတ်သည်၏အဖြစ် 'စေတယိတတ္တ' သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘောဖြစ်၏။

စိတ်၏ သဘော

၆။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်ဆန်းကြယ်သော သဘော 'စိတ္တ'။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော 'မန' ၊ သိခြင်းသဘော 'မာနသ' ၊ စိတ်နှလုံး 'ဟဒယ' ၊ ဖြူစင်သော သဘော 'ပဏ္ဍရ' ၊ သိမူသဘော 'မန' ၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိတတ်သော စိတ်အစု 'ဝိညာဏက္ခန္ဓ' ၊ ထိုစိတ်အား လျောက်ပတ်သော 'တဇ္ဇာ' ၊ အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် ဤသဘောဖြစ်၏။

(ဤကား ဖဿပဉ္စမက ရာသီဖြစ်သော ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ် ပေါင်း ၅-ပါး)။

ဝိတက်၏သဘော

၇။ (အကြောင်းညီညွတ်သော) ထိုအခါ၌ အကြင်ကြံစည်ခြင်း 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော 'တက္က'၊ အထူးကြံစည်ခြင်းသဘော 'ဝိတက္က'၊ ကောင်းစွာ ကြံစည်ခြင်းသဘော 'သင်္ကပ္ပ'၊ တည်ကြည်သော စိတ်ကိုအာရုံသို့ ရောက်စေခြင်းသဘော 'အပ္ပနာ'၊ အထူးရောက်စေခြင်းသဘော 'ဗျပ္ပနာ'၊ စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးခြင်း သဘော 'စေတသော အဘိနိရောပနာ'၊ ကုသိုလ်အဖြစ်သို့ ရောက်သော ချီးကျူးအပ်သော အကြံကို ကြံစည်ခြင်းသဘော 'သမ္မာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည်ဤ သဘောဖြစ်၏။

ဝိစာရ၏ သဘော

၈။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ (အာရုံကို ကောင်းစွာ သိကျွမ်းအောင်) အကြင် သုံးသပ်မှု 'စာရ' ၊ အထူးသုံးသပ်မှု 'ဝိစာရ' ၊ အဖန်ဖန်သုံးသပ်မှု 'အနုဝိစာရ' ၊ ကပ်၍ သုံးသပ်မှု 'ဥပဝိစာရ' ၊ စိတ်ကို (အာရုံနှင့်) အစဉ် မပြတ် ဆက်စပ်၍ထားမှု 'စိတ္တဿ အနုသန္ဓနတာ'။ (စိတ်၏ အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ဖြစ်သော သဘော 'အနုပေက္ခနတာ' သည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘောဖြစ်၏။

ပီတိ၏ သဘော

၉။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ ထိုအခါ၌ အကြင်နှစ်သက်မှု 'ပီတိ'၊ ဝမ်းမြောက်မှု 'ပါမောဇ္ဇ'၊ လွန်စွာ ဝမ်းသာမှု 'အာမောဒနာ'၊ များစွာဝမ်းသာမှု 'ပမောဒနာ'၊ ရွှင်လန်းမှု 'ဟာသ'၊ များစွာ ရွှင်လန်းမှု 'ပဟာသ'၊ နှစ်သိမ့်မှု 'ဝိတ္တိ'၊ တက်ကြွမှု 'ဩဒဂျ'၊ စိတ်၏ နှစ်လိုမှု 'အတ္တမနတာ စိတ္တဿ' သည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည်ဤသဘောဖြစ်၏။

သုခ၏ သဘော

၁၀။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် အဘယ်သဘောဖြစ်သနည်း၊ ထိုအခါ၌ အကြင်စိတ်၌ မှီသော သာယာမှု 'စေတသိကံ သာတံ'၊ စိတ်၌ မှီသော ချမ်းသာမှု 'စေတသိကံ သုခံ'၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု (နှင့်) ချမ်းသာ ကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု (နှင့်) ချမ်းသာ ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တေဿကဂ္ဂတာ၏ သဘော

၁၁။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်၏ တည်မှု 'စိတ္တဿဌိတိ' ၊ ကောင်းစွာ တည်မှု 'သဏ္ဌိတိ' ၊ သက်ဝင်၍ တည်မှု 'အဝဋ္ဌိတိ' ၊ မရွေ့ရှားမှု 'အဝိသာဟာရ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' ၊ မရွေ့ရှားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့ရှားမှု) 'အဝိသာဟဋ မာနသတာ' ၊ ငြိမ်သက်မှု 'သမထ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' ဟူသည် ဤသဘော ဖြစ်၏။။

(ဤကား ဈာနင်္ဂရာသီ၊ ဈာန်အင်္ဂါ အစိတ်အပိုင်း အစုံအလင် ဟောတော်မူပုံ)။

သဒ္ဓိန္ဒြေ၏ သဘော

၁၂။ ထိုအခါ၌ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ယုံကြည်မှု 'သဒ္ဓါ' ၊ ယုံကြည်ပုံ အခြင်းအရာ 'သဒ္ဒဟနာ' ၊ သက်ဝင်ပုံအခြင်းအရာ 'ဩကပ္ပနာ' ၊ အလွန် ကြည်လင်မှု 'အဘိပ္ပသာဒ' ၊ ယုံကြည်မှု 'သဒ္ဓါ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

ဝီရိယိန္ဒြေ၏ သဘော

၁၃။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း၊ ထိုအခါ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု 'ဝီရိယာရမ္ဘ'၊ ပျင်းရိခြင်းမှထွက်မြောက်မှု 'နိက္ကမ'၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု 'ပရက္ကမ'၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (မြင့်သည်ထက် မြင့်အောင် အထက်ရောက်အောင် ကြိုးပမ်းမှု) 'ဥယျာမ'၊ လုံ့လစိုက်မှု 'ဝါယာမ'၊ ဆင်းရဲကို သည်းခံမှု 'ဥဿာဟ'၊ အပြင်းအထန် ကြိုးစားမှု 'ဥေဿာဠှီ'၊ ခိုင်မြဲမှု 'ထာမ'၊ ဆောင်ထားမှု 'ဓိတိ'၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ် 'အသိထိလ ပရက္ကမတာ'၊ မချအပ်သောအလိုဆန္ဒရှိသူ၏အဖြစ် 'အနိက္ခိတ္တဆန္ဒတာ'၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ် 'အနိက္ခိတ္တဓုရတာ'၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု 'ဓုရသမ္ပဂ္ဂါဟ'၊ ရဲဝံ့သူူ (ရဲရင့်သူ)တို့၏ 'အလုပ်' ဟူသော ရဲရင့်မှု 'ဝီရိယ'၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ '၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်'၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ ' ဟူသည် ဤသဘော ဖြစ်၏။

သတိန္ဒြေ၏ သဘော

၁၄။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု 'သတိ' ၊ အစဉ် အောက်မေ့မှု 'အနုဿတိ' ၊ တစ်ဖန်အောက်မေ့မှု 'ပဋိဿတိ' ၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ 'သရဏတာ' ၊ ဆောင်ပုံ အခြင်းအရာ 'ဓာရဏတာ' ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု) 'အပိလာပနတာ' ၊ မမေ့ လျော့မှု 'အသမ္မုဿနတာ' ၊ 'သတိ' ဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။

သမာဓိန္ဒြေ၏ သဘော

၁၅။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက် ဝင်၍ တည်မှု၊ မရွေ့ရှားမှု၊ မပျံ့လွင့်မှု၊ မရွေ့ရှားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့ရှားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် ဤ သဘောဖြစ်၏။

(ပဒအမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)

ပညိန္ဒြေ၏ သဘော

၁၆။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ အကြင် အပြားအားဖြင့် သိမှု 'ပညာ' ၊ အပြားအားဖြင့် သိခြင်းသဘော 'ပဇာနနာ'။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော 'ဝိစယ' ၊ အပြားအားဖြင့် စိစစ်ခြင်း သဘော 'ပဝိစယ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ'။ (အနိစ္စစသည်ကို) ကောင်းစွာမှတ်ခြင်းသဘော 'သလ္လက္ခဏာ' ၊ ကပ်၍ မှတ်ခြင်းသဘော 'ဥပလက္ခဏာ' ၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော 'ပစ္စုပလက္ခဏာ' ၊ အသိဉာဏ်ရှိသူ၏အဖြစ် 'ပဏ္ဍိစ္စ' ၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် 'ကောသလ္လ' ၊ သိမ်မွေ့သူ၏အဖြစ် 'နေပုည'။ (အနိစ္စစသည်ကို) ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏ အဖြစ် 'ဝေဘဗျာ'။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော 'စိန္တာ' ၊ နှိုင်းချိန်ခြင်းသဘော 'ဥပပရိက္ခာ' ၊ မြေကြီးနှင့်တူသောသဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သဘော 'ဘူရီ' ၊ ကိလေ သာတို့ကိုညှဉ်းဆဲနှိပ်စက်တတ်သော သဘော 'မေဓာ' ၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော 'ပရိဏာယိကာ' ၊ အထူးထူး ရှုမြင်တတ်သော သဘော 'ဝိပဿနာ' ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော 'သမ္ပဇည' (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော 'ပတောဒ' ၊ ပညာဟူသော အစိုးတရ အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက် 'ပညာသတ္ထ'။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ် 'ပညာပါသာဒ' ၊ အပြားအားဖြင့် သိမှုအလင်း 'ပညာအာလောက' ၊ အပြားအားဖြင့်သိမှု အရောင် 'ပညာဩဘာသ' ၊ အပြားအားဖြင့် သိမှုတန်ဆောင် 'ပညာပဇ္ဇောတ'။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍နှစ်သက် ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုရတနာ 'ပညာရတနာ' ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာ လေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထို အခါ၌ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

မနိန္ဒြေ၏ သဘော

၁၇။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၊ အာရုံသို့ ညွတ်၍ သိတတ်သော သဘော၊ သိခြင်း သဘော၊ စိတ်နှလုံးဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ်' ၊ အထူးသိတတ်သော စိတ်အစု 'ဝိညာဏက္ခန္ဓ' ၊ ထိုစိတ်အားလျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒအမှတ် ၆- စိတ္တကြည့်)

သောမနဿိန္ဒြေ၏ သဘော

၁၈။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ အကြင်စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု, ချမ်းသာ ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ် ၃-ဝေဒနာကြည့်)

ဇီဝိတိန္ဒြေ၏ သဘော

၁၉။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုနာမ်တရားတို့၏ အကြင် အသက် 'တေသံ အရူပီနံ ဓမ္မာနံ အာယု' ၊ တည်ကြောင်း သဘော 'ဌိတိ' ၊ ဖြစ်ခြင်းသဘော 'ယပနာ' ၊ ဖြစ်စေခြင်းသဘော 'ယာပနာ' ၊ ဖြစ်မှုသဘော 'ဣရိယနာ' ၊ ဖြစ်ကြောင်းသဘော 'ဝတ္တနာ' ၊ စောင့်ရှောက်ခြင်းသဘော 'ပါလနာ' ၊ အသက်ရှည်ကြောင်းသဘော 'ဇီဝိတ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

(ဤကား ဣန္ဒြိယရာသီ၊ ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာ)။

သမ္မာဒိဋ္ဌိ၏ သဘော

၂၀။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှု ကပ်၍မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်း သဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသောသဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ'၊ မတုန်မလှုပ် အပြား အားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်စေတတ်သော) အပြားအားဖြင့် သိမှုလက်နက် 'ပညာ သတ္ထ'။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ် 'ပညာပါသာဒ'၊ အပြားအားဖြင့် သိမှုအလင်း 'ပညာအာလောက'၊ အပြားအားဖြင့် သိမှုအရောင် 'ပညာဩဘာသ'၊ အပြားအားဖြင့် သိမှုတန်ဆောင် 'ပညာပဇ္ဇောတ'။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော) အပြားအားဖြင့် သိမှု 'ပညာရတနာ'၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း သဘော 'ဓမ္မဝိစယ'၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

သမ္မာသင်္ကပ္ပ၏ သဘော

၂၁။ ထိုအခါ၌ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံ စည်ခြင်းသဘော၊ ကောင်းစွာကြံစည်ခြင်း သဘော၊ တည်ကြည်သောစိတ်ကို အာရုံသို့ ရောက်စေခြင်း သဘော၊ အထူးရောက်စေခြင်းသဘော၊ စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးခြင်းသဘော၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ဟူသည် ဤသဘော ဖြစ်၏။

(ပဒအမှတ် ၇- ဝိတက္ကကြည့်)

သမ္မာဝါယာမ၏ သဘော

၂၂။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင်ကြိုးပမ်းမှု) လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလို ဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သောတာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ဟူသည်ဤသဘောဖြစ်၏။

(ပဒအမှတ်၁၃-ဝီရိယိန္ဒြေကြည့်)

သမ္မာသတိ၏ သဘော

၂၃။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ် အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့လျော့မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၄-သတိန္ဒြေကြည့်)

သမ္မာသမာဓိ၏ သဘော

၂၄။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ်၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' ဟူသည် ဤသဘော ဖြစ်၏။

(ပဒအမှတ်၁၁- စိတ္တေဿကဂ္ဂတာကြည့်)

သဒ္ဓါဗိုလ်၏ သဘော

၂၅။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ယုံကြည်မှု၊ ယုံကြည်ပုံ အခြင်းအရာ၊ သက်ဝင်ပုံ အခြင်းအရာ၊ အလွန် ကြည်လင်မှု၊ ယုံကြည်မှု 'သဒ္ဓါ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒအမှတ်၁၂-သဒ္ဓိန္ဒြေကြည့်)

ဝီရိယဗိုလ်၏ သဘော

၂၆။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိ သူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၃-ဝီရိယန္ဒြေကြည့်)

သတိဗိုလ်၏ သဘော

၂၇။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ် အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့လျော့မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒအမှတ်၁၄-သတိန္ဒြေကြည့်)

သမာဓိဗိုလ်၏ သဘော

၂၈။ ဆိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ်။ (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၅-သမာဓိန္ဒြေကြည့်)

ပညာဗိုလ်၏ သဘော

၂၉။ ထိုအခါ၌ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြား အားဖြင့် သိခြင်းသဘော၊ စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း သဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန် တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်၊ စဉ်းစားခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘောတစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူးရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာ တို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက် 'ပညာသတ္ထ'။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေ တတ်သော) အပြားအားဖြင့် သိမှုပြာသာဒ် 'ပညာပါသာဒ' ၊ အပြားအားဖြင့် သိမှုအလင်း 'ပညာ အာလော က' ၊ အပြားအားဖြင့် သိမှုအရောင် 'ပညာဩဘာသ' ၊ အပြားအားဖြင့် သိမှုတန်ဆောင် 'ပညာပဇ္ဇောတ'။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သောအပြားအားဖြင့် သိမှု 'ပညာရတနာ' ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်) 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ဟူသည် ဤ သဘောဖြစ်၏။ (ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

ဟိရီဗိုလ်၏ သဘော

၃၀။ ထိုအခါ၌ မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းကို ရှက်တတ်၏၊ ထိုအခါ၌ မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

ဩတ္တပ္ပဗိုလ်၏ သဘော

၃၁။ ထိုအခါ၌ မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရားသည် ကြောက် လန့်ထိုက်သောကာယဒုစရိုက်စသည်မှ ကြောက်လန့်တတ်၏၊ ယုတ်မာသော အကုသိုလ် တရားများသို့ ရောက်ခြင်းမှကြောက်လန့်တတ်၏။ ထိုအခါ၌ မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ဟူသည် ဤ သဘောဖြစ်၏။

(ဤကား ဗလရာသီ)

အလောဘ၏ သဘော

၃၂။ ထိုအခါ၌ မလိုချင်မှု 'အလောဘ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်မလိုချင်ခြင်းသဘော 'အလောဘ' ၊ မလိုချင်ပုံအခြင်းအရာ 'အလုဗ္ဘနာ' ၊ မလိုချင်တတ်သူ၏အဖြစ် 'အလုဗ္ဘိတတ္တ' ၊ မစွဲလမ်းခြင်း 'အသာရာဂ' ၊ မစွဲလမ်းပုံအခြင်းအရာ 'အသာရဇ္ဇနာ' ၊ မစွဲလမ်းတတ်သူ၏အဖြစ် 'အသာရဇ္ဇိတတ္တ' ၊ မမက်မောမှု 'အနဘိဇ္ဈာ' ၊ ကုသိုလ်တို့၏အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မလိုချင်မှု 'အလောဘ' ဟူသည် ဤသဘော ဖြစ်၏။။

အဒေါသ၏ သဘော

၃၃။ ထိုအခါ၌ မဖျက်ဆီးမှု 'အဒေါသ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော 'အဒေါသ' ၊ မဖျက်ဆီးပုံအခြင်းအရာ 'အဒုဿနာ' ၊ မဖျက်ဆီးတတ်သူ၏အဖြစ် 'အဒုဿိတတ္တ' ၊ စိတ်မပျက်ဆီးမှု 'အဗျာပါဒ' ၊ စိတ်မပျက်စီးစေ လိုမှု 'အဗျာပဇ္ဇ' ၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု 'အဒေါသ' ဟူသည် ဤသဘော ဖြစ်၏။။

အမောဟ၏ သဘော

၃၄။ ထိုအခါ၌ မတွေဝေမှု 'အမောဟ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း သဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်။ (အနိစ္စစသည်ကို) ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘော တစ်နည်း -ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သောသဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သောသဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့်သိမှုလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့် သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော အပြားအားဖြင့် သိမှု 'ပညာရတနာ' ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း သဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်) 'သမ္မာဒိဋ္ဌိ' ၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မတွေဝေမှု 'အမောဟကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မတွေဝေမှု 'အမောဟ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

(ဤကား မူလရာသီ)

အနဘိဇ္ဈာ၏သဘော

၃၅။ ထိုအခါ၌ မမက်မောမှု 'အနဘိဇ္ဈာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မလိုချင်ခြင်းသဘော 'အလောဘ' ၊ မလိုချင်ပုံအခြင်းအရာ 'အလုဗ္ဘနာ' ၊ မလိုချင်တတ်သူ၏အဖြစ် 'အလုဗ္ဘိတတ္တ' ၊ မစွဲလမ်းခြင်းသဘော၊ မစွဲလမ်းပုံအခြင်းအရာ၊ မစွဲလမ်းတတ်သူ၏ အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘ' သည် (ရှိ၏)။ ထိုအခါ၌ မမက်မောမှု 'အနဘိဇ္ဈာ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ် ၃၂-အလောဘကြည့်)

အဗျာပါဒ၏သဘော

၃၆။ ထိုအခါ၌ မဖျက်ဆီးမှု 'အဗျာပါဒ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော၊ မဖျက်ဆီးပုံ အခြင်းအရာ၊ မဖျက်ဆီး တတ်သူ၏အဖြစ်၊ စိတ်မပျက်ဆီးမှု၊ စိတ်မပျက်စီးစေလိုမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု 'အဗျာပါဒ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒအမှတ် ၃၃-အဒေါသကြည့်)

သမ္မာဒိဋ္ဌိ၏ သဘော

၃၇။ ထိုအခါ၌ ကောင်းစွာသိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိပုံအခြင်းအရာ။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့ သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းပမ်းနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင် တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့်သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေ သော စိတ်ကို လမ်းမှန်သို့ ရောက်ရန်ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာ ဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့်သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့်သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှု 'ပညာရတနာ' ၊ မတွေဝေမှု 'အမောဟ' ၊ သစ္စာလေးပါး တရားတို့ကို စိစစ်ခြင်း သဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်) 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

ဟိရီ၏ သဘော

၃၈။ ထိုအခါ၌ 'ဟိရီ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသောအကုသိုလ်တရားများသို့ ရောက်ခြင်းကို ရှက်တတ်၏။ ထိုအခါ၌ ရှက်မှု 'ဟိရီ' ဟူသည် ဤသဘော ဖြစ်၏။

ဩတ္တပ္ပ၏ သဘော

၃၉။ ထိုအခါ၌ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သဘောတရားသည် ကြောက်လန့်ထိုက်သော ကာယ ဒုစရိုက် စသည်မှကြောက်လန့်တတ်၏၊ ယုတ်မာကုန်သော အကုသိုလ်တရားများသို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။ ထိုအခါ၌ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဟူသည် ဤသဘောဖြစ်၏။

(ဤကား လောကပါလ ဒုကတည်း)။

ကာယပဿဒ္ဓိ၏ သဘော

၄၀။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု့'ကာယပဿဒ္ဓိ' ဟူ သည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်း ကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' ၊ ငြိမ်း အေးမှု 'ပဋိပဿဒ္ဓိ' ၊ ငြိမ်းချမ်းခြင်း 'ပဿမ္ဘနာ' ၊ ငြိမ်းအေးခြင်း 'ပဋိပဿမ္ဘနာ' ၊ ငြိမ်းအေးသော (ခန္ဓာ၃-ပါး၏) အဖြစ် 'ပဋိပဿမ္ဘိတတ္တ' သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တပဿဒ္ဓိ၏ သဘော

၄၁။ ထိုအခါ၌ စိတ်၏ငြိမ်းချမ်းမှု 'စိတ္တပဿဒိ္ဓ' ဟူသည် အဘယ်သဘောဖြစ်သနည်း။ ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် ငြိမ်းချမ်းမှု 'ပဿဒ္ဓိ'၊ ငြိမ်းအေးမှု 'ပဋိပဿဒ္ဓိ'၊ ငြိမ်းချမ်းခြင်း 'ပဿမ္ဘနာ'၊ ငြိမ်းအေးခြင်း 'ပဋိပဿမ္ဘနာ'၊ ငြိမ်းအေးသော 'ဝိညာ ဏက္ခန္ဓာ' ၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ဟူသည် ဤသဘော ဖြစ်၏။။

ကာယလဟုတာ၏ သဘော

၄၂။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏ လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် လျင်မြန်ပေါ့ပါးမှု 'လဟုတာ' ၊ ပေါ့ပါးသော အပြန်ရှိသည်၏ (လျင်မြန်သည်၏) အဖြစ် 'လဟုပရိဏာမတာ' ၊ မနုန့်နှေးသည်၏ အဖြစ် 'အဒန္ဓနတာ' ၊ မတင်းမာသည်၏အဖြစ် 'အဝိတ္ထနတာ' သည် (ရှိ၏)။ ထိုအခါ စေတသိက်အပေါင်း (ကိုယ်) ၏လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တလဟုတာ၏ သဘော

၄၃။ ထိုအခါ၌ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် လျင်မြန် ပေါ့ပါးမှု 'လဟုတာ' ၊ ပေါ့ပါးသောအပြန်ရှိသည်၏ (လျင်မြန်သည်၏) အဖြစ် 'လဟုပရိဏာမတာ' ၊ မနုန့် နှေးသည်၏အဖြစ် 'အဒန္ဓနတာ' ၊ မတင်းမာသည်၏အဖြစ် 'အဝိတ္ထနတာ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' ဟူသည် ဤသဘောဖြစ်၏။

ကာယမုဒုတာ၏ သဘော

၄၄။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏ လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် နူးညံ့သည်၏အဖြစ် 'မုဒုတာ' ၊ ပြေပြစ်သည်၏အဖြစ် 'မဒ္ဒဝတာ' ၊ မခက်ထန်သည်၏အဖြစ် 'အကက္ခဠတာ' ၊ မကြမ်းတမ်း သည်၏အဖြစ် 'အကထိနတာ' သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယ မုဒုတာ' ဟူသည်ဤသဘော ဖြစ်၏။။

စိတ္တမုဒုတာ၏သဘော

၄၅။ ထိုအခါ၌ စိတ်၏နူးညံ့မှု 'စိတ္တမုဒုတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် နူးညံ့သည်၏ အဖြစ် 'မုဒုတာ' ၊ ပြေပြစ်သည်၏အဖြစ် 'မဒ္ဒဝတာ' ၊ မခက်ထန်သည်၏အဖြစ် 'အကက္ခဠတာ' ၊ မကြမ်းတမ်း သည်၏အဖြစ် 'အကထိနတာ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏နူးညံ့မှု 'စိတ္ထမုဒုတာ' ဟူသည် ဤသဘော ဖြစ်၏။။

ကာယကမ္မညတာ၏ သဘော

၄၆။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု (ကောင်းသောအလုပ်၌ ပြီးမြောက်သည်အထိ ပါဝင်ဆောင်စွမ်းနိုင်သော သဘော) 'ကာယကမ္မညတာ' ဟူသည်အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ကောင်းသောအလုပ်၌ ခံ့မှု 'ကမ္မညတာ' ၊ ကောင်းသော အလုပ်၌ ခံ့ကြောင်းသဘော 'ကမ္မညတ္တ' ၊ ကောင်းသော အလုပ်၌ ခံ့သည်၏အဖြစ် 'ကမ္မညဘာဝ' သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မညတာ' ဟူသည် ဤသဘော ဖြစ်၏။

စိတ္တကမ္မညတာ၏ သဘော

၄၇။ ထိုအခါ၌ စိတ်၏ ခံ့မှု (ကောင်းသော အလုပ်၌ ပြီးမြောက်သည်အထိပါဝင်ဆောင် စွမ်းနိုင်သောသဘော) 'စိတ္တကမ္မညတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် ကောင်းသော အလုပ်၌ ခံ့မှု 'ကမ္မညတာ' ၊ ကောင်းသောအလုပ်၌ ခံ့ကြောင်းသဘော 'ကမ္မညတ္တ' ၊ ကောင်းသောအလုပ်၌ ခံ့သည်၏အဖြစ် 'ကမ္မညဘာဝ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ အလုပ်၌ ခံ့မှု 'စိတ္တကမ္မညတာ' ဟူသည် ဤသဘောဖြစ်၏။

ကာယပါဂုညတာ၏ သဘော

၄၈။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏ လည်းကောင်းအကြင်အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ပဂုဏတာ' ၊ လေ့ကျင့်ကြောင်း (ကျင့်သားရကြောင်း) သဘော 'ပဂုဏတ္တ' ၊ လေ့ကျင့်သည် (ကျင့်သားရသည်) ၏အဖြစ် 'ပဂုဏဘာဝ' သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တပါဂုညတာ၏ သဘော

၄၉။ ထိုအခါ၌ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် လေ့ကျင့်မှု (ကျင့်သားရမှု) 'ပဂုဏတာ' ၊ လေ့ကျင့်ကြောင်း (ကျင့်သားရကြောင်း) သဘော 'ပဂုဏတ္တ' ၊ လေ့ကျင့်သည် (ကျင့်သားရသည်) ၏အဖြစ် 'ပဂုဏဘာဝ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ဟူသည် ဤသဘော ဖြစ်၏။။

ကာယုဇုကတာ၏ သဘော

၅၀။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ဖြောင့်မတ်မှု 'ဥဇုတာ' ၊ ဖြောင့်မတ်သော အခြင်းအရာအားဖြင့် ဖြစ်သည်၏အဖြစ် 'ဥဇုကတာ' ၊ မကောက်သည်၏အဖြစ် 'အဇိမှတာ' ၊ မကွေးသည်၏အဖြစ် 'အဝင်္ကတာ' ၊ မကိုင်းသည်၏အဖြစ် 'အကုဋိလ တာ' သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တုဇုကတာ၏ သဘော

၅၁။ ထိုအခါ၌ စိတ်၏ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင်ဖြောင့်မတ်မှု 'ဥဇုတာ' ၊ ဖြောင့်မတ်သောအခြင်းအရာအားဖြင့် ဖြစ်သည်၏အဖြစ် 'ဥဇုကတာ' ၊ မကောက်သည်၏အဖြစ် 'အဇိမှ တာ' ၊ မကွေးသည်၏အဖြစ် 'အဝင်္ကတာ' ၊ မကိုင်းသည်၏အဖြစ် 'အကုဋိလတာ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ဟူသည် ဤသဘောဖြစ်၏။

(ဤကား ပဿဒ္ဓါဒိယုဂလ)။

သတိ၏ သဘော

၅၂။ ထိုအခါ၌ အောက်မေ့မှု 'သတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသောအောက်မေ့ပုံအခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ အောက်မေ့မှု 'သတိ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒအမှတ်၁၄-သတိန္ဒြေကြည့်)

သမ္ပဇည၏ သဘော

၅၃။ ထိုအခါ၌ ကောင်းစွာ အပြားအားဖြင့်သိမှု 'သမ္ပဇည' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အပြားအားဖြင့် သိမှု၊ အပြားအားဖြင့်သိခြင်းသဘော၊ စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏ အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူးရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသောသဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့်သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက် စေတတ်သော) အပြားအားဖြင့် သိမှု ပြာသာဒ်၊ အပြားအားဖြင့်သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့် သိမှု တန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အပြားအားဖြင့် သိမှု 'သမ္ပဇည' ဟူသည် ဤသဘော ဖြစ်၏။။

(ဤကား ဥပကာရဒုက)။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

သမထ၏ သဘော

၅၄။ ထိုအခါ၌ ငြိမ်သက်မှု 'သမထ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်၏တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ ငြိမ်သက်မှု 'သမထ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၁- စိတ္တေဿကဂ္ဂတာကြည့်)

ဝိပဿနာ၏ သဘော

၅၅။ ထိုအခါ၌ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန် တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရအပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကိုဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့်သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ, ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာသိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ဟူသည် ဤသဘော ဖြစ်၏။

(ဤကား ယုဂနန္ဓဒုက)။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

ပဂ္ဂါဟ၏ သဘော

၅၆။ ထိုအခါ၌ ချီးမြှောက်မှု 'ပဂ္ဂါဟ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သောအားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ် သော တာဝန်ရှိသူ၏ အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ ချီးမြှောက်မှု 'ပဂ္ဂါဟ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၃-ဝီရိယိန္ဒြေကြည့်)

အဝိက္ခေပ၏သဘော

၅၇။ ထိုအခါ၌ မပျံ့လွင့်မှု 'အဝိက္ခေပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ မပျံ့လွင့်မှု 'အဝိက္ခေပ' ဟူသည် ဤသဘောဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ (ဤကား ပိဋ္ဌိဒုကတည်း)။

တရားအစုကို ဝေဖန်ခြင်း 'ပဒဘာဇနီ' ပြီးပြီ။

ပဌမဘာဏဝါရ ပြီးပြီ။

------

ကောဋ္ဌာသဝါရ (စုပေါင်းဟောကြားခြင်း)

(က) ဥဒ္ဒေသဝါရ (အကျဉ်းချုပ်ဟောကြားခြင်း)

ကာမာဝစရကုသိုလ် ပဌမစိတ်

၅၈။ ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတန နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရ သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါငါးပါးရှိသော (ကိလေသာကို လောင် ကျွမ်းစေတတ်သော ကပ်၍ရှုတတ်သော) ဈာန်သည် ဖြစ်၏၊ အင်္ဂါငါးပါးရှိသော မဂ်သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏၊ ဝေဒနာ တစ်ပါးသည် ဖြစ်၏၊ သညာတစ်ပါးသည် ဖြစ်၏၊ စေတနာတစ်ပါးသည် ဖြစ်၏၊ စိတ်တစ်ပါးသည် ဖြစ်၏၊ ဝေဒနာက္ခန္ဓာတစ်ပါးသည် ဖြစ်၏။ သညာက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ သင်္ခါရက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ ဝိညာဏက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ မနာယတနတစ်ပါးသည် ဖြစ်၏၊ မနိန္ဒြေတစ်ပါးသည် ဖြစ်၏၊ မနောဝိညာဏဓာတ်တစ်ပါးသည် ဖြစ်၏။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏၊ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဥဒ္ဒေသဝါရ ပြီးပြီ။

------

(ခ) နိဒ္ဒေသ (အကျယ်ပြခြင်း) နှင့် ပဋိနိဒ္ဒေသဝါရ (ထပ်၍ အကျယ်ပြခြင်း)

ခန္ဓနိဒ္ဒေသ (ခန္ဓာကိုအကျယ်ပြခြင်း)

၅၉။ ထိုအခါ၌ ခန္ဓာလေးပါးတို့ဟူသည် အဘယ်တို့နည်း။ ဝေဒနာက္ခန္ဓာလည်းကောင်း၊ သညာက္ခန္ဓာလည်းကောင်း၊ သင်္ခါရက္ခန္ဓာလည်းကောင်း၊ ဝိညာဏက္ခန္ဓာလည်းကောင်း ဤသည်တို့တည်း။

ခန္ဓပဋိနိဒ္ဒေသ (ခန္ဓာကို ထပ်၍ အကျယ်ပြခြင်း)

ဝေဒနာက္ခန္ဓာ

၆၀။ ထိုအခါ၌ ဝေဒနာက္ခန္ဓာဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင်သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာ ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ဝေဒနာက္ခန္ဓာဟူသည် ဤသဘော ဖြစ်၏။။

(ပဒ အမှတ် ၃-ဝေဒနာကြည့်)

သညာက္ခန္ဓာ

၆၁။ ထိုအခါ၌ သညာက္ခန္ဓာဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏ အဖြစ် သည် (ရှိ၏)။ ထိုအခါ၌ သညာက္ခန္ဓာဟူသည် ဤသဘော ဖြစ်၏။။

(ပဒ အမှတ် ၄-သညာကြည့်)

သင်္ခါရက္ခန္ဓာ

၆၂။ ထိုအခါ၌ သင်္ခါရက္ခန္ဓာဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့် ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာ သမာဓိ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ၊ မတုန်မလှုပ် အားတုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ၊ မတုန်မလှုပ် (ကာယဒုစရိုက်စသည်တို့မှ) ရှက်မှု 'ဟိရီဗိုလ်' ၊ မတုန်မလှုပ် (ကာယဒုစရိုက် စသည်တို့မှ) ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ၊ မလိုချင်မှု 'အလောဘ' ၊ မဖျက်ဆီးမှု 'အဒေါသ' ၊ မတွေဝေ မှု 'အမောဟ' ၊ မမက်မောမှု 'အနဘိဇ္ဈာ' ၊ စိတ်မပျက်စီးမှု 'အဗျာပါဒ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ'။ (ကာယဒုစရိုက်စသည်တို့မှ) ရှက်မှု 'ဟိရီ'။ (ကာယဒုစရိုက်စသည်တို့မှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန် ပေါ့ပါးမှု 'ကာယလဟုတာ' ၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မညတာ' ၊ စိတ်၏ခံ့မှု 'စိတ္တကမ္မညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ၊ ကိုယ်၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ၊ အောက်မေ့မှု 'သတိ' ၊ ကောင်းစွာ အပြားအားဖြင့် သိမှု 'သမ္ပဇည' ၊ ငြိမ်သက်မှု 'သမထ' ၊ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ဝေဒနာက္ခန္ဓာ ကို ချန်ထား၍ သညာက္ခန္ဓာကို ချန်ထား၍ ဝိညာဏက္ခန္ဓာကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသည်တို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ,အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ,သမ္မာအာဇီဝဟူသော) အကြင် နာမ် တရားတို့သည်ရှိကုန်၏။ ထိုအခါ ၌ သင်္ခါရက္ခန္ဓာဟူသည် ဤသဘောဖြစ်၏။

ဝိညာဏက္ခန္ဓာ

၆၃။ ထိုအခါ၌ ဝိညာဏက္ခန္ဓာဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိတတ်သော သဘော၊ သိမှုဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှုအစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)၊ ထိုအခါ၌ 'ဝိညာဏက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤခန္ဓာ လေးပါးတို့သည် ဖြစ်ကုန်၏။

အာယတနနိဒ္ဒေသ (အာယတနကို အကျယ်ပြခြင်း)

၆၄။ ထိုအခါ၌ ဖြစ်ရာဌာန 'အာယတန' နှစ်ပါးတို့ဟူသည် အဘယ်တို့နည်း။

မနောယတန, ဓမ္မာယတန ဤသည်တို့တည်း။

အာယတနပဋိနိဒ္ဒေသ (အာယတနကို ထပ်၍ အကျယ်ပြခြင်း)

မနာယတန

၆၅။ ထိုအခါ၌ မနာယတနဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သော သဘော၊ သိမှုဟူသောဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူး သိမှုအစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏ ဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ မနာယတနဟူသည် ဤသဘောဖြစ်၏။

ဓမ္မာယတန

၆၆။ ထိုအခါ၌ ဓမ္မာယတနဟူသည် အဘယ်သဘောဖြစ်သနည်း။

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာသည် (ရှိ၏)။ ထိုအခါ၌ ဓမ္မာယတနဟူသည် ဤသဘော ဖြစ်၏။။ ထိုအခါ၌ ဤအာယတန နှစ်ပါးတို့သည် ဖြစ်ကုန်၏။

ဓာတုနိဒ္ဒေသ (ဓာတ်ကို အကျယ်ပြခြင်း)

၆၇။ ထိုအခါ၌ ဓာတ်နှစ်ပါးတို့ဟူသည် အဘယ်တို့နည်း။ မနောဝိညာဏဓာတ်, ဓမ္မဓာတ်တို့တည်း။

ဓာတုပဋိနိဒ္ဒေသ (ဓာတ်ကို ထပ်၍ အကျယ်ပြခြင်း)

မနောဝိညာဏဓာတ်

၆၈။ ထိုအခါ၌ မနောဝိညာဏဓာတ်ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သောသဘော၊ 'သိမှု' ဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရသိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှုအစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အားလျောက်ပတ်သော အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ 'မနောဝိညာဏ ဓာတ်' ဟူသည် ဤသဘောဖြစ်၏။

ဓမ္မဓာတ်

၆၉။ ထိုအခါ၌ ဓမ္မဓာတ်ဟူသည် အဘယ်သဘောဖြစ်သနည်း။

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာသင်္ခါရက္ခန္ဓာသည် (ရှိ၏)။ ထိုအခါ၌ ဓမ္မဓာတ်ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏။

အာဟာရနိဒ္ဒေသ (အာဟာရကို အကျယ်ပြခြင်း)

၇၀။ ထိုအခါ၌ အာဟာရသုံးပါးတို့ဟူသည် အဘယ်တို့နည်း။ ဖဿာဟာရ, မနောသေဉ္စတနာ ဟာရ, ဝိညာဏာဟာရ ဤသည်တို့တည်း။

အာဟာရပဋိနိဒ္ဒေသ (အာဟာရကို ထပ်၍ အကျယ်ပြခြင်း)

ဖဿာဟာရ

၇၁။ ထိုအခါ၌ ဖဿာဟာရဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ 'ဖဿာဟာရ' ဟူသည် ဤသဘောဖြစ်၏။

မနောသေဉ္စတနာဟာရ

၇၂။ ထိုအခါ၌ မနောသေဉ္စတနာဟာရဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စေ့ဆော်ခြင်းသဘော 'စေတနာ' ၊ ကောင်းစွာ စေ့ဆော် ခြင်းသဘော 'သေဉ္စတနာ' ၊ စေ့ဆော်တတ်သည်၏အဖြစ် 'စေတယိတတ္တ' သည် (ရှိ၏)။ ထိုအခါ၌ 'မနော သေဉ္စတနာဟာရ' ဟူသည့်ဤသဘော ဖြစ်၏။။

ဝိညာဏာဟာရ

၇၃။ ထိုအခါ၌ ဝိညာဏာဟာရဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သော သဘော၊ သိမှုဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှုအစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ 'ဝိညာဏာဟာရ' ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤအာဟာရ သုံးပါးတို့သည် ဖြစ်ကုန်၏။

ဣန္ဒြိယနိဒ္ဒေသ (ဣန္ဒြေကို အကျယ်ပြခြင်း)

၇၄။ ထိုအခါ၌ ဣန္ဒြေရှစ်ပါးတို့ဟူသည် အဘယ်တို့နည်း။

သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ, မနိန္ဒြေ, သောမနဿိန္ဒြေ, ဇီဝိတိန္ဒြေ ဤရှစ်ပါးတို့တည်း။

ဣန္ဒြိယပဋိနိဒ္ဒေသ (ဣန္ဒြေကို ထပ်၍အကျယ်ပြခြင်း)

သဒ္ဓိန္ဒြေ

၇၅။ ထိုအခါ၌ သဒ္ဓိန္ဒြေဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ယုံကြည်မှု၊ ယုံကြည်ပုံအခြင်းအရာ၊ သက်ဝင်ပုံ အခြင်းအရာ၊ အလွန် ကြည်လင်ခြင်းသဘော၊ သဒ္ဓါဟူသောအစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရယုံကြည်မှု 'သဒ္ဓိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

(ပဒ အမှတ်၁၂-သဒ္ဓိန္ဒြေကြည့်)

ဝီရိယန္ဒြေ

၇၆။ ထိုအခါ၌ 'ဝီရိယိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသောအကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အား ထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲ ကိုသည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏ အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယန္ဒြေ' ၊ မတုန်မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရအားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒ အမှတ်၁၃-ဝီရိယိန္ဒြေကြည့်)

သတိန္ဒြေ

၇၇။ ထိုအခါ၌ အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန်အောက်မေ့မှု၊ 'သတိ' ဟူသောအောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

(ပဒ အမှတ်၁၄-သတိန္ဒြေ ကြည့်)

သမာဓိန္ဒြေ

၇၈။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့ လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒ အမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)

ပညိန္ဒြေ

၇၉။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော၊ စိစစ်ခြင်း သဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်၊ စဉ်းစားခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသော သဘော၊ တစ်နည်း -ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးတွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့်သိတတ် သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ရောက်ရန်ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှု လက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့်သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့်သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ,ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

(ပဒ အမှတ်၁၆-ပညိန္ဒြေ ကြည့်)

မနိန္ဒြေ

၈၀။ ထိုအခါ၌ အစိုးတရသိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သောသဘော၊ သိမှုဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှုအစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

သောမနဿိန္ဒြေ

၈၁။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ ခံစားမှု၊ ချမ်းသာခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

ဇီဝိတိန္ဒြေ

၈၂။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုနာမ်တရားတို့၏ အကြင် အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက် ခြင်းသဘော၊ အသက် ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။ ထိုအခါ၌ ဤဣန္ဒြေ ရှစ်ပါးတို့သည် ဖြစ်ကုန်၏။

(ပဒ အမှတ်၁၉-ဇီဝိတိန္ဒြေ ကြည့်)

(ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာ ဣန္ဒြေတရားကိုယ် ရှစ်ပါး)။

ဈာနနိဒ္ဒေသ (ဈာန်ကို အကျယ်ပြခြင်း)

၈၃။ ထိုအခါ၌ အင်္ဂါငါးပါးရှိသော ဈာန်ဟူသည် အဘယ်နည်း။

ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ ချမ်းသာမှု 'သုခ' ၊ စိတ်၏တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' ဤသည်တို့တည်း။

ဈာနပဋိနိဒ္ဒေသ (ဈာန်ကို ထပ်၍အကျယ်ပြခြင်း)

ဝိတက်

၈၄။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်း သဘော၊ တည်ကြည်သော စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်းသဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်း 'သမ္မာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် ဤသဘောဖြစ်၏။

(ပဒ အမှတ် ၇-ဝိတက်ကြည့်)

ဝိစာရ

၈၅။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်သုံးသပ်မှု၊ အထူးသုံးသပ်မှု၊ ကပ်၍သုံးသပ်မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမှု၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ဖြစ်သော သဘောသည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒ အမှတ် ၈-ဝိစာရကြည့်)

ပီတိ

၈၆။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်နှစ်သက်မှု၊ ဝမ်းမြောက်မှု၊ လွန်စွာ ဝမ်းသာမှု၊ များစွာ ဝမ်းသာမှု၊ ရွှင်လန်းမှု၊ များစွာ ရွှင်လန်းမှု၊ နှစ်သက်မှု၊ တက်ကြွမှု၊ စိတ်၏ နှစ်လိုမှုသည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည်ဤသဘောဖြစ်၏။

(ပဒ အမှတ် ၉-ပီတိကြည့်)

သုခ

၈၇။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် ဤသဘောဖြစ်၏။

(ပဒ အမှတ်၁၀-သုခကြည့်)

စိတ္တေဿကဂ္ဂတာ

၈၈။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်၏ တည်မှု၊ ကောင်းစွာတည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤအင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။

(ပဒ အမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)

(ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ ဈာနင်ငါးပါး)။

မဂ္ဂနိဒ္ဒေသ (မဂ်ကို အကျယ်ပြခြင်း)

၈၉။ ထိုအခါ၌ အင်္ဂါငါးပါးရှိသော မဂ်ဟူသည် အဘယ်နည်း။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဤသည်တို့တည်း။

မဂ္ဂပဋိနိဒ္ဒေသ (မဂ်ကို ထပ်၍အကျယ်ပြခြင်း)

သမ္မာဒိဋ္ဌိ

၉၀။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အပြားအားဖြင့်သိမှု၊ အပြားအားဖြင့် သိခြင်းသဘော၊ စိစစ်ခြင်း သဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏ အဖြစ်၊ သိမ်မွေ့သူ၏ အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏ အဖြစ်၊ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော တစ်နည်း -ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း ၍ သိမှု၌ ညွှတ်စေတတ်သောသဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကိုလမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော၊ ပညာဟူသောအစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပြာသာဒ်။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှုအလင်း။ (ကြည်လင် တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာ ဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် ဤသဘော ဖြစ်၏။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

သမ္မာသင်္ကပ္ပ

၉၁။ ထိုအခါ၌ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်းသဘော၊ စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်း သဘော၊ စိတ်ကို အာရုံသို့ရှေးရှုတင်ပေးမှုသဘော၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာကြံစည်မှု 'သမ္မာသင်္ကပ္ပ' ဟူသည် ဤသဘော ဖြစ်၏။။

(ပဒ အမှတ် ၇-ဝိတက်ကြည့်)

သမ္မာဝါယာမ

၉၂။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယမ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့တက်၍ ကြိုးပမ်းမှု (အထက်တန်း ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သောတာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရအားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၃-ဝီရိယိန္ဒြေကြည့်)

သမ္မာသတိ

၉၃။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သောအခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ဟူသည် ဤသဘောဖြစ်၏။

(ပဒ အမှတ်၁၄-သတိန္ဒြေကြည့်)

သမ္မာသမာဓိ

၉၄။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၏တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ,ဟူသည် ဤသဘော ဖြစ်၏။။ ထိုအခါ၌ အင်္ဂါငါးပါးရှိသော ဤမဂ်သည် ဖြစ်၏။

(ပဒအမှတ်၁၅-သမာဓိန္ဒြေကြည့်)

(ပညာ, ဝိတက်, ဝီရိယ, သတိ, ဧကဂ္ဂတာ မဂ္ဂင်တရားကိုယ်ငါးပါး။)

ဗလနိဒ္ဒေသ (ဗိုလ်ကို အကျယ်ပြခြင်း)

၉၅။ ထိုအခါ၌ ဗိုလ်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း။ သဒ္ဓါဗိုလ်, ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်, ဟိရီဗိုလ်, ဩတ္တပ္ပဗိုလ် ဤသည်တို့တည်း။

ဗလပဋိနိဒ္ဒေသ (ဗိုလ်ကို ထပ်၍ အကျယ်ပြခြင်း)

သဒ္ဓါဗိုလ်

၉၆။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်ယုံကြည်မှု၊ ယုံကြည်ပုံအခြင်းအရာ၊ သက်ဝင်ပုံအခြင်းအရာ၊ အလွန် ကြည်လင်မှု၊ 'သဒ္ဓါ' ဟူသော အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၂-သဒ္ဓိန္ဒြေကြည့်)

ဝီရိယဗိုလ်

၉၇။ ထိုအခါ၌ မတုန်မလှုပ်ရဲဝံ့မှု (ရဲရင့်မှု) 'ဝီရိယဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သောအားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိ သူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် (ရှိ၏)။ ထိုအခါ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၃-ဝီရိယိန္ဒြေကြည့်)

သတိဗိုလ်

၉၈။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံအခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာအောက်မေ့မှု 'သမ္မာသတိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ဟူသည်ဤသဘောဖြစ်၏။

(ပဒအမှတ်၁၄-သတိန္ဒြေကြည့်)

သမာဓိဗိုလ်

၉၉။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာ သမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)

ပညာဗိုလ်

၁၀၀။ ထိုအခါ၌ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညာဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြား အားဖြင့်စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်း စွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏ အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ် (အနိစ္စစသည်ကို) ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသောသဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပြာသာဒ်။ (အဝိဇ္ဇာ အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုအလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

ဟိရီဗိုလ်

၁၀၁။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သောကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများသို့ရောက်ခြင်း (ကျူးလွန်ခြင်း) ကို ရှက်တတ်၏။ ထိုအခါ၌ မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' ဟူသည် ဤသဘောပင်ဖြစ်၏။

ဩတ္တပ္ပဗိုလ်

၁၀၂။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရား သည်ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ ကြောက်လန့်တတ်၏။ ယုတ်မာသော အကုသိုလ် တရားများသို့ ရောက်ခြင်း (ကျူးလွန်ခြင်း) မှ ကြောက်လန့်တတ်၏။ ထိုအခါ၌ မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ဟူသည် ဤသဘော ဖြစ်၏။။ ထိုအခါ၌ ဤဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏။

(သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ, ဟိရီ, ဩတ္တပ္ပ ဗိုလ် ၇-ပါးသရုပ်။)

ဟေတုနိဒ္ဒေသ (ဟိတ်ကို အကျယ်ပြခြင်း)

၁၀၃။ ထိုအခါ၌ ဟိတ်သုံးပါးတို့ဟူသည် အဘယ်တို့နည်း။

အလောဘ, အဒေါသ, အမောဟ ဤသုံးပါတို့တည်း။

ဟေတုပဋိနိဒ္ဒေသ (ဟိတ်ကို ထပ်၍ အကျယ်ပြခြင်း)

အလောဘ

၁၀၄။ ထိုအခါ၌ မလိုချင်မှု 'အလောဘ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်မလိုချင်ခြင်းသဘော၊ မလိုချင်ပုံအခြင်းအရာ၊ မလိုချင်တတ်သူ၏ အဖြစ်၊ မစွဲလမ်းခြင်း၊ မစွဲလမ်းပုံ အခြင်းအရာ၊ မစွဲလမ်းတတ်သူ၏အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မလိုချင်မှု 'အလောဘ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ် ၃၂-အလောဘကြည့်)

အဒေါသ

၁၀၅။ ထိုအခါ၌ မဖျက်ဆီးမှု 'အဒေါသ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော၊ မဖျက်ဆီးပုံ အခြင်းအရာ၊ မဖျက်ဆီးတတ်သူ၏အဖြစ်၊ စိတ်မပျက်ဆီးမှု၊ စိတ်မပျက်စီးစေလိုမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု 'အဒေါသ' ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ် ၃၃-အဒေါသကြည့်)

အမောဟ

၁၀၆။ ထိုအခါ၌ မတွေဝေမှု 'အမောဟ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ပ။ မတွေဝေမှု။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် (ရှိ၏)။ ထိုအခါ၌ မတွေဝေမှု 'အမောဟ' ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤဟိတ်သုံးပါးတို့သည်ဖြစ်ကုန်၏။ (ပဒအမှတ်၁၆-ပညိန္ဒြေကြည့်)

ဖဿတစ်ပါး

၁၀၇။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိခြင်း သဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်း အရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' တစ်ပါးဟူသည် ဤသဘောဖြစ်၏။

ဝေဒနာတစ်ပါး

၁၀၈။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

သညာတစ်ပါး

၁၀၉။ ထိုအခါ၌ မှတ်သားမှု 'သညာ' တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏ အဖြစ် သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

စေတနာတစ်ပါး

၁၁၀။ ထိုအခါ၌ စေ့ဆော်မှု 'စေတနာ'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စေ့ဆော်မှု၊ ကောင်းစွာ စေ့ဆော်ပုံ အခြင်းအရာ၊ စိတ်၏စေ့ဆော် တတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု 'စေတနာ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

စိတ်တစ်ပါး

၁၁၁။ ထိုအခါ၌ စိတ်တစ်ပါးဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး ဖြူစင် သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရသိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူး သိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ စိတ်တစ်ပါးဟူသည် ဤသဘော ဖြစ်၏။

ဝေဒနာက္ခန္ဓာတစ်ပါး

၁၁၂။ ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

သညာက္ခန္ဓာတစ်ပါး

၁၁၃။ ထိုအခါ၌ မှတ်သားမှုအစု 'သညာက္ခန္ဓာ' တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မှတ်သားမှု၊ မှတ်သားပုံ အခြင်းအရာ၊ မှတ်သားတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှုအစု 'သညာက္ခန္ဓာ' တစ်ပါးဟူသည်ဤသဘော ဖြစ်၏။

သင်္ခါရက္ခန္ဓာတစ်ပါး

၁၁၄။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' ၊ အစိုးတရယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ၊ မလိုချင်မှု 'အလောဘ' ၊ မဖျက်ဆီးမှု 'အဒေါသ' ၊ မတွေဝေမှု 'အမောဟ' ၊ မမက်မောမှု 'အနဘိဇ္ဈာ' ၊ စိတ်မပျက်စီးမှု 'အဗျာပါဒ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ရှက်မှု 'ဟိရီ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' ၊ စေတသိက် အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' ၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' ၊ စေတသိက် အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မညတာ' ၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့ အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ၊ စိတ်၏အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ၊ အောက်မေ့မှု 'သတိ' ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'သမ္ပဇည' ၊ ငြိမ်သက်မှု 'သမထ' ၊ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကိုချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူး သိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန် ၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

ဝိညာဏက္ခန္ဓာတစ်ပါး

၁၁၅။ ထိုအခါ၌ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ'တစ်ပါးဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ညွှတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရသိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာ ဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထို အခါ၌ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

မနောယတနတစ်ပါး

၁၁၆။ ထိုအခါ၌ သိမှုဟူသော ဖြစ်ရာဌာန 'မနာယတန'တစ်ပါးဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ ညွှတ်၍) သိတတ် သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရသိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာ ဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထို အခါ၌ သိမှုဟူသော ဖြစ်ရာဌာန 'မနာယတန' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

မနိန္ဒြေတစ်ပါး

၁၁၇။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ညွှတ်၍) သိတတ်သော သဘော၊ သိခြင်း သဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အား လျောက်ပတ်သောအထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။

မနောဝိညာဏဓာတ်တစ်ပါး

၁၁၈။ ထိုအခါ၌ အထူးသိမှုသဘော 'မနောဝိညာဏဓာတ်'တစ်ပါးဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်စိတ် (အာရုံသို့ ညွှတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုစိတ်အားလျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' တစ်ပါးဟူသည် ဤသဘောဖြစ်၏။

ဓမ္မာယတနတစ်ပါး

၁၁၉။ ထိုအခါ၌ 'ဓမ္မာယတန'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ၊ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' သည် (ရှိ၏)။ ထိုအခါ၌ 'ဓမ္မာယတန' တစ်ပါးဟူသည် ဤသဘောဖြစ်၏။

ဓမ္မဓာတ်တစ်ပါး

၁၂၀။ ထိုအခါ၌ 'ဓမ္မဓာတ်'တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။

ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ၊ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' သည် (ရှိ၏)။ ထိုအခါ၌ 'ဓမ္မဓာတ်' တစ်ပါးဟူသည် ဤသဘောဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

နိဒ္ဒေသ နှင့် ပဋိနိဒ္ဒေသဝါရ ပြီးပြီ။

ကောဋ္ဌာသဝါရ ပြီးပြီ။

------

သုညတဝါရ (ဓမ္မတို့၏ အတ္တမှ ဆိတ်သုဉ်းသည်ကို ပြရန် ဟောကြားခြင်း)

(က) ဥဒ္ဒေသဝါရ (အကျဉ်းချုပ် ဟောကြားခြင်း)

ကာမာဝစရကုသိုလ် ပဌမစိတ်

၁၂၁။ ဆက်ဦးအံ့၊ ထိုအခါ၌ ဓမ္မတို့သည် ဖြစ်ကုန်၏၊ ခန္ဓာတို့သည် ဖြစ်ကုန်၏၊ အာယတနတို့သည် ဖြစ်ကုန်၏၊ ဓာတ်တို့သည် ဖြစ်ကုန်၏၊ အာဟာရတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေတို့သည် ဖြစ်ကုန်၏၊ ဈာန်သည်ဖြစ်၏၊ မဂ်သည် ဖြစ်၏၊ ဗိုလ်တို့သည် ဖြစ်ကုန်၏၊ ဟိတ်တို့သည်ဖြစ်ကုန်၏၊ ဖဿသည် ဖြစ်၏၊ ဝေဒနာသည် ဖြစ်၏၊ သညာသည် ဖြစ်၏၊ စေတနာသည် ဖြစ်၏၊ စိတ်သည် ဖြစ်၏၊ ဝေဒနာက္ခန္ဓာသည် ဖြစ်၏၊ သညာက္ခန္ဓာသည် ဖြစ်၏၊ သင်္ခါရက္ခန္ဓာသည် ဖြစ်၏၊ ဝိညာဏက္ခန္ဓာသည် ဖြစ်၏၊ မနာယတနသည် ဖြစ်၏၊ မနိန္ဒြေသည် ဖြစ်၏၊ မနောဝိညာဏဓာတ်သည့်ဖြစ်၏၊ ဓမ္မာယတနသည် ဖြစ်၏၊ ဓမ္မဓာတ်သည် ဖြစ်၏၊ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

ဥဒ္ဒေသဝါရ ပြီးပြီ။

------

(ခ) နိဒ္ဒေသဝါရ (အကျယ်ဟောကြားခြင်း)

ဓမ္မများ

၁၂၂။ ထိုအခါ၌ အဘယ်ဓမ္မတို့သည် ဖြစ်ကုန်သနည်း။

ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှု အစု 'သညာက္ခန္ဓာ' ၊ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' သည် (ရှိ၏)။ ထိုအခါ၌ ဤဓမ္မတို့သည် ဖြစ်ကုန်၏။

ခန္ဓာများ

၁၂၃။ ထိုအခါ၌ အဘယ်ခန္ဓာတို့သည် ဖြစ်ကုန်သနည်း။

ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ၊ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' သည် (ရှိ၏)။ ထိုအခါ၌ ဤခန္ဓာတို့သည် ဖြစ်ကုန်၏။

အာယတနများ

၁၂၄။ ထိုအခါ၌ အဘယ်အာယတနတို့သည် ဖြစ်ကုန်သနည်း။

သိမှုဟူသော ဖြစ်ရာဌာန 'မနာယနတန' ၊ သဘာဝတရားဟူသော ဖြစ်ရာဌာန 'ဓမ္မာယတန' သည် (ရှိ၏)။ ထိုအခါ၌ ဤအာယတနတို့သည် ဖြစ်ကုန်၏။

ဓာတ်များ

၁၂၅။ ထိုအခါ၌ အဘယ်ဓာတ်တို့သည် ဖြစ်ကုန်သနည်း။

အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' ၊ တရား သဘာဝ 'ဓမ္မဓာတ်' (စေတသိက်များ) သည် (ရှိ၏)။ ထိုအခါ၌ ဤ ဓာတ်တို့သည်ဖြစ်ကုန်၏။

အာဟာရများ

၁၂၆။ ထိုအခါ၌ အဘယ်အထောက်အပံ့ 'အာဟာရ' တို့သည် ဖြစ်ကုန်သနည်း။

တွေ့ထိမှုဟူသော အထောက်အပံ့ 'ဖဿာဟာရ' ၊ စိတ်ကို ကောင်းစွာ စေ့ဆော်မှုဟူသော အထောက်အပံ့ 'မနောသေဉ္စတနာဟာရ' ၊ အထူးသိမှုဟူသော အထောက်အပံ့ 'ဝိညာဏာဟာရ' သည် (ရှိ၏)။ ထိုအခါ၌ ဤအထောက်အပံ့ 'အာဟာရ' တို့ သည် ဖြစ်ကုန်၏။

ဣန္ဒြေများ

၁၂၇။ ထိုအခါ၌ အဘယ်ဣန္ဒြေတို့သည် ဖြစ်ကုန်သနည်း။

အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ ဤဣန္ဒြေတို့သည် ဖြစ်ကုန်၏။

ဈာန်

၁၂၈။ ထိုအခါ၌ အဘယ်ဈာန်သည် ဖြစ်သနည်း။

ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ ချမ်းသာမှု 'သုခ' စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' သည် (ရှိ၏)။ ထိုအခါ၌ ဤဈာန်သည် ဖြစ်၏။

မဂ်

၁၂၉။ ထိုအခါ၌ အဘယ်မဂ်သည် ဖြစ်သနည်း။

ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာကြံစည်မှု သမ္မာသင်္ကပ္ပ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာ သတိ' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ ဤမဂ်သည် ဖြစ်၏။

ဗိုလ်များ

၁၃၀။ ထိုအခါ၌ အဘယ်ဗိုလ်တို့သည် ဖြစ်ကုန်သနည်း။

မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမ့မှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ ဤဗိုလ်တို့သည် ဖြစ်ကုန်၏။

ဟိတ်များ

၁၃၁။ ထိုအခါ၌ အဘယ်ဟိတ်တို့သည် ဖြစ်ကုန်သနည်း။

မလိုချင်မူ 'အလောဘ' ၊ မဖျက်ဆီးမှု 'အဒေါသ' ၊ မတွေဝေမှု 'အမောဟ' သည် (ရှိ၏)။ ထိုအခါ၌ ဤဟိတ်တို့သည် ဖြစ်ကုန်၏။

ဖဿ

၁၃၂။ ထိုအခါ၌ အဘယ်တွေ့ထိမှု 'ဖဿ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤတွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။

ဝေဒနာ

၁၃၃။ ထိုအခါ၌ အဘယ်ခံစားမှု 'ဝေဒနာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤခံစားမှု 'ဝေဒနာ' သည် ဖြစ်၏။

သညာ

၁၃၄။ ထိုအခါ၌ အဘယ်မှတ်သားမှု 'သညာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤမှတ်သားမှု 'သညာ' သည် ဖြစ်၏။

စေတနာ

၁၃၅။ ထိုအခါ၌ အဘယ်စေ့ဆော်မှု 'စေတနာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤစေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏။

စိတ်

၁၃၆။ ထိုအခါ၌ အဘယ်သိမှု 'စိတ်' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤသိမှု 'စိတ်' သည် ဖြစ်၏။

ဝေဒနာက္ခန္ဓာ

၁၃၇။ ထိုအခါ၌ အဘယ်ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' သည် ဖြစ်၏။

သညာက္ခန္ဓာ

၁၃၈။ ထိုအခါ၌ အဘယ်မှတ်သားမှု အစု 'သညာက္ခန္ဓာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤမှတ်သားမှုအစု 'သညာက္ခန္ဓာ' သည် ဖြစ်၏။

သင်္ခါရက္ခန္ဓာ

၁၃၉။ ထိုအခါ၌ အဘယ်ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' သည် ဖြစ်၏။

ဝိညာဏက္ခန္ဓာ

၁၄၀။ ထိုအခါ၌ အဘယ်အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤအထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' သည် ဖြစ်၏။

မနာယတန

၁၄၁။ ထိုအခါ၌ အဘယ်သိမှုဟူသော ဖြစ်ရာဌာန 'မနာယတန' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤသိမှုဟူသော ဖြစ်ရာဌာန 'မနာယတန' သည် ဖြစ်၏။

မနိန္ဒြေ

၁၄၂။ ထိုအခါ၌ အဘယ်အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤအစိုးတရသိမှု 'မနိန္ဒြေ' သည် ဖြစ်၏။

မနောဝိညာဏဓာတ်

၁၄၃။ ထိုအခါ၌ အဘယ်အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် ဖြစ်သနည်း။

။ပ။ ထိုအခါ၌ ဤအထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် ဖြစ်၏။

ဓမ္မာယတန

၁၄၄။ ထိုအခါ၌ အဘယ်သဘောတရားဟူသော ဖြစ်ရာဌာန 'ဓမ္မာယတန' သည် ဖြစ်သနည်း။

ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ၊ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' သည် (ရှိ၏)။ ထိုအခါ၌ ဤသဘောတရားဟူသော ဖြစ်ရာဌာန 'ဓမ္မာယတန' သည် ဖြစ်၏။

ဓမ္မဓာတ်

၁၄၅။ ထိုအခါ၌ အဘယ်တရားသဘာဝ 'ဓမ္မဓာတ်' သည် ဖြစ်သနည်း။

ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ၊ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' သည် (ရှိ၏)။ ထိုအခါ၌ ဤ တရားသဘာဝ 'ဓမ္မဓာတ်' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

နိဒ္ဒေသဝါရ ပြီးပြီ။

သုညတဝါရ ပြီးပြီ။

(ကာမာဝစရကုသိုလ်) ပဌမစိတ် ပြီးပြီ။

------

ကာမာဝစရကုသိုလ်ဒုတိယစိတ်

၁၄၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော ဉာဏ်နှင့်ယှဉ်သော သင်္ခါရနှင့် တကွဖြစ်သော ကာမာဝစရကုသိုလ် စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင် အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ကာမာဝစရကုသိုလ်) ဒုတိယစိတ် ပြီးပြီ။

------

ဓမ္မဝဝတ္ထာနဝါရ (တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း)

(က) ဥဒ္ဒေသဝါရ (အကျဉ်းချုပ် ဟောကြားခြင်း)

ကာမာဝစရကုသိုလ်တတိယစိတ်

၁၄၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ သောမနဿနှင့် တကွဖြစ်သော ဉာဏ်နှင့် မယှဉ်သော ကာမာ ဝစရကုသိုလ်စိတ်သည်ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံ ကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်း

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည်ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရသိမှု 'မနိန္ဒြေ' သည်ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် ဖြစ်၏၊ ကောင်းစွာတည်ကြည်မှု 'သမ္မာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ မလိုချင်မှု 'အလောဘ' သည် ဖြစ်၏၊ မဖျက်ဆီးမှု 'အဒေါသ' သည် ဖြစ်၏၊ မမက်မောမှု 'အနဘိဇ္ဈာ' သည် ဖြစ်၏၊ စိတ်မပျက်စီးမှု 'အဗျာပါဒ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' သည်ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' သည် ဖြစ်၏၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' သည်ဖြစ်၏၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' သည် ဖြစ်၏။ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' သည် ဖြစ်၏။ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' သည် ဖြစ်၏၊ စေတသိက် အပေါင်း (ကိုယ်) ၏ခံ့မှု 'ကာယကမ္မညတာ' သည် ဖြစ်၏၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' သည် ဖြစ်၏၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု့'ကာယုဇုကတာ' သည် ဖြစ်၏၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' သည် ဖြစ်၏၊ အောက်မေ့မှု 'သတိ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

ကောဋ္ဌာသဝါရ (စုပေါင်းဟောကြားခြင်း)

(က) ဥဒ္ဒေသဝါရ (အကျဉ်းချုပ်ဟောကြားခြင်း)

ကာမာဝစရကုသိုလ်တတိယစိတ်

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏။ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏။ အာဟာရသုံးပါးတို့ သည် ဖြစ်ကုန်၏။ ဣန္ဒြေခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ငါးပါးသောအင်္ဂါရှိသော ဈာန်သည် ဖြစ်၏။ လေးပါးသော အင်္ဂါရှိသောမဂ်သည် ဖြစ်၏။ ဗိုလ်ခြောက်ပါးတို့သည် ဖြစ်ကုန်၏။ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏။ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏။ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာသမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဥဒ္ဒေသဝါရ ပြီးပြီ။

------

(ခ) နိဒ္ဒေသဝါရ (အကျယ်ဟောကြားခြင်း)

သင်္ခါရက္ခန္ဓာ

၁၄၈။ ။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' ၊ အစိုးတရယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ၊ ကောင်းစွာတည်ကြည်မှု 'သမ္မာသမာဓိ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ်ရှက်မှု 'ဟိရီဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ်ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ၊ မလိုချင်မှု 'အလောဘ' ၊ မဖျက်ဆီးမှု 'အဒေါသ' ၊ မမက်မောမှု 'အနဘိဇ္ဈာ' ၊ စိတ်မပျက်စီးမှု 'အဗျာပါဒ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ၊ စိတ် ၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' ၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မညတာ' ၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ၊ စေတသိက့်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုက တာ' ၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ၊ အောက်မေ့မှု 'သတိ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော (ဆိုင်ရာ) အကြောင်းကို စွဲ၍ ဖြစ် ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘော ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။

(ကာမာဝစရကုသိုလ်) တတိယစိတ် ပြီးပြီ။

------

ကာမာဝစရကုသိုလ်စတုတ္ထစိတ်

၁၄၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ သောမနဿနှင့် တကွဖြစ်သော ဉာဏ်နှင့် မယှဉ်သော သင်္ခါရနှင့် တကွဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါး ပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ကာမာဝစရကုသိုလ်) စတုတ္ထစိတ် ပြီးပြီ။

------

ဓမ္မဝဝတ္ထာနဝါရ (တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း)

(က) ဥဒ္ဒေသဝါရ (အကျဉ်းချုပ်ဟောကြားခြင်း)

ကာမာဝစရကုသိုလ်ပဉ္စမစိတ်

၁၅၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ဥပေက္ခာနှင့် တကွဖြစ်သော ဉာဏ်နှင့်ယှဉ်သော ကာမာဝစရ ကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံကိုဖြစ် စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်း

ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည်ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည်ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည်ဖြစ်၏၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည်ဖြစ်၏၊ မတုန်မလှုပ် ရဲရင့်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' သည်ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညာဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' သည်ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ မလိုချင်မှု 'အလောဘ' သည် ဖြစ်၏၊ မဖျက်ဆီးမှု 'အဒေါသ' သည် ဖြစ်၏၊ မတွေဝေမှု 'အမောဟ' သည်ဖြစ်၏၊ မမက်မောမှု 'အနဘိဇ္ဈာ' သည် ဖြစ်၏၊ စိတ်မပျက်စီးမှု 'အဗျာပါဒ' သည် ဖြစ်၏၊ ကောင်းစွာသိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' သည် ဖြစ်၏၊ စိတ်၏ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' သည် ဖြစ်၏၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' သည် ဖြစ်၏၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မည တာ' သည်ဖြစ်၏၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သား ရမှု) 'ကာယပါဂုညတာ' သည် ဖြစ်၏၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' သည် ဖြစ်၏၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' သည် ဖြစ်၏၊ အောက်မေ့မှု 'သတိ' သည် ဖြစ်၏၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအား ဖြင့် သိမှု 'သမ္ပဇည' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

------

ဖဿ၏ သဘော

၁၅၁။ ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိမှု၊ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိသည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည်ဤသဘောဖြစ်၏။

ဥပေက္ခာဝေဒနာ၏သဘော

၁၅၂။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်းမဟုတ်သော အကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားခြင်းသဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှုသဘော သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဥပေက္ခာ၏ သဘော

၁၅၃။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်, မသာယာဖွယ်လည်း မဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော , ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သောအကြင်ခံစားခြင်းသဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်းမဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင်ခံစားမှု သဘောသည် (ရှိ၏)။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ဥပေက္ခိန္ဒြေ၏ သဘော

၁၅၄။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်, မသာယာဖွယ်လည်း မဟုတ်သောအကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော အကြင်ခံစားခြင်း သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ်, ချမ်းသာလည်းမဟုတ်သော အကြင်ခံစားမှုသဘောသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုကာမာဝစရကုသိုလ်စိတ်ဖြစ်သော အခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

နိဒ္ဒေသဝါရ ပြီးပြီ။

ဓမ္မဝဝတ္တာနဝါရ ပြီးပြီ။

------

ကောဋ္ဌာသဝါရ (စုပေါင်းဟောကြားခြင်း)

ကောဋ္ဌာသဝါရ (က) ဥဒ္ဒေသ

ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏။ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန် ၏။ အာဟာရသုံးပါးတို့သည်ဖြစ်ကုန်၏။ ဣန္ဒြေရှစ်ပါးတို့သည် ဖြစ်ကုန်၏။ အင်္ဂါလေးပါးရှိသော ဈာန် သည်ဖြစ်၏။ အင်္ဂါငါးပါးရှိသော မဂ်သည် ဖြစ်၏။ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဟိတ်သုံးပါးတို့ သည်ဖြစ်ကုန်၏။ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏။ ဓမ္မဓာတ်တစ်ပါး သည်ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ် တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

နိဒ္ဒေသဝါရ (အကျယ်ဟောကြားခြင်း)

သင်္ခါရက္ခန္ဓာ

၁၅၅။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိ သည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရအားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' ၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' ၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ၊ မလိုချင်မှု 'အလောဘ' ၊ မဖျက်ဆီးမှု 'အဒေါသ' ၊ မတွေဝေမှု 'အမောဟ' ၊ မမက်မောမှု 'အနဘိဇ္ဈာ' ၊ စိတ်မပျက်စီးမှု 'အဗျာပါဒ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ' ၊ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' ၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟု တာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ၊ စိတ်၏နူးညံ့မှု 'စိတ္တမုဒုတာ' ၊ စေတသိက် အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မညတာ' ၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ၊ စိတ်၏ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ၊ အောက်မေ့မှု 'သတိ' ၊ ကောင်းစွာ (ခွဲခြားခြင်း) အပြားအားဖြင့် သိမှု 'သမ္ပဇည' ၊ ငြိမ်သက်မှု 'သမထ' ၊ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ရှိ၏။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍။ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

(ကာမာဝစရကုသိုလ်) ပဉ္စမစိတ် ပြီးပြီ။

------

ကာမာဝစရကုသိုလ် ဆဋ္ဌမစိတ်

၁၅၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ဥပေက္ခာနှင့် တကွဖြစ်သော ဉာဏ်နှင့် ယှဉ်သော သင်္ခါရနှင့် တကွဖြစ်သော ကာမာဝစရကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ် ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုကာမာဝစရကုသိုလ်စိတ်ဖြစ်သော အခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ကာမာဝစရကုသိုလ်) ဆဋ္ဌမစိတ် ပြီးပြီ။

------

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ကာမာဝစရကုသိုလ်သတ္တမစိတ်

၁၅၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း၊ အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ် သော ကာမာဝစရကုသိုလ်စိတ်သည်ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေအကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ် ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုး တရ့စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ဖြစ်၏၊ ကောင်းစွာအားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ' သည် ဖြစ်၏၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ်ရှက်မှု 'ဟိရီဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ မလိုချင်မှု 'အလောဘ' သည် ဖြစ်၏၊ မဖျက်ဆီးမှု 'အဒေါသ' သည် ဖြစ်၏၊ မမက်မောမှု 'အနဘိဇ္ဈာ' သည် ဖြစ်၏၊ မပျက်စီးစေလိုမှု 'အဗျာပါဒ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ရှက်မှု 'ဟိရီ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' သည် ဖြစ်၏၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန် ပေါ့ပါးမှု 'ကာယလဟုတာ' သည်ဖြစ်၏၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' သည် ဖြစ်၏၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ခံ့မှု 'ကာယကမ္မညတာ' သည် ဖြစ်၏၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' သည် ဖြစ်၏၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' သည် ဖြစ်၏၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' သည် ဖြစ်၏၊ အောက်မေ့မှု 'သတိ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုကာမာဝစရကုသိုလ်စိတ်ဖြစ်သော အခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာ အာဇီဝဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေခုနစ်ပါးတို့ သည် ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော သုဂတိဘဝသို့ ရောက်ကြောင်း 'မဂ်' သည်ဖြစ်၏၊ ဗိုလ်ခြောက်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဖဿ တစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုကာမာဝစရကုသိုလ်စိတ်ဖြစ်သော အခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏၊ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၅၈။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘောဖြစ်သနည်း၊ တွေ့ထိမှု 'ဖဿ'၊ စေ့ဆော်မှု 'စေတနာ'၊ ကြံစည်မှု 'ဝိတက်'၊ သုံးသပ်မှု 'ဝိစာရ'၊ စိတ်၏ တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ'၊ အစိုးတရ ယုံကြည်မှု 'သဒိ္ဓန္ဒြေ'၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ'၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ'၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ'၊ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ'၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊ ကောင်းစွာ အားထုတ်မှု့'သမ္မာဝါယာမ'၊ ကောင်းစွာ အောက်မေ့မှု 'သမ္မာသတိ'၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ'၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်'၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်'၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်'၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်'၊ မလိုချင်မှု 'အလောဘ'၊ မဖျက်ဆီးမှု 'အဒေါသ'၊ မမက်မောမှု 'အနဘိဇ္ဈာ'၊ မပျက်စီးစေလိုမှု 'အဗျာပါဒ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ'၊ စေတသိက်အပေါင်း (ကိုယ်) ၏ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ'၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ'၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ'၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ'၊ စေတသိက်အပေါင်း (ကိုယ်) ၏နူးညံ့မှု 'ကာယမုဒုတာ'၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ'၊ စေတသိက်အပေါင်း (ကိုယ်) ၏ခံ့မှု 'ကာယကမ္မညတာ'၊ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ'၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညာတာ'၊ စိတ်၏ အလေ့ အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညာတာ'၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ'၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ'၊ အောက်မေ့မှု 'သတိ'၊ ငြိမ်သက်မှု 'သမထ'၊ ချီးမြှောက်မှု 'ပဂ္ဂါဟ'၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ'ကို ချန်ထား၍၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏခန္ဓာ' ကို ချန်ထား၍။ (ဆို အပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ကာမာဝစရကုသိုလ်) သတ္တမစိတ် ပြီးပြီ။

------

ကာမာဝစရကုသိုလ်အဋ္ဌမစိတ်

၁၅၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ် သော, သင်္ခါရနှင့် တကွဖြစ်သော ကာမာဝစရကုသိုလ် စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု ၍ ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည် ကုန်၏။

(ကာမာဝစရကုသိုလ်) အဋ္ဌမစိတ် ပြီးပြီ။

မဟာကုသိုလ်စိတ်ရှစ်ပါး ပြီးပြီ။

ဒုတိယဘာဏဝါရ ပြီးပြီ။

------

ရူပါဝစရကုသိုလ်တရားစုကို ဝေဖန်ခြင်း 'ရူပါဝစရကုသလပဒဘာဇနီ'

(၁) ဈာန်လေးပါးဖြစ်ပုံကို ပြသော စတုက္ကနည်း

ရူပါဝစရကုသိုလ်ပဌမဈာန်စိတ်

၁၆၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏။ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' နှင့် တကွဖြစ်သော , နီဝရဏကင်းဆိတ်မှု ကြောင့် ဖြစ်ပေါ်လာသော, နှစ်သက်မှု 'ပီတိ' ၊ ချမ်းသာမှု 'သုခ' ရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍)

နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ရူပါဝစရကုသိုလ်ပဌမဈာန်စိတ် ပြီးပြီ။

------

ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ်

၁၆၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏။ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်မိမိသန္တာန်၌ ဖြစ်သော , စိတ်ကို လွန်စွာ ကြည်လင်စေတတ် သော, မြတ်သည်ဖြစ်၍ ဖြစ်သော တည်ကြည်မှု 'သမာဓိ' ကို တိုးပွါးစေတတ်သော, ကြံစည်မှု 'ဝိတက်' မရှိသော, သုံးသပ်မှု 'ဝိစာရ' မရှိသော, တည်ကြည်မှု 'သမာဓိ' ကြောင့် ဖြစ်သော , နှစ်သက်မှု 'ပီတိ' ၊ ချမ်းသာမှု 'သုခ' ရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဒုတိယဈာန်သို့ ရောက်၍ (ဒုတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည်ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည်ဖြစ်၏၊ အစိုး တရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါး တို့သည်ဖြစ်ကုန်၏၊ အင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက် ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတန တစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၆၂။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏တစ်ခု တည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲ့ခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာသိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကိုချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ဤတရားတို့သည် ကုသိုလ်မည် ကုန်၏။

ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ် ပြီးပြီ။

------

အကျဉ်းချုပ် ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ရူပါဝစရကုသိုလ် တတိယဈာန်စိတ်

၁၆၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကိုပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ နှစ်သက်မှု 'ပီတိ' ကို စက်ဆုပ်ခြင်း ကြောင့် လည်းကောင်း၊ လျစ်လျူရှုသည်ဖြစ်၍လည်းကောင်း၊ အောက်မေ့မှု 'သတိ' နှင့် ပြည့်စုံသည်ဖြစ်၍ လည်းကောင်း၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'သမ္ပဇည' နှင့် ပြည့်စုံသည် ဖြစ်၍ လည်းကောင်း နေ၏၊ ချမ်းသာမှု 'သုခ' ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုတတိယဈာန်ရပုဂ္ဂိုလ်ကို ဘုရားအစ ရှိသော အရိယာတို့သည် ''လျစ်လျူရှုနိုင်ပါပေစွ၊ အောက်မေ့မှု 'သတိ' ရှိပါပေစွ၊ ချမ်းသာစွာ နေလေ့ရှိပါပေစွ'' ဟုချီးကျူးတော်မူကြကုန်၏။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ထိုတတိယဈာန်သို့ ရောက်၍ (တတိယဈာန်ကို ရရှိ၍) နေ၏။

တရားအကျဉ်း

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည်ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာ ဝါယာမ' သည်ဖြစ်၏။ (သမ္မာသတိ, သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု,'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက်ကြောင်း 'မဂ်' သည့်ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၆၄။ပ။ ထိုအခါ၌ ပြုပြင်မှုအစု'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာအားထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

ရူပါဝစရကုသိုလ် တတိယဈာန်စိတ် ပြီးပြီ။

------

ရူပါဝစရကုသိုလ် စတုတ္ထဈာန်စိတ်

၁၆၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့် ကိုယ်ဆင်းရဲမှု 'ဒုက္ခ' ကိုလည်း ပယ်ရှားခြင်းကြောင့်ရှေးဦးကပင်လျှင် စိတ်ချမ်းသာမှု 'သောမနဿ' စိတ် ဆင်းရဲမှု 'ဒေါမနဿ'တို့၏ ချုပ်ငြိမ်းခြင်းကြောင့်ဆင်းရဲမှု 'ဒုက္ခ' လည်း မရှိ၊ ချမ်းသာမှု 'သုခ' လည်း မရှိသော, လျစ်လျူရှုမှု 'ဥပေက္ခာ' သည်ဖြစ်စေအပ်သော အောက်မေ့မှု 'သတိ' ၏ ထက်ဝန်းကျင် စင်ကြယ် ခြင်းရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ် ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည် ၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည်ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,့တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက် ကြောင်း 'မဂ်' သည်ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿ တစ်ပါး သည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၆၆။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည် ၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာအားထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

ရူပါဝစရကုသိုလ် စတုတ္ထဈာန်စိတ် ပြီးပြီ။

ဈာန်လေးပါးဖြစ်ပုံကို ပြသော စတုက္ကနည်း ပြီးပြီ။

------

(၂) ဈာန်ငါးပါးဖြစ်ပုံကို ပြသော ပဉ္စကနည်း

ရူပါဝစရကုသိုလ်ပဌမဈာန်စိတ်

၁၆၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင် အခါ၌ ရူပဘုံဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်း လျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ရူပါဝစရကုသိုလ် ပဌမဈာန်စိတ် ပြီးပြီ။

------

ရူပါဝစရကုသိုလ်ဒုတိယဈာန်စိတ်

၁၆၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ကြံစည်မှု 'ဝိတက်' ကား မရှိ၊ သုံးသပ်မှု 'ဝိစာရ' မျှသာရှိသော, တည်ကြည်မှု 'သမာဓိ' ကြောင့်ဖြစ်ပေါ်လာသော, နှစ်သက်မှု 'ပီတိ' , ချမ်းသာမ 'သုခ' ရှိသော, ပထဝီ ကသိုဏ်းလျှင် အာရုံရှိသော ဒုတိယဈာန်သို့ ရောက်၍ (ဒုတိယဈာန်ကို ရရှိ၍) နေ၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက်ကြောင်း 'မဂ်' သည်ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၆၉။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရအားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော,အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ် ပြီးပြီ။

------

ရူပါဝစရကုသိုလ် တတိယဈာန်စိတ်

၁၇၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' , သုံးသပ်မ ှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန် မြောက်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော တတိယဈာန်သို့ ရောက်၍ (တတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည်ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည်ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါးတို့သည်ဖြစ်ကုန်၏၊ အင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက်ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတန တစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၇၁။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြား ခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာသိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား ၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍့ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ရူပါဝစရကုသိုလ် တတိယဈာန်စိတ် ပြီးပြီ။

------

ရူပါဝစရကုသိုလ် စတုတ္ထဈာန်စိတ်

၁၇၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ နှစ်သက်မှု 'ပီတိ' ကို စက်ဆုပ်ခြင်းကြောင့် လည်းကောင်း။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသောစတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ် ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင်းမှု 'အဝိက္ခေပ' သည် ဖြစ်၏။ ယေဝါပနကတရားမျာ။ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ် နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါး တို့သည်ဖြစ်ကုန်၏၊ အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက် ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၇၃။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ တွေ့ထိမှု 'ဖဿ'၊ စေ့ဆော်မှု 'စေတနာ'၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ'၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ'၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ'၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ'၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ'၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ'၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ'၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ'၊ ကောင်းစွာအားထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ'၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)၊ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ'ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘော ဖြစ်၏။။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

ရူပါဝစရကုသိုလ် စတုတ္ထဈာန်စိတ် ပြီးပြီ။

------

ရူပါဝစရကုသိုလ်ပဉ္စမဈာန်စိတ်

၁၇၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏။ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ခြင်းကြောင့်။ပ။ ပထဝီ ကသိုဏ်းလျှင် အာရုံရှိသောပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စဈာန်ကို ရရှိ၍) နေ၏။

တရားအကျဉ်း

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည်ဖြစ်၏၊ အစိုတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည်ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည်ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ပ။

စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေရှစ်ပါး တို့သည်ဖြစ်ကုန်၏၊ အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက် ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

သင်္ခါရက္ခန္ဓာ

၁၇၅။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု 'စေတနာ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာအား ထုတ်မှု 'သမ္မာဝါယာမ'။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)၊ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ် မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ဈာန်ငါးပါးဖြစ်ပုံကို ပြသော ပဉ္စကနည်း ပြီးပြီ။

------

အကျင့်လေးပါး 'စတေဿာ ပဋိပဒါ'

ဒုက္ခပဋိပဒါဒန္ဓာဘိညဈာန်

၁၇၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညဈာန်

၁၇၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါဒန္ဓာဘိညဈာန်

၁၇၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါခိပ္ပါဘိညဈာန်

၁၇၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။ပ။

ဒုတိယဈာန်စသည်များ

၁၈၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။ ချမ်းသာသောအကျင့်, နုန့်နှေးသောအသိဉာဏ်ရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကျင့်လေးပါး 'စတေဿာပဋိပဒါ' ပြီးပြီ။

------

အာရုံလေးပါး 'စတ္ထာရိ အာရမ္မဏာနိ'

ပရိတ္တပရိတ္တာရမ္မဏဈာန်

၁၈၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၁၈၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (မလေ့လာရသေး၍ အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသောပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၁၈၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍ အထက်ဈာန်ကိုရနိုင်ရန် အစွမ်းသတ္တိကြီးမားသော)။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော၊ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၁၈၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိ ကြီးမားသော) , မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၁၈၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော, အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော။ပ။ (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိ နည်းပါးသော,မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။ မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော) , (စကော,ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။ မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန် အစွမ်း သတ္တိကြီးမားသော) , မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အာရုံလေးပါး 'စတ္တာရိ အာရမ္မဏာနိ' ပြီးပြီ။

------

အာရုံအကျင့် ရောနှောမြှောက်ပွါး၍ ဈာန်တစ်ဆယ့်ခြောက်ပါး ဖြစ်ပုံကို ပြသော 'အာရမ္မဏပဋိပဒါမိဿကသောဠသက္ခတ္တုက'နည်း

(ပဌမဈာန်)

(၁) ဒုက္ခပဋိပဒါဒန္ဓာဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်

၁၈၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင် အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (မလေ့လာရသေး၍ အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီ ကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၂) ဒုက္ခပဋိပဒါဒန္ဓာဘိည ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၁၈၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏။ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (မလေ့လာရသေး၍ အထက်ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၃) ဒုက္ခပဋိပဒါဒန္ဓာဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၁၈၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်အစွမ်းသတ္တိ ကြီးမားသော) , (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၄) ဒုက္ခပဋိပဒါဒန္ဓာဘိည အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၁၈၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်အစွမ်းသတ္တိ ကြီးမားသော) , မနှိုင်းယှဉ် အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

(၅) ဒုက္ခပဋိပဒါခိပ္ပါဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်

၁၉၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေးသော အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီ ကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၆) ဒုက္ခပဋိပဒါခိပ္ပါဘိည ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၁၉၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာ ရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤ တရားတို့သည်ကုသိုလ်မည်ကုန်၏။

(၇) ဒုက္ခပဋိပဒါခိပ္ပါဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၁၉၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိ ကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤ တရားတို့သည်ကုသိုလ်မည်ကုန်၏။

(၈) ဒုက္ခပဋိပဒါခိပ္ပါဘိည အပ္ပမာဏအပ္ပမာဏရမ္မဏဈာန်

၁၉၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကိုပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ လျင်မြန်သော အသိဉာဏ် ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၉) သုခပဋိပဒါဒန္ဓာဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်

၁၉၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။

(၁၀) သုခပဋိပဒါဒန္ဓာဘိည ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၁၉၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

(၁၁) သုခပဋိပဒါဒန္ဓာဘိည အပ္ပမာဏာပရိတ္တာရမ္မဏဈာန်

၁၉၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ် ၍သာလျှင်။ပ။ ချမ်းသာသောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၁၂) သုခပဋိပဒါဒန္ဓာဘိည အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၁၉၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်း ယှဉ်အပ်သော (လေ့လာပြီး၍ အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၁၃) သုခပဋိပဒါခိပ္ပါဘိည ပရိတ္တပရိတ္တရမ္မဏဈာန်

၁၉၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်း သော အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။

(၁၄) သုခပဋိပဒါခိပ္ပါဘိည ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၁၉၉။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါသော, မနှိုင်းယှဉ်အပ်သော (အတိုင်း မသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

(၁၅) သုခပဋိပဒါခိပ္ပါဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၂၀၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပထဝီကသိုဏ်းလျှင်အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၁၆) သုခပဋိပဒါခိပ္ပါဘိည အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၂၀၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ် အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

ဒုက္ခပဋိပဒါဒန္ဓာဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်စသည်များ

၂၀၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေးသောအထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော (စကော, ခွက်ငယ်မျှ) ကျဉ်းသောအာရုံရှိသော, ပထဝီ ကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေးသောအထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၃) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော) (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၄) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော)၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော)

အာရုံရှိသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၅) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော ပထဝီကသိုဏ်းလျှင်အာရုံရှိသော။ပ။

(၆) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော, (အတိုင်းမသိ ကျယ် သော) အာရုံရှိသောပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၇) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော) (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၈) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော)၊ မနှိုင်းယှဉ်အပ်သော (အတိုင်း မသိ ကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၉) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန် ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော ပထဝီကသိုဏ်းလျှင်အာရုံရှိသော။ပ။

(၁၀) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန် ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၁၁) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော) (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၁၂) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော)၊ မနှိုင်းယှဉ်အပ်သော, (အတိုင်းမသိ ကျယ် သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၁၃) ချမ်းသာသော အကျင့် လျင်မြန်သော, အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန် ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိ သော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၁၄) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန် ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၁၅) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော,) (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော,ပထဝီကသိုဏ်းလျှင် အာရုံရှိသော။ပ။

(၁၆) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက်ဈာန်ကို ရနိုင်ရန် အစွမ်းသတ္တိကြီးမားသော,) မနှိုင်းယှဉ်အပ်သော, (အတိုင်း မသိ ကျယ်သော) အာရုံရှိသော, ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဉ္စမဈာန်သို့ ရောက်၍, (ပဉ္စမ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤ့တရားတို့သည် ကုသိုလ်မည်ကုန်၏။

သောဠသက္ခတ္တုကနည်း ပြီးပြီ။

------

ကသိုဏ်းရှစ်ပါးလျှင် အာရုံရှိသော ဈာန်တစ်ဆယ့်ခြောက်ပါးဖြစ်ပုံ ပြသော 'အဋ္ဌကသိဏ သောဠသက္ခတ္တုက'နည်း

ရေကသိုဏ်ဝန်းစသည်လျှင် အာရုံရှိသောဈာန်များ

၂၀၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ရေ 'အာပေါ' ကသိုဏ်းဝန်းလျှင် အာရုံရှိသော။ပ။ မီး 'တေဇော' ကသိုဏ်းဝန်းလျှင် အာရုံရှိသော။ပ။ လေ 'ဝါယော' ကသိုဏ်းဝန်းလျှင် အာရုံရှိသော။ပ။ ညိုသော 'နီလ' ကသိုဏ်းဝန်းလျှင် အာရုံရှိသော။ပ။ ဝါသော 'ပီတ' ကသိုဏ်းဝန်းလျှင် အာရုံရှိသော။ပ။ နီသော 'လောဟိတ' ကသိုဏ်းဝန်းလျှင် အာရုံရှိသော။ပ။ ဖြူသော 'ဩဒါတ' ကသိုဏ်းဝန်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍, (ပဌမ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ကသိုဏ်း ရှစ်ပါးလျှင် အာရုံရှိသော ဈာန်တစ်ဆယ့်ခြောက်ပါးဖြစ်ပုံပြသော

 'အဋ္ဌကသိဏ သောဠသက္ခတ္တုက' နည်း ပြီးပြီ။

------

 

အာရုံကို လွှမ်းမိုးနိုင်နင်းစွာ ရှုမှတ်၍ ရသော 'အဘိဘာယတန' ဈာန်များ

သုဒ္ဓိကနည်း

ပဌမဈာန်

၂၀၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင် အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၀၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်း ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

သုဒ္ဓိကနည်း ပြီးပြီ။

------

အကျင့်လေးမျိုး'စတေဿာ ပဋိပဒါ'ဒုက္ခပဋိပဒါဒန္ဓာဘိညဈာန်

၂၀၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကိုပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညဈာန်

၂၀၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ မိမိသန္တာန်၌ (ဆံပင် အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်း တို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသောထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါဒန္ဓာဘိညဈာန်

၂၀၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသောထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့, မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါခိပ္ပါဘိညဈာန်

၂၀၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသောထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၁၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက် ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယ့ဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။ ချမ်းသာသောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိ သောပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကျင့်လေးမျိုး'စတေဿာ ပဋိပဒါ' ပြီးပြီ။

------

အာရုံနှစ်ပါး 'ဒွေ အာရမ္မဏာနိ'

ပရိတ္တပရိတ္တာရမ္မဏဈာန်

၂၁၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသောထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ (မလေ့လာရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၂၁၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသောထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့, မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော,ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၁၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့, မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ (မလေ့လာရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော။ပ။ မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော,ခွက်ငယ်မျှ) ကျဉ်းသောအာရုံရှိသော, ပဉ္စမဈာန်သို့ ရောက်၍, (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အာရုံနှစ်ပါး 'ဒွေ အာရမ္မဏာနိ' ပြီးပြီ။

------

အာရုံအကျင့်ရောနှောမြှောက်ပွါး၍ ဈာန်ရှစ်ပါးဖြစ်ပုံကို ပြသော

 'အာရမ္မဏပဋိပဒါမိဿကအဋ္ဌက္ခတ္တုက' နည်း

ပဌမဈာန်

(၁) ဒုက္ခပဋိပဒါဒန္ဓာဘိညပရိတ္တပရိတ္တာရမ္မဏဈာန်

၂၁၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်း ကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၂) ဒုက္ခပဋိပဒါဒန္ဓာဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၂၁၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်း ကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော,ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၃) ဒုက္ခပဋိပဒါခိပ္ပါဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်

၂၁၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေးသော အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၄) ဒုက္ခပဋိပဒါခိပ္ပါဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၂၁၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင် ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၅) သုခပဋိပဒါဒန္ဓာဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်

၂၁၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိ နည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

(၆) သုခပဋိပဒါဒန္ဓာဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၂၁၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော,ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၇) သုခပဋိပဒါခိပ္ပါဘိည ပရိတ္တပရိတ္တာရမ္မဏဈာန်

၂၂၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, (မလေ့လာ ရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိ နည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၈) သုခပဋိပဒါခိပ္ပါဘိည အပ္ပမာဏပရိတ္တာရမ္မဏဈာန်

၂၂၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင် နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော, ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၂၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန် သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိ သော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော။ပ။

(၃) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော။ပ။

(၄) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော။ပ။

(၅) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော။ပ။

(၆) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, (စကော,ခွက်ငယ်မျှ) ကျဉ်းသော အာရုံ ရှိသော။ပ။

(၇) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန် ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသော။ပ။

(၈) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော, (လေ့လာပြီး ၍အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော,) (စကော, ခွက်ငယ်မျှ) ကျဉ်းသော အာရုံရှိသောပဉ္စမဈာန်သို့ ရောက်၍, (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့် မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဈာန်ရှစ်ပါးဖြစ်ပုံပြ 'အဋ္ဌက္ခတ္တုက'နည်း ပြီးပြီ။

------

ဈာန်ရှစ်ပါးဖြစ်ပုံပြ 'အဋ္ဌက္ခတ္တုက'နည်း တစ်နည်း

ပဌမဈာန်

၂၂၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ ့ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညို စသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏။ (စကော, ခွက်ငယ်မျှ) ကျဉ်းသော, ကောင်းသော အဆင်း,မကောင်းသော အဆင်းရှိကုန်သော (စင်ကြယ်သောအဆင်း၊ မစင်ကြယ်သောအဆင်းရှိကုန်သော) ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍ သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍, (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်

၂၂၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ ကောင်းသော အဆင်း၊ မကောင်းသော အဆင်းရှိကုန်သောထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍, (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ဤသည်လည်း ဈာန်ရှစ်ပါးဖြစ်ပုံပြ 'အဋ္ဌက္ခတ္တုက'နည်း ပြီးပြီ။

------

အာရုံကို လွှမ်းမိုးနိုင်နင်းစွာ ရှုမှတ်၍ ရသော 'အဘိဘာယတန' ဈာန်များ

၂-သုဒ္ဓိကနည်း တစ်နည်း

ပဌမဈာန်

၂၂၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညို စသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၂၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဈာန်နှင့် အကျင့်လေးပါး (ပဌမဈာန်)

(၁) ဒုက္ခပဋိပဒါဒန္ဓာဘိညဈာန်

၂၂၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်း တို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိ ဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၂) ဒုက္ခပဋိပဒါခိပ္ပါဘိညဈာန်

၂၂၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၃) သုခပဋိပဒါဒန္ဓာဘိညဈာန်

၂၂၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကိုရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၄) သုခပဋိပဒါခိပ္ပါဘိညဈာန်

၂၃၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်း ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၃၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ် သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။

(၃) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။

(၄) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကျင့်လေးပါး 'စတေဿာ ပဋိပဒါ' ပြီးပြီ။

------

အာရုံနှစ်ပါး 'ဒွေ အာရမ္မဏာနိ' (ပဌမဈာန်)

ပရိတ္တာအပ္ပမာဏာရမ္မဏဈာန်

၂၃၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော,မနှိုင်းယှဉ်အပ်သော, (အတိုင်းမသိ ကျယ်သော) အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၂၃၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ မနှိုင်းယှဉ်အပ်သော, (လေ့လာပြီး၍ အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော, (အတိုင်းမသိ ကျယ်သော) အာရုံရှိ သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန် စသည်များ ပရိတ္တအပ္ပမာဏာရမ္မဏဈာန်စသည်

၂၃၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကိုပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင် အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍အပသန္တာန်၌ (အညိုစသော) အဆင်း ကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထ ဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ် သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၂) မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော,မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အာရုံနှစ်ပါး 'ဒွေ အာရမ္မဏာနိ' ပြီးပြီ။

------

ဈာန်ရှစ်ပါးဖြစ်ပုံပြ 'အဋ္ဌက္ခတ္တုက'နည်း တစ်နည်း

ပဌမဈာန်

(၁) ဒုက္ခပဋိပဒါဒန္ဓာဘိညပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၂၃၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပဌမဈာန်သို့ရောက်၍, (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၂) ဒုက္ခပဋိပဒါဒန္ဓာဘိညအပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၂၃၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်ဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ် အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်အစွမ်းသတ္တိကြီးမားသော) , မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၃) ဒုက္ခပဋိပဒါခိပ္ပါဘိည ပရိတ္တအပ္ပမာဏာရမ္မဏာဈာန်

၂၃၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်း ကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ် အပ်သော (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ် အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော, ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၄) ဒုက္ခပဋိပဒါခိပ္ပါဘိည အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၂၃၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင် အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်း ဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော မနှိုင်းယှဉ် အပ်သော (လေ့လာပြီး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော ပဌမ ဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၅) သုခပဋိပဒါဒန္ဓာဘိည ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၂၃၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၆) သုခပဋိပဒါဒန္ဓာဘိည အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၂၄၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိ သန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်း တို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော၊ မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိ္တိကြီးမားသော၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိ သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၇) သုခပဋိပဒါခိပ္ပါဘိည ပရိတ္တအပ္ပမာဏာရမ္မဏဈာန်

၂၄၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာ သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော (မလေ့လာရသေး၍ အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(၈) သုခပဋိပဒါခိပ္ပါဘိည အပ္ပမာဏအပ္ပမာဏာရမ္မဏဈာန်

၂၄၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင် အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍ အထက် ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၄၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍အထက်ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၃) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၄) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာ ပြီး၍အထက်ဈာန်ကို ရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်း မသိ ကျယ်သော) အာရုံရှိသော။ပ။

(၅) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၆) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၇) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (မလေ့လာရသေး၍ အထက်ဈာန် ကိုရနိုင်ရန်) အစွမ်းသတ္တိနည်းပါးသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) အာရုံရှိသော။ပ။

(၈) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, မနှိုင်းယှဉ်အပ်သော (လေ့လာပြီး၍အထက် ဈာန်ကိုရနိုင်ရန်) အစွမ်းသတ္တိကြီးမားသော, မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော)

အာရုံရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အဋ္ဌက္ခတ္တုကနည်း တစ်မျိုးလည်း ပြီးပြီ။

ဤသည်လည်း ဈာန်ရှစ်ပါးဖြစ်ပုံပြ 'အဋ္ဌက္ခတ္တုကနည်း' တစ်နည်း

ပဌမဈာန်

၂၄၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညို စသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိ ကျယ်သော) ကောင်းသော အဆင်း၊ မကောင်းသော အဆင်းရှိကုန်သော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမ ဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

၂၄၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်း တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ မနှိုင်းယှဉ်အပ်သော (အတိုင်းမသိကျယ်သော) ကောင်းသောအဆင်း၊ မကောင်းသော အဆင်းရှိကုန်သော ထိုအဆင်း ကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့၊ မြင်အံ့ဟု (နှလုံးသွင်းကာ) ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်းလွန်မြောက် ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍, (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဤသည်လည်း အဋ္ဌက္ခတ္တုကနည်းပင်တည်း။

------

အဘိဘာယတန သောဠသက္ခတ္တုကနည်း

ပဌမဈာန်

၂၄၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညို စသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ ညိုကုန်သော၊ ညိုသောအဆင်းရှိကုန်သော တစ်ခဲနက် ညိုသည်ဖြစ်၍ထင်ကုန်သော, ညိုသောအရောင်နှင့် ယှဉ်ကုန်သော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး ၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ပဌမဈာန်

၂၄၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညို စသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ ရွှေကုန်သော ရွှေသောအဆင်းရှိကုန်သော တစ်ခဲနက်ရွှေသည် ဖြစ်၍ထင်ကုန်သော ရွှေသော အရောင်နှင့် ယှဉ်ကုန်သော။ပ။ နီကုန်သော, နီသောအဆင်းရှိကုန်သော တစ်ခဲနက် နီသည်ဖြစ်၍ ထင်ကုန်သော နီသောအရောင်နှင့် ယှဉ်ကုန်သော။ပ။ ဖြူကုန်သော ဖြူသောအဆင်းရှိကုန်သော တစ်ခဲနက်ဖြူသည် ဖြစ်၍ ထင်ကုန်သော ဖြူသောအရောင်နှင့် ယှဉ်ကုန်သော ထိုအဆင်းကသိုဏ်းဝန်းတို့ကို လွှမ်းမိုး၍ (ပိုင်ပိုင်နိုင်နိုင်) သိအံ့ မြင်အံ့ဟု (နှလုံးသွင်းကာ) ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန် ၏။ ဤသည်တို့သည်လည်း သောဠသက္ခတ္တုက (၁၆-ကြိမ်ရှိသော) အဘိဘာယတနဈာန်တို့တည်း။

အဘိဘာယတနဈာန်များ ပြီးပြီ။

------

ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်သော 'ဝိမောက္ခ' ဈာန်များ

ပဌမဈာန်

၂၄၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ရူပဈာန်ရှိသူသည် (အပ၌ နီလကသိုဏ်းစသော) အဆင်းကသိုဏ်းဝန်းတို့ကို (ဈာန်တည်းဟူသော မျက်စိဖြင့်) ရှု၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည်ကုသိုလ်မည်ကုန်၏။

၂၄၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ မိမိသန္တာန်၌ (ဆံပင်အစရှိသည်တို့၏) အဆင်းကသိုဏ်းဝန်းတို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ (အညိုစသော) အဆင်းကသိုဏ်းဝန်းတို့ကို ရှု၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

၂၅၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ တင့်တယ်သောကသိုဏ်းအာရုံ 'သုဘ' ဟု အာရုံပြု ၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ဤသုံးပါးသော ဝိမောက္ခဈာန်တို့သည်လည်း သောဠသက္ခတ္တုက (၁၆-ကြိမ်) တို့တည်း။

ဝိမောက္ခဈာန်များ ပြီးပြီ။

------

မြတ်သောနေခြင်းဖြင့်ရသော 'ဗြဟ္မဝိဟာရ' ဈာန်များ

မေတ္တာပဌမဈာန်

၂၅၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ချစ်ခင်မှု 'မေတ္တာ' နှင့် တကွဖြစ်သော (မေတ္တာနှင့် ပြည့်စုံ သော) ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်) ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

မေတ္တာဒုတိယဈာန်

၂၅၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ချစ်ခင်မှု 'မေတ္တာ' နှင့်တကွ ဖြစ်သော (မေတ္တာနှင့်ပြည့်စုံသော) ဒုတိယဈာန်သို့ ရောက်၍ (ဒုတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

မေတ္တာတတိယဈာန်

၂၅၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ နှစ်သက်မှု 'ပီတိ' ကို စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။ ချစ်ခင်မှု 'မေတ္တာ' နှင့် တကွ ဖြစ်သော (မေတ္တာနှင့် ပြည့်စုံသော) တတိယဈာန်သို့ ရောက်၍ (တတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

မေတ္တာပဌမဈာန်

၂၅၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ချစ်ခင်မှု 'မေတ္တာ' နှင့် တကွဖြစ်သော (မေတ္တာနှင့် ပြည့်စုံ သော) ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

မေတ္တာဒုတိယဈာန်

၂၅၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ကား မရှိ၊ သုံးသပ်မှု 'ဝိစာရ' မျှသာရှိသော စိတ်တည်ကြည်မှု သမာဓိ' ကြောင့်ဖြစ်သော နှစ်သက်မှု 'ပီတိ' ၊ ချမ်းသာမှု 'သုခ' ရှိသော ချစ်ခင်မှု 'မေတ္တာ' နှင့် တကွဖြစ်သော (မေတ္တာနှင့်ပြည့်စုံသော) ဒုတိယဈာန်သို့ ရောက်၍ (ဒုတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤ တရားတို့သည် ကုသိုလ်မည် ကုန်၏။

မေတ္တာတတိယဈာန်

၂၅၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ချစ်ခင်မှု 'မေတ္တာ' နှင့်တကွဖြစ်သော (မေတ္တာနှင့် ပြည့်စုံသော) တတိယဈာန်သို့ ရောက်၍ (တတိယ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

မေတ္တာစတုတ္ထဈာန်

၂၅၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ နှစ်သက်မှု 'ပီတိ' ကို စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။ ချစ်ခင်မှု 'မေတ္တာ' နှင့် တကွ ဖြစ်သော (မေတ္တာနှင့် ပြည့်စုံသော) စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

ကရုဏာပဌမဈာန်

၂၅၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ကြင်နာသနားမှု 'ကရုဏာ' နှင့် တကွဖြစ်သော (ကရုဏာနှင့်ပြည့်စုံသော) ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ကရုဏာဒုတိယဈာန်စသည်

၂၅၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပ ဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ကြင်နာ သနားမှု 'ကရုဏာ' နှင့်တကွဖြစ်သော (ကရုဏာနှင့် ပြည့်စုံသော) စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန် ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

မုဒိတာပဌမဈာန်

၂၆၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဝမ်းမြောက်မှု 'မုဒိတာ' နှင့် တကွဖြစ်သော (မုဒိတာနှင့်ပြည့်စုံသော) ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

မုဒိတာဒုတိယဈာန်စသည်

၂၆၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ဝမ်းမြောက်မှု 'မုဒိတာ' နှင့် တကွဖြစ်သော (မုဒိတာနှင့် ပြည့်စုံသော) စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤ တရားတို့သည် ကုသိုလ်မည်ကုန်၏။

ဥပေက္ခာစတုတ္ထဈာန်

၂၆၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ လျစ်လျူရှုမှု အသင့်အားဖြင့် ရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ပြည့်စုံသော) စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ လေးပါးသော ဗြဟ္မဝိဟာရဈာန်တို့သည် သောဠသက္ခတ္တုက (၁၆-ကြိမ်) တို့တည်း။

ဗြဟ္မဝိဟာရဈာန်များပြီးပြီ။

------

အသုဘနိမိတ်လျှင် အာရုံရှိသော (အသုဘ) ဈာန်များ

(၁) ဥဒ္ဓုမာတကသညာ ပဌမဈာန်

၂၆၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဖူးဖူးရောင် သော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဥဒ္ဓုမာတကသညာ' နှင့် တကွဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဝိနီလကသညာစသော အခြားဈာန်များ

၂၆၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။

(၂) ညိုမဲသော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဝိနီလကသညာ' နှင့် တကွဖြစ်သော။ပ။

(၃) ယိုစီးသော ပြည်ရှိသော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဝိပုဗ္ဗကသညာ' နှင့်တကွဖြစ်သော။ပ။

(၄) အလယ်၌ နှစ်ပိုင်းပြတ်သော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဝိစ္ဆိဒ္ဒကသညာ' နှင့်တကွဖြစ်သော။ပ။

(၅) အထူးထူးသော အခြင်းအရာအားဖြင့် အိမ်ခွေး တောခွေးစသည်တို့သည် ကိုက်ခဲထားသောအလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဝိက္ခာယိတကသညာ' နှင့် တကွဖြစ်သော။ပ။

(၆) အထူးထူး အပြားပြား လက်တစ်ခြား ခြေတစ်ခြား ပစ်လွှင့်ထားသော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဝိက္ခိတ္တကသညာ' နှင့် တကွဖြစ်သော။ပ။

(၇) ဓားဖြင့် လှီး၍ အထူးထူးအပြားပြား လက်တစ်ခြား ခြေတစ်ခြား ပစ်လွှင့်ထားသောအလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ဟတဝိက္ခိတ္တကသညာ' နှင့် တကွ ဖြစ်သော။ပ။

(၈) သွေးများထွက်ယို လိမ်းကျံနေသော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'လောဟိတကသညာ' နှင့် တကွဖြစ်သော။ပ။

(၉) ပိုးလောက်တို့ တဖွားဖွား ထွက်နေသော အလောင်းကောင်၌ ဖြစ်သော အမှတ်သညာ 'ပုဠုဝကသညာ' နှင့် တကွဖြစ်သော။ပ။

(၁၀) အရိုးစုဖြစ်သော အမှတ်သညာ 'အဋ္ဌိကသညာ' နှင့် တကွဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ အသုဘ (မတင့်မတယ် စက်ဆုပ်ဖွယ်)ဟူသော ဘာဝနာ (ပွါးစေမှု) ဖြင့် ရအပ်သော ဈာန်သည်သောဠသက္ခတ္တုကတည်း။

ရူပါဝစရကုသိုလ်စိတ် ပြီးပြီ။

------

အရူပါဝစရကုသိုလ်

သောဠသက္ခတ္တုက (၁၆-ကြိမ်ရှိသော) အရူပဈာန်လေးပါး

ပဌမာရုပ္ပဈာန်

၂၆၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် အဆင်းကသိုဏ်းဝန်း၌ ဖြစ်သော အမှတ်သညာ (ရူပဈာန်,ရူပဈာန်၏အာရုံ) တို့ကို ကောင်းစွာ လွန်မြောက်ခြင်းကြောင့် (ဝတ္ထုအာရုံနှစ်ပါးစုံတို့၏) ထိခိုက် မှုကြောင့်ဖြစ်သော အမှတ်သညာ 'ပဋိဃသညာ'တို့၏ ချုပ်ငြိမ်းခြင်းကြောင့် အမျိုးမျိုးသော (အာရုံ၌ ဖြစ်သော) အမှတ်သညာ 'နာနတ္တသညာ' တို့ကို နှလုံးမသွင်းခြင်းကြောင့်, အဆုံးမရှိသော ကောင်းကင်ဟူသော (ပဌမာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'အာကာသာနဉ္စာယတနသညာ' နှင့် တကွဖြစ်သော ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

ဒုတိယာရုပ္ပဈာန်

၂၆၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် အာကာသာနဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍အဆုံးမရှိသော ဝိညာဏ် (စိတ်)ဟူသော, (ဒုတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ်သညာ 'ဝိညာဏဉ္စာယတနသညာ' နှင့် တကွဖြစ်သော ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင်း။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ့်မည်ကုန်၏။

တတိယာရုပ္ပဈာန်

၂၆၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍စိုးစဉ်းအနည်းငယ်မျှ အကြွင်းမရှိခြင်းဟူသော (တတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'အာကိဉ္စညာယတနသညာ' နှင့် တကွဖြစ်သော ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်းပယ်ရှားခြင်းကြောင့်။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

စတုတ္ထာရုပ္ပဈာန်

၂၆၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် အာကိဉ္စညာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ ရုန့်ရင်းသောအမှတ် 'သညာ' ကား မရှိ၊ သိမ်မွေ့သော အမှတ် 'သညာ' မရှိသည် မဟုတ်သော (စတုတ္ထာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'နေဝသညာနာသညာယတနသညာ' နှင့်တကွဖြစ်သော ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့်တကွ ဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။ လေးပါးသော အရူပဈာန်တို့သည် သောဠသက္ခတ္တုကတို့တည်း။

အရူပါဝစရကုသိုလ်စိတ် ပြီးပြီ။

------

ဘုံသုံးပါး၌ ဖြစ်သော 'တေဘူမက'ကုသိုလ်

ကာမာဝစရကုသိုလ်

ကာမာဝစရကုသိုလ်ပဌမစိတ်

၂၆၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ (၁) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော , (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု (ဉာဏ်) နှင့်ယှဉ်သော-

(၁) ယုတ်ညံ့သော ကာမာဝစရ ကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ပ။

(၂) အလယ်အလတ်ဖြစ်သော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၃) မြတ်သော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၈) ယုတ်ညံ့သော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၉) အလယ်အလတ်ဖြစ်သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၁၀) မြတ်သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၁၂) အလယ်အလတ်ဖြစ်သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည်။ပ။

(၁၃) မြတ်သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည်။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည်။ပ။

(၁၅) အလယ်အလတ်ဖြစ်သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည်။ပ။

(၁၆) မြတ်သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည်။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည်။ပ။

(၁၈) အလယ်အလတ်ဖြစ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည်။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ကာမာဝစရကုသိုလ်စိတ်သည် (ဖြစ်ဆဲဖြစ်၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ကာမာဝစရကုသိုလ် ဒုတိယစိတ်စသည်

၂၇၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ -

(၂) စိတ်ချမ်းသာမှု 'သောမနဿ' နှင့်တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ဉာဏ်' နှင့်ယှဉ်သော တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော။ပ။

(၃) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ဉာဏ်' နှင့်မယှဉ်သော။ပ။

(၄) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ဉာဏ်' နှင့်မယှဉ်သော တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော။ပ။

(၅) လျစ်လျူရှုမှု 'ဥပေက္ခာနှင့် တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ဉာဏ်' နှင့် ယှဉ်သော။ပ။

(၆) လျစ်လျူရှုမှု 'ဥပေက္ခာနှင့် တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ဉာဏ်' နှင့် ယှဉ်သောတိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွ ဖြစ်သော။ပ။

(၇) လျစ်လျူရှုမှု 'ဥပေက္ခာနှင့် တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ဉာဏ်' နှင့်မယှဉ်သော။ပ။

(၈) လျစ်လျူရှုမှု 'ဥပေက္ခာနှင့် တကွဖြစ်သော (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ဉာဏ်' နှင့်မယှဉ်သော တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော ယုတ်ညံ့သော။ပ။ အလယ်အလတ် ဖြစ်သော။ပ။ မြတ်သော။ပ။ လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။ သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။ ယုတ်ညံ့သော လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ အလယ်အလတ်ဖြစ်သော။ပ။ မြတ်သော။ပ။ ယုတ်ညံ့သောသိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။ အလယ် အလတ်ဖြစ်သော။ပ။ မြတ်သော။ပ။ သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော ကာမာဝစရ ကုသိုလ်စိတ်သည် ဖြစ်ဆဲ ဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ကာမဘုံ၌ ဖြစ်သော (ကာမာဝစရ) ကုသိုလ်စိတ် ပြီးပြီ။

ရူပါဝစရကုသိုလ်

ရူပါဝစရကုသိုလ်ပဌမဈာန်

၂၇၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် -

(၁) ယုတ်ညံ့သော။ပ။

(၂) အလယ်အလတ် ဖြစ်သော။ပ။

(၃) မြတ်သော။ပ။

(၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၈) ယုတ်ညံ့သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၉) အလယ်အလတ် ဖြစ်သော။ပ။

(၁၀) မြတ်သော။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၁၂) အလယ်အလတ် ဖြစ်သော။ပ။

(၁၃) မြတ်သော။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၁၅) အလယ်အလတ် ဖြစ်သော။ပ။

(၁၆) မြတ်သော။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၁၈) အလယ်အလတ်ဖြစ်သော။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ရူပါဝစရကုသိုလ်ဒုတိယဈာန်စသည်

၂၇၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန် မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန် သို့။ပ။ ပဌမဈာန်သို့။ပ။ ပထဝီကသိုဏ်းလျှင်အာရုံရှိသော -

(၁) ယုတ်ညံ့သော။ပ။

(၂) အလယ်အလတ် ဖြစ်သော။ပ။

(၃) မြတ်သော။ပ။

(၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၈) ယုတ်ညံ့သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၉) အလယ်အလတ် ဖြစ်သော။ပ။

(၁၀) မြတ်သော။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၁၂) အလယ်အလတ် ဖြစ်သော။ပ။

(၁၃) မြတ်သော။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၁၅) အလယ်အလတ်ဖြစ်သော။ပ။

(၁၆) မြတ်သော။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၁၈) အလယ်အလတ် ဖြစ်သော။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ရူပါဝစရကုသိုလ်စိတ် ပြီးပြီ။

------

အရူပါဝစရကုသိုလ်

ပဌမာရုပ္ပဈာန်

၂၇၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် ကသိုဏ်းရုပ်၌ ဖြစ်သော အမှတ်သညာ (ရူပဈာန်, ရူပဈာန်၏အာရုံ) တို့ကို ကောင်းစွာ လွန်မြောက်ခြင်းကြောင့် (ဝတ္ထုအာရုံနှစ်ပါးစုံတို့၏) ထိခိုက်မှုကြောင့်ဖြစ်သော အမှတ်သညာ 'ပဋိဃသညာ'တို့၏ ချုပ်ငြိမ်းခြင်းကြောင့် အမျိုးမျိုးသော (အာရုံ၌ ဖြစ်သော) အမှတ်သညာ 'နာနတ္တသညာ' တို့ကို နှလုံးမသွင်းခြင်းကြောင့် အဆုံးမရှိသော ကောင်းကင်ဟူသော (ပဌမာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'အာကာသာနဉ္စာယတနသညာ' နှင့်တကွဖြစ်သော ကိုယ် ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။

(၁) ယုတ်ညံ့သော။ပ။

(၂) အလယ်အလတ် ဖြစ်သော။ပ။

(၃) မြတ်သော။ပ။

(၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၈) ယုတ်ညံ့သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၉) အလယ်အလတ် ဖြစ်သော။ပ။

(၁၀) မြတ်သော။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၁၂) အလယ်အလတ် ဖြစ်သော။ပ။

(၁၃) မြတ်သော။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၁၅) အလယ်အလတ် ဖြစ်သော။ပ။

(၁၆) မြတ်သော။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၁၈) အလယ်အလတ် ဖြစ်သော။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယာရူပ္ပဈာန်

၂၇၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် 'အာကာသာနဉ္စာယတနဈာန်ကို ကောင်းစွာ လွန် မြောက်၍အဆုံးမရှိသော ဝိညာဏ် (စိတ်)ဟူသော (ဒုတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'ဝိညာဏဉ္စာယတနသညာ' နှင့် တကွဖြစ်သော ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှား ခြင်းကြောင်း။ပ။

(၁) ယုတ်ညံ့သော။ပ။

(၂) အလယ်အလတ် ဖြစ်သော။ပ။

(၃) မြတ်သော။ပ။

(၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၈) ယုတ်ညံ့သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၉) အလယ်အလတ် ဖြစ်သော။ပ။

(၁၀) မြတ်သော။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၁၂) အလယ်အလတ် ဖြစ်သော။ပ။

(၁၃) မြတ်သော။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၁၅) အလယ်အလတ် ဖြစ်သော။ပ။

(၁၆) မြတ်သော။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၁၈) အလယ်အလတ် ဖြစ်သော။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော စတုတ္ထဈာန်သို့ ရောက်၍, (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

တတိယာရုပ္ပဈာန်

၂၇၅။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍စိုးစဉ်းအနည်းငယ်မျှ အကြွင်းမရှိခြင်းဟူသော (တတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'အာကိဉ္စညာယတနသညာ' နှင့် တကွဖြစ်သော ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။

(၁) ယုတ်ညံ့သော။ပ။

(၂) အလယ်အလတ် ဖြစ်သော။ပ။

(၃) မြတ်သော။ပ။

(၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၈) ယုတ်ညံ့သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။

(၉) အလယ်အလတ် ဖြစ်သော။ပ။

(၁၀) မြတ်သော။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၁၂) အလယ်အလတ် ဖြစ်သော။ပ။

(၁၃) မြတ်သော။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၁၅) အလယ်အလတ် ဖြစ်သော။ပ။

(၁၆) မြတ်သော။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၁၈) အလယ်အလတ် ဖြစ်သော။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့ လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

စတုတ္ထာရုပ္ပဈာန်

၂၇၆။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် အာကိဉ္စညာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ ရုန့်ရင်းသောအမှတ် 'သညာ' ကား မရှိ၊ သိမ်မွေ့သော, အမှတ် 'သညာ' မရှိသည် မဟုတ်သော, (စတုတ္ထာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'နေဝသညာ နာသညာယတနသညာ' နှင့် တကွဖြစ်သော ကိုယ်ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ (၁) ယုတ်ညံ့သော။ပ။ (၂) အလယ်အလတ် ဖြစ်သော။ပ။ (၃) မြတ်သော။ပ။ (၄) လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ (၅) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။ (၆) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။ (၇) စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။ (၈) ယုတ်ညံ့သော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ (၉) အလယ်အလတ် ဖြစ်သော။ပ။

(၁၀) မြတ်သော။ပ။

(၁၁) ယုတ်ညံ့သော အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၁၂) အလယ်အလတ် ဖြစ်သော။ပ။

(၁၃) မြတ်သော။ပ။

(၁၄) ယုတ်ညံ့သော သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၁၅) အလယ်အလတ် ဖြစ်သော။ပ။

(၁၆) မြတ်သော။ပ။

(၁၇) ယုတ်ညံ့သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။

(၁၈) အလယ်အလတ် ဖြစ်သော။ပ။

(၁၉) မြတ်သော စိစစ်စုံစမ်းမှု ဉာဏ်ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့ လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အရူပါဝစရကုသိုလ်စိတ် ပြီးပြီ။

တေဘူမက (ဘုံသုံးပါး၌ ဖြစ်သော) ကုသိုလ်စိတ်များ ပြီးပြီ။

------

လောကုတ္တရာကုသိုလ်

အကျင့်သက်သက်ဟောခြင်း 'သုဒ္ဓိကပဋိပဒါ'

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ပဌမမဂ်

၂၇၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်ကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်သို့) ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော သေခြင်း, ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ မသိအပ်ဖူးသေးသော နိဗ္ဗာန်ကို သိရတော့မည်ဟု နှလုံးသွင်းသည့်အတိုင်း ဖြစ်ပေါ်လာသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'အနညာတညဿာမိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ဖြစ်၏၊ ကောင်စွာ (အမှန်) ပြောဆိုမှု 'သမ္မာဝါစာ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) ပြုလုပ်မှု 'သမ္မာကမ္မန္တ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) အသက်မွေးမှု 'သမ္မာအာဇီဝ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' သည် ဖြစ်၏၊ ကောင်းစွာ့ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် ဖြစ်၏၊ မတုန်လှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' သည်ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ မလိုချင်မှု 'အလောဘ' သည် ဖြစ်၏၊ မဖျက်ဆီးမှု 'အဒေါသ' သည် ဖြစ်၏၊ မတွေဝေမှု 'အမောဟ' သည် ဖြစ်၏၊ မမက်မောမှု 'အနဘိဇ္ဈာ' သည် ဖြစ်၏၊ မပျက်စီးစေလိုမှု 'အဗျာပါဒ' သည် ဖြစ်၏၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟီရိ' သည် ဖြစ်၏။ (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' သည်ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒိ္ဓ' သည် ဖြစ်၏၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒိ္ဓ' သည် ဖြစ်၏၊ စေတသိက် အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' သည်ဖြစ် ၏၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏နူးညံ့မှု 'ကာယမုဒုတာ' သည် ဖြစ်၏၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု (ကောင်းစွာ ဆောင်ရွက် ပြုလုပ်နိုင်မှု) 'ကာယကမ္မညတာ' သည် ဖြစ်၏၊ စိတ်၏ ခံ့မှု (ကောင်းစွာ ဆောင်ရွက်ပြုလုပ်နိုင်မှု) 'စိတ္တကမ္မညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' သည် ဖြစ်၏၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ဖြောင့်မတ်မှု 'ကာယုဇုကတာ' သည် ဖြစ်၏၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' သည် ဖြစ်၏၊ အောက်မေ့မှု 'သတိ' သည် ဖြစ်၏၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'သမ္ပဇည' သည်ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင်ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဥဒ္ဒေသဝါရ ပြီးပြီ။

------

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၂၇၈။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိခြင်းသဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘောဖြစ်၏။

ဝေဒနာ၏ သဘော

၂၇၉။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုသာယာဖွယ် ချမ်းသာအား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏ ဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော , အကြင် စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာ ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘော ဖြစ်၏။။

သညာ၏ သဘော

၂၈၀။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' ၏့ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု၊ မှတ်သားပုံအခြင်း အရာ၊ မှတ်သားတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘော ဖြစ်၏။။

စေတနာ၏ သဘော

၂၈၁။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုစေ့ဆော်မှု 'စေတနာ' အား လျောက်ပတ်သော အထူး သိမှုသဘော 'မနောဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် စေ့ဆော်မှု၊ ကောင်း စွာစေ့ဆော်ပုံ အခြင်းအရာ၊ စေ့ဆော်တတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ စေ့ဆော်မှု 'စေတနာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ်၏ သဘော

၂၈၂။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သိမှု 'စိတ်'။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သောအထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် ဤသဘောဖြစ်၏။

ဝိတက်၏ သဘော

၂၈၃။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည် ခြင်းသဘော၊ တည်ကြည်သော စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေ ခြင်းသဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်းသဘော၊ ကောင်းစွာ (အမှန်) ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သောသဘောသည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် ဤသဘောဖြစ်၏။

ဝိစာရ၏ သဘော

၂၈၄။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သုံးသပ်မှု၊ အထူးသုံးသပ်မှု၊ အဖန်ဖန် သုံးသပ်မှု၊ ကပ်၍ သုံးသပ် မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမှု၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေ သကဲ့သို့ ဖြစ်သော သဘောသည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘောဖြစ်၏။

ပီတိ၏ သဘော

၂၈၅။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်နှစ်သက်မှု၊ ဝမ်းမြောက်မှု၊ လွန်စွာ ဝမ်းသာမှု၊ များစွာ ဝမ်းသာမှု၊ ရွှင်လန်းမှု၊ များစွာရွှင်လန်းမှု၊ နှစ်သိမ့်မှု၊ တက်ကြွမှု၊ စိတ်၏ နှစ်လိုမှု၊ ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်းအင်္ဂါဖြစ်သော နှစ်သက်မှု 'ပီတိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည်ဤသဘောဖြစ်၏။

သုခ၏ သဘော

၂၈၆။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တေဿကဂ္ဂတာ၏သဘော

၂၈၇။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာတည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိ သူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ့သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော တည်ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘော ဖြစ်၏။။

သဒ္ဓိန္ဒြေ၏ သဘော

၂၈၈။ ထိုအခါ၌ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ယုံကြည်မှု၊ ယုံကြည်ပုံ အခြင်းအရာ၊ သက်ဝင်ပုံ အခြင်းအရာ၊ အလွန်ကြည်လင်မှု၊ ယုံကြည်မှု 'သဒ္ဓါ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ မတုန်မလှုပ်ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ဝီရိယိန္ဒြေ၏ သဘော

၂၈၉။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက် အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန်ကြိုးစားမှု၊ ခိုင်မြဲမှု။ (ကုသိုလ်စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏ အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏ အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယ ဗိုလ်' ၊ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာ ဝါယာမ' ၊ ထွက် မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်းအင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏အစိတ်အပိုင်း အင်္ဂါဖြစ်သော အားထုတ်မှု 'ဝီရိယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

သတိန္ဒြေ၏ သဘော

၂၉၀။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသောအောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံ အခြင်းအရာ (ကြားနာပြီး သင်ကြားပြီး တို့ကို ဆောင်ထားမှု)၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ (အမှန်) အောက် မေ့မှု 'သမ္မာသတိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ (မဂ္ဂင်) ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော အောက်မေ့မှု 'သတိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

သမာဓိန္ဒြေ၏သဘော

၂၉၁။ ထိုအခါ၌ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင်တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရှေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော တည်ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

ပညိန္ဒြေ၏ သဘော

၂၉၂။ ထိုအခါ၌ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စ စသည်ကို)

ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော၊ တစ်နည်း -ဟုတ်မှန်သောအနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူးရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးလွှား နေသော စိတ်ကို လမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ 'ပညာ' ဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကိုဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကိုမြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာပြာသာဒ်။ (အဝိဇ္ဇာအမိုက်မှောင်ကိုပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု ပညာအလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာ အရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက် ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်းအင်္ဂါ ဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

မနိန္ဒြေ၏ သဘော

၂၉၃။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော၊ သိခြင်း သဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အားလျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

သောမနဿိန္ဒြေ၏သဘော

၂၉၄။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာ ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် ဤ သဘောဖြစ်၏။

ဇီဝိတိန္ဒြေ၏သဘော

၂၉၅။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုနာမ်တရားတို့၏ အကြင် အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်း သဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

အနညာတညဿာမီတိန္ဒြေ၏သဘော

၂၉၆။ ထိုအခါ၌ မသိအပ်သေးသော နိဗ္ဗာန်ကို သိရတော့မည်ဟုနှလုံးသွင်းသည့်အတိုင်း ဖြစ်ပေါ်လာသော အစိုးတရ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိမှု့'အနညာတညဿာမီတိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထို အခါ၌ မသိအပ်ကုန်၊ မမြင်အပ်ကုန်၊ မရောက်အပ် (မရအပ်) ကုန်၊ မထင်ရှားကုန်၊ မျက်မှောက် မပြုအပ် ကုန်သေးသောထိုတရားတို့ကို မျက်မှောက်ပြု ခြင်းငှါ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြား အားဖြင့်စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသော သဘော၊ တစ်နည်း -ဟုတ် မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲ နှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၍ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာ ဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ပညာလက်နက်။ (မိမိဖြစ် ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ပညာပြာသာဒ်။ (အဝိဇ္ဇာ အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာ အလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပညာအရောင်။ (ထွန်းပြတတ် သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ်နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာ လေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယ သမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ မသိအပ်သေးသော နိဗ္ဗာန်ကိုသိရတော့မည်ဟု နှလုံးသွင်းသည့် အတိုင်း ဖြစ်ပေါ်လာသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'အနညာတညဿာမီတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

သမ္မာဒိဋ္ဌိ ၏ သဘော

၂၉၇။ ထိုအခါ၌ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့်သိခြင်း သဘော၊ စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်း သဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း သဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်း သဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏ အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော၊ တစ်နည်း -ဟုတ်မှန်သောအနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန်ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာလက်နက်။ (မိမိဖြစ်ရာ့ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာပြာသာဒ်။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအလင်း။ (ကြည်လင်ေတောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအရောင်။ (ထွန်းပြတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် ဤသဘောဖြစ်၏။

သမ္မာသင်္ကပ္ပ၏ သဘော

၂၉၈။ ထိုအခါ၌ ကောင်းစွာ (အမှန်) ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်းသဘော၊ တည်ကြည်သော စိတ်ကို အာရုံသို့ ရောက် စေခြင်းသဘော၊ အထူးရောက်စေခြင်းသဘော၊ စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးခြင်းသဘော၊ ထွက် မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင် သော ကောင်းစွာ (အမှန်) ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ဟူသည် ဤသဘော ဖြစ်၏။

သမ္မာဝါစာ၏သဘော

၂၉၉။ ထိုအခါ၌ ကောင်းစွာ (အမှန်) ပြောဆိုမှု 'သမ္မာဝါစာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ မကောင်းသော နှုတ်အကျင့် (ဝစီဒုစရိုက်) လေးပါး တို့မှ အကြင် ဝေးစွာရှောင်ခြင်းသဘော 'အာရတိ' ၊ အထူးရှောင်ခြင်းသဘော 'ဝိရတိ' ၊ ဆုတ်နစ်၍ ရှောင် ခြင်းသဘော 'ပဋိဝိရတိ' ၊ ရန်ကို ဖျက်ဆီးတတ်သော သဘော (ရှောင်ကြဉ်တတ်သော သဘော) 'ဝေရမဏိ' ၊ မပြု ခြင်းသဘော 'အကိရိယ' ၊ မလုပ်ခြင်းသဘော 'အကရဏ' ၊ လွန်၍ မရောက်ခြင်း (ဝစီဒုစရိုက်ကိုမကျူးလွန်ခြင်း) သဘော 'အနဇ္ဈာပတ္တိ' ၊ ဝစီဒုစရိုက်ဟူသော ကမ်းအပိုင်း အခြားကို မလွန်ခြင်း သဘော 'ဝေလာအနတိက္ကမ' ၊ ဝစီဒုစရိုက်၏ အကြောင်းကို သတ်ဖြတ်တတ်သော သဘော 'သေတုဃာတ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ (အမှန်) ပြောဆိုမှု 'သမ္မာဝါစာ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) ပြောဆိုမှု 'သမ္မာဝါစာ' ဟူသည် ဤသဘောဖြစ်၏။

သမ္မာကမ္မန္တ၏သဘော

၃၀၀။ ထိုအခါ၌ ကောင်းစွာ (အမှန်) ပြုလုပ်မှု 'သမ္မာကမ္မန္တ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ မကောင်းသော ကိုယ်အကျင့် (ကာယ ဒုစရိုက်) သုံးပါးတို့မှ အကြင်ဝေးစွာ ရှောင်ခြင်းသဘော 'အာရတိ' ၊ အထူးရှောင်ခြင်းသဘော 'ဝိရတိ' ၊ ဆုတ်နစ်၍ ရှောင်ခြင်း သဘော 'ပဋိဝိရတိ' ၊ ရန်ကို ဖျက်ဆီးတတ်သော သဘော (ရှောင်ကြဉ်တတ်သော သဘော) 'ဝေရမဏိ' ၊ မပြု ခြင်းသဘော 'အကိရိယ' ၊ မလုပ်ခြင်းသဘော 'အကရဏ' ၊ လွန်၍ မရောက်ခြင်း (ကာယဒုစရိုက်ကိုမကျူးလွန်ခြင်း) သဘော 'အနဇ္ဈာပတ္တိ' ၊ ကာယဒုစရိုက်ဟူသော ကမ်းအပိုင်းအခြားကိုမလွန်ခြင်းသဘော 'ဝေလာအနတိက္ကမ' ၊ ကာယဒုစရိုက်၏ အကြောင်းကို သတ်ဖြတ်တတ်သော သဘော 'သေတုဃာတ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ (အမှန်) ပြုလုပ်မှု 'သမ္မာကမ္မန္တ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) ပြုလုပ်မှု 'သမ္မာကမ္မန္တ' ဟူသည် ဤသဘော ဖြစ်၏။။

သမ္မာအာဇီဝ၏သဘော

၃၀၁။ ထိုအခါ၌ ကောင်းစွာ (အမှန်) အသက်မွေးမှု 'သမ္မာအာဇီဝ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ မှားယွင်းသော အသက်မွေးမှု 'မိစ္ဆာ အာဇီဝ' မှ အကြင် ဝေးစွာ့ရှောင်ခြင်းသဘော 'အာရတိ' ၊ အထူးရှောင်ခြင်းသဘော 'ဝိရတိ' ၊ ဆုတ်နစ်၍ ရှောင်ခြင်းသဘော 'ပဋိဝိရတိ' ၊ ရန်ကို ဖျက်ဆီးတတ်သော သဘော (ရှောင်ကြဉ်တတ်သော သဘော) 'ဝေရမဏိ' ၊ မပြု ခြင်းသဘော 'အကိရိယ' ၊ မလုပ်ခြင်းသဘော 'အကရဏ' ၊ လွန်၍ မရောက်ခြင်း (မကျူး လွန်ခြင်း) သဘော 'အနဇ္ဈာပတ္တိ' ၊ မှားယွင်းသော အသက်မွေးမှုတည်းဟူသော ကမ်းအပိုင်းအခြားကိုမလွန်ခြင်းသဘော 'ဝေလာအနတိက္ကမ' ၊ မကောင်းသော အသက်မွေးမှု၏ အကြောင်းကို သတ်ဖြတ်တတ်သော သဘော 'သေတုဃာတ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ (အမှန်) အသက်မွေးမှု 'သမ္မာအာဇီဝ' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) အသက်မွေးမှု 'သမ္မာအာဇီဝ' ဟူသည် ဤသဘောဖြစ်၏။

သမ္မာဝါယာမ၏သဘော

၃၀၂။ ထိုအခါ၌ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာဝါယာမ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအား ထုတ်မှု၊ ပျင်းရိခြင်းမှထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန်ကြိုးစားမှု၊ ခိုင်မြဲမှု။ (ကုသိုလ်စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာဝါယာမ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော အားထုတ်မှု 'ဝီရိယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာဝါယာမ' ဟူသည် ဤသဘော ဖြစ်၏။

သမ္မာသတိ၏ သဘော

၃၀၃။ ထိုအခါ၌ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့ မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ (ကြားနာပြီး သင်ကြားပြီးတို့ကိုဆောင်ထားမှု)၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော အောက်မေ့မှု 'သတိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' ဟူသည် ဤသဘောဖြစ်၏။

သမ္မာသမာဓိ၏သဘော

၃၀၄။ ထိုအခါ၌ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏ အဖြစ် (စိတ်မရွေ့ လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ် အပိုင်းအင်္ဂါဖြစ်သော တည်ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ဟူသည် ဤသဘော ဖြစ်၏။။

သဒ္ဓါဗိုလ်၏ သဘော

၃၀၅။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ယုံကြည်မှု၊ ယုံကြည်ပုံအခြင်းအရာ၊ သက်ဝင်ပုံ အခြင်းအရာ၊ အလွန့်ကြည်လင်မှု၊ ယုံကြည်မှု 'သဒ္ဓါ' ၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ဟူသည် ဤသဘော ဖြစ်၏။။

ဝီရိယဗိုလ်၏ သဘော

၃၀၆။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (ကုသိုလ်စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သောအလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာဝါယာမ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏အစိတ်အပိုင်း အင်္ဂါဖြစ်သော အားထုတ်မှု 'ဝီရိယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ မတုန် မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

 

သတိဗိုလ်၏ သဘော

၃၀၇။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ။ (ကြားနာပြီး သင်ကြားပြီးတို့ကိုဆောင်ထားမှု)၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရအောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင် သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော အောက်မေ့မှု 'သတိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

သမာဓိဗိုလ်၏ သဘော

၃၀၈။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့ လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်းအင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ် အပိုင်းအင်္ဂါဖြစ်သော တည်ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည် မှု 'သမာဓိဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

ပညာဗိုလ်၏ သဘော

၃၀၉။ ထိုအခါ၌ မတုန်မလှုပ် (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသောသဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲ့နှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူးရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွား နေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကိုဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကိုမြင့်တက်စေတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာ ပြာသာဒ်။ (အဝိဇ္ဇာအမိုက်ေမှောင်ကိုပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအရောင်။ (ထွန်းပြတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက် ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက် မြောက်ကြောင်း (မဂ်) ၏အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

ဟိရီဗိုလ်၏ သဘော

၃၁၀။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘော တရားသည် ရှက်ထိုက်သောကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများ သို့ ရောက်ခြင်းကိုရှက်တတ်၏။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီ ဗိုလ်' ဟူသည်ဤသဘော ဖြစ်၏။။

ဩတ္တပ္ပဗိုလ်၏ သဘော

၃၁၁။ ထိုအခါ၌ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သဘော တရားတို့သည်ကြောက်လန့် ထိုက်သော ကာယဒုစရိုက်စသည်မှ ကြောက်လန့်တတ်၏၊ ယုတ် မာသောအကုသိုလ်တရားများသို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏၊ ထိုအခါ၌ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပ ဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

အလောဘ၏ သဘော

၃၁၂။ ထိုအခါ၌ မလိုချင်မှု 'အလောဘ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မလိုချင်ခြင်းသဘော၊ မလိုချင်ပုံအခြင်းအရာ၊ မလိုချင်တတ် သူ၏အဖြစ်၊ မစွဲလမ်းခြင်း၊ မစွဲလမ်းပုံအခြင်းအရာ၊ မစွဲလမ်းတတ်သူ၏အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေ အမြစ်ရှိသောမလိုချင်မှု 'အလောဘကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မလိုချင်မှု 'အလောဘ' ဟူသည်ဤသဘောဖြစ်၏။

အဒေါသ၏ သဘော

၃၁၃။ ထိုအခါ၌ မဖျက်ဆီးမှု 'အဒေါသ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော၊ မဖျက်ဆီးပုံ အခြင်းအရာ၊ မဖျက် ဆီးတတ်သူ၏အဖြစ်၊ စိတ်မပျက်စီးမှု၊ စိတ်မပျက်စီးစေလိုမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက် ဆီးမှု 'အဒေါသကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု 'အဒေါသ' ဟူသည် ဤသဘော ဖြစ်၏။။

အမောဟ၏ သဘော

၃၁၄။ ထိုအခါ၌ မတွေဝေမှု 'အမောဟ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြား အားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်း သဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်း သဘော၊ ကပ်၍မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း သဘော၊ အသိဉာဏ်ရှိသူ၏ အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်း သဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သောအနက်၌ မွေ့လျော့တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ 'ပညာ' ဟူသောအစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာလက်နက်'။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာပြာသာဒ်'။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအလင်း။ (အဝိဇ္ဇာအမိုက်ေမှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာအရောင်'။ (ထွန်းပြ တတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာတန်ဆောင်'။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာရတနာ' ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရား တို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ မတွေဝေမှု 'အမောဟ' ဟူသည် ဤသဘော ဖြစ်၏။။

အနဘိဇ္ဈာ၏ သဘော

၃၁၅။ ထိုအခါ၌ မမက်မောမှု 'အနဘိဇ္ဈာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မလိုချင်ခြင်းသဘော၊ မလိုချင်ပုံအခြင်းအရာ၊ မလိုချင် တတ်သူ၏အဖြစ်၊ မစွဲလမ်းခြင်း၊ မစွဲလမ်းပုံ အခြင်းအရာ၊ မစွဲလမ်းတတ်သူ၏အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မမက် မောမှု 'အနဘိဇ္ဈာ' ဟူသည် ဤသဘောဖြစ်၏။

အဗျာပါဒ၏ သဘော

၃၁၆။ ထိုအခါ၌ စိတ်မပျက်စီးမှု 'အဗျာပါဒ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော၊ မဖျက်ဆီးပုံ အခြင်းအရာ၊ မဖျက်ဆီးတတ်သူ၏အဖြစ်၊ စိတ်မပျက်စီးမှု၊ စိတ်မပျက်စီးစေလိုမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်မပျက်စီးမှု 'အဗျာပါဒ' ဟူသည် ဤသဘော ဖြစ်၏။။

သမ္မာဒိဋ္ဌိ ၏ သဘော

၃၁၇။ ထိုအခါ၌ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိ သူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏ အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သောအနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ် သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို လမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာလက်နက်'။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွွဲခွဲခြားခြား) အပြား အားဖြင့် သိမှု 'ပညာပြာသာဒ်'။ (အဝိဇ္ဇာအမိုက် မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု 'ပညာအလင်း'။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာ အရောင်'။ (ထွန်းပြတတ်သော) (ခွွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာတန်ဆောင်'။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာရတနာ' ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက် မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယ သမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ဟူသည် ဤသဘောဖြစ်၏။

ဟိရီ၏ သဘော

၃၁၈။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကိုရှက်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းကို (လွန်ကျူး ခြင်းကို) ရှက်တတ်၏။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ' ဟူသည် ဤသဘော ဖြစ်၏။။

ဩတ္တပ္ပ၏ သဘော

၃၁၉။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု 'ဩတ္တပ္ပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရားသည် ကြောက်လန့်ထိုက်သောကာယဒုစရိုက်စသည်မှ ကြောက်လန့်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းမှကြောက်လန့်တတ်၏။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက် လန့်မှု 'ဩတ္တပ္ပ' ဟူသည် ဤသဘောဖြစ်၏။

ကာယပဿဒ္ဓိ၏ သဘော

၃၂၀။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ငြိမ်းချမ်းမှု၊ ငြိမ်း အေးမှု၊ ငြိမ်းချမ်းခြင်း၊ ငြိမ်းအေးခြင်း။ (ခန္ဓာသုံးပါး၏) ငြိမ်းအေးသည်၏အဖြစ်၊ ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏အစိတ်အပိုင်း အင်္ဂါဖြစ်သော ငြိမ်းချမ်းမှု 'ပဿဒ္ဓိသမ္ဗောဇ္ဈင်' သည်ရှိ၏၊ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ဟူသည် ဤ သဘောဖြစ်၏။

စိတ္တပဿဒ္ဓိ၏ သဘော

၃၂၁။ ထိုအခါ၌ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် ငြိမ်းချမ်းမှု၊ ငြိမ်းအေးမှု၊ ငြိမ်းချမ်းခြင်း၊ ငြိမ်းအေးခြင်း။ (ဝိညာဏက္ခန္ဓာ၏) ငြိမ်းအေးသည်၏အဖြစ်၊ ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်းအင်္ဂါဖြစ်သော ငြိမ်းချမ်းမှု 'ပဿဒ္ဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ ငြိမ်း ချမ်းမှု 'စိတ္တပဿဒ္ဓိ' ဟူသည် ဤသဘောဖြစ်၏။

ကာယလဟုတာ၏သဘော

၃၂၂။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုုယ်) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် လျင်မြန် ပေါ့ပါးမှု။ (အာရုံသို့) ပေါ့ပါးလျင်မြန်စွာ (အပြန်ပြန် အလှန်လှန်) ညွတ်စေနိုင်သည်၏အဖြစ်၊ မနုန့်နှေးသည်၏ အဖြစ်၊ မတင်းမာသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန် ပေါ့ပါး မှု 'ကာယလဟုတာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တလဟုတာ၏ သဘော

၃၂၃။ ထိုအခါ၌ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် လျင်မြန် ပေါ့ပါးမှု။ (အာရုံသို့) ပေါ့ပါးလျင်မြန်စွာ (အပြန်ပြန် အလှန်လှန်) ညွတ်စေနိုင်သည်၏အဖြစ်၊ မနုန့်နှေး သည်၏အဖြစ်၊ မတင်းမာသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' ဟူသည်ဤသဘော ဖြစ်၏။။

ကာယမုဒုတာ၏သဘော

၃၂၄။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင်နူးညံ့သည်၏ အဖြစ်၊ ပြေပြစ်သည်၏ အဖြစ်၊ မခက်ထန်သည်၏အဖြစ်၊ မကြမ်းတမ်းသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တမုဒုတာ၏သဘော

၃၂၅။ ထိုအခါ၌ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ နူးညံ့သည်၏ အဖြစ်၊ ပြေပြစ်သည်၏ အဖြစ်၊ မခက်ထန်သည်၏အဖြစ်၊ မကြမ်းတမ်းသည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' ဟူသည်ဤသဘောဖြစ်၏။

ကာယကမ္မညတာ၏ သဘော

၃၂၆။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု (ကောင်းသော အလုပ်၌ ပြီးမြောက်သည်အထိ ပါဝင်ဆောင်စွမ်းနိုင်သော သဘော) 'ကာယကမ္မညတာ' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင်ကောင်းသော အလုပ်၌ ခံ့မှု (ကောင်းစွာ ဆောင်ရွက်ပြုလုပ်နိုင်မှု)၊ ကောင်းသော အလုပ်၌ ခံ့ကြောင်း သဘော၊ ကောင်းသော အလုပ်၌ ခံ့သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု 'ကာယကမ္မညတာ' ဟူသည် ဤ သဘောဖြစ်၏။

စိတ္တကမ္မညတာ၏သဘော

၃၂၇။ ထိုအခါ၌ စိတ်၏ ခံ့မှု (ကောင်းသော အလုပ်၌ ပြီးမြောက်သည် အထိပါဝင်ဆောင်စွမ်းနိုင်သော သဘော) 'စိတ္တကမ္မညတာ' ဟူသည် အဘယ် သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် ကောင်းသော အလုပ်၌ ခံ့မှု၊ ကောင်းသော အလုပ်၌ ခံ့ကြောင်းသဘော၊ ကောင်းသော အလုပ်၌ ခံ့သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ ခံ့မှု 'စိတ္တကမ္မညတာ' ဟူသည် ဤသဘောဖြစ်၏။

ကာယပါဂုညတာ၏ သဘော

၃၂၈။ ထိုအခါ၌ စေတသိတ်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင်အလေ့အကျင့်ရှိမှု (ကျင့်သားရမှု)၊ အလေ့အကျင့်ရှိကြောင်း (ကျင့်သားရကြောင်း) သဘော၊ အလေ့အကျင့်ရှိသည် (ကျင့်သားရသည်) ၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တပါဂုညတာ၏ သဘော

၃၂၉။ ထိုအခါ၌ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် အလေ့အကျင့်ရှိမှု (ကျင့်သားရမှု)၊ အလေ့အကျင့်ရှိကြောင်း (ကျင့်သားရကြောင်း) သဘော၊ အလေ့ အကျင့်ရှိသည် (ကျင့်သားရသည်) ၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သား ရမှု) 'စိတ္တပါဂုညတာ' ဟူသည် ဤသဘောဖြစ်၏။

ကာယုဇုကတာ၏ သဘော

၃၃၀။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏ လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ဖြောင့်မတ်မှု၊ ဖြောင့် မတ်သောအခြင်းအရာဖြင့် ဖြစ်သည်၏အဖြစ် (ဖြောင့်မတ်ခြင်း)၊ မကောက်သည်၏အဖြစ်၊ မကွေးသည်၏ အဖြစ်၊ မကိုင်းသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တုဇုကတာ၏ သဘော

၃၃၁။ ထိုအခါ၌ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ဝိညာဏက္ခန္ဓာ၏ အကြင် ဖြောင့်မတ်မှု၊ ဖြောင့်မတ်သောအခြင်းအရာအားဖြင့် ဖြစ်သည်၏အဖြစ် (ဖြောင့်မတ်ခြင်း)၊ မကောက်သည်၏အဖြစ်၊ မကွေးသည်၏အဖြစ်၊ မကိုင်းသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ဟူသည်ဤသဘောဖြစ်၏။

သတိ၏ သဘော

၃၃၂။ ထိုအခါ၌ အောက်မေ့မှု 'သတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန်အောက်မေ့မှု၊ သတိဟူသောအောက်မေ့ပုံအခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ (ကြားနာပြီး သင်ကြားပြီးတို့ကို ဆောင်ထားမှု)၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်းအင်္ဂါ ဖြစ်သော အောက်မေ့မှု 'သတိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ အောက်မေ့မှု 'သတိ' ဟူသည် ဤသဘော ဖြစ်၏။။

သမ္ပဇည၏ သဘော

၃၃၃။ ထိုအခါ၌ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'သမ္ပဇည' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု၊ ခွဲခွဲခြားခြား အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စ စသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်၊ ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်း စွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) သိမှု 'ပညာလက်နက်'။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာပြာသာဒ်'။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု 'ပညာအလင်း'။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာ အရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပညာတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်းအင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံး ဝင်သော, ကောင်းစွာသိမှု (မဂ်ဉာဏ်) ၏အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'သမ္ပဇည' ဟူသည် ဤသဘောဖြစ်၏။

သမထ၏ သဘော

၃၃၄။ ထိုအခါ ငြိမ်သက်မှု 'သမထ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင်တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့ လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော တည်ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ ငြိမ်သက်မှု 'သမထ' ဟူ သည် ဤသဘောဖြစ်၏။

ဝိပဿနာ၏ သဘော

၃၃၅။ ထိုအခါ၌ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြား ခြား) အပြားအားဖြင့်သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့်စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း (ပိုင်းခြားခြင်း) သဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်၊ ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို လမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသော သဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) သိမှု ပညာလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ပညာပြာသာဒ်။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပညာအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ်နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာသိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ဟူသည်ဤသဘောဖြစ်၏။

ပဂ္ဂါဟ၏သဘော

၃၃၆။ ထိုအခါ၌ ချီးမြှောက်မှု 'ပဂ္ဂါဟ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (ကုသိုလ်စိတ့်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သောတာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာဝါယာမ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော အားထုတ်မှု 'ဝီရိယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ ချီးမြှောက်မှု 'ပဂ္ဂါဟ' ဟူသည် ဤသဘောဖြစ်၏။

အဝိက္ခေပ၏သဘော

၃၃၇။ ထိုအခါ၌ မပျံ့လွင့်မှု 'အဝိက္ခေပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော တည် ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ မပျံ့လွင့်မှု 'အဝိက္ခေပ' ဟူသည် ဤသဘော ဖြစ်၏။။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

(ခ) နိဒ္ဒေသ ပြီးပြီ။

၁-ဓမ္မဝဝတ္တာနဝါရ ပြီးပြီ။

------

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေကိုးပါး တို့သည် ဖြစ်ကုန်၏၊ အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါရှစ်ပါးရှိသော မဂ်သည် ဖြစ်၏၊ ဗိုလ် ခုနစ်ပါးတို့သည်ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏၊ ဝေဒနာ တစ်ပါးသည် ဖြစ်၏၊ သညာတစ်ပါးသည် ဖြစ်၏၊ စေတနာတစ်ပါးသည် ဖြစ်၏၊ စိတ်တစ်ပါးသည် ဖြစ်၏၊ ဝေဒနာက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ သညာက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ သင်္ခါရက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ ဝိညာဏက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ မနာယတနတစ်ပါးသည် ဖြစ်၏၊ မနိန္ဒြေတစ်ပါးသည် ဖြစ်၏၊ မနောဝိညာဏဓာတ်တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင်ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကုသိုလ်မည် ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့်

(ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၃၃၈။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရယုံကြည်မှု 'သဒ္ဓိန္ဒြေ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ' ၊ အစိုးတရ့တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ မသိအပ်ဖူးသေးသော နိဗ္ဗာန်ကို သိရတော့မည်ဟု နှလုံးသွင်းသည့်အတိုင်း ဖြစ်ပေါ်လာသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'အနညာတညဿာမီတိန္ဒြေ' ၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ကောင်းစွာ (အမှန်) ကြံစည်မှု 'သမ္မာသင်္ကပ္ပ' ၊ ကောင်းစွာ (အမှန်) ပြောဆိုမှု 'သမ္မာဝါစာ' ကောင်းစွာ (အမှန်) ပြုလုပ်မှု 'သမ္မာကမ္မန္တ' ၊ ကောင်းစွာ (အမှန်) အသက်မွေးမှု 'သမ္မာအာဇီဝ' ၊ ကောင်းစွာ (အမှန်) အားထုတ်မှု 'သမ္မာ ဝါယာမ' ၊ ကောင်းစွာ (အမှန်) အောက်မေ့မှု 'သမ္မာသတိ' ၊ ကောင်းစွာ (အမှန်) တည်ကြည်မှု 'သမ္မာသမာဓိ' ၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ်' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' ၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု 'ဟိရီဗိုလ်'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' ၊ မလိုချင်မှု 'အလောဘ' ၊ မဖျက်ဆီးမှု 'အဒေါသ' ၊ မတွေဝေမှု 'အမောဟ' ၊ မမက်မောမှု 'အနဘိဇ္ဈာ' ၊ စိတ်မပျက်စီးမှု 'အဗျာပါဒ' ၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု 'ဟိရီ'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ကြောက်လန့် မှု 'ဩတ္တပ္ပ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' ၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန် ပေါ့ပါးမှု 'ကာယလဟုတာ' ၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု 'စိတ္တလဟုတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု 'ကာယမုဒုတာ' ၊ စိတ်၏ နူးညံ့မှု 'စိတ္တမုဒုတာ' ၊ စေတသိက်အပေါင်း (ကိုုယ်) ၏ ခံ့မှု (အမှုကိစ္စ၌ ကောင်းစွာပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ကာယကမ္မညတာ' ၊ စိတ်၏ ခံ့မှု (အမှုကိစ္စ၌ ကောင်းစွာပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'စိတ္တကမ္မညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'ကာယပါဂုညတာ' ၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) 'စိတ္တပါဂုညတာ' ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' ၊ စိတ်၏ ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' ၊ အောက်မေ့မှု 'သတိ' ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'သမ္ပဇည' ၊ ငြိမ်သက်မှု 'သမထ' ၊ အထူးထူး ရှုမြင်မှု 'ဝိပဿနာ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည် (ရှိကုန်၏)။ ထိုအခါ၌ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤ သဘောဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

ပဌမမဂ် ပဌမဈာန်

Ģဒုက္ခပဋိပဒါဒန္ဓာဘိညဈာန် အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက်သွား တတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ģ

ဒုက္ခပဋိပဒါခိပ္ပါဘိညဈာန်

၃၃၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာ စသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက် ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါဒန္ဓာဘိညဈာန်

၃၄၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာ စသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက် ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။

သုခပဋိပဒါခိပ္ပါဘိညဈာန်

၃၄၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက် ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်း သာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည်ကုသိုလ်မည်ကုန်၏။

ပဌမမဂ် ဒုတိယဈာန်စသည်များ

ဒုက္ခပဋိပဒါဒန္ဓာဘိညဈာန်စသည်

၃၄၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန် သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန် မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။

(၃) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။

(၄) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုဒ္ဓိကပဋိပဒါ ပြီးပြီ။

------

ရာဂစသည်တို့မှ ကင်းဆိတ်သော 'သုညတ'မဂ်

သုညတပဌမဈာန်

၃၄၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွား တတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်း ဆိတ်သဖြင့်) သုညတမည်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိ မှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့ လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည် ကုန်၏။

သုညတဒုတိယဈာန်စသည်

၃၄၄။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုညတပြီးပြီ။

------ရာဂစသည်တို့မှ ကင်းဆိတ်ခြင်း 'သုညတ'လျှင် အရင်း 'မူလ'ရှိသော အကျင့်လေးပါးဖြင့် ရသောဈာန်

'သုညတမူလကပဋိပဒါ'

ပဌမဈာန်

ဒုက္ခပဋိပဒါဒန္ဓာဘိည သုညတဈာန်

၃၄၅။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်း ရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေ ခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ် သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိည သုညတဈာန်

၃၄၆။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန် သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတ့အမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါဒန္ဓာဘိည သုညတဈာန်

၃၄၇။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်း ရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာ ပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေ ခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါခိပ္ပါဘိည သုညတဈာန်

၃၄၈။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော၊ ဖြစ်ခြင်းရှိ ကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန် စသည်များ

ဒုက္ခပဋိပဒါဒန္ဓာဘိညဈာန်စသည်

၃၄၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန် သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်းလွန် မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထ ဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သ ဖြင့်) သုညတအမည်ရှိသော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ် သဖြင့်) သုညတအမည်ရှိသော။ပ။

(၃) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။

(၄) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုညတမူလကပဋိပဒါ ပြီးပြီ။

------

ရာဂစသော တောင့်တခြင်းကင်းသော 'အပ္ပဏိဟိတ'မဂ်အပ္ပဏိဟိတပဌမဈာန်

၃၅၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာ စသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက် ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည်ကုသိုလ်မည်ကုန်၏။

အပ္ပဏိဟိတဒုတိယဈာန်စသည်များ

၃၅၁။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိ ကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေ နေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန် သို့။ပ။ ပဌမဈာန်သို့။ပ။ ('ရာဂ' ဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတ အမည်ရှိသောပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အပ္ပဏိဟိတမဂ် ပြီးပြီ။

------ရာဂစသော တောင့်တမှုကင်းခြင်း 'အပ္ပဏိဟိတ'လျှင် အရင်း 'မူလ'ရှိသောအကျင့်လေးပါးဖြင့် ရသောဈာန်

'အပ္ပဏိဟိတမူလကပဋိပဒါ'

ပဌမဈာန်

ဒုက္ခပဋိပဒါဒန္ဓာဘိညအပ္ပဏိဟိတဈာန်

၃၅၂။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) 'အပ္ပဏိဟိတ' အမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိည အပ္ပဏိဟိတဈာန်

၃၅၃။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, ('ရာဂ' ဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) 'အပ္ပဏိဟိတ' အမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါဒန္ဓာဘိညအပ္ပဏိဟိတဈာန်

၃၅၄။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တ ခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။

သုခပဋိပဒါခိပ္ပါဘိညအပ္ပဏိဟိတဈာန်

၃၅၅။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သောဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်များ

ဒုက္ခပဋိပဒါဒန္ဓာဘိညဈာန်စသည်

၃၅၆။ အဘယ်တရားတို့သည်ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန် သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေ နေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်းလွန် မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထ ဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။

(၂) ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။

(၃) ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။

(၄) ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။

အပ္ပဏိဟိတ မူလကပဋိပဒါ ပြီးပြီ။

------

နှစ်ဆယ်သောနည်းများ 'ဝီသတိမဟာနယ'

၃၅၇။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ -

(၁) Ģလောကုတ္တရံ ဈာနံ ဘာဝေတိ- ကို စာပိုဒ် ၂၇၇-၃၅၆ တို့၌ ဟောပြီး။ģ

(၂) လောကုတ္တရာမဂ်ကို ပွါး၏။ပ။

(၃) လောကုတ္တရာသတိပဋ္ဌာန်ကို ပွါး၏။ပ။

(၄) လောကုတ္တရာသမ္မပ္ပဓာန်ကို ပွါး၏။ပ။

(၅) လောကုတ္တရာဣဒ္ဓိပါဒ်ကို ပွါး၏။ပ။

(၆) လောကုတ္တရာဣန္ဒြေကို ပွါး၏။ပ။

(၇) လောကုတ္တရာဗိုလ်ကို ပွါး၏။ပ။

(၈) လောကုတ္တရာဗောဇ္ဈင်ကို ပွါး၏။ပ။

(၉) လောကုတ္တရာသစ္စာကို ပွါး၏။ပ။

(၁၀) လောကုတ္တရာသမထကို ပွါး၏။ပ။

(၁၁) လောကုတ္တရာဓမ္မကို ပွါး၏။ပ။

(၁၂) လောကုတ္တရာခန္ဓာ (လေးပါး) ကို ပွါး၏။ပ။

(၁၃) လောကုတ္တရာအာယတန (နှစ်ပါး) ကို ပွါး၏။ပ။

(၁၄) လောကုတ္တရာဓာတ် (နှစ်ပါး) ကို ပွါး၏။ပ။

(၁၅) လောကုတ္တရာအာဟာရကို ပွါး၏။ပ။

(၁၆) လောကုတ္တရာဖဿကို ပွါး၏။ပ။

(၁၇) လောကုတ္တရာဝေဒနာကို ပွါး၏။ပ။

(၁၈) လောကုတ္တရာသညာကို ပွါး၏။ပ။

(၁၉) လောကုတ္တရာစေတနာကို ပွါး၏။

(၂၀) အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငါှလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေ နေခြင်းတို့ကို ဖျက်ဆီးလျက်သွားတတ်သော လောကုတ္တရာစိတ်ကို ပွါး၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။

နှစ်ဆယ်သောနည်းများ ပြီးပြီ။

------

အဓိပတိလေးပါးနှင့် ဈာန်များ

ပဌမဈာန်

၃၅၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော။ပ။

(၂) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၃) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၄) စိစစ်စုံစမ်းမှု ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယဈာန်စသည်

၃၅၉။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။

(၂) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၃) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၄) စိစစ်စုံစမ်းမှု ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

လောကုတ္တရာမဂ်စသည်

၃၆၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိ ကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာမဂ်ကို ပွါး၏။ပ။ လောကုတ္တရာသတိပဋ္ဌာန်ကို ပွါး၏။ပ။ လောကုတ္တရာသမ္မပ္ပဓာန်ကို ပွါး၏။ပ။ လောကုတ္တရာဣဒ္ဓိပါဒ်ကို ပွါး၏။ပ။ လောကုတ္တရာဣန္ဒြေကိုပွါး၏။ပ။ လောကုတ္တရာဗိုလ်ကို ပွါး၏။ပ။ လောကုတ္တရာ ဗောဇ္ဈင်ကို ပွါး၏။ပ။ လောကုတ္တရာသစ္စာကိုပွါး၏။ပ။ လောကုတ္တရာသမထကို ပွါး၏။ပ။ လောကုတ္တရာဓမ္မကို ပွါး၏။ပ။ လောကုတ္တရာ ခန္ဓာ (လေးပါး) ကို ပွါး၏။ပ။ လောကုတ္တရာအာယတန (နှစ်ပါး) ကို ပွါး၏။ပ။ လောကုတ္တရာဓာတ် (နှစ်ပါး) ကိုပွါး၏။ပ။ လောကုတ္တရာအာဟာရကို ပွါး၏။ပ။ လောကုတ္တရာဖဿကို ပွါး၏။ပ။ လောကုတ္တရာ ဝေဒနာကို ပွါး၏။ပ။ လောကုတ္တရာသညာကို ပွါး၏။ပ။ လောကုတ္တရာစေတနာကို ပွါး၏။ပ။ လောကုတ္တရာစိတ်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။

(၁) ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။

(၂) အားထုတ်မှု အကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။

(၃) သိမှု 'စိတ်' အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။

(၄) စိစစ်စုံစမ်းမှု ပညာ အကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမ ဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။

ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကြီးအမှူး 'အဓိပတိ'ဈာန် ပြီးပြီ။

ပဌမမဂ် ပြီးပြီ။

------

ဒုတိယမဂ်

၃၆၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ကာမဘုံ၌ တပ်မက်မှု 'ကာမရာဂ' ဖျက်ဆီးမှု 'ဗျာပါဒ'တို့၏ ပါးလှပ်ခြင်းငှါလည်းကောင်း ဒုတိယဘုံ (သကဒါဂါမ်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်းပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ ပဌမမဂ်ဖြင့်သိအပ်ပြီး သောတရားကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ဒုတိယမဂ် ပြီးပြီ။

------

တတိယမဂ်

၃၆၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ကာမဘုံ၌ တပ်မက်မှု 'ကာမရာဂ' ဖျက်ဆီးမှု 'ဗျာပါဒ' တို့ကို အကြွင်းမဲ့ ပယ်ရှားခြင်းငှါလည်းကောင်း၊ တတိယဘုံ (အနာဂါမ်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ အောက်မဂ်နှစ်ပါးဖြင့် သိအပ်ပြီးသော တရားကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

တတိယမဂ် ပြီးပြီ။

------

စတုတ္ထမဂ်

၃၆၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ တပ်မက်မှု 'ရူပရာဂ' , အရူပဘုံ၌ တပ်မက်မှု 'အရူပရာဂ' , ထောင်လွှားမှု 'မာန' , ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' , သိအပ်မှုကိုမသိမှု (သစ္စာလေးပါးကို မသိမှု) 'အဝိဇ္ဇာ' တို့ကို အကြွင်းမဲ့ ပယ်ရှားခြင်းငှါလည်းကောင်း၊ စတုတ္ထဘုံ (အရဟတ္တအဆင့် ရဟန္တာအဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမ ဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ အောက်မဂ်သုံးပါးဖြင့် သိအပ်ပြီးသော တရားကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။

အညိန္ဒြေ

၃၆၄။ ထိုအခါ၌ အောက်မဂ်သုံးပါးဖြင့် သိအပ်ပြီးသော တရားကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ သိအပ်ကုန်သော 'ဉာတ' , မြင်အပ် ကုန်သော 'ဒိဋ္ဌ' , ရောက်အပ်ကုန်သော (ရအပ်ကုန်သော) 'ပတ္တ' , ထင်ရှားကုန်သော 'ဝိဒိတ' , မျက်မှောက်ပြုအပ်ကုန်သော 'သစ္ဆိကတ' ထိုတရားတို့ကို မျက်မှောက်ပြု ခြင်းငှါလည်းကောင်း၊ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိပုံအခြင်းအရာ။ (အနိစ္စစသည်ကို)

စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏ အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏ အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်း သဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း -ဟုတ်မှန်သောအနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်စေတတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကိုလမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသော သဘော၊ ပညာဟူသောအစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန် မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု 'ပညာဗိုလ်'။ (ကိလေသာတို့ကို ဖြတ်တတ် သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပညာလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှုပညာပြာသာဒ်။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်း စေတတ်သော) (ခွဲခွဲခြား ခြား) အပြားအားဖြင့် သိမှု ပညာအလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပညာအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ် နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော , ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယ သမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အောက်မဂ် သုံးပါးဖြင့် သိအပ်ပြီးသော တရားကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင်ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော, (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

စတုတ္ထမဂ် ပြီးပြီ။

လောကုတ္တရာစိတ် ပြီးပြီ။

ကုသိုလ်အစုကို ဝေဖန်ခြင်း 'ကုသလပဒဘာဇနီ' ပြီးပြီ။

------

(ခ) အကုသိုလ် အစုကို ဝေဖန်ခြင်း ''အကုသလ ပဒဘာဇနီ''

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြာခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

လောဘမူ ပဌမစိတ်

၃၆၅။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော , အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် ယှဉ်သော အကုသိုလ်စိတ်သည်ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗရုံ ကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေအကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု ၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည်ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာ မှု 'သောမနဿိန္ဒြေ' သည်ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ဖြစ်၏၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏။ (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ်မရှက်မှု 'အဟိရိကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ်မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ လိုချင်မှု 'လောဘ' သည် ဖြစ်၏၊ တွေဝေမှု (မသိမှု) 'မောဟ' သည် ဖြစ်၏၊ မက်မောမှု 'အဘိဇ္ဈာ' သည် ဖြစ်၏၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၃၆၆။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာ တွေ့ထိသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘောဖြစ်၏။

ဝေဒနာ၏ သဘော

၃၆၇။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုသာယာဖွယ်ချမ်းသာအား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော , စိတ်၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကိုခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။

သညာ၏ သဘော

၃၆၈။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော အထူးသိမှုသဘော 'မနော ဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘောဖြစ်၏။

စေတနာ၏ သဘော

၃၆၉။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုစေ့ဆော်မှု 'စေတနာ' အား လျောက်ပတ်သော အထူး သိမှုသဘော 'မနောဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်စေ့ဆော်မှု၊ ကောင်းစွာ စေ့ဆော်ပုံအခြင်းအရာ၊ စေ့ဆော်တတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ်၏ သဘော

၃၇၀။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင်သိမှု 'စိတ်' ၊ သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် ဤသဘောဖြစ်၏။

ဝိတက်၏ သဘော

၃၇၁။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံ စည်ခြင်းသဘော၊ စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်းသဘော၊ စိတ်ကို အာရုံသို့ရှေးရှုတင်ပေးခြင်းသဘော၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ ကြံ စည်မှု 'ဝိတက်' ဟူသည် ဤသဘောဖြစ်၏။

ဝိစာရ၏ သဘော

၃၇၂။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သုံးသပ်မှု၊ အထူးသုံးသပ်မှု၊ အဖန်ဖန် သုံးသပ်မှု၊ ကပ်၍ သုံးသပ်မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမှု၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ဖြစ်သော သဘောသည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘောဖြစ်၏။

ပီတိ၏ သဘော

၃၇၃။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် နှစ်သက်မှု၊ ဝမ်းမြောက်မှု၊ လွန်စွာ ဝမ်းသာမှု၊ များစွာ ဝမ်းသာမှု၊ ရွှင်လန်းမှု၊ များစွာရွှင်လန်းမှု၊ နှစ်သိမ့်မှု၊ တက်ကြွမှု၊ စိတ်၏ နှစ်လိုမှုသည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည်ဤသဘော ဖြစ်၏။။

သုခ၏ သဘော

၃၇၄။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ် ၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တေဿကဂ္ဂတာ၏ သဘော

၃၇၅။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာတည်မှု၊ သက်ဝင်၍ (စွဲယူ၍) တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘောဖြစ်၏။

ဝီရိယိန္ဒြေ၏ သဘော

၃၇၆။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက် မြောက်မှု၊ အဆင့်ဆင့် တိုးတက် အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (အကုသိုလ်စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

သမာဓိန္ဒြေ၏သဘော

၃၇၇။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ (စွဲယူ၍) တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

မနိန္ဒြေ၏သဘော

၃၇၈။ ထိုအခါ၌ အစိုးတရသိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်' ၊ သိတတ်သောသဘော၊ သိခြင်းသဘော၊ စိတ် နှလုံး၊ ဖြူစင်သောသဘော၊ သိမှုသဘော၊ သိခြင်းဟူသောဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ၊ ထိုဖဿစသည်အား လျောက်ပတ်သော အထူး သိမှု သဘော 'မနောဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

သောမနဿိန္ဒြေ၏ သဘော

၃၇၉။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသောချမ်းသာမှု၊ စိတ်ကို ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု ချမ်းသာခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။

ဇီဝိတိန္ဒြေ၏ သဘော

၃၈၀။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုနာမ်တရားတို့၏ အကြင် အသက်၊ တည် ကြောင်းသဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့် ရှောက်ခြင်းသဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

မိစ္ဆာဒိဋ္ဌိ၏ သဘော

၃၈၁။ ထိုအခါ၌ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အမြင်မှားမှု 'ဒိဋ္ဌိ'။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှု တို့၌ ပါဝင်ခြင်းသဘော 'ဒိဋ္ဌိဂတ'။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတောအုပ် 'ဒိဋ္ဌိဂဟန'။ (အမြင်မှန်သို့မရောက်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ 'ဒိဋ္ဌိကန္တာရ' ၊ သမ္မာဒိဋ္ဌိကို ထွင်းဖောက်ဖျက်ဆီးခြင်းသဘော 'ဒိဋ္ဌိဝိသုကာယိက' ၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော 'ဒိဋ္ဌိဝိပ္ဖန္ဒိတ'။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု 'ဒိဋ္ဌိသံယောဇန'။ (အာရုံကို မှားသောအားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသော သဘော) 'ဂါဟ'။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော 'ပတိဋ္ဌာဟ' ၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော 'အဘိနိဝေသ' ၊ မှားသော အားဖြင့် သုံးသပ်တတ်သော သဘော 'ပရာမာသ' ၊ စက်ဆုပ်အပ်သော လမ်းစဉ် 'ကုမ္မဂ္ဂ' ၊ မှားသော ခရီးလမ်းကြောင်း 'မိစ္ဆာပထ' ၊ မှားယွင်းသော သဘော 'မိစ္ဆတ္တ' ၊ မှားသော အယူတည်းဟူသောအကျိုးမဲ့တို့၏ဖြစ်ရာ 'တိတ္ထာယတန' ၊ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော 'ဝိပရိယာသဂ္ဂါဟ' သည် (ရှိ၏)။ ထိုအခါ၌ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' ဟူသည် ဤသဘောဖြစ်၏။

မိစ္ဆာသင်္ကပ္ပ၏ သဘော

၃၈၂။ ထိုအခါ၌ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်း သဘော၊ ပြင်းစွာကြံစည်ခြင်းသဘော၊ စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်း သဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်း သဘော၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် (ရှိ၏)။ ထိုအခါ၌ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ဟူသည် ဤသဘောဖြစ်၏။

မိစ္ဆာဝါယာမ၏ သဘော

၃၈၃။ ထိုအခါ၌ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု့ (အထက်တန်းသို့ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (အကုသိုလ်စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာ ဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ မှားယွင်းစွာအားထုတ် မှု 'မိစ္ဆာဝါယာမ' ဟူသည် ဤသဘောဖြစ်၏။

မိစ္ဆာသမာဓိ၏ သဘော

၃၈၄။ ထိုအခါ၌ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ (စွဲယူ၍) တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မှားယွင်းစွာတည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' ဟူသည်ဤသဘော ဖြစ်၏။။

ဝီရိယဗိုလ်၏ သဘော

၃၈၅။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင်လုံ့လအားထုတ်မှု၊ ပျင်းရိ ခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့တက်၍ ကြိုးပမ်းမှု (အထက် တန်းသို့ ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (အကုသိုလ်စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သောအလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏ အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

သမာဓိဗိုလ်၏ သဘော

၃၈၆။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာတည်မှု၊ သက်ဝင်၍ (စွဲယူ၍) တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့ လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ဟူသည် ဤသဘောဖြစ်၏။

အဟိရီကဗိုလ်၏ သဘော

၃၈၇။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သဘောတရားသည်ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကို မရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားများသို့ရောက်ခြင်းကို (လွန်ကျူးခြင်းကို) မရှက်တတ်။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' ဟူသည် ဤ သဘောဖြစ်၏။

အနောတ္တပ္ပဗိုလ်၏ သဘော

၃၈၈။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သဘောတရားသည်ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ မကြောက်လန့် တတ်၊ ယုတ်မာသောအကုသိုလ်တရားများသို့ ရောက်ခြင်းမှ မကြောက်လန့်တတ်။ ထိုအခါ၌ (ကာယ ဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ဟူသည် ဤသဘော ဖြစ်၏။

လောဘ၏ သဘော

၃၈၉။ ထိုအခါ၌ လိုချင်မှု 'လောဘ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် လိုချင်ခြင်းသဘော 'လောဘ' ၊ လိုချင်ပုံအခြင်းအရာ 'လုဗ္ဘနာ' ၊ လိုချင် တတ်သူ၏အဖြစ် 'လုဗ္ဘိတတ္တ' ၊ စွဲလမ်းခြင်း 'သာရာဂ' ၊ စွဲလမ်းပုံ အခြင်းအရာ 'သာရဇ္ဇနာ' ၊ စွဲလမ်းတတ် သူ၏အဖြစ် 'သာရဇ္ဇိတတ္တ' ၊ မက်မောမှု 'အဘိဇ္ဈာ' ၊ အကုသိုလ်တရားတို့၏ အခြေအမြစ်ဖြစ်သော လိုချင်မှု 'လောဘအကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ လိုချင်မှု 'လောဘ' ဟူသည် ဤသဘောဖြစ်၏။

မောဟ၏ သဘော

၃၉၀။ ထိုအခါ၌ တွေဝေမှု 'မောဟ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် မသိခြင်းသဘော 'အညာဏ'။ (အမှန်တရားကို) မမြင်ခြင်းသဘော 'အဒဿန' ၊ ထိုးထွင်း၍မသိတတ်သော သဘော 'အနဘိသမယ'။ (အမှန်တရားအား) လျော်စွာ မသိတတ် သော သဘော 'အနနုဗောဓေ'။ (အနိစ္စစသည်တို့နှင့် ယှဉ်၍) မသိတတ်သော သဘော (မှားယွင်းစွာ သိတတ်သောသဘော) 'အသမ္ဗောဓ' ၊ ထိုးထွင်း၍ မသိခြင်းသဘော 'အပ္ပဋိဝေဓ'။ (အနိစ္စစသည်ဖြင့်) မယူတတ်သောသဘော 'အသံဂါဟန'။ (အမှန်တရားကို) သက်ဝင်၍ မယူတတ်သော သဘော 'အပရိယောဂါဟန' ၊ ညီညီညွတ်ညွတ် မရှုတတ်သော (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်သော) သဘော 'အသမပေက္ခန' ၊ မဆင်ခြင်တတ်သော သဘော 'အပစ္စဝေက္ခန' ၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) 'အပစ္စက္ခကမ္မ'။ (စိတ်) ဖြူစင် သန့်ရှင်းမှုကိုဖျက်ဆီးကြောင်း သဘော 'ဒုမ္မေဇ္ဈ' ၊ လူမိုက်ဖြစ်ကြောင်း သဘော 'ဗာလျ' ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော 'အသမ္ပဇည' ၊ တွေဝေခြင်း သဘော 'မောဟ' ၊ ပြင်းစွာတွေဝေခြင်းသဘော 'ပမောဟ'။ (တရားအားလုံး၌) ထက်ဝန်းကျင် တွေဝေခြင်း သဘော 'သမ္မောဟ' ၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော 'အဝိဇ္ဇာ'။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှုသဘော 'အဝိဇ္ဇောဃ'။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော 'အဝိဇ္ဇာယောဂ' ၊ အစဉ်ကိန်းဝပ်တတ်သော မသိမှုသဘော 'အဝိဇ္ဇာနုသယ'။ (ကိလေသာတို့၏) ထကြွသောင်းကျန်းခြင်း မသိမှုသဘော 'အဝိဇ္ဇာပရိယုဋ္ဌာန'။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုတ်) နှင့် တူသော မသိမှုသဘော 'အဝိဇ္ဇာလင်္ဂီ' ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု 'မောဟအကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ တွေဝေမှု 'မောဟ' ဟူသည်ဤသဘောဖြစ်၏။

အဘိဇ္ဈာ၏ သဘော

၃၉၁။ ထိုအခါ၌ မက်မောမှု 'အဘိဇ္ဈာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် လိုချင်ခြင်းသဘော၊ လိုချင်ပုံအခြင်းအရာ၊ လိုချင်တတ်သူ၏ အဖြစ်၊ စွဲလမ်းခြင်းသဘော၊ စွဲလမ်းပုံ အခြင်းအရာ၊ စွဲလမ်းတတ်သူ၏အဖြစ်၊ မက်မောမှု၊ အကုသိုလ်တို့၏အခြေအမြစ်ဖြစ်သော လိုချင်မှု 'လောဘအကုသလမူလ' သည် (ရှိ၏)။ ထိုအခါ၌ မက်မောမှု 'အဘိဇ္ဈာ' ဟူသည် ဤသဘော ဖြစ်၏။။

မိစ္ဆာဒိဋ္ဌိ၏ သဘော

၃၉၂။ ထိုအခါ၌ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်း သဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှု တောအုပ်။ (အမြင်မှန်သို့ မရောက် နိုင်အောင်ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ၊ သမ္မာဒိဋ္ဌိကို ထွင်းဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်း သဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကိုမှားသောအားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော၊ မှားသောအားဖြင့် သုံးသပ် တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဉ်၊ မှားသောခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသောအယူတည်းဟူသော အကျိုးမဲ့တို့၏ဖြစ်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘော သည် (ရှိ၏)။ ထိုအခါ၌ အမြင်မှားမှု့ 'မိစ္ဆာဒိဋ္ဌိ' ဟူသည် ဤသဘော ဖြစ်၏။။

အဟိရီက၏ သဘော

၃၉၃။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘော တရားသည် ရှက်ထိုက်သောကာယဒုစရိုက်စသည်ကို မရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းကို (လွန်ကျူးခြင်းကို) မရှက်တတ်။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' ဟူသည် ဤသဘောဖြစ်၏။

အနောတ္တပ္ပ၏ သဘော

၃၉၄။ ထိုအခါ၌ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သဘောတရား သည် ကြောက်လန့်ထိုက်သောကာယဒုစရိုက်စသည်မှ မကြောက်လန့်တတ်၊ ယုတ်မာသော အကုသိုလ် တရားများသို့ ရောက်ခြင်းမှမကြောက်လန့်တတ်။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ဟူသည် ဤသဘော ဖြစ်၏။။

သမထ၏ သဘော

၃၉၅။ ထိုအခါ၌ ငြိမ်သက်မှု 'သမထ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍တည်မှု၊ မရွေ့ လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ ငြိမ်သက်မှု 'သမထ' ဟူသည် ဤသဘောဖြစ်၏။

ပဂ္ဂါဟ၏ သဘော

၃၉၆။ ထိုအခါ၌ ချီးမြှောက်မှု 'ပဂ္ဂါဟ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ အထက်သို့တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (အကုသိုလ် စိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒ ရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့် သူ)တို့၏အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မှားယွင်းစွာအားထုတ်မှု 'မိစ္ဆာဝါယာမ' သည် (ရှိ၏)။ ထိုအခါ၌ ချီးမြှောက်မှု 'ပဂ္ဂါဟ' ဟူသည် ဤသဘော ဖြစ်၏။။

အဝိက္ခေပ၏ သဘော

၃၉၇။ ထိုအခါ၌ မပျံ့လွင့်မှု 'အဝိက္ခေပ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' ၊ မှားယွင်းစွာ တည်ကြည် မှု 'မိစ္ဆာသမာဓိ' သည် (ရှိ၏)။ ထိုအခါ၌ မပျံ့လွင့်မှု 'အဝိက္ခေပ' ဟူသည် ဤသဘောဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ ငါးပါးတို့သည်ဖြစ်ကုန်၏၊ အင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်လေးပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့်

(ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၃၉၈။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' ၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာအားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ လိုချင်မှု 'လောဘ' ၊ တွေဝေမှု 'မောဟ' ၊ မက်မောမှု 'အဘိဇ္ဈာ' ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစွ္စဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏၊ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤ တရားတို့သည် အကုသိုလ်မည်ကုန်၏။

လောဘမူ ဒုတိယစိတ်

၃၉၉။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွ ဖြစ်သော အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် ယှဉ်သော ပြုပြင်မှုတိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေအကြင် အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

လောဘမူ တတိယစိတ်

၄၀၀။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် မယှဉ်သောအကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည် ကြည်မှု 'သမာဓိန္ဒြေ' သည့်ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ဖြစ်၏၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည်ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည်ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ လိုချင်မှု 'လောဘ' သည် ဖြစ်၏၊ တွေဝေမှု 'မောဟ' သည် ဖြစ်၏၊ မက်မောမှု 'အဘိဇ္ဈာ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်မှုမှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။ပ။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ ငါးပါးတို့သည်ဖြစ်ကုန်၏၊ အင်္ဂါငါးပါးရှိသောဈာန်သည် ဖြစ်၏၊ အင်္ဂါသုံးပါးရှိသော ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်လေးပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏၊ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

 

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၀၁။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရအားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မှားယွင်းစွာတည်ကြည်မှု 'မိစ္ဆာသမာဓိ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ လိုချင်မှု 'လောဘ' ၊ တွေဝေမှု 'မောဟ' ၊ မက်မောမှု 'အဘိဇ္ဈာ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သောအကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, မာနဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

လောဘမူ စတုတ္ထစိတ်

၄၀၂။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွ ဖြစ်သော ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် မယှဉ်သော ပြုပြင်မှုတိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

လောဘမူ ပဉ္စမစိတ်

၄၀၃။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွ ဖြစ်သော ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် ယှဉ်သော အကုသိုလ်စိတ်သည်ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေအကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည်ဖြစ်၏၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မှားယွင်းစွာ တည်ကြည် မှု 'မိစ္ဆာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ လိုချင်မှု 'လောဘ' သည် ဖြစ်၏၊ တွေဝေမှု 'မောဟ' သည် ဖြစ်၏၊ မက်မောမှု 'အဘိဇ္ဈာ' သည် ဖြစ်၏၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှု မှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည် ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၀၄။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော၊ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာ တွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည်ဤသဘောဖြစ်၏။

ဝေဒနာ၏ သဘော

၄၀၅။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုသာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သော၊ ခံစားမှု 'ဝေဒနာ' အားလျောက်ပတ်သော အထူးသိမှုသဘော၊ 'မနောဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော ၊ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သော အကြင်သဘော၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှုသဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှုသဘောသည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည်ဤသဘောဖြစ်၏။

ဥပေက္ခာ၏ သဘော

၄၀၆။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်, ချမ်းသာလည်း မဟုတ်သောအကြင် ခံစားမှုသဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်,ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှုသဘော သည် (ရှိ၏)။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ဥပေက္ခိန္ဒြေ၏သဘော

၄၀၇။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာ ယာဖွယ်လည်းမဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှု သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှုသဘော သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေငါးပါး တို့သည် ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း 'မဂ်' သည်ဖြစ်၏၊ ဗိုလ်လေးပါတို့သည် ဖြစ်ကုန်၏၊ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၀၈။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' ၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် တည်ကြည် မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ လိုချင်မှု 'လောဘ' ၊ တွေဝေမှု 'မောဟ' ၊ မက်မောမှု 'အဘိဇ္ဈာ' ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်အကုသိုလ်မည်ကုန်၏။

လောဘမူ ဆဋ္ဌစိတ်

၄၀၉။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် ယှဉ်သော၊ ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကို ဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ်မည် ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

လောဘမူ သတ္တမစိတ်

၄၁၀။ အဘယ်တရားတို့သည် အကုသိုလ် မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွ ဖြစ်သော အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် မယှဉ် သော အကုသိုလ်စိတ်သည်ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာ ရုံကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲ ဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ဖြစ်၏၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ လိုချင်မှု 'လောဘ' သည် ဖြစ်၏၊ တွေဝေမှု 'မောဟ' သည် ဖြစ်၏၊ မက်မောမှု 'အဘိဇ္ဈာ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည်ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, မာနဟူသော) အကြင်နာမ်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။ပ။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေငါးပါး တို့သည်ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည်ဖြစ်၏၊ အင်္ဂါသုံးပါးရှိသော ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း 'မဂ်' သည် ဖြစ်၏၊ ဗိုလ်လေးပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, မာနဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့်

(ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၁၁။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ မှားယွင်းစွာကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယ ဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှု မှ) မတုန်မလှုပ်မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ လိုချင်မှု 'လောဘ' ၊ တွေဝေမှု 'မောဟ' ၊ မက်မောမှု 'အဘိဇ္ဈာ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက်စသော မကောင်းမှု မှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကိုချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,ဥဒ္ဓစ္စ, မာနဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည်ဤသဘော ဖြစ်၏။။ပ။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

လောဘမူ အဋ္ဌမစိတ်

၄၁၂။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွ ဖြစ်သော ၊ အမြင်မှားမှု 'မိစ္ဆာဒိဋ္ဌိ' နှင့် မယှဉ်သော၊ ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွ ဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကို ဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ်မည် ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ဒေါသမူ ပဌမစိတ်

၄၁၃။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ စိတ်မချမ်းသာမှု 'ဒေါမနဿ' နှင့် တကွဖြစ်သော ၊ အာရုံ၌ ထိပါးမှု 'ပဋိဃ' (ဒေါသ) နှင့် ယှဉ်သောအကုသိုလ်စိတ်သည် ရူပါရုံကို ဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ ဆင်းရဲမှု 'ဒုက္ခ' သည် ဖြစ်၏၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်မချမ်းသာမှု 'ဒေါမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ဖြစ်၏၊ မှားယွင်းစွာအားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည်ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ ဖျက်ဆီးမှု 'ဒေါသ' သည် ဖြစ်၏၊ တွေဝေမှု 'မောဟ' သည် ဖြစ်၏၊ စိတ်ပျက်စီးမှု 'ဗျာပါဒ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှု မှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, ဣဿာ,မစ္ဆရိယ, ကုက္ကုစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၁၄။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိခြင်း၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်း အရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤ သဘောဖြစ်၏။

ဝေဒနာ၏ သဘော

၄၁၅။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုမသာယာဖွယ်အား လျောက်ပတ်သော အထူးသိမှုသဘော 'မနောဝိညာဏ ဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော စိတ်၌ မှီသော အကြင် မသာယာမှု၊ စိတ်၌ မှီသော ဆင်းရဲမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော မသာယာဖွယ်ကို ခံစားမှု၊ ဆင်းရဲကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော မသာယာဖွယ် ခံစားမှု၊ ဆင်းရဲခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဒုက္ခ၏ သဘော

၄၁၆။ ထိုအခါ၌ ဆင်းရဲမှု 'ဒုက္ခ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် မသာယာမှု၊ စိတ်၌ မှီသော ဆင်းရဲမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော မသာယာဖွယ်ကို ခံစားမှု၊ ဆင်းရဲကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော မသာယာ ဖွယ်ခံစားမှု၊ ဆင်းရဲခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ဆင်းရဲမှု 'ဒုက္ခ' ဟူသည်ဤသဘောဖြစ်၏။ပ။

ဒေါမနဿိန္ဒြေ၏ သဘော

၄၁၇။ ထိုအခါ၌ အစိုးတရစိတ်မချမ်းသာမှု 'ဒေါမနဿိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင်မသာယာမှု၊ စိတ်၌ မှီသော ဆင်းရဲမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော မသာယာဖွယ်ကို ခံစားမှု၊ ဆင်းရဲ ကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော မသာယာဖွယ် ခံစားမှု၊ ဆင်းရဲခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်မချမ်းသာမှု 'ဒေါမနဿိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဒေါသ၏ သဘော

၄၁၈။ ထိုအခါ၌ ဖျက်ဆီးမှု 'ဒေါသ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ဖျက်ဆီးမှု 'ဒေါသ' ၊ ဖျက်ဆီးပုံ အခြင်းအရာ 'ဒုဿနာ' ၊ ဖျက်ဆီး တတ်သူ၏အဖြစ် 'ဒုဿိတတ္တ' ၊ ဖောက်ပြန်ခြင်း 'ဗျာပတ္တိ' ၊ ဖောက်ပြန်ပုံ အခြင်းအရာ 'ဗျာပဇ္ဇနာ' ၊ ဖောက်ပြန်တတ်သူ၏အဖြစ် 'ဗျာပဇ္ဇိတတ္တ' ၊ ဆန့်ကျင်မှု 'ဝိရောဓ' ၊ အဖန်ဖန် ဆန့်ကျင်မှု 'ပဋိဝိရောဓ' ၊ ကြမ်းတမ်းသူ၏အဖြစ် 'စဏ္ဍိက္က' ၊ ကောင်းမွန် ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) 'အသုရောပ' ၊ စိတ်၏ မနှစ်လိုမှု 'အနတ္တမနတာ စိတ္တဿ' သည် (ရှိ၏)။ ထိုအခါ၌ ဖျက်ဆီးမှု 'ဒေါသ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဗျာပါဒ၏ သဘော

၄၁၉။ ထိုအခါ၌ စိတ်ပျက်စီးမှု 'ဗျာပါဒ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် ဖျက်ဆီးမှု၊ ဖျက်ဆီးပုံ အခြင်းအရာ၊ ဖျက်ဆီးတတ်သူ၏ အဖြစ်၊ ဖောက် ပြန်ခြင်း၊ ဖောက်ပြန်ပုံအခြင်းအရာ၊ ဖောက်ပြန်တတ်သူ၏အဖြစ်၊ ဆန့်ကျင်မှု၊ အဖန်ဖန် ဆန့်ကျင်မှု၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု)၊ ကောင်းမွန် ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့်ပြောဆိုခြင်း)၊ စိတ်၏ မနှစ်လိုမှုသည် (ရှိ၏)။ ထိုအခါ၌ စိတ်ပျက်စီးမှု 'ဗျာပါဒ' ဟူသည် ဤသဘောဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, ဣဿာ, မစ္ဆရိယ,ကုက္ကုစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ ငါးပါးတို့သည်ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါသုံးပါးရှိသော ဒုဂ္ဂတိဘဝသို့ရောက်ကြောင်း 'မဂ်' သည် ဖြစ်၏၊ ဗိုလ်လေးပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ တွေ့ထိမှု 'ဖဿ'တစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, ဣဿာ, မစ္ဆရိယ,ကုက္ကုစ္စဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၂၀။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ် သဘောဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ မှားယွင်းစွာကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မှားယွင်းစွာ တည်ကြည် မှု 'မိစ္ဆာသမာဓိ' မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ ဖျက်ဆီးမှု 'ဒေါသ' ၊ တွေဝေမှု 'မောဟ' ၊ စိတ်ပျက်စီးမှု 'ဗျာပါဒ'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက် စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော၊ အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, ဥဒ္ဓစ္စ, ဣဿာ, မစ္ဆရိယ,့ကုက္ကုစ္စဟူသော) အကြင် နာမ်တရား တို့သည်ရှိကုန်၏၊ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည်ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

ဒေါသမူ ဒုတိယစိတ်

၄၂၁။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ စိတ်မချမ်းသာမှု 'ဒေါမနဿ' နှင့် တကွဖြစ်သော , အာရုံ၌ ထိပါးမှု 'ပဋိဃ' (ဒေါသ) နှင့် ယှဉ်သော,ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံ ကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အကုသိုလ် မည်ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း 'ဓမ္မဝဝတ္တာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

မောဟမူ ပဌမစိတ်

၄၂၂။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ယုံမှားမှု 'ဝိစိကိစ္ဆာ' နှင့် ယှဉ်သော အကုသိုလ်စိတ်သည်ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံ ကိုဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ'၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ဖြစ်၏၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မတုန်မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ တွေးတောယုံမှားမှု 'ဝိစိကိစ္ဆာ' သည် ဖြစ်၏၊ တွေဝေမှု 'မောဟ' သည်ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သောအကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၂၃။ ထိုအခါ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘော ဖြစ်၏။ပ။

စိတ္တေဿကဂ္ဂတာ၏သဘော

၄၂၄။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှုသည်ရှိ၏။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ဝိစိကိစ္ဆာ၏ သဘော

၄၂၅။ ထိုအခါ၌ ယုံမှားမှု 'ဝိစိကိစ္ဆာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ယုံမှားမှု 'ကင်္ခါ' ၊ ယုံမှားပုံအခြင်းအရာ 'ကင်္ခါယနာ' ၊ ယုံမှားတတ် သည်၏အဖြစ့် 'ကင်္ခါယိတတ္တ' ၊ မသိခြင်း 'ဝိမတိ' ၊ သဘာဝကို စဉ်းစားလျှင် (မဆုံးဖြတ်နိုင်၍) ပင်ပန်း ကြောင်းသဘော 'ဝိစိကိစ္ဆာ' ၊ မှန် မမှန်နှစ်မျိုးအားဖြင့် (မဝေခွဲနိုင်၍) တုန်လှုပ်တတ်သော သဘော 'ဒွေဠှက' ၊ လမ်းနှစ်ခွနှင့် တူသော သဘော 'ဒွေဓာပထ' ၊ ထက်ဝန်းကျင်မှ ဖြစ်တတ် (ယုံမှားတတ်) သော သဘော 'သံသယ' ၊ ဧကန္တအားဖြင့် ယူခြင်းငှါ မစွမ်းနိုင်ခြင်းသဘော 'အနေကံသဂ္ဂါဟ'။ (ဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်၍) အာရုံမှ ဆုတ်နစ်တတ်သော သဘော 'အာသပ္ပနာ'။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) ထက်ဝန်း ကျင် (အာရုံမှ) ရွေ့လျားတတ်သော သဘော 'ပရိသပ္ပနာ'။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍အာရုံ၌ ဉာဏ်ဖြင့်) မသက်ဝင်နိုင်ခြင်းသဘော 'အပရိယောဂါဟနာ'။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) စိတ်၏ခက်တရော်သည်၏အဖြစ် 'ထမိ္ဘတတ္တံ စိတ္တဿ' ၊ စိတ်ကို ရေးခြစ်သကဲ့သို့ ဖြစ်တတ်သော သဘော 'မနောဝိလေခ' သည် (ရှိ၏)။ ထိုအခါ၌ ယုံမှားမှု 'ဝိစိကိစ္ဆာ' ဟူသည် ဤသဘော ဖြစ်၏။။

ယေဝါပနကတရားများ

ထို့အပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေလေးပါး တို့သည်ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါနှစ်ပါးရှိသော ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း'မဂ်' သည် ဖြစ်၏၊ ဗိုလ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်တစ်ပါးသည် ဖြစ်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့်

(ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၂၆။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာအားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ်မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ ယုံမှားမှု 'ဝိစိကိစ္ဆာ' ၊ တွေဝေမှု 'မောဟ'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကိုချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (မနသိကာရ, ဥဒ္ဓစ္စဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ ပ၊ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

မောဟမူ ဒုတိယစိတ်

၄၂၇။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။

အကြင်အခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' နှင့်ယှဉ်သော အကုသိုလ် စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲ ဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောက်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ဖြစ်၏၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' သည် ဖြစ်၏၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ်အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' သည် ဖြစ်၏၊ တွေဝေမှု 'မောဟ' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု 'အဟိရီက' သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' သည် ဖြစ်၏၊ ငြိမ်သက်မှု 'သမထ' သည် ဖြစ်၏၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၂၈။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ဥဒ္ဓစ္စ၏ သဘော

၄၂၉။ ထိုအခါ၌ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တုန်လှုပ်သည်၏အဖြစ် (ပျံ့လွင့်ခြင်း) 'စိတ္တဿဥဒ္ဓစ္စ' ၊ မငြိမ်သက်ခြင်း (မငြိမ်းအေးခြင်း) 'အဝူပသမ' ၊ စိတ်ကို ပစ်လွှင့်တတ်သော သဘော (စိတ်၏ ဖရိုဖရဲ ပျံ့လွင့်ခြင်း) 'စေတသော ဝိက္ခေပ' ၊ စိတ်၏ တုန်လှုပ်တတ်သည်၏အဖြစ် 'ဘန္တတ္တံ စိတ္တဿ' သည် (ရှိ၏)။ ထိုအခါ၌ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယာတန နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေငါးပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါ သုံးပါးရှိသောဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း 'မဂ်' သည် ဖြစ်၏၊ ဗိုလ်လေးပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်တစ်ပါးသည်ဖြစ်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ် တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၃၀။ပ။ ထိုအခါ၌ ပြုပြင်မှု အစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှုှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ၊ မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' ၊ မှားယွင်းစွာ အားထုတ်မှု 'မိစ္ဆာဝါယာမ' ၊ မှားယွင်းစွာ တည်ကြည်မှု 'မိစ္ဆာသမာဓိ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝိရိယဗိုလ်' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် မရှက်မှု 'အဟိရီကဗိုလ်'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ်မကြောက်လန့်မှု 'အနောတ္တပ္ပဗိုလ်' ၊ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' ၊ တွေဝေမှု 'မောဟ'။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မရှက်မှု 'အဟိရီက'။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု 'အနောတ္တပ္ပ' ၊ ငြိမ်သက်မှု 'သမထ' ၊ ချီးမြှောက်မှု 'ပဂ္ဂါဟ' ၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် (ရှိ၏)။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှု အစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ ပ၊ ဤတရားတို့သည် အကုသိုလ်မည်ကုန်၏။

အကုသိုလ်စိတ် တစ်ဆယ့်နှစ်ပါး ပြီးပြီ။

အကုသလပဒဘာဇနီ ပြီးပြီ။

------

၃-ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောကြားမူ၍ တမျိုးတခြားအားဖြင့် ဟောကြားသော တရားစုကို ဝေဖန်ခြင်း

''အဗျာကတပဒဘာဇနီ''

ဟိတ်မရှိသောကုသိုလ်၏အကျိုး 'ဝိပါက်' ဝိညာဏ်ငါးပါး

 'အဟိတ်ကုသလဝိပါက် ပဉ္ဇဝိညာဏ်'

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

စက္ခုဝိညာဏ်

၄၃၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ (လွန်ခဲ့ပြီးသောအခါက) ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ် 'ကတတ္တ' ၊ ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) 'ဥပစိတတ္တ' ကြောင့် လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အကျိုး 'ဝိပါက်' ဖြစ်သော , အဆင်း 'ရူပါရုံ' လျှင် အာရုံရှိသော, (ရူပါရုံကို အာရုံပြု၍) မြင်သိစိတ် 'စက္ခုဝိညာဏ်' သည် ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှုှု'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိ န္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ် တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၃၂။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘော ဖြစ်၏။

ဝေဒနာ၏ သဘော

၄၃၃။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော (အာရုံကို) မြင်သိမှုသဘော 'စက္ခုဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော , စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်းမဟုတ်သော အကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ်၊ ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။

သညာ၏ သဘော

၄၃၄။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော (အာရုံကို) မြင်သိမှုသဘော 'စက္ခုဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု၊ မှတ်သားပုံ အခြင်းအရာ၊ မှတ်သားတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤ သဘောဖြစ်၏။

စေတနာ၏ သဘော

၄၃၅။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စေ့ဆော်မှု 'စေတနာ' အား လျောက်ပတ်သော (အာရုံကို) မြင်သိမှုသဘော 'စက္ခုဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် စေ့ဆော်ခြင်း သဘော၊ ကောင်းစွာ စေ့ဆော်ပုံအခြင်းအရာ။ (စိတ်၏) စေ့ဆော်တတ်သည်၏အဖြစ်သည် (ရှိ၏)။ ထို အခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ်၏ သဘော

၄၃၆။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သိမှု 'စိတ်'။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) မြင်သိမှုသဘော 'စက္ခုဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် ဤသဘောဖြစ်၏။

ဥပေက္ခာ၏ သဘော

၄၃၇။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သောအကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တေဿကဂ္ဂတာ၏ သဘော

၄၃၈။ ထိုအခါ၌ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင်တည်မှုသည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘောဖြစ်၏။

မနိန္ဒြေ၏သဘော

၄၃၉။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်'။ (အာရုံသို့ညွတ်၍) သိတတ်သောသဘော၊ သိခြင်း သဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) မြင်သိမှုသဘော 'စက္ခုဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည်ဤသဘောဖြစ်၏။

ဥပေက္ခိန္ဒြေ၏ သဘော

၄၄၀။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သောအကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။

ဇီဝိတိန္ဒြေ၏ သဘော

၄၄၁။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) ထိုနာမ်တရားတို့၏ အကြင် အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်း သဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

ယေဝါပနကတရားများ

ထို့အပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ သုံးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ စက္ခုဝိညာဏဓာတ်တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည်ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရနှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၄၂။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ စိတ်၏ တစ်ခု တည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

သောတဝိညာဏ်စသည်

၄၄၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ (လွန်ခဲ့ပြီးသော အခါက) ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ် 'ကတတ္တ' ,ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) 'ဥပစိတတ္တ' ကြောင့် လျစ် လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အကျိုးဝိပါက်ဖြစ်သော , အသံသဒ္ဒါရုံလျှင် အာရုံရှိသော (သဒ္ဒါရုံကိုအာရုံပြု၍) ကြားသိစိတ် 'သောတဝိညာဏ်' သည် ဖြစ်ဆဲဖြစ်၏။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အနံ့ဂန္ဓာရုံလျှင် အာရုံရှိသော (ဂန္ဓာရုံကို အာရုံပြု၍) နံသိစိတ် 'ဃာနဝိညာဏ်' သည် ဖြစ်ဆဲဖြစ်၏။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော ရသာရုံလျှင် အာရုံရှိသော (ရသာရုံကို အာရုံပြု၍) လျက်သိစိတ် 'ဇိဝှါဝိညာဏ်' သည် ဖြစ်ဆဲ ဖြစ်၏။ပ။ ချမ်းသာမှု 'သုခ' နှင့် တကွဖြစ်သော ,အတွေ့ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော (ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍) ထိသိစိတ် 'ကာယဝိညာဏ်' သည်ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ ချမ်းသာမှု 'သုခိန္ဒြေ' သည် ဖြစ်၏။ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဓြေ' သည် ဖြစ်၏။ ယေဝါပနကတတရားများ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၄၄။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘောဖြစ်၏။

ဝေဒနာ၏ သဘော

၄၄၅။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော (အာရုံကို) ထိသိမှုသဘော, 'ကာယ ဝိညာဏဓာတ်' ၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော , ကိုယ်၌ မှီသော အကြင် သာယာမှု၊ ကိုယ်၌ မှီသော ချမ်းသာမှု၊ ထိသိစိတ်နှင့် ယှဉ်သော ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော , သာယာ ဖွယ်ကို ခံစားမှု၊ ထိသိစိတ်နှင့်ယှဉ်သော ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော , သာယာဖွယ် ချမ်းသာ ကို ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘော ဖြစ်၏။။

သညာ၏ သဘော

၄၄၆။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော (အာရုံကို) ထိသိမှုသဘော 'ကာယဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သား တတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘောဖြစ်၏။

စေတနာ၏ သဘော

၄၄၇။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုစေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' အား လျောက် ပတ်သော (အာရုံကို) ထိသိမှုသဘော 'ကာယဝိညာဏဓာတ်' ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်စေ့ဆော်ခြင်းသဘော၊ ကောင်းစွာ စေ့ဆော်ပုံ အခြင်းအရာ။ (စိတ်၏) စေ့ဆော်တတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ်၏ သဘော

၄၄၈။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်'။ (အာရုံသို့ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) ထိသိမှုသဘော 'ကာယဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် ဤသဘော ဖြစ်၏။။

သုခ၏ သဘော

၄၄၉။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ကိုယ်၌ မှီသော အကြင် သာယာမှု၊ ကိုယ်၌ မှီသော ချမ်းသာမှု၊ ထိသိစိတ်နှင့် ယှဉ်သောကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ ထိသိစိတ် နှင့်ယှဉ်သော ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တေဿကဂ္ဂတာ၏ သဘော

၄၅၀။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှုသည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' ဟူသည်ဤသဘော ဖြစ်၏။။

မနိန္ဒြေ၏ သဘော

၄၅၁။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်'။ (အာရုံသို့ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရသိမှု 'မနိန္ဒြေ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) ထိသိမှု သဘော 'ကာယဝိညာဏဓာတ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည်ဤသဘော ဖြစ်၏။။

သုခိန္ဒြေ၏ သဘော

၄၅၂။ ထိုအခါ၌ အစိုးတရ ချမ်းသာမှု 'သုခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ကိုယ်၌ မှီသော အကြင် သာယာမှု၊ ကိုယ်၌ မှီသော ချမ်းသာမှု၊ ထိသိစိတ်နှင့်ယှဉ်သော ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကိုခံစားမှု၊ ချမ်းသာကို ခံစားမှု၊ ထိသိစိတ်နှင့် ယှဉ်သော ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ ချမ်းသာမှု 'သုခိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ဇီဝိတိန္ဒြေ၏ သဘော

၄၅၃။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) ထိုနာမ်တရားတို့၏ အကြင်အသက်၊ တည် ကြောင်းသဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့် ရှောက်ခြင်းသဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယာတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေသုံးပါး တို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ (အာရုံကို) ထိသိမှုသဘော 'ကာယဝိညာဏဓာတ်'တစ်ပါးသည် ဖြစ်၏။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။ ယေဝါပနကတတရားများ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၅၄။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ စိတ်၏တစ်ခုတည်း သောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ကုသိုလ်၏ အကျိုးဖြစ်သော အထူးသိမှုစိတ် 'ဝိညာဏ်'ငါးပါး ပြီးပြီ။

------

ကုသိုလ်၏အကျိုး (အာရုံကို) သိကာမျှသဘော (သမ္ပဋိ စ္ဆနစိတ်)

 'ကုသလဝိပါကမနောဓာတု'

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

မနောဓာတ်

၄၅၅။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ (ရှေးရှေးအတိတ်ကာလ၌) ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏ အဖြစ်, ဆည်းပူးအပ်ပြီးသည် ၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော ,အကျိုး 'ဝိပါက်' ဖြစ်သော (အာရုံကို) သိကာမျှသဘော 'မနောဓာတ်' (သမ္ပဋိ စ္ဆနစိတ်) သည် ရူပါရုံကိုဖြစ်စေ။ပ။ ဖောဋ္ဌဗ္ဗာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။ ယေဝါပနကတတရားများ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၅၆။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤ သဘောဖြစ်၏။

ဝေဒနာ၏ သဘော

၄၅၇။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော (အာရုံကို) သိကာမျှသော 'မနော ဓာတ်' ့ (သမ္ပဋိ စ္ဆနစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုှုှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။

သညာ၏ သဘော

၄၅၈။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော (အာရုံကို) သိကာမျှ သော 'မနောဓာတ်' (သမ္ပဋိ စ္ဆနစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘောဖြစ်၏။

စေတနာ၏ သဘော

၄၅၉။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' အား လျောက်ပတ်သော (အာရုံကို) သိကာမျှသဘော 'မနောဓာတ်' (သမ္ပဋိ စ္ဆနစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်စေ့ဆော်ခြင်း သဘော၊ ကောင်းစွာ စေ့ဆော်ပုံအခြင်းအရာ။ (စိတ်၏) စေ့ဆော်တတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘောဖြစ်၏။

စိတ်၏ သဘော

၄၆၀။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) သိကာမျှ သဘော 'မနောဓာတ်' (သမ္ပဋိ စ္ဆနစိတ်) သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည်ဤသဘောဖြစ်၏။

ဝိတက်၏ သဘော

၄၆၁။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်း သဘော၊ တည်ကြည်သော စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်း သဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်းသဘောသည် (ရှိ၏)။ ထိုအခါ၌ ကြံစည်ခြင်း 'ဝိတက်' ဟူသည်ဤသဘောဖြစ်၏။

ဝိစာရ၏ သဘော

၄၆၂။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သုံးသပ်မှု၊ အထူးသုံးသပ်မှု၊ အဖန်ဖန် သုံးသပ်မှု၊ ကပ်၍ သုံးသပ်မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမူ၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ဖြစ်သော သဘောသည် (ရှိ၏)။ ထိုုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘောဖြစ်၏။

ဥပေက္ခာ၏ သဘော

၄၆၃။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သောခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည်ရှိ၏။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည်ဤသဘော ဖြစ်၏။။

စိတ္တေဿကဂ္ဂတာ၏ သဘော

၄၆၄။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှုသည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' ဟူသည် ဤသဘော ဖြစ်၏။

မနိန္ဒြေ၏ သဘော

၄၆၅။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်'။ (အာရုံသို့ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု 'စိတ်' အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစ သည်အားလျောက်ပတ်သော (အာရုံကို) သိကာမျှ သဘော 'မနောဓာတ်' (သမ္ပဋိ စ္ဆနစိတ်) သည် ရှိ၏။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ဥပေက္ခိန္ဒြေ၏ သဘော

၄၆၆။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သောအကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရလျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ဇီဝိတိန္ဒြေ၏ သဘော

၄၆၇။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) ထိုနာမ်တရားတို့၏ အကြင် အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်း သဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ သုံးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ ပ။ (အာရုံကို) သိကာမျှ သဘော 'မနောဓာတ်' (သမ္ပဋိ စ္ဆနစိတ်) တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၆၈။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနက္ခန္ဓာ' ကို ချန်ထား၍ မှတ် သားမှုအစု 'သညာက္ခန္ဓာကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီး သောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

ကုသလဝိပါက် မနောဓာတ် ပြီးပြီ။

------

ကုသိုလ်၏အကျိုး, ဝမ်းမြောက်ခြင်း စိတ်ချမ်းသာမှုနှင့်တကွဖြစ်သော (အာရုံကို) အထူးသိမှုသဘော (သန္တီရဏစိတ်)

'ကုသလဝိပါက မနောဝိညာဏဓာတု သောမနဿသဟဂတ'

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

မနောဝိညာဏဓာတ်

၄၆၉။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ (ရှေးရှေးအတိတ်အခါ၌ ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူး အပ်ပြီးသည်၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် ဝမ်းမြောက်ခြင်း စိတ်ချမ်းသာမှု 'သောမနဿ' နှင့်တကွဖြစ်သော အကျိုး 'ဝိပါက်' ဖြစ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏ ဓာတ်' (သန္တီရဏစိတ်) သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည်ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၇၀။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိသည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘောဖြစ်၏။

ဝေဒနာ၏ သဘော

၄၇၁။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော စိတ်၌ မှီသော အကြင် သာယာခြင်း၊ စိတ်၌ မှီသော ချမ်းသာခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားခြင်း၊ ချမ်းသာကို ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ခံစားမှုချမ်းသာခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘော ဖြစ်၏။။

သညာ၏ သဘော

၄၇၂။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော (အာရုံကို) အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘော ဖြစ်၏။။

စေတနာ၏ သဘော

၄၇၃။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုစေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' အား လျောက်ပတ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်စေ့ဆော်ခြင်းသဘော၊ ကောင်းစွာ စေ့ဆော်ပုံအခြင်းအရာ။ (စိတ်၏) စေ့ဆော်တတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘောဖြစ်၏။

စိတ်၏ သဘော

၄၇၄။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သိမှု 'စိတ်'။ (အာရုံသို့ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ် နှလုံး၊ ဖြူစင်သောသဘော၊ သိမှု သဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည်ဤသဘောဖြစ်၏။

ဝိတက်၏ သဘော

၄၇၅။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံ စည်ခြင်းသဘော၊ တည်ကြည်သော စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်း သဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်း သဘောသည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် ဤသဘောဖြစ်၏။

ဝိစာရ၏ သဘော

၄၇၆။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သုံးသပ်မှု အထူးသုံးသပ်မှု၊ အဖန်ဖန် သုံးသပ်မှု၊ ကပ်၍သုံးသပ်မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမှု၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ဖြစ်သော သဘောသည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘောဖြစ်၏။

ပီတိ၏ သဘော

၄၇၇။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် နှစ်သက်မှု၊ ဝမ်းမြောက်မှု၊ လွန်စွာ ဝမ်းသာမှု၊ များစွာ ဝမ်းသာမှု၊ ရွှင်လန်းမှု၊ များစွာရွှင်လန်းမှု၊ နှစ်သက်မှု၊ တက်ကြွမှု၊ စိတ်၏ နှစ်လိုမှုသည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု 'ပီတိ' ဟူသည် ဤသဘော ဖြစ်၏။။

သုခ၏သဘော

၄၇၈။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင်သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာ ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု 'သုခ' ဟူသည် ဤသဘောဖြစ်၏။

စိတ္တေဿကဂ္ဂတာ၏ သဘော

၄၇၉။ ထိုအခါ၌ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင်တည်မှုသည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘောဖြစ်၏။

မနိန္ဒြေ၏ သဘော

၄၈၀။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်'။ (အာရုံသို့ညွှတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏ စိတ်) သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ့သိမှု 'မနိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

သောမနဿိန္ဒြေ၏ သဘော

၄၈၁။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင်သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာ ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ဇီဝိတိန္ဒြေ၏ သဘော

၄၈၂။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) ထိုနာမ်တရားတို့၏ အကြင်အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်း သဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေသုံးပါး တို့သည်ဖြစ်ကုန်၏၊ ဖဿ တစ်ပါးသည် ဖြစ်၏။ပ။ (အာရုံကို) အထူးသိမှုသဘော မနောဝိညာဏဓာတ် (သန္တီရဏစိတ်) တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤ တရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၈၃။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သောအကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဝမ်းမြောက်ခြင်း စိတ်ချမ်းသာမှုနှင့် တကွ ဖြစ်သော 'သောမနဿသဟဂုတ်' ကုသိုလ်၏ အကျိုးဖြစ်သော 'ကုသလဝိပါက်' (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ပြီးပြီ။

------

ကုသိုလ်၏အကျိုး လျစ်လျူရှုမှုနှင့် တကွဖြစ်သော (အာရုံကို) အထူးသိမှုသဘော (သန္တီရဏစိတ်)

 'ကုသလဝိပါက မနောဝိညာဏဓာတု ဥပေက္ခာသဟဂတ'

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'့မနောဝိညာဏဓာတ်

၄၈၄။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ (ရှေးရှေးအတိတ်အခါက) ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ် ဆည်းပူး အပ်ပြီးသည်၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွ ဖြစ်သော အကျိုး 'ဝိပါက်' ဖြစ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) သည်ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၄၈၅။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘော ဖြစ်၏။။

ဝေဒနာ၏ သဘော

၄၈၆။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော (အာရုံကို) အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော စိတ်၌ မှီသော သာယာ ဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သောခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘော ဖြစ်၏။။

သညာ၏ သဘော

၄၈၇။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ထိုမှတ်သားမှု 'သညာ' အား လျောက်ပတ်သော (အာရုံကို) အထူးသိမှု သဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော အကြင် မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု 'သညာ' ဟူသည် ဤသဘော ဖြစ်၏။။

စေတနာ၏ သဘော

၄၈၈။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုစေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' အား လျောက်ပတ် သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ၏ ကောင်းစွာ တွေ့ထိမှု ကြောင့် ဖြစ်သော အကြင် စေ့ဆော်ခြင်းသဘော၊ ကောင်းစွာ စေ့ဆော်ပုံအခြင်းအရာ။ (စိတ်၏) စေ့ဆော်တတ်သည်၏အဖြစ်သည် ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ဟူသည် ဤသဘောဖြစ်၏။

စိတ်၏ သဘော

၄၈၉။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် အဘယ်သဘော ဖြစ်သနည်။ ထိုအခါ၌ အကြင်သိမှု 'စိတ်'။ (အာရုံသို့ညွှတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိမှု သဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန'၊ အစိုးတရ သိမှု 'မနိန္ဒြေ'၊ အထူးသိမှု 'ဝိညာဏ'၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ'၊ ထိုဖဿစသည်အား လျောက်ပတ်သော (အာရုံကို) အထူးသိမှုသဘော 'မနော ဝိညာဏဓာတ်' (သန္တီရဏစိတ်) သည် (ရှိ၏)။ ထိုအခါ၌ သိမှု 'စိတ်' ဟူသည် ဤ သဘောဖြစ်၏။

ဝိတက်၏ သဘော

၄၉၀။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်းသဘော၊ တည်ကြည်သောစိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်း သဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်းသဘောသည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု 'ဝိတက်' ဟူသည်ဤသဘောဖြစ်၏။

ဝိစာရ၏ သဘော

၄၉၁။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်သုံးသပ်မှု၊ အထူးသုံးသပ်မှု၊ အဖန်ဖန် သုံးသပ်မှု၊ ကပ်၍ သုံးသပ်မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမှု၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေ သကဲ့သို့ဖြစ်သော သဘောသည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု 'ဝိစာရ' ဟူသည် ဤသဘောဖြစ်၏။

ဥပေက္ခာ၏ သဘော

၄၉၂။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ် မသာယာဖွယ်လည်း မဟုတ်သောအကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ လျစ်လျူရှုမှု 'ဥပေက္ခာ' ဟူသည် ဤသဘော ဖြစ်၏။။

စိတ္တေဿကဂ္ဂတာ၏သဘော

၄၉၃။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင်တည်မှုသည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘောဖြစ်၏။

မနိန္ဒြေ၏ သဘော

၄၉၄။ ထိုအခါ၌ အစိုးတရ သိမှု 'မနိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် သိမှု 'စိတ်'။ (အာရုံသို့ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန 'မနာယတန' ၊ အစိုးတရ သိမှု 'မနိန္ဒြေ' ၊ အထူးသိမှု 'ဝိညာဏ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ၊ ထိုဖဿစသည် အား လျောက်ပတ်သော (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရသိမှု 'မနိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

ဥပေက္ခိန္ဒြေ၏ သဘော

၄၉၅။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်း မဟုတ်သောအကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲ လည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော ခံစားခြင်း၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ်ချမ်းသာလည်း မဟုတ် (မဆင်းရဲ မချမ်းသာ) သော ခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရလျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ဇီဝိတိန္ဒြေ၏သဘော

၄၉၆။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) ထိုနာမ်တရားတို့၏ အကြင်အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်း သဘော၊ အသက်ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' ဟူသည် ဤသဘော ဖြစ်၏။။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏ စိတ်) တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၄၉၇။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့် ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှု အစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘော ဖြစ်၏။။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

လျစ်လျူရှုမှုနှင့် တကွ ဖြစ်သော (ဥပေက္ခာသဟဂုတ်) ကုသိုလ်၏အကျိုးဖြစ်သော (ကုသလဝိပါက်) (အာရုံကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) ပြီးပြီ။

အဟိတ်ကုသလဝိပါက်စိတ် ပြီးပြီ။

------

ကုသိုလ်၏ ကြီးမြတ်သောအကျိုးရှစ်ပါး

မဟာဝိပါက်စိတ်ရှစ်ပါး 'အဋ္ဌမဟာဝိပါက'

၄၉၈။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ (ရှေးရှေးအတိတ်ကာလက) ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန်ဖန်ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့်-

(၁) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော။ပ။

(၂) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွ (ဖြစ်သော)။ပ။

(၃) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော။ပ။

(၄) စိတ်ချမ်းသာမှု 'သောမနဿ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွ (ဖြစ်သော)။ပ။

(၅) လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော။ပ။

(၆) လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွ (ဖြစ်သော)။ပ။

(၇) လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော။ပ။

(၈) လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွ (ဖြစ်သော) , အကျိုး 'ဝိပါက်' ဖြစ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။ပ။ အဗျာကတတရားတို့၏အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘ' သည်။ပ။ အဗျာကတ တရားတို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသ' သည်။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

မဟာဝိပါက်စိတ်ရှစ်ပါး ပြီးပြီ။

ကာမာဝစရဝိပါက်စိတ်များ ပြီးပြီ။

------

ရူပါဝစရဝိပါက်စိတ် ငါးပါး

ပဌမဈာန်

၄၉၉။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏၊ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုအပ်ပြီးသည် ၏အဖြစ်,ဆည်းပူးအပ်ပြီးသည်၏အဖြစ်, (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၀၀။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင်အာရုံရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမ ဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ်, (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော အကျိုး 'ဝိပါက်' ဖြစ်သော ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ရူပါဝစရဝိပါက်စိတ် ငါးပါး ပြီးပြီ။

အရူပါဝစရဝိပါက်စိတ် လေးပါး

အာကာသာနဉ္ဇာယတနဝိပါက်စိတ်

၅၀၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် (ကသိုဏ်း) ရုပ်၌ ဖြစ်သော အမှတ်သညာ (ရူပဈာန်,ရူပဈာန်၏အာရုံ) တို့ကို ကောင်းစွာ လွန်မြောက်ခြင်းကြောင့်။ (ဝတ္ထု, အာရုံနှစ်ပါးစုံတို့၏) ထိခိုက်မှုကြောင့်ဖြစ်သော အမှတ်သညာ 'ပဋိဃသညာ'တို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ အမျိုးမျိုးသော (အာရုံ၌ ဖြစ်သော) အမှတ်သညာ 'နာနတ္တသညာ' တို့ကို နှလုံးမသွင်းခြင်း ကြောင့်၊ အဆုံးမရှိသော ကောင်းကင်ဟူသော (ပဌမာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ် သညာ 'အာကာသာနဉ္စာယတနသညာ' နှင့် တကွဖြစ်သော ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန် ဖန်ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် အလုံးစုံသော အခြင်းအရာအားဖြင့် (ကသိုဏ်း) ရုပ်၌ ဖြစ်သော အမှတ်သညာ (ရူပဈာန်, ရူပဈာန်၏အာရုံ) တို့ကို ကောင်းစွာ လွန်မြောက်ခြင်းကြောင့်။ (ဝတ္ထုအာရုံနှစ်ပါးစုံတို့၏) ထိခိုက်မှုကြောင့်ဖြစ်သော အမှတ်သညာ 'ပဋိဃသညာ'တို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ အမျိုးမျိုးသော (အာရုံ၌ ဖြစ်သော) အမှတ်သညာ 'နာနတ္တသညာ' တို့ကို နှလုံးမသွင်းခြင်းကြောင့်၊ အဆုံးမရှိသော ကောင်း ကင်ဟူသော (ပဌမာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ, 'အာကာသာနဉ္စာယတန သညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ အကျိုး 'ဝိပါက်' ဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ဝိညာဏဉ္စာယတနဝိပါက်စိတ်

၅၀၂။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကိုပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် အာကာသာနဉ္စာယတန ဈာန်ကို ကောင်းစွာလွန်မြောက်၍ အဆုံးမရှိသော, ဝိညာဏ် (စိတ်)ဟူသော (ဒုတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော ,အမှတ်သညာ 'ဝိညာဏဉ္စာယတနသညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကို လည်းပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန် ဖန်ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် အလုံးစုံသော အခြင်းအရာအားဖြင့် အာကာသာနဉ္စာယတနဈာန်ကိုကောင်းစွာ လွန်မြောက်၍ အဆုံးမရှိသော, ဝိညာဏ် (စိတ်)ဟူသော (ဒုတိယာရုပ္ပဈာန်) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ်သညာ 'ဝိညာဏဉ္စာယတနသညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်းပယ်ရှားခြင်းကြောင်း။ပ။ အကျိုး 'ဝိပါက်' ဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အာကိဉ္စညာယတနဝိပါက်စိတ်

၅၀၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံသို့ ရောက်ကြောင်း ဖြစ်သော ဈာန်ကိုပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ဝိညာဏ်၏ စိုးစဉ်းအနည်းငယ်မျှ အကြွင်းမရှိခြင်းဟူသော (တတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ်သညာ 'အာကိဉ္စညာယတနသညာ' နှင့် တကွဖြစ်သော ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ပ။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန် ဖန်ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် အလုံးစုံသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာလွန်မြောက်၍ ပဌမာရုပ္ပဝိညာဏ်၏ စိုးစဉ်းအနည်းငယ်မျှ အကြွင်းမရှိခြင်းဟူသော (တတိယာ ရုပ္ပဈာန်၏) တည်ရာ (နတ္ထိဘောပညတ်အာရုံ) ၌ ဖြစ်သော , အမှတ်သညာ 'အာကိဉ္စညာယတနသညာ' နှင့် တကွဖြစ်သော ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ အကျိုး 'ဝိပါက်' ဖြစ်သော စတုတ္ထဈာန် သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

နေဝသညာနာသညာယတနဝိပါက်စိတ်

၅၀၄။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အရူပဘုံ၌ ဖြစ်ခြင်းငှါအကြောင်း (ဈာန်) ကို ပွါး၏ (အရူပဘုံ သို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ အလုံးစုံသော အခြင်းအရာအားဖြင့် အာကိဉ္စညာယတနဈာန်ကိုကောင်းစွာလွန်မြောက်၍ ရုန့်ရင်းသော အမှတ် 'သညာ' ကား မရှိ၊ သိမ်မွေ့ သော အမှတ် 'သညာ' မရှိသည်မဟုတ်သော, (စတုတ္ထာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ် သညာ 'နေဝသညာနာသညာယတနသညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုအရူပါဝစရကုသိုလ်ကံကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန် ဖန်ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် အလုံးစုံသော အခြင်းအရာအားဖြင့် အာကိဉ္စညာယတနဈာန်ကိုကောင်းစွာ လွန်မြောက်၍ ရုန့်ရင်းသော အမှတ် 'သညာ' ကား မရှိ၊ သိမ်မွေ့သော အမှတ် 'သညာ' မရှိသည် မဟုတ်သော, (စတုတ္ထာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ်သညာ 'နေဝသညာနာသညာယတနသညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ အကျိုး 'ဝိပါက်' ဖြစ်သော စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

အရူပဝစရဝိပါက်စိတ်လေးပါး ပြီးပြီ။

လောကမှ လွန်မြောက်ပြီးသော အကျိုး 'ဝိပါက်'များ 'လောကုတ္တရာဝိပါက်'

ပဌမမဂ်၏အကျိုး 'ပဌမမဂ္ဂဝိပါက' (သောတာပတ္တိဖိုလ်)

အကျင့်သက်သက်ဟောခြင်း 'သုဒ္ဓိကပဋိပဒါ'

ဒုက္ခပဋိပဒါဒန္ဓာဘိည သုညတပဌမဈာန်

၅၀၅။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သောဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။ ထိုလောကုတ္တရာ ကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ် ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိ သော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ သောတာပတ္တိမဂ်ဖြင့်သိအပ်ပြီးသော တရားကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည အနိမိတ္တပဌမဈာန်

၅၀၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူ သော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲ ငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂ စသော အကြောင်း 'နိမိတ်' , မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ သောတာပတ္တိမဂ်ဖြင့် သိအပ်ပြီးသော တရားတို့ကိုပင်အစိုးတရ သိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည အပ္ပဏိဟိတပဌမဈာန်

၅၀၇။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာ ကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ် ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိ သော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ သောတာပတ္တိမဂ်ဖြင့် သိအပ်ပြီးသော တရားတို့ကိုပင် အစိုးတရ သိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၀၈။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာ စသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက်သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကားအကျိုး 'ဝိပါက်' တည်း။ပ။ ဆင်းရဲ ငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။ ဤကားကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (ရာဂစသော အကြောင်း 'နိမိတ်' ၊ မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကားအကျိုး 'ဝိပါက်' တည်း။ပ။ ဆင်းရဲ ငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော။ပ။ ဤကားကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတ အမည်ရှိ သော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိည သုညတစသောဈာန်များ

၅၀၉။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှာမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမ ှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သောဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကိုပွါး၏၊ ကာမတို့မှ ကင်းဆိတ် ၍သာလျှင်။ ပ၊ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော ပဌမဈာန် သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိ ဉာဏ်ရှိသောဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။ (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟုမှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

သုဒ္ဓိကပဋိပဒါ ပြီးပြီ။

(ပဋိပဒါမဖက်) သုညတသက်သက်ဟောခြင်း 'သုဒ္ဓိကသုညတ'

သောတာပတ္တိဖိုလ်သုညတပဌမဈာန်

၅၁၀။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း, ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ် ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သောတာပတ္တိဖိုလ်အနိမိတ္တပဌမဈာန်

၅၁၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ် ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သောတာပတ္တိဖိုလ် အပ္ပဏိဟိတပဌမဈာန်

၅၁၂။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသောဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ် ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သောတာပတ္တိဖိုလ်ဒုတိယဈာန်စသည်

၅၁၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတ အမည်ရှိသောဒုတိယဈာန်သို့။ပ။ တတိယ ဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန် သို့ရောက်၍့ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂဟူသောတောင့်တခြင်း စသည် မရှိသဖြင့်) အပ္ပဏိဟိတ အမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတ မည်ကုန်၏။

သုဒ္ဓိကသုညတ ပြီးပြီ။

---------

သုညတပဋိပဒါ

ဒုက္ခပဋိပဒါဒန္ဓာဘိည သုညတပဌမဈာန်

၅၁၄။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (ရာဂစသည်မှ ကင်း ဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂ စသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည အနိမိတ္တပဌမဈာန်

၅၁၅။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမ ဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်း ဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည် မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည် ကုန်၏။

 

ဒုက္ခပဋိပဒါဒန္ဓာဘိညအပ္ပဏိဟိတပဌမဈာန်

၅၁၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမ ဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော (ရာဂစသည်မှ ကင်း ဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်ကို ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည် ကုန်၏။ ထိုလောကုတ္တရာ ကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ် ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၁၇။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာ စသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက်သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်း ကြောင့်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကားကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား ကုသိုလ် တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန်နှေးသော အသိဉာဏ်ရှိသော (ရာဂစသောအကြောင်း 'နိမိတ်' , မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကားအကျိုး 'ဝိပါက်' တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ် သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေး သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတ အမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညစသောဈာန်များ

၅၁၈။ အဘယ်တရားတို့သည်အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ် ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာ ပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေ ခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ် သဖြင့်) သုညတအမည်ရှိသော။ပ။ ချမ်းသာသောအကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂ စသည်မှ့ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ် ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ် သဖြင့်) သုညတအမည်ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်' မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သုညတပဋိပဒါ ပြီးပြီ။

--------

သုဒ္ဓိကအပ္ပဏိဟိတ

သောတာပတ္တိဖိုလ်အပ္ပဏိဟိတပဌမဈာန်

၅၁၉။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမ ဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန် သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သောတာပတ္တိဖိုလ်အနိမိတ္တပဌမဈာန်

၅၂၀။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သောဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတ အမည်ရှိသော, ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည့်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သောတာပတ္တိဖိုလ်သုညတပဌမဈာန်

၅၂၁။ အဘယ်တရားတို့သည်အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာ ဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သောတာပတ္တိဖိုလ်ဒုတိယဈာန်စသည်

၅၂၂။ အဘယ်တရားတို့သည်အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' , သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည် မရှိ သဖြင့်) အပ္ပဏိဟိတအမည်ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကိုု ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ အပ္ပဏိဟိတ အမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ အနိမိတ္တအမည်ရှိသော။ပ။ ဤကားအကျိုး 'ဝိပါက်' တည်း။ပ။ အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ သုညတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

သုဒ္ဓိကအပ္ပဏိဟိတ ပြီးပြီ။

အပ္ပဏိဟိတပဋိပဒါ

ဒုက္ခပဋိပဒါဒန္ဓာဘိညအပ္ပဏိဟိတပဌမဈာန်

၅၂၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော,ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။

ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်, နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိညအနိမိတ္တပဌမဈာန်

၅၂၄။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန် သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင် မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော, သေခြင်းပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်, နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည် မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, အကျိုး 'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည် ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည သုညတပဌမဈာန်

၅၂၅။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သောဝိစိကိစ္ဆာစသော အကုသိုလ်တရား တို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲ ငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ ပဌမဈာန်ကို ရရှိ၍နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့် သုညတအမည်ရှိသော အကျိုး'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၂၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်'၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွတ်မြောက်ခြင်းကြောင့်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကားကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သောအကျင့် နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်' တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညစသောဈာန်များ

၅၂၇။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ် ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏၊ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်' တည်း။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်'၊ မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည် မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ ဤကားအကျိုး 'ဝိပါက်'တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အပ္ပဏိဟိတပဋိပဒါ ပြီးပြီ။

------

နှစ်ဆယ်သောနည်းများ 'ဝီသတိမဟာနယ'

ပဌမဈာန်

၅၂၈။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရား တို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော,လောကုတ္တရာမဂ်ကို ပွါး၏။ပ။ လောကုတ္တရာသတိပဋ္ဌာန်ကို ပွါး၏။ပ။ လောကုတ္တရာသမ္မပ္ပဓာန်ကို ပွါး၏။ပ။ လောကုတ္တရာဣဒ္ဓိပါဒ်ကို ပွါး၏။ပ။ လောကုတ္တရာဣန္ဒြေကို ပွါး၏။ပ။ လောကုတ္တရာဗိုလ် ကိုပွါး၏။ပ။ လောကုတ္တရာဗောဇ္ဈင်ကို ပွါး၏။ပ။ လောကုတ္တရာသစ္စာကို ပွါး၏။ပ။ လောကုတ္တရာသမထကို ပွါး၏။ပ။ လောကုတ္တရာဓမ္မကို ပွါး၏။ပ။ လောကုတ္တရာခန္ဓာ (လေးပါး) ကို ပွါး၏။ပ။ လောကုတ္တရာအာယတန (နှစ်ပါး) ကို ပွါး၏။ပ။ လောကုတ္တရာဓာတ် (နှစ်ပါး) ကို ပွါး၏။ပ။ လောကုတ္တရာအာဟာရကို ပွါး၏။ပ။ လောကုတ္တရာဖဿကို ပွါး၏။ပ။ လောကုတ္တရာဝေဒနာကို ပွါး၏။ပ။ လောကုတ္တရာသညာကို ပွါး၏။ပ။ လောကုတ္တရာစေတနာကို ပွါး၏။ပ။ လောကုတ္တရာ စိတ်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသောပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟုမှတ်ထင်မှု 'နိစ္စ 'နိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ (ရာဂဟူသော တောင့်တခြင်း စသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

နှစ်ဆယ်သောနည်းများ ပြီးပြီ။

------

လိုလားမှုအကြီးအမှူးရှိသော အကျင့်သက်သက်ကို ဟောခြင်း 'ဆန္ဒာဓိပတေယျသုဒ္ဓိကပဋိပဒါ'

သုညတပဌမဈာန်

၅၂၉။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည့်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော,အကျိုး'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အနိမိတ္တပဌမဈာန်

၅၃၀။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂစသော အကြောင်းနိမိတ်, မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည် မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမ ဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အပ္ပဏိဟိတပဌမဈာန်

၅၃၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော, ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာ စသော အကုသိုလ်တရား တို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက်သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုန့်နှေးသော အသိ ဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတတိ'ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော, အကျိုး 'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၃၂။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော, သေခြင်း,ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည် မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညစသောဈာန်များ

၅၃၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ် ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, လိုလားမှု အကြီး အမှူး'ဆန္ဒာဓိပတိ'ရှိသော။ပ။ ချမ်းသာသော အကျင့်၊ ဆင်းရဲငြိုငြင်သော အသိဉာဏ်ရှိသော, လိုလား မှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော,လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော။ပ။ ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသောဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန် သောအသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ် တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟုမှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

လိုလားမှု အကြီးအမှူးရှိသော အကျင့်သက်သက်ကို ဟောခြင်း

 'ဆန္ဒာဓိပတေယျသုဒ္ဓိကပဋိပဒါ' ပြီးပြီ။

------

လိုလားမှု အကြီးအမှူးရှိသော သုညတသက်သက်ကို ဟောခြင်း

 'ဆန္ဒာဓိပတေယျသုဒ္ဓိကသုညတ'

ဆန္ဒာဓိပတေယျသုညတဈာန်

၅၃၄။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန် သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာ လျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသောပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် အဗျာကတမည်ကုန်၏။

ဆန္ဒာဓိပတေယျ အနိမိတ္တဈာန်

၅၃၅။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန် သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော,ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရား တို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဆန္ဒာဓိပတေယျအပ္ပဏိဟိတဈာန်

၅၃၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော,ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။

မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၃၇။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ၊' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကိုပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သော သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကိုု ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ရာဂစသော အကြောင်း 'နိမိတ်' ,မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်' တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

လိုလားမှု အကြီးအမှူးရှိသော သုညတသက်သက်ကို ဟောခြင်း

 'ဆန္ဒာဓိပတေယျသုဒ္ဓိကသုညတ' ပြီးပြီ။

------

လိုလားမှု အကြီးအမှူးရှိသော သုညတအကျင့်

 'ဆန္ဒာဓိပတေယျသုညတပဋိပဒါ'

ဒုက္ခပဋိပဒါဒန္ဓာဘိညသုညတဆန္ဒာဓိပတေယျဈာန်

၅၃၈။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင် မှားမှု 'ဒိဋ္ဌိ' နှင့် တူသောဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင် ့၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှုအကြီးမှူး 'ဆန္ဒာဓိပတိ' ရှိသော ပဌမ ဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော,အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိညအနိမိတ္တဆန္ဒာဓိပတေယျဈာန်

၅၃၉။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင် မှားမှု 'ဒိဋ္ဌိ' နှင့် တူသောဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင် ့၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည် မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည အပ္ပဏိဟိတ ဆန္ဒာဓိပတေယျဈာန်

၅၄၀။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော,ဝိစိကိစ္ဆာစသော အကုသိုလ်တရား တို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာ ဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိ ဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာ ဓိပတိ' ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော, အကျိုး'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၄၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာ စသော,အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက့်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်', သုံးသပ်မှု 'ဝိစာရ'တို့၏ချုပ်ငြိမ်း လွန် မြောက်ခြင်းကြောင့်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတတိ'ရှိသောဒုတိယဈာန် သို့။ပ။ တတိယဈန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမ ဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲ ငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိ ဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတတိ' ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသောအကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်သော 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော,လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညသုညတစသော ဆန္ဒာဓိပတေယျဈာန်များ

၅၄၂။ အဘယ်တရားတို့သည်အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသောဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသော အကုသိုလ် တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန် သော အသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီး အမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ချမ်းသာသော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ချမ်းသာ သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိ သော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ် သဖြင့်) သုညတအမည်ရှိသော,လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန် သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏၊ ဤကားကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကားအကျိုး'ဝိပါက်'တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ် ရှိသော, (ရာဂစသည်မှကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကားကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း'နိမိတ်'၊ မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူးဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်' တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဆန္ဒာဓိပတေယျအပ္ပဏိဟိတဈာန်

၅၄၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတ အမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော, အကျိုး 'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဆန္ဒာဓိပတေယျအနိမိတ္တဈာန်

၅၄၄။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေ ခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသော အကြောင်း 'နိမိတ်'၊ မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော, အကျိုး'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဆန္ဒာဓိပတေယျသုညတဈာန်

၅၄၅။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန် အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေ ခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။

(ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည် ရှိသော,လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရား တို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၄၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာ စသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက်သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်'၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော,လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်'စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒဓိပတိ' ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒဓိပတိ' ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်'တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည အပ္ပဏိဟိတဆန္ဒာဓိပတေယျဈာန်

၅၄၇။ အဘယ်တရားတို့သည်အဗျာကတမည်ကုန်သနည်း၊ အကြင် အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသောဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသော အကုသိုလ် တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါ လည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာ ဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိ ဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ် ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော အကျိုး'ဝိပါက်'ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည အနိမိတ္တဆန္ဒာဓိပတေယျဈာန်

၅၄၈။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်း ငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာ ဓိပတိ' ရှိသောပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏ အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသောအကြောင်း 'နိမိတ်' ၊ မြဲ၏ဟု မှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည်ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါဒန္ဓာဘိည သုညတ ဆန္ဒာဓိပတေယျဈာန်

၅၄၉။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း၊ အကြင်အခါ၌ အမြင် မှားမှု 'ဒိဋ္ဌိ' အမြင် မှားမှု 'ဒိဋ္ဌိ' နှင့် တူသောဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော,သေခြင်း ပဋိသန္ဓေ နေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည် ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော,အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၅၀။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ'၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့် တူသော ဖြစ်ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ့ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်း တို့ကို ဖျက်ဆီးလျက် သွားတတ် သောလောကုတ္တရာဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်'၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော ဒုတိယဈာန်သို့။ပ။ တတိယ ဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း 'နိမိတ်', မြဲ၏ဟုမှတ်ထင်မှု 'နိစ္စနိမိတ်'စသည်မရှိသဖြင့်) အနိမိတ္တ္တအမည်ရှိသော လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး 'ဝိပါက်'တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသောအသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်'တည်း။ပ။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုက္ခပဋိပဒါခိပ္ပါဘိညစသောဈာန်များ

၅၅၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း၊ အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ် ခြင်းရှိကုန်သော၊ ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်း ဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်း စသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ချမ်းသာ သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသောတောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသောဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့် လျင်မြန်သောအသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိတအမည်ရှိသော, လိုလားမှုအကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်'တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည် မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသောအကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂစသော အကြောင်း'နိမိတ်'၊ မြဲ၏ဟုမှတ်ထင်မှု့'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ'ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်'တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သော အသိဉာဏ်ရှိသော, (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား ကုသိုလ်တည်း။ပ။ ချမ်းသာသော အကျင့်၊ လျင်မြန်သောအသိဉာဏ်ရှိသော, (ရာဂ စသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ ဤကား အကျိုး'ဝိပါက်'တည်း။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

နှစ်ဆယ်သော နည်းများ 'ဝီသတိမဟာနယ'

သောတာပတ္တိဖိုလ်ပဌမဈာန်

၅၅၂။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အမြင်မှားမှု 'ဒိဋ္ဌိ' ၊ အမြင်မှားမှု 'ဒိဋ္ဌိ' နှင့်တူသော ဖြစ်ခြင်းရှိကုန်သော, ဝိစိကိစ္ဆာစသောအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါလည်းကောင်း၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေနေခြင်းတို့ကိုဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာမဂ်ကို ပွါး၏။ပ။ လောကုတ္တရာသတိပဋ္ဌာန်ကို ပွါး၏။ပ။ လောကုတ္တရာသမ္မပ္ပဓာန်ကို ပွါး၏။ပ။ လောကုတ္တရာဣဒ္ဓိပါဒ်ကို ပွါး၏။ပ။ လောကုတ္တရာဣန္ဒြေကိုပွါး၏။ပ။ လောကုတ္တရာဗိုလ်ကို ပွါး၏။ပ။ လောကုတ္တရာဗောဇ္ဈင်ကို ပွါး၏။ပ။ လောကုတ္တရာသစ္စာကိုပွါး၏။ပ။ လောကုတ္တရာသမထကို ပွါး၏။ပ။ လောကုတ္တရာဓမ္မကို ပွါး၏။ပ။ လောကုတ္တရာခန္ဓာ (လေးပါး) ကို ပွါး၏။ပ။ လောကုတ္တရာအာယတန (နှစ်ပါး) ကို ပွါး၏။ပ။ လောကုတ္တရာဓာတ် (နှစ်ပါး) ကိုပွါး၏။ပ။ လောကုတ္တရာအာဟာရကို ပွါး၏။ပ။ လောကုတ္တရာဖဿကို ပွါး၏။ပ။ လောကုတ္တရာဝေဒနာကို ပွါး၏။ပ။ လောကုတ္တရာသညာကို ပွါး၏။ပ။ လောကုတ္တရာစေတနာကို ပွါး၏။ပ။ လောကုတ္တရာစိတ်ကို ပွါး၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုံ့နှေးသောအသိဉာဏ်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကိုရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုံ့နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော။ပ။ (ရာဂစသော အကြောင်း 'နိမိတ်' , မြဲ၏ဟုမှတ်ထင်မှု 'နိစ္စနိမိတ်' စသည်မရှိသဖြင့်) အနိမိတ္တအမည်ရှိသော။ပ။ (ရာဂဟူသော တောင့်တခြင်းစသည်မရှိသဖြင့်) အပ္ပဏိဟိတအမည်ရှိသော, လိုလားမှု အကြီးအမှူး 'ဆန္ဒာဓိပတိ' ရှိသော။ပ။ အားထုတ်မှုအကြီးအမှူး 'ဝီရိယာဓိပတိ' ရှိသော။ပ။ သိမှု အကြီးအမှူး 'စိတ္တာဓိပတိ' ရှိသော။ပ။ စိစစ်စုံစမ်းမှု ပညာအကြီးအမှူး 'ဝီမံသာဓိပတိ' ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

နှစ်ဆယ်သော နည်းများ ပြီးပြီ။

ပဌမမဂ်၏ အကျိုး 'ဝိပါက်' 'သောတာပတ္တိဖိုလ်' စိတ် ပြီးပြီ။

------

ဒုတိယစသောအထက်မဂ် (သုံးပါး) ၏ အကျိုး'ဝိပါက်'

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'့အထက်ဖိုလ်သုံးပါး

၅၅၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကာမဘုံ၌ တပ်မက်မှု 'ကာမရာဂ' ၊ ဖျက်ဆီးမှု 'ဗျာပါဒ'တို့၏ ပါးလှပ်ခြင်းငှါလည်းကောင်း၊ ဒုတိယဘုံ (သကဒါဂါမ်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း။ပ။ ကာမဘုံ၌ တပ်မက်မှု 'ကာမရာဂ' ၊ ဖျက်ဆီးမှု 'ဗျာပါဒ' တို့ကို အကြွင်းမဲ့ ပယ်ရှားခြင်းငှါလည်းကောင်း၊ တတိယဘုံ (အနာဂါမ်အဆင့်) သို့ရောက်ခြင်းငှါလည်းကောင်း။ပ။ ရူပဘုံ၌ တပ်မက်မှု 'ရူပရာဂ' ၊ အရူပဘုံ၌ တပ်မက်မှု 'အရူပရာဂ' ၊ ထောင်လွှားမှု 'မာန' ၊ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' ၊ သိအပ်သည်ကို မသိမှု (သစ္စာလေးပါးကို မသိမှု) အဝိဇ္ဇာ' ကိုအကြွင်းမဲ့ ပယ်ရှားခြင်းငှါလည်းကောင်း၊ စတုတ္ထဘုံ (အရဟတ္တဖိုလ်အဆင့် ရဟန္တာအဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော, သေခြင်း ပဋိသန္ဓေ နေခြင်းတို့ကို ဖျက်ဆီးလျက်သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သောအကျင့်၊ နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ အောက်မဂ်သုံးပါးတို့ဖြင့် သိအပ်ပြီးသော တရားတို့ကိုပင် အစိုးတရသိမှု 'အညိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ ထိုလောကုတ္တရာကုသိုလ်ဈာန်ကိုသာလျှင် ပြုအပ်ပြီးသည်၏အဖြစ်, ပွါးစေအပ်ပြီးသည်၏အဖြစ်ကြောင့်ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုံ့နှေးသော အသိဉာဏ်ရှိသော, (ရာဂစသည်မှ ကင်းဆိတ်သဖြင့်) သုညတအမည်ရှိသော, အကျိုး 'ဝိပါက်' ဖြစ်သော ပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ အစိုးတရ သိပြီးမှု 'အညာတာဝိန္ဒြေ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၅၅၄။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘော ဖြစ်၏။ပ။

အညာတာဝိန္ဒြေ၏သဘော

၅၅၅။ ထိုအခါ၌ အစိုးတရ သိပြီးမှု 'အညာတာဝိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) ထိုသိအပ်ပြီးကုန်သော (သိပြီးဖြစ်ကုန်သော) တရားတို့ကို အကြင်သိခြင်း။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိပုံ အခြင်းအရာ။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာ လေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိဉာဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏ အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်း သဘော၊ မြေကြီးနှင့် တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန်ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညိန္ဒြေ' ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု 'ပညာဗိုလ်' ၊ (ကိလေသာ တို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာပြာသာဒ်။ (အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပညာအလင်း။ (ကြည်လင်စေ တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု 'အမောဟ'။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော 'ဓမ္မဝိစယ' ၊ ကောင်းစွာ (အမှန်) သိမြင်မှု 'သမ္မာဒိဋ္ဌိ' ၊ ထွက်မြောက်ကြောင်း (မဂ်) ၏ အစိတ်အပိုင်း အင်္ဂါ 'မဂ္ဂင်' ဖြစ်သော ,ထွက်မြောက်ကြောင်း (မဂ်) ၌ အကျုံးဝင်သော, ကောင်းစွာ သိမှု (မဂ်ဉာဏ်) ၏ အစိတ်အပိုင်းအင်္ဂါဖြစ်သော (သစ္စာလေးပါး) တရားတို့ကို စိစစ်မှု 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိပြီးမှု 'အညာတာဝိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယစသော အထက်မဂ် (သုံးပါး) ၏ အကျိုး'ဝိပါက်' ပြီးပြီ။

လောကုတ္တရာ အကျိုး 'ဝိပါက်' ပြီးပြီ။

------

အကုသလဝိပါက်အဗျာကတစိတ်

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

အကုသလဝိပါက်ပဉ္စဝိညာဏ်စိတ်

၅၅၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ် ပြီးသည်၏အဖြစ် (အဖန်ဖန်ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် အကျိုး 'ဝိပါက်' ဖြစ်သော , လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော ,အဆင်း 'ရူပါရုံ' လျှင် အာရုံရှိသော (ရူပါရုံကို အာရုံပြု၍) မြင်သိစိတ် 'စက္ခုဝိညာဏ်' သည်ဖြစ်ဆဲဖြစ်၏။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အသံ 'သဒ္ဒါရုံ' လျှင် အာရုံရှိသော (သဒ္ဒါရုံကိုအာရုံပြု၍) ကြားသိစိတ် 'သောတဝိညာဏ်' သည် ဖြစ်ဆဲ ဖြစ်၏။ပ။ လျစ်လျူ ရှုမှု 'ဥပေက္ခာ' နှင့်တကွဖြစ်သော , အနံ့ 'ဂန္ဓာရုံ' လျှင် အာရုံရှိသော (ဂန္ဓာရုံကို အာရုံပြု၍) နံသိစိတ် 'ဃာနဝိညာဏ်' သည်ဖြစ်ဆဲဖြစ်၏။ပ။ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အရသာ 'ရသာရုံ' လျှင် အာရုံရှိသော (ရသာရုံကို အာရုံပြု၍) လျက်သိစိတ် 'ဇိဝှါဝိညာဏ်' သည် ဖြစ်ဆဲဖြစ်၏။ပ။ ဆင်းရဲမှု 'ဒုက္ခ' နှင့် တကွဖြစ်သော , အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' လျှင် အာရုံရှိသော ထိသိစိတ် 'ကာယဝိညာဏ်' သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည်ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ဆင်းရဲမှု 'ဒုက္ခ' သည်ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ ဆင်းရဲမှု 'ဒုက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ် တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၅၅၇။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင်တွေ့ထိမှု၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် ဤသဘော ဖြစ်၏။။

ဝေဒနာ၏ သဘော

၅၅၈။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ ထိုခံစားမှု 'ဝေဒနာ' အား လျောက်ပတ်သော ထိသိမှုသဘော 'ကာယဝိညာဏ ဓာတ်' ၏ ကောင်းစွာတွေ့ထိမှုကြောင့် ဖြစ်သော , ကိုယ်၌ မှီသော (ကိုယ်၌ ဖြစ်သော) အကြင်မသာယာ မှု၊ ကိုယ်၌ မှီသော (ကိုယ်၌ ဖြစ်သော) ဆင်းရဲမှု၊ ထိသိစိတ် 'ကာယဝိညာဏ်' နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော မသာယာဖွယ်ကို ခံစားမှု၊ ဆင်းရဲကို ခံစားမှု၊ ထိသိစိတ် 'ကာယဝိညာဏ်' နှင့်ယှဉ်သောတွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော မသာယာဖွယ် ခံစားမှု၊ ဆင်းရဲခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု 'ဝေဒနာ' ဟူသည် ဤသဘောဖြစ်၏။ပ။

ဒုက္ခ၏ သဘော

၅၅၉။ ထိုအခါ၌ ဆင်းရဲမှု 'ဒုက္ခ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ကိုယ်၌ မှီသော (ကိုယ်၌ ဖြစ်သော) အကြင် မသာယာမှု၊ ကိုယ်၌ မှီသော (ကိုယ်၌ ဖြစ်သော) ဆင်းရဲမှု၊ ထိသိစိတ် 'ကာယဝိညာဏ်' နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော မသာယာ ဖွယ်ကို ခံစားမှု၊ ဆင်းရဲကို ခံစားမှု၊ ထိသိစိတ် 'ကာယဝိညာဏ်' နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော မသာယာဖွယ် ခံစားမှု ဆင်းရဲခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ ဆင်းရဲမှု 'ဒုက္ခ' ဟူသည်ဤသဘောဖြစ်၏။ပ။

ဒုက္ခိန္ဒြေ၏သဘော

၅၆၀။ ထိုအခါ၌ အစိုးတရ ဆင်းရဲမှု 'ဒုက္ခိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ ကိုယ်၌ မှီသော (ကိုယ်၌ ဖြစ်သော) အကြင် မသာယာမှု၊ ကိုယ်၌ မှီသော (ကိုယ်၌ ဖြစ်သော) ဆင်းရဲမှု၊ ထိသိစိတ် 'ကာယဝိညာဏ်' နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော မသာယာဖွယ်ကိုခံစားမှု၊ ဆင်းရဲကို ခံစားမှု၊ ထိသိစိတ် 'ကာယဝိညာဏ်' နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော မသာယာဖွယ်ခံစားမှု၊ ဆင်းရဲခံစားမှု 'ဝေဒနာ' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ ဆင်းရဲမှု 'ဒုက္ခိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ်တရား တို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏။ ဣန္ဒြေသုံးပါးတို့ သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ထိသိမှုသဘော 'ကာယဝိညာဏဓာတ်' တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ် တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၅၆၁။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ စိတ်၏တစ်ခုတည်း သောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင့်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထာ၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

အကုသလဝိပါက် ပဉ္စဝိညာဏ်စိတ် ပြီးပြီ။

------------

အကုသလဝိပါက မနောဓာတု (သမ္ပဋိစ္ဆနစိတ္တ)

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

၅၆၂။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အကုသိုလ်ကံကိုပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏ အဖြစ်) ကြောင့်လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အဆင်း 'ရူပါရုံ' လျှင် အာရုံရှိသည်မူလည်း ဖြစ်သော။ပ။ အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' လျှင် အာရုံရှိသည်မူလည်း ဖြစ်သော , အကျိုး 'ဝိပါက်' ဖြစ်သော သိကာမျှသဘော 'မနောဓာတ်' (သမ္ပဋိစ္ဆနစိတ်) သည် အာရုံ ငါးပါးတို့တွင် အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြ၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည်ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည်ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿ ကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရသိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။ပ။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ သုံးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ မနောဓာတ်တစ်ပါး (သမ္ပဋိစ္ဆနစိတ်) သည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၅၆၃။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့် ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အကုသလဝိပါက်မနောဓာတ် (သမ္ပဋိစ္ဆနစိတ်) ပြီးပြီ။

------

အကုသလဝိပါက မနောဝိညာဏဓာတု (သန္တီရဏစိတ္တ)

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ် ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

၅၆၄။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ အကုသိုလ်ကံကို ပြုအပ်ပြီးသည်၏အဖြစ်, ဆည်းပူးအပ်ပြီးသည်၏အဖြစ် (အဖန်ဖန် ပြုအပ်ပြီးသည်၏အဖြစ်) ကြောင့် လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော , အဆင်း 'ရူပါရုံ' လျှင် အာရုံရှိသည်မူလည်းဖြစ်သော။ပ။ သဘောတရား 'ဓမ္မာရုံ' လျှင် အာရုံရှိသည်မူလည်း ဖြစ်သော , အကျိုး 'ဝိပါက်' ဖြစ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (သန္တီရဏစိတ်) သည် (အာရုံခြောက်ပါးတို့တွင်) အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည်ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေသည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။ပ။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ သုံးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ မနောဝိညာဏဓာတ် (သန္တီရဏစိတ်) တစ်ပါး သည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၅၆၅။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည်အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မ (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့် ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သား မှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီး သောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည့်ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အကုသလဝိပါက် အဗျာကတစိတ် ပြီးပြီ။

အကုသလဝိပါက် မနောဝိညာဏဓာတ် (သန္တီရဏစိတ်) ပြီးပြီ။

ဝိပါက်အဗျာကတစိတ် ပြီးပြီ။

------

အဟိတ်ကိရိယာအဗျာကတစိတ်

ကိရိယာမနောဓာတု (ပဉ္စဒွါရာဝဇ္ဇနစိတ်)

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)

၅၆၆။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ဥပေက္ခာနှင့် တကွဖြစ်သော , ရူပါရုံလျှင် အာရုံရှိသည်မူလည်းဖြစ်သော။ပ။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော , ပြုကာမျှ 'ကိရိယာ' ဖြစ်သော မနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) သည် (အာရုံငါးပါးတို့တွင်) တစ်ပါးပါးကို အာရုံပြု၍ ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည်ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရလျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။ပ။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ သုံးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ မနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၅၆၇။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ စောင့် ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သား မှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီး သောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည့်ဤ သဘောဖြစ်၏။ပ။ ဤ တရားတို့သည် အဗျာကတမည်ကုန်၏။

ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) ပြီးပြီ။

------

ကိရိယာမနောဝိညာဏဓာတ် သောမနဿသဟဂုတ်စိတ် (ဟသိတုပ္ပါဒစိတ်)

၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ကိရိယာမနောဝိညာဏဓာတ် (ဟသိတုပ္ပါဒ်စိတ်)

၅၆၈။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်းမဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏ အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော , သောမနဿနှင့် တကွဖြစ်သော ,ရူပါရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော။ပ။ ဓမ္မာရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' (ဟသိတုပ္ပါဒ်စိတ်) သည် (အာရုံခြောက်ပါးတို့တွင်) အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည်ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ'

ဖဿ၏ သဘော

၅၆၉။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာ တွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' ဟူသည်ဤသဘောဖြစ်၏။ပ။

စိတ္တေဿကဂ္ဂတာ၏သဘော

၅၇၀။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရှေ့လျားမှု၊ မပျံ့လွင့်မှု၊ မရှေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရှေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ်တည်ကြည်မှု 'သမာဓိဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ဟူသည် ဤသဘောဖြစ်၏။

ဝီရိယိန္ဒြေ၏ သဘော

၅၇၁။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက် အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု။ (ကိရိယာစိတ်အစဉ်ကို) ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိ သူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏အမှုအလုပ်၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။

သမာဓိန္ဒြေ၏ သဘော

၅၇၂။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရတည်ကြည်မှု 'သမာဓိန္ဒြေ' ဟူသည် ဤသဘောဖြစ်၏။ပ။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

၂-စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏။ ဣန္ဒြေ ငါးပါးတို့သည်ဖြစ်ကုန်၏။ ဖဿတစ်ပါးတို့သည် ဖြစ်၏။ပ။ မနောဝိညာဏဓာတ်တစ်ပါး (ဟသိတုပ္ပါဒ် စိတ်) သည်ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၅၇၃။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘောဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရအားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည်ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ကိရိယာမနောဝိညာဏဓာတ် သောမနဿသဟဂုတ်စိတ် (ဟသိတုပ္ပါဒ်စိတ်) ပြီးပြီ။

--------------

ကိရိယာမနောဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ် (မနောဒွါရာဝဇ္ဇန်းစိတ်)

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း 'ဓမ္မဝဝတ္ထာနဝါရ'

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

ကိရိယာမနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်းစိတ်)

၅၇၄။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ် လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏ အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ ဥပေက္ခာနှင့်တကွဖြစ်သော ၊ ရူပါရုံလျှင် အာရုံရှိသည်မူလည်းဖြစ်သော။ပ။ ဓမ္မာရုံလျှင် အာရုံရှိသည်မှုလည်းဖြစ်သော မနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်းစိတ်) သည် (အာရုံခြောက်ပါးတို့တွင်) အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။

တရားအကျဉ်းသရုပ်

ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည် ဖြစ်၏၊ သိမှု (စိတ်) သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည်' ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ လျစ်လျူရှုမှု 'ဥပေက္ခာ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်အဖြစ် 'စိတ္တေဿကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု 'ဥပေက္ခိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။ပ။

(၂) စုပေါင်းဟောကြားခြင်း 'ကောဋ္ဌာသဝါရ'

(က) ဥဒ္ဒေသဝါရ

ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣန္ဒြေ ငါးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ မနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်းစိတ်) တစ်ပါးသည်ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

(ခ) အကျယ်ဟောကြားခြင်း 'နိဒ္ဒေသဝါရ' နှင့် (ဂ) ပဋိနိဒ္ဒေသဝါရ

သင်္ခါရက္ခန္ဓာ

၅၇၅။ပ။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် အဘယ်သဘော ဖြစ်သနည်း။

(ထိုအခါ၌) တွေ့ထိမှု 'ဖဿ' ၊ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ' ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် 'စိတ္တေဿကဂ္ဂတာ' ၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ' ၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ' ၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ကို ချန်ထား၍ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ကို ချန်ထား၍အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူ သော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ဟူသည် ဤသဘော ဖြစ်၏။ပ။

ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ကိရိယာမနောဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ် (မနောဒွါရာဝဇ္ဇန်းစိတ်) ပြီးပြီ။

အဟိတ်ကိရိယာ အဗျာကတစိတ် ပြီးပြီ။

------

ဟိတ်ရှိသော ကာမာဝစရ ကိရိယာစိတ်များ

 'သဟိတ်ကာမာဝစရကိရိယာစိတ်များ'

မဟာကိရိယာစိတ်များ

၅၇၆။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏ အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော -

(၁) သောမနဿနှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော။ပ။

(၂) သောမနဿနှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့်တကွဖြစ်သော။ပ။

(၃) သောမနဿနှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော။ပ။

(၄) သောမနဿနှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖစ်သော။ပ။

(၅) ဥပေက္ခာနှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော။ပ။

(၆) ဥပေက္ခာနှင့် တကွဖြစ်သော , ဉာဏ်နှင့် ယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော။ပ။

(၇) ဥပေက္ခာနှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော။ပ။

(၈) ဥပေက္ခာနှင့် တကွဖြစ်သော , ဉာဏ်နှင့် မယှဉ်သော, ပြုပြင်မှု တိုက်တွန်းမှု 'သင်္ခါရ' နှင့် တကွဖြစ်သော , ရူပါရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော။ပ။ ဓမ္မာရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော အထူးသိမှုသဘော 'မနောဝိညာဏဓာတ်' သည် (အာရုံခြောက်ပါးတို့တွင်) အကြင် အကြင် တစ်ပါးပါး ကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။

မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။ပ။ အဗျာကတတရားတို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘ အဗျာကတမူလ' သည်။ပ။ အဗျာကတတရားတို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသအဗျာကတမူလ' သည်။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

မဟာကိရိယာစိတ် ပြီးပြီ။

သဟိတ်ကာမာဝစရကိရိယာစိတ် ပြီးပြီ။

------

ရူပါဝစရကိရိယာစိတ်

ပဌမဈာန်

၅၇၇။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏ အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေကြောင်းမျှ ဖြစ်သော ရူပါဝစရဈာန်ကို ပွါး၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသောပဌမဈာန်သို့ ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဒုတိယဈာန်စသည်

၅၇၈။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေကြောင်းမျှဖြစ်သော ရူပါဝစရဈာန်ကို ပွါး၏၊ ကြံစည်မှု 'ဝိတက်' ၊ သုံးသပ်မှု 'ဝိစာရ'တို့၏ ချုပ်ငြိမ်းလွန်မြောက်ခြင်းကြောင့်။ပ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့။ပ။ ပဌမဈာန်သို့။ပ။ ပဉ္စမဈာန်သို့ ရောက်၍ (ပဉ္စမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ရူပါဝစရကိရိယာစိတ် ပြီးပြီ။

------

 

အရူပါဝစရကိရိယာစိတ်

အာကာသာနဉ္စာယတနဈာန်

၅၇၉။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလလည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏ အကျိုး 'ဝိပါက်'လည်းမဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေကြောင်းမျှဖြစ်သော အရူပါဝစရဈာန်ကို ပွါး၏၊ အလုံးစုံသော အခြင်း အရာအားဖြင့် (ကသိုဏ်း) ရုပ်၌ ဖြစ်သော အမှတ်သညာ (ရူပဈာန်, ရူပဈာန်၏ အာရုံ) တို့ကို ကောင်းစွာ လွန်မြောက်ခြင်းကြောင့် (ဝတ္ထု အာရုံနှစ်ပါးစုံတို့၏) ထိခိုက်မှုကြောင့် ဖြစ်သော အမှတ်သညာ 'ပဋိဃ သညာ'တို့၏ချုပ်ငြိမ်းခြင်းကြောင့် အမျိုးမျိုးသော (အာရုံ၌ ဖြစ်သော) အမှတ်သညာ 'နာနတ္တသညာ' တို့ကိုနှလုံးမသွင်းခြင်းကြောင့် အဆုံးမရှိသော ကောင်းကင်ဟူသော (ပဌမာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'အာကာသာနဉ္စာယတနသညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်းပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

ဝိညာဏဉ္စာယတနဈာန်

၅၈၀။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏ အကျိုး 'ဝိပါက်'လည်းမဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေကြောင်းမျှဖြစ်သော အရူပါဝစရဈာန်ကို ပွါး၏၊ အလုံးစုံသော အခြင်းအရာအားဖြင့်အာကာသာနဉ္စာတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ အဆုံးမရှိသော ဝိညာဏ်ဟူသော (ဒုတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော , အမှတ်သညာ 'ဝိညာဏဉ္စာယတနသညာ' နှင့် တကွဖြစ်သော ,ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။

အာကိဉ္စညာယတနဈာန်

၅၈၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေကြောင်းမျှဖြစ်သော အရူပါဝစရဈာန်ကို ပွါး၏၊ အလုံးစုံသော အခြင်းအရာ အားဖြင့်ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ ဝိညာဏ်၏ စိုးစဉ်းအနည်းငယ်မျှအကြွင်းမရှိခြင်းဟူသော (တတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'အာကိဉ္စညာယတန သညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။

နေဝသညာနာသညာယတနဈာန်

၅၈၂။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး 'ဝိပါက်' လည်း မဟုတ်၊ ပြုကာမျှ 'ကိရိယာ' ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေကြောင်းမျှဖြစ်သော အရူပါဝစရဈာန်ကို ပွါး၏၊ အလုံးစုံသော အခြင်းအရာ အားဖြင့်အာကိဉ္စညာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ (ရုန့်ရင်းသော) အမှတ်သညာကား မရှိ။ (သိမ်မွေ့သော) အမှတ်သညာ မရှိသည် မဟုတ်သော (စတုတ္ထာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ 'နေဝသညာနာသညာယတနသညာ' နှင့် တကွဖြစ်သော , ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။ပ။ အဗျာကတတရားတို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မှု 'အလောဘအဗျာကတမူလ' သည်။ပ။ အဗျာကတတရားတို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု 'အဒေါသအဗျာကတမူလသည်။ပ။ အဗျာကတတရားတို့၏ အခြေအမြစ်ဖြစ်သော မတွေဝေမှု 'အမောဟအဗျာကတမူလ' သည်။ပ။ ဤတရားတို့သည်အဗျာကတမည်ကုန်၏။

အရူပါဝစရကိရိယာစိတ် ပြီးပြီ။

ကိရိယာဗျာကတစိတ် ပြီးပြီ။

၁-စိတ္တုပ္ပါဒကဏ္ဍ 'စိတ်စေတသိက်ပိုင်း' ပြီးပြီ။

------

၂-ရူပကဏ္ဍ

ရုပ်ပိုင်း

(က) အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ'

အဗျာကတတရားများ

၅၈၃။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။

ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, (ကာမ, ရူပ, အရူပ,) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော (လောကုတ္တရာဖြစ်ကုန်သော) ,ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုး 'ဝိပါက်' ဖြစ်ကုန်သော ခံစားမှုအစု 'ဝေဒနာက္ခန္ဓာ' ၊ မှတ်သားမှုအစု 'သညာက္ခန္ဓာ' ၊ ပြု ပြင်မှုအစု 'သင်္ခါရက္ခန္ဓာ' ၊ အထူးသိမှု (စိတ်) အစု 'ဝိညာဏက္ခန္ဓာ' သည်လည်းကောင်း၊ ထို့ပြင် ကုသိုလ်လည်း မဟုတ်ကုန်သော, အကုသိုလ်လည်း မဟုတ်ကုန်သော, (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး 'ဝိပါက်' လည်း မဟုတ်ကုန်သော, ပြုကာမျှ ကိရိယာဖြစ်သော အကြင်တရားတို့သည်လည်းကောင်း၊ ထို့ပြင် အလုံးစုံသော ရုပ်သည်လည်းကောင်း၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့သည်) မပြု ပြင်အပ်သော သဘာဝ 'အသင်္ခတဓာတ်' (နိဗ္ဗာန်) သည်လည်းကောင်း (ရှိကုန်၏)။ ဤတရား တို့သည် အဗျာကတမည်ကုန်၏။

------

မာတိကာ

အလုံးစုံသော ရုပ်အကျဉ်း

၅၈၄။ ထိုစကားရပ်၌ အလုံးစုံသော ရုပ်ဟူသည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့သည်လည်းကောင်း၊ မဟာ ဘုတ်လေးပါးတို့ကို စွဲမှီ၍ဖြစ်သော 'ဥပါဒါ' ရုပ်သည်လည်းကောင်း (ရှိကုန်၏)။ ဤကြီးကျယ်ထင်ရှား သော 'မဟာဘုတ်' နှင့်ဥပါဒါရုပ်ကို အလုံးစုံသော ရုပ်ဟူ၍ ဆိုအပ်၏။ ဧကက အလုံးစုံသော ရုပ်သည် -

အကြောင်းရင်း 'ဟိတ်' မမည် 'န ဟေတု' ၊ အကြောင်းရင်း 'ဟိတ်' မရှိ 'အဟေတုက' ၊ အကြောင်းရင်း 'ဟိတ်' နှင့် မယှဉ် မရောနှော 'ဟေတုဝိပ္ပယုတ္တ'။ (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားတို့နှင့် တကွ (အကြောင်းတရားတို့ကြောင့်) ဖြစ်၏ 'သပစ္စယ'။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့သည်) ပေါင်း၍ ပြုပြင်စီမံအပ်၏ 'သင်္ခတ' ၊ ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖောက်ပြန်တတ်၏ 'ရူပ' ၊ ဖြစ်တတ်ပျက်တတ်သော 'လောက' ၌ အကျုံးဝင်၏ 'လောကိယ' ၊ (သတ္တဝါတို့၏သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော အာသဝေါတရား (လောဘ, ဒိဋ္ဌိ,မောဟ)တို့၏ အာရုံဖြစ်၏ 'သာသဝ' ၊ သံယောဇဉ်တို့၏ အစီးအပွါး (အာရုံ) ဖြစ်၏ 'သံယောဇနိယ'။ (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့မှု 'ဂန္ထ'တို့၏ အာရုံဖြစ်၏ 'ဂန္ထနိယ'။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေမှု 'ဩဃ'တို့၏ အာရုံဖြစ်၏ 'ဩဃနိယ'။ (ဝဋ်ဆင်းရဲ၌) ယှဉ်စေမှု 'ယောဂ'တို့၏ အာရုံဖြစ်၏ 'ယောဂနိယ' ၊ ဈာန်မဂ်ဖိုလ်တို့ကို ပိတ်ပင်မှု 'နီဝရဏ'တို့၏ အာရုံဖြစ်၏ 'နီဝရဏိယ' ၊ မမြဲသည်ကို မြဲ၏ဟု မှားသောအားဖြင့် သုံးသပ်မှု 'ပရာမာသ'တို့၏ အာရုံဖြစ်၏ 'ပရာမဋ္ဌ' ၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'တို့၏ အာရုံဖြစ်၏ (လောကီတရား) 'ဥပါဒါနိယ' ၊ ပူပန်စေမှု 'ကိလေသာ'တို့၏ အာရုံဖြစ်၏ 'သံကိလေသိက' ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောကြားအပ် 'အဗျာကတ' ၊ အာရုံပြု ခြင်းမရှိ (အာရုံကို ယူနိုင်သော သဘောမရှိ) 'အနာရမ္မဏ' ၊ စိတ်၌ မယှဉ် 'အစေတသိက' ၊ စိတ်နှင့် မယှဉ် (မပေါင်းမစပ် မရောနှော) 'စိတ္တဝိပ္ပယုတ္တ' ၊ အကျိုး 'ဝိပါက်' လည်း မဟုတ်၊ အကျိုး 'ဝိပါက်' ကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ် 'နေဝ ဝိပါကန ဝိပါကဓမ္မဓမ္မ' ၊ ပူပန်စေတတ်, နှိပ်စက်တတ်သော 'ကိလေသာ' တရားတို့သည် မပူပန်စေအပ်, မနှိပ်စက်အပ်ကုန် သည်ဖြစ်၍ ပူပန်စေတတ်, နှိပ်စက်တတ်သော 'ကိလေသာ' တရားတို့ကို (ရခြင်းငှါ) သာ ထိုက် တန်၏ (ကိလေသာနှင့် မယှဉ်ဘဲ ကိလေသာ၏ အာရုံသာဖြစ်၏) 'အသံကိလိဋ္ဌ သံကိလေသိက' ၊ ကြံစည်မှု 'ဝိတက်' နှင့်လည်း တကွ၊ သုံးသပ်မှု 'ဝိစာရ' နှင့်လည်း တကွဖြစ်သည် မဟုတ် 'န သဝိတက္ကသဝိစာရ' ၊ ကြံစည်မှု 'ဝိတက်' ကား မရှိ၊ သုံးသပ်မှု 'ဝိစာရ' မျှသာရှိသည်လည်း မဟုတ် 'န အဝိတက္က ဝိစာရ မတ္တ' ၊ ကြံစည်မှု 'ဝိတက်' လည်း မရှိ၊ သုံးသပ်မှု 'ဝိစာရ' လည်း မရှိ 'အဝိတက္က အဝိစာရ' ၊ နှစ်သက်မှု 'ပီတိ' နှင့် တကွဖြစ်သည် မဟုတ် 'န ပီတိသဟဂတ' ၊ ချမ်းသာမှု 'သုခ' နှင့် တကွဖြစ်သည် မဟုတ် 'န သုခသဟဂတ' ၊ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သည် မဟုတ် 'န ဥပေက္ခာသဟဂတ' ၊ သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သည်လည်း မဟုတ် 'နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗ' ၊ သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ် သုံးပါးဖြင့် ပယ်အပ် သောဟိတ်ရှိသည်လည်း မဟုတ် 'နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုက' ၊ ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းလည်း မဟုတ်။ (ပဋိသန္ဓေကို ဖြစ်စေနိုင်သော သဘောလည်း မဟုတ်၊ စုတိကို ဖြစ်စေနိုင်သော သဘောလည်း မဟုတ်၊) နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ် 'နေဝအာစယဂါမိ န အပစယဂါမိ' ၊ သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်၊ အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်၏ ဥစ္စာလည်း မဟုတ် 'နေဝ သေက္ခ နာသေက္ခ' ၊ နည်းပါးသော အာနုဘော်ရှိ၏ 'ပရိတ္တ' ၊ ကာမဘုံ၌ သက်ဝင်၍ ဖြစ်၏ (ကာမတဏှာ၏ ကျင်လည် ကျက်စားရာ ဖြစ်၏) 'ကာမာဝစရ' ၊ ရူပဘုံ၌ သက်ဝင်၍ မဖြစ် (ရူပတဏှာ၏ ကျင်လည် ကျက်စားရာ မဖြစ်) 'န ရူပါဝစရ' ၊ အရူပဘုံ၌ သက်ဝင်၍ မဖြစ် (အရူပတဏှာ၏ ကျင်လည် ကျက်စားရာ မဖြစ်) 'န အရူပါဝစရ' ၊ ဝဋ်ဆင်းရဲ၌ အကျုံးဝင်၏ 'ပရိယာပန္န' ၊ ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သည် မဟုတ် 'နောအပရိယာပန္န' ၊ စုတိ၏ အခြားမဲ့၌ ဖြစ်စေ၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ ဖြစ်စေ အကျိုးပေး မမြဲ 'အနိယတ' ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ် 'အနိယျာနိက' ၊ ဖြစ်ဆဲ (ဖြစ်ပေါ်ဆဲ) ဖြစ်သော ရုပ်ကို အထူးသိမှု (စိတ်) 'ဝိညာဏ်' ခြောက်ပါးတို့သည် သိအပ်၏ 'ဥပ္ပန္နံဆဟိ ဝိညာဏေဟိ ဝိညေယျံ'။ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲ 'အနိစ္စ' ၊ အိုမှု, ရင့်ရော်ဆွေးမြေ့မှု 'ဇရာ' သည် လွှမ်းမိုးနှိပ်စက်အပ်၏ 'ဇရာဘိဘူတ' ၊ ဤသို့ တစ်ဖို့ (တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဧကက ပြီးပြီ။

------

နှစ်မျိုးနှစ်စားအားဖြင့် ဟောကြားခြင်း ''ဒုက''

ပကိဏ္ဏကဒုက်

နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ'ကား -

(၁) မှီ၍ သာဖြစ်သော ရုပ်သည် ရှိ၏ 'ဥပါဒါရူပ'။ (၅၉၅-၆၄၅)

(၂) (ဥပါဒါရုပ် မှီသကဲ့သို့) မမှီမူ၍ ဖြစ်သော ရုပ်သည် ရှိ၏ 'နော ဥပါဒါရူပ' (မဟာဘုတ် လေးပါး)။

(၆၄၆-၆၅၁)။

(၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်စွဲယူအပ်သော ရုပ်သည် ရှိ၏ 'ဥပါဒိဏ္ဏရူပ' (တဏှာ ဒိဋ္ဌိတည်းဟူသော ဥပါဒါန်ဦးစီး လွှမ်းမိုး အပ်သည့်ကံ၏ အကျိုးဖြစ်သော ကမ္မဇရုပ်)။ (၆၅၂)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်မစွဲယူအပ်သော ရုပ်သည် ရှိ၏ 'အနုပါဒိဏ္ဏရူပ' (တိဇရုပ်)။ (၆၅၃)

(၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အာရုံ လည်းဖြစ်သော ရုပ်သည် ရှိ၏ 'ဥပါဒိဏ္ဏုပါဒါနိယရူပ' (တဏှာ ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီး သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ကမ္မဇရုပ်)။ (၆၅၄)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အာရုံသာဖြစ်သော ရုပ် သည်ရှိ၏ 'အနုပါဒိဏ္ဏုပါဒါနိယရူပ' (တဏှာ,ဒိဋ္ဌိဟူသော ဥပါဒါန်ဦးစီးသည့် ကံ၏ အကျိုး ကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်)။ (၆၅၅)

(၁) မြင်ခြင်း မြင်အပ်သည်၏ အဖြစ်နှင့် တကွဖြစ်သော ရုပ်သည်ရှိ၏ 'သနိဒဿနရူပ' (မြင်အပ် သောရူပါရုံ)။ (၆၅၆)

(၂) မြင်ခြင်း မြင်အပ်သည်၏ အဖြစ်နှင့် တကွမဖြစ်သော ရုပ်သည်ရှိ၏ 'အနိဒဿနရူပ' (ရူပါရုံမှတစ်ပါးသော ရုပ်များ)။ (၆၅၇)

(၁) ထိပါး (တိုက်ခိုက်) ခြင်း ထိပါး (တိုက်ခိုက်) တတ်သည်၏အဖြစ်နှင့် တကွဖြစ်သော ရုပ်သည် ရှိ၏ 'သပ္ပဋိဃရူပ' (ဩဠာရိကရုပ်)။ (၆၅၈)

(၂) ထိပါး (တိုက်ခိုက်) ခြင်း ထိပါး (တိုက်ခိုက်) တတ်သည်၏အဖြစ်နှင့် တကွမဖြစ်သော ရုပ်သည် ရှိ၏့ 'အပ္ပဋိဃရူပ' (သုခုမရုပ်)။ (၆၅၉)

(၁) (ဆိုင်ရာကိစ္စ၌) အစိုးရသော ရုပ်သည်ရှိ၏ 'ဣန္ဒြိယရူပ'။ (၆၆၀)

(၂) (ဆိုင်ရာကိစ္စ၌) အစိုးရသည် မဟုတ်သော (အစိုးမရသော) ရုပ်သည်ရှိ၏ 'န ဣန္ဒြိယရူပ'။ (၆၆၁)

(၁) ကြီးကျယ်ထင်ရှားသော ရုပ်သည်ရှိ၏ 'မဟာဘူတရူပ'။ (၆၆၂)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော ရုပ်သည်ရှိ၏ 'နမဟာဘူတရူပ' (ဥပါဒါရုပ်) (၆၆၃)

(၁) မိမိ၏ အလို 'ဆန္ဒ' ကို သိကြောင်း အမူအရာဖြစ်သော ရုပ်သည်ရှိ၏ 'ဝိညတ္တိရူပ'။ (၆၆၄)

(၂) မိမိ၏ အလို 'ဆန္ဒ' ကို သိကြောင်း အမူအရာမဟုတ်သော ရုပ်သည်ရှိ၏ 'န ဝိညတ္တိရူပ'။ (ဝိညတ်ရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၆၅)

(၁) စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ရုပ်သည်ရှိ၏ 'စိတ္တသမုဋ္ဌာနရူပ'။ (၆၆၆)

(၂) စိတ်လျှင် ဖြစ်ကြောင်းမရှိသော (စိတ်ကြောင့် မဖြစ်သော) ရုပ်သည်ရှိ၏ 'န စိတ္တသမုဋ္ဌာနရူပ' (ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်များ)။ (၆၆၇)

(၁) စိတ်နှင့် တကွဖြစ်သော ရုပ်သည်ရှိ၏ 'စိတ္တသဟဘုရူပ' (ဝိညတ်ရုပ်နှစ်ခု)။ (၆၆၈)

(၂) စိတ်နှင့် တကွဖြစ်သည်မဟုတ် (စိတ်နှင့် တကွမဖြစ်) သော ရုပ်သည်ရှိ၏ 'န စိတ္တသဟဘု ရူပ' (ဝိညတ်ရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၆၉)

(၁) စိတ်သို့ အစဉ်လိုက်သော ရုပ်သည်ရှိ၏ 'စိတ္တာနုပရိဝတ္တိရူပ' (စိတ်နှင့် အတူဖြစ် အတူပျက် သောဝိညတ်ရုပ်နှစ်ခု)။ (၆၇၀)

(၂) စိတ်သို့ အစဉ်လိုက်သည်မဟုတ် (စိတ်သို့အစဉ်မလိုက်) သော ရုပ်သည်ရှိ၏ 'န စိတ္တာနုပရိဝတ္တိရူပ' (ဝိညတ်ရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၇၁)

(၁) အတွင်းသန္တာန်၌ ဖြစ်သော ရုပ်သည်ရှိ၏ 'အဇ္ဈတ္တိကရူပ' (ပသာဒရုပ်ငါးခု)။ (၆၇၂)

(၂) အပသန္တာန်၌ ဖြစ်သော ရုပ်သည်ရှိ၏ 'ဗာဟိရရူပ' (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၆၇၃)

(၁) ကြမ်းတမ်းသော ရုပ်သည်ရှိ၏ 'ဩဠာရိကရူပ' (ဩဠာရိကရုပ် တစ်ဆယ့်နှစ်ခု)။ (၆၇၄)

(၂) သိမ်မွေ့သော ရုပ်သည်ရှိ၏ 'သုခုမရူပ' (သုခုမရုပ်များ)။ (၆၇၅)

(၁) ဝေးကွာသော (အသိခက်သော) ရုပ်သည်ရှိ၏ 'ဒူရေရူပ' (သုခုမရုပ်များ)။ (၆၇၆)

(၂) နီးကပ်သော (သိလွယ်သော) ရုပ်သည်ရှိ၏ 'သန္တိကေရူပ' (ဩဠာရိကရုပ်များ)။ (၆၇၇)

ဝတ္ထုဒုက်

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာတည်ရာ ရုပ်သည်ရှိ၏ 'စက္ခုသမ္ဖဿဿ ဝတ္ထု' (စက္ခုပသာဒ)။ (၆၇၈)

(၂) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ 'စက္ခုသမ္ဖဿဿ န ဝတ္ထု' (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၇၉)

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ်သား မှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ မြင်သိစိတ်၏ မှီရာ တည်ရာ ရုပ်သည် ရှိ၏ 'စက္ခုဝိညာဏဿဝတ္ထု' (စက္ခုပသာဒ)။ (၆၈၀)

(၂) မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ 'စက္ခုဝိညာဏဿ န ဝတ္ထု' (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၈၁)

(၁) ကြားသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ နံသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏မှီရာတည်ရာ ရုပ်သည်ရှိ၏ 'ကာယသမ္ဖဿဿ ဝတ္ထု' (သောတ, ဃာန, ဇိဝှါ,ကာယပသာဒရုပ်လေးခု)။ (၆၈၂)

(၂) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ 'ကာယသမ္ဖဿဿ န ဝတ္ထု' (ကာယပသာဒရုပ်မှ တစ်ပါးသော ရုပ်များ)။ (၆၈၃)

(၁) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ်သား မှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ ထိသိစိတ်၏ မှီရာတည်ရာရုပ်သည်ရှိ၏ 'ကာယဝိညာဏဿ ဝတ္ထု' (ကာယပသာဒရုပ်)။ (၆၈၄)

(၂) ထိသိစိတ်၏ မှီရာတည်ရာ မဟုတ်သော ရုပ်သည်ရှိ၏ 'ကာယဝိညာဏဿ န ဝတ္ထု' (ကာယပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၈၅)

အာရမ္မဏဒုက်

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံဖြစ်သော ရုပ်သည်ရှိ၏ 'စက္ခုသမ္ဖဿဿအာရမ္မဏ' (ရူပါရုံ)။ (၆၈၆)

(၂) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ အာရုံမဟုတ်သော ရုပ်သည်ရှိ၏ 'စက္ခု သမ္ဖဿဿနာရမ္မဏ' (ရူပါရုံမှ တစ်ပါးသော ရုပ်များ)။ (၆၈၇)

(၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ်သားမှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ မြင်သိစိတ်၏ အာရုံ ဖြစ်သော ရုပ်သည်ရှိ၏ 'စက္ခုဝိညာဏဿ အာရမ္မဏ' (ရူပါရုံ)။ (၆၈၈)

(၂) မြင်သိစိတ်၏ အာရုံမဟုတ်သော ရုပ်သည်ရှိ၏ 'စက္ခု့ဝိညာဏဿ နာရမ္မဏ' (ရူပါရုံမှတစ်ပါး သောရုပ်များ)။ (၆၈၉)

(၁) ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏အာရုံဖြစ်သော ရုပ်သည်ရှိ၏ 'ကာယသမ္ဖဿဿ အာရမ္မဏ' (သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ)။ (၆၉၀)

(၂) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ 'ကာယ သမ္ဖဿဿနာရမ္မဏ' (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ရုပ်များ)။ (၆၉၁)

(၁) ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ်သား မှု 'သညာ' ၏။ပ။ စေ့ဆော်မှု့ (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ ထိသိစိတ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏ 'ကာယဝိညာဏဿ အာရမ္မဏ' (ဖောဋ္ဌဗ္ဗာရုံ)။ (၆၉၂)

(၂) ထိသိစိတ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏ 'ကာယဝိညာဏဿ နာရမ္မဏ' (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ရုပ်များ။ (၆၉၃)

အာယတနဒုက်

(၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည်ရုပ်သည်ရှိ၏ 'စက္ခာယတန' (စက္ခုပသာဒ)။ (၆၉၄)

(၂) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် မဟုတ်သော ရုပ်သည်ရှိ၏ 'န စက္ခာယတန' (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၆၉၅)

(၁-၂) ကြားသိစိတ်ဖြစ်ရာ နားအကြည်ရုပ်သည် (ရှိ၏) 'သောတာယတန' (သောတပသာဒ)။ပ။

(၁-၂) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည်ရုပ်သည် (ရှိ၏) 'ဃာနယတန' (ဃာနပသာဒ)။ပ။

(၁-၂) လျက်သိစိတ်ဖြစ်ရာ လျှာအကြည်ရုပ်သည် (ရှိ၏) 'ဇိဝှါယတန' (ဇိဝှါပသာဒ)။ပ။

(၁) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည်ရုပ်သည်ရှိ၏ 'ကာယာယတန' (ကာယပသာဒ)။ (၆၉၆)

(၂) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည်မဟုတ်သော ရုပ်သည်ရှိ၏ 'န ကာယာယတန' (ကာယပသာဒ မှတစ်ပါးသော ရုပ်များ)။ (၆၉၇)

(၁) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ရုပ်သည်ရှိ၏ 'ရူပါယတန' (ရူပါရုံ)။ (၆၉၈)

(၂) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း မဟုတ်သော ရုပ်သည်ရှိ၏ 'န ရူပါယတန' (ရူပါရုံမှတစ်ပါး သောရုပ်များ)။ (၆၉၉)

(၁) ကြားသိစိတ်ဖြစ်ကြောင်း အသံ ရုပ်သည် (ရှိ၏) 'သဒ္ဒါယတန' (သဒ္ဒါရုံ)။ပ။ နံသိစိတ်ဖြစ် ကြောင်းအနံ့ရုပ်သည် (ရှိ၏) 'ဂန္ဓာယတန' (ဂန္ဓာရုံ)။ပ။ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ရုပ်သည် (ရှိ၏) 'ရသာယတန' (ရသာရုံ)။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ရုပ်သည် (ရှိ၏) 'ဖောဋ္ဌဗ္ဗာယတန' (ဖောဋ္ဌဗ္ဗာရုံ)။ (၇၀၀)

(၂) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ မဟုတ်သော ရုပ်သည်ရှိ၏ 'န ဖောဋ္ဌဗ္ဗာယတန' (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ရုပ်များ)။ (၇၀၁)

ဓာတုဒုက်

(၁) မြင်မှုသဘာဝရုပ်သည်ရှိ၏ 'စက္ခု့ဓာတု' (မြင်တတ်သော သဘောရှိသော 'စက္ခုပသာဒ'ရုပ်)။ (၇၀၂)

(၂) မြင်မှုသဘာဝ မဟုတ်သော ရုပ်သည်ရှိ၏ 'န စက္ခုဓာတု' (မြင်တတ်သော သဘောမရှိသော 'စက္ခုပသာဒ' မှတစ်ပါးသော ရုပ်များ)။ (၇၀၃)

(၁) ကြားမှုသဘာဝရုပ်သည်ရှိ၏ 'သောတဓာတု' (ကြားတတ်သော သဘောရှိသော 'သောတပသာဒ' ရုပ်)။ပ။ နံမှုသဘာဝရုပ်သည် (ရှိ၏) 'ဃာနဓာတု' (နံတတ်သော သဘောရှိသောဃာနပသာဒ' ရုပ်)။ပ။ လျက်မှုသဘာဝရုပ်သည် (ရှိ၏) 'ဇိဝှါဓာတု' (လျက်တတ်သောသဘောရှိသော 'ဇိဝှါပသာဒ' ရုပ်)။ပ။ ထိမှုသဘာဝရုပ်သည် (ရှိ၏) 'ကာယဓာတု' (ထိခိုက် တတ်သောသဘောရှိသော 'ကာယပသာဒ' ရုပ်)။ (၇၀၄)

(၂) ထိမှုသဘာဝမဟုတ်သော ရုပ်သည်ရှိ၏ 'န ကာယဓာတု' (ထိခိုက်တတ်သော သဘော မရှိ သော 'ကာယပသာဒ' မှတစ်ပါးသော ရုပ်များ)။ (၇၀၅)

(၁) အဆင်းသဘာဝရုပ်သည်ရှိ၏ 'ရူပဓာတု' (ရူပါရုံ)။ (၇၀၆)

(၂) အဆင်းသဘာဝမဟုတ်သော ရုပ်သည်ရှိ၏ 'န ရူပဓာတု' (ရူပါရုံမှတစ်ပါးသော ရုပ်များ)။ (၇၀၇)

(၁) အသံသဘာဝရုပ်သည်ရှိ၏ 'သဒ္ဒဓာတု' (သဒ္ဒါရုံ)။ပ။ အနံ့သဘာဝရုပ်သည် (ရှိ၏) 'ဂန္ဓဓာတု' (ဂန္ဓာရုံ)။ပ။ အရသာသဘာဝရုပ်သည် (ရှိ၏) 'ရသဓာတု' (ရသာရုံ)။ပ။ အတွေ့သဘာဝ ရုပ်သည် (ရှိ၏) 'ဖောဋ္ဌဗ္ဗဓာတု' (ဖောဋ္ဌဗ္ဗာရုံ)။ (၇၀၈)

(၂) အတွေ့သဘာဝ မဟုတ်သော ရုပ်သည်ရှိ၏ 'န ဖောဋ္ဌဗ္ဗာဓာတု' (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသောရုပ်များ)။ (၇၀၉)

ဣန္ဒြိယဒုက်

(၁) မြင်ခြင်း၌ အစိုးရမှု (ရှိသော) မျက်စိအကြည်ရုပ်သည် ရှိ၏ 'စက္ခု့န္ဒြိယ' (စက္ခုပသာဒ)။ (၇၁၀)

(၂) မြင်ခြင်း၌ အစိုးရမှု (ရှိသော) မျက်စိအကြည်မဟုတ်သော ရုပ်သည် ရှိ၏ 'န စက္ခုန္ဒြိယ' (စက္ခုပသာဒမှတစ်ပါးသော ရုပ်များ)။ (၇၁၁)

(၁) ကြားခြင်း၌ အစိုးရမှု (ရှိသော) နားအကြည်ရုပ်သည် ရှိ၏ 'သောတိန္ဒြိယ' (သောတ ပသာဒ)။ပ။ နံခြင်း၌ အစိုးရမှု (ရှိသော) နှာခေါင်းအကြည်ရုပ်သည် (ရှိ၏) 'ဃာနိန္ဒြိယ' (ဃာနပသာဒ)။ပ။ လျက်ခြင်း၌ အစိုးရမှု (ရှိသော) လျှာအကြည်ရုပ်သည် (ရှိ၏)၊ 'ဇိဝှိန္ဒြိယ' (ဇိဝှါပသာဒ)။ပ။ ထိခြင်း၌ အစိုးရမှု (ရှိသော) ကိုယ်အကြည်ရုပ်သည် ရှိ၏ 'ကာယိန္ဒြိယ' (ကာယပသာဒ)။ (၇၁၂)

(၂) ထိခြင်း၌ အစိုးရမှု (ရှိသော) ကိုယ်အကြည်မဟုတ်သော ရုပ်သည်ရှိ၏ 'န ကာယိန္ဒြိယ' (ကာယပသာဒမှတစ်ပါးသော ရုပ်များ)။ (၇၁၃)

(၁) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု (ရှိသော) ရုပ်သည်ရှိ၏ 'ဣတ္ထိန္ဒြိယ' (ဣတ္ထိဘာဝရုပ်များ)။ (၇၁၄)

(၂) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု မဟုတ်သော ရုပ်သည်ရှိ၏ 'န ဣတ္ထိန္ဒြိယ' (ဣတ္ထိဘာဝရုပ်မှ တစ်ပါးသော ရုပ်များ)။ (၇၁၅)

(၁) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု ရုပ်သည်ရှိ၏ 'ပုရိသိန္ဒြိယ' (ပုရိသဘာဝရုပ်)။ (၇၁၆)

(၂) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု မဟုတ်သော ရုပ်သည် ရှိ၏ 'န ပုရိသိန္ဒြိယ' (ပုရိသဘာဝရုပ်မှ တစ်ပါးသော ရုပ်များ)။ (၇၁၇)

(၁) အစိုးတရ စောင့်ရှောက်မှု ရုပ်သည် ရှိ၏ 'ဇီဝိတိန္ဒြိယ' (ဇီဝိတရုပ်)။ (၇၁၈)

(၂) အစိုးတရ စောင့်ရှောက်မှု မဟုတ်သော ရုပ်သည် ရှိ၏ 'န ဇီဝိတိန္ဒြိယ' (ဇီဝိတရုပ်မှတစ်ပါး သောရုပ်များ)။ (၇၁၉)

သုခုမရူပဒုက်

(၁) (မိမိ၏ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှုရုပ်သည် ရှိ၏ 'ကာယဝိညတ္တိ' (ကာယ ဝိညတ်ရုပ်)။ (၇၂၀)

(၂) (မိမိ၏ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု မဟုတ်သော ရုပ်သည် ရှိ၏ 'န ကာယ ဝိညတ္တိ ' (ကာယဝိညတ်မှတစ်ပါးသော ရုပ်များ)။ (၇၂၁)

(၁) (မိမိ၏ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှုရုပ်သည် ရှိ၏ 'ဝစိဝိညတ္တိ' (ဝစီဝိညတ်ရုပ်)။ (၇၂၂)

(၂) (မိမိ၏ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှုမဟုတ်သော ရုပ်သည် ရှိ၏ 'န ဝစီဝိညတ္တိ' (ဝစီဝိညတ်မှတစ်ပါးသော ရုပ်များ)။ (၇၂၃)

(၁) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘာဝ ရုပ်သည် ရှိ၏ 'အာကာသ ဓာတု' (ပရိစ္ဆေဒရုပ်)။ (၇၂၄)

(၂) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘာဝမဟုတ်သော ရုပ်သည် ရှိ၏ 'နအာကာသဓာတု' (ပရိစ္ဆေဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၂၅)

(၁) ဖွဲ့စည်းမှုသဘာဝ ရုပ်သည်ရှိ၏ 'အာပေါဓာတု'။ (၇၂၆)

(၂) ဖွဲ့စည်းမှုသဘာဝ မဟုတ်သော ရုပ်သည် ရှိ၏ 'န အာပေါဓာတု' (အာပေါဓာတ်မှ တစ်ပါးသောရုပ်များ)။ (၇၂၇)

(၁) (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု ရုပ်သည် ရှိ၏ 'ရူပဿ လဟုတာ'။ (၇၂၈)

(၂) နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု မဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န လဟုတာ' (ရူပဿလဟုတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၂၉)

(၁) (နိပ္ဖန္န) ရုပ်၏ နူးညံ့မှုရုပ်သည် ရှိ၏ 'ရူပဿ မုဒုတာ'။ (၇၃၀)

(၂) (နိပ္ဖန္န) ရုပ်၏ နူးညံ့မှုမဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န မုဒုတာ' (ရူပဿ မုဒုတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၃၁)

(၁) (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) ရုပ်သည်ရှိ၏ 'ရူပဿ ကမ္မညတာ'။ (၇၃၂)

(၂) (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) မဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န ကမ္မညတာ' (ရူပဿ ကမ္မညတာရုပ်မှ တစ်ပါးသော ရုပ်များ)။ (၇၃၃)

(၁) (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ ရုပ်သည် ရှိ၏ 'ရူပဿ ဥပစယ'။ (၇၃၄)

(၂) (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ မဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န ဥပစယ' (ဥပစယရုပ်မှ့တစ်ပါးသော ရုပ်များ)။ (၇၃၅)

(၁) (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် ရုပ်သည်ရှိ၏ 'ရူပဿ သန္တတိ'။ (၇၃၆)

(၂) (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် မဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န သန္တတိ' (သန္တတိရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၃၇)

(၁) (နိပ္ဖန္န) ရုပ်၏ ယိုယွင်း ရင့်ရော်လျော့ပါးမှုဟူသော ရုပ်သည် ရှိ၏ 'ရူပဿ ဇရတာ'။ (၇၃၈)

(၂) (နိပ္ဖန္န) ရုပ်၏ ယိုယွင်း ရင့်ရော်လျော့ပါးမှု မဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န ဇရတာ' (ဇရတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၃၉)

(၁) (နိပ္ဖန္န) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု)ဟူသော ရုပ်သည် ရှိ၏ 'ရူပဿအနိစ္စတာ'။ (၇၄၀)

(၂) (နိပ္ဖန္န) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု (ပျောက်ပျက်ချုပ်ဆုံးမှု) မဟုတ်သော ရုပ်သည် ရှိ၏ 'ရူပဿ န အနိစ္စတာ' (အနိစ္စတာရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၄၁)

(၁) အလုတ်အလွေး ပြုအပ်သော အစာအာဟာရ ရုပ်သည် ရှိ၏ 'ကဗဠီကာရ အာဟာရ'။ (၇၄၂)

(၂) အလုတ်အလွေး ပြုအပ်သော အစာအာဟာရ မဟုတ်သော ရုပ်သည် ရှိ၏ 'န ကဗဠီကာရ အာဟာရ' (အာဟာရရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၄၃)

ဤသို့ နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဒုက ပြီးပြီ။

------

သုံးမျိုးသုံးစားအားဖြင့် ဟောကြားခြင်း ''တိက''

ပကိဏ္ဏကတိက်

သုံးဖို့ (သုံးစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ'ကား-

၅၈၅။ (၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မှီတတ်သော 'ဥပါဒါ'ရုပ်သာဖြစ်၏ (အဇ္ဈတိ္တကဥပါဒါရုပ်ဖြစ်သော ပသာဒရုပ်ငါးခု)။ (၇၄၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မှီတတ်သော 'ဥပါဒါ' ရုပ်လည်း ရှိ၏ (ပသာဒရုပ်မှတစ်ပါးသော ဗာဟိရဥပါဒါရုပ်ဖြစ်သော ဥပါဒါရုပ်များ)။ (၇၄၅)

(၃) မမှီတတ်သော 'နောဥပါဒါ' ရုပ်လည်း ရှိ၏ (မဟာဘုတ်လေးပါး)။ (၇၄၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) သာ ဖြစ်၏။ (အတွင်းသန္တာန်၌ လည်းဖြစ်၍ တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သောကံ၏ အကျိုးတရားလည်းဖြစ်သော အဇ္ဈတိ္တကကမ္မဇပသာဒရုပ်ငါးခု)။ (၇၄၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏။ (အပသန္တာန်၌ လည်းဖြစ်၍ တဏှာ ဒိဋ္ဌိတို့ ကပ်ရောက် အပ်သောကံ၏ အကျိုးတရားလည်းဖြစ်သော ပသာဒရုပ်မှတစ်ပါးသော ဗာဟိရကမ္မဇရုပ် များ)။ (၇၄၈)

(၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ် (ကမ္မဇမဟုတ်သောရုပ်) လည်းရှိ၏ (ကမ္မဇရုပ်မဟုတ်သော စိတ္တဇ,ဥတုဇ, အာဟာရဇရုပ်များ)။ (၇၄၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည့်ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံလည်းဖြစ်သော ရုပ် (ကိလေသာဥပါဒါန်၏ အာရုံဖြစ်သော ရုပ်) သာ ဖြစ်၏ (အဇ္ဈတ္တိကဥပါဒိဏ္ဏုပါဒါနိယ ကမ္မဇပသာဒရုပ်)။ (၇၅၀)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သောကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ် သည်ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) လည်းဖြစ်သော ရုပ် (တဏှာကိလေသာတို့၏ အာရုံဖြစ်သော ရုပ်) လည်း ရှိ၏ (ပသာဒရုပ်မှတစ်ပါးသော ဗာဟိရဥပါဒိဏ္ဏုပါဒါနိယ ကမ္မဇရုပ်များ)။ (၇၅၁)

(၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သည်ဖြစ်၍ (ကမ္မဇရုပ်မဟုတ်သော ရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ် (တဏှာကိလေသာတို့၏ စွဲလမ်း ရာဖြစ်သော ရုပ်) လည်းရှိ၏ (ကမ္မဇရုပ်မဟုတ်သော ဗာဟိရအနုပါဒိဏ္ဏုပါဒါနိယ စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များ)။ (၇၅၂)

(၁) အကြင်အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုအတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ မမြင်အပ်သော ပသာဒရုပ်များ)။ (၇၅၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော 'သနိဒဿန' ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်၍ မြင် အပ်သော ရူပါရုံ)။ (၇၅၄)

(၃) မြင်အပ်သည်၏ အဖြစ် (မြင်ခြင်းနှင့် တကွမဖြစ်သော 'အနိဒဿန'ရုပ်လည်း ရှိ၏ (အပ သန္တာန်၌ ဖြစ်၍ မမြင်အပ်သော, ရူပါရုံမှတစ်ပါးသော 'ဗာဟိရ'ရုပ်များ)။ (၇၅၅)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါး (တိုက် ခိုက်) တတ်သည်၏အဖြစ် ထိပါး (တိုက်ခိုက်) ခြင်းနှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော သပ္ပဋိဃပသာဒရုပ်)။ (၇၅၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါးတတ်သည်၏ အဖြစ်ထိပါးခြင်းနှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ ထိပါး ခြင်းနှင့်တကွဖြစ်သော ပသာဒရုပ်မှတစ်ပါးသော ဩဠာရိကရုပ် ခုနစ်ပါး)။ (၇၅၇)

(၃) ထိပါးတတ်သည်၏အဖြစ် ထိပါးခြင်းနှင့် တကွမဖြစ်သော 'အပ္ပဋိဃ' ရုပ်လည်းရှိ၏ (ထိခိုက်၍ မရသောသုခုမရုပ်)။ (၇၅၈)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် (သက်ဆိုင်ရာ ကိစ္စ၌) အစိုးရသော 'ဣန္ဒြိယ' ရုပ်သာဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ မိမိဆိုင်ရာ ကိစ္စ၌ အစိုးရသော,ဣန္ဒြေထိုက်သော ပသာဒရုပ်)။ (၇၅၉)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် (သက်ဆိုင်ရာကိစ္စ၌) အစိုးရသော 'ဣန္ဒြိယ' ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ မိမိဆိုင်ရာ ကိစ္စ၌ အစိုးရသော, ဘာဝရုပ်,ဇီဝတရုပ်)။ (၇၆၀)

(၃) (သက်ဆိုင်ရာကိစ္စ၌) အစိုးရသည် မဟုတ် (အစိုးမရ) သော န ဣန္ဒြိယရုပ်လည်းရှိ၏ (ပသာဒရုပ်ငါးခု၊ ဘာဝရုပ်နှစ်ခု၊ ဇီဝိတရုပ်ဟူသော ဣန္ဒြိယရုပ်ရှစ်ခုမှတစ်ပါးသော န ဣန္ဒြိယရုပ် များ)။ (၇၆၁)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မဟာဘုတ်မဟုတ်သော ရုပ်သာဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ မဟာဘုတ်မဟုတ်သော ပသာဒရုပ်)။ (၇၆၂)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မဟာဘုတ်ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်သော မဟာဘုတ် ၄- ပါး)။ (၇၆၃)

(၃) မဟာဘုတ်မဟုတ်သော ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ မဟာဘုတ်မဟုတ်သော ဥပါဒါရုပ်များ)။ (၇၆၄)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတိ္တက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလို ဆန္ဒကိုသိကြောင်းမဟုတ်သော 'န ဝိညတ္တိ' ရုပ်တည်း (အတွင်းသန္တာန်၌ ဖြစ်၍ မိမိ၏ အလို ဆန္ဒကို သိကြောင်းမဟုတ်သော ပသာဒရုပ်)။ (၇၆၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလိုဆန္ဒကိုသိကြောင်းဖြစ်သော 'ဝိညတ္တိ' ရုပ်လည်းရှိ၏။ (အပသန္တာန်၌ ဖြစ်၍ မိမိ၏ အလိုဆန္ဒကို သိကြောင်းဖြစ်သော ဝိညတ္တိရုပ် ၂ -ခု)။ (၇၆၆)

(၃) မိမိ၏ အလိုဆန္ဒကို သိကြောင်းမဟုတ်သော 'န ဝိညတ္တိ' ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ မိမိ၏အလိုဆန္ဒကို သိကြောင်းမဟုတ်သော (ဝိညတ်ရုပ်မှတစ်ပါးသော) ဗာဟိရရုပ်များ)။ (၇၆၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်ကြောင့် ဖြစ်သော 'စိတ္တသမုဋ္ဌာန' မဟုတ်သော ရုပ်တည်း (အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ်ကြောင့် ဖြစ်သည် မဟုတ်သောပသာဒရုပ် ၅-ခု)။ (၇၆၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်ကြောင့်ဖြစ်သော 'စိတ္တသမုဋ္ဌာန' ရုပ်လည်းရှိ၏ (အပသန္တာန်၌ လည်းဖြစ်၊ စိတ်ကြောင့်လည်း ဖြစ်သော စိတ္တဇရုပ်)။ (၇၆၉)

(၃) စိတ်ကြောင့်ဖြစ်သည် မဟုတ် (စိတ်ကြောင့် မဖြစ်) သော 'န စိတ္တသမုဋ္ဌာန' ရုပ်လည်းရှိ၏ (ပသာဒရုပ်မှ တစ်ပါးသော, အပသန္တာန်၌ ဖြစ်၍ စိတ်ကြောင့်ဖြစ်သည် မဟုတ်သော ကမ္မဇ, ဥတုဇ,အာဟာရဇရုပ်များ)။ (၇၇၀)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်နှင့်တကွဖြစ်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော 'န စိတ္တသဟဘု' ရုပ်တည်း (အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ်နှင့်အတူ တကွမဖြစ်သော ပသာဒရုပ် ၅-ခု)။ (၇၇၁)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်နှင့် တကွ ဖြစ်သော 'စိတ္တသဟဘု' ရုပ်လည်းရှိ၏ (အပသန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူပျက် သော ဝိညတ္တိရုပ်၂-ခု)။ (၇၇၂)

(၃) စိတ်နှင့် တကွဖြစ်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော 'န စိတ္တသဟဘု' ရုပ်လည်းရှိ၏ (ဝိညတ်ရုပ်မှတစ်ပါးသော စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်သော ဗာဟိရ ရုပ်များ)။ (၇၇၃)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်သို့အစဉ်လိုက်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော 'န စိတ္တာနုပရိဝတ္တိ' ရုပ်တည်း (အတွင်းသန္တာန်၌ ဖြစ်၍ စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်သော ပသာဒရုပ် ၅-ခု)။ (၇၇၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် စိတ်သို့ အစဉ်လိုက် သော (စိတ်နှင့် အတူဖြစ်, အတူပျက်ဖြစ်သော) 'စိတ္တာနုပရိဝတ္တိ' ရုပ်လည်း ရှိ၏ (အပ သန္တာန်၌ ဖြစ်၍စိတ်နှင့်အတူဖြစ်, အတူပျက်ဖြစ်စသော ဝိညတ္တိရုပ် ၂-ခု)။ (၇၇၅)

(၃) စိတ်သို့ အစဉ်လိုက်သည် မဟုတ် (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်) သော 'န စိတ္တာနုပရိဝတ္တိ' ရုပ်လည်း ရှိ၏။ (စိတ်နှင့် အတူဖြစ်, အတူပျက်ဖြစ်သော (ဝိညတ်ရုပ်မှ တစ်ပါးသော) ဗာဟိရရုပ်များ)။ (၇၇၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်း သော 'ဩဠာရိက' ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်သော ကြမ်းတမ်းသော ပသာဒရုပ် ၅-ခု)။ (၇၇၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်၍ ကြမ်းတမ်းသော ပသာဒရုပ်မှတစ်ပါးသောဩဠာရိကရုပ်ခုနစ်ခု)။ (၇၇၈)

(၃) သိမ်မွေ့သော 'သုခုမ' ရုပ်လည်းရှိ၏ (သိမ်မွေ့သော အာပေါစသော သုခုမရုပ်များ)။ (၇၇၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် နီးကပ် (သိလွယ်) သော 'သန္တိကေ' ရုပ်သာ ဖြစ်၏ (အတွင်းသန္တာန်၌ ဖြစ်၍ နီးကပ်သော (သိလွယ် သော) ပသာဒရုပ် ၅-ခု)။ (၇၈၀)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဝေးကွာ (အသိခက်) သော 'ဒူရေ' ရုပ်လည်း ရှိ၏ (အပသန္တာန်၌ ဖြစ်၍ ဝေးကွာသော (အသိခက်သော) အာပေါ စသောဒူရေရုပ်, သုခုမရုပ်များ)။ (၇၈၁)

(၃) နီးကပ် (သိလွယ်) သော 'သန္တိကေ' ရုပ်လည်း ရှိ၏ နီးကပ်သော (သိလွယ်သော) ပသာဒရုပ်မှတစ်ပါးသော 'သန္တိကေ' ရုပ် (ဩဠာရိကရုပ် ခုနစ်ခု)။ (၇၈၂)

ပကိဏ္ဏကတိက် ပြီးပြီ။

------

ဝတ္ထုတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခု ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာမဟုတ်သော 'နဝတ္ထု'ရုပ်တည်း (ဝိသယရုပ်,သုခုမရုပ်ဟူသော ဗာဟိရရုပ်များ)။ (၇၈၃)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာ တည်ရာဖြစ်သော 'ဝတ္ထု' ရုပ်လည်း ရှိ၏ (စက္ခုပသာဒ)။ (၇၈၄)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာ တည်ရာ မဟုတ်သော 'န ဝတ္ထု' ရုပ်လည်းရှိ၏ (သောတ, ဃာန, ဇိဝှါ, ကာယပသာဒ ၄-ခု)။ (၇၈၅)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခု ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ် သားမှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ မြင်သိစိတ် 'စက္ခု ဝိညာဏ်' ၏ မှီရာတည်ရာ 'ဝတ္ထု' မဟုတ်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၈၆)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် 'စက္ခုဝိညာဏ်' ၏ မှီရာ တည်ရာ 'ဝတ္ထု' ရုပ်လည်းရှိ၏ (စက္ခုပသာဒ'။ (၇၈၇)

(၃) မြင်သိစိတ် 'စက္ခုဝိညာဏ်' ၏ မှီရာ တည်ရာ 'ဝတ္ထု' မဟုတ်သော ရုပ်လည်းရှိ၏ (သောတ, ဃာန,ဇိဝှါ, ကာယပသာဒ)။ (၇၈၈)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ' ၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာ တည်ရာ 'ဝတ္ထု' မဟုတ်သော ရုပ်တည်း (ပသာဒရုပ်ငါးခုမှတစ်ပါးသော ရုပ်များ)။ (၇၈၉)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာ တည်ရာ 'ဝတ္ထု' ရုပ်လည်း ရှိ၏ (ကာယပသာဒ)။ (၇၉၀)

(၃) ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ မှီရာတည်ရာ 'ဝတ္ထု' မဟုတ်သော ရုပ်လည်းရှိ၏ (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒ ၄-ခု)။ (၇၉၁)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ် သားမှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ ထိသိစိတ် 'ကာယ ဝိညာဏ်' ၏ မှီရာတည်ရာ 'ဝတ္ထု' မဟုတ်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၇၉၂)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် 'ကာယဝိညာဏ်' ၏ မှီရာတည်ရာ 'ဝတ္ထု' ရုပ်လည်း ရှိ၏ (ကာယပသာဒ)။ (၇၉၃)

(၃) ထိသိစိတ် 'ကာယဝိညာဏ်' ၏ မှီရာတည်ရာ 'ဝတ္ထု' မဟုတ်သော ရုပ်လည်း ရှိ၏ (စက္ခု, သောတ,ဃာန, ဇိဝှါပသာဒလေးခု)။ (၇၉၄)

ဝတ္ထုတိက် ပြီးပြီ။

------

အာရမ္မဏတိက်

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'နာရမ္မဏ'ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၇၉၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ အာရုံဖြစ်သော 'အာရမ္မဏ' ရုပ်လည်း ရှိ၏ (ရူပါရုံ)။ (၇၉၆)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်လည်း ရှိ၏ (ရူပါရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၇၉၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် 'စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ်သားမှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ မြင်သိစိတ် 'စက္ခု ဝိညာဏ်' ၏အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၇၉၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် 'စက္ခုဝိညာဏ်' ၏ အာရုံဖြစ်သော 'အာရမ္မဏ' ရုပ်လည်း ရှိ၏ (ရူပါရုံ)။ (၇၉၉)

(၃) မြင်သိစိတ် 'စက္ခုဝိညာဏ်' ၏ အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်လည်း ရှိ၏ (ရူပါရုံမှ တစ်ပါးသောဗာဟိရရုပ်များ)။ (၈၀၀)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'သောတသမ္ဖဿ' ၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဃာနသမ္ဖဿ' ၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သောတွေ့ထိမှု 'ဇိဝှါသမ္ဖဿ' ၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ကာယသမ္ဖဿ' ၏အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၀၁)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယ့ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ကာယသမ္ဖဿ' ၏ အာရုံဖြစ်သော 'အာရမ္မဏ' ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၀၂)

(၃) ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော ဗာဟိရရုပ်များ)။ (၈၀၃)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' ၏။ပ။ မှတ်သားမှု 'သညာ' ၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ ထိသိစိတ် 'ကာယဝိညာဏ်' ၏အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်တည်း။ (ပသာဒရုပ် ငါးခု)။ (၈၀၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် 'ကာယဝိညာဏ်' ၏ အာရုံဖြစ်သော 'အာရမ္မဏ' ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၀၅)

(၃) ထိသိစိတ် 'ကာယဝိညာဏ်' ၏ အာရုံမဟုတ်သော 'နာရမ္မဏ' ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၀၆)

အာရမ္မဏတိက် ပြီးပြီ။

------

အာယတနတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' မမည်သော ရုပ်တည်း (အပသန္တာန်၌ ဖြစ်၍စက္ခာယတနမမည်သော ဗာဟိရရုပ်များ)။ (၈၀၇)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' မည်သော ရုပ်လည်းရှိ၏ (စက္ခုပသာဒ)။ (၈၀၈)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' မမည်သော ရုပ်လည်းရှိ၏ (သောတ, ဃာန, ဇိဝှါ, ကာယပသာဒ)။ (၈၀၉)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် 'သောတာယတန' မမည်သော ရုပ်တည်း။ပ။ နံသိ စိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနယတန' မမည်သော ရုပ်တည်း။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' မမည်သော ရုပ်တည်း။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' မမည်သော ရုပ်တည်း (ဗာဟိရရုပ်များ)။ (၈၁၀)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' မည်သော ရုပ်လည်း ရှိ၏ (ကာယ ပသာဒ)။ (၈၁၁)

(၃) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'မမည်သော ရုပ်လည်း ရှိ၏ (စက္ခု, သောတ, ဃာန, ဇိဝှါပသာဒ)။ (၈၁၂)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၁၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုအပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' မည်သော ရုပ်လည်းရှိ၏ (ရူပါရုံ)။ (၈၁၄)

(၃) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' မမည်သော ရုပ်လည်း ရှိ၏့ (ရူပါရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၁၅)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' မမည်သော ရုပ်တည်း။ပ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' မမည်သော ရုပ်တည်း။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' မမည်သော ရုပ်တည်း။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၁၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုအပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' မည် သောရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၁၇)

(၃) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' မမည်သော ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၁၈)

အာယတနတိက် ပြီးပြီ။

------

ဓာတုတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှုသဘော 'စက္ခုဓာတု'မမည်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၁၉)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှုသဘော 'စက္ခုဓာတု' မည်သော ရုပ်လည်း ရှိ၏ (စက္ခုပသာဒ)။ (၈၂၀)

(၃) မြင်မှုသဘော 'စက္ခုဓာတု' မမည်သော ရုပ်လည်း ရှိ၏ (သောတ, ဃာန, ဇိဝှါ, ကာယ ပသာဒ)။ (၈၂၁)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားမှုသဘော 'သောတဓာတု' မမည်သော ရုပ်တည်း။ပ။ နံမှုသဘော 'ဃာနဓာတု'မမည်သော ရုပ်တည်း။ပ။ လျက်မှုသဘော 'ဇိဝှါဓာတု'မမည်သော ရုပ်တည်း။ပ။ ထိမှုသဘော 'ကာယဓာတု' မမည်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၂၂)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိမှုသဘော 'ကာယဓာတု' မည်သော ရုပ်လည်းရှိ၏ (ကာယပသာဒ)။ (၈၂၃)

(၃) ထိမှုသဘော 'ကာယဓာတု' မမည်သော ရုပ်လည်းရှိ၏ (စက္ခု, သောတ, ဃာန, ဇိဝှါ ပသာဒ)။ (၈၂၄)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အဆင်း သဘော 'ရူပဓာတု' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၂၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အဆင်းသဘော 'ရူပဓာတု' မည်သော ရုပ်လည်းရှိ၏ (ရူပါရုံ)။ (၈၂၆)

(၃) အဆင်းသဘော 'ရူပဓာတု' မမည်သော ရုပ်လည်း ရှိ၏ (ရူပါရုံမှတစ်ပါးသော ဗာဟိရရုပ် များ)။ (၈၂၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အသံသဘော 'သဒ္ဒဓာတု'မမည်သော ရုပ်တည်း။ပ။ အနံ့သဘော 'ဂန္ဓဓာတု'မမည်သော ရုပ်တည်း။ပ။ အရသာသဘော 'ရသဓာတု'မမည်သော ရုပ်တည်း။ပ။ အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု' မမည်သောရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၂၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု' မည်သော ရုပ်လည်းရှိ၏ (ဖောဋ္ဌဗ္ဗာရုံ)။ (၈၂၉)

(၃) အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု' မမည်သော ရုပ်လည်း ရှိ၏ (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသောဗာဟိရရုပ်များ)။ (၈၃၀)

ဓာတုတိက် ပြီးပြီ။

------

ဣန္ဒြိယတိက်

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှု၌ အစိုးရသောမျက်စိအကြည် 'စက္ခုန္ဒြေ'မမည်သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၃၁)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မြင်မှု၌ အစိုးရ သောမျက်စိအကြည် 'စက္ခုန္ဒြေ' မည်သော ရုပ်လည်းရှိ၏ (စက္ခုပသာဒ)။ (၈၃၂)

(၃) မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ' မမည်သော ရုပ်လည်း ရှိ၏ (သောတ, ဃာန, ဇိဝှါ,ကာယပသာဒ)။ (၈၃၃)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြားမှု၌ အစိုးရ သောနားအကြည် 'သောတိန္ဒြေ' မမည်သော ရုပ်တည်း။ပ။ နံမှု၌ အစိုးရသော နှာခေါင်း အကြည် 'ဃာနိန္ဒြေ' မမည်သော ရုပ်တည်း။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ' မမည်သောရုပ်တည်း။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' မမည် သော ရုပ်တည်း (ပသာဒရုပ်မှတစ်ပါးသော ရုပ်များ)။ (၈၃၄)

(၂) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိမှု၌ အစိုးရ သောကိုယ်အကြည် 'ကာယိန္ဒြေ' မည်သော ရုပ်လည်း ရှိ၏ (ကာယပသာဒ)။ (၈၃၅)

(၃) ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' မမည်သော ရုပ်လည်း ရှိ၏ (စက္ခု, သောတ,ဃာန, ဇိဝှါပသာဒ)။ (၈၃၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိန်းမဖြစ် ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၃၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိန်းမဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' မည်သော ရုပ်လည်း ရှိ၏ (ဣတ္ထိဘာဝရုပ်)။ (၈၃၈)

(၃) မိန်းမဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' မမည်သော ရုပ်လည်းရှိ၏ (ဣတ္တိဘာဝရုပ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၃၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ယောက်ျားဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၄၀)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ယောက်ျားဖြစ် ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ' မည်သော ရုပ်လည်း ရှိ၏ (ပုရိသဘာဝရုပ်)။ (၈၄၁)

(၃) ယောက်ျားဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ' မမည်သော ရုပ်လည်း ရှိ၏ (ပုရိသဘာဝရုပ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၄၂)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် ရှိ၏၊ ထိုရုပ်သည် အသက်ရှည် ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၄၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' မည်သော ရုပ်လည်း ရှိ၏ (ဇီဝိတရုပ်)။ (၈၄၄)

(၃) အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' မမည်သော ရုပ်လည်း ရှိ၏ (ဇီဝိတရုပ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၄၅)

ဣန္ဒြိယတိက် ပြီးပြီ။

------

သုခုမရူပတိက်

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလို ဆန္ဒကိုကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၄၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလိုဆန္ဒကိုကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်' မည်သော ရုပ်လည်းရှိ၏ (ကာယဝိညတ်)။ (၈၄၇)

(၃) မိမိ၏ အလိုဆန္ဒကို ကိုုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်' မမည်သော ရုပ်လည်း ရှိ၏ (ကာယဝိညတ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၄၈)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလို ဆန္ဒကိုနှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၄၉)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မိမိ၏ အလိုဆန္ဒကိုနှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' မည်သော ရုပ်လည်းရှိ၏ (ဝစီဝိညတ်)။ (၈၅၀)

(၃) မိမိ၏ အလိုဆန္ဒကို နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' မမည်သော ရုပ်လည်းရှိ၏ (ဝစီဝိညတ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၅၁)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မရေးခြစ်အပ် သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု) (၈၅၂)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ'ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'မည်သော ရုပ်လည်း ရှိ၏ (ပရိစ္ဆေဒရုပ်)။ (၈၅၃)

(၃) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်' မမည်သောရုပ်လည်း ရှိ၏ (ပရိစ္ဆေဒရုပ်မှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၅၄)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဖွဲ့စည်းမှု (ရေ)ဟူသော သဘော 'အာပေါဓာတ်' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၅၅)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဖွဲ့စည်းမှု (ရေ)ဟူသော 'အာပေါဓာတ်' မည်သော ရုပ်လည်း ရှိ၏ (အာပေါဓာတ်)။ (၈၅၆)

(၃) ဖွဲ့စည်းမှု (ရေ)ဟူသော 'အာပေါဓာတ်' မမည်သော ရုပ်လည်းရှိ၏ (အာပေါဓာတ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၅၇)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၅၈)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ လျင်မြန် ပေါ့ပါးမှု 'ရူပဿ လဟုတာ' မည်သော ရုပ်လည်း ရှိ၏ (ရူပဿလဟုတာ)။ (၈၅၉)

(၃) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ' မမည်သော ရုပ်လည်းရှိ၏ (ရူပဿ လဟုတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၆၀)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ နူးညံ့မှု့ 'ရူပဿ မုဒုတာ' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၆၁)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ နူးညံ့မှု 'ရူပဿမုဒုတာ' မည်သော ရုပ်လည်း ရှိ၏ (ရူပဿ မုဒုတာ)။ (၈၆၂)

(၃) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ' မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ မုဒုတာရုပ်မှတစ်ပါး သောဗာဟိရရုပ်များ)။ (၈၆၃)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' မမည် သောရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၆၄)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ခံ့မှု (အမှုကိစ္စ တို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) ရူပဿ ကမ္မညတာ' မည်သော ရုပ်လည်း ရှိ၏ (ရူပဿကမ္မညတာ)။ (၈၆၅)

(၃) ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ ကမ္မညတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၆၆)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ဖြစ်စ 'ရူပဿဥပစယ' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၆၇)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ဖြစ်စ 'ရူပဿဥပစယ' မည်သော ရုပ်လည်းရှိ၏ (ရူပဿ ဥပစယ)။ (၈၆၈)

(၃) ရုပ်၏ ဖြစ်စ 'ရူပဿ ဥပစယ' မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ ဥပစယမှတစ်ပါးသောဗာဟိရရုပ်များ)။ (၈၆၉)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' မည်သော ရုပ်လည်း ရှိ၏ (ပသာဒရုပ်ငါးခု)။ (၈၇၀)

(၁) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ ကြီးပွါးဆဲ အစဉ် 'ရူပဿ သန္တတိ' မည်သော ရုပ်လည်း ရှိ၏ (ရူပဿ သန္တတိ)။ (၈၇၁)

(၃) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' မမည်သော ရုပ်လည်း ရှိ၏ (ရူပဿ သန္တတိမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၇၂)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ အိုမှု,ရင့်ရော်ဆွေးမြေ့မှု 'ရူပဿ ဇရတာ' မမည်သော ရုပ်တည်း (ပသာဒရုပ် ငါးခု)။ (၈၇၃)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု 'ရူပဿ ဇရတာ' မည်သော ရုပ်လည်းရှိ၏ (ရူပဿ ဇရတာ)။ (၈၇၄)

(၃) ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု 'ရူပဿ ဇရတာ' မမည်သော ရုပ်လည်း ရှိ၏ (ရူပဿဇရတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၇၅)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ (ချုပ် ပျက်၍) မမြဲမှု 'ရူပဿ အနိစ္စတာ' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၇၆)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု 'ရူပဿ အနိစ္စတာ' မည်သော ရုပ်လည်းရှိ၏ (ရူပဿ အနိစ္စတာ)။ (၈၇၇)

(၃) ရုပ်၏ (ချုပ်ပျက်၍) မမြဲမှု 'ရူပဿ အနိစ္စတာ' မမည်သော ရုပ်လည်း ရှိ၏ (ရူပဿအနိစ္စတာမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၇၈)

(၁) အကြင် အတွင်းသန္တာန်၌ ဖြစ်သော 'အဇ္ဈတ္တိက' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အလုတ် အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' မမည်သော ရုပ်တည်း (ပသာဒရုပ်ငါးခု)။ (၈၇၉)

(၂) အကြင် အပသန္တာန်၌ ဖြစ်သော 'ဗာဟိရ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' မည်သော ရုပ်လည်းရှိ၏ (ကဗဠီကာရအာဟာရ)။ (၈၈၀)

(၃) အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' မမည်သော ရုပ်လည်းရှိ၏ (ကဗဠီကာရအာဟာရမှတစ်ပါးသော ဗာဟိရရုပ်များ)။ (၈၈၁)

ဤသို့ သုံးဖို့ (သုံးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

သုံးမျိုးသုံးစားအားဖြင့် ဟောကြားခြင်း 'တိက' ပြီးပြီ။

------

၁။ ''အဇ္ဈတ္တိက'' ဟူ၍ အမည်ပေးထားခြင်းသည် ကိုယ်ခန္ဓာ၏ အတွင်းသန္တာန်၌ ဖြစ်သော အကြောင်းတစ်ခုတည်း ကြောင့်သာ ပေးထားခြင်းမဟုတ်၊ စင်စစ်မူကား ကုသိုလ် အကုသိုလ်ကို ဖြစ်စေနိုင်သည့် ထူးခြားသော ကိစ္စ,၊ သတ္တိများရှိ၍ ကိုယ်ခန္ဓာအား အလွန်အကျူး အထူးပင် ကျေးဇူးများသောကြောင့် ''အဇ္ဈတ္တိက'' ဟူ၍ အမည်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ပသာဒရုပ်ငါးခုသည်သာ ''အဇ္ဈတ္တိက' ဟူသော အမည်ကို ရ၍ ကျန်သော ဘာဝရုပ်, ဇီဝိတရုပ်စသော ရုပ်များသည် အတွင်းသန္တာန်၌ ဖြစ်ကြသော်လည်း ''အဇ္ဈတိ္တက'' ဟူသော အမည်ကို မရနိုင်ချေ။ တစ်နည်းအားဖြင့် အတွင်း အကျဆုံး ရုပ်များဟူ၍ ဆိုလိုသည်။

Ã

လေးမျိုးလေးစားအားဖြင့် ဟောကြားခြင်း ''စတုက္က''

လေးဖို့ (လေးစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ'ကား -

၅၈၆။ (၁) အကြင် မှီတတ်သော 'ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိ တို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ'ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားဖြစ်သော ကမ္မဇ ဥပါဒါရုပ်)။ (၈၈၂)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်မဟုတ်သောရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရား မဟုတ်သော တိဇဥပါဒါရုပ်)။ (၈၈၃)

(၃) အကြင် မမှီတတ်သော 'နော ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားဖြစ်သော ကမ္မဇမဟာဘုတ်ရုပ်)။ (၈၈၄)

(၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ'ရုပ် (ကမ္မဇရုပ် မဟုတ်သောရုပ်) လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားမဟုတ်သော တိဇမဟာဘုတ်ရုပ်)။ (၈၈၅)

(၁) အကြင် မှီတတ်သော 'ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ် သည် ဖြစ်၍ (ကမ္မဇရုပ်လည်းဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) လည်းဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏အာရုံလည်းဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်လည်းရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့် ကံ၏ အကျိုးတရားဖြစ်၍ ဥပါဒါန်၏ အာရုံဖြစ်သော ကမ္မဇဥပါဒါရုပ်)။ (၈၈၆)

(၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ (ကမ္မဇရုပ်မဟုတ်) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယ' ရုပ်လည်းရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့် ကံ၏ အကျိုးကား မဟုတ်၊ သို့သော် ဥပါဒါန်၏ အာရုံဖြစ်သော တိဇဥပါဒါရုပ်)။ (၈၈၇)

(၃) အကြင် မမှီတတ်သော 'နော ဥပါဒါ' ရုပ်သည်ရှိ၏)၊ ထိုရုပ်သည် အာရုံပြုသောအားဖြင့်တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ် သည်ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံလည်းဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်လည်းရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့်ကံ၏ အကျိုးတရားဖြစ်၍ ဥပါဒါန်၏ အာရုံဖြစ်သော ကမ္မဇမဟာဘုတ်ရုပ်)။ (၈၈၈)

(၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်ကုန်မူ၍ လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယ' ရုပ်လည်း ရှိ၏ (တဏှာ ဒိဋ္ဌိတို့ဦးစီးသည့် ကံ၏အကျိုး ကား မဟုတ်၊ သို့သော်ဥပါဒါန်၏ အာရုံဖြစ်သော တိဇမဟာဘုတ်ရုပ်)။ (၈၈၉)

(၁) အကြင် မှီတတ်သော 'ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်းရှိ၏ (ဩဠာရိကဥပါဒါရုပ်)။ (၈၉၀)

(၂) ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ' ရုပ်လည်းရှိ၏ (သုခုမဥပါဒါရုပ်)။ (၈၉၁)

(၃) အကြင် မမှီတတ်သော 'နော ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်းရှိ၏ (ဩဠာရိကမဟာဘုတ်ရုပ်)။ (၈၉၂)

(၄) ထိပါးတတ်သည်၏အဖြစ် (ထိးပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ' ရုပ်လည်းရှိ၏ (သုခုမမဟာဘုတ်ရုပ်) (အာပေါရုပ်)။ (၈၉၃)

(၁) အကြင် မှီတတ်သော 'ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်းရှိ၏ (ဩဠာရိကဥပါဒါရုပ်)။ (၈၉၄)

(၂) သိမ်မွေ့သော 'သုခုမ' ရုပ်လည်းရှိ၏ (သုခုမဥပါဒါရုပ်)။ (၈၉၅)

(၃) အကြင် မမှီတတ်သော 'နော ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (ဩဠာရိကမဟာဘုတ်ရုပ်)။ (၈၉၆)

(၄) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (သုခုမမဟာဘုတ်ရုပ်) (အာပေါရုပ်)။ (၈၉၇)

(၁) အကြင် မှီတတ်သော 'ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (သုခုမဥပါဒါရုပ်)။ (၈၉၈)

(၂) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (ဩဠာရိကဥပါဒါရုပ်)။ (၈၉၉)

(၃) အကြင် မမှီတတ်သော 'နော ဥပါဒါ' ရုပ်သည် (ရှိ၏)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက် သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (သုခုမမဟာဘုတ်ရုပ်)။ (၉၀၀)

(၄) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (ဩဠာရိကမဟာဘုတ်ရုပ်)။ (၉၀၁)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ဖြစ်သော 'သနိဒဿန' ရုပ်လည်း ရှိ၏ (ရူပါရုံဟူသော သနိဒဿနကမ္မဇရုပ်)။ (၉၀၂)

(၂) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ရုပ်လည်းရှိ၏ (အနိဒဿနကမ္မဇရုပ်)။ (၉၀၃)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏ အကျိုးတရားမဟုတ်သောရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ ဖြစ်သော 'သနိဒဿန' ရုပ်လည်း ရှိ၏ (သနိဒဿနတိဇရုပ်)။ (၉၀၄)

(၄) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ရုပ်လည်း ရှိ၏ (အနိဒဿနတိဇရုပ်)။ (၉၀၅)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်းရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၀၆)

(၂) ထိးပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ' ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၀၇)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏ အကျိုးတရားမဟုတ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်း ရှိ၏ (ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဟူသော အနုပါဒိဏ္ဏ သပ္ပဋိဃရုပ်)။ (၉၀၈)

(၄) ထိးပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ' ရုပ်လည်း ရှိ၏ (အနုပါဒိဏ္ဏအပ္ပဋိဃရုပ်)။ (၉၀၉)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီး သော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်လည်းရှိ၏ (ကမ္မဇမဟာဘုတ်)။ (၉၁၀)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော (န မဟာဘူတ) ရုပ်လည်းရှိ၏ (ကမ္မဇဥပါဒါရုပ်)။ (၉၁၁)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားမဟုတ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်လည်း ရှိ၏ (တိဇမဟာဘုတ်)။ (၉၁၂)

(၄) ကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ' ရုပ်လည်းရှိ၏ (တိဇဥပါဒါရုပ်)။ (၉၁၃)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီး သော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ် လည်း ရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၁၄)

(၂) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၁၅)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးတရားမဟုတ်သော ရုပ်)၊ ထိုရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏့ (တိဇဩဠာရိကရုပ်)။ (၉၁၆)

(၄) သိမ်မွေ့သော 'သုခုမ' ရုပ်လည်းရှိ၏ (တိဇသုခုမရုပ်)။ (၉၁၇)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော 'ဥပါဒိဏ္ဏ' ရုပ် (ကမ္မဇရုပ်) သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးတရားဖြစ်သော ရုပ်)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ် လည်း ရှိ၏ (ကမ္မဇ-သုခုမရုပ်)။ (၉၁၈)

(၂) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၁၉)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်သော 'အနုပါဒိဏ္ဏ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားမဟုတ်သောရုပ်)၊ ထိုရုပ်သည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ် လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၂၀)

(၄) နီးကပ်သော (သိလွယ်သော) 'သန္တိကေ'ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၂၁)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည်ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏) (တဏှာ,ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးတရားလည်း ဖြစ် ဥပါဒါန်၏အစီးအပွါး (အာရုံ) လည်းဖြစ်သော ရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော 'သနိဒဿန' ရုပ်လည်း ရှိ၏ (ကမ္မဇရူပါရုံ)။ (၉၂၂)

(၂) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ရုပ်လည်း ရှိ၏ (ရူပါရုံမှတစ်ပါးသော ကမ္မဇရုပ်များ)။ (၉၂၃)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ်)၊ ထိုရုပ်သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွဖြစ်သော 'သနိဒဿန' ရုပ်လည်းရှိ၏ (တိဇရူပါရုံ)။ (၉၂၄)

(၄) မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ရုပ်လည်းရှိ၏ (ရူပါရုံမှတစ်ပါးသော တိဇရုပ်များ)။ (၉၂၅)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ် သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံ လည်း ဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးလည်းဖြစ်၊ ဥပါဒါန်၏အစီးအပွါး (အာရုံ) လည်းဖြစ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်းရှိ၏ (ကမ္မဇ ဩဠာရိကရုပ်)။ (၉၂၆)

(၂) ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ မဖြစ်သော 'အပ္ပဋိဃ' ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၂၇)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ (ကမ္မဇရုပ်မဟုတ်) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) 'အနု ပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏)

(တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ်)၊ ထိုရုပ်သည် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်းနှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၂၈)

(၄) ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ'ရုပ်လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၂၉)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည်ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော၊ 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏ အကျိုးလည်းဖြစ်၊ ဥပါဒါန်၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော 'မဟာဘူတ' ရုပ်လည်း ရှိ၏ (ကမ္မဇ မဟာဘူတရုပ်)။ (၉၃၀)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ' ရုပ်လည်း ရှိ၏ (ကမ္မဇဥပါဒါရုပ်)။ (၉၃၁)

(၃) အကြင်အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ ဦးစီးသော ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏အစီးအပွါး (အာရုံ) သာဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြီးကျယ်ထင်ရှားသော 'မဟာဘူတ' ရုပ်လည်းရှိ၏ (တိဇမဟာဘူတရုပ်)။ (၉၃၂)

(၄) ကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ' ရုပ်လည်း ရှိ၏ (တိဇဥပါဒါရုပ်)။ (၉၃၃)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏) (တဏှာ ဒိဋ္ဌိတို့ဦးစီးသော ကံ၏အကျိုးလည်းဖြစ် ဥပါဒါန်၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော ရုပ်)၊ ထိုရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (ကမ္မဇဩဠာရိကရုပ်)။ (၉၃၄)

(၂) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၃၅)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ (ကမ္မဇရုပ်မဟုတ်သော ရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏)၊ ထို (အနုပါဒိဏ္ဏုပါဒါနိယ) ရုပ်သည် ကြမ်းတမ်း သော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၃၆)

(၄) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၃၇)

(၁) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်သည် ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံလည်း ဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ' ရုပ်သည် (ရှိ၏)၊ ထို (ဥပါဒိဏ္ဏုပါဒါနိယ) ရုပ်သည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (ကမ္မဇသုခုမရုပ်)။ (၉၃၈)

(၂) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (ကမ္မဇဩဠာရိက' ရုပ်)။ (၉၃၉)

(၃) အကြင် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူအပ်မူ၍ (ကမ္မဇရုပ်မဟုတ်သော ရုပ်ဖြစ်၍) လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏အစီးအပွါး (အာရုံ) သာဖြစ်သော (တဏှာ ဒိဋ္ဌိတို့၏ အာရုံသာဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယ' ရုပ်သည့် (ရှိ၏)၊ ထို (အနုပါဒိဏ္ဏုပါဒါနိယ) ရုပ်သည် ဝေးကွာ သော (အသိခက်သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (တိဇသုခုမရုပ်)။ (၉၄၀)

(၄) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (တိဇဩဠာရိကရုပ်)။ (၉၄၁)

(၁) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော 'သပ္ပဋိ ဃ' ရုပ်သည် (ရှိ၏)၊ ထို (သပ္ပဋိ ဃ) ရုပ်သည် အစိုးရမှု 'ဣန္ဒြေ' မည်သော ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်)။ (၉၄၂)

(၂) အစိုးရမှု 'ဣန္ဒြေ' မမည်သော 'န ဣန္ဒြေ' ရုပ်လည်းရှိ၏ (အနိန္ဒြိယဩဠာရိကရုပ်)။ (၉၄၃)

(၃) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိ ဃ' ရုပ်သည် (ရှိ၏)၊ ထို (အပ္ပဋိဃ) ရုပ်သည် အစိုးရမှု 'ဣန္ဒြေ' မည်သော ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်)။ (၉၄၄)

(၄) အစိုးရမှု 'ဣန္ဒြေ' မမည်သော 'န ဣန္ဒြေ' ရုပ်လည်း ရှိ၏ (အနိန္ဒြိယသုခုမရုပ်)။ (၉၄၅)

(၁) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်သည် (ရှိ၏)၊ ထို (သပ္ပဋိ ဃ) ရုပ်သည် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်လည်း ရှိ၏ (မဟာဘူတ ဩဠာရိကရုပ်)။ (၉၄၆)

(၂) ကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ'ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်)။ (၉၄၇)

(၃) အကြင် ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ' ရုပ်သည် (ရှိ၏)၊ ထို (အပ္ပဋိဃ) ရုပ်သည် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်လည်း ရှိ၏ (မဟာ ဘူတ သုခုမရုပ်) (အာပေါဓာတ်)။ (၉၄၈)

(၄) ကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ' ရုပ်လည်း ရှိ၏ (ဥပါဒါသုခုမရုပ်)။ (၉၄၉)

(၁) အကြင် အစိုးရမှု 'ဣန္ဒြေ' မည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု 'ဣန္ဒြေ' မည်သော ရုပ် သည်ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်)။ (၉၅၀)

(၂) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်)။ (၉၅၁)

(၃) အကြင် အစိုးရမှု 'ဣန္ဒြေ' မမည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု 'ဣန္ဒြေ' မမည်သော ရုပ်သည်ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (အနိန္ဒြိယဩဠာရိကရုပ်)။ (၉၅၂)

(၄) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (အနိန္ဒြိယသုခုမရုပ်)။ (၉၅၃)

(၁) အကြင် အစိုးရမှု 'ဣန္ဒြေ' မမည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု 'ဣန္ဒြေ' မည်သော ရုပ်သည်ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (ဣန္ဒြိယသုခုမရုပ်)။ (၉၅၄)

(၂) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (ဣန္ဒြိယဩဠာရိကရုပ်)။ (၉၅၅)

(၃) အကြင် အစိုးရမှု 'ဣန္ဒြေ' မမည်သော ရုပ်သည် (ရှိ၏)၊ ထိုအစိုးရမှု 'ဣန္ဒြေ' မမည်သော ရုပ်သည်ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (အနိန္ဒြိယသုခုမရုပ်)။ (၉၅၆)

(၄) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (အနိန္ဒြိယဩဠာရိကရုပ်)။ (၉၅၇)

(၁) အကြင် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (မဟာဘူတဩဠာရိက ရုပ်)။ (၉၅၈)

(၂) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (မဟာဘူတသုခုမရုပ်) (အာပေါဓာတ်)။ (၉၅၉)

(၃) အကြင် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' မမည်သော ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' မမည်သော ရုပ်သည် ကြမ်းတမ်းသော 'ဩဠာရိက' ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်)။ (၉၆၀)

(၄) သိမ်မွေ့သော 'သုခုမ' ရုပ်လည်း ရှိ၏ (ဥပါဒါသုခုမရုပ်)။ (၉၆၁)

(၁) အကြင် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' ရုပ်သည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ်လည်း ရှိ၏ (မဟာဘူတ သုခုမရုပ်)

(အာပေါဓာတ်)။ (၉၆၂)

(၂) နီးကပ်သော (သိလွယ်သော) 'သန္တိကေ'ရုပ်လည်း ရှိ၏ (မဟာဘူတဩဠာရိကရုပ်)။ (၉၆၃)

(၃) အကြင် ကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ' ရုပ်သည် (ရှိ၏)၊ ထိုကြီးကျယ်ထင်ရှားသည် မဟုတ်သော 'န မဟာဘူတ' ရုပ်သည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ရုပ်လည်းရှိ၏ (ဥပါဒါသုခုမရုပ်)။ (၉၆၄)

(၄) နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ရုပ်လည်း ရှိ၏ (ဥပါဒါဩဠာရိကရုပ်)။ (၉၆၅)

(၁) မြင်အပ်သော 'ဒိဋ္ဌ' ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၆၆)

(၂) ကြားအပ်သော 'သုတ' ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၆၆)

(၃) (ဃာန, ဇိဝှါ, ကာယဝိညာဏ်ဖြင့်) သိအပ်သော 'မုတ' ရုပ်သည် ရှိ၏ (ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ)။ (၉၆၆)

(၄) (စိတ်ဖြင့်) သိအပ်သော 'ဝိညာတ'ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။ (၉၆၆)

ဤသို့ လေးဖို့ (လေးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

လေးမျိုးလေးစားအားဖြင့် ဟောကြားခြင်း 'စတုက္က' ပြီးပြီ။

------

ငါးမျိုးငါးစားအားဖြင့် ဟောကြားခြင်း 'ပဉ္စက'

ငါးဖို့ (ငါးစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား -

၅၈၇။ (၁) မြေဟူသော သဘော 'ပထဝီဓာတ်' သည် (ရှိ၏)။ (၉၆၇)

(၂) ရေဟူသော သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ (၉၆၈)

(၃) မီးဟူသော သဘော 'တေဇောဓာတ်' သည် (ရှိ၏)။ (၉၆၉)

(၄) လေဟူသော သဘော 'ဝါယောဓာတ်' သည် (ရှိ၏)။ (၉၇၀)

(၅) ယင်းသဘာဝ 'ဓာတ်' လေးပါးကို မှီတတ်သော 'ဥပါဒါ' ရုပ်သည် (ရှိ၏)။ (၉၇၁) ဤသို့ ငါးဖို့ (ငါးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ငါးမျိုးငါးစားအားဖြင့် ဟောကြားခြင်း 'ပဉ္စက' ပြီးပြီ။

------

ခြောက်မျိုးခြောက်စားအားဖြင့် ဟောကြားခြင်း 'ဆက္က'

ခြောက်ဖို့ (ခြောက်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား -

၅၈၈။ (၁) စက္ခုဝိညာဏ်ဖြင့် သိအပ်သော 'စက္ခုဝိညေယျ'ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၇၂)

(၂) သောတဝိညာဏ်ဖြင့် သိအပ်သော 'သောတဝိညေယျ' ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၇၂)

(၃) ဃာနဝိညာဏ်ဖြင့် သိအပ်သော 'ဃာနဝိညေယျ' ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၇၂)

(၄) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော 'ဇိဝှါဝိညေယျ' ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၇၂)

(၅) ကာယဝိညာဏ်ဖြင့် သိအပ်သော 'ကာယဝိညေယျ' ရုပ်သည် (ရှိ၏) (ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၂)

(၆) မနောဝိညာဏ်ဖြင့် သိအပ်သော 'မနောဝိညေယျ' ရုပ်သည် (ရှိ၏) (ရုပ်အားလုံး)။ (၉၇၂) ဤသို့ ခြောက်ဖို့ (ခြောက်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ခြောက်မျိုးခြောက်စားအားဖြင့် ဟောကြားခြင်း 'ဆက္က' ပြီးပြီ။

------

ခုနစ်မျိုး (ခုနစ်စား) အားဖြင့် ဟောကြားခြင်း 'သတ္တက'

ခုနစ်ဖို့ (ခုနစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား -

၅၈၉။ (၁) စက္ခု့ဝိညာဏ်ဖြင့် သိအပ်သော 'စက္ခုဝိညေယျ'ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၇၃)

(၂) သောတဝိညာဏ်ဖြင့် သိအပ်သော 'သောတဝိညေယျ' ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၇၃)

(၃) ဃာနဝိညာဏ်ဖြင့် သိအပ်သော 'ဃာနဝိညေယျ' ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၇၃)

(၄) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော 'ဇိဝှါဝိညေယျ' ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၇၃)

(၅) ကာယဝိညာဏ်ဖြင့် သိအပ်သော 'ကာယဝိညေယျ' ရုပ်သည် (ရှိ၏) (ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၃)

(၆) (ပဉ္စာရုံကို) သိကာမျှသဘော 'မနောဓာတ်'ဖြင့် သိအပ်သော 'မနောဓာတုဝိညေယျ' ရုပ်သည် (ရှိ၏) (ရူပါရုံစသော အာရုံငါးပါး)။ (၉၇၃)

(၇) (အာရုံခြောက်ပါးလုံးကို) အထူးသိမှု သဘော 'မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော 'မနောဝိညာဏဓာတုဝိညေယျ' ရုပ်သည် (ရှိ၏) (ရုပ်အားလုံး)။ (၉၇၃)

ဤသို့ ခုနစ်ဖို့ (ခုနစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ခုနစ်မျိုး (ခုနစ်စား) အားဖြင့် ဟောကြားခြင်း 'သတ္တက' ပြီးပြီ။

------

ရှစ်မျိုးရှစ်စားအားဖြင့် ဟောကြားခြင်း 'အဋ္ဌက'

ရှစ်ဖို့ (ရှစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား-

၅၉၀။ (၁) စက္ခု့ဝိညာဏ်ဖြင့် သိအပ်သော 'စက္ခုဝိညေယျ'ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၇၄)

(၂) သောတဝိညာဏ်ဖြင့် သိအပ်သော 'သောတဝိညေယျ' ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၇၄)

(၃) ဃာနဝိညာဏ်ဖြင့် သိအပ်သော 'ဃာနဝိညေယျ' ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၇၄)

(၄) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော 'ဇိဝှါဝိညေယျ' ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၇၄)

(၅) ကာယဝိညာဏ်ဖြင့် သိအပ်သော 'ကာယဝိညေယျ' ဟူသော ချမ်းသာသော အတွေ့အထိရှိသော 'သုခသမ္ဖဿ' ရုပ်သည် (ရှိ၏) (နှစ်လိုဖွယ်သော ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၄)

(၆) ဆင်းရဲသော အတွေ့အထိရှိသော 'ဒုက္ခသမ္ဖဿ' ရုပ်သည် (ရှိ၏) (မနှစ်လိုဖွယ်သော ဖောဋ္ဌဗ္ဗာရုံ)။ (၉၇၄)

(၇) (ပဉ္စာရုံကို) သိကာမျှ သဘော (မနောဓာတ်) ဖြင့် သိအပ်သော 'မနောဓာတုဝိညေယျ' ရုပ်သည် (ရှိ၏) (ရူပါရုံစသော အာရုံငါးပါး)။ (၉၇၄)

(၈) (အာရုံခြောက်ပါးလုံးကို) အထူးသိမှုသဘော 'မနောဝိညာဏဓာတ်'ဖြင့် သိအပ်သော 'မနောဝိညာဏဓာတုဝိညေယျ' ရုပ်သည် ရှိ၏ (ရုပ်အားလုံး)။ (၉၇၄)

ဤသို့ ရှစ်ဖို့ (ရှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ရှစ်မျိုးရှစ်စားအားဖြင့် ဟောကြားခြင်း 'အဋ္ဌက' ပြီးပြီ။

------

ကိုးမျိုး ကိုးစားအားဖြင့် ဟောကြားခြင်း 'နဝက'

ကိုးဖို့ (ကိုစု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား-

၅၉၁။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'မည်သော ရုပ်သည် (ရှိ၏) (စက္ခု ပသာဒ)။ (၉၇၅)

(၂) ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (သောတ ပသာဒ)။ (၉၇၆)

(၃) နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဃာနပသာဒ)။ (၉၇၆)

(၄) လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဇိဝှါပသာဒ)။ (၉၇၆)

(၅) ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိနြေ' မည်သော ရုပ်သည် (ရှိ၏) (ကာယပသာဒ)။ (၉၇၆)

(၆) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဣတ္ထိဘာဝရုပ်)။ (၉၇၆)

(၇) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ပုရိသဘာဝရုပ်)။ (၉၇၆)

(၈) အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဇီဝိတရုပ်)။ (၉၇၆)

(၉) အကြင် ဣန္ဒြေ မမည်သော ရုပ်သည် (ရှိ၏) (ဣန္ဒြိယရုပ်ရှစ်ခုမှ တစ်ပါးသော ရုပ်များ)။ (၉၇၇)

ဤသို့ ကိုးဖို့ (ကိုးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ကိုးမျိုး ကိုးစားအားဖြင့် ဟောကြားခြင်း 'နဝက' ပြီးပြီ။

------

ဆယ်မျိုး ဆယ်စားအားဖြင့် ဟောကြားခြင်း 'ဒသက'

ဆယ်ဖို့ (ဆယ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား -

၅၉၂။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'မည်သော ရုပ်သည် (ရှိ၏) (စက္ခုပသာဒ)။ (၉၇၈)

(၂) ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (သောတပသာဒ)။ (၉၇၉)

(၃) နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဃာနပသာဒ)။ (၉၇၉)

(၄) လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဇိဝှါပသာဒ)။ (၉၇၉)

(၅) ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ကာယပသာဒ)။ (၉၇၉)

(၆) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဣတ္ထိဘာဝရုပ်)။ (၉၇၉)

(၇) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ပုရိသဘာဝရုပ်)။ (၉၇၉)

(၈) အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' မည်သော ရုပ်သည် (ရှိ၏) (ဇီဝိတရုပ်)။ (၉၇၉)

(၉) ဣန္ဒြေမမည်သော ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော 'သပ္ပဋိဃ' ရုပ်သည် (ရှိ၏) (ဝိသယရုပ်ခုနစ်ခု)။ (၉၈၀)

(၁၀) ဣန္ဒြေမမည်သော ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွမဖြစ်သော 'အပ္ပဋိဃ'ရုပ် သည် (ရှိ၏) (ဘာဝရုပ် ဇီဝိတရုပ်မှ တစ်ပါး သုခုမရုပ်များ)။ (၉၈၁) ဤသို့ ဆယ်ဖို့ (ဆယ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

ဆယ်မျိုး ဆယ်စားအားဖြင့် ဟောကြားခြင်း 'ဒသက' ပြီးပြီ။

------

တစ်ဆယ့်တစ်မျိုးတစ်ဆယ့်တစ်စားအားဖြင့် ဟောကြားခြင်း 'ဧကာဒသက'

တစ်ဆယ့်တစ်ဘို့ (တစ်ဆယ့်တစ်စု) အားဖြင့် ရုပ်ကို ရေတွက်ခြင်း 'ရူပသင်္ဂဟ' ကား-

၅၉၃။ (၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' မည်သော ရုပ်သည် (ရှိ၏) (စက္ခုပသာဒ)။ (၉၈၂)

(၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' မည်သော ရုပ်သည် (ရှိ၏) (သောတ ပသာဒ)။ (၉၈၃)

(၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' မည်သော ရုပ်သည် (ရှိ၏) (ဃာန ပသာဒ)။ (၉၈၃)

(၄) လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' မည်သော ရုပ်သည် (ရှိ၏) (ဇိဝှါပသာဒ)။ (၉၈၃)

(၅) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' မည်သော ရုပ်သည် (ရှိ၏) (ကာယပသာဒ)။ (၉၈၃)

(၆) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' မည်သော ရုပ်သည် (ရှိ၏) (ရူပါရုံ)။ (၉၈၃)

(၇) ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' မည်သော ရုပ်သည် (ရှိ၏) (သဒ္ဒါရုံ)။ (၉၈၃)

(၈) နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' မည်သော ရုပ်သည် (ရှိ၏) (ဂန္ဓာရုံ)။ (၉၈၃)

(၉) လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန' မည်သော ရုပ်သည် (ရှိ၏) (ရသာရုံ)။ (၉၈၃)

(၁၀) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' မည်သော ရုပ်သည် (ရှိ၏) (ဖောဋ္ဌဗ္ဗာရုံ)။ (၉၈၃)

(၁၁) ဓမ္မာယတန၌ အကျုံးဝင်သော, မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) လည်း မရှိ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) လည်း မရှိသော အကြင် 'အနိဒဿန,အပ္ပဋိဃ' ရုပ်သည်လည်း (ရှိ၏) (အနိဒဿန အပ္ပဋိဃဖြစ်သော သုခုမရုပ်)။ (၉၈၄)

ဤသို့ တစ်ဆယ့်တစ်ဖို့ (တစ်ဆယ့်တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

တစ်ဆယ့်တစ်မျိုးတစ်ဆယ့်တစ်စားအားဖြင့် ဟောကြားခြင်း 'ဧကာဒသက' ပြီးပြီ။

ခေါင်းစဉ်မာတိကာ ပြီးပြီ။

------

ရုပ်ကို ဝေဖန်ခြင်း ''ရူပဝိဘတ္တိ''

တစ်ခုစီအကျယ်ပြခြင်း ''ဧကကနိဒ္ဒေသ''

ဧကက

၅၉၄။ အလုံးစုံသော ရုပ်သည် -အကြောင်းရင်း (ဟိတ်) မမည်သည်သာတည်း 'န ဟေတုမေဝ'၊ အကြောင်းရင်း (ဟိတ်) နှင့် မယှဉ်သည်သာတည်း 'ဟေတုဝိပ္ပယုတ္တမေဝ'။ (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားတို့နှင့် တကွ (အကြောင်းတရားတို့ကြောင့်) ဖြစ်သည်သာတည်း 'သပ္ပစ္စယမေဝ'။ (ကံ, စိတ်, ဥတု, အာဟာရဟူသော) အကြောင်းတရားတို့သည် (ပေါင်း၍) ပြုပြင်စီမံအပ်သည်သာတည်း 'သင်္ခတမေဝ'၊ ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖောက်ပြန်တတ်သည်သာတည်း 'ရူပမေဝ'။ (ဥပါဒါနက္ခန္ဓာဟူသော) လောက၌ အကျုံးဝင်သည်သာတည်း 'လောကိယမေဝ'၊ ရှည်စွာသော သံသရာဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော, သတ္တဝါတို့သန္တာန်၌ ယိုစီးဖြစ်ပေါ်နေတတ် သည့်တဏှာ, ဒိဋ္ဌိ, မောဟတည်းဟူသော အာသဝေါတရားတို့၏ အာရုံဖြစ်သည်သာတည်း 'သာသဝမေဝ'၊ ဝဋ်ဆင်းရဲ၌ ယှဉ်စပ်နှောင်ဖွဲ့တတ်သော သံယောဇဉ်တို့၏ အာရုံဖြစ်သည်သာတည်း 'သညောဇနိယ မေဝ'၊ ဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့တတ်သော 'ဂန္ထ'တို့၏ အာရုံဖြစ်သည်သာတည်း 'ဂန္ထနိယမေဝ'၊ ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေတတ်သော 'ဩဃ'တို့၏ အာရုံဖြစ်သည်သာတည်း 'ဩဃနိယမေဝ'၊ ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော 'ယောဂ'တို့၏ အာရုံဖြစ်သည်သာတည်း 'ယောဂနိယမေဝ'၊ ဈာန်မဂ်ဖိုလ်တို့ကို ပိတ်ပင်တတ်သော နီဝရဏတို့၏ အာရုံဖြစ်သည်သာတည်း 'နီဝရဏိယမေဝ'၊ မမြဲသည်ကို မြဲ၏ဟု မှားသောအားဖြင့် သုံးသပ်တတ်သော 'ပရာမာသ'တို့၏ အာရုံဖြစ်သည်သာ တည်း'ပရာမဋ္ဌမေဝ'၊ ပြင်းစွာ စွဲလမ်းတတ်သော ဥပါဒါန်တို့၏ အာရုံဖြစ်သည်သာတည်း 'ဥပါဒါနိယမေဝ'၊ ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာတို့၏ အာရုံဖြစ်သည်သာတည်း 'သံကိလေသိကမေဝ'၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော 'အဗျာကတ' တရားချည်းသာတည်း 'အဗျာကတ မေဝ'၊ အာရုံပြု ခြင်း မရှိသည်သာတည်း 'အနာရမ္မဏမေဝ'၊ စိတ်၌ မယှဉ်သည်သာတည်း 'အစေတသိကမေဝ'၊ စိတ်နှင့် မတွဲယှဉ် မရောနှောသည်သာတည်း 'စိတ္တဝိပ္ပယုတ္တမေဝ'၊ အကျိုး 'ဝိပါက်' (စိတ်) လည်း မဟုတ်၊ အကျိုး'ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သည်သာတည်း 'နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မမေဝ'၊ ပူပန်စေတတ် နှိပ်စက်တတ်သော 'ကိလေသာ'တို့သည် မပူပန်စေအပ် မနှိပ်စက်အပ်ကုန်မူ၍ ပူပန့်စေတတ် နှိပ်စက်တတ်သော 'ကိလေသာ'တို့ကို (ရခြင်းငှါသာ) ထိုက်တန်သည်သာတည်း (ကိလေသာနှင့်မရောယှဉ်၊ ကိလေသာ၏ အာရုံဖြစ်သည်) 'အသံကိလိဋ္ဌ သံကိလေသိကမေဝ'၊ ကြံစည်မှု 'ဝိတက်' နှင့်လည်း တကွ သုံးသပ်မှု 'ဝိစာရ' နှင့်လည်း တကွဖြစ်သော 'သဝိတက္ကသဝိစာရ' တရား မဟုတ်သည်သာတည်း 'န သဝိတက္ကသဝိစာရမေဝ'၊ ကြံစည်မှု 'ဝိတက်'ကား မရှိ၊ သုံးသပ်မှု 'ဝိစာရ'မျှသာရှိသော 'အဝိတက္က ဝိစာရမတ္တ' တရားလည်းမဟုတ်သည်သာတည်း 'န အဝိတက္ကဝိစာရမတ္တမေဝ'၊ ကြံစည်မှု 'ဝိတက်' လည်း မရှိ၊ သုံးသပ်မှု 'ဝိစာရ'လည်း မရှိသည်သာတည်း 'အဝိတက္က အဝိစာရ မေဝ'၊ နှစ်သက်မှု 'ပီတိ' (စေတသိက်) နှင့် တကွမဖြစ်။ (မတွဲယှဉ် မရောနှော) သည်သာတည်း 'န ပီတိသဟဂတမေဝ'၊ ချမ်းသာမှု 'သုခ' နှင့် တကွမဖြစ်။ (မတွဲယှဉ် မရောနှော) သည်သာတည်း 'န သုခသဟဂတမေဝ'၊ လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့် တကွမဖြစ်။ (မတွဲယှဉ် မရောနှော) သည်သာတည်း 'န ဥပေက္ခာသဟဂတမေဝ'၊ သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သည်လည်းမဟုတ်သည်သာတည်း 'နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗမေဝ'၊ သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ဟိတ်ရှိသည်လည်း မဟုတ်၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ် သောဟိတ်ရှိသည်လည်း မဟုတ်သည်သာတည်း 'နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုက မေဝ'၊ ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သည်သာတည်း 'နေဝ အာစယဂါမိ န အပစယဂါမိမေဝ'၊ သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန္တာ 'အသေက္ခ'ပုဂ္ဂိုလ်၏ ဥစ္စာလည်းမဟုတ်သည်သာတည်း 'နေဝသေက္ခ နာသေက္ခမေဝ'၊ နည်းပါးသော အာနုဘော်ရှိသော 'ပရိတ္တ' တရားသာတည်း 'ပရိတ္တမေဝ'၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ကာမာဝစရတရားသာတည်း 'ကာမာဝစရမေဝ'၊ ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ရူပါဝစရတရား မဟုတ်သည်သာတည်း 'န ရူပါဝစရမေဝ'၊ အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော အရူပါဝစရတရား မဟုတ်သည်သာတည်း 'န အရူပါဝစရမေဝ'၊ ဝဋ်၌ အကျုံးဝင်သည်သာတည်း 'ပရိယာပန္နမေဝ'၊ ဝဋ်၌ အကျုံးမဝင်သည် မဟုတ်သည်သာတည်း 'နော အပရိယာပန္နမေဝ'၊ စုတိ၏ အခြားမဲ့၌ ဖြစ်စေ, မိမိ၏ အခြားမဲ့၌ ဖြစ်စေ အကျိုးပေး မမြဲသည်သာတည်း 'အနိယတမေဝ'၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းတရား မဟုတ်သည်သာတည်း 'အနိယျာနိကမေဝ'၊ ဖြစ်ဆဲ (ဖြစ်ပေါ်ဆဲ) ဖြစ်သော ရုပ်ကို အထူးသိမှု 'ဝိညာဏ် 'ခြောက်ပါးတို့သည် သိအပ်သည်သာ တည်း'ဥပ္ပန္နံ ဆဟိ ဝိညာဏေဟိ ဝိညေယျမေဝ'။ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲသည်သာတည်း 'အနိစ္စမေဝ'၊ အိုမှု, ရင့်ရော်ဆွေးမြေ့မှု 'ဇရာ' သည် လွှမ်းမိုးနှိပ်စက်အပ်သည်သာတည်း 'ဇရာဘိဘူတမေဝ'။ (ပဒအမှတ် ၅၈၄-ကြည့်) ဤသို့ တစ်ဖို့ (တစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

တစ်ခုစီ အကျယ်ပြခြင်း 'ဧကကနိဒ္ဒေသ' ပြီးပြီ။

------

နှစ်ခုစီအကျယ်ပြခြင်း 'ဒုကနိဒ္ဒေသ'

ဥပါဒါရုပ်ကို ဝေဖန်ခြင်း 'ဥပါဒါဘာဇနီယ'

ဥပါဒါရုပ်

၅၉၅။ ထိုမှီ၍ဖြစ်သော 'ဥပါဒါ'ရုပ်ဟူသည် အဘယ်နည်း။ (၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'ရုပ်သည်။ (၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'ရုပ်သည်။ (၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ရုပ်သည်။ (၄) လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန'ရုပ်သည်။ (၅) ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'ရုပ်သည်။ (၆) မြင်သိစိတ်ဖြစ်ကြောင်း အဆင်း (ရူပါရုံ) 'ရူပါယတန'ရုပ်သည်။ (၇) ကြားသိစိတ်ဖြစ်ကြောင်း အသံ (သဒ္ဒါရုံ) 'သဒ္ဒါယတန'ရုပ်သည်။ (၈) နံသိစိတ်ဖြစ်ကြောင်း အနံ့ (ဂန္ဓာရုံ) 'ဂန္ဓာယတန'ရုပ်သည်။ (၉) လျက်သိစိတ်ဖြစ်ကြောင်း အရသာ (ရသာရုံ) 'ရသာယတန'ရုပ်သည်။ (၁၀) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'ရုပ်သည်။ (ဣတ္ထိဘာဝရုပ်) (၁၁) ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'ရုပ်သည်။ (ပုမ္ဘာဝရုပ်)။ (၁၂) အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ'ရုပ်သည်။ (၁၃) မိမိ၏ အလိုဆန္ဒကို ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'ရုပ်သည်။ (၁၄) မိမိ၏ အလိုဆန္ဒကို နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' ရုပ်သည်။ (၁၅) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'ရုပ်သည်။ (၁၆) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ' ရုပ်သည်။ (၁၇) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ' ရုပ်သည်။ (၁၈) ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) 'ရူပဿ ကမ္မညတာ' ရုပ်သည်။ (၁၉) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ' ရုပ်သည်။ (၂၀) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' ရုပ်သည်။ (၂၁) ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြေ့မှု 'ရူပဿ ဇရတာ' ရုပ်သည်။ (၂၂) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ'ရုပ်သည်။ (၂၃) အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' ရုပ်သည် (ရှိ၏)။ (ဤရုပ်အပေါင်းသည် မှီ၍ ဖြစ်သော ဥပါဒါရုပ်ပေတည်း)

စက္ခာယတနရုပ်

၅၉၆။ (၁) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် မျက်စိအကြည် 'စက္ခု' (ပသာဒ) ရုပ်သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍ ကြည်လင်၏'ပသာဒ'၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န'၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ ဖြစ်သော , အကြင် မျက်စိအကြည် 'စက္ခု' (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ 'သနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အဆင်း (ရူပါရုံ) ကို မြင်လည်း မြင်ခဲ့ပြီ၊ မြင်လည်း မြင်ဆဲ၊ မြင်လည်း မြင်လတ္တံ့၊ မြင်မူလည်း မြင်ရာ၏။ ဤရုပ်သည် မျက်စိအကြည် 'စက္ခု' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော 'စက္ခုဓာတ်'လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'လည်း မည်၏၊ ဤရုပ်သည့်ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ဖြစ်ကြောင်း တံခါး 'ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ'ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီး ညီညွတ်သည် မညီညွတ် သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သောမျက်စိ 'နေတ္တ'လည်း မည်၏၊ ဤရုပ်သည် (လမ်း ခရီး ညီညွတ်သည် မညီညွတ်သည်ကို ပြလျက်အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ 'နယန'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှတစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြား ပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်ပေတည်း။

၅၉၇။ (၂) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မျက်စိအကြည် 'စက္ခု' (ပသာဒ) ရုပ်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ် 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် မျက်စိအကြည် 'စက္ခု' (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အဆင်း (ရူပါရုံ) သည်ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် မျက်စိအကြည် 'စက္ခု' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော 'စက္ခုဓာတ်' လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ' လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ်၊ ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ် သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော မျက်စိ 'နေတ္တ' လည်းမည်၏၊ ဤရုပ် သည် (လမ်းခရီးညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ 'နယန' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဘက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်ပေတည်း။

၅၉၈။ (၃) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မျက်စိအကြည် 'စက္ခု' (ပသာဒ) ရုပ်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် မျက်စိအကြည် 'စက္ခု' (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ 'သနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အဆင်း ရူပါရုံ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် မျက်စိအကြည် 'စက္ခု' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော 'စက္ခုဓာတ်' လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ' လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော 'ပဏ္ဍရ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော မျက်စိ 'နေတ္တ' လည်းမည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ 'နယန' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင် သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်ပေတည်း။

၅၉၉။ (၄) မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မျက်စိအကြည် 'စက္ခု' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ အကြင် မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူ လည်းဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ မြင်သိစိတ် 'စက္ခုဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) လျှင် အာရုံရှိသော မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ အဆင်း (ရူပါရုံ) လျှင် အာရုံရှိသော မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ မြင်သိစိတ် 'စက္ခုဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။

ဤရုပ်သည် မျက်စိအကြည် 'စက္ခု' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'လည်း မည်၏၊ ဤရုပ်သည် မျက်စိအကြည်ဟူသော သဘော 'စက္ခုဓာတ်' လည်းမည်၏၊ ဤရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး 'ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ရူပါရုံကို မြင်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (လမ်းခရီးညီညွတ် သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကို) ဆောင်တတ်သော မျက်စိ 'နေတ္တ'လည်းမည်၏၊ ဤရုပ်သည် (လမ်းခရီး ညီညွတ်သည် မညီညွတ်သည်ကို ပြလျက် အတ္တဘောကိုပင်) ဆောင်တတ်သော မျက်စိ 'နယန'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင် သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်ပေတည်း။

သောတာယတနရုပ်

၆၀၀။ (၁) ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း၊ အကြင် နားအကြည် 'သောတ' (ပသာဒ) သည် မဟာ ဘုတ်လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏ 'ပသာဒ'၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝ ပရိယာပန္န'၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန' ထိပါးတတ်သည်၏ အဖြစ် ထိပါးခြင်းနှင့်တကွ 'သပ္ပဋိဃ'ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နားအကြည် 'သောတ' (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော 'အနိဒဿန', ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အသံ (သဒ္ဒါရုံ) ကို ကြားလည်း ကြားခဲ့ပြီ၊ ကြားလည်း ကြားဆဲ၊ ကြားလည်း ကြားလတ္တံ့၊ ကြားမူလည်း ကြားရာ၏။ ဤရုပ်သည် နားအကြည် 'သောတ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော 'သောတဓာတ်'လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၀၁။ (၂) ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နားအကြည် 'သောတ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နားအကြည် 'သောတ' (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အသံ (သဒ္ဒါရုံ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် နားအကြည် 'သောတ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာနားအကြည် 'သောတာယတန' လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော 'သောတဓာတ်' လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၀၂။ (၃) ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်နားအကြည် 'သောတ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နားအကြည် 'သောတ' (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အသံ (သဒ္ဒါရုံ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် နားအကြည် 'သောတ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာနားအကြည် 'သောတာယတန' လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော 'သောတဓာတ်' လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်ပေ တည်း။

၆၀၃။ (၄) ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နားအကြည် 'သောတ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ အကြင် နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ကြားသိစိတ် 'သောတဝိညာဏ်' သည် ဖြစ် လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော, ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ကြားသိစိတ် 'သောတဝိညာဏ်' သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် နားအကြည် 'သောတ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ်ဖြစ်ရာနားအကြည် 'သောတာယတန' လည်း မည်၏၊ ဤရုပ်သည် နားအကြည်ဟူသော သဘော 'သောတဓာတ်' လည်း မည်၏၊ ဤရုပ်သည် ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (သဒ္ဒါရုံကို ကြားမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်း ဖြစ်သော သက္ကာယ၌ အကျုံး ဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်းမည်၏၊ ဤရုပ်သည် (သောတဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန' ဟူသော ထိုရုပ်ပေ တည်း။

ဃာနာယတနရုပ်

၆၀၄။ (၁) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်ဟူသည်အဘယ်နည်း၊ အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) သည် မဟာ ဘုတ် လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏ 'ပသာဒ'၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝ ပရိယာပန္န'၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် ထိပါးခြင်းနှင့်တကွ 'သပ္ပဋိဃ' ဖြစ်၏။

မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အနံ့ (ဂန္ဓာရုံ) ကို နမ်းလည်း နမ်းခဲ့ပြီ၊ နမ်းလည်း နမ်းဆဲ၊ နမ်းလည်း နမ်းလတ္တံ့၊ နမ်းမူလည်း နမ်းရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် 'ဃာနာယတန'လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော 'ဃာနဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည်နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၀၅။ (၂) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏'ပသာဒ'၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န'၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အနံ့ (ဂန္ဓာရုံ) သည် ထိပါးလည်း ထိးပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် 'ဃာနာယတန'လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော 'ဃာနဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ'လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ်သည် နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၀၆။ (၃) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော , အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အနံ့ (ဂန္ဓာရုံ) ၌ ထိပါးလည်း ထိးပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် 'ဃာနာယတန' လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော 'ဃာနဓာတ်' လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ' လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ် တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်းမည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၀၇။ (၄) နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ အကြင် နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နံသိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူ လည်းဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) ကို် အာရုံပြု၍ နံသိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ နံသိစိတ် 'ဃာနဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ် လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ နံသိစိတ် 'ဃာနဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် နှာခေါင်းအကြည် 'ဃာန' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ်ဖြစ်ရာနှာခေါင်းအကြည် 'ဃာနာယတန' လည်း မည်၏၊ ဤရုပ်သည် နှာခေါင်းအကြည်ဟူသော သဘော 'ဃာနဓာတ်' လည်း မည်၏၊ ဤရုပ်သည် နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ဂန္ဓာရုံကို နမ်းမှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (ဃာနဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်ပေတည်း။

ဇိဝှါယတနရုပ်

၆၀၈။ (၁) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်လျှာအကြည် 'ဇိဝှါ' (ပသာဒ) သည် မဟာဘုတ် လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏ 'ပသာဒ'၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝ ပရိယာပန္န'၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန'၊ ထိပါးတတ် သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင်လျှာအကြည် 'ဇိဝှါ' (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အရသာ (ရသာရုံ) ကို လျက်လည်း လျက်ခဲ့ပြီ၊ လျက်လည်း လျက်ဆဲ၊ လျက်လည်း လျက်လတ္တံ့၊ လျက်မူလည်းလျက်ရာ၏။ ဤရုပ်သည် လျှာအကြည် 'ဇိဝှါ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန'လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော 'ဇိဝှါဓာတ်'လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ'လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်၏ရာ 'ဝတ္ထု'လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ'လည်းမည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၀၉။ (၂) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် လျှာအကြည် 'ဇိဝှါ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် ့ (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ' သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် လျှာအကြည် 'ဇိဝှါ' (ပသာဒ)ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အရသာ (ရသာရုံ) ကို ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် လျှာအကြည် 'ဇိဝှါ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသောသဘော 'ဇိဝှါဓာတ်' လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်းမည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၀။ (၃) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် လျှာအကြည် 'ဇိဝှါ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ' သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် လျှာအကြည် 'ဇိဝှါ' (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အရသာ (ရသာရုံ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် လျှာအကြည် 'ဇိဝှါ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော 'ဇိဝှါဓာတ်' လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်းမည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၁။ (၄) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် လျှာအကြည် 'ဇိဝှါ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ အကြင် လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံပြု၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံပြု၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ လျက်သိစိတ် 'ဇိဝှါဝိညာဏ်' သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံရှိသော လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) ကို အာရုံရှိသော လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ လျက်သိစိတ် 'ဇိဝှါဝိညာဏ်' သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် လျှာအကြည် 'ဇိဝှါ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' လည်း မည်၏၊ ဤရုပ်သည် လျှာအကြည်ဟူသော သဘော 'ဇိဝှါဓာတ်' လည်း မည်၏၊ ဤရုပ်သည် လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည်ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ရသာရုံကို လျက်မှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသောသဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်းမည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှတစ်ဖက် ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (ဇိဝှါဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည်လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာ အကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်ပေတည်း။

ကာယာယတနရုပ်

၆၁၂။ (၅) ၁။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည်ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ'၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န'၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ့်'အနိဒဿန'၊ ထိပါး တတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်ရာ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) ဖြင့် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အတွေ့'ဖောဋ္ဌဗ္ဗာရုံ'ကို ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်းထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် 'ကာယ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသောသဘော 'ကာယဓာတ်'လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ'လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက'လည်း မည်၏၊ ဤရုပ်သည်ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ'လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကိုထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ'လည်း မည်၏၊ ဤရုပ်သည်ဖြူစင်ခြင်းသဘော 'ပဏ္ဍရ'လည်းမည်၏၊ ဤရုပ်သည် ဖဿစသောနာမ်တရားတို့၏ ပေါက်ဖွားရာလယ်မြေ 'ခေတ္တ'လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု'လည်းမည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်း ဖြစ်သော သက္ကာယ၌ အ ကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း'ဩရိမတီရ'လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏၊ ဤသို့သဘောရှိသောရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၃။ (၂) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ကြည်လင် ၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွဖြစ်သော အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် 'ကာယ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသောသဘော 'ကာယဓာတ်' လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ်ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်းတံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာလယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာ တည်ရာ 'ဝတ္ထု' လည်းမည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင့်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့ သဘောရှိသော ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၄။ (၃) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ခန္ဓာကိုယ်) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် ကိုယ်အကြည် 'ကာယ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' လည်း မည်၏၊ ဤရုပ်သည် ကိုယ်အကြည်ဟူသောသဘော 'ကာယဓာတ်' လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' လည်းမည်၏၊ ဤရုပ်သည် ဖြစ်တတ် ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်းသဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့သဘောရှိသောရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၅။ (၄) ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏ 'ပသာဒ' ၊ အတ္တဘော (ကိုယ်ခန္ဓာ) ၌ အကျုံးဝင်၏ 'အတ္တဘာဝပရိယာပန္န' ၊ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ် 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်၏။ အကြင် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြု၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြု၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ထိသိစိတ် 'ကာယဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်းဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင် အာရုံရှိသော ထိသိစိတ့် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင် အာရုံရှိသော ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမ ှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ထိသိစိတ် 'ကာယဝိညာဏ်' သည် ဖြစ် လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်းဖြစ်ရာ၏။ ဤရုပ်သည် ကိုယ်အကြည် 'ကာယ' (ပသာဒ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' လည်း မည်၏၊ ဤရုပ်သည် 'ကိုယ်အကြည်' ဟူသောသဘော 'ကာယဓာတ်' လည်း မည်၏၊ ဤရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' လည်း မည်၏၊ ဤရုပ်သည် ဖြစ်တတ်ပျက်တတ်သော သဘော 'လောက' လည်း မည်၏၊ ဤရုပ်သည် ဖဿ စသော နာမ်တရားတို့၏ ဖြစ်ကြောင်း တံခါး 'ဒွါရ' လည်း မည်၏၊ ဤရုပ်သည် (ဖောဋ္ဌဗ္ဗာရုံကို ထိမှု၌ မရောင့်ရဲ ပြည့်နိုင်ခဲသော သဘောကြောင့်) သမုဒ္ဒရာ 'သမုဒ္ဒ' လည်း မည်၏၊ ဤရုပ်သည် ဖြူစင်ခြင်း သဘော 'ပဏ္ဍရ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ပေါက်ဖွားရာ လယ်မြေ 'ခေတ္တ' လည်း မည်၏၊ ဤရုပ်သည် ဖဿစသော နာမ်တရားတို့၏ မှီရာတည်ရာ 'ဝတ္ထု' လည်း မည်၏၊ ဤရုပ်သည် (နိဗ္ဗာန်မှ တစ်ဖက်ကမ်းဖြစ်သော သက္ကာယ၌ အကျုံးဝင်သဖြင့်) ဤမှာဘက်ကမ်း 'ဩရိမတီရ' လည်း မည်၏၊ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ်အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ' လည်း မည်၏၊ ဤသို့သဘောရှိသော ရုပ် သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

ရူပါယတနရုပ်

၆၁၆။ (၆) ၁။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန'ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ'သပ္ပဋိဃ'ဖြစ်သော , အဆင်းအရောင်ဟူသော အကြင် အဆင်း (ရူပါရုံ)၊ အညို 'နီလ'၊ အရွှေ (အဝါနု) 'ပီတက'၊ အနီ 'လောဟိတက'၊ အဖြူ 'ဩဒါတ'၊ အမည်း (အနက်) 'ကာဠက'၊ အမောင်း (နီညိုရောင်) 'မဉ္ဇိဋ္ဌက'၊ အဝါရင့် 'ဟရိ'၊ အစိမ်းရောင် 'ဟရိဝဏ္ဏ'၊ သရက်ညွန့်အဆင်းရောင် (အစိမ်းနု) 'အမ္ဗင်္ကုရဝဏ္ဏ'၊ အရှည် 'ဒီဃ'၊ အတို 'ရဿ'၊ အငယ် 'အဏု'၊ အကြီး 'ထူလ'၊ အလုံး 'ဝဋ္ဋ'၊ အဝန်းအဝိုင်း 'ပရိမဏ္ဍလ'၊ လေးမြှောင့် 'စတုရံသ' (စတုရဿ)၊ ခြောက်မြှောင့် 'ဆဠံသ'၊ ရှစ်မြှောင့် 'အဋ္ဌံသ'၊ တစ်ဆယ့်ခြောက်မြှောင့်'သောဠသံသ'၊ အနိမ့်အရှိုင်း 'နိန္န'၊ အမြင့်အမောက် 'ထလ'၊ အရိပ် 'ဆာယာ'၊ နေပူ 'အာတပ'၊ အလင်းရောင် 'အာလောက'၊ အမိုက်မှောင် 'အန္ဓကာရ'၊ တိမ်တိုက် 'အဗ္ဘာ'၊ ဆီးနှင်း 'မဟိကာ'၊ အခိုး'ဓူမ'၊ မြူ 'ရဇ'၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင်မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း 'ရူပါရုံ'တို့မှ) တစ်မျိုးတခြားဖြစ်သော , မဟာဘုတ်လေးပါးတို့ကိုစွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန'ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း 'ရူပါရုံ' သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန'ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိ့ပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင် အဆင်း (ရူပါရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော မျက်စိ အကြည် 'စက္ခု'ဖြင့် မြင်လည်း မြင်ခဲ့ပြီ၊ မြင်လည်း မြင်ဆဲ၊ မြင်လည်း မြင်လတ္တံ့၊ မြင်မူလည်းမြင်ရာ၏။ ဤရုပ်သည် အဆင်း 'ရူပါရုံ'လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော 'ရူပဓာတ်'လည်းမည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၇။ (၂) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ 'သနိဒဿန' ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော ,အဆင်းအရောင်ဟူသော အကြင်အဆင်း (ရူပါရုံ) အညို 'နီလ' ၊ အရွှေ (အဝါနု) 'ပီတက' ၊ အနီ 'လောဟိတက' ၊ အဖြူ 'ဩဒါတ' ၊ အမည်း (အနက်) 'ကာဠက' ၊ အမောင်း (နီညိုရောင်) 'မဉ္ဇိဋ္ဌက' ၊ အဝါရင့် 'ဟရိ' ၊ အစိမ်း ရောင် 'ဟရိဝဏ္ဏ' ၊ သရက်ညွန့် အဆင်းရောင် (အစိမ်းနု) 'အမ္ဗင်္ကုရဝဏ္ဏ' ၊ အရှည် 'ဒီဃ' ၊ အတို 'ရဿ' ၊ အငယ် 'အဏု' ၊ အကြီး 'ထူလ' ၊ အလုံး 'ဝဋ္ဋ' ၊ အဝန်းအဝိုင်း 'ပရိမဏ္ဍလ' ၊ လေးမြှောင့် 'စတုရံသ' (စတုရဿ)၊ ခြောက်မြှောင့် 'ဆဠံသ' ၊ ရှစ်မြှောင့် 'အဋ္ဌံသ' ၊ တစ်ဆယ့်ခြောက်မြှောင့် 'သောဠသံသ' ၊ အနိမ့်အရှိုင်း 'နိန္န' ၊ အမြင့်အမောက် 'ထလ' ၊ အရိပ် 'ဆာယာ' ၊ နေပူ 'အာတပ' ၊ အလင်းရောင် 'အာလောက' ၊ အမိုက်မှောင် 'အန္ဓကာရ' ၊ တိမ်တိုက် 'အဗ္ဘာ' ၊ ဆီးနှင်း 'မဟိကာ' ၊ အခိုး 'ဓူမ' ၊ မြူ 'ရဇ' ၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင် မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း 'ရူပါရုံ' တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန' ဖြစ်သော ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း 'ရူပါရုံ' သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန' ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အဆင်း (ရူပါရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော မျက်စိ အကြည် 'စက္ခု' (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်းထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အဆင်း (ရူပါရုံ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန' လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော 'ရူပဓာတ်' လည်းမည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၈။ (၃) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ 'သနိဒဿန' ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော ,အဆင်းအရောင်ဟူသော အကြင် အဆင်း (ရူပါရုံ)၊ အညို 'နီလ' ၊ အရွှေ (အဝါနု) 'ပီတက' ၊ အနီ 'လောဟိတက' ၊ အဖြူ 'ဩဒါတ' ၊ အမည်း (အနက်) 'ကာဠက' ၊ အမောင်း (နီညိုရောင်) 'မဉ္ဇိဋ္ဌက' ၊ အဝါရင့် 'ဟရိ' ၊ အစိမ်းရောင် 'ဟရိဝဏ္ဏ' ၊ သရက်ညွန့် အဆင်းရောင် (အစိမ်းနု) 'အမ္ဗင်္ကုရဝဏ္ဏ' ၊ အရှည် 'ဒီဃ' ၊ အတို 'ရဿ' ၊ အငယ် 'အဏု' ၊ အကြီး 'ထူလ' ၊ အလုံး 'ဝဋ္ဋ' ၊ အဝန်းအဝိုင်း 'ပရိမဏ္ဍလ' ၊ လေးမြှောင့် 'စတုရံသ' (စတုရဿ)၊ ခြောက်မြှောင့် 'ဆဠံသ' ၊ ရှစ်မြှောင့် 'အဋ္ဌံသ' ၊ တစ်ဆယ့်ခြောက်မြှောင့် 'သောဠသံသ' ၊ အနိမ့်အရှိုင်း 'နိန္န' ၊ အမြင့်အမောက် 'ထလ' ၊ အရိပ် 'ဆာယာ' ၊ နေပူ 'အာတပ' ၊ အလင်းရောင် 'အာလောက' ၊ အမိုက်မှောင် 'အန္ဓကာရ' ၊ တိမ်တိုက် 'အဗ္ဘာ' ၊ ဆီးနှင်း 'မဟိကာ' ၊ အခိုး 'ဓူမ' ၊ မြူ 'ရဇ' ၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင်မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအဆင်း 'ရူပါရုံ' တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန' ဖြစ်သော ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း 'ရူပါရုံ' သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန' ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အဆင်း (ရူပါရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော မျက်စိအကြည် 'စက္ခု' (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အဆင်း (ရူပါရုံ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော 'ရူပဓာတ်' လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၁၉။ (၄) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ 'သနိဒဿန' ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော ,အဆင်းအရောင်ဟူသော အကြင် အဆင်း (ရူပါရုံ)၊ အညို 'နီလ' ၊ အရွှေ (အဝါနု) 'ပီတက' ၊ အနီ 'လောဟိတက' ၊ အဖြူ 'ဩဒါတ' ၊ အမည်း (အနက်) 'ကာဠက' ၊ အမောင်း (နီညိုရောင်) 'မဉ္ဇိဋ္ဌက' ၊ အဝါရင့် 'ဟရိ' ၊ အစိမ်းရောင် 'ဟရိဝဏ္ဏ' ၊ သရက်ညွန့် အဆင်းရောင် (အစိမ်းနု) 'အမ္ဗင်္ကုရဝဏ္ဏ' ၊ အရှည် 'ဒီဃ' ၊ အတို 'ရဿ' ၊ အငယ် 'အဏု' ၊ အကြီး 'ထူလ' ၊ အလုံး 'ဝဋ္ဋ' ၊ အဝန်းအဝိုင်း 'ပရိမဏ္ဍလ' ၊ လေးမြှောင့် 'စတုရံသ' (စတုရဿ)၊ ခြောက်မြှောင့် 'ဆဠံသ' ၊ ရှစ်မြှောင့် 'အဋ္ဌံသ' ၊ တစ်ဆယ့်ခြောက်မြှောင့် 'သောဠသံသ' ၊ အနိမ့်အရှိုင်း 'နိန္န' ၊ အမြင့်အမောက် 'ထလ' ၊ အရိပ် 'ဆာယာ' ၊ နေပူ 'အာတပ' ၊ အလင်းရောင် 'အာလောက' ၊ အမိုက်မှောင် 'အန္ဓကာရ' ၊ တိမ်တိုက် 'အဗ္ဘာ' ၊ ဆီးနှင်း 'မဟိကာ' ၊ အခိုး 'ဓူမ' ၊ မြူ 'ရဇ' ၊ လဝန်း၏ အဆင်းအရောင်၊ နေဝန်း၏ အဆင်းအရောင်၊ ကြယ် (တာရာ) အပေါင်းတို့၏အဆင်းအရောင်၊ ကြေးမုံ (မှန်) ဝန်း၏ အဆင်းအရောင်၊ ပတ္တမြား, ခရုသင်း, ပုလဲ, ဝါးအဆင်းရှိသောဝေဠုရိယ ကြောင် မျက်ရွဲ (မြ) ၏ အဆင်းအရောင်၊ ရွှေ, ငွေ၏ အဆင်းအရောင်သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အဆင်း 'ရူပါရုံ' မှ) တစ်မျိုးတစ်ခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ 'သနိဒဿန' ဖြစ်သော ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော , အဆင်းအရောင်ဟူသော အကြင်အဆင်း 'ရူပါရုံ' သည်လည်း ရှိသေး၏။ အကြင် အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ မြင်သိစိတ် (စက္ခု့ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်တလ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အဆင်း (ရူပါရုံ) ကို အာရုံပြု၍ မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ မြင်သိစိတ် 'စက္ခုဝိညာဏ်' သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ အဆင်း ရူပါရုံလျှင် အာရုံရှိသော မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်တလ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် မျက်စိအကြည် 'စက္ခု' (ဝတ္ထု) ကို မှီ၍ အဆင်း ရူပါရုံလျှင် အာရုံရှိသော မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ မြင်သိစိတ် 'စက္ခုဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ ဤရုပ်သည် အဆင်း (ရူပါရုံ) လည်း မည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန' လည်း မည်၏၊ ဤရုပ်သည် အဆင်း (ရူပါရုံ)ဟူသော သဘော 'ရူပဓာတ်' လည်းမည်၏၊ ဤရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်ပေတည်း။

သဒ္ဒါယတနရုပ်

၆၂၀။ (၇) ၁။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်၊ စည်ကြီးသံ 'ဘေရိသဒ္ဒ'၊ မုရှိးစည်သံ 'မုဒိင်္ဂသဒ္ဒ'၊ ခရုသင်းသံ 'သင်္ခသဒ္ဒ'၊ ထက်စည်သံ 'ပဏဝသဒ္ဒ'၊ သီချင်းသံ 'ဂီတသဒ္ဒ'၊ တီးမှုတ်သံ 'ဝါဒိတသဒ္ဒ'၊ မောင်းကြေးနင်း, ခွက်ခွင်းသံ 'သမ္မသဒ္ဒ'၊ လက်သံ (လက်ခုပ်တီးသံ) 'ပါဏိသဒ္ဒ'၊ သတ္တဝါတို့၏ ကြွေးကြော်သံ 'နိဂ္ဃေါသသဒ္ဒ'၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သောအသံ'သန္နိဃာတသဒ္ဒ'၊ လေသံ (လေတိုက်သော အသံ) 'ဝါတသဒ္ဒ'၊ ရေသံ 'ဥဒကသဒ္ဒ'၊ လူသံ 'မနုဿသဒ္ဒ'၊ လူသံမှ တစ်ပါးသော အသံ 'အမနုဿသဒ္ဒ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ 'သဒ္ဒါရုံ'တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ ဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) သည်လည်း ရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော နားအကြည် 'သောတ' (ပသာဒ) ဖြင့် ကြားလည်း ကြားခဲ့ပြီ၊ ကြားလည်း ကြားဆဲ၊ ကြားလည်း ကြားလတ္တံ့၊ ကြားမူလည်း ကြားရာ၏။ ဤရုပ်သည် အသံ (သဒ္ဒါရုံ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်းအသံ 'သဒ္ဒါယတန'လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော 'သဒ္ဒဓာတ်' လည်းမည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသောထိုရုပ်ပေတည်း။

၆၂၁။ (၂) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသော ထိုရုပ်သည့်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်၊ စည်ကြီးသံ 'ဘေရိသဒ္ဒ' ၊ မုရှိးစည်သံ 'မုဒိင်္ဂသဒ္ဒ' ၊ ခရုသင်းသံ 'သင်္ခသဒ္ဒ' ၊ ထက်စည်သံ 'ပဏဝသဒ္ဒ' ၊ သီချင်းသံ 'ဂီတသဒ္ဒ' ၊ တီးမှုတ်သံ 'ဝါဒိတသဒ္ဒ' ၊ မောင်းကြေးနင်း, ခွက်ခွင်းသံ 'သမ္မသဒ္ဒ' ၊ လက်သံ (လက်ခုပ်တီးသံ) 'ပါဏိသဒ္ဒ' ၊ သတ္တဝါတို့၏ ကြွေးကြော်သံ 'နိဂ္ဃေါသသဒ္ဒ' ၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သော အသံ 'သန္နိဃာတသဒ္ဒ' ၊ လေသံ (လေတိုက်သော အသံ) 'ဝါတသဒ္ဒ' ၊ ရေသံ 'ဥဒကသဒ္ဒ' ၊ လူသံ 'မနုဿသဒ္ဒ' ၊ လူသံမှ တစ်ပါးသော အသံ 'အမနုဿသဒ္ဒ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ 'သဒ္ဒါရုံ' တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့်တကွဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော နားအကြည် 'သောတ' (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အသံ (သဒ္ဒါရုံ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်းအသံ 'သဒ္ဒါယတန' လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော 'သဒ္ဒဓာတ်' လည်းမည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသောထိုရုပ်ပေတည်း။

၆၂၂။ (၃) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်၊ စည်ကြီးသံ 'ဘေရိသဒ္ဒ' ၊ မုရှိးစည်သံ 'မုဒိင်္ဂသဒ္ဒ' ၊ ခရုသင်းသံ 'သင်္ခသဒ္ဒ' ၊ ထက်စည်သံ 'ပဏဝသဒ္ဒ' ၊ သီချင်းသံ 'ဂီတသဒ္ဒ' ၊ တီးမှုတ်သံ 'ဝါဒိတသဒ္ဒ' ၊ မောင်းကြေးနင်း, ခွက်ခွင်းသံ 'သမ္မသဒ္ဒ' ၊ လက်သံ (လက်ခုပ်တီးသံ) 'ပါဏိသဒ္ဒ' ၊ သတ္တဝါတို့၏ ကြွေးကြော်သံ 'နိဂ္ဃေါသသဒ္ဒ' ၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သောအသံ 'သန္နိဃာတသဒ္ဒ' ၊ လေသံ (လေတိုက်သောအသံ) 'ဝါတသဒ္ဒ' ၊ ရေသံ 'ဥဒကသဒ္ဒ' ၊ လူသံ 'မနုဿသဒ္ဒ' ၊ လူသံမှ တစ်ပါးသော အသံ 'အမနုဿသဒ္ဒ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ 'သဒ္ဒါရုံ' တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အသံ (သဒ္ဒါရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော နားအကြည် 'သောတ' (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အသံ 'သဒ္ဒါရုံ' လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်းအသံ 'သဒ္ဒါယတန' လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော 'သဒ္ဒဓာတ်' လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသော ထိုရုပ်ပေတည်း။

၆၂၃။ (၄) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ 'သဒ္ဒါရုံ' သည်၊ စည်ကြီးသံ 'ဘေရိသဒ္ဒ' ၊ မုရှိးစည်သံ 'မုဒိင်္ဂသဒ္ဒ' ၊ ခရုသင်းသံ 'သင်္ခသဒ္ဒ' ၊ ထက်စည်သံ 'ပဏဝသဒ္ဒ' ၊ သီချင်းသံ 'ဂီတသဒ္ဒ' ၊ တီးမှုတ်သံ 'ဝါဒိတသဒ္ဒ' ၊ မောင်းကြေးနင်း,ခွက်ခွင်းသံ 'သမ္မသဒ္ဒ' ၊ လက်သံ (လက်ခုပ်တီးသံ) 'ပါဏိသဒ္ဒ' ၊ သတ္တဝါတို့၏ ကြွေးကြော်သံ 'နိဂ္ဃေါသသဒ္ဒ' ၊ သဘာဝ (ဓာတ်)တို့၏ (အချင်းချင်း) ထိခိုက်သော အသံ 'သန္နိဃာတသဒ္ဒ' ၊ လေသံ (လေတိုက်သော အသံ) 'ဝါတသဒ္ဒ' ၊ ရေသံ 'ဥဒကသဒ္ဒ' ၊ လူသံ 'မနုဿသဒ္ဒ' ၊ လူသံမှ တစ်ပါးသော အသံ 'အမနုဿသဒ္ဒ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အသံ 'သဒ္ဒါရုံ' တို့မှ) တစ်မျိုးတခြားဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အသံ (သဒ္ဒါရုံ) သည်လည်းရှိသေး၏။ အကြင် အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အသံ (သဒ္ဒါရုံ) ကို အာရုံပြု၍ နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ကြားသိစိတ် 'သောတဝိညာဏ်' သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နားအကြည် 'သောတ' (ဝတ္ထု) ကို မှီ၍ အသံ (သဒ္ဒါရုံ) လျှင် အာရုံရှိသော ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ကြားသိစိတ် 'သောတဝိညာဏ်' သည် ဖြစ် လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ ဤရုပ်သည် အသံ (သဒ္ဒါရုံ) လည်း မည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်းအသံ 'သဒ္ဒါယတန' လည်း မည်၏၊ ဤရုပ်သည် အသံ (သဒ္ဒါရုံ)ဟူသော သဘော 'သဒ္ဒဓာတ်' လည်းမည်၏၊ ဤရုပ်သည် ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသော ထိုရုပ်ပေတည်း။

ဂန္ဓာယတနရုပ်

၆၂၄။ (ဂ) ၁။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ့် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန', ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပ္ပဋိဃ'ဖြစ်သော အကြင် အနံ့ 'ဂန္ဓာရုံ' သည်၊ အမြစ်နံ့ 'မူလဂန္ဓ'၊ အနှစ်နံ့ 'သာရဂန္ဓ'၊ အခေါက် (အခွံ) နံ့'တစဂန္ဓ'၊ အရွက်နံ့ 'ပတ္တဂန္ဓ'၊ အပွင့်နံ့ 'ပုပ္ဖဂန္ဓ'၊ အသီးနံ့ 'ဖလဂန္ဓ'၊ စိမ်းရွှေသော အနံ့ 'အာမကဂန္ဓ'၊ သားစိမ်းငါးစိမ်း အညှီနံ့ 'ဝိဿဂန္ဓ'၊ ကောင်းသော အနံ့ 'သုဂန္ဓ'၊ မကောင်းသော အနံ့ 'ဒုဂ္ဂန္ဓ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ 'ဂန္ဓာရုံ'တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင်အနံ့ 'ဂန္ဓာရုံ' သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင် အနံ့ (ဂန္ဓာရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော နှာခေါင်းအကြည် 'ဃာန' (ပသာဒ) ဖြင့် နမ်းလည်း နမ်းခဲ့ပြီ၊ နမ်းလည်း နမ်းဆဲ၊ နမ်းလည်း နမ်းလတ္တံ့၊ နမ်းမူလည်း နမ်းရာ၏။ ဤရုပ်သည် အနံ့ 'ဂန္ဓာရုံ'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော 'ဂန္ဓဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၂၅။ (၂) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပ္ပဋိဃ'ဖြစ်သော အကြင်အနံ့ 'ဂန္ဓာရုံ' သည် အမြစ်နံ့ 'မူလဂန္ဓ'၊ အနှစ်နံ့ 'သာရဂန္ဓ'၊ အခေါက် (အခွံ) နံ့ 'တစဂန္ဓ'၊ အရွက်နံ့'ပတ္တဂန္ဓ'၊ အပွင့်နံ့ 'ပုပ္ဖဂန္ဓ'၊ အသီးနံ့ 'ဖလဂန္ဓ'၊ စိမ်းရွှေသော အနံ့ 'အာမကဂန္ဓ'၊ သားစိမ်းငါးစိမ်းအညှီနံ့ 'ဝိဿဂန္ဓ'၊ ကောင်းသော အနံ့ 'သုဂန္ဓ'၊ မကောင်းသော အနံ့ 'ဒုဂ္ဂန္ဓ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ 'ဂန္ဓာရုံ'တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်'လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင်အနံ့ 'ဂန္ဓာရုံ' သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင် အနံ့ (ဂန္ဓာရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော နှာခေါင်းအကြည် 'ဃာန' (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော 'ဂန္ဓဓာတ်'လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၂၆။ (၃) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပ္ပဋိဃ' ဖြစ်သော အကြင် အနံ့ 'ဂန္ဓာရုံ' သည်၊ အမြစ်နံ့ 'မူလဂန္ဓ' ၊ အနှစ်နံ့ 'သာရဂန္ဓ' ၊ အခေါက် (အခွံ) နံ့ 'တစဂန္ဓ' ၊ အရွက်နံ့ 'ပတ္တဂန္ဓ' ၊ အပွင့်နံ့ 'ပုပ္ဖဂန္ဓ' ၊ အသီးနံ့ 'ဖလဂန္ဓ' ၊ စိမ်းရွှေသော အနံ့ 'အာမကဂန္ဓ' ၊ သားစိမ်းငါးစိမ်း အညှီနံ့ 'ဝိဿဂန္ဓ' ၊ ကောင်းသော အနံ့ 'သုဂန္ဓ' ၊ မကောင်းသော အနံ့ 'ဒုဂ္ဂန္ဓ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ 'ဂန္ဓာရုံ' တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အနံ့ 'ဂန္ဓာရုံ' သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အနံ့ (ဂန္ဓာရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော နှာခေါင်းအကြည် 'ဃာန' (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ) လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော 'ဂန္ဓဓာတ်' လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၂၇။ (၄) နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပ္ပဋိဃ' ဖြစ်သော အကြင် အနံ့ 'ဂန္ဓာရုံ' သည် အမြစ်နံ့ 'မူလဂန္ဓ' ၊ အနှစ်နံ့ 'သာရဂန္ဓ' ၊ အခေါက် (အခွံ) နံ့ 'တစဂန္ဓ' ၊ အရွက်နံ့ 'ပတ္တဂန္ဓ' ၊ အပွင့်နံ့ 'ပုပ္ဖဂန္ဓ' ၊ အသီးနံ့ 'ဖလဂန္ဓ' ၊ စိမ်းရွှေသော အနံ့ 'အာမကဂန္ဓ' ၊ သားစိမ်းငါးစိမ်း အညှီနံ့ 'ဝိဿဂန္ဓ' ၊ ကောင်းသော အနံ့ 'သုဂန္ဓ' ၊ မကောင်းသော အနံ့ 'ဒုဂ္ဂန္ဓ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အနံ့ 'ဂန္ဓာရုံ' တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အနံ့ 'ဂန္ဓာရုံ' သည်လည်းရှိသေး၏။ အကြင်အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ နံသိစိတ် (ဃာနဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အနံ့ (ဂန္ဓာရုံ) ကို အာရုံပြု၍ နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ နံသိစိတ် (ဃာနဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ နံသိစိတ် 'ဃာနဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ် လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်းဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် နှာခေါင်းအကြည် 'ဃာန' (ဝတ္ထု) ကို မှီ၍ အနံ့ (ဂန္ဓာရုံ) လျှင် အာရုံရှိသော နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု့ 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ နံသိစိတ် 'ဃာနဝိညာဏ်' သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ် လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် အနံ့ 'ဂန္ဓာရုံ' လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' လည်း မည်၏၊ ဤရုပ်သည် အနံ့ (ဂန္ဓာရုံ)ဟူသော သဘော 'ဂန္ဓဓာတ်' လည်း မည်၏၊ ဤရုပ်သည် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' ဟူသော ထိုရုပ်ပေတည်း။

ရသာယတနရုပ်

၆၂၈။ (၉) ၁။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ် သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အရသာ (ရသာရုံ) သည်၊ အမြစ် အရသာ 'မူလရသ'၊ ပင်စည်အရသာ 'ခန္ဓရသ'၊ အခေါက် (အခွံ) အရသာ 'တစရသ'၊ အရွက် အရသာ 'ပတ္တရသ'၊ အပွင့်အရသာ 'ပုပ္ဖရသ'၊ အသီးအရသာ 'ဖလရသ'၊ အချဉ် 'အမ္ဗိလ'၊ အချို အမြိန် 'မဓုရ'၊ အခါး'တိတ္တက'၊ အစပ် 'ကဋုက'၊ ဆားအငန် 'လောဏိက'၊ ဆပ်ပြာအငန် 'ခါရိက'၊ စူးရှသော အချဉ် 'လမ္ဗိလ'၊ အဖန် 'ကသာဝ'၊ သာယာဖွယ် (ကောင်းသော) အရသာ 'သာဒု'၊ မသာယာဖွယ် (မကောင်းသော) အရသာ 'အသာဒု' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ 'ရသာရုံ'တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင် အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော အကြင် အရသာ (ရသာရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော လျှာ အကြည် 'ဇိဝှါ' (ပသာဒ) ဖြင့် လျက်လည်း လျက်ခဲ့ပြီ၊ လျက်လည်း လျက်ဆဲ၊ လျက်လည်း လျက်လတ္တံ့၊ လျက်မူလည်း လျက်ရာ၏။ ဤရုပ်သည် အရသာ 'ရသာရုံ'လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန'လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော 'ရသဓာတ်'လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၂၉။ (၂) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် အမြစ်အရသာ 'မူလရသ' ၊ ပင်စည်အရသာ 'ခန္ဓရသ' ၊ အခေါက် (အခွံ) အရသာ 'တစရသ' ၊ အရွက်အရသာ 'ပတ္တရသ' ၊ အပွင့်အရသာ 'ပုပ္ဖရသ' ၊ အသီးအရသာ 'ဖလရသ' ၊ အချဉ် 'အမ္ဗိလ' ၊ အချိုအမြိန် 'မဓုရ' ၊ အခါး 'တိတ္တက' ၊ အစပ် 'ကဋုက' ၊ ဆားအငန် 'လောဏိက' ၊ ဆပ်ပြာအငန် 'ခါရိက' ၊ စူးရှသော အချဉ် 'လမ္ဗိလ' ၊ အဖန် 'ကသာဝ' ၊ သာယာဖွယ် (ကောင်းသော) အရသာ 'သာဒု' ၊ မသာယာဖွယ် (မကောင်းသော) အရသာ 'အသာဒု' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ 'ရသာရုံ' တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန' ,့ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အရသာ (ရသာရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွ မဖြစ်သော 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော လျှာ အကြည် 'ဇိဝှါ' (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အရသာ (ရသာရုံ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန' လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော 'ရသဓာတ်' လည်းမည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်ပေတည်း။

 

၆၃၀။ (၃) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွ မဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် အမြစ်အရသာ 'မူလရသ' ၊ ပင်စည်အရသာ 'ခန္ဓရသ' ၊ အခေါက် (အခွံ) အရသာ 'တစရသ' ၊ အရွက်အရသာ 'ပတ္တရသ' ၊ အပွင့်အရသာ 'ပုပ္ဖရသ' ၊ အသီးအရသာ 'ဖလရသ' ၊ အချဉ် 'အမ္ဗိလ' ၊ အချိုအမြိန် 'မဓုရ' ၊ အခါး 'တိတ္တက' ၊ အစပ် 'ကဋုက' ၊ ဆားအငန် 'လောဏိက' ၊ ဆပ်ပြာအငန် 'ခါရိက' ၊ စူးရှသော အချဉ် 'လမ္ဗိလ' ၊ အဖန် 'ကသာဝ' ၊ သာယာဖွယ် (ကောင်းသော) အရသာ 'သာဒု' ၊ မသာယာဖွယ် (မကောင်းသော) အရသာ 'အသာဒု' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ 'ရသာရုံ' တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ,ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော လျှာအကြည် 'ဇိဝှါ' (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အရသာ (ရသာရုံ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန' လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော 'ရသဓာတ်' လည်းမည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၃၁။ (၄) လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြီးကျယ်ထင်ရှားသော 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့်တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အရသာ (ရသာရုံ) သည် အမြစ်အရသာ 'မူလရသ' ၊ ပင်စည်အရသာ 'ခန္ဓရသ' ၊ အခေါက် (အခွံ) အရသာ 'တစရသ' ၊ အရွက်အရသာ 'ပတ္တရသ' ၊ အပွင့်အရသာ 'ပုပ္ဖရသ' ၊ အသီးအရသာ 'ဖလရသ' ၊ အချဉ် 'အမ္ဗိလ' ၊ အချိုအမြိန် 'မဓုရ' ၊ အခါး 'တိတ္တက' ၊ အစပ် 'ကဋုက' ၊ ဆားအငန် 'လောဏိက' ၊ ဆပ်ပြာအငန် 'ခါရိက' ၊ စူးရှသော အချဉ် 'လမ္ဗိလ' ၊ အဖန် 'ကသာဝ' ၊ သာယာဖွယ် (ကောင်းသော) အရသာ 'သာဒု' ၊ မသာယာဖွယ် (မကောင်းသော) အရသာ 'အသာဒု' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအရသာ 'ရသာရုံ' တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကြီးကျယ်ထင်ရှားသာ 'မဟာဘုတ်' လေးပါးတို့ကို စွဲမှီ၍ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အရသာ (ရသာရုံ) သည်လည်းရှိသေး၏။ အကြင် အရသာ (ရသာရုံ) ကို အာရုံပြု၍ လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အရသာ (ရသာရုံ) ကို အာရုံပြု၍ လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ လျက်သိစိတ် 'ဇိဝှါဝိညာဏ်' သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) လျှင် အာရုံရှိသော လျက်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် လျှာအကြည် 'ဇိဝှါ' (ဝတ္ထု) ကို မှီ၍ အရသာ (ရသာရုံ) လျှင် အာရုံရှိသော လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ လျက်သိစိတ် 'ဇိဝှါဝိညာဏ်' သည် ဖြစ်လည်းဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ ဤရုပ်သည် အရသာ (ရသာရုံ) လည်း မည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန' လည်း မည်၏၊ ဤရုပ်သည် အရသာ (ရသာရုံ)ဟူသော သဘော 'ရသဓာတ်' လည်းမည်၏၊ ဤရုပ်သည် လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်ပေတည်း။

ဣတ္ထိန္ဒြေရုပ်

၆၃၂။ (၁၀) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ၏ အကြင် (အရပ်အမောင်း လက်ခြေစသော) မိန်းမပုံသဏ္ဌာန် 'ဣတ္ထိလိင်္ဂ'။ (မိန်းမဟုသိကြောင်း) မိန်းမအမှတ်အသား 'ဣတ္ထိနိမိတ္တ'၊ မိန်းမအမူအရာ 'ဣတ္ထိကုတ္တ'၊ မိန်းမ၏ (သွားပုံလာပုံစသော) အသွင်အပြင် 'ဣတ္ထာကပ္ပ'၊ မိန်းမ၏အဖြစ် 'ဣတ္ထတ္တ'၊ မိန်းမ၏သဘော 'ဣတ္ထိဘာဝ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ' ဟူသော ထိုရုပ်ပေတည်း။

ပုရိသန္ဒြေရုပ်

၆၃၃။ (၁၁) ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ယောက်ျား၏ အကြင် (အရပ်အမောင်း လက်ခြေစသော) ယောက်ျား ပုံသဏ္ဌာန် 'ပုရိသလိင်္ဂ'။ (ယောက်ျားဟု သိကြောင်း) ယောက်ျားအမှတ်အသား 'ပုရိသနိမိတ္တ'၊ ယောက်ျားအမူအရာ 'ပုရိသကုတ္တ'၊ ယောက်ျား၏ (သွားပုံလာပုံစသော) အသွင်အပြင် 'ပုရိသာကပ္ပ'၊ ယောက်ျား၏အဖြစ် 'ပုရိသတ္တ'၊ ယောက်ျား၏သဘော 'ပုရိသဘာဝ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း အစိုးရမှု၌ 'ပုရိသိန္ဒြေ' ဟူသော ထိုရုပ်ပေတည်း။

ဇီဝိတိန္ဒြေရုပ်

၆၃၄။ (၁၂) အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန်ခြင်းသဘောရှိသော 'ရုပ်' တရားတို့၏ အကြင်အသက် 'အာယု'၊ တည်ကြောင်းသဘော 'ဌိတိ'။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော 'ယပနာ'။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော 'ယာပနာ'။ (တိုးပွါး၍) ဖြစ်မှုသဘော 'ဣရိယနာ'။ (ဆက်လက်၍) ဖြစ်ကြောင်းသဘော 'ဝတ္တနာ'၊ စောင့်ရှောက်ခြင်းသဘော 'ပါလနာ'၊ အသက်ရှည်ကြောင်းသဘော 'ဇီဝိတ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' ဟူသော ထိုရုပ်ပေတည်း။

ကာယဝိညတ်ရုပ်

၆၃၅။ (၁၃) (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်' ဟူသောထိုရုပ်သည် အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ, အကုသိုလ်စိတ် ကြောင့်ဖြစ်စေ,ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော 'အဗျာကတ'စိတ်ကြောင့်ဖြစ်စေ, ရှေ့သို့တက်သူအားလည်းကောင်း, နောက်သို့ဆုတ်သူအားလည်းကောင်း, တူရူကြည့်သူအားလည်းကောင်း,တစောင်းကြည့်သူအားလည်းကောင်း, ကွေးသူအားလည်းကောင်း, ဆန့်တန်းသူအားလည်းကောင်း, (ဖြစ်ပေါ်လာသော) ကိုယ်၏ အကြင် ခိုင်မာမှု 'ထမ္ဘန'၊ ကောင်းစွာ ခိုင်မာမှု 'သန္ထမ္ဘန'၊ ကောင်းစွာခိုင်မာသည်၏ အဖြစ် (ကောင်းစွာ ခိုင်မာခြင်း) 'သန္ထမ္ဘိတတ္တ'၊ သိစေခြင်းသဘော 'ဝိညတ္တိ'၊ သိစေသော အခြင်းအရာ 'ဝိညာပနာ'၊ သိစေတတ်သည်၏အဖြစ် 'ဝိညာပိတတ္တ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်' ဟူသောထိုရုပ်ပေတည်း။

ဝစီဝိညတ်ရုပ်

၆၃၆။ (၁၄) (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ အကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော 'အဗျာကတ'စိတ်ကြောင့်ဖြစ်စေ (ဖြစ်ပေါ်လာသော) အကြင် စကား 'ဝါစာ'၊ မြွက်ဆိုမှု 'ဂိရာ'၊ စကားအစီအစဉ် 'ဗျပ္ပထ'၊ ပြောဆိုမှု 'ဥဒီရဏ'၊ ကြွေးကြော်ခြင်း 'ဃောသ'၊ ကြွေးကြော်မှု 'ဃောသကမ္မ'၊ စကားတည်းဟူသော နှုတ်မြွက်မှု 'ဝါစာဝစီဘေဒ' သည် (ရှိ၏)၊ ဤမြွက်ဆိုမှု စသည်ကို စကား'ဝါစာ' ဟု ဆိုအပ်၏၊ ထိုစကား 'ဝါစာ'ဖြင့်အကြင် သိစေခြင်းသဘော 'ဝိညတ္တိ'၊ သိစေသော အခြင်းအရာ 'ဝိညာပနာ'၊ သိစေတတ်သည်၏အဖြစ် 'ဝိညာပိတတ္တ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' ဟူသော ထိုရုပ် ပေတည်း။

အာကာသဓာတ်ရုပ်

၆၃၇။ (၁၅) မရေးခြစ်အပ်သော (ရေးခြစ်၍မရသောဟင်းလင်း) သဘော 'အာကာသဓာတ်' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသ'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း'အာကာသဂတ'၊ မထိမခိုက်အပ်သော (ထိကိုင်၍ မရသော ဟင်းလင်း) သဘော 'အဃ'၊ မထိမခိုက်အပ်သော (ထိကိုင်၍ မရသော ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း 'အဃဂတ'။ (ဟင်းလင်း) အပေါက် 'ဝိဝရ'။ (ဟင်းလင်း) အပေါက်ဟူ၍ ဖြစ်ခြင်း 'ဝိဝရဂတ'၊ ကြီးကျယ်ထင်ရှားသောမဟာဘုတ်လေးပါးတို့ဖြင့် မတွေ့ထိအပ်သော သဘော 'အသမ္ဖုဋ္ဌ' သည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ လဟုတာရုပ်

၆၃၈။ (၁၆) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျင်မြန်ပေါ့ပါးသည်၏အဖြစ် 'လဟုတာ'၊ ပေါ့ပါးစွာပြောင်းလဲနိုင်သည် (လျင်မြန်သည်) ၏ အဖြစ် 'လဟုပရိဏာမတာ'၊ မနုန့်နှေး မလေးလံသည်၏ အဖြစ် 'အဒန္ဓနတာ'၊ မခိုင်မာသည်၏အဖြစ် (မတုန်မလှုပ်ခြင်း ကင်းသည်၏အဖြစ်) 'အဝိတ္ထနတာ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ လျင်မြန် ပေါ့ပါးမှု 'ရူပဿ လဟုတာ' ဟူသော ထိုရုပ်ပေ တည်း။

ရူပဿ မုဒုတာရုပ်

၆၃၉။ (၁၇) ရုပ်၏နူးညံ့မှု 'ရူပဿ မုဒုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်နူးညံ့မှု 'မုဒုတာ'၊ ပျော့ပျောင်းပြေပြစ်မှု 'မဒ္ဒဝတာ'၊ မကြမ်း တမ်းမှု 'အကက္ခဠတာ'၊ မခက်မာမှု 'အကထိနတာ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ နူးညံ့မှု 'ရူပဿမုဒုတာ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ကမ္မညတာရုပ်

၆၄၀။ (၁၈) ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင်လိုက်လျောဆောင်ရှက်နိုင်မှု) 'ရူပဿ ကမ္မညတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏အကြင် အလုပ်၌ ခံ့မှု 'ကမ္မညတာ'၊ အလုပ်၌ ခံ့ကြောင်းသဘော 'ကမ္မညတ္တ'၊ အလုပ်၌ ခံ့သည်၏အဖြစ် 'ကမ္မညဘာဝ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ဥပစယရုပ်

၆၄၁။ (၁၉) ရုပ်၏ ဖြစ်စ 'ရူပဿ ဥပစယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ် 'အာယတန'တို့၏ အကြင် (ဦးစွာအစ) ဖြစ်ပေါ်လာစ 'အာစယ' သည် ရှိ၏၊ ထိုရုပ် 'အာယတန'တို့၏ (ဦးစွာအစ) ဖြစ်ပေါ်လာစ 'အာစယ' သည် ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ သန္တတိရုပ်

၆၄၂။ (၂၀) ရုပ်၏ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) သည်ရှိ၏၊ ထိုရုပ်၏ ကြီးပွါးဆဲအစဉ်သည် ရုပ်၏ ဖြစ်စဉ် 'ရူပဿ သန္တတိ'ရုပ် မည်၏။ ဤသို့သဘော ရှိသော ရုပ်သည် ရုပ်၏ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ဇရတာရုပ်

၆၄၃။ (၂၁) ရုပ်၏အိုမှု, ရင့်ရော်ဆွေးမြည့်မှု 'ရူပဿ ဇရတာ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျော့ပါးခြင်း (အိုမင်းယုတ်လျော့ ခြင်း) 'ဇရာ'၊ ရင့်ရော်ဆွေးမြည့်ကြောင်း 'ဇီရဏတာ'၊ သွားကျိုးကြောင်း 'ခဏ္ဍိစ္စ'၊ ဆံပင်ဖြူကြောင်း 'ပါလိစ္စ'၊ အရေတွန့်ကြောင်း 'ဝလိတ္တစတာ'၊ အသက်၏ ဆုတ်ယုတ်ကြောင်း 'အာယုနော သံဟာနိ'။ (စက္ခုန္ဒြေစသော) (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု 'ဣန္ဒြေ'တို့၏ ရင့်ရော် ပျက်ပြားကြောင်း 'ဣန္ဒြိယာနံပရိပါက' သည် (ရှိ၏)။ ဤသို့ သဘောရှိသောရုပ်သည် ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿဇရတာ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ အနိစ္စတာရုပ်

၆၄၄။ (၂၂) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿအနိစ္စတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် ကုန်ဆုံးမှု 'ခယ'၊ ပျက်မှု 'ဝယ'၊ ကွဲမှု 'ဘေဒ'၊ ထက်ဝန်းကျင် ကွဲမှု (အာလုံးပျက်ပြိုကွဲမှု) 'ပရိဘေဒ'။ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'အနိစ္စတာ'၊ ကွယ်ပျောက်မှု 'အန္တရဓာန' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿအနိစ္စတာ' ဟူသော ထိုရုပ်ပေတည်း။

ကဗဠီကာရ အာဟာရရုပ်

၆၄၅။ (၂၃) အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ထမင်း 'ဩဒန'၊ မုယောမုန့် (ဆန် ကြမ်းမုန့်နပ်) 'ကုမ္မာသ'၊ မုန့်လုံး'သတ္တု'၊ ငါး 'မစ္ဆ'၊ အသား 'မံသ'၊ နို့ရည် 'ခီရ'၊ နို့ဓမ်း 'ဒဓိ'၊ ထောပတ် 'သပ္ပိ'၊ ဆီဦး 'နဝနီတ'၊ ဆီ'တေလ'၊ ပျားရည် 'မဓု'၊ တင်လဲ 'ဖာဏိတ' သည် ရှိ၏။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အစာအာဟာရတို့မှ) တစ်မျိုးတခြားဖြစ်သော , အကြင်အကြင် ဇနပုဒ် (တိုင်း၊ ခရှိင်) ၌ ထိုထိုသတ္တဝါတို့၏ ခံတွင်း (ပါးစပ်) ဖြင့် စားအပ်သော, သွားတို့ဖြင့် ကိုက်ခဲအပ် (ကြိတ်ချေဝါး၍စားအပ်) သော, လည်ချောင်းဖြင့် မျိုချအပ်သော, ဝမ်း (ပိုက်) ကို ပြည့်ဝ တောင့်တင်းစေတတ်သောအကြင် (အစာအာဟာရ) ရုပ်သည်လည်း ရှိသေး၏။

အကြင် အဆီအနှစ်အစေး (ဩဇာ)ဖြင့် သတ္တဝါတို့သည် မျှတကုန်၏၊ ဤမျှတကြောင်းဖြစ်သော ရုပ်သည် အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ထိုရုပ်ပေတည်း။ ဤ (ဆိုအပ်ခဲ့ပြီးသော) ရုပ်အပေါင်းသည် မှီတတ်သော 'ဥပါဒါ' ဟူသော ထိုရုပ်ပေတည်း။

မှီတတ်သော 'ဥပါဒါ'ရုပ်တို့ကို ဝေဖန်ခြင်း 'ဥပါဒါဘာဇနီယ' ပြီးပြီ။

ရုပ်ပိုင်း 'ရူပကဏ္ဍ' ၌ ရှေးဦးစွာရှတ်ဆိုမှု အလှည့်အကြိမ် 'ပဌမဘာဏဝါရ' ပြီးပြီ။

------

မမှီတတ်သော ' နောဥပါဒါ 'ရုပ်များ

နော ဥပါဒါရုပ်

၆၄၆။ (ဥပါဒါရုပ်မှီသကဲ့သို့မမှီမူ၍ဖြစ်သော) 'နော ဥပါဒါ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' (ပထဝီဓာတ်, တေဇော ဓာတ်,ဝါယောဓာတ်)၊ 'ရေ' ဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် ရှိ၏။ (ဤရုပ်အပေါင်း သည် 'နော ဥပါဒါ' ဟူသော ထိုရုပ်ပေတည်း)။

ဖောဋ္ဌဗ္ဗာယတနရုပ်

၆၄၇။ (၁) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) 'ပထဝီ ဓာတ်'၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်း သဘော) 'တေဇောဓာတ်'၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) 'ဝါယောဓာတ်'၊ ခိုင်မာခြင်း သဘော 'ကက္ခဠ'၊ နူးညံ့ခြင်းသဘော 'မုဒုက'၊ သိမ်မွေ့ခြင်း သဘော 'သဏှ'၊ ကြမ်းတမ်းခြင်းသဘော 'ဖရုသ'၊ ချမ်းသာသော အတွေ့ 'သုခသမ္ဖဿ'၊ ဆင်းရဲသော အတွေ့'ဒုက္ခသမ္ဖဿ'၊ လေးသော သဘော 'ဂရုက'၊ ပေါ့သော သဘော 'လဟုက' သည် ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင်အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန'၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ'ဖြစ်သော ကိုယ်အကြည် 'ကာယ' (ပသာဒ) ဖြင့် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်း ထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါး ရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော 'ဖောဋ္ဌဗ္ဗဓာတ်'လည်းမည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၄၈။ (၂) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) 'ပထဝီဓာတ်' ၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်းသဘော) 'တေဇောဓာတ်' ၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) 'ဝါယောဓာတ်' ၊ ခိုင်မာခြင်းသဘော 'ကက္ခဠ' ၊ နူးညံ့ခြင်းသဘော 'မုဒုက' ၊ သိမ်မွေ့ခြင်းသဘော 'သဏှ' ၊ ကြမ်းတမ်းခြင်းသဘော 'ဖရုသ' ၊ ချမ်းသာသောအတွေ့ 'သုခသမ္ဖဿ' ၊ ဆင်းရဲသောအတွေ့ 'ဒုက္ခသမ္ဖဿ' ၊ လေးလံသောသဘော 'ဂရုက' ၊ ပေါ့ပါးသောသဘော 'လဟုက' သည်ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' ၊ ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါး လည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော 'ဖောဋ္ဌဗ္ဗဓာတ်' လည်းမည်၏။ ဤသို့သဘောရှိသောရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၄၉။ (၃) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) 'ပထဝီဓာတ်' ၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်းသဘော) 'တေဇောဓာတ်' ၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) 'ဝါယောဓာတ်' ၊ ခိုင်မာခြင်း သဘော 'ကက္ခဠ' ၊ နူးညံ့ခြင်းသဘော 'မုဒုက' ၊ သိမ်မွေ့ခြင်းသဘော 'သဏှ' ၊ ကြမ်းတမ်းခြင်းသဘော 'ဖရုသ' ၊ ချမ်းသာသော အတွေ့ 'သုခသမ္ဖဿ' ၊ ဆင်းရဲသော အတွေ့ 'ဒုက္ခသမ္ဖဿ' ၊ လေးလံသော သဘော 'ဂရုက' ၊ ပေါ့ပါးသော သဘော 'လဟုက' သည် ရှိ၏။ မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သည် မြင်အပ်သည်၏အဖြစ် (မြင်ခြင်း) နှင့် တကွမဖြစ်သော 'အနိဒဿန' , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွ 'သပ္ပဋိဃ' ဖြစ်သော ကိုယ်အကြည် 'ကာယ' (ပသာဒ) ၌ ထိပါးလည်း ထိပါးခဲ့ပြီ၊ ထိပါးလည်း ထိပါးဆဲ၊ ထိပါးလည်းထိပါးလတ္တံ့၊ ထိပါးမူလည်း ထိပါးရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော 'ဖောဋ္ဌဗ္ဗဓာတ်' လည်းမည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း။

၆၅၀။ (၄) ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော သဘော (ခက်မာခြင်းသဘော) 'ပထဝီဓာတ်' ၊ မီးဟူသော သဘော (ရင့်ကျက်စေခြင်းသဘော) 'တေဇောဓာတ်' ၊ လေဟူသော သဘော (ထောက်ကန်လှုပ်ရှားခြင်းသဘော) 'ဝါယောဓာတ်' ၊ ခိုင်မာခြင်းသဘော 'ကက္ခဠ' ၊ နူးညံ့ခြင်းသဘော 'မုဒုက' ၊ သိမ်မွေ့ခြင်းသဘော 'သဏှ' ၊ ကြမ်းတမ်းခြင်းသဘော 'ဖရုသ' ၊ ချမ်းသာသော အတွေ့ 'သုခ သမ္ဖဿ' ၊ ဆင်းရဲသော အတွေ့ 'ဒုက္ခသမ္ဖဿ' ၊ လေးလံသောသဘော 'ဂရုက' ၊ ပေါ့ပါးသော သဘော 'လဟုက' သည် ရှိ၏။ အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြုလျက် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' သည်ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ကို အာရုံပြုလျက် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ထိသိစိတ် 'ကာယဝိညာဏ်' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင် အာရုံရှိသော ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ပ။ အကြင် ကိုယ်အကြည် 'ကာယ' (ဝတ္ထု) ကို မှီ၍ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လျှင်အာရုံရှိ သော ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ' သည်။ပ။ မှတ်သားမှု 'သညာ' သည်။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) သည် ဖြစ်လည်း ဖြစ်ခဲ့ပြီ၊ ဖြစ်လည်း ဖြစ်ဆဲ၊ ဖြစ်လည်း ဖြစ်လတ္တံ့၊ ဖြစ်မူလည်း ဖြစ်ရာ၏။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) လည်း မည်၏၊ ဤရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' လည်း မည်၏၊ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော 'ဖောဋ္ဌဗ္ဗဓာတ်' လည်းမည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း။

အာပေါဓာတ်

၆၅၁။ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ရေ 'အာပေါ'၊ ရေဟူ၍ဖြစ်ခြင်း 'အာပေါဂတ'၊ အစေး 'သိနေဟ'၊ အစေးဟူ၍ ဖြစ်ခြင်း'သိနေဟဂတ'၊ ရုပ်ကို ဖွဲ့စည်းခြင်းသဘော 'ဗန္ဓနတ္တ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' ဟူသော ထိုရုပ်ပေတည်း။ ဤရုပ်အပေါင်းသည် မမှီတတ်သော 'နောဥပါဒါ' ဟူသော ထိုရုပ်ပေတည်း။

------

နှစ်ခုစီအကျယ်ပြခြင်း 'ဒုကနိဒ္ဒေသ'

တဏှာဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံကြောင့် ဖြစ်သော ရုပ်

၆၅၂။ (၁) 'ဥပါဒိဏ္ဏ' (ကမ္မဇ)ဟူသော 'ဥပါဒိဏ္ဏ'ရုပ်ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'၊ ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန'၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန'၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏) (ကမ္မဇရုပ် ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသောဟင်းလင်း) သဘော 'အာကာသဓာတ်'၊ 'ရေ' ဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'၊ ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'၊ ရုပ်၏ကြီးပွါးဆဲ အစဉ် 'ရူပဿသန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'ဥပါဒိဏ္ဏ' (ကမ္မဇ)ဟူသော ထိုရုပ်ပေတည်း။

ကံကြောင့် မဖြစ်သော 'အနုပါဒိဏ္ဏ'ရုပ်

၆၅၃။ (၂) 'အနုပါဒိဏ္ဏ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒ ကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီ ဝိညတ်'၊ ရုပ်၏ ပေါ့ပါးမှု 'ရူပဿ လဟုတာ'၊ ရုပ်၏နူးညံ့မှု 'ရူပဿ မုဒုတာ'၊ ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'၊ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြည့်မှု 'ရူပဿ ဇရတာ'၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည်ရှိ၏။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'၊ ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'၊ ရုပ်၏ကြီးပွါးဆဲ အစဉ် 'ရူပဿသန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'အနုပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း။

ကံ၏အကျိုးဥပါဒါန်တို့၏ အာရုံဖြစ်သော ရုပ်

၆၅၄။ (၁) ဥပါဒိဏ္ဏုပါဒါနိယဟူသော ထိုရုပ်သည် 'ဥပါဒိဏ္ဏုပါဒါနိယ'ရုပ် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု့'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတစ်ခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော 'အာကာသဓာတ်'၊ 'ရေ' ဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'၊ ရုပ်၏ ဖြစ်စ 'ရူပဿ ဥပစယ'၊ ရုပ်၏ကြီးပွါးဆဲ အစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ် အပေါင်းသည် 'ဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း။

ကံ၏အကျိုးမဟုတ် ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ရုပ်

၆၅၅။ (၂) 'အနုပါဒိဏ္ဏုပါဒါနိယ' ဟူသော 'အနုပါဒိဏ္ဏုပါဒါနိယ'ရုပ် ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် ဖြစ်ကြောင်း အသံ'သဒ္ဒါယတန'။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'၊ ရုပ်၏ ပေါ့ပါးမှု 'ရူပဿ လဟုတာ'၊ ရုပ်၏ နူးညံ့မှု 'ရူပဿမုဒုတာ'၊ ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စ တို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရှက်နိုင်မှု) 'ရူပဿကမ္မညတာ'၊ ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည်ရှိ၏။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'အနုပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း။

မြင်အပ်သော 'သနိဒဿန'ရုပ်

၆၅၆။ (၁) 'သနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် 'သ နိဒဿန' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

မမြင်အပ်သော 'အနိဒဿန'ရုပ်

၆၅၇။ (၂) 'အနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အနိဒဿန' ဟူသော ထိုရုပ်ပေ တည်း။

ထိခိုက်တတ်သော 'သပ္ပဋိဃ'ရုပ်

၆၅၈။ (၁) 'သပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'၊ ကြားသိစိတ်ဖြစ်ရာ နား အကြည် 'သောတာယတန'၊ နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် 'ဃာနာယတန'၊ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန'၊ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'၊ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာ ယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာ ယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'သပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း (ဩဠာရိကရုပ်၊ သန္တိကေ ရုပ်)။

မထိခိုက်ကောင်းသော 'အပ္ပဋိဃ'ရုပ်

၆၅၉။ (၂) 'အပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ့'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အပ္ပဋိဃ' ဟူသော ထိုရုပ် ပေတည်း (သုခုမရုပ်၊ ဒူရေရုပ်)။

အစိုးရသော 'ဣန္ဒြိယ'ရုပ်

၆၆၀။ (၁) (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု 'ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'၊ ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ'၊ နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ'၊ လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ'၊ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ'၊ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည် ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု 'ဣန္ဒြိယ' ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး၊ ဘာဝရုပ်နှစ်ပါး၊ ဇီဝိတရုပ်)။

န ဣန္ဒြိယရုပ်

၆၆၁။ (၂) 'န ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

မဟာဘုတ်ရုပ်

၆၆၂။ (၁) 'မဟာဘုတ်' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန' (ပထဝီ, တေဇော, ဝါယော)၊ 'ရေ' ဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် ရှိ၏)။ ဤရုပ်အပေါင်းသည် 'မဟာဘုတ်' ဟူသော ထိုရုပ်ပေတည်း။

န မဟာဘူတရုပ်

၆၆၃။ (၂) မဟာဘုတ် မမည်သော 'န မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မဟာဘုတ် မမည်သော 'နမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

ဝိညတ်ရုပ်

၆၆၄။ (၁) 'ဝိညတ်' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီ ဝိညတ်' သည် (ရှိ၏)။ ဤရုပ်နှစ်ခုသည် 'ဝိညတ်' ဟူသော ထိုရုပ်ပေတည်း။

န ဝိညတ္တိရုပ်

၆၆၅။ (၂) 'န ဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း။

စိတ်ကြောင့်ဖြစ်သော 'စိတ္တသမုဋ္ဌာန'ရုပ်

၆၆၆။ (၁) 'စိတ္တသမုဋ္ဌာန' (စိတ္တဇ)ဟူသော ထိုရုပ်သည်အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' သည် (ရှိ၏) (ဝိညတ်ရုပ် နှစ်ပါး, စိတ္တဇရုပ်ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့်ဖြစ်သော , စိတ်လျှင်အကြောင်းရှိသော, စိတ်လျှင်ဖြစ်ကြောင်းရှိသော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်းအရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော သဘော 'အာပေါဓာတ်'၊ ရုပ်၏ပေါ့ပါးမှု 'ရူပဿ လဟုတာ'၊ ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'၊ ရုပ်၏ အလုပ်၌ ခံ့မှု အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'စိတ္တသမုဋ္ဌာန' (စိတ္တဇ)ဟူသော ထိုရုပ်ပေတည်း။

စိတ်ကြောင့် မဖြစ်သော 'န စိတ္တသမုဋ္ဌာန'ရုပ်

၆၆၇။ (၂) 'န စိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ'၊ ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿအနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့် မဖြစ်သော , စိတ်ဟူသော အကြောင်းမရှိသော, စိတ်ဟူသော ဖြစ်ကြောင်းမရှိသော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန'၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'၊ ရုပ်၏ပေါ့ပါးမှု 'ရူပဿ လဟုတာ'၊ ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'၊ ရုပ်၏အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'န စိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်ပေတည်း။

စိတ်နှင့်အတူဖြစ် (အတူပျက်) သော 'စိတ္တသဟဘု'ရုပ်

၆၆၈။ (၁) 'စိတ္တသဟဘု' (စိတ္တဇ)ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒ ကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီ ဝိညတ်' သည် (ရှိ၏)။ ဤရုပ်နှစ်ခုသည် 'စိတ္တသဟဘု' (စိတ္တဇ)ဟူသော ထိုရုပ်ပေတည်း (ဝိညတ်ရုပ် နှစ်ပါး)။

စိတ်နှင့်အတူမဖြစ်သော 'န စိတ္တသဟဘု'ရုပ်

၆၆၉။ (၂) 'န စိတ္တသဟဘု' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် 'န စိတ္တသဟဘု' ဟူသောထိုရုပ်ပေတည်း (ဝိညတ်ရုပ်နှစ်ပါးမှ တစ်ပါးအခြားသော ရုပ်များ)။

စိတ်သို့ အစဉ်လိုက်၍ ဖြစ်သော 'စိတ္တာနုပရိဝတ္တိ'ရုပ်

၆၇၀။ (၁) စိတ်သို့အစဉ်လိုက်၍ ဖြစ်သော (စိတ်နှင့်ဖြစ်တူ၊ ပျက်တူ) 'စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒ ကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' သည် (ရှိ၏)။ ဤရုပ်နှစ်ပါးသည် စိတ်သို့ အစဉ်လိုက်၍ ဖြစ်သော (စိတ်နှင့် ဖြစ်တူ၊ ပျက်တူ) 'စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်ပေတည်း (ဝိညတ္တိရုပ် နှစ်ပါး)။

စိတ်သို့ အစဉ်လိုက်၍ မဖြစ်သော 'န စိတ္တာနုပရိဝတ္တိ'ရုပ်

၆၇၁။ (၂) စိတ်သို့ အစဉ်လိုက်၍မဖြစ်သော (စိတ်နှင့်ဖြစ်တူ ပျက်တူ မဟုတ်သော) 'န စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာ ယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် စိတ်သို့ အစဉ်လိုက်၍ မဖြစ်သော (စိတ်နှင့်ဖြစ်တူ ပျက်တူ မဟုတ်သော) 'န စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်ပေတည်း (ဝိညတ်ရုပ် နှစ်ပါးမှတစ်ပါးအခြားသောရုပ်များ)။

အတွင်းကျသော 'အဇ္ဈတ္တိက'ရုပ်

၆၇၂။ (၁) 'အဇ္ဈတ္တိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အဇ္ဈတ္တိကဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ပြင်ပဖြစ်သော 'ဗာဟိရ'ရုပ်

၆၇၃။ (၂) 'ဗာဟိရ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ဗာဟိရဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါးမှတစ်ပါး အခြားသော ရုပ်များ)။

ကြမ်းတမ်းသော 'ဩဠာရိက'ရုပ်

၆၇၄။ (၁) 'ဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဩဠာရိက' ဟူသော ထိုရုပ်ပေ တည်း (သပ္ပဋိဃရုပ်၊ သန္တိကေရုပ်)။

သိမ်မွေ့သော 'သုခုမ'ရုပ်

၆၇၅။ (၂) 'သုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'သုခုမ' ဟူသော ထိုရုပ်ပေတည်း (ဒူရေရုပ်၊ အပ္ပဋိဃရုပ်)။

သိဖို့ဝေးသော 'ဒူရေ'ရုပ်

၆၇၆။ (၁) 'ဒူရေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ဝေးကွာသော (အသိခက်သော) 'ဒူရေ' ဟူသော ထိုရုပ်ပေတည်း (သုခုမရုပ်၊ အပ္ပဋိဃရုပ်)။

သိဖို့နီးသော 'သန္တိကေ'ရုပ်

၆၇၇။ (၂) 'သန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် နီးကပ်သော (သိလွယ်သော) 'သန္တိကေ' ဟူသော ထို ရုပ်ပေတည်း။

စက္ခုသမ္ဖဿ ဿ ဝတ္ထုရုပ်

၆၇၈။ (၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာတည်ရာ 'စက္ခုသမ္ဖဿဿ ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' သည် (ရှိ၏)။ ဤရုပ်သည် မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာ 'စက္ခုသမ္ဖဿဿ ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

စက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်

၆၇၉။ (၂) မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာမဟုတ်သော 'စက္ခုသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာနားအကြည် 'သောတာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာတည်ရာ မဟုတ်သော 'စက္ခုသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်မှတစ်ပါး အခြားသော ရုပ်များ)။

စက္ခုသမ္ဖဿဇာဝေဒနာစသည်တို့၏မှီရာဝတ္ထုရုပ်များ

၆၈၀။ (၁) မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ'၏။ပ။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ၏ မှီရာ တည်ရာ 'စက္ခုဝိညာဏဿ ဝတ္ထု' ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' သည် (ရှိ၏)။ ဤရုပ်သည်မြင်သိစိတ်၏ မှီရာ တည်ရာ 'စက္ခု ဝိညာဏဿ ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်)။

စက္ခုဝိညာဏဿ န ဝတ္ထုရုပ်

၆၈၁။ (၂) မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော 'စက္ခုဝိညာဏဿ နဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည်မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော 'စက္ခုဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေ တည်း။

သောတသမ္ဖဿဿဝတ္ထုစသော ရုပ်များ

၆၈၂။ (၁) ကြားသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'သောတသမ္ဖဿ'၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဃာနသမ္ဖဿ'၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဇိဝှါသမ္ဖဿ' ၏။ပ။ ထိသိစိတ်နှင့် ယှဉ် သော တွေ့တိမှု 'ကာယသမ္ဖဿ'၏ မှီရာတည်ရာ 'ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိ စိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည့် (ရှိ၏)။ ဤရုပ်သည် ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ကာယသမ္ဖဿ'၏ မှီရာတည်ရာ 'ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

ကာယသမ္ဖဿဿ န ဝတ္ထုရုပ်

၆၈၃။ (၂) ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာမဟုတ်သော 'ကာယသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော 'ကာယသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

ကာယသမ္ဖဿဇာဝေဒနာစသည်တို့၏ ဝတ္ထုရုပ်များ

၆၈၄။ (၁) ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ'၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာတည်ရာ 'ကာယဝိညာဏဿ ဝတ္ထု' ဟူသောထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်သည်ထိသိစိတ် 'ကာယဝိညာဏ်'၏ မှီရာတည်ရာ 'ကာယ ဝိညာဏဿ ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

ကာယဝိညာဏဿ န ဝတ္ထုရုပ်

၆၈၅။ (၂) ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာတည်ရာ မဟုတ်သော 'ကာယဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိသိစိတ် (ကာယဝိညာဏ်) ၏ မှီရာတည်ရာ မဟုတ်သော 'ကာယဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒမှတစ်ပါး အခြားသော ရုပ်များ)။

စက္ခုသမ္ဖဿဿ အာရမ္မဏရုပ်

၆၈၆။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံ 'စက္ခုသမ္ဖဿဿ အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် မြင်သိစိတ် (စက္ခု ဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏အာရုံ 'စက္ခုသမ္ဖဿဿ အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

စက္ခုသမ္ဖဿဿ န အာရမ္မဏရုပ်

၆၈၇။ (၂) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'စက္ခုသမ္ဖဿဿ န အာရမ္မဏ' ဟူ သော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုပ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'စက္ခုသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံမှတစ်ပါး အခြားသောရုပ်များ)

စက္ခုသမ္ဖဿဇာ ဝေဒနာစသည်တို့၏ အာရမ္မဏရုပ်များ

၆၈၈။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ'၏။ပ။ မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံ 'စက္ခုဝိညာဏဿအာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် မြင်သိ စိတ် (စက္ခုဝိညာဏ်) ၏ အာရုံ 'စက္ခုဝိညာဏဿအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

စက္ခုဝိညာဏဿ န အာရမ္မဏရုပ်

၆၈၉။ (၂) မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံမဟုတ်သော 'စက္ခုဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မြင်သိစိတ် (စက္ခုဝိညာဏ်) ၏ အာရုံ မဟုတ်သော 'စက္ခုဝိညာဏဿ နအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း။

သောတသမ္ဖဿဿ အာရမ္မဏစသော ရုပ်များ

၆၉၀။ (၁) ကြားသိစိတ် (သောတဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ နံသိစိတ် (ဃာနဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံ 'ကာယသမ္ဖဿဿ အာရမ္မဏ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ၏ အာရုံ 'ကာယသမ္ဖဿဿအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း။

ကာယသမ္ဖဿဿ န အာရမ္မဏရုပ်

၆၉၁။ (၂) ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'ကာယသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေးပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'ကာယ သမ္ဖဿဿ နအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြားသော ရုပ်များ)။

ကာယသမ္ဖဿဇာ ဝေဒနာစသည်တို့၏ အာရမ္မဏရုပ်များ

၆၉၂။ (၁) ထိသိစိတ် (ကာယဝိညာဏ်) နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ၏ အာရုံ'ကာယဝိညာဏဿ အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် ထိသိ စိတ် (ကာယဝိညာဏ်) ၏ အာရုံ 'ကာယဝိညာဏဿ အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ကာယဝိညာဏဿ န အာရမ္မဏရုပ်

၆၉၃။ (၂) ထိသိစိတ် (ကာယဝိညာဏ်) ၏ အာရုံမဟုတ်သော 'ကာယဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိသိစိတ် (ကာယ ဝိညာဏ်) ၏အာရုံမဟုတ်သော 'ကာယဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာ ယတနမှတစ်ပါးအခြားသောရုပ်များ)။

မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'ရုပ်

၆၉၄။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည်သည်မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤ ရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့်ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်း သော ရွာ 'သုညဂါမ' လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' ဟူသောထိုရုပ်ပေတည်း (စက္ခုပသာဒ)။

န စက္ခာယတနရုပ်

၆၉၅။ (၂) 'န စက္ခာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န စက္ခာ ယတန' ဟူသော ထိုရုပ်ပေတည်း။

ကြားသိစိတ်ဖြစ်ရာနားအကြည်

၆၉၆။ (၁) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် 'သောတာယတန'စသည်ဟူသော ထိုရုပ်သည်။ပ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာနှာခေါင်းအကြည် 'ဃာနာယတန' ဟူသော ထိုရုပ်သည်။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာလျှာအကြည် 'ဇိဝှါယတန' ဟူသော ထိုရုပ်သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည့်'ကာယာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ကိုယ်အကြည်သည်မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤသို့ သဘောရှိသော ရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

န ကာယာယတနရုပ်

၆၉၇။ (၂) 'န ကာယာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

ရူပါယတနရုပ်

၆၉၈။ (၁) မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ အဆင်းအရောင်ဟူသော အကြင်အဆင်း'ရူပါရုံ'။ပ။ ဤရုပ်သည် အဆင်းဟူသောသဘော 'ရူပဓာတ်'လည်း မည်၏။ ဤသို့သဘောရှိသောရုပ်သည် ရူပါယတနဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

န ရူပါယတနရုပ်

၆၉၉။ (၂) 'န ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ရူပါယတန' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံမှတစ်ပါး အခြားသောရုပ်များ)။

သဒ္ဒါယတနရုပ်စသည်

၇၀၀။ (၁) ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' ဟူသောထိုရုပ်သည်။ပ။ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာ ယတန' ဟူသောထိုရုပ်သည်။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' ဟူသော ထိုရုပ်သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထို ရုပ်သည်အဘယ်နည်း။ မြေဟူသော (ခက်မာမှု) သဘော 'ပထဝီဓာတ်'။ပ။ ဤရုပ်သည် အတွေ့ဟူသောသဘော 'ဖောဋ္ဌဗ္ဗဓာတ်'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

န ဖောဋ္ဌဗ္ဗာယတနရုပ်

၇၀၁။ (၂) 'န ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ် အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြား သောရုပ်များ)။

စက္ခုဓာတုရုပ်

၇၀၂။ (၁) မြင်မှုသဘော 'စက္ခုဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' သည် (ရှိ၏)။ ဤရုပ်သည် မြင်မှု သဘော 'စက္ခုဓာတု' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်)။

န စက္ခုဓာတုရုပ်

၇၀၃။ (၂) 'န စက္ခုဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န စက္ခုဓာတု' ဟူသော ထို ရုပ်ပေတည်း (စက္ခုပသာဒရုပ်မှတစ်ပါး အခြားသော ရုပ်များ)။

သောတဓာတုရုပ်စသည်

၇၀၄။ (၁) ကြားမှုသဘော 'သောတဓာတု' ဟူသော ထိုရုပ်သည်။ပ။ နံမှုသဘော 'ဃာနဓာတု' ဟူသော ထိုရုပ်သည်။ပ။ လျက်မှုသဘော 'ဇိဝှါဓာတု' ဟူသော ထိုရုပ်သည်။ပ။ ထိမှုသဘော 'ကာယဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်သည် ထိမှု သဘော 'ကာယဓာတု' ဟူသော ထိုရုပ်ပေ တည်း။

န ကာယဓာတုရုပ်

၇၀၅။ (၂) 'န ကာယဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ကာယဓာတု' ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ရူပဓာတုရုပ်

၇၀၆။ အဆင်းသဘော 'ရူပဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် အဆင်း သဘော 'ရူပဓာတု' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

န ရူပဓာတုရုပ်

၇၀၇။ (၁) 'န ရူပဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ရူပဓာတု' ဟူသော ထို ရုပ်ပေတည်း (ရူပါရုံမှ တစ်ပါး အခြားသောရုပ်များ)။

သဒ္ဒဓာတုရုပ်စသည်

၇၀၈။ (၁) အသံသဘော 'သဒ္ဒဓာတု' ဟူသော ထိုရုပ်သည်။ပ။ အနံ့သဘော 'ဂန္ဓဓာတု' ဟူသော ထိုရုပ်သည်။ပ။ အရသာသဘော 'ရသဓာတု' ဟူသော ထိုရုပ်သည်။ပ။ အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်ပေတည်း။

န ဖောဋ္ဌဗ္ဗဓာတုရုပ်

၇၀၉။ (၂) 'န ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်ပေတည်း။

စက္ခုန္ဒြိယရုပ်

၇၁၀။ (၁) မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည်သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒရုပ်)။

န စက္ခုန္ဒြိယရုပ်

၇၁၁။ (၂) 'န စက္ခုန္ဒြိယရုပ်' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န စက္ခုန္ဒြိယ' ဟူသော ထို ရုပ်ပေတည်း။

သောတိန္ဒြိယရုပ်စသည်

၇၁၂။ (၁) ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြိယ' ဟူသော ထိုရုပ်သည်။ပ။ နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြိယ' ဟူသော ထိုရုပ်သည်။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြိယ' ဟူသော ထိုရုပ်သည်။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ကိုယ်အကြည်သည် မဟာဘုတ်လေးပါးတို့ကိုစွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင် ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့ သဘောရှိသောရုပ်သည် ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

န ကာယိန္ဒြိယရုပ်

၇၁၃။ (၂) 'န ကာယိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ကာယိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

ဣတ္ထိန္ဒြိယရုပ်

၇၁၄။ (၁) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ၏ အကြင် (အရပ်အမောင်း လက်ခြေစသော) မိန်းမပုံ သဏ္ဌာန်။ (မိန်းမဟု သိကြောင်း) မိန်းမ၏အမှတ်အသား၊ မိန်းမအမူအရာ၊ မိန်းမ၏ (သွားပုံ, လာပုံ စသော) အသွင်အပြင်၊ မိန်းမ၏အဖြစ်၊ မိန်းမ၏သဘောသည် (ရှိ၏)။ ဤရုပ်သဘောရှိသော ရုပ်သည် မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ဣတ္ထိဘာဝရုပ်)။

န ဣတ္ထိန္ဒြိယရုပ်

၇၁၅။ (၂) 'န ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ဣတ္ထိဘာဝရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ပုရိသိန္ဒြိယရုပ်

၇၁၆။ (၁) ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ယောက်ျား၏ အကြင် (အရပ်အမောင်း လက်ခြေ စသော) ယောက်ျားပုံသဏ္ဌာန်။ (ယောက်ျားဟု သိကြောင်း) ယောက်ျား၏ အမှတ်အသား၊ ယောက်ျား အမူအရာ၊ ယောက်ျား၏ (သွားပုံ လာပုံစသော) အသွင်အပြင်၊ ယောက်ျား၏အဖြစ်၊ ယောက်ျား၏ သဘော သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် 'ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပုမ္ဘာဝရုပ်)။

န ပုရိသိန္ဒြိယရုပ်

၇၁၇။ (၂) 'န ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပုမ္ဘာဘာဝရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ဇီဝိတိန္ဒြိယရုပ်

၇၁၈။ (၁) အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန်ခြင်းသဘောရှိသော (ရုပ်) တရားတို့၏ အကြင်အသက်၊ တည်ကြောင်း သဘော။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော။ (တိုးပွား ၍) ဖြစ်မှုသဘော။ (ဆက်လက်၍) ဖြစ်ကြောင်း သဘော၊ စောင့်ရှောက်ခြင်းသဘော၊ အသက်ရှည်ကြောင်း သဘော၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ဇီဝိတိန္ဒြေ)။

န ဇီဝိတိန္ဒြိယရုပ်

၇၁၉။ (၂) 'န ဇီဝိတိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ဇီဝိတိန္ဒြိယ' ဟူသော ထို ရုပ်ပေတည်း (ဇီဝိတိန္ဒြေမှတစ်ပါး အခြားသောရုပ်များ)။

ကာယဝိညတ်ရုပ်

၇၂၀။ (၁) (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကုသိုယ်စိတ်ကြောင့်ဖြစ်စေ၊ အကုသိုလ်စိတ် ကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော 'အဗျာကတ'စိတ်ကြောင့်ဖြစ်စေ၊ ရှေ့သို့တက်သူအားလည်းကောင်း၊ နောက်သို့ ဆုတ်သူအားလည်းကောင်း၊ တူရူကြည့်သူအားလည်းကောင်း၊ တစောင်းကြည့်သူအားလည်းကောင်း၊ ကွေးသူအားလည်းကောင်း၊ ဆန့်တန်းသူအားလည်းကောင်း (ဖြစ်ပေါ်လာသော) ကိုယ်၏ အကြင်ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာသည်၏အဖြစ် (ကောင်းစွာခိုင်မာခြင်း)၊ သိစေခြင်းသဘော၊ သိစေပုံ အခြင်းအရာ၊ သိစေတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်' ဟူသော ထိုရုပ်ပေတည်း။

န ကာယဝိညတ္တိရုပ်

၇၂၁။ (၂) 'န ကာယဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'န ကာယဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း။

ဝစီဝိညတ်ရုပ်

၇၂၂။ (၁) (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ အကုသိုလ်စိတ်ကြောင့်ဖြစ်စေ၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော 'အဗျာကတ'စိတ်ကြောင့်ဖြစ်စေ အကြင်စကား၊ မြွက်ဆိုမှု၊ စကားအစီအစဉ်၊ ပြောဆိုမှု၊ ကြွေးကြော်ခြင်း၊ ကြွေးကြော်မှု၊ စကားတည်းဟူသော နှုတ်မြွက်မှုသည် (ရှိ၏)၊ ဤနှုတ်မြွက်မှုစသည်ကိုစကား 'ဝါစာ' ဟု ဆိုအပ်၏၊ ထိုစကားဖြင့် အကြင် သိစေခြင်းသဘော၊ သိစေပုံအခြင်းအရာ၊ သိစေတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' ဟူသော ထိုရုပ်ပေတည်း။ (၆၃၆, ၈၅၀)

န ဝစီဝိညတ္တိရုပ်

၇၂၃။ (၂) ဝစီဝိညတ်မဟုတ်သော 'န ဝစီဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိအလိုဆန္ဒကို) နှုတ်မြွက် ခြင်းဖြင့်သိစေမှုမဟုတ်သော 'န ဝစီဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း (ဝစီဝိညတ္တိရုပ်မှတစ်ပါး အခြား သောရုပ်များ)။

အာကာသဓာတုရုပ်

၇၂၄။ (၁) မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောကောင်းကင် ဟင်းလင်း) သဘော၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ကောင်းကင် ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း၊ မထိခိုက်အပ်သော (ထိကိုင်၍ မရသော ကောင်းကင် ဟင်းလင်း) သဘော၊ မထိခိုက် အပ်သော (ထိကိုင်၍ မရသော ကောင်းကင် ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း။ (ဟင်းလင်း) အပေါက်။ (ဟင်းလင်း) အပေါက်ဟူ၍ ဖြစ်ခြင်း၊ မဟာဘုတ်လေးပါးတို့ မတွေ့ မထိအပ်သောသဘောသည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော 'အာကာသဓာတု' ဟူသော ထိုရုပ်ပေတည်း။ (၆၃၇,၈၅၃)

န အာကာသဓာတုရုပ်

၇၂၅။ (၂) အာကာသဓာတု မဟုတ်သော 'န အာကာသဓာတု' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အာကာသ ဓာတု မဟုတ်သော 'န အာကာသဓာတု' ဟူသော ထိုရုပ်ပေတည်း (အာကာသဓာတုရုပ်မှတစ်ပါး အခြား သော ရုပ်များ)။

အာပေါဓာတုရုပ်

၇၂၆။ (၁) ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင် ရေ၊ 'ရေ' ဟူ၍ ဖြစ်ခြင်း (အရည်)၊ အစေး၊ အစေးဟူ၍ ဖြစ်ခြင်း၊ ရုပ်ကိုဖွဲ့စည်းခြင်းသဘောသည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် 'ရေ' ဟူသော (ဖွဲ့စည်း မှု) သဘော 'အာပေါဓာတု' ဟူသော ထိုရုပ်ပေတည်း။ (၆၅၁,၈၅၆)

န အာပေါဓာတုရုပ်

၇၂၇။ (၂) အာပေါဓာတုမဟုတ်သော 'န အာပေါဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ် အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အာပေါဓာတု မဟုတ်သော 'န အာပေါဓာတု' ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတု ရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ရူပဿ လဟုတာရုပ်

၇၂၈။ (၁) (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု 'ရူပဿ လဟုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျင်မြန် ပေါ့ပါးမှု။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါး စွာ ပြောင်းလဲနိုင်မှု (လျင်စွာဖြစ်မှု)၊ မနုန့်နှေး မလေးလံ (မနှေးကန်) သည်၏အဖြစ်၊ မခိုင်မာမှု (မတုန်မလှုပ်ခြင်းကင်းမှု) သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု 'ရူပဿ့လဟုတာ' ဟူသော ထိုရုပ်ပေတည်း။ (၆၃၈)

ရူပဿ န လဟုတာရုပ်

၇၂၉။ (၂) ရူပဿလဟုတာ မဟုတ်သော 'ရူပဿ န လဟုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် ရူပဿ လဟုတာမဟုတ်သော 'ရူပဿ န လဟုတာ' ဟူသော ထိုရုပ်ပေတည်း (ရူပဿ လဟုတာရုပ်မှတစ်ပါး အခြားသောရုပ်များ)။

ရူပဿ မုဒုတာရုပ်

၇၃၀။ (၁) (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် နူးညံ့မှု၊ ပျော့ပျောင်းပြေပြစ်မှု၊ မကြမ်းတမ်းမှု၊ မခက်မာမှုသည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ' ဟူသော ထိုရုပ်ပေတည်း။ (၆၃၄, ၈၆၂)

ရူပဿ န မုဒုတာရုပ်

၇၃၁။ (၂) ရူပဿမုဒုတာ မဟုတ်သော 'ရူပဿ န မုဒုတာ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ရူပဿ မုဒုတာ မဟုတ်သော 'ရူပဿ န မုဒုတာ' ဟူသော ထိုရုပ်ပေတည်း (ရူပဿ မုဒုတာရုပ်မှတစ်ပါး အခြား သောရုပ်များ)။

ရူပဿ ကမ္မညတာရုပ်

၇၃၂။ (၁) (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏အကြင်အလုပ်၌ ခံ့မှု၊ အလုပ်၌ ခံ့ကြောင်းသဘော၊ အလုပ်၌ ခံ့သည်၏ အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီး မြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' ဟူသော ထိုရုပ်ပေတည်း။ (၆၄၀, ၈၆၅)

ရူပဿ န ကမ္မညတာရုပ်

၇၃၃။ (၂) ရူပဿ ကမ္မညတာ မဟုတ်သော 'ရူပဿ န ကမ္မညတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည်ရူပဿကမ္မညတာ မဟုတ်သော 'ရူပဿ န ကမ္မညတာ' ဟူသော ထိုရုပ်ပေတည်း (ရူပဿကမ္မညတာရုပ်မှတစ်ပါး အခြားသော ရုပ်များ)။

ရူပဿ ဥပစယရုပ်

၇၃၄။ (၁) (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ရုပ် 'အာယတန'တို့၏ အကြင် (ဦးစွာအစ) ဖြစ်ပေါ် လာစသည် (ရှိ၏)၊ ထိုရုပ်အာယတနတို့၏ (ဦးစွာအစ) ဖြစ်ပေါ်လာစသည် ရုပ်၏ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'မည်၏။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ' ဟူသော ထိုရုပ်ပေတည်း။ (၆၄၁, ၈၆၈)

ရူပဿ န ဥပစယရုပ်

၇၃၅။ (၂) ရူပဿ ဥပစယ မဟုတ်သော 'ရူပဿ န ဥပစယ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ရူပဿ ဥပစယ မဟုတ်သော 'ရူပဿ န ဥပစယ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ သန္တတိရုပ်

၇၃၆။ (၁) (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် ကြီးပွါးဆဲအစဉ် (ဆက်လက် ဖြစ်နေဆဲ) သည် (ရှိ၏)၊ ထိုရုပ်၏ကြီးပွါးဆဲအစဉ်သည် 'ရူပဿ သန္တတိ'မည်၏။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ' ဟူသော ထိုရုပ်ပေတည်း။ (၆၄၂,၈၇၁)

ရူပဿ န သန္တတိရုပ်

၇၃၇။ (၂) ရူပဿ သန္တတိ မဟုတ်သော 'ရူပဿ န သန္တတိ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ရူပဿ သန္တတိ မဟုတ်သော 'ရူပဿ န သန္တတိ ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ ဇရတာရုပ်

၇၃၈။ (၁) (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင် လျော့ပါးခြင်း (အိုမင်း ယုတ်လျော့ခြင်း)၊ ရင့်ရော်ဆွေးမြည့်ကြောင်း၊ သွားကျိုးကြောင်း၊ ဆံဖြူကြောင်း၊ အရေတွန့်ကြောင်း၊ အသက်၏ဆုတ်ယုတ်ကြောင်း။ (စက္ခုန္ဒြေစသော မိမိဆိုင်ရာ ကိစ္စ၌) အစိုးရမှုရုပ် 'ဣန္ဒြေ'တို့၏ ရင့်ရော်ပျက်ပြားကြောင်းသည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) 'ရူပဿ ဇရတာ' ဟူသော ထိုရုပ်ပေတည်း။ (၆၄၃,၈၇၄)

ရူပဿ န ဇရတာရုပ်

၇၃၉။ (၂) ရူပဿ ဇရတာ မဟုတ်သော 'ရူပဿ န ဇရတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာ ယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် ရူပဿဇရတာမဟုတ်သော 'ရူပဿ န ဇရတာ' ဟူသော ထိုရုပ်ပေတည်း။

ရူပဿ အနိစ္စတာရုပ်

၇၄၀။ (၁) (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ်၏ အကြင်ကုန်ဆုံးမှု၊ ပျက်မှု၊ ကွဲမှု၊ ထက်ဝန်းကျင်ကွဲမှု (အားလုံးပျက်ပြိုကွဲမှု)၊ မမြဲမှု၊ ကွယ်ပျောက်မှုသည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿအနိစ္စတာ' ဟူသော ထိုရုပ်ပေတည်း။ (၆၄၄,၈၇၇)

ရူပဿ န အနိစ္စတာရုပ်

၇၄၁။ (၂) ရူပဿ အနိစ္စတာ မဟုတ်သော 'ရူပဿ န အနိစ္စတာ' ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် ရူပဿအနိစ္စတာမဟုတ်သော 'ရူပဿ န အနိစ္စတာ' ဟူသော ထိုရုပ်ပေတည်း။

ကဗဠီကာရ အာဟာရရုပ်

၇၄၂။ (၁) အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ထမင်း၊ မုယောမုန့် (ဆန်ကြမ်း မုန့်နပ်)၊ မုန့်လုံး၊ ငါး၊ အသား၊ နို့ရည်၊ နို့ဓမ်း၊ ထောပတ်၊ ဆီဦး (ထောပေး)၊ ဆီ၊ ပျားရည်၊ တင်လဲသည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောအစာ အာဟာရတို့မှ) တစ်မျိုးတခြားဖြစ်သော , အကြင်အကြင် ဇနပုဒ် (တိုင်းခရိုင်) ၌ ထိုထိုသတ္တဝါတို့၏ ခံတွင်း (ပါးစပ်) ဖြင့် စားအပ်သော, သွားတို့ဖြင့် ကိုက်ခဲအပ် (ကြိတ်ချေဝါး၍ စားအပ်) သော, လည်ချောင်းဖြင့် မျိုချအပ်သော, ဝမ်း (ပိုက်) ကို ပြည့်ဝတောင့်တင်းစေတတ်သောအကြင် အစာ အာဟာရသည်လည်းရှိသေး၏၊ အကြင် ဩဇာ (အဆီအနှစ်အစေး) ဖြင့် သတ္တဝါတို့သည်မျှတကုန်၏၊ ဤသို့ သဘောရှိသော ရုပ်သည် အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ထိုရုပ်ပေတည်း။ (၆၄၅, ၈၈၀)

န ကဗဠီကာရ အာဟာရရုပ်

၇၄၃။ (၂) ကဗဠီကာရ အာဟာရ မဟုတ်သော 'န ကဗဠီကာရအာဟာရ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် 'စက္ခာယတန'။ပ။ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ကဗဠီကာရအာဟာရ မဟုတ်သော 'န ကဗဠီကာရ အာဟာရ' ဟူသောထိုရုပ်ပေတည်း။ ဤသို့ နှစ်ဖို့ (နှစ်စု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

နှစ်ခုစီ အကျယ်ပြခြင်း 'ဒုကနိဒ္ဒေသ' ပြီးပြီ။

------

သုံးခုစီအကျယ်ပြခြင်း 'တိကနိဒ္ဒေသ'

အဇ္ဈတ္တိက ဥပါဒါရုပ်

၇၄၄။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မှီ၍လည်း ဖြစ်သော 'အဇ္ဈတ္တိကဥပါဒါ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'အဇ္ဈတ္တိကဥပါဒါ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဥပါဒါရုပ်

၇၄၅။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မှီ၍လည်း ဖြစ်သော 'ဗာဟိရဥပါဒါ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'ဗာဟိရဥပါဒါ ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ နော ဥပါဒါရုပ်

၇၄၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍၊ မှီ၍ကား မဖြစ်သော 'ဗာဟိရ နောဥပါဒါ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'ဗာဟိရ နောဥပါဒါ' ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

အဇ္ဈတ္တိက ဥပါဒိဏ္ဏရုပ်

၇၄၇။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးလည်း ဖြစ်သော 'အဇ္ဈတ္တိက ဥပါဒိဏ္ဏ' ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ဥပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးပါး)။

ဗာဟိရ ဥပါဒိဏ္ဏရုပ်

၇၄၈။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်သော 'ဗာဟိရ ဥပါဒိဏ္ဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏) (ဘာဝရုပ်နှစ်ပါးနှင့် ဇီဝိတ ရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် ကြောင့် (ကံကြောင့်) ဖြစ်သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'၊ ရုပ်၏ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'၊ ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) 'ရူပဿ သန္တတိ'၊ အလုပ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'ဗာဟိရဥပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ အနုပါဒိဏ္ဏရုပ်

၇၄၉။ (၃) အပသန္တာန်၌ သာ ဖြစ်၍ တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်သော 'ဗာဟိရ အနုပါဒိဏ္ဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု 'ရူပဿလဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရှက်နိုင်မှု) 'ရူပဿ ကမ္မညတာ'၊ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြည့်မှု 'ရူပဿ ဇရတာ'၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် ကြောင့် (ကံကြောင့်) မဖြစ်သော မြင်သိစိတ် ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ'သဒ္ဒါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိ စိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ 'ရေ' ဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) 'ရူပဿသန္တတိ'၊ အလုပ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤ ရုပ်အပေါင်းသည် 'ဗာဟိရ အနုပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ဥပါဒိဏ္ဏုပါဒါနိယရုပ်

၇၅၀။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီး အပွါး (အာရုံ) လည်း ဖြစ်သော 'အဇ္ဈတ္တိကဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း (အဇ္ဈတ္တိက ကမ္မဇရုပ် ဧကန်)။

ဗာဟိရ ဥပါဒိဏ္ဏုပါဒါနိယရုပ်

၇၅၁။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော 'ဗာဟိရဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက် ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏) (ဗာဟိရကမ္မဇရုပ် ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ်ကြောင့် (ကံကြောင့်) ဖြစ်သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိ စိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ် အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'၊ ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'၊ ရုပ်၏ကြီးပွါး ဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) 'ရူပဿ သန္တတိ'၊ အလုပ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'ဗာဟိရဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း (ဗာဟိရ ကမ္မဇရုပ်အနေကန်)။

ဗာဟိရ အနုပါဒိဏ္ဏုပါဒါနိယရုပ်

၇၅၂။ (၃) အပသန္တာန်၌ လည်း ဖြစ်၍ တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်, ဥပါဒါန်တို့၏ အစီး အပွါး (အာရုံ) သာဖြစ်သော 'ဗာဟိရအနုပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိ စိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏ ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿမုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'၊ ရုပ်၏ အိုမှု, ရင့်ရော်ဆွေးမြည့်မှု 'ရူပဿ ဇရတာ'၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏) (ဒွိဇ, စိတ္တဇ, တိဇရုပ်ဧကန်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ်ကြောင့် (ကံကြောင့်) ဖြစ်သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) 'ရူပဿ သန္တတိ'၊ အလုပ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် 'ဗာဟိရအနုပါဒိဏ္ဏုပါဒါနိယ' ဟူသော ထို ရုပ်ပေတည်း။

အဇ္ဈတ္တိက အနိဒဿနရုပ်

၇၅၃။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွကား မဖြစ်သော (မမြင်အပ်, မမြင်ရသော) 'အဇ္ဈတ္တိက အနိဒဿန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိကအနိဒဿန' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ သနိဒဿနရုပ်

၇၅၄။ (၂) အပသန္တာန်၌ လည်းဖြစ်သော , မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့်တကွလည်း ဖြစ်သော (မြင်အပ် မြင်ရသော) 'ဗာဟိရ သနိဒဿန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် 'ဗာဟိရ သနိဒဿန' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရ အနိဒဿနရုပ်

၇၅၅။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မြင်အပ်သည်၏ အဖြစ် (မြင်ခြင်း) နှင့် တကွကား မဖြစ်သော 'ဗာဟိရ အနိဒဿန' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ်ဖြစ်ကြောင်းအသံ 'သဒ္ဒါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ အနိဒဿန' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက သပ္ပဋိဃရုပ်

၇၅၆။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိပါးတတ်သည်၏အဖြစ် (ထိပါးခြင်း) နှင့် တကွလည်း ဖြစ်သော 'အဇ္ဈတ္တိက သပ္ပဋိဃ' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက သပ္ပဋိဃ' ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ သပ္ပဋိဃရုပ်

၇၅၇။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့် တကွလည်း ဖြစ်သော 'ဗာဟိရ သပ္ပဋိဃ' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ သပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း (အာရုံ ငါးပါး, ဝိသယရုပ် ခုနစ်ပါး)။

ဗာဟိရ အပ္ပဋိဃရုပ်

၇၅၈။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိပါးတတ်သည်၏ အဖြစ် (ထိပါးခြင်း) နှင့်တကွကား မဖြစ်သော 'ဗာဟိရ အပ္ပဋိဃ' ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ဣန္ဒြိယရုပ်

၇၅၉။ (၁) အတွင်းသန္တာန်၌ လည်းဖြစ်သော , မိမိဆိုင်ရာကိစ္စ၌ လည်း အစိုးရသော 'အဇ္ဈတ္တိက ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ ဣန္ဒြိယရုပ်

၇၆၀။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မိမိဆိုင်ရာ ကိစ္စ၌ လည်း အစိုးရသော 'ဗာဟိရ ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အစိုးတရ စောင့်ရှောက်မှု့'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ ဣန္ဒြိယ' ဟူသော ထိုရုပ် ပေတည်း (ဘာဝရုပ်နှစ်ပါး, ဇီဝိတရုပ်)။

ဗာဟိရ န ဣန္ဒြိယရုပ်

၇၆၁။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မိမိဆိုင်ရာ ကိစ္စ၌ လည်း အစိုးမရသော 'ဗာဟိရ န ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န ဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န မဟာဘူတရုပ်

၇၆၂။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မဟာဘုတ်မမည်သော 'အဇ္ဈတ္တိကန မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န မဟာဘူတ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ မဟာဘူတရုပ်

၇၆၃။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မဟာဘုတ်လည်းမည်သော 'ဗာဟိရမဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ 'ရေ' ဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န မဟာဘူတရုပ်

၇၆၄။ (၃) အပသန္တာန်၌ သာဖြစ်၍ မဟာဘုတ်မမည်သော 'ဗာဟိရ န မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ် ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ နမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ဝိညတ္တိရုပ်

၇၆၅။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ဝိညတ်မမည်သော 'အဇ္ဈတ္တိက နဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'အဇ္ဈတ္တိက နဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဝိညတ္တိရုပ်

၇၆၆။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ဝိညတ်လည်းမည်သော 'ဗာဟိရဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာ ဖြင့် သိစေမှု 'ကာယဝိညတ္တိ'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ္တိ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န ဝိညတ္တိရုပ်

၇၆၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ဝိညတ် မမည်သော 'ဗာဟိရ န ဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'ဗာဟိရ နဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာနရုပ်

၇၆၈။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ္တသမုဋ္ဌာန မမည်သော 'အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာ ယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န စိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးပါး)။

ဗာဟိရစိတ္တသမုဋ္ဌာနရုပ်

၇၆၉။ (၂) အပသန္တာန်၌ လည်း ဖြစ်သော စိတ်ကြောင့်ဖြစ်သဖြင့် စိတ္တသမုဋ္ဌာနလည်း မည်သော 'ဗာဟိရစိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ္တိ'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက် ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ္တိ' သည် (ရှိ၏) (စိတ္တဇရုပ် ဧကန်နှစ်ပါး)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့်ဖြစ်သော , စိတ်လျှင်အကြောင်းရှိသော, စိတ်လျှင်ဖြစ်ကြောင်းရှိသော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်းအရသာ 'ရသာယတန'၊ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) 'ရူပဿသန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် 'ဗာဟိရစိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်ပေတည်း (စိတ္တဇရုပ် အနေကန်)။

ဗာဟိရ န စိတ္တသမုဋ္ဌာနရုပ်

၇၇၀။ (၃) အပသန္တာန်၌ သာ ဖြစ်၍ စိတ္တသမုဋ္ဌာန မမည်သော 'ဗာဟိရန စိတ္တသမုဋ္ဌာန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ'၊ ရုပ်၏အိုမှု (ရင့်ရော် ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'၊ ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , စိတ်ကြောင့်ဖြစ်သည် မဟုတ် (စိတ်ကြောင့် မဖြစ်) သော, စိတ်လျှင်ဖြစ်ကြောင်းရှိသည် မဟုတ် (စိတ်လျှင်ဖြစ်ကြောင်းမရှိ) သော, စိတ်ကြောင့်ဖြစ်သည် မဟုတ် (စိတ်ကြောင့်မဖြစ်) သော မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ်ဖြစ်ကြောင်းအရသာ 'ရသာယတန'၊ ထိသိစိတ် ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿမုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် (ဆက်လက်ဖြစ်နေဆဲ) 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န စိတ္တသမုဋ္ဌာန' ဟူသောထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န စိတ္တသဟဘုရုပ်

၇၇၁။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ္တသဟဘု မမည်သော 'အဇ္ဈတ္တိက န စိတ္တသဟဘု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာ ယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န စိတ္တသဟဘု' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရစိတ္တသဟဘုရုပ်

၇၇၂။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , စိတ်နှင့်အတူဖြစ် အတူပျက်သဖြင့်စိတ္တသဟဘုလည်း မည်သော 'ဗာဟိရစိတ္တသဟဘု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ္တိ'။ (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု 'ဝစီဝိညတ္တိ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရစိတ္တသဟဘု' ဟူသော ထိုရုပ်ပေတည်း (စိတ္တဇရုပ်ဧကန်)။

ဗာဟိရ န စိတ္တသဟဘုရုပ်

၇၇၃။ (၃) အပသန္တာန်၌ သာ ဖြစ်၍ စိတ္တသဟဘု မမည်သော 'ဗာဟိရ နစိတ္တသဟဘု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'ဗာဟိရန စိတ္တသဟဘု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိရုပ်

၇၇၄။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ စိတ္တာနုပရိဝတ္တိ မမည်သော 'အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာ ယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်ပေ တည်း။

ဗာဟိရစိတ္တာနုပရိဝတ္တိရုပ်

၇၇၅။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , စိတ်သို့ အစဉ်လိုက်၍လည်းဖြစ် (စိတ်နှင့် အတူဖြစ် အတူပျက်) သဖြင့် စိတ္တာနုပရိဝတ္တိ လည်း မည်သော 'ဗာဟိရစိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ္တိ'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ္တိ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရစိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်ပေတည်း။ (စိတ္တဇရုပ် ဧကန်)

ဗာဟိရ န စိတ္တာနုပရိဝတ္တိရုပ်

၇၇၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍ စိတ္တာနုပရိဝတ္တိ မမည်သော 'ဗာဟိရ နစိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင် သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရန စိတ္တာနုပရိဝတ္တိ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ဩဠာရိကရုပ်

၇၇၇။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ကြမ်းတမ်းသဖြင့် ဩဠာရိကလည်း မည်သော 'အဇ္ဈတ္တိက ဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဩဠာရိကရုပ်

၇၇၈။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ကြမ်းတမ်းသဖြင့် ဩဠာရိကလည်းမည်သော 'ဗာဟိရ ဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ ထိသိစိတ် ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ သုခုမရုပ်

၇၇၉။ (၃) အပသန္တာန်၌ လည်း ဖြစ်သော , သိမ်မွေ့နူးညံ့သဖြင့် သုခုမလည်းမည်သော 'ဗာဟိရသုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရသုခုမ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက သန္တိကေရုပ်

၇၈၀။ (၁) အတွင်းသန္တာန်၌ လည်း ဖြစ်သော , သိလွယ်သဖြင့် သန္တိကေလည်းမည်သော 'အဇ္ဈတ္တိက သန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက သန္တိကေ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဒူရေရုပ်

၇၈၁။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အသိခက်သဖြင့် ဒူရေလည်းမည်သော 'ဗာဟိရ ဒူရေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု 'ဣတိ္ထန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ ဒူရေ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ သန္တိကေရုပ်

၇၈၂။ (၃) အပသန္တာန်၌ လည်း ဖြစ်သော , သိလွယ်သဖြင့် သန္တိကေလည်း မည်သော 'ဗာဟိရ သန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။

ဤရုပ်အပေါင်းသည် 'ဗာဟိရ သန္တိကေ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရစက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်

၇၈၃။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာမဟုတ်သော 'ဗာဟိရစက္ခုသမ္ဖဿဿ န ဝတ္ထု' ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'ဗာဟိရစက္ခုသမ္ဖဿဿ နဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ ဝတ္ထုရုပ်

၇၈၄။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာလည်း ဖြစ်သော 'အဇ္ဈတ္တိက စက္ခုသမ္ဖဿဿဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န ဝတ္ထုရုပ်

၇၈၅။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော 'အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ နဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် ဖြစ်ရာ နားအကြည် 'သောတာ ယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိကစက္ခုသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရစက္ခုဝိညာဏဿ န ဝတ္ထုရုပ်

၇၈၆။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ'ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ'၏။ပ။ မြင်သိစိတ် 'စက္ခုဝိညာဏ်'၏ မှီရာတည်ရာ မဟုတ်သော 'ဗာဟိရစက္ခုဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ ဖြစ်သော မြင်သိစိတ် 'စက္ခု ဝိညာဏ်'၏ မှီရာတည်ရာ မဟုတ်သော 'ဗာဟိရစက္ခုဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုဝိညာဏဿ ဝတ္ထုရုပ်

၇၈၇။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်၏မှီရာ တည်ရာလည်း ဖြစ်သော 'အဇ္ဈတ္တိက စက္ခု ဝိညာဏဿ ဝတ္ထု' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'အဇ္ဈတ္တိကစက္ခုဝိညာဏဿ ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက စက္ခုဝိညာဏဿ န ဝတ္ထုရုပ်

၇၈၈။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်၏ မှီရာတည်ရာ မဟုတ်သော 'အဇ္ဈတ္တိက စက္ခုဝိညာ ဏဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက စက္ခုဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ ကာယသမ္ဖဿဿ န ဝတ္ထုရုပ်

၇၈၉။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ်နှင့်ယှဉ်သောတွေ့ထိမှု 'ဖဿ'၏။ပ။ နံသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သောတွေ့ထိမှု 'ဖဿ'၏။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော 'ကာယသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ ကာယသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယသမ္ဖဿဿ ဝတ္ထုရုပ်

၇၉၀။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော ,ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာလည်း ဖြစ်သော 'အဇ္ဈတ္တိကကာယသမ္ဖဿဿ ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'အဇ္ဈတ္တိက ကာယသမ္ဖဿဿ ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

အဇ္ဈတ္တိက ကာယသမ္ဖဿဿ န ဝတ္ထုရုပ်

၇၉၁။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ မှီရာ တည်ရာ မဟုတ်သော 'အဇ္ဈတ္တိကကာယသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ကာယသမ္ဖဿဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေ တည်း။

ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထုရုပ်

၇၉၂။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ် (ကာယဝိညာဏ်) နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ' ကြောင့်ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ' ၏။ပ။ ထိသိစိတ်၏ မှီရာတည်ရာ မဟုတ်သော 'ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ ကာယဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယဝိညာဏဿ ဝတ္ထုရုပ်

၇၉၃။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်၏မှီရာတည်ရာလည်း ဖြစ်သော 'အဇ္ဈတ္တိက ကာယ ဝိညာဏဿ ဝတ္ထု' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ကာယဝိညာဏဿ န ဝတ္ထု' ဟူသောထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယဝိညာဏဿ န ဝတ္ထုရုပ်

၇၉၄။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်၏ မှီရာတည်ရာမဟုတ်သော 'အဇ္ဈတ္တိက ကာယဝိညာ ဏဿ န ဝတ္ထု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတိ္တက ကာယ ဝိညာဏဿ န ဝတ္ထု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န အာရမ္မဏရုပ်

၇၉၅။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံ မဟုတ်သော (မမြင်အပ် မမြင်ရသော) 'အဇ္ဈတ္တိကစက္ခုသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက စက္ခုသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရစက္ခုသမ္ဖဿဿ အာရမ္မဏရုပ်

၇၉၆။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံလည်း ဖြစ်သော (မြင်အပ် မြင်ရသော) 'ဗာဟိရစက္ခုသမ္ဖဿဿအာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် 'ဗာဟိရစက္ခုသမ္ဖဿဿ အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရစက္ခုသမ္ဖဿဿ န အာရမ္မဏရုပ်

၇၉၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'ဗာဟိရစက္ခုသမ္ဖဿဿ န အာရမ္မဏ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် 'ဗာဟိရစက္ခုသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုဝိညာဏဿ န အာရမ္မဏရုပ်

၇၉၈။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ'၏။ပ။ မြင်သိ စိတ်၏ အာရုံမဟုတ်သော (မမြင်အပ်မမြင်ရသော) 'စက္ခုဝိညာဏဿ န အာရမ္မဏ' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက စက္ခုဝိညာဏဿ န အာရမ္မဏ' ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရစက္ခုဝိညာဏဿ အာရမ္မဏရုပ်

၇၉၉။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်၏အာရုံလည်း ဖြစ်သော 'ဗာဟိရစက္ခုဝိညာ ဏဿ အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် 'ဗာဟိရစက္ခုဝိညာဏဿအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရစက္ခုဝိညာဏဿ န အာရမ္မဏရုပ်

၈၀၀။ (၃) အပသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်၏ အာရုံမဟုတ်သော 'ဗာဟိရစက္ခုဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရစက္ခုဝိညာဏဿ န အာရမ္မဏ' ဟူသောထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယသမ္ဖဿဿ န အာရမ္မဏရုပ်

၈၀၁။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ နံသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏။ပ။ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိ မှု 'ဖဿ'၏အာရုံမဟုတ်သော 'အဇ္ဈတ္တိက ကာယသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတ န'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ကာယ သမ္ဖဿဿ နအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ကာယသမ္ဖဿဿ အာရမ္မဏရုပ်

၈၀၂။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံလည်း ဖြစ်သော 'ဗာဟိရ ကာယသမ္ဖဿဿအာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ် ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'ဗာဟိရ ကာယသမ္ဖဿဿ အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ဗာဟိရ ကာယသမ္ဖဿဿ န အာရမ္မဏရုပ်

၈၀၃။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု 'ဖဿ'၏ အာရုံမဟုတ်သော 'ဗာဟိရ ကာယသမ္ဖဿဿ န အာရမ္မဏ' ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည် 'ဗာဟိရကာယသမ္ဖဿဿ န အာရမ္မဏ' ဟူသော ထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက ကာယဝိညာဏဿ န အာရမ္မဏရုပ်

၈၀၄။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု 'ဖဿ'ကြောင့် ဖြစ်သော ခံစားမှု 'ဝေဒနာ'၏။ပ။ မှတ်သားမှု 'သညာ'၏။ပ။ စေ့ဆော်မှု (နှိုးဆော်မှု) 'စေတနာ'၏။ပ။ ထိသိစိတ် 'ကာယဝိညာဏ်'၏ အာရုံမဟုတ်သော 'အဇ္ဈတ္တိကကာယဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက ကာယဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ကာယဝိညာဏဿ အာရမ္မဏရုပ်

၈၀၅။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်၏အာရုံလည်း ဖြစ်သော 'ဗာဟိရ ကာယဝိညာ ဏဿ အာရမ္မဏ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'ဗာဟိရကာယဝိညာဏဿ အာရမ္မဏ' ဟူသော ထိုရုပ် ပေတည်း။

ဗာဟိရ ကာယဝိညာဏဿ န အာရမ္မဏရုပ်

၈၀၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်၏ အာရုံမဟုတ်သော 'ဗာဟိရ ကာယဝိညာဏဿ န အာရမ္မဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ ကာယဝိညာဏဿ နအာရမ္မဏ' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န စက္ခာယတနရုပ်

၈၀၇။ (၁) အပသန္တာန်၌ သာဖြစ်၍ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'မမည်သော 'ဗာဟိရ န စက္ခာယတန' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န စက္ခာယတန' ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်မှ တစ်ပါး အခြားသောရုပ်များ)။

အဇ္ဈတ္တိက စက္ခာယတနရုပ်

၈၀၈။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'လည်း မည်သော 'အဇ္ဈတ္တိက စက္ခာ ယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် မျက်စိအကြည် 'စက္ခု' (ပသာဒ) သည် မဟာဘုတ် လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်း ရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသောရုပ်သည် 'အဇ္ဈတ္တိက စက္ခာယတန' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက န စက္ခာယတနရုပ်

၈၀၉။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန' မမည်သော 'အဇ္ဈတ္တိက န စက္ခာ ယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န စက္ခာ ယတန' ဟူသောထိုရုပ်ပေတည်း။

ဗာဟိရ န သောတာယတနရုပ်စသည်

၈၁၀။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ် ဖြစ်ရာ နားအကြည် 'သောတာယတန' မမည်သော 'ဗာဟိရ န သောတာယတန' ဟူသော ထိုရုပ်သည်။ပ။ နံသိစိတ်ဖြစ်ရာ နှာခေါင်း အကြည် 'ဃာနာယတန'မဟုတ်သော 'န ဃာနာယတန' ဟူသောထိုရုပ်သည်။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' မမည်သော 'န ဇိဝှါယတန' ဟူသောထိုရုပ်သည်။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'မမည်သော 'ဗာဟိရ နကာယာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရန ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယာယတနရုပ်

၈၁၁။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'လည်း မည်သော, 'အဇ္ဈတ္တိက ကာယာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ကြည်လင်၏။ပ။ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် 'အဇ္ဈတ္တိက ကာယာယတန' ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

အဇ္ဈတ္တိက န ကာယာယတနရုပ်

၈၁၂။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' မမည်သော 'အဇ္ဈတ္တိက န ကာယာယတန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န ကာယာယတန' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ရူပါယတနရုပ်

၈၁၃။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန' မမည်သော 'အဇ္ဈတ္တိက န ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န ရူပါယတန' ဟူသော ထို ရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ရူပါယတနရုပ်

၈၁၄။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , မြင်သိစိတ်ဖြစ်ကြောင်း အဆင်း' ရူပါယတန 'လည်းမည်သော, 'ဗာဟိရ ရူပါယတန' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ အဆင်းအရောင်ဟူသော အကြင် အဆင်း 'ရူပါရုံ' သည်။ပ။ ဤရုပ်သည်အဆင်း'ရူပါရုံ' ဟူသော သဘော 'ရူပဓာတ်' လည်း မည်၏။ ဤသို့သဘော ရှိသောရုပ်သည် 'ဗာဟိရရူပါယတန' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န ရူပါယတနရုပ်

၈၁၅။ (၃) အပသန္တာန်၌ သာဖြစ်၍ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန' မမည်သော 'ဗာဟိရ န ရူပါယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်းအသံ 'သဒ္ဒါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န ရူပါယတန' ဟူသော ထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗာယတနရုပ်

၈၁၆။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ကြားသိစိတ် ဖြစ်ကြောင်းအသံ 'သဒ္ဒါယတန' မမည်သော 'အဇ္ဈတ္တိက န သဒ္ဒါ ယတန' ဟူသော ထိုရုပ်သည်။ပ။ နံသိစိတ်ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန' မမည်သော 'န ဂန္ဓာ ယတန' ဟူသော ထိုရုပ်သည်။ပ။ လျက်သိစိတ်ဖြစ်ကြောင်း အရသာ 'ရသာယတန' မမည်သော 'န ရသာယတန' ဟူသော ထိုရုပ်သည်။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' မမည်သော 'အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက နဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ဖောဋ္ဌဗ္ဗာယတနရုပ်

၈၁၇။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'လည်း မည်သော 'ဗာဟိရ ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြေဟူသော (ခက်မာမှု) သဘော 'ပထဝီ'ဓာတ်။ပ။ ဤရုပ်သည် အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)ဟူသော သဘော 'ဖောဋ္ဌဗ္ဗဓာတ်'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် 'ဗာဟိရ ဖောဋ္ဌဗ္ဗာယတန' ဟူသောထိုရုပ်ပေတည်း (ပထဝီ, တေဇော, ဝါယော)။ (၆၄၇)

ဗာဟိရ န ဖောဋ္ဌဗ္ဗာယတနရုပ်

၈၁၈။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ထိသိစိတ်ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'မမည်သော 'ဗာဟိရ န ဖောဋ္ဌဗ္ဗာယတန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န ဖောဋ္ဌဗ္ဗာယတန' ဟူသောထိုရုပ်ပေတည်း။

ဗာဟိရ န စက္ခုဓာတုရုပ်

၈၁၉။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်မှုသဘော 'စက္ခုဓာတု'မမည်သော 'ဗာဟိရ န စက္ခုဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န စက္ခုဓာတု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက စက္ခုဓာတုရုပ်

၈၂၀။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်မှုသဘော 'စက္ခုဓာတု'လည်း မည်သော 'အဇ္ဈတိ္တက စက္ခုဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတတန' သည် (ရှိ၏)။ ဤရုပ်သည် 'အဇ္ဈတ္တိက စက္ခုဓာတု' ဟူသောထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက န စက္ခုဓာတုရုပ်

၈၂၁။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ မြင်မှုသဘော 'စက္ခုဓာတု' မမည်သော, 'အဇ္ဈတိ္တက န စက္ခုဓာတု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န စက္ခုဓာတု' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န ကာယဓာတုရုပ်

၈၂၂။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားမှုသဘော 'သောတဓာတု' မမည်သော, 'ဗာဟိရ န သောတဓာတု' ဟူသော ထိုရုပ်သည်။ပ။ နံမှု သဘော 'ဃာနဓာတု' မမည်သော,'န ဃာနဓာတု' ဟူသော ထိုရုပ်သည်။ပ။ လျက်မှုသဘော 'ဇိဝှါ ဓာတု' မမည်သော, 'န ဇိဝှါဓာတု' ဟူသော ထိုရုပ်သည်။ပ။ ထိမှုသဘော 'ကာယဓာတု' မမည်သော, 'ဗာဟိရ န ကာယဓာတု' ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေးပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပ သန္တာန်၌ သာ ဖြစ်၍ထိမှုသဘော 'ကာယဓာတု' မမည်သော 'ဗာဟိရ န ကာယဓာတု' ဟူသော ထိုရုပ် ပေတည်း။

အဇ္ဈတ္တိက ကာယဓာတုရုပ်

၈၂၃။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိမှုသဘော 'ကာယဓာတု'လည်း မည်သော 'အဇ္ဈတ္တိက ကာယဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'အဇ္ဈတ္တိက ကာယဓာတု' ဟူသောထိုရုပ်ပေတည်း (ကာယပသာဒ)။

အဇ္ဈတ္တိက န ကာယဓာတုရုပ်

၈၂၄။ (၃) အတွင်းသန္တာန်၌ သာ ဖြစ်၍ ထိမှုသဘော 'ကာယဓာတု'မမည်သော 'အဇ္ဈတ္တိက န ကာယဓာတု' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န ကာယဓာတု' ဟူသော ထို ရုပ်ပေတည်း။

အဇ္ဈတ္တိက န ရူပဓာတုရုပ်

၈၂၅။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ အဆင်းသဘော 'ရူပဓာတု' မမည်သော 'အဇ္ဈတ္တိက န ရူပါဓာတု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န ရူပဓာတု' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

ဗာဟိရ ရူပဓာတုရုပ်

၈၂၆။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အဆင်းသဘော 'ရူပဓာတု'လည်းမည်သော 'ဗာဟိရ ရူပဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် အဆင်း 'ဗာဟိရ ရူပဓာတု' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဗာဟိရ န ရူပဓာတုရုပ်

၈၂၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ အဆင်းသဘော 'ရူပဓာတု'မမည်သော 'ဗာဟိရ န ရူပဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ကြောင်း အသံ'သဒ္ဒါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် 'ဗာဟိရ န ရူပဓာတု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက နတ္တိ ဖောဋ္ဌဗ္ဗဓာတုရုပ်

၈၂၈။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ အသံသဘော 'သဒ္ဒဓာတု'မမည်သော 'န သဒ္ဒဓာတု' ဟူသော ထိုရုပ်သည်။ပ။ အနံ့သဘော 'ဂန္ဓဓာတု'မမည်သော 'န ဂန္ဓဓာတု' ဟူသော ထိုရုပ်သည်။ပ။ အရသာသဘော 'ရသဓာတု' မမည်သော 'န ရသဓာတု' ဟူသောထိုရုပ်သည်။ပ။ အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု'မမည်သော 'န ဖောဋ္ဌဗ္ဗ ဓာတု' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိ စိတ်ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န ဖောဋ္ဌဗ္ဗ ဓာတု' ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ် ငါးပါး)။

ဗာဟိရ ဖောဋ္ဌဗ္ဗဓာတုရုပ်

၈၂၉။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု'လည်းမည်သော 'ဗာဟိရဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ်ဖြစ်ကြောင်းအတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် 'ဗာဟိရ ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတုရုပ်

၈၃၀။ (၃) အပသန္တာန်၌ သာဖြစ်၍ အတွေ့သဘော 'ဖောဋ္ဌဗ္ဗဓာတု' မမည်သော 'ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ်ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န ဖောဋ္ဌဗ္ဗဓာတု' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ န စက္ခုန္ဒြိယရုပ်

၈၃၁။ (၁) အပသန္တာန်၌ သာ ဖြစ်၍ မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'မမည်သော 'ဗာဟိရ န စက္ခုန္ဒြိယ' ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'ဗာဟိရ န စက္ခုန္ဒြိယ' ဟူသော ထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက စက္ခုန္ဒြိယရုပ်

၈၃၂။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'လည်း မည်သော 'အဇ္ဈတ္တိက စက္ခုန္ဒြိယ' ဟူ သော ထိုရုပ်သည် အဘယ်နည်း။ အကြင် မျက်စိအကြည် 'စက္ခု' (ပသာဒ) သည် မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ကြည်လင်၏။ပ။ ဤရုပ်သည် (စက္ခုဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြား ပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် 'အဇ္ဈတ္တိကစက္ခုန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (စက္ခုပသာဒ)။

အဇ္ဈတ္တိက န စက္ခုန္ဒြိယရုပ်

၈၃၃။ (၃) အတွင်းသန္တာန်၌ သာဖြစ်၍မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'မမည်သော 'အဇ္ဈတ္တိက န စက္ခုန္ဒြိယ' ဟူသော ထိုရုပ် သည် အဘယ်နည်း။ ကြားသိစိတ်ဖြစ်ရာ နားအကြည် 'သောတာယတန'။ပ။ ထိသိစိတ်ဖြစ်ရာ ကိုယ် အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န စက္ခုန္ဒြိယ' ဟူသော ထိုရုပ်ပေ တည်း။

ဗာဟိရ န ကာယိန္ဒြိယရုပ်

၈၃၄။ (၁) အပသန္တာန်၌ သာ ဖြစ်၍ ကြားမှု၌ အစိုးရသော နားအကြည် 'သောတိန္ဒြေ'မမည်သော, ဗာဟိရ န သောတိန္ဒြေ' ဟူသော ထိုရုပ်သည်။ပ။ နံမှု၌ အစိုးရသော နှာခေါင်းအကြည် 'ဃာနိန္ဒြေ'မမည်သော, 'န ဃာနိန္ဒြိယ' ဟူသော ထို ရုပ်သည်။ပ။ လျက်မှု၌ အစိုးရသော လျှာအကြည် 'ဇိဝှိန္ဒြေ'မမည်သော, 'န ဇိဝှိန္ဒြိယ' ဟူသော ထိုရုပ် သည်။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' မမည်သော, 'ဗာဟိရ န ကာယိန္ဒြိယ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ ဖြစ်သော ထိမှု၌ အစိုးရသောကိုယ်အကြည် 'ကာယိန္ဒြ'မမည်သော 'ဗာဟိရ န ကာယိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ကာယိန္ဒြိယရုပ်

၈၃၅။ (၂) အတွင်းသန္တာန်၌ လည်း ဖြစ်သော , ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ'လည်းမည်သော, 'အဇ္ဈတ္တိက ကာယိန္ဒြိယ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ အကြင် ကိုယ်အကြည် 'ကာယ' (ပသာဒ) သည် မဟာဘုတ်လေးပါး တို့ကို စွဲမှီ၍့ကြည်လင်၏။ပ။ ဤရုပ်သည် (ကာယဒွါရ၌ ဖြစ်သော စိတ် အများနှင့် ဆက်ဆံခြင်းရှိ၍ သီးခြားပိုင်ရှင်ကင်းမဲ့သဖြင့်) ဆိတ်သုဉ်းသော ရွာ 'သုညဂါမ'လည်း မည်၏။ ဤသို့သဘောရှိသော ရုပ်သည် 'အဇ္ဈတ္တိက ကာယိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ကာယပသာဒ)။

အဇ္ဈတ္တိက န ကာယိန္ဒြိယရုပ်

၈၃၆။ (၃) အတွင်းသန္တာန်၌ သာဖြစ်၍ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ'မမည်သော 'အဇ္ဈတ္တိက န ကာယိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ်ဖြစ်ရာ လျှာအကြည် 'ဇိဝှါယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် 'အဇ္ဈတ္တိက န ကာယိန္ဒြိယ' ဟူသော ထိုရုပ် ပေတည်း။

အဇ္ဈတ္တိက န ဣတ္ထိန္ဒြိယရုပ်

၈၃၇။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ဣတ္ထိန္ဒြေ မမည်သော 'အဇ္ဈတ္တိက နဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ဣတ္ထိန္ဒြေ မမည်သော 'အဇ္ဈတ္တိက န ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ဣတ္ထိန္ဒြိယရုပ်

၈၃၈။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ဣတ္ထိန္ဒြေလည်း မည်သော 'ဗာဟိရဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ၏ အကြင် (အရပ်အမောင်းလက်ခြေစသော) မိန်းမပုံသဏ္ဌာန် 'ဣတ္ထိလိင်္ဂ'၊ မိန်းမဟု သိကြောင်း အမှတ်အသား 'ဣတ္ထိ နိမိတ္တ'၊ မိန်းမအမူအရာ 'ဣတ္ထိကုတ္တ'၊ မိန်းမ၏ (သွားပုံလာပုံစသော) အသွင်အပြင် 'ဣတ္ထာကပ္ပ'၊ မိန်းမအဖြစ် 'ဣတ္ထတ္တ'၊ မိန်းမ၏သဘော 'ဣတ္ထိဘာဝ' သည် (ရှိ၏)။ ဤသို့သဘောရှှိိသော ရုပ်သည် 'ဗာဟိရဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ဣတ္ထိဘာဝရုပ်)။ (စာပိုဒ် ၆၃၂- ကြည့်)။

ဗာဟိရ န ဣတ္ထိန္ဒြိယရုပ်

၈၃၉။ (၃) အပသန္တာန်၌ သာဖြစ်၍ ဣတ္ထိန္ဒြေမမည်သော 'ဗာဟိရ န ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်အပသန္တာန်၌ သာ ဖြစ်၍ ဣတ္ထိန္ဒြေမမည်သော, 'ဗာဟိရ န ဣတ္ထိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ပုရိသိန္ဒြိယရုပ်

၈၄၀။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ပုရိသိန္ဒြေမမည်သော 'အဇ္ဈတ္တိက နပုရိသိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန' သည်။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ပုရိသိန္ဒြေ မမည်သော 'အဇ္ဈတ္တိက န ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ပုရိသိန္ဒြိယရုပ်

၈၄၁။ (၂) အပသန္တာန်၌ လည်းဖြစ်သော ,ပုရိသိန္ဒြေလည်းမည်သော 'ဗာဟိရပုရိသိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ယောက်ျား၏ အကြင် (အရပ်အမောင်းလက်ခြေစသော) ယောက်ျားပုံသဏ္ဌာန် 'ပုရိသလိင်္ဂ'၊ ယောက်ျားဟုသိကြောင်း အမှတ်အသား'ပုရိသနိမိတ္တ'၊ ယောက်ျားအမူအရာ 'ပုရိသကုတ္တ'၊ ယောက်ျား၏ (သွားပုံ လာပုံစသော) အသွင်အပြင် 'ပုရိသာကပ္ပ'၊ ယောက်ျားအဖြစ် 'ပုရိသတ္တ'၊ ယောက်ျား၏သဘော 'ပုရိသဘာဝ' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ပုရိသိန္ဒြေလည်း မည်သော 'ဗာဟိရပုရိသိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပုမ္ဘာဝရုပ်)။ (စာပိုဒ် ၆၃၃-ကြည့်)

ဗာဟိရ န ပုရိသိန္ဒြိယရုပ်

၈၄၂။ (၃) အပသန္တာန်၌ သာဖြစ်၍ပုရိသိန္ဒြေမမည်သော 'ဗာဟိရ န ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်အပသန္တာန်၌ သာ ဖြစ်၍ ပုရိသိန္ဒြေ မမည်သော 'ဗာဟိရ န ပုရိသိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ဇီဝိတိန္ဒြိယရုပ်

၈၄၃။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ဇီဝိတိန္ဒြေမမည်သော 'အဇ္ဈတ္တိက နဇီဝိတိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ဇီဝိတိန္ဒြေ မမည်သော 'အဇ္ဈတ္တိက န ဇီဝိတိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ဇီဝိတိန္ဒြိယရုပ်

၈၄၄။ (၂) အပသန္တာန်၌ လည်းဖြစ်သော ,ဇီဝိတိန္ဒြေလည်းမည်သော 'ဗာဟိရဇီဝိတိနြိ္ဒယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိုဖောက်ပြန် ခြင်း သဘောရှိကုန်သော (ရုပ်) တရားတို့၏ အကြင် အသက်၊ တည်ကြောင်းသဘော။ (တည်တံ့စွာ) ဖြစ်နေခြင်းသဘော။ (တည်တံ့စွာ) ဖြစ်နေစေခြင်းသဘော။ (တိုးပွား၍) ဖြစ်မှုသဘော။ (ဆက်လက်၍) ဖြစ်ကြောင်းသဘော၊ စောင့်ရှောက်ခြင်းသဘော၊ အသက်ရှည်ခြင်းသဘော၊ အစိုးတရ စောင့်ရှောက်မှုသည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ဇိဝိတိန္ဒြေလည်း မည်သော 'ဗာဟိရဇီဝိတိန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၄-ကြည့်)

ဗာဟိရ န ဇီဝိတိန္ဒြိယရုပ်

၈၄၅။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ဇီဝိတိန္ဒြေ မမည်သော 'ဗာဟိရ နဇီဝိတိန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ဇီဝိတိန္ဒြေမမည်သော 'ဗာဟိရ န ဇီဝိတိန္ဒြိယ' ဟူသောထိုရုပ်ပေ တည်း။

အဇ္ဈတ္တိက န ကာယဝိညတ္တိ ရုပ်

၈၄၆။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ် မမည်သော 'အဇ္ဈတ္တိက န ကာယဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ်မမည်သော 'အဇ္ဈတ္တိက န ကာယဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ကာယဝိညတ္တိရုပ်

၈၄၇။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ကာယဝိညတ်လည်း မည်သော 'ဗာဟိရကာယဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကုသိုလ်စိတ်ကြောင့်ဖြစ်စေ,အကုသိုလ်စိတ်ကြောင့်ဖြစ်စေ, ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော 'အဗျာကတ'စိတ်ကြောင့်ဖြစ်စေ ရှေ့သို့တက်သူအားလည်းကောင်း, နောက်သို့ ဆုတ်သူအားလည်းကောင်း,တည့်တည့်ကြည့်သူအားလည်းကောင်း, တစောင်းကြည့်သူအားလည်းကောင်း,ကွေးသူအားလည်းကောင်း, ဆန့်တန်းသူအားလည်းကောင်း, (ဖြစ်ပေါ်လာသော) ကိုယ်၏ အကြင်ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာမှု၊ ကောင်းစွာ ခိုင်မာသည်၏အဖြစ်။ (မိမိအလိုဆန္ဒကို) သိစေခြင်းသဘော၊ သိစေပုံအခြင်းအရာ၊ သိစေတတ် သည်၏အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်အပသန္တာန်၌ လည်း ဖြစ်သော , ကာယ ဝိညတ်လည်းမည်သော 'ဗာဟိရ ကာယဝိညတ္တိ' ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၅-ကြည့်)

ဗာဟိရ န ကာယဝိညတ္တဣ

၈၄၈။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ် မမည်သော 'ဗာဟိရ နကာယဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ကာယဝိညတ်မမည်သော 'ဗာဟိရ န ကာယဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န ဝစီဝိညတ္တိရုပ်

၈၄၉။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ဝစီဝိညတ်မမည်သော 'အဇ္ဈတ္တိက နဝစီဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ် အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ဝစီဝိညတ် မမည်သော 'အဇ္ဈတ္တိက နဝစီဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ဝစီဝိညတ္တိရုပ်

၈၅၀။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ဝစီဝိညတ်လည်းမည်သော 'ဗာဟိရဝစီဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကုသိုလ်စိတ် ကြောင့်ဖြစ်စေ,အကုသိုလ်စိတ်ကြောင့်ဖြစ်စေ, ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော 'အဗျာကတ'စိတ်ကြောင့်ဖြစ်စေ အကြင်စကား၊ မြွက်ဆိုမှု၊ စကားအစီအစဉ်၊ ပြောဆိုမှု၊ ကြွေးကြော်ခြင်း၊ ကြွေးကြော် မှု၊ နှုတ် (စကား)၊ နှုတ်မြွက်မှုသည် (ရှိ၏)။ ဤနှုတ်မြွက်မှု စသည်ကိုနှုတ်စကား 'ဝါစာ' ဟူ၍ ဆိုအပ်၏။ ထိုနှုတ် (စကား) ဖြင့် (မိမိအလိုဆန္ဒကို) အကြင် သိစေခြင်းသဘော၊ သိစေပုံအခြင်းအရာ၊ သိစေတတ်သည်၏အဖြစ်သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်းဖြစ်သော , ဝစီဝိညတ်လည်း မည်သော 'ဗာဟိရဝစီဝိညတ္တိ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၆-ကြည့်)

ဗာဟိရ န ဝစီဝိညတ္တိရုပ်

၈၅၁။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ဝစီဝိညတ် မမည်သော 'ဗာဟိရ နဝစီဝိညတ္တိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်းရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ဝစီဝိညတ် မမည်သော 'ဗာဟိရ န ဝစီဝိညတ္တိ' ဟူသောထိုရုပ် ပေတည်း။

အဇ္ဈတ္တိက န အာကာသဓာတုရုပ်

၈၅၂။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ အာကာသဓာတ် မမည်သော 'အဇ္ဈတ္တိက န အာကာသဓာတု' ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍အာကာသဓာတ် မမည်သော 'အဇ္ဈတ္တိက န အာကာသဓာတု' ဟူသော ထိုရုပ်ပေတည်း။

ဗာဟိရ အာကာသဓာတုရုပ်

၈၅၃။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , အာကာသဓာတ်လည်းမည်သော 'ဗာဟိရ အာကာသဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်မရေး ခြစ်အပ်သော (ရေးခြစ်၍မရသော ကောင်းကင် ဟင်းလင်း) သဘော၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသောကောင်းကင်ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း၊ မထိခိုက်အပ်သော (ထိကိုင်၍မရသောကောင်းကင်ဟင်းလင်း) သဘော၊ မထိခိုက်အပ်သော ထိကိုင်၍ မရသော ကောင်းကင်ဟင်းလင်း) သဘောဟူ၍ ဖြစ်ခြင်း။ (ဟင်းလင်း) အပေါက်။ (ဟင်းလင်း) အပေါက်ဟူ၍ ဖြစ်ခြင်း၊ မဟာဘုတ်လေးပါးတို့သည် မတွေ့ထိအပ်သော သဘောသည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည်အပသန္တာန်၌ လည်းဖြစ်သော , အာကာသဓာတ်လည်းမည်သော 'ဗာဟိရ အာကာသဓာတု' ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၇-ကြည့်)

ဗာဟိရ န အာကာသဓာတုရုပ်

၈၅၄။ (၃) အပသန္တာန်၌ သာ ဖြစ်၍ အာကာသဓာတ်ကား မမည်သော 'ဗာဟိရ န အာကာသဓာတု' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ အာကာသဓာတ်မမည်သော 'ဗာဟိရ န အာကာသဓာတတု' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက န အာပေါဓာတုရုပ်

၈၅၅။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ အာပေါဓာတ် မမည်သော 'အဇ္ဈတ္တိက န အာပေါဓာတု' ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍အာပေါဓာတ်မမည်သော 'အဇ္ဈတ္တိက န အာပေါဓာတု' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ အာပေါဓာတုရုပ်

၈၅၆။ (၂) အပသန္တာန်၌ လည်းဖြစ်သော , အာပေါဓာတ်လည်းမည်သော,'ဗာဟိရအာပေါဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ အကြင်ရေ၊ ရေဟူ၍ ဖြစ်ခြင်း၊ အစေး (အစို)၊ အစေး (အစို)ဟူ၍ ဖြစ်ခြင်း၊ ရုပ်ကို ဖွဲ့စည်းခြင်းသည် (ရှိ၏)။ ဤသို့ သဘောရှိသောရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , အာပေါဓာတ်လည်း မည်သော, 'ဗာဟိရအာပေါဓာတု' ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၅၁-ကြည့်)

ဗာဟိရ န အာပေါဓာတုရုပ်

၈၅၇။ (၃) အပသန္တာန်၌ သာ ဖြစ်၍ အာပေါဓာတ် မမည်သော 'ဗာဟိရ နအာပေါဓာတု' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိ စိတ် 'စက္ခုဝိညာဏ် ' ဖြစ်ကြောင်း အဆင်း'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ အာပေါဓာတ် မမည်သော 'ဗာဟိရ နအာပေါဓာတု' ဟူသော ထို ရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န လဟုတာရုပ်

၈၅၈။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿလဟုတာမမည်သော 'အဇ္ဈတ္တိက ရူပဿ န လဟုတာ' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ ရူပဿလဟုတာမမည်သော 'အဇ္ဈတ္တိက ရူပဿ န လဟုတာ' ဟူသော ထိုရုပ် ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ရူပဿ လဟုတာရုပ်

၈၅၉။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ လဟုတာလည်းမည်သော, 'ဗာဟိရ ရူပဿ လဟုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်လျင်မြန်ပေါ့ပါးသည်၏ အဖြစ်၊ ပေါ့ပါးစွာပြောင်းလဲနိုင်သည်၏အဖြစ် (လျင်မြန်သည်၏အဖြစ်)၊ မနုန့်နှေးမလေးလံသည်၏အဖြစ်၊ မခိုင်မာသည်၏အဖြစ်။ (မတုန်မလှုပ်ခြင်း ကင်းသည်၏အဖြစ်) သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ လဟုတာလည်း မည်သော 'ဗာဟိရ ရူပဿ လဟုတာ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၈-ကြည့်)

ဗာဟိရ ရူပဿ န လဟုတာရုပ်

၈၆၀။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ လဟုတာ မမည်သော 'ဗာဟိရ ရူပဿ န လဟုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ် သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာဖြစ်၍ ရူပဿ လဟုတာမမည်သော 'ဗာဟိရ ရူပဿ န လဟုတာ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န မုဒုတာရုပ်

၈၆၁။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ မုဒုတာ မမည်သော 'အဇ္ဈတ္တိက ရူပဿ န မုဒုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ရူပဿ မုဒုတာမမည်သော 'အဇ္ဈတ္တိက ရူပဿ န မုဒုတာ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ် ငါးခု)။

ဗာဟိရ ရူပဿ မုဒုတာရုပ်

၈၆၂။ (၂) အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ မုဒုတာလည်းမည်သော 'ဗာဟိရ ရူပဿ မုဒုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်နူးညံ့မှု၊ ပြော့ပျောင်းပြေပြစ်မှု၊ မကြမ်းတမ်းမှု၊ မခက်မာမှုသည် (ရှိ၏)။ ဤသို့ သဘောရှိသော ရုပ်သည့်အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ မုဒုတာလည်း မည်သော 'ဗာဟိရ ရူပဿ မုဒုတာ' ဟူသောထိုရုပ်ပေတည်း။ (စာပိုဒ် ၆၃၉-ကြည့်)

ဗာဟိရ ရူပဿ န မုဒုတာရုပ်

၈၆၃။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ မုဒုတာ မမည်သော 'ဗာဟိရ ရူပဿ န မုဒုတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြု အပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ မုဒုတာ မမည်သော 'ဗာဟိရ ရူပဿ န မုဒုတာ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န ကမ္မညတာရုပ်

၈၆၄။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ ကမ္မညတာမမည်သော 'အဇ္ဈတ္တိက ရူပဿ န ကမ္မညတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ ရူပဿကမ္မညတာမမည်သော 'အဇ္ဈတ္တိက ရူပဿ န ကမ္မညတာ' ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ရူပဿ ကမ္မညတာရုပ်

၈၆၅။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ ကမ္မညတာလည်းမည်သော, 'ဗာဟိရ ကမ္မညတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏ အကြင်အလုပ်၌ ခံ့မှု၊ အလုပ်၌ ခံ့ကြောင်းသဘော၊ အလုပ်၌ ခံ့သည်၏ အဖြစ် သည် (ရှိ၏)။ ဤသို့သဘောရှိသောရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ ကမ္မညတာလည်း မည်သော 'ဗာဟိရ ရူပဿကမ္မညတာ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၀-ကြည့်)

ဗာဟိရ ရူပဿ န ကမ္မညတာရုပ်

၈၆၆။ (၃) အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ကမ္မညတာမမည်သော 'ဗာဟိရ ရူပဿ န ကမ္မညတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ် သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ကမ္မညတာမမည်သော 'ဗာဟိရ ရူပဿ န ကမ္မညတာ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န ဥပစယရုပ်

၈၆၇။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿ ဥပစယ မမည်သော 'အဇ္ဈတ္တိက ရူပဿ န ဥပစယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿဥပစယ မမည်သော 'အဇ္ဈတ္တိက ရူပဿ န ဥပစယ' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ရူပဿ ဥပစယရုပ်

၈၆၈။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ ဥပစယလည်းမည်သော 'ဗာဟိရ ရူပဿ ဥပစယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ်အာယတနတို့၏အကြင် (ဦးစွာအစ) ဖြစ်ပေါ် လာစသည် (ရှိ၏)၊ ထိုရုပ် အာယတနတို့၏ (ဦးစွာအစ) ဖြစ်ပေါ်လာစသည်ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'မည်၏။ ဤသို့သဘောရှိသော ရုပ်သည် အပ သန္တာန်၌ လည်း ဖြစ်သော ,ရူပဿ ဥပစယလည်းမည်သော 'ဗာဟိရ ရူပဿ ဥပစယ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၁-ကြည့်)

ဗာဟိရ ရူပဿ န ဥပစယရုပ်

၈၆၉။ (၃) အပသန္တာန်၌ သာဖြစ်၍ ရူပဿ ဥပစယမမည်သော 'ဗာဟိရရူပဿ န ဥပစယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ဥပစယ မမည်သော 'ဗာဟိရ ရူပဿ နဥပစယ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န သန္တတိရုပ်

၈၇၀။ (၁) အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ သန္တတိ မမည်သော 'အဇ္ဈတ္တိက ရူပဿ န သန္တတိ' ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿသန္တတိမမည်သော 'အဇ္ဈတ္တိက ရူပဿ န သန္တတိ' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ရူပဿ သန္တတိရုပ်

၈၇၁။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ သန္တတိလည်းမည်သော 'ဗာဟိရ ရူပဿ သန္တတိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရုပ်၏ အကြင် ကြီးပွါးဆဲအစဉ် (ဆက်လက်၍ ဖြစ်ပေါ်နေဆဲ) သည် (ရှိ၏)။ ထိုရုပ်၏ ကြီးပွါးဆဲအစဉ်သည် ရုပ်၏ ဖြစ်စဉ် 'ရူပဿသန္တတိ 'မည်၏။ ဤသို့ သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿသန္တတိလည်းမည်သော 'ဗာဟိရရူပဿ သန္တတိ ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၂-ကြည့်)

ဗာဟိရ ရူပဿ န သန္တတိရုပ်

၈၇၂။ (၃) အပသန္တာန်၌ ဖြစ်၍ ရူပဿ သန္တတိ မမည်သော 'ဗာဟိရရူပဿ န သန္တတိ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ သန္တတိ မမည်သော 'ဗာဟိရ ရူပဿ နသန္တတိ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န ဇရတာရုပ်

၈၇၃။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿ ဇရတာ မမည်သော 'အဇ္ဈတ္တိက ရူပဿ န ဇရတာ' ဟူသော ထိုရုပ်သည် အ ဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်းသန္တာန်၌ သာ ဖြစ်၍ ရူပဿ ဇရတာမမည်သော 'အဇ္ဈတ္တိက ရူပဿ န ဇရတာ' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးခု)။

ဗာဟိရ ရူပဿ ဇရတာရုပ်

၈၇၄။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿဇရတာလည်း မည်သော 'ဗာဟိရ ရူပဿ ဇရတာ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ (နိပ္ဖန္န) ရုပ်၏အကြင်လျော့ပါးခြင်း (အိုမင်းယုတ်လျော့ခြင်း) 'ဇရာ'၊ ရင့်ရော်ဆွေးမြေ့ကြောင်း 'ဇီရဏတာ'၊ သွားကျိုးကြောင်း 'ခဏ္ဍိစ္စ'၊ ဆံပင်ဖြူကြောင်း 'ပါလိစ္စ'၊ အရေတွန့်ကြောင်း 'ဝလိတ္တစတာ'၊ အသက်၏ဆုတ်ယုတ်ကြောင်း 'အာယုနောသံဟာနိ'။ (စက္ခုန္ဒြေစသော) (မိမိဆိုင်ရာကိစ္စ၌) အစိုးရမှု 'ဣန္ဒြေ'တို့၏ရင့်ရော်ပျက်ပြားကြောင်း 'ဣန္ဒြိယာနံ ပရိပါက' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿ ဇရတာလည်း မည်သော 'ဗာဟိရ ရူပဿ ဇရတာ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၃-ကြည့်)

ဗာဟိရ ရူပဿ န ဇရတာရုပ်

၈၇၅။ (၃) အပသန္တာန်၌ သာဖြစ်၍ ရူပဿဇရတာမမည်သော 'ဗာဟိရရူပဿ န ဇရတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ ဇရတာ မမည်သော 'ဗာဟိရ ရူပဿ နဇရတာ' ဟူသော ထိုရုပ်ပေတည်း။

အဇ္ဈတ္တိက ရူပဿ န အနိစ္စတာရုပ်

၈၇၆။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ရူပဿအနိစ္စတာ မမည်သော 'အဇ္ဈတ္တိက ရူပဿ န အနိစ္စတာ' ဟူသော ထို ရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ ရူပဿအနိစ္စတာ မမည်သော 'အဇ္ဈတ္တိက ရူပဿ န အနိစ္စတာ' ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ရူပဿ အနိစ္စတာရုပ်

၈၇၇။ (၂) အပသန္တာန်၌ လည်းဖြစ်သော , ရူပဿ အနိစ္စတာလည်းမည်သော, 'ဗာဟိရ ရူပဿ အနိစ္စတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (နိပ္ဖန္န) ရုပ်၏အကြင်ကုန်ဆုံးမှု 'ခယ'၊ ပျက်မှု 'ဝယ'၊ ကွဲမှု 'ဘေဒ'၊ ထက်ဝန်းကျင်ကွဲမှု (အားလုံးပျက်ပြိုကွဲမှု) 'ပရိဘေဒ'။ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'အနိစ္စတာ'၊ ကွယ်ပျောက်မှု 'အန္တရဓာန' သည် (ရှိ၏)။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , ရူပဿအနိစ္စတာလည်း မည်သော 'ဗာဟိရ ရူပဿ အနိစ္စတာ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၄-ကြည့်)

ဗာဟိရ ရူပဿ န အနိစ္စတာရုပ်

၈၇၈။ (၃) အပသန္တာန်၌ သာဖြစ်၍ ရူပဿ အနိစ္စတာ မမည်သော 'ဗာဟိရ ရူပဿ န အနိစ္စတာ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အပသန္တာန်၌ သာ ဖြစ်၍ ရူပဿ အနိစ္စတာ မမည်သော 'ဗာဟိရ ရူပဿန အနိစ္စတာ' ဟူသော ထိုရုပ်ပင်တည်း။

အဇ္ဈတ္တိက န ကဗဠီကာရ အာဟာရရုပ်

၈၇၉။ (၁) အတွင်းသန္တာန်၌ သာဖြစ်၍ ကဗဠီကာရ အာဟာရမမည်သော 'အဇ္ဈတ္တိက န ကဗဠီကာရအာဟာရ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် အတွင်း သန္တာန်၌ သာ ဖြစ်၍ နကဗဠီကာရအာဟာရ မမည်သော 'အဇ္ဈတ္တိက န ကဗဠီကာရ အာဟာရ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးခု)။

ဗာဟိရ ကဗဠီကာရအာဟာရရုပ်

၈၈၀။ (၂) အပသန္တာန်၌ လည်းဖြစ်သော ,အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ'လည်း မည်သော 'ဗာဟိရ ကဗဠီကာရအာဟာရ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ထမင်း 'ဩဒန'၊ မုယောမုန့် (ဆန်ကြမ်း မုန့်နပ်) 'ကုမ္မာသ'၊ မုန့်လုံး 'သတ္တု'၊ ငါး'မစ္ဆ'၊ အသား 'မံသ'၊ နို့ရည် 'ခီရ'၊ နို့ဓမ်း 'ဒဓိ'၊ ထောပတ် 'သပ္ပိ'၊ ဆီဦး (ထောပေး) 'နဝနီတ'၊ ဆီ'တေလ'၊ ပျားရည် 'မဓု'၊ တင်လဲ 'ဖာဏိတ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော အစာအာဟာရတို့မှ) တစ်မျိုးတခြား ဖြစ်သော , အကြင်အကြင် ဇနပုဒ် (တိုင်း ခရိုင်) ၌ ထိုထိုသတ္တဝါတို့၏ ခံတွင်း (ပါးစပ်) ဖြင့် စားအပ်သော, သွားတို့ဖြင့် ကိုက်ခဲအပ် (ကြိတ်ချေဝါး၍ စားအပ်) သော, လည်ချောင်းဖြင့် မျိုချအပ်သော, ဝမ်း (ပိုက်) ကို ပြည့်ဝတောင့်တင်းစေတတ်သောအကြင် (အစာအာဟာရ) ရုပ်သည်လည်း ရှိသေး၏၊ အကြင် ဩဇာ (အဆီ အနှစ် အစေး) ဖြင့် သတ္တဝါတို့သည် မျှတကုန်၏။ ဤသို့သဘောရှိသော ရုပ်သည် အပသန္တာန်၌ လည်း ဖြစ်သော , အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ'လည်း မည်သော 'ဗာဟိရ ကဗဠီကာရအာဟာရ' ဟူသော ထိုရုပ်ပေတည်း။ (စာပိုဒ် ၆၄၅-ကြည့်)

ဗာဟိရ န ကဗဠီကာရအာဟာရရုပ်

၈၈၁။ (၃) အပသန္တာန်၌ သာဖြစ်၍ ကဗဠီကာရအာဟာရ မမည်သော 'ဗာဟိရ န ကဗဠီကာရ အာဟာရ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ရူပါယတန'။ပ။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည်အပသန္တာန်၌ သာဖြစ်၍ ကဗဠီကာရအာဟာရမမည်သော 'ဗာဟိရ န ကဗဠီကာရအာဟာရ' ဟူသောထိုရုပ်ပေတည်း။

ဤသို့ သုံးဖို့ (သုံးစု) အားဖြင့် ရုပ်ကို ရေတွက်အပ်၏။

သုံးခုစီ အကျယ်ပြခြင်း 'တိကနိဒ္ဒေသ' ပြီးပြီ။

------

လေးခုစီအကျယ်ပြခြင်း 'စတုက္ကနိဒ္ဒေသ' ဥပါဒါ ဥပါဒိဏ္ဏရုပ်

၈၈၂။ (၁) မှီ၍လည်းဖြစ်တတ်, တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်သော 'ဥပါဒါ ဥပါဒိဏ္ဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏) (ပသာဒရုပ်ငါးခု, ဘာဝ ရုပ်နှစ်ခု,ဇီဝိတရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍လည်း ဖြစ်တတ်, တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်သော 'ဥပါဒါဥပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါ အနုပါဒိဏ္ဏရုပ်

၈၈၃။ (၂) မှီ၍သာဖြစ်လျက် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်သော 'ဥပါဒါ အနုပါဒိဏ္ဏ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြား သိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿလဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြေ့မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏) (သဒ္ဒါရုံ, ဝိညတ်ရုပ်နှစ်ခု,လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ် အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် 'ရူပဿ သန္တတိ'၊ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍သာ ဖြစ်လျက် တဏှာ ဒိဋ္ဌိတို့အာရုံပြုသည့် ကံ၏အကျိုးမဟုတ်သော 'ဥပါဒါအနုပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း။

နော ဥပါဒါ ဥပါဒိဏ္ဏရုပ်

၈၈၄။ (၃) မှီ၍ကားမဖြစ်သော ,တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးသာဖြစ်သော , 'နောဥပါဒါ ဥပါဒိဏ္ဏ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်းအတွေ့ (ဖောဋ္ဌဗ္ဗာရုံ) 'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ကား မဖြစ်သော , တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးသာဖြစ်သော ,'နော ဥပါဒါ ဥပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

နော ဥပါဒါ အနုပါဒိဏ္ဏရုပ်

၈၈၅။ (၄) မှီ၍လည်းမဖြစ်သော ,တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းမဟုတ်သော 'နော ဥပါဒါ အနုပါဒိဏ္ဏ' ဟူသော ထိုရုပ် သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ကြောင်းအတွေ့ (ဖောဋ္ဌဗ္ဗာရုံ) 'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါ ဓာတ်' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍လည်း မဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းမဟုတ်သော 'နော ဥပါဒါ အနုပါဒိဏ္ဏ' ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၆။ (၁) မှီ၍လည်းဖြစ်သော ,တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော 'ဥပါဒါဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာ ယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု, ဘာဝ ရုပ်နှစ်ခု, ဇီဝိတရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသောဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပ ဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍လည်းဖြစ်သော , တဏှာ ဒိဋ္ဌိတို့ အာရုံပြု အပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော 'ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၇။ (၂) မှီ၍ကားဖြစ်၏ တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ် ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလို ဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏ လျင်မြန် ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏နူးညံ့မှု 'ရူပဿ မုဒုတာ။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက် လျောဆောင်ရှက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ (သဒ္ဒါရုံ,ဝိညတ်ရုပ်နှစ်ခု, လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် မှီ၍ကား ဖြစ်၏ တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း။

 

နော ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၈။ (၃) မှီ၍ကားမဖြစ်,တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော 'နော ဥပါဒါ့ဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ကား မဖြစ်၊ တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော 'နော ဥပါဒါ ဥပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

နော ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယရုပ်

၈၈၉။ (၄) မှီ၍လည်းမဖြစ်၊ တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'နော ဥပါဒါအနုပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာ ယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍လည်း မဖြစ်၊ တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော 'နော ဥပါဒါ အနုပါဒိဏ္ဏုပါဒါနိယ' ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

ဥပါဒါ သပ္ပဋိဃရုပ်

၈၉၀။ (၁) မှီ၍လည်းဖြစ် ထိပါးခြင်းနှင့်လည်းတကွဖြစ်သော 'ဥပါဒါ သပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာ ယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍လည်းဖြစ်၊ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော 'ဥပါဒါ သပ္ပဋိဃ' ဟူသောထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါးနှင့် ရူပ, သဒ္ဒ, ဂန္ဓ, ရသအာရုံလေးပါး)။

ဥပါဒါ အပ္ပဋိဃရုပ်

၈၉၁။ (၂) မှီ၍ကား ဖြစ်၏၊ ထိပါးခြင်းနှင့် တကွမဖြစ်သော ဥပါဒါ အပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည် မှီ၍ကားဖြစ်၏၊ ထိပါးခြင်းနှင့် တကွမဖြစ်သော 'ဥပါဒါ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

နော ဥပါဒါ သပ္ပဋိဃရုပ်

၈၉၂။ (၃) မှီ၍ကား မဖြစ်၊ ထိပါးခြင်းနှင့် တကွဖြစ်သော 'နော ဥပါဒါ သပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် မှီ၍ကား မဖြစ်၊ ထိပါးခြင်းနှင့် တကွ ဖြစ်သော 'နော ဥပါဒါသပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

နော ဥပါဒါ အပ္ပဋိဃရုပ်

၈၉၃။ (၄) မှီ၍လည်း မဖြစ်၊ ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော , 'နောဥပါဒါ အပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်သည် မှီ၍လည်း မဖြစ်၊ ထိပါးခြင်း နှင့်လည်း တကွမဖြစ်သော 'နောဥပါဒါ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတ်)။

ဥပါဒါ ဩဠာရိကရုပ်

၈၉၄။ (၁) မှီ၍ ဖြစ်သော , ကြမ်းတမ်းသော 'ဥပါဒါ ဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်မှီ၍ဖြစ်သော , ကြမ်းတမ်းသော 'ဥပါဒါ ဩဠာရိက' ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးပါး၊ ရူပ,သဒ္ဒ, ဂန္ဓ, ရသအာရုံလေးပါး)။

ဥပါဒါ သုခုမရုပ်

၈၉၅။ (၂) မှီ၍ ဖြစ်သော , သိမ်မွေ့သော 'ဥပါဒါ သုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ ဖြစ်သော , သိမ်မွေ့သော 'ဥပါဒါသုခုမ' ဟူသော ထိုရုပ်ပေတည်း။

နော ဥပါဒါ ဩဠာရိကရုပ်

၈၉၆။ (၃) မှီ၍ မဖြစ်သော , ကြမ်းတမ်းသော 'နော ဥပါဒါ ဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ မဖြစ်သော , ကြမ်းတမ်း သော 'နော ဥပါဒါဩဠာရိက' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

နော ဥပါဒါ သုခုမရုပ်

၈၉၇။ (၄) မှီ၍ မဖြစ်သော , သိမ်မွေ့သော 'နော ဥပါဒါ သုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်သည် မှီ၍မဖြစ်သော , သိမ်မွေ့သော 'နော ဥပါဒါ သုခုမ' ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတ်)။

ဥပါဒါ ဒူရေရုပ်

၈၉၈။ (၁) မှီ၍ ဖြစ်သော , ဝေးကွာ (အသိခက်) သော, 'ဥပါဒါ ဒူရေ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ် အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် မှီ၍ဖြစ်သော , ဝေးကွာ (အသိခက်) သော 'ဥပါဒါ ဒူရေ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒါ သန္တိကေရုပ်

၈၉၉။ (၂) မှီ၍ ဖြစ်သော နီးကပ် (သိလွယ်) သော, 'ဥပါဒါ သန္တိကေ' ဟူသောထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်မှီ၍ဖြစ်သော , နီးကပ် (သိလွယ်) သော 'ဥပါဒါ သန္တိကေ' ဟူသော ထိုရုပ်ပေ တည်း (ပသာဒရုပ်ငါးပါး,ရူပ, သဒ္ဒ, ဂန္ဓ, ရသအာရုံလေးပါး)။

နော ဥပါဒါ ဒူရေရုပ်

၉၀၀။ (၃) မမှီမူ၍ဖြစ်သော , ဝေးကွာ (အသိခက်) သော 'နော ဥပါဒါ ဒူရေ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါ ဓာတ်' သည် (ရှိ၏)။ ဤရုပ်သည် မမှီမူ၍ ဖြစ်သော , ဝေးကွာ (အသိခက်) သော 'နော ဥပါဒါ ဒူရေ' ဟူသော ထိုရုပ်ပေတည်း (အာပေါဓာတ်)။

နော ဥပါဒါ သန္တိကေရုပ်

၉၀၁။ (၄) မမှီမူ၍ ဖြစ်သော ,နီးကပ် (သိလွယ်) သော 'နော ဥပါဒါ သန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် မမှီမူ၍ ဖြစ်သော , နီးကပ် (သိလွယ်) သော 'နော ဥပါဒါသန္တိကေ' ဟူသော ထိုရုပ်ပေတည်း (ဖောဋ္ဌဗ္ဗာရုံ)။

ဥပါဒိဏ္ဏ သနိဒဿနရုပ်

၉၀၂။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးလည်းဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) မြင်ခြင်းနှင့်လည်း တကွဖြစ်သော 'ဥပါဒိဏ္ဏ သနိဒဿန' ဟူသော ထိုရုပ်သည်အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်းဖြစ်၍ မြင်ခြင်းနှင့်လည်း တကွဖြစ်သော 'ဥပါဒိဏ္ဏ သနိဒဿန' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

ဥပါဒိဏ္ဏ အနိဒဿနရုပ်

၉၀၃။ (၂) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးသာ ဖြစ်၍ မြင်ခြင်းနှင့် တကွမဖြစ်သော 'ဥပါဒိဏ္ဏ အနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု, ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ့် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး သာ ဖြစ်၍ မြင်ခြင်းနှင့် တကွမဖြစ်သော 'ဥပါဒိဏ္ဏ အနိဒဿန' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သနိဒဿနရုပ်

၉၀၄။ (၃) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ မြင်ခြင်းနှင့် တကွဖြစ်သော 'အနုပါဒိဏ္ဏ သနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်၊ မြင်ခြင်းနှင့် တကွဖြစ်သော 'အနုပါဒိဏ္ဏ သနိဒဿန' ဟူသော ထိုရုပ်ပေတည်း (ရူပါရုံ)။

အနုပါဒိဏ္ဏ အနိဒဿနရုပ်

၉၀၅။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ မြင်ခြင်းနှင့်လည်း တကွမဖြစ်သော 'အနုပါဒိဏ္ဏ အနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အလုပ်၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့် နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ (သဒ္ဒါရုံ, ဝိညတ်ရုပ်နှစ်ခု,လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင်နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်း သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းမဟုတ်၊ မြင်ခြင်းနှင့်လည်း တကွမဖြစ်သော 'အနုပါဒိဏ္ဏ အနိဒဿန' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏသပ္ပဋိဃရုပ်

၉၀၆။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ထိပါးခြင်းနှင့်လည်း တကွဖြစ်သော 'ဥပါဒိဏ္ဏသပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာတန' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်၍ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော 'ဥပါဒိဏ္ဏ သပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ အပ္ပဋိဃရုပ်

၉၀၇။ (၂) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးသာ ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ထိပါးခြင်းနှင့် တကွမဖြစ်သော 'ဥပါဒိဏ္ဏအပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ဘာဝရုပ် နှစ်ခု, ဇီဝိတိရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးသာဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော 'ဥပါဒိဏ္ဏ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သပ္ပဋိဃရုပ်

၉၀၈။ (၃) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ် ထိပါးခြင်းနှင့် တကွဖြစ်သော 'အနုပါဒိဏ္ဏ သပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' သည် (ရှိ၏)။ (သဒ္ဒါရုံ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကားမဟုတ်၊ ထိပါးခြင်းနှင့် တကွဖြစ်သော 'အနုပါဒိဏ္ဏ သပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ အပ္ပဋိဃရုပ်

၉၀၉။ (၄) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော ၊ 'အနုပါဒိဏ္ဏ အပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိ အလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့်သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿမုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင် ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) ' ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ (ဝိညတ်ရုပ်နှစ်ခု, လဟုတာစသော ရုပ်သုံးခု, ဇရတာ, အနိစ္စတာ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း မဟုတ်၊ ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော ,'အနုပါဒိဏ္ဏ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေ တည်း။

ဥပါဒိဏ္ဏ မဟာဘူတရုပ်

၉၁၀။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ မဟာဘုတ်လည်းဖြစ်သော 'ဥပါဒိဏ္ဏ မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော ထိသိစိတ် (ကာယဝိညဏ်) ဖြစ် ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤ ရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်၍ မဟာဘုတ်လည်းဖြစ်သော 'ဥပါဒိဏ္ဏမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း (မဟာဘုတ်လေးပါး)။

ဥပါဒိဏ္ဏ န မဟာဘူတရုပ်

၉၁၁။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးသာ ဖြစ်၍ (ကမ္မဇရုပ်သာဖြစ်၍) မဟာဘုတ်မဟုတ်သော, 'ဥပါဒိဏ္ဏ န မဟာ ဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာ ယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ် ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည် ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု, ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးသာဖြစ်၍ မဟာဘုတ်မဟုတ်သော, 'ဥပါဒိဏ္ဏ န မဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ မဟာဘူတရုပ်

၉၁၂။ (၃) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ မဟာဘုတ်ဖြစ်သော ၊ 'အနုပါဒိဏ္ဏ မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ် ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ် အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ မဟာဘုတ်ဖြစ်သော 'အနုပါဒိဏ္ဏမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။ (မဟာဘုတ်လေးပါး)

အနုပါဒိဏ္ဏ န မဟာဘူတရုပ်

၉၁၃။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ မဟာဘုတ်လည်း မဟုတ်သော 'အနုပါဒိဏ္ဏ န မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့် နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ (သဒ္ဒါရုံ, ဝိညတ်ရုပ်နှစ်ခု, လဟုတာစသောရုပ်သုံးခု, ဇရတာ,အနိစ္စတာ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ် အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ မဟာဘုတ်လည်း မဟုတ်သော 'အနုပါဒိဏ္ဏ န မဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ ဩဠာရိကရုပ်

၉၁၄။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ကြမ်းတမ်းသော 'ဥပါဒိဏ္ဏ ဩဠာရိက' ဟူသော ထိုရုပ် သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ကြမ်းတမ်းသော 'ဥပါဒိဏ္ဏ ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ သုခုမရုပ်

၉၁၅။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) သိမ်မွေ့သော၊ 'ဥပါဒိဏ္ဏသုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည် ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ဘာဝရုပ်, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသ ဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿသန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ သိမ်မွေ့သော 'ဥပါဒိဏ္ဏသုခုမ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ ဩဠာရိကရုပ်

၉၁၆။ (၃) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ ကြမ်းတမ်းသော 'အနုပါဒိဏ္ဏဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' သည် (ရှိ၏)။ (သဒ္ဒါရုံ) (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးမဟုတ်မူ၍ ကြမ်းတမ်းသော 'အနုပါဒိဏ္ဏ ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သုခုမရုပ်

၉၁၇။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ သိမ်မွေ့သော 'အနုပါဒိဏ္ဏသုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒ ကို) ကိုယ်အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီ ဝိညတ်'။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။

ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသ ဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးမဟုတ်မူ၍ သိမ်မွေ့သော 'အနုပါဒိဏ္ဏ သုခုမ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ ဒူရေရုပ်

၉၁၈။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) ဝေးကွာ (အသိခက်) သော 'ဥပါဒိဏ္ဏဒူရေ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏အကျိုးဖြစ်၍ ဝေးကွာ (အသိခက်) သော 'ဥပါဒိဏ္ဏ ဒူရေ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏ သန္တိကေရုပ်

၉၁၉။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးဖြစ်၍ (ကမ္မဇရုပ်ဖြစ်၍) နီးကပ် (သိလွယ်) သော 'ဥပါဒိဏ္ဏ သန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးဖြစ်၍ နီးကပ် (သိလွယ်) သော 'ဥပါဒိဏ္ဏ သန္တိကေ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ ဒူရေရုပ်

၉၂၀။ (၃) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး မဟုတ်မူ၍ ဝေးကွာ (အသိခက်) သော 'အနုပါဒိဏ္ဏ ဒူရေ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်း ဖြင့် သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီး သည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ (ဝိညတ်ရုပ်နှစ်ခု, လဟုတာစသောရုပ်သုံးခု, ဇရတာ, အနိစ္စတာ) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသ ဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ့'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည်တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးမဟုတ်မူ၍ ဝေးကွာ (အသိခက်) သော 'အနုပါဒိဏ္ဏဒူရေ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏ သန္တိကေရုပ်

၉၂၁။ (၄) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ နီးကပ် (သိလွယ်) သော 'အနုပါဒိဏ္ဏသန္တိကေ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' သည် (ရှိ၏)။ (သဒ္ဒါရုံ) (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးမဟုတ်မူ၍ နီးကပ် (သိလွယ်) သော 'အနုပါဒိဏ္ဏ သန္တိကေ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သနိဒဿနရုပ်

၉၂၂။ (၁) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မြင် ခြင်းနှင့် တကွဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယသနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြု အပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မြင်ခြင်းနှင့်တကွဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယ သနိဒဿန' ဟူသော ထိုရုပ်ပေ တည်း။ (ရူပါရုံ)

ဥပါဒိဏ္ဏုပါဒါနိယ အနိဒဿနရုပ်

၉၂၃။ (၂) တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်းဖြစ်သော , မြင်ခြင်း နှင့် တကွမဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယအနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည်စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ပသာဒ ရုပ်ငါးခု, ဘာဝရုပ်နှစ်ခု,ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ် အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသောရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မြင်ခြင်းနှင့် တကွမဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယအနိဒဿန' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ သနိဒဿနရုပ်

၉၂၄။ (၃) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးကားမဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့် တကွဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယ သနိဒဿန' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း'ရူပါယတန' သည် (ရှိ၏)။ ဤရုပ်သည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့် တကွဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယသနိဒဿန' ဟူသော ထိုရုပ်ပေတည်း။ (ရူပါရုံ)

အနုပါဒိဏ္ဏုပါဒါနိယ အနိဒဿနရုပ်

၉၂၅။ (၄) တဏှာဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးကားမဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့်တကွမဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယ အနိဒဿန' ဟူသော ထိုရုပ်သည် အဘယ် နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန'။ (မိမိအလိုဆန္ဒကို) ကိုယ် အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ'။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿသန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) သာဖြစ်သော , မြင်ခြင်းနှင့်တကွမဖြစ်သော 'အနုပါဒိဏ္ဏုပါဒါနိယ အနိဒဿန' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃရုပ်

၉၂၆။ (၁) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်းဖြစ် (ကမ္မဇရုပ်လည်းဖြစ်) ၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , ထိပါးခြင်းနှင့် တကွဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာမျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ (ပသာဒရုပ်ငါးခု) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏။ ဤရုပ်အပေါင်းသည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်းဖြစ်၍ ဥပါဒါန်တို့၏အစီးအပွါး (အာရုံ) လည်း ဖြစ်သော ထိပါးခြင်းနှင့် တကွဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ' ဟူသောထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃရုပ်

၉၂၇။ (၂) တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်းဖြစ် (ကမ္မဇရုပ်လည်းဖြစ်) ၍ ဥပါဒါန်တို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , ထိပါးခြင်းနှင့်တကွမဖြစ်သော 'ဥပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ)

ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည် ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ဘာဝရုပ်နှစ်ခု, ဇီဝိတရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏အာရုံလည်းဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ

၉၂၈။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်, လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ ထိပါးခြင်းနှင့် တကွဖြစ်သော (ကမ္မဇရုပ်ကား မဟုတ်၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ထိပါးခြင်းနှင့် တကွ ဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယသပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတ ဝိညာဏ်) ဖြစ်ကြောင်း အသံ 'သဒ္ဒါယတန' သည် (ရှိ၏) (ဒွိဇရုပ်)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏ (စတုဇရုပ်များ)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ထိပါးခြင်းနှင့် တကွဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယ သပ္ပဋိဃ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃရုပ်

၉၂၉။ (၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်,လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ ထိပါးခြင်းနှင့်တကွမဖြစ်သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယအပ္ပဋိဃ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' (စိတ္တဇဧကန်)။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက် နိုင်မှု) 'ရူပဿ ကမ္မညတာ' (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော , မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲ အစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ထိပါးခြင်းနှင့် တကွမဖြစ်သော) 'အနုပါဒိဏ္ဏုပါဒါနိယ အပ္ပဋိဃ' ဟူသော ထိုရုပ်ပေ တည်း။

ဥပါဒိဏ္ဏုပါဒါနိယ မဟာဘူတရုပ်

၉၃၀။ (၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သော ကံ) သည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , မဟာဘုတ်မည်သော (ကမ္မဇရုပ်လည်း ဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ မဟာဘုတ်မည် သော) 'ဥပါဒိဏ္ဏုပါဒါနိယမဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကံကို ပြုအပ်ခဲ့ပြီးသည်၏ အဖြစ် (ကံ) ကြောင့်ဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍မဟာဘုတ်မည်သော) 'ဥပါဒိဏ္ဏုပါဒါနိယ မဟာဘူတ' ဟူသော ထိုရုပ်ပေ တည်း။ (ကမ္မဇမဟာဘုတ်လေးပါး)

ဥပါဒိဏ္ဏုပါဒါနိယ န မဟာဘူတရုပ်

၉၃၁။ (၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်းဖြစ်သော , မဟာဘုတ်မမည်သော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ မဟာဘုတ် မမည်သော) 'ဥပါဒိဏ္ဏုပါဒါနိယ နမဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန'၊ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက် ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ (ကမ္မဇဧကန် ဖြစ်သော ဣန္ဒြိယ ရုပ်ရှစ်ပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကိုပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ မရေးခြစ် အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်ပေါ်လာစ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (ကမ္မဇရုပ်အနေကန်)။ ဤရုပ် အပေါင်းသည် (ကမ္မဇရုပ်လည်း ဖြစ်၊ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍မဟာဘုတ်မမည်သော) 'ဥပါဒိဏ္ဏုပါဒါနိယ န မဟာဘူတ' ဟူသော ထိုရုပ် ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ မဟာဘူတရုပ်

၉၃၂။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်၍ မဟာဘုတ်မည်သော (ကမ္မဇရုပ်ကားမဟုတ်၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ မဟာဘုတ် မည်သော) 'အနုပါဒိဏ္ဏုပါဒါနိယ မဟာဘူတ' ဟူသောထိုရုပ်သည် အဘယ်နည်း။ ကံကိုပြုအပ်ခဲ့ပြီးသည်၏ အဖြစ် (ကံ) ကြောင့် မဖြစ်သော ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏) (တိဇမဟာဘုတ်လေးပါး)။ ဤရုပ်အပေါင်း သည် (ကမ္မဇရုပ်ကား မဟုတ်,ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ မဟာဘုတ်မည်သော) 'အနုပါဒိဏ္ဏုပါဒါနိယ မဟာဘူတ' ဟူသောထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ န မဟာဘူတရုပ်

၉၃၃။ (၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သောကံ) သည် အကျိုး အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်၊ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာဖြစ်၍ မဟာဘုတ်မမည်သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ မဟာဘုတ်မမည်သော) 'အနုပါဒိဏ္ဏုပါဒါနိယ နမဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြား သိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ့'သဒ္ဒါယတန' (ဒွိဇရုပ်)။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူ အရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' (စိတ္တဇ ဧကန်)။ (နိပ္ဖန္န) ရုပ်၏လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြည့်မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက်တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန'၊ မရေးခြစ်အပ်သော (ရေးခြစ်၍မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေးပြု အပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်း သည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ မဟာဘုတ်မမည်သော) 'အနုပါဒိဏ္ဏုပါဒါနိယ န မဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ ဩဠာရိကရုပ်

၉၃၄။ (၁) အာရုံပြုသောအားဖြင့် တဏှာ,ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သော ကံ) သည် အကျိုး၏ အဖြစ် ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , ကြမ်းတမ်းသော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ ကြမ်းတမ်းသော) 'ဥပါဒိဏ္ဏုပါဒါနိယဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် ရှိ၏)။ (ဩဠာရိက, ကမ္မဇရုပ်ဧကန် ငါးပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏ (ဩဠာရိက, ကမ္မဇရုပ် အနေကန်ခြောက်ပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်,ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ ကြမ်းတမ်းသော) 'ဥပါဒိဏ္ဏုပါဒါနိယ ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သုခုမရုပ်

၉၃၅။ (၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) လည်း ဖြစ်သော , သိမ်မွေ့သော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ သိမ်မွေ့သော) 'ဥပါဒိဏ္ဏုပါဒါနိယ သုခုမ' ဟူသောထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏) (သုခုမ,ကမ္မဇရုပ်ဧကန်သုံးပါး)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော , အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွါးဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ့'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (သုခုမ, ကမ္မဇရုပ်အနေကန်ငါးပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ သိမ်မွေ့သော) 'ဥပါဒိဏ္ဏုပါဒါနိယသုခုမ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ ဩဠာရိကရုပ်

၉၃၆။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်,လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ ကြမ်းတမ်းသော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ကြမ်း တမ်းသော) 'အနုပါဒိဏ္ဏုပါဒါနိယဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတ ဝိညာဏ်) ဖြစ်ကြောင်း အသံ'သဒ္ဒါယတန' သည် (ရှိ၏)။ (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်းအရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသောရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏အာရုံသာ ဖြစ်၍ ကြမ်းတမ်းသော) 'အနုပါဒိဏ္ဏုပါဒါနိယ ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ သုခုမရုပ်

၉၃၇။ (၄) အာရုံပြုသောအားဖြင့် တဏှာ,ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုးအဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်, လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွါး (အာရုံ) သာ ဖြစ်၍ သိမ်မွေ့သော (ကမ္မဇရုပ်ကားမဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ သိမ်မွေ့သော) 'အနုပါဒိဏ္ဏုပါဒါနိယ သုခုမ' ဟူသော ထိုရုပ်သည်အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' (စိတ္တဇဧကန်)။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿလဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျောဆောင်ရွက်နိုင်မှု) 'ရူပဿ ကမ္မညတာ' (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော် ဆွေးမြေ့မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့ မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော , အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် 'ရူပဿန္တတိ'၊ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရ အာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ သိမ်မွေ့သော) 'အနုပါဒိဏ္ဏုပါဒါနိယသုခုမ' ဟူသော ထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ ဒူရေရုပ်

၉၃၈။ (၁) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော , ဝေးကွာ (အသိခက်) သော, (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ အသိခက်သော) 'ဥပါဒိဏ္ဏုပါဒါနိယ ဒူရေ' ဟူသောထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇိဝိတိန္ဒြေ' သည် (ရှိ၏)။ (ဒူရေ,့ကမ္မ္မဇရုပ်ဧကန်သုံးပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြားဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော 'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ဖြစ်စ 'ရူပဿ ဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲ အစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (ဒူရေ, ကမ္မဇရုပ်အနေကန်ငါးပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ အသိခက်သော) 'ဥပါဒိဏ္ဏုပါဒါနိယ ဒူရေ' ဟူသောထိုရုပ်ပေတည်း။

ဥပါဒိဏ္ဏုပါဒါနိယ သန္တိကေရုပ်

၉၃၉။ (၂) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သော ကံ) သည် အကျိုး၏အဖြစ် ဖြင့် စွဲယူအပ်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) လည်း ဖြစ်သော , နီးကပ် (သိလွယ်) သော (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်းဖြစ်၍ သိလွယ်သော) 'ဥပါဒိဏ္ဏုပါဒါနိယသန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ရာ ကိုယ်အကြည် 'ကာယာယတန' သည် (ရှိ၏)။ (သန္တိကေ, ကမ္မဇရုပ်ဧကန် ငါးပါး) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်း ရှိသေး၏ (သန္တိကေ, ကမ္မဇရုပ် အနေကန်ခြောက်ပါး)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်လည်းဖြစ်, ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်၍ သိလွယ်သော) 'ဥပါဒိဏ္ဏုပါဒါနိယ သန္တိကေ' ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ ဒူရေရုပ်

၉၄၀။ (၃) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်၊ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) သာ ဖြစ်၍ ဝေးကွာ (အသိခက်) သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ အသိခက်သော) 'အနုပါဒိဏ္ဏုပါဒါနိယ ဒူရေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' (စိတ္တဇဧကန်)။ (နိပ္ဖန္န) ရုပ်၏ လျင်မြန်ပေါ့ပါးမှု 'ရူပဿ လဟုတာ'။ (နိပ္ဖန္န) ရုပ်၏ နူးညံ့မှု 'ရူပဿ မုဒုတာ'။ (နိပ္ဖန္န) ရုပ်၏ အမှု၌ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရှက်နိုင်မှု) 'ရူပဿ ကမ္မညတာ' (တိဇရုပ်)။ (နိပ္ဖန္န) ရုပ်၏ အိုမှု (ရင့်ရော်ဆွေးမြေ့မှု) 'ရူပဿ ဇရတာ'။ (နိပ္ဖန္န) ရုပ်၏ (ဖြစ်ပြီးသည့်နောက် တည်တံ့မနေခြင်းကြောင့်) မမြဲမှု 'ရူပဿ အနိစ္စတာ' သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မရေးခြစ်အပ်သော (ရေးခြစ်၍ မရသော ဟင်းလင်း) သဘော,'အာကာသဓာတ်'၊ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်'။ (နိပ္ဖန္န) ရုပ်၏ ဖြစ်စ 'ရူပဿဥပစယ'။ (နိပ္ဖန္န) ရုပ်၏ ကြီးပွားဆဲအစဉ် 'ရူပဿ သန္တတိ'၊ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' ဟူသော ရုပ်သည်လည်း ရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ် ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ အသိခက်သော) 'အနုပါဒိဏ္ဏုပါဒါနိယ ဒူရေ'့ဟူသော ထိုရုပ်ပေတည်း။

အနုပါဒိဏ္ဏုပါဒါနိယ သန္တိကေရုပ်

၉၄၁။ (၄) အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံ (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သောကံ) သည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သည်ကား မဟုတ်၊ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) သာဖြစ်၍ နီးကပ် (သိလွယ်) သော (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ သိလွယ်သော) 'အနုပါဒိဏ္ဏုပါဒါနိယသန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ'သဒ္ဒါယတန' သည် (ရှိ၏)။ (ဒွိဇရုပ်) ထို့ပြင် (ဆိုအပ်ခဲ့ပြီးသောရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော , ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း 'ရူပါယတန'၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ 'ဂန္ဓာယတန'၊ လျက်သိစိတ် (ဇိဝှာဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန'၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' ဟူသော ရုပ်သည်လည်းရှိသေး၏ (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် (ကမ္မဇရုပ်ကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်၍သိလွယ်သော) 'အနုပါဒိဏ္ဏုပါဒါနိယ သန္တိကေ' ဟူသော ထိုရုပ်ပေတည်း။

သပ္ပဋိဃ ဣန္ဒြိယရုပ်

၉၄၂။ (၁) ထိပါးခြင်းနှင့်တကွ ဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသော 'သပ္ပဋိဃဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိအကြည် 'စက္ခုန္ဒြေ'။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည်ထိပါးခြင်းနှင့် တကွဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသော 'သပ္ပဋိဃဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ပသာဒရုပ်ငါးပါး)။

သပ္ပဋိဃ န ဣန္ဒြိယရုပ်

၉၄၃။ (၂) ထိပါးခြင်းနှင့်တကွဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော 'သပ္ပဋိဃန ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခု ဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွဖြစ်၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော 'သပ္ပဋိဃ န ဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။ (အာရုံငါးပါး၊ ဝိသယရုပ် ရ - ပါး)

အပ္ပဋိဃ ဣန္ဒြိယရုပ်

၉၄၄။ (၃) ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးရသော 'အပ္ပဋိဃဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ် ကြောင်း ၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည် ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွ မဖြစ်မူ၍ (မိမိ ဆိုင်ရာကိစ္စ၌) အစိုးရသော 'အပ္ပဋိဃဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း (ဘာဝရုပ်နှစ်ပါးနှင့် ဇီဝိတရုပ်)။

အပ္ပဋိဃ န ဣန္ဒြိယရုပ်

၉၄၅။ (၄) ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော 'အပ္ပဋိဃ န ဣန္ဒြိယ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိ အလိုဆန္ဒကို) ကိုယ်အမူအရာဖြင့်သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်' (စိတ္တဇဧကန်)။ပ။ အလုတ်အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏) (စတုဇရုပ်)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွ မဖြစ်မူ၍ (မိမိဆိုင်ရာကိစ္စ၌) အစိုးမရသော 'အပ္ပဋိဃ နဣန္ဒြိယ' ဟူသော ထိုရုပ်ပေတည်း။

သပ္ပဋိဃ မဟာဘူတရုပ်

၉၄၆။ (၁) ထိပါးခြင်းနှင့်တကွဖြစ်၍ မဟာဘုတ်မည်သော 'သပ္ပဋိဃမဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်သည် ထိပါးခြင်းနှင့် တကွဖြစ်၍ မဟာဘုတ် မည်သော 'သပ္ပဋိဃမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။ (ပထဝီ, တေဇော, ဝါယော)

သပ္ပဋိဃ န မဟာဘူတရုပ်

၉၄၇။ (၂) ထိပါးခြင်းနှင့် တကွဖြစ်၍ မဟာဘုတ်မမည်သော 'သပ္ပဋိဃ နမဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် 'စက္ခာယတန'။ပ။ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ 'ရသာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့် တကွ ဖြစ်၍ မဟာဘုတ် မမည်သော 'သပ္ပဋိဃ နမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

အပ္ပဋိဃ မဟာဘူတရုပ်

၉၄၈။ (၃) ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ မဟာဘုတ်မည်သော 'အပ္ပဋိဃ မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ ရေဟူသော (ဖွဲ့စည်းမှု) သဘော 'အာပေါဓာတ်' သည် (ရှိ၏)။ ဤရုပ်သည် ထိပါးခြင်းနှင့် တကွမဖြစ်မူ၍ မဟာဘုတ်မည်သော 'အပ္ပဋိဃ မဟာဘူတ' ဟူသောထိုရုပ်ပေတည်း။

အပ္ပဋိယ န မဟာဘူတရုပ်

၉၄၉။ (၄) ထိပါးခြင်းနှင့်လည်း တကွမဖြစ်မူ၍ မဟာဘုတ်လည်း မမည်သော 'အပ္ပဋိဃ န မဟာဘူတ' ဟူသော ထိုရုပ်သည် အဘယ် နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'။ပ။ အလုတ်အလွေး ပြုအပ်သောအစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် ထိပါးခြင်းနှင့်လည်း တကွ မဖြစ်မူ၍ မဟာဘုတ် လည်း မမည်သော 'အပ္ပဋိဃ နမဟာဘူတ' ဟူသော ထိုရုပ်ပေတည်း။

ဣန္ဒြိယ ဩဠာရိကရုပ်

၉၅၀။ (၁) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ ကြမ်းတမ်းသော 'ဣန္ဒြိယ ဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိ အကြည် 'စက္ခုန္ဒြေ'။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ကြမ်းတမ်းသော 'ဣန္ဒြိယဩဠာရိက' ဟူသော ထိုရုပ်ပေတည်း (ပသာဒ ရုပ်ငါးပါး)။

ဣန္ဒြိယ သုခုမရုပ်

၉၅၁။ (၂) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ သိမ်မွေ့သော 'ဣန္ဒြိယသုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ သိမ်မွေ့သော 'ဣန္ဒြိယ သုခုမ' ဟူသော ထိုရုပ်ပေတည်း (ဘာဝရုပ်နှစ်ပါးနှင့် ဇီဝိတရုပ်)။

န ဣန္ဒြိယ ဩဠာရိကရုပ်

၉၅၂။ (၃) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ကြမ်းတမ်းသော 'န ဣန္ဒြိယဩဠာရိက' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်းအဆင်း 'ရူပါယတန'။ပ။ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ 'ဖောဋ္ဌဗ္ဗာယတန' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ကြမ်းတမ်းသော 'န ဣန္ဒြိယ ဩဠာရိက' ဟူသော ထိုရုပ်ပေတည်း (အာရုံငါးပါး၊ ဝိသယရုပ် ရ - ပါး)။

န ဣန္ဒြိယ သုခုမရုပ်

၉၅၃။ (၄) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ သိမ်မွေ့သော 'န ဣန္ဒြိယ သုခုမ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာ ဖြင့် သိစေမှု 'ကာယဝိညာတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ပ။ အလုတ် အလွေး ပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ သိမ်မွေ့သော 'န ဣန္ဒြိယ သုခုမ' ဟူသော ထိုရုပ်ပေတည်း။

ဣန္ဒြိယ ဒူရေရုပ်

၉၅၄။ (၁) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ ဝေးကွာ (အသိခက်) သော 'ဣန္ဒြိယ ဒူရေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရမှု 'ဣတ္ထိန္ဒြေ'၊ ယောက်ျား (အထီးအဖို) ဖြစ်ကြောင်း၌ အစိုးရမှု 'ပုရိသိန္ဒြေ'၊ အသက်ရှည်ကြောင်း၌ အစိုးရမှု 'ဇီဝိတိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ ဝေးကွာ (အသိခက်) သော 'ဣန္ဒြိယဒူရေ' ဟူသော ထိုရုပ်ပေတည်း။

ဣန္ဒြိယ သန္တိကေရုပ်

၉၅၅။ (၂) (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍ နီးကပ် (သိလွယ်) သော 'ဣန္ဒြိယသန္တိကေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ မြင်မှု၌ အစိုးရသော မျက်စိ အကြည် 'စက္ခုန္ဒြေ'။ပ။ ထိမှု၌ အစိုးရသော ကိုယ်အကြည် 'ကာယိန္ဒြေ' သည် (ရှိ၏)။ ဤရုပ်အပေါင်း သည် (မိမိဆိုင်ရာကိစ္စ၌) အစိုးရ၍နီးကပ် (သိလွယ်) သော 'ဣန္ဒြိယသန္တိကေ' ဟူသော ထိုရုပ်ပေတည်း။ (ပသာဒရုပ်ငါးပါး)

န ဣန္ဒြိယ ဒူရေရုပ်

၉၅၆။ (၃) (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ဝေးကွာ (အသိခက်) သော 'န ဣန္ဒြိယဒူရေ' ဟူသော ထိုရုပ်သည် အဘယ်နည်း။ (မိမိအလိုဆန္ဒကို) ကိုယ်အမူ အရာဖြင့် သိစေမှု 'ကာယဝိညတ်'။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု 'ဝစီဝိညတ်'။ပ။ အလုတ် အလွေးပြုအပ်သော အစာ 'ကဗဠီကာရအာဟာရ' သည် (ရှိ၏)။ ဤရုပ်အပေါင်းသည် (မိမိဆိုင်ရာကိစ္စ၌) အစိုးမရမူ၍ ဝေးကွာ (အသိခက်) သော 'န ဣန္ဒြိယ ဒူရေ'