Connect with us

အနောက်အာဖရိကရှိမာလီနိုင်ငံတွင်ပြန်ပေးဆွဲခံထားရသောပြင်သစ်ဓားစာခံသည်ရက်ပေါင်း၁၃၈၁ကြာပြီနောက်ပြန်လည်လွှတ်မြောက်ခဲ့

BREAKING NEWS

အနောက်အာဖရိကရှိမာလီနိုင်ငံတွင်ပြန်ပေးဆွဲခံထားရသောပြင်သစ်ဓားစာခံသည်ရက်ပေါင်း၁၃၈၁ကြာပြီနောက်ပြန်လည်လွှတ်မြောက်ခဲ့

အနောက်အာဖရိကရှိမာလီနိုင်ငံတွင်ပြန်ပေးဆွဲခံထားရသောပြင်သစ်အကူအညီပေးရေးလုပ်သားသည်လေးနှစ်နီးပါးအကျဉ်းကျခံနေရပြီးနောက်ပြန်လွတ်လာပြီဖြစ်ကြောင်းမာလီသမ္မတရုံးကကြာသပတေးနေ့တွင်ကြေငြာခဲ့သည်။လက်နက်ကိုင် အစ္စလာမ်မစ်အစွန်း ရောက်များမှ Sophie Pétroninကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက Gao မြို့တွင်ပြန်ပေးဆွဲခဲ့သည်။ ယခုအသက် ၇၅ နှစ်ရှိပြီဖြစ်သော Pétroninသည်အာဟာရချို့တဲ့မှုခံစားနေရသောကလေးများအတွက်အလှူဒါနပြုနေသည်။၇ လခန့်ကြာမြင့်ခဲ့ပြီးနောက်မာလီနိုင်ငံရေး သမားSoumaïlaCisséကိုလည်းပြန်လွှတ်ပေးခဲ့သည်။ပြင်သစ်သမ္မတ Emmanuel Macron သည်Pétroninကိုလွှတ်ပေးခြင်းနှင့် ပတ်သက်၍ အလွန်အမင်းစိတ်သက်သာရာရခဲ့သည်ဟုပြင်သစ်အစိုးရထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သမ္မတနိုင်ငံကဒီလွှတ်ပေးမှုအတွက်အထူးသဖြင့်မာလီနိုင်ငံအာဏာပိုင်များကိုအထူးသဖြင့်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီးပြင်သစ်နိုင်ငံအနေဖြင့်မာလီအားအကြမ်းဖက်မှုတိုက်ဖျက်ရေးတွင်ကူညီရန်ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။Pétronin၏တူ Lionel Granouillacမှလည်း သူ၏အဒေါ်သည်ရက်ပေါင်း ၁,၃၈၁ ရက်ဖမ်းဆီးချုပ်နှောင်ထားပြီးနောက်တွင်ပြန်လွှတ်ပေးခဲ့ပြီဟု CNN ၏ BFM တီဗီအားအင်္ဂါနေ့ကပြောကြားခဲ့သည်။ ကြာသပတေးနေ့တွင်မှသာမာလီနှင့်ပြင်သစ်အစိုးရများကသူမသည်လွတ်မြောက်ပြီဖြစ်ကြောင်းတရားဝင်အတည်ပြုခဲ့သည်။Pétronin၏သားSébastien Chadaud-Pétroninသည်နိုင်ငံ၏မြို့တော် Bamako တွင်ရှိပြီးမိခင်ကိုနှုတ်ဆက်ရန်အဆင်သင့်ဖြစ်နေသည်။

More in BREAKING NEWS

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.